Cover

ပြည့်ပိုင်မှူးအိမ်

မင်္ဂလာဦးညဆိုသည်မှာ …

မင်္ဂလာဦးညနှင့် ပတ်သက်သော ဇာတ်လမ်းဇာတ်ကွက်များ သည် (ကျွန်တော် တို့ နိုင်ငံတွင် သာမက နိုင်ငံတကာတွင် ပါ) များ စွာ ရှိခဲ့ပြီး ဖြစ်သည်။

ကျွန်တော် ၏ “ မင်္ဂလာဦးညဆိုသည်မှာ ” ကို အခြားသော မင်္ဂလာဦးညများ နှင့် မတူသော ရ သများ ပေးနိုင်ရန် ကြိုးစားထားပါကြောင်း …။

ပရိသတ်ကြီးအား ကျေးဇူးတင်စွာ ဖြင့်

ပြည့်ပိုင်မှူးအိမ်

* * * * *

“ မင်္ဂလာဦးညဆိုသည်မှာ အဘယ်နည်း ” ဟု ကျွန်တော့် အား မေးလာခဲ့သည်ရှိသော် “ မင်္ဂ လာဦးညဆိုသည်မှာ ” ဟု အစချီကာဖြေရန် အဖြေတို့က ကျွန်တော့် ထံတွင် ရင်နှင့် မဆံ့အောင် များ စွာ ရှိလေသည်။

၎င်းအဖြေကား …

မင်္ဂလာဦးည ဆိုသည်မှာ

ကျွန်တော် ၏ မင်္ဂလာဦးညသည် ရှေးယခင်က ဘုတ် (Book) အုပ်များ ၊ ဓာတ်ရှင်များ ၊ ပြ ဇာတ်များ ထဲက ဇာတ်လမ်း ဇာတ်ကွက်များ ကဲ့သို့ မဟုတ်။ တစ်မူထူးခြားကာနေသည် ကတော့ အ မှန်ပဲ ဖြစ်သည်။

ကျွန်တော် နှင့် ကျွန်တော့် ဇနီးတို့၏ နှစ် ဖက်သော မိဘများ သည် ဘုတ်အုပ်များ ထဲက မင်း သားနှင့် မင်းသမီး မိဘများ ကဲ့သို့ မကြွယ်ဝ။ ဓာတ်ရှင်များ ထဲက မင်းသားမင်းသမီး မိဘများ ကဲ့သို့ လည်း မချမ်းသာ။ ကိုရီးယားဇာတ်ကားများ ထဲကလို ရုတ်တရက်ကြီး ကောက်ကာငင်ကာ ပေါ်လာ သော ကုမ္ပဏီပိုင်ရှင်၊ စိန်တွင်းပိုင်ရှင်စသည်ဖြင့် ပိုးစိုးပက်စက်ကြီး ချမ်းသာသော အဘိုးအဘွား များ ကလည်းမရှိ။

ကျွန်တော် တို့လင်မယားနှစ် ယောက် သည်လည်း ဓာတ်ရှင်များ ထဲက မင်းသားမင်းသမီးများ ကဲ့သို့ အစပိုင်းမှာ ဆင်းရဲ၍ နောက်ပိုင်း၌ နတ်ရေကန်တွင် သက်ဆင်းလိုက်သည့်နှယ် ချမ်းသာ သော ထက်မြက်သော သူများ လည်းမဟုတ်ကြ။

သို့ ဖြစ်၍ နှစ် ဖက်သော မိဘများ ၏ လက်ဖွဲ့ငွေနှင့် ကျွန်တော် တို့နှစ် ယောက် ခြစ်ချုပ်ကာ စုထားခဲ့သော ငွေလေးဖြင့် သင့်တင့်သော မင်္ဂလာဆောင်တစ်ခုကို ပြုလုပ်ရန် ငွေကိုဖယ်ကာ ရှိငွေ ဖြင့် ကန်ထရိုက်တိုက်တစ်လုံးမှ ခုနစ်လွှာတွင် ရှိသော အခန်းကျဉ်းတစ်ခန်းကို ၀ယ် ဖြစ်ခဲ့သည်။

ဘတ်လချာနိုက် … အဲလေ ဘတ်ချလာနိုက်ကိုလည်း သာမန်စားသောက်ဆိုင်တစ်ခုတွင် သူငယ်ချင်းများ နှင့် ပျော်ပျော်ပါးပါး ကျင်းပပြီး ကိုယ်ပိုင်ကားမရှိသော ကျွန်တော် တို့လင်မယား နှစ် ယောက် သိပ်စီးလေ့စီးထမရှိသော Taxi ကို နှမြောတသ သုံးကြိမ်သုံးခါရွတ်ဆိုကားငှားပြီး မင်္ဂလာ ဦးညထူးကို ပျော်မြူးရန်အလို့ငှာ ပြန်လာခဲ့ချေသည်တမုံ့။

* * * * *

ကျွန်တော် တို့လင်မယား၏ တိုက်ခန်းကျဉ်းသည် သာမန်ကန်ထရိုက်တိုက်ခန်းမျှသာ ဖြစ် သည်။

သို့ ဖြစ်ရာ ဓာတ်လှေကားမရှိ။ ဘုံခုနစ်ဆင့် ခုနစ်ထပ်တိုက်၏ အပေါ်ဆုံး ခုနစ်လွှာတွင် ရှိ သော မိမိတို့၏ တိုက်ခန်းကို မော့ကြည့်လိုက်ရင်း နှစ် ယောက် သား တစ်ယောက် လက်ကို တစ် ယောက် ခပ်တင်းတင်း ဆုပ်ကိုင် ဖြစ်သည်။

ကျွန်တော့် တွင် ကိုရီးယားဇာတ်ကားများ ထဲမှ မင်းသားများ ကဲ့သို့ မင်းသမီးကို ကျောပိုးကာ သွားဖို့ စိတ်ကူးမရှိ။ ထို့ကြောင့် ကျွန်တော် သည်လည်းကောင်း၊ ကျွန်တော် ၏ ချစ်ဇနီးအသစ်စက် စက်ကလေးသည်လည်းကောင်း ကိုယ့်အားကိုယ်ကိုးကာ ခုနစ်ထပ်မြောက် ခုနစ်လွှာရှိ ကျွန်တော် တို့၏ တိုက်ခန်းဂေဟာလေးဆီ ခပ်သွက်သွက်တက်ခဲ့ ဖြစ်သည်။

တစ်လွှာကိုတက်ပြီးတိုင်း တက်ပြီးတိုင်း တစ်ယောက် မျက်နှာကို တစ်ယောက် ချစ်ရည်ရွှန်း လဲ့စွာ ကြည့်ရင်း တစ်ယောက် လက်ကို တစ်ယောက် ပိုမိုတင်းကြပ်စွာ ဆုပ်ကိုင်အားပေး ဖြစ်ရင်းက နောက်ဆုံးမှာ ခြောက်လွှာသို့ ရောက်လာသည်။ ရှေ့တွင် ရှိနေသာ လှေကားကို တက်ပြီးသည်နှင့် ကျွန်တော် တို့၏ ဂေဟာကို ရောက်ပြီ ဖြစ်သည်။

ခြောက်ထပ်တိတိကို တက်ခဲ့ရသည်မို့ မောမောနှင့် အသက်ရှူပြင်းနေသော ဇနီးအသစ် စက်စက်ကို ကြင်နာစွာ ကြည့်ရင်း ရင်ခွင်မှာ ငလျင်လှိုင်းတို့ တ၀ုန်းဝုန်းဖြတ်ကာသွားသည်။ ဘာ ပြောပြော ဤညသည်ကား မင်္ဂလာဦးည ဖြစ်သည်ကိုး။

တွဲ လက်စလက်ကိုဖြုတ်ရင်း သူမ၏ ပခုံးကို ရင်ခုန်ခြင်းများ စွာ ဖြင့် ခပ်တင်းတင်းဖက်ရင်း နောက်ဆုံးလှေကားထစ်တို့ကို စ၍ နင်း ဖြစ်သည်။ သူမသည်လည်း ကျွန်တော် ၏ ခါးကို ပြန်လည် သိုင်းဖက်ရင်း ကျွန်တော် နှင့် အတူ လှေကားထစ်များ ကို တစ်ထစ်ပြီးတစ်ထစ် နင်းကာနင်းကာ ကျွန် တော် တို့နှစ် ယောက် ၏ ဂေဟာဆီ လျင်မြန်စွာ လျှောက်လှမ်း ဖြစ်ကြသည်။

“ ဟင် ”

အခန်းရှေ့အရောက်မှာ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်တော် ရော သူမပါ “ဟင်” ခနဲ အံ့အားသင့်သွားရသည်။

“ ဦးလေး ”

“ အေး ”

သူမနှုတ်မှ “ဦးလေး” ဟု အံ့သြ၀မ်းသာခေါ်လိုက်သလို အခန်းရှေ့မှာ ဆောင့်ကြောင့် ကြီး ထိုင်နေရာမှ ထရပ်ကာ ဦးလေး ဖြစ်သူကလည်း “အေး” ဟု ၀မ်းသာစွာ ပင် ထူးသည်။

“ တူမကြီးကို ဦးလေးစောင့်နေတာ နှစ် နာရီတောင်ရှိသွားပြီ ”

ကျွန်တော် တစ်ခါမှမမြင်ဘူးသော သူမ၏ ဦးလေးဆိုသူက လက်နှစ် ချောင်းထောင်ကာ ဆို သည်။ သူမ၏ ဦးလေးဘေးမှာ က အဒေါ်ကြီး တစ်ယောက် ။

“ ဒါနဲ့ ဒီအချိန်ကြီးကြမှ ဦးလေးက ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာရတာ လဲ၊ ဒီအန်တီက ရော ဘယ်သူလဲ ”

သူမ၏ မေးခွန်းကြောင့် သူမ၏ ဦးလေးဘေးမှ အန်တီကြီးသည် ရှက်စနိုးဖြင့် ခေါင်းကိုငုံ့ကာ သွားသည်။

သူမ၏ ဦးလေး ကိုယ်၌ ကလည်း “အဟက်” ဟု ရှက်ရယ်ရယ်သည်။ အတန်ကြာအောင် ရှက်ကိုးရှက်ကန်းကြီး လုပ်နေပြီးမှ …

“ သမီးတို့ဆီကို ဦးလေး မိန်းမခိုးလာတာ ”

“ ဗျာ ”

ဟုတ်ကဲ့။ သူမက “ရှင်” ဆိုပြီးတော့ အံ့အားမသင့်ခင်မှာ ပင် ကျွန်တော် “ဗျာ” ခနဲ အံအား သင့်ရင်း ထအော်မိသည်။ မိန်းမခိုးဘာသည်ဆိုပဲ။

အသက်ငါးဆယ်ကျော်ကာ ခြောက်ဆယ်နားကပ်နေပြီ ဖြစ်သော အိုကြီးအိုမနှစ် ယောက် ကို ကြည့်ကာ ကျွန်တော် ငိုချင်စိတ်များ ပင် ပေါက်သွားရသည်မို့ “အဟင့်” ဟု ရင်ထဲမှာ ရှိုက် ဖြစ်သွား သည်ထင်၏ ။

ဘာပြောပြော ဒီညမှာ တော့ မည် သို့ သော ဧည့်သည်ကိုမှ အလိုမရှိသည်ပဲ ဖြစ်သည်။

အလိုမရှိဆို ဤညသည်ကား မင်္ဂလာဦးည ဖြစ်သည်ကိုး။

* * * * *

အခန်းတံခါးကိုဖွင့်ကာ လေးယောက် သား ဧည့်ခန်းလည်း ဖြစ်၊ ဘုရားခန်းလည်း ဖြစ်သော အိမ်ဦးခန်းမှာ ထိုင် ဖြစ်ကြသည်။

“ ဦးလေးကို မင်္ဂလာဆောင်မှာ မတွေ့ လို့ သမီးကတောင် မေမေ့ကို မေးနေသေးတာ၊ မောင် ဒါ မေမေ့မောင်အငယ်ဆုံး၊ ချစ်ရဲ့ အချစ်ဆုံးဦးလေးလေ ”

ကျွန်တော် ပြုံးကာ ခေါင်းညိတ်ပြ ဖြစ်သည်။ ကျွန်တော့် အပြုံးတို့က မချိပြုံး ဖြစ်နေဖို့ ရာခိုင် နှုန်းအတော် လေးများ သည်။

“ သမီးမင်္ဂလာဆောင်ကို စိတ် ကတော့ ရောက်ပါတယ်ကွယ်၊ ဒါပေမဲ့ ဒီနေ့မှပဲ ဦးလေးမှာ က လည်း ကိစ္စ၀ိစ္စတွေ နဲ့ဆိုတော့ ”

ဦးလေး ဖြစ်သူက စကားကိုမဆက်ဘဲ ၄င်း၏ ဘေးမှ ဇနီး ဖြစ်သူကို ရှက်ဝဲ၀ဲဖြင့် လှည့်ကာ ကြည့်သည်။ အိုကြီးအိုမနှင့် ကိုယ်စီကိုယ်င ရှက်ကိုးရှက်ကန်းကြီးတွေ ဖြစ်နေကြသော ဦးလေးတို့ နှစ် ယောက် ကိုကြည့်ကာ သူမက “ခွီး” ခနဲရယ်သည်။ ကျွန်တော် ကတော့ အီလည်လည်ခံစားမှု ဖြင့် မချိပြုံးကိုသာ အားတင်းကာပြုံးနေ ဖြစ်သည်။

“ ခင် ဒါက ကိုယ့်တူမရဲ့ အိမ်ဆိုပေမဲ့ ကိုယ့်အိမ်လိုပဲ သဘောထားနော်၊ ကိုယ့်တူမတို့လင် မယားကိုလည်း ကိုယ့်တူကိုယ့်သားလို သဘောထားပြီး ခိုင်းစရာရှိရင် အားမနာတမ်းခိုင်း သိလား ”

“ အင် ”

မိန်းမ ဖြစ်သူ၏ ဦးလေးစကားကြောင့် ကျွန်တော့် ရင်ထဲမှာ နင့်ခနဲ ဖြစ်ကာသွားသည်။ “ခိုင်း စရာရှိတာကို အားမနာတမ်းခိုင်း” ဟုဆိုသည်ကိုး။

ကျွန်တော် တို့ လင်မယားအ ဖြစ်က ကြင်စဦးဇနီးမောင်နှံနှင့် မတူဘဲ အိမ်ရှင်အလုပ်ရှင် နှစ် ယောက် ရှေ့မှာ ပုံ့ပုံ့လေးထိုင်ကာ အမိန့်နာခံရန် အသင့် ဖြစ်နေသော အခိုင်းအစေများ နှင့် ပင် တူနေ သေးတော့။

“ ဒါနဲ့ မိတ်ဆက်ပေးထားရဦးမယ်၊ ဒါက ကိုယ့်တူမလေး အုန်းချစ်တဲ့ ”

ဦးလေးက ကျွန်တော့် မိန်းမကို အသာမေးငေါ့ပြရင်း ဆို၍ အပြီးမှာ ဦးလေး၏ မိန်းမ ဖြစ်သူက ကျွန်တော့် မိန်းမ အုန်းခြစ် အဲလေ အုန်းချစ်ကိုကြည့်ကာ ခွီးခနဲရယ်သည်။ ပြီး

“ အို … ကိုကို့မောင်တူမအမည် ကလည်း တောဆန်လိုက်တာ၊ အုန်းချစ်တဲ့လား၊ တော် သေးတာပေါ့ ယပင့် “ချစ်” လို့၊ ယယစ် “ခြစ်” သာဆို အုန်းသီးခြစ်တဲ့ အုန်းခြစ်နဲ့မှားနေဦးမယ်၊ အ ဟက်ဟက် ”

တဟက်ဟက်ဖြင့် ရယ်နေသော ဦးလေးမိန်းမကိုကြည့်ရင်း ကျွန်တော့် မှာ အကြည်ညိုတွေ ပျက်ကာလာသည်။ ဘယ့်နှယ် သူများ အိမ်ပေါ်လည်းတက်လာသေး အိမ်ရှင်နာမည် ကိုလည်း ဝေ ဖန်သေး။

ကျွန်တော့် ချစ်ဇနီး အသစ်စက်စက်ကလေး ကတော့ ရှက်အမ်းအမ်းဖြင့် ခေါင်းကိုကုတ် သည်။ သူငယ်ချင်းများ ကြားမှာ လည်း ဤနာမည် က အမြဲအစအနောက်ခံနေကြမို့ သူမအဖို့က တော့ ရိုးနေပြီးသား ဖြစ်သည်။

ကျွန်တော် ကတော့ ကျွန်တော့် ချစ်ဇနီး အသစ်စက်စက်ကလေး၏ နာမည် ကို စာရေး ဆရာ များ ၏ ဘုတ်အုပ်များ ထဲက ဇာတ်လိုက်မင်းသမီးများ လို ရှည်လျားလှပဆန်းပြားအောင် ပေးမထား တတ်သော ယောက္ခမနှစ် ယောက် ကို လှမ်း၍ မေတ္တာပို့ ဖြစ်သည်။

ဦးလေး၏ မိန်းမ ခနဲ့မည် ဆိုလည်းခနဲ့သင့်သည်။ ကျွန်တော့်  မိန်းမ၏ နာမည် ကိုက ဒီလို ခေတ်ကြီးထဲမှာ “အုန်းချစ်” ဖြစ်နေသည်ကိုး။

ကျွန်တော် ကတော့ ကျွန်တော့် ချစ်ဇနီးကို “ချစ်” ဟုသာ အဖျားဆွတ်ကာခေါ် ဖြစ်သည်။ အခုတော့ ကျွန်တော် ငုံထားမတတ်ချစ်ရသော ဇနီးလေးကို သူမ၏ ဦးလေးမိန်းမက ဘလိုင်းကြီး လာပြီး ခနဲ့နေသည်မို့ ရင်ထဲမှာ နင်တင်တင်ကြီး ဖြစ်နေရသည် ကတော့ အမှန်ပဲ ဖြစ်သည်။

“ ကိုကို … ကို့တူမကို “အုန်းချစ်လို့” လို့ ခေါ်တာ ကတော့ ဟုတ်ပါပြီ၊ ဟိုချာတိတ်ကရော နာမည် ဘယ်လိုခေါ်သတဲ့တုန်း ”

“ ကိုယ်လည်းမသိဘူး၊ မင်္ဂလာဖိတ်စာကို အမှု မဲ့အမှတ်မဲ့ပဲ ကြည့်ထားလိုက်တော့ နာမည် ကို သတိမထားမိဘူး၊ ဒီမှာ သူငယ် မင်းနာမည် ဘယ်သူတုန်း ”

ကျွန်တော့် ကိုကြည့်သည်။ ပြီး …

“ သြော် … သူ့နာမည် က သက်ခိုင်တဲ့ ”

ဟု ၀င်၍ ဖြေပေးသည်။

“ ဟွန်း … မိန်းမနာမည် က အုန်းချစ်၊ ယောက်ျားနာမည် က သက်ခိုင်၊ အမလေး တောဆန် လိုက်တာမှ တကယ်တောဆန်လိုက်တာ ”

“ မိန်းမရေ … သူတို့လည်း တစ်နေကုန်ပင်ပန်းထားတော့ အိပ်ချင်နားချင်ရောပေါ့၊ လာ လာ ကိုယ်တို့လည်းနားရအောင် ”

မျက်စိမျက်နှာပျက်နေသော ကျွန်တော့် ကိုကြည့်ပြီး ဦးလေးက သူ့အမျိုးသမီး၏ စကားစကို ၀င်၍ ဖြတ်သည်။ မဖြတ်လျှင်လည်း အားမနာလျှာမကျိုး ပိုးစိုးပက်စက်ကြီးကို နှိပ်ကွပ်မည့်  သူ့မိန်းမ အကြောင်း သူသိနေ၍ ဖြစ်မည် ။

ဦးလေးက ပြောပြောဆိုဆို သူ့မိန်းမကို လက်ဆွဲကာ အိပ်ခန်းတစ်ခန်းလုံးမှာ မှ တစ်ခန်း တည်းရှိသော အိပ်ခန်းထဲ ရွှတ်ခနဲ ၀င်ရင်ပြင်သည်။

“ ဟာ … ဥ … ဦးလေး ”

ကျွန်တော် အထစ်ထစ်အငေါ့ငေါ့ဖြင့် ခေါ်လိုက်သည်မို့ ဦးလေးလင်မယားက နောက်ပြန် လှည့်ကြည့်သည်။

“ဘာလဲ” ဟူသော သဘောဖြင့် ဦးလေးက မျက်ခုံးကိုပင့်သည်။

“ ဟိုဒင်း … ဦးလေးတို့အိပ်တော့မယ်ဆိုရင် ကျွန်တော် တို့ ဦးလေးတို့လင်မယားအတွက် အိမ်ဦးခန်းမှာ ပြင်ပေး ”

“ အာ … နေနေ ရတယ် ငါ့တူ၊ ဘာမှပြင်ပေးမနေနဲ့၊ အိပ်ခန်းထဲက ခုတင်ပေါ်မှာ ပဲ ဖြစ်သ လိုအိပ်လိုက်တော့မယ်၊ ငါ့တူတို့က အိမ်ဦးခန်းမှာ လွတ်လွတ်လပ်လပ်အိပ်ကြ ”

ပြောပြီး ချာခနဲ အိပ်ခန်းထဲ ကိုယ့်အိမ်ကိုယ့်ယာလို ၀င်ကာသွားသော မိန်းမ ဖြစ်သူ၏ ဦး လေးလင်မယားကိုကြည့်ရင်း ကျွန်တော် ပါးစပ်ကြီးဟကာ ကျန်ရစ်သည်။

အံ့အားသင့်ကာ ပါးစပ်ကြီးဟလျက်ရှိနေသော ကျွန်တော့် ကို မိန်းမ ဖြစ်သူက အသာလက် တို့သည်။

“ ဘာ ဖြစ်နေတာလဲ ”

မိန်းမ ဖြစ်သူ၏ အမေးစကားကြောင့် ကျွန်တော် ဒေါထသွားရသည်။ သူမကိုလှည့်ကြည့် တော့ သူမမျက်နှာက ပြုံးစိစိကြီး ဖြစ်ကာနေသည်။

“ ဟ … ဘာ ဖြစ်ရမှာ လဲ ချစ်ရဲ့ ဦးလေးက တော် တော် အထူအပါးနားမလည်တာပဲ၊ မောင်တို့ နှစ် ယောက် အတွက် ဒီညက မင်္ဂလာဦးညလေ၊ ကိုယ်တို့အိပ်ခန်းထဲက ကိုယ်တို့ရဲ့ မင်္ဂလာအိပ်ရာမှာ သူတို့က အိုကြီးအိုမနဲ့ ၀င်အိပ်စရာလား၊ ပြောသွားလိုက်သေးတယ် ခုတင်ပေါ်မှာ ပဲ ဖြစ်သလိုအိပ် လိုက်တော့မယ်တဲ့၊ တစ်တောင်လောက်ရှိတဲ့ မွေ့ရာပေါ် အိပ်ရမဲ့ကိစ္စကိုများ ဒါ ဖြစ်သလိုတဲ့လား။ ဒီ က မင်္ဂလာမောင်နှံ အသစ်စက်စက်ကလည်း ၀ရန်တာမှာ ထွက်အိပ်ပေးရမလို ဖြစ်နေပြီ ”

ကြိတ်မနိုင်ခဲမရဖြင့် ဆိုသော ကျွန်တော့် စကားအဆုံးမှာ ဇနီး ဖြစ်သူက ခွီးခနဲရယ်သည်။

“ ဘာရယ်တာလဲ ”

အံကြိတ်ကာမေးသော ကျွန်တော့် အမေးကို သူမက

“ မောင်ပုံစံကို ရယ်ချင်လို့ပေါ့၊ မောင်ပုံစံက အီလည်လည်ကြီး ဖြစ်နေတာကိုး ”

ဟု ဆိုရင်း ရယ်ပြန်သည်။

“ မ ဖြစ်ဘဲနေမလား ချစ်ပဲစဉ်းစားကြည့်၊ တစ်တောင်လောက်ရှိတဲ့မွေ့ရာနဲ့ သူတို့နဲ့ ဘာ ဆိုင်လို့တုန်း၊ အိုကြီးအိုမနဲ့ တစ်ခါထဲ မပြောလိုက်ချင်ဘူး၊ မသာနဲ့စိန်နားကပ် အပ်ကိုမအပ်စပ်ဘူး ”

“ ရှူး … တိုးတိုး၊ ကြား သွားပါဦးမယ် မောင်ရဲ့ ”

“ ကြားလို့ဆင်းသွားလဲ အေးတာပဲ ”

ကျွန်တော့်  အီလည်လည်စကားအဆုံးမှာ သူမ ကတော့ ခွီးခနဲရယ်သည်။

“ မရယ်နဲ့နော်၊ သိပ်ကြည်တာမဟုတ်ဘူး၊ ဘယ့်နှယ်ဗျာ တော် တော် အထူအပါးနားမလည် တဲ့ ဦးလေးပဲ၊ မနက်ဖြန်မှလာတော့ ဘာ ဖြစ်မှာ မို့လို့တုန်း၊ မင်္ဂလာဦးညတည့်တည့်ကြီးမှ လာစရာ လား ”

ကျွန်တော့် စကားကြောင့် သူမ ကတော့ ရယ်ပြီးရင်းရယ်ရင်း “ခွီး” ခနဲ ရယ်ပြန်သည်။

“ ရယ်နေ … ရယ်နေ၊ မောင် ကတော့ မုဒိတာမပွားနိုင်ဘူး၊ ဘယ့်နှယ်ဗျာ အိုကြီးအိုမတွေ နဲ့ စိပ်ပုတီးကိုင်ရမဲ့အရွယ်မှာ ဟိုဒင်း ဖြစ်ရတယ်လို့၊ တောက် မွေ့ရာကလေ ချစ်မသိလို့ တကယ့်ကို တစ်တောင်လောက်ရှိတာသိလား၊ တော် တော် လေးကို ရှာဝယ်ထားရတာ ”

“ မောင်နော် ”

ကျွန်တော့် စကားအဆုံးမှာ သူမက ရှက်ရှက်ဖြင့် “မောင်နော်” ဟုဆိုရင်း လက်မောင်းကို ဆွဲဆိတ်သည်။

ဟိုစဉ် ကတော့ ရှက်ရှက်ဖြင့် သူမ ဆွဲဆိတ်သမျှသည် လေတိုးသလောက်ပင် မနာ။ အခု တော့ ခါတိုင်းလိုမဟုတ်။ အတော့် ကိုနာသည်။

“ ကဲပါ … မျက်နှာကြီးစူပုပ်မနေနဲ့၊ ချစ် အိပ်ရာခင်းပေးမယ်၊ မောင် အနားယူချင်ရောပေါ့ ”

“ ဟုတ်တယ်၊ အနားယူချင်နေပြီ၊ ဒါပေမဲ့ ဒီကြမ်းပေါ်မှာ တော့မဟုတ်ဘူး၊ ကိုယ့်မွေ့ယာ ပေါ်မှာ ပဲ ကိုယ်အနားယူချင်တာ ”

ကျွန်တော် ၏ ဘုဂလန့်အဆိုကြောင့် သူမက မျက်စိမျက်နှာပျက်ဖြင့် “ရှူး … တိုးတိုး” ဟု ဆိုသည်။

“ ကဲ … ကဲ ခင်းမှာ ဖြင့် လည်း မြန်မြန်ခင်း ”

ခပ်ဆောင့်ဆောင့်ဆိုသော ကျွန်တော့် စကားအဆုံးမှာ သူမက ဘီရိုထဲမှ အိပ်ရာအပိုကိုယူ ကာ ခင်းသည်။

မတတ်နိုင်။ မင်္ဂလာဦးညမကလို့ ဘာည ဖြစ်နေနေ ဒီညတော့ ဒီအိပ်ရာခင်းပါးပေါ်မှာ ပဲ အိပ် ရတော့မည် ။

သူမခင်းပြီးသွားသော အိပ်ရာခင်းခပ်ပါးပါးပေါ်မှာ ကျောဆန့်ခင်းရင်း မျက်စိထဲမှာ တစ် တောင်ခန့်ရှိသော မွေ့ရာကို ဖျတ်ခနဲ သတိရလိုက်မိသည်။ သူမနှင့်အတူတူ ဘုရားရှိခိုးပြီး အိပ်ရာ ၀င်ရန် မီးကိုမှိတ် ဖြစ်သည်။ ကျွန်တော် က ယောက်ျားလေးမို့ ကိစ္စမရှိ။ အိပ်ရာခင်းပါးပါးလေးမှာ အိပ်စက်နေရသော ကျွန်တော့် ဇနီး အသစ်စက်စက်ကလေး အိပ်၍ အဆင်ပြေပါ့မလားဟုတွေးရင်း သူမကကို ကျွန်တော် သနားသွားမိသည်။ သူမကို ရင်ထဲဆွဲယူကာ ပွေ့ထားရင်းက သူမ၏ နဖူးပြင် ကို ခပ်ဖွဖွအနမ်း …

“ သမီးရေ ”

အိပ်ခန်းထဲမှ ထွက်လာသော ဦးလေး၏ ခေါ်သံကြောင့် သူမက “ရှင်” ဟုထူးရင်း ကမန်းက တန်း ထထိုင်သည်။ နဖူးပြင်ကို နမ်းလက်စတန်းလန်း ကျွန်တော့် အနမ်းသည် လေထဲမှာ ပျောက် ကွယ်ကာသွားသည်။ မချင့်မရဲဖြင့် ကျွန်တော် ပါရောင် ရမ်းကာ ထထိုင် ဖြစ်သည်။

“အိပ်ပြီလား သမီး ”

“ မအိပ်သေးဘူး ဦး ”

“ အေးကွယ် … ခဏလေးလာပါဦး ”

ဦးလေး၏ စကားကြောင့် သူမက ကမန်းကတန်း ထရပ်ကာ အိပ်ခန်းဆီသွားသည်။ ကျွန် တော် ထိုင်နေလျက်နှင့် ပင် အသာနားစွင့် ဖြစ်သည်။

“ အားနာလိုက်တာသမီးရယ်၊ ဦးရော သမီးရဲ့ အန်တီပါ အိပ်မပျော်လို့၊ အသွင်တူအိမ်သူ ဖြစ်သလိုပေါ့ သမီးရယ်၊ ဦးရော အန်တီပါတူတဲ့အကျင့်တစ်ခုရှိတယ်။

“ ဟုတ် ”

ကျွန်တော့် မိန်းမ၏ အသံက အိပ်ချင်မူးတူးအသံ ဖြစ်နေသည်ဟု ကျွန်တော် ထင်မိသည်။ ဦး လေးက စကားကိုဆက်သည်။

“ အဲဒီ အကျင့်က အနှိပ်ခံရင်းနဲ့ အိပ်တဲ့အကျင့်ပေါ့ ”

ကြားရသော စကားကြောင့် ကျွန်တော် မျက်လုံးများ ပင် ပြူးသွားမိသည်မို့ ရှေ့ဆက်လာ မည့် စကားကို နားစွင့်မိသည်။

“ သမီးသိတဲ့အတိုင်း အိမ်မှာ ဆို ကိုစိုးက နှိပ်ပေးနေကျလေ ”

သူမ၏ ဦးလေးကို သူမတို့အိမ်မှာ နေသော သူမ၏ တစ်ဝမ်းကွဲအစ်ကို “ကိုစိုး” က ညတိုင်း နှိပ်ပေးနေကျဆိုတာ သူမပြောပြဖူးသည်မို့ ယင်းကိစ္စကို ကျွန်တော် သိတော့သိထားသည်။

“ အဲဒီ လိုပဲ သမီးရဲ့ ၊ အန်တီကလည်း အဲဒီ လိုအနှိပ်ခံရင်းနဲ့ အိပ်နေကြတဲ့၊ အဲဒါကွယ် မင်္ဂ လာဦးမှာ ကိုသိုလ်ရအောင် သမီးတို့လင်မယား ဦးနဲ့အန်တီကို နှိပ်ပေးကြပါလား ”

ကြားရသော စကားကြောင့် “အင်” ခနဲ နင်သွားရသည်။ “ရပါတယ်ဦးရဲ့ နှိပ်ပေးရမှာ ပေါ့” ဟူသော ကျွန်တော့် ဇနီး ဖြစ်သူ၏ စကားကြောင့် ကျွန်တော့် မျက်လုံးများ ပင် ပြူးသွားရသည်။ “နှိပ် ပေးမှာ ပေါ့” ဟူသော စကားဆုံးပြီး မကြာမီပင် “မောင်ရေ ခဏလေးဟူသော ချစ်ဇနီးခေါ်သံကို မိုး ခြိမ်းသံအလား ကျွန်တော် ကြားလိုက်ရသည်။

မတတ်နိုင်တော့။ မင်္ဂလာဦးည၏ ကံကြမ္မာကိုက ဇာတ်ဆရာအလိုကျ ကရတော့မည် မို့ ကျွန်တော် လေးတွဲ့ စွာ ပင် အိပ်ခန်းထဲ ၀င်ခဲ့ ဖြစ်သည်။

“ လာလာ ကောင်လေး ”

ကျွန်တော့် ကို ခုတင်ပေါ်မှနေ စားပွဲထိုးခေါ်သလို လက်ယပ်ကာခေါ်နေသော ဇနီး ဖြစ်သူ၏ ဦးလေးကိုကြည့်ရင်း ကျွန်တော် အော်ငိုချင်စိတ် ပေါက်သွားရသည်။

“ မောင် ဦးလေးတို့က အိပ်မပျော်လို့တဲ့၊ အဲဒါ ချစ်တို့ ခဏလောက် နှိပ်ပေးရအောင်နော် ”

ဇနီး ဖြစ်သူ၏ လေသံက ခါတိုင်းနှင့် မတူအောင် ချိုသည်။ အသုံးအနှုန်းကလည်း အတော် လေးစားဖို့ကောင်းသည်။ “နှိပ်ပေးပါဦး” ဟုလည်းမဟုတ်။ “နှိပ်ပေးမလား” ဟုလည်း မဆို။ ညှိနှိုင်း ၀ိဘတ် ဖြစ်သော “နှိပ်ပေးရအောင်” ဆိုသည့်စကားကို လှလှပပလေး သုံးကာသွားသည်။

မင်္ဂလာဦးညမှာ မထိရတော့ဟု ယူဆထားသော တစ်တောင်ခန့်ရှိသော မွေ့ရာပေါ် ကျွန် တော် စိတ်နာနာဖြင့် တက် ဖြစ်သည်။

ကျွန်တော် က ဦးလေးကိုလည်းကောင်း၊ ကျွန်တော့် ဇနီးအသစ်ကလေးက ဦးလေး၏ ဇနီးကို လည်းကောင်း နှစ်ယောက် သား နာရီဝက်ခန့် နှိပ်ပေးကြရင်း ဦးလေးတို့လင်မယား အိပ်ပျော်သွား တော့မှ တစ်ယောက် ကို တစ်ယောက် အချက်ပြကာ နှစ် ယောက် သား အိပ်ခန်းထဲမှ အသက်ပင် ပြင်း ပြင်းမရှူဘဲ ထွက်ခဲ့ ဖြစ်ကြသည်။

ပြီး နှစ် ယောက် သား အိပ်ရာခင်းပါးပါးလေးပေါ် အတူတူ ထိုင် ဖြစ်ကြရင်း မီးရောင် မှိန်မှိန် အောက်မှာ တစ်ယောက် မျက်နှာကို တစ်ယောက် ကြည့်ကာ သက်ပြင်းချ ဖြစ်ကြသည်။ အသံကျယ် ကြီးဖြင့် ဟောက်နေကြသော ဦးလေးလင်မယားတို့၏ ဟောက်သံကြောင့် အိပ်လို့ကမရ။ ၀ီခနဲဝဲ လာသော ခြင်ကို လက်ဖြင့် ရမ်းလိုက်ရင်းက စိတ်ထဲမှာ ခပ်ချဉ်ချဉ်ဖြင့် တွေးမိသည်။ “ဒါလားကွ မင်္ဂ လာဦးည” ဟု။

* * * * *

လက်ဖက်ရည်ဆိုင်မှာ ရောက်နှင့် နေသော သူငယ်ချင်းများ က မချိုမချဉ်ဖြင့် ၀ိုင်းကြည့်နေ ကြသည်မို့ ကျွန်တော် ရှက်ရှက်ဖြင့် မျက်နှာပူသွားရသည်။ သကောင့်သားများ ၀ိုင်း၍ စကြနောက်ြ ကတော့မည် ကို ကြိုသိနေသည်ကိုး။

“ လာထိုင် ငါ့ကောင်ကြီး ”

ရာဇာက ပြောင်ချော်ချော်ဖြင့် ကျွန်တော့် ကို ထိုင်ခုံတစ်လုံး အဆင်သင့်ဆွဲပေးသည်။ ပြီး ပြုံးဖြီးဖြီးဖြင့် …

“ ငါ့ကောင်ကြီးကြည့်ရတာ အိပ်ရေး မ၀သေးတဲ့ပုံပဲ ”

ဟုဆိုရင်း တဟဲဟဲရယ်သည်။

“ မင်ပြောတာ အမှန်ပဲ၊ အိပ်ရေး မ၀သေးဘူး၊ ၀ါး တစ်ညလုံးနီးပါးဆိုတော့ လက်တွေ ကို ညောင်းနေတာပဲကွာ၊ တောက် ”

သန်းရင်းက အမှတ်တမဲ့ ရေရွတ်မိသော ကျွန်တော့် စကားကြောင့် ရာဇာရော မင်းသူရတို့ပါ တခွီးခွီးရယ်ကြသည်။ ခန့်ပိုင်ဦးက ရယ်ကျဲကျဲဖြင့်

“ အေးလေ … တစ်ညလုံးနီးပါးဆိုတော့လည်း ညောင်းပြီပေါ့၊ လက်တွေ ပဲညောင်းတာလား၊ ခါးကော မညောင်းဘူးလား ”

ဟုဆိုရင်း “အဟီး” ဟုရယ်သည်။

“ ခါးလည်းညောင်း၊ အာ မင်းတို့ကလည်းကွာ ဘာတွေ လျှောက်ပြောနေမှန်းကိုမသိဘူး၊ ငါ လက်ညောင်းတာက တစ်ညလုံးနီးပါး နှိပ်ပေးနေရလို့ကွ ”

ကျွန်တော် ၏ ဖြေရှင်းစကားကြောင့် ခန့်ပိုင်ဦးတို့သုံးကောင်က ခွီးခနဲ ရယ်ကြပြန်သည်။ ရယ်ဆို ကျွန်တော် ပြောသမျှကို တလွဲကြီး လျှောက်တွေးနေကြသည်ကိုး။

“ ယုံဒယ် … ယုံဒယ် ဘယ်ဂျင်း ”

ရာဇာက ပြောင်စိစိမျက်နှာဖြင့် မျက်ခုံးကိုပင့်ကာပင့်ကာဖြင့် “ယုံဒယ်” ဟု အိုဗာအက်တင် ဖြင့် ဆိုသည်။ သကောင့်သားများ ကို မရှင်းပြလို့ ကတော့ မ ဖြစ်တော့။

သို့ နှင့် “တကယ်ပြောတာကွ ဒီလိုကွာ၊ ညက xxxxxxxxxxxxxxxxxxxxxx ”

ကျွန်တော် လည်း ၄င်းတို့နှင့် ဘတ်ချလာနိုက်စားပွဲသောက်ပွဲအပြီး ပြန်ခဲ့ချိန်မှစ၍ ဦးလေး တို့ရောက်လာပုံအလယ် နှိပ်ပေးရပုံအဆုံး အကုန်လုံးပြောပြ ဖြစ်သည်။

ကျွန်တော် စကားအဆုံးမှာ သကောင့်သားသုံးကောင်က တခွီးခွီးရယ်ကြသည်။ မင်းသူရက

“ ဒါနဲ့ မင်းမိန်းမတို့ရဲ့ ဦးလေးတို့က ဘယ်နှရက်လောက်နေမှာ တဲ့လဲ၊ မင်း နည်းနည်း ပါးပါး တီးခေါက်မကြည့်ဘူးလား ”

ဟု အမေးရှိသည်။

“ မနက်စောကြီး ကောက်ညှင်းပေါင်းနဲ့ အကြော် စားချင်တယ်ဆိုလို့ လမ်းထိပ်မှာ သွားဝယ် ပြီး ကျွေးရသေးတယ်၊ အဲဒီ မှာ ကောက်ညှင်းပေါင်းစားရင်းနဲ့ ဦးလေးက “အားတော့နာတယ် သမီး ရယ်၊ တစ်ပတ်တန်သည် ဆယ်ရက်တန်သည်တော့ အိမ်မငှားရသေးခင် နေပါရစေဦးတဲ့ ”

“ ဒီတော့ မင်းမိန်းမက ဘာပြောလဲ ”

ခန့်ပိုင်ဦးက ပခုံးကိုတွန့်ရင်း မေးသည်။

“ သူ့ဦးလေး အရင်းခေါက်ခေါက်ပဲကွာ၊ ရပါတယ်ပဲ ပြောရတော့တာပေါ့၊ ဘယ်တတ်နိုင်မ လဲကွာ၊ ဒီနေ့ညနေခင်းပြန်ရင် အိမ်ကလိုက်ရှာပေးရဦးမှာ ကွ၊ တစ်အိမ်တက် တစ်အိမ်ဆင်း လိုက် ကြည့်ပြီး ညကျ ညောင်းတယ်ဆိုပြီး နှိပ်ပေးရမှာ မြင်ယောင်သေးတယ် ”

လက်ကိုကွေးချည်ဆန့်ချည် လုပ်ရင်း ဆိုသော ကျွန်တော့် စကားကြောင့် သသော င့်သား သုံးကောင်က ပြုံးကြသည်။

“ အင်း … မင်းရဲ့ မင်္ဂလာဦးညကလည်းကွာ တော် တော် ကဗျာမဆန်တာပဲ၊ ဘယ့်နှယ်ကွာ ဘယ်လောက်အလိုက်မသိဘူးပဲဆိုဆို မင်္ဂလာဦးညတော့ အိမ်မှာ လာပြီး ဧည့်သည်မလုပ်သင့်ဘူး မဟုတ်လား ”

ရာဇာ၏ စကားကို မင်းသူရက “အေးကွာ” ဟု ထောက်ခံသည်။

ကျွန်တော် ကတော့ အိမ်လိုက်ရှာပေးရဦးမည့်  အရေး တွေးကာ သက်ပြင်းမောကိုသာ ချ ဖြစ် သည်။

* * * * *

လှေကားတို့ကို တစ်ထစ်ပြီးတစ်ထစ် တက်ခဲ့ရသော ခြေလှမ်းတို့က သိပ်တက်တက်ကြွကြွ ကြီးတော့မဟုတ်။ တကယ်ဆို ကြင်စဦး ဇနီး ဖြစ်သူကို အလုပ်အပြန်မှာ တွေ့ ဖို့ပြန်လာသော ခင် ပွန်း တစ်ယောက် ၏ ခြေလှမ်းတို့က လေးကန်မနေသင့် တွေးမိသည်။

“ ဒေါက် … ဒေါက် … ဒေါက် ”

တံခါးခေါက်လိုက်သော အခါ တံခါးလာဖွင့်ပေးသူက ကျွန်တော် ချစ်ရသော ကျွန်တော့် အ မောပြေ တွေ့ ချင်သော ဇနီး ဖြစ်သူ၏ မျက်နှာမဟုတ်။ ဇနီး၏ ဦးလေး ဖြစ်ကာနေသည်။

“ ငါ့တူကြီးတောင်ပြန်လာပြီ ”

“ ဟုတ်ကဲ့ ”

လောကွက်စကားဆိုလာသည်မို့ “ဟုတ်ကဲ့” ဟု ဟန်လုပ်ကာပြုံးရင်း ပြန်ဖြေ ဖြစ်သည်။ လူ လည်မတွေ့ ၊ အသံလည်းမကြားသော ဇနီး ဖြစ်သူကို တောင်ကြည့်မြောက်ကြည့်ဖြင့် ရှာသော ကျွန် တော့် ကိုကြည့်ကာ ဦးလေးက …

“ အုန်းချစ်ကို ရှာနေတာလား ”

ဟု အမေးရှိသည်။

“ ဟုတ်ကဲ့ ”

အမှန်တကယ်ရှာနေသည်မို့ ဟုတ်ကဲ့ဟု ဖြေ ဖြစ်သည်။

“ အေးကွာ … မင်းရဲ့ အန်တီက ကြေးအိုးဆီချက် စားချင်တယ်ဆိုလို့ ဦးလေးလည်း ဆင်း ချည်တက်ချည် မလုပ်နိုင်တာနဲ့ အုန်းချစ်ကို သွားဝယ်ခိုင်းလိုက်တယ် ”

“ သြော် … ဟုတ်ကဲ့ ”

ခုနစ်ထပ်ကြီးများ တောင်ရှိသော တိုက်၏ လှေကားထစ်များ ကို ခေါက်တုံ့ခေါက်ပြန် ဆင်း ချည်တက်ချည် မောနေရှာမည့်  ချစ်ဇနီး ဖြစ်သူ၏ မျက်နှာလေးကို ပြေးမြင်ရင်း ကျွန်တော် ရင်ဆို့ သွားရသည်။

“ ဒါနဲ့ ဒီတိုက်ရဲ့ မြေညီထပ်မှာ အအေးဆိုင်ရှိသလားလို့၊ ပုလင်းတွေ ဘာတွေ မဟုတ်ဘဲနဲ့ ကွာ၊ ဖာလူဒါတို့ ဘာတို့လို အအေးကိုပြောတာ ”

“ ဟုတ်ကဲ့၊ ရှိတယ်ဦး ”

အမှန်တကယ်ရှိနေသည်မို့ ကျွန်တော် ခေါင်းညိတ်ပြရင်း ဆို ဖြစ်သည်။

“ အေးကွာ … အားတော့နာပါရဲ့ ကွာ၊ ခရီးရောက်မဆိုက်ပဲ ခိုင်းရဦးမယ်၊ ဦးကလေ ဖာလူဒါ သိပ်ကြိုက်တာ၊ အသက်ကြီးလာလို့လားမသိဘူး ဟိုဟာစားချင် ဒီဟာစားချင်နဲ့ အခု ဖာလူဒါ သောက်ချင်နေတယ်ငါ့တူရယ်၊ အဲဒါ ဖာလူဒါလေး ဆင်းဝယ်ပေးပါလား ”

ရင်ဝကို ဆောင့်ကန်လိုက်သလို ပက်လက်လန်ကျသွားမလားပင် ထင်လိုက်ရသော စကား ကြောင့် ကျွန်တော် စိတ်လေသွားရသည်။

“ ဦးက မင်းတို့လူငယ်တွေ လို သွက်သွက်လက်လက် တတ်နိုင်ဆင်းနိုင်မဟုတ်တော့ တစ် ခေါက်တစ်ခါက်ဆင်းဖို့ တက်ဖို့အရေး မလွယ်ဘူးကွ ငါ့တူရ၊ တော် ပါသေးရဲ့ ကွာ ငါ့တူတို့လင်မ ယား ရှိနေလို့သာပဲ ”

ငါးရာတန်တစ်ရွက်ကို ကမ်းပေးရင်းဆိုလာသော ဦးလေး၏ စကားကြောင့် ကျွန်တော် ငိုချင် စိတ်ပေါက်သွားရသည်။ ဦးလေးဘေးမှာ တစ်ချိန်လုံး ပြုံးပြုံးကြီးထိုင်နေသော ဦးလေး၏ မိန်းမက …

“ ဘာပြောပြော ငါ့တူတို့လင်မယား ကတော့ အန်တီတို့ လင်မယားကောင်းမှု အကြောင်းပြု ပြီးတော့ ဝေယျာဝစ္စ ကုသိုလ်တွေ တော် တော် ကြီးရနေလောက်ပြီ၊ အဟင်း ဟင်း ”

ဟု ဆိုသည်။

“ ရပါလိမ့်မယ် အားကြီးကြီး” ဟု စိတ်ထဲမှပြန်ပြောရင်း ဦးလေးကမ်းပေးသော ငါးရာတန် ကို လှမ်းယူကာ သက်ပြင်းကိုသာ ဟင်းခနဲနေအောင် ချ ဖြစ်တော့သည်။

* * * * *

ဖာလူဒါ ပါဆယ်ထုပ်နေချိန်မှာ ပင် လမ်းထိပ်မှပြန်လာသော မိန်းမ ဖြစ်သူကို ကြေးအိုးပါ ဆယ်ထုပ်ဆွဲလျက် တွေ့ ရသည်။

“ ချစ်ရေ ”

ကျွန်တော့် ခေါ်သံကြောင့် မိန်းမ ဖြစ်သူက လှည့်ကြည့်သည်။ ပြီး အံ့သြဟန်ဖြင့် “ဘာဝယ် နေတာလဲ” ဟူသော သဘောဖြင့် မေးငေါ့သည်။

ဆိုင်ရှင်ကမ်းပေးသော ဖာလူဒါပါဆယ်ထုပ်ကို စိတ်နာနာဖြင့် မြှော က်ပြရင်း “ချစ်ရဲ့ ဦးလေး ၀ယ်ခိုင်းလို့” ဟု ဆို ဖြစ်သည်။

ချစ်ဇနီး၏ နဖူးမှ ချွေးစတို့ကိုကြည့်ရင်း ကျွန်တော် ကြေကွဲသွားမိသည် ကတော့အမှန်။

နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် စကားပင်မဆို ဖြစ်ကြဘဲ လှေကားထစ်များ ကို တစ်ထစ်ပြီးတစ်ထစ် တက်ခဲ့ ဖြစ်ကြသည်။

ငါလွှာအရောက်မှာ ချစ်ဇနီးက ကျွန်တော့် မျက်နှာကို တစ်ချက်လှမ်းကြည့်သည်။ ပြီး

“ မောင် စိတ်ညစ်နေပြီလား ”

ဟု ဆိုသည်။

“ စိတ်ညစ်နေတာမဟုတ်ပေမယ့် စိတ်ထဲမှာ မပျော်နိုင်တာတော့ အသေအချာပဲ၊ အိမ်မြန် မြန်ငှားပြီးမှပဲ မောင်တို့နှစ် ယောက် အေးအေးဆေးဆေးနေရတော့မယ်ထင်တယ်၊ အခုကျတော့ မောင်တို့နှစ် ယောက် က သူတို့ လက်တိုလက်တောင်းခိုင်းဖို့ ခေါ်ထားတဲ့အတိုပဲ၊ အလုပ်က ပြန် ရောက်ရောက်ချင်း နားပါစေဦးဆိုတဲ့ စိတ်လေးတောင်မရှိဘူး ”

“ မောင်ရယ် သူတို့က အသက်ကလည်းရနေပြီဆိုတော့ ဒီလိုအတက်အဆင်းတွေ ကို တက် ချည်ဆင်းချည် ဘယ်လုပ်နိုင်ပါတော့မလဲ၊ ဒီတော့ ကိုယ့်တူကိုယ့်သားလို သဘောထားပြီး ခိုင်းတာ ပေါ့လို့၊ ချစ်တို့ နှစ် ယောက် ကိုမှ မခိုင်းရင် ဘယ်သူ့ကိုသွားခိုင်းမလဲ၊ ကိုသိုလ်ရပါတယ်မောင်ရယ် ”

ဇနီး ဖြစ်သူက လေပြည်လေးဖြင့် ချော့သည်။

“ မသိဘူးကွာ၊ ညတိုင်းလည်း နှိပ်ပေးရသေး၊ မနက်မနက်လည်း သူတို့စားချင်သောက်ချင် တာကို အလုပ်မသွားခင် ပြေးဝယ်ပေးရသေး၊ နေ့လယ်စာကျတော့လည်း စီစဉ်ပေးရသေးတယ်၊ ဟော အခုညနေ အလုပ်ကပြန်လာတော့လည်း မနားရဘူး၊ နေဦး ဒါနဲ့ အိမ်ငှားဖို့ပွဲစားကို ပြော ထားတာ ဘာတဲ့လဲ ”

ကျွန်တော့် အမေးကြောင့် မိန်းမက ကြားသွားမှစိုးသည့်အလား၊ အပေါ်ကို တစ်ချက်လှမ်း ကြည့်သည်။ သူ့ခမျာ ငါးလွှာမှာ ပြောဆိုနေသော စကားကို ခုနစ်လွှာမှ သူ့ဦးလေးများ ကြားမည် ကို စိုးရိမ်နေဟန်တူသည်။

“ ပွဲစားက မနက်ဖြန်မနက်မှ ဆုံရအောင်တဲ့၊ ဒီနေ့ညနေခင်း သူမအားဘူးတဲ့၊ အိမ်ရှင်တွေ ဆီက အခန်းသော့ တွေ ပတ်ယူထားလိုက်မယ်တဲ့ ”

“ ပြီးရော … အိမ်ပွဲစားတွေ ကို ဒီနေရာနဲ့ဝေးဝေးက အခန်းတွေ အရင်ပြခိုင်းရမယ် ”

အံကြိတ်ကာဆိုသော ကျွန်တော့် စကားကြောင့် ဇနီး ဖြစ်သူက “ပိုရန်ကော” ဆိုသော သ ဘောဖြင့် မျက်စောင်းထိုးသည်။

“ ဒီမိန်းမမှာ ဒီလိုဦးလေးမျိုး ရှိမှန်း အစကတည်းကသိရင် မယူပါဘူး ”

မျက်စောင်းထိုးသော ဇနီး ဖြစ်သူကို လှမ်းစသည်မို့ ဇနီး ဖြစ်သူက ကျွန်တော့် ဗိုက်ခေါက်ကို ဆွဲလိမ်သည်။

“ ယား … ပါးပါး ”

“ အဲဒါမှတ်ထား၊ ဒီက အုန်းချစ်တို့ကလည်း ဒီလိုသဘောထားမကြီးတဲ့လူမှန်းသိရင် sorry ပါပဲနော် ”

“ အေးပါ … ဒီထက်သဘောထားကြီးရရင်လည်း အလုပ်က ထွက်ပြီး မင်းရဲ့ ဦးလေးလင်မ ယား ခြေတော် ရင်းမှာ အချိန်ပြည့်ခစားဖို့ပဲ ရှိတော့တယ် ”

ပြောရင်းဆိုရင်း တက်ရင်းဖြင့် ကိုယ့်အခန်းရှေ့ကို ရောက်မှန်းမသိ ရောက်ကာလာသည်။

ခုနစ်လွှာတိတိရှိသော အပေါ်ဆုံးထပ်ကို တက်လာခဲ့သော ဇနီး ဖြစ်သူကို လှမ်းကြည့်တော့ သူမ၏ နဖူးမှာ ချွေးစတို့ဝေ့သီနေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ ရသည်။

ဦးလေးလင်မယားကောင်းမှု ဖြင့် ကျွန်တော် တို့လင်မယားမှာ အလိုလိုနေရင်း တကူးတက လေ့ကျင့်ခန်းလုပ်နေစရာမလိုဘဲ ချွေးတွေ ထွက်ကာ ကျန်းမာရေး ရနေတော့သည် တမုံ့တကား။

* * * * *


ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ မင်္ဂလာဦးညဆိုသည်မှာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကျူးပစ်(ဒ်)၏ ရင်ဖွင့်မြား

ကောင်းကင်ခြုံထားတဲ့ ညီမလေး

သတ္တမမြောက် နတ်သမီး