အခန်း (၁)
“မင်းကို ပြောစရာရှိတယ်ကွဲ့ …”
လို့ဆိုရင်း နှုတ်ဆက်လာသူက တခြားလူတော့မဟုတ်ဘူး။ ရပ်ကွပ်ထဲမှာ အကြွားအသန် ဆုံးဘွဲရထားတဲ့ ဒေါ်လှမော်။
“ဟုတ်ကဲ့ . . . အန်တီ .. . . ပြောပါ .. . ဘာကိစ္စလဲ မသိဘူး”
“သြော် .. . တခြားတော့မဟုတ်ပါဘူး. . . ငါ့တူရယ် . .. မင်းက စာရေး ဆရာဆိုတော့ ကုန်ကြမ်းပေးမလို့ပါ..”
“အိမ်ထဲ ဝင်ပါဦးလား အန်တီရဲ့ . . ..”
အိမ်ရှေ့ဝင်းတံခါးမှာ မို့ မကောင်းတတ်လို့ ဖိတ်မဏ္ဍကပြုပေမယ့် ဒေါ်လှမော်က ခေါင်းခါ တယ်။ ပြီး .. .နာရီကိုပင့်ကြည့်ရင်း
“အချိန်မရတော့ဘူး .. ကဲ .. ခပ်တိုတိုနဲ့ လိုရင်းတိုရှင်းပဲ ပြောတော့မယ် .. ဟိုတစ်နေ့က အမေရိကားမှာ နေတဲ့သားက သိန်းတစ်ရာ ပို့လိုက်တယ်လေ။ အဲဒါ အန်တီ စိန်နားကပ်ကလေး သွားဝယ်လိုက်တာပြောင်ရော။ အဲဒါနဲ့ မန္တလေးက သားဆီက သိန်းနှစ် ရာမှာ ထားရတယ်။ လက်ထဲမှာ ငွေက အပြတ်ခံလို့မရဘူးမဟုတ်လား။ သားသိတဲ့အတိုင်းပဲလေ… ငွေဆိုတာမျိုးက လည်း ရှိမလောက်ပဲ မဟုတ်လား”
ဒေါ်လှမော် ပြောနေတဲ့စကားကို နားထောင်ရင်း ကျွန်တော် ရယ်ချင်လာတယ်။ ဒါပေမယ့် မရယ် ဖြစ်ပါဘူး။ ဒေါ်လှမော်က စကားကိုဆက်တယ်။
“အိမ်က မင်းဦးလေးကလည်း လက်ရှိစီးနေတဲ့ ပရာဒိုကို လင့်ခရူဇာနဲ့ လဲချင်လို့ဆိုပြီး တော့ အော်စီရောက်နေတဲ့ သမီးဆီ ငွေလှမ်းမှာ နေတာ ကြားလိုက်ရတယ်… ကဲ .. ကြည့်စမ်း.. လူတွေ ဟာ ဘယ်တော့မှ လောဘမသတ်နိုင်ကြဘူးဆိုတာ တရားရစရာ မကောင်းဘူးလား.. ကြွားတာမဟုတ်ပါဘူး သားရယ်.. သားက စာရေး ဆရာဆိုတော့ ရေး မယ်ဆိုရင် .. ဒါ .. ကုန် ကြမ်းတွေ ပဲ မဟုတ်လား။ အဟင်း .. ဟင်း .. ကဲ .. .ကဲ သွားစရာရှိလို့ သွားလိုက်ဦးမယ်ကွယ်။ ကိုယ်က ငွေကြေးတတ်နိုင်တဲ့ မြို့မျက်နှာဖုံးဆိုတော့ ဟိုပွဲကဖိတ်၊ ဒီပွဲကဖိတ်နဲ့ မအားရ မနားရပါ ဘူးသားရယ် .. .လူတွေ ကတော့ အန်တီ့ကို ငွေရေး ကြေးရေး မပူရ … သားရေး ၊ သမီးရေး မပူရနဲ့ အေးအေးဆေးဆေး နေရမယ်ထင်နေကြမှာ ပေါ့ . .အန်တီ ကတော့ သားသိတဲ့အတိုင်းပဲ ရပ်ရေး ရွာရေး တွေ နဲ့ မအားရဘူး .. အေးလေ .. ကိုယ်ကလည်း ကြေးရတတ်ကိုး သားရဲ့ .. အဟက်.. ဟက်..သွားမယ်နော်..သား …”
“ဟုတ်ကဲ့ပါ အန်တီ…”
“အန်တီ ပြောတာလေးတွေ သားရဲ့ ဝတ္ထုမှာ ထည့်ရေး ကြားလား…ဒါ ကုန်ကြမ်းတွေ ကွဲ့.. သားက ပိုနားလည်ပါတယ်ကွယ် …ရေး ဖြစ်အောင် ရေး နော် သား…”
“ဟုတ်ကဲ့ပါ အန်တီ စိတ်ချ…”
ကျွန်တော် ကိုယ်ကိုရို့ပြီး ရိုရိုသေသေ ပြန်ပြောတာကို ကြည့်ရင်း ဒေါ်လှမော် အကျေ နပ်ကြီး ကျေနပ်သွားတယ်။ “ကဲ…သွားပြီ သားရေ” လို့ ပြောရင်း ခပ်သုတ်သုတ် လှည့်ထွက်သွား လို့ သက်ပြင်းချမယ် ကြုံရုံရှိသေး..ဆတ်ခနဲဆို ဒေါ်လှမော် ပြန်လှည့်လာတယ်။
“မေ့တော့မလို့ သားရေ .. ဒီမှာ အန်တီ့နားကပ်လေးကို ကြည့်ပါဦး .. ကြွားတာတော့ မဟုတ်ပါဘူး သားရယ် .. . အန်တီလည်း ဒီလို သိန်းရာချီတန်တဲ့ နားကပ်ကို ပန်ထားရတော့ ပြုတ်ကျမှာ ကြောက်ရ .. ဘာကြောက်ရနဲ့ စိတ်သိပ်မအေးရပါဘူးကွယ်”
“သြော် … ဟုတ်ကဲ့”
လို့ ဖော်လိုလိုက်ရင်း ဒေါ်လှမော် ကျေနပ်အောင် သူ့နားကပ်ကို ကြည့်ပေးလိုက် တယ်။ တကယ်တော့ ဒေါ်လှမော် နားမှာ ပန်ထားတာက တော် တော် လေးကြီးတဲ့ ဖန်စီနားကပ်တွေ ပါ။ ဘယ်ဘက်ကတစ်မျိုး ညာဘက်ကတစ်မျိုးနဲ့ ကြည့်ရတာ ရုပ်ဆိုးပါတယ်။ ကျွဲတစ်ဖက်၊ နွားတစ် ဖက် အရောင် မတူ ဒီဇိုင်းမတူတာကိုမှ ဘယ်ညာတစ်ဖက်စီ ပန်ထားတာကိုး။ ဒါပေမယ့် ယဉ်ယဉ် လေးရူးနေတဲ့ လူကြီး တစ်ယောက် ကို စိတ်ချမ်းသာအောင် လုပ်ပေးဖို့က အပန်းမကြီးတာမို့ ကျွန် တော် သူကျေနပ်အောင် ကြည့်ပေး ဖြစ်ပါတယ်။
“သြော် … ကြည့်မယ့်သာ ကြည့်ခိုင်းရတယ်။ သားလို စာရေး ဆရာအပေအတေတစ် ယောက် က စိန်အကြောင်း၊ ရွှေအကြောင်း ဘယ်သိပါ့မလဲနော့ .. နောက်သလိုတောင် ဖြစ်နေတယ်… အဟက်..ဟက်.. စိတ်မရှိနဲ့ နော် သား။ ကဲ .. ကဲ .. အန်တီသွားပြီး .. နားမလည်တာ ၊ မရှင်းတာရှိရင် အန်တီ့ ဖုန်းကို ဆက်လိုက်နော် … အန်တီ့ ဒီဟန်းဖုန်းနှစ် လုံးစ လုံးရဲ့ နံပါတ်တွေ ကို သားသိတယ် မဟုတ်လား …”
ကလေးတွေ ကစားတဲ့ ဓာတ်ခဲထည့်ရင် တတီတီ တဂွီဂွီမြည် တဲ့ ကစားစရာ ဖုန်းနှစ် လုံးကို ဘယ်ညာတစ်လုံးစီ ကိုင်ထားရာက မြှော က်ပြောရင်းမေးတဲ့ အန်တီမော့်ကို …
“ဟုတ်ကဲ့ ..သား သိပါတယ် အန်တီ”
လို့ ကိုယ်ကိုရို့ရင်း ဖြေပေး ဖြစ်တယ်။
ကျွန်တော့် ရဲ့ ရိုကျိုးတဲ့အမူအရာကို ကြည့်ပြီး တော် တော် ကြီး ကျေနပ်သွားတဲ့ အန်တီမော် က နီရဲပဒေါင်းခတ်နေအောင် ပုံမကျ ပန်းမကျ ဆိုးထားတဲ့ နှုတ်ခမ်းနီတွေ နဲ့ ပေရေနေတဲ့ နှုတ်ခမ်း ကို တွန့်ရုံပြုံးပြပြီး လိမ်ကျစ် လိမ်ကျစ်နဲ့ အိမ်ထဲက ထွက်သွားတယ်။
အန်တီမော်က ယဉ်ယဉ်လေးကြောင်နေတယ် ဆိုပေမယ့် ဘယ်သူ့ကိုမှ ဒုက္ခမပေးတတ် တာမို့ တစ်ရပ်ကွက်လုံးက ပေးကြ၊ ကျွေးကြနဲ့ သူ့ကိုချစ်ကြတာ များ ပါတယ်။ အန်တီမော်က လည်း အဖျော်ဖြေကောင်းတာကိုး။ ပြောသွားလိုက်တာများ ထောင့်ကိုစေ့လို့။ ဘာတဲ့ “သားလို စာရေး ဆရာအပေအတေ တစ်ယောက် က စိန်ကဲရွှေကဲ ဘယ်သိပါ့မလဲ” တဲ့ “နောက်သလိုတောင် ဖြစ်နေတယ်” ဆိုပဲ။ တော် တော် လည်း ဟုတ်တဲ့ အန်တီ ဒေါ်လှမော် …။
ဟုတ်ကဲ့ .. ဒါ ဒီနေ့အဖို့ ကျွန်တော် ရတဲ့ ကုန်ကြမ်းတွေ ထဲက နံပါတ်(၁) ကုန်ကြမ်းပါ။
အခန်း (၂)
“ရှာလိုက်ရတာ စာရေး ဆရာရယ်..သမီးမှာ ဖတ်ဖတ်ကိုမောလို့ ..”
သမီးလို့ သူ့ကိုယ်သူ ဆိုလာတဲ့ သူကိုကြည့်ရင်း ကျွန်တော် တော် တော် ကြီးကြေကွဲသွားရ တယ် ..
ကြည့်ဦးလေ .. သမီးတို့ပြောတဲ့ အပျိုကြီးကို မျက်မှန်းတန်းမိတာ တော် တော် ကြာပါပြီ။ ဒီ အပျိုကြီးက သုံးဆယ်ကို ဟိုဘက်အတော် ကျော်နေတဲ့ အသက်နဲ့ အပျိုကြီး။
ဒါနဲ့ များ သူ့ထက်အပုံကြီးငယ်တဲ့ ကျွန်တော့် ကို ရိုကျိုးချင်ယောင်ဆောင်ပြီး သူ့ကိုယ်သူ သုံးလိုက်တာများ … “သမီး” တဲ့။
ပြောမယ်ဆို သူ့မောင်လေး အငယ်ဆုံး “ကျော်ကြီး” တောင် ကျွန်တော့် ထက် လပိုင်းကြီး သေးတယ်။
အေးလေ .. သူလည်း ကြည့်ရတာ မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေ ထဲက နာမည် ကြော် ..အဲလေ..နာမည် ကျော် နိုင်ငံကျော်ကောင်းမလေးတွေ သူတို့ကိုယ်သူတို့ သမီး သမီးနဲ့ တစ်သမီး တည်းမီးနေတာကို အတုယူထားတယ်ထင်ရဲ့
“ဘာကိစ္စရှိလို့လဲ မသိဘူး…”
လူ့ဝတ္တရားအရ ကျွန်တော် အောင့်သက်သက်နဲ့ မေး ဖြစ်တယ်။
အပျိုကြီးက ဖုတ်လှိုက်၊ ဖုတ်လှိုက် ဖြစ်နေတဲ့…ဖုတ်လှိုက်ကို ..အဲလေ.. .ရင်ဘတ်ကို တစ်တောင်လောက်ရှည်တဲ့ လက်သည်းတွေ အမည်းရောင် ခြယ်သထားတဲ့ လက်နဲ့ ဖိရင်း အမော ဖြေနေတယ်။ ကျွန်တော့် အမေးကို သူ့ခမျာ ချက်ချင်း မဖြေနိုင်ရှာဘူး။
အတော် လေးကြာအောင် ဖုတ်လှိုက်၊ဖုတ်လှိုက်နဲ့ ဖုတ်လှိုက်နေပြီးမှ…
“ကုန်ကြမ်းပေးချင်လို့”
“ကုန်ကြမ်း ..”
သံယောင်လိုက်ရင်းနဲ့ ကျွန်တော် နင်ခနဲ ဖြစ်သွားရတယ်။ လာပြန်ပြီ ကုန်ကြမ်း။
ကျွန်တော့်  ဦးနှောက်ထဲက ခေါင်းလောင်းသံက…
“ပြေးတော့ လစ်တော့”
လို့ မြည် နေတယ်။
ဒါနဲ့ ပဲ ..
“ကျွန်တော် သွားစရာလေး ရှိ .. ရှိ”
“ခဏလေးပါ .. ဆရာရဲ့ .. သမီးလည်း သွားစရာရှိတယ်။ မိနစ်ပိုင်းလေးပဲ ကြာမှာ ပါ..
ကဲ .. ကဲ .. အခုပဲပြောပြမယ်။ တိုတိုတုတ်တုတ်ပေါ့နော့”
ကျွန်တော့် စကားတောင် မဆုံးသေးဘူး။ အပျိုကြီးက ဇွတ်အတင်းဖြတ်ပြောရင်း
“အခု ပြောပြမယ်” ဆိုပြီးလုပ်တယ်။
“သမီးလည်း သွားစရာရှိတယ်” တဲ့။
သူ့ကိုယ်သူ သမီးပြောတာက ကိစ္စမရှိဘူး။ နေရင်းထိုင်ရင်းနဲ့ လူက အော်ဂလီဆန်လာ တယ်။ ရင်ပြည့်ရင်ကယ်ဆိုတာ ဒါလား မသိဘူး။
လမ်းပေါ်မှာ ရပ်နေကြတဲ့ ကျွန်တော် တို့ နှစ် ယောက် ကို ရင်းနှီးတဲ့လူ တစ်ယောက် ကများ မြင်သွားရင် အထင်လွဲတာ ခံရလိမ့်ဦးမယ်။
“ဒီအားလပ်ရက်တွေ မှာ ငပလီသွားရင်းရခဲ့တဲ့ အတွေ့ အကြုံတွေ ကို တင်ပြပေးချင်တာပါ ဆရာ …။ ဆရာက လိုသလို ဆွဲသုံးလို့ရမှာ ပါ . . .
ဒီလိုပါ ဆရာ .. ငပလီကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ကြီးက … အဲ .. ကဗျာဆန်ဆန် ပြောရမယ်ဆိုရင်တော့ တိမ်လွှာတွေ တိမ်စိုင်တွေ ကို ထိုးခွဲရင်း…”
လက်နှစ် ဖက်ကို တောင်ပံသဖွယ် ဝဲပျံတော့မယောင် သရုပ်ပြနေတဲ့ အပျိုကြီးကိုကြည့်ရင်း
“ဒီအပျိုကြီး ထများ ကတော့မှာ လား”
ထို့တောင် တွေးမိတယ်။ ပွစိ ပွစိနဲ့ ရွတ်နေတာ တော် တော် နဲ့ ပြီးမယ့်ပုံမပေါ်တဲ့ သူ့စကားကို ဇွတ်ဖြတ်တော့မှ ဖြစ်မယ်လို့ တွေးမိတာမို့ ..
“သြော် .. ငပလီကို လေယာဉ်နဲ့ သွားခဲ့တာပေါ့ .. ကောင်းတယ် .. သူ သက် … သာ ..သာ”
“အာ .. . .ဆရာကလည်း သမီးက ငပလီကို လေယာဉ်နဲ့ သွားတယ်လို့ မပြောပါဘူး . .”
“တိမ်လွှာတွေ ကို ထိုးခွဲပြီး ငပလီကိုဦးတည်ပျံသန်း”
တွေ ဘာတွေ ပြောနေလို့ .. ဖော်လိုလိုက်မိကာမှ တက်တက်စင်အောင်လွဲရော။
“နို့ .. စောစောကပဲ .. လေယာဉ်ကြီးက တိမ်စိုင်တွေ ကို ထိုးခွဲပြီး ငပလီကို ဦးတည်ပျံသန်း တယ်ဆို .. .”
“ဟုတ်တယ်လေ ”
“ဟုတ်ရင် ဘယ်လိုလုပ်”
“ဒီလိုလေ ဆရာရဲ့ . . .အဲဒီ လို ငပလီကို ဦးတည်ပျံသန်းနေတဲ့ လေယာဉ်ပျံကြီးကို ငပလီသွားနေတဲ့ လိုင်းကားပေါ်ကနေ ငေးကြည့်မိခဲ့တယ်ဆိုတာကို ပြောမလို့ ..”
“သြော်”
ကျွန်တော် တော် တော် ကြီး ကြေကွဲသွားရတယ်။ ဘယ့်နှယ်ဗျာ.. ကားနဲ့ သွားတာကိုများ ကားနဲ့ သွားတယ် မပြောဘူး။
ဝေ့ကာ ပတ်ကာနဲ့ မဆိုင်တာတွေ လျှောက်ပြောနေတယ်။ ဒီအတိုင်းဆိုရင် ငပလီရောက် တာရယ်၊ လည်တာပတ်တာရယ်၊ ပြန်ရောက်တာတွေ ရယ်ပါ ပြောနေရင် တော် တော် နဲ့ ဇာတ်သိမ်း မယ့်ပုံမပေါ်ဘူး။
ဒီတော့ ကိုယ်ကပဲ ဇာတ်သိမ်းပေးရင်ပေး။ မပေးလို့ ကတော့ တော် တော့် ကို မလွယ်ဘူး။ ဒါနဲ့ ပဲ . ..
“ကဲ .. ဒါဆို အစ်မတို့စီးတဲ့ ကားက ဘယ်ရောက်ပြီတုံး”
ကျွန်တော့် အမေးကို အပျိုကြီး ချက်ချင်း ပြန်ဖြေတယ်။ အစ်မကလို့တော့ သူ့ကိုယ်သူ မပြောဘူး။
ထုံးစံအတိုင်းပဲ သူ့ကိုယ်သူ သမီးတဲ့။
“သမီးတို့ကားက ရန်ကုန်ကနေ စထွက်ပြီလေ…”
“ဟုတ်ပြီ. .. ဒါဆို ငပလီရောက်မှ ဆုံကြတာပေါ့ .. ကျွန်တော် သွားစရာလေးရှိလို့ ခွင့်ပြုပါဦး”
ခပ်သွပ်သွပ်ဆိုရင် ခပ်သုတ်သုတ် လှည့်ထွက်ခဲ့တဲ့ ကျွန်တော့် ကို အပျိုကြီး ကြောင်ကြည့်ရင်း ကျန်ခဲ့တယ်။
ဒါပေမယ့် ကျွန်တော့် ရဲ့ ခြေလှမ်းသုံးလှမ်းမြောက်မှာ တော့ အပျိုကြီးရဲ့ အသံက စူးခနဲ ထွက်လာတယ်။
“ရတယ်လေ… ဒါဖြင့် သမီးနဲ့ ဆရာနဲ့ ထပ်ဆုံကြတာပေါ့ ”
တဲ့။
အခန်း (၃)
ဒီတစ်ခါ ကျွန်တော့် ကို ကုန်ကြမ်းလာပေးတဲ့ လူ ကတော့ ရပ်ကွက်ထဲမှာ မဟုတ်မခံစိတ် ထားလွန်းလို့ တော် တန်ရုံလူနဲ့ အကြောမတည့်တတ်တဲ့ ကိုမှန်လွန်း ဆိုတဲ့လူ။
“မင်းကို ကုန်ကြမ်းလေးတစ်ခု ပေးစရာရှိလို့ကွ”
ရောက်ရောက်ချင်း ပခုံးကိုပုတ်ပြီး ဆိုလာတာမို့ မညိတ်ချင်ညိတ်ချင်နဲ့ ခေါင်းညိတ်ပြရင်း မသိမသာနဲ့ သက်ပြင်းရောချ ဖြစ်တယ်။ ဘာရယ်မဟုတ်ဘူး… ကုန်ကြမ်းဆိုတာနဲ့ လူက လန့်ချင် နေပြီ။ တကယ်တော့ ကိုမှန်လွန်းရဲ့ နာမည် အရင်းက ကိုကံလွန်း။ ဒီလောက်ဆို ဒီလူ ဘာဆိုတာကို သဘောပေါက်ရောပေါ့။ လက်ဖက်ရည်ဆိုင်မှာ ဘော်ဒါတွေ အလာကို တစ်ယောက် တည်း လာထိုင် စောင့်မိတာ မှားပြီလို့ တွက်မိလိုက်တယ်။ ဆရာသမားက ကျွန်တော် နဲ့ မျက်နှာချင်းဆိုင် နေရာ ယူရင်း …
“ဒီလိုကွ .. မင်းလည်း ကြားဖူးမှာ ပါ…တို့ဆီက လူတွေ ကွာ ..မြန်မာစစ်စစ် ဖြစ်ရဲ့ သားနဲ့ မိ ဘာတွေ ကို ဒယ်ဒီ၊ မာမီနဲ့ ခေါ်ခေါ်နေကြတာလေ။ တချို့ကျတော့လည်း မိဘတွေ ကိုယ်၌ က ခေါ်ခိုင်းနေတာကွ”
“ဟုတ်ကဲ့…”
ဒေါနဲ့ မောနဲ့ ဆိုနေတာမို့ ကျွန်တော် နားထောင်ပေးတာ ဖြစ်တယ်။ သူပြောသလို ကုန်ကြမ်း ဖြစ်နေခဲ့ရင်လည်း အမြတ်ပေါ့ဗျာ။
“မင်းစဉ်းစားကြည့်လေ .. မြန်မာနိုင်ငံမှာ နေပြီး မြန်မာလင်မယားက မွေးထားတဲ့ ဒီမြန်မာ ကလေးကို ဒယ်ဒီတွေ ၊ မာမီတွေ ခေါ်ခိုင်းစရာလား…”
မျက်နှာကြီးရှုံ့မဲ့ရင်းဆိုတဲ့ ကိုမှန်လွန်းကိုကြည့်ပြီး ကျွန်တော် ရယ်ချင်လာတယ်။ “ဒယ်ဒီ.. မာမီ” လို့ ခေါ်ပြနေတဲ့အချိန်မှာ ကိုမှန်လွန်းပါးစပ် ရွဲ့ပြနေပုံက Over ဖြစ်နေတာကိုး။
“ဖက်စပ်မို့လို့ ခေါ်တယ်ဆိုထား။ အခုဟာက မျိုးစစ်ရိုးစစ် ကြီးလုပ်နေပြီးတော့ ဘိုဆန် ချင်နေတာ မြင်ရကြားရတော့ အတော် အူရွသကွ။ တစ်မိသားစုလုံး နိုင်ငံခြားမှာ နှစ် အတော် ကြာ နေပြီး မြန်မာပြည်ပြန်ရောက်လာတာမို့ဆို ထား။ ခုဟာက တစ်ဆွေမျိုးလုံး ပေါင်းလို့ နိုင်ငံခြား သွားတဲ့လူ တစ်ယောက် မှ မရှိတဲ့ဟာတွေ ကပါ ဒယ်ဒီတွေ ၊ မာမီတွေ လုပ်နေကြတယ်။ တခြားမ ကြည့်နဲ့ လမ်းထိပ်က ဆိုက်ကားနင်းတဲ့ ကိုဘာဘူက ခု သူ့သားနဲ့ သမီးကို ဒယ်ဒီ၊ မာမီခေါ်ဖို့ သင်နေသတဲ့။ သူတင်လားဆိုတော့ မဟုတ်ဘူး။ ပဲပြုတ်ရောင်းတဲ့ မယ်ဘုတ်ရော။ ကွမ်းယာရောင်းတဲ့ စိန်လှရော။ သူများ အိမ် အဝတ်လိုက်လျှော်တဲ့ မအေးရော၊ ပလတ်စတစ် ကောက်တဲ့ ရွှေဌေးတို့ လင်မယားပါ မကျန် သူတို့သားသမီးတွေ ကို ဒယ်ဒီ၊မာမီမခေါ်ရင် မုန့်ဘိုး မပေးဘူးဆိုပဲ .. ဘိုဆန်ချင်နေကြပုံကို ပြောတာပါ….”
ကိုမှန်လွန်းရဲ့ စကားကို ကျွန်တေ် ခွီးခနဲရယ်မိတယ်။ ခွီးခနဲ ရယ်တဲ့ ကျွန်တော့် ကိုကြည့်ပြီး သူပါ ရောရယ်ရင်း
“ငါ မေးမေးပြီး ပါးပိတ်တီးချင်လိုက်တာ လွန်ရော… ပြောစမ်း .. မင်းက ဘယ်တုန်းက ဘို စိတ်ပေါက်သွားတာလဲ။ ဘယ်တုန်းက အဝှာပြုကုန်ကြတာလဲလို့ မေးမေးပြီး ဖနောင့်နဲ့ ကို ပေါက် ပစ်ချင်တာ .. အဟုတ် ..”
ခြေဟန်လက်ဟန်တွေ ပါ လုပ်ပြနေတဲ့ ကိုမှန်လွန်းကိုကြည့်ရင်း ကျွန်တော် ရယ် ဖြစ်တယ်။ သူပြောလည်း ပြောချင်စရာ။ လူတွေ ကိုက လုပ်နေကြတာကိုး။
“အဲဒါ မင်းဝတ္ထုထဲထည့်ရေး လို့ ရတယ်မဟုတ်လား။ အဲဒီ မျိုးမစစ်စိတ်ဝင်နေတဲ့ လူတွေ ကို ခပ်စောစောလေး ဆော်ပေးစမ်းပါကွာ …”
မျက်မှော င်ကြီးကုတ်ရင်း ကိုမှန်လွန်းဆိုတယ်။
“ဝတ္ထုထက် သရော်စာဆောင်းပါးပုံစံမျိုးက ပိုကောင်းမယ်ဗျ .. . .”
“အေးကွာ .. မင်းဟာမင်း ဘာရေး ရေး .. ဒီခေါင်းစဉ် လေးတော့ပေးကွ ”
“ဘယ်ခေါင်းစဉ်လဲ အစ်ကို ..”
“ဘိုစိတ်ပေါက်သူများ ရဲ့ လေလည်သံ ” လို့
“ဗျာ . . . ”
![]() စာရေးဆြာ | ![]() ယောက္ခကြီးကဆြာမဂျီး | ![]() ရနံ့တစ်စင်း၏တောင်ပံခတ်သံ |