Cover

(နိဒါန်း)

‘မဂန္ဓာရီ နော်. . .’

ဆောင်က ရှေ့ဘက်သို့ ၀ဲဖြာကျလာသော ဆံပင်ရှည်ထူထူကြီးများ ကို နောက်သို့ တွန်းပို့ လိုက်ပြီး ထိုမိန်းမကို ငုံ့ကြည့်မေးလိုက်သည်။ ယခုအချိန်မှာ အင်းလျားကန်စောင်းမှ အာပူလျှာပူ ဆိုင် ခုံပုပုလေးမှာ သူမက ထိုင်နေချိန် ဖြစ်၍ ဆောင်က မတ်တပ်ရပ် အနေအထားမို့ ဆောင်က အထက်စီးနင်းငုံ့ကြည့်နေရသဖြင့် ဆောင် အလွန်ကျေနပ်သွားသည်။

ခပ်လှမ်းလှမ်းကခုံမှာ ၀င်းဝါနှင့် မေမေမိုးက ဆောင်တို့နှစ် ယောက် ရဲ့ အခြေအနေ ပွဲကောင်း ပွဲလှကို စောင့်ကြည့်နေလိမ့်မည် ။

‘ဟုတ်တယ်လေ. . . ဘာကိစ္စရှိလို့လဲ. . .’

အင်းလျားကန်စောင်းမှာ တစ်ယောက် တည်း မုန့်ထိုင်စားကာ ပတ်ဝန်းကျင်ကို လုံးဝဂရု မစိုက်သည့် မျက်နှာဖြင့် မော့်ချီနေသော ထိုအမျိုးသမီးက ဖြေသည်။ အသံမှာ ခပ်မာမာအစားထဲ က ဖြစ်သည်။ အင်းလေ. . . ဤမျှ အလှဂုဏ်သတင်း ကျော်ကြားပျံ့နှံ့နေသော အမျိုးသမီးတစ် ယောက် ဤမျှ ကိန်းကြီးခမ်းကြီးနိုင်ပြီး မောက်မာတင်းထန်နေတာ အံ့သြစရာတော့ မရှိပါ။

‘မဂန္ဓာရီနဲ့ ဆွေးနွေးစရာရှိလို့. . .’

‘ဘာကိစ္စလဲ. . .’

ဆောင်က ခုံပုကလေးမှာ ၀င်ထိုင်ပြီး မျက်နှာချင်းဆိုင်ကာ စိုက်ကြည့်လိုက်သည်။ အလို. . ဆောင့် တစ်သက်မှာ ဒီလောက် အပြစ်အနာအဆာကင်းပြီး ထူးခြားစွာ ချောမောလှပဆွဲဆောင်မှု ရှိလှသော မိန်းကလေးကို ဤတစ်ကြိမ်သာ တွေ့ ဖူးသေးကြောင်း ၀န်မခံ၍ မ ဖြစ်တော့ချေ။ ဖန်လံး နှင့် သာ ပတ်သက်မဆေနနှင့် ဆောင် အလွန်အမင်း ချီးမွမ်းသဘောကျမိမည့်  အမိုက်စား အမျိုး သမီးလေးတစ်ဦးပေါ့။ လှလိုက်တာ၊ လှလိုက်တာများ လက်ဖျားတခါခါနှင့် မိန်းမချောတွေ မြင်တိုင်း အငမ်းမရ သဘောကျချစ်ခင်လေ့ရှိသည့် ဆောင့်ကို ယခု ထိုမိန်းမ၏ အလှက ရက်စက်စွာ ဖြား ယောင်းထားသော်လည်း ဆောင် မခင်မင်မိ။ စိတ်ထဲမှာ ပို၍ နောက်ကျိ မှု န်မှိုင်းသွားပြီး ရင်ထဲမှာ ပူပင်သော ကတွေ ၊ စိုးရိမ် ၀န်တိုမှု တွေ သာ တရိပ်ရိပ်တိုးလာခဲ့သည်။

ထိုမိန်းမ၏ ရက်စက်သော ၊ အငြှိုးကြီးသော ၊ မာနကြီးသော မျက်လုံးနက်နက်များ က မြင်ရ သူတိုင်း အသက်ရှူမှားလောက်အောင် စွဲဆောင်ညှို့ယူနိုင်စွမ်း ရှိသည်တဲ့။ ဒါဆို ဖန်လုံးကရော. . .

‘ကြည့်လှချည်လား. . . ဆွေးနွေးစရာရှိတယ်ဆို. . .’

‘အင်း. . . ဟုတ်တယ်၊ ဖန်ဝေန်းကိစ္စပါ. . .’

ထိုအမည် ကို ကြားသာအခါ သူမက လှပစွာ ပြုံးလိုက်လေသည်။ သို့သော်. . . မုန့်စား မပျက်။

‘ကောင်းပြီ. . . ပြောပေါ့. . .’

‘တို့ ရှင်းရှင်းပဲ ပြောမယ်၊ တို့ဟာ ဖန်နေ၀န်းရဲ့ ချစ်သူ ဆောင်တော် ကူးဆိုတာပဲ. . .’

‘အဲဒီ တော့. . .’

သူမက စိတ်ခေါ်သော မျက်လုံးဖြင့် မထီတရီကြည့်ကာ ပြောသည်။ ဆောင် စိတ်ပျက်သွား သည်။ ဆောင် သယ်ဆောင်လာသော ကိစ္စသည် ထိုစရိုက်လက္ခဏာမျိုးနှင့် မိန်းမ တစ်ယောက် အတွက် အလေးအနက်ထားစရာ မဟုတ်ပါလား။

သူ တွဲ နေသော ယောက်ျား တစ်ယောက် ရဲ့ ချစ်သူက လာရောက်ဆွေးနွေးခြင်းကို သူက တုန်လှုပ်ဟန်လည်း မပြ။ ရှက်ရကောင်းမှန်းလည်း သိပုံမရဘဲ ဆောင့်ကို အထင်သေးသော မျက်လုံးများ ဖြင့် လှောင်ပြုံး ပြုံးပြနေသည်။ ဘယ်လောက်သိနားလည်ရခက်တဲ့ မိန်းမလဲ။

‘အဲဒီ တော့လို့ မေးနေစရာ ဘာမှမရှိဘူး မဂန္ဓာရီ၊ တို့နဲ့ ဖန်နေ၀န်းဟာ ချစ်သူတွေ ပါလို့ ပြောပြီးပြီပဲ၊ ဘာလုပ်ရမလဲဆိုတာကို မဂန္ဓာရီ သီမှာ ပေါ့’

‘ဘာလို့ သိရမှာ မှာ လဲ ဆောင်တော် ကူးရယ်၊ ယူ့ဘက်က ကြည့်ရင်. . . ‘နေ’ ဟာ ယူ့ချစ်သူ ပေါ့၊ ကိုယ့်ဘက်ကကြည့်ရင် ‘နေ’ ဟာ ကိုယ့်ချစ်သူပေါ့. . .’

‘ဘာ. . .’

ဆောင့်မျက်နှာမှာ ဒေါသဖြင့် ပူခနဲ ဖြစ်သွားကာ နီရဲသွားသည်။ ဆောင် လာခဲ့တာဟာ ဖန်လုံးကို သူမက ရှောင်ပေးဖို့ ပြောရန် ဖြစ်သည်။ မိန်းကလေးချင်း ဒီလိုကိစ္စမျိုးကို ဆောင် ရုတ် တရက် ပြောမထွက်ခဲ့။ သို့သော် ဆောင် အရဲစွန့်၍ သတ္တိမွေးကာ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ဒီရောက်တော့ ဆောင် မမျှော်လင့်သော ကြိုဆိုမှု နှင့် တုံ့ပြန်မှု ကို ဆောင်က ဖန်လုံးလို့ ချစ်မြတ် တနိုးခေါ်နေတဲ့ ဖန်နေ၀န်းဆိုတဲ့ ဆောင့်ချစ်သူကို တခြားအမျိုးသမီး တစ်ယောက် ‘နေ’ ဟု ရဲတင်း ပိုင်နိုင်လှစွာ ခေါ်ဝေါ်သုံးစွဲနေလိမ့်မည် ဟု ဆောင် မမျှော်လင့်ခဲ့ပါ။

‘ဒီမှာ မဂန္ဓာရီ၊ ဆောင်နဲ့ ဖန်လုံးဟာ နှစ် ဦးသဘောတူ ချစ်ခဲ့ကြတာ ကြာလှပြီ၊ နောက်တစ် ယောက် ရှိနေတယ်လို့လဲ ဖန်လုံးက တစ်ခါမှ မပြောခဲ့ဖူးဘူး၊ ပြီးတော့ ဖန်လုံးက တို့ကိုပဲ ချစ်တယ် လို့. . .’

ဆောင့်စကားကို သူမက လက်ဝါးကာပြလျက် ဖြတ်ချလိုက်ကာ. . .

‘တို့ကိုလဲ နေက ယူ့နာမည် တစ်ခါမှ ပြောမပြခဲ့ဖူးဘူး၊ ယူ့နာမည် ကို ကိုယ် အခုမှ ကြားဖူး တာ’

‘အဲဒီ လောက် အရှက်ကင်းမဲ့စွာ လိမ်မနေစမ်းပါနဲ့ မဂန္ဓာရီ၊ ဖန်နေ၀န်းရဲ့ ချစ်သူဟာ အမ်စီ က ဆောင်တော် ကူးဆိုတာ လူတိုင်း သိကြပါတယ်. . .’

‘ဟင့်အင်း. . . ကိုယ်တော့ အခုမှ ကြားဖူးတာ အမှန်ပဲ. . .’

ဟင်. . . ဘယ်လိုအမျိုးသမီးပါလိမ့်။ ဆောင် ဒေါသဖြင့် ရင်ခုန်လာသည်။ ဖန်လုံး ဆောင့် ကို ဘယ်လောက်ထိ ချစ်မြတ်နိုးတယ်ဆိုတာကို ဆောင် အသိဆုံးပင်။ ဖန်လုံးဟာ ငါးရံ့နှစ် ကောင် ဖမ်းနေတယ်ဆိုတဲ့ ပုံစံမျိုး။ သူမက ပြောနေတာ ဘယ်လောက် ခံပြင်းစရာ ကောင်းသလဲ။

‘ကောင်းပြီလေ. . . ဒါဆို တို့ မနက်ဖြန် ဖန်လုံးကို ခေါ်လာပြီး သူ့ချစ်သူဟာ တို့ပါဆိုပြီး မဂန္ဓာရီနဲ့ မိတ်ဆက်ခိုင်းမယ်ဆိုရင် ယုံတယ်မဟုတ်လား. . .’

‘ကဲပါလေ. . . ထားပါတော့၊ ယူ ပြောတာကို ကိုယ် ယုံပြီပဲ ထားပါတော့၊ အဲဒီ တော့ ယူက ဘာ ဖြစ်ချင်လို့လဲ’

‘ရှင်းရှင်းလေးပဲ၊ တို့ချစ်သူနဲ့ မဂန္ဓာရီ အရမ်းတွဲ နေတယ်လို့ သတင်း ဖြစ်နေတယ်၊ မဂန္ဓာရီ က နာမည် ကြီးဆိုတော့ သတင်းက ပိုပြန့်ပြီး အမျိးမျိုးကြားနေရတယ်၊ ဖန်လုံးကိုမေးတော့ သူက မဟုတ်ပါဘူးတဲ့၊ တို့ တစ်ယောက် တည်းကိုပဲ သူ ချစ်တာလို့ ပြောတယ်၊ မဂန္ဓာရီကသာ အတင်း ခင်မင်နေလို့ သူ့ဘက်က အားတုံ့အားနာနဲ့ ဆက်ဆံနေရတာ ပါလို့ ပြောတယ်၊ အဲ့ဒါ မဂန္ဓာရီဘက်က ရှောင်ပေးဖို့ပါ. . .’

‘အဓိပ္ပာယ်မရှိတာ. . .’

သူမက ခပ်တိုးတိုးရေရွတ်ကာ ဆောင့်ကို စူးစူးရှရှစိုက်ကြည့်နေသည်။ ပြီးတော့ ဒေါသ တကြီးဖြင့် . . .

‘ယူ ပြန်တော့. . . အဲဒီ စကားမျိုးပြောဖို့ဆိုရင် ယူပြန်ဖို့ကောင်းပြီ၊ ကိုယ့်ကို ဒီလောက်ထိ လာပြောတာဟာ စော်ကားတာပဲ၊ ကိုယ့်လို မိန်းမ တစ်ယောက် ကို ယူ ဘာမှ လာတားပိုင်ခွင့်မရှိ ဘူးဆိုတာ နားလည်ထားပါ၊ ဒါ ကိုယ့်ရဲ့ ကိုယ်ရေး ကိုယ်တာကိစ္စပဲ၊ ယောက်ျား တစ်ယောက် ကို ကိုယ့်စိတ်တိုင်းကျ ချစ်ပိုင်ခွင့်အပြည့်အ၀ရှိတယ် ဆောင်တော် ကူး. . .’

‘ဒါပေမယ့် အဲဒီ ယောက်ျားမှာ ချစ်သူရှိနေတာပဲ. . .’

‘ချစ်သူရှိနေတာပဲ၊ လက်ထပ်ပြီးသားမိန်းမ ရှိနေတာမှ မဟုတ်တာ. . .’

အို. . . ပြောရဆိုရ လက်ပေါက်ကတ်လှချည်လား။ ဆောင် ဘာပြောရမှန်းမသိအောင် မျက်လုံးပြူးလျက် ဒေါသထွက်လာသည်။ ဆောင် ဒေါသကို ချုပ်ထိန်းပြီး နောက်ဆုံးအနေနှင့် . . .

‘ဘာပဲ ဖြစ် ဖြစ် ဖန်နေ၀န်းကို မဂန္ဓာရီ ဆက်တွဲ မနေပါနဲ့. . . ဒါ နောက်ဆုံးသတိပေးခြင်းပဲ. .’

‘အို. . . ကြောက်စရာပါလား၊ ဆက်တွဲ နေတော့ကော ယူက ဘာလုပ်ချင်သလဲ. . .’

‘ဒါပဲလုပ်ချင်တယ်. . .’

ဆောင် ဘယ်လိုမှ ထိန်းမရတော့။ ဒေါသဖြင့် တဆတ်ဆတ်တုန်နေသော ဆောင့်လက်ဝါး က မခိုးမခန့်မျက်နှာထားနှင့် ရှိနေသော သူမ၏ ပါးကို ဖြန်းခနဲ ရိုက်ချလိုက်မိတော့သည်။

ဆောင့်ရင်ထဲက သူမကို ရိုင်းစိုင်းစွာ မုန်းတီးသွားသည်။ မထင်မှတ်သော ကြောင့် သူမ မျက်နှာ လည်ထွက်သွားပြီး ဆက်ဆတ်ခါသွားလေသည်။

ဆောင် ကြောင်ကြည့်နေဆဲ သူမက ဒေါသတကြီး အံကြိတ်ကာ ဆောင့်မျက်နှာကို ဖြန်းခနဲ ပြန်ရိုက်ပစ်လိုက်သော ကြောင့် ဆောင့်မျက်လုံးများ ပြာဝေမီးပွင့်သွားရသည်။

သူမက မီးဝင်းဝင်းတောက်နေသော မျက်လုံးများ ဖြင့် ဆောင့်ကို လက်ညှိုးငေါက်ငေါက်ထိုး ကာ ဒေါသတကြီးအသံဖြင့် . . .

‘ဒီမှာ ကိုယ့်ကို ဘယ်သူမှ ကျောလို့မရဘူး မှတ်ထား. . . ကိုယ့်ပါးကို တစ်ချက်ရိုက်ရင် ကိုယ်က နှစ် ချက်ပြန်ရိုက်ရမှ ကျေနပ်တယ်၊ ဒီတစ်ချက် ကတော့ ကျေပြီ၊ နောက်တစ်ချက် ကတော့ ယူ့ပါးကို မရိုက်ချင်ဘူး၊ ယူ့နှလုံးသားကို ရိုက်ပြမယ် ရှင်းရဲ့ လား၊ ယူ့ချစ်သူပါလို့ မဏ္ဍပ်တိုင် လာ တက်ပြနေတဲ့ ယူ့ရဲ့ ဖန်နေ၀န်းကို ကိုယ်ရအောင် ယူပြမယ် စောင့်ကြည့်ထား’

ဆောင် နောက်သို့ယိုင်ကျမသွားအောင် ထိန်းလိုက်ရသည်။ အငြှိုးကြီးသော ၊ ရက်စက် သော မိန်းမ တစ်ယောက် ၏ မာနကို ဆောင် ရိုက်နှိုင်းလိုက်မိပြီ။ ထိုအ ဖြစ်အပျက်တို့အတွက် ဆောင် နောင်တရမိသလိုရှိသော်လည်း အရာရာမှာ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

သူမက ဆောင့်ကို အစိမ်းလိုက် ကိုက်စားပစ်ချင်သော မုန်းတီးစက်ဆုပ်သည့် မျက်ဝန်းများ ဖြင့် စိမ်းနေအောင်ကြည့်လျက် အံကြိတ်ထားသည်။ ဆောင် မတ်တတ်ထရပ်လိုက်ကာ မျက်နှာ ကို လက်ဝါးနှစ် ဖက်ဖြင့် အုပ်ကာ ချာခနဲ လှည့်ထွက်ပြေးလာခဲ့မိသည်။

ခပ်လှမ်းလှမ်းမှ စောင့်ကြည့်နေရာမှ စိုးရိမ်တကြီးရောက်လာကြသော ၀င်းဝါနှင့် မေမေမိုး တို့က ဆောင့်ကို တစ်ဖက်တစ်ချက်မှ ၀င်တွဲ ဖက်လိုက်ကာ ဒေါသတွေ တရှူးရှူးထွက်နေကြသည်။

‘နင် ဘာလို့ ထွက်လာရတာ လဲ ဆောင်၊ ပြန်ရိုက်ခဲ့ပါလားဟင်၊ ငါတို့ ဒီဘက်ကနေ ဖြန်းခနဲ တောင်ကြားလိုက်ရတယ်၊ သူများ ချစ်သူကိုလဲ လုသေးတယ်၊ သူကပဲ စော်ကားလွှတ်လိုက်သေး တယ်၊ တောက်. . . အတော် ရိုင်းတဲ့ မိန်းမ. . .’

‘ငါ ခဲနဲ့ ပေါက်ပြေးလိုက်ရ. . .’

မေမေမိုးက စူပွပွပြောပြီး မျက်ရည်ကျလာသော ဆောင့်ကို မျက်ရည်လှမ်းသုတ်ပေးသည်။ ဆောင်က ခေါင်းငုံ့ရှောင်လိုက်ပြီး. . .

‘ငါ ဒေါသ ဖြစ်လွန်းလို့ မျက်ရည်က သူ့အလိုလိုကျတာ မေမိုး. . . ငိုတာမဟုတ်ဘူး၊ ငါ မငို ဘူး၊ ဒီလို တန်ဖိုးမရှိတဲ့ မိန်းမ တစ်ယောက် ကြောင့် ငါ ငိုရတယ်ဆိုရင် ငါ့ရာဇ၀င် ရိုင်းသွားမှာ ပေါ့၊ ဒေါသထွက်လွန်းလို့. . . ရှက်လွန်းလို့ပါ၊ ဘာကြောင့် ငါ ဒီလိုအ ဖြစ်ခံရတာ လဲ၊ ဒီမိန်းမကို လာတွေ့  ပြောမိတာကိုက မှားတာ. . .’

ဆောင် ကားပေါ်တက်ထိုင်ပြီး ကားစက်မနှိုးသေးဘဲ. . . ထို မိန်းမကို လှမ်းကြည့် လိုက်သည်။ ဆောင်တို့ကို သူမက ကျောခိုင်းထားကာ ခပ်မော့မော့ကြော့ကြော့ ပုံစံမပျက်။ ဆောင် တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။

‘အမှန်ဆို ငါ့ချစ်သူ ဖန်လုံးကိုပဲ ငါ နိုင်အောင်ထိန်းရမှာ ၊ ဘယ်သူ့ကိုမှ လူမထင်တတ်တဲ့ အဲဒီ မိန်းမကို ငါ လာတွေ့ စရာ မရှိဘူး၊ ငါ့အမှားပဲ. . . ငါ့အမှားပဲ. . .’

‘နင် မမှားပါဘူး မိဆောင်ရယ်၊ ဖန်လုံးက အလွန်အကျွံအားနာတတ်တာ အားလုံးအသိပဲ၊ မိန်းကလေးဆို အမြဲဦးစားပေးတတ်တာ၊ နင် ဘယ်လောက်ထိန်းထိန်း ဟိုမိန်းမ အတင်းကပ်နေ သရွေ့ ဖန်လုံးက အားနာပြီး တွဲ နေရဦးမှာ ပဲ. . .’

‘ဒါဆို ဘယ်သူ့အမှားလဲ မေမိုး၊ အားနာတတ်လွန်းတဲ့ ဖန်လုံးရဲ့ အမှားလား. . .’

‘မဟုတ်ဘူး. . . ဖန်လုံးဘက်ကလဲ ရှင်းတယ်၊ နင်မှ နင်ပဲ၊ နင့်ကို သူ သိပ်ချစ်တာ ငါတို့ အားလုံးအသိပဲ၊ ဒီအခြေအနေကို ကြားဝင်ပြီး ပွဲကြမ်းလိုက်တဲ့ အဲ့ဒီမိန်မ မှားတာ. . .’

‘ငါ သူ့ကို ပါးရိုက်ပစ်ခဲ့မိတာကော. . .’

ဆောင်က မျက်ရည်တွေ ကို ခပ်ကြမ်းကြမ်းပွတ်သုတ်ပစ်ရင်း မေးလိုက်သည်။

‘ငါ ပြောပါရော၊ နောက်တစ်ချက် နင် ပြန်ချပစ်သင့်တာပါဆိုနေမှ. . . နင်က သူ့ထက် အသာစီးမှာ နေရမှာ ၊ ဖန်လုံးရဲ့ အချစ်ကို နင်ရထားတာ၊ သူ ရထားတာတာမှ မဟုတ်ဘဲ၊ ဖန်လုံးကို အတင်းဖြားယောင်းသွေးဆောင်နေတဲ့အပြစ်အတွက် နင် သူ့ကို ရိုက်ကိုရိုက်ခွင့်ရှိတယ်၊ ဒါပေမယ့် သူက နင့်ကို ဘာလို့ပြန်ရိုက်ရတာ လဲ၊ နင်က ဘာလို့ ပြေးထွက်ခဲ့ရတာ လဲ၊ ပွဲက သိမ်းခါနီး မှ နင် ရှုံးသွားတာ. . .’

‘ဘာ. . . ငါ ရှုံးသွားတယ်. . .’

ဆောင် တအံ့တသြ မေးလိုက်သည်။ ထိုမိန်းမ ကြုံးဝါးခဲ့သော စကားသံက ဆောင့်နားထဲ ကန့်လန့်ဖြတ် တိုက်ဝင်လာခဲ့ပြီး စူးစူးရဲရဲပဲ့တင်ရိုက်ခတ်သွားတော့သည်။

‘ကိုယ့်ပါးကို တစ်ချက်ရိုက်ရရင် ကိုယ်က နှစ် ချက် ပြန်ရိုက်ရမှ ကျေနပ်မယ်၊ ဒီတစ်ချက် ကတော့ ကျေပြီ၊ နောက်တစ်ချက် ကတော့ ယူ့ပါကို မရိုက်ဘူး၊ ယူ့နှလုံးသားကို ရိုက်ပြမယ်၊ ရှင်း လား. . . ယူ့ချစ်သူပါလို့ မဏ္ဍပ်တိုင် တက်ပြနေတဲ့ ယူ့ရဲ့ ဖန်နေ၀န်းကို ကိုယ်ရအောင် ယူပြမယ်၊ စောင့်ကြည့်ထား. . .’

ဆောင် နားနှစ် ဖက်ကို ကမန်းကတန်းပိတ်ပစ်လိုက်သည်။ ဆောင် ရှုံးသလား၊ ဆောင် ရှုံးခဲ့ သလား။ ဆောင် ရူးသွပ်စွာ ပြန်တွေးကြည့်သည်။ ဆောင် ဘယ်လိုမှ ပြင်မရတော့သော အမှား အယွင်းတစ်ခုကို ကျူးလွန်ခဲ့မိသည့် အ ဖြစ်အပျက်ကို ဆောင် မမေ့တော့။

ထိုအ ဖြစ်အပျက်များ သည် ဆောင့်ဘ၀အတွက် နိမိတ်ပုံများ ဖြစ်မလာပါစေနှင့် ဟု ထိုနေ့မှ စ၍ ထိုမိန်းမ၏ အငြှိုးကြီးသော ၊ အဆိပ်ပြင်းသော ၊ အလွန်တရာ လှပချောမောသော မျက်နှာက ဆောင့်ကို ခြောက်လှန့်နှိပ်စက်ခဲ့တော့သည်။

* * * * *


အခန်း (၁)

သူမ၏ ဖမ်းစားနိုင်လွန်းသော အလှသတင်းသည် တက္ကသိုလ်နယ်မြေပေါင်းစုံတွင် ရေပန်း စား ကျော်ကြားနေခဲ့သည်။ သူမ၏ အမည် မှာ ဂန္ဓာရီတဲ့။

မေဂျာတစ်ခုတည်း၊ ဆက်ရှင်တစ်ခုတည်း ဖြစ်ပြီး သူမကို သူ သတိမထားခဲ့မိလောက် အောင် ညံ့ဖျင်းခဲ့ကြောင်းကိုတော့ သူ ၀န်ခံရမည် ။

သူ့မှာ အရပ်အလွန်မြင့်ပြီး ဆံပင်အလွန်ရှည်သော ချစ်သူ တစ်ယောက် ရှိနေရုံဖြင့် သူက တစ်လောကလုံးမှ မိန်းကလေးများ ကို မေ့လျော့ထားလိုက်သည်။ အလွန်လှပချောမောသော မိန်းကလေး တစ်ယောက် ကိုပင် သူက အမှတ်တမဲ့ထက်မပိုသော အကြည့်ဖြင့် ဆက်ဆံတတ်ပါ သည်။

သို့သော် သူ့မှာ ရှိသော အလွန်ဆိုးရွားသည့် ချွတ်ယွင်းချက်မှာ အားနာတတ်လွန်းမှု ဖြစ်လေ သည်။ သူ့ရဲ့ အားနာမှု လွန်ကဲမှု ကြောင့် သူ မကြာခဏ ဒုက္ခရောက်ခဲ့ဖူးသည်။

သို့သော်လည်း သူ မမှတ်။ အမြဲ အားနာနေတတ်သော ကြောင့် သူ့ချစ်သူ ဆောင်တော် ကူး က အမြဲ ဆူပူကြိမ်းမောင်း၊ ဆွဲဆိတ်၊ ကုတ်ဖဲ့၊ ရိုက်ပုတ်၊ နားရွက်ဆွဲတာကို သူ ခံရလေ့ရှိသည်။ သို့သော်လည်း သူ့ရဲ့ အားနာတတ်သော အကျင့်က မပျောက်ပါ။

ထိုနေ့က သူနှင့် အတူ သူငယ်ချင်းနှစ် ယောက် လက်ဖက်ရည်ဆိုင်မှာ ထိုင်နေခဲ့ကြသည်။ ထက်မြက်က စ၍ . . .

‘ဒီနှစ် အီကိုကွင်းက ငါတို့ ဆက်ရှက်ကကွ၊ ဂန္ဓာရီတဲ့၊ ယောက်ျားတွေ သေလုမျောပါး ဖြစ် အောင်ကို လှတာကွာ၊ အလွန်လှတာ၊ ဒီလောက်လှတဲ့ အမျိုးသမီးကို ငါ တစ်ခါမှ မတွေ့ ဖူးသေး ဘူး. . .’

‘ဟာ. . . ဒီကောင် ပိုပြီ. . .’

သူက စီးကရက်ကို တောက်ထုတ်လျက် မဲ့ရွဲ့ကာ ပြောသည်။ ထက်မြက်က ဆတ်ဆတ်ခါ နာသွားဟန်ဖြင့် . . .

‘ဟေ့ကောင်. . . မင်း မမြင်ဖူးသေးရင် ပါးစပ်ပိတ်ထား၊ လူတိုင်းက ဒီလောက်ပြောနေကြ တာ၊ ဂန္ဓာရီ့ကို ညှို့မင်းသမီးတဲ့၊ ညှို့အင်အား ကောင်းလို့တဲ့. . . မင်းက ဆရာဝင်ပြီး အတန်း ထက်ဝက်ကျိုးမှ ၀င်နေကျကောင်ဆိုတော့ ဘယ်သိမလဲ၊ နေ့တိုင်း အတန်းမတက်ခင်အချိန်ဆို ငါတို့ဆက်ရှင် ပွဲအစည်ဆုံးပဲ၊ ဂန္ဓာရီကို လာကြည့်ကြတာ၊ လူတွေ ကို ကြိတ်ကြိတ်တိုးပဲ’

သူက လက်ဖက်ရည်ကို အကုန်မော့လိုက်ပြီး မယုံကြည်သလို မေးလိုက်သည်။

‘ဟုတ်တယ် နေ၀န်း၊ တော် တော် ကို လှတာ. . .’

ကျော်အောင်ကပါ ၀င် ထောက်ခံနေတာမို့ သူက ပခုံးတွန့်လိုက်ပြီး. . .

‘အဲဒါဆိုလဲ ပြီးရောပေါ့. . .’

ဟု ပွဲသိမ်းစကား ပြောလိုက်သည်။

‘ဟေ့ကောင်. . . စိတ်မပါသလိုကြီးတော့ မပြောနဲ့ကွာ၊ ငါတို့ အီကိုကွင်း သိက္ခာကျတယ်၊ မင်း မယုံရင် လောင်းကြေးတစ်ခုခုထပ်၊ ဂန္ဓာရီကို မြင်ရင် မင်း ငေးမောသွားစေရမယ်. . . ဘယ်လို လဲ. . .’

‘ငါ မငေးမောရင်. . .’

‘လောင်းကြေး နှစ် ဆ ငါ ပြန်လျော်မယ်ကွာ. . .’

‘စိန်လိုက်လေ. . .’

သူက အင်္ကျီအိတ်၊ ဘောင်းဘီအိတ်ထဲက ရှိသမျှပိုက်ဆံတွေ ထုတ်ပြီး စားပွဲပေါ်တင်လိုက် သည်။ ထက်မြက်က ပိုက်ဆံတွေ ကို ရေကြည့်သည်။

‘သုံးရာ့ရှစ်ကျပ်၊ ကဲ. . . ဒီလောင်းကြေးဆို တော် ပြီလား. . .’

‘နေဦး. . . ဒါ့အပြင် ငါ ဂန္ဓာရီကို မငေးမောရင်. . .၊ မင်း ရှုံးရင်. . . မင်း ငါ့ကို အင်းလျား လမ်းမတစ်လျှောက် ကုန်းပိုးရမယ်၊ ဘယ့်နှယ်လဲ. . .’

‘အိုကေ. . . မင်းရှုံးရင် မင်း ငါ့ကို ကုန်းပိုးရမယ်နော်၊ ဟေ့ကောင် ကျော်အောင်၊ မင်းက ဒိုင် လူကြီး ကြားတယ်နော်. . . လောင်းကြေးကို. . .’

ကျော်အောင်က ပြုံးရယ်လျက် ခေါင်းညိတ်ပြသည်။ ဤသို့ဖြင့် သူတို့သုံးယောက် အတန်း ဘက်သို့ လျှောက်လာခဲ့ကြသည်။

‘ဒီကောင်တော့ ညှို့ခံရမှာ မြင်ယောင်သေးတယ်. . .’

ထက်မြက်က မခံချင်စိတ်နှင့် ကြုံးဝါးနေသည်။ သူက နှုတ်ခမ်းကို မဲ့လျက် စီးကရက်ဖွာ မပျက်ဘဲ. . .

‘စောင့်ကြည့်လေ. . . မင်းရဲ့ ၀က်ဖင်ပါးစပ်ကို ပိပိရိရိ ပိတ်ထားစမ်း’

အထက်စီးနင်း ပြောလိုက်သည်။

သည်လိုနှင့် သူတို့ အတန်းရှေ့ရောက်လာကြသည်။ သူက သူ့ရဲ့ စိတ်ဓာတ်ကို စိတ်ချ ယုံကြည်ထားသည်။

ဂန္ဓာရီဟာ ဘယ်လောက်ပဲ လှနေပါစေ သူ တစ်ချက်ပဲကြည့်ပြီး ဆတ်ခနဲ မျက်နှာပြန်လွှဲ၊ ချာခနဲ ကျောခိုင်းဖို့ အသင့်ပြင်ထားသည်။ ဒါမှ သူ နိုင်မှာ ကိုး။

သူက အနိုင်ရဖို့ သက်သက်သာ ကြည့်ခဲ့ခြင်း ဖြစ်သည်။ သူ့ရဲ့ အပြုအမူက အင်မတန် မာနကြီးကာ ဘယ်သူ့အတင်စီးကိုမှ မခံတတ်သော မိန်းမ တစ်ယောက် ၏ ခံပြင်းမှု ကို ပုတ်နှိုးဆော့ ကစားခဲ့သလို ဖြစ်ခဲ့ကြောင်း သူ လုံးဝ မရိပ်မိခဲ့ပါ။

* * * * *


ထုံးစံအတိုင်း အခန်းဝမှာ လူတွေ စုံနေသဖြင့် ဂန္ဓာရီက ဘေးက ညို့ကို စကားလှမ်းပြော ရင်း ဝေ့ခနဲ လှမ်းကြည့်လိုက်မိသည်။

ထိုစဉ် လူအုပ်ကြားထဲကနေ အတင်းတိုးဖြတ်ဝင်ရောက်လာသော ယောက်ျားလေး သုံးယောက် အနက်မှ ထင်းခနဲ ဖြစ်နေသော အင်္ကျီအဖြူဆွတ်နှင့် လူ တစ်ယောက် က ဂန္ဓာရီ့ကို ဖျတ်ခနဲ တစ်ချက်စိုက်ကြည့်ကာ ဆတ်ခနဲ မျက်နှာလွှဲ ကျောခိုင်းထွက်သွားပုံကို မြင်လိုက်ရသည်။

‘ဟင်. . . ဒါ တမင်လုပ်သွားတာ. . .’

‘ဘာလုပ်သွားလို့လဲ. . .’

‘ကျွန်မကို လာကြည့်သွားပြီး မတူသလို မတန်သလို ချာခနဲ ပြန်လှည့်ထွက်သွားတယ်၊ အဲဒါက ဘာသဘောလဲ. . . ဒါ ကျွန်မကို သက်သက်ရန်စတာပဲ. . .’

သူမရဲ့ အလှတရားများ ကို ၀ပ်စင်းကိုးကွယ်နေကြသော ယောက်ျားများ ကိုသာ သူမ တွေ့ ခဲ့ဖူးသည်မို့ ထိုလူ၏ အပြုအမူက သူမ၏ မခံချင်စိတ်နှင့် မာနတို့ကို သရော်သွားသလို အောင့် သက်သက်ခံစားလိုက်ရသည်။

အရာရာမှာ စိတ်ပြန်လက်မြန်ရှိသူ ပီပီ. . . ပြီးတော့ သူတစ်ပါးလာစော်ကားသွားသည်ကို ငုံ့ခံလေ့မရှိဘဲ လက်တုံ့ပြန်ကလဲ့စကားချေတတ်သူ ပီပီ. . .

‘ထ. . . ညို. . . အဲဒီ လူနောက်လိုက်သွားပြီး တစ်ခုခု ပြန်လက်စားချေရအောင်. . .’

သူမက ဆတ်ခနဲ စိတ်လိုက်မာန်ပါ ထရပ်လိုက်သည်။ အင်မတန်ရိုးသားကာ ကြောက်တတ်သော ညိုက. . .

‘ဟယ်. . . မလုပ်ပါနဲ့ ဂန္ဓာရီရယ်၊ သည်းခံလိုက်စမ်းပါ. . .’

‘ထုံးစံမရှိဘူး ညို၊ ဂန္ဓာ့ရီကို ဘယ်သူမှ လာကျောလို့မရဘူး၊ သူများ မျက်စောင်းထိုး ကြည့်တာတောင်ခံခဲ့ဖူးတာ မဟုတ်ဘူး၊ လာပါ. . . ထစမ်းပါ. . .’

သူမတို့ အတန်းထဲမှ ထွက်လာခဲ့ကြသည်။ ရှေ့မှ စကားတပြောပြောနှင့် သွားနေသော သုံးယောက် ထဲမှ ဖြူလွသော အင်္ကျီဝတ်လူကို သူမ ချက်ချင်း မှတ်မိလိုက်သည်။

‘ကဲ. . . ဟေ့ကောင်ထက်မြက်၊ ငါ့ကို ကုန်းပိုးပေတော့. . . လာ. . . လာ. . . အင်းလျား လမ်းဘက်သွားမယ်. . .’

သူတို့က နောက်မှာ သူမတို့လိုက်လာတာကို မြင်ပုံမရသော ကြောင့် စကားတွေ ဖောင် ဖောင်ကြဲနေသည်။

‘ဟာကွာ. . . ခဏနေပါဦး၊ ဒီအချိန် လူရှုပ်တယ်ကွ. . .’

ပြောပြောဆိုဆို သူတို့က ကော်ရစ်ဒါ ထောင့်ချိုးတစ်ခုမှာ ရပ်လိုက်ကြပြီး. . .

‘ကဲ ဒါဆို နှစ် ဆ အရင်လျော်. . .’

ဟု ထိုအင်္ကျီအဖြူနဲ့လူက သူမတို့ဘက်ကို ကျောခိုင်းလျက် ပြောသည်။ သူမက ရုတ်တရက် အကြံရပြီး. . .

‘ညို ဟိုအင်္ကျီအဖြူနဲ့လူ တွေ့ လား၊ ကျွန်မကို သူနဲ့တိုက်မိအောင် တွန်းပေးစမ်းပါ. . .’

‘ဟေ. . . ဘာလုပ်မလို့လဲ. . .’

‘တွန်းသာ တွန်းလိုက်စမ်းပါ၊ ကျွန်မ ဘာလုပ်မလဲဆိုတာ ညို ကြည့်နေ၊ တွန်းလိုက်. . . တွန်းလိုက်. . .’

ညိုက ကြောင်အမ်းအမ်းနှင့် သူမကို တွန်းပေးလိုက်သည်။

သူမက ယိုင်နဲ့သွားသော ကိုယ်ကို အခွင့်ကောင်းယူပြီး အမေ့ဟု အော်လိုက်ကာ ထိုအင်္ကျီ အဖြူနှင့် လူ၏ ခြေထောက်ကို သူမ၏ ပဲန်ဆယ်လ်ဟီးလ်ချွန်ချွန်ဖြင့် တက်နင်းချလိုက်တော့သည်။

‘အား. . .’

သူက နာကျင့်စွာ အလန့်တကြားအော်လိုက်ပြီး တက်နင်းမိသွားသော ခြေထောက်ကို ကမန်းကတန်း ခုန်ရှောင်လိုက်သည်။ ထို့နောက် အမျိုးသမီးကို စိတ်ဆိုးစွာ ကြည့်လိုက်စဉ်. . .

‘ဆောရီးပဲနော်. . . သူ တွန်းလိုက်လို့ မိညိုကလဲ အတင်းတွန်းတာပဲဟာ. . . ဒီမှာ သူများ ကို ထိမိကုန်ပြီ. . .’

‘ဟင်. . . နင်ပဲ. . .’

ညို့အသံက တစ်ဝက်တပျက် ရပ်တန့်သွား၏ ။ ဂန္ဓာရီ၏ မျက်နှာရိပ်မှာ ကျေနပ်အောင်မြင် သော အရိပ်များ ဖုံးနေကာ နှုတ်ခမ်းကလေးပြုံးကော့နေသော ကြောင့် ဖြစ်သည်။

‘မတော် တဆဆိုရင်တော့ ရပါတယ်. . .’

သူက သူ့ကို သူမ တမင်တကာကြီး လာတက်နင်းတာကို သိလိုက်သော်လည်း တမင် တကာ လုပ်တာပါဟု မိန်းကလေး တစ်ယောက် ကို စွပ်စွဲရမှာ အားနာသော ကြောင့် ဘာမှ မပြော ဖြစ် တော့ပေ။

‘ဟာ. . . အဲဒါ ဂန္ဓာရီလေ. . .’

ဟု ဘေးက ထက်မြက်က အလန့်တကြားလေသံဖြင့် ပြောတော့မှ ဂန္ဓာရီမှန်း သူ သိရ သည်။

ခုနက သူ သေသေချာချာ မကြည့်မိခဲ့။ သူမ၏ မျက်ခုံးတွေ သည် အရင်းကစပြီး သန်စွမ်းစွာ ထူတန်းသွားညပီး အဖျားမှာ ထောင့်ချိုးတခုပုံစံ ကုပ်ကျသွားသည်။

အဲဒီ မျက်ခုံးထင်းထင်း ကုပ်ကျသွားပုံကပဲ သူမမျက်နှာကို အလွန်တရာ စွဲဆောင်မှု ရှိစေပြီး အနောက်တိုင်းဆန်ဆန် လှပသွားစေသည်။

သူမ၏ ချောမောလှပပုံမှာ မင်းသမီး ဘရွတ်ရှီးလ်တို့လို ထင်းခနဲ ဖြစ်နေစေပြီး အပြစ်အနာ အဆာရှာလို့ မတွေ့ ဘဲ တစိမ့်စိမ့်ထိုင်ငေးစွဲမက်နေချင်စရာ အလှမျိုး ဖြစ်သည်။

သို့သော်. . . မျက်လုံးတို့က သွေးအေးရက်စက်တတ်သူတွေ လို စူးရှပြောင်လက်ကာ တစ်ဖက်သားကို ထွင်းဖောက်မတတ်ကြည့်တတ်သော မျက်လုံးမျိုး ဖြစ်သည်။

ငြှိုးတေးတတ်မည့်  နှုတ်ခမ်းများ က ဖောင်းကြွနေသော်လည်း တင်းတင်းစေ့ထားသည်။

မြင်ရသူအမျိုးသားတိုင်း လှုပ်ရှားသွားအောင် နှလုံးသားတွေ ကို သိမ်းကျုံးလှုပ်ယမ်းနိုင်စွမ်း ရှိသော ညှို့အားကောင်းသည့် ညှို့မင်းသမီးတစ်ဦး ဖြစ်ကြောင်းကို သူ ၀န်မခံလို့မရတော့ချေ။

‘ခြေထောက်က သွေးနည်းနည်း စို့သွားတာပဲ၊ ကျွန်မ စိတ်မကောင်းပါဘူး၊ ဆေးထည့်လိုက် ပါဦးနော်. . .’

သူမက ပြောလိုက်ပြီး ဘ၀မှာ ပထမဆုံးအကြိမ် ယောက်ျားလေး တစ်ယောက် အတွက် စိတ်မကောင်း ဖြစ် နောင်တရသွားသည်။

ကြည့်စမ်း. . . ဘယ်လောက် ကြည်စင် အပြစ်ကင်းလိုက်တဲ့ ယောက်ျားလေးပါလိမ့်။ ဂန္ဓာရီ့ ပတ်ဝန်းကျင်မှာ လုံးဝမတွေ့ ဖူးသော ရိုးသားဖြောင့်မတ်သော ယောက်ျားတစ်ဦးကို သူမက ရက်စက်စွာ ဖိနပ်ချွန်ဖြင့် နင်းချမိခဲ့ပြီ။

ကြွေရောင် တောက်ကာ ဖြူလွနေသော ရှက်အင်္ကျီကြောင့် သူ့မျက်နှာလေးမှာ ပိုပိုရှင်းသန့်နု စင်နေညပီး အရည် တဖိတ်ဖိတ်ရွှန်းလဲ့နေသော မျက်လုံးဝိုင်းများ က စွဲမက်စရာ။ သူမက မျက်လုံး လှသော ယောက်ျားများ ကို အလွန်သဘောကျလေ့ရှိပါသည်။

‘ဟုတ်ကဲ့. . . ရပါတယ်. . .’

‘ကျွန်မ သွားလို့ ရပြီလား. . .၊ ဒါမှမဟုတ် တက္ကသိုလ်ဆေရုံကို လိုက်ပို့ပေးရမလား၊ ကျွန်မ မှာ ကားပါပါတယ်. . .’

‘ဟာ. . . နေပါစေ၊ ရပါတယ်. . .’

‘ဒါဆို ကျွန်မ ပြန်သွားမယ်. . .’

သူမက ပြောပြီး ပြန်လှည့်ထွက်လာခဲ့သည်။ ထိုနေ့မှစ၍ သူမ၏ ဘ၀တွင် အလွန်အရေး ပါ လာတော့မည့်  ယောက်ျား တစ်ယောက် ကို သူမ စတွေ့  စွဲလမ်းခဲ့ပြီ ဖြစ်ကြောင်း ဆန်းကြယ်စွာ သိရှိ လိုက်ရခြင်း ဖြစ်သည်။

* * * * *


‘ဒါက ဘယ်လို ဖြစ်ရတာ လဲ ဖန်လုံးရယ်၊ ရှင် ကတော့ နဲ့နဲ့၊ ဟို တစ်ယောက် က ချွေးသံရဲရဲနဲ့ သရုပ်ပျက်လိုက်တာ. . .’

ဆောင်တို့ ထမင်းစားချိန်မှာ ဖန်လုံးတို့ ကျောင်းကို ရောက်လာကြသည်။ ထက်မြက်က ရှုံ့မဲ့ကာ. . .

‘ဒီကောင့်ကို အင်းလျားလမ်းတစ်လျှောက် ကုန်းပိုးခဲ့ရပြီးမှ နင်တို့ဆီ ထွက်လာတာဟ၊ ခွေးကောင်ရဲ့ ကိုယ်ကလေးလိုက်တာ လွန်ရောပဲ. . .’

ဖန်လုံးက ဟား ဟား ဟု အော်ရယ်ပြီး ဆောင် ခွံ့ကျွေးစေဖို့ ပါးစပ်ဟပေးနေတာမို့ ဆောင် က ထမင်းတစ်ဇွန်းခွံ့လိုက်သည်။ ပြီးမှ မျက်မှော င်ကုပ်ကာ. . .

‘ဘာ ဖြစ်လို့ ဖန်လုံးကို ကုန်းပိုးရတာ လဲ၊ ရှင်တို့ပေါက်ကရတွေ ကစားနေကြတယ်ပေါ့လေ၊ ၊ ကလေးမဟုတ်သူငယ်မဟုတ်နဲ့. . .’

ဒိုင်လူကြီးလုပ်သော ကျော်အောင်က ၀င်၍ . . .

‘ထက်မြက် အချွန်နဲ့မတာကွာ၊ သူတို့နှစ် ယောက် အလောင်းအစားလုပ်ကြတာ ဒီကောင် ဒေါက်ဖိနပ်နဲ့. . .’

‘ဟာ. . . ဘာတွေ လျှောက်ပြောနေတာလဲ. . .’

သူက ကမန်းကတန်းဝင်၍ ပလုတ်ပလောင်းသံဖြင့် လှမ်းတားရသည်။

အလွန်သ၀န်တိုတတ်သော ဆောင်တော် ကူးသည် ထိုအ ဖြစ်မှန်ကို သိလျှင် အနည်းဆုံး သူ့ကို ဗိုက်ခေါက်လိမ်ဆွဲပစ်လိမ့်မည် ။

‘ဒီလိုပါ ဆောင်ရာ၊ မနေ့ညက ကိုယ်နဲ့ ထက်မြက် မအိပ်ဘဲ ဘယ်လောက်ကြာကြာနေမလဲ လောင်ကြတယ်ကွာ. . . ဒီကောင် ရှုံးသွားလို့ ဒီနေ့မနက် ကိုယ့်ကို ဒီကောင် ကုန်းပိုးရတာ ပါ၊ ဟဲ. . ဟဲ. . . ဟဲ. . .’

‘အံမယ်. . . ဘာ ဟဲဟဲ လဲ၊ ဒေါက်ဖိနပ်ဆိုတာ ကြားလိုက်ပါသေးတယ်၊ အဲဒါက ဘာလဲ. .’

ဆောင်က တရားခံကို စစ်သလို စစ်နေတာမို့ ၀င်းဝါနှင့် မေမေမိုးက ထမင်းသီးမတတ် ရယ် မောနေကြသည်။

ထက်မြက်က ကိုယ့်ကိစ္စကိုယ်ရှင်းဟေ့ ဟု အော်ပြောကာ ကဲန်တင်းထဲသွားပြီး အအေး သွားမှာ နေတော့သည်။

‘ဆောင်ကလဲ အင်မတန် နားပါးလိုက်တာကွာ. . . ဒီနေ့ ဇူး ပရက်တီကယ်ရှိတယ် မဟုတ် လား၊ ဘာခွဲရမျာလဲဟင်. . . ၀က်လား၊ ဖားလား’

‘ဖန်လုံးနော်. . . ပိရိတာလဲ မဟုတ်ဘဲနဲ့၊ စကားလွှဲဖို့ ကြိုးစားမနေနဲ့၊ ပြော. . . ဒေါက်ဖိနပ် ကိစ္စ၊ ဒေါက်ဖိနပ်ဆိုကတည်းက မိန်းကလေးနဲ့ ပတ်သက်ကို ပတ်သက်ရမယ်. . . ပြော. . . ပြော’

‘ဒေါက်ဖိနပ်ဆိုတာ ဒီကောင်တွေ နောက်နေတာပါ၊ ဆောင်လေးက အရမ်း အရပ်မြင့်တယ် မဟုတ်လား၊ အဲဒါ ဆောင့်ကို ဒေါက်ဖိနပ်ချွန်တွေ မစီးစေနဲ့တဲ့၊ ကိုယ့်ထက် ဆောင်က အရပ်ပိုမြင့် နေရင် ကိုယ် ဘုန်းနိမ့်မယ်တဲ့. . . ဒါပါပဲ. . .’

‘ဟင်. . . အဲ့ဒီ ဒေါက်ဖိနပ်ကိစ္စနဲ့ ရှင်တို့ အလောင်းအစားက ဘာပတ်သက်လို့လဲ. . .’

‘အဲဒါတော့ မသိဘူး၊ ထက်မြက်ကို မေး. . .’

‘ဆောင့်ကို လိမ်မယ် မကြံနဲ့နော်. . . ရုတ်ရုတ် ရုတ်ရုတ်ကြားရင် ဆောင်တော် ကူး အကြောင်း သိသာစေရမယ်၊ နေပါဦး. . . ခြေထောက်က ဘာ ဖြစ်လို့ ထော့နဲ့နဲ့ ဖြစ်နေရတာ လဲ ဟင်. . .’

‘ဟ. . . ဆရာဝန်တောင် ဖြစ်မယ် မကြံသေးဘူး လူနာကို ရောဂါ မေးသလို မေးနေတော့ တာပါပဲကွာ၊ ဟိုကောင် ထက်မြက် မနိုင်လို့ ကိုယ် သူ့အပေါ်ကနေ ပြုတ်ကျသွားတော့ ခဲလုံးတစ်ခု နဲ့ စူးမိတာပါ. . .’

‘ကောင်းပြီလေ. . . ဆင်ခြေတွေ က လှပေနေတာကိုး. . .’

ဆောင်က ဆက်တင်းမထားနိုင်တော့တာမို့ နှုတ်ခမ်းကလေး ပွင့်အာကွေးညွှတ်လာကာ ပြုံး ရယ်လိုက်တော့သည်။

ဖန်လုံးက အခုမှ သက်ပြင်းကြီး ချလိုက်ပြီး ဆောင့်ပါးကို လိမ်ဆွဲလိုက်လေသည်။

‘အသက်ကဖြင့် ငယ်ငယ်လေးရှိသေးတယ်၊ ဆရာကြီး သိပ်လုပ်ချင်တဲ့ ဒေါ်သြဇာလေး. . .’

‘ချစ်တာကိုး၊ ဆောင့် ကွယ်ရာမှာ အသစ်တွေ့ မှာ စိုးလို့ပေါ့. . .’

‘ပရက်တီကယ်လ် မ၀င်ခင် တစ်ချိန်လွှတ်ကွာ ဆောင်. . . တောင်ဝင်နှင်းဆီခြံမှာ စတော် ဘယ်ရီ သွားသောက်ရအောင်. . .’

‘ကဲ. . . ကြားတဲ့အတိုင်းပဲ မိန်းမတွေ ရေ၊ ငါ လိုက်သွားဦးမယ်. . .’

ဆောင်က ထမင်းဘူး ပြန်ပိတ်ပြီး ၀င်းဝါ လက်ထဲထည့်လိုက်သည်။ မေမေမိုးက လိုက် တော် မူပါဟု အော်ကာ အနောက်ကနေ ဆောင့် ဆံပင်ရှည်များ ကို ဘီးနှင့် ဖြီးသင်ပေးနေသည်။

ဆောင်တို့ သူငယ်ချင်းတစ်တွေ ချစ်ခင်ကြပုံကို ဖန်လုံးက ပြုံးကြည့်လျက်. . .

‘ကဲ. . . မြန်မြန်လာပါ၊ ဆောင်တို့ ဆေးကျောင်းသူတွေ ရဲ့ အချိန်က ရွှေထက် အဖိုးတန် တယ်၊ လာ. . . လာ. . .’

ဟု ပြောဆိုကာ ဆောင့်လက်ကို အတင်းဆွဲခေါ်လာတော့သည်။ ကားပေါ်ရောက်တော့မှ ဆောင်က. . .

‘ဟဲ့ ထက်မြက်တို့က ဘာကားနဲ့ ပြန်မှာ လဲ. . .’

‘ဆောင့်ကို ပြန်လာပို့ပေးမှ သူတို့ ပြန်လိမ့်မယ်၊ မရှိမဲ့ ရှိမဲ့ ဆေးကျောင်းသူ အချောအလှ လေးတွေ ကို စာရင်းလိုက်ကောက်နေလိမ့်မယ်. . . နေပစေ. . .’

‘အောင်မယ် ဆေးကျောင်းသူတွေ ကို မနှိမ်ပါနဲ့နော်၊ ဆောင်တို့ ဆေးကျောင်းသူတွေ ကမှ မပြင်မဆင် သဘာဝလှတာ၊ ဖန်လုံးတို့ မိန်းထဲက ကောင်မလေးတွေ က ပြင်ပြီး ဆင်ပြီးမှ လှတာ. .’

ဘာရယ်မဟုတ်ဘဲ သူက အလွန်လှပသော ဂန္ဓာရီ့ကို ပြေးမြင်လိုက်မိသည်။

ဂန္ဓာရီက မျက်နှာမှာ ဘာမှမလိမ်းမခြယ်ဘဲ ပြောင်ချောနေပြီး နှုတ်ခမ်းဆိုးဆေး အရောင် ရင့်ရင့်ဆိုးထားသော နှုတ်ခမ်းလွှာက စွဲမက်ဖွယ်ကောင်းသော အလှတစ်မျိုး ဖြစ်နေသည်။

အသားက ညိုပုံမှာ ထူးခြားစိုပြည်လျက် ၀င်းနှစ် နေပြီး ၀တ်စားဆင်ယင်ပုံကလည်း ထင်ရှားပေါ်လွင်သည်။

ပန်ဆယ်လ်ဟီးလ်ချွန်ချွန် စီးထားပြီး ကားကို ကိုယ်တိုင်မောင်းပုံရသည်။

ဆံပင်များ မှာ ကျောလယ်လောက်အထိ ရှည်ပြီး စပရိန်ကောက်လို ခပ်ဖွာဖွာ ဖြစ်လျက် မဟာဆန်သော နဖူးပြင်ကိုဖော်လျက် နောက်လှန်ဖြီးထားပုံမှာ အနောက်တိုင်းဆန်ပြီး ဘရွတ်ခ် ရှီးလ်လို ပုံစံမျိုး ဖြစ်သည်။ သူမ၏ မျက်နှာမှာ ရှင်းပြောင်နေပြီး ထင်ရှားပေါ်လွင်နေသည်။

ပန်ဆယ်လ်ဟီးလ်ချွန်ချွန် စီးထားပြီး ကားကို ကိုယ်တိုင်မောင်းပုံရသည်။

ဆံပင်များ မှာ ကျောလယ်လောက်အထိ ရှည်ပြီး စပရိန်ကောက်လို ခပ်ဖွာဖွာ ဖြစ်လျက် မဟာဆန်သော နဖူးပြင်ကိုဖော်လျက် နောက်လှန်ဖြီးထားပုံမှာ အနောက်တိုင်းဆန်ပြီး ဘရွတ်ခ် ရှီးလ်လို ပုံစံမျိုး ဖြစ်သည်။ သူမ၏ မျက်နှာမှာ ရှင်းပြောင်နေပြီး ထင်ရှားပေါ်လွင်နေသည်။

သူ့ရဲ့ ဆောင်လေးကျတော့ အရပ်က မြင့်မြင့်၊ ကလန်ကလားလေးနှင့် ဆံပင်ရှည်ကြီးများ ကို အမြဲ မနိုင်မနင်းရှိနေတတ်သဖြင့် ကြုံရာလူက သူမကို ဆွဲဖြီးပေးသွားကြရသည်။

မျက်နှာကို သနပ်ခါးပါးပါးလူးရုံကလွဲပြီး နှုတ်ခမ်းနီလည်း မဆိုးတတ်။ သနပ်ခါးနံ့လေးက ရေချိုးပြီးခါစလေးပဲ ရှင်မတောင် ရနံ့လေး သင်းပျံ့ကာ ဆယ့်ငါးမိနစ်လောက်ဆိုရင် မျက်နှာပြောင် တင်လင်းလေး ဖြစ်နေပြီ။

ရှေ့ဆံပင်ကို ဘီးကုပ်လှလှများ ဖြင့် သိမ်းလျက် ဆံမျှင်ကလေးတွေ ချထားပြီး ကကြီးပုံ နဖူးလေးက အလယ်မှာ ဆံညွှန့်ချွန်ကလေးနှင့် အလွန်ချစ်စရာကောင်းရုံမှတစ်ပါး တစ်စက်မှ အခြယ်အသမရှိပါ။

ဝတ်စားပုံကျတော့လည်း ရှပ်အင်္ကျီပွပွရှည်ရှည်ကြီးများ နှင့် ထဘီတိုတိုဝတ်ကာ အချိန်ကို အမြဲလုနေရသော ဆေးကျောင်းသူ ပီပီ အမြဲ သုတ်သီးသုတ်ပျာ ဖရိုဖရဲ ဖြစ်နေတတ်သည်။

သူက. . .

‘လှလှပပ နေစမ်းပါဦး ဆောင်းလေးရာ. . .’

ဟု ပြောလွန်းမကပြောမှ သူမ၏ မေမေ ၀ယ်ပေးထားသော ရယ်ဒီမိတ် အင်္ကျီလှလှဆန်း ဆန်းလက်မောင်းရှည်ရှည်ကလေးများ ကို ၀တ်ဆင်တတ်သည်။

အဆိုးဆုံး ကတော့ သူမကလေးသည် အလွန်ဆရာလုပ်ကာ အမိန့်ပေးတတ်လွန်းခြင်းပဲ ဖြစ်သည်။

ထို့ကြောင့် ဆွေမျိုးအသိုက်အ၀န်းအားလုံးက သူမကို ဒေါ်သြဇာဟု ချစ်စနိုးခေါ်ကြလေ သည်။

‘ဖန်လုံး၊ ကြည့်စမ်း. . . ကြည့်စမ်း၊ အတွေးနယ်ထဲမှာ လွင့်မျောနေပါလား၊ ဘယ်သူ့ အကြောင်းတွေးနေတာလဲ၊ ပြောစမ်း. . .’

ရုတ်တရက်ထအော်ကာ သူ အင်္ကျီကို ဆွဲဆောင့်နေတာမို့ ဘေးနားမှ ဆောင့်ကို သတိရ ကာ သူ့အတွေးတွေ တစ်စစီပြတ်ထွက်ကုန်တော့သည်။ သူက ရယ်မောလျက်. . .

‘ဘယ်သူ့အကြောင်းရှိရမလဲကွယ်. . . ဆောင်လေးအကြောင်းပေါ့. . .’

‘မလိမ်နဲ့နော်. . . တကယ်နော်. . .’

‘တကယ်ပါ. . .’

သူက တော် ၀င်နှင်းဆီခြံ၏ ကုန်းတက်ကလေးပေါ်မောင်းတက်လာပြီး ကားရပ်ရာနေရာမှာ ကားကို ရပ်သည်။ ဆောင်က ကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်လာခဲ့သည်။

ဝါးပင်ကလေးများ တလှုပ်လှုပ်နှင့် အေးချမ်းငြိမ်သက်သော ဤနေရာကလေးကို ဆောင် အလွန်ချစ်သည်။

ဆောင်နှင့် ဖန်လုံးတို့ အေးဆေးတိတ်ဆိတ်စွာ စကားပြောနိုင်သလို စိတ်ချမ်းသာစရာ လည်း ကောင်းသည်။

ခုံကလေးတွေ မှာ ၀င်ထိုင်လိုက်ကြပြီး ဖန်လုံးက စတော် ဗယ်ရီနှစ် ခွက်မှာ သည်။ ဆောင်က ခုံပုကလေးကနေ အောက်ကို ဆံပင်တွေ ပုံကျနေတာမို့ ဆံပင်တွေ ကို မယူကာ ပေါင်ပေါ်တင်ထား ရင်း. . .

‘ပြောပါဦး. . . ဆောင့်အကြောင်း ဘာတွေ တွေးနေတာလဲ. . .’

သူက ပြုံးလိုက်ပြီး ဆောင့်ခေါင်းမှာ ငြိနေသော အမှိုက်ကလေးစတစ်စကို ဖယ်ရှားပေး လိုက်သည်။ ထို့နောက် သူမရဲ့ ခေါင်းကို ချစ်စနိုး ပုတ်ချဖွပစ်လိုက်ရင်း. . .

‘ဆောင် ချစ်စရာကောင်းတဲ့အကြောင်းတွေ ပေါ့. . .’

ဆောင်က ဖန်လုံးဖွလိုက်သော ကြောင့် ဆံပင်ပုံပျက်သွားတာမို့ ဘီးကုပ်ကို ပြန်ဖြုတ်လိုက် ပြီး. . .

‘ဆောင့်ကို တပ်ပေး. . .’

ဟု ချွဲနွဲ့စွာ ခိုင်းစေလိုက်သည်။ ဆောင်တို့နှစ် ယောက် ၏ သန့်ရှင်းဖြူစင်သော ချစ်သူဘ၀ ကလေးအတွက် ဆောင် အမြဲ ဂုဏ်ယူရောင့် ရဲလေ့ရှိသည်။

အပေးအယူ အလွန်မျှပြီး ဆောင့်အလိုကို အမြဲလိုက်ကာ ဆောင့်ကို ကလေး တစ်ယောက် လို ဂရုစိုက်ကြင်နာသော ချစ်သူကို ချွဲ့နွဲ့ရခြင်းအတွက် ဆောင် ဘယ်တော့မှ မရှက်ပါ။

သူက ဆောင့်ဘီးကုပ်ကလေးကို စိတ်ရှည်လက်ရှည် ပြန်တပ်ပေးလိုက်သည်။

‘ဖန်လုံး. . . ၀က်သားစားမလားဟင်. . .’

ရုတ်တရက် ဆောင်က ပြုံးစိစိ လှမ်းမေးတာမို့ သူက. . .

‘ဘာ ဖြစ်လို့လဲ. . . ဆောင်လေးရဲ့ ၊ ဆောင်ကျွေးရင် စားမယ်လေ၊ ညနေ အိမ်လိုက်စားရမှာ လား. . .’

‘ဒီနေ့ ဆောင်. . . ၀က်မြေမနင်းသား ပေါက်စလေးတွေ ခွဲရမယ်လေ၊ အဟီး. . . အဲဒီ ၀က် ကလေးကို အိမ်ပြန်ယူလာပြီး. . . ဖန်လုံးကို ချက်ကျွေးမယ်လေ. . . စားမလား နက်ရွက်ကလေး တွေ ပါးပါးလှီးသုပ်၊ နှာခေါင်းကလေးတွေ ထစ်ထစ်ကြော်. . . အတွင်းက ကလီစာတွေ ကို ဆီပြန် ချက်ကျွေးမယ်. . . ဟား ဟား. . .’

‘ဟာကွာ. . . စားခါနီး သောက်ခါနီး ယုတ်မာနေပြန်ပြီ. . . ရွံစရာကောင်းလိုက်တာ. . . ဆောင်ရာ. . .’

သူ ရှုံ့မဲ့ကာ ရယ်မောလျက် ဆောင့်နှာခေါင်းလေးကို ဆွဲလိမ်ပစ်လိုက်သည်။ ဆောင်က ရယ်မောသဘောကျလျက်. . .

‘အမယ်. . . ဆေးကျောင်းသူကို ချစ်သူတော် ထားတာပဲ၊ ဒီလောက်တော့ ခံစားရမှာ ပေါ့၊ ဆောင် 2nd M.B ရောက်ရင် ဖန်လုံး ပိုဆိုးမှာ ၊ လူသေအလောင်းကြီးတွေ ကို ခွဲတော့လေ အသား တုံးတွေ ဖဲ့ဖဲ့ယူလာပြီး ဖန်လုံးကို လက်ဆောင်ပေးရမယ်. . . ဟေး ဟေး. . .’

‘ကဲ. . . အစုတ်ပလုတ်လေး၊ အမြန်စားမယ်၊ စတော် ဗယ်ရီဖတ်တွေ ၊ ကျောင်းပြန်ရဦးမယ်၊ ပရက်တီကယ်လ်မမီဘဲနေမယ်. . .’

‘ဟဲ ဟဲ. . . ၀က်သားစားမလားဟေ့. . .’

ဆောင်က မျက်လုံးကလေး မြူးရွှင်ကာ အနောက်သန်နေပြန်သည်။ သူ လက်ညှိုးထောင် ပြပြီး. . .

‘ချစ်စရာကောင်းအောင် သိပ်မလုပ်နဲ့နော်. . . ကိုယ်လက်သီးနဲ့ ဆွဲထိုးပစ်မှာ . . .’

‘ဟင်. . . ဖန်လုံးအချစ်က တစ်မျိုးပါလား. . .’

ဆောင်က ရယ်သံလေးနှင့် ဆိုကာ စတော် ဗယ်ရီကို အမြန်လက်စသတ်လိုက်သည်။

ထိုကဲ့သို့သော ခဏတာအချိန်ကလေးတွေ သည် ဆောင်ရဲ့ တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှု များ ကို လန်းဆန်းပျော်ရွှင်စေအောင် ဖန်တီးနိုင်သည်။

ဖန်လုံးနှင့် တွေ့ ရင် ဆောင် အမြဲပျော်ရွှင်ရယ်မော နောက်ပြောင်နေခြင်းဖြင့် သာ အချိန်ကုန် လေ့ရှိသည်။

ဆောင်တို့ထံမှာ ပဋိပက္ခဆိုတာ ဘယ်တော့မှ မရှိ။ ဆောင် မှားသည် ဖြစ်စေ၊ ဆောင် မှန် သည် ဖြစ်စေ ဖန်လုံးက အမြဲချော့မော့အလိုလိုက်ဖို့ အဆင်သင့်ရှိခြင်းကြောင့် ပဲ ဆောင်တို့ချစ်သူ ဘ၀က နွေးထွေးလှိုက်လှဲနေခဲ့တာ ဖြစ်သည်။

‘ဆောင်လေး. . . မနက်ဖြန်ကျရင် ဟိုအင်္ကျီအဖြူကလေးဝတ်ခဲ့စမ်းပါ၊ လက်မောင်းအရှည် ကလေးလေ၊ ရင်ဘတ်မှာ ဇာတွန့်လေးတွေ နဲ့၊ အဲဒါလေးနဲ့ ဆောင် အရမ်းလှတယ်. . .’

ဆောင့်ကို ကျောင်းပြန်လိုက်ပို့ပြီး သူက မှာ လိုက်သည်။ ဆောင်က ခေါင်းညိတ်ပြပြီးမှ. . .

‘ဟင်. . . မနက်ဖြန် ကမ်မက်စထရီ ပရက်တီကယ်လ်ရှိတယ်၊ အင်္ကျီဖြူလေး အက်ဆစ် တွေ ဘာတွေ စွန်းပြီးလောင်ကုန်ရင် နှမြောစရာ. . . ဒါပေမယ့် ဖန်လုံးဝတ်စေချင်ရင် ဆောင် ၀တ် ခဲ့မှာ ပေါ့၊ ကဲ. . . တာ့တာ. . .’

ဆိုပြီး လှည့်ထွက်သွားတော့၏ ။ သူမရဲ့ လိမ္မာသိမ်မွေ့မှု ကလေးကြောင့် သူ့ရင်ထဲ စိတ်ချမ်း သာလျက် ကျန်ရစ်ခဲ့လေသည်။

* * * * *


အခန်း (၂)

‘တစ်ခါတလေကျတော့ အသစ်အဆန်းတစ်ခုခုကို တောင့်တချင်တယ် ညိုရဲ့ . . .’

ဂန္ဓာရီက အဆက်အစပ်မရှိဘဲ ညို့ကို လှမ်းပြောလိုက်သည်။ ညိုက ရေချိုးဖို့ ပြင်ဆင်နေ ရာမှ သူမကို လှည့်ကြည့်သည်။

ဒီနေ့ ကျောင်းကပြန်တော့ သူမနှင့် လိုက်အိပ်ပေးစမ်းပါဦးဟု ဂန္ဓာရီက တောင်းဆိုသဖြင့် ညိုက မေမေတို့ကို ခွင့်တောင်းပြီးလိုက်လာခဲ့ရတာ ဖြစ်သည်။

ဂန္ဓာရီ့အိမ်မှာ ညိုမကြာခဏ အိပ်နေကျ။ ‘ဒေါ်ကြီး’ ဟု ဂန္ဓာရီကခေါ်သည့် သူမ၏ ဝေယျာ ၀စ္စတွေ ကို လုပ်ကိုင်ပေးနေသည့် ငါးဆယ်အရွယ်အဘွားကြီးတစ်ဦးမှလွဲလျှင် လှပသည့် ခြံဝန်း ကလေးထဲက တစ်ထပ်တိုက်ပြားပြားကလေးထဲမှာ အရှင်သခင်ဆို၍ ဂန္ဓာရီ တစ်ဦးတည်းသာ ရှိ သည်။

သူမ ဆယ့်ငါးနှစ် သမီးအရွယ်လေးမှာ သူ့မေမေ ဆုံးခဲ့ပြီး သူမ ဆယ်တန်းအောင်သော နှစ် မှာ သူ့ဖေဖေ ထပ်ဆုံးသွားခဲ့သည်တဲ့။

သူမရဲ့ ဆွေမျိုးတွေ အားလုံးကလည်း နိုင်ငံရပ်ခြားမှာ ။ ဒီတော့ သူမဘ၀ကို သူမ ထူထောင် ကာ မားမားမတ်မတ် ရည်တည်နိုင်ဖို့ လိုအပ်သော မာနများ ၊ ဆတ်ဆတ်ထိမခံလိုသော စိတ်ဓာတ် များ ၊ သူမထံမှာ အပြည့်ရှိနေခဲ့တာ မဆန်းပါ။

ညို သူမကို ချစ်ခင်သည်။ သို့သော် ကြေက်သည်။ မထင်လျှင် မထင်သလို ရက်စက်တတ် ခြင်း၊ အငြှိုးကြီးတတ်ခြင်း၊ ပမာမခန့်ပြုတတ်ခြင်းတို့ကြောင့် ဖြစ်သည်။

တစ်ခါကဆိုရင် သူမကို ကုတ်ခြစ်သွားသော ကြောင်ကလေးကို ညို့ရှေ့မှာ တင် ကားနှင့် တိုက်သတ်ပစ်လိုက်ပြီး မြေမြှုပ်ပစ်ခဲ့သည်။

သူမအပေါ် တစ်စက်ကလေး နာကျင်စေတာနှင့် သူမက ထိုနာကျင်မှု ထက်အဆပေါင်းများ စွာ ပို၍ တုံ့ပြန်ရန်ဖွဲ့တတ်သော အကျင့်စရိုက်ကို ညို အလွန်ကြောက်ရွံ့သဖြင့် သတိထား ရှောင် ကြဉ်နေရတတ်သည်။

ညို့ကိုကျတော့ သူမက ယုံယုံကြည်ကြည် ခင်မင်အားကိုးတိုင်ပင်တတ်ပြန်သည်။

‘ဟင်. . . ကျွန်မ ပြောတာ ကြားရဲ့ လား ညို. . . ဘာကြောင်ကြည့်နေတာလဲ. . .’

‘သြော်. . . အေးပါ၊ ရှင်လှလို့ ကျွန်မ ငေးနေတာပါ. . .’

ဂန္ဓာရီက ခုတင်ပေါ်ပစ်လှဲနေရာမှ တွန့်လိမ်လျက် ညို့ကို ခေါင်းအုံးနှင့် လှမ်းပေါက်ကာ ရယ်မောသည်။

‘အချင်းချင်း ကပ်မြှောက်နေတယ်၊ ဟင်း. . . လာစမ်းပါဦး ညိုရဲ့ ၊ နောက်မှ ရေချိုးစမ်းပါ၊ ကျွန်မ ပြောစရာရှိလို့. . . ခုနကပြောတာလေ. . . ကျွန်မ အသစ်အဆန်းတစ်ခုခုကို တောင့်တ တယ်ဆိုတာ. . .’

‘ကဲ. . . ပြော. . .’

ညိုက ကုတင်ပေါ်တက်ထိုင်လိုက်သည်။ ဂန္ဓာရီက ညို့ပေါင်ပေါ် ခေါင်းအုံးအိပ်လိုက်ကာ ညို့ကို ပြုံးလျက် မော့ကြည့်နေသဖြင့် ညိုက သူမရဲ့ ဆံနွယ်လေးတွေ ကို သပ်ပေးနေလိုက်သည်။

‘ဒီလို ညိုရဲ့ . . . ကျွန်မဘ၀မှာ ရိုးအီနေတာများ တယ်. . . ကျွန်မရဲ့ အလှအပကို ကိုးကွယ် ပြီး ချစ်ခင်နေကြတဲ့ ယောက်ျားတွေ ၊ ပြီးတော့ တစ်ယောက် တည်း အထီးကျန်နေရတဲ့ဘ၀၊ လိုချင် တာတွေ ကို အခက်အခဲမရှိ အကုန်ရနေတဲ့ ဘ၀၊ အပြင်ပန်းက ချမ်းချမ်းသာသာ ဖြစ်နေပေမယ့် မေတ္တာ မရနိုင်တဲ့ဘ၀ ဒါတွေ ကို ကျွန်မ ငြီးငွေ့တယ် ညို. . .

ယောက်ျားတွေ အများ ကြီးက ၀ိုင်းပြီး ငမ်းငမ်းတက် စွဲလမ်းပြီး တောင့်တခံနေရတဲ့ မိန်းမ တစ်ယောက် ရဲ့ ဘ၀ထက် ယောက်ျား တစ်ယောက် ကို ကျွန်မကစပြီး တမ်းတမ်းစွဲ ချစ်ခင်မြတ်နိုး စိတ် ဖြစ်လာတယ်၊ ကျွန်မလေ ယောက်ျား တစ်ယောက် ကို အရူးအမူး စွဲလမ်းချင်တယ် ညို. . .’

‘အဲဒါဆိုရင် ရှင်က သူချစ်သူကို မုန်းပြီး ကိုယ်ချစ်ကို ရှာချင်နေတဲ့သဘောပေါ့၊ ညို ကြားဖူး တာတော့ ကိုယ်ချစ်ကိုရှာရတာ အင်မတန် စိတ်ဆင်းရဲတယ်တဲ့. . .’

ညိုက သူမရဲ့ ဆံပင်လေးတွေ ကို ငုံ့နမ်းလိုက်ရင်းပြီး ပြောလိုက်သည်။ သူမက အိပ်နေရာမှ ကျုံးထလာပြီး. . .

‘ကျွန်မကို လိုချင်ကြတဲ့ယောက်ျားတွေ က မရိုးသားကြဘူး ညိုရဲ့ ၊ ကျွန်မဆီက သိပ်မျှော် လင့်ကြတယ်၊ ကျွန်မထင်တယ်၊ ယောက်ျားတွေ ဟာ မိန်းမတွေ နဲ့ ဆက်ဆံတဲ့အခါ ရိုးသားဖို့လို တယ်၊ ဥပမာ. . . ဒီနေ့ ကျွန်မ တက်နင်းပစ်ခဲ့တဲ့ အင်္ကျီအဖြူလေးနဲ့ ယောက်ျားမျိုးပေါ့. . .’

‘ဟင်. . . ဒါဆို ရှင်က. . .’

ဂန္ဓာရီက နှုတ်ခမ်းကလေး ကော့ကာ ပြုံးလိုက်လေသည်။ ထိုအပြုံးမှာ မထီတရီအပြုံးမျိုး။

‘ဟုတ်တယ် ညိုရဲ့ . . . ကျွန်မ သူ့ကို မိန်းမနောက်ပိုးလုပ်ချင်စိတ်တွေ တဖွားဖွား ပေါ်နေ တယ်. . . သူ့ရုပ်ကလေးက သန့်တယ်၊ ရိုးသားတယ်၊ ကလေး တစ်ယောက် လို အပြစ်ကင်းစင် တယ်. . .

နောက်ပြီးဆန်းတာက ကျွန်မကို မြင်မြင်ချင်း ယောက်ျားတွေ မျက်ကလဲဆန်ပျာ ဖြစ်သလို သူ မ ဖြစ်ဘူး၊ ဣနြေ္ဒရတယ် ညိုရဲ့ ၊ အဲ့ဒီလို ယောက်ျားမျိုး သူ တစ်ယောက် ပဲ ကျွန်မ တွေ့ ဖူးသေး တယ်. . .’

‘သူက ရှင့်ကို မချစ်ဘူးဆိုရင်ကော. . .’

‘သူ့အချစ်ကိုရအောင် ကျွန်မ ကြိုးစားရမှာ ပေါ့၊ အဲဒါကမှ စိတ်ဝင်စားစရာ ပျော်စရာကောင်း မှာ ပေါ့. . . ညိုရဲ့ . . . ကျွန်မလိုချင်တဲံ အသစ်အဆန်းဆိုတာ အဲဒါမျိုးပေါ့. . . ကျွန်မကို ယောက်ျား တွေ ၀ိုင်းချစ် ၀ိုင်းစွဲလမ်းနေတဲ့ဘ၀မှာ ကျွန်မက ယောက်ျား တစ်ယောက် ကို စပြီး ချစ်ပြချင်တာ၊ သူ့နောက် တကောက်ကောက်လိုက်ပြီးတော့လေ. . . မကောင်းဘူးလား ညို. . .’

ညို ရှုံ့မဲ့ကာ. . . ခေါင်းခါပြလိုက်သည်။ သို့သော် ကြာကြာမခါရဲ။

စိတ်ဝင်စားထက်သန်မှု ဖြင့် ပြောင်လက်တောက်ပနေသော သူမ၏ မျက်ဝန်းများ က ညို့ကို ဖမ်းစားပစ်လိုက်သည်။ သူ့ဘက်ပါအောင် ညှို့ယူပစ်လိုက်သည်။

အရည်ကြည်များ တဖျပ်ဖျပ်လက်လျက် စိန်ပွင့်ကလေးတွေ ကခုန်နေသလို အလွန်လှပ သော သူမ မျက်လုံးလေးများ က ညို့ကို သက်ပြင်းတစ်ချက်သာ ခဲခဲယဉ်းယဉ်း ကျဆင်းစေပြီး ငြင်း ဆန်ရန် သတ္တိများ ကို စုပ်ထုတ်ယူထားလိုက်တော့သည်။

‘မျောက်ညိုကလေးရေ. . . အချစ်ဆိုတာ အခုမှပဲ စိတ်ဝင်စားစရာ ကောင်းတော့တယ်. . . နားလည်ရဲ့ လား. . . ကျွန်မဟာ ကိုယ့်ဖူးစာရှင် ယောက်ျား တစ်ယောက် ကို ကောင်းကောင်းရွေး ချယ်တတ်လိမ့်မယ်လို့ ရှင် မယုံကြည်ဘူးလား ဟေ. . .’

‘ယုံပါတယ်တော် . . . ယုံပါတယ်၊ ကဲ. . . ကျွန်မ ရေသွားချိုးတော့မယ်. . .’

ညို ခုတင်ပေါ်က ဆင်းမည့် ဟန်ပြင်တော့ ဂန္ဓာရီက ညို့ပါးကို နမ်းပစ်လိုက်သည်။

‘ဒီနေ့ကစပြီး ကျွန်မရဲ့ အထီးကျန်ခြောက်သွေ့မှု တွေ ပျောက်ကောင်းပါရဲ့ နော်. . .’

‘မယုံနိုင်လောက်အောင်ပါပဲ. . . နော်. . . မယုံနိုင်လောက်အောင်ပါပဲ. . .’

ညိုက ပွစိ ပွစိ ရေရွတ်ပြီး ရေချိုးခန်းထဲ ၀င်လာခဲ့စဉ် ဂန္ဓာရီ၏ ချိုမြိန်သော အသံကျယ် ကလေး လွင့်စဉ် ၀င်ရောက်လာတော့သည်။

‘အချစ်၏ မျက်နှာကို ရှာဖွေ၍ တွေ့ ခဲ့ပြီဟေ့. . .’

* * * * *


‘သူဟာ အဖြူရောင် ကို တော် တော် နှစ်သက် တဲ့ပုံစံပဲနော် ညို. . . ဒီနေ့လဲ အင်္ကျီအဖြူဆွတ် ပဲ၊ အင်္ကျီလေးက ကြွေဖြူရောင် ကလေးနော်. . . ဖြူလွနေတာပဲ၊ အတော် သန့်ရှင်းသပ်ရပ်တဲ့ ယောက်ျားလေး. . .’

ဂန္ဓာရီက ရှေ့မှသွားနေတဲ့ သူတို့နောက်မှ ခပ်ဖြည်းဖြည်းလျှောက်ကာ ညို့ကို ခပ်တိုးတိုး လှမ်းပြောလိုက်သည်။

‘ညိုတို့အခန်းထဲကပဲ တူတယ်. . .’

ညိုတို့ တက်ရမည့် အခန်းထဲ သူတို့ ၀င်သွားကြတာမို့ ညိုက ပြောလိုက်သည်။

‘ဟုတ်မှာ ပေါ့. . . သူတို့ခုံရဲ့ ရှေ့တည့်တည့်မှာ ထိုင်ရအောင် ညို. . .’

ခါတိုင်း ထိုင်နေကျ ဖြစ်သော်လည်း ဒီနေ့ ဂန္ဓာရီတို့ရော သူတို့ပါ တိုက်တိုက်ဆိုင်ဆိုင် နောကျသည့်အတွက် နောက်ပေါက်ကနေ ၀င်လာခဲ့ကြသည်။

လူတွေ က ရှေ့ခုံတွေ မှာ သာ ဦးကြတာများ တာမို့ နောက်ခုံမှာ လူရှင်းနေသည်။ သူမတို့က သူတို့ထိုင်ခုံရှေ့မှာ ၀င်ထိုင်လိုက်ကြသည်။

ဆရာ စာခေါ်နေတာကို လိုက်ရေး နေကြသူတွေ ရှိသလို စာရေး လက်စတွေ ရပ်ပြီး ဂန္ဓာရီ့ ကို ၀ိုင်းငေးကြည့်နေကြ သူတွေ လည်း ရှိသည်။

ထိုင်ပြီး သိပ်မကြာ။ ဂန္ဓာရီ့ ဆံပင်မှာ မြားတွေ မြောက်မြားစွာ ထိုးစိုက်လာကြသည်။

ထုံးစံအတိုင်း ညိုက ဂန္ဓာရီ့ခေါင်းမှာ မြားတွေ ကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖြုတ်ပေး နေရသဖြင့် စာ လိုက်မရေး နိုင်ချေ။

ဂန္ဓာရီက ရုတ်တရက် နောက်လှည့်ကာ အင်္ကျီအဖြူကလေးနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး. .

‘ကျေးဇူးပြုပြီး ကွယ်ပေးထားပါလား ဟင်. . . မြားတွေ က သိပ်စူးတာပဲ. . .’

သူက ထင်မှတ်မထားတာမို့ မျက်ခုံးကလေး ပင့်ကာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ. . .

‘ဟုတ်ကဲ့. . . ကွယ်ပေးထားပါ့မယ်. . .’

ဟု ပြန်ပြောလိုက်သည်။ ဂန္ဓာရီ စကားလှမ်းပြောခံရတာ ကိုပဲ သူ ဟီးရိုးကြီး ဖြစ်သွားကာ ပွဲဆူသွားကြသည်။

ရွှီခနဲ လက်ခေါက်မှု တ်သံတွေ ၊ နောက်ပြောင်သံတွေ ခပ်အုပ်အုပ် ထွက်လာကြတာမို့ ဆရာ တောင် အနောက်ဘက် လှမ်းကြည့်သည်။

‘ဘာပြောလိုက်တာလဲ ဟင်. . . ဘာပြောလိုက်တာလဲလို့. . .’

တစ်ယောက် က မိန်းမလျာသံဖြင့် ထအော်လိုက်တာမို့ ပွဲကျသွားကြသည်။ သူ မျက်နှာနီရဲ ကာ ရှက်သွားရလေသည်။

ထက်မြက်နှင့် ကျော်အောင်က သွားတဖြီးဖြီးနှင့် သဘောတွေ ကျမဆုံး။ ဂန္ဓရီရဲ့ ခြေဖ၀ါး အောက်မှာ ၀ပ်စင်းကျဆုံးနေကြသော သားကောင်များ ထဲတွင် သူတို့နှစ် ကောင်လည်း အများ သူငါ ကို အားကျမခံ ပါဝင်ကြကြောင်း ဖန်နေ၀န်းက သိထားပြီးသား ဖြစ်သည်။

သို့သော် သူက ရှက်တတ်တာထက် အကူအညိတောင်းထားသော မိန်းကလေးကို အားနာ တာမို့ သူမကို ကွယ်ပေးထားသဖြင့် မြားတွေ က သူ့ကျောနှင့် ခေါင်းကိုသာ စူးရှစွာ စိုက်ဆင်းနေကြ သဖြင့် ရှုံ့မဲ့ကာ အောင့်ခံနေရသည်။

‘ဒီကောင်တွေ ကွာ မြား ဘယ်နှစ် ပိဿာလောက်များ ထည့်ယူလာကြသလဲ မသိဘူး၊ မကုန် နိုင်သေးဘူး၊ အား. . . စူးတယ်ဟ၊ ငါတော့ အခြောက် ဖြစ်မှန်းမသိ ဖြစ်နေပြီကွ. . . ဟေ့ကောင် တွေ . . .’

သူက ကျောကော့ခံနေရင်း ထက်မြက်တို့ကို ခပ်တိုးတိုးလှမ်းပြောလိုက်သည်။

‘ခံလိုက်ပါကွာ ကုသိုလ်ရပါတယ်. . .’

ထက်မြက်က ပြောပြီး ခွီးခနဲ ရယ်သည်။ အတန်းပြီးလို့ ဆရာထွက်သွားမှပဲ သူ ၀ဋ်ကျွတ်ပြီ စု ၀မ်းပန်းတသာ ခုန်ထလိုက်ည်။ ထိုစဉ် သူမက လှည့်ကြည့်ပြုံးပြကာ. . .

‘ကျေးဇူးပဲနော်၊ တော် တော် မှ အီစိမ့်ရဲ့ လား. . .’

ဟု တရင်းတနှီး လှမ်းပြောတာမို့ သူ ဘာပြောရမှန်း မသိ ဖြစ်သွားသည်။ ထက်မြက်တို့ လည်း အံ့သြနေပုံရကာ သူမကို ၀ိုင်းငေးကြည့်နေသည်။

‘ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မတို့. . . သူတို့နဲ့ သူငယ်ချင်းတွေ ဖြစ်ချင်ပါတယ်. . . စောင့်ရှောက် ဖော် ကူညီဖော် ရတာ ပေါ့. . .’

ယောက်ျားလေးများ စွာ ၏ ဂရုတစိုက် အာရုံထားစွဲမက်ကြခြင်းကို ခံရသော အလှဘုရင်မ တစ်ဦး၏ ခင်မင်မှု ကို လူတိုင်း မက်မောခုံမင်ကြမှာ ဖြစ်သည်။ ထိုယောက်ျားများ စွာ ထဲတွင် သူ မပါ ၀င်သော်လည်း သူက အားနာတတ်သူ ပီပီ ကင်းကင်းရှင်းရှင်း မငြင်းဆန် ဖြစ်တော့ချေ။

‘ရပါတယ် စောင့်ရှောက်ရမှာ ပေါ့. . . ကျွန်တော် တို့မှာ တာဝန်ရှိတာပဲ. . .’

ဟု သူက လောကွတ်လုပ်လိုက်ရ၏ ။

‘ကျွန်မနာမည် သိတယ်မဟုတ်လား. . .’

‘မဂန္ဓာရီနော်၊ ဟုတ်တယ် မဟုတ်လား၊ ကျွန်တော် က ဖန်နေ၀န်းပါ၊ သူတို့က ထက်မြက်နဲ့ ကျော်အောင်၊ ကျွန်တော့် အချစ်ဆုံးသူငယ်ချင်းတွေ ပါ. . .’

ရှင်းရှင်းပြောရလျှင် သူမ၏ မျက်ဝန်းတွေ ကို သူ မကြိုက်။ ရက်စက်ကောက်ကျစ်မည့်  မျက်ဝန်းများ သည် အစဉ်ထာဝရ စူးရှတောက်ပြောင်ကာ ရေခဲတုံးလို အေးစက်မာကျောလျက် ထွင်းဖောက်မတတ် စိုက်ကြည့်တတ်ကြသည်ဟု သူ ကြားဖူးသည်။ သူမ မျက်ဝန်းတွေ ကလည်း အဲဒီ အတိုင်း. . .။

ပြီးတော့ မျက်ခုံးဟာ တန်းမနေဘဲ ထောင့်ချိုးတစ်ခုံး ကုပ်ကျသွားခြင်းသည် လူသတ်ဖို့ ၀န်မလေးတတ်သော သွေးအေးလူသတ်သမားတွေ ထံမှာ သာ တွေ့ ရတတ်သည်။ အခု သူမ မျက်ခုံးတွေ ဟာ အဲဒီ အတိုင်း။

သို့သော် သူမ၏ အလှက ရက်စက် စူးရှသည်။ ထင်းခနဲ ပေါ်လွင်သည်။ အင်မတန် လှသော အမျိုးသမီး တစ်ယောက် ဖြစ်သော်လည်း သူမကို မနှစ် ခြိုက်ပေ။

သို့သော် သူမနှင့် ခင်မင်ဆက်ဆံဖို့ ခုနကလေးတင်ပဲ သူက အားနာစွာ လိုက်လျော သဘောတူလိုက်ပြီးပြီ မဟုတ်လား။

ထိုအ ဖြစ်အပျက်သည် မှားယွင်းသည် ဖြစ်စေ သူ ကတော့ ဆက်လက်မှားယွင်းရတော့မှာ သေချာနေသည်။

‘ဒါက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ညိုတဲ့၊ ဒီနေ့တော့ ကျွန်မကပဲ ဒကာခံပါရစေရှင်၊ တစ်ခုခု သွားစားကြရအောင်. . .’

သူမက ဖိတ်ခေါ်လိုက်သည်။ သူ ငြင်းရမှာ အားနာနေပြန်သည်။ ထို့ကြောင့် ခေါင်းညိတ် လိုက်ရတော့သည်။

ထိုနေ့မှစ၍ သူမသည် သူ့ကို တောက်တဲ့ တစ်ကောင်လို တွယ်ကုပ်နေပြီး လှပသော ဒုက္ခ တွေ ပေးလိမ့်မည် ဟု သူ ထိုစဉ်က မရိပ်မိခဲသေးပါ။

* * * * *


‘ဒီနေ့ အတန်းပြီးရင် ကျွန်မကို တစ်ခုခု ကူညီပေးနိုင်မလား ကိုနေ. . .’

တရင်းတနှီး ခေါ်ဝေါ်သုံးစွဲလိုက်ကာ အကူအညီတောင်းလိုက်ပြန်သော ဂန္ဓာရီ့ကို သူ ခေါင်းညိတ်ပြလိုက်ပြီး. . .

‘ရပါတယ်၊ ဘာကူညီရမလဲ ပြောလေ. . .’

‘ဒီနေ့ညနေ ကားတစ်စီးကြည့်ဖို့ ချိန်းထားတာရှိတယ်၊ အိမ်ကို သူတို့လာလိမ့်မယ်၊ အဲဒါ ကိုနေရှိပေးနေရင် ကောင်မလားလို့၊ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်မတို့အိမ်မှာ ကျွန်မ တစ်ယောက် ပဲ မိန်းမသားရှိတာလေ၊ ဒေါ်ကြီးက ဘာမှနားလည်တာ မဟုတ်ဘူး. . .’

‘ကား ထပ်ဝယ်ဦးမလို့လား. . . ကျွန်တော် က ကားအကြောင်း သိပ်နားလည်တာမှ မဟုတ် တာ. . .’

‘ဟိုကားက မော်ဒယ်လ် ပိုမြင့်တယ်လေ ကိုနေရဲ့ . . . ဒီကားကို ထုတ်လိုက်တော့မှာ ပေါ့၊ ကိုနေ ဘာမှဝင်လုပ်စရာမလိုပါဘူး၊ ကျွန်မမှာ စိတ်ချရတဲ့ ပွဲစားရှိပါတယ်၊ သူပဲ အစအဆုံးလုပ်ပေး သွားမှာ ၊ ကိုနေက ကျွန်မဘေးမှာ မားမားမတ်မတ် ရှိနေတဲ့ ယောက်ျားသားတစ်ဆယောက် အ ဖြစ် ရှိနေပေးဖို့ပါပဲ၊ အဟန့်ပေါ့ ကိုနေ၊ မိန်းမ တစ်ယောက် တည်းဆိုပြီး သူတို့ ပတ်ချင်တိုင်းပတ်လို့ မရတော့ဘူးပေါ့၊ ကိုနေ့ကို အားကိုးချင်လို့ပါ. . .’

‘အဲဒါဆိုလဲ ရပါတယ်. . .’

သူ့ရဲ့ အားနာတတ်မှု က ဂန္ဓာရီ့အိပ်ကို လိုက်ပါသွားစေပြန်သည်။

ကိုယ် နားလည်စိတ်ဝင်စားတဲ့ ကိစ္စမျိုးလည်း မဟုတ်။ ပွဲစားတွေ လေဖောင်းသမျှကို ခေါင်း တညိတ်ညိတ်လုပ်နေရကာ သူမဘေးမှာ နေပေးရသည်။ ဖြူဆွတ်ကြွရွနေသော ကားကြီးကို သူ ကိုင်ကြည့်ရုံပဲ တတ်သည်။ ဘာမှနားမလည်ချေ။

ဂန္ဓာရီ၏ ပါးနပ်ထက်မြက်မှု ကို ထိုကားဝယ်သည့်နေ့မှာ ပဲ သူ လက်ဖျားခါသွားရတော့ သည်။ စည်းစနစ်ကျကာ အကွက်စေ့နေအောင် ပြောတတ်ဆိုတတ်သော အမျိုးသမီးတစ်ဦး ဖြစ် ကြောင်း သူ ၀န်မခံ၍ မရတော့ပါ။

သူမ စိတ်ကြိုက် ဖြစ်ပြီးမှ ငွေချေတော့ ည မှော င်စပျိုးနေပြီ။ မေမေတို့ စိတ်ပူနေမှာ စိုး၍ သူ အိမ်ကို ဖုန်းလှမ်းဆက်ကာ ပြောရသည်။ ငွေရေသည့်ကိစ္စတွေ ပြီးလို့ ဧည့်သည်တွေ ပြန်သွားမှပဲ. .

‘အတော် ဆာနေပြီလား ကိုနေ. . . ဒေါ်ကြီး ချက်ထားပြီး အဆင်သင့် ဖြစ်နေပါပြီ၊ လာ. . . စားလိုက်ကြရအောင်. . .’

‘နေပါစေ မဂန္ဓာရီ. . . ကျွန်တော် မစားတော့ဘူး၊ ပြန်တော့မယ်. . . နော်. . .’

‘အို. . . ဘယ်ရမလဲ ကိုနေရဲ့ . . . ဒီလောက် ပင်ပန်းနေပြီဟာကို. . . မရဘူး. . . စားရမယ်၊ စားပြီးမှ ကားအသစ်အစမ်းမောင်းကြည့်ရင်း ကိုနေတို့အိမ်ကို လိုက်ပို့ပေးမယ်လေ. . . နော်. . .’

ဟု အတင်းကြီးပြောနေတာမို့ သူ မငြင်းသာတော့ပြန်။ စိတ်ထဲမှာ တော့ သူ့ကိုယ်သူ ကျိန်ဆဲနေမိသည်။

တစ်အိမ်တည်းမှာ အမျိုးသမီး တစ်ယောက် နှင့် အတူ ညစာစားရမည့်  အ ဖြစ်အပျက်ဟာ ဘယ်လောက်များ ဆိုးရွားလိုက်သလဲ။ ဘာလို့များ ဒီအမျိုးသမီးကို သူ အားနာလိုက်လျောနေမိ ရတာ လဲ။ ဘာလို့ ပြတ်ပြတ်သားသား မငြင်းရဲရတာ လဲ။

‘ကိုနေ ထမင်းမဟားခင် ရေချိုးလိုက်ပါဦးလား၊ ကျောင်းကနေ ဆက်လာရတာ ချွေးတွေ နဲ့ ငြီးစိစိ ဖြစ်နေမှာ ပေါ့၊ ကျွန်မတောင် ရေချိုးလိုမှ လန်းဆန်းသွားတာ. . .’

‘ဟင့်အင်း. . . မချိုးချင်ပါဘူး၊ ကျွန်တော် သူများ အိမ်မှာ ရေမချိုးတတ်ဘူး. . .’

သူ့အသံက အနည်းငယ် မာဆတ်သွားသည်။ သူမဘက်က တစ်ဆင့်ချင်း လွန်ကျူးလာပြီ ဟု သူ သံသယရှိလာသည်။ သူ အသံမာသွားတာကို သူမက ရိပ်မိပုံမပြဘဲ. . .

‘ကျွန်မကို သူများ လို့ သဘောမထားပါနဲ့ ကိုနေရယ်၊ ကျွန်မအိမ်ကို နောက် အမြဲလာဖို့လဲ ကျွန်မ ဖိတ်ခေါ်ပါတယ်၊ ကျွန်မနဲ့ ကိုနေဟာ သိပ်ခင်တဲ့ မိတ်ဆွေတွေ မဟုတ်ဘူးလား၊ ကိုနေက ကျွန်မကို ကျွန်မ ခင်သလို မခင်ဘူးလားဟင်. . .’

‘ကျွန်တော် ခင်တတ်ပါတယ် မဂန္ဓာရီ. . . ဒါပေမယ့် ကျွန်တော် က ရေချိုးပြီးရင် အင်္ကျီ အသစ်ဝတ်ရမှ စိတ်သန့်လို့ပါ၊ ဒီဝတ်ပြီးသားအင်္ကျီကို ကျွန်တော် ပြန်မလဲတတ်လို့ပါ. . .’

‘ဟုတ်လား. . . အဆန်းပဲနော်. . . ကိုနေ ၀တ်သမျှ အင်္ကျီလေးတွေ ကို ကျွန်မ သတိထား မိတယ်၊ ဖြူဆွတ်ပြီး ကြွေရောင် တောက်နေတာပဲနော်၊ ကျွန်မ သိပ်သဘောကျတာပဲ ကိုနေက အဖြူချည်းပဲ ၀တ်တာလား၊ ဒီ့ပြင်အရောင် တွေ ကော မ၀တ်ဘူးလား. . .’

စကားရှည်လိုက်တာဟု သူ စိတ်ထဲက ရေရွတ်လိုက်မိပြီး စိတ်မရှည်နိုင်သလို ဖြစ်လာသည်။ သို့သော် သူ စိတ်ကို ထပ်မံဆွဲဆန့်ထားလိုက်ပြီး. . .

‘ဟုတ်ကဲ့. . . အင်္ကျီဆို အဖြူမှ ကျွန်တော် သဘောကျပါတယ် မဂန္ဓာရီ. . . ဘာအစွန်း အထင်းမှမရှိတဲ့ အဖြူရောင် လွလွကို ကျွန်တော် အစွဲလမ်းဆုံးပဲ. . .’

‘အဖြူရောင် ကြိုက်တဲ့ လူတွေ ဟာ စိတ်သိပ်တည်ငြိမ်ပြီး သန့်ရှင်းစင်ကြယ်ကြတယ်လို့ ကျွန်မ ကြားဖူးတယ်၊ ကိုနေ့ကို ကျွန်မ သိပ်ကြည်ညို လေးစားသွားပြီ၊ တကယ်. . . ကဲ. . . ဒါဆို ထမင်းစားကြာရအောင်နော်. . .’

ချစ်သော သူ တစ်ယောက် နှင့် ထမင်းလက်ဆုံစားထြစ်ကြသော အ ဖြစ်အပျက်ကလေးကို သူမ နှစ် ခြိုက်မဆုံး ဖြစ်နေမိသည်။

သူ့ရဲ့ စိတ်ဓာတ်နှင့် အကျင့်စရိုက်လေးတွေ ကို သိလေ သူ့ကို ချစ်ခင်စွဲလမ်းစိတ်တွေ က ပို၍ သိပ်သည်းနက်ရှိုင်းလာလေ ဖြစ်တော့သည်။ ထိုအ ဖြစ်အပျက်ကို သူမ မမေ့နိုင်အောင် စွဲနေ တော့မှာ သေချာသည်။

သူမတို့ ထမင်းအတူစားကြပြီးနောက် သူ့ကို ကားအသစ်နှင့် အိမ်ပြန်လိုက်ပို့ပေးသည်။

သူ့အိမ်ရောက်တော့မှ သူ့မျက်နှာမှာ စိတ်ချမ်းသာ လွတ်လပ်သွားသော ကလေးတစ် ယောက် လို ပြန်လည်ကြည်စင်နုပျိုလာညပီး. . .

‘ကျေးဇူးပဲနော်. . . မဂန္ဓာရီ. . . ညမှော င်နေလို့ အိမ်ပေါ်တက်ဖို့ မခေါ်တော့ဘူးနော်. . .’

‘ရပါတယ် ကိုနေ. . . နောက်များ မှပေါ့. . . ကောင်းသော ညပါနော်. . .’

‘ဟုတ်ကဲ့. . .’

သူ ချာခနဲလှည့်ကာ အိပ်ပေါ်ခပ်သုတ်သုတ်တက်ရသည်။ ည ခုနစ်နာရီခွဲလျှင် ဆောင်လေး ဆီ သူ ဖုန်းဆက်နေကျ ဖြစ်သည်။

ဖုန်းဆီ တန်းပြေးသွားပြီး နာရီကို ကမန်းကတန်း ကြည့်သည်။ ရှစ်နာရီကျော်နေပြီ။ သူ စိတ်ပျက်လက်ပျက် ဖြစ်သွားရတော့သည်။

ဆောင်က ဘာလို့ဖုန်းဆက်ဖို့ နောက်ကျနေတာလဲဟု မေးလျှင် သူ ဘယ်လိုဖြေရမလဲ မသိပါ။

မိန်းမ တစ်ယောက် နှင့် ညစာ အတူစားခဲ့ပြီး ခုမှ ပြန်ရောက်လာခဲ့သည့် သူ့အ ဖြစ်ကို ဆောင့်ကို ဘယ်လိုမှ ပြော၍ မ ဖြစ်ပါ။

သူ့ရဲ့ အားနာတတ်မှု ၊ စိတ်ဓာတ်ပျော့ပျောင်းတတ်မှု ၊ လိုက်လျောတတ်မှု ၊ ပျော့ညံ့မှု တို့ကို ဆောင်က လက်ညှိုးထိုးပြီး ပြစ်တင်ရှုတ်ချမှာ ကို သူ မလိုလားပါ။

ဘာပဲ ဖြစ် ဖြစ် သူ ဆောင့်ဆီကိုတော့ ဖုန်းမဆက်ဘဲမနေနိုင်တာမို့ ဖုန်းခလုတ်တွေ ကို နှိပ် လိုက်သည်။ တန်းတန်းမတ်မတ် လာကိုင်သူမှာ ဆောင်ပဲ ဖြစ်သည်။ အရင်ကဆို. . .

‘ခုနစ်နာရီခွဲဆို ဖုန်းကို ဆောင်ပဲ အပိုင်စီးထားတာ ဖန်လုံးရဲ့ ၊ ဖေဖေ ကိစ္စရှိလို့ ဖုန်းဆက်ရင် တောင် ဆောင် အားကြီးစိတ်ဆိုးတာ၊ ဖန်လုံးနဲ့ ဆောင့်ကြားကို အနှောင့်အယှက် သေးသေး မွှားမွှားလေးတောင် မ၀င်စေချင်ဘူး. . . တကယ်ပဲ. . .’

ဟု ဆောင် ပြောပြဖူးသည်။ ခုနစ်နာရီခွဲကတည်းက ကျက်စရာ စာတွေ ကို ဘေးမှာ ပုံထား ပြီး ဖုန်းကို ဦးထားမည့်  ဆောင်သည် သူ့ဖုန်းအလာကို စာမကျက်ဘဲ စောင့်နေရတော့မည် ။

နှုတ်ခမ်းထူထူကလေး တဖြည်းဖြည်း စူပုပ် မဲ့ရွဲ့လာပြီး စိတ်ကောက်နေတော့မည် ။ သူ့မမ နှင့် ရန် ဖြစ်လျှင် ဖြစ်၊ ဒါမှမဟုတ် သူ့မောင်လေး ဘုံဘုံနှင့် စကားနိုင်လု စိတ်တိုနေတော့မည် ။

ဆောင့်ပုံစံလေးတွေ ကို မြင်ယောင်နေဆဲ. . .

‘ဖန်လုံး သိပ်စိတ်ပုပ်တာပဲ. . .’

ဟူသော ဆောင့်ရဲ့ ဆူအောင့်သံက ထွက်ပေါ်လာသည်။ သူ ကမန်းကတန်း ဖြေရှင်းချက် ထုတ်ရန် ကြံစည်တွေးတောရင်း. . .

‘ဘာစိတ်ပုပ်လို့လဲ ဆောင်လေးရဲ့ . . .’

‘အချိန်လဲ ကြည့်ပါဦး. . . ဆောင့် စာကျက်ချိန်တွေ ဘယ်လောက်ပဲ့ရွဲ့ကုန်ပြီလဲ၊ မနက်ဖြန် စာမေးပွဲရှိတယ်ဆိုတာတောင် သိလျပ်နဲ့ တမင်စိတ်ပုပ်စုတ်ပြတ်ပြီး အချိန်တွေ ခိုးတယ်၊ ခု ဘယ်နှစ် နာရီထိုးပြီလဲဟင်. . . ဘယ်လျှောက်သွားနေပြီး ခုမှ တရေး နိုးပြီး ဖုန်းထဆက်ရတာ လဲ၊ ဆောင် ဖုန်းနားမှာ ထိုင်စောင့်ရတာ ဘယ်လောက် ရန်များ တယ် မှတ်သလဲ၊ ဒီအချိန်ဆို အိမ်မှာ ဖုန်းဆက် ချင်သူတွေ က တန်းစီပြနေပြီ၊ ဖုန်းဆက်ချင်တာက နည်းနည်း ဆောင့်ကို အမြင်ကတ်ပြီး ရွဲ့ချင် စိတ်နဲ့ ဖုန်းကို လာလာကိုင်ကြလို့ မနည်းရန်တွေ့  မာန်ဖီထားရတာ ဘယ်လောက်စိတ်ဆိုးရတယ် မှတ်လဲ. . .

စိတ်ဆိုးရတာ ရုပ်ပါဆိုးရော၊ ဆောင် အခု ဘယ်လောက်ရုပ်ဆိုးနေပြီ မသိဘူး၊ ဆောင် ရုပ်ဆိုးရတာ ဖန်လုံးအပြစ်ကြောင့် ပေါ့. . . ဖန်လုံး စိတ်ပုပ်လို့ပေါ့. . .’

ဆောင့်အသံက တဖြည်းဖြည်းငိုသံပေါက်လာတော့ သူ မရယ်ရဲတော့ချေ။ အဲဒါလေးက ဆေးကျောင်းသူတဲ့၊ ဘယ်လောက်များ ကလေးဆန်သလဲ။ သူက တမင်တကာ အကြောင်ရိုက် သော လေသံမျိုးဖြင့် . . .

‘ဟင်. . . ဆောင် ဘာတွေ ပြောနေတာလဲ. . . ခု ခုနစ်နာရီခွဲအတိလေ. . . ခါတိုင်းဖုန်း ဆက်ချိန်ပဲ ကိုယ်ဆက်တာပဲ ဆောင်ရဲ့ . . . ဘာမှားလို့လဲ. . .’

‘လဲသေလိုက်ပါလား ဖန်လုံးရဲ့ ၊ လာ အကြောင်မရိုက်နဲ့နော်. . . ခု ရှစ်နာရီဆယ့်ငါးရှိပြီ. . .’

ဆောင်က ဒေါသတကြီးအော်လိုက်သဖြင့် သူ နားအူသွားရသည်။ သို့သော် သူဆက်၍ . . .

‘ဟာ ကိုယ့်နာရီက ခုနစ်နာရီခွဲပဲ ရှိသေးပါလား၊ တစ်ခုခုတော့ မှားနေပြီ ဆောင်လေး. . . ဆောင်လေးနာရီ မှားရင်မှား ဒါမှမဟုတ်. . . ကိုယ့်နာရီက မှား. . .’

‘ဆောင် မမှားဘူး. . . ဆောင် မမှားဘူး. . . သိလား. . . တစ်အိမ်လုံးက နာရီတွေ နဲ့ ဆောင့်နာရီအတူတူပဲ. . . ရှစ်နာရီ ဆယ့်ငါး. . . မှားချင်းမှား ဖန်လုံးပဲ မှားတာ. . .’

နာရီမှားလို့ဟူသော အကြောင်းပြချက်တစ်ခု ရသွားတာမို့ ဆောင့်သံသယတွေ ၊ ဒေါသတွေ ၊ လေသံတွေ လျော့ကျသွားတော့သည်။ သူ ပခုံးတွန့်ကာ ပြုံးစေ့စေ့ဖြင့် . . .

‘ဟာ. . . ဟုတ်တာပေါ့၊ ကိုယ့်နာရီ နောက်ကျနေတာ. . . ကိုယ့်နာရီ ဓာတ်ခဲ ကုန်သွားပြီ ထင်တယ် ဆောင်ရ၊ ဆောရီးပဲ ဆောင်လေးရာ၊ ကိုယ့်ကို ခွင့်လွှတ်ပါနော်၊ ကိုယ်မှားတာ. . . ကိုယ် မှားတာ. . .’

‘ဒါဆိုလဲပြီးရော. . . ဆောင့်ကို လိမ်မယ်တော့ မကြံနဲ့နော်. . . ဆောင် လှမ်းမမြင်လို့ ဖန်လုံးနာရီ မှားနေတယ်ဆိုတာ ယုံလိုက်မယ်၊ နောက်တစ်ခါဆိုရင် ခုနစ်နာရီခွဲမှ ဖန်လုံးမဆက်ရင် ဆောင်ဆက်မယ်. . . မရှိရင်တော့ နာပြီမှတ်. . .’

‘အေးပါ. . . ကြောက်ပါတယ်. . .’

‘ဖန်လုံး လက်ဖက်ရည်ဆိုင်ထိုင်သေးလား. . .’

‘လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်သွားတဲ့ ကောင်မလေးတွေ ကို ၀ိုင်းကြည့်မှာ စိုးလို့’

‘ကြံဖန်ပြီး သ၀န်တိုမနေစမ်းပါနဲ့ ဆောင်ရာ. . . ကိုယ့်မျက်လုံးက ဆောင့် တစ်ယောက် တည်းကိုပဲ ကြည့်လို့ရတာ ၊ တခြားမိန်းကလေးတွေ ကို မြင်တာ မဟုတ်ဘူး’

‘ဟား ဟား အပိုတွေ မလိမ်နဲ့နော်. . . ကဲ. . . တာ့တာ ဆောင် စာကျက်တော့မယ်. . .’

ဆောင်က ဖုန်းချလိုက်ပြီး စိတ်လက်ပေါ့ပါးစွာ ဘေးနားက စာအုပ်တွေ ကို မလျက် အခန်း ထဲသို့ ပြန်ဝင်ဖို့ ပြင်လိုက်သည်။ ဘုံဘုံက အပြေးအလွှားရောက်လာပြီး ဖုန်းကိုကိုင်ကာ. . .

‘ခုကျတော့ ဆေးစားပြီးမျက်နှာမျိုးနဲ့ ရွှင်နေလိုက်တာ၊ ခုမှပဲ ဖုန်းကိုင်ခွင့်ရတော့တယ်၊ တစ်ဦးတည်း ကိုယ်စားလှယ်ယူထားတာ. . .’

ပွစိ ပွစိ ပြောကာ ဆောင့်ကို မျက်စောင်းထိုးပြီး ဖုန်းကို ကောက်ကိုင်သည်။ ဆောင်က ဘုံဘုံ နားရွက်ကို ဆွဲလိမ်လိုက်ပြီး ၀မ်းသာအားရ ရယ်မောကာ. . .

‘ချစ်တာကိုးဟဲ့. . .’

ဟု အော်ရင်း အခန်းထဲ ပြေးဝင်လာခဲ့သည်။ ခုနက ဘုံဘုံနှင့် ဒိုင်ခံရန် ဖြစ်ပြီး ဖုန်းလုထားရ သော အ ဖြစ်ကို ပြန်မြင်ယောင်ကာ ဆောင် ပခုံးလေးတွန့်ကာ စိတ်လိုလက်ရ ရယ်မောလိုက်တော့ သည်။

ဒီနေ့အဖို့တော့ ဆောင့်စာကျက်ချိန်များ သည် လှပသွားပြီ ဖြစ်သည်။

* * * * *


အခန်း (၃)

‘ကိုနေ. . . ဒီနေ့ အတန်းဖျက်လိုက်ပါလားဟင်. . . ကျွန်မနဲ့ အဖော်လိုက်ခဲ့ပေးစေချင်လို့’

သူမ စကားစလိုက်ကတည်းက သူ တွန့်ခနဲ ဖြစ်သွားသည်။ သူမဟာ သူ့ကိုတွေ့ တာနှင့် အကူအညီတောင်းလိုက်၊ အဖော်လုပ်ခိုင်းလိုက်နှင့် မရိုးနိုင်အောင် ခိုင်းနေတော့တာပဲ။

သူမဘေးမှာ သူမကို ကူညီချင်သူတွေ ၊ အဖော်လုပ်ပေးချင်သူတွေ ၀ိုင်းဝိုင်းလည်နေတာကို ကျတော့ တစ်စက်ကလေးမှ အရေး မလုပ်ချေ။ အဲ့ဒါ ဘာသဘောမှန်း သူ နားမလည်နိုင်ချေ။

‘ဘယ်သွားမလို့လဲ. . .’

‘ကားစမ်းတဲ့အနေနဲ့ မြို့တစ်ပတ်လျှောက်မောင်းကြည့်မလို့. . . အသွား ကျွန်မမောင်းမယ် လေ၊ အပြန်ကျတော့ ကိုနေ မောင်းပြီး ကျွန်မကို အိမ်ပြန်လိုက်ပို့ပေးပေါ့. . .’

ဟင်. . . သူမအိမ်ကို လိုက်ပို့ပေးရဦးမည် တဲ့။ သူမ အိမ်ကို သူ မသွားချင်တာ အမှန်ပဲ။ မိန်းကလေးတစ်ဦးတည်းနေတဲ့ အိမ်ကို ယောက်ျားလေး တစ်ယောက် မကြာခဏ၀င်ထွက်နေလို့ မသင့်တော် နိုင်။

ပြီးတော့ သူတို့ သူငယ်ချင်းသုံးယောက် ထဲမှာ သူ့ကိုမှ ရွေးပြီး ဆွဲဆွဲထုတ်သွားတတ်သဖြင့် သူမနှင့် သူ နှစ် ယောက် တည်း ဖြစ်နေတာ များ သည်။

ဒီအ ဖြစ်အပျက်သာ ဆောင့်ဆီ ပြန်ပေါက်ကြားလို့ ကတော့ သူ ရှင်းပြသည့်တိုင် ဆောင်က ခွင့်လွှတ်လိမ့်မည် မဟုတ်။ အလွန် သ၀န်တိုတတ်သော ဆောင့်အကြောင်းကို သူ ကောင်းကောင်း သိပြီး ဖြစ်သည်။

‘ကဲ. . . လာလေ. . . တွေးမနေစမ်းပါနဲ့. . .’

သူမက ဖျတ်ခနဲ သူ့လက်ကို ဆွဲခေါ်လိုက်သဖြင့် သူ ငြင်းဆန်ဖို့ခက်သွားပြန်သည်။ ထက်မြက်နှင့် ကျော်အောင်က လိုက်သွားဖို့ မျက်ရိပ်ပြပြီး. . .

‘ကဲ. . . ဒါဆို ငါတို့တော့ အတန်းသွားတက်မယ်၊ ရိုးလ်ရှိသ် လက်မှတ်ထိုးပေးမယ်၊ ဟေ့ ကောင် နေ၀န်း၊ လိုက်သွားလိုက်၊ သူများ ကို အဖော်လုပ်ပေးရတာ ကုသိုလ်ရပါတယ်. . .’

စပ်ဖြဲဖြဲလုပ်သွားကြသဖြင့် သူ တစ်ယောက် တည်း ကျန်ရစ်ခဲ့ရသည်။

‘မညိုရော မလိုက်ဘူးလား. . .’

‘မလိုက်တော့ဘူးတဲ့၊ ညိုက အတန်းပျက်ရမှာ အရမ်းကြောက်တာ ကိုနေရဲ့ . . . ကဲ ကား ပေါ်တက်. . .’

သူမက မောင်းသူနေရာမှာ ခပ်သွက်သွက် ၀င်ထိုင်ပြီး ကျောင်းထဲမှ ထွက်လာခဲ့သည်။ သူ့ မျက်ဝန်းတွေ က ကျီးကန်းတောင်းမှော က် လိုက်ကြည့်နေရသေးသည်။ တစ်စုံ တစ်ယောက် က သူနှင့် သူမကို မြင်သွားမှာ သူ အလွန်စိုးရိမ်သည်။

သူမက ကားကို စိမ်ပြေနပြေမောင်းနေပြီး မြို့ထဲလျှောက်ပတ်နေသည်။ နောက်လှန်ဖြီး ထားသော ဆံပင်များ ကြောင့် မဟာနဖူးကလေးရှင်းနေတာ တဖျပ်ဖျပ် နက်ရွှမ်းတောက်ပသော မျက်လုံးများ စိုရွှဲနေတာ၊ နှာတံကလေး ဖြောင့်စင်းချွန်မြနေတာ၊ ထူအိသော နှုတ်ခမ်းဖောင်းဖောင်း များ ပြုံးရိပ်သမ်းနူးညံ့နေတာ. . . အို. . . အလွန်လှပသော အမျိုးသမီး တစ်ယောက် ကို သူက ဘာ ဖြစ်လို့ မခင်မင်နိုင် ဖြစ်နေရတာ ပါလိမ့်။ သူမနှင့် အခုလို နှစ် ယောက် တည်း တွဲ သွားနေရတဲ့ အချိန်များ မှာ တစ်စုံတစ်ရာ မှားယွင်းနေသလို သူ ခံစားနေရသည်။ သူမကို ကမ္ဘာကျော်မင်းသမီး ဘရွတ်ခ်ရှီးလ်နှင့် တူတာထက် ဖြားယောင်းလှည့်စားမည့်  အမျိုးသမီး တစ်ယောက် အ ဖြစ်သာ သူ တွေးမိနေတတ်သည်။

‘ကိုနေ. . . ဘာတွေ တွေးနေတာလဲ ကိုနေ့ကို ကျွန်မရဲ့ ဘ၀အကြောင်း ပြောပြရင် စိတ်ဝင် စားမလားဟင်၊ ကိုနေ့အကြောင်းလဲ ကျွန်မ စိတ်ဝင်စားတယ်၊ ကိုနေ ပြောပြမယ်ဆိုရင် ကျွန်မ နား ထောင်မှာ ပါ. . .’

‘ကျွန်တော့်အကြောင်းက ပြောစရာ ထွေထွေထူးထူးမှ မရှိတာ မဂန္ဓာရီ. . .’

‘ကျွန်မ ကတော့ ပြောစရာရှိတယ်၊ ကိုနေ နားထောင်ချင်မလားဟင်. . .’

‘ပြောပါ ကျွန်တော် နားထောင်မှာ ပေါ့. . .’

‘ကျွန်မက သိပ်အထီးကျန်တယ် ကိုနေရဲ့ . . . ဟိုနေ့က ကိုနေ့ကို ကျွန်မ အိမ်ခေါ်သွား တော့ ကိုနေ ဘယ်လိုခံစားရသလဲဟင်. . .’

‘ဘာကို ခံစားရလို့လဲ. . .’

‘ဥပမာ. . . ကျွန်မကို သနားတာမျိုး၊ ဒါမှမဟုတ် ကြောက်တာမျိုး တစ်ခုခုပေါ့. . .’

ကြောက်တာ. . . ကြောက်တာ. . . ဟုတ်တယ်။ ဘ၀မှာ အလွန်အထီးကျန်ဆန်ပြီး သံယောဇဉ်နှောင်ကိုးမဲ့နေတဲ့ အမျိုးသမီး တစ်ယောက် ကို သနားခြင်းထက် စိုးရိမ်ကြောက်ရွံ့ခြင်း သာ သူ့စိတ်ကို လွှမ်းမိုးနေခဲ့သော ထိုညကို သူ ပြန်အမှတ်ရသည်။ သူမ၏ စူးရှထက်မြက်သော မျက်လုံးတွေ ၊ ရဲဝံ့ဖျတ်လတ်သော အမူအရာတွေ သည် သူ့စိတ်နှလုံးကို ဆန်းကြယ်သော ခံစားမှု များ ပေးသည်။ မိန်းမ တစ်ယောက် ရဲဝံ့ထက်မြက်လွန်းလျှင် သူ မနှစ် မြို့ပါ။ ဂန္ဓာရီ့အပေါ် ဒါကြောင့် သူ လက်မခံနိုင်ခြင်း ဖြစ်နေကြောင်း သူ အခုမှ သဘောပေါက်တော့သည်။ သို့သော် သူ့စိတ်ထား အမှန်ကို သူမအား ဖွင့်မပြောရဲ။ သူ့စိတ်ဆန္ဒနှင့် ဆန့်ကျင်စွာ . . .

‘ကျွန်တော် တစ်မျိုးတော့ ခံစားရပါတယ်၊ ဒါပေမယ့် အဲ့ဒါကို အမည် မတပ်တတ်ဘူးဗျာ. . .’

‘ဒါဆိုရင် ကျွန်မကို ကိုနေ ဘယ်လိုမြင်သလဲ၊ တစ်ခုခု ဝေဖန်ချက်ပေးပါလားဟင်. . .’

သူမက စိတ်မလျှော့သေးပုံနှင့် ထပ်မေးသည်။ သူ မျက်ကြော ရှုံ့ရှုံ့ထားကာ စဉ်းစားရင်း. .

‘ကျွန်တော့်အထင် ပြောရရင်တော့ ခပ်တေတေပေပေနဲ့ တစ်ဇွတ်ထိုး လုပ်တတ်တာမျိုး. . လိုချင်တာကို ရအောင်ယူတတ်မယ့် စရိုက်မျိုး၊ ခေါင်းမာပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်တာမျိုး၊ အဲ့ဒီထဲ က တစ်ခုခုတော့ မဂန္ဓာရီနဲ့ အကျုံးဝင်လိမ့်မယ်. . .’

သူမက ရုတ်တရက် ဟက်ဟက်ပက်ပက် ရယ်မောချလိုက်ပြီး သူ့ကို ပြုံးကြည့်နေသည်။ ပြီးမှ. . .

‘တစ်ချက်မဟုတ်ဘူး. . . ခုန ကိုနေ ပြောသမျှ အချက်အားလုံး ကျွန်မဆီမှာ ရှိတယ် ကိုနေရဲ့ ၊ ကိုနေ အဲဒီ လိုပြောနိုင်တာကို ကျွန်မ အံ့အားသင့်နေတာ၊ ဒီ့ထက်ဆိုးရွားတဲ့ အကျင့်တွေ ကျွန်မမှာ ရှိသေးတယ်၊ ဥပမာ အငြှိုးကြီးတယ်၊ သွေးအေးအေးနဲ့ ရက်စက်တတ်တယ်၊ ကျွန်မကို တော် ရုံလူ နားမလည်နိုင်ဘူး၊ ကျွန်မရဲ့ စရိုက်တွေ က အဆန်းတကြယ်တွေ ချည်းပဲလို့ ညိုက ပြောခဲ့တာလေ. . .

ကျွန်မ ငယ်ငယ်က သိပ်လှတဲ့ ကြွေပန်းအိုးလေးတစ်လုံးကို အရမ်းလိုချင်ခဲ့ဖူးတယ်၊ မေမေ က မပေးဘူး၊ ဒါ ဆော့စရာ မဟုတ်ဘူးတဲ့၊ ပန်းအလှထိုးဖို့ ပန်းအိုးတဲ့၊ ကျွန်မ အကြိမ်ပေါင်းများ စွာ တောင်းကြည့်တယ်၊ မေမေက မပေးဘူးလို့ပဲ ငြင်းနေခဲ့တယ်၊ နောက်ဆုံး မေမေ ကျွန်မ အလိုကို မလိုက်တော့မှာ သေချာလာတော့ ကျွန်မ ဘာလုပ်တယ်မှတ်သလဲဟင်. . . ကိုနေ. . .’

သူမ၏ ရယ်သံမှာ တိုးဖွဖွ ဖြစ်သော်လည်း အခဲမကျေနိုင်သူ တစ်ယောက် ၏ ရယ်သံမျိုး ဖြစ်သည်။ သူ သူမကို ဘေးတိုက်လှည့်ကြည့်ရင်း. . .

‘ကျွန်တော် မသိဘူးလေ. . .’

ဟု ခပ်ကြောင်ကြောင် ပြန်ဖြေလိုက်သည်။ သူမ၏ မျက်လုံးများ က တဖျပ်ဖျပ် နက်ရွှန်း တောက်ပလျက်. . .

‘မေမေ့အလစ်မှာ ကျွန်မ အဲ့ဒီပန်းအိုးကို ရိုက်ခွဲပစ်လိုက်တာပေါ့၊ မထူးဘူးလေ၊ ကျွန်မမှ မရတော့တာ၊ ကျွန်မ ငမ်းငမ်းတက် မက်မောတဲ့ အရာတစ်ခုကို မရနိုင်တော့မှန်း သိတဲ့အခါ ကျွန်မ အလှထိုင်ကြည့်မနေချင်ဘူး၊ အဆုံးစီရင်ပစ်လိုက်ရော၊ အဲဒီ တော့မှ ကျွန်မ နေသာထိုင်သာ ရှိသွား တာ၊ ကဲ. . . မဆန်းဘူးလား ကိုနေ၊ ကိုနေ ခုနက ဝေဖန်ခဲ့သလို ခပ်တေတေပေပေနဲ့ တစ်ဇွတ်ထိုး လုပ်တတ်တာ မှန်တယ်၊ လိုချင်တာကို ရအောင် အစွမ်းကုန် ကြိုးစားတယ် မရတဲ့အဆုံးမှာ ဖျက် ဆီးပစ်လိုက်တယ်လေ. . . အဲဒါကို အငြှိုးကြီးတယ်လို့ ပြောလဲ ကျွန်မ ခံရမှာ ပဲ. . .’

‘မဂန္ဓာရီက အတော် နားလည်ရခက်တာပဲ. . .’

သူက ခပ်တိုးတိုး ငြီးတွားလိုက်လေသည်။

‘ဟုတ်တယ်. . . ကျွန်မကိုယ် ကျွန်မတောင် နားမလည်နိုင်ဘူး ကိုနေ၊ တစ်ခါတလေကျရင် ကျွန်မ လူတွေ အားလုံးကို မုန်းနေတတ်တယ်၊ ဘယ်သူ့ကိုမှ စကားပြောချင်စိတ် မရှိတော့ဘူး၊ အခန်းတံခါး အသေပိတ်ပြီး ကျွန်မ ငေါင်နေရော၊ ကျွန်မဘ၀က အထီးကျန်လွန်းတော့ ဘ၀ကို မက်မော ဖက်တွယ်လိုစိတ်လဲ မရှိဘူး၊ တစ်ခါတလေဆို စိတ်တွေ လေချင်တိုင်းလေပြီး တွယ်ရာမဲ့ ဖြစ်နေတော့တာပဲ၊ အဲဒီ ဝေဒနာကို ကျွန်မ ခံစားရမျာ သိပ်ကြောက်တယ်၊ ဒါပေမဲ့ အဲဒီ ဝေဒနာထဲ ကနေ ကျွန်မ ရှောင်မပြေးဘူး၊ အဲဒီ ဝေဒနာကို ရှင်သထက်ရှင်အောင် မွေးထားမိတယ်၊ အဲဒါ သိပ်ဆိုးတာပဲနော်. . .

တစ်ခါတစ်ခါ ကျွန်မ အရမ်းငတ်မွတ်တောင့်တနေမိတာ တစ်ခုရှိတယ်. . . သိလား ကိုနေ၊ ဘာလဲဆိုတော့ ရိုးသားဖြောင့်မတ်တဲ့ ယောက်ျား တစ်ယောက် ဆီက နူးညံ့သိမ်မွေ့တဲ့ အကြင်နာ တွေ ကို လိုချင်နေတာ. . .’

‘မဂန္ဓာရီ့ ပတ်ဝန်းကျင်မှာ မဂန္ဓာရီကို ဂရုတစိုက် ကြင်နာမယ့်သူတွေ အများ ကြီးရှိသားပဲ’

‘အဲ့ဒါတွေ က ရမ္မက်တွေ ပါတယ်၊ မျှော်လင့်ချက်တွေ ၊ လိုချင်တာတွေ များ တဲ့ ယောက်ျား တွေ က သူတို့လိုတာမရခင်မှာ ဟန်ဆောင်ပြီး ကျွန်မကို ကြင်နာချင်ဟန်ဆောင်နောကတာပါ၊ ကျွန်မ သိတယ်၊ ကျွန်မ လိုချင်တာက အတတ်ပညာ မပါစေရဘူး၊ ဖြူစင်သန့်ရှင်းတဲ့အချစ်နဲ့ ကလေးငယ်လေး တစ်ယောက် လို ရိုးသားဖြူစင်တဲ့ ယောက်ျား တစ်ယောက် ဆီက အကြင်နာတရား ပါ၊ သိပ်နွေးထွေးလှိုက်လှဲမှာ ပဲလို့ ကျွန်မထင်တယ်. . .’

သူမပုံစံက တောင့်တမွတ်သိပ်လွန်းလှသည်။ ပြီးတော့ သူ့ကိုစိုက်ကြည့်နေသည့် သူမ၏ မျက်လုံးတွေ စူးရှပြောင်လက်နေပြီး အရည်တွေ ဖိတ်စဉ်ကျမတတ် ရွှန်းလက်နေတာကို သူ တစ်မျိုးကြီး ခံစားနေရသည်။

‘အဲ့ဒါမျိုးက ရှားတော့ ရှားမှာ ပဲ. . .’

‘လူ သန်းပေါင်းများ စွာ ထဲမှာ တစ်ယောက် ယောက် တော့ ရှိချင်ရှိနေမှာ ပေါ့ ကိုနေရဲ့ ၊ ကျွန်မ ကလဲ အဲ့ဒီလို ရှားတဲ့အရာတွေ ကိုမှ စိတ်ဝင်စားတတ်တာလေ. . .’

‘ကျွန်တော် မောင်းရတော့မလား ဂန္ဓာရီ. . .’

‘ကိုနေက ပြန်ချင်ပြီလား. . .’

‘ဟိုတစ်နေ့ကလို ညမှော င်သွားမှာ စိုးလို့ပါ. . .’

‘ကဲ ဒါဆို စားသောက်ဆိုင်တစ်ခုခုကို မောင်းမယ်နော်၊ ကျွန်မတို့ တစ်ခုခု စားကြတာပေါ့၊ ပြီးမှ ကိုနေ ကျွန်မကိုလိုက်ပို့. . . ဟုတ်လား. . .’

‘ကောင်းပြီလေ. . .’

သူမက မြို့ထဲပတ်မောင်းနေရာမှ ယော့ခ်လမ်းထဲ ၀င်သည်။ ကားကိုနေရာကျအောင်လုပ် ပြီး ပုလဲအအေးဆိုင်ထဲ အတူဝင်လာခဲ့ကြသည်။ ဆိုင်ထဲမှာ အတွဲ သုံးတွဲ လောက်သာ ရှိသည်မို့ သူ ခြေလှမ်းတွန့်ဆုတ်ဆုတ် ဖြစ်နေသည်။

‘လာလေ ကိုနေ. . . ကိုးလ်ဒရင့်ခ်တစ်ခုခု သောက်ရအောင်. . . ထမင်းတော့ အိမ်ကျမှ စားနော်. . . ကျွန်မ ဒေါ်ကြီးကို စီစဉ်ခိုင်းထားပြီးလား. . .’

‘ဟာ. . . ကျွန်တော် မစား. . .’

‘အို. . . စားရမယ်. . . ကိုနေ့ကို ကြိုပြီးဖိတ်ရင် ငြင်းမယ်ဆိုတာသိလို့ ခုလို ကြံစည်လိုက်ရ တာ၊ ကိုနေ မစားရင် ကိုနေ့ရှေ့မှာ တင် ထမင်းဟင်းတွေ ကို ကိုင်ပေါက် သွန်ပစ်လိုက်မယ်. . .’

‘ဒုက္ခပါပဲ မဂန္ဓာရီရာ. . . စိတ်ညစ်လိုက်တာ. . .’

‘ထမင်းစားဖိတ်တဲ့ မိန်းကလေး တစ်ယောက် ရဲ့ ခင်မင်မှု ကို မငြင်းကောင်းပါဘူး ကိုနေရယ်’

သူ စိတ်ပျက်လက်ပျက်ကြီး သက်ပြင်းချလိုက်မိတော့သည်။ ဒီအမျိုးသမီးကို သူ ဘာလို့ အားနာနေရမှာ လဲ၊ ခါးခါးသီးသီး ငြင်းဆန်ပစ်လိုက်ပါလား၊ ဘာ ဖြစ်လို့ သူမရဲ့ ထောင်ချောက်ထဲ တစ်ဆင့်ချင်းတစ်ဆင့် ဆင်းမိလျက်သား ဖြစ်နေရတာ လဲ။

သူ ရင်ထဲက ရက်စက်ပြတ်သားစွာ တွေးကြည့်သော်လည်း တကယ်တမ်းမှာ သူ ပြော မထွက်ချေ။ အားနာမှု တွေ က သူ့ကို ဖိစီးထားသည်။ ပြီးတော့ နုနယ်ပျိုမျစ်သော အမျိုးသမီးလေး တစ်ယောက် ကို သူ ရက်ရက်စက်စက် မပြောရက်ချေ။

အဲဒီ လိုနှင့် ပဲ သူမ၏ အိမ်သို့ သူ ဒုတိယအကြိမ်မြောက် ရောက်ခဲ့ရပြန်သည်။

* * * * *


အံ့သြစရာကောင်းလှစွာ သူနှင့် သူမ၏ သတင်းတွေ က နေရာအနှံ့ ကျော်ကြားပျံ့နှံလာ တော့သည်။ သူမက သူ့ကို မကြာခဏ ခေါ်ထုတ်သွားလေ့ရှိတာမို့ ကျောင်းထဲမှာ သူတို့နှစ် ယောက် က အတွဲ အ ဖြစ် ကောလာဟလတွေ ပြန်ထွက်လာသည်။ ဟိုနေရာတတွဲ တွဲ ဒီနေရာတတွဲ တွဲ ဆို သော သတင်းတွေ ဘယ်နေ့က ဘယ်နေရာမှာ ဘာအရောင် လေး ၀တ်ထားတာကအစ အသေး စိတ်လိုက်စပ်စုကာ ပြန့်ကားနေအောင် ချဲ့ပြောသော သတင်းတွေ အစအဆုံး သူ ပြန်ကြားရသည်။

အထူးသဖြင့် သူမက ကျောင်းရဲ့ အလှဘုရင်မတစ်ပါးမို့ သူမ သတင်းကို တကူးတက လိုက်စုံစမ်းထောက်လှမ်းနေသူတွေ က ရိုက်သတ်မကုန်အောင်ရှိသည်။ လူအများ စိတ်ဝင်စားမှု ကို ခံရသော ဘ၀က တကယ် မလွတ်လပ်ပေ။ သူမကြောင့် ကျောင်းမှာ သူ့ကို လူသိများ လာသည်။ သူ့ကိုမြင်လျှင် ၀ိုင်းကြည့်ကာ ခပ်တိုးတိုးစကားတွေ ပြောကျန်ခဲ့ကြတာကို သူ အခံရခက်သည်။ တချို့ကဆို ပြောင်ပြောင်တင်းတင်း လက်ညှိုးထိုးပြကာ. . .

‘အဲ့ဒါ အီကိုကွင်းရဲ့ ရည်းစားပေါ့. . .’

ဟုပင် ပြောဆိုနေကြသည်။ ဒီသတင်းတွေ က ဆောင့်ဆီပြန်ရောက် မရောက်တော့ မသိ။ မိန်းထဲမှာ တော့ သတင်းအတော် ပြန့်နေပြီ ဖြစ်သည်။ လုံးဝ မထင်မှတ်စရာ။

ထို့ကြောင့် သူ ဂန္ဓာရီကို ရှောင်ဖို့ ကြိုးစားရတော့သည်။ သူမကို ခပ်လှမ်းလှမ်းမှမြင်ရလျှင် သူ တစ်နေရာရာကို ပြေးပုန်းကာ ထက်မြက်နှင့် ကျော်အောင်တို့ကို လိမ်ခိုင်းရသည်။ ထက်မြက်က ရှုံ့မဲ့ကာ. . .

‘နေရာပေါင်းလဲ စုံနေပြီ နေ၀န်း. . . ဟိုသွားတယ်၊ ဒီသွားတယ် လျှောက်ပြောနေတာ သူ မယုံတော့ဘူး၊ ငါတို့ကို ကြိမ်းနေတယ်၊ တွေ့ အောင်ရှာတဲ့၊ တွေ့ ရင် သူ့ကို လာတွေ့ ပါတဲ့၊ မင်း သွားတွေ့ လိုက်ဦးကွာ၊ ငါတို့က ကြားကနေပြီး မျက်နှာပူတယ်ကွ. . .’

ဟု ပြောသည်။ ကျော်အောင် ကတော့ ဖြေဖြေသိမ့်သိမ့်နှင့် . . .

‘ဆောင်တော် ကူးဆီ ဒီသတင်းတွေ ပြန်ပေါက်ကြားကုန်ရင် မလွယ်ဘူး နေ၀န်း၊ မင်း ပြဿ နာ မင်း ပြတ်ပြတ်သားသားရှင်း. . . ဂန္ဓာရီ အထာပေါက်အောင် အလိမ္မာနဲ့ ပြောကြည့်ပေါ့ကွာ၊ မင်းမှာ ချစ်သူရှိတယ်ဆိုတဲ့အကြောင်းပေါ့. . .’

သူငယ်ချင်းတွေ က အရင် ကတော့ အပျော်အပြက်သဘောမျိုးနှင့် နောက်ပြောင်ခဲ့ကြပြီး တကယ်တမ်း အလေးအနက် ဖြစ်လာသော အခါ ပြဿနာ ဖြစ်မှာ စိုးရိမ်နေကြသည်။

‘နေရင်းထိုင်ရင်း ငါ ဒုက္ခများ တာကွ. . . ငါ့ဘက်က ဆောင့်ကို သစ္စာဖောက်တာလဲ မဟုတ် ဘူး၊ ဂန္ဓာ့ရီ့ကို ပြစ်များ မိတာလဲ မဟုတ်ဘူး၊ ပတ်ဝန်းကျင်သတင်းတွေ နဲ့ အလကားသက်သက် ဆက်ဆံရေး ပျက်စရာတွေ ဖြစ်ကုန်တာပဲ၊ သူ့ကို သူငယ်ချင်း တစ်ယောက် လို ငါ ခင်ပါတယ်၊ သူ ငါ့အပေါ် မရိုးသားတာလဲ ငါ သိတယ်. . . ဒါပေမယ့် ငါ သာယာစိတ်နဲ့ မရှောင်ဘဲနေခဲ့တာ မဟုတ် ဘူး၊ အားနာမှု ကြောင့် ခံရတာ . . .’

‘ဘာပဲ ဖြစ် ဖြစ် ဆောင်နဲ့ ထိပ်တိုက်ရင်ဆိုင်ရရင်တော့ ငါ ပြတ်ပြတ်သားသား ရှင်းရမှာ ပဲ၊ ဆောင် အထင်လွဲတာ ငါ လုံးဝမခံနိုင်ဘူး’

ထက်မြက်တို့ကိုတော့ သူ ရဲရဲဝံ့ဝံ့ ပြောထွက်ခဲ့သော်လည်း ဂန္ဓာရီနှင့် တွေ့ သော အခါ သူ နှုတ်ဆွံ့အနေပြန်သည်။ ဘယ်က ဘယ်လိုစပြီး ငြင်းဆန်ရမှန်းမသိ ဖြစ်နေစဉ်မှာ ပဲ သူမ လှည့်ကွက် ထဲ သူ ဖုတ်ခနဲ ကျရောက်သွားခဲ့ပြန်သည်။

ထိုနေ့က အတန်းပြီးလို့ အိမ်ပြန်ဖို့ ကျောင်းထဲကအထွက်မှာ ကားဟွန်းသံကျယ်တစ်ခု နားထဲစူးရှစွာ ၀င်ရောက်လာသဖြင့် လှည့်ကြည့်လိုက်တော့ ဂန္ဓာရီ. . .။

‘ကားပေါ်တက် ကိုနေ. . .’

ဟု သူမက ခပ်တည်တည် အမိန့်ပေးသည်။ ကျောင်းထဲက မျက်လုံးများ က အကဲခတ်နေ ချိန် သူမရဲ့ ကားနောက်မှ ကားတန်းကြီးက ဟွန်းသံတွေ ဆူညံနေချိန်မို့ သူ မငြင်းဆန် ဖြစ်တော့ ပြန်။

သူ ကားပေါ် တက်လိုက်တော့ သူမက ကားကို ခပ်ကြမ်းကြမ်း မောင်းထွက်သည်။ ထို့နောက် အင်းလျားကန်ဘောင်ရိုးဘက်မှာ ကားရပ်ပြီး ဘာမပြော ညာမပြောနှင့် သူ့အင်္ကျီလက် မောင်းကို ကိုက်ဆွဲပစ်လိုက်တာမို့ သူ အလန့်တကြား ထအော်မိသွားသည်။

‘ဟာ. . . ဘယ်လို ဖြစ်တာလဲ မဂန္ဓာရီ. . .’

‘မဂန္ဓာရီလို့ မခေါ်နဲ့၊ ဂန္ဓာရီလို့ခေါ်၊ ကျွန်မကို တမင်တကာ ရှောင်နေလို့ အပြစ်ပေးတဲ့အနေ နဲ့ ကိုက်ဆွဲပစ်လိုက်တာ ရှင်းပြီလား၊ ကိုနေ ကျွန်မကို သိပ်စိမ်းတာပဲ၊ ကျွန်မ သိပ်အထီးကျန်နေ တယ် သိလား၊ ကိုယ့်ကိုယ်ကို သတ်သေပစ်ချင်စိတ်တောင်ပေါက်တယ် ကိုနေ. . . ကျွန်မကို ဘာ ဖြစ်လို့ ရှောင်နေတာလဲ. . .’

‘ကျောင်းမှာ သတင်းတွေ ပြန့်နေပြီ. . . ကျွန်တော် တို့မှ တကယ်မဟုတ်တာ. . . ရှောင်နေ တာ မကောင်းဘူးလား. . .’

‘ရှောင်နေတာ မကောင်းပါဘူး ကိုနေ. . . အဲဒီ သတင်းတွေ အတွက် ရှောင်ခြင်းရှောင် ကျွန်မက ရှောင်ရမှာ ပါ၊ ကျွန်မကတောင် မရှောင်ဘဲ ကိုနေက ရှောင်တယ်ဆိုတော့ မလွန်လွန်းဘူး လား၊ ကိုနေကို ကျွန်မ တကောက်ကောက်လိုက်ရှာနေရတာ ဘယ်လောက်ရုပ်ပျက်ဆင်းပျက် နိုင်သလဲ၊ ကျွန်မ ခင်သလို ကိုနေ မခင်ဘူး. . .’

‘ရှောင်တာက မဂန္ဓာရီကို ထိခိုက်မှာ စိုးလို့ပါ. . .’

‘ဂန္ဓာလို့ ခေါ်လို့ ပြောတယ် မဟုတ်လား၊ ခေါ်. . . ခေါ်. . . အဲဒီ လို အင်းမလုပ် အဲမလုပ် လုပ်တာကို ကျွန်မ စိတ်မရှည်ဘူး ခေါ်လေ. . .’

‘အင်းပါ. . . ခေါ်ပါ့မယ်. . . ဂန္ဓာရယ်. . .’

သူ စိတ်ညစ်လာသည်။ သူမဟာ ရုပ်ကလေး လှသလောက် တစ်ဇွတ်ထိုးနိုင်လှသည်။

‘ကိုနေ. . . ကျွန်မသာ ယောက်ျားလေးဆို ကိုနေမလါယ်ဘူး၊ လက်သီးနဲ့ ပိတ်ထိုးပစ်ချင် တယ်၊ အခုတောင် ကိုနေ့မျက်နှာကို ဆွဲဆက်ကုတ်ဖဲ့ပစ်ချင်နေတယ် သိလား၊ ဘာ ဖြစ်လို့ ကျွန်မ စိတ်ပျက်ရအောင် ရိုးသားဖြောင့်မတ်နေရတာ လဲ ကိုနေ ဟင်. . . ကျွန် ဘာ ဖြစ်နေတယ်ဆိုတာ ကိုနေ တကယ်မသိဘူးလား၊ ကျွန်မ ရင်ထဲမှာ ဘာတွေ ရှိနေတယ်ဆိုတာ. . .’

‘ကျွန်တော် မသိချင်ဘူး ဂန္ဓာ. . . ကျွန်တော် ပြန်မယ်. . .’

‘မပြန်ရဘူး. . . ကားတံခါးကို ကိုနေ ဖွင့်ရဲဖွင့်ကြည့်. . . ကိုနေ မလွယ်ဘူး၊ ကျွန်မ အော်ပစ် လိုက်မယ် သိလား၊ ကိုနေ ဒုက္ခရောက်အောင် ကျွန်မ ကောင်းကောင်းလုပ်နိုင်တယ်. . .’

သူ ထင်မှတ်မထားသဖြင့် အံ့သြထိတ်လန့်သွားသည်။ သူမက သူ့ကို ခြိမ်းခြောက်နေတာပါ လား။

‘ကျွန်တော် မပြန်လို့ ဘာလုပ်ရမလဲ ဂန္ဓာ. . . ဘာ ဖြစ်လို့ ကျွန်တော့်ကို ရက်စက်ချင်နေရ တာလဲ. . .’

သူ စိတ်ပျက်စိုးရွံ့စွာ ညည်းညူလိုက်မိသည်။ ထိုစဉ်မှာ ပင် သူတို့ကားနားသို့ လူတစ် ယောက် လျှောက်လာနေတာကို တွေ့ ရသည်။ သူမ မျက်နှာက ရုတ်ခြည်းဝင်းလက်သွားပြီး ကားပြတင်းမှ ခေါင်းပြူကာ. . .

‘ကိုမင်းနိုင်ပါလား၊ အတော် ပဲ. . . ကျွန်မ မိတ်ဆက်ပေးရဦးမယ်. . .’

ထိုသူက ကိုယ်ကိုကိုင်းကာ ကားထဲငုံ့ကြည့်ပြီး သူ့ကိုမြင်တော့ မျက်နှာပျက်သွားလေသည်။

‘ဒါလေ ကျွန်မရဲ့ မောင်ဆိုတာပေါ့. . . ဖန်နေ၀န်းတဲ့၊ မောင်. . . အဲဒါ ကိုမင်းနိုင်တဲ့ ၀ိုင် အိုင် တီ က. . .’

သူမ မိတ်ဆက်ပေးပုံကို သူ ကျောစိမ့်သွားကာ ပြန်ငြင်းဖို့ ပြင်လိုက်သော သူမက မျက်ရိပ် ပြကာ ပခုံကို လာကိုင်ထားတာမို့ အသက်ရှူ အောင့်ထားလိုက်မိသည်။ ထိုသူက. . .

‘တွေ့ ရတာ ၀မ်းသာပါတယ်ဗျာ၊ ခင်ဗျား အတော် ကံကောင်းတဲ့လူပဲ. . . ဂန္ဓာရီ့အချစ်ကို ကျွန် တော် စောင့်တာ ဆယ်နှစ် မ ကတော့ဘူး. . . ဒီနေ့ ရင်ကွဲရတဲ့နေ့ပဲ. . .’

ဟု ခပ်မဲ့မဲ့ပြောလျက် လက်ဆွဲနှုတ်ဆက်နေတာမို့ စိတ်ထဲမှာ မနှစ် မြို့မှု တွေ သည်းမခံနိုင် လောက်အောင် များ ပြားနေသည်။

‘ကဲ. . . ယုံပြီမဟုတ်လား. . . ကိုမင်းနိုင်. . . ကျွန်မတို့ကို ခွင့်ပြုပါဦးနော်. . .’

သူမက ပြုံးရယ်ကာ လှမ်းပြောပြီး ကားကို ပြန်ကွေ့ကာ မောင်းထွက်လာခဲ့သည်။

‘ခင်ဗျား ဘယ်လိုလုပ်လိုက်တာလဲဗျာ. . . ဒုက္ခပါပဲ၊ အရမ်းစိတ်ပျက်ဖို့ ကောင်းတာပဲ. . .’

‘ဆောရီးပဲ ကိုနေ၊ အဲဒီ ကိုမင်းနိုင်က ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မကို ပိုးနေခဲ့တာ၊ သူ ပြောသလို ဆယ်နှစ် မ ကတော့ဘူး၊ ဇွဲအကောင်းဆုံး. . . စိတ်အရှည်ဆုံး လူ တစ်ယောက် ပေါ့. . ကျွန်မက သူ့ကို လုံးဝမချစ်ဘူး၊ ဒါကြောင့် ဒီနေ့ ကိုနေနဲ့ မိတ်ဆက်ပေးလိုက် ရတာ ပါ၊ စိတ်မရှိနဲ့ နော်. . . ဒီနေ့မှပဲ သူ စိတ်ပျက်သွားပုံရတော့တယ်၊ ဒါတောင် မျှော်လင့်ချင် မျှော်လင့်နေဦးမှာ . . .’

‘ဂန္ဓာ လုပ်ချင်တာ ဇွတ်လုပ်နေတာ မကောင်းဘူးထင်တယ်. . . ကျွန်တော် နဲ့ ဂန္ဓာ ဘာမှ မဟုတ်ဘဲ သတင်းကြီးနေတဲ့ပြဿနာက ခုလိုလုပ်လိုက်တော့ ပိုခိုင်မာသွားမှာ ပေါ့. . .’

‘ခိုင်မာပစေပေါ့ ကိုနေ. . . ကျွန်မ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး၊ ဒီနေ့ ကျွန်မအိမ်မှာ ကိုနေ ထမင်းလိုက်စားရမယ်. . .’

သူမက နှုတ်ခမ်းတင်းတင်းစေ့ကာ ပြောသည်။ သူမကို သူ နားမလည်နိုင်တော့ပေ။

ထိုနေ့ကလည်း သူမအိမ်ကို တတိယအကြိမ်မြောက် သူ ရောက် ဖြစ်ခဲ့ရပြန်သည်။ သူ့အ ဖြစ် မှာ ရုန်းလေနစ်လေ ဖြစ်သော နွံနစ်သူ တစ်ယောက် လို ဖြစ်နေခဲ့ကြောင်း တဖြည်းဖြည်းသံသယ၀င် လာခဲ့တော့သည်။

* * * * *




ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ချစ်ခြင်း၏အခြားမဲ့၌ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်လွန်းတော့လည်း ရူးတယ်ထင်

ဇနီးချောများကွန်ရက်

မာယာရထား