
အခန်း (၁)
လျှပ်စစ်အော်ဂင်မှာ မင်္ဂလာတီးလုံးသံ ရင်ဆိုင်းသွားသည်နှင့် ဘုရားရှိခိုးကျောင်းအတွင်း တိတ်ဆိတ်ငြိမ်သက်ခြင်းက ချက်ချင်း ပင်လွှမ်းမိုး ကြီးစိုးသွားလေသည်။
အနောက်တိုင်း သတို့သားဝတ်စုံကိုဆင်ကာမြန်းထားသော သူ၏ ရင်ထဲမှာ တော့မငြိမ်သက် နိုင်ပါ။ သိပ်မကြာခင် အချိန်အတွင်း အိမ်ထောင်ရှင်ဘ၀ကို ရောက်ရတော့မှာ ပါလား ဟူသော အသိကသူ၏ ရင်ခုန်သံတို့ကို ပရမ်းပတာ ပျက်ယွင်း ဆူညံနေစေသည်။
သူ့ဘေးက ဂျူလီယာ… ကော သူလို့ပဲ စိတ်လှုပ်ရှားနေမယ်ထင်ရှားပါရဲ့ ။
ဇာပ၀ါ လွှမ်းခြုံထားသော ၎င်း၏ မျက်နှာကို ငဲ့စောင်းလှမ်းကြည့်လိုက်ချင်သော်လည်း သူ မကြည့် ဖြစ်။
တရားဟော စင်မြင့်ပေါ်မှ သိက္ခာတော် ရ ဆရာတော် ကလက်တစ်ဖက်ကို မြှောက်၍ မတ်တပ်ရပ်နေကြသော ဧည့်ပရိသတ်များ အား ထိုင်နိုင်ကြပြီ ဖြစ်ကြောင်း အချက်ပြလိုက်၏ ။ ဒါဟာ … မင်္ဂလာဆောင်အခမ်းအနားတစ်ခုကို စတင်တော့မည့်  သဘောပင် ဖြစ်သည်။
သူ၏ အတွေးတို့ မဆုံးခင်မှာ ပင် သိက္ခာတော် ရသင်းအုပ်ဆရာ၏ အောင်မြင်ခံ့ညားသော သမ္မတကျမ်းစာ ရွက်သံက ကြည်လင်စွာ ထွက်ပေါ်၍ လာသည်။
ဘုရားသခင်သည် ဖန်ဆင်းတော် မူရကား၊ ယောကျာ်းနှင့် မိန်းမ နှစ် ယောက် တည်းကို ဖန်ဆင်းတော် မူ၏ ။ ထို့အကြောင်းကြောင့် ယောက်ျားသည် ကိုယ့်မိဘကို စွန့်၍ ကိုယ့်ခင်ပွန်း၌ မှီဝဲသဖြင့် ထိုသူနှစ် ယောက် တို့သည် တစ်သားတည်း ဖြစ်ရလေ၏ ။ ထို့ကြောင့် လင်မယားတို့သည် နှစ် ဦး မဟုတ်၊ တစ်ဦးတည်း ဖြစ်ကြကုန်၏ ။ အချင်း… ယောက်ျားတို့…ခရစ်တော် သည် အသင်း တော် ကို ချစ်သကဲ့သို့ ကိုယ့်ခင်ပွန်းကို ချစ်ကြရမည် ။ ယောက်ျားတို့သည် ကိုယ့်ကိုချစ် သကဲ့သို့ ကိုယ့်ခင်ပွန်းကို ချစ်ကြရမည် ။ ထိုသို့ ချစ်သော သူသည် ကိုယ့်ကိုယ်ကို ချစ်သူ ဖြစ်သလို့၊ ဘုရား သခင်ကို ချစ်သော သူလည်း ဖြစ်၏ ။
“ယခု ဤသူနှစ် ဦးတို့သည် ဘုရားသခင်ရှေ့မှော က်၌ လည်းကောင်း၊ လူပရိတ်သက်ရှေ့၌ လည်းကောင်း လက်ထပ်မင်္ဂလာထိမ်းမြားခြင်း ဆောင်နှင်းရန်ရောက်ရှိနေကြပြီး ဖြစ်သည်။ ထိမ်း မြားမင်္ဂလာဆောင်နင်းလို့သူတို့သည် တစ်ဦးကိုတစ်ဦး မှန်သော မေတ္တာဖြင့် တရားဥပဒေအရ ထိမ်မြားလက်ထပ်ပါက သမ္မာတကျမ်းစာ၌ ပါရှိသည့်အတိုင်း ဘုရားသခင်ကိုယ်တော် တိုင် ကျေးဇူး တော် ကြောင့် တည်နေတော် မူသော အမူ ဖြစ်၍ ထိုသို့ လက်ထပ်ခြင်းသည် အသရေနှင့် ပြည့်စုံ သော ထိမ်းမြားလက်ထပ်ခြင်း ဖြစ်ပေသည်။”
သင်းအုပ်ဆရာသည် ရွတ်ဖတ်ခြင်းကိုခေတ္တရပ်၍ ပရိသတ်ကိုကြည့်လိုက်၏ ။ ထို့နောက် သူနှင့် အတူ သတို့သမီးလောင်းကိုလက်ညှိုးညွှန်းလျှက်…
“ယခု ဤသတို့သားနှင့် သတိုးသမီးတို့သည် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ အသရေနှင့် ပြည့် စုံသော ထိမ်းမြားလက်ထပ်ခြင်းအမှု ကိုပြုရန် ရောက်ရှိလျက်သော အခါ… ဤတရားသဖြင့် လက် ထပ်ခြင်းကို တရားသဖြင့် ဆီးတားကန်ကွက်လိုသူများ ရှိပါက….ယခုအချိန်မှာ ကန့်ကွက်နိုင်ပါသည်။ သို့ မဟုတ်ပါက နောင်နောင် ပြောဆိုကန့်ကွက်ပိုင်ခွင့်မရှိကြောင်း သတိပေးပြောကြားလိုပါတယ်”
သင်အုပ်ဆရာတော် သည် ပရိတ်သတ်အား ဝေ့၀ဲအကဲခတ်ကာ ဒုတိယအကြိမ်မြောက် ဆိုင်းငံ့လိုက်ပြန်သည်။ အတန်ကြာမှ ရွတ်ဖက်ခြင်းကို စတင်ရန် ဦးခေါင်းကို ငုံ့လိုက်၏ ။
ထိုအချိန်မှာ ပင် အလွန်တိုးညင်းသော အသံတစ်ခုက နောက်ဘက်ရှိ ပရိတ်သက်ထဲမှ မှိန်း ဖျော့စွာ ထွက်ပေါ်လာလေတော့ ကောင်းစွာ သတိပြုလိုက်မိသည်။ အလွန်တိုးညင်းစွာ ထွက်ပေါ် လာသော ထိုအသံသည် ငိုရှိုက်သံတစ်ခု ဖြစ်၏ ။ အထူးသဖြင့် မိန်းမ တစ်ယောက် ၏ ခပ်သဲ့သဲ့ငိုရှိုက် သံ ဖြစ်သည်။
သူ နားကြားများ လွဲသွားလေသလား။
သို့ သော် သူနားကြားလွဲခြင်း မဟုတ်ကြောင်း တအောင့်အကြာမှာ ပင် ကောင်းစွာ သိလိုက် သည်။ သင်းအုပ်ဆရာက ရွတ်ဖက်ခြင်းပြန်လည်စတင်ရန် ချောင်းဟန့်လိုက်ချိန်မှာ ပင် ထိုခပ် တိုးတိုး ငိုရှိုက်သံက တုန်ခါသော စကားသံတစ်ခုအ ဖြစ် ပြောင်းလဲထွက်ပေါ်၍ လာသည်။
“I obhect”
“ကျွန်မကန့်ကွက်ပါတယ်”
တိုင်ပင်မထားတဲ့ သူရော ဂျူလီယာပါ နောက်ဘက်သို့ ပြိုင်တူလိုလို ချာခနဲ လှည့်ကြည့် လိုက်ကြသည်။ ပရိတ်များ ပါသူတို့နည်းတူ ကန့်ကွက်သံထွက်ပေါ်လာရာသို့ လှည့်ကြည့်ကြ၏ ။ ဘုရားကျောင်း၏ ၀င်ပေါက်နှင့် အနီးဆုံး၊ နောက်ဆုံးခုံတန်း၌ တစ်ဦးတည်း မတ်တတ်ရပ်နေသော ကန့်ကွက်သူ အမျိုးသမီးကို တွေ့ မြင်လိုက်ရသည်။
အကွာအဝေးက အတော် လှမ်းသည့်အပြင် မိန်းမဆောင်းအဖြူရောင် ဦးထုပ်ကို ခပ်ငိုက် ငိုက်ဆောင်းထားသဖြင့် ၎င်း၏ မျက်နှာအား သဲကွဲစွာ တွေ့ မြင်ခွင့်မရ။ ဖြူဝင်းသော အသားအရေ နှင့် ရှည်သွယ်သော ခန္ဓာကိုယ်အချိုးအစားလောက်ကိုသာ အကဲခတ်ခွင့်ရလိုက်သည့်တိုင် ထိုမိန်းမ ငယ်နှင့် သူတစ်ခါမှ တွေ့ ဆုံရင်းနှီးမှု မရှိခဲ့ဖူးတာ ကတော့ အလွန်သေချာပါတယ်။
“ဒီလက်ထပ်ပွဲကို ကျွန်မကန့်ကွက်ပါတယ်”
ငိုရှိုက်သံတို့ဖြင့် ရောပြွမ်း တုန်ခါနေသည့် သူမ၏ ဒုတိယအကြိမ်မြောက် ကန့်ကွက်မှု အဆုံးမှာ တော့ ပရိတ်သတ်ထံမှ တီးတိုးဝေဖန်သံတို့ အစီအရီ ထွက်ပေါ်လာပြီး သင်းအုပ်ဆရာက “အဖဘုရားသခင်” ဟုခပ်တိုးတိုး ရေရွတ်လိုက်လေသည်။
အမျိုးသမီးငယ်သည် သူနှင့်တကွ ပရိသတ်၏ အကြည့်တို့မခံနိုင်သည်အလား မျက်နှာကို လက်ဝါးနှင့် အုပ်လိုက်ပြီး အသံထွက်ကာ တစ်ချက်ရှိုက်လိုက်၏ ။ ထို့နောက်တော့ ခုံတန်းရှည်မှ တစ်ဆင့် အလယ်အင်းလမ်းသို့ ထွက်လိုက်ပြီး ဘုရားကျောင်းအပြင်ဘက်သို့ ပြေးထွက်ပျောက် ကွယ်သွားလေတော့သည်။
အမျိုးသမီးပျောက်ကွယ်သွားသည်နှင့် ပရိတ်သတ်များ ၏ ဦးခေါင်းတို့က ပြန်လှည့်လာ ကြပြီး ၎င်းတို့၏ အကြည့်စူးစူးတို့က သူ့ထံသို့ စုပြုံရောက်ရှိလာကြလေသည်။ ထိုအကြည့်များ ထဲမှ စူးရှဆုံးနှင့် အပူပြင်းဆုံး အကြည့် ကတော့ ဂျူလီယာ၏ အကြည့်ပင် ဖြစ်သည်။
၎င်း၏ နီစွေးသော နှုတ်ခမ်းတို့က တဆတ်ဆတ်တုန်ယင်နေကြပြီး မျက်ဝန်းတို့ ကတော့ ရဲနီ ၍ နေကြသည်။ သူတစ်စုံတစ်ရာပြောသင့်ကြောင်း နားလည်သော်လည်း ဘာပြောရမှန်းမသိခင် မှာ ပင် ဂျူလီယာ၏ အေးစက်မာကျောသော စကားသံက တစ်လုံးချင်းထွက်ပေါ်၍ လာသည်။ “ရှင် ဒီလောက်အောက်တန်းကျလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်းကမှ မထင်ခဲ့မိဘူး၊ ကိုယ့်မှာ မလွတ် ကင်းမိန်းမ တစ်ယောက် ရှိလျက်နဲ့ အခြားမိန်းမ တစ်ယောက် ကို လက်ထပ်ဖို့ကြိုးစားတာဟာ အ တော့် ကို လူမဆန်တဲ့လုပ်ရပ်ပဲ ဆီဇာ”
“မဟုတ်ဘူး ဂျူလီယာ၊ မင်းထင်သလိုမဟုတ်ဘူး၊ စောစောကကန့်ကွက်သွားတဲ့ မိန်းက လေးနဲ့ ကိုယ်နဲ့ ဘာမှမပတ်သက်ဘူး၊ ကိုယ်သူကို သိလည်းမသိဘူး”
သူ ပျာပျာသလဲ ဖြေရှင်းလိုက်သော်လည်း ဂျူလီယာ၏ ဒေါသတို့က ပြေလျော့မ သွားပါ။
“ရှိုက်ကြီးတစ်ငင်ငိုပြီး ကန့်ကွက်သွားတဲ့ မိန်းမကို ရှင်မသိဘူး၊ ဆိုတာ တော် တော့ကို ရယ်စရာကောင်းကဲ့ ကိစ္စပဲ ဆီဇာ၊ ဘာပဲ ဖြစ် ဖြစ် အဲဒီ ကိစ္စကြောင့် ကျွန်မရဲ့ အရှက်နဲ့ ဂုဏ်သိက္ခာ တွေ ရစရာမရှိအောင် ပျက်စီးခဲ့ရပြီး အဲဒါကို ရှင်စဉ်းစားမိရဲ့ လား”
သူစဉ်းစားမိပါသည်။ ဘယ်ကမှန်းမသိသော မိန်းကလေး တစ်ယောက် ၏ အဓိပ္ပာယ်မဲ့ လုပ်ရပ်က ဂျူလီယာ၏ ဂုဏ်သိက္ခာကို သာမက သူ၏ ကိုယ်ကျင့်တရားကိုပါ များ စွာ ပွန်းပဲ့ထိပါး စေခဲ့၏ ။
ထို့ပြင် သူတို့ဘာသာရေး အရ လက်ထပ်ပွဲအား တစ်စုံ တစ်ယောက် က တားဆီးကန့်ကွက် ပါက ထိုလက်ထပ်ပွဲသည် ဘယ်လိုမှ တရားမ၀င်နိုင်တော့ပါ။ ဂျူလီယာ ခပ်သဲ့သဲ့တစ်ချက်ငိုရှိုက် လိုက်ချိန်၌ သင်းအုပ်ဆရာက အနားသို့ ရောက်လာပြီး ၎င်းအားဖျောင်းဖျသည်။
“စိတ်ကိုထိန်းသမီး စောစောကမိန်းကလေး၊ “objected”လုပ်သွားပေမယ့် အကြောင်းပြ ချက်ခိုင်ခိုင်လုံလုံဘာမှ ပြောမသွားဘူး၊ မဟုတ်လား”
ကျေးဇူးတင်ပါတယ် (ပါစတာ) သူဘာမှ မပြောပေမယ့်လည်း အဖြေ ကတော့ ရှင်းနေပါပြီ”
ပြောပြောဆိုဆိုဂျူလီယာက လက်ထပ်လက်စွပ်ဘူး ကိုင်ပေးထားသော သူ့တူလေသံသို့ လျှောက်သွားပြီး ၎င်းအတွက်ရည်ရွယ်ထားသည့် သတို့သမီးဝတ် လက်စွပ်ဘူးကို လှမ်းယူကာ သူ့ဘက်သို့ လှည့်လိုက်၏ ။
“အဲဒီ လက်စွပ်ကို စောစောက မိန်းကလေးကို ၀တ်ပေးလိုက် ပါဆီဇာ”
ငိုရှိုက်သံဖြင့် ဗလုံးဗထွေးပြောရင်း လက်စွပ်ဘူးကို သူ့ထံသို့ ပစ်ပေးလိုက် သော်လည်း သူ မဖမ်းလိုက်ပါ။ လက်စွပ်ဘူးက ကြမ်းပြင်ပေါ်သို့ ကျကာ အဖုံးပွင့်သွားသဖြင့် အတွင်းမှ ရွှေလက်စွပ် ကလေးက စင်္ကြန်ကော်ဇောနီးပေါ်သို့ အရှိန်နှင့် လိမ့်ထွက်သွားပြီး အတော် ဝေးဝေးရောက်မှ အရှိန် ကုန်ကာ ရပ်တန့်ငြိမ်သတ်သွားသည်။
လက်စွပ်ကလေးကို ကြည့်နေရင်းမှ ဂျူလီယာအား တစ်ခုခုပြောရန် ပြင်လိုက်စဉ်မှာ ပင် ၎င်းက အသံမဲ့စွာ ကြိတ်၍ တစ်ချက်ရှိုက်လိုက်ပြီး သူ့ရှေ့မှ ချာခနဲလှည့်ကာ တံခါးပေါက်ဆီသို့ ပြေးထွက်သွားတော့သည်။
စင်္ကြန်ကော်ဇောနီတစ်လျှောက် ဖြတ်သန်းသွားသော သူမ၏ အဖိုးတန် ဒေါက်မြင့်ဖိနပ်လှ လှကလေးမှာ စောစောက လက်ထပ်လက်စွပ်ကလေးပေါ်သို့ တက်နင်းသွားချိန်မှာ တော့ သူ၏ ရင် တစ်ခုလုံး နင့်ခနဲ နာကျင်ခံစားလိုက်ရလေသည်။
ဤသို့ ဖြင့် စည်ကားသိုက်မြိုက်စွာ အစပျိုးခဲ့သော ဂျူလီယာနှင့် သူ၏ လက်ထပ်ပွဲသည် ရုပ်ပျက်ဆင်းပျက်နိုင်စွာ အဆုံးသတ်သွားခဲ့လေတော့သည်။
အခန်း (၂)
ပြောကြစတမ်းဆိုလျှင် ဂျူလီယာနှင့် သူသည် ခပ်ညံ့ညံ့ရုပ်ရှင်တွေ ထဲကလို မူလတန်းအတူ တက်ခဲ့ကြသည် ငယ်သူငယ်ချင်းများ မဟုတ်သလို အိမ်နီးနားချင်းများ လည်း မဟုတ်ခဲ့၊တက္ကသိုလ် တက်တော့လည်း အင်ဂျင်နီယာကျောင်းသား သူနှင့် ရိုးရိုးမေဂျာကျောင်းသူ ဂျုလီယာတို့မှာ ကျောင်းချင်းမတူသဖြင့် အနေမနီးခဲ့ကြပါ။
သို့ သော်ဂျိုလီယာ၏ အဖေနှင့် သူ၏ ဒယ်ဒီ ကတော့ ဘုရားကျောင်း အတူတက်ဖော် ဓမ္မမိတ်ဆွေများ ဖြစ်သလို ငယ်သူချင်းများ လည်း ဖြစ်ကြသည်။ ထိုအချက်က နောင်တစ်ချိန်၌ ဂျူ လီယာနှင့် သူ့အား ထိမ်းမြားလက်ထပ်ပေးရန်ဟူသော စိတ်ကူးကို ဖခင်နှစ် ဦး၏ ရင်ထဲ၌ ပေါက်ဖွား စေခဲ့ပုံရလေသည်။
ယင်းကိစ္စအား ပိုမိုခိုင်မာသွားစေခဲ့သော အ ဖြစ်အပျက်မှာ သူဒုတိယနှစ် ၌ ဒယ်ဒီ၏ ကုမ္ပဏီ ဒေ၀ါလီခံရလုနီးပါး အရှုံးနှင့် ရင်ဆိုင်ခဲ့ရပြီး ထိုအခက်အခဲကို ဂျူလီယာ၏ ဖခင်က၀င်ရောက် ဖြေရှင်းပေးခဲ့ခြင်းပင် ဖြစ်သည်။ ဖြေရှင်းပုံ ကတော့ ပမာဏအတော် များ ပြားသော ငွေကြေးတို့ကို အတိုးမဲ့ထုတ်ချေးခဲ့ခြင်း ဖြစ်၏ ။
“စောဆာဝါး သာမကယ်ရင် ဒယ်ဒီထောင်ကျမှာ သေချာတယ်၊ သူကျေးဇူးကို တစ်နေ့ပြန် ဆပ်ရမယ်၊ အဲဒီ ကိစ္စအတွက် မင်းမှာ လည်း တာဝန်ရှိတယ်”
ဒယ်ဒီမကြာခဏ ရေရွတ်ကြွေးကြောင်းလေ့ရှိသော ထိုစကား၏ အဓိပ္ပာယ်က အလွန်ရှင်း ပါသည်။ ထို့အပြင် ဂျူလီယာတို့ သားအဖအား မကြာခဏ အိမ်လည်ခေါ်ကာ ညစာ ဖိတ်ကျွေးခြင်း၊ ဂျူလီယာနှင့် သူလွတ်လွတ်လပ်လပ် စကားပြောနိုင်စေရန် သူတို့နှစ် ဦးအား ဧည့်ခန်းထဲ၌ နှစ် ယောက် တည်းထား၍ တမင်ရှောင်ပေးခြင်းတို့က နောင်တစ်ကြိမ်၌ သူနှင့် ဂျူလီယာလျှောက် ရမည့်  လမ်းအား သွယ်ဝိုက်သော နည်းနှင့် ဖော်ပြခဲ့ခြင်းပင် ဖြစ်သည်။
ဦးစောဆာဝါး ကတော့ ထိုကိစ္စနှင့် ပတ်သက်၍ ဒယ်ဒီထက်ပင် ပိုမိုပွင့်လင်းလှပါသည်။ ၎င်းထုတ်ချေးထားသော ငွေများ အား ဒယ်ဒီပြန်ဆပ်ချိန်၌ ထိုငွေများ ကို လက်မခံခဲ့ပါ။ ၎င်း၏ အကြောင်းပြချက်က……
“ကလေးတွေ ရှေ့ရေး အတွက် အဲဒီ ငွေတွေ ကို ခင်ဗျားကုမ္ပဏီမှာ ပဲ ဆက်ပြီး မြှုပ်နှံထား လိုက်ပါ”
ဟူ၍ ဖြစ်သည်။ အလွန်ရှင်းလင်းပြတ်သားလှသော ထိုစကားကို ဖွင့်ပြောခဲ့ပြီးနောက်ပိုင်း မှာ တော့ ဒယ်ဒီက သူအပေါ်စည်းကမ်းချက်များ ထုတ်ကာ ဖီအားပေးလာတော့သည်။
“ဘွဲ့အရမချင်းရည်းစားအထားဖို့ စိတ်မကူးနဲ့ ဆီဇာ”
ယင်းမှာ ဒယ်ဒီ၏ ပထမပညတ် ဖြစ်၏ ။
“ရည်းထားဖို့ဘွဲ့ရတဲ့အထိတောင် စောင့်ရဦးမှာ လား ဒယ်ဒီ၊ ဒါဆိုအကြာကြီးနေမှာ ပဲ”
“ဘွဲ့ရပြီးရည်းစားထားစရာမလိုတော့ဘူးလေ ဆီဇာ”
ဒယ်ဒီ့စကားကြောင့် သူပခုံးတစ်ချက်တွန်းလိုက်မိသည်။
“ဒယ်ဒီဆိုလိုတာက ကျောင်းပြီးတာနဲ့ ကျွန်တော် ကို မိန်းမပေးစားမယ်ဆိုပါတော့”
“ အစစ်ပေါ့”
“ဂျူလီယာနဲ့မှ ဟုတ်ရဲ့ လား ဒယ်ဒီ”
သူစကားကြောင့် တစ်ချက်ပြုံးလိုက်ပြီး……….
“မင်းကွက်ကျော်မြင့်တတ်သားပဲ မဆိုးဘူး……..ငါးသား ပီသလာပြီ”
“ဒယ်ဒီလည်း ကျွန်တော် အဖေ ပီသပါတယ်”
“ဘာကွ”
“သြော်……လူတစ်ဖက်သားရဲ့ ကျေးဇူးကို သိတတ်တာကိုဆိုလိုတာပါ”
သူခပ်ငေါ့ငေါ့ပြောလိုက်ဖြင်း ဖြစ်သော်လည်း ဒယ်ဒီ ကတော့အလေးအနက် ခေါက်းညိတ် လိုက်ပါသည်။
“ဆာဝါးက ငါ့အပေါ် သိပ်ကောင်းတယ်၊ ငါရဲ့ ငွေရေး ကြေးရေး ကိစ္စကို မကူညီခင်ကတည်းက ဂျူလီယာကို မင်းနဲ့ကျိတ်ပြီး သဘောတူနေတာ ဒါကြောင့် သူကျေးဇူးကို ဆပ်တဲ့အနေနဲ့ရော၊ သူဆန္ဒကို ဖြည့်ဆည်းတဲ့အနေနဲ့ပါ ခုကိစ္စကို ငါစီစဉ်တာ၊ ဂျူလီယာကလည်း တစ်တည်းသော သမီး၊ မင်းကလည်း တစ်ဦးတည်းသော သားဆိုတော့ အမွေကိစ္စတွေ ဘာတွေ မရှုပ်တော့ဘူးပေါ့၊ ငါစီစဉ်တာကို မင်းဘယ်လိုသဘောရလဲဆီဇာ တစ်ခုတော့ကြိုပြော ထားမယ် နော်၊ ငါစီစဉ်တဲ့အတိုင်း မလိုက်နာရင်တော့ မင်းအမွေတစ်ပြားမှ မမျော်လင့်နဲ့၊ ငါသေတမ်းစာကို ပြန်ပြင်ရေး ရလိမ့်မယ်”
“ဘယ်လိုရေး မှာ လဲ ဒယ်ဒီ”
“တစ်ဝက်ကို ဂျူလီယာတို့သားဖကို ပေးခဲ့မယ်၊ ကျန်တစ်ဝက်ကို မိဘမဲ့ဂေဟာ လှူပစ် မယ်”
“တော် တော် ကုသိုလ်ရမယ့်ကိစ္စပဲ”
“ဘာပြောတယ်ကွ”
“ဒယ်ဒီအကယ်လုပ် ဖြစ်ခဲ့ရင်ပြောတာပါ အဲဒီ အတိုင်းဒယ်ဒီလုပ် ဖြစ်မှာ မဟုတ်ပါဘူး”
“ဒါဖြင့် ဂျူလီယာကို လက်ထပ်မယ်ပေါ့”
“ကျွန်တော် ပြောတယ်မဟုတ်လား၊ ဒယ်ဒီဟာ ကျွန်တော် အဖေ ပီသပါတယ်လို့”
“ခု………ဒယ်ဒီ ကွက်ကျော်မြင်တတ်လာပြီး”
သူစကားအဆုံး ဒယ်ဒီပြုံးဖြီးဖြီးဖြင့် သူ့အား ကောင်းချီးပေးပါသည်။ “ခွေးကောင်”တဲ့။
ဂျူလီယာအား လက်ထပ်ရန် သူကတိပေးဆုံးဖြတ်ခဲ့ခြင်းမှာ ဒယ်ဒီ၏ ဆန္ဒကို ဖြည့်ဆည်း ပေးချင်သော ကြောင့် ဖြစ်သလိုလက်မထပ်နိုင်ပါဟု ငြင်းဆန်ရန်လည်း မည် သည့်အကြောင်း ပြချက်မျှ မရှိကြောင့် ဖြစ်သည်။
တက္ကသိုလ်ကျောင်းသားသတ်တမ်း သုံးနှစ် ကျော် လေးနှစ် မျှ ဖြတ်သန်းခဲ့သည့်တိုင် သူတစ် ခါမှရည်းစားမထားခဲ့ဖူသလို အပြောင်အပျက် သဘောနှင့် ပင် မိန်းကလေ တစ်ယောက် တလေအား ရည်းစားစာလိုက်မပေးဖူးခဲ့၊ သူ့အကြောင်းသိနေသော သူငယ်ချင်းများ က သူအားမကြားတကြား နောက်ပြောင်တတ်ကြသည်။
“ဒီကောင်က ဒီတစ်သက်မိန်းကယူမယ့်ကောင်မဟုတ်ဘူး၊ ၀တ်ရုံရှည်ကြီးဝတ်ပြီး သမ္မာ ကျမ်းစာအုပ်ကိုင်မယ့်ကောင်”
ထိုသို့ နောက်ပြောင်သူ သူငယ်ချင်းအားလုံး ကျောင်းပြီးလျှင်သူ ဂျူလီယာအား လက်ထပ် မည့် အကြောင်း သိသွားချိန်မှာ တော့ ပါးစပ်အဟောင်းသားနှင့် တအံ့အသြ ဖြစ်သွားကြသည်။
“ငါတို့ရည်းစားထားဖို့ မြှောက်ပေးတုန်း ကတော့ ဒီတစ်သက်ဘုန်းကြီးပဲဝတ်တော့မယ်လို၊ အသည်းအသန်ငြင်းခဲ့တဲ့ကောင်၊ ခု……… ဂျူလီယာနဲ့တွေ့ တော့မှာ ဈာန်လျှောတော့တာပဲ။
ဘာပဲ ဖြစ် ဖြစ်၊ သမ္မာကျမ်းစာအုပ်ကြီးကို ရတာ ထက်စာရင်တော့ ဂျူလီယာရဲ့ လက်ကို ကိုရတာ က ပိုပြီး နူညံ့မှာ သေချာတယ်လို့ပါ”
တစ်ယောက် တစ်ပေါက်နောက်ပြောင်နေကြသော သူငယ်ချင်းများ ကို သူခပ်ဆတ်ဆတ် တုံ့ပြန်လိုက်တော့ အခြေအနေက ပိုဆိုးပါသည်။ အားလုံးက ပြိုင်တူလိုလို ၀ိုင်းပြောကြ၏ ။
“ဒါဖြင့် လည်း ငါတို့ပါ မင်းအဖေရဲ့ ဆန္ဒကို ၀ိုင်းဖြည့်ပေးကြမယ်လေ၊ မြန်မြန်ပြည့်တာပေါ့…. မကောင်းဘူးလား”
သူခပ်တိုးတိုးကျိန်ဆဲရုံမှအပ ဘာမှ ဆက်မပြောနိုင်တော့ပါ၊ ဆက်ပြောလျှင်လည်းအခြေ အနေက ပိုဆိုးဖို့သာ ရှိပါသည်။ ဘာပဲ ဖြစ် ဖြစ် ဂျူလီယာနှင့် လက်ထပ်ရန်ကိစ္စကိုတော့ သူငယ်ချင်း အားလုံးက ၀မ်းမြောက်ဝမ်းသာ သဘောတူကြသလို သူကိုလည်း မဟာကဲ့ထူးရှင် တစ်ယောက် ပမာ သတ်မှတ်ကြ၏ ။ ဂျူလီယာက အလွန်ချမ်းသာသည့် တစ်ဦးတည်းသော သမီး ဖြစ်သလို စီးပွား ရေး တက္ကသိုလ်၏ အလှဘုရင့်မလည်း ဖြစ်သည် မဟုတ်ပါလား။
သူ ကတော့ ထိုဝိသေသများ ကြောင့် ဂျူလီယာ့အပေါ် အထူးတလည် ရင်မခုန်မိသော်လည်း ဒယ်ဒီ ကတော့ သူ့အား ရင်ခုန်စေချင်ပုံ ရလေသည်။
“ဒယ်ဒီက ကြွေးဆိုရင် ဘယ်လိုကြွးမျိုးကိုမှ အတင်မခံချင်ဘူး ဆီဇာ၊ ဆာဝါးဒယ်ဒီ့ အပေါ် ကောင်းခဲ့တာတွေ ၊ ကူညီခဲ့တာတွေ ဟာ အကြွေးတစ်ခုလို ဖြစ်နေတယ်၊ အဲဒီ အကြွေးကို ပြန်ဆပ်ဖို့ ကလည်း မင်းအပ်ါမှာ အများ ကြီးမူတည်နေတယ်၊ ဆာဝါးနဲ့ ဒယ်ဒီ့ကြားမှာ မျက်နှာပျက်စရာအ ဖြစ် မျိုး မ ဖြစ်ချင်းဘူး ဆီဇာ”
“ကျွန်တော့် အကြောင့် တော့ ဒယ်ဒီ မျက်နှာမပျက်စေရပါဘူး၊ ကျောင်းပြီးတာနဲ့ ဂျူလီယာ ကို ကျွန်တော် လက်ထပ်မှာ ပါ”
“လက်မထပ်ခင် အနေနီးစပ်ဖို့လည်း လိုသေးတယ်ကွ”
“ဒါဖြင့် လည်း ကျွန်တော် သူတို့အိမ်ကို ပြောင်းနေမယ်လေ”
“တောက်………ငါပြောတာက သူ့အိမ်ကို ဖြစ် ဖြစ်၊ သူကျောင်းကို ဖြစ် ဖြစ် မကြာခဏ အလည်သွားပေးဖို့ကို ပြောတာကွ”
ဒယ်ဒီက ဒုတိယပညတ်ချက်ကို အတိအလင်းထုတ်ပြန်လေသော အခါ သူကလည်းဒယ်ဒီ ၏ ပညတ်တော် အတိုင်း လိုက်နာခဲ့ရ၏ ။
သူကကျောင်းတတ်ရင်း တစ်ဖက်မှာ ၀ါသနာပါသော ကားဝယ်ရောင်းအလုပ်လုပ်ကို လုပ် ကိုင်နေသူ ဖြစ်သဖြင့် ကားပွဲစားတန်းသို့ သွားတိုင်း လမ်းသင့်သော ဂျူလီယာ၏ အိမ်သို့ လည် ကောင်း၊ ကျောင်းသို့ လည်းကောင်း မကြာခဏ အလည်ရောက် ဖြစ်ခဲ့သည်။ သူရောက်သွားတိုင်း ဂျူလီယာက သူအား အရေး တယူ ဧည့်ခံမြဲ ဖြစ်သည်။
“ကိုယ်အလည်လာတဲ့အတွက် ဂျူလီယာအနှောင့်အယှက်မ ဖြစ်ပါဘူးနော်”
“ဟင့်အင်း ၀မ်းတောင်သာသေးတယ်”
ထိုစကားအား ဂျူလီယာက အေးဆေးတည်ငြိမ်စွာ ပြောခဲ့ခြင်း ဖြစ်သည်။
“ဆီဇာ မလာခင်တုန်းကဆိုရင် စာလိုက်ပေးတဲ့လူနဲ့ ရည်းစားစကားအတင် လိုက်ပြောတဲ့ လူနဲ့ သိပ်စိတ်ညစ်ဖို့ ကောင်းတာပဲ၊ ခုတော့ ဆီဇာလာတော့မှ သူ့တို့စိတ်ပျက်ပြီး နောက်ဆုတ် သွားကြတာ”
“သူတို့က ကိုယ့်ကို ဂျူလီယာ့အတွဲ လို့ ထင်သွားလို့ ဖြစ်မှာ ပေါ့……..”
“ဟင့်အင်း၊ ထင်သွားတာ မဟုတ်ဘူး၊ ကျောင်းပြီးရင် ဆီဇာတို့လက်ထပ်မည့် အကြောင်း အသေးအချာကို သိသွားတာ”
“အင်သတင်းပေါက်ကြားမှု က မြန်လှချေလား”
“မြန်မာပေါ့၊ ဂျူလီယာကိုယိတိုင် ကြေညာလိုက်တာကိုး”
ဂျူလီယာက တိုသို့ သော မိန်းကလေးမျိုး ဖြစ်၏ ။
ရိုးသားပွင့်လင်းသလို စိတ်ဓာတ် မာကျောမြန်ဆန်သူလည်း ဖြစ်သည်။
“ဆီဇာ့ကို ခုကတည်းက ပြောထားမယ်…….နော၊ ရည်းစားတွေ ဘာတွေ ထားခဲ့ဖူးရင်၊ ဒါမှမဟုတ်လည်း လက်ရှိတွဲ နေတဲ့ကောင်မလေးတွေ ဘာတွေ ရှိရင် ဂျူလီယာကို ကြိုပြီးအသိပေး ထား”
“ဘာလဲ၊ လမ်းမှာ တွေ့ ရင် ရှောင်ပေးမလို့လား”
“မဟုတ်ဘူး၊ လက်ထပ်ပွဲကို ကြိုပြီးဖျက်ခိုင်မလို့”
ဂျူလီယာပုံစံက ပြောသည့်အတိုင်း လုပ်လိမ့်မည် ဖြစ်ကြောင်း သံသယ၀င်စရာမလိုပါ။ သူ့၌ ဘယ်တုန်းကမှ ရည်းစားမရှိခဲ့ဖူးကြောင်း ပြောတော့မှ ဂျူလီယာ ကျေနပ်သွား၏ ။ ဒါတောင်နောက် ပိုင်း သူ့အကြောင်းကို တိတ်အဆိတ် စုံစမ်းခဲ့ပါသေးသည်။
ဂျူလီယာကျောင်းသို့ သူမကြာခဏရောက်သွားတတ်သဖြင့် တတ်ကျောင်းလုံးက သူနှင့် ဂျူလီယာအား သမီးရည်းစားများ အ ဖြစ်သတ်မှတ် ထားကြသော်လည်း သူတို့နှစ် ယောက် ကတော့ တစ်ယောက် အကြောင်း တစ်ယောက် သိအောင် ကြိုစားအကဲခတ်သော အဆင့်ထက် မပိုခဲ့။ သမီးရည်းစားနှင့် တူသော အပြုအမှု ဆို၍ အအေးဆိုင်၌ နှစ် ယောက် အတူတူထိုင်ကာ စကား ပြောခြင်း၊ လမ်းအတူလျှောက်ခြင်းမျှလောက်သာ ရှိခဲ့သည်။
ဂျူလီယာ၌ ယောက်ျား တစ်ယောက် အား ညှို့ယူဖမ်းစားနိုင်သည့် အရည်းအချင်းများ စွာ ရှိသော်လည်း ကဗျာဆန်သလိုစိတ်ကူးလည်း မယဉ်တတ်သော သူ့အတွက် ဂျူလီယာအား တစ်ချိန်ကျလျှင်လက်ထပ်ရမည့်  မိန်းကလေး တစ်ယောက် အ ဖြစ်ထက်ပို၍ ရင်ခုန်စိတ်လှုပ်ရှား မှု မရှိခဲ့။
သူ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သော စောသိန်းဝင်း ကတော့…….
“မိန်းကလေးတွေ့ နဲ့ပတ်သက်ပြီး မင်းရင်မခုန်တတ်သေးလို့ပါကွာ၊ ရင်ခုန်တတ်လာတဲ့ တစ်နေ့ကျရင် ဂျူလီုယာဟာ မင်းအတွက် ရန်ခုန်စရာအကောင်းဆုံး မိန်းကလေး ဖြစ်နေလိမ့်မယ်။ ငါ့ပြောတာကို မယုံစောင့်ကြည့်”
မိန်းကလေးတွေ နဲ့ ပတ်သက်ပြီး မင်းရင်မခုန်တတ်သေးလို့ပါကွာ၊ ရင်ခုန်တတ်လာတဲ့ တစ်နေ့ကျရင် ဂျူလီယာဟာ မင်းအတွက် ရန်ခုန်စရာအကောင်းဆုံး မိန်းကလေး ဖြစ်နေလိမ့်မယ်။ ငါပြောတာကို မယုံရင်စောင့်ကြည့်”
စောသိန်းဝင်း၏ စကားမှန်၊ မမှန်သူ သိသော်လည်း…….
ဂျူလီယာနှင့် သူ တွဲ သွားသည့်အခါများ ၌ ခပ်နောက်နောက်ကျောင်းသား ကျောင်းသူ တချို့က……..
“ရှေ့သွား နောက်လိုက်ညိတတ်ဗျို့၊ အရမ်းလိုက်တာပဲ”
ဟု မကြားတကြား ရေရွတ်ကြသည့်အခါမျိုးမှာ တော့ သူကျေနပ်သာယာမိကြောင်း ရိုးသား စွာ ၀န်ခံရပါလိမ့်မည် ။ ဂျူလီယာနှင့် သူသည် လိုက်ဖက်ညီသော အတွဲ ဖြစ်ပြီး အောင်မြင်သာယာ သည့်အိမ်ထောင်တစ်ခုကို ဖန်တီးတည်ဆောက်နိုင်လိမ့်မည် ဟူသော အချက်ကိုတော့ သူအနည်း ငယ်မှ သံသယမ ဖြစ်ခဲ့ပါ။
ထို့ကြောင့် လည်း သူက ကျောင်းပြီး၍ သိပ်မကြားမီမှာ ပင် ဂျူလီယာနှင့် လက်ထပ်ခဲ့ခြင်း ဖြစ်၏ ။ သို့ သော်လည်း ထိုလက်ထပ်မင်္ဂလာအခမ်းအနားသည် ချွတ်ချော်လွဲများ မူများ စွာ ဖြင့် တိမ်းစောင်းပျက်စီးခဲ့ရသည် ကတော့ အလွန်အရုပ်ဆိုး၊ အကျည်းတန်လှသလိုခံပြင်နာကြည်းဖိုး လည်း ကောင်းလှပါသည်။
တကယ်တော့ အ ဖြစ်အပျက် အားလုံးအား ဖန်းတီးခဲ့သည့်တရားခံမှာ ပိုးပေါ်မှ ကျလာ သလို ရောက်ရှိလာပြီး အဓိပ္ပာယ်မဲ့ကန့်ကွက်သွားသော အမည် မသိ မိန်းကလေးပင် ဖြစ်သည်။ ထိုမိန်းကလေးကိုသာ ခုချိန်၌ မျက်နှာချင်ဆိုင် တွေ့ ခွင့်ရမည် ဆိုပါက သူ၏ ဒေါသတို့ မီးတောက် တစ်ခု ပေါက်ကွဲသလိုပေါက်ကွဲသွားနိုင်ပါသည်။
သို့ သော် လောလောဆယ် အနေအထားမှာ တော့ သူ၏ ဒေါသတို့ ပေါက်ကွဲဖို့ထက် အခြား သူများ ၏ ဒေါသကိုသာ အလူးအလဲ ရင်ဆိုင်ခဲ့ရ၏ ။
“တောက်………”
စိတ်တိုတိုနှင့် တတ်တစ်ချက်ကို ခေါက်လိုက်တော့ခပ်လှမ်းလှမ်းမှ စားပွဲထိုးကလေးက ၎င်းကို ခေါ်သည် အထင်နှင့် သူအနားသို့ အပြေးအလွှား ရောက်လာသည်။
“ဘာများ အလိုရှိပါလဲ ဆရာ”
“ကျွတ်….ငါ မင်းကို ခေါ်တာမဟုတ်လူးကွ၊ ဒါပေမဲ့ အနားရောက်လာမှတော့ မထူးတော့ ဘူး၊ ဘီယာတစ်ဘူးယူလာခဲ့”
“စိတ်ချဆရာ ကျွန်တော် အမြန်ဆုံးယူခဲ့ပါမယ်”
စားပွဲထိုးကလေး ပြန်ထွက်သွားတော့ အပေါ်ဆုံးအင်္ကျီကြယ်သီးကို ဖြုတ်ပြီး လည်စည်းကို လျှောက်လိုက်၏ ။ မနက်သေသပ်ကျနစွာ ၀တ်ထားသော မင်္ဂလာဝတ်စုံသည် ယခုတော့ဖရိုဖရဲနှင့် တွန့်ကြေနေပြီး ဖြစ်သည်။ ယခုအချိန်၌ သူ့အတွက် တစ်စုံတစ်ရာအဓိပ္ပာယ်မရှိတော့သော ဤ၀တ် စုံအား အထူးတလည်ဂရုစိုက်မနေနိုင်ပါ။
သို့ သော် ဤဆိုင်သို့ သူတင်ဝင်ရောက်လာစဉ် ကတော့ သူနှင့် ရင်းနှီးနေသော ဆိုင်ပိုင် ရှင်
က ထိုဝတ်စုံပေါ် ဂရုတစိုက်ရှိခဲ့ပုံရလေသည်။
“ဆု(တ်)တွေ ဘာတွေ နဲ့ပါလား၊ ဘယ်ပွဲက ပြန်လာတာလဲ”
ဆိုင်ရှင်၏ အမေကို သူစိတ်ပေါက်ပေါက်နှင့် “မင်္ဂလာဆောင်က ပြန်လာတာ”ဟု ဖြေတော့ ၎င်းက စပပ်စုနေသေးသည်။
“ဘယ်သူမင်္ဂလာဆောင်လဲ”
“ဘယ်သူ့မင်္ဂလာဆောင်ရှိမလဲ၊ ကျွန်တော့် မင်္ဂလာဆောင်ပေါ့ဗျာ…….”
“ခင်ဗျာ ကတော့ တော် တော့် ကို နောက်တဲ့လူပဲ”
ဆိုင်ရှင်က တဟားဟားရယ်ရင်းမယုံကြည်ဟန်ဖြင့် ပြောတော့၎င်းပြောသလိုပင် ယနေ့ အ ဖြစ်အပျက်အားလုံး နောက်ပြောင်မူတစ်ခုသား ဖြစ်လျှင် ဘယ်လောက်များ ကောင်းလိုက်မလဲ ဟု သူတွေးခဲ့မိ၏ ။ နောက်ပြောင်မှု မဟုတ်လည်း အိပ်မက်တစ်ခု ဖြစ်ခဲ့လျှင် အလွန်ကောင်းပါလိမ့် မည် ။
သို့ သော် သူကြုံတွေ့ ခဲ့ရသည့်နေ့က အိမ်မက်အဟုတ်သလို၊ နောက်ပြောင်ကျီစယ်မှု တစ်ခု လည်း မဟုတ်ခဲ့ပါ။ ဒယ်ဒီ့စကားသံတို့ကို ယခုတိုင်အောင် ရစ်ဝဲကြားယောင်နေမိသည်။
“ဒီမင်္ဂလာပွဲကို ငါဘယ်လောက်အလေးအနက်ထားခဲ့သလဲ၊ ဘလောက် ဖြစ်စေချင်ခဲ့သလဲ ဆိုတာ မင်းအသိဆုံးပဲ ဆီဇာ၊ ခုတော့ ငါ ဖြစ်စေချင်တဲ့ဆန္ဒတွေ ကို ဖျက်ဆီးခဲ့ပစ်လိုက်တာပဲ၊ ငါ့မျက်နှာကို အိုးမဲသုတ်လိုက်တာပဲ၊ မင်းမှာ ရည်းစားရှိတယ်ဆိုရင် အစကတည်းက ငါ့ကို စောစောစီးစီး ကြိုပြောပါလား”
“မဟုတ်ဘူး ဒယ်ဒီ၊ ဒယ်ဒီ ထင်သလို လုံးဝမဟုတ်ဘူး။ ကျွန်တော် လည်း ဒီလို့ပဲ ဒီမင်္ဂလာဆောင်ကို ဖြစ်စေချင်တာပါ”
“ဒါဖြင့် ရင် ဘာ ဖြစ်လို့ ငါ အတန်တန် သတိပေးခဲ့တဲ့ ကြားထဲက မင်းရည်းစားထားခဲ့သလဲ၊ ဘာ ဖြစ်လို့ မိန်းမရှုတ်ခဲ့သလဲ”
“ကျွန်တော် ဘယ်မိန်းမနဲ့မှ မရှုပ်ခဲ့ပါဘူး ဒယ်ဒီ”
“မင်း မရှုပ်ခဲ့ဘဲနဲ့ ဟိုကောင်မလေးက ငိုယိုပြီး မင်းမင်္ဂလာဆောင်ကို လာကန့်ကွက် မလားကွ၊ မင်းရှုပ်ခဲ့လို့သာ ဒီပြဿနာတွေ ဖြစ်လာတာပေါ့။ ခုတော့ ဆာဝါးကို ငါဘယ်လို့ပုံစံမျိုးနဲ့ မျက်နှာချင်းဆိုင်ရမလဲ။ ဘယ်လိုတောင်းပန်းရမလဲ။ တောက်….. မင်းတော် တော် ဂြိုဟ်မွှေတဲ့ ကောင်ပဲ ဆီဇာ၊ သွား….ခု ချက်ချင်း ဂျူလီယာဆီလိုက်သွားပြီး သူကျေနပ်တဲ့အထိသွားတောင်းပန်း။ ဂျူလီယာမကျေနပ်မချင်း မင်းအိမ်ပြန်မလာနဲ့။ မြို့ထဲက တိုက်ခန်းမှာ ပြောင်းနေ၊ မင်းအ၀တ်အစား တွေ မနက်ဖြန်အဲဒီ တိုက်ခန်းကို ပို့ခိုင်းလိုက်မယ်”
ဒယ်ဒီက သူ့အပေါ် အလွန်ချစ်သော်လည်း ဒေါသထွက်နေချိန်မျိုးဆိုလျှင်တော့ ထိုအချစ် တို့က ပျောက်ကွယ်နေတတ်သည်။ သူဆက်ရှင်းပြနေပါက ဒယ်ဒီ့ဒေါသတို့ကို ဆွပေးသလို ဖြစ်မည် စိုးသော ကြောင့် ဒယ်ဒီ့ရှေ့မှ ထွက်လာခဲ့၏ ။
ဂျူလီယာအား ကျေးနပ်သည့်အထိတောင်းပန်းရမည် ဟု ဒယ်ဒီအမိန့်ပေးခဲ့သော်လည်း ထိုကိစ္စမှာ ထင်သလောက်မလွယ်ကူလှပါ။ ဂျူလီယာတို့အိမ် ရောက်သွားတော့ ဂျူလီယာ့ဖခင်က သူ့အား နှုတ်ဆက်ခြင်း မပြုသလို ပြစ်တင်မာန်မဲခြင်းလည် မပြု။ တင်းမာသော မျက်နှာနှင့် ထထွက်သွား၏ ။
အိမ်ဖော်အမျိုးသမီးကလေး ကတော့ သူ့ကိုတွေ့ သည်နှင့် “မမလေး နေမကောင်းလို့ အိပ်နေ တယ်”ဟု ခပ်ပြတ်ပြတ်ပြောသည်။ ဂျူလီယာ အမှန်တကယ်အိပ်နေလိမ့်မည် မဟုတ်မှန်း သိသဖြင့် ပခုံးနှစ် ဖက်ကိုဟန်ပါပါတွန့်ရင်း ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ၊ ဒါဆိုလည်း သူအိပ်ရာနိုးတဲ့အထိ ထိုင်စောင့်ရုံပေါ့”
အမှန်တကယ်ပင် သူ ဇွဲကောင်းကောင်းနှင့် ထိုင်စောင့်နေလိုက်သည်။ နောက်ဆုံးတော့ ဂျူလီယာအိမ်ပေါ်ထပ်မှ ဆင်းလာပြီး ဧည့်ခန်းထဲသို့ ရောက်ရှိလာပါသည်။
“ရှင် ဇွဲကောင်းသားပဲ ဆီဇာ၊ ဇွဲကောင်းသလို မျက်နှာလည်း တော် တော် ပြောင်တဲ့လူပဲ။ ခုလိုအခြေအနေမျိုးမှာ တောင် ကျွန်မဆီကို ရှင် လာတွေ့ ရဲသေးတာ အံ့သြစရာပဲ”
“ ကိုယ်ရှင်းပြချင်လို့ပါ ဂျူလီယာ”
“ဘုရားကျောင်းမှာ တုန်းက ကျွန်မကို ရှင် ရှင်းပြခဲ့ပြီးပြီပဲ”
“အဲဒီ တုန်းက ကိုယ်ရှင်းပြတာကို မင်းမယုံခဲ့ဘူး မဟုတ်လား”
“သေချာတာပေါ့။ အဲဒီ တုန်းက မယုံသလို ခုလည်း ယုံမှာ မဟုတ်ဘူး။ အဲဒီ တော့ လေကုန်ခံပြီး ထပ်ဖြေရှင်းမနေပါနဲ့တော့ ဆီဇာ”
သူ စိတ်ပျက်စွာ ခေါင်းတစ်ချက်ခါယမ်းလိုက်မိ၏ ။
“မင်းနဲ့ မတွေ့ ခင်ကရော၊ မင်းနဲ့ တွေ့ ပြီးတဲ့အချိန်ထိ ကိုယ်ဘယ်တုန်းကမှ ရည်းစားမထား ခဲ့ဖူးသလို တိတ်တိတ်ပုန်း မိန်းမရှုပ်တဲ့ အလုပ်မျိုးလဲ တစ်ခါမှမလုပ်ခဲ့လူး ဂျူလီယာ၊ အဲဒါကို ဘုရား သခင်သိတယ်”
“ခက်နေတာတစ်ခုက ကျွန်မက ဘုရားသခင် မဟုတ်ဘူး ဆီဇာ”
“ကောင်းပြီလေ၊ ဒါဆိုလည်း ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အ ဖြစ်အပျက်တွေ နဲ့ပတ်သက်ပြီး မင်းကျေနပ်အောင် ကိုယ်ဘာလုပ်ပေးရမလဲ၊ ဘယ်လိုတောင်းပန်ရမလဲ ဂျူလီယာ”
“ဘာမှ ထွေထွေထူးထူး တောင်းပန်စေရာမလိုပါဘူး ဆီဇာ၊ ဒါပေမဲ့ ရှင် သိပ်ပြီးဆန္ဒပြင်းပြေ နေရင် လုပ်ပေးနိုင်တာ တစ်ခုတော့ ရှိတယ်”
“ဘာများ လဲ ဂျူလီယာ”
“ရှင် ဒီကနေ အမြန်ဆုံး ပြန်သွားဖို့ပါ”
သူ ရှုံးနိမ့်စွာ ဆုတ်ခွာလာခဲ့ရ၏ ။
ဂျူလီယာ မကျေနပ်မချင်း အိမ်ပြန်မလာနဲ့ဟူသော ဒယ်ဒီ့ စကားကြောင့် အိမ်မပြန်ချင် သလို၊ သူငယ်ချင်းများ နှင့် လည်း လောလောဆယ် မျက်နှာချင်းဆိုင်ချင်စိတ်မရှိ။ ထိုကြောင့် ကားကို စိတ်ကူးတည့်ရာ လျှောက်မောင်းရင်း နောက်ဆုံး၌ ဤဆိုင်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ တစ်ခါ တစ်ရံမှသာ သူငယ်ချင်းတချို့နှင့် လာထိုင်လေ့ရှိသော်လည်း ဆိုင်ရှင်က သူ့အား ကောင်းစွာ ရင်း နှီးနေသဖြင့် သူ၏ မင်္ဂလာပွဲဝတ်စုံနှင့် ပတ်သက်၍ စပ်စုခဲ့ခြင်း ဖြစ်သည်။
နောက်ကျိရှုပ်ထွေးနေသော သူ၏ စိတ်ဓာတ်တို့အား ဘီယာနှင့် တိုက်စားချေမွရန် ကြိုးစား ကြည့်သော်လည်း မအောင်မြင်ပါ။ ထို့ကြောင့် ဘီယာလေးဘူး ကုန်သွားချိန်၌ မြို့ထဲမှတိုက်ခန်းသို့ သွားရန် ဆုံးဖြတ်လိုက်၏ ။ ထိုတိုက်ခန်းမှာ ဒရမ်တီး ၀ါသနာပါပြီး မကြာခဏ ဆူဆူညံညံ ဒရမ်အတီး ကျင့်တတ်သော သူ့အတွက် လွတ်လပ်စွာ ဒရမ်တီးနိုင်ရန် ဒယ်ဒီ ၀ယ်ပေးထားသော အခန်း ဖြစ်သည်။
ယခုအချိန်၌ သာ စိတ်ရှိလက်ရှိ ဒရမ်တီလိုက်ရမည် ဆိုပါက ဒရမ်စတစ်(ခ်) အတော် များများ ကျိုးကုန်မှာ အလွန်သေချာလေသည်။ သို့ သော် စိတ်ထွက်ပေါက်တစ်ခုတော့ ဖြစ်ကောင်း ဖြစ်နိုင်ပါ လိမ့်မည် ။
ပိုက်ဆံတွက်ရန် စားပွဲထိုးလေးအား လှမ်းခေါ်မည် ပြုစဉ် ဆိုင်ပိုင်ရှင်က သူ့စားပွဲနားသို့ ရောက်လာသည်။
“ခင်ဗျားရောက်လာတာနဲ့အတော် ပဲ။ ကျွန်တော် ၀ိုင်း ရှင်းမယ်။ ဘီလ်တွက်လိုက်ပါ”
“ကောင်တာမှာ ဖုန်းလာနေတယ်ဗျ”
“ဖုန်းလာရင်လည်း သွားကိုင်လိုက်ပေါ့ဗျာ။ ပြီးမှ တွက်ပေါ့”
“ဖုန်းကိုင်ပြီးပြီ၊ ခင်ဗျားမိတ်ဆွေ တစ်ယောက် ဆီကလာတာ၊ ကိုဆီဇာနဲ့ စကားပြောချင်လို့… တဲ့”
ဆိုင်ရှင်စကားကြောင့် သူ တအံ့တသြ ဖြစ်သွားရသည်။
“ကျွန်တော့် မိတ်ဆွေ တစ်ယောက် ဆီက ဟုတ်လား၊ ပေါက်ပေါက်ရှာရှာဗျာ၊ ကျွန်တော့် အ သိမိတ်ဆွေတွေ မပြောနဲ့၊ ကျွန်တော် ကိုယ်တိုင်တောင် ခင်ဗျားဆိုင်ဖုန်းနံပါတ်ကို မသိဘူး။ တခြား ၀ိုင်း တစ်ဝိုင်းဝိုင်းက ဆီဇာနဲ့ မှားတာ ဖြစ်မှာ ပါ”
ဆိုင်ထဲရှိတခြားဝိုင်းများ ဆီသို့ ဝေ့၀ဲကြည့်ရင်း သူပြောလိုက်တော့ ဆိုင်ရှင်က ခေါင်းယမ်း သည်။
“ကျွန်တော့် ဆိုင်ထဲမှာ ကိုဆီဇာနှစ် ယောက် ရှိကောင်းရှိနိုင်ပေမယ့် ကုတ်အင်္ကျီနဲ့၊ နက်ခ တိုင်နဲ့ ဆီဇာ ကတော့ ခင်ဗျား တစ်ယောက် ပဲရှိတယ်။ မီးခိုးရောင် ဆု(တ်) ၀တ်ထားလိမ့်မယ်လို့ ဖုန်းထဲက အတိအကျ ပြောတာ”
ဒါဆိုလျှင်တော့ သူမှလွဲ၍ တခြားသူမ ဖြစ်နိုင်တော့ပါ။ ထူးထူးဆန်းဆန်း ဖုန်းဆက်လာသူ မှာ ဘယ်သူများ ပါလိမ့်ဟူသော သိချင်စိတ်ပြင်းပြစွာ ထိုင်ရာမှ ထရပ်၍ ကောင်တာဆီသို့ လျှောက်လာခဲ့သည်။
“ဟယ်လို …. ဆီဇာ စကားပြောနေပါတယ်”
တယ်လီဖုန်းကို ကောက်ကိုင်၍ သူပြောလိုက်သည်။
“မင်္ဂလာပွဲ ပျက်သွားလို့ တော် တော် စိတ်ညစ်နေသလား ကိုဆီဇာ… ”
တစ်ဘက်မှ တစ်ခါမှမကြားဖူးသော မိန်းကလေး တစ်ယောက် ၏ အသံ ဖြစ်နေသဖြင့် သူ မျက်မှော င်ကြုတ်လိုက်မိသည်။ ဘယ်သူများ ပါလိမ့်။
“ခုစကားပြောနေတာ ဘယ်သူလဲ တဆိတ်သိပါရစေ”
“ကျွန်မနာမည် ကိုမေးတာ ဆိုရင်တော့ အပိုပဲ ကိုဆီဇာ၊ ရှင်ကျွန်မနာမည် ကို သိမှာ မဟုတ် ဘူး။ ဒါပေမဲ့ ဘုရားကျောင်းမှာ တုန်းက ငိုသွားတဲ့မိန်းကလေး တစ်ယောက် ဆိုရင်တော့ ရှင်မှတ်မိ မှာ ပါ”
“သြော်… လက်စသတ်တော့ မင်းကို၊ သိပ်ကိုမှတ်မိတာပေါ့။ ကျုပ်မင်းကို တွေ့ ချင်နေတာ”
သူ့အသံတို့က ဒေါသဖြင့် မာကျောတုန်ခါနေကြ၏ ။
“ရှင့်ကြည့်ရတာ တော် တော် ခံစားနေရတဲ့ပုံပဲ။ ဒါပေါ့လေ ကိုယ့်ချစ်သူနဲ့ လက်ထပ်ခါနီး ကျမှ လက်ထပ်ပွဲပျက်ပြီး ကွဲသွားရတာ ဆိုတော့ ဒီလောက်တော့ ခံစားရမှာ ပေါ့”
ခံစားရမှာ ပေါ့….တဲ့။
သာမန်မှတ်ချက်ချစကားလား၊ သူ မခံချင်အောင် တမင်ရိသဲ့သဲ့ ပြောလိုက်ခြင်းလား မသေချာသော်လည်း သူ ကတော့ ခံပြင်းစိတ်ဖြင့် ခပ်ဆတ်ဆတ်တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်၊ တော် တော် ခံစားရတယ်။ ဒါပေမဲ့ ကျုပ်ခံစားရတာ က ချစ်သူနဲ့ကွဲလို့ ခံစားရ တာမျိုးမဟုတ်ဘူး။ ကျုပ်အဖေ သိပ် ဖြစ်မြောက်စေချင်တဲ့ မင်္ဂလာပွဲပျက်သွားလို့ ခံစားရတာ ။ နေစမ်းပါဦး၊ ကျုပ် ခုလိုမျိုးခံစားရအောင် ဘာ ဖြစ်လို့ မင်းလုပ်ခဲ့ရတာ လဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့ ကျုပ်ရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးခဲ့ရတာ လဲ”
“ ဖြည်းဖြည်းပေါ့ ကိုဆီဇာ၊ အချိန်တန်တော့ ရှင်သိရမှာ ပေါ့။ ဒါနဲ့ စကားမစပ် ရှင်နဲ့ဂျူလီယာ က ချစ်သူတွေ မဟုတ်ကြဘူးလား”
“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့… မဟုတ်ဘူး။ လူကြီးချင်း သဘောတူထားတာ၊ လူကြီးတွေ က ကျုပ်တို့နှစ် ယောက် ကို သိပ်ပြီး နီးစပ်စေချင်တယ်။ ဒါပေမဲ့ မင်းရဲ့ အသုံးမကျတဲ့ လုပ်ရပ်ကြောင့် အစီအစဉ်တွေ အားလုံး ကမောက်ကမ ဖြစ်ခဲ့ရတယ်။ အဲဒီ တော့ မင်းရဲ့ ပေါကြောင် ကြောင် လုပ်ရပ်တွေ နဲ့ ပတ်သက်ပြီး ခိုင်လုံတဲ့ ဖြေရှင်းချက်တစ်ခုခု ကျုပ်ကြားချင်တယ်။ ပြီးတော့ မင်းဘယ်သူလဲ ဆိုတာကိုလဲ ကျုပ်သိချင်တယ်။ အခု မင်းကို ကျုပ်ဘယ်မှာ လာတွေ့ ရမလဲ”
“ရှင် ကျွန်မကို သိပ်ပြီး တွေ့ ချင်နေသလို၊ ကျွန်မလဲ ရှင်နဲ့ မျက်နှာချင်းဆိုင် တွေ့ ချင်နေပါ တယ် ကိုဆီဇာ…. တစ်နေ့နေ့တော့ ကျွန်မတို့ ဆုံ ဖြစ်ကြမှာ ပါ”
ထို့နောက် သူ တစ်စုံတစ်ရာမတားဆီးနိုင်ခင်မှာ ပင် တစ်ဖက်မှ ဖုန်းချသွားလေသည်။ တတူတူ မြည် သံ ထွက်ပေါ်နေသော နားထောင်ခွက်ကိုကိုင်ရင်း ဒေါသတကြီး အံကို တင်းတင်း ကြိတ်လိုက်မိသည်။
ဒါဟာ….ဘာအဓိပ္ပာယ်လည်း။ ဘာ ဖြစ်လို့ သူ့ကိုလိုက်နှောင့်ယှက်နေရတာ လဲ။ ဘယ်လို အငြိုးနဲ့ သူ့မင်္ဂလာပွဲကိုလုပ်ကြံ ဖျက်ဆီးခဲ့ရတာ လဲ။ တစ္ဆေတစ်ကောင်းလို ရုတ်တရက်ပေါ်လာတဲ့ အမည် မသိမိန်းကလေးဟာ…ဘယ်သူလဲ။
သူ့ခေါင်းထဲမှာ မေးခွန်းပေါင်းများ စွာ ဆူညံနေကြသော်လည်း သူဘယ်လိုမှ စဉ်းစား အဖြေရှာမရ၊ ထိုသို့ စဉ်းစားမရလေ၊ ခ့ပြင်းစိတ်ဖြင့် သူ၏ ဒေါသတို့က ဆူဝေ အုံကြွလာကြလေ ဖြစ်သည် တယ် လီဖုန်းခွက်ကို ပြန်တင်ရင်း သူတက်တစ်ချက်ကို ခေါက်လိုက်မိသည်။
![]() ပျားရည်နှင်းစက် | ![]() နှင်းစက်ကကြိုး | ![]() ကောင်းကင်ခါးခါး |