အခန်း(၁)
SAKURA TOWER ရဲ့ တစ်ခုသော အထပ်မြင့်ရဲ့ ရုံးခန်းထဲမှာ သူ ငြိမ်ငြိမ်သက်သက် ထိုင်ရင်း မိုးရေတွေ တဖျောက်ဖျောက် လာမှန်နေတဲ့ ပြတင်းမှန်ချပ်တွေ ကို ကဗျာတစ်ပုဒ်လိုပဲ ငေးကြည့်နေခဲ့မိ သည်။ သူ့လက်ထဲမှာ ဧရာမ ကြွေမတ်ခွက် ဖြူဖြူကြီးနှင့် ကော်ဖီတွေ က အငွေ့တထောင်းထောင်းထလို့။ လောကမှာ သူ အမက်မောဆုံး အရာနှစ် ခုကို ပြပါဆိုလျှင် မိုးရေစက်တွေ နဲ့ ကော်ဖီကိုပဲ သူရွေးချယ်မှာ အသေအချာ။ မိုးရေစက်တွေ ကို မျက်တောင်မခတ် ငေးကြည့်ရင်း ကော်ဖီပူပူကို တစ်ငုံချင်း ဇိမ်ဆွဲ၍ အရသာခံကာ သောက်ရသော အရသာကို သူ ဘာနှင့် မှ မလဲနိုင်အောင် မက်မောသည်ဟု ဆိုလျှင် လူတွေ ရယ်ကြမလား မသိ . . . . . ။
သူ့ရုံးခန်းကလေးကို သူ ချစ်သည်။ လာဗဲန်ဒါရနံ့ကလေး အမြဲတမ်းမွှေးမေအောင် အခန်းသန့်ဆေး ဖြန်းသည့်အပြင် အခန်းထဲမှာ YENKEE LAVENDER အဆီမွှေးကလေးကို ကြွေခွက်ထဲထည့်ကာ အောက်ကနေ ဖယောင်းတိုင်မီးဖြင့် အပူပေးပြီး မွှေးရနံ့ကို ပိုပြီး သင်းပျံ့စွဲမြဲစေသည်။ သူက အလွန် အသန့်အပြန့် အမွှေးအကြိုင် ၊ စနစ်တကျ တိကျသေသပ်တာကို ကြိုက်သည်။ အဲဒါကို သူ့ရဲ့ ကိုယ်ရည်ကိုယ်သေးတစ်ခု လိုပဲ တန်ဖိုးထားသည်။ အနုပညာဆန်ပြီး Romantic ဖြစ်အောင်နေသည်။ သူ့အခန်းတစ်ခုလုံး စားပွဲတွေ ဘီရိုတွေ က အစ သူသုံးသော Laptop ...... i phone အဆုံး အားလုံး ရှင်းသန့် တောက်ပြောင်နေမှ သူ ကျေနပ်သည်။ အဲဒါကို ရင်းနှီးသူတွေ က သူ့မှာ Obsessive Complusive Disorder ဟုခေါ်သော စိတ် ရောဂါ တစ်မျိုးရှိသည်ဟု စွပ်စွဲကြသည်။ အမှန်တော့ စည်းစနစ် ကြီးလွန်းကာ အသန့်အပြန့် ကြိုက်လွန်းသူတွေ မှာ အဲဒီ စရိုက်မျိုး ရှိတတ်တာပါ၊ ဥပမာပြရလျှင် ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းမှာ အဲဒီ OCD ရှိသည်။ သူ ကတော့ အဲဒါကို စိတ် ရောဂါ ဟု မထင်ပါ . . . ။
“ ဒေါက် ဒေါက် . . . . ”
တံခါးခေါက်သံနှင့် အတူ သူ့ အခန်းထဲသို့ သူ့ရဲ့ အတွင်းရေး မှု မကလေးဝင်လာသည်။
“ ဆရာ . . . . အစည်းအဝေးအတွက် အဆင်သင့်ပါ ”
“ အေးအေး . . . . ဆည်းဆာ၊ ဘာတွေ ထူးသေးလဲ ”
“ ကိုကျော်ဇေယျဆီက ဖုန်းဝင်လာပါတယ် ဆရာ၊ ဆရာလိုချင်တဲ့ ရွှေမန္တလာ ပရော့ဂျက် ကိစ္စပါ ”
“ ဘာတဲ့လဲ . . . အောင်မြင်တယ်တဲ့လား၊ ကိုယ့်ကို ဘာ ဖြစ်လို့ဖုန်းမပေးတာလဲ ”
သူ့စိတ်ထဲ ထင့်ခနဲတော့ တစ်ချက် ဖြစ်သွားသည်။ ကိုယ်ကျော်ဇေယျ ဆိုတာ သူ့ရဲ့ လက်ရုံးတစ်ဆူလို အားကိုးရသော သူ့ရဲ့ အထွေထွေ မန်နေဂျာ တစ်ယောက် ဖြစ်သည်။ ရွှေမန္တလာ ပရောဂျက်က မန္တလေးမှာ Shopping Mall ကြီးတစ်ခု ဆောက်လုပ်ခွင့်ရရေး အတွက် မြေနေရာ ဝယ်ယူဖို့ လေလံဆွဲသည့် ကိစ္စ ဖြစ်သည်။
“ သူ မန္တလေးကနေ ဖလိုက်ထ်နဲ့ ချက်ချင်း ပြန်လာနေပြီတဲ့ ဆရာ၊ လူချင်းတွေ့ မှ ပြောပြပါရစေတဲ့ အစည်းအဝေးအမီ သူရောက်ပါမယ်တဲ့ ”
သူ့မျက်ခုံးတွေ ရှုံ့ပစ်လိုက်သည်။ အောင်မြင်တယ်ဆိုရင် သတင်းကောင်းကို အားရပါးရ မျက်နှာလိုမျက်နှာရ ပြောပြရမှာ ပေါ့။ လူချင်းတွေ့ မှ ပြောမယ်ဆိုတော့ မအောင်မြင်ခဲ့လို့များ လား . . . . . ။ ရန်ကုန်မှာ နိုင်ငံတကာ အဆင့်မီ Shopping Mall ကြီး နှစ် ခု သုံးခုမက သူ့ဆောက်လုပ်ရေး ကုမ္ပဏီက ဆောက်လုပ်ခွင့်ရခဲ့ပြီး နောက်မှာ မန္တလေးမှာ ပါ အင်ပါယာချဲ့ထွင်နိုင်ဖို့ သူ ကြိုးစားခဲ့ခြင်း ဖြစ်သည်။ Hotal တချို့ကို နိုင်ငံခြားဆောက်လုပ်ရေး ကုမ္ပဏီနှင့် ပူးပေါင်းဆောက်ခွင့် သူ ရရှိခဲ့သည်။ ပြီးတော့ ပုဂ္ဂလိက ဆေးခန်းကြီးတွေ . . . . ကွန်ဒို အဆောက်အဦးတွေ တော် တော် များများ သူ့ ကုမ္ပဏီက ဆောက်လုပ်ခဲ့ပြီး ဆောက်လုပ်ရေး လောကမှာ ZKP Group အရှိန်အဝါ က တော် တော် ကြီးမား ခဲ့ပြီးသား ဖြစ်သည်။ အဲဒီ ZKP Group မှာ ရှယ်ယာ အများ ဆုံးပါဝင်လျှက် ဦးဆောင်လျက်ရှိသော CEO သက်တမ်းက သိပ်မကြာသေးပေမယ့် သူခြေလှမ်း တွေ က အရမ်းသွက်လက် မြန်ဆန်ခဲ့သည်ချည်းပါ . . . .။ ထစ်ခနဲဆို သူ ဦးအောင်ရယူပြီးသား . . . . ။ သူ့ အသက်အစိတ်မှာ ဆောက်လုပ်ရေး လောကထဲ စတင်ဝင်လာခဲ့ပြီး သူကိုယ်တိုင်လည်း အာခီနှင့် ကျောင်းပြီး ထားသူ ဖြစ်သည်။ သူ့ကို အပြည့်အဝ ပံ့ပိုးကူညီပေးသူက သူ့ဖေဖေ ဖြစ်သည်။ ဖေဖေကိုယ်တိုင် လည်း ဆောက်လုပ်ရေး နယ်ပယ်မှာ ဘုရင်တစ်ဆူ ဖြစ်နေခဲ့ပြီသားမို့ သူက ဖေဖေ့သွေး . . . . ဖေဖေ့ အရှိန်အဝါ အပြည့်ပါသည်ဟု ဆိုရမည် ။ မိဘက ချမ်းသာပြီးသားမို့ သူ လွယ်လင့်တကူ ချမ်းသားလာခြင်းမျိုး မဟုတ်ဘဲ . . . . သူ့ ပင်ကိုယ်အစွမ်းအစတွေ ၊ ဖြတ်ထိုးဥာဏ်နှင့် ဇွဲ လုံ့လ ဝီရိယတွေ ကြောင့် CEO ရာထူးကို ရခဲ့ခြင်း ဖြစ်သည်။ အခုတော့ သူ အသက် သုံးဆယ့်နှစ် . . . . ။ သက်တမ်း ခုနစ်နှစ် အတွင်းမှာ သူ အောင်မြင်ကာ ထိပ်ဆုံးသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
အစည်းအဝေးခန်းထဲ သူ ရောက်သွားတော့ လူစုံတက်စုံ ရောက်နှင့် နေကြပြီ။ ကိုကျော်ဇေယျ တစ်ယောက် ပဲ ရောက်မလာသေး ။ မန္တလေးကနေ လေယာဉ်နင့် ချက်ချင်း ပြန်လာရသည် ဆိုမှတော့ ဘယ်လိုလုပ်ပြီး အောင်မြင်သော အထိမ်းအမှတ်တစ်ခု ဖြစ်ပါတော့မလဲ။ သူ့စိတ်ထဲ စနိုးစနောက် ဖြစ်နေကာ တစ်ခုခုကို တင်းနေသည်။ ဒါရိုက်တာ အဖွဲ့ဝင်လူကြီးတွေ ၏ ဆွေးနွေးတင်ပြချက်တွေ ကို စိတ်ဝင်စားတစ်ချက် မဝင်စားတစ်ချက် . . . . ။ ကိုကျော်ဇေယျကို တွေ့ ချင်နေပြီ။ အဖြေကို ပြတ်ပြတ်သားသား သူသိချင်နေပြီ။ သူ့အာရုံတွေ ကို အစည်းဝေးခန်းထဲမှာ စုစည်းထား၍ မရ။ သူ့ စိတ်တွေ လှုပ်ရှားနေသည်။
မကြာပါ . . . . ။ သူ မျှော်လင့်နေသော ကိုကျော်ဇေယျ ရောက်လာသည်။ မျက်နှာကို လှမ်းကြည့်လိုက်ရုံနှင့် တင် အဖြေကို သူသဘောပေါက်နှင့် ခဲ့ပြီ။ ကိုကျော်ဇေယျ မျက်လုံးတွေ က သူနှင့် ရင်မဆိုင်ရဲသလို မရွံ့မရဲ။
“ ကဲ . . . . အားလုံးရှေ့မှာ ပဲ တစ်ခါတည်း ပြောလိုက်ပါ၊ ကိုကျော်ဇေယျ . . . . ရွှေမန္တလာ ပရောဂျက်ကို ကျွန်တော် တို့ ရခဲ့သလား ”
မေးသာမေးလိုက်ပေမယ့် အဖြေကို ကြိုသိနေပြီးသား။ အစည်းအဝေး ခန်းမထဲမှာ မို့ စားပွဲထိပ်ဆုံမှာ သူ ထိုင်နေကာ ကျန်သော ဒါရိုက်တာ အဖွဲ့ဝင်တွေ က တစ်ဘက်တစ်ချက်မှာ မျက်နှာချင်းဆိုင် ထိုင်နေကြချင်း ဖြစ်သည် . . . . ။ ထ ရပ်လိုက်သော ကိုကျော်ဇေယျ၏ မျက်နှာကို အားလုံးက စိတ်ဝင်တစား ဝိုင်းကြည့်လျက်ရှိသည်။
“ ကျွန်တော် ပြောရမှာ တော့ စိတ်မကောင်းပါဘူး ခင်ဗျာ . . . . ၊ ရွှေမန္တလာ ပရောဂျက်ကို ကျွန်တော် တို့ ZKP က မရလိုက်ပါဘူး၊ “ ရန်မခ ” ကုမ္ပဏီက အမြင့်ဆုံးဈေး ပေးပြီး ယူသွားတာပါ၊ ကျွန်တော် တို့ ပေးထားတဲ့ ဈေးထက် အဆမတန် ပိုပေးသွားတယ်ခင်ဗျ . . . . ”
သူ့ မျက်ခုံးတွေ အတွန့်ချိုးကာ မျက်လုံးတွေ မှေးစင်းသွားကြသည်။ “ရန်မခ ” ဒီနာမည် ကို ခုတလောကလေးမှာ ကို မကြာခဏ ကြားနေခဲ့ရသည်။ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ လောကထဲမှာ တရှိန်ထိုး အောင်မြင် လွှမ်းမိုး လာသော ကုမ္ပဏီ အသစ်တစ်ခု ။ ပြိုင်ဘက်တွေ ကို ဘယ်တော့မှ လျှော့တွက် ထားလေ့ မရှိတတ်သော သူ့၏ ဗီဇ အတိုင်း ရန်မခ၏ personal data ကို သူ စုံစမ်းခဲ့ပြီးသား။ ခြေသွက်လက်သွက်နှင့် အတော် စွာ နေသော ရန်မခ . . . . ။ မြေကွက်လေလံပွဲ တစ်ခုမှာ လည်း သူ့ကို ကျောသွားခဲ့ဖူးသည်။ အသက်က သုံးဆယ်ဝန်းကျင် လောက်ပါပဲ။ ဆက်ဆံရေး ပြေပြစ်ချိုသာ ကောင်းမွန်လျက် ပညာသား အလွန်ပါသော ၊ ပရိယာယ် ကြွယ်သူ တစ်ယောက် ။ လူတိုင်းကို သူ့ နေရာ နှင့် သူ နေရာတကျ အကွက်စေ့အောင် အသုံးချနိုင်သူ တစ်ယောက် အ ဖြစ် သူသိထားခဲ့သည်။ စင်္ကာပူကနေ အာခီဘွဲ့ ယူလာခဲ့သည့်အပြင် MBA ပါ ပြီးထားပြီး သားသူ တစ်ယောက် မို့ ရန်မခ ကို လုံးဝ လျှော့တွက်ထားလို့မရ . . . . . ။ သူ ရရှိမည့်  အခွင့်အရေး တွေ တချို့ကို ရန်မခ ဖြတ်ယူသွားခဲ့တာ ဒီတစ်ကြိမ်နှင့် ဆို သုံးကြိမ် တိတိ ရှိခဲ့ပြီ။ အဲဒါကို သူ မမေ့ . . . . ။ စီပွားရေး နယ်ပယ်တွင် ပြိုင်ဘက်ဆိုတာ အဘက်ဘက်မှာ ရှိစမြဲမို့ ပြိုင်ဘက်တိုင်းကို သူ မျက်ခြေပြတ် မခံခဲ့ပါ။ ရန်မခ ကတော့ တစ်ဟုန်ထိုး အရှိန်ပြင်းစွာ ထိုးစစ်ဆင်လာခဲ့သော ပြိုင်ဖက် တစ်ယောက် မို့ သူပို၍ သတိထားစရာ ဖြစ်လာသည်။
“ ထားလိုက်ပါလေ . . . . ၊ ဒီအခွင့်အရေး ကို လက်လွှတ်လိုက်ရရင် တခြားတစ်နေရာကို ကျွန်တော် တို့ ထပ်ရှာကြတာပေါ့၊ ဒီတစ်ကြိမ်တော့ ကျွန်တော် တို့ လျှော့တွက်လို့မ ဖြစ်ဘူးနော်၊ ပြေးလမ်းပေါ်မှာ သူလည်းပြေးနေတာ ကျွန်တော် တို့လည်း ပြေးနေတာ . . . . ကိုယ့်ပြေးလမ်းရှေ့ကနေ လာပိတ်ပြေးနေတဲ့ သူကြောင့် အရှိန်လျှော့ပေးလိုက် စရာ မလိုဘူးဗျ၊ ကိုယ့်ရဲ့ အရှိန်ကို နှစ် ဆ မြှင့်တင်ပြီး သူ့ကိုဖြတ်ကျော်နိုင်ဖို့ အားထုတ်ရမှာ . . . . . ၊ ဒါ ကျွန်တော့ရဲ့ မှု ပဲ၊ ကျွန်တော် က ပြိုင်ဘက်ကို ကြိုက်တယ်၊ ကိုယ့်ကို ပိုပြီး ထက်ရှလာအောင် သွေးပေးတဲ့ ဓါးတွေ လို့ မြင်တယ်၊ ခံယူတယ် . . . . ၊ ကျွန်တော် ကြိုပြောထားချင်တယ်၊ ကိုယ့်ရဲ့ ပြိုင်ဘက်ကို ဘယ်တော့မှ လျှော့တွက်မထားနဲ့၊ အထင်မသေးနဲ့ သွေးပေးတဲ့ ဓါးကနေ ကိုယ့်ကို ပြတ်ရှသွားအောင်လည်း သူပြောင်းလဲသွားနိုင်တယ်၊ အဲဒီ တော့ ကျွန်တော် အဓိက ပြောချင်တာ “ ရန်မခ ” ရဲ့ ခြေလှမ်းတွေ ကို အမြဲတမ်း မျက်ခြေမပြတ် သတိထားဖို့ပါ ”
တစ်နည်းအားဖြင့် ရန်မခ ကို သူ့ရဲ့ ပြိုင်ဘက်အ ဖြစ် သူ တရားဝင် အသိအမှတ်ပြု ကြေညာလိုက်ခြင်းလည်း ဖြစ်သည်။
နေရာက တိတ်ဆိတ်အေးချမ်းလှတဲ့ ကော်ဖီဆိုင်ကလေးပါ ။ မှန်ပြတင်းကနေ လှမ်းမြင်နေရတာ က ကန်တော် ကြီး ရေပြင်ကျယ်ကျယ် . . . . . ။ ကရဝိတ်ကြီးနှင့် ရွှေတိဂုံစေတီတော် မြတ်ကြီးကို ရွှေရောင် ဝင်းလက်စွာ ဖူးမျှော် ကြည်ညိုခွင့် ရစမြဲမို့ ဒီကော်ဖီဆိုင် ကလေးကိုပဲ “ ရွှေရေး ပန်းချီ ” က ရွှေးချယ်တတ်ပြီး အေးအေးဆေးဆေး လာထိုင်လေ့ရှိပါသည်။ ကော်ဖီအရသာကို လျှာဖျားကနေတဆင့် ရင်ထဲထိ စိမ့်ဝင်သွားအောင် ဇိမ်ဆွဲသောက်ရင်း ငြိမ်းချမ်းစွာ အတွေးနယ်ချဲ့ ရတာ ကို ရွှေရေး စွဲလမ်းပါသည်။ အတွေးတွေ ကနေ စကားလုံး အ ဖြစ် စာရွက်တွေ ပေါ်မှာ စီရရီ စီးဆင်းစွဲထင် သွားကြလျှင် တစ်ခါတစ်ရံ ပတ်ဝန်းကျင်တစ်ခုလုံးကို လုံးဝ မေ့သွားကာ နစ်မျောပျော်ဝင် နေတတ်သည်။ အဲဒါကို ဈာန်ဝင်စားတယ်လို့ ခေါ်မှာ ပေါ့လေ။ တစ်ခါတစ်ခါ လက်ချောင်းကလေးတွေ ကိုက်ခဲ အံသေလာတဲ့အထိ သူမ စာရေး ခြင်းကို ရပ်တန့်လို့မရနိုင်။ အတွေးတွေ ၊ စကားလုံးတွေ ၊ ဒိုင်ယာလော့ခ် တွေ က ရေတံခွန်တစ်စင်းလို အရှိန်မပြတ်စတမ်း အဆက်မပြတ် သွန်ကျလာလျှင် သူမကိုယ်တိုင်ပင် လုံးဝ ပျောက်ဆုံးသွားသည်။ ဇာတ်ကောင်တွေ က သူမကို လွှမ်းမိုးပစ်လိုက်ခြင်းလဲ ဖြစ်သည်။ အဲဒီ အချိန်မျိုးမှာ သူမကိုယ် သူမ ဘယ်လို ပုံသဏ္ဍာန်မျိုး ပေါက်နေသလဲ ဆိုတာတောင် သူမ မသိနိုင်တော့။
အ ဖြစ်အပျက်တစ်ခုကို ဖွဲ့သီနေသော အခန်းတစ်ခန်း အပြီးသပ် လိုက်တော့မှ သူမ ပြန်သတိဝင်လာသလို တစ်စုံတစ်ရာဆီကနေ လွတ်မြောက်လာသလို ပတ်ဝန်းကျင်လောကနှင့် အဆက်အသွယ် ပြန်ရလိုက်သလို ဇက်တွေ ဘာတွေ ချိုး . . . . . လက်ချောင်းကလေးတွေ ကို ဖျစ်ညှစ်ဆုတ်နယ်ရင်း ခေါင်းလေးဘာလေးကို ဘေးဘီဝဲယာ လှည့်ကြည့်မိသည်။ အဲဒီ တော့မှ ဘယ်အချိန်ကတည်းက စိုက်ငေးကြည့်နေခဲ့မှန်း မသိသော မျက်ဝန်းတစ်စုံကို သူမ ဗြုန်းခနဲ ရင်ဆိုင်တိုးမိ လိုက်ချင်း ဖြစ်သည်။ မျက်ဝန်းပိုင်ရှင်က အကြည့်တွေ ကို ရုတ်သိမ်းမသွားဘဲ နှုတ်ခမ်းတွေ က ပြုံးရိပ်သမ်းသွားပြီး ရွှေရေး ဆီ လျှောက်လာချိန်မှာ တော့ သူမက ရေး လက်စ စာအုပ်ကလေးကို ဖျတ်ခနဲ ပိတ်ပစ်လိုက်သည်။
“ ကျွန်တော် ခဏထိုင်ခွင့်ရှိမလားဟင် ”
တဲ့ . . . . ။ မေးပုံက ယဉ်ကျေးပျူငှာ လွန်းနေသဖြင့် ရွှေရေး ငြင်းရခက် သွားပါသည်။
“ ဟုတ်ကဲ့ . . . . ထိုင်ပါ ”
“ ကျွန်တော့ကိုယ် ကျွန်တော် ပဲ အရင်မိတ်ဆက်ပါရစေ၊ ကျွန်တော့်နာမည် “ရန်မခ” ပါ၊ ကျွန်တော် ဒီဆိုင်ကို လာတိုင်း ဒီစားပွဲကလေးမှာ ပဲ အမြဲ စာထိုင်ရေး နေတတ်တဲ့ ခင်ဗျားကို မပြောင်းလဲတဲ့ ပန်းချီကား တစ်ချပ်လို နေ့တိုင်းတွေ့ ရတော့ စိတ်ဝင်စားတာနဲ့ ဒီဆိုင်က ကောင်လေးတွေ ကို မေးမိတယ် ဒါ ဘယ်သူလဲလို့ . . . . ၊ ကောင်လေးတွေ က ဖြေတယ်၊ အဲဒါ နာမည် ကြီး စာရေး ဆရာမ “ ရွှေရေး ပန်းချီ ” ဆိုတာပေါ့တဲ့ ၊ ဆောရီးဗျာ . . . . ကျွန်တော် က မြန်မာဝတ္ထုတွေ ဖတ်လေ့မရှိတော့ တကယ်ကို မသိဘူး၊ မြန်မာဝတ္ထုတွေ မဖတ်လို့ ကြီးကျယ်တယ်လို့ မထင်ပါနဲ့ ၊ ကျွန်တော် က business နဲ့ ဆိုင်တဲ့ စာအုပ်တွေ ပဲ အဖတ်များ လို့ပါ ၊ ကျွန်တော် ချီးကျူးပါတယ်ဗျာ ၊ ဒီလောက် ငယ်ငယ် ရွယ်ရွယ် ချောချော လှလှ ကလေးနဲ့ မိန်းကလေး တစ်ယောက် က နေ့တိုင်းဇွဲရှိရှိနဲ့ ဒီဆိုင်ကလေးမှာ မပျက်မကွက် စာလာလာ ရေး တတ်တာကို တကယ်အံ့သြ မိတာပါ . . . . .၊ ပြီးတော့ ခင်ဗျားပုံစံက ခုခေတ်မိန်းကလေးတွေ ပုံစံနဲ့ လုံးဝမတူပဲ ကွဲထွက်နေတယ်လေ၊ အရောင် မဆိုးထားတဲ့ ဆံပင်နက်နက် ထူထူ ရှည်ရှည်ကြီးမျိုး ကျွန်တော် မတွေ့ ဘူးတာ ကြာပြီ၊ ပြီးတော့ မြန်မာဆန်ဆန် ရင်ဖုံးလက်ပြတ်လေးနဲ့ ထမီရှည်ကလေးနဲ့ တွေ့ ရတာ တကယ် ကျက်သရေ ရှိတယ်ဗျာ၊ လေးစားပါတယ် . . . . စာရေး ဆရာမ ဂုဏ်နဲ့ လည်း လိုက်ဖက်တင့်တည် ပါတယ်၊ ဘာနဲ့ တူသလဲ ဆိုရင် IT ခေတ်ထဲမှာ လိုချင်တာမှန်သမျှ အကုန် လွယ်လွယ်ကူကူ ရနိုင် ပေမယ့် Classic ဖြစ်တဲ့ Antique မျိုးကိုတော့ တမက်တမော လိုက်ရှာပြီး သိမ်းဆည်းဖို့ စုဆောင်းနေကြ တုန်းပဲလေ ၊ ခင်ဗျားကိုတွေ့ ရတာ အဲဒီ လို ခံစားရတယ်၊ ရှားပါးပြီး အဖိုးတန်တဲ့ Antique တစ်ခုကို တွေ့ လိုက်ရ သလိုပဲ ၊ ကျွန်တော် ဒီဆိုင်ကလေးကို အမြဲရောက်တယ်၊ ရောက်လာရခြင်း အကြောင်းက ခင်ဗျားကို လာကြည့်တာ သက်သက်ပဲ ဆိုရင် အံ့သြမလား မသိဘူး နော် . . . . ”
သူပြောပုံက ပွင့်ပွင့်လင်းလင်း ရဲရဲတင်းတင်း။ သူ ဆိုလိုချင်သော အဓိပ္ပါယ်ကို ရွှေရေး ချက်ချင်း သဘောပေါက်အောင် အကွယ်အဝိုက် ဟန်ဆောင်ပန်ဆောင် မပါပဲ အရှိအတိုင်း ပြောပြနေဟန်က သူနှင့် ဟိုးအရင်ကတည်းက ရင်းနှီးခင်မင်ခဲ့နှင့် ပြီးသူလို တရင်းတနှီးဆန်လှသည်။ ရွှေရေး ပင် ရုတ်တရက် ဘာပြန်ပြောရမှန်း မသိလောက်အောင် ကြောင်းငေးသွားမိလျက် ပါးပြင် နှစ် ဖက်ဆီမှာ နွေးခနဲ ဖြစ်သွားရသည်။
“ ကျေးဇူးပါ . . . . ”
ဟုသာ . . . . ခပ်တိုးတိုး က္ကနြေ္ဒရရကလေး ပြန်ပြောလိုက်ရသည်။
“ ရှင် antique တွေ စုဆောင်းတာများ ဝါသနာပါလား မသိဘူးနော် ”
ဘာရယ်မဟုတ် မေးမိလိုက်လျှင် သူ့မျက်လုံးတွေ ဆီမှာ တောက်ပ လင်းဖြာ မှု ကို မြင်လိုက်ရသည်။
“ ဟာ ခင်ဗျားက ဘယ်လိုလုပ်ပြီး သိနေတာလဲ . . . . ဟုတ်ကဲ့ . . . . ကျွန်တော် antique ပစ္စည်း လေးတွေ စုဆောင်းပြီး သိမ်းဆည်းရတာ ကို ဝါသနာတစ်ခုအနေနဲ့ ကို အချိန်ယူပြီး လုပ် ဖြစ်ပါတယ်၊ ခင်ဗျား ကျွန်တော့ကို ဘယ်လိုများ ခန့်မှန်းမိသွားတာလဲ ”
“ သြော . . . . . ကျွန်မကို အထင်မကြီးပါနဲ့ ရှင်၊ မိန်းကလေး တစ်ယောက် ကို antique ပစ္စည်း တစ်ခုနဲ့ တင်စားပြတယ် ဆိုကတည်းက ရှင်ဘာကို crazy ဖြစ်တတ်သလဲ ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ် ”
“ စာရေး ဆရာမ ပီသပါတယ်ဗျာ၊ လူကဲခတ်တော် တယ် ခေါ်မှာ ပေါ့၊ ကျွန်တော် အခု စကားလာပြောတာ အနှောင့်အယှက်တော့ မ ဖြစ်ပါဘူးနော် ”
အင်း နည်းနည်း တော့ ဖြစ်မိတယ်ရှင့် . . . . . ဟု ရွှေရေး ဘယ်ပြောထွက်ပါ့မလဲ။ ထို့ကြောင့် ပြုံး၍ သာ ခေါင်းခါပြလိုက်သည်။
“ ရပါတယ် . . . . တစ်ခါတစ်လေပဲဥစ္စာ၊ ကျွန်မရဲ့ စာဖတ်ပရိသတ် အချို့လဲ ဒီလိုပဲ တွေ့ တဲ့အခါ လာနှုတ်ဆက်တတ်တာ စကားပြောတတ်တာမျိုးတွေ ရှိပါတယ်၊ ကိုယ့်ကို ခင်မင်လို့ လာစကားပြောတဲ့ သူတိုင်းကို ကျွန်မ အချိန်ပေးပြီး စကားပြောရတာ ပေါ့ ရင်းရင်းနှီးနှီး ခင်ခင်မင်မင်ပဲ ကျွန်မ ပြန်ပြောတတ် ပါတယ် ”
“ ယဉ်ကျေးမှု အရပေါ့လေ . . . . . ကျွန်တော် ကတော့ ရွှေရေး ပန်းချီရဲ့ စာဖတ် ပရိသတ် တစ်ယောက် တော့ မဟုတ်ပါဘူး၊ ဒါပေမယ့် ကျွန်တော် ခင်ဗျားရဲ့ စာအုပ်ကလေးတွေ တော့ ဖတ်ခွင့်ရချင်ပါသေးတယ်၊ စာရေး ဆရာမ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာအုပ်ကလေးပေါ့ . . . . . ဖြစ်နိုင်မလားဟင် ကျွန်တော် လောဘကြီးရာများ ကျသွားမလား၊ ကျွန်တော် က ဆိုင်ကနေ သွားဝယ်ဖတ်ရတာ ထက် စာရေး ဆရာမ ကိုယ်တိုင် အမှတ်တရလက်ဆောင် ပေးထားတဲ့ စာအုပ်ကလေးကို ပိုပြီး မက်မော တန်ဖိုးထားမိလို့ပါ ”
အင်း . . . . . ခက်တော့နေပြီ။ သူက အလွန် စကားပြော လိမ္မာပါးနပ်သူ တစ်ယောက် ဆိုတာကို ရွှေရေး သတိမထားမိဘဲ မနေ နိုင် . . . . ။
“ ကောင်းပြီလေ . . . . ကျွန်မ ရှင့်အတွက် အမှတ်တရ လက်ဆောင်တစ်အုပ် ပေးပါ့မယ် ခုတော့ မပါလာဘူးရှင့် တစ်ရက်ရက်ပေါ့နော် . . . . ”
“ ကျွန်တော် ဒီကို မနက်တိုင်း ရောက် ဖြစ်ပါတယ်၊ breakfast လာစားရင်း ပန်းချီကားတစ်ချက်ကို လာငေးတာ ဆိုပါတော့ ”
ရွှေရေး ရှက်ပြုံးကလေး ပြုံးမိသည်။ သန့်ပြန့် သားနားသော အထက်တန်းကျကျ လူယဉ်ကျေး တစ်ယောက် ၏ personality က သူ့ထံမှာ အပြည့် ပေါ့ပေါ့ပါးပါး ကလေး လာရိသဲ့သဲ့ လုပ်နေတာမျိုး မဟုတ်ပဲ တလေးတစား တရင်းတနှီး လာ မိတ်ဆက်စကား ပြောခဲ့သူမို့ ရွှေရေး ဘက်ကလည်း ပြန်ယဉ်ကျေးရပါသည်။
“ ဟုတ်ပြီလေ . . . . . ဒါဆိုရင် ကျွန်မ မနက်ဖြန်ကျ စာအုပ်လက်ဆောင် ယူလာခဲ့ ပေးပါ့မယ် ”
“ ကျေးဇူးပါပဲဗျာ . . . . . စာရေး ဆရာမ ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကို အများ ကြီးမယူ ချင်ပါဘူး၊ စာဆက်ရေး ပါနော်၊ ခုလိုခင်မင်ခွင့်ရတာ ကျွန်တော် တစ်ကယ် ဂုဏ်ယူပါတယ် ”
“ ဟုတ်ကဲ့ . . . . ကျွန်မလည်း ဝမ်းသာပါတယ် ”
သူက ပြုံး၍ နှုတ်ဆက်ပြီး၊ သူ့စားပွဲဆီ ပြန်လျှောက်သွားသည်။ ရွှေရေး စာဆက်ရေး ဖို့ စာအုပ်ကလေး ပြန်ဖွင့်လိုက်သည်။ စာဆက်ရေး ၍ မရတော့ပါ။ စကားလုံးတွေ မထွက်လာတော့သလို ငြိမ်သက်တိတ်ဆိတ် နေသည်။ စာရေး ဖို့ အာရုံတွေ ကို တခြားအာရုံတစ်ခုက လွှမ်းမိုးဖုံးအုပ် သွားခဲ့သလို . . . . ။ လက်ထဲက antique PARKER ရွှေရောင် ရောင် ဘောပင် ကလေးကို လက်ထဲမှာ လှည့်ပတ်ဆော့ကစာရင်း ရွှေရေး မျက်လုံး ကလေးတွေ က သူ့စားပွဲဆီ မတော် တဆ ရောက်ရှိသွားမိသည်။ နွေးမြချိုရီသော အပြုံးမျက်ဝန်း တစ်စုံက အသင့်စောင့်ကြို နေခဲ့သည်။ ပထမဆုံး စာရေး ပျက်ခဲ့သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။
အခန်း(၂)
SAKURA TOWER အထပ်နှစ် ဆယ်မှာ ကော်ဖီသောက်ရင်း အေးအေးဆေးဆေး စကားပြောကြဖို့ သူငယ်ချင်းတွေ နှင့် ချိန်းထားခဲ့သည်မို့ ရွှေရေး ကာကို ပါခ် လုပ်ထားခဲ့ပြီး lift ဆီသို့ လျှောက်ခဲ့သည်။
ဝတ္ထုဇာတ်လမ်း တစ်ပုဒ်ပြီးတိုင်း ရွှေရေး ၏ အပန်းဖြေရာ ဦးနှောက်ဆေးရာသည် သူငယ်ချင်းတွေ နှင့် ခုလို စုရုံးပြီး ကော်ဖီဆိုင်ထိုင် . . . . hot pot ဆိုင်သွား ဒါမှမဟုတ် တစ်အိမ်အိမ်မှာ စုပြီး ချက်ပြုတ်စားကြ . . . Blue ray နှင့် ရုပ်ရှင်တွေ ကြည့်ကြ ဈေးဝယ်ထွက်ကြ . . . . တစ်ခါတစ်ရံ သူငယ်ချင်းတွေ စုပြီး ခရီးထွက်ကြ . . . . . စသဖြင့် ဖြစ်သည်။ ရွှေရေး တို့အားလုံး ကျောင်းပြီးသွားကြပြီး UFL ကနေ အင်္ဂလိပ်စာ ဒီပလိုမာ တောင်ယူ ခဲ့ပြီးကြပြီ . . . .။ အရွယ်တော် တဆိတ်ဟိုင်းကလေးတွေ မို့ အပျိုကြီး ပေါက်စကလေးတွေ ဆိုပါတော့။ ရွှေရေး ကတော့ ကိုယ် ဝါသနာပါရာ . . . . ရူးသွပ်ရာ စာရေး ခြင်းအလုပ်ကို ဇွဲကောင်းကောင်နှင့် တစိုက်မတ်မတ် ကြိုးစားအားထုတ်ခဲ့ သူမို့ စာပေနယ်ပယ်မှာ နေရာတစ်ခုတော့ အခိုင်အမာ ရခဲ့ကာ ပရိသတ်၏ ချစ်ခင်အားပေးမှု ကို ခံယူရရှိနေခဲ့ပြီ ဖြစ်သော စာရေး ဆရာမ ကလေး အ ဖြစ် ရပ်တည်ခွင့်ရခဲ့ပြီ။ ကျန်တဲ့ သူငယ်ချင်းတွေ လည်း သူ့ အခန်း ကဏ္ဍနှင့် သူ ကိုယ်ပိုင်လုပ်ငန်း လုပ်သူလုပ်၊ ကုမ္ပဏီ အလုပ်လုပ်သူလုပ်၊ Beauty Sallon ဖွင့်သူဖွင့် နှင့် တော် တော် ဟုတ်နေကြပြီမို့ ခုလိုမှ တကူးတက ချိန်းပြီး မဆုံ ဖြစ်လျှင် တွေ့  ဖြစ်ကြဖို့ မလွယ်ပါ။
ထိုစဉ် ဓါတ်လှေကား တံခါး ပွင့်လာပြီမို့ ရွှေရေး က ဓါတ်လှေကား ထဲ အဝင် ဗြုန်းခနဲ ဘာ ဖြစ်သွားမှန်း မသိလောက်အောင် ရင်ဘတ်တစ်ခုလုံး ပူနွေးစိုရွှဲ သွားတာကိုသာ သိလိုက်ရပြီး အားခနဲ အော်လိုက်မိသည်။
“ အား . . . . ပူလိုက်တာ . . . . သေပါပြီ ”
“ ဟာ . . . . ဆောရီး ဆောရီး . . . . ကျွန်တော် လုံးဝ မမြင်လိုက်ဘူးဗျာ၊ လူရှိမယ် မထင်လို့ ဗြုန်းခနဲ ထွက်လိုက်မိတာ . . . . ဟောဗျာ . . . . အာနာဖို့ကောင်းလိုက်တာ တော် တော် ပူသွားမှာ ပဲနော်။ ကျွန်တော် တောင်းပန် ပါတယ်ဗျာ . . . . . တကယ်ပါ ”
တစ်ဘက်လူက ပျာပျာသလဲ တောင်ပန်ရင်း ကော်ဖီတွေ စိုရွှဲသွားသော ရွှေရေး ၏ ရင်ဘတ်ဆီ အားနာပါးနာ တစ်ချက်ကြည့်ရင်း ချက်ချင်း မျက်လုံး ပြန်လွှဲသွားသည်။ သူ့လက်ထဲက တစ်ခါသုံး ကော်ဖီခွက်ကလေး ထဲက ကော်ဖီတွေ အားလုံး ရွှေရေး အင်္ကျီ တစ်ခုလုံးမှာ စိုရွှဲ စွန်းထင်းသွားခြင်း ဖြစ်သည်။ ဒီနေ့ကျမှ ရွှေရေး ကလည်း အဖြူရောင် မှန်နိုင်လွန်သား ခပ်ပါးပါး ရင်ဖုန်းအင်္ကျီ ကလေးနှင့် ပိုးထမီ အဖြူခံမှာ အနီပွင့် အခက်အဆုတ်ကလေး တွေ ပါသော အဆင်ကို ဝတ်ခဲ့မိသည်။ ရင်ဘတ်ဆီက အပူလောင် သွားမှန်းလည်း သိကာ ရှက်လည်းရှက် . . . . စိတ်လည်းဆိုးကာ ရွှေရေး ချက်ချင်း စကားပင် မဆိုနိုင်။
“ လူ တစ်ယောက် လုံးတောင် မမြင်ဘူးလားရှင် ”
ဟုသာ . . . . ငိုသံပါကလေးနှင့် ခပ်ဆတ်ဆတ် ပြောမိသည်။
“ ကျွန်တော် တကယ် မမြင်မိလို့ပါ . . . . . အရမ်းအားနာပါတယ်ဗျာ၊ ဒီလိုလုပ်ပါ . . . . ကျွန်တော့ အပြစ်အတွက် ကျွန်တော် တာဝန် ယူပါရစေ။ ကျွန်တော့် ရုံးခန်းက ( ) ထပ်မှာ ပါ။ ရုံးခန်းကို ခဏလေး လိုက်ခဲ့ပေးပါလားဗျာ၊ ကျွန်တော် အဝတ်အစားတစ်စုံ ချက်ချင်း ပြန်စီစဉ်ပေး ပါရစေ ”
“ အို . . . . ရပါတယ် . . . . နေပါစေ ”
“ ဘယ်ဟုတ်ပါ့မလဲဗျာ . . . . ကျွန်တော့်အမှားအတွက် ကျွန်တော် ဘာတစ်ခုမှ တာဝန်ယူပြီး ဖြေရှင်းမပေး လိုက်ရဘူးဆိုရင် ကျွန်တော် ဘယ်လိုမှ နေလို့ရတော့မှာ မဟုတ်ဘူး . . . . ကျေးဇူးပြုပြီး ကျွန်တော့် စေတနာကို လက်ခံပါဗျာ . . . . . နော် . . . . ကျွန်တော် အနူးအညွတ် တောင်းပန် တာပါ ”
တစ်ဖက်သားက အသည်းအသန် ခ ယ ပြီး ပြောနေတော့လည်း နဂို ဗီဇက အားနာတတ်သော ဓါတ်ခံကလေးလည်း ရှိတော့ ရွှေရေး မငြင်းနိုင်တော့ ဒီ အစိုအကွက်ကြီးနဲ့ လည်း ကော်ဖီဆိုင်ထိ သွားလို့ မ ဖြစ်နိုင်တော့ ။ သူ့စကားကိုပဲ လက်ခံလိုက်ရ တော့သည်။ ဓါတ်လှေကားနှင့် သူ့ရုံးခန်းရှိရာ အထပ်သို့ ပြန်လိုက်လာခဲ့ရသည်။
သူ့ရုံးခန်းသို့ ရောက်မှပင် ZKP ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေ ရောင်းဝယ်ရေး ကုမ္ပဏီမှန်း ရွှေရေး သိခွင့်ရပါသည်။ မြန်မာပြည်မှာ နာမည် ကြီး စာရင်းဝင် တစ်ခုမို့ ရွှေရေး သိပြီးသားပါ။ သူ ဦးဆောင်ပြီး ခေါ်သွားခဲ့တာက CEO အခန်း . . . . . ။ ရွှေရေး ဇဝေဇဝါတော့ ဖြစ်လာသည်။ ဒီလူဟာ အသက်ငယ်ငယ်နှင့် ZKP ရဲ့ CEO များ လား။ ရုံးခန်းတံခါးကို ဖွင့်လိုက်လျှင် မှန်ချပ်များ ဖြင့် လင်းချင်းနေကာ မြို့လယ်ခေါင်ရူခင်းကို အထက်စီးကနေ လှမ်း မြင်ခွင့် ရနေသော အခန်းကျယ်ကြီးထဲမှာ အေးမြမွှေးပျံ့သော ရနံ့ သင်းသင်းကလေးနှင့် စနစ်တကျ ရှင်းသန့်ပြောင်လက် နေသည်။
“ ခဏလေး ထိုင်ပါဦးနော် . . . . ကျွန်တော့် စက္ကထေရီကလေး ခေါ်လိုက်ဦးမယ်၊ သူ အားလုံး စီစဉ်ပေးပါလိမ့်မယ် ”
ဟု သူကပြောပြီး စားပွဲပေါ်က ခလုတ်ကလေး နှိပ်လိုက်ပြီး စက္ကန့် ပိုင်း အတွင်းမှာ မိန်းကလေး တစ်ယောက် ဝင်လာခဲ့သည်။ လှတပတ ကြော့ကြော့ မော့မော့ကလေး . . . .။
“ ဟုတ်ကဲ့ ဆရာ . . . . ဆည်းဆာ ဘာလုပ်ပေး ရမလည်းရှင့် ”
“ အေး . . . . ကိုယ် သူ့ကို ကော်ဖီခွက်နဲ့ ဝင်တိုက်မိလို့ ဆည်းဆာ၊ အဲဒါ အဝတ်အစား အသစ်တစ်စုံ ချက်ချင်း နီးပါး လိုချင်တယ် . . . . .၊ ဆည်းဆာ စီစဉ်ပေးပါဦး ”
“ ရပါတယ်ဆရာ . . . . ရယ်ဒီမိတ် ချုပ်ပြီးသား ပိုးထည်ဆိုင်တွေ ရှိပါတယ်၊ ဆည်းဆာ အခုပဲ စီစဉ်လိုက်ပါ့မယ်၊ မမ ခဏလေး ထိုင်ပါရှင် . . . မမရဲ့ ကိုယ်တိုင်း ကလေးတော့ ဆည်းဆာ ယူ သွားပါရစေ၊ ပြီးတော့ ဘာအရောင် လေး ကြိုက်သလဲဟင် ”
ဆည်းဆာဆိုသော မိန်းကလေးက ခင်မင်ဖွယ် ကောင်းလောက်အောင် ပြုံးချိုနွေးထွေး ဖော်ရွေစွာ ပြောပါသည်။
“ ဘာအရောင် ဖြစ် ဖြစ်ပါ ညီမရယ်၊ အရောင် နုကလေးဆို ရပါပြီ၊ တန်ဖိုးကြီးတာ မဝယ်ပါနဲ့ သာမန်ဆို ရပါပြီ၊ ပိုးမှ မဟုတ်ပါဘူး .. . . . ”
ရွှေရေး လည်း ခပ်ပြုံးပြုံးကလေးသာ ပြန်ပြောမိသည်။ အတိုက်ခံ ရစဉ် တုန်း ကတော့ အပူလောင်သွားတာရော ရှက်တာရော ပေါင်းပြီး စိတ်ဆိုးသွားခဲ့ ပေမယ့် သူ့ဘက်က မယုံနိုင်လောက်အောင် တာဝန်ကျေနေသော ကြောင့် အားနာလာပါသည်။
“ မမ . . . . မမကို ဆည်းဆာ တစ်နေရာရာမှာ မြင်ဖူးသလိုပဲ၊ အရမ်းရင်းနှီးနေတယ်၊ celebrity တစ်ယောက် ပဲ ထင်တယ် . . . . အိုး . . . . ဆည်းဆာသိပြီ မမ၊ မမက စာရေး ဆရာမ “ ရွှေရေး ပန်းချီ ” ပါ . . . . ဟုတ်တယ် မှလား၊ ဆည်းဆာ မဂ္ဂဇင်းတွေ ထဲမှာ မမရဲ့ အင်တာဗျူး တွေ ဖတ်ဖူးတယ်၊ မမရဲ့ ဝတ္ထုတွေ ဆို ဆည်းဆာ အသည်းစွဲပဲ သိလား၊ မင်းသမီးတွေ ရဲ့ character တွေ ကို crazy ဖြစ်လွန်းလို့ ဆည်းဆာရဲ့ Role Model တွေ လေ ”
ဆည်းဆာက ဝမ်းသာအားရပင် ခပ်သွက်သွက် ပြောနေလေသည်။ အပေါ်ယံ ဟန်လုပ်ပြီး ပြောနေတာမျိုး မဟုတ်ပဲ တကယ့်ကို အူလှိုက် အသည်း လှိုက်မို့ ရွှေရေး ပါ လိုက်ပြုံးနေရသည်။
“ ဟုတ်လား ဆည်းဆာ၊ မ လည်း အခုလိုပြန်သိရတာ ဝမ်းသာပါတယ် ”
“ မမ ခဏလေးနော်၊ အပူသောက်မလား . . . . အအေး သောက်မလားဟင်၊ ဆည်းဆာ ခဏလေးပဲ မကြာဘူး၊ အခုပြန်လာမယ်၊ ပြီးမှ မမနဲ့ အတူတွဲ ပြီး အမှတ်တရ ဓါတ်ပုံရိုက်ယူ ထားရမယ်၊ ကိုယ်အရမ်းကြိုက်တဲ့ စာရေး ဆရာမ နဲ့ ကြုံတုန်းလေးပေါ့ . . . . အဟိ ”
“ မ . . . . တီးပဲ သောက်ပါ့မယ် ဆည်းဆာ၊ ရပါတယ် ရိုက်ပါ ”
ဆည်းဆာ ပြန်ထွက်သွားတော့မှ အခန်းထဲမှ သူနှင့် ဆည်းဆာ နှစ်ယောကတည်း ကျန်ရစ်ခဲ့သည်။ ခုဏက ဆည်းဆာ ပြောသွားသမျှကို သူ အာလုံးကြားခဲ့ပြီမို့ . . . .
“ သြော် . . . . မမျှော်လင့်ဘဲ နာမည် ကြီး စာရေး ဆရာမ နဲ့ ဆုံခွင့်ရမိတာကိုး၊ ဂုဏ်ယူပါတယ်ဗျာ၊ စာအုပ်တွေ မဖတ်ဖူးခဲ့ပေမယ့် ရွှေရေး ပန်းချီ ဆိုတဲ့ နာမည် ကိုတော့ ကြားဖူးနေပါတယ်၊ စိတ်မကောင်းစရာတော့ ဖြစ်ကုန်ပြီ ထင်တယ်နော်၊ စာရေး ဆရာမ ကိုမှ ဝင်တိုက်မိခဲ့တာဆိုတော့ ဝတ္ထုထဲမှာ ထည့်ရေး ခံရမလား မသိဘူးနော် ”
“ ကိုယ်တွေ့  ခံလိုက်ရတာ ဆိုတော့ ရေး ဖို့တောင် စိတ်ထဲမှာ အကွက်ချပြီး သွားပြီရှင် ”
ဘာရယ်မဟုတ် ရွှေရေး လည်း သူ့ကိုယ် ပွင့်ပွင့် လင်းလင်းပဲ ပြောပြမိ သည်။ သူကို မျက်လုံးအဝိုင်းသားနှင့် အံ့သြဟန်ပြကာ ရယ်မောလိုက်ဟန်က ZKP ၏ CEO လူကြီး တစ်ယောက် ၏ အရှိန်အဝါ ဟန်ပန်ကြီးတွေ မရှိပဲ လူငယ်လေး တစ်ယောက် သဖွယ် သစ်လွင်လတ်ဆတ်လွန်းသည်။
“ ကျွန်တော် က ဇွဲကပင် ပါ ..... မရွှေရေး ပန်းချီ၊ ခုလို သိကျွမ်းခွင့်ရတာ အမှတ်တမဲ့ ဆိုပေမယ့် ကျွန်တော့်အတွက်တော့ မှတ်မှတ်ရရပါ၊ စာထဲထည့်ရေး တဲ့အခါ ကျွန်တော့် ကို မင်းသားနေရာမှာ ထားပေးဖို့ မမေ့ပါနဲ့ နော် ”
သူက ပြုံးရွှင်ရယ်မောစွာ ပြောရင်း လက်ကမ်းပေး လာသည်မို့ ရွှေရေး လက်ဆွဲနှုတ်ဆက် လိုက်ရသည်။ ခဏအကြာမှာ Tea Pot ကလေးနှင့် နို့ခွက်၊ သကြားခွက်၊ . . . . တီးခွက်ကလေးတွေ ပါသော ယွန်းလင်ဗန်း ကလေးနှင့် ဆည်းဆာ ပြန်ရောက်လာသည်။ အခန်းထဲ မှာ တင် ဧည့်သည်ကို သီသန့်ဧည့်ခံ သော ဆက်တီတစ်စုံနှင့် ဧည့်နေရာကလေးတစ်ခု ရှိသေးတာမို့ ရွှေရေး ကို အဲဒီ မှာ ထိုင်စေသည်။
“ မမ ခဏနော်၊ ကိုယ်တိုင်းကလေး အကြမ်းဖျဉ်း ယူပါရစေနော် ”
ဟု . . . . ဆိုပြီး En Suite အခန်းကလေး၏ ရေချိုးခန်းထဲ ရွှေရေး ကို ခေါ်ယူကာ ကိုယ်တိုင်းကလေး ယူပြီး ဆည်းဆာ ပြန်ထွက်သွားသည်။ ရွှေရေး နေပင် မနေတတ်တော့။ ဧည့်သည် ဆိုဖာကလေးမှာ ရွှေရေး ပြန်ထိုင်စဉ်မှာ သူက ရွှေရေး အတွက် tea cup ဖြူဖြူကလေးကို ပုဝါဖြူဖြူကလေးနှင့် သေချာ ပွတ်သုတ် ပေးပြီးမှ ရွှေရေး အတွက် tea ကို သူကိုယ်တိုင် ဖျော်ပေးပါသည်။
“ ကျေးဇူးပဲ ကိုဇွဲကပင် . . . . ”
“ ဇွဲလို့ပဲ ခေါ်နိုင်ပါတယ် မရွှေရေး ၊ tea လေး သောက်ပါဦး ”
“ ဟုတ်ကဲ့ . . . . ”
ရွှေရေး တီး သောက်တာကို သူက ဂရုတစိုက် စောင့်ကြည့်နေပြီး . . . . .
“ ဘာများ လိုသလဲဟင် . . . . ”
ဟု မေးနေသေးသည်။
“ မလိုပါဘူးရှင် . . . . အတော် ပါပဲ ”
ထိုစဉ်မှာ ပင် ရွှေရေး ၏ လက်ကိုင်အိတ်ထဲမှ မိုဘိုင်း ကလေးမြည် လာသည်။ သေချာပါသည်။ သူငယ်ချင်းတွေ ဆက်ပြီ။
“ ခဏလေးနော် . . . . ”
ဟု . . . . . သူ့ကို ခွင့်တောင်းရင်း ဖုန်းဖြေရသည်။
“ ဟဲ့ . . . . စာရေး ဆရာမ ၊ ဘယ်ရောက်နေလဲ . . . . ငါတို့ရောက်နေတာ ကြာလှပြီဟဲ့။ နင် ကုန်ကြမ်းတွေ ရှာရင်း စက်မှု ဇုန်ဆီများ ရောက်သွားပလားလို့ ”
“ ငတိမ . . . .ဒီနေ့အဖို့ နင်လာဦးမှာ လား၊ နောက်အကျဆုံးလူ ဒကာခံပဲနော်၊ ငါတို့မှာ ထားကြပြီ . . . . မြန်မြန်လာတော့လေဟာ ”
“ ဒီကောင် ယောက်ျားနောက်တော့ လိုက်မပြေး လောက်သေးပါဘူးနော် . . . . . ဟုတ်တယ်မှလား၊ အဲဒါ သေချာအောင် မေးလိုက်ဦး၊ ယောက်ျားနောက် လိုက်တယ်ဆိုရင်လည်း ကလေးလေး ဘာလေး လိုက်ကောက် ရအောင်လို့ . . . . . အဟီးဟီး ”
စသဖြင့် တစ်ယောက် တစ်ပေါက် အသံတွေ စက်သေနတ်ပစ်သလို ဝုန်ဒိုင်းကြဲပြီး ထွက်လာသည်။ ရွှေရေး သူငယ်ချင်းတွေ က အဲဒီ လို။ ရုပ်ကလေး တွေ ကြည့်လိုက်ရင် သနားကမား လှတပတ ကလေးတွေ ။ အချင်းချင်း ဆုံလိုက်ရင်ဖြင့် ဘယ်တော့မှ စကားအကောင်း မပြောကြ ။ ဗလွတ်ရွှတ်တတွေ ပြောချင်တိုင်း ပြောကာ အစအနောက် သန်ချင်တိုင်း သန်ကြမြဲ။
“ ဟေ့ . . . . . ဟေ့ . . . . ခဏနေကြဦး၊ ငါ အခု SAKURA ကို ရောက်နေပြီ ဟဲ့၊ နောက်နာရီဝက်လောက်ဆို ငါရောက်မယ်၊ အဲဒီ ကျမှ အေးဆေးပြောပြမယ် . . . . . OK ”
ဆိုပြီး ဖုန်ကို ချက်ချင်း ပိတ်ပါ power ပါ off လိုက်သည်။ နို့မို့ဆိုရင် မေးခွန်းတွေ တရစပ် လာတော့မှာ ။ ရှေ့မှာ ထိုင်ပြီး ငေးကြည့်နေသော သူ့ရဲ့ ရှေ့မှာ ရွှေရေး ဘာမှမပြောပြချင်ပါ။
“ သူငယ်ချင်းတွေ နဲ့ ချိန်းထားတယ်ထင်တယ်၊ နောက်ကျကုန်ပြီနော် . . . . . ဆောရီးပါဗျာ ”
“ ရပါတယ် . . . . . . အထပ်နှစ် ဆယ်မှာ ကော်ဖီသောက်ဖို့ ချိန်းထားတာပါ၊ သူတို့အားလုံးစုံနေလို့ ဖုန်းဆက်ခေါ်တာ ”
“ ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော် တို့ သူငယ်ချင်းတွေ လည်း၊ ခုလိုပဲ အမြဲချိန်းပြီး ဆုံတတ်ကြပါတယ်၊ အဲဒီ အချိန်မျိုးမှာ ကိုယ်ပေါ်က မလွှာတွေ အားလုံးကွာသွားပြီး ကျောင်းတုန်းကလို အချင်းချင်း လွတ်လွတ်လပ်လပ် ရယ်မောနောက်ပြောင်ကြ တုန်းပဲ အဲဒီ သူငယ်ချင်းတွေ က ဘာနဲ့ မှ ဝယ်လို့မရတဲ့ ရတနာတွေ လေ ကျွန်တော့်အဆိုအရတော့ လူ တစ်ယောက် သူ့ရဲ့ ဘဝမှာ ဘယ်လောက် ပျော်ရွှင် အောင်မြင်နေသလဲ ဆိုတာကို သူ့ဆီမှာ ရှိတဲ့ မိတ်ဆွေ သူငယ်ချင်းတွေ နဲ့ တောင် တိုင်းလို့ရမယ်ထင် တယ် ”
“ ဟုတ်ပါတယ် . . . . . ကျွန်မ အဲဒီ အချက်ကို သဘောတူပါတယ်၊ ကျွန်မ လည်း သူငယ်ချင်းတွေ ကို တန်ဖိုးထားတတ်ပါတယ်၊ သူတို့အတွက် သူငယ်ချင်းအစစ် တစ်ယောက် ဖြစ်အောင် ကြိုးစားတယ်၊ အရာရာကို သူတို့နဲ့ မျှဝေခံစား ပေးတတ်တယ် ဒါကြောင့် အဝေးကြီးမှာ ရောက်နေတဲ့ သူငယ်ချင်း တွေ တောင် e-mail အဆက်အသွယ်၊ g-kalk အဆက်အသွယ် facebook အဆက်အသွယ် တွေ ရှိတယ် ”
“ တော် ပါတယ်ဗျာ . . . . . ချီးကျူးပါတယ်၊ ဂုဏ်လည်းယူပါတယ်၊ ကျွန်တော့် ကိုလည်း ရွှေရေး ရဲ့ သူငယ်ချင်း list မှာ ထည့်ပေးလို့ရရင် ထည့်ပေးထားပါဦး ကျွန်တော့် ရဲ့ ကဒ်ကလေး ပေးထားပါ့မယ်၊ ကြုံတဲ့အခါ . . . . လိုအပ်တဲ့အခါ ဆက်သွယ်လို့ရပါတယ်၊ ကျွန်တော် စိတ်မဆိုးတတ်ပါ ဘူး ”
သူ စကားပြောပုံက ခင်မင်ဖေါ်ရွေ ရှိလှကာ ဆက်ဆံရေး ကောင်းသူ တစ်ယောက် ၏ မွန်ရည် ပါးနပ်ဟန် အပြည့်ရှိပါသည်။ ရွှေရေး ကလည်း အိတ်ထဲမှာ အမြဲအဆင်သင့် ပါတတ်သော ကိုယ့်ရဲ့ ကဒ်ကလေး ပြန်ပေးလိုက် မိသည်။ ဘာရယ်တော့မဟုတ်ပါဘူး။ ပြန်ဆုံကြဖို့လည်း စိတ်ကူးမျှော်လင့်မထားမိပါ။ သူ့ရဲ့ ထူးခြားမှု က ထိုင်စောင့်နေသော အချိန် နာရီဝက်ခန့်ကို ဘယ်လိုကုန်ဆုံးသွား လိုက်မှန်း သတိမထားမိစေအောင် စကားဝိုင်းကလေး တစ်ခု သပ်ရပ်လှပစွာ တည်ဆောက်ခင်းကျင်းခဲ့ပြီး ထိုစကားဝိုင်း ကလေးကို သူကပဲ ပါးနပ်စွာ ဦးဆောင် ထားခဲ့ခြင်း ဖြစ်သည်။ အဓိက ကတော့ ရွှေရေး ၏ ဝတ္ထုစာအုပ်တွေ အကြောင်းကို သူက စိတ်ဝင်တစား မေးနေခဲ့ပြီး သေသေချာချာ လေးလေးနက်နက် အာရုံစိုက်ပြီး စိတ်ဝင်တစား နားထောင်းပေးခြင်း ဖြစ်သည်။
“ ကျွန်တော် လည်း ကျောင်းတုန်း ကတော့ စာရူး ကဗျာရူး ရူးသေးတယ်ဗျ၊ စာရေး ဆရာ ဖြစ်ချင်တာ ကတော့ လူငယ်တိုင်းရဲ့ ဖီလင်ပဲ ဖြစ်လိမ့်မယ်ထင်တယ်၊ တစ်ရာမှာ ကိုးဆယ်လောက်က စာရေး ဆရာ ဖြစ်ချင်ခဲ့တာချည်းပါပဲ၊ ရွှေရေး ကတော့ အိပ်မက်ကို လက်တွေ့ ဘဝထဲ ဖန်တည်းနိုင်တဲ့သူပေါ့ အောင်မြင်ပါတယ်ဗျာ . . . . ”
ဟုလည်း တစ်ဖက်သား စိတ်ချမ်းသာအောင် ချီးကျူးပေးတတ် သေးသည်။ နာရီဝက်လောက် စကားလက်ဆုံ ကျနေဆဲမှာ ဆည်းဆာ ပြန်ဝင်လာသည်။ လက်ထဲမှာ အိတ် တစ်အိတ်နှင့် ။
“ မ . . . . ရေ၊ ဝတ်ကြည့်ပေးပါဦး၊ ivy ရောင် ကလေး ရခဲ့တယ် ”
ရွှေရေး က ရေချိုးခန်းထဲဝင်ကာ အဝတ်အစားလဲရသည်။ ဝတ်စုံကလေးကို ကြည့်လိုက်တာနဲ့ တန်ဖိုးကြီးမယ်ဆိုတာ ရွှေရေး မှန်းဆပြီးသား။ silk Etc. ဆိုင်က Silk ဝတ်စုံကလေး။ ရင်ဖုံးပုံစံ လက်တိုတို ကလေးက ခါးမှာ တင်ရုံကလေး။ ထဘီက ကြိုးနှင့် ပတ်ချည်ရသော ပတ်ထဘီကလေး။ အင်္ကျီချုပ်ထားသော culting က ချပ်ရပ်ပုံကျလွန်းကာ ရွှေရေး ၏ ခန္ဓာကိုယ် အလှကလေး ပေါ်လွင်အောင် ပင် ပုံကျသေသပ် လွန်းပါသည်။ ဆင်စွယ်ရောင် ပိုးအခံမှာ အစိမ်းနုရောင် ကနုတ်ပန်းခက်ကလေးတွေ ကို လှပဆန်းကြယ်စွာ ရက်သီ ထိုးဖောက်ထားပုံက အရမ်းလှသည်။ မိန်းကလေးပီပီ ရွှေရေး စိတ်တိုင်းကျ ဘဝင်တွေ့ သွားတာတော့ အမှန်ပင် ကော်ဖီပေသွားသော အင်္ကျီနှင့် ထဘီကို သေချာပြန်ခေါက်ပြီး Silk Etc. အိတ်ကလေးထဲ ပြန်ထည့်ပြီး ထွက်လာခဲ့သည်။
ဧည့်ခန်းကလေးထဲ ရွှေရေး ဝင်လိုက်သည်နှင့် လှမ်းကြည့်လိုက်သော သူနှင့် ဆည်းဆာ၏ မျက်ဝန်းတွေ မှာ အပြောင်းအလဲတွေ များ စွာ . . . . . ။ အံ့သြနှစ် လိုမှု တွေ အရောင် တဖိတ်ဖိတ် လက်သွားသလိုမျိုး။
“ ဟယ် . . . . မမက လှလိုက်တာ။ ဆည်းဆာနဲ့ အတူ ဓါတ်ပုံတစ်ပုံလောက် ရိုက်ခွင့်ပေးပါလားဟင် ”
ဆည်းဆာက သူမလက်ထဲက mobile ကလေးဖြင့် ရွှေရေး နှင့် သူမ သူမအတူတွဲ ကာ ရိုက်ယူသည်။
“ ဆည်းဆာ . . . . ကိုယ်ရိုက်ပေးမယ်လေ၊ သေချာလေး ရပ်လိုက် ”
သူကိုယ်တိုင် ရိုက်ကူးပေးသည် . . . . . ။ ပြီးမှ ရွှေရေး က သူ့ကိုယ်ရော ဆည်းဆာကိုပါ နှုတ်ဆက်ကာ သူ့ရုံးခန်းထဲမှ ထွက်လာခဲ့သည်။ အံ့သြစရာ ကောင်းသည်မှာ ဓါတ်လှေကား အဝအထိ သူကိုယ်တိုင် လိုက်ပို့ပေးခဲ့ပြီး . . .
“ ဖြစ်နိုင်ရင် ကျွန်တော် ရွှေရေး နဲ့ ပြန်ဆုံခွင့်ရချင်ပါသေးတယ်နော် ၊ ကျွန်တော် ဖုန်းဆက်ကြည့်မယ်နော် ”
ဟု . . . သူက သိမ်မွေ့စွာ ပြောရင်း နှုတ်ဆက်ခဲ့ခြင်း ဖြစ်သည် ။ ရွှေရေး ဓာတ်လှေကားထဲမှာ တစ်ယောက် တည်း ရှိမှ အားပါးတရပြုံးမိသည် ။ ခုတလော ရွှေရေး စန်းတွေ ပွင့်လှချည်လားလို့လေ ။
ကော်ဖီဆိုင်ထဲရောက်တော့ မေးခွန်းတွေ အပြည့် ဝန်းရံထားသော သံသယမျက်လုံးကြီးတွေ နှင့် ပါးစပ်စက်သေနတ်လွှတ်တော့မလို့ အဆင်သင့်ပြင်ထားကြသော နှုတ်ခမ်းတွေ ကြောင့် ရွှေရေး မပြုံးမိအောင် က္ကနြေ္ဒဆည်ထားရသည် ။
“ အေးပေါ့လေ . . . ၊ တချို့တွေ ကတော့ Secret Agent တွေ ဘာတွေ များ လား ၊ မသိဘူး ၊ သူငယ်ချင်းတွေ နဲ့ ချိန်းထားတဲ့ဆီကို ချက်ချင်း မလာနိုင်အားဘူးလေ ၊ ဒိုင်လျှိုကလေးတွေ လှုပ်ရှားနေသေးတာ ”
“ အေးလေ . . . ပုံစံကိုကြည့်ဦး ၊ သူ့ကိုယ်သူ ဘုံကြိုးပြတ်တဲ့ ဒေဝီနတ်မျိုးနွယ်စတိုင်လ်နဲ့ ”
“ မိန်းမ နင် ဘာဇယားတွေ လန်းနေသလဲဆိုတာ ငါတို့ကို ဝန်မခံရင် ဒီဆိုင်ကနေ မပြန်ရဘူးမှတ် ၊ နင့်မျက်နှာကိုက မှိုပွင့်ကြီးကြီးရလာတဲ့ မျက်နှာကြီးနဲ့ နော် ”
“ ကဲ . . . နင်တို့အားလုံး ပါးစပ်ကလေးတွေ ပိတ်ထားပြီး နားထောင်လေ ၊ တစ်ယောက် တစ်ခွန်း ဝင်မစွတ်ကြေး ၊ ငါပြောပြမယ် . . . ငါကလည်း ပြောပြဖို့ စိတ်ကူးထားပြီးသားပါ ၊ ဘာမှ လျှို့ဝှက်ထားစရာအကြောင်း မရှိဘူးလေ ”
“ ကဲ . . . ဆို ”
အဲဒီ တော့မှ သူမတို့သုံးယောက် ပါးစပ်ကလေးတွေ ပိတ်ပြီး ငြိမ်ငြိမ်ဆိမ်ဆိမ် နားထောင်ပေးကြသည် ။ ရွှေရေး က တစ်ပတ်အတွင်းမှာ ထူးခြားစွာ ပတ်သက်လာခဲ့သော “ ရန်မခ ” ဆိုသော လူရည်မွန် တစ်ယောက် နှင့် “ ဇွဲကပင် ” ဆိုသော လူခန့်ညား နှစ် ယောက် အကြောင်းကို စာရေး ဆရာမ ပီပီ ဖွဲ့ဖွဲ့နွဲ့နွဲ့ ရှင်းပြလိုက်ပါ၏ ။ သူငယ်ချင်းသုံးယောက် ၏ မျက်ဝန်းတွေ မှာ အရောင် တလက်လက်ဖြာလို့ . . . စိတ်ဝင်တစား ။
“ ဟယ်တော့ . . . ဒီလိုဆိုရင် သုံးပွင့်ဆိုင်ဇာတ်လမ်းတစ်ပုဒ်ပေါ့ ၊ ပြောပါဦး . . . နင်က ဘယ်သူ့ကို ပိုပြီး impress ဖြစ်သလဲ ”
“ နှစ် ယောက် စလုံး သူ့စတိုင်လ်နဲ့ သူတော့ စိတ်ဝင်စားစရာကောင်းပါတယ် ၊ ရန်မခက အပြောညက်တယ် ၊ ရုပ်ချောတယ် ၊ ဇွဲကပင်ဆိုတဲ့လူက ရုပ်တော့ မချောဘူး ၊ ဒါပေမယ့် အရမ်းအလိုက်သိတတ်လွန်းတယ် ၊ လူတစ်ဖက်သား အနေရခက်အောင်ထိ ဂရုတစိုက်ရှိလွန်းတယ် ၊ သူ့ရဲ့ ထူးခြားချက်က စကားဝိုင်းတစ်ခုကို စိတ်ဝင်စားစဖွယ် ဖြစ်အောင် create လုပ်ထားတတ်တာပဲ ၊ လုံးဝ မငြီးငွေ့စေရဘူးပေါ့ဟာ ၊ အချိန်တွေ ဘယ်လိုကုန်သွားလိုက်မှန်း မသိလိုက်သလိုပဲ ”
“ အင်း . . . ငါတို့ရဲ့ စာရေး ဆရာမ တော့ မတွေ့ တော့လည်း မတွေ့ လို့ ၊ တွေ့ မယ့်တွေ့ တော့လည်း နှစ် ယောက် ပူးကြီးပါလားကွယ် ၊ နှစ် ယောက် ကြားမှာ ဗျာမများ ဖို့တော့ နင်တော် တော် အထာနပ် ပါးနပ်ရလိမ့်မယ် ”
“ မသိသေးပါဘူးဟယ် . . . ငါ့ဘက်က ဘာကိုမှ ကြိုတင်ပြင်ဆင်မထားပါဘူး ၊ လူနှစ် ယောက် တွေ့ ကြတယ်ဆိုတာ ဆုံဖို့အကြောင်းကို ပါလာလို့ ဆုံရတာ ၊ ဘယ်သူက ဘယ်လောက်ထိ နီးကပ်လာပြီး ဘယ်သူက ဘယ်လို ဝေးသွားမလဲဆိုတာ သူ့ရေစက်အတိုင်းပေါ့ ”
“ အဲဒီ တော့ နင်က နှစ် ယောက် စလုံးကို . . . ”
“ စိတ်ဝင်စားပါတယ် . . . ”
ရွှေရေး လက်မောင်းဆီ လက်တွေ တဖတ်ဖတ်ရောက်လြာ ကတော့သည် ။
တံခါးနှစ် ချပ်မှာ လုံးဝ စေ့ပိတ်ထားတဲ့တံခါးနဲ့ တစ်ဝက်တစ်ပျက်ဖွင့်ဟ ထားတဲ့တံခါး ဘယ်တံခါးကို ပိုပြီး စိတ်ဝင်စားမလဲ . . . .
အခန်း(၃)
ရှေးဟောင်း၊ ပန်းချီကားကြီး တစ်ချက်ကို လေလံဆွဲဖို့ သူကိုယ်တိုင် လေလံပွဲဆီသို့ ရောက်လာခဲ့သည်။ အဲဒီ လို သူကိုယ်တိုင် စွဲလန်းနှစသက် သော အဖိုးတန် ပစ္စည်းတစ်ခုကို တစ်ပါးသူတွေ နှင့် အပြိုင် ဈေးပြိုင်ပေးပြီး . . . . . အားလုံး ကို ကျော်ဖြတ်အနိုင်ယူကာ အမြင့်ဆုံးဈေးပေးပြီး သူလိုချင်တာကို ရရှိလိုက်သော ခံစားမှု ကို သူအလွန် မက်စက်ခုံမင်လွန်းပါသည်။ ရွှေအိုရောင် ကနုတ်ပန်းခက်များ နှင့် ဘောင်ကွပ်ထားသော ရှေခေတ် ဆီဆေးပန်းချီကားချပ်ကြီးကို စင်မြင့်ထက်မှာ ခမ်းနားစွာ ချိတ်ဆွဲထားသည်။ ရှေးခေတ် ထီနန်းဟန်ပန် ဓလေ့များ ကို အသားပေးကာ ဆွဲထားသော ပန်းချီကားကြီးကို သူက ဧည့်ခန်းကြီးမှာ ခမ်းနားစွာ ချိတ်ဆွဲထားချင်သည်။ ဘယ်လောက်ပဲ ပေးရပေးရ အမြင့်ဆုံးဈေး ပေးဖို့သူ စိတ်ကူးထားပြီးသား။
“ ဆရာ . . . ကိုရန်မခလည်း လာတယ် ”
ကိုကျော်ဇေယျက သူ့ကို တိုးတိုးကလေး ကပ်ပြောသော အခါ သူတစ်ဘက်သို့ မသိမသာ လှမ်းကြည့်မိသည် ။ ရန်မခကလည်း သူ့ကို လှမ်းကြည့်နေခိုက်မို့ မျက်ဝန်းချင်းဆုံမိသွားခိုက် ရန်မခက ဦးခေါင်းညွှတ်ကာ ပြုံး၍ နှုတ်ဆက်သော ကြောင့် သူ့ရင်ထဲတွင် တင်းခနဲ ဖြစ်သွားသော်လည်း သူ ပြန်၍ ပြုံးပြီးနှုတ်ဆက်လိုက်ပါ၏ ။ စီးပွားရေး နယ်ပယ်မှာ အထာကလေးတွေ ရှိထားပြီးသား ။ ပြိုင်ဘက် တစ်ယောက် ကို ဘယ်လောက်ပဲ ခါးသီးမုန်းတီးနေပါစေ . . . မျက်နှာဖုံးစွပ်ထားသလို အပြုံးမျိုးနှင့် လက်ဆွဲနှုတ်ဆက်နိုင်ဖို့က အရည်အသွေးတစ်ခု ဖြစ်သည် ။ မှတ်မှတ်ရရ သူ ရန်မခကို နှစ် ကြိမ်တိတိ လက်ဆွဲ နှုတ်ဆက်ဖူးပါ၏ ။
မကြာခင်မှာ လေလံပွဲ စတင်ပါပြီ ။ သူမျှော်လင့်ခန့်မှန်းထားသည့်အတိုင်း ပထမပိုင်းမှာ သုံးလေးငါးယောက် ခန့် ဝိုင်းပေးနေကြသေးသော်လည်း သူကစပြီး ဘယ်သူမှ လိုက်မပေးနိုင်မည့်  အမြင့်ဆုံး ကိန်းဂဏန်းတစ်ခုကို ရွတ်ပြလိုက်သည် ။ ကဲ . . . မိုက်မဲချင်သူတွေ ရှေးဟောင်း ပန်းချီကားတစ်ချပ်ကို သိန်းဂဏန်းအတော် များများ ပေးဝယ်နိုင်ရင် ဝယ်စမ်းဟု စိန်ခေါ်လိုက်သည့် သဘော ။ သူမျှော်လင့်ထားသည့်အတိုင်းပင် သူ့ကို လိုက်ဖိုက်နိုင်သူမှာ “ ရန်မခ ” ဖြစ်သည် ။ ပန်းချီကား၏ ဈေးက လူတကာ မျက်လုံးပြူးရင်သပ်ရှုမော ဖြစ်အောင် တရိပ်ရိပ် တိုးတက်သွားခဲ့သည် ။ သူကလည်း အရှုံးမပေးချင် ။ မိုက်မဲလာပြီဟုပဲ ဆိုချင်ဆို . . . လူကလောင်းကစားသူ တစ်ယောက် လို အနိုင်သာ လိုချင်လာသည် ။ တခြားသူ တစ်ယောက် ဆိုလျှင် သူ အသာလေးလွှတ်ပေးလိုက် ပြီ ဖြစ်သော်လည်း သူ့ကို လိုက်ဖိုက်နေသူမှာ ရန်မခ ဖြစ်နေသော ကြောင့် ကို သူ အရှုံးမပေးချင် ဘာကြောင့် များ ရန်မခဟာ သူနှင့် မကြာခဏ ထိပ်တိုက်လာဆုံနေမှန်း သူ နားမလည်နိုင် ။ ရန်မခကို သူက ပြိုင်ဘက် တစ်ယောက် အ ဖြစ် သတ်မှတ်ထားခဲ့ပြီမို့ အဲဒီ လူဆီမှာ သူ့ရဲ့ ဂုဏ်သိက္ခာကို ဘယ်တော့မှ အထိပွန်းမခံဘူး . . . ဟု သူ ဆုံးဖြတ်လိုက်သဖြင့် ပန်းချီကား၏ တန်ဖိုးက ကြောက်ခမန်းလိလိ မြင့်တက်လာခဲ့သည် ။ လူတွေ အားလုံးက သူတို့နှစ် ယောက် ၏ လေလံပွဲကို အံ့မခန်းမျက်ဝန်းများ ဖြင့် စောင့်ကြည့်နေကြသည် ။ ဒီပန်းချီကား၏ တန်ဖိုးဟာ အဲဒီ လောက်ထိ မမြောက်သင့်တော့ဘူး ဟု သူတို့တွေးကြလိမ့်မည် ။ အဲဒီ မတန်တဆဈေးဖြင့် တစ်ဘက်သားကို အနိုင်ပိုင်းချင်သော စိတ်က သူ့ကို ဆင်ခြင်နိုင်စွမ်းတွေ ခဏကင်းကွာသွားစေခဲ့သည် ။
နောက်ဆုံး သူပေးလိုက် သော ဈေးကို ရန်မခက လိုက်မပေးတော့ဘဲ ပခုံးတစ်ချက်တွန့်ကာ သူ့ကို လှည့်ကြည့်၍ ပြုံးပြလိုက်သည် ။ ထိုအပြုံးက သူရှုံးပါတယ်လို့ ကြေငြာသော အပြုံးမျိုးထက် ကိုယ့်လူမိုက်မဲလှချည်လား . . . ဟု သရော်ချင်သော အပြုံးမျိုး ပိုဆန်သည်ဟု ဇွဲခံစားမိသည် ။ ဟုတ်ပါသည် . . . ။ သူ မိုက်မဲပါသည် ။ မိုက်မဲစွာ ပင် သူ့ဂုဏ်သိက္ခာကို မတန်တဆဈေးဖြင့် မြှင့်တင်ခဲ့ခြင်း ဖြစ်သည် ။ ဘာပဲ ဖြစ် ဖြစ် ပန်းချီကားကို သူပိုင်ဆိုင်ခွင့်ရလိုက်သည့်အတွက် သူ ကျေနပ်မိသည်မဟုတ်လား ။ ထိုက်တန်သည်ဆိုပါစို့ . . . ၊ ပန်းချီကားကို ရန်မခ ရသွားပြီး သူ တသသ ဖြစ်ကျန်ခဲ့ရတာ ထက်စာလျှင် မတန်တဆဈေးပဲ ဖြစ် ဖြစ် သူက ရရှိလိုက်ရတာ ကို ကျေနပ်သည် ။ ပိုက်ဆံဆိုတာ အချိန်မရွေး သူ ပြန်ရှာနိုင်သည်လေ ။ ပြိုင်ဘက်၏ သရော်ပြုံး . . . ရိပြုံးကို သူ လုံးဝ ဂရုမစိုက် ။ သူ့ဘက် ကတော့ ထိုပွဲတွင် သူ အနိုင်ရလိုက်ပါသည် ။
စာရေး ခြင်းကို လက်စသတ်လိုက်ချိန်မှာ ရွှေရေး ရှိရာဆီ ချဉ်းကပ်လျှောက်လာသော သူ့အရိပ်ကို တွေ့ ရသည် ။ ဘယ်အချိန်ကတည်းက သူစောင့်ကြည့်နေခဲ့သည် မသိ ။ ရွှေရေး ကလည်း စာရေး နေရင်း ဈာန်ဝင်သွားပြီဆိုရင် ဘေးပတ်ဝန်းကျင်ကို ဘယ်လိုမှကို သတိမရတော့တာ ။ လောကကြီး တစ်ခုလုံးကိုမေ့သွားတာမျိုး . . . ။
“ စာရေး နေတာကို အနှောင့်အယှက် မပေးချင်တာနဲ့ ကျွန်တော် ထိုင်ပြီး ငေးကြည့်နေတာ ၊ ဂန္ထဝင်မြောက် ပန်းချီကားတစ်ချပ်လိုပဲ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်ဗျ ”
ဟု . . . သူကပြောရင်း ရွှေရေး နှင့် မျက်နှာချင်းဆိုင်မှာ လာထိုင်သည် ။ လူ တစ်ယောက် ကို စကားစပြောလျှင် အဲဒီ လို ချီးမွမ်းစကားကလေးတွေ နဲ့ စတတ်တာ သူ့ရဲ့ အထာလားတော့မသိ . . . ။ ချီးမွမ်းတဲ့စကကားဆိုတော့လည်း ငြင်းဆန်လို့လည်း မကောင်း ၊ ရွှေရေး က ရှက်ပြုံးကလေးသာ ပြုံးမိသည် ။
“ ကျွန်မရဲ့ ဝတ္ထုစာအုပ်အသစ်တစ်အုပ်ထွက်တယ် ။ အဲဒါကို ရန်မခအတွက် တစ်အုပ်လက်ဆောင်ပေးဖို့ ယူလာတယ် ”
“ ဟာ . . . အဲဒါကို ကျွန်တော် မျှော်လင့်နေတာဗျ ၊ ကျွန်တော် ဒီညပဲ ချက်ချင်း ဖတ်ကြည့်မယ်နော် ”
“ ဖတ်ပြီးရင် ဝေဖန်ချက်ကလေးတစ်ခုခုတော့ ကျွန်မကြားချင်ပါတယ် ”
“ ဖြစ်ပါတယ် . . . ကျွန်တော် ကိုယ်တိုင်သာ မရေး တတ်တာ comment တော့ပေးတတ်ပါတယ် ။ ဒါပေမယ့် သေချာတာ ကတော့ ကောင်းသော comment ပဲ ဖြစ်မှာ ပါ ”
ရွှေရေး က ဝတ္ထုအသစ်ကလေး၏ ရှေ့မှာ သူ့နာမည် ကို ရေး ပေးပြီး ရွှေရေး လက်မှတ်ထိုးပေးလိုက် သည် ။
“ ကျေးဇူးတင်ပါတယ် ရွှေရေး ၊ ဒါပေမယ့် ကျွန်တော့်မှာ မူ တစ်ခုရှိတယ်ဗျ ၊ ကျွန်တော် ဘယ်သူ့ဆီကမှ အလကား မယူတတ်ဘူး ၊ တစ်ခုယူပြီးရင် ကိုယ့်ဘက်က တစ်ခုခုတော့ ပြန်ပေးချင်တယ် ၊ ကြီးကျယ်တာတော့ မဟုတ်ပါဘူး ၊ အပြန်အလှန်ကလေးပေါ့ ၊ အဲဒီ တော့ ရွှေရေး ကို ကျွန်တော် တစ်ခုခု ပြန်ကျွေးပါရစေ ၊ လက်ခံပေးပါနော် ၊ စာအုပ်ပေးလို့ ပြန်ကျွေးတာမျိုးထက် မိတ်ဆွေသူငယ်ချင်း ဖြစ်သွားလို့ တစ်ယောက် နဲ့ တစ်ယောက် အေးအေးဆေးဆေး စားရင်းသောက်ရင်း စကားပြောချင်တာမျိုးပါ . . . လက်ခံလား ဟင် ”
ရွှေရေး ဘယ်လိုငြင်းရပါ့မလဲ . . . ။ ခုချိန်ထိ ရွှေရေး ဘဝမှာ ယောက်ျားလေး တစ်ယောက် နှင့် အတူတွဲ ပြီး စားသောက်ဆိုင်မှာ အတူထိုင်စားဖူးသော အတွေ့ အကြုံမျိုး လုံးဝမရှိခဲ့ . . . ။ နှစ် ယောက် တည်း ထိုင်စားရမှာ ဆိုတော့ ရွှေရေး ၏ အသိမိတ်တွေ တစ်ယောက် ယောက် များ မတော် တဆ မြင်သွားလျှင် ဘယ်လိုလုပ်မလဲ ၊ သူ့ကို လိုက်မစားနိုင်ပါဘူး . . . ဟု ငြင်းရမှာ ကိုလည်း အားနာပြန်သည် ။ ခုခေတ်မှာ လူနှစ် ယောက် ခင်မင်ရင်းနှီးမှု ကို တည်ဆောက်နိုင်ဖို့အတွက် တစ်ယောက် ကို တစ်ယောက် သိနိုင်ဖို့အတွက် အနည်းဆုံး တော့ ကော်ဖီဆိုင်မျိုးမှာ အတူထိုင်ကာ စကားပြောကြစမြဲ ။ သူ့ဘက်ကိုယ့်ဘက် သူငယ်ချင်းတွေ ပါလျှင်တာ့ ပို၍ ရင်းနှီးမှု မြန်သည်ပေါ့ ။ ရွှေရေး က ခေတ်ရှေ့သိပ်ပြေးလွန်းသော မိန်းကလေးလည်း မဟုတ်သလို ခေတ်နောက်ပြန်ဆွဲနေသော မိန်းကလေးလည်း မဟုတ်ပါ ။ ကိုယ်တိုင်လည်း လူငယ်စာရေး ဆရာမ တစ်ယောက် . . . ခေတ်၏ သမီးပျိုကလေး တစ်ယောက် မို့ ခေတ်ရေစီးကြောင်းထဲမှာ ငြိမ့်ငြိမ့်ကလေး စီးမျောနိုင်ပြီးသား ။ ခေတ်လူငယ်တွေ ၏ အထာကို ကောင်းစွာ ညက်ညောပါသည် ။ မိန်းကလေး တစ်ယောက် အဖို့ ဒီလူ တစ်ယောက် ကို စိတ်ဝင်စားမိသလို . . . သူ့ကိုဆက်ပြီး လေ့လာချင်တယ်ဆိုလျှင်တော့ ခေတ်ရဲ့ အထာကလေးတွေ အတိုင်း ညင်ညင်သာသာ လမ်းဖွင့်ပေးတန်ဖွင့်ပေးရမှာ ပေါ့လေ ။
“ ပြန်ကျွေးချင်တာကိုတော့ မငြင်းသင့်ဘူးလို့ ထင်ပါတယ် ၊ ဒါပေမယ့် ကျွန်မ စားချင်တာကို လိုက်ကျွေးမယ်ဆိုရင်ပေါ့ ”
“ ဟာ . . . သိပ်ကျွေးတာပေါ့ ၊ ရွှေရေး ဘာစားချင်သလဲ ပြောပါ ၊ ကျွန်တော် ကျွေးမှာ ပေါ့ ”
ရွှေရေက မချိုမချဉ် အပြုံးကလေးပြုံးလိုက်ကာ . . .
“ စိမ်းလန်းစိုပြေက ဝက်သားတုတ်ထိုး ”
ဟု ပြောလိုက်သည် ။ သူ တအံ့တဩ မျက်ခုံးတွေ ပင့်သွားပြီးမှ အားပါးတရ ပြုံးပါသည် ။
“ ဟာဗျာ . . . ကျွန်တော် လည်း သိပ်စားချင်တာပေါ့ ၊ ရွှေရေး လို မိန်းကလေးမျိုးက လမ်းဘေးတုတ်ထိုးဆိုင်ကလေးမှာ ထိုင်စားလိမ့်မယ်လို့ ထင်မထားလို့ပါ ”
“ ဟင်း ကျွန်မကဖြင့် တုတ်ထိုးသည်ကြီးနဲ့ တောင် ဘော်ဒါတွေ ဖြစ်နေတာ ကြာလှပေါ့ ၊ စကော့ဈေး အနောက်ဘက်က ဦးကျော်သန်း တုတ်ထိုးဆိုင်မှာ လည်း သွားစားနေကျ ”
“ ရွှေရေး အကြိုက်ဆုံးလေးတွေ ပြောပြထားပါလား ၊ နောက်ဆို ကျွန်တော် လိုက်ကျွေးရအောင်ပေါ့ ၊ ရွှေရေး က ကျွန်တော့် အတွက် အသစ်ထွက်တဲ့ ရွှေရေး ရဲ့ ဝတ္ထုစာအုပ်ကလေးတွေ ပဲ လက်ဆောင်ပေးလေ ၊ ကျွန်တော် က ရွှေရေး ရင်နဲ့ ရေး ထားတဲ့ဝတ္ထုကို ရင်နဲ့ ဖတ်ပါ့မယ် ၊ ပြီးရင် comment ပေးမယ်လေ ”
“ ကျွန်မလား . . . ကျွန်မအကြိုက်ဆုံးက တုတ်ထိုးပြီးရင် ကြေးအိုး . .. မုန့်ဟင်းခါး ၊ ရခိုင်မုန့်တီ ဒါလောက်ပါပဲ ”
“ Shall we ? ”
သူက သွားစားကြဖို့ခေါ်တော့ ရွှေရေး မငြင်းတော့ ။ စာရေး ပြီးသလောက်ရှိပြီမို့ ဆက်လည်းမရေး ချင်တော့ ။ ဗိုက်ထဲကလည်း ဆာလာသလို အာရုံထဲမှလည်း အငွေ့တထောင်းထောင်းထနေသော တုတ်ထိုးဗန်းကြီးကို မြင်ယောင်လာပြီမို့ ဟန်လုပ်နိုင်စွမ်းပင် မရှိတော့ ။ စိမ်းလန်းစိုပြေဆီ ကိုယ့်ကားကလေးဖြင့် ပင် ရွှေရေး မောင်းခဲ့သလို ရွှေရေး ကားနောက်မှ သူ့ရဲ့ BMW အဖြူဆွတ်ဆွတ်ကလေး ထပ်ချပ်မခွာပါလာခဲ့သည် ။ ရွှေရေး ရင်ထဲ အလိုလိုပျော်လာသည် ။ အင်း . . . ဇာတ်လမ်းတော့ စပြီထင်ရဲ့ ။
တုတ်ထိုးဆိုင်မှာ လူရှင်းနေပါသည် ။ နှစ် ယောက် သား ခုံပုကလေးတွေ မှာ ဝင်ထိုင်လိုက်ပြီး စိတ်ကြိုက်ရွေးလှီးခိုင်းကာ က္ကနြေ္ဒတစ်ခွဲသားကြီးတွေ လုပ်မနေဘဲ အားပါးတရ အချဉ်ရည် ရွှဲရွှဲတို့ကာ စားကြ၏ ။
ရွှေရေး က ဆံပင်ထူထူရှည်ရှည်တွေ ကို ရှေ့ဘက်သို့ ဆွဲယူကာ ပေါင်ပေါ်တွင် ပုံ့ပုံ့ကလေးတင်ထားပြီး တုတ်ထိုးကို တစ်ချောင်းပြီးတစ်ချောင်း အားပါးတရ ဆွဲလျက်ရှိသည်ကို သူက သဘောကျသလို ပြုံး၍ ကြည့်သည် ။ ဗိုက်ပြည့်သွားချိန်တွင် ရွှေရေး က အစားကို လက်စသတ်ကာ . . .
“ အင်း . . . တော် မှထင်တယ် ၊ ဗိုက်သိပ်ပြည့်သွားရင် နေလို့မကောင်းတော့ဘူး ၊ ခုလို ကျွန်မစားချင်နေတဲ့ တုတ်ထိုးကို လိုက်ကျွေးတဲ့အတွက် ကျေးဇူးပါ . . . ကိုရန်မခ ”
“ My Pleasure ပါ ရွှေရေး ဒီနေ့ကလေးကို ကျွန်တော် တကယ်မေ့တော့မှာ မဟုတ်ဘူး ၊ နာမည် ကြီး စာရေး ဆရာမ တစ်ယောက် နဲ့ ခုလို အတူတွဲ ပြီး တုတ်ထိုးစားခွင့်ရတာ ကျွန်တော် အရမ်းပျော်ပါတယ်၊ တကယ်ပြောတာပါ၊ စာအုပ်အတွက်လည်း ကျေးဇူးပါ၊ ကျွန်တော် ဖတ်ပြီးတာနဲ့ comment ပေးပါ့မယ် ”
သူနှင့် နှုတ်ဆက်လမ်းခွဲကာ ရွှေရေး ပြန်ခဲ့သည်။ ရင်ထဲမှာ ပီတိလေးတစ်ခု စိမ့်စီးလျက်ရှိသည်။ သူ့ရဲ့ ချောမောသန့်ရှင်းသော မျက်နှာနှင့် နူးညံ့သိမ်မွေ့သော အပြုံးသည် ရွှေရေး ၏ ဖြူလွှသော နှလုံးသားစာမျက်နှာပေါ်မှာ ခပ်ထင်းထင်း ဆွဲခြစ်လိုက်သလို ထင်ရှားလာပါ၏ ။ “ အချစ် ” ဆိုသော တောင်ထိပ်ဖျား တစ်ခုဆီ တက်ဖို့အတွက် ဒီလိုပဲ အထင်ကြီးခြင်း ၊ လေးစားခြင်း၊ ပျော်ရွှင်ခြင်း၊ ကြည်နူးခြင်၊ နှစ် သိမ့်ခြင်း၊ မက်မောခြင်း၊ . . . . . . စသော လှေကားထစ်များ ကို တစ်ထစ်ခြင်း ဖြတ်ကျော်ရမည် ဆိုပါလျှင် ရွှေရေး သည် ကြည်နူးနှစ် သိမ့်ခြင်း ဆိုသော ပထမ ခြေလှမ်းကိုစ၍ လှမ်းခဲ့မိပြီ ဖြစ်သည်။
စာရေး ပြီးလျှင် ရွှေရေး ၏ အကျင့်က စာပြန်ဖတ်ခြင်း ဖြစ်သည်။ ရွှေရေး ၏ ခြံနောက်ဖက်မှာ ရေတံခွန်ကလေးနှင့် စမ်းချောင်းကလေးကို ရွှေရေး စိတ်ကြိုက် ဖန်တီးထားခဲ့သည်။ ပြီတော့ ငှက်လှလှကလေးတွေ ကို လှောင်အိမ်ကလေးတွေ နှင့် အလှမွေးထားသေးကာ စမ်းချောင်းထဲမှာ တော့ ငါးရောင် စုံလှလှကလေးတွေ မွေးထားသည်။ အဲဒီ နေရာကလေးက တောအုပ်ကလေး တစ်ခုလို ငြိမ်းချမ်းလှသော ရွှေရေး ၏ စာဖတ်ရာ နေရာကလေးပါ။ ယိုးဒယားဖျာချော ကလေး ချခင်းကာ ကော်ဖီတစ်အိုးနှင့် စာအုပ်တစ်အုပ်တော့ အသာလေးပြီးအောင် သက်တောင့်သက်သာ လှဲလျောင်းရင်း . . . . နံဘေးမှာ CD Player ကလေးနှင့် ရေလှိုင်းသံ၊ မိုးစက်မိုးပေါက်သံ၊ လေတိုက်သံ စသော သဘာဝ အသံတွေ ထည့်သွင်းထားသော Relaxation အခွေကလေးကို ခပ်တိုးတိုးဖွင့်လို့။ အဲဒီ အချိန်ကလေးမှာ တကယ့်ကို စိတ်ရောကိုယ်ပါ အေးချမ်းကြည်မွေ့လျက် စာဖတ်ရခြင်းထဲမှာ အာရုံနစ်မျော ပျော်ဝင်နေတတ်မြဲ . . . . .။
“ မလေးရေ . . . . ဖုန်းလာလို့ရှင့် ”
ကောင်မလေးက လက်ထဲမှာ ရွှေရေး ၏ BlackBerry mobile ကလေးကိုင်ကာ အပြေးအလွှားလာပေးသည်မို့ အိပ်နေရင်းကပင် စာအုပ်ဖတ်မပျက် ဖုန်းထူးလိုက်သည်။
“ ဟဲလို . . . . ”
“ ရွှေရေး လား . . . . ကျွန်တော် ဇွဲကပင်ပါ ”
သြရှချိုနွေးသော အသံတစ်ခုကြောင့် ရွှေရေး ဗြုန်းကနဲ ထထိုင်လိုက်မိကာသွားကာ နံဘေးက ကော်ဖီအိုးကို သွားတိုက်မိပြီး ကော်ဖီအိုး မှော က်ပြန်သည်။ အိုး . . . . သေတော့မှာ ပဲ။ သူနဲ့ ဆုံလိုက်တိုင်း ကောဖီတွေ ချည်း မှော က်နေတော့တာပါလား။
“ ဟုတ်ကဲ့ . . . . . အား သွားပြီကွာ ”
“ ဘာ ဖြစ်လို့လဲ ရွှေရေး . . . . ”
“ သြော် . . . . ရယ်စရာတောင်ကောင်းနေပြီ၊ ကျွန်မကော်ဖီအိုး မှော က်သွားပြန် ပြီ ”
“ ဟောဗျာ . . . . .”
သူ့ရယ်သံ ခပ်သဲ့သဲ့ ထွက်ပေါ်လာသည်။ ရွှေရေး လည် သူနှင့် အတူ လိုက်ရယ်မိပါ၏ ။
“ ဖြစ်ရမယ်ဗျာ . . . . ကျွန်တော် လည်း အခုပဲ ကော်ဖီသောက်ရင်း ရွှေရေး ကို သတိရမိလိုက်တာနဲ့ ဘာရယ်မဟုတ် လှမ်းဆက်ကြည့် လိုက်တာပါ။ ဟိုတစ်နေ့က သူငယ်ချင်းတွေ နဲ့ တွေ့ တော့ရော အာလုံးအဆင်ပြေ ရဲ့ လားလို့ပါ၊ အဲဒီ နေ့က ရွှေရေး နောက်ကျသွားတယ် ဆိုတော့လေ ”
“ သြော် . . . . . အားလုံး အဆင်ပြေပါတယ်ရှင်၊ ကျေးဇူးပါ ”
“ ကော်ဖီစွန်းသွားတဲ့ အင်္ကျီလေးရော ပြန်ဖြူသွားရဲ့ လား၊ ကျွန်တော့မှာ Alondra အစွန်းချွတ်ဆေးရှိတယ်၊ အဲဒါလေးလဲ ပေးချင်လို့ပါ ”
ရွှေရေး ပြုံးမိသည်။ မိန်းကလေး တစ်ယောက် ဆီ လာချင်တဲ့အခါ ယောက်ျားတွေ ဟာ ဘယ်လောက်ပဲ သေးမွှားပါစေ လှပတဲ့ အကြောင်းပြချက်ကလေး တွေ တော့ ပေါ်လာ တတ်ပါသည်။ အင်္ကျီ အစွန်း ကျွတ် သွားပါပြီ . . . . . ဟု လမ်းပိတ်လိုက်ရမလား ဒါမှမဟုတ် . . . . . သူ့ကို အခွင့်အရေး လေးတစ်ခု မသိမသာ ပေးလိုက် ရမလား . . . . .။ အသေးစိတ်ကလေးက အစ ဂရုတစိုက်ရှိတတ်သော သူ့ရဲ့ စေ့စပ်သေချာမှု ကို ရွှေရေး ဆက်ပြီး လေ့လာချင်သေးသည်။ ရွှေရေး အတွက် ထူးခြားသော charactor တစ်ခုမဟုတ် လား . . . . . .။ ရွှေရေး ၏ အကျင့်က လူတွေ ရဲ့ စိတ်တွေ . . . . .စရိုက်တွေ . . . . . အမူအကျင့်တွေ ကို စိတ်ဝင်တစား လေ့လာတတ်တာမျိုး ဖြစ်ပါသည်။
“ ရပါတယ် . . . . . ကိုဇွဲ ပေးချင်ရင်ပေးလိုက် လေ၊ ကျွန်မ ဘယ်မှာ လာယူရမလဲ ”
အမှန်အတိုင်း ဝန်ခံရလျှင် ရွှေရေး လည်း သူနှင့် ထပ်ဆုံခွင့် ရချင်ပါသေးသည်။ စကားဝိုင်းတစ်ခုကို ဦးဆောင်ခင်းကျင်း ပြင်ဆင်တတ်တာ စိတ်ဝင်စားဖွယ် ဖြစ်အောင် စေ့စပ်သေချာစွာ ဖွဲ့နွဲ့ ပြောတတ်တာ . . . . . ရွှေရေး ပြောသမျှကို ရွှေရေး မျက်ဝန်းတွေ ထဲ တည့်တည့်စိုက်ကြည့်ပြီး စိတ်ဝင်တစား လေးလေးနက်နက် နားထောင်ပေးတတ် တာတွေ သည် စိတ်ဝင်စားစရာ ဇာတ်ကောင်စရိုက် တစ်မျိုး ဖြစ်သည်။
“ ကျွန်တော် လာပေးရမှာ ပေါ့ . . . . ရွှေရေး ဘယ်မှာ ရှိမလဲဟင် ”
“ အခုတော့ ကျွန်မ အိမ်ပြန်ရောက်နေပြီ ကိုဇွဲ ၊ မနက်ဆို ကျွန်မ ကရဝိတ်ဥယျာဉ်ထဲက ကော်ဖီဆိုင်ကလေးမှာ စာသွားရေး နေကျ၊ အဲဒီ ကို လာပေးချင်ပေးလေ၊ အခု နေ့လည်ဆို ကျွန်မရဲ့ စာဖတ်ချိန် . . . . ညနေဆို ကျွန်မရဲ့ gym သွားချိန်၊ ညဘက်ဆို ကျွန်မ တရားထိုင်တာမျိုး၊ ဘုရားသွားတာမျိုး လုပ်တတ်တယ်၊ အဲဒီ အချိန်စယားကလေးနဲ့ ကျွန်မ နေနေကျ မို့လို့ပါ . . . . စာရေး ရင်တောင် မနက် ဆယ်နာရီကနေ နေ့လည် တစ်နာရီလောက်ထိ ဈာန်ဝင်ရင် ဝင်သလို ရေး တာဆိုတော့ ဆယ်နာရီနထိုးခင် ခဏလာချင်လာ . . . . ဒါမှ မဟုတ်ရင် ဆယ့်နှစ် နောက်ပိုင်းလောက်ပေါ့၊ ကြားမှာ ကျွန်မခဏနားသေး တယ်လေ . . . . ”
“ အချိန်ကို အဲဒီ လို စနစ်တကျ သုံးတတ်တာ ကျွန်တော် အရမ်း လေးစားတယ် ၊ ရွှေရေး ဒီလိုလုပ်ရင်မကောင်းဘူးလား တစ်နာရီအတိမှာ ကျွန်တော် လာခဲ့မယ်လေ၊ အဲဒီ အချိန်က နေ့လည်စာ စားတဲ့အချိန်ဆိုတော့ ရွှေရေး ကို ကျွန်တော် နေလည်စာ လိုက်ကျွေးပါရစေ၊ ရွှေရေး ခွင့်ပြုမယ် ဆိုရင်ပေါ့ ”
ရွှေရေး မပြုံးပဲ မနေနိုင်။ စိတ်ဝင်စားဖို့တော့ ကောင်နေပါပြီ။ ယောင်္ကျားနှစ် ယောက် ၏ ခြေလှမ်းတွေ ဟာ ဘာကြောင့် များ တစ်ပြိုင်နက်တည်း ပြီးတော့ .. . . . . ခပ်ဆင်ဆင် တူနေရတာ ပါလဲ။ သူတို့ရဲ့ အထာတွေ ကို က မိန်းကလေး တစ်ယောက် ကို စိတ်ဝင်စားပြီဆိုရင် ခင်မင်ရင်းနှီးခွင့် ရဖို့အတွက် နေ့လည်စာ ကျွေးဖို့ချိန်းတော့တာပဲလား။ အနောက်နိုင်ငံမှာ ဆိုရင်တော့ ဒါဟာ ဒိတ်လုပ်တဲ့ သဘောပေါ့လေ။ ပြီးတော့ အတူတူ စားသောက်ရင်း တစ်ယောက် အကြောင်း တစ်ယောက် သိအောင် ကြိုးစားရင်း ရင်းနှီးမှု ကို တစ်ဆင့်ချင်း တည်ဆောက်ယူရတာ မျိုး ထင်ပါရဲ့ ။ အမှန်အတိုင်း ပြောရလျှင် ပထမဆုံး လှမ်းလာသော သူ့ရဲ့ ခြေလှမ်းကို ရွှေရေး မပိတ်ပင်လိုက်ချင်ပါ။ ရွှေရေး မှာ ဝှက်ဖဲမရှိ လူနှစ် ယောက် ကို တစ်ပြိုင်နက်တည်း လှည့်စားနေဖို့လည်း စိတ်ကူးမရှိပါ။ တံခါးနှစ် ချပ်မှာ လုံဝ စေ့ပိတ်ထားသော တံခါးနှင့် တစ်ဝက်တစ်ပျက် ဖွင့်ဟထားသော တံခါး . . . . . ဘယ်တံခါးကို ပိုပြီးစိတ်ဝင်စားမလဲ။ ရွှေရေး က တံခါးချပ်ကလေးကို အသာအယာ တစ်ဝက်တစ်ပျက် ဖွင့်ထားလိုပါသည်။
“ ကောင်းပြီလေ . . . . ကျွန်မ ဘောတူပါတယ်၊ ဒါဖြင့် မနက်ဖြန်မှ ဆုံမယ်လေနော် ”
“ အိုကေ . . . . . ရွှေရေး စာဆက်ဖတ်ပါ၊ အနှောက်အယှက်ပေးမိရင် ဆောရီးပါနော် ”
“ ရပါတယ်ရှင် ”
သူ ဖုန်းချသွားတော့ ရွှေရေး စာအုပ်ဆက်ဖတ်သည်။ အံ့သြစရာ ကောင်းလောက်အောင် ရွှေရေး ၏ အာရုံထဲ သူရောက်ရောက်လာသည်။ အသားညိုညို မျက်လုံးမျက်ခုံး ထင်းထင်းနှင့် ပြေပြစ်သော မေးရိုးများ နှင့် တိကျသေသပ်သော နှုတ်ခမ်းတို့ ရှိသည်။ ရန်မခလို ညှိုမျက်ဝန်းနှင့် ငေးကြည့်တတ်ပြီး ရင်ခုန်တိမ်းညွတ် လောက်သော အပြုံးမျိုး မရှိသော်လည်း သူ့ရဲ့ ဆွဲဆောင်မှု က တစ်မျိုး . . . . . ။ တစ်ယောက် ယောက် ကို အသေးစိတ်ကျကျ ဂရုစိုက်နိုင်ဖို့ဆိုတာ တော် ရုံအရည်အချင်းမျိုးမှ မဟုတ်တာ . . . . . ။ ရန်မခနှင့် ဆိုလျှင် လွတ်လပ်ပေါ့ပါးသော ပျော်ရွှင်မှု ကိုရပြီး သူနှင့် ကျတော့ ဂရုစိုက် ခံရခြင်း၏ ကြည်နှုးပီတိကို ရစေပါသည်။
ပြိုင်ဖက်ကပေးတဲ့ စိန်ခေါ်မှု လောက်
ဘယ်အရာကမှ
နှလုံးသွေးတွေ ကို ပှုနွေးရဲရင့်အောင်
တွန်းထိုးမီးမြှင့် မပေးနိုင်ပါ.......။
အခန်း(၄)
ကရဝိတ်ဥယျာဉ်ဆီအလာ လမ်းတစ်လျှောက်လုံးမှာ သူ့ရင်ထဲ ခပ်ငြိမ့်ငြိမ့် သိမ့်သိမ့်ကလေး ဖြတ်စီးနေတာက ဆံပင်ရှည်ရှည် ခန္ဓာကိုယ် စွယ်လျလျနှင့် လှပသော မိန်းမချောလေးအပေါ် စိတ်အာရုံ တိမ်းညွှတ်ယိမ်းမှုး နေခဲ့ခြင်း ဖြစ်သည်။ သူမက အလွန်လှပါသည်။ သူ့နံဘေးမှာ ပွဲတက်ဖေါ်အ ဖြစ် အမြဲ တင့်တယ် ကြော့မော့လွန်းနေမည့်  က္ကနြေ္ဒရရ ဥာဏ်ပညာလည်းရှိသော မယ် ယဉ်ကျေးကလေး အ ဖြစ် သူ အမှတ်တွေ အများ ကြီး ပေးထားလိုက်မိသည်။ ရှင်းရှင်းပြောရလျှင် သူ့ဘဝမှာ စိတ်ဝင်စားမိသော မိန်းကလေး ဆိုလို့ ခတ်ရှားရှားရယ်။ သူ သတ်မှတ်ထားသော စံတွေ နဲ့ ကိုက်ညီနိုင်မည့်  မိန်းကလေးမျိုး ရှာလို့မတွေ့ ခဲ့လို့ပဲ . . . . . ခုချိန်အထိ တစ်ကိုယ်တော် အောင်ပွဲခံ နေခဲ့တာပေါ့လေ။ ရိုးသားစွာ ဝန်ခံရလျှင်တော့ သူလည်း ခံစားတတ်သော နှလုံးသားနှင့် လူ တစ်ယောက် ပါပဲ ဘဝမှာ ကိုယ်ရဲ့ အောင်မြင်မှု တွေ ကို မျှဝေခံစား ဂုဏ်ယူပျော်ရွှင်ပေးဖို့ စိတ်ဖိစီးမှု တွေ ကို မျှဝေဖြေဖျောက်ပေးဖို့ သူ လိုအပ်သော အခါ အကြံကောင်း ဥာဏ်ကောင်းတွေ ပေးနိုင်ဖို့ သူ မောပန်း နွမ်းလျတဲ့အခါ ခေတ္တခဏ အနားယူ ချွေးသိပ်ဖို့ ပခုံးကလေးတစ်ဖက် ကိုတော့ သူ မကြာခဏ တော့တမိတာ အမှန်ပါ။ တကူးတကလည်း လိုက်မရှာခဲ့ပါ။ အချိန်တန်လျှင် ရေစက်ပါလာလျှင် တစ်ချိန်ချိန်တော့ တစ်နေရာရာမှာ တစ်ယောက် ယောက် နှင့် ဆုံတွေ့ ကျွမ်းဝင်ရမှာ ပဲ . . . . .ဟု သူ နှလုံးသွင်းထားခဲ့ တာပါ။ မခုတော့ သူမကို သူ တွေ့ ရှိခဲ့ပြီ။ ဒီမိန်းကလေးပဲ . . . . . ဟု သူ့နှလုံးသားက အတိအကျ ညွှန်ပြ အချက်ပေးနေခဲ့ပြီ။ အဲဒီ တော့ သူ ဘာအတွက် တွန့်ဆုတ်နှောင့်နှေး နေခဲ့မလဲ။ သူ့ဘက်က အာလုံးပြင်ဆင်ခဲ့ပြီးပြီ။ သူ့ ဘဝမှာ စနစ်တကျ ပြင်ဆင် စီစဉ်တတ်တာက အကျင့်တစ်ခုလို အသားကျနေခဲ့ ပြီးသား . . . .။
ဒီနေ့အဖို့ စာရေး နေရပေမယ့် ရွှေရေး စိတ်ထဲ ဂဏှာမငြိမ်နိုင်။ ဆယ့်တစ်နာရီလောက်မှာ ရန်မခ ရောက်လာတာ . . . . ထိုင်နေကျ စားပွဲမှာ အေးအေးဆေးဆေး ဝင်ထိုင်ပြီး ရွှေရေး စာရေး နေတာကို ထိုင်စောင့်ကြည့်နေခဲ့ တာကို ရွှေရေး အားလုံးသိနေသည်။ ရွှေရေး ကို လာပြီး စကားမပြောသေးတာက အနှောက်အယှက် မပေးချင်တဲ့သဘော ဖြစ်သည်။ ဆယ့်နှစ် နာရီလောက်မှာ ရွှေရေး ခဏ နားသည်။ စိတ်ကူးထဲ plot တစ်ခု ပေါ်မလာသေး၍ ခဏ ထိုင်စဉ်းစား နေခြင်း ဖြစ်ပါသည်။ စာမရေး တော့ပြီမို့ ရန်မခ က ထ လာသည်။ သူ့လက်ထဲမှာ မနေ့က ဝတ္ထုကလေး ကိုင်လျက်သား။
“ စာရေး လို့ပြီးပြီလား ရွှေရေး . . . . ”
“ အင်း . . . . ပြီးတော့ မပြီးသေးဘူး၊ အခန်းသစ်ကူဖို့အတွက် plot ချက်ချင်း ပေါ်မလာသေးလို့လေ ”
“ ကိုယ်လာစကားပြောတာ အနှောက်အယှက် ဖြစ်သွားလား ”
“ အင်း . . . . ဖြစ်တော့ မ ဖြစ်ပါဘူးလေ ”
“ ကိုယ် ခဏကလေးပဲ ပြောမှာ ပါ၊ ရွှေရေး ရဲ့ စာအုပ်ကို မနေ့ညက တစ်ထိုင်တည်း ထိုင်ဖတ်လိုက်တယ်။ လက်ထဲကနေ စာအုပ်ကို မချချင် လောက်အောင်ကို ဆွဲဆောင်မှု ရှိပါတယ် တကယ်ပြောတာပါ . . . . . ဖုန်းလာတာကိုတောင် မပြောမိတဲ့အထိကို စွဲတာပါ ၊ စာဖတ်ရင်း ပြီးသွားမှာ ကိုတောင် နှမြောနေတဲ့ စိတ်မျိုး ဖြစ်မိတယ်၊ အရေး အသား၊ ဇာတ်လမ်းဇာတ်ကွက်၊ အချိတ်အဆက်တွေ နဲ့ ဇာတ်ကောင်စရိုက်တွေ . . . . ဒိုင်ယာလော့တွေ အားလုံး သူ့နေရာနှင့် သူ စနစ်တကျ ပြီပြင်ပါတယ်၊ ရွှေရေး တကယ်တော် ပါတယ်ဗျာ၊ အံ့သြဖို့ကောင်းတဲ့ မိန်းကလေးပဲ ” “ ဟောတော် . . . . . ကျွန်မ ကောင်းကင်ထဲတောင် ပျံတက်သွားပြီရှင့်၊ ကိုရန်မခ မြှော က်လွန်းနေပြီ၊ ကျွန်မ အဲဒီ လောက် မဟုတ်သေးပါဘူး ”
“ ဘယ့်နှယ့် မဟုတ်ရမှာ လဲ . . . . ဟုတ်ပါတယ်ဗျာ၊ ကိုယ်တောင် ရွှေရေး ရဲ့ ပရိသတ် ဖြစ်ခွင့်ရတာ နောက်ကျသွားပြီ စောစောကတည်းက ဖတ် ဖြစ်ဖို့ ကောင်းတာ၊ ရွှေရေး စာအုပ်က အချစ်ဝတ္ထုသန့်သန့်ပေမယ့် အဲဒီ ထဲမှာ လူငယ်တွေ အတွက် စိတ်ဓါတ်ခွန်အားကို ပေးနိုင်တဲ့ စာသားတွေ စကားလုံးတွေ ပါတယ်လေ၊ message ကလေးတွေ ပါ ပါတယ်၊ ကိုယ်မသိသေးတဲ့ ဗဟုသုတလေးတွေ ထည့်ထားတယ်၊ လူ တစ်ယောက် အောင်မြင်တယ်ဆိုတာ လွယ်လွယ်ကလေမှ မဟုတ်တာဗျာ၊ အကောင်းဆုံးလုပ်ထားတဲ့ အလုပ်တစ်ခုရဲ့ နောက်ဆက်တွဲ အ ဖြစ် အကောင်းဆုံး ရလဒ် တစ်ခု အမြဲရှိနေတယ်ဆိုတာ ကိုယ်ယုံတယ်လေ ”
“ အိုး . . . . ကျေးဇူးပါပဲ ကို ရန်မခရယ်၊ ကျွန်မ တော် တော် မြောက်နေ ပါပြီ ”
“ ဒီနေ့ ရွှေရေး ဘာအစီအစဉ်ရှိသလဲဟင် ”
“ အင်း . . . . .၊ ကျွန်မ မိတ်ဆွေ တစ်ယောက် နဲ့ ဒီနေ့ နေ့လည်စာ အတူစားဖို့ ချိန်းထားတယ် ကိုရန်မခ ”
ရွှေရေး အဖြေကြောင့် သူ့မျက်နှာ တစ်မျိုးတော့ ဖြစ်သွားသည်။ မတတ်နိုင်ပါ . . . . ။ ရွှေရေး သည် လျှို့ဝှက်ချက် မပါသော မာယာမပါသော မိန်းကလေးမျိုး ဖြစ်သည်။ တစ်စုံ တစ်ယောက် ကို လိမ်ညာရမှာ ရွှေရေး မကြိုက်။ ရိုးသား ပွင့်လင်းစွာ ပြောပြလိုက်ခြင်းကြောင့် ရရှိသော စိတ်ချမ်းသာမှု ၊ လိပ်ပြာလုံခြုံမှု ကိုသာ အလိုရှိပါသည်။
“ အိုကေလေ . . . .ကိုယ်လည်း ဒီနေ့ အလုပ်ကိစ္စ ချိန်းထားတာလေး ရှိပါတယ်၊ ရွှေရေး အတွက် comment လေးလာပေးရုံသက်သက်ပါ၊ ဒါဆို ကိုယ် နှုတ်ဆက်ခဲ့ပြီနော် Enjoy your lunch ”
သူနှုတ်ဆက်ပြီး ပြန်သွားတော့ ရွှေရေး စာဆက်ရေး ဖို့ စိတ်ကူးပေါ်လာသဖြင့် ဆက်ရေး နေ လိုက်သေးသည်။ တစ်နာရီ အတိမှာ တစ်ယောက် ယောက် က ကိုယ့်ကို ကြည့်နေသလို ခံစားမိတာကြောင့် ရွှေရေး မော့ကြည့်လိုက်သည်။ ဘေးနာက စားပွဲတစ်ခုမှာ ငြိမ်ငြိမ်ကလေး ထိုင်နေကာ အသံမပေး၊ ဘာမပေးနှင့် စိုက်ကြည့်လျက်ရှိသော ကိုဇွဲကပင် ကိုတွေ့ တော့ ရွှေရေး သူ့ကို အားနာ သွားပါ၏ ။
“ အို . . .. ရောက်နေတာ ကြာပြီလား ကိုဇွဲ ”
“သိပ်မကြာသေးပါဘူး၊ ရွှေရေး ဈာန်ဝင်ပြီး စာရေး နေတာကို အနှောက် အယှက်မပေးချင်တာနဲ့ ထိုင်ကြည့်နေမိတာပါ၊ ဂန္ထဝင်မြောက် ပန်းချီကားတစ်ချပ်ကို ငေးကြည့်ရသလိုပဲ . . . . . . အဓိပ္ပါယ်ရှိပါတယ် ”
ရွှေရေး ရှက်ပြုံးကလေးပြုံးမိသည်။ ဒီစကားမျိုး ကိုရန်မခလည်း ပြောဖူးသည်ကိုး။ ယောက်ျားတွေ ဟာ မိန်းကလေး တစ်ယောက် ကို မြှော က်ပင့် ချင်လျင် ဂန္တဝင်မြောက် ပန်းချီကားနှင့် များ ခိုင်းနှိုင်းတတ်ကြသလားမသိ . . . . . ။
“ ဗိုက်ဆာနေပြီလား ရွှေရေး ”
“ ဟုတ်ကဲ့ . . . . . ဆာတော့ ဆာနေပြီ ”
“ ဘယ်မှာ စားချင်လဲဟင် . . . . . ဒီနားက Royal Garden ကိုပဲ သွားလိုက် ကြမလားလို့ ”
“ ကောင်းပါတယ် . . . . ကျွန်မ ကြိုက်ပါတယ် ”
“ ဒါဆို သွားစို့လေ ”
ကိုယ့်ကားနှင့် ပင် Royal Garden ဘက်ကူးခဲ့သည်။ မဆီမဆိုင် ရန်မခ ကိုတောင် သတိရမိလိုက်သေးသည်။ သူနှင့် ကျတော့ လူငယ်ကလေးတွေ လို တုတ်ထိုးထိုင်စားရတာ အရသာ တစ်မျိုးပေါ့လေ။ ကိုဇွဲနှင့်ြ ကတော့ သူပုံစံက တည်ငြိမ်ရင့်ကျက် မှု တစ်မျိုးနှင့် ZKB Group ၏ CEO ဆိုသော အရှိန်အဝါကလည်း ရှိသေးတော့ ကြေးအိုး သောက်ချင်ပေမယ့် ဖွင့်မပြော ဖြစ် တော့ . . . . .။
Royal Garden ရောက်တော့ သူက သီးသန့်ခန်း သတ်သတ်မှာ ပါသည်။ ပြီးတော့ မီနျူးစာအုပ်ကို ရွှေရေး ရှေ့ချပေးကာ . . . ..
“ ရွှေရေး စာချင်တာမှာ နော် . . . . ”
ဟု . . . .ဆိုသည်။ ရွှေရေး ကြိုက်တာလေးတွေ ရွေးမှာ လိုက်ပြီး ဝိတ်တာကလေး ထွက်သွားချိန်မှာ သူက ရွှေရေး ရှေ့မှာ ရှိနေသော ပန်းကန်လုံးနှင့် တူတွေ ကို သိမ်းပေးပြီး . . . .
“ ပန်ကန်နဲ့ ဇွန်းခက်ရင်းနဲ့ စားမယ်မှလား ရွှေရေး ”
ဟု . . . . . ဂရုတစိုက်မေးသည်။
“ ဟုတ်ကဲ့ ”
ခဏ အကြာမှာ စားပွဲထိုးကလေးက ပန်းကန်ပြားတွေ . . . . ဟင်းချိုခွက် ဇွန်းခက်ရင်းတွေ လာချပေးလျှင် သူက ပဝါဖြူဖြူကလေးနှင့် ရွှေရေး အတွက် ပန်းကန်တွေ ကို သေချာ ပွတ်တိုက် သုတ်ပေးပါ၏ . . . . .။ အဲဒီ ပဝါဖြူဖြူသည် Restaurant က ပဝါမဟုတ်။ သူ့အိပ်ထဲက အဆင်သင့် ထည့်ယူလာခဲ့ပုံ ရသည်။ ပန်းကန် ခွက်နှင့် ဇွန်းခက်ရင်းတို့ကို စီစီရီရီ ညီညီညာညာ ချပေး နေပုံက စိတ်ရှည်လက်ရှည် . . . . ။ သူ့ကြည့်ရတာ တမင်သက်သက် ဟန်လုပ်ပြီး လုပ်ပေးနေတာမျိုး မဟုတ်ပဲ သူလုပ်နေကြမို့ အကျင့်ပါနေသလိုမျိုး။ ဘာလို့လဲဆိုတော့ ရွှေရေး နှင့် စကားပြောနေရင်မှာ တောင် သူ့လက်တွေ က စားပွဲပေါ်ရှိ ခွက်တွေ ပန်းကန်တွေ ကို သုတ်ပြီး သူ့နေရာနှင့် သူ စီစီရီရီ ပြန်ထားနေခဲ့သည်။ သူ့ကို ကြည့်ရတာ ကိုက စိတ်ဝင်စားစရာ။
“ ကိုဇွဲက အသန့်ကြိုက်ပုံ ရတယ်နော် . . . . ”
“ ဟုတ်ကဲ့ . . . . ကျွန်တော် က OCD သမားလေ၊ Obsessive Compulsive Disorder ပေါ့၊ စားပွဲတွေ ဆို ပြောင်လက် သန့်စင်နေမှ၊ စာအုပ်စာတန်းတွေ . . . . ဖိုင်တွေ ဆိုရင် တထပ်တည်း စီရီ ညီညာနေမှ . . . . .၊ ခွက်တွေ ပုလင်းတွေ ဗူးတွေ ဆိုလဲ သူ့အစီအစဉ် အတိုင်း စနစ်တကျ ညီညီညာညာ ရှိမှ . . . . . လက်ကို Antibacterial hand wash ကလေးနဲ့ တစ်နေ့ကို အကြိမ်ပေါင်း များ စွာ ဆေးတယ် ”
“ အဲဒီ ဇာတ်ကောင်စရိုက်မျိုး ကျွန်မ ဝတ္ထုထဲမှာ ထည့်မရေး ရသေးဘူးရှင့် အဲဒါမျိုး ထည့်ရေး ရမယ်၊ ကျွန်မက ရေး ရင် Character conflict တွေ ရေး နေကျဆိုတော့ မင်းသားက စနစ်တကျ အသန့်အပြန့် သမားဆိုတော့ မင်းသမီးကို ဗြုတ်စဗျင်းတောင်း ညစ်တီးညစ်ပတ် ကလေးပေါ့ ”
“ ရွှေရေး ကတော့ အပြင်မှာ ဗြုတ်စဗျင်းတောင်း ညစ်တီးညစ်ပတ် မဟုတ်ဘူး မှလား၊ လူပုံကြည့်လိုက်တာနဲ့ သိပါတယ်၊ လှလှပပ သန့်သန့်ပြန့်ပြန့် ကလေးပါ ”
“ မပြောနိုင်ဘူးလေ . . . . ကျွန်မက တစ်ခါတစ်လေတော့ အပေအတေ ကလေးပေါ့ ”
“ မထင်ပါဘူးဗျာ . . . . ”
ဟင်းပွဲတွေ လာချတော့ . . . . . သူက ဟင်းပွဲတွေ ကို ရွှေရေး ပန်းကန်ထဲ ဂရုတစိုက် ထည့်ပေးတတ်ကာ . . . . .
“ ဘာလိုသေးလဲဟင် . . . . . စားကောင်းရဲ့ လား ”
ဟု . . . . မကြခဏ မေးတတ်တာကို ရွှေရေး သတိထားမိသည်။ သူက အရမ်းဂရုစိုက်တော့ ရွှေရေး က ကိုယ့်ကိုယ်ကိုယ် ကလေးလေးသဖွယ် ခံစားရပါ၏ ။ လူ တစ်ယောက် က ကိုယ့်ကို အရိပ်တကြည့်ကြည့် ကြည့်ကာ လိုလေသေးမရှိအောင် ဂရုစိုက်တာခံရလျှင် မိန်းကလေး တစ်ယောက် အဖို့ သာယာတိမ်းမှု မိတာတော့ အမှန်ပါ . . . . .။ သူ့ပုံစံက ရင့်ကျက်တည်ငြိမ်သော လူကြီးလူကောင်းတစ် ယောက် ပုံစံ . . . . . လုံးဝ အတည်အခန့် အလေးအနက် . . . . ။ သူနှင့် ဆုံ တိုင်း ဖြူစင်ကော့ပြန့်နေသော ကော်လံကတုံး ရှပ်လက်ရှည်ကို ကြယ်သီးအစေ့တတ်ကာ အကြေရာ မစွန်းအထင်း လုံးဝမရှိ။ လည်ပင်းက ကြယ်သီး ကလေးက စိန်ပွင့်ကလေး . . . . .။ ပုဆိုးဝတ်ထားပုံက စွန်းထွက် ရွဲ့စောင်းတာမရှိ။ တိတိကျကျ . . . . သပ်သပ်ရပ်ရပ်။ ကတ္တီပါခင်း ဖိနပ်သျှားညိုရောင် ဝတ်ထားသည်မို့ ခြေထောက်များ က အစ သန့်ပြန့်လို့။
“ ရွှေရေး ကို ကျွန်တော် တစ်ခုမေးချင်တယ် . . . . . ကျွန်တော့် မေးခွန်းက ဘောင်ကျော်သွားမယ် ဆိုရင် ရွှေရေး မဖြေချင်ဖူးဆိုရင် မဖြေပါနဲ့ နော် . . . . ရပါတယ်၊ ကျွန်တော် သိချင်ရုံသက်သက်ပါ ”
ဟု . . . . . သူက စကားစတော့ ရွှေရေး က သူ့မျက်နှာဆီ လှမ်းကြည့်လိုက်သည်။
“ မေးပါ ကိုဇွဲ . . . . .”
“ ရွှေရေး မှာ ချစ်သူရှိသလားလို့ပါ . . . . ”
ရွှေရေး ပြုံးမိသွားသည်။ မေးမယ့်မေးတော့လည်း တည့်တိုးကြီးပါ လားကွယ်။
“ ကျွန်မ ဘယ်လိုဖြေရမလဲ ဒီအရွယ်ရောက်နေတဲ့ မိန်းကလေး တစ်ယောက် မှာ ချစ်သူ မရှိဘူးဆိုရင် ယုံကြပါ့မလား မသိဘူး။ အဲ့ဒီတော့ ရှိတယ်လို့ပဲ ဖြေပါ့မယ်၊ ကျွန်မကို ချစ်တဲ့သူတွေ ပေါ့ ကျွန်မ ကတော့ ပြန်မချစ်ရသေးဘူးပေါ့၊ လူ တစ်ယောက် ကို ချစ်သူအ ဖြစ် လက်တွဲ လိုက်ဖို့ဆိုတာ ကျွန်မအတွက်တော့ စွနှ်ုစားခန်းတစ်ခုပဲ ကိုဇွဲရဲ့ ၊ ကျွန်မ လူရွေးမမှားချင်ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်မဘဝအတွက် ဒီလူကို မရှိလို့ကို မ ဖြစ်တော့လောက်အောင် လိုအပ်မှ သူ့ဘက်ကလဲ ကျွန်မမရှိရင် သူ့ဘဝမှာ မ ဖြစ်နိုင်ဘူး ဆိုတဲ့ လိုအပ် မက်မောမှု ရှိမှ . . . . . အဲဒီ လူကို ချစ်သူအ ဖြစ် ရွေးချင်တယ် အဲဒီ ချစ်သူကိုပဲ လက်ထပ်ချင်တယ်၊ ရိုးမြေကျ လက်တွဲ ချင်တယ်၊ အချစ်ဆိုတာ ချစ်တယ်လို့ အယောင်ဆောင်ထားတဲ့ မက်မောမှု တစ်မျိုးလဲ ဖြစ်နိုင်သေးတယ်လေ၊ လူ တစ်ယောက် ကို ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုး တန်ဖိုးထားသလိုမျိုး ချစ်နိုင် တော့မှပဲ ကျွန်မ ပြန်ချစ်မယ်၊ ဒါကြောင့် ခုချိန်ထိ ကျွန်မဘေးမှာ ကျွန်မရဲ့ ချစ်သူအ ဖြစ် တရားဝင်ရပ်နေတဲ့ လူမျိုးမရှိသေးတာပေါ့၊ ကျွန်မက အချစ်ဆိုရင်လဲ တော် ရုံတန်ရုံ သာမန်အချစ်မျိုးကို မလိုချင်ဘူလေ၊ လူတကာ စံပြုရလောက်တဲ့ အကောင်းဆုံး အချစ်မျိုးပဲ လိုချင်တယ်၊ အဲဒီ အတွက် ဘယ်လောက်ပဲ စောင့်ရစောင့်ရ စောင့်နိုင်တယ်၊ ကိုယ့်ဘက်ကလည်း တန်ဖိုးအရှိဆုံး အကောင်းဆုံး အချစ်မျိုးပဲ ပြန်ပေးမှာ ဆိုတော့လေ ထိုက်တန်ချင်တယ် ”
သူကပဲ တိတ်ဆိတ်လေးနက်စွာ စိတ်ဝင်တစား နားထောင်ပေးနေခဲ့ လို့လားမသိ။ ရွှေရေး က စိတ်ပါလက်ပါပင် ပြောပြမိသွားသည်။ သူ့နှုတ်ခမ်း ပေါ်တွင် ကျေနပ်နှစ် သိမ့်သော အပြုံးတစ ခိုတွဲ လာခဲ့သည်. . . . . .။
“ ရွှေရေး ရဲ့ အဖြေကို ကျွန်တော် တကယ် imperss ဖြစ်ပါတယ်၊ စာရေး ဆရာမ ပီပီ ဖြေသွားပုံက ကဗျာဆန်လိုက်တာ ခုလို သိထားခွင့်ရတာ ကျွန်တော် အရမ်းကျေနပ် ပါတယ်။ အချိုပွဲ ဘာစားမလဲ ရွှေရေး ၊ မီနျူးလေး ကြည့်ပါဦး၊ သစ်သီးစုံနှင့် ကော်ဖီလေးဆို ကောင်းမယ်နော် ”
“ အိုး . . . . . ကျွန်မတကယ် မနိုင်တော့ဘူး၊ ဗိုက်ပြည့်နေပြီ၊ ဒီလောက်ကောင်းတဲ့ နေ့လယ်စာအတွက် ကျေးဇူးပါ ကိုဇွဲ၊ နောက်တစ်ကြိမ်တော့ ကျွန်မ ပြန်ကျွေးပါရစေ ”
“ ကျွေးပါဗျာ . . . . ကျွန်တော် စားပါ့မယ်၊ ရွှေရေး အတွက် ဒါလေးက Alondra အရောင် ချွတ်ဆေးလေးပါ၊ မလျှော်ခင် တစ်နာရီလောက် အလိုမှာ ဖြန်းထားလိုက်ရင် အတော် ပဲ ဒါလေး ကတော့ အခုသုံးဖို့ပါ ”
သူက ထုပ်ကလေး နှစ် ထုပ် လှမ်းပေးသည်မို့ ရွှေရေး က အခု သုံးဖို့ ဆိုသည့် အထုပ်ကလေးကို အရင်ဖွင့်ကြည့်လိုက်သည်။ ဖြူလွှလွှ လက်ကိုင်ပဝါ ကလေးနှင့် Estee Lauder နှုတ်ခမ်းဆိုးဆေးဗူး ကလေးတစ်တောင့် . . . . .။ သူ့ကို ပြန်ကြည့်လိုက်တော့ ငွေရောင် ဗူးဝိုင်း ကလေးကို အသာဖွင့်ကာ အထဲက မှန်ဝိုင်းကလေး ထောင်ပြပေးထားလေသည်။
“ အစားစားပြီး နှုတ်ခမ်းနီတွေ ပျက်ကုန်ပြီလေ ”
“ အိုး . . . . ၊ ကိုဇွဲက အဲဒီ လောက်ထိတောင် သိတတ်ပါလား ”
ရွှေရေး ကတော့ အစာစားပြီးတိုင်း နှုတ်ခမ်းနီ ပြန်ဆိုးလေ့မရှိတတ်ပါ၊ သူက မှန်ဝိုင်းကလေး လှမ်းပေးနေတာမို့ ယူလိုက်ပြီး နှုတ်ခမ်းပေါ်မှ နှုတ်ခမ်းနီ လက်ကျန်တွေ ကို ပုဝါဖြူကလေးနှင့် သုတ်လိုက်ပြီးမှ အသစ်ပြန်ဆိုး လိုက်ပါ၏ ။ အရောင် ကလေးက ရွှေရေး အကြိုက် . . . . . RICH BERRY အရောင် စိုစို ကလေးပါ။ အဲဒီ လောက် အလိုက်သိတတ်လွန်းသော ယောက်ျားလေးမျိုးတော့ ရွှေရေး မကြုံဖူးခဲ့တာမို့ ရွှေရေး အတွက် ဆန်သစ်သော ခံစားမှု ကလေးတစ်ခု ရလိုက်တာ အမှန်ပါ . . . . .။
“ ညကျရင် ရွှေရေး ကို ကျွန်တော် ပဟေဠိကလေး တစ်ခုလုပ်စရာ ရှိတယ်၊ အရမ်း အံ့သြစရာကောင်းတဲ့ အဖြေအတွက် ရွှေရေး ကျေနပ်နှစ် သိမ့်မှု ရစေရမယ်လို့ ကျွန်တော် အာမခံပါတယ်၊ ဘယ်အချိန်လောက် ကျွန်တော် ဖုန်းဆက်လိုက် ရမလဲဟင် ”
“ ကိုးနာရီလောက်ဆို အဆင်ပြေပါတယ် ကိုဇွဲ၊ ကျွန်မ ပဟေဠိတွေ ကို စိတ်ဝင်စားတတ်ပါတယ် ”
“ ကျွန်တော် ရောပဲ . . . . . ဒါဆို အဖော်ရပြီပေါ့၊ အင်တာနက်ထဲက ပဟေဠိကလေးရှာပြီး ရွှေရေး ကို ပဟေဠိ အဖြေညှိ တာပေါ့နော် ”
ပြန်ခါနီး မှာ သူက ရွှေရေး ကားအထိ အတူလိုက်လျှောက်လာပြီး ကားတံခါး ဖွင့်ပေးတာ ပြန်ပိတ်ပေးတာမျိုး လုပ်ပေးသေးသည်။ ရွှေရေး ကားထွက်လာသည့်အထိ သူ ရပ်စောင့်ကြည့်ကာ ကျန်ရစ်ခဲ့၏ ။
ကိုးနာရီအတိမှာ ဖုန်းမြည် လာတာနှင့် အဲဒါ ကိုဇွဲပဲ . . . . . ဟု ရွှေရေး သေချာပေါက် တွက်လိုက်သည်။ သူ ပဟေဠိအတွက် ဆက်မယ်လို့ ပြောထားတယ်လေ။
“ ဟယ်လို . . . . ”
“ ရွှေရေး ဘာလုပ်နေလဲ . .. . ”
“ ကျွန်မ ဖုန်းစောင့်နေတာပေါ့ . . . . ”
“ ဘယ်သူ့ဆီက ဖုန်းကို စောင့်နေတာလဲ ရွှေရေး ”
“ ခဏလေး . . . . အခုပြောနေတာ ဘယ်သူလဲ ”
“ ကိုယ် ရန်မခ ပါ . . . . ရွှေရေး ။ ရွှေရေး မျှော်နေတဲ့ဖုန်းက ကိုယ့်ဆီ ကတော့ မဟုတ်လောက်ဘူး ထင်တယ်နော် ”
“ သြော် . . . . ကို ရန်မခ လား။ ပြောလေ၊ ကျွန်မက အသိ တစ်ယောက် ကို ကိုးနာရီမှာ ဆက်မယ်လို့ ကြိုပြောထားလို့ စောင့်နေတာပါ ”
“ ကိုယ်က ဒီအတိုင်းပဲ သတိရလို့ လှမ်းဆက်လိုက်တာပါ၊ ကိုယ်ခဏလောက် ဆက်ပြောရမလား၊ ဖုန်းချပေးရမလား ”
ရွှေရေး နည်းနည်း စိတ်ရှုပ်သွားရပါ၏ ။ ခုတလောမှ သူတို့နှစ် ယောက် ဘာ့ကြောင့် ရွှေရေး ဆီမှာ တိုက်တိုက် ဆိုင်ဆိုင် ခြေချင်းလိမ်နေ ကြတာ ပါလိမ့် . . . . .။
“ ဒါဆိုရင် ဒီလိုလုပ် ကိုရန်မခ . . . . . ကျွန်မ အသိနဲ့ အရင်စကားပြော လိုက်မယ်၊ ပြီးရင် ကိုရန်မခဆီ ကျွန်မ ပြန်ဖုန်းဆက်လိုက်မယ်လေ “
“ အိုကေ . . . . ကိုယ်စောင့်နေမယ်နော် ”
ကိုရန်မခ ဖုန်ချသွားပြီးတာနှင့် mobile ကလေးက ချက်ချင်း ပြန် မြည် လာခဲ့သည်။ ဒီတစ်ခါတော့ ကိုဇွဲ . . . . . ။
“ ဟယ်လို . . . . . ”
“ ကျွန်တော် ဆက်နေတာ ကိုးနာရီကတည်းက ရွှေရေး busy ဖြစ်နေ လို့ပါ ”
“ ဆောရီးပဲ . . . . . ကိုဇွဲ၊ သူငယ်ချင်း တစ်ယောက် ရဲ့ ဖုန်းဝင်လာလို့ပါ ကဲ . . . .ပဟေဠိကလေး ပြောမယ်ဆို ”
“ တစ်ကယ် စိတ်ဝင်စားနေတာ ပါလား၊ ကဲ . . . . စပါပြီ ဗျာ ”
ရွှေရေး က စိတ်ဝင်တစား နားထောင်နေမိပါသည်။ အံ့သြစရာ အ ဖြစ်ပါပဲ။ ကိုယ်နှင့် ဘယ်လိုမှ ပတ်သက်ဖို့ အကြောင်းမရှိခဲ့သော . . . . . . အဝေးကြီးလို့ ထင်ထားခဲ့သော မြန်မာပြည် စီးပွားရေး နယ်ပယ်ရှိ အထင်ကရ ပုဂ္ဂိုတစ်ဦးနှင့် အခုလို တရင်းတနှီး ဖုန်းပြောခွင့် ရနေသော အ ဖြစ်သည် ရွှေရေး အတွက်တော့ အိပ်မက်တစ်လိုပါပင်။
“ ဒါလေးက ပဟေဠိ ဆိုတာထက် TIBETAN PERSONALITY TEST ကလေး တစ်ခုပါ ရွှေရေး ၊ အချိန်ကလေး ပေးပြီး ဖြေပေးရင် ရွှေရေး အတွက် အံ့သြစရာ ကောင်းမှာ ပါ၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်၊ မေးခွန်းက တစ်ခုတည်းပါ အဖြေတွေ က ရွှေရေး အတွက် surprise လုပ်ပေးလိမ့်မယ် ရိုးသားရမယ် အဖြေတွေ ကို အရင်မကြည့်ရဘူး၊ ကျွန်တော် ကလည်း အဖြေ တွေ ကို နောက်ဆုံးမှ ပြောမှာ ပါ၊ ကဲ . . . . . . စပြီနော်၊ ရွှေရေး ဆီမှာ စာရွက်နဲ့ ဘောပင်ကလေး အဆင်သင့်ယူထားပါ၊ အဖြေတွေ ကို စာရွက်မှာ ချရေး ဖို့ လိုလိမ့်မယ် ”
“ အိုကေ . . . . ”
ရွှေရေး က စားပွဲပေါ်က စာရွက်နှင့် ဘောပင်ကို ယူထားလိုက်ရင်း နှုတ်ခမ်းကလေးပင် စိတ်လှုပ်ရှားစွာ ပြုံးလာခဲ့သည်။
“ ရွှေရေး ခေါင်းထဲကို ပထမဆုံး ဝင်လာတဲ့အဖြေဟာ အကောင်းဆုံး ပဲနော် . . . . . ကဲ စပြီ . . . . နံပါတ်တစ် ( ၁ ) က အခု ကိုယ် ရွတ်ပြမယ့် သတ္တဝါ ငါးမျိုးကို ရွှေရေး စိတ်ကြိုက် အနှစသက် ဆုံးကို အစဉ်လိုက် ချရေး လိုက်နော်၊ နွား ကျား သိုး မြင်း ဝက် ပေါ့ ”
ရွှေရေး က သတ္တဝါတွေ ထဲမှာ အနှစသက် ဆုံးက သိုးမို့ သိုးကနေ စပြီး မြင်း နွား ကျား ဝက် ဆိုပြီး အဆင်လိုက် ရေး ချလိုက်ပါသည်။ ဘာမှန်းတော့ မသိ . . . . ။
“ ပြီးပြီလား ရွှေရေး . . . . ”
“ ဟုတ် . . . . ပြီးပြီ ”
“ ပြီးရင် ဒုတိယ မေးခွန်း လာမယ်နော်၊ အခု ကိုယ်ပြောမယ့် သတ္တဝါ တွေ အတွက် ရည်ညွှန်းတဲ့ အဓိပ္ပါယ် တစ်ခုစီ ရေး ချပေးပါဦး ခွေး ကြောင် ကြွက် ကော်ဖီ နဲ့ ပင်လယ် ”
ရွှေရေး ပိုပြီး ပြုံးလာမိသည်။ ပြုံးရင်းနှင့် ကိုယ်စိတ်ထဲရှိတဲ့ အတိုင်း ချရေး လိုက်ပါ၏ ။
ခွေး - သစ္စာရှိသော ၊ ကြောင် - ချစ်စရာကောင်းသော ၊ ကြွက် - အသည်းယားစရာ ကောင်းသော ၊ ကော်ဖီ - စိတ်ကို လန်းဆန်းတက်ကြွ စေသော ။ ပင်လယ် - စိတ်လွတ်လပ် ကြည်လင် ပျော်ရွှင်စေသော . . . . . ဟု။
“ ပြီးပြီ ကိုဇွဲ . . . . . ”
“ အိုကေ . . . . တတိယ မေးခွန်းက လူ တစ်ယောက် ကို တွေးကြည့်လိုက်၊ သူကလည်း ရွှေရေး ကို သိရမယ်၊ ရွှေရေး အတွက်လည်း အရေး ကြီးတဲ့လူ ဖြစ်ရမယ်၊ အဲ့ဒီလူတွေ ကို ကိုအခု ကိုယ်အခု ပြောမယ့် အရာင်တွေ နဲ့ တွဲ စပ်ပေးပါ အဖြေကို နှစ် ခါမထပ်စေနဲ့ နော်၊ အရောင် တစ်ရောင် အတွက် လူ တစ်ယောက် ရဲ့ နာမည် ကို ချရေး လိုက်ရုံပဲ ”
“ ဟုတ်ပြီ . . . . ပြော ကိုဇွဲ ”
“ အဝါ . . . . ”
ရွှေရေး က အဝါကို သူငယ်ချင်းတွေ ထဲက ခေးခေးနာမည် ချရေး လိုက်သည်။
“ လိမ္မော် . . . . ”
လိမ္မော်ရောင် အတွက်တော့ မေမေပေါ့။
“ အနီ . . . . ”
အနီ ကတော့ ရဲရင့်ပြီး ရွှေရေး ရဲ့ သူရဲကောင်း ဟု ရွှေရေး ထင်သော ဖေဖေပါ။
“ အဖြူ . . . . ”
အဖြူကျတော့ ရွှေရေး စိတ်ထဲ ရှပ်အင်္ကျီ အဖြူဆွတ်ဆွတ် အမြဲဝတ်လေ့ ရှိသော ကိုဇွဲ ကိုပဲ သူမသိအောင် တိတ်တဆိတ် ချရေး ထားလိုက် ပါ၏ ။
“ အစိမ်း . . . . ”
အင်း . . . . အစိမ်း အတွက်တော့ ပြန့်ပြူးစိမ်းဖန့်သော လွင်ပြင်ကျယ် တစ်ခုလို လွတ်လပ်ပေါ့ပါးမှု ကို ပေးစွမ်းနိုင်သော ကိုရန်မခပေါ့။ ကဲ . . . . ဘယ့်နှယ်ရှိစ ဘယ်လို အဖြေတွေ ထွက်လာမယ်တော့ မသိပါ။
“ ကဲ . . . . နောက်ဆုံး မေးခွန်း ကတော့ ရွှေရေး ရဲ့ အနှစသက် ဆုံး နံပါတ်တစ်ခုနဲ့ အနှစသက် ဆုံး တစ်ပတ်ထဲက နေ့တစ်နေ့ကို ချရေး လိုက်ရုံပဲ ”
အဲ့ဒါ ကတော့ ရွှေရေး အတွက် အလွယ်ကူဆုံးပါပဲ။ နံပါတ်က ၈ ဖြစ်ပြီး . . . . . နေ့ ကတော့ စနေနေ့ပေါ့။ စာသွားမရေး တဲ့ရက် အနားယူရင်း သူငယ်ချင်းတွေ စုကာ စားသောက်ဝိုင်းဖွဲ့ ပျော်ရွှင်ရသော နေ့တစ်နေ့မို့ပါ . . . . .။
“ ကဲ . . . . ပြီးပြီဆိုရင် အဖြေတွေ လာတော့မယ်၊ ဒီအဖြေတွေ ဟာ ရွှေရေး တကယ်လိုချင်တဲ့ အရာတွေ ပဲနော် နံပါတ်တစ်ရဲ့ အဖြေတွေ ဟာ ရွှေရေး တစ်ကယ် လိုချင်တဲ့ အရာတွေ ပဲနော်၊ နံပါတ်တစ်ရဲ့ အဖြေတွေ ဟာ ရွှေရေး ဘဝမှာ အဓိက အရေး ပါတဲ့ priorities တွေ ကို အဓိပ္ပါယ် ဖွင့်ဆိုထားတာပါ၊ အစဉ်လိုက်မှာ နံပါတ်တစ်ခုကို ရွှေရေး ဘာရေး ထား လဲ ”
“ သိုးပါ . . . . ”
“ သိုးရဲ့ အဓိပ္ပါယ်က ချစ်ချင်းမေတ္တာတဲ့၊ ရွှေရေး ဘဝမှာ အရေး ကြီးဆုံးက ချစ်ချင်းမေတ္တာပါ ”
“ wow . . . . ”
ရွှေရေး မျက်နှာတစ်ခုလုံး ပူနွေးရှိန်းမြသွားသည်။ အချစ်ဝတ္ထုတွေ ရေး နေတဲ့ စာရေး ဆရာမ ဆိုတော့လည်း ချစ်ခြင်းမေတ္တာ ဆိုသော အရာက ရွှေရေး အတွက် အရေး ပါ အဓိက ကျတာ မဆန်းပါဘူးလေ။
“ သိုးပြီးတော့ ဒုတိယက ဘာကိုရွေးထားလဲ ရွှေရေး ”
“ မြင်း . . . . ”
“ မြင်းရဲ့ အဓိပ္ပါယ်က မိသားစု တဲ့ ”
“ အိုး . . . ဟုတ်မှာ ပါ . . . . မိသားစု ဘဝလေးကို ကျွန်မတန်ဖိုးထားပါတယ်၊ တတိယက နွား . . . . ”
“ နွား ကတော့ အသက်မွေးဝမ်းကျောင်းမှု ကို ဖော်ညွှန်းတယ် . . . . . ရွှေရေး အတွက် တတိယမြောက် အရေး ပါသော အရာက အသက်မွေး ဝမ်းကျောင်းမှု ပေါ့၊ စတုတ္ထက ဘာလဲ . . . . . ”
“ ကျား . . . . .. ပါ”
“ ကျား ကတော့ ဂုဏ်သိက္ခာတဲ့ . . . . . နောက်ဆုံးက ဝက်ပေါ့၊ ဝက် ကတော့ ငွေကြေးပါ၊ ရွှေရေး အတွက် ငွေကြေးက နောက်ဆုံးပေါ့ . . . . .ဟုတ်လား ”
“ဟုတ်မှာ ပါ . . . . ကျွန်မ ပိုက်ဆံဆိုတာကို သိပ်မမက်မောတတ်ဘူး၊ ထိုက်တန်တဲ့ အတိုင်းအတာ တစ်ခုထိပဲ လိုချင်တယ်၊ အများ ကြီး လောဘမကြီးတတ်ဘူး၊ ငွေကြေးက လူကိုပြန်ခိုင်းတာမျိုး ဘယ်တော့မှ အ ဖြစ်မခံနိုင်ဘူး . . . . . ၊ လူက ငွေကို အသုံးချပြီး ကိုယ်ဘဝ စိတ်ချမ်း သာ ချမ်းမြေ့မှု ကို ရှာဖွေတာမျိုးပဲ ဖြစ်ချင်တယ်၊ ငွေနဲ့ ဝယ်လို့မရ တာတွေ တန်ဖိုးမဖြတ် နိုင်တဲ့အရာတွေ အများ ကြီးပါ၊ အဲဒါတွေ ကို ကျွန်မ သိအောင် ကျိုးစားတယ်၊ ပိုတန်ဖိုးထားပါတယ်၊ ဥပမာ ကိုယ့်မိဘ ပြီးတော့ မိတ်ဆွေ သူငယ်ချင်းတွေ ပေါ့ ”
“ လေးစားပါတယ် ရွှေရေး . . . . . ၊ ဒီအဖြေတွေ က ရွှေရေး ရဲ့ Personlity ကို ဖော်ကျူးပြီးသားပါ၊ အခုလို သိခွင့်ရတာ ကျွန်တော် အရမ်းပျော်တယ် ၊ တကယ်ပါ ”
“ အဖြေ ( ၂ ) ကို ပြောဦးလေ . . . . ”
“ လာမယ်လေ . . . . ကဲ “ ခွေး ” ရွှေရေး ဘယ်လို အဓိပ္ပါယ် ဖွင့်ထားလဲ ”
“ သစ္စာရှိသော . . . . ”
“ အဲဒါ ရွှေရေး ရဲ့ own personality ပါပဲ၊ ကြောင်ကိုရော ”
“ ကြောင် ကတော့ “ ချစ်စရာကောင်းသော ” လို့ ”
“ အဲဒါ ရွှေရေး ရဲ့ partner ဖြစ်လာမယ့်သူရဲ့ အရည်အသွေး ပါ ”
“ ကြွက်ကိုတော့ အသည်းယားစရာ ကောင်းတယ်လို့ ရေး ထာတယ် ”
“ ဟားဟား . . . . အဲဒါ ရွှေရေး ရဲ့ ရန်သူတွေ ရဲ့ personality ပေါ့ ”
“ မှန်လိုက်တာရှင် . . . . ကော်ဖီကိုတော့ စိတ်ကို လန်းဆန်းတက်ကြွ စေတယ်လို့ ကျွန်မ ဖြေထားတယ် . . . . ”
“ အဲဒီ အဖြေဟာ “ အချစ် ” ဆိုတဲ့ အရာကို ရွှေရေး ဘာသာပြန်ထားတဲ့ အဓိပ္ပါယ်ပါ ”
“ အိုး . . . . ”
ရွှေရေး သဘောကျစွာ ရယ်မောမိ သွားတော့သည်။ သူနှင့် ဖုန်းပြောနေရသော အ ဖြစ်ကို ရွှေရေး တကယ် နှစသက် ပျော်ဝင်လာခဲ့ မိပါသည်။ ဘယ်လောက်တော် တဲ့ လူ တစ်ယောက် လဲ မိန်းကလေး တစ်ယောက် ကို စိတ်လှုပ်ရှား ပျော်ရွှင်အောင် သူ လိမ္မာပါးနပ်စွာ ဆွဲဆောင် ညှို့မြူထားနိုင်စွမ်း ရှိသည်။ အဲဒီ အချက်ကိုတော့ ရွှေရေး အသိအမှတ် ပြုရပါမည် ။
“ ကဲ . . . . . နောက်ဆုံး ပင်လယ်ကြီးကိုရော ရွှေရေး ဘယ်လို အဓိပ္ပါယ် ဖွင့်ထားလဲ ”
“ ပင်လယ်ဆိုတာ စိတ်လွတ်လပ် ကြည်လင်ပျော်ရွှင် စေသော နေရာတစ်ခုပေါ့ ”
“ အဲဒါဟာ ရွှေရေး ရဲ့ ကိုယ်ပိုင်ဘဝကို သရုပ်ဖေါ်ထားတဲ့ အဓိပ္ပါယ် ပါ ရွှေရေး ”
“ အိုး . . . . ပျော်စရာကောင်းလိုက်တာ၊ အဖြေတွေ က အရမ်း တိုက်ဆိုင်မှု ရှိပြီး တကယ် အံ့သြဖို့ ကောင်းတယ်နော်၊ နံပါတ်သုံး အဖြေကို ကျွန်မ ပိုစိတ်ဝင်စားတယ် သိလား . . . . . . ပြောပြ ပါဦး ”
“ အဝါရောင် က ဘယ်သူလဲ ရွှေရေး . . . . ”
“ ကျွန်မ သူငယ်ချင်း တစ်ယောက် ပါ ခေးခေးတဲ့ ”
“ အဲဒါ ရွှေရေး ဘယ်တော့မှ မမေ့မယ့် သူ တစ်ယောက် ပေါ့ ”
“ မှန်ပါတယ် . . . . ကျွန်မရဲ့ သူငယ်ချင်းတွေ ထဲမှာ ကျွန်မအပေါ် နားလည်မှု အရှိဆုံးနဲ့ အချစ်ရဆုံးပဲ ”
“ လိမ္မော်ရောင် ကရော . . . . ”
“ မေမေပါ . . . . ”
“ အဲဒါ ရွှေရေး အတွက် အစစ်မှန်ဆုံး သူငယ်ချင်းလို့ ရွှေရေး လက်ခံထားတဲ့ သူပါ ”
“ ဟုတ်တယ် . . . . အရမ်းမှန်တယ်၊ မေမေက ကျွန်မ ဘဝရဲ့ အစစ်မှန်ဆုံး သူငယ်ချင်းပါ၊ ရင်ဖွင့်ချင်သမျှ စိတ်ချလက်ချ ယုံယုံ ကြည်ကြည်နဲ့ ရင်ဖွင့်လို့ရတယ်၊ ဘဝရဲ့ အောင်မြင်မှု တွေ ပျော်ရွှင်စရာ ကြေကွဲစရာ စိတ်အားငယ်စရာတွေ အားလုံးကို ကျွန်မနဲ့ အနီးကပ်ဆုံး မျှဝေခံစား ပေးနိုင်စွမ်း ရှိတာ ကျွန်မရဲ့ မေမေပဲ ”
“ ရွှေရေး နဲ့ ကျွန်တော် ဒီအဖြေခြင်း တူတယ်ဗျ၊ အဖြူရောင် ကရော ဘယ်သူများ လဲ ”
“ ဟင့်အင်း . . . . . မပြောပြဘူး၊ ဒါပေမယ့် အဖြေကိုတော့ ကျွန်မ သိချင်တယ် ”
ရွှေရေး က အဖြူရောင် ကို သူ့အတွက် ရွေးထားတာကိုး။ အဲဒီ တဒင်္ဂလေးမှာ ရွှေရေး ၏ နှလုံးသားကလေး တလှပ်လှပ် ခုန်နေမှန်း ကိုယ့်ဘာသာကို သတိထားမိပါ၏ ။
“ သြော် . . . . . ဒီလိုလား ၊ ကျွန်တော် မသိစေချင်တဲ့ လူ တစ်ယောက် ဆိုပါတော့ ၊ ဟုတ်ပြီလေ . . . . . ရွှေရေး ရဲ့ လျှို့ဝှက်ချက်ကို ကျွန်တော် မမေးတော့ပါဘူး၊ အဲဒီ လူဟာ ရွှေရေး ရဲ့ twin souls ပါ၊ နှစ် ကိုယ့်တစ်စိတ်လို့ ခေါ်မလား၊ စိတ်ချင်း သိပ်နီးကပ် ဆက်သွယ်နေတဲ့ လူပေါ့ . . . . ”
ရွှေရေး တိတ်ဆိတ်စွာ ပင် နှုတ်ခမ်းကလေးကို အသာအယာ ကိုက်ထားမိသည်။ အဲဒါဟာ တစ်ကယ်ပဲလား။
“ ဟာ . . . . ကျွန်တော် အနီရောင် အတွက် အဖြေကျန်ခဲ့တယ်၊ အနီရောင် ကရော ရွှေရေး ဘယ်သူ့ကို ညွှန်းတယ်ဆိုတာ ကျွန်တော် သိခွင့်ရှိရဲ့ လား ”
“ အင်း ရှိပါတယ် . . . . . အဲဒါ ကျွန်မရဲ့ ဖေဖေပါ၊ ကျွန်မရဲ့ Hero ပေါ့ ”
“ ဟုတ်ပြီ . . . . အဲဒါ ရွှေရေး တကယ်ချစ်တဲ့သူပါ ”
“ အစိမ်း ကရော . . . . ”
“ အစိမ်းအတွက် လူ ကတော့ ရွှေရေး ဘဝ တစ်လျှောက်လုံးမှာ အမြဲတမ်း သတိတရ ရှိနေမယ့်သူပါ . . . . . ဘယ်သူလဲလို့ ကျွန်တော် မမေးတော့ပါဘူးနော် ”
သူက အလိုက်တသိ ပြောပါသည်။ အဲ့ဒါ ကိုရန်မခ ပေါ့ကွယ်။ သူ့ကို ရွှေရေး ဘဝတစ်လျှောက် အမြဲ သတိတရ ရှိနေရမယ် တဲ့လား ။
“ အဖြေလေးကတာ့ ရွှေရေး ရဲ့ အနှစသက် ဆုံး နံပါတ်အတိုင်း လူတွေ ဆီ ဒီ message ကို ပို့ပေးနိုင်ရင် ဒီမေးခွန်းတွေ ကို မဖြေခင်မှာ ရွှေရေး ကို ဆုတောင်းတစ်ခု တောင်းခိုင်းထားတယ် အဲဒီ ဆုတောင်း ပြည့်မယ့်နေ့ဟာ ရွှေရေး ချရေး ထားတဲ့ နေ့ပဲ ဆိုပါတော့၊ တကယ်တော့ e - mail ကနေ message ပို့ပြီး ဝေရတာ ပါ၊ ဒီ message ကလေးကို အခု ရွှေရေး ဆီ ကျွန်တော် e - mail လုပ်လိုက်မယ်၊ ဖုန်နဲ့ လှမ်း လုပ်တာက ကျွန်တော် လူလည်ကျတာပါ၊ ရွှေရေး ရဲ့ PERSONALITY ကို သိချင်တာလည်း ပါပါတယ် ”
“ သြော် . . . . စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ကျွန်မဆီ e - mail ပို့လိုက်ပါ ကျွန်မ စာထဲ ထည့်ရေး ချင်လို့ အဖြေတွေ က တကယ် အံ့သြဖို့ ကောင်းတယ်နော် အခုလို စိတ်ဝင်စားစရာ ကောင်းတဲ့ moment ကလေးကို ဖန်တီးပေးတဲ့ အတွက် ကျေးဇူးပါ ကိုဇွဲ . . . . .”
“ ကျွန်တော် က တင်ရမှာ ပါ . . . . နောက်လည်း ရွှေရေး အတွက် Internet ထဲက အတိုအထွာ၊ စိတ်ဝင်စားစရာ ကလေးတွေ ကျွန်တော် ရှာဖွေ မျှဝေပေးပါ့မယ်၊ ရွှေရေး က စာရေး ဆရာမ တစ်ယောက် ဆိုတော့ ဒါမျိုး ဗဟုသုတ ကလေးတွေ လိုအပ်တယ်လေ ”
“ ဟုတ်ပါတယ် . . . . . အခုတော့ ကိုဇွဲ လိုလူ တစ်ယောက် နဲ့ ခင်မင်ခွင့် ရလိုက်ပြီ ဆိုတော့ ကျွန်မအတွက် knowledge bank ကြီးတစ်ခုနဲ့ တွေ့ ရသလို ပေါ့နော် ”
“ အခုလို အားကိုးတဲ့အတွက် ဝမ်းသာပါတယ်ဗျာ၊ ရွှေရေး နားတွေ ပူကုန်ပြီလား mobile နဲ့ ပြောတာဆိုတော့လေ၊ ဖုန်းနားထောင်တိုင်း ဘယ်ဖက်နားနဲ့ ပဲ နားထောင်ရတယ်နော်၊ ကော်ဖီကိုဆိုရင် တစ်နေ့နှစ် ခွက် မသောက်သင့်ဘူး ဆေးသောက်တဲ့အခါ ရေအေးနဲ့ မသောက်ရဘူးတဲ့၊ healthy tip ကလေးတွေ ပါ၊ ရေကို မနက်တိုင်း များများ သောက်ပြီး ညဘက်မှာ နည်းနည်း ပဲ သောက်ရတယ်၊ ညနေ ငါးနာရီကျော်ပြီရင် အစာတွေ အများ ကြီး မစားသင့်တော့ဘူး ”
“ ပြောပြထားပါဦး . . . . ကိုဇွဲ သိထားတာတွေ ”
“ ဖုန်း ဘက်ထရီသွင်းရင် CHARGERS တွေ နဲ့ ဝေးဝေးမှာ နေရတယ်၊ handphones တွေ earphones တွေ ကို အကြာကြီး မသုံးသင့်ဘူး အကောင်းဆုံး အိပ်ချိန်က ည ဆယ်နာရီကနေ မနက် ခြောက် နာရီပါ၊ ရွှေရေး ရဲ့ ဘက်ထရီက နောက်ဆုံး တစ်တုံးလောက်ပဲ ကျန်တဲ့အထိ နည်းနေပြီ ဆိုရင် ဖုန်းမပြောနဲ့ တော့၊ ဘယလို့လဲဆိုတော့ radiation က အဆတစ်ထောင် ဖြစ်နေလို့။ ပြီးတော့ . . . . . မအိပ်ခင် ဆေးသောက်တဲ့အခါ ဆေးသောက်ပြီးတာနဲ့ ချက်ချင်း လှဲမအိပ်လိုက်ရ ဘူးတဲ့ ”
“ သိထာသင့်တာ ကလေးတွေ ပေါ့ . . . . .၊ ကိုဇွဲက တကယ် တော် ပါ့လား၊ ဒါကြောင့် လည်း KZB Group ရဲ့ CEO ဖြစ်နေတာ အံ့သြစရာ မဟုတ်တော့ဘူး၊ ”
“ အဲဒီ လောက်လဲ မဟုတ်ပါဘူးဗျာ၊ ကျွန်တော် က စိတ်ဝင်စားလို့ကို ဗဟုသုတ မှန်သမျှကို လိုက်ရှာနေတာပါ၊ ခုတော့ share လုပ်ရမယ့်သူ ရွှေရေး ရှိလာပြီဆိုတော့ ပိုပြီး စိတ်ဝင်တစား ရှာ ဖြစ်တော့မှာ ပါ၊ မနက်ဖြန် ဒီလိုအချိန်မျိုး စိတ်ဝင်စားမယ်ဆိုရင် ကျွန်တော် သွေးအုပ်စုတွေ နဲ့ သူတို့ရဲ့ PERSONALITY ကိုပြောပြမယ်လေ ”
“ ဟုတ်ကဲ့ . . . . . ကျွန်မ စိတ်ဝင်စားတာပေါ့ ”
“ အိုကေ . . . . ကျွန်တော် မနက်ဖြန် ည ကိုးနာရီအတိမှာ ရွှေရေး ဆီ ဆက်မယ်နော်၊ အခုတော့ အနားယူလိုက်ဦး၊ စောစော အိပ်ယာဝင်နော် ဆယ်နာရီကနေ ခြောက်နာရီ အထိလောက်တော့ အိပ်ပါနော် ”
“ ဟုတ်ကဲ့ပါရှင် .. . . . . ဒီနေ့ အတွက် ဗဟုသုတ တွေ အတွက် ကျေးဇူးပါ ”
“ you're very welcome ပါ ရွှေရေး . . . . ”
ရွှေရေး ဖုန်းချလိုက်တော့ ဆယ်နာရီ ထိုးတော့မယ် ကြည့်စမ်း . . . . . သူနဲ့ တစ်နာရီနီးနီး ဖုန်းအကြာကြီး ပြောနေမိခဲ့တာ ပါလား။ အချိန်တွေ ဘယ်လိုကုန်သွားမှန်း မသိအောင် သူက ဆွဲဆောင် သိမ်းညှို့ယူထာခဲ့ခြင်းကို ဝန်မခံ၍ မရ။
ည အိပ်ယာမဝင်ခင် ရန်မခဆီ ဖုန်းပြန်ဆက်ဖို့ ကတိပေး ထားခဲ့သည်မို့ နားပူတာကို အသာထားပြီး ကိုရန်မခဆီ ဖုန်းပြန်ခေါ် ရသည်။
“ ဟာ . . . . ကြာလိုက်တာကွာ၊ ကိုယ် စောင့်နေတာ တစ်ကမ္ဘာ လောက် ကြာတယ်၊ ပွားလှချည်လား ရွှေရေး ရယ်၊ ဘယ်သူနဲ့ မို့ ဒီလောက် အကြာကြီး ဖုန်းကျွေးနေရတာ လဲ၊ ကိုယ်စောင့်ရတာ စိတ် မရှည်လို့ ခဏခဏ ဖုန်းပြန်ခေါ်ကြည့်သေးတယ်၊ လုံးဝ busy . . . . ၊ ရည်းစားတော့ မဟုတ်ပါဘူးနော် . . . . . . ဟုတ်တယ်မှလား ”
ဖုန်းစ ဖြေဖြေချင်း သူ တရစပ် လွှတ်လိုက်သော စကားတွေ ဖြစ်သည်။ ခင်မင်တာ မကြာလှသေးပေမယ့် သူ့ပြောပုံက သူငယ်ချင်း အရင်းအချာ တွေ ပမာ တရင်းတနှီး။ ရွှေရေး အသံထွက်အောင်ပင် ရယ်မိပါ၏ ။
“ ဆောရီးပါ ကိုရန်မခရယ် . . . . . ၊ အရမ်းစိတ်ဝင်စား ဖို့ကောင်းတဲ့ PESONALITY TEST တစ်ခု လုပ်ကြည့်နေလို့ပါ ”
“ လူကရော စိတ်ဝင်စားဖို့ ကောင်းရဲ့ လား . . . . ”
“ အင်း . . . . စိတ်ဝင်စားဖို့ ကောင်းပါတယ် ”
ရွှေရေး အမှန်အတိုင်း ဝန်ခံလိုက်ချင်း ဖြစ်ရာ သူ့ဘက်က စက္ကန့်ပိုင်းမျှ အသံတိတ်သွားခဲ့ပါသည်။ ပြီးမှ . . . . .
“ ကိုယ့်ကို အဲဒီ PESONALITY TEST အကြောင်း ပြန်ပြောပြ ပါလား ” တဲ့ . . . . . ။
“ အိုကေ လေ . . . . အဲ့ဒါက TIBETAN PERSONALITY TEST တစ်ခုပါ ၊ မေးခွန်းက လေးခုတည်း . . . ၊ အဖြေတွေ က အံ့ဩဖို့ကောင်းတယ် ၊ စိတ်ဝင်စားစရာ ကောင်းတယ် ကိုရန်မခ လက်ထဲမှာ စာရွက်နဲ့ ဘောလ်ပဲန်တစ်ချောင်း အဆင်သင့်ယူထားနော် ၊ အဖြေတွေ ကို စာရွက်ထဲမှာ ချရေး ရမှာ ”
“ အင်းဟင် . . . ”
သူ့ဘက်က စိတ်ဝင်တစားဟန် . . . ။ ရွှေရေး ဘက်ကလည်း တက်တက်ကြွကြွ ။ ရွှေရေး ရှေ့မှာ Lap Top ကလေးဖွင့်ထားခဲ့သည်မို့ ကိုဇွဲဆီက ချက်ချင်း mail ဝင်လာသဖြင့် ပိုပြီးတော့ အဆင်ပြေ သွားပါသည် ။ နောက်ထပ် လေးဆယ့်ငါးမိနစ် လောက်ကြာအောင် ရွှေရေး သူနှင့် ဖုန်းပြော ဖြစ်သွားခဲ့၏ ။ သတိထားပြီး ဖုန်းကို ဘယ်ဘက်နားနှင့်ပဲ ကပ်ပြောနေခဲ့တာမို့ ဘယ်ဘက်နားတစ်ခုလုံး ထူပူအူဝေလာသည်အထိပင် ။ Mobile ကလေး၏ ဘက်ထရီအတုံးနည်းလာတော့မှ ရွှေရေး စကားဖြတ်ကာ ဖုန်းချရသည် ။ ပြီးတော့ ဖုန်း charging သွင်းတာကို ရွှေရေး ကုတင်ဘေးက ပလပ်ပေါက်မှာ အမြဲသွင်းနေရာကနေ အခန်းထောင့်ခပ်ဝေးဝေးဆီသို့ ပြောင်းရွှေ့လိုက်သည် ။ ခေါင်းထဲ နည်းနည်း ကိုက်ချင်လာသည်မို့ ပါရာစီတမောလ် သောက်သည့်အခါ ရေအေးအေးနှင့် မသောက်ဖို့ သတိတရရှိစွာ . . . ဆေးသောက်ပြီးပြီးချင်း အိပ်ရာပေါ် လှဲမချဖို့ကိုလည်း မမေ့လျော့ပါ ။
![]() အဖြူရောင်မြစ်တစ်စင်းရဲ့လျှို့ဝှက်ချက် | ![]() မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏ | ![]() ချစ်သူက ပြဌာန်းတဲ့ ချစ်ခြင်းယဉ်ကျေးမှု |