(ထုတ်ဝေသူ၏ အမှာ စာ)
ယနေ့ကား ကမ္ဘာ့အလုပ်သမားနေ့။
လက်ရှိအစိုးရကား အလုပ်သမားအရေး ကို ဦးစားပေး၍ ဆောင်ရွက်မည့် အစိုးရ။ဤစာအုပ်ကား အလုပ်သမားတို့၏ သဘောတရားကို ဖွင့်ဆိုသည့်စာအုပ်။
သို့ ဖြစ်၍ ဤအစိုးရလက်ထက်၊ ဤနေ့တွင် ဤစာအုပ်အား ထုတ်ဝေဖြန့်ချိလိုက်နိုင်ခြင်းကို အထူးနှစ် ထောင်းအားရ ဖြစ်မိသည်။တနည်းထပ်၍ တင်ပြလိုပါသည်။
အကယ်၍ ဤစာအုပ်ကို ယခုအချိန်မှမဟုတ်ဘဲ၊ လွန်ခဲ့သည့်နှစ် နှစ် ပထစအစိုးရ လက်ထက်က ထုတ်ဝေခဲ့သည်ဆိုကြပါစို့။
ထိုစဉ်က လွှမ်းမိုးခဲ့သော သဘောတရားကား အဘယ်နည်း။ အရင်းရှင်တို့၏ စိတ်ဝါဒအဘိဓမ္မာမဟုတ်ပါလား။ ဘာကြောင့် ဆင်းရဲသူ ဆင်းရဲနေရသနည်းဆိုသည့်ပြဿနာတွင် ''ထာဝရ ဘုရားသခင်က ဖန်တီးပေးလိုက်ခြင်းကြောင့် ဖြစ်သည်။
ချမ်းသာသူများ သည် အသုံးအစွဲကျစ်လစ်၍ အရှည်ကိုမျှော်တတ်ကာ ဆင်းရဲသူများ မှာ အသုံးအစွဲ လက်ဖွာကာ အမြှော်အမြင် မရှိသော ကြောင့် ဖြစ်သည်''ဟူသော သဘောတရားနှင့် ဖြေဆိုခဲ့ ကြသည် မဟုတ်ပါလား။
ထိုစဉ်တွင် ဤစာအုပ်မျိုး ထုတ်ဝေခဲ့ပါလျှင် အရေး မလှ ဖြစ်ခဲ့ရမည် မှာ သေချာပါသည်။သို့ သော် ယနေ့ ဘယ်သဘောတရားမျိုး လွှမ်းမိုးလာပြီနည်း။ ဆိုရှယ်လစ်သဘောတရားလွှမ်းမိုးလာပြီ မဟုတ်ပါလား။ အထက်ဖော်ပြပါ ပြဿနာကိုပင် ဖြေရှင်းရာဝယ် ''လူ့အဖွဲ့အစည်းတွင် ဆင်းရဲသူနှင့် ချမ်းသာသူဟု ကွဲပြားခြားနားနေရခြင်းသည် ဘဝတည်မြဲမှု ရုပ်ဝတ္ထုများ ထုတ်လုပ်ရေး စနစ်ကြောင့် ဖြစ်သည်။
အချို့က မြေယာနှင့် ကုန်လုပ်ကိရိ ယာများ ကို ပိုင်ဆိုင်၍ ၊ အချို့က၄င်းတို့အတွက် အလုပ်လုပ်ပေးရသော ကြောင့် ဖြစ်သည်။ ပိုင်ဆိုင်မှု မရှိသူသည် မည် မျှပင် ကြိုးစားအားထုတ်သည် ဖြစ်စေ၊ ချွေတာစုဆောင်းသည် ဖြစ်စေ၊ ဆင်းရဲမြဲ ဆင်းရဲကာ၊ ပိုင်ဆိုင်မှု ရှိသူကသာ၎င်းတို့အလုပ်၏ အသီးအပွင့်ကို ခံစားလျက် ချမ်းသာသည်ထက် ချမ်းသာလာမည် ဖြစ်သည်'' ဟူသော အဖြေမျိုးပေးမည့် အယူအဆမျိုး လွှမ်းမိုးစပြုလာပါပြီ။
အချုပ်အားဖြင့် ထိုခေတ်သည် ''ဆင်းရဲသူ''ပြဿနာကို ဖြေရှင်းရာတွင် ''တတ်အားသမျှ အလှူဒါနပြု ဆုတောင်း''ဆိုသည့်နည်းဖြင့် ဖြေရှင်းမည့် ခေတ်။ ယခုခေတ်ကား ဤပြဿနာကို ဖြေရှင်းရာတွင် ''လူ့အဖွဲ့အစည်းကြီးအား ပြောင်းလဲရန် နည်းလမ်းကိုရှာဖွေ''ဆိုသည့်နည်းဖြင့် ရှင်းမည့် ခေတ်။
''လူ့အဖွဲ့အစည်းကြီးအား ပြောင်းလဲရန်နည်းလမ်းများ ''ဆိုလျှင် ယခုထုတ်ဝေလိုက်သည့် ''အနုပဋိလောမရုပ်ဝါဒ''အမည် ရှိ ''အလုပ်သမားတို့၏ အဘိဓမ္မာ''တွင် အပြည့်အစုံပါသည်။
သို့ ဖြစ်၍ ဤအစိုးရလက်ထက်၊ ဤနေ့တွင် ၊ ဤစာအုပ်အား ထုတ်ဝေလိုက်နိုင်ခြင်းကိုအထူးနှစ် ထောင်းအားရ ဖြစ်မိပါကြောင်း။
အနာဂတ်ကို ပိုင်ဆိုင်လြာ ကတော့မည့် အလုပ်သမားများ သည် ဤစာအုပ်ကိုဖတ်ခြင်းအားဖြင့် လူ့အဖွဲ့အစည်းအား ပြောင်းလဲရန် နည်းလမ်းကောင်းများ ရှာဖွေတွေ့ ရှိနိုင်ကြပါစေသတည်း။
ထွန်းလင်းစာပေ။
၁၉၆၃-ခု၊ မေလ ၁-ရက်
အခန်း (၁)
အဘိဓမ္မာတိုင်း၌ လူတန်းစားအမြင်ရှိသည်၊ သွေးစုပ်ချယ်လှယ်သော လူတန်းစားသည်၎င်းတို့၏ လူတန်းစားရပ်တည်မှု ခိုင်မြဲရေး နှင့် တရားမှန်ကန်ရေး တို့အတွက် အမျိုးမျိုးသော ဟန်ဆောင်ဖုံးကွယ်မှု နှင့် လိမ်လည်မှု များ ကို အသုံးပြုကြသည်။ အလုပ်သမားလူတန်းစားမှာ မူကား၎င်း၏ လူတန်းစားရပ်တည်မှု နှင့် ရည်မှန်းချက်များ ၏ သဘာဝ အတိုင်း အရာဝတ္ထုများ ကို နဂိုရ်ပကတိအတိုင်းပင် မြင်ကြသည်။ ဟန်ဆောင်ဖုံးကွယ်မှု နှင့် လိမ်လည်မှု များ မရှိပေ။
အလုပ်သမားလူတန်းစားအဖို့ တော် လှန်သော လူတန်းစားအမြင်တရပ်ကို ဖော်ပြသည့်အဘိဓမ္မာတရပ်လိုအပ်လေသည်။ ယင်းသို့ သော အဘိဓမ္မာတရပ် ကင်းမဲ့ခြင်းသည် အလုပ်သမားလူတန်းစားနှင့် ဆိုရှယ်လစ်ဝါဒအား အန္တရာယ် ဖြစ်စေသော တွေးခေါ်မှု များ ကိုသာ ပေါ်ပေါက်စေသည်။
ယင်းအချက်သည်ပင်လျှင် ကျွန်ုပ်တို့အဘိဓမ္မာ၏ ရုပ်ဝါဒသမားလက္ခဏာကို ဖေါ်ပြပေသည်။
ပါတီအဘိဓမ္မာနှင့် လူတန်းစားအဘိဓမ္မာအနုပဋိလောမရုပ်ဝါဒသည် ''မာ့က်စ်-လီနင်ပါတီ၏ လောကအမြင် ဖြစ်သည်''ဟု စတာလင်က ဖွင့်ဆိုခဲ့သည်။
များ စွာ သော နိုင်ငံရေး သမားများ နှင့် အဘိဓမ္မာပညာရှင်များ အဖို့ ဤဖွင့်ဆိုချက်သည်အထူးအဆန်း ဖြစ်ကောင်း ဖြစ်ဖွယ်ရာရှိ၏ ။ သို့ ရာတွင် အနုပဋိလောမရုပ်ဝါဒကို ကျွန်ုပ်တို့ နားလည်လိုလျှင် ဤဖွင့်ဆိုချက်၏ နောက်ကွယ်တွင် ရှိသော အတွေးအခေါ်ကိုသိရှိ နားလည်ရန် လိုပေသည်။
ပဌမအချက်အားဖြင့် ဤလူတန်းစားအဘိဓမ္မာဖွင့်ဆိုချက်တွင် ပါရှိသည့် တွေးခေါ်မှု နောက်ကွယ်၌ မည် သည့်အဘိဓမ္မာခံယူချက် ရှိသနည်း။
အဘိဓမ္မာဆိုသည်မှာ ကမ္ဘာလောကကြီး၏ သဘာဝ နှင့် ထိုကမ္ဘာလောကကြီးထဲ၌ လူ့ဘောင်၏ အခန်းကဏ္ဍတို့ကို ယေဘုယျအကျဆုံး ဖေါ်ပြချက်တရပ်ပင် ဖြစ်သည်။ ကျွန်ုပ်တို့၏ လောကအမြင်ဟုလည်း ခေါ်နိုင်ပေသည်။
ယင်းသို့ ဖြစ်လျှင် လူတိုင်း၌ အဘိဓမ္မာရှိသည်။ လူတိုင်းသည် အဘိဓမ္မာဆိုင်ရာ ရှုမြင်ချက်များ ၏ သြဇာကို လွှမ်းမိုးမှု ကို ခံကြရသည်ဆိုသည့်အချက်မှာ ထင်ရှားသည်။
ဥပမာ။ ။အချို့က ကမ္ဘာလောကြီးသည် ''ဒုက္ခဘုံ''ကြီးသာ ဖြစ်သည်။ လူ့ဘဝဆိုသည်မှာ လည်း နောက်ထပ်ပိုမိုကောင်းမွန်သော ကမ္ဘာလောကကြီးတခုနှင့် ပိုမိုကောင်းမွန်သော ဘဝတခုသို့ ရောက်ရှိအောင် ကြိုးပမ်းရာ စခန်းထောက်ဒေသတခုသာ ဖြစ်သည်။
ကျွန်ုပ် တို့သည်ကံကြမ္မာဖန်တီးသမျှကို ခံစားတွေ့ ကြုံကြရမည် ။ ကံကြမ္မာဖန်တီးပေးသော အခြေအနေများ လောက်နှင့်သတ္တဝါများ ကောင်းကျိုးကို အတတ်နိုင်ဆုံးလုပ်ဆောင်ကြရန်သာ ရှိတော့သည်ဟုယူဆကြသည်။ ယင်းမှာ အဘိဓမ္မာတမျိုး၊ လောကအမြင်တမျိုး ဖြစ်သည်။
အချို့ကလည်း ကမ္ဘာလောကကြီးသည် စည်းစိမ်ချမ်းသာကို စံစားရာဒေသ ဖြစ်သည်။ထို့ကြောင့် လူတိုင်းသည် ကိုယ့်ကိုယ်ကိုသာ အားကိုးကာ ကိုယ်ကျိုးကိုသာကြည့်ရမည် ဟု ဆိုကြသည်။ ဤသည်မှာ လည်း အဘိဓမ္မာတမျိုး ဖြစ်သည်။
ကျွန်ုပ်တို့၏ အဘိဓမ္မာသည် ကျွန်ုပ်တို့၏ လောကအမြင် ဖြစ်သည် ဆိုခဲ့ပြီ။ သို့ ဖြစ်လျှင်ကျွန်ုပ်တို့၏ လောကအမြင်ကို စနစ်တကျ အသေးစိတ်ဖွင့်ဆိုရန် သေချာကျနစွာ ဖွဲ့စည်း၍ ရှေ့နောက်ညီညွှတ်သော သဘောတရားတရပ်အ ဖြစ် ထူထောင်ရန်ပြဿနာပေါ်ပေါက်လာပေသည်။
ယုံကြည်ချက်များ နှင့် သဘောထားများ ကို စနစ်ကျသော လမ်းညွှန်ဝါဒများ အ ဖြစ် ထုတ်ဖေါ်တင်ပြရန် လိုအပ်လာပေသည်။ ယင်းမှာ အဘိဓမ္မာပညာရှင်များ ၏ အလုပ် ဖြစ်ပေသည်။အဘိဓမ္မာပညာရှင်များ က ၄င်းတို့၏ သဘောတရားများ ကို ထူထောင်ကြရာတွင် ၄င်းတို့သည် ရှုပ်ထွေးစွာ ဖေါ်ပြခဲ့ကြသည်။
ဝိုးတဝါးဖွင့်ဆိုခဲ့ကြသည်။ လူများ နားမလည်အောင် ဖေါ်ပြခဲ့ကြသည်။ သို့ သော်လည်း သူတို့၏ အဘိဓမ္မာများ သည် နားလည်ရန် ခက်ခဲသည့်တိုင်အောင် လူအများ အား သြဇာလွှမ်းမိုးလျက် ရှိသည်ကို တွေ့ ရတတ်သည်။ ယင်း သို့ သြဇာလွှမ်းမိုးနေခြင်းမှာ အဘိဓမ္မာဆရာများ သည် အချို့သော မိရိုးဖလာယုံကြည်ချက်များ ကို စနစ်တကျ ပြုပြင်၍ သော်၎င်း၊ ထပ်မံဖြည့်စွက်၍ သော်၎င်း ပြုလုပ်ကာ သာမန်လူများ အပေါ်တွင် အတင်းအကြပ်ရိုက်သွင်းခဲ့ကြသော ကြောင့် ဖြစ်သည်။
ထို့ကြောင့် လူတော် တော် များများ သည် အဘိဓမ္မာစာအုပ်ကြီးများ ကို မဖတ်ဖူးကြသော်လည်း အဘိဓမ္မာပညာရှင်အသီးသီး၏ အဘိဓမ္မာအမျိုးမျိုး၏ လွှမ်းမိုးမှု ကို တနည်းမဟုတ် တနည်းဖြင့် ခံနေကြရပေသည်။
သို့ ဖြစ်လေရာ ဆိုခဲ့သော အဘိဓမ္မာပညာရှင်များ ၏ အဘိဓမ္မာများ သည် ၄င်းတို့၏ ဦးနှောက်မှ ထွက်ပေါ်လာသော ကိုယ်ပိုင်အဘိဓမ္မာများ ဟု ကျွန်ုပ်တို့ လက်မခံနိုင်ပေ။ တစုံတခုသော ရှုမြင်ချက်၊ တစုံတခုသော နည်းလမ်းများ သည် တစုံတယောက် သော အဘိဓမ္မာပညာရှင်ပြုစုရေး သားသည့်တစုံတခုသော အဘိဓမ္မာစာအုပ်တွင် ပါရှိကောင်း ပါရှိမည် ဖြစ်သော်လည်း၊ ယေဘုယျသဘောတွင် မူ ထိုတွေးခေါ်ရှုမြင်ချက်များ သည် ခေတ်၏ လူမှု ဆက်ဆံရေး နှင့် လူမှု လှုပ်ရှားမှု များ ကို ထင်ဟပ်ဖေါ်ပြသည့်လူမှု အခြေခံပေါ်၌ သာ ရပ်တည်၍ နေပေသည်။
ထိုအဘိဓမ္မာပညာရှင်များ ၏ တွေးခေါ်ရှုမြင်ချက်များ သည် သူတို့ခေါင်းထဲမှ အဆင်သင့်ထွက်လာကြခြင်း မဟုတ်ပေ။ဤအချက်ကို သဘောပေါက်လျှင် ရှေ့တဆင့်တက်၍ ဆွေးနွေးလိုသည်။
လူ့အဖွဲ့အစည်း၌ လူတန်းစားအမျိုးမျိုး ကွဲပြားလျက်ရှိသည်။ ရှေးဟောင်းဘုံစနစ်ကွယ်ပျောက်သည့်အချိန်မှစ၍ လူ့အဖွဲ့အစည်း၌ လူတန်းစားများ ပေါ်ပေါက်ခဲ့သည်။ ထို့ကြောင့် တွေးခေါ်ရှုမြင်ချက်များ သည်လည်း လူတန်းစားအမျိုးမျိုး၏ အမြင်ကို ဖေါ်ပြခဲ့သည်သာ ဖြစ်သည်။
ထို့ကြောင့် အဘိဓမ္မာပညာရှင်အသီးသီး၏ စနစ်များ သည်လည်း လူတန်းစားအမြင်ကို ဖေါ်ပြသည်သာ ဖြစ်သည်။ အဘိဓမ္မာသည် လူတန်းစားအမြင်တရပ်ကို စနစ်တကျဖေါ်ပြခြင်း၊ သဘောတရားရေး ထူထောင်ခြင်းပင် ဖြစ်သည်။ တိကျစွာ ပြောရလျှင် လူတန်းစား အသီးသီး၏ အယူအဆသာ ဖြစ်ပေသည်။
အဘိဓမ္မာပညာရှင်များ က အဘိဓမ္မာအစစ်သည် လူသတ္တဝါအားလုံးနှင့် သက်ဆိုင်သည်ဟု ဆိုကြသော်လည်း အမှန်မှာ အဘိဓမ္မာသည် လူတန်းစားအဘိဓမ္မာမျှသာ ဖြစ်ပေသည်။
လူများ သည် လူ့အဖွဲ့အစည်းနှင့် ကင်းကွာ၍ မတွေးပေ။ တွေးလည်း မတွေးနိုင်ပေ။ ထို့ကြောင့် လူတန်းစားအသီးသီး ရှိကြသော လူ့အဖွဲ့အစည်းတွင် လူတန်းစားအကျိုးစီပွားများ လူတန်းစားတိုက်ပွဲများ နှင့် တွေးခေါ်မှု တွင် ၄င်း လှုပ်ရှားမှု တွင် ၄င်း နေထိုင်မှု တွင် ၄င်း ကင်းကွာ၍ မရပေ။
အဘိဓမ္မာတရပ်သည် လောကအမြင်တရပ် ဖြစ်၍ ကမ္ဘာလောကကြီးကို၎င်း၊ ထိုကမ္ဘာလောကကြီးထဲရှိ လူ၏ အနွယ်နှင့် လူ၏ အခန်းကို၎င်း သိရှိနားလည်ရန် ကြိုးပမ်းချက်တရပ်သာ ဖြစ်ပေသည်။ ယင်းသို့ သော အမြင်သည် လူတန်းစားတရပ်၏ အမြင်မှလွဲ၍ အခြားဘာမျှမ ဖြစ်နိုင်ပေ။
ထို့ကြောင့် အဘိဓမ္မာဆရာသည်လည်း လူတန်းစားရပ်၏ အတွေးအခေါ်ကိုယ်စားလှယ်တဦးမျှသာ ဖြစ်ပေသည်။ ထိုမှလွဲ၍ မ ဖြစ်နိုင်ပေ။ အဘိဓမ္မာအသီးသီးသည် အခြားဂြိုဟ်တခုမှ တင်သွင်းသည်လည်း မဟုတ်ပေ။ တည်ရှိနေသော လူတန်းစားဆက်ဆံမှု များ နှင့် လူတန်းစားတိုက်ပွဲများ ကြားမှ ထွက်ပေါ်လာခြင်းသာ ဖြစ်ပေသည်။ လူတန်းစားအမြင်တခုမရှိသော အဘိဓမ္မာဟူ၍ မရှိပေ။ ဘက်မလိုက်သော အဘိဓမ္မာဟူ၍ လည်း မရှိပေ။
ဤအမြင်ဖြင့် ကြည့်လျှင် ရှေးပဝေဏီက ပေါ်ပေါက်ခဲ့သော အဘိဓမ္မာများ သည် ''ကျမ်းတတ်စာတတ်''လူတန်းစားများ ဟု ခေါ်သော လူတန်းစားများ ၊(သွေးစုပ်ချယ်လှယ်သော လူတန်းစားများ )၏ အမြင်ကို တနည်းမဟုတ် တနည်းဖြင့် ဖော်ပြခဲ့ခြင်းသာ ဖြစ်ကြောင်းကို တွေ့ ရမည် ဖြစ်ပေသည်။
မိမိတို့၏ တွေးခေါ်မှု များ ကို စနစ်ကျသော အဘိဓမ္မာများ အ ဖြစ် ထုတ်ဖေါ်ဖွင့်ဆိုသူတို့မှာ ယေဘုယျအားဖြင့် လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်များ ဖြစ်ကြသည်။ အရင်းရှင်စနစ်၏ ထူးခြားသော ကုန်ထုတ်တရပ် ဖြစ်သည့်ခေတ်သစ်အလုပ်သမားလူတန်းစား ပေါ်ပေါက်လာသည့်အချိန်အထိ၊ ဤခေါင်းဆောင်များ သည် သွေးစုပ်ချယ်လှယ်သော လူတန်းစားများ သာ ဖြစ်နေကြပေသည်။ သူတို့သည် လူ့အဖွဲ့အစည်းကို လွှမ်းမိုးချယ်လှယ်နေကြသလို သူတို့၏ အမြင်သည်လည်းအဘိဓမ္မာကို လွှမ်းမိုးချယ်လှယ်နေကြသည်။
ယနေ့အချိန်တွင် အလုပ်သမားလူတန်းစားသည် လူ့အဖွဲ့အစည်းတွင် ခေါင်းဆောင်မှု ကို ရယူရန် ရည်ရွယ်လျက်ရှိပေပြီ။ ထို့ကြောင့် အလုပ်သမားလူတန်းစား၏ လူတန်းစားအမြင်ကိုလည်း အဘိဓမ္မာဆိုင်ရာ ပုံသဏ္ဌာန်ဖြင့် ဖေါ်ပြရန် လိုအပ်ပေပြီ။ အလုပ်သမားလူတန်းစားသည်၎င်း၏ လူတန်းစားအဘိဓမ္မာဖြင့် သွေးစုပ်ချယ်လှယ်သော လူတန်းစား၏ အဘိဓမ္မာကို ဆန့်ကျင်တိုက်ဖျက်ရန် လိုအပ်လာပေပြီ။
''အလုပ်သမားလူတန်းစားအတွက် မာ့က်စ်နှင့် အိန်ဂျယ်လ်တို့က မည် သို့ အမှု တော် ထမ်းခဲ့သည်ကို စကားလုံးနဲနဲဖြင့် အောက်ပါအတိုင်း ဖေါ်ပြလိုပေသည်။ ယင်းမှာ မာက့်စ်နှင့် အိန်ဂျယ်လ်စ်တို့သည် အလုပ်သမားလူတန်းစားအား သူ့ကိုယ်သူ သိရှိရန်၊ သူ့ကိုယ်သူ သဘောပေါက်ရန်သင်ပြပေးခြင်းပင် ဖြစ်သည်။ မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့သည် အိပ်မက်များ ကို သိပ္ပံပညာဖြင့် အစားထိုးခဲ့ပေသည်''ဟု လီနင်က ရေး ခဲ့ပေသည်။
လီနင်က ထပ်မံ၍ ''အရင်းရှင်စနစ်သည် မရှောင်မလွှဲသာ ပြိုလဲပျက်စီး၍ လူလူချင်းသွေးစုပ်ချယ်လှယ်ခြင်းကင်းသော ကွန်မြူနစ်စနစ်သို့ မလွှဲမသွေ ကူးပြောင်းရမည် ဆိုသည့်အချက်ကိုသိပ္ပံနည်းကျစွာ သုံးသပ်ခြင်း၊ လုပ်သားများ နှင့် သွေးစုပ်ချယ်လှယ်ခြင်းခံရသူအားလုံးအား တိုက်ပွဲတွင် စတင်၍ စည်းရုံးရေး စသော ပစ္စည်းမဲ့များ ၏ အခန်းကဏ္ဍ၊ ၄င်းတို့၏ လုပ်ငန်းနှင့် ဦးဆောင်မှု တို့ကို ညွှန်ပြခြင်း စသည်တို့သည် မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့၏ သမိုင်းတွင် ၍ ထူးမြတ်သော ဂုဏ်ရည်များ ပင် ဖြစ်ပေသည်''ဟု ရေး သားခဲ့ပေသည်။
မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့သည် အလုပ်သမားလူတန်းစားအား ''ကိုယ့်ကိုယ်ကို သိရှိရန်နှင့် နားလည်သဘောပေါက်ရန်''သင်ကြားခဲ့ပြီးနောက် ''လုပ်သားများ နှင့် သွေးစုပ်ချယ်လှယ်ခြင်းခံရသူများ အားလုံး''၏ ဗဟိုအလယ်တွင် ရပ်တည်ရန် ညွှန်ပြခဲ့ကာ အလုပ်သမားလူတန်းစား၏ တော် လှန်သော သဘောတရားကို ထူထောင်ခဲ့ကြသည်။
ဤတော် လှန်သော သဘောတရားသည်အလုပ်သမားလူတန်းစားက အရင်းရှင်သွေးစုပ်ချယ်လှယ်မှု ကို တွန်းလှန်ပယ်ရှားပစ်နိုင်သည့်ပြည်သူလူထုများ အားလုံးကို ခေါင်းဆောင်နိုင်သည့် လူ့အဖွဲ့အစည်းတခုလုံးအား လူလူချင်း သွေးစုပ်ချယ်လှယ်ခြင်း၊ ဖိနှိပ်ခြင်းစသည်တို့မှ အပြီးအပိုင် လွတ်မြောက်နိုင်စေသည့်လမ်းတို့တွင် အလင်းရောင် ကို ထွန်းညှိပေးခဲ့ပေသည်။
အရင်းရှင်စနစ် ဖြစ်ပေါ်တိုးတက်လျက်ရှိချိန်၊ အလုပ်သမားလူတန်းစားအင်အားစုများ သည် ပဌမဆုံးအကြိမ် စည်းရုံးစပြုချိန်တွင် မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့သည် သူတို့၏ သဘောတရားကို ထူထောင်ခဲ့သည်။ အရင်းရှင်စနစ်သည် ၄င်း၏ နောက်ဆုံးအဆင့် ဖြစ်သော လက်ဝါးကြီးအုပ် အရင်းရှင်စနစ်(ဝါ)နယ်ချဲ့စနစ်သို့ ရောက်ရှိချိန်၊ ပစ္စည်းမဲ့ဆိုရှယ်လစ်စနစ်တော် လှန်ရေး စတင်ချိန်တွင် လီနင်သည် မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့၏ သဘောတရားကို တိုးချဲ့ပျံ့ပွားစေခဲ့သည်။
အလုပ်သမားလူတန်းစားသည် ၄င်းတို့၏ ကိုယ်ပိုင်ပါတီ မရှိဘဲ အရင်းရှင်စနစ်ကို မဖျက်သိမ်းနိုင်ဟု၎င်း၊ အရင်းရှင်စနစ်ကို ဖျက်သိမ်း၍ ဆိုရှယ်လစ်တည်ဆောက်ရာတွင် လူ့အဖွဲ့အစည်းကြီးတခုလုံးအား ရှေ့ဆောင်ခြင်းမပြုနိုင်ဟု၎င်း၊ မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့က သင်ကြားခဲ့သည်။
အလုပ်သမားလူတန်းစားသည် ဓနရှင်ပါတီများ နှင့် သီးခြားကင်းလွတ်သော ၄င်း၏ ကိုယ်ပိုင်ပါတီရှိရမည် သာ ဖြစ်ပေသည်။ ဤပါတီသည် အလုပ်သမားလူတန်းစားနှင့် အလုပ်သမားလူတန်းစား၏ လူတန်းစားစိတ်အရှိဆုံးသော အပိုင်းတို့၏ တပ်ဦးအ ဖြစ် ဆောင်ရွက်၍ နိုင်ငံရေး အာဏာကိုသိမ်းပိုက်ထူထောင်ရာ၌ တန်ဆာပလာ ဖြစ်ရမည် ဟု လီနင်က မာ့က်စ်၏ သင်ကြားချက်ပေါ်တွင် အခြေခံ၍ တိုးချဲ့ခဲ့သည်။
ဤတာဝန်ကို ထမ်းဆောင်ရန်အတွက် ပါတီသည် အသိနားလည်မှု နှင့် သိမြင်မှု တို့ ရှိမည် ဖြစ်သည်။ တနည်းဆိုရလျှင် ပါတီသည် တော် လှန်သော သဘောတရားကို တပ်ဆင်ထားရမည် ဖြစ်ပေသည်။ ပါတီ၏ ပေါ်လစီများ သည် ဤသဘောတရားပေါ်တွင် အခြေခံ၍ ပါတီ၏ လှုပ်ရှားမှု ကို ဤသဘောတရားက ခေါင်းဆောင်ပေသည်။
ဤတော် လှန်သော သဘောတရားသည် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ ဖြစ်ပေသည်။ မာ့က်စ်ဝါဒလီနင်ဝါဒသည် စီးပွားရေး သဘောတရားတရပ်မျှသာ မဟုတ်ပေ။ နိုင်ငံရေး သဘောတရားတရပ်မျှသာလည်း မကသေးပေ။ မာ့က်စ်ဝါ၊ လီနင်ဝါဒသည် လောကအမြင်တရပ်၊ အဘိဓမ္မာတရပ်လည်း ဖြစ်ပေသည်။ နိုင်ငံရေး နှင့် စီးပွားရေး တွေးခေါ်ရှုမြင်ချက်များ သည် ယေဘုယျလောကအမြင်တရပ်နှင့် သီးခြားကင်းလွတ်တည်ရှိခြင်းမဟုတ်ပေ။
သီးခြားကင်းလွတ်၍ လည်း မတည်ရှိနိုင်ပေ။ သီးခြားသော စီးပွားရေး နှင့် နိုင်ငံရေး တွေးခေါ်ရှုမြင်ချက်များ သည် ယင်းတွေးခေါ်ရှုမြင်ချက်များ ကို လက်ခံကျင့်သုံးသူတို့၏ လောကအမြင်ကို ဖေါ်ပြပေသည်။ အလားတူပင် အဘိဓမ္မာဆိုင်ရာ တွေးခေါ်ရှုမြင်ချက်များ သည်လည်း စီးပွားရေး နှင့် နိုင်ငံရေး တွေးခေါ်ရှုမြင်ချက်များ ကိုဖေါ်ပြကြသည်သာ ဖြစ်သည်။
သို့ ဖြစ်လျှင် အလုပ်သမားလူတန်းစား၏ တော် လှန်သော ပါတီသည် ၄င်း၏ ပါတီအဘိဓမ္မာကို မထူထောင်ဘဲ နေ၍ မ ဖြစ်ပေ။ ထူထောင်ပြီးနောက် အသားကျစေကာ ပြန့်ပွားကြွယ်ဝအောင် မဆောင်ရွက်ဘဲ နေ၍ လည်း မ ဖြစ်ပေ။
ပါတီအဘိဓမ္မာ ဖြစ်သော အနုပဋိလောမရုပ်ဝါဒတွင် ပါတီက ကမ္ဘာလောကကြီးအား သိမြင်နားလည်ပုံကို ဖေါ်ပြသော ယေဘုယျတွေးခေါ်ချက်များ ပါရှိပေသည်။ ပါတီက လူတန်းစားတရပ်လုံးအား အသိဥာဏ်ပေး စည်းရုံးရန်၊ လုပ်သားပြည်သူလူထုတရပ်လုံးအား သိမ်းသွင်းလမ်းညွှန်ရန်၊ မိမိတို့၏ အတွေ့ အကြုံများ မှ သင်္ခဏ်းစာယူ၍ ပြည်သူလူထုများ အား မည် သို့မည် ပုံ ဆိုရှယ်လစ်ဝါဒသို့ ချီတက်ရန် စသည်တို့ကို ဖေါ်ပြသော ယေဘုယျတွေးခေါ်ချက်များ ပါရှိပေသည်။
သို့ ဖြစ်လျှင် အလုပ်သမားလူတန်းစား၏ တော် လှန်သော လောကအမြင်ကိုဖေါ်ပြသည့်အဘိဓမ္မာသည် ဘာကြောင့် ပေါ်လာရသည်ဆိုသည့်အချက်ကို သိရှိလောက်ပြီဟု ယူဆပေသည်။အနုပဋိလောမရုပ်ဝါဒဟုခေါ်သော ဤအဘိဓမ္မာကို ဘာကြောင့် ''မာ့က်စ်ဝါဒပါတီ၏ လောကအမြင်''ဟု ခေါ်ရကြောင်းကို သဘောပေါက်လောက်ပြီဟု ယူဆပေသည်။
ပါတီသည် အဘိဓမ္မာရှိသင့်ကြောင်းကို အတွေ့ အကြုံက သင်ကြားခဲ့ပြီး ဖြစ်ပေသည်။ကျွန်ုပ်တို့၌ ကျွန်ုပ်တို့ကိုယ်ပိုင် တော် လှန်သော ဆိုရှယ်လစ်အဘိဓမ္မာမရှိပါက ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တွေးခေါ်မှု များ ကို ဆိုရှယ်လစ်ဆန့်ကျင်သော ရန်ဘက်ကျသော အဘိဓမ္မာများ မှ ငှားယူကြရတော့မည် သာ ဖြစ်သည်။
ယနေ့အချိန်၌ အလုပ်သမားလူတန်းစား၏ အမြင်နှင့် ဆိုရှယ်လစ်ဝါဒတိုက်ပွဲအမြင်ကို ချမှတ်နိုင်ခြင်း မရှိပါက ကျွန်ုပ်တို့သည် အရင်းရှင်လူတန်းစား၏ အမြင်နှင့် ဆိုရှယ်လစ်ဝါဒဆန့်ကျင်ရေး တိုက်ပွဲအမြင်ကို မသိမသာ ကူးချရန်သာ ရှိတော့သည်။
ထို့ကြောင့် အလုပ်သမားလူတန်းစားပါတီသည် အလုပ်သမားလူတန်းစား၏ စစ်မှန်သော တော် လှန်သော ခေါင်းဆောင်မှု ကို ရယူ၍ ရန်ဘက်ကျသော အရင်းရှင်တွေးခေါ်မှု များ တင်သွင်းခြင်းကို ရှောင်ရှားကာကိုယ်ပိုင်တော် လှန်သော အဘိဓမ္မာကို တည်ဆောက်ပြန့်ပွားရမည် ဖြစ်ပေသည်။
လူတန်းစားအဘိဓမ္မာနှင့် သစ္စာတရားလူတန်းစားအဘိဓမ္မာနှင့် ပါတီအဘိဓမ္မာ ရှိရမည် ဆိုခဲ့ပြီ။ သို့ ရာတွင် လူတန်းစားအဘိဓမ္မာနှင့် ပါတီအဘိဓမ္မာဆိုသည်မှာ အဘိဓမ္မာဆိုသော စကားလုံး၏ အနက်အဓိပ္ပာယ်ခံယူချက် စသည်တို့နှင့် လုံးဝစပ်အပ်ခြင်း မရှိသော တရားဟု အချို့က စောဒကတက်ကောင်းတက်ကြမည် ဖြစ်သည်။
အဘိဓမ္မာဆိုသည်မှာ လူတန်းစားအကျိုးစီးပွား၏ အထက်ကသာ ရှိသင့်သည်ဟု၎င်း၊အဘိဓမ္မာဆိုသည်မှာ ဓမ္မဓိဋ္ဌာန်ကျ၍ ဘက်လိုက်ခြင်းမရှိသင့်ဟု၎င်း၊ အဘိဓမ္မာဆိုသည်မှာ လူတန်းစားအကျိုးစီးပွား ပါတီစသည်တို့ထက် အဆင့်မြင့်၍ သစ္စာတရားကိုသာ ရှာဖွေရမည် ဟု၎င်း၊ လူတန်းစားများ ၏ အကျိုးစီးပွားနှင့် ကိုက်ညီသည် ဖြစ်စေ၊ မကိုက်ညီသည် ဖြစ်စေ၊ အမှန်တရားသည်အမှန်တရားမျှသာ ဖြစ်သည်ဟု၎င်း၊ အကြင်အဘိဓမ္မာသည် ဘက်လိုက်သော အဘိဓမ္မာ၊ ပါတီအဘိဓမ္မာ ဖြစ်လျှင် ထိုအဘိဓမ္မာသည် မည် သို့ဓမ္မဓိဋ္ဌာန်ကျတော့မည် နည်း။ မည် သို့ မှန်ကန်သော အဘိဓမ္မာ ဖြစ်တော့မည် နည်းဟု၎င်း စောဒကတက်ဖွယ်ရာ ရှိပေသည်။
အဘိဓမ္မာနှင့် ပတ်သက်သော အလုပ်သမားလူတန်းစားရပ်တည်မှု တွင် သစ္စာတရားရှိပေသည်။ အလုပ်သမားလူတန်းစားရပ်တည်မှု သည် သစ္စာတရားကို မပစ်ပယ်ပေ။ သစ္စာတရားမရှိသော အရာဟူ၍ လည်း မရှိနိုင်ပေ။ ထို့ကြောင့် ပင် လူသည် သစ္စာတရားကို ရှာဖွေနေခြင်း ဖြစ်ပေသည်။ သို့ ရာတွင် သစ္စာတရားနှင့် ပတ်သက်၍ မူ အမြင်ချင်းမတူကြပေ။ အဘိဓမ္မာတိုင်းသည် လူတန်းစားအမြင်ကို ဖေါ်ပြပေသည်။
လူ့အဖွဲ့အစည်း တိုးတက်မှု အတွက် ပါဝင်ဆောင်ရွက်ရာတွင် ၄င်း၊ လူမှု တာဝန်ကို ဆောင်ရွက်ရာတွင် ၄င်း၊ လူတန်းစားတခုနှင့် တခု ကွဲပြားခြားနားကြသလိုပင်ကမ္ဘာလောကကြီးနှင့် စပ်လျဉ်းသော သစ္စာတရားကို ရှာဖွေရာတွင် လည်း အဘိဓမ္မာတခုနှင့် အခြားအဘိဓမ္မာတခုသည် ကွဲပြားခြားနားကြပေသည်။
ဘက်လိုက်သော လူတန်းစားရပ်တည်မှု ကို လက်ခံကျင့်သုံးလိုက်သည်နှင့် ကျွန်ုပ်တို့သည်သစ္စာတရားကို ကျောခိုင်းသွားကြပြီဟု အချို့က ယူဆကြသည်။ သစ္စာတရားကို တကယ်ရှာဖွေလျှင် ကျွန်ုပ်တို့သည် ဘက်မလိုက်ဘဲ ကြားနေရမည် ဟု ယူဆကြသည်။ သို့ ရာတွင် ကျွန်ုပ်တို့က ဤသို့ မယူဆပေ။
ကျွန်ုပ်တို့သည် သမိုင်းအရ အတိုးတက်ဆုံး လူတန်းစား၏ ဘက်လိုက်သော ရပ်တည်မှု ဖြင့် သာလျှင် သစ္စာတရားကို ရှာဖွေနိုင်မည် ဟု ယုံကြည်ပေသည်။ထို့ကြောင့် အနုပဋိလောမရုပ်ဝါဒကို တော် လှန်သော အလုပ်သမားလူတန်းစားပါတီ၏ အဘိဓမ္မာအ ဖြစ် ဖွင့်ဆိုကျင့်သုံးခြင်းသည် သစ္စာတရားကို ရှာဖွေရန် ဖေါ်ပြရန်ဟူသော အနုပဋိလောမရုပ်ဝါဒ၏ ရည်မှန်းချက်များ နှင့် ကိုက်ညီအံကျပေသည်။
လူ့အဖွဲ့အစည်း၏ ခေါင်းဆောင်မှု ကို ရယူရန် ရည်မှန်းထားသည့်လူတန်းစားများ အားလုံးအနက် အလုပ်သမားလူတန်းစားမှလွဲ၍ အခြားလူတန်းစားများ အားလုံးသည် သွေးစုပ်ချယ်လှယ်သော လူတန်းစားများ သာ ဖြစ်ကြသည်။ သွေးစုပ်ချယ်လှယ်သော လူတန်းစားတိုင်းသည်၎င်းတို့၏ တကဲ့ရပ်တည်မှု နှင့် ရည်မှန်းချက်များ ကို ဖုံးကွယ်ထားတတ်ကြသည်။ သူတို့၏ စိုးမိုးချယ်လှယ်မှု သည် တရားမျှတ၍ ထာဝရ ဖြစ်သည်ဟု ကြွေးကြော်ကြသည်။
ဥပမာအားဖြင့် ရှေးဟောင်း ကျေးပိုင်ကျွန်ပိုင်လူ့အဖွဲ့အစည်း၌ အဘိဓမ္မာဆရာကြီးတဆူ ဖြစ်သော အာရစ္စတော် တယ်လ် အာရစ္စတော် တယ်လ်က လူများ သည် သဘာဝ အားဖြင့် ကျွန်များ သာ ဖြစ်သော ကြောင့် ကျေးပိုင်ကျွန်ပိုင်စနစ်သည် သဘာဝ က ဖန်တီးပေးလိုက်သော စနစ် ဖြစ်သည်ဟု ဆိုခဲ့သည်။
မြေရှင်ပဒေသရာဇ်လူ့အဖွဲ့အစည်း စန်းပွင့်သည့်ကာလကလည်း ခေတ်လယ်အဘိဓမ္မာဆရာကြီးတဆူ ဖြစ်သော သော မတ်စ်အက်ကွီနာ့စ် သော မတ်စ်အက်ကွီနာ့စ်က စကြာဝဠာကြီးတခုလုံးသည် ပဒေသရာဇ်စနစ်တမျိုး ဖြစ်သည်ဟု ဆိုခဲ့သည်
၎င်းက ဘုရားသခင်သည် တမန်တော် များ ဝိုင်းရံလျက်ရှိသော ပဒေသရာဇ်အုပ်ချုပ်ရေး အဖွဲ့ကြီး ဖြစ်၍ အရာအားလုံးသည် ဤစနစ်ကြီးထဲ၌ တခုပေါ်တခု တဆင့်ပေါ်တဆင့် တည်ရှိကြသည်။ ထာဝရဘုရားသခင် မရှိဘဲ ဘာမျှတည်မြဲခြင်း မရှိနိုင်ဟု ဖွင့်ဆိုခဲ့သည်။
မြေရှင်ပဒေသရာဇ်စနစ်၏ နှောင်ကြိုးများ ကို ဖြတ်တောက်ပြီး ဖြစ်သော အရင်းရှင်စနစ်ကိုမူ မာ့က်စ်နှင့် အိန်ဂျယ်လ်တို့က ''လူအချင်းချင်း ဆက်သွယ်မှု ၌ ကိုယ်ကျိုးရှာခြင်း၊ ငွေပေး၍ ရက်စက်စွာ ခိုင်းခြင်းတို့မှလွဲ၍ အခြားဘာမျှ မရှိသော စနစ်''ဟု ယူဆခဲ့ကြသည်။ ဤအယူအဆမျိုးကို အရင်းရှင်အဘိဓမ္မာစတင်ထွန်းကားချိန်လောက်က ဗြိတိန်အဘိဓမ္မာဆရာများ ၏ တွေးခေါ်မှု များ ထဲတွင် ထင်ရှားတွေ့ မြင်နိုင်သည်။
အရင်းရှင်အဘိဓမ္မာအရ တခုတည်းနှင့် ပြီးပြည့်စုံ၍ တခုတည်းတည်ရှိနိုင်သော သီးခြားတည်ရှိနေသည့်အနုမြူမှု န့်ကလေးများ အချင်းချင်းဆက်သွယ် ပေါင်းစပ်ဖွဲ့စည်းထားခြင်းကို ကမ္ဘာလောကကြီးဟု ရှုမြင်ကြသည်။ ယင်းမှာ ကြီးထွားနေသော ဓနရှင်လူတန်းစားက အရင်းရှင်လူ့အဖွဲ့အစည်းကြီးကို ရှုမြင်ပုံ ဖြစ်ပေသည်။
ဤတွေးခေါ်မှု ဖြင့် ပင် ဓနရှင်လူတန်းစားသည် ၄င်းတို့၏ လွှမ်းမိုးချယ်လှယ်ရေး နှင့် အမြတ်အစွန်းရရှိရေး မျှော်မှန်းချက်များ ကို ဖုံးကွယ်ထားပေသည်။၎င်းတို့၏ အဘိဓမ္မာအရ အလုပ်သမားနှင့် အရင်းရှင် သီးခြားတည်ရှိနေကြသော မနုဿအနုမြူ
မှု န့်ကလေးများ ဖြစ်ကြပြီး အချင်းချင်းအလိုအလျောက် ဆက်သွယ်ပေါင်းစပ်လာမိကြကာ တယောက် က အလုပ်လုပ်ပေးရပြီး တယောက် က အရင်းအနှီးထုတ်ကာ အခကြေးငွေ ပေးရခြင်း ဖြစ်သည်ဟု ယူဆကြသည်။
သို့ ရာတွင် အလုပ်သမားလူတန်းစားသည် ယင်းအဘိဓမ္မာများ ထဲတွင် ဖေါ်ပြသော ''မှော က်မှားသော စိတ်ဓာတ်''ကို လက်မခံပေ။ အလုပ်သမားလူတန်းစားသည် သွေးစုပ်ချယ်လှယ်ရေး စနစ်သစ်တရပ်ကို ထူထောင်ခြင်း ပြုမည် မဟုတ်ဘဲ လူလူချင်း သွေးစုပ်ချယ်လှယ်ခြင်းအားလုံးကို ဖျက်ဆီးပစ်ရန်သာ လိုလားပေသည်။
ထို့ကြောင့် လည်း အလုပ်သမားလူတန်းစားသည်ဘာကိုမျှ ဖုံးကွယ်လိုသော ဆန္ဒမရှိဘဲ အရာဝတ္ထုများ ကို ၄င်းတို့၏ နဂိုရ်အရှိအတိုင်းသာ သိနားလည်လိုသော ဆန္ဒရှိပေသည်။ အလုပ်သမားလူတန်းစားသည် သစ္စာတရားကို ပိုမိုသိနားလည်လာသည်နှင့် အမျှ ၄င်း၏ တိုက်ပွဲအတွင်း၌ ပိုမိုခိုင်မာလာမည် သာ ဖြစ်ပေသည်။
အခြားလူတန်းစားများ သည် ၄င်းတို့ကိုယ်ကို ၄င်းတို့အစဉ်ထာဝရ တည်တံ့စေလိုကြသည်။ ထို့ကြောင့် စကြာဝဠာထဲတွင် သူတို့အား ထာဝရနေရာတနေရာကို ပေးမည့် အဘိဓမ္မာဆိုင်ရာ''စနစ်''များ ကို နှစ် ခြိုက်သဘောကျကြသည်။
၎င်းတို့၏ စနစ်များ သည် စကြာဝဠာကြီး၏ သဘာဝ ကို အနက်အဓိပ္ပာယ်ဖွင့်ဆိုရန် ကြိုးစားကြရာတွင် အချို့သော အရာဝတ္ထုများ နှင့် အချို့သော ဆက်ဆံရေး များ သည် မရှိမ ဖြစ်အောင် လိုအပ်၍ မပြောင်းလဲသော ထာဝရအရာများ ဖြစ်သည်ဟူသော သဘောနှင့် အခြေပြုကြသည်။ တစုံတခုသော လူမှု နစ်သည် တခုလုံးအတွက် လိုအပ်သော အစိတ်အပိုင်းတရပ် ဖြစ်လေဟန်လည်း ၄င်းတို့က ပုံဆောင်ကြသည်။
သို့ရာတွင် အလုပ်သမားလူတန်းစားကား ၄င်း၏ လူတန်းစားကို အစဉ်ထာဝရတည်တံ့စေလိုသော ဆန္ဒမရှိပေ။ မရှိရုံမျှမက ၄င်း၏ လူတန်းစားတရပ်အနေဖြင့် တည်ရှိနေမှု ကို မြန်နိုင်သမျှ မြန်စွာ ဖျက်သိမ်းကာ လူတန်းစားမဲ့ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်လိုပေသည်။
ထို့ကြောင့် တကယ်မဟုတ်သော ''ထာဝရတည်နေမှု ''ကို ဖေါ်ပြသည့်အဘိဓမ္မာဆိုင်ရာ ''စနစ်''များ သည် အလုပ်သမားလူတန်းစားအတွက် ဘာမျှအသုံးမဝင်ပေ။ အလုပ်သမားလူတန်းစားသည်အသစ် ဖြစ်လာသော အရာများ ၊ ချုပ်ငြိမ်းရွေ့လျောလျက်ရှိသော အရာများ စသည့်ပြောင်းလဲမှု ကိုသာ ရှာဖွေ၍ ပြောင်းလဲမှု ကိုသာ အသိအမှတ်ပြုပေသည်။ ယင်းသည်သာ အလုပ်သမားလူတန်းစား၏ လူတန်းစားရပ်တည်မှု နှင့် ရည်မှန်းချက်များ ဖြစ်ပေသည်။
ထို့ကြောင့် ကျွန်ုပ်တို့၏ ပါတီအဘိဓမ္မာသည် သစ္စာတရားကို ဖေါ်ပြပေသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်ုပ်တို့သည် အရာဝတ္ထုများ အား ကြည့်မြင်ရာ၌ ဖုံးကွယ်မှု များ ဖြင့် ၄င်း စိတ်ကူးဖြင့် ၄င်း မကြည့်မူဘဲ ၄င်းတို့အချင်းချင်း ဆက်စပ်ထိတွေ့ ပြောင်းလဲလျက်ရှိသည်ဟူသော တကယ် ဖြစ်ပျက်နေသည့်သဘာဝ အတိုင်း ကြည့်မြင်တတ်ရမည် ဟူသော သဘောကို ကျွန်ုပ်တို့အဘိဓမ္မာက အခြေခံသော ကြောင့် ဖြစ်ပေသည်။
အဘိဓမ္မာတော် လှန်ရေး
''မာ့က်စ်၏ သြဝါဒသည် ဣဒ္ဓိပါဒ်တန်ခိုးနှင့် ပြည့်စုံပေသည်။ အဘယ်ကြောင့် ဆိုသော် ၄င်းသည် မှန်ကန်သော ကြောင့် ပင် ဖြစ်ပေသည်။ ၄င်းသည် ပြီးပြည့်စုံ၍ ကျိုးကြောင်းညီညွှတ်ကာလူများ အား ပေါင်းစည်းသော လောကအမြင်ကို ပေးပေသည်။
ထိုလောကအမြင်သည် တစုံတရာသော ဥပါဒါန်စွဲလမ်းမှု များ ၊ ဓနရှင်ဖိနှိပ်မှု ၏ တုံ့ပြန်ကာကွယ်မှု များ နှင့် စေ့စပ်၍ မရအောင် ဆန့်ကျင်ပေသည်''ဟု လီနင်က ရေး သားခဲ့သည်။
လီနင်က ဆက်၍ ရေး ခဲ့သည်မှာ -''မာ့က်စ်ဝါဒသည် ကမ္ဘာ့ယဉ်ကျေးမှု ၏ တိုးတက် ဖြစ်ပေါ်မှု လမ်းမကြီးမှ ဘေးသို့ ချော်ထွက်နေသော သြဝါဒ၊ သူ့ဘာသာသူ သီးခြားကင်းလွတ်နေသော သြဝါဒမဟုတ်ပေ။ မာ့က်စ်ဝါဒ၌ ဂိုဏ်းဂဏဝါဒနှင့် တူသော အရာဟူ၍ လည်း မရှိပါပေ။
ထိုမျှမက မာ့က်စ်သည် လူ့အနွယ်ကြီး၏ အထက်မြက်ဆုံးသော ဥာဏ်ပညာရှင်တို့ တင်ပြမေးမြန်းသော ပြဿနာများ ကို ပြေလည်အောင်ဖြေရှင်းခဲ့လေသည်။ ယင်းသည်ပင်လျှင် မာ့က်စ်၏ ပါရမီဥာဏ် ဖြစ်လေသည်။ မာ့က်စ်၏ သင်ကြားချက်မျာသည် အဘိဓမ္မာ၊ နိုင်ငံရေး ဘောဂဗေဒနှင့် ဆိုရှယ်လစ်ဝါဒတို့၏ အကြီးမြတ်ဆုံးသော ကိုယ်စားလှယ်များ ၏ သင်ကြားချက်များ ကို တိုက်ရိုက်တိုးချဲ့ပြန့်ပွားခြင်း ဖြစ်ပေသည်။''
အဘိဓမ္မာဆိုင်ရာ အတွေးအခေါ် ဖြစ်ပေါ်မှု တလျှောက်လုံးတွင် အဘိဓမ္မာများ သည်ပေါ်ပေါက်လာခဲ့ကြကာ ပြောင်းလဲမှု အဆင့်ဆင့်ကို ကျော်ဖြတ်ခဲ့ကြပြီးနောက် ဆယ့်ကိုးရာစုအစ၌ ခေတ်ဟောင်းဂျာမန်အဘိဓမ္မာ ပေါ်ပေါက်လာသည်တွင် ဆုံးခန်းတိုင်သို့ ရောက်ခဲ့လေသည်။အဘိဓမ္မာခန်းတွင် မာ့က်စ်ဝါဒသည် ယင်းအဘိဓမ္မာဆိုင်ရာ အတွေးအခေါ်တရပ်လုံးကို သရဖူဆောင်းလိုက်ခြင်းပင် ဖြစ်ပေသည်။
ဤနည်းဖြင့် မာ့က်စ်ဝါဒသည် အဘိဓမ္မာ၏ အောင်မြင်ချက်များ ကို ဆက်လက်ပြန့်ပွား၍ သရဖူဆောင်းလိုက်ရုံမျှမက ခေတ်ဟောင်းအဘိဓမ္မာကို အဆုံးသတ်စေသော တိုးချဲ့ပြန့်ပွားခြင်းတမျိုးလည်း ဖြစ်၏ ။ ခေတ်ဟောင်းအဘိဓမ္မာမှ ခွဲထွက်လာသော ခရီးမှတ်တိုင်တခုလည်း ဖြစ်ပေသည်။ မာ့က်စ်ဝါဒသည် ခေတ်ဟောင်းအဘိဓမ္မာများ ကဲ့သို့ မဟုတ်ဘဲ လမ်းကြောင်းသစ်ပေါ်တွင် ပေါ်ပေါက်လာခဲ့လေသည်။
မာ့က်စ်ဝါဒသည် အဘိဓမ္မာနယ်ပယ်တွင် တော် လှန်ပြောင်းလဲခြင်းတခု ဖြစ်၍ ခေတ်ဟောင်း၏ ''စနစ်''များ ကို အဆုံးသတ်ခြင်းလည်း ဖြစ်ကာ လုံးဝသစ်လွင်သော အမျိုးအစား ဖြစ်သည့် အဘိဓမ္မာတရပ် ဖြစ်ပေသည်။
မာ့က်စ်ဝါဒ၊ လီနင်ဝါဒသည် သွေးစုပ်ချယ်လှယ်သော လူတန်းစား၏ လောကအမြင်ကိုဖေါ်ပြသော အဘိဓမ္မာတရပ်မဟုတ်ပေ။ ပြည်သူလူထုအား လက်အောက်ခံအ ဖြစ် ထားရေး အတွက် မိမိ၏ အုပ်ချုပ်မှု နှင့် တွေးခေါ်မှု ကို ပြည်သူလူထုများ အပေါ် အတင်းအကြပ် လွှမ်းမိုးစေရန်ကြိုးစားနေသည့်လူနည်းစု၏ အဘိဓမ္မာတရပ်လည်း မဟုတ်ပေ။
သွေးစုပ်ချယ်လှယ်မှု အားလုံးကိုတွန်းလှန်ကာ လူတန်းစားမဲ့လူ့အဖွဲ့အစည်းကို တည်ဆောက်ရေး တိုက်ပွဲတွင်း၌ သာမန်ပြည်သူများ အား အကျိုးပြုနေသော အဘိဓမ္မာတရပ် ဖြစ်ပေသည်။
မာ့က်စ်ဝါဒ၊ လီနင်ဝါဒသည် ကမ္ဘာလောကကြီးအား ပြောင်းလဲပစ်ရန်အတွက် ကမ္ဘာလောကကြီးကို သိရှိနားလည်ရန် ရှာဖွေကြိုးစားနေသော အဘိဓမ္မာတရပ် ဖြစ်ပေသည်။ ''အဘိဓမ္မာပညာရှင်များ သည် သန်ရာသန်ရာနည်းအမျိုးမျိုးဖြင့် ကမ္ဘာလောကကြီးအား အနက်အဓိပ္ပါယ်ဖွင့်ဆိုရုံသာ ဖွင့်ဆိုခဲ့ကြသည်။
သို့ရာတွင် အရေး ကြီးသည်မှာ ကမ္ဘာလောကကြီးအား ပြောင်းလဲပစ်ရန် ဖြစ်ပေသည်''ဟု မာ့က်စ်က ရေး ခဲ့သည်။ ခေတ်ဟောင်းအဘိဓမ္မာသည် ကမ္ဘာလောကကြီးကို၎င်း၊ ဤကမ္ဘာလောကကြီးတွင် လူ၏ နေရာနှင့် ကံကြမ္မာကို၎င်း၊ သိရှိနားလည်ရန် ကြိုးပမ်းခြင်းတရပ်မျှသာ ဖြစ်၍ မာ့က်စ် လီနင်ဝါဒသမားအဘိဓမ္မာမှာ မူ ကမ္ဘာလောကကြီးကို၎င်း၊ ထိုကမ္ဘာလောကကြီးအတွင်း လူ၏ နေရာနှင့် လူ၏ ကံကြမ္မာကို၎င်း၊ သိနားလည်ရန် ကြိုးပမ်းခြင်းတရပ်မျှသာမကဘဲ၊ ဤသို့ သိရှိနားလည်လာခြင်းဖြင့် ကမ္ဘာလောကကြီးကို၎င်း၊ ကမ္ဘာလောကကြီးအတွင်းလူ၏ နေရာနှင့် လူ၏ ကံကြမ္မာကို၎င်း ပြောင်းလဲဖန်တီးရန် အားထုတ်ခြင်းတရပ်လည်း ဖြစ်ပေသည်။ အနုပဋိလောမရုပ်ဝါဒမှာ ယင်းသို့ ကမ္ဘာလောကကြီးကို ပြောင်းလဲရာတွင် ပြည်သူများ အဖို့ သဘောတရားရေး လက်နက်တခု ဖြစ်ပေသည်။
ထို့ကြောင့် မာ့က်စ်ဝါဒ၊ လီနင်ဝါဒသည် အရာဝတ္ထုများ အပေါ် တွေးခေါ်ရှုမြင်ချက်များ ကို အတွေ့ အကြုံဖြင့် ၄င်း၊ လက်တွေ့ ဖြင့် ၄င်း၊ စမ်းသပ်စစ်ဆေးပြီး၊ ၄င်းတို့မှ ထွက်ပေါ်လာသည့်တကယ် ဖြစ်သော စူးစမ်းမှု များ ပေါ်တွင် သာ အခြေပြုပေသည်။ မာ့က်စ်ဝါဒ လီနင်ဝါဒသည် အခြားသော အဘိဓမ္မာများ ကဲ့သို့ ''စနစ်''တခုကို ထပ်မံတီထွင်ကာ အရာဝတ္ထုများ အားလုံးအား ဤစနစ်နှင့် ကိုက်ညီအံကျအောင်လည်း ကြိုးစားခြင်း မပြုပေ။
သို့ ဖြင့် အနုပဋိလောမရုပ်ဝါဒသည် အများ နှင့် ဟပ်မိသော အဘိဓမ္မာတရပ်၊ သိပ္ပံနည်းကျသော အဘိဓမ္မာတရပ်၊ လက်တွေ့ အဘိဓမ္မာတရပ် ဖြစ်လာပေသည်။
''မာ့က်စ်နှင့် အိန်ဂျယ်လ်စ်တို့၏ ရှာဖွေတွေ့ ရှိမှု များ သည် အဘိဓမ္မာဟောင်းကို နိဂုံးချုပ်ချုပ်ခြင်းဟု အဓိပ္ပါယ်ထွက်ပေသည်။ ကမ္ဘာလောကကြီးနှင့် ပတ်သက်သော အစဉ်ထာဝရမှန်ကန်နေမည့် အနက်ဖွင့်ဆိုချက်ကိုပေးမည် ဟု ကြွေးကြော်နေသော ခေတ်ဟောင်းအဘိဓမ္မာကို နိဂုံးချုပ်ခြင်းဟု အဓိပ္ပါယ်ထွက်ပေသည်''ဟု ဇဒါးနော့ဗ် ဇဒါးနော့ဗ်က ရေး ခဲ့သည်။
''မာ့က်စ်ဝါဒသည် ပစ္စည်းမဲ့၏ သိပ္ပံနည်းကျသော လောကအမြင်အ ဖြစ် ပေါ်ထွက်လာသည်နှင့် တပြိုင်နက် အဘိဓမ္မာ၏ သမိုင်းတွင် ခေတ်ဟောင်းသည် ကုန်ဆုံးခြင်းသို့ ရောက်လေတော့သည်။ အဘိဓမ္မာ၏ သမိုင်းခေတ်ဟောင်းတွင် အဘိဓမ္မာသည် သီးခြားကင်းကွာနေကြသော တသီးပုဂ္ဂလအစုလေးများ ၏ အရာမျှသာ ဖြစ်ပေသည်။
အရေအတွက် သေးငယ်သော အဘိဓမ္မာပညာရှင်များ နှင့် သူတို့၏ အန္တေဝါသိကများ သာပါဝင်သည့်အဘိဓမ္မာဂိုဏ်းများ ၏ ပစ္စည်းသာ ဖြစ်ပေသည်။ သမိုင်းခေတ်ဟောင်း၌ အဘိဓမ္မာသည် ဘဝနှင့် ၄င်း၊ ပြည်သူများ နှင့် ၄င်း၊ ကင်းကွာကာပြည်သူများ နှင့် မအပ်မရာသော ပစ္စည်းမျှသာ ဖြစ်ခဲ့ပေသည်။''
''မာ့က်စ်ဝါဒသည် ယင်းသို့ ပြည်သူလူထုနှင့် ကင်းကွာသော အဘိဓမ္မာဂိုဏ်း တဂိုဏ်းမဟုတ်ပေ။ ၄င်းသည် သေးငယ်လှသော လူနည်းစုပညာရှိများ ၊ မဟာပညာကျော်များ ၏ ပစ္စည်းအ ဖြစ်သာ တည်ရှိနေသော အဘိဓမ္မာဟောင်းကို ဖြတ်ကျော်ခဲ့ပေသည်။ မာ့က်စ်ဝါဒသည် အဘိဓမ္မာ၏ သမိုင်းတွင် ခေတ်သစ်တရပ်ကို အစပျိုးလိုက်ပေသည်။ ဤသို့ ဖြင့် မာ့က်စ်ဝါဒသည် အရင်းရှင်စနစ်အောက်မှ လွတ်မြောက်ရေး အတွက် တိုက်ပွဲတွင်း၌ ပစ္စည်းမဲ့လူထုများ အဖို့ သိပ္ပံနည်းကျသော လက်နက်တခု ဖြစ်လာပေသည်။''
''မာ့က်စ်ဝါဒအဘိဓမ္မာသည် အခြားသော သိပ္ပံပညာရပ်များ အထက်ကနေသော သိပ္ပံပညာရပ်တခုမဟုတ်ပေ။ ဤအချက်တွင် လည်း မာ့က်စ်ဝါဒအဘိဓမ္မာသည် အခြားသော ရှေးဟောင်းအဘိဓမ္မာစနစ်များ နှင့် မတူ ခြားနားလျက်ရှိလေသည်။ သို့ မျှမက မာ့က်စ်ဝါဒအဘိဓမ္မာသည် သိပ္ပံနည်းကျသော စူးစမ်းရှာဖွေမှု အတွက် တန်ဆာပလာတခု၊ နည်းလမ်းတခုလည်း ဖြစ်ပေသည်။
ယင်းသည် သဘာဝ နှင့် လူမှု သိပ္ပံပညာရပ်အားလုံးကို ထွင်းဖောက်ကာ ထိုပညာရပ်များ ဖြစ်ပေါ်တိုးတက်မှု လမ်းကြောင်းတလျှောက်တွင် ရရှိသော အောင်မြင်ချက်များ ဖြင့် ပိုမိုကြွယ်ဝလာခဲ့ပေသည်။ ဤနည်းအားဖြင့် မာ့က်စ်ဝါဒအဘိဓမ္မာသည် အပြည့်စုံဆုံး ဖြစ်၍ ရှေးဟောင်းအဘိဓမ္မာအားလုံးကိုလည်း လုံးလုံးလျားလျား ငြင်းချက်ထုတ်ခြင်း ပစ်လိုက်ခြင်း ဖြစ်ပေသည်။
သို့ ရာတွင် ငြင်းချက်ထုတ်ခြင်းဆိုသည်မှာ ''ဘူး''ခံပြောခြင်းမဟုတ်ပေ။ ဤအချက်ကို ''အိန်ဂျယ်လ်''ကလည်း အလေးအနက်ပြောခဲ့ပေသည်။ ငြင်းချက်ထုတ်ခြင်း ငြင်းချက်ထုတ်ခြင်းဆိုရာတွင် လူ၏ အတွေးအခေါ်သမိုင်းနှင့် တိုးတက်ခေတ်မှီသော အချက်အားလုံးကို ပုံသဏ္ဌာန်သစ်ဖြင့် ပေါင်းစည်းစုရုံးခြင်းအ ဖြစ်သို့ ရောက်ရှိအောင် ဝေဖန်သော သဘောဖြင့် ပြုပြင်ခြင်း၊ ပေါင်းစပ်ခြင်း ဆက်လက်ပြန့်ပွားစေခြင်း၊ ခြုံငုံ၍ ယူခြင်းစသည်တို့ ပါဝင်ပေသည်။''
အနုပဋိလောမရုပ်ဝါဒ၏ တော် လှန်သော လက္ခဏာရပ်များ သည် မာ့က်စ်လီနင်ဝါဒအဘိဓမ္မာ၏ အသွင်သဏ္ဌာန်နှစ် ရပ်ထဲတွင် အကြုံးဝင်ပေသည်။ ယင်းတို့မှာ အနုပဋိလောမရုပ်ဝါဒတို့ ဖြစ်ပေသည်။ ဤနှစ် ခု ပေါင်းစပ်ခြင်းဖြင့် အနုပဋိလောမရုပ်ဝါဒ ဖြစ်လာပေသည်။
အရာဝတ္ထုများ ကို ပြောင်းလဲဖန်တီးရေး အတွက် ၄င်းတို့ကို သိရှိနားလည်ရန် လိုသည်။၎င်းကို သိရှိနားလည်ရန်အတွက် လေ့လာရန်လိုသည်။ သို့ ရာတွင် စိတ္တဇဆန်သော စနစ်များ အရလေ့လာခြင်းမျိုး မ ဖြစ်ရပေ။ ၄င်းတို့၏ တကယ်ပြောင်းလဲမှု များ ၊ အညမညဆက်သွယ်မှု များ အရသာ လေ့လာသင့်ပေသည်။ အနုပဋိလောမသည် ယင်းသို့ လေ့လာခြင်း ဖြစ်သည်။
ကျွန်ုပ်တို့သည် ကြိုတင်ကိန်းဝပ်နေသော တွေးခေါ်မှု များ ၊ စိတ်ကူးများ ဖြင့် အရာဝတ္ထုများ အား သိရှိနားလည်မှု ကို ပယ်ရှားပစ်ရန် လိုသည်။ ကျွန်ုပ်တို့၏ အသိတရားများ ကို ရုပ်ဘဝ၏ တကယ့်အခြေအနေများ နှင့် ကိုက်ညီအောင် ကြိုးစားရန်လိုသည်။ ယင်းသို့ ဖြင့် သာ ကျွန်ုပ်တို့၏ အမြင်နှင့် အသိတရားသည် ရုပ်ဝတ္ထုကျပေမည် ။
''ရုပ်ဝါဒသမား လောကအမြင်သည် အနုပဋိလောမရုပ်ဝါဒတွင် ပဌမဆုံးအကြိမ်အ ဖြစ်လေးနက်စွာ ဖေါ်ပြခြင်းခံခဲ့ရကာ တိမ်းစောင်းခြင်းမရှိ၊ တသမတ်တည်း သယ်ဆောင်ခြင်းလည်းခံခဲ့ရပေသည်။
ရုပ်ဝါဒသမားလောကအမြင်သည် ၄င်းအား လေ့လာရန် ချဉ်းကပ်လာသူတို့၏ ရှေ့မှော က်တွင် ကြိုတင်ကိန်းဝပ်နေသော စိတ်ဝါဒဆန်သည့်စိတ်ကူးများ နှင့် ကင်းလွတ်၍ တည်ရှိကြပေသည်။ အလားတူပင် ၄င်းကတဖန် ကြည့်မြင်ရာတွင် လည်း သဘာဝ နှင့် သမိုင်းတို့ပါဝင်သော တကယ်တည်ရှိသော ကမ္ဘာလောကကြီးကိုသာ ကြည့်မြင်ပေသည်။
ရုပ်ဝါဒသမားလောကအမြင်သည် စိတ်ဝါဒဆန်သော စိတ်ကူးများ ကို အညှာတာကင်းမဲ့စွာ ပယ်ပစ်ပေသည်။ စိတ်ဝါဒဆန်သော စိတ်ကူးများ သည် ရုပ်ဝါဒသမားလောကအမြင်တွင် ကိန်းဝပ်နေသော အကြောင်းခြင်းရာများ နှင့် လိုက်လျောညီညွှတ်ခြင်းလည်း မရှိပေ။ ၄င်းတို့နှင့် ဆန်းကြယ်စွာ ဆက်စပ်နေခြင်းလည်း မရှိပေ။ဤသည်မှာ ရုပ်ဝါဒ၏ အဓိပ္ပါယ်ပင် ဖြစ်ပေသည်''ဟု အိန်ဂျယ်လ်စ်က ပြောခဲ့ပေသည်။
ပြိုကွဲသွားသောသိုက်မြုံကလေး နှင့် အမေ့သား | တိမ်းရှောင်သူ | လေရူးသုန်သုန် (ပထမပိုင်း) |