လိုက်ခဲ့တော့ မြနန္ဒာ
လေယာဉ်ဦးမှ မီးနီသည် ဖျပ်ကနဲ ပွင့်လာသည်။ ကျွန်တော် သည်မောရစ္စကောလစ္စရေး သော ''နေဝင်ဘုရင်များ ''အမည် ရှိ စာအုပ်ကိုပိတ်လိုက်ပြီး ကိုယ်ကို မတ်မတ်ရွှေ့ထိုင်ကာ ထိုင်ခုံ၌ တပ်ထားသော ခါးပတ်ကိုဆွဲ၍ ပတ်လိုက်ပေသည်။
အောက်တွင် တောင်ခိုးတွေ ဝေနသဖြင့် ဘာကိုမျှ သဲသဲကွဲကွဲမမြင်ရ။ တိမ်မျှင်တိမ်စတို့သည် ကျွန်တော့် ဘေး ပြတင်းပေါက်ပတ်ပတ်လည်တွင် တရိပ်ရိပ်ကျန်ရစ်ခဲ့ကြ၏ ။ တိမ်မျှင်ဇာလွှာပါးသည့်နေရာတွင် ပြာမှိုင်းသော ကမ်းရိုးမသည် ဘွားကနဲ ပေါ်လာကာ ကျွန်တော် တို့ကိုမော့ကြည့်နေပေသည်။ သည်မောမြေ၏ အပြာအေးနှင့် တိမ်ဖြူဇာပါးလွှာတို့ကို မမြင်ရသည်မှာ အတော် ကြာပေပြီ။ ငယ်ငယ်တုန်း ကတော့ ယာတောအလယ်တွင် မတ်မတ်ခြေစုံရပ်၍ သည်တိမ်နှင့် သည်မြေတို့ ပွေ့ဖက်တွေ့ ဆုံသည်ကို ကြည့်ရင်း ငေးမော ကြည်နူးခဲ့မိဘူး၏ ။ အဖေနှင့် တောင်ရိုးသို့တက်ကာ တောငှက်ပျောခုတ် လိုက်စဉ်ကလည်း ကျွန်တော် တို့အောက်တွင် လေဝှေ့ရာသို့ မျောပါနေကြသော တိမ်တိုက်တွေ ကိုကြည့်၍ ဝမ်းသာအားရ ဖြစ်ခဲ့ဘူးပေသည်။ တိမ်နှင့် မြေတို့ တွေ့ ထိခြင်းကို ဒဏ္ဍာရီများ ထဲတွင် သာ ကြားခဲ့ဘူးသော ကျွန်တော် သည် တိမ်နှင့် မြေတို့တကယ်တွေ့ ထိသည်ကို မြင်ရသော အခါတွင် ပြောမပြနိုင်လောက်အောင် စိတ်ဝမ်းကြည်မောခဲ့ရပါ၏ ။
ငယ်ငယ်က မြင်ခဲ့ရသော တိမ်နှင့် မြေတို့ ထိတွေ့ ခြင်းကို ယခုကျွန်တော် မြင်ရပြန်ပေသည်။ သို့ သော် ယခုတကြိမ် ပြန်၍ မြင်ရသော အခါတွင် ကား ကျွန်တော့် စိတ်ကူးသည် ယာတောသို့ အဖေနှင့် လိုက်သွားစဉ်က ဖြစ်ပေါ်ခဲ့သော ခလေးငယ်၏ စိတ်မျိုး မဟုတ်တော့ပြီ။ ထိုစဉ်ကကျွန်တော့်စိတ်ကူးမှာ ဒဏ္ဍာရီမှ အံ့ဘွယ်သူရဲကို တကယ်မြင်ရသော ကြောင့် အံ့သြခြင်းသာ ဖြစ်၏ ။ ယခုမူ ခလေးငယ်၏ စိတ်ကူးမျိုး ကျွန်တော့်တွင် မရှိတော့။ အံ့သြခြင်းအစား ကျေနပ်ရောင့် ရဲခြင်းတို့ ဝင်လာကြသည်။ ကျွန်တော် သည် မောမြေမှ တောင်တန်းကြီးတွေ ကို ကြည့်၍ သနားသလိုလို၊ တောင်တန်းတို့သည် နှစ် ကြာခဲ့သော်လည်း မပြောင်းလဲ၊သူတို့အပေါ်တွင် မျောပါဖြတ်သန်းသွားကြသော တိမ်တွေ သာ ပြောင်းလဲခဲ့သည်။ သည်မောမြေ သည်တောင်တန်းတို့သည် မနေ့က တိမ်တွေ ကိုလည်း တွေ့ ခဲ့ဘူးပြီ။ ဟိုအရင့်အရင်နေ့တွေ က ဖြတ်သန်းသွားခဲ့သော တိမ်လိပ်တွေ ကိုလည်း မြင်ခဲ့ဘူးပြီ။ ကျွန်တော် ကို မွေးဖွားပေးလိုက်သော သည်မောမြေကို ပြန်၍ ခြေချရပါဦးတော့မည် ။ သည်မောမြေ၏ စိမ်းဆတ်ပျံ့သင်းသော လေကို ရှုရှိုက်ရပါဦးတော့မည် ။ သည်မောမြေတွင် သည်တိမ်နှင့် သည်မြေတို့ တွေ့ ဆုံရာကို မြင်ရဦးတော့မည် ။ သြော် တိမ်တွေ ဘယ်လိုမြင့်စေတော့ တနေ့တွင် သည်မြေနှင့် တွေ့ ဆုံရသေးသည် မဟုတ်ပါလား။
လေယာဉ်သည် တောင်ငွေ့မြူခိုးတွေ ကို ဖောက်ကာ တဖြည်းဖြည်း အောက်သို့ နိမ့်ဆင်းလာ၏ ။ စွေးစွေးနီသော မင်္ဂလာရဋ္ဌလေယာဉ်ကွင်းသည် ကျွန်တော် တို့အောက်တွင် ချာလည်ဝဲလျက် ရှိလေသည်။ လေယာဉ်ပေါ်မှ အောက်သို့ ငုံ့ကြည့်လိုက်သော အခါတွင် လေယာဉ်ရုံးသည်မြေပြင်တွင် ပြားပြားဝပ်နေသည်ကို မြင်ရ၏ ။ ဦးခွန်သာတို့ကို တွေ့ ပမလား၊ ငါရိုက်လိုက်တဲ့ကြေးနန်းကိုမှ ရရဲ့ လားဟု စိတ်ထဲတွင် စနိုးစနောင့် ဖြစ်နေမိသည်။ ဆင်းလမ်းမပေးသေးသဖြင့် ချာချာလည်အောင်ဝဲနေသော လေယာဉ်ထဲမှ ငုံ့၍ ကြည့်သော်လည်း အောက်တွင် ကြိုနေသော လူတွေ ကို ဘယ်သူဘယ်ဝါဟု ခွဲခြား၍ မရ။ ဂျစ်ကားလေးငါးစင်းနှင့် လူတစုကိုမြင်ရ၏ ။ တချို့က ပြဒါးသုတ်နေကာမျက်မှန်ကို တပ်၍ လေယာဉ်ကိုမော့ကြည့်နေကြပါသည်။
မင်္ဂလာရဋ္ဌလေယာဉ်ကွင်းပေါ်သို့ လေယာဉ်ထိုး၍ ရပ်လိုက်သည်နှင့် တပြိုင်နက် ကျွန်တော် သည် ရှေ့ဆုံးမှ ဆင်းလာခဲ့သည်။ နေကျဲကျဲပူသော်လည်း မင်္ဂလာရဋ္ဌတွင် ချမ်းစိမ့်စိမ့် ဖြစ်နေသေးသည်။ ကျွန်တော် သည် သားရေအိတ်ကို လက်တဖက်တွင် ဆွဲ၍ တဖက်မှ သက္ကလပ်ဦးထုပ်ကို ချွတ်လိုက်ရင်း ဦးခွန်သာကို လိုက်ရှာနေမိလေသည်။
ကျွန်တော့် ဘေးတွင် ဆင်းလာသူနှင့် ကြိုနေသူတို့ နှုတ်ဆက်သံ,စကားပြောသံတို့သည် ညံလျက်ရှိ၏ ။ ယူဘီအေရုံးမှ ကုန်တင်ထရပ်ကားသည် လေယာဉ်ပေါက်ကို နောက်မြီးထိုးဆုတ်လာသဖြင့် မြေနီမှု န့်တွေ တထောင်းထောင်း ထနေပေသည်။ လုံးနေသော ဖုံမှု န့်တွေ ကို သက္ကလပ်ဦးထုပ်ဖြင့် ယမ်းခါလိုက်သော်လည်း ဦးခွန်သာကို အရိပ်အရောင် မျှမတွေ့ ။စိတ်ပျက်ပျက်နှင့် ယူဘီအေမှ ကားနှင့် ပင် လိုက်မည် ဟုသာ စိတ်ပိုင်းဖြတ်လိုက်မိသည်။ အရင်လို အနှေးတွေ့ ရသဖြင့် ဦးခွန်သာကိုလည်း ဒေါသထွက်မိသေးသည်။ သေသေချာချာ ကြေးနန်းရိုက်ထားလျက်နဲ့ လာမကြိုတာ ဘာများ ဖြစ်လို့လဲဟုလည်း သံသယ ဖြစ်လာသည်။ မင်္ဂလာရဋ္ဌမြို့တော် နှင့် လေယာဉ်ကွင်းမှာ ငါးမိုင်ခန့်ဝေးရာ အလျင်ရောက်ချင်၍ ခြေကျင်လျှောက်၍ လည်းမ ဖြစ်၊ ယူဘီအေကားကို စောင့်ရမှာ လည်း ဝန်စည်စလွယ်တွေ ကို တင်နေသဖြင့် အနည်းဆုံး နာရီဝက်လောက်ကြာဦးမည် ။
''ဟော...ကိုဥက္ကာက ဒီမှာ ရောက်နေတာကိုး''
လှည့်ကြည့်လိုက်တော့မှ ပြုံးပြုံးကြီးလာနေသော ဦးခွန်သာကိုတွေ့ လိုက်ရသဖြင့် အမောပြေသွားသည်။ ဦးခွန်သာသည် ဖျင်အပေါ်အင်္ကျီနှင့် ရှမ်းဘောင်းဘီကို ဝတ်၍ သဘက်တထည်ကို ပေါင်းထားလေသည်။ ရှမ်းဘောင်းဘီမှာ သူ၏ တုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီးနှင့် အနည်းငယ်ကျပ်နေသယောင် ထင်ရပေသည်။
''ကျွန်တော် ရိုက်လိုက်တဲ့ကြေးနန်း ရရဲ့ လား ဦးခွန်သာ''
ကျွန်တော် က သူ့ဆီသို့ လျှောက်လာရင်း မေးလိုက်သည်။ ဦးခွန်သာသည် ကွမ်းစားသဖြင့် မဲနက်နေသော သွားများ ကို ပေါ်အောင်ပြုံးကာ
''ဟာ ရပီကော ကိုဥက္ကာရဲ့ ။ ဒါကြောင့် လာကြိုနေတာပေါ့၊ လေယာဉ်ပျံက ခါတိုင်းထက် မိနစ် ၂ဝလောက် စောဆိုက်လို့ နောက်ကျသွားတာ''
ကျွန်တော် နှင့် ဦးခွန်သာသည် လေယာဉ်ကွင်းတွင် ရပ်ထားသော ဂျစ်ကားဆီသို့ လျှောက်ခဲ့ကြပေသည်။ ကျွန်တော့်စိတ်သည် ကျွန်တော့်မွေးရပ်မြေကို ရောက်၍ လားမသိ၊ လန်းဆတ်လာသည်။
''ဟဲ...ဟဲ...မြင်လိုက်ရဲ့ လား''
ကျွန်တော် ကားပေါ်တက်မည် အပြုတွင် အပြာနုရောင် အိုပယ်ကားကြီးတစင်းသည် ခပ်လှမ်းလှမ်းမှ ရှောကနဲ ဖြတ်မောင်းကာ ကတ္တရာစေးလမ်းပေါ်သို့ မော့တက်သွားသည်။ ဦးခွန်သာပြောလိုက်သူမှာ မင်္ဂလာရဋ္ဌစော်ဘွားစောလုံး၏ အစ်မတော် လတ် စောမြမာလာ ဖြစ်ပေသည်။ စောမြမာလာသည် ကားနောက်ကူရှင်တွင် ပုံ့ပုံ့ကလေးမှီ၍ လိုက်သွားပေသည်။ခရီးပန်း၍ နွယ်းနယ်ဟန်ရှိပေ၏ ။ သူ၏ နုနယ်သော မျက်နှာကလေးသည်ပြဒါးသုတ်ထားသော နေကာမျက်မှန်ကြီးအောက်တွင် ပန်းနုသွေးကြွနေပေသည်။ သူမက ကျွန်တော့်ကို မြင်ဟန်မတူ။
''ယင်းတော် က ပြန်လာတာလား မသိဘူး''
ဦးခွန်သာက ကားကို စက်နှိုးရင်း မေးငေါ့၍ ပြောလိုက်သည်။
''ဟင့်အင်း...ရန်ကုန်ကထဲက အတူတူလိုက်လာတာ''
''ဟင် သူက ကိုဥက္ကာပါလာတာ မမြင်ဘူးလား''
''မမြင်ပါဘူး၊ ကျွန်တော် က နောက်ဆုံးခုံမှာ ထိုင်ပီး စာအုပ်ကွယ်ထားတာ၊ မင်္ဂလာဒုံတုန်းကလဲ လေယာဉ်ထွက်ခါနီး မှ ရောက်လာတော့ကျွန်တော့နာမည် ကြေညာတာကို မကြားပါဘူး''
စောမြမာလာနှင့် ကျွန်တော် နှစ် ကြိမ် သုံးကြိမ်လောက်တွေ့ ဘူး၍ မျက်နှာတန်းမိနေ၏ ။ ပထမအကြိမ်တွင် စထရင်းဟောတယ်၍ သံရုံးဧည့်ခံပွဲတခုမှာ ဖြစ်၍ ဒုတိယအကြိမ်မှာ က ကမ္ဗောဇနန်းတော် တွင် ကျင်းပသော ယဉ်ကျေးမှု မစ်ရှင်ဧည့်ခံပွဲတခုမှာ ဖြစ်ပေသည်။ တတိယအကြိမ်ကိုမူ ကျွန်တော် ကောင်းကောင်းမမှတ်မိတော့ပေ။ သို့ သော် ကျွန်တော် ကသာ သူ၏ ညီမတော် ကျွန်တော့် ချစ်သူ စောမြနန္ဒပြောပြ၍ မှတ်မှတ်ရရ သိထားခြင်း ဖြစ်ပြီး ကျွန်တော့်ကိုမူ ကောင်းစွာ သိဟန်မတူပေ။
''စောမြမာလာရဲ့ ကြင်ရာတော် က...''
ဦးခွန်သာသည် ကားကို ကွင်းစပ်မြေနီလမ်းမှ ကတ္တရာစေးလမ်းပေါ်သို့ ထိုး၍ တက်ရန် ဂီယာပြောင်းလိုက်သဖြင့် ကျွန်တော့်အသံမှာ စက်သံကြားတွင် ပျောက်ကွယ်သွားလေသည်။
''စောမြမာလာရဲ့ ကြင်ရာတော် လား''
''အင်း''
''စောနောင်မွန်လေ။ ခု ပြည်ထဲရေး ဝန်ကြီး''
ဦးခွန်သာသည် ဂျစ်ကားလေးကို ကျင်လည်စွာ မောင်းရင်းပြောလိုက်လေသည်။ ကတ္တရာစေးလမ်းဘေးတွင် မင်္ဂလာရဋ္ဌဈေးမှပြန်လာကြသော တောင်သူမိန်းမ၊ ယောက်ျားများ ကို ကျော်ဖြတ်လာခဲ့ပေသည်။
''စော်ဘွားလေးစောလုံးရဲ့ အစ်မတော် စောမြမာလာ၊ စောမြမာလာရဲ့ ကြင်ရာတော် က စောနောင်မွန်၊ စောနောင်မွန်က စော်ဘွားလေးနယ်မှာ ပြည်ထဲရေး ဝန်ကြီး၊ ဟား ဟား ဟား''
ဦးခွန်သာက ''အမတ်ချုပ်''ကို ပြည်ထဲရေး ဝန်ကြီးဟု တင်စားခေါ်လိုက်သော သူ့စကားလုံးကို သဘောကျကာ တဟားဟား ရယ်နေပေသည်။ သို့ သော် သူ့ရယ်သံသည် အရှိန်ပြင်းစွာ မောင်းလျက်ရှိသော ဂျစ်ကားနောက်လေထဲတွင် ကျန်ရစ်ခဲ့၏ ။ လေသည် သူ၏ စကားလုံးများ ကိုကျွန်တော် တို့ ဖြတ်ကျော်ခဲ့သော တောင်သူလူမျိုးဈေးပြန်များ ဆီသို့ သယ်သွားကောင်း သွားပေလိမ့်မည် ။
ကျွန်တော် ကမူ မရယ်မိ၊ ရယ်ချင်စိတ်လည်း မရှိပေ။ ကိုယ့်ဆွေမျိုးတသိုက်၏ ပတ်ဝန်းကျင်ထဲတွင် သာ ဝေငှစားနေကြသော ပဒေသရာဇ်တို့၏ အာဏာခွဲဝေပုံကို မကြေနပ်မှု သည် ပို၍ သာကြီးမားလာပေသည်။ကျွန်တော် တို့ရှမ်းပြည်ရှိ စော်ဘွားစော်ခံသားသမီးများ မှာ အရွယ်ရောက်သည်နှင့် တပြိုင်နက် ဟရိုး အီတန်စသော ဘိလပ်ကောလိပ်များ ပို့ပြီးကိန်းဘရစ်နှင့် အောက်စ်ဖို့ဒ်တို့တွင် ကြီးပြင်းလာခဲ့သူများ ဖြစ်၏ ။ တကယ်ဆိုတော့ သူတို့၏ စိုးမိုးခြင်းသည် ဒဏ္ဍာရီဆန်လွန်းလှပေသည်။
ဂျစ်ကားကလေးသည် မြို့စွန်သို့ ရောက်လာ၏ ။ မြို့စွန်တွင် အပွင့်ဝါဝါကလေးနှင့် မုန်ညှင်းခင်းများ ကို မြင်ရပေသည်။ ကျွန်တော် သည်တလမ်းလုံး မဆုံးနိုင်သော ကွင်းဆက်ကို စဉ်းစားရင်း လိုက်လာမိပေသည်။သို့ သော် ကွင်းဆက်ဆိုသည်မှာ သံသရာမဟုတ်၍ တနေရာတွင် တော့အဆုံးရှိရမည် ဟုသာ ကျွန်တော် စိတ်ချထားပေသည်။ ကျွန်တော် တို့ ရှမ်းလူထုတွေ နှင့် စော်ဘွားမျိုးရိုး၊ စော်ဘွားမျိုးရိုးနှင့် မြနန္ဒာ၊ စောမြနန္ဒာနှင့် ကျွန်တော် ။
ကျွန်တော် တို့ ပဒေသရာဇ်မျိုးရိုးကို ခါးခါးသီးသီး မုန်းသူနှင့် ပဒေသရာဇ်အနွယ် စောမြနန္ဒာတို့၏ ဇာတ်လမ်းမှာ ဒဏ္ဍာရီဆန်ကောင်းဆန်ပေမည် ။ သို့ သော် ဒဏ္ဍာရီမဟုတ်၊ ရှမ်းပြည်တွင် ဘယ်လိုနည်းနှင့် မျှဆုံနိုင်ကြမည် မဟုတ်သော ကျွန်တော် တို့လို အညတြနှင့် စောမြနန္ဒာ ပဒေသရာဇသ်သခင်မ်မ်မလေးသည် ရန်ကုန်တက္ကသိုလ်တွင် လာ၍ ဆုံစည်းခဲ့ရ၏ ။ရန်ကုန်တက္ကသိုလ်ရှမ်းကျောင်းသားများ အသင်းတွင် ကျွန်တော် ဥက္ကဋ္ဌ ဖြစ်သော နှစ် ၌ စောမြနန္ဒာသည် ငွေထိန်းလာ ဖြစ်ရပြန်၏ ။ သည်လိုဖြင့် မိုးနှင့် မြေလို ကွာခြားလှသော ကျွန်တော် တို့နှစ် ယောက် ဆုံစည်းမိကြခြင်း ဖြစ်ပေသည်။
ကျွန်တော် သည် မင်္ဂလာရဋ္ဌသို့ လိုက်လာရသည့်အ ဖြစ်ကို အံ့သြမိသေးသည်။ ကျွန်တော့် တွင် ပဒေသရာဇ်ဆန့်ကျင်ရေး လှုပ်ရှားမှု အတွက်စည်းရုံးရန်နှင့် စောမြနန္ဒာအတွက် စိုးရိမ်ကြောင့် ကျစိတ်တို့သည် ဒွန်တွဲ ၍ ပါလာပေသည်။ သည်ဆန့်ကျင်ဘက်နှစ် ခုကို ကျွန်တော် ဘယ်လိုပေါင်းစပ်ပေးရမည် နည်း။
စောမြနန္ဒာသည် အောက်တိုဘာလ ကျောင်းပိတ်ရက်ကတည်းက မင်္ဂလာရဋ္ဌသို့ ပြန်သွားပေသည်။
''မြနန္ဒာအိမ်ကို ပြန်ရလိမ့်မည် ထင်တယ်။ ဘယ်လောက်ကြာမယ်မသိသေးဘူး တီဘီဆတ်စပက်လို့ ပြောတယ်''
စောမြနန္ဒာသည် မျက်နှာကလေး ညှိုးလျော်လျော်ဖြင့် ကျွန်တော့်ကို ပြောပြ၏ ။ ကျွန်တော် ကမူ နည်းနည်း မှမယုံနိုင်ပေ။ စောမြနန္ဒာ၏ အသားအရေသည် စကားအဝါတွင် နှင်းဆီရည်ဖိတ်ထားသကဲ့သို့ ရှိပေသည်။စောမြနန္ဒာသည် လက်တွင် ဝတ်ထားသော ရွှေလက်စွပ်ကလေးကို ပွတ်နေ၏ ။ သည်လက်စွပ်ကို စောမြနန္ဒာ၏ မွေးနေ့တွင် ကျွန်တော် က လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပေသည်။
''ပီးတော့ မောင်နဲ့မြနန္ဒာတို့အကြောင်းကိုလဲ ဦးရီးတော် သိသွားတယ်''
''ဟင် ဘယ်လိုသိတာလဲ''
ကျွန်တော့်  မျက်လုးအစုံသည် အထက်သို့ တက်သွားသည်။ ကျွန်တော် ၏ ရင်သည်လည်း တဒိတ်ဒိတ် ခုန်လာပေသည်။''ဘယ်လိုသိသလဲတော့ မြနန္ဒာ မပြောတတ်ဖူး။ အမတော် ဆီကရေး တဲ့စာထဲမှာ တော့ မြနန္ဒာကို သည်လိုထားလို့မ ဖြစ်တော့ဘူး ထင်တယ်လို့ ရေး လိုက်တယ်''
သည်နောက် စောမြနန္ဒာ ပြန်သွားရပေသည်။ တော် တော် နှင့် ပေါ်မလာသော အခါ ကျွန်တော့် ရင်ထဲတွင် စိုးရိမ်စိတ်တွေ ဝင်နှောက်စပြုလာ၏ ။ စောမြနန္ဒာမှာ ဒုတိယနှစ် အမ်ဘီဘီအက်စ်သို့ ရောက်ပြီ ဖြစ်ရာ ရောဂါ အရေး ကြီးရိုးမှန်လျှင် ပြန်လာဘို့ အချိန်တော် ပြီဟု ကျွန်တော် ထင်သည်။ စောမြနန္ဒာကျောင်းသို့ ပင် ဆက်မနေတော့ဘူးလားဟူ၍ လည်းကျွန်တော် မတွေးတတ်တော့ပေ။
သူ့ဆီမှ အကျိုးအကြောင်းလည်း တစုံတရာသတင်းမကြားရ။ကြာသော် စိတ်ပူစပြုလာ၏ ။ ပဒေသရာဇ်ဆန့်ကျင်ရေး အဖွဲ့ချုပ်မှ စည်းရုံးရေး အတွက် မင်္ဂလာရဋ္ဌတိုင်းသို့ သွားရန် ကျွန်တော့်တာဝန်ကျသော အခါ ကျွန်တော် သည် ကြာကြာမဆိုင်းနိုင်ဘဲ ချက်ချင်း ထွက်၍ လာခဲ့ပေသည်။
''ဟောဒါက ဝ,ဘုရားကို သွားတဲ့လမ်းခွဲ''
ဦးခွန်သာက ကျွန်တော့်ကို မေးငေါ့၍ ပြပေသည်။ ကျွန်တော် သည် အသိအမှတ်ပြုသည့်သဘောဖြင့် လမ်းခွဲကို ကြည့်သည်ဆိုရုံမျှလှမ်းကြည့်လိုက်ပေသည်။ မြေနီမှု န့် တထောင်းထောင်းထနေသော လမ်းပေါ်တွင် ဘောင်းဘီအင်္ကျီအနက်ဝတ်၍ သဘက်ဖြူပေါင်းထားသော ရှမ်းတောင်သူ၊ လီရှောစသော ယာသမားကြီးများ သည် ဘုရားဖူးသွားနေကြသည်။
''စောမြနန္ဒာတယောက် ကော နေကောင်းရဲ့ လား ဦးခွန်သာ''
ကျွန်တော် သည် စောမြနန္ဒာအကြောင်းကို ဦးခွန်သာအား မေးသင့် မမေးသင့် စဉ်းစားနေသေးသည်။ ဦးခွန်သာမှာ အသက် ၄ဝ ပတ်ဝန်းကျင်လောက်တွင် ရှိ၏ ။ ကျွန်တော် နှင့် စာလျှင် လောကအကြောင်းကိုနားလည်သော လူကြီးတယောက် ဖြစ်ပေသည်။ မင်္ဂလာရဋ္ဌပဒေသရာဇ်ဆန့်ကျင်ရေး အဖွဲ့တွင် ဥက္ကဋ္ဌလုပ်နေသော ဦးခွန်သာလို လူတယောက် အားမေးလျှင် သူ့ကို မလေးစားရာ ရောက်နေမလား။ ကျနော့်ဂုဏ်သိမ်ငယ်သွားလေမလား။ သို့ သော် စောမြနန္ဒာကို ကျွန်တော် မပယ်လှန်နိုင်ပါ။
''သြော် ကိုဥက္ကာနဲ့သိသကိုး၊ တလော ကတော့ နေမကောင်းလို့ဆိုပြီး မေဂျာပက်တာဆန်နဲ့ ကုနေတယ်လို့ကြားတာဘဲ''ဦးခွန်သာအိမ်ရှေ့ရောက်ပြီ ဖြစ်၍ ကားကလေးကို ထိုးဆိုက်လိုက်သည်။ မေဂျာပက်တာဆန်ဟူသော အမည် ကို ကြားလိုက်သော အခါ ကျွန်တော့် စိတ်ထဲတွင် ထင့်ကနဲ ဖြစ်သွားပေသည်။ ဘာကြောင့် မှန်းဟူ၍ ကျွန်တော် မသိပေ။
ခရီးပန်းသဖြင့် ညက နှစ် နှစ် ချိုက်ချိုက် အိပ်ပျော်သွားပေသည်။''ကဲ ကဲ မနက်ကျမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့၊ဒီနေ့ညတော့ စောစောဘဲအိပ်ပါ။ ပီးတော့ မင်္ဂလာရဋ္ဌစော်ဘွားလက်အောက်ခံနယ်တွေ ကိုလဲ သွားသေးတာပေါ့''
ကျွန်တော် တသမ်းသမ်းတဝေဝေ ဖြစ်နေသည်ကို ကြည့်၍ ဦးခွန်သာက သနားဟန်တူသည်။
မင်္ဂလာရဋ္ဌ၏ အအေးဓာတ်သည် ကျွန်တော့် ကို လာနှိုးပေသည်။ဆောင်းနှောင်း ဖြစ်၍ နှင်းကြွင်းတို့သည် ငွေရည်များ သာ ဖြစ်ပေသည်။ မောမြေမှနှင်းကို ကျွန်တော် မမြင်ရသည်မှာ ကြာပြီ။ ငယ်ငယ်တုန်း ကတော့ကျွန်တော် သည် ဓနုတွေ ကြားထဲတွင် ကြီးပြင်းလာရသ ဖြစ်၏ ။ အဖေ့ပွဲရုံသို့ လာ၍ သနပ်ဖက်သွင်းကြသော ဓနုများ ကို ကျွန်တော် ချစ်ပေသည်။သူတို့သည် မြန်မာစကားကို ပီပီသသကြီး ပြောနိုင်ကြ၏ ။
ကျွန်တော် သည် ကျောင်းအားလျှင် အဖေနှင့် နံနက်အစောကြီးထကာ ပွဲရုံသို့ သွားပေသည်။ ပွဲရုံဆိုသော်လည်း ကြီးကြီးကျယ်ကျယ်မဟုတ်လှ။ ညောင်ရွှေဈေးထဲမှ သုံးပင်နှစ် ခန်း အခန်းကျင်းစလုပ်ကလေးကို ဆိုင်ခန်းဖွင့်၍ ဓနုတွေ ထံမှ သနပ်ဖက်များ ကို လက်ကားဝယ်ခြင်း၊ ရောင်းပေးခြင်းမျှသာ ဖြစ်ပေသည်။ ကျွန်တော် သည် နှင်းရည်စွတ်သော နံနက်တွင် ဈေးသို့ လိုက်သွားရသည်ကို ကြည်နူး၏ ။ နှင်းပေါက်တို့သည် သစ်ရွက်များ ပေါ်တွင် ကခုန်ကြလေသည်။ နေနတ်သားတောင်ရိုးပေါ်မှ ခေါင်းထောင်ကြည့်သော အခါတွင် နေခြည်တို့သည် ညွှတ်ပျောင်းပြေလျော၍ ကျဆင်းလာသည်။ သစ်ပင်တို့သည် ကျွန်တော် တို့ ရှမ်းတောင်သူတို့၏ ဘဝကိုကြည့်၍ ညည်းတွားကြပေသည်။
ပိုးအိမ်များ သည် ထိကရုန်းပင်တို့ကြားတွင် ရက်ကန်းယှက်ထားကြ၏ ။ နှင်းဥတွေ ပိုးအိမ်ထဲတွင် တွဲ လောင်းခိုနေကြသည်ကို မြင်ရသော အခါ မဟာဒေဝီတို့၏ ပိုးပြော့အင်္ကျီပေါ်မှ ပုလဲသွယ်များ ကို သွား၍ အမှတ်ရပေသည်။ ဈေးသို့ သွားတိုင်း ညောင်ရွှေထောင်ကြီးကို ကျွန်တော် ဖြတ်သွားရမြဲ ဖြစ်၏ ။ အုတ်ရိုးဘေးလေးဘက်လေးတန်တွင် ကျုံးရေတို့ဖြင့် ဝိုင်းရံလျက်ရှိသည်။ ဗေဒါပင်တို့သည် ကျုံးရေအလယ်တွင် ဖောင်ဖွဲ့၍ မျောနေကြပေသည်။ ထိုစဉ်က ကျွန်တော် သည် ညောင်ရွှေထောင်ကြီးကိုမြင်တိုင်းကြောက်မိ၏ ။ စက်ဆုပ်ရွံရှာမိ၏ ။ မုဒိမ်းတန္တတို့ကို ချုပ်လှောင်ရန်စော်ဘွားစော်ခံတို့အား ပုန်ကန်ထကြွသူတို့ကို ကွပ်မျက်ရာ ထောင်တည်း။
''ဟောဟို ဒေါင့်မှာ ပေါ့ကွဲ့။ တောပုန်းကြီး ဆိုင်အောကို သတ်တဲ့ကြိုးစင်''
အဖေက အလံတိုင်မဲမဲကလေးထူထောင်ထားသော ထောင်အုတ်ရိုးဒေါင့်တနေရာကို ပြလေသည်။ တောပုန်းကြီး ဆိုင်အောအကြောင်းကိုကျွန်တော် မကြာခန ကြားဘူးပေသည်။ အဖေတို့ပြောသော ပုံပြင်တွင် တောပုန်းဆိုင်အောသည် စော်ဘွားတို့၏ ဘဏ္ဍာတော် များ ကို လုယက်ယူပုံ၊ စော်ဘွားအား အခွန်ဆက်သူများ ကို ကြိမ်ဒဏ်ပေးပုံ၊ လုယက်တိုက်ခိုက်ရသော ပစ္စည်းတွေ ကို ဆင်းရဲသားတို့အား ခွဲဝေပေးပုံ၊ မြို့စားကိုသတ်၍ ထွက်ပြေးပုံတို့နှင့် တောပုန်းဆိုင်အော၏ သြဇာသည် လေတိုက်သော မီးလျှံလို အရှိန်ပြင်းလာပုံတို့ကို မြင်ရသည်။ တောပုန်းဆိုင်အောသည်လောင်းကစားခြင်းကို တပ်မက်သည်ဟုဆိုပေသည်။ ကစားဝိုင်းကြီးတခုဖြင့် မျှား၍ ထောင်ကာ ဆိုင်အောကို ဖမ်း၍ သတ်လိုက်လေသည်။
အမှန်ဆိုတော့ အဖေပြောဘူးသော တောပုန်းကြီးဆိုင်အော၏ ပုံပြင်သည် တဆင့်စကား တဆင့်ကြားရသော ရှေးလူကြီးတို့၏ ပုံပြင် ဖြစ်ပေသည်။ ညောင်ရွှေထောင်တွင်းမှာ သတ်သည်ဟု ဆိုသော်လည်း မည် သူမျှ သေသေချာချာ မသိ။ စိတ်ကူးနှင့် မှန်းဆရသော စကားသာ ဖြစ်သည်။ကျွန်တော် သည် ထောင်အုတ်တံတိုင်းနီနီကြီးကိုကြည့်၍ စိတ်မောရသည်။
တောပုန်းကြီးဆိုင်အော၏ ပုံပြင်သည် တကယ်ဟုတ် မဟုတ်၊ ကျွန်တော် ယခုတိုင် မသိပေ။ ကျွန်တော့်မျက်စိထဲတွင် ကျုံးရေတို့ ခြင်းခြင်းနီလာသည်ကို မြင်ယောင်လာပေသည်။ ကျုံးရေမှာ နွေလယ်တွင် ရေနည်းတတ်သည်။ ရေနည်းနေသော ကျုံးကို ပဒေသရာဇ်တော် လှန်ရေး သမားတို့၏ အသွေးဖြင့် လောင်းသွန်း၍ ဖြည့်ခဲ့ကြပေမည် ။
''ဗျို့ ကိုဥက္ကာ မထသေးဘူးလား''
ကျွန်တော့် အတွေးတို့သည် ပင့်ကူအိမ်လို အမျှတန်း၍ နေကြပေသည်။ ဦးခွန်သာ၏ အသံကို ကြားတော့မှ အမျှင်တို့သည် တစစလွှင့်သွားကြ၏ ။
မင်္ဂလာရဋ္ဌပတ်ဝန်းကျင်၌ မှိုင်းပြာပြာတောင်တန်းတို့သည် မြူစောင်ကို ခြုံထားပေသည်။ ရှေးမြန်မာမင်းတို့ တည်ထားခဲ့ကြသော မြို့များ မှာ ချိုင့်ဝှမ်းများ ထဲတွင် သာ ရှိ၏ ။ အင်္ဂလိပ်ရောက်ရှိလာမှ တောင်စခမ်းမြို့သစ်များ ကို တည်သည်ဟုဆိုပေသည်။
ကျွန်တော် သည် ရေနွေးစပ်၍ ထားသော ရေဖြင့် မျက်နှာသစ်၍ အိမ်ရှေ့သို့ ထွက်လာ၏ ။ လဘက်ခြောက်ကိုလှော်၍ ခတ်ထားသော လဖက်ရည်ကြမ်းအိုးကို ရှေ့တွင် ချကာ ဦးခွန်သာသည် လဖက်ရည်ကြမ်းသောက်နေသည်။ သူ့ရှေ့တွင် ကောက်ညှင်းပေါင်းပန်းကန်နှင့် ဆတ်သားခြောက်ဖုတ်ပန်းကန်ကို ချ၍ ထားပေသည်။
''ဘယ့်နဲ့လဲ စောနန်းကျင်တို့တတွေ ကို အကြောင်းကြားပီးပလား။အစည်းအဝေးမလုပ်ပဲ အင်ဖော်မယ်ဆွေးနွေးကြတာပေါ့ဗျာ''
ကျွန်တော် က မျက်နှာသုတ်ပုဝါကို လည်ပင်းတွင် ရစ်သိုင်းရင်းပြောလိုက်၏ ။ ဆောင်းကျွတ်လုပြီဆိုပေမင့် မင်္ဂလာရဋ္ဌ၌ အချမ်းမစဲသေးပေ။ ဆွယ်တာ၊ ကုတ်အင်္ကျီတို့ကို အထပ်ထပ်ဝတ်ထားရပေသည်။
''အိုက်စံကို အခေါ်လွှတ်လိုက်ပြီ၊ လာကြပါလိမ့်မယ်။ ဦးအောင်သာမရှိတော့ဘူး၊ တောင်ကြီးကို သွားတယ်။ ကဲ...လာလေ သောက်''
လှော်ခတ်ထားသော လဖက်ခြောက်မှာ သင်းနေ၏ ။ ကျွန်တော် တို့ရှမ်းလူထု အသဲစွဲသည်ကို အဆိုးမဆိုသာချေ။ သည်ပတ်ဝန်းကျင်,သည်အနံ့, သည်ရေမြေနှင့် ဝေးခဲ့သည်မှာ ကြာလေပြီ။
ခဏကြာလျှင် စောနန်းကျင်အပါအဝင် မင်္ဂလာရဋ္ဌရှိ ပဒေသရာဇ်ဆန့်ကျင်ရေး အဖွဲ့ချုပ်အမှု ဆောင်များ ရောက်လာကြပေသည်။ သူတို့သည် ဂွမ်းကပ်အင်္ကျီထူထူကြီးတွေ ကို ဝတ်ထားကာ တဘက်ဖြူကိုပေါင်းထားကြသည်။ စောနန်းကျင်မှာ သက္ကလပ်ဘောင်းဘီရှည်နှင့် ကုတ်အင်္ကျီဖားဖားကြီးကို ဝတ်ထား၏ ။ စောနန်းကျင်သည် ကျွန်တော့်ကို မြင်သော အခါ ဝမ်းသာအားရ နှုတ်ဆက်ပေသည်။
စောနန်းကျင်နှင့် ကျွန်တော် မှာ ရန်ကုန်တက္ကသိုလ်သို့ အတူတူရောက်ကြသူများ ဖြစ်သည်။ အရပ်ပြတ်ပြတ်၊ ဝက်ခြံပုန်းတွေ ထူလဗြစ်ပေါက်နေသဖြင့် မြန်မာတယောက် နှင့် ခွဲခြားမရအောင် ရှိပေသည်။ စောနန်းကျင်မှာ စော်ဘွားမျိုးနွယ်ကင်းသူ မဟုတ်ပေ။ တက္ကသိုလ်တွင် ကျွန်တော် နှင့် အတူတူနေကတည်းက သူ့အကြောင်းကို ကျွန်တော် သိ၏ ။ သူသည် အချို့စော်ဘွားမျးကို ပုဂ္ဂိုလ်အရ မုန်းသူ ဖြစ်သည်။ သို့ သော် ဘီအက်စီအထက်တန်းသို့ အရောက်တွင် ကျောင်းမှ ထွက်သွားသဖြင့် သည့်နောက်ပြောင်းလဲလာသည့်အယူအဆကိုမူ ကျွန်တော် ကောင်းကောင်းမသိတော့ပေ။
သူတို့က နယ်အခြေအနေကို ကျွန်တော့အား ပြောပြကြသည်။မင်္ဂလာရဋ္ဌတိုင်းမှာ ရှမ်းပြည်တွင် အရှုပ်ဆုံးဟု ကျွန်တော် ဆိုချင်သည်။မိုးမျှမြင့်သော တံခွန်တောင်၏ ဟိုမှာ ဘက်တွင် မူ ကာနယ်ချင်ယီတို့၏ တရုပ်ဖြူတပ်များ ရှိပေသည်။ ပူနွေးသော နေခြည်ကို ပထမဆုံးတွေ့ ထိရာ ဖြစ်သော တောင်ကုန်းကလေးများ တွင် အမေရိကန်သာသနာပြုအဖွဲ့များ ရှိ၏ ။ တံခွန်တောင်စောင်းမှ ဖြူဖွေးသော ဘိန်းပွင့်များ သည် မင်္ဂလာရဋ္ဌချိုင်းဝှမ်းမြေပြင်သို့ ရောက်လာသော အခါ ရွှေရည်များ နှင့် လက်နက်များ ဖြစ်လာကြပေသည်။ ဤလက်နက်များ နှင့် စော်ဘွားများ သည် ပဒေသရာဇ်ဆန့်ကျင်ရေး ခေါင်းဆောင်များ ကို ခြိမ်းချောက်ကြသည်။ ရိုးအ,သော ရှမ်းများ ၊ တောင်သူကြီးများ ၊ အီကောများ ၊ ဂုံများ သည် သေနတ်ကြီးတွေ ကိုင်ကာ လမ်းသလား နေကြသော စော်ဘွား၏ ပုလိပ်တို့ကို ကြောက်နေကြပေသည်။ သူတို့သည် ပထန်ဝိုင်းနှင့် ဂျောက်ဂျက်ဝိုင်းတွင် အုံနေရသည့်အရသာကို ကြည်နူးမိကြပေမည် ။ အမှန် ကတော့ ရိုးအ,လှသော ပြည်သူများ ၏ မကျေနပ်ချက်များ ကို ကစားဝိုင်းများ ဖြင့် စော်ဘွားများ က လမ်းလွှဲပေးပေးကြပေသည်။
ရှမ်းပြည်သူများ ၏ စိတ်အာရုံကို လမ်းလွှဲပေးနိုင်သည်သာမက သူတို့တွင် ကစားဝိုင်းများ မှ အခွန်အကောက်များ ကိုလည်း ရနိုင်ပေသည်။စော်ဘွားများ ၏ ဆွေမျိုးသားချင်းများ သည် စော်ဘွားကိုယ်စား ဒိုင်အုပ်လုပ်နေကြပေသည်။ စော်ဘွားများ သည် ခေတ်လယ်လောက်က ထွန်းကားခဲ့သော မြေရှင်ပဒေသရာဇ်စနစ်ကို လက်ဝယ်ဆုပ်ကိုင်ထားချင်တုန်းပင် ရှိကြသေးသည်။ ကိုယ့်ယာကွက်ကလေး တကွက်လောက် ထွန်ပါမှ အနိုင်နိုင်ထမင်းစားရသော ရှမ်းပြည်သူတို့အား မတန်တဆ ကြီးလေးသော အခွန်အကောက်ခံကြတုန်းပင် ဖြစ်၏ ။ သို့ နှင့် ပြည်သူ၏ မကျေနပ်ချက်သည်ကြီးထွားရပေသည်။ သူတို့၏ ပဒေသရာဇ်စော်ဘွားစနစ်သည် ခေတ်မမီတော့ကြောင်းကို သူတို့မသိ မဟုတ်၊ သိပါ၏ ။ သို့ မို့ကြောင့် လဲ အာဏာစွန့်လွှတ်ရေး ဆိုသော သူတို့၏ အသုဘခေါင်းလောင်းသံကို ကြားသော အခါတွင် သူတို့သည် ခွဲရေး တွဲ ရေး ပြဿနာကို လှုံ့ဆော်လာကြပေသည်။
''ဒီမှာ က ခွဲရေး တွဲ ရေး ကို လူတော် တော် များများ က စိတ်ဝင်စားနေကြတယ် ကိုဥက္ကာရဲ့ ။ ဒီ့ပြင်လူ မပြောနဲ့ ကျွန်တော် တို့အဖွဲ့ဝင်အချို့တောင်...''
ဦးခွန်သာက ဆေးပြင်းလိပ်တိုကို ပါးစပ်မှ ချွတ်ရင်း ပြောလိုက်၏ ။ စောနန်းကျင်သည် ခေါင်းကို ငုံ့၍ လဘက်ရည်ကြမ်းကို ငှဲ့၍ နေသည်။ကျွန်တော် က အဖွဲ့ချုပ်၏ ပေါ်လစီကိုရှင်းပြရပေသည်။
''ဒီနေရာမှာ ကျွန်တော် တို့က မျက်ခြေမပြတ်ဘို့ အရေး ကြီးတယ်ဦးခွန်သာ''
ဦးခွန်သာ၏ မျက်လုံးများ သည် ရွဲလုံးလို တောက်ပလာကြသည်။သူ့မျက်လုံးများ သည် စိတ်ဝင်စားစရာကို တွေ့ တိုင်း သည်လိုပင် တောက်ပလာပေသည်။ ဦးခွန်သာမှာ ရိုးသားသော ရှမ်းမျိုးချစ်တယောက် ဖြစ်၏ ။စစ်မ ဖြစ်မီ ရန်ကုန်တက္ကသိုလ်တွင် ဥပစာတန်းအထိနေခဲ့ဘူး၍ နောက်တွင် မူ မင်္ဂလာရဋ္ဌတွင် ကုန်သည်လုပ်နေပေသည်။ သူသည် စစ်မ ဖြစ်မီကထဲကပင် ရန်ကုန်တက္ကသိုလ်ပဒေသရာဇ် ဆန့်ကျင်ရေး ကို တဖွဖွပြောခဲ့သူ ဖြစ်၏ ။
''ကျွန်တော် တို့ရဲ့ အဓိကပန်းတိုင်ဟာ ပဒေသရာဇ်ဆန့်ကျင်ရေး ဘဲရှမ်းပြည်မှာ ပဒေသရာဇ်တွေ နေရာတကာမှာ လွှမ်းမိုးနေတာကို တိုက်ဖျက်ဖို့နဲ့ ကျွန်တော် တို့ ရှမ်းပြည်သူတွေ ရဲ့ လူမှု ရေး ၊ ပညာရေး ၊ ကျန်းမာရေး ဆိုတာတွေ ကို မြှင့်တင်ဘို့ဘဲ။ ခွဲရေး တွဲ ရေး ပြဿနာဟာ မပေါ်သေးပါဘူး။ ကဲ ပေါ်တယ်ဘဲ ထားအုံး၊ ပြည်မက ခွဲပီးတဲ့နောက်မှာ အာဏာဟာ ပဒေသရာဇ်တွေ ရဲ့ လက်ထဲမှာ ဘဲ ရှိနေမယ်ဆိုရင် ဘာထူးမှာ လဲ။ ကျွန်တော် တို့ဟာ အခြေခံလုပ်ငန်းစဉ်ကို ကျော်ပီးသွားလို့ မရသေးဘူး''
ဦးခွန်သာသည် ပါးစပ်ကိုဟကာ စူးစိုက်နားထောင်နေ၏ ။ စောနန်းကျင်ကမူ ဒူးကို လှုပ်ရမ်း၍ နေပေသည်။
''ဟုတ်တယ် ဦးခွန်သာ စော်ဘွားချင်း သဘောကွဲတာနဲ့ တွဲ ရေး ခွဲရေး ပြဿနာပေါ်လာတယ်။ တဖက်က အာဏာရသူတွေ နဲ့အကြောင်းအပေါင်းသင့်တယ်။ တဖက်က သိပ်မသင့်ဘူး။ အဲဒီ တော့ မသင့်တဲ့ဘက်က ခွဲရမယ်လို့ ဇွတ်လှုံ့ဆော်တယ်။ သင့်တဲ့ဘက်က တွဲ ချင်တယ်။ ဗြောင်မဖွင့်ရဲဘူး။ အမှန်က ဒါတွေ ဟာ ရှမ်းပြည်လူထုရဲ့ အဓိကပြဿနာမဟုတ်သေးဘူး''
ကိုအောင်လေးက ဝင်၍ ကျွန်တော် ဘက်က ကူပြောပေသည်။ကိုအောင်လေးမှာ အသက် ၃ဝနားပတ်ဝန်းကျင်တွင် ဖြစ်၍ ကျွန်တော် နှင့် မတိမ်းမယိမ်းပင် ဖြစ်၏ ။ ကျွန်တော် တို့အဖွဲ့ထဲတွင် ဦးခွန်သာလိုရိုးသားသည့်မျိုးချစ်များ ပါ အယူအဆရှုပ်ထွေးနေပေသည်။
''ကဲ ကျွန်တော် တို့ရဲ့ အခြေခံလုပ်ငန်းစဉ်ကို ဆွေးနွေးကြည့်ကြရအောင်၊ ဒီတော့ ကျွန်တော် တို့ရဲ့ လုပ်ငန်းစဉ်ဟာ ဘယ်သင်းက အရင်၊ဘယ်သင်းက နောက်ဆိုတာ ပြတ်ပြတ်သားသား မြင်လာလိမ့်မယ်''
ကျွန်တော် ကပင်စ၍ စကားပြတ်သွားအောင် ကြားဝင်လိုက်ရပါသည်။ သည်အတိုင်း ဆက်၍ ငြင်းခုံနေလျှင် ကျွန်တော် တို့အဖွဲ့ချုပ်၏ လုပ်ငန်းစဉ် ဖြစ်သော ပဒေသရာဇ်ဆန့်ကျင်ရေး အပိုင်းသည် တိမ်မြှုပ်သွားပေလိမ့်မည် ။
''ပဒေသရာဇ်တွေ ကျွန်တော် တို့ရှမ်းလူထုအပေါ် သွေးစုတ်တယ်ဆိုတဲ့အချက်မှာ ကျွန်တော် တို့အားလုံး တူညီတယ် ဟုတ်လား။ ကျွန်တော် တို့ ရှမ်းပြည်ဟာ သယံဇာတပစ္စည်းတွေ နဲ့လဲ ပြည့်ဝတယ်။ ဒါပေမဲ့ ကျွန်တော် တို့ ရှမ်းလူထုဟာ ခုထက်ထိ ပဒေသရာဇ်ခေတ်ထဲမှာ ဝဲလယ်နေတုန်းရှိသေးတယ်။ အောက်ကျနောက်ကျ ဖြစ်နေသေးတယ်။ ဥပမာကြည့်ဗျာ၊ ကျွန်တော် တို့ ရှမ်းပြည်ဟာ လူဦးရေတသန်းခွဲ နှစ် ကျော်ကျော်ရှိတယ်မဟုတ်လား၊ ဆရာဝန်ဆိုလို့ စုစုပေါင်း နှစ် ဆယ်မပြည့်ဘူး။ မွေးကတည်းက ပါလာတဲ့ငှက်ဖျားကြောင့် ခလေးတထောင်မွေးတိုင်းမွေးတိုင်း ငါးရာလောက်သေခဲ့ရတယ်။ ရှမ်းအမျိုးသားတဦးရဲ့ ပျမ်းမျှအသက်ဟာ (၂၄)နှစ် သာရှိတယ်လို့ စာရင်းအင်းပါရဂူတွေ က တွက်ချက်ပြကြတယ်။ တချို့မှာ လဲ ဘိန်းစွဲပြီး လူစင်မမီအောင် ဖြစ်နေကြတယ်။ ပညာရေး ဘက်ကိုကြည့်ပါအုံး။ ကျွန်တော် တို့ ရှမ်းပြည်မှာ ကောလိပ်ကျောင်းတကျောင်းမရှိဘူး။စာတတ်တဲ့လူဆိုလို့ ၁ဝဝ မှာ ၁၂-ယောက် ရှိတယ်။ စစ်မ ဖြစ်ခင်တုန်းကစာသင်ကျောင်းပေါင်း ၁၉၆ ကျောင်း ရှိတဲ့အနက် သာသနာပြုကျောင်းနဲ့ အလွတ်ပညာသင်ကျောင်းရာခိုင်နှုန်းဟာ ကိုးဆယ်ရာခိုင်နှုန်းရှိတယ်။အခု အထက်တန်းကျောင်း ၁၇-ကျောင်း၊ အလယ်တန်း ၁၉ကျောင်း၊ မူလတန်းကျောင်း ၃၉၁ ကျောင်းဘဲရှိတယ်။ ဒါ တော် တော် တိုးလာတာနော်''
ကျွန်တော် က မောမောဖြင့် လဖက်ရည်ကြမ်းကို သောက်လိုက်သည်။ ဦးခွန်သာ၏ တပည့်ကျော် အိုက်စံသည် လဖက်ရည်ကြမ်းအိုးကိုလာဖြည့်နေ၏ ။ ကျွန်တော် ငယ်ငယ်က ရွာထိပ်ရှိ ဘုန်းကြီးကျောင်းတွင် နေရပေသည်။ အသက်က ထောက်လာသော အခါ အဖေက ကျွန်တော့်ကို သာသနာပြုကျောင်းသို့ ပို့သည်။ နံနက်ဝေလီဝေလင်း နှင်းမြူမကွဲတကွဲတွင် ယာတောမှ ကျောင်းသို့ လာရ၏ ။ တမိုင်ကျော် နှစ် မိုင်နီးပါးလျှောက်ရ၏ ။ ကျွန်တော် တို့ အမျိုးထဲတွင် အင်္ဂလိပ်စာတတ်သူမှာ ကျွန်တော် သည် ပထမဆုံးနှင့် တဦးတည်းသော သူ ဖြစ်ပေသည်။ ထိုစဉ် အဖေသည် ညောင်ရွှေဈေးတွင် ပွဲရုံမထောင်နိုင်သေးပေ။ တောင်ခြေရှိယာတောတွင် အဖေသည် ရာသီမရွေး အလုပ်လုပ်ရသည်။ နွေလယ်တွင် အဖေသည် ယာတောကို မီးရှို့၍ မြေစာကျွေးရ၏ ။ မိုးဦးမှဆောင်းလယ်ရောက်လာပြီဆိုလျှင်ဘဲ စိမ်းမြနေသော ဂျုံပင်တို့သည် အခြေမှစ၍ ဝင်းစပြုလာကြပေသည်။ နှင်းမှုံလေးတွေ တဖွဲဖွဲကျလာပြီး အအေးဓာတ် ကဲစပြုလာလျှင် အဖေသည် ချောက်ထဲသွား၍ ထင်းခုတ်ရပေသည်။
အဖေသည် ကျွန်တော် နှင့် အမေ့ကို မေတ္တာငွေ့ဖြင့် သာ နွေးစေချင်ပေလိမ့်မယ်။ သို့ သော်လည်း ရှမ်းပြည်ဆောင်းရာသီ၏ အအေးဓာတ်ကို သူ့မေတ္တာငွေ့ဖြင့် တွန်းလှန်၍ မရသော အခါ အဖေသည် စိတ်ဆင်းရဲရလေသည်။
အမေနှင့် ကျွန်တော် ကမူ အဖေ့ကို ကြည့်၍ သနားကြ၏ ။ သို့ သော် အမေမှာ ငယ်ငယ်ကထဲက ဘိန်းစွဲခဲ့သဖြင့် အသက်ကြီးလာသော အခါ တုန်တုန်ချိချိ ဖြစ်လာသည်။ အဖေ့ကို ကောင်းကောင်းမကူညီနိုင်တော့ပေ။ သည်လိုနှင့် အမေသည် ဘိန်း၏ နှိပ်စက်မှု ကြောင့် ငယ်ငယ်ရွယ်ရွယ်နှင့် ကျွန်တော် တို့သားအဖနှစ် ယောက် ကို စွန့်ခွာခဲ့၏ ။ မကြာမီအဖေသည် ငှက်ဖျား ရောဂါ ဖြင့် အမေ့နောက်သို့ လိုက်သွားခဲ့သည်။ အဖေနှင့် အမေတို့၏ ဘဝသည် ရှမ်းပြည်သူတို့၏ ဘဝကိုပြသော ပြယုဂ်ဟုဆိုချင်ပေသည်။
''ဒါတွေ ဟာ ကျွန်တော် တို့ ရှမ်းပြည်ရဲ့ အခြေအနေဘဲ၊ ပြည်မအစိုးရရော ပြည်နယ်အစိုးရပါ နှစ် ဦးစလုံးမှာ တာဝန်ရှိတယ်။ ပြည်မအစိုးရဟာ ရှမ်းလူထုရဲ့ လိုအပ်ချက်ကို ပြည့်ဝအောင် မဖြည့်စွမ်းနိုင်ခဲ့သေးဘူး။ရှမ်းလူထုရဲ့ တကယ့်ဆန္ဒကို သိဟန်မတူဘူး။ ပြည်နယ်အစိုးရခေါင်းဆောင်တွေ ဟာလဲ ရှမ်းပြည်လူထုအရေး ထက် အာဏာမစွန့်ဖို့၊ စွန့်လွှတ်ရင်လဲလျော်ကြေးများများ ရဘို့လောက်ကိုသာ အာရုံစူးစိုက်နေကြတယ်။ ပြည်မအစိုးရထဲမှာ ရှမ်းစော်ဘွားများ တွေ ရဲ့ အသံကို လူထုအသံဆိုပီး ယူဆနေကြတာတွေ ရှိတယ်။ ဒီတော့ ကျွန်တော် တို့ရဲ့ လောလောဆယ်လုပ်ငန်းက ပဒေသရာဇ်စနစ်ကို ဖျက်သိမ်းဘို့ပဲ၊ အခုဆိုရင် စော်ဘွားတွေ က ပဒေသရာဇ်အာဏာကို စွန့်လွှတ်မယ်လို့ လူသိရှင်ကြား ကျေညာပီးပီ။ ဒါပေမဲ့တကယ့်အာဏာကို စွန့်လွှတ်တယ်ထားအုံး၊ စော်ဘွားတွေ ဟာ အာဏာမဲ့ပဒေသရာဇ်တွေ အ ဖြစ် ဆက်လက်တည်မြဲနေကြအုံးမှာ ဘဲ။ ဒါကြောင့် ကျွန်တော် တို့ဟာ အာဏာရှိ အာဏာမဲ့ ပဒေသရာဇ်စနစ်နှစ် မျိုးစလုံးကိုတိုက်ဖျက်ရလိမ့်မယ်။ နောက် ရှမ်းပြည်ကို ပြည်သူ့ကိုယ်စားလှယ်တွေ ပါဝင်အုပ်ချုပ်တဲ့တကယ့်အော်တိုနိုမီထူထောင်ဘို့နဲ့ အော်တိုနိုမတ်စ်အစိုးရက ပြည်သူတွေ ရဲ့ နေထိုင်မှု ဘဝကို မြှင့်တင်ပေးဘို့ ကမ္ဘာ့ငြိမ်းချမ်းရေး နဲ့အာရှငြိမ်းချမ်းရေး တည်မြဲအောင် ကြိုးပမ်းကြတဲ့ နိုင်ငံတွေ နဲ့အတူ ပါဝင်လက်တွဲ ဘို့''
အားလုံးကပင် အဖွဲ့ချုပ်၏ ပေါ်လစီကို သဘောပေါက်ကြ၏ ။ဦးခွန်သာကမူ လက်သီးလက်မောင်းပင် တန်းလိုက်သေး၏ ။ စောနန်းကျင်သည် ဦးခွန်သာကိုကြည့်၍ ပြုံးနေပေသည်။
ကျွန်တော် သည် စောမြနန္ဒာကို တွေ့ ချင်သေး၏ ။ ကျွန်တော် တို့ဆန့်ကျင်ဘက်နှစ် ခုသည် ဘယ်လိုများ ပေါင်းစပ်ကြရပေမည် နည်း။
မဲဇလီချောင်းတဖက်ကမ်း ယိုးဒယားနယ်စပ်မြို့ ဖြစ်ပေသည်။တဖက်ကမ်းမှဖွင့်လိုက်သော အသံချဲ့စက်သည် ကျွန်တော် တို့ဗမာပြည်ဘက်သို့ ပြန့်လာသည်။ အယုဒ္ဓယမြို့ရိုးတွင် အသက်ကို စတေးခဲ့၍ ကာကွယ်ခဲ့ကြသော ယိုးဒယားစစ်သည်တို့၏ ဇာတိမာန်ကို ဖွဲ့ဆိုလေသလား။မဲဇလီမြို့ပတ်လည်တွင် ဆိုင်းနေသည့် မြူခိုးတို့ကိုပင် ဖွဲ့ဆိုလေသလး။ချစ်သူတို့၏ တမ်းတသံကိုပင် ဖွဲ့ဆိုလေသလား၊ အဓိပ္ပါယ်ကို ကျွန်တော် နားမလည်ပေ။
မဲဇလီမြို့အဝင်တွင် မူ လမ်းကြိတ်စက်များ သည် ပျားကောင်တွေ လို တဒီးဒီးမြည် ၍ အလုပ်ရှုပ်နေကြပေသည်။ မဲဇလီချောင်းစပ်မှ ယိုးဒယားပျိုဖြူနှစ် ယောက် သည် သည်ဖက်ကမ်းကို လက်ယပ်ခေါ်နေကြ၏ ။ကျွန်တော် ကမူ ဘာမှန်းမသိ။ ကျွန်တော့် ဘေးနားရှိ အကောက်ရုံးဝမှ မြန်မာအကောက်အရာရှိလေးသည် သူတို့ကိုကြည့်၍ ပြုံးနေပေသည်။
''ဟောဒီ မဲဇလီချောင်းသာ စကားပြောတတ်မယ်ဆိုရင် အင်မတန် စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေ ကို ကြားရမှာ ဘဲ''
ဦးခွန်သာက ကျွန်တော့် ကို ပြောပြ၏ ။ တကယ်ဆိုတော့ မဲဇလီချောင်းသည် စကားမပြောတတ်သော်လည်း ပုံပြောလျက်ရှိပေသည်။ ရေစီးသံကလေးများ သည် မဲဇလီချောင်း၏ ညည်းညူသံ ဖြစ်၏ ။ အကောက်ဆိပ်အထက် ကိုင်းတောကြားမှ ကုန်ုခိုးသွင်းကြပုံ၊ ဘိန်းနှင့် လက်နက်အလဲအလှယ်ပြုကြပုံ၊ အထက်တနေရာမှ တရုပ်ဖြူများ ဖြတ်ကူးလာကြပုံတို့ကို ကြည့်၍ ညည်းတွားနေပေလိမ့်မည် ။
ကျွန်တော် နှင့် ဦးခွန်သာသည် မဲဇလီချောင်းမှ ရေလှိုင်းကလေးတွေ ပြောပြသော ပုံပြင်ကို နားထောင်ပြီး မင်္ဂလာရဋ္ဌသို့ ပြန်ခဲ့ကြသည်။မင်္ဂလာရဋ္ဌနှင့် ယိုးဒယားမြန်မာနယ်စပ် မဲဇလီမှာ ၁ဝ၄ မိုင်လောက်ဝေးပေသည်။ လမ်းဘေးတောင်ကမူကလေးများ ပေါ်တွင် ဗမာ့တပ်မတော် မှကချင်စစ်သားကလေးတဦးသည် သေနတ်ကိုထမ်း၍ ကင်းစောင့်နေပေသည်။ သြော် အမျိုးသားအရေး ဆိုတော့ ဟူးကောင်းတောင်ကြားမှကချင်ကလေးဟာလဲ ရှမ်းကုန်းမြေမြင့်မှာ လာပြီး အသက်ကို စွန့်လှူရပါကလား။
ဦးခွန်သာက ကျွန်တော့်ကို နယ်စပ်သို့ မသွားစေချင်ပေ။ အန္တ-ရာယ်များ လှသည်ဟု သူက ဆို၏ ။ ကျွန်တော် ကမူ ရှမ်းပြည်သူတို့ဘဝကို လေ့လာချင်၏ ။ ထို့ကြောင့် ဦးခွန်သာနှင့် စောနန်းကျင်ကို မရမကခေါ်၍ ဇွတ်ထွက်လာခဲ့ပေသည်။
နေဝင်ဖြိုးဖျတွင် မဲဇာသို့ ရောက်လေသည်။ မဲဇာမှာ မင်္ဂလာရဋ္ဌနှင့် မဲဇလီတို့အကြား လမ်းခုလပ်တွင် တည်ရှိလေသည်။ ကျွန်တော် တို့ရောက်သွားသော အခါ မဲဇာနယ်တွင် နယ်စပ်ပွဲတော် ကျင်းပလျှက်ရှိ၏ ။ပွဲတော် ကို မင်္ဂလာရဋ္ဌစော်ဘွား၏ မွေးနေ့အ ဖြစ် ကျင်းပသည်ဟု ဦးခွန်သာက ပြောပြလေသည်။
ဦးခွန်သာနှင့် စောနန်းကျင်က ပွဲခင်းကို ခေါ်သွားပေသည်။ ပွဲတော် တွင် ကစားဝိုင်းတွေ စုံလှ၏ ။ ဂျောက်ဂျက်ဝိုင်း၊ ပထန်ဝိုင်း၊ လေးကောင်ဂျင်ဝိုင်း၊ ၃၆ကောင် စသည့်နေရာတွင် လူမျိုးစုံလှ၍ ၃၆ကောင်ထီကို စော်ဘွားလေး၏ နောင်တော် စောနွဲ့က ဒိုင်အုပ်လုပ်၍ ဖွင့်သည်ဟုဆို၏ ။ ၃၆ကောင်ဝိုင်းအနီးတွင် မှော်ဆရာမ ဆိုသူကိုလည်း တွေ့ ရ၏ ။ မှော်ဆရာမ သည် တကိုယ်လုံးအဝတ်နက်ကို ဝတ်ထားပေသည်။ ရှမ်း၊ အီကော၊လားဟူ၊ ဂုံ၊ တောင်သူစသော လူမျိုးပေါင်းစုံသည် မှော်ဆရာမ ကို အတိတ်သွားမေးပြီးမှ ၃၆ကောင်သို့ ရောက်လာခါ ဒိုင်၏ အကဲကို ခတ်ကြပြန်သည်။
လေးကောင်ဂျင်ဝိုင်းနှင့် ပထန်ဝိုင်းကိုမူ တရုပ်တွေ က ဒိုင်ခံ၍ ဖွင့်ကြသည်။ ပွဲဈေးတန်း နေကြာစေ့လှော်ဆိုင်ကလေးမှာ ကာလသားတွေ ဝိုင်းအုံနေကြ၏ ။ မှိန်မှိန်လင်းလျက်ရှိသော ဆီမီးခွက်မီးရောင် တွင် မဲဇာရွာသူကလေးများ ၏ ပါးမို့မို့ကလေးများ သည် ရဲနေကြ၏ ။ ခဏကြာသော်ယောက်ျားပျိုတယောက် နှင့် နေကြာစေ့လှော်ရောင်းသည့် သူငယ်မလေးသည် ခါးကိုဖက်ကာ အမှော င်ထဲသို့ ပျောက်ကွယ်သွားကြ၏ ။ သူတို့သည်လမ်းလျှောက်ရင်း ကျီစယ်သွားကြသည်။ သြော်...ဒို့ရှမ်းတောင်သူတို့၏ ဘဝပေတကား။
ကျွန်တော့် ရင်သည် တင်းကျပ်၍ လာ၏ ။ ရေမချိုးသော ရှမ်းတောင်သူ တောင်သားတို့၏ အနံ့သည် စူးစူးဝါးဝါး တိုးဝင်နေသည်။ ခရီးပန်းသဖြင့် အိပ်ရာတွင် အိပ်စက်နားချင်ပေပြီ။
''ဦးခွန်သာ ပြန်ကြစို့လားဗျာ''
ကျွန်တော် တို့ သုံးယောက် ပွဲတော် မှ ပြန်လာကြသည်။ ပွဲခင်းအစပ်အရောက်တွင် မူ ကျွန်တော့် နှလုံးသည် အခုန်ရပ်သွားသလို ထင်လိုက်ရ၏ ။
စောမြနန္ဒာ၊ ကျွန်တော် ချစ်သော စောမြနန္ဒာ၊ မင်္ဂလာရဋ္ဌစော်ဘွားလေး၏ အစ်မတော် လတ်စောမြနန္ဒာ။
စောမြနန္ဒာသည် အသက် ၃ဝခန့်ထောင်ထောင်မောင်းမောင်းရှမ်းလူရွယ်တယောက် နှင့် တွဲ လာ၏ ။ ကျွန်တော် တို့ ဂျစ်ကားနားသို့ ရောက်သော အခါတွင် စောမြနန္ဒာသည် အနက်ရောင် ဗောက်(စ်)ဟောကားကြီးပေါ်သို့ တက်မည့် ခြေလှမ်းကိုပြန်၍ ရုပ်လိုက်ပြီး ကျွန်တော့် ကို လှမ်းကြည့်နေသည်။
''ဟင် ကိုဥက္ကာ''
စောမြနန္ဒာသည် ကားဦးမှကွေ့ကာ ကျွန်တော် တို့ဂျစ်ကားဘက်ဆီသို့ လျှောက်လာ၏ ။ စောမြနန္ဒာကို တီဘီစပ်စပက်ရှိသည်ဆိုသည်မှာ မဟုတ်နိုင်ဘူး။ ဘယ်နည်းနဲ့မှ မဟုတ်နိုင်ဘူး။ စောမြနန္ဒာသည် ဆင်စွယ်ရောင် ပိုးစွယ်ခါးကျပ်ကလေးကို ဝတ်ထားပေသည်။ သူဝတ်ထားသည့်လုံချည်ကိုတော့ ကျွန်တော် သဲကွဲစွာ မမြင်ရ။ အနက်ပိန်းတွင် စပယ်ပွင့်ကလေးတွေ စိတ်စိတ်ခက်ထားသည့် ရှန်တောင်ချည်လုံချည် ဖြစ်ဟန်တူသည်။ သူ့နောက်မှ ရှမ်းလူရွယ်သည် ကပ်၍ လိုက်လာပေသည်။
''ဘယ်တုံးက ရောက်နေသလဲဟင်၊ တော် တော် ကြာပလား။ တယောက် ထဲလား''
မေးခွန်းတို့သည် ဗျောက်အိုးဖောက်လိုက်သလို ဆက်တိုက်ရောက်လာကြသည်။ ဦးခွန်သာနှင့် စောနန်းကျင်သည် ခပ်သုတ်သုတ်ဂျစ်ကားပေါ်သို့တက်၍ အမှော င်ထဲတွင် ထိုင်နေကြသည်။ သူတို့၏ မျက်လုံးများ သည် ကျွန်တော် တို့နှစ် ယောက် ကို စူးစိုက်အကဲခတ်နေကြပေလိမ့်မည် ။
''တပတ်နီးပါးလောက် ရှိ သွားပါပီ''
ကျွန်တော် က သူမေးသည့်မေးခွန်းအစကိုသာ ဖြေပြီး ရပ်ထားလိုက်သည်။ စောမြနန္ဒာသည် နောက်တွင် ပါလာသော ရှမ်းလူရွယ်ကိုလှည့်ကြည့်၍ ပြုံးလိုက်ပြီး ကျွန်တော် တို့နှစ် ယောက် ကို မိတ်ဆက်ပေးပေသည်။
''စောဝ် ဒါက ရန်ကုန်တက္ကသိုလ်ရှမ်းကျောင်းသားများ အသင်းဥက္ကဋ္ဌဟောင်း ကိုဥက္ကာတဲ့၊ ဒါက မြနန္ဒာရဲ့ မောင်တော် ၂ဝမ်းကွဲ စောကြာဆိုင်၊ နှင်းပုလဲမှာ ခု ဒုတိယအရေး ပိုင် လုပ်နေတယ်''
ကျွန်တော် တို့နှစ် ယောက် သည် ထုံးစံအတိုင်း လက်ဆွဲနှုတ်ဆက်လိုက်ကြ၏ ။ စောကြာဆိုင်၏ လက်မှာ အေးစက်လှပါကလား။ စောစောက မိုးတိမ်အုတ်မှိုင်းသလို ညိုနေသော စောကြာဆိုင်မျက်နှာသည် ပြုံးလာ၏ ။ သို့ သော် သရော်ပြုံးဟု ထင်ပေသည်။ စောမြနန္ဒာသည် နှုတ်ခမ်းကလေးစူ၍ ကျွန်တော့် ကို ရန်တွေ့ နေ၏ ။
မာယာဘုံ | မိန်းမတို့အကြောင်း | ကြာညိုနံ့သင်းသော ရေဝတီမ |