အခန်း(၁)
ဦးပေါတင့်၊ ဒေါ်လှိုင်တို့မှ ပခုက္ကူခရိုင်မြိုင်မြို့တွင် ၁၉၂၉ ခုနှစ် တွင် မွေးဖွားခဲ့သည်။ မွေးချင်းခုနစ်ယောက် အ နက် အကြီးဆုံး ဖြစ်သည်။ ၁၉၄၃ ခုနှစ် ၌ အာရှလူငယ်များ အဖွဲ့၌ တက်တက်ကြွကြွပါဝင်သည်။ ၁၉၄၄ ခုနှစ် ၌ ဂျပန်တော် လှန်ရေး မြေအောက်ကလပ်စည်းများ နှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေး ကြီးတွင် ပါဝင်သည်။ ၁၉၄၅ ခုနှစ် ဂျပန်တော် လှန်ရေး ကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး(တော် လှန်ရေး တွင် ကျဆုံး)၊ သခင်မော် တင်(ပြည်တွင်းစစ်တွင် ကျဆုံး)နှင့် မြိုင်မြို့ဘုန်းတော် ကြီးဦးစရိယ(မြိုင်ဖဆပလအမတ်ဟောင်းဦးသက်ရှင်) တို့၏ ဦးဆောင်မှု အောက်တွင် ပါဝင်လှုပ်ရှားသည်။ ၁၉၄၈ ခုနှစ် တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။ ၁၉၄၉ ခုနှစ် ပထမဦးဆုံးရေး သည့်'ဒုက္ခသည်'ဝတ္ထုတိုကို တာရာမဂ္ဂဇင်း(တွဲ ၃၊ အမှတ် ၂၁၊ ၁၉၄၉)တွင် ပုံနှိပ် ဖော်ပြသည်။ ၁၉၅ဝ ခုနှစ် တွင် 'စာပေသည် ပြည်သူ့အတွက်'ဟူသော ကြွေးကြော်သံဖြင့် 'စာပေသစ်မဂ္ဂဇင်း'ကို ကိုသန်းတင်၊ ဒဂုန်တာရာ၊ မောင်ကြည်လင်၊ အောင်လင်းတို့နှင့် အတူ ဦးဆောင်ထုတ်ဝေသည်။ ၁၉၅၁ ခုနှစ် တွင် ပထမဦးဆုံးဘာသာပြန်လက်ရာအ ဖြစ် ဂေါ်ဂီ၏ 'မာလ်ဗာနှင့် အခြားဝတ္ထုတိုများ 'ကို ရေး သားထုတ်ဝေသည်။ ၁၉၅၂ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ဂရက်(မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံစာရေး ဆရာအသင်း အလုပ်အမှု ဆောင် အ ဖြစ်ဆောင်ရွက်သည်။ စာရေး ဆရာအသင်းမှ ထုတ်ဝေသော 'စာပေမဂ္ဂဇင်း'တွင် တာဝန်ခံအယ်ဒီတာအ ဖြစ် လည်းကောင်း၊ 'တိုးတက်ရေး သတင်းစာ'တွင် နိုင်ငံခြားရေး အယ်ဒီတာအ ဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ဒုတိယမြောက်ဘာသာပြန်အ ဖြစ် ဂေါ်ဂီ၏ အတ္ထုပ္ပတ္တိ'မက္ကဇင်ဂေါ်ကီ'ကို ဗန်းမော်စာအုပ်တိုက်မှ ထုတ်ဝေသည်။ ၁၉၅၃ ခုနှစ် ပထမဦးဆုံး ပင်ကိုယ်ရေး လုံးချင်းဝတ္ထု'မေတ္တာအသင်္ချေ'ကိုရေး သည်။ ၁၉၅၄ ခုနှစ် ရန်ကုန်တက္က သိုလ်မှ ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၅၆ ခုနှစ် ဥပဒေဘွဲ့ရရှိသည်။ ၁၉၅၈ ခုနှစ် ပဒေသရာဇ်ဆန့်ကျင်ရေး ဝတ္ထု'လိုက်ခဲ့ တော့ မြနန္ဒာ'ကို မြဝတီမဂ္ဂဇင်း(အယ်ဒီတာချုပ် ဇဝနလက်ထက်)တွင် ရေး သားသည်။ အထိန်းသိမ်းခံဘဝဖြင့် ကိုကိုးကျွန်းသို့ ရောက်သည်။ ၁၉၆ဝ ခုနှစ် 'စာရေး ဆရာကလပ်'တွင် အမှု ဆောင် ဖြစ်သည်။ 'အမှော င်ရိပ်ဝယ်' ဝတ္ထုကို ရေး သည်။ ဗိုလ်တစ်ထောင်သတင်းစာတွင် နေ့စဉ်အခန်းဆက်အ ဖြစ် 'နွံထဲက ကြာ'(နှစ် နှစ် နီးပါး)ကို သိန်းဖေမြင့်နှင့် ပူးတွဲ ရေး သည်။ 'နွံထဲက ကြာ'ဝတ္ထုစာအုပ်မှ အစပြု၍ မူလကလောင်နာမည် 'မြသန်း'မှ 'မြ သန်းတင့်'သို့ ပြောင်းခဲ့သည်။ ၁၉၆၁ ခုနှစ် အထိန်းသိမ်းခံဘဝမှ လွတ်မြောက်ခဲ့သည်။ ၁၉၇၂ ခုနှစ် တော် လ်စ တွိုင်း၏ 'စစ်နှင့် ငြိမ်းချမ်းရေး 'ဝတ္ထုဘာသာပြန် 'အမျိုးသားစာပေဘာသာပြန်ဆု'ရသည်။ ၁၉၇၈ ခုနှစ် အမေ ရိကန်စာရေး ဆရာမ မာဂရက်မစ်ချယ်၏ 'လေရူးသုန်သုန်'ဝတ္ထုဘာသာပြန်ဖြင့် 'အမျိုးသားစာပေဘာသာပြန် ဆု'ကို ရခဲ့သည်။ ၁၉၈၈ ခုနှစ် တရုတ်စာရေး ဆရာကြီး ဆောင်ဇူချင်းနှင့် ကောက်ငိုတို့၏ 'ခန်းဆောင်နီအိပ်မက်' ဝတ္ထုဖြင့် 'အမျိုးသားစာပေဘာသာပြန်(ရသ)ဆု'ကို ရသည်။ ၁၉၉၂ ခုနှစ် ပြင်သစ်စာရေး ဆရာ ဒိုမိနိလာပီယဲ ၏ 'သုခမြို့တော် 'ဝတ္ထု ဘာသာပြန်ဖြင့် 'အမျိုးသားစာပေဘာသာပြန်ဆု'ရသည်။ ၁၉၉၅ ခု စာရေး ဆရာ ဒိုမိနီ လာပီယဲ၏ 'အချစ်မိုးကောင်းကင်'ဝတ္ထုဖြင့် ဘာသာပြန်'အမျိုးသားစာပေဘာသာပြန်(ရသ)ဆု'ရသည်။ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၈ ရက်၊ ည ၉း၁၅ တွင် ကွယ်လွန်သည်။
မြသပိတ်တောင်ပေါ်မှ လှမ်းကြည့်လိုက်သည့်အခါတွင် သထုံမြို့၏ ရှုခင်းရှုကွက်ကို မမြင်ရ။ ခါတိုင်းဆိုလျှင် တောင်ခြေတွင် ရှိသည့်မြို့ကို သဲသဲကွဲကွဲမြင်ရသည်ဟုဆိုသည်။ မြို့ လယ်က ရွှေစာရံစေတီတော် ၊ နာရီစင်ကြီး၊ တောင်ခြေရင်းတွင် ကပ်နေသည့်အစိုးရအဆောက် အအုံများ ၊ ဂေါက်ကွင်း၊ ဘူတာရုံနှင့် တိုက်တာ အိမ်ခြေများ ။
ယခုတော့ ဘာကိုမျှမမြင်ရ။ ကျွန်တော် တို့ရောက်သည့်အချိန်၌ မြသပိတ်တောင်သည် တိမ်သရဖူကို ဆောင်းထားသည်။ မြူတွေ က ဝိုးဝါးထွေးနေသည်။ မိုးမှု န်ကလေးများ က တဖွဲဖွဲ ကျနေလိုက်သေးသည်။ ကြည့်လေရာတွင် တိမ်တွေ ၊ မြူတွေ ၊ မိုးနှင်းတွေ ။
တိမ်တွေ ၊ မြူတွေ ၊ မိုးနှင်းတွေ ထဲတွင် သထုံ၏ ပစ္စုပ္ပန်ရုပ်ပုံလွှာကို မမြင်ရသော်လည်း အတိတ်ရုပ်ပုံလွှာကိုကား ဝိုးတိုးဝါးတားမြင်နေရသည်ဟုကျွန်တော် ထင်နေသည်။ သုဝဏ္ဏဘူမိ မြို့သင်္ဘောဆိပ်ကမ်း၊ မဇ္ဈိမတိုင်းသားတို့၏ ရွက်လှေကြီးများ ၊ အာရေဗျကုန်သည်များ ၊ မွန် လယ်သမားများ ၊ ရှင်အရဟံ၊ သြရိသနယ်သားသင်္ဘောသားများ ၊ အာသော ကမင်းကြီး၏ ဆရာ တော် များ ဖြစ်ကြသော ဥတ္တရမထေရ်နှင့် သော နမထေရ်တို့၏ သုဝဏ္ဏဘူမိ သာသနာပြုခရီး၊ ကု လားခြေလျင်သူရဲဗျတ်ဝိနှင့် သူချစ်သူ မအိုဇာ၊ ရာဇဝတ်ဘေးကြောင့် ပုဂံသို့ ထွက်ပြေးခဲ့သည့် ညီငယ်ဗျတ္တ၊ ထေရဝါဒဗုဒ္ဓဘာသာခေတ်ဦး၊ မင်းကျောင်းဆရာတော် ၊ ပိဋကတ်အစုံသုံးဆယ်၊ အနော်ရထာစစ်ပွဲများ ၊ စစ်သုံ့ပန်း၊ မနူဟာ၊ သုဓမ္မဝတီခေါ် သုဝဏ္ဏဘူမိ။
သုဝဏ္ဏဘူမိဆိုသည်မှာ ရွှေထွက်မြေ၊ ကောင်းသော မြေ၊ အဆင်းလှသော မြေ၊ မွန်တို့ က ရှေးဦးမြို့တော် ကို သုဝဏ္ဏဓုံ(အဆင်းလှသော မြို့)ဟုခေါ်ခဲ့ကြသည်။ နောက်မှ ဝဏ္ဏကိုချေ၍ သုဓုံ (လှသော ၊ ကောင်းသော မြို့)၊ ထိုမှ သထုံ ဖြစ်လာသည်ဟုဆိုကြသည်။
မြသပိတ်တောင်ပေါ်မှနေ၍ အောက်တွင် တရွေ့ရွေ့လွင့်မျောနေသော တိမ်တိုက် များ ကို ငေးကြည့်ရင်း ကျွန်တော် မျက်စိတွင် အတိတ်က ရုပ်ပုံကားချပ်တွေ တဖျတ်ဖျတ် ပေါ်လာကြသည်။ ထိုရုပ်ပုံကားချပ်များ ကြားမှ နောက်ဆက်တွဲ ရုပ်ပုံကားချပ်များ ပေါ်လာကြသည်။ ၈ျပန်ခေတ်အတွင်းက ဂျပန်တို့၏ သတ်ဖြတ်မူကို ခံသွားရသည့်ဂျပန်တော် လှန်ရေး သမားများ ၏ သထုံ။ ပြည်တွင်းစစ်ကာလ သထုံ။ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ရသည့်သထုံ။ ပစ္စုပ္ပန် သထုံ။ နာရီစင်၊ ရွှေစာရံစေတီတော် ။
''ဟော ဟိုကမြင်ရတာ မော်လမြိုင်ကားလမ်းပဲ''
အိမ်ရှင်ဦးအေးသန့်၏ အသံကို ကြားတော့မှ ကျွန်တော် စိတ်သည် ပစ္စုပ္ပန်သို့ ပြန် ရောက်လာသည်။
သြော် ဟုတ်ပေသားပဲ။ တိမ်တွေ ကွဲသွားကြပြီ။ မြူတွေ လွင့်သွားကြပြီ။ မိုးနှင်းမှု န် မှု န်ကလေးတွေ စဲသွားကြပြီ။
နေသည် ထန်းလုလင်တစ်ဖျားလောက် ရောက်နေပြီ။ နေခြည်သည် ဝင်းပနေသည်။ နေကလည်း ဝင်းပနေသည်။ ကဗျာဆရာ 'ဘလော့'ပြောခဲ့သည့်'ဝင်းပသော လေ'ဆိုသည်မှာ သည်လိုလေမျိုး ဖြစ်မည် ထင်သည်။ လေသည် မွှေးမြနေသည်။ နေခြည်ကလည်း မွှေးမြနေ သည်။ ကဗျာဆရာ'ပက်စတာနက်'ပြောသည့်'မွှေးမြသော နေခြည်'ဆိုသည်မှာ သည်လိုနေခြည် မျိုး ဖြစ်မည် ထင်သည်။
ကျွန်တော် သည် သူညွှန်ပြသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။ နေခြည်ဝင်းပ အောက်က ရေဖွေးဖွေးတွေ ကြားတွင် သစ်ပင်တန်းတွေ အုပ်ဝေနေသော မျဉ်းဖြောင့်တစ် ကြောင်းကို မြင်ရသည်။
''ဆရာတို့ကို ဒီမှာ အေးအေးဆေးဆေးနေပြီး လိုက်ပို့ချင်တာ၊ နောက်နှစ် ကျရင် တော့ ဖိတ်ဦးမယ်၊ အဲဒီ တော့မှ နှံ့အောင် လိုက်ပို့ရမယ်''
ကျွန်တော် တို့သည် ကျွန်တော် တို့ လမ်းလျှောက်အဖွဲ့ဝင် ဦးအေးသန့်နှင့် ဒေါ်အေးရီ တို့မိခင်ကြီး၏ (၇၆)နှစ် ပြည့်မွေးနေ့သို့ လာခဲ့ခြင်း ဖြစ်သည်။
''ကျွန်တော် တို့အမေ မွေးနေ့ကို ဆရာတို့ကို ဖိတ်ရမည် ၊ လိုက် ဖြစ်အောင် လိုက်ခဲ့ပါ'' ဟု သူက အစောကြီးကတည်းက ကြိုပြောထားသည်။ ကျွန်တော် ကလည်း ''လိုက်တာပေါ့''ဟု ခပ်လွယ်လွယ်ပင် ပြောလိုက်သည်။ ကျွန်တော် တို့က ရန်ကုန်မှာ သူ့မိခင်'ဒေါ်ငြိမ်းယဉ်' မွေးနေ့ ပွဲက သထုံမှာ ။
နာရေး ကိစ္စမှလွဲလျှင် မင်္ဂလာဆောင်တို့၊ မွေးနေ့ဧည့်ခံပွဲတို့ကို ကျွန်တော် မရောက် တတ်ပါ။ လက်ဆောင်ပစ္စည်းလောက်ကိုသာ ရောက်အောင် ပို့ ဖြစ်ပါသည်။ ယခု သထုံက မွေး နေ့ကိုမူ သာ၍ ရောက်စရာ အကြောင်းမရှိ။
သို့ ရာတွင် ဦးအေးသန့်ကမူ အလေးအနက် ထားသည်။ သူ့အစီအစဉ်ကို ပြောပြ သည်။
''အဘွားကြီးက အသက်(၇၆)နှစ် ရှိပြီ ဆရာ၊ အရင်တုန်း ကတော့ ကျွန်တော် တို့လည်း အဘွားကြီးရဲ့ မွေးနေ့ကို နှစ် စဉ်လိုလို မလုပ် ဖြစ်ပါဘူး၊ တစ်ခါတစ်ရံမှ လုပ် ဖြစ်တာပါ၊ ဒါပေမဲ့ လွန်ခဲ့တဲ့ ၂ဝ နှစ် ကျော်ကျော်လောက်တုန်း ကတော့ အဘွားကြီး ကင်ဆာ ဖြစ်သည်၊ ဝဝဖိုင့်ဖိုင့် အဘွားကြီးဟာ အရိုးပေါ်အရေတင်ရုံလောက်ပဲ ကျန်တော့တယ်၊ သူ့ကို ဆေးသွင်းတယ်၊ ဓာတ်မှန်ရိုက်တယ်၊ ဆံပင်တွေ ကျွတ်ပြီး ခေါင်းတုံး ဖြစ်သွားတာကလွဲလို့ ဘာမှမထူးဘူး၊ ဆရာ ဝန်တွေ ကလည်း လက်လျှော့လိုက်ကြသည်။ နောက်ခြောက်လပဲ ခံတော့မယ်တဲ့၊ ဒါနဲ့ ကျွန် တော် တို့လည်း ကင်ဆာဝါ့ဒ်ကနေ အိမ်ပြန်ယူလာခဲ့ရတာ ပေါ့၊ အိမ်ရောက်တော့ မြန်မာဆေးနဲ့ ကုတာ ခုတော့ပျောက်သွားပြီ ဆရာရေ့၊ ဆယ်နှစ် ကျော်လာပြီ ဘာမှမ ဖြစ်တော့ဘူး၊ ကျန်းမာ လိုက်တာမှ ဒေါင်ဒေါင်ကိုမြည် နေတာပဲ၊ သူဟာ သေလူတဲ့၊ ခုနေရတာ ဟာ အပိုနေရတာ တဲ့၊ ဒီလိုအပိုနေရတဲ့သက်တမ်းမှာ တတ်နိုင်သမျှ ကုသိုလ်ကောင်းမှု လုပ်သွားချင်တယ်တဲ့၊ သူ့မှာ ရှိ တဲ့ငွေနဲ့ဘုရားတည်၊ ကျောင်းဆောက်၊ ဆေးရုံဆောက် တတ်နိုင်သလောက်လုပ်နေတာပဲ၊ မွေး နေ့ကိုတော့ ကျွန်တော် တို့က သူ့အတွက် နှစ် တိုင်းလုပ်ပေးတယ်၊ မွေးနေ့ဆိုတာထက် အလှူ လို့ပြောပါတော့ ဆရာ၊ ဒီနှစ် မှာ သံဃာတော် တွေ ကို သက်စေ့ ဒွိစုံသင်္ကန်းကပ်မယ်၊ ထီးတို့၊ ဖိနပ်တို့စတဲ့အခြားအသုံးအဆောင်တွေ ကိုလည်း လှူဒါန်းမယ်၊ လူတွေ ကိုလည်း ဖိတ်ကျွေးမယ်၊ ဟိုတစ်နှစ် ကတော့ ကျွန်တော် သိမ်ဆိပ်မှာ ရွာလုံးကျွတ် အလှူလုပ်ပြီး တိုက်နယ်ဆေးရုံ တစ်ရုံမှာ အဆောင်တစ်ဆောင်ဆောက်ပြီး လှူခဲ့တယ်၊ ကင်ဆာ လူမမာဘဝက ပြန်နာလန်ထ ကတည်းက နှစ် တိုင်းနှစ် တိုင်း လုပ်ခဲ့တာပဲ ဆရာ၊ ဒီနှစ် တော့ ကျွန်တော် တို့လမ်းလျှောက်အဖွဲ့ လိုက်စေချင်တယ်၊ ကျွန်တော် တို့မော်လမြိုင်အသင်းက အမှု ဆောင်အတော် များများ လည်း လိုက်ကြလိမ့်မယ်၊ အပျင်းပြေ၊ အပန်းပြေပေါ့ဆရာရယ်၊ ရန်ကုန်မြို့ထဲမှာ ချည်း အောင်းနေရ တော့ မွန်းလှတယ်''
ဦးအေးသန့်နှင့် ဇနီးတို့သည် ရန်ကုန်ရောက် ကျိုက်ကော်သား/ကျိုက်ကော်သူများ ဖြစ်သည်။ သူတို့သည် နှစ် တိုင်း ရန်ကုန်မှမိတ်ဆွေများ ကို ဖိတ်လေ့ရှိသည်။ သည်နှစ် တော့ ကျွန်တော် တို့ကိုပါ မရအရ ခေါ်နေသည်။
တကယ်တော့ ကျွန်တော် တို့ လမ်းလျှောက်အဖွဲ့တစ်ဖွဲ့လုံး လိုက်ဖို့ဆိုသည်မှာ သိပ် မလွယ်။ ကိုယ်ရေး ကိုယ်တာကိစ္စတွေ ရှိကြသည်။ အားလုံးစုံမှ သွားဖို့ဆိုသည်မှာ မ ဖြစ်နိုင်။
''ဆရာက ခရီးသွားနေလို့ မပြော ဖြစ်တာ၊ တခြားအဖွဲ့ဝင်တွေ ကိုတော့ပြောပြီးပြီ၊ တော် တော် များများ လိုက် ဖြစ်မယ်ထင်တယ်၊ လူစုံ မလိုက်နိုင်ရင်လည်း တတ်နိုင်သလောက်ပေါ့၊ ကျွန်တော် စီစဉ်ပြီးပြီ၊ ရန်ကုန်က ဧည့်သည်တွေ ကို ခေါ်ဖို့ ဟီးရိုးကားကြီးတစ်စင်း ငှားပြီးပြီ၊ ဒီကမနက် ၆ နာရီထွက်မယ်၊ မုပ္ပလင်မှာ လက်ဖက်ရည်သောက်မယ်၊ ကျိုက်ကောက်သိမ်ဆိပ်မှာ နေရာချပေးမယ်၊ ဟိုမှာ ကျွန်တော့် ညီအိမ် အလွတ်တစ်လုံးရှိတယ်၊ အိမ်က ဆောက်ပြီးခါစ၊ လူတောင် မနေရသေးဘူး၊ အိမ်အသစ်စက်စက်။ ရေ၊ မီး၊ အိမ်သာ၊ ရေချိုးခန်း၊ အားလုံး ပြည့်စုံတယ်၊ အဲဒီ မှာ တည်းမယ်၊ ကျိုက်ကော်-သိမ်ဆိပ်မှာ ပဲ မနက်စာစားမယ်၊ စားပြီးရင် သထုံကို သွားမယ်၊ ရန်ကုန်နဲ့သထုံက ငါးနာရီကျော်လောက်ပဲ မောင်းရတာ ၊ သထုံနှင့် ကျိုက် ကော်-သိမ်ဆိပ်ဆိုတာ ကတော့ အိမ်ဦးနဲ့ကြမ်းပြင်။ ဆယ်မိုင်ကျော်ကျော်လောက်ပဲဝေးတယ်၊ သထုံမှာ ခဏနေပြီး လက်ဖက်ရည်သောက်မယ်၊ ပြီးတော့ ဘုရားတွေ ဖူးမယ်၊ မြို့ကိုကြည့်မယ်၊ သထုံက ကျွန်တော် တို့အမေအိမ်မှာ ညစာစားမယ်၊ ညစာစားပြီး ကျိုက်ကော်-သိမ်ဆိပ်ကို ပြန် မယ်''
ဦးအေးသန့်က သူ့အစီအစဉ်ကို ပြောပြသည်။ ပြောရုံသာ မဟုတ်။ ကွန်ပျူတာဖြင့် အင်္ဂလိပ်လို ရိုက်ထားသည့်အစီအစဉ် စာရွက်ကြီးကို ပြသည်။ အရာရှိကြီးတွေ လုပ်လာခဲ့သဖြင့် ရုံးလုပ်ငန်း ဆန်နေသည်လား မပြောတတ်။
''နောက်တစ်နေ့မနက် ကျိုက်ကော်-သိမ်ဆိပ်ကနေ သထုံကို သွားမယ်၊ မြသပိတ် တောင်ကို တက်မယ်၊ ဒါ ကတော့ တက်ချင်တဲ့လူ တက်ပေါ့၊ မတက်ချင်တဲ့လူ ကတော့ နားပေါ့၊ ပြီးတော့ မွေးနေ့ပါတီ လုပ်မယ်၊ မွေးနေ့ပါတီဆိုတာ ဘုန်းတော် ကြီးတွေ ကို ဆွမ်းကျွေးပြီး လှူ ဖွယ်ဝတ္ထုတွေ နဲ့နဝကမ္မအလှူငွေတွေ ကို ဆက်ကပ်မယ်၊ ပြီးတော့ ကျွန်တော် တို့ မနက်စာ စား မယ်၊ ကျိုက်ကော်ကျွန်တော့် ညီ'ကိုအေးလွင်'တို့က ဧည့်သည်တွေ ကို ငါးပေါင်းထုပ်ကျွေးဖို့ စီစဉ်ထားလို့ ခဏဝင်စားမယ်၊ ပြီးတော့ ရန်ကုန်ကို ထွက်မယ်၊ ညနေ ၇ နာရီနဲ့ ၈ နာရီကြားမှာ ပြန်ရောက်မယ်''
သူ့ခရီးမှာ တစ်ညအိပ်ခရီး ဖြစ်သည်။ ခရီးလည်း ဘာမှမဝေး။ သည်တော့ ကျွန်တော် တို့ အဖွဲ့သားများ တော် တော် များများ လိုက် ဖြစ်သွားသည်။
ချိန်းသည့်နေ့တွင် ကျွန်တော် တို့ ထွက် ဖြစ်ခဲ့ကြသည်။ သို့ ရာတွင် ချိန်းသည့်အချိန် တွင် တော့ မထွက် ဖြစ်။ မော်တော် ကားသည် ကျွန်တော် တို့ချိန်းထားသည့်နေရာသို့ တစ်နာရီ နောက်ကျပြီးမှ ရောက်လာသည်။
ကျွန်တော် တို့အဖွဲ့တွင် လူစုံ။ အငြိမ်းစားပါမောက္ခ၊ အငြိမ်းစား အထူးကုဆရာဝန် ကြီး၊ အငြိမ်းစားညွှန်ကြားရေး မှူးချုပ်၊ အငြိမ်းစားသံအမတ်၊ အငြိမ်းစားဗိုလ်မှူးကြီး၊ အ ငြိမ်းစား ပညာရေး မှူး၊ လူစုံပါသည်။ အမျိုးသား (၁၇)ယောက် ၊ အမျိုးသမီး(၁၆)ယောက် ၊ အားလုံး (၃၃)ယောက် ဖြစ်သည်။ အမျိုးသားများ အားလုံးမှာ တစ်ခါက အရာရှိ မ ဖြစ်ဖူးသူဆို ၍ ကျွန်တော် တစ်ယောက် သာ ရှိမည် ထင့်။ (၁၁)ယောက် မှာ ကျွန်တော် တို့လမ်းလျှောက်အဖွဲ့သားများ ဖြစ်ပြီး ကျန်ခရီးသည်များ မှာ မော်လမြိုင်အသင်း အမှု ဆောင်လူကြီးများ ဖြစ်ကြ သည်။ သူတို့မှာ သည်ခရီးကို မကြာခဏ သွားဖူးကြပြီ။ မော်လမြိုင်သူ၊ မော်လမြိုင်သားတွေ ချည်း ဖြစ်သဖြင့် ဦးအေးသန့်တို့မိသားစုလည်း ရင်းနှီးပြီးသားတွေ ဖြစ်သည်။ သည်လိုခရီး ထွက်တတ်ခဲ့သည်မှာ နှစ် ခေါက်၊ သုံးခေါက်ရှိပြီ။ ထို့ကြောင့် သူတို့အထဲတွင် ကျွန်တော် တို့က လူစိမ်းတွေ ဖြစ်နေသည်။
''ကျွန်တော် တို့အဖွဲ့သားတွေ က ပျော်တတ်တယ်နော်၊ သီချင်းဆိုတတ်တဲ့လူလည်း ပါ တယ်၊ ကတတ်တဲ့လူလည်း ပါတယ်၊ ပျော်ပျော်ပါးပါးပေါ့''
ဦးအေးသန့်က ပြောထားသည့်စကား ရှိသည်။
ဟီးရိုးမော်တော် ကားကြီးသည် မိုးမှု န်ဖွဲဖွဲတွင် ရန်ကုန်မြို့ပြင်သို့ ထွက်လာသည်။ တိုက်သစ်များ ၊ လမ်းသစ်များ ၊ အချို့နေရာများ ကို ကျွန်တော် မှတ်မိတော့။ အသွင်ပြောင်း နေသည်။
၁၉၈၈-ခုနှစ် နောက်ပိုင်းမှစ၍ မော်တော် ကားဖြင့် ခရီးရှည် မထွက် ဖြစ်ခဲ့သည်မှာ ကြာပြီ။ နှစ် ဆန်းတုန်း ကတော့ စာရေး ဆရာမ ခင်နှင်းယု၊ ကလျာ(ဝိဇ္ဇာ-သိပ္ပံ)တို့နှင့် အတူ ဟီးရိုးကားကြီးနှင့် ပုဂံ၊ ပခုက္ကူ၊ မုံရွာ၊ မန္တလေး၊ ရန်ကုန် ခရီးရှည်ဆယ်ရက်ထွက် ဖြစ်ခဲ့သည်။ ယခုအကြိမ်မှာ ဒုတိယအကြိမ် မော်တော် ကားခရီး ဖြစ်သည်။
''စိတ်ချလက်ချ ကြည်ဖြူချင်၊ ဤကမ္ဘာတွင် သူပဲစွဲလို့သာပင်၊ သစ္စာတော် ပန်း မသွေ တမ်းကြင်''
ကျွန်တော် တွေးလို့ကောင်းနေတုန်း မေရှင်၏ 'ပျိုမှာ တမ်း'ကို ကြားလိုက်ရသည်။ မော်တော် ကားကက်ဆက်မှ ထွက်ပေါ်လာခြင်း မဟုတ်ပါ။ ကျွန်တော် တို့အထဲမှ မမရီ၏ အသံ ဖြစ်သည်။ အသံရောက်အောင် ဆိုနိုင်သည်။ စာပေါင်ပဲ့သည်။ ရှင်းလင်းသည်။
''ကဲ . . . ကဲ လမ်းလျှောက်တဲ့ကျွန်တော် တို့အဖွဲ့က ဆိုကြပါ''
ဦးအေးသန့်က ဦးပိုင်းမှထ၍ သူ့အဖွဲ့သားတွေ ကို ဆော်သြသည်။ ကျွန်တော် တို့သည် တစ်ယောက် မျက်နှာ တစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ သူတို့က လူရင်းတွေ ချည်း။ ကျွန် တော် တို့က လူစိမ်းတွေ ။ လိုက်ဆို၍ ဖြစ်မှ ဖြစ်ပါမလား။ စိန်ကောင်း ကျောက်ကောင်း ရောင်း တုန်း ဆေးရိုးသည်က ကန့်လန့်အ ဖြစ်မျိုး ရောက်လျှင် မကောင်း။ နည်းနည်း လည်း အမ်း နေကြသည်။
မမရီက 'ပျိုမှာ တမ်း'ပြီးလျှင် 'ဖိုးသာအောင်'ကို ဆက်ဆိုသည်။ သူတို့အဖွဲ့သားတွေ က လက်ခုပ်လိုက်တီးကြသည်။ လိုက်ဆိုကြသည်။ ကျွန်တော် တို့က ဟိုငေးသည်ငေး၊ ဟိုကြည့် သည်ကြည့်၊ သ်ီချင်းလည်း လိုက်မဆို၊ လက်ခုပ်လည်း လိုက်မတီး။
ခဏနေတော့ ကားအလယ်ကောင်က အူလမ်းကြောင်းမှပစ္စည်းတွေ ကို ရှင်းပြီး ဒေါ်အေမီက အိန္ဒိယအကကို ကသည်။ ကျွန်တော် တို့က ဟိုငေးသလို၊ သည်ငေးသလိုလို။ ပြုံး သလိုလို ရယ်သလိုလို။
ဒေါ်အေမီပြီးတော့ ဒေါ်တင်ကြည် ထကသည်။ ပထမတော့ အရွှန်းအပြက်ကသည် ဟုထင်လိုက်မိသေးသည်။ မဟုတ်ပါ။ လှပစွာ ၊ နွဲ့နှောင်းစွာ ၊ ကျွမ်းကျင်စွာ ကခြင်း ဖြစ်ပါသည်။ သူ ခေါင်းငဲ့ပုံ၊ သူ့ပခုံးချီပုံ၊ သူ ခါးနွဲ့ပုံ၊ သူ လက်ကွေးပုံ၊ သူ ခြေသိမ်းပုံတို့သည် တကယ့် မင်း သမီးဟန်။ တကယ့်ကချေသည်ဟန်။ တကယ့်သဘင်သည်ဟန်။ သူ့အကသည် ကဗျာ တစ်ပုဒ် လိုလှသည်။
ကျွန်တော် သည် ပိတ်ကားပေါ်တွင် ၊ စင်မြင့်ပေါ်တွင် မဟုတ်ဘဲ အရပ်ဝတ် အရပ်စား ဖြင့် သီတာဝင်း ကျွန်တော် တို့ကို အလွတ်ကပြဖူးသည်ကို ကြည့်ခဲ့ဖူးပါသည်။ မန္တလေး ပန်တျာ ခင်ဝင်းနွယ် ကျွန်တော် တို့အား အလွတ်ကပြသည်ကို ကြည့်ခဲ့ဖူးပါသည်။ ခိုင်မာလာနှင်းဆီကို ဝင်းဦးရိုက်ခဲ့စဉ်က စိန်မောင်စတူဒီယိုတွင် ခင်သန်းနု အလွတ်ကပြသည်ကိုလည်း ကြည့်ခဲ့ဖူး ပါသည်။
ကျွန်တ်ာသည် ဒေါ်တင်ကြည်၏ အကကို ကြည့်ရင်း သူတို့တစ်တွေ ၏ ကဟန်များ ကို သတိရနေလေသည်။
မုပ္ပလင်မှာ နားပြီးနောက် ခရီးဆက်သည့်အခါတွင် မမရီသည် သီချင်းတွေ ကို တစ် ပုဒ်ပြီးတစ်ပုဒ် ဆိုသည်။ သူ့ဘေးတွင် လိုက်လာသည့်မမတင်ကလည်း လိုက်ဆိုသည်။ နောက် တော့ ကားထဲတွင် ပါလာသူများ အားလုံးပင် လိုက်ဆိုသည်။
ကျွန်တော် တို့လမ်းလျှောက်အဖွဲ့ ကတော့ လိုက်မဆိုကြပါ။ သို့ ရာတွင် စစ်တောင်းတံ တား တစ်ဖက်တုန်းကလို၊ ဟိုငေးသလိုလို၊ ပြုံးသလိုလို၊ ရယ်သလိုလိုတော့ မဟုတ်ြ ကတော့ပါ။ ရေခဲသည် အရည်ပျော်စ ပြုလေပြီ။ ကျွန်တော် ရှေ့က ဆရာဝန်ကြီးသည် လက်ခုပ်တီးနေပါပြီ။ ကျွန်တော့်နောက်ကအငြိမ်းစားပညာရေး မှူးကြီးသည်လည်း ပေါင်ပုတ်၍ စည်းလိုက်နေပါပြီ။ အငြိမ်းစားညွှန်ကြားရေး မှူးကြီးသည်လည်းကောင်း၊ အငြိမ်းစားအရေး ပိုင်ကြီးသည်လည်း ကောင်း၊ ညွှန်မှူးကြီးနှစ် ဦးသည်လည်းကောင်း၊ အာမခံကိုယ်စားလှယ်ကြီးသည်လည်း ကောင်း၊ ပါမောက္ခကြီးသည်လည်းကောင်း လက်ခုပ်တီးနေကြပါပြီ။
သူတို့ကိုကြည့်ပြီး ကျွန်တော့်ကိုယ်ကျွန်တော် ပြန်ကြည့်လိုက်သော အခါတွင် ကျွန် တော် သည်လည်း လက်ခုပ်တီးနေသည်ကို တွေ့ ရသည်။
မိသားစုကိစ္စတွေ ၊ လူမှု ကိစ္စတွေ ၊ အလုပ်တာဝန်တွေ ၊ ကတိတွေ ၊ စိတ်ညစ်စရာတွေ ၊ မျှော်မှန်းချက်တွေ ၊ စိတ်တိုင်းမကျမှု တွေ ၊ ဘဝင်မကျမူတွေ ၊ ဒေါသတွေ အားလုံးကို မေ့ သွားပါ သည်။
ဂရိဒဿနဆရာ 'အရစ္စတိုတယ်'က နစ္စ၊ ဂီတ၊ ဝါဒိသ စသည့်သီချင်းကပြမှု နှင့် ပတ် သက်သော ရသခံစားမှု ၏ အနက်ကို ဖွင့်ဆိုရာတွင် စိတ်လှုပ်ရှားမှု ကို ဆေးကြောသန့်စင်ပစ်ခြင်း ဟု (သြမေူ ဃအေ့မျေငျ)ဖွင့်ဆိုခဲ့၏ ။ ကိုယ်တွင်းတွင် ရှိသည့်အညစ်အကြေးတို့ကို ဝမ်းနုတ်ဆေး စား၍ သန့်စင်အောင် ထုတ်လိုက်သကဲ့သို သီဆိုကခုန်မှု တို့ကို ခံစားရင်ထဲတွင် တင်းကျပ်ပြည့် သိပ်နေသော ခံစားချက်တို့ကို ဆေးကြောသန့်စင်ပစ်လိုက်သည်ဆိုသည့်သဘောပင် ဖြစ်သည်။
ကျိုက်ကော်-သိမ်ဆိပ်သို့ ရောက်သည့်အခါတွင် ကျွန်တ်ာတို့မောလည်း မောလှပြီ။ ထမင်းလည်း ဆာလှပြီ။
ဒေါ်တင်ကြည်၊ မမရီနှင့် မမတင်တို့ကမူ ကျွန်တော် တို့အားလုံး ထက်ပင် မောပေလိမ့် မည် ။
မော်လမြိုင်ကို မော်တော် ကားဖြင့် နှစ် ခေါက်သုံးခေါက် ရောက်ဖူးသော်လည်း ကျိုက်ကော်-သိမ်ဆိပ်ကို ကျွန်တော် သတိမထားမိခဲ့။ ကျိုက်ကော်-သိမ်ဆိပ်သည် ကျွန်တော့်  အတွက် ''အသစ်တွေ့ ရှိချက်'' ဖြစ်သည်ဟုဆိုရမည် ထင်သည်။ ဘေးတစ်ဖက်ချက်တွင် ရာဘာ တောတွေ က စိမ်းညိုနေသည်။ ရာဘာတွေ ကြားတွင် နာနတ်ခြံတွေ ၊ ဒူးရင်းခြံတွေ ကို မြင်ရ သည်။ ကားလမ်းဝဲဘက်တွင် တောင်တန်းများ က နီးလာလိုက်၊ ဝေးသွားလိုက်။ လမ်းတစ် လျှောက်တွင် ရွာဆက်ပြတ်သည်ဟူ၍ မရှိ။ ရွာကို ကျော်လာလျှင် ခြံတွေ ၊ လယ်ကွင်းတွေ ။
ကျိုက်ကော်-သိမ်ဆိပ်သည် အစိမ်းရောင် ဖြင့် လွင်နေသော လေသည် ဒူးရင်းနံ့ဖြင့် မွှေးနေသည်။
ကျိုက်ကော်နှင့် သိမ်ဆိပ်မှာ တစ်ရွာတည်းလို ဖြစ်နေသည်။ ချောင်းကလေး တစ် ချောင်းက ရွာနှစ် ရွာကြားတွင် ကွေ့ကောက်စီးနေသည်။
ကျွန်တော် တို့ကို အိမ်သစ်တစ်လုံး နေရာပေးသည်။ အိမ်က ခေတ်မီလှပစွာ ဆောက် ထားသည့်အိမ်သစ်ကလေး။ လူပင် မနေရသေး။ ရေအိမ်၊ ရေချိုးခန်းစသည်တို့ဖြင့် အစစ အရာရာ အဆင်ပြေသည်။ ကျွန်တော် တို့အမျိုးသားတစ်သိုက်က ထိုအိမ်ကလေးတွင် စတည်း ချပြီး အမျိုးသမီးများ က ဦးအေးသန့်၊ ဒေါ်အေးရီတို့၏ မောင်၊ ကိုအေးလွင်တို့အိမ်မှာ တည်း ကြသည်။ ကိုအေးလွင်တို့အိမ်မှာ တော် တော် ကြီးသည့်ခေတ်မီနှစ် ထပ်တိုက်ကြီး ဖြစ်သည်။ ဝင်းနှင့် ခြံနှင့် မော်တော် ကားဂိုဒေါင်နှင့် ။ ခေတ်မီဗိသုကာ ပညာရပ်သည် ကျေးလက်သို့ ရောက်နေ ပေပြီ။ လွန်ခဲ့သည့်ဧပြီလဆန်းတုန်းကလည်း ကချင်ပြည်နယ် ဟိုပင်က အိမ်တစ်အိမ်ကို ကျွန် တော် ရောက်ခဲ့ဖူးသည်။ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ မီးဖိုစသည်တို့ကို ခေတ်မီစွာ ဖွဲ့ထားပြီး ပါကေးခင်းကျွန်းပေါ်တွင် ကော်ဇောတွေ ခင်းထားသော ခေတ်မီဆိုဖာကြီးတွေ နှင့် လှပသော တိုက်ကြီးတစ်တိုက် ဖြစ်သည်။ ယခု ကိုအေးလွင်တို့တိုက်မှာ လည်း ကျေးလက်က နေ ရာထိုင်ခင်းနှင့် မတူ။ မြို့ပြ၏ အဆောင်အယောင်တွေ အပြည့်။
ကိုအေးလွင်တို့အိမ်တွင် မနက်စာ စားပြီးနောက် ကျွန်တော် တို့သည် သထုံသို့ ထွက် လာခဲ့သည်။
သထုံနှင့် ကျိုက်ကော်-သိမ်ဆိပ်မှာ ဘာမှမဝေး။ ဆယ်မိုင်လောက်သာဝေးသည်။ လမ်းတွင် ကျွန်တော် တို့သည် အလံတစ်ရာဘုရားကိုလည်း ဝင်ဖူးခဲ့ကြသည်။ အလံတစ်ရာ ဘုရားအဝင်တွင် ကြီးမားသော ကံ့ကော်ပင်များ တန်းစီ၍ ပေါက်နေသည်ကို တွေ့ ရသည်။ သည်လောက်ကြီးမား၍ သည်လောက်များ ပြားသည့်ကံ့ကော်ပင်တွေ ကို ကျွန်တော် ဘယ်မှာ မှ မတွေ့ ဖူးသေး။ ကံ့ကော်ပင်များ သည် အုပ်မိုးကာ ကံ့ကော်ကိုင်းများ မြေပြင်ထိအောင် ညွှတ် ကျနေသည်။
''ဒီကံ့ကော်ပင်ကြီးတွေ က သက်တမ်းကြာလှပြီ။ ကျွန်တော် တို့ ငယ်ငယ်ကတည်းက ဒီလိုပဲ မြေပြင်ကို ကိုင်းညွတ်ကျနေတာပဲ၊ ကံ့ကော်ပင်အောက် ရောက်ရင် လူကို မမြင်ရတော့ ဘူး၊ ကံ့ကော်ကိုင်းတွေ ဖုံးနေတာနဲ့ လူကို မနည်းကြည့်ယူရတယ်၊ ကံ့ကော်ပွင့်ချိန်ဆိုရင် ဒီနား တစ်ဝိုက်မှာ မွှေးနေတာပဲ'' ဦးအေးသန့်က ပြောပြသည်။
ထိုမျှများ ပြားသော ကံ့ကော်ပင်များ ကို စိုက်ထားရခြင်းမှာ ကံ့ကော်ပင်ခြေရင်းတွင် ပွင့်တော် မူမည့် အရိမေတ္တယျမြတ်စွာ ဘုရားကို ပူဇော်သော အားဖြင့် စိုက်ထားခြင်း ဖြစ်သည်ဟု သိရသည်။ ကျွန်တော် သည် မော်လမြိုင်သို့ ကားလမ်းဖြင့် သွားစဉ် အလံတစ်ရာစေတီတော် ကြီး ကို အဝေးမှနေကြည့်လျှင် တောတန်းတွေ နောက်ခံထားပြီး ကွင်းပြင်ထီးတည်းကြီးတွင် တည်ထားခြင်း ဖြစ်သဖြင့် မုံရွာဘက်မှ အဝင်ဖူးမြင်ရသော စစ်ကိုင်း ကောင်းမှု တော် စေတီကြီးကို ဖူး မြင်ရသလို ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းမိုးထားသည်ဟု စိတ်ထဲတွင် ခံစားရသည်။ မော် တော် ကားလမ်းမကြီးမှ ချိုးဝင်၍ ကုန်းပြေပြေကလေးအတိုင်း တက်ခဲ့လျှင် ကံ့ကော်ပင်တန်း များ ကို ရောက်သည်။
ကံ့ကော်ပင်တန်းအနီးတွင် မော်တော် ကားကိုရပ်ပြီး စေတီတော် ကြီးကို အနီးကပ် ဖူး မြော်လိုက်သည့်အခါတွင် တောင်တန်းတွေ ၊ သစ်ပင်တွေ မရှိတော့။ မိုးတိမ်တို့ဖြင့် မှိုင်းညိုနေ သော ကောင်းကင်ကြီးသော ကျန်တော့သည်။ စေတီတော် ကြီးသည် ဧကတစ်ရာရှိသော ပရိ ဝုဏ်ထဲတွင် အထီးတည်း စံပယ်နေသကဲ့သို့ ရှိသည်။
အများ ကသာ အလံတစ်ရာဘုရားဟုခေါ်နေကြသော်လည်း မဟာသော ဏ္ဍာရစေတီ တော် ဟုလည်းကောင်း၊ ကမ္ဘာအေးစေတီဟုလည်းကောင်း၊ တစ်နေရာတွင် ကမ္ပည်းထိုးထား သည်။
အလံတစ်ရာစေတီတော် ကြီးကို ဦးစီး၍ တည်သူပုဂ္ဂိုလ်တို့မှာ ပအိုဝ့်အမျိုးသားဆရာ တော် ကြီး အရှင်စန္ဒနဝံသ ဖြစ်သည်။ ၁၂၇၅ ခုဖွား ဖြစ်၍ ကိုရင်ကြီးဘဝအရောက်တွင် ဘီး လင်းမြို့နယ် ရွှေရောင် ပြတောရကျောင်းဆရာတော် ဦးအာလောကထံတွင် အရညဝါသီတောရ ဆောက်တည်နည်းနှင့် အခြားဓူတင်ကျင့်နည်းတို့ကို လေ့လာခံယူကာ ထိုနည်းအတိုင်း သက် သတ်လွတ် အာဟာရကို တစ်သက်လုံး ကျင့်သုံးဆောင်သွားခဲ့သည်။
အရှင်စန္ဒနဝံသသည် အလံတစ်ရာစေတီတော် ကြီး မတည်မီက အလံတစ်ရာဘုရား တောင်ကုန်းအရှေ့ဘက်ရှိ မိုးမခတောင်တွင် အရညဝါသီတောရ ဆောက်တည်၍ သီတင်းသုံး ခဲ့သည်။ တစ်နေ့တွင် ယခု အလံတစ်ရာစေတီတော် နေရာ ကုန်းမြင့်အထက် ကောင်းကင်တွင် ဘုရားရှင်၏ ဓာတ်တော် ကွန့်မြူးနေသည်ကို အခြားသူများ နှင့် အတူ ဖူးမြင်လိုက်ရသည်ဟုဆို သည်။ ထိုစဉ်က ဆရာတော် အရှင်စန္ဒနဝံသသည် သီဟိုဠ်ကျွန်း အနုရာဓမြို့တော် တောင်ဘက်၊ မဟာဝိဟာရကျောင်းတိုက်တွင် သီတင်းသုံးတော် မူသော ရဟန္တာအရှင်မြတ်တစ်ပါး စီရင် တော် မူသည်ဟုအဆိုရှိသည့် ဆကေသဓာတုဝံကျမ်းကို တွေ့ ထားသည်ဟုဆိုသည်။
ထိုကျမ်းတွင် မြတ်စွာ ဘုရားက အရှင်အနုရုဒ္ဓါအစရှိသော ရဟန္တာခြောက်ပါးကို ဆံ တော် ခြောက်ဆူပေး၍ ပစ္စန္တရာဇ်တိုင်းရှိ အများ သတ္တဝါတို့အကျိုးအတွက် ဘုရားတည်လေဟု မိန့်တော် မူခဲ့ကြောင်း၊ ဤဆံတော် မြတ်တို့သည် သာသနာသက္ကရဇ်တစ်ဝက်လွန်လျှင် ပူဇော် သက္ကာရာကြီးစွာ ရမည် ဟု ဗျာဒိတ်ပေးတော် မူခဲ့ကြောင်းဖြင့် ထိုကျမ်းတွင် ပါရှိသည်ဟုဆိုသည်။
အရှင်အနုရုဒ္ဓါတို့ တည်ထားကိုးကွယ်ခဲ့သော ဓာတ်တော် မွေတော် တို့မှာ သာသနာ တစ်ဝက် မကျိုးမီတွင် တောကြိုချုံကြားတွင် ဆင်းရဲငြိုငြင်စွာ ကိန်းဝပ်ခဲ့ရကြောင်း၊ သို့ ရာတွင် သာသနာတစ်ဝက်လွန်သည်နှင့် အထူးပူဇော်သက္ကာရ ပြုခဲ့ရမည် ဖြစ်ကြောင်းဖြင့် ထိုကျမ်းတွင် ရေး ထားသည်ဟု ဆိုသည်။
မိုးမခတောင် တောရမှ အရှင်စန္ဒနဝံသသည် မိမိဖူးမြင်လိုက်ရ သော ဓာတ်တော် ၊ မွေတော် တို့ ရောင် ခြည်ကွန့်မြူးနေချက်နှင့် ဆံကေသ ဓာဝင်ကျမ်းအဆိုတို့ကို အခြေခံကာ ထိုနေရာတွင် အလံတစ်ရာစေတီတော် ကြီးကို တည်ခဲ့ခြင်း ဖြစ်သည်။
အလံတစ်ရာစေတီတော် ကြီးကို မြန်မာသက္ကရာဇ် ၁၃၁၄ ခုနှစ် တွင် စတင်တည်ခဲ့ပြီး၊ နောင် ၂၁ နှစ် အကြာ ၁၃၃၅ ခုနှစ် တွင် မူ အပြီးသတ်ခဲ့ခြင်း ဖြစ်သည်။
အလံတစ်ရာဘုရားဟုအမည် တွင် ရခြင်းမှာ Óဏ်တော် အမြင့် အလံတစ်ရာရှိအောင် တည်ရန် ရည်ရွယ်ခဲ့သော ကြောင့် ဖြစ်သည်။ ယနေ့ထိ စေတီ၏ Óဏ်တော် အမြင့်မှာ ပလ္လင်မှ စိန်ဖူးတော် အထိ ၄၂၉ ပေ ရှိသည်ဟုဆိုသည်။
အလံတစ်ရာစေတီတော် ကား လူထုက တည်သော စေတီတော် အစစ် ဖြစ်သည်။ ထို စေတီကို တည်သည့်အခါ၌ ဆရာတော် ကြီးအရှင်စန္ဒနဝံသသည် ငွေလုံးငွေရင်းဖြင့် ထည့်ဝင် မည့် အလှူရှင်ဆို၍ တစ်ဦးမျှမရှိ။ ကျေးလက်ရှိ မွန်အမျိုးသား၊ ကရင်အမျိုးသား၊ ပအိုဝ့် အမျိုးသားများ နှင့် မြန်မာအမျိုးသားတို့၏ မူးစုပဲစု ထည့်ဝင်ငွေကလေးများ ဖြင့် စတင်ခဲ့ခြင်း ဖြစ်သည်။ လုပ်မပေးနိုင်သဖြင့် လုပ်အားကိုလည်း ဆရာတော် ကြီး၏ သီလသိက္ခာ၊ သမာဓိ သိက္ခာ၊ ပညာသိက္ခာတို့ကို အရင်းတည်၍ အလှူခံသော ကြောင့် အနီးတစ်ဝိုက်ရှိ ကျေးလက်များ မှရွာသူရွာသားများ ၊ အထူးသဖြင့် ဆရာတော် ၏ မျိုးနွယ် ဖြစ်သော ပအိုဝ့်အမျိုးသားများ က စေတနာသန့်သန့်ဖြင့် လှူဒါန်းခဲ့ကြသော လုပ်အားဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယင်းအချက်သည်ပင်လျှင် အလံတစ်ရာစေတီတော် ကြီး၏ ထူးခြားချက်တစ်ရပ် ဖြစ် နေသည်ဟု ကျွန်တော် ထင်ပါသည်။
အလံတစ်ရာ စေတီတော် ကြီးကို တည်ခါစတုန်းက ဆရာတော် နှင့် တကွ ဦးပဉ္စင်းများ ၊ ကိုရင်များ ၊ ကျောင်းသားများ က စတင်၍ ကုန်းမြေပေါ်ရှိ ချုံနွယ်ပိတ်ပေါင်းတို့ကို ရှင်းလင်း ရသည်။ တောထွင်ရသည်။ ထို့နောက် ဆရာတော် က ပါရမီဆယ်ပါးအဖွဲ့ကို ဖွဲ့သည်။ ပါရမီ ဆယ်ပါးအဖွဲ့ဆိုသည်မှာ ရက်ပိုင်း၊ လပိုင်း၊ နှစ် ပိုင်းစသဖြင့် ကိုယ်တတ်နိုင်သလောက် အဓိဋ္ဌာန် ပြု၍ သက်သတ်လွတ်စားသုံးရေး ၊ ငါးပါးသီလ စောင့်ထိန်းရေး ၊ သာသနာပြုလုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ရေး ၊ ပါရမီဆယ်ပါးကို တတ်နိုင်သမျှ ဖြည့်ဆည်းရေး စသည့်ရည်ရွယ်ချက် များ သည် အဖွဲ့၏ ဝါဒ ဖြစ်သည်။ အသင်းဝင်ကြေးမှာ ပြားတစ်ရာ ဖြစ်သည်။ ထိုပြားတစ်ရာကို တစ်ခါတည်း မထည့်နိုင်လျှင် ငါးပြား၊ ဆယ်ပြားစသည်ဖြင့် အလီလီ ထည့်ဝင်နိုင်ကြသည်။ ဆရာတော် ၏ ကြီးကြပ်မှု ဖြင့် အလံတစ်ရာစေတီတော် တည်ရာတစ်ဝိုက်တွင် ဗုဒ္ဓဂါမဆိုသည့်ရွာ တစ်ရာကို ထူထောင်ထားသည်။ ထိုရွာတွင် လုပ်အားပေးကြသော ရသေ့နှင့် လူယောဂီများ နေ ထိုင်ကြရသည်။ မနက် ၆ နာရီမှ ညနေ ၆ နာရီအထိ လုပ်အားပေးရပြီး လုပ်အားလှူသူများ ကို မနက်တစ်ခါ ညတစ်ခါ ဆန်ပြုတ်တိုက်သည်။ အသေးသုံးအ ဖြစ် သူတို့ကို တစ်နေ့ ပြားနှစ် ဆယ် ပေးသည်။ လုပ်အားလှူသူများ သည် ရသေ့အဝတ်အစား၊ ယောဂီအဝတ်အစား၊ ဖိုးသူ တော် အဝတ်အစား၊ အဝတ်ဖြူ၊ အဝတ်နက်စသည့်တို့ကိုသာ ဝတ်ဆင်ရမည် ။ လုပ်အားမပေး နိုင်တော့လျှင် ဗုဒ္ဓဂါမမှထွက်သွားကြရသည်။
လုပ်အားပေးသူများ တွင် မိမိတို့နေထိုင်မှု ကိစ္စ၊ မိသားစုကိစ္စများ ကို ဆောင်ရွက် နိုင်ရန်အတွက် မိုးရာသီစပါးစိုက်ချိန်တွင် လေးလ၊ နွေရာသီ စပါးရိတ်ချိန်တွင် လေးလ၊ စုစုပေါင်းရှစ်လ အပြင်ထွက်၍ အလုပ်လုပ်ခွင့်ပေးသည်။ ထိုရာသီများ မှအပ ဖြစ်သည့် ကျန် လေးလတွင် ဗုဒ္ဓဂါမသို့ လာရောက်နေထိုင်ကာ လုပ်အားပေးကြရသည်။
ဤသို့ လုပ်အားပေးသည့်ကိစ္စတွင် မည် သူ၏ တိုက်တွန်းနှိုးဆော်ချက်မျှမပါဘဲ မိမိ ဆန္ဒအလျောက် ပေးလိုက ပေးနိုင်သည်။ မပေးလျှင်လည်း နေနိုင်သည်။
ယင်းသို့ လုပ်အားပေးရာတွင် လုပ်အားပေးအဖွဲ့များ ကို ဖွဲ့ထားသည်။ ပန်းရန်၊ ပန်း ပဲ၊ လယ်သမား၊ စက်မှု လက်မှု ၊ အလှူခံ၊ အကျွေးအမွေး၊ ပညာရေး ၊ အနုပညာ၊ ကဇာတ်၊ မှတ် တမ်းတင်အဖွဲ့စသည့် လုပ်ငန်းအလိုက် အစုငယ်များ ဖွဲ့ပေးထားသည်။
စေတီတော် တည်ဆောက်ရာတွင် ငွေအား၊ လူအားကို ကိုယ့်ဘာသာကိုယ် စည်းရုံး ရှာဖွေမျှမက ဆောက်လုပ်ရေး ပစ္စည်းများ ကိုလည်း ကိုယ့်ဘာသာကိုယ် ဖန်တီးယူရခြင်း ဖြစ်ပါ သည်။ ဘယ်သူကမျှ အကူအညီမရခဲ့ပါ။ ဥပမာအားဖြင့် ကျောက်၊ အုတ်၊ ထုံးစသည်တို့ကို မိမိ သာသာ ထုတ်လုပ်ကြရသည်။ ဘိလပ်မြေ မရသဖြင့် ရှေးမြန်မာအင်္ဂတေစပ်နည်းကို အခြေခံ ကာ ကိုယ့်နည်းဖြင့် ကိုယ် တီထွင်အသုံးပြုခဲ့ရသည်။
ထိုစေတီတော် ကြီးကို တည်ဆောက်စဉ်က ကြီးကြပ်တည်ဆောက်ခဲ့သည့် အရှင်စန္ဒန ဝံသသည် ၁၂၇၅ ခုနှစ် တွင် ဖွားမြင်ခဲ့ရာ ယခုသက်တော် ထင်ရှား ရှိသေးသလား။ ပျံလွန်တော် မူပြီလော ဆိုသည်မှာ ကျွန်တော် မသိခဲ့ရပါ။
ကျွန်တော် သည် တောရတွင် အရညဝါသီအ ဖြစ်ကျင့်ကြံသော ဆရာတော် ၏ သူတော် သူမြတ် အကျင့်သီလကိုလည်းကောင်း၊ သာသနာ၏ အကျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက် တော် မူခဲ့သော ဆရာတော် ၏ တည်ကြည်မြင့်မြတ်မူကိုလည်းကောင်း၊ မည့် သည့်အကူအညီမျှ မယူဘဲ လူထုကို စည်းရုံးကာ ထိုမျှခက်ခဲပင်ပန်းသော လုပ်ငန်းကြီးကို အပြီးတိုင် ဆောင်ရွက် တော် မူခဲ့သော ဆရာတော် ၏ အရည်အချင်းကိုလည်းကောင်း ဦးခိုက်ပူဇော်ခဲ့ပါသည်။
ထိုမျှကြီးမားသော လုပ်ငန်းကြီးအတွက် ဆရာတော် ကြုံတွေ့ ခဲ့ရသော အခက်အခဲ များ ကို အလွယ်ဖြင့် မှန်းဆကြည့်နိုင်ပါသည်။ ထိုမျှကြီးမားသော လုပ်ငန်းကြီးကို မည့် သည့် အကူအညီမျှမပါဘဲ လုပ်ရခြင်းသည် လွန်စွာ တာဝန်ကြီးလှပေသည်။ ထိုအခက်အခဲတို့ကို ရေး ပြလျှင်ပင် စာအုပ်တစ်အုပ်၊ ကျမ်းတစ်စောင် စာဖွဲ့ ဖြစ်လောက်ပါသည်။ သို့ ရာတွင် ဆရာတော် ကမူ-
''မဖောက်ပြန်သော သီလသစ္စာ၊ ကြီးမားသော ခန္တီမေတ္တာ၊ မြဲမြံသော ဇွဲလုံ့လတို့ဖြင့် အခက်အခဲပေါင်း မြောက်များ စွာ ကို ကျော်လွှား ဖြတ်သန်းပြီးတည်ဆောက်ခဲ့ရခြင်း ဖြစ်သည်'' ဟုအလံတစ်ရာမဟာသော ဏ္ဍာရ ကမ္ဘာအေးစေတီတော် သမိုင်း အကျဉ်းချုပ်တွင် ခပ်ရိုးရိုးမျှ သာ ရေး တော် မူခဲ့သည်။
ထိုစာပုဒ်သည် အလံတစ်ရာဆရာတော် ၏ စိတ်စရိုက်ကို ထင်ရှားစွာ ဖော်ပြနေသည်ဟု ကျွန်တော် ထင်ပါသည်။
သထုံနှင့် ကျိုက်ကော်-သိမ်ဆိပ်လမ်းကား အသွားအလာမပြတ်ပါ။ ရန်ကုန်-မော်လ မြိုင်အဝေးပြေးကားတွေ ၊ ဒေသအတွင်း ခရီးတိုဆွဲသည့်မော်တော် ကားတွေ လမ်းတစ်လျှောက် တွင် ဥဒဟို သွားလာနေကြသည်။ ရွာဆက်ကလည်း နီးလာသည်။ လေကမူ တစ်လျှောက်လုံး ဒူးရင်းနံ့သင်းနေသည်။
ဒူးရင်းဆို၍ ပြောရဦးမယ်။ ကျိုက်ကော်-သိမ်ဆိပ် ကိုအေးလွင်တို့အိမ်တွင် မနက် စာ စားပြီးသည့်အခါ၌ ဧည့်သည်များ ကို အချိုပွဲအ ဖြစ် ဒူးရင်းသီးဖြင့် ဧည့်ခံသည်။ ဒူးရင်းသီး တော် တော် ကောင်းသည်ဟုဆိုသည်။ ကျွန်တော် တို့အဖွဲ့သားတွေ တော် တော် များများ စားပစ် လိုက်ကြသည်။ ပါမောက္ခဆရာဝန်ကြီးက'သိပ်မစားကြနဲ့နော်၊ ကိုလက်စထရော များ တယ်'ဟု သတိပေးသည်။ သို့ ရာတွင် သူ့စကားကို မည် သူမျှ နားထောင်ကြဟန်မတူပါ။ သူကိုယ်တိုင် လည်း တော် တော် များများ စား ဖြစ်သွားဟန်တူပါသည်။ ဒူးရင်းသီးကျွမ်းကျင်သူ မော်လမြိုင် သားနှင့် ထားဝယ်သားကမူ တော် တော် ကောင်းသည့်ဒူးရင်းသီးဟုမှတ်ချက်ချသည်။
''မတတ်နိုင်ဘူး ပြီးတော့မှ ကိုလက်စထရော ကျသွားအောင် လမ်းပိုလျှောက်မယ်'' တော် တော် များများ စားပစ်လိုက်ကြသည်။
ကျွန်တော် ကား ဒူးရင်းသီးအနံ့ကို မခံနိုင်သဖြင့် မစား ဖြစ်ပါ။ ကျွန်တော် ရန်ကုန် ရောက်သည်မှာ ကြာလှပြီ။ ၁၉၄၇ ခုနှစ် ကတည်းကဆိုတော့ လေးဆယ့်ငါးနှစ် ကျော်ကျော် ရှိနေပြီ။ ထားဝယ်တို့ မြိတ်တို့ကို သွားတုန်းက ဒူးရင်းခြံတွေ အထိ ရောက်ဖူးသည်။ အပင်ပေါ် တက်ဆွတ်ပြီး ဒူးရင်းသီးတွေ ကို လောလောလတ်လတ် ခွဲကျွေးသည်။ ကျွန်တော် မစား ဖြစ်ပါ။ ရန်ကုန်သို့ ရောက်လာသော အညာသားသည် ရောက်စတွင် ရန်ကုန်မိုး၊ ဒူးရင်းသီးနှင့် ငါးပိရည် တို့ကို တော် တော် ကြောက်ပါသည်။ ရန်ကုန်မိုးထဲတွင် လမ်းမသွားတတ်ပါ။ ဒူးရင်းသီးအနံ့ကို မခံနိုင်ပါ။ ငါးပိရည်အနံ့ကိုလည်း မခံနိုင်ပါ။ သို့ ရာတွင် အနှစ် လေးဆယ်ကျော်နေပြီးသည့် နောက်တွင် မူ ကျွန်တော် သည် ရန်ကုန်မိုး၊ ငါးပိရည်တို့နှင့် စေ့စပ်ရေး ရသွားကာ သင့်မြတ် သွားကြသော်လည်း ဒူးရင်းသီးမှာ ကား ယခုတိုင် ကျွန်တော် နှင့် စစ် ဖြစ်နေဆဲ ဖြစ်ပါသည်။
''အဲဒါက စိုက်ပျိုးရေး သိပ္ပံ''
ဦးအေးသန့်က မော်တော် ကားလမ်း ဝဲဘက်ရှိဝင်းကြီးတစ်ခုကို လက်ညှိုးထိုးပြသည်။ မြို့နှင့် ခပ်လှမ်းလှမ်း တောင်တန်းနိမ့်နိမ့်တွေ ကို နောက်ကျောပေးထားသည့်ဝင်းကြီး ဖြစ်ပြီး ကျောင်းပိုင်စိုက်ပျိုးဧက ၂၉ဝ ရှိသည်ဟုသိရသည်။
သထုံစိုက်ပျိုးရေး သိပ္ပံမှာ ၁၉၆၇ ခုနှစ် က ဖွင့်လှစ်ခဲ့ကြောင်းသိသည်။ ဆယ်တန်းကို အပိုင်း(ခ)ဖြင့် အောင်မြင်သူများ နှင့် ဝါသနာပါသူများ အတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေး ပညာရပ်များ ကို သင်ကြားပေးရန် ဖြစ်ပြီး သင်တန်းကာလမှာ ၃ နှစ် ဖြစ်သည်။
စပါးစိုက်ကွင်း၊ ကြံခင်း၊ ဟင်းသီးဟင်းရွက်စိုက်ခင်း၊ ပန်းစိုက်ခင်းတို့အပြင် အုန်း၊ ငှက်ပျော၊ သရက်၊ ပိန္နဲ၊ ဒူးရင်း၊ နာနတ်၊ သီဟိုဠ်သရက်၊ ရာဘာစသည့်ဥယျာဉ်ခြံမြေများ လည်း ရှိသည်။ ကြက်၊ ဝက်၊ ဘဲစသည့်မွေးမြူရေး ခြံများ လည်း ရှိသည်ဟုဆိုနိုင်သည်။ မွေးမြူရေး သည် တစ်ချိန်တည်း၌ ပညာသင်ပေးရာ ကျောင်းလည်း ဖြစ်ပြီး ကုန်ထုတ်လုပ်ရာနေရာတစ်ခု လည်း ဖြစ်သည်ဟု ဆိုနိုင်သည်။
လယ်ယာစိုက်ပျိုးရေး အဓိက ဖြစ်သည့်နိုင်ငံတွင် စိုက်ပျိုးရေး ကျောင်းများ ဖွင့်ပေး သည်မှာ ကောင်းပါသည်။ ယနေ့လူငယ်များ သည် ကာယအလုပ်ကို အထင်သေးနေကြသည်။ ဆယ်တန်းကို ဒီတွေ တစ်သီကြီးဖြင့် အောင်ရန် မှန်ကန်သော နည်းဖြင့် ရော၊ လွဲမှားသော နည်းဖြင့် ပါ ကြိုးစားနေကြသည်။ ထိုအထဲတွင် မိဘများ လည်း ပါသည်။ ဒီဖြင့် အောင်ပြီး ဆေးတက္ကသိုလ်၊ စက်မှု တက္ကသိုလ်လောက်ကိုသာ မှန်းသြသည်။ ဝိဇ္ဇာ၊ သိပ္ပံ၊ ရိုးရိုးအဓိက ဘာသာတွဲ လောက်ကိုမူ စိတ်ကူးထဲပင် မထည့်ကြ။ သက်မွေးဝမ်းကြောင်းပညာရပ်မှာ ပင်လျှင် ပညာရေး နှင့် စိုက်ပျိုးရေး ကို မစဉ်းစားကြ။ ''ပညာရေး နှင့် စိုက်ပျိုးရေး ဆိုလိုက်လျှင် အလွန် ဆုံး ကျောင်းအုပ်နှင့် အုပ်ဂျာပဲ ဖြစ်မှာ ပေါ့၊ ဒါတောင် ပင်စင်ယူခါနီး မှ ဖြစ်မှာ ''ဟုသူတို့က ပြော လေ့ရှိကြသည်။ ဆယ်တန်းကို အပိုင်း(ခ)ဖြင့် အောင်သူများ ကလည်း နောက်ထပ် မျှော်လင့် ချက်တွေ မထာြး ကတော့ဘဲ ဆူလွယ်နပ်လွယ် သင်္ဘောသားလမ်းကို လိုက်ကြသည်။
ဤသည်မှာ ကျွန်တော် တို့ ယနေ့တွေ့ နေရသည့်ပြဿနာ ဖြစ်သည်။ ပညာရေး ၊ အလုပ် လက်မဲ့ပြဿနာ၊ ထွက်ပေါက်ရှာခြင်း၊ ကျွန်တော် သည် လှပ၍ စိတ်နှလုံးမွေ့လျော်ဖွယ် ကောင်းသည့် သထုံစိုက်ပျိုးရေး သိပ္ပံကျောင်းဝင်းကို ငေးကြည့်ရင်း အတွေးတွေ အမျှင်တန်း လာသည်။
ခဏကြာလျှင် ကျွန်တော် တို့ကားသည် သထုံမြို့တွင်းသို့ ဝင်ခဲ့လေသည်။ သထုံကို ရောက်သည့်အခါတွင် ဂျပန်ခေတ် အာရှလူငယ်အစည်းအရုံး အထွေထွေအတွင်းရေး မှူး ကို ညီလေးကို သွား၍ သတိရသည်။ ကိုညီလေးကို ကျွန်တော် တို့ မမီလိုက်ပါ။ သခင်သန်းထွန်း၏ ညီ ဂျပန်ခေတ်က အာရှလူငယ်အစည်းအရုံး အထွေထွေအတွင်းရေး မှူး ဖြစ်ခဲ့ပြီးနောက် ဂျပန် ဖက်ဆစ်တော် လှန်ရေး တုန်းက သထုံတွင် အခြားရဲဘော်ဆယ့်တစ်ဦးတို့နှင့် အတူ အသတ်ခံ သွားရသည်ဆိုသည်လောက်ကိုသာ ကျွန်တော် သိလိုက်ပါသည်။ ဖက်ဆစ်ဂျပန် တော် လှန်ရေး ကာလနှင့် စစ်ပြီးစလွတ်လပ်ရေး တိုက်ပွဲကာလများ တုန်းက သူသည် ကျွန်တော် တို့မျိုးဆက် လူ ငယ်များ အားကျခဲ့ကြသည် သူရဲကောင်းတစ်ဦး ဖြစ်ခဲ့သည်။ သထုံအဝင်တွင် ကျွန်တော် သတိ ရနေသူ နောက် တစ်ယောက် မှာ သထုံသိန်းမောင်ဟုနာမည် ကြီးနေသော ကိုသိန်းမောင် ဖြစ် သည်။ သူသည် ကျွန်တော် ထက် ဆယ်နှစ် လောက်ကြီး၍ ဖဆပလပါလီမန်အမတ် ဖြစ်ခဲ့သော လည်း ၁၉၅ဝ- ခုနှစ် နောက်ပိုင်းတွင် ကျွန်တော် တို့နှင့် အတူ ငြိမ်းချမ်းလှုပ်ရှားမှု များ ၊ တရုပ်- မြန်မာမိတ်ဆွေ ဖြစ်အသင်း၊ ဘဝသစ်စာပေလှုပ်ရှားမှု ၊ ပြည့်သူစာပေတိုက်ကော်မတီ စသည်တို့ ကျွန်တော် တို့နှင့် အတူတူ လုပ်ခဲ့ဖူးသည်။
၁၉၆၂-ခုနောက်ပိုင်းတွင် လမ်းစဉ်ပါတီတွင် ဝင်လုပ်သည်ဟု ကြားရပြီးနောက် သူ ကွယ်လွန်သွားသည်အထိ ကျွန်တော် နှင့်  တစ်ခါမျှ ပြန်မတွေ့ တော့။
သထုံမြို့လယ် လမ်းမကြီးပေါ်က ဒေါ်ငြိမ်းယဉ်၏ တိုက်မှာ တော် တော် ကြီးသည့်တိုက် ကြီး ဖြစ်သည်။ တစ်ခါက မြို့နယ်ကုန်သွယ်ရေး ရုံး လုပ်ထားသည့်နေရာ ဖြစ်ပြီး နောက်ပိုင်းတွင် ဒေါ်ငြိမ်းယဉ်က ဝယ်၍ ထပ်မံပြုပြင်ထာားခြင်း ဖြစ်သည်ဟု သိရသည်။ တိုက်ကြီးမှာ မြို့ ကလေးတစ်ခုက မြို့တော် ခန်းမကလေးတစ်ခုစာမျှ ကျယ်ပေလိမ့်မည် ။
တိုက်ထဲတွင် အလှူအတွက် ပြင်ဆင်နေသူတွေ ၊ ချက်ပြုတ်နေသူတွေ ၊ ဧည့်သည်တွေ ဖြင့် ရှုပ်ယှက်ခတ်နေသည်။ ဦးအေးသန့်သည် ကျွန်တော် တို့ကို အောက်ထပ်မှာ မနေစေဘဲ အပေါ်ထပ်သို့ တန်းခေါ်သွားသည်။ အပေါ်ရောက်တော့လည်း ခန်းမကြီးတစ်ခုလုံး လူတွေ ပြည့်နေသည်။ အများ အားဖြင့် အမျိုးသမီးများ ဖြစ်လေသည်။ သူတို့တစ်တွေ သည် အပေါ် ထပ်တွင် တရုန်းရုန်း ဖြစ်နေကြသည်။ အခြားကြောင့် မဟုတ်ပါ။ အရပ်ထောင်ထောင်မောင်း မောင်း၊ ကိုယ်လုံးကိုယ်ပေါက် ဝဝဖိုင့်ဖိုင့်အမျိုးသမီးကြီး တစ်ယောက် က ရွက်အိုးကလေးတစ် လုံးလောက်ကြီးသည့် ငွေဖလားထဲမှ ပိုက်ဆံများ ကို ကြဲချနေသော ကြောင့် ဖြစ်ပါသည်။ ငွေ စက္ကူများ ဖြစ်သဖြင့် ကြဲလိုက်သည်နှင့် လေထဲတွင် ဝေ့ဝဲလွင်ပျံနေသည်။
ပိုက်ဆံကြဲပြီးနောက် ဦးအေးသန့်က ကျွန်တော် တို့ကို အလှူရှင်ဒေါ်ငြိမ်းယဉ်နှင့် မိတ်ဆက်ပေးသည်။ ဒေါ်ငြိမ်းယဉ်မှာ အသက်(၇၆)နှစ် ဆိုသော်လည်း ကျန်းမာ ဖျတ်လတ်နေ ဆဲ ဖြစ်ပါသည်။
ဒေါ်ငြိမ်းယဉ်က-
''ဆရာကြီးတို့ နောက်နှစ် လာခဲ့ကြဦးနော်၊ ကျွန်မအဖို့ ဥစ္စာရှာဖို့အချိန်တွေ လွန်ခဲ့ပြီ လေ၊ ဘာဝနာကို ရှာရမည့် အချိန်မှာ စိတ်ကောင်းကောင်းထားပြီး ကိုယ်တတ်နိုင်သမျှ ကုသိုလ် ကောင်းမှု လုပ်သွားဖို့ပဲ ရှိတော့တယ်''
ကျွန်တော် တို့သည် ဒေါ်ငြိမ်းယဉ်ကို နှုတ်ဆက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့ ကြသည်။ ရသည့်အချိန်ကလေးအတွင်းတွင် သထုံကို အပြေးအလွှား သွားကြည့်လိုက်ချင်သေး သည်။
အခန်း(၂)
''ရမဏေ၊ သစ်ပင်ဝါးပင်၊ ရေယဉ်စိမ့်စမ်း၊
ရေပန်း ရေတံခွန်၊ ရေပြွန်လျှိုချောင်၊
များ မြောင်သွယ်ဖြာ၊ နံ့သာယစ်ထုံ၊
ပန်းမျိုးစုံ၍ ၊ ယမုံခွေသိုင်း၊
ရှုတိုင်းတင့်တယ်၊ ပျော်မွေ့ဖွယ်
ကောင်းသော ၊ သုဓမ္မပုရေ၊ ရှေးက သုဓုမ်၊
ခုသထုံဟု၊ လူ့ဘုံကျော်ဟီး၊
ပြည်တော် ကြီး၌ ''
ဟု ရွှေစာရံသမိုင်းတွင် ကျမ်းပြုဆရာက သထုံကို ဝိဂြိဟ်ပြုခဲ့သည်။
သထုံတွင် ဘယ်နေရာသွားသွား သမိုင်းတွေ ၊ ရာဇဝင်တွေ ၊ ပုံပြင်တွေ ရှိနေသည်။ ဆေးရုံကြီးတည်ရာသည် နန်းတော် ကုန်း ဖြစ်သည်ဟု အဆိုရှိသည်။ မွန်မင်းဆက်ကို တည် ထောင်ခဲ့သော သီဟရာဇာမင်းနှင့်ဂဝံပတိမထေရ်တို့၏ ပုံပြင်ကိုလည်းကောင်း၊ သီဟရာဇာ၏ အဆက်အနွယ် ဖြစ်သော မနုဟာဘုရင်တို့၏ ပုံပြင်ကိုလည်းကောင်း ကျွန်တော် သတိရမိသည်။
သထုံတွင် ဘယ်နေရာသွားသွား သမိုင်းနှင့် မလွတ်။ သထုံ၏ အမည် နာမတွေ က များ လည်းများ သည်။ ရှေးလည်း ကျသည်။ သမိုင်းလည်း ဆန်သည်။ သုဓမ္မပူရ၊ သုဓမ္မဝတီ၊ သုဝဏ္ဏဓုံ၊ သုဓုပ်၊ သထုံ။
သို့ ရာတွင် သုဝဏ္ဏဘူမိနှင့် ပတ်သက်၍ ခေတ်သမိုင်းသုတေသနတွင် အယူအဆနှစ် မျိုး ကွဲနေသည်။ ခေတ်သမိုင်းဆရာတို့အလိုအရ သုဝဏ္ဏဘူမိဆိုသည်မှာ သထုံမြို့နေရာကွက်ကွက် ကလေးကိုသာ ဆိုလိုသည်မဟုတ်။ သထုံပတ်ဝန်းကျင်ရှိ မုတ္တမ၊ မော်လမြိုင်စသည့် ရာမည တိုင်းတစ်တိုင်းလုံးကို ခေါ်ဆိုခဲ့ခြင်း ဖြစ်ကြောင်းဖြင့် ဆိုကြသည်။ စုမတြားကျွန်းကို သုဝဏ္ဏဘူမိ ဟုခေါ်သည့်အထောက်အထားတွေ လည်း ရှီသည်။ ထိုင်းနိုင်ငံ တောင်ပိုင်း။ ဒွါရာဝတီကိုလည်း သုဝဏ္ဏဘူမိခေါ်သည့် အထောက်အထားတွေ ရှိသည်။ တရုတ်ရာဇဝင်များ ၊ ဗုဒ္ဓစာပေများ နှင့် ရှေးဂရိမြေပုံများ တွင် မူ သုဝဏ္ဏဘူမိကို သံလွင်မြစ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်အထိ ကြားနယ် မြေကြီးတစ်ခုလုံးကိုပြထားသည်။ အာရပ်တို့က သုဝဏ္ဏဘူမိကို ဘင်္ဂလားအရှေ့ပိုင်းနှင့် မြောက် ပိုင်းကို ပြထားသည်။
မွန်တို့ကမူ အစဉ်အလာစကားတွင် မွန်တို့၏ အဦးအစ သီဟရာဇာဘုရင်သည် သထုံ ကို မြို့တည်ရန် ရွေးသော အခါတွင် ဇင်းကျိုက်တောင် ရသေ့ကြီးကို တိုင်ပင်ခဲ့ကြောင်း၊ ဇင်း ကျိုက်တောင်ရသေ့ကြီးက ရွှေထွက်ရာမြေ ဖြစ်သည့်သထုံကို(သုဝဏ္ဏဘူမိ)ကို ရွေးချယ်ပေးခဲ့ ကြောင်းဖြင့် အဆိုရှိသည်။
လန်ဒန်တက္ကသိုလ်မှ မွန်ရာဇဝင်သုတေသီတစ်ဦး ဖြစ်သည့်'ရှောတိုး'ကမူ သထုံရာဇ ဝင်သည် အများ အားဖြင့် ဒဏ္ဍာရီပုံပြင်ဆန်နေကြောင်း၊ သထုံရာဇဝင်ကိုပြဆိုသည့် ဥဒါနံ ကထာကျမ်းတွင် သထုံမင်းအဆက်ဆက်တို့၏ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော စည်တော် ကြီးအကြောင်းနှင့် အိန္ဒိယလူမျိုးတို့နှင့် တိုက်ခိုက်သော အသားမင်းသားအကြောင်းတို့ပါရှိကြောင်း၊ သို့ ရာတွင် သထုံတွင် ထေရဝါဒဗုဒ္ဓဘာသာ ရောက်ရှိလာပုံ၊ ဂဝံပတိမထေရ်ကြွလာပုံ၊ မြတ်စွာ ဘုရားကြွလာပုံ၊ အာသော ကမင်းကြီး၏ သာသနာပြုဆရာတော် များ ဖြစ်သော ဥတ္တရမထေရ် မြတ်နှင့် သော ဏမထေရ်တို့ကြွရောက်လာပုံတို့ကိုမူ ဥဒါနကထာကျမ်းများ တွင် သာ ပါရှိကြောင်း ဖြင့် ထောက်ပြသည်။
အချို့သမိုင်းသုတေသီတို့က သုဝဏ္ဏဘူမိသည် မြို့တစ်မြို့၏ အမည် မဟုတ်။ ဒေသ တစ်ခု၏ အမည် ဖြစ်သည်ဟု ဆိုကြသည်။ သုဝဏ္ဏဘူမိသည် မွန်တို့၏ အစဦး အခြေစိုက်ရာနေ ရာ ဖြစ်ပြီး ယင်းကို ရာမညဟုလည်း ခေါ်ကြောင်း သုဝဏ္ဏဘူမိတိုင်းတွင် မြို့တော် အများ အ ပြားရှိခဲ့ကြောင်း၊ ကေသလတောင်ခြေတစ်ဝိုက်ရှိ အရက်သည်မ,ရွာ၊ ဇုတ်သုတ်ရွာစသည်တို တွင် တွေ့ ရသည့်နေရာများ သည်လည်း သုဝဏ္ဏဘူမိတိုင်း၏ မြို့တော် ဟောင်းများ ဖြစ်ခဲ့ကြ ကြောင်း၊ ထိုရွာများ မှတွေ့ ရသော သုဝဏ္ဏဘူမိမြို့တော် ဟောင်းထက် ရှေးကျကြောင်း၊ ဥတ္တရ မထေရ်နှင့် သော ဏမထေရ်တို့ ရောက်ခဲ့သည့် သုဝဏ္ဏဘူမိသည် မြို့ဟောင်း ဖြစ်၍ သထုံမှာ ထိုမြို့များ ထက် နောက်ကျသော သုဝဏ္ဏဘူမိမြို့တော် ဖြစ်ကြောင်းဖြင့် ဆိုကြသည်။
သထုံနှင့် ပတ်သက်၍ သုတေသနလုပ်စရာတွေ များ စွာ ကျန်သေးသည်။ ရှေးမြို့ ဟောင်းများ ကို တူးဖော်စရာတွေ ရှိသေးသည်။ တိကျခိုင်လုံသည့် သုဝဏ္ဏဘူမိ၏ ရာဇဝင်သည် မြို့ရိုးများ အောက်တွင် ရှိနေသေးသည်ဟု မှတ်တမ်းဆရာတစ်ဦးက ရေး ခဲ့သည်။
သထုံရာဇဝင်နှင့် ပတ်သက်၍ မရှင်းမလင်း မသေချာသည့်အချက်တွေ များ စွာ ရှိသေးသည့်တိုင် တိကျသေချာသည့် အချက်တစ်ချက်တော့ ရှိသည်။ ယင်းမှာ သထုံမြို့ သည် သမိုင်းဦးကစ၍ တည်ရှိခဲ့သော် မြို့ဟောင်း ဖြစ်သည်ဆိုသည့်အချက် ဖြစ်သည်။
ကျွန်တော် သည် သထုံသုတေသနနှင့် ပတ်သက်၍ ဟိုတွေး သည်တွေး ဖြစ်ပြီး စေတီ တော် ကြီးကလည်း တော် တော် ထုထည်ကြီးမားသည်ကိုတွေ့ ရသည်။ သို့ ရာတွင် ဗိသုကာလက်ရာ ကောင်းမွန်လှသဖြင့် ထုထည်ကြီးသည်ဟု မထင်ရပါ။
ရွှေစာရံသမိုင်းစာအုပ်တွင် ရွှေစာရံစေတီအား ''လေးအင်မွေသရီ၊ ဓာတ်တီ''ဟု ခေါ် ထားသည်ကို တွေ့ ရသည်။ ဂေါတမမြတ်စွာ ဘုရား၏ ဓာတ်တော် ၊ မွေတော် တို့သာမက ကကု သန်၊ ကောဏဂုံနှင့် ကဿပမြတ်စွာ ဘုရားစသည် ဘဒ္ဒကမ္ဘာတွင် ပွင့်တော် မူခဲ့ပြီးသော ဘုရား လေးဆူတို့၏ ဓာတ်တော် မွေတော် တို့ ကိန်းဝပ်ရာစေတီ ဖြစ်သည်ဟု အဆိုရှိသည်။ ဘုရားသမိုင်း အဆိုအရ ကကုသန်မြတ်စွာ ဘုရား သုဝဏ္ဏဘူမိ သထုံပြည်သို့ ရောက်စဉ် မြတ်ဆံတော် ရှစ်ဆူ၊ ကောဏဂုံမြတ်စွာ ဘုရား မဟာရွေဘုံပြည် သထုံသို့ရောက်စဉ် တောင်ဝှေးတော် ၊ ကဿပမြတ် စွာ ဘုရား သထုံပြည်သို့ ရောက်စဉ်က မြသပိတ်တော် ၊ မဟာသက္ကရာဇ် ၁ဝ၅ ခုနှစ် ၊ သီတင်း ကျွတ် လပြည့်ကျော် (၁)ရက် ကြာသပတေးနေ့တွင် အတုလဘဂဝါ ဗုဒ္ဓရာဇာ၊ မဟာရဌသုဓမ္မ ပူရ သုဝဏ္ဏဘုံ သထုံပြည်သို့ ခရီးစဉ်စခန်းထောက်၍ ဆိုက်ရောက်တော် မူသော အခါ လေး ချောင်းသော သွားတော် တို့ကို မင်းနှင့် တကွ ဗြဟ္မာလူနတ်၊ ပရိသတ်တို့ကို ပေးသနားတော် မူခဲ့သဖြင့် ဘုရားလေးဆူတို့၏ ဓာတ်တော် ၊ မွေတော် တို့ကို ဌာပနာ၍ အဆက်ဆက်သော ဘုရား များ တည်ခဲ့ကြသည်တွင် နောက်ဆုံး၌ ရွှေစာရံဘုရားဟူ၍ ဖြစ်လာခဲ့ကြောင်းအဆိုရှိသည်။
ကျွန်တော် တို့သည် ရွှေစာရံစေတီတော် ကြီးကို လက်ျာရစ်၍ ပူဇော်ပြီးနောက် အခြား သော စောင်းတန်းများ ကို လျှောက်ကြည့်ကြသည်။
စောင်းတန်းကြီးမှာ ရှည်လျားကျယ်ဝန်းသလောက် တိတ်ဆိတ်နေသည်ကိုတွေ့ ရ၏ ။ စောင်းတန်းတစ်ဖက်တစ်ချက်တွင် ဈေးဆိုင်တန်းများ ရှိသော်လည်း ကျွန်တော် တို့ရောက်သည့် ညနေစောင်းအချိန်တွင် ဆိုင်များ ပိတ်ထားသဖြင့် ဘာကိုမျှမမြင်ခဲ့ရပါ။ မည့် သည့်ပစ္စည်းများ ကို ရောင်းသည်ကိုလည်း မသိခဲ့ရပါ။
''ကျွန်တော် တို့ရောက်တာ နောက်ကျသွားတယ်၊ ဘုရားဈေးက ဆိုင်တွေ က ညနေ (၅) နာရီထိုးရင် ပိတ်တယ်''ဟုဦးအေးသန့်ကပြော သည်။
တိတ်ဆိတ်ခြောက်သွေ့၍ လူသူရှင်းနေသော စောင်းတန်းကြီးတစ်လျှောက် လာခဲ့ပြီး နောက် ကျွန်တော် တို့သည် ကလျာဏီသိမ်ကြီးကို ဝင်ဖူးကြသည်။ ပဲခူးမှ ကလျာဏီသိမ်ထက် စောသည်ဟုသိရသည်။ စာတွေ ၊ အရုပ်တွေ ထွင်းထုထားသည် သိမ်သမုတ်သော ဂဝံကျောက်တိုင်ကြီးများ ကို တွေ့ ရသည်။ သိမ်တော် ရှေ့တွင် အ၈င်္တေပင် ကောင်းကောင်း မခြောက်သေး။ အပေါ်မှစက္ကူများ အုပ်ထားသဖြင့် လည်းကောင်း၊ ကျောက်စာများ ကိုတော့ မဖတ်ခဲ့ရတော့ပါ။
ကျွန်တော် သည် ဒေါ်ဦးဇွန်း၏ ဘိုးဘွားရိပ်သာကိုလည်း သွားကြည့်ချင်သေးသည်။ အထူးသဖြင့် ကျွန်တော် စိတ်ဝင်စားသော နေရာမှာ နတ်စင်ကုန်းရှိ ဘိုးဘိုးကြီးဦးဗျတ်ဝိနှင့် ဘွားဘွားကြီးဒေါ်အိုဇာတို့၏ နတ်ကွန်းပင် ဖြစ်ပါသည်။ ငယ်ငယ်တုန်းက ကေနာဝူရာအင်ဆန်း စသော အိန္ဒိယအမျိုးသားများ ဦးစီးသည့် စာအုပ်တိုက်မှထုတ်ဝေသော ဗျတ်ဝိ-ဗျတ္တ ပြဇာတ် ဆန်းစသည့်စာအုပ်ကလေးကို ဖတ်ခဲ့ရဖူးသည်။ ဖိုးစိန်ကြီး အသံသွင်းထားသည့် ဗျတ်ဝိနှင့် သထုံမြို့ဝန်သမီး မအိုဇာတို့၏ အချစ်ဇာတ်လမ်းသည် တော် တော် ဆွတ်ပျံ့ဖွယ်ကောင်းသည့် အချစ်ဇာတ်လမ်း ဖြစ်သည်။ မအိုဇာသည် ကိုဗျတ်ဝိရောက်လာတိုင်း အမောပြေအောင် ကို ဗျတ်ဝိအား ကွမ်းတစ်ယာ ရေတစ်မှု တ်ပေးလေ့ရှိသည်။ မြို့ဝန်က သူ့ကို သတ်ခါနီး ကားစင် ပေါ်အရောက် မအိုဇာထံ ကွမ်းတစ်ယာ၊ ရေတစ်မှု တ် တောင်းသောက်သည့်အခန်းမှာ ဇာတ် ၏ အထွတ် ဖြစ်ပြီး အသက်အပါဆုံး ဖြစ်သည်။
ကျွန်တော် သည် လွန်ခဲ့သော နှစ် ထောင်ချီ၍ ကြာခဲ့ပြီ ဖြစ်သော အိုမင်းသည့်အချစ် ဇာတ်လမ်းမှ ကိုဗျတ်ဝိနှင့် မအိုဇာတို့ကို လွမ်းနေသည်။
နှောင်းလူတို့သည် ကိုဗျတ်ဝိနှင့် မအိုဇာတို့ကို သနားသော ကြောင့် ၊ စာနာသော ကြောင့် ၊ သထုံမြို့ကို ဘေးအန္တရာယ်အပေါင်းတို့မှ ကာကွယ်စောင့်ရှောက်သည်ဟု ယုံကြည် သော ကြောင့် နတ်ကွန်းဆောက်၍ ကိုးကွယ်နေကြခြင်း ဖြစ်သည်။
ရွှေစာရံစေတီတော် ကြီးမှ ကျွန်တော် တို့ ဆင်းလာသော အခါတွင် တော် တော် လေး မှော င်နေပြီ။ ဘုရားပရိဝုဏ်အပြင်ဘက်ရှိ ဈေးတန်းကလေးမှ ဈေးဆိုင်များ တွင် မီးတွေ လင်းစ ပြုနေပြီ။
ဈေးတန်းကလေးတွင် ပစ္စည်းတွေ မျိုးစုံလှသည်။ ကျွန်တော် သည် ဈေးတန်းကလေး ကို လျှောက်ကြည့်ရင်း ကျွန်တော့် တွင် ပါလာသည့် ဝပ်ခ်မင်းကက်ဆက်ကလေးအတွက် ဓာတ်ခဲဝယ်သည်။ ည ကျိုက်ကော်၊ သိမ်ဆိပ်သို့ ပြန်ရောက်သော လျှင် ကက်ဆက်ဖွင့်မည် ။ သီချင်း နားထောင်မည် ။ ခရီးသွားတုန်း ဂီတကို နားထောင်ရသည်မှာ အမောပြေသည်။
ဘယ်လောက်ကြာအောင် ဈေးဆိုင်တန်းတွေ ကို ကျွန်တော် တစ်ယောက် တည်း လျှောက်၍ ငေးမောနေသည် မသိ။ ရွှေစာရံစေတီတော် ကြီးကို အတူလာဖူးသည့်အဖော်တွေ မရှိတော့။ လမ်းချိုးမှာ ပျောက်ကွယ်သွားကြလေပြီ။
ကျွန်တော် သည် ဒေါ်ငြိမ်းယဉ်၏ တိုက်ရှိရာသို့ မှန်း၍ ပြန်လာခဲ့သည်။ အမှန် ကတော့ ဘယ်လောက်မှဝေးသည်မဟုတ်။ သို့ ရာတွင် လမ်းလေးခွဆုံရာသို့ ရောက်သည့်အခါတွင် ကျွန် တော် ဘယ်သွားရမည် မသိဘဲ ယောင်လည်လည် ဖြစ်နေသည်။ ကျွန်တော် က နဂိုကမှမျက်စိမွဲမွဲ။ လမ်းမီးများ က မှု န်ရီရီ။
လမ်းမအတိုင်း လျှောက်လာပြီး ယာဘက်သို့ ချိုးလျှင် ရောက်မည် ဟုကျွန်တော် ထင် သည်။ သို့ ရာတွင် ကျွန်တော် နှင့် ခပ်လှမ်းလှမ်းတွင် ယာဘက်တို့မချိုးဘဲ ဘယ်ဘက်သို့ သွားနေ ကြသော အာမခံကိုယ်စားလှယ်ကြီးနှင့် ညွှန်ကြားရေး မှူးကြီးတို့ကို လှမ်းမြင်လိုက်ရသဖြင့် ကျွန် တော် ဝမ်းသာသွားသည်။ သူတို့နှင့် သာ မတွေ့ လျှင် ကျွန်တော် လမ်းမှားတော့မည် ထင်သည်။ ကျွန်တော် သူတို့ကို လက်ခုပ်တီးခေါ်သည်။ တော် တော် နှင့် မကြား။ သူတို့နှစ် ယောက် သည် တစ် စုံတစ်ရာကို လေးနက်စွာ တိုင်ပင်နှီးနှောလာကြဟန်ရှိပါသည်။ သုံးလေးခါ လက်ခုပ်တီးခေါ် တော့မှ ကျွန်တော့် လက်ခုပ်သံကို ကြားပြီး ရပ်စောင့်နေကြသည်။
''အာမခံကိုယ်စားလှယ်ကြီး လမ်းမှားနေပြီ ထင်သည်၊ ဒေါ်ငြိမ်းယဉ်ရဲ့ တိုက်က ယာ ဘက်မှာ မဟုတ်ဘူးလား''
အာမခံကိုယ်စားလှယ်ကြီးက မပြုံးမရယ်ဖြင့် -
''မမှားပါဘူး မှန်ပါတယ် ကျွန်တော် တို့နဲ့ လိုက်ခဲ့ပါ''
ကျွန်တော် သည် သူတို့နှစ် ယောက် နောက်မှ လိုက်လာခဲ့သည်။ ကျွန်တော့် စိတ်ထဲတွင် မူ လမ်းမှားနေသည်ဟု ထင်သည်။
''အာမခံကိုယ်စားလှယ်ကြီး လမ်းမှားနေပြီ ထင်တယ်၊ ခု ဒေါ်ငြိမ်းယဉ်ရဲ့ တိုက်ကို ပြန်မှာ မဟုတ်လား''
် ''မဟုတ်ဘူး ကျွန်တော် တို့နှစ် ယောက် က နည်းနည်း ပင်ပန်းနေတာနဲ့ ယမကာလေး ဘာလေး မှီဝဲမလို့လာ . . . . လိုက်ခဲ့၊ ကျွန်တော် သွားနေတာလမ်းမှန်ပဲ၊ ဆိုင်ကို ဆိုက်ဆိုက် မြိုက်မြိုက်ရောက်မှာ ''
အာမခံကိုယ်စားလှယ်ကြီးက ကျွန်တော် တို့ကို ပျော်ပွဲစားရုံတစ်ခုသို့ ခေါ်သွားပြီး သူ့ အိမ်မှယူလာသည့် ဝီစကီပုလင်းလေးကို ထုတ်သည်။ သူမှာ ပေးသည့်ဖားသားကြော်ကလည်း တော် တော် ကောင်းသည်။
ကျွန်တော် တို့လမ်းလျှောက်အဖွဲ့တွင် အာမခံကိုယ်စားလှယ်ကြီးသည် ပျော်ပျော်နေ တတ်ပြီး တစ်ဖက်သားကို အလွန်ကူညီချင်သူ ဖြစ်သည်။ ကျွန်တော် တို့ လမ်းလျှောက်လျှင် နေ့ တိုင်း ကျွန်တော် တို့ဖို့ မြို့ထဲမှမုန့်တွေ အမြဲဝယ်လာသည်။ မြို့ထဲက ဝယ်မလာ ဖြစ်လျှင် တစ်နေ ရာရာက ဝယ်လာတတ်သည်။ လမ်းလျှောက်အဖွဲ့ဝင်တွေ ဖို့ဆိုပြီး ထီးနှင့် မိုးတွင်းစီးသည့် လမ်း လျှောက်ဖိနပ်တို့ကို အစေ့အငှ ဝယ်ပေးသည်။ ''ဆရာတို့ ကျွန်တော် ကို ခိုင်းကြစမ်းပါဗျာ၊ ကျွန်တော် လုပ်ပေးနိုင်တာရှိလျှင် လုပ်ပေးချင်လို့ပါ၊ သူများ ခိုင်းတာကို ခံချင်လို့ပါ''ဟုသူ မကြာခဏ ပြောတတ်သည်။
အာမခံကိုယ်စားလှယ်ကြီးသည် လမ်းကို မှန်မှန်လျှောက်သည်။ ခရီးမသွားလျှင် ပျက် သည့်နေ့ဟူ၍ မရှိလှ။ လမ်းမှန်မှန်လျှောက်သလို ယမကာကလေးကိုလည်း ညနေတိုင်လျှင် နည်းနည်း မှီဝဲတတ်သည်။
''ကျွန်တော် က မများ ပါဘူး၊ ဝီစကီကလေး နှစ် ခွက်လောက်ဆို ပြီးတာပဲ၊ ဝီစကီ နှစ် ခွက်လောက်သောက်၊ ညစာကို ကောင်းကောင်းစား၊ စောစောအိပ်၊ မနက်စောစောထ,လမ်းလျှောက်၊ ပျော်ပျော်နေ၊ စိတ်ညစ်စရာ မတွေးနဲ့၊ အဲဒါအသက်ရှည်ဆေး''ဟု သူက ဆောင်ပုဒ်ထုတ်သည်။
ကျွန်တော် တို့သုံးယောက် သား ဝီစကီလေးတစ်ကျိုက်၊ ဖားသားကြော်လေးတစ်ကိုက် နှင့် စကားကောင်းနေကြသည်မှာ တော် တော် ကြာသွားသည်။ နာရီကြည့်လိုက်တော့ ၈ နာရီ ထိုးနေပြီ။
''ကဲ ပြန်ကြမှပဲ၊ ထမင်းစားဖို့ ကျွန်တော် တို့ကို စောင့်နေလိမ့်မယ်၊ ပြီးတော့ ကျိုက် ကော်-သိမ်ဆိပ်ကို ပြန်ရဦးမှာ ''
ကျွန်တော် တို့သုံးယောက် ဒေါ်ငြိမ်းယဉ်၏ တိုက်သို့ ခပ်သုတ်သုတ် ပြန်လာခဲ့ကြသည်။ ကျွန်တော် စီးလာသည့် ဘီအမ်ဟီးနိုးကားကြီးကို မတွေ့ ရတော့။ တိုက်ရှေ့တွင် ကျွန်တော် တို့ စိတ်ပူဟန်ဖြင့် မျှော်နေကြသော အိမ်သူအိမ်သားများ ကိုသာ တွေ့ ရတော့သည်။
''မိုးချုပ်နေမှာ စိုးလို့ ဆရာတို့ကို မစောင့်တော့ဘူးတဲ့၊ ဒီတိုက်မှာ ပဲ အိပ်ြ ကတော့လို့ မှာ သွားပါတယ်''
ဦးအေးသန့်၊ ဒေါ်အေးရီတို့မောင် ဖြစ်သူ ကိုစိုးလွင်နှင့် သီသီမြင့်တို့က ဆီးပြောကြ သည်။
''ဆရာတို့ ဒီမှာ ထမင်းပွဲပြင်ထားပါသည်၊ ပြီးတော့ ဒီမှာ အိပ်ရာတွေ လည်း ပြင်ထား ပါတယ်''
ကျွန်တော် တို့သုံးယောက် သည် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ သည်။ အမှန် ကတော့ ကျွန်တော် တို့အပြစ် ဖြစ်သည်။ အိမ်သူအိမ်သားတွေ စိတ်ပူရ၊ တာဝန် တက်ရသဖြင့် အားနာသည်။ ထို့ကြောင့် သူတို့ဆီမှာ မအိပ်ချင်။
''နေပစေ ကိုစိုးလွင်၊ သူတို့ ပြန်သွားတာ မကြာသေးဘူး မဟုတ်လား''
''သိပ်တော့ မကြာသေးပါဘူး၊ ဆယ်မိနစ်လောက်ပဲ ရှိဦးမှာ ပေါ့''
''ကိစ္စမရှိဘူးလေ ကျွန်တော် တို့ ကျိုက်ကော်-သိမ်ဆိပ်မှာ ပဲ ပြန်အိပ်မယ်၊ သူတို့ စိတ် ပူနေကြလိမ့်မယ်၊ ဘယ်နေရာမှာ တက္ကစီငှားလို့ရမလဲ၊ တက္ကစီငှားလို့ရရင် ငှားပေးပါ၊ ကျသ လောက်ပေါ့''
အိမ်ရှင်များ သည် ကျွန်တော် တို့ကို အားနာနေကြဟန်တူသည်။ သူတို့တိုက်မှာ အား နာဖို့မလိုကြောင်း၊ အစစအရာရာ စီစဉ်ပြီးကြောင်း၊ တိုက်အပေါ်ထပ်တွင် သီးသန့်အိပ်ခန်း ရှိကြောင်း၊ မနက်ကျတော့ လာရမည့် အတူတူ သည်မှာ ပင် အိပ်စေလိုကြောင်း ပြောကြသည်။
''ကျေးဇူးတင်ပါတယ် ကိုစိုးလွင်၊ ကျွန်တော် တို့အတွက် ဘာမှစိတ်မပူပါနဲ့၊ ကျွန်တော် တို့ မြန်မာပြည်အနှံ့မှာ ညခရီးတွေ ကို သွားခဲ့ကြတာပါ၊ တက္ကစီတစ်စင်းလောက်သာ ရှာပေးပါ၊ သူ့လမ်းမှာ သူ့ဈေးအတိုင်းပေါ့''
''ကဲ သည်လိုဆို လာ ဆရာ၊ ကျွန်တော် လိုက်ပို့မယ်၊ တက္ကစီတော့ မငှားပါနဲ့''
ဦးအေးသန့်၏ သား 'မင်းနိုင်သန့်'က ရန်ကုန်မှ သူမောင်းလာသည့်အဖြူရောင် စူပါ ရု(ဖ်)ဆီသို့ သွားသည်။ မင်းနိုင်သန့်မှာ ဦးအေးသန့်၊ ဒေါ်အေးရီတို့၏ သား ဖြစ်ပြီး လူငယ်ဆရာ ဝန်တစ်ဦး ဖြစ်သည်။ သူ့ဇနီး 'စုစန္ဒာဆွေ'မှာ လည်း ဆရာဝန်တစ်ဦး ဖြစ်သည်။
ဒေါက်တာမင်းနိုင်သန့်သည် ကားကို ကျွန်တော် ရပ်နေရာ တိုက်ရှေ့သို့ နောက်ပြန် ဆုတ်လာသည်။
ကျွန်တော် တို့သည် ကြာကြာစကားပြောနေချိန် မရပါ။ ကျွန်တော် တို့ကားကို လမ်း တွင် မီအောင် မောင်းမည် ဖြစ်သဖြင့် အားလုံးကို နှုတ်ဆက်ပြီး သုံးယောက် သား ကားပေါ်သို့ တက်လိုက်ကြပါသည်။
''ဖြည်းဖြည်းလည်း မောင်းနော်၊ အရမ်းမောင်းမနေနဲ့ဦး'' ဒေါက်တာစုစန္ဒာဆွေက စိုးရိမ်တကြီးဖြင့် မှာ သည်။ မင်းနိုင်သန့်သည်လည်းကောင်း၊ ကျွန်တော် တို့သည်လည်းကောင်း၊သူတို့စကားတွေ ကို နားမထောင်နိုင်ကြပါ။ ကျွန်တော် တို့ ကားပေါ်ရောက်သည်နှင့် ကားသည် လေးညှို့မှ ပစ်လွှတ်လိုက်သော မြားတစ်စင်းလို ပေတစ်ရာလမ်းမကြီးပေါ်တွင် အရှိန်အဟုန် ပြင်းပြင်းနှင့် ပြေးနေလေသည်။
လမ်းတလျှောက်တွင် ကျွန်တော် တို့ကားသည် မော်တော် ကားများ ကို ကျော်တက်ခဲ့ သည်။ မင်းနိုင်သန့်သည် လီဗာကို တစ်ချက်ကလေးမျှ မလျှော့။ မီးကို အပြည့်ထွန်းကာ လီဗာ ကို ဖိနင်းသည်။ စိုးရိမ်စိတ်ဖြင့် ကျွန်တော် က သူ့ကို သတိပေးရသေးသည်။
''ဟိုရှေ့မှာ ကျွန်တော် တို့ကားကြီး ထင်တယ်၊ မီသေးတယ် ဟုတ်တယ် မီသေးတယ်''
ရှေ့တစ်ဖာလုံသာသာ မီးရောင် ထဲတွင် တအိအိ သွားနေသော ကျွန်တော် တို့ကားကြီး ကို မြင်ရသည်။ အမှန် ကတော့ ဘီအမ်ဟီးရိုးကြီးသည်လည်း သူ့အရှိန်နှင့် သူ တော် တော် ပြင်း ပြင်း မောင်းနေပါသည်။ ကျွန်တော် တို့က မြန်လွန်းသဖြင့် နှေးနေသည်ဟု ထင်ရခြင်း ဖြစ်ပါ သည်။
မင်းနိုင်သန့်သည် ထိုကားကြီးကို မြင်ကတည်းက ကားဟွန်းသံကို အဆက်မပြတ်ပေး လာသည်။ ကားဟွန်းသံကြောင့် အချို့ကားများ က ရပ်ပေးကြသည်။ အချို့ကားများ က အရှိန် သတ်ပေးကြသည်။ ဟီးရိုးကားကြီးမှာ လည်း အရှိန်နှေးသွားသည်။ မင်းနိုင်သန့်သည် ဟွန်းကို အဆက်မပြတ်တီးရင်း ကားကြီးကို ကျော်တက်လာခဲ့ပြီးနောက် ရှေ့မလှမ်းမကမ်းတွင် ရှေ့မှ ဆီးပိတ်၍ ရပ်လိုက်သည်။
ကျွန်တော် တို့ကားကြီးလည်း ရပ်လိုက်သည်။
ကျွန်တော် တို့သုံးယောက် သည် မင်းနိုင်သန့်ကိုပင် နှုတ်မဆက်နိုင်ကြဘဲ ကားကြီးပေါ် သို့ ပြေးတက်ခဲ့ကြသည်။ စွန့်စားခန်းတစ်ခု တွေ့ ရသလို ရင်ဖိုနေကြသည်။
နောက်တစ်နေ့မနက် အိပ်ရာမှစောစောထကာ သထုံမှအလှူရှင်အိမ်တွင် မနက်စာ စားကြသည်။ မြသပိတ်တောင်ပေါ်ကို တက်မည် ဆိုသဖြင့် ကျွန်တော် သည် မနက်စာကို အနည်းငယ်သာ စားပါသည်။ ကျွန်တော် တို့တစ်ဖွဲ့လုံး တက်ကြသည်မဟုတ်ပါ။ အဖွဲ့ထဲက ကျွန်တော် တို့ရှစ်ဦးသာ တက်ခဲ့ကြပါသည်။ ကျန်အဖွဲ့ဝင်တို့မှာ အလှူရှင်ဒေါ်ငြိမ်းယဉ်၏ တိုက်မှာ ကျန် ရစ်ခဲ့ကြသည်။ အငြိမ်းစားပါမောက္ခဆရာဝန်ကြီးကား ဆေးရုံကို သွားကြည့်လေသည်။ သူ ဆေးကျောင်းဆင်းခါစ ဆရာဝန်ပေါက်စဘဝတွင် ပထမဆုံးတာဝန်ထမ်းဆောင်ခဲ့ရသဖြင့် သူ့ ဆေးရုံကို အလွမ်းပြေသွားကြည့်ခြင်း ဖြစ်သည်။
မြသပိတ်တောင်မှာ မြို့နှင့်ကပ်လျပ်ရှိသဖြင့် မြို့ထဲကတောင်ဟုပင်ခေါ်နိုင်သည်။ မြို့ ဆုံးသည်နှင့် တောင်ခြေသို့ ချက်ချင်း ရောက်သွားသည်။ တောင်ခြေရင်း ခြင်္သေ့နှစ် ကောင်မှ မြ သပိတ်တောင်ထိပ်အထိ (၈၇၉)ပေမြင့်သည်ဟုဆိုသည်။ တောင်ခြေမှတောင်ထိပ်ကို စောင်း တန်းသွယ်ထားပြီး စောင်းတန်းဘေးတွင် လည်း ဇရပ်များ ၊ ဘုန်းကြီးကျောင်းများ ၊ စေတီများ ၊ အာရုံခံတန်ဆောင်းများ ၊ ဓမ္မာရုံများ ၊ ကြိုကြားကြိုကြား ရှိနေသဖြင့် အဆက်မပြတ်လှပါ။ သို့ ရာတွင် စေတီရိပ်၊ ဘုရားရိပ်၊ တောရိပ်တောင်ရိပ်ကြောင့် ထိုနေရာတစ်ဝိုက်သည် ပကတိ တိတ်ဆိတ် အေးချမ်းလျက်ရှိသည်။
မြသပိတ်တောင်သည် သိပ်မြင့်သည့်တောင်တစ်လုံးမဟုတ်သည့်တိုင် စောင်းတန်းများ မှာ မတ်စောက်သဖြင့် တော် တော် တက်ယူရသည်။ အစတွင် တော့ တော် တော် မောသည်။ သို့ ရာ တွင် ကျွန်တော် သည် စောင်းတန်းကို တက်ရင်းတက်ရင်း ကျွန်တော် ရှေ့တွင် တက်နေသော အသက်(၃ဝ)နီးပါးရှိ ဦးပဉ္စင်းပျိုတစ်ပါးကို ကြည့်ပြီး တောင်တက်နည်းကို တွေ့ သွားလေသည်။
တက်စတွင် ကျွန်တော် သည် လှေကားတစ်ထစ်ကို ဘယ်ညာလှမ်းပြီး တက်လာခဲ့သော် လည်း မောလာသည့်အခါတွင် ဘယ်ညာ လှမ်းမတက်နိုင်တော့။ ပထမခြေလှမ်းကို လှမ်းပြီး တော့ တစ်လှမ်းချင်းတက်သည်။ လှေကားထစ်ပေါ်သို့ ခြေစုံရောက်တော့မှ နောက်တစ်လှမ်း တက်သည်။ ဘယ်ညာလှမ်းခြင်းမဟုတ်ဘဲတစ်လှမ်းချင်းတက်သည့်နည်း ဖြစ်သည်။
ကျွန်တော် ရှေ့က ရဟန်းပျို၏ လှေကားတက်နည်းမှာ တစ်လှမ်းချင်းတက်သည့်နည်း ဖြစ်ပြီး ကျွန်တော် တို့တက်သည့်နည်းမှာ စုံရပ်ပြီးမှ တက်သည့်နည်း ဖြစ်သည်။ ရဟန်းပျို၏ ခြေလှမ်းသည် မြန်လည်းမမြန်၊ နှေးလည်းမနှေး၊ နားလည်း မနား၊ ကျွန်တော် ရှေ့တွင် ဘယ် ကိုမျှ မကြည့်ဘဲ ဦးခေါင်းကို ငုံ့ကာ မှန်မှန်တက်နေသည်။
ကျွန်တော် သည် သူ့လိုပင် ဘေးကိုလည်း မကြည့်။ အပေါ်ကိုလည်း မကြည့်ဘဲ ရှေ့ တွင် မြင်ရသည့်လှေကားထစ် တစ်ထစ်ကိုသာ ကြည့်၍ ဘယ်ညာတစ်လှမ်းချင်း လှမ်း၍ တက် လာခဲ့သည်။ ပထမခြေလှမ်းတွင် အသက်ရှုသွင်းပြီးနောက် ခြေတစ်လှမ်းတွင် အသက်မှု တ် ထုတ်သည်။ ထိုနည်းအတိုင်း ကျွန်တော် သည် ဦးပဉ္စင်းပျိုနောက်က တက်လိုက်လာရာ တောင် ထိပ်သို့ မရပ်မနား မမောမပန်းဘဲ ရောက်လာခဲ့လေသည်။
သြော် လက်စသတ်တော့ ဦးပဉ္စင်းပျိုသည် သတိပဋ္ဌာန်ကို နှလုံးသွင်း၍ စင်္ကြံလျှောက် နေခြင်းပါတကားဟု ကျွန်တော် သဘောပေါက်သွားသည်။ သဘောပေါက်သည်နှင့် အတူ ချမ်း မြေ့ဆရာတော် ၏ စင်္ကြံလျှောက်ရင်း သတိပဋ္ဌာန်ရှုသည့်နည်းကို ကျွန်တော် သွား၍ သတိရမိ သည်။
ဘယ်လှမ်း ညာလှမ်း၊ ဖြည်းဖြည်းလှမ်း၊
ခြေလှမ်းစိပ်ပါစေ။
ဟိုသည်မကြည့်၊ ရှေ့တည့်တည့်၊
ရှုကြည့်အမြဲပေ။ မျက်လွှာကိုချ၊
လေးတောင်မျှ၊ ကြည့်ရ အမှန်ပေ။
ကြွတာ လှမ်းတာ၊ ချလိုက်တာ၊
သေချာရှုပါလေ။
အခြားအဖွဲ့ဝင်များ ကို ကျွန်တော် သဘောပေါက်ပုံကို ပြောပြသည့်အခါတွင် သူတို့ လည်း ထိုအတိုင်း လှမ်းကြည့်ကြသည်။ သူတို့ကလည်း ကျွန်တော့် အဆိုကို ထောက်ခံကြလေ သည်။
မြသပိတ်တောင်ထိပ်သို့ ရောက်သည့်အခါတွင် ကျွန်တော် တို့သည် ဘုရားဝေယျာဝစ္စ လုပ်သည့် ဥပသကာတစ်ဦးနှင့် တွေ့ သည်။ သူသည် အသက်(၇ဝ) ရှိလေပြီ။ သူသည် မြသပိတ် တောင်ကို နေ့တိုင်းတက်၍ ဘုရားဝေယျာဝစ္စတို့ကို ပြုလာသည်မှာ အနှစ် သုံးဆယ်ရှိပြီး ယခု တိုင် ကျန်းမာပကတိ ချမ်းသာစွာ ရှိသည်ဟု ဆိုလေသည်။
မြသပိတ်စေတီတော် သည် ဥာဏ်တော် အမြင့်(၆၇)တောင် (၉)လက်မ၊ ဖိနပ်တော် အကျယ် (၂၃၆) တောင်နှင့် ထီးတော် အဝ (၅)တောင်၊ အမြင့် (၉)တောင်ရှိသည်ဟု ဆိုသည်။
သာသနာသက္ကရာဇ် (၁၂၉)တွင် သထုံပြည်၌ သူရိယစန္ဒာမင်းကြီး၏ မြစ်တော် ၊ ''သုဝဏ္ဏရာဇာ မဟာဓမ္မဓဇမင်း''ပြုစဉ် မဇ္ဈိမဒေသမှ ရှင်မဟိန္ဒ၊ ရှင်သော ဏစသည့် ရဟန္တာ ငါးပါးတို့ကြွလာပြီး မြတ်စွာ ဘုရား၏ ဆံတော် (၈)ဆူကို ဌာပနာ၍ တည်ခဲ့ခြင်း ဖြစ်သည်ဟု အဆိုရှိသည်။
ကျွန်တော် တို့သည် မြသပိတ်စေတီတော် ရင်ပြင်မှနေ၍ အရပ်လေးမျက်နှာကို မျှော် ကြည့်ကြသည်။ အရှေ့ဘက်တွင် တောင်တန်းတွေ ညို့မှိုင်းနေသော ဒေါနတောင်တန်းကြီး။ သထုံ-မြိုင်ကလေးကားလမ်း၊ ဖားအံမြို့ရှိရာအရပ်တို့ကိုပြသည်။ ရာသီဥတုကောင်းသည့်အခါ များ တွင် ဖားအံကိုပင် မြင်နိုင်သည်ဟုဆိုသည်။
ကျွန်တော် တို့သည် မြသပိတ်စေတီတော် ရင်ပြင်လေးဘက်လေးတန်မှနေ၍ ရှုမျှော် ခင်းကို ကြည့်ပြီးနောက် ပြန်ဆင်းလာခဲ့ကြသည်။
နတ်စင်ကုန်း၊ ဒေါ်ဦးဇွန်းဘိုးဘွားရိပ်သာစသည်တို့ကို သွားချင်သေးသော်လည်း အချိန်မရတော့ပြီ။
လူစုံသည်နှင့် ကျွန်တော် တို့ကားကြီးသည် အလှူရှင်ဒေါ်ငြိမ်းယဉ် ကိုစိုးလွင်၊ သီသီ မြင့်တို့နှင့်တကွ အိမ်သူအိမ်သားများ ကို နှုတ်ဆက်ပြီး နောက်ကျိုက်ကော်-သိမ်ဆိပ်သို့ ထွက် လာခဲ့ကြသည်။ ကျိုက်ကော်-သိမ်ဆိပ်တွင် ကိုအေးလွင်နှင့် ဝါဝါတို့က ကျွန်တော် တို့ကို နေ့လည် စာ ကျွေးလိုက်သေးသည်။ သူတို့ကျွေးသော နေ့လည်စာမှာ ရန်ကုန်ဧည့်သည်များ အတွက် အထူးစီစဉ်ထားသော ကျိုက်ကော် တရုပ်ငါးပေါင်းကြော် ဖြစ်လေသည်။ အချည်ရည်ဖြင့် တို့ စားရသည်မှာ မြိန်လှပါသည်။
နေ့လည်နာရီပြန်တစ်ချက်ထိုးသည်နှင့် ကျွန်တော် တို့ကားကြီးသည် ရန်ကုန်ဘက်သို့ ဦးတည်ခဲ့ကြသည်။ အလာတုန်းကလိုပင် သီချင်းသံတွေ စည်ဝေလျက်။
အပြန်တွင် တော့ ကျွန်တော် တို့ လမ်းလျှောက်အဖွဲ့သည် အလာတုန်းကလို လက်ခုပ် တီးရုံတင်၊ စည်းလိုက်ရုံတင် မဟုတ်တော့ပါ။ မမရီက ခေတ်ဟောင်းသီချင်းတွေ ကို တစ်ပုဒ်ပြီး တစ်ပုဒ် ဆိုသည်။ ဒေါ်တင်ကြည်က က,သည်။ ကျွန်တော် တို့အားလုံး ဝိုင်း၍ ဆိုသည်။ အသံ အကျယ်ဆုံးမှာ အာမခံကိုယ်စားလှယ်ကြီး ဖြစ်သည်။ ရေခဲတုံးသည် လုံးဝအရည်ပျော်သွား လေပြီ။
နည်းနည်း မောလျှင် ခဏရပ်သွားကြသည်။ သို့ ရာတွင် မကြာပါ။ မမရီက တစ်ပုဒ် ကောက်ဆိုလိုက်သည်နှင့် ကျွန်တော် တို့အားလုံးက လိုက်ဆိုကြပါသည်။ ဒေါ်တင်ကြည်က က,ပါ သည်။
သို့ ဖြင့် ဆိုလိုက်၊ ကလိုက်၊ နားလိုက်၊ ဆိုလိုက်၊ ကလိုက်၊ နားလိုက်ဖြင့် ကျွန်တော် တို့ သီချင်းကားကြီးသည် ည(၈)နာရီတွင် ရန်ကုန်နယ်နိမိတ်သို့ ဝင်ခဲ့လေသည်။
ရန်ကုန်နယ်နိမိတ်သို့ ရောက်တော့ ကျွန်တော် တို့သည် အသံတိတ်သွားကြသည်။ သီချင်းဆို၍ မောသော ကြောင့် တိတ်သွားခြင်း မဟုတ်ပါ။
မနက်ဖြန်မနက် မျက်စိနှစ် လုံးပွင့်သည်နှင့် တွေ့ ရမည့်  အိမ်မှု ကိစ္စတွေ ၊ မပြေလည်မှု တွေ ၊ ကတိတွေ ၊ ဘဝင်မကျမှု တွေ ၊ တင်းကျပ်မှု တွေ ၊ ဘဝအမောတွေ ကို တွေးမိသော ကြောင့် ဖြစ်ကောင်း ဖြစ်ပါလိမ့်မည် ။
ကျွန်တော် သည် 'အရစ္စတိုတယ်'ပြောသည့် ရင်ထဲက တင်းကျပ်မှု များ ကို သန့်စင်ဆေး ကြောပစ်ခြင်းဆိုသည့် စကားလုံးကို သွား၍ သတိရနေလေသည်။
စာပေါင်းစု | အနုပဋိလောမ ရုပ်ဝါဒ (အလုပ်သမားလူတန်းစား အဘိဓမ္မာ) | ကျွန်တော်ဆက်၍ ရေးချင်သော ဝတ္ထုများ |