Cover

အခန်း (၁)

၁၀၁ ပွင့်နှင်းဆီ = ထာဝစဉ်၊ ထာဝရ …

ထွဋ်ညိက ကန်ရေပြင်ထဲသို့ ခဲလုံးတစ်လုံးကို အားကုန်လွဲ၍ ပစ်ထည့်လိုက်လျှင် ငြိမ်သက်ကြည်လင်နေသော ကန်ရေပြင်သည် ၀ဲဂယက်တစ်ခုဖြစ်ထွန်းသွားကာ လှုပ်ရှားသွားလေသည်။ သူ့မျက်နှာကို ချစ်သူသက်တမ်း သုံးနှစ်ကျော်၊ လေးနှစ်နီးပါး ကာလအတွင်း အမြဲအလွတ်ရ ကျေညက်ခဲ့သော စာမရီသည် သူ တစ်ခုခုဖြစ်နေပြီဆိုတာကို ချက်ချင်းရိမ်မိ နားလည်မိလေသည်။

“ ဘာဖြစ်နေတာလဲ ထွဋ်…”

ဟု စာမရီက မေးလျှင် .. မျက်ခုံးများ ပင့် ထားသောမျက်နှာနှင့် သူမကို ကြည့်ကာ …

“ အေး၊ ဖြစ်နေတ်ာတော့သေချာတယ်၊ ငါ့ နင့်ဆီမှာ ခွင့်တောင်းစရာတစ်ခုရှိတယ် စာမရီ၊ ဒါပေ့မယ် အပေးအယူတစ်ခုတော့ လုပ်ရမယ်၊ ငါ ရိုးသားစွာ ၀န်ခံတာကိုနင် နားလည်မှု ရှိပေးရမယ်၊ ၀ူးဝူးဝါးဝါးထ,ထမလုပ်ရဘူး … ၀ုန်းဒိုင်းကြဲ မပေါက်ကွဲရဘူး ဟောင်ဖွာဟောင်ဖွာ ထမလုပ်ရဘူး၊ အဲ့ဒီကတိပေးရင် ငါပြောမယ် …”

ဟု ဆိုလေသည်။

“ နင်ဘာတွေလျှောက်ပြဿနာလုပ်လာပြန်ပြီလဲ ထွဋ်၊ အဲ့ဒါတွေကြောင့် နင်နဲ့ ငါ မတည့်နိုင်တာ၊ အမြဲ ပြဿနာနဲ့ ပူးတွဲ နေတာပဲ .. ပြီးတော့ ငါ့ကိုကျတော့ ပြဿနာမလုပ်ရဘူးတဲ့လာသေးတယ်၊ နင့်ပြဿနာကို ငါ့ပြောပြ၊ အဲ့ဒီပြဿနာကို သိပြီးတော့မှ ငါဆုံးဖြတ်မှာ ပေါ့ ”

စာမရီကလည်း သူပြောသမျှ အမြဲ ခေါင်းငုံ ငြိမ်ခံခဲ့သူ မဟုတ်ခဲ့။ ထို့ကြောင့် သူတို့ နှစ်ယောက်သည် ဘုရားစူးချစ်သူတွေလို့ ပြောရလောက်အောင်ပင် မသင့်မြတ်ဘဲ ချစ်နိုင်ကြသူတွေ ဖြစ်ခဲ့ပါသည်။

သူများ တကာ ချစ်သူစုံတွဲ တွေလို တစ်ယောက်ကို တစ်ယောက် ယုယုယယ ကြင်ကြင်နာနာ ချစ်မြတ်နိုးကြဖို့ထက် တွေ့လိုက်လျှင် တစ်ယောက်ကို တစ်ယောက်ကြည့်မရတာ ၊ ပြဿနာရှာကာ.. ရန်လိုကာ တကျက်ကျက် ရန်ဖြစ်နေကြတာနှင့်ပင် ချစ်သက်တမ်း ရှည်ကြာခဲ့သည်မှာ ဆန်းတော့ ဆန်းကြယ်လှလေသည်။ တစ်ယောက်ကို တစ်ယောက်ခွဲနိုင်သူတွေ ဖြစ်လေသည်။

“ နင်က ဘယ်လိုဆုံးဖြတ်မှတုန်း၊ ငါတောင် ငါ့ဘာသာ ဘယ်လိုဆုံးဖြတ်ရမယ် မသိဘဲ မြွေကိုက်နေတာ … ကဲပါ ငါပြောမှာ ပါ၊ နင့်ကိုဝန်မခံရရင် ငါသစ္စာမရှိသလိုဖြစ်မယ်၊ ငါ့စိတ်ငါလည်း လုံမှာ မဟုတ်ဘူး … နင်ငါ့ စရိုက်တချိုကို နည်းနည်းပြန်ရွတ်ပြစမ်းပါ ..”

“ လာပြန်ပြီ၊ နင်လား … နင်စရိုက်တွေကတော့ ငါ့ မကြိုက်နိုင်တာချည်းပဲလေ၊ စိတ်ဆက်လွန်းတယ်… အရွတိုက်လွန်းတယ်.. တဇွတ်ထိုး လုပ်တက်တယ် .. မခံချင်စိတ် ကြီးမားတယ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတယ်၊ ကြွပ်ဆတ်တယ်၊ တဇောက်ကန်း …”

“ ဟေ့ … တော်လောက်ပြီ၊ တော်တော့ .. နင်ကလဲ ဘယ်ဘ၀က အငြိုးတွေနဲ့ ငါ့ကို ဝေဖန်ကဲ့ရဲ့ ချင်နေတယ် မသိဘူး၊ အသက်တောင်မရှုစမ်းတမ်းပဲ … ငါ့က နင်ချစ်သူနော် ဟေ့ကောင်၊ ကောင်းကွက်ကလေး ဘာလေးရှာပါဦး…”

“ မတွေ့၊ မတွေ … ”

စာမရီက လက်ဝါးကလေးခါကာ နှုတ်ခမ်း ကလေးကို မဲ့ပြလေသည်။

“ နင်ကရေ ဘယ်လောက်ကောင်းလိုလဲ … ငါ မပြောချင်လို့ ”

“ မပြောချင်ရင် မပြောနဲ့ နင်ပြောလေ ငါ ဂရုစိုက်မယ် မဟုတ်၊ ကဲပါ၊…. ပြောစမ်းပါ ထွဋ်ညီရဲ့ ဖွင့်ဟ၀န်ခံချက်၊ ဘာတွေ မဟုတ်တရုတ် လုပ်ခဲ့ပြီ မသိဘူး ”

သူသည် သူမထံတွင် တကူးတက၊ ၀န်ခံရလောက်အောင် ဘယ်လောက်ကြီးကျယ်သော အပြစ်မျိုး ၊ ကျူးလွန်ခဲ့မှန်း သူမ စိတ်ထဲက ခန်မှန်းကြည့်သည်။

“ တကယ်တော့ ငါ့ စရိုက်ဆိုးကြောင့်ပဲ၊ နင် ပြောခဲ့ သမျှထဲက မခဲချင်စိတ်။ အရွဲ့တိုက်ချင်စိတ်နဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းတဲ့စိတ်နဲ့ အဲ့ဒီအမှားကို ငါ ကျူးလွန်မိခဲ့တာပဲ … ”

“ ဘာအမှားလဲ၊ တော်တော်ဆိုးသလားဟင် … ”

“ ဆိုးတယ် မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ ပတ်သက်တယ် … ”

စာမရီ ရင်ထဲ ထိတ်ခနဲ့ လှုပ်ခါ သွားပါသည်။

“ အဲ့ဒီ မိန်းမဟာ ငါ လား ”

မျက်လုံးများ ၀ိုင်းလျက် မျက်တောင်မခက်ဘဲ သူမ မေးသည်ကို သူက ခေါင်းခါကာ …

“ ဟေးအေး … တခြားမိန်းမတစ်ယောက်ပါ ”

ဟု ခပ်ဆဆ အသံဖြင့် အဖြေပေးလေသည်။ သူမ ရင်ထဲ မျက်ခနဲ အက်သွားသည်။

“ ဘာ…”

“ အေး.. အြ့ဒီ မိန်းမတစ်ယောက်က ဒီနေ့ပဲ ငါ့ကို ချစ်တယ်လို့ အဖြေပေးလိုက်တယ်၊ ငါ ဘာဆက်လုပ် ရမှန်း …. ”

စာမရီ့ နှုတ်ခမ်းသည် ခြောက်သွေ့စ ပြုလာသည်။ သူ့ မျက်နှာပေါ်တွင် ဖြေရခက်သော အရိပ်မျိုးလှစ်ခနဲ ပေါ်လာပြီး ဖျက်ခနဲ ပြန်လည်ကွယ်ပျောက်သွားခဲ့ကာ…

“ နေဦး ၊ နင့်ကို ငါ အစဆုံး ရှင်းပြမှ နင်သဘော ပေါက်မှ စာမရီ … ”

ဟု ကပျာကယာ ပြောလေသည်။ သူမရင်ထဲ တွင် ခပ်တင်းတင်း ခံစားချက်မျိုး ၀င်ရောက်လာသည်။

“ ကောင်းပြီ၊ ငါ နားထောင်ပေးမယ်၊ ပြီးမှ ငါ ဘာလုပ်သင့်သလဲဆိုတာ ငါ့ဘာသာ ဆုံးဖြတ်မယ် … ”

စာမရီသည် ဆိုးရွားသော ကံကြမ္မာ၏ အနံ အသက်တချို့ ကို စတင်ရရှိသလို့ ခံစားရသည်။ တိုးတိတ် သော အသံတိုးတိုးကလေးသည် အာရုံထမှာ မြည်ဟည်းလာသည်။ ဖြစ်ခဲ့သမျှ ပြဿနာများ စွာ တွင် ဒီပြဿနာသည် အဆိုးဆုံး ဖြစ်လိမ့်မည်ဟု သူမက ခန့်မှန်းတွက်ဆထားပြီး ဖြစ်လေသည်။

“ အဲ့ဒီမိန်းမက မာန သိပ်ကြီးတယ်ကွာ၊ ဘယ်လောက်ထိမာနကြီးသလဲဆိုရင် ငါတို့ သူငယ်ချင်း၊ လေးယောက်ထဲက သုံးယောက်စလုံးကို ပယ်ပယ်နှယ်နှယ် ရက်ရက်စက်စက် ချိုးနှိမ်ပြီး ငြင်းဆန်ထိတဲ့အထိ မာနကြီးတယ်…

ငါရဲ့ မခံချင်စိတ်၊ မရွဲတိုက်ချင်စိတ် ယောက်ကျာ်းတစ်ယောက်ရဲ့ မာန ကို နှိုးဆွရိုက်ပုတ်လောက်အောင်ထိ မာနကြီးတယ် .. ”

“ သူ့ ဘာသာ မာနကြီးတာ နင်နဲ့ ဘာဆိုင်သလဲ ထွဋ်ညီ အလကားသက်သက် နင်သွားရှုပ်ကာ … ”

“ကျွတ် … ငါပြောတာ သေချာနားထောင်စမ်းပါဦး၊ ဖြတ်ဖြတ်မပြောပါနဲ့ … သူက ငါ့ သူငယ်ချင်းတွေကို ဘယ်လိုငြင်းခဲ့တယ်ဆိုတာရေ နင်သိလို့လား … တော်ရုံဆို ငါ မပြောပါဘူး၊ ငါနဲ့ အနေသာကြီးပါ … ဒါပေမယ့် သုံးယောက်စလုံးကို သငြင်းခဲ့တဲ့ပုံစံက ယောကျာ်းမာနတွေကို ကြွပ်ကြွပ်ကျိုးအောင် ချိုးခဲ့တာချည်းပဲကွ၊ နင် နားထောင် … ငါပြောပြမယ် ”

“ စင်နန္ဒီ” ရယ်လို့ သူမ နာမည်ထင်ရှားခြင်း အကြောင်းမှာ … အစွမ်းထက်မြက်လှအောင် ညှို့အားကြောင့် ချည်းသက်သက်မဟုတ်။ စီးပွားရေးလောကတွင်ပါ အောင်မြင်ကျော်ကြားလွန်းသောကြောင့် ဖြစ်လေသည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူမက Supermarket တစ်ခု… အနောက်ပိုင်း Café တစ်ခု … Beauty Saloon တစ်ခု…Club တစ်ခုကို ဦးစီးဦးဆောင် ဖွင့်လှစ်ပိုင်ဆိုင်ထားခဲ့ပြီမို့ … သူမသတင်းက မွေးပျံစူးရှလှသည်။ အသက်အားဖြင့် အလွန်ဆုံးရှိလှ နှစ်ဆယ် ခုနှစ်၊ နှစ်ဆယ့်ရှစ်ပေါ့ ထိုအသက်အရွယ်မှာ ပင် သူမက စီးပွားရေးနယ်ပယ်မှာ လျှမ်းလျှမ်းတောက်လူသိများ နေပြီ။ သူမကို ပိုးပန်းလိချင်သူတွေကလည်း မနည်းမနောပင်။ မြန်မာပြည့်မှာ မက၊ နိုင်ငံခြားရပ်ခြားမှာ ယောက်ကျာ်းတွေကပင် သူမကို လိုချင်တပ်မက်မောကြလေသည်။

တော်ရုံလူလည်း မချဉ်းကပ်ရဲ။ အဲ့ဒီအထဲမှာ ပထမဆုံးရောဂါပိုးကို စတင်သယ်ဆောင်သူက နေဒွန်း ဖြစ်လေသည်။ သူမ ရှိတက်မည့် နေရာတွင်သို့ တကောက်ကောက် လိုက်ကာ .. ရောဂါသည်းထန်ခဲ့လေသည်။ သူမကို လိုက် နေမှန်းလည်း စင်နန္ဒီက အလွယ်တကူပင် နားလည်သဘော ပေါက်ပါသည်။

တစ်နေတော့ .. နေဒွန်းက …

“ မစင်နန္ဒီ … ကျွန်တော် နေဒွန်းပါ … မနန္ဒီရဲ့ ဆိုင် တွေမှန်သမျှရဲ့ Customer တစ်ယောက်ပါ … ”

ဟု စတင်မိတ်ဆက်ခြင်းဖြင့် ချဉ်းကပ်ခဲ့သည်။ သူမစီးသောကားမှာ LANDCURISER CYGNUS အမျိုးအစား ဖြစ်သည်။

“ ဟုတ်ကဲ့ … ကျွန်မ ဘာများ ဆောင်ရွက်ပေးရမလဲ ရှင် ”

သူမ မျက်နှာပေါ်တွင် အပြုးအရိပ်တစ်စက်မျှ မရှိ မာနကြောင့် ခက်ထန်သည့်ဘက်သို့ ပင် ကူးချင်ချင်။

“ ကျွန်တော် မနန္ဒီနဲ့ စကားနည်းနည်း ပြောချင်လို့ပါ၊ ဖြစ်နိုင်မယ်ဆိုင်ရင် ဆိုင်တစ်ခုမှာ … ”

“ ကျွန်မအတွက် စက္ကန့် တိုင်းဟာ ရွေထက်တောင် တန်ဖိုးကြီးပါတယ် …ကို ဘယ်သူ .. ”

“ နေဒွန်း ပါ … ”

“ ဆောရီးပဲ၊ ကျွန်မ ရှင်နဲ့ စကားပြောဖို့ အချိန်မပြောနဲ့ .. ခုတစ်ကြိမ် ရှင့် မျက်နှာကို တွေ့ရခြင်းဟာ နောက်ဆုံးဖြစ်စေချင်တယ် …

ရှင် လူမှု ရေးတော့ နားလည်ပါတယ်နော် .. ရှင်လို လူတစ်ယောက်အတွက် အချိန်ပေးရဗလာက်အောင် ကျွန်မမမိုက်မဲဘူး .. ရှင် ဘာပြောချင်တယ်ဆိုတာ ကျွန်မ မသိဘူး မထင်နဲ့ .. တန်ရာတန်ရာ ဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို ရှင်နားလည်ရင် နောက် ကျွန်မနောက်ကို ဘယ်တော့မှ မလိုက်နဲ့ ၊ ရှင့်လိုလူမျိုး ကျွန်မခြံမှာ ခြံစောင့်တောင် မခန့်ဘူး၊ ရှင်းရဲ့ နော် ”

ဟု သူမက ပြောချင်ရာပြောပြီး … သူမ ကား ကြီးပေါ်တက်ကာ .. ခပ်ကြမ်းကြမ်း မောင်းထွက်သွားခ့သည်။

ထိုစကားတွေ့ကို နေဒွန်းက တစ်ခွန်းမကျန်ပြန်ပြောပြတော့ သူတို့အားလုံး အတော် အခဲ မကျေနိုင် ဖြစ်ရလေသည်။

“ ဟာ ၊ တော်တော် လူပါးဝတဲ့ မိန်းမကွာ၊ အဲ့ဒီလောက် တော့ ရင်ရင့်သီးသီး ချိုးနှိမ်ပြောဖို့ မကောင်းပါဘူး၊ သူက မိန်းမပဲကွ ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲ ချမ်းသာချမ်းသာ … တစ်နေတော့ ယာကျာ်းယူရမှာ ပဲကွ၊ နေဒွန်းကလည်း ကလေကချေ အခြေအမြစ်မရှိတဲ့လူမှ မဟုတ်တာ …

ခြံစောင့်တောင် မခန့်ဘူးတဲ့ … ပြောစရာလား ကွ .. ရိုင်းတဲ့မိန်းမကွာ ”

နေဒွန်းက အချိုးအဖဲ့ခံလိုက်ရသဖြင့် ပဲဦးထွက် မှာ တင် ဦးကျိုးအညွန့်ကျိုးကာ .. သူမကို ထပ်၍ မတွေ့ရဲ မလိုက်ရဲ့ ဖြစ်သွားကာ စောစောစီးစီး လက်မြောက်အရှုံးပေးလိုက်လေသည်။

ဒုတိယ ရောဂွကူးစက်ခံရသူမှာ ၀ဏ္ဏ ဖြစ်လေသည်။

“ ဒီလောက်တောင် မောက်မာတာကွာ၊ သူက ဘာမို့လို့လဲ၊ ငါ ရအောင်လိုက်ပြမယ် .. မ်းတို့ စောင့်ကြည့် ”

ဟု ၀ဏ္ဏက ကြွေးကြော်သွားခဲ့လေသည်။

စင်နန္ဒီရဲ့ ထူးခြားချက် တစ်မျိုးမှာ သူမနှင့်ပက်သက်မိသူတိုင်း သူမ၏ ညှို့စက်ကွင်းအောက်တွင် ရုန်းထွက် မရအောင် စွဲကပ်ငြိတွယ် သွားခဲ့လေသည်။ ၀ဏ္စသည် ပထမတော့ စင်နန္ဒီကို မုန်း၍ ပင်နေသော်လည်း စင်နန္ဒီ ရင်းနှီးနီးစပ်ခွင်ရအောင် ကြိုးစားရင်း … သူမကို အရူးအမှုး စွဲလမ်းလာခဲ့သည်ဟု ဆိုသည်။

ဝဏ္ဏ ချဉ်းကပ်ပုံကျတော့ တစ်မျိုးဖြစ်သည် ။ သက သူမရဲ့ ကုမဏ္ဏီမှာ ရှယ်ယာဝင်ခွင့်ရအောင် ကြိုးစားခ့ပြီးမှ .. သူမထံ ချဉ်းကပ်ခဲ့တာဖြစ်သည်။

တစ်ရက်တော့ သူမနှင့် ၀ဏ္ဏ မျက်နှာချင်းဆိုင် မိကာ … ၀ဏ္ဏက ….

“ မနန္ဒီ ကျွန်တော် မနန္ဒီရဲ့ ရှယ်ယာဝင်တစ်ယောက်ပါ … ဒီအချိန်က ထမင်းစားချိန်ဆိုတော့ မနန္ဒီကို ထမင်းလိုက်ကျွေးချင်ပါတယ် … ခွင့်ပြုနိုင်မလား မသိဘူး…. ”

ဟု ဖိတ်ခေါ်ကမ်းလှမ်းသည်ကို သူမက စူးရှစိမ်းနက်သော အကြည့်တစ်မျိုးဖြင့် တုံ့ပြန်ရင်း …

“ ကျွန်မက ထမင်းစားဖိတ်တိုင်း လိုက်တက်တဲ့မိန်းမ တစ်ယောက် မဟုတ်ဘူးဆိုတာ ရှင် မသိဘူးထင်တယ်၊ အထူးသဖြင့် ရှင့်လို မျက်လုံးထဲမှာ အလိုရမ္မက်တွေ တောက့်လောင်နေတဲ့ ယောကျာ်းမျိုးနဲ့ ကျွန်မ ဘယ်တော့မှ ထမ်းမစားဘူးမှတ် …

ရှင့် မျက်နှာကို သေချာကြည့်မှပဲ ရှင်ဘာကြံနဲ့ ကျွန်မကုမဏ္ဏီမှာ ရှယ်ယာလာဝင်မှန်း ကျွန်မ် သိခွင့်ရ လိုက်တယ်၊ ရှင့်ရှယ်ယာလေး၊ နှစ်ပြားတစ်ပဲ မြှုပ်နှံပြီး ကျွန်မကို ချည်းကပ်ချင်တာ မဟုတ်လား …. ဆောရီးပဲ …

သုတကတော့ နည်းလမ်း တစ်မျိုးကို ပြောင်းလဲ သုံးစွဲခြ့သည်။ သူမ ဆဲဖုန်းကို မကြာခဏဆက်သည်။ သူမနှင့် စကားပြောခွင့်ရဖို့ ကြိုးစားသည်။ မကြိမ်များ စွာ ပင် သူ ရူံ့ နိမ့်ခဲ့သည်။

နောက်ဆုံးတော့ သုတက သူမရဲ့ ကားနောက်မှ တကောက်ကောက်လိုက်သော်နည်းကို ပြောင်းသုံးခဲ့သည်။ ဒါကို သူမ သိမြင်သွားတော့ တုံ့ပြန်ခဲ့ပုံမှာ ရက်စက်ပြင်းထန် လှသည်။ သူမနောက်မှ လိုက်လာသော သုတကားကို ကျေတက်ဖို့ အချက်ပေးသဖြင့် သုတက ၀မ်းသာအားရကျော်တတ် မိစဉ် တစ်ဖက်မျက်နှာချင်းဆိုင်မှ ကားတစ်စီး ၀င်လာသည်ကို နောက်ကျမှ ပင် သိ့ခွင့်ရလိုက်သည်။

သုက ကားခေါင်းပိုင်းတစ်ခြမ်းလုံး ပျက်ဆီးသွားခဲ့ကာ .. လူကတော့ စတီယာရင်နှင့် ရင်ဘက်ဆောင့်မိကာ ရင်ဘတ်အောင့်သော ဒဏ်ရသာ ရခဲ့သည် ။

“ တော်တော်ရက်စက်ပြီး … အကျင့် ယုတ်တဲ့မိန်းမကွာ၊ ငါ့ကို တမင် ဒုက္ခရောက်အောင် ပညာပေးလိုက်တာတော်ပြီကွာ .. ဒီလောက်မာကျောတဲ့မိန်းမကိုလည်း ဆက်မလိုက်ရဲတော့ဘူး.. ငါတု့ သုံးယောက်စလုံး အထိနာခဲ့ပြီးပြီ … ဒီမိန်းမက ဒီတစ်သက် သူနဲ့ တူတဲ့ တန်တဲ့ ယောက်ျားလည်း ရှာတွေ့ မယ့်မိန်းမ မဟုတ်ဘူး … ”

ဟု ညည်းတွားကာ သုတက တတိယမြောက့် အရူံးပေး နောက်ဆုတ်ခဲ့လေသည်။

အဲ့ဒီအချိန်မှာ သူရဲ့ မခံချင်စိတ်နဲ့ မာနက ရုတ်တရက် နိုးကြားလာခဲ့တာ ဖြစ်သည်။ မိန်းမတစ်ယောက်နှင့် ယောက်ျားသု့းယောက်မှာ … ယောကျာ်းတွေချည်းရူံးနိမ့်စော်ကားခံရသမျှသည် တရားမျှတမှု မရှိသည့်ပြင် အခံရခက်ဖွယ် လည်းကောင်းလေသည်။

“ ဒီလောက် မာနကြီးပြီး၊ ဘ၀င်မြင့်နေတဲ မိန်းမ ငါနဲ့ တွေ့မယ်… ငါသူကို မရရအောင် လိုက်ပြမယ် မငိးတို့စောင့်ကြည့် … သူ့လိုမိန်းမမျိုးက ငါလိုယောကျာ်းမျိုးနဲ့ မတွေ့သေးလို့ ဒီလောက်မာကျောနိုင်တာ …ယောကျာ်းဆိုတာအဆိပ်ရှိတဲ့သတ္တတ၀ါဆိုတာ သူမသိ သေးဘူး၊ သူသိလောက်အောင်တော့ ငါ လုပ်ရမယ် …”

သူက မခံချင်စိတ်၊ ဒေါသစိတ်၊ အရွဲတိုက်ပြလို စိတ်တို့ဖြင့် ပြောခဲ့လေသည်။

“ ဟေ့ကောင် ၊ ဖြစ်ပါ့မလား … မင်းက စိတ် အင်မတန် ဆက်တဲ့ကောင်နော်၊ ပြိးတော့ မင်းမှာ စာမရီ ရှိနေပြီးသား. ပြဿနာတွေ ရှုပ်ခက်ကုန်မယ် .. ”

“ မရှပ်ပါဘူး မင်းတို့အတွက် မခံချင်လို့ ငါ အဲ့ဒီမိန်းမကို ပညာပြန်ပေးမှာ ၊ စာမရီ ငါပြန်ရှင်းပြလိုက်ရင်ရတယ်၊ ဘာပြဿနာမှ တက်စရာမရှိဘူး …

ငါကတော့ အဲ့ဒီမိန်းမကို မရရအောင် လိုက်မှာ ပဲ…. ဘယ်လောက် မာနကြီးတဲ့မိန်းမလဲ … ယော်ကျာ်းတစ်ယောက်ကိုတော့ သူ့မာနတွေ အောက်ကျပြီး ချစ်တက်ရဦးမှာ ပဲ … ”

“ ထွဋ်ညီ မင်းနဲ့ မလွယ်ဘူးနော် … စင်နန္ဒီ အကြောင်း ငါတို့က နဖူးတွေ့၊ ဒူးတွေ့ကြုံပြီးသား၊ အင်မတန် မာကျောတဲံ့မိန်းမနော် ”

“ အောင်မယ် .. မင်းတို့က ငါ့ကို လျှောက်တွက်တ်ာပေါ့ လေ၊ စင်နန္ဒီက သံမဏိပဲထားပါ… ငါက အဲ့ဒီသံမဏီကို အရည်ကျိုပြစ်လိုက်မယ် .. အိုကေ … ”

သူရဲ့ နည်းဗျူဟာများ မှာ … စင်နန္ဒီ ထင်မှတ်မထားသောထောင့်များ မှ ဖြစ်ရမည်။ ပထမဆုံးတော့ သူမ သွားလေ့ရှိသော နေရာများ ကို သူမ မသိအောင် နောက်မှ တိတ်တဆိတ်လိုက်၍ မှတ်ထားခဲ့လေသည်။

သူ့အတွက် ကံကောင်းသည်မှာ စင်နန္ဒီသည် အချိန်ဇယားနှင့် စနစ်တကျ လှုပ်ရှားသွားလာတက်သေ အလေ့အကျင့် ရှသူဖြစ်နေခြင်းပင် သူ့အတွက် အခွင့်အရေး ဖြစ်သည်။

သူကို့ သူမက မမြင်အောင် ပုန်းလျှိုးကွယ်လျှိုးနေလျက် … သူကိုတော့ သူက ဟင်းလင်းထင်းရှာစွာ တွေ့ မြင်နေရခြင်းသည် တရားတော့ မတရားပေမယ့် …. အရသာတော့ ရှိလှပါသည်။

ပထမဆုံး သူ စတင်လှုပ်ရှားခဲ့သည်မှာ … သူမ အလစ်တွင် အငိုက်မိစေသော နည်းတစ်ခုကို သုံးခဲ့ခြင်းဖြစ်သည်။

သူ၏ အချိန်ဇယားများ ကို အလွတ်ရပြီးနောက် … သူမ အိမ်မှထွက်ချိန်တွင် သူက သူမအိမ်သို့ဝင်ရောက်ဖို့ ကြံစည်ခဲ့သည်။ အဲ(ရ်)ကွန်းပြင်သော အလုပ်သမားဟန်ဆောင်၍ .. သူမ အခန်းဆီသို့ ၀င်ခွင့်ရဖို့ ကြိုးစားခဲ့သည်။

“ ကျွန်တော်ကို ကုမ္မဏီက လွတ်လိုက်တာပါ .. အဲ( ရ်) ကွန်း (န်) တွေဆာဗစ်ဆန်း လုပ်ပေးဖို့ပါ ”

“ အိမ်မှာ လူကြီးတွေ မရှိဘူးရှင့် ၊ ဖေဖေကြီးနဲ့ မေမေကြီးက စင်ကာပူ သွားနေကြပါတယ်၊ မမက လည်း ခုတင် အပြင်ထွက် သွားပါတယ် … ”

ဟု အိမ်ဖော်ကောင်မလေးနှင့် အဒေါ်ကြီးက တံခါးဖွင့်ပေးဖို့ အင်တင်တင် လုပ်နေသေးသည်။ အိမ်တွင် ဘယ်သူမှ ရှိဟတ်မတူချေ။

“ ကျွန်တော် သိပ်မကြာပါဘူး … ခဏလေးပါ … အဲရ်ကွန်း (န်) ဆေးကြောသန့်စင်တာလေးပြီးရင် ပြီးပါပြီ … ဒေါ်စင်နန္ဒီလည်း ဖုန်းဆက်ထားလို့ပါ ”

“ သြော် … မမလေး ဖုန်းဆက်ထားတယ်ဆိုရင်တော့ ၀င်ပါရှင် … ၀င်ပါ ”

ကောင်မလေးက ပျာပျာသလဲပင် ဖွင့်ပေးလေသည်။ သူက ဣနြေ္ဒရရပင် ၀င်လာခဲ့သည် …

“ အဲရ်ကွန်း(န်) ရီတဲံအခန်းတွေ ကျွန်တော်ကို လိုက်ပြပေးပါ … ”

“ မမလေး အခန်းရယ်၊ ဖေဖေကြီးနဲ့ မေမေကြီး အခန်းရယ် … ဧည့်ခန်းရယ်… အပေါ်ထပ်ကို တက်ပါရှင့်၊ မမလေးအခန်းက အပေါ်ထပ်မှာ ပါ ”

သူအပေါ်သို့တတ်လာခဲ့သည်။ စင်နန္ဒီရဲကအခန်းထဲသို့ တန်းတန်းမတ်မတ်ပင် ထ၀င်လာခဲ့သည်။ အဲင်္ရကွန်း (န်) ဘောက်(စ်) အဖုံးကိုဖွင့်ကာ .. ဖေလ်တိာု ဆေးကြောသန့်စင် တာလောက်တော့ သူလုပ်နေကျမို့ ခပ်တည်တည်ပင် လုပ်ပေးလိုက်လေသည် ။

“ ကျွန်တော့်ကို ရေတစ်ခွက်လောက် ပေးပါ ”

အနားကနေ တကောက်ကောက်လိုက် ကပ်နေသော ကောင်မလေးကို ထုတ်ချင်သောကြောင့် သူခိုင်းလိုက်သည်။ စင်နန္ဒီ အခန်းက ဘာ့(သ်) ရွန်း (မ်) အတက်(ခ်ျ) မို့ကောင်မလေးက ရေချိုးခန်းထဲ ၀င်သွားဆဲ .. သူက စင်နန္ဒီရဲ့ မွေ့ရာ ခင်းအောက် .. ခေါင်းအုံးအောက် .. ခြုံစောင်အောက်တွင် အိတ်ထဲမှာ အသင့်ယူလာခဲ့သော် အပွင့်ခြွေထားသည့် နှင်းဆီပွင့်များ ပြန့်ကြဲထားလိုက်ကာ အိပ်ရာဖုံးနှင့် ပြန်အုပ်ထားခဲ့သည်..။ ပြိးတော့ သူ့အသံသွင်းထားသည့် ကက်ဆက်တိပ်(ပ်) ကလေးကို အခန်းတွင်းမှာ အလှစိုက်ထားသော သစ်ပင်ကလေးရဲ့ အကိုင်းအခက်တွင် ဖဲကြိုးကလေးဖြင့် ချိတ်ဆွဲထားခဲ့သည်။

ထို့နောက် သူမ အိပ်ရာတစ်ခုလုံးတွင် Opium ရေမွေးရနံတွေ သင်းမွေးပျံ လှိုင်နေအောင် ဆွတ်ဖျန်းပစ်ခဲ့လေသည် ။

“ ဟင် .. မွေးလိုက်တာ ၊ တစ်ခန်းလုံးမွေးကြိုင်နေတာ ပဲ … ဘာတွေ လုပ်ထားတာလဲဟင် ”

ဟု ကောင်မလေးက တအံ့တသြမေးလေသည်။ “ အခန်းသန့်ဆေး ခဏ ဖြန်းထားတာပါ… ပိုးမွား တွေလည်းသေအောင် .. ကျွန်တော် ရေချိုးခန်း ခဏ၀င်မယ်နော် ”

“ ဟုတ်ကဲ့ ”

ရေချိုးခန်းတွင် စာအုပ်ဗီိုကလေးနှင့် အမွေး နံ့သာဘူးတွေ စီစီရီရီ ထားသိုလျက် .. ရေချိုးကြွေဇလုံခပ်ကြီးကြီးတစ်ခု .. မှန်သားတို့ဖြင့် ဖြွ့စည်းဒထားသော ရေချိုးခန်း .. အသေးစားတ်ခု … အဲ့ဒီ မှန်ရေချိုးခန်းကလးထဲတွင် နှိပ်သည့်ကိရိယာ .. သီချင်းနားထောင်ဖို့ ကက်ဆက်ကလေးပါ အဆင်သင့်ရှိသော .. ထိုင်ဝမ်ဖြစ် ရေချိုးခန်းကလေး ရှိလေသည်။

သူက ရေချိုးကြွေဇလုံနှင့် ရေချိုးခန်းကလေး အတွင်း သင်းပျံနေအောင် Opium ရေမွေးတွေ ဆွတ်ဖျန်းခဲ့သည်။ နှင်းဆီပွင့်ကလေးများ ကို ရေချိုးခန်းထဲတွင် ကြဲဖြန့်ထားခဲ့သည်…။ ရေချိုးကြွေဇလုံတဲတွင် နှင်းဆီပွင့်များ ကြဲခဲ့လေသည်။ ကောင်းမလေးသာ ရေချိုးခန်းထဲ ထပ်မ၀င်ဘူးဆိုရင် သူရဲ့ ပစ်မှတ်မှာ .. စင်နန္ဒီ၏ နှလုံးသားတည့်တည့်သို့ ထိမှန်မည် ဖြစ်လေသည် ။

“ ဒီအခန်းနဲ့ ရေချိုးခန်းကို ချက်ချင်းမဖွင့်ရင်ကောင်းမယ်၊ လေသန့်ဆေးတွေဖြန်းထားတယ် အနံကလေး စွဲသွားအောင်ပါ ..”

“ ဟုတ်ကဲ့ ၊ စိတ်ချပါ မဖွင့်ပါဘူးရှင့်၊ မမလေးကလည်း သူမရှီတုန်း သှူု အခန်းထဲဝင်ရင်ဆူပါတယ်၊ မကြိုက်ပါဘူး၊ အခု အစ်ကို အဲရ်ကွန်း (န်) လာဆေးလို့ ၀င်တာပါ …”

ဟုဆိုကာကောင့်မလေးက သူတို့ ထွက်လာရင် အခန်းတံခါးကို ပိတ်ပစ်လိုက်လေသည်။

သူမကို အ့ဒီလို စတင်ခဲ့သောသူက .. နောက် ရက်များ တွင်လည်း … သူမကားကို Opium ရေမွေးဖြင့် ဆွတ်ဖျန်းခြင်း .. နှင်းဆီပွင့်များ ကားပေါ်မှာ ဖြန့်ကြဲခြင်းခြင်း …. သူအသံနှင့် သူမကိုချစ်ကြောင်း စကားတွေ သွင်းထားသော ကက်ဆက်ခွေကို တိပ် ( ပ်) ဖြင့် ကားမှန်မှာ ကပ်ထားခဲ့ခြင်း .. သူမသွားမည့်နေရာများ ကို သူကကြိုတင်သိထားသဖြင့် စူပါမားကပ် ရုံးခန်းအတွင်းသို့ သန့်ရှင်းရေးအလုပ်သမားဟန်ဆောင်ပြီး ကြိုတင်ဝင်ရောက်ကာ … သူမ စားပွဲပေါ်တွင် နှင်းဆီပွင့်များ နှင့် Opium ရေမွေးရနံတွေ ဆွတ်ဖျန်းထားခြင်း .. Club ရှိသူမ ရေကူးကန်ထဲတွင် နှင်းဆီပွင့်များ ဝေသီမြောနေစေခြင်း .. opium ရနံ သင်းပျံစေခြင်း ။။ သူမရဲ့ Café ဆိုင်မှာ သူမရောက်ခါနီး အချိတ်မှန်းလျက် … သူမ မြင်သာမည့် စားပွဲတစ်ခုပေါ်မှာ နှင်းဆီကြဲဖြန့်၍ opium ဆွတ်ဖျန်းခြင်းများ ကို နှေုစဉ်ရက်ဆက် မှန်မှန်လုပ်ခဲ့သည်။

တစ်လခန့်ကြာမြင့်သောအခါ … နှင်းဆီပွင့်များ လည်း ထောင်နဲ့ ချီခဲ့ပြီး Opium ရေမွေးပုလင်းအကြီးတစ်လုံးလည်း ကုန်သွာသောအခါ .. သူမဘက်က တုံ့ပြန်မှု တစ်ခု စတင်ခဲ့ပါသည်။

တစ်ရက်တွင် သူ့ကို သူမက အမိဖမ်းခဲ့ခြင်း ဖြစ်သည်။ Café ဆိုင်ကလေးမှာ သူ့ကို သူမက အလစ်တွင် ဖမ်းမိခဲ့ခြင်း ဖြစ်သည် ။

သူထိုင်နေသော စာပွဲဆီသို့ သူမက အမိဖြုန်းခနဲ ၀င်ထိုင်လိုက်ကာ …

“ ရှင်တော်တော် ရူးရဲတာပဲနော် .. ဒါပေ့မယ် ကျွန်မကို ရူးသမျှ အရူးတွေထဲမှာ တော့ ရှင်က Romatic အဖြစ်ဆုံးနဲ့ အပြောင်မြောက်ဆုံးပဲ ”

ဟု ပြုးတော့မလို နှုတ်ခမ်းများ ကော့ညွတ်သီရီစွာ ပြောလေသည် ။

“ ကျွန်တော့်ကို အဖြေပေးတော့မလား ”

ဟု သူက သေချာပိုင်နိုင်စွာ ပင် မေးလိုက်လျှင် သူမက … ခေါင်းကို ခါကာ …

“ လုံးဝ စိတ်ကူးမရှိဘူး …”

ဟုဖြေလေသည်။

“ ကျွန်တော်ကတော့ ခင်ဗျားစိတ်ကူးရှိလာတဲ့အထိ ဇွဲမလျော့စတမ်းပဲနော် … ”

“ သေတဲ့အထိ ဆိုရင်ကော …”

“ သေတဲ့အထိဇွဲမလျော့ဘူးပေါ့ … ကျွန်တော်မေမောကကျွန်တောကို ပြောလေ့ရှိတယ်၊ ဇွဲနပဲကောင်းလွန်းလို့တဲ့… ဘယ်အရာမဆို ကျွန်တော်လိုချင်တာဆို ဇွဲကောင်းကောင်းနဲ ရအောင်ယူတာပဲ ”

“ ရှင့်ဘ၀မှာ မရဘူးဆိုတာ ရှိခဲ့ဖူးလား …”

“ လုံးဝ … မရှိခဲ့ဖူး .. ”

“ ဒါဆိုရင်တော့ အခုကစပြီး ရှင့်ဘ၀မှာ … မရဘူးဆိုတဲ့ အရာပေါ်လာတော့မယ် .. အဲ့ဒါ ကျွန်မဘဲ . ”

“ ဟင့်အင်း၊ ကျွန်တော်ကတော့ မရမချင်း လုံးဝ နောက်မဆုတ်ဘူးလို့ သန္နိဋ္ဌာန် ချထားပြီးသား …”

သူက မလျှောဘဲပြောလေသည်။ ထိုအချိန်တွင် သူမက ပထမဆုံးအကြိမ်အဖြစ် ခပ်တိုးတိုး ရယ်မောပါသည်။ သူမမျက်နှာပေါ်တွင် တင်းမာမှု ဟူ၍ မရှိတော့လောက်ပင် ပါးလျလာသည် ။

ပြီးတော့ သူမက သူ့ကို မျက်လုံးချင်းဆုံ၍ ကြည့်လေသည်။ သူမ၏ မျက်လုံးများ မှာ နေရောင်ကဲ့သို့ စူးရှတောက့်ပြောင်လွန်းသဖြင့် သူလိုလူမို့ပင် အရှံးမပေးဘဲ တန်ပြန်စိုက်ကြည့်နိုင်တာ ဖြစ်သည်။ သူ့မျက်လုံးများ ရဲ့ အစွမ်းသတ္တိပြင်းအားကို သူ ယုံကြည်စိတ်ချပြီးသားဖြစ်သည်။

“ ရှင် မဆိုးဘူးဘဲ၊ ကျွန်မ တွေ့ဖူးသမျှ ယောကျာ်းတွေထဲမှာ ကျွန်မရဲ့ မျက်လုံးတွေကို ပြိုင်ပြီး၊ အရူံးမပေးဘဲ ၊ စိုက်ကြည့်နိုင်တာ ဆိုလို့ ရှင် တစ်ယောက်ပဲ ရှိသေးတယ်… ရှင်တကယ်ဇွဲကောင်းတယ်ဆိုတာ ကျွန်မလက်မခံလို့ မရဗတာ့ဘူး …

“ ကဲ .. ရှင့်ကို တစ်ခုမေးမယ်၊ ကျွန်မကို ဘာလို့ ချစ်တာလဲ ..”

“ မိန်းမတစ်ယောက် ဖြစ်နေလို့ … ”

“ ဘယ်လို .. ”

သူ့အဖြေကြောင့် သူမတော်တော်ပင် အောင့်သီးအောင့်သက် ဖြစ်သွားပုံပေါ်ပါသည်။ သူမ ဘယ်လိုအဖြေမျိုးကို မျှော်လင့်ထားမှန်း သူကလည်း ရိမ်မိတွက်ဆပြီးဖြစ်သည်။ ဥပမာ .. သိပ်ထက်မြတ်ပြီး လှလို့၊ သိပ်တော်လို့၊ မိန်းမတွေထဲမှာ သိပ်ရှားလို့.. သိပ်လှလို့ စသည်ဖြင့် များ က သူမအဖို့ ရိုးအီးငြီးငွေ့ ဖွယ်ကောင်းမှာ အသေအချာပင် ။

“ သြော် … မိန်းမဆိုတာ ယောကျာ်းတွေက ချစ်ရတဲ့ မျိုးနွယ်တစ်ခုပဲလေ… မဟုတ်ဘူးလား .. မိန်းမကို ယောကျာ်းက ချစ်မြတ်နိုးတယ်ဆိုတာ အဲ့ဒီမိန်းမကို ချီးမြှော က်ဂုဏ်ပြုခြင်း တစ်မျိုးပဲ .. ယောကျာ်းတစ်ယောက်ရဲ့ အချစ်ကို ခံရတဲ့ မိန်းမတစ်ယောက်ရဲ့ ဘ၀ဟာ .. အဓိပ္ပာယ်အရှိဆုံးနဲ့ ကျက်သရေ အရှိတုံးပဲ …

အချစ်မခံရတဲ့ မိန်းမတွေက လူဖြစ်ကျိုးမနပ် ဘူး… စင်နန္ဒီ ဘ၀တစ်လျှောက်လုံး အပျိုးကြီးတော့ မလုပ်ဘူးမှလား.. ယောကျာ်းတစ်ယောက်ရဲ ချစ်ခြင်းကိုတော့ တစ်ချိန်ချိန်မှာ တောင့်တမိမှာ ပဲလို့ ကျွန်တော်ယူဆတယ် … အဲ့ဒီအချိန်မှာ စင်နန္ဒီအနားမှာ ရှိနေတဲ့ သူဟာ ကျွန်တော်ပဲ ဖြစ်ချငတယ် ..ကျွန်တော့်ကို ပစ်ပစ်ခါခါ ငြင်းပယ်လိုက်ပြီးမှ တစ်ချိန်ချိန်မှာ နောင်တရမှာ မျိုး မဖြစ်စေချင်ဘူး .. ”

“ အံမယ်.. အံ့မယ်.. အပြောကတော့ ကောင်းတယ် နော် .. ရှင် တော်တော်နစ်နာနေပါဦးမယ် … ”

စင်နန္ဒီ၏ မျက်နှာကလေးတွင် ထူးခြားသော အရောင်အ၀ါတစ်မျိုးသည် ရုတ်တရက် ပြိုးပြက်လင်းလက် လာခဲ့လေသည်။ သူက သူ့ကိုယ်သူ အမြဲသေချာစွာ ပိုင်တွက်တတ်ခဲ့သူမို့ .. သိပ်မကြာလှသော ကာလတစ်ခုတွင် အင်မတန်မာနကြီးသော ၊ တော်ရုံလူကို လူမထင်သော မိန်းမ တစ်ယောက်သည် သူမ၏ မိန်းမဘ၀ကို သူ့လက်တွင်းသို့ လိုလားနှစ်သက်စွာ အပ်နှင်းတော့ မည်ဟု သေချာသိမြင်လိုက်လေသည်။

ထိုကာလနှင့် သိမ်မကြာခင်မှာ ပင်သူ မျှော်လင့် ထားသည့်အတိုင်းပင် စင်နန္ဒီက သူ့ကို အဖြေပေးခဲ့သည်။ “ တို့ ဘ၀မှာ ယောကျာ်းဆိုရင် သာမာန်ယောကျာ်းမျိုး မလိုအပ်ဘူး … X – factor ရှိရမယ် … ထူးခြားရမယ်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်ရမယ် .. personally ကောင်းရမယ် … သိပ်တော်ရင်တော်၊ မတော်ရင် Romatic ဖြစ်ရမယ် …

မင်းက တို့တွေ့ဖူးတဲ့ တခြားဘယ်ယောကျာ်းနဲ့ မှ မတူတဲ့ ထူးခြားတဲ့ ဆွဲဆောင်မှု ရှိတယ် .. အထူး ခြားဆုံးက တို့ရဲ့ စိတ်ကို Emotional သိပ်ဖြစ်စေတာပဲ၊ လှုပ်လှုပ်ခက်ခက်နဲ့ အငိုက်မိစေတယ် .. လျှပ်ပြက် သလို၊ သက်တမ်းတစ်ခုကို ရင်ဆိုင်ရသလို .. မျှော်လင့် မထားတာတွေ မင်းဆီက တို့ရခဲ့တယ် ..

တို့ ရိုးရိုးလေးပဲ ဖြေမယ်၊ မင်းကို တို့ချစ်တယ် ”

ဟု စင်နန္ဒီက သူကို အဖြေပေးလိုက်စဉ် … သူ့ရင်တွင် ခံစားချက်မှာ ပျော်ရွင်ခြင်း၊ အောင်နိုင်ခြင်း…. ကျေနပ်အားရခြင်း စိုးစဉ်မျှ ဖြစ်မလာဘဲ .. သူ့ဘာသာသူ အပြစ်ကင်းစင်စွာ နေထိုင်ခဲ့သော မိန်းမတစ်ယောက်၏ ဂုဏ်သိက္ခာကို သူ မရည်ရွယ်ဘဲ စော်ကားမိခဲ့ပြီဟု သိမြင်ခံစားရခြင်းနှင့် သူအမှားသိက္ခာကို သူ မရည်ရွယ်ဘဲ စော်ကားမိခဲ့ပြီဟု သိမြင်ခံစားရခြင်းနှင့် သူ့ အမှားသူ နောင်တရလိုက်မိခြင်း ဖြစ်လေသည်။

သို့သော် … ထိုအချိန်တွင် သူအနည်းငယ်မျှမက နောက်ကျနှင့်ပြီးခဲ့လေသည်။ ထို့နောက်ကျခြင်းထဲ့တွင် မိန်းမတစ်ယောက်၏ နှလုံးသားတစ်ခု စတေးမြှုပ်နှံပြီးစီးခဲ့ပြီ …။

စင်နန္ဒီ အတွက်တော့ သူသည် သူမဘ၀အတွက် ပထမဆုံး ယုံကြည်ကိုးစားမိသော အချစ်ဦး ဖြစ်ခဲ့လေပြီ။ သူအတွက်တော့ စင်နန္ဒီသည်.. ဘယ်တုန်းကမှ မဖတ်ရှဖူးခဲသော စာအုပ်တစ်အုပ်ကို လက်လွတ်စပယ် ၀ယ်ယူလိုက်မိခြင်းသာ ဖြစ်၏ ။

အခန်း (၂)

သူ့ စကားအဆုံးတွင် စာမရီ၏ နှလုံးသားမှာ အခါခါထုနှက်ခြေမွခံထားရသလို တွန့်လိမ်ညှစ်မြည်လျက်ရှိသည်။ သူ့ မျက်နှာကို စေ့စေ့ကြည့်မိလျှင်ပင် နာကျင်လွန်း၍ ကန်ရေပြင်သို့သာ ငေးစိုက်တိတ်ဆိတ်နေလိုက်သည်။

သူ့သက်ပြင်းချသံက စာမရီ နှလုံးသားကို မညှာမတာ ခပ်ပြင်းပြင် တစ်ချက်ရိုက်နှက်လိုက်သလို စူးစူးရှရှ နာကျင်သွားသည်။

“ ငါကတော့ မရည်ရွယ်ဘဲ စော်ကဲမင်းဖြစ်သွားတာပဲ .. ဖြစ်ပြီးတော့မှ သူကို့ ဘယ်လိုဖြေရှင်းရမှန်း ငါမသိတော့ဘူး… ငါ့အရှပ်ကို ငါမဖြေနိုင်တော့တဲာ… အတ်နိုင်ဆုံးကတော့ သူ့ရဲ့ ဂုဏ်သိက္ခာနဲ့ မာနကို မထိခိုက်အောင်..”

“ သိပ်သေချာတာပေါ့ … ”

စာမရီ ဖြတ်ပြောသံသည် .. သူအသံကို ဖံးအုပ်လွှမ်းမိုးသွားဖို့ လုံလောက်စွာ ပင် ပြင်းရှခါးသီးနေသည်။ သူက တအံ့တသြ မျက်လုံးများ နှင့် သူမကို လှည့်ကြည့်ငေးမောဆဲ… စာမရီသည်.. ဒေါသကြောင့်လား၊ မာနကြောင့်လားမသိ အနည်းငယ် တုန်ယင်ချင်သော နှုတ်ခမ်းကို တင်းတင်းစေ့ကာ …

“ အပြစ်မဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ မာနကို နင်မချိုးဖဲ့ရဘူး ထွဋ် … နင်တို့ယောကျာ်းတွေရဲ့ အကျင့်ဟာ အဲ့ဒါပဲ … မိန်းကလေးတစ်ယောက် မာန ကြီးတယ်ဆိုရင် ဒီမိန်းမ ငါ မာနချိုးပြမယ်ဆိုတဲ့ တစ်လွမြာနနဲ့ မလိုအပ်တာကို အစွမ်းအစ ပြချင်ကြတာပဲ .. ငါတို့ မိန်းမတွေကျတော့ … နင်တို့ယောကျာ်းတွေ့ လှည့်စားမာယာများ သမျှ ပရိယာယ်ကြွယ်သမျှ မုန်တိုင်းကြားမှာ အလူးအလှိမ့် ကျဆုံးရတာ ပဲ …

လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ချိုးဖဲ့ဖိနှိမ့်ပြီးမှ အနိုင်ရတာ ကို ဂုဏ်ယူချင်တဲ့စိတ်လောက် ညစ်ညမ်းယုတ်မာတာ မရှိတော့ဘူး ထွဋ် .. ငါ နင့်ကို အစက ဒီလောက်ညံ့ဖျင်းလိမ့်မယ်လို့ မထင်ခဲ့ဘူး

မိန်းကလေးတစ်ယောက်ကိုများ အနိုင်ယူလိုက်ရလို့ နင့်ဘ၀ ဘယ်လောက်မြင့်မားပြီး ဂုဏ်သိက္ခာတတ်သွားသလဲ ၊ နင့်ရဲ့ ယောကျာ်းဘ၀ ဘယ်လောက်မြင့်မြတ်သွားသလဲ .. အဲ့ဒါ နင့်အမှားပဲ .. နင့်ဘ၀မှာ ဘယ်တော့မှ မပျက်တော့မယ့် အစွန်းအထင်းပဲ … ”

မခံချင်စိတ်က နှိုးဆွလွန်းသဖြင့် သူမသည် မရပ်မနား ပြင်းထန်ခါးသီးသော စကားလုံးများ ဖြင့် သူကို ပြစ်တင်ရှုတ်ချလေသည်။ သူက ခေါင်းကို လက်နှစ်ဖက်ဖြင့် ဖိညှပ်ထားပြီး…

“ ပြောပြော၊ ပြောချင်ရာသာ ပြောတော့ကွာ ငါလည်း မခံချင်စိတ်နဲ့ သွေးဆူပြီး လုပ်ခဲ့မိတာပဲ၊ သူက ငါ့ကို တကယ်ကြွေသွားတာ ငါ ဘာတက်နိုင်မလဲ ”

ဟု ကိုယ်လွတ်ရုံန်းဖို့ ပြင်သော စကားကို ဆိုဆဲတွင် စာမရီသည် ထိုဆုံးဖြတ်ချက်ကို ချပစ်ခဲ့တာ ဖြစ်၏ ။

“ နင်တက်နိုင်ပါတယ်… တတ်ကို တတ်နိုင်ရမယ်၊ နင်ယောကျာ်းပဲ၊ ယာကျာ်းဆို့တာ ကိုယ်ကိုယ်ကို အတွက် အမြဲတာဝန်ယူရမယ် …

နင့်သူကို ချစ်သူအဖြစ်ပဲ ဆက်တွဲနေရမယ် ထွဋ်၊ စင်နန္ဒီက စပြီး နင့်ကို မဖြတ်သရွေ … နင်က စပြီး သူ့ကို အဆက်မဖြတ်ရဘူး၊ မခွာရဘူး … နင် ချစ်တယ်လို့ ပြောခဲ့လို့သာ ပြန်ချစ်ခဲ့တဲ့ မိန်းကလေးကို နင် အဲ့ဒီနည်းနဲ့ ပြန်ကယ်ရမယ် ..”

သူ့မျက်နှာသည် သူမကို လုံးဝနားမလည်နိုင်သော မျက်နှာဖြစ်လာသည်။

“ စာမရီ၊ ဟေ့ကောင်၊ နင် ငါ့ကို တော်တော်ရက်ရော နေတယ်ပေါ့၊ ငါ့ကို သ၀န်မတိုတဲ့အပြင် တခြားမိန်းမလက်ထဲတောင် အတင်းထိုးထည့်နေပါလား၊ ဘာလဲကွ … ငါလူပြ … မမှားရတော့ဘူးလား.. မာနကြောင့် မှားတဲ့အမှား .. မခံချင်စိတ်ကြာင့် မှားတဲ့အမှား.. ဒီအမှားကို ငါကျူးလွန်မိတာ နင် ခွင့်မလွတ်နိုင်ဘူး လား ”

“ နင့်ကို ခွင်လွှတ်ဖို့ထက် … ငါကတော့ မိန်းမချင်း ကိုယ်ချင်းစာရမယ် ထွဋ်ရဲ့ … ဟိုမိန်းကလေးက သူ့ဘာသာသူနေခဲ့တာ၊ နင်က သွားစခဲ့တာ ၊ ဘယ်သူမှာ အပြစ်ရှိသလ … အပြစ်ရှိတဲ့လူက တန်ရာတန်ကြေးတော့ ပြန်ပးဆပ်ရမှာ ပဲ … ”

စိတ်ဆက်သော ထွဋ်မျက်နှာသည် .. ချက်ချင်းပင် ညိုမှော င်တင်းမာလာခဲ့သည်။ မခံချင်သော အရွဲတိုက်ချင်သော ဂျစ်ကန်ကန် ကြွပ်ဆတ်ဆတ် မထီတရီ မျက်နှာပေးသည် သူ့မျက်နှာ တစ်ခုလုံးတွင် နေရာလပ်မကျန်အောင် သီးအုံဖွဲ့ သိပ်လာသည်။

“ သြော် .. နင်က ငါ နှစ်ယောက်ထားမှာ ကို ကြည်ဖြူနိုင်တယ်ပေါ့ … အိုကေ… နင် ငါ့ကို စိန် ခေါ်တ်ာနော်၊ ငါက အရှုံးမရှိပါဘူး .. ယောကျာ်းပဲ …”

ဟု ရင့်ရင့်သီးသီး စတင်၍ ပြောလိုက်သာ အခါ … သူမ ရင်ထဲတွင် မာကျော်သော လက်နက်တစ်ခု ဖြင့် မစ်အပေါက်ခံလိုက်ရသလို အောင့်မျက်နင့်သီးသွားလေသည်။ စာမရီသည် ထိုဆုံးဖြတ်ချက်ကို မာနဖြင့် ၊ မခံချင်စိတ်ဖြင့် ဆုံးဖြတ်လိုက်မိခြင်းသာ ဖြစ်၏ ။ သူ့ကို နောင်ကြဉ်သွားစေချင်သည်။ သူ့ တာဝန်သူယူစေချင်သည်။ သူ့ကို ယုတ်မာသော၊ စိတ်ဓာတ်နိမ့်ကျ သိမ်ဖျင်းသော ယောကျာ်းတစ်ယောက်၏ ခေါင်းစဉ်အောက်တွင် မရှင်သန်စေလိုပေ ။

“ ငါကတော့ ငါ့ကိုယ်ငါ နင်လုက်သမျှ ကြည်ဖြူပါ့မယ်လို့ အာမခံမထားပါဘူး .. ငါ ဆုံးဖြတ်သင့်တာကို ဆုံးဖြတ်တယ်၊ ငါ့ ဆုံးဖြတ်ချက်ကို ငါ တာဝန်ယူရဲတယ် ၊ ဘာမှအပြစ်မရှိတဲ့မိန်းမအနေနဲ့ သူဒီအ ခွင့်အရေးတော့ ရသင့်တာပေါ့… ”

“ အေး … နင်က သူရဲ့ ကောင်းမကြီးပေါ့လေ၊ စွန့်လွတ်စွန့်စားဝံ့သူကြီးပေါ့လေ… ကောင်းပြီ စာမရီ၊ ဒီဆုံးဖြတ်ချက်ကိုနင်ဆုံးဖြတ်တာနော်… ငါက တောင်းဆိုတာလဲ မဟုတ်ဘူး …

နင်တောင်ကြည်ဖြူနိုင်သေးရင် ငါက စင်နန္ဒီကို ဘာလို့ မတွဲ ရဲရမှာ လဲ ၊ လူတိုင်းမက်ချင်တဲ့ အိမ်မက်တစ်ခုပဲဟာ… ငါက နင့်ကို ပွင့်ပွင့်လင်းလင်း ၀န်ခံခဲ့တာနော်၊ ငါ ခိုးကြောင်ခိုးဝှတ် လှေနံနှစ်ဖက်နင်းတာ မဟုတ်ဘူး၊ နင့်ကိုယ်တိုင်က မိုက်မိုက်မဲမဲနဲ့ ဒီ အခွင့်အရေးကို ငါ့ကို ပေးခဲ့တာ … ”

သူ့မျက်နှာတွင်လည်း ယောကျာ်းတစ်ယောက်၏ မခံချင်စိတ်၊ အရွဲတိုက်လိုစိတ် အပြည့်ရှိကာ .. စာမရီ ရင်ထဲတွင်လည်း မခံမရပ်နိုင်မှု ဖြင့် တင်းကျပ်ဆို့နင်ခဲ့နေသည်။

သူ့ကို စွန့်လွှတ်နိုင်သလား ဆိုတောလည်း မစွန်လွှတ်နိုင်တာသေချာသည်။ ဘယ်လိုမှ သူ့ကို အဆုံးအရှုံးမခံနိုင်။ သူ့ကို မခွဲနိုင်။ လေးနှစ်နီးပါး ချစ်မြတ်နိုးခဲ့ရတဲ့သံယောဇဉ်သည် ပဋိပကခများ ကြားမှပင် ခိုင်မြဲနှောင်ဖွဲပြီးပြီ။

“ ငါပြန်တော့မယ် … ”

သူ့ကို စိတ်ဆိုးမာန်ဆိုး ဖြစ်လွန်း၍ သာ ဘယ်မိန်းမမှ သဘောထားမကြီးနိုင်သာ ဆုံးဖြတ်ချက်ကြီးကို စိတ်လိုက်မာန်ပါ ချလိုက်ပြီးမှ .. သူမ ဘာဆက်လုပ်ရမှန်းမသိ။ နောင်တလည်း မရချင်။ သို့သော် သူမရှောက်လျှောက် နောင်တရ ရတော့မည်ဆိုတာကိုလည်း စိတ်ထဲက အလိုလိုသိမြင်ခံစားနေလေသည်။

“ နင်… နောင်တ မရပါဘူးနော်၊ ဆုံးဖြတ်ချက် ပြန်ပြင်ဦးမလား …”

သူက မခံချင်စိတ်ဖြင့် ရိသဲ့သဲ့ လှမ်း၍ ရိသည်ကို မျက်နှာထားတင်းတင်းဖြင့် ပင် တုံ့ပြန်ခဲ့လေသည်။ တကယ်တော့ သူမက တကယ်ဟန်ဆောင်ကောင်းသူ ဖြစ်သေးသည်။

“ ငါ ဆုံးဖြတ်ပြီးရင် ဘယ်တော့မှ နောင်တမရတတ်ဘူး ထွဋ်… နင်သာ သူ့ အပေါ် လူယုတ်မာ မဖြစ်စေနဲ့ … ”

ဟု ပြောပြီး စာမရီသည် ကားဆီသို့ လျှောက်လာ ခဲ့သည်။ ရင်ထဲတွင် တစ်စုံတစ်ခု ဆုပ်ဖြဲခံလိုက်ရသလို ဟာတာတာကြီးနှင့် တရိရိ ကြေကွဲနေသည်။

သူက သူမလက်ကို တစ်ချက် လှမ်းဖမ်းဆွဲကာ ….

“ နင် ငါ့ကို စိန်မခေါ်နဲ့ နော်၊ ငါ ဘယ်လောက် အရွဲတိုက်တက်တယ်ဆိုတာ နင်အသိဆုံး … ပြီးမှ နင် မျက်ရည် နဲ့ မျက်ခွက် နောက်တ မရနဲ့ .. ”

ဟု ဆိုလျှင် .. သူမသည် မာနဖြင့် လက်ကို ဆက်ခနဲ ရုန်းကာ…

“ အမယ်လေး၊ ယောက်ျားတစ်ယောက်အတွက်များ မျက်ရည်ကျတက်တဲ့ မိန်းမထဲမှာ စာမရိ ဘယ်တော့မှ မပါဘူး.. နင်မိန်းမတွေကို လျှောက်မတွက်နဲ့ သိလား ထွဋ်… နင်သာ မိန်းမနှစ်ယောက် လက်ချက်နဲ့ ရူးပြီးသေမှာ .. ”

“ ဟားဟား၊ သတ္တိရှိတယ်ကွာ၊ သတ္တိကတော့ ပြောင်မြောက်တယ်၊ ဒီလောက်တောင် ဖြစ်လှတာ .. အမြင် တက်တက်နဲ့ ငါ နင့်ဆီကို စုံတွဲ ခုတ်လာပြီးတော့ကို လာမိတ်ဆက်ပေးဦးမယ် ကြည့်နေ၊ ဒီလောက် ခံ နိုင်ရည်ရှိတဲ့မိန်းမ.. ”

“ အေး နင်လည်း တစ်ခု ပြန်မှတ်ထားနော် … ၀ဋ်ဆိုတာ လည်တက်တဲ့ သဘောရှိတယ်.. သိပ်တောင် မကြာတတ်ဘူး .. နင် လှည့်ကျတော့ ငါ့လိုသဘောထားကြီးနိုင်အောင်၊ ခံ နိုင်ရည်ရှိအောင် ကြိုးစားပေါ့ … ”

သူနှင့် သူမကြားက ပဋိုပက္ခသည် အခါများ စွာ က လိုပင် ဒီရေပမာ တရိပ်ရိပ် တက်လာသည်။ နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက်တင်းထန်ကြွပ်ဆက်စွာ စိုက်ကြည့်ကြသည်။

“ နင် ပါးစပ်ပိတ်လိုက်တော့ … ”

ဟု သူက ဆိုတာ ကားကို တအားပင့်ဆောင်၍ မောင်းထွက်လာခဲ့သည်။ သူမက ဘယ်တုန်းကမှ သူ့ကို အလျှောပေးခဲ့သူ မဟုတ်သာကြောင့် လေချွန်လျက် ခါင်းကို ကုလားထိုင်နောက်မှီကိုပါလှန်ချပြီး .. အရွဲတိုက်ရင်း မျက်စီကို စုံမှိတ်ထားလိုက်သည်။

တကယ်တော့ တိုက်ပွဲသည် ထိုမှ စတင် မြစ်ဖျားခံခဲတာ ဖြစ်လေသည်။

ထွဋ်ညီကလည်း စာမရီကို မကျေမနပ်စိတ်နှင့် အရွဲတိုက်ပြီး စင်နန္ဒီနှင့် ဆက်တွဲ နေခဲ့သည်။ စာမရီသည် ဘယ်လိုမှ မကြည်ဖြူ မခံစားနိုင်သော်လည်း ကွယ်ရာတွင်သာ ပေါက်ကွဲအော်ဟစ် ငိုကြွေးချင်ငိုမည်။ သူ့ရှေ့ရောက်လျှင်တော့ ဘာမှ မခံစားရလေဟန် .. ဟန်ဆောင်မျက်နှာဖုံးကို တင်းတင်းကျပ်ကျပ်ပင် တပ်ဆင်ထားလေသည်။

ထိုဆက်ဆံရေးသည် ပြဿနာကို ဖြေရှင်းပုံဖြေရှင်းနည်း မဟုတ်မှန်း သူမသိသော်လည်း သူမကတော့ ပြောလည်ရာလမ်းကို မမြင်နိုင်ပေ။ သူမက အဲ့ဒီလို အေးတိအေးစက် ၊ ဘာမှမဖြစ်ဟန်ဆောင်လေ.. သူက ဆက်ဆက်နာကာ ပို၍ အရွဲတိုက်လေ ဖြစ်လာခဲ့သည်။

ထို့ကာလအတော့အတွင်းမှာ ပင် .. သူမဆီသို့ ရိုးသားသော တိုက်ဆိုင်မှု တစ်ခု ရောက်ရှိလာခဲ့သည်။ ခုရက်ပိုင်းအတွင်း… သူနှင့် သူမသည် တစ်ယောက်ကို တစ်ယောက်မြင်လိုက်လျှင် ရွဲနေထေ့နေ ရိနေရတာ နှင့် ပင် အစေးမကပ် လှဘဲ သိပ်မဆုံဖြစ်ကြပေ။ သူရင်ထဲတွင်လည်း တအုံ့ နွေးနွေးဖြင့် မခံချင်စိတ်တွ သီးခဲနေမှာ သေချာသလောက်သူမဘက်ကလည်း သူမက မှားသူမဟုတ်။ သူကသာ သူအမှားသူ တာဝန်ယူရဲသူ ဖြစ်သင့်သည်ဟု နှလုံးမမာကျောဘဲ ခေါင်းမာ စိတ်ဖြင့် ဇွတ်တင်းမာခဲ့ခြင်း ဖြစ်၏ ။

အဲ့ဒီနေ့က … စာမရီသည် လူပြည်ကျပ်နေသော ဆိုင်ကလေးအတွင်းသို့ တစ်ယောက်တည်း ၀င်လာခဲ့မိသည်။ ရှားရှားပါးပါး စားပွဲကလေးတစ်လုံးသာ လွတ်နေရာ … ထိုစာပွဲကလေးတွင် သူမသည် ထွဋ်ညီနှင့်သာ စားလေရှိခဲ့သည်။ ဒီနေတော့ ဗိုက်ထဲလည်း ဆာနေပြီမို့ ဆိုင်ကလေးထဲ ၀င်လိုက်မိသည်။

ယိုးဒယားသဘောင်္သီးထောင်းနှင့် ယိုဒယား၊ အစားအစာ တစ်ခုဖြစ်သည့် ကွေ့တယိုနမ်အစပ် မှာ ထားလိုက်ကာ ဘာရယ်မဟုတ် ထွဋ်ကို ပြင်းပြင်းပြပြ သတိရ လာသည်။ စင်နန္ဒီက သူ့ကို သိပ်ချစ်တာဆိုပဲ။ သူကပင် စာမရီ့ကို မျက်နှာ ပြောင်ပြောင်ဖြင့် ပြောပြခဲ့ခြင်းဖြစ်သည်။ ရွဲပြီးတော့များ ပြောလေသလား မသိ ။

ငါ ဘာဖြစ်လိုများ သဘောထားကြီးလေဟန် ဆောင်ခဲ့မိပါလိမ့် … ဟု တစ်ခါတစ်ရံတော့ မချင့်မရဲတွေးမိသည်။ တစ်ခါမှ တွေ့ပင်မတွေ့ဖူးသော မိန်းမတစ်ယောက်ကို မိးမချင်း ကိုယ်ချင်းစာမိတာလား၊ ဒါမှမဟုတ် .. သူ့အမှား အတွက် သူ့ကို အပြစ်ပေးမိတာလား… သေချာတာကတော့ နှစလုံးစလုံး ဖြစ်နိုင်ပါသည်။

“ ကျွန်တော့်ကို ဒီစားပွဲမှာ ခဏထိုင်ခွင့်ပြုနိုင်မလား ခင်ဗျား၊ စားပွဲလွတ် မရှိတော့လိုပါ့ .. ”ဟူသော အသံတစ်ခုနှင့်အတူ… သပ်ရပ်သားနားသော အ၀တ်အစားဆင်ယင်မှု ဖြင့် လူငယ်တစ်ယောက်ကို သူမ ရင်ဆိုင်လိုက်ရသည်။

တောက့်ပကြည်လင်သော မျက်လုံး ၊ ဖြောင့်စင်းသော နှတံ၊ ပန်းနုသွေးပြေးနေသော နှုတ်ခမ်းတို့ကြောင့် ချောမောသန့်ပြန်သော ခေတ်လူငယ်ကလေးတစ်ယောက် သဏ္ဍန်ဖြင့် ခင်မင်နှစ်လိုဖွယ် ကောင်းသောကြောင့် သူမက မငြင်းဖြစ်တော့ဘဲ ခေါင်းညိမိလိုက်လျောသည်။

“ ရပါတယ် … ထိုင်လေ .. ”

သူက ပြုံးကာ သူမနှင့် မျက်နှာချင်းဆိုင်တွင် ၀င်ထိုင်လိုက်သည်။

“ ဒီအချိန်က ထမင်းစားချိန်ဆိုတော့ … ဒီဆိုင်မှာ လူ အမြဲပြည့်တာပဲ၊ ကျွန်တော့် ကုမ္မဏီက ဒီလမ်းထဲမှာ လ၊ ဒါကြောင့် ကျွန်တော် ဒီဆိုင်ပဲ အမြဲစားနေကျ ”

ဟု သက သူမကို … ခင်မင်ဖော်ရွေစွာ ရှင်းပြလိုက်သေးသည်။

“ ညီလေး၊ ကိုယ်စားနေကျပဲ .. ပုစွန်တန်ပူရာကြော်နဲ့ … ကိုက်လန်ကြော်တစ်ပွဲ .. တုန်ယန်းဟင်းချိုနဲ့ ထမင်း .. ”

ဟု သူက မှာ လိုက်သည်။

ထို့နောက် သူက စာမရီကို ယဉ်ကျေးပျူငှာသောအပြုံးချိုချိုဖြင့် နှုတ်ဆက်ပြန်သည်။ သူမကလည်း ပြန်ပြုံုးပြရသည်။

“ တစ်ယောက်တည်းလာစားတာ ထင်တယ် ”

ဟု စကားစ၍ ။

“ ဟုတ်ကဲ့ ”

ဟုဖြေလိုက်လျှင် ..

“ ဘာမှာ ထားလဲဟင်”ဟုဆက်မေးပြန်သည်။

“ ယိုးဒယားသဘောင်္သီးထောင်းနဲ့ .. ကွေ့တယိုနမ်… ”

“ ကောင်းမယ့်ပုံပဲ .. ”

ဟု သူကရယ်ကာပြောဆဲ .. သူကလည်း အလိုက်သင့် ပြုံးရယ်ရသည်။ သူမက တံခါးဝဘက်သို့ မျက်နှာမူထားသူမို့ .. ထိုခဏတွင် ဆိုင်ထဲသို့ စုံတွဲ လိုက်ဝင်လာသော ထွဋ်ညီတို့ စုံတွကြို မြင်လိုက်ရဆဲ မျက်လုံးများ ထဲ ပူခနဲ ဖြာသွားကာ .. အပြုးများ ကွယ်ပျောက်သွားလေသည်။

အင်မတန်မျက်စီလျင်တက်သော ထွဋ်ညီ၏ အကြည့်ကလည်း သူမထံသို့ လျှပ်တစ်ပြတ်အတွင်းပင်ရောက်လာခဲ့၏ ။ အဲ့ဒီစားပွဲဟာ စမရီတို့ နှစ်ယောက် အမြဲထိုင်နေကျလေ။

သူမျက်လုံးများ စူးခနဲ တောက်ပသွားကာ မျက်မှော င်ကြတ်၍ သူမကို ကြည့်လေသည်။ ယောက်ျားတစ်ယောက်နှင့် အတူတွဲ ထိုင်လျက်ရှိသော သူမကို သူက သံသယ မျက်လုံးများ ဖြင့်ကြည့်သည်။ သူမကတော့ သူ့ဘေးတွင် ပါလာသော အရပ်မြင့်မြင့် သွယ်လျလျနှင့် အင်မတန်ချောမောလှပထင်ရှားလင်းလက်ကာ ဆိုင်ထဲမှလူအများ အပြားဝိုင်းကြည့်ငေးမောယူရသော မိန်းကလးကို ကြည့်မိကာ ၊ သ၀န်တို စိတ်၊ သူ.. အဲ့ဒီမိန်းမဘက်များ တကယ်သွားတော့မလား…ူသော စိုးရိမ်ပူပန်သောကများ စွာ ဖြင့် လောင်မြိုက်သွားလေသည်။

တကယ်တော့ ငါ့ကိုက မှားတာပေါ့လေ။ သူ့ပြဿနာကို သူ့ဘာသာ ဖြေရှင်းခွင့် ပေးသင့်ပါလျက်နှဲ ငါက မိုက်မဲစွာ နဲ့ ဓာခုတ်ရာ လက်ဝင်လျှိုခဲ့မိတာ ။

တိုက်ဆိုင်ချင်တော့ .. သူမတို့ခံနှင့် နှစ်ခုံကျော်လောက်မှ စာပွဲရှင်းသွားတော့ သူက စင်နန္ဒီလက်ကို သိသိသာသာပင် ဆွဲခေါ်ကာ ထိစာပွဲသို့ သွားထိုင်လသည်။ သူ သူမကို အရွဲတိုက်နေပြီ။ သူ လာမနှုတ်ဆက်တာကိုက သူ မရိုးဖြောင့်တာပဲဟု သူမ နာကျင်စါာ တွေးလေသည်။

အဲ့ဒီနောက့်တော့ သူမ မှာ ထားတာရော၊ သူမှာ ထားတာပါ ရောက်လာသဖြင့် ရှေ့ကလူနှင့် သူမသည် တစ်ူယောက်နှင့်တစ်ယောက် ဘာမှမဆိုင်ဘဲ မျက်နှာချင်းဆိုင် စားကြလေသည်။ တစ်ခါတစ်ခါတွင်သူက ခင်မင်ရင်းနှီးဟန်ဖြင့် စကားလှမ်းပြောသည်ကို အလိုက်သင့်ပြန်ပြောနေရပေမယ့် သူမစိတ်သည် သူ့ထံသို့သာ ရောက်နသည်။ သူမတို့ချင်းမကြာခဏ အကြည့်ချင်း ဆုံမိကြလျက်၊ ထို့အကြည့် တွေ့ထဲတွင် မာနနှင့် မခံချင်စိတ်များ .. ပဋိပက္ခများ ရွဲစောင်း ရိထေ့မှု များ တစ်စထက်တစ်စ များ ပြားသထပ်သည်းလာကြသည်။

သို့သော် … စိတ်မရှည်တတ်သူ ထွဋ်ညီက ၀န်းခနဲ ထရပ်ကာ .. သူမ စာပွဆြီသို့လျှောက်လာခဲ့ကာ …

“ ဒါကဘာဖြစ်နေတ်ာလဲ စာမရီ … ”

ဟု အေးစက့်ရင့်ကျာသော အသံဖြင့်မေးလာလျှင် သူမက မျက်နှာကို တမင်အေးစက်ချီမော့လိုက်ကာ ..

“ နင်ဘယ်လိုမြင်သလဲ… မြင်တဲ့အတိုင်းပဲ .. ”

ဟု ခပ်တင်းတင်းပြန်ဖြေလိုက်သည်။ သူ့ မျက်နှာ ညိုမှော င် ပျက်ယွင်းသွားကာ …

“ နင် ငါ့ကို ရွဲနေတာလား .. ”

ဟု ဒေါသကို ချုပ်တည်းထားရသော အသံဖြင့် ပြောသည်။

“ ငါဘာမှ ရွဲစရာ မရှိဘူး .. အေးဆေးပဲ … နင် ငါ့ကို ပြဿနာ လာမရှပ်နဲ့ ထွဋ်… နင့်လမ်းနင်သွား ” “ မနက်ဖြန် နင်နဲ့ ငါ တွေ့မယ် ”

ဟု သူမကိုပြောပြီး သူက စင်နန္ဒီကို တစ်ခုခုသွားပြောကာ ဆိုင်ထဲမှ ထွက်သွားကြလေသည်။ သူမ ရင်ထဲတွင် ဟာ သွားကာ ကြေကြေကွဲကွဲ ဖြစ်သွားသည်။ တစ်ခါမှ ခုလို စွန့်ပစ်ခံရသလို ခံစားမျိုး မဖြစ်ပေါ်ခဲ့။

“ ကြည့်ရတာ ခင်များ ရဲ့ လူထင်တယ်၊ ကျွန်တော်နဲ့ အထင်လွဲသွားတာဖြစ်မယ် ..”

ဟု ရှေ့ကလူ ခန့်မှန်းကြည့်သည့် ပုံစံဖြင့် ပြောလသည်။

“ ဟုတ်တယ်၊ သူက စိတ် သိပ်ဆက်တာ … ”

“ ဆောရီးပဲဗျာ၊ ကျွှန်တော် နေရာမရွေ့ပေးပါမယ် ၊ဟို စားပွဲတစ်ပွဲတော့ လွတ်သွားပြီ … ”

ရပါတယ် ၊ စားလက်စ တန်းလန်းကြီး ဖြစ်နေတာ၊ ဆက်သာစားပါ၊ ဘာမှမဖြစ်ပါဘူး … သူန့ကျွန်မက ဒီလိုပါပဲ ”

စားလက်စ သဘောင်္သီးတောင် အရသာပင် အရသာကင်းမဲ့သွားပြီ။ ရင်ထဲတွင် နင့်နင်မာမာကြီး ခံစားရကာ ငိုသာငိုချင်လာသည်။ ဒီလောက်ချောတဲ့မိန်းမလှတစ်ယောက်ရဲ့ ညိ့ငင်ဆွဲဆောင်မှု ကွန်ယက်ထဲသို့ သူအချိန်မရွေးငြိတွယ်မသွားနိုင်ဘူးလား။ သူက ဘယ်လာက် ထူးကဲလျစ်လျူရှုနိုင်မယ့် ယောကျာ်းမို့လို့လဲ ။

“ ကဲ …. ကျွန်တော်ကို့ ခွင့်ပြုပါဦး … ”

ဟု ဆိုကာ သသူက ပိုက်ဆံရှင်းပြီး ထ ထွက်သည်။ သူထွက်သွားပြီး အတော်ကြာမှ .. သူမလည်း ပြန်တော့မည်လို့ ဆုံးဖြတ်ကာ .. ပိုက်ဆံရှင်းဖို့ ခေါ်လိုက်တော့ မှ …

“ ရှင်သွားပြီခင်ဗျ၊ိုအစ်ကို လေ…. အစ်မနဲ့ အတူစားတဲ့ အစ်ကို … ”

ဟု စားပွဲထိုးလေးက ပြာလေသည်။ သူကလဲ ဘာဖြစ်လို့ ရှင်း သွားပါလိမ့်ဟု အံ့သြလိုက်သည်။ ဘာမှ မဆိုင်မက်သကက်ပါဘဲနှင့် … ။

ဆိုင်ထဲမှထွက်ပြီး အိမ်သို့သာ တန်းပြန်လာခဲ့သည်။ ထို့ညနေပင် သူရောက်လာခဲ့၏ ။ မျက်နှာက အစွမ်းကုန် ရန်လိုတော့မည် မျက်နှာ ။

“ လာ၊ ခြံထဲသွားမယ်… ”

ဟု သူပြောသည့်အတိုင်း နှစ်ယောက်သားခြံထဲသို့ ဆင်းလာခဲ့သည်။

“ နင်ကကင်းကို စားချင်တာနဲ့ မြင်းတစ်ကောင်ထိုးကျွေးမှန်း ခုမှပဲ ငါသိလိုက်ရတယ်၊ နင့် ငါ့ကွယ်ရာမှာ ပက်ပက်စက်စက်ကို သစ္စာဖောက်နေတာပေါ့လေ၊ အရှက်မရှိတ့ မျက်နှာနဲ့ စုံတွဲ ခုတ်နေတာပေါ့လေ ”

ဟုသူက သူ့ ထုံးစုံအတိုင်း ၀ူးဝူးဝါးဝါးဖြင့် စတင်အော်ဟစ်လေသည်။ သမ ရင်ထဲတွင် မခံချင်စိတ်တို့ဖြင့် တင်းကျပ်မွန်းဆို့လာသည်။

သူ့ မျက်နှာကို စူးစူးရဲရဲပင် ပြန်ကြည့်ကာ .. “ သြော် နင်ကတော့ အရှက်ရှိသကိုး ရိုးသားသိကုး အပြစ်ကင်းသကိုး….

ဒီမှာ ထွဋ်ညီ… နင်မှတ်ထား … လောကမှာ Action ရှိင် Reaction ရှိမယ် … Action တစ်ခုကိုလုပ်ပြီး Reaction ကို မလိုချင်လို့ မရဘူး .. ဒါ နိယာမပဲ ”

ဟု ပြန်ပြောလိုက်သည်။ သူ့မျက်နှာရှိသွေးများ ဆူပွတ်လာသလို နီရဲပူပြင်းလာသည်ကို သူမ မြင်ရသည်။

“ ဒါ နင့်ရဲ့ Reaction ပေါ့ .. ဟုတ်လား စာမရီ .. ”

သူကမေးလျှင် … သူမဖြေရှင်းဖို့ လုံးဝစိတ်မကူးပေါ်မလာဘဲ .. အေးခဲစိမ်းကားစွာ ပင် တိတ်နေလိုက်သည်။ သသည် သူမကို ပြာကျသွားမတက် လောင်ကျွမ်းစွာ ကြည့်သည်။

“ ဒီပြဿနာကို နင်က စခဲ့တာ စာမရီ၊ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက်တော့ မယ်ဆိုတာ ငါ ကြိုမြင်နေတယ်၊ နင် အနေအထိုင် ဆင်ခြင်ပါ၊ ငါ့ကို မရွဲပါနဲ့ .. ငါက ယောကျာ်း … မှားရင် ပြင်လိုရရတယ်၊ နင်က မိန်းကလေး .. ငါနဲ့ လာမယှဉ်နဲ့ .. ”

စာမရီသည် သူ စိတ်ကျေနပ်၊ သံသယရှင်းသွားလာက်အောင်ကို ဖြေရှင်းချင်စိတ်မရှိချေ။

တကယ်ဆို မှားယွင်းအပြစ်ကျုးလွန်သူမှာ သူကိုယ်တိုင်ဖြစ်သည်။ စာမရီမဟုတ်။ မဟုတ်တာကို ဖြေရှင်း၍ သူစိတ်ပေါ့ပါး လွတ်မြောက်ခွင့်ကို မပေးလိုချေ။ သူသည် .. စာမရီ ခံစားရသလို .. သူလည်း ဆင်တူခံစား ချက်မျိုး ခံစားသင့်သည်။ ဒါမှ စာမရီ့ကို သူ ကိုယ်ချင်းစာ နိုင်စွမ်းရှိမည်။

“ စာမရီ၊ နင်ဟာ ငါရဲ့ အမြဲတမ်းချစ်သူနော် .. နင် ငါ့ကို သစ္စဖောက်ဖို့ စိတ်တောင် မကူနဲ့ …

ငါ စပ်နန္ဒီကို တွဲ နေတယ်ဆိုတာ… ငါရှုပ်ထားမိတဲ့ ကြိုးအရှုပ်အထွေးကို ငါ့ဘာသာ ပြန်ရှင်း အောင်ဖြည်နေတဲ့ သဘောပဲ၊ နင် င့ါကို အချိန်တစ်ခုပဲ ပေးရမှာ …”

သူ ဘာဆိုလိုသည်ကို သူမ နားမလည်ပါ။

“နင် စပ်နန္ဒီကို မပြီး မဖြတ်ရဘူးလို့ ငါ ပြောထားပြီးသားနော်…”

ဟု သူမ ပြောလိုက်သည်။ သူက သူမကို ဆတ်ခနဲ့ လှည့်ကြည့်သည်။

“နင်က ဘာဖြစ်နေတာလဲ…”

“မိန်းမတစ်ယောက်ဟာ ကစားစရာ မဟုတ်ဘူးဟဲ့…ရှုံ့ချည်နှပ်ချည်လုပ်လို့ မရဘူး… သူ့ဘာသာ နင့်ကို စဖြတ်မှ နင် တာဝန်ကျေမယ်…”

“အေး…. နင် တခြားယောက်ျားတစ်ယောက်ကို အသစ် တွေ့တာနဲ့ ငါ့ကို အပြစ်ဖြစ်အောင် တွန်းပို့နေတာဆိုရင်တော့ နင် မလွယ်ဘူး မှတ်ထားလိုက်…”

သူက အနိုင်ပိုင်းကာ … ကားကို တရကြမ်းမောင်း၍ ပြန်ထွက်သွားတော့သည်။ သူမတို့ ရန်ဖြစ်ကြတိုင်း သူဒီလိုပဲ စိတ်ဆိုးမာန်ဆိုးနှင့် ထွက်သွားနေကျပါပဲ။ ပြီးတော့နှစ်ယောက်စလုံး နေနိုင်သည်လည်းမဟုတ်။ တစ်ယောက်ယောက်က ပြန်လည်ချော့မော့ကာ ပြန်ချစ်သွားကြတာ ချည်းပင်။

သို့သော် … ဒီတစ်ကြိမ်တွင်တော့ စာမရီသည် သူ့အပေါ် ခါတိုင်းထက် ပို၍ နာနေကာ ကိုယ့်ဘက်ကလိုက် လျောချော့မော့လိုစိတ် ပျောက်ဆုံးနေခဲ့လေသည်။



ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ ၁၀၁ ပွင့်နှင်းဆီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သိမ်မွေ့သောလမင်း နက်ရှိုင်းသောရေပြင်

တစ်ခတ်ဆန်း နှလုံးအိမ်မှာ ထိုးထွင်းခဲ့သော Tattoo

ကိုယ့်ရင်ဘတ်ရဲ့ အခြားအခြမ်း