Cover

အခန်း(၁)

သူ့ကို ကျွန်မချစ်သည်။ ထီးကလေးတစ်ချောင်းအောက်မှာ မလုံ့တလုံ ကုပ်ကပ်ပူးယှက်ပြီး… နှစ်ယောက် စလုံးမိုးရေရွှဲရွှဲစိုတဲ့ကြားက ချမ်းခိုက်ခိုက်တုန်နေတာတောင် အပြုံးအရယ်မပျက်နိုင်ဘဲ ကျွန်မ သူ့ကို ရင်ခုန်စွာ ငဲ့ငဲ့ကြည့်မိတာ ဘယ်နှကြိမ်ရှိပြီလဲ။ သူကလည်း အလားတူပင်။ ကျွန်မရဲ့ ပခုံးကလေးကို သူ့ရဲ့လက်တစ်ဖက်နှင့် တင်းကြပ် မြဲမြံစွာ ပွေ့ဖက်ထားသည့်တိုင် စိတ်မချ၊ အားမရနိုင်သလို ငဲ့စောင်းငုံ့ကြည့်လိုက်ရတာ အမော။ ချစ်သူ၏ အထိအတွေ့ က ဘယ်လောက်ပဲ ချမ်းခိုက်တုန်ယင်နေပါစေ။ နွေးထွေးလုံခြုံမှု ကတော့ အမြဲရှိသည်။ လေတစ်ချက် ခပ်ကြမ်းကြမ်းအဝှေ့မှာ ထီးရွက်ကလေး လန်ထွက်သွားလျှင်… ကျွန်မတို့နှစ်ယောက် ၏ ရယ်သံများ က မိုးရေစက်တွေ နှင့်အတူကျယ်လောင်လို့ သွား၏ ။

နင် ကတော့ စိုရွှဲကုန်ပြီ သြရာ၊ ဖျားတော့မှာ ပဲ

ဖျားဖျားဟာ၊ ချစ်သူနဲ့အတူတူ မိုးရေထဲ လမ်းလျှောက်တဲ့အရသာ… ဘယ်လောက်ကောင်းလိုက် သလဲ၊ အခုနေ ဘီလျံနာကြီး တစ်ယောက် ကိုယ်ပိုင်လေယာဉ်နဲ့ဆင်းပြီးလာခေါ်တာတောင် ငါမလဲနိုင်ဘူး… အဟုတ်

မရေး ထဲ… စိတ်ကူးက ယဉ်ချင်သေးတယ်

ငါ ကော်ဖီဆာတယ်… မောင်ရာ၊ ရှေ့နားကလက်ရည်ဆိုင်ထဲဝင်ပြီး ကော်ဖီ ပူပူလေးသောက်ရရင် ဇိမ်ပဲကိုယ့်လူ

အေး… သွားရအောင်လေ

ဟဲ့… ငါ့မှာ ပိုက်ဆံမပါဘူးလေ… မနက်က အိမ်ကို ပေးလိုက် နာနဲ့တင် ပြောင်သလင်းခါပြီ

ငါ့မှာ ကော်ဖီတစ်ခွက်စာတော့ ရှိပါသေးတယ် သြရ၊ ဘိုင်ကျပေမဲ့ ငါ့ချစ်သူလေးကိုတော့ နွေးသွား အောင် ကော်ဖီ ပူပူလေး ၀ယ်တိုက်နိုင်ပါသေးတယ်၊ လာ … ၀င်မယ်

လက်ရည်ဆိုင်လေးထဲမှာ မိုးခိုသူတွေ စည်ကားလို့ နေသည်။ စားပွဲလွတ်ကလေးတစ်လုံးမှာ ကျွန်မတို့ဝင် ထိုင်လိုက်ကြသည်။ သူက အနားကပ်လာသော စားပွဲထိုးကောင်လေးကို ကော်ဖီတစ်ခွက်နှင့် ရေနွေးအိုးတစ်ခရားမှာ လိုက်သည်။ ပြီးတော့ သူ့ကိုယ်ပေါ်က ဂျင်းဂျက်ကက်ကို ရေစစ်သွားအောင်ညှစ်ချ လိုက်ပြီး …

နင် ချမ်းနေပြီမှလား၊ ရော့ … ဒါလေးခြုံထားလိုက်

ပြောလည်းပြော … လက်ကလည်း ဂျက်ကက် ကလေးကို ကျွန်မပခုံးပေါ်မှာ လွှမ်းခြုံပေး လိုက်သော သူ့ကို ကျွန်မက စိတ်မချနိုင်ဘဲ …

“ဟယ် … နင် ချမ်းနေမှာ ပေါ့၊ အောက်မှာ စွပ်ကျယ်လေးပဲရှိတာ”

ဟုပြောမိသည်။

ငါက ယောက်ျားလေး နင်ကမိန်းကလေးဟာ၊ တစ်ကိုယ်လုံးရွှဲစိုနေတာ ကြည့်မကောင်းဘူး၊ ဆိုင်ထဲက ကောင်တွေ ၀ိုင်းပြီးရှိုးနေရမှာ ကို ငါမခံစားနိုင်ဘူး၊ ရော့ … ဆံပင်တွေ ကိုဒါနဲ့ သုတ်လိုက် … ငါ သုတ်ပေးရမလား

သူက လက်ကိုင်ပုဝါတစ်ထည်ကို ရေစင်အောင် ညှစ်ချပြီး လှမ်းပေးနေသဖြင့် သူကျေနပ်အောင် သာ ယူပြီး သုတ်လိုက်ရသည်။ သူက ကျွှမအပေါ် အမြဲတမ်း အဲဒီ လို အသေးစိတ် ဂရုတစိုက်ကြင်နာတတ် လွန်း တာကို ကျွန်မ အလွန်ချစ်သည်။ ကျွန်မတို့ နှစ်ယောက် က ငယ်ငယ်လေးကတည်းက အိမ်နီးချင်း က စားဖော်ကစားဖက် ဘ၀တူ သူငယ်ချင်းတွေ ဘ၀ကနေ ချစ်သူတွေ ဖြစ်လာခဲ့ရတာ မို့ နှစ်ကိုယ့်တစ်စိတ် ဆက်သွယ်နီးစပ်လွန်းလှသည်။ တစ်ယောက် ကို တစ်ယောက် စိုက်ကြည့်လိုက်ရုံနှင့်ပင် … ဘယ်လောက် နင့်နင့်သည်းသည်း မက်မောတွယ်တာနေမိကြသလဲဆိုတာ … မြင်ရသူတိုင်းကပင်သတိမထားမိဘဲ မနေနိုင်လောက်အောင်ပင်။ အဲဒီ လို ဖြစ်နေအောင်လည်း တကူးတက တမင်တကာ ကြီး ဖန်တီးလုပ်ယူနေ စရာလည်းမလို။ တစ်ယောက် ကိုတစ်ယောကမချစ်ဘဲ မနေနိုင်လောက်အောင်ကို သိပ်ချစ်နေခဲ့မိကြခြင်း သည် ကျွန်မတို့နှစ်ယောက် ကြားတွင် အလိုအလျောက် အမြစ်တွယ်ရှင်သန်ခဲ့ပြီး အလေးအနက် ခိုင်ခံ့သန် မာလွန်းသော ညှိနှိုင်းစရာမလိုသော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

စာပွဲထိုးလေးက ကော်ဖီခွက်တစ်ခွက်နှင့် ရေနွေးတစ်ခရားလာချပေးသွားချိန်တွင် သူက အငွေ့ တထောင်းထောင်းထနေသော ကော်ဖီပူပူခွက်ကို သူမရှေ့သို့ ချပေးကာ သူ့အတွက်တော့ ရေနွေးတစ်ခွက်ငှဲ့သောက်သည်။

“နင်လည်းသောက်ရမယ်…. တစ်ခွက်လုံး ငါ ဘယ်သောက်ရက်ပါ့မလဲ”

“နင်ပဲ သောက်စမ်းပါ သြရာ၊ ငါက ကော်ဖီထက် ရေနွေးပိုကြိုက်တယ်၊ ရင်ထဲနွေးသွားရင်ပြီးရော”

ကော်ဖီပူပူကို မက်မက်စက်စက်သောက်လိုက်ရင်း

သူ့နှုတ်ခမ်းနားအထိ တေ့ပေးလိုက်ကာ …

“စကားမရှည်နဲ့ သောက်”

ဟု အမိန့်ပေးလိုက် တော့မှ ကိုယ်တော် က ခပ်ဖွဖွတစ်ငုံစုပ်ယူပါသည်။ ကျွန်မတို့နှစ် ယောက် မှာ ပိုက်ဆံပြတ်လပ်လာပြီဆိုရင် အဲဒီ လိုပဲ ကော်ဖီတစ်ခွက် နှစ် ယောက် အတူ မျှဝေသောက်ကြရတာ ကို ရှက်စရာရယ်လို့လည်း မမြင်မိပါ။ နှစ် ယောက် အတူအတွင်းသိအစင်းသိ ဘ၀နာကြသူများ ပီပီ နေ့စဉ်ဘ၀ကို ဘယ်လိုရုန်းကန်ကျော်ဖြတ်ကြမလဲဆိုတာတာပဲ။ ခေါင်းထဲရှိ ကြသည်။ နှစ် ယောက် စလုံး ဆယ်တန်းအောင်ပြီးကာစမို့ အလုပ်ကိုသာ အပူတပြင်း ရှာဖွေနေကြချိန်လည်း ဖြစ်သည်။ တကသိုလ်ဆက်ဆက်ဖို့ဆိုတာ အိပ်မက်ပင်မမက်ချင်တော့။ ရှားပါးခက်ခဲလွန်းသော ပိုက်ဆံကိုသာ ကျွန်မတို့ကြိုးစားရှာဖွေချင်မိကြသည်။

”တောက် … ငါ တကယ်ချမ်းသာသာချင်တယ်ကွာ၊ ပိုက်ဆံတွေ အများ ကြီး ရှိချင်တယ်၊ မိဘတွေ ကို မပူမပင်မကြောင့်မကြဘ၀မှာ ငါ ထားချင်တယ်၊ ငါ့အစ်ကိုကို ပညာတတ် ကြီး ဖြစ်စေချင်တယ်”

သည်းသည်းမည်းမည်း အငြိုးတကြီးရွာသွန်းနေသော မိုးရေတွေ ကို ငေးကြည့်ရင်း ကျွန်မ အမြဲရွတ်ဆိုမြဲ ဖြစ်သော ဂါတာတစ်ပုဒ်ကို ရွတ်ဆိုသည်းလျှင် သူက ပြုံး ကြည့်သည်။

“ငါ ကတော့ နင့်ကိုယုံတယ် သြ၊ နင့်မှာ သူများ ထက် သာနေတာက ပြင်းပြတဲ့ စိတ်ဓာတ်ပဲ၊ ကိုယ့်ချစ်သူမို့ မြှော က်နေတာမဟုတ်ဘူး၊ တစ်ခါတစ်လေ နင့်ရဲ့ ဖြတ်ထိုးဥာဏ်တွေ … အတွေးအခေါ်အယူအဆတွေ က သူများ နဲ့ကို မတူဘူး၊ ငါတောင် နင့်ကိုဖျားချင်တယ်“

”အေးပါ … ၊ နင့်ရဲ့ အမြှော က်အပင့်ကလေးတွေ နဲ့ပဲငါလည်း အသက်ရှူနေတာပါ၊ ငါ ကစိတ်ကူးတော့ တကယ်ယဉ်တယ်နော် … ငါ့စိတ်ကူးတွေ ထဲမှာ ငါကအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းရှင်ကြီးပေါ့ဟယ်၊ အဲဒီ့ ကနေ မြေတွေ အများ ကြီးဝယ်ထားပြီး … ဟိုတယ်လ် လုပ်ငန်းတွေ ဆက်ပြီးတိုးချဲ့မယ်၊ ငါလုပ်နိုင်သမျှ စီးပွားရေး လုပ်ငန်မှန်သမျှ ငါလုပ်မယ်ဟယ်၊ နင်ကရော ဘာ ဖြစ်ချင်တာလဲ… ငါ့ကို ပြောပြထားဦးလေ နင်နဲ့ငါအတူတူစပ်တူ ရှယ်ယာ လုပ်ကြမယ်နော်”

ကော်ဖီတစ်ခွက်ကို နှစ် ယောက် အတူ မျှသောက်ရင်းကိန်းကြီးခမ်းကြီးစကားတွေ လေတစ်လုံးမိုးတစ်လုံး ပြောနေရတာ ကိုပဲ ကျွန်မအတွက် အားအင်တွေ စုဆောင်း အရှိန်ယူနေရ သလိုပဲခံ စားရပါသည်။

“ငါက နင့်လောက်ကြီးတော့ အရမ်းကြီးမချမ်းသာချင်ဘူး သြ၊ နင့်ကိုပဲ Support လုပ် ပေးချင် တာပါ၊ ငါ့ဘေးမှာ နင်အမြဲရှိနေမယ်… နင့်လက်ကို ငါ တွဲ ထားခွင့်ရမယ်…

နင့်မျက်နှာလေးကို ငါ နေ့တိုင်း မြတ်မြတ်နိုးနိုးကြည့်နေခွင့်ရမယ်ဆိုရင် ငါ့အတွက်လုံ လောက်ပြီ၊ ဘာမှ မလိုအပ်တော့ဘူး၊ အဓိက,က နင်ရော ငါပါ ပျော်ရွှင်နေဖို့စိတ်ချမ်းသာနေဖို့ပဲ … ငါ့ အတွက်အရေး ကြီးတယ်“

“နင် … ပြောပုံလေးကလေ၊ အဲဒါလေးတွေ ကြောင့်ပဲ နင့်ကိုငါ သိပ်ချစ်တာ … သိလား မောင်”

ကျွန်မ သူ့ကို ရွှန်းမြစိုလက်စွာ ငေးကြည့်မိခဲ့သည်။

ချစ်သူသက်တမ်းတလျှောက်မှာ ကျွန်မကို အမြဲတမ်း လိုအင်ဆနတွေ ဖြည့်ဆည်းပေးခဲ့သူ … ကျွန်မရဲ့ မျက်နှာကို အရိပ်လိုကြည့်ပြီး ကျွန်မမျက်နှာအငြိုမခံတတ်ခဲ့သူ … သူရှိနေရုံမျှဖြင့်ပင် ကျွန်မဘ၀မှာ အင်အား အတော် ပြည့်ခဲ့ရပြီ ဖြစ်သည်။

***

အခန်း(၂)

ဘ၀မှာ ပထမဆုံးအကြိမ်အ ဖြစ် ပိုက်ဆံခပ်များများ ကို ပွဲခအ ဖြစ် ရလိုက်သော အ ဖြစ်က ကျွန်မကို စီးပွားရှာ လိုစိတ်တွေ တရိပ်ရိပ် တိုးပွားထက်သန်လာအောင် ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။ ကျွန်မတို့ နေထိုင်ရာရွာ ကလေးက ချောင်းသာကမ်းခြေသို့ အသွား လမ်းတလျှောက်မှာ ရှိသော ရွာကလေးတစ်ရွာ ဖြစ်သည်။ ရွာထဲ က ကလေးတွေ က ချောင်းသာကမ်းခြေ တစ်ဝိုက်မှာ ပဲ ကျင်လည်ကျက်စား စီးပွားရှာကြသည်။ ကျွန်မတို့ လို ဆယ်တန်းအောင်ပြီးသား အရွယ်တွေ က ချောင်းသာကမ်းခြေရှိ ဟိုတယ်တွေ မှာ အလုပ်ရတတ်သည်။ ကျွန်မရော သူပါ ဟိုတယ်တစ်ခုတွင် ၀န်ထမ်းအလုပ်အတူတူရခဲ့ပါသည်။ ကျွန်မအတွက်တော့ ဟိုတယ် လုပ်ငန်းကို စိတ်ပါဝင်စားသူပီပီ အောက်ခြေ၀န်ထမ်းအဆင့်ကနေစပြီး လေ့လာသင်ယူရသည်လို့ပဲ မှတ်ယူကာ ကြိုးစားသင်ယူပါသည်။ ဧည့်သည်တွေ စိတ်တိုင်းကျ၊ ကျေနပ်မှု ရှိစေရန်အတွက် အကောင်းဆုံး ဖြစ်အောင် ၀န်ဆောင်မှု ပေးရသော အလုပ်ကို ကျွန်မ သဘောကျသည်။ ဘာပဲလုပ်ပေးလုပ်ပေး စေတနာ ထားပြီး ဧည့်သည်စိတ်ချမ်းသာတဲ့အထိ အစအဆုံး ၀န်ဆောင်ပေးတတ်သော ကျွန်မရဲ့ နာမည် က ၀န်ထမ်းတွေ လောကမှာ ရော ဧည့်သည်တွေ ကြားမှာ ပါ ထင်ရှားခဲ့ရာကစပါသည်။ ဒီနှစ် အတွက် အကောင်းဆုံး ၀န်ထမ်းဆုကို ကျွန်မရခဲ့သလို ဆုကြေးငွေကလည်း မြိုးမြိုးမြက်မြက် ကျွန်မရခဲ့၏ ။ အဲဒါအပြင် ကျွန်မကို အလုပ်ကြိုးစားသော ကြောင့် ခင်မင်မျက်မှန်းတန်းမိနေသော မန်နေဂျာကပင် အခွင့်အရေး တစ်ခု ပေးခဲ့ခြင်း ဖြစ်သည်။

”သြမေ … ညည်းက လည်လည်ဝယ်ဝယ် နှံ့နှံ့စပ်စပ် ရှိတယ်ဆိုတော့ ညည်းကိုပဲ တာဝန်ပေးထားမယ်၊ ဘော့စ်ကဒီနားတစ်ဝိုက်မှာ မြေနေရာတွေ ထပ်ရှာချင်နေတယ်၊ ဟိုတယ်လ် တိုးချဲ့ဖို့ပေါ့၊ ညည်းက ဒီနားက ရွာမှာ နေတာဆိုတော့ မြေရောင်းချင်တဲ့သူတွေ ရှိရင် စုံစမ်းပေးထား၊ သူတို့ ဘက်ကဘယ်လောက်ဈေးနဲ့ ရောင်းနိုင်မလဲဆိုတာကိုပါစုံစမ်းပေး၊ အလုပ် ဖြစ်ရင် ညည်းပွဲခရမှာ ပေါ့”

ဟုဆိုသည်။ အဲဒီ ကတည်းက ကျွန်မနှင့် ဘုန်းယသနှစ် ယောက် သား ရွာတွေ ထဲလှည့်ပြီး ခြေတို အောင်လျှောက်ကြကာမြေရောင်းဖို့အတွက် ပိုင်ရှင်တွေ ကို လိုက်လံရှာဖွေ စနည်းနာစုဆောင်းသည့်အလုပ် ကို တက်တက်ကြွကြွ စိတ်အားထက်သန်စွာ လုပ်ခဲ့ကြပါသည်။

ပထမဆုံး … မြေတစ်ကွက် ရောင်း ဖြစ်သွားချိန်ဝယ် ကျွန်မတို့နှစ် ယောက် ကို ပွဲခအ ဖြစ် မန်နေဂျာ က မုန့်ဖိုးတစ်သိန်းထုတ်ပေးခဲ့သည်။ ကျွန်မတို့ဘ၀မှာ ပထမဆုံးအကြိမ် ပိုက်ဆံများများ ကိုင်ဖူးခြင်းမို့ နှစ် ယောက် သား ခုန်ပေါက်ပျော်ရွှင်ခဲ့ရသော နေ့ကလေးလည်း ဖြစ်သည်။

”ရော့ … နင် ငါးသော င်း … ငါ ငါးသော င်း နော်၊ တွေ့ လား … ငါတို့ရဲ့ လုပ်အားခ၊ ငါ စဉ်းစားမိ တယ်ဟ၊ ဒီချောင်းသာကမ်းခြေမှာ ဟိုတယ်လ်တွေ သူ့ထက်ငါ လာပြီးဆောက်ကြမယ်ဆိုရင် … ဒီနားတ၀ိုက်က မြေတွေ ဈေးတက်နေမှာ ပဲ၊ ငါတို့ မြေပွဲစား အရင်လုပ်ပြီး ပိုက်ဆံစုရမယ်၊ ပိုက်ဆံတွေ များ လာရင် ကိုယ်နိုင်တဲ့မြေကွက်ကလေးတစ်နိုင်ဝယ်ထားပြီး မြတ်တော့ ပြန်ရောင်းမယ်ဟာ၊ မြေပွဲစားဘ၀ ကနေ တစ်ဆင့်တက်ရင် ဟိုတယ်လ်ထဲမှာ ရှယ်ယာထည့်နိုင်အောင်ကြိုးစားမယ်၊ အခုဆို ငါ့အသက်က ဆယ့်ခွန်၊ နောက်ဆယ်နှစ် ဆိုငါက ဟိုတယ်လ်ရှယ်ယာဝင် ဖြစ်နေလောက်ပြီ၊ ကံကောင်းရင် အကျိုးပေးရင် ဟိုတယ်လ်ပိုင်ရှင်တောင် ဖြစ်နိုင်တယ်“

ကျွန်မက ထိုသို့အကြံကြီးစွာ တွက်ချက်ပြတိုင်း ကျွန်မကို အံ့သြလွန်သော မျက်ဝန်းများ ဖြင့် သူက ငေးကြည့်တတ်သည်။

“နင် တကယ် စီးပွားရေး အကွက်မြင်တယ် ကြည့်စမ်း၊ ငါတောင် အဲဒီ လောက်ထိရှေ့ကို ကြိုတွေး မထားမိဘူး၊ နင်က နောက်ဆယ်နှစ် စာ ရှေ့ကိုကြိုမြင်ထားပြီ၊ အဲဒါ နင့်ဦးနှောက်ဘယ်လောက်ပြေးသလဲ ဆိုတာကိုပြတာပဲ၊ နင်တကယ် ဖြတ်ထိုးဥာဏ်ကောင်းတယ်”

“အဟား၊ ဒီလောက်လည်း မဟုတ်သေးပါဘူးဟယ်၊ ငါကိုကစီးပွားရှာချင်တဲ့စိတ်ထက်သန်တော့ အမြဲတွေး တောကြံဆကြည့်နေတာကိုး”

“ရော့ … ဒီငါးသော င်းကို ငါမယူထားပါဘူး၊ နင်နဲံအတူစုထားမယ်၊ ငါတို့ စီးပွားဖက်တွေ လုပ်ကြတာပေါ့၊ ကံစပ်ရင် အကျိုးပေးမှာ ပေါ့”

“ငါက ဒီငွေကို ဒီအတိုင်း အသေစုမထားချင်ဘူး မောင်ရဲ့ ၊ မန်နေဂျာဆီမှာ ခွင့်တောင်းပြီး ဘောကွင်းတွေ ၀ယ်ပြီးငှားစားချင်တယ်၊ အဲဒါ မြတ်မယ်”

“ဟင်း … ၊ နင်ကြိုက်တာသာလုပ်၊ နင့်တစ်ကိုယ်လုံးဥာဏ်တွေ ချည်းပဲ”

သူက ကျွန်မဘာလုပ်လုပ် ကူညီဖြည့်ဆည်းပေးချင်သည်သာ ဖြစ်သည်။ ဘောကွင်းငှားသော အလုပ် ကလေးကနေ နေ့စဉ် ပိုက်ဆံတွေ ပြန်ရနေသည်။ ကျွန်မက တတ်နိုင်သမျှ စက်ဘီးကလေးလည်း နှစ် စီးဝယ် လိုက်သေးကာ စက်ဘီးပါ ငှားစားခဲ့၏ ။ ကိုယ်တိုင်လည်း ရွာတွေ ထဲလှည့်ပြီး မြေရောင်း မည့် ပိုင်ရှင်ရှာလျှင်ခါတိုင်းလို လမ်းမလျှောက်ရတော့။ ဟိုတယ်လ်ဝန်ထမ်းအလုပ်ကတစ်ဖက် … အားလပ် ချိန်တွေ မှာ မြေပိုင်ရှင်နှင့် လိုက်ဆက်သွယ်ရှာဖွေစုံစမ်းပြီး မြေရောင်းဖို့ ကမ်းလှမ်းစကားပြောရသည့်မြေပွဲ စားအလုပ်ကိုပါ ကျွန်မတို့ရခဲ့ပါသည်။ ရွာရိုးကိုးပေါက် ဂျင်ခြေလည်အောင် ကျွန်မတို့ ခြေရာတွေ လည်းနှံ့ခဲ့ ၏ ။ ကျွန်မတို့နှစ် ယောက် တကယ်ပဲ မမောနိုင်ခဲ့ပါ။ မြေတစ်ကွက် အရောင်းအ၀ယ်အတစ်ခါ ဖြစ်တိုင်း ပွဲခငွေကလေးတွေ က အထပ်လိုက်မို့ … ငွေရဲ့ တန်ဖိုးကိုနှစ် ယောက် စလုံး မက်မောစွာ သိမြင်ခဲ့ကြခြင်း ဖြစ် သည်။ ပိုက်ဆံကို ရှာတတ်လာသော အခါ ပိုက်ဆံ၏ တန်ဖိုးကိုလည်း ပိုသိနားလည်လာလျက် … ပို၍ လည်းရှာဖွေချင်လာခဲ့ကြသည်။

ကျွန်မတို့ ချစ်သူနှစ် ယောက် က အတွဲ လည်းညီခဲ့ကြသည်ကိုး … ။

***

အခန်း(၃)

သူ့ရဲ့ ချစ်စရာကောင်းတာတစ်ခုက ကျွန်မရဲ့ လက်ရာ ဇလုံကြီးထဲမှာ ထည့်နယ်ထားသော ထမင်းရယ် … လ္ဘက်ရယ် … ငါးပိရည်ရယ်ကို ကျွန်မလက်နှင့် အားပါးတရနယ်ဖတ်ထားမှာ ကြိုက်တတ်သလို ကျွန်မကိုယ်တိုင် သူ့ကိုခွံ့ကျွေးမှ အားပါးတရ စားတတ်ခြင်း ဖြစ်သည်။ ရေနွေးကြမ်းပူပူကို တဖူးဖူးမှု တ်ကာ ထမင်းတစ်လုပ်၊ ရေနွေးတစ်ငုံသောက်ရတာ ကိုက ကျွန်မတို့ နှစ် ယောက် အတွက် ဘာနှင့် မှမလဲနိုင်သော နတ်စည်းစိမ်ပါပင်။ ငယ်ငယ်တုန်းက အိမ်နီးချင်းကစားဖော်သူငယ်ချင်း၊ အရွယ်ရောက်လာတော့ နှစ် ကိုယ့် တစ်စိတ် သိပ်ချစ်ကြသော ချစ်သူစုံတွဲ ကလေးတွေ ဖြစ်ခဲ့ကြသော ကျွန်မနဲ့သူ့ကို ကျွန်မဘက်ကရော သူ့ဘက်ကပါ နှစ် လိုကြည်ဖြူရှိခဲ့ကြတာကလည်း ကျွန်မတို့နှစ် ယောက် ကံကောင်းခဲ့သည်။ ကျွန်မကို သိပ် ချစ်လွန်းသော အစ်ကိုကပင် သူနဲ့ ချစ်သူတွေ ဖြစ်ရကောင်းလားဟု သ၀န်တို ငြိုငြင်တာရယ်လို့မရှိခဲ့။ ကျွန်မတို့နှစ် ယောက် ကို နှစ် ယောက် ပူးတွဲ သာ အမြဲမြင်နေကျမို့ နှစ် ယောက် မတွဲ မိရင်တောင် “ဟို တစ်ယောက် ရော” ဟုမေးယူရတဲ့အထိနှစ် ယောက် ပေါင်းမှာ တစ်စုံ ဖြစ်ခဲ့သော ကျွန်မတို့နှစ် ယောက် ပါပင်။

“ကိုကြီးကို ငါ ရှာလို့ရတဲ့ပိုက်ဆံနဲ့တက္ကသိုလ်ဆက်ပို့မလို့နင်သဘောတူလား မောင်”

ကျွန်မက သူ့ကို ထမင်းတစ်လုတ်ခွံ့ရင်း မေးလိုက်သည်။

“အာ … ငါက ဘာလို့ သဘောတူရမှာ လဲ၊ တူပြီးသားလေ၊ နင်က ဘာလို့ ဒီမေးခွန်းကို မေးရတာ လဲ၊ သြကလည်း” ”သြော် … ငါတို့နှစ် ယောက် စုထားတဲ့အထဲမှာ နင့်ပိုက်ဆံတွေ လည်း ပါတယ်ဆိုတော့ နင့်သဘောထားကိုမေးရတာ ပေါ့ မောင်ရဲ့ ”

“လုပ်မနေနဲ့၊ ငါ့ပိုက်ဆံလည်း နင့်ပိုက်ဆံပဲ၊ အခုကတည်းကပိုက်ဆံရှာသမျှအကုန်အပ်ထားတာ၊ တစ်နေ့ နင်လည်း ငါ့မိန်းမ ဖြစ်မယ့်ဥစ္စာ”

“ဟယ် … ကြည့်စမ်း၊ ယုတ်မာလိုက်တာ … ပြောရဲဆိုရဲရှိလိုက်တာ”

ကျွန်မက မရှက်စဖူးရှက်သွားကာ သူ့ကိုထုတော့သူက ထမင်းသီးအောင်ပင် ရယ်လို့မဆုံး။

“ဟုတ်တယ်လေ … သူငယ်ချင်း … ပြီးတော့ ချစ်သူ… ၊ ပြီးတော့ လင်မယား … ပရိုမိုးရှင်းနဲ့ တက်သွားတာ ဒါအမှန်ပဲဥစ္စာ၊ နင်က ဘာကိုရှက်တာလဲ”

“ဟဲ့ … အခုမှ ငါတို့က ငယ်ငယ်ကလေးတွေ ရှိသေးတဲ့ဥစ္စာ … ဒီလိုကိစ္စတွေ ပြောစရာလား”

“ဘာငယ်တာလဲ … နင်ရောငါရော ဆယ့်ခုနစ်နှစ် ရှိပြီ၊ အလုပ်ကလေးတွေ လည်း ရှိပြီ၊ ဆယ့်ရှစ်နှစ် ဆို လက်ထပ်လို့ရပြီ”

ကျွန်မက သူ့ကို မျက်စောင်းချီပစ်လိုက်သည်။

“အောင်မာ … ၊ နင့်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ လက်ထပ်ပါ့မယ်လို့ ဘယ်သူက ကတိပေးထားလို့လဲ၊ ငါက စီးပွားတွေ ရှာဦးမှာ ၊ ချမ်းသာအောင် ကြိုးစားရှာဖွေဦးမှာ ၊ ကိုယ်ပိုင်မြေကွက်တွေ ပိုင်ပြီး … ဟိုတယ်လုပ်ငန်း တွေ ပိုင်တဲ့သူဌေးမကြီး ဖြစ်တဲ့အထိ ငါရောနင်ပါ ရုန်းကန်ကြရဦးမှာ ၊ စောစောစီးစီး အိမ်ထောင်ပြု၊ ကလေးမွေးပြီး အိပ်မက်ကို လက်လွှတ်ဆုံးရှုံးလိုက်တာမျိုး ငါဘယ်တော့မှာ အ ဖြစ်မခံဘူးနော်၊ နင် ငါ့စိတ် ဓာတ်ကို သိပါတယ်၊ ငါတို့ အခုဆင်းရဲတယ်၊ ဒီဘ၀မှာ အကြာကြီး ငါ ခြေစုံရပ်နေမှာ မဟုတ်ဘူး၊ ငါ ကတော့ စွန့်စားမှာ ပဲ … ကြိုးစားမှာ ပဲ၊ ငါချမ်းသာပြည့်စုံတဲ့ဘ၀ တစ်ခုတော့ ရချင်တယ်၊ အဲဒီ ဘ၀အခြေအနေရောက် မှပဲ နင့်ကိုပါ လက်ထပ်မှာ ၊ ငါတို့မင်္ဂလာပွဲကို ခမ်းခမ်းနားနားကလေးကျင်းပချင်တာ … သိလား”

သူက ဆက်ပြီးမရယ်တော့ဘဲ လေးနက်သော မျက်နှာထားဆီသို့ ချက်ချင်း ပြောင်းလဲသွားကာ … ကျွန်မကိုအလေးအနက် ငေးကြည့်ရင်း …

“ငါ သိပါတယ် သြရယ်၊ ငါက အပျော်သဘောနဲ့ နောက်တာပါ။ နင် ဖြစ်ချင်တဲ့ဘ၀မျိုး ရောက်တဲ့အထိ နင်နဲ့အတူလက်တွဲ ပြီး ငါကြိုးစားဖြည့်ဆည်းပေးမှာ ပါ၊ ငါတို့ နှစ် ယောက် က ရဲဘော်ရဲဘက်တွေ ပါ … သြ နင့်အတွက်ဆိုရင် ငါဘာမဆိုအဆင်သင့်ပါ”

“ကျေးဇူးပါ … မောင်ရယ်၊ နင်က ငါ့ရဲ့ အားပါ၊ လုံခြုံတဲ့အရိပ်တစ်ခုလည်း ဖြစ်တယ်၊ နင်မပါဘဲ ငါစွမ်းအင်တွေ ဒီလောက် ထက်မြက်နိုင်မှာ မဟုတ်ဘူး၊ နင့်ကို ငါသိပ်ချစ်တာပဲသိလား”

“အေးပါ … ငါ သိပါတယ်၊ ငါက ပိုချစ်တယ်”

ကျွန်မက ကျေကျေနပ်နပ်ပြုံးရင်း သူ့ကို ထမင်းဆက်ခွံ့လိုက်သည်။ ကိုယ့်ရဲ့ နံဘေးမှာ အစစ အရာရာ နားလည်အလိုက်သိပေးတတ်လွန်းတဲ့ ချစ်သူ တစ်ယောက် ရှိနေ ခဲ့ခြင်းကလည်း ကျွန်မရဲ့ ခြေလှမ်း တွေ ကို အားအင် ပိုဖြည့်ပေးနိုင်ခဲ့ခြင်း ဖြစ်သေးသည် … ဟု ကျွန်မက ယုံကြည်ကိုးစားခဲ့ပါသည်။

***

အခန်း(၄)

ဆယ်ကျော်သက်အရွယ်မှာ ကျွန်မတို့နှစ် ယောက် လောက် စီးပွားရေး လာဘ်မြင်သလောက်၊ ကြိုးစားပြီး စီးပွား သော င်းကျန်းတာ မရှိတော့။ ဟိုတယ်လ်လုပ်ငန်းက နွေရာသီနှင့် ဆောင်းရာသီလောက်သာ အလုပ်များ ပြီး မိုးရာသီဆို အားလပ်သလောက်မို့… ထိုရာသီအတွင်းမှာ ရောင်းမည့် မြေကွက်တွေ ကို စက်ဘီးကိုယ်စီဖြင့် လိုက်လံရှာဖွေကြသည်။ မြေကွက်တွေ့ လျှင် မန်နေဂျာကနေတဆင့် ဆက်သွယ်ကာ အရောင်းအ၀ယ် ဖြစ်တဲ့အထိ ပွဲစားလုပ်ကြသည်။ ပွဲခကလေးမြိုးမြိုးမြက်မြက်ရလျှင်တော့ စက်ဘီးတွေ ထပ် ၀ယ်ကာ စက်ဘီးအငှားလုပ်ငန်းကို တိုးချဲ့ကြသည်။ စက်ဘီးအငှားလုပ်ငန်းက ရွာအနီးကလူတွေ ရော … ဟိုတယ်လ်မှာ လာတည်းသည့် ဧည့်သည်တွေ ကပါ ငှားစီးကြသဖြင့် တော် တော် အလုပ် ဖြစ်ပါသည်။

နွေရာသီဆိုလျှင်တော့ အကွက်မြင်သော ကျွန်မက ဟိုတယ်ဝန်းကျင်ရှိ အုန်းပင်တွေ အားလုံးကို ကန်ထရိုက်ဆွဲပြီးသိမ်းယူပစ်လိုက်သည်။ ပြီးတော့ အုန်းတက်သမားငှားတာ အုန်းသီးတွေ ခြွေပြီး အုန်းသီး ရောင်းစားသည့်လုပ်ငန်းကလည်း အမြတ်အတော် ရလေသည်။ ရသမျှငွေကို ကျွှန်မက စုစည်။စုထားသော ငွေတွေ များ လာသည်နှင့် လုပ်ငန်းတစ်ခုခုမှာ ရင်းနှီးမြှု ပ်နှံဖို့ကျွန်မ ကြံစည်တော့သည်။ သူ ကတော့ ကျွန်မဘာလုပ်လုပ်အားပေးသူ… ။

”သြရယ်… နင့်ကိုကြည့်ရတာ အရွယ်ငယ်ငယ်လေးနဲ့… ဧရာမ စီးပွားရေး လုပ်ငန်းရှင်ကြီးကျနေတာ ပဲ၊ နင့် ခေါင်းထဲ ဘယ်နေရာက ပိုက်ဆံရမလဲဆိုတာပဲ တွေးတတ်တော့တယ်“

ဒါပေါ့ မောင်ရဲ့ ၊လက်ထဲမှာ ပိုက်ဆံမရှိရင် … ဘယ်လောက်သိမ်ငယ်ရသလဲ၊ လ္ဘက်ရည်တစ်ခွက်ကို နှစ်ယောက် မျှဝေပြီးသောက်ခဲ့ရတာ လေ၊အခု ငါ ပိုက်ဆံတွေ ပိုတိုးပွားအောင်စုနေတာ၊မြေတစ်ကွက် လောက် ကိုယ်ပိုင်ဝယ်ချင်လို့မောင်ရဲ့ ၊ အခုနေ သိန်းဂဏန်းလောက်ခုန်တက် သွားတာ နင့်မျက်မြင်ပဲလေ၊ မြေပွဲစားဘ၀ကနေ မြေ၀ယ်ရောင်းစား ဖြစ်နိုင်အောင် ကြိုးစားမှ … ငါတို့ချမ်းသာမှာ မောင်ရဲ့ ”

မြေအကြောင်းပြောတိုင်း ကျွန်မမျက်ဝန်းတွေ တလက်လက်တောက်ပ စူးရှနေတတ်ခဲ့သည်။ သူက တော့ ကျွန်မလောက် လောဘကြီးလွန်းသူမဟုတ်ခဲ့။ ကျွန်မက ခြေတစ်လှမ်းပြီးတစ်လှမ်း စွန့်စားချင်နေမိ တာ။ သူ ကတော့ ကျွန်မ ဖြစ်ချင်တာမှန်သမျှ ဖြည့်ဆည်းပေးဖို့ကလွဲပြီး ကျန်တာ သိပ်မတွေး။

ကျွန်မတို့ချစ်သူနှစ်ယောက် တစ်ခါတစ်ရံများ ပင်လယ်ကမ်းစပ်မှာ အတူလက်တွဲ ပြီးလမ်းလျှောက် နေမိလျှင် သူက တော့ သဘာဝတရားရဲ့ အလှအပတွေ ၊ကျွန်မကို ချစ်တဲ့အကြောင်းတွေ ၊စိတ်ကူးယဉ်ဆန် ဆန်လေးတွေ ပြောချင်ပြောနေတတ်ပေမယ် ကျွန်မ ကတော့ ငွေရပေါက်စွန့်စားခန်းတွေ တွေးချင်တွေးနေ တတ်သည်။တစ်ခါကများ ဆို . . . သူ တစ်ခုခုပေးလိုက် တာကို ကျွန်မကမကြားလိုက်ဘဲ . . .

“ ငါ တစ်ခု စဉ်းစားမိတယ် … သိလား”

ဟု ကျွန်မကပြောတော့ သူက သူ့မေးခွန်းကို ဖြေသည်အမှတ်ဖြင့် ….

“အင်း … ပြောပါဦး ”

ဟု စိတ်ဝင်တစား ပြန်မေးသည်။

“ ငါတို့ အခုရှိနေတဲ့ စက်ဘီးတွေ လည်း အကုန်ရောင်း…"

“ စုထားတဲ့ငွေတွေ အပြင် … လိုတဲ့ငွေကို အတိုးနဲ့ချေးလိုက်ပြီး မြေတစ်ကွက်ဝယ်လိုက်ရင် ကောင်းမလားလို့ ဒေါ်အေးကြည်ရဲ့မြေကွက်က ဟိုတယ်လ်နားနဲ့ ဆက်နေတာ၊ ဟိုတယ်လ်ချဲ့ချင်ရင် သေ ချာပေါက်ပြန်ဝယ်မှာ ပဲ”

“ ဟာကွာ … ငါမေးတာက တခြား နင်ဖြေတာကြီးက တခြား ဘာလဲကွ ”

“ ဟမ် … နင်က ဘာမေးတာလဲလို့ ”

“ နင်နဲ့ငါ ချစ်သူ ဖြစ်တဲ့နေ့ကို မှတ်မိလားလို့ မေးတာလေ”

“ ဟယ် … ဆောရီးဟယ်၊ငါ လုံးဝ မကြားလိုက်ဘူး၊ငါက ငါ့အာရုံနဲ့ငါ တွေးနေတာ၊ မြေတစ်ကွက်လောက် ၀ယ်ရအောင်ဟယ်၊လိုတဲ့ပိုက်ဆံကို အတိုးနဲ့ ချေးလိုက်မယ် … အမြတ်က ဆယ်ဆမက မြတ်နေတာဟဲ့”

“ နင်ကဆရာမ ကြီးပဲ … ဒူးသာဒူးဟာ”

သူပြန်ပြောပုံက စိတ်ပျက်လက်ပျက်။ ကျွှန်မ ကတော့ တက်တက်ကြွကြွ။ ဒေါ်အေးကြည်ရဲ့ မြေကို ၀ယ်နိုင်ဖို့ အရေး စက်ဘီးတွေ ရှိရှိသမျှ ရောင်းပစ်လိုက်သလို စုဆောင်းထားသမျှ ပုံအောကာ လိုသမျှလည်း အတိုးနဲ့ချေးယူပြီး ငွေချေပစ်လိုက်သည်။ အသက်ဆယ့်ရှစ်နှစ်အရွယ်မှာ ကျွန်မနဲ့သူ စပ်တူပူးတွဲ ပြီး မြေကလေးတစ်ကွက် စပြီး ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။ စွန့်စားခဲ့ပုံက ကြောက်စရာတော့ကောင်းသည်။ တစ်လပြည့်တဲ့အထိ ရောင်းမထွက်သေးလျှင် နောက်တစ်လ အတွက် ပေးရမည့်အတိုးတွေ က ကျွန်မရော သူရောရဲ့ လစာတွေ ပြောင်တဲ့အထိ။ အိမ်တွေ ကိုပြန် မပေးနိုင်တော့ နှစ်ဘက်စလုံးဆီက အပြစ်တင်သံကလေးတွေ ညံလာခဲ့ပြီ … ။

“ သြမေတို့ခြေလှမ်းက ကျဲတာကိုး၊ သူဌေး ဖြစ်ကိုကြံတာကိုး၊ ကိုယ့်မှာ ဖြင့် ပိုက်ဆံတောင်လုံလုံလောက်လောက် မရှိသေးဘဲ … မြေက၀ယ်ချင်တာကိုး၊ ငွေတိုးနဲ့များ ချေးပြီး မြေ၀ယ်သတဲ့အေ … အံ့ပါရဲ့အေ၊ ရည်းစားလုပ်တဲ့သူကလည်းတစ်ခွန်းမတားဘူး … အခု စားဖို့တောင်မရှိ တော့ဘူး”

အမေ့ရဲ့ ပျစ်တောက်တောက်အသံကို ကျွန်မ မကြားချင်ယောင်ဆောင်ထားခဲ့ရ သည်။တက္ကသိုလ်မှာ ကျောင်းတက်နေသော အစ်ကို့ကိုလည်းငွေမပို့နိုင်။သူ့အိမ်ဘက်က လည်း စကားနာတွေ ထိုးပြီး အိမ်ချင်းကပ်မို့ သူ့အမေ ပြောသမျှစကားကို မကြားချင်မအဆုံး။

“ မင်းနှယ်ကွယ် … ယူတောင်မယူရသေးဘူး၊ ဟိုက ပိုင်လိုက်နိုင်လိုက်တာ၊ ရှာသ မျှပိုက်ဆံအားလုံးလည်း ငါတို့မမြင်ရဘူး၊ သူ့အိတ်ထဲချည်းပဲ … ၊ မင်းဟာကနွားကျလွန်းပါ့ တော် ”

အဲဒီ အချိန်ကာလတွေ ကို ကျွန်မ ခက်ခဲ ပင်ပန်းစွာ ရင်ဆိုင်ဖြတ်ကျော်ခဲ့ရခြင် ဖြစ်သည်။ သူက ကျွန်မကို တစ်ခွန်း မှပြစ်တင်စကားမဆိုခဲ့။အားပေးခဲ့သည်။ကျွန်မလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး ကျွန်မရဲ့မျက်ရည်တွေ ကို သုတ်ပေးခဲ့သည်။

“ ဘယ်သူတွေ ဘာပဲပြောပြော … နင် စိတ်ဓာတ်လည်း မကျနဲ့၊တွေ လည်းမတွေ ဝေနဲ့ သြ၊ နင့်ကိုငါ ယုံတယ်၊စိတ်ချတယ်၊နင်လုပ်တာမှန်တယ်၊ခဏတဖြုတ် ခက်ခဲကျပ်တည်းတာကို စိုးရိမ်မနေနဲ့၊ ဒီမြေကွက် ပြန်ရောင်းထွက်ရင်ဒီအသံတွေ အားလုံးတိတ်သွားကြမှာ ”

တကယ်လည်း ဒုတိယမြောက်လမှာ ကျွန်မတို့ ကံကောင်းခဲ့ပါသည်။ ဟိုတယ်လ်ပိုင်ရှင်ကပဲ ကျွန်မ တို့မြေကို ဆယ်ဆအမြတ်ပေးပြီး ၀ယ်ယူလိုက်ခြင်း ဖြစ်သည်။ ထီပေါက်တာထက်ပင်ကျွန်မတို့ ပျော်ခဲ့ကြ၏ ။နှစ်ဘက်မိသားစုတွေ စုံညီပြီး ထမင်းလက်ဆုံစား ဖြစ်ကြသည်။

“ သြမေနဲ့ ယသတို့ ကံစပ်တယ်ဟဲ့၊ မြေက ဆယ်ဆကို မြတ်တာ၊ မနည်းမနောဟယ်”

“ကျွန်တော် ပြောသားပဲ … သြကစီးပွားရေး လာဘ်မြင်ပါတယ်လို့”

“ပိုက်ဆံတွေ ဒီလောက်များ လာတုန်း အရင်းအနှီးကလေးထုတ်ပြီး ထမင်းဆိုင် ဖြစ် ဖြစ်လ္ဘက်ရည်ဆိုင် ဖြစ် ဖြစ်၊ထောင်ကြပါလား“

ဟု လူကြီးတွေ က လူကြီးအတွေးဖြင့် အကြံတွေ ပေးကြသည်။

“ ဟင့်အင်း …၊ ကျွန်မက မြေပဲ ပြန်ဝယ်မှာ ၊ မြေနဲ့ကျွန်မတို့နှစ်ယောက် အကျိုးပေးတယ်အမေရဲ့”

ကျွန်မတို့နှစ်ယောက် မြေထပ်ရှာပြီးဝယ်ကြပြန်သည်။မြေပွဲစားဘ၀ကနေ မြေ၀ယ်ရောင်း ကလေးတွေ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြသည်။ ရှုံးသည်ရယ်လို့ မရှိခဲ့။မြေကွက် တစ်ကွက်ကနေ နှစ်ကွက်… နှစ်ကွက်ကနေ သုံးကွက် … တိုးပြီးစွန့်စားဝယ်လာခဲ့ကြသည်။ မြတ်သမျှကို ဆက်ပြီးရင်းနှီးမြှု ပ်နှံခဲ့ကြခြင်း ဖြစ်သည်။ ဘ၀မှာ တစ်ခါမှ မကိုင်ခဲ့ဖူးသော ငွေတွေ ကို အုပ်လိုက်ကိုင်တွယ်ရေတွက်ခွင့်ရှိလာသော အခါ ကျွန်မတို့နှစ် ယောက် ၏ ကြိုးစားအားထုတ်မှု ၊ ရင်းနှီး မြှု ပ်နှံမှု ၊မြှော်မြင်တွေးဆမှု တို့အတွက်ရလာဒ်တွေ အ ဖြစ် အောင်ပွဲခံခဲ့ကြပါသည်။ ကျွန်မတို့ တကယ်ပဲ ပျော်ရွှင်တက်ကြွခဲ့ကြတာ အိမ်မက်အကြီးကြီး တွေ ဆက်မက်ခဲ့ကြသည်။မြေကွက် အရောင်းအ၀ယ်နှင့် အကျိုးပေးစီးပွား ဖြစ်ခဲ့သည့်တိုင် ကိုယ့်ဘ၀ကို မေ့မပစ်ခဲ့ကြ။ ဟိုတယ်လ်ဝန်ထမ်းဘ၀ကိုလည်း အောက်ခြေသိမ်းကစပြီး ရိုးရိုးကုပ်ကုပ် သင်ယူမက်မောဆဲ ဖြစ် သည်။

***

အခန်း(၅)

လူ တစ်ယောက် ၏ ဘ၀မှာ အလှည့်အပြောင်း အကွေ့အ၀ိုက် ဆိုတာလေးတွေ ကလည်း မယုံနိုင်စရာ ကောင်းလောက်အောင် ပင်ဖမ်းစားတတ်ခဲ့ပြန်ပါသည်။ လက်ထဲမှာ ငွေပိုငွေလျှံရယ်လို့သိမ်းမထားဘဲ ငွေမှန်သမျှ မြေတွေ ချည်းသား ၀ယ်ယူမြှုပ်နှံထားတတ်သော ကျွန်မတို့နှစ်ယောက် ၏ စိတ်ကူး အတိုင်း နေရာ အကွက်အကွင်းတွေ ရွေးချယ်ရာတွင် ဟိုတယ်ဖွင့်လို့ အဆင်ပြေနိုင်မည့်နေရာမျိုးကို ဦးစားပေးရှာဖွေဝယ်ယူခဲ့သည်မှာ ကျွန်မတို့၏ အားသာချက် ဖြစ်ခဲ့ရသည်။ အသက် ဆယ့်ခုနစ်နှစ်အ ရွယ်ကတည်းက ဒီမြေ၀ယ်ရောင်းလုပ်ငန်းကိုပဲ တစိုက်မတ်မတ် လုပ်ခဲ့သည်။ ဖြစ်ရာ နောက်ငါးနှစ် အကြာ … အသက်နှစ်ဆယ့်နှစ် နှစ် အရွယ်ကိုယ်စီမှာ ကျွန်မတို့နှစ် ယောက် မြေအကြောင်းကို တော် တော် နှံ့စပ်ကျွန်းဝင်ခဲ့ကြလေပြီ။

ကျွန်မတို့ဆီက မြေ၀ယ်ပြီး ဟိုတယ်လ်အသစ် လာဆောက်မည့် ကုမ္ပဏီကြီးတစ်ခုနှင့် စကားပြောဆိုညှိနှိုင်းကြချိန်တွင် ကျွန်မက ဒုတိယအိပ်မက်ကို စတင်ခြေလှမ်းကြည့်ဖို့ ရဲဝံ့စွန့်စား ကြည့်ခဲ့မိ၏ ။

“ဒီမြေတွေ ကို ရောင်းဖို့ထက် အကျိုးတူပူးပေါင်း လုပ်နိုင်ဖို့ ကျွန်မ တောင်းဆိုချင်ပါတယ်။ ဒီမြေပေါ်မှာ ဟိုတယ်လ် ဆောက်ပြီးတဲ့အခါ အကျိုးအမြတ်ကို ကျွန်မတို့နှစ်ယောက် ပေါင်းပြီး ၅၀% လိုချင်ပါတယ်။ကျွန်မတို့ကဒီဟိုတယ်လ်ရဲ့ရှယ်ယာတစ်ဝက်ပိုင်ဆိုင်ချင်တဲ့သဘော ဆိုပါတော့။ ဖြစ် နိုင်မယ်ဆိုရင် … ကျွန်မဘက်က ရှေ့နေတွေ နဲ့ စကားပြောပြီး စာချုပ်ချုပ်ရုံပါပဲ ”

ကျွန်မရဲ့ တောင်းဆိုစကားကြောင့် သူတို့ အံ့အားသင့်ကြရသည်။ ကျွန်မလို အသက်နှစ် ဆယ့်နှစ် နှစ် အရွယ်၊ ဟိုတယ်လ်တစ်ခုမှာ ၀န်ထမ်းအဆင့်ကနေ အခုမှ လက်ထောက်မန် နေဂျာအဆင့်ကလေး၊ ရာထူးတိုးကာစပဲရှိသေးသော ချာတိတ်မကလေးက ဒီဟိုတယ်လ်ရဲ့ရှယ်ယာ တစ်ဝက်ကို ပိုင်ဆိုင်ခွင့်ရဖို့အတွက် ကမ်းလှမ်းတာကို မလွန်လွန်ဘူးလား ဟူသော မျက်ဝန်းများ ဖြင့်တုံ့ပြန်ခံခဲ့ရသည်။ ဒါပေမယ့်လည်း ကျွန်မရဲ့ တောင်းဆိုချက်ကို သူတို့ စိတ်ဝင်တစားတော့ရှိခဲ့ သား။ အပြန်အလှန် အထပ်ထပ်ညှိနှိုင်းဆွေးနွေးပြီးချိန်မှာ ကျွန်မတို့နှစ်ယောက် အတွက် ၃၅% ရှယ် ယာဝင်ခွင့်ပြုဖို့ သဘောတူလိုက်ကြသည်။ ကျွန်မက ၄၀% နှင့် တင်းခံထားလိုက်သည်။ ရင်ထဲမှာ တော့ ပရမ်းပတာ စိတလှုပ်ရှားနေခဲ့သည်မှာ ဆိုဖွယ်ရာပင်မရှိ။

“ကျွန်မတို့အနေနဲ့ ဒီမြေကို ဘယ်သူ့ကိုမဆို အလွယ်တကူ ရောင်းလို့ရပါတယ်၊ ဒီမြေနေရာ ကလည်း ဟိုတယ်ဖွင့်လို့ကောင်းတဲ့အချက်အချာနေရာတစ်ခုဆိုတာ ဟိုတယ်အုပ်စု သမားတိုင်း သဘောပေါက်မျက်စိကျပြီးသားပါ၊ ကျွန်မ ကတော့ ဘယ်ဟိုတယ်လ်အုပ်စုမဆို ဒီပမာနထက်ပိုပြီးလျှော့ပေးမှာ မဟုတ်ပါဘူး”

ဟု တင်းခံထားလိုက်သည်။ သူနှင့်တောင် မကွဲလွဲစဖူး သဘောထားတွေ ကွဲလွဲလို့။

“ သြ … နင်လောဘနည်းနည်း တက်နေပြီလို့ ငါ ထင်တယ်ကွာ၊ ဒီမြေတွေ ကို ၀ယ်ထားတဲ့ အရင်းက ဘာမှရှိတာမဟုတ်ဘူး၊ အခုဟာက ၃၅%ရှယ်ယာဝင် ဖြစ်မယ့်အခွင့်အရေး ကို နင် လက်လွှတ်ခံမလို့လား၊ ၅%လေးနဲ့ကွာပြီးတော့ ဒီလိုကိစ္စမျိုးတွေ မှာ ငါ ယောက်ျားလေး၊ ငါပဲဦးဆောင်ခွင့်ရှိရမှာ ပေါ့၊ နင်က လူတတ်ကြီးလုပ်ပြီးရှေ့ကနေ ဦးဆောင် ပြီး ဆရာမ ကြီး လုပ်လုပ်နေတော့ ငါ ဘယ်လောက်ငုပ်တယ်မှတ်လဲ၊ ဆုံးဖြတ်စရာရှိရင် နင်နဲ့ငါ နှစ်ယောက် တိုင်ပင်ပြီး ငါ ဆုံးဖြတ်မယ် သြ၊ နင်ငါ့ကို ရှေ့တန်းတင်ဖို့လိုတယ်”

ဟု သူက စတင်၍ သဘောထားဖွင့်ဟလာသော အခါ ကျွန်မ သူ့ကို အနည်းငယ် တော့ အမြင်ကတ်သွားခဲ့မိသည်။ ကျွန်မကပဲ တောက်လျှောက် ကိုယ့်လက်ကိုယ့်ခြေ နှုတ်ရဲလျှာရဲ ဦးဆောင်ခဲ့သမျှကို သူပဲ ဘေးကနေ ကျေနပ်ပံ့ပိုးပေးခဲ့ပြီးကားမှ အခုလို ဆက် တိုက်ဆိုသလို အောင်မြင်လာခဲ့ချိန်မှာ ဘာကြောင့်များ ယောက်ျားမို့ ဦးဆောင်ခွင့်ရချင် တယ်ဟု မာန်တက်ပြချင်ရတာာပါလိမ့်။ ကျွှန်မကလည်း ငါးနှစ် အတွင်းမှာ လုပ်သမျှအောင် မြင် ဖြစ်ထွန်းလာခဲ့သော အရှိန်အဟုန်ကလေးနှင့် မာန်ကလေးကလည်း တလူလူမို့ သူ့ကို စူးစူးနစ်နစ်ပင် စိုက်ကြည့်ရင်ဆိုင်ပစ်လိုက်သည်။

“ဒီမှာ ယသ၊ ၅%လေးနဲ့လို့ မပြောပါနဲ့၊ အဲဒီ ၅%ဟာသိန်းနဲ့ချီပြီး အဖိုးတန်တယ်ဆို တာ နင် မတွက်တတ်ဘူးလား၊ငါက လူတတ်ကြီးလုပ်ပြီး ဦးဆောင်ခဲ့တာ ဒီအလုပ်ကိုစလုပ် ခဲ့ကတည်းကပဲလေ၊ နင် မသိဘူးလား၊ ငါလုပ်သမျှ ငါစွန့်စားခဲ့သမျှ၊ ငါဆုံးဖြတ်ခဲ့သမျှနင်ပဲ ထောက်ခံအားပေးခဲ့တာ မဟုတ်ဘူးလား၊ အခုမှ နင်က ဘာထကြောင်ပြီးဖီလင်ငုပ်လာရ တာလဲ၊ နင့် ကို ရှေ့ တန်းတင်မယ်လေ၊ နင်ငါ့လောက် ပြောရဲဆိုရဲ သတ္တိရှိရဲလို့လား ကဲ … ပြော ”

ကျွန်မရဲ့စကားက သူ့အရှိုက်ဆီတည့်တည့်ပင် ထိမှန်ခဲ့ပါသည်။ ကျွန်မကိုကြည့် သော သူ့မျက်လုံးတွေ စိမ်းစိမ်းရှရှ ဖြစ်သွားကြ၏ ။

“နင်ငါ့ကို စိန်မခေါ်နဲ့သြ၊ ငါ နင့်ကိုချစ်လို့ ဒီိတစ်ခါ ခွင့်လွှတ်လိုက်မယ်၊နောက်တစ်ခါ အဲဒီ လိုစကားမျိုးငါ့ကို ဘယ်တော့မှ ထပ်မပြောမိစေနဲ့၊ နင့်ဘာဘာနင် ဘယ်လောက်အ ဖိုးတန်တဲ့ကျောက်ပဲ ဖြစ် ဖြစ် ငါ့လို ရွှေနဲ့ ၀န်းရံတန်ဆာဆင်မှ တင့်တယ်မှာ နင်မမေ့နဲ့၊ နင် တစ်ယောက် တည်းနဲ့ အဖိုးမထိုက်ဘူး”

“ကောင်းပြီ … ယသ၊ ငါ့စကားမှားသွားတယ်လို့ နင်ယူဆရင် ငါ တောင်းပန်တယ်၊ ဒါပေမယ့် ၄၀% ကိုတော့တစ်ပြားမှမလျှော့ပေးနိုင်ဘူး၊ နင် စောင့်ကြည့်လိုက်၊ ငါတို့ပဲနိုင် စေရမယ် … မယုံရင် လောင်းမလား ”

ကျွန်မဘက်က တစ်ထစ်လျှော့ပေးလိုက် လို့သာကျွန်မတို့ချစ်သူနှစ်ယောက် ကြားမှာ အက်ရာထင်မသွားခဲ့ခြင်း ဖြစ်သည်။နောက်ဆုံးတော့ ကျွန်မ ပြတ်သားခေါင်းမာခဲ့သော ကြောင့်ပင် … All Seasons Resort hotel group ၏ ၄၀% ရှယ်ယာဝင် အုပ်စုအ ဖြစ် ကျွန်မတို့နှစ် ယောက် ဟိုတယ်လ်လုပ်ငန်းထဲ သို့ ခြေစုန်ပစ်ဝင် ရောက်ခဲ့ခြင်း ဖြစ်လေသည်။

***

အခန်း(၆)

ဘ၀မှာ ပထမဆုံးသော အောင်မြင်မှု ဆုလာဘ်ကို လူတိုင်းမမေ့ကြပါ။ ကျွန်မတို့ ချစ်သူနှစ်ယောက် ၏ ကံစပ်မှု က ကျွန်မတို့နှစ်ယောက် လုံး၏ ဘ၀တွေ ကို တိုးတက်မြင့်မားစေခဲ့သည်။ နှစ်ဘက်မိသား စုကို ပြည့်စုံသော အနေအထားတစ်ခုမှာ ပံ့ပိုးထောက်ပံ့ပေးထားနိုင်သလို ကျွန်မချစ်သော အစ်ကို ကြီးကိုလည်း ဘွဲ့ရပညာတတ် တစ်ယောက် ဖြစ်စေခဲ့သည့်အပြင် ကျွန်မတို့ ဟိုတယ်လုပ်ငန်းထဲ မှာ ပင် မန်နေဂျာရာထူးပေးထားနိုင်ခဲ့သည်။

ပထမဆုံးကားဝယ်စီးဖို့ စိတ်ကူးမိသော အချိန်က တိုက်တိုက်ဆိုင်ဆိုင် သူ့မွေးနေ့ရက်နှင့် တိုက်ဆိုင်နေခဲ့သော ကြောင့်ကျွနိမက သူ့ကို surprise လက်ဆောင်တစ်ခုအ ဖြစ် ဖန်တီးဖို့ စိတ်ကူး ရမိသည်။ သူက ယောက်ျာလေးပီပီ အရွယ်ရောက်ပြီးကတည်းက ကားမောင်းသင်ထား၊ လိုင်စင်ယူထားခဲ့သလို သူနှင့်အတူကျွန်မကလည်း ကားမောင်းအတူ လိုက်သင်၊ လိုင်စင်ယူထားပြီး သားမို့ နှစ်ယောက် စလုံးအတွက် ကားတစ်စီးလောက်တော့ပိုင်ဆိုင်ထားသည့်သည်ဟု ကျွန်မယူဆ သည်။ ပြီးတော့ အခုဆို ကျွန်မတို့က ချောင်းသာတ၀ိုက်တင်မကပဲ ငွေဆောင်ဘက်အထိ နယ်ပယ်ချဲ့ထွင်ဖြန့်ကျက်ကာ မြေရှာဝယ်ယူဖို့ ကြိုးစားနေချိန်မို့ ကားရှိမှပင်ခရီးရောက်နိုင်မည် ဖြစ် သည်။

သူ လုံးဝ မသိအောင် ကားခိုးဝယ်ရသော ကိစ္စမှာ လွယ်တော့မလွယ်။ အမြဲတမ်းတပူးတွဲတွဲမခွဲမခွာမို့ သူ့ကို ပထုတ်နေရတာ ခိုးကြောင်ခိုးဝှက် ကားသွားကြည့်ရသည်။ ပထမဆုံး ၀ယ်လိုက်သော ကားမှာ ဂျစ်ကားလေး ဖြစ်သည်။ သူ့မွေးနေ့မတိုင်ခင်မှာ ၀ယ်ထားပြီးသား ဂျစ်ကား အနက်ရောင် လေးကို ဖဲကြိုးတွေ ဆက်ပြီး ဖဲပွင့်ကြီးတင်ကာ သူ့အိမ်ရှေ့မှာ သွားရပ်ပေးထားခဲ့သည်။

မနက်အစောကြီး သူ့အိမ်သို့ကူးကာ သူ့မျက်လုံးတွေ ကို ပုဝါနှင့်ပတ်စည်းပြီး အိမ်ရှေ့သို့ ခေါ် လာခဲ့သည်။

“ အံ့သြပျော်ရွှင်စရာ မွေးနေ့ ဖြစ်ပါစေ မောင်”

ဟု ကျွန်မက သူ့ခါးကို နောက်ကျောကနေ သိုင်းဖက်ထားလိုက်ရင်း … ချစ်မြတ်နိုး လှိုက်လှဲစွာ ဖြင့် ခပ်ဖွဖွကလေးပြောလိုက်သည်။

“ ဟာ … မိုက်တယ်ကွာ … ငါ့ စိတ်ကို နင် လှမ်းများ ဖတ်မိသလား သြရယ်၊ ငါလည်း ကားစီးချင်နေတာ၊ နင်က ရသမျှ အမြတ်တိုင်းကို မြေတွေ ချည်း ပြန်ပြန်ဝယ်ပစ်နေတော့လည်း ပူဆာဖို့ မ၀ံ့ရဲဘူးလေ”

ဟု ရိုးသားအပြစ်ကင်းစင်သော မျက်နှာကလေးဖြင့်ပြောသော ချစ်သူကို ကျွန်မ တင်းကြပ်နေအောင်ဖက်ထားလိုက်မိရင်းမှ သိပ်ချစ်သွားခဲ့မိပါသည်။ တကယ်ဆိုယောက်ျားလေး တစ်ယောက် ဖြစ်သော သူ့အနေနှင့် ရသမျှ အကျိုးအမြတ်တွေ ကို သူလည်း ခွဲယူနိုင်ခွင့်ရှိပါလျှက် နှင့် သူ့ဘက်က ဘယတုန်းကမှ တောင်းဆိုခဲ့ခြင်းမရှိခဲ့။ အရာရာမှာ ကျွန်မစီမသမျှကိုသာ ကျေနပ် စွာ ခံယူခဲ့သည်။ ကျွန်မကလည်း All Seasons Resort Hotel မှရသော အမြတ်ငွေတွေ ကို မြေတွေ သာထပ်ပြီး ၀ယ်ယူခဲ့တာကလွှဲပြီး တခြားဘာကိုမှ သုံးစွဲခဲ့တာမဟုတ်၊ နှစ်ဘက်မိဘအတွက်လည်း ဘာပဲ ၀ယ်ပေးပေး အညီအမျှသာ ၊ ဈေးဖိုးတစ်လစာဆိုလည်း ညီတူညီမျှ၊ နှစ်အိမ်စလုံးကို ပြန်ပြင်ဆောက်ပေးတော့လည်း တစ်ထပ်ခွဲ ဘန်ဂလိုပုံစံဆင်တူကလေး ၊ ကျွန်မကဘာပဲစီစဉ် စီစဉ်နှစ်ဘက်အညီအမျှပဲမို့ သူ့ဘက်ကလည်း ဘာမှ မပြောသာခဲ့၊ အသက်ကလေးတွေ ကို လက်ညိုထိုးထောက်ပြပြီး နှစ်ယောက် ကို အမြန်ဆုံးလက်ထပ်ကြဖို့တော့ နှစ်ဘက်စလုံးက တိုက်တွန်းနားချကြမြဲ ၊ ချစ်သူသက်တမ်းကလည်း အတော် ရင့်လာခဲ့ပြီမဟုတ်လား၊ကျွန်မကဖြင့် ခေါင်းမာမာနှင့် ခေါင်းခါမြဲ ၊

“ ယောက်ျားမယူနိုင်သေးပါဘူး ၊အိမ်ထောင်တာဝန်တွေ လဲ မယူနိုင်သေးဘူး၊ အခုဒါ လောက်စွမ်းဆောင်နိုင်နေတာလွတ်လပ်တဲ့အပျိုစင်ဘ၀မို့လို့ရှင့်၊ ဒီအရွယ်လေးက အလုပ် လုပ်လို့ အကောင်းဆုံးအရွယ်လေး ၊ ဘာပြောပြော အောင်မြင်နေတာလဲ အပျိုဆိုတဲ့ဂုဏ်ကလေး ကြောင့်မို နော် သိရဲ့လား၊ အသက်သုံးဆယ်ကျော်မှပဲ အိမ်ထောင်ရေး ကို စဉ်းစားမယ် ဒါပဲ ”

ဟု ကျွန်မက သတ္တိကောင်းစွာ ယတိပြတ်ကြေညာ လိုက်တော့ သူက ကျွန်မကို “လွန်လှချည်းလား” ဟူသော အထာမျိုးနှင့် ရိထေ့ထေ့ကြည့်နေခဲ့ကာ …

“ အေးနော် … နင့်ကိုငါ နှစ်ခါ propose မလုပ်ဘူး၊ နောက်မှ ငါက မဟရကောင်းလားလို့ မချင့်မရဲတွေ ဖြစ်မနေနဲ့ အပြောကြီးမိတာမှားပြီလို့လည်း နောင်တတွေ ရမနေနဲ့ ၊ငါက ယောက်ျား လေး ဘာမဆို ဖြစ်တယ်၊ ဒါပေမဲ့ငါက ကိုယ့်ချစ်သူနဲ့ မိသားစုဘ၀ ကလေးတစ်ခု နွေးနွေးထွေးထွေးတည်ဆောက်ချင်တဲ့စိတ် ရင်ထဲမှာ အမြဲတမ်းရှိတယ်ဆိုတာကိုလည်း နင်မေ့မ ထားနဲ့ ”

ဟု ဆိုခဲ့သည်။ ကျွန်မက သူ့စကားကို နာလည်းမနာ၊ စိတ်လည်းမဆိုး မခုသလို serious ကြီးလည်း အယူမသည်းခဲ့ ။ ဒီလောကမှာ “ ဘုန်းယသ ” ဆိုသော သူလိုယောက်ျား အတွက် ချစ်မြတ်နိုးစရာ မိန်းမဆိုလို့ ဆင်းရဲအတူ ရုံးကန်အတွဲ ရဲဘော်ရဲဘက်စိတ်နှင့် နှစ်ကိုယ့် တစိတ်မျှဝေ နည်းစပ်ခဲ့ကြသော “ သြမေမဒီ” ဆိုသည့်မိန်းကလွဲပြီး တခြားဘယ်သူမှ မရှိနိုင်ဟု အကြွင်းမဲ့ယုံကြည် စိတ်ချထားခဲ့သော ကြောင့်လည်း ဖြစ်သည်။ တခါတရံတော့ ကံကြမ္မာ ဆိုသော ဇာတ်ဆရာကြီး က ကျွန်မတို့ကို အောင်မြင်ခြင်းဆိုသော ဆုလာတ်တွေ လည်း ချီးမြှင့်ပေးတတ် သလို တန်ရာတန်ကြေးလည်း ပြန်တောင်းတတ်တယ် ဆိုတာကို ကျွန်မတကယ်ပဲ မေ့လျော့ထားခဲ့ မိပြန်သည်။

***



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ချစ်လွန်းတော့လည်း ရူးတယ်ထင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


မျက်ဝန်းတွင် စွဲထင်ရစ်သော

သံယောဇဉ်တွေသာ ကျည်ဆံတွေဖြစ်ခဲ့ရင်

ပါးပြင်နုနုရဲ့ အကြွေး