မြသန်းတင့်
ပခုက္ကူခရိုင်၊ မြိုင်မြို့တွင် အဖ အမိန့်တော် ရ ရှေ့နေဦးပေါ်တင့်၊ အမိဒေါ်လှိုင်တို့မှ ၁၉၂၉ ခုနှစ် တွင် မွေးဖွားသည်။ ငယ်စဉ်က မြိုင်မြို့တိုင်းရင်းမြန်မာအထက်တန်းကျောင်း၊ ပခုက္ကူမြို့ဗုဒ္ဓဘာသာအထက်တန်းကျောင်း။ အစိုးရအထက်တန်းကျောင်းတို့တွင် ပညာသင်ကြားခဲ့ ပြီး ထိုကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ခဲ့သည်။ ၁၉၄၇ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ပြီး ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်အနုစာပေ၊ ဒဿနိကဗေဒနှင့် နိုင်ငံရေး သိပ္ပံတို့ဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။ ထို့နောက် နိုင်ငံတကာ ဥပဒေနှင့် ပြစ်မှု ဥပဒေတို့တွင် ဂုဏ်ထူးဖြင့် ဥပဒေဝိဇ္ဇာ ဘွဲ့ရခဲ့ သည်။
တက္ကသိုလ်ကျောင်းသားဘဝကတည်းက ဂျာနယ်ကျော်၊ တာရာ၊ ပဒေသာ၊ ရှုမဝ၊ ဆန်းသစ်ဦး စသည့်မဂ္ဂဇင်းများ တွင် ဝတ္ထုတိုများ ၊ ကဗျာများ ၊ ဆောင်းပါးများ ရေး သားခဲ့သည်။ ၁၉၄၉-၅၀ ရန်ကုန် တက္ကသိုလ်နှစ် လည်မဂ္ဂဇင်းတွင် အင်္ဂလိပ်စာကဏ္ဍအယ်ဒီတာ၊ ထို့နောက် စာပေသစ်မဂ္ဂဇင်း၊ ပြည် တော် သစ်ဂျာနယ်၊ တိုးတတ်ရေး သတင်းစာ၊ စာရေဆရာအသင်းမှ ထုတ်ဝေသည့် စာပေမဂ္ဂဇင်းတို့ တွင် အယ်ဒီတာအ ဖြစ် ဆောင်ရွက်ခဲ့သည်။ ပင်ကိုယ်ရေး ဝတ္ထု၊ ဘာသာပြန်၊ ခရီးသွားမှတ်တမ်း၊ သမိုင်း၊ ကဗျာ၊ သိပ္ပံ၊ ရသစာတမ်းစသည့် စာပေအမျိုးအစားများ စွာ ကို ရေး သားခဲ့သည်။
လိုက်ခဲ့တော့ မြနန္ဒာ၊ ဆယ်ကြိမ်မြောက်အလည်ရောက်ခြင်း၊ နွံထဲကကြာ၊ မမ၊ အမှော င်ရိပ် ဝယ်၊ ထားကျွန်မလင်၊ ကံကောင်း၊ ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် ။ မာယာဘုံစသည့် ပင်ကိုယ်ရေး ဝတ္ထုများ ။
ဘဝတက္ကသိုလ်၊ စစ်နှင့် ငြိမ်းချမ်းရေး ၊ ပါရီကျဆုံးခန်း၊ ရှားလော့ဟုမ်းဝတ္ထုတိုပေါင်းချုပ်၊ လေရူးသုန်သုန်၊ ရွှေပြည်တော် မျှော်တိုင်းဝေး၊ ချစ်သော ယွန်းခင်ခင်၊ လွမ်းမောရသော တက္ကသိုလ်နေ့ ညများ ၊ ခန်းဆောင်နီအိပ်မက်၊ သုခမြို့တော် စသည့်ဘာသာပြန်ဝတ္ထုများ ။
အရှေ့လေတိုက်သော အခါ၊ ပုံတောင်ပုံညာသွားတောလား၊ လွမ်းမောဖွယ်ကမ္ဗောဇ၊ ဟွန်ဒါယဉ်ကျေးမှု ၊ မေရီပိုဗေးနှင့် အီကွေ့တာညများ ၊ မြောက်ဖက်တောင်ကုန်းဒေသမှအပြန် စသည့် ခရီးသွားမှတ်တမ်းများ ။
ခေတ်သစ်သမိုင်းဋီကာ၊ ပါမောက္ခတွိုင်ဘီနှင့် ငြင်းခုံခြင်း၊ တော် စတွိုင်း၏ ဘဝအမြင်နှင့် သမိုင်း အမြင်၊ ပါမောက္ခတွိုင်ဘီနှင့် နောက်ထပ်ငြင်းခုံခြင်းစသည့် သမိုင်းကျမ်းများ ။
နိုင်ငံတကာ ကဗျာသုံးပုဒ်၊ တဂိုး၏ ကဗျာများ ၊ နိုင်ငံတကာကဗျာလက်ရွေးစင်စသည့် ကဗျာ စာအုပ်များ ။
ရသစာတမ်းများ ၊ နိုင်ငံတကာရသစာတမ်းများ ၊ အညတရရုပ်ပုံလွှာများ ၊ ကြေးနီရောင် အချစ် နှင့် ဝတ္ထုတိုများ ၊ လေညင်း၊ လရောင် နှင့် ဇာခန်းဆီးစသည့် ဝတ္ထုတိုလက်ရွေးစင်များ စသည်တို့ကို ထုတ်ဝေခဲ့သည်။ ယခုအချိန်ထိ စာအုပ်ပေါင်း တစ်ရာ့ငါးဆယ်ခန့် ထုတ်ဝေခဲ့ပြီး ဖြစ်သည်။
၁၉၇၃ ခုနှစ် တွင် စစ်နှင့် ငြိမ်းချမ်းရေး ဝတ္ထု၊ ၁၉၇၈ ခုနှစ် တွင် လေရူးသုန်သုန်ဝတ္ထု၊ ၁၉၈၉ ခုနှစ် တွင် ခန်းဆောင်နီအိပ်မက်ဝတ္ထု၊ ၁၉၉၂ ခုနှစ် တွင် သုခမြို့တော် ဝတ္ထု၊ ၁၉၉၅ ခုနှစ် တွင် အချစ်မိုးကောင်းကင်ဝတ္ထုတို့ဖြင့် အမျိုးသားစာပေ (ဘာသာပြန်)ဆုများ ကို ရရှိခဲ့သည်။
မြသန်းတင့် ကလောင်အမည် အပြင် မြသန်း၊ မောင်သစ်တည်၊ စောယွမ်း၊ ထက်အောင်၊ မေမေ လှိုင်၊ မင်းနန္ဒာ၊ ရဲအောင်ဇေ၊ အုတ်လှငယ်၊ ဇောတိက စသည်တို့ကိုလည်း အသုံးပြုခဲ့သည်။
၁၉၉၈ ခု ဖေဖော်ဝါရီလ (၁၈)ရက်တွင် ဘဝတပါးသို့ ပြောင်းသွား ခဲ့ပါသည်။
စီစဉ်သူတို့၏ အမှာ
ဆရာမြသန်းတင့်၏ မြသန်းတင့်အမည် နှင့် ရေး သားသော ပင်ကိုယ်ရေး ရသစာတမ်းများ ၊ ထက် အောင် အမည် ဖြင့် ရေး သားသော ဘာသာပြန်ရသစာတမ်းများ ကို စုစည်း၍ ကျွန်တော် တို့ လင်းဦးတာ ရာစာပေမှ လင်းဦးတာရာစာအုပ် အမှတ် (၉) သမိုင်းစကား၊ ပန်းစကားအမည် ဖြင့် ထုတ်ဝေခဲ့ပါသည်။ ထိုစာအုပ်တွင် မြသန်းတင့်၊ ထက်အောင် ဟူသော ကလောင်အမည် နှစ် မျိုးစလုံးကို ရိုက်နှိပ်ဖော်ပြခဲ့ပါ သည်။ ယခု လင်းဦးတာရာစာအုပ် အမှတ်စဉ် (၁၄) အ ဖြစ် ထုတ်ဝေလိုက်သော သမိုင်းစကား၊ ပန်းစ ကား -၂ (ကမ္ဘာမြေကြီးသည် နတ်ဥယျာဉ်မဟုတ်) စာအုပ်တွင် မြသန်းတင့်အမည် ဖြင့် ရေး သားသော ပင်ကိုယ်ရေး ရသစာတမ်းများ မပါဝင်ပါ။ သို့ရာတွင် သမိုင်းစကား၊ ပန်းစကား -၁ ၏ ဆက်တွဲ စာအုပ် ဖြစ်သည့်အတွက် မြသန်းတင့်၊ ထက်အောင်ဟူ၍ ကလောင်နာမည် နှစ် မျိုးစလုံးကိုပင် ဆက်လက်အသုံးပြုကာ စာဖတ်သူ မျက်မှော က်သို့ အရောက်ပို့ဆောင်ပေးလိုက် ရပါသည်။
စီစဉ်သူများ
လင်းဦးတာရာစာပေ
ပါရီက မဟာ ကဖီးဆိုင်များ
ကျွန်တော် တို့သည် လက်ထပ်ပြီးကာစ ပါရီတွင် ရောက်နေစဉ်နွေဦးပေါက် တစ်ညနေ၌ ကျွန်တော် တို့သည် စိန့်ဆူလ်ပီဆေး လမ်းမကြီးတစ်လျှောက်ကို တအံ့တသြဖြင့် ငေးကြည့်ရင်း လျှောက်လည်ကြပါသည်။ ကျောက်သားဖြင့် ထုထားသည့် ဂိုဏ်အုပ် ဘုန်းတော် ကြီးလေးပါး စောင့် ကြပ် ခြံရံနေသည့် အဆန်းတကြယ် ထုလုပ်ထားသော ရေပန်းကြီးနားက ဖြတ်လျှောက် လာခဲ့ပါသည်။ ကဖီး ဒီလာမေရီတွင် ထိုင်ပြီး ရှာဒွန်းဝိုင်တစ်လုံးကို မှာ ပါသည်။ ယခု နှစ် ပေါင်းလေးဆယ်အကြာတွင် ပါရီသို့ပြန်လာရသဖြင့် ကျွန်တော် တို့ ငယ်ငယ်ကထိုင်ခဲ့သည့် ကဖီးဆိုင်ကလေးများ ကို ကြည့်ရန် အချိန်ကောင်းပင် ဖြစ်ပါသည်။ (ပါရီသို့လာရလျှင် အကောင်းသည့် အချိန်ဟူ၍ လည်း ရှိပါသေးသလော။)
အမှန် ကတော့ ကဖီးဆိုင်ထဲတွင် ထိုင်ရသဖြင့် ကိုယ့်အတိတ်ကိုပြန်၍ တွေးတောနိုင်ပါသည်။ ထိုမျှမက ပါရီမြို့ကြီး၏ အတိတ်ကိုလည်း ပြန်၍ တွေးတောနိုင်ပါသေးသည်။ (ပြင်သစ်တော် လှန်ရေး ခေါင်းဆောင်)ရို့စ်ပီယာနှင့် လီနင်တို့နှစ် ဦးစလုံးသည် ပါရီကဖီးဆိုင်များ ထဲတွင် ထိုင်ပြီး ဝတ္ထုတွေ ရေး ခဲ့ကြခြင်း ဖြစ်ပါသည်။ သမိုင်းဆရာ ရောဂျားရှက်တပ်၏ အဆိုအရ အင်ပရက်ရှင်းနစ် ပန်းချီဝါဒသည် “ကဖီး”ဆိုင်များ ထဲတွင် စတင်ပေါ်ပေါက်ခဲ့သော ပထမဆုံးသော အနုပညာလှုပ်ရှားမှု တစ်ရပ် ဖြစ်ပါ သည်။ ပါရီ ကဖီးများ သည် အစားနှင့် အသောက်ကိုသာ ရောင်းချသည့် နေရာများ မဟုတ်ပါ။ မိတ်ဆွေ များ နှင့် တွေ့ သည့်နေရာနှင့် စကားစမြည် ပြောသည့်နေရာလည်း ဖြစ်ပါသည်။ အလုပ်လုပ်သည့် နေရာ နှင့် အရောင်းအဝယ် ဖြစ်သည့် နေရာလည်း ဖြစ်ပါသည်။ သတင်းစာဖတ်သည့် နေရာနှင့် အနီးတွင် ဖြတ်သွားနေသော ဘဝကြီးတစ်ခုလုံးကို စောင့်ကြည့်လေ့လာသည့် နေရာလည်း ဖြစ်ပါသည်။
ဤခမ်းနား ကြီးကျယ်သော ကဖီးဆိုင် စနစ် အဆောက်အအုံသည် အာရပ်တို့ အကြိုက် ဖြစ် သော ကော်ဖီသောက်သုံးမှု ဥရောပတွင် ပျံ့နှံ့စ ပြုလာသော ၁၇ ရာစုနှစ် ထဲတွင် စတင်ပေါ်ပေါက်လာ ခဲ့ခြင်း ဖြစ်သည်။ ပါရီတွင် ရှေးအကျဆုံး သက်တမ်းအရှည်ဆုံးသော ကဖီးမှာ ရုဒီလာဆိန်း ကော်မယ်ဒီ လမ်းပေါ်တွင် ၁၆၈၆ ခုနှစ် ကတည်းက ဖွင့်လှစ်သော ပရိုကိုပီ ကဖီး ဖြစ်ပါသည်။ ဘင်ဂျမင် ဖရင်က လင်နှင့် ဗော်တဲယားတို့ လာ၍ ထိုင်သည့်အခါတွင် မူ ပရိုကိုပီ ကဖီးသည် သက်တမ်းတစ်ရာလောက် ရှိနေလောက်ပြီ။ သူတို့ နောက်တွင် တော် လှန်ရေး သမားများ လာကြသည်။ သူတို့ အထဲတွင် ရို့စ်ပီ ယာ၊ ဒန်တန်၊ မာရတ်နှင့် နပိုလီယန်တို့ပင် ပါဝင်ကြသည်။
၁၉၈၈ ခုနှစ် တွင် ပရိုကိုပီ ကဖီးကို တခမ်းတနားပြန်၍ ပြင်ဆင်ခဲ့ပါသည်။ ပွန်ပီယန် အနီရောင် နံရံများ ၊ ၁၈ရာစုနှစ် ဘဲဥပုံ ပုံတူ ပန်းချီကားများ ၊ သလင်းကျောက် မီးပဒေသာဖန်ဆိုင်းများ မွမ်းမံထား ပြီး စားပွဲထိုးများ အတွက်ကိုလည်း တော် လှန်ရေး ခေတ်တုန်းက ယူနီဖောင်းများ ကို ဝတ်ဆင်စေသည်။ ခေါင်းလောင်းသကို မြည် သော စန္ဒရားတစ်လုံးကိုလည်း ထားပေးသည်။ ယင်းတို့ အားလုံးသည် နပိုလီယန်ကပင်လျှင် ရှေးကျသည်ဟု ပြောရလောက်သည့်အရာများ ဖြစ်သည့်တိုင် အစားအသောက်မှာ မူ တော် တော် ကောင်းပါသည်။ ကမာကြော်မှာ နတ်သုဒ္ဓါတစ်မျှပင် ဖြစ်ပါသည်။
ပန်းချီကျော် မိုးနေးနှင့် ရေနွားတို့ မကြာခဏ တွေ့ ဆုံလေ့ရှိကြသည့် မွန်မာရပ်ကွက်မှ ကဖီး ဆိုင်များ မှာ လည်း ပစ္စည်းအရောင်းဆိုင်များ ၊ စတိုးဆိုင်များ ၊ မော်တော် ကား ပြခန်းများ ဖြစ်ကုန်ကြပါ ပြီ။ သို့ရာတွင် ဆိန်းမြစ် လက်ဝဲဘက်ကမ်းရှိ ပန်းချီဆရာတို့၏ အိုအေစစ်များ မှာ မူ ယခုတိုင် ရှိနေကြပါ သေးသည်။မွန်ပါနာဆေ ရပ်ကွက်သည် ၁၉၂၀ပြည့်နှစ် တစ်ဝိုက်လောက်တွင် နာမည် အကြီးဆုံး ဖြစ်ပါ သည်။ ထိုစဉ်က ဟဲမင်းဝေးသည် ကလိုဆိရေး လိုင်းလက် ကဖီးတွင် ထိုင်၍ ဝတ္ထုတွေ ကို ရေး လေ့ရှိ ပါသည်။ ထိုကဖီးဆိုင်ကလေးမှာ ၁၇ ရာစုနှစ် တုန်းက လိုင်းလက် နှင်းပန်းချုံတို့ ဝန်းယှက် မိုးနေသော ကဖီးဆိုင်ကလေး ဖြစ်ပါသည်။ လူငယ်ပရိသတ်ကို ဆွဲဆောင်ရန်အတွက် ဆိုင်အုပ်ချုပ်သူတို့က အရက်ကောင်တာကို ပြင်ဆင်ကာ စားပွဲထိုးသူများ အား နှုတ်ခမ်းမွှေးမထားရဟု သတ်မှတ်လိုက်သည့် အခါတွင် ဟဲမင်းဝေးသည် စိတ်ပျက် လက်ပျက်ဖြင့် ညည်းခဲ့ဖူးပါသည်။ ကလိုဆီရေး ကဖီးမှာ လည်း နောက်တစ်ကြိမ် ပိတ်လုပိတ်ခင် အခြေအနေသို့ ရောက်နေပြန်လေပြီ။ ထိုကဖီးဆိုင်က နှစ် လိုဖွယ် အနီရောင် အုပ်ဆောင်းများ လိုပင် ဟဲမင်းဝေးသည်လည်း ထိုကဖီးဆိုင်၏ အပြင်အဆင် ဖြစ်နေသည်။ သူထိုင်ခဲ့သည့် အရက်ကောင်တာနေရာတွင် ကြေးပြားတစ်ပြားအုပ်၍ အထိမ်းအမှတ် လုပ်ထားပြီး ကဖီးဆိုင်မှ စားသောက်ဖွယ် စာရင်းကတ်ပြားပေါ်တွင် သူ့ခေါင်းပုံတစ်ခု ရိုက်ထားသည်။ ထိုကတ်ပြား မှ ဟင်းလျာစာရင်းတွင် ဟဲမင်းဝေး စားလေ့ရှိသည့် ဟင်းလျာတစ်မျိုးပါ၍ ထိုဟင်းလျာအမည် ကို ဟဲ မင်းဝေး မတ်စတပ်ဟု အမည် ပေးထားသည်။
ဒုတိယကမ္ဘာစစ်အပြီးတွင် မွန်ပါနာဆေ ရပ်ကွက်သည် ပျောက်ကွယ် တိမ်ကောသလောက် ဖြစ်သွားသည်။ သို့ရာတွင် ၁၉၇၀ ပြည့်လွန် နှစ် များ နှင့် ၁၉၈၀ ပြည့်လွန်နှစ် များ ၌ ပျော်ပွဲစားရုံဖွင့်သည့် လုပ်ငန်း ခေတ်စားလာပြန်သည့်အတွက် အတော် အတန်ပြန်၍ ခေတ်စားလာပါသေးသည်။ စာရေး ဆရာ၊ ကဗျာဆရာများ ဖြစ်ကြသော ဟင်နရီမီးလား၊ လော့ရင့်စ်ဒါရဲ၊ ဆင်မျူယယ် ဘက်ကတ်တို့ အိုးအိမ်သဖွယ် စားသောက်နေထိုင်ခဲ့ကြသော စပါးကျီကြီးနှင့် တူသည့် ကာပိုလီ ကဖီး၏ ကံကြမ္မာကို ဖောက်သည်ဟောင်းကြီးတို့က ယခုတိုင် ဝမ်းနည်းတသမဆုံး ဖြစ်နေ ကြပါသေး သည်။ ထို ကဖီးဆိုင်ကို ပျော်ပွဲစားရုံများ ဖွင့်သည့် ကုမ္ပဏီကြီးတစ်ခုက ဝယ်ယူလိုက်ကာ ဖြိုပစ်လိုက် ပြီးနောက် ၁၉၈၈ ခုနှစ် တွင် ခေတ်မီပျော်ပွဲစားရုံကြီးတစ်ရုံ ဆောက်လိုက်ပါသည်။ ပို၍ စိတ်မချမ်းသာ စရာ ကောင်းသည်မှာ တစ်ခါက အတွေ့ အကြုံမရှိသည့် စာရေး ဆရာတစ်ဦး ဟင်နရီတူးလူးအကြောင်း ကို ဇာတ်လမ်းရေး ခဲ့ရာ၊ အာလူးကြော်တစ်ပွဲကို တစ်ဒေါ်လာလောက်နှင့် ရောင်းခဲ့ရာ၊ အခင်းအကျင်း အဆောင်အယောင်တို့ ကင်းဝေးရာ၊ ထို ကဖီးဆိုင်ကို ၁၉၈၈ ခုနှစ် တွင် အသွင်ပြောင်းလိုက်ခြင်း ဖြစ်ပါသည်။ ကဖီးဆိုင်တစ်ပိုင်းကို အလွန်ကောင်းသည့် ငါးဟင်းလျာ ပျော်ပွဲစားရုံတစ်ခုသို့ ပြောင်းပစ် လိုက်ပါသည်။ (ခရီးသွားဂျာနယ် မစ်ချလင်က ထိုပျော်ပွဲစားရုံကို ကြယ်တစ်ပွင့်ပေးပါသည်။) တားဘော့ငါးကင်မှာ အလွန်ကောင်းပါသည်။ မာကွန်က ပို၍ ကောင်းပါသည်။ သို့ရာတွင် ရှေးတုန်းက လို ဝက်အူချောင်းတော့ မရတော့ပါ။ ဝက်အူချောင်းနှင့် ရှေးတုန်းက ဈေးနှုန်းမှာ ပုံပြင်သဖွယ်မျှသာ ဖြစ်နေပါပြီ။ လူနှစ် ယောက် ညစာစားလျှင် ဒေါ်လာတစ်ရာကျပါသည်။
“အကယ်၍ သင်သည် လူငယ် တစ်ယောက် အ ဖြစ် ပါရီမြို့ကြီးတွင် နေထိုင်နိုင်အောင် ကံကောင်းသူ ဖြစ်ခဲ့လျှင် သင့်ဘဝတစ်လျှောက်လုံးတွင် ဘယ်နေရာသို့ သွားသွား ပါရီသည် သင်နှင့် အတူ ရှိနေပေလိမ့်မည် ။ အကြောင်းမူ ပါရီသည် ရွှေ့ပြောင်းနိုင်သော စားသောက်ပွဲကြီး ဖြစ် သော ကြောင့် ဖြစ်ပါသည်” ဟု တစ်ခါတွင် ဟဲမင်းဝေးက ရေး ခဲ့ဖူးသည်။
ကျွန်တော့် အဖို့ကား ရွှေ့ပြောင်းနိုင်သော စားသောက်ပွဲကြီးသည် ပါရီမြို့၏ အဟောင်းဆုံး၊ သက်တမ်းအရှည်ဆုံး ဘုရားရှိခိုးကျောင်းကြီး အပြင်ဘက် လမ်းလေးခွဆုံတွင် ရှိပါသည်။ ထိုဘုရားရှိ ခိုးကျောင်းမှာ ခြောက်ရာစုနှစ် က တည်ဆောက်ခဲ့သော စိန့်ဂျာမိန်း ဘုရားရှိခိုးကျောင်းကြီး ဖြစ်ပါသည်။ ဒုတိယပြင်သစ်လက်နက် နိုင်ငံတော် ကြီး လက်ထက်က နယ်စားကြီးဟော့စ်မန်းသည် ဤနေရာတွင် ရိပ်သာလမ်းမကြီး တစ်ခုကိုဖြတ်ဖောက်ခဲ့ပါသည်။ ထိုနေရာတွင် ရိပ်သာလမ်းမကြီး တစ်ခုကို ဖြတ် ဖောက်ခဲ့ပါသည်။ ထိုနေရာတွင် ကျွန်တော် မှတ်မိသရွှေ့ ပါရီတွင် အကောင်းဆုံး (ထို့ကြောင့် ကမ္ဘာ တွင် အကောင်းဆုံးသော ) ကဖီးဆိုင် သုံးဆိုင်ပေါ်ပေါက်လာခဲ့ပါသည်။ ပထမကဖီးဆိုင်မှာ ဖလိုရေ ကဖီးဆိုင် (၁၉၆၅ ခုနှစ် ) ဖြစ်ပြီး ဖြစ်တည်မှု ပဓာနဝါဒ၏ ဌာနချုပ်အ ဖြစ် ကျော်စောခဲ့ပါသည်။ “အဲဒီ ကဖီးဆိုင်ကလေးဟာ ကျွန်တော် တို့အဖို့ အိမ်နှင့် အတူတူပဲ” ဟု ယန်းပေါဆာ့တ်က တစ်ခါက ပြောဖူး သည်။ ဆီမွန်ဒီဗူးသည် “ဒုတိယလိင်” ဆိုသည့်စာအုပ် တချို့တစ်ဝက်ကို ဤကဖီးဆိုင်ကလေးမှာ ပင် ရေး သွားခဲ့သည်။ ကောင်းမွန်သည့်အကြောင်း တစ်ကြောင်းမှာ ဖလိုရီ ကဖီးဆိုင်တွင် အေးအေးလူလူ အလုပ်လုပ်နိုင်သော အထပ်ခိုးကလေး တစ်ထပ်ရှိသော ကြောင့် ဖြစ်သည်။ နောက်တစ်ကြောင်းမှာ ဖလိုရီ ကဖီးဆိုင်သည် အမြဲလိုလို နွေးထွေးနေသော ကြောင့် ဖြစ်သည်။
၁၈၇၀ ပြည့်နှစ် တွင် ဂျာမနီက ဒုတိယ ပြင်သစ်နိုင်ငံတော် ကြီးကို ဝင်ရောက်တိုက်ခိုက်သည့်အ ခါတွင် စစ်ပြေးဒုက္ခသည် အများ အပြားသည် အယ်ဇေ့နယ်မှ ပါရီသို့ထွက်လာခဲ့ကြသည်။ ထိုအထဲတွင် လဲနစ်လစ်ပဲဆိုသူ တစ်ဦးပါလာသည်။ သူသသည် ဖလိုရီကဖီးနှင့် မျက်နှာချင်းဆိုင် ရိပ် သာလမ်းမကြီးတစ်ဖက်တွင် ကဖီးဆိုင်ကလေး တစ်ဆိုင်ဖွင့်သည်။ သူ့ဆိုင်က ကြွေပြားကပ်နံရံပေါ် တွင် အပူပိုင်းဇုံမှ အစိမ်းရောင် ၊ အပြာရောင် တို့ ပြိုးပြက်နေသည့်ငှက်ကလေးများ ကို တန်ဆာဆင်ထား သည်။ သူ့ဆိုင်သည် ဂျာမနီဝက်အူချောင်းစစ်စစ်ကြိုက်သူများ ကမူနာမည် ကြီးသလောက်မကောင်းဟု ဆိုကြသည်။ မည် သို့ ဖြစ်စေ ဂျာမနီဝက်အူချောင်း အစစ်ကို မစားဖူးသည့် နိုင်ငံခြားသား တစ်ယောက် ၏ ထင်မြင်ချက်အရဆိုလျှင် နာမည် ကြီးထိုက်ပါပေသည်ဟုဆိုသည်။ ပို၍ ကောင်းသည်မှာ အယ်ဇေးရှင်း ဖြစ်သည်။ သို့ရာတွင် အကောင်းဆုံးမှာ ကား တစ်ခွက်ထက်တစ်ခွက် ကြီးလာသော ခွက် ကြီးများ ဖြင့် လာချသည့်ဘီယာ ဖြစ်သည်။ ပထမတွင် လစ်တာဝက် ဝင်သော ခွက်ဖြင့် ချသည်။ ထို့နောက် သုံးစိတ် လစ်တာဝင်သည့် ခွက်ဖြင့် ပေးသည်။ နောက်ဆုံးတွင် တစ်လစ်တာ ဝင်သည့် မတ်ခွက်ကြီးဖြင့် လာချသည်။
ထိုကဖီး၏ အခြားသော စပယ်ရှယ်ပစ္စည်းမှာ နိုင်ငံရေး ဖြစ်သည်။ ပြင်သစ်နိုင်ငံလွှတ်တော် အဆောက်အအုံကြီးမှာ ကဖီးဆိုင်နှင့် “ပြ” အနည်းငယ်အကွာ လမ်းမကြီးထိပ်တွင် ရှိသည်။ လွှတ်တော် အမတ်များ သည် ဝမ်းဗိုက် ဖြည့်ခြင်းအမှု ၊ ဆွေးနွေးခြင်းအမှု နှင့် ခြေပုန်းခုတ်ခြင်း အမှု တို့ကိုပြုလုပ်ရန် ဤကဖိးဆိုင်သို့ ထုံးစံလိုလိုပင် အမြဲလာတတ်ကြသည်။ လွန်ခဲ့သည့် နှစ် များ အတင်းက ထိုကဖီးဆိုင်သို့ အမြဲလာတတ်သူ တစ်ယောက် မှာ ယခု ပြင်သစ်နိုင်ငံ သမ္မတကြီး ဖြစ်နေ သည့် ဖရန်ဆွာမီတရောင်း ဖြစ်သည်။ မိမိဖောက်သည်ထဲတွင် သမ္မတကြီးတစ်ဦးပါသည်ဟု ကြွားဝါပြောနိုင်သော ကဖီးဆိုင်တစ်ဆိုင်သည် မည် မျှကောင်းသည်ကို ထောက်ခံချက် ပေးစရာ မလို တော့ပါ။
မဟာ ကဖီးဆိုင်ကြီး သုံးဆိုင်ထဲတွင် မဟာ့မဟာ အကျဆုံး ဖြစ်သည့် ဒျူးမာ့ဂေါ့ ကဖီး(၁၈၇၅ ခုနှစ် ) မှာ ထိုသုံးဆိုင်ထဲတွင် အသစ်ဆုံး နောက်အကျဆုံး ဖြစ်သည်။ ထိုကဖီးဆိုင်မှာ အခံ့ညားဆုံး၊ နွေးထွေးမှု အရှိဆုံးလည်း ဖြစ်ပါသည်။ လဲနတ်လစ်ပ်၏ ကဖီးဆိုင်က သင်ဘယ်လိုလူလဲဟု ကြည့်ပြီး ဖလိုရီကဖီးဆိုင်က သင်ဘယ်လောက်သုံးနိုင်သလဲဟု စဉ်းစားနေစဉ် ဒျူးမာ့ဂေါ့ ကဖီးဆိုင်ကသင်ဘယ် လိုအစားအသောက်မျိုးကို ကြိုက်သလဲဟုသာ စဉ်းစားပါသည်။
ဒျူးမာ့ဂေါ့ကဖီးသည် ဘုရားရှိခိုးကျောင်းကြီးနှင့် မျက်နှာချင်းဆိုင်တွင် ရှိသည်။ ထူးဆန်းသည့် ထိုအမည် မှာ ကဖီးဆိုင်အလယ်တွင် ရှိသည့် တရုတ် ကျောက်ရုပ်ကြီးနှစ် ရုပ်ကို အစွဲပြု၍ ခေါ်ထားခြင်း ဖြစ်ပါသည်။ ယနေ့အချိန်တွင် ဈေးနှုန်းများ မှာ ကြောက်စရာကောင်းလှပါသည်။ ကိုကာကိုလာ တစ်လုံး အမေရိကန် ဒေါ်လာ ငါးဒေါ်လာ၊ ဘလတ်ဒီ မေရီ တစ်ပုလင်း ဆယ်ဒေါ်လာ ဖြစ်ပါသည်။ သို့ ရာတွင် နွေဦးပေါက် တစ်ညနေတွင် ဒျူးမာ့ဂေါ့ ကဖီးဆိုင်၏ အရှေ့ဘက် စင်္ကြံတွင် ထိုင်ပြီး ပွင့်သစ် တွေ ဝေနေသော ပန်းသီးပင်များ ၊ ဂမုန်း ပန်းခင်းများ ၊ လိုင်းလတ် နှင်းပန်းခင်းများ ကို ကျော်၍ အလယ် ခေတ် ဘုရားရှိခိုင်းကျောင်းကြီး၏ ပြဿဒ်များ ကို ငေးကြည့်လိုက်ရလျှင် ထိုသို့သော ရှုခင်းသည် ဘယ် လောက်ပေးရ ပေးရတန်သည်ဟု ထင်မိမည် သာ ဖြစ်ပါသည်။
ယခုလောက် ဈေးနှုန်း မကြီးသေးသည့် ၁၉၄၀ ပြည့်လွန်နှစ် များ တစ်ဝိုက်ကပင်လျှင် လစ်ပ်နှင့် ဖလိုရေး စသည့် ကဖီးများ သို့ အခါကြီးရက်ကြီးများ မှသာ သွားနိုင်ခဲ့ကြသည်။ အပျင်းပြေသွားထိုင် ရုံ လောက်ကမူ ရွိုင်ယယ်၊ ဘိုနာပတ်၊ မာဘီလွန် စသည့်ဈေးပေါသည့် ကဖီးဆိုင်များ ရှိသည်။ စိန့်ဂျာမိန်း ရပ်ကွက်မှ ကဖီးဆိုင်များ တွင် လူချမ်းသာတွေ အောင်မြင်ကြီးပွားသူတွေ ပြည့်နှက်နေသည့်တိုင် အနုပ ညာသည်တို့ ဗဟိုဌာနချုပ်မှာ မူ ဆိန်းမြစ် လက်ယာဘက်ကမ်းသို့ ပြန် ပြောင်းသွား ပြီဟု ယူဆရသည်။
အသက်အရွယ် ရလာပြီး ရှေးခတ်ကို ပြန်လွမ်းတတ်သူတို့သည် ပါရီကိုပြန်ရောက်၍ ရှေးကနှင့် မတူတော့ဘဲ ကဖီးများ အသွင်ပြောင်းနေသည်ကို တွေ့ ရသည်ဆိုလျှင် ဘာမျှအံ့သြဖွယ် မရှိ ပါ။ ထိုသို့အသွင် ပြောင်းသွား ရန်အကြောင်းတွေ အများ ကြီးတွေ့ ရမည် ဖြစ်သည်။ ယင်းတို့အနက် အကြောင်းတစ်ကြောင်းမှာ အခြားမဟုတ်ပါ။ ရှေးတုန်းက ပါရီကဖီးများ ခေတ်ကောင်းခဲ့ခြင်းမှာ လူနေသည့် တည်းခိုခန်းများ ၊ ဘော်ဒါများ က အေးစက်ပြီး မှော င်သော ကြောင့် ဖြစ်ပါသည်။ နောက်တစ် ကြောင်းမှာ ကျောင်းတော် ကြီးများ မှာ ဝင်ကြေးတွေ များ လွန်းလှသဖြင့် ကဖီးဆိုင်များ တွင် ပညာသင်ရ သည်ကို သဘောကျကြသော ကြောင့် ဖြစ်ပါသည်။ သို့တိုင် ကျွန်တော် ၏ ပါရီနှစ် အနှစ် လေးဆယ် မြောက် ကဖီးဆိုင်သသရာကို ကဖီး ဒီလာ မေရီတွင် ကျင်းပပါသည်။ ယခင်က ရှိခဲ့သော ရွှေငါးကန် ကလေးနှင့် စစ်တုရင်ခုံကလေးတို့ မရှိတော့သည့်တိုင် ကျွန်တော် တို့ တည်းခိုသည့် ဟိုတယ်နှင့် နီး သည့် ကဖီး ဖြစ်ပါသည်။ စာပေ အစဉ်အလာလည်း အနည်းအကျဉ်းရှိသည့်နေရာ ဖြစ်ပါသည်။ ထိုကဖီး ဆိုင်ကလေးတွင် စာရေး ဆရာ ဆောဘဲလိုးလာနေကျ ဖြစ်ပါသည်။ ဝီလီယံဖော့ကနာလည်း လာ၍ သောက်နေကျ ဖြစ်ပါသည်။ ပန်းချီဆရာ ဂျနာဘန်းသည်လည်း လာ၍ သောက်နေကျ ဖြစ်ပါသည်။ ပန်း ချီဆရာ ဂျနာဘန်းသည်လည်း လာ၍ ဤနေရာတွင် ပန်းချီကားတွေ အများ ကြီး ဆွဲသွားဖူးပါသည်။ တစ်ခါတွင် ပန်းချီဆရာဘန်းကို ဘယ်လိုထင်သနည်းဟု ပိုင်ရှင်အမျိုးသမီးအား မေးသည့်အခါတွင် သူ့အမည် ကို တစ်ခါမျှ မကြားဖူးဘူးဟု ဖြေခဲ့ပါသည်။ သို့ရာတွင် အေးမြနေသည့် ပိုမာရီ အရက်ချို ကား တော် တော် ကောင်းပါသည်။
ဟဲမင်းဝေးက ပါရီသည် ပြောင်းရွှေ့၍ ရသော စားသောက်ပွဲကြီးဟု ပြောခဲ့ပါသည်။ ထိုစကား သည် တော် တော် မှန်သော သစ္စာစကား ဖြစ်ပါသည်။ ပါရီသည် အများ ကြီးပြောင်းနေပါပြီ။ သို့ရာတွင် ပြောင်းရွှေ့၍ ရသော စားသောက်ပွဲကြီးကိုကား ယခုတိုင်ကျင်ပနိုင်ပါသေးသည်။
ရည်ညွှန်း။ Time,May 21,1990 မှ Otto,Friedrich ၏
The Great Cafe’s of Paris ကို ပြန်ဆိုသည်။
ပညာရေး စနစ်ကို အမဲဖျက်ခြင်း
လွန်ခဲ့သည့်နှစ် က နိုင်ငံပေါင်း ခြောက်နိုင်ငံတွင် ၁၃နှစ် ရွယ် ကျောင်းသားကလေးများ အား စံနှုန်းမီ သင်္ချာစစ်ဆေးမှု များ ကို ပြုလုပ်ခဲ့သည်။ ထိုအထဲတွင် တောင်ကိုရီးယားကျောင်းသားကလေး များ မှာ အတော် ဆုံး ဖြစ်သည်။ ထို့နောက်တွင် စပိန်၊ ဗြိတိန်၊ အိုင်ယာလန်နှင့် ကနေဒါကျောင်းသားက လေးများ က ဒုတိယ၊တတိယစသဖြင့် အစဉ်အလိုက်ရကြသည်။ အမေရိကန် ကျောင်းသားများ မှာ ဘိတ်ဆုံးမှ ဖြစ်သည်။ သတင်းဆိုးတစ်ခု ဖြစ်ပေ၏ ။ ထိုကျောင်းသားကလေးများ အား သင်္ချာမေးခွန်းများ အပြင် နောက်ထပ်မေးခွန်းတစ်ခုကိုလည်း အဖြေခိုင်းသေးသည်။ ယင်းမေးခွန်းမှာ “ကျွန်တော် သည် သင်္ချာတွင် တော် ပါသည်” ဆိုသည့်စာကြောင်းကို ဘေးတွင် ယက်စ် သို့မဟုတ် နိုး အဖြေခိုင်းခြင်း ဖြစ်၏ ။ ထိုမေးခွန်းတွင် မူ ကိုရီးယား ကျောင်းသားကလေးများ သည် ဘိတ်ဆုံးမှလိုက်၏ ။ ၂၃% သာလျှင် ယက်စ်ဖြေကြပြီး ကျန် ၇၇% မှာ နိုး ဟု ဖြေကြသည်။ ထိုမေးခွန်းကို ဖြေရာတွင် မူ အမေရိကန်ကျောင်းသားကလေးများ က နံပါတ်တစ်စွဲလေသည်။ ၆၈%က သင်္ချာတော် သည်ဟု ဖြေကြ ပြီး မတော် ဟု ဖြေသူမှာ ၃၂% မျှသာရှိသည်။
အမေရိကန် ကျောင်းသားများ သည် သင်္ချာတွင် ညံ့ကောင်းညံ့မည် ။ သို့ရာတွင် ယခုခေတ်စား နေသော ကိုယ့်ကိုယ်ကိုယ်အထင်ကြီးသည့် သင်ရိုးညွှန်းတမ်းမှ သင်ခန်းစာများ ကိုကား အလွန်ကြေ ညက်သူများ ဖြစ်ကြပါပေ၏ ။ ယခုတလော အမေရိကန်ကျောင်းများ တွင် ခေတ်စားနေသည့် အယူအဆ တစ်ရပ်မှာ ကလေးငယ်များ အား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု ရှိစေရန် သင်ကြားပေးရ မည် ဆိုသည့် အယူအဆ ဖြစ်သည်။ ကျောင်းသားများ အား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု ရှိစေရန် သင်ကြားခြင်းည် အောင်မြင်မှု အတွက် သော့ ချက် ဖြစ်သည်ဟု ယူဆနေကြသူများ က ပညာရေး ဝန်ထမ်းများ သာ မဟုတ်ပါ။ မေရီလင်းပြည်နယ်က ဘုရင်ခံလည်း ပါပါသည်။ သူက အလုပ်အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းကာ အဖွဲ့ဝင်များ သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမှု ရှိသော သူ များ ဖြစ်ရမည် ဟု မကြာခင်က ကြေညာခဲ့ပါသည်။ ထိုအယူအဆအရ ဖွဲ့စည်းလိုက်သည့် အဖွဲ့ဝင် ၂၃ ဦးပါဝင်သည့် ကော်မတီတစ်ရပ်က အစီရင်ခံစာ တစ်စောင်ကို တင်သွင်းခဲ့သည်။ ထိုအစီရင်ခံစာတွင် “မူးယစ်ဆေးဝါးသုံးစွဲခြင်း၊ ဆယ်ကျော်သက်ကိုယ်ဝန်ရှိခြင်း၊ စာမေးပွဲကျ၍ ကျောင်းထွက်ခြင်းနှင့် အခြားသော လူမှု ရေး ဒုက္ခတို့ကို လျော့ပါးစေလိုလျှင် လူထုအား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးစိတ် ဝင်လာအောင် လုပ်ပေးသင့်သည်” ဟု ဖော်ပြထားကြောင်းဖြင့် ဘာလ်တီမိုးဆန်းသတင်းစာက သတင်းပေးသည်။
နိုင်ငံတကာ သင်္ချာစမ်းသပ်မှု အရဆိုလျှင် အမေရိကန်အလုပ်အဖွဲ့များ သည် အပို ဖြစ်နေပါသည်။ အကြောင်းမူ အမေရိကန်ကလေးများ သည် ညံ့သည့်နေရာတွင် တော် နေကြသော ကြောင့် ဖြစ်ပါသည်။ကိုယ့်ကိုယ်ကိုယ် အထင်ကြီးပြီးသား ဖြစ်နေကြသော ကြောင့် ဖြစ်ပါသည်။
သို့ရာတွင် အမေရိကန် ပညာရေး ဝန်ထမ်းအချို့တို့သည် ညံ့သည်ကိုညံ့သည်ဟု သိလာကြ သည့်အတွက် တော် သေးသည်ဟုဆိုရမည် ဖြစ်ပါသည်။ ညံ့သည်ဟူသော ပထမဆုံးအသံထွက်လာ သည်မှာ ၁၉၈၃ ခုနှစ် က ဖြစ်ပါသည်။ ထိုနှစ် တွင် ကျောင်းများ စုံစမ်းရေး လေ့လာမှု အဖွဲ့တစ်ဖွဲ့က အမေရိကန်ကျောင်းများ ၏ အခြေအနေသည် ဆုတ်ယုတ်လာကာ အကျပ်အတည်း ဆိုက်နေကြောင်း ဖြင့် ဖော်ပြခဲ့သည်။ သမ္မတဘုရှ် “ပညာရေး ထိပ်သီး” ဆွေးနွေးပွဲကလည်း ကျောင်းများ တွင် သင်္ချာနှင့် သိပ္ပံပညာ၏ အဆင့်အတန်းကို မြင့်တင်မည် ဟု ကတိပေးခဲ့သည်။ ထိုကတိသည် ဝေဝါး၍ ဘာမျှရေရေ ရာရာ မရှိသည့် တိုင် ပညာရေး ပြုပြင်ပြောင်းလဲမှု ကို လုပ်လိုလျှင် အရေး ကြီးဆုံးအချက်မှာ ခံစားချက် (ကျောင်းသားများ အား ကိုယ့်ကိုယ်ကိုယ် အထင်ကြီးအောင် လုပ်မည် ဆိုသော အယူအဆ) မဟုတ်ဘဲ ဒိဌဓမ္မကျသော လက်တွေ့ အချက်များ သာ ဖြစ်ကြောင်းကို အသိအမှတ် ပြုခဲ့သည်။
ကောင်းသည့် သတင်းတွေ ကို ပြောပြီးနောက် မကောင်းသည့်သတင်းကို ပြောရပါဦးမည် ။ အမေရိကန်ကျောင်းများ တွင် ပညာရေး အဆင့်အတန်းကို မြှင့်တင်ရန် ကြိုးပမ်းနေကြစဉ် အမေရိကန် ပညာရေး ကို ဘော်လ်ကန် ဇာတ်သွင်းမည့်  (အစိတ်စိတ် အမြွာမြွာ ဖြစ်စေမည့် ) အစီအစဉ်တစ်ခု ပေါ် လာသည်ကို တွေ့ သည်။
ထိုအစီအစဉ်မှာ သင်ရိုးညွှန်းတမ်းထဲတွင် နိုင်ငံရေး အရတည်ရှိသော လူနည်းစုတိုင်း၏ အကြောင်းကိုထည့်သွင်းသင်ကြားရမည် ဟူသော အစီအစဉ် ဖြစ်သည်။ ဥပမာအားဖြင့် ကာလီဖိုးနီးယား ပြည်နယ်တွင် ဆိုလျှင် လူနည်းစု ဖြစ်သော “အမျိုးသမီးများ ၊ လူမျိုးစုများ နှင့် ကိုယ်လက်မသန်စွမ်းသူ များ ” စသည်တို့ အကြောင်းကိုလည်း အခြားသော သင်ခန်းစာများ နည်းတူ အညီအမျှ သင်ပြရမည် ဟု ဥပဒေပြဌာန်းခဲ့သည်။ “သမိုင်း၊ လက်ရှိ အ ဖြစ်အပျက်များ ၊ အနုပညာ၊ သိပ္ပံပညာနှင့် မည် သည့်နယ် ပယ်တွင် မဆို အမျိုးသားနှင့် အမျိုးသမီးတို့၏ စွမ်းဆောင်မှု ကို ကျောင်းသုံးစာအုပ်များ ထဲတွင် အရေ အတွက် ညီတူမျှတူ ဖော်ပြရမည် ”ဟု ထိုဥပဒေက ဆိုထားသည်။
“ဒုက္ခပါပဲရှင်၊ ဒီအတိုင်းသာဆိုရင် ကျောင်းသုံးသမိုင်းစာအုပ်ရေး ရင် အဲဒီ အချက်တွေ အကုန်ပါအောင် ဘယ်လိုလုပ်ရေး ရမယ် မသိတော့ဘူး၊ အခွင့်အရေး ဥပဒေကြမ်းအကြောင်းသမိုင်း ရေး ရင် အမျိုးသားနှင့် အမျိုးသမီးဦးရေ ညီတူညီမျှပါခဲ့တယ်လို့ ဘယ်လို လုပ်ပြီးရေး မှာ လဲရှင်၊ အဲဒီ တုန်းက အမျိုးသမီး တစ်ယောက် မှမပါတာ” ဟု လေးစားလောက်သည့် အမျိုးသမီးသမိုင်းပညာ ရှင်တစ်ဦးက ညည်းသည်။
နယူးယောက် ပြည်နယ်တွင် အလုပ်အဖွဲ့ (လူနည်းစုများ အကြောင်းကို ကျောင်းသုံးစာအုပ်တွင် ထည့်ရေး ရန် စုံစမ်းလေ့လာသော အဖွဲ့)က အစီရင်ခံစာတစ်စောင်ရေး ရာ၌ “ဥရောပဗဟိုပြုဝါဒ” ကို အကြီးအကျယ် တိုက်ခိုက်ထားသည်ကို တွေ့ ရသည်။
“အမေရိကန်-အမေရိကန်များ ၊ အာရှ-အမေရိကန်များ ၊ လက်တင်-အမေရိကန်များ ၊ ဌာနေ အမေရိကန်များ အားလုံးတို့သည် ဥရောပ အမေရိကန်၏ ယဉ်ကျေးမှု ကို သွတ်သွင်းပေးသည့် ပညာရေး စနစ်၏ သားကောင် ဖြစ်ခဲ့ကြရသည်” ဟု ထိုအစီရင်ခံစာတွင် ဖော်ပြထားသည် ထိုသို့ ဥရောပ ဇာတ်သွင်းထားသည့် ပညာရေး စနစ်၏ သားကောင် ဖြစ်ခဲ့ရသည့်အတွက် လူနည်းစု ဖြစ်သော လူငယ်တို့၏ “စိတ်ဓာတ်” ပျက်ပြားခဲ့ရသည်ဟု ဆိုသည်။ ထိုပညာရေး စနစ်အစား “အမေရိကန် လူ့အဖွဲ့အစည်း၏ ဘက်ပေါင်းစုံ တိုးတက်မှု ကို အထောက်အကူပြုနေကြသော ယဉ်ကျေးမှု ပေါင်းစုံ တို့၏ အခြေခံပေါ်တွင် သင်ရိုးညွှန်းတမ်း စာအုပ်များ ကို ပြုစုသင့်သည်” ဟု ထိုအစီအရင်ခံစာက ထောက်ခံ တင်ပြထားသည်။
ယင်းမှာ ပညာရေး ယောင်ဆောင်လာပြီး နောင်တွင် စိတ်ကုသမှု ယောင်ဆောင်လာဦးမည့်  နိုင်ငံရေး ဖြစ်သည်။ ယင်းမှာ မဟုတ်ကို အဟုတ် ဖြစ်အောင် လုပ်နေခြင်း ဖြစ်သည်။ အမှန်အားဖြင့် လူနည်းစုတိုင်းသည် “အမေရိကန် လူ့အဖွဲ့အစည်း ဘက်ပေါင်းစုံမှ တိုးတတ်ရေး အတွက် အထောက် အကူပြုနေကြသည် မဟုတ်ချေ။ ဥပမာအားဖြင့် အမေရိကန် ဘတ်စကတ်ဘော အားကစားပညာရပ် တွင် ဘာမျှ အထောက်အကူပြုခဲ့ကြသည် မဟုတ်ချေ။ အမေရိကန်-ဂျူး များ သည် ပီကွာ့စစ်ပွဲအတွက် မဟုတ်ချေ။ အမေရိကန်အမျိုးသမီးများ သည် အခွင့်အရေး ဥပေဒကြမ်းအတွက် ဘာမျှ အထောက် အကူပြုခဲ့ကြသည်မဟုတ်ချေ။ အတင်း မရမကလိုက် ဆက်စပ်လျှင်မူ ရကောင်းရပေမည် ၊ သို့ရာတွင် အတင်းလိုက်၍ ဆက်စပ်ယူရခြင်းသည် နိုင်ငံရေး ဖြစ်သည်။ အမှန်တရား မဟုတ်ချေ။ အမေရိကန်သ မိုင်းသည် မူလအစကတည်းကပင်လျှင် ယဉ်ကျေးမှု ပေါင်းစုံ အချိုးအစား ညီညီဖြင့် ဖွဲ့စည်းလာခဲ့ခြင်း မဟုတ်ချေ။ ထိုအချက်ကို ရိုးသားစွာ လက်ခံဖို့လိုသည်။
သို့ရာတွင် ယခု ပညာရေး စနစ်တွင် ဦးစားပေးနေကြသည်မှာ ရိုးသားမှု မဟုတ်ပါ။ ဆေးမြီးတို ဖြင့် စိတ်ကို ကုရန် ဖြစ်ပါသည်။ ယခုကဲ့သို့ သင်ရိုးညွှန်းတမ်းတွင် လူနည်းစုတိုင်းအကြောင်းကို အချိုး ညီညီထည့်၍ သင်ကြားရမည် ဟု ပြောလာကြခြင်းမှာ အခြားကြောင့် မဟုတ်၊ လူနည်းစု (လူနည်းစုဆို သည်မှာ လူမျိုးစုကို ဆိုလိုခြင်းမဟုတ်၊ ကျောင်းသား၊ အမျိုးသမီး၊ ဆေးစွဲလူငယ်၊ ဆယ်ကျော်သက်၊ ကိုယ်ဝန်ဆောင်စသည့် လူ့အဖွဲ့အစည်းမှ လူနည်းစုတို့ကို ဆိုခြင်း ဖြစ်သည်။) ကိုတမင်နှိမ်ထားခြင်း သည် လူငယ်တွေ ဆေးစွဲခြင်း၊ ဆယ်ကျော်သက် ကိုယ်ဝန်ရှိခြင်း၊ စာမေးပွဲကျပြီး ကျောင်းမှထွက်ရသူ များ လာခြင်းတို့ကို ဖြစ်ပေါ်စေသည်ဟု ယူဆရာမှ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။ ထိုသို့ စိတ်အား ငယ်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့နည်းလာခြင်း၊ အထင်ကြီးမှု လျော့လာခြင်းသည် ယင်းတို့ အား ကျောင်းသုံးစာအုပ်များ ထဲတွင် မလိုလားဖွယ် သရုပ်ဖော်ထားသော ကြောင့် ဖြစ်သည်” ဟုဆိုပါ သည်။
ထိုအဆိုသည် သွက်သွက်လည်အောင် မှားသည့်အဆို ဖြစ်ပါသည်။ ယနေ့ စာမေးပွဲကျပြီး လေလွင့်နေသူများ ပေါလာခြင်း၊ ဆေးစွဲသူ ပေါလာခြင်း၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု များ ပေါလာခြင်း စသည်တို့သည် အဆိုပါ လူနည်းစုများ အား “မလိုလားဖွယ် သရုပ်ဖော်မှု ကြောင့် ဖြစ် သည်” ဟု ဆိုလျှင် လွန်ခဲ့သည့် အနှစ် လေးဆယ် (နီဂရိုးနှင့် ခွေးများ မဝင်ရ ဆိုသည့် စာတမ်းတွေ ကပ်ထားချိန်) က အခြေအနေသည် ထို့ထက်ဆိုးဖွယ်ရှိပါသည်။ ဆေးစွဲမှု ၊ ကျောင်းမှ လွင့်သွားမှု ၊ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်မှု တို့သည် ယခုထက်များ ဖွယ်ရှိပါသည်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည် မှု အထင်ကြီးမှု တို့သည် ယခုထက်လျော့နည်းဖွယ် ရှိပါသည်။ လူမှု ရောဂါ များ သည် ယခုထက်ပိုဆိုးဖို့ ရှိပါသည်။ မဆိုးခဲ့ပါ။ ယခု အနှစ် လေးဆယ်ကြာသည့်အခါတွင် မူ “မလိုလားဖွယ် သရုပ်ဆောင်မှု ” သည် လျော့ပါးသွားသည့်တိုင် လူမှု ရောဂါ များ သာ တိုးလာခဲ့ပါသည်။
လူနည်းစု ကလေးသူငယ်များ ကျောင်းတွင်းကျောင်းပြင် ကြုံတွေ့ နေသည့် ပြဿနာများ စွာ တို့ အနက် “ဥရောပ ဗဟိုပြုဝါဒ” ပါသည်ဆိုလျှင် ထိုအကြောင်းသည် နောက်ဆုံးတွင် သာရှိပါလိမ့်မည် ။ နယူးယောက် ပြည်နယ်က ပညာသင်ကြားရေး ညွှန်းတမ်းပြုပြင်ပြောင်းလဲရေး တွင် ဥရောပ ဗဟိုပြုဝါဒ ကို ဖယ်ရှားမည် ဟု ကြိုးစားခြင်းသည် မရောင် ရာဆီလူးခြင်း ဖြစ်ပြီး တကယ့်ပြဿနာကို ရှောင်လွှဲနေ ခြင်းသာ ဖြစ်ပါလိမ့်မည် ။
ဥရောပဗဟိုပြုဝါဒကို တိုက်ခိုက်လာခြင်းသည် နယူးယောက် ပြည်နယ် စာသင်ကျောင်းများ မှ အစပြုခဲ့သည် မဟုတ်ပါ။ ထိပ်တန်း တက္ကသိုလ်ကျောင်းတိုက်ကြီးများ မှ စတင်လာခဲ့ခြင်း ဖြစ်ပါသည်။ မနှစ် ကဆိုလျှင် စတင်းဖို့ တက္ကသိုလ်တွင် အနောက်တိုင်းယဉ်ကျေးမှု ကိုလည်း ညီတူညီမျှ သင်ကြား ရမည် ဆိုသည့် သင်ရိုးညွှန်းတမ်းကို အစားထိုးခဲ့ပါသည်။
စတင်းဖို့ တက္ကသိုလ်ကို ကျောင်းတိုက်မျိုးကမူ ထိုသို့သော ပညာရေး အလိုလိုက်မှု မျိုးကို လုပ်နိုင်ပါလိမ့်မည် ။ သူတို့ပညာရေး စနစ်သည် မည် သို့ရှိစေ ထိုတက္ကသိုလ်ကျောင်းမျိုးမှ ထွက်လာ သည် ဆိုလျှင်ပင် အလုပ်တော့ရကြမည် သာ ဖြစ်ပါသည်။ သို့ရာတွင် တတိယတန်းစား တက္ကသိုလ် ကလေးများ မှ ထွက်လာသူများ အတွက်မူ ထိုသို့သော ပညာရေး စနစ်မျိုးဖြင့် ဘယ်မှာ မှ အလုပ်ရဖွယ် မမြင်ပါ။ နိုင်ငံရေး အယူအဆတစ်ခု အကျိုးအတွက် ပညာရေး ကို ပုံသဏ္ဍာန်ပြောင်း အောင်လုပ်ခြင်း သည် ဘာမျှ အကျိုးများ ဖွယ်မရှိသည့် အပြင်အကျိုးယုတ်ခြင်းကိုသာ ဖြစ်စေပါလိမ့်မည် ။
ပညာရေး တွင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးအောင် သင်ကြားပေးရမည် ဆိုသည့် အယူအဆသည် တစ်ဖက်ပိတ် ရထားလမ်းကို သွားနေသည်နှင့် တူပါသည်။ တကယ့်အောင်မြင်မှု စစ်မှန်သော ပညာ သင်ကြားမှု မျိုးဖြင့် သာလျှင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလေးစားမှု ကို ရနိုင်ပါသည်။ နိုင်ငံရေး အရ ဘော်လ်ကန်ဇာတ်သွင်းသလို ပညာသင်ကြားရေး ကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် လုပ်နေသမျှ အမေရိကန်ကျောင်းများ သည် ဆက်လက်ညံ့နေဦးမည် ဖြစ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးအောင် စိတ်ဓာတ်ကိုမြှင့်တင် ပေးရုံဖြင့် ကောင်းလာနိုင်မည် မဟုတ်ပါ။
ရည်ညွှန်း.။ Time,February5,1990မှ Charles Kraufhammer
၏ Education: Doion Bad and Feeling Good ကို ပြန်ဆိုသည်။
ပလိပ် ရောဂါ ကို ဖိတ်ခေါ်ခြင်း
ယနေ့ ကမ္ဘာကြီးသည် မဟာအင်အားကြီးနိုင်ငံ နှစ် ခုကြားတွင် ကွဲပြားခြားနားနေသည့် ပဋိပက္ခ ကမ္ဘာကြီး မဟုတ်တော့ပါ။ သို့ရာတွင် တစ်ခါက ဆိုဗီယက်ယူနီယံဟု ခေါ်ခဲ့ကြည့်နိုင်ငံကြီး၏ နယ်နိမိတ်အတွင်းတွင် မူ အသစ် ဖြစ်သော ဂိုဏ်းနှစ် ဂိုဏ်းပေါ်ပေါက်နေပါသည်။ ယင်းမှာ အရုပ်ဆိုး၍ တဖြည်းဖြည်း အရှိန်မြင့်လာနေသော ရုရှားနှင့် ယူကရိန်းတို့ကြားက ပဋိပက္ခ ဖြစ်ပါသည်။ အကယ်၍ သာ တစ်ခါက သမ္မတနိုင်ငံနှစ် ခု ဖြစ်ကြသော ထိုနိုင်ငံနှစ် နိုင်ငံတို့သည် ပေါင်းစည်းညီညွတ်၍ ခိုင်ခံ့သိပ် သည်းသော နိုင်ငံများ ဖြစ်ခဲ့ကြပါလျှင် စစ်တိုက်ြ ကတော့မည့်  အခြေသို့ ရောက်ဖွယ်ရှိပါသည်။
ကံအားလျော်စွာ ပင်(ဟုတ်ကဲ့၊ ကံအားလျော်စွာ ပင်) ဆိုဗီယက်ယူနီယံကို အစိတ်စိတ် အမြွာမြွာ ကွဲပြဲစေခဲ့သည့် ဗဟိုကျသော အင်အားစုများ သည် ရုရှားနှင့် ယူကရိန်းပြည်နယ်တို့တွင် လှုပ်ရှားမောင်း နှင်နေကြပါသည်။ ထိုပြည်နယ်နှစ် ခုသည် နောက်ထပ်သေးငယ်သော ပြည်နယ်များ အ ဖြစ်သို့ ထပ်မံ ကွဲသွားနိုင်ပါသေးသည်။ ထိုသို့ ကွဲသွားမည် ဆိုလျှင် မော်စကို(ရုရှား)နှင့် ကိယက်(ယူကရိန်း) တို့သည် သူတို့အထဲမှ ထပ်မံကွဲသွားသော အသေးစားပြည်နယ်ကလေးများ နှင့် အလုပ်များ နေကြဦး မည် ဖြစ်သဖြင့် သူတို့အချင်းချင်း တစ်ဦးကိုတစ်ဦး မျက်နှာချင်းဆိုင် ရန်စောင်နေကြဖို့အကြောင်းနည်း သွားကြမည် ဖြစ်ပါသည်။
သူတို့နိုင်ငံထဲက လူမျိုးစုများ က မည် သို့သော တောင်းဆိုချက်များ ကို လုပ်ကြသည် ဖြစ်စေ၊ ယခု လောလောဆယ်တွင် မူ ရုရှားသည်လည်းကောင်း၊ ယူကရိန်းသည်လည်းကောင်း တောင့်တင်း ကြံ့ခိုင်သည့် နိုင်ငံများ မဟုတ်ကြချေ။ ရုရှားဆိုလျှင် ဒါဇင်ချီ၍ ရှိသည့် လူမျိုးစုကလေးတွေ ရှိနေပြီး ယင်းတို့အားလုံးသည် မော်စကိုမှလုံးဝလွတ်လပ်ရေး မဟုတ်သည့်တိုင် အမြင့်ဆုံး ကိုယ်ပိုင်အုပ်ချုပ်မှု ကို တောင်းဆိုလျက်ရှိကြသည်။ ယမန်နှစ် က ဆိုဗီယက် ယူနီယံ ပြိုကွဲသွားခဲ့သည့်အခါတွင် ပြည်နယ် လူမျိုးစုနှစ် ခု ဖြစ်သည့် ချီချင်း-ဒင်းဂစ် ဒေသနှင့် ရုရှားပြည် ဗဟိုချက်မအနီးတွင် ရှိသည့် တာတာတစတန်တို့သည် ရုရှားဖက်ဒရေး ရှင်းတွင် မပါဝင်နိုင်ဟုဆိုကာ စာချုပ်ကို လက်မှတ်ရေး ထိုးရန် ငြင်းဆိုခဲ့ကြသည်။ အမှန်အားဖြင့် ထိုဒေသနှစ် ခုစလုံးသည် သမိုင်းတစ်လျှောက် လုံးတွင် မော်စကိုနှင့် ပြဿနာရှိခဲ့သော ဒေသများ ဖြစ်သည်။ ပို၍ အရေး ကြီးသည်မှာ ထိုဒေသနှစ် ခုစလုံးသည် ရေနံတွင်းကြီးများ ပေါ်တွင် ဖင်ထိုင်လျက်သား ရှိနေကြသဖြင့် မော်စကို၏ အထောက်အပံ့ မပါဘဲ သူ့စီးပွားရေး အရ သူတို့ဘာသာ ရပ်တည်နိုင်သည်ဟု ယုံကြည်နေခြင်းပင် ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ရုရှားပြည်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်အောင် တွန်းအားပေး နေသော အရာမှာ လူမျိုးစုပဋိပက္ခနှင့် ရာဇဝင် တစ်လျှောက်ရှိခဲ့သည့် နစ်နာချက်များ မဟုတ်ဘဲ စီးပွား ရေး အင်အားစုများ သာ ဖြစ်ပါသည်။
ဂေါ်ဘာချော့၏ ပယ်ရီစထရွိုင်ကာ လမ်းစဉ်အောက်တွင် ပြုလုပ်ခဲ့သည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှု များ နှင့် သမ္မတယယ်လ်ဆင်၏ လက်ထက်တွင် ပြုလုပ်ခဲ့သည့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု များ သည် ဗဟိုချုပ်ကိုင်မှု လွန်စွာ တင်းကျပ်သော ဆိုဗီယက် စနစ်ဟောင်းကို ဖြိုဖျက်ပစ်နိုင်ခဲ့သည်မှာ မှန်ပါ၏ ။ သို့ရာတွင် ထိုပြုပြင်ပြောင်းလဲမှု များ သည် လယ်ယာနှင့် စက်မှု ကုန်ထုတ်လုပ်ရေး နှင့် နေထိုင် မှု အဆင့်အတန်းတို့ကို ကျဆင်းစေခဲ့ပါသည်။ သဘာဝ ရင်းမြစ်များ ပေါကြွယ်သည့် ဒေသများ (ဥပမာ အားဖြင့် ကျောက်မီးသွေးနှင့် သစ်ပေါသည့် ဆိုက်ဘေးရီးယားမှ ကိုမီသမ္မတနိုင်ငံ၊ ရွှေထွက်သည့် အရှေ့ဖျားဒေသမှ ယာကွတ်တီးယားဒေသစသည်) တို့သည် မိမိတို့နယ်မှ ထွက်သည့် အခွန်အ ကောက်များ ကို ကိုယ်တိုင်သုံးစွဲနိုင်ရန်အတွက် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒများ ကို ကျင့်သုံးလာခဲ့ကြကာ မော်စကို ဗျူရိုကရက်များ နှင့် ခပ်ရှင်းရှင်း နေခဲ့ပြီး ပို၍ ဆင်းရဲသော ဒေသများ ဖြစ် သည့် ယူရဲလ်တောင်တန်း ဒေသများ နှင့် ရုရှားလယ်ယာစိုက်ပျိုးရေး ဒေသများ နှင့် အဆက်အသွယ် မလုပ်ဘဲ တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့ကြပါသည်။ ဤသို့သော ကုန်သွယ်ရေး ပုံစံများ သည် သီးခြားသ မ္မတနိုင်ငံရေး အစုများ ကို အားပေးတိုက်တွန်းနေသကဲ့သို့ ရှိပါသည်။
ပြိုကွဲနေသည့် အင်ပါယာတစ်ခု ဖြစ်သည့် ယူကရိန်းတွင် လည်း ထိုနည်းအတိုင်း ဖြစ်နေပါသည်။ ကရိုင်းမီးယားသည် တစ်ခါတုန်းက မူဆလင်နိုင်ငံတစ်ခု ဖြစ်နေပါသည်။ ကရိုင်းမီးယားသည် တစ်ခါတုန်းက ပိုလန်၊ သြစတြီးယား၊ ဟန်ဂေရီနှင့် ရိုမေးနီးယားတို့၏ လက်အောက်ခံဒေသများ ဖြစ်ခဲ့ ပါသည်။ အရှေ့ပိုင်း ယူကရိန်းမှာ ဘက်ပေါင်းစုံတွင် ရုရှားဇာတ်သွင်းခံထားရပြီး ဖြစ်သဖြင့် ကိယက် တွင် ရှိသည့် ယူကရိန်းအမျိုးသားရေး ဝါဒီများ က လွှမ်းမိုးသွားမည် ကို စိုးရိမ်လျက်ရှိပါသည်။
ဗဟိုယူကရိန်း အစိုးရသည် ထိုလူမျိုးစု အကွဲအပြားများ ကို ပို၍ ပြင်းထန်အောင် မရည်ရွယ်ဘဲ နှင့် လုပ်မိလျက်သား ဖြစ်နေပါသည်။ ကိယက်(ယူကရိန်း) အစိုးရသည် ရုရှားနှင့် အဆက်ဖြတ်ကာ မိမိ ဘာသာ ဖူလုံရေး ကို ဇွတ်အတင်းလုပ်လျက်ရှိသဖြင့် ယူကရိန်းဒေသတစ်ခုလုံးကို ဆင်းရဲဒုက္ခရောက် စေခဲ့သော ဒေသတိုင်းတွင် ဒေသစိတ်ကိုပြင်းထန်လာစေခဲ့ပြီးနောက် ခွဲထွက်ရေး ကို လှုံ့ဆော်နေသ ကဲ့သို့ ရှိပါသည်။
မော်စကိုနှင့် ကိယက်ရှိ ခေါင်းဆောင်များ သည် ပြဿနာများ အတွက် တစ်ယောက် ကိုတစ် ယောက် အပြစ်ပုံချရန် အကျင့်ပါနေကြလေပြီ။ သို့ရာတွင် ထိုမြို့တော် နှစ် ခု ပြင်ပရှိ တဖြည်းဖြည်းအင် အားကောင်းနေသော ဒေသများ မှ ခေါင်းဆောင်များ အဖို့ကား ကရိုင်းမီးယား ကျွန်းဆွယ်တွင် သြဇာအာဏာ ပျံ့နှံ့ရေး အတွက်လွန်ဆွဲနေကြခြင်းကို သူတို့အဖို့ကား ရုရှားမှ ယယ်လ်ဆင်နှင့် ယူကရိန်းမှ ခရက်ချွတ်တို့၏ ရန်ပွဲသည် နှစ် အိမ်စလုံးတွင် ပလိပ် ရောဂါ ကျခြင်းနှင့် အတူတူပင် ဖြစ် သည်။
ကရိုင်းမီးယားတွင် ဆိုလျှင် ဒေသဆိုင်ရာ အာဏာပိုင်များ သည် မော်စကို၏ အမိန့်ကိုလည်း ကောင်း၊ ကိယက်၏ အမိန့်ကိုသော်လည်းကောင်း၊ နာခံခြင်း မပြုလိုကြပါ။ သူတို့သည် လွတ်လပ်ခွင့် ကို ပိုတောင်းဆိုနေကြပါသည်။ သူတို့၏ အနားယူစခန်းနယ်မြေကြီးနှင့် လယ်ယာစိုက်ပျိုးရေး ဒေသ များ ကို သူတို့ဘာသာအုပ်ချုပ်ချင်ကြပါသည်။ ထိုကြောင့် သူတို့သည် ရုရှားနှင့်ယူကရိန်းတို့အား အချင်းချင်း တိုက်ပေးသည့် အတတ်ပညာကို ပိုင်နိုင်စွာ ကျင့်သုံး နေကြခြင်း ဖြစ်ပါသည်။
ရုရှားနှင့် ယူကရိန်းကြားတွင် တင်းမာမှု ကို ဖြစ်ပွားစေမည့်  အခြားပြဿနာတစ်ခုမှာ ပင်လယ် နက် ရေတပ်ကို ပိုင်ဆိုင်ရေး ကိစ္စ ဖြစ်ပါသည်။ သို့ရာတွင် ယခင် ဆိုဗီယက် ယူနီယံဟောင်းတွင် စီးပွား ရေး အခြေအနေ ယိုယွင်းလာသည့်အခါတွင် ထိုပြဿနာသည် ရှုပ်ထွေးလာနိုင်ကာ ခေတ်နောက်ကျ သည့်ပြဿနာ တစ်ရပ် ဖြစ်သွားနိုင်ပါသည်။
ရုရှားနှင့် ယူကရိန်း နှစ် ဦးစလုံးသည် သူတို့၏ စစ်တပ်များ ကို အရေး ကြီးသည့် “အဆင့်အတန်း ပြ သင်္ကေတ” များ အ ဖြစ်ဆက်၍ ထားချင်ကြပါသေးသည်။ သို့ရာတွင် ပင်လယ်နက်ရေတပ်၏ စစ် ရေး အသုံးဝင်မှု နှင့် ပြင်ဆင်မှု တို့မှာ သုညသို့ရောက်နေပါသည်။ ထိုရေတပ်သင်္ဘောများ နှင့် တပ်သား များ မှာ ယယ်လ်ဆင်နှင့် ခရက်ချွတ်တို့၏ မပြီးနိုင်သော စစ်တုရင်ပွဲတွင် စစ်တုရင်ရုပ်ကလေးများ သာ ဖြစ်နေပါသည်။ ထို့ပြင် အရပ်သားစီးပွားရေး လုပ်ငန်းများ တွင် အရင်းအနှီးမြှုပ်နှံခဲ့ရလျှင် လက်နက် တိုက်များ ကို ဖြုတ်ပယ်ရတော့မည် ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့အချိန်တွင် သူတို့အချင်းချင်းကြား တွင် ပဋိပက္ခ ဖြစ်ပွားနေသည့် အကြောင်းရင်းသည် တစ်နေ့တွင် ပျောက်ကွယ်သွားနိုင်စရာ ရှိပါသည်။
တစ်ခုတော့ သေချာသည်။ အမည် ဘယ်လိုပင် ပေးပေး ရုရှားနှင့် ယူကရိန်းပြည်နယ်တို့ထဲ တွင် ပေါ်လာည့်နိုင်ငံသစ်များ သည် ကောင်းသည့်လက္ခဏာတစ်ရပ်တော့ မည် သည့်နည်းနှင့် မျှ မ ဖြစ် နိုင်ပါ။ ထိုအရာများ သည် ဒုက္ခသစ်နှင့် သွေးထွက်သံယိုမှု အသစ်များ ကို ပေါ်ပေါက်လာစေမည် သာ ဖြစ်ပါသည်။ သို့ရာတွင် ထိုပွတ်တိုက်မှု များ သည် မီးကို စတင်မွှေးပေးသည့်တိုင် ရုရှားနှင့် ယူကရိန်း ကြားတွင် ယခုလက်ရှိ ဖြစ်နေသည့် စစ်ပွဲလောက်ကား ကြီးကျယ်နိုင်မည် မဟုတ်ပါ။
အကောင်းဆုံးမှာ ကား ယခင် ဆိုဗီယက် ယူနီယံတွင် စီးပွားရေး နာလန်ထလာရန်ပင် ဖြစ်ပါ သည်။ ထိုနည်းအားဖြင့် ဒေသအကြီးအသေး မှန်သမျှကို ငြိမ်းချမ်း၍ သာယာဝပြောသော လူမျိုးပေါင်း စုံ အဖွဲ့အစည်းကြီး အ ဖြစ်သို့ ပေါင်းစည်းခြင်းပင် ဖြစ်ပါသည်။
ကတ္တီပါ တော် လှန်ရေး
၁၉၉၀ ပြည့်နှစ် နွေဦးပေါက်ရာသီနှင့် ချက်ဆိုဆလိုဗက်ကီးယားပြည်က နောက်ဆုံး ရွေးကောက်ပွဲများ အကြားတွင် တွေ့ ခဲ့ရသည့် ကျွန်တော့်  လုပ်ဖော်လုပ်ဖက် နိုင်ငံခြား သတင်းစာဆ ရာများ ကို တောင်းပန်စရာ တစ်ခုရှိပါသည်။ ချက်ကိုဆလိုဗက်ကီးယားပြည်သည် ကွဲသွားမည် လောဟု ထိုစဉ်က သူတို့က မေးခဲ့ကြပါသည်။ ကျွန်တော် က မကွဲဟု ဖြေခဲ့ပါသည်။ ချက်ကိုဆလိုဗက်ကီးယား ပြည်သည် မည် သည့်အခါတွင် ပြိုကွဲမည် နည်းဟု စဉ်းစားတွေးတောခဲ့ကြသော မိတ်ဆွေများ ကိုလည်း ကျွန်တော် နှစ် ထပ်ကွမ်း တောင်းပန်လိုပါသည်။ ထိုမေးခွန်းမှာ မေးစရာမလိုသော မေးခွန်းဟု ကျွန်တော် ယူဆခဲ့ပါသည်။ ကျွန်တော့်  အဖြေကလည်း ချက်ချင်း ပင် ထွက်လာပါသည်။ထိုအဖြေမှာ “ဘယ်တော့မှ မပြိုကွဲဘူး” ဆိုသည့် အဖြေ ဖြစ်ပါသည်။
ကျွန်တော် သည် တော် တော် မသိမိုက်မဲသူ၊ မျက်စိကန်းနေသူဟု ထင်ကောင်းထင်ကြပါလိမ့် မည် ။သို့ရာတွင် ချက်ကိုဆလိုဗက်ကီးယား နိုင်ငံသား အများ စုသည်လည်း ထိုနည်းအတိုင်းပင် ဖြစ်ပါ သည်။ အာဃာတကြီးသော ဆလိုဗက်အမျိုးသားရေး ဝါဒီတစ်ခုမှအပ မည် သူမျှ တိုင်းပြည်ကွဲပြဲမသွား စေချင်ပါ။ ချက်ကိုဆလိုဗက်ကီးယားသည် နိုင်ငံတစ်ခုအ ဖြစ် ပထမကမ္ဘာစစ်အပြီးကတည်းက တည်ရှိခဲ့ပါသည်။ ထိုမတိုင်မီကလည်းကောင်း၊ ထို့နောက်တွင် လည်းကောင်း ချက်လူမျိုးများ နှင့် ဆလို ဗက်လူမျိုးများ ကြားတွင် တိုက်ခိုက်ကြသည်ဟု တစ်ခါမျှ မရှိခဲ့ဖူးပါ။ သွေးတစ်စက်မျှ မကျဖူးခဲ့ပါ။ ဆိုဗီ ယက်ယူနီယံနှင့် ယူဂိုဆလားဗီးယားတို့လို သွေးချောင်းစီး ပြိုကွဲသွားစေသည့် အမုန်းမျိုး၊ မယုံကြည်မှု မျိုးပင် မရှိခဲ့ကြဖူးပါ။
သို့တိုင်အောင် ဇန်နဝါရီလ တစ်ရက်နေ့တွင် ဆိုလျှင်ချက်ကိုစလိုဗက်ကီးယားနိုင်ငံသည် မြေပုံပေါ်မှ ပျောက်ကွယ်သွားတော့မည် ဖြစ်ပါသည်။ သတ်မှတ်မည့်  နယ်စပ်မျဉ်းကြောင်းတစ်ဖက် တစ်ချက်ရှိ လူထုများ သည် ထိုအ ဖြစ်ကို ကြည့်၍ စိတ်မကောင်း ဖြစ်ကြရပါသည်။ သို့ရာတွင် ရလဒ် မှာ ရှောင်လွဲရနိုင်စရာ အကြောင်းမရှိပါ။ စိတ်မကောင်း ဖြစ်ကြရခြင်းမှာ ကျွန်တော် တို့ အချင်းချင်း အတူတကွ နေရသည်ကို အသားကျသွားသော ကြောင့် ဖြစ်ပါသည်။ နယ်စပ် နှစ် ဖက်စလုံးတွင် ဆွေမျိုးသားချင်းများ ၊ မိတ်ဆွေများ ရှိကြသော ကြောင့် ဖြစ်ပါသည်။ချက်သမ္မတနိုင်ငံ၏ လူဦးရေဆယ် သန်း ၂၀၀,၀၀၀ တို့သည် ဆလိုဗက်လူမျိုးများ ဖြစ်ကြပါသည်။ ဆလိုဗက်သမ္မတနိုင်ငံ၏ လူဦးရေ ငါးသန်းအနက် ၅၀,၀၀၀ သည် ချက်လူမျိုးများ ဖြစ်ကြပါသည်။ မိသားစု တော် တော် များများ သည် ကျွန် တော့် မိသားစုနှင့် တူပါသည်။ ကျွန်တော် သည် ပရတ်မြို့တွင် နေထိုင်သော ဆလိုဗက်လူမျိုးတစ် ယောက် ဖြစ်ပါသည်။ ကျွန်တော့်  မိဘများ သည် လွန်ခဲ့သည့် နှစ် ပေါင်း သုံးဆယ်က ပရတ်သို့ ပြောင်းခဲ့ကြခြင်း ဖြစ်ပါသည်။ ကျွန်တော့် ဇနီးသည်မှာ ချက်လူမျိုး ဖြစ်ပါသည်။ ကျွန်တော့် သားသမီးများ မှာ (အဲ ဟုတ်ကဲ့၊ နိုင်ငံရေး သမားတွေ က ဘယ်လိုစာချုပ်တွေ ကို ချုပ်ချုပ်) ချက်ကိုဆလိုဗက် အမျိုးသားနိုင်ငံသားများ ဖြစ်ကြပါသည်။
တစ်နေ့တွင် မရှောင်မလွဲသာ ဖြစ်ကြရမည် ကို ကျွန်တော် တို့မြင်ပါသည်။ အကြောင်းမှာ ကျွန်တော် တို့သည် ဆင်ခြင်တုံတရားရှိသော လူမျိုး ဖြစ်သော ကြောင့် ဖြစ်ပါသည်။ ကျွန်တော် တို့ ဘိုးဘေးများ သည်လည်း ဆင်ခြင်တုံတရားလက်ကိုင်ရှိပါသည်။ ၁၉၃၈ခုနှစ် တုန်းက မျူးနစ်တွင် ပြင် သစ်နှင့် ဗြိတိန်တို့ သစ္စာဖောက်ခဲ့ကြသဖြင့် ဂျာမနီတင့်ကားများ ကို ခုခံနိုင်စွမ်းမရှိခဲ့သည့် အခါတွင် ကျွန်တော် တို့ ဘိုးဘေးများ သည် အင်အားချိန်ခွင်ညှာ ညှိရေး သဘောကို နားလည်ခဲ့ကြပါသည်။ ၁၉၈၉ ခုနှစ် က ချက်ကိုဆလိုဗက်ကီးယားပြည်တွင် ကွန်မြူနစ်ဝါဒ ပြိုကွဲသွားသည့် ဖြစ်စဉ်သည် တင်းပြည့်တော် လှန်ရေး တစ်ခုထက် ပြဇာတ်တစ်ခုနှင့် တူပါသည်။
အိမ်ထောင်ရေး တွင် တစ်ယောက် က (သီးတင်းကုန်ရက်မှာ ပင် ဖြစ်စေ) တစ်ယောက် တည်း နေချင်သည်ဟု ပြောပြီး အခြားတစ်ဖက်က ထိုအချက်ကို သဘောမတူခဲ့လျှင် ကွာရှင်းပြတ်စဲရေး သည် မလွှဲမရှောင်သာ ပေါ်ပေါက်လာရတော့မည် ဟု နားလည်ကြပါသည်။ လွန်ခဲ့သည့် ဇွန်လက ဝန်ကြီးချုပ် ဗက်ကလပ်ကလော့စ်သည် ချက်ရွေးကောက်ပွဲများ တွင် အနိုင်ရခဲ့ပါသည်။ အကြောင်းမှာ “လွတ်လပ်သော ဈေးကွက်၊ ပုဂ္ဂိုလ် လွတ်လပ်မှု နှင့် အနောက်တိုင်း အသွင်ပြောင်းရေး ” တို့ကို လုပ်ပေးမည် ဟု ကတိပေးခဲ့သော ကြောင့် ဖြစ်ပါသည်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှု သည် အလွန်နာကျင် ကြောင်းကို သက်သေပြခဲ့ပြီး ဖြစ်ပါသည်။ သို့ရာတွင် ကလော့စ်ကို ရွေးကောက်ခဲ့သည့် ချက်လူမျိုးများ သည် မိမိတို့ခါးပတ်ကို ကျပ်ကျပ်စည်းရန်(အစားအသောက်ကို ချွေတာရန်) အဆင်သင့် ဖြစ်ပြီး ကြိုး စားကြည့်ခဲ့ကြပါသည်။ မိမိရည်မှန်းချက်များ အောင်မြင်ရေး အတွက် ဝန်ကြီးချုပ် ကလော့စ်သည် တစ်ခုတည်းသော ဥပဒေပြုအဖွဲ့နှင့် အဓိကရန်သူ ဖြစ်သော ငွေဖောင်းပွမှု ကို တိုက်ဖျက်ရန်အတွက် စီးပွားရေး ပေါ်လစီ တစ်ခုလိုပါသည်။ ထိုအရာများ သူ့တွင် မရှိခဲ့ပါ။
ဗလာဒီးမာစီးယားသည် ဆလိုဗက်ရွေးကောက်ပွဲများ တွင် အနိုင်ရခဲ့ပါသည်။ အကြောင်းမှာ ဆလိုဗက်ကီးယားအတွက် ပို၍ အမှီခိုကင်းသော လွတ်လပ်မှု ကိုရအောင် လုပ်ပေးမည် ၊ စေ့စပ်သေချာ ခြင်း မရှိသော စက်မှု လုပ်ငန်းများ နှင့် ချက်ထက်ငါးဆများ နေသော အလုပ်လက်မဲ့ပြဿနာ (ချက်တွင် အလုပ်လက်မဲ့ ၂%၊ ဆလိုဗက်တွင် အလုပ်လက်မဲ့ ၁၀% ရှိသည်။) တို့ဖြင့် ဝန်ပိနေသော ဆလိုဗက်နိုင်ငံအတွက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ ကို လုပ်မည် ဟု ကတိပေးခဲ့သော ကြောင့် ဖြစ် ပါသည်။
သို့ရာတွင် တစ်ဖက်၌ ချက်တို့ထက်ဆင်းရဲသော ဆလိုဗက်လူမျိုးတို့သည် ကွန်မြူနစ်တို့ကို သဘောကျနေခြင်း ဖြစ်ပါသည်။ အကြောင်းမူ ကန်မြူနစ်တို့ လက်ထက်တွင် ပုဂ္ဂိုလ် လွတ်လပ်မှု မရှိ သည့်တိုင် မိမိတို့၏ လူနေမှု အဆင့်အတန်း၊ ပညာရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တို့တွင် တိုးတက်မှု များ ရှိခဲ့သော ကြောင့် ဖြစ်ပါသည်။ ကလော့စ်ကဲ့သို့ မဟုတ်ပဲ မာစီယားသည် သူ့ကစားပွဲ တွင် လွတ်လပ်ရေး “ဖဲချပ်” ကို ကိုင်၍ ကစားရပါသည်။ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံကို ခွဲစိတ်လို သည့် ဆလိုဗက်အမျိုးသားပါတီ၏ ထောက်ခံမှု ကိုရလိုသော ကြောင့် ဖြစ်ပါသည်။သူ တစ်ဦးတည်းအ နေဖြင့် မူ ပြန်လည်မွေးဖွားလာသော ချက်ကိုဆလိုဗက်ဖက်ဒေရေး ရှင်း၏ အစိတ်အပိုင်း ဖြစ်သော “လွတ်လပ်သည့် ဆလိုဗက်နိုင်ငံ” ကို လိုချင်ပါသည်။
သို့ဖြင့် ရွေးကောက်ပွဲ အနိုင်ရခဲ့သူနှစ် ဦးအ ဖြစ် တွေ့ ဆုံဆွေးနွေးကြသည့်အခါတွင် ချက်ခေါင်း ဆောင် ကလော့စ်က ဖက်ဒရေး ရှင်းအကြောင်းကို ပြော၍ ဆလိုဗက်ခေါင်းဆောင်မာဆီယားက ကွန် ဖက်ဒရေး ရှင်းအကြောင်းကို ပြောကြပါသည်။ ထိုကွန်ဖက်ဒရေး ရှင်းတွင် ဆလိုဗက် လူမျိုးတို့ကို ဆုံး ဖြတ်ပိုင်ခွင့်များ ပေးထားရမည် ဟုလည်း တောင်းဆိုခဲ့ပါသည်။ မာဆီယား၏ ပါတီက တစ်ပြည်ထောင် စနစ်တွင် ဆိုလျှင် ချက်လူမျိုးတို့သည် ဆုံးဖြတ်ပိုင်ခွင့်တော် တော် များများ ကို ယူထားဦးမည် သာမက ဆလိုဗက် လူမျိုးတို့ကိုလည်း မလိမ်မိုးမလိမ္မာကလေးများ အ ဖြစ်သဘောထားကြမည် ဟု ယူဆကြ သည်။ ချက်သတင်းစာတို့ကမူ ဆလိုဗက်တို့၏ အဆိုပြုချက်သည် “ချက်လူမျိုးတို့က အာမခံထား သည့် ဆလိုဗက်လွတ်လပ်ရေး ” ဟု လှောင်ပြောင်ရေး ကြသည်။
မည် သည့်ဘက်ကမှ အလျှော့မပေးကြသည့်အခါတွင် ချက်ကိုဆလိုဗက်ကီးယားအတွက် ခေါင်းလောင်းသည် ထိုးစပြုတော့သည်။ ကတ္တီပါတော် လှန်ရေး အပိုင်း-၂ကို ဆက်လက်ဆင်နွဲတော့ မည် လော၊ မည် သူ့ကို အပြစ်ဖို့မည် နည်း၊ ချက်လူမျိုးတို့ကိုလော၊ ဆလိုဗက် လူမျိုးတို့ကိုလော။
လူထုများ အနေဖြင့် ကျွန်တော် တို့သည် ကြားတွင် ညှပ်နေသည်။ ကျွန်တော် တို့ ခေါင်းဆောင် များ ၏ ယုတ္တိဗေဒကြောင့် ရှုပ်ထွေးနေကြသည်။ အိပ်ခန်းတစ်ခုတည်းသာရှိသော ခန်းစုံအိမ်တွင် ၇၄ နှစ် ကြာ နေထိုင်ခဲ့ပြီးယခုမှ တစ်ယောက် ကို တစ်ယောက် ခြားနားချက်ကို ရှာရသည်မှာ တော် တောခက်ပါသည်။ ချက်ကိုဆလိုဗက်တပ်မတော် ကို ဖျက်သိမ်းလိုက်လျှင် မိမိနေရင်း တိုင်းပြည် နယ်ပယ်သို့ ပြန်သွားလိုသည့် ဆလိုဗက်အရာရှိဦးရေမှာ နှစ် ဆယ်ရာနှုန်းသာ ရှိပါသည်။ ပရတ် တက္ကစီသမား တစ်ယောက် က သမ္မတ ဗက်စလပ်ဟာဗယ်၏ ခယ်မ ဖြစ်သူ (ဆလိုဗက် အမျိုးသမီး)အား သူ့ကို ဆလိုဗက် ဘာသာစကားဖြင့် ပြောသဖြင့် တက္ကစီ မောင်းမပို့နိုင်ဟု ငြင်းခဲ့ပါသည်။ ယခုအထိ ကျွန်တော့် ကိုမူ ဆလိုဗက်သို့ ပြန်ပြောင်းမည် လော၊ သို့တည်းမဟုတ် အနည်းဆုံး ပရတ်မြို့တွင် ရှိ သည့်နာမည် ကြီးဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာအ ဖြစ်မှ စွန့်လွှတ်မည် လောဟု မည် သူကမျှ မမေးသေးပါ။ ယခုလိုကိစ္စမျိုးတွင် တစ်ယူမသန်ဖို့ လိုပါသည်။ အမုန်းမရှိဖို့ လိုပါသည်။ နာကြည်းမှု တွေ မရှိဖို့လိုပါသည်။
ချက်နှင့် ဆလိုဗက်တို့ကို ခွဲလိုက်သဖြင့် ပေါ်ပေါက်လာမည့်  ရလဒ်များ နှင့် ပတ်သက်၍ ဆလို ဗက်သတင်းစာများ ထဲတွင် စိုးရိမ်မှု တစ်ဝက်တွေ့ နေရပါသည်။ ဆလိုဗက်များ သည် မိမိတို့၏ စီးပွားရေး အနာဂတ်အတွက် စိုးရိမ်နေကြပြီး လွတ်လပ်မှု အတွက် ပျော်နေကြပါသည်။ ဒုတိယကမ္ဘာစစ် အတွင်းက ဆလိုဗက်ရုပ်သေးအစိုးရထူထောင်ခဲ့သည်မှလွဲလျှင် ယုတစ်ကြိမ် ဆလိုဗက်သမ္မတနိုင်ငံ ထူထောင်ခြင်းသည် ပထမဆုံးအကြိမ် လွတ်လပ်သော နိုင်ငံ ဖြစ်လာခြင်းပင် ဖြစ်ပါသည်။ ချက် သတင်း စာကမူ ခွဲထွက်ပြီးသည့်အခါတွင် တွေ့ ရမည့်  စီးပွားရေး အနာဂတ်အကြောင်းကို စိုးရိမ်တကြီး ဖြစ်နေ ကြပါသည်။ အမှန်တော့ အခြားသော ပြိုကွဲသွားသည့်နိုင်ငံများ က ပြဿနာများ နှင့် စာလျှင် ကျွန်တော် တို့ပြဿနာသည် ဘာမျှမဟုတ်ပါ။ အသေးအဖွဲ့မျှသာ ဖြစ်ပါသည်။ ကျွန်တော် တို့လူထု သည် အလုပ်အကိုင်နှင့် ကုန်ဈေးနှုန်းအတွက် စိတ်ညစ်နေကြပါသည်။ သို့ရာတွင် ထိုပြဿနာများ မဟုတ်ပါလော။
မေးခွန်းများ ကို ရိုးရိုးနှင့်တည့်တည့်မေးတတ်သည့်ကလေးငယ်များ ၏ မိဘများ သာလျှင် ကိုယ့် ဘာသာကိုယ် နားမလည်သော အရာများ အကြောင်းကို ကလေးတွေ နားလည်အောင် ရှင်းပြရသည် မှာ မည် မျှခက်ကြောင်းကို သဘောပေါက်နိုင်ပါသည်။ ကလေးတွေ အိပ်ရာဝင်သွားကြသည့်အခါမှ သာလျှင် မိဘများ သည် အေးအေးဆေးဆေး စဉ်းစားနိုင်ကြမည် ဖြစ်ပါသည်။ ထိုသို့ စဉ်းစားလိုက် ကြည်သည့်အခါ၌ အရာဝတ္ထု အ ဖြစ်အပျက်တို့တွင် အကြောက်တရားသည် ပထမလာ၍ အကျိုးတရားသည် နောက်မှလိုက်လာသော်လည်း မိမိတို့ ချက်ကိုဆလိုဗက်ကီးယားနိုင်ငံ၏ ကိစ္စတွင် မူ အကျိုတရားသည် ပထမလာပြီး အကြောင်းတရားသည် နောက်မှ လိုက်လာလေမည် ဟုတွေး၍ စိုးရိမ်နေကြရပါသည်။
ရည်ညွှန်း။ Time, November 23,1992 မှ Lubos Beniak ၏ Velvet Revolution ကို ပြန်ဆိုသည်။
ချစ်သော ယွန်းခင်ခင် | ဘဝနနည်း အနုပညာ | မြောက်ဘက် တောင်ကုန်းဒေသမှ အပြန် |