
အခန်း(၁)
ကျွန်ုပ် ဒေါက်တာစိုးထိုက်သည် ဆရာဝန်တစ်ဦးပင် ဖြစ်လင့်ကစား အသက် ၄ဝ အရွယ်မှစ၍ ဆေးကုသခြင်းအလုပ်ကို စွန့်လွှတ်၍ ကျွန်ုပ် ဝါသနာပြင်းပြသော လုပ်ငန်းတွင် သာ အာရုံနှစ် ၍ လုပ်ကိုင်ခဲ့လေသည်။
ကျွန်ုပ်သည် အသက် ၄ဝ အထိသာ အစိုးရဆေးရုံ များ တွင် ဝန်ထမ်းဆရာဝန်အ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉ဝ ပြည့်နှစ် မှစ၍ ဝန်ထမ်းအ ဖြစ်မှ နှုတ်ထွက်ကာ ကျွန်ုပ် စိတ်ဝင်စားသော ဝိညာဉ်လောက၊ နာမ်လောကဆိုင်ရာ လေ့လာမှု သုတေသန လုပ်ငန်းများ တွင် အာရုံနှစ် ၍ လှုပ်ရှားခဲ့လေသည်။
ကျွန်ုပ်သည်ဝန်ထမ်းဘဝတွင် အင်္ဂလန်နိုင်ငံသို့ ပညာ တော် သင်ခရီး သွားရောက်ခဲ့ရသေးရာ အင်္ဂလန်နိုင်ငံရှိ 'ဗြိတိသျှ မနောသုတေသန' အသင်းကြီးသို့ ဝင်ထွက်သွားလာခဲ့ပြီး ထိုအသင်းကြီးတွင် တစ်ဦးတည်းသော မြန်မာနိုင်ငံသား အသင်းဝင်တစ်ဦးအ ဖြစ် အသင်းဝင်ရောက်ခဲ့လေသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပြီးနောက် ဝန်ထမ်း အ ဖြစ်မှ နှုတ်ထွက်ပြီးချိန်တွင် မြန်မာနိုင်ငံအရပ်ရပ်ရှိ ကျွန်ုပ် လေ့လာတွေ့ ရှိသမျှသော ဝိညာဉ်၊ နာနာဘာဝ၊ စုန်း၊ တစ္ဆေ၊ကဝေ၊ ဥစ္စာစောင့်၊ လူဝင်စား၊ မှော် အစရှိသည့် နာမ်လောက ဆိုင်ရာကိစ္စရပ်များ ကို လေ့လာသုတေသန ပြုခဲ့ပေသည်။ ကျွန်ုပ် လေ့လာတွေ့ ရှိခဲ့သော အမှု တွဲ များ အနက် သက်သေသက္ကာယ ခိုင်လုံသော ဖြစ်ရပ်များ ကို လန်ဒန်ရှိ မနောသုတေသနအသင်းကြီး သို့ အထောက်အထား အချက်အလက်များ နှင့် အတူ ရေး သား ပေးပို့ခဲ့လေသည်။
ကျွန်ုပ်တွေ့ ရှိချက်များ အား အသင်းကြီးမှ အခါ အားလျော်စွာ ထုတ်ဝေသော စာစောင်၊ စာအုပ်များ တွင် ဖော်ပြခဲ့ရာ ကမ္ဘာအရပ်ရပ်ရှိ ဝိညာဉ်သုတေ သနပညာရှင်များ ကြားတွင် ကျွန်ုပ် အမည် မှာ အတန်အသင့် ထင်ရှားလျက်ရှိပေပြီ။
၁၉၉၈ ခုနှစ် တွင် ကျွန်ုပ်သည် အမှု တွဲ တစ်ခုအတွက် မန္တလေးမြို့သို့ သွားရောက်ခဲ့ရာ ကျွန်ုပ်၏ လုပ်ငန်းများ ကို စိတ်ပါဝင်စားစွာ ကူညီလုပ်ကိုင်ပေး ခဲ့သည့် လူငယ်လေးတစ်ဦးနှင့် ရင်းနှီးသိကျွမ်းခဲ့ရလေသည်။ ထိုလူငယ်သည် စာပေရေး သားရန် ကြိုးစားလေ့လာနေသော စာပေဝါသနာရှင်တစ်ဦး ဖြစ်ရုံမက မနောသုတေသနလုပ်ငန်းများ ကိုလည်း စိတ်ဝင်စားလှပေသည်။ လူငယ်က ကျွန်ုပ် အင်္ဂလိပ်ဘာသာဖြင့် ရေး သားသော ဆောင်းပါးအချို့ကို ဖတ်ရှုခဲ့ဖူးပြီး ဖြစ်သဖြင့် ကျွန်ုပ်မှာ အံ့သြရသေးသည်။
လူငယ်သည် ကျွန်ုပ် သွားရောက်လိုသည့်နေရာများ ကို သူ၏ မော်တော် ဆိုင်ကယ်လေးဖြင့် လိုက်လံပို့ဆောင်ပေးရုံမက၊ ကျွန်ုပ် တွေ့ ဆုံလိုသော လူများ ကို ဆက်သွယ်ပေးခြင်း၊ စုံစမ်း ပေးခြင်းများ ပြုလုပ်ခဲ့ရာ ကျွန်ုပ်မှာ များ စွာ ကျေးဇူးတင်မိပေ၏ ။
နောက်ပိုင်းတွင် လည်း လူငယ်နှင့် ကျွန်ုပ်သည် အဆက် အသွယ် မပြတ်ခဲ့ပေ။ သူရန်ကုန်မြို့သို့ ရောက်လာသည့်အခါ တိုင်းလည်း ကျွန်ုပ်ထံ ဝင်ရောက်လည်ပတ်လေ့ရှိ၏ ။ ကျွန်ုပ် သုတေသနပြုခဲ့သော အမှု တွဲ များ ကို လေ့လာဖတ်ရှု၏ ။ ဖြစ်ရပ်များ ကိုလည်း သေချာမေးမြန်း၍ မှတ်စုတွင် မှတ်သားထား ပေ၏ ။
၂ဝဝ၃ ခုနှစ် ၏ မိုးရာသီနေ့တစ်နေ့တွင် ထိုသူငယ် ကျွန်ုပ်ထံသို့ ရောက်လာပြန်ရာ ယခုတစ်ကြိမ်တွင် မူ ကျွန်ုပ်အတွက် အံ့သြစရာ၊ အားရစရာ လုပ်ရပ်များ ကို ထိုသူငယ်က ယူဆောင် လာခဲ့ပေသည်။
''ကျွန်တော် စာရေး ဝါသနာပါတာကို ဆရာကြီးလည်း အသိပဲ။ အခု ကျွန်တော် ဝတ္ထုတချို့ရေး ထားပါတယ် ဆရာကြီး။ ကျွန်တော် ရေး တဲ့ ဝတ္ထုတွေ ကတော့ တခြားမဟုတ်ပါဘူး။ ဆရာကြီးကိုယ်တိုင် လေ့လာသုတေသနပြုထားတဲ့ ဖြစ်ရပ်တွေ ကို ဝတ္ထုပုံစံနဲ့ ရသပါအောင် ပြန်ရေး ထားတာပါ။ ဆရာကြီး ဖတ်ကြည့်ပြီး ဝေဖန်ချက်ပေးပါဦး။ ဆရာကြီး ကျေနပ်တယ်ဆိုရင် လူအများ ဖတ်ရှုနိုင်အောင် စာအုပ်အ ဖြစ် ထုတ်ဝေ ချင်ပါတယ်။ စာအုပ်ထုတ်ဖို့လည်း ဆရာကြီးဆီက ခွင့်ပြုချက်ရလိုပါတယ်''
လူငယ်က သူရေး သားပြီးစီးထားသည့် စာမူများ ကို ကျွန်ုပ်အား ပေး အပ်ခဲ့ပေ၏ ။
ကျွန်ုပ်သည် ဝတ္တုအ ဖြစ် ရေး သားထားသော ၄င်းစာမူ များ အား ဖတ်ရှုကြည့်ရာ ဖြစ်ရပ်များ ကို ကိုယ်တိုင်သုတေသန ပြုခဲ့သော ကျွန်ုပ် ကိုယ်တိုင်ပင် ဇာတ်ကြောင်းကို သိပြီး ဖြစ်ပါလျက် ရင်ခုန်ထိတ်လန့်ခြင်း၊ အံ့သြတုန်လှုပ်ခြင်းများ ကို ခံစားရပေ၏ ။ ယင်းသို့ခံစားရသည်မှာ အခြားကြောင့် မဟုတ်။ ¤င်း၏ ဇာတ်လမ်းဖွဲ့စည်းပုံ၊ ရေး သားမှု ကျွမ်းကျင်ပုံများ ကြောင့် ပင် ဖြစ် ပေတော့သည်။
ဆောင်းလုလင်က အချို့ဝတ္တုများ တွင် ကျွန်ုပ်အား ဇာတ်ကောင်အ ဖြစ် ထည့်သွင်းထားပြီး အချို့ဝတ္တုများ ၌ ကျွန်ုပ်ကိုယ်တိုင် လေ့လာသုတေသနပြုခဲ့သည့်အတိုင်း ရေး သား ထားသည်။ အချို့ဝတ္ထု များ တွင် ကား ဖြစ်ရပ်ကို ဝတ္ထုသဖွယ် သရုပ်ဖော်ရေး သားထားပေ၏ ။ မည် သို့ဆိုစေ ကျွန်ုပ်၏ အတွေ့  အကြုံများ ကို ရသပါသော ဝတ္ထုသဖွယ် တန်ဆာဆင်ရေး သား ထားသည့်အတွက် ကျွန်ုပ်မှာ ကျေနပ် ဝမ်းမြောက်မိပေသည်။
ကျွန်ုပ်သည် မြန်မာစာဖတ်ပရိသတ်များ သိရှိရန်အလို့ငှာ ကျွန်ုပ်၏ လေ့လာတွေ့ ရှိချက်များ ကို စာပေဖြင့် ရေး သားတင်ပြရန် စိတ်ကူးမှာ မဆွကတည်းကပင် ရှိခဲ့လေ၏ ။ သို့ရာတွင် ကျွန်ုပ်မှာ မအားလပ်ခြင်း၊ မြန်မာစာရေး သားရာတွင် ကျွမ်းကျင်မှု မရှိခြင်း (ကြွားဝါခြင်းမဟုတ်၊ ကျွန်ုပ်သည် အင်္ဂလိပ်ဘာသာဖြင့် ရေး သားခြင်း ကိုသာ ကျွမ်းကျင်ပါသည်။) တို့ကြောင့် ကျွန်ုပ်၏ ဆန္ဒများ နှောင့်နှေးခဲ့ရပေ၏ ။
ယခု ကျွန်ုပ်ခင်မင်သော လူငယ်က 'ဆောင်းလုလင်' ဆိုသော ကလောင်အမည် ဖြင့် ကျွန်ုပ်၏ အတွေ့ အကြုံများ ကို ရသပါသော ဝတ္ထုသဖွယ် စီကုံးရေး သားပေးသည့်အခါ ကျွန်ုပ်၏ အာသာဆန္ဒကို ဖြည့်စွမ်းပေးရာရောက်သဖြင့် ကျွန်ုပ်မှာ များ စွာ ကျေးဇူးတင်ရပေ၏ ။
ဆောင်းလုလင် က အချို့ ဖြစ်ရပ်များ ကို နေရာ ဒေသ၊ ကာယကံရှင်တို့၏ အမည် နာမများ ပြောင်းလဲရေး သား ထားပေရာ ဤသည်မှာ လည်း ဖြစ်သင့်သော အချက်တစ်ရပ်ပင် ဖြစ်ပေ၏ ။ အချို့ဝတ္ထု၌ ကား ဖတ်ရှု၍ ပိုအဆင်ပြေစေရန် စိတ်ကူးယဉ်ဇာတ်ကောင်များ ဖြည့်စွက်ထားသည်ကို တွေ့ ရ ပေသည်။ ဤသည်မှာ လည်း ရသဝတ္ထုအ ဖြစ် တင်ပြသည်မို့ ဖတ်ရှုသူများ အဖို့ အရသာ ပို၍ ပြည့်ဝစေမည် ဟု ယူဆပါသည်။
ကျွန်ုပ်ကိုယ်တိုင်သာ ဤ ဖြစ်ရပ်များ ကို စာဖြင့် ရေး သား တင်ပြရလျှင် အချက်အလက်များ ပါသော ဆောင်းပါးရှည်ကြီး သဖွယ်သာ ဖြစ်နေမည် ဖြစ်ပြီး၊ ငြီးငွေ့ဖွယ်ကောင်းမည် အမှန် ဖြစ်ကြောင်း ဝန်ခံရပေသည်။ ဆောင်းလုလင်က စာဖတ်ပရိသတ် များ ကို ကျွန်ုပ်တင်ပြလိုသော အကြောင်းအရာများ အား ကျွန်ုပ် ကိုယ်စား ရသဝတ္ထုအနေနှင့် တင်ပြပေးသည့်အတွက် ကျေးဇူး တင်ရပါသည်။ သို့ပါ၍ ''ဆောင်းလုလင်''ဆိုသော သူငယ် နောက်တစ်ခေါက်ရောက်လာ၍ ကျွန်ုပ်၏ သဘောထားကိုမေးမြန်း သည့်အခါ ကျွန်ုပ်က ၄င်း၏ စာပေရေး သားခြင်း အတတ်ပညာကို ချီးကျူးကာ ဝတ္ထုများ အ ဖြစ် ပုံနှိပ်ထုတ်ဝေလိုပါက ထုတ်ဝေ နိုင်ပါကြောင်း ကျေနပ်စွာ ဖြင့် ခွင့်ပြုချက်ပေးလိုက် ရပါသတည်း။
အခန်း(၂)
ကျွန်ုပ် ယခုဖော်ပြမည့် အ ဖြစ်အပျက်မှာ ကျွန်ုပ်ဒေါက်တာ စိုးထိုက်အနေဖြင့် လေ့လာခွင့်မကြုံခဲ့ရပဲ ကာယကံရှင် ဖြစ်သူ၏ ပြောပြချက်အရ ပြန်လည်ဖော်ပြရခြင်း ဖြစ်လေသည်။
တစ်နေ့သ၌ ကျွန်ုပ်သည် ဖိတ်ကြားမှုတစ်ခုကိုလက်ခံရရှိခဲ့လေ၏ ။ ကျွန်ုပ်အားဖိတ်ကြားသူမှာ .. နိုင်ငံကျော်စာရေး ဆရာတစ်ဦး ဖြစ်လေသည်။
ဤနေရာတွင် ၄င်းစာရေး ဆရာ၏ အမည် အားရေး သား ဖော်ပြရန်မသင့်သဖြင့် အခြားသော အမည် တစ်ခုဖြင့် ပြောင်း လဲဖော်ပြပေအံ့။ ၄င်း၏ အမည် ရင်းအား ဦးမိုးနောင်ဟုဆိုကြပါစို့။
ဦးမိုးနောင်က ကျွန်ုပ်အား ဝိညာဉ်သုတေသီတစ်ဦးအ နေဖြင့် တွေ့ ဆုံဆွေးနွေးလိုကြောင်း ဦးစွာ စာရေး အကြောင်းကြား ခဲ့လေသည်။
ထို့နောက် သုံးရက်ခြားသည့်အချိန်တွင် သူပေးသည့်စာ ရ,မရ တယ်လီဖုန်းဖြင့်မေးမြန်းကာ သူ့အိမ်သို့လာရောက်လည် ပတ်ပါရန် ကျွန်ုပ်ထံမှ ရက်ချိန်းတောင်းခံခဲ့လေသည်။
ကျွန်ုပ်လည်း အားလပ်သော ရက်တစ်ရက်တွင် လာ ရောက်ပါမည့် အကြောင်း အကြောင်းပြန်ကြားလိုက်ကာ ကတိ အတိုင်း ကျွန်ုပ်ရက်ချိန်းပေးထားသော နေ့ရက်၌ ၄င်း၏ အိမ်သို့ထွက်ခဲ့လေတော့သည်။
လိပ်စာအတိုင်း ဦးမိုးနောင်၏ အိမ်သို့ ရောက်ရှိ သွားချိန်တွင် ကျွန်ုပ်မှာ များ စွာ အံအားသင့်မိပေတော့၏ ။ ဦးမိုးနောင်၏ နေအိမ်သည် ရန်ကုန်မြို့ဆိတ်ငြိမ်ရပ်ကွက် တစ်ခုအတွင်း၌ ရှိပြီး အလွန်ပင် ကြီးကျယ်ခန်းနားစွာ ဆောက်လုပ်ထားလေ၏ ။
ကျွန်ုပ်မှာ စာရေး ဆရာများ ကို ဆင်းရဲသော လူတန်းစား အ ဖြစ်ထင်မှတ်ထားမိပေရာ (မည် သည့်စာရေး ဆရာနှင့် မှလဲ သိကျွမ်းခင်မင်ပေါင်းသင်းခဲ့ဖူးခြင်းမရှိပါ) ဦးမိုးနောင်၏ အထက် တန်းကျခန်းနားသော အနေအထိုင်ကိုမြင်ရသည့်အခါ လွန်စွာ အံ့ အားသင့်မိပေ၏ ။
''မင်္ဂလာပါဒေါက်တာ။ ကြွပါခင်ဗျ။ ကြွပါ။ ကျွန်တော့် ဖိတ်ကြားမှုကိုလက်ခံလာရောက်တဲ့အတွက် အများ ကြီးကျေးဇူး တင်ပါတယ်ဒေါက်တာ''
သူက ကျွန်ုပ်အားလှိုက်လှဲစွာ ကြိုဆို၍ ဧည့်ဝတ်ကျေစွာ ဧည့်ခံခဲ့ပေသည်။
ဝန်ခံရပါလျှင် ကျွန်ုပ်သည်မြန်မာဝတ္ထုများ အားဖတ်ရှု လေ့မရှိသည့် အတိုင်း ဦးမိုးနောင်၏ ဝတ္ထုများ ကိုလည်းမဖတ်ခဲ့ဖူး ပါပေ။ ၄င်း၏ ကလောင်အမည် အား ကြော်ငြာများ မှတစ်ဆင့် တွေ့ ဖူးနေ၍ ထင်ရှားသော စာရေး ဆရာတစ်ဦးအနေဖြင့် ကား သိ နေသည်။ လူချင်းတွေ့ မှပင် သူ့အသက်ရွယ်၊ သူ့ရုပ်ရည်နှင့် အနေအထိုင်ကိုမြင်ရသိရပေတော့သည်။
''အလို- ကျွန်တော် က ဒေါက်တာစိုးထိုက်ဆိုတာဟာ ကမ္ဘာသိ မနောသုတေသနပညာရှင်ကြီးဆိုတော့ ကြီးလှပြီထင်မိ တာ၊ ဘယ်မှာ အသက်ကြီးသေးလို့လဲ၊ ဒေါက်တာက ကျွန်တော် နဲ့ ရွယ်တူလောက်ပဲ ရှိသေးတာကလား''
ဇရာထဲဝင်ရောက်နေသည့် ကျွန်ုပ်တို့အရွယ်ကို ငယ်သေး သော အရွယ်အ ဖြစ် အရွှမ်းဖောက်ပြောကြားလိုက်သည့်အတွက် နှစ် ယောက် သား ရယ်မိကြသေးသည်။ ဦးမိုးနောင်သည် စာရေး ဆရာပီသစွာ အာဝဇွန်းရွှင်သူတစ်ဦး ဖြစ်ပေ၏ ။
ကျွန်ုပ်အားနေရာထိုင်ခင်းပေးပြီးသည်နှင့် ဦးမိုးနောင် ကသူဖိတ်ခေါ်သည့်ကိစ္စနှင့် ပတ်သက်၍ စကားစလေသည်။
''တမလွန်က ဆက်သွယ်မှုတွေ နဲ့ ပတ်သက်ပြီး ဒေါက်တာ့အနေနဲ့ ဘယ်လိုဆက်သွယ်မှုတွေ ကြုံခဲ့ရဘူးပါသလဲ ဒေါက်တာ''
''ဒီလိုရှိပါတယ်ဆရာ၊ ကျွန်တော် က သုတေသီတစ်ဦး သာ ဖြစ်ပါတယ်။ အတွေ့ အကြုံရှိသူတွေ ရဲ့ ကေ့စ်တွေ ကိုလေ့လာ တာ။ သုတေသနပြုတာတွေ သာကျွန်တော် လုပ်ခဲ့တာပါ။ ကျွန် တော် ကိုယ်တိုင်တော့ ဝိညာဉ်နာနာဘာဝနဲ့ တွေ့ ဆုံခဲ့ဖူးတာ တစ် ကြိမ်တစ်ခါမှ မရှိသေးတာကိုဝန်ခံရမှာ ပါ။ ကျွန်တော့် အလုပ်က ဝိညာဉ်လောကတကယ် ရှိ-မရှိ၊ တမလွန်လောက တကယ် ရှိ-မရှိ သုတေသနပြုနေတဲ့အလုပ်ပါဆရာ။ ဆရာဘာကိုဆိုလိုချင် လို့ ဒီမေးခွန်းမေးတာပါလိမ့်''
''ရှင်းပါပြီဒေါက်တာ၊ ကျွန်တော် က ဒေါက်တာ့ကို ကျွန်တော် ကြုံခဲ့ရတဲ့ ဝိညာဉ်အတွေ့ အကြုံလေးပြောပြချင်လို့ပါ။ ဒေါက်တာ့စာတွေ ကို နိုင်ငံခြားစာစောင်တွေ မှာ ကျွန်တော် ဖတ်ရပါ တယ်။ ကျွန်တော့်အတွေ့ အကြုံကို ပြောပြပြီး ဒေါက်တာ့ဆီက ထင်မြင်ချက်အကြံÓာဏ်တောင်းခံချင်တာပါပဲဒေါက်တာ''
''ဟုတ်ကဲ့''
အ ဖြစ်အပျက်က လောလောဆယ် ဖြစ်ခဲ့တာမဟုတ်ပါ ဘူး၊ ကျွန်တော် ကြုံခဲ့တာ အနှစ် နှစ် ဆယ်လောက်ကြာပါပြီ ဒေါက်တာ''
''အိုး''
သူ့စကားကြောင့် ကျွန်ုပ်အတွက်ထူးဆန်းသွားလေ သည်။ ကျွန်ုပ်အားဖိတ်ခေါ်အပ်နှံလေ့ရှိသည့်အမှုတွဲ များ မှာ လက် ရှိကြုံတွေ့ နေရသော ဖြစ်ရပ်များ အပေါ်သဘောထားတောင်းခံခြင်း လေ့လာစေခြင်းများ အတွက် ဖြစ်တတ်ရာ.. ဦးမိုးနောင်က လွန်ခဲ့သော နှစ် ၂ဝခန့်ကအ ဖြစ်အတွက် ကျွန်ုပ်ကို ယခုမှဖိတ်ခေါ်ပြော ဆိုခြင်းကိုအံ့သြမိခြင်း ဖြစ်တော့သည်။
''နေပါဦးဆရာရဲ့ ၊ ကျွန်တော့်ကိုအခုခေါ်ပြောသလိုမျိုး၊ ဆရာ့အနေနဲ့ ဆရာ့စာဖတ်ပရိသတ်ကိုဝတ္ထုရေး ပြီးတင်ပြ တာမျိုးရောမလုပ်ခဲ့ဖူးလားဆရာ''
''နိုး- နိုး- ဒေါက်တာ၊ ကျွန်တော် ကအချစ်ဝတ္ထုရေး တဲ့ စာရေး သူ တစ်ယောက် ပါ၊ ခုပြောမယ့်အ ဖြစ်ကို ကျွန်တော် ရေး လို့ မ ဖြစ်ဖူး၊ ကျွန်တော့်လိုင်းလဲမဟုတ်ဖူး။ ရေး ရင်လည်းဘယ်သူမှ ယုံမှာ မဟုတ်ဖူး။ ကျွန်တော့်ကို ကြောင်သွားပြီလို့ပြောကြမှာ ဒေါက်တာရဲ့၊ အ ဖြစ်အပျက်ကသိပ်ဆန်းတယ်လေ။ တော် ရုံလူ ယုံဖို့ခက်သားကလားဒေါက်တာ''
''သြော်- သြော်-''
''ဒါ့ကြောင့်- ကျွန်တော် က ဒေါက်တာ့ကိုမေးတာပါ။ တမလွန်ကဆက်သွယ်မှုတွေ နဲ့ ပတ်သက်လို့ ဒေါက်တာဘယ်လို ထင်မြင်ယူဆသလဲလို့၊ ဘယ်လိုနည်းတွေ နဲ့ ဆက်သွယ်တဲ့အလေ့ ရှိသလဲဆိုတာ ဒေါက်တာ့အတွေ့ အကြုံကို သိချင်တာပါ''
''ကျွန်တော် လေ့လာရသလောက် ကတော့ အကောင် အထည်ရုပ်ဒြပ်ကို ထင်ထင်ရှားရှားသော်၎င်း။ မထင်မရှားသော် ၄င်း ပြပြီးဆက်သွယ်တာ။ အနံ့ပေးပြီးသူတို့ရှိကြောင်းဆက်သွယ် တာ။ အသံနဲ့ ဆက်သွယ်တာတွေ ကိုကြားဖူးမှတ်ဖူးပါတယ်''
''ဟုတ်ပါတယ်ဒေါက်တာ။ ကျွန်တော် ကြုံခဲ့ရတဲ့ အတွေ့ အကြုံဟာလည်း နာနာဘာဝက အသံနဲ့ဆက်သွယ်ခဲ့တာ ပါ။ ‘ဒါပေမယ့် နည်းနည်း ပိုဆန်းတယ်ဒေါက်တာ။ ပန်းရုံဟာ ကျွန်တော့ကို ရေဒီယိုထဲကနေတစ်ဆင့် အသံလှိုင်းနဲ့ ဆက်သွယ် ခဲ့တာပါပဲ''
''ဗျာ- ပန်းရုံ၊ ရေဒီယိုကတစ်ဆင့် ဆက်သွယ်တယ်။ ဟုတ်လား''
''ပန်းရုံဆိုတာ ကျွန်တော် တွေ့ ခဲ့ရတဲ့ နာနာဘာဝမိန်း ကလေး တစ်ယောက် ပါဒေါက်တာ။ ‘ဒီအကြောင်းနဲ့ ပတ်သက်ပြီး ရှင်းလင်းသွားအောင် သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကိုတော့ ကြိုသိထားဖို့လိုပါလိမ့်မယ်ဒေါက်တာ။ ကျွန်တော် ပြောပြမယ့် ဇာတ်လမ်းလေးကို အရင်နားထောင်ကြည့်စေချင်ပါတယ်''
တိတ်ဆိတ်သော ည။
လရောင် က ရွှန်းရွှန်းမြမြသာလျှက်ရှိသည်။
ကောင်းကင်၌ ပြေးလွှားနေသော တိမ်တစ်အုပ်သည် လမင်းရှေ့မှကွယ်လိုက်သည့်အခါတွင် မူကား မြေတပြင်လုံး အမှော င်ထုဖုံးသွားပြန်လေသည်။
ခဏအကြာတွင် တိမ်အုပ်သည် တလိမ့်လိမ့် ရွေ့လျား ကာ လမင်းအတွက်နေရာဖယ်ပေးလိုက်ပြန်၏ ။
ယာတောအလည်မှ အိမ်အိုကြီးမြင်ကွင်းသည် လ ရောင် အောက်တွင် တစစ ပေါ်လွင်ထင်ရှားလာ၏ ။ မြင့်မားလှ သော နှစ် ထပ်အိမ်အိုကြီး၏ အမိုးထိပ်သည် ဝန်းကျင်ရှိ သစ်ပင် ကြီးများ ထက်မြင့်မားကာကောင်းကင်သို့ ထိုးမျှော်နေလေသည်။
တကယ်တော့ လူမနေသည်မှာ နှစ် ပေါင်း၃ဝကြာပြီ ဖြစ်သော အိမ်အိုကြီးအတွက် ရှိသမျှသော ပြတင်းပေါက်၊ တခါး ပေါက်များ ပိတ်ကွယ်နေသည်မှာ အဆန်းမဟုတ်ပါပေ။
သို့ရာတွင် မိန်းမ တစ်ယောက် ရုပ်သွင်သဏ္ဍာန်သည်ကား တိတ်ဆိတ်သော ညများ တွင် အိမ်အိုကြီးအတွင်း လှည့်လည်သွား လာနေသည်ကို ရံဖန်ရံခါ တွေ့ မြင်ရတတ်ပေသည်။
နှစ် ၃ဝကြာ ကာလတိုင်သည်ထိ လူသူ တစ်ယောက် မှ ရောက်မလာသည့်အိမ်အိုကြီး။
လူကြီးလက်တစ်ဝါးစာမျှရှိသော ကြေးသော့ ခလောက်ကြီး က အိမ်အိုကြီးတံခါးမကြီးကို ခတ်ထားလျှက်ရှိ၏ ။ ခြံတံခါးကို လည်း သံကြိုးအထပ်ထပ်ရစ်ပတ်ကာ အာမခံသော့ ခလောက်ကြီး ဖြင့် ခတ်၍ ပိတ်ဆိုးတားဆီးထားပေသည်။
ဟန့်တားပိတ်ပင်ထားပါလျှက်နှင့် အကာလညများ ၌ မိန်းမ တစ်ယောက် သဏ္ဍာန်သည် ခြံအတွင်း၌ သော်လည်းကောင်း၊ အိမ်အတွင်း၌ သော်လည်းကောင်း လှည့်လည်သွားလာနေသည်ကို မြင်တွေ့ ရတတ်သည်။
ရံဖန်ရံခါတွင် အိမ်ကြီးအပေါ်ထပ်မှ ပြတင်းပေါက်သည် ပွင့်လာကာ... မိန်းမ တစ်ယောက် သည် ပြတင်းပေါက်မှရပ်လျှက် အပြင်သို့လှမ်းမျှော်ကြည့်နေသည်ကို မြင်တွေ့ ရတတ်လေသည်။
ရံဖန်ရံခါတွင် ... အိမ်ပေါ်ထပ်လသာဆောင်ဆီ၌ မတ်တပ် ရပ်လျှက် လမင်းဆီသို့ မျှော်ကြည့်နေသည့် မိန်းမသဏ္ဍာန်ကို မြင်ရပြန်သည်။ ထိုအခါများ တွင် မိန်းမ၏ ဆံပင်များ သည် ကျော လည်အထိပြန့်ကျလျှက် လေထဲတွင် တလွန့်လွန့်လွင့်နေသည်ဟု ဆိုကြ၏ ။
ရံဖန်ရံခါတွင် ... ခြံထဲ၌ ဟိုဒီလမ်းလျှောက်သွားနေသော မိန်းမ တစ်ယောက် သွင်ပြင်ကို မြင်တွေ့ ရတတ်ပြန်ပေသည်။
မိန်းမသည် ဖြူဖွေးသော အဝတ်အစားများ ကိုဝတ်ဆင် ထားပြီး အဖြူရောင် သဏ္ဍာန်ကြောင့်ပင် ညအခါများ ၌ သူမလှုပ် ရှားမှုများ ကို အဝေးမှပင် မြင်တွေ့ ရတတ်သည်ဟု ဆိုကြ၏ ။
အိမ်ကြီးနှင့်မလှမ်းမကမ်းတွင် လူနေရွာတစ်ရွာရှိပြီး...
ရွာသူရွာသားများ မှာ နေ့လည်ခင်း၌ ပင် အိမ်ကြီးကို ကွင်းရှောင်တတ်ကြသည်။
ညအချိန်များ ၌ မလွှဲမရှေုာင်သာ အိမ်ကြီးရှေ့မှ ဖြတ်သွား ရပါက...ခြံထဲ၌ သွားလာလှုပ်ရှားလျှက် ဖြစ်စေ၊ အပေါ်ထပ် ပြတင်း၌ ရပ်လျှက် ဖြစ်စေ၊ လသာဆောင်လက်ရမ်းများ ကို မှီ၍ ဖြစ်စေ၊ မိန်းမသဏ္ဍာန်ကို တွေ့ ရမြဲ ဖြစ်သည်။
ထိုမိန်းမသဏ္ဍာန်ကို ဝိညာဉ်သရဲအ ဖြစ် ရွာသူရွာသားများ က ထင်မှတ်ကြလေသည်။
မိန်းမသဏ္ဍာန်သည် ခြံရှေ့မှဖြတ်သွားသူများ ကို လက်ယပ်ခေါ်တတ်သည်။
လက်ခုပ်တီး၍ လည်း ခေါ်တတ်သည်။ သူမလက်ခုပ်တီး ခေါ်လိုက်သည့်အခါ... လက်ခုပ်သံတဖျောင်းဖျောင်းသည် ချောက် ချားဖွယ်ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်သို့ပင် ပဲ့တင်ထပ်သွားသည် ဟု အဆိုရှိပေသည်။
ယင်းသို့အခေါ်ခံရလျှင်... မိန်းမသဏ္ဍာန်ကို သရဲတစ္ဆေဟု ယုံကြည်ထားပြီးသူများ မို့ အိမ်အိုကြီးရှေ့မှ အစွမ်းကုန် သုတ်ခြေ တင်ပြေးကြမြဲ ဖြစ်လေ၏ ။
ဖြူဖွေးသော အရိပ်သဏ္ဍာန်ရှင်မိန်းမသည် မည် သူ ပေနည်း။
အများ ထင်သလို ဝိညာဉ်တစ်ခု၏ အရိပ်ကိုယ်ပွားပေလား၊ အမှန်တကယ်ပင် သရဲတစ္ဆေတစ်ကောင်လား။
ဤအိမ်အိုကြီး၌ လွန်ခဲ့သော နှစ် ပေါင်းသုံးဆယ်က တစ်ရက်တည်း၊ တစ်ညတည်း၌ ပင်... မိန်းမနှစ် ယောက် သေဆုံး ခဲ့ဖူးလေသည်။ နှစ် ဦးစလုံးမှာ အသေဆိုးဖြင့် အစိမ်းသေသေဆုံးခဲ့ ခြင်း ဖြစ်လေသည်။
ထိတ်လန့်ချောက်ချားဘွယ်အ ဖြစ်ဆိုးဖြင့် သေဆုံးခဲ့သည် ထိုမိန်းမနှစ် ယောက် က နာနာဘာဝအ ဖြစ် ချောက်လှန့်နေသည်ဟု ယုံကြည်ကြသည်။
အချို့က မိန်းမသဏ္ဍာန်သည် အိမ်ကြီး၏ အရှင်သခင်မ ''ပတ္ထမြားနတ်မယ်''၏ ဝိညာဉ်ဟု ဆိုကြသည်။
အချို့က အိမ့်ကျွန်မလေး ''ပန်းရုံ''၏ အရိပ် ဟုဆိုကြ သည်။
အချို့ ကတော့ သူတို့နှစ် ဦးထက် ရှေးကျစွာ သေဆုံးသွား ခဲ့သည့် အထိန်းတော် ကြီး ''ဒေါ်အိုဇာ''၏ နာ နာဘာဝရုပ်သွင် ဟု ထင်မြင်ကြပြန်လေသည်။
ထိုမိန်းမ ၃-ဦးစလုံးက တစ်လှည့်စီကိုယ်ထင်ပြ ချောက်လှန့်နေသည်ဟု ယူဆကြသူများ လည်း ရှိပါသေးသည်။
မည် သို့ပင်ဆိုစေ...
လွန်ခဲ့သော နှစ် ပေါင်း ၃ဝက...
စိတ်နှလုံးတုန်လှုပ်ချောက်ချားဖွယ်...
သွေးပျက် ထိတ်လန့်ဖွယ် အ ဖြစ်ဆိုးကြီးတစ်ခုကား...
ဤအိမ်ကြီးပေါ်ဝယ် အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးပါ လေသည်။
နေဝင်ရီတရောအချိန်တွင် ...
မြင်းညိုကြီးကိုကဆုန်ဆိုင်း၍ စီးနင်းလာသော ယောက်ျား တစ်ယောက် အသွင်က ယာတောအိမ်ကြီးဆီသို့ ဦးတည်သွား လျှက်ရှိသည်။
မြင်းစီးယောကျာ်းသည် ပွိုင့်တူးတူးသေနတ်ကို လွယ်လျှက် မြင်းပေါ်တွင် ခန့်ညားစွာ စီးနင်းလိုက်ပါလာလျှက် ရှိသည်။
တစ်ကိုယ်တော် တောလည်ထွက်ရာမှ ပြန်လာခဲ့သော မြင်းစီးယောက်ျားမှာ ယာတောအိမ်ကြီး၏ အရှင်သခင် ဦးစိုးအုပ် ဖြစ်ပါသည်။ ရှေးဘုရင်တို့၏ အနွယ်တော် တစ်ဦး ဖြစ်ပြီး ကြွယ်ဝချမ်းသာသော မြေရှင်တစ်ဦးမို့ဦး-တပ်၍ ခေါ်ရသော်လည်း ဦးစိုးအုပ်၏ အသက်မှာ ၃ဝ-ဝန်းကျင်သာရှိပါသေးသည်။
သခင်ကြီးဦးစိုးအုပ် စီးနင်းလာသော မြင်းညိုကြီး ယာ တောအိမ်ခြံဝင်းထဲဝင်လာသည်နှင့် ... ဘဏ္ဍာစိုးကြီးဖိုးသာဒင်က အိမ်ထဲမှပြေးထွက်လာသည်။
ဦးစိုးအုပ် မြင်းပေါ်မှ လွှားကနဲခုန်အဆင်းနှင့် ဖိုးသာဒင်က မြင်းဇက်ကြိုးကို ဦးစိုးအုပ်ထံမှလွဲယူလိုက်သည်မှာ တစ်ချိန်တည်း ဖြစ်သည်။
ထိုအချိန်တွင် အိမ်မကြီး၏ တခါးဝမှ ချောမောလှပ၍ ခန့်ညားကျက်သရေရှိသော အမျိုးသမီးတစ်ဦးထွက်လာလေသည်။ သခင်ကြီးဦးစိုးအုပ်၏ ဇနီး Þပတ္တမြားနတ်မယ် ဖြစ်ပါ၏ ။
''မောင်မောင်၊ ပြန်လာတာနောက်ကျလှချည်လား၊ မိမိဖြင့် စိတ်ပူနေရတယ်မောင်မောင်''
ပတ္တမြားနတ်မယ်က ခင်ပွန်း ဖြစ်သူကို နှုတ်ဆက်လိုက် သည်။
ဦးစိုးအုပ်က လက်ထဲတွင် နွယ်ကြိုးနှင့် ချည်၍ ဆွဲလာသော ယုန်နှစ် ကောင်ကို မြှော က်ပြရင်း...
''လူတွေ အနေများ လာတော့ တောအုပ်ကကျဉ်းပြီး တော တိရစ္ဆာန်တွေ ရှားပါးလာပြီမိမိ၊ ဟောဒီ ယုန်လေးနှစ် ကောင်ပဲ ရခဲ့ လေရဲ့ ''
ပတ္တမြားနတ်မယ်က ယုန်သေနှစ် ကောင်ကို လှမ်းယူ လိုက်သည်။
''ဝမ်းစာအတွက် တောလိုက်တာမှမဟုတ်ပဲ မောင်မောင် ရယ်၊ ဝါသနာကို မစွန့်နိုင်လို့ဟာကိုး၊ ဘယ်လောက်ပဲရရပေါ့''
ဘဏ္ဍာစိုးကြီးဖိုးသာဒင်က မြင်းညိုကြီးအောင်စည်ကို နောက်ဖေးရှိမြင်းဇောင်းထဲတွင် သိမ်းဆည်းရန်ဆွဲခေါ်သွားလေပြီ။
''မောလာသလားမောင်မောင်၊ ဒီညစာအဖို့တော့ မိမိကိုယ်တိုင်စီစဉ်ထားတယ်''
ပတ္တမြားနတ်မယ်၏ အပြောကြောင့် ဦးစိုးအုပ် အံ့သြသွား သည်။ ဆွေတော် မျိုးတော် မင်းသမီးတစ်ပါးဆိုသော မာန်ဖြင့် ဘယ် သော အခါကမှမီးဖိုချောင်ဝင်ခြင်း၊ ချက်ပြုတ်ခြင်းဆိုသည့် အိမ်ရှင်မ တာဝန်များ ကိုမကျေပွန်ခဲ့သည့်ပတ္တမြားနတ်မယ် ရွှေပေါ်မြတင် ဘော်ကြော့နေခဲ့သည့် ပတ္တမြားနတ်မယ်က သူ့အတွက်ညစာ စားသောက်ဖွယ်ကို ကိုယ်တိုင်ပြင်ဆင်တားတယ်ဆိုတော့ ဦးစိုးအုပ်အံ့သြမိလေသည်။ သူမ၏ မယ်တော် ကြီး ဆိုဆုံးမ လွှတ်လိုက်၍ ဖြစ်ပေမည် ။
''ကိုယ့်မိန်းမက ချက်ပြုတ်စီမံထားတယ်ဆိုတော့ အံ့သြစရာပါလားမိမိရယ်''
''အို- တစ်ခါတရံတော့လည်း ကိုယ့်လင်သားကို ပြုစုကြည့်ရတာ ပေါ့၊ မိမိစီမံထားတာ ဘာဟင်းလို့ထင်သလဲ မောင်မောင်၊ အသည်းဟင်းရှင့်၊ အသည်းဟင်း''
''ဘာရယ်''
''မောင်မောင်ကြိုက်တတ်တဲ့အသည်းဟင်းလေ''
ဦးစိုးအုပ်၏ မျက်နှာဝယ် မလုံလဲသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏ ။ ချက်ချင်း ပင်မျက်နှာကိုတည်ကာ ဣနြေ္ဒဆည် ပစ်လိုက်သည်။
အိမ်ထဲသို့ဝင်လာရင်း မျက်လုံးမှလည်း တစ်စုံတစ် ယောက် ကိုရှာဖွေကြည့်လိုက်၏ ။ ဦးစိုးအုပ်အပြင်ကပြန်လာတိုင်း ထွက်ကြိုနေကျသူမှာ အိမ်ဖော်မလေးပန်းရုံ ဖြစ်သည်။ ပန်းရုံ အရိပ်အရောင် ကိုအိမ်ကြီးထဲ၌ မမြင်ရပေ။ ထုတ်ဖော်မေးရန် မသင့်တော် ၍ ဦးစိုးအုပ်ကနှုတ်ဆိတ်နေလိုက်၏ ။
သူ့သခင်မကြီးရောက်နေချိန် ဖြစ်၍ ပန်းရုံရှောင်နေဟန် တူပါသည်။
ပတ္တမြားနတ်မယ်သည် ရန်ကုန်မြို့ကြီး၌ နေထိုင်သူ ဖြစ်ပြီး တစ်ခါတရံမှသာ ခင်ပွန်းရှိရာယာတောအိမ်ကြီးဆီသို့လာ ရောက်တတ်သူ ဖြစ်ပါ၏ ။
''ရေမိုးချိုး အနားယူဦးမလား။ တစ်ခါတည်း ပွဲ တော် တည်တော့မလားမောင်မောင်''
ပတ္တမြားနတ်မယ်က ဦးစိုးအုပ်ကိုယ်၌ စလွယ်သိုင်း ထားသော ပွိုင့်တူးတူးသေနတ်ကိုချွတ်ယူရင်းမေးလိုက်သည်။
''အိပ်ခါနီး မှ ရေချိုးတော့မယ် မိမိ၊ မောင်မောင် ထမင်းဆာနေပြီ''
သေနတ်ကိုဧည့်ခန်းနံရံရှိချိတ်မှာ ပတ္တမြားနတ်မယ်က ချိတ်ထားလိုက်သည်။ ဒီမိန်းမအချိုးတွေ ပြောင်းလှချည်လား။ သည်တစ်ခေါက်မှာ သူ့ကိုပြုစုယုယလှချည်လား။
မနေ့ကမှ ပတ္တမြားနတ်မယ် ရန်ကုန်ကရောက်လာခြင်း ဖြစ်သည်။ သည်တစ်ခေါက်မှာ ယခင်ကနှင့် မတူ။ လင်ယောက်ျား ကိုပြုစုသည်။ ယုယသည် ။ဖော်ရွေသော စကားတွေ ပြောသည်။မိခင် ဖြစ်သူမယ်တော် ကြီးသွန်သင်ဆုံးမလိုက်လို့ပဲဟု ဦးစိုးအုပ်က မှတ်ယူလိုက်သည်။
ပတ္တမြားနတ်မယ်ထံမှ မကြုံစဖူးယုယကြင်နာမှုတွေ ရ လိုက်တော့- သူ့ရဲ့ လုပ်ရပ်တွေ အတွက် ဦးစိုးအုပ်စိတ်မလုံမလဲ ဖြစ်ရလေသည်။ ပန်းရုံလေးကို ယခုအချိန်ထိမမြင်မိသေး။
ပတ္တမြားနတ်မယ်က ဦးစိုးအုပ်ကိုလက်ဆွဲရင်း တစ်ဖက် ခန်းကိုခေါ်သွား၏ ။ တစ်ဖက်ခန်းမှာ ထမင်းစားခန်း ဖြစ်သည်။
အခန်းထဲရောက်တော့... စားပွဲပေါ်မှထွန်းညှိထားလက် စ ရေနံဆီမီးအိမ်ကို ပတ္တမြားနတ်မယ်က မီးစာမြှင့်လိုက်သည်။ ထမင်းစားခန်းမှာ လင်းထိန်သွားလေသည်။
ပတ္တမြားနတ်မယ်က စားပွဲပေါ်မှအုပ်ဆောင်းကို ဖွင့်လိုက်၏ ။
ထမင်းအုပ်ထဲမှ အငွေ့တထောင်းထောင်းထနေသော ထမင်းများ ။ ဆီပြန်ဟင်းတစ်ခွက်။ ဟင်းချိုတစ်ပန်းကန်။ အသားကြော်တစ်ပန်းကန်။
အသားကြော်ပန်းကန်ကို ဦးစိုးအုပ်ရှေ့ချပေးလိုက်သည်။
''ဟင်းကလဲအသည်းဟင်းပဲ၊ ဒါကလဲ အသည်းကြော် ပဲ၊ မောင်မောင်မြည်းဖို့ ခွဲပြီးကြော်ထားတာလေ''
''ဒါတွေ အားလုံး မိမိလုပ်ထားတာလား''
ဦးစိုးအုပ်က တအံ့တသြမေးလိုက်သည်။
''အားလုံး မိမိလက်ရာချည်းပါပဲ မောင်မောင်''
''ပန်းရုံကို ကူလုပ်ခိုင်းရောပေါ့ကွယ်''
ဦးစိုးအုပ်၏ နှုတ်မှ ပန်းရုံအမည် ကို လွှတ်ကနဲထွက်သွား သည်။ ပတ္တမြားနတ်မယ်များ ရိပ်မိသွားသလားဟု အကဲခတ် ကြည့်လိုက်၏ ။
ပတ္တမြားနတ်မယ်က အပြုံးမပျက်ပေ။
''ပန်းရုံကို အနားပေးလိုက်ပါပြီမောင်မောင်''
ပတ္တမြားနတ်မယ်က နံရံမြှုပ်ဘီရိုအံတံခါးကို လှပ်၍ ဝီစကီ ပုလင်းကို ဆွဲထုတ်လိုက်သည်။
ဖန်ခွက်နှစ် လုံးကိုပါ ဆွဲထုတ်လာ၍ ဦးစိုးအုပ်ရှေ့တွင် ချပေးလိုက်သည်။
''အသည်းကြော်လေးနဲ့ မြည်းကြည့်ပါဦးမောင်မောင်''
ဝီစကီကို ဦးစိုးအုပ်ရှေ့ကဖန်ခွက်ထဲလောင်းထည့်ပေးကာ ပတ္တမြားနတ်မယ်ကပြောသည်။။
နောက်ထပ်ဖန်ခွက်အလွတ်တစ်ခုထဲသို့ ဝီစကီကိုလောင်း ထည့်လိုက်ပြန်သည်။
''ဒါက ဘယ်သူ့ဖို့လဲ မိမိ''
''မိမိအတွက်ပေါ့''
''ဟင် - မိမိ အရက်သောက်မလို့''
''တစ်ခါတလေ ကိုယ့်လင်သားနဲ့အပန်းဖြေချင်လို့ပါ မောင်မောင်''
ပတ္တမြားနတ်မယ်၏ ထူးခြားသော အပြုအမူများ ကြောင့် ဦးစိုးအုပ် အံသြပြီးရင်း အံ့သြရင်း ဖြစ်နေရတော့သည်။ ပတ္တမြား နတ်မယ်သည် ဦးစိုးအုပ်ကိုအရက်မသောက်ရန် ဟန့်တားလေ့ ရှိသည့်မိန်းမမဟုတ်လား။
ပတ္တမြားနတ်မယ်က ဖန်ခွက်နှစ် လုံးထဲသို့ ဆော်ဒါကို အလောတော် လောင်းထည့်လိုက်ပြန်၏ ။
''သောက်လေးမောင်မောင် အသည်းကြော်လေးနဲ့ မြည်းပါဦး''
ပတ္တမြားနတ်မယ်က အသည်းကြော်တစ်တုံးကို ခက်ရင်း ဖြင့်ထိုးယူလိုက်ပြီး ဦးစိုးအုပ်ပါးစပ်ထဲထည့်ပေးလိုက်သည်။
ဦးစိုးအုပ်က အသည်းကြော်ဝါးရင်း ဝီစကီကိုတစ်ကြိုက် သောက်လိုက်၏ ။
''ကောင်းရဲ့ လားမောင်မောင်၊ အသည်းကြော်က အရသာ ရှိရဲ့ လား''
''ကောင်းပါတယ်''
''ဟင်း - ဟင်း - ဟင်း... မောင်မောင်ကြိုက်တယ် ဆိုတဲ့အသည်းလေ''
ပတ္တမြားနတ်မယ်က မသောက်စဖူး ဝီစကီသောက်ရင်း အူမြူးနေ၏ ။ အသည်းကြော်ဖတ်များ ကို ဦးစိုးအုပ် ပါးစပ်ထဲ ခွံ့,ခွံ့ ပေးနေ၏ ။
''ဆိုဒါကိုများများ ရောသောက်ပါမိမိ၊ မိမိက မသောက်ဖူး ပဲနဲ့ ''
''ရပါတယ်မောင်မောင်ရဲ့ ၊ မိမိပျော်လို့ပါ''
''မောင်မောင်တော့တော် ပြီ။ မောင်မောင်ကထမင်း မစားခင်သုံးပက်ကပုံမှန်ပဲ''
''သြော်- မောင်မောင် ထမင်းစားတော့မယ်''
ပတ္တမြားနတ်မယ်က မှော က်ထားသော ကြွေပန်းကန်ပြား ကိုယူ၍ ထမင်းအုပ်ထဲမှထမင်းကိုထည့်ပေးသည်။
''ထိုင်နေပါလားမိမိ၊ ပန်းရုံကိုခေါ်ခိုင်းပါလား''
''အို- ပန်းရုံကို အနားပေးလိုက်ပါပြီဆို။ မိမိပြုစုစမ်း ပါရစေ မောင်မောင်ရဲ့ ၊ ဟီ-ဟီ-ဟီ''
အရက်ရှိန်ဖြင့် ပတ္တမြားနတ်မယ်သည် သွက်လက်ပြီး ရွှင်မြူးနေပေ၏ ။
''စား မောင်မောင်၊ မိမိချက်ထားတဲ့အသည်းဟင်းလေး ကို စားကြည့်စမ်းပါဦး''
အသည်းဟင်းများ ကိုဇွန်းနှင့် ခပ်ထည့်ပေးရင်း ပြော၏ ။
''မိမိလဲ စားတော့လေ''
''မိမိ ဒါကုန်အောင် ဖြည်းဖြည်းသောက်လိုက်ဦးမယ်၊ မောင်မောင်စားပါ''
ဦးစိုးအုပ်က ထမင်းကို စ”စားလိုက်သည်။
''ကောင်းရဲ့ လားမောင်မောင်၊ အသည်းဟင်းက ဘယ်လို နေသလဲ''
''သိပ်ကောင်းတာပဲ၊ မိမိလက်ရာကဘယ်ဆိုးလို့လဲ''
အမှန်မှာ အသည်းဟင်းသည် ထူးထူးခြားခြားကြီး မကောင်းလှပေ။ ပတ္တမြားနတ်မယ် စိတ်ကျေနပ်အောင် ပြောလိုက် ခြင်းသာ ဖြစ်၏ ။
ထိုစဉ်... ဘဏ္ဍာစိုးကြီးဖိုးသာဒင် အခန်းထဲသို့ဝင်လာပြီး အခန်းဒေါင့်တွင် လက်နောက်ပစ်၍ ရပ်နေသည်။
''ဘာလဲ ဖိုးသာဒင်''
ပတ္တမြားနတ်မယ်က မေးလိုက်သည်။
''ခိုင်းစေစရာရှိရင် ခိုင်းဖို့ ကျွန်တော် မျိုးလာရောက်ခြင်း ပါသခင်မ''
''မလိုဘူးဖိုးသာဒင်၊ မဖုရားတို့ လွတ်လွတ်လပ်လပ် နေချင်တယ်''
ဖိုးသာဒင်က သခင်ကြီးမျက်နှာကို စိုက်ကြည့်နေသေး၏ ။
''သွားလေ''
ဖိုးသာဒင် ချာကနဲလှည့်ထွက်သွားသည်။
ဖိုးသာဒင်မျက်နှာထူးခြားသည်ဟု ဦးစိုးအုပ်ထင်မိ၏ ။ သည်ကနေ့အိမ်မှာ ဘာတွေ ဖြစ်နေတာလဲ။
ဦးစိုးအုပ်က ထမင်းကိုဆက်စားနေလိုက်သည်။
''အသည်းဟင်းထည့်စားပါဦးမောင်မောင်''
ပတ္တမြားနတ်မယ်က အသည်းဖတ်များ ကို ဇွန်းနှင့် ခပ်၍ ဦးစိုးအုပ်ပန်းကန်ထဲထည့်ပေးလိုက်ပြန်သည်။
''မိမိဖို့မကျန်ပဲနေပါ့မယ်''
''စားပါမောင်မောင်ရဲ့ ၊ မိမိအသည်းမှမကြိုက်တာ၊ မိမိဖို့က အသားတွေ ရှိပါတယ်''
''စားသာစားနေရတယ်၊ ဒါဘာအသည်းလဲ မိမိရဲ့ ''
ပတ္တမြားနတ်မယ်ကအရက်ခွက်ကိုကိုင်၍ တစ်ကျိုက်မော့ ရင်းကပြုံးနေသည်။။
''ဟင်... ဘာအသည်းများ လဲ မိမိရယ်''
''မောင်မောင်ကြိုက်တဲ့အသည်းပါ။ မောင်မောင်က အသည်းဟင်းသိပ်ကြိုက်တယ်မဟုတ်လား။ ပန်းရုံကမောင်မောင့် အတွက်အသည်းဟင်း ချက်-ချက်ပေးရတယ်မှုတ်လား''
ဦးစိုးအုပ်က ပတ္တမြားနတ်မယ်မျက်နှာကိုကြည့်လိုက်သည်။ ပန်းရုံအသည်းဟင်းချက်ပေးတာကို သူသိနေပါလား။
ဦးစိုးအုပ်က စိတ်မလုံတော့ပဲ ခေါင်းကိုငုံ့ကာ ထမင်း ဆက်စားလိုက်သည်။
''ဟုတ်တယ်မှုတ်လားမောင်မောင်။ ပန်းရုံကလဲ ဟင်းအချက်ကောင်း။ မောင်မောင်ကလဲအသည်းဟင်းဆို ကြိုက်။ ဟော- နောက်တော့ပန်းရုံရဲ့ အသည်းလေးကိုတောင် မောင် မောင်က ငုံထားချင်တဲ့ဘဝရောက်ရော၊ ဟုတ်တယ်မှုတ်လားဟင် မောင်မောင် - ဟီ-ဟီ-ဟီ''
ပတ္တမြားနတ်မယ်က ပြီတီတီမျက်နှာပေးဖြင့် ရယ်လိုက် သည်။ သူမ မူးယစ်နေပေပြီ။
''မင်း ဘာတွေ ပြောနေတာလဲ မိမိ''
''အမယ်၊ မိမိကိုများ မင်းတွေ ဘာတွေ နဲ့ ၊ ချက်ချင်း ပြောင်းလဲသွားလိုက်တာ''
ဦးစိုးအုပ် ထမင်းကို လက်စသတ်လိုက်သည်။
ပတ္တမြားနတ်မယ်၏ ရည်ရွယ်ချက်ကိုသိပေပြီ။ သူနှင့်ပန်းရုံ အကြောင်းတွေ ကို သိသွား၍ ခနဲ့သည့်စကားများ စလာပြီကို သိ လိုက်၏ ။
ဦးစိုးအုပ်က စားပွဲမှ ထရပ်လိုက်သည်။
''နေပါဦးမောင်မောင်ရဲ့ ၊ ဒီညစားလိုက်ရတဲ့အသည်းဟင်း လေးက မချိုဘူးလား၊ အရသာမရှိဘူးလား၊ ပြောပါဦးမောင်မောင်''
''မိမိ သိပ်မူးနေပြီကွယ်''
''မိမိမမူးပါဘူး၊ မိမိချက်ကျွေးတဲ့အသည်းဟင်းနဲ့၊ ပန်းရုံ ချက်ကျွေးတဲ့အသည်းဟင်း- ဘာကွာသလဲဟင်''
ပတ္တမြားနတ်မယ်၏ မြားချက်များ ကို အလိမ္မာနှင့်ရှောင် ကွင်းဖို့ကြိုးစားလိုက်သည်။ အခန်းအပြင်သို့ ထွက်ရန်ပြင် လိုက်သည်။
''ကိုယ်အနားယူတော့မယ်''
ပတ္တမြားနတ်မယ်က ဦးစိုးအုပ် လက်မောင်းကိုလှမ်းဆွဲ ထားလိုက်သည်။
''ပြောပါဦးမောင်မောင်ရဲ့ ၊ ပန်းရုံချက်ပေးတဲ့ အသည်း ဟင်းက အစပ်အဟပ်ပိုတည့်ချင်တည့်မယ်၊ မိမိချက်ကျွေးတဲ့ အသည်းဟင်းလောက်တော့ ချိုမိန်မှာ မဟုတ်ပါဘူး၊ လတ်ဆတ်မှာ မဟုတ်ပါဘူး၊ အရသာရှိမှာ မဟုတ်ပါဘူး''
''မင်း ဘာကိုဆိုလိုတာလဲ မိမိ''
''ဟွန်း - ဟွန်း - ပန်းရုံတစ်ကိုယ်လုံးကို ကိုယ့် ရင်ထဲမှာ ထည့်ထားလိုက်ချင်ပါရဲ့ ဆို''
ဦးစိုးအုပ်ခန္ဓာကိုယ်တစ်ခုလုံး တောင့်ကနဲ ဖြစ်သွားသည်။
''ပန်းရုံရဲ့ အသည်းလေးကို တစ်ဖဲ့ချင်း ကိုက်စားချင် တယ်ဆို''
သူ၏ မှတ်တမ်းစာအုပ်ထဲမှာ ရေး ထားမိသည့် ခံစားချက် စကားလုံးများ ။
''မင်းက ငါ့ရဲ့ စာအုပ်ကို ယူဖတ်တယ်ပေါ့မိမိ၊ ဒါဟာ အဆင့်အတန်းရှိတဲ့ မင်းမျိုးမင်းနွယ်တွေ ရဲ့ အလုပ်မဟုတ်ဘူး''
''မှန်ပါတယ်၊ မိမိကလည်း ကျေးကျွန်တွေ လုပ်တဲ့အလုပ် မျိုးကိုလုပ်လိုက်တာပါ''
''ဘာကွ-''
''ရှင်က ကျေးကျွန်ကိုမှ မယားအ ဖြစ် မြှော က်စားဖို့ ကြံနေတာမဟုတ်လား သခင်ကြီးဦးစိုးအုပ်ရဲ့ ''
''မင်းပါးစပ်ပိတ်ထားစမ်း။ ငါဟာယောက်ျား။ မင်းမျိုး မင်းနွယ်မင်းသားတစ်ပါး။ ငါ့မှာ ငါကြိုက်တဲ့မိန်းမကိုမြှော က်စား ခွင့်ရှိတယ်။ ယောက်ျားကောင်းမောင်းမတစ်ထောင်တဲ့ကွ''
ပတ္တမြားနတ်မယ်က ခွက်ထဲမှလက်ကျန်ဝီစကီကို အပြတ် မော့သောက်လိုက်သည်။
''အိမ့်ကျွန်အဆက်ဆက်က မွေးလာတဲ့ ကျွန်မျိုးရိုး၊ ကျွန်ကမွေးတဲ့ သဘောက်မကိုမှ- ရှင်က-''
''တော် ''
ဦးစိုးအုပ်က ပတ္တမြားနတ်မယ်ကိုစိုက်ကြည့်လိုက်သည်။
ပတ္တမြားနတ်မယ်ကလည်း ဦးစိုးအုပ်မျက်လုံးကို တည့် တည့်စူးစိုက်ကြည့်နေသည်။
နှစ် ဦးစလုံးမျက်ဝန်းများ ဝယ် မုန်းတီးမှု။ စက်ဆုပ်မှုများ စွာ ဖြင့် အကြည့်ချင်းပြိုင်နေကြ၏ ။
''ဟီ - ဟီ - ဟီ - ဟီ''
ပတ္တမြားနတ်မယ်က သူရုးမ တစ်ယောက် သဖွယ် ရယ်လိုက်သည်။
''မိမိက သဝန်တိုတတ်ပေမယ့် ကိုယ်ချစ်တဲ့လင်သားရဲ့ အလိုကိုတော့ သိတတ်ပါတယ်၊ ဖြည့်ဆည်းပေးတတ်ပါတယ် မောင်မောင်ရဲ့ ၊ ဟီ ဟီ ဟီ''
ပတ္တမြားနတ်မယ်ကို နားလည်ရခက်စွာ ဦးစိုးအုပ် ငေး ကြည့်နေမိသည်။ ဒီမိန်းမ မူးနေတာလား၊ ရူးသွားတာလား၊ နှစ် ခု စလုံးလား။
''ပန်းရုံတစ်ကိုယ်လုံးကို ငုံထားချင်တယ်ဆို၊ ပန်းရုံ အသည်းလေးကို တစ်ကိုက်ချင်းဖဲ့စားချင်တယ်ဆို၊ ဟီ-ဟီ- မိမိကလေ- မောင်မောင့်ကိုချစ်လို့ မောင်မောင့်ဆန္ဒကိုဖြည့်ဆည်း လိုက်ပါပြီကွဲ့''
ဦးစိုးအုပ် မျက်မှော င်ကြုတ်သွားသည်။
''အခုဆိုရင် မောင်မောင့်ဆန္ဒအတိုင်း ပန်းရုံရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ဟာ မောင်မောင့်ကိုယ်ထဲရောက်သွားပြီ''
''ဘာ-''
''ပန်းရုံရဲ့ အသည်းလေးကိုလည်း တစ်ကိုက်ချင်း ကိုက် စားပြီးပြီ၊ ဟီ-ဟီ-''
''မိမိ မင်း ဘာစကားပြောတာလဲ၊ မင်း ဘာပြော တာလဲ''
ပတ္တမြားနတ်မယ်က မျက်နှာပိုးကိုသတ်လိုက်သည်။
သူမမျက်နှာ၌ ရက်စက်ကြမ်းကြုပ်မှု အသွင်သဏ္ဍာန်များ ပေါ်လာ၏ ။ ကျားနာတစ်ကောင်၏ မျက်လုံးများ လို စူးရဲလက်ရှ သည့်မျက်လုံးများ ဖြင့် ဦးစိုးအုပ်ကိုကြည့်သည်။
''မှတ်ထား၊ ရှင် ဒီည စားလိုက်တဲ့အသည်းဟင်းဟာ ဘယ်တိရစ္ဆာန်ရဲ့ အသည်းမှမဟုတ်ဘူး၊ ရှင် ချစ်လှပါချည်ရဲ့ ဆိုတဲ့ ပန်းရုံရဲ့ အသည်း''
''ဘာ-''
ဦးစိုးအုပ်အသံက ကျားတစ်ကောင်နှယ် ဟိန်းထွက် လာသည်။
''ဟင်း ဟင်း ဟင်း... ကျွန်မက ရှင့်ရဲ့ ဆန္ဒကိုဖြည့်ဆည်း လိုက်တာပါ ဦးစိုးအုပ်ရဲ့ ''
''မင်း တကယ်ပြောနေတာလား ပတ္တမြားနတ်မယ်''
''ပတ္တမြားနတ်မယ်တို့မျိုးရိုးဟာ ရဲရင့်တယ်၊ ပြတ်သား တယ်၊ သတ္တိရှိတယ်၊ လက်စားချေတတ်တယ်၊ မုသားစကားကို လည်း ဘယ်တော့မှ ပြောလေ့မရှိဘူးဦးစိုးအုပ်''
Þဦးစိုးအုပ် ဖြတ်ကနဲ ထမင်းစားခန်းထဲမှထွက်သွားသည်။
လျင်မြန်စွာ ပင် အခန်းထဲပြန်ဝင်လာ၏ ။
သူ့လက်ထဲမှာ တော့အမဲပစ်ပွိုင့်တူးတူးသေနတ်။။
သူက သေနတ်ကိုမောင်းချိုး၍ ပတ္တမြားနတ်မယ်ကို ချိန်လိုက်သည်။
ပတ္တမြားနတ်မယ်က ရင်ကိုကော့၊ ခေါင်းကိုမော်ကာ ရပ်လိုက်၏ ။
ဦးစိုးအုပ်ကို မျက်လွှာစင်း၍ မခိုးမခန့်ကြည့်လိုက်ရင်း...
''ရှင်က မယားငယ်ကိုထိလို့ ကျွန်မကို သေနတ် နဲ့ ပစ်မယ်ပေါ့။ ပစ်လိုက်စမ်းပါ''
''မင်း ပြောခဲ့တာတွေ ဟာ တကယ်ပဲလား။ ကိုယ့် ကိုနောက်နေတာမှုတ်လား ပတ္တမြားနတ်မယ်''
''ကျီစယ်နေတယ်လို့များ ထင်သေးတာအံ့ပါရဲ့ ၊ ပန်းရုံ သဘောက်မကို ကျုပ်ကိုယ်တိုင်အဆိပ်ကျွေးသတ်လိုက်တာ၊ ဒါပေမယ့် စိတ်ချပါ။ ရှင့်ကိုကျွေးတဲ့အသည်းမှာ အဆိပ်တွေ မပျံ့သေးပါဘူး။ သူသေသေချင်း ကျွန်မက သူ့ရင်ကိုခွဲပြီး အသည်း နှလုံးကိုထုတ်ယူထားလိုက်တာလေ- ဟီ ဟီ ဟီ-''
''မင်းတကယ်ပြောနေတာလား၊ မင်းတကယ်ပြောနေ တာလား၊ ပန်းရုံ ဘယ်မှာ လဲ''
စိတ်လှုပ်ရှားမှုဖြင့် ဦးစိုးအုပ်ကိုင်ထားသော သေနတ်မှာ တဆတ်ဆတ်တုန်နေသည်။
''ပန်းရုံဘယ်မှာ လဲ၊ မှန်မှန်ပြောစမ်း၊ ငါ ပစ်လိုက်မှာ နော်''
''သေပြီလို့ ရှင့်ကို ဘယ်နှခါပြောရမလဲ၊ ကျွန်မကိုယ်တိုင် သတ်လိုက်တယ်၊ အဆိပ်ကျွေးပြီး သတ်လိုက်တယ်''
''ဖိုးသာဒင်- ဖိုးသာဒင်''
ဦးစိုးအုပ်က အသံနက်ကြီးဖြင့် အော်လိုက်သည်။
ထမင်းစားခန်းအပြင်ဘက်တွင် အဆင်သင့်ရှိနေသော ဖိုးသာဒင်က ချက်ချင်း ရောက်လာသည်။
''ဖိုးသာဒင်၊ ပန်းရုံဘယ်မှာ လဲ''
''ပန်းရုံမရှိတော့ပါဘူးသခင်''
''ဘာ- ဘယ်လိုမရှိတာလဲ''
''အသက်မရှိတော့တာပါ။ ပန်းရုံလေးသေပါပြီသခင်''
''ဒါ- ဒါ- တကယ်ပဲပေါ့''
''ဟား-ဟား-ဟား-ဟား-''
ပတ္တမြားနတ်မယ်က ဟားတိုက်ရယ်လိုက်သည်။
''ရှင် တစ်ကိုက်ချင်းကိုက်စားချင်တယ်ဆိုတဲ့ ပန်းရုံ အသည်းကို ရှင့်ဆန္ဒအတိုင်းစားရအောင် ကျွန်မကဖြည့်ဆည်း ပေးလိုက်တာပါ မောင်မောင်ရဲ့ ''
''မင်းကိုသတ်မယ် ။ မင်းကိုသတ်မယ်''
''ပန်းရုံအသည်းလေးက လတ်ဆတ်ပါတယ်မောင်မောင်၊ သေသေချင်း ရင်ကိုခွဲပြီး...''
ဒိုင်း-
ပတ္တမြားနတ်မယ် စကားမဆုံးလိုက်။
ဦးစိုးအုပ်က သေနတ်မောင်းကိုဆွဲချလိုက်သည်နှင့် အတူ ပတ္တမြားနတ်မယ်ရင်ဝတွင် သွေးများ ပွက်ကနဲထွက်သွားသည်။
''မှားမယ်သခင် ။ မှားပါမယ်သခင်''
ဖိုးသာဒင်၏ ဟန့်တားမှုက နောက်ကျသွားပေပြီ။
ပတ္တမြားနတ်မယ်သည် ကြမ်းပြင်ပေါ်လဲကျသွား၏ ။
ပတ္တမြားနတ်မယ်ကအားတင်း၍ လက်တစ်ဖက်ထောက် ကာ ထလိုက်သေးသည်။ အရောင် တဝင်းဝင်းတောက်နေသော မျက်လုံးကြီးများ ဖြင့် ဦးစိုးအုပ်ကိုကြည့်ကာ..
''နင့်ကို ဘဝအဆက်ဆက် လက်စားချေရပါစေ''
နာကျည်းစွာ ကျိန်ဆိုလိုက်သည်။
ဦးစိုးအုပ်က နောက်တစ်ချက်လှမ်းပစ်လိုက်၏ ။
ပတ္တမြားနတ်မယ်ခန္ဓာကိုယ် နောက်သို့လန်ကျကာ ဆန့်ငင်ဆန့်ငင်နှင့် အကြောဆွဲနေသည်။
''မှားပါပြီသခင်၊ မှားပါပြီ၊ ပန်းရုံဟာ သေပြီဆိုပေမယ့်''
အဝိဇ္ဇာအမှော င်တိုက် ဖုံးလွှမ်းနေသော ဦးစိုးအုပ်သည် ဖိုးသာဒင့်စကားကိုလည်း မကြားပါလေတော့။ သေနတ်ကို နောက်တစ်ချက်မောင်းဆွဲဖြုတ်လိုက်သည့်အခါတွင် တော့ ပတ္တမြား နတ်မယ်၏ ခန္ဓာကိုယ်သည် အပြီးသတ်ငြိမ်သက်ကာ အသက် ထွက် သွားပါလေတော့၏ ။
သာကီဝင်မင်းမျိုးတို့သွေးမြေခလေပြီ။
ဦးစိုးအုပ်သည်သေနတ်ကိုတင်းတင်းဆုပ်ရင်း ကြောင်ငေး နေသေး၏ ။
ထို့နောက် ဣနြေ္ဒရစွာ ပင် အိမ်ရှေ့သို့ လျှောက်ထွက်သွား သည်။
ဖိုးသာဒင်သည် သွေးပျက်ဖွယ်မြင်ကွင်းကြောင့် မှင်သက် မိကာ ကြောင်နေသည်။
ခဏနေတော့... မြင်းညိုကြီးအောင်စည်ကို စီးနင်းကာ ပွိုင့်တူးတူးသေနတ်ကိုစလွယ်သိုင်းလျှက် အမဲပစ်ထွက်သည့် ပုံစံအတိုင်း ဦးစိုးအုပ်သည် မြင်းကိုဒုန်းဆိုင်းကာ ခြံကြီးထဲမှ ထွက်ခွာပျောက်ကွယ်သွားလေသည်။
ဆယ့်နှစ် မိုင်ဝေးသော မြို့ပေါ်ရှိ ရဲစခန်းရှေ့သို့ရောက် သည့်အခါ ဦးစိုးအုပ်သည် မြင်းဇက်ကိုသတ်၍ ရပ်လိုက်သည်။
မြင်းပေါ်မှ လွှားကနဲခုန်ဆင်းလိုက်သည်။
မြင်းကြီး၏ လည်ဆံမွေးကို ပွတ်သတ်ပေးရင်း ပြောသည်။
''သားကြီးအောင်စည်၊ သွားပေတော့၊ ခုအချိန်ကစပြီး အဖေနဲ့သားကြီး ခွဲရတော့မယ်၊ သားကိုလွတ်လပ်ခွင့်ပေးလိုက် ပြီ၊ လိုရာသွားပေတော့ကွယ်''
မြင်းကြီးကိုမျက်ရည်ဝေသော မျက်လုံးများ ဖြင့် စိုက်ကြည့် နေပြီး သံယောဇဉ်ဖြတ်ကာ ချာကနဲလှည့်ထွက်၍ ရဲစခန်းထဲသို့ ဝင်သွားလေတော့သည်။
မြင်းကြီးအောင်စည်က သံရှည်ဆွဲ၍ ဟီလိုက်သည်။
နောက်သို့ တစ်ချက်မှလှည့်မကြည့်သော သခင်ကို စိုက် ကြည့်နေရာမှ ဦးစိုးအုပ်ရဲစခန်းအဆောက်အဦးထဲ ဝင်ရောက် ပျောက်ကွယ်သွားချိန်တွင် မျက်ရည်များ စီးကျလာလေ၏ ။
မြင်းကြီးအောင်စည်က နောက်တစ်ချက်ဟီရင်း ရှေ့ခြေ နှစ် ချောင်းကို ပတပ်ရပ်လိုက်သည်။ နောက်ခွာဖြင့် မြေကိုပေါက် သည်။ မြင်းကြီး၏ ဆောက်တည်ရာမရသော ဟီသံမှာ ရဲစခန်းတစ်ခု လုံးကို လွှမ်းခြုံသွားလေ၏ ။
ဦးစိုးအုပ်သည် ရဲအရာရှိစားပွဲသို့ တန်းတန်းမတ်မတ် လျှောက်သွားပြီး သေနတ်ကို စားပွဲပေါ်သို့တင်လိုက်သည်။
''ဟောဒီ သေနတ်နဲ့ ကျွန်တော့်ဇနီးကို မသေမချင်း ပစ်သတ်ခဲ့ပါတယ် ရဲအရာရှိမင်း၊ ကျွန်တော့်ကို ဥပဒေအရ အရေး ယူပါ ။ အကျဉ်းချထားပါတော့ခင်ဗျား''
တစ်လုံးချင်းပြော၍ ဝန်ခံချက်ပေးလိုက်လေတော့ သတည်း။
မြကျွန်းသာရွာ၏ ယာတောအိမ်ကြီးသို့ ရဲအမှုထမ်းများ ရောက်လာသည့်အချိန်တွင် တစ်အိမ်လုံး တိတ်ဆိတ်နေ လေသည်။
ပတ္တမြားနတ်မယ်၏ အလောင်းကို ထမင်းစားခန်းထဲ၌ သွေးအိုင်ထဲ လဲလျှက်တွေ့ ကြရ၏ ။
ထူးဆန်းသည်မှာ ဘဏ္ဍာစိုးကြီးဖိုးသာဒင်ကို ရှာလို့ မတွေ့ တော့ခြင်းပင်။
ဘဏ္ဍာစိုးကြီးဖိုးသာဒင်မှာ ထိုအချိန်မှစ၍ လုံးဝပျောက်ဆုံး သွားပါလေတော့သည်။
ရဲများ အလောင်းနှင့် အလုပ်ရှုပ်နေချိန်တွင် မြင်းညိုကြီး အောင်စည် အိမ်ပြန်ရောက်လာသည်။
မြင်းကြီးသည် ခြံထဲတွင် အိမ်ကိုပတ်၍ ပြေးလွှားနေသည်။ ကြေကွဲဖွယ်ဟီရင်း အကြိမ်ပေါင်းများ စွာ အိမ်ကိုပတ်ပြေးနေသည်။
နောက်တစ်နေ့နံနက်တွင် မြင်းဇောင်းထဲ၌ အသက် ပျောက်နေသော မြင်းကြီးအောင်စည်၏ အလောင်းကို တွေ့ ရလေ သည်။
အများ က မြင်းကြီးအောင်စည်မှာ ရင်ကွဲနာကျ သေဆုံး သွားသည်ဟု ထင်မြင်ချက်ပေးကြလေသည်။
အ ဖြစ်အပျက်များ ဖြစ်ပွားပြီး ၂ရက်အကြာတွင် ရန်ကုန်မြို့ မှ ဦးစိုးအုပ်၏ အစ်မ သူဇာတင်တင် ယာတောအိမ်ကြီးသို့ ရောက်ရှိ လာလေသည်။
သူဇာတင်တင်သည် ယောင်းမ ဖြစ်သူပတ္တမြားနတ်မယ်၏ အသုဘကိစ္စအဝဝကို ဆောင်ရွက်ပေးသည်။
အချုပ်ခန်းထဲတွင် အချုပ်နှောင်ခံနေရသည့်မောင် ဖြစ်သူ ဦးစိုးအုပ်နှင့် သွားရောက်တွေ့ ဆုံသည်။ ဦးစိုးအုပ်လွတ်မြောက်ရေး အတွက် သူဇာတင်တင်ကဆောင်ရွက်လိုသော်လည်း ဦးစိုးအုပ် က တရားဥပဒေအတိုင်း ဖြစ်ပါစေဆိုကာ ငြင်းဆန်ခဲ့သည်။
သူဇာတင်တင်သည် မြကျွန်းသာတစ်ရွာလုံးရှိ ရွာသူ ရွာသားများ အားလုံးကို ယာတောအိမ်ကြီးဆီသို့ ဖိတ်ခေါ်လိုက်၏ ။
တကယ်တော့ မြကျွန်းသာတစ်ရွာလုံးမှာ သူဇာတင်တင် တို့ အဘေးတော် စပ်သူ မြကျွန်းသာမင်းသားကြီး၏ ကျေးတော် မျိုး ကျွန်တော် မျိုးများ ဖြစ်ပါသည်။
မင်းနှစ် ပါး ပါတော် မူပြီးနောက်- အနွယ်တော် များ မြန်မာ ပြည်အရပ်ရပ်သို့ တိမ်းရှောင်လာခဲ့ရာ မြကျွန်းသာမင်းသားကြီး နှင့် နောက်ပါကျေးကျွန်တစ်သိုက်သည် ဤနေရာသို့ရောက်လာခဲ့ ကြသည်။
မြေဆီသြဇာကောင်းသော ဤနေရာတွင် အခြေချကာ ရွာတည်၍ နေထိုင်ခဲ့ကြသည်။ ရွာအမည် ကို မြကျွန်းသာဟု မှည့် ခေါ်ခဲ့သည်။
သူဇာတင်တင့်ဖခင်လက်ထက်မှစ၍ ရန်ကုန်မြို့သို့ ပြောင်းရွှေ့အခြေချကာ စီးပွားရေး လုပ်ငန်းများ အောင်မြင်နေပြီ ဖြစ်သည်။
ဦးစိုးအုပ် တစ်ယောက် ထဲသာ မြကျွန်းသာ၏ ယာတော အိမ်ကြီးကိုသံယောဇဉ်တွယ်တာပြီး ဆက်လက်အုပ်ချုပ်နေခဲ့ခြင်း ဖြစ်သည်။
ယခုလို မောင် ဖြစ်သူအတိဒုက္ခရောက်ရသည့် အချိန်တွင် တော့ အားလုံးကိုစိတ်နာကာ သူဇာတင်တင်သည် ယာတော အိမ်ကြီးကိုသံယောဇဉ်ဖြတ်လိုက်တော့၏ ။
အိမ်ထဲရှိ ပရိဘောဂများ နှင့် ပစ္စည်းပစ္စယများ ကို ဒီအတိုင်း ထားခဲ့ကာ အိမ်မကြီးကို ကြေးသော့ ခလောက်ကြီးဖြင့် ပိတ်သည်။ ခြံတံခါးကိုလည်း သံကြိုးအထပ်ထပ်ရစ်ပတ်၍ ပိတ်သည်။
သွေးပျက်ချောက်ချားဖွယ် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သော ယာတောအိမ်ကြီးကိုထားရစ်ကာ သူဇာတင်တင် ရန်ကုန်သို့ ပြန်သွားလေတော့သည်။
သခင်ကြီးဦးစိုးအုပ်သည် သေစားသေစေအမိန့်ဖြင့် ကြိုးမိန့်ပေးခံလိုက်ရသည်။
အ ဖြစ်အပျက်တို့သည် နှစ် ပေါင်း သုံးဆယ် ကြာမြင့်ခဲ့ လေပြီ။
အိမ့်ကျွန်မလေးပန်းရုံ၏ အလောင်းကို ရှာဖွေ၍ မတွေ့ ရှိ ခဲ့ကြပါလေ။
အချို့က ပန်းရုံတကယ်မသေဘူးဟု ထင်ကြေးပေးကြ သည်။
ပတ္တမြားနတ်မယ်သည် ပန်းရုံကို တစ်နေရာတွင် ဝှက် ထားကာ သေပြီဟုပြောခဲ့ခြင်း ဖြစ်ကြောင်း၊ ပန်းရုံအသည်းကို ဟင်းအ ဖြစ်ချက်ကျွေးသည်ဆိုသည်မှာ ဦးစိုးအုပ်ကိုစိတ် ဓာတ်စစ်ဆင်ရေး လုပ်ခြင်းသာ ဖြစ်နိုင်ကြောင်း ထင်ကြေးပေးကြသည်။
ပန်းရုံအလောင်းကို မည် သို့ရှာရှာ မတွေ့ ရှိခဲ့ခြင်းကလည်း ယင်းထင်ကြေးကို ထောက်ခံသကဲ့သို့ရှိနေ၏ ။
တစ်ဦးတည်းသော မျက်မြင်သက်သေ ဘဏ္ဍာစိုးကြီး ဖိုးသာဒင်ကလည်း ပျောက်ဆုံးနေပြန်သည်။ ဖိုးသာဒင့်သတင်း ကို ဘယ်လိုမှ စုံစမ်းလို့မရတော့။
ထိုအချိန်မှစ၍ ယာတောအိမ်ကြီးမှာ လူနေသူမရှိပဲ တိတ်ဆိတ်ချောက်ကပ်သွားတော့၏ ။
သို့တစေ ညအချိန်များ တွင် အိမ်ခြံဝင်းထဲ၌ ၄င်း။ အိမ် အပေါ်ထပ်၌ ၄င်း ဖြူလွသော အဝတ်အစားများ ကို ဝတ်ဆင်ထား သည့်မိန်းမ တစ်ယောက် ၏ အသွင်သဏ္ဍာန်ကို မြင်ကြရသည်ဟု ဆိုသည်။
ထိုသဏ္ဍာန်သည် ပန်းရုံ၏ ဝိညာဉ်လေလားဟု အချို့က ထင်ကြ၏ ။
တချို့ကတော့ အသေဆိုးသေခဲ့သည့် သခင်မကြီး ပတ္တမြားနတ်မယ်၏ ဝိညာဉ်ရိပ်သွင်ဟု စွပ်စွဲကြပြန်သည်။
အ ဖြစ်ဆိုးကြီးမ ဖြစ်ပျက်မီ ယာတောအိမ်ကြီးတွင် သေဆုံး သွားသော မိန်းမအိုကြီး တစ်ယောက် ရှိပါသေးသည်။ အထိန်း တော် ကြီး ဒေါ်အိုဇာ ဖြစ်သည်။။ ဝိညာဉ်ကောင်သည် ဒေါ်အိုဇာ့ နာနာဘာဝကောင်ဟု ယုံမှတ်ကြသူများ လည်း ရှိ၏ ။
ရွာသူရွာသားများ က သရဲချောက်သည်ဆိုသော အကြောင်းဖြင့် ယာတောအိမ်ကြီးကိုရှောင်ကွင်းကြလေသည်။
အချိန်မတော် ယာတောအိမ်ကြီးနားရောက်သွားကြသူ များ သည် မိန်းမ တစ်ယောက် ၏ ဖြူဖျော့သော အသွင်သဏ္ဍာန် ကိုမြင်ရသည်။ ထိုမိန်းမ၏ လက်ယပ်လှမ်းခေါ်မှုကို ခံရသည်။ လက်ခုပ်တီးခေါ်ယူမှုကိုခံရသည်။
ယာတောအိမ်အိုကြီး။
ညစဉ်ကိုယ်ထင်ပြချောက်လှန့်နေသော ဝိညာဉ်မ။
ကျွန်တော် သည် နှစ် ပေါင်း၃ဝကာလအတွင်း ယာ တောအိမ်ကြီးသို့ ပထမဆုံးပြန်လည်ရောက်ရှိခဲ့သော အနွယ် တော် တစ်ဦး ဖြစ်ပါ၏ ။
''အလို- အ ဖြစ်အပျက်က ကြက်သီးထစရာကောင်းလှ ချည်လားဆရာ၊ ဒါဖြင့်- ဆရာဟာ ဒီ ဖြစ်ရပ်ထဲမှာ ပါဝင်ပတ် သက်ခဲ့တဲ့အနွယ်တော် တစ်ယောက် ပဲပေါ့''
ကျွန်ုပ်က ဦးမိုးနောင်ပြောပြသော ဇာတ်လမ်းကိုနား ထောင်ရင်း အဆုံးတွင် မေးခွန်းထုတ်လိုက်မိသည်။ စာရေး ဆရာ ကိုယ်တိုင်ပြောပြသော ဇာတ်လမ်းမို့ နားထောင်လို့တော့ကောင်း လှပေသည်။ စာရေး ဆရာတို့၏ ဥာဏ်ရည်ဥာဏ်သွေးဖြင့် ပြင်ဆင် မွန်းမံချဲ့ထွင်ထားသည့် အပိုဆာဒါးများ ၊ စိတ်ကူးဥာဏ် ကွန့်မြူး မှုများ ပါကောင်းပါပေမည် ။
''ဟုတ်ပါတယ်၊ ဒါဟာ ကျွန်တော့် ရဲ့ မိဘများ နဲ့ ခေတ်ပြိုင် ဖြစ်ပျက်ခဲ့တဲ့ ဇာတ်ကြောင်းတစ်ခုပါ ဒေါက်တာ၊ ၁၉၅ဝခုနှစ် ဝန်းကျင်ကာလများ က Þ ဖြစ်ခဲ့တဲ့အ ဖြစ်အပျက်ပါပဲ၊ ဒီအထဲက သူဇာတင်တင်ဆိုတာဟာ တခြားသူမဟုတ်ပါဘူး။ ကျွန်တော့်မိခင် ပါပဲ''
''အို- ဒါဖြင့် ဆရာဟာ သခင်ကြီးဦးစိုးအုပ်ရဲ့ တူတော် ပေတာပေါ့''
''ဟုတ်ပါတယ်ဒေါက်တာ။ ၁၉၈ဝခုနှစ် မှာ တော့ ကျွန် တော် ဟာ ယာတောအိမ်ကြီးကို ရောက်ခဲ့ရပါတယ်။ ပြောခဲ့တဲ့ အ ဖြစ်အပျက်တွေ ဖြစ်ပျက်ပြီး နှစ် ပေါင်းသုံးဆယ်ကြာတဲ့အချိန် မှာ ပေါ့။ ကျွန်တော် ဟာ လူပြောသူပြောကြားဖူးခဲ့တာနဲ့ တင် ယာ တောအိမ်ကြီးကိုငယ်စဉ်ကတည်းကစိတ်ဝင်စားခဲ့ရပါတယ်။ ကျွန်တော့် ကို ယာတောအိမ်ကြီးဆီလာခဲ့ဖို့ တစ်စုံတစ်ခုက ဆွဲဆောင်နေသလိုလည်းခံစားခဲ့ရပါတယ်။ ကျောင်းသားဘဝ ကတည်းက ယာတောအိမ်ကြီးကိုသွားဖို့ အမျိုးမျိုးကြိုးစားခဲ့ပါ တယ်။ မိခင်ကြီးက စက်ဆုပ်စရာတွေ ဖြစ်ခဲ့တဲ့ ဒီအိမ်ကြီးကိုသံယောဇဉ်မထားဖို့ အမျိုးမျိုးတားမြစ်ခဲ့တဲ့အတွက် မရောက် ဖြစ် ခဲ့ရပါဘူးဒေါက်တာ''
''ဒါဖြင့် ဆရာသွားတဲ့ အချိန်မှာ ဆရာ့မိခင်ကြီး မရှိတော့ ဘူးပေါ့''
''ဟုတ်ပါတယ်။ ကျွန်တော် စာရေး ဆရာအ ဖြစ်နဲ့ နာမည် ရခါစအချိန်ပါ။ အိမ်ထောင်လည်းကျပြီးခါစပါ။ ကျွန်တော့် ဇနီးက ဆရာဝန် တစ်ယောက် ပါဆရာ။ အဲဒီ အချိန်က သင်တန်း တစ်ခုတက်ဖို့ နိုင်ငံခြားသွားရပါတယ်။ ကျွန်တော့်အတွက် အပန်း လဲဖြေ၊ စာလည်း အေးအေးဆေးဆေးရေး နိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ယာတောအိမ်ကြီးကို အဟန့်အတားမရှိ သွားနိုင်ခဲ့တယ်ဆိုပါတော့''
''ဆရာ့ရဲ့ ဖခင်ကြီးရော အဲဒီ တုန်းက ရှိသေးသလား ဆရာ''
''ဖေဖေရှိပါသေးတယ်၊ ဖေဖေမဆုံးပါးသေးပါဘူး။ ဖေ ဖေ ကတော့ မေမေ့လောက်အစွဲအလမ်းမကြီးလှပါဘူး။ ခေတ် အမြင်ခေတ်အတွေးရှိတဲ့ တက္ကသိုလ်ကပါမောက္ခ တစ်ယောက် ပါ။ ယာတောအိမ်ကြီးကို ကျွန်တော် ခရီးထွက်မယ်ဆိုတော့ ဘာမှမ ပြောရှာပါဘူး။ ခွင့်ပြုခဲ့ပါတယ်''
''သြော်- သြော်-''
''ဒီလိုနဲ့ ယာတောအိမ်ကြီးကို ရောက်ရောဆိုပါတော့ ဆရာရယ်''
''ရွာကိုတော့ ချောချောမောမော ရောက် သွားပါရဲ့ ၊ ယာ တောအိမ်ကြီး ကတော့ လူမနေတာအနှစ် သုံးဆယ်ကြာတဲ့အပြင် သရဲချောက်တယ်လို့လဲနာမည် ကြီးနေတော့ ပြုပြင်သူမဲ့ပြီး ဖြစ် ချင်တိုင်း ဖြစ်နေတော့တာပါပဲ ဆရာ။ ကျွန်တော့် မှာ ရွာသား တချို့ကိုစည်းရုံးပြီး နေလို့ထိုင်လို့ ဖြစ်အောင် တော် တော် ပြုပြင် ယူလိုက်ရတယ်။ အိမ်ကြီး ကတော့ တောင့်တောင့်တင်းတင်း ရှိပါသေးရဲ့ ၊ ဖုံတွေ ထုတက်နေတယ်။ ဖုံတွေ ကကြာတော့ ရွှံ့ ဖြစ်ပြီး ခဲတောင်နေတယ်ဆရာ၊ ခြံထဲမှာ လည်း ခြုံနွယ်ပိတ်ပေါင်းတွေ နဲ့ ပေါ့၊ ခြံရဲ့ ခေါင်းရင်းဖက်မှာ ဆောက်လက်စမြင်းဇောင်းကို တွေ့ ရတယ်။ မြင်းဇောင်းဆောက်နေစဉ်ကာလမှာ ပဲ ပြသနာတွေ ဖြစ်ပြီး မြင်းဇောင်းကို အပြီးဆက်မဆောက် ဖြစ်တာပေါ့ ဒေါက်တာ။ ဒီလိုနဲ့ ကျွန်တော် ဟာ ယာတောအိမ်ကြီးမှာ တစ်လ ကြာအောင် နေ ဖြစ်ခဲ့ပါတယ်ဒေါက်တာ''
''သရဲနဲ့ တွေ့ ရောလား''
''တွေ့ တာပေါ့ဆရာရယ်၊ တွေ့ ပုံက ဆရာ့ကိုအစပိုင်းမှာ မေးခဲ့တဲ့အတိုင်းပါပဲ။ သူ့အသံက ကျွန်တော့့်ရေဒီယိုရဲ့ အသံလှိုင်းထဲကိုဝင်လာတာဒေါက်တာ''
ရေဒီယိုနားထောင်ရန်အတွက် အိတ်ထဲကရေဒီယိုလေး ကိုထုတ်ယူလိုက်သည်။။ လက်တစ်ဝါးစာ”ဓာတ်ခဲသုံး အိတ်ဆောင် ရေဒီယိုလေး ဖြစ်ပါ၏ ။ သတင်းစာမရောက်သော တောအရပ်တွင် မြို့မှသတင်းများ ကို ကြားသိနိုင်ရန် ယူဆောင်လာခဲ့သော ရေဒီယိုလေး ဖြစ်ပါ၏ ။
ခလုတ်ကိုလည့်၍ ရေဒီယိုကို ဖွင့်လိုက်သည်။
မီတာပြောင်းခလုတ်လေးကို ဘယ်ညာရွေ့လျားရင်း အသံလွှင့်ချက်များ ကိုလိုက်ဖမ်းနေခဲ့၏ ။။ နိုင်ငံပေါင်းစုံမှ ဘာသာ ပေါင်းစုံဖြင့် ထုတ်လွှင့်သော အသံများ သည် မီတာတံလေးရွေ့လျား သည့်အလျောက် ထွက်ပေါ်လာလေ၏ ။
ခလုတ်ကို ဖြည်းညှင်းစွာ ရွှေ့ပေးနေရာ တစ်နေရာ အ ရောက်တွင် ...
မိန်းမ တစ်ယောက် ၏ ညီးညူသံလိုလို၊ ရှိုက်သံလိုလို ကြားလိုက်ရပြီး...
''သူ- သူ- ဘယ်သူလဲ။ သူဟာ သခင်ကြီးနဲ့ တူလှ ချည်လား''
ရေဒီယိုမှ ထွက်လာနေကျအသံမျိုး မဟုတ်ပါ၍ ကျွန် တော် အံ့အားသင့်သွားသည်။။ မီတာတံကိုဆက်မရွှေ့ပဲ ရပ်ထား လိုက်မိကာ ဆက်၍ နားထောင်နေမိ၏ ။
အသံလွှင့်ချက်မှာ ခေတ္တမျှ ပြတ်တောက်သွားပြန်သည်။
ဆယ်စက္ကန့်လောက်ကြာမှ သက်ပြင်းချသံလို အသံမျိုးကို ကြားလိုက်ရပြန်သည်။ တစ်ဆက်တည်း...
''ဒီဘဝကြီးမှာ ဘယ်လောက်ကြာကြာ နေရဦးမှလဲ၊ ဒီဝဋ် ကြီးကကျွတ်အောင် ဘယ်သူကများ ငါ့ကိုကယ်မှာ လဲနော်၊ အောက် ထပ်မှာ ရောက်နေတာ ဘယ်သူပါလိမ့်။ သူ- သူ- ငါ့ကို ကယ်နိုင် မလား။ သူဟာသခင်ကြီးဦးစိုးအုပ်နဲ့ တူလှချေလားနော်''
ဦးစိုးအုပ်နာမည် ကိုကြားလိုက်ရ၍ ထိုင်နေရာမှကျွန်တော် ခါးမတ်သွားသည်။
ဦးစိုးအုပ်။
အများ နှင့် မသက်ဆိုင်သော နာမည် သည် ရေဒီယိုထဲမှာ ဘယ်လိုလုပ်ပါလာပါလိမ့်။ ကျွန်တော် သည် အံ့သြလွန်းမက အံ့သြစွာ ဖြင့် ရေဒီယိုကို စိုက်ကြည့်နေမိသည်။
''သခင်ကြီး၊ သခင်ကြီးရော ဘယ်ရောက်သွားပြီလဲကွယ်၊ အောက်ထပ်က ဧည့်သည်ကလဲ သခင်ကြီးနဲ့ တူလှချည်လား''
''ဟေ့- မင်း ဘယ်သူလဲ''
ကျွန်တော့်နှုတ်မှ လွှတ်ကနဲထွက်သွားသော စကားသံ။
''အို- သခင်၊ ကျွန်မစကားသံကို သခင်ကြားရတယ်၊ ဟုတ်လား''
''မင်းဘယ်သူလဲ ။ မင်းဘယ်သူလဲ ။ မင်း ဘယ်က ပြောနေတာလဲ''
ကျွန်တော် သည် ကြက်သီးမွေးညှင်းထအောင် ကြောက် လန့်တုန်လှုပ်စွာ ဖြင့် မေးလိုက်သည်။ ရေဒီယိုထဲမှအသံရှင်နှင့် အမေးအဖြေလုပ်လို့ ရနေသည်။ ရေဒီယိုဆိုသည်မှာ တစ်ဖက် သတ်ထုတ်လွှင့်ပေးသည့် နေရာဌာနမျိုးသာ ဖြစ်သည်။ အပြန် အလှန်စကားပြောလို့ ရစရာအကြောင်းမရှိ။
''သခင်၊ သခင်ကရော ဘယ်သူလဲဟင်၊ သခင်ဟာ သခင်ကြီးဦးစိုးအုပ်ရဲ့ ကိုယ်ပွားလို့ ဆိုရလောက်အောင် သခင်ကြီးနဲ့ တူလွန်းလှပါတယ်''
''မင်းဘယ်သူလဲ၊ မင်း ဘယ်ကပြောနေတာလဲ''
''သခင့်ရဲ့ အပေါ်တည့်တည့်က အခန်းထဲမှာ ကျွန်မရှိပါ တယ်သခင်၊ ကျွန်မ ပန်းရုံပါ''
''ဘာ-''
တစ်ယောက် ယောက် သို့မဟုတ် လူတစ်စုသည် ကျွန်တော့်ကိုသက်သက်နောက်ပြောင်နေသလား။ ဒါမှမဟုတ် ချောက်လှန့်နေသလား။
ထိုသို့ ဖြစ်ဖို့လည်း အလွန်တရာခဲယဉ်းလှပါသည်။ ကျွန်တော့် မှာ ရေဒီယိုပါကြောင်းလည်း သိရမည် ။ ဒီအချိန်မှာ ကျွန်တော် ရေဒီယိုနားထောင်နေကြောင်းလည်း သိရမည် ။ ပြီးတော့ သူတို့မှာ အသံလွှင့်စက်ရှိရဦးမည် ။
အသံလွှင့်စက်ရှိ၍ ကျွန်တော့် ဆီ အသံလွှင့်ချောက်လှန့် သည်ထားပါဦး၊ ဒီဖက်က ကျွန်တော် ပြန်ပြောသည့်စကားကိုတော့ ဘယ်လိုကြားနိုင်မည် နည်း။
ကျွန်တော် က အပေါ်ထပ်သို့ ဆတ်ကနဲ မော့်ကြည့်လိုက် ၏ ။ ဘာမှ ထူးခြားမှုမတွေ့ ရပါ။
''ကျွန်မကို ကယ်ပါသခင်၊ ကျွန်မကို ကယ်တင်ပါ''
''ဘယ်- ဘယ်လိုကယ်ရမှာ လဲ''
''ကျွန်မဟာ ဒီအိမ်ကြီးထဲမှာ လှောင်ပိတ်မိနေတာ ကြာလှ ပါပြီသခင်၊ ကျွန်မရဲ့ ဝိညာဉ်ကို ကျွတ်လွတ်အောင် ကယ်မပေးပါ ရှင်''
''ဘာ- ဝိညာဉ်''
''ဟုတ်ပါတယ်သခင်။ ကျွန်မဟာဝိညာဉ်ပါ၊ ကျွန်မရဲ့ အလောင်းကို တွေ့ အောင်ရှာပေးပါ''
''ဘာ- ဘာတွေ လဲ ကျွန်တော် နားမလည်ဘူး''
''ကျွန်မသေဆုံးခဲ့တာ ကြာပါပြီ၊ ဘယ်လောက်ကြာပြီ ဆိုတာ မမှတ်မိလောက်အောင်ကို ကြာပါပြီ၊ ကျွန်မဘယ်လိုသေ ခဲ့မှန်း ကျွန်မမသိခဲ့ပါဘူးသခင်၊ ကျွန်မရဲ့ အလောင်းကို ဘယ်နေရာ မှာ မြှုပ်နှံထားမှန်းလဲမသိရပါဘူး။ ကျွန်မ မကျွတ်မလွတ်ပဲ ဝိညာဉ်ဘဝရောက်နေရပါတယ်။ ကျွန်မကိုကယ်ပါနော်''
''ဒီမယ် မပန်းရုံ၊ ဟုတ်လား၊ ကျွန်တော် ယုံလို့မရဘူး၊ မပန်းရုံ အပေါ်ထပ်မှာ ရှိတယ်ဆိုတာ တစ်ခုခုနဲ့ သက်သေပြပါ''
''သြော်.. သခင်ရယ်''
အသံတိတ်သွားသည်။ ရေဒီယိုထဲမှ လေသံတဝီဝီသာ ထွက်ပေါ်နေ၏ ။
ခဏကြာတော့မှ ...
''သခင်၊ ကြမ်းပြင်ကို ကျွန်မလက်နဲ့ ပုတ်ပြပါမယ်သခင်''
အပေါ်ထပ်ကြမ်းပြင်ဆီမှ ဗုန်း-ဗုန်း-ဗုန်း ဆိုသည့် မြည် သံ ၃ချက်ကြားလိုက်ရသည်။။ ထိုအသံနှင့် တပြိုင်ထည်း ရေဒီယိုထဲမှလည်း ကြမ်းပြင်ပုတ်သံထွက်ပေါ်လာ၏ ။
''ကြားရဲ့ လားသခင်''
''ကြားရပါတယ်''
''ယုံပြီလားသခင်''
''ဟုတ်ကဲ့''
မပန်းရုံဝိညာဉ်၏ စကားပြောသံသည် ကျွန်တော့် ရေဒီယို အသံလှိုင်းထဲသို့ လာ၍ ဝင်နေတာကို ယုံလိုက်ရပါတော့သည်။
ပရလောက၊ ဝိညာဉ်လောကကိုအယုံအကြည်မရှိခဲ့သော ကျွန်တော့်အဖို့ ရေဒီယိုမှတဆင့် ဝိညာဉ်နှင့် စကားပြောခဲ့ရပြီမို့ ဝိညာဉ်လောကရှိကြောင်းကို လက်မခံပဲနေလို့မရတော့ပေ။
''ကျွန်မကို ကယ်တင်မယ့်သူကို နေ့စဉ်နဲ့အမျှ မျှော်လင့်ခဲ့ရပါတယ်သခင်။ အကူအညီတောင်းချင်လို့ ကျွန်မက လက်ယပ်ခေါ်တိုင်း လူတွေ ကကြောက်လန့်ပြီး ထွက်ပြေးကြ တယ်။ သခင်လဲထွက်မပြေးပါနဲ့၊ ကျွန်မ သခင့်ကို ‘ဒုက္ခမပေး ပါဘူး၊ ဒုက္ခပေးနိုင်စွမ်းလည်း ကျွန်မမှာ မရှိပါဘူးသခင်''
''မပန်းရုံကို ဘယ်လိုကူညီရမှာ လဲ''
''ကျွန်မရဲ့ အလောင်းကို တွေ့ အောင်ရှာပေးပါသခင်၊ တွေ့ ရင် သရဏဂုံတင်ပေးပါ။ အဲဒီ အခါကျမှ ကျွန်မ ဝိညာဉ် ဘဝက ကျွတ်လွတ်ရမှာ ပါသခင်''
''ကျွန်တော် ကတိပေးပါတယ်''
''သခင်က ဘယ်သူလဲဟင်။ သခင်က ကျွန်မရဲ့ သခင်ကြီး ဦးစိုးအုပ်နဲ့ တူလွန်းလှတယ်''
''ကျွန်တော် ဟာ ဦးစိုးအုပ်ရဲ့ အစ်မ ဒေါ်သူဇာတင်တင်ရဲ့ သားပါ''
''အို- သူဇာသခင်မကြီးရဲ့ သားကိုး၊ ဒ‘ါ့ကြောင့် သခင်ကြီး နဲ့ တူပေတာပဲ၊ အမျိုးအရင်းကြီးပေကိုး''
''ကျွန်တော့်  အမေကိုသိလား''
''ကျွန်မတို့ရဲ့ မျိုးရိုးစဉ်ဆက်ဟာ သခင်တို့ဆီမှာ အိမ့်ကျွန်အ ဖြစ်နဲ့ နေလာခဲ့တာပါ။ သခင်မကြီးကို သိပါတယ်။ အင်မတန်မှစိတ်ထားကောင်းမွန်တဲ့ မိန်းမမြတ်ကြီးပါသခင်။ ‘ဒါနဲ့ သခင်မကြီးရော''
''ဆုံး သွားပါပြီ''
''သခင်မကြီးရဲ့ သားတောင် ဒီလိုအရွယ်ရောက်ပြီဆိုတော နှစ် ကာလတွေ ကြာခဲ့ပြီပေါ့နော်။ ကျွန်မ ကတော့ ကာလအပိုင်း အခြားတွေ ကိုတောင် မရေတွက်တတ်တော့ပါဘူးသခင်ရယ်''
မပန်းရုံအသံမှာ ရှိုက်သံပါလာသည်။
ပြောရင်း ဝမ်းနည်းစွာ ငိုရှိုက်နေသော မပန်းရုံ၏ ရှိုက်သံ သည် တဖြည်းဖြည်း တိုး၍ တိုး၍ ပျောက်သွားကာ လုံးလုံးမကြား ရပါလေတော့။
''မပန်းရုံ- မပန်းရုံ''
ကျွန်တော် က မပန်းရုံအသံကို ထပ်ကြားရလို ကြားရငြား ခေါ်ကြည့်သေးသည်။
အသံလုံးဝမကြားရတော့ပဲ အဆက်အသွယ်ပြတ်တောက် သွားလေသည်။
ကျွန်တော် သည် မပန်းရုံအသံ ရေဒီယိုထဲမှ ထွက်ပေါ်လာ နိုးဖြင့် ရေဒီယိုမပိတ်ပဲ ဒီအတိုင်းဖွင့်ထားလိုက်သည်။
ထိုညတွင် ... မပန်းရုံအသံကို ထပ်မကြားရတော့ပါ။
ထို့နောက်...
တစ်ဖက်မှမီးအိမ်ကိုကိုင်၍ အခြားတစ်ဖက်မှ လက်နှိပ် ဓာတ်မီးကိုကိုင်ရင်း အပေါ်ထပ်သို့ ကျွန်တော် တက်ခဲ့သည်။
တိတ်ဆိတ်ငြိမ်သက်သော အိမ်ကြီးထဲတွင် အလင်းရောင် ဆို၍ ကျွန်တော့် လက်ထဲမှ”ဓာတ်မီးရောင် သာရှိသော ညကြီး မင်းကြီး၌ ရင်ခုန်ထိတ်လန့်စွာ လှေကားမှတစ်လှမ်းချင်း တက်လာ ခဲ့သည်။
ယခင်က ကြောက်စိတ်မရှိခဲ့သော ကျွန်တော် သည် အိမ်ကြီးထဲဝယ် မပန်းရုံဝိညာဉ်ရှိနေတာကို အသေအချာသိလိုက် ရပြီမို့ ထိတ်လန့်တုန်လှုပ်နေမိသည်။
ကြောက်ရွံ့သော်လည်း ပြသနာကို အဆုံးအဖျားထိ ဖြေရှင်းလိုသော စိတ်ကြောင့် မပန်းရုံကို မြင်တွေ့ လိုတွေ့ ငြား အိမ် ပေါ်ထိတက်သွားမိခြင်း ဖြစ်သည်။
ကျွန်တော့် အိပ်ခန်းအပေါ်တည့်တည့်ရှိ အခန်းရှေ့ အရောက်တွင် လက်နှစ် ဖက်လုံးမှာ မအားလပ်သည့်အတွက် အခန်းတခါးကို ခြေနှင့် ကန်၍ ဖွင့်ပစ်လိုက်ရ၏ ။
အခန်းမှာ တိတ်ဆိတ်နေသည်။
ကျွန်တော် က လက်နှိပ်ဓာတ်မီးဖြင့် အခန်းအနှံ့အပြား ကို ထိုးကြည့်၏ ။ ဘာအရိပ်အယောင်မျှ မမြင်ရပါ။
ကျွန်တော် က အပေါ်ထပ်ရှိအခန်းတွေ အားလုံး စုံစေ့ အောင်လိုက်ကြည့်ခဲ့သေးသည်။ မပန်းရုံအရိပ်အယောင်မျှပင် မမြင်ခဲ့ရပါ။
မကြာခင်က ရေဒီယိုမှတစ်ဆင့် စကားပြောခဲ့ရ သည့်အ ဖြစ်ကိုပင် ဇဝေဇဝါ ဖြစ်သွားရပြန်သည်။
လသာဆောင်အထိတွက်ကြည့်သော်လည်းမတွေ့ ခဲ့ရပေ။
''မပန်းရုံ- မပန်းရုံ''
ကျွန်တော် .အော်ခေါ်သံသည် အိမ်ကြီး၏ နေရာအနှံ့မှ ပဲ့တင်ထပ်၍ ပြန်လာရာ ကြက်သီးထဖွယ်ကောင်းလှပေ၏ ။
ကျွန်တော် လက်လျှော့ပြီး အောက်ပြန်ဆင်းခဲ့ရတော့၏ ။
လှုပ်ရှားနေသော စိတ်ကြောင့် စာရေး လို့မရနိုင်တော့။
ခြင်ထောင်ကိုချ အိပ်ရာထဲဝင်နေလိုက်၏ ။
ရေဒီယိုကိုမပိတ်ပဲ ခေါင်းအုံးဘေးချထားလိုက်သည်။
ထိုညက မပန်းရုံအသံကို နောက်ထပ်မကြားရတော့ပဲ ကျွန်တော် လည်း အိပ်ပျော်သွားလေသည်။
![]() ရိုင်းတဲ့ တစ္ဆေ | ![]() မှော်ဝင် သီချင်း | ![]() စက်ကွင်း |