Cover

အခန်း(၁)

အဇ္ဈတ္တဆူး

နေနော်

(၀)

သူ၏ ရုံးခန်းသို့ သူမရောက်ရှိလာသော အချိန်သည် အပြီးသတ်လျှောက်လဲချက်တစ်ခု အတွက် ဆရာနှုတ်တိုက်ချပေးသည်များ ကို သူလိုက်လံရေး မှတ်နေရသော အချိန် ဖြစ်သည်။

တရားခွင် လျှောက်လဲချက်ပေးရာ၌ ဖြည်းဖြည်းနှင့် အေးအေး ပြောတတ်သူ ဖြစ်သဖြင့် နာမည် ကြီးလှသော ဆရာမှာ လျှောက်လဲချက်ကို နှုတ်တိုက်ချပေးရာမှာ တော့ လောဘတကြီး မြန်ချင်လှသူ ဖြစ်သည်။ ဆရာခေါ်ပေးသမျှကို ကြိုးစားပမ်းစား သူအမီလိုက်ရေး နေချိန်မှာ ပင် ရုံး အကူ ဦးအုန်းရွှေ သူ့အနားသို့ ရောက်လာသည်။

“ကိုရဲ အပြင်မှာ ဧည့်သည်ရောက်နေတယ်”

“ဘယ်သူလဲ ဦးအုန်းရွှေ”

လျှောက်လဲချက်ကို လိုက်ကူးနေရင်းမှ သူ ပြန်မေးလိုက်သည်။

“ဦးလေးလည်း တစ်ခါမှ မတွေ့ ဖူးဘူး။ မိန်းကလေး တစ်ယောက် ပဲ”

မိန်းကလေး တစ်ယောက် ပဲဟူသော ဦးအုန်းရွှေ၏ စကားက ခပ်လှမ်းလှမ်း၌ ထိုင်နေသော ယုယုခိုင်ဆီမှ အကြည့်တို့ကို သူ့ထံသို့ ရွှေ့လျားကျရောက်လာစေခဲ့သည်။ သူ ကတော့ ယုယုခိုင်၏ စူးစမ်းသော အကြည့်ထက်အပြင်က မိန်းကလေးဟာ ဘယ်သူများ ပါလိမ့်ဟူသော သိချင်စိတ်၌ ပိုမို စိတ်ဝင်စားသွားမိတော့သည်။

ဆရာဦးလှထွန်းက လျှောက်လဲချက်ကို ခေါ်ပေးနေရာမှ ရပ်ဆိုင်းရင်း သူ့ကိုကြည့်သည်။

“ဧည့်သည်ရောက်နေရင် ထွက်တွေ့ လိုက်လေ။ ယုယုရှိသားပဲ၊ ကဲ ယုယု ညည်းရဲလွင်ငြိမ်း နေရာ အစားဝင်”

ဆရာ၏ ခွင့်ပြုစကားကြောင့် ရေး လက်စစာရွက်ထပ်တို့ကို ယုယုခိုင်ဘက်သို့ လွှဲပေးလိုက် ပြီး သူထိုင်နေရာမှ ထရပ်လိုက်သည်။

ထိုအချိန်အထိ ရုံးခန်း၏ အပြင်ဘက်အမှု သည်များ စောင့်ဆိုင်းရန် ပြုလုပ်ထားသော ဧည့်ခန်းအတွင်း ထိုင်စောင့်နေမည့်  သူ့ဧည့်သည်ဆိုသူမှာ သူမ ဖြစ်နေလိမ့်မည် ဟု သူမထင်မိခဲ့။ သူမသည် ရုံးခန်းလိပ်စာကို ဘယ်တုန်းကမှ တိကျသေချာစွာ စိတ်ဝင်တစားမေးမြန်းခဲ့သူ မဟုတ်။ ထို့အတူ သူ့ရုံးခန်းသို့ တကူးတက ရောက်ရှိလာစရာ အကြောင်းတစ်စုံတစ်ရာလည်း သူမ၌ ရှိနေ လိမ့်မည် မဟုတ်ပါ။

သို့ သော် ဆရာ၏ သီးသန့်ရုံးခန်းလေးအတွင်းမှ ထွက်၍ အပြင်ဘက် ဧည့်ခန်းသို့ ရောက်ရှိ ချိန်မှာ တော့ သူ၏ တွေးထင်မှု တို့ များ စွာ လွဲမှားနေကြောင်း တအံ့တသြသိလိုက်ရတော့သည်။

“မေပုလဲသွယ်”

သူ၏ ဧည့်သည်ဆိုသူ ကတော့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ မေပုလဲသွယ်ပါပဲ။

“ကြည့်စမ်း၊ ကိုယ်က မိန်းကလေး တစ်ယောက် ရောက်နေတယ်ဆိုတော့ မေပုလဲများ လား လို့ထင်လိုက်မိသေးတယ်။ ဒါပေမယ့် မ ဖြစ်နိုင်ဘူးထင်လို့ပါ”

သူ၏ အံ့သြနေမှု ကို သူမ သတိပြုမိစွာ ပြုံးရင်း ထိုင်နေရာမှ ထလိုက်သည်။

“ကိုကို မျှော်လင့်မထားတဲ့ မေပုလဲသွယ်ရောက်ရှိလာခြင်း အထိမ်းအမှတ်အတွက် လက်ဖက်ရည်လိုက်တိုက်မယ် မဟုတ်လား”

“လက်ဖက်ရည် လိုက်တိုက်မယ် မဟုတ်လား” တဲ့။

သူ၏ ရုံးခန်းသို့ သူမ တကူးတက ရှာဖွေရောက်ရှိလာခြင်း၏ အကြောင်းရင်းမှာ ထိုကိစ္စ အတွက် သက်သက်တော့ မ ဖြစ်နိုင်ပါ။ သူခေါင်းတစ်ချက်ညိတ်ရင်း သူမကို ပြန်လည်အဖြေပေး လိုက်သည်။

“တကယ်လို့ ကိုယ်မေးမယ့် မေးခွန်းကို မေပုလဲ ဖြေမယ်ဆိုရင်ပေါ့”

သူ့စကားအဆုံး သူမ အက်ရှရှ ရယ်သံက နူးညံ့စွာ ထွက်ပေါ်၍ လာသည်။ ပြီးမှ သူ့ကို ပြုံးလျက် စိုက်ကြည့်ရင်း

“ရှေ့နေ ဦးရဲလွင်ငြိမ်းနဲ့ လက်ဖက်ရည်အတူတူ သောက်ခွင့်ရဖို့အတွက် ဒီလောက်တော့ ရင်းနှီးရမှာ ပေါ့၊ မေးလေတို့ကို ဘာမေးချင်လဲ”

“တခြားမဟုတ်ပါဘူး။ မေပုလဲ ကိုယ့်ဆီကို တကူးတက ရောက်လာရတဲ့ရည်ရွယ်ချက်ကို သိချင်တာပါ”

သည်တစ်ခါတော့ သူမရယ်သံက အနည်းငယ် ရွှင်မြူးကျယ်လောင်လေသည်။

“ကိုကို့ဆီ ရောက်လာရတဲ့ ရည်ရွယ်ချက် ဟုတ်လား”

သူ့စကားကို သူမ ပဲ့တင်ထပ်ရေရွတ်ရင်း

“ရိုးရိုးလေးပါ၊ ရိုးရိုးလေး ဖြေရရင် ကိုယ်ကိုယ့်ကို လက်ဖက်ရည်တိုက်ခိုင်းဖို့ပေါ့”

“ခပ်ဆန်းဆန်း ဖြေမယ်ဆိုရင်ကော”

သူစကားထောက်ပေးလိုက်တော့ သူမ မချိုမချဉ် ပြုံးသည်။

“အဲဒါဆိုရင်တော့ ကျွန်မရဲ့ အဖြေက နည်းနည်း ရှည်သွားမှာ ပေါ့။ ကျွန်မရောက်လာရတာ ကိုကို ကျွန်မကို မေ့မသွားအောင်လို့ပါ။ ကိုကို့ဘ၀မှာ မောင်လို့ခေါ်တဲ့အမျိုးသမီး တစ်ယောက် ရှိခဲ့ ဖူးသလို ကိုကိုလို့ ခေါ်တဲ့ ကောင်မလေး တစ်ယောက် လဲ ရှိနေသေးတယ်ဆိုတာ ကိုကိုသတိရ အောင်လို့လေ”

သူမ၏ အဖြေစကားက သူ့ရင်ကို အခံရခက်စွာ နာကျင်သွားစေလေတော့သည်။

ဘယ်လောက်များ ကြေကွဲဖွယ်ကောင်းတဲ့ အဖြေပါလဲ။

ပြီးတော့ သူ့ဂုဏ်သိက္ခာကို ဘယ်လောက်များ ထိပါးလိုက်တဲ့ အဖြေပါလဲ။

သူ ရီဝေစွာ သူမကို ငေးစိုက်ကြည့်နေရင်း သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

“ကိုယ် မမေ့ပါဘူး မေပုလဲ၊ အဲဒီ ကိစ္စကို ကိုယ်ဘယ်တုန်းကမှ မမေ့ခဲ့ပါဘူး”

“ကျေးဇူးတင်ပါတယ် ကိုကို”

သူမ၏ အနောက်တိုင်းဆန်စွာ တုံ့ပြန်မှု က သူ့အား ပိုမိုထိရှငြိမ်သက်သွားစေခဲ့သည်။ သူမက သူ့ကို မော့ကြည့်ရင်း စကားလမ်းကြောင်း ပြောင်းလဲသည်။

“ကဲ ကိုကို ကျွန်မတို့ ဘယ်လက်ဖက်ရည်ဆိုင်ကို ရွေးချယ်ကြမလဲ”

“လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို မရွေးခင် ကိုယ်မေပုလဲကို လူ တစ်ယောက် နဲ့ မိတ်ဆက် ပေးချင်တယ်”

မျှော်လင့်ထားပုံမရသော သူ့စကားကြောင့် သူမအနည်းငယ် တုံ့ဆိုင်းငြိမ်သက်သွားသည်။ ပြီးမှ ခပ်သွက်သွက် ခေါင်းညိတ်ရင်အေးဆေးစွာ အဖြေပေးသည်။

“ ဖြစ်ပါတယ်။ အဲဒီ တစ်ယောက် ဟာ ယုယုခိုင်မဟုတ်ဘူးဆိုရင်ပေါ့”

“ဆောရီးပဲ၊ ကိုယ်မိတ်ဆက်ပေးမယ်ဆိုတာ ယုယုခိုင်နဲ့”

သူမ ဖျတ်ခနဲ မော့လျက် သူ့ကို စူးရဲစွာ စိုက်ကြည့်သည်။ ထို့နောက် ခေါင်းရမ်းရင်း ခါးသီး စွာ ငြင်းဆန်လေသည်။

“ဟင့်အင်း ကိုကို၊ ကျွန်မ သူနဲ့ အသိမ ဖြစ်ချင်ဘူး”

“ဘာ ဖြစ်လို့လဲ မေပုလဲ”

“ဘာ ဖြစ်လို့လဲဆိုတော့ သူဟာ ကျွန်မရဲ့ ရန်သူလေ၊ မေပုလဲသွယ်ဟာ ကိုယ့်ရန်သူကို ဘယ်တော့မှ လက်ဆွဲနှုတ်ဆက်မယ့် မိန်းမ မဟုတ်ဘူး ကိုကို၊ အထူးသဖြင့် ကိုယ့်ချစ်သူနဲ့ တစ်ချိန် တုန်းကကော၊ ခုချိန်ထိပါ ပတ်သက်နေတဲ့ အမျိုးသမီး တစ်ယောက် ကို ကျွန်မ လက်ဆွဲနှုတ်မဆက် နိုင်ဘူး”

ပြတ်သားစွာ ငြင်းဆန်လာသော သူမကို ရီဝေစွာ ငေးကြည့်နေမိသည်။ ထို့နောက် တစ်စုံ တစ်ရာ ပြန်ပြောရန် စိတ်ကုန်ခမ်းစွာ သက်ပြင်းတစ်ချက်ကို ရှိုက်လိုက်မိသည်။

•••

အခန်း(၂)

အပိုင်း

(၁)

‘ယုယုခိုင်’

(၁)

ကမ္ဘာပေါ်ရှိ ဘာသာရပ်များ စွာ အနက် သူစိတ်အ၀င်စားဆုံး ဘာသာရပ်မှာ ဥပဒေဘာသာ ရပ် ဖြစ်ပြီး သူအမုန်းဆုံး အလုပ် ကတော့ ရှေ့နေအလုပ် ဖြစ်သည်။

ထိုသို့ ဥပဒေကို စိတ်ဝင်စားပြီး ရှေ့နေလုပ်ရန် ၀န်လေးသော သူသည် (၁၉၈၈) ခုနှစ် ၊ မေလ၌ ကျင်းပသည့် အထက်တန်းရှေ့နေ စာမေးပွဲကို ၀င်ရောက်ဖြေဆိုအောင်မြင်ခဲ့ခြင်းမှာ သဘာဝကျသော်လည်း (၁၉၈၉) ခုနှစ် ၊ မတ်လ၌ အလုပ်သင်ရှေ့နေအ ဖြစ် တရားရုံးချုပ်သို့ စာရင်း သွင်း ဖြစ်ခဲ့ခြင်း ကတော့ ဘယ်လိုမှ သဘာဝမကျသော ကိစ္စ ဖြစ်လေသည်။

ထိုသဘာဝမကျသော ကိစ္စကို ဖြစ်ပွားစေရန် ဖန်တီးလာသူက ကိုဗလ ဖြစ်သည်။ ကိုဗလက သူနှင့် ညီအစ်ကိုသဖွယ် ရင်းနှီးနေသော တရားရုံးချုပ်ရှေ့နေ တစ်ယောက် ဖြစ်သည်။ အသားညိုညို အရပ်ရှည်ရှည်နှင့် ကိုဗလမှာ လူအုပ်ထဲ ရပ်လိုက်လျှင် အမြဲတမ်း သူများ ထက် ခေါင်းတစ်လုံး ပိုမြင့် တတ်သူ ဖြစ်သလို၊ စကားပြောလျှင်လည်း သူများ ထက် ထူးခြားစွာ မှင်မောင်းအပြည့်နှင့် တစ်ဖက် သားစိတ်ဝင်စားအောင် ပြောတတ်သူ ဖြစ်သည်။

ကိုဗလ၏ အမူအကျင့်နှင့် ၄င်း၏ အလုပ်အကိုင်က လိုက်လျောညီထွေရှိသလို ကိုဗလ ကိုယ်တိုင်ကလည်း ရှေ့နေ တစ်ယောက် ဖြစ်နေခြင်းအတွက် အမြဲတမ်း ဂုဏ်ယူနေတတ်သူ ဖြစ် သည်။

“ငါ့ကို ဘုရားသခင်က ရှေ့နေလိုက်စားဖို့ လောကကြီးထဲကို လွှတ်လိုက်တာကွ”

အနည်းငယ် ရီစေဝေရှိသော အခါမျိုး၌ ထိုသို့ ကြွေးကြော်တတ်သူလည်း ဖြစ်သည်။

သူ ရူပဗေဒနောက်ဆုံးနှစ် တက်နေစဉ်မှာ ပင် ကိုဗလက သူ့အား အိပ်ခ်ျဂျီပီ စာမေးပွဲဝင် ရောက်ဖြေဆိုရန် အားတက်သရော တိုက်တွန်းခဲ့သည်။ ထို့ကြောင့် အထက်တန်းရှေ့နေ စာမေးပွဲ အောင်စာရင်း၌ ဦးရဲလွင်ငြိမ်းဟူသော သူ့အမည် နှင့် ဂုဏ်ထူးသုံးဘာသာယှဉ်တွဲ ၍ ပါလာသော အခါ ၌ သူ့အတွက် ဂုဏ်ယူဝမ်းသာနေသူမှာ ကိုဗလ ဖြစ်သလို၊ သူ့အား အလုပ်သင်ရှေ့နေအ ဖြစ် ချိန်ဘာဆင်းရန် လှုံ့ဆော်စည်းရုံးလာသူမှာ လည်း ကိုဗလပင် ဖြစ်နေခြင်းမှာ သိပ်တော့ အံ့သြစရာ မဟုတ်ပါ။

သူ အိပ်ခ်ျဂျီပီအောင်ကြောင်း သိသည့်နေ့မှာ ပင် ကိုဗလက ချိန်ဘာဆင်းရန် တိုက်တွန်းခဲ့ သည်။

“ခုဆို မင်းကျောင်းလဲ ပြီးသွားပြီပဲ။ ဒီတော့ ငါတို့ ရုံးခန်းမှာ ချိန်ဘာလာဆင်း၊ မင်းအတွက် ငါ အားလုံးတာဝန်ယူတယ်”

ကိုဗလ၏ စကားက ကျေးဇူးတင်စရာ ကောင်းပါသည်။ တချို့ဆို အထက်တန်းရှေ့နေ စာမေးပွဲအောင်မြင်ထားပြီး ချိန်ဘာဆင်းချင်လျက်နှင့် အဆက်အသွယ်မရှိသော ကြောင့် ချိန်ဘာ မဆင်း ဖြစ်ကြပါ။

သို့ သော် သူ ကတော့ တိုက်ပုံအနက်ဝတ်ရန် ၀ါသနာမပါသူမို့ ကိုဗလ၏ စကားကို အားနာ စွာ ငြင်းဆန် ဖြစ်ခဲ့သည်။

“ကျွန်တော် ချိန်ဘာ မဆင်းဘူး ကိုဗလ”

“ဘာ ဖြစ်လို့လဲ”

“ရှေ့နေအလုပ်ကို ကျွန်တော် မှ စိတ်မပါတာ”

ရှေ့နေ တစ်ယောက် ဖြစ်သော ကိုဗလက သူ့စကားကို အလွယ်တကူ စိတ်ပျက်မသွားခဲ့။

“လောကမှာ စိတ်ပါမှသာ လုပ်ရရင် ဘာမှလုပ် ဖြစ်မှာ မဟုတ်ဘူး ကိုရဲ၊ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် လုပ်ချင်စိတ်ရှိမရှိထက် လုပ်သင့် မလုပ်သင့်က ပိုပြီး အဓိကကျတယ်။ မင်းခုလို ၀တ္ထုဖတ်လိုက်၊ လက်ဖက်ရည်ဆိုင်ထိုင်လိုက် လုပ်နေမယ့်အစား ချိန်ဘာဆင်းပြီး ရှေ့နေလိုင်စင် တစ်ခု ယူထားတာက မင်းဘ၀အတွက် ပိုပြီး အကျိုးမရှိဘူးလား”

“နေပါဦး အဲဒီ ရှေ့နေလိုင်စင်ကြီးကို ကျွန်တော် က ဘာလုပ်ရမှာ လဲ”

“အနည်းဆုံး မှန်ဘောင်သွင်းပြီး မင်းရဲ့ စာကြည့်စားပွဲပေါ်မှာ ထောင်ထားလို့ ရတာ ပေါ့ မဟုတ်ဘူးလား”

ကိုဗလ၏ စကားကြောင့် သူ ဟက်ဟက်ပက်ပက် ရယ်မောလိုက်မိသည်။ အင်းလေ အနည်းဆုံးတော့ ရှေ့နေလိုင်စင်ဆိုတာ အဲလိုကိစ္စမျိုးအတွက် အသုံးဝင်နိုင်တာပဲ။

“ဘာမှ မကြာပါဘူး ကိုရဲရဲ့ ၊ တစ်နှစ် ဆိုတာ ခဏလေး ဟိုလှည့်ဒီလှည့်နဲ့တင် ပြီးသွားမှာ ၊ ချိန်ဘာပြီးလို့ ရှေ့နေဆက်မလိုက်ချင်လဲ မလိုက်နဲ့ပေါ့။ ချိန်ဘာဆင်း ဖြစ်တဲ့ အတွေ့ အကြုံမျိုးရဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ။ နောင်တစ်ချိန် မင်းစာရေး ဆရာ ဖြစ်တဲ့အခါ အဲဒီ အတွေ့ အကြုံ တွေ ကို ၀တ္ထုထဲ ထည့်ရေး လို့ရတာ ပေါ့ မဟုတ်ဘူးလား”

ကိုဗလက ဇွဲကောင်းစွာ ပင် သူ့အား စည်းရုံးတိုက်တွန်းခဲ့သည်။ သူ ဘယ်လိုပင်ငြင်းငြင်း ကိုဗလ၏ စည်းရုံးမှု က အားပျော့မသွားခဲ့။ သူနှင့် တွေ့ တိုင်း အလုပ်သင်ရှေ့နေအ ဖြစ် ချိန်ဘာဆင်း ရန် တိုက်တွန်းတတ်မြဲ ဖြစ်သည်။

သူကိုယ်တိုင်ကလည်း သူ၏ အချိန်ပိုများ အား ၀တ္ထုဖတ်လိုက်၊ ဂစ်တာတီးလိုက်၊ လက်ဖက် ရည်ဆိုင်ထိုင်လိုက်နှင့် ဖြုန်းတီးရင်း တဖြည်းဖြည်း ပျင်းရိငြီးငွေ့လာခဲ့သည်။ ထို့ကြောင့် ကိုဗလ၏ တိုးတွန်းမှု များ အား တစ်စထက်တစ်စ နားယောင်ကာ “လက်ဖက်ရည်ဆိုင် ထိုင်တာထက်စာရင် ပိုအကျိုးရှိစေရမယ်” ဟု ကိုဗလ အာမခံသော ချိန်ဘာဆင်းခြင်း ကိစ္စအား စိတ်ဝင်စားလာခဲ့သည်။

ဤသို့ ဖြင့် (၁၉၈၉) ခုနှစ် ၊ မေလ (၂၉) ရက်နေ့၌ အလုပ်သင်ရှေ့နေအ ဖြစ် တရားဝင် စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အလုပ်သင်ရှေ့နေအ ဖြစ် စာရင်းတင်သွင်း၍ ချိန်ဘာဆင်း ဖြစ်ခဲ့ ခြင်းကြောင်ပင် ယုယုခိုင်နှင့် သူ ဆုံးစည်း ဖြစ်ခဲ့ခြင်းလည်း ဖြစ်သည်။

•••

အခန်း(၃)

(၂)

မဟာဗန္ဓုလပန်းခြံလမ်းရှိ သူတို့ရုံးခန်းလေးသို့ ယုယုခိုင်ရောက်ရှိလာခဲ့သည်မှာ သူချိန်ဘာ စဆင်းပြီး လအနည်းငယ်အကြာမှာ ဖြစ်သည်။

ယုယုခိုင် မရောက်မီ အလုပ်သင်ရှေ့နေအ ဖြစ် ဦးစွာ ရောက်ရှိလာခဲ့သူက ခင်ခင်ထား ဖြစ် သည်။ အကယ်၍ ခင်ခင်ထားသာ သူတို့ရုံးခန်းလေးသို့ ရောက်ရှိမလာခဲ့လျှင် သူနှင့် ယုယုခိုင်၏ ရင်းနှီးမှု မှာ လွယ်ကူမြန်ဆန်ခဲ့မည် မဟုတ်သလို သူတို့နှစ် ယောက် ၏ ဆက်ဆံရေး မှာ လည်း တစ်စုံ တစ်ရာ ထူးခြားဆန်းကြယ်ခဲ့လိမ့်မည် မဟုတ်ပါ။

သို့ သော် ကံကြမ္မာသည် သူနှင့် ယုယုခိုင်တို့နှစ် ယောက် အနက် တစ်ယောက် ယောက် ဘက် ၌ ရပ်တည်ကာ ခင်ခင်ထားအား အလုပ်သင်ရှေ့နေ တစ်ယောက် အ ဖြစ် မဟာဗန္ဓုလပန်းခြံလမ်းရှိ ရုံးခန်းလေးသို့ ပို့ဆောင်ပေးခဲ့လေသည်။

ခင်ခင်ထားမှာ သူ့ထက် သုံးနှစ် ကျော်ကြီးပြီး ဥပဒေဖြင့် ကျောင်းပြီးခဲ့သူ ဖြစ်သည်။ တွေ့ ဆုံ စမှာ ပင် ပျော်ပျော်နေတတ်သော သူမ၏ အကျင့်နှင့် တွေ့ သည့်လူတိုင်းအား အချိန်အနည်းငယ် အတွင်း ရင်းနှီးကျွမ်းဝင်သွားအောင် လုပ်တတ်သော သူမ၏ ထူးခြားသည့်အရည်အချင်းတို့ကို သူ သတိပြုမိခဲ့သည်။

ခင်ခင်ထားရောက်လာကာစ၌ အမျိုးသမီးများ နှင့် ဆက်ဆံရာတွင် အနည်းငယ်ရှက်အန်း အန်းနိုင်စွာ နှုတ်ဆိတ်နေတတ်သော သူ့အကျင့်အတိုင်း မ၀ံ့မရဲနှင့် စကားနည်းခဲ့သော်လည်း ခင်ခင် ထား၏ ဆက်ဆံရေး ကျင်လည်မှု ကြောင့် ရက်အနည်းငယ်အတွင်းမှာ ပင် ခင်ခင်ထားနှင့် သူ ရင်းနှီး သွားခဲ့သည်။

“ချိန်ဘာဆင်းရတာ ပင်ပန်းလား ကိုရဲ”

ပထမဆုံး ချိန်ဘာဆင်းစနေ့မှာ ပင် ခင်ခင်ထား သူ့ကို စူးစမ်းသည်။ သူခပ်အေးအေးပင် “တစ်ခါတစ်လေ ထမင်းငတ်တယ်”ဟု ပြန်ဖြေတော့ ခင်ခင်ထား မျက်လုံးပြူးကာ “ဟာ ဒုက္ခပဲ” ဟု ရေရွတ်လေသည်။

“တို့က ပင်ပန်းတဲ့အလုပ်ဆို လုံးဝ ၀ါသနာပါတာ မဟုတ်ဘူး”

ခင်ခင်ထား စိတ်ပျက်လက်ပျက်နှင့် ပြောတော့ သူ ပြုံးလိုက်မိသည်။ သို့ သော် ပင်ပင် ပန်းပန်းကိစ္စမျိုးကို ၀ါသနာမပါသည့်တိုင်အောင် ခင်ခင်ထားသည် သူနှင့် ကိုဗလတို့ နည်းတူ အပင် ပန်းခံခဲ့သည်။ အပင်ပန်းမခံလို့လည်း မ ဖြစ်။ သူတို့၏ ချိန်ဘာမာစတာ ဆရာဦးလှထွန်းက အလွန် စည်းကမ်းကြီးသူ ဖြစ်သည်။

ရှေ့နေလိုက်သက် သုံးဆယ်ကျော်၊ နိုထရီပတ်ပလစ်ရှေ့နေ ဆရာဦးလှထွန်း၏ ဆောင်ပုဒ် က “ရှေ့နေ ဖြစ်ချင်ရင် အပင်ပန်းခံနိုင်ရမယ်” ဟူ၍ ဖြစ်သည်။ သူရော ခင်ခင်ထားပါ ဆရာဦးလှ ထွန်း၏ အလုပ်သင်ရှေ့နေများ အ ဖြစ် စာရင်းတင်သွင်းခဲ့ကြခြင်း ဖြစ်သည်။

ကိုဗလမှာ သူတို့နှစ် ယောက် ၏ ချိန်ဘာမာစတာအ ဖြစ် ထောက်ခံပေးနိုင်သည့် ရှေ့နေ လိုက်သက် (၅) နှစ် ပြည့်ပြီးသူ (Advocate) ပင် ဖြစ်သော်လည်း သူတို့နှစ် ယောက် ကို ထောက်ခံ ပေးဖို့ကိုတော့ ငြင်းဆန်ခဲ့သည်။ “ငါက ကိုယ်ပိုင်ရုံးခန်းဖွင့်နိုင်သေးတာ မဟုတ်ဘူး။ ဆရာ့ဆီမှာ ဂျူနီယာ အနေနဲ့ လိုက်နေတာဆိုတော့ မင်းတို့လဲ ဆရာ့ကိုပဲ ထောက်ခံခိုင်းတာပိုကောင်းတယ်” ဟု ကိုဗလ၏ အကြံပေးမှု ဖြင့် -

သူနှင့် ခင်ခင်ထားမှာ စည်းကမ်းကြီးလှသော ဆရာဦးလှထွန်း၏ အလုပ်သင်ရှေ့နေများ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ချိန်ဘာဆင်း၍ ရက်အနည်းငယ်အတွင်းမှာ ပင် ပင်ပန်းမှု ဒဏ်ဖြင့် ခင်ခင်ထား မျက်နှာရှုံ့မဲ့ လာခဲ့သည်။ ထို့အပြင် မိန်းကလေးအဖော် တစ်ယောက် လောက် ရှိလျှင်ကောင်းမယ်ဟုလည်း တောင့်တလာတတ်သည်။ ယောက်ျားလေးများ ကြား၌ တစ်ယောက် တည်း ကြောင်တောင်တောင် ဖြစ်နေသော ခင်ခင်ထား၏ ဒုက္ခကို ကိုယ်ချင်းစာမိသော်လည်း သူမ၏ ဆုတောင်းပြည့်လိမ့်မည် ဟု တော့ မထင်ခဲ့မိပါ။

သို့ သော် နောက်ထပ် ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပင် သူ၏ ထင်မြင်မှု မှားယွင်း ကာ ခင်ခင်ထား၏ ဆုတောင်းပြည့်ဝသွားခဲ့သည်။

•••

“ကိုရဲ ဒါ ယုယုခိုင်တဲ့”

ရုံးခန်း ဧည့်ခန်းတွင်းသို့ သူရောက်ရှိချိန်၌ ခင်ခင်ထားက သူမဘေး၌ ထိုင်နေသော အမျိုး သမီး တစ်ယောက် နှင့် သူ့ကို မိတ်ဆက်ပေးသည်။ ထိုအမျိုးသမီးကို ခင်ခင်ထား၏ သူငယ်ချင်း ဖြစ် လိမ့်မည် ဟု သူထင်လိုက်မိသော်လည်း တကယ်တော့ ထိုသို့ မဟုတ်ပါ။

“ယုက ဆရာဦးလှထွန်းသူငယ်ချင်းရဲ့ သမီးလေ၊ ချိန်ဘာဆင်းမလို့ လာတာ”

သည်တော့မှ ထိုအမျိုးသမီးမှာ သူတို့ရုံးခန်းလေး၏ တတိယမြောက် အလုပ်သင်ရှေ့နေ ဖြစ် ကြောင်း သူသိခွင့်ရလိုက်သည်။ ယုယုခိုင်နှင့် ပတ်သက်၍ သူဦးစွာ သတိပြုလိုက်မိသော အရာမှာ နီစွေးထူအန်းသည့် သူမ၏ နှုတ်ခမ်းထူထူများ ဖြစ်သည်။

ရိုးသားစွာ ၀န်ခံရလျှင် နှုတ်ခမ်းနီဆိုးတတ်သော အမျိုးသမီးများ ကို သူသဘောကျလေ့ မရှိ သော်လည်း နှုတ်ခမ်းဆိုးဆေးတို့ဖြင့် ရဲနီနေသည့် သူမ၏ နှုတ်ခမ်းများ ကိုတော့ သူ သဘောကျခဲ့မိ သည်။

“သူက ရဲလွင်ငြိမ်းတဲ့၊ အလုပ်သင်ရှေ့နေပဲ”

ခင်ခင်ထား မိတ်ဆက်ပေးတော့ သူမ၏ နှုတ်ခမ်းထူထူများ က လှပစွာ တွန့်ကွေးလျက် ပြုံးပြလေသည်။ သူ အလိုက်အထိုက် ပြန်ပြုံးလျက် ခေါင်းညိတ်ရင်း-

“ဟုတ်ကဲ့ ကျွန်တော် ရဲလွင်ငြိမ်းပါ၊ တွေ့ ရတာ ၀မ်းသာပါတယ်”

ဟု ပြန်ပြောလိုက်သည်။ သူမက နဖူးပေါ် ဝေ့၀ဲကျနေသည့် ဆံနွယ်စတို့ကို သပ်တင်ရင်း အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်သည်။

အ၀ါဘက်သို့ အနည်းငယ်လုနေသော ဖြူဝင်းသည့် အသားအရည်၊ ရှင်းသန့်ပြေပြစ်သော မျက်နှာနှင့် သူမမှာ ဆွဲဆောင်မှု ရှိသော်လည်း ထူးခြားစွာ လှပသူအ ဖြစ်တော့ သတ်မှတ်၍ မရပါ။ ထူထဲသော မျက်ခုံးတန်းအစုံနှင့် နှာတံစင်းစင်းက သူမအား ကြည့်ကောင်းသော အနေအထား ထက် ကျော်လွန်စေခဲ့သော်လည်း သူမ၏ မေးရိုးတို့ ကတော့ မိန်းကလေး တစ်ယောက် အနေနှင့် ဆိုပါက အနည်းငယ်ကားသည်ဟု သတ်မှတ်ရမည် ဖြစ်သည်။

သူမ၏ မျက်နှာက ဖော်ရွေခွင့်လွှတ်တတ်သူများ ၌ တွေ့ ရတတ်သည့် မျက်နှာမျိုး ဖြစ်သော် လည်း အနည်းငယ် ကားသော မေးရိုးနှင့် ခပ်စူးစူးမျက်ဝန်းတို့ ကတော့ စိတ်ပျော့သူများ ၌ တွေ့ ရ တတ်သည့် လက္ခဏာမျိုး မဟုတ်ပါ။

သူမသည် မာနကြီးသော အမျိုးသမီး တစ်ယောက် ဖြစ်နိုင်သလို မဟုတ်မခံ အမျိုးသမီးတစ် ယောက် လည်း ဖြစ်နိုင်ပါသည်။

“ယုက လောနဲ့ ကျောင်းပြီးတာပဲလား”

ခင်ခင်ထားက ယုယုခိုင်ကို လှမ်းမေးသံကြောင့် နားစွင့်လိုက်သည်။ ယုယုခိုင်က ခေါင်းယမ်းရင်း-

“မဟုတ်ဘူး မခင်ထား၊ ယု အိပ်ခ်ျဂျီပီနဲ့ပါ”

“ဟုတ်လား၊ ဒါဆို ကိုရဲနဲ့အတူတူပဲပေါ့၊ ကိုရဲလဲ အပ်ခ်ျဂျီပီပဲ”

ခင်ခင်ထား၏ စကားကြောင့် သူမ၏ မျက်ဝန်းတို့က သူ့ဆီသို့ ဖျတ်ခနဲ ကျရောက်လာကြ သည်။ ထို့နောက် သူ့အား ကိုရဲက ဘာနဲ့ကျောင်းပြီးတာလဲဟု မေးသဖြင့် ဖီးဆစ်နဲ့ပါဟု သူဖြေ လိုက်သည်။ မယုယုခိုင်ကောဟု သူမေးတော့ သူမက သင်္ချာအဓိကနှင့် ကျောင်းပြီးခဲ့တာဟု အဖြေ ပေးသည်။

“သင်္ချာနဲ့ဥပဒေ တခြားစီပဲ၊ တို့ဆို သင်္ချာတွက်ရမှာ ကြောက်လွန်းလို့ ဆယ်တန်းအောင် တော့ သင်္ချာမပါတဲ့ မေဂျာရွေးရင်း ဥပဒေယူ ဖြစ်သွားတာ ဥပဒေကို အဲဒီ လောက်အထိ စိတ်ဝင်စား ခဲ့တာ”

စကားဆုံးတော့ သူမစကားကို သူမဘာသာ သဘောကျဟန်ဖြင့် ခင်ခင်ထား ဟက်ခနဲ ရယ်မောသည်။

“ဘာပဲ ဖြစ် ဖြစ် ယုရောက်လာတာ အတော် ပဲ၊ နို့မို့ဆို မဟာပုရိသတွေ ကြားထဲမှာ တို့ တစ်ယောက် ထဲ မျက်စိသူငယ်၊ နားသူငယ် ဖြစ်နေတာ၊ ခုဆို ဖြစ်လဲ နှစ် ယောက် တူ ဖြစ်ကြတာပေါ့”

ခင်ခင်ထား စိတ်အားထက်သန်စွာ ပြောတော့ ယုယုခိုင်က ရယ်ချင်စိတ်ဖြင့် ပြုံးသည်။

သူ ကတော့ ယုယုခိုင်၏ ချိန်ဘာမာစတာမှာ ဘယ်သူ ဖြစ်မလဲဟု စဉ်းစားနေမိသည်။ ဆရာ ဦးလှထွန်းမှာ သူနှင့် ခင်ခင်ထားကို (In Roll) လုပ်ပြီး ဖြစ်သဖြင့် ယုယုခိုင်အား အလုပ်သင်ရှေ့နေ အ ဖြစ် လက်ခံကြောင်း ထောက်ခံစာကို ဆရာဦးလှထွန်းလက်မှတ်ထိုးလိမ့်မည် မဟုတ်ပေ။ ဖြစ်နိုင် တာ ကတော့ ထိုလက်မှတ်ထိုးပေးသူမှာ ကိုဗလ ဖြစ်ပေလိမ့်မည် ။

တအောင့်အကြာ အနီရောင် လိပ်ခုံးကားလေးဖြင့် ဆရာဦးလှထွန်း ရောက်လာချိန်မှာ တော့ သူ တွေးထင်မှု မှန်ကန်ကြောင်း သူသိခွင့်ရခဲ့သည်။ ယုယုခိုင်၏ ချိန်ဘာမာစတာမှာ ကိုဗလ ဖြစ်လေ သည်။

ထို့အပြင် သူမျှော်လင့်ထားသည့်အတိုင်းပင် ယုယုခိုင်အား အလုပ်သင်ရှေ့နေအ ဖြစ် စာရင်းသွင်းရန် ကိစ္စမှာ သူ၏ တာဝန် ဖြစ်လာခဲ့သည်။

“ယုယုခိုင်ကို (In Roll) လုပ်ဖို့ ကိုရဲလိုက်လုပ်ပေးလိုက် ပါ၊ ခင်ခင်ထားလဲ ခေါ် သွားပါ”

ဒါဆိုရင်တော့ ယနေ့အဖို့ သူရော ခင်ခင်ထားပါ ဆရာဦးလှထွန်းနှင့် အမှု စစ်ရာသို့ လိုက်ပါ ရတော့မည် မဟုတ်ဘဲ ယုယုခိုင်အား စာရင်းသွင်းရန်ကိစ္စနှင့် ပင် အချိန်ကုန်ပေလိမ့်မည် ။ ခင်ခင် ထား ကတော့ ဆရာဦးလှထွန်းနှင့် မလိုက်ရတော့သည့်အတွက် ပင်ပန်းတော့မည် မဟုတ်သဖြင့် ကျေနပ်ရွှင်ပျနေလေသည်။

ကိုဗလရောက်လာတော့ အလုပ်သင်ရှေ့နေအ ဖြစ် ထောက်ခံကြောင်း လက်မှတ်ထိုးခိုင်းပြီး သူနှင့် အမျိုးသမီးနှစ် ယောက် တရားရုံးသို့ သွားရသည်။ စာချုပ်တစ်စောင်ဝယ်၍ အစိုးရအလုပ် လုပ်ကိုင်ခြင်းမရှိကြောင်း ကတိသစ္စာပြုလွှာ ရိုက်ခိုင်းပြီး တရားသူကြီးရှေ့၌ ယုယုခိုင်အတွက် ကတိသစ္စာပြုလွှာ ပြုလုပ်ရသည်။

ထို့နောက် သူတို့သုံးဦးသွားကြရသည်က ပန်းဆိုးတန်းရှိ တရားရုံးချုပ်သို့ ဖြစ်သည်။ တရားမဌာန၌ ယုယုခိုင်အား အလုပ်သင်ရှေ့နေအ ဖြစ် စာရင်းတင်သွင်းပြီးချိန်၌ ထမင်းစားချိန် ကျော်လွန်နေပြီ ဖြစ်သည်။ ကိစ္စအားလုံးပြီး၍ ပြန်ထွက်လာချိန်၌ ယုယုခိုင်က တစ်ခုခုကျွေးပါရစေ ဟု စကားစသည်။

“နေပါစေ မယုယုခိုင်၊ ကျွန်တော် တို့ မစားတော့ပါဘူး”

သူအားနာစွာ ငြင်းဆန်လိုက်တော့ ခင်ခင်ထားက ရယ်ကျဲကျဲဖြင့် သူ့ကို လှမ်းကြည့်ရင်း-

“ဟေ့ ကျွန်တော် တို့လို့ မပြောပါနဲ့နော်၊ ငြင်းတဲ့အထဲမှာ တို့မပါဘူး”

ခင်ခင်ထား၏ ပွင့်လင်းသော စကားကြောင့် သူရယ်လိုက်ရင်း မခင်ထားကလဲ နည်းနည်း ပါးပါး ဟန်ဆောင်ပါဦး’ ဟု ပြောတော့ ခင်ခင်ထား ရယ်မောခေါင်းယမ်းကာ-

“အစားအသောက်နဲ့ ပတ်သက်ရင် ဟန်မဆောင်နိုင်ပါဘူး။ အထူးသဖြင့် ခုလို ဆာနေတဲ့ အချိန်မျိုးမှာ ပိုပြီးဟန်မဆောင်နိုင်သေးတယ်။ ကိုရဲလဲ ဟန်ဆော်မနေနဲ့၊ နင်က ဗိုက်အောင့်တတ် တဲ့လူ”

အမြဲတမ်း မဟုတ်သည့်တိုင် အဆာလွန်သော တစ်ခါတစ်ရံ၌ သူ ဗိုက်အောင့်တတ်ကြောင်း ခင်ခင်ထား သိပြီး ဖြစ်သည်။

“ကိုရဲက ဂက်စထရိတ်ရှိလို့လား”

ငြိမ်သက်နေသော ယုယုခိုင်က သူ့ကို ဖျတ်ခနဲလှည့်ကြည့်ရင်း မေးသည်။

“ဂတ်စထရိတ်ရယ်လို့တော့ မဟုတ်ပါဘူး။ တစ်ခါတစ်လေ အဆာလွန်ရင် အောင့်တတ် တာမျိုးပါ”

“အို ဒါဆို ခုလဲ အောင့်နေရောပေါ့၊ ထမင်းစားချိန်ကျော်နေပြီပဲ”

“မအောင့်ပါဘူး မယုယုခိုင်၊ မနက်က ကျွန်တော် လက်ဖက်ရည် သောက်ထားသေးတယ်၊ ရပါတယ်”

“ဘာပဲ ဖြစ် ဖြစ် ယုကိစ္စလိုက်ကူညီကြတာပဲ၊ ယု တစ်ခုခုကျွေးပါရစေ၊ မခင်ထား ဘာစား မလဲ”

“အစားဆိုရင်တော့ ဘာပဲ ဖြစ် ဖြစ် တို့က သိပ်မရွေးဘူး၊ ယု ကြိုက်တာ စား”

“ဒါဖြင့် ထမင်းပဲ စားကြတာပေါ့”

(၃၆) လမ်း၌ သူတို့ ထမင်းဝင်စားကြသည်။ ထမင်းစားပြီး ထမင်းဖိုးကို သူရှင်းရန် ပြင်သော် လည်း ယုယုခိုင်က သူ့ထက်လျင်မြန်စွာ ထရှင်းလိုက်သဖြင့် သူဘာမှ မတတ်နိုင်ဘဲ လက်လျော့ လိုက်ရသည်။

•••


ဝန်ဇင်းချစ်သူများ နေနော် ၏ “ အဇ္ဈတ္တဆူး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကြေကွဲကောင်းကင်

အချစ်ရောင်ရင့်ရင့်

ကောင်းကင်ခါးခါး