Cover

အလင်းဖျော့ကောင်းကင်
ဇတ်သိမ်းပိုင်း

‘ကိုယ်ကဘယ်ကိစ္စကိုမှ အပျော်သဘော မလုပ်ဘူး၊ နေသူရိန် ဟာ အပျော်တမ်းသမား မဟုတ်ဘူး၊ ကိစ္စတိုင်းကို တလေးတနက်တွေးတယ်၊ တလေတနက် စဉ်စားတယ်၊ ကိုတလေး တနက်စဉ်းစားတယ်၊ ပြီးတော့ ဖြစ်မြေက်အောင် အကောင်အထည်ဖော်တယ်၊ အဲဒါ နေသူရိန် ရဲ့ မူပဲ´

နေသူရိန်

♥ ♥ ♥


ဦးကြိုက်ဘာကိုမို့လဲ လိုက်ကြိုက်နိုင်အောင် ကြိုစာမယ်၊ ဦးဆန္ဒအားလုံးနဲ့ မို့ ဆန္ဒအားလုံး ကို ဆစ်ထပ်တည်း ဖြစ်နေစေချင်တယ်၊အဲဒါ…ဘာကြောင့် လဲ..ဦး …..သိလား´

မြမိုမို

♥ ♥ ♥


`ရှင့်ရင်ထဲမှာ အချစ်လို့လား ဦးနေသူရိန်၊ ရှိခဲ့ဖူးလို့လား၊ ကျွန်မ သိသလောက်တော့ ရှင့်ရင်ထဲမှာ အချစ်ထက်အငြိုးကြီးမူတွေ ၊ လက်စားချေလိုမှု တွေ ၊ အကာတရားတွေ ပဲ ရှိတယ်၊ အချစ်မရှိဘူး´

နန်းနွယ်နီ

♥ ♥ ♥


ပြဿနာမှာ နားမလည်နိုင်မှု မင် ဖြစ်သည်။

အသက်သုံးဆယ်ခုနှစ် နှစ်အရွယ် ယောက်ျား တစ်ယောက် အားသူမ စိတ်ဝင်စားသွားဖို့ အတွက်ဆိုလျှင် ထိုယောက်ျားသည် ပထမဦးစွာ နားလည်ရန်ခက်ခဲနေဖို့ လိုအပ်ပါသည်။ ထို့အပြင် မျက်နှာပေါ်မှ အရည်အချင်းများ ကြောင့် မဟုတ်ဘဲ သူမအား ဆွဲဆောင်နိုင်ပါလိမ့်မည် ။

ဦးနေသူရိန်သည် ထိုအချက်နှစ် ချက်နှင့် များ ကြောက်မက်ဖွယ်ပြည့်စုံနေသူ ဖြစ်သည်။

သူမ သူ့ကိုဘယ်လိုမှနားမလည်အောင် ကြိုးစားကြည်၍ မရသလို၊ သူ၏ ဆွဲဆောင်မှု များ ကို လည်း ဘယ်လိုမှ ခုခံဖွယ်ရှား၍ မရနိုင်ခဲ။ အိုင်ဝါဝေါခိမင်းတစ်လုံးနှင့် ဗွီဒီယိုခွေတချို့ သူမထံသို့ ရောက်ရှိလာပြီး နောက်ပိုင်း သာမန်ရုပ်ရည်မျိုးသာရှိ၍ သာမန်ယောက်ျား တစ်ယောက် မဟုတ် သော ဦးနေသူရိန်ထံ၌ သူမဒုတိယအကြိမ်မြောက် ထပ်မံရှုံးနိမ့်ရန် သေချာသလောက် ဖြစ်သွား လေတော့သည်။

ပထမအကြိမ်ရှုံးစဉ်ကသူ့ အာရန်မတွေ့ နိုင်ဘဲ နှုတ်ဆွံ့နေခဲခြင်းသာ ဖြစ်သော်လည်း ဒုတိယ အကြိမ် အရှုံးသည် မည် မျှအထိ ကြီးမားမည် ဟု သူမစဉ်းစားမရပါ။

ထို့အတူဦးအောင်မောင်း လာပေးသွားသည့်အခွေ ငါးခွေအနက်တစ်ခွေသည်(ဇာတ်လမ်း အမည် နှင့်ကာသာမပါသလို၊ ဇာတ်လမ်းဟူ၍ လည်းမည် မည် ရရမပါဘဲ) ကောင်မလေး တစ်ယောက် တည်း၏ လှုပ်ရှားမှု များ ကို လျှောက်ရိုက်ထားသည့်အခွေ ဖြစ်နေခြင်းအကြောင်းရင်းကိုလည်း သူမ စဉ်းစား၍ မရ။

အံ့သြစရာပါပဲ…။

(အီး… ၁၈၀) တစ်ခွေလုံး သူမ၏ လှုပ်ရှားမှု များ နှင့် ပြည့်ကျပ်နေပါသည်။ မည် သည့် ၀န်စည် စလယ်မှမပါဘဲ စလင်းဘက်တစ်လုံးတည်းကိုသာ ပေါ့ပါးသွက်လက်စွာ လွယ်လျက် သူမရုံးတက် လာပုံ…..။

နေ့လယ်နေ့ခင်း မူမူတို့နှင့် လက်ဖက်ရည်ထွက်သောက်ပုံ။

ညနေရုံးဆင်း၍ အိမ်ပြန်ပုံ….။

အားလုံးသည် အချိန်ကာလအမျိုးမျိုးနှင့် ရှုထောင့်အဖုံဖုံမှ ရိုက်ထားခြင်း ဖြစ်သည်။ တစ်ပုံ ဆိုလျှင် ဖြည်းဖြည်းလေးမောင်းသွားသည့် ကားတစ်စီးပေါ်မှပင် ခဲရာခဲဆစ်ရိုက်ထားပါသည်။

ရိုက်ပုံရိုက်နည်းနှင့် အပင်ပန်းခံမှု များ အရ ဤအခွေသည် ပြိုင်ပွဲတစ်ခုခုဝင်ဖို့ ကြိုးစားထား ခြင်းမဟုတ်ပါ။ ဤအခွေ ဖြစ်ပေါ်လာရခြင်း၌ ခိုင်လုံသော အကြောင်း တစ်စုံတစ်ရာ အသေအချာ ကိုရှိနေပါလိမ့်မည် ။

ဘာများ ပါလိမ့်….။

ရုံးနှင့် အိမ်အကြား သူမရဲ့ နေစဉ်လှုပ်ရှားမှု များ ကို ခုလိုလျှောက်ရိုက်ထားရတဲ့ ရည်ရွယ်ချက် ဘယ်လိုရည်ရွယ်ချက်မျိုးပါလိမ့်။

ထိုအဖြေကို သူမစဉ်းစားမရ။ အထူးသဖြင့် အဖြေရလာအောင် သူမစဉ်းစားရဲ့။

တကယ်တော့ ထိုသို့ မစဉ်းစားရဲအောင် ဖြစ်နေခြင်းကပင်လျှင် သူမ၏ ရှုံးနိမ့်မှု ဖြစ်သလို၊ ဦးနေသူရိန်၏ နည်းဗျူဟာများ အောက်သို့ ရောက်သွားရခြင်း၏ အစလည်း ဖြစ်လေသည်။

တနင်္လာ၊အင်္ဂါနှစ် ရက်လုံး သူမနေကောင်းသွားသော လည်း ရုံးမ သွားပါ။ နဂိုကတည်းက အလုပ်လုပ်တာသဘောမကျသော နီနီ ကတော့ သူမရုံးမသွားလေ ကြိုက်လေပါပဲ။

“ဒီတစ်ပတ်လုံး ရက်စ်ယူလိုက်မို၊ ဒါမှညဉ်း အားပြန်ပြည့်လာမှာ ”

ဟုပင်မြှော က်ပင့်ပေးနေပါသေးသည်။

နီနီအပြောက သူမ နေမကောင်း ဖြစ်ခဲ့သည်မှာ နှစ် ရက်သုံးရက်မဟုတ်ဘဲ နှစ် လသုံးလ လောက် ကြာခဲ့တဲ့တိုင်းပါပဲ။

သူမ နီနီစကားကို ကြားယောင်ကာ တစ်ပတ်လုံးလုံး ရုံးမတက်ဘဲနေလိုက်လျှင်ကောင်းမ လား ဟုစဉ်းစားလိုက်မိသည်။

ယခုလိုရှောင်ပြေးနေခြင်းက ပို၍ ရှုံးပါလိမ့်မည် ။ နောက်ပြီးခုကိစ္စမှာ ရှောင်ပြေနေရုံနှင့် ပြီး သွားမည် ကိစ္စမျိုးလည်းမဟုတ်။ ဗုဒ္ဓဟူးနေ့မှာ တော့ သူမရုံးတက်ရန် ဆုံးဖြတ်လိုက်သည်။ သို့ သော် သူမ၏ အားတင်းဆုံးဖြတ်မှု က သိပ်တော့မခိုင်မာလှ။

မှန်ရှေ့တွင် ထိုင်ကာ ဖြီးလိမ်းပြင်ဆင်ချိန်၌ သူ့အကြောင်းတွေ ပြီး သူ၏ အေးစက်စက် မျက် လုံးများ ကို မြင်ယောင်လိုက်မိသည်နှင့် သူမ၏ အားတင်းထားမှု တို့က ဖရိုဖရဲ ဖြစ်စွာ ပျက်စီးသွားလေ တော့သည်။

ဘုရား....ဘုရား။ အဲသည်မျက်လုံးတွေ ဟာ အတွေးထဲမှာ တောင် သူမကိုရှုံးနိမ့်စေနိုင်တာ ပါလား။

အင်း…. သည်ပုံအတိုင်းဆိုရင်တော့ သူမရဲ့ အခြေအနေက သိပ်မကောင်းလှပါ။ ကိုယ်တိုင် ကို အခြေအနေမဟန်မှန်းသော နီနီ ကသူမကိုလှမ်းအော်သည်။

“ဟဲ့……မို”

“ဘာလဲ နီ”

“ဖုန်းလာနေတယ်လေ၊ မကြားဘူးလား”

ဟုတ်ပါရဲ့ ဧည့်ခန်းထဲမှဖုန်းက တဂွမ်ဂွမ်နှင့် ဆူညံနေပါသည်။

“မို ……….. ပြေးကိုင်လိုက်စမ်း၊ ဒီမှာ နီနီမအားလို့”

“ဟုတ်”

သူမဖုန်းဆီသို့ အပြေးအလွှားသွားရသည်။ ဖုန်းခွက်ကိုကောက်ယူပြီး မောဟိုက်နေသဖြင့် ချက်ချင်း မထူးနိုင်သေး။ သို့သော် တစ်ဖက်မှသူမ၏ ဖုန်းဖြေမှု လေးဖင့်နေခြင်းကိုကြာရှည် စာင့်ဆိုင်း နိုင်ဟန် မတူပါ။ ခပ်အောအောအသံက နာထောင်ခွက်အတွင်းမှထွက်ပေါ်၍ လာသည်။

“မြမိုမိုလား”

ဤအသံကြောင့် မှ သူမအမောမဆို့ လျှင်တော့ သူမအတွက်အမောဆို့ စရာအသံမရှိနိုင် တော့ပါ။

“ဦး……… ဦးနေသူရိန်”

“အံ့သြသွားလားမြမိုမို၊ ကိုယ်က ပိုပြီးအံ့သြနေတာ၊ မင်းနေကောင်းသွားပြီးမဟုတ်လား၊ ဘာ ဖြစ်လို့ရုံးမလာတာလဲ မြမိုမို”

ဘုရားရေ………. သူမနေကောင်းသွာတာကိုလည်း သူသိနေတာပါပဲလား။

ဖြေစမ်းမို၊ နင် တစ်ခုခုဖြေလိုက်စမ်း။

“ဟိုလေ… မို…မိုပျင်းတာနဲ့ ရုံးမသွားတာ၊ ရတယ်မဟုတ်လားဦး”

“ဘာကိုလဲ မြမိုမို”

“”မို ရုံးမတက်တာလေ

“သိပ်ရတာ ပေါ့ ၊ ဆန္ဒရှိရင်သော ကြာနေ့အထိ မြမိုမိုရုံးမတက်ဘဲနေနိုင်တယ်၊ ဒါနဲ့ကိုယ်ပေး လိုက်တဲ့အခွေတွေ ကြည့် ဖြစ်သေးလား မြမိုမို”

သေတော့မှာ ပဲ။

မိုရုံးမတက်တာ အဲသည်ကိစ္စပေါ့ ဦးနေသူရိန်ရဲ့ ။

သူမ အတန်ကြာနှုတ်ဆိတ်နေပြီးမှ စိတ်တင်းကာ အဖြေပေးလိုက်သည်။

“ဟုတ်ကဲ့… ကြည့် ဖြစ်ပါတယ်”

“ဘယ်လိုသဘောရသလဲ မြမိုမို”

သူမ သူ့မေးခွန်းကို ရှောင်လွှဲရမလား၊ ရဲဝံ့ ရင်ဆိုင်ရမလား မပြတ်မသား ဖြစ်နေမိသည်။ နောက်ဆုံးတော့ အားတင်းကာ ဆုံးဖြတ်ချက်ချလိုက်သည်။ ကဲ… သည်အကြောင်းအရာကို သိပ် ပြောစေချင်နေမှတော့ ပြောရမှာ ပေါ့။

“မိုမို ပုံတွေ ကို ဘာ ဖြစ်လို့ရိုက်တာလဲဦး”

သူမအရဲစွန့်ကာမေးလိုက်ရခြင်း ဖြစ်သော်လည်းသူ ကတော့ ချက်ချင်း မဖြေဘဲအတန်ကြာ အောင် ရယ်မောနေသေး သည်။ ပြီးမှ…..

“ကိုယ်မရိုက်ပါဘူး မြမိုမို”

“ဟုတ်ကဲ့၊ ဦးကိုယ်တိုင်မရိုက်ဘူးဆိုတာ သိပါတယ်။ဒါပေမယ့် ဦးရိုက်တာမဟုတ်တ်ာ၊ ဘာ ဖြစ်လို့ အဲလိုရိုက်တာလဲဦး”

“မြမိုမို ဘယ်လိုထင်သလဲ”

သူမကိုပင် ပြန်မေးနေပါသေသည်။ သူမ အထင်တတ်ပါ။ ထင်တတ်လျှင်လည်း မထင်ရဲ့ ပါ။

“မိုမို မထင်တတ်ဘူဦး”

“ထင်ကြည့်ပါလား မြမိုမို၊ ဘာပဲ ဖြစ် ဖြစ် တစ်ခုခုပေါ့”

“ဟင့်အင်း”

သူမ ကတုန်ကယင် ဖြစ်လာသဖြင့် ဘေးနားမှခုံမှာ ၀င်ထိုင်လိုက်ရသည်။

“အဲဒါကြောင့် မြမိုမိုရဲ့ လှုပ်ရှားမှု တွေ ကို ကိုယ်ရိုက်ခိုင်းထားတာ”

“ဦး… ဦး…. မို့ကို….”

“ရည်းစားစကားပြောနေတာပါ”

“ရှင်”

သူမအထိတ်တလန့် ရေရွတ်လိုက်မိသလို လက်ထဲမှဖုန်းကိုလည်း ယောင်ယမ်းကာ လွှတ် လိုက်မိသည်။

နောက်ဆုံးတော့ သူမမျှော်လင့်ထားသော ရှုံးနိမ့်မှု သည် သူမထံသို့ ဆိုးရွားလျင်မြန်စွာ ရောက်ရှိလာလေတော့သည်။

နောက်ကြောင်း (၂)
"သူရ"
၁၉၇၂၊ ဇန်န၀ါရီ
ကာမိုင်း။

ပတ်ဝန်းကျင်တစ်ခုလုံး အေစက်မှိုင်းညို့မှု တို့နှင့် အတူ ဆေးသားပြယ်စပြုနေသည့် ဓာတ်ပုံ ဟောင်းတစ်ခုပမာ မှု န်ဝါးဝါး ဖြစ်၍ နေလေသည်။

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်

ဤဒေသသို့ ရောက်ရှိလာခြင်းအတွက် သူရ၌ ခိုင်လုံသော အကြောင်ပြချက် တစ်စုံတစ်ရာ ရှိရမည် ဆိုပါက ထိုအကြောင်းပြချက်မှာ သူ့ရင်ထဲမှအိမ်မက်အား ပုံဖော်ခြယ်ရန်သာ ဖြစ်ရပါ့လိမ့် မည် ။

သံတိုင်တစ်ချက်နှင့် လူ တစ်ယောက် ၏ ဘ၀အား ပြောင်းလဲသွားစေနိုင်သည်ဆိုသော …

ပုံပြင် ဒဏ္ဍာရီဆန်ဆန် အ ဖြစ်အပျက်များ စွာ ကို မွေးဖွားပေးခဲ့သော …

ဤအရပ်ဒေသသို့ ကြားဖူးနားဝတစ်ခုတည်းကို အားပြုလျက် သူရောက်ရှိလာခဲ့ခြင်း ဖြစ် သည်။

စတင်ရောက်စနေ့မှာ ပင် ရာသီဥတုမှအစ ငွေကြေးသုံးစွဲမှု အဆုံး အားလုံးနှင့် လိုက်လျော ညီထွေ ဖြစ်ရန် သူ အပြင်းအထန်ကြိုးစားခဲ့ရသည်။

သို့ သော် ထိုကိစ္စမှာ သိပ်တော့မလွယ်ကူလှပါ။

သူ့၌ ပါလာသည့် (အတော် ကြာကြာသုံးစွဲရလိမ့်မည် ဟု သူမျှော်လင့်ထားသော ) သုံးထောင် နီးပါး ငွေကြေးပမာဏမှာ ရက်အနည်းငယ်အတွင်းမှာ ပင် ကြောက်ခမန်းလိလိ ပွန်းပဲ့သွားသော အခါ ၌ ဤဒေသအား သူ စိတ်ပျက်စပြုလာလေသည်။ သူ့အတွက် ပို၍ စတ်ပျက်ဖွယ်ကောင်းတာက အသိအကျွမ်းနှင့် အဆက်အသွယ်မရှိခြင်း ဖြစ်သည်။

နီးစပ်ရာလူများ နှင့် တိုးတိတ်စွာ လုပ်ကိုင်နေသော ဤလုပ်ငန်း၌ ကျင်းသားအလိုရှိသည်ဟူ သော ဆိုင်းဘုတ်မျိုးထောင်မထားသလို သူကိုယ်တိုင်ကလည်း အလုပ်သမားမလိုဘူးလားဟု လိုက်လံမေးစမ်းရန် ၀န်လေးနေမိသည်။

သို့ သော် ကာမိုင်းဒေသ၏ လေးရက်မြောက်ည၌ သူ့အတွက် ကံကောင်းထောက်မမှု တစ်ခု နှင့် ကြုံကြိုက်ခဲ့ရသည်။ ထိုကံကောင်းမှု မှာ အံစာဝိုင်းတစ်ခုမှ အစပြုခဲ့ခြင်း ဖြစ်သည်။

ငွေမရှားသော အရပ်၌ ငွေကိုရင်းနှီး၍ ကံစမ်းရသည့်ကစားဝိုင်းများ ပေါများ နေခြင်းမှာ အံ့သြစရာမဟုတ်သလို ပျင်းရိနေသော သူ့အတွက် ထိုစကားဝိုင်းများ ၌ ရပ်တန့်အပျင်းပြေခြင်းမှာ လည်း အံ့သြစရာ မဟုတ်ပါ။

ညစာအ ဖြစ် ခပ်စုတ်စုတ် ခေါက်ဆွဲဆိုင်လေးတစ်ဆိုင်၌ ခေါက်ဆွဲဝင်စားရင်း ထိုဆိုင် အတွင်းဘက် စားပွဲတစ်လုံး၌ တိုးတိုးတိတ်တိတ်ကျင်းပနေသော ကျိတ်ဝိုင်းလေးတစ်ခုကို သူ သတိပြုလိုက်မိသည်။ ခေါက်ဆွဲစားပြီးသည်နှင့် ထိုဝိုင်းနားသို့ သူ ရောက်ရှိသွားခဲ့သည်။

“ကဲ … ကဲ ထိုးကြ”

ဒိုင်က အံစာကိုင်ရင်း ဆော်သြလိုက်တော့ သနားဖွယ် ထိုလူရွယ်က အိတ်ကပ်ထဲမှ ငွေ တစ်ဆယ်ကို ဆတ်ခနဲ ထုတ်လိုက်သည်။

သူ မနေနိုင်တော့ဘဲ …

ထိုလူရွယ်နား ကပ်သွားပြီး ပခုံးကို တို့ကာ မေးလိုက်သည်။

“မင်း အစားခံရတာ ဘယ်နှစ် လှည့်ရှိပြီလဲ”

“ငါးလှည့်”

ရှုံးနိမ့် အားငယ်နေသော မျက်နှာနှင့် သူ့အား မော့ကြည့်ရင်း ပြန်အဖြေပေးသည်။

“မင်း စုစုပေါင်း ရှုံးတာ တစ်ရာ့ငါးဆယ်ရှိပြီ မဟုတ်လား”

“အင်း နည်းနည်း ကျော်မလားမသိဘူး”

“ကောင်းပြီ ၊ အဲဒီ ပိုက်ဆံပြန်ရချင်ရင် ခုအလှည့် တစ်ရာ့ငါးဆယ် ချထိုးလိုက်”

မနေနိုင် မထိုင်နိုင် ၀င်အကြံပေးလိုက် မိသော သူ့အားလူရွယ်အား မယုံသင်္ကာဟန်ဖြင့် ကြည့်၏ ။

“ရှုံးသွားရင် ဘယ်လိုလုပ်မလဲ”

ဒါ ကတော့ မေးသင့်တဲ့ မေးခွန်းပဲ။

သူ ရင်းနှီးဖော်ရွေစွာ ပြုံးပြလိုက်ပြီး ခပ်အေးအေး ပြန်ပြောလိုက်သည်။

“ငါ ပြန်လျော်မယ်”

“မင်းစကားကို ဘယ်လိုယုံရမလဲ”

“ဒီလိုယုံပေါ့”

သူ့အိတ်ထဲမှ ငွေတစ်ရာ့ငါးဆယ်ထုတ်ကာ ၎င်း၏ လက်ထဲထည့်ပေးလိုက် သည်။

“မင်းရှုံးသွားရင် အဲဒီ ပိုက်ဆံကို မင်းအိတ်ထဲထည့်လိုက်၊ တကယ်လို့ ငါပြောတဲ့အတိုင်း နိုင်ရင် ငါ့အိတ်ထဲ ပြန်ထည့်ပေး၊ ဘယ့်နှယ်လဲ”

ဒိုင်လုပ်သူက အံစာကို တဂျောက်ဂျောက်လုပ်ရင်း ထိုးသားတွေ ကို သွေးဆောင်နေပြီ။ လူရွယ် ကတော့ ယခုတိုင် ချီတုံချတုံ ဖြစ်နေဆဲ။

အတန်ကြာမှ ခေါင်းတစ်ချက်ညိတ်ကာ ကောင်းပြီဟု ရေရွတ်ရင်း ၎င်း၏ အိတ်ထဲမှ သီးခြား ငွေတစ်ရာ့ငါးဆယ်ထုတ်ကာ ချထိုးလိုက်သည်။ ၎င်းလှည့်ရမည့် အလှည့်ရောက်တော့ သူ့ဘက်သို့ တစ်ချက်လှည့်ကြည့်ရင်း ၀င်လှည့်မလားဟူသော သဘောဖြင့် မေးဆတ်ပြသည်။

သူ အေးဆေးစွာ ခေါင်းယမ်းပြလိုက်သည်။

လှည့်စမ်းပါ။ ကစားဝိုင်းဆိုတာ အနိုင်မဟုတ်ရင် အရှုံးပေါ့၊ အဲ့ဒီနှစ် ခုထဲက တစ်ခုခု ကျမယ့် ကိစ္စကို ဘာများ ဒွိဟ ဖြစ်နေစရာလိုပါသလဲ။

တဂျောက်ဂျောက်မြည် လျက် အံစာတုံးများ ငြိမ်သက်သွားတော့ ၎င်း၏ ရမှတ်က ခုနှစ် ဖြစ် သည်။ ဒါဟာ အများ ကြီး အခြေအနေကောင်းတဲ့ သဘောပေါ့။

သို့ သော် ဒိုင်က ၎င်းအပါအ၀င် ထိုးသားအားလုံးထက် ပို၍ အခြေအနေကောင်းပါသည်… ကိုးတဲ့။

ဒိုင်ကဲ့သို့ ကိုးကျသူ တစ်ယောက် မှအပ ကျန်လူအားလုံးအစားခံလိုက်ရတော့ လူရွယ်က ရှုံးမဲ့မဲ့မျက်နှာနှင့် သူ့ကို လှည့်ကြည့်ရင်း မေးသည်။

“ဘယ်လိုလုပ်မလဲ”

“ပထမ ရှုံးထားတဲ့ တစ်ရာ့ငါးဆယ်ကို ဆုံးခံနိုင်ရင် ရပ်လိုက်တော့ပေါ့”

“ပြန်ရချင်ရင်ကော”

“ဆက်ထိုး”

၎င်း၏ ညိုညက်ညက်မျက်နှာက သူ့စကားအဆုံး ပို၍ ညိုသွားလေသည်။ ယခုတိုင် လက်ထဲ ၌ ကိုင်ထားဆဲ ဖြစ်သော သူပေးထားသည့် ငွေတစ်ရာ့ငါးဆယ်ကို ထောင်ပြရင်း …

“ဒါပဲ ကျန်တော့တယ်”

အခြေအနေက သူရော ထိုလူရွယ်ပါ တစ်ယောက် ကိုတစ်ရာ့ငါးဆယ်စီ ရှုံးနေပြီ ဖြစ်သည်။

သူ အိတ်ကပ်ထဲမှ ငွေတို့ကို ထုတ်ယူရေတွက်လိုက်တော့ သုခရိပ်မြုံမှ ထွက်လာစဉ် သူ့၌ ပါလာသည့် သုံးထောင်နီးပါးငွေကြေး၏ နောက်ဆုံးလက်ကျန်က နှစ် ထောင်ပင်မပြည်တော့ပါ။ လူရွယ်ကို ပေးလိုက် ရသည့် တစ်ရာ့ငါးဆယ် နုတ်လိုက်ပါက ထောင့်ခုနှစ် ရာလောက်သာ ရှိတော့ သည်။

ထိုထဲမှ ငွေခြောက်ရာကို ထုတ်ယူကာ ကျန်ငွေကို ပြန်သိမ်းလိုက်တော့ လူရွယ်က နားမ လည်သလို စိုက်ကြည့်ရင်းမေးသည်။

“ထိုးမလို့လား”

“ဒါပေါ့”

“ခြောက်ရာစလုံးလား”

“ခြောက်ရာစလုံးပေါ့”

ငွေခြောက်ရာကို ပစ်ချလိုက်တော့ ၀ိုင်းထဲရှိ မျက်လုံးများ စွာ ကို သူ့ထံသို့ ရွေ့လျားကျ ရောက်လာကြသည်။ ယခုအချိန်၌ လောင်းကြေးအများ ဆုံး ချထိုးသူမှာ သူ ဖြစ်နေသည်မဟုတ်ပါ လား။

မထိုးလို့လည်း မ ဖြစ်ပါ။ နှစ် ယောက် ပေါင်း သုံးရာတောင် ရှုံးထားရတာ ဆိုတော့ နိုင်လျှင် လည်း သုံးရာလောက်တော့ ပြန်နိုင်သင့်သည်။

“မင်း ၀င်လှည့်၊ ငါဖယ်ပေးမယ်”

လူရွယ်က ပြောပြောဆိုဆို ထိုင်ရာမှ ထရန်ပြင်တော့ သူခေါင်းယမ်းကာ တားဆီးလိုက် သည်။

“မင်းပဲ လှည့်ပါ”

“ငါက ကံမကောင်းဘူး”

“ခုနှစ် ခါလောက်တော့ ဆက်တိုက်ကံမကောင်းဘဲ မနေပါဘူး”

လူရွယ်ဆက်တိုက်ရှုံးခဲ့သည်မှာ ခြောက်ကြိမ်ရှိပြီ။ ယခုတစ်ကြိမ်သာ ဆက်ရှုံးပါက နောက် တစ်လှည့်လောင်းကြေးသည် တစ်ထောင့်နှစ် ရာ ဖြစ် သွားပါလိမ့်မည် ။ ဘုရားသိကြားမလို့ ထိုမျှအထိ တော့ မ ဖြစ်ပါစေနှင့် ။

သို့ သော် ကံကောင်းထောက်မစွာ ပင် ထိုအလှည့်၌ ဒိုင်အား တစ်ပွင့်အသာနှင့် သူတို့ နှစ် ယောက် အနိုင်ရခဲ့သည်။ ငွေရင်းခြောက်ရာကို အိတ်ထဲပြန်ထည့်ပြီး အနိုင်ရငွေထဲမှ သုံးရာကို လူရွယ်ထံသို့ သူကမ်းပေးလိုက် သည်။

“တစ်ရာ့ငါးဆယ်က မင်းရှုံးထားတဲ့ အရင်း၊ ကျန်တဲ့၊ တစ်ရာ့ငါးဆယ်က အနိုင်၊ ရော့ … မင်းယူလိုက်တော့”

လူရွယ်က သူ့အား အတန်ကြာငေးကြောင်ကြည့်နေပြီးမှ တံတွေးတစ်ချက်မျိုးချကာ လှမ်း ယူသည်။

“ကျေးဇူးပဲ”

သူလှည့်ထွက်လာချိန်အထိ လူရွယ်က ငွေသုံးရာကိုကိုင်ကာ အံ့သြကြောင်နေဆဲ ဖြစ်သည်။

ခေါက်ဆွဲဆိုင်လေးထဲမှ ထွက်လာ၍ ခြေလှမ်းနှစ် ဆယ်လောက် မပြည့်ခင်မှာ ပင် သူ့အား လှမ်းခေါ်သံနှင့် နောက်မှ အပြေးလိုက်လာသံတို့ကို ကြားရသည်။ သူလှည့်ကြည့်စရာမလိုပါ။ သည်လောက် အလောတကြီး ဖြစ်နေပုံအရ ထိုလူမှာ စောစောကလူရွယ်မှလွဲ၍ တခြားလူ မ ဖြစ်နိုင်။

“မင်း ဘယ်ပြန်မှာ လဲ”

အမောတကောမေးခွန်းနှင့် အတူ သူ့နားရောက်လာသည်က သူမျှော်လင့်ထားသည့်အတိုင်း စောစောက လူရွယ်ပင် ဖြစ်လေသည်။

ဘောလုံးသမား တစ်ယောက် လို ညိုညက်တုတ်ခိုင်သော လူရွယ်ဘက်သို့ လှည့်ကြည့်ရင်း သူပြန်မေးလိုက်သည်။

“မင်း ဆက်မကစားတော့ဘူးလား”

“အမှန်အတိုင်း ပြောရရင်တော့ ဆက်ကစားချင်သား၊ ဒါပေမယ့် ရှုံးမှာ ကြောက်လို့”

“မင်းအဖော်ကော”

“ကိုဒိန်လား၊ သူကျန်ခဲ့တယ်၊ ပြီးမှ သူ့ပြန်ခေါ်ရမှာ ၊ ဒါနဲ့ မင်း ဘယ်မှာ နေတာလဲ”

“ကြုံရာပဲ”

သူ့စကားကြောင့် လူရွယ်က သူ့ကို တအံ့တသြငေးကြည့်သည်။ နောက်မှ သတိတရနှင့် သူ့ကိုယ်သူ ကမန်းကတန်းမိတ်ဆက်သည်။

“ငါ့နာမည် ငွေစိုးလှိုင်၊ အလုပ်အကိုင်က ကျင်းသား၊ လုံးခင်းကို ရိက္ခာတက်ဝယ်ရင်း ကိုဒိန် နဲ့ ဒီဘက်ရောက်လာတာ၊ မင်းကော ဘာလုပ်သလဲ”

“လောလောဆယ်တော့ အလုပ်ရှာတဲ့ အလုပ်ပေါ့”

“နာမည် ဘယ်လိုခေါ်သလဲ”

သူ ခေတ္တငြိမ်သက်သွားပြီးမှ တစ်လုံးချင်း အဖြေပေးလိုက် သည်။

“နေသူရိန်”

“အားပါး … အပျံစားပါလား”

“ဟုတ်တယ်၊ အဓိပ္ပာယ်ကလဲ ပျံတယ်၊ နေမင်းလိုပူမယ်၊ လူတွေ ရဲ့ ခေါင်းပေါ်မှာ နေမယ်။ အဲဒါ ငါ့နာမည် ရဲ့ အဓိပ္ပာယ်ပဲ”

“ကြိုက်သွားပြီ၊ ဒါပေမယ့် ငါ ကတော့ မင်းကို ခပ်လွယ်လွယ် သူရိန်လို့ပဲခေါ်မယ်”

တစ်ယောက် နှင့် တစ်ယောက် အပြန်အလှန် မိတ်ဆက်ပြီး ငွေစိုးလှိုင်က သူ့ကိုရုတ်တရက် ပြောသည်။

“မင်း ကျင်းသားလုပ်နိုင်မလား သူရိန်၊ ငါတို့ ကျင်းမှာ လုပ်ချင်ရင်တော့ ငါပြောပေးလို့ရ တယ်”

ဒါ ကတော့ တကယ့်ကို ကြုံကြိုက်မှု ပါပဲ၊ ရေငတ်တုန်း ရေတွင်းထဲ ပြုတ်ကျသလို အခြေ အနေမျိုးကို သူ မငြင်းဆန်နိုင်ပါ။

“ငါရှာနေတာ အဲဒီ အလုပ်ပဲ ငွေစိုးလှိုင်”

“ဟာ … ဒါဆို အဆင်ပြေတာပေါ့၊ ဒါဖြင့် ဒီလိုလုပ် မင်းပစ္စည်းတွေ အ၀တ်အစားတွေ ပြန်ယူ၊ ပြီးရင် ကိုဒိန့်ဆီကို ပြန်သွားကြမယ်”

သူ ခေါင်းယမ်းကာ ကျောပိုးအိတ်ကို ပုတ်ပြလိုက်သည်။

“မလိုဘူး ငွေစိုးလှိုင်၊ ငါပိုင်သမျှ ဒီအိတ်ထဲမှာ အားလုံးပါတယ်၊ ခုပုံစံအတိုင်း လိုက်ခဲ့လို့ ရတယ်”

“ဒါဖြင့် လာ”

သူတို့နှစ် ယောက် ခေါက်ဆွဲဆိုင်လေးဘက်သို့ ခြေဦးပြန်လှည့်လိုက်ကြသည်။

ကာမိုင်း၌ ကျောက်စိမ်းထွက်ရာ မှော်ပေါင်းများ စွာ ရှိပြီး တူးဖော်ပုံအရ ရေကျင်း၊ မျောကျင်း၊ ကုန်းကျင်းဟူ၍ အမျိုးမျိုးကွဲပြားသည်။

ငွေစိုးလှိုင် ကိုဒိန်တို့၏ ဦးဆောင်မှု ဖြင့် သူရောက်ရှိသွားသော ကျင်းမှာ ကုန်းကျင်း ဖြစ်ကာ လုံးခင်းမြို့၏ အနောက်မြောက် ငါးမိုင်ခန့်အကွာ၌ တည်ရှိသည်။

ရှမ်းတရုတ် လူမျိုး လောပန်းထောင်ထားသည့် ကျင်း ဖြစ်ပြီး သူအပါအ၀င် ကျင်းသား ခြောက်ယောက် ရှိသည်။

လောပန်းမှာ ငွေထုတ်သူသက်သက် ဖြစ်၍ ကျင်းသားများ အား အဓိက အုပ်ချုပ်သူမှာ လောပန်း၏ လူယုံ လဖိုင်ခေါင် ဆိုသူ ဖြစ်သည်။

♥ ♥ ♥


(၃)

ကာမိုင်း၌ ကျောက်စိမ်းထွက်ရာ မှော်ပေါင်းများ စွာ ရှိပြီး တူးဖော်ပုံအရ ရေကျင်း၊ မျောကျင်း၊ ကုန်းကျင်းဟူ၍ အမျိုးမျိုး ကွဲပြားသည်။

ငွေလှိုင်စိုး ကိုဒိန်တို့၏ ဦးဆောင်မှု ဖြင့် သူရောက်ရှိသွားသော ကျင်းမှာ ကုန်းကျင်း ဖြစ်ကာ လုံခင်းမြို့၏ အနောက်မြောက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။

ရှမ်းတရုတ်လူမျိုး လောပန်းထောင်ထားသည့် ကျင်း ဖြစ်ပြီး သူအပါအ၀င် ကျင်းသားခြောက်ယောက် ရှိသည်။

လောပန်းမှာ ငွေထုတ်သူ သက်သက် ဖြစ်၍ ကျင်းသားများ အား အဓိက အုပ်ချုပ်သူမှာ လောပန်း၏ လူယုံ လဖိုင်ခေါင်ဆိုသူ ဖြစ်သည်။

နှုတ်ခမ်းမွှေးကုပ်ကုပ်နှင့် ရုပ်ရှင်ထဲမှ လူကြမ်းမင်းသား ရုပ်မျိုးပေါက်နေသော ထိုသူမှာ ဆေးပြင်းလိပ်ကို အလွန်ကြိုက်သလို ကျင်းသားများ အား မညှာမတာနှင့် ရက်ရက်စက်စက် ခိုင်ခြင်း ကိုလည်း အလွန်နှစ် ခြိုက်သူ ဖြစ်သည်။

မှော င်ထဲသို့ သူတို့ ရောက်ရှိသွားတော့ သူ့ရှေ့မှာ ပင် ငွေစိုးလှိုင်နှင့် ကိုဒိန်အား ရိက္ခာဝယ် ထွက်တာ ကြာရမလားဟု ဆူပူကြိမ်းမောင်းလေသည်။

ထိုနှစ် ယောက် အား အားရရအောင်ဆဲပြီးမှ သူ့ဘက်သို့ လှည့်ကာ မေးသည်။

“မင်းနာမည် ဘယ်သူလဲ”

“နေသူရိန်”

သူဖြေလိုက်တော့ လဖိုင်ခေါင်က နှုတ်ခမ်းမဲ့ကာ ပြဇာတ်မင်းသား နာမည် မျိုးပါလားဟု ရေရွတ်သည်။

“မင်းက ကျင်းသားလုပ်မှာ လား”

“ဟုတ်ကဲ့”

“မင်း သံတိုင်ကိုင်တတ်သလား”

သူ ခေါင်းယမ်းပြလိုက်သည်။

“ဟင့်အင်း”

“ဘာကွ မကိုင်တတ်ဘူး”

“ကျွန်တော် တစ်ခါမှ မကိုင်ခဲ့ဖူးဘူး၊ ဒါပေမယ့် ကျွန်တော် ကြိုးစားပြီး လုပ်ပါ့မယ်”

“ကောင်းပြီ၊ အင်္ကျီသွားလဲ”

“ခင်ဗျာ”

သူ နားမလည်စွာ ရေရွတ်လိုက်တော့ လဖိုင်ခေါင် ဆေးပြင်းလိပ်ကိုချွတ်ကာ တက်တစ် ချက်ခေါက်သည်။

“မင်း ကျင်းသားလုပ်မယ်မဟုတ်လား၊ သွား … အထုတ်ထားပြီး အ၀တ်အစားလဲ၊ ပြီးရင် သံတိုင်ကိုင်ပြီး ကျင်းထဲဆင်း၊ ဒီမှာ ဇာတ်မင်းသားအိုက်တင်နှင့် ရပ်နေဖို့ အချိန်မပေးနိုင်ဘူးကြား လား”

သူ ကြုံတွေ့ ရသော တွင်းသားဘ၀၏ ပထမဆုံးအတွေ့ အကြုံမှာ ထိုသို့ ပင် ချောမွေ့မှု မရှိ စွာ ကသုတ်ကရက် စတင်ခဲ့ရခြင်း ဖြစ်သည်။

တခြားနေရာနှင့် အခြားအချိန်၌ ဆိုပါက ထိုကဲ့သို့ လေသံမျိုးနှင့် ရင့်သီးလာမှု အား သူခွန်းတုံ့ ပြန်မိမည် ဖြစ်သော်လည်း ဤနေရာမှာ တော့ သူ ဘာမှပြန်မပြော ဖြစ်ပါ။

ကျင်းသားဝါရင့်နေသော ကိုဒိန်က လမ်းတစ်လျှောက်လုံး လဖိုင်ခေါင်အား ကလန်ကဆန် မလုပ်ရန် သွန်သင်ဆုံးမခဲ့သည်ကို ပြန်လည်သတိရလိုက်မိသလို နန်းနွယ်နီ၏ မျက်နှာကိုလည်း မြင်ယောင်လိုက်မိသည်။

သူမ၏ စော်ကားမှု အား တုံ့ပြန်နိုင်ဖို့ တခြားလူများ ၏ အသေးအဖွဲ့ ရိုင်းပြမှု လောက်ကို သူ ဥပေက္ခာပြုနိုင်ရပါလိမ့်မည် ။

ဆေးပြင်းလိပ်ခဲလျက် ခါးထောက်ရပ်နေသော လဖိုင်ခေါင်၏ ရှေ့မှ ခေါင်းငုံ့ထွက်ခွာကာ၊ ငွေစိုးလှိုင်တို့နှင့် အတူ စခန်းချရာ တဲလေးဆီသို့ သူ ဦးတည်လိုက်သည်။

“အ၀တ်အစားလဲတာအတွက် အချိန်သိပ်မပေးနိုင်ဘူး ဟေ့၊ မြန်မြန်လဲပြီး ကျင်းထဲ မြန်မြန် ဆင်း၊ ဒီကျင်း ဖြစ်ဖို့ ငွေဘယ်လောက် ကုန်ရသလဲ၊ မင်းတို့ နားလည်တယ်မဟုတ်လား”

အေးစက်မာကျောသော မိုးကြိုးသံက သူတို့သုံးယောက် နောက်သို့ ပြေးလွှားလိုက်ပါလာ သေးသည်။

သူတို့ တူးဖော်ရသော ကျင်းမှာ ကျင်းဟု ဆိုသော်လည်း သိပ်အနက်ကြီးမဟုတ်ပါ။

ငွေစိုးလှိုင်၏ ရှင်းပြမှု အရ ထိုကျင်းမှာ ခေါင်းပေါင်းကျင်းပြီးခါစ ဖြစ်သည်ဟု သိရသည်။

ခေါင်းပေါင်းကျင်းသည်ဆိုသည်မှာ မြေမှန်ပေါ်သည်အထိ မြေသားအား တူးဖော်ဖယ်ရှား ခြင်း ဖြစ်သည်။

ထိုမြေမှန်မှတဆင့် ဆက်လက်တူးပါကမြေ၀ါကြောကိုတွေ့ ရပြီး ထိုမြေ၀ါကြော၌ ကံကောင်း ပါက ကျောက်စိမ်းကို တွေ့ ရတတ်သော်လည်း များ သော အားဖြင့် အခွံထူကာ အောက်ပိုင်း ကျောက်လောက်မကောင်းဟု သိရသည်။

မြေ၀ါကြော ကုန်လည်အထိ ဆက်တူးပါက သဲပြာကြောကိုတွေ့ ရပြီး ၎င်း၏ အောက်၌ ကြက်သွေး ကြောတည်ရှိသည်။

ထိုသို့ ကျောက်ကြောရောက်သည့်တိုင်အောင် ရင်တဖိုဖိုနှင့် တစ်ဆင့်ပြီးတစ်ဆင့် တပင် တပန်း တူးကြရသည်။

ကျောက်တူးခြင်းလုပ်ငန်းသည် ငွေကြေးနှင့် လူအင်အားကို များ စွာ အသုံးပြုရသလို ကုသိုလ် ကံ ဖေးမမှု ကိုလည်း အမှီပြုရသည့် လုပ်ငန်း ဖြစ်သည်။

ကံမကောင်းပါက ကျောကြောမရောက်ခင် ဖာခေါ်ကျောက်ဖျာနှင့် ရင်ဆိုင်ထိုးကာ ခဲလေ သမျှသဲရေကျရသည်။

ကိုဒိန်၏ ပြောပြမှု အရ သူတို့၏ ကျင်းပိုင် လောပန်းသည် ယခုကျင်းမတိုင်မီ တောင်ပေါ်၌ တူးရသည့် ကုဋေကျင်းတစ်ကျင်း၌ အရှုံးပေါ်ခဲ့ဖူးသည်ဟု သိရသည်။

“ကျင်းတစ်ကျင်းရှုံးပြီဆိုရင် လောပန်းက ငွေရှုံးပြီးကျင်းသားက လုပ်အားနဲ့မျှော်လင့်ချက်ရှုံး တယ်၊ မျှော်လင့်ချက်ရှုံးတာက ငွေရှုံးတာထက်ပိုပြီး အခံရခက်တယ်”

မှန်ပါသည်။

လောပန်းရောကျင်းသားပါ ကျောက်ရနိုးဟူသော မျှော်လင့်ချက်နှင့် တူးကြတာချင်း အတူ ဟု လောပန်းကတွင်းနှုတ်ခမ်း၌ ထိုင်ကြည့်ရုံသာ ကြည့်ရခြင်း ဖြစ်ပြီး ကျင်းသားက တပင်တပန်း ခွန်အားစိုက်ထုတ်ကာ တူးရခြင်း ဖြစ်သည်။

ကျောက်မရနိုင်တော့ဟု သေချာသွားသော အခါ၌ ကျင်းသား၏ စိတ်ပျက်မှု မှာ လောပန်း၏ စိတ်ပျက်မှု ထက် ပိုသလို၊ ပင်ပန်းမှု ချင်းကလည်း အဆပေါင်းများ စွာ ကွာခြားပါသည်။

အကယ်၌ ကျင်းအောင်လျှင်တော့ ကျောက်ဖိုးတစ်ဝက်ကိုလောပန်းက ယူပြီးတစ်ဝက်ကို ကျင်းသားများ က အချိုးကျခွဲယူရသည်။

“ဒါဖြင့် ကျောက်ထွက်များ လေ၊ အချိုးကျတဲ့ငွေများ လေပေါ့”

“ဒါပေါ့၊ ကံကောင်းရင် ကောင်းသလို ကျင်းသားကနေ နေ့ချင်းညချင်း လောပန်း ဖြစ်သွား နိုင်တယ်၊ သံတိုင်တစ်ချက်နဲ့ ဘ၀ ပြောင်းသွား နိုင်တယ်”

ဘယ်လောက်များ စိတ်ကူးယဉ်ဖွယ်ကောင်းတဲ့ အိပ်မက်ပါလဲ။

သို့ သော်ထိုအိပ်မက်နားသို့ ချဉ်းကပ်နိုင်ရန်တော့ အဆင့်ပေါင်းများ စွာ ကျန်ရှိနေပါသေး သည်။

မြေ၀ါကြောအား သူတို့ကျင်းသားများ တပင်တပန်းတူးဆွကြရသည်။

သူကနောက်မှအစုစပ်ဝင်ရောက်လာသည့် ကျင်းသား ဖြစ်သဖြင့် ပိုပင်ပန်းလေသည်။

အလျားငါးပေနီးပါးရှည်၍ တစ်ဖက်ချွန်တစ်ဖက်ပြား ပြုလုပ်ထားသည့် သံတိုင်ဖြင့် လက် ဖ၀ါးများ ပေါက်ပြဲသည်အထိ တူးဆွရသလို ပြောစာပုံတော့လည်း သူပင်ပြေးပုံရသည်။

မြေစာပုံခြင်းမှာ ကျင်းတူးရာမှ ထွက်လာသော မြေကြီးများ ကို ၀ါးဖြင့် ပြုလုပ်ထားသည့် ဂေါ် တောင်းတွင်းသို့ ထည့်ကာ ကျင်းပေါ်လွတ်ရာသို့ သွားပုံရခြင်း ဖြစ်သည်။

ထိုမျှအထိ အပင်ပန်းခံကာ သူကြိုးစားသော်လည်း သူကြိုးစားမှု တို့က လေဖိုင်ခေါင်၏ မျက်လုံးထဲ၌ အရာထင်ဟန်မတူပါ။

ကျင်းနှုတ်ခမ်းပေါ်၌ ခါးထောက်ကာ ကျင်းသားများ ၏ လှုပ်ရှားမှု ကို အဆက်မပြတ်စောင့် ကြည့်နေတတ်သော လပိုင်ခေါင်သည် သူ့ထံမှ အပြစ်တစ်စုံတစ်ရာကို အမြဲတမ်း ရှာဖွေနေတတ်ပြီး အမှားအယွင်း တစ်ခုခု လုပ်မိသည်နှင့် မိုးခြိမ်းသည့်ပမာ အော်ဟစ်ကြိမ်းမောင်းတတ်သည်။

ယုတ်ဆွအဆုံး သူပုဆိုးပြင်ဝတ်လျှင်ပင် ….

“ဟိုကောင် ပုဆိုးဝတ်တာ ကြာလှချည်လား” ဟု အပြစ်တင်တတ်လေသည်။

လဖိုင်ခေါင်၏ အပြစ်မရှာမှု ကို သူ တတ်နိုင်သမျှ သည်းခံသော်လည်း သူ့လက်ထဲမှ သံတိုင် နှင့် လဖိုင်ခေါင်၏ ဦးခေါင်းဘယ်ဟာက ပိုမာမလဲဟူသည့်အတွေးမျိုးကိုတော့ သူမတွေးဘဲမနေနိုင် ပါ။

ငွေစိုးလှိုင် ကတော့ သူ့အား လက်ကုတ်ပြီး တိုးတိတ်စွာ သတိပေးသည်။

“သည်းခံ သူရိန်၊ ဒီမှာ က သူ ဘုရင်ပဲ၊ သူ့ဘာသာ ဘာပြောပြော ဂရုစိုက်မနေနဲ့၊ ဆူတာဆဲ တာ အသားပဲ့ သွားတာမှ မဟုတ်တာ”

“ငါနားလည်တယ် ငွေစိုးလှိုင်၊ ငါလ ငါ့ရည်ရွယ်ချက်တွေ မအောင်မြင်မချင်း ပြဿနာ မတတ်ချင်ဘူး၊ တတ်နိုင်သမျှ သည်းခံမှာ ပါ”

သူ့အတွက် စိုးရိမ်နေသော ငွေစိုးလှိုင်ကို အေးဆေးစွာ ပြန်ပြောလိုက်သည်။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ နေနော် ၏ “ အလင်းဖျော့ကောင်းကင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အဇ္ဈတ္တဆူး

ပျားရည်နှင်းစက်

ကြေကွဲကောင်းကင်