အခန်း (၁)
၁၉၄၈ ခုနှစ် ၏ လွတ်လပ်သော မြန်မာလူမျိုးများ ၏ အနာဂတ်များ စတင်သော အချိန်တွင် မျှော်လင့်ချက်များ တက်ကြွမှု များ ငြိမ်းချမ်းမှု များ ကြားသို့ မိန်းကလေး တစ်ယောက် ရောက်ရှိလာခဲ့ပါ သည်။ မိန်းကလေးရောက်ရှိလာပုံမှာ ဘာမှအဆန်းတကြယ်မရှိပါ။ မိခင်ရဲ့ ၀မ်းဗိုက်ထဲကနေ လူ့ လောကထဲသို့ စတင်နှုတ်ခွန်းဆက်ငိုကြွေးခြင်းဖြင့် ရောက်ရှိလာခဲ့ခြင်းသာ ဖြစ်သည်။
မိန်းကလေးရောက်ရှိလာသော အချိန်မှာ ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့ ညသန်းခေါင်ယံ အချိန် ဖြစ်ပြီး သူမ ရောက်ရှိရာနေရာကလေးမှာ ညောင်ဦးမြို့ရဲ့ တဲပုတ်ကလေးတစ်ခုအတွင်းမှာ ဖြစ် သည်။ မွေးကင်းစနီတာရဲကလေးကလွဲပြီး ဘာမှထူးခြားစိတ်ဝင်စားဖွယ်မရှိသော မိန်းကလေးသည် ကြီးပြင်းလာသော အခါ လူတွေ မထင်မှတ်သော အ ဖြစ်အပျက်များ ဖြင့် ဆန်းကြယ်မှု များ အလွန်ပေး တတ်သော မိန်းကလေး တစ်ယောက် ဖြစ်လာလိမ့်မည် ဟု ဘယ်သူကမှ မမျှော်လင့်ခဲ့ကြပါ။
‘ဒီမိန်းကလေးဟာ ကျုပ်မွေးလာသမျှကလေးတွေ နဲ့ တကယ်မတူပါဘူးတော် ၊ နီနီရဲရဲ ချစ်စရာ ကလေးတွေ နဲ့ တကယ်မတူပါဘူးတော် နီနီရဲရဲ ချစ်စရာကလေး ကြီးရင် သိပ်လှမယ်ထင်တယ်’
ဟု လက်သည်မိန်းမကြီးက တစ်ချက်အော်လိုက်သည်။ ပြီးတော့ တဲပုတ်ကလေးအတွင်းမှာ အားလုံးငြိမ်သက်တိတ်ဆိတ်သွားတော့သည်။
မိန်းကလေးရဲကအဖေအမေသည် မိန်းကလေးရောက်ရှိလာခြင်းအတွက် သိပ်ထူးထူးကဲကဲ မခံ စားကြပါ။ မြန်မာစစ်စစ်များ ပီပီ ရိုးသားသည်။ မျိုသိပ်သည်။ စကားအပိုအလိုများ မပြောတတ်ပါ။ အမေ က နာကျင်မှု တွေ ချွေးသီးချွေးပေါက်တွေ အမောတွေ ကြားကနေ တစ်ချက်မျှပြုံးပြီး ပြန်မှိန်းသွားသည်။
အဖေက တိတ်ဆိတ်စွာ ဖြင့် ကလေးမလေးကို တစ်လှည့် မိန်းမကိုတစ်ချက်လှည့်ကြည့်ကာ ကျေကျေနပ်နပ်ပြုံးကာ တစ်ချက်သမ်းဝေလိုက်သည်။ သမီး ဟု ခပ်တိုးတိုးခေါ်ကြည့်သည်။ ဘယ်လို နာမည် ပေးရမလဲဟု တိတ်ဆိတ်စွာ စဉ်းစားနေသည်။ စဉ်းစားမရတဲ့အဆုံး ပြန်အိပ်ဖို့ ကြိုးစားသည်။
မနက်မိုးလင်း အာရုံတက်မှ ခေါင်းထဲပေါ်လာတဲ့နာမည် ကောက်ပေးလိုက် မည် ။
ဘာပဲ ဖြစ် ဖြစ် သမီးကလေးကို ဆင်းရဲတွင်းမနက်စေချင်။ ပညာနည်းပါးအသိဥာဏ်မရှိသူ မ ဖြစ်စေချင်။
အဖေတို့ဘ၀က သိပ်ကိုကြမ်းတမ်းပြင်းထန်လွန်းပါတယ် သမီး။
သမီးကလေးက တကယ့်ကို အဖြူသက်သက်ကလေးပါ။
လူတွေ အားလုံး ရှုပ်ထွေးကာ ယောက် ယက်ခတ်နေသည်။ ဆေးရုံတစ်ခုလုံးရှိသမျှ သူနာပြု တွေ အကုန်လုံး ဂရုတစိုက်ရှိကြသည်။ ဆရာဝန်ကြီးကိုယ်တိုင်ရဲ့ ဇနီးသည်၊ မီးဖွားရေး ကိစ္စ ဖြစ်သော ကြောင့် သူတို့အားလုံးတွင် တာဝန်ရှိသည်ဟု ယူဆကြပါသည်။
‘ယောက်ျားလေး သားလေး သားလေး’
ကလေးငိုသံ ကျယ်ကျယ်လောင်လောင်ထွက်လာမှပဲ အားလုံးရဲ့ မျက်နှာပေါ်မှာ အပြုံးတွေ သီးလာတော့သည်။
‘တစ်လုံးတစ်ခဲကြီးရှင် သိပ်ချောမယ့်ကလေးလေး ဒီဆေးရုံမှာ အချောဆုံးကလေးလေး’
‘ဆရာကတော် သက်သက်သာသာနေနော် ဘာလိုသလဲ လိုတာအားလုံးပြောပါ ကျွန်မတို့ လုပ် ပေးပါ့မယ်’
‘သားလေး သားလေး မေမေ့သားလေ နှစ် ဘက်အဘိုးအဘွားရဲ့ အသည်းကလေး ဖြစ်မှာ ဒါ တစ်ဦးတည်းသော သားကလေးလေ’
‘စုစု ဒီမှာ ကိုကိုရှိနေတယ် သားက ကိုးပေါင်တောင်ရှိတယ်ဗျာ ၀တုတ်ခဲကြီး စု အနားယူလိုက် ဦး ဒီမှာ ဒက်ဒီတို့မာမီတို့ဆီက ပန်းခြင်းတွေ သစ်သီးခြင်းတွေ ပို့ကြတယ်။ ဆုတောင်းစာတွေ ရောပေါ့။ ဘုရားသခင်က ကိုယ်တို့အတွက် ချစ်စရာသားကလေးဖန်ဆင်းပေးတော် မူတယ်ကွယ်။ ကိုယ်ဖြင့် သိပ် ပျော်တာပဲ ဘုရားသခင်ကိုရော စုကိုပါ ကိုယ် ကျေးဇူးတင်ပါတယ်’
‘ဘုရားသခင်က သားလေးကို စောင့်ရှောက်တင်မှာ ပါ ကိုကို’
သားရဲ့ ဒက်ဒီနဲ့မာမီသည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ကြည်ကြည်နူးနူး ပြုံးကြ သည်။ ဒက်ဒီက မာမီ့လက်ကို အင်အားအပြည့်ဖြင့် ဆုပ်ကိုင်ထားသည်။ လက်ထဲမှာ ကြင်နာခြင်းတွေ နွေးထွေးနှစ် လိုခြင်းတွေ ပါသည်။
ခြေရင်းကနေ ကလေးမွေးထားတဲ့ ဒဏ်ရာကို သေသေသပ်သပ် ဖြစ်အောင် ပြန်ချုပ်ပေးနေ သော ဆရာဝန်ကလေးက ဆေးရုံအုပ်ဆရာဝန်ကြီးရဲ့ အရှိန်အ၀ါကြောင့် သာ မရယ်မိအောင် မနည်း မျိုသိပ်ထိန်းချုပ်နေရသည်။ စိတ်ထဲ ကတော့ အလွန်ရယ်ချယ်လေသည်။ ဆရာဝန်ကြီးနဲ့ ဆရာကတော် တို့ရဲ့ အ ဖြစ်သည်းအကဲပိုလွန်းမှု ကြောင့် ဖြစ်သည်။
ဆုတောင်းအလွှာတွေ ပန်းခြင်းတွေ သစ်သီးခြင်းတွေ ကလေးအတွက်လက်ဆောင်တွေ စား စရာအလျှံပယ်တွေ သီးသန့်ခန်းအတွင်းမှာ ပြည့်လျှံနေသည်။
ကောင်ကလေးကို သိပ်ကံကောင်းတဲ့ကလေး၊ လာခြင်းကောင်းတဲ့ကလေးဟု လူတကာက အသံကျယ်ကျယ်ဖြင့် ရေရွတ်ကြသည်။
ဒီကလေးရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ တော့ ကံကောင်းခြင်းတွေ လူတကာရဲ့ ချစ်ခင် အလိုလိုက်မှု တွေ ထိပ်ဆုံးရောက်မှု တွေ လိုချင်တာတွေ လိုတရမှု တွေ နဲ့ ပြည့်စုံနေမှာ ပဲဟု ဆရာဝန် ကလေးက တွေးကြည့်ပါသည်။
‘သားသား နာမည် ကို ဒက်ဒီက သံလွင်လို့ မှည့်ပေးစေချင်တယ်တဲ့ အမြဲမပြတ် စီးဆင်းရှင်သန် နေမယ့် မြစ် သံလွင်’
‘ဘုရားရေ သိပ်ကောင်းတဲ့နာမည် ပဲ ကိုကိုသံလွင် သံလွင်’
‘တစ်လပြည့်တဲ့နေ့မှာ သားကလေးကို ချာ့(ခ်ျ)မှာ ခေါင်းဆေးမင်္ဂလာပွဲကျင်းပပေးမယ် သိက္ခာ တော် ရဘုန်းတော် ကြီး ၀ီလျံရဲ့ လက်နဲ့ပေါ့ စု ရယ်’
‘သိပ်ကောင်းတာပေါ့ ကိုကို’
‘ကဲ ကဲ စုစုလေး သိပ်ပင်ပန်းသွားပြီ။ နားလိုက်တော့။ ကိုကို သားအတွက် လိုအပ်တာတွေ စီစဉ်ရဦးမယ်’
ဆရာဝန်ကြီး ခဏထွက်သွားမှ ဆရာဝန်ကလေး ရင်ထဲပေါ့ပါးသွားသည်။ ဒီလောက်ချမ်းသာ ကြွယ်ဝပြီး ဂုဏ်သရေရှိ အထက်တန်းလွှာ မိဘတွေ ရဲ့ သား တစ်ယောက် ဖြစ်ခွင့်ရတဲ့အတွက် မင်း သိပ် ကံကောင်းပါတယ် ကလေးလေးရယ်။ မင်းဘ၀ဟာ ထိပ်ဆုံးကလူပါ။ လူတကာကို မင်းက အပေါ်စီးက နေ ငုံ့ကြည့်ရမှာ ပါ။
အရေး ကြီးတာတစ်ခုက မင်းရင်ထဲကို သနားညှာတာခြင်းတွေ လူလူချင်း စောင့်ရှောက်သိ တတ်ခြင်းတွေ ၊ ကြင်နာယုယခြင်းတွေ ထည့်ထားတတ်ဖို့ လိုတာပါ။
ဆရာဝန်ကြီးရဲ့ သားမို့ မာနကြီးမောက်မာခြင်းတွေ ၊ အဆင့်အတန်းခွဲခြားနှိမ့်ချခြင်းတွေ ၊ စော်ကားဖိနှိပ်မှု မျိုးတွေ စတဲ့အရောင် ညစ်ညစ်တွေ မင်းကလေးကို မစွန်းထင်းစေချင်ပါ။
ကလေးကို အဖြူကလေးသာ ဖြစ်စေချင်ပါသည်။
မှု န်ကုပ်ကုပ်အိမ်ကလေးအတွင်းမှာ ကလေးငိုသံသည် အလွန်တရာ ကျယ်လောင်လွန်းလှ သည်။
‘အမလေး မွေးပြီ သားကလေးတော့ ကိုဘရရင်ရယ်။ ရှင် ရှိရင်သိပ်ကောင်းမှာ ပဲ ရှင့်သား သိတ္တိ ခဲကလေးရောက်လာပြီလေ’
မိခင်က နာကျင်မှု တွေ ဖိစီးထားသော အသံဖြင့် ညည်းညူလိုက်ပါသည်။ မျက်ရည်တွေ ရော ချွေးတွေ ပါ မျက်နှာတစ်ခုလုံးမှာ ရွှဲနစ်နေသည်။ သားကလေးကို ချစ်မြတ်နိုးစွာ ကြည့်မိသည့်ခဏတွင် စိတ်ထဲက သူ့အဖေနဲ့ သိပ်တူသလို ထင်မိသည်။
သားကလေးမှာ အဖေ မရှိရှာပါ။ သနားစရာသားကလေး။ သူကြီးပြင်းလာတဲ့အခါ သားက အဖေကို တွေ့ ချင်ရှာမှာ ။ အဲဒီ အခါ အမေက ပြောပြပါ့မယ်သားရယ်။ သားရဲ့ အဖေက သိပ်ကိုသတ္တိ ကောင်းတဲ့ စစ်သား တစ်ယောက် ပါ။ ရဲရင့်ကို အင်မတန်သဘောကျချစ်ခင်တဲ့ စစ်သည်တော် တစ် ယောက် ပေါ့။ သားကို သူ သိပ်တွေ့ ချင်ရှာတာပါ။ ဒါပေမယ့် သူ တွေ့ မသွားခဲ့ရှာပါဘူး။ သားကို မြင်ရင် သူ သိပ်သဘောကျမှာ ပါ သား။ သိပ်ချစ်ရှာမှာ ပါ။
အမေက ၀မ်းနည်းစွာ ငိုကြွေးပါသည်။ သားကလေးကလည်း စူးစူးရှရှ အော်ငိုသည်။
‘အေးခင်ရယ်၊ ညည်းကလည်း မီးတွင်းထဲမှာ မငိုကောင်းဘူးဟေ့။ စိတ်အေးအေးထားမှပေါ့။ ဒီမှာ နနွင်းဖျော်ထားတယ်။ တစ်ကိုယ်လုံးလိမ်းရအောင် ညည်း လင်ကို သတိရနေမှန်း အမေသိပါ တယ်အေ။ ဒါပေမယ့် ညည်းမှာ ညည်းသားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင် ပြုစုစောင့်ရှောက်ရ မယ့်တာဝန်တွေ ညည်းမှာ ရှိပါသေးတယ် အေးခင်ရဲ့ သတ္တိရှိစမ်းပါအေ…
ကဲ ပြောစမ်း ညည်းသားကို ဘယ်လိုနာမည် ပေးမတုံး အမေ့ကို ပြောပါဦး’
အမေက သားကို တစ်ချက်ငဲ့ကြည့်လိုက်သည်။ သားရဲ့ အဖေက အင်မတန်သတ္တိကောင်း တယ်။ တိုက်ပွဲတွေ မှာ ရဲရင့်လို ရွပ်ရွပ်ချွံချွံ သတ္တိရှိရှိ တိုက်ပွဲဝင်ခဲ့တယ်။ ပြီးတော့ သူက ရဲရင့်ကို အင် မတန်ချစ်တဲ့သူ ဖြစ်သေးတာကလား။
ဒီတော့ အဖေတူမယ့်သားကို
‘ရဲရင့်လို့ နာမည် ပေးမယ် အမေ သူ့အဖေနဲ့တူမယ့်သား သတ္တိရှိမယ့်သားပေါ့’
‘အေး အေး ကောင်းတယ် ကောင်းတယ် ရဲရင့် ရဲရင့် ကောင်းပါလေ့တော် ’
အမေက သားကို ချစ်ခင်ကြင်နာစွာ ငုံ့ကြည့်လိုက်ပြန်သည်။
‘လူလေး မောင်ရဲရင့် သားဟာ မေမေ့ကို ခွန်အားတွေ ပေးပါဦး သတ္တိတွေ ပေးပါဦးကွယ်။ သားကို မေမေ သိပ်ချစ်ပါတယ်’
သားအတွက် အနှီးဖြူဖြူကလေးကို သူ့အဖေမသေခင်က ၀ယ်ပေးခဲ့သည်။
‘ကလေးတွေ ဟာ မွေးလာတဲ့အချိန်မှာ တကယ့်ကို အဖြူသက်သက်ပဲကွ ကြီးလာမှသာ အရောင် အမျိုးမျိုး စွန်းထင်းလာတော့တာ ငါ့သားကို စွန်းမယ့်အရောင် ကိုတော့ အကောင်းဆုံးအရောင် တွေ ဖြစ်စေချင်တယ်ကွာ၊ အရောင် ညစ်တွေ မ ဖြစ်စေချင်ဘူး’
လူဟာ အဖြူအတိုင်းတော့ အမြဲမနေဘူးကွ။ အသက်ကြီးလာတာနဲ့အမျှ အရောင် တွေ တမျိုး မျိုး စွန်းထင်းလာကြမှာ ပဲ အရေး ကြီးတာက ကောင်းတဲ့အရောင် စွန်းဖို့သာလိုတာ’
ဟု သားရဲ့ အဖေက ပြောခဲ့သည်။ သားရဲ့ အဖေသည် ရိုးဖြောင့်သည်။ တရားမျှတသည်။ မှန်ကန်ဖြောင့်မတ်သည်။ သတ္တိရှိသည်။
ဟုတ်ပါတယ် ကိုဘရင်ရယ်။ သားကလေးဟာ အခုတော့ တကယ့်ကို အဖြူကလေးပါ။
ထိုကလေးမသည် ထူးဆန်းကြောင်း၊ လျှို့ဝှက်နက်နဲကြောင်း၊ လူတွေ မထင်မှတ်တာတွေ အလွန်လုပ်တတ်ကြောင်း တစ်ရွာလုံးက သိလာကြသည်။
‘အဖြူဟာ လူတွေ မထင်မှတ်တာကို သိပ်လုပ်တာပဲ’
ဟု အဖေအမေက အမြဲ ညည်းညူရတတ်သည်။ အထူးဆန်းဆုံး ကတော့ ညောင်ဦးသူ ဖြစ်ပါ လျက် ညောင်ဦးသူနှင့် မတူဘဲ ဆံပင်နီနီ မျက်လုံးပြာပြာများ နှာတံချွန်မြမြ နှုတ်ခမ်းဖူးကြွကြွ လှလှပပ ကလေး ဖြစ်လာခြင်းပင် ဖြစ်သည်။ ဆံပင်နီနီခွေခွေကွေးကွေး ကလေးများ သည် မြင်ရသူတိုင်းကို အံ့သြ စေသည်။ မြန်မာစစ်စစ်မိဘတွေ က မွေးခဲ့သော ညောင်ဦးသူကလေးက မြန်မာရုပ်လုံးဝ မပေါက်ဘဲ နိုင်ငံခြားသူရုပ်ပေါက်နေခြင်းပင် ဖြစ်သည်။ ဘုန်းဘုန်း ကတော့ သေချာပေါက်ပြောခဲ့သည်။
‘ဒီကလေးမ လူဝင်စားတာဟဲ့ စစ်အတွင်းက သည်မှာ လေယာဉ်ပျက်ကျသလား ဗုံးမှန်သလား တစ်ခုခုနဲ့သေခဲ့တဲ့ ဥရောပသား တစ်ယောက် ဘာလူမျိုးလဲတော့ ဘုန်းကြီးအတပ်မပြောနိုင်ဘူး’
ကလေးမ၏ အသားရောက်မှာ လည်း ထူးဆန်းသည်။ နေလောင်သဖြင့် ကြေးနီရောက် ပျားရည်ရောင် သမ်းနေသော်လည်း မူလပင်ကိုယ်အရောင် မှာ ဆင်စွယ်နှစ် ရောင် မှာ ပန်းသွေးသမ်း သော အရောင် ဖြစ်သည်။
အဖြူသည် တခြားကလေးတွေ နဲ့ မတူပါ။ တခြားကလေးတွေ လုပ်ရိုးလုပ်စဉ်ကစားနည်းများ ကို မကစားပါ။ စကားလည်း သိပ်များများ မပြောပါ။ လျှို့ဝှက်နက်နဲသော မျက်ဝန်းပြာများ သည် ပန်းချီဆွဲဖို့ ကိုသာ စိတ်ဝင်တစား ဆန္ဒပြင်းပြလေသည်။ သူများ ကလေးတွေ လို ကစားခုန်စားကို မမက်မောပါ။ အဖြူသည် ဘုန်းဘုန်းကို အလွန်ချစ်သည်။ ဘုန်းဘုန်းသင်ပေးသော စာတွေ ကို အလွန်အမင်း စိတ်ဝင် စားစွာ သင်ယူသည်။ ဥာဏ်လည်း အလွန်ထက်မြက်ကာ သိလွယ်မြင်လွယ်လွန်းသည်။ သိချင်တာ တွေ လည်း အလွန်များ သည်။
‘တပည့်တော် မကို စာတွေ အများ ကြီး သင်ပေးပါဘုရား၊ တပည့်တော် မ ပညာတတ်ကြီး ဖြစ်ချင်ပါတယ်ဘုရား’
‘အိမ်း အိမ်း ဘုန်းကြီးသိပါတယ်ကွယ် ဒကာမလေးကို ဘုန်းကြီးကျောင်းထားပေးမယ်။ ပညာ ပါရမီဖြည့်ပေးမယ်။ ဒကာမလေးက စာသာကြိုးစား ဘုန်းကြီး စာအုပ်တွေ အများ ကြီးဖတ်ချင်တယ်ဆို တစ်နေ့တော့ ဖတ်ရမယ် ကြားလား’
ဘုန်းဘုန်းက အဖြူကို အလွန်သံယောဇဉ်ရှိပါသည်။ လိမ္မာသိတတ်လွန်းပြီး ထက်မြက်သော အရွယ်နဲ့မလိုက်အောင် အသိဥာဏ်အားကောင်းလွန်းသော ကြောင့် ဖြစ်သည်။
‘အဖြူဟာ ဘုန်းကြီး သမီးဟေ့။ ငါ သူ့ကိုမွေးစားတယ်။ သူ ပညာတတ် ဖြစ်စေရမယ်။ ဒီရွာမှာ ဒီမိန်းကလေးအတော် ဆုံး’
ဟု ဘုန်းဘုန်းက ချီးမြှော က်ပါသည်။ အဖြူက ဘုန်းဘုန်းရဲ့ ပုံတူပန်းချီကို အရွယ်နှင့် မလိုက် အောင် ဆွဲပေးတတ်ပါသည်။ ကျောက်သင်ပုန်းနှင့် ကျောက်တံသည် အဖြူရဲ့ အကောင်းဆုံးအဖော်မွန် ဖြစ်သည်။ အဲဒီ ပစ္စည်းတွေ ရှိနေရင် အဖြူအဖို့ ဘာမှမလိုအပ်ပါ။ ထမင်းဟင်းတောင် မေ့လျော့တတ် လေသည်။
အဖြူသည် ဘုန်းကြီးကျေးဇူးဖြင့် ပညာသင်ခွင့်ရခဲ့ပါသည်။
မိဘတွေ က အံ့သြကြသည်။ ရွာမှာ ဘယ်ကလေးမှ ပညာမသင်ချင်ကြပါ။ ဧရာဝတီမြစ်ထဲမှာ ငါးဖမ်းတဲ့အလုပ် ဒါမှမဟုတ် ဈေးရောင်းတဲ့အလုပ် ဒါမှမဟုတ် ပုန်းရည်ကြီးချက်အိမ်တွေ မှာ လုပ် ဒါမှ မဟုတ် ယွန်းထည်အလုပ်လုပ် စသဖြင့် မိဘတွေ နဲ့ အလုပ်အတူတူလုပ်ကြပါသည်။
အဖြူက ယွန်းထည်မှာ ပန်းချီဆေးခြယ်ရတာ ကိုတော့ စိတ်ဝင်စားသည်။ ဒါပေမယ့် သူမ ပို သဘောကျတာက စာတတ်ဖို့ ဖြစ်သည်။
‘တပည့်တော် အင်္ဂလိပ်စာ သင်ချင်ပါတယ်ဘုရား။ ပြီးတော့ ပုဂံဘုရားတွေ အကြောင်း သိချင်ပါ တယ်’
ဟု သူမက ပြောခဲ့သည်။ ဘုန်းကြီးက အဖြူကို အင်္ဂလိပ်စာသင်ပေးခဲ့ပါသည်။ ပြီးတော့ ပုဂံ ဘုရားတွေ အကြောင်း စိတ်ပါလက်ပါ ပြောပြသည်။
‘ဒကာမလေးက ဘာ ဖြစ်ချင်တာတုံး’
‘ပညာတတ်ချင်တာပါဘုရား’
ဟု အမြဲဖြေသည်။ အင်္ဂလိပ်စာကို စိတ်ဝင်တစား သင်ယူလေ့လာသည်။ ပုဂံဘုရားတွေ အကြောင်း အင်္ဂလိပ်လိုပြောတတ်အောင် လေ့ကျင့်သည်။ အရွယ်နှင့် မလိုက်ဖက်အောင် သိချင်စိတ် ပြင်းထန်စူးရှသဖြင့် ဆရာတော် က သင်ပေးရကျိုးနပ်သည်။ အဖြူသည် စာအလွန်တတ်လွယ်ပါသည်။ တစ်ခါတစ်ခါ ဘုန်းကြီးကိုယ်တိုင် မယုံကြည်နိုင်လောက်အောင် တအံ့တသြ ဖြစ်ရလောက်အောင် အဖြူ က တတ်ကျွမ်းလွယ်ပါသည်။
တစ်ခါတစ်ခါ အဖြူ ပျောက်ပျောက်သွားတတ်သည်။ မိဘတွေ က မေးတဲ့အခါ ပုဂံဘုရားတွေ ဆီသွားတာဟု ခပ်အေးအေးအဖြေပေးသည်။ ညောင်ဦးကနေ ပုဂံဘုရားတွေ ဆီ သူမသည် မြင်းလှည်း ကြုံလိုက်သွားတတ်သည်။ ပုဂံဘုရားတွေဲ့ ပုံတူတွေ ဆွဲယူလာတတ်သည်။
အသက်ဆယ့်နှစ် နှစ် အရွယ်တွင် အဖြူသည် ပုဂံဘုရားတော် တော် များများ အကြောင်းကို သိမြင်နေပြီ။ ပုံတူပန်းချီဆွဲတတ်နေပြီ။ ပုဂံဘုရားသမိုင်းတွေ ကို အင်္ဂလိပ်လို ပြောတတ်နေပြီ။ အဖြူကို ကလေးများ ရော လူကြီးများ ကပါ အံ့သြကြသည်။
ဆန်းကြယ်သော မိန်းကလေးလို့ ယူဆကြသည်။ လောကတွင် အဖြူမလုပ်နိုင်တာ ဘာမှမရှိ ဟု ထင်မှတ်ကြသည်။ အဖြူသည် ကလေးတွေ အတွက် သူရဲကောင်း ဖြစ်သည်။ လူကြီးတွေ အတွက် အဆန်းတကြယ် ကလေးမ တစ်ယောက် ဖြစ်သည်။
ပုဂံဘုရားများ ဆီ ကျောင်းပိတ်ရက်တွေ မှာ ရောက်သွားတိုင်း ပုဂံဘုရားတွေ ဆီ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာလေ့ရှိသော နိုင်ငံခြားသားတိုးရစ်(စ်)များ ကို လိုက်လံရှင်းပြနိုင်သူဟူ၍ အဖြူ တစ်ယောက် တည်းသာရှိသည်။
တိုးရစ်များ က အဖြူရဲ့ ဆံပင်နီနီကလေးများ ၊ မျက်လုံးပြာပြာများ ကြေးနီရောင် လိုလို ပျားရည် ရောင် လိုလို အသားအရေ သွက်လက်ချက်ချာသော အမူအရာ၊ အ၀တ်အစားတွေ ဘယ်လောက် ဟောင်းနွမ်းဆင်းရဲပေမယ့် လှပချောမောသော မျက်နှာလေးနှင့် အင်္ဂလိပ်အသံထွက်ကောင်းကောင်း နှင့် ဘုရားသမိုင်းတွေ ရှင်းပြသံကို အလွန်သဘောကျစိတ်ဝင်တစားရှိကြသည်။
မြင်ရသူတိုင်းက အဖြူကို မေ့မသွားချေ။ အဖြူသည် အထူးအဆန်းတစ်ခု ဖြစ်သည်။ တိုးရစ်စ် တွေ က အဖြူကို လက်ဆောင်ပဏ္ဍာတွေ အတင်းပေးသွားတတ်ကြသည်။ လက်ပတ်နာရီ၊ ရေမွှေး၊ ဆပ်ပြာခဲ၊ အ၀တ်အထည် စသဖြင့် ။
အဖြူသည် တိုးရစ်စ်များ ထံမှ ဘာပစ္စည်းကိုမှ မက်မောလေ့မရှိပါ။ အဖြူ အမက်မောဆုံး အလို ချင်ဆုံးအရာမှာ တစ်ခုတည်းသာရှိသည်။
ထိုအရာမှာ ကင်မရာတစ်လုံး ဖြစ်သည်။ အဖြူသည် ကင်မရာတစ်လုံးကိုတော့ မက်မက်မော မော အလွန်အလင်းကို လိုချင်ပြင်းပြခဲ့ပါသည်။
အဖြူလိုချင်သော အရာများ သည် တစ်နေ့နေ့တွင် တော့ ရလာလေ့ရှိသည်။
တိုးရစ်စ်တွေ က ပုဂံရဲ့ အလှအပဆည်းဆာတွေ ကို အလွန်သဘောကျကြသည်။ ဘုရားပုထိုး စေတီရဲ့ လက်ရာတွေ ၊ ဧရာဝတီမြစ်ရဲ့ အလှ ဧရာဝတီမြစ်ထဲမှာ လှေတစ်စင်းဖြင့် ငါးဖမ်းသော တံငါ သည်တွေ ရဲ့ အလှ အထူးသဖြင့် ကတော့
သဗ္ဗညုဘုရားပေါ်မှ နေလုံးကြီးအ၀င်ကို ထိုင်စောင့်ကြည့်ပြီး ဓာတ်ပုံရိုက်ရတာ ကို အလွန် သဘောကျကြသည်။ နေလုံးအထွက်ကို မနက်အစောကြီး ဇွဲကောင်းကောင်းနဲ့ စောင့်ကြည့်ကြသည်။ အဖြူလည်း ထိုအရသာကို အလွန်အမင်း နှစ် ခြိုက်သဘောကျပါသည်။
နေ့တစ်နေ့တွင် တိုးရစ်စ်တစ်ဖွဲ့ကို Sun Set လိုက်ပြရင်း အမျိုးသမီးကြီး တစ်ယောက် လှေကားပေါ်က ပြုတ်ကျမသွားအောင် အဖြူက ကယ်တင်လိုက်နိုင်ပါသည်။ အမျိုးသမီးကြီးက ကျေးဇူးတင်လွန်းသဖြင့်
‘ဘာလိုချင်သလဲ’
ဟု မေးသော အခါ အဖြူက တိုးတိတ်စွာ အဖြေပေးလိုက် လေသည်။
‘ကျွန်မ ကင်မရာတစ်လုံးလောက် လိုချင်ပါတယ်’
‘ကင်မရာ လိုချင်တယ်။ ဘာအတွက် လိုချင်တာလဲ’
ကလေးမကလေး၏ ဆံပင်နီနီနှင့် မျက်လုံးပြာများ ကို ပြင်သစ်အမျိုးသမီးကြီးက အလွန်သဘော ကျချစ်ခင်ပါသည်။ သူ့အသက်ကို ကယ်တင်ခဲ့သဖြင့် လည်း ကလေးမလေးကို အလွန်တန်ဖိုး ထားပါသည်။
‘ကျွန်မ ပန်းချီလည်းဝါသနာပါတယ်။ ပြီးတော့ ပုဂံဘုရားတွေ နဲ့ ပုဂံရှုခင်းတွေ ကို ဓာတ်ပုံတွေ သိပ်ရိုက်ချင်ပါတယ်ရှင်။ ဈေးပေါတဲ့ ကင်မရာလောက်ဆို ဖြစ်ပါတယ်’
အဖြူက အင်္ဂလိပ်လိုပြောသည်။ အမျိုးသမီးကြီးက အလွန်ရက်ရောသူ ဖြစ်နေသည့်အတွက် အလွန်ကံကောင်း သွားပါသည်။
‘ကောင်းပါပြီကွယ် မင်းရဲ့ ဆန္ဒကို တို့ ဖြည့်ဆည်းပေးချင်ပါတယ်။ တို့မှာ ကင်မရာအပိုတစ်လုံး ပါ ပါတယ်။ ခပ်သေးသေးပေါ့ကွယ်။ အဲဒါကို လက်ဆောင်အ ဖြစ် မင်းကိုပေးခဲ့ပါမယ်’
အဖြူသည် ၀မ်းသာလွန်းသဖြင့် ခုန်ဆွဆွကလေးတောင် ဖြစ်နေသည်။ မျက်လုံးပြာပြာကလေး များ တလက်လက်တောက်ပ ကခုန်ကာ လက်ခုပ်လက်ဝါးတီးပစ်လိုက်သည်။
‘ကျေးဇူးသိပ်တင်ပါတယ် မဒမ်၊ အဲဒီ အတွက် မဒမ့်ကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ တစ်ဆိတ်ကျေးဇူးပြုပြီး ကျွန်မကို ကင်မရာသုံးပုံသုံးနည်းလေးတွေ ပါ သင်ပေးနိုင်မလားရှင်’
‘သိပ်ကို သင်ပေးနိုင်တာပေါ့ကွယ် ဖြစ်နိုင်ရင် မင်းကိုတောင် တို့နိုင်ငံကို ခေါ်သွားချင်ပါတယ်။ တို့တွေ့ ဖူးသမျှကလေးတွေ ထဲမှာ မင်းဟာ အထက်မြက်ဆုံး အလိမ္မာဆုံးနဲ့ ရုပ်အချောဆုံး ကလေး လေးပါ မင်းကြီးလာရင် မြင်သူတကာက ငေးမောကြရအောင် သိပ်လှမှာ သိပ်ကိုသေချာပါတယ်။ တို့ တစ်ယောက် ယောက် နဲ့ လောင်းလိုက်ချင်ပါရဲ့ တကယ်ပါ’
ထိုအမျိုးသမီးက ဓာတ်ပုံရိုက်ပုံရိုက်နည်း ဓာတ်ခဲလဲလှယ်နည်း ဖလင်လိပ်ထည့်နည်းတွေ ပါ သင်ကြားပြသပေးခဲ့ပါသည်။
‘မဒမ့်ကို ကျွန်မ သိပ်ချစ်တာပဲရှင် ဒီကင်မရာကိုလဲ ကျွန်မ သိပ်ချစ်တာပဲ’
‘ဒါဖြင့် တို့နဲ့ပါရီကို လိုက်ခဲ့မလား မင်းကိုခေါ်ဖို့ တို့ကြိုးစားလိုက်မယ်လေ’
‘ကျေးဇူးတင်ပါတယ် ကျွန်မရဲ့ မိဘတွေ နဲ့ ကျွန်မမခွဲနိုင်ပါဘူး။ ပြီးတော့ ကျွန်မ ပုဂံကိုသိပ်ချစ်ပါ တယ်။ ပြီးတော့ ဧရာဝတီကိုလည်း သိပ်ချစ်ပါတယ်’
‘တို့က မင်းကို အီဖယ်မျှော်စင်ကြီးကို ဓာတ်ပုံရိုက်စေချင်လို့ပါကွယ်’
အဖြူက ချစ်စဖွယ်ပြုံးပြပါသည်။ ထိုအပြုံးထဲမှာ ဖြူစင်ကြည်လင်ခြင်းများ ပါဝင်သလို ခေါင်းမာသော အစွဲအလမ်းတစ်ခုလည်းပါဝင်ပါသည်။ ဧရာဝတီနဲ့ပတ်သက်လျှင် ပုဂံဘုရားတွေ နဲ့ပတ် သက်လျှင် အဖြူက တစ်ဆိတ် မာနကြီးတတ်၏ ။
‘အီဖယ် မျှော်စင်ကြီးထက် ပုဂံမြို့ ရှေးဟောင်းလက်ရာတွေ ကို ကျွန်မ ဓာတ်ပုံရိုက်ချင်လို့ပါ’
‘မင်းဟာ ဒီအတိုင်းမနေပါဘူး ကလေးရယ်၊ တစ်နေ့တော့ မင်းဟာ ထူးထူးခြားခြား ဖြစ်လာမှာ ပါ’
‘ကျွန်မလည်း ဒီအတိုင်းပဲမျှော်လင့်ပါတယ်ရှင်’
အဖြူသည် ထိုအချိန်မှစ၍ ကင်မရာတစ်လုံးဖြင့် စတင်အလုပ်ရှုပ်တော့သည်။ ကင်မရာကို အသက်ထက်ပို၍ တန်ဖိုးထားပါသည်။
တိုးရစ်(စ်)များ လာကြလျှင် အဖြူက ဘုရားသမိုင်းများ ကို ကျွမ်းကျင်နှံ့စပ်စွာ လိုက်လံရှင်းပြပေး သည်။
သူမရိုက်ထားသော ဓာတ်ပုံများ ကိုဂုဏ်ယူစွာ ကြွားဝါသည်။ တိုးရစ်(စ်)များ ရဲကဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးသည်။ တိုးရစ်(စ်)များ က အဖြူရဲ့ ထက်မြက်သွက်လက်မှု ကို အလွန်သဘောကျ ချီးကျူးကြပါသည်။
တိုးရစ်(စ်)များ က ပိုက်ဆံပေးလျှင် ဒါမှမဟုတ် တခြားအဖိုးတန်လက်ဆောင်တစ်ခုခုပေးလျှင် အဖြူက ပြုံး၍ ခေါင်းခါငြင်းဆန်ကာ
‘၀န်မလေးဘူးဆိုရင် ကျွန်မလိုချင်တာက ကင်မရာထဲမှာ ထည့်တဲ့ ဓာတ်ခဲနဲ့ဖလင်လိပ်ပေးပါရှင်’
အခန်း (၂)
သူတို့နှစ် ယောက် ရဲ့ ခင်တွယ်မှု ကို လူတိုင်းက အံ့သြကြရသည်။ သံလွင်က အနည်းငယ်ဗိုလ် ကျချင်သော်လည်း ရဲရင့်က စိတ်ရှည်သည်းခံကာ အနွံတာခံတတ်၏ ။ သူတို့နှစ် ယောက် တွေ့ ဆုံပုံမှာ သိပ်အဆန်းကြီးကြီးတော့ မဟုတ်ပါ။ သံလွင်တက်သော ကျောင်းမှာ ရဲရင့်က မိခင်နှင့် အတူ မုန့်ရောင်း ပါသည်။ ရဲရင့်မေမေ လုပ်သော မုန့်ချိုသွေးပူပူကလေးကို သံလွင်ကအလွန်ကြိုက်သည်။ အိမ်ကထည့် ပေးလိုက် သော ချော့ကလက်လေးများ ၊ ပန်းသီးများ ၊ ပေါင်မုန့်ထောပတ်သုတ်များ ၊ ကြက်ဥဟပ်ဘွိုင် များ ကို သံလွင်က အလွန်မုန်းသည်။
တစ်နေ့မှာ ထမင်းဘူးထဲ မုန့်တွေ ကို ခွေးတစ်ကောင်ကိုချကျွေးနေသော သံလွင်ကို ရဲရင့်က ဆာလောင်မွတ်သိပ်သော မျက်လုံးများ ဖြင့် ငေးကြည့်နေတာကို သံလွင်က တွေ့ ရှိသွားသည်။
‘မင်းစားချင်လို့လား’
‘အင်း’
‘လာလေ ငါမစားချင်ဘူး မင်းစာချင်တာလာယူ’
‘ခွေးကိုကျွေးပစ်တာ နှမြောစရာကြီး’
ရဲရင့်က အငမ်းမရစားတာကို သံလွင်က သေသေချာချာစိုက်ကြည့်ရင်း ခင်မင်စိတ်တွေ တဖွား ဖွားပေါ်လာသည်။ ဒီကောင် မုန့်မက်ပုံပဲ။ မုန့်သာအ၀ကျွေးလို့ ကတော့ ငါခိုင်းတာအားလုံး သူလုပ်ပေး မှာ ပဲ’
‘မင်းနာမည် ဘယ်သူလဲကွ’
‘ရဲရင့်’
‘အံမယ် နာမည် ကတော့ အကောင်းစားပဲ’
‘မဟုတ်ဘူးကွ၊ ရဲရင့်လို သတ္တိရှိမယ့်လူလို့ မေမေက ပြောတယ်’
‘ငါ့နာမည် မှတ်ထား သံလွင်’
‘မင်းက စာတတ်လို့လား’
‘ဘုန်းကြီးသင်ပေးတာ အမေက ငါ့ကို နှစ် တန်းထိ ပဲ ကျောင်းထားပေးနိုင်တယ်။ ပိုက်ဆံမရှိလို့ ကျောင်းနှုတ်ပစ်လိုက်တယ်’
‘မင်းမျက်နှာက ချောသားပဲ’
ရဲရင့်က ရှက်ကိုးရှက်ကန်း ဖြစ်သွား၏ ။
‘မင်းမုန့်ကိုစားတဲ့အတွက် မင်းကို ငါတစ်ခုခုပြန်လုပ်ပေးမယ်လေ မင်းခိုင်းချင်တာခိုင်းပါ။ မင်းဖိနပ် ငါတိုက်ပေးရမလား’
‘နေပါစေကွာ နောက်လည်း မင်းကိုငါ မုန့်ကျွေးပါ့မယ်’
အဲဒီ အချိန်ကစပြီး သူတို့ခင်မင်သွားကြသည်။ ရဲရင့်ရဲ့ သနားစဖွယ် ကြည်လင်ချောမောသော ရုပ်ရည်ကို သံလွင်က သဘောကျသည်။ သံလွင် ခိုင်းတာမှန်သမျှ ရဲရင့် မညည်းမညူလုပ်ပေးတတ် သဖြင့် ပိုသဘောကျသည်။
မနက်ကျောင်းမတက်မီ ကျောင်းရှေ့ဝင်းတံခါးကနေ ရဲရင့်က သံလွင်ရဲ့ ကားအနက်ပြောင် ပြောင်ကလေးလာတာကို ထိုင်စောင့်နေတတ်သည်။ ကားလာပြီဆိုတာနှင့် ကားနောက်က အပြေး လိုက်ကာ ကားပေါ်ကဆင်းလာသော သံလွင်ရဲ့ လွယ်အိတ် ထမင်းဘူး ရေဘူးအားလုံးကို ပြုံးရွှင်နေ သော မျက်နှာလေးဖြင့် သယ်ပိုးပေးတတ်သည်။
ကားပေါ်တွင် တစ်ခါတစ်ခါ သံလွင်ရဲ့ ဖေဖေ သို့ မဟုတ် သံလွင်ရဲ့ မေမေ ပါလာတ်ရာ ရဲရင့်ရဲ့ အလိုက်သိ နှိမ်ချစွာ ဆက်ဆံပုံကလေးကို အလွန်သဘောကျနေသည်။ သူတို့သားမှာ သက်တော် စောင့်ရသလို ခံစားရသည်။
ညနေဘက် ကျောင်းမဆင်းခင် ကားကြိုရောက်နေလျှင် ရဲရင့်က ကားပေါ်ကဖုန်တွေ ကို သူ့ အင်္ကျီကလေးဖြင့် ချွတ်၍ ပွတ်တိုက်ပေးနေတတ်သည်။
ရဲရင့်အတွက် သံလွင်အပေါ် အသက်နှင့် လဲပြီး ကာကွယ်စောင့်ရှောက်ဖို့ အခွင့်အရေး တစ်ခုက တစ်နေ့တော့ ပေါ်ပေါက်လာခဲ့သည်။ သံလွင်ကို ကျောင်းထဲက ခွေးတစ်ကောင်က လိုက်ကိုက်ခြင်း ဖြစ် သည်။ ရဲရင့်က သံလွင်ကို အတင်းတွန်းဖယ်ကာကွယ်ကာ ခွေးအကိုက်ခံလိုက်ရသည်။ ပေါင်မှ အသားပဲ့သွားသည်။ ထိုအ ဖြစ်အပျက်အတွက် သံလွင်က ငိုကြွေး၍ မဆုံးတော့ချေ။
‘မင်းက သိပ်ကောင်းတာပဲ ရဲရင့်ရာ သိပ်သတ္တိရှိတာပဲ ငါ့အသက်ကို မင်းကယ်လိုက်တာကွ၊ မင်းဟာ ငါ့အတွက် အကောင်းဆုံးသူငယ်ချင်းပါ။ ခွေးကိုက်ရင် ဆေးဆယ့်လေးလုံးတောင် ဗိုက်မှာ ထိုး ရတာ ကွ၊ ငါ့သာဆို သေသွားနိုင်တယ် မင်းက ရဲရင့်ပဲ သတ္တိရှိတဲ့ကောင်ပဲ’
သံလွင်က ရဲရင့်ကို အိမ်ခေါ်သွားပြီး ဒဏ်ရာဖြင့် နာကျင်နေသော သူငယ်ချင်းကို သူ့အိပ်ရာ ပေါ်ပေးအိပ်ခဲ့သည်။ သံလွင်ရဲ့ ဖေဖေက ဒဏ်ရာကိုဆေးထည့်ပေးကာ ဆေးထိုးပေးသည်။ သံလွင်က သူ့ကိုယ်စား ရဲရင့်ကခံလိုက်တဲ့အကြောင်းကို တဖွဖွပြောမဆုံးတော့။ အဘိုးအဘွား အဖေအမေတွေ ရဲ့ အချစ်တော် သံလွင်ရဲ့ အသက်ကိုကယ်တင်ခဲ့သည့်အတွက်ရော၊ သံလွင်ရဲ့ အခင်တွယ်ဆုံး၊ အလေး ပေးဆုံးလူသား တစ်ယောက် အ ဖြစ်ရော ရဲရင့်ရဲ့ ရိုးသားအပြစ်ကင်းတဲ့မျက်နှာကလေးအတွက်ရော ရဲရင့်သည် သံလွင်တို့ရဲ့ မိသားစုအတွင်းမှာ သူရဲကောင်းတစ်ဦး ဖြစ်သွားခဲ့သည်။
ဆေးထိုးရသော ရက်တွေ မှာ ရဲရင့်ကို အိမ်မပြန်စေဘဲ သံလွင်နှင့် အတူထားသည်။ အတူစားရ သည်။ ရဲရင့်ရဲ့ ဖြူစင်အနစ်နာခံတတ်သော စိတ်ဓာတ်နှင့် အမှန်တရားကို ချစ်မြတ်နိုးတတ်မှု ကို မိသားစုက သိမြင်လာခဲ့သည်။ ရဲရင့်က အိမ်အလုပ်တွေ မှာ ကူလုပ်ပေးတတ်သည်။
‘ကျွန်တော့် ကို အမေက သူများ ဆီကစားရင် သူများ ကို ပြန်ကျေးဇူးပြုတတ်ရတယ်လို့ ပြောထား ပါတယ်။ သူများ ရဲ့ အစားအစာကို ဘယ်တော့မှ အလကားမစာရဘူးတဲ့’
ရဲရင့်စကားကို သံလွင်ရဲ့ ဒက်ဒီက လက်ခံသဘောကျသည်။ သိပ်ရင်းနှီးလာတော့ ဆရာဝန် ကြီးက မေးပါသည်။
‘မင်း ကျောင်းမနေချင်ဘူးလား ရဲရင့်’
‘သိပ်နေချင်ပါတယ် ကျွန်တော် ပညာတတ်ချင်တယ်။ ကြီးလာရင် မြေပိုင်အိမ်တွေ ပိုင်တဲ့ သူဌေးကြီး တစ်ယောက် ဖြစ်ချင်ပါတယ်’
ဟု ရဲရင့်က တက်တက်ကြွကြွ အဖြေပေးသည်။
‘ကောင်းပြီ မင်းကို လေးလေးတို့ကျောင်းထားပေးမယ်။ တစ်နှစ် တစ်တန်း မှန်မှန်အောင်ပစေ၊ စာကြိုးစားရမယ်။ မင်းဟာ ရည်ရွယ်ချက်ကြီးတဲ့ကလေး ကျေးဇူးသစ္စာကိုသိတတ်တဲ့ကလေး၊ အမှန် တရားကိုချစ်တတ်တဲ့ကလေး။ ဒါကြောင့် လေးလေးတို့က မင်းကို မြေတောင်မြှော က်ပေးမယ်။ မင်းရဲ့ ဘ၀ဟာ မဆင်းရဲစေရဘူး မြင့်မားရမယ်’
အဲဒီ လိုနဲ့ ရဲရင့်ကျောင်းဆက်တက်ရပါသည်။ သံလွင်က ရွယ်တူ ဖြစ်ပေမယ့် ရဲရင့်ထက် နှစ် တန်းပိုကြီးပါသည်။
အဲဒီ ကစပြီး သူငယ်ချင်းနှစ် ယောက် ကို ချည်နှောင်သော ကြိုးသည် တစ်ရစ်ထက်တစ်ရစ် ရစ်ပတ်တင်းနှောင်ကာ ခိုင်သထက်ခိုင်မြဲလာခဲ့တော့သည်။
သံလွင်က ဖခင်ရဲ့ ခြေရာအတိုင်း ဆရာဝန် ဖြစ်လိုသော ဆန္ဒ ပြင်းပြခဲ့သူ ဖြစ်သည်။ စာလည်း အလွန်တော် ပါသည်။ ဥာဏ်လည်းအလွန်ကောင်းသည်။ ဖခင်ကလည်း သံလွင်ကို အလွန်မြင့်မြင့်မား မား မှန်းပါသည်။ သံလွင်ဖခင်ဘက်က အဘိုးအဘွားတွေ က အမေရိကန်နိုင်ငံတွင် ရှိကြောင်း ရဲရင့် တစ်စွန်းတစ်စ သိထားပါသည်။
‘ဒီကနေ အဆင့်မြင့်အထက်တန်းအောင်ရင် သံလွင်ကိုအမေရိကားပို့တော့မှာ ၊ ဟိုမှာ ဆေး ကျောင်းတက်ခိုင်းမယ်။ အမေရိကားမှာ တစ်ဘွဲ့ လန်ဒန်မှာ တစ်ဘွဲ့ နှစ် ဘွဲ့လောက် အနည်းဆုံးယူ ခိုင်းမယ်’
ဟု ဒက်ဒီက မကြာခဏကြွေးကြော်လေ့ရှိပါသည်။ သံလွင်ရဲ့ အဘိုးအဘွားတွေ ကလည်း သံလွင်ကို ဆေးကျောင်းတက်ဖို့ တဖွဖွလှမ်းခေါ်တတ်သည်။ သံလွင်က ရည်မှန်းချက်အလွန်ကြီးပါ သည်။
သံလွင်က တက္ကသိုလ်ဝင်ခွင့်အောင်ပြီး ဆေးတက္ကသိုလ်တက်ဖို့ အဆင့်မီခဲ့သည်။ ထိုအချိန်မှာ ရဲရင့်က ဆယ်တန်းဖြေဖို့ လုံးပန်းနေရချိန် ဖြစ်သည်။
‘ကဲ သံလွင်က အမေရိကားသွားရဖို့ သုံးလလောက်ပဲလိုတော့တယ်။ သား မြန်မာပြည်ကို တော် တော် နဲ့ ပြန်လာ ဖြစ်ဦးမှာ မဟုတ်ဘူး မြန်မာပြည်အနှံ့ခရီးထွက်ကွာ’
ဒက်ဒီ့အကြံပေးချက်ကို သံလွင်က အလွန်ကျေနပ်ပါသည်။
‘ကျွန်တော် ပုဂံဘက်သွားချင်တယ် ဒက်ဒီ၊ ပုဂံတစ်ခါမှ မရောက်ဖူးဘူး’
‘ကောင်းတယ် သား’
‘ဟာ ရဲရင့်ပါရင် သိပ်ကောင်းမှာ ဒက်ဒီ ဒီကောင် ဒီနှစ် ဆယ်တန်းဆိုတော့ လိုက်နိုင်မှာ မဟုတ်ဘူး’
‘အေးကွာ ငါ သိပ်လိုက်ချင်တာပဲ’
‘ဘယ်တတ်နိုင်မလဲကွာ နောက်တော့ကြုံမှာ ပဲ မင်းသာ စာကြိုးစားပါ ရဲရင့်။ မင်းဘယ်လောက် ရည်ရွယ်ချက်ပြင်းထန်တယ်ဆိုတာ ငါ အသိဆုံးပဲကွ’
သူတို့နှစ် ယောက် လက်ဝါးချင်းခပ်ပြင်းပြင်းရိုက်လိုက်ကြသည်။
သံလွင်ရဲ့ အစီအစဉ်က ပုဂံညောင်ဦးမှတစ်ဆင့် မြန်မာပြည်အနှံ့ခရီးဆက်ဖို့ ဖြစ်သည်။ ဒက်ဒီက ဆေးရုံအုပ်ကြီး ဖြစ်နေပြီမို့ ခွင့်ရက်ရှည်မယူနိုင်။ ဒက်ဒီ့နားမှာ က အမြဲရှိရမည် ဖြစ်သဖြင့် သံလွင်နှင့် ဘယ်သူမှ မလိုက်နိုင်။ သံလွင်က လူကြီး ဖြစ်နေပြီ။ နောက်မကြာခင်မှာ အမေရိကားကိုတောင် တစ် ယောက် တည်းသွားရတော့မည့် သူ ဖြစ်သည်။ ထို့ကြောင့် သံလွင် တစ်ယောက် တည်း ခရီးထွက်ခြင်း ကိစ္စသည် သိပ်မဆန်းပါ။
ခရီးထွက်ခါနီး ညက သံလွင်နှင့် ရဲရင့်တို့တစ်ညလုံး စကားထိုင်ပြောကြသည်။ ထိုညသည် သူတို့ ဘ၀မှာ မမေ့နိုင်ဆုံးသော ညတစ်ညလည်း ဖြစ်၏ ။
‘မင်း နိုင်ငံခြားထွက်သွားရင် ငါတော့ သိပ်သတိရမှာ ပဲ သံလွင်၊ မင်း ကတော့ ဟိုရောက်သွားပြီး မကြာခင်မှာ အဖြူမ ဗိုလ်မတွေ နဲ့တွေ့ ပြီး ပျော်သွားမယ့်ကောင်ပါ’
‘မဟုတ်ပါဘူးကွာ ငါ စာမှန်မှန်ရေး ပါ့မယ် အမှန်က ဒီမြန်မာပြည်အနှံ့ခရီးကို မင်းပါဖို့ကောင်း တာကွ ရဲရင့်ရ’
‘ငါတို့တွေ ဘ၀ထဲကို ၀င်ရပြီနော်။ မင်းက ဆရာဝန်ကြီး ဖြစ်တော့မယ်။ ငါ ကတော့ ငယ်ငယ် ကတည်းက ငါလိုချင်တဲ့ဘ၀ကို အရယူမယ်သံလွင်၊ မြေတွေ ခြံတွေ တိုက်တွေ အဲဒါတွေ အများ ကြီး ပိုင် အောင် ငါကြိုးစားမယ်’
‘ဒါဆိုရင် မင်း အင်ဂျင်နီယာလိုင်းလိုက်ကွာ’
‘ငါ တက္ကသိုလ်ဆက်မတက်တော့ပါဘူးကွာ မင်းတို့ကျေးဇူးတွေ ငါ့မှာ ပိနေပြီ ဆယ်တန်းအောင် ပြီးရင် ငါ ပညာတတ်သင့်သလောက်တတ်ပြီး စီးပွားရေး လောကထဲ ခြေစုံပစ်ဝင်မယ်။ ငါက စီးပွားရေး သမား ဖြစ်ချင်တာကွ’
‘မင်း ကြီးပွားမှာ ပါကွ မင်းက ဇွဲရှိတယ်။ မ ဖြစ်မနေလုပ်နိုင်တဲ့သတ္တိရှိတယ်။ မင်းဆီမှာ ငါ အကြိုက်ဆုံးအချက်က အမှန်တရားကို မြတ်နိုးတဲ့အချက်ပဲ ရဲရင့်’
‘ငါတို့ အကြာကြီးခွဲရဦးမယ် နှစ် ပေါင်းအတော် ကြာမှ ငါတို့ပြန်တွေ့ ကြရမှာ ကွ နော် ငါ့ဘ၀မှာ တော့မှ ငါ့ဘ၀မှာ တော့ မင်းဟာအကောင်းဆုံးသူငယ်ချင်းပဲ သံလွင်၊ ငါ့ကျေးဇူးရှင်အစစ်ပဲ ငါတစ်နေ့ တော့ မင်းရဲ့ ကျေးဇူးကို ပြန်ဆပ်နိုင်အောင် ကြိုးစားမှာ ပါ’
‘မလိုပါဘူးကွာ ငါတို့ ညီအစ်ကိုတွေ ပဲ’
‘မင်းကို ငါ ဘယ်တော့မှ မမေ့ဘူး သံလွင်’
‘ငါလဲ မင်းကို မမေ့ပါဘူး ရဲရင့်’
နှစ် ယောက် သား ခေါင်းချင်းတိုက်လိုက်ကြသည်။ အဲဒါ သူတို့နှစ် ယောက် ရဲ့ အထိမ်းအမှတ် ဖြစ် ၏ ။
‘ဟေ့ကောင် ရဲရင့် လာကွာ လက်လှဲကြည့်ရအောင် ဒီည ဘာကြေးလဲ’
‘ရှုံးတဲ့လူက ကုန်းပိုးပြီး ခြံတစ်ပတ်ပြေးကြေးကွ ချ’
‘အိုကေ စိမ်လိုက် သူငယ်ချင်း လာစမ်း’
သူတို့နှစ် ယောက် မကြာခဏ ကစားကြတဲ့နည်းမှာ လက်လှဲခြင်းသာ ဖြစ်သည်။ ရဲရင့်က ပိုပြီး အားကောင်းသန်မာပေမယ့် ရဲရင့်ကညှာပြီး မကြာခဏ အရှုံးပေးလေ့ရှိသည်။
‘ဟေ့ကောင် ရဲရင့် ဒီည အရှုံးမပေးကြေးကွာ မင်းက လက်ကြီးကိုဖျော့ဖျော့ချလိုက်တယ်။ မင်း တမင်သက်သက်အရှုံးပေးတာ ငါ့ကိုစော်ကားရာရောက်တယ်ကွ။ အမှန်အတိုင်းပေါ့ ငါအားရှိပါတယ် ကွ၊ ကြက်ဥတွေ စားထားတယ်၊ ကဲ စပြီ ယားစ်’
‘ရိစ်’
အသံတွေ တစ်ယောက် တစ်မျိုးစီထွက်ကာ လက်ချင်းလှဲကြသည်။
ထိုညက ရဲရင့်ကအနိုင်ရပြီး သံလွင်က ရဲရင့်ကို ကုန်းပိုးပြီး ခြံတစ်ပတ် ပတ်ပြေးခဲ့ရပါသည်။
ရယ်မောသံတွေ ဆူညံကျယ်လောင်နေခဲ့သည်။
မမေ့နိုင်စရာအကောင်းဆုံးည ဖြစ်သည်။
နောက်တစ်နေ့မနက်တွင် သံလွင်ရဲ့ ခရီး စတင်ခဲ့ပါသည်။
ပုဂံသို့ ဖြစ်သည်။
အဖြူသည် တိုးရစ်(စ်)ဂိုက်ဒ်အလုပ်နှင့် ဓာတ်ပုံရိုက်ခြင်းကိုသာ ကျွမ်းကျင်လေသည်။ ဆယ်တန်းအောင်ပြီးတဲ့နောက် အဖြူက တက္ကသိုလ်ဆက်မတက်ချင်တော့ပါ။ အင်္ဂလိပ်စာအုပ်တွေ ဖတ်တတ်နေပြီ။ အင်္ဂလိပ်စကားတွေ ကျွမ်းကျင်စွာ ပြောတတ်နေပြီ။
အသက်နှစ် ဆယ်အရွယ်တွင် အဖြူသည် မြင်သူတကာ ငေးရလောက်အောင် လှပချောမော နေလေပြီ။ ပုဂံ၊-ညောင်ဦးသူလို့ ဘယ်သူမှမထင်ရ။ ပျားရည်ရောင် အသားအရည်နှင့် ဆံပင်နီနီကလေး များ မျက်လုံးပြာများ မှာ ပို၍ ရွှန်းလက်တောက်ပလာကြသည်။ နှာတံမှာ ပို၍ ဖြောင့်စင်း ချွန်မြလာပြီး နှုတ်ခမ်းကလေးမှာ ဖူးကြွနီရဲလာသည်။ ဘာမှ လိမ်းခြယ်ခြင်းမရှိသော မျက်နှာပြောင်တလင်းကလေး ကိုက ဆွဲဆောင်မှု အပြည့်ရှိလွန်းနေသည်။ အဖြူကို မြန်မာမလေးလို့ ဘယ်သူကမှ မယုံချင်ကြပါ။
ရင်ဖုံးအင်္ကျီကျပ်ကျပ်နှင့် ချည်ထဘီတိုတိုသည် ရှည်လျားသွယ်နွဲ့သော အဖြူရဲ့ ကိုယ်ဟန် ကြော့ရှင်းရှင်းကလေးကြောင့် ပင် ကြည့်ကောင်းဆန်းကြယ်နေတော့သည်။ ပြင်သစ်၊ ဂျာမန်၊ ရုရှား၊ အင်္ဂလိပ်လူမျိုးအစုံအလင်က အဖြူကို propose လုပ်ဖူးကြသည်။ အဖြူက ညင်သာလိမ္မာစွာ ပင် ငြင်းပယ်ပါသည်။
‘ကျွန်မက မြန်မာလူမျိုးကိုပဲ လက်ထပ်မှာ ပါ’
ဟု ယဉ်ကျေးပါးနပ်စွာ အဖြေပေး၏ ။ အချစ်ကိုဒီအရွယ်ထိ အဖြူ မခံစားခဲ့ဖူးချေ။ အချစ်ဟာ ဆန်းကြယ်ကြောင်း စာအုပ်တွေ ထဲမှာ ဖတ်ဖူးပေမယ့် အဖြူသည် ဘယ်လိုဆန်းကြယ်မှု မျိုးကိုမှ မခံစား ခဲ့ဖူးချေ။
ဆန်းကြယ်ပေမယ့် ဆန်းကြယ်တော့လည်း တုန်လှုပ်စရာနှင့် စတင် ဆန်းကြယ်စွာ ခံစားခဲ့ရ လေသည်။
ထိုနေ့သည် အဖြူ့ဘ၀အတွင်းသို့ ဆန်းကြယ်မှု အပေါင်းတို့ အုံနှင့် ကျင်းနှင့် စတင်ဝင်ရောက် သိမ်းပိုက်နေရာယူလိုက်သော နေ့လည်း ဖြစ်သည်။
သဗ္ဗညုဘုရားပေါ်ကနေ Sunset ကို စိတ်ဝင်တစားစောင့်ကြည့်နေကြသော တိုးရစ်(စ်)တွေ နှင့် စည်ကားနေသည်။ အဖြူ့အတွက် Sunset မြင်ကွင်းသည် ဘယ်ကြာမြင့်စွာ ချိန်ရွယ်မှန်းဆလျက်ရှိ သည်။ ထိုအချိန်မှာ လူ တစ်ယောက် က အဖြူ့ကို တည့်တည့်တိုးဝင်ပစ်လိုက်သည်။ သိပ်ကို မြန်ဆန် လွန်းပါသည်။ နေလုံးဆီအာရုံစိုက်နေချိန်မို့ အဖြူက ကင်မရာကို ခပ်ဖျော့ဖျော့လေးသာကိုင်ထားပါ သည်။ ၀င်တိုက်ခံလိုက်ရသော အခါ ဟန်ချက်ပျက်ပြီး လက်ထဲက ကင်မရာကလေးလွတ်ကျသွား သည်။
‘ဟာ သွားပြီ’
အဖြူ အကျယ်ကြီးအော်လိုက်မိ၏ ။ အမြတ်နိုးဆုံးကင်မရာကလေး။ ပြီးတော့ အတော် ဟောင်း နွမ်းအိုမင်းနေပြီ။ အဖြူ တန်ဖိုးအထားဆုံးအရာကလေးလည်း ဖြစ်သည်။
‘ဟာ ဆောရီးဗျာ ကျွန်တော် က Sunset ကို မမီတော့မှာ စိုလို့ အတင်းပြေးတက်လာတာ ခင်ဗျားကို မြင်လိုက်တော့ အရှိန်သတ်လို့ရတော့ဘူး’
သြရှဝါညက်သော ဆွဲဆောင်မှု အရှိန်အ၀ါအပြည့်ရှိသော အသံကိုအကြားမှာ အဖြူ့ရင်ထဲ လျှပ်စစ်ဓာတ်တစ်ခု ရုတ်တရက်ဖြတ်စီးသွားသလို ရှိန်းဖိန်းသွား၏ ။ နှမြောတသခြင်းကြီးစွာ ဖြင့် ကင်မရာကို ကုန်းကောက်နေရာမှ အသံပိုင်ရှင်ဆီ အံ့သြမှု အပြည့်ဖြင့် မော့ကြည့်လိုက်သည်။
ငါ့တစ်သက်မှာ ဒီလောက်သြဇာအပြည့်ပါတဲ့အသံမျိုး တစ်ခါမှမကြားဖူးခဲ့ပါဘူးကွယ်။
မျက်နှာကိုအမြင်မှာ အဖြူ ပို၍ တုန်လှုပ်ဆန်းကြယ်သွားသည်။ ဒူးများ ညွတ်ခွေကျမတတ် တုန်ရင်သွားတော့သည်။
ပထမဆုံးမြင့်မားဖွံ့ထွားသော အရပ်အမောင်းကို အံ့သြရသည်။ ပြီးတော့ ဆင်စွယ်အနှစ် လို ၀ါ ညက်ညက် နုဥဥအသားအရေ၊ အရည်လဲ့ကာ တောက်ပသော မျက်လုံးအညိုရောင် များ ။ နီရဲစိုပြေပြီး လေးကိုင်းလိုလှပသည့် နှုတ်ခမ်းလှလှတစ်စုံ။ ဒီလောက်ချောတဲ့ ယောက်ျားမျိုး ငါ့တစ်သက်မှာ မမြင် ဖူးသေးပါဘူးကွယ်.. ဘုရားစူးရပါစေ့။ သူ့ရဲ့ အရှိန်န၀ါဟာ ငါ့တစ်ကိုယ်လုံးကို ညို့ငင်ပစ်လိုက်သလို ပါပဲ။ ဒီလောက်ထူးဆန်းတဲ့ ခံစားချက်မျိုး တစ်ကြိမ်မှ မခံစားတတ်ခဲ့ပါဘူး။
‘ကင်မရာလေး ပစ်ရသွားပြ’
နှမြောရိပ်စွက်နေသော မျက်ဝန်းပြာလဲ့လဲ့ကြီးများ ဆီမှာ မျက်ရည်ရိပ်တောင် တလက်လက် စွန်းလာတယ်လို့ သံလွင်က ထင်လိုက်မိသည်။ ပထမတော့ နိုင်ငံခြားသူ တစ်ယောက် လို့ ထင်သွား သည်။ သိပ်အံ့သြစရာ ဆံပင်နီနီခွေခွေကလေးတွေ နဲ့ နိုင်ငံခြားသူလှလှကလေး။
သူမကို ကြည့်ရစဉ်ခဏမှာ သံလွင်ရင်ထဲ လှုပ်လှုပ်ရှားရှား အတော် ဖြစ်မိပါသည်။ သံလိုက် ဓာတ်တစ်မျိုးနှင့် အညှို့ခံလိုက်ရသလို ညှို့ပါသွား၏ ။ ဆွဲဆောင်မှု အင်အားကောင်းလွန်းသော မိန်း ကလေး တစ်ယောက် အ ဖြစ် မြင်မြင်ချင်း အသိအမှတ်ပြုလိုက်ရသည်။
‘ကျွန်တော် အလျော်ပြန်ပေးပါ့မယ် မစ္စ’
သံလွင်က အင်္ဂလိပ်လိုပြောလိုက်သည်။ မျက်လုံးပြာများ ၏ ညှို့အားထဲမှာ ရုန်းထွက်မရဘဲ မျက်တောင်မခတ်မိ။ အသက်ရှူဖို့တောင် မေ့နေလေသည်။
‘ကိစ္စမရှိပါဘူး မတော် တဆ ဖြစ်တာပဲ၊ ဒါပေမယ့် ဒါလေးမရှိလို့တော့ မ ဖြစ်ဘူးရှင် ဒါ ကျွန်မ အမြတ်နိုးဆုံး ကင်မရာလေးပါ’
အဖြူက မြန်မာလိုပြောလိုက်သည်။ စိတ်လှုပ်ရှားလွန်းသဖြင့် ရင်ခုန်နေသည်။ မျက်နှာတစ်ပြင် လုံး ထူအမ်းအမ်း ဖြစ်နေသည်။
‘မြန်မာလိုပြောတတ်သလား’
သံလွင် ပို၍ အံ့သြသွားသည်။
‘ကျွန်မ ပုဂံ၊ ညောင်ဦးသူပါ’
‘ဘုရားသခင်’
သူ အလန့်တကြားရေရွတ်လိုက်ဟန်လေးကို အဖြူ အလွန်အမင်းနှစ်သက် သွားသည်။
‘ကျွန်တော့် မှာ ပါတဲ့ ကင်မရာလေးယူထားလိုက်ပါဗျာ။ ကျွန်တော့် ကြောင့် ခင်ဗျားအမြတ်နိုးဆုံး ကင်မရာလေး ပျက်စီးသွားတာ ကျွန်တော် စိတ်မကောင်းပါဘူး’
‘ကျွန်မလည်း စိတ်မကောင်းပါဘူးရှင် အရမ်းနှမြောတာပါ။ ဒါလေးက ကျွန်မ ငယ်ငယ်က ပြင်သစ်လူမျိုးအမျိုးသမီး တစ်ယောက် ပေးသွားတာပါ’
သံလွင်က ကင်မရာအသစ်ကလေးကို နှမြောတသခြင်းမရှိဘဲ ထုတ်ပေးလိုက် သည်။ ဒက်ဒီ့ လက်ဆောင်ကင်မရာလေး ဖြစ်သည်။
‘ကျွန်မမှာ ကင်မရာမရှိလို့ ယူရတာ ပါ အလျော်ယူတယ်လို့ မထင်ပါနဲ့နော်’
သူမ လက်ကလေးတွေ တုန်ရင်နေသည်။ ရှက်သွေးဖြာနေသော မျက်နှာကလေးမှာ ညနေ ဆည်းဆာတွင် အလှဆုံး ဖြစ်၏ ။
‘ဟောဗျာ နေလုံးကြီးက တစ်ခြမ်းတောင်ဝင်နေပြီ။ ကျွန်တော့် ကို အမြန် အမြန်ရိုက်ပေးပါဗျာ နေလုံးနောက်ခံနဲ့’
‘ဟုတ်ပြီ မြန်မြန်ရပ် မြန်မြန်ရပ်’
အဖြူက အများ ကြီးရိုက်ယူထားလိုက်သည်။ နေလုံးနီနီခြမ်းနောက်ခံနှင့် လက်ပိုက်ကာ ရပ်နေ သော အမျိုးသားရဲ့ ဓာတ်ပုံတွေ အများ ကြီး အဖြူလိုချင်ပါသေးသည်။
‘ဟော နေ၀င်သွားပြီ ခင်ဗျားဘယ်ကပြန်မှာ လဲ တိုးရစ်စ်ဂိုက်ဒ်လား’
‘တိုးရစ်စ်ဂိုက်ဒ်ရယ်တော့မဟုတ်ဘူး ဘုရားသမိုင်းကြောင်းတွေ အားလုံးကို ကျွန်မ လိုက်ရှင်းပြ ပေးပါတယ်’
‘အင်္ဂလိပ်စကားပြောတတ်တယ်လား’
‘ပြောတတ်ပါတယ်ရှင်’
‘ကျွန်တော့် ကို ကျေးဇူးပြုပြီး ဂိုက်ဒ်လုပ်ပေးနိုင်မလားဟင်။ ကျွန်တော် ဘယ်ဘုရားတွေ ဘယ်လိုသွားရမယ်မှန်းမသိဘူး’
‘ကျွန်မ လုပ်ပေးနိုင်ပါတယ်။ ရှင်ဘယ်မှာ တည်းသလဲပဲပြောပါ’
‘ကျွန်တော် ပုဂံမြို့ထဲက Guest House မှာ တည်းပါတယ်’
‘မနက်စောစော ကျွန်မ လာခဲ့ပါ့မယ်’
‘ကျေးဇူးတင်ပါတယ်ဗျာ ဒါနဲ့ အခု ခင်ဗျားဘယ်ပြန်မှာ လဲဟင်’
‘ကျွန်မအိမ်က ညောင်ဦးထဲမှာ ပါ မြင်းလှည်းနဲ့ပြန်မှာ ပါ’
‘ကျွန်တော် လိုက်ခဲ့လို့ရမလားဟင်’
‘နေ၀င်ပြီလေ’
‘ကျွန်တော် မြင်းလှည်းလိုက်စီးချင်လို့ပါ’
အဖြူ့အာရုံတွေ ထဲ ဘာကိုမှမသိတော့။ ထိုသူ တစ်ယောက် သာ လွမ်းမိုးဖိစီးထားသည်။ သူနဲ့ လည်း ရုတ်တရက်မခွဲနိုင်သေး။ မခွဲချင်သေးပါ။ သူ့မျက်နှာကို ငေးကြည့်ချင်နေသေးသည်။ သူ့ရဲ့ အရှိန်အ၀ါအောက်တွင် မိန်းမောယစ်မူးနေသော အရသာကိုလည်း ဆက်ပြီးခံစားချင်နေသေးသည်။
ဘုရားရေ ငါ ဘာတွေ အရူးထ နေတာပါလိမ့်။ ယောက်ျား တစ်ယောက် ကို မြင်မြင်ချင်းပဲ ဒီလောက် အရူးအမူးစွဲလမ်းသွားသင့်ပါရဲ့ လား။
သို့ သော် အဖြူမသင်ရဘဲ တတ်မြောက်သော ပညာတစ်ခုမှာ သူလည်း အဖြူ့လိုပင် အတူတူ ခံစားနေရကြောင်း အလိုလိုရိပ်မိသိရှိနေသော လူကဲခတ်ပညာ ဖြစ်သည်။
သူ့မျက်လုံးတွေ က အရည်တဖျက်ဖျက်လဲ့လွန်းသည်။ ကြင်နာရိပ်စွက်လွန်းသည်။ နီးကပ်လာ သော အခါ သူ့ဆီက သစ်သီးရနံ့အမွှေးတစ်မျိုး သင်းပျံ့ချိုအီနေသည်။ သူ့ရင်ငွေ့သည် နွေးထွေးလှ မယ်ထင်၏ ။
ညနေစောင်းကလေးမှာ မြင်းလှည်းအတူတူစီးလျက် ယောက်ျား တစ်ယောက် နှင့် အိမ်ပြန်ရလိမ့် မည် ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ချေ။
သံလွင်သည် ကိုယ့်ကိုယ်ကိုယ် သိပ်မတုံးကြောင်း သိရှိပြီး ဖြစ်သည်။ ပြီးတော့ ကိုယ့်ကိုယ် ကိုယ်လည်း ယုံကြည်မှု အပြည့်ရှိသည်။ မိန်းကလေး တစ်ယောက် ကို မြင်မြင်ချင်းပင် မခွဲနိုင်မခွာရက် ဖြစ်ရလောက်အောင်ချစ်ခင်စွဲလမ်းသွားခဲ့ကြောင်း ကိုယ့်ကိုယ်ကိုယ် သေချာလွန်းနေသည်။ ဘယ်မိန်းမ ကိုမှ တစ်ကြိမ်မှ သိသိမှတ်မှတ် မရှိခဲ့။ စွဲလမ်းဖို့ဆိုတာ ဝေးသေးသည်။ အခုမိန်းကလေးကိုတော့ ဘာ ကြောင့် ဒီလောက်အချိန်တိုကလေးအတွင်းမှာ သည်းကြီးမည်းကြီး ဖြစ်သွားရသလဲ မသိတတ်နိုင် တော့ချေ။
သေချာတယ် ဒါဟာ အချစ်ပဲ။ တို့နှစ် ယောက် ဟာ တစ်နေ့မှာ ချစ်သူတွေ ဖြစ်ကြဖို့ ဖူးစာကိုပါ လာခဲ့တာပါ။ ဒါကြောင့် ပဲ ဒီနေ့ ဒီလိုတွေ့ ဆုံဖို့ ပုဂံကိုရောက်လာခဲ့ရတာ ပေါ့။ ပုဂံကိုရောက်လာခဲ့တာ ဟာ ချစ်သူကို ရှာဖွေတွေ့ ရှိဖို့ပဲ ဖြစ်တယ်။ တခြားဘာအကြောင်းကြောင့် မှ မဟုတ်။
သူမဟာ ဘုရားသခင်က ဖန်ဆင်းပေးလိုက် တဲ့ ဘုရားသခင်ရဲ့ သမီးပျိုပဲ။ သူဟာ ငါ့ဘ၀ အတွက် လက်တွဲ ဖော် ဖြစ်လာရမယ့် မိန်းကလေးပါပဲ။
ထိုအတွေးဖြင့် စိတ်နှလုံးသည် ကြည်နူးဖွယ်ပြကာ အသက်ဝင်လှုပ်ရှားလာသည်။ သူမ မျက်နှာကလေးကို တမေ့တမော ငေးကြည့်နေချင်ပါသည်။
ပြီးတော့ ပျောက်ကွယ်မသွားအောင် ရင်ခွင်ကျယ်ထဲမှာ ထည့်ပြီးပွေ့ပိုက်ထားချင်ပါသည်။ သူမနှင့် ရှိနေချိန်ခဏတွင် အရာအားလုံး (အားလုံး အားလုံး)ကို မေ့လျော့သွားသည်။ အာရုံထဲ သူမ တစ်ယောက် သာ ထင်ရှားတောက်ပလျက်၇ှိသည်။
‘ပုဂံမြို့က သိပ်လှတာပဲနော်။ ညနေခင်းအလှက ပိုလှတယ်။ ခုလို မြင်းလှည်းစီးရတာ ကိုက အရသာတစ်မျိုးဗျ’
‘ဟုတ်ပါတယ် နောက်အရသာတစ်မျိုးရှိသေးတယ်။ ဗူးဘုရားကနေ ဧရာဝတီမြစ်ကို ထိုင်ကြည့် ရတဲ့အရသာလေ’
‘ဟုတ်လား ကျွန်တော် မခံစားရသေးဘူး’
‘ကျွန်မ စုံအောင်လိုက်ပြပေးပါ့မယ်’
‘ကျေဇူးပါပဲဗျာ ခင်ဗျားနဲ့တွေ့ တဲ့ ဒီနေ့ကို ကျွန်တော် မေ့တော့မှာ မဟုတ်ပါဘူး’
‘ကျွန်မလဲ အတူတူပါပဲ။ ဒါပေမယ့် ကျွန်မက တစ်ခုပိုတာက ကျွန်မရဲ့ ကင်မရာလေးကို ဆုံးရှုံး လိုက်ရတဲ့အတွက် သိပ်နှမြောဝမ်းနည်းတာပါ’
‘ကျွန်တော် စိတ်မကောင်းပါဘူးဗျာ ဘာလုပ်ပေးရမှန်းတောင် မသိတော့ဘူး’
‘ရပါတယ်။ ကျွန်မကို ရှင် အသစ်ပြန်ပေးတာပဲ ကျွန်မ ကျေနပ်ပါတယ်’
သံလွင်က သူမရဲ့ မျက်လုံးပြာပြာတွေ ဟာ လျှို့ဝှက်နက်နဲလွန်းတယ်ဟု မှတ်ချက်ချမိသည်။ ကိုယ့်ခံစားချက်ကို ဖုံးကွယ်မျိုသိပ်လွန်းတဲ့ မျက်လုံးတွေ ။
‘ဟော..အိမ်ရောက်ပြီ ရှင် အိမ်ထဲဝင်ဦးမလားဟင်’
အိမ်ကလေးက ကျဉ်းမြောင်းသေးငယ်သည်။ အိမ်ရှေ့ကွပ်ပျစ်ကလေးမှာ သူမရဲ့ အဖေ အမေက စောင့်ကြိုနေကြသည်။
‘မြင်းလှည်း ခဏစောင့်ပေးဗျာ၊ ကျွန်တော် ပြန်လိုက်မယ် ခဏလေးဝင်မယ်’
‘အဖေ အမေ ဧည့်သည်ပါလာတယ်။ ဒါနဲ့ ရှင်နာမည် ကျွန်မ မသိရသေးဘူး’
‘သံလွင်ပါ’
‘ကျွန်မ နာမည် အဖြူပါ’
အဖြူဆိုသော နာမည် ကလေးက သံလွင့်ရင်ထဲသို့ ညင်သာသိမ်မွေ့စွာ စီးဝင်သွားတော့သည်။ သူမနှင့် ပတ်သက်လျှင် အရာအားလုံးကလှပဆန်းကြယ်လှပါသည်။
မိဘတွေ နဲ့ မိတ်ဆက်ပေးပြီးမှ သူပြန်သွားသည်။ အဖြူ့အာရုံထဲမှာ သူ့အကြောင်းသာ ထပ်တလဲလဲ တွေးချင်နေသည်။ သူနှင့် သာ အမြဲတွေ့ ချင်နေသည်။ စကားတွေ အများ ကြီးပြောချင်နေ သည်။ သူ့မျက်နှာကို ထမင်းမစားဘဲ တစ်ဝကြီးငေးမောကြည့်ချင်နေသည်။
ထိုညက တော် တော် နဲ့မကုန်ဆုံးနိုင်၊ အိပ်မပျော်တော့ ညက ပို၍ ရှည်လျားတယ်ထင်ရ၏ ။ မနက် မြန်မြန်မိုးလင်းစေချင်သည်။
ပြိးတော့ အဖြူ့ဆီမှာ ရှိသမျှထဲက အကောင်းဆုံးအလှဆုံး ဖြစ်သည့် ပဒုမ္မာရင်ဖုံးအင်္ကျီအဖြူ ကလေးနှင့် ဘရိုကိတ်ပွင့်ရိုက်ကလေးကို ၀တ်သွားမည် ။ ဆံပင်နီနီခွေခွေကလေးတွေ ကို ဖဲကြိုးဖြင့် စည်းမည် ။ အမေလေး သူနှင့် တွေ့ ဖို့ရာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကောင်းလွန်းတော့သည်။
![]() အမုန်းရဲ့ တခြားမျက်နှာတစ်ဖက် | ![]() ၁၀၁ ပွင့်နှင်းဆီ | ![]() ချစ်ခြင်း၏အခြားမဲ့၌ |