Cover

အခန်း(၁)

“မင်းသမီး အနေနဲ့ ပေါ့နော် နောက်ဆုံးဘာများ ပြောချင်ပါသလဲရှင်”

“ဟယ် … ယွန်းနှင်းဆီ နင့်အမေးကလည်း မပြောကောင်းမဆိုကောင်းကြီး”

သူမ၏ မေးခွန်းကို မဖြေပဲ ၀တီနွယ်က အထွန့်တတ်သည်။

“နေပါဦး ငါ့မေးခွန်းက ဘာ ဖြစ်နေလို့တုန်း”

လက်ထဲမှာ ကိုင်ထားသော TV ရီမုဒ် ကွန်ထရိုးကို စားပွဲ ပေါ်ဆောင့်ချရင်း သူမ ပြန်၍ မေး ဖြစ်သည်။ သူငယ်ချင်း ဖြစ်သူ ၀တီနွယ်က …..

“နင်ပဲ စဉ်းစားကြည့်လေ … နောက်ဆုံး ဘာများ ပြောချင်လဲဆိုတော့ ငါက သေခါနီး နေပြီမို့လို့ပဲ မေးသလိုလို၊ ကြိုးစင်တက်ခါနီး မို့လို့ပဲ နောက်ဆုံး ဆန္ဒကို မေးသလိုလိုနဲ့ ကျောချမ်းစရာ ကြီး၊ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေတော် ၊ ယောကျာ်းကရသေးတာ မဟုတ်ဘူး”

ဟု ရှည်လျားစွာ ဆိုသည်။

“ဒါဖြင့် ငါက ဘယ်လို မေးရမှာ လဲ”

သူမ နှာခေါင်းကို ကုတ်ကာ ဆို ဖြစ်သည်။

“မရွှေချောရယ် … အနုပညာ သတင်းထောက် ဖြစ်ချင်တာကလည်း တစ်ပိုင်းကို သေလို့၊ ဂျာနယ်တွေ ၊ မဂ္ဂဇင်းတွေ က အင်တာဗျူး တွေ ကလည်း နင့်လောက်ဖတ်တာ နင်ပဲ ရှိတယ်၊ အခု ထက်ထိလည်း အမြီးအမောက်တည့်အောင် ဘာမှ မမေးတတ်သေးဘူး”

“အေးဟယ်”

“ဒါတောင် နင်ဗျူးနေတာက ငါမို့လို့နော်၊ နင်သာ နာမည် ကျော် အနုပညာရှင်တွေ နဲ့ နဖူးတွေ့ ဒူးတွေ့ များ ကြုံရရင် ပိုရင်ခုန်ပိုစိတ်လှုပ်ရှားပြီးတော့ ပိုမှားဦးမှာ ”

“ဟုတ်ပ”

ဝတီနွယ်၏ စကားအဆုံးမှာ သူမ “ဟုတ်ပ” ဟု ထောက်ခံ ဖြစ်သည်။ ပြီး သက်ပြင်းကို ချ ဖြစ်သည်။

“ပြောမှားဆိုမှား ရှိရင် ခွင့်လွှတ်ပါဆိုတာက နတ်တွေ ဆီမှာ ပဲ တောင်းပန်လို့ ရတာ နော်၊ အနုပညာရှင် တွေ ဆီမှာ မရနိုင်ဘူး”

“မှန်တယ်”

သူမ ခေါင်းညိတ်ကာ “မှန်တယ်”ဟု ထောက်ခံ ဖြစ်သည်။

“ကဲ … ကဲ အစကနေ ပြန်ဗျူးမယ်ဟာ”

ဟု ဆို ဖြစ်သည်။

“ဟော့တော့် ….ဗျူးဦးမလို့လား၊ နင် ငါ့ကို တော် ရုံပဲ နှိပ်စက်ပါဟယ်၊ ကော်ဖီလေးတစ်ခွက်တိုက်ပြီးတော့ မုန့်မပါ ဘာမပါနဲ့ ထိုင်ခိုင်းထားတာ တစ်နာရီ ခွဲလောက်ရှိပြီ၊ ငါ့နေရာမှာ တကယ့် မင်းသမီးဆိုရင် နင့်ကို ကော်ဖီ ပန်းကန်နဲ့ ကောက်ပေါက်လောက်ပြီ”

ဝတီနွယ်က မျက်နှာကြီး ရှုံမဲ့ကာ ဆိုသည်။

“နင်ကလည်း ကိုယ့် သူငယ်ချင်း အချင်းချင်းပဲကို တွက်နေချက်လိုက်တာ၊ ပါရမီ ဖြည့်တယ်လို့ သဘောထားစမ်းပါ”

“အေးပါ… လောလာ ဆယ်တော့ နင်ပြောသလိုပေါ့၊ မ ဖြစ်ဘူး မ ဖြစ်ဘူး၊ မြန်မြန်ယောကျာ်းယူပြီး ငါလည်း ဒီရပ်ကွက်က ရွှေ့နိုင်အောင် ကြိုးစားမှ ဖြစ်မယ်၊ မဟုတ်ရင် မလွယ်ဘူး”

ဝတီနွယ်က ပွစိပွစိ ရေရွှတ်သည်။

“ကဲပါ ….. အခု နင်က ဖိုက်တင် မင်းသမီး ဖြစ်သွားပီ၊ ရိုးရိုး မင်းသမီး မဟုတ်ဘူး၊ ငါမေးတာကို နင်အလိုက်သင့် ပဲ ဖြေ”

“အေးပါဟယ် …. ၀ဋ်ရှိသမျှ ဖြေပါ့မယ်”

သူ့စကားကို ၀တီနွယ်က မျက်နှာငယ်လေးနှင့် တုံ့ပြန်သည်။

“မ … ကပေါ့နော် အခုကားပေါင်း ဘယ်လောက်လောက် ရိုက်ကူးပြီးသွားပြီလဲဟင်၊ တော် တော် တော့ များ ပြီးနော်”

သူမက TV Remote Control ကို ကောက်ကိုင်ရင်း မေး ဖြစ်သည်။ ၀တီနွယ်က တကယ့်မင်းသမီး အထာဖြင့် မျက်နှာကို ချီကာ ထားသည်။ ပြီးမှ ….

“ကားတွေ က အရမ်း ဟမ်းဟမ်း များ ပြီပေါ့နော်၊ ကားကြီးရော DVD ရော၊ ဗီဒီယိုရော ဆိုရင် ကားပေါင်း တစ်သော င်းစွန်းစွန်း ရှိလောက်ပြီပေါ့၊ အဟက် အဟက်”

“သြော် …. တော် တော် များ ပြီပဲ၊ ဖိုက်တင် မင်းသမီး ဆိုပေမယ့် မ … ဟာ ကာရိုက်တာ အစုံလည်း ရတယ်နော်”

သူမ အမေးကို ၀တီနွယ်က တကယ့်မင်းသမီးလို ဟန်ဆောင်ပန်ဆောင် ဟက်ခနဲ ရယ်လိုက်ရင်း ……

“စုံတာတော့ တော် တော် လေး စုံပြီပေါ့နော်၊ ဒါပေမယ့် အရူးကွက်ပေါ့နော်၊ ဖိုက်တင်ကို ရူးပြီး ချရတဲ့ ကာရိုက်တာလေး မလုပ်ရသေးဘူး၊ အဲဒါမျိုးလေး ကြုံရင် လုပ်ပြချင်ပါသေးတယ်၊ ရူးတဲ့ ကာရိုက်တာကို သရုပ်ဆောင်ရတာ ဟာက အရမ်း အရမ်းလွယ်တယ်လေ၊ ဒါပေမယ့် လူက ရူးသွားပေမယ့် သိုင်းကွက်တွေ က မသိစိတ်ထဲမှာ ကျန်နေပြီးတော့ အဲဒီ မသိစိတ်နဲ့ ပဲ အရူးကွက်တွေ နင်းပြီးတော့ ဖိုက်တင်ချတာမျိုးပေါ့၊ ရန်သူအင်အား တစ်သော င်းလောက်ကို မ တစ်ယောက် တည်း ချေမှု န်းပစ်လိုက်တာမျိုးပေါ့နော်၊ တကယ် လူ့အစစ်တစ်သော င်းနဲ့ ခမ်းခမ်းနားနားကြီးပေါ့နော်၊ နိုင်ငံတကာ အဆင့်မီပေါ့နော်၊ ရှယ် …. ပေါ့နော် လုပ်ပြချင်ပါသေးတယ်”

“တိုတို တုတ်တုတ် ဖြေစမ်းပါဟယ်၊ အရှည်ကြီးမ လုပ်စမ်းပါနဲ့ ”

ဝတီနွယ်၏ စကားအဆုံးမှာ သူမဆို ဖြစ်သည်။ ဆို ဖြစ်ဆို TV Remote Control ကိုင်ထားရသည်က ညောင်းသည်ကိုး။

“ဟဲ့ … တစ်ချို့အဖြေက ပြည့်ပြည့်စုံစုံ ဖြေရလုံလောက်တာ၊ ဘာမှလည်းနားမလည်ဘဲနဲ့ ၊ ကဲ ပြီးပြီးလား နင့် အင်တာဗျူး က”

“ဘယ်ပြီးဦးမှာ လည်း …. အင်း ဘာဆက်မေးရင်ဆိုတော့၊ ဟိုပေါ့နော် ဒီလောကထဲကို စ၀င်လာတုန်းက ဇာတ်ကားလေးရဲ့ နာမည် ကိုလည်း သိပါရစေနော်”

“လက်မရွံ့ ခင်ပိန်ပါ”

“ဟင် … ခင်ပိန်တဲ့လား၊ နာမည် က တစ်မျိုးကြီးနော်”

သူမ ၀တီနွယ်ကို ခပ်ငေါ့ငေါ့ ဆို ဖြစ်သည်။

“ဟုတ်တယ် …. အဲဒီ တုန်းက မက ပိန်ပိန်လေးလေ အဟက် ဟက်”

ဝတီနွယ်က သူမထက်ပို၍ ရွတ်ည်။ တဟက်ဟက်ပင် ရယ်ချလိုက်သေးသည်။

“အခု ဆိုရင်ပေါ့နော် …. မျိုးဆက်သစ် ဖိုက်တင် မင်းသမီးတွေ ကလည်း အပြိုင်အဆိုင် ပေါ်လာကြတယ်လေ”

“ဘာပေါ်လာ တာလည်း ဟင်”

“အိုက်တင်ကို ပြောတာ၊ လျှာ်မရည်နဲ့ ”

ဝတီနွယ်၏ ပြောင်ချော်ချော် အမေးကို သူမ ပိတ်၍ ဆို ဖြစ်သည်။

“ဟဲ့ … ဟဲ့ ယွန်းနှင်းဆီ ငါက မင်းသမီးလေ၊ နင်က အင်တာဗျူး နေတဲ့ သတင်းထောက်လေ၊ လျှာမရှည်နဲ့ လို့ ပြောစရာလား”

“Sorry …. Sorry မှားလို့၊ အဲ စောစောက ဘယ်ရောက် သွားပါလိမ့်၊ အဲဟုတ်ပြီ ဟိုပေါ့နော် အခု နောက်တတ်လာတဲ့ ကြိုးစားနေတဲ့ ဖိုက်တင် မင်းသမီးတွေ ကို မ အနေနဲ့ ဘာများ ပြောချင်ပါသလဲရှင်”

သူမ မေးခွန်းအဆုံးမှာ ၀တီနွယ်က ချောင်ကို ဟန့်သည်။

“အဟော် … ဒါလား”

ဒါလားဟု ဆိုရင်း ဆံပင်ကို သပ်သည်။ အထာက မင်းသမီး အစစ်အထာ။ အတော် ကြာအောင် ဆံပင်သပ်လိုက် အကျီင်္လေးဆွဲချလိုက် လုပ်နေပြီးမှ နှုတ်ခမ်းကို အနည်းငယ် မဲ့လိုက်ရင်း …

“ဖိုက်တင် မင်းသမီးကောင်း တစ်ယောက် ဖြစ်ဖို့ဆိုရင် နဖူးလည်း ကွဲဖူးရမယ်၊ ဒူးလည်း ပြဲဖူးရမယ်၊ အဲဒီ လိုပဲ နဖူးကွဲဖူးလို နဖူးလည်း ခွဲဖူးရမယ်၊ Mood ကပ်သွားရင်ပေါ့နော်၊ ဒူးလည်း ပြဲဖူးသလို ဒူးလည်း ခွဲဖူးရမယ်။ အဲဒါမှ ခံစားချက် အစစ်နဲ့ ဖိုက်တင် မင်းသမီး ပီပီ သသ နဲ့ အနာလည်းခံဖူး၊ အသာလည်း စံဖူးပြီး ဒီလောက ထဲမှာ ရှင်သန်နိုင်မှာ ပါလို့”

“ဟုတ် … ကျေးဇူးတင်ပါတယ်ရှင်”

“ငါ …. ငါ ပြန်လို့ ရပြီလားဟင်”

သူမ၏ စကား အဆုံးမှာ ၀တီနွယ်က မျက်နှာငယ်လေးနှင့် ဆိုသည်။

“အေး … ပြန်တော့ မနက်ဖြန်ကျရင် လာခဲ့ဦးနော်”

“စိတ်ချ … ယောကျာ်း မရသေးရင်တော့ လာခဲ့ပါ့မယ်”

သူမ ၏ အမှာ စကားကို ၀တီနွယ်က ခပ်ငေါ့ငေါ့ ဆိုကာ ထွက်သွားသည်။ ဘာရယ်မဟုတ် သူမ ဟက်ခနဲ ရယ် ဖြစ်သည်။ လက်ထဲမှာ တော့ TV Control ကို ကိုင်ထားဆဲ။

***

အခန်း(၂)

If at first you don’t success, try again.

စစလုပ်ချင်း မအောင်မြင်ရင်
ကြိုးစားပြီးရင်းသာ ထပ်ကြိုးစားပါ။

William Edward Hickson

“ဒါနဲ့ ကျွန်တော် ကို မင်းသားရဲ့ အချစ်ရေး နဲ့ ပတ်သတ်ပြီး နည်းနည်း လောက် ပြောပြ ပေးနိုင်မလား”

အနုပညာ သတင်းထောက် တစ်ယောက် ဖြစ်ချင်သည်မို့ မဂ္ဂဇင်း၊ ဂျာနယ်မှ အင်တာဗျူး မှန်သမျှ အကုန်ဖတ်ကာ မေးခွန်း မှန်သမျှ အကုန် အလွတ်ကျက်ပြီး အိမ်မှ လူကုန် တစ်ယောက် မကျန် အလွတ်မပေးဘဲ အင်တာ ဗျူးတတ်သော သူ၏ ဒဏ်ကို ယခု ခံနေရသူ ကတော့ အဘိုး ဖြစ်သူပဲ ဖြစ်သည်။

အဘိုးက ….

“ငါ့ မြေး…. မကြားဘူး၊ အဘိုးကို ကျယ်ကျယ်ပြော”

ဟု တုန်ယင်စွာ ဆိုသည်း တုန်ယင်ဆို အဘိုးက အသက် ရှစ်ဆယ်ကျော်ပြီကိုး …. ။

“မင်းသားရဲ့ အချစ်ရေး လေး ပြောပြပေးပါလို့ မေးတာပါ”

သူ့အသံကိုတင်ကာအော်မေးမေး ဖြစ်သည်။

“သြော် … အရှစ်ယေးလား”

ရှေ့သွားများ မရှိတော့သော အဘိုးက တစ်ခါတစ်လေ စကားမပီတော့။

“ဟုတ်ကဲ့ … အရှစ်ယေး၊ အဲလေ …. အချစ်ရေး ဟုတ်တယ် အချစ်ရေး ”

“အရှစ်ယေးကို မစဉ်းစားသေးပါဘူး၊ ကိုယ်ကလည်း ငယ်သေးတော့ ငယ်တုန်းရွယ်တုန်း ပရိသတ်ကို အနုပညာနဲ့ ပေးဆပ်ချင်သေးတယ်၊ ယင်ထဲမှာ (ရင်ထဲမှာ ) ပါရိတ်သတ်ပဲ (ပရိတ်သတ်ပဲ) ယှိဘာဒယ် (ရှိပါတယ်) လို့ ပြောချင်ပါဒယ် (ပြောချင်ပါတယ်)”

“ဟုတ်ကဲ့ ကျေးဇူးပါပဲ အဘိုး၊ အဲလေ … မင်းသား”

အဘိုးနှင့် သူနှင့် အင်တာဗျူး လုပ်နေသည်ကို ကြည့်ပြီး ဘေးမှာ ရှိနေသော ဘော်ဒါ ဖြစ်သူ ခန့်ပိုင်က ရယ်သည်။

“ဟကောင် … ကူညီပါဆိုတော့ မကူညီဘဲနဲ့ လာမရယ်နဲ့ ကွာ ၊ မင်း ငါ ပိတ်ကန်လိုက်မယ်”

သူ စကားက အတော် လေး တာသွား၏ ။ မရယ်နဲ့ ဟုသော သူ့စကားကို ပြောင်ပြောင်ကြီး ဆန့်ကျင်ကာ သကောင့် သားက ခွီးခနဲ့ ရယ်သည်။

“မရယ်ပဲ နေနိုင်လားကွာ၊ မင်း အင်တာဗျူး နေတဲ့ မင်းရဲ့ မင်းသားက အသက်ရှစ်ဆယ်ကျော်တာတောင် သူ့ကိုယ်သူ ငယ်သေးတယ်ဆိုတော့ ဇာတ်ထဲကလို အသက် တစ်ရာ့ ရှစ်ဆယ်နေပြီးတော့ အသက်တစ်ရာကျော်မှ ရည်းစားထားပြီး မိန်းမယူမှာ လားလို့ တွေးမိလို့ပါ၊ အဟီး”

အဆုံးသတ်ကို “ ဟီး” ခနဲ ရယ်ချလိုက်ရင်း ဆိုသည်။

“ဟရောင် ရ နိုင်ငံခြားမှာ ဆို ဒီလိုပဲ ရှစ်ဆယ်ကျော်အဘိုးနဲ့ နှစ် ဆယ် သုံးဆယ် မင်းသမီးတွေ အဆင်ပြေရင် ပြေသလို တွဲ နေကြတာ၊ မင်းမကြားဖူးဘူးလား၊ အဲဒါပြောတာပေါ့ မင်းခေတ်မမှီတော့ဘူးလို့၊ အခုခေတ်မှာ ကွာ တချို့ မင်းသမီးတွေ တောင် ငယ်ချင်လွန်းလို့ စကားပြောရင် သူတို့ကိုယ် သူတို့ သမီး သမီးကနဲ့ ပြောကြတယ် မဟုလား၊ အဲဒါ စတိုင်ကွ …. စတိုင်”

“အဲဂလိုလား ….”

“ ဟုတ်တယ်၊ အဲဒါ စ….. တိုင်”

စ…. နှင့် တိုင်ကြားကို အသံဆွဲကာ “စတိုင်” ဟု သူ ဆို ဖြစ်သည်။

“ဒါဖြင့် အဲဒီ မင်းသမီးတွေ သူတို့ကို သူတို့ ရွယ်တူချင်း လည်းမရှောင်၊ ကိုယ့်ထက်ငယ်တာကိုလည်း မရှောင် သမီးကလေ သမီးကလေလို့ ပြောရင်း အန်တီ ချိုပြုံးတို့လို အမေဒေါ်နွဲ့နွဲ့စမ်းတို့လို အရွယ်အထိ အကျင့်ပါပြီး သမီးကလေ …. သမီးကလေ ပေါ့နော် တွေ လုပ်နေရင် ဒုက္ခပါပဲကွာ”

ပြောရင်း ခန့်ပိုင်က ခွီးခနဲ ရယ်ပြန်သည်။

“အဲ ဒါ မင်းအပူ မပါပါဘူး၊ အသက် တစ်ရာ့ ရှစ်ဆယ်ထိ နေရလို့ အသက်တစ်ရာ့နှစ် ဆယ်ထိ သူတို့ကိုယ်သူတို့ သမီးကလေ သမီးကနဲ့ ပြောသွားတော့လည်း …..စ တိုင်ပေါ့ကွာ ၊ ဘာ ဖြစ်လဲ ကွ”

မျက် လုံးလေးမှိတ်ကာ ဇွတ်ပင် သူဆို ဖြစ်သည်။

“သူ့ဟာနဲ့ သူ အဆင်ပြေရင်လည်းပြီးတာပါပဲကွာ”

ပြောရင်း သကောင့် သားက တခွီးခွီးနဲ့ ဆက်ရယ်သည်မို့ ဘာရယ်မဟုတ် သူပါ ရော ရယ် ဖြစ်သည်။

“အဲဒါငယ်ချင်လို့ ပြောတာ မဟုတ် ဘဲ သူတို့ကို သူတို့ နှိမ်ချချင်လို့ ပြောတာလည်း ဖြစ်မှာ ပေါ့ကွာ”

ခန့်ပိုင်က အရယ်တစ်ဝက်နှင့် ကောက်ချက်ချသည်။ ဒါပဲလေ မင်း အကောင်းမြင်တတ်လာပြီ ဟု ပြန်၍ ဆို ဖြစ်သည်။

***



ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ အလုပ်သင်နှင်းဆီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်သူကိုယ်တိုင် သွန်းခတ်ခဲ့သော သစ်သီးများ

ကြယ်စီးသံနားထောင်ရင်း လင်းခဲ့သောရင်ဘတ်များ

ကြားညှပ်သူ