Cover

လွန်းထားထား

(ဆေးတက္ကသိုလ်)

မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏

အခန်း ( ၁ )

ခေတ့်အတွက် ရင်ခုန်စရာလည်းမကောင်း၊

စိတ်ကူးယဉ်စဖွယ်လည်း မရှိသော

လူ တစ်ယောက် ကို ဘာအတွက်များ

အချိန်တွေ ပေးပြီး ကြိုးစားကြည့်နေဦးမလဲ။

ခေတ်က ဟန်လည်းမဆောင်တတ်။

* * * * *

ပတ်ဝန်းကျင်ကလေးက သာတောင့်သာယာ။ ရာသီဥတုကလည်း အေးအေးချမ်းချမ်း။ ဆိုင်ကလေးထဲမှာ လူသူကင်းရှင်းကာ တိတ်ဆိတ်လျက်။ ခေတ်သည် မျက်နှာချင်းဆိုင်မှာ ရှိနေသော ယောက်ျား တစ်ယောက် ကို အကဲခတ်ကြည့်မိသည်။ ပညာတတ်လူရည်မွန် တစ်ယောက် ပါ။ ရုပ်ရည်ကလည်း မင်းသား တစ်ယောက် လို ချောမော သန့်စင်လွန်းမနေပေမယ့် ကြည့်၍ ကောင်းသော ယောက်ျားပီသသော ရုပ်ရည်မျိုး။ စင်္ကာပူကနေ MBA ဘွဲ့တစ်ခုလည်း ရခဲ့ပြီ။ အခု မွေးရပ်မြေ ဖြစ်တဲ့ ပြင်ဦးလွင်မှာ ၀ိုင်စက်ရုံလုပ်ငန်းတစ်ခုထောင်ဖို့ ပြင်ဆင် စီစဉ်လျက် ရှိသူပေါ့။ ထက်ထက်မြက်မြက်လည်းရှိပုံပေါ်ကာ စည်းစနစ်လည်း ရှိပုံပေါ်သည်။ သူကလည်း သူ့ရှေ့မှာ ရှိနေသော “ခေတ် အရိပ်”ဆိုတဲ့ ကောင်မလေးဟာ ဘယ်လိုဟာလေးပါလိမ့် ဟု အကဲခတ်နေမှာ မလွဲပါဘူး။ သူလိုအပ်နေတာက လိမ္မာပါးနပ်ပြီး သူ့အလိုက်ကိုသိမည့်  အဖော်မွန် တစ်ယောက် ။ ခေတ်ကကျတော့ မန္တလေးတက္ကသိုလ်ကနေ ဘွဲ့ တစ်ခုရပြီးသကာလမှာ ကိုယ်ပိုင်လုပ်ငန်းတစ်ခု ထူထောင်ချင်သူ။ ခေတ်လိုအပ်နေတာက ငွေအရင်းအနှီး...။ အဲ ဒီအချိန်မှာ အင်မတန်ရှေးဆန်သော အဘွားနှင့် ၊ အဘွားစကားဆို မလွန်ဆန်တတ်သော ဖေဖေနှင့် မေမေတို့က ခေတ်ကို ဒီအတိုင်း အပျိုစင်ကလေးဘ၀နှင့် စီးပွားရေး လောကထဲ ခြေစုံပစ်ဝင်မှာ ကို စိတ်မချနိုင်။ မတော် တရော် တွေ နဲ့တွေ့ သွားမှာ စိုးသတဲ့လေ။ အိမ်ထောင်ပြုပြီး တော့မှ တင့်တင့်တယ်တယ်၊ ဣနြေ္ဒရရ လုပ်ချင်တာ လုပ်ခွင့်ပြု မယ်တဲ့...။ အရင်းအနှီးလည်း ကြိုက်သလောက်ထုတ်ပေးမယ်ဟု မြူဆွယ်ကာ နှစ် ဆယ့်တစ်ရာစု သမီးပျိုကို ရှေး ခေတ်ကလို လူကြီးချင်း စပ်ဟပ်ရှာဖွေပြီး အသင့်တော် ဆုံး ဆိုသူနှင့် တွေ့ စေခဲ့ခြင်းတည်း။ သူကလည်း တော် တော် အံ့သြစရာ။ ခေတ်လူငယ် တစ်ယောက် ဖြစ်နေရက်နဲ့ မိဘရှာဖွေစပ်ဟပ်ပေးတဲ့ မိန်းကလေးကိုများ ယူဖို့ စဉ်း စားသတဲ့နော်။

လူချင်းဆြုံ ကတော့လည်း သူက အင်တာဗျူး ခေါ်တွေ့ နေတဲ့ အလုပ်ရှင်လိုလို။ ခေတ်ကပဲ သူ့ဆီမှာ အလုပ် လာလျှောက်မိသူလိုလိုနှင့် သူက တစ်ခွန်းမေးလိုက်၊ ခေတ်က ပြန်ဖြေလိုက်၊ သူက သူလိုချင်တာကို ပြောပြလိုက်၊ ခေတ်က သူ့ကို ပြန်မေးလိုက်၊ သူက ပြန်ဖြေလိုက်၊ ခေတ်နှင့် အံဝင်ခွင်ကျ မ ဖြစ်လိုက်နှင့် ခေတ်က ထပြန်ချင်စိတ်ကို တော် တော် ကြိုးစားပြီး ထိန်းသိမ်းထားရတာ ။ အားနာသမှု နဲ့ပေါ့...။ ကြည့်ပါဦး အပြန်အ လှန်မေးခွန်းတွေ ကို. ။

“ကျွန်တော် နဲ့ လက်ထပ်ပြီးတဲ့အခါ ခေတ်က စီးပွားရေး လုပ်ချင်တာဆို၊ လူကြီးတွေ ပြောပြထားတယ်”

“ဟုတ်ပါ့...ခေတ်က Fashion shop တစ်ခု ဖွင့်ချင်တာ၊ နိုင်ငံခြားထွက်ပြီး စိတ်ကြိုက်ဝယ်မယ်၊ ပြီးရင် ဒီမှာ တင်မယ်၊ အ၀တ်အစား တစ်မျိုးတည်းမဟုတ်ဘူး... Accessories တွေ ပါ အစုံပေါ့”

သူကပြုံးလျက်...

“ခေတ်က ၀ိုင်လုပ်ငန်းကို စိတ်မ၀င်စားဘူးလား”

ခေတ်က နှာခေါင်းရှုံ့ပြီး လက်ခါပြရင်း...

“နိုးဝေးပါ...”

“ကျွန်တော့် ရဲ့ Secretary ရော လုပ်မပေးနိုင်ဘူးလား ခေတ်၊ ခေတ်လုပ်ငန်းက ကျွန်တော် စိတ်မချနိုင်စရာပဲ၊ ကျွန်တော် က လက်ထပ်ပြီးရင် ကျွန်တော့် အိမ်သူနဲ့ ဒိုးတူပေါင်ဖက်၊ မခွဲမခွာအလုပ်အတူတူ လုပ်ချင်တာ၊ အိမ် ကထွက်ရင် တစ်လမ်းစီခွဲထွက်ရတာ မျိုးကို မ ဖြစ်စေချင်ဘူး၊ ကျွန်တော် က အိမ်ကိုခင်တွယ်တတ်တယ်၊ မိသားစုအ ကြီးကြီး လိုချင်တယ်၊ သားတွေ သမီးတွေ အများ ကြီးနဲ့ သိုင်းသိုင်းဝန်းဝန်းနေချင်တာ”

အဲဒီ မှာ ခေတ် တော် တော် စိတ်ကုန်သွားခဲ့တာ။ မျက်နှာကလေးကို ရှုံ့မဲ့ပြီး...

“ခေတ်က တစ်ယောက် တောင် အနိုင်နိုင်မွေးရမှာ ၊ လုံးဝမ ဖြစ်နိုင်ဘူး၊ အများ ကြီးမွေးတဲ့ ခေတ်လည်း မဟုတ်ပါဘူး၊ ကိုယ် မမွေးရတိုင်း သူများ သားသမီးကို ကလေးတွေ တပြုံတမနဲ့ အိမ်ထောင်ရှင်မလုံးလုံး ဖြစ်သွား အောင် မလုပ်ချင်စမ်းပါနဲ့၊ ခေတ်က လုပ်ချင်တာတွေ အများ ကြီးပဲရှိသေးတာ”

လို့...ခေတ်က ခပ်စွာ စွာ ကလေး ရန်ထောင်တော့သည်။ သူက ပြုံးပြီးတော့ပဲ လူကို ကြည့်နေတာ။

“ခေတ်... ဟင်းကောင်းကောင်း ချက်တတ်လားဟင်”

တဲ့...။ လုပ်လာပြန်ပြီ။ ခေတ်က သူ့ကို မျက်လုံးကလေးလှန်ကြည့်ရုံပဲ ကြည့်ပြီး ပခုံးတွန့်ပြ လိုက်သည်။

“ချက်တာပြုတ်တာ နိုး ၀ါသနာပဲ၊ စားတာသောက်တာပဲ ၀ါသနာပါတာ၊ ဘယ်ဆိုင်ကောင်း သလဲ အမြဲစုံစမ်း နားစွင့်နေတာ ခေတ်တို့ ရှေ့ဆုံးကပဲ၊ ခေတ်မှာ သူငယ်ချင်းနှစ် ယောက် ရှိသေးတယ်၊ ၀ါသနာတူ၊ ကာလာတူ၊ တိုက်(ပ်)တူတွေ ဆိုပါတော့၊ သူတို့နဲ့ပဲ တစ်နေ့တစ်နေ့ ဆိုင်ကောင်းကောင်းလိုက်ရှာပြီး စားသောက်နေကြတာ၊ ကိုယ်တိုင်ချက်ဖို့များ လာမမေးနဲ့၊ စိတ်တောင်မကူးမိဘူး”

သူက အသံထွက်ပြီးတောင် ရယ်နေပြန်တော့ ခေတ်မှာ လည်း ဇဝေဇ၀ါ။ ဟယ်... ငါပြော တဲ့အထဲမှာ ဘာများ ရယ်စရာပါ သွားပါလိမ့်ပေါ့။ ပြီးတော့ သူက ခေတ်ကိုပဲ မေးနေတာ။ သူ့ကို ပြန်မေးဦးမှပါဆိုပြီး...

“ဒါနဲ့...စကားမစပ် ကိုရွှေမိုးညို အိပ်ရင် ဟောက်တတ်သလားဟင်”

လို့လည်း မေးရော သူက အားပါးတရပြုံးပြီး

“ဟာ...ဟောက်တာပေါ့၊ လူတိုင်း အိပ်ရင်မဟောက်တဲ့သူများ ရှိလို့လား ခေတ်ရယ်၊ ကျွန်တော် ဆို တစ်ခါ တစ်ခါ အိပ်မက်ထဲတောင်ယောင်ပြီး လမ်းထလျှောက်တတ်၊ စကားတွေ ပြောတတ်သေးတာ”

တဲ့...။ ခေတ် ကတော့ ပခုံးကို အလုံးစုံကို ကျုံ့ပစ်လိုက်မိတော့တာ။ ရင်ထဲမှာ လည်း နိုးချည်းပဲ မြည် တမ်းနေပြီးသား။

“ခေတ်က မြန်မာစာ ကြိုက်လား၊ ဘိုစာ ကြိုက်လား”

တဲ့...။ သူက မေးပြန်သည်။ ခေတ်ရဲ့ အရွဲ့တိုက်ချင်စိတ်ကလေးတွေ က အညွန့်တလူလူကို ဖြစ် လာပြီ။

“သြော်...ဘယ့်နှယ့်များ မေးလိုက်သလဲကွယ်၊ မြန်မာပဲ...မြန်မာစာပဲ အသေအလဲ ကြိုက်ပေါ့၊ ဘာတွေ ကြိုက်သလဲဆိုရင် ငပိရည်စပ်စပ်နဲ့ တညင်းသီးပြုတ်၊ ၀က်မျှစ်ချဉ်နဲ့ငပိထောင်း စပ်စပ်၊ ပုန်းရည်ကြီးနဲ့ ၀က်သားနှပ်၊ ပုစွန်ချဉ်၊ ငါးဖယ်ချဉ်နဲ့ ဆူးပုပ်ရွက်၊ ပဲဟင်း...အဲဒါမျိုးတွေ မှအားပါးတရ လက်နဲ့ နယ်ဖတ်ပြီးစားတာ၊ ကျန်သေး တယ်...ငါးပိကြော်၊ ဘာလချောင်ကြော်၊ ငါးပုတ်ခြောက်၊ အာဗြဲခြောက် ကြိုက်မှကြိုက်”

သူက တဟားဟားကို ရယ်တော့သည်။

“ခေတ်အပြောနဲ့တင် ကျွန်တော် နံလှပြီ၊ ကျွန်တော် ကတော့ ပွင့်ပွင့်လင်းလင်းကို ပြောထားမယ်နော်၊ အဲဒါတွေ ကျွန်တော် အနံ့တောင် မခံနိုင်ဘူး၊ ဘိုစာပဲ ကြိုက်တယ်၊ ဘိုရူးတာတော့မဟုတ်ဘူး...”

“သြော်...အဲဒါ ဘိုရူးတာပေါ့၊ ဘယ့်နှယ့်ပြောပါလိမ့်၊ ကဲ...တော် လောက်ပြီလို့ ထင်ပါတယ် ကိုရွှေမိုးညို၊ ခေတ်တို့နှစ် ယောက် အခုတွေ့ ပြီး စကားပြောကြည့်လိုက်တော့ နှစ် ယောက် သားက ပြဒါးတစ်လမ်း သံတစ်လမ်းပဲ နော်၊ idea ချင်းရော၊ စိတ်ချင်း၊ အတွေးအခေါ်ချင်း၊ အကြိုက်ချင်း အားလုံးဆန့်ကျင်ဘက်ချည်းပဲနော်၊ အသွင်မတူ အိမ်သူမ ဖြစ်တဲ့၊ အဲဒီ တော့ စိတ်လျှော့လိုက်ပေါ့နော်၊ ကျွန်မတို့နှစ် ယောက် မ ဖြစ်နိုင်ပါဘူး၊ ကဲ...ကျွန်မကို ခွင့်ပြုပါ ဦး၊ ပြန်ပါဦးမယ်”

ခေတ်က ခပ်သွက်သွက်ပြောပြီး ၀မ်းသာအားရအထ။ သူက ခေတ်ကို မော့ကြည့် နေကာ...

“ကျွန်တော့် အတွက် ကတော့ မ ဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး ခေတ်ရယ်၊ ဒီခေတ်ကြီးထဲမှာ ညှိယူလို့ရပါတယ်၊ ကျွန်တော် တို့ ဖြေးဖြေးဆေးဆေး ညှိယူကြတာပေါ့၊ ကျွန်တော် ခေတ်ကို စိတ်ဝင်စားပါတယ်”

တဲ့...။ ခေတ်က ရုတ်တရက် ဘာပြန်ပြောရမှန်းမသိ ကြောင်၍ သွားသည်။ ခေတ် တစ်ခုခု ပြောဖို့ ပြင်စဉ်...

“အချိန်တွေ ရှိပါသေးတယ် ခေတ်ရဲ့ ၊ မလောပါနဲ့ အေးဆေးပေါ့...လမ်းလေး ဘာလေးလျှောက်ပြီး စကား ဆက်ပြောရအောင်လေ၊ ပေါ့ပေါ့ပါးပါးပဲ ပြောမှာ ပါ၊ ခေတ် ရုပ်ရှင်တွေ ဘာတွေ တော့ ကြိုက်တယ်မှလား၊ ဘယ်လို ကားမျိုးကြိုက်လဲ”

“သြော်...တော် ပါပြီဆိုမှနော်၊ ခေတ်က Romance တို့၊ drama တို့ပဲ ကြည့်တတ်တယ်၊ ရှင့်ကိုတော့ မ မေးတော့ပါဘူး၊ Action မှလား၊ Science Fiction မှလား”

“သြော်...ခေတ်က တော် နေပြန်ပြီ၊ ကဲ...အရောင် ချင်း ညှိကြည့်ရအောင်၊ ကျွန်တော် က မိုးပြာရောင် ကြိုက်တယ်၊ ခေတ်ရဲ့ အရောင် ကရော”

“ကျွန်မလား...ကျွန်မက အနက်ရောင် ၊ ခရမ်းရင့်ရင့်”

“တမင်များ ရွဲ့ပြီးပြောနေသလား ခေတ်ရယ်၊ ကျွန်တော့် ကို ခု မကြိုက်သေးရင်လည်း နောက်တော့ တဖြည်းဖြည်း ကြိုက်လာမှာ ပါ၊ ကျွန်တော့်ကို ကြိုးစားခွင့်လေးတော့ပြုနော်”

ဟု...ဆိုနေပြန်သည်။ ခေတ် ကတော့ သူ့ကို မ ဖြစ်နိုင်ဘူး...ဟုပဲ တယူသန်တယ်ဆိုဆို ယူဆ လိုက်ပြီးပြီမို့ သူပြောသလို ခု မကြိုက်သေးလည်း နောက်မှကြိုက်ဖို့ ဆိုတာ မ ဖြစ်နိုင်။ အချစ်ဆိုတာ အချိန်ယူပြီး၊ ဖန်တီးယူလို့ရတဲ့ အရာမျိုးမှမဟုတ်တာနော်။ ခေတ့်အတွက် ရင်ခုန်စရာလည်း မကောင်း၊ စိတ်ကူးယဉ်စဖွယ်လည်း မရှိသော လူ တစ်ယောက် ကို ဘာအတွက်များ အချိန်တွေ ပေးပြီး ကြိုးစားကြည့်နေဦးမလဲ။ ခေတ်က ဟန်လည်းမ ဆောင်တတ်။ ရင်ထဲရှိတဲ့အတိုင်း ဘွင်းဘွင်းရှင်းရှင်း ဆက်ဆံတတ်သူ။ ခံစားချက်ကိုလည်း သိပ်ပြီး မျိုသိပ်ဖုံးကွယ် တတ်တာလည်းမဟုတ်...။ အဲဒါကြောင့် ...

“ကျွန်မ ကတော့ ကြိုးစားဖို့ကို မလိုတော့တာပါ၊ ကျွန်မတို့ မိန်းကလေးတွေ မှာ sense ကလေးတွေ ကိုယ်စီ ရှိတတ်တယ်၊ ကိုယ်ကြိုက်တဲ့သူ...ရင်ခုန်စိတ်လှုပ်ရှားတဲ့သူဆို အလိုလို sense ကလေးတစ်မျိုး ရတတ်တယ်၊ တစ်မျိုးလေးပေါ့၊ မူးယစ်ချိုရီကလေး ထင်တယ်၊ ချိုရှရှကလေးလည်း ဖြစ်တယ်၊ အခုတော့ ကိုရွှေမိုးညို အတွက် ကျွန်မမှာ ဘာ sense မှကို မရှိတာ၊ ဗလာ သက်သက်ပဲ”

ခေတ်ဘက်က စကားကုန်ပြောပစ်လိုက်တော့လည်း သူက မျက်နှာပျက်လျက်...

“ကျွန်တော့်မှာ လည်း Sense ရှိပါတယ် ခေတ်ရယ်၊ ကျွန်တော့်ဘက်က စိတ်ဝင်စားခွင့် ရှိပါတယ်၊ ခေတ် အခု ချက်ချင်း ကြီး မဆုံးဖြတ်လိုက်ပါနဲ့”

ဟု...ခယ,သလို ဆိုလာသည်။ သူ့မျက်နှာပေါ်မှာ ခေတ်ဘက်က ပြတ်ပြတ်သားသား ချက်ချင်း လက်ငင်းကြီး ငြင်းပစ်လိုက်တာကို လက်မခံနိုင်သော မာနတစ်မျိုး၊ အမာဓာတ်တစ်မျိုး ရှိနေသည်ဟု ခေတ် ခံစား လိုက်ရသည်။ အဲဒါကို ယောက်ျား တစ်ယောက် ၏ မာနဟုခေါ်မလား မသိ။ ခေတ်တို့ နှုတ်ဆက်ပြီး လမ်းခွဲလာခဲ့ကြ သည်။ သူငယ်ချင်းတွေ ဖြစ်တဲ့ မိုးချိုနဲ့ စံပယ်ဖြူက စိတ်ဝင်စားစွာ စောင့်ဆိုင်းနေခဲ့ကြသည်။ သူတို့က အိမ်မှာ လာ ပြီးတော့ကို စောင့်နေကြတာ။ ဘယ်လိုလဲ...ဘယ်လိုလဲနှင့် ပထမဆုံး ရည်းစားနှင့် ချိန်းတွေ့ ပြီး ပြန်လာသူလို တ တွတ်တွတ် ၀ိုင်းမေးကြသည်။ ခေတ်က မျက်နှာကိုရှုံ့မဲ့ကာ ခေါင်းတရမ်းရမ်းခါလျက်...

“မကြိုက်ပါဘူးဟယ်...လုံးဝ မ ဖြစ်နိုင်ဘူး၊ လူကို သားဖောက်စက်လို အသုံးချချင်တာ၊ အိမ်မှု ကိစ္စ ဗာဟီရ တွေ နဲ့ နပမ်းလုံးပြီး သူ့ဝေယျာဝစ္စတွေ လုပ်ကိုင်ပေးစေချင်တာ၊ အဲဒီ စိတ်ဓာတ်ကြီးကို ဘယ်လိုပဲ ယဉ်ကျေးတဲ့ စကားအလှတွေ နဲ့ ဖုံးကွယ်တန်ဆာဆင်ထားပေမယ့် ငါက အတိုင်းသားကြီး လှမ်းမြင်နေရတော့ စိတ်ပျက်စရာကြီး ဟေ့၊ အကြိုက်ချင်း၊ စရိုက်ချင်းလည်း လုံးဝ ဆန့်ကျင်တယ်၊ နိုးပါ နိုးပါ နိုးပါ...”

ဟု...ခပ်သွက်သွက် ပြောမိသည်။ နှစ် ယောက် သားက သဘောတွေ ကျစွာ တပြုံးပြုံး။

“ကောင်းတယ်...ငါတို့က နင် ခွဲထွက်သွားမှာ ကို စိုးရိမ်နေတာ”

ဟု... ဆိုကြသည်။

* * * * *

ငြင်းဆန်၊ ပုန်ကန်၊ တော် လှန်၊ ခေါင်းမာခြင်းတို့၏ တိုက်ပွဲ ကတော့ အပြင်းစားပဲပေါ့။ သုံးယောက် က တစ်ဘက်၊ ခေတ်က တစ်ယောက် တည်းတစ်ဘက် တိုက်ပွဲဝင်နေတာ။ (ဒါပေမယ့် ခေတ်မှာ နောက်ကွယ်ကနေ လျှို့ဝှက်စစ်ကူပေးမည့်  စစ်ကူ တစ်ယောက် တော့ ရှိပြီးသားပါ။ မေမေ့ညီမ ဒေါ်လေး အပျိုကြီးပေါ့။ အပျိုကြီးပီပီ ခေါင်းမာတဲ့နေရာ၊ အာခံတဲ့နေရာမှာ တော့ ဘယ်သူမှလိုက်မမီ။)

“ခေတ်မှ မကြိုက်တာ၊ လုံးဝမ ဖြစ်နိုင်ပါဘူး ဘွားရဲ့ ”

“အေးလေ...ဘာလို့ မကြိုက်နိုင်တာလဲဆိုတာကို မေးနေတာပါ၊ ဟို ကတော့ သမီးကိုကြိုက်တယ်တဲ့၊ ပြောပြီးပြီ...သူ့ဘက်ကတောင် ကြိုက်နိုင်သေးရင် သမီးဘက်က ဘာကြောင့် မကြိုက်နိုင်ရမတုံး...”

“သြော်...ဘွားကလဲနော်၊ ကုန်ပစ္စည်းချင်း အလဲအလှယ်လုပ်တာ ကျနေတာပဲ၊ သူက ကြိုက်တိုင်း ခေတ် က ပြန်ကြိုက်ရမလား...မကြိုက်နိုင်ပေါင်”

“အေး...သူ့ မကြိုက်လည်း နောက် တစ်ယောက် ရှာရုံပေါ့အေ၊ သမီးဘာသာ အိမ်ထောင်ပြုပြီးမှ လုပ်ချင် တဲ့စီးပွားကိုလုပ်လို့ ပြောထားပြီးသားနော်၊ ခေါင်းတော့မမာနဲ့...မရဘူး၊ ဘွားတို့က ဒါဆို ဒါပဲ”

“တော် ပြီ...ဘွားရာ၊ ခေတ် ယောက်ျားကို မယူချင်တာ၊ လွတ်လွတ်လပ်လပ်ပဲ ကိုယ်လုပ်ချင်တာ ကိုယ် လုပ်ပါရစေ၊ အပျိုကြီး ဖြစ်လည်း အေးချမ်းတာပဲ”

“တော် ပါ...ဘာအပျိုကြီးလဲ၊ မျိုးဆက်မရှိ ဘာမရှိ ဘယ်လောက် နှမျောဖို့ကောင်းထားလဲ၊ “မိမိ”ဆိုတဲ့ အမျိုးသမီးကို အတုခိုးဖို့ မစဉ်းစားနဲ့၊ အိမ်ကနေ ခေါင်းနဲ့ဆင်းဖို့သာပြင်၊ မိန်းကလေးဆိုတာ အချိန်တန် အရွယ် ရောက်ရင် ကိုယ့်အိမ်ထောင်နဲ့ကိုယ် တင့်တင့်တယ်တယ် ရှိရတာ သဘာဝပဲ၊ သဘာဝကို လွန်ဆန်ချင်လို့ မရဘူး”

“တော် ပြီ...သမီး၊ ဘာစကားမှ ဆက်ရှည်မနေနဲ့၊ ရွှေမိုးညိုကို ဆက်ပြီးလေ့လာကြည့်ပါဦး၊ ချက်ချင်း ကြီး ဆုံးဖြတ်စရာမလိုဘူး...”

“သမီး မကြိုက်ဘူး မေမေ၊ သူ့ကိုမှ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ခေတ် စိတ်မ၀င်စားနိုင်သေးတာ”

“သမီး အသက် အစိတ်ရှိပြီနော်၊ ကလေးလည်း မဟုတ်တော့ဘူး၊ စီးပွားရေး လုပ်မယ်ဆိုရင် အပေးအယူသ ဘောဆိုတာတွေ ကို နားလည်တတ်ရမှာ ပေါ့၊ ဖေဖေလည်း ဒီကိစ္စမျိုးသိပ်မပြောချင် ဘူး၊ ဘွားဘွားစကားကိုတော့ နားထောင်မှ ဖြစ်မယ်...ဒါ အမိန့်ပဲ”

ဖေဖေက ခပ်တင်းတင်း ပြတ်ပြတ်ပြောတတ်သူ ပီပီ သူ ဖြစ်ချင်တာကိုပဲ တိတိကျကျပြောသည်။ ခေတ် ကတော့ သုံးယောက် စလုံးကို စိတ်နာချင်သွားသည်။ ဘာကြောင့် များ ခေတ် တစ်ယောက် တည်း လွတ်လပ် ပျော်ရွှင်စွာ နေထိုင်နေတာကို နှစ် ယောက် ဖြစ်အောင် ဖန်တီးချင်နေကြတာပါလိမ့်။ နားကိုမလည်နိုင်။ ဒီခေတ်ကြီး ထဲမှာ အမိန့်ဆိုပြီး အိမ်ထောင်ချပေးတာမျိုးက ရှိမှမရှိတော့တာ။ ဖေဖေနှင့် မေမေသာ ဘွားဘွား အလိုကို စွတ်လိုက်နေကြတာ။ ကောင်းပြီလေ...ခေတ်ကလည်း စိန်ခေါ်မိရင် နောက်မဆုတ်တတ်သူပဲ။ မေမေ့သွေးပါမှ တော့ ဒေါ်လေးနှင့် လည်း သွေးချင်းနီးမှာ ပေါ့။ ခေတ် မလုပ်ချင်ဘူးဆိုတာကို ဇွတ်တိုက်တွန်းစေခိုင်းလာလျှင် ခေတ်ဘက်က ပုန်ကန်ရုန်းထွက်ဖို့ အဆင်သင့်...။ တိုက်ပွဲကပြီးမသွား။ သွေးအေးတိုက်ပွဲအသွင် ကူး ပြောင်းသွား ခြင်းသာ ဖြစ်သည်။ ခေတ်ဘက်ကလည်း အလျှော့မပေးဘူး ဆုံးဖြတ်ထားပြီးသား။ ခေတ်သည် ငှက်တစ်ကောင် ဖြစ်ခဲ့ရင်တောင်မှ လှောင်အိမ်ထဲမှာ နေချင်သူမဟုတ်။ လွတ်လပ်စွာ ပျံသန်းလိုသူသာ ဖြစ်သည်။

* * * * *

အခန်း ( ၂ )

အံ့သြစရာကောင်းတာက

သူ့အပြုအမူတွေ ဖြစ်သည်။

ခေတ်ရဲ့ စကားကိုဆို သူက

ဂရုစိုက်နားထောင်သည်။

ခေတ်တို့ ဘယ်သွားသွား

ကလေးကြီး တစ်ယောက် လို

နောက်ကနေ တကောက်ကောက်

လျှောက်လိုက်နေတတ်သည်။

* * * * *

ဒေါ်လေးနှင့် တိတ်တဆိတ် ဆက်သွယ်ထားပြီးသားမို့ ခေတ်မှာ ထွက်ပေါက်တစ်ခု ရှိပြီးသား။ စိတ်ပြေလက် ပျောက် ခရီးလည်း ဖြစ်သလို အပျော်ခရီး အလည်အပတ်ခရီးလို့လည်း ပြောလို့ရသည်။ ဒေါ်လေးက...

“ငါ့ဆီသာလာခဲ့ဟာ...ငါ အားလုံး တာဝန်ယူတယ်၊ ငါနဲ့အတူနေပြီး ဘ၀ကို အသစ်ကနေစပြီး ရုန်းကန် ကြည့်ပေါ့၊ ဘာ ဖြစ်သေးလဲ... အတွေ့ အကြုံတောင်ရသေး၊ အဓိပ္ပါယ်မရှိတာ၊ င့ါတူမကလေးကို စွတ်ပြီးအိမ် ထောင်ပြုခိုင်းနေပြန်ပြီ၊ င့ါတုန်းကလည်း အဲဒီ အတိုင်းပဲ တဆင်တည်း၊ စွန့်စားပြီးတော့ကို ထွက်လာခဲ့တာ၊ မေမေ ကတော့ မလွယ်ပါဘူး ခေတ်ရေ၊ တသွေးတသံဆန်နေသေးတုန်းပဲ၊ လုံးဝအိမ်ထောင်မပြုနဲ့၊ ငါနဲ့သာလာနေ၊ အပျို စင်ဘ၀လောက် အပူအပင်ကင်းပြီး လွတ်လပ်ပေါ့ပါးတာ ဘာမှ မရှိတော့ဘူး၊ လူ့ဘ၀ဆိုတာ တိုတိုကလေးရယ်၊ အနှောင်အဖွဲ့ကင်းကင်းနဲ့ ကိုယ်လုပ်ချင်ရာ လုပ်ခွင့်ရဖို့က အရေး ကြီးတယ်...လာသာလာခဲ့”

ဒေါ်လေး ကတော့ ဒေါင်းတိမောင်းတိနှင့် အားတက်သရောကို မြှော က်ပေးတာ။ ခေတ်မှာ ပြင်ဦး လွင်နှင့် မန္တလေးကို ကူးချည်သန်းချည်သွားဖို့ ဂျစ်ကားအသစ်ကလေးတစ်စင်း မွေးနေ့လက်ဆောင်အ ဖြစ် ဖေဖေ နှင့် မေမေက ၀ယ်ထားပေးသည်မို့ ထိုကားကလေးနှင့် ရန်ကုန်အထိ ဆင်းသွားဖို့ကို သွေးဆူနေချိန်မို့ စိတ်လိုက် မာန်ပါပဲ ဆုံးဖြတ် ဖြစ်သွားသည်။ မိုးချိုနှင့် စံပယ်တို့ကို တိုးတိုးတိတ်တိတ် တိုင်ပင်ကြည့်တော့ ဒီနှစ် ကောင်ကလည်း နှစ် ခါတောင် မမြှူဆွယ်ရ။ အားရ၀မ်းသာစွာ ဖြင့် ...

“ဒီလိုဆို ငါတို့လည်းလိုက်မယ်...ရန်ကုန်ကို အလည်သွားချင်နေတာကြာပြီ၊ သွားကြမယ် ဟယ်...ဟိုမှာ အလုပ်ရလည်း လုပ်ကြည့်တာပေါ့၊ ငါတို့ ကတော့ အပြောင်းအလဲနဲ့ စိန်ခေါ်မှု တွေ ကို ကြိုက်ပြီးသား၊ စွန့်စားရတာ ကို သဘောကျပြီးသား”

ဟု...အတိုင်အဖောက်အညီဆြို ကတော့ ခေတ်လည်း အားတက်သွားသည်။ သူငယ်ချင်းတွေ နဲ့ အဖော်လည်းကောင်းတော့ ပြင်ဦးလွင်ကနေ ထွက်ပြေးလိုသော အာခံစိတ်ကလေးတွေ သည် တရွရွတက်လာခဲ့ သည်။ ဒီလိုနှင့် ပဲ လူကြီးတွေ လည်း မရိပ်မိအောင် အထုပ်အပိုးတွေ သိပ်မသယ်ကြဘဲ မှတ်ပုံတင်ရယ်၊ ပိုက်ဆံအ လုံအလောက်ရယ်၊ ငွေလိုလျှင် ထုခွဲရောင်းချဖို့ လက်ဝတ်ရတနာတချို့ အိတ်ထဲထည့်ပြီး ခါတိုင်းအပြင်ထွက်သလို ပဲ ခေတ်က ကားကလေးမောင်းပြီး ထွက်လာခဲ့ခြင်း ဖြစ်သည်။ မိဘတွေ သိပ်စိတ်မပူစေရအောင် အကျိုးအကြောင်း တော့ စာကလေးတွေ ကိုယ်စီ ရေး ပစ်ခဲ့ကြသည်။

ခေတ်အတွက်တော့ ဘွားဘွားနှင့် မိဘနှစ် ပါး၏ ဒေါသအမျက်တွေ ကို တွေး၍ ပင်မကြည့်ဝံ့တော့။

* * * * *

ခေတ်တို့သုံးယောက် မှာ သီချင်းကလေး သံပြိုင်ဆိုရင်း အိမ်ကနေ ထွက်ပြေးလာသူတွေ နဲ့လည်းမ တူဘဲ အပျော်ခရီးထွက်လာသူတွေ နှင့် သာ တူသည်။ သုံးယောက် စလုံး ညှိယူနေစရာကို မလို။ အကြိုက်ချင်းက ညီ ပြီးသား။ ပိုက်ဆံတွေ လည်း သုံးယောက် စလုံးအပြည့်အစုံ သယ်လာခဲ့ပြီးသားမို့ ဘာမှပူပန်ကြောင့်ကြ စရာ မလို။ ဗိုက်ဆာလျှင် ဆိုင်တစ်ဆိုင်မှာ ၀င်ပြီး စားလိုက်ရုံ။ Hotel တစ်ခုမှာ ၀င်နားကြရုံ...။ သုံးယောက် စလုံး ကားမောင်း တတ်သူတွေ မို့ တစ်ယောက် တစ်လှည့်မောင်းရုံပင်။ ပြင်ဦးလွင်အထွက်မှာ ဇာတ်လမ်းကစသည်။ လူ တစ်ယောက် ရပ်ပြီး ကားကို လှမ်းတားနေခြင်း ဖြစ်သည်။

“ဟဲ့...ဘယ်လိုလဲ၊ ရပ်ပေးရမှာ လား၊ မရပ်ပေးရဘူးလား”

ကားမောင်းနေသူက ခေတ်မို့ ခေတ်က ဟိုနှစ် ယောက် ကို ကမန်းကတန်း မေးရသည်။ မိုးပြာရောင် ဖျော့တော့လွန်းသဖြင့် အဖြူဘက်တောင် သမ်းနေပြီ ဖြစ်သော ခါးတို ဂျာကင်နှင့် ကျောမှာ ကျောပိုးအိတ်တစ်လုံးနှင့် ဂစ်တာအိတ်ရှည်တစ်လုံး လွယ်ထားသူကို ခေတ်၏ ကားက ဖြတ်ကျော်သွားပြီးတော့မှ ခပ်လှမ်းလှမ်းမှာ ရပ်လိုက်ရ သည်။ အကြောင်းမှာ မိုးချိုနှင့် စံပယ်တို့က...

“ဟယ်...အချောစားလေးပဲဟဲ့၊ ရပ်ပေးလိုက် ရပ်ပေးလိုက် ”

ဟု...၀ိုင်းအော်ကြသော ကြောင့် ဖြစ်သည်။ ခေတ်က ကားကို နောက်ဆုတ် လာခဲ့ပြီး သူ့ဘေးမှာ ရပ်လိုက်သည်။ အရပ်ကခပ်မြင့်မြင့်၊ ကိုယ်ဟန်က ကျစ်လျစ်သွယ်လျကာ မျက်နှာက ခပ်တည်တည်။ သူ့မျက်လုံး တွေ အလွန်လှတာကိုတော့ ခေတ်က ချက်ချင်း သတိထားမိ၏ ။

“ကျွန်တော် ကားကြုံလိုက်ချင်လို့ပါ...”

သူ့အသံက ခပ်တိုးတိုး သိမ်သိမ်မွေ့မွေ့ပဲ ဖြစ်သည်။

“ဘယ်အထိ လိုက်ချင်တာလဲ၊ ကျွန်မတို့က ရန်ကုန်အထိသွားကြမှာ ”

“ကျွန်တော် လည်း ရန်ကုန်အထိ လိုက်ချင်လို့ပါ”

“ဟောတော် ...”

ခေတ်တို့သုံးယောက် သား တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ မျက်ဝန်း ချင်း လျှပ်တပြက် ဆွေးနွေးမိကြသည်။

“ပုံစံကြည့်ရတာ တော့ ရိုးရိုးသားသားပါ ခေတ်ရဲ့ ၊ ခရီးသွားတုန်း ယောက်ျားလေး အဖော်ပါတော့ တစ်မျိုး ကောင်းတာပဲ၊ မတော် တဆ ကားဘီးပေါက်ရင် သူ့အင်အားလိုတယ်ဟာ၊ ဟိုတယ်မှာ တည်းတော့လည်း မိန်းက လေးတွေ ချည်းထက်စာရင် ယောက်ျား တစ်ယောက် ပါတော့ အဟန့်ရှိတာပေါ့...”

“သူ့ကြည့်ရတာ အန္တရာယ်တော့ မပေးနိုင်ပါဘူး”

စသဖြင့် ... တစ်ယောက် တစ်ခွန်း ဆိုနေကြသည်။

“ကဲ ကဲ...ဒါဖြင့် လည်းတက်လေ၊ စံပယ်က နောက်ခန်းပြောင်းထိုင်ပေးလိုက် ပေါ့၊ လမ်းမှာ ရုတ်ရုတ်တော့ မလုပ်ပါဘူးနော်၊ ကျွန်မတို့က စေတနာနဲ့ ကူညီပေးတာ”

“ကျွန်တော် ရုတ်ရုတ်ရုတ်ရုတ် မလုပ်ပါဘူး၊ ငြိမ်ငြိမ်လေးပဲ လိုက်မှာ ပါ”

“အိုကေ...ဒါဖြင့် လည်း ပြီးရော”

ဒီလိုနှင့် သူ့ပစ္စည်းတွေ ကားပေါ်တင်ပြီး ခေတ်ဘေးက ထိုင်ခုံမှာ သူရောက်လာသည်။ နောက်ခန်း က နှစ် ယောက် နှင့် ခေတ်တို့ နောက်ကြည့်မှန်ထဲကနေတဆင့် မျက်လုံးချင်းဆုံကြည့်ကြကာ အသံမထွက်ဘဲ နှုတ် ခမ်းတွေ လှုပ်ပြီးတော့ ဘာသာစကားတွေ လှမ်းပြောကြသည်။ နှစ် ယောက် သား မျက်နှာပေးတွေ က ပြုံးစိစိ...။ သူ ကတော့ ခပ်အေးအေးပင်။ ကားပေါ်ပါလာပြီးကတည်းက ဘေးဘီ ၀ဲယာက ရှုခင်းတွေ ကြည့်ပြီးတော့ လာသည်။ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်ဆိမ်ဆိမ်ပင်။

“ရှင့်နာမည် ပြောထားဦးလေ”

“လုလင်ပါ...”

“သြော်...လုလင်၊ ကျွန်မက ခေတ်အရိပ်၊ နောက်ကနှစ် ယောက် က စံပယ်ဖြူနဲ့ မိုးချိုချိုတဲ့”

“ဟုတ်ကဲ့...မှတ်ထားပါ့မယ်”

“ရှင် ရန်ကုန်ကို အလည်သွားမှာ လား၊ ပြင်ဦးလွင်မှာ ပဲ နေတာလား”

“ကျွန်တော် ရန်ကုန်ကို အပြီးသွားမလို့၊ အမေလည်း မရှိတော့ဘူး...ကျွန်တော် တစ်ယောက် တည်း”

“သြော်...ရန်ကုန်ကိုရော ရောက်ဖူးလား”

“ဟင့်အင်း...တစ်ခါမှ မရောက်ဖူးဘူး၊ ဒါ ပထမဆုံးအကြိမ်ပဲ၊ ကျွန်တော့်မှာ လိပ်စာရှိပါတယ်၊ သူ ပေး ထားခဲ့တာ”

“သူ...ဘယ်သူ ပေးထားခဲ့တာ”

စကားကပြောရင်း အရှိန်တော့ရလာပြီ။ သူကလည်း ပြောပြချင်ဟန်ရှိသည်။ ခေတ်တို့ဘက်က လည်း စပ်စုလိုစိတ်ကလေးတွေ ရှိသည်မို့ တစ်ယောက် တစ်ခွန်း ၀ိုင်းမေးနေသမျှ ကို သူက တစ်ခွန်းချင်း အေးအေး ဆေးဆေးဖြေသည်။

“သူဆိုတာ ကျွန်တော် ကြိုက်နေတဲ့ ကောင်မလေး၊ အရမ်းချစ်ဖို့ကောင်းတယ်၊ သူလာလည် တုန်းက သူ့ကို ကျွန်တော် က မြင်းစီးသင်ပေးခဲ့တာ၊ သူက တခစ်ခစ်ရယ်တယ်၊ တစ်ကြိမ်မှာ မြင်းကစိတ်ရိုင်းဝင်ပြီး ဒုန်းစိုင်း ကဆုန် ပေါက်ပြေးတော့တာ၊ အဲဒီ မြင်းပေါ်မှာ ကျွန်တော် နဲ့သူ အတူတူလေ...၊ သူ အရမ်းကြောက်ပြီး ကျွန်တော့် ကို တအားဖက်ထားတာ၊ ကျွန်တော် အမြဲသတိရတယ်”

“နောက် ဘာဆက် ဖြစ်သွားလဲဟင်...”

“မြင်းပေါ်ကနေ ကျွန်တော် တို့နှစ် ယောက် လုံး လွင့်ပြီးကျခဲ့တာပေါ့၊ ကျွန်တော် က သူ့ကို မထိခိုက်အောင် ကာကွယ်ထားပါတယ်၊ သူ့ကို ဖက်ထားတာ၊ ကျွန်တော့်  ရင်ဘတ်ထဲမှာ ထိမိတော့ ကျွန်တော် ပဲ ထိမိတာပါ။ ကျွန် တော့် ခေါင်းမှာ ဒဏ်ရာကြီး အကြီးကြီးပဲ”

သူက ပြောရင်း သူ့ခေါင်းက အမာရွတ်ကြီးကို ငုံ့ပြီးတော့ ပြနေသေးသည်။ ခေတ်တို့အားလုံး စုတ် တသပ်သပ်နှင့် သူ့ကို သနားသွားကြသည်။

“ပြီးတော့...သူက ကျွန်တော့် ကို ဒီလိပ်စာလေး လာပေးသွားတာ”

သူ့အိတ်ထဲက လိပ်စာ စာရွက်ကလေး ထုတ်ပြ ပြန်သည်။ စကားပြောရင်း သူ့မျက်နှာဆီမှ ကလေး တစ်ယောက် လို အပြစ်ကင်းစင်သော ရိုးသားဖြူစင်မှု ကို ခေတ်တို့ မြင်လိုက်ရသည်။

“ခေါင်းထိပြီးသွားကတည်းက ကျွန်တော့်  မှတ်ဉာဏ်တွေ သိပ်မကောင်းတော့ဘူးဗျ၊ ဘာကိုမှလည်း သိပ်မ မှတ်မိချင်တော့ဘူး၊ ဘာလုပ်လုပ်မေ့တယ်၊ တစ်ခုခုကိုလည်း စိတ်ဝင်တစား၊ အာရုံစိုက်လို့ မရတော့ဘူး၊ ကျွန်တော် မှတ်မိချင်တာပဲ မှတ်မိတယ်၊ ကျန်တာ ဘာမှမသိတော့ဘူး”

“သြော်... ဖြစ်မှ ဖြစ်ရလေ၊ ရှင့်ဇာတ်လမ်းကမှ တကယ့် Romance ကလေးပါလား”

“သူက ကျွန်တော့်ကို တစ်ခုခုဆို လိုက်ခဲ့ပါလို့ ပြောတယ်၊ သူလည်း ကျွန်တော့် ကို ဆေးတွေ ကုပေးခဲ့ပါ တယ်၊ အခုတော့ ကျွန်တော့် အမေလည်း မရှိတော့ဘူး၊ ကျွန်တော် ဒီမှာ လည်း ဆက်မနေချင်တော့ဘူးလေ၊ သူ့ကို လည်း အရမ်းတွေ့ ချင်တယ်၊ သူ့နားမှာ နေပြီး သူတို့ဆီမှာ အလုပ်ကလေးဘာလေး ရလိုရငြား ထွက်လာခဲ့တာပါ”

တဲ့...။ သူ ကတော့ ရိုးရိုးသားသား၊ ဖြူဖြူစင်စင်နှင့် သူ့ဇာတ်လမ်းကို အအေးဆုံးပင် ဖွင့်ပြောပြခဲ့ သည်မို့ ခေတ်တို့သုံးယောက် စလုံး သူ့ကို ယုံကြည်ခင်မင်သွားခဲ့သည်။ သူပါနေသည့်အတွက် သတိထားမနေကြ တော့ဘဲ အရင်အတိုင်းပင် စကားတွေ ဆက်ပြော၊ သီချင်းတွေ ဆိုလာကြသည်။

* * * * *

နေ့လည်စာစားဖို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ကားရပ်လိုက်သည်။ စားပွဲတစ်ခုမှာ နေရာယူကြပြီး စားချင်တာတွေ မှာ ကြစဉ် သူက ခေတ်နားကပ်ကာ...

“ကျွန်တော့်မှာ ပိုက်ဆံတွေ ပါတယ်၊ ကျွန်တော့် အိမ်လေးရောင်းခဲ့တာ”

ဆိုပြီး သူ့ကျောပိုးအိတ်ထဲက ပိုက်ဆံအုပ်တွေ ထုတ်ပြီး စားပွဲပေါ်တင်လိုက်သဖြင့် ခေတ်တို့သုံး ယောက် သူ့အပြုအမူအတွက် နားမလည်နိုင်စွာ ၊ တအံ့တသြ ကြည့်မိကြသည်။ ထောင်တန်အုပ်လေးအုပ်ဆိုတော့ လေးသိန်းပေါ့။

“လုလင်...ပိုက်ဆံတွေ ပြန်ထည့်ထားလိုက်လေ၊ ဘာလို့ ဒီလောက်အများ ကြီး ထုတ်ပြရတာ လဲ၊ ရှင့်အ တွက် ကျွန်မတို့ရှင်းပေးမှာ ပါ”

ဟု...ခေတ်ကပြောတော့ ပိုက်ဆံတွေ ကို ကျောပိုးအိတ်ထဲ ပြန်ထည့်ထားလိုက် သည်။ ဗိုက်လည်း ဆာနေပြီမို့ အားပါးတရ စားသောက်ကြပြီးနောက် ခေတ်တို့ အိမ်သာဝင်ကြရင်း သူ့အကြောင်း ပြောမိကြသည်။

“သူ့ပုံစံက တစ်မျိုးများ ဖြစ်နေသလားလို့ ဟင်...နင်တို့ ဘယ်လိုထင်ကြလဲ”

“ဟုတ်တယ်...အူကြောင်ကြောင်နဲ့၊ ခုနက ပိုက်ဆံတွေ ထုတ်ပြတာကို ကြည့်ပါလား၊ ပုံမှန်လူ တစ်ယောက် ဆို ဒါတွေ ဘာထုတ်ပြစရာရှိလဲ...နော်၊ သူ့ပုံစံက ရိုးလွန်းတုံးလွန်းတာလား၊ ဒါမှမဟုတ်...ခေါင်းထိထားပြီး ဂေါက်တောက်တောက် ဖြစ်နေတာလား၊ တစ်မျိုးတော့ တစ်မျိုးပဲနော်”

“ဒါပေမယ့် သူ့ကိုကြည့်ရတာ ငါတို့ကို ဒုက္ခပေးမယ့် ဟန်တော့ လုံးဝ မရှိပါဘူးဟယ်၊ ရုပ်ရည်ကလေးဖြူဖြူ စင်စင် သနားကမားနဲ့ သနားဖို့ကောင်းပါတယ်”

ခေတ်စကားကြောင့် ခေတ်ကို သူတို့နှစ် ယောက် က ဖျတ်ခနဲ ၀ိုင်းကြည့်ကြတာမို့ ခေတ်က မျက် စောင်းပြန်ထိုးလိုက်သည်။

“နင်တို့က ဘာကြည့်တာလဲ...ငါက ရိုးရိုးသားသားပြောတာ”

“အေးလေ...နင်က ဘာ ဖြစ်လို့ မျက်စောင်းထိုးတာလဲ၊ ငါတို့က ရိုးရိုးသားသား ကြည့်တဲ့ဟာကို”

သုံးယောက် သား ရယ်မောတွန်းထိုးလျက် ပြန်ထွက်လြာ ကတော့ သူက ကားပေါ်မှာ သွားထိုင်နေ ပြီ။ ခေတ်တို့ ခရီးဆက်ခဲ့ကြသည်။

* * * * *

မကြာပါ...။ သူ အိပ်ငိုက်ပါတော့သည်။ သူ ငိုက်ပုံက အရမ်းကို ရယ်စရာ ကောင်းသည်။ ခေါင်း ကြီးက ဟိုးရှေ့ကို ဦးစိုက်စိုက်ပြီး ကျသွားလိုက်သည်မှာ ဒူးခေါင်းနှင့် နဖူးထိမိမတတ်။ ပြီးရင် ပြန်မတ်လာလိုက်...။ အဲဒီ အတိုင်း ပြန်စိုက်စိုက်ကျသွားလိုက်...။ ခေတ်တို့ တခွီးခွီးရယ်နေတာတောင် သူ မနိုး။

“ငါ့ဘ၀မှာ ယောက်ျား တစ်ယောက် အိပ်ငိုက်တာကို ဒါ ပထမဆုံး မြင်ဖူးတာပဲ၊ ရယ်ရတယ်နော်...”

“ဟုတ်ပါ့...ကလေးလေး ကျနေတာပဲ၊ အပူအပင် ကင်းလိုက်တာ”

“ငါတို့ မန္တလေးမှာ ပဲ တစ်ညနားလိုက်ကြမယ်နော်၊ မနက်ကျမှ စောစောထပြီး ခရီးဆက်ကြတာပေါ့”

“အဲဒါ ကောင်းတယ်၊ ခုချိန်ဆိုရင်တော့ မိဘတွေ ဘယ်လောက်စိတ်ဆိုးနေကြပြီလဲ မသိ”

“သြော်...ယောက်ျားနောက် လိုက်ပြေးတာမှ မဟုတ်တာဟယ်၊ စိတ်အခန့်မသင့် ဖြစ်တုန်း စိတ်ပြေလက် ပျောက် အလည်အပတ်ခရီးထွက်တဲ့ သဘောပေါ့”

“ငါတို့က ယောက်ျားနောက် လိုက်ပြေးတာတော့ မဟုတ်ပေမယ့် ယောက်ျား တစ်ယောက် ကတော့ ငါတို့ နောက် လိုက်လာတာ အမှန်ပဲဟ...ဟီ ဟိ”

“မိန်းမကိုက ပြစ်မှားချင်နေပြီ...”

“ပြစ်မှားစရာလားဟဲ့...စဉ်းစားကြည့်စမ်း၊ သူ့ကို ငါတို့သာ ခေါ်တင်မလာရင် ဘယ်လိုလူမျိုးတွေ နဲ့များ တွေ့ မလဲ မသိဘူးနော်”

“သူ့ပိုက်ဆံတွေ ယူထားလိုက်ပြီး သူ့ကို တွန်းချထားပစ်ခဲ့ရင် ဒုက္ခ”

“သူ့ကို ငါ သတိထားမိသလောက် သူ့ခေါင်းထဲမှာ ဘာမှသိပ်မရှိဘူး၊ သူကြိုက်နေတဲ့ ကောင်မလေးဆီ ရောက်အောင်သွားမယ်ဆိုတဲ့ အသိကလွဲပြီး ဘာမှ တွေးထားပုံမရဘူး”

ခေတ်က တွေးတွေးဆဆကလေး ပြောမိသည်။ သူ့အကြောင်းကို ခေတ်တို့ အားပါးတရ ပြောနေ သည့်တိုင် သူ နိုးမလာခဲ့။ ခဏကြာတော့မှ သူ ဖျတ်ခနဲလန့်နိုးလာကာ ဟိုကြည့်ဒီကြည့် ကြည့်သည်။ ပြီးတော့ ဘာ ဖြစ်မှန်းမသိ။ ဒူးကို တဆတ်ဆတ်ခါပြီး ပါးစပ်ကနေ တအင်းအင်း ညည်းနေသည်။ မျက်နှာကလည်း နီရဲလို့. .။

“ဟဲ့...ဘာ ဖြစ်တာလဲ၊ ဘာ ဖြစ်လို့လဲဟင် လုလင်”

ဟု...မေးတာကို တော် တော် နှင့် မဖြေဘဲတော် တော် လေးကြာမှ ဆက်ပြီး အောင့်အည်းမထားနိုင် တော့ ဟန်ဖြင့် ...

“ကား ခဏ ရပ်ပေးပါဗျာ...”

ဟု...အသံအက်အက်ဖြင့် ပြောသည်။

“ဘာလုပ်မလို့လဲ...”

“ကျွန်တော် မအောင့်နိုင်တော့ဘူး...ထွက်တော့မယ်”

အဲဒီ တော့မှ ခေတ် သဘောပေါက်ကာ ကားကို ကမန်းကတန်း ရပ်ပေး လိုက်ရသည်။ ကမူးရှူးထိုး ပြေးထွက်သွားသော သူ့နောက်ပိုင်းကို ကြည့်ပြီး ခေတ်တို့မှာ ရယ်လိုက်ရတာ ။ အားလုံးပြီးစီးသွားတော့ ပေါ့ပါးရွှင် လန်းစွာ ပြန်ရောက်လာကာ ခေတ်ကို ပြုံးပြနေလိုက်သေးသည်။ သူ့အပြုံးက တော် တော် စွဲမက်ဖွယ်ကောင်းသား။

“ပေါ့သွားပြီလား...”

ဟု...ဆိုတော့...

“ပေါ့သွားပြီ...”

တဲ့...။ ဒီလိုနှင့် မန္တလေးသို့ ရောက်လာကြသည်။ Hotel မှာ အခန်းယြူ ကတော့ သူ့အတွက် တစ် ယောက် ခန်း တစ်ခန်း၊ ခေတ်တို့ သုံးယောက် တစ်ခန်း နေကြသည်။ အံ့သြစရာကောင်းတာက သူ့အပြုအမူတွေ ဖြစ်သည်။ ခေတ်ရဲ့ စကားကိုဆို သူက ဂရုတစိုက် နားထောင်သည်။ ခေတ်တို့ဘယ်သွားသွား ကလေးကြီး တစ်ယောက် လိုနောက်ကနေ တကောက်ကောက် လျှောက်လိုက်နေတတ်သည်။ ခေတ်တို့က ညစာကို ညဈေးတန်းမှာ စိမ်ပြေ နပြေ လမ်းလျှောက်ရင်း တရုတ်တန်းမှာ စားချင်တာ ၀ယ်စာြး ကတော့လည်း သူက ခေတ်တို့စားတာပဲ လိုက်စား သည်။ ခေတ်တို့သုံးယောက် သူ့ကို စမ်းသပ်ကြည့်ချင်စိတ် ပေါက်လာတာနှင့် သုံးယောက် သား တိုင်ပင်ပြီး ညဈေး တန်းထဲမှာ ပဲ သူ့ကို မျက်ချည်ဖြတ် ကြည့်သည်။ သူ့မှာ ခေတ်တို့ကို လိုက်ရှာနေလိုက်တာ... အရူး တစ်ယောက် လိုပင်။ ခေတ်တို့က တစ်နေရာကနေ ပုန်းကွယ်ပြီး သူ့ကို စောင့်ကြည့်နေခြင်း ဖြစ်သည်မို့ သူဒေါင်းတောက်အောင် လိုက်ရှာနေဟန်ကို မြင်နေရသည်။

နောက်ဆုံးကျမှ သနားသွားပြီး သူ့ကို ပြန်အတွေ့ ခံလိုက်ကြသည်။

“ကျွန်တော် ကတော့ ဒုက္ခပဲ မှတ်တာ၊ ဘယ်ပျောက်သွားကြတာလဲဗျာ”

“သြော်...ရှင့်ကို တမင် ခြေရာဖျောက်ကြည့်တာ၊ hotel ကို မပြန်တတ်ဘူးလား လုလင်ရဲ့ ”

သူ့မှာ မျက်နှာငယ်ကလေးနှင့် ...။

“ပြန်တော့ ပြန်တတ်ပါတယ်၊ ကျွန်တော် hotel နာမည် မှတ်ထားသားပဲ၊ ဒါပေမယ့် ကျွန်တော့်ကို ထားခဲ့ပြီး ခေတ်တို့ ထွက်သွားကြပြီလားလို့ စိုးရိမ်သွားတာ”

“စိတ်ချပါ လုလင်ရယ်၊ ရှင်သွားချင်တဲ့ အိမ်အထိ လိုက်ပို့ပေးပါ့မယ်...ဟုတ်ပြီလား၊ ကူညီပြီဆိုမှတော့ ခရီးဆုံးထိ ကူညီပေးမှာ ပါ”

ခေတ်ဆီက ဖြေသိမ့်စကားကြားတော့မှ သူ့မျက်နှာက ရွှင်လန်းကြည်လင်သွားကာ စိတ်သက်သာ ရာရသွားပုံပေါ်သည်။ အေးအေးဆေးဆေး ညဈေးတန်းပတ်ပြီးတော့မှ hotel သို့ ပြန်လာခဲ့ကြသည်။

“လုလင်...ရှင် ဂစ်တာတီးရော မေ့သေးလား”

“မမေ့ဘူးထင်ပါတယ်၊ ဂစ်တာ ကတော့ ကျွန်တော် ငယ်ငယ်ကလေးကတည်းက တီးလာတာ၊ လက်တွေ က အလိုလို အလွတ်ရပြီးသား”

“ဒါဖြင့် မနက်ဖြန်ကျတော့ တီးပြလေ၊ မနက်စောစောထ...မနက်ဖြန် ရန်ကုန်ထိ ခရီးဆက်ရမယ်”

ခေတ်က အဲဒီ လိုပဲ ပြောခဲ့တာ။ ဘယ်နှနာရီရယ်လို့ အတိကျ မပြောခဲ့သလို၊ သူကလည်း ပြန်မမေး ခဲ့ဘူးလေ။

* * * * *

အခန်း ( ၃ )

ခေတ်လည်း ပြောပြီးပြီးချင်း

ချက်ချင်း မျက်နှာလွှဲပစ်လိုက်ကာ

ကားပေါ်သို့ ကပျာကယာတက်ပြီး

မောင်းထွက်လာခဲ့သည်။

ရင်ထဲမှာ တော့ မကောင်းနိုင်။

ခေတ်တို့ကိုယ်တိုင်လည်း

ဧည့်သည်တွေ ပဲဥစ္စာ။

ဘာများ တတ်နိုင်မှာ မို့လဲ။

* * * * *


ဝန်ဇင်းချစ်သူများ လွန်းထားထား (ဆေးတက္ကသိုလ်) ၏ “ မြတ်နိုးခြင်းမှ ကင်းလွတ်ရပါလို၏ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ပျားရည်မြစ်တစ်စင်းထဲက ပဉ္စလက်နှင်းဆီ

နှလုံးသားပေါ်မှာ တံဆိပ်ခတ်ထားတဲ့ ကောင်မလေး

မျက်ဝန်းတွင် စွဲထင်ရစ်သော