Cover

အခန်း (၁)

လေအဝှေ့၌ မိုးတိမ်တို့က ပျင်းရိလေးတွဲ့ စွာ အုပ်စုဖွဲ့ရွေ့လျားသွားကြ၏ ။ မှိန်ဖျော့သော်လည်း ဝင်းပသော နေရောင် အောက်၌ ဖုန်အလိမ်းလိမ်းနှင့် သစ်ရွက်တို့က ခါတိုင်းထက် ပိုမိုတောက်ပြောင်နေသလို ထင်ရ၏ ။

နှုတ်ခမ်းတွင် ခဲထားသော စီးကရက်ကို ကျွန်တော် မီးညှိလိုက်တော့ ဆည်းလည်းခတ်သံလေးတစ်ခုက ခပ်တိုးတိုး ထွက်ပေါ်၍ လာသည်။

ဒါနဲ့ဆို နှစ် လိပ်ရှိသွားပြီနော်တဲ့။

ကျွန်တော် ၏ ချစ်လှစွာ သော ထိုအမျိုးသမီးသည်

ကျွန်တော် သူ့ရှေ့၌ ဆေးလိပ်သောက်တိုင်း ဘယ်နှစ် လိပ်ရှိသွားပြီနော်ဟု ရေတွက်ပြတတ်သော်လည်း ကျွန်တော် သူ့ကို ချစ်ကြောင်း ပြောသည့်အခါများ မှာ တော့ ဒါနဲ့ပါဆို ဘယ်နှစ် ခါရှိသွားပြီနော်ဟု ရေတွက်မပြ တတ်ပါ။

ထို့အတွက် စိတ်ဆိုးသင့်ပါသလား၊ ဘယ်တုန်းကမှ ကျွန်တော် ဝေခွဲ၍ မရခဲ့။

သို့ သော် ကျွန်တော် အား ချစ်သည်ဟု အဖြေပေးမလာသေးသည့်အတွက်တော့ စိတ်မကောင်း ဖြစ် ရပါသည်။

“မင်း ကိုယ့်ကို တစ်ခုခု ပြောဖို့ကောင်းပြီ တာရာ”

စီးကရက်ကို ဖွာရှိုက်ရင်း ကျွန်တော့် စကား စတင်လိုက်တော့ တာရာဟူသော ကျွန်တော့် ၏ ကြယ်စင်မလေးက ဟက်ခနဲတစ်ချက် ရယ်မောလေသည်။

“တို့က ဘာကို ပြောရမှာ လဲ မင်းခန့်ရဲ့ ”

“အဖြေတစ်ခုခုပေါ့၊ မင်း ကိုယ့်ကို ချစ်တယ် မချစ်ဘူးဆိုတဲ့ အဖြေမျိုးပေါ့”

တာရာ ဟက်ခနဲ တစ်ချက်ရယ်ပြန်သည်။

သူ ရယ်လျှင် သွားတန်းလေးများ ဖွေးခနဲပေါ်ကာ အလွန် လှပသော်လည်း ဒီတစ်ခါတော့ ထိုလှပမှု ကို ကျွန်တော် မခံစားနိုင်ပါ။

“ကိုယ့်မေးခွန်းက ရယ်စရာ ကောင်းနေလို့လား တာရာ”

တာရာ သက်ပြင်းဖွဖွလေး ချလိုက်ပြီးမှ ကျွန်တော့် ကို မကြည့်ဘဲ ပြောသည်။

“တို့ မင်းကို သံယောဇဉ် ရှိတယ်လို့ ပြောခဲ့ပြီးပြီပဲ မြတ်မင်းခန့်ရယ်၊ ဒီလောက်ဆို မင်း ကျေနပ်ဖို့ ကောင်းပြီပဲ”

ကျေနပ်ရမယ်တဲ့လား။

သံယောဇဉ်ဆိုတဲ့စကားနဲ့ တစ်ကြိမ်ကြိမ်အထပ်ထပ် နှောင်ကြိုးတွေ ရစ်ပတ်ခဲ့တာကို ကျွန်တော် ကျေနပ်သင့်ပါသလား။

ကျွန်တော် စိတ်ပျက်လက်ပျက် သက်ပြင်းတစ်ချက်ကို မှု တ်ထုတ်ရင်း စောစောက မီးညှိထားသည့် စီးကရက်ကို ကားပြတင်း အပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။ တာရာက ဖြတ်ခနဲ ကျွန်တော့် ကို တစ်ချက် ကြည့်၏ ။

“သံယောဇဉ်ဆိုတဲ့စကားနဲ့ မင်း ဝေ့လည်ကြောင်ပတ်လုပ်ပေါင်းများ ပြီ တာရာ၊ ကိုယ်က ဒီထက်ပိုပြီး တိကျသေချာတဲ့ အဖြေမျိုးကို လိုချင်တာ၊ မင်း ကိုယ့်ကို ချစ်နိုင်မချစ်နိုင် လက်ထပ်နိုင် လက်မထပ်နိုင် တိတိကျကျ အဖြေပေးပါ”

“တောင်းဆိုချက်တွေ ကလည်း များ လှချည်လား မြတ်မင်းခန့်ရဲ့ ”

“အဲဒီ တောင်းဆိုချက်တွေ ကို မင်း လိုက်လျောမယ်မဟုတ်လား”

ကျွန်တော့်  မေးခွန်းအဆုံး တာရာ့ မျက်ဝန်းတောက်တောက် တစ်စုံမှာ ရုတ်ချည်းပင် မှိုင်းဝေသွား သည်။

“တို့ စိတ်မကောင်းပါဘူး မင်းခန့်၊ မင်းရဲ့ တောင်းဆိုချက်တွေ ကို တို့ မလိုက်လျောနိုင်ဘူးဆိုတာ မင်း သိပါတယ်၊ တို့မှာ လက်ထပ်ရမယ့်လူ ရှိတယ်၊ အဲဒီ လူ နိုင်ငံခြားက ပြန်လာရင် တို့ သူနဲ့ လက်ထပ်ရ လိမ့်မယ်”

နောက်ဆုံးတော့ ကျွန်တော် မျှော်လင့်ထားတဲ့အတိုင်းပါပဲ။

အက်ကြောင်းထပ်နေသည့် ဓာတ်ပြားဟောင်းကြီးကိုပဲ ပြန်ဖွင့်ပြတော့တာပါပဲ။

သို့ သော် ဒီတစ်ခါတော့ ကျွန်တော် လွယ်လွယ်နှင့် အလျှော့မပေးနိုင်ပါ။

“မင်းဘက်က မပြတ်သားဘူးဆိုရင်တော့ ကိုယ့်ဘက်က ပြတ်သားရတော့မယ် တာရာ၊ မင်းအတွက် ကိုယ် စိတ်မကောင်းပါဘူး”

“မင်း ဘာလုပ်မလို့လဲ မင်းခန့်”

“ကိုယ် ဘာလုပ်မယ် ထင်လဲ”

တာရာက ပခုံးတွန့်ပြ၏ ။

ကျွန်တော် ပြုံးပြုံးလေး ပြန်ပြောသည်။

“ကိုယ် တာရာ့ကို ကားတင်ပြေးရတော့်မှာ ပေါ့”

စကားဆုံးသည်နှင့် ကားစက်နှိုးကာ ကားကို အရှိန်နှင့် မောင်းထွက်လိုက်တော့ တာရာ ကျွန်တော့်  အား အထိတ်တလန့် လှမ်းကြည့်၏ ။ ၎င်း၏ အကြည့်တို့ကို မသိကျိုးကျွံပြုကာ ကျွန်တော် မခိုးမခန့် ပြုံးလိုက် သည်။

“အဲဒါ ဘာလုပ်တာလဲ မင်းခန့်၊ ကားကို အခု ရပ်လိုက်ပါ”

တာရာ့အမူအရာနှင့် လေသံတို့က ထိတ်ထိတ်ပျာပျာ နိုင်လှသော်လည်း ကျွန်တော် ကတော့ အေးဆေးစွာ ပင် ပြန်ပြောလိုက်ပါသည်။

“ကားထဲမှာ ဓာတ်ဆီအပြည့်ရှိတယ် တာရာ၊ ခုချိန်ကစပြီး မရပ်မနား မောင်းရင် ညသန်းခေါင် လောက်ထိ မောင်းလို့ရတယ်၊ အဲဒီ အချိန်ဆိုရင် ကိုယ်တို့နှစ် ယောက် ရန်ကုန်မြို့နဲ့ တော် တော် ဝေးတဲ့နေရာ ကို ရောက်နေလောက်ပြီ၊ အဲဒီ နေရာဟာ တောင်ငူ ဖြစ်ချင် ဖြစ်မယ်၊ ပျဉ်းမနား ဖြစ်ချင် ဖြစ်မယ်၊ ဘယ်နေရာ ပဲ ဖြစ် ဖြစ် ကိုယ့်အတွက် အရေး မကြီးဘူး၊ အရေး ကြီးတာက ခုချိန်ကစပြီး ကိုယ် တာရာ့ကို ကားတင်ပြေး နေပြီ ဆိုတာပဲ”

ကျွန်တော့်လေသံက အေးအေးဆေးဆေး နိုင်သလောက် ကျွန်တော့် ကား ကတော့ မြန်မြန်ဆန်ဆန် ကြီးကို ပြေးလွှားနေပါသည်။

* * * * *


ပြောမည် ဆိုလျှင် ကျွန်တော် နှင့် တာရာ၏ စတင်တွေ့ ဆုံပုံက တကယ့်ကို ရိုးရိုးကလေး ဖြစ်သည်။ ဘယ်လိုမှ စိတ်ဝင်စားစရာ မကောင်းသလို မည် သည့် အဆန်းတကြယ် ဖြစ်ရပ်မှလည်း မပါရှိပါ။ ကျွန်တော် တို့နှစ် ယောက် ၏ နိဒါန်းက . . .

သာမန် သမားရိုးကျ အချစ်ဝတ္ထုတွေ ထက်ပင် ရိုးစင်းစွာ စတင်ခဲ့ခြင်း ဖြစ်သည်။

သို့ သော် လောက၌ ထူးခြားဆန်းကြယ်သော ဖြစ်ရပ်တို့သည် တစ်ခါတစ်ရံ၌ ထိုသို့ ပင် ရိုးစင်စွာ အစပျိုးတတ်ကြောင်း အတော် နောက်ကျမှ ကျွန်တော် သိခွင့်ရခဲ့၏ ။ ထိုသို့ သိချိန်မှာ တော့ ကျွန်တော့်  ရောဂါ အခြေအနေက အတော့် ကို ဆိုးဝါးစွာ ကျွမ်းလောင်နေပြီး ဖြစ်သည်။

တနည်းအားဖြင့် ကျွန်တော် လွန်လွန်ကျူးကျူး ချစ်နေမိပြီး ဖြစ်သည်။

ထိုသို့ တာရာအား အမြတ်တနိုး ချစ်မိသွားသော ကျွန်တော် နှင့် . . .

ကျွန်တော့် အား ချစ်သည်ဟု ပြောရမှာ အလွန်ဝန်လေးသော တာရာတို့သည် စူပါမတ်ကက် (ခေါ်) ဈေးဆိုင်ကြီးတစ်ခုအတွင်း၌ ဈေးဝယ်သူနှင့် ဈေးရောင်းသူအ ဖြစ် စတင်ဆုံဆည်းခဲ့ကြခြင်း ဖြစ်သည်။

တကယ်တော့ ကျွန်တော် က စတိုးဆိုင်တို့ စူပါမတ်ကက်တို့ သွားလေ့ရှိသူ မဟုတ်ပါ။ ကျွန်တော့် သူငယ်ချင်း ဖိုးကျော် ကတော့ ထိုနေရာများ သို့ သွား၍ အရောင်းစာရေး မလေးများ အား ငမ်းရန် အလွန်ဝါသနာပါသူ ဖြစ်သည်။

ထို့ကြောင့် တစ်ရက် ဖိုးကျော်က ကျွန်တော့် အား စူပါမတ်ကက် တစ်ခုသို့ သွားရန် အဖော်ညှိလာ သော အခါ ထိုကိစ္စကြောင့် ဟုပင် ကျွန်တော် ထင်မှတ်လိုက်သည်။

“မင်းအကြံ ငါသိပါတယ် ဖိုးကျော်ရာ၊ ခြေညောင်းခံပြီး ဟိုလျှောက်ဒီလျှောက်နဲ့ အရောင်းစာရေး မလေးတွေ ကို လိုက်ငမ်းမလို့ မဟုတ်လား၊ တကယ်ဝယ်မှာ မဟုတ်ဘဲနဲ့တော့ အဖော်လိုက်မပေးနိုင်ဘူး ကိုယ့်လူ၊ မင်းဘာသာမင်း သွား”

“တကယ် ဝယ်မှာ ကွ၊ အဖော်လိုက်ခဲ့စမ်းပါ”

“အေး တကယ်ဝယ်မှာ ဆိုရင်တော့ လိုက်ပေးမယ်၊ ဒါနဲ့နေစမ်းပါဦး၊ မင်းက ဘာဝယ်မှာ လဲ”

“နို့သီးခေါင်း”

ဖိုးကျော်၏ အဖြေကြောင့် ကျွန်တော် တအံ့တသြ ဘုရားတလိုက်မိသည်။

“မြတ်စွာ ဘုရား၊ မင်း ဘာအရူးထတာလဲ”

“အရူးထတာ မဟုတ်ဘူး မြတ်မင်းခန့်၊ ငါ့အစ်မက သူ့ကလေးအတွက် နို့သီးခေါင်း ဝယ်ခိုင်းလိုက်လို့ ငါ့မှာ ဒုက္ခရောက်နေတာ”

ဖိုးကျော်က ခေါင်းကို တဗျင်းဗျင်း ကုတ်ရင်း သူ့ဒုက္ခကို ငြီးပါသည်။

“ငါက နို့သီးခေါင်းကို နို့ဗူးနဲ့ တွဲ လျက်ပဲ မြင်ဖူးတာ၊ ဒီတိုင်း မမြင်ဖူးဘူး၊ ငါ့အစ်မက ပြောတော့ နို့သီးခေါင်းပဲ သပ်သပ်ရောင်းတာ ရှိတယ်တဲ့၊ အဲဒါ ရှာဝယ်လာခဲ့ပါတဲ့၊ နို့သီးခေါင်းအတိုင်း ဗန်းထဲ ထည့်ရောင်းရင်တော့ ရှာဝယ်ရတာ လွယ်တာပေါ့၊ အခုတော့ ဗူးနဲ့ လာတာတဲ့၊ ဗူးပေါ်မှာ နို့သီးခေါင်းပုံ ရေး ထားလားလို့ မေးတော့ ငါ့အစ်မကလည်း သေသေချာချာ မဖြေနိုင်ဘူး”

“အင်း . . . မင်းဒုက္ခကလည်း မသေးပါလား”

“မသေးရုံတင် မဟုတ်ဘူး၊ တော် တော့်ကို ကြီးမားတဲ့ဒုက္ခပါကွာ၊ ဒါကြောင့် မင်းကို အဖော်လိုက် ပေးဖို့ အကူအညီတောင်းနေရတာ ပေါ့”

သည်လိုဆိုတော့လည်း ကျွန်တော့် သူငယ်ချင်း ဖိုးကျော်ခမျာ အတော် သနားစရာ ကောင်းလှပါသည်။ အားကိုးတကြီးအကူအညိ တောင်းလာသော ဖိုးကျော်ကို နှစ် သိမ့်လိုက်၏ ။

“မပူပါနဲ့ကွာ၊ ငါ အဖော်လိုက်ပေးပါ့မယ်”

“မင်းရော . . . နို့သီးခေါင်း ဝယ်ဖူးတယ် မဟုတ်လား မြတ်မင်းခန့်”

“မင်းကြီးဒေါ် . . . ငါလည်း ဘယ်ဝယ်ဖူးမှာ လဲ”

“ဒါဖြင့် ဘယ်လိုလုပ်ကြမလဲ”

“ကြည့်လုပ်ကြတာပေါ့ကွာ”

ပြောသာ ပြောလိုက်ရသော်လည်း ကျွန်တော် ကိုယ်တိုင်လည်း ဘယ်လိုလုပ်ရမှန်း မသိပါ။ ဖိုးကျော် ပြောသလို ဗူးပေါ်၌ နို့သီးခေါင်းပုံလေး ပါလျှင်တော့ အကြောင်းမဟုတ်။ အကယ်၍ ပုံမပါဘဲ စာချည်းသက် သက် ရေး ထားလျှင် ပြဿနာ။

“ဖိုးကျော် နို့သီးခေါင်းကို အင်္ဂလိပ်လို ဘယ်လိုခေါ်လဲ မင်းသိလား”

“ဟ ငါက အင်္ဂလိပ်စာ မင်းထက် ညံ့တာ၊ မင်းတောင် မသိရင် ငါက ဘယ်လိုလုပ် သိမှာ လဲ”

“အင်း နေဦး၊ နို့ဗူး ကတော့ (Feeding Bottle) လို့ခေါ်တယ် ထင်တာပဲ”

“နို့ဗူးတိုက်တဲ့ ကလေးကို (Bottle Feed Baby) လို့ သုံးတယ်၊ ဒီတော့ နို့ဗူးထိပ်က အရာကို . . .”

ကျွန်တော် စဉ်းစားရင်း ခေါင်းတွေ သာ မူးလာသည်။ အဖြေမပေါ်သည့်အဆုံး ကျွန်တော် နှင့် ဖိုးကျော် ထိုပြဿနာအား အရိုးရှင်းဆုံး နည်းလမ်းဖြင့် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။

ကျွန်တော် တို့နှစ် ယောက် ၏ နည်းက အလွန်ကို ရိုးစင်းလှပါသည်။

“ဒီမှာ ဗျာ တဆိတ်လောက်၊ နို့သီးခေါင်းလေးများ ရနိုင်မလား”

“ဘာရှင့်”

“ဘာရှင့်လား၊ ဘာလား၊ အင်္ဂလိပ်လို ဘယ်လို ခေါ်သလဲတော့ မသိဘူး၊ ဟိုလေ မြန်မာလို ကလေးတွေ စို့တဲ့ နို့သီးခေါင်းကို ပြောတာပါ၊ အဲဒါလေးများ ရှိမယ်ဆိုရင် လိုချင်လို့ပါ”

ဖိုးကျော် ဝင်မေးသော ကောင်တာက နို့သီးခေါင်းလို ကလေးပစ္စည်းနှင့် ဘယ်လိုမှ မပတ်သက်သော အမျိုးသမီး အလှကုန်ပစ္စည်း ရောင်းသည့် ကောင်တာ ဖြစ်သည်။ အမေးမတတ်တော့ ဘေး ဖြစ်တတ်သည် ဟူသော စကားမှာ အလွန်မှန်ပါသည်။ ယခုပင် ကြည့် . . .

ဖိုးကျော်၏ စကားကို အရောင်းစာရေး ကောင်မလေးက ဘယ်လို ယူဆသွားသည်မသိ၊ စားတော့ ဝါးတော့မတတ် မျက်နှာနှင့် လှမ်းကြည့်နေသဖြင့် မနေသာတော့ဘဲ ကျွန်တော် ဝင်ပါရတော့သည်။

“ဒီလိုပါဗျာ၊ တစ်မျိုးမထင်ပါနဲ့၊ ကျွန်တော့် သူငယ်ချင်းက ကလေးတွေ နို့ဗူးတိုက်တဲ့အခါ သုံးတဲ့ နို့သီးခေါင်း ဝယ်ချင်လို့ပါ၊ အဲဒါ ကောင်တာမှာ များ ရနိုင်မလားလို့ ဝင်မေးမိတာ”

အရောင်းစာရေး မလေး၏ မျက်စောင်း လှလှလေးက ကျွန်တော့် ဆီသို့ ပြောင်းရွှေ့ရောက်ရှိလာ သည်။

“မရဘူး . . . ရှင်တို့ ပြောတဲ့ဟာ ဒီလိုကောင်တာမျိုးမှာ ရောင်းမလား၊ နည်းနည်း ပါးပါးလည်း စဉ်းစားဦးမှပေါ့”

ကောင်မလေးက ကျွန်တော့် ကို စွတ်ဟောက်ပါတော့သည်။

“ဟုတ်ကဲ့၊ အများ ကြီး စဉ်းစားပြီးမှ ဝင်မေးတာပါ၊ တကယ်တော့ နို့ဗူးတို့ နို့သီးခေါင်းတို့ဆိုတာ ကလေးပစ္စည်း ဆိုပေမယ့် မိခင်တွေ နဲ့ပဲ ပိုပြီးဆိုင်တာပါ၊ မိခင်ဆိုတာ အမျိုးသမီးတွေ မို့ အမျိုးသမီးပစ္စည်း ရောင်းတဲ့ ခင်ဗျားကောင်တာမှာ ဝင်မေးတာပါ”

“အပိုတွေ ပြောမနေနဲ့၊ ရှင်တို့ ကျွန်မကို တမင်လာနောက်နေကြတာ မဟုတ်လား’’

တကယ် စွာ ကျယ်မလေးပါပဲ။

ဘာကြောင့်မှန်း မသိဘူး၊ အဲ့ဒီစွာ ကျယ်မလေးကို အဲဒီ အချိန်မှာ ပဲ ကျွန်တော် သေသေချာချာကို ချစ်မိသွားတာပါ။

“နေစမ်းပါဦး၊ ခင်ဗျားက ကျွန်တော် တို့ တမင်နောက်နေတာလို့ ဘာ ဖြစ်လို့ ထင်ရတာ လဲ”

ကောင်မလေးက ဒါမျိုးတွေ ရိုးနေပြီဆိုတဲ့မျိုးနဲ့ ကျွန်တော် တို့ကို ခပ်စူးစူး တစ်ချက်ကြည့်ရင်း နှုတ်ခမ်းကိုမဲ့လိုက်၏ ။

“ရှင်တို့ပုံက ကလေးအဖေပုံတွေ မဟုတ်ဘူး၊ တမင်လာကြောင်နေကြတာ အသိသာကြီး”

“ခင်ဗျားရဲ့ ဒုတိယအဆို မမှန်ပေမယ့် ပထမ ထင်မြင်ချက် ကတော့ သွေးထွက်အောင် မှန်ပါပေ ကွယ်၊ ခင်ဗျားထင်သလို ကျွန်တော် တို့ နှစ် ယောက် စလုံး လူပျိုတွေ ပါ၊ ကျွန်တော် ဆိုရင် ရည်းစားတောင် တစ်ခါမှ မထားဖူးတဲ့ တကယ့်လူပျိုစစ်စစ်ကလေး၊ ကျောင်းတုန်းကဆိုရင် ကျွန်တော့် ကို ကြိုက်တဲ့ ကောင်မ လေးတွေ တန်းစီနေတာပေါ့၊ ဒါပေမယ့် ကျွန်တော် ကတော့ တစ်ယောက် မှ ပြန်မကြိုက်ခဲ့ပါဘူး၊ တချို့ဆို …

ကျွန်တော့် စကား အဆုံးသတ်ခွင့် မရလိုက်။

အကြောင်း ကတော့ ကောင်မလေး မျက်နှာရိပ်မျက်နှာကဲ လှမ်းပြလိုက်တာကြောင့် လုံခြုံရေး ဝန်ထမ်း တစ်ယောက် ကျွန်တော် တို့ နားသို့ ရောက်ရှိလာခြင်းကြောင့်ပဲ ဖြစ်သည်။

“နောင်ကြီးတို့ ကြည့်ရတာ ပြဿနာတစ်ခုခု ရှိနေပုံပဲ၊ ကျွန်တော် ကူညီနိုင်တာများ ရှိရင် သိပါရစေ”

လုံခြုံရေး ဝန်ထမ်းက အတော့်ကို ယဉ်ကျေးသူ ဖြစ်၏ ။

ထိုပုဂ္ဂိုလ်အား ဤပြဿနာထဲသို့ ဆွဲခေါ်ရမှာ အားနာသော်လည်း မတတ်နိုင်ပါ။ ကျွန်တော် တို့ အကျင့်ကိုက မရစ်လျှင် အရှင်း။ ရစ်မိလျှင် ဂျပန်ဝက်အူကပင် ဆလံသရသူ ဖြစ်သည်။

“ခင်ဗျား စကားထဲမှာ ပြဿနာဆိုတဲ့ စကားလုံး ကြားလိုက်မိတယ်၊ သိပ်သေချာတာပေါ့၊ အသေ အချာကို ပြဿနာ ဖြစ်နေတာ၊ ခင်ဗျား (ကာစတမ်မာရိုက်စ်) တို့ (ကွန်ဆူးမားရိုက်စ်) တို့ ကြားဖူးမှာ ပေါ့”

ကျွန်တော့် စကားအား လုံခြုံရေး ဝန်ထမ်းက ခပ်ကြောင်ကြောင် ပုံစံဖြင့် ခေါင်းညိတ်တုံ့ပြန်သည်။

“ဘောဂဗေဒမှာ ဝယ်သူဘက်က အမြဲမှန်သည်ဆိုတဲ့ စကားရှိတယ်”

“ဟုတ်ကဲ့”

“ခု ပြဿနာ ကတော့ ကျွန်တော် တို့ ဝယ်ချင်တဲ့ပစ္စည်းကိုရောင်းနိုင် မရောင်းနိုင် ပြန်မပြောဘဲ ကျွန်တော် တို့ နှစ် ယောက် ကို လာနောက်နေသူတွေ ဆိုပြီး အစွပ်စွဲခံနေရတဲ့ ပြဿနာပဲ”

ကျွန်တော့်စကားအဆုံး ကောင်မလေးက မျက်နှာလှလှလေးကို ရှုံမဲ့ပြရင်း နှုတ်ခမ်းကို သွားနှင့် ဖိ ကိုက်လိုက်သည်။

မတော် တဆ ပေါက်ပြုသွားမှဖြင့် မဆီမဆိုင် သူ့နှုတ်ခမ်းလေးအတွက် ကျွန်တော် စိုးရိပ်လိုက်မိပါ သေးသည်။ ထိုအချိန်မှာ ပင် လုံခြုံရေး ဝန်ထမ်းက ကျွန်တော် တို့အား မေးသည်။

“နောင်ကြီးတို့ ဝယ်ချင်တဲ့ပစ္စည်း သိပါရစေ”

ကျွန်တော့် ကိုယ်စား ဖိုးကျော်က ဝင်ဖြေပါသည်။

“ကျွန်တော် တို့ ဝယ်ချင်တာ မူးယစ်ဆေးဝါး”

“ဗျာ”

“အဲဒီ မူးယစ်ဆေးဝါးလို့ ဥပဒေနဲ့ မလွတ်ကင်းနဲ့ ပစ္စည်းမဟုတ်ဘူး၊ ကျွန်တော် တို့ ဝယ်ချင်တာ နို့သီးခေါင်း”

နောက်ဆုံးတော့ ကျွန်တော် တို့နှစ် ယောက် မန်နေဂျာ၏ ရုံးခန်းသို့ ခန့်ခန့်ကြီး ရောက်ရှိသွားသော် လည်း ကျွန်တော် တို့အလိုရှိသော နို့်သီးခေါင်းနှစ် ခုကိုတော့ အောင်မြင်စွာ ဝယ်ယူရရှိခဲ့ပါသည်။

ဖောက်သည်ပျက်ယွင်းမှာ စိုးရိမ်ဟူတူသော မန်နေဂျာက နောက်လည်း လာအားပေးရန်အတွက် မှာ ကြားရင်း လုံခြုံရေး ဝန်ထမ်းအား ကျွန်တော် တို့နှစ် ယောက် ကို အပေါက်ဝအထိ လိုက်ပို့စေသည်။

ကောင်မလေး၏ ကောင်တာရှေ့မှ ဖြတ်လျှောက်တော့ ကျွန်တော် တို့အား မျက်နှာလွှဲထားသော ကောင်မလေးကြားအောင် ဖိုးကျော်က တမင် လေသံကျယ်ကျယ်ဖြင့် ပြောပါသည်။

“မြတ်မင်းခန့် နှုတ်ဆက်လိုက်ဦးလေကွာ၊ လူမှု ရေး ဆိုတာ ကရှိသေးတယ်ကွ၊ မင်းကလည်း ယဉ်ကျေးမှု ရှိမှပေါ့”

“ကျေးဇူးပဲ ဖိုးကျော်ရေ၊ ငါ မေ့တော့မလို့၊ မင်း သတိပေးပေလို့”

ကျွန်တော် ကလည်း ရောင်းသူဝယ်သူ အသံတူအောင် ခပ်ကျယ်ကျယ်ပြန်အော်ရင်း လွှဲထားသော ကောင်မလေး၏ မျက်နှာရှေ့သို့ တမင်သွားရပ်လိုက်ပြီး . . .

“ကျွန်တော် တို့ ပြန်လိုက်ပါဦးမယ်”

ကောင်မလေးကလည်း ယဉ်ယဉ်ကျေးကျေးပင် ပြန်နှုတ်ဆက်ပါသည်။

“ခပ်မြန်မြန်သာ ကြွပေတော့” တဲ့။

ကျွန်တော် အသာလှည့်ထွက်ခဲ့ပြီးမှ ဖြတ်ခနဲ သူဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“နောက်မှ ဆုံကြတာပေါ့ တာရာ”

တာရာဟူသော သူ့အမည် ကို ခေါ်လိုက်သဖြင့် တအံ့အသြ ဖြစ်ဟန်နှင့် ကျွန်တော် အား ဖြတ်ခနဲ လှမ်းကြည့်ချိန်၌ ကျွန်တော် သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပြီး ခပ်တည်တည်ဆက်ထွက်လာခဲ့သည်။

တကယ်တော့ မန်နေဂျာရုံးခန်းထဲ၌ လုံခြုံရေး ဝန်ထမ်း၏ ခပ်တိုးတိုး ပြောဆိုတိုင်ကြားမှု မှတဆင့် တာရာဟူသော အမည် အား အလွန်နားပါးသည့် ကျွန်တော် က ကြားသိခဲ့ခြင်း ဖြစ်သည်။

ဘယ်လောက် လှလိုက်တဲ့ နာမည် လဲ။

တာရာ . . . တဲ့။

လမ်းပေါ်ရောက်တော့ ဖိုးကျော်က ကျွန်တော့် ပခုံးကို ပုတ်ရင်း ချီးကျူးစကား ဆိုသည်။

“မင်း တော် တော် လျင်တဲ့ အကောင်ပဲ၊ မန်နေဂျာနဲ့ လုံခြုံရေး ဝန်ထမ်းနဲ့ ဒီလောက် တိုးတိုးလေး ပြောနေတာတောင် တာရာဆိုတဲ့ နာမည် ကို ကြား ဖြစ်အောင် ကြားလိုက်သေးတယ်”

“လျင်တာ မဟုတ်ပါဘူး၊ နားပါးလို့ပါ”

“ဘာပဲ ဖြစ် ဖြစ် ဟောဒီ ဂန္တာဝင် နို့သီးခေါင်းနှစ် ခုကိုတော့ င့ါအစ်မကို မပေးတော့ဘူး၊ ငါပဲ သိမ်းထား လိုက်တော့မယ်”

“ဘာလုပ်မလို့လဲ” ဟု ကျွန်တော် မေးတော့ ဖိုးကျော်က စပ်ဖြဲဖြဲ မျက်နှာဖြင့် . . .

“မင်းနဲ့တာရာနဲ့ မင်္ဂလာဆောင်ရင် လက်ဖွဲ့မလို့”

ဖိုးကျော်၏ စကားကြောင့် ကျွန်တော့် မျက်မှော င်ကျုံ့လိုက်ပြီး ခပ်ဆတ်ဆတ် ပြောလိုက်သည်။

“ဟေ့ကောင် ဖိုးကျော်”

“ဘာလဲ”

“နောက်ကို အဲဒီ လို မင်္ဂလာရှိတဲ့ စကားတွေ ခဏခဏပြောစမ်းကွာ”

ဖိုးကျော် ကြောင်သွားပြီးမှာ ကျွန်တော့်အား ခွေးကောင်ဟု ခပ်တိုးတိုး လှမ်းဆဲလေသည်။

* * * * *


အခန်း (၂)

နောက်မှ ဆုံကြတာပေါ့ တာရာဟု ပြောခဲ့သည့်အတိုင်း နောက်နှစ် ရက်အကြာ၌ တာရာရှေ့သို့ ကျွန်တော် အမှန်တကယ် ရောက်ရှိ သွားပါသည်။

ကျွန်တော့် ကို တွေ့ သည်နှင့် အဖော်မိန်းကလေးတစ်ဦးနှင့် ရယ်ရယ်မောမော စကားပြောနေသော တာရာ့မျက်နှာက ချက်ချင်း ပင် လငပုတ်ဖမ်းကာ စူပုတ်သွားတော့သည်။ ကျွန်တော် ကလဲ ရယ်ရယ် မောမော ကြိုဆိုလိမ့်မည် ဟု မျှော်လင့်မထားသဖြင့် . . .

သူ့မျက်နှာ အမှု အရာနှင့် ပတ်သက်၍ မည် သို့မျှ ခံစားမနေဘဲ ရှေ့တည့်တည့်၌ ခပ်တည်တည် သွားရပ်လိုက်သည်။

“နို့်ဗူးတို့ နို့်သီးခေါင်းတို့ ဝယ်ဖို့ဆိုရင်တော့ ရှင် ကောင်တာ မှားနေပြီး”

“မမှားပါဘူး၊ ကိုယ် လက်သည်းဆိုးဆေး၊ ဝယ်ချင်လို့ပါ”

ကျွန်တော် တို့နှစ် ယောက် အချီအချ ပြောနေစဉ်မှာ ပင် အဖော်မိန်းကလေး ဖြစ်သူ တာရာ့အား လှမ်းမေးသည်။

“တာရာ ရှင်ပြောတဲ့ တစ်ယောက် က ဒီပုဂ္ဂိုလ်လား”

“ဟုတ်တယ်”

သူတို့ချင်းသာ အဓိပ္ပါယ်နှင့် ဘာတွေ ပြောထားမှန်း မသိသော်လည်း ကျွန်တော် ခံရတော့မည် ဆိုတာ ကိုတော့ အလိုလိုရိပ်မိလိုက်သည်။ သိုင်းဝတ္ထုတွေ ထဲက စကားကို ငှားသုံးရလျှင်တော့ အန္တရာယ် အရိပ် အငွေ့ကို ရရှိခံစားလိုက်ရသည်ဟု ဆိုရပါလိမ့်မည် ။

ထင်သည့်အတိုင်းပါပဲ။

အဖော်မိန်းကလေးက စတင်တိုက်ခိုက်ပါတော့သည်။

“တာရာ ရှင်ပြောတော့ ကလေးအဖေသာ ဆိုတယ်၊ ငယ်ငယ်ရှိသေးတာပဲ”

“တို့လည်း သေချာမသိပါဘူး မျိုးရယ်၊ ရှင့်ဘာသာရှင်မေးကြည့်ပါလား”

တာရာ ခင်းပေးလိုက်သည့် လမ်းကြောင်းအတိုင်း မျိုးတူသည့် အဖော်မိန်းကလေးက ပွင့်ပွင့် လင်းလင်း ဆက်လက်တိုက်ခိုက်သည်။

“စပ်စုတယ်လို့ မထင်နဲ့နော်၊ ရုပ်ရည်ကလေး သနားကမားနဲ့မို့ သိချင်လို့ မေးကြည့်တာ၊ ရှင်က ကလေးအဖေဆို၊ ရှင့်ကလေးကော ခေါ်မလာဘူးလား”

ဒီလောက် ရိုးစင်းသော တိုက်ကွက်ကို ငုံ့ခံနေလျှင် ကျွန်တော် ညံ့ရာကျ သွားပါလိမ့်မည် ။

ထို့ကြောင့် မျိုးဟူသည့် ညိုညက်ညက် မိန်းကလေးကို ခပ်တည်တည် ပြန်ကြည့်ရင်း ပြောလိုက် သည်။

“ဆောရီးဗျာ၊ ကျွန်တော့် မှာ ကလေးတွေ က များ တော့ ခင်ဗျား ဘယ် တစ်ယောက် ကို ပြောမှန်းမသိ ဘူး”

“ရှင် နို့်ဗူးတိုက်နေရတယ်ဆိုတဲ့ တစ်ယောက် လေ”

“သြော်. . . အငယ်ဆုံးလေးကို ပြောတာလား၊ အခုပဲ ကျောင်းဝင်ပို့ခဲ့တယ်”

“ဟုတ်လား . . . ဘယ်ကျောင်းမှာ ထားလဲ”

“ရန်ကုန် ဝိဇ္ဇာသိပံ္ပ တက်နေတယ်”

ဘယ်ရမလဲ၊ ကျွန်တော် လည်း ခေသူမှ မဟုတ်တာ။

တာရာက မျက်နှာကို တစ်ဖက်လှည့်ကာ ပြုံးလိုက်ပြီးမျိုး ကတော့ အသံထွက်ကာ ခစ်ခနဲ၊ တစ်ချက် ရယ်လိုက်သည်။

“ခု ဘာလာဝယ်တာလဲ၊ နို့သီးခေါင်းပဲလား”

“မဟုတ်ဘူး . . . လက်သည်းဆိုးဆေး လိုချင်လို့”

“ရှင် ဆိုးဖို့လား၊ ရှင့်မိန်းမ ဆိုးဖို့လား”

“နောက်ထားမယ့် ရည်းစားအသစ်အတွက်ပါ”

ခုချိန်ထိတော့ သူတို့ ကျွန်တော့် ကို အနိုင်မရသေးပါဘူး၊

တစ်ဖက်နှင့်တစ်ဖက် အမှတ်တူနေသော်လည်း အချိန်ကြာလာပါက နှစ် ယောက် တစ်ယောက် ဖြစ်နေကြသဖြင့် ကျွန်တော့် ဘက်က အရေး နိမ့်လာနိုင်ကြောင်း တွေးလိုက်မိပြီး စိတ်ကူးတည့်ရာ လက်သည်းဆိုးဆေး တစ်ပုလင်းကို လက်ညှိုးထိုးပြကာ ဝယ်ယူလိုက်ပါသည်။

“ဒီဆိုင်က ဝယ်ပြီးပစ္စည်း ပြန်လဲမပေးဘူးနော်၊ နောက်မှ အကြောင်းရှာပြီး လာလဲဖို့ မကြိုးစားနဲ့”

ကျွန်တော် ပစ္စည်းပြန်လဲချင်လို့ပါ ဆိုသည့် အကွက်မျိုးထွင်မှာ စိုးသဖြင့် တာရာက ခပ်ပြတ်ပြတ် ပြောသည်။

“စိတ်မပူပါနဲ့၊ တို့ ဒီလောက် ကလေးဆန်တဲ့နည်းတွေ သုံးဖို့ အစီအစဉ် မရှိပါဘူး၊ ဒါနဲ့ စကားမစပ် မင်း လက်သည်းတွေ ဘာတွေ တော့ ကိုယ်တိုင်ဆိုးတတ်တယ် မဟုတ်လား တာရာ”

“သိပ်ဆိုးတတ်တာပေါ့၊ ဒါပေမယ့် ခု ရှင်ဝယ်တဲ့ ခပ်ညံ့ညံ့အမျိုးအစားဆိုရင်တော့ လက်သည်း မပြောနဲ့၊ ခြေသည်းတောင် ကိုယ်တိုင် မဆိုးဘူး”

ကျွန်တော် စိတ်ကူးယဉ် ရူးသွပ်နေမှု အား ကြိုသိနေသည့်အတွက် စိတ်ထဲမှ ကြိတ်ကာ အမှတ် ပေးလိုက် မိသော်လည်း သူ့စကားကိုတော့ ချက်ချင်း ပင် တုံ့ပြန်လိုက်ပါသည်။

“ကိုယ်ဝယ်တဲ့ အမျိုးအစားနဲ့ ပတ်သက်ပြီး မင်း ဘာမှ စိတ်ပူမနေနဲ့ တာရာ၊ ဒီလက်သည်း ဆိုးဆေးက မင်းကို လက်ဆောင်ပေးဖို့ မဟုတ်ဘူး၊ အိမ်မှာ မွေးထားတဲ့ ခွေးမလေးကို အပျင်းပြေ ခြေသည်း လက်သည်း ဆိုးပေးမလို့”

ကဲ နောက်ဆုံးတော့ သရေပဲ မဟုတ်လား။

ကျွန်တော် လှည့်ထွက်လာတော့ ‘လဲသေလိုက်ပါလား’ဟူသော တာရာ့အသံစွာ စွာ လေးက ကျွန်တော့် နောက်မှ ထပ်ကြပ်မခွာ လိုက်ပါလာသည်။

လောလောဆယ်တော့ ကိုယ် မသေချင်သေးဘူး တာရာ။

မင်းကို ချစ်ဖို့အတွက် အသက်ရှင်နေချင်သေးသည်။

ကျွန်တော့်  အသည်းနှလုံးမှတဆင့် တာရာ့အသည်းနှလုံးကို တိုးတိုးလေး လှမ်းပြောလိုက်မိသည်။ (သူကြားနိုင်ကောင်းပါရဲ့ )

* * * * *


“မင်းဘာသွားလုပ်တာလဲ”

ကျွန်တော် တာရာ့ဆီ ရောက်ခဲ့ကြောင်း ပြောပြလိုက်တော့ ဖိုးကျော်က တအံ့တသြ ပြန်မေးသည်။

“ဘာရယ် မဟုတ်ပါဘူး၊ သူ့မျက်နှာလေး မြင်ချင်တာနဲ့ အကြောင်းမရှိ အကြောင်းရှာပြီး လက်သည်းဆိုးဆေး တစ်ပုလင်းသွားဝယ်တာပါ၊ နောက်တစ်ချိန် သူ့ကို ပေးချင်ပေးလို့ရအောင်”

“ကြောင်ပါ့ကွာ”

သို့ သော် ကျွန်တော် တကယ် မကြောင်မှန်း ဖိုးကျော်ကောင်းစွာ သိပါသည်။

“မင်း တာရာ့ကို ကြိုက်နေပြီလား မြတ်မင်းခန့်”

“ကြိုက်နေတာတော့ မ ဖြစ်နိုင်ပါဘူး”

“ဒ့ါဖြင့် ဘာ ဖြစ်နေတာလဲ”

“ငါ့စိတ်ထင်တော့ ချစ်နေပြီ ထင်တာပဲ”

“လုပ်လိုက်ဟ”

ဖိုးကျော်က သူ့နဖူး သူရိုက်ပြီး တအားထအော်သဖြင့် လက်ဖက်ရည်ဆိုင် စားပွဲထိုးလေးက ဖိုးကျော် နားသို့ အပြေးအလွှား ရောက်လာပြီး အူကြောင်ကြောင် အမူအရာနှင့် မေးသည်။

“ဘာလုပ်ရမှာ လဲ အစ်ကို၊ အကြော်နဲ့ နှစ် ပွဲလား”

“အကြော်နဲ့ နှစ် ပွဲ မဟုတ်ဘူး၊ တာရာနဲ့ ကွန်ပေါင်း”

“ဟာ အဲဒါတော့ ကျွန်တော် တို့ဆိုင်မှာ ရမယ်မထင်ဘူး”

“မရရင်လည်း သွားတော့ကွာ၊ နောက်မှ စားတော့မယ်”

“ဟုတ်ကဲ့”

စားပွဲထိုးလေး ပြန်ထွက်သွားတော့မှ ဖိုးကျော်ရော ကျွန်တော် ပါ ဟက်ဟက်ပက်ပက် ရယ်မော လိုက်မိသည်။ အားရအောင် ရယ်ပြီးမှ ဖိုးကျော်က မျက်နှာပိုးသတ်ကာ ကျွန်တော့်အား အကောင်းဆုံး အကြံတစ်ခု ပေးပါသည်။

ကြိုက်နေရင် မငိုက်နဲ့၊ မြန်မြန်သာ ထလိုက်တဲ့။

ဖိုးကျော်၏ အကြံဉာဏ်က ဘီယာတစ်ဝိုင်းစာ တန်သဖြင့် ၎င်းအား ဘီယာတိုက်ရန် ကျွန်တော် ကတိပေးလိုက် ရသည်။ ကျွန်တော့် ထံမှ ကတိစကား ရသည်နှင့် ဖိုးကျော်က ချက်ချင်း ပင် ဘီယာဆိုင် သွားမည် လုပ်နေသဖြင့် နောက်တစ်နေ့မှ သွားရန် မနည်းဖျောင်းဖျရသည်။

“မနက်ဖြန် ကိုဇော်ကြီး အလုပ်ကိစ္စအတွက် နယ်သွားတာ ပြန်ရောက်မယ်၊ ငါက သူပါ ပါစေချင် လို့ပါ”

ကိုဇော်ကြီးနှင့် ကိုင်ပေါက်တော့မှ ဖိုးကျော် ငြိမ်သွား၏ ။

တကယ်တော့ ကိုဇော်ကြီးက ကျွန်တော် တို့၏ သူငယ်ချင်းဆိုလည်း ဟုတ်သလို အစ်ကို ဆိုလျှင် လည်းမမှား။ နိုင်ငံခြား၌ နှစ် ပေါင်းများ စွာ အလုပ်မျိုးစုံ လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ရန်ကုန်ပြန်ရောက်သည့် တစ်နှစ် ကျော် ကာလအတွင်း၌ လည်း နိုင်ငံခြားကုမ္ပဏီတစ်ခု ဒေသခံ အကြံပေးရာထူးဖြင့် ဒေါ်လာရရှိနေသူ ဖြစ်သည်။

ဖိုးကျော် အစ်ကိုနှင့် ကိုဇော်ကြီး သင်္ဘောတစ်စီးထဲ လုပ်ကိုင်ခဲ့ဖူးသဖြင့် ၎င်းမှတစ်ဆင့် ကျွန်တော် တို့နှင့် သိကျွမ်းခဲ့ရခြင်း ဖြစ်သည်။ ဖိုးကျော်အစ်ကိုက ယခုတိုင် သင်္ဘောလိုက်နေခဲ့ခြင်း ဖြစ်သော်လည်း ကိုဇော်ကြီး ကတော့ မြန်မာပြည်မှာ ပဲ အခြေချမယ်ဟု ကြွေးကြော်ကာ ပြန်ရောက်လာခဲ့သည်မှာ တစ်နှစ် ခွဲ ခန့် ရှိပြီ။

ကျွန်တော် တို့ထက် အသက်အားဖြင့်ကော ငွေကြေးဂုဏ်ရှိန်အားဖြင့်ပါ ကြီးမားသည့်တိုင် ဖိုးကျော် ကိုရော ကျွန်တော့်ကိုပါ သူငယ်ချင်းပေါင်း ပေါင်းတက်သည်။

ကျွန်တော် တို့ကိုလည်း နိုင်ငံခြား မထွက်ရန် မကြာခဏ ဆုံးမလေ့ရှိသည်။

“ ဖြစ်နိုင်ရင် ကိုယ့်တိုင်းပြည်ထဲမှာ ပဲ ကြီးပွားအောင် လုပ်စမ်းပါကွာ” ဟု ကိုဇော်ကြီး ကျွန်တော် တို့ ကို တိုက်တွန်းခဲ့သော်လည်း တကယ်တော့ ဖိုးကျော်ရော ကျွန်တော် ပါ ကိုဇော်ကြီး မသိအောင် နိုင်ငံခြား ထွက်ရန် စီမံထားကြပြီ ဖြစ်သည်။

ဖိုးကျော်က ဝါသနာကြောင့် ဖြစ်ပြီး ကျွန်တော် က အိမ်၏ စီးပွားရေး အခြေအနေကြောင့် ဖြစ်သည်။ ကျွန်တော့် အိမ်၏ ဘဏ္ဍာရေး အခြေအနေအရ ကျွန်တော် နိုင်ငံခြားမထွက်၍ မ ဖြစ်တော့။

ဒယ်ဒီက ပင်စင်ယူပြီးသည်နှင့် အချိန်ကိုက် ဆိုသလို ကိုယ်တစ်ခြမ်းလေဖြတ်သွား၏ ။ မာမီ ကတော့ စိန်ရွှေ အရောင်းအဝယ် လုပ်နေရာမှ မြေကွက်တွေ ခေတ်ကောင်းသဖြင့် မြေအရောင်းအဝယ် လောကထဲ ခုန်ဆင်းရင်း ယခုတော့ မြေကွက်တွေ ဈေးကျသဖြင့် မရှူနိုင် မကယ်နိုင် ဖြစ်နေလေတော့သည်။

အစ်ကိုနှင့်အစ်မ၏ ငွေက မတိုးလှသော်လည်း တင်ရှိသော ငွေကြေးတွေ အတွက် အတိုးမှန်မှန် ပေးဆပ်နေရသော အခါ ကျောင်းပြီးကာစ ဘွဲ့ရအသစ်ချပ်ချွတ်ကလေးမျှသာ ဖြစ်သော ကျွန်တော့်  အခြေ အနေက အလုပ်တစ်ခုခု ရသည်အထိ သည်တိုင်းထိုင်နေ၍ မ ဖြစ်တော့ပါ။

ဖြတ်လမ်းနည်းတွေ ကိုပင် ကျင့်သုံးရတော့မည် ဖြစ်သည်။

ဘဝအကြောင်းတွေးလိုက်သည်နှင့် အမောတွေ က လှိုက်ခနဲ ပါလာကြ၏ ။

ကံကောင်းထောက်မစွာ ထိုအမောတွေ ကြားထဲမှာ မော့ကြည့်စရာ ကြယ်တာရာလေးတစ်ခု ရှိသဖြင့် ကျွန်တော် အနည်းငယ် အမောပြေသွားသည်။

မြန်မြန်နီးချင်ပါရဲ့ ။ ကိုယ်ရဲ့ ကြယ်တာရာလေးရယ်။

* * * * *


“နေစမ်းပါဦးကွ၊ ခုပွဲက ဘယ်သူ့ပွဲလဲ၊ ဘာအတွက် တိုက်တာလဲ”

ကိုဇော်ကြီးက ထုံးစံအတိုင်း ကွမ်းယာကို ပါးစောင်မှာ ငုံထားရင်း အာလုပ်သံဖြင့် လှမ်းမေးသည်။ စည်ဘီယာဂျားကို ကိုင်၍ ခွက်များ ထဲသို့ အမြှုပ်အထအောင် လိုက်ငှဲ့နေသော ဖိုးကျော်က ကျွန်တော့် ကိုယ် စား ဝင်ဖြေသည်။

“ပွဲပေးသူ ကတော့ မြတ်မင်းခန့်ပဲ ကိုဇော်ကြီး၊ ကွင်းဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ပေးတာ”

“ဘာလဲကွ . . . ကွင်းဖွင့်ပွဲဆိုတာ”

“ဒီလို ကိုဇော်ကြီးရဲ့ ၊ ဒီကောင် ကောင်မလေး တစ်ယောက် ကို လိုက်တော့မလို့၊၊ အဲဒီ အတွက် ကျွန်တော် တို့ကို ပူဇော်ပသတဲ့ အနေနဲ့ ဘီယာတိုက်တာ”

“ဟေ တကယ်လား မင်းခန့်”

“ဟုတ်တယ် ကိုဇော်ကြီး၊ ကွင်းပိတ်ပွဲကျရင် ဝီစကီတိုက်မယ်”

ကျွန်တော် ခပ်ကြွားကြွား ပြောလိုက်တော့ ကိုဇော်ကြီးက မျက်ခုံးထူထူနှစ် ဖက်ကို ပင့်ရင်း “ဟ တယ်သေချာနေပါလား” ဟု ရေရွတ်၏ ။

“သေချာမှု ဆိုတာ ယုံကြည်မှု နဲ့ ဆိုင်တယ် ကိုဇော်ကြီးရ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိသူတိုင်းမှာ သေချာမှု ရှိတယ်”

“အိုကေ ကြိုက်သွားပြီ မြတ်မင်းခန့်၊ ဒီပုံတိုင်းဆိုရင် ဒီပွဲမှာ မင်းအောင်မြင်မှာ သေချာတယ်၊ ငါ ဗေဒင်ဟောလိုက်မယ်ကွာ၊ သိပ်မကြာခင် မင်း ငါတို့ကို ဝီစကီ တိုက်ရတော့မယ်”

ဘယ်လောက် ချစ်ဖို့ကောင်းလိုက်တဲ့ ကိုဇော်ကြီးလဲ။

ဒီပုဂ္ဂိုလ် ဗေဒင်တွက်တတ်မှန်း ခုမှပဲ ကျွန်တော် သိရတော့တယ်။

“စိတ်ချ ကိုဇော်ကြီး၊ မနက်ဖြန်ကစပြီး ဝီစကီတိုက်ဖို့ အတွက် ကျွန်တော် ငွေစုတော့မယ်”

“မြတ်မင်းခန့်ကို ဒီလောက် ဖမ်းစားနိုင်ပုံ ထောက်ရင် ကောင်မလေးက အနိပ်စားလေး ဖြစ်ရမယ်”

“ကိုဇော်ကြီးတို့ ကတော့ တော် ပြီးရင်းတော် ရင်းပဲ၊ ခုချိန်ထိ ကိုဇော်ကြီး ထင်တာတွေ တစ်ခုမှ မလွဲ သေးဘူး”

“ဖိုးကျော်က “လိုက်လာမိတာ မှားပါတယ်” ဟု ဝင်လှောင်ရင်း ကိုဇော်ကြီးအား . . .

“သောက်ကောင်းအောင် မြှော က်တာလည်း မြှော က်တာပေါ့၊ ဒါပင်မယ့် ဒီကောင် စိတ်ဖောက်ပြန်ပြီး ထွက်ပြေးသွားမှ ကျွန်တော် တို့ ဘီယာဖိုး ရှင်းမယ့်တကာ မရှိဘဲ ဒုက္ခရောက်နေဦးမယ် ကိုဇော်ကြီး”

“ငနာ . . . ဒါကြောင့်မင်းကို စေတနာ မရှိတာ”

“သူတော် ကောင်းကို မစော်ကားနဲ့ မောင်မြတ်မင်းခန့်၊ ငါ့ကြောင့် မင်းနဲ့တာရာနဲ့ ဆုံ ဖြစ်ကြတာ၊ ငါ့ရဲ့ ကျေးဇူးတွေ မမေ့နဲ့”

“လုပ်စမ်းပါဦး၊ ဘယ်လို ဆုံ ဖြစ်ကြတာလဲ”

တစ်ယောက် ကို တစ်ယောက် မာန်ဖီနေကြသည့် ကျွန်တော် တို့ နှစ် ကောင်ကို ပြုံးကြည့်ရင်း ကိုဇော်ကြီးက စိတ်ဝင်တစား မေးသည်။

“ဆုံ ဖြစ်ကြတဲံ အကြောင်း ကတော့ နို့်သီးခေါင်းကြောင့်ပဲ ကိုဇော်ကြီး”

“ဘာကွ . . . နို့်သီးခေါင်းကြောင့် ဟုတ်လား”

ဖြစ်ပုံက ဒီလို ကိုဇော်ကြီးရေဟု အစချီကာ ဖိုးကျော်က ကျွန်တော် နှင့် တာရာ စတင်ဆုံဆည်း ဖြစ် ပုံကို ပြောပြသော အခါ ကိုဇော်ကြီးက ဟက်ဟက်ပက်ပက် ရယ်မောလာသည်။

“ဒါဖြင့် ကောင်မလေးနဲ့ ဘုကောက်ကျခဲ့တာပေါ့၊ မသိပါဘူး၊ ငါက မကြာခင် ဝီစကီ သောက်ရတော့ မယ်ဆိုတော့ ကောင်မလေးနဲ့ အီစီကလီတွေ ဘာတွေ များ ဖြစ်ခဲ့သေးသလားလို့”

“ဒီနေရာမှာ တော့ ကိုဇော်ကြီး ညံ့သွားပြီ၊ ခုခေတ်က တွေ့ တွေ့ ချင်း အီစီကလီ လုပ်တဲ့ခေတ် မဟုတ်တော့ဘူး ကိုဇော်ကြီး၊ တွေ့ တွေ့ ချင်း ဘုကောက်ကျတဲ့ခေတ်”

“မင်းစကားက အဆန်းပါလား ဖိုးကျော်ရ”

“ခုခေတ် ဗီဒီယိုတွေ ကို ကိုဇော်ကြီး ကြည့်လေ၊ မင်းသားနဲ့ မင်းသမီး စတွေ့ တာနဲ့ တစ်ယောက် နဲ့ တစ်ယောက် စကားများ ရန် ဖြစ်၊ တစ်ယောက် ပါးကို တစ်ယောက် ရိုက်၊ ဒါပေမယ့် ဇာတ်လည်း သိမ်းရော ညားသွားကြာတာချည်းပဲ၊ ဒါကြောင့် တွေ့ တွေ့ ချင်း တစ်ယောက် နဲ့ တစ်ယောက် ဘုကောက်ကျပြီဆိုရင် နောက်ပိုင်း အဆင်ပြေပြီသာမှတ်”

ဒီလိုဆိုပြန်တော့လည်း ဖိုးကျောကို ဘီယာတိုက်ရတာ ဟန်သွားပြန်ရော။

ခေတ်အမြင်အတွေး ပြည့်ဝလှသော ဖိုးကျော်စကားကြောင့် နောက်ပိုင်း ဗီဒီယိုကြည့်လျှင် မြန်မာ ခွေတွေ ပဲ ငှားကြည့်ရန် ကျွန်တော် ဆုံးဖြတ်လိုက်သည်။

“ဖိုးကျော် ပြောတဲ့အတိုင်းဆိုရင် ငါတောင် ကောင်မလေးတွေ နဲ့ တွေ့ တဲ့အခါ တမင်ဘုကောက်ကျ အောင် ပြဿနာရှာရမလို ဖြစ်နေပြီ”

“ဘာလဲ၊ ကိုဇော်ကြီးက ကျွန်တော် ရည်းစားထားတော့မယ် ဆိုတာနဲ့ ကျွန်တော့် ကို အားကျသွား တာလား”

မိန်းမကိစ္စနှင့် ပတ်သက်လျှင် အလွန်ကင်းရှင်းသော ကိုဇော်ကြီးကို ကျွန်တော် တမင်နောက်လိုက် ခြင်း ဖြစ်၏ ။ ထုံးစံအတိုင်း ကိုဇော်ကြီးက ကွမ်းအရဲသားနှင့် သွားတန်းတို့ ရဲခနဲ ဖြစ်သွားအောင် ရယ်မော လျက် ခေါင်းရမ်းရင်း . . .

“မလုပ်ပါနဲ့ မင်းခန့်ရာ၊ ဒီအရွယ်ကြီး ရောက်မှတော့ ကိုယ့်ဟာကိုယ် အေးဆေးပဲ နေပါရစေ”

“ရည်းစားထားတာပဲ ကိုဇော်ကြီးရာ၊ ဘာ ဖြစ်တာမှတ်လို့၊ တစ်ခါတစ်လေ အပျင်းပြေအောင် ရည်းစားလေးဘာလေး ထားကြည့်ပါလား”

ဖိုးကျော်ကပါ အားတက်သရော ဝင်တိုက်တွန်းအောင်လည်း ကိုဇော်ကြီး ကတော့ အလွန်ပြတ်သား ပါသည်။ အမြှုပ်တစီစီ ထနေသော ဖန်ခွက်အပြည့် ဘီယာတို့ကို တစ်ကျိုက်တည်း မော့ချလိုက်ပြီး မြေပဲ အနည်းငယ်ကို ပါးစပ်ထဲသို့ ပစ်သွင်းလိုက်ကာ . . .

"လောကကြီးမှာ အပျင်းပြေသဘောနဲ့ မစမ်းသင့်တဲ့ကိစ္စ နှစ် ခုရှိတယ်၊ အဲဒါ ကတော့…"

"ရည်းစားထားတာနဲ့ ဘိန်းစားတာပဲ၊ အစပိုင်းမှာ အရသာရှိသလိုလိုနဲ့ အခန့်မသင့်ရင် ဘဝဆုံးသွား နိုင်တယ် မောင်ရင်တို့၊ ကိုယ်တော့ အဲဒီ ကိစ္စတွေ ကို မစမ်းရဲဘူး"

"ကျွန်တော် တို့က ကိုဇော်ကြီး ရည်းစားထားဖူးတယ် ရှိအောင်လို့ပါ"

ဖိုးကျော်စကားက ရယ်စရာမပါဘဲ ကိုဇော်ကြီး တဟားဟား ထရယ်သဖြင့် ကျွန်တော် ကိုဇော်ကြီးအား ခပ်ကြောင်ကြောင် လှမ်းကြည့်လိုက်မိသည်။ အားရအောင် ရယ်ပြီးတော့မှ ကိုဇော်ကြီး ကျွန်တော် တို့ကို ကြည့်ရင်း ပြောသည်။

"ငါလည်း ထားခဲ့ဖူးပါတယ်ကွာ၊ တစ်ချိန်တုန်းက မင်းတို့အရွယ်သာသာလောက်တုန်းက ရည်းစား ထားခဲ့ဖူးတာပေါ့၊ အဲဒီ လိုထားခဲ့လို့ကို ထပ်ထားဖို့ ကြောက်နေတာ"

"ဘာလဲ. . . ကိုဇော်ကြီး အသည်းကွဲခဲ့ဖူးလို့လား"

"အဲဒီ ကိစ္စတွေ ထားလိုက်ပါတော့ကွာ၊ ဘီယာသောက်ရတာ အရသာပျက်ပါတယ်၊ နောင်ကြုံရင် တော့ ငါအေးအေးဆေးဆေး ပြောပြပါ့မယ်"

ကိုဇော်ကြီးက ဒိုင်ပွဲရပ်ကာ စကားကို ဖြတ်ချလိုက်သော်လည်း ကျွန်တော် ကတော့ ကိုဇော်ကြီး၏ နှလုံးသား နောက်ခံသမိုင်းကို ခပ်ရေး ရေး သဘောပေါက်လိုက်သည်။ ချစ်ကောင်း၏ သီချင်းလိုပင် (ချစ်ဖူးတယ်၊ မလွယ်ဘူး၊ ရူးနိုင်တယ်) ဆိုသည့်အခြေအနေမျိုးနှင့် ကိုဇော်ကြီး ကံဆိုးစွာ ရင်ဆိုင်တိုးခဲ့ဖူး ပါလိမ့်မည် ။

ကျွန်တော် ကတော့ ကိုဇော်ကြီးလောက် မရင့်ကျက်သေးလို့ပဲလားမသိ။

ဘိန်းမစားသော်လည်း ရည်းစားတော့ ထားကြည့်ချင်ပါသေးသည်။

အဆင်မသင့်လျှင် အသည်းကွဲတတ်မှန်း သိသော်လည်း အမြဲတမ်းတော့ မ ဖြစ်တန်ကောင်းဘူး ထင်ပါရဲ့ ။

ထိုနေ့ည ဝိုင်းသိမ်းတော့ ခပ်နွမ်းနွမ်း ဖြစ်နေသော ကျွန်တော့် ပခုံးကိုပုတ်၍ ကိုဇော်ကြီး အားပေးသည်။

"မင်းခန့်. . ငါပြောတဲ့စကားတွေ ကြောင့် ဘာမှအတွေးခေါင်မနေနဲ့၊ မင်းဇာတ်လမ်းကို ရှေ့ဆက်၊ မင်းတိုက်မယ့် ဝီစကီကို ငါသောက်ချင်လှပြီ"

"စိတ်ချ ကိုဇော်ကြီး၊ သိပ်မကြာခင် ကျွန်တော် တိုက်မယ့် အကောင်းစားဝီစကီကို ကိုဇော်ကြီး သောက်ရမယ်၊ အဆင်သင့်သာပြင်ထား"

"ဒီလိုမှပေါ့ မြတ်မင်းခန့်ရ"

ထိုည အိပ်မက်ထဲ၌ ကျွန်တော် နှင့် တာရာ သမီးရည်းစား ဖြစ်သည့် အထိမ်းအမှတ်အ ဖြစ် ဖိုးကျော်နှင့် ကိုဇော်ကြီးအား အကောင်းစား ဝီစကီတွေ တစ်ခွက်ပြီးတစ်ခွက် တိုက်နေမိသည်မှာ မနက်အိပ်ရာမှ နိုးချိန်အထိပင် ဖြစ်သည်။

တာရာရေ

မင်းကြောင့် အိပ်မက်တွေ ကတော့ လှပလွန်းပါရဲ့ ။

ဒါပေမဲ့ … ခုချိန်ထိ

တို့နှစ် ယောက် ဝေးနေသေးတာ ကတော့…

သိပ်မကောင်းပေဘူးပေါ့ကွယ်။

* * * * *


ထို့နောက်ပိုင်း ရက်တွေ မှာ တော့ ရွှေစွန်ညိုတစ်ကောင်ပမာ တာရာရှိရာသို့ ကျွန်တော် တရစ်ဝဲဝဲ ပျံသန်းနေမိပါတော့သည်။ ယောက်ျားကြိုက်တော့ စိုက်စိုက်လာဆိုသည့် တန်ဖိုးရှိလှသော ရှေးစကားကို ကျွန်တော့် ကြောင့် တော့ဖြင့် မပျက်စီးစေချင်ပါ။

* * * * *


"ဘာပြောလိုက်တာလဲ"

"သြော်. . . တို့နာမည် က မြတ်မင်းခန့်လို့ ပြောလိုက်တာ"

"ဘယ်သူက မေးနေလို့လဲ"

"သိချင်မလားလို့ပါ"

"လုံးဝ စိတ်မဝင်စားဘူး"

"ကိုယ် ကတော့ စိတ်ဝင်စားတယ်၊ မုန့်သာဆိုရင် ကိုက်စားမိမှာ ပဲ"

"ဘာ"

"သြော်. . . လက်သည်းဆိုးဆေးပုလင်းလေးတွေ ကို ပြောတာပါ"

"အိမ်ရောက်ရင် ဆေးလေးဘာလေး လှုပ်သောက်ဦး"

"မင်းနဲ့တွေ့ တဲ့နေ့ကစပြီး ဆေးတွေ လည်း မတိုးတော့ပါဘူး တာရာရယ်"

"စုစုပေါင်း သုံးရာရှစ်ဆယ့်ငါးကျပ် ကျတယ်"

"ငါးကျပ်က ဘာ ဖြစ်လို့ ပိုသွားတာလဲ"

"စကားများ လို့"

"အဲ"

* * * * *


"ညက ကိုယ့်အကြောင်း အိပ်မက် မမက်ဘူးလား"

"ဘာဆိုင်လို့ မက်ရမှာ လဲ"

"မနေ့က ကိုယ် မင်းဆီရောက်မလာလို့လေ"

"လုံးဝမလာလေ ပိုကောင်းလေပဲ"

"ကိုယ်ထင်သားပဲ၊ မင်း ကိုယ့်ကိုမျှော်နေမှာ ပဲဆိုတာ"

"ရယ်ရတယ်"

"တွေ့ တယ်မဟုတ်လား၊ ခု ကိုယ်ရောက်လာတာနဲ့ မင်းစိတ်ထဲမှာ ပျော်ပြီး ရယ်ချင်စိတ်တွေ ဖြစ်လာပြီ"

"ခု ဘာဝယ်မှာ လဲ၊ လက်သည်းဆိုးဆေးပဲလား"

"ဘိုင်ပြတ်နေလို့ ဒီနေ့တော့ ဘာမှမဝယ်နိုင်သေးဘူး"

"ဒါဆို ကန်တော့ပါသေးရဲ့ "

"သာဓုဗျာ၊ ခုလို ကန်တော့ရတဲ့အတွက် ကိုယ့်လိုမျိုး ရည်းစားချောချောလေး ရပါစေ"

* * * * *


"ပေးတဲ့ဆုနဲ့ လွဲပါစေရှင်"

နှစ် ရက်ခြားတစ်ခါ သုံးရက်ခြားတစ်ခါ ဆိုသလို လက်သည်းဆိုးဆေးဝယ်ယူခြင်းကို အကြောင်း ပြုလျက် တာရာ့ထံသို့ ကျွန်တော် ရောက်ရှိသွားတတ်သည်။ ထိုအတောအတွင်း ကျွန်တော် တို့နှစ် ယောက် ၏ အနေအထားက. . .

ထုတ်စည်းတိုးတမ်း ကစားနေကြသည့်ပမာ အထက်ဖော်ပြပါ အခြေအနေထက် ပိုမထူးခဲ့သလို ပိုလည်းမဆိုးခဲ့ပါ။

တစ်ခါတစ်ရံ တာရာ၏ ကပ်လျက် ကောင်တာမှ မျိုးဆိုသည့် ညိုချောမလေးပါ တာရာ့နား ရောက်နေတတ်သည့်အခါများ ၌ ကျွန်တော် တို့၏ ထုတ်စည်းတိုးတမ်းကစားခြင်းက ပို၍ မြိုင်ဆိုင်ကာ ပို၍ လည်း ပျော်စရာကောင်းနေတတ်ပါသည်။

အမျှော်အမြင်ကြီးမားလှသော ကျွန်တော် က မျိုးဆိုသော ထိုကောင်မလေးအား ကောင်းစွာ စည်းရုံးထားပြီး ဖြစ်သဖြင့် ဘက်လိုက်တတ်သော ဒိုင်လူကြီးပမာ သူမက ကျွန်တော့် အား မကြာခဏ ပင်နယ်တီ ကန်ခွင့်များ ဖန်တီးပေးတတ်သည်။

ဥပမာ သူတို့နှစ် ယောက် စကားပြောနေစဉ် ကျွန်တော် ရောက်သွားသည်နှင့် . . .

"ဟော ကိုမြတ်မင်းခန့်ကြီးပါလား၊ ခုပဲ တာရာက ခင်ဗျားအကြောင်းတွေ ပြောနေတာ"

"မျိုး. . . ရှင်နော်၊ မဟုတ်ကဟုတ်ကတွေ လျှောက်ပြောမနေနဲ့"

"အံမာ၊ စောစောက တာရာပဲ မြတ်မင်းခန့် လက်သည်းဆိုးဆေးတွေ ဒီလောက်လာဝယ်နေတာ ဝါးစားဖို့များ လား မသိဘူးဆို"

ထိုကဲ့သို့ အခွင့်အရေး မျိုး ဖန်တီးပေးလာလျှင်တော့ ကျွန်တော် က နည်းနည်း လေးမှ တုံ့ဆိုင်းနေလေ့မရှိ။ (ဝင်တာမဝင်တာအပထား၊ တဖက်ဂိုးစည်းနား ရောက်သည်နှင့် ကျုံးကန်တတ်သော မြန်မာ ဘောလုံးတိုက်စစ်မှူးများ ပမာ)

ကျွန်တော် ကလည်း ရသည့်အခွင့်အရေး ကို ရသလို အသုံးချတတ်ပါသည်။

"လက်သည်းဆိုးဆေး ဝယ်ရတဲ့အကြောင်းက ဒီလိုရှိတယ် မျိုးရဲ့ "

"အင်း. . . ပြောစမ်းပါဦး"

"မိန်းကလေး တော် တော် များများ ဟာ အိမ်ထောင်ကျသွားတဲ့အခါ အိမ်မှု ကိစ္စတွေ လုပ်ရတဲ့အတွက် လက်သည်းအရှည်ထားလို့မရတော့ဘူး၊ အဲဒီ အခါ လက်သည်းဆိုးဆေးလည်း ဆိုးစရာမလိုတော့ဘူးပေါ့"

"အင်းနော်"

"မြတ်မင်းခန့်ရဲ့ ချစ်သူ ကတော့ အိမ်ထောင်ကျတဲ့အခါ အိမ်မှု ကိစ္စတွေ လုပ်စရာမလိုဘူး၊ လက်သည်းရှည်ထားပြီး လက်သည်းဆိုးနိုင်တယ်ဆိုတာ ခုကတည်းက သက်သေပြတဲ့အနေနဲ့ လက်သည်း ဆိုးဆေးတွေ လာဝယ်ပြနေရတာ "

"ဟုတ်လား. . . အဲဒါကို ခင်ဗျားရဲ့ ရည်းစားက ရိပ်မိရဲ့ လား"

"အင်း ရိပ်မိလိမ့်မယ် ထင်တာပဲ"

ထိုစကားကိုတော့ တာရာအား အဓိပ္ပါယ်ပါပါ ကြည့်ရင်း ကျွန်တော် ပြောလိုက်သည်။

"ကိုမြတ်မင်းခန့်ရဲ့ ချစ်သူကို တစ်ရက်ခေါ်လာဦးလေ"

"ခေါ်လာစရာ မလိုပါဘူး၊ သူက ဒီစူပါမတ်ကက်မှာ ရှိတာပဲ"

"သြော် သိပြီ၊ အဝတ်အစား ကောင်တာရှေ့က ဘိုမရုပ်ကြီးကိုပြောတာ ဖြစ်ရမယ်နော် တာရာ"

"အဲဒါမဟုတ်လည်း သန့်ရှင်းရေး လုပ်တဲ့ အမီနာလားမှ မသိတာ"

သူတို့နှစ် ယောက် ပါးစပ်ကို လက်ဝါးကလေးတွေ နှင့် အုပ်ပြီး တခစ်ခစ်ရယ်ကြလေသည်။ လှောင်ရယ် ရယ်လိုက်မှန်းသိသော်လည်း မသိဟန်ဆောင်ကာ ကျွန်တော် ရယ်ကျဲကျဲလုပ်နေလိုက်ရသည်။ အဲဒီ လိုမှမလုပ်လည်း တခြားလုပ်စရာမှမရှိဘဲ။

ဘာပဲ ဖြစ် ဖြစ် မျိုး ကောင်းမှု ကြောင့် ကျွန်တော် ၏ ရှေ့အလားလာက သိပ်မဆိုးလှဟု ခန့်မှန်း ရပါသည်။

တစ်ခါတစ်ရံ အဖော်လိုက်ပါလာသော ဖိုးကျော်ကလည်း စကားသော ဖောရောဖြင့် မျိုးနှင့် အဖွဲ့ကျအောင် စည်းရုံးထားနိုင်သဖြင့် ထိုကောင်မလေးက ကျွန်တော် တို့အတွက် ကောင်းစွာ အထောက်အကူရနေခဲ့၏ ။

* * * * *


ထိုအတောအတွင်း ကျွန်တော့် အတွက် ကံကောင်းထောက်မမှု တစ်ခုနှင့် မမျှော်လင့်ဘဲ ကြုံတွေ့ ခဲ့ ရသည်။ ကံကောင်းခြင်း လက်ဆောင်အား အသိပေးရန် သယ်ဆောင်လာသူ ကတော့ ဖိုးကျော်ပဲ ဖြစ်သည်။

"သေချာရဲ့ လား၊ ဖိုးကျော်"

ဖိုးကျော် သယ်ဆောင်လာသော သတင်းကို ကျွန်တော် မယုံရဲရဲ ပြန်မေးတော့ ဖိုးကျော်က စုတ်တစ်ချက် သပ်ရင်း. . .

"မသေချာဘဲနဲ့ အာညောင်းခံပြီး မင်းကိုလာပြောပါ့မလား၊ လွင်မာနဲ့ မင်းကောင်မလေးနဲ့ ဒုတိယနှစ် အထိ မေဂျာအတူတူ၊ ခုံနံပါတ်ကပ်လျက် တက်လာခဲ့တာ၊ ဒုတိယနှစ် ဖြေပြီးတော့မှ တာရာက အဝေးသင် ပြောင်းတက်လို့ ကွဲသွားတာ၊ ဒါပေမဲ့ ခုချိန်ထိ သူတို့ချင်း တရင်းတနှီး ရှိနေတုန်းပဲ၊ ပြီးခဲ့တဲ့ တစ်ပတ်ကျော် ကျော်လောက်ကတောင် လွင်မာ ဈေးဝယ်သွားရင်း တာရာ့ဆီ ဝင်ခဲ့သေးတယ်တဲ့"

လွင်မာဆိုသည်က ကျောင်းတုန်းက ကျွန်တော် တို့၏ မိန်းကလေးသူငယ်ချင်း ဖြစ်သည်။ မေဂျာနှင့် အတန်းချင်း မတူသော်လည်း တရင်းတနှီး ပေါင်း ဖြစ်ခဲ့ကြ၏ ။ ခုတော့ ထိုလွင်မာနှင့် ကျွန်တော် ၏ ချစ်လှစွာ သော တာရာက သူငယ်ချင်းတွေ ဖြစ်နေပါသတဲ့။

ကျွန်တော် ပျော်ရွှင်စွာ လေတစ်ချက် ချွန်လိုက်ပြီး ဖိုးကျော်ကို ပခုံးပုတ်ကာ ပြောလိုက်သည်။

"ငါ့တပည့်တွေ ထဲမှာ မင်းအတော် ဆုံးပဲ ဖိုးကျော်၊ မင်းကိုချီးမြှော က်တဲ့အနေနဲ့ လက်ဖက်ရည် လိုက်တိုက်မယ်"

လက်ဖက်ရည်ဆိုင် ရောက်တော့ အလွန်အားကိုးရသော ဖိုးကျော် ၎င်း၏ ညဏ်နီညဏ်နက် မျိုးစုံဖြင့် ကျွန်တော့် အား အကြံအမျိုးမျိုး ပေးပါတော့သည်။

"လွင်မာ့ကို မွေးနေ့ပွဲ လုပ်ခိုင်းကွာ၊ အဲဒီ မွေးနေ့ပွဲကျရင် တာရာ့ကိုလာအောင် ဖိတ်ခိုင်း၊ မကောင်းဘူးလား၊ မင်းခန့်"

"မကောင်းဘူး"

"ပြီးခဲ့တဲ့လကပဲ လွင်မာ့မွေးနေ့မှာ ဒံပေါက်ကျွေလို့ မင်းနဲ့ငါသွားစားခဲ့ပြီးပြီ မဟုတ်လား။ တစ်နှစ် ထဲ နောက်တစ်ကြိမ်မွေးနေ့လုပ်ခိုင်းလို့ ကောင်းမလား"

"အေး ဒါလည်းဟုတ်တာပဲ၊ ဒါဖြင့် သူတို့အိမ်မှာ ဘုရားကိုးဆူ ဖြစ် ဖြစ်၊ ဆွမ်းကျွေးလေး ဖြစ် ဖြစ် လုပ်ခိုင်းမယ်ကွာ"

"မင်းကြီးဒေါ်. . . လွင်မာက မင်းရည်းစားမှမဟုတ်တာ၊ မင်းလုပ်ခိုင်းတိုင်းလုပ်မလား၊ ခုခေတ်မှာ အကျွေးအမွေးနဲ့ အလှူတစ်ခု လုပ်ဖို့ဆိုတာ လွယ်တာမှမဟုတ်တာ"

ဖိုးကျော် ခေါင်းကိုကုတ်ရင်း အကြံထုတ်သည်။ ကျွန်တော် ဖိုးကျော်ကို သနားလာသဖြင့် လက်ကာပြပြီး တားလိုက်သည်။

"ခေါင်းပူခံပြီး ဘာမှတွေးမနေနဲ့ ဖိုးကျော်၊ ငါစဉ်းစားထားတာတစ်ခုရှိတယ်၊ အဲဒီ အတိုင်းလုပ်မယ်၊ ခုလက်ဖက်ရည်သောက်ပြီး လွင်မာ့ဆီ သွားကြမယ်"

"မင်းက ဘယ်လိုလုပ်မှာ လဲ"

"လွင်မာ့ဆီ ရောက်တော့ ငါပြောပြမယ်"

ကျွန်တော် လက်ဖက်ရည်ခွက်ကို မယူကာ မော့ချလိုက်တော့ လက်ဖက်ရည်တို့က အေးမြချိုမြိန် နေသလို ခံစားလိုက်ရသည်။

* * * * *




ဝန်ဇင်းချစ်သူများ နေနော် ၏ “ သင်၏ချစ်လှစွာသော ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အလင်းဖျော့ကောင်းကင် (ပထမပိုင်း)

နာကျင်မိနစ်

အိပ်မက်ရာသီ