အခန်း(၁)
ဝိုင်းစက်နက်မှော င်လွန်းသော မျက်ဝန်းရွဲကြီးတွေ က မျှော်လင့်ထက်သန်မှု တွေ နှင့် တလက်လက်တောက်ပလွန်းနေ ခဲ့သည်။ အခန်းကလေးထဲမှာ တိတ်ဆိတ်လွန်းပေမယ့် မျှော်လင့်ချက်တွေ ကတော့ ဆူညံလို့….။
“ပြောပါဦး၊ သမီးရဲ့ ရည်ရွယ်ချက်ကို……”
သူ့မေမေက ကလေးမလေးကိုကြည့်ပြီး နူးညံ့သိမ်မွေ့လွန်းသော အသံဖြင့် မေးလိုက်သည်။ သူငယ်မကလေးက မြင်လိုက်ရုံနှင့် ပင် အထက်စားအသွက်စား လိမ္မာပါးနပ် ထက်မြက်သူကလေးမှန်း သိသာပေါ်လွင်လွန်းလှသည်။ သူ ကတော့ မပြောသေးဘဲ ကောင်မလေးကိုသာ အကဲခတ်မျက်ဝန်းများ ဖြင့် ခပ်ဆဆငေးစိုက်ကြည့်နေမိသည်။
“သမီး ပညာတတ်ကြီး ဖြစ်ချင်ပါတယ် ကြီးကြီး၊ အတိအကျပြောရရင် ဆရာဝန်မကြီး ဖြစ်ချင်တာပါ”
သူမလေသံက တစ်ချက်ကလေးမှ တွန့်ဆုတ်တွေ ဝေခြင်းမရှိဘဲ အရွယ်နှင့် မလိုက်ဖက်လှစွာ ပင် ပြတ်သားကြည်လင် စွာ ထွက်ပေါ်လာသည်။ မေမေက မျက်ခုံးကလေးပင့်တက်သွားကာ သဘောကျစွာ ပြုံးလိုက်စဉ် ဆရာတော် က အသံထွက် အောင် ရယ်မောတော် မူသည်။
“အဲဒါသာကြည့်တော့ ဒကာမကြီးရေ၊ ဒီ မိန်းမသား ဘယ်လောက်ပြတ်သားသလဲဆိုတာ၊ ဥာဏ်ကလည်း ထက်သလားမမေးနဲ့၊ ဖြစ်ချင်စိတ်ကလည်း အားပြင်း၊ ဇွဲလုံ့လဝီရိယကလည်း သူမတူအောင်ပဲ၊ အသက်က ဆယ့်တစ်နှစ် ၊ စိတ်ဓာတ်က ဆယ်နှစ် စာလောက် ရှေ့ကို ပြေးနှင့် နေတာ၊ ကလေးက တော် လွန်းထက်လွန်းတော့ ဘုန်းကြီးတို့လို ဝေးလံသီ ခေါင်တဲ့ ရွာကလေးမှာ သူ့ကိုဆက်ထားရင် သူ ဖြစ်ထွန်းသင့်သလောက် ဖြစ်ထွန်းမှာ မဟုတ်ဘူးလို့ ဘုန်းကြီးက ထင်တယ်လေ…. ဟုတ်ရဲ့ လား၊ ဒီနှစ် ငါးတန်းကို မြို့နယ်တစ်မြို့နယ်လုံးမှာ သူပထမရတယ်၊ သူ့ကို မြေတောင်မြှောက်ပေး နိုင်ရင် ဒီကလေး ထူးချွန်ပေါက်မြောက်ဦးမှာ အသေချာပဲ၊ ဒကာမကြီးတို့ ဘယ်လိုသဘောရတုံး၊ ကလေးက မိဘတွေ လည်း မရှိတော့ဘူး၊ တစ်ကောင်ကြွက်ကလေး၊ ဘာသံယောဇဉ် အနှောင်အဖွဲ့မှလည်း မရှိဘူး၊ ဘုန်းကြီး ကတော့ ဒီကလေးကို ပညာတတ်ကြီး တစ်ယောက် ဖြစ်စေချင်စိတ်ပဲ ရှိတယ်လေ…..၊ ဒကာမကြီး ဆုံးဖြတ်ပါ ”
“ မှန်ပါဘုရား ….၊ တပည့်တော် ကလည်း ပညာပါရမီ ကလေးလည်း ဖြည့်ပေးချင်ပါတယ်၊ ပြီးတော့ မွေးထားတာ သား တစ်ယောက် တည်းဆိုတော့ သမီးလေး တစ်ယောက် အရမ်းလိုချင်ခဲ့တာပါ ဘုရား၊ သားကလည်း အခုဆရာဝန်တောင် ဖြစ်နေပြီဆိုတော့ ကိုယ့်အနားမှာ တီးတိုးဖော် သမီးအဖော်ကလေးလည်း လိုချင်မိပါတယ်ဘုရား၊ အရှင်ဘုရားကသာ ခွင့်ပြုတော် မူမယ်ဆိုရင် ဒီက သမီးလေးလည်း ဆန္ဒရှိမယ်ဆိုရင် တပည့်တော် က သူ့ကို ရန်ကုန်ထိခေါ်သွားပြီး ပညာသင်ပေး ပါ့မယ်ဘုရား”
“အိမ်း ………. ကောင်းလိုက်လေဗျာ၊ ဘုန်းကြီးတော့ ကြားရတာ နဲ့ တင် တော် တော် စိတ်ချမ်းသာသွားပြီ၊ ကဲ “ ပန်း သတင်း ” ညည်းသဘောကို ပြောဦးလေ ”
“တပည့်တော် လိုက်သွားချင်ပါတယ် ဘုရား၊ ခွင့်ပြုပေးတော် မူပါ၊ တပည့်တော် ပညာတွေ သင်ချင်လို့ပါ ”
ကလေးမက မဆိုင်းမငံ့ပင် အဖြေပေးလျှောက်ထားရင်း ဆရာတော် ကို ဦးခိုက်ရှိခိုးကာ တဆက်တည်း မေမေနှင့် သူ့ကိုပါ ဦးခိုက်ရှိခိုးလိုက်ပါသည်။
“ သမီးကို ပညာတွေ သင်ပေးမယ်ဆိုရင် ကျေးဇူးတင်လိုက်တာ ကြီးကြီးနဲ့ အစ်ကိုကြီးရယ်၊ သမီး ကျေးဇူးမမေ့ပါဘူး၊ သမီးကြိုးစားပါ့မယ်၊ ထိပ်ဆုံးရောက်အောင် ကြိုးစားပါ့မယ်၊ ကတိပေးပါတယ်၊ ဒီကျေးဇူးတွေ ကို တစ်သက်မမေ့ပါဘူးရှင့် ….”
“ အဲဒါသာကြည့်တော့ဟေ့ …. ရန်ကုန်ကို ဘယ်လောက်လိုက်ချင်သလဲဆိုတာ……”
ဆရာတော် ဘုရားက ကျေနပ်စိတ်ချသွားသလို မိန့်မိန့်ကြီး ပြုံးတော် မူလေသည်။ မေမေ ကတော့ ပီတိပြုံးကလေးဖြင့် သူ့ကို လှမ်းကြည့်ပြီး သားသဘော ဘယ်လိုရှိသလဲဆိုသော ပုံစံမျိုး မေးကလေးဆတ်ပြသည်။ သူပြုံး၍ ခေါင်းသာညိတ်ပြ လိုက်ပါသည်။ တကယ်တော့ အဲဒီ ကလေးမကလေးရဲ့ ထက်မြတ်ရဲရင့်ဟန်ကလေးကို သူလည်း သဘောကျနေခဲ့တာပါ။ တောက်ပရွှန်းလက်သော မျက်ဝန်းတွေ ကို သူသဘောကျ အနှစ် ခြိုက်ဆုံး။ သူ့ကိုယ်တိုင်လည်း ပညာရေး ကို အရေး ထားသူမို့ ပညာသင်ချင်သူကလေး တစ်ယောက် ကို ရန်ကုန်ထိခေါ်ပြီး ပညာသင်ပေးမည့် ကိစ္စကိုသူ သဘောမတူနိုင်စရာ အကြောင်း တော့မရှိပါ …..။
ပန်းသတင်းဘေးမှာ ဘဝတူ သူငယ်ချင်းကလေးတွေ ဝိုင်းအုံနေကာ တစ်ယောက် တစ်ခွန်း အားကျစကား၊ နှုတ်ဆက် စကားတွေ ဆိုနေသမျှကို ပန်းက တစ်ယောက် ချင်းကို စိတ်ရှည်လက်ရှည် နှုတ်ဆက်နေခဲ့သည်။
“ပန်းရယ်…. ညည်း ကံကောင်းလိုက်တာအေ၊ စာတွေ ဆက်သင်ရတော့မှာ ပေါ့၊ နောင်တော့ ငါတို့ ရွာကလေးကို ညည်းမေ့သွားမှာ ပါအေ၊ ညည်းက ဆရာဝန်မကြီးတကယ် ဖြစ်မှာ စိတ်ချ၊ ငါ ဗေဒင်ဟောလိုက်မယ် ”
“မေ့စရာလားအေ၊ ငါ ဆရာဝန်မကြီး ဖြစ်တော့ ညည်းတို့ကို ပြန်လာပြီး ဆေးကုပေးလို့ရတာ ပေါ့အေ့၊ ဟုတ်ဘူးလား ”
“သူတို့ကားကြီးက အကောင်းစားကြီးနော်၊ ဇိမ်ရှိမှာ ပဲ၊ တစ်ရွာလုံးကို ထမင်းနဲ့ ဟင်းကျွေးတဲ့ အလှူရှင်တွေ ဥစ္စာ၊ မနည်းချမ်းသာမှာ အေ့၊ ညည်းတော့ ချမ်းချမ်းသာသာနေရတော့မှာ ”
“သြော် ….. ချမ်းသာဖို့ သွားတာမှ မဟုတ်တာ ရွှေရင်အေးကလည်း၊ ငါက ပညာသင်ချင်လွန်းလို့သာ လိုက်သွားရ မှာ ပါဟယ်”
“အစ်ကိုကြီးက ချောချက်တော် … မှု န်နေတာပဲနော်၊ ဆရာဝန်တဲ့ …… မင်းသားနဲ့ တူတယ်၊ ညည်း ကံကောင်းချက်”
“ဟဲ့…. အစ်ကိုကြီးချောတာနဲ့ ငါ့ကံကောင်းတာနဲ့ ဘာဆိုင်လို့တုံး၊ အရှည်မ ကတော့ လုပ်တော့မယ်၊ ကဲပါ ညည်းတို့အားလုံးဆီငါစာမှန်မှန်ရေး ပါ့မယ်၊ ကြီးကြီးတို့က ဆရာတော် ရဲ့ ဒကာရင်းတွေ ဟဲ့၊ အဆက်အသွယ် မပြတ်ပါဘူး…. သိလား၊ အဆင်ပြေရင်ပြေသလို ငါလာလည်မှာ ပါအေ”
ပန်းအတွက် သိမ်းစရာပစ္စည်း သိပ်များများ စားစားမရှိပါ။ အဝတ်အစား သုံးစုံလောက်နှင့် စာအုပ်တချို့။ အထုပ် ကလေးပိုက်ပြီး ဆရာတော် ကို ကန်တော့ကာ ဆရာတော် သွန်သင်ဆုံးမသမျှကို တရိုတသေနာယူသည်။ ကြီးကြီးနှင့် အစ်ကို ကြီးလည်း ဆရာတော့် ကို ရှိခိုးနှုတ်ဆက်ပြီး ရန်ကုန်ပြန်ဖို့ အဆင်သင့် ဖြစ်နေပြီ။ တကယ်တမ်းခွဲရတော့မည် ဆိုတော့မှ ပန်းရင်ထဲ နင့်ခနဲဟာလာကာ မျက်ရည်ဝိုင်းချင်လာတာကို မနည်းစိတ်ထိန်းချုပ်ထားရပါသည်။ ဒီခရီးဟာ အလည် သက်သက် အပျော်သဘောသွားသော ခရီးမှမဟုတ်ဘဲ ရွာကလေးရယ်။ ပန်းပညာတွေ သင်ချင်လွန်းလို့သာ ရွာကလေးနဲ့ သူငယ်ချင်းတွေ ကို ခွဲထားခဲ့ရမှာ ပါ……။
မျက်ရည်ကို ခပ်ကြမ်းကြမ်းပွတ်သုတ်ပြီး ကြွေဖြူရောင် လက်နေသော ကားကြီး၏ နောက်ခန်းထဲ တက်ထိုင်လိုက်မိ သည်။ မွှေးပျံအေးစက်လှသော ကားထဲမှာ ပန်း ကိုယ်ကလေးသေးနုပ်သိမ်ငယ်သွားသလို ခံစားလိုက်ရပေမယ့် ချက်ချင်း ပင် အားပြန်တင်းမိသည်။ ဟင့်အင်း…. ငါဘယ်တော့မှ အားမငယ်ဘူး။ ဇွဲမလျှော့ဘူး၊ အမြင့်ဆုံးထိရောက်အောင် တက်ဖို့ …ပထမဆုံး ခြေလှမ်းကို စလှမ်းရတာ ပဲ။ ဘဝမှာ ငါအ ဖြစ်ချင်ဆုံးအရာဟာဘာလဲ၊ ပညာတွေ သင်ချင်တာမှလား၊ ဒါဆိုရင် ပညာတွေ ရှိရာဆီ ငါလိုက်ရမယ်လေ။
တစ်ရွာလုံးက ကလေးတွေ ကားနောက်ကနေ တအုံတမကြီးလိုက်ပြီး အောင်ဟစ်နှုတ်ဆက်လက်ပြကြသည်။ ပန်း ရှိုက်မငိုမိလေအောင် စိတ်ကို တင်းကြပ်နေအောင် ချုပ်ထိန်းထားရင် အံကိုတင်းတင်းကြိတ်ထားခဲ့မိသည်မှာ ပါးစောင်နှစ် ဖက် စလုံးသွေးစို့လာတဲ့အထိပင် ဖြစ်သည်။
“သမီး အဆင်ပြေရဲ့ လား၊ နောက်တော့လည်း နေသားတကျ ဖြစ်သွားမှာ ပါကွယ် ”
ကြီးကြီးက ညင်သာနူးညံ့သော အသံကလေးဖြင့် လှမ်းပြောသည်။ ပန်းက ကိုယ့်ကိုယ်ကိုယ် ချုပ်ထိန်းထားရင်း ကားမောင်း နေသော အစ်ကိုကြီးဆီ တစ်ချက်လှမ်းကြည့်လိုက်မိစဉ် ဖျတ်ခနဲ နောက်ကြည့်မှန်ကနေတဆင့် လှမ်းကြည့်လိုက် သော မျက်ဝန်းညိုများ ကို မြင်ရသည်။ ထိုအခိုက်မှာ သူက ပြုံးပြနေပါသည်။ အို…… နွေးထွေးလိုက်တဲ့ အပြုံး။ ပန်းရင်ထဲက အားငယ်ကြေကွဲခြင်းတွေ ပင် လွင့်ပြယ်သက်သာသွားသယောင်။ ပန်း မရဲတရဲကလေး ပြန်ပြုံးပြလိုက်မိပါသည်။
ကိုကို ဘာခိုင်းမလဲ …. အရိပ်ကြည့်ကာ
ခိုင်းသမျှကို တသဝေမတိမ်း လုပ်ဆောင်
ပေးရတာ ကို ပန်း ကျေနပ်။ ကိုကိုရဲ့
တင်းကြပ်သော စည်းမျဉ်းစည်းကမ်းတွေ
ကိုလည်း ပန်း နာခံလိုသည်။ ကိုကို့ရဲ့
“ ညီမလေး ” ဟုခေါ်သံကို မက်မက်မောမော
တန်ဖိုးထားကာ စွဲလန်းမိပါသည်။
* * * * *
အခန်း(၁၀)
‘တစ်နှစ် ’ ဆိုသော အချိန်ကာလသည် လျှင်မြန်စွာ ပင် ကုန်ဆုံးသွားခဲ့သည်။ ထိုတစ်နှစ် အတွင်းမှာ အပြောင်းအလဲက လေးတွေ လည်း ဖြစ်ခဲ့သည်။ ကိုကို့အဖေဆုံးသည်။ ကိုကို့အခြေအနေလည်း တဖြည်းဖြည်းဆိုးရွားသည် ဘက်သို့ သာ ပြောင်း လဲလျက်ရှိသည်။ အ ဖြစ်အပျက်တချို့ကို ကိုကို မမှတ်မိတော့။ အချိန်အခါ နေ့ရက်တွေ ကို ကိုကို မမှတ်မိတော့။ လူတချို့ကို ကိုကို မမှတ်မိတော့။ နေ့စဉ် လုပ်ရမည့် အလုပ်ကလေးတွေ ကိုတောင် ပန်းရဲ့ သတိပေးမှတ်စု စတစ်ကာလေးတွေ ဖြင့်သာ လုပ်ကိုင်ဖို့ သတိရတတ်သည်။ T.V ကို အကြာကြီးထိုင်ငေးကြည့်နေတတ်သည်။ စိတ်မထင်လျှင် မထင်သလို စိတ်တို၊ ဒေါသကြီးတတ်လာသည်။ ဆုံးဖြတ်ချက် အမှားအယွင်းတွေ ချတတ်လာသည်။ ပစ္စည်းတွေ တစ်ချိန်လုံးပျောက်နေကာ ပန်းကို ဒိုင်ခံ စွပ်စွဲတတ်လာသည်။
ပန်းဘက်က အပြောင်းအလဲ ကတော့ ပန်း သူနာပြုသင်တန်းကို ထူးချွန်စွာ အောင်မြင်ခဲ့သည်။ ကားမောင်းတတ် အောင် သင်ခဲ့ပြီး ဆယ့်ရှစ်နှစ် ပြည့်တာနှင့် လိုင်စင်ယူထားလိုက်သည်။ အခုတော့ ပန်း ကိုကို့ကို အချိန်ပြည့် ဂရုစိုက်အချိန် ပေးနိုင်ခဲ့ပြီး။ ကိုကို့အနားမှာ ပန်း အမြဲနေခွင့်ရပြီ။ ကိုကို့မျက်နှာကို စာအုပ်တစ်အုပ်လို စိတ်ဝင်တစား (ချစ်မြတ်နိုးစွာ ) ဖတ်ရှုနိုင်ခွင့်ရခဲ့ပြီ။
ပန်းရဲ့ ဆယ့်ရှစ်နှစ် မြောက်မွေးနေ့ပွဲ ကလေးကိုတော့ ပန်းရဲ့ သူနာပြုသင်တန်းက သူငယ်ချင်းတစ်ချို့ရယ်၊ ကိုကို့ ဆေးရုံက ဆရာဝန်တချို့ရယ်၊ ကြီးကြီးမိတ်ဆွေတချို့ရယ် ပါဝင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေ နဲ့ ခြံထဲမှာ မြန်မာ့အစားအစာ ပါတီပွဲကလေး ကျင်းပ ဖြစ်ခဲ့ပါသည်။ တကယ်တော့ ဒီပွဲကလေး ခြံထဲမှာ စုံစုံညီညီ လုပ်ချင်ကြောင်း ကြီးကြီးထံမှာ ခွင့်တောင်း ခဲ့ခြင်း ဖြစ်သည်။ ကြီးကြီးကလည်း အသာတကြည်ပဲ လိုက်လျောပေးခဲ့တာပါပဲ။ ခြံထဲမှာ ပွဲမလုပ် ဖြစ်တာလည်း ကြာပြီမဟုတ် လား။ အကြော်စုံ . . . ရေမုန့် . . မုန့်ဟင်းခါး . . ရခိုင်မုန့်တီ . . အသုပ်စုံ . . . အုန်းနို့ခေါက်ဆွဲ . . နန်းကြီးသုတ် . . စသဖြင့် ကိုယ်ကြိုက်တာ ကိုယ်သွားမှာ စားလို့ရအောင် ဆိုင်ကလေးတွေ သဖွယ် စီစဉ်ပေးထားခြင်း ဖြစ်သည်။ ဒေါ်ကြီးရယ်. . . အိမ်က
ကောင်မလေးတွေ ရယ် ဦးဆောင်ပြီး လုပ်ပေးနေကြသည်။ အချိုပွဲအတွက်က ဖာလူဒါ၊ မုန့်လက်ဆောင်း၊ ရွှေရင်အေး၊ သစ်သီးဖျော်ရည်မျိုးစုံရပါသည်။ မွေးနေ့ပါတီပွဲကလေးနှင့် မတူဘဲ မြန်မာ့အစားအစာ ဈေးရောင်းပွဲတော် ကလေးနှင့် ပိုပြီး တူနေ၏ ။ ကိုကို ကတော့ ဘာဆိုဘာမှ စိတ်ဝင်စားခြင်းမရှိတော့။
“ ကိုကို ဒီနေ့ဘာနေ့လဲ သိလာင်းဟင် ”
လို့မေးလည်း….
“ ဘာနေ့လဲ …..”
ဟု မထုံတက်သေး ပြန်မေးတတ်သည်။
“ ပန်း အသက်ဆယ့်ရှစ်နှစ် ပြည့်ပြီလေ ကိုကို၊ ဒီနှစ် တော့ ခြံထဲမှာ မွေးနေ့ပွဲကလေးလုပ်မယ်နော်၊ ကိုကို ဘယ်လို သဘောရသလဲ ”
“ ပန်းသဘောပေါ့၊ ပန်းမွေးနေ့ပဲ ဥစ္စာ ”
ဟု ခပ်တိုတိုရှင်းရှင်း ပြန်ဖြေတတ်သော ကိုကို ဖြစ်သည်။ ပန်းရေး ပေးသမျှ သတိပေးမှတ်စုစတစ်ကာကလေး တွေ အတိုင်းတော့ မငြင်းမဆန် လုပ်ပေးရှာသား။ ပန်း ရွေးချယ်ပေးသော အဝတ်အစားကိုပဲ ကိုကိုဝတ်သည်။ ဘာရယ် ညာရယ်စောဒက တက်မနေခဲ့ပါ။
မွေးနေ့ပွဲကလေးကို လူတိုင်းနှစ်သက် ကြသည် ဘာ ဖြစ်လို့လည်းဆိုတော့ မြန်မာအစားအစာတွေ ကို တစ်နေရာတည်း မှာ အမျိုးစုံစားခွင့်ရသော ကြောင့် ဖြစ်သည်။ ရေမုန့်ဆိုင်ကလေးမှာ လူအစည်ဆုံး။ ခြံထောင့်နေရာကလေးမှာ ကာရာအိုကေ ဆိုလို့ရအောင် စီစဉ်ပေးထားသဖြင့် ပန်းရဲ့ သူငယ်ချင်းမ, ကလေးတွေ တစ်ယောက် တစ်လှည့် ဖျော်ဖြေသီဆိုပေးနေကြ သဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှိလှသည်။
ပန်းသည် ကိုယ့်စိတ်ကူးနှင့် ကိုယ်မို့စိတ်လှုပ်ရှားမှု ဖြင့် ရင်တထိတ်ထိတ်ခုန်လာလျက် ကိုကိုရှိရာဆီ လျှောက်သွား လိုက်သည်။ ကိုကိုက စားပွဲတစ်လုံးမှာ ခပ်ငူငူထိုင်နေခဲ့သည်။ ကိုကို့ကိုကြည့်ပြီး တစ်ခါတစ်ခါ လူ့ဘဝကြီးကို တော် တော် သံဝေဂရမိပါသည်။ ပန်းသိထားခဲ့သော ထက်မြက်တက်ကြွလွန်းသော ၊ အရာရာမှာ စေ့စပ်တိကျပြတ်သားကာ စည်းစနစ်ရှိ လွန်းသော လုပ်စရာအလုပ်တွေ ရည်ရွယ်ချက်တွေ ပန်းတိုင်တွေ ထားတတ်လွန်းသော ကိုကို့ကို လူ တစ်ယောက် ကိုမှ အရာရာကို စုပ်ထုတ်ယူငင်၊ ပြောင်းပြန်လှန်ချပစ်လိုက်သလို ချိုးချပစ်လိုက်သော ကံကြမ္မာကိုပဲ ရက်စက်လွန်းသည် ခေါ်ရတော့မလား….။ ပြောင်းပြန်လှန်ချပစ်လိုက်သလို ချိုးချပစ်လိုက်သော ကံကြမ္မာကိုပဲ ရက်စက်လွန်းသည် ခေါ်ရတော့ မလား…..။ ကိုကို့ကို ဒီပုံစံနှင့် မြင်ရတိုင်း ပန်း နင့်နင့်သည်းသည့် ငိုချင်မိမြဲ ဖြစ်သည်။
“ကိုကို…..လာ၊ ပန်းနဲ့ ခဏလိုက်ခဲ့ပေးနော်”
ဟုဆိုပြီး ပန်းက ကိုကို့လက်တစ်ဖက်ကို ဆွဲခေါ်လာခဲ့မိတော့လည်း ကိုကို့ခမျာ မငြင်းမဆန်ပါလာခဲ့တာပါပဲ။ ပန်းက ကာရာအိုကေဆိုနေသော သူငယ်ချင်းတွေ ဆီက မိုက်(ခ်)ကို တောင်းယူလိုက်လျှင် ပရိတ်သတ်ကပန်းများ သီချင်းဆို တော့မလားဟု စူးစမ်းကြည့်များ ဖြင့် လှမ်းကြည့်လျက်ရှိသည်။
“အားလုံးပဲ မင်္ဂလာပါရှင်၊ ဒီနေ့ ပန်းရဲ့ မွေးနေ့ပွဲကလေးကို စည်စည်ကားကားလေး ဖြစ်အောင် တက်ရောက်ချီးမြှင့် ပေးကြတဲ့ မိတ်တွေ သူငယ်ချင်းတွေ အားလုံးကို ပန်းအရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့ကလေးကို ပိုပြီးအမှတ်တရ ဖြစ်သွား အောင် ပန်းတစ်ခုကြေညာချင်ပါတယ်၊ ကြေညာတယ်ဆိုတာထက် ပန်းကိုပညာသင်ပေးဖို့ ဒီကိုခေါ်လာခဲ့ပေးတဲ့ ပန်းရဲ့ မွေးစားမေမေ ကြီးကြီးဆီမှာ တိုင်တည်ပြီး ခွင့်တောင်းချင်တာပါ ကြီးကြီးရယ်၊ နားနဲ့မနာ ဖဝါးနဲ့ နာပေးစေချင်ပါတယ်၊ ပန်းနဲ့ကိုကို ချစ်သူတွေ ဖြစ်နေကြတယ်။ ပန်းတို့နှစ် ယောက် ကို လက်ထပ်ခွင့်ပေးပါနော်၊ ပန်းတို့နှစ် ယောက် ဘဝတစ်ခုကို အတူလက်တွဲ ပြီး မျှဝေခံစားရင်ဆိုင် သွားပါမယ် … ”
“ဟာ … ဒါ လုံးဝ မ ဖြစ်နိုင်ဘူး၊ မင်းနဲ့ငါ ဘယ်တုန်းက ချစ်သူတွေ ဖြစ်သေးလို့လဲ ပန်း၊ မင်း လိမ်တာ၊ မဟုတ်ဘူး မေမေ … လုံးဝ မဟုတ်ဘူး”
ကိုကို့မျက်နှာက ရုတ်တရက် ခါးခါးသီးသီးပြောင်းလဲသွားခဲ့တာ ပန်းလက်ထဲကနေ ဆောင့်တွန်းရုန်းထွက်သွားပြီး အိမ်ကြီးဘက်ဆီသို့ ခပ်သုတ်သုတ် ထွက်သွားတော့သည်။ ပရိတ်သတ်အားလုံးဆီက တအံ့တသြအကြည်တွေ ပန်းဆီ ဝေါခနဲ စုပြုံကျ ရောက်လာခဲ့၏ ။ ပါးပြင်နှစ် ဖက်ဆီမှာ ပူနွေးရှိန်းမြသော ရှက်သွေးဖြာမှု နှင့် အတူ ပန်း၏ နှလုံးသွေးတို့ ပြင်းထန်းစွာ တိုးလာကြသည်။ ပန်းဘယ်လောက်ထိ အရဲကိုးကာ စွန့်စားခဲ့ရမှန်း ပန်းတစ်ကိုယ်လုံး တုန်ရီနေခြင်းသာ သက်သေ ဖြစ်သည်။ နှုတ်ခမ်းထောင့်စွန်းကလေးတွေ တဆတ်ဆတ်တုန်ရီလာပြီး ပန်းစကား ဆက်မဆိုနိုင်လောက်အောင် စိတ်လှုပ်ရှား ရှက်ရွံ့တုန်လှုပ်နေမိစဉ် ကြီးကြီးလျှောက်လာကာ ပန်း၏ ပုခုံးကလေးကို အသာအယာပွေ့ဖက်ဆွဲယူလိုက်ကာ ရင်ခွင်ထဲမှာ ပွေ့ဖက်ထားလိုက်သည်။
“ပန်း … သမီးဘက်က ဒီလောက်ထိ ပြန်ပေးဖို့ မလိုပါဘူး သမီးရယ်၊ သမီးကို ပညာသင်ပေးခဲ့တာ သမီးဆီက ဘာကိုမှ ပြန်ရကောင်းစေလို့ မျှော်လင့်ချက်မထားခဲ့တာ အမှန်ပါ၊ မေမေ နဲ့ကိုကို့ကို ကျေးဇူးဆပ်ချင်တာနဲ့ သမီး ဘဝတစ်ခုလုံး မြုပ်နှံပေးလိုက် ဖို့ မလိုပါဘူး၊ သမီးရင်ထဲက စိတ်စေတနာကို မေမေ နားလည်ပါတယ် ပန်းရယ်၊ သမီးစိတ်ကူးကို ဖျက်လိုက်ပါ၊ သမီး အသက်ကလေး ခုမှ ဆယ့်ရှစ်နှစ် ရှိသေးတယ်၊ ဘဝမှာ လုပ်စရာတွေ အများ ကြီး၊ အညွန့်တလူလူ တက်လမ်းတွေ အများ ကြီးနဲ့၊ သမီး ဖြစ်ချင်တာ ပညာတတ် တစ်ယောက် ပါကွယ်၊ ပညာတွေ သာ ဆက်သင်ပါ၊ သာအတွက် သမီးဘဝကို နှစ် ပေးစရာ မလိုပါဘူး၊ တကယ်ပါ …၊ သမီးရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်”
“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး ကြီးကြီးရယ်၊ ပန်း ကိုကို့ကို တကယ်ချစ်တာပါ၊ ပန်းရဲ့ ဘဝဟာ ကိုကိုပါ။ ကိုကိုလည်း ပန်းကို ချစ်ပါတယ်၊ ကြီးကြီး ဒီမှာ ကြည့်ပါဦး၊ မနှစ် က ပန်းတို့ ချစ်သူတွေ ဖြစ်တဲ့ အထိမ်းအမှတ် နဲ့ တက်တူးလေးတွေ တောင် အမှတ်တရ ထိုးခဲ့သေးတာပါ၊ ကိုကို့လက်မှာ ပန်းရဲ့ နာမည် လေးရှိပါတယ်၊ ပန်း ကိုကို့ကို နောက်ဆုံးအချိန်ထိ စောင့်ရှောက်ခွင့်ပေးပါ ကြီးကြီးရယ် … နော်၊ ကိုကို မေ့သွားခဲ့တာပါ၊ ပန်းတို့ နှစ် ယောက် နှစ် ဦးသဘောတူ ချစ်ခဲ့ကြတာပါ။ ပန်းတို့ကို လက်ထပ်ခွင့်ပေးပါနော်၊ ပန်း ကိုကို့နားမှာ သူ့နောက်ဆုံးထွက်သက်ထိ နေခွင့်ရပါရစေနော်”
ပန်းရဲ့ မျက်ဝန်းတွေ မှာ မျက်ရည်တွေ စိုလက်ရွှဲ နစ်လာခဲ့သည်။ ပန်းကို ဖက်ထားသော ကြီးကြီး၏ လက်တွေ ပို၍ တင်းကြပ်သထက် တင်းကြပ်လာသဖြင့် ပန်းပင် အသက်ရှုလို့ မဝတော့ …။
“ဘယ်တော့မှ မ ဖြစ်စေရဘူး ပန်း၊ ပန်းသတင်းဟာ ဒုတိယ ရွှေရည်မေ မ ဖြစ်စေရပါဘူး၊ သားအတွက် မေမေပဲ တာဝန် ယူမှာ ပါ၊ တစ်ချိန်ချိန်မှာ အားလုံးကို မေ့လျော့သွားပြီး သူစိမ်းတရံဆန် တစ်ယောက် ရဲ့ ဆက်ဆံခံရတဲ့ အခါ သူ့ကိုချစ်တဲ့ မိန်းမ တစ်ယောက် ရဲ့ ရင်ထဲက စူးနေအောင်နက်ပြီး ခံစားရတဲ့ နာကျင်မှု များ ကို သမီးဘယ်တော့မှ မခံစားစေရပါဘူး၊ မေမေက ခံစားဖူးခဲ့လို့ ထုသားပေသားကျနေခဲ့ပြီး၊ မနာတတ်တော့တာတော့  မဟုတ်ဘူး၊ အပြင်းထန်းဆုံး နာကျင်ခဲ့ ပြီးသားမို့ နောက်ထပ် ဘယ်နာကျင်မှု များ ကိုမှ မမှု တော့တဲ့သဘောပါ။ ထုံပေနေခဲ့ပါပြီ၊ ငါ့သမီးနှလုံးသားက နုနုဖူးဖူးကလေး၊ ထိရက်တို့ရက်စရာ မရှိအောင်ကို နုနယ်လွန်းတာ ဒီဒဏ်ရာကို ဘယ်လိုလုပ်ပြီး ခံနိုင်မှာ တဲ့လဲ၊ မ ဖြစ်နိုင်တာ၊ အဓိပ္ပာယ်မှ မရှိတာကို မေ့လိုက်ပါ သမီးရယ်၊ အခု ခဏ အသည်းကွဲတာဟာ ဘဝတစ်လျှောက်လုံး စက္ကန့်နဲ့အမျှ နာကျင်နေရတာ ထက် စာရင်တော့ အများ ကြီး သက်သာပါသေးတယ်”
ပန်း ကြီးကြီး၏ မျက်နှာကို စိုးရိမ်တကြီး မော့ကြည့်မိသည်။ လောကဓံ၏ ရိုက်ချက်ပြင်းပြင်းတွေ ကြောင့် ထုသားပေသား ကျနေခဲ့သော အမျိုးသမီးကြီး တစ်ယောက် ၏ ပြတ်သားသော မျက်နှာထားကို မြင်ရပါသည်။ သူမဘယ်တော့ မှ ပန်းကို ကိုကို နှင့် သဘောတူပေးစားမှာ မဟုတ်ကြောင်း ထိုမျက်နှာက အတိအကျ ဖော်ပြနေခဲ့ပါသည်။
သူရင်ထဲမှာ ခပ်တုံးတုံးဓားတစ်လက် စိုက်ဝင်နေသလို ပဲ ခံစားရသည်။ မ ဖြစ်နိုင်ပါ …။ ချစ်သူတွေ ဖြစ်နေခဲ့ပြီတဲ့။ ဒီကလေးမကို သူ တကယ်ပဲ ချစ်တယ်လို့ ဖွင့်ပြောခဲ့မိသလား။ ဘယ်တုန်းကများ ပြောလိုက်မိတာပါလိမ့်။ သူ မယုံနိုင်ပါ။ မှတ်လည်း မမှတ်မိပါ။ သူ့မှတ်ဉာဏ်တွေ ထဲမှာ ဗလာသက်သက် ဖြစ်နေသည်။ သူ့ရင်ထဲနှလုံးထဲရဲ့ အနက်ရှိုင်းဆုံး တစ်နေရာမှာ အလုံခြုံဆုံး သိမ်းဆည်းလျှို့ဝှက်ထားခဲ့သော အမြုတေတစ်ခုနှင့် တူလှသည့် ထိုခံစားမှု ကိုတော့ သူ့မှတ်ဉာဏ်တွေ က မမေ့နိုင်သေးပါ။ သူ့မျက်စိအောက်မှာ အရွယ်ရောက် လူလားမြောက်ခဲ့သော်၊ သူ ပြုစုပျိုးထောင် မြေတောင်မြှော က်ပေးခဲ့သော ဒီချာတိတ်မကလေး အပေါ်မှာ သူ စေတနာတွေ မျှော်လင့်ထက်သန်မှု တွေ ဖြစ်စေချင်စိတ် ပြင်းပြမှု တွေ နှင့် လေးလေးနက်နက်ရှိ လွန်းခဲ့တာတော့ သေချာသည်။ ကိုယ်စိုက်ပျိုးယုယခဲ့သော ကိုယ့်ပျိုးပင်ကလေးကို ခက်လက်ဖြာဝေ စိမ်းစိုလန်းဆန်းနေသော သစ်ပင်ကြီးတစ်ပင်အ ဖြစ်သာ ဖားဖားဝေဝေ မြင့်မြင့်မားမား ရှင်သန်စေချင်ခဲ့ သည်။ ဒီအပင်ရဲ့ အရိပ်အောက်မှာ သူ ပြန်ခိုလှုံဖို့၊ဒီအပင်ကလေးကို လောင်းရိပ်မိသွားအောင် အညွန့်ချိုးဖို့ဆိုတာ သူ့ စိတ်ကူးထဲမှာ တောင် မတော် တဆ မတွေးထားခဲ့ပါ။ ထိုမိန်းကလေးကို သူ့နှလုံးသား၏ နက်နက်ရှိုင်းရှိုင်း တစ်နေရာက နေ ချစ်မြတ်နိုးမိကောင်းချစ်မြတ်နိုးမိမည် ။ သို့သော် အဲဒီ အချစ်ကို ဘယ်တော့မှ လူသိရှင်ကြားမ ဖြစ်စေရ…..။ သူစိုက်ပျိုးခဲ့ သော သစ်သီးသည် သူကိုယ်တိုင်အတွက်တော့ မစားသင့်သော အသီး ဖြစ်သည်။ ထို့ကြောင့် ထိုမိန်းကလေးသည် သူ့အတွက် တော့ မချစ်သင့်သော အချစ် ဖြစ်သည်။
“ ကိုကို…..”
သူ့အတွေးတွေ ပင် မဆုံးသေး……။ တံခါးဖွဖွ ခေါက်သံနှင့် အတူ အခန်းထဲသို့ သူမဝင်လာခဲ့သည်။ နုနယ်ဖူးစင်စွာ လှပလွန်းသော မျက်နှာကလေး။ ဒီမျက်နှာကလေးကို မြင်ရတိုင်း သူ့အသက်ရှူခြင်းတွေ တဒင်္ဂတော့ ရပ်တန့်သွားတတ်မြဲပါ။ အသက်ရှူမှားလောက်အောင် လှတယ်ဆိုတာ ဒါမျိုးပဲလား မသိပါ။ သူ့အပေါ် အသေးစိတ်ကစပြီး အရိပ်တကြည့်ကြည့် ဂရုစိုက်နိုင်လွန်းသော မိန်းကလေး။ အသက်အရွယ်နှင့် မလိုက်အောင် အလိုက်သိတတ်လွန်းသူကလေးမို့လည်း သူပိုပြီ ချစ်မိသည်ထင်ပါရဲ့ …..။
“ဘာလဲ….. မင်း ငါ့အခန်းထဲကို စွတ်စွတ်ပြီး ဝင်မလာနဲ့ တော့ကွာ၊ အနေအထိုင် ဆင်ခြင်ကြရင် ကောင်းမယ်၊ မင်းနဲ့ ငါ ချစ်သူတွေ မဟုတ်ဘူး”
သူခပ်တင်းတင်းပြောမိကာ သူမကို အမှတ်မထင် ဝေ့ခနဲ ခိုးကြည့်လိုက်မိသည်။ သူမ မျက်ဝန်းကလေးတွေ မှာ ဆေးနှင့် နွားနို့ပူပူတစ်ခွက်… ပြီးတော့ စတစ်ကာကလေးတွေ ….။
“ဆေးသောက်လိုက်ဦး ကိုကို၊ အဝတ်အစားလဲလိုက်ဦးလေ၊ မျက်နှာသစ်…. သွားတိုက်လိုက်ဦး”
သူမက သူ့စကားကို မတုန့်ပြန်ဘဲ သူမပြောချင်တာတွေ ပဲ ပြောပြီး သူမလုပ်နေကျအတိုင်း စတစ်ကာကလေးတွေ သူမြင်သာသမျှ နေရာအနှံမှာ လိုက်ကပ်လျက်ရှိသည်။ သူလည်း သူမကို ဒီ့ထက်ပိုပြီး နှစ် ရက်နိုင်သော အင်အားမရှိ။ ဆေးနှင့် နွားနို့ခွက်ကို အရင်သောက်လိုက်သည်။ ဖန်ခွက်မှာ ကပ်ထားသော ပန်းဆီရောင် စတစ်ကာကလေးပေါ်မှာ “ကိုကို့ကို ချစ်တယ်” ဟူသော စာတန်းကလေးကြောင့် သူ့ရင်ထဲ ရှိန်းခနဲ ဖိုသွားမိသည်။ သူမက သူ့အတွက် အဝတ်အစား တွေ ထုတ်ပေးနေသော စတစ်ကာလေးတွေ ကပ်နေပြန်သည်။
သူ ရေချိုးခန်းထဲ ဝင်လာခဲ့ကာ သူမပြင်ဆင်ပေးထားသော သွားပွတ်တံကို ကိုင်ပြီး သွားတိုက်မျက်နှာသစ်တော့ မျက်နှာချင်းဆိုင်မှန်ပေါ်မှာ ကပ်ထားသော “ကိုကို့ကို ချစ်တယ်”ဟူသော စတစ်ကာကလေး။ သူ့နှလုံးသွေးတို့ ပူနွေးမြန်ဆန် လာရပြန်သည်။ ဒီကလေးမနဲ့တော့ မလွယ်ပါလားကွာ …။
သူ အခန်းထဲ ပြန်ဝင်လာချိန်မှာ သူမ မရှိတော့။ အဝတ်အစားလဲဖို့ ကုတင်ပေါ်မှာ အဆင်သင့် တင်ပေးထားခဲ့တာကို သူ လဲဝတ်လိုက်တော့ အင်္ကျီရင်ဘတ်မှာ ကပ်ထားသော “ကိုကို့ကို ချစ်တယ်”ဟူသော စတစ်ကာကလေးကို ခွာဖို့၊ မခွာဖို့ သူ အတော် လေး စဉ်းစားတွေ ဝေနေမိရင်း နောက်ဆုံးတော့ သူ မခွာရက်တော့ဘဲ အိပ်ရာပေါ်တက်လှဲလိုက်မိသည်။ ခေါင်းအုံးပေါ်မှာ ခေါင်းချမိတော့ တောင့်တောင့်တောင့် ခုလုကလေးမို့ မျက်နှာခွာကာ ကြည့်မိတော့ “ကိုကို့ကို ချစ်တယ်” ဆို တဲ့ စတစ်ကာကလေး။ ဘုရား ဘုရား … ဒီကောင်မလေး ရူးများ နေပြီလား။ အခုမှ သတိထားမိတာက ကုတင် မွေ့ရာပေါ်မှာ လည်း “ကိုကို့ကို ချစ်တယ်” ဆိုသော စတစ်ကာကလေးတွေ အနှံ့အပြားကပ်ထားခဲ့သည်။ ဒီကောင်မလေးနဲ့တော့ ကြာရင် ခက်တော့မည် ထင်ပါရဲ့ …။
* * * * *
အခန်း(၁၁)
ပန်းနှင့် ကိုကို အပြင်ကပြန်လာချိန်မှာ ဧည့်ခန်းထဲမှာ ဧည့်သည်တွေ ရောက်နေကြသည်။
“ဟော … ပြန်လာကြပါပြီ သားနဲ့သမီး၊ အေမီရေ ဟောဒါ ငါ့ရဲ့ သားအကြီးလေ … ရွယ်ရည်တဲ့၊ ဟော ဒါလေးက ငါ ပြောပြောနေတဲ့ မွေးစားသမီးလေးပေါ့၊ အခု သူနာပြုသင်တန်းအောင်ထားပြီးသား၊ သားနဲ့ သမီး ဒါ မေမေ့ သူငယ်ချင်း … အချစ်ဆုံး သူငယ်ချင်းပေါ့၊ သူတို့က အင်္ဂလန်ရောက်နေတာ ကြာလှပြီ၊ ဆယ့်ငါးနှစ် ကျော်ပြီနော် အေမီ၊ e-mail အဆက်အသွယ်လောက်ပဲရှိတာ၊ ဒါက အေမီသားလေး၊ ဟိုမှာ ပဲ ကျောင်းတက်ပြီး အခုတော့ ဆရာဝန်တောင် ဖြစ်နေပြီတဲ့၊ သားက G.P လုပ်နေတာနော်”
“ဟုတ်ကဲ့ခင်ဗျ … ကျွန်တော် နရသူပါ”
“အေမီတို့က ဒီတစ်ခါ မြန်မာပြည်ပြန်လာတာ ရည်ရွယ်ချက်နဲ့ သမီးရဲ့ ၊ ဒီမှာ အေးဆေးနေကြဦးမှာ ၊ ဒါကြောင့် ထမင်းဖိတ်ကျွေးရင်း သမီးတို့ လူငယ်ချင်းလည်း ခင်မင်ရင်းနှီးအောင်လို့ …”
မေမေ့စကားကြောင့် ပန်းရင်ထဲ ထိတ်ခနဲ ဖြစ်သွားမိ၏ ။ မေမေပြောပုံဆိုပုံက အဓိပ္ပါယ်ပါပါရှိလိုက်တာ။ ပြီးတော့ သိပ်ပြီး ရုပ်ရှင်ဆန်လွန်းနေသလိုပဲ …။
“ဟဲ့ …ညည်းသမီးလေးက အချောအလှကလေးပါလား”
“အမလေး ပြောမနေနဲ့ … ချောကလည်းချော၊ လိမ်ကလည်း လိမ္မာ၊ အလိုက်လည်း အရမ်းသိ၊ သူက ဆရာဝန် ဖြစ် ချင်တာ အေမီရေ၊ ရုတ်တရက်ကြီး သားက ချက်ချင်း ကောက် ဖြစ်သလို ထ, ဖြစ်တော့ သူ့အစ်ကိုကို ပြုစုဖို့ဆိုပြီး နာ့(စ်)သင်တန်းပဲ ယူလိုက်တာ၊ အသက်ကလေးက ခုမှ ဆယ့်ရှစ်နှစ် ရှိသေးတာ၊ သူကြိုးစားရင် အများ ကြီး ဖြစ်နိုင်သေးတာ နော် … သူက အရမ်းတော် တာ အေမီရဲ့ ”
“ဟယ် … သမီး ဆရာဝန် ဖြစ်ချင်လို့ ကတော့ အန်တီတို့နဲ့သာ U.Kကိုလိုက်ခဲ့၊ ဟိုကျရင် ကျောင်းပြန်တက်ပြီး စာမေးပွဲ ပြန်ဖြေလို့ရတယ်၊ ကိုယ်တက်ချင်တဲ့လိုင်းကို မီဖို့ အမှတ်ပြည့်အောင်သာ ကြိုးစား … တက်လို့ရတယ်၊ ဆေးကျောင်းတက်ခွင့် ရအောင် ကြိုးစားပေါ့”
“ဟင် …။ အန်တီအေမီ ပြောနေပုံကလည်း ပိုင်ပိုင်နိုင်နိုင်ကြီး ရှိလိုက်တာ။ ဘာကို ဆိုလိုနေမှန်းမသိ။ အဓိပ္ပါယ် ပါပါကြီးလိုပင်။ သိမ်မွေ့ရည်မွန်သော မျက်နှာထားနှင့် “နရသူ”ဆိုသော သူကလည်း ပန်းကို စူးစူးနစ်နစ် စိုက်ကြည့်နေသော အကြည့်တွေ ထဲမှာ တစ်စုံတစ်ရာတွေ ပါဝင်နေသလို။ ကိုကို ကတော့ ရောဂါ စ ဖြစ်ပြီးကတည်းက သိသိသာသာပဲ စကားနည်း သွားခဲ့ကာ ဘာမှ သိပ်ပြောလေ့မရှိတော့ပါ။ အရင်ကဆို ပန်းနှင့် ပတ်သက်သမျှ စွက်စွက်ဖက်ဖက် ရှိလှကာ နေရာတကာ သူပါတတ်သော ကိုကိုက အခုဆို ဘယ်အရာမှ သူနဲ့မဆိုင်တော့သလို၊ မပတ်သက်တော့သလို စိတ်ဝင်တစားကို မရှိတော့တာပါ၊ ပန်းရင်ထဲမှာ တော့ တစ်ခုခုကို စိုးထိတ်ခံစားမိသော ပူလောင်မှုတစ်မျိုးကို ခံစားနေရပြီ။ ကြီးကြီးမှာ ဘယ်လိုရည်ရွယ်ချက် အစီအစဉ်တွေ ရှိနေခဲ့ပြီလဲ။
ကြီးကြီးနှင့် အန်တီအေမီ ကတော့ ငယ်သူငယ်ချင်းတွေ လည်း ဖြစ်တော့ ရွှန်းရွှန်းဝေအောင် စကားတွေ ပြောနေကြတာ ဖက်လှဲတကင်းရှိလှသည်။ နရသူ ကတော့ ပန်းနှင့် စကားလက်ဆုံကျဖို့ ကြိုးစားလျက်ရှိသည်။
“ပန်း ဆယ်တန်းအောင်တော့ All Dထွက်တာဆို၊ ဆရာဝန်လိုင်းမီရက်သားနဲ့ ဘာလို့ သူနာပြုပဲ တက်ခဲ့တာလဲ”
တဲ့ …။ ပန်းက ခပ်ဖွဖွပြုံးလျက် ကိုကို့ဆီ ရွှန်းရွှန်းစားစား ကြည့်မိသည်။
“ဘာလို့လဲဆိုတော့ ကိုကို့ကို ပြုစုချင်လို့ပါ၊ ကိုကိုက ပန်း ဆယ်တန်းအောင်ပြီးစမှာ ပဲ Early Onset Alzheimer's စ ဖြစ်တာလေ”
“သြော် … စိတ်မကောင်းပါဘူးဗျာ၊ ခုနက အန်တီရွှေရည်ပြောပြထားလို့ သိရပါတယ်၊ ဆရာဝန် တစ်ယောက် ဆိုတော့ အရမ်းနှမျောဖို့ကောင်းတယ်နော်၊ ဒါပေမယ့် ဘာတတ်နိုင်မလဲလေ၊ ရှောင်လွှဲလို့မှမရတာ ၊ ရင်ဆိုင်ရမှာ ပဲပေါ၊ ပန်း ဆရာဝန် ဖြစ်ချင်စိတ် ထက်သန်တုန်းပဲဆိုရင် ဘယ်တော့မှ နောက်မကျပါဘူး၊ အင်္ဂလန်မှာ GCSE A Level ပြန်ဖြေပြီး ဆေးကျောင်းတက်ခွင့်ရအောင် ပြန်ကြိုးစားလို့ရပါတယ်”
“ကျွန်မ အင်္ဂလန်ထိသွားဖို့ အိပ်မက်တောင် မမက်ထားပါဘူးရှင် …”
“ဘယ်ပြောလို့ရမလဲ ပန်းရဲ့ ၊ ပန်းရဲ့ ကံကြမ္မာက ဘယ်လိုရှိမှန်းမှ မသိတာ၊ လူ တစ်ယောက် ရဲ့ ကံဆိုတာ ကြိုမမြင်နိုင်ဘူးလေ”
သူက ထိုစကားကို ပြောချိန်မှာ အဓိပ္ပါယ်ပါသော အပြုံးတစ်မျိုးလည်း ပြုံးလိုက်ချင်ပါသေးသည်။ ကိုကို့ကို အရင်ကလို စကားဝိုင်းထဲ ဝင်ပါစေချင်ပေမယ့် ကိုကိုက တစ်ခွန်းမှ မဟ။ ဧည့်သည်တွေ နှင့် အတူ ထမင်းလက်ဆုံစားပြီး ဧည့်သည်က ပြန်သွားချိန်မှာ ကြီးကြီးက ပန်းနှင့် နှစ် ယောက် တည်းတွေ့ ကာ စကားပြောခဲ့သည်။
“ပွင့်ပွင့်လင်းလင်းနဲ့ အရှင်းဆုံးပြောရရင်တော့ သမီးကို နရသူနဲ့ လက်ထပ်ပေးချင်တယ် သမီး၊ အေမီတို့ မြန်မာပြည် ကို အဓိက ပြန်လာတဲ့ရည်ရွယ်ချက်က သူ့သားအတွက် သင့်တော် မယ့် မြန်မာမိန်းကလေး တစ်ယောက် နဲ့ လက်ထပ်ပေးဖို့ ပြန်လာတာ …၊ နရသူကလည်း ဟိုက မိန်းကလေးတွေ ကို မယူချင်ဘူး၊ မြန်မာမိန်းကလေးကိုပဲ လက်ထပ်ယူချင်တာတဲ့ သမီး၊ မေမေနဲ့ကလည်း ငယ်သူငယ်ချင်းတွေ ဖြစ်နေတော့ ဘာပြောစရာလိုသေးလဲ သမီးရယ်၊ အတိုင်းထက် အလွန်ပေါ့။ ဒီနေ့ သမီးကို သူတို့ လာကြည့်ကြတာ၊ ပြန်ခါနီး အေမီ ကတော့ ပြောသွားခဲ့ပြီးသား၊ သမီးကို အရမ်းသဘောကျတယ်တဲ့၊ သမီးအတွက် ဘယ်လောက်ကံကောင်းလိုက်သလဲ”
“ဘာကို ကံကောင်းရမှာ လဲ မေမေ၊ ပန်း မသိတဲ့ ယောက်ျား တစ်ယောက် ကို ပန်းက ယူရမှာ လား၊ မယူနိုင်ပါဘူး မေမေရယ် ပန်း ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်ချင်ဘူး”
“တော် စမ်း ပန်း၊ ကိုကို့ကို ဆွဲမထည့်နဲ့၊ မ ဖြစ်နိုင်ပါဘူးလို့ ဘယ်နှစ် ခါပြောရမလဲ၊ သမီး သေချာပြန်စဉ်းစားစမ်း၊ သမီးကို မေမေတို့ ခေါ်လာခဲ့တုန်းက သမီးပြောခဲ့တဲ့ စကား သမီးမေ့သွားပြီလား? သမီး ပညာတတ်ကြီး ဖြစ်ချင်ပါတယ်ဆို၊ ဆရာဝန်မကြီး ဖြစ်ချင်ပါတယ်ဆို လူဆိုတာ ကိုယ့်ရှေ့မှာ ပေါ်လာတဲ့ အခွင့်အလမ်းကိုမှ ဖမ်းမဆုပ်တတ်ရင် ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ဘူး နားလည်လား၊ နှလုံးသားကို ရှေ့တန်းတင်ပြီး အချစ်သူရဲကောင်းဘွဲ့လာပေးမှာ မဟုတ်ဘူး၊ အရေး ကြီးတာ ကိုယ့်ဘဝ တိုးတက်မြင့်မားအောင်မြင်ဖို့ပဲ … ဒါပဲ”
“ပန်းဘဝကို ကိုယ်မသိတဲ့ လူ တစ်ယောက် လက်ထဲ စတေးပစ်လိုက်ပြီးမှ တိုးတက်အောင်မြင်မယ်ဆိုရင်လည်း နေပါစေတော့ မေမေ၊ ပန်း မအောင်မြင်ချင်တော့ဘူး၊ ပန်းချစ်တဲ့ လူ တစ်ယောက် ရဲ့ အနားမှာ နောက်ဆုံးအချိန်ထိ ပန်းကို သူ လိုအပ်နေသေးသရွေ့ ပြုစုစောင့်ရှောက်ပေးခွင့်ပဲ ပန်း လိုချင်တယ်”
“ခွင့်မပြုနိုင်ဘူး ပန်း … ပန်းကို သားနဲ့ ဘယ်လိုမှ လက်ထပ်မပေးနိုင်ဘူး၊ မ ဖြစ်နိုင်ဘူး၊ ပန်းကို မေမေ ကိုယ့်သမီး ကလေးလို ချစ်လို့ မိန်းမသားချင်း ကိုယ်ချင်းစာလို့ ပြောနေတာ၊ ပန်း ရွေးဖို့ နှစ် လမ်းပဲရှိတယ်၊ မေမေတို့ကို တကယ် ကျေးဇူး သိတတ်တယ်၊ ကျေးဇူးဆပ်ချင်တယ်ဆိုရင် မေမေ့ စကားကို အသာတကြည် လိုက်နာပေးဖို့ပဲ၊ ဒုတိယလမ်း ကတော့ မေမေ စီစဉ်တာကို လက်မခံနိုင်ဘူးဆိုရင် ပန်းအတွက် မေမေတို့ တာဝန်ယူပြီး ပညာသင်ပေးခဲ့ပြီးပြီ၊ ပန်းလည်း သူနာပြုအလုပ်နဲ့ အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခုတော့ လုပ်လို့ရနေပြီ၊ ပန်းကို ဒီအိမ်မှာ ဆက်ပြီး လက်ခံမထားနိုင်တော့ဘူး ပန်း၊ ကိုယ့်ရွာကိုယ်ပြန်ချင်လည်း ပြန်၊ ပန်းသဘောပဲ …”
မေမေက စကားကုန်ပြောလိုက်ပြီ။ ပန်းကို ထွက်ပေါက်မဲ့အောင် ချောင်ပိတ်လိုက်သလိုမျိုး၊ နာကျင်မွန်းကြပ်သော ဝေဒနာတစ်မျိုးကို နင့်မောစွာ ခံစားရပါသည်။ နှလုံးသားကို ဆုပ်ညှစ်ခြေမွထားသလိုမျိုး တင်းကြပ်ဆို့နစ်နေတာပါ။
“ပန်းကို အချိန်ပေးပါဦး မေမေ၊ ပန်း စဉ်းစားပါရစေဦး”
ပန်း ရှိုက်သံကလေးဖြင့် ပြောလိုက်မိပါသည်။
ထိုညက ပန်း အိပ်လို့မပျော်နိုင်ပါ။ ဝေဒနာတစ်မျိုးက ရင်ကို နှိပ်စက်ညှင်းပန်းလျက်ရှိသည်။ အိပ်မရပေမယ့် အတူတူ ဝရန်တာမှာ ထွက်ပြီး လေညင်းကလေးခံဖို့ ပန်း ဝရန်တာဆီသို့ ထွက်လာခဲ့မိသည်။ အချိန်က ညဆယ့်တစ်နာရီ ကျော်ပြီမို့ တစ်အိမ်လုံး တိတ်ဆိတ်ငြိမ်သက်လို့။ ပန်း ရင်ထဲမှာ သာ မငြိမ်သက်နိုင် လောင်မြိုက်မွန်းကြပ်လို့ …။ လရောင် သဲ့သဲ့ ဖြာဆင်းနေသော လသာဆောင်မှာ ပန်းထက် အရင်ကြိုပြီး ရပ်နေနှင့် သော အရိပ်တစ်ရိပ်က ပန်းကို ရုတ်တရက် အသက်ပင် မရှုနိုင်အောင် ဖမ်းစားခဲ့သည်။ ညဝတ်အင်္ကျီနှင့် ကောင်းကင်ဆီ ငြိမ်သက်စွာ မော့ကြည့်နေသော လူ တစ်ယောက် ကို။ ကိုကို … ။ ကိုကို ဘာလို့ မအိပ်သေးတာလဲ ??? … ကိုကို ဘာတွေ များ တွေးနေသလဲ …?။
ပန်းသည် ခြေသံဖွဖွကလေး နင်းလျှောက်သွားကာ လှိုက်မောငိုချင်လာသော စိတ်နှလုံးဖြင့် ကိုကို့နောက်ကျော တည့်တည့်မှာ ရပ်လိုက်ပြီး ကိုကို့ကျောပြင်မှာ ပါးအပ်လိုက်မိကာ ကိုကို့ခါးကို သိုင်းဖက်ထားလိုက်မိသည်။ အံ့သြစရာ ကောင်းတာက ကိုကိုက ရုန်းဖယ်သွားခြင်းမရှိဘဲ ပန်းရဲ့ သိုင်းဖက်ထားသော လက်အစုံကို ပြန်လည်ထိတွေ့ ကိုင်တွယ်ထား ခြင်းပဲ ဖြစ်သည်။ ပန်း စကားမပြောနိုင်။ မျက်ရည်တချို့က ကိုကို့ကျောပြင်ဆီမှာ စွန်းထင်းသွားခဲ့သည်။ ကိုကို သက်ပြင်းဖွဖွ ရှိုက်လိုက်တာကို ခံစားမိပါသည်။
“ဟို ကောင်လေးကို လက်ထပ်လိုက်ပါ ညီမလေး …”
“ရှင် …”
ကိုကို့အသံက တိုးဖွညင်သာလွန်းနေပေမယ့် ပန်းကြားရလောက်အောင်တော့ လုံလောက်ပါသည်။ ဘုရားရေ …။ ကိုကို ဒါတွေ သိနေတယ် ! ။
“ဟိုကောင်လေးကို လက်ထပ်လိုက်လို့ ပြောနေတာ မကြားဘူးလား … သူ့ကိုယူပြီး အင်္ဂလန်ကို လိုက်သွား၊ စာမေးပွဲ ဆက်ဖြေ၊ ကျောင်းဆက်တက်၊ ဆရာဝန် ဖြစ်အောင် ကြိုးစား၊ ညည်း ဆရာဝန် ဖြစ်ချင်တာ မဟုတ်လား ?”
ကိုကို့အသံက အသိကလေးတစ်ချက် ပြန်ဝင်လာသလို ခါတိုင်းလို ပိုင်ပိုင်နင်းနင်း ရှိသည်။
“ဒါပေမယ့် ပန်းမှ သူ့ကို မချစ်တာ၊ ကိုကို့ကိုပဲ ချစ်တာ၊ ကိုကို့နားမှာ ပဲ နေချင်တာလေ”
“တော် စမ်းပါ၊ အရူးထမနေနဲ့၊ အချစ်ဆိုတာ အလကား၊ ငါ့ကို လာချစ်မနေနဲ့၊ ညည်းကိုယ် ညည်းပဲ ချစ်စမ်းပါ၊ ညည်း ကို ဆရာဝန် ဖြစ်စေချင်တယ်၊ ငါက ဘာမှ လုပ်ပေးနိုင်တော့မှာ မဟုတ်ဘူး၊ ဘဝမှာ ဒါပြီးရင် ဒါ ဖြစ်ရမယ်လို့ တရားသေ တွက်ထားလို့ မရဘူး၊ အချိုးအကွေ့တွေ … အပြောင်းအလဲတွေ … အနိမ့်အမြင့်တွေ ကို ရင်ဆိုင်ရမှာ ပဲ၊ အရေး ကြီးတာက အခွင့်အရေး ကို လက်လွတ်မခံဖို့ပဲ၊ ညည်း လိမ္မာသင့်တယ်”
ကိုကို့စကားသံတွေ က ပြတ်သားရင့်ကျက်လို့ပါလား။ ကိုကို့ ရင်ထဲမှာ ဘာတွေ များ ရှိနေမလဲ။ ပန်း သိချင်လိုက် တာ …။
“ကိုကိုက တကယ်ပဲ ပန်း သူ့ကို လက်ထပ်စေချင်တာလား ဟင်”
“အင်း … ”
ကိုကို့ရဲ့ “အင်း” က သက်ပြင်းချက်သံနှင့် ပိုတူနေပါသည်။ “ပန်း သူ့ကို လက်ထက်ပြီး ဟိုကိုလိုက်သွားရင် ကိုကို့ကို အနီးကပ် ဘယ်သူပြုစုပေးမလဲ၊ ကိုကို မေ့တတ်တာတွေ ကို ဘယ်သူ သတိပေးမလဲ၊ ကိုကို့ရဲ့ ဝေယျာဝစ္စတွေ ဘယ်သူလုပ်ပေးမလဲ၊ ကိုကို့ကို ပန်း ဘယ်တော့မှ ပြန်တွေ့ ခွင့်ရတော့မှာ လဲဟင်”
ပန်းရဲ့ မေးခွန်းတွေ မှာ ရှိုက်သံတွေ ဖြာနေခဲ့ပါသည်။
“ပူမနေနဲ့၊ ဒီလိုပဲ ဖြစ်သွားလိမ့်မယ်၊ မေမေ ရှိသားပဲ”
ကိုကိုက တိုတိုပြတ်ပြတ်ဖြေသည်။
“ပန်း ကိုကို နဲ့ မခွဲနိုင်ဘူး၊ ကိုကိုနဲ့ခွဲရရင် ပန်း ရင်ကွဲလိမ့်မယ်”
ကိုကို ဘာများ ပြောမလဲ .. ဟု ပန်း နားစွင့်ထားသော်လည်း ကိုကိုက ဘာမှဆက်မပြောတော့ဘဲ ငြိမ်သက်နေပြန်သည်။
သူရင်ထဲမှာ သူ မက်မက်မောမော တန်ဖိုးထားနေမိသော အရာတစ်ခုကို လက်လွှတ်ဆုံးရှုံးလိုက်ရသော နာကျင် လွမ်းဆွတ်မှု တစ်မျိုးကို ခံစားနေရသည်။ အဲဒါ ဘာလဲ သူမသိ။ ဆက်ပြီးတော့လည်း အဖြေမရှာချင်။ အခု ဒီအတွေးကို စဉ်းစားနေရင်းကနေ ဖျတ်ခနဲနေမေ့သွားကာ သူ ဘာကို တွေးနေတာပါလိမ့် … ဟု ပြန်တွေးရတာ သူ့အဖို့ အတော် ခက်သည်။ ပြန်မမှတ်မိတော့ …။ စောစောက သူပြောခဲ့မိသော စကားတွေ ကို သူပြန်မမှတ်မိတော့။ သူရင်ထဲမှာ တစ်ခုခုအတွက်တော့ ကြေကွဲဆို့နစ်နေသည်။ အဲဒါ ဘာကြောင့် မှန်းလည်း သူမသိ …။
လေဆိပ်ဘက်ကို ဘယ်လိုသွားရသလဲ …
လမ်းတွေ ကို သူ တကယ်မမှတ်မိတော့ ပါလား …
တက္ကစီငှားရမလား ……………
သူ့မှာ ပိုက်ဆံလည်းမပါ ………………
ဖိနပ်ပင် ပါမလာခဲ့ ……………….
ကားတွေ သွားနေသော လမ်းကြောင်းအတိုင်း သူ ဆက်ပြေး
လာခဲ့မိသည် ….
လမ်းဆုံးလမ်းခွတစ်ခုရောက်လျှင် သူဘယ်ဘက်သွားမလဲ
ဆိုတာ မသိတော့ ………..
* * * * *
အခန်း(၁၂)
“Signature Garden” ထဲတွင် ပန်းနှင့် နရသူ နှစ် ယောက် တည်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ငြိမ်သက်နေမိကြသည်။ မေမေ့စကားကို နားထောင်ပါ့မယ် … ဟု ပန်း ခေါင်းညိတ်လိုက်ပြီးကတည်းက မေမေတို့ လူကြီးချင်းလည်း စကားတွေ ပြောဆိုညှိနှိုင်းလျက်ရှိကာ ပန်းနှင့် နရသူကိုလည်း လူငယ်ချင်း ရင်းနှီးမှု ရအောင် ဟိုဟိုဒီဒီ လိုက်ပို့စေခဲ့သည်။ ပန်း လေ့လာရသလောက်တော့ နရသူသည် ယဉ်ကျေးသိမ့်မွေသော ၊ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်ကျွမ်းကျင်သော ပညာတတ်ယောက်ျား တစ်ယောက် ဖြစ်သည်။ မိန်းကလေး တစ်ယောက် ၏ အထာကိုလည်း နပ်သော လူရည်လည်သူ တစ်ယောက် ပါပင်။ ပန်းကိုလည်း အရိပ်တကြည့်ကြည့် နှင့် ဂရုတစိုက်ရှိလွန်းလှသည်။
“ပန်း ချစ်သူတွေ ဘာတွေ ထားဖူးလားဟင်”
တဲ့။ သူကပဲ စ, မေးခဲ့သည်။ ပန်းက ငိုချင်ရက်လက်တို့ ဖြစ်သွားခဲ့တော့သည်။ သူကို ဒီခေါင်းစဉ်ရောက်အောင် ဆွဲခေါ်ချင် နေခဲ့တာကိုး။
“ရှင်ရော … အချစ်ဆိုတာကို ဘယ်လိုနားလည်ထားလဲ ကိုနရသူ”
“ကျွန်တော် ကတော့ အချစ်တွေ ဘာတွေ ကို သိပ်လည်း နားမလည်ပါဘူး၊ ဒါပေမယ့် သူစိမ်းနှစ် ယောက် တစ်ယောက် ကို တစ်ယောက် ချစ်ကြဖို့ဆိုတာ ထူးဆန်းနက်နဲတဲ့ ဆက်သွယ်မှု တစ်ခုတော့ ရှိရလိမ့်မယ်၊ ကျွန်တော့် အတွက်တော့ အချစ်ဆိုတဲ့ ခံစားမှု နဲ့ တန်ဖိုးကို ရှင် တကယ် မသိသေးပါဘူး၊ ကျွန်မအတွက်တော့ အချစ်ကို နားမလည်နိုင်သေးခင် ကတော့ အချစ်ဆိုတာ ကိုယ်စိတ်ချမ်းသာ ပျော်ရွှင်ဖို့ အတွက် သူတစ်ပါးကို ချစ်တာလို့ ထင်ခဲ့တယ်၊ အချစ်ကို နားလည်လာချိန်ကျတော့ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာပျော်ရွှင်ဖို့ အတွက် သူတစ်ပါးကို ချစ်တာလို့ ထင်ခဲ့တယ်၊ အချစ်ကို နားလည်လာချိန် ကတော့ အချစ်ဆိုတာ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာ ပျော်ရွှင်ဖို့အတွက် ကိုယ့်ဘဝကို ပေးဆပ်ပြီးသား ဖြစ်နေနှင့်ခဲ့ပြီ”
ပန်းအတွက်တော့ အချစ်ဆိုတာ ဘယ်လောက်ထိ စွမ်းလှသလဲဆိုရင် ကိုကို့ကို ရည်ညွှန်းပြီး အချစ်အကြောင်း ပြောမိနေချိန်မှာ တောင် ပန်းမျက်ဝန်းတွေ မှာ မျက်ရည်တို့ဖြင့် စိုလက်နေခဲ့သည်။ နရသူက ပန်းကို ထူးဆန်းသော သတ္တ၀ါတစ်ကောင်လို ငေးကြည့်နေခဲ့သည်။
“ကျွန်မလေ .. လူ တစ်ယောက် ကို ကျွန်မဘ၀တစ်ခုလုံး ပေးဆပ်ရဲတဲ့အထိ ချစ်မိတယ်၊ သူ့အတွက် ဘာမဆို ကျွန်မ လုပ်ပေးနိုင်တယ်၊ သူ စိတ်ချမ်းသာပျော်ရွှင်ဖို့အတွက် ဘာမဆို… ဘာမဆို ကျွန်မ ပေးဆပ်နိုင်တယ်”
“ပန်း … ကျွန်တော် ကတော့ ပန်းပြောသလောက် လုပ်ပေးနိုင်မှာ မဟုတ်ဘူး၊ ဒါပေမယ့် ကျွန်တော့် မှာ သေချာတာတစ်ခုက ပန်းကိုမြင်လိုက်ရတဲ့နေ့ကစပြီး ဒီမိန်းကလေးဟာ My girl ပဲဆိုတာ သေချာသိလိုက်သလိုပဲ၊ အရမ်းလည်းပျော်သွားတယ်၊ စွဲစွဲလန်းလန်းလည်း တကယ် ဖြစ်တယ်၊ အချိန်တိုတိုကလေးပေမယ့် အဲဒီ လို တစ်ခုခုကို သေချာသိဖို့ဆိုတာ အချိန်နဲ့မှ မဆိုင်တာ၊ ဟောဒီလို လက်ဖျောက်တစ်ချက်အတီးမှာ သိလိုက်သလိုမျိုးလေ၊ ပန်းကို ကိုယ် လက်ထပ်ချင်တဲ့စိတ် ချက်ချင်း ပဲပေါ်လာတာ… ကိုယ် တကယ်ပြောတာပါ၊ ယူကေမှာ ကိုယ် မိန်းကလေး တစ်ယောက် နှစ် ယောက် လောက် ရည်းစားထားခဲ့ဖူးတယ်၊ အဲဒီ လို လက်ထပ်ချင်စိတ် လုံးဝ ဖြစ်မလာဘူး၊ ကိုယ် အကြာကြီးတွဲ နေခဲ့တာပဲ၊ ယူချင်စိတ်ကို မ ဖြစ်တာ၊ ပန်းကိုကျတော့ မတူဘူး၊ တကယ်.. တဒင်္ဂလေးပဲ၊ ကိုယ် သေချာပေါက်ပြောနိုင်တယ်၊ ပန်းကို ကိုယ် ချစ်နိုင်တယ်၊ အတူနေတာကြာလာရင် အချစ်ကို ကိုယ်တို့ ဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်တယ်…”
သူ့စကားတွေ က ပန်းရင်ကို မတိုးပါ။ ပန်း ဖြစ်နေသော ရောဂါ ကတခြား၊ သူပေးသော ဆေးက တခြားလို ဖြစ်နေသည်။ ပန်းအတွက်တော့ သူပြောသလို ဘယ်တော့မှ မ ဖြစ်နိုင်ဘူးဆိုတာ သေချာနေသည်။ ကိုကို့ကိုပဲ သတိရနေမှာ … နောက်ဆံတင်းနေမှာ ၊ လွမ်းဆွတ်တမ်းတနေမိမှာ ။ ဒီလူ တစ်ယောက် ကို လက်ထပ်လျှင် ကိုယ့်ဘ၀မြင့်မားတိုးတက်လာမယ်ဆိုတာ အပေးအယူဆန်ဆန် အတွေးအခေါ်မျိုးနှင့် လက်ထပ်ရမှာ လောက် ရှက်စရာကောင်းတာ မရှိတော့ပါ။ ဒါပေမယ့် ပန်းမှာ ရွေးစရာလမ်း မရှိ။ ကိုကိုကိုယ်တိုင်ကလည်း ပန်းကို ဒီလိုလုပ်ဖို့ ဆုံးဖြတ်ပေးခဲ့သည်။ ပန်းဘ၀က တွယ်ရာမဲ့လွန်းလိုက်တာ…။
ထိုရက်ပိုင်းတွေ မှာ ပန်းရင်ထဲတွင် နှလုံးသား ပျောက်ဆုံးနေသလိုပဲ ခံစားရသည်။ အစစအရာရာ မေမေ စီစဉ်တဲ့အတိုင်း နာခံခေါင်းညိတ်ပေးထားလိုက်သည်။ မင်္ဂလာပွဲကိုတော့ ခမ်းခမ်းနားနားကြီး မလုပ်လိုပါ… ဟု ငြင်းခဲ့ရုံမှအပ ကျန်တာအားလုံး မေမေ့အစီအစဉ်တွေ ချည်းပါ။ နေ့ကောင်းရက်မြတ်ရွေးချယ်ပြီး အိမ်မှာ ပဲ လက်မှတ်ထိုးပွဲ ကလေးလုပ်ကာ ညဘက်ခြံထဲမှာ ဒင်နာကလေးလုပ်ဖို့ စီစဉ်ထားသည်။ ပန်းကို တစ်ခါတည်းခေါ်သွားနိုင်ဖို့လည်း နရသူကိုယ်တိုင် အားတက်သရော စီစဉ်လျက်ရှိသည်။ လိုအပ်သော စာရွက်စာတမ်းတွေ အားလုံး ယူကေကို လှမ်းမှာ ကာ Fax ဖြင့် ချက်ချင်း ပြန်ပို့သဖြင့် အစစ အဆင်ပြေသည်။ ပန်းအတွက် passport ကိစ္စတွေ အမြန်ဆုံးရအောင် မေမေကိုယ်တိုင် လိုက်လုပ်ပေးသည်။
လက်ထပ်ပြီးတာနှင့် သံရုံးမှာ ဗီဇာလျှောက်ရသည်။ မှီခိုဗီဇာဖြင့် လိုက်ရမှာ မို့ ဘာအခက်အခဲမှ မရှိ၊ အဆင်ပြေသည်။ လေယာဉ်လက်မှတ်လည်း အခက်အခဲမရှိပါ။ အဲဒါတွေ ပန်း ဘာမှ လုပ်စရာမလို။ အဲဒါတွေ ပန်း ဘာမှ လုပ်စရာမလို။ နရသူကိုယ်တိုင်ပဲ တက်တက်ကြွကြွ စီစဉ်သွားတာ ဖြစ်သည်။ ဒီရက်ပိုင်းတွေ အတွင်းမှာ ပန်း ဂရုတစိုက် စောင့်ကြည့်နေ မိခဲ့တာက ကိုကို့ အမူအရာတွေ ပဲ ဖြစ်သည်။ ကြည့်လိုက်ရင် တစ်ခုခုကို အမြဲတွေးနေသလို ဟိုးအဝေးကြီးကို ငေးငိုင်ကြည့်နေတတ်သည်။ စကားလည်း သိပ်မပြောတော့။ တစ်ခါတစ်ရံ ပန်းကို တစ်ခါမှ မမြင်ဖူးသူ သူစိမ်း တစ်ယောက် လို အကြာကြီး တွေ ငေးကြည့်နေတတ်သည်။
“ပန်း လက်ထပ်တာ ကိုကို သဘောတူရဲ့ လားဟင်”
လို့ အမှတ်မထင်မေးမိတော့…
“ဘာပြောနေလို့လဲ…”
တဲ့။ ခပ်ဆတ်ဆတ် ပြန်ဖြေသည်။
“ပန်းက အဝေးကြီးကို လိုက်သွားရတော့မှာ လေ၊ ကိုကိုနဲ့ ဘယ်တော့ပြန်တွေ့ ရလဲဆိုတာ မသေချာဘူး၊ ပြန်တွေ့ တဲ့အခါ ကိုကို မမှတ်မိတော့မှာ ကိုပဲ စိုးတာ”
“အင်း… မပြောတတ်ဘူးလေ၊ မှတ်မိချင်မှ မှတ်မိတော့မှာ ပေါ့”
“ကိုကို ပန်းကို လွမ်းနေမှာ လားဟင်”
“တစ်ခါတစ်လေပေါ့… ဥပမာ ဘာပြီးရင် ဘာလုပ်ရမယ်မှန်း မသိတဲ့အခါ”
ကိုကို့အဖြေက နာကျင်စရာကောင်းလိုက်တာ။ ကိုကို့အတွက် သတိပေးသော စတစ်ကာလေးတွေ ကို အခုတော့ ကိုကို့အခန်းရဲ့ နေရာအနှံ့အပြားမှာ ပန်းက စူပါဂလူးဖြင့် အသေကပ်ထားပေးခဲ့ပြီ။ ပြီးတော့ ပန်းကိုယ်တိုင် တီထွင်လိုက်သော အချိန်ဇယားနာရီကလေးတစ်ခု ဆွဲထားပေးခဲ့သည်။ ကိုကို တစ်နေ့တာ လုပ်ရမည့်  အလုပ်တွေ ကို CD ပြားတစ်ချပ်မှာ စနစ်တကျ အကွက်ချပြီး ရေး ပေးထားတာ နာရီလက်တံကလေးတွေ တပ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ဘယ်နှနာရီမှာ ဘာလုပ်ရမယ်ဆိုသော အချိန်ဇယားပေါ့လေ…။
“ကိုကို့ကို ပန်း ဟိုကနေ အမြဲဖုန်းလှမ်းဆက်မယ်၊ ကိုနရသူက စီစဉ်ပေးမယ်တဲ့၊ Skype နဲ့ဆိုရင် vedio call လုပ်လို့ရတယ်၊ ကိုကို့ကို လှမ်းပြီး သတိပေးနိုင်တယ်လေ သိလား”
ကိုကိုက ခေါင်းညိတ်ရုံသာ ညိတ်ပြပါသည်။ စိတ်ဝင်တစားမရှိ။
“ကိုယ့်ဘာသာကိုယ် ဆရာဝန် ဖြစ်အောင်သာလုပ်… ညည်း ဆရာဝန် ဖြစ်ရမယ်…”
ဟုသာ ပြောတတ်သည်။
ကိုကိုနှင့် မေမေ့ကို ထိုင်ကန်တော့ချိန်မှာ ပန်း ရင်တစ်ခုလုံး ဟာလာဟင်းလင်း ပွင့်ထွက်ကုန်သလို မခံမရပ်နိုင်အောင် နာကျင်ထိခိုက်ရလေသည်။ ပန်း တစ်ကိုယ်လုံး တုန်ရီနေခဲ့သည်..။ ကိုကို့မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လာကာ ထိုမျက်ရည်တွေ ကို မျက်နှာလွှဲကာ သုတ်ပစ်၏ ။ မေမေ ကတော့ ခပ်တိုးတိုး ရှိုက်ပါသည်။
“ကြိုးစားပါ သမီးရယ်၊ သမီးကို မေမေယုံတယ်၊ သမီးက လိမ္မာပြီးသားမို့ အထူး ဆုံးမသွန်သင်ဖို့ မလိုတော့ပါဘူး၊ ကိုယ့်ခင်ပွန်းအပေါ်မှာ လည်း အလိုက်တသိနဲ့ ၀တ္တရားကျေပွန်ပါစေနော်၊ အန်တီအေမီ့ကိုလည်း ဂရုစိုက်ပါ… ကြားလား”
ဒေါ်ရွှေရည်မေ့ ရင်ထဲမှာ ငိုချင်ပြင်းပြစိတ်တွေ က လှိုင်းထန်လျက်ရှိသည်။ သားနှင့် သမီးရဲ့ သံယောဇဉ်ချစ်ခြင်း မေတ္တာတွေ ကို သိသိကြီးနှင့် ဇွတ်မှိတ်ခွဲခွာပစ်လိုက်ရတာ ကို ရင်ထဲမှာ နာကျင်လွန်းလှသည်။ ဒါပေမယ့် ဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်းမရှိပါ။ မျက်စိရှေ့မှာ နေ့စဉ်နှင့် အမျှ ကိုယ်ချစ်မြတ်နိုးလွန်းရသော ၊ ဘ၀တစ်ခုလုံး ပေးဆပ်မြှုပ်နှံထားမိသော ကိုယ့်ရဲ့ ချစ်သူဆီက မေ့လျော့ခြင်းတွေ မမှတ်မိတော့ခြင်းတွေ ကို နှလုံးသားတွေ ပဲ့ကြွေမတတ် နာကျင်ခံစား မြင်တွေ့ နေရတာ ထက်စာရင် အဝေးကြီးမှာ တစ်ချိန်ချိန် မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြမှာ က ပို မသက်သာနိုင်ဘူးလား။ လောကမှာ မိန်းမသားတွေ အတွက် နှလုံးသားကို အထိခိုက်ဆုံးသော ၊ အပြင်းထန်ဆုံးသော ရိုက်ချက်ဟာ ကိုယ့်ချစ်သူရဲ့ မေ့လျော့မမှတ်မိတော့ခြင်း၊ သူစိမ်းဆန်ဆန် အဆက်ဆံခံရခြင်းပဲ ဖြစ်သည်။ အဲဒီ ခံစားမှု ကို ရွှေရည့်ဘ၀တစ်လျှောက်လုံး ခံစားခဲ့ရခြင်း ဖြစ်သည်။ ထိုခံစားချက်မျိုး ပန်းသတင်းရင်ထဲ မကူးစက်ချင်တော့။
သားရင်ထဲက ခံစားမှု ကို မိခင် တစ်ယောက် ပီပီ ရွှေရည် ကူးစက်မျှဝေခံစားနိုင်ပါသည်။ သားရဲ့ နှလုံးသားတွေ ကွဲကြေနာကျင်နေတာကို ရွှေရည် ခံစားမိသည်။ ထို့အတူပင် ပန်းသတင်းကို သမီးကလေး တစ်ယောက် လို ချစ်ခင်သံယောဇဉ် တွယ်ခဲ့ပြီးသားမို့ သမီး တစ်ယောက် အနေနဲ့ရော၊ မိန်းမသားချင်း စာနာနားလည်မှု နှင့် ပါ ပန်းရင်ထဲက ကြေကွဲနာကျင်မှု ကို ခံစားမိလေသည်။
“အေး အေး… ငါ့ညီမလေး အစစအရာရာ အဆင်ပြေပါစေကွာ”
သူ့ဆုပေးသံက ခပ်တိုးတိုးနှင့် ခပ်အက်အက် ဖြစ်နေခဲ့သည်။ သူ့ရင်ထဲတစ်ခုလုံး ပေါက်ကွဲပွင့် ထွက်မတတ် တင်းကြပ်ဆို့ပိတ်လျက်ရှိသည်။ ကလေး တစ်ယောက် လို သူ ပြင်းပြင်းပြပြ ရှိုက်ငိုချင်နေမိတာ ဘာကြောင့် မှန်း သူ မသိချေ။ ကိုယ်တန်ဖိုးထား မက်မောလွန်းသော ရတနာတစ်ခုကို တစ်ပါးသူလက်ထဲ ထည့်ပေးလိုက်ရသည့် ဆုံးရှုံးနာကျင်ခြင်းနှင့် နှမျောကြေကွဲခြင်းကို သူနင့်နင့်နဲနဲ ခံစားနေရသည်။ သူ့နှုတ်ခမ်းတွေ ဘာကြောင့် ဤမျှ ဆွံ့အ, ပိတ်ဆို့သွားခဲ့ရတာ ပါလိမ့်။ ပြောချင်လွန်းသော စကားတစ်ခွန်းကို မျှော်လင့်တကြီး ရှိလွန်းနေသူကလေးကို သူ ဘာကြောင့် ပြောမပြနိုင်ခဲ့တာပါလိမ့်။ သူမအပေါ် သိပ်ရက်စက်လွန်းရာများ ကျနေပြီလား။ ဒါပေမယ့် ဘဝမှာ တစ်ခါတစ်ရံ ကိုယ်သိပ် ဖြစ်ချင်လွန်းသော ဆန္ဒတွေ ကို ချိုးနှိမ်ခြေမွပြီးတော့မှ ကိုယ်ချစ်မြတ်နိုး၊ တန်ဖိုးထားလွန်းသော သူမ၏ ဘဝကလေး မနစ်မွန်း။ မထိခိုက်အောင် ကာကွယ်ပေး ရတတ်ပါသည်။ ခုချိန်မှာ ရှိနေသေးသော သူမအပေါ် ထားရှိသည့် မေတ္တာစေတနာ၊ ချစ်ခြင်း သံယောဇဉ်နှင့် စွဲလန်းမြတ်နိုး ခြင်းတွေ ဟာ နောင်ငါးနှစ် ၊ ဆယ်နှစ် လောက်ဆို သူ့မှတ်ဉာဏ်တွေ ထဲမှာ ၊ သူ့နှလုံးသားထဲမှာ စွဲစွဲထင်ထင် ကျန်ရှိနေသေးဖို့ မသေချာတော့ပါ။ ဒါကို သူသာလျှင် အသိဆုံး …။ သူ အဆင်ပြေ စိတ်ချမ်းသာပျော်ရွှင်စေဖို့ သက်သက်နှင့် သူမ၏ ဘဝကလေးကို မစတေးစေလိုပါ။ ထိုမိန်းကလေးသည် တစ်ချိန်ချိန်မှာ ကမ္ဘာတစ်ခု၏ တစ်နေရာရာမှာ အလင်းလက်ဆုံး တောက်ပနေမည့်  ကြယ်တစ်ပွင့် ဖြစ်ရမည် …။
“ပန်းတို့ ခဏနေရင် လေဆိပ်ဆင်းရတော့မှာ ၊ ကိုကို လိုက်ပို့ဦးမလားဟင် …”
ပန်းက မျှော်လင့်တကြီးမေးမိသည်။ ကိုကိုက ခေါင်းကို ခပ်သွက်သွက်ခါယမ်းပြပါသည်။
“မပို့ချင်ဘူး၊ ကိုယ့်ဘဝနဲ့ကိုယ် ဆက်လျှောက်တော့၊ အားအားရှိ ဖုန်းလည်းခေါ်မနေနဲ့၊ ကိုကို့ကို သတိရရင် စာကိုပဲ ဖိကြိုးစား၊ ဆရာဝန် ဖြစ်တော့မှ ပြန်လာခဲ့”
သူက ဒါပဲပြောမိသည်။ ဆက်ပြီးပြောချင်စိတ်လည်း မရှိတော့။ ပန်းက သူ့မျက်နှာကိုသာ အရိပ်တကြည့်ကြည့်။ သူရှောင်ဖယ်ဖယ်လုပ်နေလိုက်သည်။ ကိုယ့်အခန်းထဲ ပြန်ဝင်လာပြီး TV ဖွင့်ထားတာ TV ကိုပဲ သည်းသည်းမည်းမည်း စူးစိုက်ကာကြည့်နေခဲ့မိသည်။ တကယ်တော့ TV က ဘာတွေ လွှင့်လို့ ဘာတွေ ပြနေမှန်းပင် သူ အာရုံမရှိ။ မကြာခဏ ဝေ့သီဝဲကျလာတတ်သော မျက်ရည်စက် တချို့ကို ခိုးကြိတ်တို့ သုတ်ပစ်နေမိသည်။
ညီမလေး … သူမ သွားတော့မယ်။ သူ့ကို ခွဲသွားတော့မယ်။ ဒီမျက်နှာကလေးကို သူ ဘယ်တော့မှ ထပ်ပြီး တွေ့ မြင်ရမယ်ဆိုတာ မသေချာတော့ပါ။ ပြန်တွေ့ သည့်တိုင်အောင် သူ သူမကို မှတ်မိနိုင်စွမ်းရှိပါဦးတော့မလား။ အဲဒီ အချိန်ဆို သူရဲ့ မှတ်ဉာဏ်တွေ ဘယ်လောက်ထိ ပျက်စီးချွတ်ယွင်းနေလောက်ပြီလဲ …။
သူ လေသာဆောင်မှာ ရပ်ကာ တွေးချင်ရာတွေး၊ ငေးချင်ရာငေးနေမိသည်မှာ ဘယ်လောက်ကြာသွားသည် မသိ။ ခြံထဲမှာ နှုတ်ဆက်စကားသံတွေ ၊ ကားပေါ်ပစ္စည်းတွေ တင်နေသံတွေ ၊ ကားတံခါးပိတ်သံတွေ သူ ကြားနေရသည်။ သူ့မျက်ဝန်းတွေ ရုတ်တရက် မှိုင်းညှို့လာသည်။ မျက်ရည်တွေ မျက်ဝန်းအိမ်ထဲပြည့်လျှံကာ ပါးပြင်ပေါ်အထိ စီးကျလာသည် ကို သူခံစားမိသည်။ ဒီတစ်ခါတော့ သူ မသုတ်မိတော့ချေ။
“ညီမလေးရယ် … မင်းကို ငါ ချစ်တယ်၊ မင်းကို ငါ ချစ်တယ်ဆိုတာ မင်းဘဝကလေး မြင့်မားဖို့၊ အောင်မြင်စွာ ချစ်တာ၊ ငါ့အတွက် ဘာမှမပါတဲ့ အချစ်မျိုးဆိုတာ မင်း နားလည်ဖို့ မလိုပါဘူး၊ တချို့အချစ်တွေ က ပေါင်းစည်းမှ အဓိပ္ပာယ် ပြည့်စုံသွားတာ မဟုတ်ဘူး၊ ခွဲခွာလိုက်မှ ဒီအချစ်က ပြည့်စုံသွားတာမျိုးပါ၊ ဒါတွေ ကို နားလည်ဖို့ မင်း အခု ငယ်ပါသေးတယ် …”
သူ တတွတ်တွတ်၊ တဖွဖွ ရေရွတ်နေမိသည်။ ဟော … သူတို့ သွားကြပြီ။ ကားထွက်သံကြားရပြီ။ ကားရှေ့ခန်းမှာ နရသူ၊ နောက်ခန်းမှာ မေမေ၊ အန်တီအေမီနဲ့ ညီမလေး။ ပေါ်တီကိုကနေ ထွက်လာပြီး ခြံထဲကို ဖြတ်မောင်းစဉ်မှာ လည်ပင်းကလေး လိမ်ကာ အိမ်အပေါ်ထပ်ဆီ မော့ကြည့်လျက်ရှိသော ပန်း၏ မျက်ဝန်းကလေးတွေ က သူ့ကိုမြင်တော့ ချက်ချင်း လက်ဖြာသွားကာ လက်ပြလေသည်။ သူ လက်ပြန်ပြဖို့ လက်ကို ရွယ်လိုက်ပြီးမှ လက်သီးတွေ ဆုပ်ကိုင်ကာ လက်မပြမိအောင် ချုပ်ထိန်းလိုက်ပါသည်။ သူ့ရင်ထဲမှာ ကွဲရှနာကျင်နေသော စူးစူးနစ်နစ် ဝေဒနာကြောင့် သူ အံတစ်ချက် ကြိတ်မိသည်။ ကားကလေး ခြံထဲကနေ ပျောက်ကွယ်ထားတဲ့အထိ သူ ရပ်နေဆဲ။ ပန်းရဲ့ ဦးခေါင်းကလေးက လုံးဝ ပြန်လည့် မသွားခဲ့မိတာကို သူ့မျက်စိထဲက မထွက်တော့။ ကားကလေး သူ့မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားပြီးဆိုမှ သူ့ကို တစ်စုံ တစ်ရာက နှိုးဆော်တိုက်တွန်းလိုက်သလို သူ အိမ်ပေါ်ထပ်ကနေ ဒရောသော ပါး ပြေးဆင်းလာခဲ့မိသည်။ ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီ။ လူ တစ်ယောက် မှ မရှိ။ သူခြံထဲအထိ ဆက်ပြေးဆင်းခဲ့သည်။ ခြံတံခါးကို တွန်းဖွင့်ကာ လမ်းသွယ်လေး အတိုင်း သူ ဆက်ပြေးဆင်းလာခဲ့မိပါသည်။ သူ့ ရင်တစ်ခုလုံး ဝုန်းဒိုင်းကြဲဗြောင်းဆန်လို့။ လမ်းသွယ်ကနေ လမ်းမကြီးပေါ်သို့ ရောက်လာခဲ့ပြီ။ သူတို့ ကားကလေး ဘယ်ဘက်ကို ထွက်သွားခဲ့ပါသလဲ။ သူ မမြင်ရတော့။ ကားနံပါတ်ကို သူ မမှတ်မိ။ ကးအဖြူရောင် တွေ မှ အများ ကြီး။ လေဆိပ်ဘက်ကို ဘယ်လိုသွားရသလဲ၊ လမ်းတွေ ကို သူ တကယ်မမှတ်မိတော့ပါလား။ တက္ကစီငှားရမလား။ သူ့မှာ ပိုက်ဆံလည်းမပါ၊ ဖိနပ်ပင် ပါမလာခဲ့။ ကားတွေ သွားနေသော လမ်းကြောင်းအတိုင်း သူ ဆက်ပြေးလာခဲ့မိသည်။ လမ်းဆုံလမ်းခွတစ်ခုရောက်လျှင် သူ ဘက်ဘယ်ဆင်းသွားရမလဲဆိုတော့ မသိတော့။ ထင်မြင်ရာ အတိုင်း စွတ်ရွတ်ဆက်ပြေးနေမိသည်။ ရင်တစ်ခုလုံး လှိုင်းထန်ကာ မောဟိုက်တုန်ယင်လာတဲ့အထိ သူ မရပ်မနား ဆက်ပြေး မိပါသည်။ သူ့ကိုယ်သူ ရူးသွားသလိုလည်း ခံစားမိသည်။
ဘယ်ဘက်မှာ ရှိနေမယ်မှန်း မသိသော လေဆိပ်သို့ မရောက်မချင်း ပြေးနိုင်သလောက် သူ ဆက်ပြေးနေဦးမည် ။ နောက်ဆုံး အမော့ဆို့ကာ လဲကျသွားရင် သွားပါစေတော့။ ညီမလေးရဲ့ မျက်နှာကလေးကို နောက်ဆုံး အခွင့်အရေး အ ဖြစ်တော့ တစ်ကြိမ်လောက် သူ မြင်တွေ့ ချင်နေခဲ့သည်။
“ညီမလေးရေ … မင်းကို ငါ သိပ်ချစ်လွန်းလို့ ငါ့ရင် အကွဲခံပြီး စွန့်လွှတ်လိုက်တာပါ”
သူပြေးနေရင်း အဲဒီ စကားကိုပဲ ထပ်တလဲလဲ တဖွဖွ ရွတ်ဆိုနေခဲ့မိလေသည်။ သူရင်ထဲမှာ နောင်တမပါသော နာကျင် ခြင်းတွေ အပြည့်အသိပ် …။
* * * * *
အခန်း(၁၃)
“နောက်'၇'နှစ် ကြာသော အခါ …”
ပထမဆုံးအကြိမ် မြန်မာပြည်ကို ခြေချမိချိန်တွင် ပန်းရင်တစ်ခုလုံး ရုတ်တရက် ချက်ချင်း အုံ့အုံ့ပျပျ လွမ်းလွမ်း ဆွတ်ဆွတ်ကြီး ခံစားလိုက်ရတာ ဆို့ဆို့ကျင်ကျင် နာကျင်မှု နှင့် စိတ်လှုပ်ရှား ရင်ခုန်မှု တို့ဖြင့် နှလုံးသားတစ်ခုလုံး ဗြောင်းဆန် အောင် လှုပ်ခါလာခဲ့သည်။ မျက်ဝန်းတွင် မျက်ရည်တို့ ချက်ချင်း စွတ်စို ပြည့်ဝိုင်းလာသော ပန်းကို ခင်ပွန်း ဖြစ်သူက ပခုံး ကလေး ပွေ့ဖက်ပွတ်သပ်ပေးကာ နှစ် သိမ့်ပေးသည်။ ကြင်နာယုယတတ်လွန်းသော ၊ ဂရုတစိုက် ရှိတတ်လွန်းသော ၊ နှစ် သိမ့်အားပေးတတ်လွန်းသော ၊ ပန်းအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာရော၊ ဘဝတိုးတက်ရာလမ်းကြောင်းမှာ ပါ ကြီးမားစွာ ထောက်ပံ့မြှင့်တင့်ပေးတတ်လွန်းသော ခင်ပွန်း တစ်ယောက် ကို ရခဲ့သည့်အတွက် ပန်း အလွန်ကံကောင်းခဲ့ပါသည်။ သူ့ရဲ့ ဦးဆောင်ညွှန်ပြမှု အောက်တွင် ပန်း၏ ကြိုးစားအားထုတ်မှု တို့ ခရီးရောက်ခဲ့ရသည်။ ၇နှစ် လုံးလုံး ပန်း နေ့နေ့ညည မနားတမ်း ကြိုးစားခဲ့ရသည်။ ဆရာဝန် တစ်ယောက် ဖြစ်ဖို့ဆိုတာ တော် ရုံတန်ရုံ ဇွဲသတ္တိမျိုး ကြိုးစားအားထုတ်မှု မျိုးနှင့် မ ဖြစ်နိုင်ပါ။ ပန်းကိုယ်တိုင်က ဆရာဝန် ဖြစ်အောင် လုပ်မယ် … ဟူသော ပန်းတိုင်အတိုင်း ဇွဲနပဲကြီးစွာ စွမ်းစွမ်းတမံ ကြိုးစားခဲ့လွန်း၍ ဆေးကျောင်းတက်ခွင့်ရခဲ့ကာ ဆရာဝန် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ အခုတော့ F1 ဟုခေါ်သော Foundation 1 ဆရာဝန် ပေါက်စ,ကလေး ဖြစ်ခဲ့ပြီ။ ခွင့်ရက်တွေ ကို စုထားပြီး မြန်မာပြည်ပြန်ဖို့ကိုသာ စိတ်ဇောထက်သန်လွန်းနေသော ပန်းကို နရသူ ကိုယ်တိုင် ပြန်လိုက်ပို့ပေးခဲ့ခြင်းလည်း ဖြစ်သည်။
လေဆိပ်မှာ လာကြိုနေသော မေမေ့ကို အားပါးတရ ပြေးဖက်ထားမိသည်မှာ အကြာကြီး။ တော် တော် နှင့် ပြန်မလွှတ် မိ။ တင်းတင်းကြပ်ကြပ်ကြီး ဖက်ထားမိရင်း ကလေး တစ်ယောက် လို မျက်ရည်တွေ ကျမိလေသည်။
“ကိုကိုရော မေမေ … ကိုကိုရော …”
“အိမ်မှာ ကျန်ရစ်ခဲ့တယ် သမီးရဲ့ ၊ သူ မလိုက်ချင်ဘူးတဲ့”
၇ နှစ် အတွင်းမှာ ကိုကို့မှတ်ဉာဏ်တွေ သိသိသာသာပင် လျော့ပါးလို့ သွားခဲ့ပြီ။ အင်္ဂလန်ကနေ ပန်း ဖုန်းဆက်တဲ့အခါ ဖြစ်စေ၊ Skype ဖြင့် video call လုပ်သည့်အခါ ဖြစ်စေ၊ ကိုကိုနှင့် စကားပြောလျှင် ပန်းကချည်း ကရားရေလွှတ် တတွတ်တွတ် ပြောရသူ၊ မှာ ရသူ ဖြစ်သည်။ ကိုကိုက စကားတစ်ခွန်းမှ ပြန်ပြောတတ်တာ မဟုတ်။ စိတ်မရှည်လျှင် ထ,ရင် ထထွက်သွားချင် သွားတတ်သေးသည်။ တစ်ခါတစ်လေ စကားမပြောချင်ဘူး … ဟု ငြင်းဆန်ကာ ရှောင်ချင်ရှောင်နေတတ်ပြန်သည် …။
“ကိုကို နေကောင်းရဲ့ လား မေမေရယ်၊ ပန်း တွေ့ ချင်လှပြီ”
“တွေ့ ရမှာ ပေါ့ သမီးရယ်၊ စိတ်အေးအေးထားပါဦး”
ပန်းတို့ မြန်မာပြည်ကနေ အင်္ဂလန်ကို ထွက်သွားသော နေ့က မေမေ့ကား လေဆိပ်ကနေအပြန် ပလက်ဖောင်း ဟိုဘက်မှာ တစ်ယောက် တည်းပြေးနေသော ကိုကို့ကို တွေ့ လိုက်စဉ် မေမေ လန့်ဖျပ်ရှော့(ခ်)ရကာ ရင်ကွဲပက်လက် ဖြစ်ခဲ့ဖူး တာကို တော် တော် လေးကြာမှ ပန်းကို ပြန်ပြောပြခဲ့တာကို ပန်း ခုချိန်ထိ မမေ့တော့ပါ။ ကိုကို့ရင်ထဲမှာ ကိုကိုပြောမပြတဲ့ သံယောဇဉ် တွယ်တာခြင်းတွေ အမြစ်တွယ် ရှင်သန်ဆဲပဲဆိုတာကို ပန်း အကြွင်းမဲ့ ယုံကြည်ထားခဲ့ပါသည်။
အိမ်သို့ ရောက်ရောက်ချင်း ကားတောင် သေချာမရပ်သေးခင် ပန်း ကမန်းကတန်းဆင်းခဲ့သည်။
“ကိုကိုရေ ကိုကို…”
ကိုကို့အခန်းထဲသို့ တန်း၍ ဝင်လာခဲ့မိသည်။ ပန်းကပ်ပေးထားခဲ့သော စတစ်ကာလေးတွေ နံရံအနှံ့မှာ ရှိတုန်း။ ကိုကိုကဆိုဖာတစ်ခုတွင် ထိုင်ကာ အဝေးကြီးဆီ ငေးကြည့်နေသည်။ ကိုကို့အတွက် သူနာပြုဆရာမ တစ်ယောက် နံဘေးမှာ နေ့နေ့ညည အမြဲထားထားရပါပြီ။ မေမေ့ကိုပင် ကိုကို မမှတ်မိတော့ပါတဲ့။ နေ့စဉ် ကိုကို့တာဝန်တွေ ကို သူနာပြုလေးတွေ ကပဲ လုပ်ကိုင်ပေးရသည်တဲ့။
“ကိုကို ပန်း ပြန်ရောက်လာပြီ၊ ပန်းကို မှတ်မိရဲ့ လားဟင်”
ပန်းက ကိုကို့ရှေ့မှာ ဒူးထောက်ထိုင်ချလိုက်ရင်း အငမ်းမရ မေးလိုက်မိသည်။ ပန်းကို လှမ်းကြည့်လိုက်တော့ မျက်လုံးတွေ က တောက်ပထက်သန်မှု တွေ ပျောက်ဆုံးလို့ ပါ။ ထိုမျက်ဝန်းတွေ ဆီက သူစိမ်း တစ်ယောက် ကို ကြည့်သလို ကြည့်လိုက်သော အကြည့်စိမ်းတစ်ချက်က ပန်းရဲ့ နှလုံးသားကို ဓားချွန်ချွန်ဖြင့် ထိုးစိုက်ကာ မွှေနှောက်ဖွရွပစ်လိုက်သလိုပင် အသည်းခိုက်နာကျင်သွားခဲ့ရပါသည်။
“မမှတ်မိဘူး … ဘယ်သူလဲ?”
“ပန်းလေ ကိုကိုရယ်၊ ကိုကို့ညီမလေးလေ၊ ကိုကိုက ဆရာဝန် ဖြစ်အောင် လုပ်ဆိုလို့ ပန်းကြိုးစားခဲ့ရတာ ၊ အခု ပန်း ဆရာဝန် ဖြစ်ခဲ့ပါပြီ ကိုကို၊ ကိုကို့ကို လွမ်းလွန်းလို့ ပန်း ပြန်လာတာပါ”
“အေး … ကိုယ်လည်း အိမ်ပြန်တော့မယ်၊ ဘယ်နှနာရီ ရှိပြီ”
ကိုကိုက ဖျတ်ခနဲ ထ,ရပ်ကာ အခန်းထဲကနေ ထွက်ဖို့ ပြင်လိုက်သဖြင့် သူနာပြုလေးက ထ,လိုက်ဖို့ ကြိုးစားသည်ကို ပန်း မျက်ရိပ်ပြကာ တားမြစ်လိုက်ပါသည်။
“ပန်း လိုက်ပို့ပေးမယ်နော် ကိုကို …”
ဟုဆိုပြီး ကိုကို့လက်တစ်ဖက်ကို ဆွဲကိုင်ထားလိုက်သည်။ ကိုကိုက ရုန်းမထွက်ပါ။ အသာတကြည်ပင် လက်ချင်းတွဲ ၍ ဆင်းလာခဲ့သည်။ ခုနှစ် နှစ် အတွင်းမှာ ရောဂါ ၏ ဖိစီးနှိပ်စက်မှု ဒဏ်ဖြင့် ကိုကို အတော် ရုပ်ကျသွားခဲ့ပြီ။ ဟိုးအရင်က ထက်မြတ်တော် လွန်းသော လူ တစ်ယောက် နှင့် အခု မျှော်လင့်ချက်တွေ ၊ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားခဲ့သော လူ တစ်ယောက် သည် တခြားစီ တစ်ယောက် စီ ဖြစ်နေသည်။
ဧည့်ခန်းထဲမှာ မေမေနှင့် နရသူက စကားကောင်းနေရင်းကနေ ပန်းတို့ကို လှမ်းကြည့်သည်။ ပန်းက မျက်ရိပ်ကလေး သာ ပြခဲ့ကာ ကိုကိုနှင့် ဆက်လျှောက်လာခဲ့သည်။
“ဖိနပ်စီးဦးလေ ကိုကို …”
ပန်းက ကိုကို့ဖိနပ်လေးကို ကိုကို့ရှေ့မှာ ချပေးတော့ အသာအယာပင် စီးလိုက်သည်။ ကိုကို့လက်ကလေးကို ခုလိုကိုင်ထားခွင့်ရတာ ကို ပန်း ဘယ်လိုနှစ် ခြိုက်မိမှန်းမသိ။ ငယ်ငယ်တုန်းက စည်းကမ်းအလွန်တင်းကြပ်ခဲ့သော ကိုကို့ကို အရှိန်အဝါကြီးတစ်ခုဖြင့် ပန်း အမြဲ ချစ်ကြောက်ရိုသေခဲ့ရပါသည်။ ခုတော့လည်း အဲဒီ ကိုကိုဟာ သူ မဟုတ်တော့သလို ကလေးလေး တစ်ယောက် လိုပင်။
လက်ချင်းတွဲရက်သားကလေး ခြံထဲမှာ ဆက်လျှောက်နေကြသည်။ ကိုကိုက တံခါးဖွင့်ပြီး အပြင်သို့ ဆက်ထွက်တာ ကို ပန်း မတားရက်သဖြင့် ဆက်လျှောက်ခဲ့မိကြသည်။
“ကိုကို့မှာ သိပ်ချစ်ရတဲ့ ညီမလေး တစ်ယောက် ရှိဖူးလားဟင် ? …”
ဟု ပန်းက ဇွဲမလျှော့ဘဲ ဆက်မေးလိုက်မိသည်။ ကိုကိုက ခေါင်းညိတ်ပြပါသည်။ ဘာပဲ ဖြစ် ဖြစ် ပန်း အရမ်းပျော်သွား မိတာတော့ အမှန်ပါ။ ပန်းကို ကိုကိုမှတ်မိသည် ဖြစ်စေ၊ မမှတ်မိတော့သည် ဖြစ်စေ ကိုကို့ရင်ဘတ်၏ ဘယ်ဘက်တစ်နေရာ တွင် ပန်း နေထိုင်ခွင့်ရဖူးခဲ့သည်ဆိုလျှင်ပင် ပန်း ကျေနပ်နှစ် သိမ့်လိုက်နိုင်ပါသည်။ အချစ်ဆိုသော အရာက တစ်ခါတစ်ရံ တော့ ဖွင့်ဟဝန်ခံပြလိုက်ခြင်းထက် နှလုံးသားထဲမှာ အနက်ရှိုင်းဆုံး လုံခြုံစွာ သိမ်းဆည်းသိုဝှက်ထားခဲ့မယ်ဆိုလျှင်တောင် ပို၍ အဖိုးအနဂ္ဃထိုက်တန်နေပါသေးသည်။
စိတ္တသုခ၊ ကာယသုခဖြင့် ပြည့်စုံနိုင်ကြပါစေ . . .
မေတ္တာအားဖြင့် . . .
* * * * *
အခန်း(၂)
ကျောင်းတွေ ပြန်ဖွင့်ချိန်မှာ ပန်း ခြောက်တန်းစ, တက်ခွင့်ရပါသည်။ ရောက်စ,က ရွာကလေးကို လွမ်းလွန်းလှပေမယ့် ခုတော့ ကြီးကြီးပြောသလိုပင် နေသားတကျ ဖြစ်ခဲ့ပြီ။ ကြီးကြီးတို့က မျှော်လင့်ထားတာထက်တောင် ပို၍ ချမ်းသာကြွယ်ဝ လွန်းပါသည်။ ကြီးကြီးရဲ့ ခင်ပွန်း ဘဘက အခန်းထဲကနေ အပြင်သိပ်မထွက်။ သူနာပြုဆရာမ တစ်ယောက် နေ့ညမပြတ် ထားပေးထားရသော အယ်လ်ဇိုင်းမားဝေဒနာသည် တစ်ယောက် ဖြစ်သည်။ ပန်းသိပ်နား မလည်ပေမယ့် ကိုကိုရှင်းပြ သလောက်တော့ မှတ်ဥာဏ်တွေ ချွတ်ယွင်း မေ့လျော့လာသော ရောဂါ တစ်မျိုးဟု အကြမ်းဖျင်းသိခွင့်ရပါသည်။ မိသားစု ကိုပင် တစ်ခါတစ်ရံ မမှတ်မိတော့ပါတဲ့။ အစစ အရာရာ အားလုံးကို မေ့လျော့နေခဲ့ပြီ။
ဒီအိမ်ကြီးကို ရောက်ပြီးကတည်းက ပန်းက အလိုက်တသိ လိမ္မာပါးနပ်စွာ နေတတ်သူမို့ ကြီးကြီးနှင့် လည်း အလွမ်းသင့်သလို ကိုကို့ရဲ ပုံဖော်ထုဆစ်စရာ ပုံကြမ်းကလေးလည်း ဖြစ်လာခဲ့သည် ဆိုပါစို့။ ပန်းက ကိုကို့ကို အထင်ကြီး လေးစားသလို ကိုကိုပုံသွင်းအမိန့် ပေးသမျှကိုလည်း ကျေနပ်စွာ နာယူဖို့ အဆင်သင့်။ ပန်းကို ကိုကိုလည်း ကျေနပ် အထင်ကြီးစေချင်သော ဆန္ဒကလေး ပန်းရင်ထဲမှာ ဘယ်အချိန်ကတည်းက အမြစ်တွယ်စွဲကပ်ခဲ့သည်မသိ။ ကိုကို သဘောကျ ကျေနပ်အောင် မျက်နှာလုပ်ရတာ အမော။
ဆရာဝန် တစ်ယောက် လည်း ဖြစ်သလို ကိုယ်ပိုင်ဆေးခန်းကြီးတစ်ခုလည်း ဖွင့်ထားခဲ့သော ကိုကို့ကို ပန်း အရမ်း အထင်ကြီး လေးစားရလွန်းသည်။ သူ့လိုတော် ချင်ကာ သူ့လိုအလုပ်တွေ များ ချင်သည်။ ကြည့်ပါဦး …. ကိုကို့အသက်ဟာ ခုမှ နှစ် ဆယ့်ခြောက်နှစ် ပဲ ရှိသေးတာ။ ဧရာမ လူကြီး တစ်ယောက် လိုပင် ကိုယ်ပိုင်ဆေးခန်းတစ်ခုကို ဦးဆောင်ဖွင့်ထားနိုင်ပြီ။ ပန်းနှင့် ဆို အသက် ဆယ့်ငါးနှစ် ကွာသော ကိုကို့ကို ပန်းက လေးစားအထင်ကြီးလွန်းရသော ဆရာတစ်ဆူသဖွယ် ကိုးကွယ် ဆည်းကပ်မိပါသည်။ ကိုကို ဘာခိုင်းမလဲ…. အရိပ် ကြည့်ကာ ခိုင်းသမျှကို တသဝေ မတိမ်း လုပ်ဆောင်ပေးရတာ ကို ပန်း ကျေနပ်၏ ။ ကိုကိုရဲ့ တင်းကြပ်သော စည်းမျဉ်းစည်းကမ်းတွေ ကိုလည်း ပန်းနာခံလိုသည်။ ကိုကို့ရဲ့ “ ညီမလေး ” ဟု ခေါ်သံကို မက်မက်မောမော တန်ဖိုးထားကာ စွဲလန်းမိပါသည်။
“ဘဝမှာ အနိုင်ရယ် အရှုံးရယ် နှစ် မျိုးပဲရှိတယ် ညီမလေး၊ နိုင်ချင်ရင် သူများ ထက် နှစ် ဆပိုကြိုးစားရမယ်၊ ဘယ်တော့ မှ အရှုံးမပေးရဘူး ကြားလား၊ ညီမလေးအတွက် ကိုကို အချိန်ဇယားဆွဲပေးထားမယ်၊ အဲဒီ အတိုင်း လိုက်နာနိုင်ရမယ်၊ ကျောင်းဖွင့်တာနဲ့ စာတွေ ကို တစ်နေ့စာတစ်နေ့ မှန်မှန်ကျေညက်နေအောင် ကျက်ရမယ်၊ ပြင်ပ ဗဟုသုတ စာဖတ်ချိန်… လေ့ကျင့်ခန်းလုပ်ချိန်ဇယားနဲ့ စနစ်တကျ ကြိုးစားလာခဲ့လို့ အခု ဒီအရွယ်မှာ ဒီလိုအောင်မြင်မှု မျိုးကို ပိုင်ဆိုင်ထားနိုင်တာ၊ ညီမလေး ပညာတတ် ဖြစ်ချင်တာမှတ်လား၊ အမြဲတမ်း ပထမရနေအောင် ကြိုးစား …..၊ အဲဒါ ကိုကို့ရဲ့ မူပဲ …..”
ဟု ဆိုကာ ပန်းအတွက် အချိန်ဇယားဆွဲပေးခဲ့ပါသည်။ ပန်းက ကျေကျေနပ်နပ်ပင် လိုက်နာခဲ့သည်။ ကျောင်းမဖွင့်ခင် ကတည်း က ကိုကိုပေးထားသော စာအုပ်တွေ ၊ လေ့ကျင့်ခန်းတွင် ၊ အင်္ဂလိပ်စာအုပ်တွေ ၊ သင်္ချာပုစ္ဆာတွေ ၊ အလီဇယားတွေ နှင့် ပန်းလုံးထွေးနေခဲ့ရ သည်။ ကိုကို့စနစ်က ဆုပေး၊ ဒဏ်ပေး စနစ် ဖြစ်သည်မို့ ကိုကို့ဆီမှ ဆုတွေ ကို လိုချင်မက်မောစွာ နှင့် ပန်း အရွယ်နှင့် မလိုက်အောင်ပင် အဆမတန် ကြိုးစားခဲ့ရပါသည်။
“ သားရယ်…. ကလေးကို ဇွတ်အတင်း Push မလုပ်ပါနဲ့ ကွယ်၊ သားစိတ်ကြိုက် ပုံသွင်းယူနေမှန်း မေမေ သိပါတယ်၊ ဒါပေမယ့် ကလေးက လန့်သွားဦးမယ်၊ သူ့ခမျာ ပညာသင်ချင်လွန်းလို့ မေမေတို့နဲ့ အားကိုတကြီး လိုက်လာရှာတာလေ၊ သား သူ့ကို ကိုင်တွယ်တာ သိပ်များ ပြင်းထန်လွန်းနေသလားလို့ ”
ကြီးကြီးကပင် သူ့သားကို ကြိတ်ပြီး သတိပေးသူရတဲ့အထိ။ ထမင်းစားရင်း ပြောခဲ့တာမို့ ပန်းလည်း ကြားခွင့်ရပါ သည်။ ကိုကို့အပြုံးက ခေါင်းမာသူ တစ်ယောက် ၏ အပြုံးမျိုးဟု ပန်းထင်သည်။
“ မေမေကလည်း ….. အိုးကောင်းကောင်းတစ်လုံးရဖို့ နာနာရိုက်မှ တော် ရုံကျမှာ လေ၊ သူက ပညာသင်ချင်တာ၊ ဒီလောက်တော့ ကြိုးစားရမှာ ပေါ့၊ အားလုံးနဲ့ ယှဉ်ရင် သူထိပ်ဆုံးရောက်နေမှ ကျွန်တော် ကျေနပ်မှာ ၊ သူ့ကို ဖြစ်နိုင်သရွေ့ အစွမ်းကုန်တော့ ကျွန်တော် ပုံသွင်းပေးမှာ ပဲ ”
“အင်း…. မင်းကလည်း မင်းအဖေနဲ့ တစ်လေသံတည်းကို ထွက်နေတော့ပါလား ရွယ်ရည်… ရယ်၊ မင်းတုန်းကလည်း မင်းအဖေ ပုံသွင်းယူခဲ့တာ အဲဒီ အတိုင်းပဲ၊ စည်းကမ်းတင်းကြပ်လွန်းလို့ မေမေ့မှာ အသက်ရှူရကြပ် ရင်မောခဲ့ရတာ ၊ အခုတစ်လှည့်လာပြန်ပြီ၊ ပန်းသတင်းကို ရွှံ့စေးတုံးတစ်တုံးရသလို မင်းစိတ်ကြိုက် ပုံသွင်းထုဆစ်တော့မှာ ကို မေမေမြင်ယောင်နေသေးတော့တယ်ဟေ့”
“ မေမေ သဘောပေါက်သားပဲ၊ တွေ့ လား၊ ညီမလေး၊ မင်းကြီးကြီး ဆူတာကို ခံပြီးတော့ကို မင်းကို ကိုကို စိတ်ကြိုက် ပုံသွင်းယူမှာ ၊ မင်း ကြိုးစားဖို့ပဲ လိုတယ်”
“ ဟုတ်ကဲ့ပါ ကိုကို ….”
“ တွေ့ လား…..၊ လိုက်လည်းလိုက်တဲ့ ဆရာတပည့်ပါလားအေ ”
ကြီးကြီး၏ စိတ်ပျက်ညည်းညူဟန်ကို ပန်း သဘောကျစွာ ရယ်မိပါသည်။ ပန်းကိုက ကိုကိုဆိုတဲ့ ပန်းပုဆရာကြီး ရဲ့ လက်နဲ့ စိတ်ကြိုက်ထုဆစ်ပုံ သွင်းတာကို ခံယူချင်လွန်းလှတဲ့ ရွှံ့စေးတုံးကလေး ဖြစ်နေတာကို ကြီးကြီးမှ မရိပ်မိခဲ့ဘဲလေ။
ကားကို ကျောင်းရှေ့မှာ ရပ်ပေးလိုက် ပြီး ကျောင်းစိမ်းဝတ်စုံကလေးနှင့် တက်ကြွရွင်လန်းစွာ ပြုံးပြနှုတ်ဆက် ထွက်ခွာသွားသော သူငယ်မလေးကို မျက်စိတဆုံးငေးကြည့်ကျန်ခဲ့ရင်း သူ့နှုတ်ခမ်းက သူငယ်မလေးကို မျက်စိတဆုံး ငေးကြည့်ကျန်ခဲ့ရင်း သူ့နှုတ်ခမ်းက အလိုလိုပြုံးရိပ်သမ်းနေခဲ့တာကို သူကိုယ်တိုင်ပင် သတိမထားမိခဲ့။ ဆံပင်ရှည်နှစ် ဖက် ကျစ်ဆံမြီးရှည် နှစ် ဖက်ခွဲချည်ကာ ရင်ဖုံးအဖြူလွလွ ထဘီအစိမ်းကလေးနှင့် ထိုမိန်းကလေးကိုသူ အချိန်တိုတိကလေး အတွင်းမှာ ပင် သံယောဇဉ် ဖြစ်လွယ်လွန်းခဲ့သည်။ နုနယ်ပျိုမျစ်ငယ်ရွယ် လွန်းသည်နှင့် မလိုက်အောင် အလိုက်သိလွန်း၊ ရင့်ကျက်လွန်းကာ သူ့အလိုကျ နာခံတတ်လွန်းသူကလေးမို့လည်း သူ စေတနာပိုခဲ့ခြင်း ဖြစ်သည်။ သူ့စကားတစ်ခွန်းဆို အမိန့်တစ်ခုကို နာခံတတ်တာကလေးကိုက ချစ်စရာအကောင်းဆုံး စရိုက်ကလေး ဖြစ်သည်။ သူဆွဲပေးသော အချိန်ဇယား အတိုင်း တစ်သဝေမတမ်း လိုက်နာနိုင်စွမ်းရှိသည်။ ရေသာမခို မပျင်းမရိ၊ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုး မလုပ်တတ်သော ကောင်မလေး။ မျက်လုံးတောက်တောက် ရွှန်းစိုစိုကလေးတွေ နှင့် သူ့ကိုလေးစားအထင်ကြီးစွာ ကြည့်တတ်သော သူငယ်မလေး။ တစ်ခါမှညီမလေးရယ်လို့ မရှိခဲ့ဘဲ ရုတ်တရက်ကောက်ရသလို ရရှိလိုက်သော ညီမထွေးကလေး တစ်ယောက် လို သူမကို သံယောဇဉ်တွယ်မိလေသည်။
စာအုပ်ဆိုင်တွေ ဆီရောက်လျှင် သူမအတွက် သင့်တော် မည့် စာအုပ်တွေ ရှာဖွေဝယ်ယူရသော အလုပ်တစ်ခု သူ့မှာ ပိုလာခဲ့ပေမယ့် ဒါကိုဝန်တစ်ခုအနေဖြင့် သူမခံယူ။ ဆယ့်တစ်နှစ် အရွယ် ကလေးမလေးတွေ ရဲ့ အသုံးအဆောင်ကလေး တွေ ကို သူမကိုဆုချဖို့ အတွက် သူဝယ်ယူတတ်လာသည်။ ခေါင်းစည်းကလစ်လှလှကလေးတွေ ၊ ဖိနပ်ကလေး၊ ဂါဝန်လှလှ ကလေး….. စသဖြင့် ပေါ့လေ။
အရင်က သူဆေးခန်းမှာ ပြန်လာလျှင် တကူးတကရယ်လို့ ဆီးကြိုမည့် သူမရှိခဲ့ပေမယ့် ခုတော့ အင်မတန် ဖားတတ်သော ဒီကောင်မလေးက သူပြန်အလာကို ခြံဝကနေထွက်ပြီး ကြိုတတ်ပြီး သူ့အတွက် အမောပြေသစ်သီး ဖျော်ရည်အေးအေးကလေး အသင့် ဖျော်ထားတတ်သူ……။ သူက ကျောင်းပို့ရုံသာပို့ထားခဲ့ပြီး ကျောင်းဆင်းလျှင်တော့ အိမ်က ဒရိုင်ဘာကပဲ ကြိုပေးတတ်သည်။ သူ့ဆေးခန်းက အပြန်ဆို နောက်ကျတတ်သော ကြောင့် ဖြစ်သည်။
တကယ်တော့လည်း သူ့ဘဝက ထူးထူးခြားခြား စိတ်ဝင်စားစရာရယ်လို့ မရှိခဲ့တာပါ။ အချိန်ဇယားနှင့် စနစ်တကျ ကြိုးစားရင်း ကြီးပြင်းခဲ့ရသူမို့ လူက စက်ရုပ်တစ်ရုပ်ပုံ ထွက်နေခဲ့တာ။ ကျောင်းတက်တုန်းကလည်း စာမှစာ။ စာနှင့် အားကစားကိုသာ စိတ်ဝင်စားခဲ့သူမို့ နှလုံးသားရေး ရာကိစ္စတွေ ကို သူစိတ်ကိုမဝင်မစားနိုင်ခဲ့တာပါ။ မိန်းကလေးတွေ ကို အချိန်မပေးနိုင်တာကြောင့် လည်းပါမည် ။ သူ့မှာ ရည်မှန်းချက်တွေ က အပြည့်။ ဆရာဝန်ဘွဲ့ရပြီးတော့ အလုပ်တစ်ဖက်နှင့် Private Clinic တစ်ခုစတင်ဖွင့်လှစ်နိုင်အောင်သူကြိုးစား အားထုတ်ခဲ့သည်။ Clinic ဖွင့်နိုင်ခဲ့တာ တစ်နှစ် ပင် မပြည့်သေးပါ။ ခုချိန်ထိ သူကြိုးစားဆဲ . . . အောင်မြင်မှု အတန်အသင့် ရနေပြီ ဖြစ်ပေမယ့် သူမကျေနပ်နိုင်သေးပါ။ လုပ်စရာတွေ အများ ကြီးပဲ သူ့မှာ ရှိသေးသည်။ သူပြောချင်တာက စက်ရုပ်တစ်ရုပ်လို သူ့ဘ၀ရဲ့ ပုံမှန်လည်ပတ်မှု တွေ ထဲမှာ “ပန်းသတင်း”ဆိုသော သံယောဇဉ်ပွင့် ကလေးတစ်ပွင့် စတင်ဖူးပွင့်သက်ဝင်လှုပ်ရှားလာခဲ့ခြင်းကို ဖြစ်သည်။ တခြားမိန်းကလေးတွေ ကို အချိန်မပေး ချင်လို့ကို ချစ်သူရည်းစားမထားခဲ့ပေမယ့် ဒီကောင်မလေးကိုကျ သူ့ညီမအထွေးဆုံးကလေးကို သံယောဇဉ်ပိုကာ အချိန်ပေး မိမှန်းမသိ ပေးတတ်လာခဲ့မိခြင်း ဖြစ်သည်။
* * * * *
အခန်း(၃)
ဒီနေ့တော့ ခါတိုင်းထက်ပို၍ တစ်နာရီလောက်စောကာ ပန်းအိပ်ရာက ထပါသည်။ အလွတ်ရနေပြီ ဖြစ်သော ကိုကိုဆွဲထားပေးသည့် ပန်း၏ စာကြည့်စားပွဲရှေ့နံရံမှာ ကပ်ထားသော အချိန်ဇယားအတိုင်း မနက်အိပ်ရာထသည်နှင့် အိပ်ရာ သိမ်းပြီးလျှင်သွားတိုက်၊ မျက်နှာသစ်ကာ ဘုရားခန်းသို့ တန်းဝင်ရပါသည်။ ဘုရားဆွမ်းတော် တို့ . . . ရေချမ်းဆီမီးတို့ကိုတော့ ကြီးကြီးပဲပုံမှန်ကပ်လေ့ရှိမြဲ။ ပန်းက ဘုရားရှိခိုးအမျှဝေ မေတ္တာပို့ပြီး ဆယ်မိနစ်တရားထိုင်ရသည်။ အလွန်တိကျသော ကိုကို့ရဲ့ အချိန်ကကွက်တိ။ ပြီးလျှင် ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပြီး နံနက်ခင်းစာစားချိန်။ ပန်းက လေ့ကျင့်ခန်း အရင်လုပ်ပြီး မိုးဖိုဆောင်ဘက်သို့ ခပ်သွက်သွက်ကလေး ထွက်လာခဲ့သည်။ တစ်နာရီစောပြီး နှိုးစက်ပေးကာ ထ,ထားသူမို့ ဒေါ်ကြီးပင် ဘာမှ မပြင်ဆင်ရသေး။
“ဟဲ့ . . . ကလေးမ၊ စောလှချည်လား . . . ဗိုက်ဆာပြီလား”
“ဟုတ်ပါဘူး ဒေါ်ကြီးရဲ့ ၊ ဒီနေ့ ကိုကို့အတွက် ပန်းကိုယ်တိုင်ထမင်းကြော်ပေးမလို့၊ ကာဖီရည်လည်း ပန်းပဲ ဖျော်မယ်နော်၊ ဒေါ်ကြီး ပန်းကို သင်ပေး”
“အံမယ် . . . ထူးထူးဆန်းဆန်းပါလားအေ့၊ သင်ပေးပါ့မယ်တော် ၊ ကျုပ် သက်သာတာပေါ့”
ထမင်းကြော်တာ ကတော့ ပန်းအတွက် လွယ်ကူပါသည်။ ဘုန်းကြီးကျောင်းမှာ နေတုန်းက ဘုန်းကြီးတွေ ကို အာရုံဆွမ်းကပ်ဖို့ အတွက် ပန်းပဲကြော်ပေးရတာ လေ။ ပဲငံပြာရည်ကလေး၊ ပဲပြုတ်ကလေးတွေ နှင့် အညိုရောင် ထမင်းကြော် ပူပူကလေးကို ပန်းအကြိုက်ဆုံး။ လျှပ်စစ်မီးဖိုနှင့်မို့ မီးမွှေးရတောင် သက်သာသေး။ ဒယ်အိုးထဲ ဆီထည့်၊ ကြက်သွန်နီ ကလေးတွေ ပါးပါးလှီးကာ ကြွပ်ရွနေအောင် အရင်ကြော်ပြီးမှ ပဲပြုတ်နှင့်ထမင်းကို ပဲငံပြာရည်နှင့် အရောင် လှ အောင် နယ်ထားသမျှကို ထည့်ကြော်မွှေပေးရသည်။ ထောပတ်ဆီမွှေးကလေးပါထည့်လျှင် မွှေးပျံ့လို့။ ဒေါ်ကြီးဆီက ကိုကို့အကြိုက် ကော်ဖီနှပ်နည်း၊ ဖျော်နည်းကို လက်တွေ့ သင်ထား ကိုယ်တိုင်ဖျော်ပြီး ထမင်းစားခန်းထဲက စားပွဲပေါ်မှာ အဆင်သင့် ပြင်ဆင်ပြီးချိန်တွင် ပန်းကိုယ်တိုင် ခေါင်းလောင်းကလေး လှုပ်ခါပြီးခေါ်လိုက်သည်။ အချိန်က နံနက်ခင်းစာစားချိန် အတိအကျ။ ခဏနေတော့ ကြီးကြီးနှင့် ကိုကိုဆင်းလာသည်။
“ပန်းက စောလှချည်လား၊ မျက်နှာက ချွေးတဝင်းဝင်းနှင့် ဘာတွေ လုပ်ထားတာတုံး”
“ကိုကို့အတွက် ထမင်းကြော်နှင့် ကာဖီရည် ပန်းကိုယ်တိုင်လုပ်တာ”
ပန်းက ပြုံးစိစိမျက်နှာကလေးဖြင့် ကိုကို့ကို မျက်နှာလိုမျက်ရဟန်ကလေးနှင့် ပြောလိုက်သည်။ ကိုကို့မျက်နှာက ပြုံးသွားသလို ကြီးကြီးက သဘောတကျရယ်မောရင်း . . .
“အောင်မယ် . . . အစ်ကိုကို ကပ်ပြီး ဖားနေပြန်ပြီ၊ ဒီကလေး”
ဟုပြောသည်။ ကိုကိုက ဘာမှမတော့မပြော။ ဒါပေမယ့် ကျေနပ်နှစ် သိမ့်နေသာ မျက်နှာထား ကတော့ ပေါ်လွင်၏ ။ ထမင်းကြော်ကို ပန်းကိုယ်တိုင်ပင် ထည့်ပေးလိုက် သည်။ ကိုကိုက တစ်ဇွန်းစားကြည့်ပြီး . . .
“ဟ . . . တယ်ကောင်းပါလားဟ၊ မွှေးမွှေးလေး . . . ကိုကို့အကြိုက်ပဲ၊ ကျေးဇူးပဲ ညီမလေး”
ဟုပြောရင်း ကော်ဖီကိုပါ မြည်းကြည့်သည်။
“ဒီကောင်မလေး တယ်တော် ပါလား၊ ကော်ဖီလည်း ကောင်းတယ်”
ဟု ချီးကျူးဖော်ရလေသည်။ ကြီးကြီး ကတော့ တပြုံးပြုံး။ စားသောက်ပြီးတော့ စာကျက်ချိန်ရသေးသဖြင့် စာကျက်ကာ ရေမိုးချိုး ကျောင်းဝတ်စုံလဲလှယ်ပြီးသည်နှင့် ပန်းဧည့်ခန်းထဲသို့ ကြိုဆင်းနှင့်သည်။ ကိုကိုစီးနေကျ ကတ္တီပါ အခင်း ဖိနပ်ကလေးကို ထုတ်ယူကာ ဘရပ်ရှ်ကလေးနှင့် ပွတ်တိုက်သန့်စင်ပေးထားပြီး ကိုကိုအသင့်စီးလို့ရအောင် ချထား ပေးလိုက် ၏ ။ ဆေးအိတ်ကလေးဆွဲကာ ဆင်းလာသော ကိုကိုက ဖိနပ်ကလေးဖုန်စင်ပြောင်လက်နေတာကို သတိထားမိသွား ပြီး ပန်း၏ ခေါင်းကလေးကို တစ်ချက်ပုတ်လိုက်သည်။
“ဒီ ကောင်မလေး . . . ဒီနေ့ တော် တော် ထူးခြားနေတယ်ဟ၊
ဘာပူဆာချင်တယ် မသိဘူး၊ သိသိသာသာကို ဖားနေတာ၊
ကဲ ကဲ . . . ကားပေါ်တက်၊ ကားပေါ်ရောက်မှပြော . . .
ဟုတ်လား”
ကိုကိုက ကားကို သူကိုယ်တိုင်ပဲ မောင်းလေ့ရှိသည်။
ဒါရိုက်ဘာမောင်းတာကို ထိုင်ပြီးမစီးတတ် . . . ဟု ပြောဖူးသည်။ ပန်းကရှေ့ခန်းမှာ ဝင်ထိုင်ပြီး ကိုကို့မျက်နှာရိပ် မျက်နှာကဲကို အကဲခတ်ရသေးသည်။ ကြည်ကြည်လင်လင်ပဲမို့ မနက်ဖြန်အတွက် ပူဆာစရာရှိတာလေးကို ဒီနေ့ကြိုပြီး ပူဆာထားဖို့ ဆုံးဖြတ်လိုက်သည်။
“ကဲ . . . ပြော. . . ညီမလေး၊ ကိုကို့ကို ပူဆာချင်တာတစ်ခုခုရှိတယ်မှလား”
ကားမောင်းရင်းမှ ကိုကိုက စ၍ မေးပါသည်။ ပန်းက ကိုကို့ကိုကြည့်ကာ . . .
“ဟုတ် . . . ဟိုလေ မနက်ဖြန် ညနေကျရင် ပန်း သူငယ်ချင်းက မွေးနေ့ပါတီဖိတ်ထားတယ်၊ သူတို့ခြံထဲမှာ ပျော်ပွဲရွှင်ပွဲလုပ်မှာ တဲ့၊ အဲဒါ ပန်းသွားချင်လို့ပါ”
ဟု မရဲတရဲကလေးပြောလိုက်မိသည်။ ကိုကိုက ပန်းကို မကြည့်ပါ။ ကားကိုပဲ အာရုံစိုက်မောင်းနေခဲ့သည်။
“မင်းမေ့သွားပြီလား ပန်း”
“ရှင် . . . ဘာကိုလဲ ကိုကို”
“မင်း ဒီကိုလိုက်လာတာ မွေးနေ့ပါတီပွဲတက်ဖို့လား၊ ပညာသင်ဖို့လားဆိုတာ မေ့သွားပြီလားလို့”
“ပညာသင်ဖို့ပါ ကိုကို”
ပန်း ရိပ်မိလိုက်ပြီ။ မွေးနေ့ပွဲသွားတာ . . . အပျော်အပါးခုံမင်မှာ ကို ကိုကိုမကြိုက်ဘူးဆိုတာကိုလေ။
“အဲဒီ မွေးနေ့ပါတီသွားပြီးရင် ဟေးလားဝါးလား ပျော်မယ်၊ အရည်မရ အဖတ်မရစကားတွေ ပြောကြမယ်။ အပေါ်ယံ အပြင်အဆင် အဝတ်အစားအသုံးအဆောင်တွေ ကြွားဝါမယ်၊ ရယ်ကြမောကြ ကစားကြမယ်၊ အဲဒီ နှစ် နာရီသုံးနာရီကို သွားဖြုန်းမယ့်အစား စာအုပ်တစ် အုပ်ဖတ်မိရင် မင်းအတွက် ပိုအကျိုးရှီမယ် မဟုတ်လား ပန်း၊ မင်းဘာ ဖြစ်လို့ ဘဝမေ့ချင်တာလဲ၊ မင်းဟာ သူဌေးသမီးမဟုတ်ဘူး။ ဘုန်းကြီးကျောင်းကနေ လာခဲ့တာ၊ ပညာသင်ချင်လွန်းလို့ လိုက်လာခဲ့တာ မဟုတ်ဘူးလား”
“ဟုတ်ပါတယ် ကိုကို၊ ပန်း ဘဝမမေ့ပါဘူး”
ကိုကို့စကားသံက ဒေါသသံမပါပေမယ့် စကားလုံးတွေ ကတော့ ဓားအသွားလိုပဲ ပြတ်ရှလွန်းသည်မို့ ပန်း နှလုံးသား ကလေးကို ပါးပါးရှတစေခဲ့ပါသည်။ ဘာကြောင့် မှန်းသိ ရင်ထဲ နာကျင်အားငယ်သွားပြီး မျက်ရည်ဝိုင်းလာခဲ့သဖြင့် အံကြိတ်ကာ မျက်ရည် မကျအောင် ချုပ်ထိန်းထားလိုက်မိသည်။ ပန်း ဘဝမမေ့ပါဘူး ကိုကို။ ပန်း အသက် ဆယ့်တစ်နှစ် ပဲရှိသေးတာ။ သူငယ်ချင်းတွေ နဲ့ ပျော်ရွှင် ရယ်မောရတဲ့ ဘ၀ကလေးကိုတော့ မိန်းကလေးပီပီ ခုံမင်မက်မောမိသေးတယ်လေ။ ဒါကို ကိုကိုမကြိုက်ဘူးဆိုတော့ ပန်းရှောင်ပါ့မယ်။ ကိုကိုက ထပ်ပြီး စကားမဆိုတော့ပါ။ ကိုကို စိတ်ဆိုးသွားပြီလားဟု . . . တွေးရင်း ပန်းမှာ နေမထိထိုင်မသာရှိလှသည်။ ကိုကို့မျက်နှာကို မကြာခဏလှည့်ပြီး အကဲခတ်ရတာ အမောပါ။ ကိုကို့မျက်နှာညိုရင် ပန်းမနေတတ်ပါ။ ကျောင်းရှေ့မှာ ကားရပ်ပေးပြီး နှုတ်မဆက်ဘဲ ကိုကို ကားမောင်းထွက်သွားတော့ ပန်း ရင်ထဲဟာသွားကာငိုချင်သွားမိသည်။ ကံဆိုးချင်တော့ မွေးနေ့ဖိတ်သော သူငယ်ချင်းနှင့် မျက်နှာ ချင်းဆိုင် တိုးမိသည်။
“စကားပွင့် . . . နင့်မွေးနေ့ကို ငါမလာ ဖြစ်ဘူးနော်”
ဟု . . . အားနာသံကလေးဖြင့် လှမ်းပြောလိုက်မိသည်။ စကားပွင့်က နားမလည်သလို မျက်မှော င်ကလေးကုပ်ကာ . . .
“ဘာ ဖြစ်လို့လဲ . . . ပန်းကလည်း . . . လာခဲ့ပါဟာ၊ ဂိမ်း(မ်) တွေ ကစားကြမှာ ဟ . . . ပျော်စရာကြီး၊ နင် လာဖို့ ကားအဆင်မပြေလို့လား၊ ငါ့အိမ်က ကားလွှတ်ကြိုပေးမယ်လေ”
“မဟုတ်ဘူး စကား၊ ငါ့ကိုကိုက ခွင့်မပြုလို့ပါ၊ ငါ့ဘဝက နင်တို့လိုဘဝမျိုးမဟုတ်ဘူး စကား၊ ငါ ပညာသင်ဖို့ ကိုကိုတို့အိမ်မှာ လာနေရတာ ၊ အပျော်အပါးတွေ အတွက် ငါအချိန်ပေးလို့မ ဖြစ်ဘူး”
ကိုကို့စကားအတိုင်းနင်းပြီး ပန်းပြောမိတော့ စကားပွင့်ပင်အမြင်ကတ်သွားပုံနှင့် မျက်စောင်းချီသည်။
“အံမယ် . . . ကြီးကျယ်လိုက်တာ၊ မွေးနေ့ပွဲဖိတ်ရင် လာရတာ ယဉ်ကျေးမှု ဟဲ့၊ နင်မလာလို့ ဘာမှမ ဖြစ် သွားပါဘူး၊ နောက်မဖိတ်ရုံပဲရှိတယ်”
ပန်း အံကြိတ်သံကလေးနှင့် ပြန်ပြောလိုက်ရင်း ချာခနဲ လှည့်ထွက်ခဲ့၏ ။
စာမေးပွဲတိုင်းမှာ ပန်း ပထမရမြဲ ဖြစ်သည်။ ရီပို့ကဒ်ကို ကိုကို့ကိုပဲပြရသည်။ ပထမရတိုင်း ပန်းကို ကိုကိုက ဆုတစ်ဆုပေးမြဲ ဖြစ်သည်။ ပန်းဘာလိုချင်သလဲဟု ကိုကိုမေးလျှင် ပန်း ဘာဖြေရမှန်းမသိ။
“ကိုကိုပေးတာပဲ လိုချင်ပါတယ်”
ဟုသာ ပန်းဖြေခဲ့သည်။ ကိုကိုပေးသော “ဆု” ကလေးတွေ တိုင်းကို ပန်း မက်မောခုံမင်စွာ တန်ဖိုးထားတတ်ခဲ့၏ ။ ဆဋ္ဌမ တန်းအတန်းတင်စာမေးပွဲအောင်စာရင်းထွက်လျှင် ပန်းပဲ ပထမရသည်။ ကိုကို့မျက်နှာ ပြုံးနေလိုက်တာများ ။
“ဒါမှ ပန်းသတင်း၊ မင်း အမြဲတမ်း ပထမရအောင် လုပ်၊ မင်းတော် နေတာကိုပဲ ကိုကိုမြင်ချင်တယ်၊ ကဲ . . . မင်း ဘာလိုချင်လဲ ပန်း”
ဟု . . . ကိုကိုမေးတော့ ပန်း မဖြေတတ်ပြန်။ ဒီတစ်ခါတော့ ကိုကိုဆုချသည့် ပစ္စည်းကလေးကို ပန်းအမြတ်တနိုးပင်။ သားရေလက်ပတ်ကြိုးမည်းကလေးနှင့် နာရီအဝိုင်းသေးသေးလေး ဖြစ်သည်။ ပြီးတော့ သတ္တမတန်း သင်ရိုးညွှန်းတမ်းစာအုပ်စည်း တစ်ထုပ် . . .။
“နွေရာသီကျောင်းပိတ်ရက်မှာ မင်း စာတွေ ကြိုပြီး လေ့လာထားရမယ်၊ ကျောင်းဖွင့်တော့ မင်းအဆင်သင့် ဖြစ်နေမှာ ပေါ့။ မင်းအတွက် အချိန်ဇယားအသစ် ပြန်ဆွဲပေးမယ်၊ ညပိုင်းမှာ မင်းမသိတာ နားမလည်တာရှိရင် ကိုကို့ကို စာလာမေးလို့ ရတယ် ဟုတ်လား”
ပန်းဖြင့် မောပန်းလှချည်ရဲ့ လို့ပင် မညည်းတွားချင်ပါ။ ကြီးကြီးပြောသလို ကိုကို့ကို push လုပ်လွန်းသူရယ်လို့လည်း မမြင်နိုင်ခဲ့။ ကိုကိုက ဖြစ်စေချင်သည်ဆိုလျှင် ပန်းဘက်က အမိန့်နာခံကာ ဖြစ်အောင်လုပ်ပြဖို့ အဆင့်သင့်ပင်။ ကိုယ်ပိုင်အားလပ်ချိန် ကလေးမှာ တော့ ပန်းက ဒေါ်ကြီးထံမှာ ဟင်းမျိုးစုံချက်နည်း၊ မုန့်မျိုးစုံလုပ်နည်းတွေ သင်ယူခဲ့၏ ။ ပန်းကိုယ်တိုင် ချက်သော လက်ရာတွေ ၊ ကိုကို့ကို စားစေချင်သော ကြောင့် ဖြစ်သည်။ နွေရာသီကျောင်းပိတ်ရက်တွေ သည် ပန်းအတွက် ဘယ်လိုကုန်ဆုံးသွားမှန်းပင် မသိလိုက်နိုင်အောင် မြန်ဆန်လွန်းခဲ့တယ်ထင်မိသည်။ ကိုယ့်ရွာကလေးကိုတော့ ပန်းသတိရမိပေမယ့် ပြန်ဖို့တော့ မပူဆာမိပါ။ ဆရာတော် ဘုရားနှင့် သူငယ်ချင်းတွေ ဆီတော့ စာတွေ မှန်မှန် ရေး ပို့ ဖြစ်ခဲ့ပါသည်။
ဒီနွေရာသီမှာ ပန်းနှင့် ကိုကို ပို၍ ခင်မင်ရင်းနှီးခွင့် ရခဲ့သည်ဟုဆိုရမည် ။ ကြီးကြီးက ဘဘဘေးမှာ အနေများ တတ်သည်။ သူနာပြု ဆရာမ , ရှိပေမယ့် စာဖတ်ပြတာမျိုး၊ ရုပ်ရှင်အတူထိုင်ကြည့်တာမျိုး၊ ခြံထဲ လမ်းအတူလျှောက်တာမျိုး၊ ထမင်းကျွေးတာမျိုးတွေ ကို ကြီးကြီး ကိုယ်တိုင်ပဲ လုပ်ပေးတတ်သည်။ ဘဘရဲ့ Alzheimer's ရောဂါ အခြေအနေက တတိယဆင့်ပင် ရောက်နေပါပြီ။ ကိုယ့်မိသားစုကိုပင် သတိမရတော့ပါပဲ။ အဲဒီ လိုကြားရတော့ ကြေကွဲစရာကောင်းလှပေမယ့် ကြီးကြီးရော ကိုကိုပါ ကြေကွဲနာကျင်မနေကြပါ။ ထိုအခြေအနေကို အရှိအတိုင်း လက်ခံထားလျက် သူတို့ဘက်က အကောင်းဆုံး ဂရုစိုက်ကာ ပြုစုယုယ၊ ဂရုစိုက်ပေးကြသည်။ ကိုကိုဆို လည်း အချိန်ရတိုင်း ဘဘအခန်းဆီသွားကာ ကိုယ့် ကိုသားရယ်လို့ မမှတ်မိတော့သည့် အဖေနှင့် စကားတွေ သွားပြောရင်း အချိန်ပေးတတ်သူ ဖြစ်သည်။
ဒီလိုနှင့် ပဲ ပန်းတို့ကျောင်းတွေ ပြန်ဖွင့်ခဲ့ပါပြီ။ ပန်းလည်း ဇွန်လထဲမှာ ဆယ့်နှစ် နှစ် ပြည်ခဲ့ပြီ။ ကောင်းကောင်းနေ ကောင်းကောင်း စားရတော့ ပန်းရဲ့ အသွေးအမွေးတောင် ပြောင်းလို့။ ရွာကနေ ရောက်လာကာစလို မည်းမည်းပိန်ပိန်ကလေး မဟုတ်တော့ပါ။ အသားအရေတွေ ဝင်းပဖြူစင်လာပြီး အရပ်လည်း ရှည်ထွက်လာသည်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ရသည်မို့ ခန္ဓာကိုယ်က ကျစ်လျစ်ဖွံ့ထွား လို့လာသည်။ ရွာကနေ ထွက်လာကတည်းက ပန်းဆံပင်မညှပ် ဖြစ်တော့ပါ။ ကျစ်ဆံမြီးရှည်နှစ် ဖက် အမြဲခွဲစည်းထားတတ်သည်မို့ ဆံပင်တွေ က ခါးအထိပင် ရှည်လာခဲ့ပြီ။
* * * * *
အခန်း(၄)
အစမ်းစာမေးပွဲတွေ မှာ ပထမချည်း ချိတ်ခဲ့ပြီးမှ ပထမအစမ်း စာမေးပွဲ ရီပို့ကဒ်ထွက်လာသော အခါ ပန်းအဆင့်က “ဒုတိယ” ဖြစ်နေသော အခါ ပန်းမျက်လုံးတွေ ပြာ၍ ပင် သွားခဲ့သည်။ ချက်ချင်း သိလိုက်ပါပြီ။ ပထမအဆင့်ကို လုယူသွားသူဟာ ဒီနှစ် မှ ကျောင်းပြောင်းလာသည့် ကောင်လေးပဲဆိုတာ။ သူက တော် လွန်းသည်။ ဆရာတွေ ဆရာမ တွေ စာမေးတိုင်း သူကပဲ ဦးဆောင် လက်ထောင်ပြီး ဖြေနေကျလေ။ ဖြေတိုင်းလည်း မှားသည်ရယ်လို့ မရှိ။ အမှန်တွေ ချည်း။ ပုံစံကို ကြည့်လိုက်တာနှင့် တင် ထက်ထက် မြက်မြက်နှင့် ဉာဏ်ကောင်းလွန်းကာ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသော ဆရာကြီးစတိုင်လ်ထွက်နေသည်။ ပန်းအတွက် မမျှော်လင့်ဘဲ ပေါ်ပေါက်ခဲ့သော ထိုပြိုင်ဘက်ကြောင့် ပန်းမှာ ရင်တစ်ခုလုံးပူကာ နေမထိထိုင်မသာ ရှိလွန်းလှ၏ ။ သူ့ကိုလည်း အမြင်ကတ်လိုက် တာဆိုတာ။ သူ့ပုံစံ ကတော့ အောင်နိုင်သူတို့ရဲ့ ထုံးစံအတိုင်း ခေါင်းတမော့မော့ တပြုံးပြုံးနှင့် ဝင့်ဝင့်ကြွားကြွားရှိလှသည်။ “ဒုတိယ”ဆို သော အဆင့်အနေအထားကြီးကို ပန်းမကြိုက်လိုက်တာ။ ပြီးတော့ ရင်ထဲသို့ ဝင်ရောက်လာသော စိုးရိမ်သော ကတစ်ခု။ ကိုကို စိတ်ဆိုးတော့မှာ ပဲ။ ပန်းကို အမြဲတမ်း ပထမရစေချင်တာလေ။ တစ်နေ့လုံး စိတ်လေးနေခဲ့ကာ ညနေကျောင်းဆင်း အိမ်ပြန်ရောက်တဲ့အထိ စိုးရိမ်ကြောင့်ကြ စိတ်တို့ဖြင့် မပျော်နိုင်ခဲ့။ ကိုကိုနှင့် ရင်ဆိုင်ရမှာ ကို စိုးထိတ်ကြောက်ရွံ့နေခဲ့သည်။ ထုံးစံအတိုင်း ကိုကိုဆေးခန်းက ပြန်အလာကို ကြိုပြီး ရီပို့ကဒ် ပြရသည်။ ကိုကို့မျက်နှာကို ရင်တမမနှင့် စောင့်ကြည်နေခိုက် ကိုကို့နှုတ်ခမ်းနှစ် လွှာ တင်းတင်းစေ့သွားတာကို မြင်ရပါသည်။
“ဒါက ဘယ်လို ဖြစ်တာလဲ၊ ဒုတိယ မလိုချင်ဘူး၊ ပထမနေရာမှာ ပဲ ရှိနေမယ်လေ၊ ဒုတိယ ဖြစ်သွားတယ်ဆိုတာ ပထမရတဲ့သူကို နေရာဖယ်ပေးလိုက်ရတာ မင်းအရှုံးပေးလိုက်ရတာ ၊ သူကတော် လို့လား . . မင်းက ညံ့သွားတာလား ပန်းသတင်း”
ကိုကို့အသံက အလိုမကျမှု ဖြင့် အေးစက်နေသော ကြောင့် ပန်းနှုတ်ခမ်းထောင့်စွန်းကလေးတွေ ပင် တုန်ယင်လာခဲ့အထိ ကြောက်ရွံ့လာမိသည်။
“မေးနေတာကို ဖြေလေ . . . ”
“သူ . . သူက တော် တယ် . . ကိုကို”
သူက တော် ရင် မင်းက သူ့ထက်ပိုတော် အောင် ကြိုးစားရမယ်ဆိုတာ နားမလည်ဘူးလား ၊ သူ့ထက်နှစ် စ ပိုကြိုးစားရမှာ က မင်းတာဝန်လေ၊ ပြိုင်ဘက်ပေါ်လာရင် အဲဒီ ပြိုင်ဘက်ကို ဖြတ်ကျော်တက်နိုင်အောင် ကြိုးစားရမှာ က မင်းရဲ့ အလုပ်လေ၊ သူ့တော် တယ်ဆို တာနဲ့ပဲ မင်းက အလွယ်တကူ စိတ်လျှော့အရှုံးပေးလိုက်ရောလား၊ အဲဒါ လူညံ့လူဖျင်းတွေ ရဲ့ ဆင်ခြေကွ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ၊ သွား . . . မင်းတစ်ခြံလုံးမှာ ရှိတဲ့ ပန်းပင်တွေ ကို ရေလောင်း၊ မြက်ခင်းထဲက ပေါင်းပင်တွေ လိုက်နှုတ်၊ အဲဒါ မင်းကို အပြစ်ပေးတာ . . . သွား”
ပန်းရင်ထဲ ရှက်ခြင်းနဲ့ သိမ်ငယ်ခြင်းတွေ စုပြုံ တိုးဝှေ့ ဝင်ရေက်ာလာခဲ့သည်။ ကိုကိုတို့ ခြံကြီးဟာ အကျယ်ကြီးပါ။ ပန်းတွေ စုံလင် ပြီး မြက်ခင်းကလည်း အကျယ်ကြီး။ ဥယျာဉ်မှူး တစ်ယောက် သီးသန့်ငှားထားရတဲ့အထိ။ ခုတော့ ကိုယ့်အပြစ်နှင့် ကိုယ်မို့ ပန်းက ဥယျာဉ်မှူးကြီး ကိုယ်စား ခြံထဲမှာ ရေလောင်းပေါင်းနှုတ်အလုပ်တွေ သိမ်းကျုံးလုပ်ရပါသည်။ ကိုကို ပန်းကို စိတ်ဆိုးနေသည်ဆိုသော အသိက ပန်းကို ပို၍ နာကျင်ထိခိုက်စေပါသည်။ ကိုကိုက လေသာဆောင်ကနေ မတ်တပ်ရပ်ပြီး စောင့်ကြည်နေခဲ့၏ ။
“သားရယ် . . . မင်းဟာက မဟုတ်သေးပါဘူးကွယ်၊ ဒုတိယရတာ နဲ့ပဲ ကလေးကို အဲဒီ လောက် အပြစ်ပေးစရာလား၊ မင်းဟာက လွန်လွန်းနေပြီ၊ မင်းတုန်းက မင်းကို ဖေဖေ push လုပ်ခဲ့တာထက်တောင် ပိုပြင်းထန်နေသေးတယ်”
မေမေက အနားမှာ လာရပ်ပြီး သူ့ကို အပြစ်တင်ပါသည်။ သူက အပြစ်ပေးခံထားရသော ပန်းကို လှမ်းကြည့်ရင်း သက်ပြင်းဖွဖွချမိ သည်။ ဒီကလေးမအပေါ် သူ့စိတ် စေတနာတွေ ဘာကြောင့် များ ဒီလောက်ပြင်းပြထက်သန်စွာ ပုံချထားမိမှန်း သူမသိပါ။ သူမကို ဆယ်တန်းရောက်လျှင် မြန်မာတစ်နိုင်ငံလုံး ပထမအဆင့် ထိရောက်အောင်အထိ သူမျှော်လင့်ထားခဲ့မိသည်။ သူမကို အရမ်းတော် စေ့ချင် သည်။ ဆရာဝန်မ, ကလေး တစ်ယောက် ဖြစ်သည်အထိ ပြုစုပျိုးထောင် ပုံသွင်းချင်သည်။
“အဲဒါ သူ့အတွက်လေ မေမေ၊ သူ ပညာသင်ဖို့ လိုက်လာတာ၊ တော် ရုံတန်ရုံ ဘွဲ့ကလေးပိုက်ပြီး သူ့ရွာသူ ပြန်သွားတာမျိုး မ ဖြစ်စေချင်ဘူး၊ သား တာဝန်ယူထားပြီးမှတော့ သူ့ကို ရွှေပဲ ဖြစ်စေချင်တယ်၊ ရွှံ့စေးခြောက် မ ဖြစ်စေရဘူး၊ သူ့ကို ဒီလိုအပြစ်ပေးထားမှ သူရှုံးမှာ ကို ကြောက်တတ်မှာ . . ခါးသီးမှာ ၊ သူ့ကို အလိုလိုက်လို့ မ ဖြစ်ဘူး”
“သားရယ် . . . မင်းမလည်း၊ ဒီအရွယ် ချစ်သူကလေး ဘာလေး ရှိဖို့ကောင်းပြီး၊ အသက်က မငယ်တော့ဘူး၊ ကိုယ့်မိသားစုဘဝ ကလေးတစ်ခု ပိုင်ဆိုင်ဖို့အတွက် ပြင်ဆင်သင့်ပြီး၊ ခုတော့ တခြားစိတ်ဝင်စရား အာရုံစိုက်စရာမရှိတိုင်း ဒီကလေးမကလေးကိုပဲ အာရုံစိုက်ပြီး ဖိအားပေးပုံသွင်းနေတော့တာပဲ၊ သူ့ခမျာ ကြိုးစားရှာပါတယ် သားရယ်၊ ဒီလောက်ပဲ ကြိုးစားနိုင်တော့မပေါ့၊ မင်း အမိန့်အတိုင်း နေတတ်တဲ့ ကလေးပါ၊ ကလေးပဲ ရှိပါသေးတယ်”
“အာ . . . ဘယ်က ကလေးကမှာ လဲ မေမေရာ၊ သူ့အသက် ဆယ့်နှစ် နှစ် ရှိပြီ၊ မငယ်တော့ပါဘူး၊ သားအတွက်တော့ သူဟာ သားရဲ့ ဂုဏ်သိက္ခာရဲ့ သင်္ကေတပဲ မေမေ၊ သူ့ကို ထူးထူချွန်ချွန် ပေါက်ပေါက်မြောက်မြောက် ဖြစ်အောင် လုပ်ပေးချင်တယ်”
“နေစမ်းပါဦး၊ သားက မိန်းမ မယူတော့ဘူးလား . . ကဲ”
“ယူရမယ့်မိန်းမမှ မရှိတဲ့ဟာကို မေမေကလည်းဗျာ၊ ကိုယ့်ဘာသာ အေးဆေးနေပါရစေ၊ မိန်းမတွေ အလုပ်ရှုပ်လွန်းလို့၊ ကိုယ့်အလုပ်နဲ့ကိုယ်တောင် မအားရတဲ့ကြားထဲ . . . ”
“သူပြောလိုက်ရင် ဒါပဲ”
မေမေက မျက်စောင်းထိုးပြီး လှည့်ထွက် သွားပါသည်။ သူ့မျက်လုံးတွေ ပန်းဆီ ရောက်သွားခိုက် မျက်ရည်တွေ သုတ်နေသော ကောင်မလေးကို ကြည့်ကာ သနားကြင်နာစိတ်ကလေး ပြန်ဝင်လာခဲ့သည်။ ဒီကလေးမကို သူ့ညီမ အထွေးဆုံးကလေးလို သူချစ်ခင် သံယောဇဉ် တွယ်တာနေခဲ့မိပြီ။ သူမကို သနားနေခဲ့ပေမယ့် ပေးပြီးသားအပြစ်ကို မလျှော့ပေါ့ချင်တာမို့ ရက်စက်သည်ပဲဆိုဆို ခေါင်းမာမာနှင့် ဆက်ကြည့်နေခဲ့လိုက်သည်။ အဲဒါမှ နောက်ဆို သူမ ပထမအဆင့်ကနေ မကျတော့မှာ ။ သူ ငယ်ငယ်တုန်းကလည်း ဖေဖေ သူ့ကို တင်းကြပ်ပြတ်သားစွာ ပုံသွင်းပြုစုခဲ့တာ ဖြစ်သည်။ ဖေဖေ့ကျေးဇူးကြောင့် လည်း သူ ခုလို စည်းစနစ်တကျ နေတတ်သော လူတော် တစ်ယောက် ဖြစ်ခွင့်ရခဲ့တာပါ။ ဒါကြောင့် လည်း ဖေဖေကျေးဇူးကို သူ့ရင်ထဲမှာ အမြဲ နက်ရှိုင်းစွာ ကမ္ဗည်းထိုး မှတ်ကျောက်တင်ထားခဲ့ခြင်း ဖြစ်သည်။ ပန်းသတင်းကို သူ့လိုပင် တော် သော သူ တစ်ယောက် ဖြစ်စေချင်သော စေတနာ . . သူ့မှာ အပြည့်အဝရှိသည်။ ဒါကို ပန်း နားလည်တတ်ဦးမည် မထင်ပါ . . . ။
နောက်တစ်နေ့မှာ ပန်း ပင်ပန်းပြီး တစ်ကိုယ်လုံး ကိုင်ရိုက်ထားသလို ကိုက်ခဲနာကျင်ကာ ဖျားပါသည်။ အဲဒီ အခါကျတော့ ကိုကိုက စွပ်ပြုတ်ပန်းကန်တစ်လုံးနှင့် ဆေးတိုက်ဖို့ သူကိုယ်တိုင် ရောက်လာသည်။ ပန်းက နာကျင်ဆဲ . . . ။
“ကဲ . . . မှတ်ပြီလား သူငယ်မ၊ နောက်တစ်ခါ ဒုတိယ မလိုချင်ဘူးနော်၊ မင်းအတွက် အချိန်ဇယားအသစ် ပြန်ဆွဲပေးမယ်၊ ညတိုင်း ကိုကို ကိုယ်တိုင် နှစ် နာရီ စာသင်ပေးမယ် . . . ကြားလား”
ပန်းက မျက်ရည်တွေ ဝိုင်းကာ ခေါင်းညိတ်ပြရသည်။ မျက်ရည်က မျက်လုံးအိမ်ထဲမှာ ပြည့်သော် ပါးပြင်ဆီ လျှံကျစီးသွားလျှင် ကိုကိုက အသာအယာသုတ်ပေးလေသည်။
“မျက်ရည်မကျနဲ့ . . . မငိုနဲ့၊ ဘာအကြောင်းနဲ့မှ မငိုရဘူး၊ မျက်ရည်ကျတယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့တဲ့လူတွေ ရဲ့ အလုပ်၊ မင်းကို စိတ်ဓာတ်ပျော့ညံ့သူလို့ ကိုကို မထင်ပါဘူး၊ လူရယ်လို့ ဖြစ်လာရင် သူများ လုပ်နိုင်တာ မှန်သမျှ ကိုယ်လည်းလုပ်နိုင်ရမယ်၊ သူများ တော် သလို ကိုယ်တော် ခွင့်ရှိတယ်၊ ကြိုးစားမှု ဆိုတာ တစ်ပြားတစ်ချပ်မှ မပေးရတဲ့ ရင်းနှီးမြှုပ်နှံမှု ပဲ၊ ပန်း မင်း သူများ ထက် ပိုတော် ရမယ်၊ ပြိုင်ဘက်ရှိလာရင် အရင်ကထက် နှစ် ဆ ပိုကြိုးစားရမှာ ပဲ၊ ဘယ်သူ့ကိုမှ မင်းရဲ့ နေရာကို ဝင်မလုစေနဲ့၊ အခွင့်အရေး မပေးလိုက်နဲ့၊ မင်းပျော့ညံ့လို့ မင်းရှုံးရင် မင်းကို ဘယ်သူကမှ လှည့်ကြည့်မှာ မဟုတ်ဘူး၊ မင်းတော် ရင် မင်းထိပ်ဆုံးမှာ ရှိရင် မင်းကို လူတိုင်းက ဦးညွန်ရလိမ့်မယ်၊ ဂရုစိုက်ရလိမ့်မယ် . . . ကြားလား”
အဲဒီ စကားတွေ ကို ကိုကိုက စွပ်ပြုတ်တစ်ဇွန်းချင်း ပန်းပါးစပ်ထဲ ခွံ့ပေးနေရင်း ပြောနေခဲ့ခြင်း ဖြစ်သည်။ စွပ်ပြုတ်ကြောင့် လား၊ ကိုကို့ အကြင်နာဓာတ်ငွေ့ကြောင့် လားတော့ မသိ . . . ပန်းရင်ထဲ နွေးထွေးကာ အင်အားရှိလာသည်။ နောင်ဘယ်တော့မှ ဒုတိယ မ ဖြစ်စေရဟုလည်း ပန်းဘာသာ ပန်းကြိတ်ပြီး ကတိပေးမိသည်။
“ပန်း ကြိုးစားပါ့မယ် ကိုကို၊ အရင်ကထက် နှစ် ဆပိုပြီး ပန်း ကြိုးစားပါ့မယ်”
ဟုလည်း ကိုကို့ကို ကတိပေးခဲ့မိသည်။
တကယ်လည်း အဲဒီ နောက်ပိုင်းကစပြီး ပန်း “ဒုတိယ” ဘယ်တော့မှ ထပ်မ ဖြစ်တော့ပါ။ ညတိုင်း ပုံမှန် ကိုကိုနှင့် စာသင်ခွင့်ရလာ သော ကြောင့် လည်း ဖြစ်ပါလိမ့်မည် ။ ခုတော့ ပန်း ဦးခေါင်းကလေး မော့မော့ထားနိုင်ခဲ့ပြီး။
ပန်းတို့ကျောင်းမှာ အိမ်တွင်း လက်မှု အချိန်ဆိုလျှင် ဇာထိုးပန်းထိုး သင်ရသည်။ ပန်းက လက်ကိုင်ပုဝါဖြူဖြူ ကလေးတွေ ရဲ့ ထောင်မှာ အတောင်ဖွင့်လျက် ပျံသန်းနေသော ငှက်ကလေးပုံထိုးရတာ ကို သဘောကျသည်။ ယောက်ျားကိုင် လက်ကိုင်ပုဝါဖြူဖြူ ကလေးတွေ ချည်း ဝယ်ဖို့ မုန့်ဖိုးစုရပါသည်။ ပြီးမှ အဲဒီ ငှက်ကလေးပုံတွေ ကို ပုဝါထောင့်စွန်းမှာ အပ်ချည်အပြာနုနုကလေးဖြင့် ပုံဖော်သီချုပ် သည်။ မနက် ကိုကို ဆေးရုံ သွားခါနီး တိုင်း တစ်နေ့လျှင် တစ်ထည်ကျ ကိုကို့ကို လက်ဆောင်ပေးကျင့်ကလေး စတင်ခဲ့၏ ။ ကိုကိုက ချက်ချင်း သူ့ရှပ်အင်္ကျီရင်ဘတ်အိတ်ထဲ သပ်သပ်ရပ်ရပ်ကလေး ထိုးထည့်လိုက်ပြီး . . .
“ကျေးဇူး ညီမလေး၊ လူနာစမ်းပြီးတိုင်း လက်ဆေးပြီးရင် လက်ကိုင်ပုဝါသန့်သန့်ကလေးနဲ့ သုတ်ရမှ ကိုကို စိတ်တိုင်းကျတယ် . . . ” ဟု ပြောတတ်သည်။ ပန်းရသမျှ မုန့်ဖိုးတွေ သည် ယောက်ျားကိုင် လက်ကိုင်ပုဝါကလေးချည်း ဝယ်ဖို့ ဖြစ်လာခဲ့သည်။
သတ္တမတန်း အတန်းတင်စာမေးပွဲ ဖြေပြီးသော အခါ နွေကျောင်းပိတ်ရက်ရှည်ကို ရင်ဆိုင်ရပြန်လေသည်။ ပန်းအတွက်တော့ အားသည်ရယ်လို့မရှိပါ။ ၈တန်း သင်ရိုးညွှန်းတမ်းစာအုပ်ပုံကြီးက ပန်းကို စောင့်ကြိုလျက်။ ကြိုးစားနေရတာ ကို ပန်း ကျေနပ်ပေမယ့် တစ်ခါတစ်လေတော့လည်း ဆယ်ကျော်သက် မိန်းကလေးတို့ ထုံးစံအတိုင်း ဂျစ်ကန်ကန်ကလေး လုပ်ချင်မိသည်။ သူငယ်ချင်းတွေ နှင့် လှလှပပကလေး ဝတ်စားပြင်ဆင်ပြီး စကော့ဈေးလိုနေရာမျိုးတော့ ပတ်ချင်သေးတာပေါ့။ သူငယ်ချင်းတွေ ချိန်းပြီး နွေရာသီသင်တန်းတွေ တက်ချင်မိသည်။ ရုပ်ရှင်လေးဘာလေး ကြည့်ချင်မိသေးသည်။ ခုတော့ ပုံမှန်နေ့စဉ် အချိန်ဇယားကြီးအောက်မှာ မလူးသာ မလွန့်သာ။ ကြာတော့ ပန်း ငြီးငွေ့ချင်လာသည်။
အောင်စာရင်းတွေ ထုတ်တော့ ပန်း ပထမနေရာမှာ ပဲ ရှိသည်။ ထုံးစံအတိုင်း ကိုကိုက . . .
“ပန်း ဘာလိုချင်လဲ . . . ”
ဟု မေးလာတော့ ပန်းမှာ ပူဆာစရာ အဆင့်သင့်ရှိလာခဲ့ပြီ။ ပန်း အရဲကလေးစွန့်ပြီး ဖြေလိုက်ပါသည်။
“ပန်း လျှောက်လည်ချင်တယ် . . ရုပ်ရှင်ကြည့်ချင်တယ် ကိုကို”
ကိုကိုက တစ်ခါမှ မကြည့်ဖူးသော အကြည့်ဖြင့် တအံ့တသြ မျက်လုံးပြူးကာ ကြည့်သည်။ ကံကောင်းချင်တော့ ပန်း ပူဆာချိန် တွင် ကြီးကြီး အနားမှာ ရှိနေခဲ့သည်မို့ . . .
“အေး . . . ဟုတ်သားပဲ သားရဲ့ ၊ သူ့ခမျာ ရန်ကုန်သာ ရောက်နေတယ် . . ကျောင်းရယ်၊ အိမ်ရယ်နဲ့ ဘုရားလောက်ပဲ ရောက်ဖူး သေးတာမှလား၊ လိုက်ပို့ပေးလိုက်ပါ သားရယ်၊ သား အားတဲ့တစ်နေ့ပေါ့”
ဟု ဝင်ထောက်ခံမဲပေးလိုက်သဖြင့် ကိုကို့မျက်နှာက သိပ်မကျေနပ်လှပေမယ့် အောင့်သက်သက်ဖြင့် လိုက်လျောခဲ့ရသည်။
“အေး . . . ဒါ 'ဆု'နော်၊ ကိုကိုက မင်းကို ကွန်ပျူတာကလေးတစ်လုံး ဆုချမလားလို့၊ မိန်းကလေးတွေ များ သိပ်အလည်အပတ် ဝါသနာပါတာကိုး၊ ရှုပ်ကိုရှုပ်တယ်”
ဟု ငြူငြူစူစူ ပြောတာကို ပန်းက မသိချင်ဟန်ဆောင်ထားလိုက်သည်။ ကိုကိုကမှ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက် ရဲ့ ရင်ထဲကိုမှ ဝင်မကြည့် မခံစားပေးတတ်ပဲ။
'ဒီကောင်မလေး တော် တော် ထွားလာတယ်'ဟု သူတွေးမိသည်။ မျက်စိအောက်မှာ တင် ဖူးဖူးငုံငုံ ရွှေရင်သိမ်းသစ် အပျိုစင် ကလေးအ ဖြစ် အရွယ်ရောက်လာခဲ့သော ပန်းကို ဒီနေ့မှ သူပို၍ သတိထားမိခဲ့၏ ။ ခါတိုင်း ကျစ်ဆံမြီးနှစ် ဖက် ခွဲချည်ထားနေကျကနေ ဆံပင်တွေ ကို ဒီအတိုင်း ရှည်ရှည်ဖားဖား ချထားလိုက်သော အခါ ခါးကျော်သည်အထိ နက်မှော င် ထူအိဖြာဝေနေသော ဆံနွယ်ရှည် များ ကြောင့် သူမကို လူတိုင်းက သတိထားမိကြသလို နှစ် ခါပြန် လှည့်ငေးကြရသည်။ အထူးသဖြင့် ကောင်လေးတွေ လူငယ်တွေ ရဲ့ မျက်ဝန်းအကြည့်တွေ က သူမဆီ တဝဲဝဲရောက်ရောက်လာသည်ကို သူ သည်းမခံနိုင်တော့။ ရိုးရိုး အပွင့်နုပ်ကလေးတွေ ပါတဲ့ ဂါဝန် ရှည်ရှည်ကလေး ဝတ်ထားတာပါပဲ။ ဒါပေမယ့် သူမအလှက ထင်းလင်းထွက်နေသလိုပင်။ မျက်ခုံးထူထူကော့ပျံများ အောက်က နက်မှော င် ရွှန်းစိုလှသော မျက်ဝန်းရွှဲကြီးတွေ က ဝိုင်းစက် ရွှန်းဖြာချင်တိုင်း ရွှန်းဖြာလို့။ ပါးဖောင်းဖောင်းကလေးနှင့် နှုတ်ခမ်းလေးက နှင်းဆီဖူးသစ်စ, ကလေးသဖွယ် . . . ။ အာ . . . ဒီကောင်မလေးတော့ မလွယ်ပါလား။
“ပန်း . . . မင်း ဘယ်လို ဖြစ်နေတာလဲ။ ဒီလောက် အလှတွေ ပြင်နေရသလားဟ၊ လူတွေ ဝိုင်းကြည့်ကုန်ပြီ၊ ငါတောင် ဘယ်လိုနေရမှန်း မသိတော့ဘူးကွာ . . . တောက်”
“ပန်း ဘာမှ ပြင်မထားပါဘူး ကိုကို၊ နှုတ်ခမ်းနီလေးပဲ ဆိုးမိတာပါ”
မင်းကိုယ်မင်း အပျိုမှတ်နေလား၊ ကလေးက ကလေးလိုနေတာ မဟုတ်ဘူး၊ အဲဒီ နှုတ်ခမ်းနီ ခုသုတ်ပြီး ဖျက်ပစ်၊ တကတည်း”
“ဟုတ်ကဲ့ . . . ကိုကို”
ပန်းက နှုတ်ခမ်းနီကို ချက်ချင်း ဖျက်ပစ်ရှာသည်။ ဟိုလူကကြည့် ဒီလူကကြည့်နှင့် မို့ သူ့မျက်နှာပင် မထားတတ်အောင် ထူပူချင် လာသည်။ ပန်းက ဆယ့်နှစ် နှစ် သမီးဆိုသော်လည်း နုနုထွားထွားမို့ ဆယ့်ခြောက်နှစ် လောက် ထင်စရာ။ သူနှင့် ပန်းကို လူတွေ ဘယ်လိုများ တွဲ စပ်ကြည့်ကြမှာ ပါလိမ့်။ ဖြစ်ချင်တော့ စကော့ဈေးပတ်ပြီး ဦးကြွိ ဆီချက်ဆိုင်မှာ နှစ် ယောက် အတူ ထိုင်စားစဉ် သူ့သူငယ်ချင်း နှစ် ယောက် နှင့် မှ တိုက်တိုက်ဆိုင်ဆိုင် ဆုံတော့သည်။
“ဟာ . . . ဟေ့ကောင် ရွယ်ရည်၊ ငါ့ကောင်ကြီး ကောင်းစားနေလိုက်တာ၊ သမီးရဲ့ ဦးပေါ့လေ၊ အားကျလိုက်တာကွာ၊ မိတ်ဆက် လေးဘာလေး ပေးဦးလေကွာ”
ကျောင်းနေဖက်သူငယ်ချင်းတို့ ထုံးစံအတိုင်း အဆင်အခြင်မရှိ ဟောင်ဖွာဟောင်ဖွာဖြင့် နောက်ပြောင်သော သူငယ်ချင်းကို သူ တော် တော် စိတ်ဆိုးသွားကာ ရှူးရှူးရှားရှား ဖြစ်သွားရ၏ ။
“ဟေ့ကောင် . . . မင်း အရူးချေးပန်းတွေ လျှောက်အော်မနေနဲ့၊ ဒါ ငါ့ညီမလေးကွ”
“ဟေ . . . ဘယ်တုန်းက မင်းမှာ ညီမရသွားတာလဲ၊ ငါတို့လည်း မသိပါလား၊ မွေးစားညီမလေးလား၊ မွေး မွေးပြီး . . . အဟီး…”
“ဟေ့ကောင် တော် တော့၊ မင်း သွားတော့၊ မင်းကို ဆွဲထိုးမိတော့မယ်၊ မင်း ပါးစပ် မသရမ်းနဲ့ကွ”
“ယောက် ဖကြီးကလဲကွာ . . . စိတ်ချည်းပဲ၊ လူမိတော့လည်း ရှက်ရမ်းရမ်းမှာ ပေါ့လေ၊ မင်းက ခိုးထုပ်ခိုးထည်နဲ့ မိတာကိုး၊ ဒါ ရှက်စရာမဟုတ်ပါဘူးကွာ၊ အသက်တော့ တော် တော် ကွာမယ်နော်၊ ကောင်မလေးက ငယ်ငယ်နုနုလေးရယ်၊ ဟေ့ကောင် . . . အသက်ရော ပြည့်သေးရဲ့ လားကွာ”
“ဟာ . . . ဒီကောင်တော့ ခက်တော့နေပြီ၊ မင်း သွားတော့ ဆိုကွာ၊ ငါ တကယ် စိတ်ဆိုးလာပြီ”
“ သွားပါ့မယ် ကိုကို၊ ကိုကိုကလည်းလေ . . . စိတ်ချည်းပဲ၊ ငါတို့ ကတော့ မင်း စွံပြီလို့ သတင်းဖြန့်ပြီး ဟေ့ကောင်”
အားမနာ လျှာမကျိုး . . . ပြောမနာဆိုမနာတွေ မို့ သူတကယ့်စိတ်ဆိုးလည်း ဂရုမစိုက်ဘဲ စိတ်တိုင်းကျ နောက်ပြောင်ကျီစယ်ပြီး မှ ထွက်သွားကြသည်။ သူ့မျက်နှာတစ်ခုလုံး ထူပူရှိန်းဖိန်း ကျန်ခဲ့ကာ ပန်းကို ဘယ်လိုရင်ဆိုင်ရမှန်းတောင် မသိတော့။ ခပ်ကျိတ်ကျိတ် နောက်တာဆိုပေမယ့် ပန်းလည်း ကြားမှာ ပဲ။
“ဒီကောင်တွေ ငနောက်တွေ ကွာ . . . ဆောရီးပဲ ပန်း”
ပန်းမျက်နှာကလေးက ပန်းသီးကလေးတစ်လုံးလို အနီရင့်ရင့် အရောင် ပြောင်းလို့။ ဆယ်ကျော်သက်မ, ကလေးမို့ ဒီကောင်မလေး စိတ်များ ကစားတတ်နေပြီလားမသိ။
“ရပါတယ် ကိုကို . . .”
“အဲဒါ ညည်းကြောင့် ၊ နောက်ဆို ငါနဲ့ နှစ် ယောက် တည်း လျှောက်လည်ဖို့ မပူဆာနဲ့တော့ ကြားလား”
သူ ရှက်ရမ်းရမ်းကာ အရှက်ပြေ ပြောမိသည်။ ပန်းက ဇက်ကလေးပုကာ ခေါင်းညိတ်ပြပါသည်။
ပန်း ကတော့ ဟိုအစ်ကိုကြီးတွေ ကိုကို့ကို နောက်ပြောင်ရယ်မောသွားကြတာကို အစအဆုံး ကြားခွင့်ရလိုက်သည်မို့ တစ်ကိုယ်လုံး ရှိန်းဖိန်းတုန်ယင်ကာ ကိုကို့မျက်နှာကိုပင် ရဲရဲမကြည့်ရဲတော့ပါ။ ပန်းရဲ့ သူငယ်ချင်းတွေ မကြာခဏ ပြောတတ်ကြတာရှိ သည်။
'ပန်းရဲ့ ကိုကိုက အရမ်းချောတာပဲဟယ် . . . မင်းသားတွေ ထက်တောင် ပိုမိုက်သေးတယ် . . .ကိုကိုဒေါက်တာ' တဲ့ . . . ။ ပန်းကို ကျောင်းလာပို့လေ့ရှိသော ကိုကို့ကို တကူးတက ကျောင်းရှေ့ထွက်ပြီး ချောင်းကြည့်ရသူတွေ ပင် ရှိသေးတာ။ အခုလို ကိုကိုနှင့် တွဲ ဖက်ကာ အနောက်ခံလိုက်ရတော့ ပန်းမှာ ရင်ကလေး တဖိုဖိုဖြင့် အရှက်သည်းပိုကာ ငရဲကြီးမှာ ကိုလည်း ကြောက်မိပါသေးသည်။ ပန်းနဲ့ ကိုကို အသက် ဆယ့်ငါးနှစ် တောင်ကွာတာ။ ပြီးတော့ ပန်းရဲ့ စံပြပုဂ္ဂိုလ် ဆရာတစ်ဆူ . . . သူရဲကောင်း တစ်ယောက် ပါ။ ပြီးတော့ ပန်းရဲ့ ကျေးဇူး ရှင်လည်း ဖြစ်သေးသည်။ ပန်း စိတ်နှင့် တောင် မပြစ်မှားသင့်သူ တစ်ယောက် ပါလေ . . .
* * * * *
အခန်း(၅)
ပန်းအသက် ဆယ့်သုံးနှစ် ပြည့်ခဲ့ပြီ ဖြစ်သည်။ ရှစ်တန်းကျောင်းသူ အပျိုကြီးဖားဖားလည်း ဖြစ်ခဲ့ပြီ။ အဲဒီ နေ့က ပန်းကို ကျောင်းပို့ ပေးပြီး သူ ဘာရယ်မဟုတ် ပန်းနောက်ကျောဘက်ဆီ အမှတ်တမဲ့ လှမ်းကြည့်မိပြီးမှ သူ့မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားရသည်။
“ပန်း . . . ပန်း”
သူ အလောတကြီး လှမ်းခေါ်လိုက်သံကြောင့် ပန်းက လှည့်ကြည့်သည်။ ကလေးလေးလို ဘာမှ မသိနားမလည် အပြစ်ကင်းစင် လွန်းသော မျက်နှာကလေး။ ကြည့်စမ်း ပန်းသတင်းတောင် အပျိုမ,ကလေး ဖြစ်ခဲ့ပြီကော။ သူ လက်ယပ်ခေါ်သဖြင့် ပြန်လှည့်လာသည့် ပန်းကို သူ ဘယ်လိုရှင်းပြရမှန်းမသိ။ သူ့လို ဆရာဝန် တစ်ယောက် အဖို့ ဒီကိစ္စက မထူးဆန်းလှပေမယ် ပန်းအတွက်တော့ ထူးဆန်း တုန်လှုပ်ဖွယ် ကောင်းလိမ့်မည် ။ ပန်းကို ဒီအခြေအနေနှင့် ကျောင်းသို့ မလွှတ်ချင်ပါ။
“ရှင် . . . ကိုကို”
ပန်းက မျက်လုံးဝိုင်းကြီးများ ဖြင့် သူ့ကို ကြည့်ရင်း ပြန်မေးသည်။
“ပန်း နေလို့ကောင်းရဲ့ လား”
“ဟင် . . . ကိုကို ဘယ်လိုလုပ်သိလဲဟင်၊ ပန်း ဗိုက်အရမ်းအောင့်နေတယ်၊ နေလို့မကောင်းဘူး . . . တစ်မျိုးကြီးပဲ”
“လာ . . . ကားပေါ်ပြန်တက်လိုက်၊ ဒီနေ့တစ်ရက် ကျောင်းမတက်နဲ့တော့၊ ခွင့်စာကို ကိုကိုရေး ပြီး ညီမလေး အတန်းပိုင်ဆရာမ ဆီ ပို့ပေးမယ်”
ပန်းက ဟန်ပင်မဆောင်နိုင်ဘဲ ကားပေါ်သို့ ပြန်တက်လာသည်။ သူ ပန်းကို ရှင်းပြတာထက် မေမေရှင်းပြတာက ပို၍ အဆင်ပြေ မည် ထင်ပါသည်။ ပန်း ရှက်ရွံ့သွားမှာ ကိုလည်း သူစိုးရိမ်သည်။
သူ နည်းနည်း နောက်ကျမည့် အကြောင်း ဆေးခန်းကို ဖုန်းလှမ်းဆက်ထားလိုက်သည်။ ပန်းကို အိမ်ပြန်ပို့ရင်း လမ်းမှာ စတိုးဆိုင် တစ်ဆိုင်တွေ့ တာနှင့် သူ ကားရပ်ပြီး ဆင်းခဲ့သည်။
“ပန်း ကားပေါ်ကပဲ စောင့်နော်၊ ကိုကို အခုပြန်လာမယ်”
ဟု မှာ ခဲ့သည်။
စတိုးဆိုင်ထဲဝင်လာခဲ့ပြီး မိန်းကလေး လစဉ်သုံးပစ္စည်းဝယ်ဖို့ သူမျက်နှာထူပူကာ အခက်တွေ့ နေသည်။ ဆိုင်ထဲမှာ ရှိနေတာက လည်း မိန်းကလေးတွေ ချည်း။ သူ ဟိုကြည့်ဒီကြည့်နှင့် ရှာဖွေမိသည်။
“အစ်ကို ဘာလိုချင်လို့ပါလဲရှင်”
မိန်းကလေး တစ်ယောက် လာမေးသဖြင့် သူနားထင်ကို လက်ညှိုးဖြင့် ကုတ်ခြစ်ရင်း ရှက်ကိုးရှက်ကန်း အမူအရာဖြင့် . . .
“ဟိုဒင်း . . . ကိုယ့်ညီမလေးအတွက်ပါ၊ ဟိုလေ . . . မိန်းကလေး လစဉ်သုံးပစ္စည်းပါ”
ပြောပြီး သူ့မျက်နှာတစ်ခုလုံး ဖြန်းခနဲ ထူပူသွားမိသည်။ ကောင်မလေးက ပြုံးစိစိကလေး ဖြစ်သွားကာ . . .
“ဟိုဘက်ထောင့်စွန်းမှာ ရှိတယ် အစ်ကို၊ ကျွန်မ လိုက်ပြပေးမယ်”
ဆိုပြီး လိုက်ပြပေးသည်။ သူခပ်သွက်သွက်လှမ်းယူပြီး လှည့်အထွက်မှာ …..
“ ဟာ … ဒေါက်တာ၊ ကျွန်မကို မှတ်မိလား ဒေါက်တာ၊ ဒေါက်တာ့လူနာပါ ”
ဟု လှမ်းနှုတ်ဆက်သံကြောင့် ခေါင်းနားပန်းကြီးသွားရကာ ပစ္စည်းကလေးကို နောက်ကျောဘက်မှာ ဝှက်ရသေးသည်။
“ သြော် … ဟုတ်ကဲ့၊ မှတ်မိပါတယ်ခင်ဗျ၊ အခုရော ဘယ်လိုနေလဲ …. နေလို့ကောင်းတယ်မှလား”
“ကောင်းပါတယ် ဆရာ၊ ဆရာ့ကျေးဇူးပေါ့၊ ဒါ ကျွန်မ ဆိုင်ကလေးပါ ဆရာ၊ ဆရာ ဘာလိုချင်တာရှိလဲ၊ ကျွန်မ လက်ဆောင် ပေးလိုက် ပါရစေ”
ဟိုက်ခနဲ ဖြစ်ကာ သူ မျက်နှာမရှုံ့မဲ့မိအောင် တော် တော် သတိထားထိန်းချုပ်လိုက်ရသည်။ ဒီပစ္စည်းကို ထိုအမျိုးသမီး မမြင်အောင် သူဘယ်လိုဝှက်ရပါ့။ ထွက်သာပြေးလိုက်ချင်ပါတော့သည်။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်လူနာဆိုင်မှာ မှ ဝင်ဝယ်မိတဲ့အ ဖြစ်။
“ ဟာ …. မဟုတ်တာ၊ နေပါစေ၊ ကျွန်တော် ဘာမှ မလိုပါဘူး၊ သွားလိုက်ဦးမယ်နော်၊ နောက် တွေ့ သေးတာပေါ့”
ဟု ….. ကမန်းကတန်းနှုတ်ဆက်ပြီး ငွေချေဖို့ကောင်တာဆီ ခပ်သုတ်သုတ် ထွက်ခဲ့မိလျှင် ဆိုင်ရှင်အမျိုးသမီးကလည်း ထပ်ချပ်မကွာ ကပ်ပါလာသည်။ ဟောဗျာ သေတော့မှာ ပဲ။ သူရှက်လို့သေတော့မည် ။ ကောင်တာရောက်တော့ ဝန်ထမ်းကောင်မ လေးနားကပ်ကာ …..
“ ညိုညို ….. ဆရာဝယ်ထားတဲ့ ပစ္စည်းလေး ငွေမယူနဲ့ နော် ”
ဟု ကပ်ပြီး ပြောနေသေးသော ဆိုင်ရှင် အမျိုးသမီးကို သူကျေးဇူးတင်ရမှာ လား၊ အမြင်ကတ်ရမှာ လား မခွဲခြားတတ်တော့စွာ ကမူးရှူးထိုး နှုတ်ဆက်ပြီး ပြန်ထွက်ခဲ့ရလေသည်။
“ ကိုကို … အဲဒါ ဘာလဲ ”
ဟု ပန်းက စပ်စုနေသေးသဖြင့် သူရယ်ချင်စိတ်ကို မထိန်းထားနိုင်။
“ အဲဒါ ဘာလဲ … ညည်းမကြာခင် သိရမယ် ပန်း ”
ဟုသာ ရယ်သံဖြင့် သူဖြေလိုက်သည်။
“ ဟဲ့ …. ဒီမောင်နှမ ဘာ ဖြစ်လို့ ပြန်လာကြတာတုံး၊ ဘာမေ့ ကျန်ခဲ့လို့လဲ ”
မေမေက တအံ့တသြ။
“မေမေ့သမီးကို မိန်းမချင်းစကားနဲ့  ရှင်းပြပေးပါဦး မေမေ”
ဟု ဆိုပြီး သူက အထုပ်ကလေးကို မေမေ့လက်ထဲ ထည့်ပေးလိုက် လျှင် မေမေက ချက်ချင်း ပဲ သဘောပေါက်သည်။
“ ဟယ်….. သမီးလေး၊ မေမေ့ဆီလာ”
ဆိုပြီး လက်ကလေးဆွဲကာ အခန်းထဲ ခေါ်သွင်းသွားလေသည်။
“ပန်း နေလို့မကောင်းဘူး မေမေ။၊ ဗိုက်လည်းအောင့်တယ်၊ ဆီးစပ်နေရာကလည်း တစ်မျိုးကြီးပဲ”
“ဟုတ်တယ် သမီးရဲ့ ၊ သမီး အပျိုစ ဖြစ်တဲ့ သဘောပေါ့၊ မေမေတို့ မိန်းမသားတွေ ရှောင်လွှဲလို့မရတဲ့ သဘာဝ တရား တစ်ခုပေါ့ သမီးရယ်၊ လစဉ်ပုံမှန် ဓမ္မတာမှန်မှန်လာမှ သွေးသားသန့်စင်ကြည်လင်ပြီး ကျန်းမာမှာ ဘာမှ ကြောက်စရာမလိုဘူး၊ အဲဒီ အချိန်မှာ သန့်သန့်ရှင်းရှင်းနေရမယ်၊ စိတ်အနှောင့်အယှက်လည်း မ ဖြစ်နဲ့၊ ဒါ မိန်းကလေးတိုင်း ရင်ဆိုင်တဲ့ လစဉ်ကိစ္စတစ်ခု၊ ဘယ်လိုနေရတယ် … ဘယ်လိုသိုသိုသိပ်သိပ် နေရတယ်ဆိုတာ မေမေပြပေးမယ်”
အဲဒီ နောက်တော့ ကြီးကြီး သင်ပြပေးတဲ့အတိုင်း ပန်းလိုက်နာရသည်။ ကိုယ့်ကိုယ်ကို အပျို ဖြစ်ပြီးဆိုသော အသိက ရင်ကလေးတဖိုဖို ဖြစ်စေကာ အလိုလို ရှက်သွေးလည်း ဖြာစေသည်။ ကြီးကြီးပြောတော့ ကိုယ်အပျို ဖြစ်တာကို ဘယ်သူမှ မမြင်စေ၊ မသိစေရအောင် လုံလုံခြုံခြုံ၊ ပိပိရိရိ … သိုသိုသိပ်သိပ် နေရတယ်တဲ့။ ဒါပေမယ် မနက် ကတော့ ကိုကို သိသွားခဲ့ပြီ။ ငါနှယ့် ရှက်လိုက်တာ။ ကိုကို ပန်းသုံးရမည့်  ပစ္စည်းတောင် ဝယ်ပေးခဲ့သေးတာ။ ကိုကို့မျက်နှာကို ဘယ်လို ကြည့်ရမှန်း မသိတော့။ စိတ်တွေ က တိမ်းတိမ်းပွေပွေရှိလှကာ လူကလည်း ထိုင်းထိုင်းမှိုင်းမှိုင်းမို့ အခန်းထဲအောင်းနေလိုက်မိသည်။ ညနေ ကိုကို့ကိုပင် မကြိုမိ။ ကိုကို နှင့် ရင်ဆိုင်ရမှာ ကို အလိုလို ရှက်သွေးဖြာနေသော ကြောင့် ဖြစ်သည်။
ညစာထမင်းစားဝိုင်းကျတော့ ကိုကို့ကို ရှောင်ချင်လို့ မရတော့။
“ညီမလေး နေကောင်းရဲ့ လား”
“ကောင်းပါတယ် ကိုကို …”
ချက်ချင်း ကြီးပဲ ပန်း ရင့်ကျက်သွားသလို ခံစားမိသည်။ ပြီးတော့ ကိုကိုနှင့် ပန်းအကြားမှာ အလွှာပါးပါးကလေးတစ်ခု စည်းတာ ခံလိုက်ရသလိုပင်။
“နေမကောင်းသလို လူမမာပုံစံ လုပ်မနေနဲ့ဦး၊ လန်းလန်းဆန်းဆန်းနေကွာ၊ ညကျရင် စာလာသင်နော်၊ ကိုကို့ကို ရှက်သလို ရွံ့သလို လုပ်မနေနဲ့၊ ကိုကို ဆရာဝန်၊ ဘာမှရှက်နေဖို့မလိုဘူး … ကြားလား၊ အခု အတွေ့ အကြုံသစ်မို့ အဆန်းတကြယ် ဖြစ်နေတာ၊ နောက်ဆို ပုံမှန် ဖြစ်သွားမှာ ”
“အာ…. ကိုကိုလည်း၊ ဘာတွေ ပြောနေမှန်း မသိပါဘူး၊ ပန်း စိတ်ညစ်တယ်”
ပန်းက ရှက်လည်းရှက် မျက်ရည်ကလေးတဝဲဝဲ ဖြစ်လာကာ ပြောမိတော့ ကိုကိုက မျက်ခုံးပင့်လျက်….
“ဟောဗျာ….. အဲဒါက ဘယ်လို ဖြစ်တာလဲ၊ အပျို ဖြစ်တာ ငိုစရာလားဟ”
“ဟင့်အင်း…. အဲဒါကြီးကို ကိုကိုမပြောနဲ့လေ၊ ကိုကို မသိချင်ယောင်ဆောင်နေပေါ့လို့”
“အေး…. ဟုတ်သားပဲ၊ သားကလည်းလေ… နေရာတကာ အကုန်ကို ပါချင်နေတာကိုးဟဲ့၊ မင်းကိုက သူများ နဲ့ကိုမတူဘူး၊ ပန်းကိုလွှမ်းမိုးတဲ့နေရာမှာ ”
“ဟောဗျာ…… ဒီကောင်မလေး ကျွန်တော့် မျက်စိအောက်မှာ လူလားမြောက်လာတာ၊ ကျွန်တော် မလွှမ်းမိုးလို့ ဘယ်သူလွှမ်းမိုး ရမလဲ”
ကိုကိုက အသံဝါဝါကြီးဖြင့် ညစ်ကျယ်ကျယ်ပြောကာ အနိုင်မခံအရှုံးမပေးရှိဆဲ။ အို. . . ကိုကိုဟာလေ ဘယ့်နှယ် အစ်ကို ပါလိမ့်နော်….။
တကယ်တော့ ဒီအ ဖြစ်မှာ ပန်းဘက်က ဆတ်ဆတ်ထိမခံနိုင်လောက်အောင် ကဲကဲဆတ်တုန့်ပြန်ခဲ့မိခြင်း ဖြစ်သည်။ “ရွှေရည်လူး” ဆိုတာ ပန်း ဒီကျောင်းမှာ စတက်ခဲ့စဉ်ကတည်းက ခင်မင်ခဲ့သော သူငယ်ချင်း ဖြစ်သည်။ ပန်းအကြောင်းလည်း အတွင်းသိအစင်းသိ။ ဒီနေ့ကျောင်းကိုရောက်တော့ ရွှေရည်က ကျောင်းရှေ့ကနေ စောင့်နေခဲ့ကာ ပန်းကိုမြင်တော့ ပြုံးစိစိ စပ်ဖြီးဖြီးမျက်နှာဖြင့် …..
“ယောင်းမရေ သူငယ်ချင်း”
ဟု . . . လှမ်းနောက်ပြောင်ကျီစယ်လိုက်ခြင်း ဖြစ်သည်။ အရင်တုန်းကလည်း ကိုကို့ကို ပန်းသူငယ်ချင်းတွေ ဒီလိုပဲ နောက်ပြောင်လုယက်နေကျပါ။ အဲဒီ တုန်းက ဘယ်လိုမှ ထူးထူးခြားခြား မခံစားခဲ့ရသော်လည်း အခုမှ ရင်ထဲမှာ ဆစ်ခနဲ မျက်သွားမိသည်။ ရွှေရည့်ကို မျက်စောင်းဖြင့် ချက်ချင်း တုန့်ပြန်မိလျက်. . .
“အောင်မာ . . . ဘာယောင်းမလဲ၊ တန်ရာတန်ရာမှန်းစမ်းပါ ရလူးမရယ်”
ရည်လူးကို “ရလူး”ဟု သူငယ်ချင်းတွေ က အမြန်ခေါ်လေ့ရှိသည်။ ပန်းရဲ့ ကဲကဲဆတ်စွာ တာတာစကားကြောင့် ရည်လူး ကျွဲမြီးတိုသွားခဲ့ပုံရပါသည်။
“ဟယ်…. စွာ လိုက်တာ ပန်းသတင်းမ၊ တန်ရာတန်ရာမှန်းပါဆိုရအောင် နင့်အစ်ကိုကဘာကြီးမို့လို့လဲ၊ ငါ့ကိုမတန်မရာ မှန်းတယ်လို့ ဆိုချင်တာလား”
“မှန်လိုက်လေ. . . ငါ့အစ်ကိုက ဆရာဝန်ကြီးလေ၊ ပညာရော၊ အသက်ရော၊ ရုပ်ရည်ရောဉာဏ်ပညာရော နင်နဲ့ဘယ်နေရာမှာ တန်သလဲ. . . ပြော၊ နင်မှန်းရမှာ ငါ့အစ်ကိုမဟုတ်ဘူးဟဲ့၊ ဒီကျောင်းထဲက နင်နဲ့တန်းတူ ရှစ်တန်းကျောင်းသားကိုပဲ မှန်း၊ အလွန်ဆုံးမှန်းရင် ဆယ်တန်းက အစ်ကိုကြီးတွေ ကို တက်မှန်း၊ နောက်တစ်ခါ ငါ့ကို ယောင်းမလို့ လာမခေါ်နဲ့၊ ငါမကြိုက်ဘူး”
“သြော်. . . နင်ကဘယ်ကြိုက်မလဲ၊ သူက နင့်အစ်ကိုရင်းမှမဟုတ်တာ၊ နင်ကြိတ်ကြိုက်ချင် ကြိုက်နေမှာ ပေါ့၊ နင့်အကြောင်း ငါမသိဘူးများ မှတ်နေလား၊ ဟွန်း ဘယ်သူနဲ့မှမတန်ဘူး၊ ငါနဲ့ပဲတန်တယ် . . . ဒီလိုလား”
“ဟင် … နင် ရိုင်းလှချည်းလား ရလူး၊ အဲဒါ ငါ့ရဲ့ ကျေးဇူးရှင်ဟဲ့၊ နင် နင် စော်ကားဦးဟယ်”
ထိုခဏကလေးမှာ ပန်း သတိလက်လွတ် ဖြစ်သွားခဲ့ကာ သတိရလိုက်ချိန်မှာ ပန်းရဲ့ လက်သည်းကုတ်ခြစ် ဒဏ်ရာဖြင့် ရည်လူးမျက်နှာ ထင်းထင်းကြီး သွေးစို့လျက်သား။ ပန်းပင် ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ခဲ့။ ကိုယ့်သူငယ်ချင်းကို အဲဒီ လောက် လက်မြန်ခြေမြန်နှင့် ဇတ်ဇတ်ကြဲ ရက်စက်ပစ်လိုက်နိုင်သော မခံချင် စိတ် ဒေါသဟာ ဘယ်ကနေများ မြစ်ဖျားခံ ခဲ့ပါလိမ့်။ နောက်ဆုံးတော့ ရလာဒ်က ပန်း ကျောင်းအုပ်ဆရာမ ကြီးဆီ ရောက်ခဲ့ရသည်။ ဆရာမ ကြီးပင် မယုံနိုင်။
“ပန်းသတင်းဆိုတာ ဆရာမ ကြီးတို့ကျောင်းရဲ့ စံပြ လက်ရွေးစင်ကျောင်းသူ တစ်ယောက် နော်၊ အားလုံးက သမီးကို စောင့်ကြည့် စံထားထားရတာ ၊ ဒီလို ရန် ဖြစ်တဲ့ အလုပ်၊ ကိုယ့်သူငယ်ချင်းကို ထိခိုက်နာကျင်အောင် လုပ်တယ်ဆိုတာ အင်မတန် ရှက်ဖို့ကောင်းတဲ့ နိမ့်ကျတဲ့ လုပ်ရပ်ပါ၊ ဘာကြောင့် အဲဒီ လို ရိုင်းပျခဲ့မိသလဲဆိုတာအတွက် ခိုင်လုံးတိကျတဲ့ အကြောင်းပြချက်ပါတဲ့ essay တစ်ပုဒ်ရေး ပြီးတင်ပါ။ ပြီးတော့ မင်းကို အပြစ်ပေးတဲ့အနေနဲ့ တစ်ပတ်တိတိ ကျောင်းသန့်ရှင်း ရေး လုပ်ပေးရမယ်၊ သူငယ်ချင်းကို သူ ကျေနပ်တဲ့အထိ တောင်းပန်ပေးရမယ် … ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ ဆရာမ ကြီး”
ကျောင်းအုပ်ဆရာမ ကြီးအခန်းထဲကနေ ထွက်လာခဲ့ချိန်မှာ ပန်းရင်ထဲ အားငယ်နာကျင်ဆို့နစ်မှု တွေ နှင့် ငိုချင်နေခဲ့သည်။ တစ်ခါမှ အခုလို အပြစ်ပေးမခံခဲ့ဖူးသည့်အတွက်လည်း ရှက်မိသည်။ ဘာကြောင့် များ ခုလို စိတ်လိုက်မာန်ပါ တုန့်ပြန်ခဲ့မိပါလိမ့်။ ရည်လူးကို တောင်းပန်ကာ ကျောင်းသန့်ရှင်းရေး လုပ်ရတာ က သိပ်အခက်အခဲမရှိ။ ပြဿနာက အက်ဆေးရေး ရမှာ ကို ဘယ်ကစပြီး ဘာရေး ရမှန်းမသိ ဖြစ်နေခြံခင်း ဖြစ်သည်။ အဲဒီ လောက် မခံချင်စိတ် ဖြစ်ရလောက်အောင် ပန်းရဲ့ စိတ်ကို လှုံ့ဆော်သွေးဆူစေခဲ့တာ ဘာကြောင့် လဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်မိတော့ ကိုကို့ကို လိုအပ်တာ ထက်ပိုပြီး တရားလွန် တန်ဖိုးထားကိုးကွယ်နေမိသော ကြောင့် ပဲ ဖြစ်သည် … ဟု အဖြေထွက်လာခဲ့သည်။ ကိုကိုသည် ပန်းရဲ့ သူရဲကောင်းစံပြပုဂ္ဂိုလ် … အနှိုင်းမဲ့လောက်အောင် တန်ဖိုးမြင့်မြတ်လွန်းသည်။ ကိုကို့ကို ဘယ်လို နိမ့်ကျစော်ကားမှု မျိုးနှင့် မှ အထိခိုက်၊အစော်ကားမခံချင်ပါချေ ….။
တံခါးခေါက်သံကြားရပြီးမှ ကိုကို အခန်းထဲဝင်လာသည်။ ပန်းက ရေး လက်စအက်ဆေးကို ကိုကိုမမြင်အောင် ဖျတ်ခနဲ ဖုံးကွယ်လိုက်မိပေမယ့် အင်မတန် ပါးနပ်လျင်မြန်လွန်းသော ကိုကို့မျက်ဝန်းတွေ အောက်မှ ပန်း နောက်ကျသွားခဲ့ပါ ပြီ။ ကိုကို့ မျက်လုံးတွေ က စူးခနဲ အရောင် လက်သွားခဲ့၏ ။
“ဒီအချိန် ကိုကိုနဲ့ စာလာသင်ရမှာ မဟုတ်ဘူးလား ပန်း၊ ဘာစာတွေ ရေး နေတာလဲ၊ အဲဒီ စာ ကိုကို့ကို ပြစမ်း”
“ဆရာမ ကြီးရေး ခိုင်းထားတဲ့ အက်ဆေးပါ ကိုကို”
“အဲဒါဆို ကိုကိုလာမှ ဖုံးကွယ်ပစ်ရာ ဘာအကြောင်းမှ မရှိဘူး၊ကိုကို့ကို လျှို့ဝှက်ဖို့လိုလို့လား”
ပြောပြောဆိုဆို ကိုကိုက အက်ဆေးစာရွက်ကလေးကို ဖျတ်ခနဲ လျင်မြန်စွာ ဆွဲလုသွားခဲ့ပြီ။ ပန်းရင်ထဲ လှိုက်ဖိုဆူဝေသွားလျက် တစ်ကိုယ်လုံး ထူပူတုန်ယင်ကာ ကိုကို့ကို အလန့်တကြား ငေးကြည့်နေမိလေသည်။ အက်ဆေးကို ဖတ်နေသော ကိုကို့မျက်လုံးတွေ ရှုံ့လာကာ နှုတ်ခမ်းနှစ် လွှာက တင်းတင်းစေ့သွား၏ ။ ကိုကို့ မျက်နှာက လေးနက်စွာ တည်တန့်သွားခဲ့သည်။
“ကျောင်းမှာ ဘာပြဿနာ ဖြစ်ခဲ့သလဲ ပန်းသတင်း၊ ကိုကို့ ကို ဘာလို့ ပြောမပြတာလဲ”
ပန်း၏ အက်ဆေးတစ်ပိုင်းတစ်စကို ဖတ်မိပြီးချိန်မှာ သူ့ရင်ထဲသို့ အမည် မသိသော ဝေဒနာတစ်မျိုး တိုးတိတ် စွာ ဝင်ရောက်လာခဲ့သည်။ ပန်းက စာရေး ကောင်းသူ တစ်ယောက် ဟု သူအသိအမှတ်ပြုမိသည်။ ပညာသင်ချင်လွန်း၍ ဘုန်းကြီးကျောင်းမှာ ပညာသင်ကြားနေရသော မိဘမဲ့မိန်းကလေး တစ်ယောက် အကြောင်း ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေး သားထားခဲ့သည်။ ပြီးတော့ သူမဘဝ၏ လေးစားကိုးကွယ်ရာ ကျေးဇူးရှင် တစ်ယောက် အ ဖြစ် သူ့ကို ထည့်သွင်းထားခဲ့သည်။ သူ့ကို အစ်ကို တစ်ယောက် လိုရော၊ ဆရာ တစ်ယောက် လိုပါ လေးစားချစ်ခင်မိတာတွေ ၊ ထိုအစ်ကိုကို ထိပါးစော်ကားလာမည့်  ဘယ်လိုလူမျိုးကိုမဆို တုန့်ပြန့်စွာ သူမ ဝန်မလေးကြောင်း ရေး ထားပုံမှာ အက်ဆေးတစ်ခုနှင့် မတူဘဲ ဖွင့်ဟဝန်ခံလွှာတစ်ခုနှင့် တူနေခဲ့သည်။
“ပန်း သူငယ်ချင်းက ကိုကို့ ကို နောက်တာကို မခံနိုင်တာနဲ့ သူ့ကို လက်သည်းနဲ့ကုတ်ဆွဲမိလို့ ဆရာမ ကြီးက အပြစ် ပေးတဲ့အနေနဲ့ အက်ဆေးရေး ခိုင်းတာပါ ကိုကို . . . ”
ပန်း၏ အသံက ခပ်တိုးတိုး . . . ပြီးတော့ တုန်ယင်နေပါသည်။ ကိုကို့ မျက်ဝန်းတွေ နှင့် ရင်မဆိုင်ရဲပါ။
“သူက ကိုကို့ကို ဘယ်လိုနောက်လို့ ပန်းက အဲဒီ လောက် တုန့်ပြန့်လိုက်ရတာ လဲ”
“ပန်းကို ယောင်းမရေ သူငယ်ချင်းလို့ သူကစပြီး နောက်တာ၊ ဟိုးအရင်ကလည်း သူ အဲဒီ လို နောက်တတ်တယ်၊ အရင် ကတော့ ပန်း သည်းခံခဲ့ပါတယ်၊ ခုတော့ သည်းမခံနိုင်တော့ဘူး၊ သူက ကိုကို့ကို ကြိတ်ပြီး ကြိုက်နေတာ ပန်းသိသားပဲ၊ တန်ရာတန်ရာ မမှန်းဘူး၊ သူက ရှစ်တန်းပဲရှိသေးတဲ့ဥစ္စာ၊ ကိုကို့လို ဆရာဝန်ကြီးကို သူမှန်းစရာလား၊ မတန်မရာ မှန်းတယ်ပြောတော့ သူ မခံနိုင်ဘူး၊ ပန်းကို နင်ကြိတ်ကြိုက်နေတာ မသိဘူးများ မှတ်နေလားလို့ စွပ်စွဲတာနဲ့ စိတ်ချဉ်ပေါက်ပြီး ကုတ်ဆွဲပစ်လိုက်ရော . . . မှတ်ထား”
အံကလေးကြိတ်ကာ မခံချိမခံသာကလေး ရှင်းပြနေသော ပန်းရဲ့ မျက်နှာကလေးကို သေသေချာချာ စိုက်ကြည့်မိရင်း ဒီကလေးမလေး မျက်စိရှေ့မှာ တင် အပျိုပေါက်ကလေးအရွယ်ဆီ ကူးပြောင်းလာခဲ့ပါပေါ့လား . . . ဟု သူ အံ့သြဆန်းကြယ် သော ခံစားချက်တစ်မျီုး ခံစားမိသည်။ အဖူးအငုံ သေးသေးလေးအရွယ်ကနေ တဖြည်းဖြည်း ဖူးဖွံ့ငွားစွင့် ပွင့်လာတော့မည် ။ ဒီအခြေအနေတွေ ကို သူကြိုတင်တွေးဆ, ဆင်ခြင်ထားရတောာ့မည် ။ သူဟာ သူပျိုးထားသည့် ပင်ပျိုကလေးကို အရိပ် တကြည့်ကြည့်ရှိကာ အပြည့်အဝ ဖူးပွင့်လန်းဆန်းလာသည့်တိုင် ပြုစုပျိုးထောင်ပေးရမည့်  ဥယျာဉ်မှူး တစ်ယောက် သာ ဖြစ်သည်။ ဒီ ပင်ပျိုကလေး တစ်နေ့တစ်ခြား ရှင်သန်ကြီးထွားလာကာ တစ်ချိန်မှာ သူတောင် ပြန်မမှတ်မိနိုင်လောက်အောင် ဖားဖားဝေဝေ ခက်လက်ဖြာဝေ စိမ်းလန်းလာဦးမည့် အချိန်ကို သူ ရင်ခုန်မျှော်လင့်စွာ စောင့်စားရပါဦးမည် ။
* * * * *
အခန်း(၆)
အချိန်တွေ တရွေ့ရွှေ့ကုန်ဆုံးသွားခဲ့သည်မှာ အံ့သြဖွယ်ရာ။ နှစ် နှစ် ဆိုသော အချိန်သည် ဖြိုးဖြိုးဖျတ်ဖျတ်နှင့် ကုန်ဆုံးသွားခဲ့သည်မှာ ပန်းသတင်းပင် ဆယ်တန်းကျောင်းသူ တစ်ယောက် ဖြစ်ခဲ့ပါပြီ။ ဆယ့်ငါးနှစ် အရွယ် အပျိုချောမလေး။ ရှစ်တန်းနှင့် ကိုးတန်းကို ထူးချွန်စွာ ပထမအဆင့်တွေ နှင့် ချည်း အောင်မြင်ခဲ့သော ပန်းသည် ဆယ်တန်းမှာ တော့ မြန်မာ တစ်ပြည်လုံး တစ်ကနေ တစ်ဆယ်အတွင်း ဝင်တဲ့အထိ မှန်းထားခဲ့သည်မို့ အားသွန်ခွန်စိုက် ကြိုးကြိုးစားစား ရှိလှသည်။ ပန်းအတွက် အဓိက ဂိုက်(ဒ်)မှာ သူပဲ ဖြစ်ခဲ့ရသည်။ ပန်းအတွက် ကျောင်းပို့ကြိုတာဝန်ကို သူပဲပေးခဲ့သလို နာမည် ကြီး ကျူရှင် ဝိုင်းတွေ ဆီလည်း ပို့ပေးသည်။ အဲဒါအပြင် ပန်းကို သူ့ကိုယ်တိုင်လည်း စနစ်တကျ အချိန်ဇယားဆွဲပေးထားကာ သူကိုယ်တိုင် အနီးကပ်ကြပ်မတ်ပေးရသည်။ စာတစ်ခုတည်းမဟုတ်ဘဲ ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ခန်းပုံမှန်လုပ်စေတာမျိုး၊ ဉာဏ်ရည်ထက်မြက်ပြီး မှတ်ဉာဏ်စူးစိုက်အား ကောင်းမွန်အောင် စိတ်တည်ငြိမ်ကြည်လင်အောင် ပုံမှန်တရားထိုင် ခိုင်းတာမျိုးတွေ လုပ်ပေးရသည်။ ပန်းအတွက် ညတိုင်း ကြည်ဥတစ်လုံးနှင့် နွားနို့ပူပူတစ်ခွက်ကို သူကိုယ်တိုင် သွားပို့ပေး ခဲ့သည်။
“ကိုကိုကလည်း အားနာစရာကြီး၊ ဒေါ်ကြီး လာပို့ခိုင်းလို့ရတာ ပဲ”
“ကိုကို့ ညီမလေးကို ကိုကို ကိုယ်တိုင် ဂရုစိုက်ပြုစုပေးချင်လို့ပေါ့ကွာ၊ ဘယ်လိုလဲ . . . စာတွေ အဆင်သင့်ပဲလား၊ နားမလည်တာရှိရင် ကိုကို့ကို ချက်ချင်း မေးနော်၊ ည တစ်ရေး နိုးလည်း ကိုကို့ကို နှိုးပြီးလာမေး”
“ဟုတ်ကဲ့ပါ၊ ကိုကို၊ ပန်းအခု မေးခွန်းဟောင်းတွေ ကို အချိန်တိုင်ပင်ကိုက်ပြီး ဖြေကြည့်နေပြီ၊ ကျောင်းက ဆရာမ တွေ က ဂရုတစိုက် ပြန်စစ်ပေးကြတယ် ကိုကို၊ သချာင်္၊ အင်္ဂလိပ်စာရယ်၊ bio ရယ်၊ physic ရယ်က အမြဲတမ်း ၉၀ ကျော် ရတယ်၊ မြန်မာစာနဲ့ chemistry က ရှစ်ဆယ်ကျော် . . . ”
“မြန်မာစာက ထားပါတော့၊ chemistry က ကိုးဆယ်ကျော်မှ ဖြစ်မယ်လေ၊ ဘာတွေ အားနည်းလို့လဲ၊ ဒါဆို ကိုကို chemistry ဖိသင်ပေးမှ ဖြစ်မယ်၊ သချာင်္ဆို ၁၀၀ အပြည့်ရသင့်တယ်၊ အမှားမရှိအောင် အထပ်ထပ် လေ့ကျင့်လေ ပန်းရဲ့ ”
သူ အလောတကြီးဇောနှင့် ပြောမိပြီးမှ ပန်း၏ မျက်လုံးဝိုင်းကလေးတွေ ကို သတိထားမိသွားခဲ့သည်။ သူ အမိန့်ကို တစ်သဝေမတိမ်း နာခံတတ်သူကလေး။ သူက ဒါကို ဖြစ်အောင်လုပ်ဆို မရရအောင် အားကြိုးမာန်တက် နှစ် ဆတိုးပြီး ကြိုးစားတတ်သူကလေးဆိုတာ သူ အကြွင်းမဲ့ ယုံကြည်ထားပါသည်။ သချာင်္ ၁၀၀ မရလျှင် စိတ်ညစ်နေမှာ စိုးသော ကြောင့် ပန်း၏ ခေါင်းကလေးကို သူ ခပ်ဖွဖွပုတ်ကာ ဆော့ကစားလိုက်သည်။ ပြီးမှ သူ့နှုတ်ခမ်းမှာ အပြုံးကလေးဖန်ဆင်းပြီး . . .
“အေးပါကွာ . . . အဓိက မင်းကျန်းမာပျော်ရွှင်နေဖို့လည်း အရေး ကြီးပါတယ်။ သချာင်္ ၁၀၀ ရဖို့ ကိုကို အတင်းမတွန်း ပါဘူး၊ အကောင်းဆုံးတော့ ကြိုးစားပါ ပန်းရာ၊ မင်းကို ကိုကို အမြင့်ဆုံးမှန်းထားတယ်”
“ဟုတ်ကဲ့ပါ ကိုကို၊ ပန်း နှစ် ဆတိုးပြီး ကြိုးစားပါ့မယ်”
ပန်းက ထိုကတိကို ကိုကို့ကို ပေးမြဲ ဖြစ်သည်။ ကိုကို ပန်းကို မျှော်လင့်ထားလေ ပန်းမှာ ကြိုးစားရမည့် တာဝန် ပိုကြီးလေ . . . ဟု ခံယူထားခဲ့သော ကြောင့် ဖြစ်၏ ။ ကိုကို ပန်းကို စိတ်တိုင်းကျ စေချင်သည်။ ပြုစုပျိုးထောင်ရကျိုး၊ ပင်ပန်းရ ကျိုးနပ်စေချင်သည်။ ပန်းကိုယ်တိုင် ဖြစ်ချင်စိတ်ရှိတာထက်ပိုပြီး ကိုကို့ဆန္ဒကို ဖြည့်ဆည်းပေးချင်မိတာက ပန်း၏ ရင်ထဲက နက်ရှိုင်းသော ဆန္ဒအမှန်ပဲ ဖြစ်သည်။ ပန်းကြောင့် ကိုကို အားပါးတရ ကျေကျေနပ်နပ် ပြုံးလိုက်တာမျိုး မြင်ရလျှင် ပန်းရင်ထဲ ဘယ်လိုဝမ်းမြောက် ဂုဏ်ယူမိမှန်း မသိ။ ကိုကို့ကြောင့် ပဲ ပန်း ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အစွမ်းကုန် ကြိုးစားခဲ့မိခြင်း ဖြစ်ပါသည်။
ထိုနေ့က ဆယ်တန်းအောင်စာရင်းတွေ ထွက်မည့် နေ့ . . . ။ တစ်ညလုံး ပန်းအိပ်လို့ မပျော်နိုင်ပါ။ အောင်စာရင်းတွေ ကပ်မည့်  မြို့နယ်ရုံးရှေ့မှာ လူတွေ စည်စည်ကားကား စုစုရုံးရုံး။ ပန်းကို ကိုကို ကိုယ်တိုင် ကားဖြင့် လိုက်ပို့ပေးသည်။ မနက်လေးနာရီ ထိုးခါနီး အထိ အောင်စာရင်းတွေ မကပ်သေး။ ပန်းက ရင်တွေ တလှပ်လှပ်ဖိုကာ နေမထိထိုင်မသာ ဖြစ်ကာ စိတ်လှုပ်ရှားလွန်းနေသော ကြောင့် ပန်း၏ လက်ကလေးတစ်ဖက်ကို ကိုကိုက အားပေးသလို ဖိအုပ်ဆုပ်ကိုင်ပေးထားသည်။
“ဟော . . . အောင်စာရင်းတွေ ကပ်ပြီ ကိုကို၊ လူတွေ အများ ကြီးပြေးကုန်ပြီ”
“ပန်း . . . ကားပေါ်မှာ နေခဲ့၊ ကိုကို သွားကြည့်ပေးမယ်”
“ဟင့်အင်း ကိုကို၊ ပန်းလည်း လိုက်ကြည့်ချင်တယ်၊ ပန်းမျက်လုံးနဲ့မြင်ရမှ”
“ကဲ . . . ဒါဆို လာ”
ကိုကိုက ပန်းလက်တစ်ဖက်ကို ခပ်တင်းတင်းဆွဲပြီး လူအုပ်ကြီးထဲသို့ ဇွတ်တိုးဝင်လာခဲ့သည်။ ရုန်းစုတိုးကြိတ်နေ သော လူအုပ်၏ တွန်းပို့မှု ဖြင့် ပန်းတို့ အောင်စာရင်းတွေ ကပ်ထားသော စာရွက်တွေ ကို မူးနောက်နေအောင် တိုးကြိတ်ရှာဖွေ ရသည်။
“ဟာ . . . ဒီမှာ ပန်းတွေ့ ပြီ၊ ပန်းရဲ့ ခုံနံပါတ် ၊ မပန်းသတင်း . . . ဂုဏ်ထူးက တစ်နှစ် သုံးလေးငါးခြောက်၊ ဟေး . . . ခြောက်ဘာသာလုံး ဂုဏ်ထူးထွက်တယ်ကွ၊ ငါ့ညီမလေး၊ ဒါမှ ကိုကို့ရဲ့ ညီမလေး”
ကိုကို့အသံက အပျော်ဓာတ်ဖြင့် ကျယ်လောင်ကြပါလျက်။ ပန်းပင် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ပါ။ တကယ်ပဲ ပန်းခြောက်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ခဲ့ပြီပေါ့။ ကိုကို့ကြည့်ရသည်မှာ ပန်းထက်တောင် သူက ပိုပြီး ပျော်ရွှင်နေသည့် အတိုင်း။ ပန်းကို လူတွေ ကြားထဲကနေ ပြန်ဆွဲထုတ်လာခဲ့ပြီး လူရှင်းသွားချိန်မှာ ပန်း၏ ကိုယ်ကလေးကို အားပါးတရ မွှေ့ယမ်းသည့် ပတ်ချာလည် လှည့်ပစ်နေတော့သည်။
“ငါ့ ညီမလေး တော် လိုက်တာ၊ ခြောက်ဘာသာစလုံး ဂုဏ်ထူးထွက်တယ်၊ ညီမလေး ဘာလိုချင်လဲ၊ ကိုကို့ကို ပြောစမ်း . . . ပန်းကို ဆုချရမယ်”
ပန်းက ကိုကို့ကို တင်းကြပ်နေအောင် ဖက်ထားလိုက်မိရင်း အသံထွက်အောင်ပင် ငိုကြွေးလိုက်မိတော့သည်။ တင်းကြပ်စွာ ဖက်တွယ်ထားသော အထိအတွေ့ ၊ ပြီးတော့ သူ့အင်္ကျီရင်ဘတ်စီမှ စွတ်စိုမှု ကြောင့် သူ ရုတ်တရက် ငြိမ်သက် သွားမိသည်။ နူးညံ့အိထွေးသော မိန်းကလေး တစ်ယောက် ၏ ဖက်တွယ်မှု ၊ ထိုအတွေ့ က မမြင်နိုင်သော အင်အားတစ်ခု ညှို့ငင်ဆွဲနှောင်မှု တစ်ခုပမာ သူ့ရင်ထဲသို့ သိမ်မွေ့ညင်သာလွန်းသလောက် အရှိန်အဝါ အင်အားပြင်းထန်လွန်းစွာ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူ့ကို တင်းကြပ်နေအောင် ဖက်တွယ်ထားသော ထိုလက်ကလေးတွေ ကို သူ ဆွဲမဖယ်မိ လောက်အောင် ရုတ်တရက် သတိလက်လွတ် မင်သက်မိန်းမောသွားခဲ့မိသည်။
“ပန်း ညီမလေး . . . ဒါ ငိုစရာလားဟ၊ အရူးမလေး”
သူ့အသံကိုပင် သူ ပြန်မမှတ်မ်အောင် ခပ်အက်အက်ဖွာနေခဲ့သည်။ သူ ဘာ ဖြစ်သွားတာလဲ . . . ?။
“ပန်း အရမ်းလည်း ဝမ်းသာတယ်။ ကြီးကြီးနဲ့ ကိုကို့ ကိုလည်း အရမ်းကျေးဇူးတင်တယ် ကိုကို၊ အထူးသဖြင့် ပန်းကို တင်းတင်းကြပ်ကြပ် လေ့ကျင့်ပေးခဲ့တဲ့ ကိုကို ကို့ ပန်းအရမ်း”
ကိုကို့ ကို ပန်းအရမ်းချစ်တယ် . . . လို့ ပန်းပြောမထွက်ပါဘူး ကိုကို။ ပန်း အရမ်းမိုက်မဲရာ ကျေးဇူးကန်းရာ လူမဆန်ရာ ကျသွားမှာ ပေါ့။ ပန်းဘဝရဲ့ ကျေးဇူးရှင် သူရဲကောင်းဆရာ တစ်ယောက် ကို ပန်းရူးရူးမိုက်မိုက် စော်ကားမိရာ ကျနေမှာ ပေါ့။ ဒါဟာ ပန်းရဲ့ ဆယ်ကျော်သက်အရွယ် စိတ်ကစား တိမ်းမူးစိတ်ရူးစိတ်နှမ်းမျိုး လုံးဝမဟုတ်ရပါ။ နေ့နေ့ညည ပန်းရင်ထဲမှာ နက်နက်ရှိုင်းရှိုင်း တွယ်တာနှောင်ငင်ရစ် ဖွဲ့နေခဲ့တဲ့ သံယောဇဉ် ထုထည်တွေ ကနေ မြစ်ဖျားခံဖွဲ့တည်လာခဲ့တဲ့ အချစ်စစ်စစ်တွေ ပါ။ ပန်း ကိုကို့ကို သိပ်ချစ်တယ်။ ဘာနဲ့မှ နှိုင်းမရအောင် ချစ်မိနေပါတယ်။ ဒါဟာ ဘယ်လိုမှ မ ဖြစ်သင့်ဘူးလို့ ပန်းရဲ့ နှလုံးသားကို ဘယ်လောက်ပဲ တင်းတင်းကြပ်ကြပ် စောင့်ကြပ်အကျဉ်းချထားခဲ့မိပေမယ့် လေးစားအထင်ကြီး ကိုးကွယ် မြတ်နိုးစိတ်ကနေ ဖွဲ့တည်ခဲ့တဲ့ ဒီချစ်ခြင်းအဖွဲ့အအုံကို ပန်းဘယ်လိုအသိတရား၊ အင်အားမျိုးနဲ့မှ ဖြိုဖျက်လို့ မရခဲ့ပါဘူး။ အဲဒီ အတွက် ပန်းကိုခွင့်လွှတ်ပါ ကိုကို။
“တော် ပြီ… မငိုနဲ့တော့ ညီမလေး၊ အိမ်ပြန်ကြစို့၊ မေမေ မျှော်နေရောပေါ့”
ပန်းရဲ့ လက်ကလေးတွေ ကို အသာအယာ ဖြုတ်ယူပြီး သူပြောလိုက်မိသည်။ သူ့ရင်တစ်ခုလုံး ကတုန်ကယင် ဖြစ်ကာ အိမ်မက်ထဲမှာ လမ်းလျှောက်နေမိသူလို ကယောင်ကတမ်းတွေ ဖြစ်နေခဲ့သည်။ ကားသော့ ကို သူလိုက်ရှာနေမိသည်။
“ကိုကို . . . ကားသော့ က ကိုကို့ ခါးကြားမှာ လေ”
ဟု ပန်းပြောမှ သူ ပြန်သတိရသည်။ ပန်း မျက်နှာကလေးကို သူ မကြာခဏ လှည့်လှည့်ကြည့်မိသည်။ သူ လှည့်ကြည့်မိတိုင်းလည်း ပန်းက သူ့ကို ပြန်ကြည့်ကာ ပြုံးပြတတ်သည်။ သူ့စိတ်တွေ တစ်မျိုးပြောင်းလဲနေခဲ့သလား . . . ဟု သူ့ကိုယ်သူ ပြန်ဆန်းစစ်မိသည်။ နေ့နေ့ညည နီးနီးကပ်ကပ် ရင်းရင်းနှီးနှီး ရှိခဲ့ရသူကလေး။ သူမအပေါ် သူထားခဲ့မိသော စေတနာ သဒ္ဓါ မေတ္တာတွေ က သာမန်သမားရိုးကျမဟုတ်ခဲ့တာတော့ သေချာပါသည်။ သူ စနစ်တကျ တလေးတနက် တန်ဖိုး ထားစွာ အနုစိတ် ဂရုတစိုက် ထုဆစ်နေခဲ့သော သူ့ရဲ့ ဂန္ထဝင်မြောက်မည့်  သက်ရှိကျောက်ဆစ် အနုပညာ လက်ရာကလေး။ သူမကို သူ အမြင့်မားဆုံး မျှော်လင့်ထားခဲ့သည်။ သူမ၏ အောင်မြင်မှု တိုင်းဟာ သူ့ရဲ့ ဂုဏ်သိက္ခာကို ကိုယ်စားပြုသည်။
ရတနာဆိုင်ထဲမှာ စိတ်တိုင်းကျ ရွေးချယ်ပြီးတော့မှ ထို ပုလဲလည်ဆွဲကလေးကို သူ ဝယ်ဖို့ ဆုံးဖြတ်လိုက်သည်။ Tahitain Pearl အလုံးကြီးကြီး အရည်အသွေးကောင်းလွန်းပြီး နှစ် အိဝင်းမွတ်နေသော ဒီပုလဲလည်ဆွဲကလေးဟာ ပန်းရဲ့ လည်တိုင်ကြော့ကြော့ကလေးနှင့် မှ လိုက်ဖက်တင့်တယ်နေတော့မှာ သေချာပါသည်။
“ဒါလေးပဲ ယူလိုက်တော့မယ် ညီမ”
“ဟုတ်ကဲ့ရှင့်၊ ခဏထိုင်ပါဦး အစ်ကို၊ ဗူးလှလှကလေးနဲ့ သေချာထည့်ပြီး ပါကင်လုပ်ပေးလိုက်ပါ့မယ်”
ဘောက်ချာစာရွက်ကလေး သူ့လက်ထဲရောက်လာတော့ သူ ပိုက်ဆံရှင်းဖို့ ပိုက်ဆံအိတ် လိုက်ရှာမိသည်။ ချက်ချင်း ရှာမတွေ့ ။ သူ ထိတ်ခနဲ ဖြစ်ကာ ပျာသွားခဲ့သည်။ ပိုက်ဆံအိတ်ကို သူ ဘယ်မှာ ထားမိပါလိမ့်။ ဒီဆိုင်ကို လာကတည်းက မပါဘူးလား။ သူ့ ဆေးခန်းထဲမှာ ပဲ ကျန်ရစ်ခဲ့သလား။ သူ ချက်ချင်း ပဲ သူ့ စက္ကထရီမ,ကလေးထံ ဖုန်းလှမ်းခေါ်ရသည်။
“ကေသွယ် . . . ကိုယ့်ရုံးခန်းထဲမှာ ကိုယ့်ပိုက်ဆံအိတ်များ ကျန်ခဲ့သလားလို့ ရှာပေးပါဦး”
“ဟုတ်ကဲ့ ဆရာ . . . ခဏလေးနော်”
ကေသွယ်က အခန်းထဲ သွားပြန်ရှာပြီး ခဏကြာတော့ အကြောင်းပြန်သည်။
“မရှိဘူး ဆရာ၊ ကေသွယ် မှတ်မိသလောက် ဆရာပြန်တော့ ဆရာ့အိတ်ဆရာ ကိုင် သွားပါတယ်၊ ခု ဘယ်မှာ လဲ ဆရာ . . . အိမ်ရောက်နေပြီလား”
“မရောက်သေးဘူး . . . ကိုယ် ရတနာဆိုင်မှာ ၊ ကိုယ့် ညီမအတွက် ပုလဲလည်ဆွဲလေးဝယ်နေတာ၊ ဒီမှာ ငွေရှင်းမယ် လုပ်တော့ ပိုက်ဆံအိတ်ရှာမတွေ့ ဘူး”
“ကားပေါ်မှာ များ မေ့ကျန်ခဲ့သလား ဆရာရယ်၊ ကားပေါ်တစ်ချက် ပြန်ရှာကြည့်ပါဦး”
“အိုကေ အိုကေ . . . ဒါပဲလေ ကေသွယ်၊ ကိုယ် သွားရှာကြည့်လိုက်ဦးမယ်”
ကေသွယ့်ကို ဖုန်းချပြီး သူ ဆိုင်ဝန်ထမ်းမိန်းကလေးကို မျက်နှာပူစွာ တောင်းပန်ရသည်။
“ဆောရီး ညီမရယ်၊ ကိုယ် ပိုက်ဆံအိတ် မေ့ကျန်ခဲ့လို့၊ ကားပေါ်မှာ များ ထားခဲ့သလား မသိဘူး၊ ခဏလေး စောင့်ပေးနော်၊ ကိုယ် သွားရှာလိုက်ဦးမယ်”
သူ ကားဆီကို ခပ်သွက်သွက် ပြန်လျှောက်ခဲ့သည်။ ကားနားရောက်တော့ တံခါးဖွင့်ဖို့လုပ်တော့ သူ့လက်ထဲမှာ ကားသော့ မတွေ့ ။ ခါးကြားထဲ ဘောင်းဘီအိတ်ထဲ သူ ရှာဖွေသော်လည်း မတွေ့ ။
“ကျစ် ဘာလဲကွာ၊ ဘာလို့ ဒီလောက် မေ့လျော့နေရတာ လဲ . . . ခုတလော”
သူ ရတနာဆိုင်ထဲ တစ်ခါထပ်ဝင်ရပြန်သည်။ ဝန်ထမ်းကောင်မလေးတွေ က သူ့ကို စူးစမ်ဟန်ဖြင့် မသိမသာ အကဲခတ်လျက် ရှိကြသည်။ သူ့မျက်နှာတွေ ထူပူလာ၏ ။
“ကိုယ့်ကားသော့ ကွာ၊ ဘယ်မှာ များ ထားလိုက်မိသလဲ မသိဘူး၊ ကူညီပါဦးကွာ”
ဝန်ထမ်းကောင်မလေးတွေ ဝိုင်းရှာပေးကြပါသည်။ နောက်တော့ သူ့ကားသော့ ကို ခုနက ရတနာတွေ ကြည့်တုန်းက မှန်စားပွဲထောင့်စွန်းကလေးမှာ သူ ဒီအတိုင်း တင်ထားခဲ့မိခြင်း ဖြစ်သည်။ ကားသော့ တွေ့ မှာ ကားထဲပြန်ရှာကြည့်တော့လည်း မတွေ့ ။ သူ့ကိုယ်သူ နည်းနည်း တော့ အံ့သြစ, ပြုလာခဲ့ပြီ။ ခုတလော သူသိသိသာသာကို မေ့လျော့တက်လာခဲ့ပါသလား။ ဆေးခန်းမှာ ကြည့်နေကျ လူနာတွေ ရဲ့ နာမည် တွေ ၊ လုပ်ဖော်ကိုင်ဖက်ဆရာဝန် တချို့ရဲ့ နာမည် တွေ ၊ သူနာပြုကလေးတွေ ရဲ့ နာမည် တွေ ကို ခဏခဏ မေ့တက်လာသည်။ လူနာနှင့် သူ့ ရောဂါ အခြေအနေကို တွဲ ပြီး မမှတ်မိသဖြင့် လူနာ တစ်ယောက် ကိုကြည့်လျှင် အစအဆုံး ဆေးမှတ်တမ်းတွေ ပြန်စစ်ဆေးကြည့်ရသည်။ ဒီနေ့ ဘာနေ့လဲဆိုတာကို သူ မေ့လျော့နေတက်သည်။ သူ ဘာ ဖြစ်နေတာလဲ။ သူ့ရဲ့ မှတ်ဉာဏ်တွေ စတင်ချွတ်ယွင်းစ, ပြုလာတာဟာ သမားရိုးကျမှ ဟုတ်ပါရဲ့ လား။ သူ စိတ်ရှုပ်ထွေးလာခဲ့သည်။
ရတနာဖိုး ပိုက်ဆံမရှင်းနိုင်ဘဲ သူအိမ်သို့ ပြန်လာခဲ့ပါသည်။ အတွေးတစ်ခု သံသယတစ်ခု စိုးရွံ့မှု တစ်ခုက သူ့နှလုံးသား ကို အပ်မျှင်မျှင်ကလေး နှင့် ပေါက်နေသလို တဆစ်ဆစ် အဆက်မပြတ် ခေါက်လျက်ရှိသည်။ သူ့မှာ က အိမ်မက်ဆိုးတစ်ခု ရှိထားနှင့် ပြီ မဟုတ်လား။ သူ့ဖေဖေရဲ့ Early Onset Alzheimer's Disease ဟာ ဖေဖေ့အသက် သုံးဆယ့်ငါးနှစ် လောက်မှာ စတင်ခဲ့ခြင်း ဖြစ်သည်။ အဲဒီ အရွယ်မှာ ဖြစ်တာ အလွန်ရှားပါးသည်ဆိုပေမယ့် ရှားပါးသည့် အထဲမှာ ဖေဖေ ပါဝင်ခဲ့သည်။ သူကိုယ်တိုင် ဆရာဝန် တစ်ယောက် ဖြစ်တာရယ် . . . ဖေဖေ့ ရောဂါ အကြောင်း အစအဆုံး သိထားချင်တာကြောင့် ရယ် သူ Early Onset Alzheimer's Disease အကြောင်း အသေးစိတ် လေ့လာထားခဲ့သည်။ ဖေဖေဆိုလျှင် အခုဆို သူ့တစ်ကိုယ်ရေ နေ့စဉ်လုပ်ငန်းဆောင်တာတွေ ပင် လုပ်ဆောင်နိုင်ခြင်းမရှိတော့။ သူ့ကိုယ်သူ ဘယ်မှာ ရောက်နေမှန်းလည်း မသိ . . . မိသားစုတွေ ကိုလည်း မှတ်မိခြင်း မရှိတော့။ မေမေနှင့် သူနာပြုဆရာမ ကလေးတို့ အလှည့်ကျ စောင့်ကြည်၊ ကျွေးမွေး၊ ပြုစုစောင့်ရှောက်ပေးနေခဲ့ရတာ ဆယ့်ငါးနှစ် ရှိခဲ့ပြီ။ ဖေဖေနှင့် မေမေဟာ ငယ်ချစ်တွေ လည်း ဖြစ်ကာ ဆယ့်ရှစ်နှစ် မှာ ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ပြုခဲ့ကြခြင်း ဖြစ်သည်။ ဖေဖေ စ, ဖြစ်တော့ မေမေသည် အရွယ်ကောင်းပဲ ရှိသေးသည်။ ဖေဖေရဲ့ မေ့လျော့မှု တွေ ၊ ဆုံးဖြတ်ချက်မှားယွင်းမှု တွေ ၊ အပြုအမှု အပြောအဆို အနေအထိုင် ပြောင်းလဲမှု တွေ ၊ နားလည်ရခက်ခဲသော အခြေအနေတွေ ကို မေမေ တစ်ယောက် တည်း ခက်ခက်ခဲခဲ ရင်ဆိုင်ဖြတ်သန်းခဲ့ရ ခြင်း ဖြစ်သည်။ သူ့ကိုယ်တိုင်လည်း ဆယ်ကျော်သက်အရွယ်ကလေးမို့ ဖေဖေ့ ရောဂါ အခြေအနေနှင့် တိုက်ပွဲတွေ ဝင်ခဲ့ရသည်။ သူကံကောင်းလွန်း၊ စိတ်ဓာတ်ပြင်းထန်လွန်း၊ ရည်ရွယ်ချက်ကြီးမားလွန်းလို့သာ သူ ဖြစ်ချင်လွန်းသော ဆရာဝန်ဘဝကို မ ဖြစ် ဖြစ်အောင် ကြိုးစားယူခဲ့ခြင်း ဖြစ်သည်။ ဆရာဝန် တစ်ယောက် ဖြစ်လာသည်နှင့် အညီ . . . ဖေဖေ့အခြေအနေကို သိထားသူမို့ သူလည်း ဖေဖေ့လို ဖြစ်နိုင်သည်ဆိုသော အတွေးက သူ့မှာ အမြဲရှိခဲ့သည်။ ခုတလော သိပ်မေ့လျော့တတ်တာ တွေ များ လာလေလေ . . . သူ့သံသယက ပိုမိုအားကောင်းလာလေလေ၊ သူရဲ့ စိုးရိမ်စိတ်က ပို၍ ပြင်းထန်လာလေလေ ဖြစ် သည်။ သူ ဖေဖေ့လို မ ဖြစ်ချင်ပါ။ သူ ချစ်ခင်မြတ်နိုးသူတွေ ကို မေ့လျော့ခြင်းဖြင့် အဆုံးမသတ်ချင်ပါ။ သူ့မှတ်ဉာဏ်တွေ ကို မဆုံးရှုံးချင်ပါ . . . ။
သူ့ရဲ့ ပိုက်ဆံအိတ်ကို သူဘယ်နေရာမှာ မှ ပြန်ရှာ၍ မရတော့သော ကြောင့် နောက်တစ်ကြိမ်သွားပြီး ပုလဲလည်ဆွဲ ကလေး ဝယ်ခဲ့ရသည်။ အံ့သြစရာကောင်းတာက သူ ဝယ်ဖို့ ဆုံးဖြတ်ထားခဲ့သော ပုလဲလည်ဆွဲကလေးကို သူ ပြန်မမှတ်မိ တော့ခြင်းပဲ ဖြစ်သည်။ အရောင်းဝန်ထမ်းကောင်မလေးတွေ က သူ့ကို မှတ်မိနေပြီး သူကြည့်ထားသော ပုလဲလည်ဆွဲကလေး ကို ပြန်ရွေးချယ်ထုတ်ပေးမှ အဆင်ပြေသွားခဲ့သည်။ တစ်ခုခုတော့ မှားယွင်းနေပြီဟု . . . သူ ထင်သည်။
* * * * *
အခန်း(၇)
“ညီမလေးမွေးနေ့အတွက် အမှတ်တရ . . . ညီမလေး”
ကိုကိုက ပန်းလက်ထဲသို့ ကတ္တီပါဗူးလှလှကလေး လှမ်းပေးလိုက်သဖြင့် ပန်း လှမ်းယူလိုက်ရပေမယ့် မွေးနေ့အတွက် ဆိုတော့ ပန်း အံ့အားသင့်သွားခဲ့ပါသည်။ ပန်း မွေးနေ့က ပြီးခဲ့ပြီလေ။ လွန်ခဲ့တဲ့ ဇွန်လတုန်းက ပန်း ဆယ့်ခြောက်နှစ် ပြည့်ခဲ့ တာ ကိုကိုမေ့သွားတာလား။ ဗူးကလေးကို ဖွင့်ကြည့်လိုက်တော့ မထိရက်စရာ လှပလွန်းသော ပုလဲလည်ဆွဲကလေး တစ်ကုံး။
“အို . . . လှလိုက်တာ ကိုကိုရယ်၊ မွေးနေ့လက်ဆောင်က ကိုကို ပေးပြီးသားလေ၊ ဇွန်လတုန်းက ဆယ့်ခြောက် နှစ် ပြည့် မွေးနေ့အတွက် ကိုကို နာရီလှလှလေး ဝယ်ပေးခဲ့တယ်လေ . . . ဟောဒီမှာ လေ”
ပန်းက ညာလက်မှာ ပတ်ထားသော D&G နာရီ အဝိုင်းကလေးကို မြှောက်ပြလျှင် ကိုကို့မျက်ဝန်းတွေ က ဇဝေဇဝါ။
“ဟော . . . ငါ့ညီမလေးတောင် ဆယ့်ခြောက်နှစ် ပြည့်ပြီးသွားပြီလား၊ ကြည့်စမ်း . . . ကိုကို မေ့တာ၊ ဆောရီးကွာ … ကိုကို အလုပ်တွေ အရမ်းများ ပြီး ရောသွားတာနေမှာ ၊ ဒီပုလဲကလေးကို ကိုကို ဘာအတွက် ဝယ်ခဲ့တာပါလိမ့်၊ သြော် . . . ညီမလေးတို့ အောင်စာရင်း ဘယ်တော့ထွက်မှာ ! . . .”
“ဟင် . . .”
ရုတ်တရက် ပန်း အံ့သြလွန်းသဖြင့် ကြောင်အမ်းသွားရသည်။ လွန်ခဲ့တဲ့ စနေနေ့ကပဲ ပန်းနဲ့ကိုကို အောင်စာရင်း အတူ သွားကြည့်ခဲ့တာကို ကိုကို တကယ် မမှတ်မိဘူးလား?။
“ကိုကို . . .၊ ကိုကို နေလို့ကောင်းရဲ့ လား၊ လွန်ခဲ့တဲ့ စနေနေ့က ပန်းတို့ ဆယ်တန်းအောင်စာရင်း သွားကြည့်ခဲ့ပြီးပြီ လေ”
ပန်းက ကိုကို့ကို ထိရှလွယ်လွန်းသည့် ပန်းအိုးကလေးသဖွယ် သတိအလွန်ထားပြီး ပြောလိုက်ရသည်။
သူ့မျက်လုံးတွေ ရုတ်တရက် ပင့်တက်သွားခဲ့ပါသည်။ ဖြစ်မှ ဖြစ်ရလေ . . . ။ ဘာ ဖြစ်လို့ ပန်း အောင်စာရင်းထွက်ပြီး သားကို သူ မေ့သွားခဲ့တာပါလိမ့်။ တစ်ပတ်တောင် မပြည့်သေးတဲ့ဥစ္စာ။ လောလောလတ်လတ် ပူပူနွေးနွေးပဲရှိရဦးမှာ ။ သူ ဦးနှောက်ကို အလုပ်ပေးကာ ထိုအ ဖြစ်ကို ပြန်မှတ်မိအောင် သေချာပြန်စဉ်းစားကြည့်သည်။ ဟင့်အင်း . . . သူ မမှတ်မိတော့။ ဒါဆို ဒီပုလဲလည်ဆွဲကို သူ ဘာအတွက် ဝယ်လာခဲ့မိတာပါလိမ် . . .။
“ကိုကို . . . ”
ပန်းက တိုးတိုးလေး ခေါ်ကြည့်သည်။
“အင်း . . . ပန်း အောင်စာရင်းထွက်ပြီးတာကို ကိုကို ဘာလို့မေ့သွားရတာ ပါလိမ့်ကွာ၊ ဆောရီး ညီမလေးရာ ပန်း ဂုဏ်ထူး ဘယ်နှဘာသာပါလဲ”
ပန်းရင်ထဲ ဆစ်ခနဲကျဉ်သွားကာ ငိုချင်သွားမိသည်။ ကိုကို တစ်ခုခု ဖြစ်နေပါပြီ။
“ခြောက်ဘာသာလုံးထွက်တယ်လေ ကိုကို၊ ကိုကို တကယ် မမှတ်မိဘူးလားဟင်၊ ကိုကို ဘာ ဖြစ်နေတာလဲ”
“ကိုကို မှတ်မိပါတယ်၊ ဒါဆို ဒီပုလဲဟာ ပန်းကို ဆုချဖို့ ဝယ်ခဲ့တာပေါ့။ အဲဒါ အသေချာဆုံးပဲ၊ လာ ကိုကို ဆွဲပေးမယ်”
ကိုကိုက ချက်ချင်း ပဲ ပုလဲလည်ဆွဲကလေးကို ဖြုတ်ပြီး ပန်း၏ လည်တိုင်ကြော့ကလေးမှာ ဆင်ပေးလိုက်သည်။ ပန်း ကတော့ အပြည့်အဝ မပျော်ရွှင်နိုင်ဘဲ ရင်ထဲ နွမ်းလျှလျှကလေး ဖြစ်နေမိသည်။ ကိုကို့အပြုအမူတွေ က ထူးဆန်းမနေဘူး လား။ ခုတလော အိမ်မှာ ဟိုပစ္စည်းပျောက်လိုက်၊ ဒီပစ္စည်း မေ့လိုက်နှင့် အလွဲလွဲ အချော်ချော်ကလေးတွေ စတင်လာခဲ့ တာကို ပန်းရော ကြီးကြီးပါ သတိထားမိနေခဲ့သည်။ တစ်ခါတစ်ခါ စကားပြောနေရင်း တန်းလန်းရပ်တန့်သွားကာ သူဘာပြော နေတာပါလိမ့် . . . ဟု သူ ပြောနေတဲ့အကြောင်းအရာကို မေ့သွားတတ်သည်။ ထမင်းစားဖို့ မေ့ချင်မေ့တတ်သည်။ မနက်တိုင်း ဘုရားရှိခိုးနေကျ မေ့ချင်မေ့တတ်သည်။ ကြီးကြီးက ကိုကို့ ဖေဖေတုန်းက အတွေ့ အကြုံတွေ ရှိထားခဲ့သည်မို့ ကိုကိုမှာ လည်း Early Onset Alzheimar's စတင် ဖြစ်နေမှာ ကို စိုးရိမ်ပူပန်နေခဲ့သည်။
“ကိုကို . . . အလုပ်မှာ ရော အဲဒီ လို မေ့တာလျော့တာတွေ ဖြစ်တတ်သလားဟင်”
ပန်းက စိုးရိမ်စိတ်ကလေးနှင့် မေးမိတော့ ကိုကိုက ပန်းကိုကြည့်ပြီး ပြုံးပြသည်။ ထိုအပြုံးကို ပန်း သိပ်နားလည်တာ ပေါ့။ ပန်း ဘာကို စိုးရိမ်နေသလဲဆိုတာကို သိသည့် နှစ် သိမ့်အားပေးပြုံးကလေးပါ။ ကိုကိုက ပန်း၏ ခေါင်းကလေးကို တစ်ချက်ပုတ်လိုက်သည်။
“ကိုကို့ကို စိုးရိမ်မနေပါနဲ့ ပန်းရယ်၊ ကိုကို ဘာမှမ ဖြစ်ပါဘူး၊ ခုတလော အလုပ်တွေ များ လွန်းလို့ စိတ်တွေ ရှုပ်ပြီး မေ့သွားတာပါကွာ”
ကိုကို့အသံက ပန်းကို စိတ်မပူအောင် နှစ် သိမ့်ပေးသလိုလို၊ ဆင်ခြင်ပေးသလိုလိုပါ ပန်းက ကိုကို့ကို စေ့စေ့ကလေး စိုက်ကြည့်နေမိသည်။ ကိုကိုက . . .
“ဘာလဲဟ . . . ဘာကြည့်နေတာလဲ . . . ပုလဲလေးကြိုက်ရဲ့ လား”
ဟု ပြန်မေးပါသည်။
“ဟုတ်ကဲ့ . . . ကြိုက်ပါတယ် ကိုကို”
ဟု ပန်း ဖြေလိုက်သည်။
ပန်းက ကျောင်းတွေ ပြန်မဖွင့်ခင်မှာ ဒေါ်ကြီးဆီမှာ အချက်အပြုတ်သင်တန်းတက်နေခဲ့သည်။ တစ်ပတ်စာ ဈေးဝယ်သည့် တာဝန်ကိုလည်း ပန်းပဲ ယူထားလိုက်သည်။ ဒေါ်ကြီးကို တစ်ဖက်တစ်လမ်းကနေ ကူညီချင်သော ကြောင့် ဖြစ်၏ ။ ပန်းက ဆေးတက္ကသိုလ်ဝင်မှာ သေချာခဲ့ပြီးသားမို့ ဆေးတက္ကသိုလ်ကိုပဲ ဦးစားပေးလျှောက်ထားခဲ့ပါသည်။ ကိုကိုက ထုံးစံအတိုင်း ပန်း စပြီး လေ့လာကျက်မှတ်ထားနှင့် ဖို့ 1st M.B အတွက် စာအုပ်တွေ ကြိုတင်ရှာဖွေပေးထားနှင့် ခဲ့ပြီ။ ပန်းအတွက် အချိန်ဇယားအသစ်လည်း ရေး ဆွဲပေးထားနှင့် ခဲ့ပြီ။ ပန်းအတွက် အချိန်ဇယားအသစ်လည်း ရေး ဆွဲပေးထားခဲ့နှင့် ပြီ။ ဒီနေ့တော့ တစ်ပတ်စာအတွက် City Mart မှာ ဝယ်စရာရှိတာတွေ ကို စာရင်းစာရွက်ကလေးလုပ်ကာ ပန်း ဈေးဝယ်ဖို့ အိမ်ကထွက်မည့် ဟန်ပြင်တော့ ဒီနေ့ အလုပ်အားနေသော ကိုကိုက . . .
“ညီမလေး ဘယ်သွားမလို့လဲ . . . ”
ဟု လှမ်းမေးပါသည်။
“City Mart မှာ လိုတာလေးတွေ သွားဝယ်ထားမလို့ပါ ကိုကို”
“ဒါဆို ကိုကို လိုက်ပို့ပေးမယ်. . .”
ဟုဆိုကာ ကိုကိုက City Mart ဆီ လိုက်ပို့ပေးသည်။
“ကိုကို ကားပေါ်ကပဲ စောင့်မယ်နော်”
“ဟုတ်ကဲ့ ကိုကို . . . သိပ်မကြာပါဘူး”
ပန်းက City Mart ထဲဝင်၊ လိုအပ်တာမှန်သမျှ ဝယ်ပြီး ဆိုင်ရှေ့သို့ ပြန်ထွက်ခဲ့သည်။ ပန်းလက်ထဲမှာ အထုပ်တွေ တစ်ပွေ့တစ်ပိုက်နှင့် မနိုင်မနင်း။ ကိုကို့ကားကို ရုတ်တရက် ရှာမတွေ့ သဖြင့် ပန်းမှာ ကားတွေ ဆီ အခေါက်ခေါက် အခါခါဖြတ် ကာ လှည့်ပတ်ရှာဖွေသော်လည်း မတွေ့ ။ အံ့သြဖို့ကောင်းလိုက်တာ။ ကိုကို ဘယ်ရောက် သွားပါလိမ့်။ လက်ထဲမှာ လည်း ဖုန်းယူမလာခဲ့မိ။
သူ့ကားက မီးပွိုင့်မှာ မီးနီနေသဖြင့် ရပ်ထားရင်း သူအထပ်ထပ် စဉ်းစားနေမိသည်။ သူ ဘယ်သွားနေတာလဲ?။ လမ်းလယ်ခေါင်မှာ ကားရပ်ပြီး သူ ဘယ်ဘက်ကို သွားရမှာ လဲ မသိ။ သူ့ခေါင်းထဲမှာ ဗလာကျင်းလို့နေသည်။ ခုနက သူ ဘယ်ကို သွားခဲ့သလဲ။ အခု အိမ်ပြန်မှာ လား။ အိမ်ကို သွားတဲ့လမ်းက ဘယ်လမ်းလဲ? . . . ။ သူ စိတ်ကူးပေါက်သလို ဟိုကွေ့ ဒီချိုး ဆက်မောင်းနေမိသည်။ သူ့အိမ်ဘယ်မှာ လဲ? . . . ဘယ်လမ်းလဲ ?. . .
ဟင် . . . သူဘာ ဖြစ်လို့ မမှတ်မိရတာ လဲ? . . . ။ နောက်ဆုံးတော့ သူ လမ်းဘေးတစ်နေရာမှာ ကားထိုးရပ်လိုက်သည်။
ကိုကို့ကားကို ရှာမတွေ့ သည့်အဆုံး ပန်းက အိမ်ဖုန်းကို လှမ်းဆက်ကြည့်မိသည်။ ကိုကို ပြန်မရောက်သေးပါတဲ့။ ဒရိုက်ဘာကို City Mart မှာ လာကြိုပေးဖို့ မှာ လိုက်ပြီး ကိုကို့ဖုန်းကို လှမ်းကြည့်မိသည်. . . ။
လမ်းဘေးမှာ စိတ်ပျက်လက်ပျက် ကားထိုးရပ်ထားမိဆဲ ဖုန်းမြည် လာသဖြင့် သူ ကောက်ထူးလိုက်ရသည်။
“ဟယ်လို . . .။”
“ကိုကို . . . ကိုကို ဘယ်မှာ လဲ”
“ကိုကိုလား . . . လမ်းမှာ ပဲ၊ ပန်းလား ၊ ပန်း ဘယ်ကနေ ဆက်နေတာလဲ”
“ဟောတော် . . .၊ ပန်း ခုနက City Mart ထဲမှာ ဈေးဝယ်နေတာလေ၊ ကိုကို ဆိုင်ရှေ့မှာ စောင့်နေမယ်ဆိုပြီး ဘာလို့ ထွက်သွားတာလဲ? . . . အခု ဘယ်နားရောက်နေလဲ? . . .”
“ကိုကိုလား . . . အင်းလျာကန်ဘေးမှာ ခဏရပ်ထားတယ် ပန်း . . .”
“ဘာ ဖြစ်လို့ အဲဒီ အထိ လျှောက်မောင်းသွားခဲ့တာလဲ ကိုကိုရယ် ပန်း ဒရိုက်ဘာမှာ ထားလိုက်ပြီ ကိုကို အိမ်ကိုပဲ ပြန်လိုက်တော့နော်”
ပန်း ဖုန်းချသွားတော့မှ သူ စိတ်ကူးရတာ ဖုန်းထဲက သူ့သူငယ်ချင်း ဝဏ္ဏရဲ့ ဖုန်းကို ရှာနှိပ်လိုက်သည်။
“ဝဏ္ဏ . . . မင်း အားရင် ငါ့ဆီ ခဏထွက်ခဲ့ကွာ၊ ငါ အင်းလျားကန်ဘေးမှာ ကားရပ်ထားတယ်”
“ဟေ . . . ကား ဘာ ဖြစ်လို့လဲ၊ ကားပျက်လို့လား? ငါ အခုလာခဲ့မယ်”
သူ မျက်လုံးတွေ ဖိမှိတ်ထားလိုက်သည်။ သူ့ကိုယ်သူ စိုးရိမ်စ ပြုလာသည်။ ပြီးတော့ သူ ကားမမောင်းသင့်တော့ ကြောင်းလည်း နားလည်လိုက်သည်။
ဝဏ္ဏရောက်လာသော အခါ သူအခြေအနေကို အကျဉ်းချုပ် ရှင်းပြလိုက်ရသည်။ ဝဏ္ဏကိုယ်တိုင်လည်း သူနှင့် အတူ လုပ်ဖော်ကိုင်ဖက် ဆရာဝန် တစ်ယောက် မို့ . . .
“ဒါဆို မင်း လုံးဝ ကားမမောင်းသင့်တော့ဘူး ရွယ်ရည်၊ ကိုယ့်အိမ်သွားမယ့်လမ်းကိုတောင် မင်း မမှတ်မိတော့ဘူးဆို တာ လုံးဝ နော်မယ်လ်မဟုတ်တော့ဘူး၊ မင်း တစ်ခုခုတော့ မှားနေပြီ ရွယ်ရည် . . . မင်း Psychiatrist နဲ့ ပြသင့်ပြီ သူငယ်ချင်း”
“ငါ စိုးရိမ်နေတာက ငါ ဖေဖေ့လို စ ဖြစ်နေမှာ ကိုပဲ”
“မင်း ကိုယ်တိုင်လည်း ဆရာဝန်ပဲ ရွယ်ရည်ရာ၊ ကဲ အဆိုးရွားဆုံးအခြေအနေကို ထည့်သွင်းထားလိုက်၊ အကယ်၍ မင်းမှာ အဲဒီ ရောဂါ စ ဖြစ်နေပြီဆိုရင်တောင် မင်းအတွက် ဆောင်ရန်၊ ရှောင်ရန်တွေ ၊ ကြိုတင်ပြင်ဆင်ထားသင့်တာတွေ မင်း ပြင်ဆင်ထားရတော့မယ်လေ၊ ခုလို ကားမောင်းနေရင်း ကိုယ့်အိမ်ပြန်တဲ့ လမ်းကိုတောင် မမှတ်မိတော့ရင် . . .”
“ငါ သိပါတယ် . . . ၊ ဒါကြောင့် ငါ အရမ်းလန့်သွားတာ၊ မင်းကားကို ရှေ့ကမောင်းသွားပေးကွာ၊ ငါ မင်း နောက်က လိုက်ခဲ့မယ် . . .”
“မင်း ဒေါက်တာ ( )ဆီ ဖုန်းလှမ်းဆက်ပြီး သွားတွေ့ လိုက်ဦး ဟေ့ကောင်၊ မင်းကို ငါ စိုးရိမ်တယ်”
“အေးပါ . . .”
ဝဏ္ဏက ကားကို ရှေ့ကနေ ဖြည်းဖြည်းမောင်းရင်း သူ့ကို စောင့်ခေါ်ကာ သူ့အိမ်သို့ ပြန်ပို့ပေးသည်။ သူ့စိတ်တွေ တင်းကြပ်ရှုပ်ထွေးကာ ဘာကို ဒေါသထွက်နေမိမှန်းမသိ ဒေါသလည်း ထွက်သည်။ ဧည့်ခန်းမှာ သူ ပြန်အလာကို စောင့်နေဟန်ရှိသော မေမေနှင့် ပန်း၏ နားလည်ရခက်သော မျက်နှာတွေ ကို တွေ့ ရသည်။
“ကိုကို ဘယ်တွေ လျှောက်သွားနေတာလဲဟင်၊ ပန်းကို တကယ်မေ့ပြီး ထွက်သွားခဲ့တာလား . . . ဟုတ်လား”
“မဟုတ်ပါဘူး . . . ကိုယ့်သူငယ်ချင်းနဲ့တွေ့ လို့ သူ့ကို လိုက်ပို့ပေးနေတာ”
“သား . . . သားကြည့်ရတာ တစ်ခုခု ဖြစ်နေပုံပဲ၊ နေကောင်းရဲ့ လား သားရယ်”
“ကောင်းပါတယ် . . . ကျွန်တော် ခဏနားလိုက်ဦးမယ်”
ပန်းက သူ့အခန်းထဲ ခပ်သွက်သွက်ဝင်သွားသော ကိုကို့၏ အပြုအမူပြောင်းလဲလျက်ရှိတာကို သတိထားမိသည်။ စိတ်တို၊ စိတ်ရှုပ်ထွေးနေပုံရသော မျက်နှာ၊ တစ်ခုခုကို စိုးရိမ်ထိတ်လန့်နေသော မျက်နှာ။ ကိုကို ဘာ ဖြစ်လို့ ခုလို ပြောင်းလဲ သွားရတာ လဲ။
“မေမေ သိတယ် သမီး၊ သား တစ်ခုခုတော့ ဖြစ်နေပြီ၊ အရင် ပုံစံမဟုတ်ဘူး၊ အပြုအမူတွေ အရမ်းပြောင်းလဲလာ တယ်၊ အရမ်း မေ့လျော့တတ်လာတာကို မေမေ စိုးရိမ်တာ၊ သား ဖေဖေတုန်းကလည်း အဲဒီ ပုံစံနဲ့ပဲ စခဲ့တာ၊ မေမေနဲ့အတူတူ သွားရင်း မေမေ့ကို မေ့ချန်ထားပစ်ခဲ့တာ ခဏခဏပဲ၊ ကိုယ်က သူ့ ရောဂါ ကို မသိသေးတော့ စိတ်တွေ တို၊ သူ့ကို စွပ်စွဲ၊ ရန်တွေ ဖြစ်နဲ့ .. ဟိုဟာမေ့ ဒီဟာမေ့ အလွဲလွဲအချော်ချော်နဲ့၊ သူ ပြောလက်စ စကား ဘယ်ရောက်မှန်းမသိ ပြောရင်းတန်းလန်းနဲ့ ရပ်ပစ်လိုက်တာ မကြခဏ၊ သားကို စိုးရိမ်လိုက်တာ သမီးရယ်၊ သားအသက်က ခုမှ သုံးဆယ့်တစ်ပဲ ရှိပါသေးတယ်၊ အဲဒီ ရောဂါ ဖြစ်ဖို့ စောလွန်သေးတယ်”
ပန်းက ကြီးကြီး၏ ပခုံးကလေးကို ထွေးပွေ့ဖက်ထားရင်း နှစ် သိမ့်ပေးမိသည်။ ဒီ ရောဂါ ဟာ ကြီးကြီး အတွက် အိပ်မက်ဆိုးကြီး တစ်ခုပါ။ ကိုကို့ ဖေဖေရဲ့ အခြေအနေကလည်း တစ်နေ့တစ်ခြား ဆိုးဆိုးလာတာပဲရှိသည်။ ဘာဆိုဘာမှ မမှတ်မိတော့ပဲ ကလေး တစ်ယောက် လို အစအဆုံး ပြုစုနေရတဲ့ အသိဉာဏ်တွေ ကင်းမဲ့သွားသော လူ တစ်ယောက် ဖြစ်နေပြီ။ နေ့လားညလား မသိ အချိန်မရွေး စွန့်ခွာထွက်သွားတော့မည့်  အနေအထားမျိုးမှာ ရှိနေပြီ။ ထိုအိမ်မက်ဆိုးကို ခင်ပွန်းသည်နှင့် အစအဆုံး မက်ထားခဲ့သူ တစ်ယောက် အတွက် သား ဖြစ်သူဆီမှာ ပါ ဒီအိပ်မက်ကို ဆက်မက်ရတော့ မည် ဆိုပါလျှင် ကြီးကြီးလောက် ကံဆိုးသော သနားစရာကောင်း သော သူ ရှိတော့မည် မထင်ပါ …။
“ပန်း ကိုကို့ဆီ ခဏသွားလိုက်ဦးမယ် မေမေ”
“အေး အေး … သမီး”
ပန်းသည် ကိုကို့ အခန်းတံခါးကို ခပ်ဖွဖွခေါက်ပြီး ၀င်လာခဲ့မိသည်။ ကိုကိုက ကွန်ပျူတာရှေ့မှာ မျက်မှော င်တင်းတင်း ဝင်လာခဲ့မိသည်။ ကိုကိုက ကွန်ပျူတာရှေ့မှာ မျက်မှော င် တင်းတင်းကြုတ်ထားလျက် တစ်ခုခုကို အာရုံစူးစိုက်နစ်မြုပ်လျက်ရှိသည်။
“ကိုကို … ”
ပန်းရဲ့ ခပ်တိုးတိုးခေါ်သံကို သူ ဆတ်ခနဲ တုန်တဲ့အထိ လန့်သွားကာ စိတ်က ချက်ချင်းတိုသွားခဲ့သည်။ ပန်းကို စူးစူးရှရှ လှမ်းကြည့်ပြီး …
“ဟာ … ဘာလာရှုပ်ပြန်တာလဲ? ဒီမှာ အလုပ်ရှုပ်နေတယ်ကွာ၊ သွား သွား … နောက်ကို ငါ့ အခန်းထဲ မပြောမဆိုနဲ့ စွတ်စွတ်ဝင်မလာနဲ့၊ မင်းကိုယ်မင်း အရွယ်ရောက်နေပြီဆိုတာလည်း သတိထားဦး … သွား”
ပန်းဖြင့် ရုတ်တရက် ယုံတောင်မယုံနိုင်။ ရင်ဝတည့်တည့်ဆီ ဆောင့်တွန်းခံလိုက်ရသလို နောက်သို့ ယိုင်သွားခဲ့ကာ စိတ်မထိန်းနိုင်အောင်ပင် ငိုချင်ပြင်းပြသွားမိသည်။ ကိုကိုဟာ ကိုကိုမှ ဟုတ်ပါရဲ့ လား … ဟု သံသယဝင်လောက်အောင်ကို ဗြုန်းစားကြီး ပြောင်းလဲသွားခဲ့တာပါ။ ပန်းကိုဆို ဘယ်တုန်းကမှ မျက်နှာထား ခပ်တည်တည် လေသံတင်းတင်းဖြင့် ပြောလေ့မရှိသူမို့ ချက်ချင်း ကြီး ပြောင်းလဲသွားသော ဒေါသတကြီးမျက်နှာကြောင့် ပန်းရင်ထဲ ထိထိခိုက်ခိုက် နာကျင် ဆို့နစ်သွားမိကာ အခန်းထဲမှာ ထွက်ပြေးလာခဲ့ မိသည်။ အခန်းဝ, တွင် ကြီးကြီးနှင့် တိုးပါသည်။ ကြီးကြီးရင်ခွင်ထဲ ဝမ်းပန်းတနည်း ပြေးဝင်ကာ ပန်း ခပ်တိုးတိုး ရှိုက်ငင်မိသည်။
“သမီးရယ် … သားဖေဖေတုန်းကလည်း အဲဒီ လိုပဲ စိတ်တွေ တိုလာတယ်၊ ပြီးရင် သူ ဘာပြောမိမှန်း သူ ပြန်မမှတ်မိတတ်ဘူး၊ သားလေး သနားပါတယ်၊ သားမှာ သူ့ဖေဖေကို ရောဂါ မျိုး စ, နေပြီလို့ မေမေထင်တာပဲ"
ကြီးကြီးအသံက တိုးလှိုက်တုန်ယင်လို့။ ပူပန်သော က ဗျာပါဒတွေ နှင့် နှလုံးသားကွဲကြေရာကနေ ထွက်ပေါ်လာသော ထိခိုက်ကွဲရှသံမျိုး။ ပန်းရင်ထဲရှိ နှလုံးသားကို ခပ်ကြမ်းကြမ်း ဆုပ်ညှစ်ဆွဲခါခံလိုက်ရသလို ခပ်နင့်နင့်ကြီး နာကျင်သွား ခဲ့မိပါသည်။ ကိုကိုသာ အဲဒီ ရောဂါ ကို စတင်ခံစားနေရပြီဆိုပါလျှင် ပန်း ဘာလုပ်ပေးရမလဲ။
သူ စကားပြန်မပြောနိုင်။
ရင်ဝမှာ တင်းကြပ်ဆို့နစ်နေသည်။
နောက်ဆုံးတော့ သူ အကြောဆုံးသော အိပ်မက်ကို
သူ တကယ်မက်ခဲ့ရပြီ။
သူ မလျှောက်ချင်ဆုံး သော လမ်းကို
သူ တကယ်ဆက်လျှောက်ရတော့မည် ။
* * * * *
အခန်း(၈)
လူနာ၏ မျက်နှာကို ခပ်စူးစူးစိုက်ကြည့်နေမိရင်းက သူ ပြောလက်စ, စကားကို ဘာဆက်ပြီးပြောရမှန်း မသိတော့သလို ဗြုန်းခနဲ ရပ်တန့်ကာ ငေးကြောင်ကြောင် ဖြစ်နေသည်။ သူ့အာရုံတွေ ကို စုစည်းကြည့်သည်။ မရပါ။ သူ ဘာအကြောင်း ပြောနေခဲ့တာလဲ?? ရှေ့က လူနာက ဘယ်သူလဲ?? သူဘာ ရောဂါ ဖြစ်နေတာလဲ ?? ဆေးမှတ်တမ်းကို တစ်ချက်ပြန်ဖတ်ရပြန်သည်။ လူနာနာမည် ကိုပင် သူ မမှတ်မိချေ။
“ဒီလို လုပ်ရအောင်၊ ကျွန်တော် တခြားဆရာဝန် တစ်ယောက် ဆီ လွှဲပေးလိုက်မယ်၊ သူနဲ့ ဆက်ပြကြည့်လိုက်ပါနော်”
“အို ကျွန်မက ဒေါက်တာနဲ့ပဲ ပြနေတာကြာလှပြီရှင်၊ ကျွန်မ ဆရာဝန် မပြောင်းချင်ပါဘူး”
“လိုအပ်လို့ ပြောင်းပေးတာပါ အန်တီရယ်”
သူ ဆေးခန်းရှိ တခြားဆရာဝန်ဆီ လွှဲပြောင်းစာရေး ပေးလိုက်သည်။ သူ့ကိုယ်သူ သိနေသည်။ သူ နားမှကို ဖြစ်တော့မည် ။ လူနာက သိပ်မကျေနပ်လှသော်လည်း ဘာမှထပ်ပြီး စောဒက မတတ်တော့။ သူ့လူနာတွေ အားလုံးကို တခြား ဆရာဝန်ဆီ လွှဲပြောင်းပေးနေတာ ဘယ်နှယောက် ရှိပြီလဲ။ သူကိုယ်တိုင်က လူနာ တစ်ယောက် အ ဖြစ် ပြောင်းလဲလာသော အခါ သူ ဆေးကုချင်စိတ်မရှိတော့။ အလုပ်လုပ်ရတာ ကို သူ စိတ်ဝင်တစားမရှိတာ၊ အာရုံစူးစိုက်လို့မရတော့တာ၊ ပြောလက်စ အကြောင်းအရာကို မေ့လျော့သွားတတ်တာ … အဲဒါတွေ က သူ့ကို တစ်နေ့တစ်ခြား ခြောက်လှန့်နှိပ်စက်လျက်ရှိပြီ။
အခန်းထဲသို့ နောက် တစ်ယောက် ၀င်မလာခင် သူ ဆေးခန်းထဲက ထွက်လာခဲ့သည်။
“ဆရာ ဘယ်သွားမလို့လဲ၊ လူနာတွေ ရှိသေးတယ်လေ၊ ပြီးတော့ နေ့လည် တစ်နာရီမှာ ဆေးရုံမီတင်ရှိသေး တယ်နော်”
သူ့နောက်ကနေ တဖျတ်ဖျတ်လိုက်လာပြီး စိုးရိမ်ပူပန်စွာ သတိပေးနေသော သူရဲ့ စက္ကထရီကလေး၏ နာမည် ကိုတောင် သူ ရုတ်တရက် သတိမရနိုင်။
“လူနာတွေ ကို တခြားဆရာဝန်တွေ ဆီ လွှဲပြောင်းထည့်ပေးလိုက် …. ကိုယ် ပြန်လာခဲ့မယ်”
သူ ဆေးရုံပေါ်ကနေ ထွက်လာခဲ့သည်။ သူ ဘယ်ကို သွားရမလဲ ? ။ ဟိုတစ်ခါ ဖြစ်ပြီးကတည်းက သူ ကား မမောင်းတော့ဘဲ ဒရိုင်ဘာနှင့် သာ စီးတော့သည်မို့ ကားရပ်ထားသော နေရာတွင် သူ့ကားကို ရှာသည်။ ဒရိုင်ဘာကို သူမမှတ်မိ။ ကားကိုလည်း ရှာမတွေ့ ။
“ဆရာ ဆရာ … ကျွန်တော် ဒီမှာ ခင်ဗျာ”
ဒရိုင်ဘာက သူ့ကိုမြင်ပြီး ထွက်ခေါ်မှပဲ သူကားပေါ်သို့တက်ရသည်။ သူ ဘာလုပ်ရမလဲ ? . ကားနောက်မှီကို မှီချလိုက်ပြီး မျက်လုံးတွေ ကို ဖိမှိတ်ထားလိုက်မိသည်။ သူ့အာရုံထဲ ဖေဖေ့ကို ပြန်မြင်ယောင်လာသည်။ ဖေဖေ စ, ဖြစ်တော့ သူဆယ်ကျော်အသက်အရွယ်မို့ အ ဖြစ်အပျက်တချို့ကို ကောင်းစွာ မှတ်မိနေခဲ့သည်။ ဖေဖေနဲ့ မေမေ့ရဲ့ ရန်ပွဲတွေ ။ ဖေဖေ့ရဲ့ မေ့လျော့လွဲချော်မှု တွေ ၊ မေမေ့ရဲ့ နားလည်မှု လွဲခဲ့တာတွေ ။ ဖေဖေ ဘယ်လောက်များ ရင်ဆိုင်ရုန်းကန်တိုက်ပွဲဝင်ခဲ့ရမှာ လဲ။
ဖုန်းနံပါတ်တွေ ထဲက ဖေဖေ့ကို ခုချိန်ထိ ကုသပေးနေဆဲ ဖြစ်သော စိတ် ရောဂါ အထူးကုဆရာဝန်ကြီး ဒေါက်တာ ( )ဆီ ဖုန်းဆက်လိုက်မိသည်။
“ကျွန်တော် အခု လာခဲ့လို့ရမလား ဆရာကြီး”
ဆရာကြီးနှင့် အတော် လေးကြာအောင် စကားပြောပြီးချိန် ဆရာကြီးရဲ့ စစ်ဆေးမှု တွေ ပြီးဆုံးချိန်မှာ ဆရာကြီး ၏ ကရုဏာလွှမ်းသော မျက်ဝန်းများ ကို သူ မြင်ရသည်။
“အခု စစ်ဆေးခဲ့ပြီးသလောက် ဆရာ ကောက်ချက်ဆွဲနိုင်တာ ကတော့ မင်း စ, ဖြစ်တာ မင်းအဖေထက် ပိုစောနေတာ တစ်ခုကလွဲပြီး Early Onset of Alzheimer’s ရဲ့ Stage 1 အဆင့်ရဲ့ လက္ခဏာတွေ ပဲ `ရွယ်ရည်သွေး´၊ နောက်ထပ်လိုအပ်တာတွေ ထပ်ပြီး စစ်ဆေးရဦးမှာ ပါ၊ ဒါပေမယ့် မင်းအတွက် ကြိုတင်ပြင်ဆင်စရာတွေ လုပ်ထားရတော့မယ်၊ အရေး ကြီးဆုံးက ကားမမောင်းတော့ဖို့ရယ်၊ ဆေးကုတဲ့အလုပ်ကို အကန့်အသတ်မရှိ ရပ်နားထားဖို့ပဲ၊ ပြီးတော့ မင်းအတွက် အရေး ကြီးတဲ့ကိစ္စတွေ ၊ အချက်အလက်တွေ ၊ လူတွေ ၊ အချိန်းအချက်တွေ အဲဒါအတွက် Reminder ကလေး အမြဲထားပြီး ကိုယ်နဲ့မကွာ ဆောင်ထားရမယ်၊ မင်းအတွက်က ငယ်လွန်းသေးတယ်ဆိုရမှာ ပဲ၊ ဒါပေမယ့် Family History က ရှိထားတော့ ဒီ ရောဂါ ကို စိတ်ဓာတ်ကျစရာ၊ ဒေါသထွက်စရာ၊ စိတ်ဆင်းရဲစရာ တစ်ခုလို ခံယူမထားဘဲ ကြိုတင်ပြင်ဆင်မှု တွေ လုပ်ပြီး တိုက်ပွဲဝင်ရမှာ ပဲကွာ၊ မင်းအတွက် ဆရာ တကယ် စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ဘယ်လိုလုပ်မလဲ၊ ရင်ဆိုင်ကြရုံရှိတာပေါ့”
ဆရာကြီးက သူ့ပခုံးတစ်ဖက်ကို ခပ်တင်းတင်း ဖျစ်ညှစ်ဆုပ်ကိုင်ရင်း အားပေးစကားဆိုပါသည်။ သူ စကားပြန်မပြောနိုင်။ ရင်ဝမှာ တင်းကျပ်ဆို့နစ်နေသည်။ ဖေဖေ့ရဲ့ ပုံရိပ်တွေ ကိုပဲ တရိပ်ရိပ်တရေး ရေး မြင်ယောင်နေသည်။ နောက်ဆုံးတော့ သူ အကြောက်ဆုံးသော အိပ်မက်ကို သူ တကယ်မက်ခဲ့ရပြီ။ သူ မလျှောက်ချင်ဆုံးသော လမ်းကို သူ တကယ် ဆက်လျှောက်ရတော့မည် ။ ရှေ့ကနေ ဖေဖေက သွားနှင့် လျက် သူက ဖေဖေ့နောက်က လိုက်ရတော့မည် ။
“မင်း ဘယ်သွားသွား ဘာလုပ်လုပ် တစ်ယောက် တည်း မသွားနဲ့ မလုပ်နဲ့တော့၊ မင်းရဲ့ ဘေးမှာ တစ်ယောက် ယောက် အမြဲရှိပစေ၊ အရေး ကြီးတဲ့ကိစ္စတွေ အကြောင်းအရာတွေ ကို မင်းရဲ့ အရင်းနှီးဆုံးသူ တစ်ယောက် ကို အားလုံး ဖွင့်ပြောပြထားဖို့ လိုလိမ့်မယ်၊ ဆရာ အကြံပေးချင်တာ ကတော့ ခုကတည်းက မင်းအတွက် နေ့စဉ်မှတ်တမ်း ဒိုင်ယာရီသဘောမျိုးကို video နဲ့ မှတ်တမ်းတင်ထားနိုင်ရင် ပိုကောင်းမယ်၊ ရက်စွဲနဲ့တကွပေါ့၊ တစ်ချိန်ချိန်မှာ မင်းအတွက် အသုံးဝင်နိုင်တယ်လေ၊ နေ့စဉ် ရက်ကောဒင်းကလေးလုပ်ထားပေါ့”
သူ ခေါင်းတဆတ်ဆတ်ညိတ်ပြမိသည်။ ဖေဖေ့တုန်းကလည်း အဲဒီ လိုပဲ သူ့ဘာသာသူ မှတ်တမ်းဗီဒီယို ကလေးရိုက်ထားခဲ့တာကို သူ မှတ်မိသည်။ နောက်တော့ တဖြည်းဖြည်း မှတ်ဥာဏ်တွေ ချွတ်ယွင်းပျက်စီးလာသော အခါ ဘာကိုမှ အာရုံစူးစိုက်လို့ မရတော့တဲ့အခါ ဘာကိုမှ မမှတ်နိုင်၊ မှတ်သားနိုင်စွမ်း မရှိတော့တဲ့အခါ မေမေနဲ့ သူ့ကိုလည်း တစ်စထက်တစ်စ မမှတ်မိတော့၊ မေ့လျော့လာသော အခါ ထို ဗီဒီယိုမှတ်တမ်းကို မေမေကပဲ ဖေဖေ မသိအောင် ရိုက်ယူထား ခဲ့တော့တာ ဖြစ်သည်။
“အရေး ကြီးတာက စိတ်ပဲ ရွယ်ရည်သွေး၊ ဒီ ရောဂါ ကို မင်းရင်ကို ရင်ဆိုင်ရတော့မှာ ပဲဆိုရင် ဘယ်လိုပုံစံနဲ့ ရင်ဆိုင်မလဲဆိုတာ သိပ်အရေး ကြီးတယ်၊ မင်းရဲ့ ဦးနှောက်ဆဲလ်(စ်)တွေ က တဖြည်းဖြည်း ပျက်စီးယိုယွင်းလာတော့မယ်၊ ဒါကို အကောင်းမြင်စိတ်၊ အပြုသဘောစိတ်နဲ့ စိတ်ဓာတ်မကျအောင် ကြံ့ကြံ့ခံပြီး ပြင်ဆင်ရင်ဆိုင်နိုင်ဖို့ဆိုတာ ပြောရတာ သိပ်လွယ်သလောက် မင်းကိုယ်တိုင် လိုက်နာကျင့်သုံးဖို့တော့ သိပ်ခက်ပါတယ်၊ ဒါကို ဆရာနည်းလည်တယ်၊ ကိုယ်ချင်းစာပါ တယ်၊ ဒါပေမယ့် စိတ်ဓာတ်ကလည်း သိပ်အရေး ကြီးတယ်ဆိုတာ မင်းသိပြီးသားပါ၊ စိတ်မလျှော့လိုက်ပါနဲ့၊ ဆရာ ပြောတာ နားလည်လား …”
“နားလည်ပါတယ် ဆရာ၊ ကျွန်တော် သိပ်ကြောက်တဲ့ အ ဖြစ်အပျက်တစ်ခုကို ကျွန်တော် ရင်ဆိုင်တိုက်ပွဲဝင် ရတော့မယ်လို့ ခံယူလိုက်ပါတယ်၊ ကျွန်တော် ပြင်ဆင်စရာရှိတာတွေ ၊ စီစဉ်စရာရှိတာတွေ ပြင်ဆင်ပါတော့မယ် ဆရာ၊ ကျွန်တော် ရှောင်ပြေးချင်လို့မှ မရတော့တာ၊ ကျွန်တော့် ရဲ့ ကံပေါ့၊ ကျေးဇူးတင်ပါတယ် ဆရာ၊ ကျွန်တော့် ကို ခွင့်ပြုပါဦး”
“ဆရာ့ဆီ ပုံမှန်တော့ လာပြနေရမယ် ရွယ်ရည်သွေး၊ အချိန်မရွေး လိုအပ်တဲ့အချိန်တိုင်း ဆရာ့ကို ဖုန်းဆက်ခေါ်နိုင်တယ်၊ အချိန်မရွေးနော် … ဟုတ်ရဲ့ လား”
“ဟုတ်ကဲ့ပါ ဆရာ၊ ကျေးဇူးပါ”
သူ ဆရာ့ဆီကနေ ပြန်လာခဲ့သည်။ သူ့ဖုန်းထဲမှာ missed calls တွေ အများ ကြီး၊ ထိုနံပါတ်ကို သူ ပြန်ခေါ်လိုက်တော့ စိုးရိမ်တကြီး ဖြစ်နေသော မိန်းကလေးသံကလေး ထွက်လာသည်။ သူမ ဘယ်သူပါလိမ့်။ သူ ရုတ်တရက် စဉ်းစားလို့ မရ။ အတွေးတွေ ပြတ်တောက်နေသလိုမျိုး ။
“ဆရာ …. ဆရာ ဘယ်ရောက်နေတာလဲဟင်၊ အစည်းအဝေးတောင် စ, နေပြီ၊ ဆရာ့ကို ခေါ်နေတာ ကြာပြီ၊ အစည်းအဝေးရှိတာ မေ့သွားတာလားဟင်”
“အင်း ဟုတ်တယ်၊ ကိုယ် အိမ်ကို ပြန်လိုက်တော့မယ်၊ အဲဒီ ကို ပြန်မလာတော့ဘူးနော်၊ ကိုယ့်လူနာတွေ ကို တခြားဆရာဝန်တွေ ဆီ လွှဲပေးလိုက်ပါ”
တစ်ဘက်က စကားသံကို နားမထောင်တော့ဘဲ သူဖုန်းပြန်ပိတ်လိုက်သည်။ ကားသမားကို သူ ပြောလိုက်သည်။
“အိမ်ပြန်ကြစို့……”
Sony camcorder ကလေးကို ချိန်ထားလိုက်ပြီး သူ ဒီနေ့ကစပြီး မှတ်တမ်းတင်လိုက်သည်။
“ကျွန်တော့် မှာ ဖေဖေ့လိုပဲ Early Onset Alzheimer’s Disease ရဲ့ Late stage ကိုရောက်နေပြီ။ ဆယ်နှစ် ကျော်လုံးလုံး ဒီ ရောဂါ ဝေဒနာနှင့် ဖေဖေ တိုက်ပွဲဝင်ခဲ့ရသည်။ ခုတော့ နောက်ဆုံးအချိန်ကို ရောက်နေပါပြီ။ ဖေဖေ့လက်ကလေးတွေ ကို သူ ခပ်ဖွဖွ ဆုပ်ကိုင်းထားမိသည်။ ဖေဖေ့ဆီက ဘယ်လိုတုန့်ပြန်မှု ကိုမှ သူ မရပါ။ သတိလက်လွတ် အမေ့မေ့ အလျော့လျော့။ သူ့မျက်ရည်တစ်စက် ဖေဖေ့လက်ဖမိုးပေါ်သို့ ကျသွားခဲ့၏ ။ သူ့ကိုယ်ခန္ဓာသည် တသိမ့်သိမ့် တုန်ခါလျက်ရှိပြီး အသံ မထွက်အောင် သူ ရှိုက်ကြီးတငင် ငိုကြွေးမိပါသည်။
ပန်းရဲအချစ်က
ကိုကို ပညာတွေ တတ်နေမှ …
ချမ်းသာကျော်ကြားနေမှ …
အောင်မြင် ကျန်းမာနေမှ … မဟုတ်ပါဘူး။
ကိုကို ဘာပဲ ဖြစ် ဖြစ် …
ဘာ ရောဂါ ပဲ ဖြစ် ဖြစ် …
ဘယ်ဘ၀ပဲရောက်ရောက် …
စွဲစွဲနစ်နစ်၊ နှစ် နှစ် ကာကာ ချစ်မြတ်နိုးနေမယ့်
အချစ်မျိုးပါ …………………
* * * * *
အခန်း(၉)
ကိုကို့မှာ Early Onset Alzheimer's stage အဆင့် ဖြစ်နေတာကို ကိုကိုကိုယ်တိုင်ကပဲ ဖွင့်ပြောပြခဲ့ခြင်း ဖြစ်သည်။ မတုန်ုလှုပ်ဖို့၊ ရင်ဆိုင်ဖို့ ပြင်ဆင်ထားကြဖို့လည်း ကိုကိုကပဲ ပြောနေခဲ့သည်။ ကြီးကြီးက ကိုကို့ကိုဖက်ပြီး လှိုက်လှိုက်လှဲလှဲ ငိုကြွေးတော့သည်။ ပန်းလည်း အတားအဆီးမဲ့ ကျလာသော မျက်ရည်တွေ ကို သုတ်ပစ်လို့ပင် မနိုင်။
“သားရယ် မေမေ ဘယ်လိုရင်ဆိုင်ရမလဲ၊ မေမေ ပင်ပန်းလှပြီ၊ အားအင်တွေ လည်း မရှိတော့ဘူး၊ သား ဖေဖေ တစ်ယောက် တည်းနဲ့တင် မေမေ ခြေကုန်လက်ပန်းကျခဲ့ပြီ၊ မေမေ့သက်တမ်းတစ်ဝက်နီးပါးလုံးလုံး သားဖေဖေကို ပြုစုရင်းနဲ့ပဲ ကုန်ဆုံးခဲ့ရပြီ၊ သားကို မေမေဆက်ပြီး ပြုစုစောင့်ရှောက်ဖို့ အင်အားမှ ရှိပါတော့မလား မသိပါဘူး သားရယ်၊ မေမေ မရှိတော့တဲ့တစ်နေ့ သားကို ဘယ်သူဆက်ပြီး စောင့်ရှောက်မလဲ၊ မေမေ ရင်လေးလိုက်တာ”
ကြီးကြီး၏ ညည်းညူသံကလေးက ပန်းနှလုံးသား နုနုလေးကို ထုတ်ချင်းခတ် ဖောက်ဝင်သွားခဲ့သလိုပါ။ ကိုကိုကရော?...။ ကိုကိုဟာ ပန်းရဲ့ ဖူးငုံသစ်စ နှလုံးသား ဖူးဖူးနုနု ကလေးထဲမှာ ပထမဆုံး ဖူးပွင့်ခဲ့တဲ့ ဦးဦးဖျားဖျား အချစ်ဦး တစ်ယောက် ပါ။ ပန်းချစ်မိတာက သာမန် အပေါ်ယံရှပ်ရှပ်ကလေး မဟုတ်ပါ။ ဟိုးရင်ထဲကနေ နက်ရှိုင်းစွာ ခိုတွယ် အမြစ်စွဲခဲ့တဲ့ အချစ်စစ်မျိုးပါ။ ပန်းရဲ့ အချစ်က ကိုကို ပညာတွေ တတ်နေမှ၊ ချမ်းသာကျော်ကြားနေမှ၊ အောင်မြင်ကျန်းမာနေမှ မဟုတ်ပါဘူး။ ကိုကို ဘာပဲ ဖြစ် ဖြစ် .. ဘာ ရောဂါ ပဲ ဖြစ် ဖြစ်.. ဘယ်ဘ၀ပဲရောက်ရောက် စွဲစွဲနှစ် နှစ် ၊ နှစ် နှစ် ကာကာ ချစ်မြတ်နိုးနေမယ့် အချစ်မျိုးပါ၊ ပန်းက ကိုကို့ကို နက်ရှိုင်းလွန်းသော အကြည့်များ ဖြင့် ငေးစိုက်ကြည့်နေခဲ့မိသည်။ အခုအချိန်မှာ ပန်းအသက် ဆယ့်ခြောက်နှစ် …။ နောက်နှစ် နှစ် ဆိုလျှင် ပန်းအသက် ဆယ့်ရှစ်နှစ် ။ လူ တစ်ယောက် (ကိုယ့်နှလုံးသားထဲကနေ နင့်နေအောင် ချစ်မြတ်နိုးမိတဲ့လူ) ကို တာဝန်ယူဖို့ အရွယ်ရောက်တော့မှာ ပါ။
“မင်း ရူးနေသလား ပန်းသတင်း၊ မင်း ဘာရည်ရွယ်ချက်နဲ့ ငါတို့နဲ့ လိုက်ခဲ့တာလဲ၊ ပညာသင်ဖို့၊ ဆရာဝန် ဖြစ်ဖို့ မဟုတ်ဘူးလား”
ကိုကို့မျက်နှာက ဒေါသတကြီး နီရဲတောက်ပလျက် ရှိသည်။ ပန်းက ကိုကို့ဒေါသတွေ ကို ခုတလော မကြာခဏ ရင်ဆိုင်နေရပြီမို့ မဖြုံတော့။ ခေါင်းမာမာဖြင့်ပင် ရင်ဆိုင်ဖို့ ပြင်ဆင်ထားခဲ့သည်။ ခြောက်ဘာသာဂုဏ်ထူးနှင့် အောင်မြင်သော ပန်းက ဆေးတက္ကသိုလ်မတက်တော့ပဲ သူနာပြုသင်တန်း ပြောင်းလျှောက်ခဲ့ခြင်းသည် ကိုကို့အတွက်တော့ ဧရာမ ပေါက်ကွဲစရာအ ဖြစ် တစ်ခုတည်း။ တခြားအ ဖြစ်အပျက်တွေ ကို မေ့လျော့စပြုလာသော ကိုကိုက ဒီအ ဖြစ်အပျက်ကို မမေ့နိုင်သေးတာ အံ့သြစရာကောင်းလှသည်။ ပန်းအတွက် အချိန်ဇယားကိုတောင် ကိုကို မဆွဲပေးနိုင်စွမ်းတော့ပါ။
“ဆရာဝန် ဖြစ်မှ မဟုတ်ပါဘူး ကိုကိုရယ်၊ နာ့ (စ်) လုပ်ရတာ လည်း ပန်း ၀ါသနာပါသားပဲ ဥစ္စာ”
“မင်း ဖြစ်ချင်တာ ဆရာဝန်လေ ပန်းရဲ့ ၊ အဲဒါကို ငါ မမေ့ပါဘူး၊ ငါ့မှတ်ဥာဏ်ထဲ စွဲနေတုန်းပဲ”
“မဟုတ်ပါဘူး… ကိုကို မေ့သွားလို့ ဖြစ်မှာ ပါ၊ ပန်းက နာ့(စ်)ပဲ ဖြစ်ချင်တာ၊ လူတွေ ကို ပြုစုရတာ ၀ါသနာပါတာ”
“မဟုတ်ဘူး မင်းလိမ်နေတာ ငါ သိတယ်၊ မင်း ဖြစ်ချင်တာ ဆရာဝန်ပါ၊ သူနာပြု မဟုတ်ဘူး”
“စိတ်ဆိုတာ အမြဲပြောင်းလဲနေတာပဲ ကိုကိုရဲ့ ၊ အရင်က ဆရာဝန် ဖြစ်ချင်ခဲ့ပေမယ့် အခု မ ဖြစ်ချင်တော့ဘူးလေ၊ အရာရာဟာ တည်မြဲနေတာမှ မဟုတ်တာ၊ အမြဲပြောင်းလဲနေတာလေ၊ ပန်း သူနာပြုပဲ ဖြစ်ချင်တယ်”
ကိုကိုက ပန်းကို ခပ်စူးစူးစိုက်ကြည့်နေခဲ့သည်။ ပန်းက ကိုကို့မျက်ဝန်းတွေ ကို ရင်ဆိုင်မကြည့်ဘဲ မျက်လုံး ခပ်လွှဲလွှဲထားလိုက်သည်။ ဆရာဝန် ဖြစ်ချင်စိတ်က ရင်ထဲအသည်းထဲကနေ လှိုက်လှိုက်လှဲလှဲ ပြင်းပြထက်သန်နေခဲ့တာကို ပန်းရဲ့ မျက်ဝန်းတွေ ထဲမှာ တစ်စွန်းတစ်စ ကိုကို ရိပ်မိတွေ့ ရှိသွားမှာ စိုးသော ကြောင့် ဖြစ်သည်။ ပန်းဆုံးဖြတ်ပြီးပြီလေ။ ဒီဆုံးဖြတ်ချက်ဟာ ဘယ်သူ့ရဲ့ ပယောဂမှ မပါဘဲ ပန်းရဲ့ နှလုံးသားအလိုဆန္ဒအတိုင်း ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော ကြောင့် ဘယ်သော အခါမှ နောင်တရစရာလည်း မလိုပါ။
သူ့မျက်လုံးတွေ ကို ဖွင့်လိုက်မိပြီဆိုတာနှင့် အိပ်ရာဘေးက စားပွဲပုကလေးပေါ်မှာ ရေတစ်ဖန်ခွက်နှင့် အတူ သွားတိုက်ဆေးတင်ထားပြီးသား သွားပွတ်တံကလေးကို တွေ့ ရသည်။ ပြီးတော့ ရေခွက်ကလေးမှာ ကပ်ထားသော စတစ်ကာစာရွက်ဝါ၀ါကလေးပေါ်မှာ လှပ၀ိုင်းစက်သော လက်ရေး လေးတွေ ။
“နိုးပြီလား ကိုကို၊ မင်္ဂလာနံနက်ခင်းပါ၊ သွားတိုက် မျက်နှာသစ်ဖို့ မမေ့နဲ့နော်…”
“ပန်း”
တဲ့။ သူ ရေတစ်ခွက်သောက်ပြီး သွားပွတ်တံကလေးကိုင်ကာ ရေချိုးခန်းထဲ ၀င်လာခဲ့သည်။ သွားတိုက်နေစဉ် မှန်ကလေးပေါ်မှာ စတစ်ကာကလေးတစ်ခု။ ဒီတစ်ခါ အနီရဲကလေး။
“မျက်နှာသစ်ဖို့ မမေ့နဲ့နော် ကိုကို၊ မျက်နှာသုတ်ပုဝါရယ်၊ ကိုကိုလဲဖို့ အင်္ကျီနဲ့ဘောင်းဘီက ကုတင်ပေါ်မှာ ၊ အင်္ကျီလဲနော်… ကိုကို”
“ပန်း”
သူ မပြုံးမိဘဲ မနေနိုင်တော့။ ဒီကောင်မလေးဟာလေ ဘယ်အချိန်က ဒါတွေ လာလုပ်သွားတာပါလိမ့်။ စာဖြင့် မကျက်ဘူး။ ဒါပေမယ့်လည်း စာကလေးတွေ က သတိပေးတော့ သူ မမေ့လျော့တော့။ မျက်နှာသစ် သွားတိုက်ပြီး မျက်နှာသုတ်ဖို့ ပုဝါကို လာအယူပုဝါပေါ်မှာ ထင်းထင်းကြီး ကပ်ထားတာ ပန်းနုရောင် စတစ်ကာကလေး။
“မျက်နှာသုတ်ပြီး အ၀တ်မလဲခင် အိမ်သာခဏထိုင်လိုက်ပါဦးလား ကိုကို၊ ပြီးမှ အင်္ကျီလဲနော်”
သူ အိမ်သာထိုင်ရပြန်သည်။ အိမ်သာဘေး တစ်သျှူးလိပ်ကလေးပေါ်မှာ ကပ်ထားသော လိမ္မော်ရောင် စတစ်ကာကလေးက…
“အိမ်သာတက်ပြီး အညစ်အကြေးတွေ သန့်စင်ဖို့ လက်ဆေးဖို့ မမေ့နဲ့နော်…”
တဲ့…။ ဟာကွာ ငါ ဒီလောက် မမေ့တတ်သေးပါဘူး ဟု စိတ်ထဲမှပြောရင်း သူ ပြုံးမိပြန်သည်။ သို့ သော် သူမ မှာ သည့်အတိုင်း သူ လုပ်မိပါသည်။ အ၀တ်အစားလဲတော့ အင်္ကျီပေါ်မှာ ကပ်ထားသော စတစ်ကာ အပြာကလေးက…
“ကိုကို ဘုရားရှိခိုး တရားထိုင်ဖို့ မမေ့နဲ့နော်၊ အင်္ကျီလဲပြီးရင် ဘုရားခန်းကို သွားပါ”
“ပန်း”
တဲ့။ အဲဒီ လို သတိပေးမှတ်စုအတိုကလေးတွေ တစ်အိမ်လုံး နေရာအနှံ့မှာ ပွစိထနေတော့မယ်ထင်ပါရဲ့ ။ ဘုရားခန်းထဲမှာ ပန်းကို အဆင်သင့်တွေ့ ရသည်။ ကြည်လင်လန်းဆန်းသော မျက်နှာကလေးနှင့် ဘုရားဆွမ်းတော် ၊ ပန်း ရေချမ်း ဆီမီးကပ်နေသော ထိုမိန်းကလေးကို သူ ခပ်ကြာကြာကလေး စိုက်ငေးကြည့်နေမိသည်။ မျက်စိရှေ့မှာ တင် ဒီကလေးမ အပျိုကြီးဖားဖား ဖြစ်လာခဲ့ပါရောလား။ သူမ မျက်နှာလေးက ကြည်လင်လှပလွန်း လိုက်တာ။ ဆေးကျောင်းတက်သင့်ပါရက်နဲ့ ဆေးကျောင်းမတက်ဘဲ သူနာပြုသင်တန်းသာ ဇွတ်တက်ခဲ့သော ခေါင်းမာဇွတ်တရွတ်ဆန်ခဲ့တာကလွဲပြီ သူမဟာ ထင်မှတ်မထားလောက်အောင်ကို လိမ္မာရေး ခြားရှိလွန်း၊ အလိုက်သိတတ်လွန်းသည်။ သူ့ ရောဂါ အခြေအနေကို သိပြီးကတည်းက သူ့ကို အရိပ်တကြည့်ကြည့် ဂရုတစိုက် ပြုစုစောင့်ရှောက်ခဲ့တာကို သူ တကယ်ကျေးဇူးတင်ပါသည်။ တစ်ခါတစ်ရံများ သူပင် အံ့သြရလောက်အောင် သူ လိုအပ်လိုက်တာနှင့် သူမက အရိပ်တစ်ရိပ်လို ဖျတ်ခနဲ ရောက်လာတတ်ပြီး ဖြည့်ဆည်းပေးတတ်သည်။
သူ ဘုရားရှိခိုးသော ဆိုဖာပြားကလေးပေါ်မှာ ခရမ်းရောင် စတစ်ကာကလေးတွေ့ ရပြန်ပြီ…..။
` ဘုရားရှိခိုးပြီးရင် လေ့ကျင့်ခန်းလေး လုပ်လိုက်ဦးနော် ကိုကို၊ ပြီးရင် ထမင်းစားခန်းထဲမှာ ကိုကိုကြိုက်တဲ့ နန်းကြီး သုပ်နဲ့ ကော်ဖီပူပူ အဆင်သင့်လုပ်ထားမယ်´
` ပန်း ´
အားကစားအခန်းထဲဝင်ကာ သူ လေ့ကျင့်ခန်း နည်းနည်း ပါးပါးလုပ်သည်။ နေ့စဉ်ပုံမှန်အလုပ်တွေ ကိုတောင် သူစိတ် ပါလက်ပါ လုပ်ကိုင်ချင်စိတ်မရှိတော့။ ဆေးရုံအလုပ်ကိုတော့ သူ လုံးဝရပ်နားထားလိုက်ပြီ။ ဒီ ရောဂါ နှင့် သူ နောက်ထပ် ဘယ်နှနှစ် ဆက်ပြီး နေခွင့်ရမလဲ။ သူ အရာရာကို မေ့လျော့မသွားခင် သူ မှတ်မိသမျှအရာအားလုံးကို မှတ်တမ်းတင်ထားချင် သေးသည်။ အဲဒါကြောင့် သူ အလုပ်မလုပ်တော့ဘဲ သူ့ရဲ Sony professional video camera ကလေးတစ်လုံးနှင့် သူ ရိုက်ချင်သမျှကို မှတ်တမ်းတင်လျှောက်ရိုက်ထားဖို့ စိတ်ကူးရသည်။ ဒရိုက်ဘာကို ကားမောင်းခိုင်းပြီး သူ့စိတ်ထဲပေါ်သမျှ သွားချင်တဲ့ နေရာသွားကာ ဗီဒီယိုလျှောက်ရိုက်နေလိုက်သည်။ တစ်ခါတစ်ရံ ထမင်းမေ့ဟင်းမေ့ ဖြစ်တတ်သည်မို့ မေမေက အိမ်ကနေ ထမင်းချိုင့်၊ ကော်ဖီဓါတ်ဗူး၊ မုန့် . . စသဖြင့် ထည့်ပေးလိုက် သည်။ ဒရိုက်ဘာ ကတော့ သူ့ကို မျက်ခြည်မပြတ်စောင့် ကြည့်ကာ သူ သွားရာနောက်၊ မလှမ်းမကမ်းကနေ လျှောက်လိုက်ပေးတတ်သည်။
ဖေဖေနှင့် အတွေ့ အကြုံများ စွာ ရထားခဲ့ပြီးသော မေမေက သူ့အလှည့်မှာ နေတတ်အောင်၊ ရင်ဆိုင်တတ်အောင် လေ့ကျင့်ပေးခဲ့သည်။
တစ်နေ့ချင်း၊ တစ်ရက်ချင်း သား ပျော်အောင်သာနေပါသား၊ မနက်ဖြန် ဘာ ဖြစ်မလဲဆိုတာကိုလည်း သား လှမ်းပြီး မျှော်တွေးမထားနဲ့၊ မနေက ဘာတွေ ဖြစ်ခဲ့သလဲ ဆိုတာတွေ လည်း မမှတ်မိရင်နေပါစေ၊ ပြန်မတွေးနဲ့၊ အရေး ကြီးတာ ဒီနေ့ တစ်နေ့ကို သား စိတ်ချမ်းသာသလိုနေ၊ မေ့လျော့တာတွေ ရှိပေမယ့် မမေ့သေးတဲ့ မှတ်ဥာဏ်ကလေးတွေ လည်း ရှိနေဦးမယ်၊ ဒါကိုက သားအတွက် အမြတ်ပဲ၊ စိတ်ချမ်းသာစရာပဲ၊ မေမေလည်း သားအတွက် စိတ်ဆင်းရဲ၊ ထိခိုက်နေရုံနဲ့ဘာမှ လုပ်ပေး နိုင်မှာ မဟုတ်ဘူး၊ ဒီတော့ မေမေလည်း သားအတွက် ပြုစုစောင့်ရှောက်ပေးနိုင်သလောက် အစွမ်းကုန်ပြုစုပေးမယ်၊ အရေး အ ကြီးဆုံးက သား စိတ်ဓါတ်မကျဖို့နဲ့ ဒီ ရောဂါ ကို အရှုံးမပေးလိုက် ဖို့၊ ဒူးမထောက်လိုက်ဖို့ပဲ၊ မေမေတို့ ရင်ဆိုင်ကြစို့၊ ဖြစ်လာသမျှကို အကောင်းဆုံးပြင်ဆင်ထားပြီး တိုက်ပွဲဝင်ကြမယ်၊ ဒါ မေမေတို့ရဲ့ ဘ၀ပဲ၊လောကဓံပဲ၊ ရှောင်လွှဲလို့မရဘူး၊ ခါးသီးနာကျင်နေလို့မရဘူး၊ လက်ခံရမှာ ပဲ၊ ရင်ဆိုင်ရမှာ ပဲ”
တဲ့ . . . ။အဲဒီ မေမေ့ပြောစကားကလေးကို သူဗီဒီယိုနှင့် မှတ်တမ်းတင်ထားခဲ့သေးသည်။ သူ စိတ်ဓါတ်ကျမယ်ကြံ တိုင်း အဲဒီ နေရာကလေးကို ပြန်ရစ်ပြီး ထပ်တလဲလဲ ပြန်ကြည့်မိလျှင် သူ့စိတ်မှာ အားအင်တွေ အလိုလို ပြန်ပြည့်လာခဲ့သည်။ သူ့ဘေးမှာ မေမေရှိနေသမျှပြီးတော့ ဟိုကောင်မလေး ပန်းသတင်းရှိနေသမျှ သူ အရာရာကို ရင်ဆိုင်ရဲဖို့ စွမ်းအင်တွေ ရှိခဲ့ပါပြီ။
ညနေ သူနာပြုသင်တန်းကနေ ပြန်လာပြီဆိုသည်နှင့် ပန်း၏ စိတ်နှလုံး အာရုံတစ်ခုလုံးက ကိုကို့ဆီမှာ သာ ပုံအော ရောက်ရှိသွားခဲ့ပါပြီ။Early Onset Alzheimer’s Disease နှင့် ပတ်သက်သမျှ အကြောင်းအရာတွေ ၊ အချက်အလက်တွေ မှန် သမျှကို အင်တာနက်ထဲကနေ၊ ပြီးတော့ စာအုပ်စာတမ်းတွေ ရှာဖွေဖတ်ကာ အချက်အလက်တွေ ၊ ရောဂါ အဆင့်ဆင့်ရဲ့ လက္ခဏာတွေ ၊ ကုသနည်းနဲ့ ပြုစုစောက်ရှောက်နည်းတွေ မှန်သမျှကို အသေးစိတ်ကျကျ၊ ထဲထဲဝင်ဝင် လေ့လာမှတ်သားကာ အချက်အလက်တွေ စုဆောင်းထားခဲ့သည်မှာ မှတ်စုစာအုပ်တစ်အုပ် ပြည့်လုနီးပါး။ ကိုယ် သိလိုသမျှကိုလည်း သူနာပြုသင် တန်းမှ ဆရာမ ကြီးတွေ ၊ ဆရာဝန်ကြီးတွေ ဆီ ချဉ်းကပ်ကာ မေးမြန်းမှတ်သားယူရသည်။ ပန်းကိုယ်တိုင်က တစ်ခုခုကို လေ့လာပြီဆိုလျှင် ရေဆုံးရေဖျားထိအောင် ရှာဖွေတူးဆွလေ့လာ တတ်သူမို့ Alzheimer’s ဝေဒနာသည် တစ်ယောက် ကို ဘယ်လိုပြုစုစောင့်ရှောက်၊ ကူညီဖေးမရမယ်ဆိုတာကို သိသင့်တာထက်ပိုပြီး ကျွမ်းကျင်နားလည်ခဲ့ပါပြီ။ ကိုကို့မေမေ ကြီးကြီး ကတော့ ကိုကို့ဖေဖေ့ ရောဂါ ကို ဆယ်နှစ် ကျော်လုံးလုံး ရင်းနှီးထိတွေ့ ထားခဲ့သူမို့ ကြီးကြီးဆီမှာ လည်း သိချင်သမျှ အချက်အ လက်တွေ ကို မေးမြန်းစုဆောင်းထားခဲ့ပါသည်။
ဒီနေ့တော့ ကိုကို တစ်ယောက် သူ့အခန်းထဲမှာ တစ်ယောက် တည်း တီဗီဖွင့်ထားပြီး သူရိုက်ထားသမျှ ဗွီဒီိယိုမှတ်တမ်း တွေ ကို ထိုင်ပြီး ငေးစိုက်ကြည့်နေခဲ့သည်။
“ကိုကို အပြင်ကနေ ပြန်ရောက်တာကြာပြီလားဟင်၊ ရေချိုးပြီးပြီးလား၊ ညနေစာရော စားပြီးပြီးလား”
ကိုကိုက ခေါင်းခါပြပါသည်။ မျက်လုံးတွေ က တီဗီမျက်နှာပြင်ပေါ်ကနေ မခွာပါ။
“ကိုကို ဒီနေ့ဘာနေ့လဲ သိလား”
“ဘယ်သိမလဲ . . . ဘာနေ့လဲ”
မျက်ခုံးရှုံ့ပြီး ခပ်တုန့်တုန့်ပြန်မေးသော ကိုကို့ကို ပန်းစိတ်မခုရက်ပါ။ ခါတိုင်း ပန်းမွေးနေ့မတိုင်ခင် တစ်ရက်အလိုဆို အစောကြီး ကြိုပြီး မွေးနေ့လက်ဆောင် ကြိုဝယ်ထားခဲ့ကာ ပေးနေကျ။ အခု သူ လုံးဝ မမှတ်မိတော့ပါ။ မေ့လျော့နေခဲ့ပြီး။
“ပန်းမွေးနေ့လေ ကိုကို၊ ပန်းအသက် ဆယ့်ခွန်ပြည့်ပြီလေ၊ ကိုကို မွေးနေ့လက်ဆောင် ဘာပေးမှာ လဲ ပြော”
ပန်းကပြောမှ ကိုကိုက သတိရသွားသလို ဖျတ်ခနဲပြုံးသည်။
“ပန်း ဘာလိုချင်လဲ . . . ပြောလေ၊ကိုကို့ပိုက်ဆံအိတ် ပျောက်နေတာကြာပြီ၊ ပြန်ရှာမတွေ့ တော့ဘူး”
ပန်းက အသံမထွက်အောင် ရယ်မောမိပါသည်။ ကိုကိုက မျက်မှော င်တွန့်ပြီး ကြည့်သည်။
“ဘာရယ်တာတုံး . . . ညည်းက”
“ပန်း ရှာတွေ့ ပါပြီ”
“ညည်း ယူထားတာလား”
“ရော် . . . စွပ်စွဲပြန်ပြီ၊ ကိုကို့ပိုက်ဆံအိတ်ကို မနေ့ကမှ ရေခဲသေတ္တာထဲကနေ ပြန်တွေ့ တာရှင့်၊ ကိုကို့စားပွဲပေါ် ပြန်တင်ထားတယ်လေ၊ ဟိုတစ်နေ့က နာရီပျောက်တယ် ကိုင်နေကျ ဗီဒီယိုကဲန်မရာပျောက်တယ်၊ ပြီးတော့ ပန်းယူထားတယ် လို့ စွပ်စွဲတယ်၊ နာရီက ခြံထဲက ဒန်းပေါ်မှာ ချွတ်တင်ထားခဲ့တာ၊ ဗီဒီယိုကဲန်မရာက ကားဂိုထောင်ထဲကနေ ပြန်တွေ့ လို့တော် သေးတယ်”
“ကိုယ့်မှတ်စုစာအုပ်လည်း ရှာမတွေ့ ပြန်ဘူး”
“ကိုကို့ အင်္ကျီအိတ်ထဲမှာ လေ၊ ကဲကဲ . . . ကိုကိုက ရေမိုးချိုး အ၀တ်အစားလဲ၊ ပန်းတို့အပြင်ထွက်ပြီး တစ်ခုခုထွက် စားရအောင်၊YKKO မှာ ကြေးအိုးသွားဆွဲရအောင်နော်၊ ပြီးရင်ကိုကိုက ပန်းအတွက် မွေးနေ့ လက်ဆောင်ဝယ်ပေးပေါ့၊ ကိုကို ဘယ်တော့မှ မမေ့တော့မယ့် အမှတ်တရကလေးတွေ လျှောက်လုပ်ရအောင်လေ . . . အမှတ်တရပေါ့”
“အား . . . လျှောက်မသွားချင်ပါဘူး၊ ကိုကို ဒီမှာ TV ကြည့်နေတာ”
“TV ကြည့်နေတာ ကြာလှပြီဆို . . ကြီးကြီးပြောတယ်၊ ကိုကိုဒီဟာတွေ ကိုပဲ ထပ်တလဲလဲ အကြာကြီးကြည့်နေတာ တဲ့ . . . ၊ထ,ပါကိုကိုရယ်၊ ပန်းကို မွေးနေ့ရောက်တိုင်း ကိုကို မေးနေကျမေးခွန်းလေး ရှိတယ်လေ ကိုကိုရဲ့ ၊ ညီမလေး ဘာလို ချင်လဲ ဆိုတာလေ၊ လာ . . . ထပါ ကိုကိုရဲ့ ၊ ပန်း ရေချိုးပေးရမလား”
“ဟာ . . . နေစမ်းပါ၊ ကိုယ့်ဘာသာချိုးမယ်”
ပန်းက ဇွတ်ဆွဲထူနေတော့ ကိုကို ရေချိုးခန်းထဲ ငိုက်စိုက်ငိုက်စိုက်နှင့် ၀င် သွားပါသည်။ ပန်းက ကိုကိုဝတ်ဖို့ Lacoste ပိုလိုရှပ် ပန်းသီးစိမ်းနုနုကလေးနှင့် ဘောင်းဘီအဖြူကလေး ထုတ်ပေးထားခဲ့သည်။ ကိုယ့်ရင်ထဲအသည်းထဲက နင့်နေအောင် ချစ်မြတ်နိုးနေမိသူမို့လား မသိ။ ကိုကို့အတွက် အသေးစိတ် တယုတယလေးတွေ လုပ်ကိုင်ပေးရတာ ကို ပန်း ကြည်ကြည် နူးနူးလေး ကျေနပ်ပျော်ရွှင်နေမိတတ်သည်။ ကိုကို့အတွက် သတိပေးမှတ်စုကလေးတွေ ကို စတစ်ကာရောင် စုံကလေးတွေ နှင့် နေရာအနှံ့အပြားမှာ လိုက်ကပ်ပေးထားရတာ ကို ပန်း စိတ်ပါလက်ပါရှိလွန်းလှသည်။ တစ်ခါတစ်ရံ ကိုကို့နဖူးပေါ်မှာ လက်ဖမိုး ပေါ်မှာ အသာလေးသွားကပ်ထားတတ်သည်။ ကိုကို အိပ်ပျော်နေချိန်မျိုး ဆိုလျှင်ပေါ့။ ပြီးတော့ ကိုကို့မျက်နှာကို နစ်မျောရှည် ကြာစွာ အကြာကြီးစိုက်ငေး ကြည့်နေမိတတ်သည်။ ကိုကို့ နဖူးပြင်ကလေးဆီ ဖွဖွကလေး အနမ်းမွှေးချင်စိတ်ကို အပြင်းအ ထန် ဖိနှိပ်ချိုးနှိမ်ထားရတတ်ပါသည်။ ကိုကို့ကို ချစ်လိုက်တာ . . .။ပန်းကို ကိုကို မေ့မသွားခင် အချိန်အထိ ကိုကို့ချစ်နေပါရ စေ။ နောက်ဆုံး ပန်းဟာ ဘယ်သူဘယ်ဝါရယ်လို့ ကိုကို မမှတ်မိတော့ဘူးဆိုရင်တောင် ပန်းကပဲ ဆက်ချစ်နေပါရစေ ကိုကို ရယ် နော် . . . ။
ပန်းနှင့် ကိုကို YKKO မှာ အတူထိုင်ပြီး ကြေးအိုးစားကြသည်။ ပန်းက ခုလို ကိုကိုနှင့် နှစ် ယောက် အတူတွဲ ထွက်ရ သည်ကို သဘောကျမိသည်။ ကိုကို့ကြည့်ရတာ တော့ သိပ်ပြီး စိတ်ပါလက်ပါ ရှိလှသည် မဟုတ်ပါ။ ဇွတ်အတင်းခေါ်လို့သာ လိုက်လာခဲ့ပြီး စားရအောင်ဆိုတော့လည်း ငြင်းဆန်းခြင်းမရှိ စားနေလိုက်တာပင်။ ကြေးအိုးရဲ့ အရသာကိုလည်း စိတ်ဝင်စား ပုံမရ။ သူ ဘာလုပ်လို့ လုပ်နေမှန်း အာရုံစိုက်ထားခြင်းမရှိ။ ဒီလို အပြုအမူတွေ ဟာ ကိုကို့ရဲ့ ဟိုးအရင်အပြုအမူတွေ နှင့် လုံးဝ တခြားစီပါ။ အရင်က ဘာကိုပဲလုပ်လုပ်၊ စနစ်တကျ လေးလေးနက်နက် အသေးစိတ် ဂရုတစိုက်ရှိတတ်လွန်းတဲ့ကိုကိုဟာ ရုတ်တရက်ကြီးကို တခြားလူ တစ်ယောက် အစားထိုးပစ်ခံလိုက်ရသလို ပြောင်းလဲသွားခဲ့တာပါ။ အာရုံစူးစိုက်စိတ်ဝင်စားနိုင် စွမ်းတွေ တဖြည်းဖြည်း လျော့ပါးလာခဲ့သော လက္ခဏာ ဖြစ်သည်။
“ကိုကို စားလို့ကောင်းရဲ့ လား”
“အင်း . . . ကောင်းပါတယ်”
“ဒီနေ့ ဘာနေ့လဲ”
“မသိဘူးလေ . . . စနေလား တနင်္ဂနွေလား”
ကိုကို့ ဖြေဟန်က ဇဝေဇ၀ါ။
“ပန်းရဲ့ မွေးနေ့လေ၊ ပန်း ဘယ်နှနှစ် ပြည့်တာလဲ? ကိုကို မှတ်မိလား . . . ။
“ဆယ့်ခြောက်နှစ် ”
“ဟယ် . . .ကိုကိုဖြီးတယ်တော့၊ ဆယ့်ခွန်လေ ကိုကိုရာ၊ နောက်နှစ် ဆို ပန်းအသက်ပြည့်ပြီ၊ ပန်း စိတ်ကြိုက် ပန်းဘ၀ ကို ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီ၊ ပန်းစိတ်ကြိုက် ပန်းဘ၀ကို ကိုယ်တိုင်ဖန်တီးခွင့်ရှိပြီ သိလား၊ အဲဒီ အခါကျ ပန်း ဘာလုပ်မလဲ သိလား”
“ဘယ်သိမှာ တုံး၊ ပန်းဆိုတဲ့ကောင်းမလေးဟာ အလွန်စကားများ တာပဲသိတယ်”
ပန်း သဘောကျစွာ ရယ်မော ဖြစ်လေသည်။ ကိုကို့မျက်နှာက စိတ်မရှည်တော့သည့်ဟန်ဖြင့် မျက်ခုံးတွေ ရှုံ့လာသည်။
“ကိုကို . . .”
“ဘာတုံး . . .”
“ကိုကို့ ကို ပန်းတစ်ခုမေးဦးမယ်၊ ကိုကို့ဘ၀မှာ ကောင်မလေး တစ်ယောက် ကို ချစ်ခဲ့ဖူးလားဟင်”
တကယ်တော့ ပန်းက အရဲစွန့်ပြိး မေးလိုက်မိတာပါ။ ကိုကို့ဆီက အဖြေစကားတစ်ခုခုကို ကြားချင်ခဲ့သော ကြောင့် ဖြစ် သည်။ ကိုကို့မျက်နှာက ဖျတ်ခနဲ တွေ ဝေ သွားပါသည်။
“အင်း . . . ချစ်ခဲ့တယ် ထင်တာပဲ၊ သူ့ဘ၀ကလေးကို အမြင့်ဆုံး အကောင်းဆုံး ဖန်တီးပေးချင်ခဲ့တယ်၊ စေတနာတွေ ထားခဲ့တယ်”
ထိုအဖြေလေးက မထင်မှတ်ဘဲ ပွင့်အန်လာသော အဖြေမျိုးမို့ ပန်းနှလုံးသားတစ်ခုလုံး ဓာတ်လိုက်ခံလိုက်ရသလို ရှိန်းမြတုန်လှုပ်လို့သွားခဲ့ပါသည်။ ကိုကို့ရဲ့ မသိစိတ် တံခါးကလေးဖျတ်ခနဲ ပွင့်ဟ,သွားခဲ့သလိုပါ။
“အင်း ဟင် . . . သူက ဘယ်သူလဲဟင်”
“ဘယ်သိပါ့မလဲ၊ သူလည်း သူ့လမ်းသူ ဆက်သွားပြီပေါ့၊ ကိုကိုလည်း မေ့သွားပြီး၊ စပ်စုလှချည်လား၊ ဘာတွေ လျှောက်မေးနေတာလဲ”
“ညီမ အရင်းလား”
“ကိုကို စဉ်းစားလို့မရဘူး ၊ မွေးစားခဲ့တာထင်တယ်”
“ပန်းကို ( ) ရွာကလေးက ဘုန်းကြီးကျောင်းကနေ ပညာသင်ပေးဖို့ဆိုပြီး ကိုကိုတို့ခေါ်လာခဲ့တာလေ၊ အဲဒါကို မှတ်မိလား”
ပန်းရင်ထဲ နင့်ခနဲ ဖြစ်နေတာ ကိုကို့ကို မှတ်မိလို မှတ်မိငြားမေးလိုက်မိသည်။ ကိုကိုက မျက်ခုံးကြောတွေ ရှုံ့ပြီး အကြာ ကြီးပဲ စဉ်းစားနေခဲ့ပါသည်။ ခဏကြာတော့မှ လက်လျှော့လိုက်သလို ခေါင်းတစ်ချက်ခါကာ ပန်းကို ခပ်စိမ်းစိမ်းကြည့် သည်။
“ကိုယ် မမှတ်မိတော့ဘူးကွာ . . .”
တဲ့ . . . ။ ပန်းရင်ထဲက နာကျင်မှု ကို မျိုချလိုက် ရပါသည်။
YKKO ကနေပြီးတော့ ရွှေတိဂုံဘုရားသို့ ဆက်တက်ကြသည်။ ရွှေအဆင်းဖြင့် ၀င်းအိနေသော ရွှေတိဂုံစေတီတော် မြတ်ကြီး၏ အရှိန်အ၀ါ အရိပ်အာဝါသက ပန်းရော ကိုကို့ ရင်ထဲမှာ ပါ ရောက်ရှိနေသည့် သော ကအပူတချို့ကို အထိုက်အ လျောက် ဖြေလျော့ပေးနိုင်စွမ်းရှိလှသည်။ ဘုရားအတူတူ ကန်တော့ကာ စေတီတော် မြတ်ကြီးကို တစ်ပတ်ပတ်၍ ဖူးမြော် ကြည်ညှိကြပြီး ပြန်ဆင်းခဲ့ကြသည်။
ပြီးတော့ ကိုကို့ကို မြို့ထဲရှိ Tattoo ဆိုင်ကလေး ဆီသို့ ခေါ်လာခဲ့သည်။
“ကိုကို . . . ပန်းရဲ့ မွေးနေ့လက်ဆောင်အ ဖြစ် ကိုကို ဘယ်တော့မှမမေ့တော့မယ့် နာမည် လေးတစ်ခု ကိုကို့လက်မှာ တက်တူးထိုးထားပေးမလားဟင်”
“ဘာနာမည် လဲ? . . ဟာကွာ . . ရှုပ်နေတောပဲ၊ ညည်း ကတော့”
ကိုကိုက ဘယ်လိုပဲ စိတ်မရှည်ဟန်ပြပြ၊ နောက်ဆုံးတော့ ပန်း ဖြစ်စေချင်တာကို မငြင်းခဲ့ပါ။ ပန်းက ကိုကို့ လက်ဖျံ နေရာကလေးမှာ ‘ပန်းသတင်း’ ဆိုသော နာမည် ကလေး ကိုကို ဘယ်တော့မှ မမေ့နိုင်တော့အောင် ရေး ထိုးပေးစေခဲ့သလို ပန်းရဲ့ လက်ကောက်ဝတ်နေရာကလေးမှာ ‘ရွယ်ရည်သွေး’ ဆိုသော နာမည် ကလေးကို မြတ်မြတ်နိုးနိုး မှတ်တမ်းတင်ရေး ထိုး ခဲ့ပါသည်။ ကိုကိုက ပန်းလုပ်သမျှကို တအံ့တသြ ငေးစိုက်ကြည့်လို့သာ နေခဲ့ပါသည်။ ဖြစ်နိုင်ရင် နှလုံးသားထဲမှာ ဘယ်တော့မှ မမေ့အောင် တက်တူးထိုး ထားပေးချင်မိတယ် ကိုကို . . . ။
ကိုကို့မျက်နှာက ရုတ်တရက် ခါးခါးသီးသီး
ပြောင်းလဲသွားခဲ့ကာ ပန်းလက်ထဲကနေ
ဆောင့်တွန်းရုန်းထွက်သွားပြီး အိမ်ကြီးဘက်ဆီသို့
ခပ်သုတ်သုတ် ထွက်သွားတော့သည်။ ပရိတ်သတ်
အားလုံးဆီက တအံ့တသြ အကြည့်တွေ ပန်းဆီ
ဝေါခနဲ စုပြုံကျရောက်လာခဲ့၏ ။
* * * * *
![]() မျက်ရည်တစ်ပွင့်ရဲ့တိုးဖွညင်သာသော | ![]() သူ့နှလုံးသားမှာ ခြေရာတွေနဲ့ | ![]() ကြယ်စင်ကို ရင်ဘတ်နဲ့မျှားတဲ့သူ |