Cover

အခန်း(၁)

နေနော်

လေပြင်းခြွေတဲ့နွေ

“စကားအကောင်းပြောစမ်းပါဟာ”

“စိတ်ချ၊ နင့်ကိုပြောဖို့ အကောင်းဆုံးစကား ငါ့မှာ ရှိပြီးသား၊ တခြားတော့မဟုတ်ဘူး၊ ငါ နင့်ကို ချစ်တယ်”

“နင်တို့အိမ်မှာ ဓားထက်ထက် မရှိဘူးလား”

“ရှိသားပဲ၊ ဘာလုပ်မလို့လဲ”

“ရှိရင် အဲဒီ ဓားနဲ့ နင့်ကိုယ်နင် ထိုးပြီး သတ်သေလိုက်”

•••

“ငါက ငါ့ဘ၀ကို ငါ့ဆုံးဖြတ်ချက်နဲ့ ငါ လျှောက်ချင်တာ သီဟ၊ ခု မင်းက စေတနာပါဆိုတဲ့ စကားနဲ့ ငါ့အနာဂတ်ကို မင်းဝင်ပြီး အဆုံးအဖြတ်ပေးလိုက် ပြီ၊ အဲဒါဟာ အကြီးမားဆုံး လူ့အခွင့် အရေး ချိုးဖောက်မှု ပဲ၊ အဲဒီ အတွက် တစ်ချိန်ချိန်မှာ မင်း နောင်တရစေရမယ်”

•••

မုန်တိုင်း

ရှေးလူကြီးများ ပြောလေ့ရှိသည့်စကားသာ..မှန်ပါက ယနေ့သည် သူ့ဘဝအတွက် ပျော်စရာ အကောင်းဆုံးနေ့တစ်နေ့အ ဖြစ် သတ်မှတ်ရပါလိမ့်မည် ။ သို့ သော် သူ ကတော့ နည်းနည်း ကလေးမှ ပျော်ရွှင်ခြင်း မ ဖြစ်မိ။

ပျော်ရွှင်မှု ကို သူ မခံစားတတ်တော့သည်မှာ အတော့် ကို ကြာခဲ့ပြီ ဖြစ်သည်။ မရှိဘူးဆိုလျှင် တောင် ဆယ့်နှစ် နှစ် ကျော် ဆယ့်သုံးနှစ် လောက်တော့ ရှိခဲ့ပါလိမ့်မည် ။

“မင်း…ဒီကို ဘယ်တော့မှ ပြန်မလာတော့ဘူးလို့ ငါ့ကို ကတိပေးစမ်း မုန်တိုင်း”

လွန်ခဲ့သည့် နာရီအနည်းငယ်က ကြားခဲ့ရသော စကား ဖြစ်၏ ။ သူ့အား အလွန်ခင်သော ထို မိတ်ဆွေ၏ စကားကို ဘာမျှ ပြန်မပြောဘဲ ပြုံးရုံသာ ပြုံးပြခဲ့ပါသည်။

သို့ သော် စိတ်ထဲ ကတော့ တီးတိုးတုံ့ပြန်လိုက်၏ ။

“ကျုပ် ဒီကိုပြန်လာခြင်း မလာခြင်းက နောက်ကျောကို ဓားနဲ့ထိုးတတ်တဲ့ လူတချို့နဲ့ ကံကြမ္မာဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အပေါ်မှာ အများ ကြီးမူတည်တယ်”

“မင်း အပြင်ရောက်ရင်..နောက်ကို နည်းနည်း လေးမှ ပြန်လှည့်မကြည့်နဲ့ မုန်တိုင်း၊ ပြီးရင် လတ်ဆတ်တဲ့ လေတွေ ကို တစ်ဝကြီးရှူပြီး အိမ်ကိုသာ တန်းပြန်ပေတော့ ကြားလား”

၎င်း၏ အကြံပေးချက်အတိုင်း သူနောက်ကို နည်းနည်း လေးမှ ပြန်လှည့်မကြည့်ခဲ့သလို၊ သန့်ရှင်းလတ်ဆတ်သည့်လေတို့ကိုလည်း တစ်ဝကြီး ရှူရှိုက်နေမိ၏ ။

သို့ သော် အိမ်သို့ တန်းပြန်ရန်ကိစ္စကိုတော့ သူ မလုပ်နိုင်ပါ။ နှစ် ပေါင်းများ စွာ ဝေးကွာနေခဲ့ ပြီး…ကြိုဆိုမည့် သူ တစ်ယောက် မျှ မရှိသည့် ခပ်စုတ်စုတ် အိမ်တစ်လုံးဆီသို့ ပြန်ရမည့် ကိစ္စမှာ တွေးကြည့်ရုံနှင့် ပင် စိတ်ပျက်ဖွယ် ကောင်းလှပါသည်။

ထို့ပြင် ယခုလိုနေ့မျိုး၌ သူ ပထမဦးဆုံးသွားသင့်သော နေရာမှာ သူ့အိမ်မ ဖြစ်သင့်ဟု လွန်ခဲ့ သော ဆယ့်သုံးနှစ် ကျော်ကာလကပင် သူ ဆုံးဖြတ်ခဲ့ပြီး ဖြစ်သလို သူ ပထမဦးဆုံးသွားသင့်သော နေရာကိုလည်း သူ့ဖာသာ သတ်မှတ်ခဲ့ပြီး ဖြစ်သည်။

သူ မည် မျှကြာအောင် အတွေးတို့နှင့် လုံးထွေးရစ်ပတ်ကာ လျှောက်နေခဲ့မိသည် မသိ။

အနည်းငယ်ညောင်းလာတော့မှ လမ်းလျှောက်ခြင်းကို ခေတ္တရပ်လိုက်ပြီး ဘေးပန်းကို ဝေ့ဝဲ ကြည့်လိုက်တော့ အင်းစိန်ဓာတ်ဆီဆိုင်နား ရောက်နေကြောင်း တွေ့ ရသည်။

(Taxi) ဟူသော ဆိုင်းဘုတ်လေးများ ကားခေါင်မိုးပေါ်၌ တပ်ဆင်ထားကြသည့် ဆေး ရောင် မျိုးစုံနှင့် ဆလွန်းအငှားကားများ ကိုတွေ့ တော့ သူ တအံ့တဩ ဖြစ်၍ သွားလေသည်။

ကြည့်စမ်း… ဆယ့်သုံးနှစ် ဟူသော အချိန်ကာလဟာ အရာရာကို ဘယ်လောက်များ ပြောင်းလဲစေခဲ့ပါသလဲ။

ယခင်က အငှားကားများ မှာ လေးဘီးများ သာ ဖြစ်ပြီး ဆလွန်းကားများ ကတော့ ပိုက်ဆံချမ်း သာသော သူများ ၏ ဇိမ်ခံပစ္စည်းမျှသာ ဖြစ်ပါသည်။

ယခုတော့ တစ်ချိန်က (သူမ၏ ဖခင်) အပါအဝင် လူကုံထံများ ဂုဏ်ယူဝံ့ကြွားစွာ စီးခဲ့ကြ သော ဇိမ်ခံကားတို့က နံပါတ်အနီများ တပ်ဆင်လျက် အငှားယာဉ်များ ဖြစ်နေကြလေပြီ။

“ကားငှားမလို့လား အစ်ကို”

အငှားကားများ အား ရပ်တန့်ငေးမောနေမိသော သူ့အား ကားငှားမည် အထင်နှင့် အသက် နှစ် ဆယ်ကျော်ခန့် လူငယ်လေး တစ်ယောက် က အနားသို့ ရောက်လာပြီး မေးသည်။

“ကျွန်တော့်ကားက ကိုရိုနာဒီဇယ်ကား အစ်ကို၊ ကက်ဆက်ကော အဲယားကွန်းပါ ပါတယ်”

အရောင် မွဲမွဲ ခပ်စုတ်စုတ် ဂျင်းဘောင်းဘီနှင့် အပေါစားတီရှပ်ကို ဝတ်ဆင်ထားသည့် သူ့ အား ထိုလူငယ်လေးက ဘာကိုကြည့်ပြီး အထင်ကြီးနေသည် မသိ။

၎င်း၏ ကားကိုငှားရန် အတင်း စည်းရုံး၍ နေလေသည်။

“အစ်ကို ဘယ်သွားမလို့လဲ၊ ကျွန်တော် လိုက်ပို့ပေးပါ့မယ်”

ကောင်လေး၏ မေးခွန်းကို ဖြေလိုက်မိတာလား။

ဒါမှမဟုတ် သူ အလွန်သွားချင်နေသည့်နေရာကို စိတ်မှတ်မဲ့စွာ ရေရွတ်လိုက်မိသည်လား မသိ။

ခြောက်ကပ်ကပ် စကားသံတစ်ခုက သူ့နှုတ်ဖျားမှ ထွက်ပေါ်၍ လာသည်။

“ရွှေတောင်ကြားလမ်းထဲက အိမ်တစ်အိမ်”

“သိပ် ဖြစ်တာပေါ့၊ လာ..အစ်ကို”

သူ တစ်စုံတစ်ရာ ပြန်မပြောနိုင်ခင်မှာ ပင် ကောင်လေးက သူ့လက်မောင်းကိုဆွဲ၍ အပြာနု ရောင် ကားတစ်စီးဆီသို့ ဆွဲခေါ်၍ သွားသည်။

နောက်မိနစ် အနည်းငယ်ခန့်အကြာမှာ တော့ ခပ်သွက်သွက်မောင်းနှင်နေသော အငှား ကားပေါ်၌ သူရောက်ရှိနေလေသည်။ ကက်ဆက်နှင့် အဲယားကွန်းပါသည်ဆိုသော်လည်းကက် ဆက်ကိုသာဖွင့်ပြီး အဲယားကွန်းကိုတော့ မဖွင့်ဘဲ အဲယားကွန်းအစား ကားပြတင်းမှန်များ ကိုသာ ဖွင့်ပေးထားပါသည်။

သို့ သော် အဲယားကွန်းဖွင့်ခြင်း၊ မဖွင့်ခြင်းသည် သူ့အတွက် အရေး မကြီးလှ။ အရေး ကြီးနေ သည်က လောလောဆယ် နွားတံဆိပ်ဆေးပေါ့လိပ်တစ်လိပ်ကို အာသီသပြင်းပြစွာ သောက်ချင်နေ ခြင်းပင် ဖြစ်သည်။

ခပ်စုတ်စုတ်…ဂျင်းဘောင်းဘီအိတ်၏ အိတ်ကပ်များ ထဲသို့ လျှောက်စမ်းသော်လည်း ဆေးပေါ့လိပ် အတိုအစလေးတစ်ခုတလေကိုပင် သူ မတွေ့ မိပါ။ သို့ သော် ကံကောင်းထောက်မစွာ ကားဒက်ခ်ဘုတ်ပေါ်၌ ရွှေပြည်စိုး သုံေးလးလိပ်နှင့် ဂက်စ်မီးခြစ်တစ်လုံးကိုတော့ သူ မြင် ဖြစ်အောင် မြင်လိုက်မိပါသည်။

“ကိုယ် တစ်လိပ်ယူသောက်မယ်နော်”

အမှန်တော့ ထိုစကားပြောပြီးချိန်၌ ဆေးပေါ့လိပ်ကို သူကောင်းစွာ မီးညှိနေပြီးနေပြီ။

ယာဉ်မောင်းကောင်လေးက သဘောကောင်းစွာ ပင် “ရပါတယ်အစ်ကို သောက်ပါ” ဟု ခွင့်ပြုစကားပြန်ပြောချိန်၌ သူ စိတ်မဝင်စားတော့။ ဆေးပေါ့လိပ်ကိုသာ အရသာခံ၍ ဖွာရှိုက်နေပြီ ဖြစ်သည်။ အချိန်အနည်းငယ်နှင့် ဆေးပေါ့လိပ်လက်တစ်ဆစ်ခန့်လောက်ကို ဖွာရှိုက်ပြီးတော့မှ သူ ကောင်လေးကို မေးလိုက်သည်။

“စကားမစပ် မောင်ရင်နဲ့ကိုယ် ကားခအကြောင်း မပြောရသေးဘူးနဲ့ တူတယ်”

ကောင်လေးက ခေါင်းတစ်ချက်ညိတ်ပြီးမှ…

“သုံးရာ့ငါးဆယ်ပဲ ပေးပါအစ်ကို”

“သုံးရာ့ငါးဆယ်”

သူ သံယောင်လိုက် ရေရွတ်လိုက်တော့ ကောင်လေးက တစ်ချက်ရယ်လိုက်သည်။

“ဆီဈေးက တစ်ဂါလန်ကို သုံးရာကျော်နေပြီ အစ်ကို၊ ကျွန်တော် အနည်းဆုံးလျှော့ယူထား တာပါ၊ တချို့ဆိုရင် ဒီခရီးကို လေးရာ၊ လေးရာငါးဆယ်လောက်မရရင် မလိုက်ဘူး၊ ကျွန်တော့် ကား က ဒီဇယ်မို့လို့ ဒီလောက်လျှော့ပေးထားတာ နောက်ပြီး ဈေးဦးပေါက်လည်း ဖြစ်နေလို့”

ဆယ့်သုံးနှစ် လောက်ကာလရဲ့ အံ့ဩဖွယ်ပြောင်းလဲမှု တွေ ထဲမှာ ဆီဈေးကြီးမှု နှင့် ကားခ ဈေးမြင့်မှု တို့လည်း ပါပါလားဟု သူတွေးရင်း ဆေးပေါ့လိပ်ကို စိတ်ပျက်စွာ ခပ်ပြင်းပြင်း ဖွာရှိုက် လိုက်မိသည်။

“မောင်ရင်တောင်းတဲ့ဈေးက မဆိုးပါဘူး၊ ဒါပေမယ့် ခက်တာက ကိုယ် မောင်ရင့်ကားခကို အပြည့်ပေးနိုင်မယ် မထင်ဘူး”

“ဗျာ”

ကောင်လေး သူ့ကို တအံ့တဩ လှည့်ကြည့်သည်။

“လမ်းတစ်ဝက်လောက်ရောက်တော့မှ အစ်ကိုက ဈေးဆစ်နေတာလား”

“မဟုတ်ပါဘူး၊ ကိုယ့်မှာ ပိုက်ဆံ လုံလုံလောက်လောက် ပါမလာလို့ပါ”

သူ့စကားကြောင့် ယာဉ်မောင်းကောင်လေး စိတ်ပျက်လက်ပျက် ဖြစ်သွားပုံမှာ သနားစရာ ပင် ကောင်းလှပါသည်။

“ကိုယ်တို့ ဒီလိုလုပ်ကြတာပေါ့၊ ကိုယ့်မှာ ပါသလောက်ပိုက်ဆံ မောင်ရင်ယူထားလိုက်၊ ပြီးရင် ရှေ့နားမှာ ကိုယ့်ကို ချထားပေးခဲ့”

“ခင်ဗျား ရွှေတောင်ကြားကို ဆက်မသွားတော့ဘူးလား”

ကောင်လေး ဇဝေဇဝါနှင့် မေးတော့ သူ ကောင်လေးကိုကြည့်ကာ ခပ်ယဲ့ယဲ့ပြုံးပြီး ပြော လိုက်သည်။

“အသေအချာကို သွားမှာ ပေါ့။ ဒီနေ့ အဲဒီ ကိုမ သွားပါနဲ့လို့ သိကြားမင်းက ဆင်းတားလာ ရင်တောင် ကိုယ် ကတော့ လမ်းလျှောက်ပြီး ရောက်အောင်သွားမှာ ပဲ၊ ကဲ…ရှေ့နားမှာ ကားရပ် လိုက်တော့”

ကားရပ်သွားသည်နှင့် ကားတံခါးဖွင့်ကာ ဆင်းလိုက်ပြီး ဘောင်းဘီအိတ်ကပ်ထဲမှ ရှိစုမဲ့စု ငွေစက္ကူတို့ကို ထုတ်ကာ ကောင်လေးကို လှမ်းပေးလိုက် သည်။

ထို့နောက် ကားတံခါးကို ပြန်ပိတ်၍ လှည့်ထွက်ရန်ပြင်ဆင်နေစဉ်မှာ ပင် ယာဉ်မောင်း လူငယ်လေးက သူ့ကို လှမ်းပြောသည်။

“ခင်ဗျား အင်းစိန်ကနေ ရွှေတောင်ကြားလမ်းလိုနေရာမျိုးကို သွားချင်တယ်ဆိုရင် ပိုက်ဆံ လုံလုံလောက်လောက် ထည့်လာဖို့ ကောင်းတယ်”

ကောင်လေးစကားကြောင့် သူပြုံးလိုက်သည်။

“ကိုယ်လဲ ထည့်လာချင်တာပေါ့ ညီလေးရဲ့ ၊ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နာရီလောက်ကမှ ထောင်ထဲက ထွက်လာတဲ့လူ တစ်ယောက် မှာ ဘယ်လိုလုပ်ပြီး ငွေများများ စားစား ပါလာနိုင်ပါ့မလဲ”

စကားဆုံးသည်နှင့် သူလှည့်ထွက်လာခဲ့သည်။

ယာဉ်မောင်းလူငယ်လေး ကတော့ သူ့နောက်ကျောကို တအံ့တဩနှင့် ငေးကြည့်ကျန်ရစ်ခဲ့ လေသည်။

•••

သီဟမင်းဒင်

ဂေါက်ရိုက်တံကိုလွှဲ၍ ဆတ်ခနဲ ခပ်ဖွဖွလေးရိုက်ထည့်လိုက်၏ ။ ဂေါက်သီးက သုံးမီတာ လောက် အကွာအဝေးရှိ ကျင်းဆီသို့ ဖြည်းညင်းစွာ လိမ့်ထွက်သွားချိန်၌ သူ့မျက်လုံးက ဂေါက်သီး သွားရာလမ်းတစ်လျှောက် အသာအယာ လိုက်ပါသွားကြသည်။ ကျင်းနှုတ်ခမ်းအစပ်သို့ အရောက် ဂေါက်သီးက အရှိန်သေသွားသည့်ပမာ တုံ့ခနဲ ဖြစ်သွားပြီးမှ ကျင်းထဲသို့ လှပစွာ ဝင်ရောက်သွား လေသည်။

သီဟ လေတစ်ချက်ချွန်လိုက်ပြီး လက်ထဲမှဂေါက်ရိုက်တံကို ဘေးနားမှာ ရပ်နေသည့် သူ၏ ဒရိုင်ဘာကိုလုံးထံသို့ ပစ်ပေးလိုက် ပြီး အိမ်ဘက်သို့ လျှောက်လာခဲ့သည်။

ဂေါက်ရိုက်ဝါသနာပါသူပီပီ သူ၏ ခြံထဲ၌ ပင် ဂေါက်ရိုက်ကျင့်ရန် ဂေါက်ကွင်းအငယ်စားလေး လုပ်ထားပြီး မနက်တိုင်း သူ ဂေါက်ရိုက်ကျင့်လေ့ရှိသည်။ ယနေ့ ဂေါက်ရိုက်ကျင့်ရခြင်း ကတော့ သူ့အတွက် အတော့် ကို အားရကျေနပ်စရာ ကောင်းလှပါသည်။

ဤပုံအတိုင်းဆိုလျှင် လာမည့် အပတ်ဂေါက်ကွင်း၌ သူ ကောင်းစွာ အစွမ်းပြနိုင်လိမ့်မည် ထင်သည်။ ဂေါက်ရိုက်ခြင်း၌ အာရုံဝင်စားနေသဖြင့် ယခုမှပင် သူ၏ ဝမ်းဗိုက်တွင်းမှ မနက်စာကို တောင့်တနေကြောင်း သတိပြုမိလာသည်။

အိမ်မကြီး၏ ဘေးတံခါးမှ အိမ်ထဲသို့ လှမ်းဝင်ပြီး ထမင်းစားခန်းမဆီသို့ သူလျှောက်လာရင်း “ဒေါ်အေးကြွယ်ရေ ဆာပြီဗျို့၊ ဘရိတ်ဖတ် ပြင်လိုက်တော့” ဟု..လှမ်းအော်လိုက်တော့ အိမ်ဖော် အမျိုးသမီးကြီးက မီးဖိုထဲမှ ကပျာကယာ ပြေးထွက်လာသည်။

“အားလုံး အဆင့်သင့်ပဲဆရာ ထမင်းစားပွဲပေါ်မှာ ပြင်ထားပြီးပြီ၊ ကော်ဖီတောင် အေးနေ မလားမသိဘူး၊ ပြန်နွေးလိုက်မယ်”

“မနွှေးနဲ့တော့ ဒေါ်အေးကြွယ်၊ ဒီတိုင်းပဲသောက်မယ်၊ သားရော နိုးပြီလား”

မနိုးသေးဘူးဆရာ အိပ်တုန်းပဲ၊ ကျွန်မ သွားနှိုးလိုက်ရမလား”

“နေပေ့စေ မနှိုးနဲ့ ဒေါ်အေးကြွယ်၊ ဒီနေ့ ကျောင်းရှိတာမှမဟုတ်တာ အိပ်ပါစေ”

ထမင်းစားခန်းထဲရောက်တော့ သူ့အတွက် မနက်စာက မွှေးပျံ့စွာ စားပွဲပေါ်၌ အသင့်စောင့် ကြိုနေပါသည်။

သူ၏ မနက်စာက ထုံးစံအတိုင်း ကြက်ဥကြော်နှစ် လုံး၊ အမဲသားပြုတ်ကြော်၊ ပေါင်မုန့်မီးကင် လေးချပ်၊ သီးမွှေးငှက်ပျောသီးတစ်လုံးနှင့် ကော်ဖီတစ်အိုးတို့ ဖြစ်သည်။

ထိုမနက်စာကို နေ့စဉ်လိုလို သူ တစွဲတလမ်း စားလေ့ရှိသော်လည်း ရောင် နီနှင့် သားလေး တို့ ကတော့ ထိုမနက်စာမျိုးကို ခံတွင်းမတွေ့ ဟုဆိုသည်။ အထူးသဖြင့် သူ၏ တစ်ဦးတည်းသော သား ဖြစ်သူက ပိုဆိုးပါသည်။

ထိုကလေးက အစားအသောက်နှင့် ပတ်သက်လျှင် အလွန်ဇီဇာကြောင်သူ ဖြစ်၏ ။

“ကျွန်တော် ဘိုစာတွေ ကို မကြိုက်ဘူး ဒက်ဒီ၊ မုန့်ဟင်းခါးစားချင်တယ်၊ ဝယ်ခိုင်းပေးပါ”

“ဆိုင်ကရောင်းတာတွေ မသန့်ဘူးသားရဲ့ ၊ ဗိုက်နာလိမ့်မယ်”

“ဒါပေမယ့် ကျွန်တော် မှ ဒီဟာတွေ မစားချင်တာပဲ”

တစ်ခါတစ်ရံ ပဲပြုတ်နှင့် ထမင်းကြမ်း စားချင်သည်ဟုပင် ဂျီကျတတ်ပါသေးသည်။

ရှားရှားပါးပါး ရရှိထားသည့် တစ်ဦးတည်းသော သားလေး ဖြစ်သဖြင့် ၎င်း၏ အလိုကို လိုက်ရ မြဲ ဖြစ်သည်။ သူ ငရုတ်ကောင်းမှု န့်ဘူးကို လှမ်းယူလိုက်ပြီး ကြက်ဥကြော်နှင့် အမဲသားပြုတ်ကြော် ပေါ်သို့ ခပ်များများ လေး ဖြူးလိုက်သည်။

ထို့နောက် ခက်ရင်းကိုယူ၍ အမဲသားပြုတ်ကြော်ပေါ်သို့ ထိုးစိုက်ကာ သူ့ပါးစပ်ဆီသို့ မ ယူလိုက်၏ ။

သို့ သော် အသားတုံးက ပါးစပ်ဆီသို့ ရောက်ရှိမလားပါ။ လမ်းတစ်ဝက်မှာ တင် ခက်ရင်းထိပ် မှ အမဲသားတုံးကို လက်တစ်ဖက်က ဝင်ရောက်ဖြုတ်ယူလိုက်ခြင်းကြောင့် ဖြစ်သည်။

သူ ထောင်းခနဲ ဖြစ်သွားပြီး ပါးစပ်နားရောက်မှ အသားပြုတ်ကြော်ကို ဖြုတ်ယူလိုက်သည့် လက်ပိုင်ရှင်အား ဒေါသတကြီး မော့ကြည့်လိုက်၏ ။

သူ၏ ခက်ရင်းထိပ်မှ အသားတုံးကို ဖြုတ်ယူပြီး အားရးပါးရ ဝါးစားနေသာ သူ့ဘေးမှ တစ်စုံ တစ်ယောက် ကို တွေ့ လိုက်ချိန်မှာ တော့ သူ့ရင်ထဲမှ ဒေါသများ လွင့်စဉ်ထွက်ပြေးသွားကြသည်။

“မုန်တိုင်း…”

အသံမထွက်ဘဲ ရေရွတ်လိုက်ချိန်မှာ ပင် မုန်တိုင်းက ရှေ့တည့်တည့်မှာ ဝင်ထိုင်ပြီး သူ့ရှေ့မှ မနက်စာပန်းကန်ကို ဆွဲယူကာ အကျအန စားနေလေတော့သည်။

သူ မုန်တိုင်းကို တစ်ခုခုပြောရန် လိုအပ်ကြောင်း တွေးမိသော်လည်း ဘာကြောင်းအရာက စတင်၍ ပြောရမည် ဟု သူ စဉ်းစား၍ မရပါ။ “မင်း ဘယ်တုံးက လွတ်လာသလဲ” ဟု မေးလိုက်လျှင် ကောင်းမလား၊ ဒါမှမဟုတ် “မင်း အသားတွေ မည်းပြီး ဝလာတယ်” ဟု ပြောလိုက်ရမလား။

သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာ ပင် မုန်တိုင်းက (သူအမြဲတမ်း ဆယ်မိနစ်ခန့် အချိန်ယူ၍ စားရ သော ) မနက်စာကို မိနစ်ပိုင်းအတွင်းမှာ ပင် စားပြီးသွားပြီ ဖြစ်သလို ကော်ဖီကိုပင် ငှဲ့ကာ သောက်သုံး နေပြီ ဖြစ်သည်။

၎င်း၏ ပုံစံက မိမိပိုင် ထမင်းစားခန်းအတွင်း၌ မိမိ၏ မနက်စာကို ထိုင်စားနေသူ တစ်ယောက် ပမာ အေးအေးဆေးဆေး ရှိလှပါသည်။

သို့ သော် သူ ကတော့ မုန်တိုင်းလို မအေးဆေးနိုင်ပါ။

မနက်ပိုင်း ဆေးလိပ်သောက်လေ့သောက်ထ မရှိသော်လည်း စိတ်ရှုပ်ထွေးမှု ကြောင့် ဘေး နားမှ ငါးသုံးလုံးဘူးကို လှမ်းယူကာ တစ်လိပ်ထုတ်ပြီး မီးညှိလိုက်သည်။

မုန်တိုင်းက သူ့ကို တစ်ချက်လှမ်းကြည့်သည်။

“အတော် ပဲကွာခံတွင်းချဉ်နေတာနဲ့ အဲဒီ မင်းလက်ထဲက စီးကရက် ငါ့ဆီ လှမ်းလိုက်စမ်းပါ”

မုန်တိုင်း၏ အသံက ဟိုးယခင်ကလိုပင် ထောင့်မကျိုးလှသည့် ကြွပ်ဆတ်ဆတ်လေသံ ဖြစ်သည်။

အထက်စီးနိုင်လှသော ၎င်း၏ လေသံကပင် ဆွဲဆောင်နိုင်သည်လား။ သူကိုယ်တိုင်ကပင် ငယ်ငယ်ကလို မုန်တိုင်းအပေါ် ချစ်ခင်ကြောက်ရွံ့နေဆဲကြောင့် ပဲလား မပြောတတ်။ လက်ထဲမှ မီး ညှိပြီးစ စီးကရက်ကို ၎င်းထံသို့ လှမ်းပေးလိုက်သည်။

မုန်တိုင်း သောက်လက်စ ကော်ဖီခွက်ကို မော့ချလိုက်ပြီး စီးကရက်ကို အားရပါးရ ဖွာရှိုက် လိုက်သည်။ ထို့နောက် စားပွဲပေါ်မှ ပန်းကန်တို့ကို တစ်ဖက်သို့ တွန်းပို့လိုက်ပြီး ၎င်းခြေထောက်နှစ် ချောင်းကို စားပွဲပေါ်သို့ ပစ်တင်ကာ ခါးဆန့်ရင်း စီးကရက်ကို စိမ်ပြေနပြေ ဖွာရှိုက်နေတော့သည်။

“မုန်တိုင်း မင်းခြေထောက်တွေ အောက်ကိုပြန်ချလိုက်ရင် ကောင်းမယ်”

“ဘာ ဖြစ်လို့လဲ”

“အဲဒါ ထမင်းစားပွဲကွ ခြေထောက်မတင်ကောင်းဘူး၊ နောက်ပြီး ယဉ်ကျေးမှု အရ…”

“ရှေးရှေးတုန်းက အယူအဆတွေ နဲ့ ငါ့ကို ဩဝါဒကထာတွေ လာမခြွေနေစမ်းပါနဲ့ သီဟရာ၊ မင်းတို့ လူကုံထံတွေ သောက်တဲ့ ဟောဒီ စီးကရက်ကို ဇိမ်ရှိရှိလေး သောက်စမ်းပါရစေ”

ဆယ့်သုံးနှစ် ဆိုတဲ့ အချိန်ကာလဟာ မုန်တိုင်းကို နည်းနည်း လေး ရင့်ကျက်လာအောင် တောင် လုပ်မပေးနိုင်ခဲ့ပါလား ဟု သူ စိတ်ပျက်စွာ တွေးလိုက်သည်။

မုန်တိုင်း ကတော့ သူ့ကို ဂရုမစိုက်ဘဲ စီးကရက်ကိုသာ အရသာခံ၍ ဖွာရှိုက်နေဆဲ ဖြစ်၏ ။

တကယ်တော့ ဒီလို ဖြစ်ဖို့ မကောင်းပါ။ နှစ် ပေါင်းများ စွာ ကွဲကွာနေခဲ့သော သူငယ်ချင်းနှစ် ယောက် ရဲ့ ပြန်လည်ဆုံတွေ့ မှု ဟာ ခုလိုမျိုး ခြောက်သွေ့တိတ်ဆိတ်မနေသင့်။ သူ တစ်ခုခုပြောဖို့ စကားစတင် ပြင်လိုက်စဉ်မှာ ပင် တိတ်ဆိတ်နေသော ထမင်းစားခန်းထဲသို့ တစ်စုံ တစ်ယောက် ဝင် ရောက်လာ၏ ။

“ဒယ်ဒီ…”

အသံလာရာသို့ လှည့်ကြည့်ရာ၌ မုန်တိုင်းက သူ့ထက်လျင်မြန်ပါသည်။ ထမင်းစားခန်းဝ၌ ညဝတ်အင်္ကျီ ကပိုကရိုနှင့် ရပ်နေသော သားလေးက သူ့ကိုတစ်လှည့် မုန်တိုင်းကိုတစ်လှည့် ကြည့် ရင်း တအံ့တဩ ဖြစ်နေပုံရသည်။

“ဒါက သီဟမင်းဒင်ရဲ့ သား ဂျူနီယာမင်ဒင်လေးပေါ့ ဟုတ်လား၊ လာပါဦးကွ”

မုန်တိုင်းက သားကိုလှမ်းခေါ်တော့ သားက ၎င်းထံသို့ သွားရမလား၊ ထမင်းစားပွဲကိုပတ်၍ သူ့ထံသို့ လာရမလား ဇဝေဇဝါ ဖြစ်နေသည်။

အမှန်တော့ သားကို မုန်တိုင်းနှင့် ဆုံစည်းရင်းနှီးခွင့် မပေးချင်ပါ။ ထို့ကြောင့် သားကိုသူက ခပ်သွက်သွက်လှမ်းပြောလိုက်၏ ။

“မျက်နှာသစ်ပြီး အဝတ်အစားတွေ ….သွားလဲလိုက်ဦးလေ သားရဲ့ ”

“မျက်နှာက ဘယ်အချိန်သစ်သစ် ရပါတယ်..သီဟရာ၊ အပိုတွေ လုပ်မနေစမ်းပါနဲ့၊ ဒီမှာ လူကြီးမင်းလေး မင်း ဦးနားကိုလာမယ်ဆိုရင် ဦး မင်းကို မျက်လှည့်တစ်ခုပြမယ် ဘယ့်နှယ့်လဲ”

“မျက်လှည့်”

သား၏ မျက်လုံးများ က စိတ်ဝင်စားမှု ဖြင့် ဝင်းလက်သွားကြသလို သား၏ ခြေထောက်တို့က လည်း ထမင်းစားခန်းထဲသို့ စတင်လှမ်းလာကြပြီ ဖြစ်သည်။ ဖြစ်နိုင်လျှင် သား၏ လှမ်းလက်စခြေ လှမ်းများ ရပ်တန့်သွားအောင် ဖြစ် ဖြစ်၊ ဒါမှမဟုတ်လည်း ဟောဒီ ထမင်းစားခန်းထဲမှ မုန်တိုင်း ပျောက်ကွယ်သွားအောင် ဖြစ် ဖြစ် သူ လုပ်ပစ်လိုက်ချင်ပါသည်။

မုန်တိုင်းလို ရိုင်းစိုင်းကြမ်းတမ်းသော လူ တစ်ယောက် နှင့် သူ၏ သား ခင်မင်ရင်းနှီးသွားမှာ အလွန်စိုးရိမ်လှပါသည်။

သို့သော် သူစိုးရိမ်နေချိန်မှာ ပင် သားက မုန်တိုင်းနားသို့ ရောက်ရှိသွားပြီ ဖြစ်၏ ။

“ဟောဒီ ဦးနှုတ်ခမ်းမှာ ကိုက်ထားတဲ့ ဆေးလိပ်တိုကို ဦးက လက်နဲ့အုပ်ကိုင်ပြီး ဖျောက်ပြ မယ်၊ ကဲ…ကြည့်မလား”

“ဟုတ်”

မုန်တိုင်းက ၎င်း၏ နှုတ်ခမ်း၌ ခဲထားသော စီးကရက်ကို လက်နှင့် အုပ်ကိုင်ကာ ဆုပ်ကိုင်ယူ လိုက်ဟန်ပြပြီး လက်ကို ခွာလိုက်သည်။

၎င်းနှုတ်ခမ်း၌ စီးကရက်မရှိတော့သလို ဆုပ်ကိုင်ထားသည့်လက်ကို ဖြေပြလိုက်သည့်အခါ မှာ လည်း…မည် သည့်ဆေးလိပ်တိုမျှ ရှိမနေပါ။ ထို့နောက် လေထဲမှ တစ်စုံတစ်ရာကို လှမ်းဆုပ်ယူ လိုက်ဟန်ပြုပြီး ၎င်း၏ ပါးစပ်ပေါ်သို့ ပြန်အုပ်ကာ လက်ကိုခွာလိုက်ပြန်တော့ မုန်တိုင်း၏ နှုတ်ခမ်း၌ စောစောကစီးကရက်တိုလေးက တွဲ လဲခိုလျက် ပြန်လည်ရောက်ရှိနေသည်။

သားက သဘောကျစွာ ရယ်လိုက်ပြီး “ဘယ်လိုလုပ်တာလဲ ဦးဦး” ဟု မေးသည်။

“အဲဒါ ခု ပြောပြောနေကြတဲ့ ဂမ္ဘီရပေါ့သားရဲ၊ ဒါနဲ့ သား အသက်ဘယ်လောက်ရှိပြီလဲ”

“ဆယ့်နှစ် နှစ် ”

“နာမည် ကရော ဘယ်လိုခေါ်သလဲ”

“ကောင်းမြတ်သူ”

“ဟာ… အပျံစားပါလား”

“တစ်ဆိတ်လွန်ပြီထင်တယ်” ဟု သီဟ မနာလိုစွာ တွေးလိုက်သည်။ သား မုန်တိုင်းအပေါ် ဒီထက်ပိုပြီး ရင်းနှီးမသွားစေချင်ပါ။

“သား…ရေသွားချိုးဖို့ သင့်ပြီ၊ တော် ကြာ ကျောင်းသွားရဦးမယ်လေ”

“ဒီနေ့ ကျောင်းမှမရှိတာ ဒယ်ဒီရဲ့ ”

ဟုတ်သားပဲ။ သူ ဘာ ဖြစ်လို့များ အယောင်ယောင်အမှားမှားတွေ ဖြစ်နေရပါလိမ့်။ ဘာပဲ ဖြစ် ဖြစ် ဟောဒီထမင်းစားခန်းထဲက သားပြန်ထွက်သွားအောင်တော့ လုပ်ရပါလိမ့်မည် ။

“ဖေဖေတို့ လူကြီးချင်း စကားပြောစရာ ရှိသေးတယ်လေ သားရဲ့ ၊ အဲဒီ တော့ သား မျက်နှာ သွားသစ်ပြီး သားစားချင်တာ ဒေါ်အေးကြွယ်ကို သွားလုပ်ခိုင်း”

“ဟုတ်”

သား ကျိုးနွံစွာ ထမင်းစားခန်းထဲမှ ပြန်ထွက်သွားတော့ သူ သက်ပြင်းချလိုက်မိပါသည်။

“မင်း မိန်းမလဲ မတွေ့ ပါလား သီဟ”

မင်းမိန်းမ..တဲ့။

အရင်က သူမအား ရောင် နီလို့ အမြဲတမ်းခေါ်တတ်တဲ့ မုန်တိုင်းက ဘာ ဖြစ်လို့များ မင်းမိန်းမ လို့…သုံးနှုန်းလိုက်တာလဲ။

ဒါဟာ နည်းနည်း ထူးဆန်းမနေဘူးလား။

တစ်နည်းအားဖြင့် ရောင် နီ့ကို သူငယ်ချင်းဟောင်း တစ်ယောက် အနေနဲ့တောင် သဘော မထားနိုင်တော့ဘူးလို့..ဆိုလိုလိုက်တာများ လား။

ယင်းသို့ ဆိုလျှင်တော့ သူ နည်းနည်း လေးမှ စိတ်မကောင်း ဖြစ်မိမည် မဟုတ်ပါ။

“ရောင် နီ…သူ့မိတ်ဆွေ တစ်ယောက် အိမ်မှာ ဘုန်းကြီးဆွမ်းကျွေးရှိလို့ သွားတယ်၊ မင်းတွေ့  ချင်ရင်တော့…နှစ် နာရီသုံးနာရီလောက် ထိုင်စောင့်ရမယ်”

သူ၏ စကားက ရောင် နီနှင့်ပတ်သက်သည့် မုန်တိုင်း၏ သဘောထားကို တီးခေါက်ကြည့် လိုက်ခြင်းလည်း ဖြစ်ပါသည်။

သို့ သော် မုန်တိုင်းက ခေါင်းကို ခါယမ်းလိုက်၏ ။

“ငါ…သူနဲ့တွေ့ ဖို့ လာတာမဟုတ်ဘူး”

မုန်တိုင်း၏ အဖြေကြောင့် သီဟ အနည်းငယ်အားတက် ကျေနပ်သွား၏ ။

“မင်း အကူအညီတစ်ခုခု လိုနေသလား၊ ငွေရေး ကြေးရေး ဖြစ် ဖြစ်ပေါ့”

သူ့စကားကြောင့် မုန်တိုင်း ဟက်ဟက်ပက်ပက် ရယ်၏ ။

၎င်း၏ ရယ်သံက တစ်ဖက်လူ မခံချင်သည့် မခိုးမခန့်ရယ်သံမျိုး ဖြစ်သည်။ သီဟ အိတ်ကပ် ထဲမှ ပိုက်ဆံအိတ်ကိုဖွင့်၍ မေဖလားဝါး (ATM) ကတ်ကို ထုတ်ယူကာ ၎င်းရှေ့သို့ ချပေးလိုက် သည်။

“ဒါ ဘာလဲ”

“စက်ထဲထည့်ပြီး ပိုက်ဆံထုတ်လို့ရတဲ့ အေတီအမ်ကတ်၊ အဲဒီ ကတ်ထဲမှာ ငွေတစ်သိန်း ကျော်ရှိတယ်၊ လျှို့ဝှက်နံပါတ်နဲ့ ငွေထုတ်ပုံထုတ်နည်း ငါ ပြောပြလိုက်မယ်”

မုန်တိုင်း ကတ်ကိုယူကြည့်လိုက်သည်။

ထို့နောက် လက်ထဲမှာ ကိုင်ထားရင်း ပြောသည်။

“ဟောဒီထောင့်မှာ အပေါက်ဖောက်ပြီး သော့ ချိတ်လုပ်ရင်တော့ အတော် ကောင်းမှာ ပဲ၊ ဒါပေမယ့်…လောလောဆယ် ငါ့အတွက် ငွေရောသော့ ချိတ်ပါ မလိုသေးဘူး သီဟ၊ ကဲ ငါပြန်မယ်”

ကတ်ကို သူ့ရှေ့သို့ ပစ်ချပေးပြီး…မုန်တိုင်း ထိုင်ရာမှထရပ်တော့ သူပါ မုန်တိုင်းနည်းတူ ထိုင် ရာမှထရပ်ရင်း အလျင်အမြန် မေးလိုက်သည်။

“နေစမ်းပါဦး၊ မင်း ဒီကိုလာတာ ရောင် နီနဲ့တွေ့ ဖို့လဲ မဟုတ်ဘူး၊ အကူအညီတစ်ခုခု တောင်းဖို့လဲ မဟုတ်ဘူး”

“ဒါဖြင် ဘာလာလုပ်တာလဲ”

“မင်းရဲ့ မနက်စာကို လာလုစားတယ်လို့ပဲ မှတ်လိုက်ပေါ့ကွာ”

“အပိုတွေ …လုပ်မနေနဲ့ မုန်တိုင်း၊ မင်း ဘယ်ကိစ္စကိုမှ အကြောင်းမဲ့မလုပ်ဘူးဆိုတာ ငါသိတယ်”

သူ့စကားအဆုံး၌ မုန်တိုင်း သူ့ဘက်သို့ ပြန်လှည့်ကာ စေ့စေ့ကြည့်သည်။

“မင်း သိပ်သိချင်နေရင်လဲ ပြောရတာ ပေါ့၊ ငါ ဒီကိုလာတာဟာ ဒီနေ့ ငါထောင်က ထွက်လာ ပြီဆိုတာ မင်းတို့ သိစေချင်လို့ တမင်လာတာ၊ မုန်တိုင်းလာရင် လေကြမ်းပါတယ်သီဟ၊ ဒီတော့ ဒီနေ့ကစပြီး မင်းတို့မိသားစုထဲမှာ …လေကြမ်းမွှေ့တော့မယ်ဆိုတာ လာသတိပေးတာ”

စကားဆုံးသည်နှင့် မုန်တိုင်း လှစ်ခနဲ ထွက်ခွာသွားသည်။

မုန်တိုင်းလာရင် လေကြမ်းပါတယ်တဲ့။

သေလိုက်စမ်း…

သူ ဒေါသ ဖြစ်စွာ အံကို တင်းတင်းကြိတ်ထားမိသည်။

ထို့နောက် သူတစ်ခါမျှ မလုပ်ဖူးသော အလုပ်ကို လုပ်လိုက်သည်။

အုတ်နံရံကို လက်သီးဖြင့် ထိုးလိုက်ခြင်းပဲ ဖြစ်သည်။

•••

ရောင် နီဦး

အသက် သုံးဆယ့်သုံးနှစ် အရွယ် အမျိုးသမီး တစ်ယောက် အနေနှင့် ရှိရင်းစွဲအသက်ထက် ငါးနှစ် လောက် နုပျိုလှပနေခြင်းဖြင့် စီးပွားရေး လုပ်ငန်းများ အောင်မြင်နေခြင်းက ပုံမှန်အားဖြင့် ဆို လျှင်ဂုဏ်ယူဖွယ် ဖြစ်သော်လည်း တစ်ခါတစ်ရံတော့ ရောင် နီဦးအနေနှင့် အလွန်စိတ်ပျက်ရပါသည်။

အထူးသဖြင့် လူစုလူဝေးများ သော ဧည့်ခံပွဲများ ၌ သူမ၏ အလှနှင့် သူမ၏ အောင်မြင်မှု တို့ အကြောင်း တစ်ယောက် ပြီး တစ်ယောက် လာရောက်ချီးမွမ်းတိုင်း သူမ စိတ်ညစ်ရမြဲ ဖြစ်သည်။

ယနေ့ ဆွမ်းကျွေး၌ လည်း ထုံးစံအတိုင်း ထိုဒုက္ခကို သူမ ခံရပါသည်။

ထို့ကြောင့် လူအနည်းငယ်ရှင်းသည်နှင့် အိမ်ရှင်မိတ်ဆွေကို နှုတ်ဆက်ပြီး သူမ အိမ်ကို အမြန်ပြန်လစ်လာခဲ့သည်။

ကားမောင်းရင်း ယနေ့အဖို့ သူမရေး ဆွဲထားသော အစီအစဉ်များ ကို ပြန်စဉ်းစားလိုက် သည်။ ယနေ့ ကုမ္ပဏီပိတ်ရက် ဖြစ်သဖြင့် နေ့လယ်၌ သားကို နဲဗားလန်းကစားကွင်းသို့ လိုက်ပို့ရ မည် ။

ညနေဘက် ဧည့်ခံပွဲတစ်ခုကိုတော့ အကြောင်းတစ်ခုခုပြပြီး ရှောင်ရပါလိမ့်မည် ။

အကြောင်း ကတော့ သူမတို့မိသားစုသုံးဦးတည်း ဆိုင်ကောင်းကောင်းတစ်ဆိုင်၌ ညစာ သွားစားချင်သော ကြောင့် ဖြစ်သည်။

ကုန်းမြင့်လေးကို အရှိန်နှင့် ကွေ့တက်ရင်း ဟွန်းနှစ် ချက်ဆင့်တီးလိုက်တော့ ကိုလုံးက ခြံ တံခါးကို အပြေးအလွှား လာဖွင့်ပေး၏ ။

ခြံထဲရောက်တော့ ကိုလုံးနှင့် သား ဘောလုံးကစားနေကြခြင်း ဖြစ်ကြောင်း တွေ့ ရသည်။

ဆံပင်ပါးပါးပျော့ပျော့လေးနှင့် မျက်တောင်ကော့ကော့လေးများ ပိုင်ဆိုင်သော သားက သူမ ထံသို့ ပြေးလာသည်။

သားကိုတွေ့ လိုက်သည်နှင့် သူမ၏ အမောတို့ ပြေပျောက်သွားမြဲ ဖြစ်သည်။

“မာမီ သားအတွက် ဘာပါလဲ”

“ပါတာပေါ့ သားရဲ့ ”

အမှန်တော့ သူမ သားအတွက် ဘာမျှမဝယ် ဖြစ်ခဲ့ပါ။

သို့ သော် ထိုသို့ မေးလျှင် ဖြေရှင်းနိုင်အောင် သူမကားဒက်ခ်ဘုတ်ထဲ၌ ဂျယ်လီနှင့် စားစရာ မျိုးစုံကို အမြဲတမ်း ဝယ်ထည့်ထားရပါသည်။

“ရော့…တစ်ခုပဲ စားရမယ်နော်”

ဒက်ခ်ဘုတ်ထဲမှ ဂျယ်လီတစ်ခုကို ယူပြီးပေးလိုက် တော့မှ သားက သူမပါးကိုနမ်းကာ ပြန် လည် ပြေးထွက် သွားပါသည်။

“ကိုမင်းကော…ကိုလုံး”

“အိမ်ထဲမှာ ပဲ အစ်မလေး”

“ဧည့်သည်လာသေးလား”

“ တစ်ယောက် တော့ လာသွားတယ်၊ ဆရာနဲ့ ထမင်းစားခန်းထဲမှာ စကားပြောပြီး ပြန်သွား တာ၊ တအောင့်လောက်ပဲ ရှိသေးတယ်၊ ကောင်းမြတ်ပြောတော့ အဲဒီ ဧည့်သည်က ကောင်းမြတ်သူ လေးကို မျက်လှည့်တွေ ဘာတွေ တောင် လုပ်ပြသွားတယ်တဲ့”

ဘာရယ်ကြောင့် မှန်းမသိဘဲ သူမရင်ထဲ ထင့်ခနဲ ဖြစ်သွား၏ ။ မျက်လှည့်ပြတတ်သည့်သူမျိုး သူတို့မိတ်ဆွေများ ထဲ၌ တစ်ယောက် မျှ မရှိပါ။

အိမ်ထဲရောက်တော့ သူမ စိတ်ထင့်ခြင်းက ဒီဂရီ ပိုတိုး သွားပါသည်။

“ဘုရားရေ…ကိုမင်း…လက် ဘာ ဖြစ်သွားတာလဲ”

ကိုမင်းက ၎င်း၏ ပတ်တီးဖြူဖြူများ စည်းထားသော ညာဘက်ကို ငုံ့ကြည့်ရင်းက ဘာမှ အရေး မကြီးဟန်နှင့် …

“ရေချိုးခန်းတံခါးနဲ့ ရိုက်မိတာပါ ဘာမှမ ဖြစ်ပါဘူး”

၎င်း၏ ဘယ်ဘက်လက်ထဲ၌ သောက်လက်စ စီးကရက်တစ်လိပ်ရှိနေပြီး စားပွဲပေါ်ရှိ ဆေးလိပ်ခွက်ထဲမှာ တော့ စီးကရက်တို နှစ် ခုလောက်ရှိနေခြင်းက သူမအတွက် အနည်းငယ် ထူးဆန်း၍ နေပါသည်။

ကိုမင်းက တစ်နေ့လုံးနေမှ ဆေးလိပ်လေးငါးလိပ်သာ သောက်သူ ဖြစ်ပြီး တစ်ထိုင်တည်း နှစ် လိပ်သုံးလိပ် ဘယ်တုန်းကမှ သောက်လေ့မရှိ။

“ကိုမင်း..စီးကရက်တွေ သောက်လှချေလား”

သူမ၏ စကားကို တစ်စုံတစ်ရာ မတုံ့ပြန်ဘဲ အကြာကြီးငြိမ်သက်နေပြီးမှ သူ စကားစသည်။

“ကိုယ်တို့…အိမ်ထောင်သက်တစ်လျှောက်လုံး ကိုယ် ရောင် နီ့ကို ဘာကိစ္စမှ ကွယ်ဝှက်ထိမ် ချန်မထားခဲ့တာ ရောင် နီ သိတယ်နော်”

ဗုဒ္ဓေါ…ဒါဟာ ပြဿနာတစ်ခုရဲ့ အစများ လား။

အန္တရာယ်၏ အငွေ့အသက်ကို သူမ ချက်ချင်း ရှူရှိုက်လိုက်မိသည်။

ကိုမင်းက သူမကိုမကြည့်ဘဲ…တည်ငြိမ်စွာ ပင် ဆက်ပြော၏ ။

“ဒီနေ့တော့ ကိစ္စတစ်ခုကို ကိုယ်ထိမ်ချန်ထားချင်တယ်၊ အဲဒီ ကိစ္စက ရောင် နီကိုယ်တိုင်လဲ သိချင်မှာ မဟုတ်တဲ့ ကိစ္စမျိုးမို့လို့၊ နောက်ပြီး သိလည်း အကျိုးရှိမှာ မဟုတ်လို့”

ဘယ်လောက်များ ရိုးသားလိုက်တဲ့ ကိုမင်းလဲ။

သူမ မသိစေချင်တဲ့ကိစ္စကို ထိမ်ချန်ထားဖို့အတွက် သူမကို အသိပေးရတယ်လို့။

ရောင် နီ ဟန်လုပ်ရယ်မောလိုက်ရင်း…

“ရောင် နီ့ကို မသိစေချင်တာများ ကိုမင်းရယ် မပြောဘဲ နေလိုက်ရုံပေါ့၊ ခုတော့ ထိမ်ချန် ထားမယ် ဘာညာဆိုတော့ ရောင် နီက ပိုပြီးသိချင်လာတာပေါ့၊ ဒါပေမယ့် ကိုမင်းမပြောလဲ ရောင် နီ ရိပ်မိနေတယ်”

အမှန်တကယ်ပင် သူမ၏ စိတ်ထဲက အလိုလို ရိပ်မိသိရှိနေခြင်း ဖြစ်သည်။

“ဘာကိုလဲ ရောင် နီ”

ကိုမင်း သူမအား တအံ့တဩနှင့် မေး၏ ။

“ကိုမင်း ထိမ်ချန်ထားချင်တဲ့ ကိစ္စကိုလေ၊ ဒီအိမ်ကို သူလာသွားတယ်ဆိုတဲ့ကိစ္စ ကိုမင်း ထိမ်ချန်ထားချင်တာ မဟုတ်လား”

“ရောင် နီ ဘယ်သူ့ကိုပြောတာလဲ”

ရောင် နီ ကိုမင်း၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရင်း ပြောလိုက်သည်။

“ရောင် နီ နာမည် မတပ်ဘဲ သူလို့ရည်ညွှန်းတာ ဒီကမ္ဘာမှာ ဘယ်သူများ ရှိနိုင်ဦးမှာ လဲ ကိုမင်း ရဲ့ ”

ပေါ့ပေါ့ပါးပါးလေသံနှင့် ပြောလိုက်သော …သူမအား ကိုမင်းက အကဲခတ်သလို အကြာကြီး စိုက်ကြည့်နေခဲ့ပြီးမှ ခေါင်းတစ်ချက် ညိတ်၏ ။

နောက်ဆုံးတော့ သူမထင်မြင်နေသော ကိစ္စက အမှန်တကယ် ဖြစ်ခဲ့တာပေါ့။

သူ…လာသွားသတဲ့။

ဘုရားရေ သူဘာတွေ များ ပြောသွားသလဲ။ သူမ အလွန်သိချင်သော်လည်း ကိုမင်းကိုမမေး ရန် ချက်ချင်း ပင် ဆုံးဖြတ်လိုက်ပါသည်။

“ကဲ ရောင် နီ အဝတ်သွားလဲဦးမယ်၊ ကိုမင်း…အပြင်ထွက်မသွားနဲ့ဦးနော်၊ နေ့လယ်ကျရင် သားလေးကို နဲဗားလန်း သွားပို့ရမယ်၊ ပြီးရင် ညနေစာ အပြင်မှာ ဝယ်စားကြမယ်”

ပြောပြီး ကိုမင်းရှေ့မှ သူမ ပေါ့ပါးစွာ လှည့်ထွက်လာသည်။ သို့ သော် သူမ၏ ဟန်ဆောင် ပေါ့ပါးမှု မှာ သူမအိပ်ခန်းထဲရောက်သော အချိန်မှာ တော့ တစ်စစီ ပြိုကျသွားခဲ့ပါသည်။

မုန်တိုင်း လာသွားတယ်…တဲ့။

ဒါဆို သူ ထောင်ကလွတ်လာပြီပေါ့။

ဘာအတွက် လာရတာ လဲ။

ဘာကိစ္စ သူ လာသွားရတာ လဲ။

ဘာပဲ ဖြစ် ဖြစ် ယနေ့အဖို့ သူမ၏ မိသားစုအတွက် ရေး ဆွဲထားသော လုပ်စရာအစီအစဉ်များ မှာ … ဘယ်လိုမှ ပျော်စရာကောင်းတော့မည် မဟုတ်သည် ကတော့ အလွန်သေချာလှပါသည်။

•••

အပိုင်း (၁)

(၁)

ကျောင်းမှအိမ်သို့ ပြန်လာစဉ်တစ်လျှောက်လုံး အမေအိမ်မှာ ရှိမနေပါစေနဲ့ဟု ဆုတောင်း လာခဲ့သော်လည်း သူ၏ ဆုတောင်းက မပြည့်ပါ။

ယိုင်ရွဲ့ရွဲ့ဝါးလှေကားကို လှမ်းတက်ရင်း အမေ့မျက်နှာကို မဝံ့မရဲ တစ်ချက်လှမ်းကြည့်လိုက် တော့ ရာသီဥတုအခြေအနေက သိပ်မကောင်းလှကြောင်း သူ ချက်ချင်း ပင် ရိပ်မိလိုက်ပါသည်။ ဒေါသရောင် တို့ဖြင့် စိုလက်နေကြသော အမေ့မျက်ဝန်းများ ရှေ့မှ ခေါင်းငုံ့ဖြတ်သန်းရင်း ကျောင်း လွယ်အိတ်ကို နံရံမှာ လှမ်းချိတ်လိုက်ချိန်မှာ ပင် အမေ့အသံက ဟိန်း၍ ထွက်လာသည်။

“ကဲ…ဆိုစမ်းပါဦး”

ဒါ ကတော့ အမေရဲ့ မူပိုင်စတိုင်ပဲ ဖြစ်သည်။ တစ်ခုခုကို ဆိုဆုံးမခါနီး တိုင်း ထိုသို့ ပင် အား ယူ နိဒါန်းပျိုးတတ်မြဲ ဖြစ်သည်။

“ဘာကိုလဲ အမေ”

သူ မသိချင်ဟန်ဆောင်က မေးလိုက်သော်လည်း သူ၏ နည်းဗျူဟာက မအောင်မြင်ပါ။

“ဘာကိုလဲ ဟုတ်လား၊ မနက်က မင်း ရေဘုံဘိုင်မှာ ရေတန်းစီရင်း နေရာလုပြီး ရန် ဖြစ်တဲ့ ကိစ္စလေ၊ ဈေးခေါင်း ကိုရွှေအုန်းလာပြောလို့ ငါ အကုန်သိပြီးပြီ၊ ကုန်စိမ်းရောင်းမကောင်းလို့ စိတ် ညစ်ရတာ တစ်မျိုး၊ မင်းရန် ဖြစ်တိုင်း လိုက်လိုက်ပြီးတော့ တောင်းပန်ရလွန်းလို့ စိတ်ညစ်ရတာ တစ် မျိုး၊ မင်း ငါ့ကို ဘယ်ထိအောင် ဒုက္ခပေးနေဦးမှာ လဲ မုန်တိုင်း”

အမေ့စကားကြောင့် သူ လှိုက်ခနဲ ဝမ်းနည်းသွား၏ ။

တကယ်တော့ သူ မကြာခဏရန် ဖြစ်လေ့ရှိတာ တစ်ခုမှလွဲ၍ အမေ့ကို ဘယ်တုံးကမှ ဒုက္ခ ပေးလေ့ မရှိပါ။

ပြောမည် ဆိုလျှင် တစ်ဖက်တစ်လမ်းမှ အကူအညီပေးနေသည်ဟုပင် ဆိုနိုင်ပါသေးသည်။

မနက်စောစော အမေ့အား ကုန်စိမ်းကားပေါ် တင်ပေးပြီးသည်နှင့် ကျောင်းမသွားမီတစ် လျှောက်လုံး သူ ရေထမ်းရောင်းခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ပိုက်ဆံရှာသလို ညပိုင်း၌ လည်း မီး ကင်းစောင့်ခြင်း၊ အချိန်ပိုင်းဆိုက်ကားနင်းခြင်းတို့ဖြင့် အမေနှင့်သူ၏ ဆန်အိုးထဲသို့ ဆန်မပြတ် အောင် သူ ကြိုးစားခဲ့ပါသည်။

“မုန်တိုင်း ငါမေးနေတယ်လေ”

အမေ့အသံ ထပ်မံထွက်ပေါ်လာချိန်မှာ တော့ သူ အမေ့ကိုချော့ရန် အမေ့နားသို့ သွားထိုင် လိုက်ပြီး အချိုသာဆုံးအသံဖြင့် ပြောလိုက်သည်။

“ကျွန်တော် အမေ့ကို ဘာများ ဒုက္ခပေးနေလို့လဲ အမေရယ်၊ တစ်ခါတလေ ရန် ဖြစ်တာနဲ့ ဆယ်တန်းတစ်ခါကျဖူးတာလေးပဲ ပြောစရာရှိတာပါ”

သို့ သော် သူ၏ ချော့မြူမှု နောက်သို့ အမေ အလွယ်တကူ လိုက်ပါမလာပါ။

“ပေါ့ပျက်ပျက် လုပ်မနေစမ်းနဲ့ မုန်တိုင်း၊ မနက်က ရန် ဖြစ်တဲ့ကိစ္စ ဘယ်သူလွန်သလဲ၊ ငါ့ကို အမှန်အတိုင်း ပြောစမ်း”

ထိုမေးခွန်းကို ဖြေရန်အတွက် သူ အတော့် ကို အကျပ်အတည်းနှင့် ရင်ဆိုင်ရပါသည်။ သူ တွေ ဝေနေစဉ်မှာ ပင် စကားသံတစ်ခု ထွက်ပေါ်လာသည်။

“အဲဒီ ကိစ္စက မုန်တိုင်းအလွန်မဟုတ်ဘူး အန်တီ၊ ဟိုကောင်တွေ လွန်တာပါ၊ သူတို့က မုန်တိုင်းရှေ့က ကြားဖြတ်လို့ စကားများ ပြီး ရန် ဖြစ်ကြတာ”

စကားသံနှင့် အတူ ဝါးလှေကားကို တကျွိကျွိနင်းတက်လာသော ကယ်တင်ရှင်ကို လှည့် ကြည့်လိုက်တော့ မောင်မင်းကြီးသား သီဟမင်းဒင်။

ကျေးဇူးကြီးလှပေသည်။

အမေက သူ့စကားကို ယုံလေ့မရှိသော်လည်း သီဟ၏ စကားကိုတော့ ယုံကြည်တတ်သည်။

ထို့ကြောင့် ပင် ထိုနေ့ကပြဿနာက ထိုမျှနှင့် ပင် ပြီးစီးသွားခဲ့ပါသည်။

အမေစိတ်ပြေသွားသည်နှင့် သီဟနှင့် အတူ လက်ဖက်ရည်ဆိုင်သွားရန် အမေ့အား ခွင့် တောင်းသည့်အနေနှင့် အမေ့ပါးကို ရွှတ်ခနဲ တစ်ချက်နမ်းလိုက်သည်။

ဤနည်းမှာ …

သူ မကြာခဏ အသုံးပြုလေ့ရှိပြီး အသုံးပြုတိုင်းလည်း အောင်မြင်မှု ရသော နည်း ဖြစ်သည်။

“ဟဲ့…ကောင်လေး၊ သိပ်ညဥ့်မနက်စေနဲ့နော်”

“စိတ်ချပါအမေရဲ့ ၊ ဒီည..ဦးသားရင် နေမကောင်းလို့ သူ့ဆိုက်ကားကို ကျွန်တော် သွားနင်း ပေးရမှာ ၊ စောစော ပြန်လာခဲ့မှာ ပါ”

လမ်းပေါ်ရောက်တော့ သူ သီဟကို ပြောလိုက်သည်။

“ကျေးဇူးပဲကွာ”

“ဘာကိုလဲ”

“မနက်က ရန် ဖြစ်တဲ့ကိစ္စ ငါ့ကိုယ်စား မင်းဝင်ပြီး လိမ်ပေးလို့”

“ဘာကွ”

“ဒီလိုကွာ မနက်က ကြားဖြတ်ဝင်တယ်ဆိုတာ သူတို့မဟုတ်ဘူး ငါကွ၊ ကျောင်းမမီမှာ စိုးလို့ ရေပုံးကို ကြားဝင်ဖြတ်ရင်း ရန် ဖြစ်ကြတာ”

“ဒါဆို ကျောင်းရောက်လာတော့ တခြားလူတွေ က ကြားဝင်ဖြတ်လို့ ရန် ဖြစ်လာတယ်ဆို တာ အမှန်မဟုတ်ဘူးပေါ့”

သီဟစိတ်တိုတောင်းသွားဟန်နှင့် ခပ်ဆတ်ဆတ်မေးတော့ သူ ဟက်ခနဲ တစ်ချက်ရယ်ရင်း

“ဒီလိုကွာ ငါက အမေ့ကိုညာရင် အမေက ယုံမှာ မဟုတ်ဘူးမဟုတ်လား။ ဒီတော့ ငါ့ကိုယုံ တဲ့ မင်းကိုပဲ ညာရတာ ပေါ့”

သူ့စကားအဆုံး သီဟက အတန်ကြာအောင် မှု န်ကုတ်ကုတ်လုပ်နေခဲ့ပြီးမှ စိတ်ပြေသွား ဟန်နှင့် သူ့ပခုံးကို ခပ်ဖွဖွထိုးရင်း “ခွေးကောင်” ဟု ခပ်တိုးတိုး ဆဲလိုက်သည်။

ထို့နောက်..

“ဒါကြောင့် ရောင် နီကပြောတာ မင်းတစ်ကိုယ်လုံး ဉာဏ်နီဉာဏ်နက်နဲ့ ကောက်ကျစ်စဉ်းလဲ မှု တွေ ချည်းပဲတဲ့၊ အပေါင်းအသင်းလုပ်ဖို့ လုံးဝမကောင်းဘူးတဲ့”

“ဘာပဲ ဖြစ် ဖြစ် အဲဒီ ရောင် နီဆိုတဲ့ ကောင်မလေးက ခု ငါ့သူငယ်ချင်း ဖြစ်နေပြီ မဟုတ်လား”

“အေး…အဲဒါကိုက အံ့ဩစရာကောင်းတဲ့ အချက်ပဲ၊ ရောင် နီ မင်းအပေါ် ခုလိုမျိုး ခင်သွား လိမ့်မယ်လို့ ငါ ဘယ်တုံးကမှ မထင်ခဲ့မိဘူး”

အမှန်တကယ်ပင် မုန်တိုင်းအား စတွေ့ စက ရောင် နီဦးသာမက သီဟပါ ၎င်း၏ ကြွပ်ဆတ် ဆတ်အမူအရာကိုကြည့်၍ ကြည့်မရခဲ့။

သို့ သော် နောက်ပိုင်းမှာ တော့ အံ့ဩဖွယ်ကောင်းစွာ ပင် ထိုကြွပ်ဆတ်ဆတ် မာကျောကျော နှင့် မုန်တိုင်းကို သီဟမင်းဒင်ရော ရောင် နီဦးပါ အကျွမ်းတဝင် ခင်မင်သွားခဲ့ကြခြင်း ကတော့ အံ့ဩ စရာ ကောင်းလှပါသည်။

•••

မုန်တိုင်းအား သီဟ စတင်သတိထားမိသော နေ့မှာ အဌမတန်းစာသင်နှစ် အတွက် ကျောင်း ပြန်ဖွင့်သည့် ပထမဆုံးနေ့ ဖြစ်သည်။

(၎င်းတို့မြို့နယ်ရှိ အထက်တန်းကျောင်း၏ အခန်းခွဲပုံစနစ်မှာ စာတော် သူများ နှင့် စာညံ့သူ များ အား မျှတစွာ ရေထားသော စနစ် ဖြစ်သဖြင့် စာအလွန်တော် သော သီဟနှင့် စာအလွန်ညံ့သော မုန်တိုင်းတို့ စာသင်ခန်းတစ်ခန်းထဲ၌ အတူတကွ တက်ရောက်ခဲ့ကြရသည်။)

ထို့အပြင် ကျောင်းခေါ်ချိန်မှတ်တမ်း၌ လည်း မုန်တိုင်းနှင့် သီဟတို့က ခုံနံပါတ်ချင်း ရှေ့ နောက် ကျခဲ့ကြသည်။

ထို့ကြောင့် ဆရာမ က ကျောင်းခေါ်ချိန်မှတ်တမ်းခေါ်တော့ မုန်တိုင်းဟူသော အမည် ကို သီဟ သတိပြုမိစွာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။ မုန်တိုင်း တဲ့…ဘယ်လောက်များ ထူးဆန်းလိုက် တဲ့ နာမည် လဲ။

ထိုနာမည် ရှင်ကို သီဟ မသိမသာ စောင်းငဲ့ကြည့်လိုက်တော့ အသားညိုညို မျက်ခုံးထူထူ နှင့် မှု န်တေတေ သူငယ်လေး တစ်ယောက် ကို တွေ့ လိုက်ရသည်။ ၎င်း၏ မျက်နှာက ဘာကိုမျှ ဂရု မစိုက်သည့် အကြောက်အလန့် ကင်းမဲ့သည့်ပုံစံမျိုး ဖြစ်သည်။ ထိုပုံစံမျိုးကို သီဟ သဘောမကျပါ။

သို့ သော် သီဟသဘောမကျသော မုန်တိုင်းက နေ့လယ်မုန့်စားဆင်းပြီး မကြာခင်မှာ ပင် သူ့ ထံသို့ ရောက်ရှိလာသည်။

“သီဟမင်းဒင်ဆိုတာ မင်းလား”

မုန်တိုင်း၏ လေသံက တစ်ဆိတ် အထက်စီးနိုင်လှပါသည်။

သီဟက ကျောင်းစာမှလွဲလျှင် ဘာကိုမှ စိတ်ဝင်စားသူမဟုတ်သလို သူငယ်ချင်း အပေါင်း အသင်းထားလေ့ရှိသူလည်း မဟုတ်ပါ။

အကယ်၍ ၎င်း၏ ချဉ်းကပ်လာမှု ကို မိတ်ဆွေဖွဲ့ရန်ဆိုလျှင်တော့ သီဟ လိမ္မာပါးနပ်စွာ ငြင်း ဆန်ရပါလိမ့်မည် ။

သီဟ ခေါင်းကိုဆတ်ပြလိုက်တော့ မုန်တိုင်းက…

“မင်းမှာ မင်းနာမည် ထိုးထားတဲ့ ဖောင်တိန်တစ်ချောင်း ရှိတယ်မဟုတ်လား”

ဒါဟာ မိတ်ဖွဲ့ဖို့ စကားမရှိ စကားရှာတာ ဖြစ်မှာ ပဲ။

“ရှိတယ် ဘာ ဖြစ်လို့လဲ”

“ဘီတန်းကကောင်တွေ လက်ထဲမှာ အဲဒီ ဖောင်တိန် ရောက်နေတယ်။ ဘယ်လိုရောက်နေ သလဲဆိုတာတော့ ငါ မသိဘူး။ မင်းနာမည် ထိုးထားတာတွေ့ လို့ လာပြောတာ”

ပြောပြီးသည်နှင့် မုန်တိုင်း လှည့်ထွက်သွားသည်။

ဒီတော့မှ သီဟ စိုးရိမ်တကြီး သူ့လွယ်အိတ်ကို မွှေနှောက်ရှာဖွေလေတော့သည်။

ထိုဖောင်တိန်မှာ ဒယ်ဒီထံမှ မွေးနေ့လက်ဆောင်ရထားသည့် အကောင်းစားဖောင်တိန် ဖြစ် သလို သူ အလွန်မြတ်နိုးသော ဖောင်တိန်လည်း ဖြစ်ပါသည်။

သို့ သော်…သီဟ၏ လွယ်အိတ်ထဲ၌ ထိုဖောင်တိန်မှာ ပျောက်ချင်းမလှ ပျောက်ဆုံးနေတော့ သည်။

သေချာတယ်။ သူ မုန့်ထွက်စားစဉ် ထွက်ကျကျန်ခဲ့တာပဲ ဖြစ်ပါလိမ့်မည် ။ သီဟ ချက်ချင်း ပင် ဘီတန်းရှိရာသို့ ထွက်လာခဲ့သည်။ ကျောင်းတက်ခေါင်းလောင်း မထိုးသေးသဖြင့် ဘီတန်းရှေ့ ကော်ရစ်တာ၌ ကျောင်းသားတစ်စုကို တွေ့ ရ၏ ။

သီဟထက် ကိုယ်လုံးကိုယ်ထည်ထွားသော ထိုကျောင်းသားများ ၏ လက်ထဲ၌ မုန်တိုင်းပြော သည့်အတိုင်း သူ၏ ဖောင်တိန်ကို တွေ့ လိုက်ရသည်။

သီဟ ဘာဆက်လုပ် ရမှန်းမသိစွာ ခပ်ကြောင်ကြောင် ရပ်နေပြီးမှ မရဲတရဲ ပြောလိုက်သည်။

“အဲဒီ …ဖောင်တိန် ကျွန်တော့် ဖောင်တိန်ပါ၊ စောစောက မုန့်သွားစားရင်း ကျပျောက်ခဲ့တာ၊ ဖြစ်နိုင်ရန် ပြန်ပေးပါ”

ကျောင်းသားများ က သူ့ကို တအံ့တဩ လှည့်ကြည့်ကြ၏ ။

ထို့နောင် တိုင်ပင်ထားသလို ဝါးခနဲ ရယ်မောလိုက်ကြသည်။

“နေပါဦး မင်းဖောင်တိန်လို့ပြောရအောင် မင်းမှာ ဘာအမှတ်အသား ရှိလို့လဲ”

“အဖုံးမှာ ကျွန်တော့် နာမည် ထိုးထားတယ်”

“ဒီဖောင်တိန်မှာ အဖုံးမှမရှိဘဲ”

စောစောကပ် သူ့နာမည် ထိုးထားသည့် အဖုံးနှင့် တကွ တွေ့ မြင်လိုက်သော်လည်း ထို ကျောင်းသားဖောင်တိန်ကို ထောင်ပြလာသော အချိန်မှာ တော့ မျက်လှည့်ပြလိုက်သည့်ပမာ အဖုံး က ရှိမနေတော့ပါ။

အသားညိုညို ကိုယ်လုံးထွားထွားနှင့် ကျောင်းသားက သူ့နားသို့ ကပ်လာပြီး…

“ဘာပဲ ဖြစ် ဖြစ် မင်းဖောင်တိန်ဟုတ်ဟုတ် မဟုတ်ဟုတ် ဒီဖောင်တိန်ကိုလိုချင်ရင် ငွေငါး ဆယ်ယူလာခဲ့၊ ဆရာမ ကို သွားတိုင်ဖို့တော့ စိတ်မကူးနဲ့၊ မင်းရဲ့ မျက်နှာလှလှလေး နောက်နေ့ စုတ် ပြတ်သွားလိမ့်မယ် ကြားလား”

ခြိမ်းခြောက် စော်ကားမှု ကြောင့် ရှက်ရွံ့ခြင်းနှင့် ဒေါသ ဖြစ်ခြင်းတို့ကို တစ်ပြိုင်နက် ခံစား လိုက်ရသည်။

ထိုအချိန်မှာ ပင် ခပ်လှမ်းလှမ်း၌ ၎င်းတို့အ ဖြစ်ကို လှမ်းကြည့်နေသော မုန်တိုင်းကို တွေ့  လိုက်ရသဖြင့် သီဟ ချက်ချင်း ပင် ထိုနေရာမှ လှည့်ထွက်လာခဲ့သည်။

•••

ငွေငါးဆယ်ကို အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ယူလာခဲ့သော သီဟက ယနေ့အဖို့ ကျောင်းသို့ ပထမဦးဆုံး ရောက်ရှိသူသာ ဖြစ်လိမ့်မည် ဟု ထင်ထားသော်လည်း ကျောင်းရှေ့ရောက်မှပင် သူ့ ထက် စောစီးစွာ ရောက်ရှိနေသူတစ်ဦး တွေ့ လိုက်ရသည်။ အခြားသူမဟုတ်၊ မုန်တိုင်းပဲ ဖြစ်လေ သည်။

သီဟကိုတွေ့ လိုက်သည်နှင့် မုန်တိုင်း ထိုင်ရာမှထရပ်ပြီး ၎င်းထံသို့ လျှောက်လှမ်းလာ သည်။ ထို့နောက် စကားတစ်စုံတစ်ရာ မပြောဘဲ ၎င်း၏ အင်္ကျီအိတ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ပေး၏ ။

အဖုံး၌ သီဟမင်းဒင်ဟု စာတန်းထိုးထားသည့် ဖောင်တိန်လေးပင် ဖြစ်သည်။

သူ မုန်တိုင်းကို တအံ့တဩ မေးလိုက်သည်။

“မင်း ဘယ်လိုရလာတာလဲ မုန်တိုင်း”

“မင်း ပျောက်ကျသလိုမျိုးပေါ့၊ သူတို့လဲ ဒီဖောင်တိန်ကို ပျောက်ကျကျန်ခဲ့တာနဲ့ ငါ မင်းအ တွက် ကောက်ယူလာတာ”

မုန်တိုင်း၏ စကားကို သီဟ နည်းနည်း လေးမှ မယုံပါ။

အထူးသဖြင့် …

၎င်း၏ မေးရိုးတစ်ဖက် ညိုနေခြင်းက သူ၏ သံသယကို ပိုမိုကြီးထွားလာစေပါသည်။

“မင်း သူတို့နဲ့ ရန် ဖြစ်ပြီး လုယူခဲ့တာလား”

မုန်တိုင်း အနည်းငယ် ဒေါသ ဖြစ်ဟန်ဖြင့် ခပ်ဆတ်ဆတ် ပြန်ပြောသည်။

“လုယူတယ်ဆိုတာ သူခိုးတွေ အလုပ်ကွ၊ ငါ မင်းပစ္စည်းကို ပြန်ယူလာပေးတာ၊ လုယူတာ မဟုတ်ဘူး”

“ဒါပေမယ့် ရန်တော့ ဖြစ်ခဲ့တယ် မဟုတ်လား”

မုန်တိုင်း ဟက်ခနဲ တစ်ချက်ရယ်လိုက်၏ ။

“ယောက်ျား တစ်ယောက် အတွက် ရန် ဖြစ်တယ်ဆိုတာ ဘာဆန်းလို့လဲ၊ ဘောလုံးကန်သလို ခြင်းလုံးခတ်သလို ချွေးထွက်တဲ့ ကစားနည်းတစ်မျိုးပဲ”

မုန်တိုင်း၏ အယူအဆအတွက် သီဟ အကြီးအကျယ် စိတ်ပျက် သွားပါသည်။ သို့ သော် ဘာပဲ ဖြစ် ဖြစ် သူ၏ ဖောင်တိန် ပြန်ရသည့်အတွက်တော့ ၎င်းအား ကျေးဇူးတင်ရပါလိမ့်မည် ။

“ကျေးဇူးပဲ မုန်တိုင်း၊ ငါ ဒီဖောင်တိန်အတွက် ငွေ ငါးဆယ်အကုန်ခံဖို့ ဆုံးဖြတ်ထားတာ”

“ခု မင်း ငွေငါးဆယ် သက်သာသွားတာပေါ့၊ ကဲ ငါသွားဦးမယ်”

“ဘာလဲ…မင်း ကျောင်းမတက်တော့ဘူးလား”

မုန်တိုင်း ခေါင်းညိတ်ရင်း ချာခနဲ လှည့်ထွက်သွား၏ ။

အင်း၊ ဒီလိုကျောင်းပြေးပုံမျိုးကြောင့် ဒီကောင် အတန်းထဲမှာ အညံ့ဆုံး ဖြစ်နေတာပဲ။

(သို့ သော် ထိုနေ့က သီဟထင်သလို ကျောင်းပြေးခြင်းမဟုတ်ဘဲ မုန်တိုင်း၏ အမေ နေ မကောင်းသဖြင့် အမေ့ကိုယ်စား ရပ်ကွက်ဈေး၌ ကုန်စိမ်းသွားရောင်းပေးခြင်း ဖြစ်ကြောင်းကို နောက်မှ သီဟ သိခွင့်ရခဲ့ပါသည်။)

ဘာပဲ ဖြစ် ဖြစ် ဖောင်တိန်တစ်ချောင်းကို အကြောင်းပြလျက် သိပ်မကြာခင်မှာ ပင် သီဟနှင့် မုန်တိုင်း သူငယ်ချင်းများ အ ဖြစ်သို့ ရောက်ရှိခဲ့ကြလေသည်။

•••

(၂)

ငယ်စဉ်ကတည်းက ခုနှစ် တန်းကျောင်းသားဘဝရောက်သည်အထိ (ခြံနီးနားချင်း ရောင် နီမှ အပ) သူငယ်ချင်းလုံးဝမထားခဲ့ဖူးသော သီဟသည် ရှစ်တန်းနှစ် မှာ တော့ မုန်တိုင်းအား ၎င်း၏ သူငယ်ချင်းအ ဖြစ် အသိအမှတ်ပြုကာ တပူးပူးတတွဲ တွဲ ဖြစ်နေခဲ့၏ ။

ထို့ပြင် ဖခင် ဖြစ်သူ ဆုံးပြီးကတည်းက မိခင်နှင့် အတူ ဘဝကို ရုန်းကန်ရင်ဆိုင်ခဲ့ရသော မုန်တိုင်း၏ ဘဝဇာတ်လမ်းကိုသိပြီးကတည်းက မုန်တိုင်းအပေါ် ကရုဏာသက်စွာ သနားမိ၏ ။

သို့ သော် မုန်တိုင်း ကတော့ ၎င်းကို သနားသည်ဟုပြောလျှင် နည်းနည်း မှ မကြိုက်ပါ။

“ငါ့မှာ သနားစရာကောင်းတဲ့အချက်ဆိုလို့ ဘာတစ်ခုမှမရှိဘူး သီဟ၊ ငါ့ထမင်း ငါရှာစားနိုင် ဖို့ လက်နှစ် ဖက်ရှိတယ်၊ ငါသွားချင်တဲ့နေရာ သွားနိုင်ဖို့ ခြေထောက်နှစ် ချောင်း ရှိတယ်၊ ကဲ… ဘာလိုသေးလဲ”

ဘဝကိုရင်ဆိုင်ဖို့ အစဉ်အမြဲ အားမာန်ပြည့်ဝနေသော မုန်တိုင်းကို သီဟ အထင်တကြီး လေးစားမိပါသည်။ တစ်နည်းအားဖြင့် မုန်တိုင်းသည် သူ့အတွက် အားကျအတုယူဖွယ် သူရဲ ကောင်း တစ်ယောက် ပမာ ဖြစ်နေလေသည်။

အကြောင်း ကတော့ သူ့၌ မရှိသော အရည်အချင်းများ အားလုံး မုန်တိုင်း၌ ရှိနေခြင်းကြောင့် ဖြစ်သည်။

သို့ သော် မုန်တိုင်း၌ မရှိသည့် ရှားရှားပါးပါး အရည်အချင်းတစ်ခု ကတော့ သီဟမှာ ရှိ၏ ။ ယင်းမှာ စာတော် ခြင်း ဖြစ်၏ ။ ထို့ကြောင့် စာတော် သော သီဟက စာအလွန်ညံ့သော မုန်တိုင်းကို ရှစ် တန်းနှစ် တစ်နှစ် လုံး စာပြပေးခဲ့ရသည်။

ကျောင်းပိတ်ရက်များ ၌ ၎င်း၏ အိမ်သို့ ပင် သီဟ စာသွားပြပေးခဲ့သည်။

မုန်တိုင်းတို့ နေထိုင်သော ရပ်ကွက်မှာ သီဟတို့ လူကုံထံများ နေထိုင်ရာရပ်ကွက်နှင့် ကပ် လျက်တည်ရှိသည့် ကျူးကျော်ရပ်ကွက်လေး ဖြစ်သဖြင့် ၎င်း၏ အိမ်သို့ သီဟ မကြာခဏရောက်ရှိ သွားဖို့ကိစ္စမှာ သိပ်မခက်ခဲလှပါ။

“မောင်သီဟရေ မင်းသူငယ်ချင်း ကတော့ မင်းစာလာတဲ့ အချိန်တွေ လောက်သာ စာအုပ် ကောက်ကိုင်တာ ကျန်တဲ့အချိန်တွေ မှာ တော့ စာကြည့်ဖို့မပြောနဲ့ စာအုပ်စင်တောင် ဖုန်ခါတာ မဟုတ်ဘူး”

သီဟအား မုန်တိုင်းနည်းတူ သား တစ်ယောက် သဖွယ် ချစ်ခင်နေသော မုန်တိုင်းအမေက ထိုသို့ တိုင်သော အခါများ ၌ မုန်တိုင်းက ရယ်မော၍ သာ နေတတ်ပါသည်။

ဘာပဲ ဖြစ် ဖြစ် သီဟ၏ အားကြိုးမာန်တက် သင်ပြမှု ကြောင့် ဉာဏ်အလွန်ထုံထိုင်းသော မုန်တိုင်း တစ်ယောက် ထိုနှစ် ရှစ်တန်းကို လွတ်လွတ်ကျွတ်ကျွတ် အောင်မြင်ခဲ့သည်။ သီဟ ကတော့ ထုံးစံအတိုင်း ဘာသာစုံဂုဏ်ထူးထွက်ကာ တစ်ကျောင်းလုံးအမှတ် အများ ဆုံးနှင့် အောင်မြင်ခဲ့ပါ သည်။

•••

“ဒါ ငါအခင်ဆုံး သူငယ်ချင်း မုန်တိုင်းတဲ့၊ မုန်တိုင်း သူက ငါတို့တစ်ခြံကျော်မှာ နေတဲ့ ရောင် နီဦး၊ မြို့ထဲကကျောင်းမှာ သွားတက်ရတာ ဝေးလို့ဆိုပြီး ငါတို့ကျောင်းကို ပြောင်းလာတာ”

“ကောင်းတာပေါ့…ဒီကျောင်းက အိမ်နဲ့နီးတော့ ပိုပြီး အဆင်ပြေတာပေါ့၊ ငါ့ကို သီဟလိုပဲ ခင်နိုင်ပါတယ်၊ လိုတဲ့အကူအညီရှိလဲ တောင်းပေါ့”

“ကျေးဇူးပဲ၊ဒါပေမယ့် ငါက လူတိုင်းကို မခင်တတ်ဘူး မုန်တိုင်း၊ ပြီးတော့ သူစိမ်းတစ် ယောက် ဆီက အကူအညီတောင်းတာမျိုးလဲ ဝါသနာမပါဘူး”

“ရောင် နီ…နင် ဘယ်လိုပြောလိုက်တာလဲ”

“စိတ်ရှိတဲ့အတိုင်း ပြောလိုက်တာလေ၊ ရောင် နီက လူတိုင်းကို မခင်တတ်တာ ကိုမင်း အသိပဲလေ”

အဋ္ဌမတန်းတက်မည့်  ကျောင်းသူအသစ်လေးနှင့် နဝမတန်းတက်မည့်  ကျောင်းသားနှစ် ဦး တို့၏ ကျောင်းဖွင့်စ ပထမဆုံးရက်၌ ပြောခဲ့ကြသည့် စကားများ ဖြစ်ပါသည်။

မျက်ဝန်းနက်နက်ကလေးများ နှင့် နီစွေးစွေး နှုတ်ခမ်းပါးလေးများ ကို ပိုင်ဆိုင်သော ထိုမိန်း ကလေးကို မြင်မြင်ချင်းပင် မုန်တိုင်း သဘောကျသွားခဲ့သည်။

သူသဘောအကျဆုံး ကတော့ (သူ့အပေါ် လုံးဝသဘောမကျကြောင်း) မျက်နှာအမူအရာ နှင့် ပွင့်လင်းစွာ ဖော်ပြရဲသည့် သူမ၏ သတ္တိကို ဖြစ်သည်။

မုန်တိုင်းနှင့် ပတ်သက်သည့် ရောင် နီ၏ အတွေးတို့ ကတော့ ၎င်းနှင့် ဆန့်ကျင်ဘက်ပင် ဖြစ်ပါ သည်။ မျက်ခုံးထူထူ၊ မေးရိုးကားကား၊ အသားညိုညိုနှင့် တစ်လောကလုံးကို ၎င်း၏ အင်္ကျီအိတ်ကပ် ထဲ ထည့်ထားသည့်ပမာ ဆောင့်ကြွားကြွားနိုင်လှသော မုန်တိုင်းကို သူမ ဘယ်လိုမသဘောကျ ခင်မင်ကြည့်၍ မရ။ အထူးသဖြင့် သားရဲတိရစ္ဆာန်တစ်ကောင်၏ မျက်လံုးများ လို လိုအပ်သည်ထက် ပိုမိုစူးရဲလွန်းသော မျက်လုံးများ ကို အမုန်းဆုံး ဖြစ်သည်။ မုန်တိုင်းနှင့် ကိုမင်းကို ယှဉ်ကြည့်လျှင် မုန်တိုင်း၏ သဘောကျစရာ မကောင်းသော အချက်တို့က ပိုမိုသိသာလှပါသည်။

သီဟမင်းဒင်၏ ပုံက အသားဖြူဖြူ၊ အရပ်မြင့်မြင့်နှင့် လူယဉ်ကျေး တစ်ယောက် ၏ ပုံစံမျိုး ဖြစ် သလို မျက်လုံးများ ကလည်း နူးညံ့သိမ်မွေ့လွန်းလှသည်။

ထို့ပြင်..သီဟမင်းဒင်ကို သူမအလေးစားဆုံး ကတော့ စာအလွန်တော် သော အချက် ဖြစ် သည်။

မုန်တိုင်းနှင့် ရောင် နီဦးတို့၏ မျက်လုံးများ ကို မရိပ်မိလေသော သီဟ ကတော့ ၎င်းတို့နှစ် ယောက် သင့်မြတ်သွားအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲဟု အပြင်းအထန် စဉ်းစားနေမိ၏ ။ နောက်ဆုံး စဉ်းစားမရသော အခါမှာ တော့ အပြောသင့်ဆုံးစကားတစ်ခွန်းကို သူ ပြောလိုက်သည်။

“ငါတို့ ကျောင်းထဲဝင်ဖို့ သင့်ပြီလို့ ထင်တယ်”

သီဟ၏ စကားကို ရောင် နီက ချက်ချင်း တုံ့ပြန်လိုက်၏ ။

“ကိုမင်းတို့ပဲ သွားနှင့် ပါ”

ဘာလဲ နင်က ဒီမှာ တစ်ယောက် တည်း နေခဲ့မလို့လား”

သီဟ နားမလည်စွာ မေးတော့ ရောင် နီပြုံး၍ အဖြေပေးသည်။

“ကိုမင်းတို့ ကျောင်းထဲရောက်ပြီး လွယ်အိတ်တွေ ထားပြီးတဲ့အခါ ကိုမင်း တစ်ယောက် တည်း ရောင် နီ့ကို လာခေါ်လေ”

သဘော ကတော့မုန်တိုင်းနှင့် အတူ သုံးယောက် တွဲ မလျှောက်ချင်သည့် သဘော ဖြစ်သည်။

ရောင် နီ၏ ဦးတည်မှု ကို ရိပ်မိသော မုန်တိုင်းက ဝင်ပြောလိုက်သည်။

“ပြောင်းပြန်ကြီး ဖြစ်နေပြီ ရောင် နီ၊ နင်က ကျောင်းသူသစ်၊ ငါက ကျောင်းသားဟောင်း၊ အဲဒီ တော့ နင်နဲ့သီဟ ကျောင်းထဲကို အရင်ဝင်သင့်တယ်၊ ငါ..ဒါမှာ ထိုင်နေခဲ့မယ်”

“အဲဒါဆိုရင် အကောင်းဆုံးပေါ့”

ရောင် နီ ထိုင်ရာမှ ဖျတ်ခနဲထပြီး သီဟ၏ လက်မောင်းကိုဆွဲကာ ကျောင်းဘက်သို့ ထွက် သွားသည်။

သီဟ ကတော့ ဘာကိုမှမရိပ်မိဘဲ ရောင် နီဆွဲခေါ်ရာနောက်သို့ အူကြောင်ကြောင်နှင့် ပါသွား ပါသည်။

(ဘယ်လိုကောင်မလေးပါလိမ့်၊ ဘာပဲ ဖြစ် ဖြစ် ထိုကောင်မလေးကို မုန်တိုင်း စိတ်ဝင်စားသွား ခဲ့တာတော့ အမှန်ပဲ ဖြစ်သည်)

•••

ကျောင်းတက်ရက်ကြာလာသော်လည်း မုန်တိုင်းအပေါ်မှာ ထားသည့် ရောင် နီ၏ သဘော ထား ကတော့ အနည်းငယ်မှ နူးညံ့ပျော့ပျောင်းမလာခဲ့ပါ။ သူမအား ကိုမင်းက မုန်တိုင်းအပေါ် ပျော့ ပျော့ပျောင်းပျောင်း ရိုရိုသေသေဆက်ဆံသင့်ကြောင်း လာနားချသည့်အခါများ ၌ သူမ ဆတ်ဆတ် ထိမခံနိုင်အောင် ဖြစ်ရပါသည်။

“အို…ဘာလို့ ရိုရိုသေသေ ဆက်ဆံရမှာ လဲ၊ မဆက်ဆံနိုင်ပါဘူး”

“ဘာလို့လဲဆိုတော့ သူက ရောင် နီထက် တစ်တန်းကြီးတယ်လေ၊ ပြီးတော့ အသက်လဲ တစ်နှစ် ပိုကြီးတယ်”

“ဘာပဲ ဖြစ် ဖြစ် ရောင် နီ ကတော့ သူ့ကို နည်းနည်း မှ ကြည့်လို့မရပါဘူး”

“ရောင် နီ သူ့ကိုသေသေချာချာ နားမလည်သေးလို့ပါ၊ မုန်တိုင်းက စိတ်ရင်းကောင်းပါတယ်၊ ပြီးတော့ သူ့ဘဝကလည်း သနားစရာကောင်းတယ်”

ဗုဒ္ဓေါ…သနားစရာကောင်းသတဲ့။ အဲ့ဒီ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ လူရဲ့ ဘဝက သနားစရာ ကောင်းသတဲ့။ သူမ ဟက်ဟက်ပက်ပက် ရယ်ချပစ်လိုက်သည်။

“တော် ပါကိုမင်းရယ်၊ ဟာသတွေ လုပ်မနေစမ်းပါနဲ့၊ မုန်တိုင်းမျက်နှာမှာ သနားစရာ၊ ကရုဏာသက်စရာ တစ်ခုမှမရှိဘူး၊ အဲဒီ တော့ အဲဒါအကြောင်းခဏထားပြီး ရောင် နီပြောတာကို တစ်ဆိတ် နားထောင်ပါဦး”

“ဘာကိုလဲ”

“ကိုမင်း ရောင် နီ့အတန်းကိုလာရင် ကိုမင်း တစ်ယောက် တည်းပဲ လာပါ၊ သူ့ကို ခေါ်မလာပါ နဲ့၊ နေ့ခင်းမုန့်စားဆင်းချိန် ကိုမင်း သူနဲ့မုန့်သွားစားရင်လည်း ရောင် နီ့ကို လာမခေါ်နဲ့”

“အဲဒါတော့ မ ဖြစ်ဘူး၊ မုန့်စားလွှတ်ချိန်ရောက်ရင် ရောင် နီ့ကို လာခေါ်ရမှာ ပဲ၊ ဘာလို့လဲဆို တော့ အဲဒီ အချိန် မုန်တိုင်း ကျောင်းမှာ မရှိဘူး”

“သူက အိမ်ပြန်ထမင်းစားတာလား”

“မဟုတ်ဘူး၊ ဒီကောင်က မနက်ကတည်းက အပြီးစားလာပြီးသား၊ မုန့်စားလွှတ်ချိန်ပြန်တာ က သူ့အမေနဲ့အတူ ဈေးကူရောင်းပေးဖို့ ပြန်တာ၊ သူတို့က ကုန်စိမ်းရောင်းတယ်လေ”

ကိုမင်း၏ အသံက မုန်တိုင်းအပေါ် ကရုဏာသက်ဟန် အပြည့်။

“ဒါဆို…သူတို့က ဈေးသည်မျိုးရိုးပေါ့၊ ဒါကြောင့် သူ ဒီလောက် ရိုင်းစိုင်းနေတာ ဖြစ်မှာ ”

သူမ၏ မှတ်ချက်စကားအဆုံးမှာ တော့ ကိုမင်း စိတ်ပျက်လက်ပျက်ဟန်နှင့် ခေါင်းကို ခါ ယမ်းလိုက်သည်။

ကိုမင်း မုန်တိုင်းအပေါ် ဘာ ဖြစ်လို့များ ဒီလောက်ခင်မင်နေမှန်း သူမ စဉ်းစား၍ မရပါ။

ထို့အတူ တစ်ခါတစ်ရံ မုန်တိုင်း တစ်ယောက် တည်း သူမအတန်းရှေ့မှ ဖြတ်လျှောက်သွား တတ်သည့် အချိန်အခါများ ၌ အတန်းထဲမှ ကောင်မလေးများ မုန်တိုင်းအကြောင်း တီးတိုးပြောဆို သံ ကြားရသည့်အခါများ ၌ လည်း သူမ အထူးအဆန်း ဖြစ်ရပါသည်။

အံ့ပါရဲ့ …မုန်တိုင်းလိုလူ တစ်ယောက် အကြောင်းများ ဒီကလေးမလေးတွေ မို့ လေကုန်ခံရ တယ်လို့။

ဘာပဲ ဖြစ် ဖြစ် ထိုအချက်များ က မုန်တိုင်းအား သူမ စိတ်ဝင်စားလာမိစေရန် တွန်းအားပေးခဲ့ သည့် အချက်များ ဖြစ်ကြောင်းကိုတော့ သူမဖာသာ သူမပင် သတိမထားမိခဲ့။

မုန်တိုင်းနှင့် ပတ်သက်သည့် သူမ၏ သဘောထားများ ပြောင်းလဲသွားစေမည့်  နောက် ကြောင်းတစ်ခု ကတော့ သူမအလွန်ချစ်သော ဦးလေးငယ်နှင့် ပတ်သက်ပါသည်။

ဦးလေငယ်သည် တစ်နှစ် တစ်ခေါက် နှစ် နှစ် တစ်ခေါက်လောက်မှ အိမ်သို့ ပြန်လာတတ် သည့် နိုင်ငံခြားသင်္ဘောလိုက်သူ ဖြစ်သလို သူမကို အလွန်ချစ်သည့် မာမီ့မောင် အငယ်ဆုံးလည်း ဖြစ်သည်။

မာမီက စီးပွားရေး လုပ်ငန်းများ ကြောင့် သူမကို လှည့်မကြည့်နိုင်သဖြင့် ဦးလေးငယ်ပြန်လာ သည့် အချိန်မျိုးမှသာ အလိုလိုက်ခံရခြင်းဟူသော အရသာကို ရှားရှားပါးပါး သူမ ခံစားရပါသည်။ ဒုတိယအစမ်း စာမေးပွဲဖြေခါနီး တစ်လလောက်အလိုမှာ တော့ ဦးလေးငယ် အိမ်သို့ ပြန်ရောက်လာ ပါသည်။ ဦးလေးငယ် ပြန်ရောက်လာသဖြင့် သူမ ပျော်ရွှင်သွားပုံမှာ ကလေးငယ် တစ်ယောက် ကိုယ်လိုချင်သော ကစားစရာတစ်ခု ရလိုက်သည့်ပမာ ဟေးခနဲ ထအော်မိမတတ် ဖြစ်သည်။

အလွန်ချစ်စရာကောင်းလှသော ဦးလေးငယ်က သူမအတွက် တီဗီဂိမ်းများ အပြင် အခုရိုက် ပြီး အခုစက်ထဲထည့်ကာ ပြန်ဖွင့်ကြည်၍ ရသည့် ဗီဒီယိုကင်မရာ အသေးလေးပါ ဝယ်လာပါသည်။

ဘယ်လောက်များ လိမ္မာလိုက်တဲ့ ဦးလေးငယ်လဲ။

ထိုမျှ ချစ်စရာကောင်းသော ဦးလေးငယ် တစ်ယောက် သူမ ဒုတိယအစမ်းစာမေးပွဲ စတင် ဖြေဆိုသည့်နေ့မှာ ပင် မော်တော် ဆိုင်ကယ်မှော က်ပြီး ဆေးရုံ၌ အတွင်းလူနာအ ဖြစ် ရောက်ရှိခဲ့ရ သည် ကတော့ အတော့် ကို ဝမ်းနည်းစရာ ကောင်းလှသည်။

•••

“ဆိုင်ကယ်ကလည်း ဝယ်ထားတာ နှစ် ရက်လောက်ပဲ ရှိသေးတယ်၊ နောက်ပြီး ဦးလေးငယ် ကလဲ ဆိုင်ကယ် သိပ်မကျွမ်းကျင်သေးတော့ လေ့ကျင့်တဲ့သဘောနဲ့ မနက်အစောကြီး ထစီးတာ၊ ရွှေဂုံတိုင်လမ်းထိပ်လဲရောက်ရော ဘယ်လို ဖြစ်တယ် မသိဘူး၊ စလစ် ဖြစ်ပြီး မှော က်သွားတော့တာ ပဲ”

တစ်ကိုယ်လုံးပတ်တီးများ ဖြူဖွေးနေပြီး သွေးပုလင်းချိတ်ထားရသော ဦးလေးငယ်က ရှင်း ပြသည်။

သူမ ကတော့ ဦးလေငယ်ကိုသာကြည့်ပြီး ငို၍ သာ နေပါသည်။

“မငိုနဲ့လေ ရောင် လေးရဲ့ ၊ ဦးလေးငယ်ပြောတာ နားထောင်ဦး၊ ဆိုင်ကယ်လဲပြီး ဆိုင်ကယ် က ဦးလေးပေါ် ပိနေတယ်၊ ကားတစ်စီးနှစ် စီးလောက် လာရပ်ကြည့်ပေမယ့် တစ်ကိုယ်လုံး သွေး တွေ ရဲပြီး မလှုပ်နိုင် စကားမပြောနိုင် ဖြစ်နေတော့ သေပြီထင်ပြီး ဆက်မောင်းသွားကြတယ်၊ သူတို့ အမှု ပတ်မှာ လဲ ကြောက်တယ်နဲ့ တူပါရဲ့ ”

“ဟယ်… စိတ်ပုပ်လိုက်ကြတာ”

“အဲဒီ အချိန်မှာ ဈေးကြိုကားတစ်စီးရောက်လာပြီး ခဏရပ်ကြည့်တယ်၊ နောက်ပြီး ဆက် မောင်းသွားတယ်၊ ဒါပေမယ့် ကောင်လေး တစ်ယောက် အဲဒီ ကားပေါ်က ခုန်ဆင်းနေခဲ့ပြီး ဦးလေး ငယ်အသက်ကို ကယ်ခဲ့တာပဲ၊ သူသာမကယ်ရင် သွေးလွန်ပြီး ဦးလေးငယ် သေသွားနိုင်တယ်”

တော် ပါသေးရဲ့ ဟု သူမတွေးတောရင်း မမြင်ဖူးသော ထိုကောင်လေးကို ကျေးဇူးတင်လိုက် မိသည်။

“သူက မနိုင့်တနိုင်နဲ့ ဦးပေါ်ကဆိုင်ကယ်ကို ဖယ်ပေးတယ်၊ နောက် ကားငှားပြီး အရေး ပေါ် ကို လိုက်ပို့ပေးတယ်”

“ကျေးဇူးတင်စရာ ကောင်းလိုက်တာ”

သူမစကားကို ဦးလေးငယ်က ခေါင်းညိတ်ရင်း…

“တင်မယ်ဆိုရင် အဲဒီ ချာတိတ်ရဲ့ ကျေးဇူးတွေ က အများ ကြီးပဲ၊ မနက်စောစောဆိုတော့ အဲဒီ အချိန်တုန်းက ဦးလေးငယ် ပိုက်ဆံတစ်ပြားမှ ထည့်မလာခဲ့မိဘူးလေ၊ အငှားကားခရော၊ ဒီ ရောက်တော့ လိုအပ်တဲ့ ဆေးပစ္စည်းတွေ ရော သူပဲစိုက်ဝယ်ပေးတာ၊ သူက ကီလီမှာ ဈေးသွား ဝယ်မလို့တဲ့ အဲဒီ ဈေးဝယ်မယ့်ပိုက်ဆံထဲက စိုက်ပေးသွားတာ၊ ဒီကြားထဲ ဦးလေးငယ်အတွက် သွေးသွင်းဖို့လိုတော့ သွေးအမျိုးအစားချင်းလည်း တူတာနဲ့ သူပဲ သွေးလှူပေးသွားတယ်၊ ခု သွင်း နေတာ သူ့သွေးပေါ့”

“နေပါဦး အဲလောက်တောင် အသည်းအသန် ဖြစ်နေတာ ဦးလေးငယ် အိမ်ကို ဘာ ဖြစ်လို့ ဖုန်းမဆက်တာလဲ”

သူမက ကရုဏာဒေါသော နှင့် အပြစ်တင်လိုက်တော့…

ဦးလေးက ခပ်ယဲ့ယဲ့ပြုံး၍ အဖြေပေးသည်။

“အဲဒီ တုန်းက…သွေးလွန်ပြီး သိပ်အားနည်းနေတော့ ဦးလေးငယ် စကားတောင် ကောင်း ကောင်းမပြောနိုင်ဘူးလေ၊ နောက်ပြီး သတိလဲ မရတစ်ချက် ရတစ်ချက် ဖြစ်နေတာ”

“ခု… အဲဒီ ကောင်လေးရော”

ဦးလေးငယ် သက်ပြင်းချ၏ ။

ထို့နောက် ခပ်တိုးတိုးပြောသည်။

“ဦးလေးငယ်လဲ အဲဒါကိုပဲ သိချင်နေတာ”

•••

(၃)

“မပူပါနဲ့ အမေရာ၊ ကျွန်တော် ဦးသားရင်ဆိုက်ကားကိုယူပြီး အချိန်ပြည့်နင်းရင် တစ်ပတ် မကြာပါဘူး၊ အဲဒီ ပိုက်ဆံတွေ ပြန် ဖြစ်လာမှာ ပါ”

သူ ချော့ချော့မော့မော့ ပြောသော်လည်း အမေ ကတော့ စိတ်ဆိုးမပြေနိုင်သေးဟန်ဖြင့် ရေ နွေးကြမ်းခွက်ကို ဆောင့်ချရင်း မေးသည်။

“သူက သူ့ကိုယ်ပိုင်ဆိုက်ကား သူ့ဖာသာ နင်းနေတာ၊ မင်းကို ပေးနင်းမလား မုန်တိုင်းရဲ့ ”

“အုံနာခပိုပေးရင် ပေးနင်းပါတယ် အမေရာ၊ နောက်ပြီး သူက နင်းတစ်ရက် မနင်းတစ်ရက် နဲ့ သောက်တာများ နေတာ၊ ကျွန်တော် သာနင်းမယ်ဆိုရင် သူဇိမ်နဲ့သောက်ရမှာ ဆိုတော့ ပေးနင်းမှာ ပဲ၊ ပြီးတော့ သူ့ဆိုက်ကားကို ကျွန်တော် နင်းတာပဲ စိတ်ချတာ၊ တခြားလူဆိုရင် ပေးနင်းတာမဟုတ် ဘူး၊ အဆင်ပြေမှာ ပါ”

အမေက ဗီဒီယိုကားတွေ ထဲကလို သက်ပြင်းကို ဟန်ပါပါချလိုက်ရင်း…

“နင့်ကြောင့် တော့ ခက်တယ် မုန်တိုင်းရေ၊ ငါတော့ ဘာပြောရမှန်းကို မသိတော့ဘူး”

“ဒါဖြင့် လည်း ဘာမှမပြောနဲ့ အမေရာ၊ ရော့…ရေနွေးသောက်၊ ပြီးရင် ဟောဒီက ပဲကတ္တီပါ ပြုတ်စား၊ အဲဒါပြီးရင်တော့ ဒီမှာ …ကျွန်တော် ဝယ်လာတဲ့ အမေ့အကြိုက် သဘောဝဆေးပေါ့လိပ် သောက်”

အမေ မျက်စောင်းတစ်ချက် လှမ်းထိုး၏ ။

ယင်းမှာ သူ့ကိုစိတ်ဆိုးပြေသွားသည့် သင်္ကေတပင် ဖြစ်သည်။

“ဆိုက်ကားနင်းတာ ကတော့ ဟုတ်ပါပြီ၊ မင်း အခု ခြောက်လပတ်စာမေးပွဲ ဖြေနေတယ် မဟုတ်လား၊ အဲဒါက ဘယ်လိုလုပ်မှာ လဲ”

“စာမေးပွဲက နာရီပိုင်းလေး သွားဖြေရတာ ပါ အမေရာ၊ ဘာခက်တာမှတ်လို့၊ စာမေးပွဲသွား ဖြေပြီး ဆိုက်ကားဆက်နင်းတာပေါ့”

ပြောသာပြောလိုက်ရသော်လည်း ပထမဦးဆုံး မြန်မာစာ စဖြေဆိုသည့်နေ့မှာ ပင် သူ စာမေး ပွဲ မဖြေ ဖြစ်ခဲ့သဖြင့် ဆက်မဖြေတော့ရန် ဆုံးဖြတ်ထားပြီး ဖြစ်ပါသည်။

ထို့နောက် ဈေးရောင်းခြင်းမှ အနားရသော အမေ့အား အိမ်မှာ ထားခဲ့ပြီး သူ ဦးသာရင်ထံ ထွက်လာခဲ့သည်။ အမေ စိတ်ကျေနပ်အောင် ပြောခဲ့ရသော်လည်း ဦးသာရင်က သူ့အားဆိုက်ကား ပေးနင်းပါ့မလားဟု သူ ဇဝေဇဝါ ဖြစ်နေမိ၏ ။

ဦးသာရင် ပေးမနင်းပါက အမေ ဈေးပြန်ထွက်ဖို့အတွက် အတော့် ကို ကသီလင်တ ဖြစ်ရပါ လိမ့်မည် ။ သူတစ်လမ်းလုံး စိုးရိမ်လာခဲ့သော်လည်း တကယ့်တကယ် ဦးသာရင် အိမ်ရောက်ချိန်မှာ တော့ ဦးသာရင်က တစ်စုံတစ်ရာ ငြင်းဆန်ကန့်ကွက်ခြင်း မပြုပါ။

မဆီမဆိုင် ဝင်ရောက်ကန့်ကွက်သည်က ဤရပ်ကွက်မှ လူမိုက်ကိုစိန်မြ။

“ဒီလကုန်ကစပြီး ကိုသာရင့်ဆိုက်ကားကို သုံးလတိတိယူဖို့ ခုလာပြောနေတာ မုန်တိုင်း၊ အဲ တော့ မင်း စိတ်လျှော့လိုက်တော့”

ကိုစိန်မြ၏ စီးပွားရေး အခြေအနေက ဆိုက်ကားနင်းစားရလောက်အောင် မဆိုးကြောင်း သူ ကောင်းစွာ သိပါသည်။

“ကျွန်တော် စိတ်လျှော့လို့မ ဖြစ်ဘူး ကိုစိန်မြ၊ အမေဈေးထွက်ဖို့အတွက် ငွေအရမ်း လိုနေ တယ်၊ ဒီတော့ ဒီဆိုက်ကားကို ကျွန်တော် နင်းရမှ ဖြစ်မယ်၊ နောက်ပြီး ကိုစိန်မြ အခြေအနေက ဆိုက်ကားနင်းရလောက်အောင် မဆိုးသေးပါဘူး”

“ငါနင်းမှာ မဟုတ်ဘူး မုန်တိုင်း၊ ဟောဒီကောင်နင်းမှာ ”

၎င်း၏ ဘေးနားမှာ အသားမည်းမည်းနှင့် လူကို မေးငေါ့ပြရင်း…

“ငါတို့ အခုကုန်ပစ္စည်းတစ်မျိုး ထုတ်လုပ်နေတယ်၊ အဲဒါကို လိုက်ပို့ဖို့ ဆိုက်ကားလိုတယ်၊ ဒါကြောင့် ကိုသာရင့်ဆိုက်ကားကို လာငှားတာ”

“ကျွန်တော် ကတော့ ဦးလေးသာရင် ဆိုက်ကားကို ရမှ ဖြစ်မယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ တခြားဆိုက်ကားဆိုရင် စပေါ်ပေးရမယ်၊ ကျွန်တော့် မှာ စပေါ်တင်စရာ ငွေမရှိဘူး”

ထိုအချိန်မှာ ပဲ အသားမည်းမည်းနှင့် လူက သူ့ကို လှမ်းပြောသည်။

“မင်း ဒီဆိုက်ကားကို လိုချင်ရင် ငါနဲ့ချရလိမ့်မယ်”

မြတ်စွာ ဘုရား…ဆိုက်ကားတစ်စီးနင်းရဖို့အတွက် ရန် ဖြစ်ရဦးမှာ ပါလား။ သူ ထိုင်ရာမှ ထ လိုက်သည်။

“ဒါဆိုလဲ ရပါတယ်”

“အဲလို လိမ္မာမှပေါ့ ငါ့ညီရ”

“ရပါတယ်ဆိုတာ လက်လျှော့ပြီး အိမ်ပြန်မလို့ ပြောတာမဟုတ်ဘူး၊ ခင်ဗျားနဲ့ချဖို့ လမ်းပေါ် ထွက်မလို့၊ တစ်ခုရှိတယ်၊ ခင်ဗျားမှော က်သွားရင် ဒီဆိုက်ကားကို ကျုပ်နင်းမယ်၊ ကျုပ်မှော က်သွား ရင် ခင်ဗျားနင်း၊ ဘယ်နှယ့်လဲ”

ဆိုက်ကားပိုင်ရှင် ဦးသာရင် ကတော့ မျက်စိမျက်နှာ ပျက်နေလေပြီ။ မည်းမည်းနှင့် လူက ထိုင်ရာမှထရန်ပြင်ဆင်လိုက်စဉ်မှာ ပင် ကိုစိန်မြက ၎င်းကို ဟန့်တားလိုက်သည်။

“မလုပ်နဲ့ မဲကြီး၊ မင်း သူ့ကို အရှုံးပေးလိုက် ”

“ဟာ…ဆရာကိုစိန်မြကလဲ”

“ဒီရပ်ကွက်ထဲမှာ ငါပြီးရင် လက်အယဉ်ဆုံးက မုန်တိုင်းပဲ၊ မင်း သူ့ကိုဦးစားပေးလိုက် ၊ တခြားဆိုက်ကား လိုက်ရှာ”

သူ့ကို ခပ်ပင့်ပင့်လေးပြောရင်း ကိုစိန်မြ ထိုင်ရာမှထ၍ သူ့ဆီသို့ လျှောက်လာပြီ သူ့ပခုံးကို ပုတ်ကာ ပြောသည်။

“မင်းနဲ့ငါ နောက်ပိုင်း အလုပ်တွဲ လုပ်ချင်တယ် မုန်တိုင်း”

“ ဖြစ်ပါတယ်၊ လောလောဆယ်တော့ ကျွန်တော် ဆိုက်ကားနင်းရဦးမယ်”

ဤသို့ ဖြင့် သွေးထွက်သံယို မ ဖြစ်ဘဲ ဆိုက်ကားနင်းခွင့်ကို သူရခဲ့ပါသည်။

•••

သူ ဆိုက်ကားစနင်းသည့်ရက်မှာ ပင် သီဟ သူ့ဆီရောက်လာပြီး စာမေးပွဲလာမဖြေခြင်း အတွက် အပြစ်တင်သည်။

“ဘွဲ့မရမချင်း ဖြေစရာစာမေးပွဲတွေ အများ ကြီးပဲ သီဟရာ…နောက် ခုဟာက နှစ် ဝက်စာ မေးပွဲပဲ၊ စာမေးပွဲကြီးကျရင် ငါ ရအောင်ဖြေမှာ ပါ”

ဟု သူပြောလိုက်တော့ သီဟက အနည်းငယ် ကျေနပ်သွားဟန်ဖြင့် …“ဖိုင်နယ်အိတ်စမ်းကျ ရင် အောင်အောင်ဖြေနော် မုန်တိုင်း၊ ငါ စာပြပေးမယ်”ဟုပြောပြီး ပြန်ထွက်သွားသည်။

သည့်နောက်ပိုင်းတော့ (စာမေးပွဲပြီးလျှင် ကျောင်းပိတ်ဦးမည် ဖြစ်သဖြင့် ) ကျောင်းအတွက် ပူစရာမလိုတော့ဘဲ ဆိုက်ကားတစ်စီးဖြင့် အားကြိုးမာန်တက် ငွေရှာတော့သည်။

သူ၏ ဝီရိယကောင်းခြင်းကြောင့် လား ကုသိုလ်ကံပဲ လိုက်ခြင်းကြောင့်လား မပြောတတ်။ သိပ်မကြာခင်မှာ ပင် အမေ၏ ဈေးဖိုးအရင်းအနှီးထဲမှ လျော့နည်းသွားသော ငွေတို့ကို သူပြန်ဖြည့် ဆည်းနိုင်ခဲ့သည်။သို့ သော် ဆိုက်ကားနင်းခြင်းကိုတော့ သူမရပ်သေးဘဲ ဆက်နင်းမြဲနင်းနေခဲ့သည်။

ထိုအတောအတွင်း သူ့ဆီကို လူနှစ် ယောက် ရောက်ရှိလာခဲ့ပါသည်။ သူဂိတ်ထိုးလေ့ရှိ သော နေရာသို့ ပထမဦးဆုံး ရောက်ရှိလာသူမှာ ကိုစိန်မြ ဖြစ်သည်။ ၎င်း၏ အဆို ကတော့ သူ၏ သတ္တိ ကို သဘောကျသဖြင့် အလုပ်တွဲ လုပ်ချင်ပါသတဲ့။

“ဘာလဲ ငွေယူပြီး လူရိုက်ပေးဖို့လား ကိုစိန်မြ”

“အဲဒါ ကလေးတုန်းက အလုပ်တွေ ပါကွာ၊ ခုလုပ်ရမှာ က မင်းဆိုက်ကားနဲ့ ပစ္စည်းလိုက်ပို့ရ မှာ ၊ ဒီတစ်ဝိုက်မှာ ငါတို့ကျူးကျော်ရပ်ကွက်လေးကလွဲရင် ကျန်တာ အိမ်ကြီးအိမ်ကောင်းတွေ ချည်း ပဲ၊ အဲဒီ အိမ်တွေ ထဲက ငါလိပ်စာပေးထားတဲ့ အိမ်တွေ ကို မင်း ပစ္စည်းလိုက်ပို့ပေးရမယ်၊ ရတာ တစ်ယောက် တစ်ဝက်ယူကြေး၊ ဘယ့်နှယ်လဲ”

သူ တုန်လှုပ်သွားသဖြင့် ခေါင်းညိတ်ရန်ပင် မေ့လျော့နေခဲ့မိသည်။

“မြိုးမြိုးမြက်မြက်ရမှာ ကွ”

“အဲဒီ လောက် နာမည် ဆိုးတဲ့အလုပ်မျိုးကို ကျွန်တော် မလုပ်နိုင်ဘူး ကိုစိန်မြ”

ကိုစိန်မြ တအံ့တဩနှင့် သူ့ကိုကြည့်သည်။

ထို့နောက် တဟားဟား ရယ်လေသည်။

“ငါပြောတာ မင်းထင်သလို ပစ္စည်းမျိုး မဟုတ်ပါဘူး၊ မုန်တိုင်းရာ၊ ဒီလိုကွာ…”

ကိုစိန်မြက သူ့အား လုပ်ငန်းသဘော အကြမ်းဖျင်း ရှင်းပြပြီးချိန်မှာ တော့ သူ ခေါင်းခါယမ်း လိုက်သည်။

“ကျွန်တော် မလုပ်နိုင်ဘူး ကိုစိန်မြ”

“ကောင်းပြီလေ၊ ဒါဆိုလဲ ငါပြန်မယ်၊ မင်း စိတ်ပြောင်းတဲ့နေ့တစ်နေ့ ငါ့ဆီ ပြန်လာခဲ့ပေါ့”

ကိုစိန်မြ ပြန်သွားခြင်းက သူ့အတွက် အုံ့မှိုင်းနေသော မိုးသားတစ်ခု လွင့်ပြယ်သွားသလို ခံစားရပါသည်။

မိုးသားလွင့်ပြယ်သွားသည်နှင့် နေရောင် တို့ ဖြာထွက်လာစမြဲ ဖြစ်၏ ။

ယခုတော့ နေရောင် ဖြာရုံသာမက နေမင်းတစ်စင်း သူ့ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်။

“ရောင် နီဦး”

“ငါ နင့်ကို ရိုင်းရိုင်းပျပျ ဆက်ဆံခဲ့မိတဲ့အတွက် တောင်းပန်ပါတယ် မုန်တိုင်း”

“နေပါဦး၊ နင် ငါ့ကို ဘာတွေ လာပြောနေတာလဲ”

“သိချင်ရင် နင် ငါ့အိမ်ကို ခဏလောက်လိုက်ခဲ့ပေါ့”

“အဲဒါတော့ မ ဖြစ်ဘူး ငါ ဆိုက်ကားနင်းရဦးမယ်”

သူမ၏ ကမ်းလှမ်းမှု ကို သူ ပြတ်သားစွာ ငြင်းဆန်လိုက်သည်။ သူမ ကတော့ သူ၏ ငြင်းဆန် မှု ကို ပျော့ပျောင်းစွာ အရည်ပျော်ကျစေခဲ့ပါသည်။

“နင်းလေ ခုချိန်ကစပြီး နင့်ဆိုက်ကားကို ငါ ငှားလိုက်ပြီ၊ ကဲ..ငါ့အိမ်ကို နင်းပေတော့”

ခပ်လှမ်းလှမ်း၌ ရပ်ထားသော သူမအိမ်မှကားကို သွားနှင့်တော့ဟူသော သဘောနှင့် လက် ဝှေ့ယမ်းလိုက်ပြီး သူ၏ ဆိုက်ကားပေါ်သို့ သင်းပျံ့စွာ တက်ထိုင်လာသည်။

လောကကြီး ဘာတွေ ဖြစ်ကုန်ပြီလဲ။

သူ စဉ်းစား၍ မရတော့ပါ။

•••


ဝန်ဇင်းချစ်သူများ နေနော် ၏ “ လေပြင်းခြွေတဲ့နွေ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကောင်းကင်ခါးခါး

မြစ်ကျိုးအင်း

ချစ်သူ့ကောက်ကြောင်း