သူမက… တစ်ဘ၀လုံး ချစ်သွားမည် ဟု…..ဆို
ရည်းစားရှိသူမျာသာ
ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိသော
Valentine’s Day
သည် သူ့အတွက်တော့
သိပ်မထူးခြားသော
နေ့တစ်နေ့သာ
ဘယ်အချိန်ကစလို့ Valentine’s Day သည်ခေတ်စားလာမှန်းမသိ။ Valentine’s Day သည် သူနှင့် မဆိုင်သလိုကြီး ဖြစ်ကာနေသည်။
တက္ကသိုလ်ပထမနှစ် စတက်စမို့ သူ့မှာ ရင်းရင်းနှီးနှီး ကောင်မလေးသူငယ်ချင်းအသစ်ပင် မရှိသေး။ ကိုးတန်း ဆယ်တန်း စတိတ်ကျောင်းနေခဲ့စဉ်ကလည်း ကျောင်းစာကိုသာ အာရုံစိုက်ခဲ့ သည်မို့ ရည်းစားဆိုသော စကားလုံးသည် သူနှင့် ရင်းနှီးသော ဝေါဟာရတစ်ခု ဖြစ်ကာနေသည်။
ထို့ကြောင့် ရည်းစားရှိသူများ သာ ပျော်ရွှင်စွာ ဆင်နွှဲလေ့ရှိသော Valentine’s Day သည် သူ့အတွက်တော့ သိပ်မထူးခြားသော နေ့တစ်နေ့ ဖြစ်သည်။
တနင်္ဂနွေနေ့နှင့် Valentine’s Day တိုက်နေသည်ကို သတိမထားမိသော သူတို့အုပ်စု ရုပ်ရှင်ကြည်ရန် စီစဉ်ထားခဲ့သော်လည်း ရုပ်ရှင်လက်မှတ်ကမရ။ ထို့ကြောင့် လက်ဖက်ရည်ဆိုင် ထိုင်ရန်သာဆုံးဖြတ်လိုက်ကြပြီး ဆိုင်တစ်ဆိုင်မှာ ၀င်ထိုင် ဖြစ်ကြသည်။
“တစ်လောကလုံးက ရှိရှိသမျှ ချစ်သူတွေ နဲ့ ပဲ တောင်ကြီးတစ်မြို့လုံး ဖုံးလွှမ်းနေတာ ကိုး”
အားလျှင် ကဗျာတွေ ထိုင်ထိုင်ရေး ပြီး တစ်ဆောင်လုံးကိုလိုက်ရွတ်ရွတ်ပြတက်သော လင်းဟန်ဆိုသည်ကောင်၏ စကားကိုဘောလုံးပွဲအကြောင်းကလွဲပြီး အခြားကဗျာသစာအကြောင်း စိတ်မ၀င်စားသော ဖြီုးသူရဦးကနှာခေါင်းရှုံ့သည်။
“မင်းကလေ ပြောပြောလာရင် အိုဗာတွေ သိပ် ဖြစ်လွန်းတယ်၊ ပြဇာတ်ထဲကစကားတောင် မင်းပြောတဲစကားလောက်ပြဇာတ်မဆန်ဘူး၊ ရိုးရိုးဒိုင်ယာလောခ်တွေ ပဲသုံးပါ လင်းဟန်ရ”
“လူတွေ ပဲ ခံစားတက်တဲရသတွေ ကို မခံစားတက်ရှာဘူးကိုး၊ ကျွတ် ကျွတ် ကျွတ်”
“ဘာကွ”
လင်းဟန်၏ တုံ့ပြန်စကားကြောင့် ဖြိုးသူရဦးက ‘ဘာကွ’ ဟု ထအော်သည်။ လင်း ဟန်က အသာနားထောင်ဆိုသည့်သဘောဖြင့် လက်ကာပြသည်။
“နေရာတိုင်းမှာ ခံစားတက်ရင် ရသဆိုတာရှိတယ်၊ ဥပမာ မင်းသိပ်ကြိုက်တဲ့ ဘောလုံးပွဲ တွေ မှာ လည်း ဘောလုံးရဲ့ ရသ၊ ဘောလုံးပညာရဲ.ရသတွေ ရှိတယ်၊ ဒီတော့ကွာ ရသတွေ ကို ပီပီပြင်ပြင်ခံစားတတ်ပြီး လူပီသလာအောင် မင်းရှေ.လျှောက်ကြိုးစားသင့်တယ်”
"မင်းပြောလိုက်တဲ့ပုံစံက ဒီကောင်ကလူမဟုတ်တဲ့အတိုင်းပဲ” ဘေးမှာ နားထောင်နေသော ၀ဏ္ဏဇော် က လင်းဟန်ကို ၀င်၍ ဆိုသည်။ိ
‘Yes, he is human. But he is not like a human. Just like a Robot. မင်းတို့လို လန်းဂွစ် (ရှ်) အားနည်းတဲ့လူတွေ နားလည်းအောင် မြန်မာလို့ပြောပြရရင် “ဟုတ်တယ်၊ ဒီကောင်က လူသား တစ်ယောက် ပါ၊ ဒါပေမဲ့ လူ တစ်ယောက် နဲ့မတူဘဲ စက်ရုပ်နဲ့ပဲတူနေတယ်၊ Because ဘာ ကြောင့်လဲဆိုတော့ သူက လူတွေ ခံစားတတ်တဲ့ရသကို မခံစားတတ်ဘူး”
“ဘာမှမဆိုင်ဘူး”
“အလကားအရူး”
“ဘာမှမဆိုင်ဘူး”ဆိုသော ၀ဏ္ဏဇော်၏ စကားအဆုံးမှာ ဖြိုးသူရဦးက ထိုသို့ ပင် ပျစ်ပျစ် နှစ် နှစ် ကြီး ကောက်ချက်ချသည်။
ရှုံမဲ့သွားသော လင်းဟန်၏ မျက်နှာကိုကြည့်ရင်း သူပါရောပြီးရယ် ဖြစ်သည်။
“မင်းတို့နှစ် ယောက် က အစွန်းရောက်နေကြတာကိုး၊ တစ်ယောက် က’ရသ’ဆိုတာကြီးနဲ နေရာတကာ ဇွတ်အနုပညာဆန်ချင်တယ်၊ တစ်ယောက် ကကျတော့လည်း အရမ်းကြီး လက် တွေ ကျချင်တယ်၊ စိတ်ခံစားမှု ဆိုတာကို သိပ်သဘောမကျဘူး၊ တကယ်တော့ သူ့ နေရာနဲ့သူ အသုံးချရင် ဘယ်အရာမဆို အဆင်ပြေပါတယ်ကွ၊ နှစ်ယောက် စလုံး နည်းနည်း လျှော့ကြ”
အရယ်တစ်ဝက်ဖြင့် ဆိုသော သူ့စကားအဆုံးမှာ ‘ဆြာကြီနဲ့ထပ်တိုးနေပြန်ပြီ’ဟ ဖြိုးသူရဦီးက ခေါင်းကုတ်ရင်းဆိုသည်။
မင်းတို့ စကားနိုင်နေတာနဲ အလှအပတွေ တော့လွတ်ကုန်တော့မှာ ပဲ၊ မပြောမရှိနဲ့ နောက်လှည့် ကြည့်ြုကဦး”
ဆိုင်အ၀င်အ၀ကို မျက်နှာပြုကာထိုင်နေသော ၀ဏ္ဏဇော်၏ အဆိုကြောင့် အားလုံး သမင် လည်ပြန်ကြည့် ဖြစ်ကြသည်။
“ဟကောင်တွေ အဲဒီ ထဲမှာ ငါ့ညီမ၀မ်းကွဲပါတယ်ကွ၊ နေဦးငါသွားခေါ်လိုက်မယ်၊ သူတို့ခမျာ ထိုင်စရာစားပွဲအလွတ်မရှိလို့ပြန်ထွက်ရတော့မလိုလို၊ ဆက်ရပ်နေတော့မလိုလိုနဲ့ ရှက်ကိုးရှက် ကန်းတွေ ဖြစ်နေကြတယ်၊ ကဲ သွားပြီ”
စကားကို ခပ်သုပ်သုပ်ဆိုရင်း လင်းဟန်က ဆတ်ခနဲ ထထွက်သွားသည်။ သူတို့ သုံးကောင်က ကတော့ ဘာရယ်မဟုတ် လင်းဟန်ကို ကြိတ်ပြီးကျေးဇူးတင်သွားကြသည်။
“ဒီလိုမျိုးကျတော့လည်း ဒီကောင်က တော် သွားပြန်ရော”
လင်းဟန်ကို တစ်သက်လုံး အကောင်းမမြင်ခဲ့သော ဖြိုးသူရဦးက ရုတ်တရက်ကြီး ထပြီး အကောင်းမြင်သည်။
“ဒီကောင့်ကို ယောက် ဖလို့ခေါ်ပြီး စလို့ရသွားပြီ၊ အဟီး”
ဝဏ္ဏဇော်က ပြောင်ချော်ချော်လုပ်ရင်းက ဆိုသည်။
“လာပြီ လာပြီ၊ ကိုယ်ဟာနဲ့ကိုယ်နေနော်၊ သိပ်ပြီးဖော်ရွေဟန်မပြနဲ့၊ သိတယ်မဟုတ်လား မိန်းခလေးတွေ က သူစိမ်းရှေ့ဆို ပဲများ ချင်ကြတယ်”
ခပ်တည်တည်ဖြင့် မှင်မပျက်ဆိုသော သူစကားအဆုံးမှာ သူ့ကိုယ်သူ ဆရာကြီး စတိုင်နဲ့ လုပ်နေပြန်ပြီဟု ၀ဏ္ဏဇော်က မသိမသာအံကြိတ်ရင်းက ခပ်တိုးတိုးရေရွတ်သည်။
လင်းဟန်က ကောင်မလေးတစ်သိုက်ကိုခေါ်ပြီး ရှေ့ဆုံးမှ ဦးဆောင်ကာ ၀ိုင်းဆီလျှောက် လာရင်းက မျက်လုံးတစ်ဖက်ကို မှိတ်ပြသည်။
သဘောက မှင်သေသေနေကြ ဟူသည့်သဘော။
“ထိုင်…ညီမလေး”
လင်ဟန်က သူ၏ ၀မ်းကွဲညီမ ဖြစ်ပုံရသည် ကောင်းမလေးကို ထိုင်ညီမလေးဟု ဆိုသည်။၎င်းကောင်းမလေးနှင့် အတူပါလာသော ကောင်းမလေးနှစ် ယောက် ကလည်း မျက် လွှာကိုယ်စီချရင်းက ခုံအသီးသီးမှာ ၀င်ထိုင်ကြသည်။ ထိုနှစ် ယောက် အနက်မှ တစ်ယောက် သော ကောင်းမလေး၏ အင်္ကျီက အရောင် ရော ဒီဇိုင်းရော အင်္ကျီ၏ Brand ပါ သူ့အင်္ကျီနှင့် လာတူနေသည်။ ဤသည်ကိုပင် ရိပ်မိ သွားဟန်တူသော ကောင်းမလေးကိုကြည့်လိုက်ဖြင့် ပြုံစိစိလုပ်သည်။ ဒီနေ့က ရည်းစားတွေ မှ အင်္ကျီဆင်တူဝတ်ကြသည်ကိုး။
“ကဲ ကဲ မင်းတို့ကို ငါ့ညီမနဲ့ မိတ်မဆက်ပေးချင်ပေမဲ့လည်း မကောင်းတတ်လို့ မိတ်ဆက်ပေးရဦးမယ်၊ မိတ်ပျက်အောင်တော့မလုပ်ကြနဲ့ပေါ့ကွာ၊ ဒါက ငါ့ညီးမလေး လဲ့ကြည်ပြာ တဲ့၊ လဲ့လဲ့လို့ပဲ အိမ်ကခေါကြတယ်၊ ညီးမလေး ဒီကောင်တွေ နဲ့ နောက်လမ်းတွေ့ လို့ အစ်ကိုမပါရင် မမြင်ချင်ယောင်ဆောင်နေကြားလား၊ တကယ်လို့ လိုက်ခေါ်လိုက်အော်ခဲ့ရင်လည်း မကြား ချင် ယောင်ဆောင်ပြီး ခြေသုတ်တင်ပြီးတော့သာပြေး၊ ဒီကောင်တွေ မှာ ၀က်ရူးပြန် ရောဂါ ရှိတယ်”
“အဲဒါ သူ့ဆီကကူးတာ”
လင်းဟန်၏ စကားအဆုံးမှာ သူ တမင်ဝင်ပြီး နှိပ်ကွပ်လိုက်သည်မို့ ဆရာသမား မျက်နှာ ကြီးရှုံ့မဲ့ကာသွားသည်။
ကောင်းမလေးသုံးယောက် စလုံးကတော့ တခွိခွိဖြင့်ရယ်ကြသည်။
“နာမည် တွေ နဲ့တကွ မိတ်ဆက်ပေးလေးကွာ၊ မင်းကလည်းမိတ်ဆက်ပေးတာပဲ ၀တ်ကျေ တန်းကျေနဲ့ သူစိမ်းဆန်နေပြန်ပြီ”
ဖြိုးသူရဦး၏ ရယ်ကျဲကျဲအဆိုကြောင့် လင်းဟန်၏ မျက်နှာက ပို၍ ရှုံ့မဲ့ကာသွားသည်။ပြီးမှ ဖြိုးသူရဦးက လက်ညှိုးကြီးထိုးကာ
“ညီမလေး ဒီကောင့်ကို သေသေချာချာမှတ်ထား၊ဒီကောင့်နာမည် ဖြိုးသူရဦးတဲ့၊ အစ်ကိုတို့ ကတော့ ဒီကောင့်ကို သူရလို့ပဲခေါ်ကြတယ်၊ အစ်ကိုတို့အဖွဲ့မှာ ဒီကောင် ပေါတော တောအနိုင်ဆုံးပဲ၊ ဒီကောင့်ကိုတွေ့ ရင် ကိုက်တစ်ရာအကွာလောက်ကတည်းက ရအောင်ရှောင်”
ဟုဆိုသည်။
သူရကလည်း ခေသူမဟုတ်။
“ဟုတ်တယ်၊ အစ်ကိုက ဒီအဖွဲ့မှာ သူပြောသလိုပဲ ရုပ်အချောဆုံးပဲ ” ဟု ပြန်နောက်သည်။
“နောက် ဒီဘက်က ပြူးကြောင်ကြောင်နဲ့ ကောင်က ၀ဏ္ဏဇော်တဲ့၊ သူလည်းပဲ သူရလောက်နီးနီးကို ပေါတောတောတောင်နိုင်တယ်”
“သူပြောသလိုပေါ့လေ၊ အစ်ကိုက ဒီအဖွဲ့မှာ ရုပ်အဖြောင့်ဆုံး”
ဝဏ္ဏဇော်က ကော်လံကိုထောင်ရင်းက ပြုံးစိစိဖြင့်ဆိုသည်။
“အဲ…ဒီဘက်ဆုံးက တစ်ယောက် ကတော့ …….”
“ဟုတ်ကဲ့…ကျွန်တော် က သော်ဇင်မင်းပါ၊ သော်ဇင်လို့ခေါ်လို့ရပါတယ်၊ သူ မိတ်ဆတ်ပေး ရင် မောနေမှာ စိုးလို့ ကိုယ့်ကိုယ်ကိုပဲ Intro ၀င်လိုက်တော့မယ်”
စကားကိုဖြတ်ကာ လု၍ ဆိုသော သူ့စကားအဆုံးမှာ သူ့ကို မနှိပ်ကွပ်လိုက်ရသည်မို့ လင်း ဟန်တစ်ကောင် နင်တင်တင်ကြီး ဖြစ်ကာ သွားသည်။ သူ့ကို မျက်စောင်းကြီးဖြင့် မကြည်သလို ကြည့်ပြီး….
“ဒီကောင်လည်း ဟိုကောင်တွေ နဲ့ မကွာဘူး၊ နည်းနည်း တော့ ၀က်ရူးပြန်ချင်တယ်” ဟု ဆို ဖြစ်အောင်ဆိုသည်။
“လဲ့လဲ့ကလည်း လဲ့လဲ့သူငယ်ချင်းတွေ နဲ့ ပြန်မိတ်ဆတ်ပေးရဦးမယ်၊ သူက နီလာချိုတဲ့၊ ဟိုဘက်က အင်္ကျီပြာနဲ့ တစ်ယောက် က ပိုးယုယဖြူတဲ့၊ ဒါနဲ့ စကားမစပ် ကိုသော်ဇင်နဲ့ ပိုးယုနဲ့ အရင်က သိကျွမ်းဘူးလား”
လဲ့လဲ့က စကားမစပ်ဟုဆိုရင်း သူနှင့်အင်္ကျီဆင်တူ ဖြစ်သော ပိုးယုယဖြူဆိုသော ကောင်မ လေးနှင့် သိကျွမ်းဘူးလားဟု ရုတ်တရက်ကြီးမေးလာသော အခါ သူ ခေါင်းယမ်းပြ ဖြစ်သည်။ သူမ ကလည်း သူ့လိုပင် အူကြောင်ကြောင်ဟန်ဖြင့် ခေါင်းယမ်းပြသည်။ ပြီး….
“ဘာ ဖြစ်လို့လဲ”
ဟု မျက်လုံးကိုဝင့်ရင်း လဲ့လဲ့ကို မေးသည်။
“ဘာမှမဟုတ်ပါဘူး၊ နင်တို့နှစ် ယောက် က အင်္ကျီအရောင် ရော၊ ဒီဇိုင်းရော၊ တံဆိပ်ပါ ဆင်တူကြီးဝတ်လြာ ကတော့ ခင်နေကြသလားလို့ပါ၊ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ကလည်း Valentine’s Day ဆိုတော့”
လဲ့လဲ့က စကားကို ပြီးဆုံးအောင်ဆက်မပြောဘဲ ပြုံးဖြီးဖြီးကြီး လုပ်နေသည်မို့ ကျန်လူများ ကပါ ပြုံးစိစိကြီးတွေ ဖြစ်သွားကြသည်။
မပြုံးနိုင်သည် ကတော့ သူတို့နှစ် ယောက် ပဲ ဖြစ်သည်။ သူက မျက်နှာတွေ ထူပူသွားမိသလို သူမကလည်း မျက်နှာတွေ နီရဲကာ ရှက်ဝဲ၀ဲ ဖြစ်ကာသွားသည်။
“ဘာတွေ လျှောက်ပြောမှန်းလည်း မသိဘူး”
သူမက ရှက်အမ်းအမ်းဖြင့်ဆိုရင်း လဲ့လဲ့ကို ဆွဲဆိတ်သည်။ လဲ့လဲ့က “အေးပါ မပြောတော့ ပါဘူး” ဟုဆိုရင်း ရယ်သည်။
“အံမယ်……အံမယ် မိန်းကလေးတွေ မှ ရှက်တတ်သလား အောက်မေ့ရတယ်၊ ငါတို့ ကောင်ကြီးကလည်း ရှက်တတ်တာပဲကွ၊ ကြည့်စမ်း၊ ကြည့်စမ်း ခေါင်းတွေ ဘာတွေ တောင်ကုတ်လို့၊ ပန်းခြံထဲက မျောက်ကျနေတာပဲ”
ဝဏ္ဏဇော်က သူ့ကိုကြည့်ရင်းက အရယ်တစ်ဝက်ဖြင့်ဆိုသည်။ အေးလေ…ငါက ရှက်ရှက်နဲ့ ခေါင်းကုတ်တတ်တယ်၊ မင်းလို ခြေသည်းကိုက်ပြီးတော့မှ မရှက်တတ်တာ။
“လက်သည်းကိုက်ပြီးတော့ ရှက်တယ်လုပ်စမ်းပါ”
သူ့စကားအဆုံးမှာ သူရက “လက်သည်းကိုက်ပြီးတော့ ရှက်တယ်လုပ်စမ်းပါ” ဟုဆိုသည်။
အစ်ကိုတို့အဖွဲ့နဲ့ ဆိုရင်လေ အငြိမ့်ထောင်လို့တောင်ရတယ်။ အားလုံးက လူပြတ်ပုံစံချည်း ပဲ။
“လူရွှင်တော် ပုံစံလို့ပဲ ပြောပါဟယ်”
နီလာချို၏ စကားအဆုံးမှာ လဲ့လဲ့က လူရွှင်တော် ပုံစံလို့ ပြောပါဟယ် ဟု သတိပေးရင်း ရယ်သည်။ သူရက ဟုတ်ပ ဟု ထောက်ခံရင်း လင်းဟန်ကို မျက်ခုံးပင့်ပြသည်။ သဘောက မင်းညီမ နဲ့ လေပေးလေယူဖြောင့်နေပြီဆိုသည့် သဘော။
“အငြိမ့်ထောင်ရင် အငြိမ့်မင်းသမီးနှစ် ယောက် လိုသေးတာပေါ့၊ ရှေ့ထွက်မင်းသမီးနဲ့ နောက်ထွက်မင်းသမီးလေ”
ဝဏ္ဏဇော်က ရယ်ကျဲကျဲဖြင့် ၀င်၍ ဆိုသည်။ လင်းဟန်ကိုကြည့်ရင်း ရှေ့ထွက်မင်းသမီးနဲ့ နောက်ထွက်မင်းသမီးဟု ဆိုချိန်မှာ မသိမသာဖြင့် လဲ့လဲ့ကို မျက်စပစ်ပြသည်။
တစ်ချိန်လုံး သိသိသာသာတစ်မျိုး၊ မသိမသာတစ်မျိုး အမျိုးမျိုး အဆော်ခံနေရသည်မို့ လင်းဟန် တစ်ယောက် မျက်နှာသိပ်မကောင်းလှ၊
“ညီမတို့ထဲမှာ မင်းသမီး ဖြစ်နိုင်ချေရှိတာက ပိုးယူ တစ်ယောက် ပဲရှိတယ်၊ သူက အနုပညာနဲ့ နီးစပ်တယ်၊ သီချင်းဆိုကျွမ်းတယ်၊ ဂီတာတီးလည်း ကျွမ်းမှကျွမ်း”
လဲ့လဲ့၏ စကားအဆုံးမှာ သူတို့လေးကောင် မျက်လုံးပြူးသွားရသည်။ မိန်းကလေးတန်မဲ့ ဂီတာတီးကျွမ်း သည်ဟု ဆိုသည်ကိုး။
သူမ၏ လက်ချောင်းတွေ ကို လှမ်းကြည့်တော့ ဟုတ်လည်းဟုတ်သည်။ သူမ၏ လက်သည်း များ က အခြားမိန်းကလေးတွေ လို အရှည်မထား၊ ဆေးလည်းမဆိုးထား၊ ဒီအတိုင်း သာမန်ပုံစံပဲ ဖြစ် ကာ နေသည်။
“ဒါဆို ဒီကောင် သော်ဇင်နဲ့ တူတာပေါ့၊ ဒီကောင်လည်း ဂီတ၀ါသနာအိုး၊ အဲ ဒါပေမဲ့ ဒီ ကောင်က”
“ဟကောင် ဆက်မပြောတော့နဲ့ ”
လင်းဟန်၏ စကားမဆုံးခင်မှာ အံကြီးကြိတ်ကာ လက်သီးဖြင့်ရွယ်ရင်းဆိုသော သူ့စကား ကြောင့် လင်းဟန်က အိုဗာ ဖြစ်နေသော အမူအရာဖြင့် ပါးစပ်ကိုပိတ်ဟန်ပြသည်။ ပြီးမှ ရယ်ကျဲကျဲ ဖြင့်…….
“နောက်မှ သူ့အတင်းကို ပြောပြမယ်”
ဟုဆိုသည်။
တစ်ယောက် ကို တစ်ယောက် နောက်ကြစကြရင်းက သူတို့အုပ်စုနှစ် စု တဖြည်းဖြည်း တစ်စ ထက်တစ်စ ပိုခင်လာသလိုလိုရှိသည်။
ကျောင်းစတက်စကတည်းက ပထမဆုံးခင်သော မိန်းကလေးသူငယ်ချင်းကို ပြပါဆိုလျှင် သူ့အနေနှင့် လဲ့လဲ့တို့သုံးယောက် ကိုသာ လက်ညိုးထိုးပြ ဖြစ်မည် ထင်သည်။
အချစ်လား
သူက မတော် တဆနဲ့ လည်း တွေ့ တတ်တယ်။
ဒါပေမဲ့ အဲဒီ မတော် တဆအချစ်က
တစ်ဘ၀စာ မ ဖြစ်သွားဘူးလို့လည်း မပြောနိုင်ဘူး။
အဲဒါပဲ မင်းတို့မှာ
ခံစားတတ်တဲ့
အနုပညာဆန်တဲ့ နှလုံး
သားမရှိပါဘူးလို့
ငါအမြဲပြော ဖြစ်နေတာ
အဲဒါတွေ ကြောင့် ပဲ
လင်းဟန်က သူ့ကဗျာကို အသံနေအသံထားဖြင့် ရွတ်ပြသည်။ ၎င်း၏ ကဗျာ ရွတ်ဆိုမှု အ ဆုံးမှာ ၀ဏ္ဏဇော်နှင့် သူရက တခွီးခွီးဖြင့် ရယ်သည်။
“မင်းဥစ္စာက ကဗျာလို့ ငါ ကတော့မထင်ဘူး၊သာမန်စကားပြေနှစ်ကြောင်းလို့ပဲ မြင်တယ်”
“ငါ ကတော့ ဟာသပြက်လုံးတစ်ခုလို့ပဲမြင်တယ်”
ဝဏ္ဏဇော်နှင့် သူရက တစ်ယောက် တစ်ပေါက်ဆိုရင်းနှိပ်ကွပ်သည်မို့ လင်းဟန် တစ်ယောက် ထုံးစံအတိုင်း ရှူးရှူးရှဲရှဲ ဖြစ်ကာသွားသည်။
“အဲ့ဒါပဲ မင်းတို့မှာ ခံစားတက်တဲ့ အနုပညာဆန်တဲ့ နှလုံးသားမရှိပါဘူးလို့ ငါအမြဲပြော ဖြစ် နေတာ အဲဒါတွေ ကြောင်ပဲ”
ထုံးစံအတိုင်း အပြင်လောကမှာ ပြောလေ့ပြောထမရှိဘဲဘိုင်စကုပ်ခေါ် ဓာတ်ရှင်နှင့် ရှေးဆန်သော ဘုတ်အုပ်များ တွင် သာသုံးနှုန်းလေ့ရှိသော စကားလုံးများ ဖြင့် သကောင့်သားက သူ၏ နာထိုးမှု ကို စတင်သည်။ လင်းဟန် ဆက်ပြောလာမည့် စကားကိုအားလုံးက ရယ်ရန်အလို့ ပြုံးစိစိမျက်နှာများ ဖြင့် နာစွင့်ကြသည်။
“လောကကြီးမှာ ”
“ဟကောင် လင်းဟန် အရမ်းအကြီးကြီးမလုပ်နဲ့ကွာ၊ ဘော်ဒါအချင်းချင်းတွေ ပဲဥစ္စာ၊ လောကကြိးနဲ့ ချီပြီး စကားကု အကြီးကြီးမပြောဘဲ လျှော့ပြောလို့မရဘူးလား”
လောကကြီးမှာ ”ဟုသော စကားကိုစရုံရှိသေးကြားဖြတ်ကာဆိုလိုက်သော ၀ဏ္ကဇော်၏ အဆိုကြောင်လင်းဟန်ခမျာ ဆန့်တငင်ငင်ကြီး ဖြစ်ကာ သွားသည်။ သို့ သော် သကောင့်သားက စကားကို ဆက်၍ ပြော သည်။
“လောကကြီးမှာ အရောင် ရှိရင် ပန်းချီရှိမယ်၊ အသံရှိရင် ဂီတရှိမယ်၊ စကားလုံးရင် ကဗျာရှိမယ်ဆို တာ အနုပညာကို ခံစားတက်တဲ့ အဆင့်မြင့်နှလုံးသားရှိရင် သိကိုသိရမယ်”
“ပြစမ်းပါဦကွာ၊ မင်းရဲ့ အဆင့်မြင့်နှလုံးသားကို၊ အဆင့်မြင့်နှလုံးသားဆိုတာကို မမြင်ဘူးလို့”
လင်းဟန်က ၎င်း၏ စကားအဆုံးမှာ ၀င်၍ ရွှတ်နောက်နောက်ဆိုသော သူ့ကိုကြည့်ကာ...
“အဲဒါတော့မင်းတိုစကားကို ကပ်ပြောတာပဲ သော်ဇင်’’ဟုရှူးရှူးရှဲရှဲဖြင့် ဆိုသည်။
အားလုံး ကတော့ ရှူးရှူးရှဲရှဲ ဖြစ်ကာနေသော သကောင့်သားကို ကြည့်ကာရယ်ကြသည်။ဝဏဇော်က
“ဘယ်သူတွေ ဘာပြောပြော လင်းဟန်ရဲ့ စကားကို ငါထောက်ခံတယ်”
သကောင့်သား လင်းဟန် ကတော့ ၀ဏဇော်၏ စကားကြောင့် လက်ခနဲပြုံးရင်း ၀ဏဇော်၏ ဆိုလာ မည့် စကားကို နားစွင့်ကာနေသည်။
“ဒီလိုကွာ သူစောစောကပြောတဲ့ အရောင် ရှိရင် ပန်းချီရှိမယ်၊ အသံရှိရင် ဂီတရှိမယ်၊ စကားလုံးရှိ ရင် ကဗျာရှိမယ်တို ဆိုတာတွေ က အမှန်တွေ ပဲလေ၊ ဒါပေမယ့် ဒီကောင်ပြောတဲ့အထဲမှာ တစ်ခုတော့ကျန်သွားတယ်၊ အဲ့ဒါက ညီမရှိရင် ယောက် ဖရှိမယ်ဆိုတဲ့စကား’’
ပြောပြီးပြီးချင်း ၀ဏ္ဏဇော်က ခွီးခနဲရယ်သည်။ ချက်ဆိုနားကွက်ကမီးတောက်သည်မို့ သူဘာကိုဆို လိုမှန်း လင်းဟဖန်က ချက်ချင်း ကြီး မျက်နှာနီရဲကာသွားသည်။
“၀ဏဇော်ရဲ့ စကားက လုံးဝအနုပညာဆန်တယ်ကွာ၊ ငါတော့ ဒီရင်ဘက်ထဲက အဆင့်မြင့်ထူးရှယ်နှ လုံးသားနဲ့ခံ...စား…ရတယ်…အဟီး”
သူရက သူ့ရင်ဘက်ကိုပုတ်ရင်း တခွီးခွီးရယ်သည်။
“မင်းတို့ကောင်တွေ နဲ့လေ ဘယ်တော့မှ စကားအကောင်းပြောလိုရမှာ မဟုတ်ဘူး၊ အလကား အရူတွေ ”
အားလုံးကို လှည့်ကာဆိုရင်း သကောင့်သားလင်းဟန်ကတဒုန်းဒုန်းဖြင့် လျှောက်ပြီး အခန်းထဲမှ ထွက်ကာသွားသည်။သူတိုအားလုံး ကတော့ လင်းဟန်ကို လိုက်ကြည့်ရင်း ရယ် ဖြစ်ကြသည်။
“နေပါဦးကွလင်းဟန်ရ၊ အနုပညာအကြောင်း ဆက်ဆွေးနွေးရအောင်ပါ”
နောက်ကနေ လိုက်အော်သော သူ့စကားအဆုံးမှာ “သော်ဇင် အရူ၊ ပါးစပ်ပိတ်ထား” ဟု သကောင့်သားက ပြန်အော်သည်။
“သော်ဇင်အရူးလို့ လင်းဟန်ပြောလည်း ပြောချင်စရာပဲ”
ရုတ်တရက်ဆိုသလို ဆိုင်းမဆင့် ဗုံမဆင့်ကြီး ဆိုလိုက်သော ၀ဏဇော်၏ စကားကြောင့် သူ ကြောင်သွားရသည်။
“ဘာလဲကွ”
သူ၏ အမေးကို သူရကပါ ‘အေးလေ’ ဟုဝင်၍ ဆိုသည်။
ဝဏဇော်က သူ၏ ခုတင်ခြေရင်းမှာ အင်္ကျီချိတ်ဖြင့် ချိတ်ထားသော အင်္ကျီပြာကို မေးငေါ့ပြသည်။
“ငါကောင်ကြီးက ဒီအင်္ကျီကို အဲ့ဒီမှာ ချိတ်ထားတာ ကြာပြီ၊ လျှော်လည်းမလျှော်ဘူး၊ Valentine’s Day “ကတည်းက လင်းဟန်ညီမရဲ့ သူငယ်ချင်းနဲ့ ဆင်တူ ဖြစ်သွားတဲ့ ဒီအင်္ကျီကို ဒီကောင်ဘာသ ဘောနဲ့ ဒီအချိန်ထိ ဒီလိုမျိုးချိတ်ထားရသလဲပေါ့ကွာ၊ အခုပဲ ဖေဖော်ဝါရီလက ကုန်တော့မှာ လေ၊ ဆယ်ရက်ကျော်ကျာ် ဒီလိုချိတ်ထားရတဲ့အကြောင်းက ဘာလဲ”
“ဘာမှမလဲဘူး၊ မင်းပြောမှ ငါက အဲ့ဒီအကြောင်းကို အမှတ်ရတယ်၊ ငါကဖြင့် မေ့တာကြာပြီ၊ အဲ့ဒီအင်္ကျီကို ဘာရယ်မဟုတ်ဘူး ချိတ်ထားမိတာ၊ ဘာဇာတ်လမ်းမှမရှိဘူး၊ ၀ါသနာပါရင် အဲ့ဒီအင်္ကျီကို ယူသွားလို့ရတယ်၊ အေးဆေးပဲ”
ဝဏ္ဏဇော်၏ စကားအဆုံးမှာ သူ ဇွတ်ငြင်း ဖြစ်သည်။
“ဒါဖြင့် ဘာလို့မလျှော်သေးတာလဲ”
သူကပါ ၀င်၍ စကားထောက်သည်။
“ဟ…အဲ့ဒီနေ့က နှစ်နာရီလောက်ပဲ ၀တ်လိုက်ရတဲ့အင်္ကျီလေ၊ ပေမှမပေတာ၊ ဘာကိစ္စ အဆွေးခံ၊ ဆပ်ပြာအစားခံပြီးတော့ ဒိုဘီခအကုန်ခံပြီတော့ ငါကလျှော်ရမှာ တုန်း၊ အ၀တ်လျှော်ခ မင်းတို့ပေးပေးမလား၊ ငါအခုဖြုတ်ပြီး လျှော်ခိုင်းလိုက်မယ်”
သူ၏ စကားကြောင့် သကောင့်သားနှစ်ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြသည်။ သူရက…
“ဒီလောက်ထိ အကြေအလည် ရှင်းပြပြီး ဆတ်ဆတ်ထိမခံ ဖြစ်နေပုံကို ကြည့်ရတာ ငါတို့ကောင်တော့ မရိုးဘူးထင်တယ်’’
ဟုဆိုသည်။ ၀ဏ္ဏဇော်က ‘ဟုတ်ပ’ ဟုဆိုသည်။ သူ ကတော့ဘာရယ်မဟုတ် သူတို့ပြောမှ ထိုအင်္ကျီပြာကိုကြည့်ရင်း သူမကို သွားသတိရမိသည် ကတော့ အမှန်ပဲ ဖြစ်သည်။
စာကျက်ရင်း နည်းနည်း ငြီးစိစိ ဖြစ်လာသည်မို့ သူ အိပ်ရာပေါ် ပက်လက်လန်ကာ လဲလျှောင်း၍ နေတုန်း ၀ဏ္ဏဇော်က ပျာပျာသလဲ ၀င်ကာ လာသည်။
“ဟကောင်…လာTea ဆိုင်သွားမယ်’’
“အေး…ကောင်းသားပဲ၊ ငါလည်း စာကျက်ရင်းနဲ့ခေါင်းပူတာနဲ့ အတော် ပဲ၊ ခဏလေး အ၀တ်လဲလိုက်ဦးမယ်”
စွပ်ကျယ်ချိုင်းပြတ်ကို ချွတ်ရင်းဆိုသော သူ့စကားအဆုံးမှာ ၀ဏ္ဏဇော်က သူ၏ ခုတင်ခြေ ရင်းမှာ ချိတ်ထားသော အင်္ကျီပြာကို ဆွဲယူကာ လှမ်းပစ်ပေးသည်။
“ရော့…မြန်မြန်ဝတ်၊ ဟိုကောင်တွေ က ဆိုင်မှာ စောင်နေကြတာကြာပြီ ၊ တော် ကြာ စိတ်တို နေကြဦမယ်၊ လုပ် လုပ် အမြန်ဝတ်’’
ဝဏ္ဏဇော်ကို ‘အေးပါ’ ဆိုရင်း ၎င်းပစ်ပေးသော အင်္ကျီပြာကို စွပ်ချ ဖြစ်သည်။
ဝဏ္ဏဇော်က သူ့အခန်းတံခါးကို သော့ ခတ်ပြီ ‘အမြန်လာပါဆို’ ဟုဆော်သြပြန်သည်။
“မင်းဆိုင်ကယ်ယူမနေနဲ့၊ ငါ့ဆိုင်ကယ်နဲ့ပဲလိုက်ခဲ့”
“မင်းကလည်းကွာ ကျားလိုက်နေတာကျနေတာကျနေတာပဲ’’
ဝဏ္ဏဇော်ကို သူအပြစ်တင်ရင်း ၎င်းဆိုင်ကယ်၏ နောက်မှခွလိုက် ဖြစ်သည်။ အဆောင်နှ သိပ်မဝေးသော ၀ဏ္ဏခေါ်လာသည့်ဆိုင်ကိုအရောက်မှာ သူ ၀ဏ္ဏဇော်တို့တစ်သိုက်၏ ကစားကွက် ကိုကောင်းကောင်းကြီး သဘောပေါက်သွားသည်။
ဆိုင်ထဲမှထွက်လာသော လင်းဟန်၏ ညီမ ဖြစ်သူ လဲ့လဲ့၊ နီလာချိုနှင့် ပိုးယုတို့ကိုတွေ့ မှ သူ့ကို ၀ဏ္ဏဇော်က အင်္ကျီပြာကို မလှိမ့်တပတ်ဖြင့် ၀တ်ခိုင်းခဲ့တာကိုသိရသည်။ ပိုးယုကလည်း သူနှင့်တိုက်တိုက်ဆိုင်ဆိုင် Valentine’s Day တုန်းက ၀တ်ဆင်ထားခဲ့သော အင်္ကျီပြာကို သူ့လိုပင် ၀တ်ဆင်ကာထားသည်။
“ကိုသော်ဇင် ပါလား”
နီလာချိုက သူ့အင်္ကျီပြာကို မျက်လုံးကိုတမင်ပြူးကာ တစ်ချက်လှမ်းကြည်ရင်းက မချိုမချဉ် ဖြင့် နှုတ်ဆက်သည်။
“အဟမ်း…တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်၊ အဟမ်း” လဲ့လဲ့က ချောင်းကိုလုပ်ကာဆိုးရင်း ‘တိုက်တိုက်ဆိုင်ဆိုင်ပါလားနော်’ ဟုဆိုကာ ပေါ်တင်ကြီး ပိုးယု၏ အင်္ကျီပြာကို ကိုင်ကာကြည့် သည်။
ပိုးယုက…
“ဘာလဲ”
ဟု ရှက်ဝဲ၀ဲဖြင့် ဆိုရင်း သူမ၏ အင်္ကျီကို လာ၍ ကိုင်နေသော လဲ့လဲ့၏ လက်ကို ဖယ်ချသည်။ လဲ့လဲ့က…
“ဘာမှမလဲဘူး၊ ကိုသော်ဇင်တို့ကို မတွေ့ ပါလားလို့ စဉ်းစားမိတုန်းရှိသေးတယ် တိုက် တိုက်ဆိုင်ဆိုင်ပဲ ရှေ့မှာ ဘွားခနဲပေါ်လာလို့ ရေရွတ်မိတာပါ၊ အဟမ်း တိုက်ဆိုင်လွန်းတယ်နော်၊ အဟွတ်…အဟွတ်”
“နင့်ရုပ်ကြီးက တီဘီ ရောဂါ သည် ဖြစ် သွားပါလား၊ စောစောကပဲ အကောင်းကြီးရှိသေး တယ်”
ပိုးယုကလည်း သူမကိုနှိပ်ကွပ်ကာ စနေမှန်းသိသည်မို့ တမင်ပင် လဲ့လဲ့ကိုပြန်၍ ရွဲ့တဲ့တဲ့ဆို သည်။
“အမလေး…ကျုပ်က ဘာတီဘီမှမရှိဘူး ချောင်းဆိုးတာက လည်ချောင်းယားလို့ဆိုးတာ၊ အာ…ဟွတ်…အဟွတ်၊ ပြောလိုက်မှပဲ လည်ချောင်းက ယားလာပြန်ပြီ၊ ကဲ ကဲ သွားရအောင် ကိုသော်ဇင် သွားပြီနော်၊ နောက်တစ်ခါတွေ့ ရင် ဒီအင်္ကျီပြာလေး ၀တ်ထားတာပဲ မြင်ချင်တယ် နော်၊ အဟွတ် အဟွတ် အရေး ထဲ ဒီချောင်းကဆိုးနေပြန်ပြီ”
ရယ်ကျဲ့ကျဲ့ဖြင့် လဲ့လဲ့က သူ့ကိုဆိုသည်။ သူ ဘာပြန်ပြောလိုက်ရမှန်းမသိသည်မို့ ခေါင်း ကုတ်ရင်းနှင့်သာ ရှက်ရယ်ရယ် ဖြစ်သည်။ ပိုးယု ကတော့ မျက်နှာတွေ နီရဲလျှက် ခေါင်းကြီးငုံ့ကာ သူ့ ရှေမှဖြတ်ကာသွားသည်။
သူ လင်းဟန်တို့ဝိုင်းမှာ ထိုင်ထိုင်ချင်းပင် သူရက
“ငါတို့ကို ကျေးဇူတင်သင့်တယ်၊ အဲ့ဒါ ငါတို့ရဲ့ ဇာတ်ညွှန်း”
ဟု မချိုမချဉ်ဖြင့် ဆိုသည်။
“ဒီကောင်က အငိုက်မိသွားတာလေ၊ ငါက ပျာယာခတ်ချင်ယောင်ဆောင်ပြီး တမင် ဒီအကျီကို ပစ်ပေးလိုက် တာ”
“မင်းမပေးလည်း ငါက ဒီအင်္ကျီဝတ်မလို့ လုပ်ထားတာပါကွ မင်းတို့ကလည်းကွာ ပိုးယုကို အားနာစရာကြီး”
“အံမယ်…အံမယ် ရုပ်ကြီးက ရုပ်ကြီက”
လင်းဟန်က သူ့မျက်နှာကိုကြည့်ရင်း ‘ရုပ်ကြီးက’ ဟုစသည်။
သူလည်ပြန်ကာ ကြည့် ဖြစ်တော့ လဲ့လဲ့၏ ပခုံးကို တစ်ဖက်ဖက်ရိုက်နေသော သူမကို လှမ်း မြင်နေရသည်။
ကြည့်ရသည်မှာ လဲ့လဲ့ကလည်း ပိုးယုအနေခက်အောင် စ,နောက်နေပုံရသည်။
“မင်းရောက်သွားတော့ ဒီကောင်ဘာလုပ်နေလဲ၊ အိပ်နေလား”
သူရကို ၀ဏ္ဏဇော်က ကြည့်ရင်း သူ့ဘက်မေးငေါ့ပြရင်းကမေးသည်။
“စာကျက်နေတာပါကွာ၊ မအိပ်ပါဘူး”
ဝဏ္ဏမဖြေခင် သူ့ဘာသာသူ ဖြေ ဖြစ်သည်။
“မင်းစာကျက်တာကို မကျက်နဲ့လို့မတားဘူးနော် သော်ဇင်၊ စာကျက်တယ်ဆိုတာ သူ့အ တိုင်းအတာနဲ့သူ ကျက်ရတယ်၊ မင်းစာကျက်တာကြီးက တရားလွန်လွန်းယ်၊ တစ်ခါတည်း နေ့ရော ညပါပဲ၊ ငါတို့လည်း ကျောင်းသားတွေပါပဲ၊ ဒါပေမဲ့ ကျောင်းပိတ်ရက်လေးတော့အနားယူတယ်၊ မင်းလည်းကျက်ချိန်ကျက်၊ နားချိန်နားလေး လုပ်စမ်းပါ”
လင်းဟန်က စကားအရှည်ကြီကို ပြောရင်း ဆရာကြီးမထာဖြင့် သူ့ကိုကြည့်ကာ ခေါင်းကိုခါ သည်။ သဘောက ညံ့လိုက်တာဆိုသည်သဘော။
“ဒီည ပိုးယုတိုအဆောင်ရှေ့ကို ဂီတာသွားတီးမလို့၊ လိုက်မှာ လား မလိုက်ဘူးလား”
သူရက ပုခုံးပုတ်ရင်း မေးသည်။
“ငါမှ ဂီတာမတီးတက်တာကွ”
“ဂီတာမတီးတက်ရင် သီချင်းဆိုပေါ့”
ဝဏ္ဏဇော်က ‘သီချင်းဆိုပေါ’့ ဟု ဆိုသည်။
“သီချင်းလည်း ကောင်းကောင်းမဆိုတက်ဘူး၊ မင်းတို့ကြားဖူးပါတယ်၊ ငါသီချင်းဆိုရစည်း ၀ါးမကိုက်ဘူး”
“ဘာမှမ ဖြစ်ဘူး၊ ငါတို့နောက်ကနေလိုက်ညည်း၊ ဒီညလိုက်ခဲ့ ၊ ဒါပဲ”
နောက်ဆုံးမှာ သရက ဒါပဲဟုဆိုရင်း၊ ဆုံးဖြတ်ချက်ကို ဇွတ်ချသည်။ ဘာရယ်မဟုတ် ကောင်မလေးတွေ အဆောင်ရှေ့ ဂီတာသွားတီးတိုင်း တစ်ခါမှမလိုက်ဘူးသည်မို့ သူ ဒီညနေလိုက် သွားမည် ဟုတွေး ဖြစ်သည်။ ဒီညသွားဆိုမှာ က ပိုးယုတို့အဆောင်ရှေ့ဟု ဆိုသည်ကိုး။
မိန်းကလေးအဆောင်ရှေ့ ဂီတာတီးသော အတွေ အကြုံမရှိသူမို့ သူ့အတွက်တော့ အရာရာသည် အသစ်အဆန်း ဖြစ်ကာနေသည်။
သူတို့လေးယောက် သား ပိုးယုတို့အဆောင်ရှေ့ အုတ်ခုံမှနေရာယူကြသည်။ သူမှအပ ကျန် သုံးယောက် ကတော့ ကိုယ့်အဆောင်ရှေ့အုတ်ခုံမှာ ကိုယ်ဝင်ထိုင်သလိုမျိုး ခပ်တည်တည်နှင့်သက် တောင့်သက်သာပင် ဟန်မပျက်ဝင်ထိုင်ကြသည်။ သူ ကတော့ ကျောမလုံသလိုမျိုး ရှက်အမ်းအမ်း ကြီးဖြင့် ထိုင်ရမလို ထရမလိုကြီး ဖြစ်ကာနေသည်။
“ဟကောင် ထိုင်လေ”
လက်ပိုက်နေရတော့မလိုလို၊ လက်ကိုနောက်ပစ်ထားရမလိုလို ခါးပဲထောက်ထားရတော့မ လိုလိုဖြင့် သူ့လက်ကိုပင် သူဘယ်လိုထားရမှန်းမသိဘဲ မတ်တပ်ရပ်နေသော သူ့ကို ၀ဏ္ဏဇော်က အသံနှိမ့်ရင်း ‘ထိုင်လေ’ ဟု ဆိုသည်။
သူ အုတ်ခုံပေါ်မှာ ဆောင့်ကြောင့် ထိုင် ဖြစ်သည်။
“သက်သော င့်သက်သာလေး ဖင်ချထိုင်စမ်းပါ၊ မင်းကိုကြည့်ရတာ အချိုးကိုမပြေဘူး၊ မျောက်မီးခဲကိုင်မိသလို ဂနာမငြိမ်နဲ့”
သူရက သူ့ပုခုံးကိုလှမ်းပုတ်ရင်း၊ အသံကိုနှိမ့်လျှက် ဆိုသည်။
“မင်း ဘာသီချင်းဆိုချင်လဲ’’
လင်းဟန်က ဂီတာကိုပွေ့ထားရင်းက သူ့ကိုလှမ်းမေးသည်။ သူဘာပြန်ပြောရမှန်းမသိ။
ထို့ကြောင့် …
“မင်းတို့ဆိုချင်တာတီးကွာ၊ မင်းတို့သိတဲ့အတိုင်း ငါကသီချင်းကောင်းကောင်းမဆိုတက် ဘူးလေ၊ မင်းတို့ဆိုတာကို နောက်ကနေဖောရှောလိုက်မယ်”
ဟု သူ့အသံတိုးတိုးဖြင့် ပြန်၍ ဆို ဖြစ်သည်။
လင်းဟန်က ပြီးရောဟုဆိုရင်း သီချင်းတစ်ပုဒ်ကို စတီးသည်။ သူရနှင့် ၀ဏ္ဏဇော်က ဆို သည်။ သူ ကတော့ လိုက်ငြီးသည်ဆိုရုံ။
သီချင်းပြီးသွားတော့ သူရက ဂီတာကိုယူ၍ နောက်သီချင်းတစ်ပုဒ်ကိုတီးသည်။ သူရ တီးပြီးသော အခါ ၀ဏ္ဏဇော်က ဂီတာကိုယူ၍ နောက်ထပ်သီချင်းအသစ်ကို တီးသည်။
သူတိုအုပ်စုမှာ ဂီတာမတီးတက်သူဟူ၍ သူ တစ်ယောက် သာရှိသည်။ ၀ဏ္ဏဇော် တီး၍ အပြီး မှာ လင်းဟန်က ဂီတာကိုယူပြီး သူ့ပုခုံးကိုပုတ်ကာ အသံကိုနှိမ့်လျှက်…
“ဟကောင် မင်း တစ်ယောက် တည်း တစ်ပုဒ်ဆိုလေကွာ၊ ပိုးယုအတွက်” ဆိုသည်။
“အာ…ငါမဆိုတက်ဘူး”
“ဘာမှမပူနဲ့၊ ဒီကောင်ထိန်းပြီးတော့ တီးပေးလိမ့်မယ်” သူရက ဘေးမှနေ၀င်၍ ဆိုသည်။
“ငါတို့က ဘေးကနေ သီချင်းအ၀င်အထွက်တွေ ကို ခပ်တိုးတိုးလိုက်ညည်းပေးမယ်၊ လုပ်ပါ တစ်ပုဒ်တော့ဆို”
ဘာရယ်မဟုတ် ဘေးမှနေ အားပေးနေကြသည်မို့ သူ သီချင်းတစ်ပုဒ်အမည် ကို ပြောပြ ဖြစ်သည်။
“အဲ့ဒီသီချင်းရလား”
“သိပ်ရတာ ပေါ့”
လင်းဟန်က ထိုသို့ ဆိုရင်း သီချင်း၏ Intro ကိုစတီးသည်။ သူ တစ်ယောက် တည်း သီဆိုစေ ပြီ သူရနှင့်ဝဏ္ဏဇော်က ဘေးမှခပ်တိုးတိုးလိုက်၍ ဆိုသည်။ အဆင်ပြေမပြေတော့မသိ သီချင်းက တော့ တစ်ပုဒ်လုံးပြီဆုံးကာသွားသည်။ ‘ပိုးယု တစ်ယောက် ကြားပါစေ’ ဟုဘာရယ်မဟုတ် သူတွေး မိသည်။ နောက်ပိုင်းမှာ သီချင်းသုံးပုဒ်ခန့်ဆိုပြီး ၉ နာရီထိုးပြီမို့ အဆောင်ကိုပြန်ခဲ့ကြသည်။ ဘာရယ်မဟုတ် စိတ်ထဲမှာ တော့ ပျော်သလိုလိုကြီး ခံစားရသည်။
ပိုးယယု တစ်ယောက် သူဆိုသော သီချင်းကို ကြားမှကြားပါလေစ။
![]() အချစ်ကို အချစ်နဲ့ပေါင်းရင်…ဖြစ်တယ် | ![]() ကြားညှပ်သူ | ![]() ကောင်းကင်ခြုံထားတဲ့ ညီမလေး |