Cover

သိမ်မွေ့သော လမင်းနက်ရှိုင်းသော ရေပြင်

အခန်း (၁)

Newcastle,bus stop:

လောက၏ အစိုးမရသော အရာတွေ ထဲမှာ အင်္ဂလန်၏ ရာသီဥတုကလည်း တစ်ခုအပါအဝင် ဖြစ်သည်။ အခုပဲ မတ်လကုန်လို့ ဧပြီလထဲဝင်တော့မည် ။ ဆောင်းရာသီ Winter ကုန်ဆုံးခဲ့ပြီးလို့ Spring နွေဦးပေါက်ပင်ရောက်နေပြီ။ မနက်ဆေးရုံရှိ ကိုယ့်အခန်းကလေးထဲကနေ စ ထွက်လာခဲ့စဉ်တုန်း ကတော့ နေရောင် သည် ပွင့်လိုက်သည်မှ စူးရဲလို့ပင်နေခဲ့သည်။ တစ်ခုပဲ သူ သတိလက်လွတ်သွားခဲ့သည်မှာ ရုပ်မြင်သံကြားကနေ Weather အစီအစဉ်ကို မကြည့်မိခဲ့ခြင်းပဲ ဖြစ် သည်။ မြို့ထဲ (City Centre) ရှိ Eldon Square သို့ ဘတ်(စ်) ကားဖြင့် လာခဲ့ပြီး W.H Smith စာအုပ် ဆိုင်မှာ စာအုပ်ကလေး ဘာလေး လာမွှေနှောက်ရှာဖွေရုံသက်သက် ဖြစ်သည်။ ဈေးတွေ က ကြီးလွန်း သဖြင့် ဝယ်တော့ မဝယ်နိုင်ပါ မြို့ထဲကအပြန်မှာ Me Donald’s ဆိုင်ကနေ Chicken burger တစ်လုံး ဝယ်ပြီး လမ်းလျှောက်ရင်း စားလာခဲ့ကာ bus stop သို့ ရောက်ကာမှပင် ရာသီဥတုက ရုတ်တရက် ကြီး ဗြုန်းကနဲ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ တစ်မနက်လုံး လင်းပွင့်နေသော နေရောင် သည် ဗြုန်း စားကြီးပင် ပျောက်ကွယ်သွားခဲ့ကာ မိုးသားတွေ မည်းမှော င်အုံ့ဆိုင်းကျလာပြီး မိုးစက်မိုးပေါက်တွေ စတင်၍ သွန်းကျလာတော့သည်။ တဖြည်းဖြည်း သည်းလာသည်မှာ မယုံနိုင်စရာပင်။ မနက်က ဝတ် လာခဲ့သော Newcastle အထိမ်းအမှတ် စပို့ရှပ်အနက်စင်းကျားကလေးမှာ မိုးရေဖြင့် စိုစိုရွှဲနစ်သွားခဲ့ ပြီ။ မိုးစက်တို့၏ အေးစက်သော အထိအတွေ့ က ဟိုးရင်ထဲအထိပင် ရောက်ကာ အသည်းထဲကနေ တခိုက်ခိုက်တုန်အောင် ချမ်းစိမ့်လာလေသည်။ ဝတ်ထားသော Levi’s 501 ဂျင်းပဲန်အနက်ရောင် မှာ လည်း မိုးဒဏ်၏ အေးစက်မှု ကို အကာအကယ်မပေးနိုင်။ သူ ချမ်းလှပြီ။ ခိုက်ခိုက်တုန်အောင်ကို ချမ်း နေပြီ။ ဘတ်(စ်)ကားက မလာနိုင်သေး။ တော် တော် နှင့် လည်း လာဦးမှာ မဟုတ်သေး။ ဒီမှာ က ဘတ်(စ်)ကားတွေ က အလွန် အချိန်မှန်ကာ တိကျပါသည်။ အငြိုးတကြီး သည်းသည်းမည်းမည်းရွာ လျက်ရှိသော မိုးကို ကြည့်ပြီး သူ တော် တော စိတ်ဓာတ်ကျဆင်း သွားပါသည်။ လက်နှစ် ဘက်ကို ခပ် တင်းတင်းပိုက်ထားရင်း Eldon Square ထဲ ပြန်သွားပြီး အနွေးဓာတ်ရှိသော တစ်နေရာရာမှာ သွားခို နေရင် ကောင်းမလား စဉ်းစားကြည့်သေးသည်။ သို့သော် ပြန်သွားချင်စိတ်က မရှိ။ ဘတ်စ်ကားမှတ် တိုင်ဆီ ရောက်အောင် တော် တော် လမ်းလျှောက်ခဲ့ပြီးပြီမို့ ပြန်မလျှောက်ချင်တော့ပါ။ တစ်ယောက် တည်း အခုလို ရေခြားမြေခြား သူစိမ်းတွေ ရဲ့ အလယ်မှာ ကူကယ်ရာမဲ့စွာ ဒုက္ခရောက်သည့် အခါတိုင်း သူ မြန်မာပြည်ကို ပြန်ပြေးချင်စိတ်ပေါက်အောင်ပင် သိပ်လွမ်းပါသည်။

ထိုအချိန်မှာ သူ ဘယ်လိုမှ မျှော်လင့်မထားသော အ ဖြစ်အပျက်တစ်ခုက နတ်ဒေဝတာတစ်ပါး ပါး၏ ဖန်ဆင်းမှု ပမာ သူ့ရှေ့မှော က်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ ဘတ်(စ်)ကားမှတ်တိုင်နှင့် မလှမ်းမကမ်းနားသို့ ကားတစ်စီး ကျော်လွန်သွားပြီးမှ အနောက်သို့ ဘက်(စ်)ပြန်ဆုတ်လာခဲ့ခြင်း ဖြစ်သည်။ ဘာရယ်မဟုတ် သူ လှမ်းကြည့်နေလိုက်မိစဉ်မှာ ထို B.M.W ကား အရောင် ခပ်ဆန်းဆန်းနှင့် Private Number တပ်ထားသော ကားလေးက သူ့ရှေ့နားသို့ ရောက်လာ လေသည်။ ကားအရောင် က ရောင် ပြေး Metallic Colour ဖြစ်ပါသည်။ ပန်းခရမ်းလိုလို၊ အစိမ်းလိုလို အရောင် ပြေးကလေး ဖြစ်ပြီး အမိုးဖွင့်လို့ရသော Convertible နောက်ဆုံးပေါ် 2006 Model ဖြစ်သည်။ သူ ရှေ့သို့ရောက်လျှင် ကားမှန်တံခါးက လျှောခနဲကျလာကာ အလွန်လှပသော အမျိုးသမီး တစ်ယောက် ၏ မျက်နှာတစ်ခုပေါ်လာသည်။ ရုတ်တရက်ကြည့်လိုက်လျှင် ဗိုလ်ပဲလားဘာ လူမျိုးလဲဟု မဝေခွဲနိုင်ဘဲရှိစဉ် သူမထံမှ ..

“ဟိတ် .. မင်း မြန်မာလားဟင်”

ဟူသော မြန်မာလို လှမ်းမေးသံကြားလိုက်ရတာ မို့ သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းတွေ ပင်ဖြာထသွားရသည်အထိ စိတ်လှုပ်ရှားသွားရလေသည်။ အင်္ဂလန်ရောက်ပြီးမှ မြန်မာသံမကြားခဲ့ရ တာ ဘယ်လောက်ကြာပြီလဲ၊ အခုမှပင် သူမ၏ အလှက ဗိုလ်ဆန်လှသော်လည်း မြန်မာ တစ်ယောက် ပဲ ဆိုတာ သေချာသွားရသည်။ သူက ဝမ်းသာအားရပြုံးလျက် ကားနံဘေးသို့ ဗြုန်းခနဲ ချဉ်းကပ်သွားမိကာ

“ဟုတ်ကဲ့ ခင်ဗျ .. ကျွန်တော် မြန်မာပါ”

ဟု တရင်းတနှီး ပြန်ဖြေ ဖြစ်သွားလေသည်။ သူမပြုံးလိုက်သော အခါ ပါးပြင်ကလေးတစ်ဖက် တစ်ချက်မှာ ပါးချိုင့်လှလှကလေး ခွက်ဝင်သွားပုံကို သူ ငေးခနဲ ကြည့်မိ သွားပါသည်။

“အေး .. ထင်သားပဲ၊ ရုတ်တရက် တွေ့ လိုက်တာနဲ့ မြန်မာပဲလို့ ထင်လိုက်မိတာ၊ မင်းရုပ်ရည် က filipino (ဖိလစ်ပီနို) ပုံစံလည်း မပေါက်ဘူး၊ အသားညိုညို အရပ်ထောင်ထောင်မောင်းမောင်းနဲ့ မြန်မာရုပ်မှ မြန်မာရုပ်စစ်စစ်ပဲ၊ ဒါကြောင့် လှမ်းမေးလိုက်တာ၊ မင်းဘတ်(စ်)စောင့်နေတာလား၊ မိုးတွေ လဲ ရွှဲလို့”

“ဟုတ်ကဲ့ . .မိုးရွာလိမ့်မယ်လို့ ကျွန်တော် မထင်ခဲ့တာ”

သူအဖြေကို သူမက ပခုံးတစ်ချက်တွန့်ပြရင်း

“အင်္ဂလန်မှာ ဘာကိုမှ ကျိန်းသေပေါက် မတွက်ထားနဲ့ ၊ မင်းရဲ့ ဘတ်(စ်)က ကြာဦးမှာ လား၊ ဘတ်(စ်)ပဲ စောင့်မလား ဒါမှမဟုတ် ကိုယ် မင်းကို မြန်မာချင်း အကူအညီပေးတဲ့အနေနဲ့ လိုက်ပို့ပေး ရမလား”

သူမ၏ ကမ်းလှမ်းမှု ကို သူ ဘယ်လိုမှ မငြင်းဆန်နိုင်ပါ။

“ဘတ်(စ်)က နောက်တစ်နာရီလောက်ကို ကြာဦးမှာ ခင်ဗျ၊ ကျေးဇူးပြုပြီး ကျွန်တော် ကားကြုံ လိုက်ခဲ့ပါရစေ၊ ကျွန်တော် ချမ်းလှပြီ”

“အိုကေ . . လာ တတ်လေ”

သူ ချက်ချင်း ပဲ ကားပေါ်သို့ တက်ထိုင်လိုက်မိပါသည်။ ကားထဲရောက်သည်နှင့် ကားထဲမှ ဖွင့် ထားသော heater ကြောင့် တစ်ကိုယ်လုံး ပူနွေးသွားလေသည်။ ချမ်းတာမှ သူ့တစ်ကိုယ်လုံး တဆတ် ဆတ်တုန်နေကာ နှုတ်ခမ်းများ ပင် ပြာနှမ်းနေလောက်ပြီ။

“ကဲ .. မင်းကို ဘယ်ကို ပို့ပေးရမလဲ”

“Sunderland Royal Hospital ပါ မမ၊ ကျွန်တော် အဲဒီ မှာ attachment ဆင်းရင်း M.R.C.P လာဖြေနေတဲ့ ဆရာဝန် တစ်ယောက် ပါ”

“သြော် … ဆေးရုံ accomodation ရတယ်လား”

“ဟုတ်ကဲ့ …”

ကားပေါ်မှာ ဆူညံလျက်ရှိသော Metro Radio မှ လွှင့်သော သီချင်းတွေ ကို သူမက ပိတ်ပစ် လိုက်ပြီး

“M.R.C.P က Part 1 လား 2 လား PACES လား”

ဟု စိတ်ဝင်တစား မေးလိုက်သော မေးခွန်းကြောင့် သူ ပို၍ အံ့သြ သွားပါသည်။ သူမသည်လည်း ဆရာဝန် တစ်ယောက် ပဲ ဖြစ်ရမည် ဟု လှစ်ခနဲ သူ တွေးလိုက်မိသည်။

“ကျွန်တော် PACES လာဖြေတာပါ မမ”

“ပညာတော် သင်နဲ့ လာတာလား၊ ရိုးရိုး ကိုယ့်ဘာသာကိုယ် လာဖြေတာလား”

“ကျွန်တော် ပညာတော် သင်နဲ့ ပါ”

“Visa ဘယ်လောက်ရသလဲ”

“တစ်နှစ် ရပါတယ်၊ ကျွန်တော် ပထမတစ်ခေါက်လာတုန်းက Part 1 နဲ့ 2 ကို တစ်နှစ် တည်းနဲ့ အပြီးဖြေသွားခဲ့တာလေ၊ အခုမှ ပြန်လာပြီး PACES လာဖြေတာပါ၊ တစ်နေ့တစ်နေ့ Sunderland မှာ ပဲ ဆေးရုံသွားလိုက်၊ attachment ဆင်းလိုက်၊ Library သွားလိုက်၊ စာဖတ်လိုက်နဲ့ ငြီးငွေ့တာနဲ့ Newcastle အထိ စွန့်စွန့်စားစား ထွက်လာခဲ့တာ၊ Metro စီးမလို့ပဲဗျ။ bus ပဲ စီးချင်တာနဲ့ စီးလာ တာ၊ ကျွန်တော့် နာမည် နှောင်တိုးပါ မမ”

“ဘာရယ်…နာမည် ကလည်း ဆန်းလိုက်တာ၊ နှောင်တိုးတဲ့လား၊ Dr.Toe ပေါ့..ဟုတ်လား”

“ဟုတ်ကဲ့ …မမ”

သူက သူမကို ဘေးတစောင်းလှမ်းကြည့်မိရင်း သိပ်လှတဲ့ မိန်းမ တစ်ယောက် ပဲဟု မတွေးမိဘဲ မငေးမိဘဲ မနေနိုင်။

“ကိုယ့်နာမည် လည်း မင်း သိချင်မှာ ပဲနော်၊ ကိုယ်က ဒေါက်တာ နွေးမယ်ရင် ပါ၊ GP ဆိုပါတော့၊ ကိုယ် GP Partner ပေါ့၊ ကိုယ့် Surgery က Sunderland မှာ ၊ ကိုယ်နေတာ Chester-Le-Street မှာ ပေါ့၊ မင်းလိုအပ်တဲ့ အကူအညီရှိရင် ပြောလေ၊ မမျှော်လင့်ဘဲ မြန်မာ တစ်ယောက် ကို တွေ့ ခွင့်ရခဲ့ပြီ၊ ကူညီခွင့်ရမယ်ဆိုရင် ကိုယ့်လူမျိုးချင်း ရိုင်းပင်းရာကျတာပေါ့နော်၊ မင်းရဲ့ Sunderland Royal Hospital မှာ လည်း ကိုယ် အလုပ်လုပ်ခဲ့ဖူးတယ် ၊ GP Training ဆင်းတုန်းကပေါ့”

“မမ ဒီကိုရောက်တာ ဘယ်လောက်ကြာပြီလဲဟင်”

“ကိုယ် ဆယ်နှစ် ကျော်ပြီ ဆိုပါတော့”

မိုးကလည်း သည်းသထက် သည်းလာခဲ့သည်။

“နေဦး… တစ်ယောက် နဲ့ တစ်ယောက် သိလည်းသိသွားပြီဆိုတော့ မင်းကို ကိုယ့်အိမ်ကို တစ်နေ့နေ့မှ ထမင်းစားဖိတ်ဦးမယ်”

သူမက သူ့ရဲ့ ဆေးရုံရှိအခန်းကလေးဆီအထိ ရောက်အောင် လိုက်ပို့ပေးခဲ့ပါသည်။

“မမ ကျွန်တော် ထမင်းစားခန်းထဲလိုက်ပြီး ကော်ဖီပူပူကလေးသောက်ပါဦးလား ခင်ဗျ”

ဟု သူက ပြောလျှင် သူမက လှပသော အပြုံးကလေးနှင့် အတူ

“I’m fine. Thanks ကိုယ်က ကော်ဖီပူပူတစ်ခွက်ထက် မင်းရဲ့ Mobile No ရရင် ပိုကျေနပ်မှာ ပါ”

ဟု ဆိုသော ကြောင့် သူ့ရဲ့ Mobile နံပါတ်ကလေးကို ခပ်သွက်သွက် ပြောပြလိုက်သည်ကို သူမက သူမ၏ sony Ericsson Mobile ဖုန်း လှလှကလေးထဲမှာ ချက်ချင်း ပင် သွင်းမှတ်ယူထားလိုက် ပါသည်။

“မမရဲ့ နံပါတ်ရော”

“ကိုယ် စပြီး ခေါ်လိုက်မယ်လေ . . ဟုတ်ပြီလား”

“ဘိုင့် ဘိုင် ဆီယူ”

သူမ၏ ကားကလေးက သူ့ရဲ့ ဆေးရုံအိမ်ဝင်းအတွင်းကနေ ခပ်သွက်သွက်ကလေး ပြန်ထွက် သွားသည်အထိ သူ ငေးမောလျက် ကျန်ရစ်ခဲ့သည်။ ဒေါက်တာနွေးမယ်ရင်တဲ့။ နာမည် ကလေးက တကယ်ပဲ နွေးလိုက်တာ။ ခိုက်ခိုက်တုန်အောင် ချမ်းနေသော သူ့နှလုံးသားတစ်ခုလုံးဆီ အနွေးဓာတ် တွေ စိမ့်ဖြာစီးဆင်းသွားခဲ့ပါသည်။ ရေစိုရွှဲနေသော အဝတ်အစားတွေ ကို ခပ်သွက်သွက် လဲပစ်လိုက်ပြီး ကော်ဖီပူပူကို မတ်ခွက်ကြီးကြီးနှင့် အပြည့်ဖျော်ကာ ခုတင်ပေါ်တတ်ခွေနေခဲ့သော်လည်း ထိုညမှာ သူ ဖျားပါသည်။

♥ ♥ ♥


ပထမတော့ ထိုအသံကို ဘယ်ကလာမှန်း သူ မသိ။ ကယောင်ချောက်ချားဖြင့် အဖျားတက်လျက်ရှိသည်။ မျက်လုံးများ ကို ကြိုးစား၍ ဖွင့်ကြည့်မိတော့မှ ခေါင်းရင်းရှိ သူ့ရဲ့ Motorola ဖုန်းကလေးဆီမှ ခေါ်သံတီးလုံးကလေး မြည် နေခြင်း ဖြစ်သည်။ သူ ကြိုးစားပြီး ရုန်းထကာ ဖုန်းကို ကောက်နားထောင်လိုက်ရသည်။ ခေါင်းတွေ က မထူနိုင်လောက်အောင် ကိုက်ခဲနေခဲ့သည်။ အပူရှိန်က ခြစ်ခြစ်တောက်လျက် မီးခဲရဲရဲတင်ထားသလိုပင်။

“ဟဲလို . ..”

“ဟောတော့် .. အသံက ဘယ်လို ဖြစ်နေရတာ လဲ၊ မင်း ဖျားနေပြီမှလား နှောင်တိုး၊ အင်း . .ကိုယ်ထင်တဲ့အတိုင်းပဲ”

ထိုအသံကို ကြားလိုက်ရသည်နှင့် လေးလံထိုင်းမှိုင်းလျက်ရှိသော သူ့အာရုံတွေ တစ်ခုလုံး ပေါ့ ပါးလင်းလက်သွားလျက် ဗြုန်းခနဲ ထထိုင်လိုက်မိသည်။ သူ့မျက်လုံးများ တကယ်ပင် ပြာဝေလျက် ရှိတာပါ။

“မမ . .မမလားဟင်”

တကယ်တော့ မေးစရာမလိုပါ။ ဤမျှ ချိုပြီး သြသြကလေးနှင့် သြဇာသံလွှမ်းနေသော မြန်မာသံဆိုလို့ မမနွေးမယ်ရင် တစ်ယောက် တည်းပဲ ရှိတာပါ။

“ဟုတ်ပါ့ . .မင်း ဘာသောက်ထားလဲ၊ Temperature ဘယ်လောက်ရှိသလဲ”

သူမအသံက တရင်းတနှီးပင်။ မနေ့ကမှ တစ်ခါပဲ တွေ့ ဆုံရင်းနှီးထားသူ တစ်ယောက် နှင့် ပင် မတူပါ။ အံ့သြစရာကောင်းသည်က မမသည် နာမည် နှင့် လိုက်ဖက်လွန်းအောင်ပင် လူကို နွေးမြလွန်းစေခြင်းပင်။

“ကျွန်တော် LEMSIP တစ်ခွက် သောက်ထားပါတယ် မမ၊ temperature ကတော့ 102-103 လောက် ရှိမယ်ထင်တယ်”

“မင်း ဘာစားထားသလဲ ..”

“ကျွန်တော် ဘာမှ မလုပ်နိုင်တော့ဘူး မမ၊ ခေါက်ဆွဲပြုတ်တစ်ခွက်လောက် ထပြုတ်ဖို့တောင် Kitchen ကို မဆင်းနိုင်တော့ဘူး”

“အဲဒီ တော့ မင်းဗိုက်ထဲမှာ ဘာအစာမှ မရှိဘူးပေါ့။ မင်းအားငယ်နေသလားဟင်”

တဲ့ ..။ သူမ၏ မေးခွန်းက တစ်ပြည်ရပ်ခြားတိုင်းတစ်ပါးမှာ ရောက်ရှိနေသော သူ တစ်ယောက် တည်း အဖော်မဲ့စွာ နေနေရသော လူ တစ်ယောက် ကို တကယ်ငိုချင်စိတ်ပေါက်သွားစေပါသည်။ ယောက်ျား တစ်ယောက် ဖြစ်သော်လည်း သူ မရှက်နိုင်ပါ။ ခုအချိန်မှာ သူ ဖျားနေသည်။ သူ့ဘေးမှ ပြုစု ယုယဖေးမကြင်နာမည့်  ဆွေမျိုးသားချင်း၊ ချစ်သူ၊ ခင်သူ တစ်ယောက် တစ်လေမှ မရှိပါ။ သူ ဘယ် လောက် အားငယ်နေသလဲဆိုတာ သူပဲ သိပါသည်။ သူ ဘာမှ အဖြေမပေးသည်ကို သူမက သဘော ပေါက်သွားဟန်ရှိပြီး

“အိုကေ … နောက် နာရီဝက်လောက်ဆို ကိုယ့်ကားမင်းရဲ့ အိမ်ဝင်းအပြင်ဘက်မှာ ရောက်မယ်၊ မင်း ဆင်းလာနိုင်မလား၊ နွေးနွေးထွေးထွေးဝတ်ပြီးတော့လေ”

သူ့ရင်ထဲ လှိုက်ခနဲ ခုန်သွားကာ ယောင်ယမ်း၍ ခေါင်းပါညိတ်ပြလိုက်မိသည်။ ကိုယ်ပေါ်မှာ ဝတ်ထားသော Tommy Hiffiger V-neck Jumper ပေါ်မှ Nike fleece အနွေးထည် top နက်ပြာက လေးကို ကောက်စွပ်ကာ ခေါင်းစွပ် hood ကလေးကိုပါ ဆွဲဆောင်းထားလိုက်သည်။ Nike pant ကတော့ နွေးပြီးသားပင်။ ခေါင်းကိုက်နေခြင်းတွေ ဘယ်ဆီရောက်ကုန်ပြီမသိ။ ရင်တထိတ်ထိတ်ခုန်ကာ စိတ်လှုပ်ရှားစွာ ဖြင့် လမ်းမဆီလှမ်းမြင်ရသော ပြတင်းပေါက်ကနေ ခြံဝင်းတံခါးအပြင်ဘက်ဆီမှာ လာရပ်မည့်  B.M.W ရောင် ပြေးး ကားကလေးကိုသာ မျှော်တလင့်လင့် စောင့်စားနေမိသည်။ တကယ့်ကို နာရီဝက်ပါပဲ။ ကားကလေးကို လှမ်းမြင်လိုက်သည်နှင့် သူ ဝုန်းခနဲ ပြေးဆင်းလာခဲ့မိသည်။ သူမက ကားပေါ်မှနေ၍ ပြုံးကြည့်နေသည်။ ကော်ဖီရောင် ဖျော့ဖျော့ ကက်ရှ်မီး ယားဆွယ်တာ လက်ရှည်ကလေးကို လက်ပင့်တင်ထားသော ဘောင်းဘီအညိုရောင် နှင့် မျက်နှာကလေးပေါ်မှာ Dior မျက်မှန်လေးထောင့် အညိုရောင် ခပ်ကြီးကြီးကို တပ်ထားသော သူမကို မြင်လိုက်ရစဉ်မှာ သူ့ရင်ထဲ ခင်မင်ရင်းနှီးသူ ဆွေမျိုးသားချင်း တစ်ယောက် နှင့် ပြန်တွေ့ လိုက်ရသလို ရင်ထဲ နွေးမြလုံခြုံသွားသည် ကတော့ အမှန်ပဲ ဖြစ်သည်။

“ဒီနေ့ Sunday လေ၊ ကိုယ်အားတာနဲ့ အိမ်မှာ တစ်ခုခု ချက်စားမယ်ဆိုပြီး စဉ်းစားတော့ မင်းကို ဗြုန်းခနဲသတိရသွားတယ်၊ မနေ့က မိုးမိထားတော့ မင်း ဖျားနေမှာ ပဲလို့တွေးပြီး ဖုန်းကောက်ဆက်လိုက်တာ၊ ထင်တဲ့အတိုင်းပဲ၊ ကိုယ် မင်းအတွက် ဆိတ်ရိုးစွပ်လုပ်ထားခဲ့တယ်၊ ကိုယ် Spaghetti လုပ်ထားတယ်၊ Lamb အသားလုံးနဲ့ လေ၊ မင်း ကြိုက်ရဲ့ လား”

“ကျွန်တော် ကြိုက်ပါတယ် မမ၊ ကျေးဇူးတင်ပါတယ်၊ တစ်ယောက် တည်းဆိုတော့ ကျွန်တော် က ဖြစ်သလိုပဲ ရှင်းလိုက်တာ၊ များ သော အားဖြင့် Greegs က Sandwich တို့ ဘာတို့ပဲ ဝယ်စားလိုက်တာများ တယ်”

“ကိုယ်သိတယ်ပေါ့၊ တစ်ယောက် တည်းသမားရဲ့ ဘဝကို၊ ကိုယ်လည်း အဲဒီ ဘဝကနေပဲ ဖြတ် သန်းလာခဲ့တာပါ”

Chester-Le-Street ရှိ သူမ၏ အိမ်ရှေ့သို့ ရောက်လျှင် ကားကို အိမ်ရှေ့မှာ ပဲ ရပ်ထားခဲ့ပြီး သူမ၏ အိမ်ထဲသို့ အတူ ဝင်လာခဲ့ကြသည်။ အိမ်ကြီးက အကြီးကြီးပဲ ဖြစ်သည်။ ဧည့်ခန်းကို ပြင်ဆင် ထားသည်မှာ ခမ်းနားလှပါသည်။ မဟော်ဂနီရောင် ပြောင်လက်တောက်ပနေသော စန္ဒရားကြီးနှင့် အ တူ နံရံမှာ ချိတ်ဆွဲထားသော တန်ဖိုးကြီး ဆီဆေးပန်းချီကားချပ်ကြီးများ က ပို၍ ခမ်းနားစေခြင်း ဖြစ်သည်။ ဧည့်ခန်းမှာ ခင်းထားသော ဘယ်လ်ဂျီယံမွှေးပွကော်ဇော အဖြူရောင် က နုအိ မွနေကာ ခြေဖဝါးများ ကို နွေးမြစေသည်။ တစ်အိမ်လုံး Magnolia ရနံ့ သင်းပျံ့နေသည်။

“ကဲ .. ထိုင်ဦး . .ကိုယ် သွားပြင်လိုက်ဦးမယ်”

“ကျွန်တော် ကူပေးမယ်လေ မမ”

“အေးအေးနေပါဟယ် .. မင်းကြည့်ရတာ ထူချင်ပုံတောင် မရဘူး၊ မနည်းကို ထူမတ်ထားရတာ .. ဟုတ်တယ်မှလား၊ အဲဒီ ဆိုဖာပေါ်မှာ လှဲလို့ရတယ်၊ သက်တောင့်သက်သာကလေး နားနေ . .ဟုတ်လား .. ကိုယ့်ကို မင်းရဲ့ အစ်မ တစ်ယောက် လို့ သဘောထားလိုက် . .အိုကေ”

သူမက ပြုံးပြုံးကလေးပြောသည်။

“မမ တစ်ယောက် တည်း နေတာလားဟင်”

“အေးပေါ့ .. ကိုယ်က Pertner နဲ့ နေတဲ့ရုပ် ပေါက်နေလို့လား”

“ဟာ .. မဟုတ်ပါဘူး မမရဲ့ ၊ အိမ်ကြီးက အကြီးကြီးမို့ပါ”

“5-bed-rooms လေ၊ မင်း လျှောက်ကြည့်ချင် ကြည့်လို့ရတယ်၊ စိတ်ပြေလက်ပျောက်ပေါ့၊ လှဲနေရင်တော့ မင်းအိပ်ပျော်သွားမှာ ပဲ”

“ကျွန်တော် မမကို ကူညီပေးမယ်လေ”

“အိုကေ .. ဒါဖြင့် လည်း Kitchen ထဲ လာနေပေတော့၊ မင်းက ပြောမရဆိုမရနဲ့ မောင်ဆိုးလေးကျနေတာပဲ”

သူမက မျက်စောင်းကလေးချီလိုက်သော အခါ ဆရာဝန်မကြီး တစ်ယောက် ဟု လုံးဝမထင်ရတော့စွာ နုပျိုမြူးဖျသော အပျိုရိုင်းကလေးပုံစံကလေး ဖြစ်သွားလေသည်။ ထမင်းစားခန်း ကို Conservatory ဟုခေါ်သော မှန်အဆောင်ခပ်ကြီးကြီးထဲမှာ ပြင်ဆင်ထားပြီး Kitchen ထဲမှာ တော့ Kitchen Unit တစ်ခုလုံး နောက်ဆုံးပေါ်ဒီဇိုင်းတွေ တပ်ဆင်ထားလေသည်။ သူမက Apron ကလေး ကောက်စွပ်လိုက်ပြီး ..

“Spaghetti လုပ်တာ ဘာမှ မခက်ပါဘူး၊ အသားလုံးဟင်းက ချက်ပြီးသားလေ၊ မင်းအတွက် ဆိတ်ရိုးစွပ်ကို ပြန်နွှေးရုံပဲ၊ မညှီအောင်တော့ ဆီတွေ သတ်၊ အမွှေးရွက်တွေ ခပ်ထားတာပဲ၊ မင်း ဘာနဲ့ စားမလဲ၊ နံပြားနဲ့ စားမလား၊ ကိုယ့်မှာ ကုလားဆိုင်က နံပြားတွေ ရှိတယ်၊ခဏလေး . .oven နဲ့ နွှေးပေးမယ်. . ဟုတ်လား”

သူမက ပြောလည်းပြောရင်း လက်ကလည်း သွက်လက်စွာ လှုပ်ရှားနေသည်။ Spaghetti ခေါက်ဆွဲခြောက်တွေ ကို ပြုတ်ပြီး olive oil ကလေး ဆမ်းသည်။ သူ့အတွက် နံကို oven ထဲ ထည့်ကာ ပူနွေးစေသည်။ ဆိတ်ရိုးစွပ်ဆိုသည်မှာ Lamb ပေါင်ရိုးကို အချောင်းလိုက် ပြန်ပေါင်းကာ စွပ် ပြုတ်လုပ်ထားခြင်းပင်။ အလွန်လှပသော ပန်းကန်ခွက်ယောက် တွေ ထဲမှာ စနစ်တကျ ပြင်ဆင်ထည့် ပေးသမျှကို သူက conservatory ထဲရှိ ထမင်းစားပွဲပေါ်သို့ သွားတင်ပေးရသည်။ conservatory တစ်ခုလုံး မှန်ချပ်တွေ နှင့် ဖွဲ့စည်းထားသည်မို့ ခြံထဲကို အတိုင်းသားပင် လှမ်းမြင်နေရသည်။ ခြံထဲမှာ fountain (ရေပန်း) ကလေးက ခုန်ပျံနေသော ဧရာမ ဝေလငါးပုံသဏ္ဍာန် ဖြစ်ကာ ငါးပါးစပ်ထဲကနေ ရေပန်းတွေ ပန်းထွက်နေသည်။ ဥယျာဉ်ကလေးထဲမှာ နှင်းဆီပန်းရောင် စုံ၊ tulip ပန်း ရောင် စုံ။ ပြီးတော့ .. သူ မသိသည့် ပန်းရောင် စုံတွေ နှင့် အလွန်လှပစွာ ပြင်ဆင်ထားသည်။ အင်း .. ဥယျာဉ်ထိန်းသိမ်းပြုပြင်ခကတင် နည်းမှာ မဟုတ်။ conservatory ထဲမှလည်း indoor plants တွေ ဖြစ် သော နှင်းဆီ၊ သစ်ခွရောင် စုံတွေ လှပစွာ ရှိသည်။

“မမ အိမ်ကလေးက စိတ်ချမ်းသာစရာ ကောင်းလိုက်တာဗျ”

ဟု သူကပြောလျှင် သူမက

“ဒါတွေ ကို ခံစားနေဖို့လည်း အချိန်မရှိပါဘူးဟယ်၊ ကိုယ်က အလုပ်ကခပ်များများ ရယ်၊ ဒါပေမယ့် ကိုယ့်အိမ်ကိုရော ခြံထဲကိုပါ လှပသန့်ရှင်းနေမှ ကြိုက်တတ်တော့ house keeper ရော gardener ရော ဈေးကြီးကြီးပေးပြီး တစ်ပတ်တစ်ခါ ခေါ်ခိုင်းရတာ ပေါ့၊ ကဲ .. စားလို့ရပြီ နှောင်တိုး၊ မင်းကြည့်ရတာ နည်းနည်း နေကောင်းလာသလိုပဲ၊ စိတ် ပြောင်းသွား လို့ထင်တယ်”

သူနှင့် မမ နှစ် ယောက် တည်း ဧရာမကျွန်းစားပွဲရှည်ရှည်ကြီးမှ မျက်နှာချင်းဆိုင်လျက် စား ဖြစ် ကြသည်။

“မမက MRCGP ရပြီးပြီပေါ့နော်”

ဟု သူက စပ်စုလျှင် သူမက

“ကိုယ် MRCGP ပါ ပြီးပြီ၊ နောက်မှ မင်းကို အပေါ်က ကိုယ့်ရဲ့ private library ကို လိုက်ပြ မယ်၊ စာအုပ်တွေ ရော DVD တွေ CD-Room တွေ ရော အကုန်ရှိတယ်၊ မင်း လိုအပ်တာရှိရင် ကိုယ် ငှားပေးမယ်၊ ဒါမှမဟုတ်လည်း ကိုယ့်ရဲ့ libraryကို အချိန်မရွေး လာအသုံးပြုခွင့်ပေးမယ်၊ မင်း ဆေးရုံက အခန်းမှာ internet သုံးလို့ရသလား”

“မရဘူး မမ… ကျွန်တော် စာဖတ်ချင်ရင် ၊ internet သုံးချင်ရင် ဆေးရုံက Library မှာ သွားသုံးရတယ်”

“သြော် . .သြော် . .. အဲဒါဆိုရင် မင်း ကိုယ့်ဆီမှာ အချိန်မရွေး internet လာသုံးလေ၊ စာအုပ် တွေ လည်း ကြိုက်တာဖတ်လို့ရတယ်၊ နေဦး . .PACES အတွက် အခွေတွေ တောင် ကိုယ့်မှာ ရှိတယ်၊ မင်းအတွက် ကောင်းကောင်း အသုံးကျမယ်”

“ဟာ . .ကျေးဇူးပဲ မမရယ်၊ ကျွန်တော် တော့ နတ်ရေကန်ထဲကျတာပဲ၊ ဆေးရုံက Library က ညနေငါးနာရီထိပဲ သုံးခွင့်ရှိတာလေ၊ ပြီးတော့ . .weekend သုံးလို့မရဘူး၊ ကျွန်တော့် အတွက်က internet ရှိမှပိုအဆင်ပြေတာ”

သူ တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ဝမ်းသာ သွားပါတယ်။ ဖြစ်နိုင်ရင် သူသည် PACES စာမေးပွဲကို တစ်ကြိမ်တည်းနှင့် သာ အောင်မြင်သွားချင်ပါသည်။ သူ့အတွက် တော် တော့် ကို အသည်းအသန် ကြိုး စားအားထုတ်ရမည် မှန်းလည်း သိသည်။ မမျှော်လင့်ဘဲ မမဆီမှ သူရမည့်  အကူအညီတွေ က နည်း နည်းနောနော မဟုတ်ပါ။

“ကိုယ် ကူညီနိုင်တာမှန်သမျှ ကူညီပေးချင်ပါတယ်ကွယ်၊ ဒါနဲ့ မင်း PACES အတွက် Courses တွေ ရော မတတ်ဘူးလား၊ London မှာ အများ ကြီးပဲ ရှိတယ်၊ မင်း တက်သင့်တယ်၊ 4 day courses တွေ ရှိတယ် ၊ internet မှာ ရှာလိုက်ရင်တောင် ရတယ်”

“ဟုတ်ကဲ့ . .ကျွန်တော် တက်မှာ ပါ မမ၊ မမနဲ့ တွေ့ တာ ကျွန်တော့် အတွက် လမ်းပြကြယ်က လေး တွေ့ လိုက်သလိုပဲ .. တော် တော် အားတက်သွားတယ်”

“ကိုယ်က မင်းရဲ့ guiding star ပေါ့လေ၊ အသုံးအနှုန်းကလေးတော့ သင့်ပါပေ့၊ ဘယ်လိုလဲ စားလို့ကောင်းရဲ့ လား၊ နည်းနည်း ညှီသလား”

“မညှီဘူး မမ . .အရမ်းကောင်းတယ်၊ ကျွန်တော် ပန်းကန်တွေ ဆေးပေးမယ်လေ”

“ဟင့်အင်း .. ဆေးစရာ မလိုဘူး ..dish washer ထဲ ထည့်လိုက်မယ်”

သူက စားပြီးသား ပန်းကန်တွေ ကို tissue ဖြင့် သုတ်ပေးပြီး dish washer ထဲ ထည့်ပေးလိုက် တယ်။

“မင်း ဝိုင်သောက်မလား နှောင်တိုး”

ဟု သူမက မေးသော အခါ သူ့ရင်ထဲ ပူထူရှင်းသွားအောင် ဝိုင်သောက်ချင်စိတ်ပေါက်လာသော ကြောင့် ခေါင်းညိတ်ပြလိုက်သည်။

“red လား white လား”

“ရပါတယ် မမ .. ကျွန်တော် ဘာမဆို သောက်တယ်”

သူမက ဝိုင်ဖန်ခွက်လှလှထဲမှာ red wine နှစ် ခွက် ငှဲ့ထည့်ပေးသည်။ ဝိုင်အရသာသည် သူ့လည်ချောင်းမှ တစ်ဆင့် ဟိုးရင်ထဲအထိ ပူနွေးရှတစွာ ရှင်းလင်းသွားစေသည်။

“ကဲ .. လာ၊ မင်းကို ကိုယ့်ရဲ့ Library ရော home theatre ပါ လိုက်ပြမယ်၊ အပေါ်ကို လိုက်ခဲ့”

ဟု ဆိုကာ သူမက ဦးဆောင်ပြီး အပေါ်ထပ်ဆီသို့ ခေါ်ဆောင် သွားပါသည်။ ဝိုင်၏ အရှိန် ကြောင့် သူ နည်းနည်း နေသာထိုင်သာရှိလာသည်။ အပေါ်ထပ် တစ်ထပ်လုံးကိုလည်း ဘယ်လ်ဂျီယံ မွေးပွကော်ဇော အဖြူလွလွမွမွပင် ခင်းထားပါသည်။ ခေါင်းရင်းအခန်းတစ်ခန်းမှာ ဘုရားခန်း ဖြစ်လျက် ဘုရားစင်ကို ဟိန်းနေအောင်ပင် ကျွန်းပလ္လင်မြင့်မြင့်ကြီးဖြင့် ရွှေရောင် ဝင်းအိနေသော ဗုဒ္ဓဆင်းတုတော် မြတ်ကြီး တစ်ဆူကို သပ္ပယ်စွာ စံမြန်းတော် မူစေသည်။ လှပသော ကြွေပန်းအိုးကြီးများ ဖြင့် ဘုရားပန်း များ ကို LiLi အဖြူများ ဝေဆာနေအောင် ထိုးထားပါသည်။ ဒုတိယအခန်း ကတော့ Home Theatre အခန်း ဖြစ်သည်။ 50” ရှိသော Pioneer Plasma TV ကြီးကို နံရံမှာ ကပ်ထားသည်။ Amplifirers တွေ Speakers တွေ ကို သူ့နေရာနှင့် သူ စံနစ်တကျ တပ်ဆင်ခင်း ကျင်းထားပြီး တကယ့်ကို Home cinema တစ်ခုသဖွယ် ပြင်ဆင်ထားပါသည်။Home cinema ကို သူ အလွန်သဘောကျပါသည်။ မြန် မာပြည်ရှိ သူ့အိမ်မှာ တပ်ဆင်ထားပေမယ့် ပစ္စည်းတွေ က အခုလောက် ခေတ်မမီ၊ မဆန်းသစ်ပါ။ ရုပ် ရှင်ကြည့်ဖို့ ဆိုဖာဆက်တီကြီးတွေ မှာ ကျယ်ပြန့်ကြီးမားတော့ အိစက်နေသည်။

“ဒီအခန်းထဲမှာ မမ တစ်ယောက် တည်း ရုပ်ရှင်ကြည့် ဖြစ်သလားဟင်”

ဟု သူမေးတော့ ..

“သူငယ်ချင်းတွေ လာမှ အတူကြည့် ဖြစ်တာ များ ပါတယ်၊ အားမှ မအားတာဟယ်၊ အိမ်မှာ entertainment တစ်ခုအနေနဲ့ သာ တပ်ထားတာပါ၊ သိပ် မကြည့်လှပါဘူး၊ မင်းဝါသနာပါလို့လား၊ လာကြည့်လေ၊ ကိုယ့်မှာ နောက်ဆုံးထွက်သမျှ DVD တွေ အကုန်ရှိတယ်၊ ဝယ်စုတာတော့ ဝါသနာပါ တာ၊ ကြည့်သာ မကြည့် ဖြစ်တာ၊ ဟိုဘက်အခန်းက ကိုယ်အိပ်တဲ့အခန်း၊ ဒီအခန်းက ကိုယ့်ရဲ့ Library ပေါ့၊ လာ . .ဝင်ကြည့်၊ မင်း ကြိုက်တာ ယူသုံးပါ”

မမရဲ့ Library ကိုတော့ သူ အကြိုက်ဆုံး ဖြစ်သွားသည်။ နံရံတွေ အပြည့်မှာ နံရံကပ်မှန်ဗီရိုတွေ ချည်းသာရှိပြီး စာအုပ်တွေ ၊ စာအုပ်တွေ မှ အပြည့်ပင်။ ကွန်ပျူတာစားပွဲကလေးပေါ်မှာ Sony Laptop Computer ကလေး ရှိနေပြီး နောက်မှီမြင့်မြင့် ဆုံလည် လည်သာခုံ အညိုရင့်ကလေးရှိသည်။ စာကြည့်ခန်းမို့ လင်းချင်းနေအောင် ပြတင်းပေါက်တွေ ကို ဇာလိုက်ကာဖြူဖြူကလေးတွေ ရှည်လျားစွာ တပ်ဆင်ထားသည်။ နေရာတိုင်းမှာ ပန်းအိုးနှင့် ပန်းအလှထိုးထားတတ်သည်။

“မမရဲ့ Library ကို ကျွန်တော် အကြိုက်ဆုံးပဲ”

ဟု .. သူပြောလျှင်

“မင်း ကြိုက်တဲ့အချိန် လာသုံးနိုင်ပါတယ်”

ဟု သူမက ခွင့်ပြုလေသည်။

“နောက်ဆုံး တစ်ခန်း ကတော့ ဧည့်သည်ခန်းပေါ့၊ ကဲ မင်း စာကြည့်ခန်းထဲမှာ အေးအေးဆေး ဆေး အနားယူရင်း အချိန်ဖြုန်းပေါ့၊ ကိုယ် မင်းကို ညနေကျမှ ပြန်ပို့ပေးမယ်၊ မင်း နောက်ထပ် ဆေး တစ်ခွက် သောက်လိုက်မလား၊ ကိုယ့်ဆေးဘီရိုထဲမှာ LEMSIP တွေ ရှိပါတယ်”

“ကျွန်တေ် နေတောင် ကောင်းသွားသလိုပဲ မမရယ် ၊ ကျွန်တော့် ကို ခုလိုလာခေါ်တာ ကျေးဇူး တင်ပါတယ်”

“မင်းကို ကိုယ် ဘာလို့လာခေါ်တာလို့ ထင်သလဲ နှောင်တိုး”

“ကျွန်တော် နေမကောင်းလို့လေ၊ ကျွန်တော် အားငယ်နေမှာ စိုးလို့လေ .. ဟုတ်တယ်မဟုတ် လား မမ”

“အင်း .. ဟုတ်တယ်၊ ကိုယ်လည်း ဒီမှာ တစ်ယောက် တည်းနေရတာ လေ၊ နေမကောင်းတဲ့အခါ ဘယ်လောက် အထီးကျန်အားငယ်သလဲဆိုတဲ့ ခံစားချက်ကို ကိုယ် ကောင်းကောင်းကြီး နားလည် တယ်၊ ကိုယ်နေမကောင်းရင် ဘေးမှာ ပြုစုပေးမယ့် အဖော်ကို အရမ်းတောင့်တတာပဲ၊ ဒါကြောင့် . .မင်းလည်း တစ်ယောက် ယောက် ကို လိုအပ်မှာ ပဲဆိုပြီး လာခေါ်လိုက်တာ”

“တကယ်ကျေးဇူးတင်တယ် မမရယ်၊ ဒီ အင်္ဂလန်လို နေရာမျိုးမှာ သူစိမ်းတွေ ချည်းပဲ၊ ကိုယ့် မြန်မာချင်းတွေ ဆုံတွေ့ ခွင့်ရဖို့ဆိုတာ တကယ်မလွယ်ပါဘူး၊ မမသာ ကားရပ်ပြီး လှမ်းမမေးခဲ့ရင် ကျွန်တော် တို့ ဆုံ ဖြစ်မှာ တောင် မဟုတ်ဘူးနော်”

“ကံကြမ္မာဆိုတာ ဒီလိုပဲပေါ့ကွယ်၊ တစ်ယောက် နဲ့ တစ်ယောက် ဆုံစည်းဖို့ ကံပါလာရင် မလွဲမသွေကို ဆုံရမှာ ”

သူက သူမကို ခပ်ဆဆကြည့်ရင်း

“မမ ဒီဆယ်နှစ် အတွင်း မြန်မာပြည်ကို ဘယ်နှခေါက်လောက် ပြန်ပြီးပြီလဲဟင်”

ဟု မေး ဖြစ်သွားသည်။ သူမက ပြုံးလျက်ဖြေသည်မှာ

“ပြန် ဖြစ်ပါတယ်၊ ကိုယ့်ကြည့်ရတာ မြန်မာပြည်ကို သိပ်မပြန်တဲ့ရုပ်များ ပေါက်နေလို့လား၊ တစ်နှစ် တစ်ခေါက်တော့ ကိုယ် ပြန်ပါတယ်၊ ဟိုမှာ ကိုယ့်ရဲ့ Family ရှိတယ်လေ”

သူက မျက်ခုံးများ ပင့်လျက်

“မမက အိမ်ထောင်နဲ့ လား၊ ကျွန်တော် က မမကို single မှတ်နေတာ”

ဟု အံ့သြသလို ဆိုလိုက်သည်။

“အိမ်ထောင်တော့ မရှိဘူး၊ ဆိုပါတော့၊ ဒါပေမယ့် သမီး တစ်ယောက် တော့ ရှိတယ်၊ အိမ်ထောင်နဲ့ ပြတ်သွားတာကြာပြီ ဆိုပါတော့”

မေးလိုက်မိပြီးမှ သူ မမကို အားနာသွားမိပါသည်။

“ဆောရီးပဲ မမရယ် .. ကျွန်တော် ဘာတွေ မေးမိမှန်း မသိဘူး”

“မေးလို့ရပါတယ်၊ ဒါမှ တစ်ယောက် အကြောင်း တစ်ယောက် ပိုသိနိုင်တာပေါ့၊ နေဦး မင်းအတွက် PACES အတွက် စာအုပ်တွေ နဲ့ အခွေတွေ ရှာပေးလိုက် မယ်၊ မင်း ယူသွား၊ စာမေးပွဲဖြေ ပြီးမှပဲ ပြန်ပေး . .ဟုတ်လား”

သူမက စာအုပ်ဗီရိုထဲကနေ PACES အတွက် စာအုပ်တွေ ၊ CD-Rom နှင့် VIDEO အခွေတွေ ထုတ်ယူပေးပါသည်။

“ကဲ .. မင်းနားချင်လောက်ရောပေါ့၊ ကိုယ် မင်းကို ပြန်ပို့ပေးမယ်၊ မင်းအတွက် ဆိတ်စွပ်ကို ဘူးနဲ့ ထည့်ပေးလိုက် မယ် သိလား”

ဆိတ်စွပ်တင်မကဘဲ ဝိုင်တစ်ပုလင်းနှင့် အတူ Thorntons ချော့ကလက်တစ်ဘူးကိုပါ မမက ထည့်ပေးလိုက် ပါသည်။ ပြီးတော့ သူ့ကို ပြန်ပို့ပေးသည်။ သူ့စိတ်ထဲမှာ ထိုအ ဖြစ်ကို အိပ်မက်တစ်ခု လို ထင်နေသည်။ သူစိမ်းတွေ ရဲ့ အလည်မှာ မြန်မာအဖော် တစ်ယောက် ကို တွေ့ ဆုံခွင့်ရလိုက်ခြင်း သည် သူ့အတွက် အလွန်နွေးထွေးမက်မောဖွယ်ကောင်းသော လက်ဆောင်တစ်ခုပဲ ဖြစ်သည်။ ထိုည က ထူးထူးဆန်းဆန်းပင် သူ မမကို အိပ်မက်မက်ပါသည်။ မမနှင့် ခင်မင်ရင်းနှီးမှု သည် ထိုကနေ စတင်ခဲ့ခြင်း ဖြစ်သည်။ သူက အများ ကြီးမျှော်လင့်မထားပါ။ အင်္ဂလန်တွင် သူသည် ဧည့်သည် တစ်ယောက် သာ ဖြစ်၏ ။ အချိန်တန်လျှင် စာမေးပွဲအောင်လျှင် သူပြန်ရုံပင်။ သို့သော် .. သူ မျှော်လင့်မထားခဲ့သော မျှော်လင့်ချက်များ ကို မမက မသိမသာ စတင်၍ ပေးလာခဲ့ခြင်း ဖြစ်သည်။

♥ ♥ ♥


အခန်း (၂)

The Gate, Newcastle: ည ၇ နာရီ

Newcastle ၏ Night Life ကို သူ မကြုံဖူးခဲ့ပါ။ များ သော အားဖြင့် ညဘက်တွေ ဆိုလျှင် သူ အပြင်ထွက်လေ့မရှိပါ။ အခန်းအောင်းကာ စာဖတ်နေသည်သာ များ ၏ ။ Pub ထိုင်ဖို့ Night Out ထွက် ဖို့ဆိုတာ သူနှင့် ဘာမှ မသက်ဆိုင်သော ကိစ္စတစ်ခု ဖြစ်သည်။ သွားစရာ အဖော်အပေါင်းလည်း မရှိခဲ့ ပါ။ ဒီနေ့တော့ ဆေးရုံကပြန်လာပြီး သူ ရေမိုးချိုးပြီးချိန် ညနေခြောက်နာရီလောက်မှာ မမဆီက ဖုန်းဝင်လာခဲ့ခြင်း ဖြစ်သည်။

“မင်း . .ညစာ စားပြီးပြီလား နှောင်တိုး”

တဲ့ ..။

“ဟင့်အင်း . .မမ”

ဟု . .သူဖြေလိုက်တော့ သူမက ..

“အေး . .အဝတ်အစားလဲထားလိုက်ကွာ၊ ကိုယ်တို့ Night Out ထွက်ရအောင်၊ The gate မှာ မင်းကို Nando’s ကြက်ကင်ကျွေးမယ်၊ ပြီးရင် ရုပ်ရှင်ကြည့်ရအောင်၊ ကိုယ်ကြည့်ချင်တဲ့ Sandra Bullock ကားတင်နေတယ်၊ Premonition ဆိုတာလေ၊ ကြည့်ရအောင် သိလား ”

ဟု ခပ်သွက်သွက် ပြောပြီး ဖုန်းချသွားခဲ့သည်။ နာရီဝက်အကြာမှာ သူမ၏ ကားကလေးက ခြံဝင်းအပြင်ဘက်တွင် ရောက်နေပြီ။ သူက Marks & Spencer မှ ဝယ်ထားသော ကက်ရှ်မီးယားဆွယ်က V-Shape ခေါင်းစွပ်ကလေးနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ထားခဲ့သည်။ မမရှိ ရာဆီ ခပ်သွက်သွက် ဆင်းသွားလိုက်သည်။ မမက ကြော့လို့။ အနက်ရောင် ဂါဝန်ကလေးနှင့် ဖြစ် သည်။ အပေါ်ကနေ ရင်စေ့ဆွယ်တာကလေးသာ ထပ်ဝတ်ထား၏ ။

“ကိုယ် Night Out မထွက်တာကြာပြီ .. သိလား နှောင်တိုးရေ၊ အခု မင်းကို အဖော်ရှိနေလို့ ထွက် ဖြစ်တာ။ သိတဲ့အတိုင်းပဲ၊ ဒီမှာ Friday night ဆိုရင် Club သွားတဲ့လူတွေ နဲ့ ရှုပ်ယှက်ခတ်နေ တာ၊ မင်းကို စာတွေ ချည်းဖတ်ပြီး ငြီးငွေ့မှာ စိုးလို့ တမင် ခေါ်ထုတ်လာတာ”

မမက The Gate ရှိ Car Park မှာ ကားရပ်ခဲ့ပြီး The Gate ထဲသို့ သူနှင့် အတူ ယှဉ်တွဲ လျက် ဝင်လာခဲ့သည်။ မီးရောင် တွေ ပြိုးပြက်ဝင်းလက်လျက် လူစည်ကားလှသော သီချင်းသံတွေ ဆူညံကျယ်လောင်လွန်းသော The Gate သည် သူ့စိတ်ကို အတော် ဆွဲဆောင်နိုင်စွမ်းရှိပါသည်။ Nando’s ဆိုသော ပေါ်တူဂီ ကြက်ကင်ဆိုင်ကလေးထဲမှာ လူတွေ ပြည့်နှက်စည်ကားလျက်ရှိသည်။ ဆိုင်ထဲ ဝင်ခွင့်ရဖို့တောင် တန်းစီစောင့်ရပါသည်။ နေရာရပြီဆိုမှ နှစ် ယောက် မျက်နှာချင်းဆိုင်ထိုင်ရင်း စားစရာကို ကိုယ်တိုင်သွားမှာ ရသည်။

“မင်း စားနိုင်တယ်မှလား၊ ကိုယ် whole chicken မှာ လိုက်မယ်နော်၊ ကိုယ်က olive ကြိုက် တယ်၊ spicy rice ကြိုက်တယ်၊ မင်း corn on the cop စားမလား၊ ပြောင်းဖူးကင်ပေါ့၊ ထောပတ်က လေးသုတ်ပြီး စားရတယ်”

“မမ ကြိုက်တာမှာ ပါ၊ ကျွန်တော် တစ်ခါမှ မစားဖူးဘူး”

“အိုကေ ..”

ဟု ဆိုကာ မမက သူမကိုယ်တိုင်ပင် သွားမှာ ပေးပါသည်။ နူးညံ့မွှေးပျံ့သော ကြက်ကင်တစ် ကောင်လုံးကို မမက ပေါင်တစ်ခြမ်းသာစားလျက် ကျန်တာ သူအကုန် ကြိတ်ပစ်ရသည်။

“မမ .. ကျွန်တော် ပိုက်ဆံရှင်းပေးချင်တယ်”

ဟု စားပြီးချိန်မှာ သူ ပြောတော့ သူမက ရယ်ကာ

“ရှင်းပြီးပြီ နှောင်တိုးရဲ့ . .၊ မှာ ကတည်းက ရှင်းရတာ ၊ ကိုယ် မင်းကို ခေါ်လာတာလေ၊ ကိုယ့်ရဲ့ treat ပေါ့၊ ရုပ်ရှင်လည်း ကိုယ်ပဲပြမှာ ”

“ဟာ မမကလည်း ကျွန်တော် လည်း တစ်လှည့်ပေးမှပေါ့၊ မမကိုပဲ ကပ်စားနေလို့ ဘယ် ကောင်းမလဲ”

“မရှည်စမ်းပါနဲ့ ဟယ်၊ မင်း ကိုယ့်ကို အများ ကြီးပဲ ပေးထားပြီးသားလေ”

တဲ့ . .။ သူ အံ့အားသင့်စွာ မျက်ခုံးပင့်လျက် သူမကို နားမလည်နိုင်သလို ငဲ့ကြည့်မိတော့ သူမက ပြုံးလျက်

“ဒီလိုနိုင်ငံမျိုးမှာ ကိုယ် တစ်ယောက် တည်း ပိုက်ဆံတွေ ၊ စည်းစိမ်ချမ်းသာတွေ materials တွေ ပြည့်စုံနေရုံနဲ့ ကိုယ် စိတ်ချမ်းသာပျော်ရွှင်ပြီး ကိုယ့်ဘဝကို ကျေနပ်နေတယ်လို့ မင်း ထင်နေသလား၊ မှားသွားမယ် နှောင်တိုးရေ၊ ကိုယ့်မှာ အဖော်မရှိဘူး၊ မျှဝေခံစားပေးမယ့် sharing လှုပ်ပေးနိုင်မယ့် အဆိပ်အတောက် ကင်းမဲ့တဲ့ ယုံကြည်စိတ်ချရတဲ့ အဖော်ဆိုတာ မရှိဘူးကွယ့်၊ တခြား မြန်မာတွေ တော့ ရှိကြသားပဲ၊ ဒါပေမယ့် သူတို့လည်း သူတို့ အရေး ကိစ္စနဲ့ သူတို့လေ၊ တစ်ခါတစ်လေ ချိန်းပြီး gathering လုပ်မှပဲ ဆုံ ဖြစ်တာ၊ မင်းလို ကိုယ် ရုပ်ရှင်ကြည့်ချင်တာနဲ့ မင်းရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကို ရက်ရက်ရောရော ဖဲ့ပြီး ကိုယ့်ကို အဖော်လုပ်ပေးနိုင်မယ့် သူမျိုး မရှိဘူး၊ အဲဒီ တော့ မင်းပေးထားတဲ့ အချိန်တွေ ကို တစ်နာရီ ဘယ်လောက်နှုန်းဆိုပြီး တန်ဖိုးဖြတ်လို့မှ မရတာ ”

“အပြန်အလှန်ပေါ့ မမရယ်၊ မမနဲ့ တွေ့ လိုက်ရလို့လည်း ကျွန်တော့် ရင်ထဲမှာ ဘယ်လောက် နွေးသွားတယ်မှတ်လဲ၊ ကွဲကွာနေတဲ့ ကိုယ့်အစ်မ တစ်ယောက် ကို ပြန်ရလိုက်သလိုပဲ”

“အေး . ပြီးရောပေါ့၊ ဒါဆိုရင် ငွေကြေးကိစ္စတွေ ခေါင်းထဲ မထည့်နဲ့ ၊ မတွက်နဲ့ ၊ ကိုယ့်မှာ သုံးလို့ မကုန်ဘူး”

အဲဒီ နောက်တော့ နှစ် ယောက် အတူ Premonition ဆိုသော စိတ်ဝင်စားစရာ ရုပ်ရှင်ကားကလေးကို အတူကြည့်မိကြသည်။ Sandra Bullock နှင့် Julian Mc Mahon ပါဝင်သော ထိုကားကလေးထဲမှာ သူတို့နှစ် ယောက် စလုံး နစ်ဝင်မျောပါလျက်ရှိကြသည်။ ဇာတ်လမ်းကလေးက ထူးဆန်းပါသည်။ လှည့်ကွက်ကလေးက ဇာတ်လမ်းရဲ့ အသက်ပဲ ဖြစ်သည်။ Sandria Bullock က သူ့ယောက်ျား ကား crash ဖြစ်ပြီး သေဆုံးသွားပြီဆိုသော သတင်းကို ရဲ တစ်ယောက် က လာပြော သည်။ နောက်တစ်နေ့ သူမ အိပ်ရာက နိုးသော အခါ သူမ ဘေးမှာ သူမ၏ ခင်ပွန်းက အိပ်လျက်။ အ ဖြစ်အပျက်တွေ ကို Monday uae ရှေ့ဆက်သွားလိုက်။ Saturday ကနေ back wards ပြန်ဆုတ်ပြ လိုက်နှင့် ရောယှက်ပြသည်မှာ စိတ်ဝင်စားစဖွယ်။ တကယ်တော့ သူမက ထိုအ ဖြစ်အပျက်ကို ကြိုတင် သိနေခဲ့ရခြင်း ဖြစ်သည်။ သူမယောက်ျား တကယ်သေမည့် နေ့သို့ရောက်သော အခါ ထိုနေရာသို့ ရောက်အောင် သူမ လိုက်မိရက်သား ဖြစ်နေခဲ့ကာ သူမ၏ မျက်စိရှေ့မှော က်မှာ ပဲ သူမ၏ ယောက်ျား ကား Crash ဖြစ်သွားခဲ့ပုံကို လှည့်ကွက်များ twist များ ဖြင့် သပ်သပ်ရပ်ရပ် ရိုက်ပြသွားခြင်း ဖြစ်ပါ သည်။ ရုပ်ရှင်ပြီးသွားချိန်မှာ သူက သူမကို အမှတ်မထင်ငေးကြည့်ရင်း

“ကျွန်တော် ခုမှ သတိထားမိတယ်၊ မမက Bullockနဲ့ တူတာကိုး”

ဟု ပြောလိုက်စဉ် သူမက မျက်စောင်းချီလျက် ..

“သွားစမ်းပါ . .ကိုယ်က ဘယ်သူနဲ့ မှ မတူချင်ဘူး၊ ကိုယ်က ကိုယ်ပဲ ဖြစ်ချင်တာ၊ ကိုယ့်အ သက်ကို မင်းခန့်မှန်းကြည့်စမ်း”

Car park နေရာသို့ ပြန်လျှောက်လာကြရင်း စကားပြောလာကြခြင်း ဖြစ်သည်။ အေးလာပြီမို့ သူမက လက်နှစ် ဘက်ကို ခပ်တင်းတင်းကလေး ပိုက်ထားလျက်။ ပီဘိကလေးလေးလိုပင်။ မမရဲ့ မျက် နှာကလေးက အများ ကြီးပဲ နုပျိုလှပါသည်။

“ကျွန်တော် က လေးစားမှု နဲ့ သာ မမလို့ ခေါ်တာပါ၊ ကျွန်တော့် ထက်ကြီးရင် တစ်နှစ် နှစ် နှစ် ပေါ့၊ ကျွန်တော် က သုံးဆယ်တစ်၊ မမ အလွန်ဆုံးရှိလှ သုံးဆယ့်သုံးပေါ့”

ဟု သူက ပြောသော အခါ မမက သဘောကျစွာ အသံကျယ်ကျယ်ဖြင့် ရယ်မောရင်း ကားကို remote ကလေးဖြင့် လှမ်းဖွင့်လိုက်သည်။

“မင်း တမင်မြှော က်နေတာတော့ မဟုတ်ပါဘူးနော်၊ ရယ်ရတယ်၊ စိတ်ချမ်းသာဖို့ ကောင်း အောင် ပြောတတ်လိုက်တာနော်၊ ကိုယ့်မောင်လေးက မင်း နုပါသေးတယ် ချာတိတ်ရဲ့ ၊ ကိုယ် လေးဆယ့်တစ်ရှိပြီ၊ လာမယ့် JUNE မှာ ကိုယ့်အသက် 41”

“ဟာ . .လုံးဝ မထင်ရဘူး မမ၊ မမ အရမ်းနုတာပဲ၊ ကျွန်တော် မယုံပါဘူး၊ မမ ညာပြောနေတာ၊ ကျွန်တော် နဲ့ အဲဒီ လောက်ကို မကွာနိုင်ဘူး”

“သြော် .. ကိုယ်က ညာပြောပါ့မလားဟဲ့၊ ကိုယ်က ပိုတောင် ငယ်ချင်သေးတယ်၊ ကိုယ့်သမီးပဲ နှစ် ဆယ်ရှိပြီ”

“ဗျာ . .”

သူ တကယ်မင်သက်ပြီး စကားပင် မဆက်နိုင်။ ဤမျှ လှပနုပျိုငယ်ရွယ်နေသော မမမှာ အသက်နှစ် ဆယ်အရွယ် အပျိုကြီးဖားဖား သမီး တစ်ယောက် ရှိနေလိမ့်မည် ဆိုတာကို သူများ ကသာ လာပြောလျှင် သူ ယုံမိမှာ မဟုတ်ပါ။ အခုတော့ မမက တကယ်အတည်ပေါက် ပြောနေခြင်း ဖြစ်သည်။

“မမမှာ သမီးရှိတယ်၊ ဟုတ်လား . .မမ တကယ်ပြောနေတာလား”

“တကယ်ပေါ့ နှောင်တိုးရဲ့ ၊ သမီးက မမနဲ့ လာမနေချင်ဘူး၊ ဟိုမှာ အဘိုးအဘွားနဲ့ နေရတာ ကို ပိုပျော်တယ်၊ ဒီကို အလည်သက်သက် shopping လောက်ပဲ လာလေ့ရှိတာ၊ ငယ်ငယ်ကတည်းက သမီးကို အဘိုးအဘွားကပဲ မွေးစားခဲ့တာလေ၊ ကိုယ်က ပညာနဲ့ ပတ်သက်ပြီး လောဘကြီးလွန်းတော့ သမီးကို လုံးဝ လှည့်မကြည့်နိုင်ခဲ့ဘူး”

“မမရဲ့ ခင်ပွန်းကရော . .၊ မမ မဖြေချင်ရင် မဖြေနဲ့ နော်”

“သူ့ကို ကိုယ့်ခေါင်းထဲမှာ မရှိတော့တာ ကြာလှပြီ၊ သူဟာ ကိုယ့်ဘဝရဲ့ အမှားအယွင်း ကြက်ခြေခတ်တစ်ခုလို့ပဲ သဘောထားခဲ့တာ”

စကားတပြောပြောနှင့် သူ အဆောင်ရှေ့သို့ ရောက်လာခဲ့သည်။ သူ့ကို နှုတ်ဆက်ပြီး သူမ ပြန်သွားခဲ့သည်။ သူ့ဘဝမှာ အမျိုးသမီး တစ်ယောက် နှင့် နှစ် ယောက် တည်း ရုပ်ရှင်ကြည့် ဖြစ်ခြင်းသည် ပထမဆုံးအကြိမ် ဖြစ်သည်။ သူ့စိတ်ထဲမှာ လှုပ်ရှားနေတာလား၊ ကြည်နူးပျော်ရွှင်နေသလား ဆိုတာ ဝေခွဲ၍ မရ။ သူ့နှလုံးသားဆီမှာ နူးညံ့တိုးတိတ်သော ၊ သိမ်မွေ့ညင်သာလွန်းသော ရင်ခုန်ခြင်းတစ်မျိုး ရှိနေသည်ကို သူ့ဘာသာသူ သတိထားမိလေသည်။

♥ ♥ ♥


Weekday ငါးရက်လုံးလုံး မမဆီမှ ဘာအဆက်အသွယ်မှ မလာခဲ့ပါ။ သူလည်း ဆေးရုံမှာ attachment ဆင်းရင်း၊ library မှာ စာသွားဖတ်ရင်း အချိန်ကုန်ခဲ့သည်။ မမကိုတော့ တစ်ခါတစ်ခါ သတိရမိသား။ ဖုန်းဆက်ကြည့်ဖို့ စိတ်ကူးမိသည်မှာ လည်း အကြိမ်ကြိမ်ပင်။ မမက သူမ၏ ဖုန်းနံပါတ်ရော၊ အိမ်လိပ်စာရော၊ အီးမေးလ်လိပ်စာတွေ ပါ သူ့ ဖုန်းဆီ message လှမ်းပို့ထားခဲ့သည်။ ဖုန်းဆက်ကြည့်ဖို့ စိတ်ကူးမိတိုင်း သူ့ဘက်မှ ရိုးသားရဲ့ လား၊ မမနှင့် မကြာခဏ နှစ် ယောက် တည်း တွေ့ တွေ့ နေတော့ သင့်မှ သင့်တော် ပါရဲ့ လားဆိုသော မေးခွန်းတွေ သူ့ခေါင်းထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာလျှင် သူ call ခလုပ်ကလေးကို မနှိပ်မိတော့ချေ။ တစ်ခါ တစ်ခါ သူစဉ်းစားကြည့်မိပါ သည်။ သူ့ဘဝမှာ အချစ်ဆိုတာ ဘယ်လိုပုံစံမျိုးဆိုတာ ယောင်၍ ပင် မှန်းဆပုံဖော်မကြည့်မိခဲ့။ အချစ်ဦးဆိုသော မိန်းမသည်လည်း ဘယ်လိုပုံစံမျိုး ဖြစ်လာမည် လဲဆိုတာ မြင်ယောင်မကြည့်ဘူးခဲ့။ သူ့ထက် အသက်ဆယ်နှစ် ပိုကြီးသော ၊ သမီး တစ်ယောက် ရှိသော ၊ တစ်ပြည်ရပ်ခြားမှာ အခြေတကျ ဖြစ်နေပြီ ဖြစ်သော မိန်းမ တစ်ယောက် သည် သူ့ဘဝ၏ အချစ်ဦး ဖြစ်သင့်ပါသလား၊သူက ဒီမှာ အချိန် အကြာဆုံးနေရလျှင် တစ်နှစ် ပင်။ MRCP အောင်ပြီဆိုတာနှင့် မြန်မာပြည်ပြန်ရမည့် သူဆိုသော အသိ က သူ့ရင်ထဲမှာ ရော၊ ဦးနှောက်ထဲမှာ ပါ စွဲနေပြီးသား။ မမနှင့် သူ ဘယ်လိုမှ မ ဖြစ်နိုင်ဘူးဆိုတာလည်း သူ သိပြီးသား၊ သူ မမကို သာယာနေမိတာပဲ ဖြစ်မှာ ပါ။

သော ကြာနေ့ညနေမှာ တော့ သူ့မိုဘိုင်းကလေးဆီမှ သီချင်းသံကလေး ခုန်ထွက်လာလျှင် သူ ထိတ်ခနဲ ပျော်ရွှင်သွားမိသည်ကို သူ့ဘာသာသူ အသိဆုံး၊ ဖုန်းကို ခပ်သွက်သွက် ထူးလိုက်မိသော အသံက ချိုမြတက်ကြွလွန်းနေသည်။

“Hello stranger ! နေစိမ့်နိုင်လိုက်တာနော်၊ ဖုန်းကလေးတောင် ခေါ်ဖော်မရဘူး”

မမ၏ အသံက သူငယ်မကလေး တစ်ယောက် လို မြူးထူးလန်းဆန်းလျက်။

“ကျွန်တော် ခေါ်မလို့ပါပဲ မမရယ်၊ မမ အလုပ်တွေ ရှုပ်နေမှာ ပဲလို့တွေးပြီး အားနာသွားတာ နဲ့ ”

“အေး . .အလုပ် ကတော့ ခပ်ရှုပ်ရှုပ်ပါပဲဟယ်၊ မနက်ဖြန် မင်းကိုဘောလုံးပွဲခေါ်သွားမလို့၊ Newcastle မှာ ဘောလုံးပွဲရှိတယ်၊ St James’Park Stadium မှာ လေ၊ ကိုယ် လက်မှတ်နှစ် စောင် Online ကနေ ဝယ်ထားတာရှိတယ်၊ မင်းက Newcastle fun လားလို့၊ မင်းနဲ့ စတွေ့ တဲ့နေ့က မင်း ဝတ်ထားတာ Neweastle အင်္ကျီလေ”

“Newcastle fun တော့ မဟုတ်ပါဘူး မမရယ်၊ ဒါပေမယ့် ကျွန်တော် ဘောလုံးပွဲကိုတော့ Stadium မှာ ကြည့်ဖူးတယ်ရှိအောင် ကြည့်ချင်သား”

“ကိုယ် ကတော့ Newcastle Supporter အစစ်ပဲ၊ အလုပ်လုပ်တော့သာ Sunderland မှာ လုပ်တာ၊ Sunderland ကို တစ်စက်ကလေးမှ အားမပေးဘူး၊ Sunderland နဲ့ Newcastle ကလည်း တကယ့်ကို ကမ္ဘာ့ရန်တွေ လေ၊ တွေ့ တာနဲ့ တချိန်းချိန်း ဆော်နေကြတာပဲ၊ မင်း Newcastle စပို့ရှပ် ဝတ်ခဲ့နော်၊ ကိုယ်တည်းဝတ်မှာ ၊ Stadium မှာ သွားကြည့်ရင် လူတိုင်းလိုလို black stripe အင်္ကျီတွေ နဲ့ ချည်းပဲ၊ အရမ်းပျော်ဖို့ကောင်းတာ၊ မနက်ဖြန် မင်းကို ကိုယ် မနက်ကတည်းက လာခေါ်မယ်၊ ကိုယ့် အိမ်မှာ တစ်ခုခုစားပြီးမှ သွားကြတာပေါ့”

“အိုကေ . မမ ၊ ဆီးယူ”

မမ ဖုန်းချသွားသည်။ မမ၏ အသံ ကတော့ ပုံမှန်ပင်။ ဒီတစ်ပတ်လုံးလုံး အလုပ်တွေ လုပ်ပြီးလျှင် weekend အားတာနှင့် သူနှင့် အတူ သွားဖို့ သူမဘာသာ ကြိတ်၍ စီစဉ်ထားခဲ့သည်။ သူ့ဘက်က မငြင်းဘူးဆိုတာ အပိုင်တွက်ထားဟန်မျိုး။ သူ မမ၏ မျက်နှာကို မြင်ယောင်ကြည့်မိသည်။ ဆံပင်တွေ က ကြေးနီ (bronze) ရောင် ၊ ခပ်ခွေခွေကောက်ကောက်ကလေးတွေ ။ တစ်ခါတစ်ရံ ဒီအတိုင်း ဖြန့်ဝဲလျထားလျက် တစ်ခါတစ်ရံ ကပိုကရိုကလေး ဖြစ်သလို စုတင်စည်းနှောင်ထားတတ်သည်။ မျက်ခုံးမျက်လုံးတို့က ထူးခြားစွာ ထင်ရှားနက်မှော င်လျက် နှာတံ စင်းစင်း၊ နှုတ်ခမ်းပြည့်ပြည့် အိအိကလေး ဖြစ်သည်။ မေးရိုးက တကယ့်ကို Sandra Bullock နှင့် တထေရာတည်း။ ဗိုလ်ဆန်သော အလှနှင့် သိပ်မပြင်ဆင်မခြယ်သသော်ငြား လှပစွာ စွဲဆောင်မှု ရှိလွန်း သော မမ၏ ဘေးမှာ ဘာကြောင့် များ ချစ်သူ တစ်ယောက် ယောက် ရှိမနေခဲ့တာပါလိမ့်။ မမကပဲ ဇီဇာ ကြောင်လွန်းလို့လား မသိ။ မမကို မချစ်တဲ့ လူတွေ တော့ ရှိမယ်မထင်။ အသက်လေးဆယ်ဆိုတာကို ကျိန်ပြောမှပင် ယုံလောက်စရာ နုနယ်ပျိုမျစ်လွန်းသော မမ၏ အလှထံတွင် သူတောင် ရင်မခုန်ဘဲ နေနိုင်သည်မှ မဟုတ်တာ။ ထိုညက မမအကြောင်းတွေးပြီး သူ စာမဖတ် ဖြစ်ခဲ့ချေ။

♥ ♥ ♥


St.James Park Stadium, Newcastle:

သူ မျှော်လင့်ထားသလို ဧရာမ Stadium ကြီး၏ ရှေ့တန်းတွေ လောက်ကနေ ဘောလုံးပွဲကို ကြည့်ရတာ မဟုတ်၊ ဟိုး အနောက်ဘက် အမြင့်ကြီးဆီကနေ ကွင်းထဲကို လှမ်းကြည့်ရသည်မှာ ဘယ်လိုမှ အားမရ။ ပရွက်ဆိတ်ကလေးတွေ ကန်နေသလောက်သာ မြင်ရခြင်း ဖြစ်ပါသည်။ ပွဲ ကတော့ ကောင်းပါသည်။ Newcastle နှင့် Sunderland ပွဲ ဖြစ်သည်။ ပရိသတ်တွေ ထဲမှာ လည်း အော်သစ်သံတွေ တညံညံ၊ မမရော သူပါ အင်္ကျီဆင်တူ Newcastle ရှပ်တွေ နှင့် Newcastle ဘောင်း ဘီရှည်တွေ ဝတ်ထားခဲ့ကြသည်။ မမက ဘောလုံးပွဲကို တော် တော် ဝါသနာပါပုံရသည်။ တကယ့်ကို စိတ်လိုက်မာန်ပါပင် အော်ဟစ်အားပေးနေခြင်း ဖြစ်သည်။ လက်ထဲမှာ လည်း Starburg ကော်ဖီခွက် ကြီးကိုင်လျက်။ သူ မမကို အမှတ်မဲ့လှည့်ငေးကြည့်သည်ကိုတောင် မမက လုံးဝ သတိထားမိပုံမရချေ။ ချာတိတ်မကလေး တစ်ယောက် လိုပင် စိတ်လွတ်လက်လွတ် အော်ဟစ်အားပေးနေခြင်း ဖြစ်သည်။ သူ ကတော့ TV ကနေ ထိုင်ကြည့်သလောက်တောင် အားရပါးရ မရှိလှတာမို့ စိတ်ကူးရကာ Mobile ဖုန်းကလေးနှင့် မမ၏ အော်ဟစ်အားပေးနေဟန်တွေ ကို ဗီဒီယို အသာလေး ခိုးရိုက်ယူထားလိုက် သည်။ ဘောလုံးပွဲပြီးတော့ လူတွေ မှ နည်းနည်း နောနော မဟုတ်။ ကားပါကင် နေရာဆီရောက်အောင် အတော် လျှောက်ရသည်။ တော် ပါသေးရဲ့ ။ Newcastle က နှစ် ဂိုးတစ်ဂိုးဖြင့် အနိုင်ရလို့ မမမျက်နှာ က ကြည်လင်ရွှင်ပျစွာ ။

“မင်းကို Newcastle နိုင်တဲ့အထိမ်းအမှတ်နဲ့ စပိန်ဆိုင်မှာ ကျွေးမယ်။ La Tasca မှာ စားရ အောင်၊ PAELIA စားဖူးလား၊ ထမင်းဝါဝါထွေထဲမှာ Seafood တွေ Squid တို့၊ ပုစွန်တို့ Mussels တို့နဲ့ ရောမွှေထားတာ အရမ်းစားလို့ကောင်းတယ် .. သိလား”

မမက La Tasca ဆိုသော Spain ဆိုင်ကလေးဆီသို့ သူ့ကို ခေါ် သွားပါသည်။

“မမ ကျွန်တော် နဲ့ မတွေ့ ခင်ကရော ဒီလိုပဲ တစ်ယောက် တည်း လျှောက်သွားစားနေတာပဲ လားဟင်”

ဟု သူမေးလျှင် မမက သဘောကျစွာ ရယ်မောလျက်

“ဟဲ့ .. တစ်ယောက် တည်းတော့ ဘယ်လျှောက်စားမလဲ၊ ဘော်ဒါတွေ နဲ့ ချိန်းပြီးမှ ထွက်စား တာပေါ့။ မင်းနဲ့ ကတော့ ကိုယ့်မြန်မာချင်းဆိုတော့ ပိုပြီး လွတ်လပ်တယ်လေ၊ နေဦး မင်းကို တစ်နေ့ မှာ Theatre မှာ Play (ပြဇာတ်) လိုက်ပြဦးမယ်၊ Sunderland မှာ Theatre ရှိတယ်၊ မင်း ပြဇာတ် ကြည့်ဖူးလား”

“ဟင့်အင်း . မကြည့်ဖူးဘူး မမ”

“အရမ်းကြည့်လို့ကောင်းတယ်၊ My Fair Lady တို့ Mamamia ကိုယ် ကြည့်ဖူးတယ်၊ အဖော် ကောင်းရင် London အထိတောင် တကူးတက ဆင်းကြည့်တတ်တယ်၊ hotel မှာ တစ်ညအိပ်ပြီး တော့လေ”

သူ မမကို တအံ့တသြ ကြည့်မိသည်။ မမရဲ့ ဘဝမှာ ဘာမှ ပူပန်ကြောင့်ကြ ရှိပုံမရ။ အနှောင်အဖွဲ့ကင်းစွာ တစ်ကိုယ်တော် ရွက်လွှင့်နေသူ တစ်ယောက် လိုပင်။

“မမမှာ ချစ်သူ မရှိဘူးလားဟင်”

သူ အရဲစွန့်ပြီး မေးလိုက်မိသော အခါ မမက သူ့မေးခွန်းကို သိပ် ရယ်မောသွားချင်ဟန်ဖြင့် အားပါးတရရယ်ချပစ်လိုက်တော့မည့် ဟန် နှုတ်ခမ်းကို ဖွင့်လိုက်ပြီးမှ အနည်းငယ် က္ကနြေပြန်ဆည်လိုက်ကာ ပြုံးရုံသာ ပြုံးလိုက်ပြီး

“ကိုယ်ကမှ မချစ်တတ်ဘဲ နှောင်တိုးရဲ့ ၊ ပြီးတော့ . ကိုယ့်ကိုယ်ကိုယ်ကလွဲပြီး လူတွေ ကို ဘယ်သူ့ကိုမှ မယုံဘူး၊ အထူးသဖြင့် ယောက်ျားတွေ ကိုပေါ့၊ အင်း . .မင်းကို ရှေ့ထားပြီး ဒီစကားပြောရတာ အားနာစရာတော့ အကောင်းသား ဒါပေမယ့် ဆောရီးပဲ ချာတိတ်ရေ၊ ကိုယ်က ငှက်သာ ဖြစ်ချင်တာ၊ စွန်ဘဝကို မကြိုက်ဘူး၊ တစ်စုံ တစ်ယောက် က ကြိုးနဲ့ ထိန်းချုပ်နေတာကို မလိုချင်ဘူးလေ၊ ဘာကိုမှ မတွယ်တာချင်ဘူး၊ မစုံမက်ဘူး၊ နှောင်မဖွဲ့ချင်ဘူး၊ ကိုယ့်ကို လာချည်နှောင်မှာ ကိုလည်း နည်းနည်း မှ မကြိုက်ဘူး”

ကျွန်တော့် ကို ဘာသဘောနဲ့ တွဲ နေတာလဲဟူသော မေးခွန်းသည် သူ့လည်ချောင်းထဲကနေ ခုန်တက်လာခဲ့သည်။ သူ အဆိပ်မရှိတာ ၊ အန္တရာယ် မပေးနိုင်တာ ၊ တစ်နေ့အိမ်ပြန်မည့် ဧည့်သည် တစ်ယောက် ဆိုတာ သိလို့ စိတ်ချလက်ချ ယုံယုံကြည်ကြည် တွဲ နေတာလား မသိ၊ ဒါမှမဟုတ် တပြည်ရပ်ခြားမှ တစ်ယောက် တည်း ဖြစ်နေကြသူတွေ အချင်းချင်း နားလည်စာနာစွာ ဖေးမလက်တွဲ ချင်သော ရိုးရိုးသားသား စေတနာဖြူဖြူစင်နဲ့ လည်း ဖြစ်နိုင်တာပဲ။ သူ ဘာတွေ လျှောက်တွေးနေမိပါ လိမ့်။

La Tasca ကနေ ပြန်ထွက်လာသော အခါ မမက

“မင်း Millennium Bridge ကို ရောက်ဖူးပြီးပြီလား”

ဟု မေးပြန်သည်။

“ဟင့်အင်း. .မရောက်ဖူးဘူး မမ၊ ကြားသာ ကြားဖူးတာ”

“အတော် ပဲ .. အဲဒီ မှာ လမ်းလျှောက်ရအောင်၊ ဒီနေ့ ရာသီဥတုက fine တယ်၊ sunny day ပဲ၊ လာ . .သွားရအောင်”

ဟု ဆိုကာ သူ့ကို Quayside သို့ ခေါ် သွားပါသည်။

“ဒါ Tyne မြစ်လေ၊ Newcastle Upon Tyne ဆိုတာ ဒီ Tyne မြစ်ရဲ့ အပေါ်မှာ Newcastle မြို့က ရှိနေတာပေါ့။ ဒီ Millennium Bridge က Tyne river ကို ဖြတ်ပြီး ဆောက်ထားတာ၊ သင်္ဘော တွေ Tyne မြစ်ကနေဖြတ်လာမယ်ဆိုရင် ဒီတံတားကြီးကို တံခါးလို နှစ် ခြမ်းခွဲပြီး ဖွင့်ပေးတယ်လေ၊ ဒီ နေရာက Newcastle ရဲ့ Tourist attraction တစ်နေရာပေါ့၊ နေဦး .. မင်းနဲ့ ကိုယ်ဓာတ်ပုံအမှတ်တရ ရိုက်ထားရအောင်၊ တစ်ယောက် ယောက် ကို ရိုက်ခိုင်းလိုက်မယ်”

မမက ဘေးနားဆီမှ ဖြတ်လျှောက်သွားသူ တစ်ယောက် ကို သူမ၏ Sony digital camera ကလေး လှမ်းပေးကာ နှစ် ယောက် စုံတွဲ ပုံ ရိုက်ပေးခိုင်းလိုက်ပါသည်။ သူကလည်း သူ့ mobile ဖုန်းက လေးကိုပါ လှမ်းပေးကာ ထပ်ရိုက်ခိုင်းလိုက်သည်။ ပြီးတော့ .. ထိုတံတားကနေ ဖြတ်လျှောက်ကာ Quayside တစ်လျှောက် လမ်းလျှောက်ကြရင်း သူက စောစောက Stadium ထဲမှာ မမ၏ ပုံကို Video ရိုက်ယူထားခဲ့တာကလေးကို ပြန်ဖွင့်ပြလိုက်သည်။ မမက သဘောကျစွာ ရယ်မောလျက် သူ့လက် မောင်းဆီ သုံးချက်လောက် တဖျပ်ဖျပ်ဆင့်ပြီး ရိုက်လိုက်လေသည်။

“ကြည့်စမ်း . .ဆိုးလိုက်တာ၊ မင်း paparazzi ပဲ၊ ကိုယ့်ပုံကို ခိုးရိုက်ထားတယ်တော့”

ဟု ကလေးမကလေး တစ်ယောက် လို ရှက်ကိုးရှက်ကန်း အော်၏ ။ သူ မမကိုကြည့်ကာ ရင်ထဲ ဘယ်လို ဖြစ်သွားမိမှန်း မသိ။ ချစ်စနိုး ဖြစ်သွားသလိုလို၊ မြတ်နိုးသွားမိသလိုလို တစ်မျိုးကလေး ဖြစ် သည်။ မမကို သူ အကြာကြီးပင် ငေးမောကြည့်မိသွားသည်ကို မမ ကတော့ သတိတောင် ထားမိမည် မထင်။ သူ့ထက် အသက်သာ ဆယ်နှစ် ကြီးသည်ဆိုပေမယ့် မမကို သူ့စိတ်ထဲမှာ တော့ သူ့ထက်ငယ် သလိုပင် ခံစားရပါသည်။ မမကလည်း လူကြီးဆန်ဆန်ကြီးမနေဘဲ ကလေး တစ်ယောက် လို မြူးဖျတတ်ကြွလွန်းသည်ကိုး။

“သြော် . .မေးမလို့၊ မင်းရဲ့ PACES စာမေးပွဲက ဘယ်တော့လဲ နှောင်တိုး”

“ကျွန်တော် ဇူလိုင်လထဲ တင်ထားတယ် မမ”

“သြော် . .နီးတောင် နီးနေပြီ၊ မင်း ဘာလိုသေးလဲ၊ ကိုယ့် library ကို သုံးချင်ရင် လာခဲ့လေ၊ internetလည်း စိတ်ကြိုက်သုံးလို့ရတယ်၊ နေဦး . .မင်းကို ကိုယ့်ရဲ့ အိမ်သော့ အပိုတစ်ချောင်း ပေးထားမယ်၊ ကိုယ် ရှိရှိမရှိရှိ မင်း ကြိုက်တဲ့အချိန်လာခဲ့ပေါ့။ Sunderland ကနေ Chester-Le-Street City Centre ကို ဘတ်(စ်) စီးလာခဲ့ပြီး လမ်းလျှောက်လာခဲ့ရင် အလွယ်လေးရယ်၊ ကိုယ် လာလာခေါ်နေစရာမလိုတော့ဘူးပေါ့၊ ကိုယ့်ကို ဘာမှ အားနာစရာမရှိဘူး၊ မင်း အစ်မရဲ့ အိမ်လို သဘောထားလိုက်၊ Kitchen ထဲကနေ ကြိုက်တာယူစားနိုင်တယ်၊ ဘယ်လို သဘောရသလဲ၊ ကိုယ်ပေးတဲ့ အခွင့်အရေး က သိပ်များ ရက်ရောလွန်းရာ ကျနေမလား၊ မင်းရဲ့ စာမေးပွဲက နှစ် လကျော် သုံးလနီးနီးလောက်ပဲ လိုတော့တာမှလား၊ မင်းအတွက် လန်ဒန်မှာ Course သွားတက်ဖို့လည်း စီစဉ် ဦးလေ၊ Course တက်ထားရင် တကယ် အသုံးကျတာ နှောင်တိုးရဲ့ ”

မမက သူမ၏ သော့ တွဲ တွေ ထဲကနေ အိမ်သော့ အပိုတစ်ချောင်းကို သူ့ကို ပြန်ပို့ပေးစဉ်မှာ လှမ်းပေးခဲ့ပါသည်။ သူ မငြင်းမိပါ။ မမပြောသလိုဆို သိပ်ကို ရက်ရောသော အခွင့်အရေး တစ်ခုပါပဲ။ အဲဒီ လို အိမ်သော့ ကို ပေးထားခြင်းအားဖြင့် မမ၏ အိမ်ကို သူ တံခါးမရှိ၊ ဓားမရှိ ဝင်ထွက်ခွင့်ရှိလာမည် ။ မမနှင့် အချိန်မရွေး တွေ့ ဆုံခွင့်ရလာမည် ဆိုလျှင် သူ့ရဲ့ စိတ်နှလုံးကို လုံခြုံအောင်သိမ်းဆည်းထားနိုင် ပါ့မလားဆိုတာကိုပဲ သူ စိုးရိမ်ပါသည်။ သူ မမကို မချစ်ချင်ပါ။ မမ၏ စေတနာနှင့် ယုံကြည်မှု တို့ကို အလွဲသုံးစားမလုပ်လိုသော ကြောင့် ဖြစ်သည်။ ပြီးတော့ . .အခွင့်အရေး သမား တစ်ယောက် သူမ ဖြစ်ချင်ပါ။ အရိပ်နေပြီး အခက်ချိုးသော ၊ အသီးစားသော သစ္စာမဲ့သူ တစ်ယောက် မ ဖြစ်ချင်၊ မမရဲ့ သဘောထားသည် သူ့အပေါ်မှာ ဖြူစင်လွန်းချင် ဖြူစင်လွန်းမည် ။ ရိုးသားလွန်းချင် ရိုးသားလွန်းမည် ။ သူ့ဘက်က အရောင် ဆိုးလိုက်လျှင်သာ အရောင် ပြောင်းလဲသွားချင် ပြောင်းလဲသွားလိမ့်မည် ။ ပြီးလျှင် သူက အချိန်တန်လျှင် အိမ်ပြန်သွားမည့် သူ။ မမက ကျန်ရစ်ခဲ့ရမည့် သူ ဖြစ်သည်။ သူ့အတ္တနှင့် စိတ် ချမ်းသာ ပျော်ရွှင်မှု ကို ရှေ့တန်းမတင်လိုပါ။ ထို့ကြောင့် သူ့ဘက်က အတတ်နိုင်ဆုံးထိန်းချုပ်စောင့် စည်းရပါမည် ။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ သိမ်မွေ့သောလမင်း နက်ရှိုင်းသောရေပြင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


တစ်ခတ်ဆန်း နှလုံးအိမ်မှာ ထိုးထွင်းခဲ့သော Tattoo

ဇနီးချောများကွန်ရက်

စိတ်ဖတ်သူ