Cover

နွေတမာန်
သေတွင်း
အပိုင်း ( ၁ )

တွင်းတူးမိုက်တဲ့ သိုက်သမား

( က )

ထိုနေ့က စမ်းကြီးချောင်ရွာကလေး၏ ပတ်ဝန်းကျင်တွင် ထူးထူးကဲကဲ ရာသီဥတု ဖောက်ပြန်မှု ဖြစ်ပွားခဲ့လေသည်။နွေခေါင်ခေါင်ကြီးတွင် မိုးတွေ သည်းထန်စွာ ရွာသွန်းရုံမက မိုးကြိုးများ ပစ်ကာ၊ မြေငလျင်များ ပင် လှုပ်ခါခဲ့သည့်အတွက် ရွာသူ ရွာသားများ အားလုံး တုန်လှုပ်ချောက်ခြား အံ့အားသင့်ခဲ့ရလေသည်။

သာယာကြည်လင်နေသော နွေလည်နေ့ခင်းကြီးတွင် -ရုတ်တရက် -

ပတ်ဝန်းကျင်တစ်ခုလုံး မိုးသားများ အုံ့မှိုင်းလာသည်။ဘာကိုမှမမြင်ရတော့လောက်အောင် တိမ်မည်းထုကြီးကကောင်းကင်ကို ဖုံးလွှမ်းပစ်လိုက်လေ၏ ။ လျှပ်စီးများ တဖျတ်ဖျတ်လက် ကာ မိုးချိမ်းသံများ က တဝုန်းဝုန်း တဒိုင်းဒိုင်းဆူညံလျက်ရှိလေသည်။

မိုးများ သည်းကြီးမည်းကြီး ရွာချလာသည့်အတွက်လယ်ထဲ ချောင်းထဲရောက်နေသော လူများ ၊ လုပ်ငန်းခွင်ဝင်နေသော လူများ ကိုယ့်အိမ်ရှိရာ အပြေးအလွှားပြန်လာကြသည်။ အပြင်ထွက်ဆော့နေသော ကလေးများ ကို အလျင်အမြန် ခေါ်ယူကြသည်။ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ်တွင် မိုးကြိုးတစ်ချက်ပစ်ချ လိုက်ရာ လျှပ်စီးကြောင်းကြီးက ရွာမြောက်ဘက်ရှိဝင်္ကပါလိုဏ်စေတီကြီးဆီသို့ ရွေ့မျောသွားသည်ကို မြင်လိုက်ကြရလေသည်။

မိုးကြိုးပစ်သံဆုံးသည်နှင့် တစ်ပြိုင်တည်း စေတီကြီးဆီမှကြီး မားလေးလံသော အရာတစ်ခု မြေပေါ်သို့ ပြုတ်ကျသံကိုကြားလိုက် ရလေသည်။ မြေကြီးများ ပင် တုန်ခါသွားသည်အထိပြင်းထန်လှပေ ၏ ။

လူအားလုံး၏ အာရုံသည် စေတီကြီးဆီသို့ရောက်ရှိသွားကာ အမျိုးအမည် မဖော်ပြနိုင်သော စိုးရိမ်ထိတ်လန့်မှု များ ရွာသူရွာသားများ ရင်၌ ကိုယ်စီပေါ်လာကြလေသည်။ စေတီကြီးမှာ ရှေးဘိုးဘွားအစဉ် အဆက်ကရှိခဲ့သော စေတီကြီး ဖြစ်ကာ တန်ခိုးတော် ကြီးမားလှသည့် ရှေးဟောင်းစေတီကြီးလည်း ဖြစ်လေသည်။သူကြီးမှစ၍ စေတီကြီးဆီမှ ကြားလိုက်ရသော ပြိုလဲသွားသည့် အသံကြီးအတွက် စိုးရိမ်မကင်း ဖြစ်သွားလေသည်။သူကြီးဦးဘဇံသည် ပလတ်စတစ်မိုးကာကြီးကို အလျင်အမြန် ဆွဲခြုံကာ အိမ်ထဲမှ ခပ်သုတ်သုတ် ထွက်လာခဲ့လေ၏ ။သူကြီး၏ တပည့်ကိုတုတ်ဖားလည်း နောက်မှပြေးလိုက်သွားလေ၏ ။သူကြီးတို့ဆရာတပည့်နှစ် ယောက် စေတီကြီးဖက်သို့အလျင် အမြန်လျှောက်သွားသည်ကို မြင်လိုက်ရသော ရွာသားယောက်ျားများ သည်လည်း မေးမြန်းမနေတော့ဘဲ နောက်မှလိုက်လာခဲ့ကြလေသည်။

သူတို့အားလုံး၏ ရင်ထဲတွင် စေတီကြီးဘက်ဆီမှကြားလိုက်ရသော ပြိုလဲကျသံကြောင့် စိတ်လက်ထိုင်းမှိုင်းစိုးရိမ်ကြောင့်ကျ ဖြစ်နေ ကြလေရာ နှုတ်မှထုတ်ဖော်ပြောစရာမလိုဘဲစေတီကြီးရှိရာသို့ တစ်ညီ တစ်ညာတည်း စုရုံးသွားရောက်မိကြခြင်း ဖြစ်လေသည်။ ရွာအထွက် ရောက်လျှင်ပင် ရွာရှိယောက်ျားသားတစ်ရာကျော် စုစည်းမိပြီးသား ဖြစ်သွားလေ၏ ။သူတို့အားလုံး မြောက်ဘက်စူးစူးမှ စေတီကြီးရှိရာသို့လှမ်း မျှော်ကြည့်လိုက်လေသည်။ သို့သော် တစ်မိုးလုံးပြည့်အောင်မည်းမှော င် နေသော တိမ်သားထုနှင့် ပြင်းထန်သည်းမည်းလှသော မိုးရေစက်များ ကြောင့် ဘာကိုမှ ထင်ရှားအောင်မမြင်ရချေ။သူကြီးနှင့် ရွာသားတစ်သိုက် မိုးထဲလေထဲတွင် စေတီကြီးဆီသို့ ဦးတည်လျှောက်လှမ်းနေစဉ်မှာ ပင် ပထဝီမြေလွှာတစ်ခုလုံးသိမ့်သိမ့်ခါ လှုပ်ယမ်းသွားလေ၏ ။

♥ ♥ ♥


( ခ )

စမ်းကြီးချောင်ရွာကလေးကို အဝေးမှကြည့်မည် ဆိုလျှင်စမ်းချောင်းနံဘေးမှ အိမ်ခြေတစ်ရာခန့်ရှိသော ညီညာသပ်ရပ်သည့်အိမ် တန်းများ ၊ စိမ်းစိုသော လယ်ကွင်းများ ကို ရိုးမတောင်တန်းကြီးနောက်ခံ ထားလျက် မြင်တွေ့ ရပေမည် ။စမ်းကြီးချောင်ရွာမှာ ရိုးမတောင်ခြေရှိ စမ်းချောင်းလေးနံဘေးတွင် တည်ထားသော မြန်မာကျေးလက်ရွာကလေး ဖြစ်ပေသည်။ စမ်းချောင်းကို အမှီပြု၍ စိုက်ရေး ပျိုးရေး အထိုက်အလျှောက် ဖြစ်ထွန်းသည်။ ရွာကလေးမှာ စမ်းချောင်းနှင့်တောင်တန်းအကြားမြေပြန့်တွင် တည်ရှိ သည့်အတွက် ရှုခင်းသာယာလှပသည်။စမ်းကြီးချောင်သို့လာလိုလျှင် စမ်းချောင်းတစ်ဖက်ကမ်းမှသာ လာရောက်နိုင်လေသည်။ ရွာသားများ ကိုယ်ထူကိုယ်ထတည်ဆောက်ထားသော ထန်းလုံးကြီးများ ကို ဒေါက်တိုင် ထားတည်ဆောက်ထားသည့် သစ်သားတံတားကြီးကို ကျော်ဖြတ်၍ လာရ၏ ။ တံတားကြီးသည် လှည်းယာဉ်များ ဖြတ်သန်းနိုင်အောင်ပင်ကြီးမားလှပေ၏ ။

ကျေးရွာသူရွာသားများ မှာ အားလုံးဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး စည်းလုံးညီညွှတ်ကြပေသည်။ မြန်မာဘုရင်၏ အုပ်ချုပ်မှု အောက်တွင် ငြိမ်ဝပ်ပိပြားစွာ နေထိုင်ကြသော ရွာကလေး ဖြစ်ပေသည်။

ရွာသူရွာသားများ အတွက် ဂုဏ်အယူရဆုံးအရာမှာ ရွာ၏ မြောက်ဘက်စူးစူးတွင် ရှိသော ဝင်္ကပါလိုဏ်စေတီကြီးပင် ဖြစ်ပေသည်။ ဝင်္ကပါလိုဏ်စေတီကြီးမှာ ရွာငယ်လေးနှင့်မလိုက်အောင်ပင်ကြီးမားခန့်ထည်ကာ မိုးထိမျှော်၍ စွင့်စွင့်ကားကားကြီး တည်ရှိနေပေ၏ ။ စမ်းကြီးချောင်ရွာသို့ လာမည် ဆိုလျှင် အဝေးနှစ် မိုင်ကွာလောက်ကပင် စေတီကြီးကို ဖူးတွေ့ နိုင်လေသည်။ဝင်္ကပါလိုဏ်စေတီကြီးကို သီရီဓမ္မာသော ကမင်းကြီးလက်ထက်က တည်ဆောက်ခဲ့သည်ဟု ဆိုရိုးရှိပေသည်။ သီရီဓမ္မာသော ကမင်းကြီး တည်ထားခဲ့သည့် စေတီပေါင်းရှစ်သော င်းလေးထောင်ထဲတွင် တစ်ဆူအပါအဝင် ဖြစ်သည်ဟု ဆိုကြလေသည်။ပါးစပ်ရာဇဝင်ပင် ဖြစ်သော် လည်း ရွာခံလူထုက ထိုအတိုင်းပင်ယုံကြည်ကြ၏ ။ အဘယ်ကြောင့်ဆိုသော် ရွာတွင် လက်ရှိနေထိုင်သော လူအားလုံးသည် စေတီကြီးတည်ထားစဉ်က မမွေးဖွားသေးသော သူများ ချည်း ဖြစ်သော ကြောင့်ပင်။

ရွာသူရွာသားများ အားလုံးသည် မွေးကတည်းပင်စေတီကြီး မိမိတို့ရွာနံဘေးမှာ တည်ရှိနေလျက်သား ဖူးတွေ့ ကြရသည်။ ဘိုးဘွား အစဉ်အဆက်ပြောခဲ့သော သီရီဓမ္မာသော ကမင်းကောင်းမှု တော် ဆိုသော စကားကို အကြွင်းမဲ့ယုံကြည်ကြလေသည်။စေတီကြီး၏ တည်ထားပုံကလည်း ဆန်းပြားလှပေသည်။စေတီကိုစတင်တည်ထားစဉ်က ဌာပနာတိုက်ကို ဦးစွာ ဆောက် လုပ်သည်ဟုဆိုသည်။ ဌာပနာတိုက်ကို မြေပေါ်မှာ ပင်ခြောက်ပေပတ် လည် အုတ်တိုက်တစ်ခုအ ဖြစ်တည်ဆောက်ကာဌာပနာပစ္စည်းများ ထည့်သွင်းခဲ့သည်ဟုဆိုပေ၏ ။ဌာပနာပစ္စည်းများ တွင် သီရိဓမ္မာသော ကမင်းကြီး၏ နဝရတ်ကိုးပါးစီချယ်ထားသော ရွှေစလွယ်ကြီးတစ်ခုနှင့်ပတ္တမြားလက်စွပ်ကြီးတစ်ကွင်း အပါအဝင် ဖြစ်သည်။ အခြားသော ရတနာပစ္စည်းများ ၏ တန်ဖိုး စုစုပေါင်းမှာ တစ်ပြည်ထောင်တန်ဖိုးရှိသည်ဟု ဆိုပေသည်။

ဌာပနာတိုက်တွင် ရတနာပစ္စည်းများ ဌာပနာပြီးနောက်ပိုင်းမှ ဌာပနာတိုက်ပတ်ပတ်လည်ကို တစ်ဖက်လျှင်ပေလေးရာစီ ကျယ်ပြန့်သော အုတ်ဖိနပ်ခံလိုက်သည်။ ပေလေးရာပတ်လည် အုတ်ဖိနပ်ပေါ်တွင် ဌာပနာတိုက်ကို အလယ်ဗဟိုထားကာ ဝင်္ကပါတစ်ခုကို အုတ်များ ဖြင့် တည်လေ၏ ။ ဝင်္ကပါ၌ လမ်းကြောင်းပေါင်း တစ်ထောင်၊ အခန်းပေါင်း တစ်ထောင် ပါဝင်သည်ဟု ဆိုပေ၏ ။ ဝင်္ကပါ၏ အုတ်ရိုးမှာ ခြောက်ပေ မြင့်ပေသည်။ထိုဝင်္ကပါကြီး၏ ခြောက်ပေအမြင့်အုတ်ရိုးပေါ်တွင် အုတ်ဖြင့် အမိုးပြန့်မိုးလိုက်၏ ။ ထိုအမိုးပြန့်ပေါ်မှာ မှ စေတီကြီးကိုတည်ထားခြင်း ဖြစ်လေသည်။ စေတီ၏ အမြင့်မှာ အတောင်နှစ် ရာမြင့်လေသည်။

ဝင်္ကပါ၏ အပေါ်တွင် တည်ထားသော စေတီရင်ပြင်ပေါ်သို့အမျိုး သမီးများ တက်ရောက်ဖူးမျှော်ခွင့်မရှိပါ။အောက်ခြေမှ မြေပြင်နှင့်တညီတည်း ဖြစ်သော ဝင်္ကပါလိုဏ်ခေါင်းအတွင်းသို့ဝင်ရန် အပေါက်တစ်ပေါက်ကို စေတီ၏ အရှေ့ဘက် စောင်းတန်းတွင် ချန်လှပ်ထားလေသည်။ လူတစ်ကိုယ်စာ ဝင်နိုင်သည့် ထိုအပေါက်ကို မည် သည့်တံခါးနှင့်မျှ ပိတ်မထားပါပေ။ ထိုအပေါက်မှ တစ်ဆင့် စေတီအလယ်တည့်တည့်ရှိ ဌာပနာတိုက်ရှိရာသို့ တိုက်ရိုက် ဝင်သွားနိုင်ပေသည်။ သို့သော် မည် သူမျှမဝင်ခဲ့ကြပါချေ။

အတွင်းထဲတွင် ဝင်္ကပါလမ်းကြောင်းများ မှာ ရှုပ်ထွေးလျက် ရှိပေမည် ။ အထက်မှအမိုးပြန့်မိုးထားပြီး အတွင်းတွင် လေဝင်ပေါက်မရှိ၍ မှော င်မည်းနေပေလိမ့်မည် ။ ဝင်္ကပါဆိုသည်မှာ အလင်းထဲ၌ ပင် လမ်းမှန်ရောက်အောင် ရှာဖို့မလွယ်အောင်ပြုလုပ်ထားသော ကွေ့ပတ် ဝေ့ဝိုက်သည့် လမ်းကြောင်းမျိုး ဖြစ်လေရာ မှော င်မည်းကောက်ကွေ့သော အတွင်းထဲသို့ဝင်ရန်မည် သူမျှ စိတ်မကူးခဲ့ကြပါချေ။

ဘုရားဌာပနာပစ္စည်းများ ကို ထိပါးရန် စိတ်ဖြင့်ပင်မပြစ်မှားသည့် ရိုးသားသော တောသူတောင်သားများ အဖို့ ဌာပနာတိုက်ထဲသို့ ဝင်ရောက်ရန် စိတ်မျှပင်မကူးခဲ့ကြချေ။စမ်းကြီးချောင်ရွာသူရွာသားများ သည် ဝင်္ကပါလိုဏ်စေတီတော် ကြီး မိမိတို့ရွာအနီးမှာ ရှိနေသည်ကို ဂုဏ်ယူကြသည်။ရွာ၏ ဘုန်းကြီးကျောင်းမှာ စေတီနှင့် မလှမ်းမကမ်းတောင်ခြေရင်း၌ ရှိလေသည်။ ဝါးထရံကာ သက်ကယ်မိုး တောရကျောင်းလေးသာ ဖြစ်ပေသည်။

ဥပုသ်နေ့များ တွင် စေတီတော် ကြီးပတ်ပတ်လည်တွင် ရှိသည့် ဇရပ်များ သို့လာရောက်ကာ ဥပုသ်သီတင်းဆောက်တည်ကြသည်။ သီလယူပြီး ဇရပ်များ တွင် ကိုယ့်အစုနှင့်ကိုယ် ပုတီးစိပ်သူစိပ်၊ တရားဆွေးနွေးသူ ဆွေးနွေးဖြင့် တစ်ပတ်တစ်ကြိမ် ကုသိုလ်ယူရသည်မှာ ကြည်နူးဖွယ် ကောင်းလှပေ၏ ။ ကလေးသူငယ်များ သည်လည်း ဥပုသ်စောင့်သူ လူကြီးများ နှင့် အတူပါလာကာစမ်းချောင်းနံဘေး၌ ဆော့ကာ၊ ကစားကာ ရှိကြလေ၏ ။စမ်းချောင်းနဘေးမှ စေတီကြီး၏ မြင်ကွင်းမှာ လည်းတောပန်းရောင် စုံဖူးပွင့်နေသော ပန်းမြိုင်ထဲ၌ သပ္ပါယ်စွာ တည်ရှိနေသည်မှာ စိတ်ဘဝင် ညွှတ်နူးစရာကောင်းလှပေတော့သည်။နှစ် စဉ်ပြာသိုလပြည့်နေ့များ တွင် ဝင်္ကပါလိုဏ်စေတီကြီး၏ ဘုရားပွဲကို ချိမ့်ချိမ့်သည်းသည်း ကျင်းပမြဲ ဖြစ်လေ၏ ။ ဘုရားပွဲကိုမြို့အရပ်မှ ရုပ်သေးပွဲဖြင့် စည်ကားစွာ ကျင်းပလေ့ရှိလေသည်။စမ်းကြီးချောင်တစ်ရွာလုံးသည် ဝင်္ကပါလိုဏ်စေတီကြီးအတွက် ဂုဏ်ယူသည်၊ ကြည်ညိုသည်။ စေတီကြီးသည်ရွာ၏ ဂုဏ်ပုဒ် ဖြစ်သည်။ အသက်သွေးကြော ဖြစ်သည်။ထိုသို့ ရွာအတွက် အထွဋ်အမြတ်ထားသော စေတီကြီးဆီမှ တုန်လှုပ်ချောက်ချားဖွယ် အသံနက်ကြီးထွက်ပေါ်လာသည်တွင် တစ်ရွာလုံး စိတ်နှလုံးတုန်လှုပ်သွားကြသည်မှာ မဆန်းပေ။ရာသီဥတုသည်လည်း ရုတ်တရက် ဖောက်လွဲဖောက်ပြန် ဖြစ်ကာမိုးလည်းသည်း၊ လေလည်းထန်၊ မိုးကြိုးလည်းပစ်၊ လျှပ်စီးလည်းလက်နှင့် အံ့သြစဖွယ် အပြောင်းအလဲကြီးက ရုတ်ချည်းပေါ်ပေါက်လာပြန်သည်။

စိုးရိမ်စိတ်ကြီးမားစွာ ဖြင့် သူကြီးမှစ၍ ရွာရှိအရွယ်ရောက်ယောက်ျားအကုန် မိုးထဲလေထဲတွင် စေတီကြီးဆီသို့ အပြေးအလွှားသွားရောက်ကြလေပြီ။မည် သည့် အမှော င့်ပယောဂကြောင့် စိတ်နှလုံးတုန်လှုပ်ချောက်ချားဖွယ်အ ဖြစ်များ ဖြစ်ပေါ်လာရသနည်း။

♥ ♥ ♥


( ဂ )

'' ဖြစ်ပါ့မလား ကိုမာဒင်ရယ်စဉ်းစားပါဦးတော် ''

မလှဆုံက ကိုမာဒင်အကြံအစည်ကို သိလိုက်ရသည်တွင် စိုးရိမ်ထိတ်လန့်စွာ တုန့်ပြန်လိုက်လေသည်။

''ငါတို့မှာ သိပ်ဆင်းရဲနေတာ နင်အသိပဲ လှဆုံ။ ခုဆိုကလေး တစ်ယောက် ထပ်ရပြန်ပြီ။ လယ်မရှိယာမရှိနဲ့ ဒါလောက်ဆင်းရဲတွင်းနက်တဲ့ငါတို့ဘဝ၊ စွန့်စားမှ ဖြစ်တော့မယ်ဟ''

''ဆင်းရဲတာကတော့ ဟုတ်ပါတယ် ကိုမာဒင်ရယ်။တခြားဟာ ကြံစမ်းပါဦးလားတော် ''

''ငါ ဘာမှမကြံတတ်တော့ဘူး လှဆုံ။ ငါ့မှာ အကြံကုန်နေပြီ။ ငါ နင်တို့ သားအမိစားဖို့ တစ်ရပ်တစ်ရွာအထိသွားပြီးအလုပ်လုပ်တာတောင် နင်တို့ ဘယ်မှာ ထမင်းဝလို့လဲ''

''ဒါပေမယ့်- တော် လုပ်မယ့်ဥစ္စာကြီးကိုတော့ ကျုပ်ကြောက်တယ်တော့''

''ဌာပနာတိုက်ထဲကပစ္စည်းတွေ ကို ငါအကုန်မယူပါဘူးလှဆုံရယ်။ တို့မိသားစုသုံးလောက်ရုံပဲ ယူမှာ ပါ။ အာသော ကမင်းကြီးရဲ့ ပတ္တမြားလက်စွပ်ကြီးတွေ့ ရင် အဲဒါတစ်ခုပဲ ယူခဲ့မယ်။ပြီးတော့ လုပ်ကိုင်စားလို့ ငွေပွားလာရင် ယူထားတဲ့ဥစ္စာရဲ့ တန်ဖိုးအတိုင်း ဘုရားမှာ ငါ ပြန်လှူမယ်လေ။ သဘောကတော့ ဆင်းရဲလွန်းလို့ ဘုရားပစ္စည်းကို ခဏငှားသုံးတာပေါ့ဟာ''

''ကြံကြီးစည်ရာတော် ၊ စကားလည်းကြည့်ပြောပါ။ ငရဲငအုံတွေ ကြီးကုန်ပါ့မယ် ကိုမာဒင်ရယ်''

''အေး ...ငါ နင့်ကို ဖွင့်တိုင်ပင်တာပဲ၊ နင်နှုတ်လုံဖို့လို တယ်နော်''

''တော် ...တကယ်လုပ်မလို့လား ကိုမာဒင်''

''နင်ကလည်းဟာ ငါတို့မှာ ထွက်ပေါက်မရှိတော့ပါဘူးဆိုမှ''

ခင်ပွန်း ဖြစ်သူ ကိုမာဒင်ပြောသလို သူတို့ဆင်းရဲကြတာတော့ မှန်ပါသည်။ ဆင်းရဲတာမှ ကိုမာဒင့်ဘက်ကရော၊ မလှဆုံဘက်ကပါ မျိုးနဲ့ရိုးနဲ့ ဆင်းရဲကြသည်။ နှစ် ဖက်စလုံးရဲ့ မိဘများ မှာ ပင်လယ်ယာရယ်လို့မရှိကြပါ။ သူတစ်ပါးလယ်မှာ အခစားလုပ်ကိုင်စားရသူများ ဖြစ်ပေသည်။ မောင်နှမသားချင်းကလည်း များ သေးသည်။

ဆင်းရဲတဲ့မိသားစုနှစ် စုထဲက သူတို့နှစ် ယောက် ကမှ ဖူးစာဆုံ ဖြစ်အောင် ဆုံခဲ့ကြလေသည်။ ကိုမာဒင်သည် မိသားစု တစ်ဝမ်းတစ်ခါးအတွက် အခြားရွာများ သို့ပင်သွားကာ သူရင်းငှား လိုက်ခဲ့ရပါသည်။ ဒါလည်း ထမင်းမဝခဲ့ကြ။ယခုဆိုလျှင် သူတို့မှာ သားလေးဖိုးတက်တူ တစ်ယောက် တည်း မဟုတ်တော့။ ဂျမ်းဘုံဆိုသည့် နို့စို့ကလေး တစ်ယောက် ထပ်ပြီးမွေးပြန်ပြီ။

ရှာဖွေစားသောက်ရတာ ခက်ခဲလွန်းတော့လည်း ကိုမာဒင် တစ်ယောက် ကြံမိကြံရာ ကြံပြီ ထင်ပါသည်။တစ်ရွာလုံး အထွဋ်အမြတ်ထားတဲ့ ဝင်္ကပါလိုဏ်စေတီထဲက ဌာပနာတိုက်ကို ဝင်္ကပါကိုဖြတ်သန်းပြီး ရောက်အောင်သွားမယ်တဲ့။ ဌာပနာတိုက်ထဲက ဌာပနာပစ္စည်းတစ်ခုခုကို အရယူမယ်တဲ့။

ကိုမာဒင်က သူ့အကြံအစည်ကိုဖွင့်ပြောတော့ မလှဆုံကြက်သီးဖြန်းဖြန်းထသွားရလေသည်။သို့သော် ကိုမာဒင်က ဘယ်လိုတားတားမရတော့ပေ။ဆင်းရဲတွင်းနက်လွန်းခြင်းက သူ၏ စဉ်းစားဆင်ခြင်ဥာဏ်များ ကိုထုံထိုင်း အ,န သွားစေခဲ့ပြီ။သူ့အကြံအစည်ကို မနေ့က ပြောသည်။ ယနေ့အကောင်အထည်ဖော်တော့မည် တဲ့။

''နင်မလိုက်ချင်လည်းနေဟာ၊ ငါ့ဟာငါသွားတော့မယ်''

နေ့လယ်ပိုင်းတွင် ကိုမာဒင်က လွယ်အိတ်စုတ်တစ်လုံးထဲအစားအသောက်အချို့နှင့် ကညင်ဆီမီးစာများ ၊ မီးခတ်ကျောက်များ ထည့်ကာ လွယ်အိတ်ကိုလွယ်ရင်း ပြောလိုက်သည်။

''ဒီလိုနေ့မျိုးက အကောင်းဆုံးပဲ၊ ဥပုသ်နေ့မဟုတ်တော့ဘုရားနားကို လူလည်း မလာဘူး။ လူတွေ လည်း ကိုယ့်အလုပ်နဲ့ကိုယ် အာရုံများ နေကြတာ၊ နင်မလိုက်ချင်လဲနေ၊ ငါသွားပြီဟေ့''

ကိုမာဒင်က ဆုံးဖြတ်ထားတဲ့အတိုင်းလုပ်ရန် အိမ်ထဲကထွက်သွားလေသည်။သည်လိုဆိုတော့လည်း မလှဆုံ မနေသာ။ ကိုယ့်ယောက်ျား မဟုတ်လား။ ဆိုးတူကောင်းဖက် ပေါင်းသင်းလာသည့်လင်သား၊ သူ့လုပ်ရပ်ကို သဘောတူတူ,မတူတူ လိုက်ပါစောင့်ရှောက်ပေးဖို့က သူမမှာ တာဝန်ရှိသည်။ ကိုမာဒင်ကလည်းလိုဏ်ခေါင်းအပေါက်ဝမှ စောင့်ပေးရုံသာခေါ်ခြင်း ဖြစ်သည်။သည်လိုနှင့် မလှဆုံသည် နို့စို့ကလေးဂျမ်းဘုံကို ရင်ခွင်ထဲ ပွေ့ရင်း ဆော့ကစားနေသည့် သားကြီးတက်တူကို လက်ဆွဲခေါ်ခဲ့ကာ ကိုမာဒင့်နောက်သို့ လိုက်ခဲ့ရလေတော့သည်။မလှဆုံ ကိုမာဒင့်ကိုမှီလာတော့ ကိုမာဒင်က စေတီကြီးအရှေ့မျက်နှာစာက ဝင်္ကပါဝင်ပေါက်အဝကိုပင် ရောက်နေပြီ။ကိုမာဒင်က နောက်မှလိုက်လာသော လှဆုံနှင့်ကလေးနှစ် ယောက် ကို လှည့်ကြည့်လိုက်သည်။

''နင် ဘာမှလုပ်စရာမလိုပါဘူးလှဆုံ၊ ငါ့ကို စောင့်ပေးရုံပါပဲ''

''တော် ...အတွင်းထဲမှာ မျက်စိလည်နေရင်ကော''

''တစ်နေကုန်လို့မှ ဌာပနာတိုက်မရောက်ရင် ငါပြန်ထွက်ခဲ့ မယ်လေ''

''အပြန်လမ်းကို တော် က ဘယ်လိုလုပ်သိမှာ တုန်း''

''ဒီမှာ ငါ ထုံးမှု န့်တွေ တစ်အိတ်ကြီးယူလာတယ်။ ငါသွားတဲ့လမ်းတစ်လျှောက် ထုံးတွေ ဖြူးသွားမှာ ပေါ့။ ဒါဆိုအပြန်လမ်း မပျောက်တော့ဘူး''

ကိုမာဒင်က သူ့စိတ်ကူးနဲ့သူတော့ အဟုတ်ကြီး ဖြစ်နေသည်။စကားဆုံးသည်နှင့် ကိုမာဒင်က ရှစ်နှစ် အရွယ် သားကလေး တက်တူကို ငုံ့နမ်းလိုက်သည်။

''အဖေသွားမယ်နော် ငါ့သားတက်တူ၊ အဖေအထဲကပြန်ထွက်လာရင် တို့ သူဌေး ဖြစ်ပြီကွ''

သူ့သားကိုပြောရင်း ဝင်္ကပါအပေါက်ဝသို့ ခြေလှမ်းလိုက်လေ၏ ။

''အဖေ ဘယ်သွားမလို့လဲ''

''လိုဏ်ခေါင်းထဲကို ဝင်မလို့ ငါ့သား''

''ကျွန်တော် လည်း လိုက်မယ်''

''ကလေး လိုက်လို့မရဘူးကွ၊ အဖေပြန်လာရင် ငါ့သားဖို့ရွှေတွေ ငွေတွေ ယူခဲ့မယ်နော်။ အဖေ မကြာဘူး၊ သားဖို့ အဝတ်အစားတွေ ဝယ်နိုင်အောင် အဖေသွားမှာ ၊ အမေနဲ့အတူစောင့်နေငါ့သား''

ကိုမာဒင်က စကားဆုံးသည်နှင့် အပေါက်ထဲသို့ တိုးဝင်သွားလေတော့သည်။မလှဆုံသည် ပါးစပ်အဟောင်းသားဖြင့် ကျန်ရစ်ခဲ့လေ၏ ။လှဆုံရင်ထဲမှာ တော့ လင်သားကိုမာဒင်အတွက် စိုးရိမ်ကြောင့်ကြနေမိသည်။လှဆုံသည် ကလေးကိုပိုက်ရင်း လိုဏ်ပေါက်ဝတွင် အတန်ကြာ ရပ်နေမိသေး၏ ။ တက်တူလေးက ဟိုဒီပြေးလွှားကာဆော့ကစားနေလေသည်။လှဆုံသည် ရင်ခွင်ထဲက ကလေးငိုသံကြားမှ အပေါက်ဝကို မြင်နေရသည့် ဇရပ်တစ်ဆောင်ပေါ်သို့တက်ခဲ့ကာ ဇရပ်ပေါ်မှနေ၍ စောင့်နေလေသည်။ထိုစဉ်မှာ ပဲ မိုးကောင်းကင်၌ မိုးသားများ အုံ့ဆိုင်းလာကာ ချက်ချင်း မှာ ပင် ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှော င်သွားခြင်း ဖြစ်တော့၏ ။

အစပိုင်းတော့ လှဆုံသည် ရာသီဥတုဖောက်ပြန်သွားခြင်းမှာ မိမိတို့ပယောဂကြောင့်လို့ မထင်မိသေးပေ။လေများ တဝေါဝေါတိုက်လာကာ သစ်ပင်ကြီးများ ကကြောက်မက်ဖွယ် ယိမ်းယိုင်လှုပ်ရှားလာသည်။လေနှင့်အတူ မိုးစက်များ ပါလာကာ မိုးသည်းကြီးတစ်ခုရုတ်ချည်း ရွာချလိုက်လေသည်။မလှဆုံက ဆော့ကစားနေသည့် တက်တူကို လှမ်းအော်ခေါ်လိုက်သည်။

မလှဆုံမခေါ်မီကပင် တက်တူသည် ကြောက်လန့်တကြားဖြင့် ဇရပ်ပေါ်သို့ပြေးတက်လာပြီ ဖြစ်၏ ။မိုးချိမ်းသံများ ကလည်း ဆက်တိုက်မြည် ဟည်းလျက်ရှိသည်။

လျှပ်စီးများ ဆက်တိုက်လက်လိုက်သော ကြောင့် မည်းမှော င်နေသော ဝန်းကျင်မှာ လင်းထိန်သွားပြန်လေသည်။ထို့နောက် ကြားရသူရင်အုံတစ်ခုလုံး ပေါက်ကွဲမတတ်သော မိုးကြိုးပစ်သံကြီးကို ကြားလိုက်ရလေ၏ ။မိုးကြိုးသံဆုံးသည်နှင့် မြေပေါ်သို့ လေးလံသော တစ်စုံတစ်ခု ပြုတ်ကျသံကို ကြားလိုက်ရလေသည်။မလှဆုံမျက်လုံးထဲတွင် မီးများ ပွင့်သွားလေ၏ ။စေတီကြီး၏ ထီးတော် သည် မိုးကြိုးခလိုက်သော ကြောင့်တိတိရိရိ ပြတ်ထွက်သွားပြီး စေတီ၏ တောင်ဘက်စောင်းတန်းဘေးသို့ ပြုတ်ကျလာသည်ကို မြင်လိုက်ရသော ကြောင့် ဖြစ်၏ ။

''အမယ်လေး ...ဘုရား..ဘုရား ကျိန်စာတွေ သင့်ကုန်ပြီ၊ ကျိန်စာတွေ သင့်ကုန်ပြီ''

မလှဆုံက ကြောက်လန့်တကြား စူးစူးဝါးဝါး အော်ဟစ်လိုက်လေသည်။ရင်ခွင်ထဲမှကလေးက အော်ငိုသည်။ တက်တူက အမေ့ခါးကို တင်းကျပ်စွာ ဖက်ထားရင်း အသားတွေ တဆတ်ဆတ်တုန်နေ၏ ။မြေပေါ်ပြုတ်ကျလာသော ထီးတော် ကြီးမှာ မြေကြီးထက်၌ ဟိုဘက်ဒီဘက် ယိမ်းထိုးကာ အရှိန်မပြေဘဲလိမ့်နေ၏ ။ ထီးတော် မှာ ချိတ်တွဲ ထားသော ရွှေငွေလက်ဝတ်ရတနာပစ္စည်းများ မှာ မြေပေါ်၌ ပျံ့ကျဲနေလေသည်။မလှဆုံသည် ကိုမာဒင် မလုပ်သင့်မလုပ်အပ်ရာတွေ လုပ်လိုက်၍ ရာသီဥတုဖောက်ပြန်ကာ မိုးကြိုးတွေ ပစ်၊ ထီးတော် မြေခရသည့်အ ဖြစ်ကို နားလည်လိုက်သည်။ထိုစဉ် တောရကျောင်းဘက်ဆီမှ တရွေ့ရွေ့လျှောက်လာသော သ္ဌဏာန်တစ်ခုကို မြင်လိုက်ရလေ၏ ။ ဆရာတော် ဘုရားကြီးပင်တည်း။ဆရာတော် ကြီးက မိုးထဲလေထဲတွင် တည်ငြိမ်စွာ ပင်လျှောက်လှမ်းလာ၏ ။ဆရာတော် ကြီးသည် မြေပေါ်ပြုတ်ကျနေသော ထီးတော် ကြီးကို ကြည့်ကာ ခေါင်းကိုခါယမ်းလိုက်လေသည်။ ဆရာတော် ကြီးအကြည့်က ဇရပ်ပေါ်မှမလှဆုံတို့ သားအမိတတွေ ဆီ ရောက်လာသည်။

ဆရာတော် ဘုရားကြီး၏ အကြည့်ဒဏ်ကိုမခံနိုင်ဘဲမလှဆုံက ခေါင်းကို ငုံ့လိုက်လေသည်။ ဇရပ်ပေါ်မှဆင်းကာမြေတွင် ကျုံ့ကျုံ့ထိုင်ရင်း ဘုန်းတော် ကြီးကို ဦးချကန်တော့လိုက်၏ ။မလှဆုံ၏ မျက်ဝန်းမှ မျက်ရည်များ တွေ တွေ ကျဆင်းလာသည်။ ရှိုက်၍ ရှိုက်၍ ငိုသည်။ နှုတ်မှတော့ ဘာမှမပြော။ဆရာတော် ကြီးကလည်း ဘာမှမမိန့်။ မြေတွင် လဲလျောင်းနေသော ထီးတော် ကြီးကိုတစ်လှည့်၊ မလှဆုံတို့ သားအမိတတွေ ကိုတစ်လှည့်ကြည့်ကာ သက်ပြင်းကိုချလိုက်သည်။

ထိုစဉ်မှာ ပင်-စေတီရှိရာဆီသို့လျှောက်လာသော လူအုပ်စု၏ အသံကိုကြား ရသည်။လူအုပ်စု စေတီပရဝုဏ်မရောက်မီပင် မဟာပထဝီမြေကြီးသည် နိမ့်ကာမြင့်ချီဖြင့် တလှပ်လှပ် လှုပ်ရှားလာလေ၏ ။

♥ ♥ ♥


( ဃ )

သူကြီးဦးဘဇံ ဦးဆောင်လာသော လူအုပ်စုကို မြင်လိုက်ရသည်။သူကြီးနှင့်ရွာသားများ သည် ဘုန်းကြီးနှင့် မလှဆုံတို့မိသားစုကို အမြင်တွင် အံ့သြသွားကြ၏ ။ လေကြီးမိုးကြီးထဲမှာ မလှဆုံက ကလေးတွေ နှင့် ဒီနေရာကို ဘယ်လိုရောက်နေတာလဲ။သူတို့သည် အနီးအရောက်တွင် မြေပေါ်တွင် ပြတ်ကျနေသော ထီးတော် ကြီးကို မြင်လိုက်ရသည်တွင် ဘုန်းကြီးကိုပင်ဦးမတင်အားဘဲ ထိုနေရာသို့ပြေးသွားကြလေ၏ ။ငလျင်က အဆက်မပြတ်လှုပ်နေဆဲ။

ငလျင်လှုပ်နေသော ကြောင့် ပထဝီမြေကြီးက တွန့်ခေါက်လှုပ်ယမ်းနေသလို လူများ သည်လည်း လဲပြိုယိုင်ကျမသွားအောင်ထိန်းနေရလေသည်။

''ဒါ ... ဒါ ...ဘယ်လို ဖြစ်တာလဲ ဘုရာ့။ အို ... ကြေကွဲစရာပါလား ဘုရား။ မိုးကြိုးပစ်လို့ထီးတော် ကြီးကို မိုးကြိုးခလို့ပြတ်ကျလာတာလား ဘုရား''

သူကြီးဦးဘဇံသည် ဘုန်းကြီးအနားသို့ လျှောက်သွားကာလက်အုပ်ချီလျက် မေးလိုက်သည်။ နောက်မှပါလာသော ရွာသားများ ၏ ယူကြုံးမရ ဝမ်းနည်းကြေကွဲသံများ က စကားသံအ ဖြစ်မဟုတ်ဘဲ စုတ်သတ်သံ၊ တောက်ခေါက်သံ၊ ရှိုက်သံများ အ ဖြစ်ထွက်ပေါ်လာလေ သည်။

''မှန်တယ် ဒကာ၊ ထီးတော် မြေခရတာ ကတော့ အခုနကမိုးကြိုးတစ်ချက်ပစ်လိုက်လို့ မိုးကြိုးထိမှန်ပြီး မြေခရတာ ပဲ''

ဘုန်းတော် ကြီးသည် တဖြည်းဖြည်း အလှုပ်ကြမ်းလာသော ငလျင်ကြောင့် မြေပေါ်တွင် ထိန်း၍ ရပ်ရင်းမှ မိန့်ကြားလိုက်သည်။

ဦးဘဇံက ဘုန်းကြီး၏ မျက်နှာတော် ကို မော်ကြည့်လိုက်သည့်အခါ ဘုန်းကြီး၏ မျက်ဝန်းတွင် မျက်ရည်စများ ရီဝေနေသည်ကို တွေ့ လိုက်ရလေ၏ ။ ဦးဘဇံသည် စေတီပရဝုဏ်ထဲသို့မလှဆုံ ရောက်ရှိနေခြင်း၊ မလှဆုံတိတ်ဆိတ်စွာ ခေါင်းငုံ့လျက်ငိုရှိုက်နေခြင်းများ ကိုကြည့်ကာ သင်္ကာမကင်းစိတ်များ ခံစားလာရလေသည်။လူအများ သည် ဆရာတော် ကြီးအား လက်အုပ်ချီကာဆရာတော် ဘုရား မိန့်ကြားမည့် စကားကို ငံ့လင့်နေကြလေသည်။

''တစ်ခုခုမိန့်ပါ ဘုရား၊ ထီးတော် ကြီးမြေခရတာ သဘောရိုး မဟုတ်ပါ။ ရာသီဥတုများ ကလည်း ရုတ်တရက်ပြောင်းလဲ သွားပါတယ်။ ငလျင်တွေ လည်း လှုပ်နေပြီဘုရာ့။ ဒါမျိုး တပည့်တော် တစ်သက်မကြုံဖူးခဲ့ပါဘူး။ ဒါဟာ သွေးရိုးသားရိုး မဟုတ်ပါဘူးဘုရား။ ဘာကြောင့် ဖြစ်ရတယ် မိန့်တော် မူပါ''

သူကြီးဦးဘဇံက မြေခလဲလျောင်းနေသော ထီးတော် ကြီးကို တစ်လှည့်၊ ဘုန်းကြီးကိုတစ်လှည့် ကြည့်ကာ လျှောက်ထားလိုက်သည်။

''အေး ...ငါလည်း ဒီကိစ္စစေ့ငုရအောင် ဒီနေရာကိုအခုပဲ ရောက်တယ် ဒကာဘဇံ။ အကျိုးအကြောင်းအစုံကို ဟောဒီက မိလှဆုံ ပြောပြနိုင်လိမ့်မယ်၊ သူ့မေးပေတော့''

သူကြီးနှင့်လူအားလုံး၏ အကြည့်က မလှဆုံထံ ရောက်ရှိသွားလေသည်။

''လှဆုံ၊ လှဆုံက ဘာကြောင့် ပြောနိုင်ရမှာ လဲ ဘုရာ့''

''မိလှဆုံ အစောကြီးကတည်းက ဒီနေရာရောက်နေခဲ့တယ်။ အကြောင်းစုံကို သူ့သာမေးပါလေ''

ထိုအခါမှ သူကြီးသည် လှဆုံဘေးတွင် သူ့ယောက်ျားကိုမာဒင် မရှိသည်ကို သတိပြုမိ၏ ။

''လှဆုံ၊ နင် ဒီမှာ ဘာလာလုပ်နေသတုံး။ မာဒင်ကောပြောစမ်း''

''ကို ...မာဒင် ...မာဒင် ဝင်္ကပါထဲကို '

''ဘာ-''

''ကိုမာဒင် ဝင်္ကပါထဲကိုဝင်သွားတယ်''

'ဟယ်'ခနဲအသံများ ဟိန်းထွက်သွားသည်။

''မာဒင်က ဝင်္ကပါထဲ ဘာဝင်လုပ်တာလဲ''

''ဟို ...ဟို ...ဘုရားဌာပနာတိုက်က ရတနာပစ္စည်းတွေ ကို''

''ဟင် ...အမိုက်မလင်မယား၊ နင်တို့ယုတ်မာလို့ တို့ရွာကဘုရားကြီး မြေခရပြီဟဲ့၊ ကဲဟာ''

သူကြီးဘဇံ၏ လက်က မြောက်တက်သွားကာ မလှဆုံပါးကို ရိုက်ရန် ရွယ်လိုက်လေသည်။ဘုန်းကြီးက သူကြီး၏ လက်ကိုဖမ်းဆွဲကာ တားလိုက်၏ ။

''သည်းခံဒကာ၊ သူတို့မိုက်ပစ်ကို ဘုရားကပဲ ဒဏ်ခတ်ပါလိမ့်မယ်၊ မောင်ရင် စီရင်စရာမလိုပါဘူး''

''တပည့်တော် ခံပြင်းလွန်းလို့ပါ၊ တစ်ရွာလုံး တစ်နယ်လုံးအထွတ်အမြတ်ထား တန်ဖိုးထားတဲ့ဘုရားကြီးရဲ့ ပစ္စည်းကိုမှ ဒင်းတို့လုပ်ရက်တယ်။ ဒင်းတို့မိုက်ပြစ်ဒဏ်ကို ဒင်းတို့ချည်းခံရတာ မှမဟုတ်ပဲ ဘုရား။ တပည့်တော် တို့ ရွာသူရွာသားတွေ အတွက်ကိုးကွယ်ရာမဲ့ပြီ။ ဘုရား ...ဘုရား ...လှဆုံရယ် အမိုက်မ၊ နင်တို့မို့လုပ်ရက်တယ်။ တောက်''

သူကြီးဦးဘဇံ၏ မချိတင်ကဲရေရွတ်ပြောဆိုသံပင် မဆုံးလိုက်ရပါ။ မြေကြီး၏ နက်ရှိုင်းသော နေရာဆီမှ အမျိုးအမည် မခွဲခြားနိုင်သော လိုဏ်သံကြီးတစ်ခုက အဝီစိမှအော်တက်လာကာတဖြည်းဖြည်း ကျယ်လောင်၍ မြေပေါ်ရောက်လာလေသည်။လှုပ်လက်စငလျင်မှာ လည်း ပို၍ ပြင်းထန်စွာ လှုပ်ယမ်းလာလေ၏ ။

''ဒကာတို့၊ အားလုံး မြေပေါ်မှာ ဝပ်နေကြ''

ဘုန်းကြီးက မိန့်ကြားလိုက်ကာ သူကိုယ်တိုင် မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။ လူအားလုံးလည်း မြေပေါ်ထိုင်သူထိုင်၊ ဝပ်နေသူက ဝပ်နေကြ၏ ။ ထိုသို့ မပြုလုပ်ပါကငလျင်ဒဏ်ကြောင့် မြေပေါ်လဲကျသွားမည် ဖြစ်ပေသည်။မြေကြီးထဲမှ ထွက်ပေါ်လာသော တော် လဲသံကြီးသည်တစ်စ တစ်စ မြေပြင်နှင့် နီးကပ်လာကာ ပိုမိုမြည် ဟိန်းလာလေသည်။

ထို့နောက် ငလျင်သည် အပြင်းထန်ဆုံးတစ်ချက် လှုပ်လိုက်ကာ ထီးတော် ကြီးပြိုကျနေရာအနီးတွင် မြေ၌ အက်ကွဲကြောင်းကြီး ပေါ်သွားလေ၏ ။ ထီးတော် ကြီးသည် ငလျင်အားဖြင့် လိမ့်၍ သွားကာ အက်ကွဲကြောင်းကြီးထဲသို့ လိမ့်ဆင်းသွားလေသည်။အနီးတွင် ပျံ့ကျဲနေသော ရတနာများ သည်လည်း အက်ကွဲကြောင်းကြီးထဲသို့ လျှောဆင်းသွားလေသတည်း။

''ဟယ်''

''ဟာ''

''အို''

လူထုပရိသတ်သည် တစ်ခဏချင်း ဖြစ်ပေါ်ပြောင်းလဲသွားသော မြင်ကွင်းကိုကြည့်ကာ အာမေဋိတ်သံမျိုးစုံဖြင့် ရေရွတ်အော်ဟစ်လိုက်ကြလေ၏ ။ထီးတော် ကြီးရော၊ ရတနာပစ္စည်းများ ပါ မြေအက်ကွဲကြောင်းကြီးထဲသို့ တစ်ခုမကျန် ကျဆင်းသွားပြီးသည်နှင့်အက်ကွဲကြောင်းကြီးသည် လျင်မြန်စွာ ပြန်လည်စေ့ပိတ်သွားလေတော့သည်။

''ဟင် ...သွားပြီ ...သွားပြီ၊ ထီးတော် ကြီးအစအနတောင်မကျန်တော့ပါလား။ ကျုပ်တို့ကိုးကွယ်ဖို့ ထီးတော် အကျိုးအပြတ်တောင် မရှိတော့ဘူး။ ဘုရားရိုက်ပြီ၊ ကျိန်စာသင့်ပြီ၊ လောဘသားလင်မယားကြောင့် ဒါတွေ ဖြစ်ရတာ ။ ဒီအတိုင်းကြည့်နေတော့မလားဘုရာ့။ ဒီတိုင်း ကြည့်နေတော့မလား''

သူကြီဦးဘဇံက ငိုသံပါကြီးဖြင့် အော်ဟစ်ရေရွတ်လိုက်လေသည်။သူကြီး၏ လူယုံတပည့် ကိုတုပ်ဖားသည် ထိုင်ရာမှထလိုက်ကာ မလှဆုံ၏ ကျောကုန်းကို ဖနောင့်ဖြင့် အားရပါးရပေါက်ချလိုက်လေ၏ ။ နှုတ်မှလည်း ပြောဆိုရေရွတ်လိုက်လေသည်။

''သေချင်းဆိုးမ ...နင်တို့လင်မယားကြောင့် တို့ရွာမှာ သာသနာကွယ်ပြီ။ နင်တို့တစ်မိသားစုလုံးကို သတ်မယ် ဟဲ့ အယုတ်တမာမ''

''တော် ...တုပ်ဖား၊ တော် ...မလုပ်နဲ့၊ သူတို့မိုက်ပြစ်ကိုဘုရားက ဆုံးမလိမ့်မယ်လို့ ငါပြောပကော''

''မခံချင်လွန်းလို့ပါဘုရား၊ မခံချင်လွန်းလို့ပါ။ သူတို့လုပ်ရပ်ကြောင့် တစ်ရွာလုံး ကိုးကွယ်ရာမဲ့ရပြီ ဘုရား''

ဘုန်းကြီးက လှဆုံနှင့်တုပ်ဖားကြားတွင် ဝင်ရပ်လိုက်သည်။

''မိလှဆုံ ...မိန်းကလေး၊ ဟဲ့ ...အမိုက်မ၊ ပြေးပေတော့ဟဲ့။ ပြေးပေတော့ ...ဒီမှာ နေရင် နင့်တို့ကို လူတွေ ဝိုင်းသတ်လိမ့်မဟဲ့။ငါ နင့်ကို ဒီတစ်ချိန်ပဲ ကယ်နိုင်မယ်။ အေး ...နင်တို့လုပ်ရပ်ကိုတော့သံသရာရှိသမျှ ပေးဆပ်ရလိမ့်မယ်။ ငါ မကယ်နိုင်ဘူး၊ နင်တို့ဒီရွာကို ဘယ်တော့မှပြန်မလာနဲ့တော့။ လောလောဆယ် လွတ်ရာပြေးပေရော့၊ ပြေးကြပေတော့''

ဘုန်းကြီး၏ မိန့်ကြားသံဆုံးသည်နှင့် မလှဆုံသည်ကလေးကို ပွေ့ကာ မတ်တပ်ထရပ်လိုက်သည်။ လက်တစ်ဖက်ကသား ဖြစ်သူ တက်တူကိုဆွဲကာ ခြေဦးတည့်ရာသို့ ပြေးလေတော့သည်။ တက်တူသည်လည်း အခြေအနေအရပ်ရပ်ကိုနားလည်လိုက်ကာ မိခင်ခေါ်ဆောင်ရာ နောက်သို့ တစ်ဟုန်ထိုးပြေးလိုက်သွားလေသည်။

♥ ♥ ♥


( င )

မလှဆုံသည် ရွာသားများ ရပ်နေရာဘက်ကို ဆန့်ကျင်ကာထွက်ပြေးခဲ့ရလေသည်။ရွာမှလူများ က ရွာဘက်ဆီတွင် ပိတ်ရပ်နေရာ မလှဆုံတို့သားအမိများ သည် ဘုန်းကြီး ကာကွယ်ပေးထားသည့် အကာအကွယ်ကို ယူကာ စေတီ၏ မြောက်ဘက် တောရကျောင်းရှိသည့်ဘက်သို့ ဦးတည် ပြေးခဲ့ရလေ၏ ။ဘုန်းတော် ကြီးက ကာကွယ်ပေးထားသော်လည်း မခံချင်သူ အချို့သည် ခဲလုံးများ ၊ ကျောက်တုံးများ ကို မြေမှကောက်ယူကာမလှဆုံတို့ကို ပစ်ပေါက်ကြလေ၏ ။မလှဆုံတို့သားအမိများ စေတီကြီးအနီးမှဖြတ်သန်းသွားစဉ်-

''အား''

ဟူသော ထိတ်လန့်ကြောက်ရွံ့ဖွယ် အော်သံနက်ကြီးတစ်ခုက လိုဏ်ဂူအတွင်းမှ ထွက်ပေါ်လာလေသည်။ ကိုမာဒင်၏ အော်သံ ဖြစ်ကြောင်း လူတိုင်းပင် သိနားလည်လိုက်ကြ၏ ။ ကိုမာဒင်၏ ချောက်ချားစရာကောင်းသော အော်သံကြီးမှာ လိုဏ်ခေါင်းတစ်လျှောက်ကို ဖြတ်သန်း၍ ပဲ့တင်ထပ်ကာ ဟိန်းထွက်လာခြင်း ဖြစ်လေသည်။

လင်သား၏ အော်သံကြောင့် မလှဆုံ ပြေးရာမှရပ်ကာတုံ့ခနဲ ဖြစ်သွားလေသည်။ ဖိုးတက်တူလေးကတော့ ကျောက်တုံး၊ခဲလုံးများ ဖြင့် ပစ်ပေါက်နေခြင်းကို ကြောက်ရွံ့ကာ ရှေ့ကိုဆက်၍ ပြေးသွားလေသည်။

မိုးများ ကလည်း ရွာဆဲ ...

လေများ လည်း ထန်ဆဲ ...

လျှပ်စီးများ ကလည်း ပြိုးပျက်ဆဲ ...

မိုးချိမ်းသံ၊ မိုးကြိုးသံများ ကလည်း အဆက်မပြတ်မြည် ဟိန်းနေမြဲ ...

ငလျင်သည်လည်း မြေလွှာတစ်ခုလုံး ကျွမ်းထိုးမှော က်ခုံ ဖြစ်သွားတော့မည့် သဖွယ် ပို၍ ပို၍ ပြင်းထန်စွာ တုန်လှုပ်လာပြန်လေသည်။စေတီကြီးဘေးတွင် မလှဆုံ ကြောင်၍ ရပ်နေဆဲမှာ ပင်မြေကြီးသည် အပြင်းဆုံးတစ်ချက်လှုပ်ခါလိုက်ပြန်၏ ။ငလျင်၏ ပြင်းထန်မှု ကြောင့် ပြတ်ကျသွားသော ထီးတော် အောက်ဘက်မှ စေတီ၏ အပိုင်းအစများ သည် ပြိုကျသွားလေ၏ ။စေတီသည် ဖောင်းရစ်တော် အထိ တစ်စစီ ပြိုကွဲအက်ကျသွားရာအပိုင်းအစများ က မြေပေါ်သို့ တဝေါဝေါ ကျဆင်းလာလေတော့သည်။

ထိုစဉ် လူကြီးလက်နှစ် ဖက်စာခန့်ရှိသော အုတ်စအပိုင်းအပြတ်ကြီးတစ်ခု စေတီထက်မှ အရှိန်ပြင်းစွာ ကျဆင်းလာလေ၏ ။မလှဆုံရပ်နေရာဆီသို့ တည့်မတ်စွာ ပင် ကျဆင်းသွားကာအပိုင်းပြတ်ကြီးက မလှဆုံအပေါ်သို့ကျရောက်ပြီး လူတစ်ကိုယ်လုံးကိုဝါးမြိုပစ်လိုက်လေတော့သတည်း။ တစ်ခဏအတွင်းမှာ ပင်မလှဆုံရော ရင်ခွင်ထဲမှကလေးပါ ကျောက်တုံးအောက်တွင် ပိပြားသွားကာ အစအန မကျန်အောင် ပျောက်ကွယ်သွားလေတော့သည်။ရွာသားများ သည် မြင်ကွင်းကိုကြည့်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်ကြလေသည်။

''အမေ ...အမေ ...ညီမလေး''

တက်တူသည် နောက်သို့ပြန်လှည့်ကြည့်လိုက်ရာ မိခင်နှင့်ညီမတို့၏ အ ဖြစ်ဆိုးကို မြင်တွေ့ လိုက်ရသည်တွင် အသံကုန်အော်လိုက်သည်။ထိုအချိန်၌ တစ်ချိန်လုံး ဆိုးဝါးဖောက်ပြန်လာခဲ့သော ရာသီဥတုသည် တဖြည်းဖြည်းဖြင့် ငြိမ်သက်သွားလေသည်။မိုးလည်း စည်းသွားသည်။လေလည်း ငြိမ်သွားသည်။မြေသားများ လှုပ်ခါမှု လည်း တည်ငြိမ်ရပ်စဲသွားသည်။ပတ်ဝန်းကျင်တစ်ခုလုံး နဂိုပကတိအတိုင်း ငြိမ်သက်သွားလေ၏ ။

နဂိုအတိုင်းမရှိတော့သည်ကား ဝင်္ကပါလိုဏ်စေတီကြီးပင် ဖြစ်တော့သည်။ အတောင်နှစ် ရာ မြင့်မားခဲ့သော စေတီကြီးသည်ဖောင်းရစ်အထိပင်ရှိတော့ကာ မြေပေါ်သို့ အစိတ်စိတ်အပိုင်းပိုင်းပြတ်၍ လဲကျခဲ့လေပြီ။ ထီးတော် ကြီးကိုလည်း သာသနာကိုထိပါးစော်ကားသူများ ရှိသည့်မြေတွင် အမှတ်အသားအ ဖြစ်ပင်မထားရစ်တော့လိုသည့်အလား မြေမှ ဝါးမြိုဖျောက်ဖျက်ပစ်လိုက်လေပြီ။မြင်ရသူအပေါင်းသည် တောက်တခေါက်ခေါက်၊စုပ်တသပ်သပ်၊ သက်ပြင်းတရှိုက်ရှိုက်ဖြင့် ဝမ်းနည်းယူကြုံးမရ ဖြစ်နေကြလေ၏ ။မုန်တိုင်းငြိမ်သက်သွားချိန်၌ ရွာထဲမှမိန်းမများ ၊ ကလေးများ ၊ သက်ကြီးရွယ်အိုများ စေတီကြီးရှိရာသို့ စုရုံးရောက်ရှိလာကြလေ၏ ။

''အလိုလေး ...ဘယ်လို ဖြစ်ရတာ လဲ''

''စေတီတော် ကြီး ဘယ်ရောက်သွားလဲ''

တစ်ယောက် တစ်ပေါက် မေးမြန်းသံများ ဆူညံသွားလေသည်။

''အေးဟေ့ ...တို့ရွာက မိစ္ဆာပူးနေတဲ့ မကောင်းဆိုးဝါးမိသားစုတစ်စုကြောင့် တို့ရွာမှာ ကိုးကွယ်စရာ ဘုရားကွယ်ရပြီ။သာသနာကွယ်ရပြီဟေ့။ ကြည့်ကြပါဦးကွယ့်။ ကောင်းကြသေးရဲ့ လား''

သူကြီးဦးဘဇံက ကြေကွဲသော အသံကြီးဖြင့် ပြောလိုက်ပြီးအဆုံးတွင် ယောက်ျားကြီးတန်မဲ့ အော်ဟစ်ငိုယိုလိုက်လေ၏ ။စေတီပျက်ဝန်းကျင်တစ်ခုလုံး ငိုသံများ ဖုံးလွှမ်းသွားခဲ့သည်။အချို့သော မိန်းမများ က မြေပေါ်တွင် လူးလှိမ့်ကာ ငိုယိုကြလေ၏ ။ဤနေ့သည်ကား စမ်းကြီးချောင်ရွာအတွက် ဘုရားရိုက်သော နေ့၊ သာသနာကွယ်သော နေ့၊ သဘာဝ တရား၏ ဒဏ်ခတ်ခံရသော နေ့ဆိုးကြီးပင် ဖြစ်လေတော့သတည်း။ထိုအ ဖြစ်အပျက်များ ဖြစ်ပျက်ခဲ့သည့်ကာလကား မြန်မာသက္ကရာဇ် ၁၂၃၇၊ ခရစ်နှစ် ၁၈၇၆ ခုနှစ် တွင် ဖြစ်လေသည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ နွေတမာန် ၏ “ သေတွင်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဝိညာဉ်တွယ်ရာ မျက်လုံးများ

တမလွန်ကပြန်ခဲ့တယ်

နေနဲ့လကို ချည်တဲ့ကြိုး