ဆောင်း . . . .သို့
ဆောင်းက ချစ်သူကို
မချမ်းဘဲ မနေနိုင်စေခဲ့ဘူး။
ချစ်သူက ကိုယ့်က
မနမ်းဘဲ မနေနိုင်စေခဲ့ဘူး။
ဆောင်းနဲ့အနမ်းကို ကိုယ်တို့က
မလွမ်းဘဲ မနေနိုင်ခဲ့ဘူး။
အမြဲလိုလို ပျော်ပျော်ပဲနေတတ်တဲ့ ကျွန်တော့်အတွက် လောကကြီးက ချစ်သူ တစ်ယောက် လက်ဆောင်ပေးခဲ့ပါတယ်။
အဲဒီ ချစ်သူကလည်း ကျွန်တော့်လိုပဲ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ တစ်ယောက် ဖြစ်လို့ ကျွန် တော် တို့နှစ် ယောက် ကြားမှာ ဘာကွာဟမှု မှ မရှိခဲ့ကြပါဘူး။
ကျွန်တော် တို့ချစ်သူနှစ် ယောက် စလုံးက ငပြောင်တွေ ဖြစ်သလို ကျွန်တော် တို့ရဲ့ ဘော်ဒါ တွေ ကလည်း အားလုံးလိုလို လောင်စိန်တွေ ချည်းပါပဲ။
ဘယ်အချိန်ကစလို့ သူမနဲ့ချစ်ခဲ့တယ်။ ဘယ်လိုက စချစ်ခဲ့တယ်ဆိုတာထက် ခုဘယ်လိုချစ် ကြမယ်ဆိုတာကိုပဲ ကျွန်တော် က အာရုံစိုက်သလို သူမကလည်း ကျွန်တော့်လိုပဲ ရှေ့တည့်တည့် ကိုသာ ကြည့်တတ်သူ ဖြစ်တယ်။
ကျွန်တော် တို့နှစ် ယောက် က ဘော်ဒါတွေ ပြောစရာ ဖြစ်အောင်ကိုပဲ ပေါ့ဆတဲ့ချစ်သူတွေ ပါ။ အခုလည်း ကြည့် . . . . ဘော်ဒါတွေ ပြောစရာ ဖြစ်အောင်ကို ကျွန်တော် တို့နှစ် ယောက် ကိစ္စတစ်ခု ကို မေ့နေခဲ့ကြတယ်။
“မင်းတို့နှစ် ယောက် ဘာတွေ စီစဉ်ထားကြလဲ”
“ဘာကိုလဲ. . . .”
“အေးလေ. . . . အစမရှိ အဆုံးမရှိနဲ့. . . . ဘာလဲ ဘာကိုစီစဉ်ရမှာ လဲ. . . .”
“ငရဲ”လို့ ကျွန်တော် တို့ခေါ်တဲ့ ရဲနိုင်က မေးဆတ်ရင်းမေးတဲ့အမေးကို ကျွန်တော် က အူကြောင်ကြောင်နဲ့ ‘ဘာကိုလဲ’လို့ ပြန်မေးလို့မှ မဆုံးသေးဘူး။ ကျွန်တော့် ထက်သွက်တဲ့ ကျွန်တော့် ချစ်သူက ဟိုကောင့်ကို ခပ်မာမာနဲ့ ငေါက်ပြီးနေပြီ။ ကျွန်တော့်ချစ်သူရဲ့ ခပ်ငေါက်ငေါက် အမေးကို ရဲနိုင်အံ့အားသင့်သလို ပါးစပ်ကြီးဟရင်း ကျွန်တော် တို့နှစ် ယောက် ကို မသင်္ကာသလို ကြည့်တယ်။ သဘောက ကျွန်တော် တို့နှစ် ယောက် ကပဲ သူမသိအောင် တစ်ခုခုကြိတ်ကြံထားတယ် ဆိုတဲ့ အချိုးမျိုးကြီး။
ဘေးမှာ ထိုင်နေတဲ့ စည်သူ၊ နွေးနန္ဒာနဲ့ မာလာကပါ ကျွန်တော် တို့နှစ် ယောက် ကို “ငရဲ”ရဲ့ အကြည့်လို မသင်္ကာတဲ့အကြည့်မျိုးနဲ့ ၀ိုင်းကြည့်ကြတယ်။ ကျွန်တော် တို့နှစ် ယောက် လည်း တစ် ယောက် ကို တစ်ယောက် ကြည့် ဖြစ်ကြတယ်။ ဘာလဲ . . . . ပေါ့။
ပြီးတော့ နှစ် ယောက် စလုံး တစ်ယောက် ကို တစ်ယောက် ကြည့်ရင် ခေါင်းခါ ဖြစ်ကြတယ်။ စဉ်းစားလို့မှ မရတာ ကိုး။
“ဟောတော် ”
“မှားပါတယ် . . . . သူတို့နှစ် ယောက် ကမှန်တယ် ငါတို့ကိုက မှားတာ”
“ဟောတော် ”ဆိုတဲ့ နွေးနန္ဒာရဲ့ အာမေဍိတ်သံအဆုံးမှာ မာလာကခေါင်းခါရင်း ညည်း တယ်။ အဲဒီ အချိန်မှာ ပဲ ကျွန်တော့် ရဲ့ ချစ်သူက ဖျတ်ဆို လက်ခုပ်ထတီးတယ်။
“OK I See”
“အင်း . . . ဆိုပါဦး”
ဘိုလိုရွတ်ရင်း လက်ခုပ်တီးတဲ့ သူမကို ငရဲက မေးဆတ်ရင်း မေးတယ်။ သူမက ဆရာမ ကြီး စတိုင်နဲ့ မေးစေ့ကိုပွတ်ရင်း . . .
“မနက်ဖြန်ည New year ကြိုဖို့အတွက်ကို ပြောတာမဟုတ်လား။ ဘာစီစဉ်ရမှာ လဲ။ မနက် ဖြန် စည်သူတို့အိမ်မှာ အားလုံးစီစဉ်ပြီးသား ပွဲသိမ်းဆို”
သူမရဲ့ အပြစ်တင်စကားအဆုံးမှာ ကျွန်တော် ကလွဲလို့ ကျန်လေးကောင်စလုံး ကြက်ကြီး လည်လိမ်လိုက်သလို ငိုက်စိုက်စိုက်နဲ့ ခေါင်းခါကြတယ်။
“အဲဒါပြောတာ မဟုတ်ဘူး”
“ကဲ . . . အတည်မေးတာနော် . . . တကယ်ပဲ နင်တို့နှစ် ယောက် စလုံး မသိကြတာလား။ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေကြတာလား”
မာလာက ကျွန်တော် တို့နှစ် ယောက် ကိုကြည့်ပြီး အတည်ပေါက်နဲ့မေးတယ်။ ကျွန်တော် နဲ့ သူမ ကတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ဖြစ်ကြပြန်တယ်။ နောက် . . . ထုံးစံအတိုင်း ခေါင်းကိုယ်စီခါ ဖြစ်ကြပြန်ရော။
ဟုတ်တယ်လေ။ စဉ်းစားလို့မှ မရတာ ကြီးကို။
“ဘာလဲ မနက်ဖြန် New Year ပဲ မဟုတ်လား”
“ဟောတော် ”
နွေးနန္ဒာ ကတော့ ထုံးစံအတိုင်း ရေရွတ်ရင်း ကျွန်တော် တို့နှစ် ယောက် ကိုကြည့်လို့ သက် ပြင်းရှည်ကြီးကိုချတယ်။
“ဒီနှစ် ယောက် ရည်းစားမှ ဟုတ်ကြရဲ့ လား”
“အောင်မာ .. . . ဘာ ဖြစ်လို့ မဟုတ်ရမှာ လဲ”
မာလာ၏ စွပ်စွဲချက်ကို ကျွန်တော့် ကောင်မလေးက မခံချင်စိတ်နဲ့ ပြန်ပြောရင်း ဆတ်ဆို ကျွန်တော့် လက်မောင်းကို သူတို့မြင်အောင် ချိတ်ပြတယ်။ သူကဒီလို သက်သေပြမှတော့ ကျွန် တော် က ဒီအတိုင်းနေလို့ရပါတော့မလား။
“အေးလေ ငါတို့နှစ် ယောက် တစ်ယောက် ကို တစ်ယောက် ဒီလောက်ချစ်ကြတဲ့ဟာကို၊ ဘယ်လောက်ချစ်ကြသလဲဆိုရင် မနေ့ကမှ သူကိုက်ထားတာ ငါပြမယ်”
ကျွန်တော် က ကျွန်တော့် ညာဘက်အင်္ကျီလက်မောင်းကို ပင့်ပြတော့ ကျွန်တော့် လက် မောင်းက ဒဏ်ရာက အကွင်းလိုက်ကြီး ပေါ်လာတယ်။
“မောင်နော် ပြစရာလား”
ကျွန်တော့် ကောင်မလေးက ရှက်ဝဲ၀ဲမျက်နှာနဲ့ ဖျတ်ဆို အင်္ကျီကိုပြန်ဆွဲချရင်း လက်က ဆတ်ခနဲရိုက်တယ်။ ရိုက်တဲ့နေရာကလည်း စောစောက ဒဏ်ရာရှိတဲ့နေရာ။
“အား . . .”
“ဟာ . . . ကန်တော့ အဲလေ . . . Sorry Sorry”
မျက်နှာကြီးရှုံ့မဲ့သွားတဲ့ ကျွန်တော့် ကို အဲဒီ တော့မှ အယောင်ယောင် အမှားမှားနဲ့ သူမက ပြန်တောင်းပန်တယ်။
“အဲဒါက ဘယ်လို ဖြစ်တာလဲ”
“ဘယ်လို ဖြစ်တာလဲ ဆိုတော့”
“မောင်နော် . . . ပြောရဲပြောကြည့်”
ပြောင်ချော်ချော်နဲ့ မေးတဲ့ ငရဲ့ ရဲ့ အမေးကို ကျွန်တော် က ဖြေမလို့ရှိသေး။ သူမက နောက် ကကြိမ်းဝါးသံကြီးနဲ့ ခြိမ်းခြောက်ရင်း တားတယ်။ မျက်နှာတစ်ခုလုံးလည်း နီလို့။
“မရတော့ဘူး။ ကိုယ်မပြောဘဲ မနေနိုင်တော့ဘူ။ ပြောပြလိုက်တော့မယ်”
“ပြော . . . ပြော . . .ငါတို့ရှိတယ်။ ဘာမှမပူနဲ့”
ဆတ်ဆို မာလာက ကျွန်တော့် ကို အားပေးရင်း သူမကို သိုင်းဖက်ထားတယ်။ သဘောက သူချုပ်ထားတယ်ဆိုတဲ့ သဘော။
“သေချာရဲ့ လား။ လွတ်ထွက်လာမယ်နော်”
ပခုံးကိုတွန့်ရင်း မရဲတရဲပုံစံလုပ်ပြီးမေးတဲ့ ကျွန်တော့် အမေးကို အားလုံးက ၀ိုင်းရယ်ကြ တယ်။ သူမအပါအ၀င်ပေါ့။
“မရယ်ကြနဲ့။ ငါက တစ်ခါသေဖူး ပျဉ်ဖိုးနားလည်တယ်။ သေသေချာချာချုပ်ထားနော်။ လွတ်ထွက်လာပြီး ထပ်ကိုက်နေဦးမယ်။ သူက ကာကွယ်ဆေးထိုးရသေးတာ မဟုတ်ဘူး”
“ဘာ !”
နောက်နေမှန်း သိပေမယ့် သူမ ‘ဘာ’ဆိုတာကို အာခေါင်ခြစ်ပြီးတော့ အော်တယ်။ ပြီး ‘လဲ သေလိုက်’ဆိုတဲ့ မိန်းကလေးတော် တော် များများ ပြောလေ့ရှိတဲ့ စကားလုံးနဲ့ လှမ်းပြောရင်း ဒိုင်းခနဲ မျက်စောင်းထိုးတယ်။ မာလာသာ ခပ်ဖွဖွဖက်မထားရင် လှမ်းမရိုက်ဘဲ နေမှာ မဟုတ်ဘူး။ ကျွန်တော် က သူ့ကိုဟိုဒင်းနဲ့ နှိုင်းလိုက်တာကိုး။
“Sorry စကားမှားသွားတယ်”
“မှားစရာလား”
“တကယ်တော့ ကာကွယ်ဆေးထိုးပြီးသား”
“မောင်နော်. . . .”
“ကဲပါ . . . မင်းတို့နှစ် ယောက် ငြင်းခုံနေကြတာနဲ့ လိုရင်းက ပျောက်တော့မယ်။ ကဲ . . . ပြော လက်ကဒဏ်ရာအကြောင်း”
ကျွန်တော် တို့နှစ် ယောက် တစ်ယောက် တစ်ပေါက်ငြင်းနေတာကို ဖြတ်ပြီး စည်သူက အစ ပြန်ဖော်တယ်။ သူမ ကတော့ နှုတ်ခမ်းကြီးစူရင်း ပြောချင်ပြော၊ မပြောချင်နေဆိုတဲ့ ပုံစံနဲ့ တစ်ဖက် ကို လှည့်တယ်။ ဒါပေမယ့် ကျွန်တော် ပြောမယ့်စကားကို နားထောင်နေတယ်ဆိုတာတော့ သေချာ ပါတယ်။
“မနေ့က ငါတို့ တိရစ္ဆာန်ရုံသွားကြတယ်”
“အင်း . . . သဘောပေါက်သလိုလိုတော့ ရှိလာပြီ”
ကျွန်တော့် စကားအဆုံးမှာ “ငရဲ”က စပ်ဖြီးဖြီးကြီးနဲ့ဝင်ပြီး ဆိုတယ်။
“ငရဲ”
ကျွန်တော် က ဘာမှ မပြောပေမယ့် ကျွန်တော့် ကောင်မလေး ကတော့ ဘာစဉ်းစားမိတယ် မသိဘူး။ အာခေါင်ခြစ်ရင်း ရှက်ဝဲ၀ဲနဲ့ ‘ငရဲ’လို့ ထအော်တယ်။ ငရဲက စပ်ဖြီးဖြီးနဲ့ပဲ ‘ဗျာ’လို့ရွဲ့ထူး တယ်။ ကျွန်တော့် ကောင်မလေး ကတော့ ထုံးစံအတိုင်း ‘ဒိုင်းခနဲ’ နေအောင် မျက်စောင်းထိုးတယ်။
“အဲဒီ မှာ ကွာ ငါတွေ့ လိုက်တဲ့ ကောင်မလေး တစ်ယောက် က တော် တော် ကြီးကိုလှတာ”
“မင်းက လိုက်ငမ်း . . . အဲ . . . လိုက်ငေးရောလား”
“ငေးရုံတင်မကလို့ နေမှာ ပေါ့ဟဲ့။ နင်မပြောနဲ့ ငရဲ သူပြောတာနားထောင်”
နွေးနန္ဒာက ငရဲကို ဟန့်တယ်။ ငရဲ့ ‘အေးပါဟ’ လို့ ပြုံးစိစိဆိုရင်း ကျွန်တော့် ဘက်ကို လှည့်တယ်”
“အေး နွေးနွေးပြောသလိုပဲ ငေးရုံတင်မကဘူး။ ငါကလည်း ပါးစပ်က . . .
“ရွှတ် . . . .ရွှတ် . . .နဲ့ လိုက်ခေါ်ရောလား”
“ပြောပါလိမ့်မယ် စည်သူရဲ့ ။ နင်တို့က တစ်မျိုး”
မာလာက စည်သူ့ကို တစ်ချက်တွန်းရင်း တားတယ်။ အဲဒီ မှာ ကျွန်တော် က စကားကို ဆက်တယ်။
“ငါလည်း နှုတ်က အားပါးပါး . . .ဒါတောင်ကြီးသူလား၊ ကိုရီးယားမင်းသမီးလားလို့ ရွတ်မိ ရော။ အဲဒီ မှာ သူက အဲဒီ မိန်းကလေးကို လှမ်းရှိုးပြီးတော့ . . . .”
“ဒီရုပ်လား ကိုရီးယားမင်းသမီးနဲ့တူတာ တဲ့။ နောက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ဒီရုပ် ကျတော့ရောတဲ့”
“မင်းက ကိုရီးယားမင်းသမီထက်တောင် ပိုချောသေးလို့ ပြောလိုက်ရောလား”
ငရဲ့ ကစကားကို ခဏဖြတ်ထားတဲ့ ကျွန်တော့် ကို မေးတယ်။ ကျွန်တော် က ပြန်မဖြေသေး ဘဲနဲ့ ကောင်မလေးကို လှမ်းကြည့်တော့ ကောင်မလေးရဲ့ မျက်နှာက နီရဲနေပြီ။
“ပြောပြလိုက်ရမလား”
ပြောင်ချော်ချော်နဲ့ ကျွန်တော် မေးတော့ ကောင်မလေးက . . .
“မပြောနဲ့ဆိုလည်း ပြောမှာ ပဲ မဟုတ်လား”
“ဒီလိုဆို အားမနာတော့ဘူး”
ကျွန်တော့် စကားကို ကောင်မလေးက ‘သေလိုက်’လို့ ပြောရင်း မျက်စောင်းကြီးထိုးတယ်”
“ကဲ ကဲ လိုရင်းက ပျောက်တော့မယ်”
နွေးနန္ဒာက ကောင်မလေးကို ပြုံးစိစိလှမ်းကြည့်ရင်း ကျွန်တော့် ကို စကားဆက်ဖို့ တပ်လှန့် တယ်။ ကျွန်တော် က ‘အဟမ်း’လို့ ချောင်းဟန့်လိုက်ရင်း . . . .
“သူက သူ့ရုပ်ကျတော့ရောလို့ မေးတဲ့အချိန်မှာ ငါတို့နှစ် ကောင်ရပ်နေတာက မျောက် လှောင်အိမ်ရှေ့မှာ ကွာ”
“ငါသဘောပေါက်ပြီ။ သူ့ရုပ်က ဘာနဲ့တူလဲမေးတာကို မင်းက မျောက်နဲ့တူတယ်လို့ လက်ညှိုးထိုးပြလိုက်တယ် ဟုတ်လား”
“အေး . . .”
ကျွန်တော် ရယ်ရင်းနဲ့ ‘အေး’ ဖြစ်တယ်။ စည်သူက ကျွန်တော့် နဖူးကို ခပ်ဖွဖွဆောင့်တွန်းရင်း . . . . .
“ဒါတော့ မင်းလွန်တာပေါ့။ မင်းမကြားဖူးဘူးလား။ မှန်တာပြောရရင် ရွာအပ်ြထုတ်ခံရတယ် ဆိုတာ”
“ဘာ . . .”
အကောင်းမှတ်လို့။ ကျွန်တော့် ကိုနှိပ်ကွက်ပြီ အထင်နဲ့နားထောင်နေကြတဲ့ နွေးနန္ဒာတို့ မိန်းကလေးသုံးယောက် က တစ်ပြိုင်တည်း ‘ဘာ’လို့ ခပ်ဆောင့်ဆောင့်ရေရွတ်တယ်။ စည်သူက တော့ ဘယ်လိုမှ မနေဘူး။ စပ်ဖြီးဖြီးနဲ့ . . . .
“အဟဲ . . . ငါတော့ ရွာပြင်ထုတ်ခံရတော့မယ်နဲ့တူတယ်”
“အေး . . . ရွာပြင်မထုတ်ဘူး။ ဘ၀ပါပြောင်းပေးမလို့။ သေချင်နေတဲ့ကောင် လာခဲ့။ ငါတို့ သူငယ်ချင်းကို နှိုင်းပြောစရာလား။ မျောက်နဲ့”
ကောင်မလေးရယ်၊ သူ့သူငယ်ချင်းနှစ် ယောက် ပေါင်းပြီး စည်သူ့ကို ၀ိုင်းကုတ်ကြ၊ ရိုက်ကြနဲ့ ၀ိုင်းပြီးသမတယ်။
“စည်သူအကုတ်မခံနဲ့နော် မျောက်ကုတ်တာခံရရင် နူတတ်တယ်တဲ့။ အကုတ်မခံမိစေနဲ့”
ငရဲရဲ့ စကားကို စည်သူက အရယ်တစ်ဝက်နဲ့ ‘အေးအေး’လို့လည်း ဆိုလိုက်ရော။ ကောင် မလေးသုံးယောက် ရဲ့ ဒေါသကပိုပြီးကြီးလာကြပါရော။
ကျွန်တော် ကတော့ တဟားဟားရယ်ရင်း ပတ်ပြေးနေတဲ့ ငရဲနောက်ကို လိုက်နေတဲ့ မာလာ ကိုလှမ်းဆွဲထား ဖြစ်တယ်။
“ကဲပါ ကဲပါ မကုတ်ကြပါနဲ့တော့။ အဲလေ. . .. မလုပ်ကြပါနဲ့တော့ဟာ။ တော် ကြာ ငါ့ကောင်တွေ အဟုတ် နူကုန်ကြပါဦးမယ်ဟ”
“ဘာ . . . . နင်က ငါတို့ကို . . . ကဲဟာ”
နောက်ဆုံးတော့ သူတို့ရဲ့ ဒေါသတွေ က ကျွန်တော့် ပေါ်ပုံကျလာရော။ မိန်းကလေးတွေ ထုတာ၊ ရိုက်တာကို ‘ပန်းနဲ့ပေါက်သလို’လို့ ဘယ်သူကများ တင်စားခဲ့တယ်မသိဘူး။ ဒီအဖွဲ့နဲ့ အဲဒီ လူမဆုံဖူးသေးလို့နေမှာ ပါ။ ဘယ်ကလာ ပန်းနဲ့ပေါက်သလောက်တောင် မနာဘူးဆိုတာ အလ ကား။ နာလိုက်သမှ ကမ်းကုန်တယ်။ ဆွဲဆိတ်လား ဆိတ်ရဲ့ ၊ ထုလားထုရဲ့ ၊ တကယ့်ကွန်မန်ဒိုအဖွဲ့။ အံကြိတ်ပြီးခံနေပေမယ့် ပြီးမလာတော့ ဒီကလေးမတွေ ကို ‘တော် ကြပါတော့ဟ’လို့ တောင်းပန်ယူရ တဲ့အထိ။ ဟိုနှစ် ကောင် ကတော့ အားကိုးရသလားလို့ မမေးနဲ့။ ဒီလောက်အလူးအလဲ ခံနေရတဲ့ ကျွန်တော့် ကို ထိုင်တောင်ဟားနေလိုက်ကြသေး။ ‘ဟကောင်တွေ ဆွဲကြ၊ တားကြဦးလေကွာ’လို့ ညောင်နာနာအသံနဲ့ လှမ်းအော်တော့မှ ငရဲက “တော်ြ ကတော့လေဟာ။ နင်တို့ကလည်း”လို့ တစ်ခွန်းဝင်ပြောတယ်။ ဒီကလေးမတွေ ကုတ်သမျှ၊ ဆိတ်သမျှ၊ ထုသမျှကို အံကြိတ်ခံနေရတဲ့ ဒီအကောင်ကဖြင့် သေတော့မယ်။ ကလေးမတွေ က ပြီးပဲမပြီးနိုင်ဘူး။ တော် တော် စိတ်ကြီးတဲ့ ဟာတွေ ။ ဘယ်ကတည်းက လူကိုအသေဆော်ချင်နေကြတယ်မသိဘူး။ မာလာက အပြီးသတ် အနေနဲ့ နားရွက်ကို ဆွဲလိမ်ရင်း နားရင်းကို တစ်ချက်အုပ်တယ်။
“တော် ကြပါတော့ဆိုတာကို မရပ်ဘူး”
စည်သူက ခပ်တည်တည်နဲ့ လှမ်းဟောက်တယ်။ ကျွန်တော် တို့ နွေးလို့ခေါ်သော နွေးနန္ဒာ က. . .
“နင်တို့ပဲ ငါတို့ကို မျောက်ဆို၊ မျောက်ဆိုတဲ့အမျိုးက လူစကားနားမလည်ဘူးလေ။ ဒီတော့ ရပ်ဆိုတိုင်းလည်း မရပ်နိုင်ဘူး။ ငါတို့မှ လူစကားနားမလည်တာ”
“ဒါပဲ . . .”
နွေးရဲ့ စကားအဆုံးသတ်ကို မာလာက ၀င်ပိတ်ပေးတယ်။
“နောက်ဆုံးတော့ ကိုယ့်ကိုယ်ကိုယ်ဝန်ခံပြီပေါ့။ ငရဲ မင်းတို့နှစ် ကောင်ကြားတယ်နော်။ သူတို့က လူစကားနားမလည်ဘူးတဲ့။ သူတို့ကိုယ်သူတို့ မျောက်ဆိုပဲ”
“စည်သူနော်. . . .”
ကောင်မလေးက အင်္ကျီလက်မောင်းကိုပင့်ရင်း ဟန့်တယ်။ သဘောက နောက်တစ်ချီတစ် မောင်း ကုတ်တော့မယ့်သဘော။
“ကဲ ကဲ ကဲ အဲဒါနဲ့ပဲ သူတို့နှစ် ယောက် ကို မနက်ဖြန် ဘာနေ့လဲ မေးနေတဲ့ လိုရင်း က ပျောက်တော့မယ်”
မာလာက ချွေးစို့နေသေးတဲ့ နဖူးကို တစ်ရှူးနဲ့တို့ရင်း ပြဿနာအားလုံးရဲ့ ရင်းမြစ်ကို ပြန် ဖော်တယ်။ ဒီတော့မှ ကောင်မလေးနဲ့ ကျွန်တော် တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ဖြစ်ကြ တယ်။
ကျွန်တော် တို့ လာလာထိုင်နေကျ စိတ်ပန်းပြာပင်ကြီးရဲ့ အရိပ်က ကျွန်တော် တို့ ထိုင်နေတဲ့ သစ်သားခုံတွေ ကိုသာမကဘူး။ ကျွန်တော် တို့ စီးလာတဲ့ ဆိုင်ကယ်တွေ ကိုပါ အုပ်မိုးလို့ထားတယ်။ ဒီစိန်ပန်းပြာပင်ကြီးက တောင်ကမ်းပါးယံမှာ ရှိတာပါ။ တစ်ဖက်မှာ က မျောက်၊ တစ်ဖက်မှာ က တောင်အမြင့်ကြီး။ စိန်ပန်းပြာပင်ကြီးရဲ့ အောက်က သစ်သားခုံတွေ နဲ့ ဆက်စပ်နေတဲ့ လမ်းမကြီး ပေါ်မှာ ကားတွေ က ဝေးဝေးတစ်စီးမောင်းနေကြတယ်။ ဖြတ်ဖြတ်ပြီး တိုက်နေတဲ့ လေနုအေးက အရိပ်အောက်မှာ ထိုင်နေတဲ့ ကျွန်တော် နဲ့ ကောင်မလေးကိုစိမ့်ပြီး အေးနေစေရဲ့ ။ ဒါပေမယ့် ကောင်မလေးရဲ့ နဖူးမှာ ကော ကျွန်တော့် ရဲ့ နဖူးမှာ ပါ ချွေးတွေ စို့နေတယ်။
ချွေးစို့အောင်စဉ်းစားနေပေမယ့်လည်း သူတို့မေးတဲ့ မနက်ဖြန်ဘာနေ့လဲဆိုတာကို ကျွန်တော် တို့နှစ် ယောက် စလုံး တွေးလို့ကိုမရကြဘူး။
တစ်ယောက် မျက်နှစ် တစ်ယောက် ကြည့်ရင်း၊ တစ်ယောက် ကို တစ်ယောက် မေးဆတ်ရင်း ခေါင်းသာခြောက်လာတယ်။ အဖြေက စဉ်းစားလို့ကို မရကြဘူး။
“မောင် စဉ်းစားမိတာ ကတော့ မနက်ဖြန် New Year ကျင်းပမယ့် ညကွာ”
“ညီမလေး စဉ်းစားမိတာလည်း အဲဒါပဲ”
“ကောင်းကြရော . . . .”
ကျွန်တော် နဲ့ သူမရဲ့ စကားအဆုံးမှာ စည်သူက ခေါင်းကြီးခါလိုက်ရင်းက ‘ကောင်းကြရော’ လို့ ရေရွတ်တယ်။ မာလာက တအံ့တသြပုံစံမျိုးနဲ့ ကျွန်တော် တို့နှစ် ယောက် ကိုကြည့်ရင်း . . . .
“နင်တို့နှစ် ယောက် ချစ်သူတွေ တော့ ဟုတ်ကြပါသေးတယ်နော်”
“ဟုတ်လိုက်သမှ ဟုတ်ဟုတ်၊ ဟုတ်ဟုတ်နဲ့တောင် အော်နေသေးတယ်”
“လက်မောင်းက သူကိုက်ထားတာကိုပြရဦးမလား။ ငါတို့နှစ် ယောက် အဲသလောက်ချစ်ကြ တာပါဆို . . .”
သူမရဲ့ စကားနဲ့ ကျွန်တော့် ရဲ့ နောက်ဆက်တွဲ စကားကို သူတို့က ရယ်ရင်း ငရဲက လက်ကာ တယ်။
“တော် ပြီ စောစောကလည်း အဲဒီ လက်မောင်းက ကိုက်ရာနဲ့ပဲ လိုရင်းပျောက်တော့မလို ဖြစ် သွားပြီ။ မင်းထပ်ပြရင် မုန့်လုံးစက္ကူကပ်ပြီး ပြီးတော့မှာ ကို မဟုတ်ဘူး။ ကဲ . . . ပန်းပေးပြီလား။ မနက်ဖြန် ဘာနေ့လဲဆိုတာ လုံးဝစဉ်းစားလို့မရဘူးလား”
ကျွန်တော် တို့နှစ် ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ဖြစ်ကြပြန်တယ်။ ကိုယ်စီခေါင်းခါရင်း ‘ဟင့်အင်း’ ဖြစ်ကြတယ်။
“သေလိုက်တော့။ အဲဒီ မှာ နှစ် ယောက် စလုံး အမြီးတန်းလန်းနဲ့ သေလိုက်တော့”
ငရဲ့ မျက်လုံးကြီးပြူးရင်း အဲဒီ လို ရေရွတ်တယ်။
“ကဲပါ . . . ပန်းပေးပါပြီဆိုနေမှပဲ။ ကဲပြော မာလာ မနက်ဖြန် ဘာနေ့လဲ”
“ဟဲ . . . မနက်ဖြန် New Year လေ ၂၀၀၇ ကနေ ၂၀၀၈ ကိုပြောင်းမယ့် New Year လေ။ December 31 ရက်၊ 31 ရက် December ပေါ့”
“အာ . . .”
မာလာနဲ့ကောင်မလေးက အပြန်အလှန် ပြောရင်း မာလာ့စကားကြောင့် ကောင်မလေး ကြောင်သွားတယ်။ “အာ”လို့ မချင်မရဲ ရေရွတ်ရင်း ခေါင်းကိုကုတ်တယ်။
“ကဲပါကွာ . . .ငါပြောပြပါ့မယ်။ မင်း Propose လုပ်ထာတာကို အဖြေပေးတာ 2006 ခု Desember လ၊ 31 ရက်မှာ မဟုတ်လား။ မနက်ဖြန် ည ၁၂ နာရီကျော်ရင် မင်းတို့ရဲ့ ချစ်သက်တမ်း နှစ် နှစ် ပြည့်ပြီ။ အဲဒီ အတွက် ဘာတွေ စီစဉ်ထားလဲလို့ မေးတာ။ ကဲ ရှင်းလား”
“ဟာ . .. ဟုတ်သားပဲ”
အဲဒီ တော့မှ ကျွန်တော် နဲ့ ကောင်မလေးတို့ တစ်ယောက် ကို တစ်ယောက် ကြည့်ရင်း ပြိုင်တူ ရေရွတ်မိကြတယ်။ ကြည့်စမ်း။ ကျွန်တော် တို့နှစ် ယောက် စလုံး မေ့နေကြတာ။ ကောင်းရော။
“အဲဒါကြောင့် ရွဲ့မေးမေးတာ။ မင်းတို့နှစ် ယောက် ချစ်သူတွေ မှ ဟုတ်ကြသေးရဲ့ လားလို့။ ဘယ့်နှယ်ကွာ။ သူများ အတွဲ တွေ ဆို တစ်လပြည့်၊ နှစ် လပြည့်နဲ့ လဲလိုက်ကြတဲ့လက်ဆောင်။ ပေးလိုက် ကြတဲ့ အမှတ်တရ ပစ္စည်း။
“အေးကွာ သူတို့နှစ် ယောက် ကျတော့မှပဲ။ ချစ်သူသက်တမ်း နှစ် နှစ် ပြည့်တောင် ငါတို့က ပြန်သတိပေးနေရတယ်။ ဒါတောင် ငါတို့ ရှေ့မှာ အဖြေပေးလို့ ငါတို့မှတ်မိနေကြလို့။ မဟုတ်ရင် လုံးလုံးအမှတ်ရမယ့် အတွဲ မဟုတ်ဘူး”
စည်သူနဲ့ငရဲရဲ့ အပြောကို နွေးတို့နှစ် ယောက် က ‘ဟုတ်ပ’လို့ ထောက်ခံကြတယ်။ ကောင် မလေး ကတော့ ကျွန်တော့် ကို လျှာလေးတစ်လစ်လုပ်ရင်း ရယ်ပြတယ်။ သူသတိမထားမိလိုက်ဘူး ဆိုတဲ့ သဘော။ တကယ်တော့ ကောင်မလေးပဲမဟုတ်ဘူး။ ကျွန်တော် လည်း မှတ်မိတာမဟုတ် ဘူး။ ဒီတော့ သရေပေါ့။
“ငါ့သဘော ကတော့ ချစ်သူသက်တမ်းနှစ် လပဲ ဖြစ် ဖြစ်၊ နှစ် ရက်ပဲ ဖြစ် ဖြစ်၊ အနှစ် နှစ် ဆယ်ပဲ ဖြစ် ဖြစ် အဓိက ကတော့ ချစ်နေဖို့ပဲမဟုတ်လား။ ငါကလည်း သူ့ကိုသစ္စာရှိရှိ ချစ်တယ်။ သူကလည်း ငါ့ကိုချစ်တယ်။ ဒီတော့ အပေါ်ယံလက်ဆောင်လဲတာတို့ ဘာတို့ မလိုဘူးထင်တာပဲ”
“အာ ဒါဆို ဘယ် Romantic ဆန်တော့မလဲ။ တကယ်ဆို ကိုရီးယားကားတွေ ထဲကလို ပန်းစည်းလေးပဲ ဖြစ် ဖြစ်တော့ ပေးသင့်တယ်”
နွေးက ကျွန်တော့် စကားကို အထွန့်တက်တယ်။ သူက စိတ်ကူးယာဉ်သမားကိုး . . . .
“ဟုတ်တယ် နင်တို့အတွဲ ကစ ဖြစ်ပါပြီဆိုကတည်းက ကဗျာမဆန်ဘူး”
မာလာကလည်း နွေးရဲ့ စကားကို ထောက်ခံတယ်။
“ဟဲ့ . . . . ငါနဲ့မောင်နဲ့က ရိုးရိုးလေးပဲ ချစ်တတ်ကြတဲ့ဟာ။ ဘာတွေ Romantic ဆန်ပြီး ဘယ်လိုကဗျာဆန်နေရဦးမှာ တုံး။ ရည်စားစ ဖြစ်တာနဲ့ပဲ ကဗျာဆန်အောင် တချို့ဓာတ်ရှင်ကားတွေ ထဲကလို လူအယောက် သုံးထောင်လောက်နဲ့ကွေးနေအောင် ကလိုက်၊ သီချင်းတစ်လှည့်စီဆိုလိုက် လုပ်နေရဦးမှာ လား”
“ဒါမှမဟုတ် ဓာတ်ရှင်ထဲကလို ပန်းခြံထဲသွားပြီး နှစ် ယောက် သားပတ်ပြေးနေရမှာ လား။ ဒါမှ မဟုတ် သီချင်းထဆိုလိုက်၊ ပန်းခူးပြီး ခေါင်းမှာ ပန်လိုက်၊ မျက်လုံးကြီးဟိုထောင့်ကပ်၊ ဒီထောင့်ကပ် နဲ့ သီချင်းဆိုလိုက် လုပ်နေရဦးမှာ လား”
ကောင်မလေးက ဟာသဖောက်ရင်း သူ့စကားသူ သဘောကျပြီး တဟီးဟီးနဲ့ရယ်တယ်။
“လိုက်ပါတယ်။ နင်တို့နှစ် ယောက် ၊ တစ်ယောက် က အရူး၊ နောက် တစ်ယောက် က အပေါ၊ ဟုတ်နေတာပဲ သူ့ဟာနဲ့သူ”
မာလာက အရယ်တ၀က်နဲ့ဆိုတယ်။ ပြီး . . . နာရီကိုကြည့်ရင်း . . .
“ဟာ . . . . ပြန်တော့မှပဲ . . . အိမ်မှာ လုပ်စရာတွေ ရှိသေးတယ်”
မာလာပြန်မယ်ဆိုတော့ မာလာနဲ့ဆိုင်ကယ်တစ်စီးတည်း အတူစီးလာတဲ့ နွေးက ထရပ် တယ်။
ငရဲတို့နှစ် ကောင်ကလည်း ‘ငါတို့လည်း လစ်တော့မယ်’ဆိုပြီး သူ့ဆိုင်ကယ် ကိုယ့်ဆိုင်ကယ် ကို ကိုယ်စီခွတယ်။ ပြီး ထိုင်ရာက မထသေးဘဲ ကျွန်တော် နဲ့ကောင်မလေးကို သူတို့လေးယောက် က မချိုမချဉ်နဲ့လှမ်းကြည့်ရင်း ငရဲက . . .
“မင်းတို့ကြည့်ရတာ သစ်ပင်စောင့်လုပ်ြ ကတော့မလို့နဲ့တူတယ်”
“ဘယ်ကလာ . . . ထိုင်ခုံစောင့်ပါ”
ငရဲရဲ့ ခနဲ့စကားကို စည်သူက ထပ်ဆင့်ရွဲ့တယ်။ မာလာက ကျွန်တော့် ကိုကြည့်ရင်း . . .
“ငါ့သူငယ်ချင်းကို စိတ်ချမယ်နော်. . . .”
“ဒါပဲ . . . .”
နွေးက၀င်ပြီး ‘ဒါပဲ’လို့ ခပ်တည်တည်နဲ့ ငေါက်တယ်။ ငရဲကလည်း ကျွန်တော့် ရဲ့ ကောင်မ လေးကို မချိုမချဉ်ကြည့်ရင်း . . .
“ငါတို့လည်း ငါတို့ကောင်ကို စိတ်ချမယ်နော်”လိ့ နောက်တယ်။
ကောင်မလေးက ရှက်ဝဲ၀ဲနဲ့ ‘လဲသေလိုက်’လို့ ပြန်ပက်ရင်း မဆီမဆိုင် ဘာမှမပြောရတဲ့ ကျွန်တော့် ကို မျက်စောင်းထိုးလေရဲ့ ။ ထွက်သွားလို့ အဝေးကြီးရောက်သွားတဲ့ ငရဲတို့ကိုကြည့်ရင်း ကျွန်တော် က ကြားတော့မှာ မဟုတ်တဲ့ သူတို့ကို လက်ပြရင်း. . .
“ငါ့ကို စိတ်သာချ ငါ့ကောင်ရေ သူက ကိုက်ရုံအပြင် ဘာမှ မလုပ်တတ်ဘူး။ ကိုက်လည်း သိပ်တော့ စိတ်ပူစရာမရှိပါဘူး။ သူက ကာကွယ်ဆေးထိုးပြီးသား”
လို့စတော့ ကောင်မလေးက . . . .
“မောင်နော် နှိုင်းပြန်ပြီလား ခွေးနဲ့”
ဟု ခပ်ဆောင့်ဆောင့်ဆိုတယ်။
“ဟာ . . . . မောင်ပြောတဲ့အထဲမှာ ခွေးဆိုတာ တစ်ခွန်းမှ မပါသေးဘူး”
“လူလည်မကျနဲ့. . . အဲဒီ သဘောပဲမဟုတ်လား။ ခွေးရူးပြန်ကာကွယ်ဆေးထိုးထားပြီးသား ဆိုတဲ့သဘောပဲမဟုတ်လား”
“အဟဲ . . . ဟုတ်တယ်”
“ဘာ . . .”
ကျွန်တော့် အဖြေက သူမရဲ့ နှုတ်ခမ်းကို အဆုံစွန်ထော်လာစေတယ်။ ‘ဘာ’လို့ရေရွတ်ရင်း လက်မောင်းကို အုန်းခနဲထုတယ်။ စောစောကပြောသလိုပေါ့ ပန်းနဲ့ပေါက်တာထက်တော့ အများ ကြီးနာတယ်။ ဒါပေမယ့် သိတယ်မဟုတ်လား။ ဒီကကောင်က အံကြိတ်ပြီးတော့ကို ခံတယ်။ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာ ရှိသေးတယ် မဟုတ်လား။
“စကားကမဆုံးသေးဘူးလေ။ ဟုတ်တယ်လို့လည်း မပြောပါဘူးလို့ ပြောမလို့ပါ”
“မိန်းမလို မိန်းမရမလုပ်နဲ့။ စကားကို ပလူးပလဲပြောတာလောက် မုန်းတာမရှိဘူး”
“ဟောဗျာ . . . . ဒါဆို ခု မောင့်ကိုမုန်းတယ်ပေါ့”
“ဟုတ်တယ် . . . . မုန်းတယ်”
“သေချာလား”
မချိုမချဉ်နဲ့မေးတဲ့ ကျွန်တော့် ကို သူမက ရယ်ချင်ပက်ကျိနဲ့ပြန်ကြည့်ရင်း ‘သေချာတယ်’လို့ ပြတ်သားနေတဲ့စတိုင်နဲ့ တစ်ခွန်းချင်းပြောတယ်။ ဒါပေမယ့် ပြုံးနေတဲ့ ကောင်မလေးရဲ့ မျက်လုံးမှာ အမုန်းနဲ့တူတဲ့ အရိပ်အယောင်ဆိုလို့ တစ်စွန်းတစ်စမှကို မတွေ့ ဘူး။
“သေချာရင် အကြွေးဆပ်. . . .”
“ဘာ . . . ဘယ်ကအကြွေးလဲ . . . အူကြောင်ကြောင်လာမလုပ်နဲ့. . . .”
သူမက စိတ်ဆိုးနေသေးတဲ့ပုံနဲ့ မျက်စောင်းထိုးရင်း ကျွန်တော့် စကားကို ပြန်ပက်တယ်။
“ဒီအကြွေးလေ. . .”
လက်မောင်းကိုပင့်ပြရင်း မနေ့က သူကိုက်ထားတဲ့ ဒဏ်ရာကိုပြတော့ ကောင်မလေးက မမြင်ချင်ယောင်ဆောင်နေတယ်။ ရယ်ချင်ပက်ကျိ ဖြစ်နေတဲ့ မျက်နှာထားကု သူမကြည့်ပြီးနေပြီ ဆိုတာ ကျွန်တော် အတပ်သိတယ်။
“ကဲ . .. ဘယ်လိုဆပ်မှာ လဲ”
ကောင်မလေးက ကျွန်တော့် အမေးကို မဖြေသေးဘဲနဲ့ L.ဆိုင်းဇီရဲ့ သီချင်းတစ်ပုဒ်ကို ပြုံးစိစိ နဲ့ ညည်းနေတယ်။
ကြည့်စမ်း။
ဘယ်လောက်တောင် ချစ်စရာကောင်းတဲ့ကလေးမပါလိမ့်။ လူကို မရိုးမရွ ဖြစ်အောင် အူကြောင်ကြောင်တွေ လုပ်ပြနေတယ်။
“အေးအေးဆေးဆေးပြောနေတုန်း ဆပ်ရင်ဆပ်။ မဆပ်လို့ ကတော့ ဇွတ်ပြန်ယူမှာ နော် . ..”
“အော်လိုက်မှာ ပေါ့ . . .”
သူမက ချစ်စရာကောင်းလွန်းတဲ့ ချွဲနွဲ့မှု ပုံစံတစ်မျိုးနဲ့ မျက်နှာကိုချီရင်း ကျွန်တော့် ကို ပြန်ပက်တယ်။
“အော်ပေါ့။ ဒီကားလမ်းဘေးမှာ သူ့ဘာသာသူသွားနေတဲ့ ကားတွေ ရယ်၊ သစ်ပင်ပေါ်က ရုက္ခစိုးရယ် ပါပဲရှိတယ်။ ကားတွေ ကတော့ သစ်ပင်ကဋ္ဌွယ်နေလို့ မောင်တို့နှစ် ယောက် ကို မြင်မှာ မဟုတ်ဘူး။ အဲ . . .သစ်ပင်ပေါ်က ရုက္ခစိုးနတ်ကလည်း စောစောကမြို့ထဲသွားမယ်ဆိုပြီး ငရဲတို့နဲ့ ဆိုင်ကယ်ကြုံလိုက်သွားတာ ပြန်မရောက်သေးဘူး။ ဒီတော့ အော်ရင်လည်းမောတာပဲရှိမယ်။ အကြွေး ကတော့ ဆပ်ရမှာ ပဲ”
“လူလည် . . . .”
“မလည်ပါဘူး . . မအဘူးဆိုရုံပါ. . . .”
“လူဆိုး . . .”
“မဆိုးပါဘူးဗျာ။ အရမ်းကြီး မလိမ္မာတာတစ်ခုပဲ ပြောစရာရှိတယ်။ ကဲ . . . ကဲ . . . လူလည်မကြီး . . .အကြွေးပြန်ဆပ်တော့လေ”
“မဆပ်ဘူးဆိုရင်ကော . . . .”
“သံသရာအထိပါသွားမှာ မကြောက်ဘူးလား”
“ဆပ်မယ်ဆိုရင်ကော . . .”
“ကြိုက်တယ်ဗျာ။ ဆပ်မယ်ဆိုရင်တော့ အမိရဲ့ လက်မောင်းကို ဒီကောင်က ညိုမည်းသွားတဲ့ အထိ ပြန်ကိုက်မှာ ဗျ”
အင်္ကျီလက်မောင်းကိုပင့်ရင်း ပြောင်ချော်ချော်နဲ့ဆိုတော့ ကောင်လေးက ယောင်ရမ်းပြီး လက်နှစ် ဖက်ကို လက်ချောင်းသေးသေးလေးတွေ နဲ့အုပ်တယ်။ ပြီး . . .
“မသူတော် အလုပ်မလုပ်နဲ့နော်”
“ဟောဗျာ . . . လူကိုစွပ်စွပ်စွဲစွဲ ဒီလောက်မျှတတဲ့ ကောင်ကိုများ ဘယ်သူက မသူတော် ရမှာ တုံး”
“ဟုတ်တယ်လေ . . . . မောင်သာ သူတော် ကောင်းဆိုရင် သည်းခံစိတ်ရှိရမှာ ပေါ့။ လက်တုံ့ ပြန်တာတွေ ဘာတွေ လုပ်စရာလား”
“အာ . . . . ဒါတော့ မောင်က ညီမလေးကို သံသရာအထိအကြွေးပါသွားမှာ စိုးလို့ပါ။ ကြွေးပြန်လိုချင်လွန်းလို့ မဟုတ်ပါဘူး။ ကဲ . . . ကိုက်မယ်နော် . . . လာထား”
“အား မောင်နော်”
ကျွန်တော် က သူမလက်မောင်းကို ဆတ်ခနဲချုပ်ရင်း တကယ်ကိုက်တော့မလိုလုပ်တော့ သူမက ကျွန်တော့် နဖူးကိုတွန်းရင်း အသံစူးစူးနဲ့ အော်တယ်။
“ဟောဗျာ ဘယ်လို ဖြစ်တာလဲ . . . ကိုက်တောင်မကိုက်ရသေးဘူး။ ထွက်လာတဲ့ အသံက အကျယ်ကြီးပဲ”
“ကြောက်တာကိုး”
သူမက အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ရင်း ရှက်ဝဲ၀ဲနဲ့ ခပ်တိုးတိုးဆိုတယ်။ တကယ်ပြန် မကိုက်မှန်းသိပေမယ့် သူ့ခမျာစိတ်ယားပြီး လန့်သွားတယ်ထင်ပါရဲ့ ။ အသံကုန်အော်တာ။ ကောင် မလေးတော် တော် များများ က အသည်းယားရင် အော်အော်တတ်တာကိုး။
အသံစူးနဲ့အော်တဲ့ ကောင်မလေးကိုကြည့်ရင်း ဘာရယ်မဟုတ်ဘူး၊ ပြုံး ဖြစ်တယ်။
“ဘာပြုံးတာလဲ”
“ဘာမှမဟုတ်ပါဘူး။ ကြွေး ကတော့ ပြန်တောင်းမှ ဖြစ်မယ်လို့ တွေးမိလို့ပါ”
“တွေးတွေးမတွေးတွေး ဒီ ကတော့ မဆပ်တော့ဖို့ ဆုံးဖြတ်လိုက်ပြီ”
“အာ . . . ဒီလိုမညစ်နဲ့လေ . . . ဘယ်ရမလဲ ကဲ. . . ကဲ ကိုက်ပြီဗျို့”
ပြောပြောဆိုဆိုနဲ့ ဆတ်ခနဲသူမရဲ့ လက်မောင်းကို ချုပ်ရင်း ကောင်မလေးရဲ့ လက်မောင်းဆီ ကို သွားရည်တမြားမြားနဲ့ (အဲလေ) ဟန်တပြင်ပြင်နဲ့ ကိုက်ဟန်ပြတော့ ကောင်မလေးက အာခေါင် ခြစ်ပြီး အသံကုန်အော်ရင်း ကျွန်တော့် နဖူးကို သူမရဲ့ လက်သေးသေးလေးနဲ့ တွန်းပြန်တယ်။
“အား . .. မောင်နော် . . . . ညီမလေး ငိုလိုက်တော့မှာ ”
ငိုသံတစ်ဝက်မှမပါဘဲနဲ့ သူမကခြိမ်းခြောက်တယ်။ အော်သံက တကယ့်တကယ်ကို အကျယ်ကြီး။ အမှန်တကယ်သာ ဒီစိန်ပန်းပင်ပေါ်မှာ ရုက္ခစိုးရှိလို့ ကတော့ မျက်စိနောက်ပြီး နားငြီး လို့ သစ်ကိုင်းခြောက်နဲ့ ဆင်းရိုက်မှာ သေချာတယ်။
ကောင်မလေးက ကလေး တစ်ယောက် လို ခြေကို ဆောင်ရင်း ‘ပြန်တော့မယ်’လို့ လေသံ မာမာနဲ့ ဆိုတယ်။ ဒါပေမယ့် ထမရပ်သေးဘဲ ဆက်ထိုင်နေမှတော့ ‘အာလူး’ဆိုတာ ကျွန်တော် ကောင်းကောင်းသိတယ်။ မ ဖြစ်ဘူး။ ရစရာရှိတာလေးတော့ အမြန်တောင်းမှလို့ တွေးရင်း . . .
“တစ်ခုတော့ ရှိတယ်လေ. . . တချို့ဆို ငွေယူပြီး ငွေပြန်မဆပ်မေပယ့် စပါးတို့ ဘာတို့ အစားပြန်ဆပ်တယ်လို့ ကြားဖူးတယ်။ ဒီတော့’
“ဒီတော့ ဘာ ဖြစ်လဲ. . . .”
ပြောင်ချော်ချော်နဲ့ပြောတဲ့ ကျွန်တော့် ကို သူမက စပ်ဖြီးဖြီးပဲ ပြန်မေးတယ်။ ကျွန်တော် က မျက်လွှာကိုချထားရင်း မျက်နှာကို မော့လို့ နဖူးကို လက်ညှိုးနဲ့တို့ပြလိုက်တယ်။ သဘောက ပြန် အကိုက်မခံချင်ရင် နဖူးကို အာဘွားပေးဆိုတဲ့သဘော။ ဒီသဘောက Intern ational သုံး Body Language မို့လို့ ဘယ်သူမဆိုနားမလည်နိုင်စရာ အကြောင်းမရှိဘူး။
ဒါပေမယ့် ကောင်မလေးက ရူးချင်ယောင်ဆောင်တယ်။
“သြော်. . . နဖူးကို တောက်ပေးရမှာ လား၊ ရတယ်။ ရတယ်”
“အာ . . . အဲဒီ လိုကြီး မဟုတ်ဘူး”
“သြော် . . . Sorry တောက်ပေးရမှာ မဟုတ်ရင်း။ ခေါက်ပေးရမှာ ပေါ့ . . .ဟုတ်လား။ ရတယ်လေ. . . . ဟမ်းဖုန်းနဲ့ခေါက်ပေးမယ် ရှေ့နည်းနည်း တို့”
ကဲ . . . . ကြားတဲ့အတိုင်းပဲ။ နဖူးတွေ ကျဉ်လာသလိုလိုရှိတာမို့ ယောင်ပြီးတော့တောင် ပွတ် ဖြစ်တယ်။ အီလည်လည်ကြီး ဖြစ်နေတဲ့ ကျွန်တော့် ကို ကောင်မလေးက ခွီးခနဲရယ်ရင်း ကြည့် တယ်။ တော် တော် လည်တဲ့ကလေးမ။ လည်တယ်မလည်တယ်။ အခုထိ ရည်းစားသက်တမ်းနှစ် နှစ် မှာ သူကြည်ကြည်ဖြူဖြူပေးနမ်းတာဆိုလို့ ငါးခါပြည့်အောင်ကို မနမ်းဖူးသေးဘူး။ အဟုတ်ပြော တာ။ အလစ်အငိုက်မှာ ခိုးခိုးနမ်းလို့သာ နမ်းဖူးတယ်။ နောက်ပိုင်းမရတော့ဘူး။ သတိထားပြီးတော့ ကို ရှောင်တာ။ အဲဒီ လို လူဆိုတာမျိုးကလည်း မရတာ ဆို ပိုလိုချင်တာကိုး။
နောက်ဆုံးတော့ ကျွန်တော် လည်း ယောက်ျားမာယာ။ မန်ကျည်ပင်လေးဆယ်။ မီးသွေး ဖုတ်ထင်းလုပ်ပစ်လိုက်တယ်ဆိုလား။ အဲဒီ့ ထဲကနည်းတွေ ထုတ်သုံးရတော့မယ်။
မျက်နှာကို တမင်ငယ်ပြီး ငူငူကြီးနဲ့ကောင်မလေးကို ကျောပေးပြီး ခေါင်းငိုက်စိုက်နဲ့အပီ အပြင် ကြေကွဲပစ်လိုက်တယ်။ ကောင်မလေးဘက်က လာမချော့ဘဲ နေမှာ မှ မဟုတ်တာ။ သိတယ် မဟုတ်လား။
အဲ . . . .
အခုထက်ထိတော့ ကောင်မလေးဘက်က ဘာသံမှကို မကြားဘူး။
ဆယ်မိနစ်လောက်သာရှိသွားတယ်။ ဘာသံမှမကြားတော့ ကျွန်တော် ခိုးပြီးပဲ လှည့်ကြည့် ရတော့မလိုလို။
ကျွန်တော် ထင်တာက မိန်းမမာယာသဲကိုးဖြာ။ ဘလောက်အုတ်များ ရိုက်ရင် ဆယ့်ငါးတုံး ထက်မပိုဘူးထင်ထားတာကိုး။ အဲဒီ သဲကိုးဖြာနဲ့သာဆောက်ရင် သောက်ရေအိုးတစ်လုံးတောင် ရမယ်မထင်ခဲ့တာ။ ယခုတော့ လျှော့တွက်မိတာ။ ဆယ်မိနစ်သာအချိန်ကုန်သွားတယ်။ ကောင်မ လေးက တုတ်တုတ်မျှ မလှုပ်ဘူး။ မထူးပါဘူးဆိုပြီး လှည့်ကြည့်မယ်ကြံတုန်း။
“ဘာလဲ . . . ဒါက စိတ်ကောက်တာလား”
ကျောပေးထားတဲ့ ကျွန်တော့်ကျောကုန်းကို အုန်းခနဲထုရင်း မေးတဲ့စကား။ ထုချက်ပြင်းသ လားမမေးနဲ့ ကျောကို ကော့ခနဲပဲ။
“ဖြည်းဖြည်းထုပါ တော် ကြာ အဆုတ်တွေ ကွာကျကုန်ဦးမယ်။ မိန်းကလေး ဖြစ်ပြီး ကြမ်းလိုက်တာလည်း လွန်ရော”
“ဒါဖြင့် ဘာလို့ကြိုက်နေသေးလဲ”လို့ ကောင်မလေးက ဘုမတောပါဘူး။ ခစ်ခနဲ မိုက်တိ မိုက်ကမ်းစတိုင်နဲ့ ရယ်တယ်။ သူ့စိတ်ထဲမှာ လူကို ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတယ်များ ထင်နေသလား မသိဘူး။
“ကဲပါ. . . . မျက်စိမှိတ်. . . .”
ရှက်ဝဲ၀ဲနဲ့ မျက်စိမှိတ်လိုက်လို့လည်း ဆိုလိုက်ရော ‘ဗြုန်း’ဆို ကျွန်တော် အေးခနဲ ခံစားလိုက် ရတယ်။ ‘နိပ်ဟ’လို့ တွေးရင်းပြုံးဖြီးဖြီးကြီးနဲ့ မဖုံးနိုင် မဖိနိုင် ဖြစ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ်မရှိတဲ့ သိက္ခာတွေ ထိန်းရင်း မျက်လွှာကို ဣနြေ္ဒကိုချရင်း မျက်နှာကိုမော့ထား ဖြစ်တယ်။ အို . . .အသည်း တွေ အူတွေ ယားပါဘိ။
ဒါပေမယ့် အချိန်တွေ သာ ကြာသွားတယ်။ ဘာထူးခြားမှု မှရှိမလာဘူး။ မော့ထားရလို့ လည်ပင်းသာညောင်းသွားတယ်။ နဖူးမှာ ဘာအာဘွားမှ ရောက်မလာဘူး။ ဆတ်ခနဲ မျက်လုံး ဖွင့် ကြည့်တော့ အသံမထွက်အောင် ကြိတ်ပြီးအားရပါးရရယ်နေတဲ့ ကောင်မလေးကို ကြည်ကြည်လင် လင်ကြီး မြင်ရတယ်။
ပြူးတိပြူးကြောင်နဲ့ကြည့်နေတဲ့ ကျွန်တော့် ကို ကြည့်ရင်း ကောင်မလေးက တ၀ါးဝါးနဲ့ ထိန်း မထားဘဲ ဗိုက်နှိပ်နှိပ်ပြီး လက်ညှိုးကြီးထိုးလို့ ရယ်တယ်။
ဖြန်းခနဲ ပူသွားတဲ့မျက်နှာပေါ်က ပူနွေးမှု ကြောင့် ကျွန်တော့် မျက်နှာကြီး ရှက်စိတ်နဲ့ရီနေပြီ ဆိုတာ သိလိုက်ရတယ်။ ကောင်မလေးက တဟားဟားရယ်လေ ဒီအကောင်က ရှက်ကိုးရှက်ကန်း နဲ့မနေတတ်လေ။ ကောင်မလေးက အားရအောင်ရယ်ပြီးမှ ကျွန်တော့် ကို ပြောင်စပ်စပ်ကြည့်ရင်း ညစ်ကျယ်ကျယ်အမူအရာနဲ့ . . .
“မောင်က အရမ်းလိမ္မာတာပဲ၊ မျက်လုံးမှိတ်ခိုင်းလိုက်တာနဲ့ ချက်ခြင်းမှိတ်လိုက်တာပဲနော်။ ညီမလေးမေ့သွားတယ်။ အမှန်က လက်ပါပိုက်ခိုင်းထားရမှာ ”
ရှက်ကိုးရှက်ကန်းကြီး ဖြစ်နေတဲ့ ကျွန်တော့် ကို ကောင်မလေးက မခံချင်အောင် စတယ်။ စမှာ ပေါ့ သူကလောလောဆယ် စင်ပေါ်ကလူကိုး။ ကျွန်တော် ကလည်း ခေတဲ့ကောင်မှမဟုတ်တာ။ ဒီအတိုင်းကြီးတော့ ဘယ်ရမလဲ။ သိတယ်မဟုတ်လား။ ယောက်ျားမာယာက မန်ကျည်ပင်လေး ဆယ် ဘာပြုတယ်ဆိုလား။
“ပျော်နေလား. . . .”
မချင့်မရဲနဲ့ မေးတဲ့ ကျွန်တော့် အမေးကို သူမက ‘ပျော်တာပေါ့’လို့ ခပ်ချွဲချွဲဖြေတယ်။ ဒီက ကောင်ရဲ့ ရင်ကဖြင့် အရည်ပျော်နေပြီ။ ဒါတောင် သူမက ချစ်စရာဟန်မျိုးနဲ့ ပြုစားလို့ကောင်းတုန်း။
“ဟာ . . . ဟိုကားဘာ ဖြစ်တာလဲ မသိဘူး”
ရုတ်တရက် ကားလမ်းမဆီ လက်ညှိုးထိုးရင်း အလန့်တကြားနဲ့ အော်တဲ့ကျွန်တော့် ကို သူမ ကကြည့်ရင်း ပျာပျာသလဲနဲ့ ကျွန်တော် လက်ညှိုးထိုးတဲ့ ကားလမ်းမဆီ ဆတ်ခနဲလှည့်ကြည့်တယ်။
တကယ်တော့ ကားလမ်းမမှာ ဘာကားမှမလာသေးပါဘူး။ သိတယ်မဟုတ်လား မန်ကျည်း ပင်လေ . . . .
အငိုက်မှာ ဖျတ်ခနဲ အနမ်းခံလိုက်ရတဲ့ ကောင်မလေးက ပထမတော့ ကြောင်သွားတယ်။ နောက်တော့ မျက်နှာကြီးနီလာပြီးတော့ ဆတ်ဆို ကျွန်တော့်ဗိုက်ခေါက်ကို လိမ်ဆွဲတယ်။ ပြီး ဘောက်ဆတ် ဘောက်ဆတ်နဲ့ထသွားပြီးတော့ သူမဆိုင်ကယ်ပေါ်ထိုင်လို့ ကမန်းကတန်းစက်နှိုး ရင်း လူကို ဒိုင်းခနဲ မျက်စောင်းထိုးတယ်။
ကျွန်တော် က ပြောင်ချော်ချော်နဲ့ Fly Kiss လုပ်ပြတော့ ဆတ်ခနဲ နှုတ်ခမ်းကိုကိုက်ရင်း ဒုတိယမ္ပိ မျက်စောင်းထိုးပြန်ရော။ တာ့တာလုပ်ပြတော့ လူကိုအခဲမကြေကြည့်ရင်း ၀ူးဆိုဆိုင်ကယ် ကို မောင်းထွက်သွားတယ်။ ဘာရယ်မဟုတ်ဘူး။ အိမ်ပြန်သွားပြီ ဖြစ်တဲ့ ကောင်မလေးကို လိုက်ငေး နေမိတယ်။ ကောင်မလေးခမျာ လောကရဲ့ ထုံးစံအတိုင်း ကိုယ်ခံရတဲ့အလှည့်ကျတော့ ဒေါသထွက် နေလိုက်ပုံများ ။ ဟက်ခနဲ ရယ်ရင်း လမ်းပေါ်က ကျောက်စရစ်ခဲကို မချင့်မရဲနဲ့ကန်ထုတ်မိတယ်။
ဘာပြောပြော အဲဒီ နေ့က ချစ်သူကို ငါးကြိမ်မြော် ကျွန်တော် နမ်းနိုင်ခဲ့တယ်လို့ပဲ ဆိုရမယ်။
![]() ကြားညှပ်သူ | ![]() သတ္တမမြောက် နတ်သမီး | ![]() မယားစိတ်သားစိတ် |