Cover

ကြာညိုနံ့သင်းသော ရေဝတီမ
မြသန်းတင်

(၁၉၂၉-၁၉၉၈)

မြသန်းတင့်သည် ပခုက္ကူခရိုင် မြိုင်မြို့တွင် အဖဦးပေါ်တင့် အမိဒေါ်လှိုင်တို့မှ ၁၉၂၉ ခုနှစ် မေလ ၂၃ ရက်နေ့၌ မွေးဖွားခဲ့ရာ မွေးချင်းနှစ် ယောက် အနက် သားအကြီးဆုံး ဖြစ်ပြီး မြသန်း ဖြစ် သည်။

မြိုင်မြို့ တိုင်းရင်းမြန်မာအထက်တန်းကျောင်းနှင့် ပခုက္ကူ မြန်မာ-အင်္ဂလိပ် ဗုဒ္ဓဘာသာအ ထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့သည်။ ၁၉၄၇ ခုနှစ် တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည်။ ၁၉၄၈ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်သို့ရောက်သည်။ ၁၉၅၄ ခုနှစ် တွင် ဝိဇ္ဇာ ဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ ၁၉၅၆ ခုနှစ် တွင် ဥပဒေဘွဲ့ကိုလည်းကောင်း ရရှိခဲ့သည်။ ၁၉၄၃ ခုနှစ် ၊ ဂျပန်တော် လှန်ရေး ကာလအတွင်း စစ်ကိုင်းဗိုလ်သန်းဦး၊ သခင်မော်တင်နှင့် မြိုင်မြို့ဦးစရိယ (မြိုင်မြို့ ဖဆပလအမတ်ဟောင်း ဦးသက်ရှည်)တို့၏ ဦးဆောင်မှု အောက်တွင် တာဝန်ထမ်းဆောင် ခဲ့သည်။ နောက် မန္တလေးခရိုင်၊ အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ်၊ မြင်းခြံခရိုင် ကွန်မြူနစ်ပါတီ (ကျောက်ပန်းတောင်းတွင် အက်တူး-သခင်အုန်းဖေနှင့် အတူ လယ်သမားများ သီးစားခမပေးရေး တိုက်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့၍ ရုံးမင်းတစ်ထိုင် ပြစ်ဒဏ်ကျခံရသည်)

အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ အလုပ်အမှု ဆောင် (၁၉၄၅-၄၇)၊ ကမ္ဘာ့ငြိမ်းချမ်း ရေး ကွန်ကရက်(မြန်မာနိုင်ငံ) အလုပ်အမှု ဆောင်(၁၉၅၂)၊ ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီ အ တွင်းရေး မှူး(၁၉၅၅)၊ ပြည်သူ့တိုးတက်ရေး ပါတီ ပေါလစ်ဗျူရိုအဖွဲ့ဝင်၊ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ ဝင်နှင့် ပြည်သူ့ကော်မတီဝင် (၁၉၆၃)အ ဖြစ် နိုင်ငံရေး ကာလလှုပ်ရှားမှု များ တွင် ရှေ့ဆောင်ပါဝင်ခဲ့ သည်။

အထွေထွေသပိတ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမားကွန်ဂရက်၊ တက္ကသိုလ်၊ ပခုက္ကူ ခရိုင်ကျောင်းသားများ သမဂ္ဂစသဖြင့် နိုင်ငံရေး ကဏ္ဍများ နှင့် အတူ တက္ကသိုလ်ကျောင်းသားဘဝမှာ ပင် ပထမဦးဆုံးဝတ္ထုတို ‘ဒုက္ခသည်’ ကို တာရာမဂ္ဂဇင်း(၁၉၄၉၊ အတွဲ -၃၊ အမှတ် ၂၁)၌ ‘မြသန်း’က လောင်အမည် ဖြင့် ရေး သားခဲ့ပြီး စာပေလောကတွင် ဝတ္ထုရေး ဆရာအ ဖြစ် ထင်ရှားခဲ့သည်။ ၁၉၅၀ ခုနှစ် တွင် ကိုသန်းတင်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်းတို့နှင့် အတူ ‘စာပေသစ်မဂ္ဂဇင်း’ ကိုထုတ်ဝေခဲ့ရာ တာဝန်ခံအယ်ဒီတာအ ဖြစ် ဆောင်ရွက်ခဲ့သည်။ နောက်ပြည်တော် သစ်ဂျာနယ် အယ်ဒီတာချုပ်၊ တိုးတက်ရေး သတင်းစာ၊ နိုင်ငံခြားအယ်ဒီတာ၊ စာရေး ဆရာသမဂ္ဂအမှု ဆောင်စသ ဖြင့် စာပေလောကတွင် တာဝန်အသီးသီးယူခဲ့သည်။ တစ်ချိန်တည်းမှာ ပင် ကဗျာ၊ ဝတ္ထုတို၊ ဆောင်းပါး၊ ဘာသာပြန်ဝတ္ထုတိုများ (ဂေါ်ကီ၏ ‘မာလ်ဗာနှင့် အခြားဝတ္ထုတိုများ ’ကို ၁၉၅၁ ခုနှစ် တွင် ထုတ်ဝေခဲ့သည်) ရေး သားရင်း ‘စာပေသည် ပြည်သူ့အတွက်’ကဏ္ဍတွင် ရှေ့ဆောင်ရှေ့ရွက်လှုပ် ရှားခဲ့သည်။ တာရာ၊ ပဒေသာ၊ လင်းယုန်၊ သတင်းစုံ၊ ပြည်တော် သစ်၊ ရှုမဝ၊ သွေးသောက်အစရှိ သော စစ်ပြီးခေတ်ထင်ရှားကျော်ကြားသော မဂ္ဂဇင်း၊ ဂျာနယ်၊ သတင်းစာများ တွင် မြသန်းဆိုသော လူငယ်စာရေး ဆရာအ ဖြစ် နာမည် ရလာသည်။ နောင် စာပေလောကတွင် ‘သခင်မြသန်း’၏ ‘မမိုး စွေ’ထွက်လာပြီးနောက် ‘မြသန်း’အမည် ၏ နောက်တွင် ဖခင်ဦးပေါ်တင့်၏ နောက်ဆုံးအမည် ကိုယူ ပြီး ‘မြသန်းတင့်’ဟူ၍ ပြောင်းလဲခဲ့သည်။ ကဗျာတွင် ‘မန္တလေး’ကဗျာသည်လည်းကောင်း၊ ဝတ္ထုတို တွင် ‘ဒုက္ခသည်’၊ ‘ပဒုမမင်းသားနှင့် မင်းကြီးကတော် ’၊ ‘မေတ္တာရွှေင်’တို့သည် လည်းကောင်း၊ လုံး ချင်းဝတ္ထုရှည်တွင် ‘မေတ္တာအသင်္ချေ’၊ ‘လိုက်ခဲ့တော့ မြနန္ဒာ၊ အမှော င်ရိပ်ဝယ်၊ နွံထဲကကြာ၊ ထား ကျွန်မလင်၊ အတ္ထုပတ္တိတွင် မက္ကဇင်ဂေါ်တီ၊ ဘာသာပြန်လုံးချင်းဝတ္ထုရှည်တွင် စစ်နှင့် ငြိမ်းချမ်းရေး စသည်ဖြင့် ထင်ရှားခဲ့သည်။ စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထုသည် ဘာသာပြန်လက်စမသတ်သေး၊ ၁၉၇၂ ခုနှစ် ကျမှ အဆုံးသတ်ခဲ့သည်။ ထိုနှစ် တွင် အမျိုးသားစာပေ ဘာသာပြန်ဆု စတင်ရရှိခဲ့သည်။ ၎င်း ဘာသာပြန်ဆုများ ကို ၁၉၇၈ ခုနှစ် တွင် လေရူးသုန်သုန် ဖြင့် လည်းကောင်း၊ ၁၉၈၈ ခုနှစ် တွင် ခန်း ဆောင်နီအိပ်မက် ဖြင့် လည်းကောင်း၊ ၁၉၉၂ ခုနှစ် တွင် သုခမြို့တော် ဖြင့် လည်းကောင်း၊ ၁၉၉၅ ခု နှစ် တွင် အချစ်မိုးကောင်းကင် ဖြင့် လည်းကောင်း၊ ရုရှား၊ တရုတ်၊ အမေရိကန်၊ ပြင်သစ်စာပေလက် ရာ ရသမြောက်ဂန္ထဝင် ဝတ္ထုရှည်ကြီးများ ဘာသာပြန်ဆိုပြီး ဆု(၅)ဆုရရှိခဲ့သည်။

တစ်ဘက်တွင် ဤသို့သော ဂန္ထဝင်ဝတ္ထုရှည်ကြီးများ ရေး သားပြန်ဆိုရင်း အခြားတစ်ဖက် တွင် မူ ပင်ကိုယ်ရေး ဝတ္ထုရှည်များ (ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် -၁၉၇၃)၊ မာယာ ဘုံ(ပ-ဒုတွဲ ) (၁၉၇၅-၇၆)၊ ကျွန်တော် ဆက်၍ ရေး ချင်သော ဝတ္ထုများ (၁၉၇၄)၊ ကြေးနီရောင် အချစ် နှင့် ဝတ္ထုတိုများ (ပ-ဒုတွဲ ) (၁၉၈၉)၊ အညတြရုပ်ပုံလွှာများ (ပ-ဒုတွဲ ) (၁၉၉၃)၊ နောက် ခရီးသွားစာ ပေများ -အရှေ့လေတိုက်သော အခါ- (၁၉၆၃) ငွေသော င်ယံ ဟွန်ဒါယဉ်ကျေးမှု ၊ မေရီဗိုဗေးနှင့် အီ ကွေတာညများ (၁၉၈၀)၊ လွမ်းမောဖွယ် ကမ္ဘောဇ(၂၀၀၁)၊ ပုံတောင်ပုံညာသွားတောလား (၂၀၀၀) နောက် နိုင်ငံရပ်ခြားဘာသာပြန်ဝတ္ထုတိုများ (နှစ် တစ်ရာ ကမ္ဘာ့စုံထောက်ဝတ္ထုတိုများ (ပ-ဒု-တ) (၂၀၀၀)၊ ၂၀ ရာစု ကမ္ဘာ့ဂန္ထဝင်ဝတ္ထုတိုများ (၁၉၇၄)၊ နိုင်ငံတကာ ခေတ်သစ်ဂန္ထဝင်ဝတ္ထုတိုများ (ပ-ဒု-စ-တ) (၁၉၉၂-၉၃)နှင့် အခြားဘာသာပြန်လက်ရာများ ရှိသေးသည်။ (ပါရီကျဆုံးခန်း၊ လေလွင့် သူ၊ ချစ်သော ယွန်းခင်ခင်၊ ရေပွက်ပမာ၊ ခေတ်ပေါ်နိုင်ငံတကာ ကဗျာရှည်(၃)ပုဒ်၊ မှော်ရုံတောမှာ မောလှပြီး၊ ဧကရာဇ်တို့၏ ဘဏ္ဍာတိုက်များ ၊ တော် လ်စ်တွိုင်း၏ ဘဝအမြင်နှင့် သမိုင်းအမြင်၊ သမိုင်း ထဲက မန္တလေး၊ မန္တလေးထဲကသမိုင်း၊ မိန်းမတို့အကြောင်း၊ စာရေး ခြင်းအတတ်ပညာ)၊ အက်ဆေး ဘာသာပြန်များ လည်း ရှိသေးသည်။ (မြန်မာပြန်ရသစာတမ်းများ ၊ သမိုင်းစကားပန်းစကား)၊ ထို့ပြင် စာပေဆောင်းပါးများ လည်း ပြုစုသွားသည်။ ဟောပြောပွဲများ မှ စာပေအကြောင်းအရာများ အပါအ ဝင် (လမင်းကို ထရံပေါက်မှကြည့်ခြင်း)၊ မြသန်းတင့်အပြင် အခြားကလောင်ခွဲများ ဖြင့် လည်း ရေး သားခဲ့ပါသ်ည။ ဥပမာ-မောင်သစ်တည်၊ ထက်အောင်၊ ဝေဝေလှိုင်၊ မင်းနန္ဒာ၊ စောယွန်း။

မြသန်းတင့်သည် ပင်ကိုယ်ရေး ရသဝတ္ထုစာပေများ အပြင် ရသစာတမ်း(ဥပမာ-တမာနုချိန် စစ်တမ်း)၊ ရသနောက်ခံ သမိုင်းကားချပ်ဆောင်းပါးများ (ဥပမာ-တောင်သမန်ရွှေအင်း လေညှင်း ဆော်တော့် )ရေး ဖွဲ့တင်ပြခဲ့သည်။ နောက် ကမ္ဘာ့စာပေရပ်ဝန်းမှ ကောင်းနိုးရာရာ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ ပြဇာတ်(ဥပမာ-လက်ဖက်ရည်ဆိုင်)များ ကိုလည်း မြန်မာစာပေဘဏ္ဍာ တိုက်ထဲသို့ တံတားထိုးပေါင်းကူးထည့်သွင်းသွားခဲ့သည်။ ထိုသို့စာပေလက်ရာများ ရေး သားနေဆဲ ၁၉၉၈ ခုနှစ် တွင် အမှတ်မထင် ကွယ်လွန်သွားရှာသ်ည။ စာရေး ဆရာ တစ်ယောက် က အစားထိုးမရ သော တံတားကျိုးသွားခြင်း ဟူ၍ လည်းကောင်း၊ အယ်ဒီတာ တစ်ယောက် ကလည်း ‘ဆရာက သူ ရေး သော စာ၊ သူလုပ်သော လုပ်ရပ်ဖြင့် သာ သူ့အယူအဆကို တင်ပြသ်ည။ အတင်းအဓမ္မသွတ် သွင်းခြင်းမျိုး၊ ရိုက်ထည့်ခြင်းမျိုး မလုပ်တတ်’ဟူ၍ လည်းကောင်း ရေး သားဖော်ပြသွားခဲ့လေသည်။

♥ ♥ ♥


ကြာညိုနံ့သင်းသော ရေဝတီမနှင့် မော့ပတ်ဆွန်း

မော့ပတ်ဆွန်းနှင့် ကျွန်တော် သိကျွမ်းကြသည်မှာ ၁၈၈၀ ခုနှစ် အချိန်လောက်က ဖြစ်၏ ။ သူ့ သဏ္ဍာန်မှာ ထူးချွန်ထက်မြက်သူ တစ်ယောက် နှင့် လားလားမျှမတူပေ။ အရပ်ပြတ်ပြတ်၊ ကိုယ်လုံး ကိုယ်ထည် တောင့်တောင့်နှင့် လှပချောမွေ့သော မျက်နှာတော့ရှိလေသည်။ နဖူးပြင်ခပ်ကျယ် ကျယ် စတုရန်းပုံ ဖြစ်နေ၍ မဟာနဖူးဟုခေါ်ရမည် လားလည်း ထင်မိ၏ ။ နှာတံပေါ်ပေါ်နှင့် မို့ ရှေး ဟောင်းခေါမကျောက်ဆစ်ရုပ်နှင့် လည်း တူလေသည်။ မျက်လုံးများ မှာ ပြာလဲ့လဲ့နှင့် စူးရှတောက် ပြောင်လှသည်။ သူ့မုတ်ဆိတ်များ နှင့် ဆံပင်များ ကလည်း သန်စွမ်းလှပေသည်။

အပေါ်ယံအားဖြင့် ကြည့်လျှင် မော့ပတ်ဆွန်းသည် ကိုယ့်အကြောင့် ကိုယ်သော်မှ ပြောချင်ပုံ မရသူ၊ ဟန်ကြီးပန်ကြီးနိုင်သူဟုထင်ရ၏ ။ သူ့အမျိုးအနွယ်မှာ နော်မန်မျိုးဟု ပြောသည့်အခါပြော၍ တစ်ညမှာ သူနှင့် ကျွန်တော် ညစာအတူစားကြ၏ ။ ကျွန်တော် က သူ့ဝတ္ထုများ ကို အင်္ဂလိပ်ဘာသာ ဖြင့် ပုံနှိပ်ခွင့်တောင်း၏ ။ စာမူခကိုလည်း ပြင်သစ်ပြည်၌ ရှိသော အမြင့်ဆုံးနှုန်းအတိုင်း ပေးပါမည် ဟု ကတိပြုလိုက်ရသည်။ အစသော် မော့ပတ်ဆွန်းသည် အံ့အားသင့်နေပုံရ၏ ။ နောက်တော့ သူ့၌ ပိုက်ဆံလိုလာသဖြင့် သူ့ဝတ္ထုများ ကို ကျွန်တော့် ထံပို့လေသည်။ ကျွန်တော် ကလည်း သူ့ဝတ္ထုများ ကို ဖော့တနိုက်လီးရီဗျူးတွင် ထည့်ပေးလိုက်၏ ။

ကျွန်တော် ကား မော့ပတ်ဆွန်းကို ရင်းနှီးလာသည်နှင့် အမျှ သဘောကျလာပေသည်။ သူ သည် သနားကြင်နာတတ်၏ ။ တရားမျှတ၏ ။ ရယ်စရာမောစရာပြောတတ်၏ ။ တကယ့်ပြင်သစ်လူ မျိုး တစ်ယောက် ပေတည်း။ သူသည် ငြိမ်သက်သော မြစ်လက်တက်ကလေးတစ်လျှောက်၌ တစ် ယောက် ထီးထီးလှေကလေးဖြင့် မြောနေရသည်ကို နှစ်သက် ပေသည်။ သူ့ကိုယ်ခန္ဓာကျန်းမာသန် စွမ်းသည်ကိုလည်း ဂုဏ်ယူတတ်သည်။ သူ့ခန္ဓာကိုယ် သန်စွမ်းမှု မှာ တကယ်လည်းအံ့သြလောက် ပေသည်။ သူသည် စိန်းမြစ်ထဲတွင် တစ်နေ့လုံးတစ်ညလုံး လှေလှော်ခဲ့သည်ကို ကျွန်တော့် အား အားရပါးရပြောပြတတ်သေး၏ ။ တစ်ဆောင်းက မော့ပတ်ဆွန်းသည် စိန်းမြစ်ထဲ၌ လှေလှော်နေရာ မှ လှော်တက်ကိုချကာ ပဲ့သို့အကူးတွင် လှေနံရံပေါ်မှကျော်၍ ရေထဲစဉ်ကျသွားလေသည်။ သူ သည် ရေထဲ၌ အတော် ကြာနေပြီးမှ လှေနံရံကိုတွယ်၍ တက်ကလေသည်။ သူ့တစ်ကိုယ်လုံးမှာ ရေ တွေ စိုရွှဲလျက်ရှိသည်။

“ဟေ့လူ ခင်ဗျား အဝတ်တွေ လဲဦးလေ၊ အအေးမိနေဦးမယ်”

ကျွန်တော် က စိုးရိမ်တကြီးဖြင့် သူ့ကိုလှမ်းပြောလိုက်သည်။ သူက ခေါင်းခါလိုက်ရင်း “ကိစ္စ မရှိပါဘူး၊ တစ်ကိုယ်လုံးနွေးသွားအောင် ခပ်ပြင်းပြင်းလှေလှော်ပေးလိုက်ပြီးတော့ ကိုယ်ငွေ့နဲ့အ ဝတ်တွေ အကုန်ခြောက်သွားတာပဲ။ ကျုပ်တစ်သက်မှာ အအေးမိတာရယ်လို့ တစ်ခါမျှမ ဖြစ်ခဲ့ဖူး ဘူး”

တစ်ခါက သူနှင့် ကျွန်တော် သည် အာဖရိကတောနက်ကြီးထဲတွင် အမဲလိုက်ကြပုံကို ပြော နေကြသည်။ ကျွန်တော် ကား ဝါသနာပါသူတို့ အမဲလိုက်ရသည်မှာ ဘယ်လောက်ပျော်စရာကောင်း ကြောင်းကို ဋီကာချဲ့၍ ပြောနေ၏ ။ မော့ပတ်ဆွန်းက ကျွန်တော့် စကားကိုဖြတ်ကာ . . .

“ဒီမှာ အမဲလိုက်ရတာ ထက် ပျော်စရာကောင်းတာရှိတယ်သိလား၊ လောကကြီးမှာ မိန်းမ တွေ ကို လိုက်ဖမ်းရတာ လောက် ပျော်စရာကောင်းတဲ့ ကစားနည်းမရှိဘူးဗျသိလား။ ကမ္ဘာမှာ ကျွန် တော် တကယ်ချစ်တဲ့ မိန်းမမျိုးဟာ ဘယ်လိုမိန်းမမျိုး ဖြစ်ရမလဲဆိုရင် အဲဒီ မိန်းမဟာ ပုံပန်းသဏ္ဍအ ရ ဆွဲဆောင်ချော့မြူနိုင်မယ့် မိန်းမျိုး ဖြစ်ရမယ်။ တခြားမိန်းမတွေ မှာ မရှိတဲ့ တုပြိုင်လို့မရတဲ့ ပြည့်စုံမှု တွေ လည်းရှိရမယ်။ ရမ္မက်ကို နှိုးဆွပေးနိုင်မယ့် မိန်းမမျိုးလည်း ဖြစ်ရမယ်။ ဒါပေမယ့် ဣနြေ္ဒသိက္ခာ မကင်းမဲ့ရဘူး။ လောကမှာ ဒီလိုမိန်းမမျိုးကို လိုက်ဖမ်းရတာ လောက် ကြီးမားတဲ့စွန့်စားခန်းမျိုး မရှိ တော့ဘူးလို့ထင်တယ်”

မော့ပတ်ဆွန်းသည် သူ့ဝတ္ထုထဲက ဇာတ်လိုက်များ ထက်ပင် အချစ်မေတ္တာတရားကို တွယ် တာခုံမင်ကြောင်း တွေ့ ရသော အခါ ကျွန်တော့် မှာ ပို၍ ပင် အံ့သြရလေသည်။ တစ်ခါက ချစ်မေတ္တာ တရားအကြောင်းကို မော့ပတ်ဆွန်းကပြောဖူး၏ ။

“ကျုပ်ဝတ္ထုတွေ ဟာ အရှည်တည်တံ့ချင်မှ တည်တံ့မှာ ပဲ၊ အရှည်တည်တယ် မတည်ဘူးဆို တာ ဘယ်သူမှပြောနိုင်ဘူး။ ကျုပ်ဟာ ခုခေတ်မှာ တကယ့်စာရေး ဆရာကြီး တစ်ယောက် ဖြစ်ချင် ဖြစ်နေမယ်။ ဒါပေမယ့် နောင်တစ်ခေတ်ကျတော့ ကျုပ်ကိုဒီလိုယူဆချင်မှ ယူဆတော့မယ်။ အမှန် ကတော့ ကျော်ကြားမှု ဆိုတာ အကြောင်းဆုံစည်းလို့ ပေါ်လာတဲ့တိုက်ဆိုင်မှု ပါပဲဗျာ။ လောကမှာ အ ရှည်တည်တံ့တဲ့ဟာဆိုလို့ ချစ်မေတ္တာတရားတစ်ခုပဲရှိတယ်။

ကျွန်တော် ကမူ သူ့အယူအဆကို လက်မခံပေ။

“အချစ်တို့ ဆန္ဒရမ္မက်တို့ဆိုတာတွေ ဟာ အရိပ်တွေ ပါဗျာ၊ ခုပေါ်လာပြီး ခုပျောက်သွားကြတဲ့ မီးခိုးတွေ လိုဟာတွေ ပါ။ ဒါပေမယ့် ကျော်စောမှု ကို ရချင်တဲ့ဆန္ဒက သူ့မှာ အထင်ရှားဆုံး မနော သန္တာန်ပဲ။ ကျုပ်တို့တစ်တွေ ဟာ မသေခင်မှာ ကျော်စောချင်ကြတယ်။ သင်္ချီုင်းဂူထဲရောက်ပြီးတဲ့ နောက်မှာ လည်း ကိုယ့်နာမည် နဲ့ကိုယ့်သြဇာဟာ ခေတ်အဆက်ဆက်ပဲ ကျန်ရစ်ခဲ့စေချင်ကြတယ်။ ဒီကျော်စောမှု ကို ထာဝရတည်စေချင်တယ်”

“ဒီမှာ ကိုယ့်လူ လောကမှာ တည်မြဲတဲ့အရာဆိုလို့ ဘာမှမရှိဘူး သိလား”

မော့ပတ်ဆွန်းက ခေါင်းရမ်း၍ ပြော၏ ။ ကျွန်တော် ကလည်း ဘာမျှမပြောလိုက်တော့ပေ။

၁၉၈၈ ခုနှစ် မှာ ကျွန်တော် သူ့ကို ကိန်း(စ်)မြို့မှာ တစ်ခါတွေ့ ပြန်၏ ။ ကျွန်တော် တို့သည် ခါတိုင်းလိုပင် အရက်နှင့် ညစာကို စားကြ၏ ။ စကားပြောကြ၏ ၊ ငြင်းကြခုန်ကြ၏ ။ သူသည် အယ်ဂျီး ရီးယား၊ မြောက်အာဖရိက စသည်တို့တွင် သူတွေ့ ခဲ့ရပုံများ ကို ပြောပြ၏ ။ နပိုလီယံအကြောင်းကို လည်း ပြောပြတတ်၏ ။

“နပိုလီယံဟာ ထက်မြက်တော့ ထက်မြက်ပါရဲ့ ။ ဒါပေမယ့် ကျုပ်တော့ မကြိုက်ဘူးဗျ၊ လောကမှာ ဥာဏ်ပညာအကြီးကျယ်ဆုံးပုဂ္ဂိုလ်ဟာ ဂျီးဆပ်(စ်)ပဲလို့ထင်တယ်၊ ကြည့်လေ ဒီ လောက်စုတ်ပြတ်ဆင်းရဲတဲ့ နွားတင်းကုတ်ပတ်ဝန်းကျင်ကနေပြီး ဒီလောက်ကြီးကျယ်မြင့်မားတဲ့ စိတ်ကူးစိတ်သန်းတွေ အတွေးအခေါ်တွေ စဉ်းစားနိုင်တယ်ဆိုတာ ဘယ်လောက်အံ့သြစရာကောင်း သလဲ”

ကျွန်တော် နှင့် တွေ့ ပြီး မကြာမီမှာ ပင် မော့ပတ်ဆွန်းသည် သူ့မျက်စေ့ကြောင့် ဒုက္ခရောက်ရ ကြောင်း မကြာခဏညည်းတွားတတ်ပေသည်။ တစ်ခါတစ်ရံ တစ်နေ့ကိုတစ်နာရီလောက် ကွယ် သွားတတ်သည်ဟုလည်း ပြောပြသည်။ သည်အခါတွင် မော့ပတ်ဆွန်းမှာ ဆေးဝါးကိုတော် တော် မှီ ဝဲနေရလေပြီ။ ဝက်ရူးပြန် ရောဂါ ကြောင့် သူုသည်အရက်နှင့် အိပ်ဆေးကို အမြဲဆောင်ထားရ၏ ။ သို့ သော်လည်း ဆေးဆိုသည်မှာ ခဏမျှသာတားနိုင်သော်လည်း ရောဂါ ကိုရှင်းရှင်းပျောက်အောင် မ ကုနိုင်လျှင် နာတာရှည်လာစေသည်မဟုတ်လား။ အကြွေးကိုမပေးဘဲ ခဏဆိုင်ထားပြီး အတိုးကို တဖြည်းဖြည်းတက်လာစေသော အရာတစ်ခုနှင့် တူပေသည်။ ဆရာကြီးဖလောဗြဲကမူ မော့ပတ် ဆွန်းအား ‘တန်ဆေးလွန်ဘေး’ ဖြစ်မည် ကိုစိုး၍ မကြာခဏသတိပေးပေသည်။ မိန်းမနှင့် ပေါင်းသင်း ဆက်ဆံရာကအစ စာရေး သည်အထိ လျှော့ဖို့အကြံပေး၏ ။

တစ်ညနေကို ကျွန်တော် ကောင်းကောင်းမှတ်မိသေး၏ ။ နံနက်က မော့ပတ်ဆွန်းသည် စိတ် ဖောက်လာသဖြင့် အစာမစားတော့ဘဲ ကျွန်တော် နှင့် အတူ ပို့တ်ဝိုင်အရက်ကို အနည်းငယ်ကိုသာ သောက်လေသည်။

“လူဆိုတဲ့သတ္တဝါဟာ တော် တော် ဆန်းတယ်ဗျ။ ကိုယ့်ခန္ဓာကိုယ်ကြီးထဲမှာ ဘာတွေ ဖြစ်နေ တယ်ဆိုတာ သိရတယ်လို့ပဲနော်ဗျာ။ အေးဗျာ ကျုပ်လဲကျန်းမာရေး တော် တော် ချို့တဲ့လာပြီ၊ ခန္ဓာ ကိုယ်ကြီးကလဲ တော် တော် ချို့ယွင်းလာပြီ၊ စိတ်ကလဲ ဖောက်ပြန်လာပြီ။ အလုပ်လုပ်နိုင်တဲ့ ခွန် အားတွေ လဲ လျှော့လာကြပြီ။ ကျုပ်အခြေအနေဟာ ဒီထက်ဆိုးလာရင်တော့ ဒီဆိုးလာတာချည်းကို ကြာရှည်မခံချင်ဘူး။ မြန်မြန်အဆုံးသတ်ပစ်ချင်တယ်၊ သိပ်တော့ အားမငယ်ပါဘူးဗျာ၊ ကျုပ်ဟာ အင်မတန်ပျော်စရာကောင်းတဲ့နေ့တွေ ကို နေခဲ့ဖူးပြီပဲ။ အင်း ပျော်စရာကောင်းတဲ့အချိန်တွေ . . .ပျော်စရာကောင်းတဲ့ အချိန်တွေ . . .”

သူ့ ရောဂါ အခြေအနေ ဘာကြောင့် တဖြည်းဖြည်း ဆိုးလာရသည်ကို နောက်တစ်နှစ် သူနှင့် တွေ့ တော့မှ ကျွန်တော် သိလေတော့သည်။ မော့ပတ်ဆွန်းသည် ကျွန်တော် တို့နှင့် တွေ့ ဖို့ ချိန်းဆို ပြီးကာမှ အချိန်ရောက်သည်ထိ မရောက်လာသဖြင့် ကျွန်တော် က စိတ်ဆိုးဆိုးနှင့် သူ့ကိုအပြစ်ဖို့ သည်။ သူက ပါရီမှမမျှော်လင့်သော ဧည့်သည်တစ်ဦးပေါက်လာရသဖြင့် ပျက်ကွက်ရပါသည်ဟုဆို ၏ ။ ပြီးတော့ အမှန်ကိုဝန်ခံလေတော့သည်။

“တော် တော် ချောတဲ့ မိန်းမပဲဗျာ။ ရုပ်ရည်မှာ တော့ အပြစ်ဆိုလို့ မြူမှု န်လေးလောက်တောင် ပြောစရာမလိုဘူး။ တုလွတ်ကျွန်းလို့လည်း ဆိုနိုင်ရဲ့ ၊ နံ့သာရည်ပက်ဖျန်းတဲ့ အချစ်ရဲ့ ယာဇ်ပလ္လင့်လို့ လည်းခေါ်ဆိုနိုင်ရဲ့ ။ ဆန္ဒရမ္မက်တို့ရဲ့ အစုအဝေးလို့လည်း ခေါ်နိုင်ရဲ့ ၊ ကျုပ်တစ်သက်မှာ ဒီလိုမိန်းမ မျိုး တစ်ခါမှမတွေ့ ဖူးသေးဘူး။ မတတ်နိုင်ဘူးဗျာ။ ကျွန်တော့်ရဲ့ ပျော့ညံ့မှု လို့ ဆိုချင်ဆိုတော့ ကျွန် တော် သူ့ကို မလွန်ဆန်နိုင်ဘူး။ တကယ်တော့ ကျုပ်တို့ယောက်ျားတွေ ဟာ အရူးတွေ ပဲနော်။ သူနဲ့ တွေ့ ပြီးတဲ့နောက်မှာ ကျုပ်ဟာဆောက်တည်ရာမရ ဖြစ်ကျန်ခဲ့တယ်။ ကျုပ်အသွေးတွေ ကျုပ်အ သားတွေ ဟာ ကုန်ခမ်းသွားပြီလို့ထင်ရတယ်”

မော့ပတ်ဆွန်းကို သတိပေးဖို့မှာ ကျွန်တော့် ဝတ္တရားဟု ထင်ပါသည်။

“ခင်ဗျားဟာ စိတ်အလိုကို သိပ်လိုက်လွန်းတယ်ထင်တယ်၊ ခင်ဗျားအရေဟာ ပါးပါးကလေး ပဲကျန်တော့တယ်။ အရိုးမှာ ကပ်နေပြီ၊ ခင်ဗျားမျက်နှာဟာ ကြောက်စရာတောင် ကောင်းနေပြီ။ ဒီ ဟာတွေ ကို သိပ်လိုက်စားမနေပါနဲ့ဗျာ။ စွန့်လွှတ်လိုက်ပါတော့၊ ခပ်ငယ်ငယ် အသက်နှစ် ဆယ်၊ သုံး ဆယ်လောက်တုန်းက အရေး မကြီးပါဘူး။ အဲ ဒါပေမယ့် ခုလိုအသက်လေးဆယ်ကျမှတော့ သိပ်မ ကောင်းတော့ဘူးနော်။ ရှိတ်စပီးယားရဲ့ အန်ထော်နီနဲ့ ကလီယိုပက်ထရာပြဇာတ်ထဲက စကားလုံး တွေ ကို မမှတ်မိတော့ဘူးလား။ (အန်ထော်နီသည် ပြည့်တန်ဆာတစ်ဦး၏ ကာမရမ္မက်မီးကို ပို၍ တောက်ညီးစေသော ဖားဖိုလည်းမဟုတ်၊ ယပ်တောင်လည်း မဟုတ်)ဆိုတဲ့ စကားလုံးတွေ လေ”

“အေးဗျာ တော် တော် ကောင်းတဲ့ စကားလုံးကလေးတွေ ပဲ၊ ဘာတဲ့(ဖားဖိုလည်းမဟုတ်၊ ယပ်တောင်လည်းမဟုတ်)တဲ့ဟုတ်လား။ အမှန် ကတော့ ကျုပ်အခြေအနေဟာ တော် တော် ဆိုးနေ ပြီဆိုတာ ကျုပ်လည်းသိပါတယ်ဗျာ . . .ဒါပေမယ့် မတတ်နိုင်ဘူးဗျာ . . .ညမှာ အိပ်လို့မပျော်တော့ အဖော်ရှာရတာ ပဲ၊ ဒီလိုမှလည်း ညဟာအသွေးအရောင် တောက်ပြီး လှပေမကိုးဗျ . . .အင်း ဒီမိန်းမ ရဲ့ ဆွဲဆောင်ညှို့မြူတဲ့ပုံပန်းကို ခင်ဗျားမြင်စေချင်တယ်ဗျာ . . .သူ့ကိုယ်မှာ ဆွတ်လာတဲ့ ရေမွှေးနံ့ ဟာ ကျုပ်စားနေတဲ့အိပ်ဆေးလို မူးယစ်ဝေရီလာစေတယ်။ ခဏကြာတော့ ဒီပန်းပေါင်းနံ့သာမွှေး ဟာ တဖြည်းဖြည်းပြယ်ပြီး အဲဒီ ထက်အဆပေါင်းများ စွာ ပိုမိုမူးယစ်ရီဝေစေတဲ့ ခန္ဓာကိုယ်က မွှေးပျံ့ ပျံ့ရနံ့ကလေး ရောက်လာတယ်။ သူ့ရဲ့ ကိုယ်ဟန်အလှ၊ အပွေ့အဖက်၊ အချော့အမြူတွေ ဟာ ကျုပ် ကိုရူးမတတ် ဖြစ်စေတယ်။ ကျုပ်တစ်သက်မှာ ဒီလိုတစ်ခါမှမကြည်နူးခဲ့မိဘူး။ မပျော်မိဖူးဘူး။ အဲ . . ခုကျုပ် ရောဂါ ဖောက်လာစပြုပြီ။ နည်းနည်း စိတ်ယောက် ယကခတ်စပြုလာပြီဆိုရင် ကျုပ်သူ့ကိုပဲ တောင့်တတယ်။ ကျုပ်စိတ်၊ ကျုပ်အတွေး၊ ကျုပ်ခန္ဓာကိုယ်ဟာ သူ့ကိုပဲတောင့်တလာတယ်။ စိတ်ကိုထိန်းတော့မယ်။ စိတ်အလိုကို မလိုက်တော့ဘူးလို့ ကျုပ်ကိုယ်ကျုပ်ဆုံးဖြတ်ထားပါတယ်။ ဒါ ပေမယ့် သူရောက်လာတာနဲ့ တစ်ပြိုင်တည်း ကျုပ်ဆုံးဖြတ်ချက်တွေ ဟာ ဘယ်ရောက်ကုန်မှန်းမသိ တော့ဘူး။ ကျုပ်မှာ အားအင်တွေ ပြန်ပြီး ပြည့်ဖြိုးလာသလို ထင်ရတယ်။ သဲဖိုရင်လှိုက်စရာကောင်း တဲ့ စွန့်စားခန်းကိုတွေ့ ချင်လာတယ်။ သူကလည်း ကျုပ်စွန့်စားခန်းကို လေးလေးနက်နက်ပါဝင် တယ်။ ဒီလိုနဲ့ကျုပ်ဟာ တစ်ခါနက်ရှိုင်းတဲ့ချောက်ကမ်းပါးထဲကို ကျပြန်တယ်”

မော့ပတ်ဆွန်းကား အချစ်ကြီးသူ တစ်ယောက် ဖြစ်ပေသည်။ သို့ ဖြစ်၍ မော့ပတ်ဆွန်း၏ ‘သူ ငယ်မ’ သည် မည် သူနည်း . . .မော့ပတ်ဆွန်းထက် ဆယ်နှစ် လောက်ငယ်ပြီး လင်ရှိမိန်းမတစ် ယောက် ဖြစ်သော ရေဝတီမတစ်ဦး ဖြစ်ပေသည်။ ချစ်သူနှစ် ဦးသည် တစ်ခါတစ်ရံကျမှ တိတ်တ ဆိတ်တွေ့ ကြရ၏ ။ မော့ပတ်ဆွန်းသေပြီးနောက် ဆယ်နှစ် ကြာသော် သူသည်မော့ပတ်ဆွန်းနှင့် သူ ၏ အချစ်ဇာတ်လမ်းကို လာဂရင်းရီဗျူးတွင် ထုတ်ဖော်ရေး သားခဲ့၏ ။ အကယ်၍ သာ နှစ် ယောက် ချိန်း တွေ့ ပြီးတိုင်း သူ့ ရောဂါ အခြေအနေ တဖြည်းဖြည်းဆိုးလာခဲ့သည်ဟု မော့ပတ်ဆွန်းကိုယ်တိုင်က သူ့ကိုဖွင့်ပြောခဲ့လျှင် သူသည်မော့ပတ်ဆွန်းနှင့် ချိန်း၍ တွေ့ ကြမည် မဟုတ်ဟု သူ့စာကိုဖတ်ပြီးထင် နေပါသေးသည်။

သူကလည်း မော့ပတ်ဆွန်းကို လေးနက်စွာ ချစ်ပါသည်ဟု ကျွန်တော် ထင်၏ ။ မော့ပတ် ဆွန်းအမေကို ချစ်တတ်ပုံ၊ သူတောင်းစားများ ကိုပင် သနားကြင်နာတတ်ပုံ၊ ထူးခြားထက်မြက်သော သူများ ကို စိတ်ဝင်စားတတ်ပုံ၊ ရိုးသားပုံ၊ မျှမျှတတရှိပုံကို ရေး သားထားလေသည်။

“သူနဲ့ကျွန်မတွေ့ တိုင်း အချစ်ဟာ အသစ်မွေးဖွားလာတယ်လို့ ထင်ရတယ်။ သူ့ကြောင့် ကျွန်မဘဝစိုပြေပြီး လှပလာတယ်လို့ထင်ရတယ်။ သူနဲ့သာမတွေ့ ဘူးဆိုရင် ကျွန်မဟာလူ့ဘဝကြီး ကို တွေးတောင်မတွေးချင်တော့ဘူး။ သူ့ဆီက စာတွေ ဟာ ကြင်နာမှု ၊ ထက်သန်မှု တွေ နဲ့ပြည့်နှက် နေလို့ သူ့စာကိုရတယ်ဆိုရင် ချက်ချင်း မပြန်ဘဲမနေနိုင်ခဲ့ပါဘူး။ တစ်ခါက သူကျွန်မဆီကို စာရေး တယ်။ ဒီနှစ် ဟာ ၁၈၉၀ ခု၊ သြဂုတ်လပဲလို့ထင်တယ်၊ သူ့စာက (ငါ့ရဲ့ ဘဝဟာ အဆုံးကိုနီးလာပြီ . . လံးလုံးမျှော်လင့်ချက်မရှိတော့ဘူး။ ငါ့ဆီကို လာ ဖြစ်အောင်လာခဲ့ပါ . . .) လို့ပါတယ်”

သည်စာကြောင့် ပင် ရေဝတီမလေးသည် မော့ပတ်ဆွန်းထံ နောက်ဆုံးအလည်ရောက်ခဲ့ ခြင်း ဖြစ်လေသည်။ မသေမီ သုံးလေးနှစ် လောက်ကတည်းက စိတ်အလိုကိုလိုက်ခဲ့သော လမ်းမကြီး သည် သူ့ကိုရူးသွပ်ခြင်းနှင့် သေခြင်းတရား၏ တံခါးဝသို့ညွှန်ပြလျက်ရှိသည်ဟု မော့ပတ်ဆွန်းသိခဲ့ လေသည်။

မော့ပတ်ဆွန်း၏ ဘဏ္ဍာစိုးဖရန်ကေးကား သူ့ဆရာ၏ ဇာတ်သိမ်းခန်းကို ကောင်းကောင်း မြင်တွေ့ လိုက်သူ ဖြစ်၏ ။

၁၈၉၁ ခု၊ စက်တင်ဘာလ၂၁ရက်နေ့တွင် ဘဏ္ဍာစိုးဖရန်ကေးသည် တံခါးဝမှခေါင်းလောင်း သံကိုကြား၍ ဖွင့်ပေးလိုက် ၏ ။ မိန်းမ တစ်ယောက် ကို တွေ့ ရလေသည်။ ထိုမိန်းမကား (ဖရန်ကေး ၏ စကားအရဆိုလျှင် . . .)

“ဇန်နဝါရီလ ၁ရက်နေ့ ဆရာတော် တော် ချောင်းဆိုးနေသည်”

ထိုနေ့တွင် မော့ပတ်ဆွန်းသည် ခါတိုင်းလိုပင် မုတ်ဆိတ်မရိတ်နိုင်တော့ပေ။ သူ့မျက်လုံး ရှေ့တွင် နှင်းဖြူတွေ ကျနေသလို ဝိုးတဝါး ဖြစ်နေသည်ဟု ပြော၏ ။ နံနက်စာကြက်ဥနှစ် လုံးနှင့် လက် ဖက်ရည် နည်းနည်း ကိုသာ သောက်လေသည်။

“ဖရန်ကေး . . .ရေ၊ အမေ့ဆီသွားချင်တယ်ကွာ၊ ငါသိပ်နေမကောင်းဘူးထင်ပြီး အမေစိတ် ပူနေလိမ့်မယ်”

ဖရန်ကေးသည် သူ့ဆရာကိုအမေ့အိမ်သို့ လိုက်ပို့လေသည်။ အမေကမူ သူ့သားတွင် စိတ် နည်းနည်း ခြောက်ခြားနေသည်မှအပ အခြားဘာမျှ ထူးထူးထွေထွေမ ဖြစ်ဟု ထင်လေသည်။

“ကျုပ်က ကိန်း(စ်)ကို မပြန်ပါနဲ့သားရယ် . . .ဒီမှာ ပဲ အိပ်ပါတော့လို့ မျက်ရည်လည်ရွဲနဲ့ တောင်းပန်တာလည်း မရပါဘူးကွယ်၊ သူဟာညအမှော င်ထဲမှာ ထွက်သွားတာပါပဲ၊ စိတ်ကလဲ စိတ် မမှန်တော့ဘူး . . . ဘယ်သွားလို့ ဘယ်လာတယ်ဆိုတာတောင်မှသိပါရဲ့ လားမသိဘူး၊ အင်း . . သား . . .သား”

မော့ပတ်ဆွန်းသည် အိမ်ပြန်ရောက်လျှင် ပိုးရှပ်အင်္ကျီကိုလဲ၍ ဝတ်၏ ။ ကြက်ကလေးကြော် တစ်ခြမ်း၊ ဆန်ပြုတ်တစ်ခွက်၊ နို့တစ်ခွက်နှင့် ဘိလပ်ရေတစ်ခွက်ကိုသောက်၏ ။ ခဏကြာလျှင် နောက်ကျောထဲက အောင့်သည်ဟုညည်းလေသည်။ ထို့ကြောင့် သူ့ကိုအိပ်ဆေးတစ်လုံး တိုက် လိုက်ရသည်။ ည ၁၁ နာရီခွဲလျှင် အိပ်ရာသို့ ဝင်လေသည်။ ဖရန်ကေးသည် သူ့ဆရာအိပ်ပျော်သည် ထိ ခုတင်ဘေးတွင် ကုလားထိုင်တစ်လုံးနှင့် ထိုင်စောင့်၏ ။ ၁၂ နာရီခွဲလျှင် ဖရန်ကေးသည် သူ့အ ခန်းသို့ ပြန်လာလေသည်။ ခဏကြာလျှင် တစ်ရေး နိုး၍ သူ့ဆရာကိုကြည့်ပြန်၏ ။ မော့ပတ်ဆွန်းမှာ ပါးစပ်အဟောင်းသားနှင့် နှစ် ချိုက်စွာ အိပ်လျက်နေသဖြင့် သူ့အခန်းသို့ ပြန်အိပ်လေသည်။

“မနက် ၂ နာရီကျော်လောက်မှာ တော့ ဆရာ့အခန်းထဲက အသံဗလံကြားတာနဲ့ ကျွန်တော် ထလာတယ်။ ဆရာ့လည်ပင်းမှာ ဓားဒဏ်ရာကြောင့် သွေးတွေ ပေကျန်နေတယ်။ လူ ကတော့ ရပ် လို့ပဲ၊ ကျွန်တော့်ကိုမြင်တော့ (ဟေ့ . . .ဖရန်ကေး . . . ကြည့်စမ်းကွ၊ ငါလည်ပင်းကို ဓားနဲ့လှီးပစ် လိုက်တာ . . .ငါရူးတယ်ဆိုတာ အဲဒါပေါ့ကွ)လို့ပြောတယ်”

ဖရန်ကေးသည် အောက်ထပ်၌ အိပ်နေသာ မော့ပတ်ဆွန်း၏ ကိုယ်ပိုင်စက်သင်္ဘောသား ရေ မွန်းကိုခေါ်ကာ ဆရာဝန်အခေါ်လွှတ်လိုက်ပြီး ကိုယ်လက်တွေ မလှုပ်နိုင်အောင် သံကျပ်အင်္ကျီကို ဝတ်ပေးထားလိုက်သည်။ သည်နောက်တွင် ကား မော့ပတ်ဆွန်းကို ပါရီရှိစိတ္တဇဆေးရုံသို့ ပို့လိုက်ရ သည်။ စိတ္တဇဆေးရုံတွင် တစ်နှစ် ခွဲမျှ တိရိစ္ဆာာန်သဖွယ် ရူးသွပ်နေပြီး ၁၈၉၃ ခု ဇူလိုင်လ ၃ ရက် နေ့၌ ဆုံးရှာသည်။

မော့ပတ်ဆွန်း၏ ဘဝနှင့် ဇာတ်သိမ်းခန်းသည် အနုပညာသည်များ အတွက် သင်ခန်းစာတွေ ပြည့်နှက်နေသည်ဟု ထင်ရပါသည်။ ယင်းကား အနုပညာသည်၏ တန်ခိုးနှင့် ကျော်စောခြင်းသည် ကိုယ့်ကိုယ်ကိုယ် မထိန်းသိမ်းနိုင်ခဲ့လျှင် အန္တရာယ် ဖြစ်စေသည်ဆိုသည့် သင်ခန်းစာပေတည်း။

မော့ပတ်ဆွန်းသည် ဘော်ဒီဆွတ်ဝတ္ထုဖြင့် ဝတ္ထုတိုနယ်ပယ်တွင် နေ့ချင်းညချင်း အကျော် အမော်ပုဂ္ဂိုလ်ကြီးတစ်ဦး ဖြစ်လာခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် ကိုယ့်ကိုယ်ကိုယ် ဝေဖန် ပိုင်းခြားခြင်းမပြုဘဲ လျစ်လျူရှိုခဲ့သဖြင့် နောက်ပိုင်းသူရေး ခဲ့သည့် ဝတ္ထုများ မှာ ရှေ့ပိုင်းက ဝတ္ထုများ ၏ အဆင့်အတန်းကို မမီတော့ပေ။ ဘောလ်ဒီဆွတ်ကိုရေး ပြီး ဆယ်နှစ် အတွင်း ဝတ္ထုတိုပေါင်းနှစ် ရာ ကျော်ကို ရေး ခဲ့၏ ။ သို့ သော်လည်း ဘောလ်ဒီဆွတ်ထက် အနုပညာမြောက်သည့် ဝတ္ထုတစ်ပုဒ်မှပါ မလာတော့ပေ။

ကျွန်တော် သည် သူ၏ “အသုံးမဝင်သော အလှ”ဆိုသော နောက်ပိုင်းဝတ္ထုကို ဖတ်ကြည့်၏ ။ သူ၏ အမြင်သည် တစ်မျိုးပြောင်းလာပြီဟု ကျွန်တော် ထင်၏ ။ ပန်းပွင့်များ အလှကို သူမြတ်နိုးတတ်ပုံ ဆင်စွယ်နှင့် ဖြူဖွေးသော သစ်ခွပန်းဖူးငုံများ သည် မိန်းမတစ်ဦး၏ ခန္ဓာကိုယ်မှရနံ့ထက် ချိုမြယစ်မူး စေပုံတို့ကို ကျွန်တော် ဖတ်ရသည်။

သို့သော်လည်း သည်ပန်းသည်ပင်လျှင် ညှိုးသွေ့ခြောက်နွမ်းရသည်မဟုတ်လား . . .ပန်း လွှာ ပွင့်ဖူးသည်၊ သူ့ရှေ့မှာ ပင် တဖြည်းဖြည်းညှိုးနွမ်း၍ ကြွေလွင့်သွားပြီ။ အရင်တုန်းကလို ချစ်စရာ ရနံ့တို့မရှိတော့ပြီ။ ရီဝေမူးယစ်စေသော ရနံ့အစား . . . ပုပ်သိုးဆွေးမြေ့သော အပျက်၏ ညှီစို့သော အနံ့သာလျှင် . . .။

(၁၉၆၁ မေလ၊ နဝဒေမဂ္ဂဇင်း)

Frank Harris (ဘဝနှင့် အတွေ့ အကြုံများ )စာအုပ်မ

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မြသန်းတင့် ၏ “ ကြာညိုနံ့သင်းသော ရေဝတီမ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လေရူးသုန်သုန် (ဒုတိယတွဲ)

ရွှေပြည်တော်မျှော်တိုင်းဝေး(ဒုတိယတွဲ)

ဖွဲခိုးမမိနှင့် အခြားစုံထောက်ဝတ္ထုတိုများ