အပိုင်း ( ၁ )
ချိန်းထားတဲ့အချိန်က နီးကပ်နေပြီ။
သူမက ချိန်းထားတဲ့နေရာကိုရောက်ဖို့ တစ်မိုင်လောက်လိုနေ သေးသည်။ မော်တော် ဆိုင်ကယ်ကို တစ်နာရီကီလိုလေးဆယ်နှုန်းမောင်း ရင်တော့ ရောက်နိုင်ပါရဲ့ ။ ကီလိုလေးဆယ်နှုန်းဆိုတာ နည်းနည်း တော့ ကြောက်စရာကောင်းသည်။
ဒါပေမယ့်... မတတ်နိုင်တော့ပါ။
ချိန်းထားတဲ့နေရာကို ချိန်းထားတဲ့အချိန်တိတိကျကျရောက်ဖို့ အမြန်မောင်းမှ ဖြစ်တော့မည် ။
သူမက ဆိုင်ကယ်ကိုအရှိန်မြှင့်လိုက်သည်။
မော်တော် ဆိုင်ကယ်လေးက လမ်းမကြီးအတိုင်းတရိပ်ရိပ်ပြေး နေ၏ ။
''အို...''
ရှေ့တွင် ဆိုင်းသံဗုံသံများ နှင့်အတူ လူအုပ်ကြီးတစ်စုကိုတွေ့  လိုက်ရသည်။
အလျင်လိုမှအနှေး ဖြစ်ရပြန်ပြီ။ အလှူလှည့်တာနဲ့ လာတိုးနေ ပြန်ပြီကော။
သူမက ''ကျွတ်''ကနဲစုပ်သပ်ကာ ဆိုင်ကယ်ကို လမ်းကြားလေး ထဲသို့ချိုးချလိုက်ရလေ၏ ။
လမ်းမကြီးမှာ က ရှင်လောင်းလှည့်လာသော အလှူတန်းကြီးက အရှည်ကြီး။ ရှင်လောင်းတစ်ပါးစီကိုမြင်းတစ်စီးစီပေါ်တင်ကာ လှည့်လာ ခြင်း ဖြစ်သည်။ အိုးစည်ဒိုးပတ်ဝိုင်းတွေ ၊ ကွမ်းတောင်ကိုင်ပန်းတောင်ကိုင် တွေ နှင့် ရှည်လျားလှသော အလှူတန်းကြီးမှာ တော် တော် နှင့်ဆုံးမည် မဟုတ်ပေ။ လမ်းနှစ် ဖက်စလုံးက ယာဉ်တွေ ကို ယာဉ်ထိန်းရဲတွေ က တားထားကြသည်။
လမ်းကြားလေးထဲကဖြတ်ထွက်ရင်လည်း သူမ,သွားချင်တဲ့ ကန်တော် ကြီးပန်းခြံကိုတော့ ရောက်တာပါပဲ။
သူမက လမ်းကြားလေးအတိုင်း ဆိုင်ကယ်ကိုဆက်မောင်းလာ လိုက်သည်။ လမ်းကကျောက်လမ်း ဖြစ်၍ ကြမ်းလွန်းသော ကြောင့် ဆိုင်ကယ်လေးမှာ တလှုပ်လှုပ်ယိမ်းနေသည်။ ဆိုင်ကယ်အရှိန်ကိုလည်း လျှော့ပစ်လိုက်ရသည်။
လမ်းကြားလေးက တစ်ဖာလုံလောက်ရှည်ပါသည်။ ဘေးတစ် ဖက်တစ်ချက်မှာ အိမ်တွေ ကပ်နေသော ကြောင့် လမ်းကကျဉ်းနေခြင်း ဖြစ် သည်။
လမ်းကျဉ်းလေးကိုငါးမိနစ်ခန့်ဖြတ်သန်းလိုက်ရ၏ ။
လမ်းကျဉ်းလေးမှအထွက်တွင် သူမက ဆိုင်ကယ်အရှိန်ကို မြှင့်လိုက်လေသည်။
လမ်းကျဉ်းလေးထဲမှထွက်၍ ညာဖက်ကိုကွေ့ချိုးလိုက်သည်။
ထိုစဉ်...
လမ်းမကြီးတစ်ဖက်မှအရှိန်ပြင်းစွာ မောင်းလာသော လိုက်ထရပ် ကားတစ်စင်း၏ ဦးခေါင်းနှင့် သူမ၏ ဆိုင်ကယ်တို့မှာ တည့်တည့်မတ်မတ် ခေါင်းချင်းဆိုင်မိရက်သား ဖြစ်သွားကြသည်။
သူမက ဆိုင်ကယ်ကို လမ်းညာဖက်ခြမ်းသို့ကွေ့ကာ ဘရိတ်ကို လည်း ဆောင့်နင်းလိုက်သည်။
တစ်ဖက်မှလိုက်ထရပ်ကားကလည်း လမ်းကြားထဲမှထွက်လာ သော သူမဆိုင်ကယ်ကိုအမြင်တွင် အလန့်တကြားဖြင့်ဘရိတ်ကိုဖမ်းဆွဲ လိုက်ရာ ကတ္တရာလမ်းနှင့်ကားဘီးပွတ်ဆွဲသံက ရှည်လျားစွာ ပေါ်ထွက် လာလေ၏ ။
သို့ရာတွင် ... နှစ် ဖက်စလုံးက အရှိန်ပြင်းပြင်းနှင့်မောင်းလာကြ သော ကြောင့်... မည် သို့ပင် ရှောင်တိမ်းကာ ဘရိတ်ဆွဲကြပါသော်လည်း ရှောင်မလွတ်နိုင် ဖြစ်သွားရလေပြီ။
သူမ၏ မော်တော် ဆိုင်ကယ်လေးသည် ထရပ်ကား၏ ခေါင်းပိုင်း ဘေးဖက်သို့ရှပ်တိုက်မိသွားသည်။ ဆိုင်ကယ်က ဘေးစောင်းတိုက်ခပ် ဝေးဝေးအထိပြေးသွားသေးသည်။ သူမကတော့ ဆိုင်ကယ်ပေါ်မှကျကျန် ရစ်ခဲ့လေသည်။
သူမ၏ ဦးခေါင်းနှင့် ကတ္တရာလမ်းတို့ပြင်းထန်စွာ တိုက်မိသော ကြောင့် ဆောင်းထားသော ဟဲလ်မက်ဦးထုတ်မှာ ကွဲကြေသွားလေသည်။ သူမသည်လည်း ကတ္တရာလမ်းတလျှောက် လျှောတိုက်လွင့်စင်သွားကာ ပလက်ဖောင်းနှင့်ထိတွေ့ မှပင် ရပ်တန့်သွားတော့၏ ။
မြင်ကွင်းကိုမြင်လိုက်ရသော လမ်းဘေးတစ်ဖက်တစ်ချက် အိမ်များ ရှိ လူတို့၏ အော်သံက ပတ်ဝန်းကျင်ကိုလွှမ်းသွားလေသည်။
အိမ်တစ်အိမ်ရှေ့မြေကွက်လပ်တွင် ကြက်တောင်ရိုက်ကစားနေ ကြသော မောင်နှမတစ်စုက ထိုနေရာကိုပြေးလာကြ၏ ။
အခြားလူများ လည်း ယာဉ်တိုက်မှု ဖြစ်သည့်နေရာသို့ပြေးလာကြ သည်။
လိုက်ထရပ်ကားက မောင်းပြေးသွားလေပြီ။
ကူညီရန်လာရောက်သူများ သည် ဦးခေါင်းမှသွေးများ ယိုစီးကျ ကာ... သွေးအိုင်ထဲတွင် မလှုပ်မယှက်လဲနေသော သူမကို တွေ့ လိုက်ရ လေသည်။
အပိုင်း ( ၂ )
နေလင်းစိုးသိပ်စိတ်မရှည်ချင်တော့။
သူ ထိုင်စောင့်နေတာကြာပြီ။
သူမသည် သူ့ကို ပညာပြပြန်ပြီထင်သည်။
ကိုးနာရီတိတိအရောက်လာပါမယ်လို့ ပြောထားတဲ့သူမ။ ချိန်း ထားချိန်ထက် ငါးမိနစ်ပင်စွန်းသွားပြီ။ ရောက်မလာသေး။
နေလင်းစိုးက အရှေ့ဖက်သို့ မကြာမကြာမျှော်ကြည့်နေမိသည်။ မော်တော် ဆိုင်ကယ်များ ၊ ကားများ ဥဒဟိုဝင်လာနေသည်။
၆ဂဏန်းနှင့်စသော ဆိုင်ကယ်များ လည်း ပါသည်။
သူမက သူ့ကို သူမစီးလာမည့် မော်တော် ဆိုင်ကယ်နံပါတ်ကို ပြောပြထားပြီး ဖြစ်သည်။ ဆိုင်ကယ်က စူပါကပ်နိုင်တိ၊ နံပါတ်က ၁/ယ။ ၆နှင့်စပြီး ၉နှင့်ဆုံးသော ဆိုင်ကယ် ဖြစ်သည်။
နေလင်းစိုးသည် မနက် ၈နာရီကတည်းက ဒီနေရာကိုရောက် နေကာ... သူမကိုစောင့်မျှော်နေခြင်း ဖြစ်ပါသည်။ ဝင်လာသမျှ ဆိုင်ကယ် များ ကို မျှော်မျှော်ကြည့်ကာ နံပါတ်ကို လှမ်း လှမ်းဖတ်ရသည်မှာ လည်း အမော။
ယခုထိတော့... ၆ဂဏန်းနှင့်စသော ဆိုင်ကယ်များ ကို တွေ့ ရ သော်လည်း ထိုဆိုင်ကယ်များ က သူ့ရှေ့တွင် ရပ်မလာ။ ဆက်၍ မောင်းနှင် သွားကြသည်ကိုသာ တွေ့ ရသည်။
ချိန်းထားချိန် ကိုးနာရီတိတိအထိတော့ နေလင်းစိုးစိတ်ရှည်ပါ သေးသည်။ ကိုးနာရီကျော်လာတော့ စိတ်မရှည်ချင်တော့။
သူမ ပညာပြပြန်ပြီထင်သည်။
ဒါမှမဟုတ်... သူမထုံးစံအတိုင်း ပဟေဠိဆန်အောင်လုပ်နေပြန် ပြီလား။
သူမနှင့်စပြီး သိရကတည်းက ပုစ္ဆာဆန်ခဲ့သော မိန်းကလေး။ သုံးလအတွင်းမှာ သူမက သူ့ကို ပုစ္ဆာပေါင်းများ စွာ ပေးခဲ့သည်။ ပဟေဠိ ပေါင်းများ စွာ မေးခဲ့သည်။
ယခုအထိ သူမနာမည် ကို နေလင်းစိုးမသိရသေး။
ယခုချိန်းဆိုထားသည်မှာ လည်း သူမနှင့်ပထမဆုံးအကြိမ်တွေ့  ဆုံခြင်းပင် ဖြစ်ပါသည်။
သူမနာမည် အမှန်ကိုလည်း နေလင်းစိုးမသိရသေးသလို၊ သူမ ကိုလည်း နေလင်းစိုး မမြင်ဖူးသေးပါ။
သူမက သူ့ဆီကိုဓာတ်ပုံငါးပုံတော့ ပို့ပေးခဲ့ဖူးပါသည်။
သို့သော်... ထိုဓာတ်ပုံများ သည်...
နေလင်းစိုးက သူမကိုမျှော်နေရင်းမှ သူ့ဘဝထဲကို သူမဝင်လာ ခဲ့ပုံများ ကို ပြန်တွေးနေမိလေတော့သည်။
ဟဲန်းဖုန်းမှခေါ်သံမြည် လာသည့်အတွက် နေလင်းစိုးက ဖုန်းကို ဖွင့်လိုက်သည်။ ဖုန်းမျက်နှာပြင်တွင် ပေါ်နေသော နံပါတ်ကိုကြည့်လိုက် တော့ သူမသိသော နံပါတ် ဖြစ်နေသည်။
နေလင်းစိုးက စကားပြောခလုတ်ကိုနှိပ်၍ ပြန်ထူးလိုက်သည်။
''ဟယ်လို... နေလင်းစိုးစကားပြောနေပါတယ်ခင်ဗျာ''
''ဟုတ်ကဲ့ ကိုနေလင်းစိုး၊ ကျွန်မတို့အိမ်ကကွန်ပြူတာကို လာ ပြင်ပေးနိုင်မလားရှင်''
''ဗျာ-''
နေလင်းစိုး ရုတ်တရက်တော့ကြောင်သွားသည်။ ပြီးတော့မှ သူယခင်လုပ်ခဲ့သည့်ကွန်ပြူတာဆားဗစ်ကုမ္ပဏီက ဖောက်သည်ဟောင်း တစ်ယောက် ဖြစ်နိုင်တာကိုတွေးမိ၏ ။
''သြော်... ဘယ်သူပါလိမ့်၊ ကျွန်တော် ဒယ်လ်တာကွန်ပြူတာ ဆားဗစ်မှာ မလုပ်တော့ပါဘူးခင်ဗျာ''
''ဟင်... ဟုတ်လား၊ သူငယ်ချင်း တစ်ယောက် က ကိုနေလင်း စိုးရဲ့ ဗစ်ဇစ်တင်းကတ်ပေးပြီး ဖုန်းဆက်ခေါ်ရင်ရတယ်လို့ပြောလိုက်လို့ပါ''
''ဒယ်လ်တာမှာ မလုပ်တော့ပေမယ့် ဖုန်းဆက်ခေါ်ရင်တော့ အိမ် တိုင်ရာရောက်လိုက်ပြင်ပေးပါတယ်ခင်ဗျာ၊ အခု ကျွန်တော် မန္တလေး မှာ မဟုတ်ဘူးခင်ဗျ၊ ရန်ကုန်ခဏရောက်နေလို့''
တစ်ဖက်က ခေတ္တမျှအသံတိတ်ဆိတ်သွားသည်။
''ဒါဆိုလည်း ကိစ္စမရှိပါဘူးလေ''
''သုံးလေးရက်နေရင် ကျွန်တော် မန္တလေးကိုပြန်ရောက်မှာ ပါ၊ ပြန်ပြီးဆက်သွယ်လိုက်မယ်လေ''
''အင်း... ဟုတ်ကဲ့၊ လိုအပ်ရင် ကျွန်မကပဲပြန်ပြီးဆက်ပါ့မယ်၊ ဒါပဲနော်၊ ကျေးဇူးပဲ''
တစ်ဖက်က ဖုန်းကိုအရင်ချလိုက်သည့်အတွက် နေလင်းစိုး ဆက်ပြောလို့မရတော့ပေ။
သူ့အလုပ်က ကွန်ပြူတာနှင့် ကွန်ပြူတာဆက်စပ်ပစ္စည်းများ ဖြစ်သော ပရင်တာတို့၊ စကင်နာတို့ မော်နီတာတို့ကို အိမ်တိုင်ရာရောက် လိုက်ပြင်ပေးသည့်အလုပ် ဖြစ်သည်။ ယခင်ကတော့ ဒယ်လ်တာဆိုသည့် ကွန်ပြူတာပြုပြင်ရောင်းဝယ်ရေး ကုမ္ပဏီတစ်ခုမှာ သူအလုပ်လုပ်ခဲ့ပါသေး သည်။ ဖုန်းဆက်သူသည် ဒယ်လ်တာမှာ သူလုပ်စဉ်က ရိုက်ထားသော ဗစ်ဇစ်တင်းကတ်ကိုကြည့်၍ သူ့ကိုဖုန်းဆက်ခေါ်ခြင်းပင် ဖြစ်၏ ။ ကတ် ပေါ်မှာ သူ့ရဲ့ ကိုယ်ပိုင်ဟဲန်းဖုန်းရော၊ ကုမ္ပဏီပိုင်ဖုန်းများ ပါ ရိုက်နှိပ် ထားပါသည်။ ပြီးတော့... သူ့ရဲ့ ကိုယ်ပိုင်အီးမေးလ်လိပ်စာကိုလည်း ရိုက်ထားသေးသည်။
သို့သော်... ဒယ်လ်တာကုမ္ပဏီက ယခုမရှိတော့။ ကုမ္ပဏီကို ဖျက်သိမ်းပစ်လိုက်ပြီ။ ကုမ္ပဏီဖျက်သိမ်းလိုက်သည့်အတွက် သူလည်း အလုပ်နားလိုက်ရခြင်း ဖြစ်ပါသည်။
လောလောဆယ် ရန်ကုန်ရောက်နေရခြင်းမှာ လည်း မန္တလေး တွင် လာဖွင့်မည့်  ကွန်ပြူတာကုမ္ပဏီတစ်ခုက အလုပ်ခေါ်ထား၍ အင်တာ ဗျူးဖြေရန်ရောက်နေခြင်း ဖြစ်ပါသည်။
ဒယ်လ်တာကုမ္ပဏီမရှိတော့သော်လည်း... ယခင်ဖောက်သည် အဟောင်းများ က ကွန်ပြူတာပြင်လို၍ ဖုန်းဆက်ခေါ်လျှင် နေလင်းစိုးက အိမ်တိုင်ရာရောက် လိုက်ပြင်ပေးမြဲ ဖြစ်ပါသည်။
အခုနက ဖုန်းဆက်လိုက်သည့်မိန်းကလေးသည် သူ့အသိမိတ် ဆွေ တစ်ယောက် ယောက် က အသိပေးလိုက်၍ သူ့ကိုဖုန်းနှင့်ဆက်သွယ် ခြင်းပဲ ဖြစ်လိမ့်မည် ။
နေလင်းစိုးက ဖုန်းမျက်နှာပြင်တွင် ပေါ်နေဆဲ ဖြစ်သော တစ်ဖက် မှဆက်သည့်ဖုန်းနံပါတ်ကို ပြန်ကြည့်လိုက်သည်။ ဖုန်းနံပါတ်အရ တစ် ဖက်မှဆက်သော ဖုန်းအမျိုးအစားမှာ ဂျီအက်စ်အမ်ဖုန်းပင် ဖြစ်ပါသည်။
သူ့နားထဲတွင် မန္တလေးမှဖုန်းဆက်လိုက်သော မိန်းကလေးအသံ ချိုချိုက စွဲ၍ ကျန်ရစ်ခဲ့သည်။ နာမည် ကိုလည်း မမေး ဖြစ်လိုက်၊ ဘယ်မှာ နေတယ်ဆိုတာလည်း မမေး ဖြစ်လိုက်ပေ။
နေလင်းစိုးက သူ့ဆီဖုန်းဆက်သည့်မိန်းကလေး၏ ဖုန်းနံပါတ် ကို သူ့ဟဲန်းဖုန်းထဲတွင် Save လုပ် သိမ်းဆည်းထားလိုက်၏ ။ နာမည် ကိုဘယ်လိုမှတ်ရမလဲတွေးတော့ သူမ၏ သီချင်းသီဆိုနေသလို အသံချိုချို လေးကိုကြားလိုက်ရ၍ Melody (သီချင်းသံစဉ်)ဟု ရိုက်ထည့်ထား လိုက်သည်။
မန္တလေးပြန်ရောက်မှ မှတ်သားထားသော ဖုန်းနံပါတ်ကိုပြန်ခေါ် ပြီး ဆက်သွယ်ကြည့်ပါတော့မည် ။
သူမ ပထမဆုံးအကြိမ်ဆက်သွယ်ကတည်းက သူမကစတင်၍ အဆက်အသွယ်ဖြတ်တောက် သွားပါလျှက်...
သူမအသံလေးကိုစွဲလမ်းကာ သူမဖုန်းနံပါတ်ကိုမှတ်သားထား မိသည်ကပင်... သူ့ကိုယ်သူ သူမရှေ့မှာ လည်စင်းပေးခဲ့သလို ဖြစ်ခဲ့မှန်း နေလင်းစိုး နောင်မှပင်သိရပါတော့သည်။
အဘယ်ကြောင့်ဆိုသော်... ထိုမိန်းကလေးသည် သူ့ကို အမျိုး မျိုးလှည့်စားဖျားယောင်းပြီး အရူးလုပ်တတ်သည့်မိန်းကလေး တစ်ယောက် ဖြစ်လာသော ကြောင့်ပင်။
မန္တလေးပြန်ရောက်သည်နှင့် နေလင်းစိုးက သူမှတ်သားထား သော ဖုန်းနံပါတ်ကို လှမ်းဆက်လိုက်လေသည်။
''ဟယ်လို...''
မိန်းကလေး၏ အသံချိုချိုက ဖုန်းခွက်မှတစ်ဆင့် သူ့နားထဲသို့ ဝင်လာလေသည်။
''ကျွန်တော် နေလင်းစိုးပါ''
''ရှင်...''
''ကျွန်တော် နေလင်းစိုးပါ၊ လွန်ခဲ့တဲ့သုံးရက်က အဲဒီ က ကွန်ပြူ တာလာပြင်ပေးဖို့ဆက်ဖူးလို့ပါ''
တစ်ဖက်မှရယ်သံလွင်လွင်ထွက်လာသည်။
''သြော်... ကွန်ပြူတာပြင်တဲ့ကိုနေလင်းစိုးကိုး၊ ဆောရီးရှင်... အားနာလိုက်တာ၊ အိမ်ကကွန်ပြူတာပြင်ပြီးသွားပြီရှင့်၊ ဖေဖေက ဆိုင် ကိုယူသွားပြီးပြင်လိုက်တယ်''
''သြော်... ဟုတ်ကဲ့၊ နောင်လိုအပ်ရင် ကျွန်တော့် ကိုဆက်သွယ် လို့ရပါတယ်၊ ကျွန်တော် ဒီဖုန်းပေါ်မှာ အမြဲရှိပါတယ်''
''ဟုတ်ကဲ့ပါ''
''နာမည် ဘယ်လိုခေါ်သလဲဟင်''
''ရှင်...''
တစ်ဖက်က အာမေဋိတ်သံပြုရင်းမှ ခေတ္တအသံတိတ်သွား၏ ။
ခဏနေတော့ ရယ်သံလွင်လွင်ထွက်လာပြီး...
''ဘာလဲ... ကိုနေလင်းစိုးက ကျွန်မနာမည် သိချင်လို့ဖုန်းဆက် တာလား''
''မဟုတ်ပါဘူးဗျာ၊ ကွန်ပြူတာပြင်ဖို့ လိုအပ်သေးတယ်ထင် လို့ ဆက်မေးလိုက်တာပါ၊ နာမည် ကတော့... ဒီလိုပဲ မေးရတော့ပေါ့''
တစ်ဖက်က ရယ်နေပြန်သည်။
''ကိုနေလင်းစိုးနဲ့ကျွန်မနဲ့ လုပ်ငန်းချင်းမှမပတ်သက်သေးပဲ... နာမည် သိစရာလိုလို့လား''
''မပြောချင်လည်း နေပါဗျာ၊ ကျွန်တော် က လူမှုရေး အရ မေးတာပါ၊ ကျွန်တော် ဖုန်းသရဲမဟုတ်ပါဘူး''
''အဟင်း... ဟင်း... ကိုနေလင်းစိုးက ဖုန်းသရဲမဟုတ်ပေမယ့် ကျွန်မကတော့ ဖုန်းသရဲလုပ်လိုက်တော့မယ်''
''ဗျာ...''
''ဒီလိုလုပ်လေ တို့နာမည် သိချင်ရင် မနက်ဖန်ည၁၂နာရီတိတိ ဖုန်းဆက်လိုက်မယ်၊ စောင့်နေပေါ့၊ နော်''
တစ်ဖက်က ဖုန်းချသွားလေပြီ။
နေလင်းစိုး ငေးကြောင်လျှက် ကျန်ခဲ့သည်။
နောက်တစ်နေ့ည ၁၂နာရီတိတိအချိန်တွင် ကောင်မလေးဖက် မှ တကယ်ကိုဖုန်းဆက်လာခဲ့ပါသည်။
''ကျွန်မနာမည် ကိုသိချင်စိတ်ရှိသေးရဲ့ လားဟင်''
''သိပ်သိချင်တာပေါ့ဗျာ''
''ဒါဖြင့်... ကျွန်မနာမည် ပြောမယ်၊ ကျွန်မနာမည် က ပန်းတစ် မျိုးရဲ့ နာမည် ပဲ၊ ရှင့်ဟာရှင်ဖော်ပေတော့''
''ဟင်... ခင်ဗျားက ကျွန်တော့် ကိုပဟေဠိလုပ်နေတာလား''
''ဒါပေါ့... ရှင်ပဲ ကျွန်မနာမည် ကိုမေးတယ်လေ၊ အလွယ်တကူ တော့ ဘယ်သိရမလဲရှင့်၊ နည်းနည်း တော့ဈေးကိုင်ပြီး ပဟေဠိဝှက်ဦးမှ ဖြစ်မှာ ပေါ့၊ ဒါပေမယ့်... ဘာမှမခက်ပါဘူး၊ ပန်းတစ်ပွင့်နာမည် ကိုစဉ်းစား တာများ ဘာခက်လို့လဲ''
''ပန်းတစ်ပွင့်နာမည် ၊ ဒါဖြင့် ကျွန်တော် ဖော်ကြည့်မယ်လေ''
''ဖော်ပေါ့''
''နှင်းဆီ''
''နှင်းဆီဆိုတာ အမေခန်းကပါနေတဲ့ ရုပ်ရှင်မင်းသမီးကြီးပဲ၊ ကျွန်မမဟုတ်ဘူး''
''သဇင်''
''သဇင်က ကျွန်မမဟုတ်ဘူးလေ၊ သီချင်းဆိုတဲ့ကောင်မလေး နာမည် ပဲ''
''စံပယ်''
''မဟုတ်သေးဘူး''
''ခရေ''
''လုံးဝမဟုတ်''
''ပိတောက်၊ ငု''
''လုံးဝပဲ''
''အတိတ်စိမ်းတစ်ခုပေးဗျာ၊ ရာသီအလိုက်ပွင့်တဲ့ပန်းလား၊ အမြဲပွင့်တဲ့ပန်းလား''
''အဲ... ကျွန်မနာမည် နဲ့ပန်းက... အမြဲပွင့်တဲ့ပန်းရှင့်၊ လွယ်လွယ်လေးပါ၊ စဉ်းစားပါဦး''
''ချယ်ရီ''
''မဟုတ်သေးဘူး''
''မေမြို့ပန်း''
''နာမည် ကို မမေမြို့လို့ ဘယ်သူကမှည့်မှာ လဲရှင့်''
''မေတစ်လုံးတည်းမှည့်လို့ ရတယ်လေ''
''အဲဒါလည်း မဟုတ်သေးပါဘူး''
''ဇွန်''
''ကျွန်မက ဂျူလိုင်လမွေးတာလေ၊ မှည့်မယ့်မှည့် ဇူလိုင်လို့ ပဲမှည့်မှာ ပေါ့''
နေလင်းစိုးက သူ့ခေါင်းထဲမှာ ပေါ်လာသမျှ ပန်းတွေ နာမည် ကို စဉ်းစားသည်။ ပန်းတွေ အကြောင်းပါသည့် ကဗျာတွေ သီချင်းတွေ ကို လည်းရွတ်ကြည့်သည်။
''ကြက်ရုံး''
''အမလေး... ကြောက်စရာကြီး၊ မိန်းကလေးနာမည် ထဲမှာ ကြက်-ဆိုတာကြီးပါအောင်ထည့်မှည့်ရင်တော့ ရစရာကိုရှိမှာ မဟုတ်တော့ ဘူး''
သူမနှင့်အတူ နေလင်းစိုးလည်း ရယ်လိုက်ရသေးသည်။
''ဒါပဲနော်... ခွေးသေးပန်းတို့၊ ခေါင်းရမ်းပန်းတို့တော့ ထည့် မပြောနဲ့၊ ခေါင်ရမ်းပန်းက မသာတွေ ကိုပန်တဲ့ပန်း''
''ဝှူး- ခင်ဗျားနာမည် စဉ်းစားရတာ လဲ ခက်လိုက်တာဗျာ၊ ဒီတိုင်းပြောလိုက်တော့ ဘာ ဖြစ်မှာ မို့လို့လဲ''
''ရှင် ကျွန်မနာမည် ကို စွဲစွဲလန်းလန်းမှတ်မိသွားစေချင်လို့ စဉ်းစားခိုင်းနေတာပါ''
''ကဲ- ဒီလိုဆိုရင် ပန်းနာမည် တွေ တန်းစီပြီးရွတ်မယ်ဗျာ၊ ခင်ဗျားနာမည် ပါသွားရင် အိုကေလို့ပြောလိုက်ပေတော့... သော်က၊ ဂမုန်း၊ ဒေါန၊ နေကြာ၊ ဇီဇဝါ...''
''ဆောရီးမောင်လေး၊ တစ်ခုမှမဟုတ်ပါဘူးကွယ်၊ ဒီနေ့တော့ အချိန်စေ့သွားပြီမောင်လေးရေ၊ နောက်နေ့မှဆက်စဉ်းစားပေတော့နော်၊ ဂွတ်နိုက်''
''ဟေ့... ဟေ့... နေပါဦး''
နေလင်းစိုးကတားလိုက်သော်လည်း တစ်ဖက်ကဖုန်းချသွားလေပြီ။ သူမဖုန်းကို နေလင်းစိုးထပ်နှိပ်ပြီးခေါ်သော်လည်း သူမကဖုန်း ကိုမကိုင်တော့ပါ။
နောက်တစ်ခါထပ်ခေါ်တော့ ဖုန်းစက်ကိုပိတ်ပစ်လိုက်လေ၏ ။
နေလင်းစိုး မချင့်မရဲ ဖြစ်ကျန်ခဲ့ရလေတော့သည်။
နောက်တစ်နေ့မှာ လည်း ည၁၂နာရီတိတိမှာ ဖုန်းမြည် လာပါ သည်။
''ဘဲ့နဲ့လဲမောင်လေး၊ မမနာမည် ကိုစဉ်းစားလို့ရပြီလား''
နေလင်းစိုးက အတွေးထဲမှာ ပေါ်လာသည့်ပန်းနာမည် များ ကို တစ်ခုပြီးတစ်ခုရွတ်ပြလိုက်သည်။
''စိတ်မကောင်းပါဘူးမောင်လေးရယ်၊ ပန်းတွေ အမျိုးမျိုးကို ဒါလောက်လေ့လာထားတာတောင် မမနာမည် တစ်ခုမှမပါဘူး''
''နေပါဦး... ခင်ဗျားအသက်အရွယ်ကရော ဘယ်နှနှစ် ရှိပြီလဲ''
သူ့ကိုယ်သူ 'မမ'လို့သုံးနှုန်းနေ၍ နေလင်းစိုးက မေးလိုက်ခြင်း ဖြစ်သည်။
သူမ ပြန်ဖြေလိုက်သော အဖြေက နေလင်းစိုးမျက်ခုံးများ ကို ပင့်တက်သွားစေခဲ့ပါသည်။
''၉၁နှစ် ''
''ဘာ-''
''မောင်လေးအသက်ကရော''
''၂၃နှစ် ''
''ဟင်- သုံးဆယ့်နှစ် နှစ် ဆိုတော့ ငယ်ငယ်လေးရှိသေးတာပဲ''
''၂၃နှစ် ပါဗျ၊ သြော်... သြော်... သိပြီ၊ ခင်ဗျားက ပြောင်းပြန် တွေ တမင်လုပ်ပြီးပြောနေတာကိုး၊ ဒါဆို ခင်ဗျားအသက်က ၁၉နှစ် ပေါ့ ဟုတ်လား''
''မဆိုးဘူး၊ မောင်လေး တဖြည်းဖြည်း သဘောပေါက်လာပြီ၊ မမနာမည် အမှန်သိရအောင်သာ ဆက်ကြိုးစားပေတော့''
''ခင်ဗျား ကျွန်တော့် ကို တစ်ခုလောက်ထပ်ပြီး အတိတ်စိမ်း ပေးဗျာ''
''အတိတ်စိမ်း... ဟုတ်လား၊ ရှင်နဲ့ခုလိုဖုန်းပြောနေတာကကို အတိတ်စိမ်းတစ်ခုပဲ''
''ဟင်...''
''ကဲ- မောင်လေးရေ... ဆက်ပြီးစဉ်းစားပေတော့၊ ကြိုးစား ပါဦးကွယ်... အချိန်တွေ ရှိပါသေးတယ်''
သူနဲ့လာတွေ့ ပါမယ်လို့ ချိန်းဆိုတဲ့အချိန်ထိအောင် နေလင်းစိုး သူမနာမည် ကို မသိခဲ့ရပါ။
နေလင်းစိုးက မြန်မာနိုင်ငံမှာ ပွင့်တဲ့ပန်းတွေ သာမက နိုင်ငံခြား မှာ သာရှိသော ပန်းအမျိုးအမည် များ ကိုပြောသော်လည်း သူပြောသော ပန်းအမည် တွေ ထဲက တစ်ခုမှ သူမအမည် မဟုတ်ပါဟု ငြင်းဆိုခဲ့လေသည်။
သူမသည် နေလင်းစိုးဆီကိုတော့ ညစဉ်မှန်မှန်ဖုန်းဆက်လေ့ ရှိသည်။
နေလင်းစိုးကို ပဟေဠိမျိုးစုံပေးကာ ကလိနေလေ့ရှိသည်။
နေလင်းစိုးသည်လည်း ဘယ်လိုစွဲဆောင်မှုကြောင့်မသိ။ သူမ ကို မမြင်ဖူးပါပဲနှင့် စွဲလမ်းနေမိသည်။ သူမဆီကဖုန်းကို အချိန်တန်လျှင် မျှော်လင့်နေမိမြဲ ဖြစ်သည်။
နေလင်းစိုးက ည၁၂နာရီမဟုတ်သော နေ့လည်နေ့ခင်းအချိန် များ တွင် သူမထံဖုန်းဆက်သည့်အခါတိုင်း သူမက ဖုန်းကိုမကိုင်ပေ။ ညရောက်လို့ သူမဖုန်းဆက်ချိန်တွင် နေ့ခင်းပိုင်းဖုန်းမဆက်ရန်တားမြစ် တတ်သည်။
နေလင်းစိုးက တစ်မျိုးလှည့်ကာ ကြံခဲ့သေး၏ ။
''ကျွန်တော် ကွန်ပြူတာပြင်ပေးလိုက်တဲ့ ခင်ဗျားသူငယ်ချင်းက ဘယ်သူလဲ''
''ဘာ ဖြစ်လို့မေးတာလဲ''
''သြော်... သူ့ကွန်ပြူတာကို သွားပြီးစစ်ဆေးပေးမလို့ပါ''
''လုပ်မနေနဲ့... သူဆီကတစ်ဆင့် ကျွန်မဘယ်သူဆိုတာ စုံစမ်း မလို့မဟုတ်လား၊ ဒီမယ်မောင်လေး... မမနာမည် ကိုသာ မှန်အောင်ဖော် စမ်းပါကွယ်၊ မမနာမည် ကို မင်းဖော်နိုင်တာနဲ့ မင်းကို မမတွေ့ ခွင့်ပေး မှာ ပါ''
သူမက နေလင်းစိုးအကြံကို ကြိုသိနေပြန်သည်။
''ခင်ဗျားနာမည် က ပန်းနာမည် ဆိုတာရော တကယ်ဟုတ်ရဲ့ လားဗျာ''
''သြော်... မောင်လေးရယ်... မမက အဖြေမထွက်တဲ့ပုစ္ဆာမျိုး ကို မထုတ်ပါဘူးကွဲ့၊ အခုပုစ္ဆာက မမထုတ်ထားတဲ့ပုစ္ဆာလည်း မဟုတ်ဘူး၊ မမအဖေက မမကို မွေးကတည်းက ပေးထားတဲ့နာမည် ၊ မယုံရင် မောင် လေးပန်းပေးတဲ့တစ်နေ့ကျ မှတ်ပုံတင်ရော၊ အိမ်ထောင်စုဇယားရော... ပြပါ့မယ်၊ ကြေနပ်ပြီလား''
''ဒါဆို ပန်းပေးပြီဗျာ''
''အို... ဒါလောက်လည်း အားမလျှော့နဲ့လေ၊ ယောကျာ်းတို့ လုံ့လဆိုတာ သေခါမှလျှော့ရတာ တဲ့၊ ကြိုးစားလိုက်ပါဦးမောင်လေးရယ်၊ ဟင်း... ဟင်း...''
သူမနှင့်ဆက်သွယ်မိပြီး တစ်လကြာချိန်တွင် ... ရန်ကုန်မှာ အင်တာဗျူး သွားဖြေထားသော အလုပ်မှ ခန့်အပ်ခြင်းခံရသည်။ မန္တလေး မှာ အသစ်လာဖွင့်သည် ''.........''အမည် ရှိကွန်ပြူတာကုမ္ပဏီတွင် အလုပ်ရခဲ့ခြင်း ဖြစ်ပါသည်။
နေလင်းစိုးက သူအလုပ်ဝင်နေပြီဆိုတာကို သူမအား ပြောပြ လိုက်သည်။
''ဒါဆိုအတော် ပဲ၊ ကျွန်မ ရှင့်ကိုလာချောင်းကြည့်လို့ရတာ ပေါ့၊ ရှင်တို့ကုမ္ပဏီလိပ်စာပြောပါဦး''
နေလင်းစိုးက လမ်း၃ဝအရှေ့ခြမ်းမှ ကုမ္ပဏီလိပ်စာကိုပြောပြ လိုက်သည်။
နောက်တစ်နေ့တွင် ...
''ရှင်က ဘယ်ဆိုးလို့လဲ၊ ရှင်က ရုပ်လည်းချောတယ်၊ အရပ် လည်းမြင့်တယ်နော်''
''ခင်ဗျား ကျွန်တော့် ကိုလာကြည့်ပြီးပြီပေါ့၊ ဘယ်တုံးက လာ ကြည့်လိုက်တာလဲဗျာ၊ မနေ့ကမှ ကျွန်တော့် ရုံးလိပ်စာပြော ဖြစ်တယ်၊ ဒီနေ့မြင်ဖူးနေပြီဆိုတော့ ဒီနေ့ခင်းပဲ လာကြည့်လိုက်တာပေါ့၊ ဟုတ်လား''
''မှန်တာပေါ့ရှင်''
နေလင်းစိုးက ပြန်စဉ်းစားကြည့်သည်။ ဒီနေ့ရုံးကိုအဝင်အထွက် လုပ်တဲ့မိန်းကလေးများ ကို ပြန်မြင်ယောင်ကြည့်သည်။
''မျက်စိထဲပြန်မြင်ကြည့်မနေနဲ့၊ ပေါ်လာမှာ မဟုတ်ဘူး၊ ဘာ ဖြစ် လို့လဲဆိုတော့ ကျွန်မက ရှင့်ဆိုင်ထဲကို မျက်နှာဖုံးစွပ်ပြီးလာတာ''
''ဗျာ-''
''Mask စွပ်လာတဲ့မိန်းကလေးနှစ် ယောက် ကို ရှင်သတိပြုမိချင် လည်း ပြုမိမှာ ပေါ့၊ အဲဒီ ထဲမှာ ကျွန်မပါတယ်လေ၊ ဟဲဟဲ...''
ဆိုင်ကယ်စီးသည့်အခါတွင် ဖုန်ထူသော မန္တလေး၏ ဖုန်မှုန့်များ ဒဏ်မှသက်သာစေရန် နှာခေါင်းနှင့်ပါးစပ်ကိုပိတ်စည်းသောျြေုများ ကို တပ်၍ စီးလေ့ရှိပါသည်။ နားရွက်နှစ် ဖက်တွင် အဝတ်ကြိုးစဖြင့်စည်းထား ပြီး... ပိတ်ပါးစက နှာခေါင်းနှင့်ပါးစပ်တဝိုက်လုံးကို ဖုံးနေစေပါသည်။ မျက်နှာကိုမမှတ်မိအောင် ရုပ်ဖျက်သည့်သဘောသက်ရောက်သော ကြောင့် ယာဉ်ထိမ်းရဲများ စစ်ဆေးသည့်အခါ၌ Mask တပ်ထားလျှင် အရေး ယူ ခံရတတ်သည်။
နေ့လည်က... ဆိုင်ကယ်ကိုယ်စီနှင့်မိန်းကလေးနှစ် ယောက် ဆိုင်ကယ်ပေါ်ကဆင်းလာပြီး ဆိုင်ထဲဝင်လာသည်။ျြေုများ ကို ဆိုင်ထဲ ရောက်တဲ့အထိချွတ်မပစ်ကြ။ ဆိုင်ထဲမှပစ္စည်းများ ကို အတန်ကြာလှည့် ပတ်ကြည့်ပြီးမှပြန်သွားတာကို ပြန်ပြီးစဉ်းစားမိလိုက်သည်။
သြော်... အဲဒီ နှစ် ယောက် ထဲမှာ သူပါတယ်ပေါ့။
''ခင်ဗျားဖက်က အမြဲခြေတစ်လှမ်းကျောနေပါလား၊ ကျွန်တော် ကတော့ ခင်ဗျားနာမည် လေးတောင် သိခွင့်မရဘူးဆိုတော့ ခင်ဗျားနှိပ်စက် တာ လွန်လွန်းပြီထင်တယ်''
''အလို... မနှိပ်စက်ရပါလား၊ နာမည် လေးဖော်နိုင်တာနဲ့ တွေ့  ခွင့်ပေးပါမယ်ဆိုထားသားပဲ၊ ဒါဖြင့်... ဒီလိုလုပ်လေ၊ တရားမျှတရာကျ သွားအောင်... ကျွန်မက ရှင့်ကိုမြင်ဖူးပြီးသားဆိုတော့ ရှင်ကျွန်မကို မြင်ဖူးအောင် ဓာတ်ပုံပို့ပေးရမလား''
''ဟား... ကောင်းတာပေါ့ဗျာ၊ ဒါ့ထက်ကောင်းတဲ့အစီအစဉ် မရှိတော့ဘူး''
''ဒါပေမယ့်... ဓာတ်ပုံမြင်မှရှင်စိတ်ပျက်သွားမှာ စိုးတယ်ရှင်၊ ကျွန်မဓာတ်ပုံမြင်လိုက်ရင် ရှင် ကျွန်မကိုဖုန်းဆက်မှာ တောင် မဟုတ် တော့ပါဘူး၊ ကျွန်မက ရုပ်ဆိုးတယ်ရှင့်၊ သိရဲ့ လား''
''မယုံပါဘူးဗျာ၊ ဘယ်လောက်ရုပ်ဆိုးဆိုးဗျာ၊ ကျွန်တော် ခင်ဗျားကို အသံကြားရုံနဲ့တင်စွဲနေပြီ၊ ဓာတ်ပုံလေးသာပို့ပေးပါဗျာ၊ ဓာတ်ပုံ ကိုင်ပြီး ခင်ဗျားကိုမတွေ့ တွေ့ အောင်လိုက်ရှာမယ်''
''တကယ်''
''တကယ်ပေါ့''
''ဓာတ်ပုံကို ဘယ်လိုပို့ပေးရမှာ လဲ''
''စာတိုက်ကပို့ပေါ့''
''စာတိုက်က မပို့ချင်ပါဘူး၊ ရှင့်မှာ အီးမေးလ်လိပ်စာရှိတယ်ဆို''
''ဟာ- ဟုတ်တယ်၊ အီးမေးလ်နဲ့ပို့တာ အကောင်းဆုံးပဲ၊ ကျွန် တော့် ဗစ်ဇစ်တင်းကတ်ထဲက အီးမေးလ်လိပ်စာနှစ် ခုမှာ ရှေ့ကတစ်ခုက ကျွန်တော့် အိမ်ကိုတိုက်ရိုက်ရောက်တဲ့လိပ်စာပဲ၊ ကျွန်တော် ရွတ်ပြမယ်၊ ... ... ... ... ...''
နေလင်းစိုးက သူ့ကိုယ်ပိုင်အီးမေးလ်လိပ်စာကို ရွတ်ပြလိုက် သည်။
''ဟုတ်ပါပြီ၊ ကျွန်မမှာ ကတ်ပြားရှိပါသေးတယ်''
''ခင်ဗျားမှာ လည်း အီးမေးလ်ရှိတယ်ပေါ့၊ ခင်ဗျားအီးမေးလ် လိပ်စာလေးလည်း ပြောပါဦး''
''ဟင့်အင်း... ကျွန်မအိမ်မှာ အီးမေးလ်မတပ်နိုင်ပါဘူးရှင်၊ အပြင်ဆိုင်တစ်ဆိုင်ကနေ ပို့မှာ ပါ''
နောက်တစ်ရက်ခြား၌ နေလင်းစိုး၏ အီးမေးလ်ထဲသို့ တကယ်ပင် ဓာတ်ပုံတစ်ပုံရောက်ရှိနေပါသည်။
ရုံးမှအပြန် ကွန်ပြူတာကိုဖွင့်ကြည့်လိုက်ရာ အီးမေးလ်တစ် စောင်လက်ခံထားသည်ကိုတွေ့ ရ၏ ။ ဓာတ်ပုံဖိုင်တစ်ခု ဖြစ်သည်။ ပို့သည့် နေရာက ကွန်ပြူတာစင်တာတစ်ခု၏ အငှားအီးမေးလ်တစ်ခုဖြင့်ပေးပို့ လိုက်ခြင်း ဖြစ်သည်။
နေလင်းစိုးက သူ့ကွန်ပြူတာထဲရောက်နေသော ဓာတ်ပုံဖိုင်ကို ရင်ခုန်စွာ ဖြင့်ဖွင့်ကြည့်လိုက်လေသည်။
ဓာတ်ပုံသည် ကွန်ပြူတာမြင်ကွင်းနှင့်အပြည့်ပေါ်လာလေ၏ ။
''အောင်မယ်လေးဗျာ...''
ဓာတ်ပုံကိုမြင်လိုက်သည်တွင် နေလင်းစိုးက အလန့်တကြား အော်လိုက်မိလေတော့သတည်း။
ဓာတ်ပုံက တစ်ပုံတည်း ဖြစ်သည်။ မိန်းကလေး တစ်ယောက် ၏ ကိုယ်တစ်ပိုင်းပုံပင် ဖြစ်ပါသည်။
သို့သော် ထိုမိန်းကလေးသည်...
နဖူးကြီးအဆမတန်မောက်နေလေ၏ ။ နဖူးကြီးမောက်နေပုံမှာ ပန်ချာပီဗောင်းထုတ်ကြီးစွပ်ထားသလို ရှေ့ကိုတစ်ထွာလောက်ဖူးထွက်နေ ခြင်း ဖြစ်သည်။
နဖူးမောက်နေသည့်အတွက် မျက်လုံးများ က အတွင်းသို့ ခွက် ဝင်နေသည်။ နှာခေါင်း၊ ပါးစပ်အနေအထားများ က သာမန်မျှသာ ဖြစ် သော်လည်း မောက်နေသော နဖူးကြီးကြောင့် ရုပ်ဆိုးလှပေသည်။
ဘုရားရေ... အသံလေးကြောင့် သူစွဲလန်းမိတဲ့မိန်းကလေးဟာ ဒါလောက်တောင် အရုပ်ဆိုးရသလား။
''ဘဲ့နဲ့လဲ... ရှင် ကျွန်မကို တော် တော် စိတ်ပျက်သွားပြီလား''
ညကျတော့ ထုံးစံအတိုင်း ဖုန်းဝင်လာသည်။
''စိတ်မပျက်ပါဘူးဗျာ၊ ဒါ ခင်ဗျားပုံအစစ်မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်''
''အို... ဓာတ်ပုံကို လက်တွေ့ မြင်နေရတာ တောင် ရှင်က ကျွန်မ ကိုအထင်ကြီးနေတုံးလား၊ တခြားလူ တစ်ယောက် ပုံကိုပို့ပေးတယ်ထင်လို့ လားဟင်''
''တခြားလူ တစ်ယောက် ပုံမဟုတ်ပါဘူး၊ ဒါ ခင်ဗျားပုံပါပဲ၊ ဒါပေမယ့် ဒီပုံရဲ့ နောက်ကွယ်က ခင်ဗျားအလှတွေ ကို ကျွန်တော် မြင်နေ ရတယ်''
''ဟယ်... ဘဝင်တောင်မြင့်ချင်သွားပြီ''
''တကယ်ပါဗျာ၊ ကျွန်တော့် အတွက် နောက်တစ်ပုံလောက် ထပ်ပို့ပေးပါဦး''
''နောက်တစ်ပုံ''
''ဟုတ်တယ်၊ နောက်ထပ်တစ်ပုံလောက်ကြည့်ချင်သေးတယ်''
''ဒါဆို တစ်ပတ်တော့ရှင်စောင့်ရလိမ့်မယ်၊ ကျွန်မက မုန့်ဖိုး သိပ်ရတာ မဟုတ်ဘူးရှင့်၊ ဓာတ်ပုံရိုက်ဖို့ပိုက်ဆံက စုရဦးမှာ ''
''ကျွန်တော် တစ်ပတ်စောင့်နိုင်ပါတယ်ဗျာ၊ ပို့မှာ သာပို့ပေးပါ''
နောက်တစ်ပတ်အကြာတွင် သူမ၏ ဓာတ်ပုံတစ်ပုံရောက်လာပြန် သည်။ ဓာတ်ပုံရှင်မှာ ပထမဓာတ်ပုံထဲက မိန်းကလေးပင် ဖြစ်ပါသည်။
သို့သော်...
သည်တစ်ခါတော့ သူမ၏ နှာခေါင်းကြီးသည် ရှေ့သို့အဆမတန် ရှည်ထွက်နေလေသည်။ ရှည်ထွက်ရုံသာမက အောက်သို့ပင်စိုက်နေလိုက် သေးသည်။ သိမ်းငှက်တစ်ကောင်၏ နှုတ်သီးနှင့် တူလွန်းလှပေ၏ ။
''ဘဲ့နဲ့လဲ... နဖူးမောက်မောက် နှာယောင်ကောက်ကောက်ဟာ သူယုတ်မာရဲ့ အမှတ်အသားတွေ တဲ့၊ ကျွန်မလိုမိန်းမယုတ်ကို ရှင် အသိ မလုပ်ချင်ပါနဲ့တော့ ကိုနေလင်းစိုးရယ်''
''မဟုတ်ဘူး၊ ကျွန်တော် က အဲဒီ လိုအသိရခက်ပြီး ပုစ္ဆာဆန်တဲ့ မိန်းကလေးတွေ ကိုမှ စိတ်ဝင်စားတာ၊ သူတို့ဘဝအမှန်ကိုဖော်ရတာ ကျွန်တော် ပျော်တယ်ဗျာ၊ ခင်ဗျားကိုလည်း အဲဒါကြောင့် ကျွန်တော် စိတ် ဝင်စားတာ''
''ကျွန်မကိုစိတ်ဝင်စားတယ်''
''ဟုတ်တယ်၊ စိတ်ဝင်စားရုံတင်မဟုတ်ဘူး၊ နောက်ထပ် ဓာတ်ပုံ တစ်ပုံလောက်ထပ်ပို့ပေးမယ်ဆိုရင် ခင်ဗျားကိုကျွန်တော် ချစ်တောင်ချစ် သွားမိလိမ့်မယ်ဗျာ''
''အို..ကိုနေလင်းစိုးရဲ့ စိတ်ကထူးဆန်းလိုက်တာနော်၊ ဒါလောက် ရုပ်ဆိုးတဲ့ကျွန်မကို ချစ်တောင်ချစ်မိဦးမယ်တဲ့လား''
''ဟုတ်ပါတယ်ဗျာ၊ အခုကို ချစ်နေမိပါပြီ၊ ကျွန်တော့် ကို နောက်ထပ်ဓာတ်ပုံတစ်ပုံ ပို့ပေးလိုက်ပါဦးမမရယ်''
''ဒါဖြင့် ဓာတ်ပုံရိုက်ဖို့ ပိုက်ဆံစုလိုက်ဦးမယ်၊ တစ်ပတ်စောင့် လိုက်ပေဦး''
နေလင်းစိုး ဓာတ်ပုံများ ကိုကြည့်ပြီး စိတ်ပျက်မသွားခြင်းမှာ အကြောင်းရှိပါသည်။ သူကိုယ်တိုင်ကွန်ပြူတာကျွမ်းကျင်သူတစ်ဦးမို့ ဓာတ်ပုံတွေ ကို ကွန်ပြူတာပညာဖြင့် ပုံဖျက်ထားတာကို သိနေသော ကြောင့်ပင်။
သူ့ကိုပို့လိုက်သည့်ဓာတ်ပုံများ မှာ ... သာမန်မျက်နှာတွင် နဖူး နေရာ၊ နှာခေါင်းနေရာများ ကို အကြီးချဲ့၍ ပြန်ပြီးဆက်စပ်ထားခြင်းသာ ဖြစ်ပါသည်။ ဏ့သအသှ့သစဆိုသည့်ကွန်ပြူတာဓာတ်ပုံပညာဖြင့် ဖြတ်ညှပ် ကပ်လုပ်ကာ ပြုပြင်ထားသော ဓာတ်ပုံများ ဖြစ်ပါသည်။
နေလင်းစိုးက ဓာတ်ပုံနှစ် ပုံကိုကြည့်ရုံဖြင့် မိန်းကလေး၏ ကွန်ပြူ တာကျွမ်းကျင်မှုကိုသတိပြုမိသည်။ ဒီပုံတွေ ကို သူမကိုယ်တိုင်ပြုပြင် ထားတာပဲ ဖြစ်မယ်လို့ ယုံကြည်သည်။ ဘာ ဖြစ်လို့လဲဆိုတော့... သူ့ကို ပထမဆုံးဆက်သွယ်လာတာကိုက သူမအိမ်မှကွန်ပြူတာကို ပြုပြင်ပေးဖို့ ဆက်သွယ်ခြင်း ဖြစ်သည်။ သည်တော့... သူမသည် အိမ်တွင် ကိုယ်ပိုင် ကွန်ပြူတာထားရှိသော မိန်းကလေး တစ်ယောက် ဖြစ်ရမည် ။
သူမပို့ပေးသော အီးမေးလ်လိပ်စာများ ကတော့ တစ်ပုံကို တစ်နေရာစီမှ ဖြစ်နေပါသည်။ ဒါကတော့ သူမအိမ်မှာ အီးမေးလ်တပ်ဆင် မထားလို့လည်း ဖြစ်ချင် ဖြစ်မည် ။ အိမ်ကအီးမေးလ်ဖြင့်ပို့လျှင် နေလင်းစိုး က ခြေရာခံလိုက်မှာ စိုးရိမ်လို့လည်း ဖြစ်နိုင်ပါသည်။
မည် သို့ပင်ဆိုစေ... ကွန်ပြူတာကိုကိုယ်ပိုင်ထားရှိပြီး ကျွမ်းကျင် စွာ ကိုင်တွယ်သုံးစွဲနိုင်သည့်မိန်းကလေး၊ လက်ကိုင်ဖုန်းကိုယ်ပိုင်ထား နိုင်သည့်မိန်းကလေး တစ်ယောက် ၏ အဆင့်အတန်းမှာ နိမ့်လှမည် မဟုတ် ပါပေ။
နေလင်းစိုးက ကိုယ်တိုင်ကွန်ပြူတာသမားမို့ ကွန်ပြူတာပညာ များ အသုံးပြုပြီး ပဟေဠိတွေ ဝှက်နေသော မိန်းကလေးကို ပိုပိုပြီးစိတ်ဝင် စားလာခြင်းပင် ဖြစ်ပါသည်။
ပြီးတော့... ထိုမိန်းကလေးကိုယ်တိုင်ကလည်း သူ့အပေါ်မှာ စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကို နေလင်းစိုးရိပ်မိထားသည်။
သူမသည် သုံးလအတွင်းတွင် နေလင်းစိုးဆီကို ညစဉ်ဖုန်းဆက် ခဲ့သည်။ နေလင်းစိုးရုံးခန်းထဲအထိရောက်လာပြီး သူ့ကိုလာကြည့်ခဲ့တာ ကိုလည်း သူမကိုယ်တိုင်ပြောပြပြီး ဖြစ်သည်။
ဒါတွင် မကသေး...
''ကိုနေလင်းစိုးက ထမင်းချိုင့်မယူဘူးလား၊ နေ့တိုင်း ရှမ်းဆိုင် မှာ ပဲ ထမင်းဝယ်စားနေကျလား''
''ဗျာ... ကျွန်တော် ဒီနေ့ ရှမ်းဆိုင်မှာ ထမင်းစားတာကို ခင်ဗျားက သိနေတယ်''
''အို... သိတာပေါ့၊ ရှင်ထမင်းစားနေတုံး ကျွန်မတောင် အဲဒီ ဆိုင်က ဟင်းဝင်ဝယ်သွားသေးတယ်''
''ဟိုက်-''
နေလင်းစိုး ကိုယ့်နဖူးကိုယ်ရိုက်ခဲ့ရပါသေးသည်။
''နေ့လည်က ကွန်ပြူတာဈေးရောင်းပွဲတော် မှာ ပရင်တာအသစ် အကြောင်း ကိုနေလင်းစိုးရှင်းပြတာ သိပ်ကောင်းတာပဲနော်''
''ခင်ဗျားက ဘယ်ကမြင်လိုက်တာလဲ''
''အို... နားထောင်နေတဲ့လူတွေ ထဲမှာ ကျွန်မပါတယ်လေ၊ ဟီ... ဟီ...''
''ဟောဗျာ-''
သူမကို အထင်သေးလို့မရတော့ပါ။
တစ်ခါကလည်း ဆီဒိုးနားဟိုတယ်မှာ ပြုလုပ်သည့် ကွန်ပြူတာ ပညာနှီးနှောဖလှယ်ပွဲတွင် နေလင်းစိုးက ခေါင်းစဉ်တစ်ခုယူ၍ ဟောပြော ရသည်။
ညကျတော့... သူမက နေလင်းစိုးဟောပြောခဲ့သည့်ဘာသာရပ် ထဲမှ မရှင်းသည့်အချက်များ ကို ဖုန်းဆက်၍ မေးမြန်းနေပါတော့သည်။
''ဒါဖြင့်... ဆီမီနာမှာ ခင်ဗျားရှိနေတယ်ပေါ့၊ အမေးအဖြေကဏ္ဍ လုပ်ပေးထားသားပဲ၊ အဲဒီ တုန်းက ဘာ ဖြစ်လို့ထ,မမေးတာလဲ''
''ကျွန်မကို ရှင်ရိပ်မိသွားမှာ စိုးလို့ပေါ့၊ ကျွန်မထဆွေးနွေးရင် ကျွန်မနာမည် ကို ပြောရတော့မယ်လေ၊ အသံထွက်ပြီးမေးရင် ကျွန်မ ဆိုတာ ရှင်သိသွားမှာ ပေါ့၊ ဒါဆိုရင် ကျွန်မဝှက်ထားတဲ့ပဟေဠိတွေ ကို ကျွန်မကိုယ်တိုင်ပြန်ဖော်သလို ဖြစ်နေမှာ ပေါ့ မောင်လေးရဲ့ ''
သူမသည် နေလင်းစိုးပတ်ဝန်းကျင်၌ အမြဲရှိနေခဲ့သည်။
သူက ကိုယ့်ကိုသိပြီး... ကိုယ်က သူ့ကိုမသိတာ အတော် တော့ ခံပြင်းဖို့ကောင်းပါသည်။
သူမက နေလင်းစိုးလှုပ်ရှားမှုအားလုံးကိုသိနေသည်။ နေလင်း စိုးကတော့ သူမနာမည် လေးကိုတောင် မဖော်နိုင်သေး။
ဒါ့ကြောင့်... နေလင်းစိုးက သူမဆီမှဓာတ်ပုံများ ကို ထပ်ပြီး တောင်းခံလိုက်ခြင်းပဲ ဖြစ်ပါသည်။
သူမပို့ပေးမယ့်ဓာတ်ပုံတွေ ဟာ ရုပ်ဖျက်ထားပြီးသားပုံတွေ ဖြစ် မယ်ဆိုတာ နေလင်းစိုးသိပါသည်။
အဲဒီ ရုပ်ဖျက်ထားတဲ့ဓာတ်ပုံတွေ ထဲကပဲ သဲလွန်စရှာကာ သူမ ဘယ်သူဆိုတာဖော်ထုတ်ဖို့ နေလင်းစိုးက ဆုံးဖြတ်ထားခြင်းပဲ ဖြစ်ပါသည်။
ကဲ- မိန်းကလေးရေ။ မင်းကပဲ ပဟေဠိဆန်နိုင်မလား၊ ငါကပဲ ဖော်ကောင်လုပ်နိုင်မလား။ တို့နှစ် ယောက် ပညာပြိုင်ကြတာပေါ့။
သူမဆီက နောက်ထပ်ဓာတ်ပုံသုံးပုံ လက်ခံရရှိခဲ့ပါသည်။
သူမက တစ်ပတ်ကိုတစ်ပုံနှုန်းဖြင့် နေလင်းစိုး၏ အီးမေးလ် ထဲသို့ ပုံများ ပို့ပေးခဲ့ခြင်း ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ရုပ်ဖျက်ထားသည့်ပုံများ ပင် ဖြစ်ပါ သည်။
ပထမပုံတွင် ဓာတ်ပုံထဲမှမိန်းကလေး၏ မျက်လုံးနှစ် လုံးမှာ ရှေ့သို့ အဆမတန်ပြူးထွက်နေလေသည်။
နောက်တစ်ပတ်မှာ ရောက်လာသည့်ပုံ၌ ထိုမိန်းကလေး၏ ပါးစပ် မှာ နားရွက်နှစ် ဖက်ကိုတက်ချိတ်လုနီးပါး ပြဲလန်လျှက်ရှိလေသည်။
နောက်ဆုံးရောက်လာသည့်ပုံထဲတွင် တော့ ဓာတ်ပုံထဲတွင် ရယ် မောနေသော သူမ၏ သွားများ မှာ ရှေ့သို့တစ်ထွာခန့်ခေါထွက်နေလေသည်။
နေလင်းစိုးက သူလက်ခံရသမျှပုံငါးပုံကို ဆေ့လုပ် သိမ်းဆည်း ထားလိုက်သည်။
ပြီးတော့... ဓာတ်ပုံငါးပုံကို Phone ထဲထည့်ကာ တစ်ပြိုင် တည်း ယှဉ်ကြည့်လိုက်သည်။ ထိုအခါ... အလွန်အကြူး ဖြစ်အောင်ပြုပြင် ထားသည့် အပိုင်းများ ကိုဖယ်ထုတ်ကြည့်မည် ဆိုလျှင် ပုံငါးပုံစလုံးသည် မိန်းကလေး တစ်ယောက် တည်း၏ ပုံများ ပင် ဖြစ်ကြောင်း ခန့်မှန်းလို့ရ လိုက်လေ၏ ။
နေလင်းစိုးက ပုံတစ်ပုံချင်းကို Phone ထဲဆွဲထည့်ကာ လွန်လွန်ကဲကဲ ဖြစ်အောင် ပြုပြင်ချဲ့ထွင်ထားသည့်အပိုင်းများ ကို ဖယ်ထုတ် ပစ်လိုက်သည်။
နဖူးမောက်သော ဓာတ်ပုံထဲမှ နဖူးအပိုင်းကို လုံးဝဖျက်ကာ ဖယ်ရှားပစ်လိုက်သည်။
နှာခေါင်းကို သိမ်းငှက်နှုတ်သီးသဖွယ်ဖန်တီးထားသည့်ဓာတ်ပုံ ထဲမှ နှာခေါင်းကြီးကိုလည်း ကိုက်ဖြတ်ပစ်လိုက်လေသည်။
ပုဇွန်မျက်လုံးလိုပြူးထွက်နေသည့် မျက်လုံးနှစ် လုံးကိုလည်း ကိုက်ထုတ်ပစ်လိုက်သည်။
နားရွက်နှစ် ဖက်ကိုတက်ချိတ်လုနီး ဖြစ်နေသည့် ပါးစပ်ပြဲကြီး ပါသည့်အပိုင်းကိုလည်း ကိုက်ညှပ်ပစ်လိုက်လေသည်။
နောက်ဆုံးဓာတ်ပုံထဲမှ ခေါနေသော သွားကြီးများ ကိုလည်း ဖျောက်ဖျက်ပစ်လိုက်လေ၏ ။
ထိုအခါ... ပုံငါးပုံထဲတွင် အလွန်အကြူး ဖြစ်အောင်ဖန်တီးထား သော ရုပ်ဆိုးသည့်အပိုင်းများ မှာ ပျောက်ပျက်သွားပြီး သာမန်မိန်းကလေး တစ်ယောက် ၏ အင်္ဂါမစုံသော ပုံများ အ ဖြစ်သာ ကျန်ရှိနေပါတော့သည်။
နေလင်းစိုးက ပုံငါးပုံထဲမှကျန်ရှိနေသော အပိုင်းများ မှာ ဓာတ်ပုံ ရှင်မိန်းကလေး၏ နဂိုရှိရင်းစွဲများ အ ဖြစ် မှတ်ယူလိုက်လေ၏ ။
ထို့နောက်... ပုံငါးပုံထဲမှ ကောင်းမွန်သော အပိုင်းများ ကို ကိုက် ညှပ်ကာ သီးခြားဖိုင်တစ်ခုထဲတွင် မိတ္တူကူးယူလိုက်သည်။
မိတ္တူကူးယူထားသည့်ကောင်းမွန်သော မျက်နှာအပိုင်းအစများ ကို သူ့နေရာနှင့်သူ တစ်ဆက်တစ်စပ်တည်း ဖြစ်အောင် သင့်လျော်သလို ဆက်စပ်ယူလိုက်သည်။
နဖူးကိုဖျက်ထားသည့်ပုံတွင် ကောင်းသော ပုံမှသာမန်နဖူးကို ယူပြီးဖြည့်လိုက်သည်။
နှာခေါင်းကိုဖျက်ထားသည့်နေရာ၌ သာမန်နှာခေါင်းပါသော ပုံမှ နှာခေါင်းဖြင့် ဖြည့်စွက်လိုက်သည်။
မျက်လုံးနှစ် လုံးနေရာတွင် လည်း ကောင်းသော မျက်လုံးပုံကို လည်းကောင်း၊ ပါးစပ်ပြဲနေရာတွင် ကောင်းသော ပါးစပ်ကိုလည်းကောင်း၊ ခေါသော သွားများ နေရာ၌ သာမန်နှုတ်ခမ်းပုံကိုလည်းကောင်း ဖြည့်စွက် လိုက်လေသည်။
ထိုအခါ... မျက်နှာအမူအရာတစ်မျိုးတည်းရှိသော မိန်းကလေး တစ်ယောက် ၏ ပုံငါးပုံကို နေလင်းစိုးမြင်တွေ့ လိုက်ရလေတော့သည်။ ပုံငါးပုံထဲမှမိန်းကလေး၏ မျက်နှာများ မှာ မရိုးမစွဲတူညီနေကြပါသည်။ အပြင်မှာ လည်း သူမသည် ဒီပုံတွေ ထဲကနှင့် မကွဲပြားလှသော ပုံစံဖြင့် ရှိနေပါလိမ့်မည် ။
ပုံများ ကိုကြည့်၍ နေလင်းစိုးကြေနပ်သွားသည်။
ရုပ်ဖျက်ထားသော အပိုင်းများ ကိုပြုပြင်လိုက်သည့်အခါ သူမ သည် အတော် ပင်လှပသော မိန်းကလေး တစ်ယောက် ဖြစ်နေလေတော့၏ ။
ဓာတ်ပုံများ ကိုပြုပြင်လိုက်သည့်အကြောင်းကို နေလင်းစိုးက သူမကို ပြောမပြခဲ့ပါချေ။
ဓာတ်ပုံထဲမှမိန်းကလေးကို အပြင်မှာ တွေ့ ရအောင် နေလင်းစိုး လိုက်ရှာခဲ့သည်။ သူမနှင့်လည်း ညစဉ်လို ဖုန်းဆက်စကားပြော ဖြစ်နေမြဲ ဖြစ်သည်။
သူမရုပ်သွင်ကို ပုံဖော်နိုင်မှပင် သူမသည် နေလင်းစိုးကျင်လည် ရာပတ်ဝန်းကျင်သို့ရောက်မလာတော့ပါ။ သို့မဟုတ်... Mask တပ်ကာ ရုပ်ဖျက်ထားသော ကြောင့် သူမမှန်း မသိနိုင်ခြင်းလည်း ဖြစ်နိုင်ပါသည်။
သူမ၏ ရုပ်သွင်ကိုဖမ်းမိသွားချိန်မှစ၍ နေလင်းစိုး၏ သူမအပေါ် စွဲလမ်းမှုမှာ ပိုသည်းလာရလေတော့သည်။
အသံလေးကြားရုံဖြင့် စွဲလမ်းခဲ့ရသော သူမ။ စွဲလမ်းဖွယ်သော သူမ၏ ရုပ်ရည်ကိုမြင်ရသည်တွင် သူမအပေါ်အချစ်စိတ်များ ယိုဖိတ်လာ ရပါလေပြီ။
ညစဉ်ဖုန်းဆက်ပြောသော စကားများ ထဲ၌ ချစ်ခွန်းဖွင့်ဆိုသံများ ခပ်စိတ်စိတ်ကလေးပါလာခဲ့ပါပြီ။
''ကိုယ့်ကိုဘယ်လောက်ထိနှိပ်စက်ထားဦးမှာ လဲ ခင်ဗျားရယ်၊ ခင်ဗျားကို ကျွန်တော် တွေ့ ချင်လှပြီ၊ ကျွန်တော် ခင်ဗျားလေးကို သိပ်ချစ် နေပြီဗျ၊ သိရဲ့ လား''
''ဒီကလည်း ရှင့်အခွင့်အရေး ကို တားဆီးပိတ်ပင်ထားတာမှ မဟုတ်တာ၊ ပြန်စဉ်းစားပါဦးလေ၊ ကျွန်မနာမည် ကိုဖော်နိုင်ရင် တွေ့ ခွင့် ပေးမယ်လို့ပြောထားပြီးပြီပဲ''
''ခင်ဗျားက ခက်တဲ့နာမည် ကိုမှည့်ထားတာပဲဗျ''
''နာမည် ပဲ... ခက်တဲ့နာမည် လွယ်တဲ့နာမည် ရှိသေးလို့လား ရှင်ကြီးရယ်၊ ရှင်ကြီးဟာရှင်ကြီး မစဉ်းစားနိုင်တာများ ''
''ခင်ဗျားလေး တော် တော် လက်ပေါက်ကပ်တာပဲ၊ ခင်ဗျားဖက် က ကျွန်တော့် အကြောင်း သိချင်တိုင်းသိနေရပြီး ကျွန်တော် ကတော့ ခင်ဗျားအကြောင်း ဘာမှမသိရဘူး၊ အသံပဲကြားရတယ်၊ ခင်ဗျား ကျွန်တော့် ကို ဘယ်လောက်ကြာတဲ့အထိ နှိပ်စက်ထားဦးမှာ လဲဟင်၊ အခုပဲ ခင်ဗျားနှိပ်စက်ထားတဲ့ကာလက သုံးလကြာနေပြီဗျ''
''အင်... ဟုတ်လား၊ အချိန်ကိုပါ မှတ်ထားတာကိုး''
''ခင်ဗျားလေးကို စွဲလမ်းလွန်းလို့မှတ်မိနေတာပါဗျာ၊ ခင်ဗျား လေး ကျွန်တော့် ဆီဖုန်းဆက်တော့ ကျွန်တော် ရန်ကုန်မှာ အင်တာဗျူး ဖြေဖို့ရောက်နေတာလေ၊ နိုဝင်ဘာလထဲမှာ ပေါ့၊ အခု နှစ် ကူးပြီးလို့ ဖေဖော်ဝါရီလထဲတောင်ရောက်နေပြီ၊ သုံးလရှိပြီဗျ''
''ခစ်... ခစ်... ၂ဝဝ၅ခုနှစ် ကနေ ၂ဝဝ၆ခုနှစ် ကူးသွားတာကို တစ်နှစ် လို့ထည့်မတွက်လို့ တော် သေးတာပေါ့''
''တစ်နှစ် ကြာအောင်သာ ခင်ဗျားလေးအချိန်ဆွဲထားရင် ကျွန်တော် တော့ ရူးတောင်ရူးသွားနိုင်တယ်ဗျာ''
''အို... အဲ့လောက်တောင်ပဲလား၊ သနားတောင်သနားသွားပြီ''
''သနားရင်တွေ့ ခွင့်ပေးဗျာ''
''သည်းခံလက်စနဲ့ သည်းခံလိုက်ပါဦးမောင်လေးရယ်၊ မမ လည်း သက်ဆိုင်သူတွေ ဆီက အကြံဥာဏ်တောင်းလိုက်ပါဦးမယ်''
''ဘာ-''
''မမမှာ အုပ်ထိန်းသူတွေ အတိုင်ပင်ခံတွေ ရှိသေးတယ်ကွဲ့၊ သူတို့နဲ့တိုင်ပင်လိုက်ဦးမယ်နော်၊ ဂွတ်နိုက်''
နေလင်းစိုးအချွဲကောင်းလို့ သနားသွားတာပဲလား။ သူမရဲ့ အုပ်ထိန်းသူတွေ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ က ခွင့်ပြုလိုက်တာပဲလား မသိ။
နောက်တစ်နေ့ည ဖုန်းဆက်တော့ ကောင်မလေးက သူ့ကို တွေ့ ခွင့်ပေးလိုက်လေသည်။
''တွေ့ ခွင့်ပေးမယ်၊ နားထောင်ပါ၊ သေချာမှတ်၊ ပြန်မမေးနဲ့ နော်၊ ဒီနေ့ ဖေဖော်ဝါရီလ ၇ရက်၊ အင်္ဂါနေ့မဟုတ်လား၊ ရှင်ကြီးကို ဖေဖော်ဝါရီလ(၁၁)ရက်၊ စနေနေ့မှာ တွေ့ ခွင့်ပေးမယ်၊ ကန်တော် ကြီး ဥယျာဉ်ကနေ စောင့်နေပါ၊ သေချာမှတ်နော်...
''ကန်တော် ကြီးအဝင်ဝမှာ ကန်ထဲကိုထိုးဆောက်ထားတဲ့ သစ်သားစင်ကြီးတစ်ခုရှိတယ်၊ သိတယ်မဟုတ်လား၊ အဲဒီ ကနေ စောင့် နေပါ၊ မနက်၉နာရီအရောက် ကျွန်မလာခဲ့မယ်၊ ဖေဖော်ဝါရီလ၁၁ရက် စနေနေ့နော်၊ ဒီကြားထဲမှာ ကျွန်မဆီအဆက်အသွယ်မလုပ်နဲ့တော့၊ ကျွန်မ လည်း ရှင်ကြီးဆီဖုန်းမဆက်တော့ဘူး
''ကျွန်မကိုတွေ့ လိုက်မှ ရှင်ကြီး စိတ်ပျက်မသွားရဘူးနော်၊ သြော်... သိလွယ်အောင် ကျွန်မစီးလာမယ့်ဆိုင်ကယ်နံပါတ်ကိုပြောထား ပါ့မယ်၊ သေချာမှတ်နော်၊ ဆိုင်ကယ်နံပါတ်က ၁/ယ ၆(-)(-)(-)၉၊ မှတ်မိပြီနော်၊ သြော်... နေဦး၊ ကျွန်မရင်ပတ်မှာ ကျွန်မနာမည် ပန်း ကလေးကိုထိုးထားမယ်၊ ဒါဆို... ကျွန်မကို ရှင်ကြီး ကောင်းကောင်း သိနိုင်မှာ ပါ၊ ဒါပဲနော်၊ ဖေဖော်ဝါရီ၁၁ရက်၊ စနေနေ့၊ မနက်ကိုးနာရီ၊ ကန်တော် ကြီးဥယာဉ်၊ ဂွတ်နိုက်''
သူမ ဖုန်းဆက်ချိန်းဆိုလိုက်သည့်နေ့မှာ အင်္ဂါနေ့ ဖြစ်ပါသည်။ သူမအမိန့်အတိုင်း နေလင်းစိုးသည် သုံးရက်တိတိ သူမနှင့်စကားမပြော ပဲ နေခဲ့ရသည်။ သူမဖုန်းကို ခေါ်ကြည့်သော်လည်း စက်ပိတ်ထားတာ နှင့်ကြုံရသည်။
စနေနေ့ကိုရောက်ဖို့ နေလင်းစိုးသည် ရင်တခုန်ခုန်ဖြင့် စောင့် မျှော်ခဲ့ရပါသည်။
နေလင်းစိုးက သူပြုပြင်ထားသော ဓာတ်ပုံများ ကို ကွန်ပြူတာ ထဲမှဆွဲထုတ်ကာ ဓာတ်ပုံအ ဖြစ်ကူးယူလိုက်သည်။ သူမနှင့်တွေ့ လျှင် ဘယ် လောက်တူတယ်ဆိုတာကို တိုက်ကြည့်ရလိမ့်မည် ။
ဆန္ဒဇောပြင်းပြနေသူအတွက် စနေနေ့ဟာ ရောက်နိုင်ခဲလှ ချည်လား။
ဒီနေ့ကတော့ နေလင်းစိုး ရင်ခုန်မျှော်လင့်ခဲ့ရသော စနေနေ့ ဖြစ်ပါသည်။
နေလင်းစိုးသည် ဝိရိယရှိစွာ ဖြင့် ၈နာရီကတည်းက ကန်တော် ကြီးကိုရောက်နေခဲ့သည်။ သူမက ၉နာရီချိန်းထားသော်လည်း စိတ်စော စွာ ဖြင့် ချိန်းတဲ့နေရာမှာ သွားစောင့်နေမိခြင်း ဖြစ်ပါသည်။
ကန်တော် ကြီးပတ်ဝန်းကျင်က ရာသီဥတုသာယာသော ကာလ ဖြစ်သည်နှင့်အညီ အေးချမ်းလှပနေပါသည်။ နေလင်းစိုးသည် သူမစောင့် ခိုင်းထားသော ရေစဉ်ပေါ်တွင် စိတ်လှုပ်ရှားစွာ ဟိုသည်လျှောက်ရင်း မှ အချိန်ဖြုန်းနေမိသည်။
တစ်ခါတစ်ခါလည်း အိတ်ထဲမှာ ထည့်လာသည့် ဓာတ်ပုံများ ကို ထုတ်ကြည့်မိသေးသည်။ သူတွေ့ ရမည့် သူမသည် သူပြုပြင်ထားသော ဓာတ်ပုံတွေ ထဲကအတိုင်း ဖြစ်နေလေမလား။ အနည်းငယ်များ ကွဲပြား နေမလား။ လုံးလုံးလျားလျား မတူညီပဲများ ဖြစ်နေမလား။ အမျိုးမျိုး တွေးရင်း စိတ်မောနေရလေ၏ ။
ရှစ်နာရီခွဲချိန်တွင် နေလင်းစိုးက ပလက်ဖောင်းပေါ်မှမတ်တပ် ရပ်ကာ ဝင်လာသမျှဆိုင်ကယ်များ ကိုမျှော်ကြည့်နေမိရလေပြီ။
သည်လိုနှင့် အချိန်က ၉နာရီသို့တရွေ့ရွေ့နီးကပ်လာပါပြီ။ ၆ဂဏန်းနှင့်စသော စူပါကပ်ဆိုင်ကယ်များ ဝင်လာသော်လည်း သူမ မဟုတ်သေးချေ။
နေလင်းစိုး နာရီကိုတစ်လှည့် လမ်းမထိပ်ကိုတစ်လှည့်ကြည့်ကာ စောင့်မျှော်လာခဲ့သည်မှာ တရွေ့ရွေ့ဖြင့် ကိုးနာရီတိတိထိုးချိန်သို့ ရောက် လာခဲ့ပါပြီ။
သူမက ပေါ်မလာသေး။
နေလင်းစိုးက အရှေ့ဖက်သို့ မကြာမကြာမျှော်ကြည့်နေမိသည်။ မော်တော် ဆိုင်ကယ်များ ၊ ကားများ ဥဒဟိုဝင်လာနေသည်။ ဝင်လာသမျှ ဆိုင်ကယ်များ ကို မျှော်မျှော်ကြည့်ကာ နံပါတ်ကို လှမ်း လှမ်းဖတ်ရသည်မှာ လည်း အမော။
ယခုထိတော့... ၆ဂဏန်းနှင့်စသော ဆိုင်ကယ်များ ကို တွေ့ ရသော်လည်း ထိုဆိုင်ကယ်များ က သူ့ရှေ့တွင် ရပ်မလာ။ ဆက်၍ မောင်းနှင်သွားကြသည်ကိုသာ တွေ့ ရသည်။
ချိန်းထားချိန် ကိုးနာရီတိတိအထိတော့ နေလင်းစိုးစိတ်ရှည်ပါ သေးသည်။ ကိုးနာရီကျော်လာတော့ စိတ်မရှည်ချင်တော့။
သူမ ပညာပြပြန်ပြီထင်သည်။
ဒါမှမဟုတ်... သူမထုံးစံအတိုင်း ပဟေဠိဆန်အောင်လုပ်နေပြန် ပြီလား။
သူမနှင့်စပြီး သိရကတည်းက ပုစ္ဆာဆန်ခဲ့သော မိန်းကလေး။ သုံးလအတွင်းမှာ သူမက သူ့ကို ပုစ္ဆာပေါင်းများ စွာ ပေးခဲ့သည်။ ပဟေဠိ ပေါင်းများ စွာ မေးခဲ့သည်။
ယခုအထိ သူမနာမည် ကို နေလင်းစိုးမသိရသေး။
ယခုချိန်းဆိုထားသည်မှာ လည်း သူမနှင့်ပထမဆုံးအကြိမ်တွေ့  ဆုံခြင်းပင် ဖြစ်ပါသည်။
သူမနာမည် အမှန်ကိုလည်း နေလင်းစိုးမသိရသေးသလို၊ သူမ ကိုလည်း နေလင်းစိုး မမြင်ဖူးသေးပါ။
လည်ပင်းသည် မျှော်ကြည့်လျှင် ရှည်ထွက်တတ်သော အရာသာ ဖြစ်ပါက နေလင်းစိုးလည်ပင်းမှာ ကန်ပတ်လမ်းအဝင်ဝသို့ပင်ရောက်နေ ရော့မည် ။
ကိုးနာရီဆယ်မိနစ်။
ကိုးနာရီဆယ့်ငါးမိနစ်။
သူ ငါ့ကိုကြည်စယ်ချင်လို့ တမင်နောက်ကျနေတာ ဖြစ်မှာ ပါ။ စိတ်ကိုဖြေတွေးသော်လည်း စိတ်ကငြိမ်မသွားချေ။
တကယ်သာကြည်စယ်ချင်တယ်ဆိုလျှင်တောင် နာရီဝက်ထက် တော့ပိုပြီးနောက်မကျသင့်ပါ။ နာရီဝက်ဆိုတာတောင် လွန်လှပြီ။
နေလင်းစိုး စိတ်ပျက်အားလျော့စွာ နာရီကိုငုံ့ကြည့်လိုက်တော့ ၉နာရီ၄၅မိနစ်။
သွားပြီ။
သူမ မလာတော့ဘူးထင်ပါသည်။
ရက်စက်လှချေလား။
နေလင်းစိုးက တောက်တစ်ချက်ပြင်းပြင်းခေါက်လိုက်သည်။
အိတ်ထဲကဓာတ်ပုံများ ကိုဆွဲထုတ်သည်။ ဓာတ်ပုံငါးပုံကို ယပ် တောင်ဖြန့်သလိုထပ်ဖြန့်ကာ ကြည့်နေမိသည်။ နာကျည်းခံပြင်းသော စိတ်ဖြင့် ဓာတ်ပုံများ ကိုဆုတ်ဖြဲပစ်ရန်ကြံမိသေးသည်။
သို့သော်... တကယ်တန်းကျ သူကြိုးစားဖန်တီးထားသော ဓာတ်ပုံများ ကို ဆုတ်မပစ်ရက်ခဲ့ပါ။
နေလင်းစိုးက နောက်ဆုံးအနေဖြင့် ကန်အဝင်လမ်းထိပ်သို့ မျှော်ကြည့်လိုက်ပြန်၏ ။ ဆိုင်ကယ်တွေ တစ်စီးပြီးတစ်စီးဝင်လာနေသော် လည်း သူမျှော်လင့်သော ဆိုင်ကယ်မပါပါ။
သူမ သူ့ကို အရူးလုပ်လေပြီ။
နာရီကိုကြည့်လိုက်တော့ ဆယ်နာရီ။
တစ်နာရီတိတိနောက်ကျပြီးမှတော့ သူမရောက်လာတော့မည် မဟုတ်ပေ။
နေလင်းစိုးမျက်ရည်ပင်ဝိုင်းလာမိသည်။
သူမကိုစိတ်ဆိုးသလို ကိုယ့်အ ဖြစ်ကိုယ်လည်း ရှက်မိပါသည်။ မိန်းကလေး တစ်ယောက် အရူးလုပ်တာကို ခံရခြင်းပါလား။
နေလင်းစိုးက အံကိုတင်းတင်းကြိတ်လိုက်သည်။
အိမ်ပြန်ရန် ဆုံးဖြတ်ချက်ချလိုက်လေတော့၏ ။
အပိုင်း ( ၃ )
အိပ်ရာမှနိုးသည်နှင့်... အိပ်ရာထနောက်ကျပြီဆိုတာကို စံကားဝါ သိလိုက်သည်။
နေရောင် က ပြတင်းမှန်ကိုတိုးဝင်ကာ သူမကုတင်ပေါ်သို့ပင် ထိုးကျနေပါပြီ။ အိပ်ရာဘေးစားပွဲပေါ်မှ စားပွဲတင်နာရီဆီလှမ်းကြည့် လိုက်တော့ နာရီက ၈နာရီ၁၅မိနစ်ကိုညွှန်ပြနေ၏ ။
စံကားဝါက အိပ်ရာပေါ်မှ အလျင်အမြန်လူးလဲထလိုက်မိသည်။
သူမ ဘာ ဖြစ်လို့ နေမြင့်တဲ့အထိအိပ်ပျော်သွားတာပါလိမ့်။
ကိုနေလင်းစိုးနှင့်ချိန်းထားတာကို သတိထားခဲ့ပါလျှက် အိပ် ပျော်သွားခဲ့ခြင်း ဖြစ်ပါသည်။ ကိုနေလင်းစိုးနှင့်ချိန်းထားချိန်က ၉နာရီ တိတိ ဖြစ်သည်။
အမြန်သွားလျှင်တော့ ကိုးနာရီအတိမှာ ကန်တော် ကြီးကို ရောက်သွားနိုင်ပါသည်။
စံကားဝါက မျက်နှာသစ်၊ သွားတိုက်အလုပ်များ ကိုအမြန်လုပ် ပစ်လိုက်၏ ။ အချိန်မရလို့ ရေချိုးမနေတော့ပါ။
ဆိုင်ကယ်နှင့်သွားမှာ မို့ ဂျင်းဘောင်းဘီနှင့်တီရှပ်ကိုအမြန်လဲ ဝတ်လိုက်သည်။
သနပ်ခါးလည်းလိမ်းမနေတော့ပဲ သနပ်ခါးမှုံ့နည်းနည်း ကို ပဝါဖြင့်ပုတ်၍ ခပ်ပါးပါးလေးလိမ်းလိုက်သည်။ စံကားဝါသည် နဂိုကပင် အလှအပကို လွန်ကဲစွာ ချယ်သတတ်သူမဟုတ်ပါ။
စံကားဝါအိမ်ရှေ့ကိုထွက်လာတော့ ၈နာရီခွဲနေပါပြီ။
အိမ်ရှေ့ဧည့်ခန်းမှာ ဖေဖေထိုင်ပြီး သတင်းစာဖတ်နေတာကို မတွေ့ ရ၍ တစ်ခုခုလိုနေသလိုမျိုးခံစားလိုက်ရသည်။ ဖေဖေသည် ဒီအချိန် ဆိုလျှင် မန္တလေးထုတ်သတင်းစာနှစ် စောင်နှင့် ကြေးမုံသတင်းစာကို ရေနွေးကြမ်းတစ်အိုးရှေ့ချကာ ဇိမ်နှင့်ဖတ်နေတတ်မြဲ ဖြစ်သည်။ ဖေဖေ ဘယ်သွားလို့ပါလိမ့်။
စံကားဝါက ဧည့်ခန်းနံရံမှာ ချိတ်ထားသည့် ဟဲန်းဖုန်းလေးကို လှမ်းဖြုတ်လိုက်ချိန်တွင် ဧည့်ခန်းဒေါင့်ကွေးမှာ ပုဆိုးတစ်ကွင်းကို ပုခက် လုပ်ချိတ်ထားသည်ကိုမြင်လိုက်ရ၍ အံ့သြသွားလေသည်။ ပုဆိုးပုခက် ထဲမှာ လည်း ကလေးလေး တစ်ယောက် ။ တန်တော့... စံကားဝါအိပ်ရာ မနိုးခင် ရွာက ဖေဖေ့အမျိုးတွေ ရောက်နေတာ ဖြစ်လိမ့်မည် ။ ဖေဖေလည်း ဧည့်သည်တွေ နဲ့အပြင်ထွက်သွားတယ်ထင်ပါရဲ့ ။
စံကားဝါက ဟဲန်းဖုန်းကိုခါးမှာ ချိတ်လိုက်သည်။
နံရံမှာ ချိတ်ထားတဲ့ဆိုင်ကယ်သော့ ကို ဖြုတ်ယူလိုက်သည်။
အိမ်ထဲမှအထွက်တွင် ...
''ဟင်... စံကားဝါ၊ နင်... နင်...''
မီးဖိုခန်းဖက်မှထွက်လာသော အစ်မ ဖြစ်သူဇီဇဝါက စံကားဝါ့ ကိုလှမ်းအော်လိုက်ခြင်း ဖြစ်သည်။
''ဘာလဲ မမ၊ ငါအပြင်ခဏသွားလိုက်ဦးမယ်''
''ဟဲ့- စံကားဝါ၊ နင်မသွားနဲ့လေ၊ ဘယ်ကိုလဲ၊ အို...''
မမဇီဇဝါလက်ထဲတွင် ကလေးစို့သည့် နို့ဗူးလေးကို ကိုင်ထား ၏ ။ ဧည့်သည်ကလေးကို နို့တိုက်မလို့ထင်ပါသည်။
''ငါမကြာပါဘူး၊ ဆယ်နာရီလောက်ရောက်အောင်ပြန်လာခဲ့ မယ်''
စံကားဝါက အချိန်နောက်ကျနေပြီ ဖြစ်၍ အိမ်ထဲမှအမြန်ထွက် လိုက်သည်။
ဆိုင်ကယ်က အိမ်ရှေ့မြေကွက်လပ်တွင် အဆင်သင့်ထုတ်ထား ပြီး ဖြစ်နေ၏ ။
မေမေသည် အိမ်ခြံဝင်းရှေ့မှာ သီးခြားဆောက်ထားသော ကွန်ပြူတာစာစီစာရိုက်ဆိုင်လေးကို သော့ ဖြင့်ဖွင့်နေသည်။ စံကားဝါ အိမ်ထဲကထွက်လာတာကို မေမေမမြင်သေးပါ။
စံကားဝါက ဆိုင်ကယ်ရှေ့ခြင်းထဲက ဟဲလ်မက်ဦးထုတ်ကိုယူ၍ ဆောင်းလိုက်သည်။ ပြီးတော့... ဆိုင်ကယ်ပေါ်ခွထိုင်ကာ သော့ ကိုတပ်၍ စက်နှိုးလိုက်၏ ။
ဆိုင်ကယ်စက်နိုးသံကြားမှ မေမေက လှည့်ကြည့်လိုက်လေ သည်။
စံကားဝါ့ကို ဆိုင်ကယ်ပေါ်ခွထိုင်လျှက်တွေ့ လိုက်ရသည်တွင် မေမေက အလန့်တကြားအသံဖြင့်လှမ်းအော်လိုက်လေ၏ ။
''ဟင်... သမီး စံကားဝါ၊ ဒါ... ဒါ... ဘာလုပ်တာလဲ''
''သမီးအပြင်ခဏသွားမလို့မေမေ၊ သွားမယ်နော်''
''ဟဲ့- ဟဲ့-''
''စံကားဝါ- စံကားဝါ- နေဦးလေ၊ နင် တစ်ယောက် တည်း သွားလို့မ ဖြစ်ဘူး၊ အမလေး... မေမေ၊ စံကားဝါထွက်သွားပြီ''
မမဇီဇဝါကလည်း အိမ်ရှေ့အထိပြေးထွက်လာကာ အော်နေ ပြန်သည်။
သူတို့ဘာ ဖြစ်နေကြတာလဲ။
စံကားဝါဆိုင်ကယ်နဲ့ တစ်ယောက် တည်းအပြင်ထွက်နေကျ ဖြစ် သည်။ အဆန်းမဟုတ်။ စံကားဝါ့မှာ ယာဉ်မောင်းလိုင်စင်လည်း ရှိပြီး သား။ ဘာမှစိုးရိမ်ပူပန်စရာမလိုပေ။
တစ်ခါတလေကျ... လူကြီးမိဘတွေ က ဒီလိုပါပဲ၊ ကြံဖန်ပြီး အစိုးရိမ်ကြီးနေတတ်သည်။
ဆိုင်ကယ်လမ်းထိပ်ရောက်သည်နှင့်... စံကားဝါသည် အိမ် အကြောင်းတွေ အားလုံးမေ့ထားလိုက်လေတော့သည်။
လမ်းထိပ်အရောက်တွင် သုံးဆယ့်ငါးလမ်းကိုချိုး၊ ရ၈လမ်းမီးပွိုင့် ရောက်တော့ ဘယ်ဖက်ကိုကွေ့ကာ ၇၈လမ်းမကြီးအတိုင်း မောင်းလာ ခဲ့သည်။
နာရီကိုငုံ့ကြည့်လိုက်တော့ ၈နာရီ မိနစ်လေးဆယ်။ မိနစ်၂ဝ အတွင်းမှာ ကန်တော် ကြီးကိုအရောက်မောင်းရပေတော့မည် ။ ရောက် သွားနိုင်ပါသည်။
ခုလောက်ဆို... ကိုနေလင်းစိုး ကန်တော် ကြီးမှာ ရောက်နေ လောက်ပြီထင်ပါရဲ့ ။
ကိုနေလင်းစိုးအကြောင်းများ က စံကားဝါ့အတွေးထဲကို တန်းစီ ဝင်လာပြန်လေသည်။ ကိုနေလင်းစိုးကို အချိန်ဆွဲပြီး စ,ခဲ့... နောက်ခဲ့... ကလိခဲ့တာ အချိန်အတော် ပင်ကြာသွားပြီ။ သုံးလပင်ကျော် သွားပါပြီ။
စံကားဝါသည် အစပိုင်းတုန်းကတော့ ကိုနေလင်းစိုးအပေါ်မှာ သာမန်မျှသာသဘောထားကာ အပျော်သဘောသာဆက်ဆံခဲ့မိပါသည်။ သူနဲ့သိကျွမ်းရတာ လည်း အမှတ်မထင်ပင် ဖြစ်သည်။
စံကားဝါတို့မိသားစုက အိမ်ရှေ့တွင် ဆိုင်ခန်းလေးဆောက်ကာ ကွန်ပြူတာစာစီစာရိုက်နှင့်မိတ္တူကူးဆိုင်လေးဖွင့်ထားသည်။ ပင်စင်စား ဖြစ်သော ဖေဖေက ဆိုင်ကိုဦးစီးကာ... ဘွဲ့ရပြီး ဖြစ်သည့် မမဇီဇဝါက ကွန်ပြူတာတစ်လုံးဖြင့် စာစီစာရိုက်တာဝန်ကိုယူပါသည်။ စံကားဝါက လည်း ကွန်ပြူတာတက္ကသိုလ်တွင် နောက်ဆုံးနှစ် တက်နေသော ကျောင်း သူ တစ်ယောက် ဖြစ်၍ ကွန်ပြူတာကျွမ်းကျင်ပါသည်။ ဆိုင်အလုပ်ကိုတော့ စံကားဝါ့ထက်အသက်နှစ် နှစ် ပိုကြီးသည့် မမဇီဇဝါကပဲ တာဝန်ယူထား သည်။
မိတ္တူကူးစက်ကလေးနှင့် ကွန်ပြူတာစာစီစာရိုက်လုပ်ငန်းမှာ မိသားစုလေးယောက် သာရှိသော စံကားဝါတို့မိသားစုအတွက် လိုအပ် သော ဝင်ငွေကိုပေးနိုင်ခဲ့ပါသည်။
လွန်ခဲ့တဲ့သုံးလက ဆိုင်သုံးကွန်ပြူတာပျက်သွားတော့ ပြုပြင် ဖို့လိုလာသည်။ စံကားဝါ့သူငယ်ချင်း ကေသီလှိုင်က သူတို့အိမ်က ကွန်ပြူတာပျက်တုံးက ပြင်ခဲ့သည့် ''ဒယ်လ်တာကွန်ပြူတာဆားဗစ်'' ကိုလမ်းညွှန်သည်။
''ဒယ်လ်တာက ဖုန်းဆက်ခေါ်ရင် အိမ်အထိလာပြင်ပေးတယ် အန်ကယ်၊ သမီးဆီမှာ တောင် ဒယ်လ်တာက ကွန်ပြူတာလာပြင်ပေးတဲ့ လူ ပေးသွားတဲ့ ဗစ်ဇင်တင်းကတ်ရှိသေးတယ်၊ ဟောဒီမှာ ...''
ဖေဖေက ကေသီပေးတဲ့လိပ်စာကတ်ပြားလေးကို စံကားဝါဆီ လှမ်းပေးရင်း ဆက်သွယ်ခိုင်းလိုက်သည်။
''ဒါဆိုလည်း စံကားဝါရေ... သမီးပဲ အဲဒီ ကိုဖုန်းနဲ့ဆက်သွယ် လိုက်ပါဦး''
ဖေဖေတာဝန်ပေးသော ကြောင့်... စံကားဝါက ကတ်လိပ်စာ အတိုင်း ကိုနေလင်းစိုးဆီကိုဖုန်းဆက်ခဲ့ခြင်း ဖြစ်ပါသည်။
သို့သော်... ဖုန်းဆက်ကြည့်တော့မှ ဒယ်လ်တာကွန်ပြူတာ ဆားဗစ်မှာ ဖျက်သိမ်းပြီး ဖြစ်ကြောင်းနှင့် ကိုနေလင်းစိုးဆိုသူမှာ လည်း ထိုအချိန်က ရန်ကုန်မှာ နောက်အလုပ်တစ်ခု အင်တာဗျူး ဖြေရန်ရောက် နေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။
ကွန်ပြူတာကို အခြားတစ်နေရာကိုသယ်သွားပြီးပြုပြင်လိုက် ရသည်။
''ဟယ်... ကိုနေလင်းစိုးနဲ့ကွန်ပြူတာမပြင် ဖြစ်လိုက်တာ နာ လိုက်တာဟယ်၊ ငါက နင်... အဲဒီ ကိုနေလင်းစိုးကို တွေ့ ဖူးစေချင်တာ စံကားဝါရဲ့ ''
''အလိုတော် ... ဘာလို့တွေ့ ဖူးစေချင်တာလဲ၊ သူက ဘာမို့လဲဟဲ့ ကေသီ''
''ကိုနေလင်းစိုးက အရမ်းချောတာ၊ သိပ်မိုက်တာပဲ၊ အရပ် လည်းအမြင့်ကြီးပဲ၊ နင်မြင်စေချင်တယ်ဟယ်''
''သြော... နင်က ငါတို့ကိုဓားစာခံလုပ်ပြီး နင်ကြိုက်နေတဲ့လူ ကိုတွေ့ ရဖို့ကြံတာကိုး''
''ဟဲ့- ငါကြိုက်နေတာမဟုတ်ပါဘူး''
''မကြိုက်ပဲနဲ့ ဘာလို့... အရမ်းချောတာ၊ သိပ်မိုက်တာတွေ ပြောနေရတာ လဲဒေါ်ကေသီ''
''စံကားဝါရယ် ကြိုက်တော့ကြိုက်တာပေါ့ဟယ်၊ ကိုနေလင်း စိုးကိုမြင်ရင် ဘယ်မိန်းကလေးမဆိုကြိုက်မှာ ပဲ၊ နင်လည်းကြိုက်မှာ ပဲ''
''အောင်မယ်...''
''တကယ်ပါဟာ... သူက မင်းသားတွေ ထက်တောင်မိုက်သေး တာ၊ မြန်မာမင်းသားတွေ နဲ့များ တစ်ခြားစီ၊ ဟောလိဝုဒ်မင်းသားနဲ့ကို ယှဉ်ပြောဖို့ကောင်းတာ''
''ဟာဟာ့... ကေသီ... ကေသီ၊ ရောဂါ ... နင့် ရောဂါ ကလည်း ဟယ်...''
''ငါပြောချင်တာ ဆုံးအောင်နားထောင်ဦး၊ အဲဒီ လောက်မိုက်တဲ့ လူက ငါ့လိုပုံကြီးကိုကြိုက်မလားဟဲ့၊ စိတ်တောင်ကူးမှာ မဟုတ်ဘူး၊ အဲဒါ ကြောင့် နင်နဲ့တွေ့ စေချင်တယ်လို့ပြောတာ၊ နင်ကလည်း အမိုက်စားလေး မဟုတ်လား၊ သူလည်း နင့်ကိုတွေ့ ရင် ကြွေ... နင်လည်းသူ့ကိုတွေ့ ရင် ကြွေမှာ ပဲ''
''တော် စမ်းပါဟယ်၊ နင့်ဟာက၊ နင့်နေလင်းစိုးကို တကယ်တွေ့  ရရင်တော့မသိဘူး၊ အခု ဆုံစရာအကြောင်းမှမရှိတော့တာ၊ ဒါတွေ တွေး ပြီးလွမ်းမနေတော့ပါဘူး''
''ငါက နင့်အတွက်ပြောတာပါ''
''အောင်မယ်... မိန်းမ၊ ငါ့မှာ ပေါလွန်းလို့ဟေ့''
တကယ်ပဲ စံကားဝါသည် ကေသီလှိုင့်စကားများ ကို ရယ်စရာ လုပ်ပစ်ခဲ့ပါသည်။ နေလင်းစိုးဆိုသူနဲ့လည်း ပတ်သက်လာစရာအကြောင်း က မရှိတော့ဘူးမဟုတ်လား၊
သို့သော်...
နောက်သုံးရက်အကြာတွင် နေလင်းစိုးဆိုသူက စံကားဝါ့ထံ ဖုန်းဆက်ခဲ့လေသည်။ သူက သူ့ဟဲန်းဖုန်းကို ဆယ်သွယ်ထားသည့် စံကားဝါ့ဖုန်းနံပါတ်ကှိုလေနလုပ် မှတ်သားထားခြင်း ဖြစ်သည်။
''ကွန်ပြူတာလာပြင်ပေးဖို့ လိုသေးသလား''ဟု အကြောင်းပြ ကာ ဖုန်းဆက်ခြင်း ဖြစ်ပါသည်။
စံကားဝါက ကွန်ပြူတာပြင်ပြီးပြီ ဖြစ်ကြောင်း ပြောလိုက်သည့် အခါ သူက စံကားဝါ့နာမည် ကိုမေးသည်။
''ဘာလဲ... ကိုနေလင်းစိုးက ကျွန်မနာမည် သိချင်လို့ဖုန်းဆက် တာလား''
''မဟုတ်ပါဘူးဗျာ၊ ကွန်ပြူတာပြင်ဖို့ လိုအပ်သေးတယ်ထင် လို့ ဆက်မေးလိုက်တာပါ၊ နာမည် ကတော့... ဒီလိုပဲ မေးရတော့ပေါ့''
သူ့အပြောကြောင့် စံကားဝါက ရယ်မောလိုက်မိသည်။
''ကိုနေလင်းစိုးနဲ့ကျွန်မနဲ့ လုပ်ငန်းချင်းမှမပတ်သက်သေးပဲ... နာမည် သိစရာလိုလို့လား''
''မပြောချင်လည်း နေပါဗျာ၊ ကျွန်တော် က လူမှုရေး အရ မေးတာပါ၊ ကျွန်တော် ဖုန်းသရဲမဟုတ်ပါဘူး''
သူဆက်သွယ်လာပုံက နည်းနည်း တော့ အူကြောင်ကြောင်နိုင် သည့်အတွက် စံကားဝါက သူ့ကို စချင်နောက်ချင်စိတ်ပေါက်သွားသည်။
''အဟင်း... ဟင်း... ကိုနေလင်းစိုးက ဖုန်းသရဲမဟုတ်ပေမယ့် ကျွန်မကတော့ ဖုန်းသရဲလုပ်လိုက်တော့မယ်''
''ဗျာ...''
''ဒီလိုလုပ်လေ တို့နာမည် သိချင်ရင် မနက်ဖန်ည၁၂နာရီတိတိ ဖုန်းဆက်လိုက်မယ်၊ စောင့်နေပေါ့၊ နော်''
နေလင်းစိုးဆိုသူကို နည်းနည်း တော့ပညာပေးချင်၍ နောက် တစ်ရက်ကို ထပ်ချိန်းလိုက်ခြင်းပင် ဖြစ်ပါသည်။ ထိုအချိန်ထိ နေလင်း စိုးနှင့်ပတ်သက်ပြီး စံကားဝါအလေးအနက်မရှိခဲ့ပါချေ။ နောက်ချင်ရုံ ပညာပေးချင်ရုံသက်သက်ဖြင့် ချိန်းခဲ့ခြင်းသာ ဖြစ်ပါ၏ ။
နောက်တစ်ရက် ကျောင်းမှာ ကေသီလှိုင်နှင့်တွေ့ တော့ ထို အကြောင်းကိုပြော ဖြစ်လေသည်။
''နင့် နေလင်းစိုးဆိုတဲ့လူကြီးက လူဖြင့်မမြင်ဖူးသေးပဲနဲ့ မရိုးပါဘူးဟယ်၊ ငါ့ဆီဖုန်းဆက်ပြီး နာမည် မေး ဘာမေးနဲ့''
''ဟယ်တော် - ဒါဆို နင်တော့ကော်တာပဲ''
''ဘာကော်ရမှာ လဲ၊ သူလည်း ငါ့မမြင်ဖူးဘူး၊ ငါလည်း သူ့ မမြင်ဖူးဘူး''
''သူက လှပါတယ်ဆိုဟယ်၊ ဗဲရီးဟဲန်းဆမ်းမ်''
''သူ့ဟာသူ ဘယ်လောက်လှလှ၊ ငါမမြင်ဖူးတဲ့လူကို ငါက ဘယ်လိုရင်ခုန်ရမှာ လဲ''
''ဒါဖြင့်... နင်က ဘာ ဖြစ်လို့ ဒီညထပ်ချိန်းတာလဲ''
''သက်သက်သူ့ကိုအလုပ်များ စေချင်လို့ပေါ့''
''ဒီည နင့်နာမည် ကို တကယ်ပြောပြလိုက်တော့မှာ လားဟင်''
''အွန်း... ငါဘာဆက်လုပ် ရမယ်ဆိုတာ စဉ်းစားမထားပါဘူး ကေသီရယ်''
''နင်ကလည်း''
''သေချာတာကတော့ ငါ့နာမည် ကို အလွယ်တကူတော့ မပြော နိုင်ဘူး၊ သူ့ကို တစ်နည်းနည်း နဲ့ ဆက်ကလိရမှာ ပဲ''
ညပိုင်း... နေလင်းစိုးဖုန်းဆက်လာသည့်အခါတွင် စံကားဝါက သူမအမည် မှာ ပန်းတစ်မျိုးအမည် ဖြစ်ကြောင်း ပဟေဠိဝှက်လိုက်လေ သည်။ ကြိုတင်စဉ်းစားထားခြင်းမရှိပဲ စိတ်ကူးထဲပေါ်လာသည့်အတိုင်း ပြောလိုက်ခြင်း ဖြစ်ပါသည်။
''ကျွန်မနာမည် ကိုသိချင်စိတ်ရှိသေးရဲ့ လားဟင်''
''သိပ်သိချင်တာပေါ့ဗျာ''
''ဒါဖြင့်... ကျွန်မနာမည် ပြောမယ်၊ ကျွန်မနာမည် က ပန်းတစ် မျိုးရဲ့ နာမည် ပဲ၊ ရှင့်ဟာရှင်ဖော်ပေတော့''
''ဟင်... ခင်ဗျားက ကျွန်တော့် ကိုပဟေဠိလုပ်နေတာလား''
''ဒါပေါ့... ရှင်ပဲ ကျွန်မနာမည် ကိုမေးတယ်လေ၊ အလွယ်တကူ တော့ ဘယ်သိရမလဲရှင့်၊ နည်းနည်း တော့ဈေးကိုင်ပြီး ပဟေဠိဝှက်ဦးမှ ဖြစ်မှာ ပေါ့၊ ဒါပေမယ့်... ဘာမှမခက်ပါဘူး၊ ပန်းတစ်ပွင့်နာမည် ကိုစဉ်းစား တာများ ဘာခက်လို့လဲ''
''ပန်းတစ်ပွင့်နာမည် ၊ ဒါဖြင့် ကျွန်တော် ဖော်ကြည့်မယ်လေ''
''ဖော်ပေါ့''
''နှင်းဆီ''
''နှင်းဆီဆိုတာ အမေခန်းကပါနေတဲ့ ရုပ်ရှင်မင်းသမီးကြီးပဲ၊ ကျွန်မမဟုတ်ဘူး''
''သဇင်''
''သဇင်က ကျွန်မမဟုတ်ဘူးလေ၊ သီချင်းဆိုတဲ့ကောင်မလေး နာမည် ပဲ''
''စံပယ်''
''မဟုတ်သေးဘူး''
''... ...''
''... ...''
''... ...''
''... ...''
စံကားဝါ့နာမည် အမှန်ကို သူမစဉ်းစားနိုင်ခဲ့ချေ။ ပန်းမျိုးစုံ အမည် ကိုရွတ်ပြသည်အထိ စံကားဝါဆိုသည့်ပန်းနာမည် က ကွက်၍ ကျန် နေခဲ့လေသည်။
''ဝှူး- ခင်ဗျားနာမည် စဉ်းစားရတာ လဲ ခက်လိုက်တာဗျာ၊ ဒီတိုင်းပြောလိုက်တော့ ဘာ ဖြစ်မှာ မို့လို့လဲ''
''ရှင် ကျွန်မနာမည် ကို စွဲစွဲလန်းလန်းမှတ်မိသွားစေချင်လို့ စဉ်းစားခိုင်းနေတာပါ''
''ကဲ- ဒီလိုဆိုရင် ပန်းနာမည် တွေ တန်းစီပြီးရွတ်မယ်ဗျာ၊ ခင်ဗျားနာမည် ပါသွားရင် အိုကေလို့ပြောလိုက်ပေတော့... သော်က၊ ဂမုန်း၊ ဒေါန၊ နေကြာ၊ ဇီဇဝါ...''
''ဆောရီးမောင်လေး၊ တစ်ခုမှမဟုတ်ပါဘူးကွယ်၊ ဒီနေ့တော့ အချိန်စေ့သွားပြီမောင်လေးရေ၊ နောက်နေ့မှဆက်စဉ်းစားပေတော့နော်၊ ဂွတ်နိုက်''
''ဟေ့... ဟေ့... နေပါဦး''
နေလင်းစိုးကတားလိုက်သော်လည်း စံကားဝါဖုန်းကိုချပစ်လိုက် ပါသည်။
နောက်တစ်ခါထပ်ခေါ်တဲ့အသံထွက်လာတော့... စံကားဝါက ဖုန်းပေါ်မှာ ပေါ်လာတဲ့နံပါတ်ကိုကြည့်ပြီး နေလင်းစိုးထပ်ဆက်တာ သိလိုက် သည့်အတွက် ဖုန်းကိုပိတ်ပစ်လိုက်လေ၏ ။
ကိုနေလင်းစိုးသည် စံကားဝါသူ့ကိုတွေ့ ရန်ချိန်းဆိုထားသည့် ယခုအချိန်အထိ စံကားဝါ့နာမည် အမှန်ကို မဖော်နိုင်ခဲ့ပါ။
''ကျွန်တော့် ကို အတိတ်စိမ်းတစ်ခုတော့ ပေးဗျာ''
''အတိတ်စိမ်း... ဟုတ်လား၊ ရှင်နဲ့ကျွန်မ ခုလိုဖုန်းပြောနေတာ ကကို အတိတ်စိမ်းပဲလေ... ဟဲဟဲ...''
နာမည် ပဟေဠိနှင့်ပတ်သက်၍ စံကားဝါ့ဖက်က လှည့်စားမှု လုံးဝမရှိခဲ့ပါ။ သူပေးခိုင်းတဲ့အတိတ်စိမ်းဆိုတာကိုလည်း ဖုန်းပြောနေတာ အတိတ်စိမ်းလို့ ပြောခဲ့သည်။ တကယ်က... တစ်ယောက် နဲ့ တစ်ယောက် စကားပြောနေကြခြင်းကို အဓိပ္ပါယ်ကောက်လျှင် ''စံကားပန်း''ဆိုသည့် ပန်းနာမည် ပေါ်လာနိုင်သည်မဟုတ်ပါလား။
ကိုနေလင်းစိုးသည် ယခုအချိန်အထိ စံကားဝါ့နာမည် ကို မဖော် နိုင်ခဲ့ပါ။
စကားဝါက ကိုနေလင်းစိုးနှင့်သိကျွမ်းရင်းနှီးခဲ့သည့်အကြောင်း များ ကိုပြန်စဉ်းစားရင်း... သတိတရဖြင့် ရင်ပတ်ကိုစမ်းကြည့်လိုက်သည်။
သွားပြီ။ မေ့ကျန်ခဲ့ပြီ။
သူမက သူမ၏ နာမည် အမှန် ဖြစ်သည့် ပန်းပွင့်လေးကို ရင်ပတ် မှာ ထိုးလာခဲ့မယ်လို့ ကိုနေလင်းစိုးကို မှာ ထားခဲ့ပါသည်။
စံကားဝါပန်းလေးတစ်ပွင့်ကိုဝယ်ထားပြီး ညကတည်းက ရေခွက်ထဲမှာ စိမ်ကာ ရေခဲသေတ္တာထဲထည့်ထားခဲ့ပါသည်။ အိပ်ရာထ နောက်ကျပြီး ကမန်းကတန်းထွက်လာမိလို့ ပန်းကလေးကို မေ့ကျန်ခဲ့ ပါပြီ။
ကိစ္စမရှိ။ ဘုရားကြီးမှာ စံကားဝါပန်း ဝင်ဝယ်လို့ရနိုင်သည်။ အချိန်မီသတိရလိုက်လို့တော် ပါသေးရဲ့ ။
စံကားဝါက မဟာမြတ်မုနိဘုရားကြီးထဲကို ပန်းဝင်ဝယ်ရန် အတွက် ၄၂လမ်းအရောက်တွင် ညာဖက်သို့ချိုးကွေ့လိုက်သည်။
၄၂လမ်း မီးရထားကုန်းကျော်တံတားကြီးပေါ်မှာ ဆိုင်ကယ်ကို ဖြတ်မောင်းလာခဲ့လိုက်သည်။
၈၂လမ်းအရောက်မှာ ဘယ်ဖက်ကိုချိုးကွေ့ကာ ဘုရားကြီးမုဒ်ဝ တည့်တည့်အတိုင်း ဝင်လာခဲ့လိုက်လေသည်။
ပန်းတန်းမှာ ပန်းဝင်ဝယ်ရာ စံကားဝါပန်းများ ကို အဆင့်သင့် တွေ့ ရလို့ တော် ပါသေးသည်။
စံကားဝါက စံကားဝါပန်းတစ်ပွင့်တည်းကိုဝယ်ပြီး ရိုးတံကို တီရှပ်လည်ပင်းပေါက်မှာ ထိုးထည့်လိုက်သည်။
နာရီကိုကြည့်လိုက်တော့ ကိုးနာရီထိုးဖို့ ငါးမိနစ်ပဲလိုပါတော့ သည်။
ဆိုင်ကယ်ကို အပြင်းမောင်းထွက်ခဲ့လေသည်။
စံကားဝါသည် ကန်တော် ကြီးနဲ့နီးလာလေ စိတ်လှုပ်ရှားမှုမြန် လာလေ ဖြစ်သည်။ ကိုနေလင်းစိုးသည် သူမကို ဘယ်လိုအသွင်ဖြင့် စောင့်မျှော်နေမှာ ပါလိမ့်။ သူမကိုမြင်လျှင် ကိုနေလင်းစိုး ဘယ်လိုခံစား ရမှာ ပါလိမ့်။
တကယ်တော့... စံကားဝါကသာ ကိုနေလင်းစိုးကိုမြင်ဖူးထား သည်။ ကိုနေလင်းစိုးက စံကားဝါ့ကိုမမြင်ဖူးသေးပါ။ သူ့ဖက်ကကြည့် လျှင် စံကားဝါသည် နာမည် လည်းမသိရ၊ လူလည်းမမြင်ဖူးသော မိန်းက လေး တစ်ယောက် ဖြစ်နေပေသည်။ သူသည် စံကားဝါပြောထားသော မော်တော် ဆိုင်ကယ်နံပါတ်ကိုစီးလာသည့်မိန်းကလေးကိုမြင်မှ သူနှင့်ချိန်း ထားသော မိန်းကလေး ဖြစ်ကြောင်း သိပေလိမ့်မည် ။ ပြီးတော့ စံကားဝါ့ ရင်ပတ်မှာ ထိုးထားတဲ့ပန်းကလေးကိုမြင်မှ စံကားဝါ့နာမည် ကိုသိရပေ လိမ့်မည် ။
စံကားဝါ့အနေဖြင့် ကိုနေလင်းစိုးကို သိပ်ပြီးများ လှည့်စားရာ ကျနေပြီလားမသိပါ။
စံကားဝါက အစဦးပိုင်းတုန်းကတော့ ကိုနေလင်းစိုးကို သာမန် မျှသာသဘောထားကာ ဖုန်းသရဲလုပ်ပြီး စနောက်နေခဲ့ခြင်းသာ ဖြစ်ပါ၏ ။
တစ်နေ့တွင် ကေသီလှိုင်က ကိုနေလင်းစိုးအလုပ်လုပ်သည့်ဆိုင် ကိုသွားပြီး ကိုနေလင်းစိုးကိုကြည့်ကြဖို့ အကြံပေးသည်။ ကေသီလှိုင့် အကြံအတိုင်း သူတို့သည်ျြေုကိုယ်စီတပ်ကာ ကိုနေလင်းစိုး အလုပ်လုပ်သည့် ကွန်ပြူတာစင်တာသို့ထွက်ခဲ့ကြလေ၏ ။
Mask များ တပ်ခဲ့ကြခြင်းမှာ ကေသီလှိုင့်ကိုသိနေသော ကိုနေ လင်းစိုးက ကေသီလှိုင့်ကို မှတ်မိသွားမည် စိုးသော ကြောင့် ဖြစ်ပါသည်။ ကေသီလှိုင်နဲ့တွဲ လာတဲ့သူကို စံကားဝါ ဖြစ်မှန်း သိသွားနိုင်ပေသည်။ ထို့ကြောင့်... နှာခေါင်းနှင့်ပါးစပ်ကိုပိတ်ဖုံးသော မတ်စ်များ တပ်လာခဲ့ကြ ခြင်း ဖြစ်၏ ။
ဆိုင်ရောက်တော့လည်း... Mask များ ကိုမချွတ်ပဲ ဆိုင်ထဲက ပစ္စည်းများ ကို လိုက်ကြည့်ကြသည်။
ကေသီလှိုင်က ကိုနေလင်းစိုးကို မသိမသာလက်ညှိုးထိုးပြ၏ ။
ကိုနေလင်းစိုးကိုမြင်လိုက်ရသော စံကားဝါသည် ကေသီလှိုင် ညွှန်းဆိုပြောပြထားသမျှကို ထောက်ခံလိုက်ရလေတော့၏ ။ သူ့အကြောင်း ကို ကေသီဖွဲ့နွဲ့ပြောပြထားတာတွေ ဟာ ပုံကြီးချဲ့ပြောတာ တစ်ခုမှမပါ။ ကိုနေလင်းစိုးသည် တကယ်ပင် ယောကျာ်းပီသကာ ချောမောခန့်ညား သော ယောကျာ်းပျို တစ်ယောက် ဖြစ်ပါပေ၏ ။
အဲဒီ လို လုလင်ချောချောလေး တစ်ယောက် က မိမိကို အသံ ကြားရုံဖြင့် အသိဖွဲ့ဖို့ကြိုးစားခံရတဲ့အတွက် ကိုယ့်ကိုကိုယ် ဂုဏ်ယူလိုက်မိ သေးသည်။
ညပိုင်းမှာ ဖုန်းဆက်တော့ စံကားဝါက သူ့ကိုမြင်ဖူးပြီ ဖြစ် ကြောင်း ပြောပြလိုက်လေသည်။
ကိုနေလင်းစိုး အံ့သြနေပါ၏ ။
''ခင်ဗျားဖက်က အမြဲခြေတစ်လှမ်းကျောနေပါလား၊ ကျွန်တော် ကတော့ ခင်ဗျားနာမည် လေးတောင် သိခွင့်မရဘူးဆိုတော့ ခင်ဗျားနှိပ်စက် တာ လွန်လွန်းပြီထင်တယ်''
''အလို... မနှိပ်စက်ရပါလား၊ နာမည် လေးဖော်နိုင်တာနဲ့ တွေ့  ခွင့်ပေးပါမယ်ဆိုထားသားပဲ၊ ဒါဖြင့်... ဒီလိုလုပ်လေ၊ တရားမျှတရာကျ သွားအောင်... ကျွန်မက ရှင့်ကိုမြင်ဖူးပြီးသားဆိုတော့ ရှင်ကျွန်မကို မြင်ဖူးအောင် ဓာတ်ပုံပို့ပေးရမလား''
''ဟား... ကောင်းတာပေါ့ဗျာ၊ ဒါ့ထက်ကောင်းတဲ့အစီအစဉ် မရှိတော့ဘူး''
''ဒါပေမယ့်... ဓာတ်ပုံမြင်မှရှင်စိတ်ပျက်သွားမှာ စိုးတယ်ရှင်၊ ကျွန်မဓာတ်ပုံမြင်လိုက်ရင် ရှင် ကျွန်မကိုဖုန်းဆက်မှာ တောင် မဟုတ် တော့ပါဘူး၊ ကျွန်မက ရုပ်ဆိုးတယ်ရှင့်၊ သိရဲ့ လား''
''မယုံပါဘူးဗျာ၊ ဘယ်လောက်ရုပ်ဆိုးဆိုးဗျာ၊ ကျွန်တော် ခင်ဗျားကို အသံကြားရုံနဲ့တင်စွဲနေပြီ၊ ဓာတ်ပုံလေးသာပို့ပေးပါဗျာ၊ ဓာတ်ပုံ ကိုင်ပြီး ခင်ဗျားကိုမတွေ့ တွေ့ အောင်လိုက်ရှာမယ်''
''တကယ်''
''တကယ်ပေါ့''
''ဓာတ်ပုံကို ဘယ်လိုပို့ပေးရမှာ လဲ''
''စာတိုက်ကပို့ပေါ့''
''စာတိုက်က မပို့ချင်ပါဘူး၊ ရှင့်မှာ အီးမေးလ်လိပ်စာရှိတယ်ဆို''
''ဟာ- ဟုတ်တယ်၊ အီးမေးလ်နဲ့ပို့တာ အကောင်းဆုံးပဲ၊ ကျွန် တော့် ဗစ်ဇစ်တင်းကတ်ထဲက အီးမေးလ်လိပ်စာနှစ် ခုမှာ ရှေ့ကတစ်ခုက ကျွန်တော့် အိမ်ကိုတိုက်ရိုက်ရောက်တဲ့လိပ်စာပဲ၊ ကျွန်တော် ရွတ်ပြမယ်၊ ... ... ... ... ...''
နေလင်းစိုးက သူ့ကိုယ်ပိုင်အီးမေးလ်လိပ်စာကို နှုတ်တိုက်ရွတ်ပြ သည်။
''ဟုတ်ပါပြီ၊ ကျွန်မမှာ ကတ်ပြားရှိပါသေးတယ်''
''ခင်ဗျားမှာ လည်း အီးမေးလ်ရှိတယ်ပေါ့၊ ခင်ဗျားအီးမေးလ် လိပ်စာလေးလည်း ပြောပါဦး''
''ဟင့်အင်း... ကျွန်မအိမ်မှာ အီးမေးလ်မတပ်နိုင်ပါဘူးရှင်၊ အပြင်ဆိုင်တစ်ဆိုင်ကနေ ပို့မှာ ပါ''
စံကားဝါတို့ကွန်ပြူတာမှာ တကယ်ပင် အီးမေးလ်တပ်ဆင် မထားပါ။ စာစီစာရိုက်လုပ်ငန်းဖြင့်စီးပွားရှာရုံသက်သက် ကွန်ပြူတာကို အသုံးပြုခြင်း ဖြစ်ပါသည်။
ဓာတ်ပုံပို့ပေးမယ်လို့ကတိခံလိုက်ပြီးမှ စံကားဝါသည် သူ့ကို စချင်နောက်ချင်စိတ်ပေါ်လာပြန်သည်။ စံကားဝါ့ကို အသံကြားရုံဖြင့် စွဲလမ်းနေတာပါလို့ဆိုထားတဲ့ သူ။
တကယ်လို့များ ... စံကားဝါဟာ လှလှပပမိန်းကလေးမဟုတ် ဘူးလို့များ သိလိုက်ရင် ဘယ်လိုနေမလဲ။
စံကားဝါသည် သူမကိုယ်သူမ အကျည်းတန်သော မိန်းကလေး တစ်ယောက် အ ဖြစ်ဟန်ဆောင်ပြီး သူ့စိတ်ကိုစမ်းသပ်ကြည့်ရန်ဆုံးဖြတ် လိုက်လေသည်။
သို့ဖြင့် စံကားဝါသည် သူမ၏ ဓာတ်ပုံတစ်ခုကို Photo Shopထဲတွင် ထည့်ကာ ပုံကို သူမတတ်ကျွမ်းသမျှနည်းလမ်း စုံဖြင့် ပြုပြင်ခဲ့ခြင်း ဖြစ်ပါတော့သည်။
ပြုပြင်ပြီးပုံတစ်ပုံကို အပြင်ဆိုင်တစ်ဆိုင်က အီးမေးလ်ဖြင့်ပို့ ပေးလိုက်သည်။
''စံကားဝါရယ်... နင်လုပ်ပုံကလည်း၊ တကယ်လို့ နင်ပုံဖျက် ပေးလိုက်တဲ့အတိုင်း နင့်ကိုရုပ်ဆိုးတယ်လို့ထင်သွားရင် ဘယ်လိုလုပ်မလဲ''
ကေသီလှိုင်က ကြားထဲက စိုးရိမ်ကြောင့်ကျနေသေးသည်။
''ထင်လည်း ထင်ပစေပေါ့၊ ငါ့ကိုရုပ်ဆိုးလို့ မဆက်သွယ်တော့ ဘူးဆိုရင်လည်း သူ့စိတ်ဓာတ်အမှန်ကို သိရတာ ပေါ့''
''အဲဒါနင်အတွက်လွဲတာပဲစံကားဝါ၊ တကယ်တော့... နင်ဟာ ဓာတ်ပုံထဲကလို တကယ်ရုပ်ဆိုးနေတဲ့မိန်းကလေးမှမဟုတ်တာ၊ ကိုနေ လင်းစိုးအနေနဲ့ နင့်ကို အပြင်မှာ တွေ့ လိုက်ရင် မကြိုက်ပဲကို နေနိုင်မှာ မဟုတ်ဘူး၊ ခုလိုနင်က ရုပ်ဖျက်ပြီးဓာတ်ပုံပို့လိုက်တော့ နင့်ကို တွေ့ ဖို့ မကြိုးစားပဲရှောင်သွားတော့မှာ ပေါ့ဟဲ့၊ နင် သူ့ကိုလက်လွှတ်လိုက်ရတော့ မှာ ပေါ့''
''လက်လွှတ်ရတော့ဘာ ဖြစ်လဲဟယ်၊ ငါက သူ့ကိုစွဲလမ်းနေတာ မှမဟုတ်တာ၊ မရှားပါဘူးကေသီရယ်''
''အေးလေ နင်ကတော့ ပြောအားရှိတာပေါ့၊ ငါ့ကိုသာ ကိုနေ လင်းစိုးက ဒီလိုစွဲစွဲလမ်းလမ်းဖုန်းတွေ ဆက်နေရင် ငါကတော့မူမနေဘူး ဟေ့၊ တစ်ခါတည်း ပြေးတွေ့ လိုက်မှာ ပဲ''
ကေသီ့ကို ဟန်လုပ်ပြောလိုက်ရသော်လည်း ကိုနေလင်းစိုးဖက် က ကေသီပြောသလို စိတ်ပျက်ပြီးမဆက်သွယ်တော့မှာ ကိုတော့ စံကားဝါ စိုးရိမ်မိပါသည်။
ဝန်ခံရလျှင်... စံကားဝါ ကိုနေလင်းစိုးကိုစွဲလမ်းနေပါပြီ။ သူနဲ့ ညတိုင်းဖုန်းဆက်စကားပြောရတာ ကို ကြည်နူးနှစ် သိမ့်နေမိသည်။
ဒါကလည်း ကိုနေလင်းစိုးကို အပြင်မှာ မြင်တွေ့ လိုက်ရဖူး၍ သူ့အပေါ်မှာ တိမ်းညွှတ်သွားမိခြင်း ဖြစ်ပါသည်။ ကေသီကတော့ သူနဲ့အတူ သွားကြည့်တဲ့တစ်ခေါက်သာ ကိုနေလင်းစိုးကို စံကားဝါမြင်ဖူးခဲ့တယ်လို့ ထင်နေပေသည်။
တကယ်တော့ စံကားဝါသည် ကေသီမပါပဲ တစ်ယောက် တည်း ကိုနေလင်းစိုးတို့ဆိုင်ရှေ့သို့ မကြာမကြာရောက်ခဲ့ပါသည်။ ခပ်လှမ်းလှမ်း မှလည်းကောင်း၊ မျက်နှာချင်းဆိုင်ရှိကော်ဖီဆိုင်ထဲမှာ ထိုင်၍ လည်းကောင်း ကိုနေလင်းစိုးကို ငေးကြည့်ခဲ့ဖူးသည်မှာ အကြိမ်ပေါင်းများ ခဲ့ပါပြီ။
တစ်ခါကလည်း ထမင်းစားချိန်မှာ ကိုနေလင်းစိုးဆိုင်ကယ်ဖြင့် ထွက်သွားတာတွေ့ လိုက်၍ စံကားဝါက နောက်ကနေ မသိမသာလိုက်လာ ခဲ့သည်။ သူ ရှမ်းထမင်းဆိုင်မှာ ထမင်းဝင်စားတာကိုတွေ့ သည်။ စံကား ဝါလည်း ခပ်တည်တည်ဖြင့် ရှမ်းဆိုင်က ဟင်းတစ်မျိုးဝင်ဝယ်လိုက်သည်။ ဟင်းဝင်ဝယ်သော Mask တပ်ထားသည့်မိန်းကလေး တစ်ယောက် ကို စံကားဝါ ဖြစ်မယ်လို့ ထင်မထားသည့်ကိုနေလင်းစိုးသည် သူ့ဘေးမှ ဟင်းဝယ်ပြီး ထွက်သွားသော စံကားဝါ့ကို သတိမထားမိခဲ့ပါ။
ညပိုင်းဖုန်းဆက်ချိန်မှာ အဲဒီ အကြောင်းပြောပြမှ ကိုနေလင်း စိုး မချင့်မရဲ ဖြစ်နေလေသည်။
''ကိုနေလင်းစိုးက ထမင်းချိုင့်မယူဘူးလား၊ နေ့တိုင်း ရှမ်းဆိုင် မှာ ပဲ ထမင်းဝယ်စားနေကျလား''
''ဗျာ... ကျွန်တော် ဒီနေ့ ရှမ်းဆိုင်မှာ ထမင်းစားတာကို ခင်ဗျားက သိနေတယ်''
''အို... သိတာပေါ့၊ ရှင်ထမင်းစားနေတုံး ကျွန်မတောင် အဲဒီ ဆိုင်က ဟင်းဝင်ဝယ်သွားသေးတယ်''
''ဟိုက်-''
မြို့တော် ခန်းမမှာ ပြုလုပ်သည့် ကွန်ပြူတာဈေးရောင်းပွဲတော် တုံးကလည်း ကိုနေလင်းစိုးကို သူတို့စင်တာကဖွင့်ထားသည့်ဆိုင်မှာ ဆုံခဲ့ ရပါသေးသည်။
''နေ့လည်က ကွန်ပြူတာဈေးရောင်းပွဲတော် မှာ ပရင်တာအသစ် အကြောင်း ကိုနေလင်းစိုးရှင်းပြတာ သိပ်ကောင်းတာပဲနော်''
''ခင်ဗျားက ဘယ်ကမြင်လိုက်တာလဲ''
''အို... နားထောင်နေတဲ့လူတွေ ထဲမှာ ကျွန်မပါတယ်လေ၊ ဟီ... ဟီ...''
''ဟောဗျာ-''
အဲဒီ လိုကလိခဲ့ရတာ တွေ အတွက် စံကားဝါပျော်နေခဲ့သည်။
ဒီအကြောင်းတွေ ကိုတော့ စံကားဝါရှက်လို့ ကေသီ့ကိုဖွင့်မပြောခဲ့ ပါချေ။
ကေသီက ကိုနေလင်းစိုးတကယ်စိတ်ပျက်သွားမှာ မစိုးရိမ်ဘူး လားလို့ မေးလိုက်သည်တွင် ဟန်ဆောင်ပြီး ဖြေလိုက်သော်လည်း တကယ်တန်းကျတော့ စိုးရိမ်မိပါသည်။
ဓာတ်ပုံကို ပုံဖျက်ပြီးပို့ပေးလိုက်တာ မှားများ မှားသွားပြီလား။
သို့သော်... ညပိုင်းမှာ သူ့ဆီဖုန်းဆက်တော့ ကိုနေလင်းစိုး လေသံက အပြောင်းအလဲ ဖြစ်မနေပါ။
သူ့ရင်ထဲမှာ ပဟေဠိ ဖြစ်နေပုံပေါ်သည်။
''ဘဲ့နဲ့လဲ... ရှင် ကျွန်မကို တော် တော် စိတ်ပျက်သွားပြီလား''
''စိတ်မပျက်ပါဘူးဗျာ၊ ဒါ ခင်ဗျားပုံအစစ်မဟုတ်ဘူးဆိုတာ ကျွန်တော် သဘောပေါက်ပါတယ်''
''အို... ဓာတ်ပုံကို လက်တွေ့ မြင်နေရတာ တောင် ရှင်က ကျွန်မ ကိုအထင်ကြီးနေတုံးလား၊ တခြားလူ တစ်ယောက် ပုံကိုပို့ပေးတယ်ထင်လို့ လားဟင်''
''တခြားလူ တစ်ယောက် ပုံမဟုတ်ပါဘူး၊ ဒါ ခင်ဗျားပုံပါပဲ၊ ဒါပေမယ့်... ဒီပုံရဲ့ နောက်ကွယ်က ခင်ဗျားအလှတွေ ကို ကျွန်တော် မြင် နေရတယ်''
''ဟယ်... ဘဝင်တောင်မြင့်ချင်သွားပြီ''
ကြည့်ရသည်မှာ ကိုနေလင်းစိုးသည်လည်း ကွန်ပြူတာကျွမ်း ကျင်သူ တစ်ယောက် ဖြစ်သည်မို့ ပုံကိုပြုပြင်ထားသည်ကို ရိပ်မိပုံရနေသည်။
''တကယ်ပါဗျာ၊ ကျွန်တော့် အတွက် နောက်တစ်ပုံလောက် ထပ်ပို့ပေးပါဦး''
''နောက်တစ်ပုံ''
''ဟုတ်တယ်၊ နောက်ထပ်တစ်ပုံလောက်ကြည့်ချင်သေးတယ်''
''ဒါဆို တစ်ပတ်တော့ရှင်စောင့်ရလိမ့်မယ်၊ ကျွန်မက မုန့်ဖိုး သိပ်ရတာ မဟုတ်ဘူးရှင့်၊ ဓာတ်ပုံရိုက်ဖို့ပိုက်ဆံက စုရဦးမှာ ''
''ကျွန်တော် တစ်ပတ်စောင့်နိုင်ပါတယ်ဗျာ၊ ပို့မှာ သာပို့ပေးပါ''
သူ့ဖက်က စိတ်ထားမပြောင်းလဲတာတွေ့ လိုက်ရတော့လည်း စံကားဝါသည် အတင့်ရဲကာ နောက်ထပ်ဓာတ်ပုံများ ကို ပို့ပေး ဖြစ်ခဲ့ပြန် လေသည်။ နောက်ပုံများ ကိုလည်း ပုံဖျက်၍ ပို့ပေးခဲ့ခြင်းပင် ဖြစ်ပါသည်။
ကိုနေလင်းစိုးဖက်က ဓာတ်ပုံများ ကိုလက်ခံရင်း အဆက်အ သွယ်မပျက်ရှိနေတာကြည့်ပြီး သူ စံကားဝါ့ကိုစိတ်ပျက်မသွားဘူးဆိုတာ သိသာပါသည်။
ဒီကြားထဲမှာ ... ကိုနေလင်းစိုးပါဝင်ဟောပြောသော ကွန်ပြူတာ နည်းပညာနှီးနှောဖလှယ်ပွဲကို စံကားဝါတက် ဖြစ်ခဲ့သေးသည်။ ဆီဒိုးနား ဟိုတယ်မှာ ပြုလုပ်မည့် ဆီမီနာဖိတ်စာကို... စံကားဝါတို့ ကွန်ပြူတာ တက္ကသိုလ်၏ နို့တစ်ဘုတ်မှာ လာကပ်ထားသည်။
သူပါမယ်ဆိုတာမသိပဲနဲ့ ဆီမီနာကို စံကားဝါတက် ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဟိုရောက်တော့... ကိုနေလင်းစိုးက ခေါင်းစဉ်တစ်ခုယူကာ ဟောပြောသည်ကိုတွေ့ လိုက်တော့ စံကားဝါသည် ကိုနေလင်းစိုးကို ပိုပြီး အထင်အမြင်ကြီးသွားလေတော့သည်။
ဆွေးနွေးချိန်မှာ သိလိုသည့်မေးခွန်းများ ကို ထမေးချင် သော်လည်း သိသွားမှာ စိုး၍ မမေး ဖြစ်တော့ပဲ ညပိုင်းမှသာ ဖုန်းဆက် ရင်းမေး ဖြစ်ပါတော့သည်။
''ဒါဖြင့်... ဆီမီနာမှာ ခင်ဗျားရှိနေတယ်ပေါ့၊ အမေးအဖြေကဏ္ဍ လုပ်ပေးထားသားပဲ၊ အဲဒီ တုန်းက ဘာ ဖြစ်လို့ထ,မမေးတာလဲ''
''ကျွန်မကို ရှင်ရိပ်မိသွားမှာ စိုးလို့ပေါ့၊ ကျွန်မထဆွေးနွေးရင် ကျွန်မနာမည် ကို ပြောရတော့မယ်လေ၊ အသံထွက်ပြီးမေးရင် ကျွန်မ ဆိုတာ ရှင်သိသွားမှာ ပေါ့၊ ဒါဆိုရင် ကျွန်မဝှက်ထားတဲ့ပဟေဠိတွေ ကို ကျွန်မကိုယ်တိုင်ပြန်ဖော်သလို ဖြစ်နေမှာ ပေါ့ မောင်လေးရဲ့ ''
''ခင်ဗျားလေး တော် တော် လက်ပေါက်ကပ်တာပဲ၊ ခင်ဗျားဖက် က ကျွန်တော့် အကြောင်း သိချင်တိုင်းသိနေရပြီး ကျွန်တော် ကတော့ ခင်ဗျားအကြောင်း ဘာမှမသိရဘူး၊ အသံပဲကြားရတယ်၊ ခင်ဗျား ကျွန်တော့် ကို ဘယ်လောက်ကြာတဲ့အထိ နှိပ်စက်ထားဦးမှာ လဲဟင်၊ အခုပဲ ခင်ဗျားနှိပ်စက်ထားတဲ့ကာလက သုံးလကြာနေပြီဗျ''
''အင်... ဟုတ်လား၊ အချိန်ကိုပါ မှတ်ထားတာကိုး''
''ခင်ဗျားလေးကို စွဲလမ်းလွန်းလို့မှတ်မိနေတာပါဗျာ၊ ခင်ဗျား လေး ကျွန်တော့် ဆီဖုန်းဆက်တော့ ကျွန်တော် ရန်ကုန်မှာ အင်တာဗျူး ဖြေဖို့ရောက်နေတာလေ၊ နိုဝင်ဘာလထဲမှာ ပေါ့၊ အခု နှစ် ကူးပြီးလို့ ဖေဖော်ဝါရီလထဲတောင်ရောက်နေပြီ၊ သုံးလရှိပြီဗျ''
''ခစ်... ခစ်... ၂ဝဝ၅ခုနှစ် ကနေ ၂ဝဝ၆ခုနှစ် ကူးသွားတာကို တစ်နှစ် လို့ထည့်မတွက်လို့ တော် သေးတာပေါ့''
''တစ်နှစ် ကြာအောင်သာ ခင်ဗျားလေးအချိန်ဆွဲထားရင် ကျွန်တော် တော့ ရူးတောင်ရူးသွားနိုင်တယ်ဗျာ''
''အို... အဲ့လောက်တောင်ပဲလား၊ သနားတောင်သနားသွားပြီ''
''သနားရင်တွေ့ ခွင့်ပေးဗျာ''
''သည်းခံလက်စနဲ့ သည်းခံလိုက်ပါဦးမောင်လေးရယ်၊ မမ လည်း သက်ဆိုင်သူတွေ ဆီက အကြံÓာဏ်တောင်းလိုက်ပါဦးမယ်''
''ဘာ-''
''မမမှာ အုပ်ထိန်းသူတွေ အတိုင်ပင်ခံတွေ ရှိသေးတယ်ကွဲ့၊ သူတို့နဲ့တိုင်ပင်လိုက်ဦးမယ်နော်၊ ဂွတ်နိုက်''
သူ့ကိုတွေ့ ခွင့်ပေးသင့်မပေးသင့် ကေသီနှင့်တိုင်ပင်ကြည့်ရပါ သည်။
''နင့်ဖက်ကနှိပ်စက်တာတွေ များ နေပြီလေစံကားဝါ၊ နင်လုပ်ပုံ က ငါတောင် ကိုနေလင်းစိုးဆီပြေးပြီး နင့်နာမည် ကိုဖော်ကောင်လုပ်ချင် စိတ်ပေါက်နေပြီ''
''နင်ကလည်းဟယ်...''
''ဟုတ်တယ်လေ၊ ဟိုဖက်က နင့်ကိုအသည်းအသန်စိတ်ဝင်စား နေတာကို နင်က ပဟေဠိတွေ လုပ်နေတော့ ကြာရင် နင့်ကိုစိတ်ပျက်သွား လိမ့်မယ်နော်''
''ဟင်...''
''နင်စဉ်းစားကြည့်စမ်း၊ နင့်ပုံတွေ ကို ရုပ်ဆိုးပန်းဆိုးကြီး ဖြစ် အောင်ဖျက်ပြီးပို့လိုက်တာတောင် သူကစိတ်မပျက်ပဲ တွေ့ ခွင့်တောင်းနေ တယ်ဆိုတော့ နင့်ကိုတကယ်စွဲလမ်းလို့ပေါ့ဟဲ့''
''နင်ပြောသလိုဆို ငါ့ကို ဓာတ်ပုံထဲကလို ရုပ်ဆိုးဆိုးကြီးမဟုတ် ပဲ နဂိုပုံစံအတိုင်းတွေ့ လိုက်ရင်တောင် စိတ်ပျက်သွားမယ်ထင်တယ်နော်''
''ဘာ ဖြစ်လို့လဲ''
''ရုပ်ဆိုးအောင်ဖျက်ထားတဲ့ပုံကိုမှ သူကကြိုက်နေသလားလို့ လေ၊ တချို့စိတ်က ခပ်ဆန်းဆန်းရယ်ဟဲ့''
''ကိုနေလင်းစိုးက အဲ့လောက်တော့မကြောင်ဘူးစံကားဝါ၊ နင် ရုပ်ဖျက်တာက တစ်ပုံနဲ့တစ်ပုံ တူမှမတူပဲ၊ တစ်ပုံမှာ မျက်လုံးပြူးပြီး နောက်တစ်ပုံကျ အဲဒီ မျက်လုံးက ကောင်းနေပြန်တယ်လေ၊ ဘယ်မှာ ရုပ်ရည်ချင်းညီလို့လဲ၊ သူလည်း ကွန်ပြူတာအိတ်စပတ် တစ်ယောက် ပဲ၊ နင်လုပ်ထားတာရိပ်မိမှာ ပေါ့''
''အေး... ဟုတ်သားပဲ''
''အဲဒီ တော့... သူတောင်းဆိုတုန်းအချိန်မှာ သွားတွေ့ လိုက်ပါ စံကားဝါရယ်၊ သိပ်လည်း မူမနေပါနဲ့တော့၊ သူက နင့်ကို ချစ်စကား ကြိုက်စကားရော ပြောနေပြီလားဟင်၊ ပွင့်ပွင့်လင်းလင်းမဟုတ်တောင် ရိပ်ဖမ်းသံဖမ်းပေါ့''
စံကားဝါက နောက်ဆုံးအနေအထားများ ကိုပြောပြလိုက်သည်။
ညစဉ်ဖုန်းဆက်ပြောသော စကားများ ထဲ၌ ချစ်ခွန်းဖွင့်ဆိုသံများ ခပ်စိတ်စိတ်ကလေးပါလာခဲ့ပါပြီ။
''ကိုယ့်ကိုဘယ်လောက်ထိနှိပ်စက်ထားဦးမှာ လဲ ခင်ဗျားရယ်၊ ခင်ဗျားကို ကျွန်တော် တွေ့ ချင်လှပြီ၊ ကျွန်တော် ခင်ဗျားလေးကို သိပ်ချစ် နေပြီဗျ၊ သိရဲ့ လား''
''ဒီကလည်း ရှင့်အခွင့်အရေး ကို တားဆီးပိတ်ပင်ထားတာမှ မဟုတ်တာ၊ ပြန်စဉ်းစားပါဦးလေ၊ ကျွန်မနာမည် ကိုဖော်နိုင်ရင် တွေ့ ခွင့် ပေးမယ်လို့ပြောထားပြီးပြီပဲ''
''ခင်ဗျားက ခက်တဲ့နာမည် ကိုမှည့်ထားတာပဲဗျ''
''နာမည် ပဲ... ခက်တဲ့နာမည် လွယ်တဲ့နာမည် ရှိသေးလို့လား ရှင်ကြီးရယ်၊ ရှင်ကြီးဟာရှင်ကြီး မစဉ်းစားနိုင်တာများ ''
''နာမည် ကိုမှန်အောင်မဖော်နိုင်တာနဲ့တော့ ကျွန်တော့် ခင်မင်မှု ကို အမှတ်မလျှော့သင့်ပါဘူးခင်ဗျားလေးရယ်''
''... ... ... ...''
''ဒါဆို... သူက နင့်ကိုဖွင့်ပြောတဲ့အဆင့်တောင် ရောက်နေ ပြီပေါ့''
''အဲဒါကြောင့်... သူတောင်းဆိုသလို တွေ့ ခွင့်ပေးသင့်မပေးသင့် နင့်ကိုတိုင်ပင်နေတာပေါ့ကေသီ၊ ငါလည်းသူ့ကို အထက်လူကြီးတွေ ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တွေ နဲ့တိုင်ပင်ဦးမယ်လို့ပြောလိုက်တယ်''
''ကြီးကြီးကျယ်ကျယ်ဟယ်... နင့်မှာ တိုင်ပင်စရာဆိုလို့ ငါ တစ်ယောက် တည်းရှိတာများ ''
''အေးလေ... နင်က ငါ့အတိုင်ပင်ခံပဲပေါ့''
''ကဲ- ဒါဖြင့်အတိုင်ပင်ခံအနေနဲ့ အကြံပေးမယ်၊ သိပ်နှိပ်စက် မနေနဲ့တော့၊ သွားသာတွေ့ လိုက်ပါတော့မမချောရယ်၊ ပြီးတော့လည်း တစ်ခါတည်းသာ အဖြေပေးလိုက်ပါတော့''
''အို အဖြေပေးရမယ်၊ အဖြေပေးဖို့ကတော့ မစောလွန်းသေး ဘူးလားကေသီရဲ့ ''
''မစောလွန်းသေးဘူးလားလို့ နင်ပြောတဲ့စကားထဲမှာ ကို တစ် ချိန်ချိန်တော့ နင်သူ့ကိုအဖြေပေးမယ်ဆိုတဲ့သဘောတွေ ပါနေပြီ၊ နင် သူ့ ကိုအကဲခတ်ပြီးပြီပဲဟာ၊ မူမနေပါနဲ့တော့''
''လူချင်းက ခုမှ ပထမဆုံးအကြိမ်တွေ့ ရမှာ ဟဲ့၊ အေးလေ သူနဲ့တွေ့ မှ သူ့ကိုအကဲခတ်ပြီး အဖြေပေးသင့်ရင်ပေးတော့မယ်၊ လူချင်း တွေ့ မှ သူက ငါ့ကို ချစ်ရေး မဆိုရင်အခက်ဟဲ့''
''ကိုနေလင်းစိုး နင့်ကိုချစ်စကားဖွင့်ပြောကိုပြောမယ်ဆိုတာ ငါသိနေပါတယ်စံကားဝါရယ်၊ အဲဒီ တော့ တွေ့ ဖို့တစ်နေ့နေ့ကို ချိန်းသာ ချိန်းလိုက်ပါတော့ဟယ်''
ဒီလိုနဲ့ စကားဝါသည် ကိုနေလင်းစိုးကို ယနေ့တွေ့ ခွင့်ပေးဖို့ ချိန်းဆိုထားခဲ့ခြင်း ဖြစ်ပါ၏ ။
၂ဝဝ၆ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၁)ရက်၊ စနေနေ့။
ဖေဖော်ဝါရီလ(၇)ရက်၊ အင်္ဂါနေ့တွင် သူ့ကိုချိန်းဆိုခဲ့ခြင်း ဖြစ် ပါသည်။ ကြားထဲမှာ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သော ကြာသုံးရက်ကို သူ့ဆီဖုန်းမဆက်တော့။ သူ့ဆီကဖုန်းကိုလည်း လက်မခံတော့။
ဒီနေ့တော့ ချိန်းဆိုထားသော စနေနေ့ ဖြစ်ပါသည်။
အိပ်ရာထနောက်ကျသွားတဲ့ကိုယ်ကိုကိုယ်အပြစ်တင်ကာ သူနဲ့ တွေ့ ဖို့ စံကားဝါထွက်လာခဲ့ပါပြီ။
နာရီကိုကြည့်လိုက်တော့ ကိုနာရီထိုးဖို့ နှစ် မိနစ်၊ သုံးမိနစ်ပဲ လိုတော့သည်။ ကန်တော် ကြီးနှင့်နီးနေပြီမို့ အချိန်မီရောက်သွားနိုင်ပါသည်။
ကိုနေလင်းစိုးလည်း ရောက်နေနှင့်လောက်ပြီ။
စံကားဝါက မန္တလေး-စစ်ကိုင်းလမ်းမကြီးပေါ်အရောက်တွင် ဆိုင်ကယ်ကို ကီလိုလေးဆယ်နှုန်းသို့အရှိန်မြှင့်လိုက်သည်။
ကန်တော် ကြီးထိပ်အရောက်တွင် ဆိုင်ကယ်ကို ညာဖက်သို့ချိုး ကွေ့ချလိုက်သည်။
ကန်တော် ကြီးတစ်ခွင်၌ လူသူစည်ကားသွားလာနေတာတွေ ကို တွေ့ ရ၏ ။ ဒီနေ့ စနေနေ့မို့ လူစည်နေခြင်းပဲ ဖြစ်လိမ့်မည် ။
စံကားဝါက ချိန်းထားသော သစ်သားရေစင်ကြီးနားအထိ ဆိုင်ကယ်ကိုစီးသွားကာ တစ်ဖက်မှယာဉ်ကြောအရှင်းတွင် ဆိုင်ကယ်ကို ဂငယ်ကွေ့ကွေ့လိုက်သည်။
ရေစင်ရှေ့တွင် ဆိုင်ကယ်ကိုရပ်လိုက်သည်။
ရေစင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်ချိန်သည် ကိုးနာရီအတိ ဖြစ် သည်။
သို့သော်... ရေစင်ရှေ့၌ ကိုနေလင်းစိုးရှိမနေပါ။
သူ ရောက်နှင့်မနေပါလား။
စံကားဝါက ဆိုင်ကယ်ပေါ်မှဆင်းလိုက်သည်။ ဆိုင်ကယ်ကို သော့ ဖြုတ်ကာ ဇက်သော့ ခတ်သည်။
ရေစင်ပေါ်သို့တက်လာခဲ့သည်။
ရေစင်ပေါ်၌ လူငယ်စုံတွဲ သုံးတွဲ ရှိနေ၏ ။
ကန်တော် ကြီးရေပြင်သည် နေရောင် ဟပ်ကာ လှပလို့နေပေ၏ ။ လေပြေကခပ်ညင်းညင်းတိုက်ခတ်လျှက်ရှိသည်။
စံကားဝါက လမ်းမဖက်သို့မျက်နှာပြန်လှည့်ကာ ကိုနေလင်းစိုး ကိုမျှော်ကြည့်နေမိသည်။
သူဘာ ဖြစ်လို့ ရောက်မလာသေးတာပါလိမ့်။
ကန်တော် ကြီးပတ်လမ်းတလျှောက်တွင် ဆိုင်ကယ်များ ၊ ကားများ ၊ စက်ဘီးများ ဥဒဟိုဝင်လာလျှက်ရှိသည်။ အများ အားဖြင့် ဆိုင်ကယ်များ ဖြစ်ပါသည်။ အားလုံးက လူငယ်စုံတွဲ တွေ ချည်း ဖြစ်သည်။
ကန်ဘေးတဝိုက်ရှိ သစ်သားခုံတန်းများ ၊ ပန်းခြံများ အတွင်းမှာ လည်း စုံတွဲ အတော် များများ ကိုတွေ့ မြင်နေရသည်။
စံကားဝါက အဝင်လမ်းမဖက်သို့မျှော်ကြည့်မိပြန်သည်။ ကိုနေ လင်းစိုးဆိုင်ကယ်ဝင်လာသည်ကိုမတွေ့ ရ။ သူက ဆိုင်ကယ်နဲ့ပဲလာခဲ့မည် ဟုပြောထားသည်။
စံကားဝါနာရီကိုငုံ့ကြည့်မိပြန်သည်။ ကိုးနာရီထိုးပြီးလို့ဆယ်မိနစ်။ ဘာ ဖြစ်လို့နောက်ကျနေတာပါလိမ့်။
သူ စံကားဝါ့ကိုပြန်ပြီးပညာပြလိုက်ပြီလား။ အို... မဟုတ်နိုင်ပါ ဘူးလေ၊ သူပဲစံကားဝါနဲ့တွေ့ ချင်လို့ တောင်းဆိုခဲ့တာမဟုတ်လား။ သူ လာမှာ ပါ။ လမ်းမှာ တစ်ခုခုအဆင်မပြေလို့နောက်ကျနေတာထင်ပါရဲ့ ။
သိပ်နောက်ကျတဲ့အထိ ပေါ်မလာမှပဲ ဖုန်းဆက်ကြည့်တော့ မည် ။
စံကားဝါက အပျင်းပြေ ကန်ပေါင်ရိုးအတိုင်း လျှောက်လာခဲ့ သည်။ ကြည့်လေရာတွင် စုံတွဲ များ ကိုချည်းမြင်နေရသည်။
စံကားဝါလျှောက်လာရာ ဥယျာဉ်ထဲတွင် ဖွင့်ထားသော စား သောက်ဆိုင်ကြီးတစ်ဆိုင်ရှေ့သို့ရောက်လာသည်။ ဥယာဉ်ထဲက ဆိုင်ကို သစ်ပင်များ အောက်တွင် စားပွဲများ ခင်းကျင်း၍ ပြုပြင်ထားသည်။ ကန်စပ် တွင် လည်း စင်တစ်ခုကိုတွေ့ ရသည်။ တေးဂီတဖျော်ဖြေရေး စင်မြင့်တစ်ခု ဖြစ်ပါသည်။
ဥယာဉ်အဝင်ဝတွင် ထောင်ထားသော ဗီနိုင်းဆိုင်းဘုတ်ကြီးတစ်ခု ကို စံကားဝါက မော်ကြည့်ရင်းဖတ်လိုက်သည်။ ဆိုင်းဘုတ်ပေါ်မှာ နာမည် ကြီးအဆိုတော် တချို့ပုံများ ကိုတွေ့ ရ၏ ။
ဆိုင်းဘုတ်ပေါ်မှစာသားများ ကိုဖတ်လိုက်မိသည်တွင် စံကားဝါ့ မျက်ခုံးနှစ် ဖက် မြင့်တက်သွားလေသည်။
Valentines Day,14th Fabruary ၂ဝဝ၉
၂ဝဝ၉ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၄)ရက်
ချစ်သူများ နေ့ ပျော်ပွဲရွှင်ပွဲ
ညနေ၆နာရီစတင်မည် ။
အကျွေးအမွေး- ဘူဖေးဒင်နာ
ဖျော်ဖြေရေး - ဇော်ဝင်းထွဋ်နှင့်အင်ပါယာအဖွဲ့
Rဇာနည်၊ မျိုးကျော့မြိုင်၊ စိုင်းစိုင်းခမ်းလှိုင်၊
မျိုးကြီး၊ ဖြိုးကြီး၊ ဖြူဖြူကျော်သိန်း၊ ချစ်သုဝေ၊ တင့်တင့်ထွန်း၊ ထွန်းအိန္ဒြာဗို၊ သဇင်
''ဟင်...''
၂ဝဝ၉ခုနှစ် ၊ ၂ဝဝ၉ခုနှစ် ဆိုပါလား။ အခုမှ ၂ဝဝ၆ခုနှစ် ပဲရှိ သေးသည်။ ၂ဝဝ၉ခုနှစ် မှလုပ်မယ့်ပွဲကို သုံးနှစ် ကြိုပြီး အခုကတည်းက ဘာလို့ကြေငြာထားပါလိမ့်။
စံကားဝါက အံ့သြနေမိလေသည်။
မ ဖြစ်နိုင်။ ပွဲတစ်ပွဲကိုသုံးနှစ် ကြိုကြေငြာထားတယ်ဆိုတာ မ ဖြစ် နိုင်။
စံကားဝါက စာသားများ ကိုသေချာဖတ်ကြည့်ပြန်သည်။
မမှားပါ။ သူမအမြင်မမှားပါ။ ၂ဝဝ၉ခုနှစ် တဲ့။
စံကားဝါ့စိတ်ထဲမှာ အံ့သြစိတ်နှင့်အတူ ဇဝေဇဝါ ဖြစ်လာသည်။
ဥယာဉ်ထဲကို လက်ချင်းချိတ်၍ ဝင်လာသော စုံတွဲ တစ်တွဲ ကိုအတွေ့  တွင် စံကားဝါက သိလိုစိတ်ကိုမထိမ်းနိုင်ပဲ မေးလိုက်မိလေသည်။
''ဟေ့... ဟေ့... အခု ဘယ်နှခုနှစ် လဲဟင်''
''ဗျာ-''
ကောင်လေးက စံကားဝါ့ကို အံ့သြတကြီးပြန်ကြည့်ရင်း အာမေဍိတ်သံပြုလိုက်သည်။ ကောင်မလေးကလည်း ပါးစပ်အဟောင်း သားဖြင့်ကြည့်နေ၏ ။
''ဒီနှစ် ... ဘယ်နှခုနှစ် လဲလို့ မေးတာပါ၊ ဘာ ဖြစ်လို့လဲ''
''၂ဝဝ၉... ၂ဝဝ၉ခုနှစ် လေ... အစ်မရဲ့ ''
''အို...''
''ဟုတ်တယ်၊ ၂ဝဝ၉ခုနှစ် ၊ ဖေဖော်ဝါရီလ(၁၄)ရက်လေ...မမ၊ ဒီနေ့ Vakentines Day လေ၊ ချစ်သူများ နေ့ပေါ့''
ကောင်လေးနှင့်ကောင်မလေးစုံတွဲ က... ''ဒါလေးတောင် မသိ ရန်ကော''...ဆိုသည့်အကြည့်ဖြင့် စံကားဝါ့ကို အရူး တစ်ယောက် လို ကြည့်သွားပြီး ဥယာဉ်ထဲသို့ဝင်သွားလေတော့သည်။
ဘယ်လို ဖြစ်တာလဲ။ အခုမှ ၂ဝဝ၆ခုနှစ် ပဲရှိသေးတာပါ။ ၂ဝဝ၆ခုနှစ် ဖေဖော်ဝါရီလ၁၁ရက်မှာ ကိုနေလင်းစိုးနှင့်ချိန်းထားခြင်း ဖြစ် သည်။ စံကားဝါလုံးဝမမှားပါ။ ၂ဝဝ၉ခုနှစ် တဲ့။ ဘယ်လိုတွေ ဖြစ်ကုန်တာ လဲ။
စံကားဝါက ၂ဝဝ၉ဆိုတာကိုလက်မခံနိုင်သေးပဲ ဥယာဉ်ထဲအ ထိ ဝင်သွားလိုက်သည်။ ဆိုင်ကောင်တာအထိလျှောက်သွားကာ မေးလိုက် သည်။
''ပြက္ခဒိန်ကြည့်ပါရစေ၊ ကျွန်မကိုပြက္ခဒိန်လေး ခဏလောက်ပြပါ''
''ခင်ဗျာ''
''ပြက္ခဒိန်လေ၊ ပြက္ခဒိန်ခဏကြည့်ချင်လို့''
''သြော်... ဟုတ်ကဲ့၊ ဟုတ်ကဲ့''
ကောင်တာမှလူက စံကားဝါကိုအံ့သြသလိုကြည့်ရင်းက နောက် ဖက်နံရံတွင် ချိတ်ထားသော ပြက္ခဒိန်ကိုထုတ်ပေးသည်။
ပြက္ခဒိန်ပေါ်မှာ ရိုက်ထားသည့်ခုနှစ် က... ၂ဝဝ၉
''ဒါ- ဒါ- ဒီနှစ် ပြက္ခဒိန်... ဟုတ်ရဲ့ လား''
''ဟုတ်တယ်လေ၊ ဒီနေ့က ချစ်သူများ နေ့၊ ခင်ဗျားလက်မှတ် ဝယ်ချင်ရင် အတွင်းထဲကိုဝင် သွားပါ၊ လက်မှတ်တွေ ကျန်သေးတယ်၊ ပွဲက ညနေခြောက်နာရီမှ...''
''အို...''
စံကားဝါသည် ပြက္ခဒိန်ကို အဆိပ်ရှိသတ္တဝါတစ်ကောင်သဖွယ် အလန့်တကြားဖြင့် လက်ထဲမှလွှတ်ချလိုက်သည်။
''မဟုတ်ဘူး၊ မဟုတ်ဘူး''
သွေးရူးသွေးတန်းအော်ဟစ်ရင်း နောက်ကြောင်းပြန်လှည့်ကာ ဆိုင်ထဲမှပြေးထွက်ခဲ့လေသည်။
![]() တမလွန်ကပြန်ခဲ့တယ် | ![]() သေမင်းငင် ခရီးကြမ်း | ![]() ဝိညာဉ်တွယ်ရာ မျက်လုံးများ |