ဤ၀တ္ထုသည် ၁၉၈၇ ခုနှစ်တွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေခဲ့ပြီး ဖြစ်ကြောင်းသိရပါသည်။ ထိုစဉ်ကအားသစ်ယူ၍ လူ ဖြစ်စေသတည်းဟူသော ခေါင်းစဉ်တစ်ခုတည်းအောက်တွင် ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)နှင့် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)တို့ သီးခြားဝတ္ထုတစ်ပုဒ်စီဖြင့် ခံစားရေး ဖွဲ့ခဲ့ကြပါသည်။
ထို့နောက် ဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ)ရေး သားသည့် ၀တ္ထုတစ်ပုဒ်တည်းကိုသာခွဲ၍ ၂၀၀၃ ခုနှစ် ၊ ဇွန်လတွင် ဒုတိယအကြိမ်မြောက် နှင်းအေးရွှေကြာစာပေမှ ထုတ်ဝေခဲ့ပါသည်။ ဒုတိယအကြိမ် ထုတ်ဝေသော အခါ နေပွင့်ပန်း၏ အပြာရောင် စာမျက်နှာသစ်ဟူသော အမည် ဖြင့် ထုတ်ဝေခဲ့ကြောင်း သိရပါသည်။ အဆိုပါခေါင်းစဉ်ဖြင့် ပင် ယခုတတိယအကြိမ်အ ဖြစ် အလင်းသစ်စာပေမှ ထုတ်ဝေ လိုက်ပြန်ပါပြီ။
ပထမအကြိမ် ထုတ်ဝေခဲ့စဉ်က ဆရအထောက်တော် လှအောင်မှ အမှာ စာရေး သားချီးမြှင့်ခဲ့ပါ သည်။ ဆရာအထောက်တော် လှအောင်နှင့် ဤ၀တ္ထုအပေါ် ခံစားသုံးသပ်ချက် အမြင်တစ်ချို့ကိုအဆိုပါ အမှာ စာမှ ပြန်လည် ကောက်နုတ်ဖော်ပြလိုပါသည်။
“နေကိုမျက်နှာမူပြီးအပူဖြင့် လန်းပွင့်နေသည့် နေကြာပန်းနှင့် နေနှင့် အတူပွင့်ရသော ပေါ်ကျူ လီယာပန်းများ ကိုမီးမောင်းထိုးပြ သွားပါသည်။ နေညှိုးလျှင် သူတို့ပါ ညှိုးငိုက်ကြရသည့် အပူကြိုက် မျိုးဟုဆိုပါသည်။
လောကသုံးပါးတွင် စီးပွားရေး အပူ၊ လူမှု ရေး အပူ၊ ပညာရေး အပူမှန်သမျှကိုမည် သည့်ပုထုဇဉ်မှ ရှောင်လွဲတိမ်းဖယ်၍ မရနိုင်ပါ။ ရှောင်လွဲတိမ်းဖယ်၍ မရနိုင်လျှင် ဒူးထောက်အရှုံးပေးရမည် လော။ အောက်လမ်းနည်းဖြင့် အန်တုခုခံရမည် လော။ သည်နေရာ၌ စမ်းစမ်းနွဲ့ (သာယာဝတီ)သည် လောက သစ္စာတရားကိုပရိယာယ်မပါဘဲရိုးရိုးကလေးဖွင့်ဟပြပါတော့သည်။
ရိုးလွန်းတော့ အလွန်တရာလှပ သွားပါသည်။ အသည်းထက်မှာ အက္ခရာတင်လိုက်ရသလို တစ်သက်စွဲငြိသွားစေပါသည်။ လူငယ်တို့၏ စစ်မှန်သော ဘ၀အားမာန်ဆိုတာ ဒါပါလားဟု သတိသံဝေဂ တရားပွားများ စေပါသည်။
ဆရာအထောက်တော် လှအောင် ခံစားတန်ဖိုးဖြတ်သကဲ့သို့ လူသားတိုင်းလောကသုံးပါးကို အန်တုခံနိုင်စေမည့်  စစ်မှန်သော ဘ၀အားမာန်ကို ရရှိနိုင်စေရန် ရည်သန်၍ ထုတ်ဝေလိုက်ရပါသည်။ ဖတ်ရှုခံစား၍ အားမာန်တိုးပွားနိုင်ပါစေ။
ဤသို့ တတိယအကြိမ်ပြန်လည်ထုတ်ဝေနိုင်ရန် ခွင့်ပြုပေးခဲ့သူဆရာမ စမ်းစမ်းနွဲ့ (သာယာဝတီ) နှင့် ကူညီဆောင်ရွက်ပေးသူ ဆရာမောင်ကျော့ဝေတို့အား ကျေးဇူးတင်ကြောင်းမှတ်တမ်းတင် ဖော်ပြ လိုပါသည်။
စာဖတ်ပရိသတ်ကိုကျေးဇူးအထူးကိုဦးတင်လျက် …
အလင်းသစ် စာပေတိုက်
အနုပညာကိုလည်း မြတ်နိုးရင်းစွဲမို့ “နွယ်ဦးမွန်မို့ ချစ်ထွတ်တင်သည်”ဆိုသည့် တေးတစ်စကို ဖွဖွညည်းရင်း ရင်ခုန်လို့မ၀ချင်။
အင်ဖက် သစ်ရွက်ကြိုကြားမှ တစ်စွန်းတစ်စ မြင်နေရသော နွယ့် အလှုပ်အရှားတွေ မှတိမ်းမူးဖွယ်။
အင်ရွက်ဖားဖားကြီးတွေ ယှက်ဖြာထူထပ်သော နေရာအရောက်မှာ တစ်ဖြုတ်မျှပျောက်သည့် အခိုက်အတန့်ကပင် တမ်းမက်ဖွယ်။
ကွယ်လိုက်၊ လင်းလိုက်၊ ပျောက်သွားလိုက်နှင့် ဖက်စိမ်းရောင် တိမ်တိုက်ကြားကလတစ်မင်း… နွယ်…
ပခုံးပေါ် အမြဲလွယ်ထားလေ့ရှိသည့် ကင်ဇိုအိတ်၊ ခေါင်းစည်းပ၀ါနှင့် လွှာဖိနပ်ဖြူဖြူကလေးကို ချောင်းစပ်မှာ လှမ်းတွေ့ ရသည်။
နွယ်ကလမ်းခရီးတစ်လျှောက်လုံးမချွတ်တမ်းဝတ်လာခဲ့သည့် ကွန်မင်ဒိုတံဆိပ် ရေညှိရောင် ဂျာကင်ကို ချွတ်လိုက်ပြီးချောင်းစပ်ဆီသို့ လှမ်းပစ်လိုက်သော အခါ ရှင်းကျော့သော ကိုယ်နေကောက် ကြောင်းကိုခန့်မှန်းမိလျက်သားရှိ၏ ။
ခေါင်းစည်းပ၀ါကို ဖြုတ်ချထားသဖြင့် ဖားလျားဝေကျနေသော နွယ့် ဆံပင်တွေ မှာ ထိုင်ထားသော ကျောက်တုံးနှင့် မထိလုလုထိလုလု ဝေ့၀ဲကျနေသည်။နံ့သာရောင် ရှံဘလောက်နှင့် ရှားရင့်ရောင် ဗြောင်ထဘီကြောင့် ၀င်းဝင်းပပအသားအရေနှင့် စိုပြည်သော အလှ ပေါ်လွင်လာသည်။
နွယ့်မျက်နှာပြင် ၌ ရေမှု န်ရေစက်ကလေးတွေ ခိုတွယ်ဆဲရှိမယ်လား……. အနီးကပ်မြင်ရလျှင် ကြည့်လို့ မ၀ချင်စရာပါပဲဟု စိတ်ကူးဖြင့် ရင်ခုန်ရသေးသည်။
စောစောကရေစပ်မှာ လျှောက်သွားရင်း နွယ် မျက်နှာသစ်သည်ကိုအမှတ်ရ၏ ။
နွယ်ကကျောက်တုံးပေါ်ထိုင်လျက် ထဘီကို သလုံးသားတစ်ဝက်ကျော်မျှ သိမ်းမလိုက်ပြီး ခြေနှစ် ဖက်ကိုရေထဲမှာ လှုပ်ခါဆေးကြောနေသည်။ ခဏကြာတော့ ကိုယ်ကိုအနည်းငယ်ငိုက်ယွန်းကာ လက်ခုပ်နှစ် ဖက်ဖြင့် ရေခပ်ယူလိုက်သည်။
“အို…..သူမျက်နှာသစ်ပြန်ပြီ၊ အေးလေခရီးပန်းရှာပြီပဲ။ နွမ်းရှာပြီပဲ”
နွယ်ကလက်နှစ် ဖက်ဖြင့် ရေကိုခပ်ယူကာမျက်နှာအထပ်ထပ် သစ်နေသည်။ ရေစက်လက်ဖြင့် ကြာငုံလိုလှရက်သည့် နွယ်လက်ချောင်းကလေးတွေ အနေအထားကိုစိတ်ရှိလက်ရှိငေးနေ၏ ။
နက်မှော င်ရှည်လျားသည့်ဆံနွယ်တွေ လေထဲမှာ ပျံဝဲနေတာ မြင်ရပြန်တော့ လင်းဇော်က ပုံပြင်ထဲမှာ ကြားဖူးသည့် ရေသူကလေးကိုဖျတ်ခနဲသတိရသည်။
ပုံပြင်ထဲကရေသူမကလေးက စကားမပြောတတ်သလိုသည် မိန်းကလေးကလည်း စကားနည်း လှပေသည်။ လမ်းတစ်လျှောက်လုံးသူက စ၍ စကားပြောသည်မရှိ။
သူစိမ်းယောက်ျားတွေ ကြားမှာ တစ်ဦးထံလိုက်ပါလာသည့် မိန်းမသားမို့ အနေရအထိုင်ရခက် ရှာမည် စိုး၍ စကားစပြောကြည့်သည်။ သူကခေါင်းညိတ်ခေါင်းခါအမူအရာဖြင့် မလုံလောက်သော မေးခွန်း များ ကိုသားတစ်လုံးစ နှစ် လုံးစတိုးညင်းစွာ ဖြေတတ်လေသည်။
ကိန်းခန်းကြီးကျယ်စွာ တင်းမာသော မျက်နှာပေးဖြင့် ဣနြေ္ဒ၀တ်ရုံလွှာကိုအတင်းအဓမ္မလွှမ်းခြုံထားခြင်းမဟုတ်တာတော့ လင်းဇော်နားလည်မိသည်။
စူးလက်တောက်ပသော မျက်လုံးများ ဖြင့် တစ်ဖက်သား၏ ဆက်ဆံမှု ကိုတလေးတစားတုံ့ပြန်မြဲ၊ စူးရှသယောင်နှင့် စေ့စေ့ကြည့်လျှင် ညို့မှိုင်းလဲ့ရီသော မျက်လုံးများ ၏ သိမ်မွေ့ခြင်းကိုလင်းဇော် ခံစား ရသည်။
အလှုပ်အခတ် အရွေ့အလျားနည်းပါးသော မျက်လုံးမျက်တောင်တို့၏ အသရေကတစ်ခါတစ်ရံ ပွင့်လန်းလာသော အပြုံးတို့ကို မြတ်နိုးစဖွယ်ရှိစေသည်။ တည်ငြိမ်အေးဆေးခြင်းသည် နွယ်၏ ပကတိ စရိုက်သဘာဝ။
တစ်ကိုယ်တည်းအေးဆေးစွာ ချောင်းထဲမှာ အပန်းဖြေနားနေသော ရေသူမကလေးကို တိတ်တခိုးငေးကြည့်နေရင်း မိမိဘာသာမလုံမလဲ ဖြစ်လာ၏ ။ မတရားသဖြင့် အခွင့်အရေး ယူမိသည်ကို အပြစ်ရှိ သလိုနောင်တရသည်။
မနောကံနှင့် ပင် မထိပါးရက်ပါဘူး နွယ်။ လွတ်လွတ်လပ်လပ် အပန်းဖြေပါ၊ နားနေပါ၊ အားယူပါတော့။
လင်းဇော်ကကိုယ်ကိုတစ်ဖက်ပြန်လှိမ့်ပြီးနေရာရွေ့သည်။ ကျောအောက်မှ ခင်းထားသည့် အင်ဖက်တွေ ကစဥ့်ကလျားရွေ့လျားကုန်သည်ကိုသိသော်လည်းမပြုပြင်လိုတော့။ မြေမှု န်၊ သဲစတွေ ပေကျံမှာ ကိုလည်းမမှု လိုတော့။
ချုံနွယ်တွေ ခြောက်သယောင်း၍ မြက်ခင်းတွေ ပါးလျားနေပြီ ဖြစ်သော သည် တောစပ်မှာ ကားပျက်ပြီဆိုကတည်းက လင်းဇော် အင်ဖက်တွေ ခူးဖို့ စိတ်ကူးရသည်။
မကြုံဖူးသော လမ်းခရီး အတွေ့ အကြုံကြောင့် ကိုယ်လက်နာကျင်လှပြီး ကျောခင်းလဲလျောင်း ပစ်လိုက်ချင်သည်။ အင်ဖက်တွေ ကိုပဲဆက်စပ်ပြီးခင်းရတော့မည် ။
`ရှပ်ကျိုးသွားပြီဆရာ´ ဟုဒရိုက်ဘာက ရယ်ကျဲကျဲမျက်နှာဖြင့် မျက်နှာချိုသွေးသလိုလို၊ တောင်းပန်ချင်သလိုလိုကြေညာတော့ သူငယ်ချင်းဖိုးမင်းမောင်ကထဆဲသေး၏ ။
“ကျုပ်ငှားတုန်းကခင်ဗျားကားသေသေချာချာလုပ်ထားပါတယ် ဆိုဗျ”
ရှူးရှူးရှဲရှဲဒေါပွကာကားသမားကိုဖိဟောက်နေသည်။
“လုပ်တော့ လုပ်ထားတာပဲဒေါက်တာ၊ လမ်းအကြောင်းလည်းဒေါက်တာသိသားပဲ။ ဒီလောက် ကျယ်တဲ့ ချိုင့်ကြီးကိုသစ်လုံးတွေ လှဲချပြီးမညီမညာခင်းထားတော့……..”
“ခင်ဗျားကားသမားမဟုတ်ဘူး။ ဒီအပေါ်မောင်းရင် ခင်ဗျားကားစုတ်က ခံနိုင်ပါ့မလား ဆိုတာချိန်မှပေါ့ဗျ။ အောက်လမ်းကဆင်းမောင်းမှပေါ့ဗျ”
ဒရိုက်ဘာက ကွမ်းသွေးတွေ ရဲနေသော ပါးစပ်ပြဲကြီးဖြင့် စပ်ဖြဲဖြဲလုပ်ကာကားပြင် ကိရိယာ တန်ဆာပလာတွေ ကိုတဂျောင်းဂျောင်းဆွဲထုတ်နေသည်။ မင်းမောင်ကစပယ်ယာနှင့် အတူ ကားအောက် ကိုငုံ့ကြည့်ရင်းလှည့်ပတ်စစ်ဆေးနေ၏ ။
ကျော်သက်ကဒုတိယနောက်ဆုံးမှ ကားပေါ်မှဆင်းသည်။ နောက်ဆုံးမှဆင်းမည့်  အမျိုးသမီး ခရီးဖော်ကိုစောင့်စားကူညီမည့်  အမူအရာအပြည့်နှင့် ။
အကြောင်းသိချင်းမို့ လင်းဇော်ကကျော်သက်ကိုမသိကျိုးကျွန်အကဲခတ်ရင်းကားနောက်ခန်းမှ ဂျိုက်ကိုဆွဲထုတ်နေသော စပယ်ယာကလေးအားကူညီနေလိုက်သည်။
“ဖြည်းဖြည်းဆင်း၊ ညီမ၊ ဖြည်းဖြည်း……ခုန်မချနဲ့နော်။ အောက်ကသစ်လုံးတွေ ကမညီဘူး။ ရရဲ့ လား…….အဲ…….အဲ”
နွယ်ကဘီးဖုံးပေါ် တစ်ထစ်နင်း၍ ဖြည်းညင်းစွာ လျှောဆင်းသည်။ အနေအထားမပျက်။
ကျော်သက်သာအာသွက်လျှာသွက်၊ လက်ကမ်းတော့မလိုလို၊ ဆီးပွေ့တော့မလိုလိုကိုးရိုးကားရား ရှိရာမှသည် အိုးတိုးအမ်းတမ်းကျန်ရစ်၏ ။
“ဟေ့လူရှပ်ကျိုးရုံတင် ဘယ်ကမလဲဗျ။ ဟောဒီမှာ မိန်းကလေးကြီးလည်း ကျိုးသွားပြီ၊ ခင်ဗျား ကား…….”
“ရပါတယ်……..ဒေါက်တာ”
“ခုထိရပါတယ် လုပ်တုန်း၊ နေ့တစ်ဝက်နဲ့ ပြီးမှာ လားဒီကားစုတ်”
“ပြီးပါတယ် ဒေါက်တာရဲ့ ”
“ပြီးနေ၊ တမူးကိုညဥ့်နက်မှ ရောက်တာထား၊ ခမ်းပတ်ကိုအချိန်မတော် ကြီးမရောက်စေချင်လို့ ပြောနေတာ၊ ဒီဆရာမ လေးကခမ်းပတ်မှာ မျက်နှာစိမ်း၊ အေး…..အဲ……ဆရာမ ၊ သိပ်တော့စိတ်မပူပါနဲ့ ဗျာ။
ကိုဇော်ဝင်းသန်း…..အဲခင်ဗျားသွားမယ့် တွဲ ဖက်ကျောင်းကကျောင်းအုပ်ဆရာကြီးဆိုတာ ကျွန်တော် နဲ့ ရင်းပါတယ်။ မတွေ့ တွေ့ အောင် ရှာပြီးပို့ပေးခဲ့မယ်။ နေရာထိုင်ခင်းသူစီစဉ်ထားမယ် ထင်တယ်”
“ဟုတ်ကဲ့ပါ”
မင်းမောင်၏ နောက်ဆုံးမေးခွန်းကိုဖြေကြားသော `ဟုတ်ကဲ့ပါလား၊ စိတ်မပူပါနဲ့´ ဆိုသည်ကို ` ဖြစ်သလိုပဲပေါ့´ဟုလက်ခံတုံ့ပြန်သည့် `ဟုတ်ကဲ့ပါလား´မခွဲခြားနိုင်။
ညို့မောင်သော မျက်ဝန်းများ ဖြင့် မင်းမောင်ပြောသမျှကိုစူးစိုက်နားထောင်ပြိးမှ `ဟုတ်ကဲ့ပါ´ တစ်ခွန်းတိုးညင်းစွာ ဆိုသည်။
ကားပြင်ကိရိယာတွေ သယ်ရွှေ့ကာရှုပ်ရှက်ခတ်နေသော ဂျစ်ကားအနီးတစ်ဝိုက်မှ ဖယ်ခွာပြီးအင်တိုင်းတောစပ်မှာ ရပ်နေ၏ ။
မင်းမောင်ကဒေါသမပြေ။
“လွန်တာပေါ့ဗျာ၊ ခင်ဗျားကားကကျီကုန်းလွန်တယ်ဆိုရုံရှိသေးဘီးကပေါက်တယ်။ စော်ဘွား ရေရှင်မှာ ထမင်းစားတုန်း ကျုပ်ကဆီတွေ ဘာတွေ ကြည့်ထားဦးလို့ သတိပေးမှ ဆီမလောက်တာ သိပြီး ဆီဖြည့်ခဲ့ရတယ်။ ကြိုတင်ပြင်ဆင်မှု မှ မရှိဘဲ။ ဆရာဝန်သာ လုပ်စားရင် ခင်ဗျားကုတဲ့ လူနာတွေ အလောင်းချင်းကိုထပ်နေမှာ ”
“ဒါကြောင့် လည်း ဆရာဝန် မ ဖြစ်တာပေါ့ ဒေါက်တာကြီးရာ”
ဒရိုက်ဘာကကားအောက်ငုံ့၍ ဂျိုက်ထောက်ဖို့ကြိုးစားရင်းအသံအစ်အစ်ဖြင့် တုံ့ပြန်လိုက်သည်။
“မရှိလို့လုပ်စားတာပဲ၊ ဖြည်းဖြည်းပေါ့ မင်းမောင်ရာဟဲ……ဟဲ”
ကျော်သက်က အင်တိုင်းတောစပ်မှာ ရပ်နေသော နွယ့်ဆီသို့ မျက်လုံးများ ဝေ့ကြည့်ရင်း တဟဲဟဲ ရယ်နေသည်။
“အရေး ထဲမင်းအကြောင်းငါမသိရင်ခက်မယ်။ ဟေ့ကောင် လင်းဇော်၊ ဒီငါမနိုင်မသားကို နဖား ကြိုးတင်းတင်းဆွဲထားစမ်းကွာ”
မင်းမောင်ကကျော်သက်ကိုခြေဖြင့် တစ်ချက် မထိအောင် လှမ်းခတ်ရင်းအံကြိတ်သံဖြင့် တစ်ခွန်း ဆဲလိုက်သည်။ ကျော်သက် မျက်နှာမပျက် တဟဲဟဲရယ်ကာ နွယ်ရှိရာသို့ အပြေးတစ်ဝက် လှမ်းသွား သေး၏ ။ ပြီးမှ နွယ့်ဘေးမှဖြတ်ကာအင်တိုင်းတောအတွင်းဘက်သို့ တိုးဝင်ပျောက်ကွယ်သွား လေသည်။
“အကျင့် ကတော့ အရင်အတိုင်းပဲလင်းဇော်”
အတွင်းသိအစဉ်းသိသူငယ်ချင်းတွေ မို့ ရယ်ချင်ပုံရှိသော်လည်း လင်းဇော်က နွယ့်ကိုအားနာသနား နေသည်။
ခုမှမဟုတ်၊
ခရီးဦးစကတည်းက၊
မိမိတို့ကားဖြင့် မိန်းကလေး တစ်ယောက် အတူလိုက်ပါမည့် ဆိုကတည်းက……..။
နေရဉ္ဖရာတည်းခိုခန်းရှေ့မှာ ဂျစ်ကားကိုစက်သတ်ရပ်လိုက်သည်။
ဘယ်သူမှ ကားပေါ်ကမဆင်းဘဲတည်းခိုခန်းဆီသို့ ငဲ့ကြည့် ဖြစ်ကြ၏ ။ မျက်နှာစာဧည့်ခန်းမှာ လူတစ်ချို့ရှိသည်။ ဖတ်လက်စစာအုပ်ကို သိမ်းရုတ်ရင်းထိုင်ခုံပေါ်မှ လှမ်းကြည့်လိုက်သော အမျိုးသမီး တစ်ယောက် ကို မြင်သည်။
“ဒီမှာ ခင်ဗျာ……. ခမ်းပတ်ကို လိုက်မယ့်ဆရာမ ဆိုတာ”
အမျိုးသမီးက ဖျတ်လတ်စွာ လှုပ်ရှားလိုက်သည်။ လျှပ်ပြက်သလို အပြုံးဖြင့် ကားဆီသို့ လှမ်း ကြည့်ရင်း -
“ဟုတ်ကဲ့ ကျွန်မပါ”
ဝင်းလက်သော မျက်နှာ၊ နက်မှော င်ထူထဲသော မျက်ခုံး၊ မျက်တောင်အလှတို အဝေးကြည့် မြင်ကွင်းမှာ ပင် ထင်ရှားနေ၏ ။ ကားစပယ်ယာကလေးက ပစ္စည်းသယ်ရန် အပြေးတစ်ဝက် ခုန်ဆင်း သွား ဆဲ လင်းဇော်က မျက်နှာချင်းဆိုင် ကျော်သက်ထိုင်ခုံတန်းသို့ နေရာရွှေ့လိုက်သည်။ အမျိုးသမီး တစ်ယောက် တည်း တစ်ဖက်ထိုင်ခုံမှာ လွတ်လပ်စွာ ထိုင်ပါစေလေ။
“ဟေ့ကောင် လင်းဇော်၊ မင်း ရှေ့ကို လာပါလား”
မင်းမောင်က လည်ပြန်လှည့်ပြီးခေါ်သည်။
လင်းဇော် ခေါင်းယမ်းလက်ခါ အမူအရာဖြင့် ငြင်းဆိုလိုက်သည်။
“အား ဘုရားသခင်ရဲ့ ကျေးဇူးတော် ပါပဲ”
ကျော်သက်ထံမှ အဆီအငေါ်မတည့်လှသော ရွတ်ဖတ်သံကို ကြားရ၏ ။
လင်းဇော် နားမလည်စွာ လှည့်ကြည့်မိတော့ ကျော်သက်မျက်နှာက စပ်ဖြဲဖြဲ။
“ဘာ ဖြစ်တာလဲ ကျော်သက်”
“အဟဲ့…..ဟိုမှာ လေ၊ ဖီဘီကိတ်စ်နဲ့ တူသလိုလို၊ ဘရွတ်ခ်ရှီးလ်နဲ့ တူသလိုလို၊ နှစ် ယောက် ပေါင်း ထားသလိုလို၊ ကိုယ်တို့ကံမကောင်းဘူးလား”
“ဘာဆိုင်လို့လဲ”
“ဟူး မဆိုင်ရင်နေပေါ့ ကိုယ့်လူ၊ နောက်မှ ကန့်လန့်ကန့်လန့် ၀င်မရှုပ်နဲ့၊ပြောထားပါပေရဲ့ ”
မင်းမောင် မျက်နှာရှုံသည်ကို ကားမှန်ထဲမှာ လှမ်းမြင်နေရ၏ ။ မင်းမောင်က ကားရှေ့မှန်ထဲမှတစ်ဆင့် သူတို့ကို စိုက်ကြည့်ရင်း နှုတ်ခမ်းမွေးလှုပ်ရုံမျှ တိုးတိုးပြောသည်။
“ကူပါ ကယ်ပါ၊ စောင့်ရှောက်ပါဆိုတဲ့ မျက်နှာထားမျိုးနှင့် တွေ့ သမျှလူကို အောက်ကျို့ပြီး ကြုံသလို ခေါင်းငုံ့လိုက်လျောသွားမယ့် မင့်ကယ်ရီယာကောင်မလေးတွေ မျိုး မဟုတ်ဘူးဆိုတာတော့ သတိထားနော်။ ဒါ ဆရာမ ကွ၊ အဲ့ဒါမမေ့နဲ့”
“ဆရာမ ပဲ ဖြစ် ဖြစ်၊ ဘာပဲ ဖြစ် ဖြစ် ကားပေါ် မိန်းမ တစ်ယောက် ပါလာရင် ငါတော့ပျော်တာပဲ”
“ဘူးပဲ”
ဟု တစ်ခွန်းဆိုကာ မင်းမောင် ပျစ်ပျစ်နှစ် နှစ် ဆဲသည်။
လင်းဇော်က မင်းမောင်ဆဲသံ သိပ်ကျယ်သွားသလားဟု စိတ်ပူပန်စွာ ကားနားရောက်လာပြီ ဖြစ်သော ဆရာမ လေးကို ကွက်ခနဲ အကဲခတ်ကြည့်မိ၏ ။
ရှစ်ဘီးတပ် ယူအက်စ် ခရီးဆောင်သားရေသေတ္တာကြီးကို စပယ်ယာကလေးက ကားနောက် ခန်းသို့ တွန်းတင်လိုက်သည်။ ပြီးတော့ အိပ်ရာလိပ်၊ နောက်ခန်းထဲမှာ လင်းဇော်၏ ဟင်းဘက်အိတ်၊ မင်းမောင်နှင့် ကျော်သက်တို့၏ ပစ္စည်းပစ္စယအိတ်တို့အပြင် ကားသမားဆရာတပည့်နှစ် ယောက် ၏ အိပ်ရာလိပ်အထုတ်အပိုးတွေ ပါ ခြေချစရာမရှိအောင် အပြည့်ပါလာသည်မို့ ဆရာမ လေး၏ ပစ္စည်းတွေ နေသားတကျ တင်နိုင်အောင် ကျော်သက်က ပြင်ဆင်နေရာချနေသည်။
“အဲ ဟိုဘက်ကထိုင် …… ညီမ”
အတော် ပါးစပ်ရဲ့ တဲ့ကောင်ဟု စိတ်ထဲက ချီးကျူးရင်း နှင်းဆီနက်ရေမွှေးနံ့ ယဉ်ယဉ်ကလေးကို တိတ်တခိုးရှူရှိုက်ရသည်။ မျက်နှာချင်းဆိုင်အနေအထားမှာ မျက်လုံးချင်းဆုံမိမှာ စိုးသေးသည်မို့ သေးမျှင်သော သားရေကြိုး ဖြူဖြူကလေးတွေ ယှက်သိုင်းထားသော ခြေခုံဝင်းမို့မို့ကလေးတွေ ဆီ အကြည့်ပို့ထားရ၏ ။
လျှော်အိတ်ဖြင့် စည်းနှောင်ထားသော အထုတ်အပိုးတွေ ပေါ် ခြေချဖိနင်းထားရသည်မို့ သူ့ခြေထောက်ကလေးတွေ အားနာဟန်၊ မရွံ့မရဲလှုပ်ရှားဟန်ကို တွေ့ သည်။
“အားမနာနဲ့ ညီမ၊ ခြေထောက်ရဲရဲတင်ထားပါ။ ဒီလမ်း ဒီခရီးမျိုးက လူကို သက်သော င့်သက်သာ အ ဖြစ်နိုင်ဆုံးထားပြီး သွားမှ၊ လွတ်လွတ်လပ်လပ်ထိုင်သာထိုင်၊ အနေကျူံ့စရာ ဘာအကြောင်းမှ မရှိဘူးနော်”
ကျော်သက်က အာဝဇွန်းရွှင်ရွှင်နှင့် စကားရောဖွဲရောလုပ်စပြု၏ ။
ဆရာမ လေးက နှုတ်ခမ်းမပွင့်သော အပြုံးဖြင့် ခေါင်းတစ်ချက်ညိတ်ကာ ကျော်သက်ကို တုံ့ပြန် သည်။
ဆရာမ လေး တစ်ယောက် ဖြစ်မှန်းသိပါလျက် ‘ဆရာမ ’ဟု မခေါ်ဘဲ ညီမ ညီမဟူသော စကားလုံးတွေ လှိုင်လှိုင်သုံးပြီး ကျော်သက်တို့ ‘လုံး’ တတ်ပုံကို လင်းဇော်အားကျချင်တင်တင်။
ကားစက်မနှိုးမီကတည်းက ကျော်သက်ခရီးထွက်ဖို့ အသင့် ဖြစ်နေသည်။ မျက်လုံးကိုမမြင်ရ အောင် ပြဒါးသုတ်ထားသည့် နေကာမျက်မှန်အနက်တပ်ပြီးပြီ။ ဂျစ်ကားနောက်မှီသံတန်းပေါ်မှာ ခန္ဓာကိုယ်ကို လေးဆယ့်ငါးဒီဂရီကိုက်ရုံ ခပ်လျောလျောမှီရင်း ဒူးထောင်ပေါင်ကားဖြင့် ထိုင်လျက်ရှိပြီ။
လင်းဇော်က မိမိနှင့် အတူ လိုက်ပါတော့မည် ခရီးသွားဖော်မိန်းကလေးကို အားနာသနားစိတ်ဝင် သည်။
``ဘာပဲ ဖြစ် ဖြစ် ကားပေါ်မှာ မိန်းကလေး တစ်ယောက် ပါလာရင် ငါတော့ပျော်တာပဲ´´
ဆိုသည့် ကျော်သက်စကားတွေ ကို ကြားယောင်နေသည်။ သည်ကောင်တော့ ရမ်းကားသည့် နေရာမှာ နှစ် ယောက် မရှိ။
ယောက်ျားချင်းပင် အောချယူရသည်အထိ။
မိန်းကလေးက လင်းဇော်၏ ဒူးများ ဖြင့် ထိတိုက်နေသော သူ့သားရေသေတ္တာကြီးကို သူ့ဘက်သို့ အနည်းငယ်ဆွဲယူတော့မှ `ရပါတယ် ခင်ဗျ´ဟု ကယောင်ကတမ်းပြောရသည်။
သေတ္တာငုံ့အရွှေ့တွင် အနည်းငယ်ငိုက်ယွန်းသွာသော မိန်းကလေး၏ လည်တိုင်အလှကို သတိ ထားမိသည်။ ချောကလက်ရောင် ပိုးစဖြင့် ဆံပင်တစ်အုံလုံးကို ရစ်ပတ်စည်းနှောင်ထားသည့်ကြားက ကုပ်သားပေါ်လွန့်လျှောကျနသော ဆံလိပ်ကလေး တစ်ခွေနှစ် ခွေ၊ ကျစ်လျစ်သိုသိပ်စွာ ထုံးဖွဲ့ထားသော သူ့ယာဉ်တစ်ကိုယ်လုံးမှာ သည်ဆံခွေကလေးတွေ သာ မခို့တရို့ရှိမည် ထင်ပါရဲ့ ။
ရှားရင့်ရောင် လုံချည်၊ လည်တိုင်ရင်းအထိ ဇစ်များ ဆွဲစေ့ထားသော စစ်စိမ်းရောင် ဂျာကင်အင်္ကျီပွ ကြီးနှင့် မို့ သူ့ကိုယ်နေကောက်ကြောင်းကို မခန့်မှန်းနိုင်။ သွယ်လျလေမလား၊ အနည်းငယ် တုတ်ခိုင်သူပေ လား ခွဲခြားမရ။
ဆံပင်တစ်အုံလုံးမြုပ်အောင် ပ၀ါဖြင့် စည်းနှောင်ရစ်ပတ်ဟန်၊ အပွင့်အခက်အနွယ်အမျှင် မပါ သည့် အရောင် မှိုင်းမှိုင်းကို ရွေးချယ်ဟန်၊ ဂျာကင်အင်္ကျီကို ဇစ်ဆုံးတင်၍ ၀တ်ဟန်တို့ကို လင်းဇော် သတိ ထားကြည့်မိ၏ ။
ကျစ်လျစ်သိပ်သည်းသော ခေတ်ပေါ်ဆင်ယင်ထုံးဖွဲ့မှု ဟု ကျေနပ်ကြည်နူးစွာ ခံစားရသည်။ ကျော်သက်ကို ကောင်တစ်ကောင်ရဲ့ မျက်စိအောက်မှ စိတ်အနှောင့်အယှက် မကြုံရဘူးပေါ့ ညီမလေး ရယ်။
စိတ်ထဲက ဦးတည့်ရာတွေးရင်း တကယ့်နှမငယ်လေးတစ်ဦးပမာ ကြင်နာသနားစိတ်တွေ ပွားစီးလို့ နေဆဲ။
ကားဘီးများ လိမ့်စပြုသည်။
ခရီးစပြီဟူသော အသိက ဖျတ်ခနဲဝင်၏ ။ ကလေး-တမူးခရီးစဉ်အစ၊ အကျင့်ပါနေသော လင်းဇော်က လက်ပတ်နာရီ မြှောက်ကြည့်လိုက်သည်။ နံနက်ခြောက်နာရီ လေးဆယ်မိနစ်။
ပြီးတော့လည်း မေ့သွားမည် သာ ဖြစ်သည်။
သည်လို့နှင့် မနေ့က လေယာဉ်ဆိုက်ချိန်ကိုလည်း နာရီကြည့်ခဲ့ပါလျက် ခုမေ့ပြီ။
အချိန်နာရီတွေ ကာလဒေသတွေ ကို အမှတ်ထင်ထင်မရှိတတ်သော လင်းဇော်က လူ့မျက်နှာ စရိုက် အမူအရာ အလှုပ်အခတ် အရေး အခင်းတွေ ကိုတော့ အသိအမှတ်ကြီးသည်။
``ကျေးဇူးပြု၍ နားဆင်ပါရှင်၊ မကြာမီအချိန်အတွင်းမှာ ကျွန်မတို့လေယာဉ်ဟာ ကလေးလေဆိပ် ကို ဆင်းသက်ပါတော့မယ်။ ခရီးသည်များ မိမိတို့ရဲ့ ထိုင်ခုံခါးပတ်များ ကို ပတ်ထားကြပါရန်…´´
လေယာဉ်မယ်၏ အသံချိုချိုကလေးကို တစ်ဝက်တစ်ပျက်သာ လင်းဇော်ကြားလိုက်၏ ။ သူ့အာရုံ က လေယာဉ်၏ ပြင်ပသို့ လွင့်ထွက်သွားသည်။
တစ်စတစ်စ ပီပြင်ထင်ရှားလာသော တိုက်တာအိမ်ခြေတွေ ကို မှန်ပြတင်းမှ ငုံ့စီးကြည့်မိ၏ ။ စိမ်း လန်းသော တောတောင်ရေမြေက မြို့ကွက်ကို အနားသတ်သည်သို့ ရှိသည်။
ရိပ်ခနဲ ရိပ်ခနဲ လေယာဉ်ဆင်းနေသ်ညကို အသက်အောင့်ထားလျက်က နားထဲမှာ ဖောက်ခနဲ ဖောက်ခနဲ ပေါက်ကွဲသလို ခံစားရသည်။ နားစည်ကွဲပြီထင်ပါရဲ့ ။
ခေါင်းထဲမှာေ၀၀ါးလာသည်။ အာရုံတွေ မကြည်လင်နှင် မျက်စိအောက်မှာ အိမ်ခေါင်မိုးတွေ ပြေးတက်လာသလို အံ့အားသင့်သွားပြီး လေယာဉ်ဘီးနှင့် မြေကြီးထိသည်ကို ဒုတ်ခနဲသိလိုက်သည်။
ကြည့်စမ်း..လေယာဉ်ကွင်းက မြို့လယ်ကောင်မှာ ပါကလား။ အိမ်များ အလယ်ကို ဝေါခနဲထိုးဆင်း လာသည့်လေယာဉ်။
နာရီကိုမှတ်မှတ်ရရ ငုံကြည့် ဖြစ်သေး၏ ။ သို့ သော် ကလေးလေဆိပ်ဟူသော စာတန်းကိုရိပ်ခနဲ တွေ့ လိုက်ပြီး လေဆိပ်အဆောက်အအုံရှေ့က လူအုပ်ထဲမှာ အနောက်တိုင်းဝတ်စုံနှင့် မြင့်မြင့်မားမား လက်ပိုက်ရပ်နေသူ တစ်ယောက် ကို မင်းမောင်များ လားဟု ထင်လိုက်ကာ အာရုံတွေ ပြောင်းသွား သည်။
ဟုတ်မှာ ပါပဲ။
များ သော အားဖြင့် အရပ်အမောင်းမြင့်လျှင် လူနေလူဟန် ခပ်ကိုင်းကိုင်း ဖြစ်ကုန်ကြသည်ချည်း။
မင်းမောင် တစ်ယောက် သာ အရပ်မြင့်သည့်ကြားက မားမားမတ်မတ်တောင့်တင်းစွာ ရပ်ပြီး ပတ်ဝန်းကျင်အရပ်ရှစ်မျက်နှာကို ငုံ့မိုးကြည့်တတ်သူ။
မင်းမောင် မတ်တပ်ရပ်ဟန်ကို ကျောင်းမှာ ကတည်းက လင်းဇော်အားကျဖူးသည်။ သူမို့ လက်ပိုက်ရပ်နေပြီဆိုလျှင် လောကဓံမုန်တိုင်း ရိုင်းချင်ရိုင်း၊ ကြမ်းချင်ကြမ်း မဖြုံတမ်းအန်တုမည် သို့ ထင်ရ၏ ။ တော် တန်ရုံနှင့် တုန်လှုပ်ခြင်းမရှိ။ ပကတိတည်ငြိမ်ဝံ့စားသော ယောက်ျား တစ်ယောက် ၏ ဥပဓိရုပ် အပြည့်ရှိသည်။
လင်းဇော်တို့ ကတော့ ဖီလင်သမားလေ။ ထိခိုက်လှုပ်ရှားလွယ်သူလို့ ၀န်ခံရမည် ။ ပျော်ရွှင်မြူးထူး သည့်အခါ ကမ္ဘာဦးအစက သံလွင်ရွက်ကို ကိုက်ချီပျံဝဲသည့် ချိုးငှက်ငယ်၏ ဦးခေါင်းလို ကောင်းကင်ပြာ ကို ထိုးဖောက်မတတ် တက်ကြွဖူးပါရဲ့ ။ ဆွေးပြီဆိုလျှင် ပခုံးပါးဝယ်ထိလုမတတ်ပင်။ လင်းဇော်က အစွန်း နှစ် ဖက်မှာ ဘယ်ညာကူးတတ်သူ။
ဒါကြောင့် လည်း ဆေးကျောင်းရောက်ခဲ့တာချင်း အတူတူ မင်းမောင်က ဆရာဝန်ဖြောင့်တန်းစွာ ဖြစ်ခဲ့ပြီး ကိုယ်က ဒုတိယနှစ် မှာ ကတိမ်းကပါး တွေ့ ကြုံခဲ့ရသည်။
ပထမတော့ ဂီတ၀ါသနာရှင် ကျောင်းသားတို့ အုပ်သင်းဖွဲ့မိခြင်း သက်သက်ပါပဲ။ မိန်းကလေး ဆောင်တွေ မှာ ကိုယ့်အစုနှင့် ကိုယ် လှည့်လည်ကာ ဂစ်တာတီးရင်း သီချင်းဆိုရင်းက သီချင်းဂီတနှင့် လုံးဝ ပတ်သက်သော ကိစ္စရပ်တစ်ချို့မှာ စပ်စပ်စပ်စပ် ရော ဖြစ်သည်။
သည်အခိုက်မှာ မမျှော်လင့်သော အခြေအနေတွင် ရှုပ်ယှက်ခတ်လာပြီး လင်းဇော် ပန်းတိုင် ပျောက် ခဲ့ရလေသည်။
သည်တုန်းကတည်းက မင်းမောင်သူငယ်ချင်းပီသခဲ့တာတွေ ကို လင်းဇော်နွေးထွေးနားလည်ခဲ့ရပါ ရဲ့ ။ သည်လိုပင် မားမားမတ်မတ် လက်ပိုက်ရပ်ပြီး အတတ်နိုင်ဆုံး ဖေးကူစောင့်ရှောက်ခဲ့သည့် သူငယ်ချင်း။
ကိုယ့်လမ်းကိုယ် တည့်တည့်လျှောက်သူ မင်းမောင် ကတော့ နယ်စပ်မြို့ကလေးတစ်မြို့မှာ ဆရာဝန်အ ဖြစ် အောင်မြင်လျက်ရှိပြီလေ။
လေယာဉ်တံခါးပွင့်သည်နှင့် အဦးဆုံးဆင်းမည့် သူက လင်းဇော် ဖြစ်နေသည်။ လေဆိပ်အဆောက် အအုံကို မျှော်ကြည့်လိုက်တော့ ဟုတ်ပါရဲ့ … မင်းမောင်မှ မင်းမောင်၊ လက်နှစ် ဖက်ကို ကြက်ခြေယှက်မျှ ဝှေ့ယမ်းနှုတ်ဆက်နေသည်။
မင်းမောင်နှင့် ယှဉ်လျက် ဂျင်းဝတ်စုံနှင့် လူကလည်း မျက်မှန်နက်ကြီးကိုဖြုတ်လိုက်ပြီး ခေါင်းပေါ် မြှောက်ပြနေ၏ ။
အသေအချာကြည့်မှ ပြုံးထားသော နှုတ်ခမ်းတွေ နားရွက်ဆီ ချိတ်လုနီးပါးရိသည်ကိုမြင်ရကာ…
``ကြည့်စမ်း..ကျော်သက်လည်း ပါလာတာကိုး…´´
အားပါးတရ စိတ်ထဲက ကျုံး၍ ဆဲလိုက်ရင်း လေယာဉ်လှေကားထစ်တွေ ကို ဘယ်လိုနင်းပြီး ဆင်းခဲ့မိမှန်းမသိဘဲ မြေပြင်သို့ ရောက်လာ၏ ။
နှင်းကြွင်းစနတို့ ပါးလျားစပြုပြီကို ခုမှ သတိထားမိသည်။
မင်းမောင်နောက်ဘက်သို့ လည်ပြန်လှည့်ကာ -
``ဟေ့ကောင် လင်းဇော်… နေကိုကြည့်လိုက်စမ်း၊ မင်း ဒီလို နေမျိုး မြင်ဖူးရဲ့ လားလို့…´´
သူညွှန်ပြရာသို့ ယောင်တိယောင်ကန်းဖြင့် လှမ်းမော့ကြည့်လိုက်သည်။
အို ဟုတ်ပါရဲ့ ၊ ကြည့်စမ်း..ငွေမင်စွန်းနေတဲ့ နေ၀န်း။
လင်းဇော် အတွေ့ အကြုံအရတော့ နေကို ပန်းသီးမှည့်လို နီနီရဲလျက်လည်း တွေ့ ဖူးသည်။ ရွှေမှန် ကင်းလို အရောင် အလျှံ ၀င်းဝင်းနှင့် မျက်စိကျိန်းစပ်စွာ မြင်ရဖူးသည်။ ဒါပါပဲ။ သည်နှစ် မျိုးပါပဲ။
``အေးကွ… နေထွက်တာကလည်း လသာနေတာနဲ့ တူပဲတူသေးတော့ကွာ´´
``ဆွတ်ပျံ့စရာလေးတွေ ပေါ့ကွာ၊ မင်းဟိုတုန်းက ပြောလေ့ရှိတာလေ သတိရသေးလား´´
နောက်ကြည့်မှန်ထဲမှာ ပြုံးထေ့ထေ့စိုက်ကြည့်နေသော မင်းမောင်နှင့်အကြည့်ချင်းဆုံမိကာ သဲ့သဲ့ ရယ်လိုက်၏ ။ ငယ်တုန်း ကတော့ တစ်ရာသီပြီး တစ်ရာသီ ပြောင်းလဲရွေ့လျားနေသော သြကာသ လောက သဘာဝတရားတွေ ကို လင်းဇော်မခွဲနိုင် မခွာရက်လောက်အောင် သံယောဇဉ်တွယ်ဖူးသည် လေ။
ညစဉ်လို မိန်းကလေးဆောင်တကာလှည့်ပြီး ဂစ်တာတီးနေသူမို့ စာကျက်ဖို့၊ အတန်းမပျက်ဖို့ သတိပေးရသူကလည်း မင်းမောင်ပါပဲ။
ဒါကိုဆင်ခြေနှင့် ငြင်းဆန်ရင်း သတိပေးသူကိုပါ ပြန်ပြီးအဖော်ဆွယ်လိုက်သေးသည်။
``နှင်းဖွဲ့ဖွဲ့အောက်မှာ လမ်းလျှောက်ရင်း သီချင်းဆိုရတာ ဆွတ်ပျံ့စရာကောင်းတယ်ဗျ။ ခင်ဗျား တစ်ခါလောက် လိုက်ကြည့်ပါလား´´
``နေပါဦး … ဘာကဆွတ်ပြီး ဘာကပျံ့ရတယ်ဆိုတာ ရှင်းစမ်းပါဦး၊ ငါမသိလို့´´
မင်းမောင် ကတော့လင်းဇော်တို့ ခြေအေးဝမ်းရောင် အုပ်စုကို ဘယ်တော့မှ အားပေးအားမြှောက် မပြုခဲ့ချေ။ အိပ်မက်မှ အတန်တန်လှုပ်နှိုးခဲ့ဖူးသည်။
သို့ သော် လင်းဇော်က ထွေပြားမြဲ။
မိုးသည်းသည်းစွေလျှင်လည်း ဆွတ်ပျံ့ချင်သည်။ နွေရွက်တွေ တ၀ဲဝဲကြွေတာမြင်လည်း ဆွတ်ပျံ့ ချင်သည်။
တစ်လောကလုံး ရှိရှိသမျှကို ဆွတ်ပျံ့စဖွယ်ချည်းမြင်ကာ တစ်ရာသီမပြတ်တစ်ရံမလပ် ဆွတ်ပျံ့ နေ၏ ။
သို့ ဖြင့် -
သြော် … ခုတော့ ရယ်စရာပါပဲကွယ်။
မနေ့က ကိစ္စတွေ ကို သည်နေ့ပြန်တွေးလျှင် ရယ်စရာ ဖြစ်တတ်သည်လား။
ဂျိုင်းခနဲ ခုန်ဆောင့်သွားသော အရှိန်ဖြင့် လင်းဇော် ယိမ်းယိုင်သွားသည်။ ရှေ့သို့ ပြိုလဲလုလု၊ နီးရာကိုလှမ်း၍ လက်ထောက်အားပြုထိန်းလိုက်ရသည်။
အားပြုထောက်ထားသော လက်ကိုတော် တော် နှင့် ပြန်မရုပ်သာ၊ ကျင်းချိုင့်ထူပြောသော မြေလမ်း ပေါ်မှာ ကားသည် ခလောက်ဆန်အောင် ခုန်ပေါက်ဆဲရှိ၏ ။
ယူအက်စ်သေတ္တာ ထောင့်စွန်းတစ်နေရာကို အားပြုဖိထားလျက်သားရှိသည်ကို သတိထားမိမှ လက်ကိုနေရာရွှေ့ ဖြစ်သည်။ မလိုအပ်ပါဘဲ ဘာကြောင့် များ အားနာစိတ်တွေ ၀င်လာရသည်မသိ။
ကိုယ့်ကြောင့် သူ့သေတ္တာ ခြေရာလက်ရာများ ပျက်သွားလေသလားလို့ စိုးရိတ်စိတ်များ ကလည်း မလိုအပ်ပါဘဲ တဖွားဖွားပေါ်လာသည်။ စောစောက ဖိခဲ့မိသော နေရာကို လက်ဖ၀ါးဖြင့် အယောင်ယောင် အမှားမှား ပွတ်သပ်မိသည်။
တိပ်ဖြင့် အုပ်ကပ်ထားသော အင်္ဂလိပ်စာတန်းကလေးတစ်ခုကို လက်ဖ၀ါးပြင်အတွေ့ ကြောင့် ငုံ့ကြည့်မိလေသည်။
ပထမဆုံး စာလုံးပေါင်းကို `နွဲ့´ဟုအသံထွက်ပြီး ဆက်ဖတ်ကြည့်တော့ -
`နွဲ့ဦးမွန်´
သူ့နာမည် ထင်ရဲ့ ၊ နောက်ဘက်စာလုံးနှစ် လုံးနှင့် တွဲ စပ်ကြည့်တော့မှ ပထမစာလုံးပေါင်းကို `နွယ်´ဟု အသံထွက်ချင်စိတ်ပေါ်သည်။
`နွဲ့ဦးမွန်´မ ဖြစ်နိုင်ပါဘူး။
`နွယ်ဦးမွန်´ပဲ ထင်ပါတယ်။ `နွယ်ဦးမွန်´မှ အဓိပ္ပာယ်လည်းရှိပိုပြီးတော့လည်းလှ၊ ဆရာ တက္ကသိုလ်ဘုန်းနိုင်ရဲ့ သီချင်းတစ်စလေ။
`နွယ်ဦးမွန်မို့ ချစ်ထွတ်တင်သည်´တဲ့။
လင်းဇော်သည် ငယ်စိတ်ငယ်သွေးတွေ ပူနွေးလှိုက်ခုန်လာကာ `နွယ်ဦးမွန်´ဆိုသည့်နာမည် ကလေးကိုပင် ဆွတ်ပျံ့စွာ ခံစားနေမိ၏ ။
ကိုယ့်ရင်ထဲ ခံစားနေမိတာတွေ မင်းမောင်သာသိလျှင် `ငကြောင်´ဟုဆဲကောင်းဆဲမည် ။ `သူငယ်နာမစင်သေးပါလား လင်းဇော်ရာ´ဟု ကရုဏာတစ်ဝက်ဖြင့် ဆူပွက်ကောင်းဆူပွက်မည် ။ ဘာပဲ ဖြစ် ဖြစ် အပြုံးမပျက် နှုတ်ဆိတ်နေလိုက်ရုံပင်။ လင်းဇော်သဘော ကတော့ `အနုပညာသမားတို့သည် ကလေးစိတ်မပျောက်သူများ ဖြစ်ကြကုန်၏ `ဆိုသည့်အဆိုအမိန့်တစ်ခုကိုပင် ထောက်ခံချင်တင်တင်။
ကိုယ်ကအစဉ်နုပျို ရွှန်းစိုနေသော နှလုံးသားဖြင့် လှုပ်ရှားသက်ဝင်နေတဲ့ကောင်ပဲ။ အနုပညာ သမား။ ဂီတသမား တစ်ယောက် ပေပဲ။
အသက်မွေးဝမ်းကျောင်းပြု၍ ရလောက်သော ဂီတပညာတစ်ရပ်ကို လင်းဇော်ကျွမ်းကျွမ်း ကျင်ကျင် တတ်မြောက်သည်။
ဂစ်တာတစ်လက်ရှိလျှင် သည်တစ်သက် လူလုပ်၍ ရပြီဟူ၍ လည်း မိမိကိုယ်မိမိ ယုံယုံရဲရဲရှိသည်။ လင်းဇော်သာဂစ်တပိုက်၍ ၀င်လာမည် ဆိုလျှင် မည် သည့်ထိပ်တန်းခေတ်ပေါ်တီးဝိုင်းကမဆို ၀မ်းမြောက် အားရ ကြိုဆိုကြမည့်  အနေအထားမျိုးမှာ ရှိသည်ဆိုတာကလည်း လင်းဇော်နားလည်သည်။
ပညာနှင့် ပတ်သက်လျှင် လင်းဇော်က ၀ံ့စားရဲသလောက်၊ စိတ်ဓာတ်ကျဆင်း သိမ်ငယ်စေ လောက်အောင် ဖန်တီးနိုင်ရက်လှသော အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်မိလျှင် ပခုံးသည် အလိုလို ကျုံ့သည်ထက် ကျုံ့သွားသည်ထင်ရလေ၏ ။ ခေါင်းကိုငုံ့သည်ထက် ငုံ့ပစ်ချင်စိတ်ပေါ်သည်။
ဂစ်တာပိုက်၍ မမွေးခဲ့ရုံတစ်မည် ၊ လူမှန်းသိကတည်းက ဂစ်တာကို ဖက်ကာ ကြီးပြင်းလာရသည့် ဘ၀ပေးအခြေအနေကို ကျေးဇူးတင်ရမည် လား။ သို့ သော် အဆိုတော် `သက်ဦးခင်´၏ `သား` ဖြစ်ခဲ့ရ ခြင်းကိုတော့ ရင်နင့်စွာ ခံစားနေရပါပြီ။
တကယ်တော့ အဆိုတော် သက်ဦးခင်ဘ၀က စန္ဒရားလှိုင်းအောင်၏ ဇနီးမယားအ ဖြစ်သို့ စုတေ စိတ်ကျဘ၀တစ် ဖြစ်လဲခဲ့ရခြင်းကို စာနာမိပြန်တော့ ပိုပြီးကြေကွဲနာကျင်ရသည်။
`အမေ´ဆိုတာကို ဖျောက်ပစ်လိုက်ပြီး သာမန်အနုပညာသည် တစ်ယောက် နှင့် ပဲ လင်းဇော် စဉ်းစားကြည့်သည်။
တင်တင်မြ၊ ချစ်စံပယ်၊ သန်းသန်းဆင့်တို့နှင့် ခေတ်ပြိုင်ထွန်းတောက်ခဲ့ဖူးသော ကြယ်တစ်ပွင့် `သက်ဦးခင်´။
သော တရှင်လိုရာ ဓာတ်ပြားခန်းမှ လည်းကောင်း၊ စစ်မြေမှ ချစ်ဆွေတို့လိုရာ တေးသီချင်းကဏ္ဍမှ လည်းကောင်း၊ ရုပ်ရှင်နောက်ခံသီချင်းကဏ္ဍမှလည်းကောင်း၊ အခန်းကဏ္ဍပြောင်း၍ တစ်နေ့မပြတ် ထုတ်လွှင့်ပေးခြင်းခံခဲ့ရသော `သက်ဦးခင်´၏ ရွှေရောင် နေ့ရက်များ စွာ …။
ချိုပြုံးအသံထက် ပို၍ နွဲ့သော သက်ဦးခင်၏ ထူးခြားသော ဆိုဟန်ကို တတမ်းတတရှိသည့် သော တရှင်များ စွာ ။
ရွှေရောင် တောက်ပနေသော ကာလမှာ ကျော်ကြားအောင်မြင်သော မိန်းမတို့ ကြုံရမြဲဓမ္မတာ အတိုင်း အိမ်ထောင်ရေး အဆင်မပြေမှု ကို ခါးစည်းခံနေရ၏ ။ သည်တုန်းက လင်းဇော် ဆယ့်လေးနှစ် သား အရွယ် ကိုးတန်း၊ ဆယ်တန်းကျောင်းသားဘ၀မှာ အမေမျက်ရည်ကျတာတွေ ၊ ရှိုက်ကြီးတငင် ငိုတာတွေ ကို မြင်ဖူးစပြုခဲ့သည်။ ထိန်းချုပ် ဟန်ဆောင်နိုင်လွန်းသော အမေ့ပင်ကိုစွမ်းရည်ကြောင့် လင်းဇော် စိတ်အနှောင့်အယှက် သိပ်မ ဖြစ်လှဘဲ အေးချမ်းစွာ ပညာသင်ခွင့်ရခဲ့၏ ။
အဖေနှင့် အမေတို့၏ ပင်ကြားအက်နေသော အိမ်ထောင်ရေး အခြေအနေကို လုံးဝမရိပ်စားမိဘဲ ဆယ်တန်းကို အမှတ်ကောင်းစွာ ဖြင့် အောင်နိုင်ခဲ့သည်။ ဆေးတက္ကသိုလ် ၀င်ခွင့်ရခဲ့သည်။
ဆယ်တန်းဖြေပြီးစနှင့် ဆေးတက္ကသိုလ်မတက်မီ ကြားကာလများ စွာ အားလပ်နေသေ အချိန်တွေ မှာ အိမ်တွင် အနေများ လာတော့မှ တငွေ့ငွေ့ လောင်မြိုက်နေခဲ့သော အိမ်တွင်းမီးကို သတိပြုမိသည်။
တစ်နေ့ …
အဖေနှင့် အမေ ခွန်းကြီးခွန်းငယ် စကားစစ်ပွဲဆင်နွှဲကြသည်ကို မျက်ဝါးထင်ထင် တွေ့ ဖူးသည့် ပထမဦးဆုံးအကြိမ်။
အမေက မင်္ဂလာဆောင်တစ်ခုသို့ သီချင်းသွားဆိုဖို့ ၀တ်စားပြင်ဆင် နေဆဲ ဖြစ်မည် ထင်သည်။
ရုံးမှပြန်ရောက်စ အဖေ့ကို ကားမောင်းပို့ပေးဖို့ ပြောမိသည့် အမေ့အမှားက စလေသည်။
``မောင့်ကို စောင့်နေရတာ နဲ့ နည်းနည်း တောင် နောက်ကျနေပြီ´´ ဟူသည့် အမေ့အပြစ်တင် စောသံကိုလည်း သည်းမခံချင်ဖွယ်။
ရင်းနှီးပွင့်လင်းသည့် လင်မယားလို သဘောထားရှင်းနေလျှင်တော့လည်း ဘာမျှ အကြောင်း မဟုတ်။ ခုတော့နဂိုက အခံကလေးတွေ အငုတ်ကလေးတွေ ရှိထားသည်မို့-
“ဒီအိမ်မှာ မင်းကိစ္စတွေ ချည်း ရှိတာမဟုတ်ဘူးလေ။ လောကမှာ မင်းကိစ္စချည်း အရေး ကြီးတယ် မမှတ်ပါနဲ့။ ငါလည်း အလကားကောင်မဟုတ်ပါဘူးကွ။ မိန်းမထဘီနားခိုစားနေတဲ့ ငတုံးမဟုတ်ပါဘူးကွ။ ငွေစာရင်းအရာရှိ တစ်ယောက် ရဲ့ အလုပ်ကိစ္စတွေ ကလည်း အဆိုတော် တစ်ယောက် ရဲ့ ဗာဟီရလောက် တော့ အရေး ကြီးပါသေးတယ်ကွ။ နေရာတကာ မင်းနောက်က တစ်ကောက်ကောက်လိုက်ပြီး ခစားမနေ နိုင်ဘူး”
အမေ့မျက်နှာပေါ်မှာ အရိပ်အယောင်တွေ တစ်မျိုးပြီးတစ်မျိုး ပြောင်းလဲဖြတ်သန်းသွားသည်ကို မြင်ရလေသည်။ အမေမသိမသာနှုတ်ခမ်းကိုက်လိုက်တော့ ရင်နှင့် မဆံ့အောင် မျိုသိပ်နေရသည့် ဝေဒနာ တွေ ကို ခန့်မှန်းလိုက်မိသလိုရှိသည်။
“ဒါလောက်ထိအောင်တော့ သက်အပေါ် အထအနမကောက်သင့်ဘူးထင်တယ်မောင်။ မောင် မအားဘူးဆိုရင် ရပါတယ်။ သက်ဘာသာသက်မောင်း သွားပါ့မယ်”
“ကိုယ့်ကား ကတော့ ရုံးကို တစ်ခေါက်ပြန်စရာရှိတယ်”
ဖေဖေ “ဂျစ်”ပြီဟု အတပ်သိလိုက်သည်။ အမေ့မျက်နှာ မည်းခနဲ ဖြစ်သွားပြီး မျက်လုံးတွေ စူးစူးလက်လက် အရောင် ထွက်လာ၏ ။
“ကိုယ့်ကိစ္စတွေ အရေး ကြီးနေတယ်ဆိုတာ စိတ်ဝင်စားမယ့်လူမရှိမှန်းသိလျက်နဲ့ အိမ်ပြန်လာမိ တာ။ ဘ၀တူအရာရှိချင်း တိတ်တိတ်ကျိတ်သိမ်ငယ်နေရတဲ့အ ဖြစ်၊ အများ အမြင်မှာ တော့ ဦးခင်မောင်ဇော် ကတော် က အဆိုတော် သက်ဦးခင်…တဲ့။ ဟဲ…ဟဲ… အထင်ကြီးလိုက်ကြတာ။ ဟဲ… ဟဲ။
လူကိုအရာရှိမှန်းမသိတဲ့ တချို့ကလည်း ဒါသက်ဦးခင်ရဲ့ ယောက်ျားတဲ့။ လူကိုနာမည် ကျော် အဆိုတော် မ တစ်ယောက် ရဲ့ လက်သပ်မွေးဝက်ကလေးလို့ ထင်တဲ့လူက ထင်၊ ဟဲ… ဟဲ မသက်ဦးခင် ရယ်၊ ကျုပ်အ ဖြစ်က “နာ”လွန်းပါတယ်။ တော် ပါပြီ အေးအေးနေပါရစေတော့။ သန့်သန့်လေး… သန့်သန့် လေး”
အဖေ့စကားတွေ အကြာကြီးနားထောင်မိတော့မှ ကြည့်စမ်းမသောက်စဖူး အဖေသောက်လာပြီ ပေါ့။ မူမမှန်သော လေသံဟန်ပန်တွေ နှင့် စကားထဲက ဇာတိပြလာသည်။
“အိမ်နှင့် မတူတဲ့ နေရာကြီးကို ပြန်ရမှာ ကြောက်လွန်းလို့ ကလပ်မှာ အချိန်ဖြုန်းပါသေးတယ်။ ကလပ်မှာ ကျတော့လည်း အဖော်မရှိ၊ ဘ၀တူအရာရှိတွေ က အချိန်တန်တော့ အိမ်ပြန်ချင်တဲ့လူချည်းပဲ ကိုး။ တော် ပြီဗျာတဲ့ အိမ်ပြန်နောက်ကျလို့ မိန်းမက စိတ်ပူနေမယ်တဲ့။ ဟဲ… ဟဲ နားလည်ရဲ့ လား ဒေါ်သက်ဦးခင်၊ ခင်ဗျားစိတ်ပူတာ ကတော့ ခင်ဗျားကိစ္စ နောက်ကျနေလို့ ဟုတ်တယ်မဟုတ်လား”
“ဒါသက်သက် အထ,အနကောက်တာ၊ ကျွန်မတို့အိမ်ထောင်ရေး ဟာတခြားလူတွေ ရဲ့ အိမ်ထောင်ရေး လို သာမန်အနေအထားမျိုးမဟုတ်ကြောင်း မောင်သိရက်နဲ့ သက်သက်ကတ်ဖဲ့လုပ်တာ၊ အိမ်မှာ အလကားနေရစ်တဲ့ မိန်းမတွေ ကတော့ လင့်ကိစ္စတစ်ခုပဲ စောင့် အရေး သယ်နိုင်မှာ ပေါ့။ သက်က မောင့်လိုပဲ အလုပ်လုပ်နေတဲ့မိန်းမ၊ အိမ်ထောင့်ဝန်ကို ဦးပဲ့ထမ်းနေတဲ့မိန်းမ”
“ဟေ့… တော် စမ်းကွာ။ ဘာအိမ်ထောင့်ဝန် ဦးပဲ့ထမ်းတာလဲ။ ငါက တစ်ယောက် တည်း မနိုင်မနင်း ထမ်းနေတဲ့ကောင်မို့လား။ လူစဉ်မမီတဲ့ကောင်မို့လား။ မင်းနေတတ် စားတတ်ရင် ဒီမှာ မရွှေသက် သား တစ်ယောက် တည်းရှိတာပါကွ။
ငါ့လခ ငါ့လုပ်စာ အေးဆေးထိုင်စားလို့ ရပါတယ်။ မင်းဘာသာ မနေနိုင်လို့ သီချင်းထထဆိုနေ တာ။ လူသူလေးပါးက ဟေးလားဝါးလား ဟစ်အော်လက်ခုပ်တီးတဲ့ အရသာလေးကို တမက်မောမော ဖြစ်နေတာ။ ဒါကို မင်းဝန်ခံ၊ အိမ်ထောင့်ဝန်ထမ်းသလေး ဘာလေးနဲ့ ငါ့ကိုသိက္ခာကျအောင် မစော်ကားနဲ့။
အေး ပညာနဲ့ ပိုက်ဆံရှာရတဲ့အလုပ်က “လေ”နဲ့ ပိုက်ဆံရှာရတာ လောက်တော့ မလွယ်ဘူးပေါ့ ကွာ။ ဘွဲ့နှစ် ခုနဲ့ရင်းနှီးပြီး တစ်လလုံးရှာတဲ့ငါ့ဝင်ငွေဟာ မင်းအတွက်တော့ တစ်ပွဲစာ “လေ”နဲ့ ရှာသလောက်ပဲ ရှိမှာ ပေါ့။ လတ်တလော စန်းထနေတာလေးနဲ့ ဘ၀င်မြင့်ပြီး ငါ့လိုကောင်ကိုတော့ ခွာရာ ချင်းမတိုင်းသင်းဘူး မရွှေသက်၊ မင်းလိုမိန်းမမျိုးကို ငါမို့ ရူးသလို ပေါသလိုလုပ်ပြီး သည်းခံပေါင်းနေတယ် မှတ်ပါ။
ဖွီး… တေးသံရှင် သက်ဦးခင်တဲ့။ မိန်းမ တစ်ယောက် လို ထားမရတဲ့မိန်းမ၊ မိန်းမအ ဖြစ်နဲ့ သုံးမရတဲ့ မိန်းမ၊ ရှိုးကေ့စ်ထဲ ထည့်ဖို့လောက်ကလွဲပြီး…”
“ခွမ်း…”
ဖေဖေ့အနားက ပန်းအိုးတစ်လုံး အစိတ်အစိတ်အမြွှာမြွှာ ကျကွဲသည်ကို အထိတ်တလန့် မြင်လိုက်ရပြီး ဒေါသနှင့် ဆတ်ဆတ်တုန်နေသော အမေ့မျက်နှာကို မမြင်စဖူးမြင်ရသည်။
အခိုးအလျှံရဲရဲ ပေါက်ကွဲနေသည့် မီးတောင်တစ်ခု၊ ချော်ရည်ပူများ လျှံကျသလို အတောမသတ် စီးဆင်းနေသည့် မျက်ရည်များ ။
တစ်ခွန်းတစ်ပါဒမျှ တုံ့ပြန်ရန်စကားမဆိုတော့သော်လည်း ခွင့်မလွှတ်နိုင်တော့သော နာကြည်း ခြင်း အထွတ်အထိပ်သို့ ရောက်ပြီကို သိသာစေသည်။
ထိုနေ့က အမေ့အစီအစဉ် ပျက်ခဲ့သည်ကို မှတ်မှတ်ရရရှိ၏ ။
“ငွေတစ်ထောင် လက်လွတ်သွားတာကို မနှမြောဘူး သား။ ကတိတစ်ခုပျက်ရတဲ့အ ဖြစ်ကို ယူကျုံး မရတာ ။ အလုပ်တစ်ခုမှာ အမေ့ဘက်က တာဝန်ပျက်ကွက်ရတာ ကို အမေရှက်တာ”
ရုံးတစ်ခေါက်ပြန်သွားရဦးမည် ဆိုသော အဖေက ကလပ်သို့ တစ်ပတ်ပြန်ရောက်သွားခဲ့ပြီး ၁၀နာရီ ကျော်မှ မှော က်ပြန်လာသည်ကိုလည်း လင်းဇော်အမှတ်ရသည်။
အဖေ့တပည့် တစ်ယောက် က အဖေ့လက်သုံးတော် မာဇဒါဘီခြောက်ရာကားကလေးကို မောင်းပြီး အိမ်တိုင်ရာရောက် လိုက်ပို့တော့ လင်းဇော်ကိုယ်တိုင် ထွက်ကြိုတွဲ ယူခဲ့ရလေသည်။
အမေကမော်၍ ပင် မကြည့်။
ထိုအချိန်က အဖေ့ကိုအမေက ဥပက္ခောပြုခဲ့သည်။ ဘာမျှမဆိုင်သော သူစိမ်း တစ်ယောက် နှင့် ခရီးသွားဟန်လွှဲ ကြုံကြိုက်နေရသလို သဘောထားသည်။
မှန်ရာဝန်ခံရလျှင် လင်းဇော်က အမေ့သားအစစ်၊ အရွယ်ရောက်၍ တီးတာမှု တ်တာကလေးတွေ စနစ်ကျသည်ထက် ကျလာကာ ဂီတနှင့် ယဉ်ပါးသည်ထက် ယဉ်ပါးလာပြီမို့လည်း ဂီတလောကကို မြတ်နိုး စိတ်ဝင်ပြီး သံယောဇဉ်တွယ်စပြုချေပြီ။
အဖေမလိုလားနိုင်သော အမေ့ဘ၀ကို နားလည်နေသည်။ အမေ့ဝေဒနာကို စာနာတတ်နေသည်။
အဖေ့ကိုယ်စား အမေအလုပ်လုပ်ရာနောက် တကောက်ကောက်လိုက်ပါဖို့ ၀န်မလေးချင်။ အမေ ခွင့်ပြုလျှင် တီးဝိုင်းထဲမှာ ပင် ဂစ်တာတစ်လက်ကိုပိုက်ပြီး လိုက်ခဲ့ချင်၏ ။ ဆရာဝန်မ ဖြစ်ရလျှင် နေပါစေ။ အခွင့်အရေး ချင်း လဲလှယ်ဖို့ အဆင်သင့်။
သို့ သော် အမေက ပညာရေး အဓိကတဲ့၊ ဆရာဝန်မ ဖြစ်မနေအားထုတ်ရမတဲ့။
အဖေကလား…
အဖေ ကတော့ အမေနှင့် တတွဲ တွဲ အဖော်သဟဲ ဖြစ်နေသည့်သားမို့ တယ်ပြီးကြည့်မရချင်တော့ဘူး ထင်ပါသည်။ ကြည့်ဖို့အချိန်လည်းမရှိ၊ အိမ်မှာ အဖေအနေနည်းလှသည်။
ရုံးမှာ ကလပ်မှာ အချိန်ဖြုန်းရာက ကြာတော့အဖေ့အတွက်နေနားစရာ အိမ်တစ်လုံး ရှာတွေ့ သွား လေသည်။ ရင်ခွင်သစ်တစ်ခုဟု ဆိုရလေမည် လား။
အေးလေ…မိန်းမလို သုံးလို့ရမယ် မိန်းမ တစ်ယောက် ကို အဖေတွေ့ သွားတာပဲ ဖြစ်မှာ ပေါ့။ အဖေ့ လက်အောက်က စာရေး မတဲ့။ မိအို ဖအိုကို လုပ်ကျွေးနေတဲ့ တစ်ဦးတည်းသော သမီးတဲ့၊ အားကိုးရရှာသူ နှင့် အကိုးကွယ်ခံချင်သူ အစပ်အဟပ်တည့်ကောင်းပါရဲ့ ဟု အမေက ခပ်ပေါ့ပေါ့ပင် ထင်မြင်ချက်ပေးကာ အေးဆေးစွာ ပင် ကွာရှင်းပြတ်စဲပေးလိုက် လေသည်။
ပစ္စည်းများ ကို ပြန်တော့လည်း သိပ်စကားမပြောကြရပါ။ အမေ့မှာ ရှိသမျှရွှေလက်ဝတ်လက်စား တွေ ကို အဖေကသူ့လုပ်စာနှင့် ဆင်ထားခြင်းမဟုတ်၍ စကားထဲထည့်မပြောသလို၊ အဖေ့ရာထူး အဖေ့ အမည် နှင့် ၀ယ်ခွင့်ရထားသော မာဇဒါဘီခြောက်ရာ ကားကလေးကိုလည်း အမေကလှည့်စောင်း၍ မျှ မကြည့်။
“သားကိုတော့ သားလို့ မှတ်ချင်မှတ်နိုင်မယ်။ ခေါ်တာပြောတာ ပေးတာကျွေးတာ မကန့်ကွက် ဘူး။ ဒါပေမယ့် ကျွန်မသားကို ကျွန်မအုပ်ထိန်းမယ်။ ပြီးတော့ မယားစရိတ် တစ်ပြားတစ်ချပ်မှ မလိုချင် ဘူး”
သည်လိုနှင့် လင်းဇော်အဖို့ အမေသည်သာ တစ်ဦးတည်းသော မှီခိုအားထားရာ မေတ္တာရင်ခွင် ဖြစ် ခဲ့လေသည်။
အေမေက သူ့ရှိစုမဲ့စု ဘဏ်ငွေကလေးကို ထုတ်ကာလက်ရှိအိမ်အတွက်အဖေ့ကို တန်ဖိုးတစ်ဝက် အမ်းပေးလိုက် သည်။ ရှင်းရှင်းပြတ်ပြတ် လွတ်လပ်သော ဘ၀သစ်ကို စတင်ခဲ့သည့်အမေ။
နေပျော်ကျေနပ်လောက်ပြီဟု ထင်ခဲ့သည်။
သည်အိမ်ကြီးမှာ အဖေမရှိတော့ပြီ ဖြစ်ပေမယ့် လင်းဇော်အဖို့ သိပ်ပြီးမခံစားရ၊ နဂိုကတည်းက ရောထွေးယှက်တင် ကျွမ်းဝင်ရင်းနှီးစွာ နေလေ့နေထမရှိခဲ့သော အဖေ့ကို တယ်ပြီး လွမ်းလွမ်းဆွေးဆွေး မရှိလှတာ အမှန်ပင်။
ပြီးတော့ မိမိမှာ အဖေဆုံးရှုံးရသည်ဟု မထင်၊ အဖေ ဘယ်မှာ ဆိုတာ သိသည်ပဲ။ အဖေဟာ ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိနေသည်ပဲ။
တကယ်ဆုံးရှုံးရသူက အမေပင်၊ အမေသာလျှင် ချစ်သူခင်ပွန်းဆုံးရှုံးရသူ၊ လှပချောမွေ့သော အိမ်ထောင်ရေး တစ်ခု ဆုံးရှုံးရသူ။
အမေ ပင့်သက်ခိုးရှိုက်သည်ကို ရိပ်စားမိသော်လည်း အမေ့မာန၊ အမေ့သတ္တိကို ယုံကြည်သူ လင်းဇော်က အနည်းငယ် စိတ်ထိခိုက်လိုက်ရုံကလွဲပြီး ပူပန်သော က မ ဖြစ်လှချေ။
အိမ်တွင်း ပဋိပက္ခတွေ အပြီးတိုင် ချုပ်ငြိမ်းခဲ့ပြီ ဖြစ်သော သည်အိမ်ကြီးမှာ သားအမိနှစ် ယောက် မြတ်နိုးယုံကြည်နားလည်သော “ဂီတ”ဖြင့် ချမ်းငြိမ်းရောင့် ရဲစွာ နေသွားကြမည် ပေါ့။
အမေက တေးဂီတလုပ်ငန်းတစ်ခု ထူထောင်ဖို့ အစီအစဉ်တွေ ချသည်။
ပထမဆုံး တေးဂီတ၀ိုင်းတစ်ခု ဦးစီးတည်ထောင်ဖို့။
ဂီတလောကမှာ အမေယုံကြည် ကိုးစားအားထားသည့် အပေါင်းအသင်းတွေ ကို ရွေးချယ်စုစည်း ကာ “ရင်ခွင်လှိုင်း” တေးဂီတအဖွဲ့ကို အသက်ဝင်စေသည်။
တီးဝိုင်းခေါင်းဆောင်က “စန္ဒရားလှိုင်းအောင်”
အမေက ဦးဆောင်ပါသည်ဆိုမှတော့ အမေ့မျက်နှာ၊ အမေ့အရှိန်အ၀ါ ဂုဏ်သိက္ခာနှင့် မည် သည့် ထိပ်တန်း နာမည် ကြီးတေးသံရှင်မဆို လိုအပ်သလို ကူညီမည့် သူများ ချည်း။
အမေကလည်း ထိုက်ထိုက်တန်တန်အနုပညာကြေးဖြင့် တုံ့ပြန်ဖို့ လက်မတွန့်သူမို့ ဘယ်သူကမျှ အမေ့အပေါ် ပွဲပြီးမီးသေ ၀တ်ကျေတန်းကျေ သဘောမထားကြ။ ပြီးတော့ တီးဝိုင်းတာဝန်ခံ စန္ဒရား လှိုင်းအောင်ကလည်း တကယ်ထက်မြက်သည်။
သူ့ဘက်က တာဝန်ကျေကျေ ပံ့ပိုးနိုင်သည်။ အမာခံဝိုင်းကောင်းနှင့် ပရိသတ်အကြိုက် စူပါအဆို တော် တွေ မြိုင်မြိုင်ဆိုင်ဆိုင်နှင့် အုံလိုက်ကျင်းလိုက်ဝင်လာမှတော့ ဘယ်မအောင်မြင်ဘဲ ရှိလိမ့်မည် လဲ။
“ရင်ခွင်လှိုင်း” အသက်ဝင်လာသည်နှင့် အမျှ တစ်အိမ်လုံးသည် ဂီတနှင့် ရစ်ပွေ့ထားသလို နွေးထွေးနေသည်ဟု လင်းဇော်ခံစားရ၏ ။
တီးသံမှု တ်သံ၊ သီဆိုသံတွေ ၊ လေ့ကျင့်ပြင်ဆင်မှု တွေ ကြားမှာ လင်းဇော်ပါရောနစ်ပြီး အားသစ် တွေ တဖွားဖွားဝင်နေသည်။
ဂစ်တာသုံးလက်ကို အလစ်ချောင်းနေကာ တစ်ယောက် ယောက် ပျက်ကွက်ဖို့ အမြဲဆန္ဒစော သည်။
“ဘယ်သူပျက်သလဲဟေ့၊ ဂစ်တာတစ်လက်လိုတယ်”
ဂီတမှူးအသံမဆုံးခင် ဂစ်တာကို ကောက်ကိုင်မိလျက်သား ရှိ၏ ။ ဘေ့စ်လား၊ ရမ်သမ်လား ဖြည့်ဆည်းဖို့အသင့်၊ လိဒ် တီးရမည် လား၊ စိန်လိုက်လေ။
အမေ မျက်စောင်းတခဲခဲရှိသည်ကို မသိကျိုးကျွန်ပြုကာ ဂီတမှူးကို ကပ်၍ နှူးရသေး၏ ။
“ဘယ့်နှယ့်လဲ ဦးလှိုင်း၊ ဖြစ်တယ်မဟုတ်လား”
“ ဖြစ်ပါတယ်ကွာ၊ သိပ် ဖြစ်တာပေါ့၊ မ ဖြစ်တာက မင်းအမေကွ”
“ဗျာ”
“မင်း ၀ိုင်းထဲဝင်တာ မကြိုက်ဘူး။ ခေါ်မခိုင်းစေချင်ဘူး။ ကျောင်းစာထိခိုက်မှာ စိုးတယ်တဲ့”
“အာ မထိခိုက်နိုင်ဘူးဗျာ။ ရပါတယ်”
“ရပါတယ် မလုပ်နဲ့လေကွာ။ မင်းတက်နေတာ ဆေးတက္ကသိုလ် ဆရာဝန် တစ်ယောက် ဖြစ်ဖို့ဆို တာ လွယ်လွယ်နဲ့တော့ မရနိုင်ဘူး။ အာရုံမပျံ့အောင်တော့ ဂရုစိုက်ရမယ်လင်းရ”
ဦးလှိုင်းက အမေခေါ်သလိုပင် “လင်း”ဟုခေါ်သည်။ ဒါကြောင့် လားမသိ၊ လင်းဇော်ကလည်း အမေ့ကို နွဲ့သလို နွဲ့ချင်စိတ်ပေါ်လေသည်။ အဖေ့ကိုပင် ဤမျှ တရင်းတနှီး မဆက်ဆံစဖူး။
“ တီးရင်းမှု တ်ရင်း သီချင်းဆိုရင်းနဲ့ပဲ ဆရာဝန် ဖြစ်သွားကြတဲ့ လူတွေ အပုံကြီးပါဗျာ။ ဦးလှိုင်း သိသားပဲ။ ပြီးတော့ ဒီလမ်းလိုက်နေတဲ့ လူတွေ ခုလည်း တွေ့ နေရသားပဲ။ စိုင်းခမ်းလိတ်တို့၊ စိုင်းထီး ဆိုင်တို့ ”
ဦးလှိုင်းက နွေးထွေးဖွယ်ရယ်သံတလွင်လွင်နှင့် -
“ မင်းကိုတော့ မင်းအမေက ဆရာဝန်ပဲ ဖြစ်စေချင်တာကိုးကွ ”
” ဖြစ်မှာ ပေါ့ဗျာ၊ ဂစ်တာလည်း တီးချင်သေးတာပေါ့။ အမေ့ကို ပြောပေးပါလား ဦးလှိုင်း … ဟင် ”
ဦးလှိုင်းက ရယ်ကျဲကျဲနှင့် ပခုံးတွန့်လေ၏ ။ နောက်တော့ အမေမသိမသာ စင်မြင့်ဖျော်ဖြေပွဲ တစ်ခုစ နှစ် ခုစ ခေါ်သွားပြီး နေရာပေးသည်။
တကယ့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းခွင့်မှာ တစ်ကြိမ်နှစ် ကြိမ်တိုးဝင်ပြီဆိုတော့ ပင်ကိုတက် ကြွသော လင်းဇော်သည် ပန်းခပ်နေသော ပျားကလေးနှယ် မြူးထူးနေ၏ ။ အိမ်တွင် စုစည်းရောက်လာ သော ဂီတသမားတွေ ကြားမှာ သိသိသာသာ ယောက် ယက်ခတ်လာသည်။
ဒါကို အမေ သည်းမခံနိုင်တော့ချေ။
“ ငလင်း … အိမ်မှာ ထားရင်တော့ ရုတ်ရုတ်ရုတ်ရုတ် ဖြစ်တော့မှာ ပဲ။ အတန်းတူသူငယ်ချင်းတွေ ရှိတဲ့ အဆောင်ကို ကြွပေတော့၊ စားရေး သောက်ရေး ၊ အကောင်းဆုံး ဖြစ်အောင် အမေစီစဉ်ပေးမယ်။ ကျောင်းမှန်မှန်တက်၊ စာကြိုးစား၊ စာမေးပွဲမကျဖို့ အဓိက ဟုတ်လား။ သား … အမေ စိတ်ချမ်းသာစေချင် တယ် မဟုတ်လား။
နောက်ဆုံးမေးခွန်း တစ်ခုတည်းနှင့် ပင် အမေ့ကို မလွန်ဆန်နိုင်ရှိခဲ့သည်။
ဂီတ၀န်းကျင်မှ တကူးတကန့်ဆွဲထုတ်ပြီး ကျောင်းသားစစ်စစ်ဘ၀ထဲကို မရောက်အရောက် တွန်းပို့ခဲ့လေသော အမေ။
ရင်ခွင်အောက်က ဖယ်ထုတ်လိုက်ရ၍ ထင့်၊ စာရေး သောက်ရေး ဒုက္ခမရောက်အောင်ဟုဆိုကာ ဖွယ်ဖွယ်ရာရာကလေးတွေ စီစဉ်ပြီး တစ်ရက်ခြားနှစ် ရက်ခြားပေးဖို့ ဝတ္တရားမပျက်ကွက်ခဲ့သော အမေ။
သို့ ပေမဲ့ လင်းဇော်က စားကောင်းသောက်ဖွယ် မက်သူမဟုတ်။ ဂစ်တာတစ်လက်နှင့်သာ ပွေ့ဖက်ကြည်နူးနေချင်သူမို့ လွတ်လပ်သော အဆောင်နေကျောင်းသားဘဝမှာ ကျောင်းမှန်မှန်တက်ပြီး စာကျက်ဖို့တော့ ပျက်ကွက်ခဲ့သည်။
ကိုယ့်လို စိတ်တူသဘောတူ သူငယ်ချင်းတွေ ဆုံစည်းကြပြန်တော့ အဆောင်နေကျောင်းသား ဘဝကို အရောက်နောက်ကျလေခြင်းဟု ထင်ရပြန်၏ ။
“ ရင်ခွင်လှိုင်း ” မှာ ပါဝင်လှုပ်ရှားခွင့် မရသည်ကို ဝမ်းနည်းတော့ပြီ။ တက္ကသိုလ်နယ်မြေဝန်းကျင် တွင် ရင်ခုန်ဖွယ် ညဥ့်ဦးယံ ဂီတဖျော်ဖြေပွဲများ ရှိသည်ပဲ။
ဆွတ်ပျံ့ဖွယ်ကောင်းသော “ ဂီတည ” များ စွာ ကို လင်းဇော်မခွဲရက် မခွာရက် ဖြစ်လေပြီ။ အဆောင်ရှေ့ အုတ်ခုံပေါ်မှ ဂီတဝိုင်းသည် အမေ့ “ ရင်ခွင်လှိုင်း ” ထက်ပိုပြီး နုပျိုလတ်ဆက်လှစွာ ၏ ။
ငွေလရောင် ဖုန်ဖုန်နှင့် နှင်းမှု န်မှု န်သာမောစွ ဂီတညများ စွာ ကို အင်းလျားလမ်းပေါ်မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ခံစားလို့မဝနိုင်ရှိသည်။ သက်တူရွယ်တူ ဘဝချည်းမို့ ဘာသာစကားချင်း လည်း နီးစပ်လေတော့ စွန့်စားခန်း အသစ်အသစ်များ လှုပ်ရှားစပြုလေသည်။ ရင်ခုန်ဖွယ် ဂီတသစ်ကို ဖန်ဆင်းကြရင်း ဒဿနာတချို့ကို စိတ်ဝင်စားလာသည်။ သည်တုန်းက မင်းမောင် သတိပေး တားမြစ်ဖူးတာ ကောင်းစွာ အမှတ်ရသည်။
“ဒါတွေ ဟာ မဆန်းပါဘူးကွ၊ မင်းတို့ မမွေးခင်ကတည်းက ဖြစ်နေတဲ့ လောကပဋိပက္ခတွေ ၊ မင်းတို့ သေသွားလည်း ဆက် ဖြစ်နေဦးမှာ ပဲ။ လူဆိုတာ ရှိနေသရွေ့ လောကဆိုတာ တည်နေသရွေ့ လောကဓံ ရှစ်ပါးဆိုတာ ကြုံမှာ ပဲပေါ့ကွာ။ မင်းမှာ လိုအပ်တဲ့ ပြင်ဆင်မှု တွေ လုပ်ရဦးမယ်။ ဘဝက မင်းကို ဆေးတက္ကသိုလ် တွန်းပို့ပေးလိုက် တာပဲ။ ဆေးထိုးအပ်တစ်ချောင်းကို မင်းပိုင်ဆိုင်နိုင်ရမှာ ပေါ့။ မင်း ဆရာဝန် ဖြစ်ပြီးရင် လောကအတွက် တိုက်ပွဲဝင်စရာချည်းပါကွာ။ မဆုံးနိုင်တဲ့ လူမှု တိုက်ပွဲတွေ က တို့ကို စောင့်နေမှာ ပါ။ ကိုယ်ကျိုးမရှာဘူး …. စေတနာထားမယ်ဆိုရင်အတော် အသင့် လုံလောက်မယ် ထင်ပါတယ်။
အဲသလို ဆရာဝန်မျိုး ဖြစ်လာဖို့ ခုချိန်မှာ ဇောက်ချကြိုးစားဖို့ပဲ လိုတယ် သူငယ်ချင်း။ ကိုယ့်ဘဝ တစ်ခုကို မတည်ဆောက်နိုင်ရင် လောကရဲ့ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ဖြစ်လာမယ်။ လောကအတွက် ဖြည့်ဆည်းဖို့ မင်းကိုယ်မင်း အရင်ဆုံးဖြည့်ဆည်းပါဦး ”
လေရှည်ရန်ကောဟု စိတ်တိုမိဖူးသည်။ မင်းမောင် ပြောပြတာ တွေ ကို မှားသည်ဟု ငြင်းဆန် ခက်သော်လည်း နားဝင်မချိုခဲ့တာ အမှန်။ အေးလေ …. အမှန်တရားဟူသည် ခါးသီးပေတာပဲ။ တိမ်ယံကို ဖောက်၍ ပျံသန်းချင်သော ငှက်ကလေးလင်းဇော် အတောင်ကျိုးခဲ့ပြီဟု ခုမှ ကိုယ့်ကိုယ်ကိုယ် သိသည်။ ကျောင်းက လက်မခံတော့ပြီ။
ဘယ်ကိုသွားမည် သူမသိ။
ဘယ်မှာ နားမည် သူမသိ။
အမေ့ရဲ့ “ ရင်ခွင်လှိုင်း ” ကို တမ်းတစွာ ပြန်လာ ဖြစ်သည်။ သို့ သော် အမေ့ရင်ခွင်လှိုင်း မဟုတ်တော့။ စန္ဒရားလှိုင်းအောင်၏ ရင်ခွင်လှိုင်း ဖြစ်နေပါပေါ့လား ….။
အမေ့အိမ် ရောက်တော့ မမြင်ဖူးသည့် မျက်နှာစိမ်း မိန်းမ တစ်ယောက် က ဧည့်ဝတ်ပြုလေသည်။ အိမ်ဖော်ပါတဲ့။
“ မင်းသားကြီးရဲ့ ရွှေရတုမွေးနေ့ပွဲဆိုလား။ အဲဒီ မှာ တီးပေးဖို့ တစ်ဝိုင်းလုံးသွားကြတယ်။ ကိုးနာရီ လောက်မှ ပြီးမယ်တဲ့။ စောင့်ချင်ရင် စောင့်ပါနော် ”
“ စောင့်ရုံမကဘူးဟေ့၊ ငါ့အိမ် ငါနေဖို့ ပြန်လာခဲ့တာ ” ဟု အော်ပစ်လိုက်ရ ကောင်းမည် လား။
စိတ်ကသိကအောက် ဖြစ်လှစွာ ပင် ဧည့်ခန်းမှာ ဖင်တကြွကြွ ထိုင်ရသည်။ အသင့်တွေ့ ရသော ဓာတ်ပုံအယ်လ်ဘမ်ကြီးတွေ ကို အလုပ်မရှိအလုပ်ရှာ ဆောက်တည်ရာရနိုးနိုး ဆွဲယူရန် လှန်လှော ကြည့်ရသည်။
“ ရော် … အမေ … ဘုရား …. ဘုရား … အမေ့ရဲ့ မင်္ဂလာပွဲမှတ်တမ်း ဓာတ်ပုံတွေ ပါလား။
အမေ့သတိုသားက ဦးလှိုင်း …. ဦးလှိုင်းအောင်၊ အဆိုတော် သက်ဦးခင်။ ချိုလွင်သော အပြုံးများ ၊ စထရင်း ဟိုတယ်ခန်းမ၊ ပြည့်သိပ်သော ပရိသတ်၊ လှိုင်းစီးရသလို တရိပ်ရိပ် မူးဝေလာသည့်ကြားက ဓာတ်ပုံတွေ ထဲမှာ နေ့စွဲကို ရှာဖွေကြည့်မိသည်။
မင်္ဂလာစင်မြင့် နောက်ခံကားချပ်ပါသော ဓာတ်ပုံအမြောက်အမြားရှိသည်မို့ ခဲခဲယဉ်းယဉ်း မရှာလိုက်ရပါ။ မင်္ဂလာနေ့စွဲသည် ထင်ထင်ရှားရှား။
သြော် … တစ်နှစ် ကျော်ခဲ့ပါပြီလားဟု တွက်ဆသိရသည်။
ပလပ်စတစ်လောင်းပြီး အယ်လ်အမ်မှာ တွဲ ထားသော သတင်းစာကြော်ငြာဖြတ်ပိုင်းနှစ် ခု၊ လုပ်သားပြည်သူ့နေစဉ်နှင့် ကြေးမုံသတင်းစာနှစ် စောင်၏ ခေါင်းစီးစာလုံးများ ကို ပူးတွဲ ညှပ်ထည့်ထား သည်။
တစ်ခုသော အယ်လ်ဘမ်၏ မျက်နှာပေါ်မှာ တော့ သတင်းစာအစောင်စောင်မှ ကြော်ငြာ ဖြတ်ညှပ်ကပ်များ ။
ဂီတလောက မိတ်သင်္ဂဟများ စွာ ၏ မင်္ဂလာဆုတောင်းစာတွေ ။
ငွေရတု၊ ရွှေရတု၊စိန်ရတုသို့ တိုင် ပေါင်းရစေသား ….တဲ့။
သြော် …. ထိုက်ထိုက်တန်တန် မင်္ဂလာပွဲပါပဲဟု အမေ့အတွက် ပင့်သက်ချသည်။ သိက္ခာ ရှိရှိလုပ်ကြတဲ့ ကိစ္စပဲလေဟု လူကြီးဆန်ဆန်တွေးသည်။
အမေဟာ ငါ့ကိုထိခိုက်အောင် ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ဖူးဘူးဟု ယုံကြည်စိတ်ချသည်။
အလံမရှိတဲ့ ရထားအ ဖြစ်ကို အမေဘယ်လောက်အထိ ရင်စည်းခံခဲ့ရပြီလဲမှ မသိ။ အသင့်လျော် ဆုံး အခြေအနေ အမေဖန်းတီးခဲ့ခြင်း ဖြစ်လိမ့်မည် ။
အမေနှင့် ဦးလှိုင်းတို့ လုပ်ငန်းပေါင်းစပ်မိကတည်းက အချို့အချို့သော မျက်လုံးများ ၊ နှုတ်ခမ်း များ ကို အမှတ်မထင် သတိထားမိသည်။ ပြောလည်း ပြောချင်စရာပေပဲလေ။
ဦးလှိုင်းကလည်း အမေ့လိုပင် အိမ်ထောင်ပျက်၊ တစ်ခုလပ်။
“လှိုင်းအောက်ရဲ့ မိန်းမက စီးသော ရေ ဖောက်သော ကန်သင်းကွ ” ဟု မှတ်ချက်ပေးသံများ ကြားဖူးသည်။ ရှာပေးသမျှ ပေါပေါသုံးရင်း လောင်းကစားဘက် ကျွံနစ်သွားသည့်မိန်းမ။ ဖဲဝိုင်းမှသည် ဂျင် ဝိုင်းအထိ နယ်ကျွံသွားပြီး လူမှု ရေး ဖောက်ပြန်မှု တွေ ကျူးလွန်လာသည်တဲ့။ အကြိမ်ကြိမ် ခွင့်လွှတ် စည်းရုံးပြီးသကာလ မျှော်လင့်ချက် ကုန်ဆုံးပြီ ထင်သော အကြိမ်မှာ ဦးလှိုင်းက စတင်ပြီး ကွာရှင်း ပြတ်စဲ ကြောင်းကြေညာခဲ့ခြင်း ဖြစ်သည်။
အ ဖြစ်ချင်း၊ ဘဝချင်းက အမေနှင့်ဆင်နိုင်လွန်းပါဘိ။ ပြီးတော့ ဦးလှိုင်းမှာ သားနှစ် ယောက် ရှိသည်။ မိမိနှင့် မတိမ်းမယိမ်း။ သူတို့တစ်တွေ ကလည်း လင်းဇော်လိုပင် အမေနှင့် နေရစ်ကြသည်တဲ့။ မမေးကောင်းသော်လည်း တွေးကြည့်မိသလောက် ဦးလှိုင်းမိန်းမမှာ နောက်အိမ်ထောင်မရှိဘူးထင်တယ်။ အေးလေ …. ဘယ်သူနဲ့မှ အတည်တကျမယူဘူး ထင်ရဲ့ ။
“ အိမ်ဖော်က သူ့ကို ဧည့်သည် တစ်ယောက် လို ဧည့်ဝတ်ပြုနေသည်။
တကယ်တော့သူ လိမ္မော်ရည်မသောက်ချင်၊ ညစာထမင်းစားချိန်ရောက်ပြီပဲ။ အိမ်ဖော်ကို ထမင်း ပြင်လိုက်ကွာ၊ ငါ ထမင်းပဲ စားချင်တယ် “ ဟု အမိန့်ပေးသင့် စဉ်းစားသည်။ ခိုင်းစေခွင့် ရှိမရှိတွေးသည်။
ခဏအတွင်းမှာ ပင် မလုံခြုံတော့သလို ခံစားရလေသည်။ တစ်ယောက် တည်းထိုင်နေသည့် ဧည့်ခန်းထဲမှာ မလွတ်မလပ်ရှိသည်။
တကြုတ်ကြုတ်မြည် သော ဝမ်းဗိုက်ကို အသာဖိရင်း လိမ္မော်ရည်ကို ငုံ့သောက်လိုက်၏ ။ ဖန်ခွက် ကိုင်ထားသော လက်မှာ ကတုန်ကယင်။
အပြင်မှာ ကားစက်ရပ်သံတွေ အထိတ်တလန့် ကြားလိုက်ရသည်။ တကယ့်ကို တုန်လှုပ်သွားပြီး လက်ထဲကဖန်ခွက်ကို ကယောင်ကတမ်း ပြန်ချမိတော့ လိမ္မော်ရည်တွေ အဖိတ်ဖိတ်အစဉ်စဉ်။
ရယ်သံ မောသံ နှုတ်ဆက်သံတွေ ညိုးညိုးညံညံကြားရပြီး ခွာမြင့်ဖိနပ်သံ တဒေါက်ဒေါက် နီးကပ် လာသည်။ လွှာဖိနပ်သံ တဖျပ်ဖျပ်က စည်းနှင့် ဝါးလို တွဲ ဖက်ညီညီ။ သူတို့လာကြပြီ … လာကြပြီ။
တံခါးဝသို့ လှိုက်ခုန်စွာ စောင့်စားကြည့်၏ ။ များ စွာ ပြောင်းလဲခြင်းမရှိလှသော မျက်နှာနှစ် ခုကို လင်းဇော်က အလျင်ဆုံးမြင်သည်။
တစ်လှမ်းနှစ် လှမ်း လျှောက်ဝင်လာပြီးမှ တုံ့ခနဲ့ရပ်သွားသော ခြေလှမ်းများ ၊ အံ့အားတသင့် မျက်နှာနှစ် ခု။
ပြုံးရယ်ဖို့ ကြိုးစားမိသေးသည်လား မမှတ်မိတော့ချေ။
“အမေ ” ဟု ခေါ်မည် ပြုပြီးမှ နှုတ်ခမ်းဝမှ အသံတွေ ပျောက်သွားခဲ့သည့်အ ဖြစ်ကိုတော့ မမေ့။
“ ဟာ …. ဟေ့ကောင် ….. လင်း ”
ဟု ဦးလှိုင်းက အလျင်ဆုံး အသံထွက်သည်။
ပြီးတော့မှ အမေ့အသံ။
“ ဟယ် …. သား ” တဲ့။
ဒုတိယအသံ၊ အမေ့အသံ။ ဒုတိယအသံ …။
အနီတစ်စက် အနက်တစ်ရာ | နေဒဏ်ခံ ပန်းသတင်း | ခေါက်ထီးလေးမလုံ့တလုံ |