Cover

နေနော်

ကောင်းကင်ခါးခါး

ဆေးအဖြူသုတ်ထားသော သစ်သားခြံတခါးလေးကို တွန်းဖွင့်ပြီး ခြံထဲသို့ လှမ်းဝင်လိုက် သည်။ သစ်ပင်ရိပ်၌ အိပ်ပျော်နေသော အင်းခွေးကြီးက သူ့ကိုတွေ့ သည်နှင့် ပြေးလာသော်လည်း သူ့အားမှတ်မိနေပြီ ဖြစ်သဖြင့် ဟောင်ဘဲ အမြီးနှန့်ကာ ဆီးကြိုနှုတ်ဆက်သည်။

ခွေးကြီး၏ ခေါင်းကိုပွတ်သပ်ပေးလိုက် ပြီး ရေနံချေးဝနေသည့် ခြေတံရှည်ပျဉ်ထောင် အိမ်လေးဆီသို့ လျှောက်လာခဲ့သည်။ သို့ သော် အိမ်ဆီသို့ မရောက်မီလမ်းတစ်ဝက်မှာ ပင်သူ့အား လှမ်းခေါ်သံကြားသဖြင့် အသံလာရာသို့ လှမ်းကြည့်လိုက်တော့ပိန္နဲပင်အောက်သစ်သားခုံတန်း လေး၌ ထိုင်နေသော သော်သော်ကို တွေ့ လိုက်ရသည်။

အိမ်ဆီသို့ မသွားတော့ဘဲ သော်သော်ထံသို့ လျှောက်လာကာ သူမဘေးမှ နေရာလွတ်၌ သူဝင်ထိုင်လိုက်တော့ သူမက သူ့မျက်နှာကိုကြည့်ရင်းမေးသည်။

"ညီ… မျက်နှာလဲမကောင်းပါလား၊ နင်ဘာ ဖြစ်လာသလဲ"

"ဟင့်အင်း… ဘာမှမ ဖြစ်ပါဘူး"

သူခေါင်းယမ်းငြင်းဆန်လိုက်တော့ သူမက ခပ်သဲ့သဲ့ပြုံးလျက်ပြန်ပြော၏ ။

``နင်ငါ့ကို ဘယ်တုန်းက ညာလို့ရဖူးလို့လဲညီရာ၊ နင်တစ်ခုခု ဖြစ်လာပါတယ်´´

သူမ၏ လေသံက သူမစကားအတွက် အခိုင်အမာယုံကြည်စိတ်ချထားသည့် လေသံမျိုး ဖြစ် သည်။

`` ဘဲလဲ… နင်အိမ်နဲ့ ပြဿနာတက်လာပြန်ပြီ မဟုတ်လား´´

သူကပဲဟန်ဆောင်မကောင်းတာလား၊ သူမကပဲ လူကဲခတ်အလွန်တော် လို့ လားတော့မ ပြောတတ်။

သေချာတာ ကတော့ သူမကိုသူဘယ်တော့မှ ပိရိစွာ ဖုံးကွယ်လိမ်ညာနိုင်လိမ့်မည် မဟုတ်ပါ။

``နင်စုံထောက်လုပ်စားပါလား သော်သော်၊ ဒါမှမဟုတ်လဲ ဗေဒင် ဆရာမ ဖြစ် ဖြစ်လုပ်ဖို့ ကောင်းပါတယ်၊ နင်ပြောတဲ့အတိုင်းငါ အဖေနဲ့ ပြဿနာတက်လာတယ်´´

သူ့စကားဆုံးတော့ သူမထံမှ သက်ပြင်းချသံသဲ့သဲ့ကို သူကြားလိုက်ရသည်။

`` ဘယ်လို ဖြစ်လို့လဲ ညီ´´

``ငါမနက်က အိမ်ရာထ နောက်ကျသွားတယ်ဟာ၊ နောက်ပြီးဒီနေမှ ရေမှာ တဲ့အိမ်တွေ က လဲများ တော့ ငါရေထမ်းရင်း ထမင်းအိုးတည်ဖို့ နောက်ကျသွားတယ်၊ သတိရရချင်း၊ အိမ်ပြန်ပြီးထမင်းအိုးတည်ဖို့ နောက်ကျသွားတယ်၊ သတိရရချင်း အိမ်ပြန်ပြီး ထမင်းချက်ဖို့လုပ်တော့ ထမင်းအိုးကချက်ပြီးနေပြီ၊ ဒါနဲ့ ပဲ ရေဆက်ထမ်းနေလိုက်တယ်၊ ရေထမ်းပြီးလို့ အိမ်ပြန်ရောက်တော့ထမင်းပြန်မချက်လို့ဆိုပြီး အဖေ့ကငါ့ကို ဆူတယ်၊ အ ဖြစ် ကတော့ အဲဒါပဲ´´

``နင့်အဖေ နင့်ကိုရိုက်လိုက်သေးလား´´

သူမ မေးခွန်းကြောင့် သူခြောက်ကပ်နာကျင်စွာ ရယ်မောလိုက်မိသည်။

`` အဖေစိတ်ဆိုးရင် ဘယ်တုန်းက လက်မပါဘဲ ရှိဖူးလို့လဲ သော်သော်ရာ၊ ထုံးစံအတိုင်း နားရင်းရိုက်တာခံရတာ ပေါ့ ၊ပြီးတော့ ထမင်းမချက်တဲ့ အတွက်ဒီနေ့မနက်စာ မစားရဘူးတဲ့´´

`` ဟယ်… ဒါဖြင့် နင်ခုချိန်ထိ ထမင်းမစားရသေးဘူးပေါ့´´

သူမ၏ အမေးကို သူဘာမှ အဖြေမပေးဘဲ ငြိမ်သက်နေလိုက်သည်။

`` စောစောကတည်းက ပြောရောပေါ့ ညီရာ၊ ခုပဲ ဘယ်အချိန်ရှိနေပြီလဲ၊ လာ… အိမ်ထဲမှာ ထမင်းသွားစားရအောင်´´

`` ဟင့်အင်း…ငါမဆာပါဘူး သော်သော်၊ ညကျမှ အိမ်မှ မနက်စာနဲ့ ပေါင်းစာတော့မယ်´´

`` ဘယ် ဖြစ်လဲညီရဲ့ ၊အဆာလွန်ပြီးနင်ဗိုက်အောင့် နေမှာ ပေါ့။ ပြီးတော့ နင့်မှာ ဗိုက်အောင့်တက်တဲ့ ရောဂါ ရှိတာ မစားလို့ ဖြစ်မလား´´

`` ငါမစားချင်ဘူး သော်သော်´´

`` မစားရင်တော့ ငါစိတ်ဆိုးရလိမ့်မယ် ညီ ´´

သူမလေသံက သိသာစွာ တင်းမာနေသလို သူမ၏ မျက်နှာကလည်း သူမ၏ လေသံအတိုင်း တင်းမာ၍ နေသည်။ သူမစိတ်ကောက်ချင်ယောင်ဆောင်ခြင်း မဟုတ်ဘဲ အမှန်တကယ် စိတ်ဆိုးနေ ခြင်း ဖြစ်၏ ။ သူမ သူ့အပေါ် စိတ်မဆိုးစေချင်ပါ။ ထို့ကြောင့် သက်ပြင်းတစ်ချက် ချလိုက်ပြီးသူ အလျော့ပေးလိုက် ရလေသည်။

`` ကောင်းပြီးသော်သော်၊ ငါ စားပါ့မယ်´´

သည်တော့မှ စိတ်ဆိုးတင်းမာနေသော သူမ၏ မျက်နှာကို ပြေလျော့သွားပြီး ကျေနပ်သော အပြုံးတစ်ခုကို ပြုံးလိုက်သည်။

`` ကဲ… ဒါဖြင့် အိမ်ပေါ်မှာ သွားစားရအောင် ´´

`` ဟင့်အင်း … အိမ်ပေါ်မှာ တော့ လိုက်မစားချင်ဘူး သော်သော် ´´ သူမနားမလည်သလို သူ့အားစိုက်ကြည့်သည်။

``အဲဒါက ဘာ ဖြစ်တာလဲ´´

`` ဒီနေ့ စနေနေ့လေ ၊ ရုံးပိတ်ရက်ဆိုတော့ အိမ်ပေါ်မှာ နင့်အဖေနဲ့ အမေရှိမှာ ပေါ့ ´´

`` ရှိတော့ အိမ်ပေါ်ထိထမင်းလိုက်စားလို့ ဘယ်ကောင်းပါ့မလဲ သော်သော်၊ နောက်ပြီး သူ့တို့ရှေ့မှာ ငါထမင်းလိုက်မစားရဲဘူး´´

`` အလိုတော် …သူတို့ကရှင့်ကိုကိုက်စားကြမှာ မို့လို့လား မဆိုင်လိုက်တာ၊ ၊ နင်ငါတို့အိမ်မှာ ထမင်းစားမှန်းသိရင် ဖေဖေနဲ့မေမေက ၀မ်းတောင်သာဦးမယ်´´

`` ဘာပဲ ဖြစ် ဖြစ် အိမ်ပေါ်မှာ တော့ ငါလိုက်မစားချင်ဘူဟာ´´

သူပေကတ်ငြင်းဆန်လိုက်တော့ သူမ တွေ့ သွားပြီးမှ …

`` ဒီလိုဆိုလဲ ပန်းကန်ထဲ ထမင်းနဲ့ ဟင်းထည့်ပြီး ယူလာခဲ့မယ် ၊ဟုတ်ပြီလား´´ ပြောပြော ဆိုဆိုနှင့် သူမထွက်ခွာသွားသည်။

သူမတို့၏ အိမ်ကလေးပေါ်မှာ တော့ သီချင်းသံသဲ့သဲ့ ထွက်ပေါ်၍ နေသည်။ ရေဒီယိုမှလာ ခြင်းမဟုတ်သလို ကက်ဆက်ဖွင့်ထားခြင်းလည်းမဟုတ။် ။သော်သော်၏ မောင်လေးနှင့် ညီမလေးတို့တီဗွီမှ ကြော်ငြာသီချင်းများ ကို သံပြိုင်သီဆိုနေကြခြင်း ဖြစ်သည်။

ကလေးနှစ် ယောက် ၏ သီချင်းသံကို နားထောင်ရင်း သူ့ဘ၀လည်း အဲဒီ ကလေးတွေ လို လွတ်လပ်ပျော်ရွှင်ရရင် ဘယ်လောက်များ ကောင်းလိုက်လေမလဲ။ ယခုတော့ပျော်ရွှင်ခြင်းသည် သူ့ဘ၀၌ ရှားပါးပစ္စည်းတစ်ခု ဖြစ်သလိုတွေ့ ကြုံခံစားရန် မလွယ်ကူသော အရာလည်း ဖြစ်သည်။

အတွေးတို့ လွင့်မျောလျက် အတန်ကြာ ငေးငိုင်နေစဉ်မှာ ပင် သော်သော်ထမင်းပန်းကန် တစ်ချပ်ကိုင်ပြီး ပြန်လည်ရောက်ရှိလာလေသည်။

`` ဟင်း ကတော့ သိပ်မကောင်းဘူး ညီ၊ ငါးခူးစဉ်းကောရယ်၊ ဂေါ်ဖီကြော်ရယ်၊ သီးစုံချဉ် ဟင်း ကတော့ ပန်းကန်နဲ့ ထည့်မလာတော့ဘူး၊ တစ်ခါတည်း ဆမ်းလာလိုက်တယ်´´

`` နင်ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်´´

`` ဘာကိုလဲ ညီ´´

`` ဒီလိုဟင်းမျိုးကို မကောင်းဘူးဆိုရင် ငါတို့ အိမ်ကဟင်းကိုငါဘယ်လိုသတ်မှတ်ရမလဲ´´

သူ့ ခပ်ဆတ်ဆတ်လေသံကြောင့် သူမ မျက်နှာပျက်သွားပြီး ကမန်းကတန်းပြောသည်။

`` ဟို…ငါဆိုလိုတာက ငါးဟင်းဆိုတော့ နင်ကြိုက်ပါ့မလား လို့ပါ ´´

``ငါ့ဘ၀မှာ ကြိုက်တာတွေ ၊ မကြိုက်တာတွေ ကို ဘယ်တုန်းကမှ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ဘူး သော်သော်၊ အဲဒီ တော့ ဘယ်ဟာကြိုက်တယ်၊ မကြိုက်ဘူးဆိုတာကို ကိုယ့်ကိုယ်ကိုတောင် မခွဲခြား တတ်တော့ဘူး ´´

သူမကမ်းပေးသည့် ထမင်းပန်းကန်ကို ယူ၍ တစ်ဇွန်းခပ်စားရင်း သူပြောလိုက်သည်။ သူမ သက်ပြင်းချရင်း သူထမင်းစားသည်ကို ငေးကြည့်နေ၏ တစ်အောင့်ကြာတော့သူ့အား သူမပြော သည် ။

``ညီ … နင် အေးအေးဆေးဆေးမှပြန်နော်´´

`` ဘာအတွက်လဲ သော်သော်´´

`` ဒီညနေ တီဗွီအစီအစဉ်ကောင်းတယ်ဟ ၊နင်တီဗွီကြည့်ပြီးမှ ပြန်ပေါ့´´

သူမ၏ ဖိတ်ခေါ်မှု ကို သူခေါင်းကုတ်ငြင်းဆန်လိုက်သည်။

``မ ဖြစ်ဘူးသော်သော်၊ တီဗွီကြည့်လို့ အိမ်ပြန်နောက်ကျရင် လျှောက်အလေလိုက်နေ တယ်ဆိုပြီး ဇက်ပိုးအုပ်ခံနေရဦးမယ်၊ငါအိမ်စောစောပြန်မှ ဖြစ်မယ်´´

သည်တစ်ခါတော့ သူမ၏ သက်ပြင်းချသံက စောစောကထက်ပိုမိုကျယ်လောင်ပါသည်။

`` နင်နဲ့ နင့်အိမ်နဲ့ တိုက်ပွဲက ဘယ်တော့မှ ပြီးမှာ လဲ ညီ´´

သူမ အမေးကြောင့် လက်ထဲမှ စားလက်စဇွန်းကို ပြန်ချရင်းသူငိုင်သွားသည်။

``ငါလဲမပြောတတ်ဘူးသော်သော်၊ ငါ့စိတ်ထင်တော့ ဘယ်တော့မှ ပြီးမှာ မဟုတ်ဘူး၊ ဘာ ဖြစ်လို့လဲဆိုတော့ ဒီတိုက်ပွဲက နင်ပြောသလိုငါနဲ့ ငါ့အိမ်နဲ့တိုက်တဲ့ တိုက်ပွဲမဟုတ်ဘူး၊ ငါနဲ့ ကံကြမ္မာနဲ့ တိုက်နေရတဲ့တိုက်ပွဲ၊ အဲဒီ တော့ မနိုင်မှန်းသိလျက်နဲ့ အဲဒီ ကံကြမ္မာဆိုတာကြီးကို ငါတစ်သက်လုံးတိုက်နေရဦးမှာ ပဲ´´

စကားဆုံးချိန်၌ ထမင်းဆက်စား၍ မရတော့။

(၁)

နှင်းမြူတို့ဖွဲဖွဲကျဆင်းနေသော ဆောင်းရာသီ၏ နံနက်ခင်းလေးတစ်ခု၌ လူ့လောကကြီးထဲ သို့ သူထိုးခွဲဝင်ရောက်လာခဲ့သည်။ သို့ သော်…

သူ၏ ငယ်ဘ၀သည် သူမွေးဖွားခဲ့သော ဆောင်ရာသီလိုတော့ မအေးမြခဲ့တာအလွန်သေ ချာပါသည်။

သူ လူမှန်းသိချိန်၌ တစ်ပြိုင်နက်တည်း ပူးတွဲ သိရှိခံစားခဲ့ရသည်မှာ စိတ်ညစ်ခြင်းနှင့် စိတ်ဆင်းရဲခြင်းပင် ဖြစ်သည်။ ထိုသို့ သိရှိခဲ့သည့် အတွေ့ အကြုံ ကတော့ အဖေနှင့် အမေ၏ ရန်ပွဲ များ ကြောင့် ပဲ ဖြစ်လေသည်။

အဖေနှင့် အမေ လက်ထပ်စဉ်က အတော် အသင့် စီးပွားရေး ချောင်လည်ခဲ့ကြသည်ဟု ဆိုသည်။ သို့ သော် ပညာတော့ နှစ် ယောက် စလုံး ကောင်းစွာ မတတ်ခဲ့ကြ။ ထို့ကြောင့် အပေါင်း အသင်းခုံမင်သော အဖေနှင့် အိမ်ထောင်ထိန်းသိမ်းမှု မနိုင်သော အမေတို့သည် ထိုစီးပွားကို ကြာရှည်တည်တံ့အောင် မစွမ်းဆောင်နိုင်ခဲ့ကြပါ။

ဒီကြားထဲ ဟိုလူက ဟိုလုပ်ငန်းလုပ်ပါလားဟု တိုက်တွန်းလျှင် လုပ်လိုက်၊ ဒီလူကဒီလုပ် ငန်းလုပ်ပါလားဟု တိုက်တွန်းလျှင် လုပ်လိုက်နှင့် နောက်ဆုံးတော့ လုပ်ငန်းဆိုင်းဘုတ်များ ၊ လုပ်ငန်းနှင့် ပတ်သက်သည့် ပစ္စည်းများ သာ ကျန်ရစ်ခဲ့ပြီး စီးပွားရေး ကတော့ ချွတ်ခြုံ ကျခဲ့လေ သည်။

ဤသို့ဖြင့် တစ်ယောက် အပေါ် တစ်ယောက် အပြစ်ဖို့သော ရန်ပွဲများ က စတင်ခဲ့တော့ သည်။

``ဒီအလုပ် အဆင်မပြေနိုင်မှန်သိရင် ရှင်ဘာ ဖြစ်လို့ လုပ်ခဲ့သေးလဲ´´

အမေ့အသံက စူးရှသလို အဖေ့အသံကလည်း မာကျောကျယ်လောင်လှပါသည်။

`` ဟေ့… အဆင်ပြေမယ်၊ မပြေဘူး ကြိုသိရအောင် ငါဘုရားအလောင်းမဟုတ်ဘူး၊နောက်ပြီး ဒီခွေးချည်တဲ့ သံကြိုးလုပ်ငန်းလုပ်ဖို့ အကြံပေးတော့ မင်းအမျိုးတွေ ´´

``ရှင် ကျုပ်အမျိုးတွေ အကြောင်း ဘာမှထည့်ပြောစရာ မလိုဘူး၊ ရှင်ဆုံးဖြတ်ချက်နဲ့ ရှင်လုပ်ခဲ့တာ၊ ခုမှ ဟိုရမ်းဒီရမ်း လုပ်မနေနဲ့´´

``ရမ်းရမယ်ကွ ရမ်းရမယ်၊ ခုနှစ် ဆယ့်ငါးလမ်း ဈေးမှာ ခွေချည်တဲ့သံကြိုး သွင်းတဲ့လူတွေ ပုံနေပြီ၊ ငါတို့လုပ်ခဲ့တဲ့ သံကြိုးကို ဘယ်ဆိုင်မှ လက်မခြံ ကတော့ဘူး´´

``အဲဒီ တော့လဲ ရှင်းရှင်းလေးပဲ၊ ရှင့်လုပ်ငန်းကို ရပ်ပစ်လိုက်ပေါ့´´

`` ဘာ… မင်းကပြောတော့လွယ်တယ်၊ ခုလုပ်ပြီးသား ဒီသံကြိုးတွေ ကို ငါကဘာဆက် လုပ်ရမှာ လဲ´´

``လွှင့်ပစ်လိုက်ရှင် ´´

"အေး… လွှင့်ပစ်တယ်ကွာ"

လုပ်ပြီးသား သံကြိုးများ ထည့်ထားသည့် အိတ်တစ်အိတ်ကို ယူ၍ အဖေနံရံ သို့ ပစ်ပေါက် လိုက်တော့ အိမ်နံရံနှင့် သံကြိုးထုပ်၏ ထိမှန်သံက ဗုံးကွဲသံတစ်ခုပမာ ၀ုန်းခနဲကျယ်လောင်စွာ ထွက်ပေါ်၍ လာသည်။

"ရှင် ဆူဆူညံညံ လုပ်မနေနဲ့၊ ဘေးအိမ်တွေ ကိုလဲ အားနာဦး"

"မင်းပဲလွှင့်ပစ်လိုက်ဆို၊ မင်းပေးတဲ့အကြံအတိုင်း ငါလုပ်တာ"

"တော် စမ်းပါ၊ ခုမှ မိန်းမစကား နာထောင်တဲ့ပုံစံမျိုးနဲ့ ကျုပ်ကို တရားခံရှာမနေစမ်းပါနဲ့ ၊ တစ်သက်လုံး ကျုပ်ပေးတဲ့အကြံကို ရှင်ဘယ်တုန်းကများ လက်ခံခဲ့ဖူးလို့လဲ"

"လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ မင်းအကြံပေးတုန်းက ငါလက်မခံခဲ့လို့လား၊ ပြောစမ်းပါဦး ၊မင်းအကြံပေးတဲ့အတိုင်း ဆိုင်ဖွင့်ခဲ့တာပဲ မဟုတ်လား၊ ဘာသောက်သုံးကျသလဲ၊ မင်းပေးတဲ့ ရွှေဥာဏ်တော် ကြောင့် နောက်ဆုံးတော့ ရေနွေးကရားတွေ နဲ့ ပန်းကန်လုံးအစုတ် အပြတ်တွေ ပဲ ကျန်ခဲ့တယ်"

"အပိုတွေ ပြောမနေပါနဲ့ ၊ ခုအဲဒါတွေ မရှိတော့ပါဘူး"

"အေးလေ… မင်းရောင်းစားပစ်လိုက်ပြီးပဲ၊ အလကားမိန်းမ၊ မင်းနဲ့ ယူခဲ့လို့ ငါဆင်းရဲခဲ့ရတာ " "ရှင့်ဘာသာရှင် အစွမ်းအစ မရှိတာ ကျူပ်ကို လာအပြစ်တင်မနေနဲ့ "

"တင်ရမယ်၊ ငါအစွမ်းအစ မရှိဘူးပဲထားဦး၊ မင်းကကောဘာအ ဖြစ်ရှိလို့လဲ၊ ကိုယ့်ယော က်ျားကို တစ်ဖက်တစ်လမ်းက ဘာများ အကူအညီပေးခဲ့လို့လဲ။ ဘယ်နှခါများ အကြံကောင်း ဉာဏ်ကောင်းပေးခဲ့လို့လဲ၊ ခြူသံပါအောင် ညည်းဖို့နဲ့ အပြစ်ဖို့ဖို့ပဲ တတ်တယ်မဟုတ်လား"

ထို့နောက် အဖေက ရေနွေးဓာတ်ဘူးကို ခြေထောက်နှင့် ကန်ပစ်လိုက်ပြီး အမေက လက်ထဲမှ စားလက်စထမင်းပန်ကန်ကို ခွဲပစ်လိုက်ခြင်းဖြင့် တစ်အိမ်လုံး ငရဲပွက်သည့်ပမာ ဆူညံသွားလေတော့သည်။

ထိုသို့သော ရန်ပွဲမျိုးကို နေ့စဉ်ဆိုသလို သူကြုံတွေ့ ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။ ဒေါသကြီး သော အဖေနှင့် စိတ်ဆတ်သော အမေတို့ ရန် ဖြစ်ပြီဆိုလျှင် သူ့မှာ နေစရာမရှိအောင် ကြေက်ရွံ့ခဲ့ရ သည်။

ခြင်ထောင်ထဲ ရောက်နေချိန်မျိုး၌ နားနှစ် ဖက်ကို ပိတ်ကာတုတ်တုတ်မှ မလှုပ်ရဲလောက် အောင်ပင် ဖြစ်သည်။ များ သော အားဖြင့် အဖေနှင့် အမေ ရန် ဖြစ်တော့မည် ဆိုလျှင် သူရှောင်ပြေးလေ့ ရှိသော နေရာမှာ အိမ်နောက်ဘက်မှ ရေကန်ပြင်သို့ ဖြစ်၏ ။ နောက်ဘေးတံခါးကိုဖွင့်၍ ထိုရေကန် ပြင်လေး၌ သွားထိုင်ကာ အသံမထွက်ဘဲ ကျိတ်ငိုပြီး ငြိမ်ကုတ်နေတတ်ခဲ့သည်။

တစ်ခါတစ်ရံ ညဥ့်နက်သည် အထိရန်ပွဲက တော် တော် နှင့် မပြီးလျှင် ထိုနေရာမှာ ပင်ခြင် ကိုက်ခံလျက်ငုတ်တုတ်ကလေး အိပ်ပျော်သွားတတ်၏ ။

မိဘနှစ် ပါး၏ နိစ္စဓူဝ ရန်ပွဲက နုနယ်သော ကလေးငယ် တစ်ယောက် အတွက် အလွန်ပြင်း ထန်သော စိတ်ပိုင်းဆိုင်ရာဒဏ်ရာ ဒဏ်ချက်တို့ကို ရရှိစေခဲ့သည်ဟု ဆိုလျှင် ပို၍ ပြင်ထန်သော ဒဏ်ရာ ကတော့ သူ့အားဂြိုလ်မွှေတဲ့ကောင်၊ ဒုက္ခပေးတဲ့ကောင်ဟု အစွပ်စွဲခံရခြင်းပင် ဖြစ်သည်။

"မင်းကိုမွေးတဲ့အချိန်ကစပြီး ငါတို့စီးပွားရေး ကျခဲ့တာဒီနေ့ အထိပဲ၊ ဒီကြားထဲမွေးပြီးက တည်းက ချူချာလို့ကုလိုက်ရတာ ငွေကလဲ သောက်သောက်လဲ ကုန်ခဲ့ရသေးတယ်၊ ဘာမှကောင်း ကျိုးမပေးတဲ့အကောင် "

ရန် ဖြစ်နေစဉ် သို့ မဟုတ် ရန် ဖြစ်ပြီးအချိန်များ ၌ သူ့အနီးအနားမှာ ရှိနေပါက ထိုသို့အဖျားခတ်ခံရလေသည်။

တစ်ခါတစ်ရံ ဧည့်သည်လာ၍ သူရေနွေးကြမ်းအိုး သွားချချိန်ကမျိုး၌ အမှန်ပြောသည် လား၊ ဂုဏ်ယူ ကြွားဝါသည်လား မပြောတတ်။

"အဲဒီ ကောင်ပေါ့၊ ငယ်ငယ်တုန်းက ချူချာလွန်းလို့ သူ့အသက်ကို ငွေနဲ့ဆက်ထားရတယ်။

ထိုစကားလုံးများ သည် သူ၏ နှလုံးသားထဲသို့ စူးနစ် ၀င်ရောက်သွားစေသည့် သံချွန်များ ပင် ဖြစ်သည်။ ထိုသို့ အပြောခံရတိုင်း ငါဟာ ဂြိုလ်ကောင်ပါလားဟုတွေးလျက် အပြစ်ရှိသူ တစ်ယောက် ပမာ ခံစားဝမ်းနည်းခဲ့ရပါ့မယ်။

သူ့စိတ်ထဲမှ ခိုင်မာစွာ ကတိပေးလိုက် ၏

သူ့အသက် ကိုးနှစ် အရွယ် သူ၏ ညီမလေး မွေးဖွားချိန်၌ သူသည် အလုပ်ကိုကူညီလုပ်ကိုင်ပေးတက်သည့် ကောင်လေး တစ်ယောက် ဖြစ်နေလေပြီ။

သူ၏ ထူးခြားလှသော ကံဇာတာမှာ ဘာလုပ်လုပ် အကောင်း ပြောမခံရခြင်းပင် ဖြစ်သည်။ (ထိုဇာတာမှာ သူအရွယ်ရောက်ချိန်အထိ) ပျောက်ကွယ်မသွားခဲ့ပါ။

တစ်ခါက အမေ ဆီသွားဝယ်ခိုင်းသဖြင် သူဆီပုလင်းလေးကို ကိုင်ကာ ဆီသွားဝယ်ခဲ့သည်။ ဆီဝယ်ပြီးအပြန် အိမ်ရောက်ခါနီး ၌ ကံဆိုးစွာ ခလုတ်တိုက်ပြီး ဆီပုလင်းကျ ကွဲလေသည်။ သုကျကွဲသွားသော ဆီပုလင်းကို ကြည့်ပြီး ဘာလုပ်ရမှန်မသိစွာ ငေးကြည်နေမိသည်။

သေချာတယ်၊ အိမ်ရောက်ရင်တော့ အရိုက်ခံရတော့မှာ ပဲ။

သို့ သော် သူ့အား ကံကြမ္မာက အိမ်အထိ မစောင့်ပါ။ ဖြောင့်ခနဲ မြည် သံနှင့် အတူ ဇက်ပိုးတစ်ခုလုံး ထူပူသွားပြီး ရှေ့သို့ ငိုက်ဆင်းသွား၏ ။ လှည့်ကြည်လိုက်တော့ မီးတောက်မတက် မျက်ဝန်းများ နှင့် သူ့အား စိုက်ကြည့်နေသော အဖေ။

အလွန်စိတ်မြန်လှသော အဖေသည် ဒေါသကြီးလှသလို ဒေါသထွက်တိုင်း လက်ပါတတ်သူ ဖြစ်သည်။ ယခုလည်း တစ်နေရာရာမှ ပြန်လာရင်း သူ့အ ဖြစ်ကို တွေ့ သဖြင့် ဇက်ပိုးအုပ် လိုက်ခြင်း ဖြစ်သည်။

"မင်း ကျကွဲသွားတာ ဆီဘယ်နှင့် ဆယ်သားလဲ"

"အစိတ်သားပါ အဖေ"

"ဆီအစိတ်သားတန်ဖိုး ဘယ်လောက်လဲ၊မင်းသိတယ် မဟုတ်လား"

" ဟုတ်ကဲ့"

"အေး.. အဲဒါဆို ဒီနေ့ကစပြီး ဆီးအစိတ်သားဖိုးပြည့်တဲ့အထိ မင်း မုန့်ဖိုးမယူနဲ့ "

ထို့်နောက် အဖေ လှည့်ထွက်သွား၏ ။

သူ၏ ပြဿနာမှ ထိုမျှနှင့် မပြီး။ အိမ်ရောက်သော အခါ အမေက ခေါက်းခေါက်ပြီး ဆီပုလင်း ကျကွဲသည့်အတွက် ဟုဆိုကာ သူ့အား ညစာမစားရဟု အပြစ်ပေးပါသည်။

ထို့နေညဘက် တစ်ရေး နိုးချိန်၌ အဖေနှင့် အမေ အိမ်မောကျနေပြီး ဖြစ်သဖြင့် မီးဖိုထဲသွားကာ ထမင်းခိုးစားနိုင်သော်လည်း သူမစားပါ။

ဝမ်းထဲ၌ တကြုတ်ကြုတ် မြည် နေသည့်တိုင် ရေတစ်ခွက်ပင် ထမသောက်ခဲ့။ သူ့အမှားကြောင့် အပြစ်ပေးခံရလျှင် ထိုပြစ်ဒဏ်ကို ခံယူမည် ။ အစားမချင်သော အရာကို ဘယ်တော့မှ အစားဟူသော စိတ်ဓာတ်က ထိုစဉ်ကပင် သူ့ရင်ထဲ၌ အမြစ်တွယ်ခဲ့လေသည်။

•••


(၂)

အဖေ၊ အမေ၏ ရန်ပွဲများ ကြောင့် စိတ်ညစ်ရသော သူ့အတွက် စိတ်ထွက်ပေါက်မှာ စာသင် ကျောင်းသား ဖြစ်သည်။ အိမ်၌ နေလျှင် စိတ်ဆင်းရဲစရာ တစ်ခုမဟုတ်တစ်ခု ကြုံတွေ့ ရမြဲ ဖြစ်၏ ။

အဖေ နှင့် အမေ၏ ရန်ပွဲနှင့် မကြုံရလျှင် ကုန်ဈေးနှုန်းကြီးမြင့်မှု ကို တစ်ယောက် တည်း အပြစ်တင်နေတတ်သော အမေ၏ အသံကိုကြားရနိုင်၏ ။

အိမ်မှရေဒီယိုကိုပြင်ရင်း အထစ်အငေါ့တစ်ခုခုနှင့် တွေ့ လျှင် ဟိုပစ္စည်းပေါက်၊ ဒီပစ္စည်း ဆောင့်ကန်နှင့် အဖေ့ထံမှ အသံမျိုးစုံကို ကြားရနိုင်၏ ။ တယ်တော့ အဖေသည် ရေဒီယိုကောင်းစွာ ပြင်တတ်သူ မဟုတ်ဘဲအပျင်းပြေကလိခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အိမ်၌ အဖေပြင်းရင်းပျက် သွားသော ရေဒီယိုအလုံးပေါင်း မနည်းတော့။ (ထိုကိစ္စအတွက်လည်း အဖေနှင့် အမေ မကြာခဏ စကားများ တတ်ကြပါသေးသည်။)

အမေ့ဘက်မှ ဆွေမျိုးများ အိမ်လာလည်လျှင်တော့ အမေ၏ ညံ့ဖျင်းမှု ကို တိုင်တန်းသည့် အဖေ့အသံ ဖြစ်စေ၊ စီးပွားရေး မပြေလည်သည့်အကြောင်း ညည်းညူသည့် အမေ့အသံကို ဖြစ်စေ ကြားရတတ်ပြီး တစ်ခါတစ်ရံ ထိုဆွေမျိုးများ ရှေ့၌ ပင် တစ်ယောက် တစ်ခွန်း စကားထများ သည့်အသံ တို့ကို စိတ်ပျက်ဖွယ် ကြားရတတ်ပါသည်။

ထို့ထက်ပို၍ ကံဆိုလျှင်တော့ သူ့ကို ရှေ့ထားပြီး ဘယ်အချိန်က သူဘာ ရောဂါ ဖြစ်သဖြင့် ကုခဲ့ရသည်မှာ ဘယ်လောက်ကုန်ခဲ့ကြောင်း ပြောသည့်စကားသံ ပူပူလောင်လောင်များ ပင် ကြားရနိုင်ပါသေးသည်။

သို့ သော် ကျောင်းမှာ တော့ ထိုသို့စိတ်ဆင်းရဲစရာ စကားမျိုးသူမကြားရပါ။

ထို့ကြောင့် ကျောင်းတက်နေရသော နေ့ရက်များ သည် သူ့အတွက် အလွန်ပျော်စရာ ကောင်းသော နေ့ရက်များ ဖြစ်ပြီး စာသင်ခန်းက်ေတာ့ သူ၏ နိဗ္ဗာန်ဘုံတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျောင်းမှသာ တစ်နေ့လုံးသူနေချင်တော့သည်။

ကျောင်းချိန်မှာ မနက်ကိုးနာရီမှ ညနေသုံးနာရီ ဖြစ်သော်လည်း သူ ကတော့ မနက်ခြောက် နာရီမှ ညကိုးနာရီလောက်အထိ ဖြစ်စေချင်၏ ။ သို့သော် သူ ဖြစ်ချင်သလို ဖြစ်ခွင့်မရသော အခါ ညနေကျောင်းဆင်း ခေါင်းလောင်းထိုးသံသည် လောက၌ သူအမုန်းဆုံးအသံတစ်ခု ဖြစ်လာခဲ့တော့ သည်။

ကျောင်းဆင်လျှင် ငရဲဘုံသို့ ပြန်လည်ရောက်ရှိရမြဲ ဖြစ်၏ ။ ထို့ကြောင့် သူသည် တစ်နေ့ တည်း ငရဲနှင့် နိဗ္ဗာန်ကိုတစ်လှည့်စီ ခံစားရသူ တစ်ယောက် ဖြစ်လေသည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ ကတော့ သူ့အတွက် နိဗ္ဗာန်ကင်းမဲ့သည့် ငရဲအတိပြီး သော နေ့ရက်များ ပဲ ဖြစ်သည်။ ထိုအချိန်၌ အိမ်စီးပွားရေး မှာ အတော် ကျဆင်းနေပြီး ဖြစ်သဖြင့် အဖေနှင့် အမေ၏ ရန်ပွဲများ အလွန်ပြင်းထန်နေချိန် ဖြစ်သည်။

စီးပွားရေး အဆင်မပြေသဖြင့် လင်နှင့် မယား ရန် ဖြစ်ကြသည်မှာ မဆန်းသော်လည်း ထိုရန်ပွဲ၏ ရိုက်ခက်မှု က ငယ်ရွယ်သော ကလေးငယ်များ ၏ စိတ်ထဲ၌ ဝေဒနာတစ်ခု ၀င်ရောက်သွားစေ နိုင်ကြောင်း အဖေနှင့် အမေ စဉ်းစားမိပုံ မရပါ။

ရန်ပွဲ၏ ရိုက်ခတ်မှု က ဆယ့်သုံးနှစ် အရွယ် ခုနှစ် တန်း ကျောင်းသားလေး တစ်ယောက် အတွက် ပြင်းထန်းကြမ်းရှလှသည့်တိုင် သု ကောင်းစွာ ခံနိုင်ရည်ရှိ နေပြီ ဖြစ်သော်လည်း နုနယ်သော ညီမလေး၏ ရင်ထဲသို့ စူးရှဝင်ရောက် သွားမှာ ကိုတော့ သူအလွန် စိုးရိပ်ပါသည်။

ထို့ကြောင့် အဖေနှင့် အမေ ရန် ဖြစ်သည်နှင့် ညီမလေး၏ လက်ကိုဆွဲကာ သူအပြင်သို့ ခေါ်ထုတ်သွားတတ်၏ ။ သူကသာ စိုးရိက်နေသော်လည်း လေးနှစ် သမီး ညီမလေးကသာ ပဋိပက္ခ တစ်ခု၏ ပယက်ကို ကောင်းစွာ မခံစားတတ်သေးပါ။

"ကိုကြီး..အဖေတို့ ဘာ ဖြစ်တာလဲဟင်"

သူ၏ လက်ကိုဆွဲလျက် လမ်းလျှောက်ရင်း ညီမလေးမေးတော့ထိုမေးခွန်အတွက် အကောင်းဆုံး အဖြေကို သူအပြင်းအထန် စဉ်းစားပြီး အဖြေပေးလိုက်သည်။

"ဘာမှမ ဖြစ်ပါဘူး ညီမလေးရဲ့ ၊ အဖေနဲ့အမေ ကစားကြတာပါ"

"ဟင်…ကစားတာလဲ ကြောက်စရာကြီးနော်၊ အဖေက အာလူးကြော်ဗန်းကြီး ကန်ပစ်လိုက်တယ်"

(ထိုအချိန်က အမေသည် အာလူးကြော်၍ အထုပ်လေးများ ထုပ်ကာ ရပ်ကွက်တွင်းရှိ လက်ဖက်ရည်ဆိုင်များ သို့ လိုက်သွင်းသော အလုပ်ကို လုပ်နေချိန် ဖြစ်သည်။ သို့ သော် အမေ တကယ်လုပ်ရသည်မှာ အာလူးကြော်ခြင်းသား ဖြစ်ပြီး ကျန်အလုပ်များ ကို သူလုပ်ခဲ့ခြင်း ဖြစ်သည်။)

"လူကြီးတွေ ကစားကြတဲ့ ပွဲဆိုတော့ နည်းနည်း တော့ ကြမ်းတာပေါ့ ညီမလေးရဲ့ ၊ အဖေ အဲလိုကန်လိုက်တော့ ညီမလေး ကြောက်သွားလား``

"ဟင့်အင်း…ညေး မကြောက်ပါဘူး၊ ကြမ်းပြင်ပေါ်က အာလူးကြော်တွေ ကိုတောင် ကောက်စားခဲ့သေးတယ်"

ညီမလေးက ကိုယ့်ကိုယ်ကို ညီမလေးဟု ပြောခြင်းသာ ဖြစ်သော်လည်း စကားမပီရာမှ "ညေး" ဟု နှုတ်ကျိုးသွားခြင်း ဖြစ်သည်။

အဖေ အာလူးကြော်ဗန်းအား ကန်လိုက်ခြင်းအတွက် ညီမလေး ဘာမှမခံစားရသော ကြောင့် သူ စိတ်သက်သာရာ ရသွားမိ၏ ။

"ကိုကြီး"

"ဟင်.."

"အဖေတို့ အဲလိုပဲ နေ့တိုင်းကစား နေကြမှာ လားဟင်"

သူ နင့်ခနဲ ခံစားလိုက်ရသည်။ ညီမလေးရဲ မေးခွန်းကို သူဘယ်လို ဖြေရမလဲ။ ညီမလေးကို မမွေးခင်တုန်းကတည်းက အဖေနဲ့ အမေ ရန် ဖြစ်တမ်း နေ့တိုင်း ကစားကြခဲ့တာ ညီမလေးရဲ့ လို့ ပြောလိုက်ရမလား။ တစ်ခါတလေ ကိုကြီးကိုပါ သူတို့ရဲ့ ကစားပွဲထဲ ဆွဲထည့်ပြီး နားရင်းရိုက်၊ ဇက်ပိုအုပ်သေးတာ ညီမလေးရဲ့ လို ပြောလိုက်ရမလား။

ဟင်အင်…

ဘယ်လိုမှ ပြော၍ မ ဖြစ်နိုင်ပါ။

"ကိုကြီး.. ဖြေဦးလေ၊ အဲလိုပဲ ကစားနေကြမှာ လား"

"ကိုကြီးလဲ မပြောတတ်ပါဘူး ညီမလေးရယ်၊ ကဲ… မှော င်တော့မယ်၊ ကိုကြီးတို့ အိမ်ပြန်ကြရအောင်"

မောင်နှမ နှင့် ယောက် လက်ချင်းတွဲ လျက် အိမ်သို့ပြန်လာခဲ့ ကြသည်။ အိမ်ရောက်တော့ ညီမလေး အိမ်ပေါ်သို့ အရင်ပြေးတက် သွားပြီး သူက အိမ်ရှေ့မှ ရေထမ်းသည့်ပုံ များ ကို သိမ်းဆည်း နေရသဖြင့် အနည်းငယ် နောက်ကျပြီး အိမ်ပေါ်သို့ တက်ခဲ့၏

အိမ်ပေါ်၌ အမေ့အရိပ်ယောင်ကို မမြင်ရသဖြင့် အဖေနှင့် စိတ်ဆိုးပြီး အသိအိမ် တစ်အိမ်အိမ်သို့ သွားရှောင်နေခြင်းသာ ဖြစ်ပါလိမ့်မည် ။

"ဟေ့ကောင် ..မင်းကလေးခေါ်ပြီး ဘယ်လျှောက်သွားနေတာလဲ"

အဖေသံက ဟိန်းခနဲ ထွက်ပေါ်လာသည်။

"ဘယ်မှ မ သွားပါဘူး အဖေ၊ လမ်းထိပ်ဘက် ခဏ လမ်းလျှောက်တာပါ"

"သြော်…. အားအားယားယား လမ်းလျှောက်ထွက်ရတယ်လို့၊ သွားချင် မင်းဘာသာမင်း သွားပါလား၊ အပြင်မှာ ဒီလောက်အေးနေတာ ဘာ ဖြစ်လို့ ကလေးခေါ် သွားရတာ လဲ"

သူအဖေ့ကို ဘာမှပြန်မပြောမိသော်လည်း ရင်ထဲမှာ တော့ စကားလုံးတွေ ပြည့်ကျပ်နေ၏ ။ ကျွန်တော် ခေါ်ချင်လို့ခေါ်တာ အဟုတ်ပါဘူး အဖေ၊ ညီမလေး ကျွန်တော့် လို ဖြစ်မှာ စိုးလို့ပါ။ အဖေတို့ရန်ပွဲကြောင့် ညီမလေး တစ်ခုခုခံစားသွားရာမှ စိုးလို့ပါ။

"ဟေ့ကောင် …ကြောင်ပြီး ရပ်ကြည့်မနေနဲ့၊မင်းအမေ ထမင်းအိုး တည်မသွားဘူး၊ ခုမြန်မြန်သွားတည်"

"ဟုတ်ကဲ့"

သူအဖေ့ ရှေ့မှ ခေါင်းငုံ့ကာ ဖြတ်လျှောက်၌ အမေနှင့် ပေါက်ကွဲထားသည့် အဖေ့ဒေါသ လက်ကျန်က သူ့ဇက်ပေါ်သို့ ကျရောက်လာသည်။ ထုံးစံအတိုင်း ဇက်ပိုးအုပ်လိုက်ခြင်းပင် ဖြစ်သည်။

အိမ်၌ အလကား အသုံးမကျတဲ့အကောင်ဟု အပြောခံရပြီး မကြာခဏ အရိုက်အနှက် ခံခဲ့ရသော သူသည် ကျောင်းမှာ တော့ စာတော် သူ တစ်ယောက် ဖြစ်ကာ ဆရာ၊ဆရာမ တို့၏ ချစ်ခင်မှု ကို ရရှိသူ ဖြစ်လေသည်။`

စားမေးပွဲတိုင်း အဆင့် (1)နေရာမှ ဘယ်တုန်းကမှ မဆင်းခဲ့။

သို့သော် သူ၏ ကျောင်းရီပို့ကတ်ကို အမြဲတမ်း လက်မှတ်ထိုးပေးနေခဲ့သော အဖေနှင့် အမေ ကတော့ ထိုကိစ္စအား သတိပြုရ ကောင်းမှန်း မသိသလို ဂုဏ်ယူရကောင်း မှန်းလည်းမသိခဲ့ကြ။

အတန်းတစ်တန်းအား ဂုဏ်ထူးများ စွာ နှင့် သူထူးချွန်စွာ အောင်မြင်ပြီးတိုင်း သူ၏ မိဘများ ပြောလေ့ရှိသည် စကား ကတော့….

"အင်း… နောက်တစ်နှစ် အတွက် ကျောင်းစရိတ် ကုန်ရဦးတော့မှာ ပေါ့"

ဟူ၍ ဖြစ်သည်။

ထို့ကြောင့် သူ့ကျောင်းစရိတ်အတွက် ၀န်မပိုအောင် ကျောင်းပိတ်ရက်များ ၌ ရေထမ်းခြင်း၊ လမ်းထိပ်အကြော်ဆိုင်မှ အကြော်များ အား ဖောက်သည်ဈေးဖြင့် ယူကာ တစ်လမ်းဝင် တစ်လမ်းထွက် အကြော် လိုက်ရောင်းခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေရှာကာ ရသမျှ အိမ်သို့အပ်ခဲ့၏ ။

ကျောင်းဖွင့်ရက်များ ၌ လည်း သူအလကား မနေပါ။ အိမ်အလုပ်တို့ကို ကူလုပ်ပေးခဲ့ ပါသေးသည်။

ထိုအချိန်၌ အိမ်တွင် ကွမ်းယာပစ္စည်း ရောင်းသော ဆိုင် ကလေးကို တည်ထားသဖြင့် ညနေ သူကျောင်းမှပြန်လာသည်နှင့် ကွမ်းသီးညုပ်ခြင်း၊ ထုံးပုံးအကြီးထဲမှ ထုံးများ ကို ထုံးထုပ်အသေး လေးများ ဖြစ်အောင် ပလတ်စတစ်အိတ်များ နှင့် ခွဲထည့်ခြင်း။

ဆေးရွက်ကြီးများ ကို အချိန်တိုးအောင် ပါးစပ်ထဲ ရေငုံ၍ မှု တ်ဖျန်းခြင်း။ အကယ်၍ ရေတောက်ပြီးဖျန်းထားမှန်း အလွယ်တကူ သိနိုင်သဖြင့် ထိုသို့ မသိအောင် ပါးစပ်ထဲ ရေငုံကာ ရေမှု န်လေးများ အ ဖြစ် ဖျန်းရခြင်း ဖြစ်သည်။

ထိုသို့ ရှုပ်ထွေးများ ပြားလှသော လုပ်ငန်းအား သူ့တတ်နိုင်သမျှ ကူညီလုပ်ကိုင် ပေးခဲ့၏ ။ (နောက်တော့လည်း ထိုကွမ်းယာပစ္စည်း အရောင်းဆိုင်ကလေး ပြုတ်သွားခဲ့ပါသည်။)

ယင်းသို့ ကူလုပ်ပေးခြင်းကြောင့် တစ်ရက်တွင် ကွမ်းသီးညုပ်ရင်း ဘယ်ဘယ်လက်မကို ညုပ်မိပြီး ဆေးခန်းသွားချုပ် ရသဖြင့် သေရာပါမည့်  အမာရွက်တစ်ခုကို ရရှိခဲ့ပါသေးသည်။ ထိုသို့ အိမ်အလုပ်များ အား ကူညီလုပ်ကိုင် ပေးခဲ့သော လည်း သူ၏ ဆိုးရွားလှသော ကံဇာတာအတိုင်း အကောင်းပြောခြင်း မခံရသလို ချီးမွမ်းခြင်းလည်း မခံခဲ့ရပါ။ ထိုအတွက် သူအနည်းငယ် ၀မ်းနည်းခဲ့ရ၏ ။ သို့သော် ထိုဝမ်းနည်းမှု တို့ကို သူ၏ စိတ်ထွက်ပေါက် ဖြစ်သည့် ညီမလေးနှင့် ကျောင်းစာသင်ခန်းတို၏်အကူအညီဖြင့် ဖြေဖျောက် နိုင်ခဲ့သည်။

စနေ၊ တနင်္ဂနွေ ရေထမ်းခြင်း၊ အကြော်ရောင်းခြင်း တို့ကိုတော့ သူမပျက်ကွက်ခဲ့ပါ။ ထို့ကြောင့် လည်း အိမ်စာလုပ်ခြင်းကိစ္စ၌ သူလစ်ဟင်းခဲ့ရပြီး ဆရာမ ၏ အမေးကို ခံခဲ့ရခြင်း ဖြစ်သည်။

"ညီညီ…. မင်းအခုတလော အိမ်စာမှန်မှန် မလုပ်ဘူးလို့ သင်္ချာဆရာ ကပြောတယ်၊ ဟုတ်လား"

သူ့အား အလွန်ချစ်သော အတန်းပိုင်ဆရာမ က တစ်ရက် သူ့ကို ဆရာမ များ နားနေခန်းသို့ ခေါ်ယူကာ မေးသည်။ ဆရာမ ၏ မေးခွန်းအား သူမငြင်းဘဲ ခေါင်းညိတ်ပြလိုက်သည်။

"အိမ်စာမလုပ်နိုင်ရအောင် ဘာတွေ များ အလုပ်ရှုပ်နေလိုလဲ"

"အိမ်အလုပ် ကူလုပ်ပေးနေရလို့ပါ"

"စနေ၊ တနင်္ဂနွေနေ့ တွေ ကျတော့ ကောကွယ်"

"အဲဒီ နေ့တွေ ကျွန်တော် ရေထမ်းရတယ် ဆရာမ "

ဆရာမ က သဘောကျစွာ ရယ်လိုက်ပြီး...

"ဆရာမ တူတွေ လဲ အိမ်မှာ ရေထမ်းရတာ ပါပဲကွာ၊ ရေထမ်းပြီးရင် ကျောင်းစာ လုပ်ကြတာပါပဲ"

"ကျွန်တော် က တခြားအိမ်တွေ အတွက် ထမ်းပေးရတာ ပါ"

သည်တော့မှ ဆ ရာမ သဘောပေါက်ဟန်ဖြင့် ခေါင်းတညိတ်ညိတ် လုပ်ရင်း ဒါဖြင့် မင်းပိုက်ဆံရမှာ ပေါ့ဟု မေးတော့ သူအလွန် ရယ်ချင်သွားလေသည်။ ရေထမ်းသည့်အတွက် ပိုက်ဆံရသည် မှန်သော်လည်း သူရခြင်းမဟုတ်ဘဲ အမေရခြင်းသာ ဖြစ်သည်။

ရေလိုသော အိမ်များ က အမေ့အား အမေ့ထံသို့ လာ၍ ရေဘယ်နှထမ်းလို ချင် တယ်ဟုမှာ ကာ အမေ့အား ပိုက်ဆံတစ်ခါတည်းရှင်း ပေးသွားရသည်။ ဒီတော့မှ အမေက သူ့အား ဘယ်အိမ်ကို ရေဘယ်နှထမ်း သွားထမ်းပေး လိုက်ဟု ခိုင်းတတ်၏ ။ ထိုအကြောင်း သူပြောပြလိုက်တော့ ဆရာမ က တအံ့တသြ ငြိမ်သတ်သွားသည်။

"ဒါဖြင့် အကြော်လိုက်ရောင်းတော့ကောကွာ"

"အကြော်ရောင်းတော့လဲ ဒီအတိုင်းပဲ ဆရာမ ၊ အမေက မနက်ကတည်းက အကြော် ဘယ် လောက်ယူမယ် ဆိုပြီး အကြော်ဆိုင်ကို တစ်ခါတည်း ငွေရှင်းထားလိုက်တယ်၊ ညနေ ကျွန်တော် အိမ်ပြန်ရောက်ရင် ရောင်းခဲ့ရတဲ့ အကြော်အရေအတွက်အတိုင်း အတိအကျ ငွေပြန်အပ်ရတယ်၊ ကွာလိုမရဘူး၊ အကြော်တစ်ခု ဘယ်လောက်လဲဆိုတာ တစ်ရပ်ကွက်လုံး သိနေတော့ ဈေးတင်ရောင်းလို့လဲ မရဘူး"

"ဒါဖြင့် အကြော်ပိုရင်ကော"

ဆရာမ မေးခွန်းကြောင့် အကြော်ဆယ်တစ်ခုတိတိ ပိုနေသော နေ့တစ်နေ့ကို ဖျတ်ခနဲ့ သတိရလိုက်သည်။

"ဘာပြောတယ်…အကြော် ဆယ့်တစ်ခုတော် ပိုခဲ့တယ် ဟုတ်လား"

"ဟုတ်တယ် အမေ၊ မိုးအေးတော့ အကြော်တွေ က ပျော့ကုန်တာနဲ့ လူတွေ က သိပ်ဝယ်မစားကြလို့"

"ပြောလိုက်ရင် နင့်မှာ ဆင်ခြေဆင်လက်ချည်းပဲ၊ အကြော်တစ်ခုရဲ့ အရင်းဘယ်လောက် ရှိသလဲ နင်မသိဘူးလား"

ပြေရင်း အမေ သူ့ခေါင်းကို ဒေါက်ခနဲ့မြည် အောင် ခေါက်လိုက်သည်။ ဒါဟာ အမေ့ဆီက မကြခဏ ရရှိနေကျ လက်ဆောင်ပါပဲ။

"အကြော်လေး အခု သုံးလေးဆယ်ကိုတောင် အ ဖြစ်ရှိအောင် မရောင်းနိုင်တဲ့အကောင်၊ ခု နင်ပိုလာတဲ့ အကြော်တွေ နဲ့ ပဲ နင်တို့ မောင်နှမ ညစာစားကြ၊ နင်တို့အဖေ ပြန်လာရင်လဲ အဲဒီ အကြော်ကျွေးလိုက်"

"ကုန်အောင်လဲ စားမပစ်ကြနဲ့ဦး၊ မနက် ထမင်းကြော်စားဖို့လဲ ချန်ထားဦး၊ ကဲ.. ဘယ်မှာ လဲ၊ နင်ရောင်းလို့ရတဲ့ အကြော်ဖိုး"

သူအင်္ကျီအိတ်ထဲမှာ အကြော်ရောင်းရငွေများ ကို ထုတ်ပေးလိုက်တော့ အမေက စေ့စပ် သေချာစွာ ရေတွက်သည်။ ကုန်ခဲ့သော အကြော်အရေအတွက်နှင့် ရောင်းရငွေ မကိုက်ပါက သူ နောက်ထပ် ခေါင်းခေါက်ခံရမှာ အလွန်သေချာပါသည်။ သို့ သော် ငွေအရေအတွက် ကိုက်သဖြင့် အမေ ကျေနပ်သွား၏ ။

"ငါ ဒေါ်သိန်းရှင်တို့ အိမ်ဘက် ခဏသွားဦးမယ်၊ နင်တို့အဖေ ပြန်လာရင် နည်းနည်း မိုးချူပ်မယ်လို့ ပြောလိုက်"

ထို့နောက် အမေ အိမ်ပေါ်မှ ဆင်းသွားသည်။ တကယ်တော့ အမေ သွားသော နေရာမှာ ဒေါ်သိန်းရှင်တို့အိမ် မဟုတ်။ ဗီဒီယိုရုံ သို့ သာ ဖြစ်၏ ။ သူသက်ပြင်းချပြီး အိမ်ပေါ်သို့ တက်လာသော ညီမ လေးရေ…. ဟု ခေါ်လိုက်တော့ အိပ်မှု န်စုံမွှား မျက်လုံးအစုံနှင့် အိမ်ခန်းတွင်းမှ ညီမလေး ထွက်လာသည်။

"ညီမလေး အိပ်နေတာကိုး၊ ကိုကြီး အကြော်မကုန်လို့ နည်းနည်း ကြာသွားတာ၊ ညီမလေး ထမင်းစားမလား"

ညီမလေး ခေါင်းညိတ်ပြ၏

"ကဲ…. ဒါဖြင့် လာ၊ ကိုကြီးတို့ ထမင်းသွားစားကြမယ်"

"ဘာဟင်းနဲ့လဲ"

"ဟင်းနဲ့မဟုတ်ဘူး၊ အကြော်နဲ့"

"ဟင့်အင်း… အဲဒီ အကြော်နဲ့ အစားချင်ပါဘူး၊ ခဏခဏ စားနေရတာ "

ညီမလေးစကားကြောင့် သူစိတ်မကောင်း ဖြစ် သွားရသည်။

ညီမလေး နားလည်အောင် သူဘယ်လိုရှင်းပြရ မလဲ။ စဉ်းစား၍ မရ။ ထိုအချိန်မှာ ပင် လုံချည်ကြား၌ လိမ်ကျစ်ထားသည့် ငွေနှစ် ကျပ်ကို သတိရလိုက်မိပြီး သူလှစ်ခနဲ ၀မ်းသာသွား၏

မနက်က အကြော်ဝယ်စားသွားသော် လူကြီး တစ်ယောက် က သူပြန်အမ်းသည့် ပိုငွေနှစ် ကျပ်ကို မယူတော့ဘဲ သူ့အားပေးခဲ့သဖြင့် အမေ မသိအောင် သူဝှက်ထားခဲ့ခြင်း ဖြစ်သည်။

ခုတော့ ထိုငွေနှစ် ကျပ်က သူ့တို့မောင်နှမ နှစ် ယောက် အတွက် အကောင်းဆုံး ညစာကို ဖန်တီးပေး နိုင်ပါ လိမ့်မည် ။

"ကဲ…အကြော်နဲ့ မစားချင်ရင် ဟိုတစ်ခါလို စားကြမလား"

"ဟိုတစ်ခါလို…."

"အင်းလေ….ညီမလေး မမှတ်မိတော့ဘူးလား"

"ဟာ…သိပြီ၊ ဆီးထုပ်နဲ့မဟုတ်လား ကိုကြီး၊ ဆီးထုပ်ရယ်၊ ငံပြာရည်ဖျော်ရည်"

ဘယ်လောက် မှတ်ဉာဏ်ကောင်းလိုက်တဲ့ ကောင်မလေးလဲ။

သူ ညီမလေးခေါင်းကို ပုတ်ပြီး မေးလိုက်သည်။

"ဘယ်လိုလဲ…. စားမှာ လား"

"စားမှာ ပေါ့၊ညေး အဲဒါ ကြိုက်တယ်"

"ဒါဖြင့် ကိုကြီး ဆီးထုပ်သွား ၀ယ်လိုက်ဦးမယ်၊ ညီမလေး ခဏစောင့်"

` "ကိုကြီး မြန်မြန်နော်"

"အေးပါကွ"

ဤသို့ ဖြင့် ငံပြာရည်ဖျော်တစ်ခွက်၊ ဆီးထုပ်နှစ် ထုပ်ဖြင့် သူတို့ မောင်နှမနှစ် ယောက် မြိန်ရှက်စွာ ဖြင့် ဗိုက်ကားအောင် စားပစ်လိုက်ကြသည်။

"နောက်လဲ ညေးတို့ ခုလိုမျိုးစားမယ်နော် ကိုကြီး"

သူ ညီမလေးအား စိတ်မကောင်း ဖြစ်စွာ ကြည့်ရင်း ပြောလိုက်သည်။

"စားရမှာ ပေါ့ ညီမလေးရယ်၊ ဒီထက်ကောင်းတာတွေ နဲ့ တောင် စားရဦးမယ်၊ ကိုကြီးရတဲ့ မုန့်ဖိုးတွေ ကို မသုံးဘဲ စုပြီး ညီမလေး ကြိုက်တာတွေ ၀ယ်ကျွေးမယ်၊ ဟုတ်ပြီးလား"

"တကယ်နော် ကိုကြီး"

"တကယ်ပေါ့"

ထိုနေ့မှစ၍ ထမင်းဘူးအစား ကျောင်း၌ အသုပ်ဝယ်စားရန်ပေးသော သူ၏ မုန့်ဖိုးများ ကို မသုံးဘဲ သူစုဆောင်းခဲ့သည်။ မုန့်စားလွှတ်ချိန်၌ မုန့်ထွက်မစားတော့သဖြင့် ပျက်ကွက်ခဲ့သော အိမ်စားများ အား အတန်းထဲမှာ ပင်ထိုင်၍ ပြီးအောင်လုပ် နိုင်လာခဲ့သည်။

"ညီညီရေ…. ဆရာမ ကို တစ်ခုလောက် ကူစမ်းပါဦး"

မုန့်စားလွှတ်ချိန်တစ်ခု၌ အပြင်မထွက်ဘဲ အတန်းထဲ၌ ထိုင်ကာစာလုပ်နေသော သူ့ကို တွေ့ မြင်သွားသော ဆရာမ က သူရှိရာသို့ လျှောက်လာကာ လှမ်းပြောလိုက်ခြင်း ဖြစ်သည်။

"မနက်ဖြန်ကျရင်"စီ"ခန်းက ကောင်မလေး တစ်ယောက် ကို အတန်းကို ပြောင်း လားလိမ့် မယ်၊ အဲဒါ သူ့နာမည် ကို ကျောင်းခေါ်ချိန် စာအုပ်ထဲမှာ ထည့်ထားလိုက်စမ်းပါ"

"ဒါနဲ့ နာမည် က…"

"သော်သော်နိုင် တဲ့ ၊ ကဲ…ဆရာမ သွားလိုက်ဦးမယ်၊ မမေ့နဲ့ဦးနော် ညီညီ"

"စိတ်ချပါ ဆရာမ "

သူက အတန်းခေါင်းဆောင် ဖြစ်ပြီး ကျောင်းခေါ်ချိန်စာအုပ်ကို ကိုင်ရသူ ဖြစ်သဖြင့် ဆရာမ က တာဝန်ပေးသွားခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ ဆရာမ က အတန်းဝင်ရန် နောက်ကျတတ်သဖြင့် ဆရာမ ကိုယ်စား ကျောင်းသားများ အား နာမည် ခေါ်၍ ကျောင်းခေါ်ချိန် ရီဂျစ်စတာ စာအုပ်ထဲသို့ သူပင်ု ကျောင်းတက်သူများ နှင့် ကျောင်းပျက်သူများ စာရင်းကို သွင်းရလေ့ရှိ၏

သို့ သော်ရုံးခန်းသို့ ရီဂျစ်စတာစာအုပ်ကို သွားယူရန်တော့ သူအလွန်ပျင်းပါသည်။ ထို့ကြောင့် ဗလာစာအုပ် တစ်အုပ်ဖြင့် ကျောင်းတက်စာရင်းကို သူ့နည်းသူ့ဟန်ဖြင့် သာ ရေး မှတ်လေ့ရှီပြီး ဆရာမ လာချိန်၌ သူမှတ်ထားသော စာရင်းကို ရီဂျစ်စတာ စာအုပ်ထဲ ရေး ကူးလိုက်ရုံပင် ဖြစ်သည်။

နောက်တစ်နေ့မနင်၌ ဆရာမ မလာခင် ထုံးစံအတိုင်း သူနာမည် ခေါ်ရသည်။

"သော်သော်နိုင်"

"ဘာတုန်း"

ဟ…..ဘယ်လိုကြီးလဲ။

ဆူဆောင့်ဆောင့် ပြန်ထူးသံကြောင့် သူကြောင်သွား၏ ။ အမှန်တော့ သော်သော်နိုင်၏ နာမည် အား နောက်ဆုံးမှ ခေါ်ရမည် ဖြစ်သော်လည်း ယနေ့ သူတို့အတန်းသို့ စပြောင်းလာသည့် ကျောင်းသူအသစ် ဖြစ်သဖြင့် ကျောင်းတက်မတက် သိချင်သော်ကြောင်း သူမ၏ နာမည် ကို အရင်ခေါ်လိုက်ခြင်း ဖြစ်သည်။

ယခုတော့ သူများ လို "တက်တယ်ဟေ့"၊ "လာတယ်ကွ" ဟုမထူးဘဲ "ဘာတုန်း" တဲ့။ ဘာပဲ ဖြစ် ဖြစ် သူမ၏ နာမည် သေး၌ ကျောင်းတက်ကြောင်း အမှတ်အသား သူရေး လိုက်၏ ။ ထိုအချိန်မှာ ပင် ရှေ့ဆုံးတန်း၌ ထိုင်နေသည့် သူ့စားပွဲဘေးနားသို့ နှာတံပေါ်ပေါ် မျက်လုံးပြူးပြူးနှင့် သော်သော်နိုင်ဟူသော ကောင်မလေးရောက်လာပြီး သူ့အားမေးပါသည်။

"ဟဲ့….နင်ခုန ငါ့နာမည် ခေါ်လိုက်တယ် မဟုတ်လား"

"အေးလေ"

"ဘာ ဖြစ်လို့ ခေါ်တာတုန်း"

"ဆရာမ ခေါ်ခိုင်လို့"

"ခု ဆရာမ ဘယ်မှာ လဲ"

"မပြောတတ်ဘူး၊ ဆရာ ဆရာမ တွေ အနားယူတဲ့ အခန်းမှာ ရှိမလား မသိဘူး"

သူမ ချာခနဲ လှည့်ထွက်သွား၏ ။ သူမခုံရှိရာ နောက်ဘက်ခုံတန်းသို့ မဟုတ်ဘဲ အခန်းပြင်သို့ ထွက်သွားခြင်း ဖြစ်သည်။

ဒီကောင်မလေး ဘာကြောင်တာပါလိမ့်ဟု သူတွေးရင်း နာမည် ဆက်ခေါ် လိုက်သည်။

"ကျော်စွာ တင်"

"ဟုတ်ကဲ့ လာပါတယ်ဆရာ"

ခပ်နောက်နောက် ပြန်ထူးခြင်း ဖြစ်သော်လည်းစောစေားက "ဘာတုန်း" နှင့် စာလျှင် အများ ကြီး တော် သေး၏

"ခင်စန်းမူ"

"ရှိတယ်"

"ထွေးအောင်"

"လာတယ်ဟေ့"

ဘာပဲ ဖြစ် ဖြစ် သူ၏ နာမည်ခေါ်ခြင်း ကိစ္စက အောင်မြင်စွာ ပြီးဆုံးသွား၏ ။ ထိုအချိန်မှပင် စောစောက ကောင်မလေး ဆောင့်ဆောင့်အောင့်အောင်နှင့် မျက်နှာစူပုပ်အား ပြန်ရောက် လာလေသည်။

"နင့် ငါ့ကိုနောက်နေတာလား"

စိတ်တိုနေသဖြင့် သူမ၏ မျက်လုံးပြူးပြူးလေးများ က တလက်လက် တောက်ပြောင်နေ ကြသည်။ ထို့မျက်လုံးကလေးများ သည် ညီမလေး၏ မျက်လုံးများ နှင့် အလွန်တူပါသည်။

"ဟဲ့….မေးနေတယ်လေ၊ နင် ငါ့ကို တမင်နောက်လိုက်တာ မဟုတ်လား"

"ငါ့က ဘာကိုနောက်လို့လဲ"

"နင်ပဲ ငါ့ကို ဆရာမ က ခေါ်ခိုင်းလို့ဆို၊ ခု ဆ ရာမနဲ့တွေ့ တော့ ဆရာမ က မခေါ်ဘူးတဲ့"

သည်တော့မှ အခြေအနေ အရပ်ရပ်ကို သူ သဘောပေါက်သွားတော့သည်။

"ဆရာမ ခေါ်ခိုင်းတယ်ဆိုတာ အမှန်ပဲ၊ ဒါပေမဲ့ နင့်ကို မဟုတ်ဘူး၊ နင့်နာမည် ကို ၊ ငါက ကျောင်းခေါ်ချိန်စာရင်း လုပ်ဖို့ နာမည် ခေါ်တာ"

အတည်ပြောတာလား၊ နောက်နေတာလား ဇဝေဇ၀ါ ဖြစ်ဟန်နှင့် သူ့မ သူ့အား စိုက်ကြည့် နေသေးသည်။ ဘေးတစ်ခုံကျော်မှ ခေါင်းဆောင်ဟု ၀င်ပြောတော့မှ သူမ ယုံကြည်သွားလေ တော့သည်။

"ဆောရီးဟာ… ငါက နင်နောက်လိုက်တယ် အောက်မေ့လို့ ဒါနဲ့ နင်နာမည် ဘယ်လိုခေါ်လဲ"

"ညီညီ"

"ငါ့နာမည် သော်သော်နိုင်"

"ငါသိပါတယ်"

သူပြောလိုက်တော့ သူမ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

"အေးနော်….ဟုတ်သားပဲ၊ သိလို့ ငါနာမည် ကိုတောင် ခေါ်ပြီးပြီးပဲ"

ပြောရင်း သူမစကားကို သူမဘာသာ သဘောကျပြီး အသံထွက်ကာ ရယ်မောလိုက် သေသည်။

ထိုအချိန်မှစ၍ သော်သော်နိုင်သည် သူ၏ အရင်းနှီးဆုံး မိန်းကလေး တစ်ယောက် ဖြစ်လာခဲ့သလို ခြောက်သွေ့သော သူ့ဘသ၏ အိုအေစစ်လေး တစ်ခုလည်း ဖြစ်လာခဲ့လေသည်။

သော်သော်နိုင်၏ မိဘများ က ချမ်းသာသူများ မဟုတ်။ သာမန်လခစား ၀န်ထမ်းများ သာ ဖြစ်ပြီး အေးအေးဆေးဆေး နေတတ်သူများ ဖြစ်သည်။ သားသမီး သုံးယောက် အနက် သော် သော်နိုင်က အကြီးဆုံး ဖြစ်၍ သော်သော်နိုင်အောက်၌ မောင်လေး တစ်ယောက် နှင့် ညီမလေးတစ် ယောက် ရှီပြီး မောင်နှမ သုံးယောက် စလုံး ချစ်ချစ်ခင်ခင် နေတက်ကြသည်။

သူမတို့၏ မိသားစုလေးသည် အလွန်ငြိမ်းချမ်း သာယာ၍ ပျော်စရာ မိသားစုလေး ဖြစ်သည်။ စနေ၊ တနင်္ဂနွေလို မသားစု စုံလင်သည့် နေမျိုး၌ သူမတို့ အိမ်ကလေးသည် ရယ်သံများ ၊ တစ်ယောက် ကို တစ်ယောက် နောက်ပြောင် ကျီစယ်သံများ နှင့် ဖုံးလွှမ်း၍ နေတတ်သည်။

မကြာခဏ သူမတို့အိမ်သို့ သူက အလည်ရောက်သွားတတ်ပြီး တစ်ခါတစ်ရံ ပျော်စရာမိသာစုကို ကြည်၍ အလွန်အားကျကာ မျက်ရည်ဝဲ ခဲ့ရဖူးသည်။ တစ်ကြိမ်မှတော့ မအောင့်နိုင်ဘဲ သူဖွင့်ပြောလိုက်မိသည်။

"နင့်တို့မိသားစုကို ကြည့်ရတာ ကြည်းနူးစရာကောင်းလိုက်တာသော်သော်၊ နင်တို့သိမ် ပျော်ကြမှာ ပဲနော်"

သော်သော်နိုင်က ဂုဏ်ယူ ၀င့်ကြွားဟန် အပြည့်နှင့် အဖြေပေးသည်။

"ဟုတ်တယ်၊ ငါတို့အိမ်မှာ တစ်ခါမှ စိတ်ညစ်စရာမကြုံဖူးဘူး"

"နင့်အဖေနဲ့ နင့်အမေ ရန် ဖြစ်ရင်တော့ စိတ်ညစ်ရမှာ ပေါ့ သော်သော်"

"ဟင်အင်း… ဖေဖေနဲ့ မေမေ တစ်ခါမှ ရန်မ ဖြစ်ကြဘူး"

"ငါဆိုလိုတာက တစ်ခါတလေ ကတောက်တဆက် စကားများ တာမျိုးကို ဆိုလိုတာပါ"

"ငါကလဲ အဲလိုစကားများ တာမျိုးကိုပဲ ပြေတာညီ၊ ဖေဖေနဲ့မေမေ ဘယ်တုန်းကမှ စကားမများ ခဲ့ဖူးဘူး"

ဘယ်လောက်များ အံ့သြစရာကောင်းလိုက်ပါသလဲ။ တစ်ခါမှ မေမေဘယ်တုန်းကမှ စကားမများ ခဲ့ဖူးဘူး …တဲ့"

"ညီ… နင်ဘာ ဖြစ်နေတာလဲ"

"အံ့သြလို့ပါ"

"ဘာကိုလဲ"

"နင့်မိဘတွေ တစ်ခါမှ စကားမများ ဖူးဘူးဆိုလို့၊ ငါတို့အိမ်မှာ တော့ အဖေနဲ့အမေ နေ့တိုင်းရန် ဖြစ်တာပဲ၊ ငါလဲ ခဏခဏ အရိုက်ခံ ရတယ်။

သော်သော်နိုင် သူ့အား ထူးဆန်း အံ့သြသော မျက်လုံးအစုံဖြင့် စိုက်ကြည့်လိုက်လေ့သည်။

"ဖေဖေနဲ့မေမေ ကတော့ ငါတို့ကို တစ်ခါမှ မရိုက်ဖူးဘူး ညီ၊ တစ်ခါတုန်းက မောင်လေးလုပ်လိုက်လို့ ဖေဖေ အရစ်ကျစနစ်နဲ့ ၀ယ်ထားတဲ့ အိမ်ကတီဗွီ ပျက်သွားတယ်၊ အဲဒီ တုန်းက ဖေဖေစိတ်ဆိုးသွားပေမယ့် မောင်လေးကို မရိုက်ဘူး၊ လေသံမာမာနဲ့တောင် မဆူဘူး၊ နောက် အဲလိုမလုပ်ဖို့ဘဲ အေးအေးဆေးဆေး ဆုံးမတယ်"

သော်သော့်စကားကြောင့် သူ မယုံနိုင်လောက်အောင် အံ့သြသွားလေသည်။ လောကကြီးမှာ အဲလိုမိဘမျိုး တကယ်ရှိနိုင်လို့လား၊ သော်သော် သူ့ကို တမင်များ ကြွားနေတာလား…။

ဘယ်လောက်ထူးဆန်းလိုက်တဲ့ကိစ္စလဲ။

တီဗွီပျက်သွားတာတောင် မဆူဘူး…တဲ့။

ဆီပုလင်း ကျကွဲရုံနှင့် ဇက်ပိုးအုပ်တတ်တဲ့ သူ့အဖေသာဆိုလျှင်တော့ တီဗွီမပြောနဲ့၊ ရေဒီယိုကက်ဆက်တစ်လုံးကို သူဖျက်ဆီးမိလျှင်ပင် သူ့အား ချက်ချင်း ထ သတ်မှာ အလွန်သေချာပါသည်။

"ဖေဖေ့က သိပ်နူးညံ့တာ ညီ၊ လမ်းလျှောက်ရင် ဘယ်တော့မှ ဖေဖေ့ခြေသံကို မကြားရဘူး၊ စကားလဲ ကျယ်ကျယ်မပြောဘူး၊ ဘယ်လောက်စိတ်ဆိုးစရာနဲ့ကြုံကြုံ ဖေဖေ ဘယ်တော့မှ ဒေါသမထွက်ဘူး၊ မေမေလဲဒီအတိုင်းပဲ၊ ငါတို့အိမ်မှာ မနက်တိုင်း မိသားစုအားလုံး ဘုရားရှိခိုးပြီး ပဋ္ဌန် ရွက်ကြတယ်၊ ၀ါတွင်းဆို ဥပုလ်စောင့်ကြရတယ်၊ မောင်လေး ကတော့ ညစာမစားရလို့ ဆိုပြီး မစောင့်ချင်ဘူး၊ ဒါပေမဲ့ နောက်ပိုင်းတော့ သူလဲ အကျင့်ရသွားတယ်။ ငါတို့အိမ်မှာ ကြီးစဉ်ငယ်လိုက် ညှာတာကြတယ်၊ ချစ်ချစ်ခင်ခင် နေကြတယ်..

"ဒါကြောင့် ဖေဖေနဲ့မေမေ မပြောနဲ့၊ ငါတို့မောင်နှမချင်းတောင် စကားများ တာမျိုး၊ စိတ်ကောက်တာမျိုး တစ်ခါမှ မရှိခဲ့ဘူး…

"ဖေဖေနဲ့မေမေက သားသမီးတွေ ကို အရမ်းအလိုလိုက်တယ်။ ဂရုလဲစိုက်တယ်၊ ငါတို့ စာမေးပွဲဖြေပြီဆိုရင် ဖေဖေ ဖြစ် ဖြစ်၊ မေမေ ဖြစ် ဖြစ်၊ အမြဲလိုက်စောင့်တယ်၊ အောင်စာရင်း ထွက် တဲ့နေ့ ဂုဏ်ထူးတွေ ဘာတွေ ပါလာတဲ့အခါမျိုးဆိုရင်တော့ သိပ်ပျော်စရာကောင်းတာဘဲ သိလား ညီ၊ ဆုချတဲ့အနေနဲ့ ငါတို့ကို မုန့်ဖိုး ဖြစ် ဖြစ်၊ ပစ္စည်းတစ်ခုခု ဖြစ် ဖြစ် ပေးတယ်၊ ပြီးတော့ အဲဒီ နေ့ အိမ်မှာ အုန်းနို့ခေါက်ဆွဲတို့၊ လက်သုပ်တို့ လုပ်စားကြတယ်၊ ဖေဖေရော၊ မေမေပါ ဘယ်လောက်အလုပ်များများ အဲလိုနေ့မျိုးဆို ဘယ်မှ မသွားဘူး၊ သားသမီးတွေ နဲ့ ပျော်ပျော်ပါးပါးနေတယ်"

သော်သော့်စကားများ ကို နားထောင်ရင်း သူမိသားစုနှင့် သူမတို့၏ မိသားစုကွာဟချက် ကိုတွေးကာ သူဝမ်းနည်းလာမိသည်။

" မှတ်မိသေးတယ်၊ ငါ ငါးတန်နှစ် တုန်းက စာမေးပွဲအောင်တော့ ဖေဖေတို့ တိရစ္ဆာန်ရုံ ကို လိုက်ပို့တယ်၊ သိပ်ပျော်စရာကောင်းတာပဲ၊ နင် တိရစ္ဆာန်ရုံကို ရောက်ဖူးတယ် မဟုတ်လား ညီ"

"မရောက်ဖူးဘူး"

သူအသံက အနည်းငယ် မာကျော၍ နေ၏ ။

"နင် တစ်ခေါက်လောက်တော့ ရောက်ဖူးသင့်တယ်၊ ဆင်ကြီးတွေ ၊ ရေမြင်းကြီးတွေ ကို အစာကျွေးရတာ သိပ်စိတ်ကြည်နူးစရာကောင်းတာပဲ၊ ပြီတော့လေ…"

"ငါပြန်တော့မယ် သော်သော့်"

သူထိုင်ရာမှ ၀ုန်းခနဲထရပ်ပြီး ပြောလိုက်သည်။

"ဟဲ့…ဘယ်လို ဖြစ်တာလဲ၊ နေပါဦး"

"မနေချင်တော့ဘူးဟာ"

"ဘာ ဖြစ်လို့လဲ"

"နင့်စကားတွေ နားထောင်ရတာ စိတ်ဆင်းရဲလို့"

"အလိုလေး…. ငါကနင့်ကို စိတ်ဆင်းရဲစရာတွေ ပြောနေမိလို့လား ညီ"

"စိတ်ဆင်းရဲစရာတွေ မဟုတ်လို့ပေါ့ဟာ၊ စိတ်ဆင်းရဲစရာ စကားတွေ ဆိုရင် ငါ့အတွက် မဆန်းဘူး၊ ခုတော့ နင်က ပျော်စရာတွေ ၊ စိတ်ချမ်းသာစရာတွေ ချည်းပဲ ပြောနေတယ်၊ ငါ့ဘ၀မှာ နင့်လိုမျိုး တစ်ခါမှ မပျော်ခဲ့ရဘူး သော်သော်၊ ခု နင်ကပျော်စရာတွေ တ ပြောပြတော့ နင့်လိုမပျော်ခဲ့ရတဲ့ ငါ့ဘ၀ကို ငါ့ဘာသာ ပြန်တွေးပြီး နာကြည်းလာတယ်၊ အဲဒါကြောင့် ပါ၊ ကဲ….ငါ သွားတော့မယ် သော်သော့်"

သူချာခနဲ့ လှည့်ထွက်လာခဲ့ချိန်၌ ခုံတန်းလျားလေးပေါ်တွင် သော်သော် မျက်လုံးအ၀ိုင်း သားနှင့် ကျန်ရစ်ခဲ့လေသည်။

အိမ်ပြန်ရောက်တော့ ငါ့အဖေက သိပ်နူညံ့တာ၊ ငါ့မိဘတွေ က ငါတို့ကို သိပ်ချစ် တာဟူ သော် သော်သော်၏ စကားကိုက သူနားထဲ၌ တရစ်ဝဲ၀ဲ ပဲ့တင်ထပ်စွာ ကြားယောင်မိသည်။

သူ့မိဘတွေ လည်း သော်သော်မိဘတွေ လိုဆိုရင် ဘယ်လောက်များ ကောင်းလိုက်လေ မလဲ။ ခုတော့ သော်သော့် မိဘတွေ လို မဟုတ်ဘဲ ဘာ ဖြစ်လို့ သူ့မိဘတွေ က ခက်ထန် ကြမ်းတမ်းနေ ကြရတာ လဲ။ ဘာ ဖြစ်လို့ ခဏခဏ ရန် ဖြစ်နေကြရတာ လဲ။ ပြီးတော့ သူ့ကိုကော ဘာလိုရိုက်နှက်ဆူဆဲနေရတာ လဲ။

သူတွေးရင်း ၀မ်းနည်းလာကာ ယောက် က်ျားတန်မဲ့ မျက်ရည်ပေါက်များ ပါးပြင်ပေါ်သို့ ကျဆင်းလာကြ၏ ။ဒါဟာ သူ့ဘ၀မှာ ပထမဦးဆုံး နာကျင်စွာ ကျရတဲ့ မျက်ရည်ပူများ ပဲ ဖြစ်သည်။

ထိုည အိပ်ရာဝင်တော့ ဘုရားရှီခိုးလျှင် ဘယ်တော့မှ ဆုမတောင်းတတ်သော သူသည် ဆုတစ်ဆုကို တမ်းတမ်းတတ တောင်းလိုက်မိ၏ ။

"အရှင်ဘုရား… ဘုရားတပည့်တော် တို့၏ မိသားစုသည်လဲ သော်သော်တို့မိသားစုလို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေး ဖြစ်ရပါလို၏ ဘုရား"

သူအိပ်ပျော်သွားတော့ အိမ်မက်ထဲ၌ သူ့တို့မိသားစု ကလေးက အလွန်ပျော် စရာကောင်း သော မိသားစုလေး ဖြစ်နေခဲ့၏ ။ သိုသော် အိမ်မက်သာ ဖြစ်၍ လက်တွေ့ ဘ၀ မဟုတ်ပါ။

ထို့ကြောင့် အိပ်မက်မှ ပြန်လည် နိုးထလာသော အခါမှတော့ လက်ရှိဘ၀ထဲသို့ ပြန်လည် ရောက်ရှိရလေသည်။

"နင် တော် တော် ဦးနှောက်မရှိတဲ့ အကောင်ပါလား၊ ကလေးကို ရေခဲကျောင်း ၀ယ်ကျွေးရင်း ချောင်းဆိုးမယ်ဆိုတာ မသိဘူးလား ငတုံးငအရဲ့ "

"သိပါတယ် အမေ၊ ညီမလေးက ရေခဲချောင်းပဲ စားချင်တယ်ဆိုပြီး ငိုနေလို့ ကျွန်တော် ၀ယ်ကျွေးလိုက်တာပါ"

"အေး…ခုတော့ ဒီမှာ ကလေးချောင်းဆိုးနေပြီး၊ ချောင်းဆိုရင် ဆေးခန်းပြရတော့မယ်၊ ပိုက်ဆံကုန်မယ်၊ အိပ်မှာ ပိုက်ဆံလုပ်တဲ့ စက်ကြီး ရှိတာ မဟုတ်ဘူး ဟဲ့ကောင်ရဲ့ "

အမေ ဒေါသတကြီးပြောပြီး သူ့ခေါင်းကို သုံးလေးချက်ခေါက်သည်။ အမေ သူ့အား ခေါင်းတစ်ချက် ခေါက်တိုင်းသာ ဦးနှောက်နည်းနည်း စီ ပဲ့ထွက်မည် ဆိုပါက ယခုအချိန်လောက်တွင် သူ့ခေါင်းထဲ၌ မည် သည့်ဦးနှောက်မှ ကျန်တော့မည် မဟုတ်ပါ။

ထိုအချိန်၌ အဖေ ပြန်ရောက်လာသဖြင့် အမေက သူ့အကြောင်းဆီး၍ တိုင်လေသည်။ သူ ကတော့ နားရင်းအရိုက်ခံရန်၊ ဇက်ပိုးအအုပ်ခံရန် အသင့်ပြင် ထားလိုက်၏ ။ သို့ သော် အံ့ဖွယ်ကောင်းစွာ သူမျှော်လင့်ထားသည့် အပြုအမူမျိုးကို မလုပ်ဘဲ အဖေ မျက်မှော င်ကြုက်၍ ငြိမ်သက်စဉ်းစားနေပြီးမှ ရုတ်တရက်မေးသည်။

"ဟေ့ကောင်.. အဲဒီ ရေခဲချောင်းကို မင်းဘယ်ကပိုက်ဆံနဲ့ ၀ယ်ကျွေးတာလဲ"

သည်တော့မှ အမေလည်း အဖေ့နည်းတူ စဉ်းစားမိသွားဟန်ဖြင့် သူ့ကို တစ်စုံတစ်ရာ စွပ်စွဲလိုသော မျက်လုံးအစုံနှင့် ဖျတ်ခနဲ့ လှမ်းကြည်သည်။

"ဟေ့ကောင်… ငါမေးနေတယ်လေ"

"ကျွန်တော် ကျောင်းမုန့်ဖိုးထဲက ၀ယ်ကျွေးတာပါ"

"ဒီနေ့ကျောင်းတက်ရက်မှ မဟုတ်ဘဲ ၊ မင်းကိုဘယ်သူမုန့်ဖိုးပေးလို့လဲ၊ မင်းမှန်မှန်ဖြေစမ်း"

"တကယ်ပါ ဖေဖေ၊ ကျွန်တော် စုထားတဲ့ မုန့်ဖိုးထဲကနေ ၀ယ်ကျွေးတာပါ"

"မင်းကို ထမင်းဘူး ထည့်မပေးလို့ ထမင်းအစား ကျောင်းမှာ ကြာဆံသုပ် ၀ယ်စားဖို့ မုန့်ဖိုးကို ကြာဆံသုပ်နဲ့ တိုင်းပြီး အတိအကျပေးတာ၊ မင်းက ဘယ်လိုလုပ်ပြီစုလဲ၊ ဘာလဲ….ကြာဆံသုပ်ဈေးကျသွားလို့လား"

"မဟုတ်ပါဘူးအဖေ၊ ကျွန်တော် ကြာဆံမစားဘဲ စုထားတာပါ"

"ကြာဆံသုပ်မစားရင် မင်းဘာစားလဲ"

"ကျွန်….ကျွန်တော် ဘာမှမစားဘူး၊ သိပ်ဆာတဲ့နေတွေ မှပဲ မုန့်တစ်ခုလောက် ၀ယ်စားပြီး ရေသောက်တယ်"

အမေက သူ့အား စိုက်ကြည်နေရင်းမှ ကောက်ကာငင်ကာပြောသည်။

"သြော်..ဟိုတစ်ခါလဲ ဘာမှမစားဘဲ ဗိုက်အောင့်လို့ ဆေးခန်းရောက်၊ ငွေကုန်ပြီးပြီး၊ ခုလဲငွေကုန်အောင် နင်ထပ်လုပ်တာပေါ့လေ"

"မဟုတ်ပါဘူးအမေ ကျွန်တော် ဗိုက်မအောင့်တော့ပါဘူး"

အမှန်တော့ ယခုတိုင် တစ်ခါတစ်ရံ ဗိုက်အောင့်တတ်သော်လည်း သူ့အမေကို ညာလိုက်သည်။ အဖေက အမေကို လက်ကာပြရင်း…

"မင်းဝင်မပြောနဲ့၊ ငါအဲဒီ ကောင့်ကို စစ်စရာရှိသေးတယ်၊ ကဲ…မင်းစုထားတယ်ဆိုတဲ့ မုန့်ဖိုးတွေ သွားယူစမ်း"

အိပ်ခန်းအတွင်းသွားကာ သူစုထားသော မုန့်ဖိုးများ ကိုယူပြီုး အဖေကို ပေးလိုက်သည်။ အဖေက ပိုက်ဆံများ ကို သေသေချာချာ ကြည့်ပြီး မီတောက်မတတ် မျက်လုံးများ နှင့် သူ့ကို စိုက်ကြည့်ကာ ပြော၏ ။

"လက်စသက်တော့ မင်းက သူခိုးပဲ"

"ဗျာ.."

"မင်းကိုမုန့်ဖိုးပေးတာ ကျပ်တန်ပဲပေးတာ၊ ခု ငါးကျပ်တန်တွေ ဖြစ်နေတယ်၊ မှန်မှန်ပြောစမ်း၊ မင်း ငါ့အိတ်ထဲက ခိုးထားတာ မဟုတ်လား"

"မဟုတ်ဘူး အဖေ၊ အဲဒါ…အဲဒါ ကျွန်တော် ကျပ်တန်တွေ နဲ လဲထားတာ"

အမှန်တကယ်ပင် ကျပ်တန်ငါးရွက်ပြည့်တိုင် ငါးကျပ်တန် အသစ်ကလေးများ နှင့် လဲကာ သူစုဆောင်းထားခြင်း ဖြစ်သည်။

"မင်း ငါကိုမလိပ်နဲ့၊ ဒီပိုက်ဆံတွေ မင်းခိုးထားတာပဲ ဖြစ်ရမယ်"

"မဟုတ်ဘူး၊ ကျွန်တော် သူခိုးမဟုတ်ဘူး"

သူအသံက မာကျောကာ အနည်းငယ် ကျယ်လောင်သွားသည်။

"သူခိုးမဟုတ်ရင် အလစ်သမားပေါ့၊ မိဘလစ်တဲ့အချိန်မှာ မိဘအိတ်ထဲက အလစ်သုတ်တဲ့ အလစ်သမား"

အဖေ ဒေါသတကြီး စွပ်စွဲပြီး သူ့နားသို့ လျှောက်လာသည်။

စိတ်မထင်လျှင် မထင်သလို နားရင်းရိုက်၊ ဇက်ပိုးအုပ်လေ့ရှိသော အဖေ ဒီတစ်ခါ သူ့ကို နားရင်းမရိုက်သလို၊ ဇက်ပိုးလည်းမအုပ်ပါ။ သို့ သော် ခပ်အုပ်အုပ်မြည် သံ တစ်ခုနှင့် အတူ သူ့မျက်နှာ ကတော့ နောက်သို့ ယိုင်သွား၏ ။

အဖေ သူ့အားဆွဲထိုးလိုက်ခြင်း ဖြစ်သည်။ ဖခင် တစ်ယောက် ၏ လက်သီးနှင့် ထိုးခြင်းကို ခံလိုက်ရသဖြင့် နာကျင်ရန် သတိမရဘဲ သူတအံ့တသြ ဖြစ်နေမိသည်။

ထို့နေက အဖေ သူ့အား လက်သီးနှင့် ထိုးခြင်းသည် သူ့ ဘ၀၌ ပထမအကြိမ် ကြုံတွေ့ ခဲ့ရသော အတွေ အကြုံ ဖြစ်၏ ။ သိုသော် နောက်ဆုံးအကြိမ်တော့ ဘယ်တော့မှ မဟုတ်ခဲ့ပါ။

လောက၌ မိဘတိုင်း ကိုယ့်သားသမီးကို ဆုံးမပိုင်ခွင့် ရှိသလို (ဆိုးမိုက်မသွားစေရန်) ဆုံးမဖို့လည်း အမှန်တကယ် လိုအပ်ပါသည်။

` သို့ သော် ဆုံးမနည်း မှန်ကန်ရန် သို့မဟုတ် မှန်ကန်သော ဆုံးမနည်းကိုရွေးချယ်ရန်က တော့အလွန်သိမ်မွေ့သော ကိစ္စ ဖြစ်သလို အလွန်အရေး ကြီးသော ကိစ္စလည်း ဖြစ်၏ ။ အဖေသည် လက်ရုံးအားကိုးသော နည်းကို တောက်လျှောက် ကိုင်စွဲခဲ့သူ ဖြစ်သည်။ ထိုနည်းမှာ အချို့သော သားသမီးများ အတွက် မှန်ကန်ကောင်း မှန်ကန်နိုင်မည် ဖြစ်သော်လည်း အဖေနှင့် သူ့အကြားမှာ တော့အလွန်မှားယွင်းသော ဆုံးမနည်းတစ်ခုသာ ဖြစ်လေသည်။

ငယ်ငယ်ကတည်းက အမှတ်သညာ ကြီးလွန်သော သူ့အတွက် သူပိုက်ဆံမခိုးဘဲ ခိုးသည်ဟု စွပ်စွဲကာ အဖေသူ့အား လက်သီးဖြင့် ဆုံးမခဲ့ခြင်းမှာ ဘယ်လိုမှမေ့ပျောက်၍ မရနိုင်သော ကိစ္စတစ်ခု ဖြစ်ခဲ့သည်။ ထိုကိစ္စကြောင့် အဖေ့အား သူမုန်းတီးမသွားသည့်တိုင် ယခင်ကလောက် မချစ်တော့တာ ကတော့ အမှန်ပဲ ဖြစ်သည်။

လောက၌ အခြားလူ တစ်ယောက် ၏ လက်သီးနှင့် အချက်ပေါင်းများ စွာ အထိုးခံရခြင်းနှင့် ဖခင် တစ်ယောက် ၏ လက်သီးနှင့် တစ်ချက်အထိုးခံရခြင်းသည် နာကျင်မှု ၌ ရော၊ ခံစားမှု ၌ ပါ ဘယ်လိုမှ မတူညီနိုင်ပါ။ သားသမီး တစ်ယောက် တွက် ကိုယ့်ဖခင်၏ လက်သီးတစ်ချက် အထိုးခံရခြင်းသည် နာကျင်မှု ၌ ရော၊ ခံစားမှု ၌ ပါ ဘယ်လိုမှ မတူညီနိုင်ပါ။ သားသမီး တစ်ယောက် အတွက် ကိုယ့်ဖခင်၏ လက်သီးတစ်ချက်က ပို၍ နာကျင်စေသလို ပို၍ လည်း ကြေကွဲစေပါသည်။

သေချာတာ ကတော့….

အဖေ သူ့အားလက်သီးနှင့် ဆွဲထိုးပြီးနောက်ပိုင်း အဖေနှင့် သူ့အကြား တစ်စုံတစ်ရာ ခြားသွားခြင်းပင် ဖြစ်သည်။

(ထိုတစ်စုံတစ်ရာ ကတော့ ဖခင်၏ လက်သီးနှင့် အထိုးမခံဖူးသူများ ဘယ်လိုမှ နားလည်ခံ စားနိုင်ကြလိမ့်မည် မဟုတ်ပါ။)

သူ၏ နှလုံးသားအတွင်းသို့ စူးချွန်အသစ်တစ်ချောင်း ရိုက်သွင်းခံခဲ့ ရပြီးနောက်ပိုင်းမှတော့ သူသည် အေးစက်စက် ထုံပေပေနိုင်သော ဂျစ်ကန်ကန် ကောင်လေး တစ်ယောက် သို့ (သူကိုယ်တိုင်ပင် သတိမထားမိဘဲ) တဖြည်းဖြည်း ပြောင်းလဲလာခဲ့တော့သည်။

သို့သော် သူ သတိမထားမိသော ထိုကိစ္စအား သော်သော်နိုင် ကတော့ သတိထားမိလေ သည်။

"ညီ.. နင် ခုတလော ဘာ ဖြစ်နေတာလဲ"

"ငါဘာ ဖြစ်နေလို့လဲ"

သူမ သူ့အား ခပ်စူးစူး စိုက်ကြည်ပြီး ဖြည်းညင်းစွာ ခေါင်းခါယမ်းလေသည်။

"နင် အရင်ကနဲ့ မတူတော့ဘူး ညီ၊ ငေးငေးငိုင်ငိုင် အေးတိအေးစက် ဖြစ်လာတယ်၊ နောက်ပြီး ဟိုတစ်နေ့ကလဲ ဘီတန်းက ကျောင်းသားနှစ် ယောက် နဲ့ ရန် ဖြစ်တယ်၊ အစက နင် ရန်မ ဖြစ်တတ်ပါဘူး"

"ရန် ဖြစ်တာ အဟုတ်ပါဘူး၊ စကားများ တာပါ၊ အဲဒီ နေ့က ငါကျောင်းရောက်တာ စော နေ တာနဲ့ ဘောလုံးကွင်နားက ခရေပင်အောက်မှာ သွားထိုင်နေတာ၊ အဲဒီ အချိန်မှာ သူတို့ ရောက်လာပြီး ငါ့နားမှာ လာရယ်လို့ မရယ်နဲ့လို့ပြောရင်း တစ်ယောက် တစ်ခွန်း စကားများ ကြ တာပါ"

"ဘာလဲ၊ နင့်ကိုနောက်တဲ့ သဘောနဲ့ စောင်းပြီးရယ်တာလား"

"မဟုတ်ပါဘူး၊ သူတို့ဘာသာ ဗီဒီယိုကားတစ်ကားအကြောင်းပြောပြီး ရယ်ကြတာပါ"

သူ့မျက်နှာအား သူမ အံ့သြသလိုကြည့်ပြီး မေးသည်။

"ဒါဖြင့် သူတို့ဘာသာသူတို့ ရယ်ကြတာကို နင်က ဘာ ဖြစ်လို့ သွားပြီးတားရတာ လဲ"

"သူတို့ဘာသာရယ်တယ်ဆိုပေမယ့် အဲဒီ ရယ်သံတွေ က ငါ့ကိုစော်ကားနေသလိုပဲ သော်သော်၊ အဲဒါကြောင့် မရယ်နဲ့လို ပြောလိုက်မိတာ"

"ဗုဒ္ဓေါရေ…. ဘာဆိုင်လို့လဲဟယ်"

"ဆိုင်မဆိုင်တော့ ငါမသိဘူး သော်သော်၊ ဒါပေမဲ့ သူများ တွေ ရယ်မော်နေတာ၊ ပျော်ရွှင်နေ တာတွေ့ တိုင်း ငါ အလိုလိုစိတ်တိုနေမိတယ်၊ ပြီးတော့ ငါ့ကို အရွဲ့တိုက် စော်ကာနေသလိုငါခံစား ရတယ်"

"သူ့စကားအဆုံးမှာ တော့ သော်သော်နိုင်အကြာကြီး နှုတ်ဆိတ် ငြိမ်သက်သွားလေတော့ သည်။ အတန်အကြာမှ ခပ်ဖွဖွသက်ပြင်းချသံ တစ်ခုနှင့် အတူ သူမခပ်တိုးတိုးမေးသည်။

"ညီ… နင် တစ်ခုခုကို မကျေမနပ် ဖြစ်နေတာလားဟင်"

"ဟုတ်တယ် သော်သော်၊ ငါ မကျေမနပ် ဖြစ်နေတာ အမှန်ပဲ၊ ဒါပေမဲ့ ဘာကိုမကျေနပ်တာလဲဆိုတာတော့ ငါ့ကိုယ်ငါလဲ မသိဘူး၊ တစ်ခါတလေ ငါရန်တွေ ဘာတွေ ဖြစ်ပစ်လိုက်ချင်တယ်၊ ဒါမှမဟုတ်လဲ အုပ်နံရံတို့ ဘာတို့ကို လက်သီးနဲ့ ထိုးပစ်လိုက်ချင်တယ်"

သော်သော် တအံ့တသြ ဘုရားတလိုက်လေသည်။ ထို့နောက်သူ့အား…

"ရန်တွေ ဘာတွေ တော့ မ ဖြစ်ပါနဲ့ဟာ၊ ရန် ဖြစ်တယ်ဆိုတာ မကောင်းပါဘူး၊ ဖေဖေတို့ မေမေတို့က နင်ကို သိပ်အထင်ကြီးတာ၊ နင် စာတော် တဲ့အကြောင်း၊ လိမ္မာတဲ့အကြောင်း ကွယ်ရာမှာ ခဏခဏ ချီးမွမ်းတယ်၊ ဖေဖေကဆို နင်ဆရာဝန် ဖြစ်လိမ့်မယ်တဲ့"

"ငါကလေ…. ငါကဆရာဝန် ဖြစ်မယ်၊ ဟုတ်လား"

သော်သော်စကားကြောင့် သူဟားတိုက်ရယ်မောပစ်လိုက်၏ ။ ယခု အထက်တန်းကျောင်းကိုပင် တစ်ဖက်တစ်လမ်းမှ သူဝင်ငွေရှာပေးနိုင်သော ကြောင့် သူ့အိမ်က သူ့ကျောင်းစရိတ်အတွက် မကြည်ဖြူသည့်တိုင် ကျောင်းမထုတ်မခံရဘဲ သူဆက်တက်နေရခြင်း ဖြစ်သည်။

အကုန်အကျ အလွန်များ လှသော ဆေးကျောင်းသို့တက်ပြီး ဆရာဝန် ဖြစ်ဖို့ဆိုတာ ကတော့ သူနှင့် တော် တော် ဝေးပါသည်။

"မရယ်နဲ့လေ ညီ၊ ငါရယ်စရာပြောနေတာမဟုတ်ဘူး၊ နင်နှစ် တိုင်း ဂုဏ်ထူးတွေ အများ ကြီးနဲ့ အောင်နေကျပဲ၊ ဆယ်တန်းစာမေးပွဲကိုလဲ အဲလိုအောင်ရင် နင်ဆေးကျောင်းတက်နိုင်တာပေါ့၊ ပိုသေချာအောင် ခုကတည်းက ပိုကြိုးးစားလိုက်ရင် ဘာ ဖြစ်လို့ ဆရာဝန် မ ဖြစ်ရမှာ လဲ"

"ဒီနေ့အဖို့တော့ နင့်စကားတွေ က ငါ့အတွက်အကောင်းဆုံးပြက်လုံးတွေ ပဲ သော်သော်၊ ဒါပေမဲ့ နင်ပြောသလို ငါဆရာဝန်မ ဖြစ်ချင်ဘူး"

"ဒါဖြင့် နင်ဘာ ဖြစ်ချင်လိုတုန်း"

"သော်သော်ခပ်ဆောင့်ဆောင့် မေးသည်။

"လောလောဆယ်တော့ ငါဆေးလိပ်သောက်ချင်တာပဲ"

"ဘာ…"

သူမအသံက စူးရှကျယ်လောင်စွာ တင်းမားသွားသည်။

"နင် ဆေးလိပ်သောက်တက်နေပြီပေါ့၊ ဟုတ်လား ညီ"

"ဟင့်အင်….. မသောက်တတ်ပါဘူး၊ သောက်ချင်တာကို ပြောတာပါ၊ ဖြစ်နိုင်ရင် အရက်တွေ ဘာတွေ တောင် သောက်ပြီး မူးပစ်လိုက်ချင်တယ်"

သူမ သူ့အား မျက်လုံးအ၀ိုင်းသားနှင့် ကြည်ပြီး တအံ့တသြ ရေရွက်သည်။

"ဘုရား… ဘုရား.. ဒီပုံတိုင်းဆိုရင်တော့ နင်လူဆိုး ဖြစ်တော့မယ် ညီ

သူ ဘာမှပြန်မပြောဘဲ ငြိမ်သက်နေတော့ သူမ သက်ပြင်းသဲ့သဲ့ ရှိုက်ရင်း သူ့အား လှမ်းခေါ်သည်။

"ညီ"

"ဘာလဲ သော သော်"

"ငါလေ…ငါ… နင်ကိုဆိုးမိုက်မသွားစေချင်ဘူးဟာ၊ နင်လူဆိုး တစ်ယောက် ဖြစ်သွားမှာ ငါစိတ်ပူတယ်"

သူခြောက်ကပ်စွာ ရယ်မောရင်း သူမအား အေးဆေးစွာ ပြန်ပြော လိုက်သည်။

"ငါလဲ လူဆိုးမ ဖြစ်ချင်ပါဘူး သော်သော်ရာ၊ လောကကြီးမှာ ဆိုးတယ်မိုက်တယ် ဆိုတာ မကောင်းမှန်း ငါသိုပါတယ်"

"ဒါဖြင့် နင့် စိတ်မဆိုးနဲ့နော် ညီ၊ နင် လူဆိုးမ ဖြစ်ပါဘူးလို့ ငါ့ကို ကတိပေးစမ်းပါ"

ဘယ်လောက်များ အစိုးရိမ်ကြီးတတ်တဲ့ မိန်းကလေးလဲ။

သူပေါ့ပါးစွား ရယ်မောရင်း ကတိပေးလိုက်၏

"စိတ်ချပါဟာ၊ ငါဘယ်တော့မှ လူဆိုး တစ်ယောက် မ ဖြစ်စေရပါဘူး၊ ကဲ…. ကျေနပ်ပြီလား"

တိမ်ရိပ်ဖုံးနေသည့် လမင်းပမာ အုံ့မှိုင်းနေသော သော်သော် မျက်နှာက ချက်ချင်း ပင် ကြည်လင်သွားလေသည်။

လောက၌ လူဆိုးလူမိုက် တစ်ယောက် အ ဖြစ် သတ်မှတ်ခံရတာ လောက် နာကြည်းကြေကွဲ ကောင်းသော ကိစ္စ ရှိမည် မဟုတ်ပါ။ ထို့ကြောင့် မည် သူမှ လူဆိုးစာရင်း အသွင်းမခံချင်ကြသလို သူသည်လည်း ခပ်ဆိုးဆိုး ကောင်းလေး တစ်ယောက် မ ဖြစ်ချင်ခဲ့။

ထို့အတွက် သော်သော်နိုင်အား ခပ်ရဲရဲ ကတိပေးခဲ့ခြင်း ဖြစ်သလို သူကိုယ်တိုင်လည်း လူဆိုးလေး တစ်ယောက် မ ဖြစ်အောင် သတိကြီးစွာ ထား၍ နေထိုင်ခဲ့၏ ။ ခါတိုင်းလိုပင် အိမ်အလုပ် ကူလုပ်ပေးခဲ့သလို ကျောင်းစာ၌ လည်း မလစ်ဟင်းအောင် ကြိုးစားလျက် တတ်နိုင်သမျှ အမှားအယွင်းကင်းစွာ သူ နေထိုင်ခဲ့ပါသည်။

သို့ သော် တစ်ခါတစ်ရံ၌ လောကကြီးသည် ချွက်ချော်လွဲမှားမှု များ စွာ နှင့် လည်ပတ်တတ်ပြီး ကံကြမ္မာ ကတော့ အံ့သြဖွယ် အပြောင်းအလဲတို့ကို မျက်လှည့်ဆန်ဆန် ဖန်တီးတတ်၏ ။

သူအမျိုးအမည် မခေါ်တတ်သော အလွန်သားနား ထည်ဝါလှသည့် ကားတစ်စီး သူတို့အိမ်ရှေ့၌ ရပ်ထားသည်ကို တွေ့ လိုက်ကတည်းက စိတ်ထဲ၌ ထင့်ခနဲ ဖြစ်သွားသည်။

"ဘယ်ကဧည့်သည်တွေ များ ပါလိမ့်"

သူတို့အိမ်သို့ မော်တော် ကားနှင့် လာတတ်သည့် ဧည့်သည်မျိုး တစ်ယောက် မျှ မရှိုပါ။ ကျောင်းလွယ်အိတ်ကို ပခုံးပြောင်းလွယ်ရင်း အံ့သြစိတ်နှင့် အိမ်ပေါ်သို့ လှမ်းတက်လိုက်ချိန်တော့ သူပို၍ အံ့သြသွားရပါသည်။

အိပ်ပေါ်သို့် ရောက်ရှိနေသည် ဧည့်သည်က သူ့အဖေ၏ အစ်ကိုတစ်ဝမ်းကွဲ၊ သူ၏ လကြီး ဖြစ်သည်။ သူခပ်ငယ်ငယ်အရွယ်ကတော သူ၏ ဘကြီးသည် တစ်ခေါက်နှစ် ခေါက် အိမ်သို့ အလည်လာဖူးသော်လည်း လုပ်ငန်းတစ်ခု (လက်ဖက်ရည်ဆိုင်) လုပ်ရန် ဘကြီးက အရင်းအနှီး ထုတ်ပေးပြီး ထိုအရင်းအနှီးအား အဖေ ဆုံးရှုံးပစ်လိုက်သော အခါမှတော့ ဘကြီးသူတို့အိမ်သို့ အလည်မလာတော့သလို အဆက်အသွယ်လည်း မလုပ်တော့ပါ။ ယခုမှ ထူးဆန်းစွာ အလည် ရောက်ရှိလာခြင်းအပေါ် သူတအံ့တသြ ဖြစ်နေချိန်၌ ဘကြီးက သူ့အား တစ်ချက်လှမ်းကြည့်ရင်း ပြောသည်။

"ဖိုးညီတောင် တော် တော် ကြီးနေပြီပဲ၊ မင်းကျောင်းစာတွေ လိုက်နိုင်ရဲ့ လား"

"ဟုတ်ကဲ့"

အဖေက သူ့အားလှမ်းကြည်ရင်း ၀င်ပြောသည်။

"အလကားပါ အစ်ကိုရာ၊ ဒီကောင်ဘာမှ အ ဖြစ်ရှိမယ့်ကောင် မဟုတ်ပါဘူး၊ စီးပွားရေး မပြေလည်ရတဲ့ကြားထဲ တစ်နှစ် တစ်နှစ် ဒီကောင်ကျောင်းစရိတ်က နည်းတာမဟုတ်ဘူး"

"အဲဒါကြောင့် မင်းတို့လဲ ဘာတွေ များ စီစဉ်နေကြတာလဲဟု စိတ်ဝင်စားသွားသည်။ ထိုအချိန်မှပင် ညီမလေးအား ပွေ့ချီထားသော အဖေက သူကို ခပ်ငေါက်ငေါက် လှမ်းပြောသည်။

"ဟေ့ကောင်… ဘာရပ်လုပ်နေတာလဲ၊ နောက်ဖေးမှာ မင်းအမေ ဟင်းချက်ဖို့လုပ်နေတယ်၊သွားကူလိုက်ဦး"

"ဟုတ်ကဲ့"

"သူအိမ်တွင်းဘက်သို့ ၀င်လာပြီး လွယ်အိတ်ကို ချိတ်ကာ ကျောင်းအ၀တ်အစားပင် မလဲနိုင်ဘဲ မီးဖိုထဲသို့ ခပ်မြန်မြန်သွားလိုက်၏ ။

"ဟုတ်ကဲ့"

ကြက်သွန်နွှာရင်း ဘကြီးရောက်ရှီလာခြင်းနှင့် ဘကြီး၏ အစီအစဉ်ဟူသော စကားကို အလွန်စိတ်ဝင်စားနေသော သူက အမေ့ကို မေးလိုက်သည်။

"အမေ…. ဘကြီး ဘာလာလုပ်တာလဲဟင်"

"သူ့ဘာသာ ဘာလုပ်လုပ် နင့်အပူလား"

ကန်စွန်းရွက်ခြွေရင်း အမေ ခပ်ဆောင့်ဆောင့်ဖြေသည်။ သူတတ်နိုင်သမျှ အချိုသာဆုံးအ သံ ဖြစ်အောင် ကြိုးစားပြီး အမေ့ကိုပြောလိုက်သည်။

"ဘာရယ်မဟုတ်ပါဘူး အမေ၊ ကျွန်တော် သိချင်လို့မေးတာပါ"

"နင့်ညီမကို မွေးစားဖို့ လားခေါ်တာ၊ ကဲ …. ရှင်းပြီးလား"

"ဗျာ..."

သူ့လက်ထဲမှ နွှာလက်စ ကြက်သွန်ဥ လွတ်ကျသွားသဖြင့် ကမန်းကတမ်း ပြန်ကောက် လိုက်ရသည်။

ညီမလေးကို မွေးစားဖို့ လားခေါ်တာ … တဲ့။

"အမေတို့…. အမေတို့ လက်မခံဘူး မဟုတ်လားဟင်၊ မပေးနိုင်ဘူးလို့ ငြင်းလိုက်မယ် မဟုတ်လား"

"အဲဒါတော့ ငါမသိဘူး၊ နင့်အဖေ ဆုံးဖြတ်လိမ့်မယ်"

"မပေးပါနဲ့ အမေ၊ မပေးနိုင်ဘူးလို့ အဖေ့ကို ငြင်းခိုင်လိုက်ပါ"

"အောင်မယ်…. နင်က ဘာကောင်မို့ ၀င်အမိန့်ပေးနေတာလဲ၊ ခု နင့်ညီမလေးကို ကျောင်းထားရတော့မယ်၊ ကျောင်းသား တစ်ယောက် အပြင် နှစ် ယောက် တာဝန်ကို ငါတို့ မယူနိုင်ဘူး”

“ ကျွန်တော့် ကျောင်းစရိတ်အတွက် ကျွန်တော် ရေထမ်း၊ အကြော်ရောင်းပြီး ပိုက်ဆံရှာပေး နေသားပဲ အမေ၊ ပြီးတော့ အိမ်အလုပ်တွေ လဲ ကျွန်တော် ကူလုပ်ပေးနေတာပဲ”

သူ ကြေကွဲစွာ ပြောလိုက်တော့ အမေက သူ့အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်ကာ

“ ဟဲ့ … အဲဒီ နင်ရှာတဲ့ မ ဖြစ်စလောက်ငွေက နင့် တစ်ယောက် တည်းအတွက်တောင် အနိုင် နိုင်၊ ဘယ်မလဲ …နင့်ညီမလေးဖို့ ကျောင်းစရိတ်”

“ အဲဒါဆိုရင်လဲ ကျွန်တော် ကျောင်းထွက်ပါ့မယ်အမေ၊ ညီမလေးကိုတော့ မပေးလိုက်ပါနဲ့”

ကန်စွန်းရွက်များ ကို ရေဆေးရန် အမေထထွက်သွားတော့ သူငေးငိုင် ကြေကွဲစွာ ကျန်ခဲ့၏ ။ သူ့ဘဝ၏ အိုအေစစ်လေးတစ်ခု ဖြစ်သော ညီမလေးကိုတော့ သူ ဘယ်လိုမှ အဆုံးအရှုံး မခံနိုင်ပါ။အမေက နင့်အဖေကို သွားပြောဟု ဆိုသော်လည်း ဒေါသကြီးလှသော အဖေ့ကို သူသွားမပြောရဲ။ လူကြီးတွေ ကိစ္စကို ဝင်ရှုပ်ရမလားဟုဆိုကာ နောက်တစ်ကြိမ် ဆွဲထိုးလျှင် သူပိုခံစားရပါလိမ့်မည် ။

ဧည့်ခန်းရှိ အဖေ့ရှေ့သို့ သွားမပြောရဲသော်လည်း မီးဖိုထဲ ကတော့ သူကျယ်လောင်စွာ လှမ်းပြောနေမိသည်။ အသံထွက်၍ ပြောခြင်းမဟုတ်ဘဲ ရင်ထဲမှ ပြောနေမိခြင်းသာ ဖြစ်သည်။

ညီမလေးကို မပေးပါနဲ့ အဖေ၊ ကျွန်တော့ရဲ့ ညီမလေးကို မပေးလိုက်ကြပါနဲ့၊ ကျွန်တော့် ဘဝမှာ စိတ်ဖြေစရာဆိုလို့ ဒီညီမလေးပဲ ရှိတာပါ။

သူ့အတွေးနှင့် ကြေကွဲရေရွတ်နေစဉ် အိမ်ရှေ့မှ ကားစက်နှိုးသံနှင့် ကားမောင်းထွက်သွား သံကြားတော့ သူဝုန်းကနဲ ထိုင်ရာမှ ထကာ ဧည့်ခန်းဆီသို့ ပြေးထွက်လာမိသည်။ ညီမလေးပါသွား ပြီလား၊ ကျွန်တော့် ညီမလေးကို ပေးလိုက် ကြပြီလား။

သို့သော် ဧည့်ခန်းရောက်တော့ အဖေ့ပေါင်ပေါ်၌ ထိုင်နေဆဲ ဖြစ်သော ညီမလေးကို တွေ့  လိုက်ရသဖြင့် သူလှိုင်ခနဲ ဆို့နစ်စွာ ဝမ်းသာသွားလေသည်။ ညီမလေးက သူ့ကို တွေ့ တော့ ကိုကြီး ဟုခေါ်ကာ သူဆီသို့ လျှောက်လာသဖြင့် ညီမလေးကို ပွေ့ချီပြီး တင်းကျပ်စွာ ဖက်ထားလိုက်မိ သည်။

ကျေးဇူးတင်ပါတယ် အဖေ၊ အဖေခုလို ဆုံးဖြတ်လိုက်တဲ့ အတွက် ကျွန်တော် တစ်သက်လုံး အဖေ့ကို ကျေးဇူးတင်နေမှာ ပါ။ ညီမလေ ကျောင်းစရိတ်အတွက် ကျွန်တော် ပိုက်ဆံ ပိုရှာပါ့မယ်။ လိုအပ်ရင် ကျွန်တော် ကျောင်းထွက်ပြီး ညီမလေးကို ကျောင်းထားပေးပါမယ်။

ဆေးပေါ့လိပ်ကို အငွေ့တထောင်းထောင်းထအောင် ဖွာနေသော အဖေ့အား သူ့စိတ်ထဲမှ လှမ်းပြောရင်း ညီမလေးကို မပေးလိုက်သည့်အတွက် သူ ကျေးဇူးတင်နေမိသည်။

သို့သော် အဖေ၏ ဆုံးဖြတ်ချက် အစစ်အမှန်အား နောက်တစ်နေ့ ညနေမှာ ပင် သူသိလိုက် ရသည်။ သူကျောင်းမှ ပြန်ရောက်ချိန်၌ သူ၏ ချစ်လှစွာ သော ညီမလေး မရှိတော့။ ဘကြီးတို့အား အပြီးအပိုင် ပေးလိုက်ပြီ ဖြစ်လေသည်။

“ နင်သိပ်ခံစားနေရလား ညီ”

“ဘယ်လိုမေးလိုက်တာလဲ သော်သော်၊ ညီမလေးဟာ ငါ့ဘဝပဲ၊ ငါ့အသည်းနှလုံးပဲ၊ ခုတော့ ငါ့အသည်းနှလုံးကို ခွဲထုတ်ပြီး ပေးလိုက်ကြတာနဲ့ ဘာမှမထူးဘူး”

သူ့အသံတို့က နာကျင်ခြောက်ကပ်စွာ တုန်ခါနေကြသည်။

သော်သော်၏ မောင်လေးနှင့် ညီမလေးက ခြံထောင့်၌ ပျော်ရွှင်စွာ ဆော့ကစားနေကြသဖြင့် ထိုကလေးနှစ် ယောက် ကို ငေးမောရင်းသူပို၍ ကြေကွဲလာမိသည်။ ခုချိန်လောက်ဆို ဘကြီးတို့ရဲ့ ခမ်းနားလှတဲ့ တိုက်ကြီပေါ်မှာ ညီမလေး တစ်ယောက် တည်း အဖော်ကင်းမဲ့နေမှာ ပဲ။

အရင်က ညီမလေးပျင်းလျှင် သူညီမလေးအားပုံပြောပြရင်း ပျော်ရွှင်စေခဲ့၏ ။ ယခုညီမလေး က “ ညေးပျင်းတယ်” ဟုဆိုလျှင် မည် သူက ညီမလေးအား စိတ်ရှည်လက်ရှည်နှင့် ပုံပြောပြမလဲ။ တက္ကသိုလ် ကျောင်းသူ ဖြစ်သော ဘကြီး၏ သမီး၊ သူ့အစ်မဝမ်းကွဲကကော သူ့လို စိတ်ရှည်နိုင်မှာ တဲ့ လား။

“ အဖေ တို့ မတရားဘူးဟာ”

သူအသံထွက် ရေရွတ်လိုက်မိတော့ သော်သော်က ဖျောင်းဖျ၏ ။

“ ညီ… နင် အဲလို မတွေးနဲ့လေ၊ နင့်မိဘတွေ က ကောင်းမယ်ထင်လို့ ခုလို စီစဉ်တာ ဖြစ်မှာ ပေါ့”

“ သူများ အိမ်ကို သွားပို့တာ ကောင်းတဲ့အစီအစဉ်လား သော်သော်”

“ သူများ အိမ် မဟုတ်ပါဘူးဟာ၊ ဆွေမျိုးအိမ်ပို့တာပါ၊ နောက်ပြီး နင်ပြောတော့ နင့်ဘကြီး တို့က ချမ်းသာတယ်ဆို”

“ ဟုတ်တယ်၊ ခြံဝင်းကြီးနဲ့ သူတို့တိုက်ကတင် ငါတို့ကျောင်းက ကျောင်းဆောင်တစ်ဆောင် စာလောက် ကျယ်တယ်”

သူ့စကားဆုံးတော့ သော်သော်က ဒါဖြင့် တီဗွီတွေ ။ ဗီဒီယိုတွေ လဲ ရှိမှာ ပေါ့နော်ဟု မေးသဖြင့် သူ အနည်းငယ် စိတ်တိုသွား၏ ။

“ နင်ကလဲ တုံးလိုက်တာ ၊ အရမ်းချမ်းသာပါတယ်ဆိုမှ အဲဒါတွေ မရှိဘဲ နေမလား သော် သော်ရ၊ တီဗွီရော၊ ဗီဒီယိုရော၊ ရေခဲသေတ္တာရော အကုန်ရှိတယ်”

“ သူတို့စားတဲ့ ဟင်းတွေ ကလဲ အပျံစားနေမှာ ပဲနော်”

“ သော်သော်… နင်ဘာလို့ ဒီလောက်တုံးနေတာလဲ၊ အရမ်းချမ်းသာပါတယ်လို့ ငါပြောပြီးပြီ မှပဲ”

သူစိတ်တိုစွာ ခပ်ဆောင့်ဆောင့် ပြောလိုက်တော့ သူမဟာ ညင်သာစွာ ပြုံးလိုက်သည်။

“ ငါထုံတာ မဟုတ်ပါဘူးဟ၊ နင့်ကို အမှန်အတိုင်း မြင်လာအောင် ရှင်းပြချင်လို့ပါ၊ နင့်ဘကြီးအိမ်မှာ ရှိတဲ့ တီဗွီတို့ ၊ ဗီဒီယိုတို့၊ ရေခဲသေတ္တာတို့ဆိုတာ နင်တို့အိမ်မှာ မရှိဘူး၊ ပြီးတော့ ဟင်းကောင်းကောင်းနဲ့လဲ နင်တို့မစားခဲ့ရဘူး၊ တစ်ခါတုန်းက နင်တို့မောင်နှမနှစ် ယောက် ဆီးထုတ် နဲ့တောင် စားခဲ့ရတယ်လို့ နင် ငါ့ကို တစ်ခါ ပြောဖူးတယ်လေ၊ ခုနင့်ညီမလေး ဟိုမှာ နေတဲ့အတွက် ဟင်းကောင်းကောင်းနဲ့ စားရတော့မယ်၊ တီဗွီတွေ ၊ ဗီဒီယိုတွေ ကြည့်ရတော့မယ်၊ ရေငတ်ရင် ရေခဲ ရေလဲ သောက်ရတော့မယ်၊ ကဲ… ငါပြောတာ မဟုတ်ဘူးလား၊ ဟိုမှာ နေတဲ့အတွက် နင့်ညီမလေး ရဲ့ ဘဝ ပိုကောင်းမသွားဘူးလား”

“ သော်သော့်စကားကြောင့် သူငိုင်သွား၏ ။ သူမပြောသည့်စကားက အားလုံး အမှန်ချည်းပဲ ဖြစ်သည်။ အစ ကတော့ ထိုသို့ သူ မစဉ်းစားမိခဲ့။ ညီမလေးနှင့် ခွဲခွာရလေခြင်းဟု တွေးကာ ဝမ်းနည်းဒေါသ ဖြစ်ခဲ့မိ၏ ။ ယခုတော့ တိုက်ကြီးပေါ်သို့ ညီမလေးရောက်သွားခြင်းမှာ ၎င်း၏ ရှေ့ရေး အတွက် ပိုမိုကောင်းမွန်လိမ့်မည် ဖြစ်ကြောင်း သူသဘောပေါက်လာသည်။

“နင် တရားဟောကောင်းတယ် သော်သော်“

သူ ၀န်ခံလိုက်တော့ သော်သော်က ရွှန်းလဲ့စွာ ပြုံးလိုက်သည်။

“အဖေနဲ့ အမေရဲ့ ရန် ဖြစ်သံတွေ ကို မကြားရတော့မှာ တစ်ခုတည်းနဲ့တင် ညီမလေး အဲဒီ အိမ်ရောက်သွားတာ မှန်တယ်လို့ ငါ့လက်ခံလိုက်ပြီ“

“ဟင့်အင်း“

သူခေါင်းယမ်းလိုက်တော့ သော်သော် သူ့အား နားမလည်သလို ကြည့်သည်။

“မှန်တယ်လို့ လက်ခံတာဟာတခြား၊ ညီမလေးနဲ့ ခွဲရလို့စိတ်မကောင်း ဖြစ်တာကတခြား သတ်သတ်စီပဲ၊ ငါညီမလေးကို ခုချိန်ထိ လွမ်းနေတုန်းပဲ သော်သော်၊ နောက်လဲလွမ်းနေဦးမှာ ပဲ၊ အဲဒါကိုတော့ ဘယ်လိုမှ ဖျောက်လို့ရမှာ မဟုတ်ဘူး“

အမှန်တကယ်လည်း ညီမလေးအား သတိတရ လွမ်းဆွတ်မှု ကို သူမေ့ဖျောက်၍ မရနိုင်ခဲ့ပါ။ တိုက်ကြီးပေါ်မှ ရောက်သွားခြင်းကြောင့် ညီမလေး၏ ဘ၀ ကောင်းစားမည် မှန်သော လည်း ညီမလေးနှင့် ခွဲခွာနေရမှု ကတော့ သူ့အတွက် ဝေဒနာတစ်ခု ဖြစ်စေခဲ့၏ ။ တစ်နည်းအားဖြင့် အမာရွက်များ စွာ နှင့် သူ၏ နှလုံးသား၌ ဒဏ်ရာတစ်ခုထပ်ရခဲ့ခြင်း ဖြစ်သည်။

ထိုဒဏ်ရာရပြီး သိမ်မကြာခင်မှာ ပင် သူထပ်ဒဏ်ရာတစ်ခုက အမေအိမ်ပေါ်မှဆင်းသွား ခြင်း ဖြစ်သည်။

(ယခင်ကလည်း ထိုသို့ ပင် အမေအိမ်ပေါ်မှဆင်းကာ ၎င်း၏ အမျိုးများ အိမ်၌ သွားနေ တတ် သဖြင့် သူမကြာခဏ လိုက်ခေါ်ရလေ့ရှိပြီး တစ်ခါတစ်ရံ တော် တော် နှင့် ပြန်မလိုက်ပါကအမေပြန် လိုက်ချိန်အထိ အမေနှင့် အတူတူ သူနေလိုက်သည်။)

ဒီအချိန်တော့ ဘယ်လိုမှပြန်ခေါ်၍ မရတော့သလို အမေနှင့် အတူနေရန်လည်း မ ဖြစ်နိုင်ပါ။ အမေဆင်းသွားသည်က ဆွေမျိုးများ အိမ်သို့ မဟုတ်ဘဲ သီလရှင်ကျောင်းတစ်ခုသို့ ဖြစ်သည်။ ထိုကျောင်းမှပင် ဝေယျာဝစ္စများ လုပ်ကိုင်ပေးရင်း ခေါင်းမားစွာ ဆက်လက်နေထိုင်ခဲ့ခြင်းဖြင့် နဂိုကတည်းက အက်ကြောင်းထနေခဲ့သော အဖေနှင့် အမေ၏ အိမ်ထောင်ရေး က အပြီးတိုင် ပြိုကွဲခဲ့လေတော့သည်။

တကယ်တော့ ကံကြမ္မာသည် (သူအလွန်ချစ်သော ညီမလေးနှင့် ခွဲခွာရခြင်း၊ အဖေနှင့် အမေ ကွဲခြင်း စသည့် ဖြစ်ရပ်နှစ် ခုနှင့် ပင် သူ့အပေါ်ကောင်းစွာ အနိုင်ယူ သွားခဲ့ပြီ ဖြစ်သည်။

သို့ သော် ထိုမျှလောက်နှင့် အားရကျေနပ်ဟန်မတူပါ။

လူဆိုးလေးမ ဖြစ်ချင်သော ၊ အေးတိအေးစက်နှင့် ဂျစ်ကန်ကန်ထုံပေပေ ကောင်းလေအပေါ် အလဲထိုးအနိုင်ယူရန် အငြိုးကြီးစွာ ဆုံးဖြတ်ထားခဲ့ပုံရသည်။ ထို့ကြောင့် အဖေနှင့် အမေကွဲပြီး နှစ် လကျော်အကြာ နောက်ထပ်ထိုးနှက်ချက်အသစ်ခုကို အိမ်တိုင်ရာရောက်ပို့လိုက်ခြင်းဖြင့် သူ့ အား ထပ်မံအနိုင်ယူခဲ့ပြန်သည်။

သူ့ဘ၀၌ အဖေအခုလို ရွှင်မြူးနေခြင်းမျိုးကို တစ်ခါမှတော့မတွေ့ ဖူးခဲ့။ ထို့အတူသူ့အား နာမည် တပ်၍ ခေါ်တာမျိုးကိုလည်း တစ်ခါမှမကြုံဖူးခဲ့ပါ။ အဖေသူ့အားခေါ်လျှင် “ဟေ့ကောင်“ ဟုသာခေါ်တတ်၏ ။ (“သားရေ“ ဟု ခေါ်တာမျိုး ကတော့ အိပ်မက်ထဲမှာ ပင် အခေါ်မခံရဖူးသဖြင့် ထိုသို့ အခေါ်ခံရမည် ဆိုပါက ၀မ်းသာလုးံဆို့ကာ သူ့နှလုံးသွေး ရပ်သွားနိုင်ပါသည်။)

ယခုတော့ သူ့ဘ၀၌ တစ်ခါမှ မကြုံခဲ့ဖူးသော အ ဖြစ်အပျက်တို့ကို အံ့သြဖွယ်ကောင်းစွာ ကြုံတွေ့ နေရသည်။

ဧည့်သည်ရှေ့၌ အဖေပြုံးရွှင်နေရုံမျှမက တစ်ခါတစ်ရံအသံထွက်၍ ပင် ရယ်မောလိုက်ပါသေးသည်။ ထို့နောက်သူ့အား….

“ဖိုးညီရေ….ခဏကွာ“

ဟုလှမ်းခေါ်သည်။ “ဟေ့ကောင်“ဟူသော အသုံးအနှုန်းနှင့် သာ နားယဉ်နေခဲ့သဖြင့် သူကိုခေါ်တာမှ ဟုတ်ရဲ့ လားဟု သူ`ဇဝေဇ၀ါ ဖြစ်နေမိသေးသည်။ သူအဖေတို့ရှိရာ ဧည့်ခန်းသို့ ရောက်သွားတော့ ဧည့်သည်အမျိုးသမီးနှင့် သူ့အားမိတ်ဆက်ပေးသည်။

“ဖိုးညီ… ဒါကရီရီစိုး တဲ့၊ ရီရီစိုး…သူက အစ်ကိုကြီးသားညီညီဆိုတာလေ“

သူ့အားလူရာသွင်းလျက် ဧည့်သည်နှင့် မိတ်ဆက်ပေးနေသဖြင့် သူမယုံကြည်နိုင်လောက်အောင် မှင်တကမိနေချိန်၌ ရီရီစိုးဟုခေါ်သော သူ့ထက်အသက်ဆယ်နှစ် ခန့်ကြီးပုံရသည့် အမျိုးသမီးက သြော်…ဟု ရေရွက်လျက် အသိအမှတ်ပြုဟန်ဖြင့် ပြုံးပြ၏

ဘာကြောင့် မှန်မသိ။ ထိုအမျိုးသမီ၏ အပြုံးကိုရော၊ ထိုအမျိုးသမီကိုပါ သူသဘောမကျ။ သို့ သော်အဖေ ကတော့ သဘောကျနေကြောင်း သံသယ ဖြစ်စရာ မလိုပါ။

“ဖိုးညီ..ရီရီဒီမှာ မနက်စာစားလိမ့်မယ်၊ ဟင်းသွားဝယ်စမ်းပါ၊ အအေးနှစ် ပုလင်းလောက်ပါ ၀ယ်လာခဲ့“

အိမ်၌ ခရမ်းသီးနှပ်နှင့် မုန်လာချဉ်ရည်ဟင်းချက်ထားပြီးရှိပါလျက် ဟင်းထပ်ဝယ်ခိုင်းသဖြင့် သူ့အံ့သြစရာကောင်းသည်က အဖေ၀ယ်ခိုင်းသည့် ဟင်းအမည် များ ဖြစ်သည်။

ယခင်ကအိမ်၌ ဟင်းမရှိ၍ ဟင်းဝယ်လျှင်ဈေးပေါပြီး ခပ်များများ ရသည့် လမ်းထိပ်ဆိုင်မှ ၀က်ခေါင်းသုပ်တစ်ပွဲသာ ၀ယ်ခိုင်းလေ့ရှိသော်လည်း ယခုတော့ အဖေ၀ယ်ခိုင်းသည့်ဟင်းက အစိမ်းကြော်တစ်ပွဲနှင့် ကုန်းဘောင်ကြီးကြော်တစ်ပွဲ..တဲ့။

နာမည် သာကြားဖူးပြီး သူတစ်ခါမှ မစားဖူးသော ဟင်းများ ဖြစ်သည်။

အဖေကနှစ် ရာတန် နှစ် ရွက်ကို ဟန်ပါပါထုတ်၍ သူ့အားလှမ်းပေးသည်။ (ထိုအချိန်၌ ဘကြီး၏ အကူအညီကြောင့် ကုန်သွယ်လယ်ယာတွင် ဆန်ကားမောင်သော အလုပ်ကို အဖေ ရရှိထားသဖြင့် အတော် အသင့် ငွေရွှင်နေချိန် ဖြစ်သည်။)

သူအဖေထံမှပိုက်ဆံကို လှမ်းယူလိုက်ပြီးဟင်းအမည် များ မေ့မသွားအောင်တတွက်တွက် ရေရွက်ရင်းအိမ်ပေါ်မှ ဆင်းလာခဲ့သည်။ သူအိမ်ပြင်ရောက်တော့ ရီရီိစိုးဟူသော အမျိုးသမီးထံမှ နာမည် နဲ့လိုက်အောင် အလွန်ဆိုးသော ရယ်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

ထိုအမျိုးသမီးသူတို့အိမ်သို့ တတိယအကြိမ်မြောက် အလည်ရောက်လာပြီးသည့်အ ချိန်တော့ အဖေသူ့အားပြောသည်။

“မနက်ဖြန် ရီရီစိုးဒီကို ပြောင်းလာလိမ့်မယ်“

“ဒီအိမ်ကိုလား အဖေ“

နားမလည်နိုင်စွာ မေးလိုက်တော့အဖေ သူ့အားဆဲရင်းအဖြေ ပေး၏

“မင်းဘိုးအေ… ဒီကိုပါဆိုမှဒီအိမ်ကိုမဟုတ်လို့ ဘယ်အိမ် ဖြစ်ရဦးမှာ လဲ၊ ဒီနေ့မင်း ကျောင်း မသွားနဲ့၊ တစ်အိမ်လုံးပြောင်နေအောင်ရှင်းထား၊ ငါညနေပြန်လာလို့ ရှုပ်ပွနေတာတွေ ရင်မင်း သေပြီမှတ်“

သည်နေ့ကျောင်း၌ လပတ်စားမေးပွဲ စဖြေရမည့် နေ ဖြစ်၏ သို့ သော်အဖေ့အမိန့်ကို သူမလွန်ဆန်ရဲသဖြင့် ခေါင်းညိတ်ကား “ဟုတ်ကဲ့အဖေဟုသာ ပြန်ပြောလိုက်ပါသည်။

“ငါ့အခန်းထဲက နှစ် ယောက် အိပ်ခြင်ထောင်ကိုလဲ လျှော်ထားလိုက်ဦး“

“ဟုတ်ကဲ့“

“ကဲ…. ငါသွားမယ်“

အလုပ်သွားရန်အဖေထွက်သွားပြီး အိမ်ဝရောက်တော့မှ သတိရဟန်နှင့် အဖေသူ့အား လှည့် ပြောသည်။

“သြော်…မနက်ဖြန်ကစပြီး ရီရီစိုးက မင်းရဲ့ ဒုတိယအမေ ဖြစ်သွားပြီး၊ မင်းရိုရိုသေသေ ဆက်ဆံ“

ထို့နောက်တော့ ထုံးစံအတိုင်းခပ်ကျဲကျဲနှင့် ခပ်ကြမ်းကြမ်း ခြေလှမ်းများ ကိုလှမ်း၍ အဖေသူ့မြင်ကွင်းမှ ပျောက်ကွယ် သွားပါတော့သည်။

ဒုတိယအမေ..တဲ့။

မိထွေးဟူသော အသုံးအနှုန်းကို သုံးနှုန်းရန်အဖေတွန့်ဆုတ် နေ၍ ပဲလားမသိ။ သူတစ်ခါမှမကြားဖူးသော စကားလုံးအသစ်အဆန်းကို အဖေသုံးစွဲသွား၏ ။ ထိုစကားလုံး အသစ်အဆန်းက သူ့အားဝေဒနာ အသစ်အဆန်းတစ်ခုကို ဖြစ်စေခဲ့ကြောင်း အဖေစဉ်းစားမိဟန် မတူပါ။

“တစ်ပင်လဲလို့ တစ်ပင်ထူတာပဲဟာ၊ ဒါမဆန်းပါဘူး“

သော်သော်နိုင်၏ နှစ် သိမ့်စကားကိုသူ လက်မခံနိုင်စွာ ခေါင်းခါယမ်းလိုက်သည်။

“တစ်ပင်မလဲသေးပါဘူး သော်သော်ရာ၊ ဖြစ်ချင်း ဖြစ် အဲဒီ တစ်ပင်နဲ့ဝေးသွားတာပဲ ဖြစ်မှာ ပေါ့၊ အဖေနဲ့ အမေက ကွဲသွားပြီးဆိုပေမယ့် တရားဝင်ကွားရှင်ထားတာမှ မဟုတ်တာ“

“ဘာပဲ ဖြစ် ဖြစ်နင်တို့ ယောက်ျားသားနှစ် ယေက်တည်း နေရတာ ထက်စာရင် မိန်းမ တစ်ယောက် ရှိတော့ အိမ်ထောင်ထိန်းသိမ်းမှု အတွက် ပိုအဆင်ပြေတာပေါ့ ညီ“

“အဲဒီ အိမ်ထောင်ထိန်းမှုဆိုတဲ့ အလုပ်တွေ ကို အမေရှိတုန်းကတောင် ငါ တစ်ယောက် တည်း လုပ်လာခဲ့တာပါ သော်သော်ရာ ဘာမိန်းမမှ မလိုပါဘူး“

“နင့်အတွက် မလိုပေမယ့် နင့်အဖေအတွက် လိုကောင်းလိုမှာ ပေါ့ ညီရဲ့ “

သူမ၏ စကားက မှန်ကန်သဖြင့် သူနှုတ်ဆိတ်သွားရသည်။ အတန်ကြာမှ သူမကျေမနပ်လေသံဖြင့် ပြောလိုက်လေသည်။

“တကယ်လို့ နင်ပြောသလို အဖေ့အတွက် လိုတယ်ဆိုရင်လဲ သက်တူရွယ်တူထဲက စဉ်းစားသင့်ပါတယ်ဟာ၊ ခုတော့အသက်ချင်းထက်ဝက်မက ကွာနေတယ်၊ ငါ့ထက်ဆယ်နှစ် နီးပါးပဲကြီးတယ်၊ အဲဒီ အရွယ် မိန်းမ တစ်ယောက် က ငါ့ရဲမိထွေး၊ အဖေမရှက်ပေမယ့်ငါရှက်တယ်သော်သော်၊ ငါရေထမ်းပေးနေကျအိမ်တစ်အိမ်ကတောင် မင်းမှာ အစ်မရှိမှန်း ခုမှသတော့တယ်တဲ့၊ ၀ိုင်းနောက်ကြတယ်၊ အဲဒီ စကားရဲ့ အဓိပ္ပယ်က ဘယ်လိုအဓိပ္ပယ်သက်ရောက်သွားသလဲ၊ နင်စဉ်းစားကြည်စမ်း၊ အဲဒီ အတွက်ငါဘယ်လိုခံစားရမလဲ၊ နင်ကိုယ်ချင်းစာကြည့်စမ်း သော်သော်“

သူ၏ ပေါက်ကွဲမှု အဆုံး၌ သော်သော်က ခေါင်းညိတ်လျက်အေးဆေးစွာ ပြန်ပြောသည်။

“ငါ နားလည်ပါတယ်ညီ၊ ကိုယ်ချင်းလဲ စာပါတယ်၊ ဒါပေမဲ့ဘာပဲ ဖြစ် ဖြစ်ခု အဲဒီ အမျိုးအမီးက နင့်တို့အိမ်ပေါ် ရောက်နေပြီလေ၊ နင့်အဖေရဲ နောက်မိန်းမ ဖြစ်နေပြီ၊ ဘယ်လိုမှတားလိုမရတော့ဘူး၊ အဲဒီ တော့ စိတ်ကိုဖြေပါဟာ၊ ပြီးတော့အဲဒီ အမျိုးသမီးနဲ့လဲ အဆင်ပြေအောင်နေပါ“

နောက်ဆုံးတော့ လေပူတစ်ချက်ကို မှု တ်ထုတ်ရင်းသော်သော် စကားကိုခေါင်းညိတ် လက်ခံလိုက်ရပါသည်။

“ငါအဆင်ပြေအောင် နေမှာ ပါ သော်သော်၊ ဒါပေမဲ့အဲဒီ မိန်းမနဲ့ ငါဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး“

သူအခိုင်အမာ ပြောလိုက်၏ ။

သော်သော်ပြောသလို အိမ်ထောင်ထိန်းသိမ်းမှု ၌ အထောက်အကူ ဖြစ်စေရန် အဖေယူခဲ့ ခြင်း ဖြစ်သည်ဟု ဆိုလျှင်တော့ ထိုကိစ္စမှာ အလွန်မှားယွင်းသော ကိစ္စတစ်ခုသာ ဖြစ်လေသည်။

ရီရီစိုးသည် မနက်တိုင် နေမြင့်မွန်းတည့်မှ အိမ်ရာထလေ့ရှိပြီး ထမင်းဟင်းချက်ရန် မဆိုထားခြင်းနှင့် တံမြတ်စည်းတစ်ချက်ပင် လှည်းဖော်မရ။

ထို့ကြောင့် အိမ့်မူကိစ္စမှန်သမျှကို ထုံးစံအတိုင်း သူပင်လုပ်ကိုင်ခဲ့ရသည်။ တစ်ခါတစ်ရံ သူထမင်းဟင်းချက်တာ အမှားအယွင်းရှိ သွားပါက….

ဟင်းကလဲ ငန်လိုက်တာနော်၊ ထမင်းက နည်းနည်း ပျော့သလိုပဲစသဖြင့် အပြစ်တင်သံမ ပါအောင် တမင်လေ့ကျင်ထားသော အသံတစ်မျိုးဖြင့် မှတ်ချက်ချတတ်၏ ။

ထိုအချက်က အဖေ့နားထဲရောက် သွားပါက ဒေါသအ ဖြစ် ပြောင်းလဲသွားပြီး ထိုဒေါသတို့ သူ၏ ဇက်ပိုးပေါ်သို့ မကြာခဏကျရောက်လာတတ်သည်။

ရီးရီးစိုး၏ နေ့စဉ်အလုပ်မှာ မနက်အိပ်ရာမှထသည်နှင့် သနပ်ခါးအဖွေးသားလိမ်းကာ ခြေသည်းလက်သည်း ဆေးဆိုး၍ သူမကိုယ်သူမ အလှပြင်ခြင်းနှင့် သူမအားပိုမိုလှပစေမည့် အ ထောက်အကူပြု ပစ္စည်းများ ၀ယ်ပေးရန် အဖေ့အားပူဆာခြင်း ဖြစ်သည်။

“အစ်ကိုကြီး…ရီရီစိုးမှာ ပရိုမီနာကုန်နေပြီ၊ ၀ယ်ပေးဦး“

“အစ်ကိုကြီး… ဒီနေ့ လပေးနဲ့ရလို့ လုံချည်နှစ် ထည် ယူထားလိုက်တယ်“

“အစ်ကိုကြီးရေ….ရီရီအင်္ကျီတွေ က ပုံတုံးကုန်ပြီ၊ ချုပ်ပေးမယ် မဟုတ်လားဟင်“

သူမ၏ တောင်းဆိုမှု မှန်သမျှကို အဖေခေါင်းခါသည်ဟူ၍ တစ်ခါမှမရှိခဲ့။ သူ၏ ဗလာစာ အုပ်ဖိုးနှင့် ဘောလ်ပင်ဖိုးကို တွန့်တိုတတ်သလောက် ရီရီစိုးအတွက်ဆိုလျှင်တော့ အဖေအလွန် ရက်ရောတတ်ပါသည်။ ကုန်သွယ်လယ်ယာ၌ ဆန်အိတ်တင်သည့်ကားမောင်းသော အဖေ့ကြား ပေါက်ဝင်ငွေက တရားဝင် လစာငွေကိုမမှု လောက်အောင် ကောင်းမွန်နေသဖြင့် ရီရီစိုး၏ တောင်း ဆိုမှု မှန်သမျှကို လိုက်လျောနိုင်ခြင်း ဖြစ်၏ ။

ထို့ကြောင့်ကြားပေါက်ရသော ၀င်ငွေသည် ကြားပေါက်မှပင် ပြန်လည်ထွက်ခွာသွားပြီး အဖေ့၌ စုဆောင်းမိသည်ဟူ၍ မရှိခဲ့။ အဖေ့ပိုက်ဆံတိုကို ဖြန်းတီးရန်သက်သက် အိမ်ပေါ်သို့ ရောက်ရှိလာသော ထိုအမျိုးသမီးအား သူဘယ်လိုမှသဘောမကျနိုင်ပါ။

ပို၍ သဘောမကျတာ ကတော့ သူမ၏ မျက်လုံးများ ကို ဖြစ်သည်။ တစ်ခါတစ်ရံသူ့အား စူးစိုက်ကြည့်တတ်သော သူမ၏ မျက်လုံးများ ကြောင့် သူအထိတ်တလန့် တုန်လှုပ်ရ၏ ။ အထူးသဖြင့် ရေချိုးခါနီး ဒိုက်ထိုးနေချိန်များ ၌ သူမစိုက်ကြည့်နေလျှင် သူအနေခက်စွာ စိတ်ချောက်ချားရစ မြဲ ဖြစ်သည်။

တကယ်တော့ ရီရီစိုးသည် ငယ်ငယ်ရွယ်ရွယ်နှင့် (အဖေ့အရင်)ယောက်ျားနှစ် ယောက် ရခဲ့ဖူးသူ ဖြစ်သဖြင့် ယောက်ျားများ နှင့် ဆက်ဆံရာ၌ ရဲတင်းပွင်းလင်းသလို သူ့အားဆက်ဆံ ရာတွင် လည်း ပိုင်စိုးပိုင်နင်း ရှိလှသည်။

တစ်ရက်နေမကောင်းသဖြင့် ကျောင်းမတက်ဘဲ သူ၏ အခန်းကျဉ်းလေးထဲ၌ လဲလျောင်းနေစဉ် ရိုတ်တရက် အသံမပေးဘာမပေးနှင့် သူ၏ အခန်းထဲသို့ သူမ ၀င်လာသဖြင့် သူအထိတ်အလန့် ဖြစ် သွားရ၏ ။

“ခင်ဗျား ကျွန်တော် အခန်းထဲ ဘာလာလုပ်တာလဲ“

သူတုန်လှုပ်စွာ မေးလိုက်တော့ သူမက ခပ်အေးအေးအဖြေ ပေးသည်။

“မင်း နေမကောင်းဘူးဆိုလို့ အဖျားစမ်းပေးမလို့“

“မလိုဘူး၊ ကျွန်တော် အဖျားကျသွားပြီး“

“မင်းလေသံကလဲ မာလှချည်လား၊ ဘာလဲ…. မင်းတို့ကို သဘောမကျဘူးလား၊ ဒါမှမဟုတ် ကြောက်နေတာလာ“

သူမ၏ ထင်မြင်မှု နှစ် ခုစလုံး အမှန်ပင် ဖြစ်သည်။

သူမအား သူလုံးဝသဘောမကျပါ။ ထို့ပြင် ဘာကြောင့် မှန်းမသိဘဲ ကြောက်ရွံ့နေမိသည်။ ပြုံးထေ့ထေ့နှင့် စိုက်ကြည့်နေသော သူမကို သူပြောလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်တော် အခန်းထဲက ပြန်ထွက် သွားပါ ဒေါ်ရီရိစိုး“

“မင်းက တို့ကိုနှင်ထုတ်တာလား“

“ကျွန်တော် တစ်ယောက် တည်း နေချင်လို့ပါ“

သူမက မဲ့ပြုံးတစ်ချက်ကိုပြုံးကာ ပြောသည်။

“တို့က ဒီအိမ်သာ ဖြစ်ပြီလေ၊ ဒီတော့ ဒီအိမ်မှရှိတဲ့ ဘယ်အခန်းမဆို ၀င်ထွက်ပိုင်ခွင့်ရှိတယ်၊ အပြင်မှ တစ်ယောက် တည်း နေရတာ ပျင်းလို့ မင်းအခန်းထဲကို ၀င်လာတာ၊ ကဲ….မင်းဘာပြောမလဲ“

စကားအဆုံး သူ၏ အိပ်ရာဘေးမှ ကြမ်းပြင်ပေါ်သို့ သူနှင့် အလွန်းနီးကပ်စွာ သူမထိုင်ချ လိုက်သည်။ သူ စောင်ခြုံလဲလျောင်းနေရ်ာမှ ချက်ချင်း ပင် ထထိုင်လိုက်ပြီး သူမအား ပြောလိုက်၏ ။

“အဲဒါဆိုရင်တော့ ကျွန်တော် အပြင်မှာ သွားနေရလိမ့်မယ်“

ပြောပြောဆိုဆို သူထရပ်လိုက်တော့ သူမက သူ၏ လက်တစ်ဖက်ကို အလွန်လျင်မြန်စွာ ဖမ်းဆွဲလိုက်သဖြင့် သူတုန်လှုပ်သွားသည်။

“ခင်ဗျား အဲဒါဘာလုပ်တာလဲ၊ ကျွန်တော့် လက်ကိုလွှတ်ပါ“

“အဲဒီ စကားက မိန်းကလေးတွေ ပြောရမယ့်စကားပါ ချာတိတ်ရဲ့ “

“ကျွန်တော် ချာတိတ်မဟုတ်ဘူး“

“မင်း ချာတိတ်မဟုတ်ဘူးဆိုတော့ တကယ်သေချာရဲ့ လား“

သူမ၏ မေးခွန်းနှင့် သူမ၏ မျက်နှာပေး အမှု အရာက သူ့တစ်ကိုယ်လုံးကို ထူပူသွားစေသည်။

“မေးနေတယ်လေကွာ၊ မင်းချာတိတ်မဟုတ်တော့ဘူးဆိုတာတကယ်ပဲလား“

“မသိဘူးဗျား“

သူမဖမ်းဆွဲထားသော လက်ကို ဆောင့်ရုန်းပြီး သူအိမ်ထဲမှ တုန်လှုပ်စွားပြေးထွက် လာခဲ့သည်။ လမ်းပေါ်ရောက်တော့ သူ၏ ရင်တို့ တလှပ်လှပ်ခုန်နေဆဲ ဖြစ်၏ ။ ကျောင်းဆင်းချိန်ရောက်တော့မည် ဖြစ်သဖြင့် သော်သော်တို့ခြံထဲသွားပြီး သော်သော် ကျောင်းမှပြန်ရောက်ချိန်ကို ထိုင်စောင့်ရင် ကောင်းမလားဟု တွေးလိုက်သည်။

သို့ သော မ ဖြစ်ပါ။ သော်သော်က အလွန်လူကဲခတ်ကောင်းကာ သူက ဟန်ဆောင်မှု ညံ့ဖျင်းလှသဖြင့် သူတစ်ခုခု ဖြစ်လာမှန်း သော်သော်အလွယ်တကူ ရိပ်မိသွားပြီး “ဘာ ဖြစ်တာလဲ“ ဟုမေးလျှင် သူဘယ်လိုဖြေရမှန်း မသိပါ။

နောက်ဆုံးတော့ လမ်းထိပ်က ကင်းတဲလေးမှ ကျားဝိုင်းမှာ သွားထိုင်ပြီး သူများ တွေ ကျားထိုးတာကိုကြည့်ရင်း အဖေအိမ်ပြန်ရောက်ချိန်အထိ အချိန်ဖြုန်းရန် ဆုံးဖြတ်လိုက်သည်။

“အတော် ပဲ၊ ငါမင်းကိုစောင့်နေတာ၊ ဒီနားကို လာစမ်းပါဦး“

အဖေ့မျက်နှာက ကြောက်စရာကောင်းလောက်အောင် တင်းမာနေပြီး အဖေ့အသံကလည်း မာကျောလှပါသည်။

“ရီရီက မင်းဖျားနေလို့ စိတ်ပူပြီး နေကောင်းရဲ့ လားဟု မေးတာကိုမင်းက မာရေကျောရေနဲ့ ကလန်ကဆန် ပြန်ပြောတယ်ဆို“

“ဟင်အင်….. ကျွန်တော် အဲလိုမပြောပါဘူး“

“ဟေ့ကောင် … မင်းငါကိုမညာနဲ့၊ ရီရီက မိသားစုစိတ်ဓာတ်နဲ့ သတင်းမေးတာကို မင်းက ဘုကန်လန့်ပြန်ပြောတယ်၊ ရီရီဒီအိမ်မရောက်ခင်ကတည်းက သူ့ကိုရိုရိုသေသေ ဆက်ဆံရမယ်လို့ မင်းကို ငါမှာ ထားခဲ့တယ် မဟုတ်လား“

သူရီရီစိုးအား တတ်နိုင်သမျှ ရိုရိုသေသေ ဆက်ဆံခဲ့သော်လည်း ယခုကိစ္စ ကတော့ တစ်မျိုး ဖြစ်၏ ။ သူမသူ့အခန်းထဲ ၀င်လာခြင်းမှာ ဖျားနာနေသူ တစ်ယောက် အား သတင်းမေးရန် ထက် ပိုမိုရည်ရွယ်ခဲ့ကြောင်း သူအသိဆုံး ဖြစ်သည်။ အဖေ့အား သူအမှန်အတိုင်းပြောပြ လိုက်ချင် သော်လည်း သူ့စကားကို အဖေယုံကြည်လိမ့်မည် မဟုတ်ပါ။

“ဟေ့ကောင်…. ငါမေးနေတာ ကြားရဲ့ လား၊ ကိုယ့်မိခင်လို ဖြစ်နေတဲ့ သူ တစ်ယောက် ကို ခုလိုရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတာကောင်းသလား၊ ခုတော့ မင်းက ပါးစပ်နဲ့ရိုင်းရုံနဲ့တင် မဟုတ်ဘူး။ အဖျားစမ်းပေးမယ့် ရီရီလက်ကိုပါ ပုတ်ထုတ်လိုက်လို့ သူ့လက်နာနေတယ်“

“ဗျာ“

ဒါ ကတော့ တစ်ဆိတ်လွန်လွန်းလှပါသည်၏ ။

သူတအံ့တသြနှင့်း ဧည့်ခန်းထောင့်၌ ထိုင်နေသော ရီရီစိုးကို လှမ်းကြည်လိုက်တော့ သူမက ဤပြဿနာ၌ တစ်စုံတစ်ရာ မပတ်သက်သူ တစ်ယောက် ပမာ မဂ္ဂဇင်းတစ်အုပ် ထိုင်ဖတ်နေသည်။

သူမအဖေ့အား ကုန်းချောစကား ဆိုလိမ့်မည် ဟု သူကြိုတင်မျှောင့်လင့်ထားခဲ့သော်လည်း သူ့လက်ကို ဆွဲထားသဖြင့် ဆောင့်ရုန်းလိုက်ခြင်းကို သူမလက်အား ပုတ်ထုတ်လိုက်သည်အထိ ဖြစ်အောင် လိပ်ညာချောက်တွန်းလိမ့်မည် ဟု မထင်ခဲ့။

သူမ၏ မျက်နှာပြောင်တိုက်ကာ လိမ်ညာချောက်တွန်းမှု ကြောင့် သူဒေါသထွက်သွားသလို အဖေသုံးနှုန်းလိုက်သော မိခင်ဟူသည့် စကားကြောင့် လည်း သူစိတ်တိုသွားမိ၏ ။ ထို့ကြောင် ခပ်ဆတ်ဆတ်လေသံနှင့် သူပြန်ပြောလိုက်သည်။

“အဖေစွပ်စွဲတာတွေ တစ်ခုမှမှန်ဘူး၊ နောက်ပြီးသူ့ကို ကျွန်တော် မိခင်၊ ကျွန်တော့် အမေ တစ်ယောက် လို သဘောမထားနိုင်ဘူး“

သူ့စကားက အဖေ့ဒေါသကို မီးရှိန်ထိုးပေးလိုက်သလို ဖြစ်သွားပြီး ကုလားထိုင်ပေါ်မှ အဖေ၀ုန်းခနဲ့ ထရပ်သည်။

“ဘာကွ….. ငါယူထားတဲ့ ငါ့မိန်းမကို မင်းကအမေလို သဘောထားပြီး မရိုသေနိုင်ဘူးပေါ့ ဟုတ်လား၊ ပြီးတော့ ရီရီကအားလုံးပြောပြထားတာတောင် ဗြောင်လိမ်ချင်သေးတယ်ပေါ့“

“ကျွန်တော် လိမ်တာမဟုတ်ဘူး အဖေ၊ လိမ်ချင်းလိမ် အဖေ့မိန်းမ လိမ်တာပဲ ဖြစ်လိမ့်မယ်၊ နောက်ပြီး အဖေပြောသလိုပဲ ကျွန်တော် သူ့ကို အမေ တစ်ယောက် လို သဘောမထားနိုင်ဘူး၊ မရိုသေနိုင်ဘူး“

သူ့အသံက မာကျောတုန်ခါနေသဖြင့် အဖေကသူ့အား မျက်ထောင်နီဖြင့် စိုက်ကြည် ရင်းပြောသည်။

“သြော်… မင်းက ငါ့ကို လေသံမာမာနဲ့တောင် ပြန်ပြောရဲနေပြီကိုး၊ မင်းသိပ်ပြီး သတ္တိကောင်းနေတယ်ပေါ့လေ၊ ဟုတ်လား ဟေ့ကောင်“

အဖေသူ့ရှေ့သို့ တိုးလာပြီး သူ့မျက်နှာအား နှစ် ချက်သုံးချက်ဆင့်၍ ထိုးလိုက်တော့ မဂ္ဂဇင်းထိုင်ဖတ်နေသော အမျိုးသမီးက ထိုင်ရာမှထကာ အဖေ့အားလှမ်းတားသည်။ တားပုံက အလွန်သင်းပါသည်။

“တော် ပါတော့ အစ်ကိုကြီးရယ်၊ အစ်ကိုကြီးလက်တွေ နာကုန်ပါ့မယ်“

သူ့အဖေလက်သီများ က တစ်ချက်မှ မရှောင်ခဲ့။ အံကြိတ်ကာတင်းခံခဲ့၏ ။ အဖေလက် သီထိုးရတာ အားရပြီးဆုံးသွားတော့မှ သူစိတ်ထဲမှပြောလိုက်သည်။ ဒါနဲ့ပါဆိုရင်အဖေကျွန်တော် ကို ထိုးကား နှစ် ခါတိတိရှိပြီ အဖေ။

နှုတ်ခမ်းကို လက်နှင့် သုတ်လိုက်တော့ နှုတ်ခမ်းပေါက်သွားသဖြင့် ရဲနီသော သွေးတို့က သူ၏ လက်ဖ၀ါး၌ စွန်းထင်းပေကျံသွားကြသည်။၏

ဒါဟာ ဖခင် တစ်ယောက် ရဲ့ ဆုံးမမှု တဲ့လား။

လက်ဖ၀ါးပေါ်မှ သွေးတို့ကို သူငေးကြည့်နေချိန်၌ အဖေသူ့ကို ခပ်ထန်ထန်လှမ်းပြော သည်။

“ဘယ်လိုလဲ ဟေ့ကောင်….မင်းငါ့ကို အာခံရဲလောက်အောင် သတ္တိကောင်းချင်သေလား“

သူအဖေ့မျက်နှာကို သေချာကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။

“ကျွန်တော် အဖေ့ကို အာခံတာမဟုတ်ဘူးအဖေ၊ အဖေစွပ်စွဲသလို မဟုတ်လို့ မဟုတ်ဘူးလို့ ငြင်းတာပါ၊ အဲဒီ လိုငြင်းတဲ့အတွက် အဖေကျွန်တော့်ကို သွေးထွက်သံယို ဖြစ်အောင် ဆုံးမလိုက်ပြီပဲ၊ အဖေကျေနပ်ပါ၊ ဒါပေမဲ့ တစ်ခုတော့ပြောပါရစေ၊ ကျွန်တော် ငယ်ငယ်တုန်းက အဖေရိုက်တာ ခံရတိုင်းကျွန်တော် အမှားလုပ်မိလို့ အရိုက်ခံရတာ ပဲလို့ တွေးခဲ့တယ်၊ ယုံလဲကြည်ခဲ့တယ်၊ ဒါပေမဲ့ခုတော့ ကျွန်တော် စဉ်းစားတတ်တဲ့အရွယ် ရောက်လာပြီ အဖေ၊ အဖေ ကျွန်တော် ကိုရိုက်တိုင်း၊ လက်သီးနှင့် ထိုးတိုင်း ကျွန်တော် တကယ်မှားရဲ့ လားလို့ စဉ်းစားသုံးသပ် တတ်လာပြီ၊ ခုကိစ္စမှာ ကျွန်တော် မမှားဘူး အဖေ“

စကားဆုံးသည်နှင့် အဖေ့ရှေ့မှ လှည့်ထွက်လာခဲ့သည်။

အဖေက ဒေါသတကြီးလေသံဖြင့် လှမ်းအော်မေးသည်။

“သြော်… မင်းက ငါမှားတယ်လို့ ပြောချင်တာပေါ့ ဟုတ်လား ဟေ့ကောင်“

အဖေ့အမေးအား တစ်စုံတစ်ရာ မတုံ့ပြန်ခဲ့။

သို့ သော်စိတ်ထဲ ကတော့ အဖေမမှားတောင် မမှန်ဘူး အဖေဟု ပြန်ပြောလိုက်မိသည်။

“ဘုရားရေ….နင့်အဖေ့ကနင့်ကို လက်သီးနဲ့ထိုးလိုက်တယ် ဟုတ်လား“

ညိုမည်းရောင် ကိုင်းနေသော မေးရိုးနှင့် နှုတ်ခမ်းတိုကိုကြည့်ပြီး သော်သော် မယုံကြည်နိုင် ဟန်ဖြင့် မေးသည်။

“အဖေငါ့ကိုထိုးတာ အဆန်းမဟုတ်ပါဘူးဟာ၊ အရင်ကလဲအထိုးခံခဲ့ရဖူးတယ်“

“နင်သိပ်နာနေသလား ညီ၊ ငါအိမ်ပေါ်မှာ ဆေးသွားယူလိုက်မယ်“

“ဟင်အင်း… မယူနဲ့သော်သော်“

“ဒီလောက် ရောက်ကိုင်း နေတာတောင် နင်ကမနာဘူးလိုငြင်း ချင်သေးလား၊ဒဏ်ကြေလိမ်းဆေးလေး ဘာလေး လူးလိုက်ရင်နည်းနည်း တော့ သက်သာသွားမှာ ပေါ့“

သူမက ကရုဏာဒေါသော လေသံဖြင့် ပြောလိုက်တော့ သူသက်ပြင်းချရင်း ခေါင်းယမ်း လိုက်မိသည်။

“မနားဘူးလို့ ငါမငြင်းချင်ပါဘူး၊ အရမ်းကို နာနေတယ်သော်သော ၊ ဒါပေမဲ့ ငါနာတာက မျက်နှားပေါ်က ဒဏ်ရာတွေ မဟုတ်ဘူး၊ ရင်ထဲကနာတာ၊ နင့်ဒဏ်ကြေဆေးက ရင်ထဲအထိ လူးလို့ရရင်တော့ သိပ်ကောင်းမှာ ပဲ၊ ဒါပေမဲ့ လူးလို့မှ မရနိုင်ဘဲ၊ သွားယူမနေပါနဲ့ဟာ“

သူ့စကားကြောင့် အိမ်ပေါ်သို့ ဆေးသွားယူရန် ထရပ်ပြီး ဖြစ်နေသော သူမသူ့ဘေးနား၌ အသာအယာ ပြန်ထိုင်လိုက်ပြီး…

“နင် နင့်အဖေကို စိတ်နာနေတာလား၊ ကိုယ်မိဘကို စိတ်ဆိုးတယ်၊ စိတ်နာတယ်ဆိုတာ မကောင်းဘူး ညီ၊ ငရဲကြီးတတ်တယ်“

သူမစကားကြောင့် သူကြေကွဲစွာ နင့်ခနဲ ခံစားလိုက်ရသည်။ လေပူတစ်ချက်ကို မှု ထုတ်ရင်း သော်သော့်ကို သူပြန်ပြောလိုက်သည်။

“ငါသိပါတယ် သော သော် ၊ အဲဒါတွေ ကိုသိလို့ ငါ့မှာ ခက်နေတာပေါ့၊ အမှန်အတိုင်းပြောရရင် မဟုတ်ဘဲ အစွပ်စွဲခံရတဲ့အတွက်ရော၊ လက်သီးနဲ့ အထိုးခံရတဲ့အတွက်ပါ ငါစိတ်နာတယ်၊ ဒေါသလဲ ဖြစ်တယ်၊ အဲဒါခုမှမဟုတ်ဘူး၊ ကလေးဘ၀တည်းက၊ အဲဒီ လို အစိုင် အခဲ တွေ ငါ့ရင်ထဲမှာ ပြည့်ကျပ်နေခဲ့တာ၊ ခုပြဿနာ ဖြစ်တော့ ပိုဆိုးသွားတာပေါ့၊ ဒါပေမဲ့ နင်ပြောသ လိုပဲ၊ ကိုယ့်မိဘ ဖြစ်နေတော့ စိတ်ဆိုးလို့ မရဘူး၊ ဒေါသတကြီး ပြန်ပြီးပေါက်ကွဲလို့ မရဘူး၊ ဒေါသတကြီး ပြန်ပြီးပေါက်ကွဲလို့ မရဘူး၊ အဲဒီ တော့ တခြားနေရာတွေ မှာ ပဲ ငါ့စိတ်ကိုဖောက်ခွဲပစ် ရတော့မှာ ပေါ့၊ ခုနင့်ဆီလာရင်းနဲ့တောင် လမ်းမှာ ငါပေါက်ကွဲခဲ့သေးတယ်“

“ဘယ်လိုပေါက်ကွဲခဲ့တာလဲ“

သူမ၏ မေးခွန်းအား ဖြေဆိုရန်အနည်းငယ် တုံ့ဆိုင်းနေပြီးမှ “ရန် ဖြစ်ခဲ့တာ“ ဟု သူပြန်ပြောလိုက်တော့ သူမ၏ မျက်လုံးများ ၀ိုင်းစက်သွားကြသည်။

တကယ်တော့ ပြဿနာ၏ အစမှာ ဘ၀မှမဟုတ်။ သူလမ်းလျှောက်လာစဉ် လမ်းထိပ် အုတ်ခုံ၌ ထိုင်နေသော ရပ်ကွက်ထဲမှ နီတွတ်ဆိုသူက ကွမ်းတံတွေး ထွေးလိုက်ခြင်းကြောင့် ဖြစ်သည်။ ထိုကွမ်းတံတွေးက သူ့အားလှမ်းထွေးခြင်း မဟုတ်သလို သူ့ကိုလည်း တစ်စက်မှ မစင်ခဲ့ပါ၊

သို့ သော်သူလျှောက်မည် ရှေ့ခြေနှစ် လှမ်းစာလောက်ကို ထွေးလိုက်ခြင်း ဖြစ်သဖြင့် သူထောင်းခနဲဒေါသထွက်သွား၏ ။ အမှန်တော့ စိတ်ဓာတ်အချဉ်ပေါက် နေသူ တစ်ယောက် ၏ မဆီမဆိုင် ဒေါသထွက်မှု မျိုးသာ ဖြစ်သည်။ သိုသော် ပေါက်ကွဲရန် အဆင်သင့် ဖြစ်နေသော သူ ကတော့ ထိုသို့ မစဉ်းစားမိပါ။

“ဟေ့ကောင်… မင်းငါ့ကို ကွမ်းတံတွေးနဲ့ တမင်ထွေးလိုက်တာလား“

သူဒေါသတကြီး မေးလိုက်တော့ နီတွတ်ကပျာပျာသလဲ တောင်းပန်သည်။

“ဟာ…မဟုတ်ပါဘူးကွာ၊ မင်းလျှောက်လာမှန်းတောင် ငါမသိပါဘူး၊ အမှတ်တမဲ့ ထွေးလိုက်မိတာပါ“

“ဘာပဲ ဖြစ် ဖြစ် ငါလျှောက်မယ့် လမ်းကို ကွမ်းတံတွေးထွေးလိုက်တာဟာ မင်းငါ့ကို တမင်စော်ကားလိုက်တာပဲ“

“ငါတောင်းပန်ပါတယ် ညီညီရာ၊ မင်ထင်သလို လုံးဝမဟုတ်ပါဘူး“

“ငါတောင်းပန်တာကို မလိုချင်ဘူး နီတွက်“

“ဒါဖြင့် ငါဘာလုပ်ပေးရမလဲ“

“မင်းနဲ့ ရန် ဖြစ်ချင်တယ်“

“ဘယ်လို ဖြစ်တာလဲ ညီညီ“

“အဲဒီ အခြောက်ကိုသာ မေးကြည့်ပါတော့ ဦးလေးရာ၊ ကျွန်တော် သွားစရာရှိသေးလို့ သွားလိုက်ဦးမယ်“

သူထွက်လာတော့ ဦးလေးကြီးရော နီတွက်ပါ နားမလည်မှု များ စွာ နှင့် ကျန်ရစ်ခဲ့ကြလေ သည်။

သူရှင်းပြမှု အဆုံးမှာ တော့ သော်သော်က မှတ်ချက်ချသည်။

“ဒါဖြင် နင်လွန်တာပေါ့၊သူ့ဘာသာ ကွမ်းတံတွေးထွေးတာကို နင် သက်သက်ပြဿနာ ရှာတာပဲ“

“နီတွတ်ကို ထိုးခဲ့တဲ့ကိစ္စ တစ်ခုတည်းကိုကြည့်ရင်တော့ ငါလွန်တ်ာပေါ့။ ဒါပေမဲ့ အဲဒီ ရှေ့ပိုင်းကအဖေနဲ့ပြဿနာ ဖြစ်ခဲ့တဲ့ ကိစ္စကိုပါထည့်တွက်မယ်ဆိုရင်တော့ ငါမလွန်ဘူးလိုထင် တယ်“

သူ့စကားကို သူမက လက်မခံစွာ ခေါင်းယမ်းရင်း ခပ်ဆောင့်ဆောင့် လေသံဖြင့် ရေရွက်သည်။

“မဆိုင်လိုက်တာ“

“ဆိုင်တာပေါ့ သော်သော်၊ လောကကြီးမှာ မျိုသိပ်လွန်းရင် ပေါက်ကွဲတတ်တာ ထုံးစံပဲ၊ ငါ့မိဘကြောင့် ငါ့မှာ မျိုသိပ်ခဲ့ရတာ တွေ ရင်နဲ့ မဆံ့လောက်အောင် ပြည့်ကျပ်နေပြီ၊ အဲဒီ အတွက် ငါပေါက်ကွဲတာပဲ၊ နီတွက် ကတော့ ငါ့ပေါက်ကွဲမှု စက်ကွင်းထဲကို ကံဆိုးပြီး ရောက်လာတာလို့ ပြောရမှာ ပေါ့“

သူမမျက်နှာ စူပုပ်ကာအတန်ကြာ ငြိမ်သက်နေပြီးမှ ရုတ်တရက် သူ့ဘက်သို့ လှည်ကာ မေးသည်။

“ဒါဆို နင် ငါ့ကိုပေးထားတဲ့ ကတိကို နင်ဖျက်ပစ်လိုက်တော့ မယ်ပေါ့“

“ဘာကတိလဲ“

“လူဆိုးလေး တစ်ယောက် မ ဖြစ်အောင် နေပါ့မယ် ဆိုတာလေ“

“စိတ်ချပါ သော်သော်၊ အဲဒီ ကတိကို ငါမဖျက်ပါဘူး၊ တတ်နိုင်သမျှ ငါအကောင်းဆုံး ဖြစ် အောင်နေမှာ ပါ၊ ခုကိစ္စကမိဘကို စိတ်မဆိုးရဲလို့ မျိုသိပ်ခဲ့ရတာ များ ပြီး ပေါက်ကွဲသွားတာပါ“

သူအေးဆေးစွာ ပြန်ပြောလိုက်သော်လည်း သူ့စကားကိုသူမက ယုံကြည်စိတ်ချဟန်မတူပါ။

“အဲဒီ လို ပေါက်ကွဲတာမျိုးကို နောက်လဲလုပ်ဦးမှာ ပဲ မဟုတ်လား ညီ“

သူမ၏ စကားကြောင့် သူနှုတ်ဆွံ့ငြိမ်သက်သွားပြီး အတောကြီးကြာမှ သူပြန်ပြောလိုက် သည်။

“အဲဒါတော့ ငါလဲမသိဘူးသော်သော်၊ အဲဒီ ကိစ္စက ကံကြမ္မာပေါ်မှာ မူတည်တယ်၊ ငါ ကတော့ ဖြစ်နိုင်ရင်လူကောင်းလေး တစ်ယောက် ပဲ ဖြစ်ချင်တယ်၊ လူမိမ္မာလေးပဲ ဖြစ်ချင်တယ်၊ ပတ်ဝန်းကျင်က လူဆိုးလို့ခေါ်တာမျိုး ငါမခံနိုင်ဘူး“

ထိုစကားအား သူအလေးအနက် ပြောလိုက်ခြင်း ဖြစ်လေသည်။

“ဆိုက်ကားအားလား“

ရုတ်တရက်ထွက်ပေါ်လာသော ခရီးသည်၏ မေးခွန်းကြောင့် လက်ထဲမှဖတ်လက်စ ကျောင်စားအုပ်ကို ချလိုက်ပြီး ယခုတစ်ခေါက် အလှည့်ကျသူ ဖိုးကုလား၏ ဆိုက်ကားရှိရာကို လှမ်းကြည့်လိုက်တော့ ဖိုးကုလားရော၎င်း၏ ဆိုက်ကားပါ မရှိ။

ထို့ကြောင့် သူကျောင်းစာအုပ်ကို ခါးကြားထိုးလိုက်ပြီး ခရီးသည် အမျိုးသမီးကြီးကို “အားတယ် အန်တီ“ဟု ပြန်ပြောကာ သူ့ဆိုက်ကားပေါ်သို့ တက်စေပြီး ဆိုက်ကားဂိတ်မှ နင်းထွက်လာခဲ့သည်။

“၀ဇီရာ (၆) လမ်းနော် အန်တီ“

“အေး…၀ဇီရာထိပ်တင်ရပ်လဲရတယ်“

“ဟုတ်ကဲ့“

သူကိုယ်ကိုကြွပြီး ဆိုက်ကားကို အရှိန်ရစေရန် ဖိနင်းလိုက်သည်။

စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များ ၌ စပေါ်မတင်ရဘဲ ဆိုက်ကားနင်းခွင့်ရရန် ရပ်ကွက်ထဲမှ ဆိုက်ကားအုံနာတစ်ဦးအား အရက်နှစ် လုံးတိတိ ပူဇော်ပြီး အကြိမ်ကြိမ်တောင်းပန် ခယခဲ့သော ကြောင့် ထိုအခွင့်အရေး အား သူရရှိခဲ့ခြင်း ဖြစ်သည်။

ခရီးသည်အားပို့ပြီး ဂိတ်သို့ ပြန်လာတော့ ဖိုးကုလားက ပြန်ရောက်နေပြီ ဖြစ်သည်။ သူဆိုက်ကားထိုးလိုက်သည်နှင့် ဖိုးကုလားက သူ့ထံသို့ လျှောက်လာကာ ပြောသည်။

“ဟေ့ကောင် ဖိုးညီ၊ မင်းက ငါ့အလှည့်ကိုကျော်ပြီး ဖြတ်ခုတ်သွားတာပေါ့ ဟုတ်လား“

ချဉ်စူးစူးအနံ့ကြောင့် ဖိုးကုလား အရက်သောက်ထားကြောင်း သံသယ ဖြစ်စရာ မလိုပါ။

“ကျုပ်ဖြတ်ခုတ်တာ မဟုတ်ပါဘူး၊ ခရီးသည်လာတဲ့ အချိန်မှာ ခင်ဗျားမရှိလို့ ကျွန်တော် လိုက်သွားတာပါ“

ငါမရှိတာမဟုတ်ဘူးကွာ၊ ကွမ်းသွားဝယ်ပြီး ခု ချက်ချင်း ပြန်ရောက်လာတာ“

“အဲဒါ ကျုပ်မှမသိဘဲ၊ ခရီးသည်ကလဲ ခင်ဗျားပြန်လာတဲ့အထိ ဘယ်လိုလုပ်ပြီး စောင့်နေမှာ လဲ ကိုဖိုးကုလား၊ ပြီးတော့ ဒီဂိတ်ထုံးစံအရ ခရီးသည်လာတဲ့ အချိန်မှာ အလှည့် ကျတဲ့ သူ လူမရှိရင်နောက်လူက အလှည့်ကျော်ပြီး လိုက်ခွင့်ရှိတာပဲ“

သူပြေလည်ရာ ပြေလည်ကြောင်း ရှင်းပြသော်လည်း ခပ်ထွေထွေ ဖြစ်နေသော ဖိုးကုလား ကတော့ သူ၏ ရှင်းပြမှု ကို လက်မခံပါ။

“အဲဒါတွေ ငါနားမလည်ဘူး ဖိုးညီ၊ မင်းခု ဘယ်လောက်ရလာလဲ“

“တစ်ဆယ်“

“အဲဒီ တစ်ဆယ် ငါ့ကိုပေး၊ ငါ့အလှည့် ပြီးသွားပြီးလို့ သဘောထားလိုက်မယ်၊ နောက်ခရီးသည် ထပ်ရောက်လာရင် ငါမလိုက်ဘူး မင်ပဲ ထပ်လိုက်“

ဖိုးကုလားစကားကြောင့် သူ့ထောင်းခနဲ့ ဖြစ်သွားသည်။

“ဟ…အဲဒီ ငွေတစ်ဆယ်ရအောင် နေပူထဲမှာ ကျုပ်ချွေးတလုံးလုံးနဲ့ နင်းခဲ့ရတာ ဗျာ၊ ခင်ဗျားက ဆိုက်ကားဘီးတစ်ပတ် လိမ့်အောင်တောင် မနင်းဘဲဘလိုင်းကြီး ငွေတစ်ဆယ်လိုချင်လို့ ရမလား“

“ဘလိုင်းကြီးတွေ ၊ ဘလိုင်းလေးတွေ ငါ့လာမပြောနဲ့၊ မင်းက မနေ့တစ်နေ့ကမှ ဒီဂိတ်ကိုရောက်လာတာ၊ ငါတောင်းတဲ့အတိုင်းပေးမလား၊ မပေးဘူးလား ၊အဲးဒါပဲပြော“

အရက်ရှိန်ဖြင့် ဖိုးကုလားက သူ့အားတမင်ဗိုလ်ကျနေခြင်း ဖြစ်သည်။ တခြားဆိုက်ကား သမားများ က သူတို့နှစ် ယောက် ကို စိတ်ဝင်တစား ၀ိုင်းကြည့်နေသည်။ ဖိုးကုလားကဤဂိတ်၏ လူမိုက်မဟုတ်လား။

“ပေးမယ်၊ ဒါပေမဲ့ ပိုက်ဆံတော့ မဟုတ်ဘူး၊ ခင်ဗျားလိုချင်ရင်ဟောဒါပဲရမယ်“

ဘေးနားမှာ ဆိုက်ကားတစ်စီးပေါ် တင်ထားသော လေထိုးပိုက်ကို လှမ်းယူလိုက်ပြီး ဖိုးကုလားအား သူဖြတ်ရိုက်လိုက်သည်။ မထင်မှတ်ဘဲ ရိုက်ချင်ကအနည်းငယ် ပြင်းသွားသဖြင့် ဖိုးကုလား၏ ချိုစောင်းဆီမှ သွေးတို့က ရဲခနဲဖြာဆင်းလာကြသည်။ နောက်တစ်ချက်ထပ်ရိုက်ရန် ရွယ်လိုက်ပြီးမှ အခြေအနေအရ မလိုအပ်တော့ကြောင်း သူသဘောပေါက်လိုက်သည်။

ချာတိတ်ကလေး တစ်ယောက် ၏ မမျှောင့်လင့်သော တုံ့ပြန်မှု ကြောင့် ဖိုးကုလားခေတ္တ အံ့အားတသင့် ငေးကြောင်နေပြီးမှ မင်းတော့လားကွာဟု ဒေါသတကြီး ရေရွက်ကာရှေ့သို့ တိုး လား၏ ။ သို့သော သူ့နားထိတော့ ရောက်မလာပါ။ ဘေးနားမှလူများ က ဖိုးကုလားအားပြေးဆွဲ ကြသော ကြောင့် ဖြစ်သည်။

“လွှတ်စမ်းပါခင်ဗျာ၊ ဒီကောင့်ကိုတစ်စစီ ဖြစ်သွားအောင် လုပ်ချင်လို့“

“သူတို့လွှတ်ပေးလိုက်ရင် ကျုပ်တစ်စစီ ဖြစ်ချင် ဖြစ်မယ်၊ ဒါပေမဲ့ ခင်ဗျား ကတော့ အမှု န့် ဖြစ် သွားမှာ သေချာတယ်ကိုဖိုးကုလား၊ မယုံရင် ရှေ့တိုးလာခဲ့“

လေထိုးပိုက်ကို ကိုင်ထားရင်း သူပြောလိုက်တော့ ဖိုးကုလားလူအုပ်ထဲ၌ မင်းကောင်း ကောင်းသိစေရမယ်၊ ငါမင်းကိုဆုံးမပြမယ်“

“မင်းသိမယ်ဟေ့ကောင်၊ ငါဘာကောင်လဲဆိုတာ မင်းကောင်းကောင်းသိစေရမယ်၊ ငါမင်းကိုဆုံးမပြမယ်“

“ဆုံးမချင်ရင် ဆေးခန်းကပြန်လာပြီးမှ ဆုံးမကိုဖိုးကိုလား၊ လောလောဆယ်ခင်ဗျားခေါင်းကဒဏမရာအတွက် ဆေးခန်းမှာ ဆေးလေးဘာလေး သွားထည့်လိုက်ဦး“

သူခပ်အေးအေး ပြောပြီးအိတ်ကပ်ထဲမှ စောစောက ငွေတစ်ဆယ်ကိုထုတ်ကာ ဘေးနားမှဤဂိတ်၏ အသက်အကြီးဆုံး ဘကြီးထံ လှမ်းပေးလိုက်သည်။

“စောစောက သူကျွန်တော် ကိုအနိုင်ကျင့်ပြီး တောင်းတဲ့ပိုက်ဆံ၊ သူ့ခေါင်းကဒဏ်ရာအ တွက်ဆေးဖိုးဝါးခအ ဖြစ် ပေးလိုက်ပါဘကြီး“

ထိုဘကြီးကပင် သူ့ထံမှ ပိုက်ဆံကိုယူပြီး ဒေါသတကြီး အော်ဟစ်ဆဲဆို ရုန်းကန်နေသော ဖိုးကုလားနှင့် ၄င်းအားချုပ်ကိုင်ထားသူနှစ် ဦးကို ဥင်္းဆောင်၍ ဆေးခန်းသို့ ထွက်ခွာသွားသည်။

ဖိုးကုလားတို့ ထွက်ခွာသွားပြီး တအောင့်ကြာမှ သူ့လက်ထဲက လေထိုးပိုကို ပိုင်ရှင်ဆိုက် ကားသမားငို သူပေးလိုက် သည်။

“ဒီလေထိုးပိုက် ကျွန်တော့် ကို တစ်ပတ်လောက် ငှားထားနိုင်မလား“

“သိပ် ဖြစ်တာပေါ့ ဖိုးညီရာ၊ `ဟိုကောင်ဖိုးကုလားကို ရိုက်ဖို့ဆိုရင်တစ်ပတ်မဟုတ်ဘူး၊ တစ်ခါတည်း အပိုင်သာယူထားလိုက်၊ ဒီကောင်ကလူတိုင်းကို ခုလိုမျိုး လျှောက်ဗိုလ်ကျနေတာ များ ပြီကွ၊ ယူထား၊ ယူထား၊ အဲဒီ လေထိုးပိုက်ုကို မင်းဆိုက်ကားပေါ်မီာ ထောင်ထား“

လေထိုးပိုက်ပိုင်ရှင်က ရက်ရောစွာ ၀မ်းသာအားရပြောသော်လည်း အမြဲတမ်း ဆောင်ထားရန်တော့ သူမရည်ရွယ်ပါ။ ဖိုးကုလားက အမှန်တကယ် သတ္တိကောင်းသူမဟုတ်။ ဆိုက်ကားဂိတ်မှ ကျန်ဆိုက်ကားသမားများ က အေးအေးဆေးဆေး နေတတ် သူများ ဖြစ်သဖြင့် ၎င်းကဗိုလ်ကျခွင့်ကို အလွယ်တကူရရှိနေခြင်း ဖြစ်သည်။

“အမြဲတမ်းဆောင်စရာမလိုပါဘူး အစ်ကိုရာ၊ ဖိုးကုလားက တကယ်သွေးကောင်းတဲ့သူ မဟုတ်ပါဘူး၊ တစ်ပတ်လောက်ဆိုရင် လုံလောက်ပါတယ်“

သူမျှော်လင့်ထားသလိုပင် ဖိုးကုလားက နှစ် ခါလောက် သူ့အားပြဿနာ ရှာသေးသော်လည်း ထိုသို့ ပြဿနာရှာတိုင်း ဆိုက်ကားလေထိုးတံကို ဆွဲထုတ်ကာ တကယ်လုပ်မည့်  သူ၏ မျက်နှာထားကြောင့် ဖိုးကုလား နောက်သို့ဆုတ်သွား၏ ။ နေနှင့် ဦးပေါ့ကွာဟု ဖိုးကုလား ကြုံးဝါးတတ်သော်လည်း သွေးကြောင်စွာ နောက်ဆုတ်ပွဲ သိမ်းသွားပြီ ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။

ထို့နောက်ပိုင်းတော့ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက် ဆိုက်ကားနင်းသော အလုပ်ကို သူစိတ်အေးချမ်းသာစွာ ဆက်လက်လုပ်ကိုင်နိုင်ခဲ့သည်။

ကျောင်းပိတ်ရက်များ ၌ ဆိုက်ကားနင်းခြင်း၊ ရေထမ်းခြင်းတို့အပြင် သော်သော့်ထံသို့ ပုံမှန်အခစားဝင်ခြင်း ကိုလည်း သူမပျက်ကွက်ခဲ့ပါ။ ကံကြမ္မာ၏ ကြမ်းတမ်းသော ထိုးနှက်ချက်များ အကြားသော်သော်သည် သူ့အတွက် အင်အားတစ်ခု ဖြစ်ခဲ့သလို စိတ်ပိုင်းဆိုင်ရာထွက်ပေါက်တစ်ခု လည်း ဖြစ်ခဲ့သည်။

တစ်ရက်သူနှင့် သော်သော်ချစ်သူများ အ ဖြစ် ရောက်ရှိခဲ့ခြင်းက တော့သူ့ဘဝ၏ ရှားရှားပါး ပါး ကံကောင်းထောက်မမှု တစ်ခုသာ ဖြစ်လေသည်။ အနည်းငယ်ရယ်စရာကောင်းသည်မှာ တစ်စုံ တစ်ရာတင်ကြိုပြင်ဆင်မှု မရှိဘဲ မမျှော်လင့်စွာ ချစ်သူများ အ ဖြစ်သို့ ရောက်ရှိခဲ့ကြခြင်း၏ ။

“သော်သော်”

“ဘာတုန်း”

နေကြာစေ့ကို တဖြောက်ဖြောက်ဝါးရင်း သော်သော် ပြန်ထူးသည်။

“ငါ နင်ဆီ ခုလိုမျိုးခဏခဏ လာနေတာ နင့်အိမ်က ကြိုက်ပါ့မလား”

သူ့စကားကြောင့် သော်သော် နေကြာစေ့ အဝါးရပ်ကာ သူ့ကိုကြည့်သည်။

“ဘာကြောင်တာလဲဟ၊ ဖေဖေရော မေမေရော နင့်ကို သားအရင်း တစ်ယောက် လို ချစ်ကြ တာသိလျက်သားနဲ့ ၊ဘာတွေ လျှောက်မေးနေတာလဲ”

“ငါတစ်ခုတွေးမိလို့ပါ”

“ပြောစမ်းပါဦး၊ ဘာတွေ များ တွေးမိလို့လဲ”

သူခေါင်းတစ်ချက်ကုတ်ရင်း ပြောလိုက်သည်။

“ဒီလိုဟာ…… ငါ နင့်ဆီကို ခဏခဏ အလည်လာနေတော့ တခြားလူတွေ က နင်နဲ့ငါကို တစ်မျိုးများ ထင်ကြမလားလို့”

“ဗုဒ္ဓေါရေ …. နင် အဲလိုတွေးတယ်”

“ဟုတ်တယ် သော်သော် ၊ငါဒီကိုလာရင်း လမ်းမှာ အဲဒီ အကြောင်းတွေးမိတာ”

သူ့စကားဆုံးတော့ သော်သော် ဟက်ဟက်ပက်ပက်ရယ်မောပါသည်။ သူမ၏ ရယ်မောမှု ကို သူနားမလည်နိုင်ပါ။ သို့ သော် သော်သော်ရယ်လျှင် ဖြူဖွေးညီညာသော သွားတန်းလေးများ ဖြင့် အလွန်လှပကြောင်းကိုတော့ သူသတိပြုလိုက်မိသည်။

သော်သော် အားရအောင် ရယ်မောပြီးတော့ မှ သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဟန်ပါပါဖိရင်း ရေရွတ်သည်။

“ဘုရား….. ဘုရား ငါက နင် အဲလိုတွေးမှ တွေးမိပါ့မလားလို့ စိတ်ပူလိုက်ရတာ ”

“ ဘာ ဖြစ်လို့”

သူနားမည် နိုင်စွာ မေးလိုက်မိတော့ သော်သော်က မျက်နှာကို တမင်တည်လိုက်ပြီး သူ့အား ပြောသည်။

“ဘာ ဖြစ်ရမှာ လဲ၊ နင်ကသာခုမှ အဲလိုတွေးနေ၊ လူတွေ အားလုံးကဖြင့် နင့်နဲ့ငါ့ကို သမီးရည်း စားလို့ ထင်နေကြတာ ကြာလှပြီ၊ သိရဲ့ လား”

စကားအဆုံးသူမ ( တမင်လုပ်ယူထားသော ) မျက်စောင်းဖြင့် လှမ်းထိုးပါသည်။ သူမစကား ကြောင့် သူကိုယ်သူ မကျေမနပ် ဖြစ်သွားမိသလို သူမကိုလည်း အားနာသွားမိ၏ ။ ညံ့လိုက်တာ အဲလို ထင်ကြလိမ့်မယ်ဆိုတာကို ဘာ ဖြစ်လို့များ စောစောကမတွေးခဲ့မိပါလိမ့်။

“သော်သော်”

“ဘာတုန်း”

“ဟိုလေ…. အဲလိုထင်ကြတဲ့အထဲမှာ နင့်ဖေဖေနဲ့မေမေတော့ မပါဘူးမဟုတ်လာ ”

“သိချင်ရင်ရှင့်ဘာသာ အိမ်ပေါ်တက်ပြီး သွားမေးကြည့်ပါလား”

သူမခပ်ဆောင့်ဆောင့်လေသံဖြင့် တုံ့ပြန်သည်။

“ငါ့ မမေးရဲလို့ပေါ့ဟ”

“ယုံပါတယ်၊ နင်သတ္တိမရှိမှန်း”

ထို့နောက် သူရော သူမပါ အကြာကြီးနှုတ်ဆိတ်သွားပြီးမှ သူသော်သော့် ကိုပြောလိုက် သည်။

“မထူးပါဘူးဟာ၊ လူတွေ က အဲလိုထင်နေမှတော့ သူတို့ထင်တဲ့ အတိုင်းငါတို့နှစ် ယောက် နေလိုက်ကြတာပေါ့”

“ဘာပြောတယ်”

“နင်နဲ့ငါနဲ့ ချစ်သူတွေ လို နေကြမယ်လို့ပြောတာ”

“အလိုလေး… ငါ့ကိုရည်းစားစကာတောင် တစ်ခါမှမပြောခဲ့ဖူးတဲ့လူ တစ်ယောက် နဲ့ ငါကချစ် သူလိုနေရမယ် ဟုတ်လား၊ စဉ်းစားစားလဲပြောပါဦး ညီညီရယ်၊ ရှင့်ဘက်က သိပ်နာနေပါဦးမယ်”

သေတော့မှာ ပဲ….. ဘာကြောင့် များ သူဒီလောက်ညံ့ဖျင်းနေရတာ လဲ။ သူသော်သော်အား ပျာပျာသလဲ တောင်းပန်လိုက်သည်။

“ဆောရီးဟာ….. ငါတောင်းပန်ပါတယ်၊ ငါလဲ အဲဒါကိုမေ့နေတယ်၊ ခုနင်ကိုငါရည်းစားစ ကားပြောမယ်လေ၊ နင်နားထောင်မယ်မဟုတ်လား”

“ထောင်နိုင်ပါဘူး၊ ငါထမင်းချက်ရဦးမယ်”

သူမထိုင်ရာမှ ဆက်ခနဲထပြီး အိမ်ဘက်သို့ လျှောက်သွားတော့ သော်သော်ဟု ခေါ်ရင်း သူမနောက်သို့ ကမန်းကတန်း ထလိုက်သွားမိသည်။ စံပယ်ရုံနား၌ ရပ်စောင့်နေသော သူမနားေ၇ာက်တော့ သူမေးလိုက်သည်။

“နင် ..ငါပြောမယ့်စကားကို နားမထောင်တော့ဘူးလား သော်သော်”

“ငါထမင်းချက်စရာရှိတယ်လို့ နင့်ကိုပြောပြီးပြီလေ”

အနည်းငယ်ကြွပ်ဆတ်ဆတ်နိုင်သော လေသံဖြင့် သူမပြောသည်။

“ခါတိုင်း ဒီအချိန်နင် ထမင်းမချက်တတ်ပါဘူး”

“ဒီနေ့ စောစောချက်မယ်လို့ စိတ်ကူးထားလို့”

“ဒီလောက်ဆို ငါသဘောပေါက်ပါပြီသော်သော် ၊နောက်နေ့တွေ ငါမလားတော့ဘူး”

“ဘာ ဖြစ်လို့လဲ့”

“နင်မှ ငါ့ကို မချစ်နိုင်ဘဲလေ၊ ငါပြောမယ့် ရည်းစားစကားကိုတောင် နားမထောင်နိုင်တာ ငါလာနေရင် နင့်အတွက်စိတ်အနှောင့်အယှက် ဖြစ်နေရမှာ ပေါ့ ၊ပြီးတော့ ပတ်ဝန်းကျင်က တစ်မျိုး ထင်တဲ့အတွက်လဲ နင်စိတ်ဆင်းရဲနေဦးမယ်၊ အဲဒါကြောင့် ဒီနေ့ကစပြီး ငါမလာတော့ဘူးလို့ ပြောတာ ၊ ငါသွားမယ်သော်သော်”

“နေဦး”

ဆူဆောင့်ဆောင့်လေသံဖြင့် သူမ တားလိုက်သော ကြောင့် သူမဘက်သို့ လှည့်ကြည့် သူမက မျက်နှာကို တစ်ဖက်သို့ လွှဲထားရင်း…

“မချစ်နိုင်ဘူးလို့နင့်ကို ဘယ်သူကပြောလို့လဲ့”

သူမ၏ အသံက အလွန်ချစ်စရာကောင်းသော ကြွပ်ဆတ်ဆတ်အသံလေး ဖြစ်သည်။

သူမစကားကြောင့် သူလှပ်ခနဲ့ ဝမ်းသားသွားသည်။

“ဒါဖြင့် နင်… နင်ငါ့ကို ချစ်နိုင်မယ်ပေါ့နော်”

“ငတုံး”

စိတ်မရှည်တော့သည့် အသံဖြင့် အော်ရင်း သူမလက်ထဲမှ နေကြာစေ့ခွံများ နှင့် သူ့အားပစ် ပေါက်ပါသည်။

“နင် ဘာ ဖြစ်လို့ဒီလောက်တောင်တုံးနေရတာ လဲ ညီ၊ ငါနင့်ကို ဟိုအရင်တုန်းကတည်းက ချစ်နေတာ၊နင်မသိဘူးလား”

“သော်သော် .. နင်တကယ်ပြောတာနော်”

“ကြည့်…….. ပြောနေတဲ့ကြားထဲက နင်တုံးပြန်ပြီ၊ငါကနင့်ကိုတကယ်ပြောတာ ဖြစ်နိုင်ပါ့မလားငတုံးရဲ့ ၊တမင်နောက်ပြောင်နေတာ၊ကဲ……. ရှင်းပြီးလား”

ထို့နောက်သူမအိမ်ဘက်သို့လှစ်ခနဲ့ထွက်ပြေးသွားပြီးသူ ကတော့ဝမ်းသာကြည်နူးမှု ဖြင့် သူမနောက်ကျောကိုငေးကာကျန်ရစ်ခဲ့လေသည်။

လောကကြီးသည်အကောင်းနှင့် အဆိုးအစဉ်အမြဲဒွန်တွဲ နေတတ်ပြီးလူ့ဘဝသည်လည်းထိုသို့ပင်အကောင်းအဆိုးဒွန်တွဲ နေတတ်ကြောင်းကိုသော်သော်နိုင်နှင့် ချစ်သူများ ဖြစ်ခဲ့ပြီးနောက်ပိုင်းသူအကြွင်းမဲ့ယုံကြည်လက်ခံလိုက်၏ ။သို့ သော်အနည်းငယ်ဝမ်းနည်းစရာကောင်းသည်မှာ သူ့ဘဝ၌ အကောင်းကအလွန်နည်းပြီးအဆိုးကသာများ နေခြင်း ဖြစ်သည်။

ရီရီစိုး၏ ချောက်တွန်းမှု ကြောင့် အဖေနှင့် အမေပြဿနာ ဖြစ်ခဲ့ပြီးနောက်ပိုင်း၌ သူနှင့်ရီရီစိုးဆက်ဆံရေး မှာ ယခင်ကထက်ပို၍ ခပ်တန်းတန်း ဖြစ်သွားရုံမျှမကတစ်ခါတစ်ရံသူအားဆူဆောင့်တတ်ပြီးအခွင့်အရေး ရလျှင်ရသလိုအဖေအားကုန်းချောချောက်တွန်းလေ့ရှိသဖြင့်ထိုချောက်တွန်းမှု များ ကိုခုခံကာကွယ်ရန်သူအမြဲတမ်းအဆင်သင့်ပြင်ထားရလေ့ရှိသည်။

အဖေ့နှင့်သူ၏ ဆက်ဆံရေး ကတော့ထိုထက်ဆိုးပါသည်။အဖေအားသူပြန်ပြောခဲ့မိသဖြင့် အဖေကသူကိုအာခံသူ၊တော် လှန်ပုန်ကန်သူ တစ်ယောက် အ ဖြစ်မြင်သွားသလားမပြောတတ်။ရီရီစိုး၏ ကုန်းချောမှု မှန်သမျှကိုအလွယ်တကူလက်ခံယုံကြည်လေ့ရှိကာလက်သီးကိုလည်းယခင်ကထက်ပိုမိုအသုံးချတတ်လာလေသည်။

ထိုကိစ္စ ကတော့သူအတွက်ရောအဖေ့အတွက်ပါဘယ်လိုမှမကောင်းနိုင်ပါ။သားအဖချင်း ဖြစ်ပါလျက်ယခင်ကတည်းကစိုပြည်ရင်းနှီးမှု အလွန်နည်းခဲ့သော ဆက်ဆံရေး ကိုပိုမိုခြောက်သွေ့ဝေးကွာသော ဆက်ဆံရေး အ ဖြစ်သို့ပြောင်းလဲသွားစေခဲ့၏ ။

ထိုအတောအတွင်းသီလရှင်ကျောင်းမှအမေ့ကျန်းမာရေး အခြေအနေကလည်းတရှောင်းရှောင် ဖြစ်သဖြင့်သူ၏ စိတ်ဓာတ်ကိုအချစ်ပေါက်ရန်ပိုမိုလုံလောက်စေခဲ့သည်။ (အမေအိမ်ပြန်လိုက်လေမလားဟူသော မျှော်လင့်ချက်ဖြင့် သူအမေ့ထံမကြာခဏရောက်ရှိသွားတတ်သော်လည်းအမေ၏ ခေါင်းခါငြင်းဆန်းမှု နှင့်တစ်ခေါက်ထက်တစ်ခေါက်ပိုမိုပိန်ချုံးလာသော အမေ့ခန္ဓာကိုယ်ကိုသာတွေ့ မြင်ရင်ဆိုင်ခဲ့ရသည်။)

“ငါအမေ့ကိုအိမ်ပြန်ခေါ်ချင်တယ်ဟာ၊ပြီးတော့ညီမလေးကိုအိမ်ပြန်ခေါ်ချင်တယ်”

သူဆန္ဒအားသော်သော်ကိုရင်ဖွင့်တော့သော်သော်က….

“နင့်အမေကပြန်မှမလိုက်ဘဲညီရဲ့ ၊ဟိုမိန်းမကလဲနင်တို့အိမ်ပေါ်မှာ ရှိနေတော့ပိုဆိုးတာပေါ့၊ပြီးတော့နင့်ညီမလေးလဲတိုက်ကြီးပေါ်မှာ ပျော်နေသားပဲမဟုတ်လား”

ဟုနှစ် သိမ့်တတ်မြဲ ဖြစ်သည်။

တကယ်တော့တိုက်ကြီးပေါ်၌ ညီမလေးကောင်းမွန်စွာ နေထိုင်ရသည်မှန်သော်လည်းပျော်ရွှင်နေလိမ့်မည် ဟုတော့သူလုံးဝမယုံကြည်ပါ။တစ်ခါတစ်ရံသူရောက်သွားသည့်အခါ“ညီမလေး၊ဘကြီးတို့နဲ့နေရတာ ပျော်ရဲ့ လား”ဟုမေးတိုင်း“ညေးပျော်တယ်”ဟုဖြေတတ်ပါသည်။ထိုသို့ ဖြေသည့်တိုင်သူ ကတော့ညီမလေးတကယ်ပျော်မှာ မဟုတ်ပါဘူးဟုသံသယဝင်တတ်မြဲ ဖြစ်သည်။

ထိုသံသယအားညီမလေးကိုအိမ်သို့ တစ်ရက်လောက်ပြန်ခေါ်ခြင်းဖြင့်ဖော်ထုတ်စမ်းသပ်ကြည့်ရန်ကြိုးစားခဲ့သော်လည်းသူ၏ ကြိုးစားမှု ကမအောင်မြင်ပါ။

ညီမလေးတို့အိမ်သို့ ပြန်လိုက်ရန်ငြင်းဆန်ခြင်းကြောင့် မဟုတ်ဘကြီးကမထည့်ခြင်းကြောင့် ဖြစ်သည်။

“မင်းတို့အိမ်ရောက်ရင်မင်းတို့အိမ်ကစရိုက်တွေ ပြန်ပါလာဦးမယ်၊ငါမထည့်နိုင်ဘူးဖိုးညီ၊မင်းညီမလေးကိုတွေ ကချင်ရင်ဒီမှာ လာတွေ့ ၊ဒါပေမဲ့ခဏခဏတော့မလာနဲ့ ကွာ၊သူကခစားကြိုးစားးတယ်၊စာလဲတော် တယ်၊မင်းတို့ခဏခဏလာနေရစာကြည့်ပျက်မှာ စိုးလို့”

သူနှင့် အတူအိမ်သို့ မထည့်လိုက်ရုံမျှမကသူ့အားမကြာခဏလာတွေ့ ခွင့်ကိုပင်ဘကြီးကတားမြစ်ခဲ့ပါသေးသည်။

ညီမလေးစာတော် သည်ဆိုသော ကြောင့် သူဝမ်းသာရသော်လည်းညီမလေးနှင့် မကြာခဏတွေ့ ခွင့်မရသည့်အတွက်တော့ဝမ်းနည်းခဲ့ရပါသည်။ဘယ်လောက်များ ဆိုးရွားလိုက်တဲ့ဘ၀လဲ။

သူသိပ်ချစ်တဲ့ညီမလေးနဲ့တောင်တွေ့ ချင်တိုင်းတွေ့ ခွင့်မရနိုင်ဘူးတဲ့လား။သူနာကြည်းကြေကွဲစွာ ခံစားခဲ့ရသလိုလောကကြီးကရော၊သူ၏ ဘ၀ကိုပါမကျေမနပ် ဖြစ်စွာ စိတ်နာခဲ့မိသည်။

တကယ်တော့ထိုအ ဖြစ်အပျက်များ ကသူ့အားဂျစ်တစ်တထုံပေပေကောင်းလေး တစ်ယောက် အ ဖြစ်မှခပ်ဆိုးဆိုးကောင်လေး တစ်ယောက် အ ဖြစ်ပြောင်းလဲသွားစေရန်လုံလောက်သော အကြောင်းတရားများ ဖြစ်ခဲ့သည်။

ထိုသို့ ပြောင်းလဲစေရန်ရီရီစိုးကလည်းတစ်ဖက်တစ်လမ်းမှဝင်ရောက်တွန်းအားပေးခဲ့ပါသေးသည်။

သူကကျောင်းမုန့်ဖိုးများ အားမနက်စာမစားဘဲစုဆောင်းသူ ဖြစ်သဖြင့် ညနေကျောင်းဆင်းချိန်ဆိုလျှင်အလွန်ဆာလောင်မွတ်သိပ်နေတတ်ပြီးအိမ်ရောက်သည်နှင့် လွယ်အိတ်ချကာညစာစားမြဲ ဖြစ်သည်။ထိုသို့ မစားပါကအဆာလွန်ကာဗိုက်အောင့်လေ့ရှိပြီးသူဗိုက်အောင့်ပြီဆိုလျှင်တော့ တစ်ယောက် တည်းအလိုလိုစိတ်တိုနေတတ်၏ ။

တစ်ရက်ကျောင်းမှပြန်လာတော့မနက်ပိုင်းထမင်းဟင်းချက်ပေးခဲ့ပြီးသည်နှင့် ညနေကျောင်းမှပြန်ရောက်လျှင်စားဖို့သတ်သကတ်ဖယ်ထားသော သူ၏ ထမင်းနှင့် ဟင်းများ မရှိတော့ဘဲပန်းကန်အလွတ်များ ကိုသာတွေ့ ရသည်။ထမင်းအိုးထဲသွားကြည့်တော့လည်းပြောင်ရှင်းနေ၏ ။

ရီရီစိုးကမနက်ကတည်းကနှစ် နပ်စာပေါင်းချက်တာမျိုးကိုမစားတတ်ပါဟုဆိုသဖြင့် အဖေကသူ့အား၎င်းထည့်ယူသွားမည့် ထမင်းချိုင့်အပါအ၀င်သုံးယောက် အတွက်မနက်စာကိုသာကွက်တိချက်ခိုင်းပြီးညစာကိုတော့အဖေပြန်လာမှအပြေးအလွှားချက်ရသည်။

ထို့ကြောင့် မနက်ကတည်းကသူဖယ်ထားခဲ့သော ထမင်းနှင့် ဟင်းမရှိတော့သည့်အခါသူ့အတွက်မည် သည့်စားစရာမှမရှိတော့ဘဲအဆာလွန်ကာဗိုက်အောင့်လေတော့သည်။

သေချာတယ်…ဒါဟိုအမျိုးသမီးရဲ့ လက်ချက် ဖြစ်မှာ ပဲ။

သူစိတ်တိုတောင်းစွာ တွေးနေချိန်မှာ ပင် (ရပ်ကွက်ထဲ၌ အပေါင်းအသင်းများ ရရှိနေပြီးအိမ်လည်သွားရာမှ) သူမမွေးထားသော ကြောင်ကလေးကိုပွေ့ပိုက်လျက်ရီရီစိုးပြန်ရောက်လာသည်။သူမအားစကားပြောချင်စိတ်မရှိသော လည်းအလွန်သိချင်နေသဖြင့် ရီရီစိုးကိုမေးလိုက်သည်။

“ကျွန်တော့်ထမင်းနဲ့ ဟင်းတွေ ခင်ဗျားယူစားလိုက်သလား”

သူမသူ့ကိုတစ်ချက်ကြည့်ပြီးမျက်နှာလွှဲလျက်ခပ်အေးအေးပြန်ဖြေသည်။

“ကြောင်ကလေးဗိုက်ဆာလို့ချကျွေးလိုက်တာ”

“ဗျာ…ကြောင်ကိုကျွေးလိုက်တယ်၊ဟုတ်လား၊ခင်ဗျားကြောင့် ကလူ တစ်ယောက် စာထမင်းနဲ့ဟင်းကိုအကုန်စားနိုင်လို့လား”

“မစားနိုင်ပါဘူး၊နည်းနည်း ပဲစားတာ၊အများ ကြီးကျန်သေးတယ်”

“ခင်ဗျားကသာကျန်တယ်လို့ပြောနေ၊ပန်းကန်ထဲမှာ ထမင်းတစ်စေ့တောင်မရှိတော့ဘူး”

“ကျန်တယ်ဆိုတာကြောင့် စာခွက်ထဲမှာ ကျန်တယ်လို့ပြောတာ”

ဘာဗျ…”

နဂိုကတည်းကဗိုက်အောင်သဖြင့် စိတ်တိုနေသော သူ၏ ဒေါသတို့ပေါက်ကွဲသွားလေတော့သည်။

“ခင်ဗျားတော် တော် ယုတ်မာတဲ့မိန်းမပဲ”

“ဘာပြောတယ်”

“မကြားလိုက်ရင်နောက်တစ်ခါထပ်ပြောမယ်၊ခင်ဗျားတော် တော် ယုတ်ယုတ်မာမာတဲ့မိန်းမ၊ကျောင်းကပြန်လာရင်စားဖို့ဖယ်ထားမှန်းသိလျက်နဲ့ခင်ဗျားတမင်သက်သက်ကြောင်ကိုချကျွေးပြီးကာထမင်းငတ်အောင်လုပ်တာ၊တမင်ယုတ်မာတာ”

“အောင်မာ…ရာရာစစငါ့ကိုများ ယုတ်မာသလေးဘာလေးနဲ့ ”သူမကြောင်ကိုအောက်သို့ ပစ်ချပြီးသူ့အားရိုက်ရန်လက်ရွယ်လျက်ရှေ့သို့ တိုးလာသည်။

“ခင်ဗျားရှေ့ဆက်မတိုးနဲ့နော၊ကျုပ်အသားကိုတစ်ချက်ထိရင်ခင်ဗျားတစ်သက်လုံးနောင်တရသွားမယ်၊ကျုပ်အရင်ကညီညီမဟုတ်တော့် ဘူး”

မာကျောလှသော သူ့လေသံနှင့် သူ့အမူအရာကြောင့် သူမတုံ့ဆိုင်းသွားလျက်သူ့အားမီးတောက်မတတ်မျက်လုံးများ နှင့် ကြည့်ကာရေရွတ်သည်။

“သြ…နင်ကငါ့ကိုတောင်ပြန်လုပ်မယ်ပေါ့လေ၊ဟုတ်လား”

“သိ---------------------------------------------------ချင်ရင်ကျုပ်အသားကိုတစ်ချက်လောက်ထိကြည့်လိုက်လေ၊ထိကြည့်လိုက်စမ်းပါ၊အပြောနဲ့ အလုပ်ညီမညီသိသွားရအောင်”

“တောက်…အောက်တန်းစားအရိုင်းအစိုင်းကောင်၊နင့်ကိုငါ့လက်သနခံပြီးငါကိုယ်တိုင်မလုပ်ဘူး၊နင့်အဖေလာမှလုပ်ခိုင်မယ်၊အသေသတ်ခိုင်းပြမယ်၊ကြည့်နေ…နင်မိုက်ရိုင်းတာတွေ ကိုတစ်လုံးမကျန်ပြန်တိုင်မယ်”

“တိုင်ဗျာ၊တိုင်၊ခင်ဗျားလိုကောက်ကျစ်တဲ့မိန်းမမျိုးကဒါမျိုးပဲလုပ်မယ်ဆိုတာကျုပ်သိပြီးသား၊ကြိုက်သလိုတိုင်၊ပိုပိုသာသာလေးတိုင်၊တစ်ခုတော့ကြိုသတိပေးလိုက် မယ်၊ခင်ဗျားမွေးထားတဲ့ကြောင်ဆာသလိုကျုပ်လဲဆာတတ်တယ်၊နောက်တစ်ခါကျုပ်ထမင်းကြော်ကိုချကျွေးရင်ခင်ဗျားကြောင်ကိုကျုပ်သတ်စားရလိမ့်မယ်၊မယုံမရှိနဲ့ ”

ဒေါသတကြီးအော်ဟစ်ပြောဆိုပြီးသူအိမ်ပေါ်မှဆင်းလာခဲ့တော့ရီရီစိုး၏ ခပ်ကြမ်းကြမ်းရေရွတ်ဆဲဆိုသံတို့ကအိမ်ပေါ်၌ ပဲ့တင်ဆူညံစွာ ကျန်ရစ်ခဲ့လေသည်။

ထိုနေ့ကသူ၏ အင်္ကျီအိတ်ကပ်ထဲပါလာသည့်မုန့်ဖိုးဖြင့် အသုပ်တစ်ပွဲဝယ်စားလိုက်ပြီးညစာအတွက်ထမင်းပင်ပြန်မချက်ဘဲတမင်မိုးချုပ်သည်အထိအပြင်မှာ နေပြီးမှသူအိမ်ပြန်ခဲ့၏ ။သူ၏ မကျေနပ်ချက်တို့အားအဖေသိစေရန်ပထမဆုံးအကြိမ်အ ဖြစ်ဆန္ဒပြလိုက်ခြင်းပင် ဖြစ်သည်။

ထိုသို့ ပထမဆုံးအကြိမ်ဆန္ဒပြလိုက်သည့်ရလဒ်အတွက်အိမ်ပြန်ရောက်သော အခါ၌ ဘယ်နှကြိမ်မြောက်မှန်းမသိသော အဖေ၏ ထိုးနှက်ဆုံးမမှု ကိုခံလိုက်ရလေသည်။

“ငါဘာကြောင့် ထိုးသလဲမင်းသိတယ်မဟုတ်လား”

အဖေသူ့အားခပ်ထန်ထန်မေးတော့သူဘာမှပြန်မပြောဘဲအေးဆေးစွာ ပင်ခေါင်းညိတ်ပြလိုက်သည်။ဘာအကြောင်းမှမည် မည် ရရမရှိဘဲနဲ့တောင်အထိုးခံရသေးတာပဲခုကိစ္စအတွက်အထိုးခံရတာ ကတော့သူ့အတွက်အလွန်တန်ပါသည်။

“နောက်တစ်ခါခုလိုမျိုးပြဿနာ ဖြစ်တယ်ကြားလို့ ကတော့မင်းအိမ်ပေါ်ကဆင်းရမယ်ဟေ့ကောင်”

“အဲဒါ ကတော့မ ဖြစ်နိုင်ဘူးအဖေ”

“ဘာကွ”

“ဒီအိမ်ရဲ့ ပုံစံ(၁၀)ထဲမှာ ကျွန်တော့် နာမည် ပါပြီးသား၊အဲဒီ တော့ဆင်းချင်းဆင်းသန်းခေါင်စာရင်ထဲနာမည် မပါတဲ့လူပဲအိမ်ပေါ်ကဆင်းသင့်တယ်”

ရီရီစိုးအားရည်ရွယ်၍ သူပြောလိုက်ခြင်း ဖြစ်သည်။အဖြေသူ့အားတစ်ခုခုပြောရန်သို့ မဟုတ်တစ်ခုခုလုပ်ရန်ပြင်ဆင်စဉ်မှာ ပင်သူအိပ်ခန်းရှိရာသိုလှည့်ထွက်လာခဲ့သည်။

လောက၌ နာနာအထုအထောင်းခံရသော ငါးဖယ်သည်ပို၍ မာကျောလာတတ်သလိုအဆူအငေါက်အရိုက်အပုတ်ခံရပါများ သော လူသည်လည်းမာကျော၍ လာတတ်သည်။

ကံကြမ္မာ၏ ထိုးနှက်မှု ၊ဖခင်နှင့် အဆင်မပြမှု တို့ကသူ၏ စိတ်ဓာတ်အားငါးဖယ်တေတေသည့်ပမာတဖြည်းဖြည်းမာကျောလာစေလျက်လောကကြီးကိုနာကြည်းစိတ်တို့ဝင်ရောက်လာစေခဲ့သည်။

စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်များ စွာ နှင့် စိတ်ဓာတ်တို့အချဉ်ပေါက်နေသော သူသည်အလိုလိုစိတ်တိုနေတတ်ပြီးမကြာခဏရန် ဖြစ်တတ်သော ကောင်လေး တစ်ယောက် ဖြစ်လာခဲ့သည်မှာ သိပ်တော့မဆန်းလှ။အထူးသဖြင့် အဖေနှင့် အဆင်မပြေသော နေ့သည်သူ့အတွက်ရန် ဖြစ်ရန်လုံလောက်သေချာသော နေ့တစ်နေ့ပင် ဖြစ်သည်။

ထိုနေ့မျိုး၌ တစ်စုံ တစ်ယောက် ကသူ့အားမတော် တဆ၀င်တိုက်မိမည် ဆိုလျှင်ပင်ထိုနေ့သည်ထိုတစ်စုံ တစ်ယောက် အတွက်ကံဆိုးမိုးမှော င်ကျသော နေ့တစ်နေ့ ဖြစ်သွားနိုင်ပါသည်။အကယ်၍ ထိုကဲ့သို့ အ ဖြစ်အပျက်မျိုးနှင့် မကြုံကြိုက်ရလျှင်လည်းသူနှင့် ရွယ်တူလူငယ်များ ပေါများ လှသည့်ရပ်ကွက်လေးအတွင်းရန်ပွဲတစ်ပွဲပေါ်ပေါက်ရန်ကိစ္စမှာ သိပ်မခက်ခဲလှ။

သို့ သော်ဗီဒီယိုထဲမှဇာတ်လိုက်မင်းသားမဟုတ်သော သူ့အတွက်ရန်ပွဲတိုင်း၌ အနိုင်ရဖို့ကိုတော့မမျှော်လင့်နိုင်ပါ။တစ်ခါတစ်ရံရန်ပွဲ၏ ရလဒ်အ ဖြစ်အလွန်ဆိုးရွားသော ဒဏ်ရာဒဏ်ချက်တို့ဖြင့် သူ့မျက်နှာကဖူးရောင် ညိုမည်းနေတတ်ပြီးထိုအခါမျိုး၌ သော်သော်နိုင်ကကရုဏာဒေါသော နှင့် မြည် တွန်တော် တီးတတ်ပါသည်။

“ငါမပြောဘူးလား၊ခုတော့နင်လူဆိုးလုံးလုံး ဖြစ်ပြီညီ၊သိရဲ့ လား၊နင့်မျက်နှာကိုနင်ပြန်ကြည့်စမ်း၊မီးရထားနဲ့မျက်နှာချင်းဆိုင်ဝင်တိုက်လာတဲ့အတိုင်းပဲ”

“အဲလောက်ကြီးလဲမဟုတ်သေးပါဘူးသော်သော်ရာ”

“ဘာလို့မဟုတ်ရမှာ လဲ၊နင်မယုံရင်ငါမှန်သွားယူပြမယ်”

“မယူပါနဲ့တော့ဟာ၊လေးယောက် နဲ့ တစ်ယောက် နဲ့ဆိုတော့ဒီလောက်တော့ခံရမှာ ပေါ့”

“မြတ်စွာ ဘုရား…လူလေးယောက် ကိုနင် တစ်ယောက် တည်းသွားပြီးရန် ဖြစ်တယ်ဟုတ်လား”

“ဒီနေ့အဖို့ငါနဲ့ ကူပြီးရန် ဖြစ်ပေးမယ့်အဖော်ကအဲဒီ အုပ်စုပဲရှိတာကိုးသော်သော်ရဲ့ ”

“ငါသေချင်တယ်ညီ၊နင့်ကိုငါတော် တော် စိတ်ပျက်နေပြီ၊နင်သာကလေးဆိုရင်ငါနင့်ကိုတုတ်နဲ့ ရိုက်ပစ်လိုက်ချင်တယ်”

“နင်ရိုက်ရင်ငါခံမှာ ပေါ့သော်သော်ရာ၊ခုလဲရိုက်ချင်ရိုက်လေ”

`အောင်မာ…လက်အညောင်းခံပြီးမရိုက်နိုင်ပါဘူး၊အေး…တစ်ခုတော့ရှိတယ်၊ငါအိမ်ပေါ်မှာ တင်ချာပုလင်းသွားယူပြီးနင့်ဒဏ်ရာတွေ ကိုတင်ချာထည့်ပေးမယ်၊နင်စပ်လွန်းလို့အော်ဖို့သာအသင့်ပြင်ထားပေတော့´

တင်ချာထည့်သော အခါ၌ သော်သော်ကဒဏ်ရာများ ပေါ်သို့ ဂွမ်းဖြင့် ခပ်ကြမ်းကြမ်းပွတ်တိုက်ကာထည့်ပေးသော ကြောင့် အမှန်တကယ်ပင်မခံနိုင်လောက်အောင်စပ်သဖြင့် သူလွှတ်ခနဲတစ်ချက်အော်လိုက်မိသည်။

`ကောင်းတယ်၊နောက်တစ်ခါရန် ဖြစ်ချင်ဦး´

တမင်အံကြိတ်ကာသွားကြားထဲမှထွက်ပေါ်လာသော လေသံမျိုးဖြင့် သော်သော်ရေရွတ်သည်။

သူရန် ဖြစ်တိုင်းဂရုဏာဒေါသော ဖြင့် သော်သော်ဆူပူလေ့ရှိသလိုအဖေကလည်းထိုကိစ္စအတွက်မာန်မဲရန်မမေ့မလျောခဲ့ပါ။

`ဘယ်လိုလဲဟေ့…ရန် ဖြစ်ပြီးကွဲပြဲလာပြန်ပြီမဟုတ်လား၊ကောင်းတယ်၊ဒီလောက်လူမိုက်လုပ်ချင်တဲ့ကောင်၊ခံလာရတာ နည်းတော် နည်းသေးတယ်၊တစ်ခါတ်းကိစ္စတုံးသွားမှမြန်မြန်နားအေးမယ်၊ရပ်ကွက်ထဲမှာ စီခနဲဟေ့ဆိုမင်းပဲ၊တော် ကြာဟိုလူကြီးကခေါ်တိုင်လိုက်၊တော် ကြာဒီလူကြီးကလာတိုင်လိုက်နဲ့၊ငါမင်းကြောင့် ဘယ်လောက်အရှက်ကွဲရတယ်မှတ်သလဲ´

အဖေ၏ ဆူပူမာန်မဲမှု များ ကသူ့အတွက်ရိုးနေပြီ ဖြစ်သဖြင့် မည် သို့ မျှမခံစားရသော်လည်းတစ်ရက်ညီမလေးနှင့် သွားတွေ့ ချိန်မှာ တော့သူဝမ်းနည်းခံစားခဲ့ရသည်။

`ကိုကြီး…ခုအရမ်းဆိုးနေတယ်ဆို´

ညီမလေးစကားကြောင့် သူလှိုက်ခနဲ ဖြစ်သွားသည်။

`ကိုကြီးကဘာတွေ ဆိုးနေလို့လဲညီမလေးရဲ့ ´

`ကိုကြီးရန်ခဏခဏ ဖြစ်တယ်တဲ့၊ပြီးတော့် အိမ်နဲ့လဲမတည့်ဘူးတဲ့´

`ညီမလေးကိုဘယ်သူပြောလဲ´

`ဘကြီးရယ်၊လိမ်လိမ်မာမာမနေပါ၊လူကြီးတွေ စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့´

ညီမလေး၏ စကားများ ကသူ့အားထိခိုက်ကြေကွဲစေခဲ့ပါသည်။သော်သော်နှင့် တွေ့ တော့သူမမျိုသိပ်နိုင်စွာ ပြန်လည်ရင်ဖွင့်မိ၏ ။

`နင်စဉ်းစားကြည့်စမ်းသော်သော်၊ငါ့ထက်ကိုးနှစ် တိတိငယ်တဲ့ညီမလေးကငါ့ကိုပြန်ပြီးဆုံးမလိုက်တာလေ၊လိမ်လိမ်မာမာနေပါတဲ့။လူကြီးတွေ စိတ်ဆင်းရဲအောင်မလုပ်ပါနဲ့ တဲ့´

သူပြောရင်းခြောက်ကပ်စွာ ရယ်မောလိုက်မိသည်။

`ငါကလူကြီးတွေ ကိုစိတ်ဆင်းရဲအောင်လုပ်နေတာလား၊လူကြီးတွေ ကငါစိတ်ဆင်းရဲအောင်လုပ်တေတာလားသူမသိဘူးသော်သော်၊အေးလေ…သိပ်တော့လဲမဆန်းပါဘူး၊အဖေနဲ့အမေရန် ဖြစ်လို့ငါနေ့တိုင်းစိတ်ဆင်းရဲနေရတဲ့အချိန်မှာ ညီမလေးကစိတ်ညစ်တာတို့စိတ်ဆင်းရဲတာတို့ကိုမခံစားတတ်သေးဘူး၊သူခံစားတတ်တဲ့အချိန်ကျတော့ဘကြီးတို့တိုက်ပေါ်ရောက်နေပြီ၊အဲဒီ တော့ငါဖြတ်သန်းခဲ့ရတဲ့ဘ၀ကိုညီမလေးဘယ်လိုမှနားလည်နိုင်မှာ မဟုတ်ဘူး၊အများ မြင်သလိုငါ့ကိုလူဆိုး တစ်ယောက် လိုပဲမြင်မှာ ပဲ´

`ညီ…နင့်ညီမစကားကိုနင့်စိတ်ဆိုးနေတာလား´

`ဟင့်အင်း…စိတ်မကောင်း ဖြစ်နေတာပါ၊သူပြောတဲ့အတိုင်းငါကလဲတကယ်ဆိုးနေတာကိုး၊ဒါပေမဲ့ခုငါဆိုးနေတာတွေ ဟာမျိုသိပ်ခဲ့၇တာတွေ များ လွန်းလို့ပေါက်ကွဲနေတာသော်သော်၊ငါ့ဘယ်လောက်ပဲဆိုးဆိုးငါ့အိမ်အပေါ်မှာ တော့ငါတာဝန်ကျေခဲ့ပါတယ်၊မိသားစုအပေါ်တတ်နိုင်သမျှတာဝန်ကျေအောင်လဲငါကြိုးစားခဲ့တယ်၊ဒါပေမဲ့ခုတော့အဲဒါတွေ ကိုဘယ်သူမှမသြိ ကတော့ဘူး၊သတိမရြ ကတော့ဘူး၊ငါဆိုးနေတာတွေ ကိုငါကောင်းခဲ့တာတွေ နဲ့ ပြန်ချေဖိုပလဲဘယ်သူမှမစဉ်းစာြး ကတော့ဘူး၊အားလုံးမေ့ပစ်လိုက်ကြပြီ၊ရယ်စရာမကောင်းဘူးလား´

သူခြောက်ကပ်စွာ ရယ်မောလိုက်သော်လည်းသူ့ရယ်သံဆို့နင့်တုန်ခါစွာ တိမ်မြုပ်ပျောက်ကွယ်သွားကြ၏ ။

သော်သော်သက်ပြင်းချရင်းသူ့အားစိုက်ငေးကာမေးသည်။

`ညီ…နင်ငိုနေသလား´

ငိုနေသလား…တဲ့။

`ငါငိုတာကိုနင်ဘယ်တုန်းကမြင်ဖူးလို့လဲသော်သော်´

`ဟင့်အင်း…မမြင်ဖူးပါဘူး၊ဒါပေမဲ့ခုနင့်ပါးပေါ်မှာ …´

`ဘာ ဖြစ်လဲ…´

`မျက်ရည်တွေ ´

`ဘာ…´

ပါးပြင်ပေါ်သို့ အထိတ်တလန့်လက်ဖြင့် စမ်းလိုက်တော့သော်သော်ပြောသည့်အတိုင်းစိုထိုင်းထိုင်းမျက်ရည်စတို့ကိုတအံ့တသြစမ်းသပ်လိုက်မိသည်။

`ငါ…ငါ…ဘယ်လို ဖြစ်သွားမှန်းမသိဘူးဟာ´

ရှက်အမ်းထူပူစွာ ပြောလိုက်တော့သော်သော်ကတစ်စုံတစ်ရာမတုံ့ပြန်ဘဲသက်ပြင်းတစ်ချကိုသာဖွဖွရှိုက်သွင်းလိုက်သည်။

ထို့နောက်သူတို့နှစ် ယောက် အကြားတိတ်ဆိတ်မှု ကလွှမ်းခြုံကာအတွေးကိုယ်စီနှင့် ငေးငိုင်ငြိမ်သက်နေကြသည်။အဝေးသို့ ငေးနေရင်းအတန်ကြာမှသော်သော့်အားပြောလိုက်သည်။

`သော်သော်´

`ဘာလဲညီ´

`တစ်ချိန်ကျရင်နင်နဲ့ငါလက်ထပ်ကြမယ်နော်၊နောက်သုံးနှစ် ဒါမှမဟုတ်လဲငါးနှစ် ခြောက်နှစ် လောက်ကြာတဲ့အခါကျရင်လေ´

သူ့စကားကြောင့် သူမရှက်သွားလိမ့်မည် ဖြစ်သော်လည်းသူ ကတော့ဂရုမပြုမိဘဲသူပြောချင်သော စကားတို့ကိုသာအိပ်မက်မက်နေသူ တစ်ယောက် ပမာဆက်ပြောနေမိသည်။

`လက်ထပ်ပြီးတဲ့အခါငါတို့မှာ သားလေး ဖြစ် ဖြစ်၊သမီးလေး ဖြစ် ဖြစ်မွေးလာလိမ့်မယ်၊အဲဒီ ကလေးဟာအရမ်းလိမ္မာတဲ့ကလေး ဖြစ်ချင် ဖြစ်မယ်၊ဒါမှမဟုတ်ခပ်ဆိုးဆိုးလေးလဲ ဖြစ်နိုင်တယ်၊ဘယ်လိုပဲ ဖြစ် ဖြစ်သူ့ကိုငါတို့မရိုက်ကြဘူး၊သော်သော်၊ဆူပူမာန်မဲတာလဲမလုပ်ကြဘူး၊ပြီးတော့သူ့ရှေ့မှာ တို့နှစ် ယောက် ရန်မ ဖြစ်ကြဘူး၊ဆုံးမစရာရှိရင်လဲနင့်ဖေဖေလိုနူးနူးညံ့ညံ့နဲ့နားဝင်အောင်ဆုံးမကြမယ်၊သူအမှားမလုပ်မိရင်တောင်နောက်မမှားဖို့ပြေပြေလည်လည်ရှင်းပြကြမယ်၊သူ့ဘ၀မှာ စိတ်ညစ်စရာတို့၊စိတဆင်းရဲစရာတို့မကြုံရအောင်တတ်နိုင်သမျှတို့ကြိုးစားကြမယ်၊လောင်းရိပ်ခါးခါးတွေ အောက်မှာ ကြီးပြင်းလာတာမျိုးမ ဖြစ်စေရဘူး၊အဲဒီ အတွက်နင်ငါ့ကိုကတိပေးပါလားသော်သော်´

သော်သော်ထံမှစကားသံတစ်စုံတစ်ရာထွက်ပေါ်မလာပါ၊သူဖျပ်ခနဲလှည့်ကြည့်လိုက်တော့သူ့အားတစ်ခါမှမမြင်ဖူးသလိုမှင်တက်ရီဝေစွာ ငေးကြည့်နေသော သော်သော်ကိုတအံ့အသြတွေ့ လိုက်ရသည်။

`သော်သော်…နင်ဘာ ဖြစ်တေတာလဲ´

`ဟင့်အင်း…ငါဘာမှမ ဖြစ်ပါဘူး၊နင်တောင်းတဲ့ကတိကိုငါပေးပါတယ်ညီ၊နင် ဖြစ်စေချင်တဲ့အတိုင်းအသေအချာကို ဖြစ်လာမှာ ပါ´

`ငါအရမ်းကိုဝမ်းသာသွားပြီသော်သော်၊ပြီးတော့နင့်ကိုလဲသိပ်ကျေးဇူးတင်သွားပြီ´

သူလှိုက်လှိုက်လှဲလှဲပြောလိုက်သော်လည်းသော်သော် ကတော့သူ့အားမှု န်မှိုင်းရီဝေစွာ ငေးကြည့်နေဆဲ ဖြစ်သည်။

ဆယ်တန်းစာမေးပွဲသည်ကျောင်းသား တစ်ယောက် ၏ ပညာရေး ခရီးလမ်းကြောင်း၌ အရေး အကြီးဆုံးလှေကားတစ်ထစ် ဖြစ်သိုထိုစာသင်နှစ် သည်လည်းအရေး ကြီးသော စာသင်နှစ် တစ်နှစ် ပင် ဖြစ်သည်။

သူများ တွေ ကျူရှင်အသီးသီးယူနေကြချိန်၌ သူ ကတော့ဘယ်တုန်းကမှကျူရှင်မယူခဲ့သည့်နည်းတူကျူရှင်မယူဘဲကျောင်းမှဆရာ၊ဆရာမ များ ၏ သင်ကြားပြသမှု နှင့် သာဉာဏ်ကောင်းသော သူ့အတွက်လုံလောက်ခဲ့သည်။

စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များ ၌ ဆိုက်ကားနင်းမပျက်သလိုအားလပ်ချိန်များ ၌ အသင့်ထည့်ယူလာသော ကျောင်းစာအုပ်တစ်အုပ်ကိုထုတ်၍ ဖတ်ရငခြင်းကိုလည်းမပျက်ကွက်ခဲ့ပါ။

ထိုကာလများ အတွင်းကျောင်းစာ၌ စိတ်ဝင်စားမှု ကြောင့် သူအတန်ငယ်တည်ငြိမ်သွားပြီးတတ်နိုင်သမျှရန်မ ဖြစ်အောင်ကြိုးစားနေထိုင်ခဲ့သည်။အရင်ကသူနှင့် တွေ့ တိုင်းနင်ဒီနေ့ရန် ဖြစ်လာလေးလားညီဟုမေးတတ်သော သော်သော်ပင်သူ၏ တည်ငြိမ်မှု ကိုသတိပြုမိကာမှတ်ချက်ချ၏ ။

`ဘယ်ဆိုးလို့လဲညီ၊နင်လိမ္မာလာပြီပဲ´

သူမ၏ စကားကြောင့် သူပြုံး၍ ပြန်ပြောလိုက်သည်။

`နောက်ဆိုငါဒီထက်ပိုပြီးလိမ္မာတော့မှာ ပါ´

`နင်ကတတိပေးတယ်ပေါ့´

သူခေါင်းညိတ်ပြလိုက်တော့သော်သော်ကခပ်တိုးတိုးရယ်ရင်းမေးသည်။

`ဒါနဲ့ ပါဆိုအဲလိုကတိမျိုးနင်ပေးတာဘယ်နှစ် ခါရှိပြီဘဲညီ´

`အဲဒါတော့ငါလဲမမှတ်မိတော့ဘူး၊ဒါပေမဲ့ဒီတစ်ခါတော့တကယ်ကတိပေးတာပါသော်သော်´

`ဒါနဲ့ ပါဆိုအဲလိုကတိမျိုးနင်ပေးတာဘယ်နှစ် ခါရှိပြီလဲညီ´

`အဲဒါတော့ငါလဲမမှတ်မိတော့ဘူး၊ဒါပေမဲ့ဒီတစ်ခါတော့တကယ်ကတိပေးတာပါသော်သော်´

`အေးလေ…စောင့်ကြည့်သေးတာပေါ့´

သော်သော်ကအပြုံးတစ်ဝက်ဖြင့် ပြန်ပြော၏ ။

တစ်ရက်သူတို့ကျောင်းကနေ့တစ်ဝက်နှင့် ကျောင်းဆင်းပေးလိုက် သဖြင့် သူတို့စောစီးစွာ အိမ်ပြန်ခွင့်ရခဲ့ကြသည်။သော်သော်ကသူမတို့အိမ်သို့ လိုက်နေပြီးညနေကျောင်းလွှတ်ချိန်မှအိမ်ပြန်ရန်သူ့အားပြောတော့သူကနာကျင်စွာ ခေါင်းယမ်းငြင်းဆန်လိုက်သည်။

`ရေထမ်းတဲ့ပုံးပေါက်နေလို့ပြန်ဖာရဦးမယ်သော်သော်၊ပုံးဖာမှပဲငါနင်တို့အိမ်ကိုလာခဲ့တော့မယ်၊ဒါနဲ့ နင့်အိမ်ရောက်ရင်ငါ့ကိုဘာနဲ့ဧည့်ခံမှာ လဲသော်သော်´

`ပဲကြီးလှော်လောက်တော့စားရမှာ ပေါ့ဟာ´

`ငါကသူများ သမီးရည်းစားတွေ လိုအနမ်းလေးနဲ့များ ဧည့်ခံလားလို့´

`ခွေးစုတ်..အနမ်းတော့မရဘူး၊လိုချင်ရင်လက်ဝါးပဲရမယ်´

`လက်ဖ၀ါးလေးနမ်းရလဲမဆိုးပါဘူး´

`ညီနော်…နင်ဘယ်လို ဖြစ်နေတာလဲ၊သွားသွား…နင်ငါ့ဆီနေမှပဲလာတော့´

သူမရှက်ရွံ့နီမြန်းသော မျက်နှင့်နှင့် ပြန်ပြောရင်းသူနှင့် သူမလမ်းခွဲကြသည်။ညနေမှပဲလာတော့ဟုသူမပြန်ပြောသော်လည်းရေပုံးဖားပြီးသည်နှင့် သမအိမ်သို့ သွားရန်စိတ်စွော ဖြင့် ခပ်သွက်သွက်ပြန်လာခဲ့သည်။

အိမ်ရောက်တော့အိမ်တံခါးကထူးဆန်းစွာ အတွင်းမှပိတ်ထားသည်။သူတံခါးခေါက်လိုက်ပြီးအတန်ကြာမှအတွင်းမှလှမ်းမေးသော ရီရီ၏ အသ့ထ်ွပေါ်လာ၏ ။

`ဘယ်သူလဲ´

`ညီညီ´

ခဏစောင့်ဦး´

ရီရီစိုး၏ ခဏကအတော် ကြာပါသည်။သူစိတ်မရှည်စွာ တံခါးထပ်ခေါက်ရန်ပြင်လိုက်သသည့်အချိန်မှတံခါးပွင့်လာ၏ သူအိမ်ပေါ်တက်လိုက်တော့ရပ်ကွက်ထဲ၌ မိန်းမကိစ္စနှင့် ပတ်သက်လျှင်အလွန်နာမည် ကြီးသော မွတ်တားဆိုသူအားဧည့်ခန်း၌ အခန့်သားထိုင်နေသည်ကိုတအံ့တသြတွေ့ လိုက်ရသည်။

ရီရီးစိုးနှင့် မွတ်တားအားလမ်းထိပ်ကုန်စုံဆိုင်နာ၌ ရပ်စကားပြောသည်ကိုနှစ် ခါသုံးခါသူတွေ့ ဖူးသော်လည်းအမှတ်တမဲ့ပင်နေခဲ့မိ၏ ။ယခုတော့အခြေအနေအရပ်ရပ်ကိုသူသဘောပေါက်လိုက်သည်။

`ကိုမွတ်တား၊ရောက်နေတာကြာပြီလား´

`အဲ…ခဏပဲရှိပါသေးတယ်၊ဟိုလမ်းကြုံတာနဲ့အလည်ဝင်လာတာ´

`ခင်ဗျားနဖူးမှာ လဲချွေးတွေ သီးလို့ပါလား၊ဒီလောက်အိုက်နေတာတောင်အိမ်တံခါးပိတ်ထားသေးတယ်နော်´

သူ့စကားကြောင့် မွတ်တားမျက်စိမျက်နှာပျက်သွားသော်လည်းရီရီစိုး ကတော့ကြုံဖူးနေကျမို့လားမသိ။ခပ်အေးအေးပင် ဖြစ်သည်။မွတ်တားကပျားပျာသလဆိုသည်။

`ဟိုသင်း…ရီရီစိုးကနေမကောင်းလို့ဆိုပြီးတံခါးစေ့ထားတာပါ´

သြော်…စေ့ထားတာလား၊ကျွန်တော် ကြည့်တော့် ချက်ချထားသလားလို့´

သူရိလိုက်တော့မွတ်တားကဟန်မဆောင်နိုင်လောက်အောင်မျက်နှာပျက်နေရာမှနာရီကိုတစ်ချက်ငုံ့ကြည့်လိုက်ပြီး…

`ဟို…ချိန်းထားတာလေးတစ်ခုရှိလို့ကိုယ်ပြန်လိုက်ဦးမယ်ဖိုးညီ´

ရီရီစိုးကိုပင်နှုတ်မဆက်နိုင်တော့ဘဲမွတ်တားအလောတကြီးထထွက်သွားသည်။

`ဖြည်းဖြည်းသွးနော်ကိုမွတ်တား၊လမ်းမှာ ခလုတ်တွေ ဘာတွေ တိုက်နေဦးမယ်´

သုတ်သီးသုတ်ပျာထွက်သွားသော မွတ်တားကိုလှမ်းအော်လိုက်ပြီးသူရီရီိစိုးဘက်လှည့်လိုက်သည်။

`နေ့ခင်းကြောင်တောင်အိမ်မတံခါးကြီးပိတ်ပြီးဧည့်သည်ဧည့်ခံရတဲ့အကြောင်းနည်းနည်း လောက်ရှင်းပြစမ်းပါအုံး´

`မွတ်တားပြောသွားတာမကြားလိုက်ဘူးလား၊ငါနေမကောင်းဘူး၊လေစိမ်းတိုက်မှာ စိုးလို့တံခါးပိတ်ထားတာ´

`တံခါးပိတ်ပြီးဘုရားတည်ဖို့၊ကျောင်းဆောက်ဖို့အကြောင်းဆွေးနွေးနေကြတယ်ဆိုပါတော့၊ဒီမှာ ဒေါ်ရီရီစိုး၊မွတ်တားဘာကောင်လဲဆိုတာကျုပ်သိတယ်၊ခင်ဗျားဘယ်လိုမိန်းမစားဆိုတာလဲကျုပ်သိတယ်၊အဖေ့ကွယ်ရာမှာ ခင်ဗျားတို့နှစ် ယောက် ဖောက်ပြန်နေကြတာမဟုတ်လား´

`မဟုတ်ဘူး၊ငါ့ကိုအဲလိုမစွပ်စွဲနဲ့၊ငါတို့ရိုးရိုးသားသားစကားပြောနေကြတာ´

`ကျုပ်ငတုံးမဟုတ်ဘူး၊ဒါပေမဲ့ကျုပ်စွပ်စွဲသလိုဟုတ်ဟုတ်မဟုတ်ဟုတ်ကျုပ်အပူမဟုတ်ဘူး၊ဒါအဖေပူရမဲ့ကိစ္စ´

သူ့စကားကအဖေ့ကိုပြန်တိုင်မည် ဟူသော အဓိပ္ပာယ်သက်ရောက်သွားသဖြင့် သူမမျက်နှာပျက်သွားသော်လည်းတကယ်တိုင်ရန်ရည်ရွည်ချကမရှိခဲ့ပါ။. သူ့စကားကိုအဖေယုံရန်မသေချာလှ။အကယ်၍ ယုံခဲ့လျှင်လည်းအဖေစိတ်ဆင်းရဲရလိမ့်မည် ။ထို့ကြောင့် ထိုကိစ္စနှင့် ပတ်သက်၍ လောလောဆယ်ရေငုံနှုတ်ပိတ်နေခြင်းသာအကောင်းဆုံး ဖြစ်လိမ့်မည် ဟုဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့ သော်သူပြန်တိုင်မှာ ကိုအလွန်စိုးရိမ်နေသော ရီရီစိုးကညနေအဖေပြန်ရောက်သော အခါသူ့ထက်ဦးအောင်ကြိုတင်ကုန်းတိုက်စကားတို့ဖြင့် အကာအကွယ်ယူလိုက်ခြင်းကြောင့် အဖေနဲ့သူပြဿနာတက်ရလေသည်။အဖေသူ့အပေါ်စွဲချက်တင်သော ပုဒ်မတို့ကအိမ်အလည်လာသော ဧည့်သည်နှင့်ရီရီစိုးကိုသမုတ်ခြင်းဟူ၍ ဖြစ်သည်။

အဖေ့စွပ်စွဲချက်တို့ကအလွန်လွဲချော်နေသော်လည်းအဖေ့လက်သီးချက်တို့ ကတော့မလွဲမချော်ဘဲပစ်မှတ်ကိုကောင်းစွာ ထိမှန်ခဲ့သလိုအလေ့အကျင့်ရနိုင်သော ကြောင့် လားမသိ။ပြင်းလည်းပြင်းထန်လှပါသည်။

အဖေ၏ စွပ်စွဲချက်များ အားသူပြန်လည်ဖြေရှင်းရန်ကြိုးစားသော်လည်းအဖေကသူ့ရှင်းပြမှု အားနားမထောင်ဘဲတစ်ခွန်းတည်းသာပြန်ပြောသည်။

`မင်းငါ့မျက်စိရှေ့ကမြန်မြန်ထွက်သွားစမ်းကွာ´

အဖေ့ဆန္ဒအတိုင်းအဖေ့ရှေ့မှသူထွက်ခဲ့ပြီးလမ်းထိပ်ကင်းတဲလေးသို့ ရောက်တော့ဤရပ်ကွက်၏ အထင်ကရလူမိုက်စရင်းဝင်ကိုကျားကြီးတို့အုပ်စုကိုတွေ့ ရသည်။အစကသူနှင့် သိပ်အဆက်အဆံမရှိခဲ့သော်လည်းနောက်ပိုင်းသူမကြာခဏရန် ဖြစ်ပြီးခပ်ဆိုးဆိုးကောင်းလေး တစ်ယောက် ဖြစ်လာသော အခါမှာ တော့သူ့အားလိုလိုလားလားဖော်ဖော်ရွေရွေနှင့် ဆက်ဆံလာကြ၏ ။

တစ်နည်းအားဖြင့် ၎င်းတို့နည်းတူးသူ့အားလူမိုက်စာရင်းထဲသွင်းလိုက်ခြင်းပင် ဖြစ်သည်။

“ဟေ့ကောင်ဖိုးညီ၊လာလေကွာ“

ပဲလှော်သုပ်ပန်းကန်ကိုရှေ



ဝန်ဇင်းချစ်သူများ နေနော် ၏ “ ကောင်းကင်ခါးခါး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အိပ်မက်ရာသီ

ပန်းဆွတ်မိုး

အချစ်ရောင်ရင့်ရင့်