Cover

ကျွန်တော် သည် အချစ်တစ်ကောင် ဖြစ်သည်


ကျွန်တော့် ဝတ္ထုတွေ ကို ဖတ်ပြီးကြတဲ့ အခါ စာဖတ်ပရိသတ် တချို့က ၀တ္ထုကို ဒါမှမဟုတ် ၀တ္ထုပါအကြောင်းအရာကို ကိုယ်တွေ့ လား၊ ကုန်ကြမ်းလားလို့ မေးကြပါတယ်။

တချို့ဝတ္ထုတွေ ကတော့ ၁၀၀% ကုန်ကြမ်းပါ။ အဲ တချို့ ၀တ္ထြု ကတော့ ကိုယ်တွေ့ စစ်စစ် ရာနှုန်းပြည့် ၁၀၀% ဖြစ်ပြီး တချိြု့ ကတော့ ၅၀% နှုန်းစီပါ။

တစ်ခါတလေကျတော့လည်း ရောသမမွှေပြီး ကုန်ကြမ်းက ၈၀%၊ ကိုယ်တွေ့ က ၂၀% ဆို ပြီး ရေး ဖြစ်သလို တချို့တလေကျတော့လည်း ကုန်ကြမ်းကနည်းနည်း ကိုယ်တွေ့  ရာခိုင်နှုန်းများ များ ဒါမျိုးလည်း ရှိပါတယ်။ တစ်အုပ်နဲ့တစ်အုပ် ရာခိုင်နှုန်း မတူပါဘူး။

ဒီဝတ္ထုလား …. ?။ ဒီဝတ္ထု ကတော့ဗျာ … ဘယ်လိုပြောရမလဲ။ အင်း … ဒီဝတ္ထုကကျတော့ …။ …။

ပြည့်ပိုင်မှူးအိမ်

* * * * ** * * * *



ကျွန်တော် က အချစ်ဆိုတဲ့ကောင်းကင်မှာ

စိုလက်နေတဲ့ မျှော်လင့်ချင်တွေ နဲ့

ပျံသန်းမိတဲ့ ငှက်တစ်ကောင်ပါ။

* * * * ** * * * *



With the eyes a woman aske, takes, despises, and kills.

မိန်းမ တစ်ယောက် သည် မျက်လုံးများ ဖြင့် တောင်းဆို၏ ။ ရယူ၏ ။ အထင်သေး၏ ။ အသေ သတ်၏ ။

Spanish Proverb.

* * * * ** * * * *





"တချို့က စားသောက်ဆိုင်များ ဆီ။

တချို့က စူဠမုဏိဘုရား ကုန်းဖြင့် ဆီ

စသည်ဖြင့် ။ ကျွန်တော် တို့ အုပ်စုက

တော့ IC show ရှိရာ စင်မြင့်ဆီ ချီ

တက်နေကြခြင်း ဖြစ်သည်။

၂၀၀၇ ခုနှစ် ၊ တောင်ကြီးတန်ဆောင်တိုင်။

များ ပြားလှသော လူအုပ်ကြီးသည် လမ်းမကြီးတစ်လျှောက် ပြည့်ကြပ်ကာနေသည်။ လူအုပ် ကြီး၏ ဦးတည်ရာက တူညီသော်လည်း လူတိုင်း မီးပုံပျံပွဲကျင်းပရာ ကွင်းပြင်ဆီကိုသာ ဦးတည်နေ သည် ကတော့မဟုတ်။

တချို့က စားသောက်ဆိုင်များ ဆီ။ တချို့က စူဠာမုဏိဘုရားကုန်းမြင့်ဆီ စသည်ဖြင့် ။ ကျွန် တော် တို့အုပ်စု ကတော့ IC show ရှိရာ စင်မြင့်ဆီ ချီတက်နေကြခြင်း ဖြစ်သည်။

အနွေးထည်ရောင် စုံတို့ဖြင့် တောင်းကြီးသူ တောင်ကြီးသားများ ရော ရပ်နီးရပ်ဝေးမှ ဧည့် သည်များ ပါ အအေးဒဏ်ကို ကာကွယ်နေကြသည်။

ခိုက်ခိုက်တုန်နေသော ဆောင်းရာသီသည် အအေးဒဏ်ကြောင့် လူတိုင်း အနွေးထည်ကိုယ် စီ သိုးမွှေးဦးထုပ်ကိုယ်စီဖြင့် လမ်းကြီးတစ်ခုလုံး တိုးမပေါက်အောင် စည်ကားကာနေသည်။

ကျွန်တော် တို့အုပ်စုတွင် ယောက်ျားလေးနှစ် ယောက် သာပါပြီး ကျန်လေးယောက် စလုံးက မိန်းကလေးတွေ ချည်း ဖြစ်သည်။

“ အိမ်ကပေးသွားချင်တာမဟုတ်၊ ရပ်ကွက်က လွှတ်မဲ့မီးပုံပျံကို လုပ်ကူစရာရှိတာကူဖို့ ခေါ် ထားတယ်လို့ ဖြီးပြီးထွက်လာတာ။

နန်းဟွမ်ခမ်းက IC show ကြည့်ရန် လစ်ထွက်ခဲ့ရပုံကို ပခုံးတွန့်ရင်းက ဆိုသည်။

“ ငါတို့လည်း နင့်လိုပါပဲဟာ၊ ရပ်ကွက်မီးပုံးပျံကိုပဲ အကြောင်းပြပြိး ထွက်ခဲ့ကြတာပဲ၊ မီးပုံးပျံ ကိစ္စဆိုတော့လည်း ခွင့်မပြုချင်ပြုချင်နဲ့ ခွင့်ပြုလိုက်ရပေမဲ့ သိပ်တော့ကြည်တာမဟုတ်ဘူး၊ ဒါနဲ့ လက်မှတ်တွေ ဘယ်သူ့ဆီမှာ လဲ ”

ရတနာက လက်မှတ်ဟု လက်ဝါးဖြန့်ကာ မေးသည်။ နှင်းဖြူဖြူအေးက ဖြိုးနိုင်ဆီမှာ ဟုဆို ရင်း ကျွန်တော့်ကို မေးငေါ့ပြသည်။ ကျွန်တော် က ပါလာတယ်ဟူသော သဘောဖြင့် လက်မှတ် ထည့်ထားသော အင်္ကျီထူ၏ အိပ်ကပ်ကို ပုတ်ပြ ဖြစ်သည်။

“ မင်းနာမည် ကြီးသွားရင် ငါတို့ တောင်ကြီးတန်ဆောင်တိုင်နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ် ပုဒ်လောက်တော့ ရိုက်ကွာ ”

ဒုတိယမင်းသားအ ဖြစ် ဗီဒီယိုခုနစ်ကားခန့် ရိုက်ထားသော ကျွန်တော့် အား ကျော်ဝဏက ပခုံးကိုလှမ်းပုတ်ရင်း ဆိုသည်။

“ အေး … ရိုက်မှာ ပေါ့ကွ ”

ကျော်ဝဏ၏ အဆိုကို အလိုက်ထိုက်ပင် ဆို ဖြစ်သည်။

“ မင်းသမီးလိုရင်လည်း ပြောပေါ့ဟယ်၊ ငါတို့လေးယောက် ရှိသားပဲ၊ ဒါပေမဲ့ နင်နဲ့တော့ မတွဲ ချင်ဘူးဟ ”

“ ဘာ ဖြစ်လို့တုံး ”

နန်းဟွမ်ခမ်း၏ စကားကြောင့် ကျွန်တော် ပြုံးရင်း မေး ဖြစ်သည်။

“ နင့်မျက်နှာကြီးကြည့်ပြီးရင် ငါ မုဒ်သွင်းလို့ရမှာ မဟုတ်ဘူး၊ ခဏခဏအော်ရယ်မိနေမှာ ”

ပြောရင်း နန်းဟွမ်ခမ်းက တခွီးခွီးဖြင့် ရယ်သည်။

“ မီးပုံးပျံဇာတ်လမ်း ရိုက်မှာ ဆိုရင်တော့ ကျော်ဝဏကိုလည်း နည်းနည်း ပါးပါးတော့ ခေါ် ရိုက်လိုက်ပါဦး၊ တောက်တိုမယ်ရ လက်တိုလက်တောင်း အခိုင်းခံရတဲ့ အခန်းလေးတွေ ပေါ့ ”

နှင်းဖြူဖြူအေးက ကျော်ဝဏကို ပေါ်တင်ကြီး နှိပ်ကွပ်သည်။

“ အောင်မာမာ ငါက မင်းသားမလုပ်ချင်လို့ အသာလေးငြိမ်နေတာ၊ ငါသာ ဗီဒီယိုမင်းသား ထလုပ်ရင် ဒီကောင့်လို မင်းသားတွေ လမ်းဘေးရောက်ပြီး ဆိုက်ကားနင်းတဲ့လူကနင်း၊ ရေထမ်း ရောင်းတဲ့လူကရောင်း ဖြစ်ကုန်မှာ ပေါ့၊ ဈေးကွက်တွေ ပျက်ကုန်မယ် ဘာမှတ်နေလဲ ”

ကျော်ဝဏကလည်း ခေသူမဟုတ်။ နှင်းဖြူဖြူအေး၏ စကားကို ချက်ချင်း ချေပကာ အင်္ကျီ ထူကော်လံကို ထောင်သည်။

“ ဖြစ်နိုင်တယ်၊ ဗီဒီယိုမင်းသားတွေ အကုန်လုံး ရုပ်ရှင်နယ်ပယ်ကို ကျော်ဝဏ၀င်လာတာနဲ့ ဘယ်သူမှ ဒီလောကမှာ ရှိတော့မှာ မဟုတ်ဘူး၊ ဒီလိုအရပ်ပုတဲ့ မဲပြာပြာကောင်နဲ့ တစ်လောကထဲ သိက္ခာကျခံပြီး နေမဲ့အတူတူ ဆိုက်ကားပဲနင်းတော့မယ်ဆိုပြီး ဖြစ်ကုန်မှာ သေချာတယ် ”

ရတနာက ခြေဟန်လက်ဟန်ဖြင့် ဆိုရင်း ခွီးခနဲရယ်သည်။

“ ငါ့သူငယ်ချင်းက ပြောလောက်အောင်လည်း မပုပါဘူးဟာ ”

ကျွန်တော့် စကားအဆုံးမှာ ကျော်ဝဏက ခြေဖျားကို ထောက်လိုက်ရင်း “ပြောလိုက်စမ်းပါ” ဟု ဆိုသည်။

“ ခြေဖျားထောက်ရတာ ပင်ပန်းပါတယ် ကျော်ဝဏရယ်၊ နင် ဒေါက်ဖိနပ်ပဲ ၀ယ်စီးလိုက် တော့ ”

နန်းဟွမ်ခမ်းက ပြောပြီးရယ်သည်မို့ ကျန်ကောင်မလေးများ ကပါ လိုက်၍ ရယ်ကြသည်။ မျက်မှန်းတန်းမိနေသော်လည်း သိပ်အခင်ကြီးမဟုတ်သော နန်းဟွမ်ခမ်း၏ ဘေးမှ ကောင်မလေး ကိုကြည့်ရင်း ဘယ်ရယ်မဟုတ် စိတ်ထဲမှာ “စကားနည်းသော ကလေးမ” ဟု တွေးမိသည်။

“ ဒါနဲ့ ငွေရည်ဖူး၊ နင် မနက်ဖြန်ကော ငါတို့နဲ့လိုက်လည်ဦးမှာ လား ”

ရတနာက တစ်ချိန်လုံး သူများ စကားကို နားထောင်ကာ လိုက်၍ ပြုံးတတ်သော ထိုကောင်မ လေးကို ပခုံးဖြင့် တိုက်ရင်းမေးသည်။

“ အင်း ”

ကောင်မလေးက “အင်း” ဟု ခေါင်းညိတ်ကာ ဖြေသည်။ သိပ်အချောစားကြီးထဲမှာ မပါ သော်လည်း ထူးထူးခြားခြား ပုံစံလေးမို့ ကျွန်တော့် စိတ်ထဲ ကောင်မလေး၏ နာမည် ကို မှတ်မိအောင် ထပ်ကာထပ်ကာ ရေရွတ်မိသည်။

ဘာရယ်တော့မဟုတ်။ အေးတိအေးစက် ထိုကောင်မလေးကို ကျွန်တော် မကြာခဏ ခိုး ကြည့်မိသည် ကတော့ အမှန်ပဲ ဖြစ်သည်။

ခိုးကြည့်မိဆို ကောင်မလေး လှစ်ခနဲပြုံးလိုက်တိုင်း ပေါ်လာတတ်သော သွားတတ်ကလေး ကလည်း ချစ်စရာကောင်းနေသည်ကိုး။

* * * * ** * * * *



"အဆိုတော် တစ်ယောက် တက်လာတိုင်း

သူမက လက်ခုပ်တီးကာ အားပေး

သည်။ ပြီးနောက် ၄င်းအဆိုတော် ဆို

သည့် သီချင်းများ ကို အများ တကာကဲ့သို့

လိုက်၍ ညည်းဆိုခြင်း၊ ကခုန်ခြင်း မပြု။

ပါးစပ်အဟောင်းသားဖြင့် …

Show ပွဲတွေ ရဲ့ ထုံးစံအတိုင်း အဆိုတော် များ က မြူးကြွတဲ့သီချင်းတွေ ကို ၀င်ပေါ်ကနေ ဖျော်ဖြေနေသကဲ့သို့ စင်အောက်မှ ပရိသတ်များ ကလည်း အားရပါးရပင် အားပေးနေကြသည်။

အချို့က သီချင်းများ ကို လိုက်ညည်းရင်း အားပေးသလို အချို့ကကျ ကခုန်ရင်း အားပေး နေကြသည်။

ငွေရည်ဖူးဆိုသော ကလေးမဆို ဘာရယ်မဟုတ် မကြာခဏဆိုသလို ကျွန်တော် လှမ်း ကြည့် ဖြစ်သည်။

သူမ၏ အားပေးမှု က ကျွန်တော့် အဖို့တော့ အထူးအဆန်း ဖြစ်ကာနေသည်။ အဆိုတော် တစ် ယောက် တက်လာတိုင်း သူမက လက်ခုပ်တီးကာ အားပေးသည်။

ပြီးနောက် ၄င်းအဆိုတော် ဆိုသည့် သီချင်းများ ကို အများ တကာကဲ့သို့ လိုက်၍ ညည်းဆို ခြင်း၊ ကခုန်ခြင်းမပြု။ ပါးစပ်အဟောင်းသားဖြင့် တမေ့တမောကြီး ငေးကြည့်ကာ အားပေးသည်။ ၄င်းအဆိုတော် ၏ ဖျော်ဖြေမှု ဆုံးပါက ထကာလက်ခုပ်တီးရင်း သြာဘာပေးသည်။

အဆိုတော် ၏ အမည် ကို အော်ဟစ်ကာ အားပေးခြင်းလည်းမရှိ။ သူမ၏ အားပေးမှု ပုံစံက အေးတိအေးစက်ကြီး ဖြစ်ကာနေသည်။

Show ပွဲများ တွင် မြင်တွေ့ နေကျပုံစံမျိုး မဟုတ်သည်မို့ သူမ၏ ပုံစံက ကျွန်တော့် အတွက် အတော် ကြီးကို ထူးဆန်းကာနေသည်။ အနေအေးသော ကလေး တစ်ယောက် လိုမျိုး သူမက စိတ် ၀င်စားစရာ ဖြစ်ကာနေသည်။

ချမ်းအေးလွန်း၍ ခိုက်ခိုက်တုန်နေသော ရာသီဥတုကြောင့် သိုးမွေးခေါင်းစွပ်ကို စွပ်ကာ မာ ဖလာကို မျက်နှာတစ်ဝက်နှင့် လည်ပင်းကိုရစ်ပက်ကာ မျက်လုံးမျှသာ ဖော်ထားသော်လည်း မည် သို့ ရိပ်မိသွားသည်မသိသော ပရိသတ်နှစ် ယောက် စ သုံးယောက် စက ကျွန်တော့် ကို လာနှုတ်ဆက် သည်။

ပရိသတ်များ နှင့် စကားပြောနေရင်းက အမှတ်မထင် လှမ်းကြည့်လိုက်သော အခါ ကျွန် တော့် လိုပင် လှမ်းကြည့်နေသော သူမနှင့် အကြည့်ချင်းဆုံသည်။

ကျွန်တော့် ဘက်က ကြည်နူးသလိုလို ဖြစ်သွားမိသော်လည်း သူမ ကတော့ ခံစားချက်ရှိပုံမ ရသော ၀က်ကျေတန်းကျေ အကြည့်ဖြင့် လှမ်းကြည့်ကာ အကြည့်ကိုလွှဲကာသွားသည်။ ဘာရယ် မဟုတ် ကျွန်တော့် ရင်ထဲမှာ တော့ ဟာခနဲ ဖြစ်ကာသွားသည်။

* * * * ** * * * *



"ဆိုင်ကယ်ပေါ်မှာ ထိုင်ရင်း လက်ဆတ်

သော လေကို တစ်ဝကြီးရှူ ဖြစ်သည်။

ဤကဲ့သို့ လက်ဆတ်အေးမြသော

လေနုအေးကိုလည်း ဖြစ်နိုင်လျှင်

ရန်ကုန်ကို သယ်သွားချင်သည်။

“ ကျော်ဝဏ ”

“ အေး … ပြော သယ်ဂျင်း ”

ကျော်ဝဏက ၄င်း၏ ထုံးစံအတိုင်း ကျွန်တော့် ကို “သယ်ဂျင်း” ဟုခေါ်ရင်း ထူးသည်။ ဘယ် သူငယ်ချင်းကိုမဆို သယ်ဂျင်းဟု ခေါ်တတ်သည်မှာ ၄င်းအကျင့်။

“ ငါ မင်းကို မေးစရာရှိလို့ကွ ”

“ မေးလေ … နေဦး ဖြိုးပိုင် သယ်ဂျင်း အခုပဲ ငါမင်းဆီ ထွက်လာခဲ့မလို့၊ စောစောက လင်း နောင်ဖုန်းဆက်တယ် သူ လက်ဖက်ရည်ဆိုင်က စောင့်မယ်တဲ့၊ အဲဒါ ငါက မင်းကိုဝင်ခေါ်ပြီး လိုက် လာခဲ့တဲ့၊ အတော် ပဲ ငါလည်း မင်းဆီဖုန်းခေါ်မလို့ လုပ်နတာ ဒါနဲ့ စောစောက ဘာပြုတယ်၊ မေးစ ရာရှိတယ် ဟုတ်လား၊ ဘာမေးမလို့လဲ ”

“ Tea ဆိုင်ရောက်မှ မေးတော့မယ်ကွာ ”

“ ပြီးရော၊ ငါအခုထွက်ခဲ့မယ် ”

“ အေး … ငါစောင့်နေမယ် ”

ဖုန်းချပြီး အင်္ကျီဗလာ ဖြစ်နေသော ကိုယ်ပေါ် တီရှပ်တစ်ထည်ကို ကောက်စွပ်ရင်း အိမ်ပြင် ထွက်ခဲ့ ဖြစ်သည်။ နေ့ခင်းနှစ် နာရီမှာ ပူနေသော နေက တောင်ကြီးဆောင်းရာသီအဖို့တော့ ပူသည် ဟုမဆိုသာ။

တော် တန်ရုံ အအေးကြောက်တတ်သူဆိုပါက ဤနေပူပူတွင် အနွေးထည်ပါးပါးတစ်ထည် တော့ ၀တ်ထားရလိမ့်မည် ။

ကျွန်တော် ကတော့ အအေးကြိုက်သူမို့ အနွေးထည်မ၀တ် ဖြစ်။ ကျော်ဝဏရောက်လာပါက အဆင်သင့်လိုက်သွားနိုင်ရန် အိမ်အပြင်ကို ထွက်ခဲ့ ဖြစ်သည်။

ဝေ့ခနဲ တိုက်ခတ်သော လေက နေပူထဲက ဖြတ်သန်းလာသော်လည်း ပူနွေးမနေဘဲ အေး မြကာနေသည်။

“ ဒီရာသီဥတုမျိုး ရန်ကုန်မှာ ရှိရင် ဘယ်လောက်ကောင်းလိမ့်မလဲ” ဟု တွေးနေစဉ်မှာ ပင် ကျော်ဝဏ ရောက်ချလာသည်။

“ တက် … သယ်ဂျင်း ”

ဆိုင်ကယ်စီးဦးထုပ်ကို လှမ်းပေးကာ တက်ဟုဆိုရင်း ကျွန်တော့် ကိုကြည့်၍ …

“ တော် တော် အအေးကြိုက်တဲ့ကောင်၊ အင်္ကျီလက်တိုနဲ့ ”

ဟု ဆိုသည်။

“ အခုပဲတွေးနေတာ၊ ရန်ကုန်ကို ဒီလိုရာသီဥတုကြီး သယ်သွားရရင်ကောင်းမယ်လို့ ”

ကျွန်တော့် စကားကြောင့် သကောင့်သားက ဆိုင်ကယ်စီးနေရင်း ရယ်သည်။

တိုက်ခတ်နေသော လေကို ထိုးခွဲရင်း သွားနေသော ဆိုင်ကယ်ပေါ်မှာ ထိုင်ရင်း လတ်ဆတ် သော လေကို တ၀်ဝ ကြီးရှူ ဖြစ်သည်။

ဤကဲ့သို့ လတ်ဆတ်အေးမြသော လေနုအေးကိုလည်း ဖြစ်နိုင်လျှင် ရကုန်သို့ သယ်သွား ချင်သည်။

လက်ဖက်ရည်ဆိုင်သို့ ရောက်သော အခါ ရောက်နှင့် နေပြီ ဖြစ်သော လင်းနောင်က လက် လှမ်းပြသည်။

“ မင်းသား ရန်ကုန်မပြန်သေးဘူးလား ”

ရောက်ရောက်ချင်း လင်းနောင်က မေးဆက်ရင်း ကျွန်တော့် ကိုမေးသည်။

“ နောက်လထဲမှာ ဗီဒီယိုရော၊ ဗီစီဒီရော ရိုက်ရမယ်၊ ဒီတစ်လလုံး အားနေလို့ တောင်ကြီး မှာ ပဲ နှပ်နေမလို့ ”

“ အေးကွ … မင်းမပြောနဲ့ ငါတို့လည်းပဲ ရန်ကုန်မှာ ကြာကြာမနေနိုင်ဘူး၊ ပူလို့၊ ရန်ကုန် ရောက်ပြီး တစ်ပတ် ဆယ်ရက်ကြာရင် တောင်ကြီးကို ပြေးပြန်ချင်နေတော့တာ ”

ကျော်ဝဏက စားပွဲထိုးလာချသော လက်ဖက်ရည်ကို သောက်ရင်းက ဆိုသည်။

“ ငါ ကတော့ကွာ ဗီဒီယိုမရိုက်ခင်ကတည်းက ရန်ကုန်နဲ့ တောင်ကြီးကို သွားလိုက်ပြန်လိုက် နဲ့ဆိုတော့ အတော် လေးနေသားကျသွားပြီ၊ နေသားကျတယ်သာ ပြောရတာ ပါ နွေရာသီဆိုရင် မိတ်ဖုတွေ ထွက်ပြီး နေရထိုင်ရ အတော် လေးခက်တယ် ”

ကျွန်တော့် စကားအဆုံးမှာ လင်းနောင်တို့က ခေါင်းညိတ်ကြသည်။

“ ရန်ကုန်လို ပူနွေးတဲ့ဒေသမှာ သင်္ကြန်လို အချိန်မျိုးကျတော့လည်း ကောင်းသွားပြန်ရော၊ တစ်နေကုန် ရေပက်ခံလည်း ခိုက်ခိုက်တုန်အောင် အေးသွားတာမျိုးမရှိဘဲ၊ အဲ တောင်ကြီးသင်္ကြန် ကတော့ သိတဲ့အတိုင်းပဲ မြို့တစ်ပတ်လောက် ရေပက်ခံထွက်ပြီးရင် လူက ခိုက်ခိုက်တုန်နေတာ ”

ပြောရင်း လင်းနောင်က ရယ်သည်။

“ ဒါနဲ့ စကားမစပ် မင်းစောစောက ဖုန်းဆက်တော့ ငါ့ကိုမင်း မေးစရာရှိတယ်ဆို၊ ဘာမေးမ လို့လဲ ”

ကျော်ဝဏက ရုတ်တရက် သတိရဟန်ဖြင့် ကျွန်တော့် ကိုကြည့်ရင်း မေးသည်။

“ အေး … ဟိုဒင်းကွာ တန်ဆောင်တိုင်တုန်းက မင်းနဲ့ပါ လာတဲ့ကောင်မလေး တစ်ယောက် ကွာ အဲဒါ ငါစိတ်ဝင်စားလို့ သူ့မှာ ရည်းစားရှိမရှိ သိချင်တာ ”

ရှက်အမ်းအမ်းဖြင့် ဆိုသော ကျွန်တော့်စကားကြောင့် သကောင့်သားနှစ် ကောင် ပြုံးစိစိကြီး တွေ ဖြစ်ကာသွားသည်။

“ ရည်စားမထားဘူးတာလည်း မဟုတ်ဘဲနဲ့ ရှက်ကိုးရှက်ကန်းလုပ်နေသေးတယ်၊ ဒါနဲ့ မင်း ပြောတော့ ရည်းစားနှစ် ယောက် ပြိုင်မထားဘူး၊ တစ်ယောက် နဲ့ပြတ်ပြီးမှ တစ်ယောက် ထားတာဆို ”

“ အေးလေ ”

လင်းနောင်၏ အမေးကို အေးလေဟု ဖြေ ဖြစ်သည်။

“ မင်း … အဲဒီ တန်ဆောင်တိုင်တုန်းကလည်း မင်းကောင်မလေးနဲ့ ဖုန်းပြောနေသေးတယ် မဟုတ်လား ”

“ အခု ပြတ်သွားပြီကွ ”

ကျော်ဝဏ၏ အမေးကို ကျွန်တော် ခေါင်းကုတ်ရင်း ဖြေ ဖြစ်သည်။

“ ဘယ်လို ဖြစ်တာတုန်း ”

“ ကောင်မလေးက လူလည်လေးကွ၊ ငါ့အပြင် သူ့မှာ ရည်းစားရှိသေးတယ်၊ အဲဒါနဲ့ ငါလည်း အဆက်အသွယ်ူဖြတ်လိုက်တာ ”

“ အချစ်အတွက် ကံမကောင်းတဲ့လူဆိုပါတော့ ”

ကျွန်တော့် စကားအဆုံးမှာ လင်းနောင်က ရွှတ်နောက်နောက်ဆိုသည်။

“ ဒါနဲ့ မင်း မင်းသားမ ဖြစ်ခင် ကတော့ ထားလိုက်တော့ မင်းသား ဖြစ်ပြီးမှ ရည်းစားထားတာ ဘယ်နှစ် ယောက် ရှိပြီလဲ ဖြိုးနိုင် ”

ကျော်ဝဏက ပြုံးစိစိဖြင့် မေးသည်။

“ ဒီ တစ်ယောက် တည်းပါ၊ ရည်းစားဆိုပြီးတော့ အတည်တကျတွဲ တာ ဒီ တစ်ယောက် တည်း ပဲ၊ ရည်းစားသက်တမ်းက တစ်နှစ် တောင်မပြည့်လိုက်ဘူး ”

“ အတည်တကျတွဲ တာ ဒီ တစ်ယောက် တည်းပဲဆိုတော့ အတည်မကျတွေ က ရှိသေးတယ် ဆိုတဲ့သဘောလား ”

“ ဒါ ကတော့ကွာ ရည်းစားမဟုတ်ဘူးဆိုမှတော့ မဟုတ်ဘူးပေါ့ကွာ ”

လင်းနောင်၏ အမေးကို ကျော်ဝဏက ၀င်၍ ဖြေသွားသည်။

ကျွန်တော် ပင် မဖြေလိုက်ရ။

“ ဘာပဲပြောပြော မင်းက ရည်းစားတွေ ပွစိတက်နေအောင်ထားတဲ့ကောင်မှ မဟုတ်တာ၊ ငါ့သူငယ်ချင်းတွေ ထဲက ကြိုက်တယ်ဆိုရင်လည်း လှုပ်ရှားပေးရမှာ ပေါ့၊ ကဲ ဘယ်သူ့ကို မင်းစိတ် ၀င်စားလဲ ”

ကျော်ဝဏက မေးဆတ်ရင်းမေးသည်။

ချက်ချင်း မဖြေသေးဘဲ ရှက်ဝဲ၀ဲလုပ်နေသော ကျွန်တော့် ကိုကြည့်ရင်း လင်းနောင်က ရယ် သည်။ ပြီးမှ …

“ ဒီလိုရှက်တတ်ပုံနဲ့များ မင်းသားလုပ်နေသေးတယ် ”

ဟုဆိုသည်။

“ ကဲ … ပြော သူငယ်ချင်း၊ နန်းဟွမ်ခမ်းကိုလား၊ နှင်းဖြူဖြူအေးကိုလား၊ နန်းဟွမ်ခမ်းက ဆံ ပင်လေး ခပ်တွန့်တွန့်နဲ့ ချစ်စရာကောင်းတယ်။ နှင်းဖြူဖြူအေးကကျတော့ မျက်လုံးဝိုင်းဝိုင်းလေးနဲ့၊ ကဲ ပြော ဘယ် တစ်ယောက် လဲ ”

ကျော်ဝဏက ခေါင်းတဆတ်ဆတ်ညိတ်ကာ ဆိုရင်းမေးသည်။

“ မဟုတ်ဘူး၊ သွားတတ်ပါတဲ့ တစ်ယောက် လေကွာ ”

“ သြော် … ငွေရည်ဖူးကိုလား ”

ကျော်ဝဏ ပြုံးစိစိဖြင့် ငွေရည်ဖူးကိုလာဟု မေးသည်မို့ အေးဟု ကျွန်တော် ဖြေ ဖြစ်သည်။

ငွေရည်ဖူးဆိုသော အသံလေးကြားရုံဖြင့် ရင်မှာ နွေးခနဲ ဖြစ်သွားသည် ကတော့ အမှန်ပဲ ဖြစ်သည်။

“ ငွေရည်ဖူးက တော် တော် ကြီး အေးတဲ့ တစ်ယောက် မဟုတ်လား၊ အေးတာမှ ရေခဲမှတ် အောက်ကို အေးတာကွနော် ”

လင်းနောင်က မေးစေ့ကိုပွတ်ရင်း ဆိုသည်။

“ ငါက အဲဒီ အေးတာလေးကို သဘောကျတာ၊ သူ့ပုံစံလေးက ထူးထူးခြားခြားလေးပဲကွ၊ ရယ်လိုက်ရင် သွားတက်လေးနဲ့ ”

“ အင်း … ရောဂါ ၊ ရောဂါ ”

ကျွန်တော့် စကားဆုံးမှာ ကျော်ဝဏက ရောဂါ ဟုဆိုသည်။

“ အဲဒီ တော့ အရင်ဆုံး အဲဒီ ငွေရည်ဖူးမှာ ရည်းစားရှိမရှိကို ကျော်ဝဏက စုံစမ်းပေးရမှာ လား ”

လင်းနောင်က မေးငေါ့ရင်း မေးသည်။

“ အေး ”

ကျွန်တော် ဆတ်ခနဲ ခေါင်းညိတ်ရင်း ဆို ဖြစ်သည်။ ကျော်ဝဏက လက်ဖျစ်တီးရင်း OK ဟု ဆိုသည်။

* * * * ** * * * *



“ဒါနဲ့ မင်းသားက ကျွန်မတို့သူငယ်ချင်း

အေးအေးလေးကို ဇာတ်လမ်းရှာ

တာတော့ မဟုတ်ပါဘူးနော်”

“ သူက နင်တို့နဲ့ပတ်သက်ပြီးတော့ ပါလာတာဆိုတော့ဟာ ဘယ်လိုပြောရမလဲ ”

“ ဘယ်လိုမှမပြောနဲ့၊ ဘာလဲ နင်စိတ်ဝင်စားလို့လား ”

ကျော်ဝဏ၏ စကားမဆုံးခင်မှာ နန်းဟွမ်ခမ်းက စကားဖြတ်ကာဆိုသည်။ ကျော်ဝဏက ပြာပြာသလဲဖြင့်

“ အာ … ဘယ်ကလာ နင်တို့သူငယ်ချင်းကို စိတ်ဝင်စားတာက ငါ့သူငယ်ချင်းဟ၊ ဒီကောင် … ဒီကောင် ”

ဟုဆိုရင်း ကျွန်တော့် ပခုံးကို ပုတ်ပြသည်။

နှင်းဖြူဖြူအေးနှင့် နန်းဟွန်ခမ်းက ထင်မှတ်မထားဟန်ဖြင့် ကျွန်တော့် ကို အံ့သြတကြီး လှမ်းကြည့်ကြသည်။

တက်သစ်စ မင်းသားတစ်ဦးက မထင်မရှား အချောစားကြီးမဟုတ်သော ခပ်ရိုးရိုးအေးအေး ကောင်မလေး တစ်ယောက် ကို ချစ်သည်ဟု ဆိုခြင်းက သူတို့အတွက် အထူးအဆန်း ဖြစ်နေဟန်တူ သည်။

“ ငွေရည်ဖူးမှာ ရည်းစားမရှိဘူး၊ သူ့ကိုကြည့်ရတာ အဲဒီ လိုကိစ္စတွေ လည်း စိတ်ဝင်စားပုံမရ ဘူး၊ ကျောင်းတက်နေစဉ်ကာလကလည်း ရည်းစားသံ မကြားဘူး၊ သူက အရမ်းအေးတာ ”

“ အခုလည်း သူ့မိဘဆိုင်မှာ ဈေးရောင်းကူပြီး အိမ်နဲ့ဆိုင်၊ ဆိုင်နဲ့အိမ်ပဲ ကူးနေတာ၊ ဘယ်မှ သွားတာလာတာမရှိဘူး၊ တန်ဆောင်တိုင်တုန်းကတောင် ဇွတ်ဝိုင်းခေါ်ကြလို့ လိုက်လာတာ၊ အေး သလားတော့မမေးနဲ့၊ ရေခဲတုံး အရှုံးပေးရတယ်၊ ငြိမ်သလားလည်းမမေးနဲ့ ကျောက်ဆောင် ကျောက်ခဲလိုကို ငြိမ်တာ ”

နန်းဟွမ်ခမ်းရော နှင်းဖြူဖြူအေးကပါ သူမ၏ အနေအေးမှု ကို တစ်ယောက် တစ်ပေါက် ဆို ကြသည်။

“ ဒါနဲ့ မင်းသားက ကျွန်မတို့သူငယ်ချင်း အေးအေးလေးကို ဇာတ်လမ်းရှာတာတော့ မဟုတ် ပါဘူးနော် ”

“ အာ … မဟုတ်ရပါဘူးဗျာ၊ ကျွန်တော် တကယ်စိတ်ဝင်စားတာပါ၊ ဒါနဲ့ သူ့အိမ်နဲ့ဆိုင်လိပ် စာလေး ပြောပြပါလား ”

ကျွန်တော့် စကားကြောင့် နှင်းဖြူဖြူအေးနှင့် နန်းဟွန်ခမ်းက တစ်ယောက် မျက်နှာ တစ် ယောက် ကြည့်သည်။

“ မြန်မြန်ပြေပြလိုက်ပါဟာ၊ ဒီကောင်က နောက်လဆို ရန်ကုန်ပြန်တော့မှာ မို့လို့ မြန်မြန်လှုပ် ရှားချင်နေတာ ”

“ ပြောပြတာက ပြောပြမှာ ပါ၊ ဒါပေမဲ့ ငွေရည်ဖူးက အချိန်တိုတိုနဲ့ ယောက်ျား တစ်ယောက် ကို ပြန်ကြိုက်မဲ့ပုံတော့ မပေါက်ဘူး ”

“ အာ … ရတယ်၊ သုံးနှစ် ပဲလိုက်ရလိုက်ရ ပြဿနာမရှိဘူး ”

ကျွန်တော့် စကားအဆုံးမှာ …

“ သေချာရဲ့ လား ”

ဟု နန်းဟွမ်ခမ်းက ပြုံးစိစိဖြင့် မေးသည်။

“ သေချာပါတယ်ဗျာ၊ ဒါနဲ့ ဖြစ်နိုင်ရင် ဖုန်းနံပါတ်လေးပါ လိုချင်တယ်ဗျ ”

“ အင်း … သူ့အိမ်မှာ တော့ ဖုန်းရှိတယ်၊ ဒါပေမဲ့ ဆိုင်မှာ တော့ ဖုန်းမရှိဘူး၊ အိမ်ကို ဖုန်းဆက် ဖို့ဆိုတာကလည်း လွယ်မယ်တော့မထင်ဘူး၊ သူ့မိသားစုလည်း သူ့လိုပဲ ရိုးရိုးကြီးတွေ ၊ ပြီးတော့ စည်းကမ်းလည်း အရမ်းကြီးတာ ”

“ သူ့ဆိုင်မှာ ဈေးလေးဘာလေးဝယ်ရင်းနဲ့ ရင်းနှီးအောင် အရင်လုပ်ပေါ့၊ ပြီးတော့မှ အခြေ အနေကြည့်ပြီး ဆက်လှုပ်ရှားပေါ့ ”

နှင်းဖြူဖြူအေးက လမ်းကြောင်းတွေ ခင်းပြသည်။

“ အဲဒီ လိုပဲ လုပ်ရမှာ ပဲ၊ ဒါပေမဲ့ နင်တို့တွေ ဒီကိစ္စကို နှုတ်လုံပါစေနော်၊ ဒီကောင်က မင်း သားဆိုတော့ လူတွေ က သွားပုတ်လေလွင့် လျှောက်ပြောနေမှာ စိုးလို့ ”

“ အေးပါ ”

ကျော်ဝဏ၏ စကားကို နန်းဟွမ်ခမ်းက အေးပါဟု မျက်စောင်းထိုးရင်း ဆိုသည်။ ပြီး တစ် လက်စတည်း သူမ၏ ဆိုင်နေရာကိုပါ ပြောပြသည်။ ဘာရယ်မဟုတ် ကျွန်တော့် ရင်ထဲမှာ တော့ ရည်းစားစထားမည့် သူ တစ်ယောက် လို ရင်တွေ ဘာတွေ တောင် ခုန်လို့။

* * * * ** * * * *



"နန်းဟွမ်ခမ်း၏ ငွေရည်ဖူးနှင့် ပက်

သက်သမျှ ပြောပြခဲ့သည်ကို နားမှာ

ပြန်၍ ကြားယောင်ကာနေသည်။

“ ငွေရည်ဖူးရဲ့ အိမ်နာမည် က ပိပိတဲ့ မှတ်ထားဦး၊ သူ့ဆိုင်မှာ က ဆိုင်ကယ်အတွက် အင် ဂျင်ဝိုင်ဆို့၊ ဓာတ်ဆီတို့ရောင်းတယ်၊ လျှပ်စစ်ပစ္စည်း အသေးစားတွေ ရောင်းတယ်၊ နောက် အိမ် သုတ်ဆေးတို့၊ သွပ်တို့၊ သံတို့၊ ဘိလပ်မြေတို့၊ အထပ်သားတို့လည်း ရောင်းတယ် ”

နန်းဟွမ်ခမ်း၏ ငွေရည်ဖူးနှင့် ပက်သက်သမျှ ပြောပြခဲ့သည်ကို နားမှာ ပြန်၍ ကြားယောင် ကာနေသည်။

စီးလာသော ဆိုင်ကယ်ကို သူမဆိုင်ရှေ့မှာ ရပ်လိုက်သော အခါ သူမဆိုင်ရှိ အလုပ်သမားက ဘာလိုလို့လဲဟူသော သဘောဖြင့် ကျွန်တော့် ကို လှမ်း၍ ကြည့်သည်။

ဆိုင်ကယ်ထိုင်ခုံကို လှန်ကာ ဆီတိုင်ကီအဖုံးကို ဖွင့်ပြလိုက်သော အခါ ဓာတ်ဆီဝယ်မည် ဟု ၄င်းက သဘောပေါက်သွားသည်။

“ ဘယ်လောက်ဖိုးလဲ ”

“ တစ်ထောင်ဖိုး ”

တစ်ထောင်ဖိုးဟုဆိုလိုက်ရင်း သူမကို တွေ့ လိုတွေ့ ငြားဆိုင်ထဲကို လှမ်းကြည့် ဖြစ်သည်။

ဆိုင်ထဲရှိ ကောင်တာမှာ မဂ္ဂဇင်းဖတ်နေသော သူမကို လှမ်းမြင်ရသည်။ သူမကို ကြည့်နေ စဉ်မှာ ပင် မော့ကာ လှမ်းကြည့်သော သူမနှင့် အကြည့်ချင်းဆုံသည်။ မှတ်မိသွားဟန်ဖြင့် သူမက လှမ်းပြုံးပြသည်။

“ ကိုဖြိုးနိုင် ဘယ်သွားမလို့တုန်း ”

“ ဒီနားမှာ သူငယ်ချင်းရှိတယ်လေ၊ သူ့ဆီသွားမလို့ ”

ခပ်သွက်သွက်ပြန်ဖြေရင်း ပြုံးပြ ဖြစ်သည်။ သူမက ၀တ်ကျေတန်းကျေပင် နှုတ်ဆက်ပြီး မဂ္ဂ ဇင်းစာအုပ်ကို ဆက်ဖက်ကာနေသည်။

ဆိုင်မှ အလုပ်သမားက ကျွန်တော့် ဆိုင်ကယ်ထဲ ဆီထည့်ကာ ပေးသည်။ အလုပ်သမားထံ ငွေတစ်ထောင်လှမ်းပေးရင်း ဆိုင်ကယ်ကို စီးထွက်ခဲ့ ဖြစ်သည်။ ဒီနေ့ သူမနှင့် ပတ်သက်သော Intro က ဤမျှလောက်သာ။

* * * * ** * * * *



“ရခဲမှဥစ္စာ၊ တတ်ခဲမှပညာတဲ့ကွ၊

လိုက်ရတာ ခဏလေးနဲ့ဆို ပျင်း

စရာကြီး ”

“ မင်းကလည်းကွာ မင်းသားလုပ်နေပြီး ညံ့လိုက်တာကွာ၊ ဘာမဂ္ဂဇင်းတွေ ဖတ်နေလဲ၊ ဘာ ညာဆိုပြီးဝင်ရောပါလား ”

လင်းနောင်က အားမလိုအားမရဖြင့် ကျွန်တော့် ကိုဆိုသည်။

“ သူ့ပုံစံက ရောတိုင်းရမဲ့ပုံမပေါ်ဘူး၊ ဆိုင်ထိုင်နေတဲ့ပုံစံက ချစ်စရာလေးကွာ ”

“ ရောဂါ တော့ ရင့်လာပြီ ”

ကျော်ဝဏက ပခုံးတွန့်ရင်းဆိုသည်။

“ မင်းတို့ကသာ သွားရောပါလာတွေ ဘာတွေ လုပ်နေတာ သူ့ဆိုင်မှာ သူ တစ်ယောက် တည်းမဟုတ်ဘူးကွ၊ ငါ အခေါက်ခေါက်အခါခါ ပတ်ကြည့်ပြီးသွားပြီ၊ တစ်ယောက် မဟုတ် တစ် ယောက် သူ့ဘေးမှာ အမြဲရှိတယ် ”

“ မင်းပြောသလိုဆိုရင် သူ တစ်ယောက် တည်းရှိမဲ့ အချိန်ကိုသိရအောင် အမြဲပတ်နေရမဲ့ သ ဘောပဲ မင်းသားရ ”

ကျွန်တော့် စကားအဆုံးမှာ လင်းနောင်က ကောက်ချက်ချသည်။

“ ပတ်တာပဲကွာ တစ်ရက်မဟုတ်တစ်ရက်တော့ သူလည်း ရိပ်စားမိကောင်းရိပ်မိလာမှာ ပါ ”

သက်ပြင်းချရင်း ကျွန်တော် ဆို ဖြစ်သည်။

“ နန်းဟွမ်းခမ်းပြောသလို မကြာခဏ ဈေးသွားသွားဝယ်ပေးပေါ့ကွာ၊ သူ့ဆိုင်မှာ က ၀ယ်စ ရာများ ပါတယ်၊ ချောင်းပေါက်မတတ် သွားပါများ ရင် သူလည်းပဲ ကလေးမှမဟုတ်တာ၊ အနည်းနဲ့အ များ တော့ ရိပ်မိလာမှာ ပဲ၊ အဲ နောက်ဆုံး မရိပ်မိရင်တောင်မှ အရင်ကထက် ပိုရင်းနှီးလာလိမ့်မယ် ”

ကျော်ဝဏက သူစဉ်းစားမိသလို အကြံပြုသည်။

“ အဲဒါက ကိစ္စမရှိဘူးကွ၊ သူ့ဆိုင်က လမ်းလေးဆုံမှာ ရှိနေတော့ မျက်နှာချင်းဆိုင်မှာ က ဂိတ်ရှိတယ်၊ ပတ်ပတ်လည်မှာ ကလည်း ကွမ်းယာဆိုင်တွေ နည်းနည်း နောနော မဟုတ်ဘူး၊ ငါ့စိတ် ထဲမှာ ငါ့ကိုစောင့်ပြီး ၀ိုင်းကြည့်နေကြသလိုမျိုး လိပ်ပြာမလုံဘူးကွာ ”

ကျွန်တော့် စကားအဆုံးမှာ လင်းနောင်က ရယ်သည်။ ပြီး

“ အေးပေါ့ … မင်းသာ သူလိုကိုယ်လို သာမန်အရပ်သားဆိုရင်လည်း သူတို့အနေနဲ့ သတိ ထားမိချင်မှ ထားမိမှာ ပေါ့၊ ဘာပဲပြောပြော မင်းရဲ့ အနေအထားက အရမ်းကြီး နာမည် မကြီးရင် တောင်မှ လူမသိသူမသိလည်းမဟုတ်တော့ တစ်ယောက် မဟုတ် တစ်ယောက် ကတော့ သိနေမှာ ပဲ၊ ဒီတော့ မင်း ငွေရည်ဖူးကို သွားပတ်တာ ခေါက်ရေစိတ်လာတာနဲ့အမျှ သူတို့လည်း ရိပ်မိလာပြီး စောင့်ကြည့်တာမျိုး မဟုတ်ရင်တောင် အမှတ်မထင်တော့ သတိထားမိလာမှာ အမှန်ပဲ ”

ဟု ဆိုသည်။

“ အေးကွာ … ကြည့်ရတာ ငါတော့ အောင်သွယ်ပဲ အားကိုးရတော့မယ်ထင်တယ်၊ ခက် တာက ငါကလည်း နန်းဟွမ်ခမ်းတို့၊ နှင်းဖြူဖြူအေးတို့နဲ့က သိပ်ခင်တာမဟုတ်ဘူး ”

ကျွန်တော့် စကားအဆုံးမှာ ကျော်ဝဏက

“ အဲဒါကို ငါ့ကိစ္စလို့သဘောထား၊ အဲဒီ အပိုင်းက ပြဿနာမရှိဘူး၊ မင်းသာ ဟိုဘက်ကို မျက်နှာများများ ပြပြီး ရင်းနှီးအောင် အရင်လုပ်ထား ”

ဟု ဆိုသည်။

“ တစ်ဖက်မှာ လည်း နန်းဟွမ်ခမ်းတို့နဲ့ ဒီကောင့်ကို ပိုရင်းနှီးအောင် မကြာခဏ ဆုံပေးမှ ဖြစ်မယ် ”

လင်းနောင်က ကျော်ဝဏကိုဆိုသည်။

“ အင်း … ငါ့အ ဖြစ်က အရပ်ကူပါလူဝိုင်းပါဆိုသလို ဖြစ်နေပြီ ”

ဟက်ခနဲ ရယ်ရင်းဆိုသော ကျွန်တော့် စကားကို ဒီလိုပဲပေါ့ကွာဟု ကျော်ဝဏက ဆိုသည်။

“ နန်းဟွမ်ခမ်းပြောသလိုပဲ ငွေရည်ဖူးကိုကြည့်ရတာ အေးတိအေးစက်နဲ့ တော် တော် ကြီး ကြိုးစားရမဲ့ပုံပဲကွ ”

ကျွန်တော် သက်ပြင်းချရင်း ဆိုသော စကားအဆုံးမှာ လင်းနောင်က …

“ ရခဲမှဥစ္စာ၊ တတ်ခဲမှပညာတဲ့ကွ၊ လိုက်ရတာ ခဏလေးနဲ့ဆို ပျင်းစရာကြီး ”

ဟု မှတ်ချက်ချသည်။ ဘာရမယ်မဟုတ် ကျွန်တော် သက်ပြင်းကိုသာ ခပ်ကြမ်းကြမ်းချ ဖြစ် သည်။

* * * * ** * * * *







ဝန်ဇင်းချစ်သူများ ပြည့်ပိုင်မှူးအိမ် ၏ “ ကျွန်တော်သည် အချစ်တစ်ကောင်ဖြစ်သည် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘဝများ

မိုးရထားပေါ်က လက်ပြတဲ့ကောင်မလေး

အချစ်ကို ကြက်ချေ မခတ်ကြေး