(၁)
မြင်ကွင်း၊ သစ်တောဝင်းအတွင်းမှ ပင်လုံးကျွတ်ရဲနေအောင် ပွင့်ကြသည့် စိန်ပန်းနီနီ။
အနီရပ်ဝန်းဒေသ။
မြတ်နိုးဖွယ်အနီကို အချက်ပြအလံတိုင်ကို ရိပ်ခနဲ့ ဖြတ်မိသည်။ နီအောင့်ရင်ထဲမှာ ထိတ်ခနဲ့ဆောင့်ခုန်သွားကာ နှလုံးသွေးတို့ ပူနွေးလှည့်ပတ်လာ၏ ။ မွေးရပ်မြေဟူသော အသိကရပ်ဝေးမှ ခေတ္တ ပြန်လာသူကို ကြက်သီးချမ်းမြ ထစေသည်။
ဒီဇယ်စက်ခေါင်း၏ ဆွဲငင်အားအရှိန်မှာ သိသိသာသာလျော့ပါး လာ၏ ။ တစ်စစ ပီပြင်လာသော ဝဲယာဝန်းကျင်ကို ပြတင်းမှ လှမ်းမျှော်မိသည်။
သာယဝတီဘူတာ၏ အနီရောင် တစ်စွန်းတစ်စကို တွေ့ ရပေပြီ။
အုတ်ကြွပ်မိုးနီနီ။
ဂဝံကျောက် ခင်းထားသည့် ပလက်ဖောင်းမြေနီနီ။
ဘူတာရုံ နောက်ခံ နီအောင့် အသွေးအသားထဲက ပြန်လည် ခံစား လိုက်ရလေသည်။
အနီရောင် စိန်ပန်းပွင့်ကြွေတို့ ခင်းပြန့်ကြဲအပ်သော မြေပြင်မှာ ဖြတ်နင်းလျှောက်မိပြန်တော့ သိသိသာသာပင် စိတ်လက်ပေါ့ပါး ကြည်လင်လာရသည်။
ညှိုးချုံး အားငယ်လှစွာ သော စိတ်ရောကိုယ်ပါ ဝေဒနာစုံတို့ ထက်ဝက်မက လျော့ပါးကုန်ပြီထင်၏ ။ နှစ် ပေါင်းများ စွာ ကအမြစ်တွယ်လာခဲ့သော ပန်းနာရင်ကျပ် ရောဂါ ကြောင့် အနည်းငယ် မောနေသည်မှာ တော့ အဆန်းမဟုတ်ပြီ။
ထူးထူးခြားခြား သွက်လက်နေသော မိမိခြေလှမ်းများ ကို မိမိဘာ သာ အားရနေ၏ ။
ဟိုတုန်းကလိုပင် နီအောင်သည် ကတ္တရားလမ်းမပေါ်မှ ဖဲဆင်းကာ လမ်းဘေး မြက်ခင်းစပ်စပ်မှ လျှောက်လာ၏ ။ ဆင်ငိုမြက်ဖျားတွင် တွဲ လဲခိုနေသော မိုးရေစက်တို့၏ အေးမြသော အတွေ့ ကို နီအောင် ခုံမင်ဆဲ။
လူပုံသွယ်နွဲ့သလောက် စိတ်ထက်သော ကြွယ်ကို နီအောင် နည်းနည်း တော့လန့်သည်။
“ လမ်းပေါ်က လျှောက်စမ်းပါ နီအောင်ရယ်။ ကတ္တရာလမ်း အကျယ်ကြီးဟာ၊ တကယ်ပဲ မြက်တောထဲက ဆင်းလျှောက်ရတယ်လို့။ မြွေကိုက်လိုက်မှ ဟုတ်ပေ့ ဖြစ်နေမယ် ”
သည်တုန်းက ကြွယ့်ကို မထီတရိ ပြုံးကြည့်မိခဲ့ဖူးလေတယ်။ ပြီး မချေမငံလည်း ခွန်းတုံ့ပြန်မိသည်။
“ တို့က မြက်တောမကလို့ ခယောင်းတောပဲ ဖြစ် ဖြစ် လျှောက်ရဲတယ်ကြွယ်။ လမ်းဖုန်ဖုန်ကို ရွေးလျှောက်တယ်ဆိုတာ ဇိမ်ခံလူတန်းစားပျက်တွေ့ ရဲ့ စရိုက်”
ရုတ်တရက် ခြေလှမ်းတုံ့သွားသော ကြွယ်က နီအောင့်ကို ဖျတ်ခနဲ့ လှည့်ကြည့်လေသည်။ တစ်ခဏပါပဲ။ စူးရဲသော အကြည့်ကို ကြွယ်က ပြန်လည်သိမ်းဆည်းလိုက်ပြီး သူ့လမ်းသူ ဆက်လျှောက် သည်။
အတော် ကလေး လျှောက်မိမှ ကတ္တရားလမ်းပေါ် ကြွေကျနေသော ကုက္ကိုသီးတစ်တောင့်ကို ဖိနပ်ဦးဖြင့် ကန်ပစ်လိုကရင်း -
“နင့်လို နိုင်ငံရေး သဘောတရား စာအုပ်ကြီးတွေ တော့ ငါမကိုင်ဖူးဘူးနီအောင်။ ဒါပေမဲ့ ငါထင်တယ်။ နင်အခုပြောလိုက်တာ အဖိုးထိုက် အဖိုးတန်စာအုပ်ထဲက လေးနက်တဲ့ အဆိုအမိန့် မဟုတ်ပါဘူး။ အပေါစားဝတ္ထုထဲက ကလေကချေ ဇာတ်လိုက်ကောင်လေး တစ်ကောင်ကောင်ရဲ့ စကားလုံးကို နင်အလွတ်ကျက်ထားတာ ဖြစ်ရမယ်”
ကြက်သီးမွေးညင်း ဖျဉ်းဖျဉ်းထသည်အထိ ဒေါသတို့ ဆူပွက်လာ ကာ ကြွယ့်ကို ချေပမည် ကြံဆဲ။
“ နင့်မှာ ကိုယ်ပိုင်ဦးနှောက် ရှိသားပဲ နီအောင်။ နင် စဉ်းစားကြည့်။ လမ်းဖောက်ထားတာ လူသွားဖို့ပဲလေ။ လမ်းရှိရင် လမ်းပေါ်က လျှောက်ရမှာ ပဲ။ ငါကြီးလာလို့ ငါ ဖြစ်ချင်တဲ့ ဆရာဝန် ဖြစ်ရင် လမ်းပေါ်က လျှောက်ရုံမက ကားတောင်မောင်းလိုက်ဦးမယ်။ အဲဒါ ဇိမ်ခံတာ၊ အဲ … ဘာလဲ၊ နင်တို့အပြော ဖောက်ပြန်တာမဟုတ် ဘူး။ လုပ်ငန်းတွင် အောင် ခရီးပေါက်အောင် လေယာဉ်ပျံတောင် မောင်းသင့်မောင်းရမှာ ပဲ။ အဲ …. နယ်စွန်ရပ်ဖျား လမ်းမပေါ်တဲ့ နေရာမျိုး ကတော့ ကြွယ်တို့က တောကို ထွင်းပြီး တောင်စဉ်ခုနစ်ထပ်ကို ခြေကျင် ဖြတ်ပစ်လိုက်မယ် သိလား။
သည်တော့လည်း ကြွယ်ကို ချေပမည့်  ကြံသည့် စကားလုံးများ နီးအောင့် ခေါင်းထဲက ကြက်ပျောက်ငှက်ပျောက်စဉ်ထွက်တော့သည်။ နီအောင်လောက်စာမဖတ်သော ၊ စာအုပ်တွေ ကို ၊ မယဉ်ပါးသော ကြွယ်မိုးမြင့်လို ခါးချည့်မလေး၏ အယူအဆကို စောဒကဝင်စရာ အချက်အလက်များ အလွယ်တကူ စဉ်းစားမရခဲ့။
“ ဒါတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပဲလေ။ နင့်လမ်းနဲ့နင် ငါ့လမ်းနဲ့ငါ ဘာဆိုင်တာမှတ်လို့ ” ဟု ပြောရပြီးရော ပြောလိုက်မိလေတော့ -
“ အေး … ဟုတ်ပါတယ်၊ နင်မြွေကိုက်ခံရလို့ ဗုန်းခနဲ့ လဲသွားရင် ငါက အလောင်းတောင် လှည့်မကောက်တော့ဘူးမှတ် ”
သို့ သော် သူ့လမ်းနှင့် သူ ကိုယ့်လမ်းနှင့် ကိုယ် သွားနေကြသော တကွဲတပြားဘဝခရီးတွင် တော့ ကြွယ်သည် ယနေ့ထိ နီအောင့်လို့ ရောက်ရာအရပ်က လည်ပြန်လှည့်ကြည်တက်စမြဲတည်း။
ငယ်ငယ်ကတည်းက လမ်းဖုန်ဖုန်ကို ရွေးလျှောက်တက်ခဲ့သော ကြွယ်သည် ဇာတိမြေတွင် သားဖွားမီးယပ်ပါရဂူ ဒေါက်တာ ကြွယ်မိုး မြင့်အ ဖြစ် ကျော်ကြားလျက်ရှိပြီ။
“ ဖြစ်ချင်ရာလည်း မ ဖြစ်ရပါ။ မ ဖြစ်ချင်တာလည်း ဖြစ်ရမှာ ဆိုတဲ့ သီချင်းကို ငါတော့မကြိုက်ပေါင်။ ဖြစ်ချင်ရာကို ဖြစ်ဖို့အတွက် လူ့ဘဝ မှာ အားမာန်တစ်ခုပဲ လိုပါတယ်။ ဖြစ်ချင်ရာကို ဖြစ်အောင် မဆုတ်မ နစ် လုပ်နိုင်တယ်ဆိုတာဟာ လူ့အစွမ်းအစပဲ နီအောင်ရဲ့ ”
နီအောင်လို့ အနုပဋိလောမ ရုပ်ဝါဒတွေ ၊ အရင်းကျမ်းတွေ ကို ယောင်လို့မှ ချိုင်းကြား မညှပ်ဖူးသော ကြွယ်က တစ်ခါတစ်ခါတော့လည်း သည်လို ကြီးကြီးကျယ်ကျယ် စကားတွေ ကို လူနှင့် မတန် အောင် ပြောတက်ဖူးလေသည်။
ယခုတော့ ကြီးကြီးကျယ်ကျယ် ပြောရုံမက ပြောသလို လက်တွေ့ လုပ်ပြနိုင်စွမ်းပါကလားလို့ ကြွယ့်ကို အကြွင်းမဲ့ ချီးကျူးရတော့မည် ။
ဘာသာပြန် နိုင်ငံရေး သဘောတရား စာအုပ်စာတမ်းတွေ ၊ အဆို အမိန့်ဝေါဟာရတွေ နှင့် ထွေးလုံးရစ်ပတ် ကြီးပြင်းလာရာက နိုင်ငံရေး စိတ်ဓာတ်ပြင်းပြစွာ ဘဝလုံးပုံ၍ ဇောက်ချလုပ်လာခဲ့သော နီအောင့်မှာ
တကယ်တော့လည်း ဘာမှ မည် မည် ရရ လုပ် ဖြစ်ခဲ့သည်မဟုတ် ချေ။
ပါတီစုံနိုင်ငံရေး ခေတ်က သွေးဆူစအရွယ် ပိုစတာကပ်ရင်း၊ အစည်းအဝေး ဖိတ်စာ ဖြန့်ဝေရင်းက အာပေါင်အာရင်းသန်သန် ထိုးနှက် တိုက်ခိုက်ရခြင်းမှာ မွေ့လျော်ခဲ့သည်။ အဲသည်တုန်းက ပုဒ်မ ၅ နှင့် တစ်ခါ ထောင်ထဲရောက်ဖူးသည်မှာ စင်စစ်တော့ အသံကြောင့် ဖားသေခဲ့ခြင်း ဖြစ်သည်။
ခေတ်ပြောင်းပြီးလေမှ လေးကြိမ်တိတိ ထောင်ထဲ ရောက်လိုက်သေးသည်။ မနေ့တစ်နေ့လောက်ဆီက နောက်ဆုံးတစ်ကြိမ် ပြန်ထွက်လာမှ မိမိအသက် လေးဆယ်တင်းတင်း ပြည့်တော့မှာ ပါကလားဟု အထိတ်တလန့် သတိရမိသည်။
အနှစ် လေးဆယ်တွင် လေးပုံတစ်ပုံ မကသော သက်တမ်းများ ကို အမှော င်တွင်းမှာ အကျိုးမဲ့ မြှပ်နှံခဲ့ရပါကလား။ ။ အဟောသိကံဘဝ။
အစည်းအဝေးတစ်ခုစ နှစ် ခုစ နားထောင်မိရုံ၊ လက်ကမ်း စာစောင်ကလေးတစ်ရွက်စ နှစ် ရွက်စ ဒိုင်ယာရီစာအုပ်ကြားမှာ ညှပ်၍ သိမ်းဆည်းထားမိရုံ စသည် စသည် အတိမ်းအစောင်းကလေးတွေ နှင့် ချည်း နီအောင် ပြဿနာ ဖြစ်ခဲ့သည်။ စတုတ္ထအကြိမ်တုန်း ကတော့ အုံကြွသော လူစုလူဝေးထဲမှာ ရောနှော၍ အဆွဲခံရသည် ဖြစ်ရာ ဒါတစ် ခုပဲ နီအောင် ခပ်ရဲရဲ အမှတ်ယူဝံ့လေသည်။
အကျဉ်းထောင် အမှော င်တိုက်အတွင်း နီအောင် တစ်ယောက် ဝင်ချည်ထွက်ချည် ကူးလူးနေသခိုက် ကျန်ရစ်သော နီအောင့်မိသား စုမှာ လည်း ကစဥ့်ကလျားလွင့်ပါးကာ အခြေပျက်မတက် ဖြစ်ခဲ့ရသည်။ သည် အခြေအနေကို မမျှော်လင့်ဘဲ ဝင်ထိန်းပေးခဲ့သူက ကြွယ်။
မတင်အိဘဝ၊ သားနှင့် သမီးဘဝကို စာနာစောင့်ရှောက်ပေးခဲ့သော ၊ စိတ်ဝင်တစား၊ မားမားမတ်မတ် ရပ်တည်ပေးခဲ့သော ကြွယ့် ကျေးဇူးတွေ ကို တအောက်မေ့မေ့ တွေးလာမိသည်။
“သြော် နိုင်ငံရေး သမားကြီးကိုး၊ ငါ့ ဘယ်သူလဲလို့ ၊ မိန်းမကို ယူရုံယူတက်တဲ့ နိုင်ငံရေး သမားကြီးပဲ။ ကိုယ့်မိန်းမ ချောချောမောမော လေး မွေးဖို့တောင် စီစဉ်ပေးဖော်မရတဲ့ ပုဂ္ဂိုလ်ကြီး”
သူနာပြုဆရာမ လေးများ ၊ အနားတွင် ရှိနေ၍ ပိုပြီး အနေရကျပ်လှသည်။ နီအောင့်တစ်ကိုယ်လုံးမှာ သော ကဖြင့် လည်းကောင်း၊ ဒေါသဖြင့် လည်းကောင်း၊ ရှက်စိတ်ဖြင့် လည်းကောင်း မွှန်ထူနေ၏
မွေးခန်းအတွင်းဘက်ဆီမှ -
“ဒေါက်တာကြွယ်၊ ရေတွေ သိပ်ဆင်းနေတယ်၊ အောက်ဆီဂျင် လိုမလား ” ဟု သတင်းပို့သည်ကို “ အသင့်ပြင်ထားလေ ” ဟု လှမ်း ပြောကာ နီအောင့်ကို စူးစူးရဲရဲ ကြည့်မြဲ ကြည့်လေသည်။
နီအောင် ကတော့ မတင်အိအတွက် ပူပန်လှပြီ။ သော က အထုအထည်၏ ဖိစီးခြင်းကို လေးလေးလံလံ တင်းခံနေရသည်။ သီးရင့်သော ကြွယ့်စကားလုံးများ နားထဲသို့ ဖိတ်တစ်ဝက် ဝင်လာ၏ ။
တာဝန်မဲ့သူ၊ မေတ္တာတရား ခေါင်းပါးသူ၊ အကြောင်းတရားသုံးပါး သာ နားလည်သည့် တိရစ္ဆာန်မျိုး။
နီအောင်သည် ခွန်းတုံ့မပြန်၊ နေရာမရွေ့ ပေပြီးခံနေ၏ ။ ကြွယ် ဝုန်းခနဲ စားပွဲမှ ထရပ်သည်ကို မြင်သည်။ သမံတလင်းပေါ်တွင် ခပ်ပြင်းပြင်း နင်းလျှောက်သွားသော ကြွယ်ခုံမြင့်ဖိနပ်သံ တဒေါက်ဒေါက်ကို အသံပျောက်သည်အထိ နားစွင့် ထားမိလေသည်။
အထဲမှာ မတင်အိ အခြေအနေ ဘယ်သို့ ရှိနေပြီမသိ။ မွေးခန်းထဲ မှ ညိုးညိုးညံညံ အသံဗလံများ ကြားနေရသော်လည်း ဘာတစ်ခုမှ မသဲကွဲချေ။
သွေးအေးအေးနှင့် စဉ်းစားမိပြန်တော့ ကြွယ် ရင့်ရင့်သီးသီး ပြောဆိုသည်မှာ ပြောထိုက်ရုံမကပြီ။ သူငယ်ချင်း မိတ်ဆွေအနေနှင့် ထားဦး။ ဆရာဝန်နှင့် လူနာရှင်အနေဖြင့် ကြည့်လျှင်ပင် လုံးဝ ခွင့်လွတ်ဖွယ်မထိုက်။
အ ဖြစ်ကိုက ယောင်္ကျား တစ်ယောက် အနေနှင့် ညံ့ဖျင်းရာကျလွန်း လှသည်။ ဒါကို ခုမှ ဘာကြောင့် သတိရမိပါသလဲ။ လက်ဖက်ရည်ဆိုင်မှာ မေ့မေ့ လျော့လျော့ နေခဲ့သည်မှာ သည်လောက်ပဲ အချိန်တွေ ကြာခဲ့ပြီလားဟု ကိုယ့်ဘာသာ တအံ့တသြ တွေးရသေး၏ ။
မတင်အိ ကိုယ်ဝန်ဆောင်ထားသည့် ကာလပတ်လုံး မည် သို့ မည် ပုံ မွေးဖွားကြမည် ဆိုသည့် ပြဿနာကို လုံးဝ စကားမစပ်ခဲ့မိ။ မတင်အိကလည်း သည်ကိစ္စကို လုံးဝ မတင်ပြ။ မှတ်မှတ်ရရ နီအောင် က ပြောပြဖူးတာ တစ်ခုရှိခဲ့သည်။
တကယ်တော့ မတင်အိကို အားမာန်သွင်းပေးလိုသည့် ရည်ရွယ် ရင်းတည်းကိုယ်ဝန်တောင်ခြင်းကိစ္စ၊ မီးဖွားခြင်းကိစ္စသည် ဘာမှ စိုးရိမ် ကြောင့်ကြ အပ်သော ကိစ္စမဟုတ်၊ ဖြစ်ရိုး ဖြစ်စဉ် သာမန်ကိစ္စမျှပါပဲဟု ချစ်ဇနီး မတင်အိ သဘောပေါက်ထားစေချင်သည်။
နီအောင်က သူဖတ်ဖူးသော ပါးလ်ဘော့စ်၏ မဟာပထဝီဝတ္ထုထဲ က တရုတ်လင်မယား အတ္ထုပ္ပိ တစ်ပိုင်းတစ်စကို ပြောပြခဲ့လေသည်။
ဝတ္ထုထဲက လယ်သူမ အိုလင်သည် ကိုယ်ဝန် နေ့စေလစေ့အထိ လယ်ယာအလုပ်ကို ပင်ပန်းကြီးစွာ လက်နှင့် မပြတ် လုပ်ရသူ ဖြစ်၏ ။ မွေးဖွားခါနီး ဝမ်းနာလာမှ လင်သည် ဝမ်လန်းကို အသိပေး၍ အိမ်ပြန်ခဲ့သည်။
အိုလင်သည် မွေးဖွားခါနီး နာကျင်သည့်ဝေဒနာကို အကူအညီမဲ့ အံတင်း၍ တွန်းလှန်ခံစားရင်း ကလေး တစ်ယောက် ကို မိမိဘာသာ မွေးဖွားသန့်စင်လေ၏ ။ ကလေးချက်ကြိုးကို မိမိဘာသာ ဖြတ်သည်။ မီးဖွားခြင်းဆိုင်ရာ ပြုဖွယ်ကိစ္စမှန်သမျှကို မိမိဘာသာ အစအဆုံး လုပ်သွားသည်။ ဤမျှ ချီးကျူးဖွယ်သော အိုလင်၏ ဇွဲမာန်သတ္တိကို မတင်အိ တစ်စိတ်တစ်ဒေသမျှ တုပနိုင်မည် ဆိုလျှုင် နီအောင်ဇနီး ပီသပါဘိဟု ဇနီးချစ်ကို စည်းရုံးထားခဲ့သည်။
မတင်အိ ဆိုသည်ကလည်း လင်သည်ကို တကယ်ပင် ဘုရားတစ်ဆူ၊ ဂူတစ်လုံး ယုံမှတ်ကိုးကွယ်တက်သည့် မိန်းမမျိုး၊ လင်သည်စကားကို တစ်လုံးတစ်ပါဒ မြေဝယ်မကျ နာယူကာ မိမိကိုယ် ဝန်ကို မသိကျိုးကျွန် လျစ်လျူရှုထားခဲ့သည်။ သားဦး ကိုယ်ဝန်ဆောင် မို့ ထူးခြားသော ဝေဒနာများ ဖြိုးဖြိုးဖြောက်ဖြောက် ခံစားရသည်ကိုလည်း ဖွင့်မပြောခဲ့။
အိုလင်နှယ် ဇွဲတင်းနိုင်ဖို့ ကြိုးစားရှာသည်ထင့်။
အိုလင့်နှယ် မိမိဘာသာ မွေးဖွားသန့်စင်မည် ဟု စိတ်ကူးခဲ့သည် ထင့်။
တစ်ညတော့ “ ဗိုက်ထဲက သိပ်နာလာပြီ ကိုနီအောင်ရယ်။၊ ကျွန်မ မွေးတော့မယ်ထင်တယ်” ဟု လမ်းထိပ် ကုလားလက်ဖက်ရည် ဆိုင်သိမ်းမှ လူစုခွဲ အိမ်ပြန်လာသော နီအောင့်ကို အရေး တကြီး စောင့်၍ သတင်းပို့ရှာသည်။
“ ဟင် ဟုတ်လား၊ ကိုယ် ဘာလုပ်ပေးရမလဲ ”
နီအောင် ခြေမကိုင်မိ လက်မကိုင်မိ မတွေးတက် မကြံတက်ရှိဆဲ၊ “ အမလေနော်၊ မောလာလိုက်တာ တစ်မျိုးကြီးပဲ” ဟု ဆိုရင်း မတင်အိ ကြမ်းပေါ် ခွေပျော့ကျသွားသည်ကို လှမ်းထိန်းသော်လည်း မမိလိုက်။ တစောင်းလဲနေသော မတင်အိကို ပြေးပွေးလိုက်တော့ “ မကိုင်နဲ့ ကိုနီအောင် ဖယ် … ဖယ်” ဟု ဖျော့တောစွာ ဆိုသည်ကိုပင် ရုတ်ခြည်း နားမလည်။ ခဏကြာမှ မတင်အိ ခြေရင်းတွင် ရေတွေ အိုင်ထွန်းနေသည်ကို အထိတ်တလန့်မြင်သည်။
“ ဘယ်လို ဖြစ်သလဲ အိ ဟင်၊ သိပ်နာသလား ”
“အင်း .. ရေပေါင်တယ်ဆိုတာ ထင်တယ်၊ အသီးအရွက် အစား များ ရင် ခုလိုပဲ ရေပေါင်တယ်တယ်တဲ့
မချိတရိ စုတ်သပ် ညည်းတွားနေသော မတင်အိကို မြင်ရသည် မှာ လူချင်းလဲ၍ ပင် ခံစားလိုက်ချင်တော့သည်။ လမ်းဘေး စာအုပ်အဟောင်း ရောင်းရသော ဝင်ငွေကလေးနှင့် လင်မယားနှစ် ယောက် ကန်စွန်းရွက်ကို အချိုမှု န့်ဖြူး၍ ဆီပူထိုးစားခဲ့သည့် နေ့စဉ် ထမင်းဝိုင်းများ သို့ အမှတ်ရလာ၏ ။
မတင်အိ တစ်ကိုယ်လုံး ရေထဲမှာ ရွှဲနစ်နေလေသည်။
“ ကျွန်မ သိပ်မောတယ် ကိုနီအောင်၊ သတိလစ်မတက်ပဲ။ ဆေးရုံသွားမှ ထင်တယ် ”
“ ဆေးရုံ”
နီအောင် သံယောင်လိုက်ရင်း ငိုင်နေမိသေးသည်။ ဟုတ်သားပဲ။ အခမဲ့မွေးဖွားပေးသည့် ပြည်သူ့ဆေးရုံ ရှိသည်ဆိုတာ သတိမရ။ ရန်ကုန်မှာ နေပါလျက် နီအောင် အတွေးအသိတွေ ဒုံးဝေးလှသည်။
“ ဝမ်လန်းမိန်းမ အိုလင်ဟာ မဝရေစားစားပြီး ကလေးမွေးရတာ ပဲ။ မီးဖွားမှ “ ပဲတစ်ဆုပ်” လောက်စားနိုင်ခဲ့တာ။ သူ့တုန်း ကတော့ ခုလို ရေမပေါင်ခဲ့ဘူးလား။ ဘာ ဖြစ်လို့ ရေတွေ အိုင်ထွန်းအောင်သွန်ပြီး သတိမလစ်ခဲ့တာတဲ့လဲ ဟု အတွေးခေါင်သည်။
မတင်အိ ကတော့ အိုလင်လို သူ့ကလေးသူ ချက်ကြိုးဖြတ်မွေးနိုင် ဖို့ဝေးစွ။ မမွေးရခင်ကပင် ခွေပျော့နေလေပြီ။ ဝတ္ထုထဲကလို ဘာကြောင့် မ ဖြစ်နိုင်ရတာ လဲ၊ ဇွဲမတင်းနိုင်ရတာ လဲဟု အားမလို အားမရ ဖြစ်ရင်း အိတ်ကပ်မကိုစမ်းသော် အကြွေသံသာ ချွင်ချွင်မြည် လေ၏ ။
သတိလစ်နေပြီဟု ထင်ရသော မတင်အိက “ သုံးဘီးခ်ါပါ၊ ကျွန်မ အိပ်တဲ့ ဖျာအောက်မှာ ပိုက်ဆံတစ်ဆယ် သိမ်းထားတာရှိတယ် ဟု လေသံယဲ့ယဲ့ဖြင့် စီမံခန့်ခွဲမှ နီအောင်လှုပ်ရှားစပြုလေသည်။
“ ဗိုက်ထဲက သရိုးသရီရှိလို့ မနေ့ကတည်းက ကျွန်မထဘီတွေ သွားပေါင်ထားတာ ”ဟု အရေး ထဲ မောမောပန်းပန်း ရှင်းချက် ထုတ်နေပြန်ရာ နီအောင့်ရင်ထဲမှာ တကယ်နင့်သွားလေသည်။ ခုမှသူမတင်အိကို ဘယ်လောက်ချစ်သည်ဆိုတာ သူ့ဘာသာ နားလည်လာမိသည်။ မတင်အိကို သူ အဆုံးရှုံးမခံနိုင်၊ မခံနိုင်။
အစ ကတော့ မတင်းအိကို မချစ်ခဲမိ။ ဘယ်တုန်းကပင် စတင် ချစ်မိလေသလဲလို့ မစဉ်းစားတက်သော်လည်း ချစ်၍ ညားခဲ့ခြင်းမဟုတ် ဆိုတာကိုတော့ သစ္စာဆိုဝံ့သည်။
မတင်အိကားသနား၍ ယူ ဖြစ်ခဲ့သော မယားတည်း။ ဒါကို ကိုစိုးဝင်းနှင့် ကျင်တိတ်တို့ ကောင်းကောင်းသိသည်။
ကုန်ဈေးတန်း ကီလီဒိုင်မှ ကုန်ချိတ်စာရေး စိုးဝင်းနှင့် သဘောင်္ဆလင်ကျင်တိတ်တို့ကို နီအောင်တပည့်များ ဟု ဆိုလိုက ဆိုနိုင်သည်။ လူအခွင့်အရေး ကြေညာစာတမ်းတို့၊ အရင်းရှင်စီးပွားရေး စနစ်တို့၊ ဆိုရှယ်လစ်ဘောဂဗေဒ တို့ကို ဖောင်ဖောင် ဖောင်ဖောင်ပြောဟော စည်းရုံးလေ့ရှိသော နီအောင်ကား ယင်းတို့၏ သဘောတရားရေး ဆရာကြီး ဖြစ်နေသည်မှာ မဆန်းလှ။
သဘောတရားရေး ရာ တစ်ညမှာ စိုးဝင်းက တီးတိုးစကားဆိုသည်။ နီအောင် မျှော်လင့်သလို ပါတီရေး နိုင်ငံရေး လျှို့ဝှက်စကားတော့ မဟုတ်ချေ။
“ သဘောင်္မှာ လိုက်အိပ်ကြမလား။ တစ်ယောက် ပါလာတယ်”
ချက်ခနဲ့ မီးတောက်လွယ်သော ကျင်တိတ်က ထူအမ်းသော နှုတ်ခမ်းများ အကြည်ရဆိုးလောက်အောင် စပ်ဖြဲဖြဲပြုံးကာ-
“ ဟုတ်ရဲ့ လားကွာ မင့်းဟာက၊ တော် ကြာ ကြက်တက်စူး နေပါမယ့်”
“ ဒါတော့ အာမမခံနိုင်ဘူး။ ကိုယ့်လူ၊ သဘောင်္ မောင်းနေတဲ့ ကောင်များ ခေါင်းမှတ်နေသလား။ လိုက်ကြည့်ချင်ကြည့်”
စိုးဝင်းက ကျွဲမြီးတိုသည်။ ပြီးမှ -
“ ရန်ကုန်က ဟုတ်ဘူး။ တောက၊ သင်္ဘော အသွားအပြန် လိုက်နေတာ။ သိပ်တောင် မရဲသေးဘူးဗျ၊ ခုထိ သင်္ဘောဆိပ်တောင် တက်ဝံ့တာဟုတ်ဘူး။ ကောင်မက ပျက်တာ မကြာသေးဘူးထင်တယ်။ လည်လည်ဝယ်ဝယ် မရှိသေးဘူး ” ဟု သတင်းစုံ ဖောက်သည်ချလေသည်။
ဝါသနာကြီးသော ကျင်တိတ်က ဖောင်းကြွနေသော အိတ်ကို လက်ဖြင့် ခပ်ဖွဖွ ဖိစမ်းရင်း -
လာ၊ ဆရာ၊ မြည်းကြည့်သေးတာပေါ့။ နှစ် ဆယ့်အစိတ်ထက် မပိုပါဘူးလာပါ။ ကျွန်တော် ဒကာခံမယ် ” ဟု စေတနာ ဇောတွေ ဖြင့် လှိုက်မောစွာ ဆွဲခေါ်နေသည်။
ဝါကြင့်ကြင့် မီးရောင် ဖျော့ဖျော့လင်းသော သဘောင်္ခန်းထဲမှာ သူကို့ တွေ့ လေသည်။ အသားလတ်လတ်၊ ကိုယ်လုံးပြည့်ပြည့်မှီဖျတ်ခနဲပ အကြည့်တွင် ပင် မဆိုးဘူးဟု ကျင်တိတ်က ကောက်ချက်ချသည်။ ပြီးတော့ -
“ ဆရာသွားနှင့် ၊ ကျွန်တော် ရှပ်နည်းနည်း လောက် သွားဆွဲလိုက် ဦးမယ် ” ဟု ပြောကာ နီအောင်ကို သင်္ဘောခန်းထဲ တွန်းပို့ခဲ့လေ သည်။
အလှုပ်အရှား အတောက်အပမရှိသာ သူ့မျက်လုံးသေများ ကို နီအောင်သတိထားမိတော့ လူတန်းစားပြဿနာကို အကျေအညက် လေ့လာခဲ့ဖူးသော နီအောင့်အဖို့ တစ်စုံတစ်ရာကို သတိရဖွယ် ဖြစ်ခဲ့သည်။ သို့ ဖြင့် သူနှင့် စကားများ စွာ ပြော ဖြစ်အောင် ဖန်တီးခဲ့သည်။
“ မင်းနာမည် ကကောကွယ် ၊ အမှန်ကိုပြောနော်”
“ နာမည် များ လိမ်စရာလားရှင့်၊ မတင်အိ”
နီအောင့် ရင်ထဲမှာ လှုပ်သွားသည်။ “ မတင်အိ”တဲ့။ “ အိ” တဲ။
ဒုတိယအကြိမ် အင်းစိန်တောရမှ ပြန်ထွက်လာစမို့ ဟိုထဲမှာ အကြိမ်ကြိမ်အထပ်ထပ် ဖတ်ဖူးသော “ အလံမလှဲစတမ်း” ထဲက ရဲဘော်မ “ ချောအိမန် ”ကို ဖျတ်ခနဲ့ သတိရသည်။ ခြင်္သေ့မလို ရဲရင့် သော ချောအိမန်။ ထောင်းထောင်းကြေမတက် ခံခဲ့ရသော လောကဓံမှာ နောက်ဆုံးအချိန်ထိ အလံမလှဲခဲ့သော ချောအိမန်။ မြန်မာနာမည် နှင့် နီးစပ်လှသော မြတ်နိုးစဖွယ် ချောအိမန်။
သည်ချောအိမန်နှင့် ဆင်ဆင်တူသော “ အိ” ဆိုသည့် နာမည် ကလေးတစ်လုံးပါသည့် မတင်အိကို နီအောင် စိတ်ဝင်စားသွားသည်။
“ နာမည် ကတော့ တကယ့်ကို ဘဝဆန်တာပဲ အိရယ်”
နောက်တော့ မိဘမဲ့တစ်ကောင်ကြွက် “ အိ”။
မြစ်ကြောင်းမှာ တစ်ဝမ်းတစ်ခါးအတွက် ပြေလည်ရာပြေလည်ကြောင်း ကောင်းရောင်းကောင်းဝယ်လုပ်ရင်းက ဘဝပျက်ခဲ့ရပါသည်ဆိုသော အိကို သူအလုံးစုံနားလည်ခဲ့ပြီဟု ကြွေးကြော်ကာ -
“ ဟေ့ကောင်တွေ တစ်ယောက် မှ အိကို မထိနဲ့၊ ဒါ ငါ့မဟား ”
ဟု လူမိုက်ဆန်ဆန် ခွဲထွက်လာခဲ့၏ ။
သည်လိုနှင့် ညား ဖြစ်ခဲ့သော မတင်အိ။ ဆိပ်ကမ်းအလုပ်သမား များ ထူပြောသော်လည်း နီအောင် ကတော့ ဂရုမစိုက်။ သိသိသာသာ စော်ကားလာလျှင်တော့ ယောင်္ကျားချင်း စာရင်းရှင်းရမည် ပင်။
မတင်အိသဘောက ဤရပ်ကွက်မှ ဝေးရာကို ပြောင်းသွား ချင်လှ ပြီ။ အိမ်ဦးနတ်၏ အိတ်ကပ်ငဲ့ကာ ဖွင့်မပြောရက်ဘဲ ကြိတ်မှိတ်နေနေ ရသ်။ ကြာတော့ အကြောင်းမဲ့ အိမ်ပြင်မထွက်ခြင်းကပင်လျှင် နီ အောင် အကြင်နာပိုစရာ ဖြစ်လာ၏ ။ အနေအထိုင်တက်လှသော မယားသည်ကို မြင်ပြန်တော့ ဘဝနာခြင်းဟာ “ အိ” အတွက် တန်ဖိုး တက်စေပါကလား။ အထပ်ထပ် လှော်ခတ်ပြီး ဖြစ်တဲ့ ရွှေစင်လို…
နီအောင်က မတင်အိကို ရင့်ကျက်ခြင်းအလှဖြင့် ပိုပြီး လင်းလက် နေစေ့ချင်သည်။ သဘောတရားရေး အဖုံဖုံကို မတင်အိ သဘော ပေါက် ခံယူနိုင်လောက်အောင် ပို့ချလေသည်။
ဆင်းရဲခြင်းဒဏ်ကို ကြံ့ကြံ့ခံစွမ်းရမည့် သတ္တိ၊
ဘဝလှိုင်းတံပိုး ရိုက်ချက်ကို မဆုတ်မနစ် တွန်းလှန်ဝံ့ရမည့် ဇွဲ…
စသည်စသည်ဖြင့် စည်းရုံးဟောပြောရင်း တစ်နေ့မှာ တရုတ် လယ်သမား လင်မယား အတ္ထုပ္ပတ္ထိကို ပြောပြ ဖြစ်ခဲ့သည်။
ခုတော့ ဝတ္ထုထဲက အိုလင်လို ဖြစ်မလာနိုင်သော မတင်အိမှာ မရှုမလှဆေးရုံ ရောက်ခဲ့ရလေသည်။
ကိုယ်ဝန် ကြိုတင်အပ်ထားရသည့် ဆိုတာကိုလည်း ခုမှပဲ နီအောင် ဗဟုသုတ ဖြစ်တော့၏ ။ ကိုယ်ဝန်မအပ်မိ၍ အရေး ပေါ် မွေးလူနာဆောင်နှင့် ကိုယ်ဝန်ဆောင် အသစ်များ နှင့် အပ်နှံရာဌာန နှစ် ခုကို လွန်းထိုးကူးသန်းခဲ့ရသည်မှာ အကြိမ်ကြိမ်။
စိတ်ပေါက်ပေါက်နှင့် -
“ဒါလောက် လက်မခံချင်ကြတာ၊ အဲဒီ ရှေ့ မြက်ခင်းပေါ်မှာ သာ မွေးတော့ကွာ။ အိပ်၊ အိပ်၊ လှဲအိပ်သာနေတော့ ”
“ ဘယ်မှာ လဲ၊ မတင်အိ ယောင်္ကျား ၊လာပါ ”
အသံက ချိုကြည်သလောက် အဖြတ်အတောက် လေယူလေသိမ်း ထန်လိုက်ပုံမှာ သည်လောကတွင် ကြွယ်မှတစ်ပါး အခြားမရှိပြီ။ ကြွယ် ကတော့ နီအောင့်ကို ပိုးစိုးပက်စက် ဒေါသထွက်သည်။ ဆရာဝန် ဖြစ်လာမှ စကားရိုင်းရိုင်းတွေ ကိုလည်း ခပ်ကြမ်းကြမ်း ပြောတတ်နေပြီ။ “အောက်တန်းမကျတဲ့ စိတ်နေစရိုက်တော့ ပေါ်လွင်နေတာပဲ နီအောင်။ သူဘဝ အမည်းစက်ထင်ခဲ့တာဟာ မွေးရာပါ ဗီဇစရိုက်ကြောင့် မဟုတ်ဘူးဆိုတာတော့ ကြွယ်ယုံကြည်သွားပြီ။ သူ့ကိုယ်သူ ပြုပြင်နေတဲ့ ကာလမှာ ပတ်ဝန်းကျင်အနှောင့်အယှက် မကြုံရအောင် အတက်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ လိုတယ်” ဟု သံယောဇဉ်ကြီးစွာ ပြောလေသည်။ ပြောသည့်အတိုင်း ကြွယ်က မတင်အိရှေ့မှာ မားမားမတ်မတ် ရပ်သည်။ ရန်ကုန်ဆိုသည်ကလည်းတကယ့်တကယ် ပုန်းကွယ်လိုသူတို့ အဖို့ ကျဉ်းကျဉ်းကလေးပင်။ မတွေ့ လိုသူနှင့် ထောင့်ချိုးတစ်ကွေ့ ကွေ့မှာ ဘွားခနဲ့ တွေ့ ချင်တွေ့ တက်သည်။ မတင်အိကပင် မမှတ်မိတော့သော တစ်စုံ တစ်ယောက် က မတင်အိ အတိတ်ဟောင်းကို ပြန်လည် တူးဖော်ကာ ထိကပါးရိကပါး စလာခြင်းမျိုးလည်း ကြုံရတက်သည်။ ထိုအခါတွင် တော့ နီအောင်ပင် ယောင်္ကျားချင်း ဖြေရှင်းခွင့် မကြုံလိုက်ရ။ ကြွယ်က သူ့နည်းသူဟန်ဖြင့် ရင်ဆိုင်ခဲ့သည်ချည်း။ မတင်အိက - “မသေရင်ပြီးရောဆိုပြီး ဖြစ်ချင်ရာ ဖြစ် နှစ် ထားခဲ့ရတဲ့ ဘဝက လွတ်ခဲ့ရပြီမို့ ကျေနပ်ပါတယ် ကိုနီအောင်ရယ်။ ရှင်နဲ့ ဒေါက်တာကြွယ် ရှိနေသရွေ့ ကျွန်မ ဘာကိုမှ မကြောက်တော့ဘူး” ဟု ယုံကြည်ကိုးစားစွာ ပြောတက်သည်။ မတင်အိက ကြွယ့်ကို ဒေါက်တာကြွယ်ဟု ခေါ်လေသည်။ ရိုသေ လေးစားခြင်း၊ ချစ်ခင်မြတ်နိုး ခြင်းတို့ ကိုယ်စားပြုရာကျသည်မို့ နီ အောင်ကလည်း သဘောကျသည်။
“ ကိုနီအောင် ဆိုတာ ရှင်လား။ မတင်အိ မိန်းကလေးမွေးတယ်။ ခြောက်ပေါင်နဲ့ ဆယ်အောင်စ။ ကလေးရေမွှန်းနေလို့ အောက်ဆီဂျင်ပေးထားတယ်။ မနက် ဆယ့်နာရီမှာ လူနာအတွက် ထမင်းလာပို့ပါ။ ကဲ-ရှင်ပြန်နိုင်ပြီ ”
အတက်အကျ အနိမ့်အမြင့်မရှိ။ ပကတိ သံမှန်တစ်သံတည်းဖြင့် တောက်လျှောက်ကြီး ရွတ်သွားသော ထဘီပြာဝတ်ဆရာမ လေး၏ သြဇာကို မလွန်ဆန်ဝံ့သည့်ပမာ တစ်မုမဟုတ်ချင်း လှည့်ထွက်လာခဲ လေသည်။ ဂိတ်ဝရောက်မှ မွေးလူနာဆောင် အစွန်းအဖျားကို သတိတရ လှည့်ကြည်မိသည်။
ကျေးဇူးပါပဲ ကြွယ်။
“ အမလေးတော် … ဖြစ်မှ ဖြစ်ရလေ ”
မတင်အိအကြောင်းကို အသိပေးစက ကြွယ် ရင်ဘတ်စည်တီး ဖြစ်ခဲ့သည်။
“ နင် ဝတ္ထုထဲက ဇာတ်လိုက်ကိုတုပြီး အရူးထတာတော့ မဟုတ်ပါဘူးနော် ”ဟု မယုံမရဲ စစ်ဆေးသေး၏ ။
“ နင့်မိန်းမ နင်မြတ်နိုးရင် ပြီးတာပဲ။ အရေး အကြီးဆုံး မိခင်ရော၊ ကလေးရော၊ နင်ရော သွေးစစ်။ အားလုံးကျန်းမာစင်ကြယ်ရမယ်။ ဒါပဲ
ဆရာဝန်ပီသစွာ ဆုံးဖြတ်လေသည်။
နောက်ဆုံးမှ “ ပတ်ဝန်းကျင်နဲ့ကော ဆက်ဆံရေး အဆင်ပြေရဲ့ လား” ဟု ပူပန်စွာ မေးသည်။ ကြွယ်သည် ဆရာဝန်ဘွဲ့ နှင့် အတူ လှုမှု ဆက်ဆံရေး ပါရဂူဘွဲ့ပါ ရခဲ့လေသည်။
နီအောင်က သည်ဆိပ်ကမ်းအလုပ်သမားရပ်ကွက်မှ ပြောင်းရွှေ့ ထွက်ခွာသွားသင့်သည် ဖြစ်စေ၊ မပြည့်စုံသော အကြောင်းကြောင်း ကြောင့် ဇွတ်မှိတ်နေကြရသည့်အ ဖြစ်ကို ရင်ဖွင့်ပြလိုက်သည်။
“ ဒီလိုလုပ် နီအောင်၊ ဂွတ္တလစ်မှာ ကြွယ့်ဆေးခန်း ရှိတယ်။ တိုက်ခန်း တစ်ခုလုံးဆိုတော့ ဆယ့်နှစ် ပေ၊ ပေငါးဆယ့် အကျယ်ကြီးပဲ။ အဲ ဒါ နောက်ဘက်တစ်ဝက်ကို အထပ်ခိုး တင်ပေးမယ်။ လာနေလှည့်။ နောက်ပြီး နင့်မတင်အိကို ငါ့ဆေးခန်းမှာ အလုပ်ခန့်မယ်။ ဒါ တည်ငြိမ်တဲ့ ဘဝတစ်ခုကို စပေးလိုက် တာပဲ။ ငါ လက်တွေ့ ဖြေရှင်းပေးတက်တာတော့ အဲဒါလောက်ပဲ။ နင့်သဘောတရားတွေ နဲ့ အပြန်အလှန် သုံးသပ်ချင် သုံးသပ်ဦးလေ”
သည်လိုနှင့် ကြွယ့်အစီအမံကို အလွယ်တကူ လက်ခံ ဖြစ်ခဲ့ကာ၊ မတင်အိလည်း ဘဝသစ်ကို လန်းဆက်ကြည်နူးစွာ ပြန်လည်စတင်ခဲ့ သည်။
မတင်အိရောက်လာမှ သိသိသာသာ သပ်ရပ်ရှင်းသန့်နေသော ဆေးခန်းအနေအထားကို ဂရုမပြုမိသူ မရှိ။
ကြွယ်ကဆိုလျှင် -
ကျွန်မက သားလေးလိုချင်တာ၊ သမီးရလာတော့ တစ်မျိုးကြီးပဲ လေ။ မလိုချင်လို့တော့ မဟုတ်ပါဘူး။ ကျွန်မက နစ်မွန်းစခဲ့ဖူးတယ် မဟုတ်လား။ ကျွန်မလို အမေ တစ်ယောက် ရဲ့ သမီး ဖြစ်လာမယ့် ကလေးကို ကျွန်မ မကြည့်ရက်ဘူး။ ပြီးတော့ ဒီသမီးကို ကျွန်မလို မ ဖြစ်ရအောင် ထိန်းသိမ်းပဲ့ပြင်နိုင်တဲ့ အင်အားကော ကျွန်မမှာ ရှိမှ ရှိရဲ့ လားလို့ ပူမိတယ်”
ဟု ရိုးရိုးစင်းစင်းကြီး ပြောနေတက်တော့လည်း နီအောင့်မှာ ကရုဏသက်မဆုံး ဖြစ်ရသည်။
“ ကိုယ် တစ်ယောက် လုံး ရှိပါတယ် အိရယ် ”
လို့ အားပေးရင်း သမီးနာမည် ကို “ချောအိ” တွင် စေရမည် ဟု အခမ်းအနားမပါ ကြေညာခဲ့သည်။ မတင်အိရဲ့ အိတစ်လုံးကို တမြတ်တနိုး အမွေဆက်ခံစေပါသည် ဆိုသော်ငြား အရာရာ ထွင်းဖောက်ကြည့်မြင်လေ့ရှိသည့် ဝမ်းတွင်းစုန်းမကြွယ် ကတော့ -
“ဝတ္ထုစာအုပ်ထဲက ဇာတ်လိုက်ကောင်မလေး တစ်ယောက် ယောက် ရဲ့ နာမည် များ လား နီအောင်ရယ် ” ဟု ထောက်လှမ်းသေး၏ ။
သမီးလေး ချောအိ တစ်နှစ် ပြည့်စမှာ ကြွယ်နယ်ပြောင်းရလေသည်။ ဆေးခန်းကို ကြွယ့်မိတ်ဆွေ ဒေါက်တာ ရို့စလင်းလျောင်းဆို သည့် တရုတ်ကပြားဆရာဝန်မတစ်ဦးက လွှဲပြောင်းယူသော်လည်း မတင်အိကား ပိုနေမြဲကျားနေမြဲ။ ဆေးခန်းအကူအ ဖြစ် တက်ကြွဆဲ။
ဇနီး ဖြစ်သူက ဝင်ငွေကလေး မကောင်းလှသည့်တိုင် လက်ဖက်ရည်ဖိုးလောက်တော့ မှန်မှန်ဝင်လေသည်။ လက်ဖက်ရည်ဆိုင် မှန်မှန် ထိုင် ဖြစ်သည်။ ဟိုဒီ ရောက်တက်ရာရာ စကားပွဲ ဖွဲ့ရင်း အဖော် ကောင်း ကောင်းသလို တိတ်တဆိတ်ဆွေးနွေးပွဲများ သို့ ရောက် ဖြစ်ပြန်သည်။ လျှို့ဝှက်စာတမ်းများ ကို ဖတ်ရှုရင်း လက်ဆင့်ကမ်း ဖြစ်ပြန် ၏ ။
သို့ ဖြင့် မြေနီကုန်း လေဟာပြင်ဈေးထောင့်မှာ စာရွက်တစ်ထပ် နှင့် ယောင်ပေပေ ရပ်နေသော နီအောင် တစ်ယောက် တတိယအကြိမ် မြောက် အင်းစိန်မြေကို နင်းရပြန်သည်။
နီအောင့်နေအိမ်ကိုပါ သက်ဆိုင်ရာက ဝိုင်း၍ ရှာကြဖွေကြသေး ၏ ။ ဘာတစ်ခုမှ မတွေ့ ရသော်လည်း ဆေးခန်းပိုင်ရှင် ဒေါက်တာရိုစ လင်းလျောင်းက ဒေါသူပုန်ထသည်။ ရှုပ်ရှုပ်ယှက်ယှက်တွေ မလိုချင်ဘူး။ ဆေးခန်းနာမည် ပျက်တယ်ဟု ဆိုသည်။ ညတွင်းချင်း ကျောကော့ဆင်းခဲ့ရသော မတင်အိတို့ သားအမိအ ဖြစ်ကို တွေးကြည့်တိုင်း နီအောင် ယူကျုံးမရချင်။
သမီးတစ်ကောင်နှင့် ပြေးစရာမြေမရှိ ဖြစ်နေသော မတင်အိတို့ကို ကြွယ့်လက်ထက်ကတည်းက ရင်းနှီးလာသည့် ပန်းနာရင်ကျပ် ရောဂါ နှင့် နာတာရှည်အဘွားကြီး တစ်ယောက် က သနားသဖြင့် ခေါ်ထား၍ ခိုကိုးရာရခဲ့ပါသည်။
ဂွတတလစ် သစ်ဆိုင်နောက်ဘက်က ကျူးကျော်မြေကွက်ထဲမှာ တဲသာသာ အိမ်ကလေးနှင့် အဘွားကြီး သားအမိ မိန်းမသူနှစ် ယောက် တည်း အိမ်ဆိုင်ကလေး ဖွင့်နေကြသည်။ မတင်အိတို့ သားအမိကို အဖော်တိုးတာပေါ့ဟု အရိုးခံအတိုင်း ဝမ်းသာအားရ ရှိနေကြ လေသည်။
နေစရာရပြန်တော့ စားစရာအတွက် ရုန်းကန်ရပြန်၏ ။ အဘွားကြီးသားအမိမှတစ်ဆင့် ဆက်သွယ်ပြီး အနီးအနားက ရန်ကင်းတိုက်ခန်းများ တွင် အိမ်တကာလှည့်၍ အဝတ်ဖွပ်သည်။ မောသည်၊ ပန်းသည် အလုပ်ရွေး၍ မ ဖြစ်၊ သားအမိနှစ် ယောက် ပါးစပ် နှစ် ပေါက်သာမက မကြာမီ တိုးပွားလာလတ္တံ့သော နီအောင် ဒုတိယ ကိုယ်ပွားက မတင်အိ ဝမ်းကြားတိုက်မှာ ကိန်းဝပ်နေခဲ့လေပြီ။
ပြီးတော့ နီအောင့်အတွက် ထောင်ဝင်စာ တွေ့ ဖို့ကလည်း လို သေးသည်မဟုတ်လား။ အတွေ့ အကြုံ ရင့်ကျက်ပြီး နီအောင်က ရှေ့ နေမငှားလို။ အမှု ရှည်ရုံရှိမှာ ပဲ။ သက်သေခံ အထောက်အထားနှင့် တကွ ခိုင်ခိုင်လုံလုံ မိထားတာ။ ထောင်ကျဖို့ သေချာတယ်။ အိတို့သား အမိသာ ဖြစ်အောင်ကြည့်နေဟု အားပေးရှာ၏ ။
ဘာပဲ ဖြစ် ဖြစ် မတင်အိ ကတော့ နေ့စေ့လစေ့ မွေးဖွားလုနီး သည်အထိ ထောင်ဝင်စာ မှန်မှန်လာတွေ့ သည်။ နွားဆေးလိပ်လေး အစ၊ လမ်းဘေး ခေါက်ဆွဲကြော်လေးအစ အမြဲ ဝယ်လာတက်သည်။
“ ကန်စွန်းရွက်ချည်း စားမနေနဲ့နော် အိ၊ နောက် ကိုယ့်ဖို့ ဘာမှ မယူခဲ့နဲ့ ။ အိလည်း မွေးဖွားခါနီး ပြီ၊ နားဦး၊ ကျန်းကျန်းမာမာရှိမှ သားပြရင်းလာတာပေါ့”
ဟု အကြင်နာစကားဆိုတော့ မတင်အိမျက်ရည်လည်သည်။
“သမီးမွေးခဲ့တဲ့ အရှေ့ပိုင်းဆေးရုံမှာ လေ၊ ကျွန်မ ဗိုက်အပ်ထားတယ်။ ခုတစ်ပတ်တစ်ခါ သွားသွားပြနေရတယ်။ ကျွန်မ နေကောင်းပါ တယ်။ ဒီတစ်ခါလွယ်မှာ ပါ။
“ ရှင်နဲ့ ဒေါက်တာကြွယ် ရှိနေရင် ကျွန်မ ဘာကိုမှ မကြောက်ဘူး”
ဟု အားကိုးတကြီးပြောခဲ့ဖူးသော မတင်အိသည် ယခုတော့ ဒေါက်တာကြွယ်လည်း မရှိ။ မိမိလည်း တစ်လောက ခြားခဲ့ပြီ ဖြစ်ပါ လျက် သူ့ခြေထောက်ပေါ်သူရပ်ရင်း ရဲရင့်နေပေပြီ။
လူ့ဘဝ အလှည့်အပြောင်းတို့သည် ဆန်းကြယ်လှဘိ၏ ။ နေရောင် မှာ အရာရာသည် အဆန်းတကြယ် ဖြစ်၏ ဆိုသော ဘားနာ့ဒ် ရှော၏ အဆိုအမိန့်ကို သတိရသည်။
ခြောက်နှစ် နှင့် ရှစ်လတင်းတင်း ပြည့်သော နေ့မှာ ဂွတ္တလစ်ဈေး ထိပ်တွင် သူရပ်နေလေသည်။
ဘတ်စ်ကားမှတ်တိုင်တွင် ရေခဲချောင်း ရောင်းနေသော ကလေး နှစ် ယောက် ကို ချည်းကပ်ကာ “ ကလေးတို့က ဒီနားမှာ နေသလား” ဟု မေးမိသည်။
အကြီးမလေးက ကြောင်တောင် ရပ်ငေးနေဆဲ သွက်လက်သော အငယ်ကောင်က -
“ ဟုတ်တယ်ခင်ည”
“ ဒါဖြင့် ဥယျာဉ်ခြံမြေဆိုတာ ဘယ်နားက သွားရသလဲကွာ၊ ကျူးကျော်ရပ်ကွက်လေ”
ကောင်လေးက ဂလိုင်ကို တစ်ချက်နှစ် ချက် လှုပ်ရင်း မှု န်ကုပ် ကုပ်နှင့် -
“ ဘဒုအိမ် သွားမှာ လဲ ”
“ သြော် - ကုန်စုံဆိုင်ရောင်းတဲ့ မသိန်းနွဲ့၊ သူ့အမေက ဒေါ်ဖွားမှီ လေ၊ မင်းတို့သိ ….
“ အဲဒါ ကျွန်တော် တို့အိမ်ပဲ၊ ဒေါ်လေးက ယောင်္ကျားယူသွားလို့ ဘွားဘွားနဲ့ကျွန်တော် တို့ အမေပဲ ရှိတယ် ”
“ ဟဲ့ ကောင်လေး ဟု သူ့အစ်မက ဝင်တားမြစ်သည်ကို ဂရုမစိုက်ဘဲ -
“ မမ၊ နင် ဆက်ရောင်းတော့၊ ငါ အိမ်လိုက်ပြပေးချေဦးမယ် ”
ပြောပြောဆိုဆို လှစ်ခနဲ့ ဆူပွက်ခုန်လှုပ်သွားကာ -
“ နေပါဦး သမီးရယ်၊ သမီးတို့အမေက ဘယ်သူ …”
“ မတင်အိ၊ အဖေက ကိုနီအောင်တဲ့ ၊ ထောင်ကျနေတယ်”
“ အမှန်တရားသည် ခါးသီး၏ ”ဟု နီအောင် မှတ်သားခဲ့ဖူးသည်။
အမှန်ကို ပြတ်သားစွာ ဆိုလိုက်သော သမီးစကားလုံးများ က နီအောင်နားထဲမှာ ထိရှနိုင်လွန်းပေသည်။
သည်တစ်ခါ ထောင်မှလွတ်လာသော နီအောင် နာတာရှည်ရော ဂါသည် ဖြစ်ခဲ့ပြီ။
ပန်းနာရင်ကျပ် ရောဂါ သည် နီအောင့်ရင်ထဲမှာ အမြစ်တွယ်စပြု ချေပြီ။တစ်ခါတစ်ခါ မောကျပ်လာလျှင် အသက်ရှုရပ်မတက် ခံရသည်။ အသက်ရှုသံမှာ မြွေတွန်သံကို အခါမလပ် တရွှီရွှီ မြည် လေသည်။
ကိုယ့်ကိုယ်ကိုယ် ညှာတာနေရသည်နှင့် နီအောင့်ဘဝမှာ တာ ဝန်မဲ့ရုံမက အမှီခိုခံဘဝသို့ တစ်စစ ရောက်မှန်းမသိ ရောက်လာသည်။
မိုးလင်းသည်နှင့် မတင်အိနှင့် ကလေးများ အိမ်မှ ပြိုင်တူထွက် လာကြသည်။ အိမ်တကာလှည့်၍ အဝတ်ဖွပ်ရသော မတင်အိလက် များ မှာ ကြမ်းတမ်းရှတ၊ အကြောပြိုင်းပြိုင်း ထနေပြီ။ ဆပ်ပြာကိုင်ရ လွန်း ၍ လက်သည်းထိပ်များ ပဲ့ရွဲ့ ပျက်စီးနေပေပြီ။ မွန်းတည့် အိမ်အပြန်တွင် ရေနူး၍ ပဲကြီးရေခွံ တွန့်လာသော မတင်အိပေပြီ။ မွန်းတည့် အိမ်အပြန်တွင် ရေနူး၍ ပဲကြီးရေခွံတွန့်လာသော မတင်အိ လက်ချောင်းများ ကို မြင်စက သွေးဆုတ်နေပြီလားဟု အလန့်တကြား ဖြစ်မိသေး၏ ။
ကြာတော့ နီအောင့်အဖို့ ရင်နာရသည်မှတစ်ပါး ဘာမျှ မတကနိုင်။
“ကျွန်တော် ကကော ဘာများ တက်နိုင်ပါဦးမည် နည်း” ဆိုသည့်အနှစ် ခြိုက်ဆုံး ဝတ္ထုစကားလုံး တစ်ခုကိုသာ အလွယ်တကူ အားကိုး မိတော့သည်။
ဟုတ်တယ်။ ကိုယ်ကလည်း ရောဂါ သည်။ ပန်းနာရင်ကျပ် ရောဂါ ကိုသော်မှ ပျောက်အောင် မကုစားနိုင်သည့်အ ဖြစ်ကို နာကျင်၏ ။
သို့ နှင့် နေရာဟောင်းက ပေါင်းဟောင်းသင်းဟောင်းတွေ နှင့် ပြန် လည်ရောယှက်မိပြန်လေသည်။
တစ်ခေါက်။
ပြီး …. နောက်တစ်ခေါက်။
နောက်ဆုံးအကြိမ် ပြန်ထွက်လာတော့ သမီးကို အိမ်ထောင်ချချင်ပြီဟု မတင်အိက ဆိုလာသည်။
“ဟဲ့ …. မတင်အိရဲ့ ၊ နင့်သမီး အပျိုမှ ဖြစ်သေးလို့လား၊ မကြံကောင်း မစည်ရာကွယ် ”
ဟု အလန့်တကြား ကန့်ကွက်မိတော့ မတင်အိက မပြုံးစဖူး မဲ့ပြုံး ပြုံးသည်။
“ ရှင်က အိမ်မှာ နေရတယ်မှ မရှိဘဲကိုး ၊ ဆယ့်ခြောက်နှစ် ပြည့်ပြီရှင့်။ နောက်ပြီး သမီးမိန်းကလေးဆိုတာ တာဝန်က အများ သား မတော် တရော် လူမသမာနဲ့တွေ့ လို့ ကျွန်မလိုများ ….”
မတင်အိ ကတော့ “သြ၊ ချောအိတောင် ဆယ့်ခြောက်နှစ် ပြည့်ပြီပဲ ဟု အံ့သြကာ “ ငါလဲ အသက်လေးဆယ်တင်းတင်း ပြည့်ပါပကော” ဟု သတိရလာ၏ ။
“ ရှင် လွတ်ခါနီး ဒေါက်တာကြွယ် လာတွေ့ သေးတယ်၊ ကလေးတွေ လည်း ကြီးလှပြီတဲ့၊ ရှင်လွတ်ရင် သူဆီလွှတ်လိုက်ပါဦးလို့ ပြောတယ်၊ ကျွန်မတော့ ချောအိကို သစ်ဆိုင်စာရေး လေး တစ်ယောက် နဲ့ ပေးစားလိုက်မလားလို့ ကြံထားတာပဲ။ ဒေါက်တာကြွယ်နဲ့လည်း တိုင်ပင်ဦးလေ၊ ကျွန်မတော့ စိတ်ပူလှပြီတော့် ၊ သွားမှာ ဖြင့် မြန်မြန် သွားပါ။”
သည်မိန်းမ ဘာကြောင့် အလောသုံးဆယ့် ဖြစ်နေသည်ကို နီအောင် မတွေးတက်။
ချောအိ အခြေအနေက ဤမျှ စိုးရိမ်နေရပြီလားဟု ပူပန်စပြု သည်။
အပျိုပေါက်အရွယ်လေး ကားဂိတ် လမ်းဆုံလမ်းခွမှာ နေကုန် နေခန်းရေခဲချောင်း ရောင်းရသည့်အ ဖြစ်ကို မိမိတာဝန်မကင်းဟုတွေး မိလာသည်။
ပြီးတော့ အငယ်ကောင် စိုးထွန်းကော။ ယောင်္ကျားလေး ဖြစ်ပါလျက် ကျောင်းနေခွင့်မရရှာခဲ့။ ဖခင်ရင်ငွေ့မှာ ထွေးပွေ့ယုယသင့် သော လူမမည် ရွယ်တွင် ဘဝခရီးကြမ်းကို စတင် ရှန်းကန်ခဲ့ရသော သား။ ခုတော့ ကားဂိတ်မှာ မရိုက်ဗိတ်တက္ကစီနှင့် ကြားကားများ အတွက် ခရီးသည်ခေါ်ပေးခြင်းဖြင့် ပိုက်ဆံရှာတက်နေပြီ။ ငါးမူးတစ် ကျပ် သဒ္ဓါကြေးစွန့်သော ငွေစများ ကို တစ်နေကုန်စုရင်း လမ်းဘေး မှာ အပျင်းပြေ မျောက်ပန်း လှန်တက်နေပြီ။
သင်းတို့အမေ မတင်အိ ကတော့ လက်ချောင်းများ ပွတက် ပဲ့ကျ သည်အထိ အိမ်တကာလှည့် အဝတ်ဖွပ်ကာ လင်သည်ကိုဘုရား တစ်ဆူ ဂူတစ်လုံး ယုံမှတ်မြဲတည်း။
တစ်သက်တာမှာ သည်တစ်ခါပဲသူ့ကို တိုက်တိုက်တွန်းတွန်း အရေး ဆိုဖူးလေသည်။
အနီးရပ်ဝန်းဒေသဟု သူတင်စားသော သာယာဝတီူက သူကို နီရဲစွာ ဆီးကြိုပွေ့ဖက်လေသည်။
အနီရောင် ၏ အရိပ်ကို ခိုလှုံရသည်။
အနီရောင် ၏ ရနံ့ကို မွှေးရှိုက်ရသည်။ အနီရောင် ကို ခံစားလိုက် ရလေသည်။ နီရဲခဲ့သော အတိတ်သမိုင်း အစဉ်အလာအရ မွေးရပ်မြေ ကို သူမြတ်နိုးသည်။
အနီရောင် ကို မြတ်နိုးလွန်း၍ လည်း သူ့ကိုယ်သူ တင်လှအမည် ကနီအောင်ဟု ပြောင်းလဲမှည့်ခေါ်ခဲ့ခြင်း ဖြစ်လေသည်။
နီသည် ရဲသည်ဟုလည်း အထပ်ထပ် ကြွေးကြော်ခဲ့ဖူးသည်။
အနီတဲ့။ ဘယ်လို အနီလဲ။
အနီရဲ့ ရလဒ်ကကော။
မတင်အိမျက်နှာ။ သမီးချောအိ၊ ပြီးတော့ သားငယ် စိုးထွန်း။
ကိုယ်စိတ်နှလုံး ညှိုးချုံးအားငယ်ခြင်း များ စွာ ဖြင့် လှေကားထစ်များ ကို အပန်းတကြီး အားယူနင်းတက်နေရလေသည်။ အားအင် ကုန်ခန်းပြီမို့ အမြင့်ကို တက်ရသည်မှာ ရင်ဆို့မတက်။
“ ဟေး … လာ လာ နီအောင်၊ နင် ဘယ်တုန်းက ထွက်လာလဲ”
ဆယ်စုတစ်ခေတ်အတွင်းမှာ ကိုယ်ဟန်အနည်းငယ် တုတ်ခိုင်ဖွံ့ဖြိုးလာသည်မှ တစ်ပါး ကြွယ်က ပျိုမျစ်တက်ကြွဆဲပင်။
မောဟိုက်နေသော နီအောင်မှာ အသက်ကို ပင်ပင်ပန်းပန်း ရှု ရင်းနှီးရာ ကုလားထိုင်တွင် အားပြု ဆုပ်ကိုင်လိုက်ရ၏ ။ မြွေတွန်သံကို တရွှီရွှီ မြည် သော အသက်ရှုသံကို ကိုယ့်ဘာသာ အထိတ်တလန့် ကြားနေရသည်။
“ အက်စ်မာ ဖြစ်နေတာကိုး။ ကြာပြီလား နီအောင်၊ ဆေးမကုဘူး လား”
နီအောင် ခေါင်းညိတ်သည် တစ်ဆက်တည်းပင် ခေါင်းကို ခပ် လေးလေး ယမ်းပြမိလေသည်။
သဘောပေါက်လွယ်သော ကြွယ်က “ သြော် ” တစ်ခွန်းကို ဆိုင်း ဆိုင်းတွဲ့ တွဲ့  ဆိုသည်။
“ ကဲ . အမောဖြေ၊ စိတ်ကို အေးအေးထား၊ နီအောင့် အက်စ်မော မကြာခင် သက်သာရစေ့မယ်၊ စိတ်ချ”
ဂလူးကိုးစ်တစ်ခွက်နှင့် ဆေးလုံးအချို့ မျိုချရလေသည်။ ပန်းနာရင်ကျပ်သမား မို့ ချိုသော ဂလူးကိုးစ်ကို ကြောက်တက်သော် လည်း ကြွယ်ကသာတိုက်လျှင် အဆိပ်ပင် မျိုတော့မည် တည်း။
“ အိက လွှတ်လိုက်တာလေ၊ သူက သမီးကို အိမ်ထောင်ချချင်နေတယ်၊ ကိုယ် ကတော့ ငယ်သေးတယ်၊ အောက်မေ့တုန်း”
ခပ်ဆိုင်းဆိုင်း ပြောနေသော သူ့စကားတွေ ကို ကြွယ်က မျက်တောင်မခတ် စိုက်နားထောင်နေသည်။ ပြီးမှ -
“ ကလေးတွေ ဘဝ ဒီလောက် ကလေကချေ ဖြစ်လိမ့်မယ်လို့ ကြွယ် မထင်ခဲ့ဘူး နီအောင် ”
“ ဟုတ်ပါတယ်၊ ကိုယ့်တာဝန်ပဲ၊ ဒါပေမဲ့ ခုတော့ ကိုယ်လည်း ယဲ့ယဲ့ပဲ ရှိတော့တယ် ကြွယ်”
“ အဲလို မပြောပါနဲ့၊ နီအောင် အသက်လေးဆယ် မကျော်သေးပါဘူး။ ကျန်းမာရေး ဆိုတာ လူကပြုပြင်လို့ ရတန်သလောက် ရပါတယ်။ ကျန်းမာအောင်ကြိုးစားပြီး မယားနဲ့ သားနဲ့ ပျော်ပျော်ရွှင်ရွှင် နေပါဦးလား။ ဟော … ကြွယ်တောင် ခု အသက်သုံးဆယ့် ခြောက်နှစ် ရှိမှ လင်နဲ့သားနဲ့ နေကြည့်ဦးတော့မလို့ နီအောင်ရဲ့ ”
“ ဟုတ်လား ” ဟု မယုံမရဲ မေးရင်း အံ့သြစွာ ဖြင့် -
“ ကိုယ်က အပျိုကြီး လုပ်တော့မလားလို့ ”
“ ထမင်းစားလတ်မှတ်အတွက် လင်ယူတာမှ မဟုတ်ဘဲကွယ်။ ဟုတ်ရဲ့ လား နီအောင်၊ နင်တို့ ပြောနေကျ စကားလုံးအတိုင်း သုံးလိုက်တာလေ။ အဲ … အဲဒီ တော့ အေးအေး ဆေးဆေးပေါ့ကွယ်။ တစ်ယောက် နဲ့ တစ်ယောက် နားလည်ကြမယ့် ဘဝအဖော်ကို ရှာတဲ့ ကိစ္စမှာ အလောသုံးဆယ်လုပ်ဖို့ မလိုပါဘူး”
“ မတင်အိ ကတော့ သူ့သမီး ဆယ့်ခြောက်နှစ် ကို လင်ပေးစားမလို့တဲ့လေ ”
“ အဲဒါ နီအောင့်အပြစ်၊ ဟုတ်တယ် ဝန်ခံစမ်းပါ နီအောင်၊ လင်သား ဦးဆောင်မှု ချို့ယွင်းလာတဲ့၊ ဖခင်အုပ်ထိန်းမှု ကင်းကွာတဲ့ အိမ်ထောင်တစ်ခုမှာ ဘာတွေ ဖြစ်ခဲ့တယ် ဆိုတာနီအောင် မသိဘူးဟုတ် လား။ တန်ဆောင်တိုင်ညမှာ ရေခဲချောင်း လည်ရောင်းရင်း လိုက်မ လား။ အစိတ်ပေးမယ် အပြောခံရတဲ့ သမီးအ ဖြစ်ကို နီအောင်မသိဘူး။ မတင်အိ ကတော့ အသည်းဆတ်ဆတ် ခါလှပြီ။ နောက်ပြီး ဘတ်စ် ကားဂိတ်မှာ မျောက်ပန်းလှန်နေတဲ့ နီအောင့်သားဟာ ညဈေးကွက် မှာ လူဆွယ်ပေးတဲ့ အဆွယ်ကလေး ဖြစ်နေတယ်ဆိုတာကော သိရဲ့ လား”
စောစောက ရယ်မောရွှင်ပျခဲ့သော ကြွယ့်ဟန်ပန်လေသံမှာ တစ်စစ ထန်လာသည်။
နီအောင့်ခေါင်းထဲမှာ မီးဝင်းဝင်း တောက်လာလေသည်။ မျက်စိထဲမှာ မီးပွင့်မီးပွားများ လွင့်ဖြာ လှည့်ပတ်နေ၏ ။ သူက မျက်စိ စုံမှိတ်ထားမိသည်။
“ အ ဖြစ်မှန်ကို ရဲရဲကြီး ရင်ဆိုင်ပြီး ဖြေရှင်းလိုက်စမ်းပါ နီအောင်။ နောက်မကျသေးပါဘူး ၊ ခရီးမလွန်သေးပါဘူး။ လူ့ဘဝဟာ အသက် လေးဆယ်ကျော်မှ စတယ်ဆိုတာ ကြားဖူးသား မဟုတ်လား။ ပြီးခဲ့တဲ့ အတိတ်ဟာ နီအောင့်အဖို့ သင်ခန်းစာ ဖြစ်မှာ ပါ ”
နီအောင်ထံမှ တရွှီရွှီမြည် သော အသံရှုသံကို ကျယ်ကျယ်လောင် လောင် ကြားရသည်။
“လူတန်းစားပျက်တယ်။ ဖောက်ပြန်တယ်လို့ အမြဲ အစွပ်စွဲခံရ တဲ့ ကြွယ်ဟာဘဝတစ်လျှောက်လုံး အားနည်းသူဘက်က အမြဲ ရပ်ခဲ့ တယ်ဆိုတာကော နီအောင် နားလည်ပြီလား”
နီအောင်က ခေါင်းတစ်ချက်ညိတ်ကာ ထိုင်ရာမှ ထလိုက်သည်။
“ သွားတော့မယ် ကြွယ်”
“ နေဦးလေ၊ ဘယ့်နှယ် ”
နီအောင်၊ လှည့်ထွက်ခဲ့လေသည်။
နေဖို့ မလိုတော့ပါဘူး။ ပြန်မယ်။ ငါ့အသိုက်ကို အမြန်ဆုံး ပြန်မယ်။ ဝါးအစည်းပြေသလို တစ်စစီ လွင့်ကြဲနေတဲ့ ငါ့အသိုက်ကို ပြန်ပြီး စုစည်းတည်ဆောက် ရမယ်ဟု အားမာန်သစ်တွေ ဆူဝေစပြု သည်။
“ ငါ လူမမာမဟုတ်ဘူး၊ ပန်းနာရင်ကျပ်ဟာ အာဂန္တု ရောဂါ ” ဟု စိတ်ကို တင်းလိုက်သည်။
“ ငါ အလုပ်လုပ်ရမယ်၊ အနည်းဆုံး သမီးရဲ့ ရေခဲချောင်းပုံးကို ပခုံးပြောင်းလွယ်တာလောက်ပဲ ဖြစ် ဖြစ် ”
“ သားကိုတော့ ပုံနှိပ်တိုက်တစ်ခုခုမှာ အလုပ်သင်အ ဖြစ် အပ်ရမှာ ပဲ”
စာပေလုပ်ငန်းပိုင်ရှင် အပေါင်းအသင်းများ ကို တွေးရင်း ရွေးချယ် ကြည့်မိသည်။
“ ဒီကောင် ဆယ့်ငါးနှစ် ဆိုတော့ စာသင်မယ်ဆိုရင် ဖြစ်သေးတယ်၊ အိမ်မှာ တဖြည်းဖြည်း သင်ပေးရမယ် ”
နီအောင်သည် ခုမှပင် အရေး တကြီးကိစ္စတို့ဖြင့် ယောက် ယက် ခတ်စပြုလာ၏ ။
ကိုယ့်ဘဝ ကိုယ့်သိုက်မြုံအတွက် တကယ် အရေး ကြီးသော ကိစ္စ။ခုမှ တကယ့်ကိစ္စ။
နေပွင့်ပန်း၏ အပြာရောင်စာမျက်နှာသစ် | တစ်ခါတုန်းကတော့ မဟေသီ | ကိုကိုကံရာဇာ |