စာရေး ခြင်းအတတ်ပညာ
စာရေး ဆရာဘာလဲ
စာရေး ဆရာ တစ်ယောက် ရဲ့ ဘဝအစဟာ စာရေး ချင်တဲ့စိတ် ဖြစ်တယ်။ ကလေးပဲ ဖြစ် ဖြစ်၊ လူကြီးပဲ ဖြစ် ဖြစ် လူတွေ သို့မဟုတ် အရာဝတ္ထုတွေ ကို မြင်ပြီး သူတို့ရင်ထဲမှာ ခံစားချက်တွေ ပေါ် လာကြတယ်။ ဒါမှမဟုတ် စိတ်ကူးတွေ ပေါ်လာတတ်ကြတယ်။ ဒီခံစားချက်၊ ဒီစိတ်ကူးတွေ ကို စကားလုံးတွေ နဲ့ ထုတ်ဖော်ပြသချင်လာကြတယ်။ သူငယ်ငယ်တုန်းက စာရေး ဆရာမာစယ်မရုစ် ဟာ တစ်စုံတစ်ခုတွေ ဖုံးကွယ်နေတဲ့အလှကိ ဖော်ထုတ်ချင်တယ်တဲ့။ ငယ်ငယ်တုန်းက လှပတဲ့ ပစ္စည်းတစ်ခုကို တခြားတစ်ခုခုက ဖုံးကွယ်ထားတာမြင်ရင် အဲဒီ ဖုံးကွယ်ထားတာကို ဖယ်ရှားပစ်ချင်တဲ့စိတ်မျိုး ပေါ်ခဲ့တယ်တဲ့။ အဲဒီ လို ဖုံးကွယ်ခံထားရတဲ့ အလှအပကို “အကျဉ်းချခံ ထားရတဲ့ အလှ” လို့ သူက ခေါ်ခဲ့တယ်။ အကျဉ်းချခံထားရတဲ့ အမှန်တရားတစ်ခုကို လွတ်မြောက် အောင် လုပ်ပေးဖို့ စိတ်ဆန္ဒမျိုး ဖြစ်တယ်ဆိုတာ သူ အဲဒီ တုန်းကမသိခဲ့ဘူးတဲ့ ဟုတ်တာပါ့။ အဲဒီ တုန်းက ငယ်တုန်းဆိုတော့ အမှန်တရားတို့ဘာတို့ဆိုတာတွေ ကိုသူ ဘယ်နားလည်ဦးမလဲ။ ချုံ နွဝ်တွေ အောက်မှာ သစ်သီးခြံတွေ ထဲမှာ လာဗျူးကနေခြည်ဝင်းပတွေ ထဲမှာ အမှန်တရားရှိတယ် ဆိုတာ သူဘယ်နားလည်နိုင်ပါဦးမလဲ။ စာရေး ဆရာ ဘားလ်ဇက် ကတော့ သူဘယ်နားလည်နိုင်ပါ ဦးမလဲ။ စာရေး ဆရာ ဘားလ်ဇက် ကတော့ ငယ်ငယ်တုန်းက လုပ်ချင်တာအများ ကြီးရှိတဲ့ လူငယ် ကလေး တစ်ယောက် အ ဖြစ် သူ့ရုပ်ပုံကို သူ ရေး ခြယ်ပြသ သွားပါတယ်။ ဗစ်တာဟူးဂိုး၊ ဘိုင်ရွန်၊ မူ ဆေး၊ ဗာလေရို့ စတဲ့ ကဗျာဆရာကြီးတွေ ၊ စာရေး ဆရာကြီးတွေ ဟာ သူတို့ငယ်ငယ်တုန်းက တည်းက ကဗျာတွေ ကို ရေး ခဲ့ကြတယ်။ တစ်ခါတစ်ရံမှာ လည်း စာရေး ခြင်းအလုပ်ဟာ နှောင်းမှ အသီးအပွင့်တွေ ဝေပြီး ကြီးထွားလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်လေ့ရှိပါတယ်။ ဥပမာအားဖြင့် ရှုဆိုး ဆိုပါတော့။ ဒါပေမယ့် ဒီလို အသက်ကြီးမှ စာရေး လာသည့်တိုင်အောင် ငယ်ငယ်တုန်းက လူမသိ သူမသိ ကျိတ်ပြီး ရေး ခဲ့ကြလို့သာ နောင်မှ စာရေး ဆရာ ဖြစ်လာခဲ့ကြတာ ဖြစ်ပါတယ်။
စာရေး ချင်တဲ့ ဆန္ဒဟာ လူတချို့မှာ သာရှိပြီး တခြားလူတချို့မှာ တော့ ဘာ ဖြစ်လို့ မရှိရ တာလဲ၊ ယေဘုယျကျတဲ့ တရားတစ်ခုအနေနဲ့ မဟုတ်သော်လည်း ပြောနိုင်တာ တစ်ချက်တော့ ရှိပါတယ်။အဲဒါ ကတော့ မိမိရဲ့ ခံစားချက်ကို စာနဲ့ ရေး ပြီး ဖော်ပြချင်တဲ့ဆန္ဒဟာ ဘဝရဲ့ အဆင်မပြေ မှု ၊ မိမိကိုယ်တိုင် ဖြေရှင်းခြင်းမပြုနိုင်တဲ့ အတွင်းပဋိပက္ခကို ကောက်ကာငင်ကာ လက်တွေ့ ဖြေရှင်း လေ့ရှိသူများ မှာ တော့ အစစ်အမှန်ထဲက ရုန်းထွက်ပြီး သူ့ခံစားချက်တွေ ကို စာနဲ့ ရေး ပြဖို့ လိုတယ် လို့ ထင်လေ့မရှိကြပါဘူး။ ဒါကြောင့် မို့ ကမ္ဘာမှာ အတော် ဆုံးသော စာရေး ဆရာများ ဟာ ကျန်းမာ ရေး ချို့တဲ့နေကြသူများ ဖြစ်နေတယ် ထင်ပါယ်။ (အဂ္ဂါအာလန်ပိုး၊ မာပတ်ဖရုစ်၊ ဖလောသေး၊ ချက် ကော့ စသူတို့ ဖြစ်ပါတယ်။) ဒါကြောင့် မို့ ထင်ပါရဲ့ စာရေး ဆရာတော် တော် များများ ဟာ ငယ်ငယ် တုန်းက ဘဝဒဏ်ချက်ကို လူးလှိမ့်ခံရပြီး ရှေ့တိုးတက်ဖွံ့ဖြိုးမှု မှာ အခက်အခဲ၊ အတားအဆီးတွေ ကို ကြုံတွေ့ ခဲ့ရသူတွေ ဖြစ်လေ့ရှိတာကို တွေ့ ရပါတယ်။
ဒစ်ကင်း၊ ဘားလ်ဇက်၊ ဟူးဂိုး၊ ကစ်ပလင်းနဲ့ စတင်ဒယ် စသူတို့ဟာ ငယ်ငယ်တုန်းက စိတ်မချမ်းသာစရာကောင်းတဲ့ ကလေးဘဝကို ဖြတ်သန်းခဲ့ကြရပြီး နောင်မှာ အိမ်တွင်းရေး အဆင် မပြေခဲ့သူတွေ ဖြစ်ခဲ့ကြတယ်။ တချို့ကျတော့ သူတို့ရဲ့ အတွင်းပဋိပက္ခဟာ ဘာသာရေး သို့မ ဟုတ် လူမှု ရေး အကြောင်းတွေ ဖြစ်နေတတ်ကြတယ်။ (ဗော်လ်တဲယား၊ အနာတိုးဖရန့်စ်နဲ့ တော် လစတွိုင်း စသည်တို့ ဖြစ်တယ်) တချို့ကျတော့လည်း သိပ်အကဲဆတ်လွန်းတဲ့ ပင်ကိုစိတ် သဘာဝ ကြောင့် အရာရာကို စိုးရိမ်ကြောင့် လန့်နေပြီး ကိုယ့်ရင်ထဲမှာ ပဋိပက္ခတွေ ဖြစ်လာကြရာ က အဲဒီ ပဋိပက္ခကို ထုတ်ဖော်ဖို့ စာရေး လာကြသူတွေ ဖြစ်တယ်။ (ဥပမာ မာရီမီ စသည်) ဒီလို ပြောလိုက်တဲ့အတွက် ကြီးကျယ်ထင်ရှားတဲ့ စာရေး ဆရာ တစ်ယောက် ဖြစ်လာဖို့ ဘဝမှာ အဆင်မ ပြေ ဖြစ်ရမယ်လို့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုပဲပြောပြော နဂိုက စာရေး ဖို့ အရည်အချင်းရှိပြီးသားဆိုရင် စာရေး ခြင်းအလုပ်ဟာ မိမိရဲ့ အတွင်း ပဋိပက္ခကို ဖြေရှင်း တဲ့ နည်းတစ်နည်း ဖြစ်တယ်လို့တော့ ကျွန်တော် ထင်တယ်။
ဒီတော့ တချို့က ကန့်ကွက်ကောင်း ကန့်ကွက်ကြလိမ့်မယ်။ လောကမှာ ဘဝတစ် လျှောက် အဆင်ပြေပြီး ပျော်ရွှင်နေတဲ့ စာရေး ဆရာတွေ တစ်ပုံကြီး။ သူတို့တစ်တွေ မှာ ကျန်းမာ တဲ့ စိတ်ဓာတ်ညီမျှမှု ရှိသားပဲလို့ ပြောကောင်းပြောကြမယ်။ မှန်ပါတယ်။ ဒါပေမယ့် ဒီလို စိတ် ဓာတ်သဘောထား ညီမျှမှု မှန်ကန်နေတာမျိုးဟာ ရုန်းကန်ပြီးမှ ရရှိလာတာ ဖြစ်ပါတယ်။ ရုန်းကန်မှု မရှိဘဲ ဒီလိုစိတ်သဘောထား မှန်ကန်ညီမှု ရရှိလာခဲ့တဲ့ သာဓကမျိုးကို ကျွန်တော် တစ်ခုမှ မတွေ့  ဖူးသေးပါဘး။
ဗစ်တာဟူးဂိုးဟာ ၁၈၇၅ ခုနှစ် မှာ အံ့သြစရာကောင်းလောက်အောင် ကျန်းမာသန်စွမ်းတဲ့ အဘိုးကြီးတစ်ဦး ဖြစ်ပြီး စာရေး ဆရာအ ဖြစ် ဂုဏ်သတင်းဟာလည်း တော် တော် ကြီးမားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒါကြောင့် မို့ ဒီအချိန်မှာ ဘဝမှာ အဆင်မပြေ ဖြစ်တာတွေ များ လှချည်ရဲ့ ဆိုပြီး ညည်း တွားနေစရာအကြောင်း မရှိတော့ပါဘူး။ ဒါပေမယ့် သူ့ငယ်စဉ်ဘဝတုန်းက ဆင်းရဲဒုက္ခတွေ ကြုံ တွေ့ ခဲ့ရတယ်။ အချစ်ရေး မှာ အဆင်မပြေ ဖြစ်ခဲ့ရတာ ၊ သေခြင်းတရားနဲ့ နိုင်ငံရေး လောကဓံမုန်တိုင်းတွေ ကြောင့် စိတ်ဆင်းရဲခဲ့ရတာ ၊ ဒါတွေ ကြောင့် စိတ်ပင်ပန်းရတာ မမေ့သင့်ပါ ဘူး။
ပြင်သစ်ထီးနန်း ပြန်လည်အုပ်စိုးရေး ခေတ်ကာလတုန်းက စာရေး ဆရာ ရှာတိုဘရိုင်းယန်း ဟာ သံအမတ်ကြီး ဖြစ်ခဲ့ဖူးတယ်။ ဝန်ကြီး ဖြစ်ခဲ့ဖူးတယ်။ ဒါကြောင့် တစ်ခါတုန်းကလို အလွမ်းအ ဆွေးကဗျာတွေ ကို စပ်စရာမလိုတော့ပါဘူး။ ဒါပေမယ့် ရှာတိုဘရိုင်းယန်းဟာ သူ့ရဲ့ စာပေအစွမ်း အစကို သဘောပေါက်စေပြီး အဲဒီ အစွမ်းအစကို ဘယ်လို အစာကျွေးရမယ်ဆိုတာ သိခဲ့တဲ့အတွက် သူ့အရင်တုန်းက ရှိခဲ့တဲ့ ရင်ထဲက ပဋိပက္ခတွေ ကို ဆက်လက်ရှင်သန်အောင် ဆက်လက်မွေးမြူး ပြီး ပဋိပက္ခသစ်တွေ ကိုလည်း ရှာခဲ့ပါတယ်။
နောက် တစ်ယောက် ကတော့ ကဗျာဆရာ ပေါဗာလေရီပါ။ ကျွန်တော် သိသလောက် ပြောရရင် ဗာလေရီဟာ အလွန်စိတ်ဓာတ်ကြံ့ခိုင်တဲ့လူ၊ ပျော်ပျော်နေတတ်တဲ့သူပါ။ ဒါပေမယ့် အရေတွန့်တွေ ထင်ပြီး ရှုံ့တွနေတဲ့သူ မျက်နှာဟာ သူ ငယ်စဉ်က တွေ့ ခဲ့ရတဲ့ ဒုက္ခဆင်းရဲတွေ ကို သက်သေထူပြနေပါတယ်။ ကိုယ့်ကိုယ်ကိုသော်လည်းကောင်း၊ ပတ်ဝန်းကျင် လောကကြီးကိုသော် လည်းကောင်း ကျေနပ်ရောင့် ရနေတဲ့ စာရေး ဆရာမျိုးဟာ ကျွန်တော် တွေ့ ဖူးသလောက်ပြောရရင် အညံ့စားစာရေး ဆရာတွေ များ သာ ဖြစ်ပါတယ်။ (ဒီလိုပြောရတဲ့အတွက် မကောင်းပါဘူးဗျာ) ဒီလို ပြောလိုက်တဲ့အတွက် စာ ကောင်းကောင်းရေး တတ်ချင်ရင် အဆိုးမြင်ဝါဒသမား တစ်ယောက် ဖြစ် ရမယ်လို့တော့ ကျွန်တော် ဆိုလိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် စာရေး ဆရာ အာလိန်းပြောသလို အနုပညာသည်တစ်ဦး၌ အကောင်းမြင်ဝါဒသည် ပြင်းထန်သော တိုက်ပွဲဖြင့် သာ ရရှိနိုင်သော အရာ ဖြစ်ပေသည်လို့ ပြောချင်ပါတယ်။
ဒီတော့ စာရေး ဆရာ တစ်ယောက် ဖြစ်ဖို့အတွက် ပထမဦးဆုံး လိုအပ်ချက်က စာရေး ချင် တဲ့ စိတ်ဆန္ဒနဲ့ စာရေး ဆရာ ဖြစ်ဖို့ ကြိုးစားအားထုတ်မှု ရှိရလိမ့်မယ်။ ဒုတိယအချက်က ကိုယ့်မှာ ပရိသတ်ရှိရလိမ့်မယ်။ စာရေး ဆရာ တစ်ယောက် အဖို့ ဘာ ဖြစ်လို့ ပရိသတ်လိုလဲ။ စာရေး ဆရာရဲ့ ရည်ရွယ်ချက်ဟာ သူ့ခံစားချက်ကို ထုတ်ဖော်ပြောဆိုဖို့ ဖြစ်တယ်ဆိုလို့ရှိရင် ထုတ်ဖော်ပြောပြီး ရင် ပြီးရောပေါ့။ မလုံလောက်သေးဘူးလား၊ သူ့မှာ ဒီထုတ်ဖော်ပြောဆိုချက်ကို ကြားနာမယ့် သက် သေတွေ လိုသေးသလား။ ဒီ မေးခွန်းကိုဖြေရရင် အများ အားဖြင့် လိုတယ်လို့ပဲ ဖြေရလိမ့်မယ်။ “အများ အားဖြင့် ” လို့ ပြောရတာ က တခြားကြောင့် မဟုတ်ဘူး။ မိမိတို့ရဲ့ ကိုယ်ရေး ကိုယ်တာမှတ် တမ်းများ ကို ရေး တဲ့ စာရေး ဆရာတွေ ရှိနေလို့ပါ။
ဥပမာအားဖြင့် စိန့်ဆိုင်မွန်နဲ့ ဆင်မျူရယ်တို့ဟာ လူထုရဲ့ ကောင်းချီးသြဘာသံကို နည်း နည်းလေးမှ အရေး ထားတဲ့သူတွေ မဟုတ်ပါဘူး။ သူတို့ စာရေး တာဟာ သူတို့အတွက်နဲ့ သူတို့ မမြင်ဖူးတဲ့ နောင်လာနောင်သားတွေ အတွက် ရေး ကြတာပါ။ ဒါပေမယ့် ဒီလိုကိစ္စမျိုး ကတော့ တော် တော် ရှားတယ်။ စာရေး ဆရာတိုင်းဟာ ဘယ်လောက်ပဲ နည်းသည် ဖြစ်စေ ကိုယ့် စာကိုဖတ်မယ့် ပရိသတ်တော့ ရှိစေချင်ကြတာပါပဲ။ ဒါကလည်း သဘာဝ ကျပါတယ်။ စာရေး ဆရာဟာ သူနဲ့ ပတ် သက်တဲ့ အမှန်တရားကို ထုတ်ဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စာရေး တာကို၊ လောကကြီးကို ထုတ်ဖော်ပြောဆိုချင်လို့ စာရေး တာကို၊ သူရည်ရွယ်ပြီးရေး တဲ့ လူတွေ ဆီကို သူ့စာမရောက်ဘူးဆို ရင် သူစာရေး ရတာ ဟာလည်း ဘာအဓိပ္ပါယ်ရှိဦးမှာ လဲ။ ကိုယ့်ကို နားလည်တဲ့ပရိသတ်၊ ကိုယ့်ကို ချစ်တဲ့ ပရိသတ်၊ ကိုယ့်ကို လေးစားကြည်ညို တဲ့ ပရိသတ်ရှိရင် စာရေး ဆရာဟာ ကျေနပ်အားရသွားတော့တာပါပဲ။ ပြီးတော့ ကိုယ့်ရဲ့ ပဋိပက္ခတွေ ဟာလည်း ကိုယ့်စာဖတ်ပရိသတ် ရဲ့ အတွင်း ပဋိပက္ခတွေ နဲ့ တူနေပြီး သူ့စာကို ဖတ်တဲ့အတွက် ပရိသတ်မှာ စိတ်သက်သာရာရသွားတယ်။ စိတ်ချမ်းသာရာရတယ်ဆိုရင် ပရိသတ်ကို ကူညီလိုက်ရပြီဆိုပြီး ပီ တိတွေ နောက်ထပ် ဖြစ်ရပါသေးတယ်။
ကိုယ့်အသက်မွေးဝမ်းကျောင်းနဲ့ အညီ ထိုက်ထိုက်တန်တန်၊ လေးလေးစားစားရေး လာတဲ့ စာရေး ဆရာဟာ အာဏာကိုလည်း မလိုချင်ဘူး။ဘုန်းတန်ခိုးကိုလည်း မလိုချင်ဘူး။ တစ်ခါတစ် လေမှာ ဖြစ်တတ်တာက ကိုယ်နဲ့ ထိုက်တန်တဲ့အတွက် သွားရင်းလာရင်း ဒီအခွင့်အရေး တွေ ကို ရ လာတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမယ့် ထင်ရှားကြီးကျယ်တဲ့ စာရေး ဆရာ တော် တော် များ များ ဟာ သူတို့ အသက်ထင်ရှားရှိချိန်မှာ ဒီအရာတွေ ကို ရမသွားခဲ့ကြပါဘူး။ ကဗျာဆရာကြီး မာလာမေဟာ လူနည်းစုကလေးက သဘောကျတဲ့ ကဗျာဆရာပဲ ဖြစ်ခဲ့ပါတယ်။ ကျယ်ပြန့်တဲ့ စာဖတ်ပရိသတ်တွေ ကြားထဲမှာ သူ့ကို မသိခဲ့ကြပါဘူး။
စတင်ဒယ် ကတော့ “ကျွန်တော့် ဘဝမှာ ၁၈၆ဝ ခုနှစ် ကျရင် စာဖတ်ပရိသတ်တွေ ရမှာ ပါ” လို့ လှောင်ပြောင်ခဲ့ဖူးပါတယ်။ ၁၉၆ဝ ခုနှစ် အထိလည်း စာဖတ်ပရိသတ်တွေ ပိုလို့တောင် ရှိလာ ပါသေးတယ်။ ဒါပေမယ့် သူ့အသက်ထင်ရှားရှိစဉ်တုန်း ကတော့ သိပ်ပြီး ပရိသတ် မရှိခဲ့ပါဘူး။ တော် လစတွိုင်း၊ ဘားလ်ဇက်နဲ့ ဒစ်ကင်းတို့ ကတော့ သူတို့ အသက်ထင်ရှားရှိစဉ်တုန်းက သိပ်ပြီး လူကြိုက်များ ခဲ့ကြပါတယ်။ အောင်မြင်မှု ဟာ စာရေး ဆရာ တစ်ယောက် အဖို့ ပိုပြီးလည်း အကျိုးမ များ ပါဘူး။ ပိုပြီးလည်း အကျိုးမယုတ်ပါဘူး။ အောင်မြင်မှု ဟာ အမှီခိုကင်းမှု ၊ လွတ်လပ်မှု ပိုရစေတဲ့ အတွက် လိုအပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဲဒီ အောင်မြင်မှု ဟာ အရှုပ်တော် ပုံတွေ ကြောင့် နာမည် ကြီးလာတာမျိုး၊ အောက်တန်းကျတဲ့ နည်းမျိုး၊ ကြော်ငြာတွေ အကြီးအကျယ်ကြော်ငြာလို့ နာမည် ကြီးလာတာမျိုးတော့ မ ဖြစ်သင့်ဘူးပေါ့။ အချို့သော စာပေဆုများ ကို လူထုက အထင်ကြီး စိတ်ဝင်စားနေတာဟာ သိပ်အကျိုးကျေးဇူးမရှိလှပါဘူး။ အထူးသဖြင့် ဆုရရှိသူတွေ အတွက် အကျိုးမများ လှပါဘူး။ တစ်ခါတစ်လေမှာ ဒီဆုတွေ ကြောင့် ရုတ်တရက် နာမည် ပျက်သွားပြီး အရှိန် အဝါတောင် ကျသွားတတ်ပါသေးတယ်။ ဆုတွေ မရသည့်တိုင်အောင်လည်း သူတို့ဟာ သူတို့ဂုဏ် သတင်းနဲ့ ထိုက်တန်တယ်ဆိုတာကို ပြနိုင်ပြီးသားပါ။ သူတို့အပေါ်မှာ ထားရှိတဲ့ ပရိသတ်ရဲ့ မျှော် လင့်ချက်တွေ ကို တုန့်ပြန်နိုင်တဲ့ အရည်အချင်းရှိပြီးသားပါ။ ဒါပေမယ့် အောင်မြင်မှု ရလိမ့်မယ်ဆို တဲ့ မျှော်လင့်ချက်ကြီးတွေ ထားခဲ့တဲ့အတွက် နာမည် ကျသွားတဲ့အခါမှ သူ့ရဲ့ ဆုံးရှုံးမှု ဟာ ပိုလို့ တောင် ကြီးမားပြီး အကျနာတတ်ပါသေးတယ်။
အတော် အတန် နာမည် ကြီးတဲ့ စာရေး ဆရာ တစ်ယောက် ဟာ စာရေး ဆရာအ ဖြစ် အသက် မွေးရင်း အပိုအလုပ်အကိုင်တွေ ကိုလည်း တွေ့ ရတတ်ပါသေးတယ်။ ဥပမာ သတင်းစာတွေ ထဲမှာ ဆောင်းပါးရေး တာ၊ စာပေပို့ချချက်တွေ လုပ်တာ၊ ရေဒီယိုတို့၊ ရုပ်မြင်သံကြားတို့က စကားပြော တာစတဲ့အလုပ်တွေ ဖြစ်ပါတယ်။ ဒီလိုအလုပ်တွေ အပေါ်မှာ စာရေး ဆရာဟာ ဘယ်လို သဘော ထားမလဲ။ အထူးသဖြင့် ကိုယ်ကလည်း ငယ်တုန်းရွယ်တုန်း၊ ဒီလိုအခွင့်အရေး မျိုးကို ငြင်းလိုက် မယ်ဆိုရင် ဘဝမြင့်လိုက်တာလို့ ထင်ချင်ထင်သွားနိုင်တယ်။ ဒါမှမဟုတ်ရင်လည်း မပြောရဲလို့ မပြောတတ်လို့ ထင်ချင်သလို ထင်သွားနိုင်တယ်။ တချို့စာရေး ဆရာတွေ ဟာ ဒီလို လူထုနဲ့ ဆက်သွယ်တာမျိုးကို သိပ်ဝါသနာမပါကြဘူး။ ဒါပေမယ့် စာရေး ဆရာ တော် တော် များများ ကတော့ ဒီလို လူထုလုပ်ငန်းတွေ မှာ ဝါသနာ ပါတတ်ကြပါတယ်။ ဒါကြောင့် မို့ ကိုယ့်ထင်မြင်ယူဆချက်ကို ပရိသတ်အများ ရှေ့မှာ ထုတ်ဖော်ပြောဆိုပြီး ပရိသတ်ကို လွှမ်းမိုးနိုင်မယ်ဆိုရင် ဘာ ဖြစ်လို့ ဒီလို လုပ်ငန်းမျိုးကို ငြင်းပယ်ရမှာ လဲ။ မငြင်းပယ်သင့်ဘူးလို့ ကျွန်တော် ထင်တယ်။ ကဗျာဆရာဗာလေ ရီဟာ သူ့ကိုလာဖိတ်တဲ့ ဒီလိုလုပ်ငန်းမျိုးကို ဘယ်တော့မှ အထင်သေးလေ့မရှိပါဘူး။ အကြောင်း အရာတစ်ခုနဲ့ ပတ်သက်လို့ သူ့ကိုလာပြီး ရေး ခိုင်းရင် ဝမ်းမြောက်ဝမ်းသာ ရေး ပေးလိုက် တာချည်း ပဲ။ သူ့ရဲ့ အချို့သော ဆောင်းပါးကောင်းများ ဟာ ဒီလိုလာပြီး အရေး ခိုင်းလို့ ရေး ပေးလိုက် တာ ချည်းပဲ ဖြစ်တယ်။ ဥပမာအားဖြင့် မွန်တက်စက္ကူ ဆောင်းပါးပေါင်းချုပ် နိဒါန်းဆိုရင် တော် တော် ကောင်းတဲ့ နိုင်ငံရေး ဆောင်းပါးတစ်စောင် ဖြစ်ပါတယ်။
ဗစ်တာဟူးဂိုးရဲ့ အကောင်းဆုံး အမျိုးသားရေး နဲ့ နိုင်ငံတကာရေး တို့နဲ့ ပတ်သက်တဲ့ ကဗျာပေါင်းများ စွာ ဟာလည်း အလားတူ အရေး ခိုင်းလို့ ရေး လိုက်ရတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ဒါပေမယ့် စာရေး ဆရာဟာ ကိုယ့်ရဲ့ မူအလုပ် ဖြစ်တဲ့ စာရေး ခြင်းအလုပ်ကို အပျက်ခံပြီး ဒီလို ဘေး ပေါက်အလုပ်တွေ ကိုချည်း လိုက်လုပ်နေလို့တော့ မ ဖြစ်ဘူးပေါ့။ အထူးသဖြင့် ကျွန်တော် တို့ ပြင် သစ်မှာ ဆိုရင် စာရေး ဆရာတွေ ဟာ အစိုးရဝန်ထမ်းတွေ ရင်လည်း ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း အတိုက်အခံ နိုင်ငံရေး အသင်းအဖွဲ့တွေ ထဲမှာ ရင်လည်း ပါလေ့ရှိကြတယ်။ ဒါ ကြောင့် ကျွန်တော် တို့ဆီက စာရေး ဆရာတွေ အဖို့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို တတ်နိုင်သမျှ ထိန်း သိမ်းထားဖို့ လိုပါတယ်။ ဒီနည်းအားဖြင့် အခြားတိုင်းပြည်က စာရေး ဆရာတွေ ထက် လူထုလုပ်ငန်း တွေ ထဲမှာ ပါဝင်လေ့ရှိကြတယ်။
စာရေး ဆရာ တစ်ယောက် ဟာ ရုပ်ဝတ္ထုအရ အောင်မြင်မှု ရဖို့ အဓိကထားသင့်သလား၊ ဒီ ရည်ရွယ်ချက်နဲ့ ကော စာရေး သင်သလား၊ တစ်နည်းပြောရရင် အသက်မွေးဝမ်းကျောင်း လုပ်ငန်း တစ်ခုအ ဖြစ် သဘောထားပြီး စာရေး ဆရာ လုပ်သင့်သလား၊ စာရေး ဆရာ တော် တော် များများ ဟာ သူ့ကိုယ်သူ ရပ်တည်ဖို့နဲ့ သူ့မိသားစု ရပ်တည်ဖို့အတွက် စာရေး ရတယ်ဆိုတာ မှန်ပါတယ်။ အချို့ဟာ အနည်းစု စာရေး ဆရာများ ဟာလည်း စာရေး ခြင်းဖြင့် ချမ်းသာသွားကြတယ်ဆိုတာ မှန် ပါတယ်။ ဥပမာ ဟူးဂိုး၊ ဗားနစ်ရှော့နဲ့ အမေရိကန် စာရေး ဆရာတွေ ၊ ပြင်သစ် ပြဇာတ်ရေး ဆရာ တွေ ဟာ ချမ်းသာသွားကြတာပါပဲ။
ဒီနေ့ဆိုရင် အရင်က ထက်တောင် ချမ်းသာဖို့ ပိုပြီးလွယ်နေသေးတယ်။ စာဖတ်ပရိသတ် ကလည်း များ လာ၊ နိုင်ငံတကာနှင့် ချီပြီး ထုတ်ဝေရတဲ့အပြင် စာတတ်သူဦးရေကလည်း များ လာတဲ့ အပြင် အရင်ကထက် ပိုပြီး ချမ်းသာဖို့ အခွင့်အလမ်းတွေ များ လာပါတယ်။ဒါပေမယ့် ဘားလ်ဇက် နဲ့ ဒူးမားစ်တို့ဟာ အောင်မြင်မှု ကို ရခဲ့ကြသည့်တိုင် သူတို့မှာ ချမ်းသာတယ်လို့ မရှိဘဲ မကြာခ ဏဆိုသလို ငွေလိုနေကြတာပါပဲ။ ဒါကြောင့် မို့ သူတို့ဟာ စာတွေ ကို အများ ကြီးရေး ခဲ့ကြရပါ တယ်။ စာတွေ ကို အများ ကြီးရေး တာဟာ ရာဇဝတ်မှု မဟုတ်ပါဘူး။ ကြီးကျယ်ထင်ရှားတဲ့ စာရေး ဆရာများ ဟာ စာတွေ ဘယ်လောက်ပဲ မရပ်မနားထုတ်လုပ်နေစေကာမူ စာကောင်းပေမွန်တွေ ကို ထုတ်လုပ်နိုင်နေတာပါပဲ။ ဘားလ်ဇက်ဟာ ဝမ်းကွဲညီမ ဘက်တီနဲ့ ဝမ်းကွဲညီပွန်းဆိုတဲ့ ဝတ္ထုတွေ ကို ငွေလိုလို့ ရေး ခဲ့တာပါပဲ။ ဒါပေမယ့် ငွေလိုလို့ ရေး တဲ့အတွက် ဒီလိုစာရေး ရတာ မျိုးကို ခွင်ပေါ်မှာ အိုးဆူနေအောင် (ထမင်းအိုး မှန်မှန်တည်နိုင်အောင်)လို့ လုပ်ရတယ်လို့ သုံးလေ့ရှိကြပါတယ်။ ဒါ ကြောင့် မို့ အဲဒီ လိုစာမျိုးကိုလည်း “အိုး ဆူအောင်လုပ်တဲ့စာ” လို့ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ထမင်းကို ဆူစေတဲ့မီးတောက်ဟာ စိတ်ဓာတ်ကိုလည်း ဘာ ဖြစ်လို့ ဆူဝေအောင် မလုပ်နိုင်ရမှာ လဲ၊ ဒါပေမယ့် စာရေး ဆရာ တစ်ယောက် အဖို့ အာဏာတို့၊ ဘုန်းတန်ခိုးတို့၊ ငွေတို့ ဆိုတာဟာ သာမညတွေ ပါ။ ပါးစပ်က ထုတ်ဖော်ပြေဆာိုခြင်း မရှိသည့် တိုင် လေးနက်တဲ့ဒဿနမရှိတဲ့ လူတစ် ယောက် စာ ကြီးကျယ်ထင်ရှားတဲ့ စာရေး ဆရာ ဘယ်တော့မှ မ ဖြစ်နိုင်ဘူး။ ဒါဟာ မှန်တယ်။ ဘဝ အနေနိမ့်ကျတဲ့ လူအတွက်ပဲ ဖြစ် ဖြစ် မှန်တယ်။
စာရေး ဆရာမ ဂျော့ဆင်းရဲ့ ဘဝဟာ ကျွန်တော် တို့ဘဝလိုပဲ စိတ်ပျက်စရာကောင်းတဲ့ဘဝ၊ အကွေ့အကောက်များ တဲ့ ဘဝ၊ ရွက်ကြမ်းရေကျိုဘဝပါပဲ၊ ဒါပေမယ့် သူ့ရဲ့ “ကွန် ဆူလို” ဝတ္ထုထဲ မှာ တော့ သူက မိန်းမတိုင်း အတုခိုးလောက်တဲ့ ယောက်ျားတိုင်း နားလည်မြတ်နိုးလောက်တဲ့ မိန်းမ စိတ်ကို အသေးစိတ် ခြယ်မှု န်းပြသနိုင်ခဲ့ပါတယ်။ ကြီးကျယ်ထင်ရှားတဲ့ စာရေး ဆရာဆိုတာ တန်ဖိုး တွေ ကို လေးစားသူ ဖြစ်ပါတယ်။ သူ့ရဲ့ အဓိကလုပ်ငန်းဟာ ဘဝကို အတွေးအခေါ်ရဲ့ ဂုဏ်သိက္ခာ အဆင့်အတန်းကိုရအောင် မြှင့်တင်ဖို့ ဖြစ်ပါတယ်။ ဒီလိုလုပ်တဲ့ နေရာမှာ အတွေးအခေါ်ကို ပုံပန်း သဏ္ဍာန်ပေါ်အောင် ဖော်ရပါတယ်။ ဒီလုပ်ငန်းကိုလုပ်ဖို့ ငြင်းဆိုခဲ့ရင် စာရေး ဆရာဟာ ကျွမ်းကျင် တဲ့ မျက်လှည့်ဆရာ တစ်ယောက် မျှသာ ဖြစ်နေပြီး စကားလုံးတွေ နဲ့ ကစားနေသူတစ်ဦးပဲ ဖြစ်နေမှာ ပါပဲ။ ဒါကြောင့် သူ့ကို ရေး ဖော်စာရေး ဆရာတွေ က လေးစားကောင်း လေးစားကြမှာ ဖြစ် သော်လည်း သူ့စာအုပ်တွေ ကိုတော့ ဘယ်သူကမှ စိတ်ဝင်စားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် စာ ရေး ဆရာဟာ အထက်ပါ လုပ်ငန်းတာဝန်ကို ကျေပြွန်ခဲ့မယ်ဆိုရင်တော့ သူ စာရေး ရတာ ကို ပျော် နေမှာ ပါပဲ။ ဒီလိုလုပ်ခဲ့ရင် စာရေး ဆရာဟာ သူထင်ဟပ်ပြတဲ့ ကမ္ဘာလောကကြီးမှာ ချီးမြှင့်မြှော က် စားခြင်း ခံရပြီး သူ့ခေတ်ရဲ့ ပဲ့တင်သံကို ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လူတွေ ကို သူတို့ရဲ့ စနစ်ကျတဲ့ ၊ မှန်ကန်တဲ့ ရုပ်ပုံလွှာတွေ ကို ရေး ပြခြင်းဖြင့် ကမ္ဘာလောကကြီးကို ပုံသွင်းဖန်တီးရာမှာ ပါဝင်ကူညီမှာ ဖြစ်ပါတယ်။
စာရေး ဆရာငယ်များ သို့
နာရီတစ်လုံးကို ထုတ်လုပ်ရာမှာ အတတ်ပညာရှိသလို စာအုပ်တစ်အုပ်ကို ထုတ်လုပ် ရာမှာ လည်း အတတ်ပညာရှိလို့ စာရေး ဆရာ လာဗရုယကပြောဖူးတယ်။ အချို့က ဒီအချက်ကို အကျယ်ကျယ် ငြင်းခုန်ကောင်း ငြင်းခုန်ကြမယ်။ စာအုပ်တစ်အုပ်ကို ထုတ်လုပ်ဖို့အတွက် အတတ် ပညာတစ်ခုကို လေ့လာရတယ်ဆိုတာ ဘာမှသံသယ ဖြစ်စရာ မလိုဘူး။ စာရေး တဲ့ အလေ့အကျင့် အားဖြင့် သာ အဲဒီ အတတ်ပညာကို ပိုင်နိုင်ကျွမ်းကျင်လာနိုင်တယ်။ တချို့လည်းပဲ ပထမတစ်ကြိမ် တည်းနဲ့ အောင်မြင်သွားကြတယ်။ ပထမတစ်ကြိမ်ထုတ်မှာ ပဲ စာအရေး အသား ကျွမ်းကျင်လှပါက လား။ အတတ်ပညာကို ပိုင်နိုင်လှပါကလားလို့ ထင်ရတယ်။ ဒါပေမယ့် တိတိကျကျ ပြောရရင် သူ တို့ဟာ ခုမှ စရေး တဲ့လက်သင်တွေ မဟုတ်ပါဘူး။ ကာလကြာမြင့်စွာ ကတည်းက သူတို့အခန်းက လေးထဲမှာ ကျိတ်ပြီး တစ်ယောက် တည်း စာတွေ တကုန်းကုန်းရေး နေခဲ့သူတွေ ဖြစ်ကြောင်းကို တွေ့ ရပါလိမ့်မယ်။ ဒါမှ မဟုတ်ရင်လည်း စာရေး ဆရာအကျော်တို့ရဲ့ စာတွေ ကို တစ်ကုပ်ကုပ် ဖတ်လာခဲ့သူတွေ ဖြစ်ကြောင်းကို တွေ့ ရလိမ့်မယ်။ စာရေး ဆရာဟာ အတတ်ပညာသင်လို့ ဆိုလိုက်ပေမယ့် အဲဒီ အတက်ပညာဟာ နာရီလုပ်တဲ့သူရဲ့ အတတ်ပညာနဲ့ မတူပါဘူး။ နာရီလုပ် တဲ့သူ ကတော့ အဆင်သင့်ရှိပြီးသား ဖြစ်တဲ့ ကိရိယာအစိတ်အပိုင်းကလေးတွေ ကို သူ့နေရာနဲ့ သူ ကောက်တပ်သွားရုံပဲ။ စာရေး ဆရာ ကတော့ ကလောင်တန်နဲ့ စာရွက်ကို ကောက်ကိုင်ပြီး ဇာတ် လမ်းဇာတ်ကွက်ကို ဖွဲ့စည်းဖန်တီးယူရတယ်။ ဒါတွင် မကဘူး။ အဲဒီ စာအုပ်ထဲမှာ ပါတဲ့ အကြောင်း ရာ (ကုန်ကြမ်း) ကိုလည်း ဖန်တီးယူရတယ်။
ဒါဖြင့် ရင် စာရေး ဆရာရဲ့ လေ့ကျင့်သင်ကြားမှု ဟာ ဘယ်လို သဘာဝ ရှိသလဲ။
စာအုပ်တစ်အုပ်ကို စာလုံးတွေ နဲ့ ရေး ရတယ်။ ဒါကြောင့် မို့ စာရေး ဆရာ ဖြစ်ချင်သူတစ် ယောက် အဖို့ ပထမဆုံး လိုအပ်ချက် ကတော့ ဝေါဟာရတွေ ရရှိဖို့နဲ့ သဒ္ဒါကို နိုင်ဖို့ လိုတယ်။ သူဟာ မိမိရဲ့ တိုင်းရင်းသားဘာသာစကားအသုံးအနှုန်းတွေ ကို ကောင်းစွာ နားလည်သိကျွမ်းရ လိမ့်မယ်။ အဲဒီ ဝေါဟာရနဲ့ အစဉ်အလာအရ တွဲ နေတဲ့အနက်အဓိပ္ပါယ်ကို တိတိကျကျ သုံးတတ်ရ မယ်။ ရှုပ်ထွေးပြီး နားမလည်နိုင်တဲ့ ဝါကျ၊ မှားယွင်းတဲ့ဝါကျကို ဘယ်တော့မှ မသုံးမိလေအောင် ကိုယ့်တိုင်းရင်းဘာသာစကားကို ကောင်းစွာ တက်ကျွမ်းရမယ်။ ဝါကျဖွဲ့ပုံတွေ အသုံးအနှုန်းတွေ ကို နားလည်ရလိမ့်မယ်။ တစ်ခါတစ်ရံမှာ စာရေး အကျော်အမော်တို့ဟာ စကားလုံးအဟောင်းတွေ ကို အဓိပ္ပါယ်သစ်နဲ့ သုံးနှုန်းသွားတာတွေ ၊ ဝါကျဖွဲ့ပုံကို ကစားပြီး တစ်မျိုးဖွဲ့တာတွေ မရှိဘူးလားလို့ ခင်ဗျားတို့က မေးကောင်းမေးမယ်။ ရှိပါတယ်။ ကျွန်တော် တို့ သိနေတဲ့ အဓိပ္ပါယ်တွေ နဲ့ ကွဲလွဲ အောင်သုံးပြပြီး သူ့နေရာနဲ့ သူ သုံးစားတတ်တဲ့အတွက် သူတို့ သုံးတာကိုတော့ လက်ခံကောင်း လက်ခံကြမှာ ပဲ။ ဒါပေမယ့် လက်သင် တစ်ယောက် က ဒီလွတ်လပ်မှု မျိုးကိုယူပြီး သွားသုံးတတ် တယ်ဆိုရင်တော့ မသိနားမလည်လို့ သုံးတာ၊ မတတ်လို့ သုံးတာလို့ပဲ ထင်ကြမှာ ပဲ။ ထူးချွန်တဲ့ ဂီတပညာရှင် တစ်ယောက် ဟာ သူ့ရဲ့ သံစဉ်တွေ ထဲမှာ သံဆန်းတွေ ကို စမ်းထည့်ကြည့်ချင်တယ် ဆိုရင် ထည့်ပိုင်ခွင့်ရှိတယ်။ စမ်းသပ်ကြည့်ချင်တယ်ဆိုရင်လည်း စမ်းသပ်ကြည့်နိုင်တယ်။ ပန်းချီ ကျော်တွေ ဟာလည်း ခပ်ဆန်းဆန်း စမ်းသပ်ကြည့်တာမျိုးတွေ ကို စမ်းသပ်ဆွဲကြည့်ချင် ကြည့်နိုင် တယ်။ သူ ဒီလိုဆွဲတာဟာ ပန်းချီမဆွဲတတ်လို့ မဟုတ်ဘူး။ ပန်းချီပညာကို သိပ်နိုင်သွားလို့ ဒီလို စမ်းသပ်ကြည့်တာမျိုး ဖြစ်တယ်။
ဒါကြောင့် မို့ စာရေး ဆရာငယ် တစ်ယောက် အဖို့ ပထမဆုံး အာရုံစိုက်လေ့လာရမယ့် အခြေ ခံအချက် ကတော့ တိကျတဲ့ ဝေါဟာရကို သုံးစွဲတတ်ဖို့ ဖြစ်တယ်။ ဒါဖြင့် ရင် ဘယ်လောက်ကျယ် ကျယ်ပြန့်ပြန့် လေ့လာရမလဲ။ ပုံသေသတ်မှတ်လို့တော့ မ ဖြစ်နိုင်ဘူးပေါ့။ တချို့သော ဂန္တဝင်စာ ရေး ဆရာကြီးများ ဟာ သူတို့ပြောချင်တာကို စကားလုံးကလေးနည်းနည်း နဲ့ ဒိုးကနဲ ဒေါက်ကနဲ ပြောနိုင်ကြတယ်။ ဒီနေရာမှာ တော့ စာရေး ဆရာ ရေစင်းထက်ကောင်းတဲ့ ဥပမာကို မတွေ့ နိုင်ဘူး။ သူ့လိုပဲ တစ်နည်းတစ်ဖုံ ကျော်ကြားတဲ့ တချို့စာရေး ဆရာများ ကျတော့လည်း တိကျခိုင်မာတဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေ ကို စုဆောင်းလေ့ရှိကြတယ်။ ရှာတိုဘရိုင်းယန်းဆိုရင် ရှေးဟောင်း ပေါရာဏစကားလုံးတွေ ကို စုဆောင်းလေ့ရှိပြီး အဲဒီ စကားလုံးတွေ ကို ဘာသာစကားနယ်ပယ်မှာ သူ့နေရာသူ ရောက်အောင်ပြန်ပြီး သုံးလေ့ရှိတယ်၊ ဘားလ်ဇက် ကတော့ ဘဏ်တိုက်စာရေး စာချီ တွေ ၊ သတင်းစာဆရာတွေ ၊ ရဲအရာရှိတွေ ၊ ရှေ့နေတွေ နဲ့ အခြားသော အသက်မွေးမှု လုပ်ငန်းအမျိုး မျိုးက လူတွေ သုံးစွဲလေ့ရှိတဲ့ အာဟာရတွေ ကို တော် တော် များများ သိတယ်။ ကဗျာဆရာ ကတော့ သိပ္ပံပညာဆိုင်ရာ ဝေါဟာရတွေ ကို သုံးလေ့ရှိတယ်။ စာရေး ဆရာငယ်တစ်ဦးအဖို့ ကတော့ ကိုယ်က ဘယ်အကြောင်းအရာကို ရေး မလဲဆိုတဲ့ အချက်ပေါ်မှာ မူတည်ပြီး ဝေါဟာရတွေ ကို ရွေး ချယ်လေ့လာသင့်တယ်။ ပညာရပ်ဆိုင်ရာ စကားလုံးတွေ ကို ဝတ္ထုစကားပြေတို့မှာ သွားပြီးသုံးရင် ဟန်များ ပြီး ကြီးကြီးလုံး ကြီးကြီးကျယ်ကျယ်တွေ ကို သုံးတာထက် အများ သုံးနေကျ ရှင်းလင်းလွယ် ကူတဲ့ စကားလုံးတွေ ကို သုံးတာက ပိုပြီး ကောင်းတယ်။ ဒဿနဆရာတွေ ရဲ့ အဘိဓမ္မာစကားလုံး ကြီးတွေ ဟာလည်း အနှစ် သာရမပါဘဲ ဟာလာဟင်းလင်း ဖြစ်နေတတ်တာတွေ အများ ကြီးရှိတယ်။
စာရေး ဆရာငယ် တစ်ယောက် အဖို့ အကောင်းဆုံး လေ့ကျင့်သင်ကြားနည်း ကတော့ သေသေချာချာ လေ့လာကြည့်လိုက်ရင် အနုပညာ လက်ရာကောင်းတွေ ကို ဘယ်လိုဖန်တီးရသလဲ ဆိုတာ သိလာလိမ့်မယ်။ ဂန္တဝင်စာရေး ဆရာကြီးတွေ ရဲ့ စာပေတွေ ကို ကျွမ်းကျင်ရင်းနှီးနေလို့ရှိရင် သူတို့ဆီက နမူနာတွေ အများ ကြီးရလာနိုင်တယ်။ ပထမတော့ သာမန် စာဖတ်ဝါသနာပါသူတစ် ယောက် လို အပျင်းပြေဖတ်တဲ့သဘောပဲ။ နောက်တော့ အဲဒီ စာအုပ်ကို ဖတ်ရင်း ဖတ်ရင်းနဲ့ သဘောကျလာပြီး အကြိမ်ကြိမ်ဖတ်မိလာလိမ့်မယ်။ အဲဒီ စာအုပ်ကို တစ်ပိုင်းစီ တစ်ပိုင်းစီ ကျေညက်သွားအောင် ဒီလိုစာအုပ်မျိုးကို ဘယ်လိုရေး ရတယ်ဆိုတာ သဘောပေါက်သွားအောင် အထပ်ထပ်ဖတ်မိလာလိမ့်မယ်။ ဘားလ်ဇက်ရဲ့ ဝတ္ထုတစ်ပုဒ်ဟာ ဘယ်လိုရေး ထားသလဲ။ချက် ကော့ရဲ့ ဝတ္ထုတစ်ပုဒ်ဟာ ဘယ်လိုရေး ထားသလဲ။ ရှိတ်စပီးယားရဲ့ ပြဇာတ်တစ်ပုဒ်ဟာ ဘယ်လို တည်ဆောက်ထားသလဲ။ ရှိတ်စပီးယားရဲ့ ပြဇာတ်တစ်ပုဒ်ဟာ ဘယ်လိုတည်ဆောက်ထားသလဲ၊ ပါရမီ ထူးချွန်သူ တစ်ယောက် ဖြစ်ဖို့အတွက် ဖော်နည်းကားရယ်လို့ မရှိနိုင်ဘူး။ ဒါပေမယ့် စာပေ အရေး အသားအဖွဲ့အနွဲ့၊ ဇာတ်လမ်းတည်ဆောက်ပုံ၊ စကားပြောခန်းကို ဘယ်လိုရေး ပုံစသည်တို့ ကတော့ လေ့လာလို့ရနိုင်တဲ့အရာတွေ ဖြစ်တယ်။ တော် လ်စီတွိုင်းလို ကျွန်တော့် တို့ရဲ့ ဇာတ် ဆောင်တွေ ကို အသက်ရှင် ဝင်လှုပ်ရှားစေချင်ရင် သူ့ကိုလေ့လာရမယ်။ တော် လ်စီတွိုင်းဟာ သူတို့ရဲ့ လှုပ်ရှားပြောဆိုဟန်၊ သူတို့ရဲ့ အမူအရာတွေ ပြောင်းသွား ပုံ၊ သူတို့ စကားပြောဆိုပုံတို့ ကို အလေးအနက်ထား ရေး သွားတဲ့အတွက် ဒီလို နိုင်နင်းစွာ ဖွဲ့နိုင်တယ်ဆိုတာကို တွေ့ ရလိမ့် မယ်။ ယေဘုယျ စိတ်ကူးစိတ်သန်းတွေ ကနေပြီး လူ တစ်ယောက် ရဲ့ လှုပ်ရှားမှု ကို ကူးပြောင်းဖော် ပြတဲ့နေရာမှာ ကျွန်တော် တို့ဟာ မာစယ်ပရုစ်ကို လေ့လာသင့်တယ်။ မာစယ်ပရုစ်ဟာ ဂျော့အလိ ယက်၊ ဒစ်ကင်းနဲ့ ဂရပ်စကင်းတို့ဆီက လေ့လာခဲ့တာ ဖြစ်တယ်။ ဘယ်လိုလေ့လာသလဲ။ သူတို့ စာအုပ်တွေ ကို အမြဲဖတ်၊ သူတို့စာပေတွေ ကို ဘာဘာပြန်၊ ရပ်စတင်းရဲ့ စာပေတွေ ကို ကောက်နှုတ်အကျဉ်းချုပ်ဖော်ပြ။ ဒီနည်းအားဖြင့် သူတို့အဖွဲ့အနွဲ့တွေ ကို လေ့လာ။ ဒီနည်းအား ဖြင့် သူတို့ဆီက သင်ယူခဲ့ခြင်း ဖြစ်ပါတယ်။
ဒါပေမယ့် စာရေး ဆရာ တစ်ယောက် ရဲ့ စာပေကို အပတ်တကုတ် လေ့လာတဲ့အတွက် အန္တ ရာယ် မရှိနိုင်ပေဘူးလား။ ကျွန်တော် တို့ ပြောနေတာက စာရေး ဆရာငယ်ဟာ ဒုတိယဘားလ်ဇက် ဖြစ်အောင်လုပ်ဖို့ ပြောနေတာ မဟုတ်ဘူး။ နောက်ထပ် ဒစ်ကင်း တစ်ယောက် ဖြစ်အောင်လုပ်ဖို့ ပြောနေတာ မဟုတ်ဘူး။ ကိုယ်ပိုင် ဖြစ်အောင် လုပ်ဖို့ပြောနေတာ။ စာရေး ဆရာကြီးတွေ ရဲ့ စာပေ တွေ ကို အပတ်တကုတ် လေ့လာဖတ်ရှုတဲ့အတွက် သူတို့ရဲ့ နောက်လိုက် ဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ ကျွန်တော် မထင်ဘူး။
ပထမအချက်အားဖြင့် စာရေး ဆရာငယ်ဟာ ဒီနေ့ ချက်ချင်း ကောက်ရေး မှာ မဟုတ်ပါဘူး။ အမှန် ကတော့ စာရေး ဆရာငယ်ဟာ တကယ်ပါရမီခံ ရင့်သန်တဲ့သူ ဖြစ်ရင်လည်း ဒီလို တိုက်ရိုက်ကြီး အတုခိုးပြီး လိုက်ရေး မှာ မဟုတ်ပါဘူး။ စာရေး ဆရာငယ်ဟာ ဂန္တဝင်စာရေး ဆရာ ကြီးများ ရဲ့ အတက်ပညာကို ယူကောင်းယူမယ်။ လေ့လာကောင်းလေ့လာမယ်။ ဒါပေမယ့် အတက် ပညာကို သူ့နည်းနဲ့ သူ တစ်မျိုး အသုံးချမှာ ပါပဲ။ တကယ်လို့ ဆရာကြီးတွေ ရဲ့ နည်းတွေ ကို အတု ခိုးတယ်ပဲထားဦး။ သူ့ပါရမီအခံဟာ နိုးလာပြီး တစ်နေ့မှာ သူ့နည်းနဲ့ သူ ရေး လာမှာ ပါပဲ။ အတုခိုး တာတွေ ကို မေ့သွားမှာ ပါပဲ။ သူ့အကြောင်းအရာကို သူ ကောင်းစွာ နားလည်သဘောပေါက်ပြီး သူ့နည်းသူ့ဟန်နဲ့ သူရေး သွားမှာ ပါပဲ။ တစ်ခါတုန်းက စာရေး ဆရာ မောရီယေားဟာ ဗိုဆွေးရဲ့ အရေး အသားကို လုံးဝ အတုခိုးဖို့ ကြိုးစားခဲ့ဖူးတယ်။ အတုခိုးပြီး ရေး လိုက်တဲ့အခါမှာ အလွန်ကောင်းတဲ့ ဗိုဆွေးရဲ့ အရေး အသားမျိုး ဖြစ်လာပါတယ်။ ဒါပေမယ့် ချက်ချင်း ဆိုသလိုပဲ သူ့ အရေး အသားဟာ မေရီယေးရဲ့ အကောင်းဆုံး ကိုယ်ပိုင်ရေး ဟန် ဖြစ်လာခဲ့ပါတယ်။ စာရေး ပြီဆိုက တည်းက အရင်တုန်းက ဘယ်သူမှ မရေး ခဲ့ဖူးသေးတဲ့ ရေး ဟန်မျိုးနဲ့ ရေး မယ်လို့ ဘယ်သူမှ စိတ် ကူးထားခဲ့ကြတာ မဟုတ်ပါဘူး။ စာပေမှာ လူတိုင်း၊ စာရေး ဆရာတိုင်းဟာ အခြား တစ်ယောက် ယောက် ရဲ့ စိတ်ဓာတ်ဆိုင်ရာ သားသမီးချည်းပါပဲ။ မူဆေးဟာ ဘိုင်ရွန်ရဲ့ သြဇာလွှမ်းမိုးတာကို ခံခဲ့ ရပါတယ်။ ဘိုင်ရွန်ဟာလည်း ဗေါ်လတဲယားရဲ့ သြဇာလွှမ်းမိုးတာကို ခံခဲ့ရတာ ပါပဲ။ ဗေါ်လတဲယား ဟာလည်း ဂျိုနသန်ဆွစ်ရဲ့ ကျေးဇူးတွေ ရှိခဲ့တာပါပဲ။ အရေး ကြီးတာက စာရေး ဆရာငယ်ဟာ ဆရာ ကြီးများ ရဲ့ ရေး ဟန်ကို လေ့လာပြီး နောက်ဆုံးမှာ ကိုယ်ပိုင်ဟန်တစ်ခုကို ထူထောင်နိုင်ဖို့ပဲ အရေး ကြီးပါတယ်။
ဒါဖြင့် ရင် ဟန်ဆိုတာ ကတော့ ဘာလဲ။ ဟန်ဆိုတာ လူ တစ်ယောက် ရဲ့ အမှတ်အသားပါပဲ။ ဟန်ဆိုတာဟာ စကားလုံးတွေ ကို ဘယ်လိုသုံးစွဲသလဲ။ ဘဝကို ဘယ်လိုမြင်သလဲဆိုတဲ့အထဲမှာ ဖော်ပြနေပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်ပိုင် ဖြစ်တဲ့ စိတ်နေစိတ်ထားတွေ ရှိပါတယ်။ဒါပေမယ့် လူတော် တော် များများ ဟာ ကိုယ့်စိတ်နေစိတ်ထားကို ကိုယ်ရေး တဲ့စာထဲမှာ ထင်ဟပ်ဖော်ပြခြင်း မပြုနိုင်ကြပါဘူး။ ယေဘုယျပြောရရင် စာရေး တဲ့ အတတ်ပညာဆိုတာကို လူတော် တော် များများ မတတ်ကြပါဘူး။ ဒါကြောင့် မို့ သူတို့မှာ သူတို့ရဲ့ ပကတိစိတ်ဆန္ဒတွေ ၊ သူတို့ရဲ့ ခံစားချက်တွေ ကို ရေလည်အောင်ဖော်ပြနိုင်တဲ့ ပျော့ပျောင်းမှု စွမ်းရည် မရှိကြပါဘူး။ ကလောင်တံကို ကောက်ကိုင်လိုက်တာနဲ့ တစ်ပြိုင်နက် သူတို့ခေါင်းထဲမှာ သုံးရိုးသုံးစဉ် ပြောရိုးပြောစဉ်စကားလုံး တွေ ပဲ ထွက်လာတတ်ကြပါတယ်။ သူတို့ဖတ်ခဲ့တာတွေ ဟာ အညံ့စားစကားပြေတွေ ဆိုတော့ ဒီ စကားပြေတွေ ရဲ့ သြဇာက လွတ်အောင် မရုန်းနိုင်ြ ကတော့ဘူးပေါ့။ စာရေး ကောင်းသူ တစ်ယောက် ဖြစ်ပြီး သူ တစ်ယောက် တည်းအတွက်သာ စာရေး တဲ့၊ အများ ပရိသတ်ရဲ့ သြဘာလက်ခုပ်သံတွေ ကို လစ်လျူပြုထားတဲ့ စိန်ဆိုင်မွန်ဟာ သူ့အမှတ်တရ သတိရစရာတွေ ၊ သူ့ဒေါသတွေ ကို အပြည့်အဝ ပေါ်အောင် ရေး နိုင်တဲ့သူပါ။ အတွေးတစ်ခုကို ဖော်ပြချင်တယ်ဆိုတာနဲ့ တစ်ပြိုင်နက် သူ့ခေါင်းထဲ မှာ ကွက်တိ ဖြစ်နေတဲ့ နာမဝိသေသနတွေ ဟာ အလိုလို ရောက်လာတတ်ပါတယ်။ ဒါမှမဟုတ်ရင် လည်း အဲဒီ အတွေးကို ဖော်ပြနိုင်တဲ့ နာမဝိသေသနပုဒ်တွေ တစ်သီကြီး ရောက်လာတတ်ပါတယ်။ သူ ခံစားချက်တွေ ကို အာရုံစူးစိုက်လိုက်တာနဲ့ တစ်ပြိုင်နက် ဒီအကြောင်းအရာကို ဘယ်ပုံဘယ် နည်း တင်ပြရမယ်ဆိုတာကို သူ အထူးစဉ်းစားစရာ မလိုတော့ဘူး။ ဘယ်လောက်ပဲ အသေးဖွဲသည် ဖြစ်စေ၊ ခေါင်းထဲမှာ ပေါ်လာတော့တာပါပဲ။ မြိုင်မြိုင်ရွာချလိုက်သလို သူ့စကားပြေဟာ အားကောင်းလွန်းတဲ့အတွက် အ ဖြစ်အပျက် အကြောင်းအရာတွေ ဟာ စာမျက်နှာတွေ ပေါ်မှာ ဒီရေ ကြီးများ တက်သလို ချက်ချင်း ပြည့်သွားတော့တာပါပဲ။ ဒီလို ရေး နေတုန်းမှာ ပဲ သူ့ခေါင်းထဲမှာ အခြေ အနေတွေ ၊ အ ဖြစ်အပျက်တွေ ပေါ်လာလာပါပဲ။ ဒီလို အစီအစဉ်မရှိ ပေါ်လာတာတွေ ကို ချရေး သွား တဲ့အတွက်ကြောင့် ပဲ သူ့စကားလုံးတွေ ဟာ သက်ဝင်လှုပ်ရှားနေခြင်း ဖြစ်ပါတယ်။ စိတ်မြန်တဲ့ စိန်ဆိုင်မွန်ကို သူ့စာတွေ ထဲမှာ အတိုင်းသား မြင်နေရပါတယ်။ ဒါဟာ ဟန်ရဲ့ အနက်အဓိပ္ပါယ်ပါပဲ။
စာရေး ခြင်းအတတ်ပညာ
နာရီတစ်လုံးကို လုပ်တဲ့နေရာမှာ အတတ်ပညာရှိသလို စာအုပ်တစ်အုပ်ကို လုပ်တဲ့နေရာ မှာ လည်း အတတ်ပညာရှိတယ်လို့ လာဘရုယေားက ပြောခဲ့ဖူးတယ်။ ဒီအချက်ကိုတော့ ကာလ အတန်ကြာကတည်းက သဘောတူခဲ့ကြပြီး ဖြစ်မှာ ပါပဲ။ စာအုပ်တစ်အုပ်လုပ်တယ်ဆိုတဲ့ နေရာမှာ အတတ်ပညာတစ်ခုကို လေ့လာသင်ကြားရခြင်း ဖြစ်တယ်ဆိုတာ ဘာမှ သံသယရှိစရာမလိုဘူး။ အဲဒီ အတတ်ပညာဟာလည်း စာရေး လေ့ကျင့်ခြင်းဖြင့် သာ ရနိုင်ဆို။ ပထမတစ်ပုဒ်၊ ပထမတစ်ခါ ရေး ရုံနဲ့ တော့ အောင်မြင်တဲ့ သူရယ်လို့ သိပ်မရှိလှပါဘူး။ တချို့စာရေး ဆရာတွေ ရဲ့ ပထမဆုံး ပုံနှိပ်ထုတ်ဝေတဲ့ လက်ရာတွေ ဟာ သိပ်ကောင်းပြီး အတတ်ပညာ ကျွမ်းကျင်မှု ရှိတယ်လို့ ထင်ရ တယ်။ ဒါပေမယ့် တကယ် ကတော့ သူတို့ဟာ လက်သင်စာရေး ဆရာတွေ ၊ ခုမှ စာစရေး တဲ့သူတွေ မဟုတ်ကြပါဘူး။ တချို့က သူတို့အခန်းကလေးထဲမှာ သူတို့ဘာသာ သူတို့စာတွေ ကို တကုတ် ကုတ်နဲ့ ရေး နေကြတယ်။ တချို့ကလည်း ရှေးခေတ်က စာရေး ဆရာကြီးတွေ ရဲ့ စာတွေ ကို လေ့လာ ဖတ်ရှုခဲ့ကြရတယ်။ဒါပေမယ့် စာရေး ဆရာအလုပ်ဟာ အတတ်ပညာတစ်ခု ဖြစ်တယ်လို့ ဆိုခဲ့သည့်တိုင် နာရီပြင်ဆရာရဲ့ အတတ်ပညာနဲ့ တော့ မတူဘူး။ နာရီပြင်ဆရာ ကတော့ အဆင်သင့်ရှိတဲ့ ပစ္စည်းကိရိယာ အပိုင်းအစကလေးတွေ ကကို သူ့နေရာနဲ့ သူ အတိအကျကောက် ပြီး တပ်ဆင်သွားရုံပဲ။ စာရေး ဆရာ ကတော့ ကလောင်တန်နဲ့ စက္ကူပေါ်မှာ ချရေး နေစဉ်အတွင်းမှာ ပဲ ကိုယ့်စာအုပ်ရဲ့ ဖွဲ့စည်းတည်ဆောက်မှု ပုံစံတို့ကို ဖန်တီးယူရတယ်။ ဒါတင် မကဘူး။ စာအုပ်ထဲ မှာ ထည့်ပြီးရေး မယ့် အကြောင်းအရာတွေ ကိုလည်း ဖန်တီးယူရတယ်။
ကောင်းပြီ။ ဒီလိုဆိုရင် စာရေး ဆရာ တစ်ယောက် ရဲ့ သင်ကြားမှု ဟာ ဘယ်လိုသဘာဝ မျိုလဲ။
စာအုပ်တစ်အုပ်ဟာ စကားလုံးတွေ နဲ့ ပြုလုပ်ထားတာ ဖြစ်တယ်။ စာရေး ဆရာအလောင်းအ လျာ တစ်ယောက် ရဲ့ အဖို့ အရေး ကြီးအရာ ကတော့ ဝေါဟာရကြွယ်ဝဖို့နဲ့ သဒ္ဒါကို နိုင်နင်းဖို့ပါပဲ။ သူဟာ မိမိတိုင်းရင်းသား ဘာသာစကားအကြောင်းကို ကောင်းစွာ နားလည်ပြီး ရေး ထုံးကို နားလည်ရပေလိမ့်မည် ။ ဒါမှသာလျှင် ကိုယ်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို ဖော်ပြတဲ့ စကားလုံးကို ရွေး ချယ်နိုင်လိမ့်မယ်။ ဒါမှသာလျှင် ရှုပ်ထွေးပြီး ခွန်အားမဲ့တဲ့ ဝါကျတို့ကို မတည်ဆောက်မိဘဲ ရှောင် ကွင်းနိုင်လိမ့်မယ်။ တစ်ခါတလေမှာ စာရေး ဆရာကြီးတွေ ကိုယ်တိုင် စကားလုံးအဟောင်းတစ်လုံး ကို အဓိပ္ပါယ်သစ်တစ်မျိုးနဲ့ သုံးတာ၊ ဝါကျဖွဲ့ထုံးမှာ ကပြောင်းကပြန် လုပ်ပစ်တာတွေ မရှိဘူးလား လို့ မေးကောင်းမေးကြလိမ့်မယ်။ ရှိပါတယ်။ သူတို့လို ဆရာကြီးတွေ ကျတော့ ဒီလို လွတ်လပ်ခွင့် ယူပြီး သမရိုးကျအစဉ်အလာတွေ ကို ဖောက်ပြီး ရေး တဲ့အတွက် တော် ပါပေတယ်လို့ ချီးကျူးကောင်း ချီးကျူးကြမယ်။ ဒါပေမယ့် ကလောင်သစ်ကလေးတွေ က သွားရေး ရင်တော့ လမ်း သစ်ထွင်တယ်လို့ ထင်မှာ မဟုတ်ဘူး။ နားမလည်လို့ ရေး တယ်လို့ပဲ ထင်ကြမှာ ပဲ။ ဂီတစာဆို အကျော်အမော် တစ်ယောက် ဟာ သူ့သံစဉ်ထဲမှာ သံကြောင်ကလေးတွေ ကို ထည့်ပြီး သုံးနိုင်တဲ့ အခွင့်အရေး ရှိတယ်။ ဒီနည်းအားဖြင့် မျှော်လင့်မထားတဲ့ အသံကလေးတွေ ကို နားထဲရောက်သွား အောင် လုပ်ပိုင်ခွင့်ရှိတယ်။ ထူးချွန်တဲ့ ပန်းချီဆရာ တစ်ယောက် ဟာ သူ့ပုံတစ်ပုံကို ကို့ယို့ကား ယား ဆွဲချင်ဆွဲမယ်။ ဒီလိုဆွဲတာဟာ ပန်းချီမဆွဲတတ်လို့ မဟုတ်ဘူး။ ပန်းချီကို သိပ်နိုင်နင်းနေတဲ့ အခါကျတော့ ဆန်းသစ်တီထွင်မှု တွေ ကို လုပ်လို့ ဖြစ်တယ်။ ဒီလိုလုပ်ပိုင်ခွင့်လည်း ရှိတယ်။
ဒါကြောင့် မို့ လူငယ်စာရေး ဆရာတွေ အတွက် ပထမဆုံး အရေး ကြီးတဲ့အရာတော့ တိကျ တဲ့စကားလုံးတွေ ၊ ဝေါဟာရတွေ ကို စုဆောင်းဖို့ပဲ။ ဒါဖြင့် ရင် ဘယ်လောက်ထိအောင် စုဆောင်းရ မှာ လဲ။ အများ ကြီး စုဆောင်းရမှာ လား။ ကျွန်တော့် အထင်ပြောရရင်တော့ ဘယ်ရွေ့ဘယ်မျှအထိ စုဆောင်းရမယ်။ ဝေါဟာရကို နိုင်နင်းရမယ်လို့တော့ ပုံသေကား မပြောနိုင်ဘူး။ ရှေးက ဂန္တဝင်စာ ရေး ဆရာကြီးတချို့ဆိုရင် သူတို့ပြောချင်တာ၊ ပြောလိုတာ မှန်သမျှကို စကားလုံးနည်းနည်း ကလေး၊ ဝေါဟာရနည်းနည်း ကလေးနဲ့ ပြောသွားကြတာပဲ။ ဒီနေရာမှာ ရေစင်းထက်ကောင်းတဲ့ ဥပမာတော့ရှိမယ် မထင်တော့ဘူး။ တချို့စာရေး ဆရာကြီးတွေ ကျတော့ လည်း ခိုင်မာတဲ့ ပညာရပ်ဆိုင်ရာ ဝေါဟာရတွေ့ ကို အများ ကြီးသိကြတယ်။ ရှာတိုဘရိုင်းယန်း ဆိုလို့ရှိရင် ရှေးဟောင်းပေါရာဏစကားလုံးတွေ ကို အစားထိုးလေ့ရှိတယ်။ စုဆောင်းလေ့ရှိတယ်။ ဘားလ်ဇက် ကတော့ ဘဏ်လုပ်ငန်းရှင်တွေ ၊ သတင်းစာဆရာတွေ ၊ ရဲအရာရှိတွေ ၊ ရှေ့နေရှေ့ရပ် တွေ နဲ့ အခြားသော သက်မွေးမှု လုပ်ငန်းရှင်တွေ သုံးလေ့သုံးထရှိတဲ့ စကားတွေ ကို အများ ကြီးနား လည်တယ်၊ ဗာလေရီ ကတော့ စကားပြေရေး ရင် သိပ္ပံပညာက စကားလုံးတွေ ကို သဘောကျလေ့ ရှိတယ်။
စာစပြီး ရေး တဲ့ ကလောင်သစ် တစ်ယောက် အဖို့ ဘယ်လို စကားလုံးတွေ ၊ ဘယ်လိုဝေဟာ ရတွေ လေ့လာရမလဲဆိုတာ ကတော့ သူ ဘယ်ဘာသာရပ်ကို ရေး ဖို့ ရွေးချယ်သလဲဆိုတာပေါ်မှာ တည်တယ်။ ပညာရပ်ဆိုင်ရာ စကားလုံးများ ဟာ၊ စာပိုဒ်များ ဟာ ပညာရပ်ဆိုင်ရာ အကြောင်းအရာ များ အတွက် အကောင်းဆုံး ဖြစ်ပေမယ့် ဝတ္ထုတိုရေး တဲ့အခါမျိုး ကတော့ ဟိတ်ဟန်များ ပြီး ဖောင်းပွ နေတတ်တယ်။ အများ ဆုံးတဲ့ ရှင်းလင်းလွယ်ကူတဲ့ စကားလုံးတွေ ဟာ ပညာရှိဆန်တဲ့ စကားလုံး တွေ ထက် အမြဲတန်းကောင်းတယ်။ ဒဿနဆရာတွေ သုံးတဲ့ စကားကြီးစကားကျယ်တွေ ဟာ အတွေးအခေါ် ခေါင်းပါးတာကို အမြဲတန်း ဖုံးကွယ်မထားနိုင်ပါဘူး။
ကလောင်သစ်များ အဖို့ အကောင်းဆုံးလေ့ကျင့်ခန်း ကတော့ စာရေး ဆရာကြီးတွေ ရဲ့ စာတွေ ကို ဖတ်တာဟာ အကောင်းဆုံးပဲ။ အဲဒီ စာတွေ ကို ဖတ်လိုက်ရင် ဝတ္ထုကောင်းတစ်ပုဒ်၊ လက်ရာကောင်းတစ်ပုဒ် ဖြစ်အောင် ဘယ်လိုရေး ရတယ်ဆိုတာကို သိလာနိုင်တယ်။ စာရေး ဆရာ ကြီးတွေ ရဲ့ နည်းနာတွေ ကို ရင်းနှီးကျွမ်းဝင်လာရင် နမူနာကောင်းတွေ ကို ရလာလိမ့်မယ်။ အစမှာ တော့ တခြား စာဖတ်ဝါသနာပါ သူတစ်ဦးလို အပျင်းပြေ လျှောက်ဖတ်ကြည့်တာမျိုးပေါ့။နောက် တော့ အဲဒီ စာအုပ်နဲ့ တဖြည်းဖြည်း ရင်းနှီးကျွမ်းဝင်လာပြီး အဲဒီ စာအုပ်ကို တစ်စစီ တစ်စစီ လေ့လာ ပုံမျိုးနဲ့ အထပ်ထပ်ဖက် ဖြစ်သွားလိမ့်မယ်။ ဒီလိုနည်းနဲ့ သူတို့ ဒီလိုကောင်းအောင် ဘယ်လိုများ ရေး ပါလိမ့်မလဲလို့ စူးစမ်းလာမိလိမ့်မယ်။ ဘားလ်ဇက်ရဲ့ ဝတ္ထုတစ်ပုဒ်၊ ချက်ကော့ရဲ့ ဝတ္ထုတစ်ပုဒ်၊ ရှိတ်စပီးယားရဲ့ ပြဇာတ်တစ်ပုဒ်ဟာ ဘယ်လိုများ ရေး ပါလိမ့်လို့ စူးစမ်းလာမိလိမ့်မယ်။ ပါရမီရှင် တစ်ယောက် ဖြစ်ဖို့အတွက် ဆေးနည်းရယ်လို့တော့ ဘယ်ရှိမလဲ။ ဒါပေမယ့် အဲဒီ စာအုပ်တွေ ကို ဖတ်ပြီး ဖွဲ့နွဲ့မှု အနုပညာ၊ တည်ဆောက်မှု အနုပညာနဲ့ အချီအချ စကားပြောခန်းတွေ ကို အသုံးချ ပုံ စတာတွေ ကိုတော့ လေ့လာနိုင်မှာ ပဲ။ ကိုယ်ရေး ထားတဲ့ ဇာတ်ဆောင်တွေ့ ကို တော် စတွိုင်းရဲ့ ဇာတ်ဆောင်တွေ လို အသက်ဝင်နေအောင် လုပ်ချင်ရင် သူ့ရေး ဟန်ကို လေ့လာရမယ်။ တော် စတွိုင်းဟာ သူ့ဇာတ်ဆောင်တွေ ကို အမူအရာတွေ နဲ့ ဖော်ပြတာ၊ စိတ်အပြောင်းအလဲတွေ နဲ့ ဖော်ပြတာ သူတို့ရဲ့ စကားအသုံးအနှုန်းတွေ နဲ့ ပြတာကို တွေ့ ရလိမ့်မယ်။ ယေဘုယျ အတွေး အခေါ်တတွေ ကနေပြီး လူပုဂ္ဂိုလ် တစ်ယောက် ရဲ့ လုပ်ဆောင်မှု အ ဖြစ် ဘယ်လို ပြောင်းသွား တယ်ဆို တာကို ပြတဲ့ ပရုစ်ရဲ့ နည်းတွေ ကို ကျွန်တော် တို့ အထူးလေ့လာသင့်တယ်။ သူဟာ အဲဒီ နည်းတွေ ကို ဂျော့အဲလိယော့၊ ဒစ်ကင်းစ်နဲ့ ရပ်စကင်း စတဲ့ စာရေး ဆရာကြီးတွေ ဆီက ရခဲ့ခြင်း ဖြစ်ပါတယ်။
ဘယ်လိုရခဲ့သလဲ။
သူတို့စာအုပ်တွေ ကို အမြဲတန်းဖတ်၊ သူတို့စာတွေ ကို ဘာသာပြန်၊ သူတို့စာတွေ ကို ကောက်နုတ်ကိုးကား၊ သူတို့စာတွေ လို လိုက်ရေး ကြည့်ခြင်းဖြင့် ရခဲ့တာ ဖြစ်ပါတယ်။
ဒါဖြင့် ရင် စာရေး ဆရာကြီးတွေ ကို ပုံတူခိုးချနေတာမျိုး မ ဖြစ်ဘူးလား၊ အန္တရာယ်မရှိဘူး လားလို့ မေးစရာရှိတယ်။ ကျွန်တော် တို့ ပြောနေတာက ကလောင်သစ်ကလေးတွေ ကို ဒုတိယ ဘားလ်ဇက် ဖြစ်ဖို့၊ ဒုတိယဒစ်ကင်း ဖြစ်ဖို့ ပြောနေတာမဟုတ်ဘူး။ သူ့ဟာသူ ဖြစ်ဖို့ ပြောနေတာ။ အန္တရာယ်ရှိတယ်လို့ ထင်ရင် ဒါဟာ အထင်ပဲ ဖြစ်ပါလိမ့်မယ်။ ပထမအချက်အားဖြင့် ကလောင် သစ်ကလေးဟာ ကျွန်တော် တို့ရဲ့ ခေတ်ပြိုင်ဘဝကို ဒီနေ့အချိန်မှာ ဘားလ်ဇက် အသက်ရှင်နေလို့ ဘားလ်ဇက်ရေး သလို ရုတ်တရက် ချက်ချင်း ကောက်ကာငင်ကာ ရေး နိုင်ခဲ့မယ် ဆိုရင် ဒါဟာ သိပ်ကို ဝမ်းသာစရာကောင်းတဲံ အ ဖြစ်အပျက်ကြီး ဖြစ်မှာ ပဲ။ ဒါပေမယ့် တကယ်က တော့ ကလောင်သစ်ကလေးဟာ ဘယ်လောက်ပဲ ပါရမီထူးချွန်သည်ဆိုစေ အဲဒီ လို မရေး နိုင်ပါ ဘူး။ သူဟာ စာရေး ဆရာကြီးတွေ ရဲ့ နည်းအချို့ကို ရကောင်းရမယ်။ ဒါပေမယ့် သူကလည်း သူ့ နည်းနဲ့ သူ သုံးမှာ ပေါ့။ စာရေး ဆရာကြီးတွေ ကို အတုခိုးပြီး ရေး တယ်ပဲထားပါဦး။ တစ်ချိန်ချိန် ရောက်တဲ့အခါမှာ သူ့ရဲ့ ပါရမီဉာဏ်ဟာ ရှေ့ကိုရောက်လာပြီး အတုခိုးဖို့ ကိစ္စတွေ ဘာတွေ ကို အကုန်မေ့၊ အကြောင်းအရာကို သူကိုယ်တိုင်ခံစားပြီး သူ့နည်းနဲ့ သူရေး သွားမှာ ပေါ့။ စာရေး ဆ ရာ မော်ရီသေးဟာ တစ်ခါတုန်းက ဗိုဆွေးကို တသွေမတိမ်းလိုက်ပြီး အတုခိုးဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမယ့် သိပ်မကြာပါဘူး။ ချက်ချင်း ဆိုသလိုပဲ ပထမတန်းစား မောရီယေး ပေါ်လာခဲ့တာပါပဲ။
ကျွန်တော် တို့ဟာ အရင်တုန်းက ဘယ်သူမှ မရေး ခဲ့ဖူးတဲ့ စာမျိုး၊ ဘယ်သူနဲ့ မှမတူတဲ့ စာ မျိုးကို ရေး နိုင်လိမ့်မယ်လို့ ဘယ်သူကမှ မျှော်လင့်မထားပါဘူး။ စာပေမှာ စာရေး ဆရာတိုင်း၊ လူ တိုင်းဟာ တစ်ယောက် ယောက် ရဲ့ စိတ်ဓာတ်အမွေရတဲ့ သားသမီးတွေ ချည်းပါပဲ။ မူဆေးမှာ ဘိုင် ရွန်ရဲ့ ကျေးဇူးတွေ ရှိတယ်။ ဘိုင်ရွန်မှာ ဗေါ်လ်တဲယားရဲ့ ကျေးဇူးတွေ ရှိတယ်။ ဗေါ်လ်တဲယားမှာ ဂျိုနသန်ဆွစ်ဖ်ရဲ့ ကျေးဇူးတွေ ရှိတယ်။ အရေး ကြီးတာက ကလောင်သစ် တစ်ယောက် ဟာ အခြား သူများ ရဲ့ ရေး ဟန်ကို လေ့လာခြင်းဖြင့် အဆုံးမှာ ကိုယ်ပိုင်ဝန်တစ်ခုကို မွေးမြူနိုင်အောင် လုပ်ဖို့ပါ ပဲ။
လာခြင်းကောင်းသောအရှင် | ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ် | လိုက်ခဲ့တော့ မြနန္ဒာ |