Cover

နက်နက်နွယ်

…ကိုယ့်ကိုကိုယ် ယုံကြည်စိတ်ချမှု အပြည့်အ၀ရှိတတ်သော …အမျိုးသမီး တစ်ယောက် သည်… ကိုယ့်အလှအပေါ်…ကိုယ့်နာမည် ကျော်ဇောထင်ရှားမှု အပေါ်…ကိုယ့်ဂုဏ်သိက္ခာအဆင့် အတန်းအပေါ်… အမြဲပထမနေရာထိပ်ဆုံးနေရာက နေခဲ့မှု အပေါ်…လောကဇာတ်ခုံပေါ်တွင် မင်းသမီး(အဓိကဇာတ်ကောင်မင်းသမီး…)အ ဖြစ်သာခံယူလိုမှု အပေါ်…ကိုယ်လိုချင်ရာကိုဘာမဆိုရအောင်ယူတတ်မှု အပေါ်…အမြဲဂုဏ်ယူ ကျေနပ်ခဲ့သူ ဖြစ်သည်…။

ကိုယ်ဂုဏ်ယူကျေနပ်သမျှနှင့် ထပ်တူလိုက်ပါဂုဏ်ယူကျေနပ်နေလိမ့်မည် ဟု…ယောကျာ်း တစ်ယောက် အပေါ်… အကြီးအကျယ်မျှော်လင့်ထားခဲ့ပါသည်…။

ထိုမျှော်လင့်ချက်ကြီး ပြိုကျပျက်စီးသွားသော နေ့တွင် …မိမိရဲ့ ယုံကြည်စိတ်ချမှု များ ရိုက်ချိုးဖျက်ဆီး ခံလိုက်ရသော အမျိုးသမီး၏ ဆုံးဖြတ်ချက်နှင့် …လုပ်ဆောင်ချက်များ သည် …ဘယ်သို့ ရှိနိုင်မည် ထင်ပါသ နည်း… … ….

သံလွင်ဖြူ

…သူ့ကို ကျွန်မ ချစ်ပါသည် …သို့ သော် …အံ့သြစရာကောင်းလောက်အောင်ပင်…သူ့ကို ကျွန်မ အမုန်းကြီးမုန်းနေပြန်ပါသည်…သူ့ကို ကျွန်မ အရူးအမူးစွဲလမ်းမက်မောပါသည်…။သို့ သော် …အံ့သြစရာကောင်းလောက်အောင်ပင်…သူ့ကို ကျွန်မ နာကြည်းစက်ဆုပ်နေခဲ့သေးပါသည်…..။

…သူ့ကို ကျွန်မ တစ်နေ့မတွေ့ ရမနေနိုင်လောက်အောင်ပင် သူ့မျက်နှာကို အမြဲငေးမော ကြည့်ချင်နေခဲ့ပါသည်…..။

သို့ သော်…အံ့သြစရာကောင်းလောက်အောင်ပင်…သူ့မျက်နှာကို ကျွန်မ မတွေ့ မမြင်ချင်ပြန် ပါ…။

ကျွန်မ ရူးနေပြီလားမသိ….။

ထိုအခါ ကိုယ့်ကိုကိုယ် ရူးနေပြီလားတောင် မသေချာသော အမျိုးသမီး၏ ဆုံးဖြတ်ချက်နှင့် …လုပ်ဆောင်ချက်များ သည်…ဘယ်သို့ ရှိနိုင်မည် ထင်ပါသနည်း… …. …

အခန်း(၁)

အမျိုးသမီးလေးယောက် သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ထင်မြင်ချက် တွေ အမျိုးမျိုးပေးလျက် ရှိသည်။ ထိုအမျိုးသမီးများ ထဲတွင် အလှပဆုံး အမျိုးသမီးက အကျော်ကြား ဆုံး စူပါမိုဒယ်လ်ဖက်ရှင်မယ်ကလေး ဖြစ်နေသဖြင့် အိမ်ရှင်ကသူ့အိမ်ကိုအလွန်အမင်း ငှားချင်နေပြီ ဖြစ်သည်။

“သမီးတို့လေးယောက် တည်းနေမှာ ဆိုရင် ဒီအိမ်ကလေးက အသင့်တော် ဆုံးပါပဲကွယ်…”

“ဒီအိမ်ရဲ့ လသာဆောင်ကလေးရယ် အလူမီနီယံတပ်မှန်ချပ်တွေ နဲ့ အိမ်ကိုဖွဲ့စည်းထားတာ ရယ် နှစ် ချက်တည်းနဲ့ ကျွန်မတော့ကြိုက်သွားပြီဟေ့ တစ်မှတ်…”

“နက်နက်နွယ်” ဟုအမည် ရသော စူပါမိုဒယ်လ်ဖက်ရှင်မယ်ကလေးက Catwalk (ကတ်ဝေါ) မှာ လမ်းလျှောက်သည့် စတိုင်အပြည့်ဖြင့် လမ်းလျှောက်ကာ လှလှပပ ကြွကြွကလေး လက်ညှိုးတစ် ချောင်း ထောင်ကာ အိမ်ခန်းငှားဖို့ သဘောတူလိုက်သည်။

“နက်နက်က အမြဲတန်းကအကောင်းကြိုက် အလှကြိုက်တာ သူကြိုက်ရင်ကျွန်မပါ ကြိုက် တယ် တစ်မှတ်…”

ချယ်ရီကပါ လက်ညှိုးတစ်ချောင်းလိုက်ထောင် လိုက်သည်…။

“နက်နက်ရေ… အိမ်ရှေ့ကိုလည်း သေချာကြည့်လိုက်ဦး အိမ်ရှေ့မှာ ဆောက်လက်စ ဟိုတယ် အမြင့်ကြီးရှိနေတယ်ဟ ဆူညံနေမှာ နောက်ပြီးကားရပ်ရမှာ အန္တရာယ်ရှိနိုင်တယ် အဆောင်အအုံကြီးပေါ်က ပစ္စည်းတွေ ဘာတွေ ပြုတ်ကျတာတို့  ဘာတို့ရှိနိုင်တယ် ပြီးတော့ လူတွေ ကလည်း ရှုပ်ယှက်ခတ်ပြီး မျက်စိနောက်စရာ….”

ကျွန်မက ထ၍ ကန့်ကွက်လိုက်သည်….။နက်နက်နွယ်ကို ကျွန်မတို့သူငယ်ချင်းအားလုံးက ‘Black’ ဟု ခေါ်ကြသည်။ သူမ နာမည် က အနက်ရောင် ဖြစ်သော ကြောင့် ဖြစ်၏ ။ နက်နက်နွယ်က ပခုံးကလေးတွန့်ပြလိုက်ကာ….

“နေဦးလေ …ဖြူ … ဒီမှာ နှစ် မဲရထားပြီးပြီ မဲအများ အနည်းဆုံးနဲ့ ဆုံးဖြတ်မယ် ကဲ သုသု အလှည့်…ပြော….အိမ်ငှားဖို့သဘောတူမတူ”

သုသုလောက် ကိုယ့်ဆုံးဖြတ်ချက် ကိုယ်မနိုင်တာ သုသုပဲရှိသည်။ သူက အများ ကြိုက်တာ လိုက်လုပ်ရုံပင်။ ဘယ်တော့မှ စိတ်ပင်ပန်းမခံ။ အုပ်စုထဲမှာ ခေါင်းဆောင်အလုပ်နိုင်ဆုံး ဆုံးဖြတ် ချက် ပြတ်ပြတ်သားသားချနိုင်တဲ့အပြင် သူငယ်ချင်းတွေ ကို အမိန့်တောင်ပေးနေကျ ဖြစ်သော ကိုယ့် ကိုကိုယ်ယုံကြည်စိတ်ချမှု အပြည့်အ၀ရှိကာ ကိုယ်လုပ်သမျှသာအကောင်းဆုံးထင်ပြီး ဘယ်သူ့ဆန္ဒ ကိုမှဦးစားမပေးတတ်သော ကိုယ့်ဆန္ဒကိုသာ ရှေ့တန်းတင်ပြီး လူတကာကိုလွှမ်းမိုးဦးဆောင်ကာ ဆရာမ ကြီး လုပ်တတ်သူမှာ နက်နက်နွယ်သာ ဖြစ်သည်။

သုသုက ပီကေတ၀ါးဝါးဖြင့် …

“အများ သဘောတူရင် ကျွန်မလည်းတူတာပေါ့ ကိုယ့်သူငယ်ချင်းတွေ ပဲ အတူတူနေရမှာ ပျော်စရာကြီး …နေပေါ့… ရပါတယ်… တူတယ်”

ဟု လက်ညှိုးထောင်လိုက်သော အခါ ကျွန်မကသုံးမှတ်တစ်မှတ်နှင့် အလိုလိုအရေး နိမ့်သွား တော့သည်။ နက်နက်နွယ်က …ကဲ… ဟူသော သဘောဖြင့် မျက်ခုံးကလေးတစ်ချက်ပင့်၍ ကျွန်မ ကိုကြည့်လိုက်သည်။ ကျွန်မက ဘာမှမတတ်နိုင်ဆိုသော သဘောဖြင့် ပခုံးတွန့်ပြလိုက်သည်…။

“အိုကေ …ဒါဆို အိမ်ငှားဖို့သဘောတူလိုက်ပြီနော်…တစ်နှစ် စာချုပ်ချုပ်မယ် အန်တီ …”

အိမ်ငှားစာချုပ်ချုပ်ဖို့ နက်နက်ကပဲ ဦးဆောင်လိုက်ရသည်။ ကိုယ့်ကိုကိုယ်မို့ ပြောတာမ ဟုတ်ချေ။ သူငယ်ချင်းလေးယောက် ထဲတွင် နက်နက် တစ်ယောက် သာ အတော် ဆုံး ဦးဆောင်နိုင် ဆုံး ဖြစ်သည် ဟုယူဆသည်။ ဘာကိစ္စမဆို နက်နက်ခေါင်းဆောင်ဖြေရှင်းလိုက်မှ အရာရာထ မြောက်အောင်မြင်လေသည်။ ကျန်သုံးယောက် လုံး ခပ်တုံးတုံးကလေးတွေ သာ ဖြစ်သည်။ သို့ သော် ဘာပဲ ဖြစ် ဖြစ် ဒီလေးယောက် ၏ သံယောဇဉ်တွေ က ဆယ်တန်းနှစ် ကစပြီး တက္ကသိုလ်မှာ လည်း မေဂျာတူ အခန်းတူ တတွဲ တွဲ ရှိခဲ့သူတွေ မို့ သိပ်ကိုခိုင်မြဲပါသည်။ သူတို့သုံးယောက် လုံးကို နက်နက် ချစ်သည်။ လေးယောက် စလုံး မိုးကုတ်ဇာတိများ ဖြစ်ပြီး ဆယ်တန်းအောင်က စီးပွားရေး တက္ကသိုလ် အတူတူတက်ခဲ့ကြသည်။ အဆောင်နေတော့လည်း တစ်ဆောင်တည်း တစ်ခန်းတည်းအတူတူမို့ ညီအစ်မရင်းတွေ ထက်တောင် ပိုချစ်ကြသေးသည်။ ဘာလုပ်လုပ် အတူတူပဲ ဖြစ်သည်…။

ကျောင်းပြီးတော့ အလုပ်တွေ သာကွဲကုန်သည်။ လူချင်းခွဲလို့မရချေ။ နက်နက်က ကျောင်း တက်တုန်းကလည်း အလှဘုရင်မ… ဖက်ရှင်မယ်ဘွဲ့ရ… မိုဒယ်လ်လုပ်ခဲ့သဖြင့် အောင်မြင်ထင်ရှား နေသဖြင့် ကိုယ်ဟန်ပြမယ်အလုပ်ကိုသာ ဆက်လုပ် လိုသည်။ ချယ်ရီက အတွင်းရေး မှူးသင်တန်း တက်ခဲ့ပြီး ကုမ္ပဏီတစ်ခုတွင် အတွင်းရေး မှူးရာထူးဖြင့် အလုပ်လုပ်နေသည်။ သံလွင်ဖြူက စာရေး ဆရာမ အ ဖြစ် အောင်မြင်ထင်ရှားစ ပြုနေသဖြင့် ထိုအလုပ်ကိုသာဆက်လုပ် သည်။ သုသုက ဟိုတယ်လ်တစ်ခု၏ ဧည့်ကြိုကောင်တာတွင် အလုပ်ရသည်…။

ထိုအခါ လေးယောက် စလုံး ရန်ကုန်တွင် အခြေတကျနေနိုင်ဖို့ လေးယောက် စပ်တူ အိမ်ခန်း ငှားခြင်း လေးယောက် စပ်တူကားဝယ်ခြင်းများ ကို အားလုံးသဘောတူပြုလုပ်ကာ အရင်ကလို မခွဲစ တမ်း အတူတူဆက်နေဖို့ ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။ ကုန်ကျငွေအားလုံးလို လေးယောက် ညီ တူညီမျှကျခံဖို့ နက်နက်ကပင် ဆုံးဖြတ်ပေးခဲ့ရသည်။

လေးယောက် စလုံးတွင် ကိုယ်စီကိုယ်ငှစရိုက်ဆန်းကလေးများ ပိုင်ဆိုင်ထားကြသည်။ အရပ် အမောင်း…ကိုယ်နေဟန်အမူအရာ…အပြောအဆို…လေယူလေသိမ်း…စကားလုံးအသုံးအနှုံးတွေ …အကျင့်စရိုက်တချို့တွေ မှာ အတူနေခဲ့တာကြာပြီမို့ တူညီနေတတ်ကြသည်…။

ပို၍ ထပ်တူကျသည်မှာ နက်နက်နှင့် သံလွင်ဖြူ ဖြစ်သည်။ သို့ သော် နက်နက်က… ကိုယ့်ကို ကိုယ် စူးရှထက်မြက်တဲ့မိန်းမ... အတွေးအခေါ်တောက်ပ အရောင် လက်သည့်မိန်းမလို့ထင်ပြီး… သံလွင်ဖြူကိုတော့ စိတ်နှလုံးနုနယ်ပျော့ပျောင်းလွန်းသူ…ထိခိုက်ခံစားလွယ်ပြီး စိတ်ခံစားမှု ကို အလွန်ဦးစားပေးသူ…အတွေးအခေါ်များ သိမ်မွေ့နူးညံ့လွန်းသူ…တစ်ခါတစ်ရံ အတွေးခေါင်လွန်းသ ဖြင့် ကြောင်တောင်တောင် ဖြစ်နေသူ…အနုပညာဆန်လွန်းသူ…ပြောသမျှယုံလွယ်ခံစားနိုင်သူ…မျို သိပ်လျှို့ဝှက်လွန်းသူ…ပါရမီထူးတစ်ခုတော့ရှိနေသူဟု ထင်သည်။ သူမသည် အလွန်အနုပညာ လက်ရာမြောက်သော စာပေများ ကိုဖွဲ့ဆိုနိုင်လောက်သော နှလုံးသားမျိုးရှိသည်။ ခံစားနိုင်စွမ်းအ ပြည့်အ၀ရှိသည်။ အ ဖြစ်အပျက်တစ်ခုကို ကာယကံရှင်ကိုယ်တိုင်ထက်တောင် သူမက ပိုခံစားနိုင် စွမ်းရှိသည်။အရာရာကို သေးသိမ်လွန်းသည်။ တစ်ခါတစ်ခါပိုမိုလွန်ကဲခံစားတတ်သေးသူ ဖြစ်သည်။

နက်နက်နှင့် သံလွင်ဖြူ တူညီချက်မှာ သုံးခုတည်းရှိသည်။ ပထမတူညီမှု မှာ ခပ်ဝေးဝေးလှမ်း လှမ်းကကြည့်လျှင် နက်နက်နှင့် သူမကို တစ်ယောက် တည်းလို့ထင်ရလောက်အောင် ဆံပင်ပုံစံ… မျက်နှာကျပုံ…ကိုယ်နေဟန်…တူညီမှု ဖြစ်သည်။ ဒုတိယတူညီမှု မှာ နက်နက်အသံနှင့် သံလွင်ဖြူ့ အသံကို ဖုန်းထဲတွင် ဘယ်သူမှခွဲမရအောင် တူညီနေမှု ဖြစ်သည်…။

တတိယတူညီမှု မှာ နက်နက်နှင့် ဖြူသည် တူညီစွာ ၀ိုင်းစက်လှပသော လက်ရေး များ ကို ပိုင် ဆိုင်ထားကြခြင်း ဖြစ်သည်။ ထိုလက်ရေး တူညီမှု ကြောင့် အသုံးဝင်မှု သည် နှစ် ယောက် စလုံးတွင် ရှိပါ သည်။ ဘယ်လိုပုံစံနှင့် အသုံးကျသလဲဆိုရင် နက်နက်ဆီမှ ဓါတ်ပုံတောင်းသူ မိတ်ဆက်စာရေး သူ အားလုံးဆီ ဓါတ်ပုံနောက်ကျောမှာ လက်မှတ်ထိုးပေးဖို့ စာပြန်ပေးဖို့ နက်နက်မအားရင် သူမကလုပ် ပေးသည်။ အလားတူပင် သူမဆီလာသော မိတ်ဆက်စာများ ကို စာပြန်ဖို့ နက်နက်က အားရင်အား သလို စာပြန်ပေးရသည်။ အဲဒါအပြင် သူမ နေမကောင်း၍ စာမရေး နိုင်လောက်အောင်ညောင်းညာ ကိုက်ခဲနေရင် ဖြစ်စေ သူမလက်က စာမရေး နိုင်လောက်အောင် ညောင်းညာကိုက်ခဲနေရင် ဖြစ်စေ သူမက နှုတ်ကအော်ပေးပြီး နက်နက်က ကူပေးရသည်။ ထို့ကြောင့် သူမဆီသို့ အရေး တကြီးစာမူ လာလာတောင်းကြသော မဂ္ဂဇင်းဆရာများ နှင့် မျက်နှာမပျက်ရတော့ချေ…။

ထိုတူညီမှု သုံးခုကြောင့် နက်နက်နှင့် သူမက ပို၍ နီးစပ်ပါသည်။ ချယ်ရီနှင့် သုသုက ပို၍ နီးစပ် ပါသည်။ သူတို့နှစ် ယောက် စလုံးမှာ အစားအသောက်ကို အမျိုးမျိုးအဆန်းထွင် စားသောက်တတ် ကြသလို ချက်ပြုတ်တတ်ကြသည်။ ပြီးတော့ သူတို့နှစ် ယောက် က ရုပ်ရှင်အလွန်ကြိုက်ကြသည်။ သုသုကအစ အနောက်အလွန်သန်သော စရိုက်ရှိပြီး ချယ်ရီက ဒေါသနည်းနည်း ကြီးကာ အနောက်မ ခံနိုင်သဖြင့် မကြာခဏ ရန် ဖြစ်စိတ်ကောက် မခေါ်မပြော ဖြစ်လိုက် ပြန်ခေါ်ပြန်ချစ်လိုက်ကြနှင့် ဖြစ်သည်…။

“အိမ်ကလေးက တော် တော် လှတယ် ဖြူရဲ့…ရှင်စာရေး တာ ညဖက်ပဲဥစ္စာ ဆူညံမှု က သိပ် အနှောင့်အယှက်မပေးပါဘူး…မြို့လယ်ကျတယ် အကွက်အကွင်းကောင်းတယ် ပြီးရောပေါ့…”

နက်နက်က သူလုပ်ချင်ရာဇွတ်လုပ်ပြီး သူ့လုပ်ရပ်မှန်ကြောင်း တစ်ဖက်လူကို နှစ် သိမ့်ပြော ကလေးနှင့် သူ့ဘက်ဆွဲခေါ်တတ်သူ ဖြစ်သည်…ကို ကျွန်မ သိပြီး ဖြစ်ပါသည်။

“အေးပါ ကောင်းပါတယ်…ဟိုတယ်ကြီးကအမြင့်ကြီးပဲနော်…အိမ်လေးကချစ်စရာလေးပါ.. ဒီဟိုတယ်လ်ကြီးဆောက်နေတာသာမရှိရင် ကျွန်မကြိုက်မှာ ပါ…ရပါတယ်…ကိစ္စမရှိဘူး…နက်နက် စာချုပ်ချုပ်ပြီးပြီမဟုတ်လား…ပြီးရောပေါ့…”

“အိမ်က အဆင်သင့်တက်နေရုံပဲ ဖုန်းလဲပါတယ်…အဲဒါကို ကျွန်မ ကြိုက်တာ…”

“ကောင်းတယ် …ဖုန်းရှိမှ အဆက်အသွယ် အဆင်ပြေမှာ ….”

“ကဲ…ဒါဆိုရင်…ဒီနေ့ပဲ ပြောင်းလိုက်ကြစို့”

လမ်းလျှောက်၍ တီးလုံးအလိုက်အတိုင်း ကြွကြွရွရွ လှလှပပကလေး ကိုယ်ဟန်ပြရခြင်းကို နက်နက်အကြိုက်ဆုံး သဘောအကျဆုံး ဖြစ်ပါသည်။ ကိုယ့်ကိုကိုယ်အလှဆုံး ကိုယ်ထွင်ထားသော အ၀တ်အစားဖက်ရှင်သည် အဆန်းကျယ်ဆုံး ကိုယ့်ကိုမြင်သူတကာက နှစ်သက် စွဲဖက်သော မျက်လုံးများ ဖြင့် အကြည့်ဆုံးဟု နက်နက်က အမြဲယုံကြည် စိတ်ချပါသည်…။

အဆီမရှိသော ကျစ်လစ်လှပသွယ်လျသော ကိုယ်ခန္ဓာနှင့် ငါးပေကိုးလက်မ ရှိသော မြင့်မား ထင်ရှားသည့် အရပ်အမောင်း ကြည်လင်ဝင်းဖန့်စိုပြေသည့်အသားအရေ ဥရောပဆန်သော မျက်နှာ ခပ်ရှင်းရှင်း ပြောင်လက်နေသော အလှအပ ဆွဲဆောင်ညှို့ ယူသိမ်းပိုက်နိုင်စွမ်း အပြည့်ရှိသော မျက်လုံးနက်နက် စူးစူးရီရီများ ဖြောင့်စင်းပြေပြစ်ကာ အဖျားကလေးချွန်မြနေသည့် နှာတံလှလှ ထူပြည့်သေသပ်ဖောင်းကြွနေသော နှုတ်ခမ်းတစ်စုံ ကြော့ရှင်းသော လည်တိုင်သွယ်သွယ်များ အစ စအရာရာကို နက်နက်အမြဲယုံကြည်သည်။ ထိုအလှများ ကြောင့် နက်နက် အမြဲကျော်ကြားနေသည် ဟုယူဆသည်။ ပွဲတစ်ပွဲတွင် နက်နက်ပါဝင်ယှဉ်ပြိုင်တာနှင့် ထိုပွဲသည် နာမည် ကြီးကာ စိတ်ဝင်စား ဖွယ်ကောင်းသွားတတ်သည်။ နက်နက်ရလိုက်တိုင်း ပထမဆုများ သာ ဖြစ်သည်။

နက်နက်သည် ဘာလုပ်လုပ်အောင်မြင်ပြီး နက်နက်လိုချင်သမျှလည်း အမြဲရခဲ့သည်။

သူနှင့် ပထမဆုံးစတွေ့ သော အချိန်သည် နက်နက် ကိုယ်ဟန်ပြသော ဖက်ရှင်ပြပွဲတစ်ခုတွင် ဖြစ်သည်။ စူးစိုက်စွာ ကြည့်နေသော သူ့မျက်လုံးများ ကို စင်ပေါ်ကနေလှမ်းမြင်လိုက်ရလျှင် ပထမ ဆုံးခြေလှမ်းမှားတော့မလို ဖြစ်သွားသည်။ တစ်ခါမှမ ဖြစ်ပေါ်ဖူးသော စွဲလမ်းစိတ်လှုပ်ရှားမှု သည် နက်နက်ရင်ထဲသို့ လှပသွက်လက်မြူးကြွသော တီးလုံးများ နှင့် အတူ စီးမြောဝင်လာခဲ့သည်…။

ကိုယ်ကို လှလှပပကလေးတစ်ပတ်လှည့်လိုက်က ညှို့ အားအပြည့်ပါသော မျက်လုံးရီရီများ ဖြင့် ပရိသတ်ထဲလှမ်းကြည့်ရန်အကွက်တွင် နက်နက်လှမ်းကြည့်လိုက်သူမှာ သူသာ ဖြစ်သည်။ သူ့ မျက်လုံးတွေ က စွဲဆောင်မှု အပြည့်ရှိပြီး နှုတ်ခမ်းများ က ပိရိသေသက်ကာပုံကျလှပပါသည်။ ထိုင်ခုံ တွင် သက်တောင့်သက်သာ ထိုင်နေဟန်ကပင် နက်နက်မြင်တွေ့ ဖူးသမျှ ယောက်ျားတွေ ထဲတွင် ဣနြေ္ဒအရဆုံး ဖြစ်သည်။ သူ့ကိုယ်ခန္ဓာသည် သူများ တွေ လို ရှေ့သို့ ငိုက်ပြီး အငမ်းမရ တမက်တမော ဖြစ်မနေပါ။ စိတ်ဆန္ဒများ တပ်မက်ပြင်းပြမနေပါ။ စိတ်ဝင်တစားရှိတယ်ဆိုရုံကလေး ဖြစ်သည်…။

အ၀တ်အစားတွေ တစ်မျိုးပြီးတစ်မျိုး လဲလှယ်ဝတ်ဆင်ကာ လှပကြော့ရှင်းစွာ ကိုယ်ဟန်ပြ နေရသော အလုပ်ဆီမှ ခဏပြေးထွက်ကာ သူရှိရာသို့ လျောက်သွားချင်စိတ်များ ကို မနည်းထိန်းထားရသည်။ တစ်ခါမှ အခုလို မ ဖြစ်ဖူးပါ။ စိတ်ကိုထိန်းချုပ်မထားနိုင်လောက်အောင် စိတ်လွင့်ပျံအောင် နက်နက်ကို ဆွဲဆောင်နိုင်သော ယောက်ျားမျိုး ပရိသတ်ထဲတွင် တစ်ခါမှမပေါ် ပေါက်ဖူးပါ…။

နက်နက်သည် ကိုယ်ဟန်ပြပြီးတိုင်း သူ့ဆီသို့ လှမ်းကြည့်ပြုံးပြလိုက်မိသော အကြိမ်ကိုမ မှတ်မိတော့ချေ။ ကိုယ့်အပြုံးသည် စွဲဆောင်မှု လွှမ်းမိုးမှု ဘယ်လောက်ရှိမလဲဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်ပြီးသား ဖြစ်သည်…။

တီးလုံးများ က ငြိမ့်ညောင်းသာယာလာလေ နက်နက်ရဲ့စိတ်များ လည်း တက်ကြွမြူးကြွလေ။

ဒီပွဲအပြီးတွင် သူနှင့်နက်နက်အကြားသို့ ဆက်သွယ်နီးစပ်မှု တစ်ခု ရောက်ရှိလာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ တွေးတောစိတ်ကူးလျက်ရှိသည်…။

ဖက်ရှင်ပြပွဲ၏ စင်နောက်ကွယ်အလှပြင်ခန်းထဲတွင် စကားသံတွေ အ၀တ်အစားလဲသံတွေ ရယမောသံတွေ ရှုပ်ထွေးဆူညံနေသည်။ ကိုယ့်အလှည့်ကိုယ်ဟန်ပြပြီးတာနှင့် နောက်ထပ်အ၀တ် အစားလဲလှယ်ဖို့ကို ကိုယ့်အလှပြင်သူနှင့် အလုပ်ရှုပ်နေလေသည်…။

ထိုအချိန်တွင် ပြပွဲတာဝန်ခံ ဦးဇော်က ‘နက်နက်နွယ်’ ဟု အသံပေးလျက် ၀င်လာသည်…။

“ရော့ …ဒီမှာ လူ တစ်ယောက် ပေးလိုက် တယ်…”

သူထုတ်ပေးလိုက် သော အရာမှာ အနက်ရောင် နှင်းဆီပွင့်တစ်ပွင့် ဖြစ်သည်…။

“အိုး…နှင်းဆီနက်ပါလား…အတော် ပဲ ဒီတစ်ခါဝတ်မယ့်ဝတ်စုံက အနီရဲရဲဝတ်စုံ ဒီနှင်းဆီအ နက်ကလေး ကိုင်သွားမယ်…လှလိုက်တဲ့နှင်းဆီနက်ရှင်…တကယ့်အစစ်အတိုင်းပဲ…ဒါနဲ့ ဦးဇော် ဘယ်သူပေးတာလဲ…”

“အေးပါ…နောက်တော့မိတ်ဆက်ပေးပါ့မယ်…ကိုယ့်မိတ်ဆွေ တစ်ယောက် ပါ…မင်းကိုသူက နှင်းဆီနက်နဲ့ တင်စားတယ်…မင်းရဲ့  အလှအပနဲ့ကိုယ်ဟန်မူရာကိုပေါ့…”

နက်နက်သည် တစ်ချက်ပြုံးလိုက်ကာ အဲ့ဒီလူကို သိချင်စိတ်ပြင်းပြသွားသည်…။

“သူ…ဘယ်သူလဲ …ဦးဇော်”

“တွေ့ ပေးပါမယ်…သူက အင်ဂျင်နီယာ တစ်ယောက် ဆိုပေမယ့် အနုပညာသိပ်ဆန်တယ်… အနုပညာကို စိတ်ဝင်စားတဲ့လူပေါ့…”

နောက်တစ်လှည့် နက်နက်ကိုယ်ဟန်ပြရမည့် အလှည့်တွင် လက်ထဲတွင် နှင်းဆီနက်ကလေး ကို လှပစွာ ကိုင်၍ ကိုယ်ဟန်ပြခဲ့သည်။ သူရှိရာသို့ လှမ်း၍ ကြည့်ကာ ပြုံးသည်…။

ဖက်ရှင်ပြပွဲအပြီးတွင် နိုင်ငံခြားကုမ္ပဏီအမှတ်တံဆိပ်ရဲ့မယ်အ ဖြစ် နက်နက်ရရှိ သွားပါသည်။ “………..”ဟူသော ပိုးသားစလွယ်နှင့် သရဖူ လှလှလက်တွင် ရွှေရောင် ကြယ်ပွင့်ကလေးနှင့် နှင်တံ ကိုကိုင်ကာ နက်နက်သည် ရင်ခုန်မြူးကြွစွာ ရှိနေစဉ် ဦးဇော်နှင့် အတူ သူ လျှောက်လာခဲ့ခြင်း ဖြစ်သည်…။

“နက်နက်နွယ်…ဒါ ကိုယ့်မိတ်ဆွေ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကိုစွမ်းဆောင်တဲ့… မင်းကို ကွန်ဂရက်ကျူလေးရှင်း လုပ်ချင်လို့တဲ့…”

သူ့ အပြုံးမှာ လေးနက်တောက်ပလျက်ရှိသည်။ သူမက နွဲ့နွဲ့လျလျကလေးပြုံးလိုက်ကာ သူ့ ဆီသို့ လက်ကမ်းပေးလိုက် သည်။ ယောက်ျားများ နှင့် ပတ်သက်ပြီး နက်နက်မျှော်လင့်တိုင်း ဘယ် တော့မှ မလွဲချော်တတ်ပါ။ သူတို့သည် နက်နက်ရှိရာသို့ ဘယ်နည်းနှင့်မဆို အရောက်လာတတ်ကြ သူများ ဖြစ်သည်…။

သူ့ လက်များ ဆီမှ လွှမ်းမိုးမှု အရှိန်အ၀ါများ နှင့် ဆွဲဆောင်ညှို့ ယူမှု များ ကို နက်နက်ရရှိလိုက် ပါသည်။ အားကောင်းသန်မာပြီး နွေးထွေးပျူငှာရှာသော လက်မျာ ဖြစ်၏ ။ သူ့ ကိုယ်ခန္ဓာသည် ကျစ် လျစ်တောင့်တင်းပြီး မြင့်မားဖွံ့ထွားသည်။ ရင်အုပ်များ ကျယ်ပြန့်ပြီး ယောက်ျားပီသသော ဆွဲဆောင်သိမ်းပိုက်နိုင်မှု အရှိန်အ၀ါများ ညှို့  အားများ အပြည့်ရှိသည်။ သူ့မျက်လုံးများ မှာ နက် မှော င်စူးရှပါသည်…။

“မင်းကို နှင်းဆီနက်နဲ့ တင်စားတာ သူလေ… စပြိုင်ကတည်းက မင်းပဲ ရလိမ့်မယ်လို့…သူ နမိတ်ဖတ်ထားတာ…”

“အိုး …”

နက်နက်သည် မျက်လုံးကလေးများ ကိုဝိုင်းလိုက်ကာ နှုတ်ခမ်းလေးများ က မခို့တရို့ပြုံးလိုက် သည်…။

“ကျွန်မကို နှင်းဆီနက်နဲ့ တင်စားတဲ့ အဓိပ္ပါယ်ကို ပြောပြနိုင်မလားရှင်…”

“ရပါတယ်… နှင်းဆီနက်ရဲ့  အဓိပ္ပါယ်က…. ”

သူ့ အသံမှာ တစ်ခါကြားဖူးပြီးရင် မမေ့နိုင်တော့အောင် ချိုသာနေသည်…။

“ကျေးဇူးတင်ပါတယ်… ကိုစွမ်းဆောင် …”

“ကျွန်တော် က လူ တစ်ယောက် ကို အဓိပ္ပါယ်ရှိတဲ့ အရာတစ်ခုခုနဲ့တင်စားရတာ ၀ါသနာပါလို့ ပါ …ကျွန်တော် လူတွေ အများ ကြီးကို တင်စားတဲ့ နာမည် တွေ အများ ကြီးပေးဖူးတယ် …”

“မိန်းကလေးတွေ က ပန်းနဲ့တူတယ် … ယောက်ျားအချို့ ကို ကျွန်တော် က အဆိပ်ရှိတဲ့ အကောင်တွေ နဲ့နှိုင်းတယ် …”

“သြော်…သြော် …အဆန်းပဲနော် …”

“အိုကေ …ကျွန်တော် ပြန်လိုက်ဦးမယ် …ခွင့်ပြုပါဦး …နောက်တွေ့ ဦးမှာ ပါ …”

သူနှုတ်ဆက်ပြီးပြန်ထွက်သွားသည့်တိုင် နက်နက်သည်သူ့ကိုစွဲလမ်းစွာ ကျန်ခဲ့သည်။တစ်ခါ မှ အဲ့ဒီလောက် စိတ်ဝင်စားစရာကောင်းတဲ့ လွှမ်းမိုးမှု မျိုးကို နက်နက်မခံခဲ့ရဖူးချေ။ နက်နက်ရင်ထဲ တစ်ခုခုဝင်ရောက်လာခဲ့ပြီဆိုတာကို အလိုလိုသိခဲ့သည်…။

အပျိုဘော်ဝင်စကတည်းက နက်နက်ဟာ ဘယ်လိုလူမျိုးကိုမှ ချစ်သူအ ဖြစ်ရွေးချယ်မည် ဟု စံတွေ အများ ကြီးထားခဲ့သည်။ ထိုစံများ အားလုံးကို သူ့ဆီမှာ အပြည့်အစုံတွေ့ လိုက်ရသလို ခံစားရ သည် …။

တစ်ကြိမ်တစ်ခါမှ မချစ်ခဲ့ဖူးကြသော အမျိုးသမီးများ သည် ပထမဆုံးအချစ်ကိုစတင်တွေ့ ရှိ ခံစားကြရသည့်အခါ ဘာတွေ ဖြစ်ကြသလဲဆိုတာနက်နက်သိချင်ပါသည်။ နက်နက် ကတော့နှင်းဆီ နက်ကလေးကို အိပ်ရာခေါင်းရင်းတွင် လှပစွာ ထိုးစိုက်ခဲ့သည်။ ပြီးတော့ အချစ်အတွက် အထိမ်း အမှတ်အ ဖြစ် အင်္ကျီဖက်ရှင်ဆန်းတစ်ခုကို တီထွင်နိုင်ခဲ့သည် …။

ထိုအင်္ကျီမှာ အဖြူရောင် ပိုးဂါဝန်ကလေးဆီမှာ နှင်းဆီနက်များ အပြည့်ကပ်သီခဲ့ခြင်း ဖြစ် သည်။ နှင်းဆီနက်များ ကြွနေသော ကိုယ်နှင့် အတိကပ်နေသော အင်္ကျီကလေး ဖြစ်သည် …။

*******

အခန်း(၂)

အိမ်ခန်းတစ်ခုကို ဘာကြောင့် များ မှန်ချပ်များ ဖြင့် ဖွဲ့စည်းထားသလဲဆိုတာ ကျွန်မစဉ်းစားမရ ချေ။ပို၍ ဆိုးသည်မှာ လိုက်ကာစကြီးများ ကို ဖယ်လိုက်လျှင်အားလုံးကို လှမ်းမြင်နေရခြင်း ဖြစ်သည်။

ညမိုးချုပ်မှစာရေး တတ်လေ့ရှိသော ကျွန်မအဖို့ နေ့လည်နေ့ခင်းဖက်များ သည် အလွန်ပျင်းရိ ဖွယ်ကောင်းပါသည်။စာအုပ်တွေ ဖတ်ခြင်း ဗီဒီယိုအခွေများ ထိုင်ကြည့်ခြင်းသာကျွန်မအတွက်အလုပ် တစ်ခု ဖြစ်ပြီး ထိုအလုပ်က မျက်စိအလွန်ညောင်းသော အလုပ်တစ်ခု ဖြစ်သည် …။

အဲ့ဒီနေ့က အခွေတစ်ခွေကြည့်ပြီးတာနှင့် ကျွန်မကလိုက်ကာစကြီးများ ကို ဆွဲဖယ်လိုက်ကာ မှန်ချပ်ကြီးများ မှတစ်ဆင့် ရှုပ်ထွေးဆူညံနေသော အပြင်လောကကို လှမ်းကြည့်ရင်းအချိန်ဖြုန်းခဲ့ သည်။

ဟိုတယ်လ်ကြီးတစ်ခုပြီးမြောက်လာဖို့ အလုပ်သမားပေါင်းများ စွာ စက်ယန္တရားများ စွာ ပစ္စည်း ပစ္စယပေါင်းများ စွာ လုပ်အားပေါင်းများ စွာ စိတ်အင်အားပေါင်းများ စွာ ပေးဆပ်ရပါသည် …။

ကျွန်မ မျက်လုံးများ က ဟိုရွှေ့ ဒီရွှေ့ ရွှေ့ ကြည့်ရင်း တစ်နေရာအရောက်တွင် လေးနက်စွာ ရပ်တန့်စိုက်ဝင်သွားသည်။ လူ တစ်ယောက် …။

လူ တစ်ယောက် ဆိုရာတွင် သာမန်သမားရိုးကျလူ တစ်ယောက် မဟုတ်ဘဲ။ အ၀ါရောင် ဦးထုပ် ကြီး တစ်လုံးဆောင်းထားပြီး တစ်ကိုယ်လုံးချွေးစက်များ စီးကျရွှဲနစ်နေသော ကိုယ်ခန္ဓာဖွံ့ထွားကျစ် လျစ်ကာ အားကောင်းသန်မာသော အရှိန်အ၀ါဖြင့် လူအများ ကြားတွင် ထင်ရှားစွာ တောက်ပနေ သော လူ တစ်ယောက် ဖြစ်သည် …။

ထိုလူသည် အလုပ်တွေ ရှုပ်နေပုံရသည်။ လက်ထဲတွင် ဖိုင်တွဲ တစ်တွဲ ကိုင်ထားပြီး အပေါ် တတ်သွားလိုက် အောက်ပြန်ဆင်းလာလိုက်နှင့် အမိန့်တွေ အမျိုးမျိုးပေးနေသည် …။

ကျွန်မသည် သူ့အမူအရာ လှုပ်ရှားသွားလာဟန်များ ကို စိတ်ဝင်စားစွာ မိန်းမောစွာ စောင့် ကြည့်နေလိုက်သည်။ သူ့လက်ထဲတွင် ဆဲလ်လူလာဖုန်းတစ်လုံးလည်းကိုင်ထားကာ ထိုဖုန်းတစ်လုံး ဖြင့် အလုပ်ရှုပ်သေးသည်။ သူ့ကိုစိမ်ပြေနပြေထိုင်စောင့်ကြည့်နေရသော အခါ ကျွန်မရဲ့ ပျင်းရိငြီးငွေ့ မှု များ သည် အံ့သြလောက်ဖွယ် လွင့်စင်ပျက်ပြယ်သွားတော့သည်။ သူ့ကိုစောင့်ကြည့်ရင်း ကျွန်မရဲ့  အချိန်များ ကုန်မှန်းမသိကုန်ဆုံးသွားသည်။

သူ့ရဲ့ လမ်းလျှောက်ဟန် ခြေလှမ်းများ လှမ်းဟန် စကားပြောဟန် အရယ်အပြုံး ကိုယ်ဟန်အ မူအရာ ထိုအမူအရာများ ကို ကျွန်မ နေ့တိုင်းစောင့်ကြည့်ပြီး အချိန်ဖြုန်းဖို့ စိတ်ကူးရ သွားပါသည်။ သူ့ ရဲ့ ဟန်ပန်အမူအရာ လှုပ်ရှားမှု တိုင်းတွင် စိတ်ဝင်စားမှု များ အတိပြီးလျက်ရှိသည် …။

တစ်ရက်တွင် ပို၍ အံ့သြစရာကောင်းသော အလုပ်တစ်ခုကို သူကလုပ်ခဲ့သည်။ ထိုအလုပ်မှာ ညနေစောင်းတွင် အလုပ်သမားတချို့နှင့် ပလပ်ဖောင်းပေါ်တွင် ခြင်းခတ်နေခဲ့ခြင်း ဖြစ်သည်။ ခြင်းခတ် သော အခါ တီရှပ်နှင့် ဂျဲင်း(န်)ဘောင်းဘီကို ပြောင်းလဲဝတ်ဆင်ထားခဲ့သည်။ နေ့ခင်းဖက်တွင် မြင်ရ သော အ၀ါရောင် ဖိုင်ဘာဦးထုပ်ကြီးကို ချွတ်လိုက်သော အခါ သူ့ဆံပင်များ သည် ခပ်ရှည်ရှည်ပျော့ ပျော့စင်းစင်း အလယ်ခွဲကလေး ဖြစ်နေတာကို အံ့သြဖွယ်တွေ့ ရလေသည် …။

ခြင်းလုံးကို ခေါင်းနှင့်တိုက်လိုက်သည့်အခါတွင် ဖြစ်စေ ခြေထောက်နှင့် မြှော က်ခတ်သော အ ခါတွင် ဖြစ်စေ သူ့ဆံပင်ရှည်ကလေးများ သည် ၀ဲခနဲလွင့်ဖွာသွားဟန်မှာ အလွန်စွဲမတ်ဖွယ်ကောင်းပါ သည်။ ပေါ့ပါးဖျတ်လတ်သော လှုပ်ရှားဟန်များ ကို ကျွန်မငြိမ်သက်စွာ ငေးကြည့်နေရင်း သူသည် ကျွန်မဘ၀အတွက် အလွန်အရေး ပါအရာရောက်သော ယောက်ျား တစ်ယောက် ဖြစ်လာတော့မည် လား ဟု အလန့်တကြားတွေးမိသေးသည် …။

သို့ သော်သေချာပါသည်။ ယခုအချိန်အထိ ကျွန်မဘ၀တွင် ကျွန်မအလုပ်ပျက်အကိုင်ပျက်ခံ အချိန်ကုန်ခံပြီး မငြီးမငွေ့ စိတ်ရှည်လက်ရှည်စောင့်ကြည့်မိသော ယောက်ျားဆိုလို့ သူ တစ်ယောက် သာရှိပါသေးသည် …။

တစ်ချက်တစ်ချက်တွင် သူ့မျက်လုံးနက်နက်များ ကျွန်မရှိရာအပေါ်ထပ်သို့ လွင့်ဝဲရောက်ရှိ လာစေချင်ပါသည် တစ်ကြိမ်တွင် တော့ ကျွန်မဆန္ဒပြည့်ဝသွားသည်။ ခြင်းလုံးမြောက်သွားရာသို့ မော့ကြည့်ရင်း သူ့မျက်လုံးများ ကျွန်မရှိရာအပေါ်ထပ်သို့ အမှတ်တမဲ့ရောက်ရှိလာပါသည်။ ဖျတ်ခဲနဲ ကြည့်ပြီး သူ့မျက်လုံးများ အရောင် တစ်မျိုးဖြာထွက်သွားသည်လို့ ထင်လိုက်မိတာ မမှားဘူးထင်၏ ။ တကယ်ပါပဲ သူကနောက်တစ်ကြိမ် ထပ်မော့ကြည့်သည်။ ဒီတစ်ခါသူ့အကြည့်ထဲတွင် အမှတ်တမဲ့ မဟုတ်တော့ဘဲ တစ်စုံတစ်ရာပါဝင်လာခဲ့သည်။ ကျွန်မရှိရာသို့ လှမ်းကြည့်လိုက်သော ကြောင့် သူ့ဆီ သို့ ရောင် လာသည့် ခြင်းလုံးကိုသူ မခတ်နိုင်တော့ချေ။ ခြင်းလုံးသည် အောက်သို့ ပြုတ်ကျပြီး လမ်းမ ပေါ်သို့ လိမ့်သွားသည်။ သူ့အ ဖြစ်ကို အတူခြင်းခတ်နေသူတွေ က တအံ့တသြ ၀ိုင်းရယ်လိုက်ကြ သည် …။

သူက(ကျွန်မအထင်ရှက်ရယ်ဟုထင်ရသော …)တစ်ချက်ရယ်ပြီး လိမ့်သွားသော ခြင်းလုံးကို လိုက်ကောက်သည်။ ထိုအခါ ကျွန်မရှိရာနှင့် ပို၍ နီး သွားပါသည်။ ခြင်းလုံးကောက်ရင်း သူ့မျက်လုံး များ က ကျွန်မရှိရာဆီရောက်လာပြန်သော အခါ ကျွန်မ၏ ပျော်ရွှင်ကျေနပ်မှု များ က အတိုင်းအဆမရှိ တော့ချေ။ သူ့မျက်လုံးများ က အလွန်လှပစွာ စူးရှနက်မှော င်ပါသည်။ သူနှင့် ကျွန်မ မျက်လုံးချင်းဆုံ သော အခါ ကျွန်မရဲ့ နှုတ်ခမ်းများ က မပြုံးမိဘဲမနေနိုင်အောင် ယစ်မူးသက်ဝင်လာသော ကြောင့် ကျွန်မက ပြုံးလိုက်မိသည် …။

ထိုအခါ သူကလည်း ကျွန်မကို ပြန်ပြုံးပြလိုက်သည်ထင်၏ ။ သူ့နှုတ်ခမ်းများ လှပစွာ ကွေး ညွတ်သွားလေသည်။ ထိုတဒင်္ဂကလေးဖြင့် ပင် ကျွန်မတို့နှစ် ယောက် တိတ်ဆိတ်စွာ မိတ်ဆွေစ ဖြစ် သွားခဲ့ပါသည် ..။

လုပ်ငန်းခွင်အချိန်တွင် သူသည် အရှိန်အ၀ါရှိသော အုပ်ချုပ်သူပုံစံ ဖြစ်လျက် ညနေပိုင်း ခြင်း ခတ်သော အခါ သူသည် ဖျတ်လတ်တက်ကြွသော လူငယ်ကလေး တစ်ယောက် လို နုပျိုလတ်ဆတ် လျက်ရှိသည် …။

သူနှင့် ကျွန်အကြားရှိ ဆက်သွယ်မှု မှာ အလွန်ပဲလျှို့ ဝှက်တိတ်ဆိတ်ပါသည်။သူ့ကို ကျွန်မက တိတ်တဆိတ်စောင့်ကြည့်ရုံ သူက မော့ကြည့်ပြုံးပြရုံနှင့် ပင် ကျွန်မကျေနပ်ရောင့် ရဲခဲ့ရပါသည် …။

“ဖြူက သိပ်တုံးတာပဲကိုး …”

ဟု နက်နက်က အမြဲသုံးနေကျစကားကို သုံးလိုက်သော အခါ ကျွန်မကငြိမ်သက်စွာ ပင်ပြုံး နေခဲ့သည် …။

“ရှင်က စာရေး ဆရာဆိုတော့ အဲ့ဒီ ဧည့်ခံပွဲတွေ အကြောင်းလဲ သိထားသင့်တယ် …အတွေ့  အကြုံတစ်ခုပေါ့ ပျော်စရာကောင်းတယ်ဖြူရဲ့ လူငယ်တွေ ရဲ့ လွတ်လပ်တဲ့အရသာကို တစ်ခါတစ် လေ ခံစားသင့်တယ် အလွန်အကျွံ မဟုတ်ရင်သာ ပြီးရောပေါ့ …”

“ဒီနေ့က သူများ မွေးနေ့ပွဲ ယုဇနဂါးဒင်းမှာ ညဘက်ကျွေးမှာ ညဘက်ဆိုတော့စလိုက်မီး အောက်မှာ ထိုင်နေလို့ရတယ် ကိုယ့်ပုံတွေ ဖန်သားပြင်မှာ ပေါ်နေတယ် …”

“လာပါ ဖြူရယ် … ရှင် တစ်ယောက် တည်း ညဖက်ကြီး အိမ်မှာ ကျန်ရစ်ခဲ့ရမှာ မကြောက်ဘူး လား … လာ …လိုက်ခဲ့ …အ၀တ်သွားလဲချည် …”

“အေးလေ …ချယ်ရီတို့လဲ ပါမှာ … လိုက်ခဲ့ပါ ဖြူရာ …အ၀တ်လဲ …သွား …သွား ..”

“မဟုတ်ပါဘူးဟယ် …ကျွန်မ ၀ါသနာကိုမပါလို့ပါ …နှင်းဆီနက်က အမြဲသွားနေကျပဲ … ကျွန်မ မသွားချင်ပါဘူး … စာရေး ကျန်ခဲ့မယ် …”

“မရဘူး … လိုက်ခဲ့ရမယ် … ”

ကျွန်မကို အတင်းဝိုင်းချုပ်ကာ နက်နက်က မိတ်ကပ်ပါးပါးလူးပေးပြီး ချယ်ရီနှင့် သုသုက ခေါင်းဖြီးပေး အ၀တ်လဲပေး ၀ိုင်းလုပ်ကြသဖြင့် မလူးသာမလွန့်သာဖြင့် ကျွန်မလိုက်ရတော့သည် ..။

နက်နက်အဖို့ မထူးဆန်းပေမယ့် ကျွန်မတော့ တစ်ကြိမ်မှမသွားဖူးပါ။ အဲဒီ တစ်ချက်တော့ နက်နက်နှင့် ကျွန်မသည်ခံယူ ချက်ချင်း သဘောထားချင်းကွဲလွဲလေသည်။ ကျွန်မက အဲဒီ နည်းဖြင့် ခေတ်မမီချင်ပါ။ ထိုပွဲများ သည် ကျွန်မနှင့် မအပ်စပ်သလို ဖြစ်နေတတ်သည် နက်နက်သွားတိုင်း ချယ်ရီ သို့ မဟုတ် သုသု တစ်ယောက် ယောက် အဖော်လိုက်လေ့ရှိပြီး ကျွန်မက အမြဲငြင်းဆန်ကာ ချန်ရစ်ခဲ့သည်ချည်း ဖြစ်သည်။

“လူငယ်ဘ၀မှာ အတွေ့ အကြုံတစ်ခုဆိုတာတော့ ရှိထားသင့်တာပေါ့ ဖြူရဲ့  …အဲဒါ အတွေ့  အကြုံတစ်ခုပဲ…မကောင်းဘူးလို့ထင်ရင် နောက်ဆက်မလုပ်နဲ့တော့ပေါ့…ဒါပေမယ့် ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ ကိုယ်လုပ်ဖူးထားတော့ ရှင့်ဝတ္ထုထဲ ထည့်ရေး လို့ရတာ ပေါ့ လူတိုင်း ကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်နေကြတာပဲ …ကျွန်ကက အဲ့ဒီလို လွတ်လပ်ပေါ့ပါးတဲ့ လူငယ်ဘ၀ကို ကြိုက်တယ်”

နက်နက်ရဲ့ လက်သုံးစကားများ ကို ကျွန်မလက်ခံချင်ဟန်ဆောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေရသည်။ စိတ်ထဲ ကတော့ အလွန်ကျဉ်းကြပ်ပါသည်။

အဲ့ဒါကြောင့် စားသောက်ပြီးချိန်တွင် ကျွန်မက အမြင့်နေရာလေးရှိ ဆိုဖာကြီးများ ပေါ်တွင် ကိုယ်ကလေး နစ်ဝင်မတတ် ငြိမ်ငြိမ်ကလေး ထိုင်နေမိသည်။ ငြိမ်သက်စွာ ကြည့်နေရတာ ကလည်း အရသာတစ်ခု ဖြစ်သည်။

ဧည့်ခံပွဲတတ်ရောက်လာကြသည့် လူတွေ ထဲတွင် နက်နက်၏ အလှနှင့် ကိုယ်ဟန်မူရာမှာ အထူးခြားဆုံးနှင့် အထင်ပေါ်ဆုံး ဖြစ်သည်။ နက်နက်သည် အင်္ကျီအနက်စင်းကလေးကို ၀တ်ထား သော ကြောင့် ဖြူနှစ် ၀င်းမွတ်နေသော ခါးအသားကလေးများ ပေါ်နေသည်။ အနက်ရောင် စကတ် ကြောင့် နက်နက်ရဲ့ ကြော့ရှင်းသွယ်လျသော ကိုယ်လုံးလှလှမှာ ကျစ်လစ်တောင့်တင်းနေသည်။ နက်နက်သည် သူ့ခန္ဓာကိုယ်မှာ အဆီပိုလုံးဝမရှိအောင် လေ့ကျင့်ခန်းမှန်မှန်လုပ်ကာ အစားအ သောက်ကို စနစ်တကျ စားသောက်သူ ဖြစ်သည်။

ညဖက်ဆိုရင် အသီးအရွက် လတ်လတ်ဆတ်ဆတ်များ ကိုအစုံခပ်စိမ်းစိမ်းကြော်တစ်ပွဲ ငှက်ပျောသီးနှင့် ဖျော်ရည်ကိုသာသောက်လေ့ရှိသည်။ ထို့ကြောင့် အဆီပိုမရှိသော နက်နက်ရဲ့ ခန္ဓာ ကိုယ်ကျစ်လျစ်လှပမှု သည် မြင်သူတကာအတွက် ငေးမောစွဲမက်စရာ ဖြစ်သည်။ ကျွန်မကိုယ်တိုင် တောင် နက်နက်ကို အမြဲငေးမောနေရသေးသည်။ တစ်ခုခုကို အဆန်းစ,ထွင်,လျှင် နက်နက်ဆီက ဖြစ်သည်။

မျက်တောင်ကို အပြာရောင် မက်(စ်)ကာရာနှင့် ပြာလွင်တောက်ပစေကာ ၀ိုင်းစက်ရွှန်းနက် သော မျက်လုံးနက်နက်စူးစူးများ ရဲ့အလှကို ပို၍ ထင်ရှားစေတတ်သည်။ နက်နက်ရဲ့နှာတံကလေးမှာ ဖြောင့်စင်းချွန်မြသည်။ မျက်နှာပြင်မှာ ပြောင်ရှင်းရှင်းဖြင့် ချောမွေ့လှကာ ရယ်ဗလွန် WINE အမှတ် 19ကို ခပ်ရင့်ရင့်ဆိုးထားသော နှုတ်ခမ်းထူထူဖောင်းအိအိကလေးသည် ကိုယ့်ကိုကိုယ်ယုံကြည်စိတ် ချမှု အမြဲရှိစွာ ပြုံးတတ်သည်။ နှုတ်ခမ်းနီမှာ ဘာစားစားမပျက်သော နှစ် ဆယ့်လေးနာရီခံသော အမျိုး အစား ဖြစ်သည်။ နက်နက်လောက် ဆံမျှင်စကလေးကနေ ဟိုးခြေဖျားအထိ အပြစ်ပြောစရာမကျန် အောင် လှနိုင်သော အမျိုးသမီးဟာ ဘယ်လိုယောက်ျားမျိုးကိုမှ ရွေးချယ်စိတ်ကူးမလဲ ဟုကျွန်မ မကြာခဏတွေးကြည့်ခဲ့ဖူးပါသည်။

နက်နက်အလှကို ကျွန်မ တစ်ယောက် တည်းတင်မကပါ ဤဧည့်ခံပွဲတစ်ခုလုံးမှလူများ ကပါ စွဲစွဲမက်မက်ရှိကြသည်။ နက်နက်ရဲ့မျက်နှာပုံကို တစ်ဖက်ဖန်သားမြင်ကွင်းကြီးပေါ်တွင် အကြာကြီး ရိုက်ပြထားသည်။ ထိုမြင်ကွင်းထဲရှိ အလှကိုမြင်ပြီး လူတွေ က နက်နက်ရှိရာဆီသို့ ရောက်လာတတ် ကြသည်။ နက်နက်အနားမှာ လူတွေ ပတ်လည်ဝိုင်းနေတာ တွေ့ ရသည်။ သို့ သော် အားလုံးစည်း ကမ်းရှိရှိ သပ်သပ်ရပ်ရပ်ကလေးသာ ဖြစ်သည်။

နက်နက်ကို ခန်းမထဲရှိလူအားလုံးက ၀ိုင်းကြည့်နေကြသည်။ ခြေတံရှည်ခုံမြင့်မြင့် ဘား ကောင်တာဆီမှလူ တစ်ယောက် ထလာကာ ကပွဲနေရာဆီသို့ လျှောက်လာတာကို ကျွန်မ အသေအ ချာမြင်လိုက်ရသည်။

ထိုလူကို ဘယ်လောက်မှိန်သည့်မီးရောင် အောက်တွင် ဖြစ်စေ ကျွန်မ မမှတ်မိစရာမရှိပါ။ ပျော့စင်းကာ ခလယ်ခွဲထားသည့်ဆံပင်အညိုရောင် ရှည်ရှည်ကလေးများ နှင့် စူးရှနက်မှော င်သော မျက်လုံးများ ကော့ညွတ်နီရဲလှပကာ သေသပ်ပုံကျသော နှုတ်ခမ်းတို့နှင့် ထိုလူသည် အဖြူရောင် တီ ရှပ်နှင့် နက်ပြာရောင် ဂျင်း(န်)ဘောင်းဘီကြောင့် မြင့်မားဖြောင့်မတ်နေသော အရှိန်အ၀ါတစ်မျိုးဖြင့် နက်နက်ဆီသို့ တစ်လှမ်းချင်းလျှောက်သွားနေသည်ကို ကျွန်မစိတ်ထဲက နှမြောတသခြင်းကြီးစွာ ဖြင့် လှမ်းတားနေမိသေးသည်။ မ သွားပါနဲ့လားရှင် …။ရှင့်ကို နက်နက်အတွက် အများ ထဲက တစ် ယောက် မ ဖြစ်စေချင်ပါဘူး ….။

သို့ သော် သူက နက်နက်နှင့် မျက်နှာချင်းဆိုင်လိုက်သော အခါ ကျွန်မရင်ထဲ အရာအားလုံးဆွဲ ထုတ်ခံလိုက်ရသလို ဟာ,ကျ သွားပါသည်။

“နက်နက်နွယ် ကိုယ့်ကို မှတ်မိတယ်မဟုတ်လား …တွေ့ လိုက်လို့ဆင်းလာတာ …”

နက်နက်က ခြေထောက်ကလေးတွေ စည်းချက်ညီညီလှုပ်ရှားရင်း သူ့ကို ပြုံးပြလိုက်သည်။

“ကျွန်မကို နှင်းဆီနက်လို့ နာမည် ပေးထားတဲ့ လူ တစ်ယောက် ကိ ကျွန်မ မမေ့ပါဘူးရှင် …”

“ဒီကို အမြဲလာတတ်သလား …”

“သူငယ်ချင်း တစ်ယောက် နဲ့ အဖော်လိုက်လာတာ …”

“ကျွန်မကိုလည်း မိတ်ဆွေ တစ်ယောက် က မွေးနေ့ပွဲကျွေးရင်း …သူ့မှာ ဒေါ်လာတွေ များ နေလို့ ဖြုန်းပေးတာ …သူငယ်ချင်းတွေ လဲပါတယ် …”

“မင်း ဒီည တော် တော် လှတယ် …လူတွေ အားလုံးဝိုင်းကြည့်နေကြတယ်ကွ …ကိုယ်လာစ ကားပြောတာ အနှောင့်အယှက် ဖြစ်သွားလား မသိဘူး …ကိုယ်ပြန်လိုက်ဦးမယ်နော် …”

သူ ပြန်ထွက်သွားပြန်လျှင် နက်နက်စိတ်ထဲက မချင့်မရဲ ဖြစ်သွားသည်။ ဒီလောက်အခွင့်အ ရေး ရတဲ့အချိန်မှာ သူဟာ နက်နက်နဲ့အကြာကြီး စကားပြောနေလို့ရသားနဲ့။ သူသည် နက်နက်ကို အမြဲဦးဆောင်နှုတ်ဆက်ထွက်ခွာသွားတာ နှစ် ကြိမ်တိတိရှိပြီ။

နက်နက်သည် အတွေ့ အကြုံအသစ်အဆန်းကို သဘောကျသူ ဖြစ်ပါသည်။ ကိုယ့်အနားမှာ တောတ်တဲ့ကပ်သလို တွယ်ကပ်နေသူများ ထက် ကိုယ့်ဆီက အမြန်ခွာသူကို ပို၍ စိတ်ဝင်စားသည်။ ပြီးတော့ နက်နက်မှာ မခံချင်စိတ်အပြည့်ရှိသည်။ အတ္တကြီးတယ်လို့ပဲပြောပါ လူတိုင်းသည်နက် နက်ကိုသာ စိတ်ဝင်တစား ဂရုတစိုက်ရှိရမည် ။ စိတ်မ၀င်စားသလိုလို ဂရုတစိုက်မရှိသလိုလို ဘယ်တော့မှမလုပ်ရ။ အဲ့ဒါ နက်နက်ကို သိက္ခာချခြင်း ဖြစ်၏ ။ နက်နက်သည် ကိုယ့်ကိုကျောခိုင်း ထွက်ခွာသွားသူကို အံ့သြစွာ အံတစ်ချက်ကြိတ်လိုက်သည်။ ဘယ်လိုပုံစံနဲ့ပဲ ဖြစ် ဖြစ် ရှင် ကျွန်မဆီကို ချဉ်းကိုချဉ်းကပ်လာစေရမှာ ပါ ဟု နက်နက်စိတ်ထဲက စိမ်ခေါ်လိုက်သည်။

ကျွန်မ အမြဲတစိမ့်စိမ့်စောင့်ကြည့်နေခဲ့ရသော သူ့ကိုကျွန်မ စောင့်ကြည့်နေကြောင်းလည်း သူပြန်သိကာနက်စိုရွှန်းလဲ့သော မျက်လုံးတို့ဖြင့် အခါအခွင့်သင့်တိုင်းကျွန်မရပ်ကြည့်ရာ မှန်တံခါးရှိ ရာသို့ မော့ကြည့်တတ်လေ့ရှိသော ထို့နောက်မသိမသာပြုံးပြနှုတ်ဆက်တတ်သော ကျွန်မနှစ်သက် စွဲလမ်းသည့် ယောက်ျား တစ်ယောက် ကို ကျွန်မ လက်လွှတ်ဆုံးရှုံးခံလိုက်ရပြီလား ဟုနှမြောကြေကွဲ စွာ တွေးမိသည်။ နက်နက်ဆီသို့ ချဉ်းကပ်သွားသော ယောက်ျားတိုင်းသည် သံလိုက်ဓါတ်တစ်ခုနှင့် အညှို့ ခံလိုက်ရသလို ဘယ်တော့မှရုန်းထွက်မနိုင်တော့လောက်အောင် ဖြစ်မြဲ ဖြစ်သည်။

ကျွန်မ မြတ်နိုးချစ်ခင်သော ထိုယောက်ျားသည်လည်း နက်နက်ရှိရာသို့ သွားခဲ့ပြီ ဖြစ်သည်။ သူသည် ကျွန်မရှိရာသို့ ပြန်လာနိုင်တော့မည် မထင်ပါ။

ဤပွဲတွင် ကျွန်မ လျှို့ ဝှက်တိတ်ဆိတ်စွာ ရှုံးနိမ့်သွားခဲ့သည်။ ဘယ်သူမှမသိလိုက်ရ။ ကျွန်မ သည် မျိုသိပ်ဖုံးကွယ်တတ်ခြင်းကို အတတ်ပညာတစ်ခုလို ကျွမ်းကျင်ပါးနပ်လွန်းသော ကြောင့် ကာယကံရှင် ထိုလူငယ်ကလေးတောင် ကျွန်မ ရှုံးနိမ့်သွားရခြင်းကို မသိလိုက်ပါ။

သူ ကျွန်မကို မမြင်ပါ။ အဘယ်ကြောင့် ဆိုသော် ကျွန်မက ဧည့်ခံပွဲနေရာတစ်ခုလုံးကို ကျောခိုင်းကွယ်ထိုင်ပစ်လိုက်သော ကြောင့် ဖြစ်သည်။

ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက်ရော ကျွန်မ နှလုံးသားကို ကာကွယ်သည့်အနေနှင့် ပါ နောက်ရက်များ တွင် ကျွန်မက မှန်ချပ်ကြီးများ နောက်ကွယ်မှ လိုက်ကာကြီးများ ဖြင့် ဖုံးကွယ်ထားပစ် လိုက်တော့သည်။ သူ့ကို ကျွန်မ မကြည့်မိအောင် နေဖို့ကြိုးစားကြည့်သည်။

သို့ သော် အံ့သြစရာကောင်းလောက်အောင် သူက ကျွန်မ အာရုံများ ကိုဖုံးလွှမ်းထားသည်။ သူ မော့ကြည့်နေမှာ ပဲ ဟုသိချင်ပြန်သည်။ ညနေဖက် သူခြင်းခတ်သည့်အချိန်တွင် လည်း ကျွန်မ လသာဆောင်သို့ ထွက်ဖို့ မကြာခဏခြေလှမ်းပြင်မိပြန်သည်။

သူ့ကို ရုပ်ရှင်ကားတစ်ကားလို စာအုပ်တစ်အုပ်လို စောင့်ကြည့်ဖတ်ရှု့ ရသည့် အရသာကို ကျွန်မကောင်းစွာ သိခဲ့ပြီး ဖြစ်သည်။ သိပ်ကောင်းလွန်း စိတ်ဝင်စားစွဲမက်ဖွယ်ကောင်းလွန်းသော ရုပ်ရှင်ကားကိုကြည့်ပြီးလျှင်ပြီးဆုံးသွားမှာ စိုးရိမ်နှမြောနေတတ်သလို စာအုပ်ဆိုလျှင်လည်း ဖတ်ပြီး သွားမှာ နှမြောတသနေတတ်သလို သူ့ကိုစောင့်ကြည့်ရသည့်တစ်နေ့တာလည်း ကုန်ဆုံးသွားမှာ ကြောက်နေတတ်သည်။

ကန့်လန့်ကာနောက်ကွယ်မှာ မကြာခဏရပ်မိကာ သူ့ကိုချောင်းကြည့်ချင်ပြန်သည်။ ပွင့်ပွင့် လင်းလင်းစောင့်ကြည့်ချင်စိတ်လည်းမရှိပြန် …

နေဦး နက်နက်နှင့် သူ တရင်းတနှီး စကားပြောရယ်မောနေတာ တွေ့ လိုက်တာနှင့် ကျွန်မ ရှုံးနိမ့်သွားပြီလို့ သတ်မှတ်လို့ရနိုင်ပါ့မလား။ ကျွန်မနှင့် နက်နက်သည် အချစ်ဆုံးသူငယ်ချင်းများ သာ ဖြစ်သည်။ နက်နက်နှင့် အပြိုင် ဖြစ်နိုင်ဖို့ ကျွန်မမှာ စိတ်ကူးမရှိပါ။ သတ္တိလည်း မရှိပါ။

နက်နက်နှင့် ကျွန်မသည် မတူညီဆုံးအချက်မှာ နက်နက်က ပွင့်လင်းလွတ်လပ်စွာ လိုချင် တာကို ရအောင်ယူတတ်သော ပရိယာယ်မျိုးရှိသူ ဖြစ်ပြီး ကျွန်မ ကတော့ မျိုသိပ်လျှို့ ဝှက်စွာ ခံစား ချက်ကိုဦးစားပေးပြီးဖုံးကွယ်ဟန်ဆောင်တတ်သူ ဖြစ်သည်။ ထိုစရိုက်နှစ် ခုအနက် ဘယ်အရာကို ကျွန်မချစ်မိတဲ့လူငယ်ကလေးက နှစ် ခြိုက်သဘောကျမှာ ဖြစ်ပါသနည်း …။

သူ့ကြည့်ရတာ တော့ ပွင့်လင်းရိုးသားဖြောင့်မတ်မှန်ကန်မည့် သူမျိုး ဖြစ်သည်။ ဟန်ဆောင် တိတ်ဆိတ်မှု ကို သူကြိုက်မည် မထင်ပါ။

တကယ်လည်း ကျွန်မရဲ့ဖုံးကွယ်တိတ်ဆိတ်နေမှု ကို သူသည် သုံးရက်ထက်ပိုပြီးသည်းခံခဲ့ပုံ မပေါ်ပါ။ လေးရက်မြောက်သော နေ့ ကျွန်မ တစ်ယောက် တည်းအိမ်မှာ ရှိနေချိန်တွင် (ချယ်ရီနှင့် သုသု က မနက်မိုးလင်းကနေ ညနေအထိ ရုံးသွားရတတ်ပြီး နက်နက်က အပြင်ထွက်ဖို့အမြဲကိစ္စရှိနေ တတ်သူ ဖြစ်သည်။ ဥပမာ ဈေးဝယ်ထွက်ဖို့ ဖက်ရှင်ဒီဇိုင်းအင်္ကျီအသစ်အဆန်းထွင်ထားတာတွေ ကို အင်္ကျီချုပ်သူထံမှာ သွားအပ်ဖို့ အားကစားလေ့ကျင့်ရာ စက်ကိရိယာ ပစ္စည်းအစုံအလင်ရှိသော ကလပ်(club) တစ်ခုမှ အသင်းဝင်ထားသူမို့ ထိုကလပ်(club)ကို မှန်မှန်သွားဖို့ ရေကူးကန်သွားဖို့ ဒါမှမဟုတ် ဖက်ရှင်ပြပွဲတစ်ခုခုဆီသွားဖို့ ကုမ္ပဏီဖွင့်ပွဲ အဆောက်အအုံဖွင့်ပွဲ ဆုပေးပွဲများ တွင် ဖက်ရှင်အလှမယ် တစ်ယောက် အ ဖြစ်တက်ရောက်ပေးဖို့ ဖိတ်ကြားခံရတာ တွေ ဓာတ်ပုံပြပွဲများ အ တွက် မိုဒယ်လ်အ ဖြစ် ကိုယ်ဟန်ပြပေးဖို့ သွားရတာ တွေ စသည်ဖြင့် နေ့စဉ် အိမ်မကပ်နိုင်အောင် ရှိသည်။ တစ်နေ့တစ်နေ့ နက်နက်အတွက် ပွဲတစ်ပွဲပွဲတော့ ရှိနေတတ်မြဲ ဖြစ်သည်။ ထို့ကြောင့် အိမ်စောင့် တစ်ယောက် လို အိမ်တွင် အမြဲကပ်နေရသူ ကတော့ ကျွန်မသာ ဖြစ်သည်။ )

ကျွန်မ တံခါးဆီမှ လူခေါ်တီးလုံးကလေးထွက်ပေါ်လာခဲ့သည်။ တံခါးကို ချက်ချင်း မဖွင့်ဘဲ ကျွန်မက ချောင်းကြည့်သော အပေါက်ကလေးမှ ချောင်းကြည့်လိုက်သည်။ တံခါးဝတွင် ဘယ်သူမှ ရှိမနေပါ။

ထို့ကြောင့် ကျွန်မက တံခါးကိုဖွင့်ကြည့်လိုက်သည်။ တစ်ယောက် ယောက် က တံခါးမှလူခေါ် ဘဲလ်ကိုနှိပ်ပြီး တစ်ခုခုလာထားသွားခဲ့တာ ဖြစ်သည်။ ထိုတစ်ခုခုမှာ ပါကင်ပေပါဖြင့် လှပစွာ ထုပ်ပိုး ၍ ဖဲကြိုးကလေးစည်းနှောင်ထားသော သစ်ခွပန်းကလေးတစ်စည်းနှင့် စာတမ်းကလေးတစ်ခု ဖြစ် နေသော အခါ ကျွန်မအံ့သြ သွားပါသည်။

ကတ်ကြွေရောင် ကလေးမှ ‘အရိပ်ကလေး…’ ခန်းဆီးတွေ ပိတ်မထားပါနဲ့ …. အရိပ်က လေးကို တွေ့ ချင်လို့ပါ …ပန်းစည်းကို လူကိုယ်တိုင်လာပေးရင် မယူမှာ စိုးလို့ တိတ်တိတ်ကလေး လာထားတဲ့အတွက် …ကိုယ့်အပြုအမူရိုင်းသွားရင် ခွင့်လွှတ်ပါ ….

ညနေကျရင် ခြင်းပွဲကို အားပေးပါဦးနော် ….

‘ကိုယ်…’

ဟု ‘အရိပ်ကလေး’ဟု ခေါင်းစဉ်တပ်ကာ ‘ကိုယ်’ဟု လက်မှတ်ရေး ထိုးပြီး အံ့သြစဖွယ်စာ တန်းကလေးရေး ထားတာတွေ့ သော အခါ ကျွန်မရင်ထဲမယုံနိုင်လောက်အောင် ရင်ခုန်လှိုက်မော သွားတော့သည်။ ဘယ်လောက်လှပတဲ့ လုပ်ရပ်ကလေးလဲ ။

စာထဲတွင် ဘာအဓိပ္ပယ်မှမပါ။ ရိုးသားဖြူစင်မှု ကိုသာတွေ့ ရသည်။ အင်းလေ …ကျွန်မတို့နှစ် ယောက် ဟာ မျက်လုံးချင်းရင်းနှီးနေတဲ့ မိတ်ဆွေတွေ ပဲ။

ကျွန်မဟာ ဘာကြောင့် များ ကိုယ့်ကိုကိုယ်စိတ်သော ကအရောက်ခံပြီး မြင်ချင်လျက်နှင့် တံခါးများ ကိုပိတ်ကွယ်ဖို့ကြိုးစားနေခဲ့တာပါလိမ့်။ တကယ်တော့ ဘာမှအဓိပ္ပာယ်မရှိပါ။ နက်နက်နှင့် သူ ရင်းနှီးခင်မင်နေရုံနှင့် ကျွန်မကနောက်ဆုတ်လိုက်ဖို့ဆိုတာ ဘယ်လိုမှမ ဖြစ်နိုင်သော တွေ ဝေမှု သက်သက်သာ ဖြစ်သည်။

ချက်ချင်း ပင် ကျွန်မက မှန်တံခါးနောက်ကွယ်မှ အဖြူရောင် ပိုးခန်းဆီးများ ကိုဆွဲဖယ်ပစ် လိုက်သည်။ ကြည်လင်သော မှန်သားများ မှတစ်ဆင့် အောက်ကိုကျွန်မမြင်ရသည်။ ကျွန်မမျက်လုံး များ ဆီသို့ ၀င်ရောက်လာသော မြင်ကွင်းမှာ သစ်ပင်ရိပ်တစ်ခုမှနေ၍ ကျွန်မရှိရာအပေါ်ဆီသို့ မော့ ကြည့်နေသော အ၀ါရောင် ဖိုင်ဘာဦးထုပ်ဆောင်းထားသည့် တက်ကြွဖျတ်လက်စွာ မျက်လုံးများ စူးရှ တောက်ပသော လူ တစ်ယောက် ဖြစ်သည် မော့ကြည့်ရင်း သူကဆဲလ်လူလာဖုန်းဖြင့် စကားပြောနေ ရာမှ ကျွန်မကိုမြင်တာနှင့် လှမ်း၍ ပြုံးပြသော အခါ ကျွန်မသည် ကိုယ် တစ်ယောက် တည်းကျိတ်ခံစား နေခဲ့သော အ ဖြစ်ကို ပြန်ရှက်သွားကာ ရှက်ကိုးရှက်ကန်း ပြုံးလိုက်မိပါသည်။

ထိုအခါ ကျွန်မရင်ထဲမှ အစိုင်အခဲအကြိတ်အခဲများ အားလုံး အရည်ပျော်ကျကာ အငွေ့ပျံ ပျောက်ကွယ်သွားတော့သည် ကျွန်မစိတ်များ ပြန်လည်ကြည်လင်ပျော့ပျောင်းကာ အရင်ကအတိုင်း သူ့ကိုနှစ် လိုသိမ်မွေ့စွာ စောင့်ကြည့်ခြင်းအလုပ်ကို ပြန်လည်စတင်ခဲ့သည်။

ညနေ သူ ခြင်းခတ်သော အခါ ကျွန်မလသာဆောင်မှထိုင်ကာ စောင့်ကြည့်အားပေးရပါ သည်။ ကျွန်မတို့ မိတ်ဆွေပြန် ဖြစ်သွားကြသည်။

*******



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ မာယာရထား ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်မြတ်နိုးခြင်းတွေ စွဲသီထားတဲ့ လည်တိုင်ဆီ

သူ့ ရင်ဘတ်ရဲ့ ဘယ်ဘက်တစ်နေရာတွင် သူမ........နေထိုင်သည်

မာယာတံတိုင်း