Cover

ဘ၀နေနည်း အနုပညာ

မြသန်းတင့်

(၁၉၂၉-၁၉၉၈) ၏ ဘ၀နှင့် စာပေမှတ်တမ်း

၁၉၂၉။ ဦးပေါတင့်၊ ဒေါ်လှိုင်တို့မှ ပခုက္ကူခရိုင် မြိုင်မြို့တွင် ၁၉၂၉ မေ၊ ၂၃ ကြာသပတေးနေ့၌ မွေးဖွားခဲ့သည်. မွေးချင်း ခုနှစ် ယောက် အနက် အကြီးဆုံး ဖြစ်သည်။

၁၉၄၁။ ပဉ္စမတန်းတွင် ပညာသင်သည်။

၁၉၄၂။ ဂျပန်ခေတ်တွင် ကျောင်းပြန်တက်သည်။

၁၉၄၃။ အာရှ လူငယ်များ အဖွဲ့၌ တက်တက်ကြွကြွပါဝင်သည်။

၁၉၄၄။ ဂျပန်တော် လှန်ရေး မြေအောက်ကလပ်စည်းများ နှင့် ဆက်သွယ်၍ ဖက်ဆစ်တော် လှန်ရေး ကြီးတွင် ပါဝင်သည်။

၁၉၄၅။ ဂျပန်တော် လှန်ရေး ကာလအတွင်း စစ်ကိုင်းရှိ ဗိုလ်သန်းဦး(တော် လှန်ရေး တွင် ကျဆုံး)၊ သခင်မော်တင် (ပြည်တွင်းစစ်တွင် ကျဆုံး)နှင့် မြိုင်မြို့ ဘုန်းတော် ကြီး ဦးစရိယ (မြိုင်ဖဆပလ အမတ်ဟောင်း ဦးသက်ရှင်) တို့၏ ဦးဆောင်မှု အောက်တွင် ပါဝင်လှုပ်ရှားသည်။

၁၉၄၅-၄၇။ ဒုတိယ ကမ္ဘာစစ်ကြီးအပြီး မြင်းခြံခရိုင်တွင် တာဝန်ကျသည်။ မန္တလေးခရိုင် အထက်မြန်မာပြည် ဖဆပလအဖွဲ့ချုပ် မန္တလေးခရိုင် ကွန်မြူနစ်ပါတီတွင် အချိန်ပြည့် တာဝန်ထမ်းဆောင်သည်။

မြင်းခြံခရိုင် ကွန်မြူနစ်ပါတီကို စတင်တည်ထောင်၍ ခရိုင်ကော်မတီဝင်အ ဖြစ် ဆောင်ရွက်သည်။

ကျောက်ပန်းတောင်းတွင် အက်တူး- သခင်အုန်းဖေ(ပြည်တွင်းစစ်တွင် ကျဆုံး) နှင့် အတူ “လယ်သမားများ သီးစားခမပေးရေး တိုက်ပွဲ၊ လက်ငုတ်လယ် ပြန်ထွန်ရေး ” တိုက်ပွဲများ ကို ဦးဆောင်သည်။

သီစားခမပေးရေး တိုက်ပွဲတွင် အင်္ဂလိပ်အစိုးရ သိမ်းယူထားသော လယ်သမားများ ၏ ပစ္စည်းများ ကို ပြန်လည်လုယူသည့်အတွက် (ရုံးမင်းတစ်ထိုင်) ပြစ်ဒဏ်ကျခြင်း ခံရသည်း။

မြင်းခြံခရိုင်တွင် အခြားသော ခေါင်းဆောင်ကြီးများ နှင့် အတူ သူ့ခေါင်းကို ဖြတ်နိုင်လျှင် ဆုငွေပေးမည် ဟု အင်္ဂလိပ် အလိုတော် ရိနှင့် မြေရှင်များ က တိတ်တဆိတ် ဆုငွေထုတ်သည်။

အထွေထွေသပိတ်ကြီးတွင် မြင်းခြံ၊ မန္တလေး၊ ဒလ သဘောင်္ကျင်း အလုပ်သမားထုကြီး ပါဝင်ရေး အတွက် တာဝန်ယူသည်။

မြင်းခြံခရိုင် အလုပ်သမား သမဂ္ဂနှင့် လယ်သမား သမဂ္ဂတို့တွင် အလုပ်မှု ဆောင်အ ဖြစ် ဆောင်ရွက်ရင်း ဖြူးမြို့တွင် ကျင်းပသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဖြူးလယ်သမား ကွန်ဂရက်ကြီးသို့ မြင်းခြံခရိုင် ကိုယ်စားလှယ်အ ဖြစ် တက်ရောက်သည်။

၁၉၄၇။ မကျန်းမာသဖြင့် တာဝန်မှ အနားယူကာ တက္ကသိုလ်စာမေးပွဲဖြေဆိုသည်။ ပခုက္ကူခရိုင် ကျောင်းသားသမဂ္ဂအ ဖြစ် ဆောင်ရွက်သည်။

၁၉၄၈။ ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်သည်။

၁၉၄၉။ ပထမဦးဆုံးရေး သည့် “ဒုက္ခသည်” ၀တ္ထုတိုကို တာရာ မဂ္ဂဇင်း (တွဲ ၃၊ မှတ် ၂၁၊ ၁၉၄၉) တွင် ပုံနှပ်ဖော်ပြသည်။း

၁၉၅၀။ “စာပေသည် ပြည်သူ့အတွက်” ဟူသော ကြွေးကြော်သံဖြင့် “ စာပေသစ် မဂ္ဂဇင်း” ကို ကိုသန်းတင်၊ ဒဂုန်တာယာ၊ မောင်ကြည်လင်၊ အောင်လင်းတို့နှင့် အတူ ဦးဆောင်ထုတ်ဝေစသည်။

၁၉၅၂။ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ရက် (မြန်မာနိုင်ငံ)နှင့် မြန်မာနိုင်ငံ စာရေး ဆရာအသင်း အလုပ်မှု ဆောင်အ ဖြစ် ဆောင်ရွက်သည်။

စာရေး ဆရာအသင်းမှ ထုတ်ဝေသော “ ပြည်တော် သစ် ဂျာနယ်” တွင် အယ်ဒီတာ ချုပ်အ ဖြစ်လည်းကောင်း၊ “တိုးတက်ရေး သတင်းစာ” တွင် အယ်ဒီတာချုပ်အ ဖြစ် လည်းကောင်း၊ ဆောင်ရွက်သည်။ ဒုတိယမြောက် ဘာသာပြန်အ ဖြစ် ဂေါ်ကီ၏ အတ္ထုပတ္တိ “ မက္ကဇင်ဂေါ်ကီ” ကို ဗန်းမော်စာအုပ်တိုက်မှ ထုတ်ဝေသည်။

၁၉၅၃။ ပထမဦးဆုံး ပင်ကိုရေး လုံးချင်း ၀တ္ထု “မေတ္တာအသင်္ချေ” ကို ရေး သည်။

၁၉၅၄။ ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဖာဘွဲ့ရသည်။

၁၉၅၅။ သခင်ကိုယ်တော် မှိုင်းဦးဆောင်သော ပြည်တွင်းငြိမ်းချမ်းရေး ဗဟိုကော်မတီတွင် အတွင်းရေး မှုးအ ဖြစ် ဆောင်ရွက်သည်။

၁၉၅၆။ ဥပဒေဘွဲ့ကို ရရှိသည်။

၁၉၅၇။ “ပြည်သူ့တိုးတက်ရေး ပါတီ” ပေါ်လစ်ဗျူရိုတွင် ပါဝင်သည်။

ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ရက် (မြန်မာနိုင်ငံ) အတွင်းရေး မှုးချုပ်နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် ဌာနချုပ်လုပ်ထားသော “ကမ္ဘာ့ငြိမ်းချမ်းရေး ကောင်စီ”၏ ဗျူရို အဖွဲ့ဝင်လူကြီး ဖြစ်ခဲ့သည်။

၁၉၅၈။ ပဒေသရာဇ်ဆန့်ကျင်ရေး ၀တ္ထု “လိုက်ခဲ့တော့ မြနန္ဒာ” ကို မြ၀တီ မဂ္ဂဇင်း (အယ်ဒီတာချုပ် ဇ၀နလက်ထက်) တွင် ရေး သားသည်။

အထိန်းအသိမ်းခံ ဘ၀ဖြင့် ကိုကိုးကျွန်းကို ရောက်သည်။

၁၉၆၀။ “စာရေး ဆရာကလပ်တွင် ” အမှု ဆောင် ဖြစ်သည်။

“ အမှော င်ရိပ်ဝယ် ” ၀တ္ထုကို ရေး သည်။

ဗိုလ်တစ်ထောင် သတင်းစာတွင် နေ့စဉ်အခန်းဆက် အ ဖြစ် “ နွံထဲက ကြာ” ၀တ္ထှုစာအုပ်မှ အစပြု၍ မူလ ကလောင်နာမည် “မြသန်း” မှ “မြသန်းတင့်” သို့ ပြောင်းခဲ့သည်။

၁၉၆၁။ အထိန်းအသိမ်းခံ ဘ၀မှ လွတ်မြောက်ခဲ့သည်။

ယင်းနှစ် မှာ ပင် ဆွီဒင်နိုင်ငံ စကော့ဟုမ်းမြို့တွင် ကျင်းပသော “ ငြိမ်းချမ်းရေး ကောင်စီ” အစည်းအဝေးသို့ ကမ္ဘာ့ငြိမ်းချမ်းရေး ကွန်ကရက်(မြန်မာနိုင်ငံ) ၏ ကိုယ်စားလှယ်အ ဖြစ် တက်ရောက်သည်။ ညီလာခံမှ အပြန် ဆိုဗီယက်ယူနီယံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ငြိမ်းချမ်းရေး ကော်မတီများ ၏ ဖိတ်ကြားချက်အရ ဒဂုန်တာယာ၊ ပါမောက္ခဦးအောင်လှတို့နှင့် အတူ သွားရောက်သည်။

၁၉၆၂။ “ စာရေး ဆရာ သမဂ္ဂ” တွင် အမှု ဆောင် ဖြစ်ခဲ့သည်။

၁၉၆၃။ “ ပြည်တွင်းငြိမ်းချမ်းရေး အဖွဲ့ဝင်” နှင့် “ ပြည့်သူ့ကော်မတီ ၀င်တစ်ဦး” အ ဖြစ် တာဝန်ယူခဲ့သည်။

ပြည်တွင်း ငြိမ်းချမ်းရေး တွေ့ ဆုံဆွေးနွေးပွဲ ပျက်သော အခါ အထိန်းအသိမ်းခံရပြီး ဒုတိယအကြိမ် ကိုကိုးကျွန်းသို့ ရောက်ခဲ့သည်။

၁၉၇၂။ အထိန်းအသိမ်းခံ ဘ၀မှ လွတ်မြောက်ခဲ့သည်။

တော် လ်စတွိုင်း၏ “ စစ်နှင့် ငြိမ်းချမ်းရေး ” ၀တ္ထု ဘာသာပြန် (၁၉၇၂) ခုနှစ် အတွက် “ အမျိုးသားစာပေ ဘာသာပြန်ဆု” ရသည်။

၁၉၇၈။ အမေရိကန် စာရေး ဆရာမ မဂရက်မစ်ချယ်၏ “ လေရူးသုန်သုန်” ၀တ္ထုကို ဘာသာပြန်ဖြင့် “အမျိုးသားစာပေ ဘာသာပြန်ဆု” ကို ရခဲ့သည်။

၁၉၈၈။ တရုတ်စာရေး ဆရာကြီး ဆောင်းဇူချင်းနှင့် ကောက်ငိုတို့၏ “ခန်းဆောင်နီအိမ်မက်” ၀တ္ထုတိုဖြင့် “အမျိုးသားစာဘာသာပြန် (ရသ)ဆု” ကို ရသည်။

၁၉၉၂။ ပြင်သစ်စာရေး ဆရာ ဒိုမိနိလာပီယဲ၏ “သုခမြို့တော် ” ၀တ္ထုဘာသာပြန်ဖြင့် “အမျိုးသားစာပေဘာသာပြန် (ရသ) ဆု” ရသည်။

၁၉၉၈။ ဖေဖော်ဝါရီ ၁၈ ရက်၊ ည ၉း၁၅ တွင် ကွယ်လွန်သည်။

* * * * *

အမှာ စာ

ပြင်သစ် စာရေး ဆရာ အင်ဒရေ မော်ရွိုင်းသည် ၁၈၈၅ ခုနှစ် တွင် ပြင်သစ်နိုင်ငံ အဲလ်ဘတ်မြို့တွင် မွေးဖွားပါသည်။ ၀တ္ထု၊ သမိုင်း၊ အတ္ထုပ္ပတ္တိ စသည်ဖြင့် စာစုံရေး ပြီး ယခု ဆရာမြသန်းတင့် ပြန်ဆိုသော “The Art of Living” သည် မော်ရွိုင်း၏ ထင်ရှားသော စာအုပ်တစ်အုပ် ဖြစ်ပါသည်။

ဤစာအုပ် (The Art of Living) ကို မော်ရွိုင်းသည် ၁၉၄၀ ခုနှစ် က ရေး ပါသည်။ ယခုဆိုလျှင် ဤစာအုပ်၏ သက်တမ်းသည် အနှစ် ၆၀ ကျော်ပြီ ဖြစ်သော်လည်း နိုင်ငံအသီးသီးတွင် ဘာသာအမျိုးမျိုးဖြင့် ပြန်ဆို ရေး သားနေဆဲ၊ ထုတ်ဝေနေဆဲ ဖြစ်ပါသည်။

စာအုပ်၏ အကြောင်းအရာမှာ အချစ်၏ သဘော၊ အိမ်ထောင်ပြုခြင်း၏ သဘော၊ မိုသားစု၏ သဘော၊ မိတ်ဆွေ၏ သဘော၊ တွေးခေါ်ခြင်း၏ သဘော၊ အလုပ်လုပ်ခြင်း ၏ သဘော၊ ခေါင်းဆောင်၏ သဘော၊ အိုခြင်း၏ သဘော၊ ပျော်ရွှင်မှု ၏ သဘောတို့ကို ဖွင့်ဆိုရင်း ဘ၀ကို အောင်မြင်ပျော်ရွှင်စွာ နေထိုင်နည်းကို ညွန်ပြခြင်း ဖြစ်ပါသည်။

ဤစာအုပ်သစ်ကို မြန်မာနိုင်ငံ တစ်နံတစ်လျားမှ ဆရာ့ကို ချစ်ခင်လေးစားကြသော စာဖတ်ပရိတ်သတ်များ အတွက် အထူးတင်ဆက်လိုက်ပါသည်။

* * * * *

ချစ်ခြင်းအနုပညာ

ချစ်တာဟာ အနုပညာ (အတတ်ပညာ) တစ်ခုလား၊ ဒါမှမဟုတ် အလိုအလျောက် ပေါ်လာတဲ့ ပကတိ စိတ်တစ်မျိုးလား။

ဒီမေးခွန်းကို မဖြေခင် နောက်မေးခွန်းတစ်ခုကို ထပ်မေးရဦးမယ်၊ အနုပညာဆိုတာ ဘာလဲ။

“အနုပညာသည် သဘာဝလောကကြီးကို ထပ်မံပေါင်းဖြည့်ထားသည့် လူ ဖြစ်သည်” လို့ စာရေး ဆရာ ဘေကွန်က ပြောခဲ့တယ်။ ရိုးရိုး ဥဒါဟရုဏ်ကလေးတွေ ကို ကြည့်လိုက်ရင် ဘေကွန်ရဲ့ အဆိုဟာ သင့်မြတ်တဲ့ အဆို ဖြစ်ကြောင်းကို တွေ့ နိုင်ပါတယ်။ သဘာဝကြီးဟာ ပန်းချီဆရာ တစ်ယောက် အတွက် ပန်းချီကားရေး ဖို့ ကုန်ကြမ်းတွေ ကို ဖန်တီးပေးတယ်။ သစ်ပင်တွေ ၊ ပန်းပွင့်တွေ ၊ ပင်လယ်၊ သက်ရှိသတ္တ၀ါ၊ အလင်းရောင် စတဲ့ ကုန်ကြမ်းတွေ ကို ပေးတယ်။ ပန်းချီဆရာက သူ့စိတ်ကူးက တောင်းဆိုနေတဲ့အတိုင်း အဲဒီ ကုန်ကြမ်းတွေ ကို ပုံတူဆွဲတယ်။ ဖွဲ့စည်းတယ်။ အနုပညာအ ဖြစ် ဖန်တီးတယ်။ သဘာဝကြီးဟာ ၀တ္ထုတစ်ပုဒ်အ ဖြစ် အခြေခံ ပစ္စည်းတွေ ကို ဖန်တီးပေးတယ်။ ငိုသံတွေ ၊ ရမ္မက်တွေ ၊ အဖြေရှာမရတဲ့ လူသတ်မှု တွေ ….။ စာရေး ဆရာဟာ ရှုပ်ထွေးနေတဲ့ ကုန်ကြမ်းပစ္စည်းတွေ ကို သိမ်းကျုံးယူလိုက်ပြီး လိုရာ ရွေးယူတယ်။ ပွဲကြည့် ပရိသတ်တွေ နားလည်နိုင်တဲ့၊ သူတို့ကို စိတ်လှုပ်ရှားစေတဲ့ အလွမ်းဇာတ် တစ်ပုဒ်ကို ဖန်တီးလိုက်တယ်။

ဘေကွန်ရဲ့ ဖော်ပြပါ အနက်ဖွင့် ဆိုချက်ကို လက်ခံတယ်ဆိုရင် ချစ်တာမှာ လည်း အနုပညာ ရှိတယ်ဆိုတာကို လက်ခံရပေလိမ့်မည် ။ အခြားသော ကိစ္စများ မှာ သဘာဝကြီးဟာ ကုန်ကြမ်းများ ကို ပေးပြီး အနုပညာကို လူက ဖန်တီးရသလို၊ အချစ်ကိစ္စမှာ လည်း သဘာဝကြီးဟာ ကုန်ကြမ်းများ ကို ပေးထားတယ်။ သဘာဝကြီးဟာ လူတွေ ကို ကျားနဲ့ မ ဆိုပြီး နှစ် မျိုးခွဲပေးထားတယ်။ မျိုးနွယ်တတွေ ပြန်ပွားအောင်လုပ်ဖို့ လိုအပ်ချက်ကို ဖန်တီးပေးထားတယ်။ သွေးသား တောင့်တမှု ကို ဖန်တီးပေးထားတယ်။ သွေးသားတောင့်တ မှု ဟာ သွေးသားကို ဖြည့်ဆည်းဖို့ ကျားနဲက မကို ပေါင်းစပ်အောင် လုပ်ပေးတဲ့ ပကတိစိတ်ပါပဲ။ လူသားဟာ အဲဒီ ကုန်ကြမ်းတွေ ကို ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံပြီး လှပအောင် သီကုံးခဲ့တယ်။ အဲဒီ လိုသာ မလုပ်ခဲ့ရင် ကျွန်တော် တို့ရဲ့ အချစ်ဟာ ဘာမှ စိတ်ဝင်စားစရာ မကောင်းတော့ဘဲ တိရိစ္ဆာန်တွေ ရဲ့ အချစ်လို ရိုးစင်းနေတော့မှာ ပေါ့။ ကျွန်တော် တို့ဟာ တိရစ္ဆာန်တွေ ရဲ့ အချစ်ကို ကြည့်မယ်။ နောက်ပြီးတော့်  ရည်းစားစာ တစ်စောင်ကို ဖတ်မယ်။ ဒီနှစ် ခုကို ကြည့်လိုက်ရင် အချစ်ကိစ္စမှာ သဘာဝ အနုပညာဟာ ဘယ်လောက် အလှမ်းကွာ ခြားနားနေတယ်ဆိုတာကိုခန့်မှန်းနိုင်တယ်။

တစ်လောက လန်ဒန်ကို ရောက်သွားတော့်  အဖိုးအို တစ်ယောက် ရဲ့ အကြောင်းကို ကြားခဲ့ရတယ်။ အဖိုးကြီးက သူ့သမီးအတွက် စာအုပ်ဝယ်တယ်။ “ဒီစာအုပ်ထဲမှာ ဖိုမ ကိစ္စတွေ ဘာတွေ တော့ မပါ ပါဘူးနော်” လို့ မရဲတရဲနဲ့ မေးသတဲ့။ ဒီတော့်  စာအုပ်ရောင်းတဲ့ အမျိုးသမီးက “ မပါ ပါဘူးရှင်၊ ဒါက အချစ်ဝတ္ထုပါ” လို့ ဖြေသတဲ့။ ဒီပုံပြင်လေးဟာ ရယ်စရာ ပုံပြင်ကလေး ဖြစ်ပေမယ့် လေးနက်တဲ့ ပြတ်လုံးကလေး ဖြစ်ပါတယ်။ ပြတ်လုံးများ ထုံးစံအတိုင်း အမှန်တရားကို အကျယ်ချဲ့ပြီး ပြောထားတာပါ။

အချစ်ဝတ္ထုတိုင်းမှာ ဖို-မနဲ့ ပတ်သတ်တဲ့ အကြောင်းတွေ အများ ကြီး ပါကြတယ်။ ဒါပေမယ့် လူ့အချစ်ရဲ့ ထူးခြားချက် ကတော့ အလွန်ရိုးစင်းတဲ့ ပကတိ စိတ်တစ်ခု ဖြစ်တဲ့ သွေးသား ဆန္ဒကို အလွန် လှပဆန်းကြယ် ရှုပ်ထွေးတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှု အဆောက်အအုံကြီး အ ဖြစ် ဆောက်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

သွေးသားဆန္ဒဆိုတာ ခဏပဲ သက်တမ်းရှိပါတယ်။ ဒီလောက်သက်တမ်းတိုလှတဲ့ သွေးသား ဆန္ဒက ပေါ်နေပြီး၊ ဒီလောက်ပြောင်းလဲလွယ်တဲ့ ပကိတိ စိတ်ထဲကနေပြီး လူဟာ ဒီလောက် သန့်စင်ပြီး ဒီလောက် ကြာရှည်တဲ့ အချစ်ဆိုတဲ့ ခံစားချက်ကို ဘယ်လိုလုပ် ပေါ်ပေါက်လာအောင် လုပ်နိုင်သလဲ၊ အဲဒီ သွေးသားဆန္ဒကို ဘယ်လိုလုပ်ပြီး သန့်စင် မွန်မြတ်လာအောင် လုပ်နိုင်မှာ လဲ။

ချစ်ခြင်းအနုပညာ အကြောင်းကို နားလည်ချင်ရင် ဒီပြဿနာကို ဖြေရှင်းရလိမ့်မယ်။

ဒါပေမယ့် ပြဿနာကို မဖြေရှင်းခင် မဏာမ မေးခွန်းတွေ ကိုတော့ ဖြေကြရလိမ့်ဦးမယ်။

ယောကျာ်း မိန်းမ ထောင်ပေါင်းများ စွာ တို့ဟာ နေ့စဉ်နဲ့ အမျှ တွေ့ ဆုံနေကြတယ်။ ဒီလို တွေ ကဆုံနေကြတဲ့အထဲမှာ တစ်ယော်ကိုတော့မချစ်မိဘဲ ဘာ ဖြစ်လို့ တခြား တစ်ယောက် ကိုတော့ သွားချစ်မိရသလဲ။ တစ်ယောက် ကိုတော့ စိတ်တမ၀င်စားဘဲ ဘာ ဖြစ်လို့ တခြား တစ်ယောက်ကို သွားပြီး စိတ်ဝင်စားရတာ လဲ။

ဒီအမေးကို ဖြေစရာ နှစ် ခုရှိတယ်။ အဖြေနှစ် ခုစလုံးမှာ အမှန်တွေ တော့ ပါနေတယ်။

ပထမ အဖြေက ဒီလို။

ကျွန်တော် တို့ရဲ့ ဘ၀ အချို့သော အရွယ်တွေ မှာ အထူးသဖြင့် ကြီးကောင်ဝင်စ အရွယ်နဲ့ အသက် ငါးဆယ်နား ရောက်တဲ့အရွယ်တွေ မှာ ချစ်ခြင်းကို တောင့်တလာတတ်ကြတယ်။ သယ်သူ့ကို ချစ်တယ်ရယ်လိုတော့ မဟုတ်ဘူး။ ဒါပေမယ့် ထွေပြားတဲ့ ခံစားချက်မျိုးပါ။ တစ်စုံတစ်ခုကို မျှော်လင့်ပြီး ကြည်နူးနေတတ်တဲ့ စိတ်မျိုးပါ။ ဒီလို အချိန်မျိုးမှာ လူ တစ်ယောက် ဟာ သူ့စိတ်ကူးထဲက မိုးနတ်မယ်လို လှတဲ့ မိန်းကလေးတွေ ကို အစွဲအလမ်းကြီး စွဲလမ်းနေတတ်တယ်။ စိတ်ကူးထဲက မိန်းကလေးလို့ ပြောရတာ က တခြားကြောင့် မဟုတ်ဘူး။ တကယ့် မိန်းကလေးမှ မတွေ့ သေးဘဲကိုး။ မိန်းမငယ်လေး တစ်ယောက် ဟာ ၀တ္ထုထဲက ဇာတ်လိုက်တွေ ၊ နာမည် ကျော် ရုပ်ရှင်မင်းသားတွေ ၊ အင်္ဂလိပ်စာ ပါမောက္ခတွေ ကို ကြိုက်ရင် ကြိုက်နေတတ်တယ်။ အချစ်ကို လှုံဆောင်ပေးတဲ့ ဆေးတွေ ထဲမှာ ငယ်ရွယ်နုပျိုခြင်း ဆိုတဲ့ ဆေး ကတော့အာနိသင် အထက်ဆုံးပါပဲ။ နုပျိုခြင်းဆိုတဲ့ နတိသုဒ္ဓါရည်ကို သောက်ပြီးတာနဲက မိန်းမတိုင်းဟာ ဟယ်လင်မင်းသမီးလို လှနေတော့တာပဲလို့ ဂါထေးက ရေး ခဲ့ဖူးပါတယ်။ ချစ်သူလောင်း အလာကို စိုးရိမ်တကြီး စောင့်မျှော်ရင်းနဲ့ ပထမဆုံးတွေ တဲက နှစ် လိုစဖွယ် မိန်းကလေးဟာ သူ့အချစ်ကို နှိုပေးလိုက်သူ ဖြစ်လာတော့တာပါပဲ။

မိန်းကလေးနဲ့ ယောကျာ်းလေး တွေ့ ဆုံရတဲ့ အခြေအနေဟာလည်း အရေး ကြီးတဲ့ အခန်းက ပါတတ်ပါတယ်။ မိမိတို့ရဲ့ ခံစားချက်များ ၊ တောင့်တမှု များ ကို ဖော်ထုတ်ဖို့ ၀န်လေးတဲ့ ရှက်ကြောက်တတ်သူများ ကျတော့လည်း အခြေအနေပေးလို့ တစ်ယောက် နဲ့ တစ်ယောက် ရင်းနှီးလာခဲ့ကြတာမျိုးလည်း ရှိတယ်။ မိန်းကလေးတွေ ရဲ့ အမြင်မှာ ယောကျာ်းလေး တစ်ယောက် ရဲ့ ဂုဏ်သိက္ခာ၊ ကျော်စောမှု စသည်တို့ဟာ အဲဒီ ယောကျာ်းလေးရဲ့ ဘေးပတ်လည်မှာ မြူမှု န်တွေ ၀ိုင်းသလို ၀ိုင်းနေတတ်ပြီး သူ့အပြစ်တွေ ကို ဖုံးကွယ်ပေးထားတတ်တယ်။ လေယဉ်မှူး တစ်ယောက် ၊ ဇာတ်လိုက်မင်းသား တစ်ယောက် ၊ ဘောလုံးသမား တစ်ယောက် ၊ စကားအပြောကောင်း တစ်ယောက် ရဲ့ အောင်မြင်ကျော်ကြားမှု က အချစ်ဇာတ်လမ်း တစ်ပုဒ်ကို မွေးဖွားပေးရာမှာ အဓိက လက်သည်တွေ ပဲ။ လူချင်း တွေ့ ခွင့်ကြုံကြတဲ့ အခါမှာ ခံစားမှု ချင်း တူညီကြတယ်လို့လည်း တစ်ယောက် နဲ့ တစ်ယောက် ထင်သွားတတ်ကြတယ်။ တစ်ယောက် နဲ့ တစ်ယောက် တွေ့ြ ကတော့ ကြားလူရဲ့ စကားကိုလည်း ကြားပြီးသား ဖြစ်နေကြတဲ့အတွက် အကြည့်နှစ် ခုဟာ ဆုံမိကြတယ်။ တစ်ယောက် ခံစားချက်ကို အပြန်အလှန် ဖော်ပြကြတယ်။ မော်တော် ကား အတူစီးလြာ ကတော့ ကားက ချိုင့်တစ်ခုထဲကို ကျသွားတယ်။ လက်ချင်း ထိမိကြတယ်။ မရည်ရွယ်ဘဲ ထိမိသွားကြတယ်။ ဒီလောက်ဆိုရင် လုံလောက်သွားပြီပေါ့။ တစ်ယောက် နဲ့ တစ်ယောက် အသွင်တူတာ မတူတာတွေ အပထား။ အ ဖြစ်အပျက်တွေ ကြောင့် ချစ်သူနှစ် ယောက် က ဆုံမိသွားကြတယ်။ (အခြေအနေ ဖန်တီးလို့ ချစ်သူ ဖြစ်သွားကြတယ်ပေါ့။)

ဒုတိယ အဖြေက ဒီလို။

ဒီအဖြေ ကတော့ ပထမအ ဖြစ်နဲ့ ပြောင်းပြန်ပဲ။ ဒီအချစ်မျိုး ကတော့ လျှပ်တပြတ် အချစ်လို့ ခေါ်နိုင်တယ်။ မြင်မြင်ချင်း ချစ်မိတာမျိုးလည်း ခေါ်နိုင်တယ်။ တစ်နည်း ပြောရမယ်ဆိုရင် နဖူးစာ ပါလာလို့ ရှေးက ရေစက်ပါလာလို့ ချစ်မိတာမျိုးလို့လည်း ပြောလို့ရတယ်။ ခေါမဒဏ္ဍာရီ ပုံပြင် တစ်ခုရှိတယ်။ ဒီပုံပြင်အရ လူဆိုတာ မိန်းမနဲ့ ယောက်ျားပေါင်းစပ်ထားတဲ့ သတ္တ၀ါလို့ ဆိုတယ်။ နောက်တော့ ဘုရားသခင်က သူတို့နှစ် ယောက် ကို ခွဲပစ်လိုက်တဲ့အတွက် မိန်းမနဲ့ ယောကျာ်းဟာ တစ်ယောက် ကို တစ်ယောက် အမြဲတမ်း လိုက်လံ ရှာဖွေနေကြတယ်လို့ ဆိုတယ်။ ဒီလို ထာဝရ ဘုရားက ဖန်ဆင်းပြီး ခွဲခြားပစ်လိုက်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း နှစ် ခုဟာ တစ်ခုနဲ့ တစ်ခု ပြန်လည်တွေ့ ဆုံကြတာနဲ့ တစ်ပြိုင်နက် အလွန် ပြင်းထန်အားကောင်းပြီး အလွန် ချိုမြိန်တဲ့ ဆက်သွယ်မှု ကြောင့် သူတို့နှစ် ခုဟာ တစ်ခုနဲ့ တစ်ခု သွေးသား တော် စပ်ကြတယ် ဆိုတာကို သိသွားကြသတဲ့။ အဲဒီ ပုံပြင်အရ ကျွန်တော် တို့ ကိုယ်တွင်းမှာ တစ်စုံတစ်ခုသော လှပတဲ့ အရည်အချင်းကို လုက်လံ ရှာဖွေနေတယ်တဲ့။ ဒါကြောင့ို့ ယောကျာ်းကလေးဟာ လှပတဲ့ မိန်းကလေးကို တွေ့ ရင် လူပျိုပေါက်ဘ၀က စိတ်ကူး အိမ်မက်ထဲက မျှော်မှန်းခဲ့တဲ့ နတ်မိမယ်လို မိန်းကလေးမျိုး တွေ့ သွာရင် သူ့အပေါ်မှာ တိမ်းညွန်သွားပြီး ချစ်ခင်နှစ်သက် ခြင်း ဖြစ်ပေါ်လာတာ ဖြစ်တယ်တဲ့။

တစ်ချို့လူတွေ ရှိတယ်။ သူတို့ ရုပ်ရည်ဟ ရူပအားဖြင်လည်း နှစ်သက် စွဲလမ်းဖွယ် ကောင်းတယ်။ နှုတ်အားဖြင့် လည်း ချစ်ခင်နှစ် လိုဖွယ်သော စကားကို ဆိုတတ်တယ်။ အဲဒီ လို ကာယကံအားဖြင့်လည်း လှ၊ ၀စီကံအားဖြင့် လည်း လှတဲ့ သူမျိုးကို ဆိုရင် သူ့အပေါ်မှာ အပြစ်ရယ်လို့ လုံးဝ မမြင်တော့ဘဲ နှစ်သက် လာလေလေ ဖြစ်တတ်တယ်။ သူတို့ နှုတ်ဖျားက ထွက်လာတဲ့ အသံဟာ ဂီတသံလို သာယာ ငြိမ့်ညောင်းတယ်။ သူတို့ ရဲ့ စကားဟာ ကဗျာတစ်ပုဒ်လို လှပနေတယ်။ လူ တစ်ယောက် ကို ချွင်းချက်မရှိ လုံးဝဥဿုံ ပုံပြီး ချစ်ရ မြတ်နိုးရတာ ဟာ အလွန်ကြီးကျယ်တဲ့ သုခ ဖြစ်ပါတယ်။ ကိုယ့်ချစ်သူရဲ့ အဆင်းနဲ့ အချင်း၊ ခန္ဓာကိုယ် အလှနဲ့ စိတ်အလှကို မြတ်နိုးမှု အပေါ်မှာ အခြေခံ တည်ဆောက်ထားတဲ့ အချစ်ဟာ အလွန်ထက်သန်တဲ့ ပီတိကို ဖြစ်စေပါသတဲ့။ ( ဒါက နဖူးစာပါလို့ ရှေးရေစက်ပါလို့ တွေ့ ကြတာမျိုးပါ)

ဒါပမေယ့် လောကမှာ ဒီလို အခြေအနေလည်း မပေး၊ ရှေးရေစက်လည်း မပါဘဲနှင့် တစ်ယောက် ကို တစ်ယောက် ဘ၀ကြင်ဖော်အ ဖြစ် ရွေးချယ်ခဲ့ကြတာလည်း ရှိပါတယ်။ အဲဒီ လို လူမျိုးတွေ အတွက် ချစ်ခြင်းအနုပညာဟာ ဘယ်လောက်အကူအညီ ပေးနိုင်သလဲ။ ဘယ်လို လမ်းညွှန်မှု တွေ မျး ပြုလုပ်နိုင်ပါလဲလို့ မေးစရာ ရှိတယ်။ စိတ်သဘော ဖြောင့်မှန်တာ၊ စိတ်ရှည်တာ။ အထူးသဖြင့် ကြည်လင်ရွင်ပျတဲ့ စိတ်သဘော ရှိတာတို့ဟာ ပျော်ရွှင်ချမ်းမြေ့မှု ကို လိုက်လံ ရှာဖွေရာမှာ အလွန်အဖိုးတန်တဲ့ အရည်အချင်းတွေ ဖြစ်တယ်။ အမြဲတမ်း မဟုတ်သည့်တိုင် အများ အားဖြင့် တော့ ဒီအရည်အချင်းများ ဟာ ကျန်းမာတဲ့ စိတ်ထားနဲ့ ကျန်းမာတဲ့ ခန္ဓာက ပေါ်ထွက်လာခြင်း ဖြစ်တယ်။ ဒါကြောင့် မို့ တစ်ဦးနဲ့ တစ်ဦး ဖူးစာဖက် ရွေြး ကတော့မယ်ဆိုရင် သက်ဆိုင်ရာ မိသားစုများ ၊ မိဘများ ဟာ ဒီအချက်ကို အလေးထား စဉ်းစားသင့်တယ်။ ပျော်ရွှင်ချမ်းမြေ့မှု ဆိုတာ ပျော်ရွှင်ချမ်းမြေ့မှု ရှိရာ အရပ်မှာ ပဲ ကြီးထွားနိုင်တယ်။ အောင်အီး ချုပ်ချယ်မှု တွေ ၊ စိတ်ညစ်စရာတွေ များ တဲ့ ပတ်ဝန်းကျင်မှာ အချစ်ဟာ ချက်ချင်း ညှိုးနွမ်း သွေခြောက်သွားမှာ ပဲ။

မိန်းမတွေ ဟာ အားကောင်းပြီး ကျန်းမာသန်စွမ်းတဲ့ ယောကျာ်းတွေ နဲ့ နေရတာ ကို ပျော်ကြတယ်။ ယောကျာ်းတွေ ကတော့ ချစ်ခင်ယုယတတ်ပြီး ကိုယ့်နောက်ကို ဖ၀ါးခြေထပ် လိုက်ချင်တဲ့ မိန်းမတွေ နဲ့ နေရတာ ကို ပျော်တတ်ကြပါတယ်။ တော် တော် ငယ်တဲ့ မိန်းမပျိုကလေးတွေ ကတော့ ကိုယ့်လွှမ်းမိုးချုပ်ကိုင်လို့ ရတဲ့ ယောက်ျားမျိုးနဲ့ မှ လက်ထပ်ချင်တယ်လို့ ပြောလေ့ရှိတယ်။

ကျွန်တော် တွေ့ ဖူးသမျှကို ပြောရရင်တော့ သတ္တိနဲ့ ကျန်းမာသန်စွမ်းမှု ကြောင့် ယောကျာ်း တစ်ယောက် ကို ချစ်ခဲ့မိတဲ့ မိန်းမတွေ ဟာ ပျော်ရွှင်ချမ်းမြေ့မှု ကို ရကြတာ များ တယ်။ အခြားအကြောင်းကြောင့် ယောကျာ်း တစ်ယောက် ကို ချစ်ခဲ့မိတဲ့ မိန်းမတွေ ထဲမှာ ပျော်ရွှင် ချမ်းမြေ့မှု ကို တကယ်ရတဲ့ မိန်းမဆိုလို့ မတွေ့ ဖူးသလောက်ပါပဲ။ အလားတူပဲ နှုတ်ကြမ်းလျှာကြမ်း၊ ကြမ်းတမ်းခက်ထရော်တဲ့ မိန်းမ တစ်ယောက် ကို ရလို့ ပျော်ရွှင်ချမ်းမြေ့မှု ကို ရတဲ့ ယောကျာ်းကိုလည်း ကျွန်တော် တစ်ခါမှ မတွေ့ ဖူးသလောက်ပါပဲ။

မိန်းမ တစ်ယောက် နဲ့ ယောကျာ်း တစ်ယောက် ဟာ တစ်ခါနှစ် ခါ တွေ့ ဖူးရုံနဲ့ တစ်ယောက် ကို တစ်ယောက် ဘ၀ကြင်ဖော်အ ဖြစ် ဆုံးဖြတ် ရွေးချယ်ဖို့ ကိစ္စဟာ တော်တော် ခက်ပါတယ်။ ဒီနေရာမှာ တော့ အသိဥာဏ်နဲ့ စဉ်းစားတာထက် ပကတိ စိတ်နဲ့ဆုံးဖြတ်တာဟာ ပိုတောင်ကောင်းလိမ့်မယ် ထင်ပါတယ်။ သူ့ကို ချစ်ရမလားလို့ မေးခွန်းထုတ်ဖို့ မသင့်ပါဘူး။ ချစ်တယ်မချစ်ဘူးဆိုတာ မေးခွန်းထုတ်ဖို့ မလိုဘဲ ကိုယ့်ရင်ထဲက အလိုလို သိရမယ့်ကိစ္စ ဖြစ်ပါတယ်။ အခြားသော အရာများ မွေးဖွားလာသလိုပဲ အချစ်ဟာလည်း သဘာဝလျောက် အလိုလို မွေးဖွားလာဖြင်း ဖြစ်ပါတယ်။ ချစ်ခြင်းအနုပညာကို နောက်မှ လေ့ကျင့်ယူရတာ ပါ။ လောလောဆယ် မှာ တော့ အနုပညာသည်ဟာ သူ့ရဲ့ ကုန်ကြမ်းပစ္စည်းတွေ ကို ဘယ်အချိန်မှာ စတင်ပုံဖော်သလဲဆိုတဲ့ အချက်ကို အရင်ရှာဖွေ ကြည့်ချင်ပါတယ်။

သူရဲ့ (De L’Amour) ဆိုတဲ့ ၀တ္ထုထဲမှာ စတဲင်ဒယ်က အချစ်ဆိုတဲ့ ခံစားမှု မွေးဖွားပေါ်ပေါက်လာပုံကို နှစ်သက် စဖွယ် ရေး ဖွဲ့ထားခဲ့ပါတယ်။ သူဖော်ပြထားတဲ့ အရေး ကြီးတဲ့ အချက်တွေ ကို ပထမ ထောက်ပြချင်ပါတယ်။ နောက်ပြီးတော့မှ ကျွန်တော် ဘယ်လို မြင်တယ်ဆိုတာကို ထပ်ပြောပါ့မယ်။

အချစ်ဟူသမျှက အထင်ကြီး မြတ်နိုးခြင်း အရှိန်အဟုန်ကြီးစွာ ဖြစ်ရာက ပေါ်ထွက်လာခြင်း ဖြစ်တယ်။ ဒါမှ မဟုတ်ရင်လည်း သနားကရုဏာကို ဖြစ်စေတဲ့၊ တောင့်တမှု ကို ဖြစ်စေတဲ့ အ ဖြစ်အပျက် တစ်ခု အရှိန်အဟုန်ကြီးစွာ ဖြစ်ရာက ပေါ်ပေါက်လာခြင်း ဖြစ်တယ်။ တော် စတွိုင်းရဲ့ “အင်နာကရီးနီးနားဟာ တော် တော် ချောတာပဲ၊ ငါ့ကို ဘာအဓိပ္ပာယ်နဲ့ ကြည့်သွားတာပါလိမ့်” လို့ တစိမ့်စိမ့်တွေးလာတယ်။ “ ယူဂျင်း ဂရင်းဒက်” ၀တ္ထုထဲမှာ ချားလ် ဂရင်းဒက်ဟာ တစ်ဖက်သတ် ခံစားနေရတဲ့ စိတ်ကူးယဉ် ဇာတ်ဆောင် တစ်ယောက် အ ဖြစ် တစ်ညနေမှာ ဇာတ်လိုက်မင်းမီးရဲ့ ဘ၀ထဲကို ၀င်ရောက် လာခဲ့တယ်။ အဲဒီ အချိန်က စပြီး သူမဟာ ချားလ် ဂရင်းဒက်ကို ဘ၀တစ်လျှောက်လုံးလုံး စွဲစွဲမြဲမြဲ ချစ်သွားတော့တာပဲ။

အားကြီးတဲ့ အ ဖြစ်အပျက် တစ်ခုကြောင့် မိန်းကလေး တစ်ယောက် ရဲ့ အပေါ်မှာ အာရုံစူးစိုက်မိသွားပြီ ဆိုတာနဲ့ တစ်ပြိုင်နက် အဲဒီ မိန်းကလေးကို မတွေ့ ရ၊ မမြင်ရလေလေ တွေ့ ချင်မြင်ချင်ဇောတွေ ဖြစ်လာပြီး၊ အချစ်ဟာလည်း ပိုလို့ အားကောင်းလာပါတယ်။ မိန်းမတို့ရဲ့ ခွန်အားဟာ အခြားမဟုတ်၊ နောက်ကျရောက်လာခြင်း သို့မဟုတ် အလှမ်းကွာဝေးခြင်းပဲ ဖြစ်တယ် လို့ ဒဿနိကဗေဒကို ချက်ချင်း ဖော်ပြလိုက်သလို ဖြစ်နေတယ်။ ဝေးကွာနေခြင်းဟာ ကျွန်တော် တို့ လူပျိုပေါက် အရွုယ်တုန်းက စိတ်ကူး အိမ်မက်ထဲမှာ ရှိတဲ့ နတ်မိမယ်ကလေး တစ်ပါး ဖြစ်သွားစေတယ်။ စတဲင်ဒယ်က ဒီလို ဖြစ်စဉ်လိုမျိုးကို “ ပုံဆောင်ခဲ အသွင်ဆောင်ခြင်း” လို့ ခေါ်ခဲ့တယ်။ သူက ဝေးကွာနေတဲ့ မိန်းကလေးကို သစ်သားစကလေး တစ်ခနဲ့ နှိုင်းတယ်။ အဲဒီ သစ်သားစကလေးဟာ ဆားတွင်းကြီးထဲကို ရပ်ပေါင်းများ စွာ ကျသွားတော့ တောက်ပတဲ့ ပုံဆောင်ခဲတွေ ဖုံးလွှမ်းသွားပြီး ကျောက်မျက်ရတနာ တစ်ခုနဲက တူသွားတယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ လို ပုံဆောင်ခဲ အသွင်ဆောင်တဲ့ ဖြစ်စဉ်လွန်မြောက်သွားတဲ့ နောက်မှာ ဖြင့် ကိုယ့်ချစ်သူက ကွဲပြားခြားနားတဲ့ လူ တစ်ယောက် ဖြစ်သွားပြီး အဆင့်မြင့်တဲ့ သာလွန်တဲ့ လူ တစ်ယောက် လည်း ဖြစ်သွားတယ်လို့ သူက ပြောခဲ့ပါတယ်။ ဒါကြောင့် ပရုစ်ကအချစ်ဆိုတာ ဆန္ဒဆန်တယ်တဲ့။ ကျွန်တော် တို့ဟာ ဖန်တီးထားတဲ့ သူတွေ ကို ချစ်နေကြခြင်းသာ ဖြစ်တယ်လို့ ပြောခဲ့တယ်။ အလှတရားဆိုတာ ကြည့်သူရဲ့ မျက်လုံးပေါ်မှာ တည်တဲ့ စကားလိုပေါ့။ (ကိုယ်ထင် ကုတင်ရွှေနန်းပေါ့။)

ပုံဆောင်ခဲ အသွင်ဆောင်မှု ဖြစ်စဉ် ပြီးတဲ့နောက်မှာ ဒုတိယအကြိမ် တွေ့ တဲ့ အခါမှာ တော့ ကျွန်တော် တို့အဖို့် အချစ်တွေ ပျက်ပြယ်မှာ ကို စိုးရိမ်စရာ မလိုတော့ပါဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ ကိုယ်က ခံစားချက်တွေ ကို ပြည့်နေတော့ တကယ်ချစ်သူကို မမြင်နိုင်တော့ဘူး။ ကိုယ့်ချစ်သူဟာ ကိုယ့်ရှေ့မှာ ရပ်နေမယ်။ ကိုယ်နဲ့ မျက်နှာချင်းဆိုင်ပြီး စကားပြောချင် ပြောနေမယ်။ ဒါပေမယ့် အဲဒီ အခါမှ လူအစစ်ကို မမြင်တော့ဘဲ ပုံဆောင်ခဲအသွင်ကို မြင်နေရလို့ပဲ။ ကိုယ့်ချစ်သူက ကိုယ့်ကို စကားတွေ ပြောနေပေမယ့် သူလိုကိုယ်လို စကားလို့ မထင်ထားတော့ဘူးတဲ့။ ကိုယ့်ချစ်သူက စဉ်းစားဥာဏ် ကင်းမဲ့နေရင်လည်း စဉ်းစားဥာဏ် ကင်းတယ်လို့ မထင်တော့ဘူးတဲ့။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ ပီတိကို ဖြစ်တေတဲ့အကြောင်းရင်း ဇစ်မြစ်ဟာ ကိုယ့်ရင်ထဲ၊ အသည်းနှလုံးထဲကို ရောက်နေလို့ပါပဲ။

ဒီလို ဖြစ်နေတုန်းမှာ တော့ အချစ်ဟာ ပျော်ရွှင်မှု ကို ယူဆောင်လာခဲ့သလိုပေါ့။ တခြား ဘာကိုမှ မမြင်နိုင်ြ ကတော့ဘူးပေါ့။ ဒါပေမယ့် မီးတောက်တစ်ခုဟာ လောင်စာမရှိဘဲ မတောက်နိုင်ဘူး။ မျှော်လင့်ချက်ဆိုတဲ့ လေပြေလေညှင်း မရှိခဲ့ရင် အဲဒီ မီးတောက်ဟာ ငြိမ်းသွားမှာ ပဲ။

ချစ်သူဟာ အားတက်စရာ အရိပ်အယောင်ကို မြရရင်၊ အားမတက်ဘဲ မနေနိုင်ဘူး၊ အားတက်ရတယ်။ ကြည်နူးရတယ်။ ကိုယ့် ချစ်သူကတစ်ချက် လှမ်းကြည့်လိုက်တာ၊ ချစ်သူ့လက်ကလေးနဲ့ ထိလိုက်ရတာ ၊ ကိုင်လိုက်ရတာ ၊ အားတက်စရာ အဖြေကို ကြားလိုက်ရတာ တွေ ဟာ ချက်ချင်း အကျိုးထူးစေပါတယ်။

ဒီလို အရိပ်အယောင်တွေ ဟာ ချစ်သူဆီ၊ မိန်းကလေးဆီက ဆက်တိုက် လာနေပြီ၊ ထင်ထင်ရှားရှား ပြပြီဆိုရင်တော့ အပြန်အလှန် မေတ္တာသက်ဝင်ကြပြီ ဆိုတဲ့ သဘောကို ဆောင်လာပြီပေါ့။ အဲဒီ အချိန်မှာ တော့ သည့်ထက် ပျော်ရွှင်မှု ဆိုလို့ ဘယ်ရှိတော့မှာ လဲ။ ဒါပေမယ့် လုံခြုံမှု ကို သိပ်ပြီး အသားပေးလွန်းရင် အဲဒီ ပျော်ရွှင်မှု လေးဟာလည်း ပျက်စီးသွားတတ်ပါတယ်။

လူတော် တော် များများ မှာ ဖြစ်လေ့ရှိတာကသမီးရည်းစား ဖြစ်ခါစ၊ ချစ်ဦးသူ ဖြစ်ခါစမှာ တစ်ယောက် နဲ့ တစ်ယောက် သံသယ ရှိနေတတ်ကြ ပါသေးတယ်။ နွေးထွေးလိုက်၊ အေးစက်လိုက်၊ အားတက်စရာ တွေ့ လိုက်၊ စိတ်ပျက်စရာ တွေ့ လိုက်နဲ့ တစ်လှည့်စီ ကြုံတတ်ကြပါတယ်။ ဒီလို ဖြစ်ကြရတာ က တစ်ယောက် နဲ့ တစ်ယောက် မချစ်ကြလို့ မဟုတ်ပါဘူး။ ဒီလို ဖြစ်ရတာ ဟာ တစ်ယောက် နဲက တစ်ယောက် ရှက်ကြောက်နေကြလို့၊ တစ်ယောက် နဲ့ တစ်ယောက် ဣနြေ္ဒတွေ ၊ သိက္ခာတွေ ဆယ်နေကြလို့သာ ဖြစ်ပါတယ်။

ချစ်သူတွေ ဟာ အသေးစိတ်ကလေးတွေ ကို ကြည့်တတ်ကြပါတယ်။ မြင်လည်း မြင်တတ်ကြပါတယ်။ ခေါင်းကိုက်လို့၊ ခါးပတ်က ကျပ်နေလို့၊ ခြေအိတ်က ပေါက်နေလို့၊ မကြည်မစာ ဖြစ်တာမျိုးကလေးတွေ ကိုမြင်ပြီး အဲဒါကလေးတွေ ဟာ မကောင်းတဲ့ အတိတ်နမိတ်လို့ ထင်ချင်ထင်တတ်ကြပါတယ်။ ဘာမဟုတ်တဲ့ အသေးအဖွဲ့ကလေး တစ်ခုဟာ ချစ်သူ တစ်ယောက် အဖို့ အကြီးအကျယ် စိတ်ညစ်စရာကြီး ဖြစ်ချင် ဖြစ်နေတတ်ပါတယ်။ ချစ်သူဟာ အကြည့်တွေ ၊ စကားလုံးတွေ ၊ အမူအရာတွေ ကိုခွဲခြားစိတ်ဖြာကြည့်တယ်။ အဲဒီ အရာတွေ နဲ့ နောက်ကွယ်မှာ ရှိတဲ့ အဓိပ္ပာယ်ကို လိုက်ရှာတယ်။ ကိုယ့်ချစ်သူကိုယ့်အပေါ်မှာ ခပ်စိမ်းစိမ်း ဆက်ဆံလာလို့ ရှိရင် ကိုယ့်မှာ ဘာများ အမှားရှိလေမလဲလို့ ကိုယ့်ဘာသာကိုယ် ပြန်စီစစ်တယ်။ ဒါတွေ ကို အကြောင်းရှာ မရလေလေ (အကြောင်းရှာလို့လည်း ဘယ်ရပါ့မလဲ၊ အကြောင်းက တကယ်မှ မရှိတာ) သူချစ်တဲ့ မိန်းကလေးအကြောင်းကို ပိုပြီး စဉ်းစားလာလေလေ၊ သူ့အချစ်ဟာလည်း သူ့ရင်တွင်းမှာ နက်ရှိုင်းလေးနက်လာလေလေ ဖြစ်လာတော့တာပဲ။ စိုးရိမ်စိတ်က ပေါက်ဖွားလာတဲ့ အချစ်ဟာ နှုတ်လိုက်တိုင်း အသားထဲကို စူးဝင်သွားတဲ့ ဆူးတစ်ချောင်းနဲ့ အလားသဏ္ဍာန် တူတယ်။

သည်အမြင်နဲ့ ပြောရရင် မိန်းမတို့ရဲ့ အနုဘာဝ တစ်နည်းပြောရရင် ကလူ၏ သို့မြူ၏ လုပ်တာမျိုးတွေ ၊ ငါးမျှားကြိုးကို လျှော့ချည်တင်းချည် လုပ်တာမျိုးတွေ ဟာ အချစ်ကို နိုးကြားနေအောင်၊ ရှင်သန်နေအောင် လုပ်တဲ့ မာယာ အရိယာယ်တွေ လို့ ထင်စရာပါပဲ။ လျှော့ပေးလိုက်၊ ပြန်ဆွဲလိုက် လုပ်နေတဲ့ သိုးမွေးလုံးကလေး တစ်လုံးကို ခုန်ပြီး လိုက်ဖမ်းနေတဲ့ ကြောင်ကလေး တစ်ကောင်လို ကျွန်တော် တို့ သားကောင်တွေ (လူတွေ ) ဟာလည်း မာယာများ တဲ့ မိန်းမတွေ ရဲ့ အချော့အမြူတွေ ကို သဘောကျကြတယ်။ လူဆိုတာ ရတာ ကို မလိုချင်၊ မရတာ ကို လိုချင်တတ်တဲ့ သဘာဝ ရှိတယ်မဟုတ်မလား။ ဒီတော့ မိန်းမတို့ရဲက မယာတွေ ကို သဘောကျတာဟာလည်း မဆန်းပေဘူးပေါ့။။

ဒါပေမယ့် မာယာ ပရိယာယ်ကို ကြာရှ် ကျင့်သုံးခြင်းဟာ အချစ်ကို ပျက်စီးစေပါတယ်။

ကျွန်တော် တို့ သမိုင်းမှာ မာယာ ကြွယ်ဝလွန်းလှတယ်လို့ နာမည် ကြီးတဲ့ မဒမ်ရေကာမီယာ ဘင်ဂျမင် ကွန်စတင်ကို ဖြားယောင်းသိမ်းသွင်းတယ်။ ကွန်စတင်ဟာ ကလေးငယ် တစ်ယောက် လို ဖြစ်ခဲ့ရတယ်။ သူဟာ ငါ့ကို တကယ်ချစ်တာ မဟုတ်ပါဘူး၊ ဒါပေမယ့် ငါ့ကိုတော့ နည်းနည်း ပါးပါး သဘောကျဟန် တူရဲ့ လို့ သူတွေးတယ်။ မဒမ် ရေကာမီယဟာသူ့ကို ကလေးလေး တစ်ယောက် လို ကစားနေတယ် ဆိုတာကို တွေ့ လာရတဲ့အခါမှာ ဘင်ဂျမင်ကွန်စတင်ဟာ အကြီးအကျယ် စိတ်ဆင်းရဲရတယ်။ ငါဟာ ဒီလောက် မာယာများ တဲ့မိန်းမကို တစ်ခါမှ မတွေ့ ဖူးသေးဘူး။ ကြည့်စမ်း၊ သင်းတို့ဟာ စက်ဆုပ်ဖွယ် သတ္တ၀ါတွေ ပါလား။ ငါသူ့ကို မုန်းတယ်လို့ သူသတိရလာတယ်။ အဲဒါနဲ့ အတူ ပုံဆောင်ခဲ အသွင်ဟာလည်း အရည်ပျော်ကျသွားပြီ။ သူဟာ ငှက်ဦးနှောက်သာ ရှိပြီး ဘာမှ မှတ်ဥာဏ်မရှိတဲ့ မိန်းမ၊ သတိမရတတ်တဲ့ မိန်းမလို့ သိသွားခဲ့တယ်။ ဒီနည်းအားဖြင့် မာယာများ တဲ့ မိန်းမတွေ ဟာ မာယာတွေ ကို အလွန်အကျွံ သုံးမိပြီးဒုက္ခေ၇ာက်သွားတတ်ကြပါတယ်။ “လူ့လောက ဆန့်ကျင်ရေး သမား” ဆိုတဲ့ ပြဇာတ်ထဲမှာ ဆေလီမင်နေဟာ သူ့အလှနဲက သူ့အပြောကလေးတွေ ကို စွဲမက်ခဲ့တဲ့ ယောကျာ်းတွေ အားလုံးက နောက်ဆုံးမှာ သူ့ကို စွန့်ပစ်တာ ခံခဲ့ရတယ် မဟုတ်လား။

ခွဲစိတ်စားပွဲပေါ်မှာ ရောက်နေတဲ့ လူမမာ တစ်ယောက် ရဲ့ အဆုတ်ထဲကို အောက်ဆီဂျင်နဲ့ ဓာတ်ငွေ့တွေ တစ်လှည့်စီ သွင်းပေးနေရတဲ့ ဆရာဝန် တစ်ယောက် လို မာယာများ တဲ့ မိန်းမ တစ်ယောက် က အသက် ၇၀ ရွယ် အဘိုးအို တစ်ယောက် ကို မာယာပရိယာယ်တွေ နဲ့ သွားပြီး မြူဆွယ်တယ်ဆိုရင် အဲဒီ အဘိုးအိုဟာလည်း ရဟန္တာန်ပျံမို့ ခံနိုင်မှာ တဲ့လား။ ကြွေသွားမှာ ပဲ။ ဒါပေမယ့် အဲဒီ ရက်စက်တဲ့ ကစားနည်းကို ကစားသင့်ပါသလား။ ကျွန်တော် ထင်ပါတယ်။ ကျွန်တော် တို့ ယောကျာ်းတွေ ထဲက စိတ်ဓာတ် အခိုင်ဆုံးဆိုတဲ့ လူတွေ ဟာ ချစ်လို့ပဲ ဖြစ်စေ၊ သနားကြင်နာလို့ပဲ ဖြစ်စေ၊ မာယာပရိယာယ်ကြောင့် ရတဲ့ အခွင့်အရေး တွေ ၊ အကျိုးအမြတ်တွေ ကို မလိုချင်ကြပါဘူး။ စွန့်လွှတ်ဖို့ အသင့် ရှိနေကြမှာ ပါပဲ။ ရက်ရော သဘောထားကြီးသူ တစ်ယောက် ကတော့ ကိုယ့်က ချစ်ရတယ်ဆိုတာကိုယ့်ကို မင်းရဲ့ တန်ခိုးသြဇာအောက်မှာ ပုံအပ်ထားရတာ နဲ့ အတူတူပဲ။ ဒါပေမယ့် ဒီလို ဖြစ်ရတာ ကိုက ကျေနပ်နေတယ်လို့ အပြောကောင်း ပြောမိတယ်။ ဒါကို မိန်းကလေးကလည်း တန်ဖိုးထားတယ် ဆိုရင် ဒီအချစ်မျိုးဟာတော့ အကောင်းဆုံးပါပဲ။ နှစ် ဦးနှစ် ဖက်စလုံးက အပြန်အလှန် မျှဝေခံစားကြပြီ၊ အပြန်အလှန် ယုံကြည်မှု ရှိတဲ့ အချစ်မျိုး ဖြစ်တဲ့အတွက် အကောင်းဆုံးသော အချစ်လို့ ဆိုရလိမ့်မယ်။ ဒါပေမယ့် သူဒီလို အချစ်မျိုးနဲ့ မထိုက်တန်ဘူး ဆိုရင်တော့ သူ့ကို တစ်ခါတစ်ရံမှာ မာယာချစ်နဲ့ အချစ်ပြဖို့ တစ်ခါတစ်ရံမှာ လိုအပ်ပါတယ်။

နှစ် ဦး အပြန်အလှန် ချစ်ခါစ ပထမအဆင့်ဟာ ပျော်စရာအကောင်းဆုံးအချိန်လို့ ယူဆလေ့ရှိပါတယ်။ ဒီလို ယူဆတာဟာလည်း မှန်ပါတယ်။ အဲဒီ အချိန်ဟာ ပုံဆောင်ခဲအသွင် နောက်တစ်ခါ ဆောင်ချိန် ဖြစ်ပါတယ်။ ကြာလေသွေးရင် ဝေးတယ်လို့ ထင်တဲ့အချိန် ဖြစ်ပါတယ်။ တစ်ယောက် မျက်စေ့ထဲမှာ တစ်ယောက် ဟာ စံပြတွေ ဖြစ်နေတယ်။ ဒီလို အခြေနေမျိုးဟာ ကြာရှည်တည်တံ့လာခဲ့ရင် သူတို့နှစ် ယောက် ရဲ့ ဘ၀ဟာ လုံးဝ ပြည့်စုံ ချမ်းမြေ့တဲ့ ဘ၀ပဲလို့ ဆိုနိုင်လိမ့်မည် ။ ဒါပေမယ့် ဒီလို အချစ်မျိုးမှာ တောင်မှပဲ ခံစားချက် နှစ် ခုဟာ ခွန်အားပမာဏ အစဉ်အမြဲညီတူညီမျှ ဖြစ်နေဖို့ဆိုတာ အလွန်ရှားပါတယ်။ လူတော် တော်များများ ဟာ ကိုယ်လိုချင်တဲ့ တွယ်တာ တပ်မက်မှု ကို ရရှိစေဖို့၊ ပြန်လည် ရရှိဖို့ လိုပါတယ်။ ဒါကြောင့် မို့ အဲဒီ သူကို ချစ်နေဖို့ လိုပါတယ်။

* * * * *

ကောင်းပြီ။

ဒါ ဖြစ်ရင် လူ တစ်ယောက် ကို ချစ်ဖို့ အချစ်ကို လှုံ့ဆောင်ပေးလို့ ရသလား။ လိုကောလိုအပ်သလား။ တကယ်လို့ ကိုယ့်အချစ်စိတ်ဟာ ဒီလို တာရှည်တဲ့ အချစ်မျိုးကို ပေးနိုင်စွမ်း မရှိရင် ပျော်ရွှင်မှု သက်သက်ကိုပဲ လိုက်ရှာနေတာမျိုးက ပိုပြီး မကောင်းပေဘူးလား။

ရှေးဟောင်းယဉ်ကျေးမှု ခေတ်တွေ တုန်း ကတော့ ဒီအတိုင်းပဲ လုပ်ခဲ့ကြတာပါပဲ။ ယောကျာ်း တစ်ယောက် ဟာ မိန်းမ တစ်ယောက် ကို အလိုရှိလာတာနဲ့ အဲဒီ မိန်းမကို အတင်းအနိုင်အထက်ကျင့်ပြီး ခေါ်ဆောင်သွားတော့တာပါပဲ။ အနိုင်အထက် ခေါ်ဆောင်ခြင်း ခံရတဲ့ မိန်းမဟာလည်း စစ်ဘုရင် လက်ထက်မှာ သူပြုသမျှ နုရတဲ့ ဘ၀မှာ နေရတော့တာပဲ။ နောက်တော့ အမျိုးမီးဟာ အဲဒီ အမျိုးသားကို ချစ်လာခဲ့တယ်။ အဲဒီ အမျိုးသားက သူ့ကို ရွှေးချယ်ထားပြီကိုး။ သူ့အရှင်သခင် ဖြစ်သွားပြီကိုး။ ဒါမှ မဟုတ်ရင်လည်း အမျိုားးဟာ သူချစ်နိုင်တဲ့ သူမျိုး ဖြစ်သွားပြီကိုး။ ဒါမှမဟုတ်ရင်လည်း အမျိုးသားဟာူချစ်နိုင်တဲ့ သူမျိုး ဖြစ်သွားပြီကိုး။

နှောင်းခေတ်တွေ ကျတော့ ခွန်အားရဲ့ နေရာမှာ စည်းစိမ်ဥစ္စာနဲ့ တန်ခိုးအာဏာတို့က နေရာ ၀င်ယူလာခဲ့ကြတယ်။ သူ့ကိုယ်သူ ရွှေမှု န်ကလေးတစ်မှု န်အ ဖြစ် ဖန်ဆင်းလိုက်တဲ့ အခါမှာ ဂျူပီတာဟာ ဒန္တီနဲ့ တွေ့ ဖို့ အခက်အခဲ မရှိတော့ဘဲ လွယ်ကူသွားပြီ မဟုတ်လာ။

ဒါပေမယ့် ဇီဇာကြောင်သူတွေ အဖို့ အနိုင်အထက်ပြုလို့ ချစ်ရတယ်။ အရှင်သခင်မို့လို့ ကိုယ့်ကို ပြန်ချစ်ရတယ် ဆိုတာ မျိုးကို မကြိုက်ဘူးလေ။ ယောကျာ်းဆိုတာ မိန်းမရဲ့ အရွေးအချယ်ကို ခံချင်တယ်။ မချစ်သော လည်း အောင့်ခါနမ်း ဆိုတဲ့ အ ဖြစ်မျိုးကိုတော့ မလိုချင်ကြဘူး။ အောင်နိုင်ခြင်းခံရသူဟာ သူ့အလိုအလျောက် စိတ်လိုလက်ရ မဟုတ်ဘဲနဲ့ အတင်းအကြပ် အောင်နိုင်ခြင်း ခံခဲ့ရရင် အနိုင်ရသူမှာ အရသာ မရှိဘူး။ အောင်နိုင်မှု ဟာလည်း ပျော်စရာ မကောင်းတော့ဘူး။ အဲဒီ အခါကျမှသာလျှင် သံသယနဲ့ စိုးရိမ်စိတ် ပေါ်ပေါက်လာနိုင်တယ်။ ပျော်ရွှင်မှု အပေါင်းမှာ အမြင့်ဆုံးသော ပျော်ရွှင်မှု ကို ပေးနိုင်တဲ့ အလေ့အကျင့်နဲ့ ပျင်းရိ ငြီးငွေ့မှု တို့ကို ချိုးနှိမ်နိုင်တဲ့ အောင်ပွဲတွေ သာလျှင် အကောင်းဆုံး ဖြစ်တယ်။ မူဆလင် ဘုရင်များ ရဲ့ မိန်းမဆောင်က လှပတင့်တယ်တဲ့ မိန်းကလေးများ ကို မူဆလင် ဘုရင်များ က သိပ်မချစ်ကြဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့တစ်တွေ ဟာ အနိုင်အထက် ဖမ်းဆီး ခေါ်ဆေင်လာခဲ့တဲ့ သုံ့ပန်းတွေ ဖြစ်နေကြလို့ပါပဲ။

အပြန်လှန်အားဖြင့် ဒီနေ့ခေတ် ပင်လယ်ကမ်းခြေ အပန်းဖြေ ရိပ်သာတွေ က အလွယ်တကူ ရနိုင်တဲ့ မိန်းမတွေ ကူတော့လည်း အချစ်ကို နှိုးဆွ မပေးနိုင်ကြပြန်ဘူး။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့က သိပ်ပြီး လွတ်လပ်လွန်းနေလို့ပဲ။ မျက်နှာဖုံးမရှိတဲ့ နေရာ၊ ဣနြေ္ဒသက္ခာ မရှိတဲ့နေရာ၊ ကိုယ့်ကိုယ်ကို သိက္ခာ စောင့်စည်းတဲ့ နေရာတွေ မှာ အချစ်ဟာ အောင်ပွဲခံပြီး သရဖူ မဆောင်းနိုင်တော့ဘူးပေါ့၊ စိတ်ကူးယဉ် အချစ်ဆိုတာ သိပ်ပြီး လွတ်လပ်တဲ့ မိန်းမမျိုးတွေ အပေါ်မှာ မချစ်နိုင်ဘူး၊ မပေါ်ပေါက်နိုင်ဘူး။ ဘာသာတရားအရ ဖြစ်စေ၊ အစဉ်အလာရအ ဖြစ်စေ၊ စောင့်စည်းနေရတဲ့ မိန်းမ တွေ အပေါ်မှာ သာ စိတ်ကူးယဉ်အချစ် ဆိုတာ ဖြစ်ပေါ်နိုင်တယ်။ ဒါကြောင့် မို့ အနှောင်အဖွဲ့၊ အတားအဆီးတွေ မြားမြောင်လှတဲ့ အလယ်ခေတ်လို ခေတ်မျိုးမှာ သာလျှင် စိတ်ကူးယဉ်အချစ်ဆိုတာ ပေါ်ထွန်းနိုင်တယ်။ အနေဝေးလေလေ၊ စိတ်ကူးယဉ် အချစ်ရဲ့ ထုထည်ပမာဏဟာ ကြီးလေလေပဲ။

လူပျိုပေါက်လေး တစ်ယောက် ဟာ ဇာတ်စင်ပေါ်မှာ မြင်ရတဲ့ အငြိမ့်မင်းသမီးကို ချစ်မိတတ်တယ်။ သူ့အသံကလေးနဲ့ မျက်နှာကလေးကို မြင်ပြီး မင်းမီး ဟာဘုံကြိုးပြတ်တဲ့ နတ်မိမယ်ကလေး တစ်ပါးလို့ ထင်တယ်။ တကယ်တော့ အဲဒီ မင်းသမီးမှာ လည်း အပြစ်အနာအဆာတွေ ရှိတာပါပဲ။ ဒါပေမယ့် လူပျိုပေါက်ကလေးဟာ အဲဒီ အပြစ် အနာအဆာတွေ ကို မမြင်ဘူးလေ။ မာရီဗော ပြန်ဇာတ်၊ ဒါမှမဟုတ် မူဆေးရဲ့ ပြဇာတ်ထဲမှာ အရုပ်ဆောင်တဲ့ မင်းသမီးကို ကြည့်ပြီး အရည်အချင်းတွေ ရှိနေတယ်လို့ ထင်နေတတ်တယ်။ မင်းသမီးရဲ့ အသက်အရွယ်ကိုလည်း သတိမထားမိတော့ဘူး။ ဒီမင်းသမီးရဲ့ ပါးရေကလေး တွန့်နေတာကိုလည်း မမြင်တော့ဘူး။ သူမြင်နေတာက ဇာတ်စင်ပေါ်မှာ ဖီးလိမ်း ပြင်ဆင်ထားတဲ့ မီးရောင် အောက်က မင်းသမီးကိုပဲ မြင်နေတော့တာကိုး၊ အဲဒီ မင်းသမီး စိတ်ကောက်တတ်တာ၊ အဲဒီ မင်းသမီးမာနကြီးတာ၊ ဘ၀င်မြင့်တာတွေ ကို မမြင်တော့ဘူး။ ဘယ်မှာ မြင်နိုင်ပါ့မလဲ။ သူက အဲဒီ မင်းသမီးကို ကိုယ်တိုင်ကိုယ်ကျ တွေ့ ဖူးတာမှ မဟုတ်ဘဲကိုး။ အဲဒီ မင်းသမီးနဲ့ အတူမှ မနေဖူးဘဲကိုး။ မိန်းမ တစ်ယောက် နဲ့ အတူနေရဖို့ထက် မိန်းမ တစ်ယောက် အတွက် အသက်စွန့်ဖို့က ပိုပြီး လွယ်တယ်လို့ ကဗျာဆရာ ဘိုင်ရွန်က ပြောခဲ့ဖူးတယ်။

အလားတူပဲ။ စာရေး ဆရာ တစ်ယောက် ကို ချစ်နေတဲ့ မြီးကောင်ပေါက်မကလေး တစ်ယောက် ဟာ အဲဒီ စာရေး ဆရာမှာ သူ့ဝတ္ထုတွေ ထဲက ဇာတ်လိုက်တွေ မှာ ရှိတဲ့ အရည်အချင်းတွေ အပြည့် ရှိနေတယ်လို့ ထင်နေတတ်တယ်။ အဲဒီ စာရေး ဆရာမှာ အဆစ်အမြစ် ကိုက်တဲ့ ရောဂါ ဖြစ်နေတာ၊ အစာမကြေ ရောဂါ ဖြစ်နေတာ၊ အဲဒီ စာရေး ဆရာ ပျင်းတာ၊ အဲဒီ စာရေး ဆရာ စိတ်တိုတတ်တာတွေ ကို မမြင်နိုင်တော့ဘူး။ တစ်ယောက် နဲ့ တစ်ယောက် အနေဝေးမှ စိတ်ကူးယဉ်အချစ်ဟာ ကြီးထွားနိုင်တယ်။ တစ်ယောက် နဲ့ တစ်ယောက် အနေဝေးမှ စိတ်ကူးယဉ်အချစ်နဲ့ ချစ်ရတာ ပိုလွယ်တယ်။

ဒါဖြင့် ရင် တစ်ယောက် လုံး ချစ်နေနိုင်ဖို့အတွက် အချစ်ကို တာရှည်စေဖို့အတွက် ဒီလိုပဲ ဝေးဝေး နြေ ကတော့မှာ လား။ ဒီလိုပဲ စိတ်ကူးယဉ်ပြီး အဝေးက ချစ်နေတော့မှာ လား။ ဒီလိုပဲ အချစ်ကို ရင်ထဲမှာ သိမ်းဆည်းထားပြီး အုံ့ပုန်းချစ် နေတော့မှာ လား။ မဟုတ်ပါဘူး။ တကယ်တော့ ဒီလို စိတ်ကူးယဉ်အချစ်၊ အုံ့ပုန်းချစ်ဟာလည်း တကယ်တော့ တာရှည်မခံပါဘူး။ “အချစ်ဆီ သွားရာ လမ်းကြောင်းဟာ ရှည်လျားလေလေ၊ ချစ်သူတို့ ရရှိတဲ့ ပျော်ရွှင်မှု ဟာလည်း အရှိန်အဟုန် မြင့်မားလေလေ” လို့ ပြောလေ့ ရှိကြပါတယ်။ ဒီစကားဟာ မှန်သင့်လောက် မှန်ပါတယ်။ ဒါပေမယ့် အဲဒီ အချစ်လမ်းကြောင်းက ကြည်နူးစရာ အကွေ့အကောက် ကလေးတွေ ကို ဖြတ်သန်းပြီးရင်တော့ ပန်းတိုင်ရောက်မှ ဖြစ်ပေလိမ့်မယ်။ ပန်းတိုင်ကို မရောက်ဘဲ အချစ်လမ်းကြောင်းဟာ တောကြီးမျက်မည်းထဲမှာ လမ်းစပျောက်သွားလို့တော့ ဘယ်မှာ ပျော်ရွှင်မှု ကို ရပါတော့မလဲ။ ဒီလိုနဲက စိတ်ကူးယဉ်အချစ်နဲ့ ချစ်နေသူဟာ ကြာလာတဲ့ အခါမှာ သူကိုယ်တိုင်ကလည်း အချစ်ခံချင် လာတတ်ပါတယ်။

ဒါဖြင့် ရင် ချစ်ခြင်း အနုပညာ(အတက်ပညာ) က သူ့ကို ဘာတွေ သင်ကြားပေးလိုက်သလဲ။

အနုဆေးတွေ သုံးဖို့လား။ ပီယဆေးတွေ သုံးဖို့လား။ ရှေး ကဗျာလင်္ကာတွေ ၊ ဒဏ္ဍာရီတွေ ထဲမှာ တော့ ယောကျာ်းတွေ ကို ညှို့ယူဖမ်းစားတတ်တဲ့ မိန်းမတွေ အကြောင်းကို ရေး ဖွဲ့လေ့ ရှိကြတယ်။ သီအိုကရစ် တပ်စ်တို့၊ အိုးဗစ်တို့ ခေတ်တုန်းကလို ဒီနေ့ခေတ်မှာ လည်း မိန်းမတွေ ဟာ ယောကျာ်းတွေ ချစ်အောင် ဘယ်လို လုပ်ရမလဲလို့ တစ်နေ့ကို အကြိမ်ပေါင်းများ စွာ မေးမြန်းနေကြတယ်။ ရာစုနှစ် ပေါင်းများ စွာ ကြာညောင်းခဲ့ တဲ့ လူ့အတွေ့ အကြုံက အဲဒီ မေးခွန်းကို အဖြေ ပေးခဲ့ပါတယ်။

အဲဒီ အဖြေ ကတော့ ကိုယ့်ကို ယောကျာ်းတွေ ချစ်စေချင်ရင် ဘယ်လိုနေထိုင်၊ ပြုမူရမယ်ဆိုတဲ့ ထုံးတမ်း နည်းနားတွေ ပါပဲ။

ချစ်သူ အချင်းချင်းကြားမှာ အထိမ်းအမှတ် ကလေးတွေ လုပ်ကြတယ်၊ အခမ်းအနား ကလေးတွေ လုပ်ကြတာ၊ စိတ်ကောက်လိုက် စိတ်ပြေလိုက် လုပ်ကြတာ၊ ပလီပလာ ခရာတာတာကလေးတွေ လုပ်ကြတာ ရှိတယ်။ ဒီနည်းအားဖြင့် ချစ်သူတွေ ဟာ တစ်ယောက် ကို တစ်ယောက် အချစ်ပြကြတယ်။ ဒါကို ကျွန်တော်တို့က ပိုးပန်းမှု လို့ ခေါ်လိုက်ကြတယ်။ ပိုးပန်းတာဟာ လူတွေ မှ ပိုးပန်းကြတာ မဟုတ်ပါဘူး၊ တိရစ္ဆာန်တွေ လည်း သူ့ရာသီနဲ့ သူ ပိုးပန်းတာတွေ ရှိပါတယ်။ တိရစ္ဆာန်တွေ ရဲ့ အရှင်းဆုံး၊ အလွယ်ကူဆုံး ပိုးပန်းနည်းတွေ က အစ လူတွေ ရဲ့ အရှုပ်ထွေးဆုံး၊ အခက်ဆုံး ပိုးပန်းနည်းတွေ အဆုံး အားလုံးကို ကျွန်တော် အကျဉ်းချုပ် ပြောချင်ပါတယ်။ ပိုးနည်း ပန်းနည်းတွေ ဆိုပါတော့။

ပိုးတဲ့ ပန်းတဲ့ အခါမှာ တစ်ဖက်က ကိုယ့်ကို စိတ်ဝင်စားလာအောင် ပထမ လုပ်ပြရတယ်။ အဲဒီ လို ကိုယ့်ကို စိတ်ဝင်စားလာအောင် အများ သူငါ လုပ်လေ့ရှိတဲ့ နည်း တစ်ခု ကတော့ ကိုယ့်ကိုယ်ကို ပြင်ဆင် မွမ်းမံခြင်းပဲ။ ပန်းပင်တွေ ဟာ သူ့အချိန် ရောက်လာတာနဲ့ ဖူးပွင့်လာပြီး အသွေးအရောင် တွေ တောက်လာတယ်။ ဒါဟာ အလကား ဖူးပွင့်လာတာ မဟုတ်ဘူး။ သူတို့ဆီမှာ ပန်းဝတ်မှု န်တွေ ယူခဲ့ကြပါတော့လို့ ပိုးမွားကလေးတွေ ကို အချက်ပေးလိုက် တာ၊ ပိုးမွှားကလေးတွေ ကို ဆွဲဆောင်လိုက်တာပါ။ ညမှာ ပိုးစုန်းကြူးကလေးတွေ ၊ ပိုးစိမ်းကောင်ကလေးတွေ ဟာ တလက်လက် တောက်ပနေကြတယ်။ ဒါဟာ အကြောင်းမဲ့ လက်နေကြတာ မဟုတ်ဘူး။ သူတို့ဟာ မိတ်လိုက်ဖို့ အဆင်သင့် ရှိနေကြပြီ၊ အချစ်အတွက် အဆင်သင့် ဖြစ်နေကြပြီလို့ သူတို့အချင်းချင်းကို အချက်ပြတာ ဖြစ်တယ်။ အလားတူပဲ မိန်းမတွေ ဟာလည်း အ၀န်အစားလှလှပပ ၀တ်ဆင်ကြတယ်။ လက်ဝတ်ရတနာတွေ ကို ဆင်မြန်းကြတယ်။ ဒါဟာ အကြောင်းမဲ့ ၀တ်တာ မဟုတ်ဘူး။ ယောကျာ်းတွေ က မျက်စေ့ကျအောင်၊ သူတို့ကို ရွေးချယ်အောင် ပြင်ဆင်တာ ဖြစ်တယ်။ မြင်ရသူတို့ကို ကြည်နူး ရွှင်ပြုံးအောင် လုပ်ဖို့ ကိစ္စဟာ မိန်းမငယ်တို့ရဲ့ ပိုင်ခွင့် ဖြစ်တယ်။ သူတို့ရဲ့ တာဝန်လည်း ဖြစ်တယ်။ ဒီရည်ရွယ်ချက် ပြီးမြောက်ဖို့အတွက် အားထတ်ကြတယ်။ မိုက်မဲတဲ့ မိန်းမပျိုကလေးတွေ ကျတော့ သည့်ထက် သိမ်းသွင်း ဆွဲဆောင်နိုင်တဲ့ နည်းတွေ ကို အသုံးပြု ကြတယ်။ အများ စုဟာ ဖက်ရှင်ကို လိုက်ပြီး ၀တ်စားကြတယ်။ ဖက်ရှင်ဝတ်စားတာရဲ့ အဓိက ရည်ရွယ်ချက်ဟာ တစ်ခြားမဟုတ်ပါဘူး။ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်သိမ်းသွင်းဖို့ ဖြစ်တယ်။ အပ်ချုပ်ဆိုင်ကြီးများ ၊ အလှပြင်ဆိုင်ကြီးများ ၊ လက်ဝတ်ရတနာ ဆိုင်ကြီးများ ဟာ ယောကျာ်းတွေ ကို ချော့မြှူလိုတဲ့ မိန်းမတွေ ရဲ့ ဆန္ဒပေါ်မှာ တည်ပြီး စီးပွားလမ်းဖြောင့်နေကြတယ်။

တချို့ မိန်းမတွေ ကတော့ ဟန်ဆောင်လို့ ဖြစ်စေ၊ အထင်သေးလို့ ဖြစ်စေ ဖက်ရှင် ၀တ်စားဆင်ယင်တာကို လျစ်လျူရှုကြတယ်။ ဒါပေမယ့် အလုပ်သမ မှသည် မြို့စားကတော အထိ မိန်းမအားလုံးက ဖက်ရှင် ၀တ်စားဆင်ယင်မှု ကို လက်ခံနေကြတဲ့ အချိန်၊ လက်ခံနေကြတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ ဒီလို ဖက်ရှင် ၀တ်စားဆင်ယင်မှု ကို လုံးဝ လျစ်လျူပြုတာ ကတော့ နည်းနည်း ထူးဆန်းပြီး ကြောင်သလိုလို ဖြစ်နေတယ်။ ဒီလို ဖက်ရှင် ၀တ်စားဆင်ယင်မှု ခေတ်စားလာတဲ့ အတွက် အရိုးဆုံးဟာ အဆန်းဆုံး ဖြစ်လာပြီး၊ အဆန်းဆုံးဟာ အရိုးဆုံး ဖြစ်သွားတတ်တယ်။ အမှန် ကတော့ ပြင်ဆင်မွမ်းမံမှု ဆိုတာ မျိုးဟာ သူ့တစ်ခုတည်း ဆိုရင် ဘာမှ အဓိပ္ပာယ်ရှိတာ မဟုတ်ပါဘူး။ ရာဇီယယ် အကြိုခေတ်တုန်းက အင်္ဂလိပ် အမျိုးသမီးငယ်များ ဟာ တနင်္ဂနွေနေ့ မနက်ဆိုရင် ၀ီလျံမောရစ်ရဲ့ အိမ်ကို သွားလေ့ရှိကြတယ်။ သူတို့ ၀တ်တဲ့ အ၀တ်အစား ခပ်ရိုးရိုးပဲ။ အ၀တ်အစားက ပြောင် သက္ကလတ်အပြာရောင် ၊ ပြီးတော့ လည်ပင်းမှာ ပယင်းပုတီးကလေးက တစ်ကုံးလောက် ဆွဲတယ်။ ဒါပေမယ့် သူတို့တစ်တွေ ဟာ ၀ိတိုရိယခေတ် ကုန်ခါနီး မှာ ခေတ်စားတဲ့ ပြိုးပြိုးပြက်ပြတ် တောက်တောက်ပပ တွေ ၀တ်လေ့ရှိတဲ့ ဖက်ရှင်တွေ ကို ၀တ်စား ဆင်ယင်ထားကြတဲ့ အမျိုးသမီးတွေ ထဲမှာ ထင်းထင်းကြီးပေါ်ပြီး ထူးခြားနေကြတယ်။ အဲဒီ ခေတ်တွေ တ်ုန်းက အနုပညာသည် ပန်းချီဆရာတို့ကို ဘာတို့ဆိုရင် အနားဖတ် အပြားကြီးကြီး ဦးထုပ်ကြီးတွေ ကို ဆောင်းတတ်တယ်။ လူငယ်လက်ဝဲ စာရေး ဆရာတို့ ဘာတို့ဆိုရင် ဘာရေဂျာကင်ကြီးကို ၀တ်လေ့ ရှိတယ်။ ရှိုးကျကျ ၀တ်တတ်သူတွေ ဆိုရင် ခါးတို အင်္ကျီကို ၀တ်တတ်တယ်။ အဲဒီ တုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင်တွေ ပေါ့။ ဒီတော့ လူ ဖြစ် ဖြစ်၊ တိရစ္ဆာန်ပဲ ဖြစ် ဖြစ် ဖိုသတ္တ၀ါ မှန်မျှဟာလည်း သူတို့ကိုယ် သူတို့ မွမ်းမံ ပြင်ဆင်ကြတောချည်းပါပဲ။ အဲဒါ ပြင်ဆင်မွမ်းမံခြင်း၊ မရှိတဲ့ သတ္တ၀ါ ဆိုလို့ ဒေါင်းပဲ ရှိတယ်။ ဒေါင်း ကတော့ သဘာဝ အနုပညာကို အနိုင်ရလိုက်တဲ့ ပြယုဂ်တစ်ခု ပါပဲ။ ဒီတော့ စီးပွားရေး အရ တာဝန်ကြီးတဲ့အတွက် ယောကျာ်းက ပြင်ဆင်မွမ်းမံခြင်း မပြုသည့်တိုင် မိန်းမ ကတော့ သူ့ကိုယ်သူ ပြင်ဆင် မွမ်းမံရလိမ့်မယ်။ ဒီနေ့ ထုတ်ဝေတဲ့ အမေရိကန် မဂ္ဂဇင်းထဲက ကြော်ညာတွေ ကို ကြည့်လိုက်ရင် မိန်းမဟာ ယောကျာ်းကို အောင်နိုင်လွှမ်းမိုးဖို့အတွက် ဘယ်လောက် စိတ်အားထက်သန်စွာ ကြိုးပမ်း အားထုတ်နေသလဲ ဆိုတာကို အလွယ်တကူ သိနိုင်တယ်။

မိမိ ကိုယ်ကို မွမ်းမံ ပြင်ဆင်တဲ့ နည်းနဲ့ မိန်းမဟာ ယောကျာ်းကို စိတ်ဝင်စားလာအောင် ဆွဲဆောင်တယ်။

နောက်တစ်နည်း ကတော့ အခြားသူများ ထက်သာအောင် လုပ်ပြခြင်းဖြင့် တစ်ဖက်သားကို ဆွဲဆောင်တယ်။ ယောကျာ်း တစ်ယောက် ဟာ သူ့ကျွမ်းကျင်မှု ကို ပြတတ်တယ်။ ဒီလိုပြတဲ့ နေရာမှာ နည်းတွေ ကတော့ အမျိုးမျိုး ရှိသပေါ့။ တစ်ချို့ ငှက်ကလေးတွေ ဆိုရင် သူတို့ကို ငှက်မတွေ သဘောကျအောင် ရေထဲကို ငုပ်သွားပြီး ရေထဲက မှော်ပင်ကလေးတွေ ကို ကိုက်ချီပြတတ်ကြတယ်။ ပြင်သစ် စာရေး ဆရာ တစ်ဦး ဖြစ်တဲ့ ရှာတိုဗရိုင်းယန်းကို “ကျော်ကြားမှု ကို ရှာမယ်” တဲ့။ ဒါမှ သူ့ကို လူတွေ က ချစ်ခင်ကြမယ်တဲ့။ ဒီနည်းအားဖြင့် ရှာတိုဗရိုင်းယန်းဟာ အရှေ့တိုင်းကို ငုပ်လျှိုးသွားခဲ့တယ်။ သူပြန်လာတဲ့ အခါမှာ တော့ သူချစ်တဲ့ မဒမ် ဒီနိုအေလီအတွက် အသေနိုင်တဲ့ စာတွေ တွေ ကို ယူဆောင်လာခဲ့တယ်။ အချစ်ဝတ္ထုရေး ဆရာတွေ ဟာ အချစ်ဝတ္ထုတွေ ကို ရေး ကြတယ်။ အဲဒီ ၀တ္ထုတွေ ထဲမှာ စိတ်လှုပ်ရှားဖွယ် ကောင်းလောက်အောင် သူတို့ရဲ့ ခံစားချက်တွေ ကို ရေး ချယ်ပြထားတာကို မိန်းမတွေ သွားတွေ့ ကြတယ်၊ သီချင်းရေး ဆရာ တော် တော် များများ အားလုံးလောက်ဟာ သူတို့ရဲ့ မြည် တမ်းမှု တွေ ၊ ဆန္ဒတွေ ကို တေးသီချင်း စာသားတွေ အ ဖြစ် ပြောင်းပစ်ခဲ့ကြတယ်။ ဒါပေမယ့် တင်းနစ် ချန်ပီယံ ကတော့ သူရဲ့ ရိုက်ချက်ပြင်းတဲ့ လက်ပြန် ရိုက်ချက်တွေ ကို ကြည့်ပြီး သူ့အစွမ်းကို ပြချင်တာပေါ့၊ မော်တော် ကား အပြန်မောင်းသမားကလည်း သူ အမြန်မောင်းရဲတာကို ပြချင်တာပေါ့။ ဘဲလေး ကချေသည်ကလည်း သူ့ခြေဖျားကလေးတွေ ဖျတ်လတ်ကျွမ်းကျင်ပုံကို ပြချင်တာပေါ့။

အဲဒီ အထဲမှာ ယောကျာ်း တစ်ယောက် ဟာ ဒွန်ဝှမ်းလို မိန်းမစွံပြီလို့ နာမည် ကြီးလာရင်တော့ တော့် တော့် ကို အန္တရာယ်များ တဲ့ စွမ်းအားတွေ ရှိသွားပြီလို့ ပြောရတော့မှာ ပဲလေ။ ဒီလို အချိန်အခါမျိုးမှာ လိမ္မာတဲ့ အပျိုကလေးတွေ က သူ့ဆွဲဆောင်မှု ကို မခံကြပေမယ့် မိုက်မဲတဲ့ အပျိုကလေးတွေ ကတော့ ငါစွံတယ် ဆိုတာကို ပြချင်တတ်ကြတယ်။ ကျော်ကြားတဲ့ အဲဒီ ယောကျာ်းပျိုကို ပြိုင်ဖက်တွေ ၊ တစ်ခါတစ်ရံ သူငယ်ချင်းတွေ ဆီ့ လုယူနိုင်တယ်လို့ ကြွားချင်တတ်ကြတယ်။ အဲဒီ စိတ်ဓာတ်ဟာ တော် တော် ရှုပ်ထွေးဆန်းကြယ် တဲ့ စိတ်ဓာတ် ဖြစ်တယ်။ အဲဒီ စိတ်ထဲမှာ ကြွားချင်တာလည်း ပါတယ်။ အခြား မိန်းကလေး တစ်ယောက် အကောင်းအမွန် ရွေးချယ်တာကို လေးစား အားကျတာလည်း ပါတယ်။ ခက်ခဲတဲ့ အောင်မြင်မှု တစ်ခုကို အရယူနိုင်ခဲ့တဲ့ အတွက် ကိုယ့်ကိုယ်ကို အထင်ကြီးတာလည်း ပါတယ်။ ငါ့လို မိန်းမ ရှိသေးရဲ့ လားဆိုတဲ့ ကိုယ့်ကိုယ်ကို အထင်ကြီးတာလည်း ပါတယ်။ မိန်းမစွံတဲ့ ဒွန်ဝှမ်းဟာ ပထမတော့ ကောင်မလေးတွေ ကို ရွေးတယ်။ ဒါပေမယ့် နောက်ကျတော့ သူက အရွေးခံသူ ဖြစ် သွားပါတယ်။

မိန်းမတွေ ရဲ့ နောက်ဆန္ဒ တစ်ခု ရှိသေးတယ်။ အဲဒါက လုံခြုံမှု ကို လိုချင်တဲ့ ဆန္ဒပဲ။ မိန်းမဟာ အားနည်းသူ ဖြစ်လေတော့ ပိုပြီး အားနွဲ့လာလေလေ၊ ကိုယ့်ကို အကာအကွယ် သို့မဟုတ် ထောက်ပံ့မှု ပေးနိုင်မယ့် အစွမ်းသတ္တိရှိတဲ့ ယောကျာ်းမျိုးကို ရှာဖွေလာတတ်တယ်။ စစ် ဖြစ်နေချိန်တို့ ဘာတို့ဆိုရင် မိန်းမဟာ စစ်သူရဲကောင်းရဲ့ ရင်ပတ်ပေါ်က တံဆိပ်တွေ ကို ရေတွက်နေတတ်တယ်။ ငြိမ်းချမ်းတဲ့ ကာလဆိုရင်တော့ အဲဒီ ယောက်ျားရဲ့ ဥာဏ်ပညာ သို့မဟုတ် စည်းစိမ် ဥစ္စာကို ကြည့်တတ်ကြတယ်။ ယောကျာ်းအဖို့ကလည်း ချစ်သူကို လက်ဆောင်ပေးခြင်းဟာ သူ့မှာ စွမ်းအားသတ္တိ ဘယ်လောက်ရှိကြောင်းကို ပြသတဲ့ သဘော ဖြစ်တယ်။ ရေခဲငှက်နဲ့ တင်ကျီးစာ လှပတဲ့ ခဲတုံးကလေးတွေ ကို ကောက်ပြီး သူ့ငှက်မလို လက်ဆောင်ပေးတယ်။ ငှက်ရွှေဝါဟာ သစ်ကိုင်းကလေးတွေ ၊ သစ်ရွက်ကလေးတွေ ကို ကိုက်ချီပြီး သူ့ငှက်မကို လက်ဆောင်ပေးတယ်။ ဒီအတိုင်းပါပဲ။ လူငယ်ဟာလည်း သူ့ချစ်သူ သူ့ရည်းစားကို သိုးမွေးထိုး ဆွယ်တာကလေးတွေ ၊ ကော်ဇောကလေးတွေ ၊ ခန်းဆီးကလေးတွေ လက်ဆောင် ပေးတတ်တယ်။ မိန်းမနဲ့ ပျံလွှား ငှက်မဟာ သူ့ကြင်ဖော်ကို ရွေးချယ်ပြီးတာနဲ့ အသိုက်အမြုံကို စိတ်ကူးတော့တာပါပဲ။

ချီးမွမ်း ပြောဆိုခြင်းဟာလည်း လက်ဆောင်ပေးခြင်း တစ်မျိုးပါပဲ။ အချစ်ကဗျာတွေ အားလုံးလောက်ဟာ ချစ်သူကို မရလို့ မြည် တမ်းတောတွေ ပဲ မဟုတ်လား။ မြည် တမ်းတာဟာ သဘောတော့ကျစရာ ကောင်းပါရဲ့ ။ ဒါပေမယ့် ကြာတော့ နားငြီးပြီး ငြီးငွေ့စရာ ကောင်းသွားတတ်တယ်။ ဘာ ဖြစ်လို့လဲဆိုရင်တော့ အလွန် မောက်မာပါတယ် ဆိုတဲ့ လူမျိုးတွေ မှာ တောင် ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ကလေးတွေ ရှိနေတတ်လို့ပဲ။ လှပတဲ့ မိန်းမတွေ မှာ သူတို့ရဲက အသိဥာဏ်နဲ့ ပတ်သတ်လို့ အားငယ်စိတ် ရှိကြတယ်။ မလုံမလဲ စိတ်ရှိကြတယ်။ အသိဥာဏ် ထက်မြတ်တဲ့ မိန်းမများ ကျတော့လည်း သူတို့ရဲ့ ရူပကာနဲက ပတ်သတ်လို့ သံသယ ဖြစ်လေံ ရှိကြတယ်။ အားငယ်လေ့ ရှိကြတယ်။ ကိုယ့်ရဲ့ အလှကို သတိမထားမိတဲ့ မိန်းကလေး ၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မလှလူးလို့ ထင်နေတဲ့ မိန်းကလေး တစ်ယောက် ကို သူ့ရဲ့ အလှတွေ ချီးမွမ်းခန်း သွားဖွင့်ရတာ မျိုးဟာ တော် တော် ကြည်နူးစရာ ကောင်းပါတယ်။ ဒီလို ထုတ်ဖော် ချီးကျူးခြင်း ခံရတဲ့အတွက် အရှက်အကြောက် ကြီးပြီး စိတ်အားညှိုးငယ်တတ်တဲ့ မိန်းခလေးတွေ ဟာ နေခြည်မှာ ပန်းပွင့်သလို တင့်လန်း ဝေဆာလာတတ်ပါတယ်။ တချို့ မိန်းမတင် မဟုတ်ပါဘူးလေ။ ယောကျာ်းတွေ ဟာလည်း တော် တော် ချီးမွမ်းခံချင်တဲ့ သတ္တ၀ါ ဖြစ်ပါတယ်။ တချို့ အရုပ်ဆိုး အကျည်းတန် မိန်းမများ ဟာ ယောကျာ်းတွေ ရဲ့ ချစ်မြတ်နိုးခြင်း ခံရတာ ဟာ တခြားကြောင့် မဟုတ်ပါဘူး။ သူတို့ဟာ ချီးမွမ်းစကား ပြောတတ်လို့ပဲ ဖြစ်ပါတယ်။ ဘယ်လို ချီးမွမ်း ပြောဆိုရမယ်ဆိုတာကို သိလို့၊နားလည်လို့ ဖြစ်ပါတယ်။ လူတွေ ဟာ သူတို့မှာ ရှိတဲ့ အရည်အချင်းတွေ ကို ထုတ်ဖော် ချီးမွမ်းတာထက် သူတို့မှာ မရှိတဲ့ အရည်အချင်းတွေ ကို ထုတ်ဖော် ချီးမွမ်းတာကို ပိုပြီး သဘောကျလေ့ရှိပါတယ်။ စစ်ဗိုလ်ချုပ် တစ်ယောက် ကို သူ့အောင်ပွဲတွေ အတွက် သွားချီးကျူးနေရင် သိပ်ကျေးဇူးတင်မှာ မဟုတ်ပါဘူး ။ ဒါပေမယ့် သူ့ရဲ့ လူသိနည်းပြီး အများ သိပ်မကြိုက်တဲ့ ဆောင်းပါးတိုလေး တစ်ပုဒ်ကို သွားချီးကျူးခဲ့ရင် ဒါမှမဟုတ် သူ သီချင်းဆိုပြတာ ဘယ်လောက် အသံကောင်းတယ် ဆိုတာကို သွားပြီး ချီးကျူးတယ်ဆိုရင်တော့ ချက်ချင်း စိတ်ဝင်စားပါလိမ့်မယ်။

မိန်းမတွေ မှာ လည်း အောင်မြင်မှု အတွက် သူတို့ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေ ရှိပါတယ်။ မိန်းမဟာ ယောကျာ်းတွေ ရဲ့ အစကို စောင့်တတ်တယ်လို့ အများ အားဖြင့် ယူဆခဲ့ကြတယ်။ အမှန် ကတော့ ဒါဟာ အပေါ်ယံကို ကြည့်ပြီး ပြောခြင်းသာ ဖြစ်ပါတယ်။ ဘားနတ်ရှောက မိန်းမ တစ်ယောက် ဟာ ယောကျာ်း တစ်ယောကို စောင့်တာတော့ မှန်ပါတယ်။ ဒါပေမယ့် သူစောင့်တာမျိုးက ပင့်ကူက ယင်တစ်ကောင်ကို စောင့်တာမျိုး ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။ ကျား-မ တွဲ ကတဲ့ ဓလေ့ရဲ့ ရည်ရွယ်ချက်ဟာ ယောကျာ်းရဲ့ ရှက်ကြောက်စိတ်ကို ဖျောက်ဖက်ပစ်ဖို့နဲ့ တစ်ပြိုင်တည်းမှာ သူရဲ့ ဆန္ဒများ ကို မျိုသိပ်တတ်တေဖို့ ဖြစ်တယ်။ ခုခေတ် မြို့ကြီးပြကြီးတွေ မှာ ကနေတဲ့ ကပွဲတွေ ကတော့ ရှေးခေတ်က ကပွဲတွေ ၊ ကျေးလက် ကပွဲတွေ နဲ့ မတူတော့ဘူးပေါ့။ အဲဒီ ကပွဲတွေ မှာ တော့ သွေးသွားနှိုးဆွတဲ့ သဘောတွေ က အများ ကြီး ပါတာပေါ့။

မိန်းမတွေ အတွက် မာယာပရိယာယ် လုပ်ခြင်းဟာ တစ်ခါတစ်ရံမှာ အာရုံလွှဲ ပစ်တာ၊ ကိုယ့်ကိုယ်ကို အားပေးတာ၊ စိတ်ဓာတ် အရ ထောက်ခံမှု ပေးတာတို့လည်း ဖြစ်တတ်ပါတယ်။ မဒမ် ဒီမန်တီနွန်ဟာ လူဝီဘုရင် ၁၄ ကို အနိုင်ရသွားတာကိုပဲ စဉ်းစားကြည့်ပါ။ သူတို့ အ ဖြစ်လောက် မျှော်လင့်ချက်ကင်းမဲ့တဲ့ အ ဖြစ်မျိုး ရှိနိုင်ပါဦးမလား။ အဲဒီ တုန်းက မဒမ် ဒီမန်တီနွန်ဆိုတာ ငယ်ရွယ်နုပျိုတဲ့ အရွယ်လည်း မဟုတ်တော့ပါဘူး။ သူနဲ့ ဘုရင်နဲ့ အဆက်အဆံ ဆိုလို့လည်း သိပ်ရှိတာ မဟုတ်ပါဘူး။ အရင် တစ်ယောက် ဖြစ်တဲ့ မဒမ် ဒီမွန်တက်စပင်နဲက ရခဲ့တဲ့ ကလေးတွေ ကို စာပြပေးရတဲ့ ဆရာမ ။ မဒမ် ဒီမွန်တက်စပင်ဟာ သိပ်လှပြီး တစ်ခါတုန်းကဆိုရင် ဘုရင့်အပေါ်မှာ အလွန် သြဇာညောင်းခဲ့တဲ့ အမျိုးသမီး။ ဒါပေမယ့် မဒမ် မန်တီနွန်ဟာ လူဝီဘုရင်ကို သူ့ပြိုင်ဖက် မဒမ် ဒီမွန်တက်စပင်ရဲ့ လက်ထဲက လုယူနိုင်ခဲ့ရုံတင် မကဘူး။ မဒမ် မွန်တက်စပင်တောင် မလုပ်ရဲ မမျှော်လင့်ရဲခဲ့တဲ့ အရာကို ရအောင် ယူသွားနိုင်ခဲ့ပါတယ်။ အဲဒါ ကတော့ ဘုရင်နဲ့ တရားဝင် လက်ထက် ထိမ်းမြားတာပဲ ဖြစ်ပါတယ်။

ဒါဖြင့် ရင် သူ့အောင်မြင်မှု ရဲ့ သော ချက်ဟာ ဘာလဲ။ အဲဒီ အချိန်တုန်းက ဘုရင်ဟာ သူ့ရဲ့ မောင်းမတစ်ဦး ဖြစ်တဲ မဒမ် ဒီမွန်တက်စပင်ရဲ့ ဆူပူသော င်းကျန်းတတ်တဲ့ စရိုက်ကို စိတ်ပျက် နေချိန် ဖြစ်တယ်။ ဒီလို အချိန်မှာ မဒမ် ဒီမန်တီနွန်ဟာ အေးဆေးတည်ငြိမ်မှု တစ်ဦးအနေနဲ့ ချဉ်းကပ်ယတ်။ ယောကျာ်းတွေ ဟာ သူတို့ချစ်တဲ့ မိန်းမတွေ ရဲ့ မနာလိုဝန်တိုမှု ၊ ဒေါသအမျက်ထွက်မှု ၊ ဆူပူသော င်းကျန်းမှု တွေ ကို အခိုက်အတန့်အားဖြင့် တော့ သည်းခံတတ်ကြတယ်။ တစ်ချို့ဆိုရင် ငြိမ်သက်တဲ့ ပင်လယ်ထက် လှိုင်းထန်တဲ့ ပင်လယ်ကို ပိုပြီး သဘောကျကြတယ်။ ငြိမ်သက် အေးဆေးတဲ့ အချစ်ထက်၊ အကွေ့အကောက်တွေ ၊ အနိမ့်အမြင့်တွေ နဲ့ ဖြတ်သန်းသွားရတဲ့ အချစ်မျိုးကို သဘောကျတတ်ကြတယ်။ ဒါပေမယ့် အများ အားဖြင့် တော့ အေးအေးချမ်းချမ်း ငြိမ်ငြိမ်သက်သက် နေရတာ ကို အလိုလို ပျော်ကျသွားတော့တာပါပဲ။ အထူးသဖြင့် ခပ်ရမ်းရမ်း မိန်းမတွေ ကြောင့် စိတ်ပျက်သွားတဲ့ နကိုက စိတ်ကြမ်းလူကြမ်း ယောကျာ်းမျိုးဆိုရင် ကြင်နာမှု ကို ပိုပြီးတောင် သဘောကျတတ်ပါသေးတယ်။

လူဝီဘုရင် အလုပ်လုပ်တဲ့ အခါမျိုးမှာ ဆိုရင် မဒမ် မန်တီနွန်ဟာ ဘုရင့်အပါးမှာ အမြဲရှိနေအောင် အကျင့် လုပ်ထားတယ်။ ဘုရင်ကလည်း ၀န်ကြီးတွေ ကို မဒမ် မန်တီနွန်ရဲ့ နန်းဆောင်ထဲကို ဆင့်ခေါ်တယ်။ ဒီအခါမျိုးမှာ မဒမ် မန်တီနွန်ဟာ ၀န်ကြီးတွေ တင်သွင်းတဲ့ အစီအရင်ခံစားများ ကို တိတ်ဆိတ်စွာ နားထောင်တယ်။ ဘုရင်က သူ့ကို ကောက်မေးလိုက်တဲ့ အခါ သူဟာ တစ်လျှောက်လုံး နားထောင်ခဲ့ကြောင်း၊ သူတို့ ဖတ်ကြားတဲ့ အစီရင်ခံချက်များ ကို နားလည်ကြောင်း ပြတဲ့ အနေနဲ့ ထင်မြင်ချက်ပေးလေ့ ရှိတယ်။ ဘုရင်တစ်ပါးကို သူ့အလုပ်ကို ဂရုတစိုက် လုပ်အောင်၊ သူချစ်တဲ့ မိန်းမထက် ပိုပြီး ဂရုစိုက်အောင် လုပ်ပေးနိုင်တဲ့အတွက် မဒမ် မန်တီနွန်ဟာ ထက်မြက်ပါးနပ်တဲ့ မိန်းမတစ်ဦးလို့ ဆိုပါတယ်။ တကယ်လိုကသာ မဒမ် မန်တီနွန်က ဘုရင်ကို သူ့အလုပ်မှာ စိတ်မ၀င်စားအောင် လုပ်ခဲ့ရင်၊ နေရာတကာ သူက နေရာဝင်ယူလွန်းရင်၊ ခဏတော့ ည်းခံမှာ ပဲ၊။ ဒါပေမယ့် ကြာလာတော့ သူ့စရိုက်ကို မကြိုက်နိုင် ဖြစ်လာပြီး မကြာခင်မှာ ပဲ တခြား မိန်းမ တစ်ယောက် ဘက်ကို ဦးလှည့်သွားမှာ သေချာပါတယ်။ သူ့ထက် ကျွမ်းကျင်တဲ့၊ သူ့ထက် ပါးနပ်တဲ့ မိန်းမ တစ်ယောက် ဘက်ကို ပါသွားမှာ ပဲ။

ငှက်တွေ ဟာ သူတို့ ကိုယ်ပိုင်သီချင်းတွေ ကို ဆိုပြီး ရေအောက်က မှော်ပင်လေးတွေကို ရှာဖို့အတွက် ရေငုပ်ကြတယ်။ ပုစွန်တွေ ဟာ ကျောက်ဆောင်တွေ ကြားထဲ အိုင်ကလေးတွေ ထဲမှာ သူတို့ အချစ်စွန့်စားခန်း ဖွင့်ကြတယ်။ လူ တစ်ယောက် ဟာ ကိုယ့်ချစ်သူအကြောင်းကို ကိုယ်တိုင် ကဗျာစပ်မဲ့ အစား ဘော့ဒလဲယားရဲ့ ကဗျာတစ်ပုဒ်ကို သူ့ချစ်သူကို ဖတ်ပြတယ်။ စန္ဒယားဆရာဟာ သူ့ချစ်သူရဲ့ အချစ်ကို တောင်းခံဖို့အတွက်၊ ရှိုပင်ရဲ့ တေးသွားကို တီးပြရတယ်။ ရှိုပင်ရဲ့ ဂီတဥာဏ်ဟာ နားထောင်သူ ဂီတချစ်သူတွေ ကို စိတ်ကြည်နူးအောင် ဖန်တီးပေးတယ်။ ဂီတဟာ ချစ်သူနှစ် ဦးရဲ့ စိတ်ဓာတ်ကို စီစဉ်တကျရှိနဲ့ အလှနဲ့ ပြည့်လျှမ်းစေတယ်။ ကောင်းကင်ဆန်တဲ့ ကြည်နူးမှု ကို ပေးတယ်။ ဒီနည်းအားဖြင့် ဂီတဟာ ချစ်သူတို့ရဲ့ အချစ်ကို လှုံ့ဆော်ပေးတယ်။ ဗိသိုဗင်၊ မိုးဇက်နဲ့ ၀ဂ်နာတို့ဟာ ချစ်သူစုံတွဲ များ ကို ပေးစားခဲ့ပြီပဲ၊ ဟုတ်ပါတယ်။ အချစ်ဇာတ်လမ်း များ စွာ တို့ဟာ ချောင်ကျတဲ့ ပန်းချီ ပြတိုက်တွေ ထဲမှာ အစပြုခဲ့ကြတယ် ဆိုတာ မှန်ပါတယ်။ ၀တ္ထုကောင်းကြီးတွေ ဟာ မိန်းမနဲ့ ယောကျာ်းကို စကားပြောစရာ အကြောင်းအရာတွေ ကို ပေးခဲ့ကြတယ်။ ဆက်ဆံရာမှာ နည်းပေးလမ်းပြ ဖြစ်ခဲ့ကြတယ်။ အကောင်းဆုံး ၀တ္ထုကြီးတွေ ဟာ အချစ်ရေး မှာ သင်ခန်းစာတွေ ဖြစ်ခဲ့ကြပြီး အဲဒီ သင်ခန်းစာတွေ ကို လက်တွေ့  ကျင့်သုံးခဲ့ကြသူများ ကို ပီတိချမ်းသာ ရစေခဲ့ကြတယ်။ ယဉ်ကျေးမှု အဆင့်အတန်း တူညီမှု ဟာ အချစ်ကို ပေါက်ဖွားစေနိုင်တဲ့ ရေခံမြေခံ ဖြစ်ပြီး အဲဒီ အချစ်ဟာလည်း အလွန်အဆင့်အတန်းမြင့်တဲ့ အချစ်မျိုး ဖြစ်ပါတယ်။ စိုးရိမ်ပူပန်စရာတွေ ပေါ်လာခဲ့ရင်လည်း ဒီသော ကတွေ ကို ဖြေဖျောက်ရာမှာ ဒီလို အဆင့်အတန်းမြင့်တဲ့ ၀ထ္ထုကြီးတွေ ဟာ အများ ကြီး အကူအညီ ဖြစ်စေပါတယ်။ ယဉ်ကျေးမှု ရှိခြင်းဟာ အချစ်ပန်းပင်ကို စိုက်ပျိုးဖို့ ပန်းခင်း ပြင်ဆင်ခြင်း ဖြစ်ပါတယ်။

မိန်းမနဲ့ ယောကျာ်းဟာ တစ်ယောက် နဲ့ တစ်ယောက် ဘာသာ အယူဝါဒချင်း တူဖို့၊ အမျိုးသားရေး နဲ့ နိုင်ငံရေး ယုံကြည် ချက်ချင်း တူဖို့၊ ပန်းတိုင်ချင်း တူဖို့ အရေး ကြီးပါတယ်။ ဒီယုံကြည်ချက်တွေ မှာ တစ်ယောက် နဲ့ တစ်ယောက် မျှဝေခံစားတတ်ဖို့ လိုပါတယ်။ အဲဒီ လို ယုံကြည်ချက်တွေ ကို မျှဝေ ခံစားနိုင်ကြခြင်းဟာ အချစ်ကို အံ့သြစရာ ကောင်းလောက်အောင် ခိုင်မြဲစေပါတယ်။ ဘာသာတရားကို အလွန်အမင်း ကိုင်းရှိုင်းသူများ အဖို့ သူ့လို ဘာသာတရားကို ကိုင်းရှိုင်းခြင်းမရှိသူ တစ်ဦးအပေါ်မှာ ရာသက်ပန် စွဲမြဲစွာ ချစ်ဖု့ဆိုတာ တော် တော် တော့ ခက်ပါတယ်။ ဒီလိုအခါမျိုးမှာ ဘာသာတရား ကိုင်းရှိုင်းသူက မကိုင်းရှိုင်းတဲ့ ချစ်သူကို ဘာသာတရားမှာ စွဲမြဲစွာ ကိုင်းရှိုင်းလာအောင် လုပ်ချင်တယ်။ ဒီတော့ ဘာသာတရား မကိုင်းရှိုင်းသူ ဟာ တစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို ပြိုကွဲမသွားရအောင် ကျွမ်းကျင် ပျော့ပျောင်းဖို့ လိုပါတယ်။ တစ်ဖက်သားရဲ့ ယုံကြည်ချက်ကို လေးစားဖို့ လိုပါတယ်။ ဒီလို ချစ်သူရဲ့ အယူဝါဒကို ပြောင်းလဲ သက်ဝင်သွားမှသာ၊ ဒါမှမဟုတ်ရင်လည်း ချစ်သူရဲ့ အယူဝါဒကို လေးစားမှသာ အချစ်ဟာ ခိုင်မြဲနိုင်ပါတယ်။ ကိုယ့်ချစ်သူရဲ့ အယူဝါဒကို မျှဝေ သက်ဝင်ယုံကြည်နိုင်မှသာလျှင် ချစ်သူဘ၀မှာ ပျော်ရွှင်မှု ကို ရနိုင်ပါလိမ့်မယ်။ ဒီနည်းအားဖြင့် ကျွန်တော် တို့ရဲ့ အသိဥာဏ်ဆိုင်ရာ အင်အားစု ဒါမှမဟုတ် ခံစားချက်ဆိုင်ရာ အင်အားစုဟာ မိမိတို့ ရွေးချယ်ထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ အချစ်က တိုက်တွန်းလှုံဆော်မှု လို့ လုပ်လိုက်ရတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ အချစ်က တိုက်တွန်းလှုံဆော်လို့ လုပ်လိုက်ရတဲ့ အရာတိုင်းဟာ ကြည်နူးစရာ၊ ပျော်စရာ ကောင်းလှပါတယ်။ လောကမှာ အချစ်နဲ့ အလုပ် လုပ်ခြင်းကို မှန်ကန်စွာ ပေါင်းစပ်နိုင်တဲ့ အရာလောက် ပျော်စရာ၊ ကြည်နူးစရာ ကောင်းတဲ့ အရာရယ်လို့ တစ်ခုမှ မရှိပါဘူး။ ဒီလို မှန်ကန်စွာ ပေါင်းစပ်ပေးနိုင်တဲ့အတွက် ဥပါ့သကာ ဥပါသကီ ဇနီးမောင်နှံတွေ အများ ကြီး ပေါ်ထွက်လာခဲ့ပါတယ်။ သူတို့ဟာ ဇနီးအောင်နှံမျှသာ မဟုတ်ြ ကတော့ပါဘူး။ ယုံကြည်ချက် တစ်ခု၊ အလုပ်တစ်ခုကို အတူပူးတွဲ လုပ်နေကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်လာကြပါတယ်။ ဒီနေရာမှာ တော့ ပိုးပန်းခြင်းဟာ အရာမရောက်တော့ပါဘူး စိတ်ချင်း၊ သဘောချင်း၊ သက်ဝင် ယုံကြည်မှု ချင်း ပေါင်းဖော်မှု ဟာ အဓိက ဖြစ်လာပါတော့တယ်။

* * * * *

ပိုးပန်းတဲ့အကြောင်းကို ပြောရဦးမယ်။

ပိုးပန်းမှု တစ်ခုဟာ အချိန်တိုချင် တိုနိုင်တယ်။ ကြာချင် ကြာနိုင်တယ်။ သိမ်မွေ့ နူးညံ့ချင် နူးညံ့နိုင်တယ်။ ရိုးစင်းချင် ရိုးစင်းနိုင်တယ်။ ဘယ်လို ဖြစ် ဖြစ် ပိုးပန်းမှု ပြီးရင်တော့ အချစ်ဟာ ပေါ်ပေါက် လာရတော့တာပါပဲ။ ဒါပေမယ့် အချစ်ရဲ့ အရွယ်မရောက်မီ အသေအပျောက်နှုန်းဟာ များ လွန်းလှပါတယ်။ ဒါကြောင့် မို့ အချစ်ကို ဂရုစိုက်ပြီး သင့်လျော်တဲ့ အစာအာဟာရ တို့ကိုတော့ ကျွေးရလိမ့်မယ်။ ချစ်သူနှစ် ယောက် ကို တစ်ယောက် နဲ့ တစ်ယောက် ဆွဲဆောင်ကြတဲ့ ဆွဲဆောင်မှု တွေ မှာ အစွမ်းထက်ဆုံး ဆွဲဆောင်မှု တစ်ခု ကတော့ တစ်ယောက် နဲ့ တစ်ယောက် အသစ်အဆန်းတွေ ဖြစ်အောင် လုပ်ဖို့ ကိစ္စပါပဲ။ အသစ်အဆန်းဆိုတော့ တစ်ယောက် နဲ့ တစ်ယောက် ဆွဲဆောင်မှု ရှိကြတယ်။ ဒါပေမယ့် အသစ်အဆန်းဟာလည်း ကြာတော့ ရိုးအီသွားတတ်တယ်။ ချစ်စ ခင်စ ကြင်နာစမှာ တော့ တစ်ယောက် ကို တစ်ယောက် အသစ်တွေ့ ရှိချက်တွေ လေ့လာခဲ့ကြတယ်။ ငယ်ငယ်က အကြောင်းကို ပြောကြတယ်။ မိတ်ဆွေတွေ အကြောင်းကို ပြောကြတယ်။ သီချင်းတွေ ကို ဆိုပြကြတယ်။ ရယ်စရာတွေ ကို ပြောပြကြတယ်။ အပွေ့အဖက်၊ အယုအယတွေ နဲ့ ကြည်နူးကြတယ်။ ချစ်ဦးသူတို့ရဲ့ ပျော်စရာ နေ့သစ်တွေ ပါပဲ၊ ဒါပေမယ့် ကြာလာတော့ ပြောစရာတွေ ကုန်သွားကြတယ်။ တစ်ချိန်တုန်းက ရယ်စရာကောင်းတယ်လို့ ထင်ရတဲ့ ရယ်စရာ စကားတွေ ဟာလည်း ငြီးငွေ့စရာ ကောင်းသွားပြီး ပျင်းခြောက်ခြောက် ဖြစ်လာတ်ကြတယ်။ ပျော်ပွဲစားရုံတွေ ထဲမှာ တစ်ယောက် နဲ့ တစ်ယောက် စကားမပြောမြ ကတော့ဘဲ ငူငူကြီးထိုင်နေကြတဲ့ စုံတွဲ တွေ ကို တွေ့ ဖူးတယ် မဟုတ်လား။ အတူနေရတာ ကြာသွားလေတော့ သူတို့ နှစ် ယောက် ရဲ့ တိတ်ဆိတ်မှု ဟာလည်း ရှည်လျားလာလေလေ ဖြစ်လာတော့တာပါပဲ။

ဒါပေမယ့် ဒီလို ဖြစ်လာတာဟာ အချစ်ကို ခံစားတတ်သူတွေ ၊ အချစ်ကို အစဉ်အမြဲ ဆန်းသစ် လတ်ဆတ်နေအောင် မလုပ်တတ်တဲ့ သူတွေ မှာ သာ ဖြစ်လေ့ရှိပါတယ်။ တကယ်ချစ်တဲ့သူတွေ ကတော့ ကိုယ့်ချစ်သူရဲ့ အတွေးထဲကို နေ့စဉ် လှည့်ပတ်သွားလာ နေရတာ ကို ပျော်မွေ့တတ်ကြပါတယ်။ ဥယျဉ်မှုးဟာ သူ့ပန်းပင်ကြားထဲမှာ ညနေတိုင်း လှည့်ပတ်သွားလာရတာ ကို ပျော်သလိုပေါ့။ တစ်ချို့ ကတော့ ကိုယ်ချစ်သူ ပေါ်မှာ သစ္စာရှိတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အချစ်ကို အလေးအနက် သဘောထားကြလို့ ဖြစ်တယ်။ တစ်ချို့ကျတော့လည်း အိမ်ကို တွယ်တာပြီး ရှက်တတ် ကြောက်တတ်တဲ့ အတွက် ကိုယ့်ချစ်သူ အပေါ်မှာ သစ္စာ ရှိကြတာ ဖြစ်တယ်။

တစ်ချို့ပျော်ရွှင်တဲ့ အိမ်ထောင်စုများ ဟာ လင်နဲ့ မယားနှစ် ယောက် စလုံး အပြင်လောကကို ထွက်ရတာ ၊ အပြင်လောကနဲ့ ဆက်ဆံရတာ ကို မနှစ်သက် လို့ ကိုယ်တွေ့ နေကျ အသိုက်အ၀န်းကလေး၊ ကိုယ်မြင်နေကျ ပန်ဝန်းကျင်လေး ထဲမှာ ပဲ ပျော်မွေ့နေချင်တဲ့ ဆန္ဒကလေး ရှိနေကြလို့ ပျော်ရွှင်မှု ကို ရကြတာ ဖြစ်တယ်။

တစ်နည်းပြေရရင် သူတို့ ပျော်ရွှင်မှု ဟာ ကိုယ့်အိမ်ကလေးထဲမှာ လုံလုံခြုံခြုံ နေလိုတဲ့ ဆန္ဒပေါ်မှာ တည်ဆောက်ထားကြတာ ဖြစ်တယ်။ ဒါပေမယ့် သည့်ထက် အချစ်ပြင်းထန်သူဟာ သူ့ကိုယ်သူ အသစ် ဖြစ်နေအောင် လုပ်ရမယ်။ ချစ်သူကို ကျေနပ်မှု ပေးတဲ့ နည်းတွေ ဟာ တစ်နေ့ပြီး တစ်နေ့ သုံးဖန်များ လာတော့ ကြာလာတဲ့အခါမှာ ရိုးပြီး ကုန်ခန်းသွားတတ်တယ်။ ဒါပေမယ့် ချစ်သူကို ကျေနပ်အောင်၊ ကြည်နူးအောင်တော့ လုပ်ကြရမှာ ပဲ။ တစ်ခါတစ်လေမှာ ဒီလို ကိုယ့်ချစ်သူ ကျေနပ်အောင် တမင် ကြိုးစားမနေဘဲ အလိုလို မသိမသာ နေထိုင်ပြောဆို သွားတာတွေ ဟာ အချစ်ကို လန်းဆန်းစေတတ်ပါတယ်။ အမှန် ကတော့ လူ တစ်ယောက် မှာ စွဲမက်စရာကလေး ရှိနေရင် ဒီစွဲမက်စရာလေးဟာ ဘယ်တော့မှ ပျောက်ပျက်မသွားတတ်ပါဘူး။ စွဲမက်ဖွယ် အချစ်မွေကလေးဟာ ဘယ်တော့မှာ ကုန်ခမ်းမသွားတတ်ပါဘူး။

* * * * *

လူတွေ ကို မငြီးငွေ့အောင် လုပ်နိုင်တဲ့ အတတ်ပညာရယ်လို့ မရှိတော့ဘူးလား။ လူတွေ မငြီးငွေ့အောင် လုပ်တဲ့ သော့ ချက် ကတော့ ပင်ကိုယ်အနေအထားအတိုင်း ရှိဖို့ပါပဲ။ ပင်ကိုယ်မဟုတ်တဲ့၊ သဘာဝမကျတဲ့ အပြုအမူတစ်ခုဟာ ချစ်ခင်နှစ် လိုဖွယ မကောင်းပါဘူး။ ဆွဲဆောင်မှု မရှိပါဘူး။

သဘာဝမကျတဲ့၊ ဟန်ဆောင်တဲ့ အပြုအမူတစ်ခုဟာ ချစ်စရာ မကောင်းပါဘူး။ ဟန်ဆောင်လိုက်တဲ့သဘော ပေါ်လာတာနဲ့ ချစ်စရာကလေးတွေ ဟာ ပျောက်ကွယ်သွားတတ်ကြပါတယ။် ဥာဏ်ရှိတဲ့ ချစ်သူ ကတော့ ကိုယ့်ချစ်သူရဲ့ ပင်ကိုယ်ဝါသနာ၊ ပင်ကိုယ်စရိုက်ကလေးတွေ ကို ထိန်းသိမ်းထားဖို့ ကြိုးစားလေ့ ရှိပါတယ်။ တစ်ချို့ယောကျာ်းတွေ ဟာ မိန်းမတွေ ကို ပုံသွင်းချင်ကြတယ်။ အတွေးအခေါ်တွေ ကို ရိုက်သွင်းချင်ကြတယ်။ ၀ါသနာတွေ ကို အတင်း ပြောင်းစေချင်ကြတယ်။ ဒါ ကတော့ သက်သက် မိုက်မဲတာပဲ ဖြစ်ပါတယ်။ မိန်းမ တစ်ယောက် ဟာ ကိုယ့်ရည်မှန်းချက်တွေ ၊ ကိုယ့်စိတ်ကူးချက်တွေ နဲ့ မကိုက်ညီပဲ ကွဲပြားနေတယ်ဆိုရင် မချစ်ရုံဘဲ ရှိပါတယ်။ ဒါပေမယ့် မိန်းမကို ရွေးချယ်မိပြီ၊ ချစ်မိပြီဆိုရင်လည်း သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု ကို တားဆီးနှောင့်ယှက်ခြင်း မပြုသင့်ပါဘူး။ မိတ်ဆွေ ဆက်ဆံရေး မှာ ပဲ ဖြစ် ဖြစ်၊ အချစ်မှာ ပဲ ဖြစ် ဖြစ် ကျွန်တော် တို့ဟာ ဟန်မဆောင်ရတဲ့၊ ရှက်ကြောက်အားနာ မ ဖြစ်ရတဲ့ သူတွေ နဲ့ တွေ့ ရတာ ကို ပျော်တတ်ကြပါတယ်။

လိမ္မာတဲ့ ချစ်သူဟာ သာယာတဲ့ နေရာများ မှာ ကိုယ့်ချစ်သူနဲ့ တွေ့ နိုင်အောင် အမြဲသတိထား ရွေးချယ်လေ့ ရှိကြပါတယ်။ လက်ထပ်ပြီးခါစ ကြင်စဦး ဇနီးမောင်နှံတို့ ပျားရည်ဆမ်းခရီးထွက်တဲ့ အင်မတန်ကောင်းတဲ့ ဓလေ့ထုံးစံဟာ အဲဒီ စိတ်ကူး၊ အဲဒီ အတွေးက ပေါ်ထွက်လာခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ပျားရည်ဆမ်း ခရီးတွေ ဟာ သိပ်ပြီး မကြာဖို့ သတိပြုသင့်ပါတယ်။

အချစ်ဝင်နေတဲ့ မိန်းမ တစ်ယောက် ဟာ သူနဲ့ လိုက်လျောညီပေမယ့် ပတ်ဝန်းကျင်ကို ပကတိစိတ် အရကောင်းကောင်း ရွေးချယ်တတ်တယ်။ တချို့ အမျိုးသမီးများ ကတော့ သဘာဝအနုပညာရဲ့ ညှို့ဓာတ်တွေ ကို ဘယ်လို အသုံးချရမယ်ဆိုတာကို ကောင်းကောင်း သိကြတယ်။ သူတို့ ချစ်သူတွေ ဟာ ဘယ်အချိန်မှာ လူသူကင်းရှင်းရာမှာ လွတ်လပ်စွာ နေချင်သလလဲ။ ဘယ်အချိန်မှာ ရုပ်ရှင်တို့၊ ဇာတ်ပွဲတို့ကို သွားချင်သလဲ။ ဘယ်အချိန်မှာ ချစ်သူနဲ့ နှစ် ယောက် မြို့ထဲလျှောက်လည်ချင်သလဲ ဆိုတာတွေ ကို အလိုလို သိနေတတ်ကြတယ်။ အများ အားဖြင့် မိန်းမများ ဟာ ယောကျာ်းတွေ ထက် လူမှု ရေး ကို နားလည်ကြတယ်။ ဒါကြောင့် မို့ ယောကျာ်းတွေ ရဲ့ အချစ်နဲ့ ပျော်ရွှင်မှု ကို မိန်းမတွေ လက်ထဲမှာ လွှဲထားသင့်တယ်။

ယောကျာ်း တစ်ယောက် ဟာ ကိုယ့်အပေါ်မှာ စိတ်ကောင်းစေတနာထားတဲ့ မိန်းမ တစ်ယောက် ကို၊ ကိုယ့်အပေါ် ယုယ ကြင်နာတတ်တဲ့ မိန်းမ တစ်ယောက် ကို ငြီးငွေ့အောင် မလုပ်ချင်ဘူး ဆိုရင် အဲဒီ မိန်းမရဲ့ ဘ၀မှာ အချစ်ဟာ ဘယ်လောက် အရေး ကြီးတဲ့ အခန်းက ပါနေသလဲဆိုတာကို နားလည်ထားရလိမ့်မယ်။

ဒဿနဆိုင်ရာ တွေးခေါ်မှု တောင်ထိပ်၊ ဒါမှမဟုတ် အယူအဆဆိုင်ရာ တွေးခေါ်မှု တောင်ထိပ်မှာ ရပ်ပြီး အဲဒီ တောင်ထိပ်ကနေ အမျိုးသမီး တစ်ယောက် ရဲ့ ရည်မှန်းချက်တွေ ၊ စိတ်ကူး မျှော်မှန်းချက်တွေ ကို အထင်သေး အမြင်သေးနဲ့ ကြည့်မြင်ခဲ့ရင် အဲဒီ ယောကျာ်းလောက် မိုက်မဲတဲ့ လူဟာ လောကမှာ ရှိမယ်မထင်ပါဘူး။ အဲဒီ မိန်းမရဲ့ အတွေးအခေါ်များ ၊ ရည်မှန်းချက်များ ဟာ ရိုးသား ရှင်းလင်းပြီး ပိုအမြော်အမြင် ကြီးလေတော့ ယောကျာ်းရဲ့ အတွေးအခေါ်တွေ နဲ့ ကွဲပြားခြားနားနေတယ်။ ယောကျာ်းဟာ ကိုယ့် ဇနီးသည်နဲ့ စိတ်ဝမ်းကွဲပြား နေတယ်၊ သဘောထားချင်း မတိုက်ဆိုင်ဘဲ ဖြစ်နေတယ် ဆိုရင် ငြင်းခုံခြင်းဖြင့် ကိုယ့်ဘက်ကိုပါလာအောင် ဘယ်နည်းနဲ့ မှ ဆွဲဆောင်နိုင်မှာ မဟုတ်ဘူး။ ချစ်ခင်ယုယတဲ့နည်း၊ သည်းခံမှု ၊ တိတ်ဆိတ်နေခြင်း စတဲ့နည်းတွေ နဲ့ သာလျှင် ကိုယ့်ဘက်ကို ပါလာအောင် ဆွဲဆောင်နိုင်လိမ့်မယ်။ သူ့ဘ၀ တစ်လျှောက်မှာ မိန်းမဟာ အာရုံကြောအားနည်းမှု နဲ့ သားကောင် ဖြစ်တယ်ဆိုတာကို သတိပြုလိမ့်မယ်။

မိန်းမ တစ်ယောက် ရဲ့ စိတ်ဟာ ပင်လယ်လှိုင်းတွေ ရဲ့ လှုပ်ရှားမှု နဲ့ တူတယ်လို့ ကျွန်တော် ထင်တယ်။ ဥာဏ်အမြော်အမြင် ရှိတဲ့ယောကျာ်းဟာ ဘယ်တော့မှ စိတ်ပျက်ခြင်း မရှိဘူး။ မုန်တိုင်းထဲ ရောက်နေတဲ့ မာလိန်မှူး တစ်ဦးလို သူက ရွက်တွေ ကို လျှော့တယ်။ အချိန်အခါကို စောင့်တယ်။ မျှောက်လင့်ချက် ထားတယ်။ မုန်တိုင်းဟာ မာလိမ်မှူးရဲ့ ပင်လယ်ချစ်တဲ့ စိတ်ဓာတ်ကို ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး။

* * * * *

ကိုယ့်ချစ်သူကို ငြီးငွေ့မသွားစေဖို့ အတွက်နှစ် ဦး နှစ် ဖက်စလုံးက လိုက်နာမယ့် စည်းကမ်းတွေ ရှိတယ်။ ပထမအချက် ကတော့ သိပ်ပြီး ခင်မင် ရင်းနှီးလာကြတဲ့ အခါများ မှာ လည်း ပထမဆုံးအကြိမ် တွေ့ စတုန်းကလိုပဲ တစ်ယောက် နဲ့ တစ်ယောက် ယဉ်ကျေးသိမ်မွေ့တတ်တဲ့ ပြသဖို့ ဖြစ်တယ်။ အမျိုးကောင်း သားသမီးများ ဟာ ပင်ကိုယ်အားဖြင့် ယဉ်ကျေးသိမ်မွေ့တတ်တဲ့ သဘာဝရှိတိတ်ကြတယ်။ စကားပြောရင်လည်း ယဉ်ကျေးသိမ်မွေ့တဲ့ ဘသာဝ ရှိတတ်ကြတယ်။ စကားပြောရင်လည်း ယဉ်ကျေးသိမ်မွေ့ကြတယ်။ ဒုတိယအချက် ကတော့ ဘယ်လို အခြေအနေ မျိုးမှာ ပဲ ဖြစ်စေ (ဟာသဥာဏ်) ပျော်ရွှင်ကြည်နူးတဲ့ စိတ်ထားမျိုး ရှိရမယ်။ ကိုယ့်ကိုယ်ကို လှောင်ပြောင် သရော်ပစ်နိုင်ရမယ်။ တစ်ယောက် နဲ့ တစ်ယောက် ကြားမှာ ရှိတဲ့ သဘောကွဲလွဲချက်များ ကို အရေး မကြီးဘူးလို့ သဘောထား နိုင်ရမယ်။ မကျေမနပ်ချက်တွေ ကို စုပြုံ မျိုသိပ်ပြီး အရေး တကြီး ထားနေတာမျိုး မ ဖြစ်စေရဘူး။ အတိတ်က ရန် ဖြစ်ခဲ့တာတွေ ကို တွေးခြင်းဖြင့် မစ္စုပ္ပန် စိတ်ဆင်းရဲမှု ကို ပိုကြီးမား နက်ရှိုင်းအောင် မလုပ်ရဘူး။ တတိယ အချက် ကတော့ ကျိုးကြောင်း ညီညွတ်တဲ့ အတိုင်းအတာအထိ ချစ်သူနှစ် ဦးကြားမှာ မနာလို ၀န်တိုမှု ရှိအောင် လုပ်ပေးရမယ်။ သဘော ကတော့ ချစ်သူနှစ် ဦးကြားမှာ တစ်ယောက် ကို တစ်ယောက် ဥပေက္ခာ ပြုထားတာမျိုး၊ မယုံသင်္ကာ ဖြစ်နေတာမျိုး မရှိသင့်ဘူး။ တစ်ယောက် ကို တစ်ယောက် ဥပေက္ခာ ပြုတာမျိုး၊ မယုံသင်္ကာ ဖြစ်နေတာမျိုး နှစ် ယောက် စလုံးကို နာကျင်စေတယ်။ စတုတ္ထအချက် ကတော့ တစ်ခါတစ်ရံမှာ ခွဲခွာနေခြင်းအားဖြင့် အချစ်ပုံဆောင်ခဲကို အသစ် ဖြစ်အောင် လုပ်ပေးတာမျိုး ရှိရမယ်။ ချစ်သူနှစ် ဦး သို့မဟုတ် လင်နှင့် မယားတို့ အချစ်မှ ခွင့်ရက်ရှည် ယူကြခင်းဟာ အန္တရာယ် များ သော်လည်း အဲဒီ ခွက်ရက်များ ဟာ သိပ်လည်း မကြာဘူး၊ ဒီကြားထဲမှာ စာချင်း အဆက်အသွယ်တို့ ဘာတို့လည်း ရှိနေမယ် ဆိုရင်တော့ အကျိုး များ နိုင်ပါတယ်။ တစ်ခါတစ်လေကျတော့ လူနှစ် ဦးဟာ သိပ်အတွေ့ များ ကြလို့ ဖြစ်စေ၊ ပျင်းရိနေကြလို့ ဖြစ်စေ သူတို့နှစ် ယောက် စကားတွေ ထဲမှာ ကြင်နာနူးညံ့တဲ့ အသံတွေ လျော့ပါးလာတတ်ကြတယ်။ ဒီလို အခါမျိုးမှာ တစ်ယောက် နှင့် တစ်ယောက် စာတွေ အပြန်အလှန်ရေး ပြီး အဲဒီ ပျောက်ဆုံးစ ပြုနေတဲ့ ကြင်နာမှု ကို ပြန်လည်ရ ယူသင့်တယ်။ နောက်ဆုံး အချက် ဖြစ်ပြီး လူတွေ သတိမပြုတဲ့ အချက် ကတော့ ကိုယ့်ချစ်သူကို ဆက်လက် ပိုးပန်းနေဖို့ပါပဲ။

“ဘယ်လို ဖြစ်တာလဲ၊ ကျွန်တော် နဲ့ သူ ချစ်သူ ဖြစ်နေကြပြီ ဗျ။ (ဒါမှမဟုတ် အကြင်လင်မယား ဖြစ်နေကြပြီဗျ)၊ ဒါကို ဆက်ပြီး ပိုးပန်းတာတွေ လုပ်နေရဦးမှာ လား” လို့ မေးကော်းမေးကြလိမ့်မယ်။

ကိုယ့်ချစ်သူကို ကိုယ်တိုင်က ငြီးငွေ့နေပြီ ဆိုရင်တော့ ကိုယ့်ချစ်သူ မငြီးငွေ့အောင် ဆက်လက် ကြိုးစားနေခြင်းဟာ အချည်းအနှီးသော အတတ်ပညာ တစ်ခုပဲ ဖြစ်လိမ့်မယ်။ ဒီတော့ ကိုယ်တိုင်က သူ့အပေါ်မှာ ငြီးငွေ့ခြင်း မ ဖြစ်ရလေအောင် လုပ်တဲ့ အတတ်ပညာများ ကော မရှိတော့ဘူးလား။ ဒါမှ မဟုတ်ရင်လည်း လောကမှာ လူနှစ် ဦး ရှိတယ်။ အဲဒါ ကတော့ သစ္စာရှိသူနဲ့ သစ္စာမရှိသူ၊ ဒါမှမဟုတ် ပြောင်းလဲတတ်သူနဲ့ မပြောင်းလဲတတ်သူတို့ ဖြစ်တယ်။ ကိုယ်က တစ်မျိုး ဖြစ်နေရင် ဟန်ဆောင်မနေတာ ကောင်းတယ်လို့ပဲ ကျွန်တော် ပြောင်ဖွင့်ပြောကြရတော့မှာ လား။

ကျွန်တော့် အဖြေ ကတော့ အခြားနေရာများ မှာ လိုပဲ ဒီနေရာမှာ လည်း သဘာဝက အဖြေတွေ ကို ပေးထားပြီး ဖြစ်ပါတယ်။ ဒီအဖြေတွေ ကို ကျွန်တော် တို့က ရှာကြည့်ပြီး အ ဖြစ်အပျက်နဲ့ ညှိနှိုင်း တွက်ချက်ကြည့်ဖို့ပဲ လိုပါတယ်။ လူတွေ ဟာ မွေးလာကတည်းက ပြောင်းလဲခြင်း မရှိ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ ပြီးတော့ သူတို့ရဲ့ အချစ်တွေ ဟာလည်း အပြောင်းအလဲတွေ ကို တွေ့ ခဲ့ကြုံခဲ့ကြရတာ ပါ။ တစ်ချိန် ကတော့ စိတ်ဓာတ်အရ ချစ်ချစ်ခင်ခင်၊ ပျော်ပျော်ပါးပါး၊ ပလီပလာ၊ ခရာတာတာ နေချင်ကြတယ်။ ဒါပေမယ့် အေးစက်စက် ထုံထိုင်းထိုင်း ချစ်သူနဲ့ တွေ့ ကြရတယ်။ အဲဒီ လို အခါမျိုးမှာ သူတို့က ကျင့်ဝတ်ကို စောင့်ထိန်းနေရင် သူတို့မှာ သစ္စာရှိတယ်လို့တော့ ပြောနိုင်ပါရဲ့ ။ ဒါပေမယ့် ပျော်ရွှင်မှု ကို မရကြဘူး။ ကျင့်ဝတ်ကို စောင့်ထိန်းခြင်း မပြုခဲ့ရင်တော့ သူတို့ဟာ သူတို့ကျေနပ်တဲ့ ချစ်သူမျိုးကို မတွေ့ မချင်း ရည်းစားတွေ တစ်ယောက် ပြီး တစ်ယောက် ထည်လဲထားပြီး သစ္စာမဲ့တဲ့ ဘ၀၊ ရည်းစား တစ်ယောက် ပြီး တစ်ယောက် တွဲ နေရတဲ့ ဘ၀မျိုးု ရောက်နေဦးမှာ ပဲ။ သူတို့ ကျေနပ်တဲ့သူကို တွေ့ တော့မှပဲ သူ ဟာ ရုတ်တရတ် ခြေငြိမ်ကျသွားတော့မှာ ပဲ။ သင့်လျော်တဲ့ အဖော်ကို တွေ့ တာနဲ့ ရည်းစား တစ်ယောက် ပြီး တစ်ယောက် လျှောက်တွဲ နေတဲ့ ဘ၀ဟာ ရုတ်တရတ် အဆုံးသတ်သွားတတ်တယ်။

ဒါတွေ ကတော့ ခန္ဓာကိုယ် အားဖြင့် တည်ငြိမ်မှု မရှိတဲ့ သဘောကို ပြတဲ့ ဥဒါဟရုဏ်တွေ ပါပဲ။ ထားပါတော့ .. ဒါဖြင့် စိတ်ဓာတ်အရ မတည်ငြိမ်မှု တွေ ရှိကြသော လည်း ယောကျာ်းတွေ ဟာ အမြဲတမ်း သွေးသားတောင့်တမှု ရှိနေကြတာ မဟုတ်ပါဘူး။ မိန်းမတွေ ကတော့ မကြာခဏ ဆိုသလို အေးစက်နေလေ့ ရှိကြတယ်။ ဒါကြောင့် မို့ မိန်းမကို အောင်မြင်ခဲ့ရင် ယောကျာ်းဟာ သူ့ကိုယ်သူ ဂုဏ်ယူ ကျေနပ်လို့ မဆုံးတော့ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက် မရှိတဲ့ မိန်းမ သို့မဟုတ် ယောကျာ်း တစ်ယောက် ရဲက မာနကို အစာကျွေးရတယ်။

ဘိုင်ရွှန်ဟာ ပထမဆုံး အကြိမ်အ ဖြစ် မိန်းမပျိုကလေး တစ်ယောက် ကို ချစ်တော့ မိန်းမပျိုလေးက ‘ကျွန်မက ရှင့်လို မသန်းစွမ်း ဒုက္ခိတ တစ်ယောက် ကို ဘယ်နှယ့်လုပ် စိတ်ဝင်စားမှာ လဲ’ လို့ ပြန်ပြောလိုက်တယ်။ ဘိုင်ရွန်ဟာ သူ့တစ်သက်တာမှာ ဒီစကားကို ဘယ်တော့မှ မမေ့နိုင်တော့ဘဲ မိန်းမတွေ ကို လက်စားချေတော့တာပဲ။ မိန်းမ တစ်ယောက် ဟာ သူ သိကျွမ်းခဲ့တဲ့ ‘အဆက်’ တစ်ယောက် ကို ရုတ်တရတ် ချက်ချင်း အဆက်ဖြတ်ချင် ဖြတ်ပစ်လိုက်တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူ့ကိုယ်သူ အရုပ်ဆိုးတယ်လို့ ယူဆလိုက်လို့ပဲ။ သူ့အဖို့ ကိုယ့်ကို ရိုသေလေးစားမှု ကို အားဖြည့်ပေးဖို့လိုတယ်လေ။ စိတ်ကူးယဉ်တဲ့၊ တနည်းပြောရရင် တကယ့်ဘ၀နဲ့ ကင်းကွာတဲ့ ကလေးဘ၀ တစ်ခုဟာ ဘယ်တော့မှ အကောင်အထည်ဖော်လို့ မရနိုင်တဲ့၊ ဘယ်တော့မှ ဖြည့်စွမ်းခြင်း အပြုနိုင်တဲ့ စိတ်ကူးစိတ်သန်းတွေ ကို မွေးဖွားပေးတတ်ပါတယ်။ ရှာတိုဘရိုင်းယန်းဟာ မိန်းမတွေ ကို တစ်ယောက် ပြီး တစ်ယောက် ထည်လဲ တွဲ ခဲ့တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူငယ်ငယ်တုန်းက သူဟာ ရမ္မက်သွေး သိပ်ဆူပြီး အဲဒီ ရမ္မက်ကို ပြေပျောက်အောင် ဖြည့်စွမ်းနိုင်တဲ့ မိန်းမမျိုးကို ရှာခဲ့တယ်။ အငယ်အနှောင်းတွေ တစ်ယောက် ပြီး တစ်ယောက် ယူခဲ့ပေမယ့် ပြေပျောက်ခြင်း မရှိပါဘူး။ အသက်ကြီးလာတော့ သူ့စိတ်ကုးစံပြထားတဲ့ မိန်းမမျိုး ဖြစ်တဲ့ ဂျူးလီးယက် ရေကာမီယာကို သွားတွေ ကခဲ့တာပါ။

***

ဘာသာတရားမှာ တကယ် သီလစင်ကြယ် မြင့်မြတ်တယ်ဆိုတာ အကျင့်တွေ ကို အရမ်းကျင့်၊ တရားဘာဝနာတွေ ကို အရမ်း အားထုတ်တိုင်း ဖြစ်တာမဟုတ်ဘူး။ နိဝါတတရားအရ မိမိကိုယ်ကို မိမိ နှိမ်ချခြင်း၊ သနားကြင်နာခြင်း၊ အလှူဒါနပေးခြင်း စတဲ့ အရာတွေ လုပ်ရင်လည်း မြတ်တဲ့ အ ဖြစ်ပါပဲ။

အချစ်မှာ လည်း အလားတူပါပဲ။ စစ်မှန်တဲ့ အချစ်ဆိုတာ အာသာ ရမ္မက်တွေ ကို ပြနေတာမျိုး မဟုတ်သင့်ပါဘူး။ နေ့စဉ် နေထိုင်မှု ဘ၀မှာ ပြည့်စုံခြင်း ပြေပြစ် ညီညွတ်မှု ရှိမှသာလျှင် ရနိုင်ပါတယ်။ ပုံဝတ္ထုတစ်ခု ရှိပါတယ်။ တစ်ခါတုန်းက သီလရှင်ကလေး တစ်သိးဟာ ရှင်ထရီဇာဆီကို သွားပြီးတော့ တရားတောင်းပါသတဲ့။ ဒီသီလရှင်ကလေး ကတော့ သူတော် ရှင် ထရီဇာက တန်ခိုး ပြဋိဟာတွေ ကို ပြတော့မှာ ပဲလို့ထင်တာပေါ့။ ဒါပေမယ့် ရှင် ထရီဇာက သူတည်ထောင်ထားတဲ့ သီလရှင်ကျောင်းကို ခေါ်သွားတယ်။ ပြီး….. အဲဒီ ကျောင်းမှာ ဆင်းရဲ ဒုက္ခတွေ ၊ ပင်ပန်းတဲ့ အလုပ်တွေ ၊ ဆုံးရှုံးမှု တွေ နဲ့ ကြုံတွေ့ ခဲ့ရတယ်။ နောက်ဆုံးတော့ သီလရှင်ကလေးဟာ မနေနိုင်တော့ဘဲသူ့ကို မြင့်မြတ်တဲ့ တရားထူးကို ပြမယ်ဆိုတာ ဘယ်တော့ ပြမှာ လဲလို့ မေးတယ်။ ဒီတော့ ရှင်ထရီဇာက တရားထူး တရားမြတ်ဆိုတာ တခြားမဟုတ်ဘူး။ ဘ၀ရဲ့ ဒုက္ခတွေ ကို နေ့စဉ်နဲ့ အမျှ ချစ်ခင်မှု ၊ စိတ်ရှည်မှု နဲက ရင်ဆိုင်နိုင်တာဟာ တရားပဲ။ တို့ကျောင်းမှာ တို့ကျင့်နေတဲ့ အရာဟာ အဲဒီ တရားပဲလို့ ပြန်ပြောပါတယ်။

အချစ်ကံကောင်းသူများ ဟာ အံ့သြစရာ ကောင်းလောက်အောင်ချစ်နိုင်စွမ်း ရှိကြတယ်။ သူတို့ရဲ့ အချစ်နိုင်စွမ်းဟာ ဘာနဲ့ အလားသဏ္ဍာန်တူသလဲ ဆိုရင် နွေဦးရက်များ နဲ့ တူတယ်။ အဲဒီ နွေဦးရက်များ မှာ နေခြည်းကလည်း ရွှန်းရွှန်းလဲ့လို့၊ နွေးထွေးလို့၊ လောကကို ချော့မြူသိပ်လို့။ တိမ်စတိမ်မျှင်ဆိုလို့ တစ်ခုမှ မရှိ။ ချိုင်ဝှမ်း လွင်ပြင်ထဲက အသေးငယ်ဆုံး ဆိုတဲ့ ရွာဇနပုဒ်ကလေးကလည်း နေခြည်ထဲမှာ လှလို့။ ဒီလို ကြည်မောစရာကောင်းတဲ့ နေမျိုး၊ ဒီလို မျှော်လင့်ချက်တွေ ပြည့်လျှမ်းစေတဲ့ နေမျိုးဟာ ကျွန်တော် တို့ကို နောင်လာတော့မယ့် မည်းမှော င်တဲ့ မုန်တိုင်းကြီးကို ရင်ဆိုင်နိုင်စွမ်း ရှိအောင် ခွန်အားသတ္တိကို ပေးခဲ့တာ အမှန်ပဲ။

နွေရက်တွေ ပဲ ဖြစ် ဖြစ်၊ အချစ်ပဲ ဖြစ် ဖြစ် လောကမှာ ရှိရှိသမျှ အရာအားလုံးဟာ သူ့သက်တမ်းစေ့ရင် ကုန်ဆုံး မေ့လျော့ကြရမှာ ဖြစ်လေတော့ ကျွန်တော် တို့ဟာ နွေရက်ကိုသာ ချစ်တတ်ရုံမကဘဲ မှု န်မှိုင်းပြာရီ နေ့များ ၊ ဆောင်းဦး နှင်းမြူများ နဲ့ ရှည်လျားတဲ့ ဆောင်းညများ ကိုလည်း ချစ်တတ်ရပေလိမ့်မယ်။ ဒါကြောင့် မို့ စာရေး ဆရာကြီး အေဘယ်ဘွန်းနာ့ဒ်က ‘အရိုးသား အစင်ကြယ်ဆုံး အချစ်သည် ပန်းရိုက်ပိုးစ တစ်ဝက်၊ ပန်းရိုက်မပါသော ပိုးစ တစ်ဝက်ဖြင့် ချုပ်ထားသော ၀တ်ရုံနှင့် တူ၏ ၊။ ပန်းရိုက်ပါသော ပိုးစသည် အဖိုးတန်၍ ထူးခြားသော အသားအရောင် ရှိသဖြင့် ပန်းရိုက်မပါသော အစကို ပန်းရိုက်စထက် ပို၍ သဘောကျပေ၏ ’ လို့ ရေး ခဲ့ဖူးတယ်။

ချစ်စ ခင်စ ကြင်နာစမှာ ရမ္မက်ရဲ့ ဘေးမှာ မရဲတရဲနဲ့ ၀င်ရောက်လာပြီး နောက်မှာ ပိုင်စိုးမှု နဲ့ ထည်ထည်ဝါ၀ါ ရပ်လိုက်တဲ့ တည်ငြိမ်ပြီး နူးညံ့ သိမ်မွေ့တဲ့ ပျော်ရွှင်ချမ်းမြေ့မှု ဆိုတာ ဘယ်လိုအရာမျိုးလဲ။ ဒါမှ မဟုတ် ရမ္မက်ကနေ မွေးဖွားလာခဲ့၊ ရမ္မက်ကို ကျော်လွန်သွားတဲ့ အဲဒီ အချစ်ဟာ ဘယ်လို အရာလဲ။ ဘာနဲ့ ပြုလုပ်ထားသလဲ။ အဲဒီ အချစ်ကို ယုံကြည်မှု ၊ အလေ့အကျင့်နဲ့ မြတ်နိုးမှု ကို ဖွဲ့စည်း ပြုလုပ်ထားခြင်း ဖြစ်တယ်။ များ သော အားဖြင့် ကျွန်တော် တို့ လူသား အားလုံးလောက်ဟာ ကျွန်တော် တို့ကို လိမ်လည်ကြတယ်။ ဒါပေမယ့် အနည်းစု ကတော့ တကယ့် စစ်မှန်တဲ့ ရိုးသားမှု နဲက ပွင်းလင်းတဲ့ အမျိုးသား၊ အမျိုးသမီးကို တွေ့ လိုက်ရလို့ ပျော်ရတဲ့ အရသာကို ကောင်းကောင်း သိပါတယ်။

ဘယ်လို အခြေအနေမျိုးမှာ ပဲ ဖြစ် ဖြစ် ကျွန်တော် တို့ရဲ့ စိတ်အလိုဆန္ဒအတိုင်း လိုက်လျောနေထိုင်တဲ့၊ ကျွန်တော် တို့တစ်တွေ အခက်အခဲ ကြုံတွေ့ ရင် ကျွန်တော် တို့ကို စွန့်ပစ်ခွာမသွားဘဲ ကျွန်တော် တို့နဲ့ အတူ ရပ်တည်တဲ့ အမျိုးသား၊ အမျိုးသမီးကို တွေ့ ရလို့ ပျော်ရွှင်တဲ့ အရသာကို ကောင်းကောင်း သိကြပါတယ်။ အချို့သော သူ အနည်းငယ်တို့သာလျှင် ယုံကြည်စိတ်ချခြင်း ဆိုတဲ့ အံ့ဖွယ် ခံစားမှု ကို နားလည်ကြပါတယ်။ သူတို့ဟာ နေ့စဉ်နေ့တိုင်း အနည်းဆုံး လူ တစ်ယောက် ကိုသာလျှင် လေးလံလှတဲ့ ခမောက်စွန်းကိုမ , ဖွင့်ပြလေ့ရှိပြီး လွတ်လပ်စွာ အသက်ရှုကြတယ်။ သူတို့ရဲ့ မျက်နှာနဲ့ သူတို့ရဲ့ နှလုံးသားကို ကြောက်ရွံ့ခြင်း မရှိ ဖွင့်လှစ် ပြသလေ့ ရှိပါတယ်။

ယုံကြည်စိတ်ချရခြင်းဟာ အလွတ် အဖိုးထိုက်တန်တဲ့ အရာ ဖြစ်ပါတယ်။ အလွန် အရေး မကြီးတဲ့ အပြုအမူများ မှာ ပင်လျှင် ယုံကြည်စိတ်ချမှု က စွဲလမ်းနှစ်သက် ဖွယ်ကို ဖြစ်စေပါတယ်။ ငယ်စဉ်တုန်း ကတော့ မိန်းမနဲ့ ယောကျာ်းဟာ နှစ် ယောက် သား ပွေ့ဖက်နိုင်ပေမယ့် အထီးကျန် အချိန်ကေလးတွေ ကို လိုက်လံ ရှာဖွေခဲ့ကြတယ်။

အခုတော့ တစ်ယောက် ကို တစ်ယောက် ယုံကြည်စိတ်ချစွာ တိုင်ပင် နှီးနှောဖို့ အထီးကျန် အချိန်ကလေးတွေ ကို လိုက်ရှာကြတယ်။ နှစ် ယောက် အတူတွဲ လမ်းလျှောက်ကြတာဟာ ငယ်ငယ်က ချိန်းပြီး တွေ့ ကြတာလို အရေး ကြီးလာတယ်။ သူတို့နှစ် ယောက် ဟာ တစ်ယောက် ကို တစ်ယောက် လုံးဝ နားလည်တယ်လို့ ခံစားမိကြတယ်။ တစ်ယောက် မှာ စိတ်သော က ဖြစ်လာရင် တခြား တစ်ယောက် က ကိုယ်ခန္ဓာမှာ နာကျင်သည့်အထိ ဖြစ်ရမယ်။ တစ်ယောက် အတွက် ဆိုရင် တစ်ယောက် က အသက်ကိုတောင် စွန့်သည်အထိ ဖြစ်ကြရတယ်။ ဒါကို တစ်ယောက် ကလည်းသိတယ်။ ဒီလို ခံစားချက်မျိုးကို မိတ်ဆွေ သူငယ်ချင်းများ ကြားမှာ လည်း တွေ့ ရတတ်ပါတယ်။ ဒါပေမယ့် ခြွင်းချက်မရှိ ပြည့်စုံတဲ့ မိတ်ဆွေ သူငယ်ချင်း အချစ်မျိုး ဆိုတာ ကတော့ အလွန်ကိုရှားပါတယ်။ ဒါပေမယ့် အချစ် ကတော့ အရိုးဆုံး၊ အထုံထိုင်းဆုံး လူ တစ်ယောက် ကိုတောင် ဉာဏ်အမြော်အမြင် ရှိလာစေပါတယ်။

သူတို့အချစ်ရဲ့ ဆောင်းဦးပေါက်ချိန်ကို ရောက်နေတဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ ဇနီးမောင်နှံတို့ရဲ့ ဘ၀ကို ဘယ်လို ဖော်ပြမလဲ။ အချစ်နတ်ရဲ့ မျက်နှာဟာ သင်္ခါရသဘောကို မလွန်ဆန်နိုင်တဲ့ မျက်နှာေ ဖြစ်နေပေမယ့် အဲဒီ အချစ်နတ်က နတ်တစ်ပါး ဖြစ်နေသေးတယ် ဆိုတာကို ဘယ်လို ဖော်ပြရမလဲ။ ပါရမီ ထူးချွန်တဲ့ တေးပြုစာဆို အကျော်အမော်တစ်ဦးက ရေး ဖွဲ့ပြီး တီးလုံးပြထားတဲ့ ပျော်ရွှင်ချမ်းမြေ့ခြင်း တေးသံစုံ တစ်ပုဒ်ဟာ ကြီးကျယ် ခမ်းနားရပေလိမ့်မယ်။ သာမန် ဂီတသမားတစ်ဦး ကတော့ ဆူညံပြင်းထန်တဲ့ အကြောင်းတွေ ကို ရေး ဖွဲ့စပ်ဆိုရာမှာ သာလျှင် သာလိမ့်မယ်။ ပါစီဖ်သီချင်းကြီးရဲက ပဏာမ ခြေဆင်းပိုဒ်ရဲ့ ကြည်လင်တဲ့ တက်သံဟာ ကြားရသူရဲ့ ၀ိညာဉ်ကို မကြုံစဖူး ထူးကဲတဲ့ ဝေယံအမြင့် ဆီကို ပို့ဆောင်ပေးနိုင်တယ်။ တေးပြုစာဆိုကြီး ဖရန်ရဲ့ လီကျူ တေးသွားကြီးနဲ့ ဖော်ရေး ရဲ့ လီကွီယန်ဟာ ဖြိုဖျက်လို့ မရတဲ့ ဟာမိုနီရဲ့ သဘာဝကျပြီး အားကောင်းတဲ့ လက်သံကို ဖော်ပြရာမှာ စကားတွေ နဲ့ ပြောရတာ ထက် များ စွာ ထိရောက်နိုင်တယ်။

ကျွန်တော် ဟာ ခပ်စောစောတုန်းက ရီကွီယန် ၀တ်တတ် သီချင်းတစ်ပုဒ်ကို ရွတ်ပြခဲ့တယ်။ ဒါပေမယ့် ပြည့်စုံ အပြစ်ကင်းတဲ့ အချစ်သီချင်း တစ်ပုဒ်ထဲမှာ သေခြင်းဆိုတဲ့ သဘောဟာ ငေါ်တူးတဲ့ အသံတစ်ခု ဖြစ်နေတယ်။ ကိုဗင်ထရီပါ့တိုးရဲ့ ကဗျာတစ်ပုဒ်မှာ သူ့အဖို့ ကမ္ဘာလောကကြီး တစ်ခုလုံး ဖြစ်တဲ့ မိန်းမ တစ်ယောက် ရဲ့ အလောင်းကို တွေ့ တဲ့အခါမှာ ခံစားရတဲ့ လူ တစ်ယောက် ရဲ့ စိတ်ပျက်အားငယ်မှု ကို ဖော်ပြထားတယ်။ သူ့ကို စွန့်ခွာသွားရပါ့မလား ဆိုပြီး အဲဒီ မိန်းမကို ၀မ်းနည်းစွာ ၊ တမ်းတစွာ ၊ ကြင်နာသိမ်မွေ့စွာ သူအပြစ်တင်တယ်။

‘ဒီအရာဟာ မင်းရဲ့ ခမ်းနားပြီး တည်ကြည်သိမ်မွေ့တဲ့ အမူအရာမဟုတ်ပါလားကွယ်’

အချစ်ရေ……….

တခြားသူတွေ ကို ဘယ်တော့မှ ပူဆွေးအောင် မလုပ်တတ်တဲ့ မင်းဟာ ဒီဇူလိုင်ညနေခင်းမှာ …….

မပီသတဲ့ ရုတ်တရတ် စကားတစ်ခွန်း……

ထိတ်လန့်တဲ့ မျက်လုံးနဲ့ ….

အနမ်းကလေး တစ်ချက်မပါ …

နှုတ်ဆက်စကားလေး တစ်ခွန်းမဆိုဘဲနဲ့ ….

နေ့ရက်ပေါင်းများ စွာ ကြာစေမယ့် ခရီးကြီးကို ….

မင်း… ထွက်ခွာသွားပုန်း …. ပတ်သတ်လို့ …

မင်း… ဘယ်တော့မှ နောင်တ မရတော့ဘူးလား …..

ဒီအရာဟာ ခမ်းနားပြီး တည်ငြိမ်သိမ်မွေ့တဲ့ မင်းရဲ့ အမူအရာမဟုတ်ဘူး …တဲ့။

သင်္ခါရ သဘောတရားကို မလွန်ဆန်နိုင်တဲ့ ဖြစ်ပျက်လွယ်တဲ့ လူဆိုတဲ့ သတ္တ၀ါတစ်ခု အပေါ်မှာ အရာရာကို ပုံချတာ ကတော့ ကြီးကျယ်မြင့်ုမြတ်ခြင်း ရှိသလို အန္တရာယ်လည်း ရှိပါတယ်။

ဒါပေမယ့် သေခြင်းတရားဟာလည်း အကြီးကျယ်ဆုံး အချစ်တွေ ကို ဖျက်ဆီးရာမှာ တော့ ခွန်အားမဲ့နေတတ်ပါတယ်။ တစ်ခါတုန်းက စပိန်မှာ ထူးခြားတဲ့ ဂုဏ်သိက္ခာနဲ့ ပြည့်စုံတဲ့ လယ်သူမကြီး တစ်ဦးကို ကျွန်တော် တွေ့ ခဲ့ဖူးတယ်။ သူက……

‘အို … ငါ့မှာ နစ်နာချက်ဆိုလို့ ဘာမှ မရှိပါဘူးကွယ်။ ငါ့ ဘ၀မှာ ဒုက္ခတွေ တော့ တွေ့ ခဲ့ရတယ်ပေါ့လေ။ ငါ အသက် နှစ် ဆယ်လောက်တုန်းက လူငယ်လေး တစ်ယောက် နဲ့ ချစ်ခဲ့ကြတာပေါ့။ သူက ငါ့ကို သိပ်ချစ်တာ။ ဒါနဲ့ တို့ … လက်ထပ်ခဲ့တယ်။ လက်ထပ်ပြီး ဘာကြာလို့လဲ၊ သူဆုံးသွားတာပဲ။ ဒါပေမယ့် ငါ့ဘ၀မှာ ပျော်ခဲ့ရပြီး ပြီလေ။ ခု … အနှစ် ငါးဆယ်လုံးလုံး သူ့အကြောင်းကိုပဲ ငါတွေးပြီး သူ့ကိုပဲ သတိရနေတာပဲ’ လို့ ပြောဖူးတယ်။ ဒီလောက် စိတ်မကောင်းစရာ ဖြစ်ပြီး ဒီလောက်အထီးကျန် ဖြစ်ခဲ့ရတဲ့ ဘ၀တစ်လျှောက်လုံးမှာ အလွန် အပြစ်ကင်းတဲ့ ပျော်ရွှင်မှု ကိုပြန်တွေးနိုင်တာဟာ ဘယ်လောက်ကောင်းတဲ့ ဖြေသိမ့်မှု ပါလဲ။ ဒီလို ကိုယ့်အိမ်မက်တွေ နဲ့ အတွေးတွေ ကို တောက်ပတဲ့ အတိတ် ရုပ်ပုံကားချပ်တွေ နဲက ဖြည့်ပေးနိုင်တာဟာ တခြားတော့ မဟုတ်ပါဘူး။ အပြစ်ကင်းစင်ပြီး ပြည့်စုံတဲ့ အချစ်ကြောင့် သာ ဖြစ်ပါတယ်။ ဒီလို အတွေးမျိုးဟာ အနုပညာလက်ရာ တစ်ခု၊ ဒါမှမဟုတ် ဘာသာတရား၊ ယုံကြည်ချက် တစ်ခုနဲ့ အားသဏ္ဍာန်တူနေပါတယ်။ ချစ်ခြင်း အနုပညာနဲ့ ပတ်သတ်လို့ နောက်ဆုံး ပြောလိုတဲ့ အချက် ကတော့ စတင်ဒယ်ပြောတဲ့စကား မဟုတ်ပါဘူး။ စတင်ဒယ် ကိုယ်တိုင် မိုးဇက်ဆီက ကြားခဲ့တဲ့ စကား ဖြစ်ပါတယ်။ ပြဇာတ်တစ်ခုကို သွားကြည့်ပြီး တေးဂီတသံ သက်သက်နဲ့ စွဲလမ်းနှစ်သက် ဖွယ် သံစဉ်တွေ ကို နားထောင်ကြည့်ပါ။ အဲဒီ အချိန်မှာ သင့်ခံစားချက် ရှုပ်ထွေး ဆန်းပြားနေရင်၊ ကြမ်းရှနေရင်၊ ငေါ်တူးတူး ဖြစ်နေရင် သင်ဟာ ချစ်ခြင်း အနုပညာမှာ မယဉ်ပါသေးဘူးလို့ အောက်မေ့ပါတဲ့။ ဒါပေမယ့် သင့်ခံစားချက်ထဲမှာ သင်ဟာ အလှကို တဖြည်းဖြည်းရ , ရလာတယ်လို့ သတိထားလာမိရင်၊ အံ့သြဖွယ်ကောင်းတဲ့ နားလည်မှု ကို ရလာခဲ့ရင်၊ တစ်ခုနဲ့ တစ်ခု အတိုက်အခံ ဖြစ်ပြီး ရန်ဖက်ကျတဲ့ သဘောတွေ ကို တည်ငြိမ်စွာ ပေါင်းစည်းပေးနိုင်ခဲ့ရင် အဲဒီ အခါမှာ သင်ဟာ ဘ၀မှာ နေပျော်တဲ့ အနည်းငယ်မျှသော စွန့်စားမှု လမ်းကြောင်းပေါ်ကို ရောက်ပြီလို့သာ မှတ်လိုက်ပေတော့တဲ့။ အဲဒီ စွန့်စားမှု ကြီး ကတော့ ကြီးကျယ်ခမ်းနားတဲ့ အချစ်ပါပဲတဲ့။

* * * * *

လက်ထက်ထိမ်းမြားခြင်း အနုပညာ

ချစ်ခြင်း အနုပညာဟာ အညတ်မကျ ပျံ့လွင့်နေတဲ့ ဆန္ဒရမ္မက်ကို တည်ကြည် ငြိမ်သက်တဲ့ ခံစားချက်အ ဖြစ် ပြောင်းလဲပေးတဲ့ အတတ်ပညာ ဖြစ်ပါတယ်။ အဲဒီ အချက်ကို လက်ခံရင် အဲဒီ ဆန္ဒရမ္မက်ရှိနေတဲ့ လူ တစ်ယောက် ကို တရားဥပဒေက ဒီလို တည်ငြိမ်တဲ့ ရမ္မက်ဆန္ဒတွေ နောက်ကို လိုက်မနေနဲ့ ၊ ခု ရပ်လိုက်တော့ ပြောရင် ဘယ်လိုနေမလဲ၊ သင်ဟာ သင်ချစ်တဲ့ အမျိုးသမီး တစ်ယောက် ကို သေတပန်သက်ဆုံး ပေါင်းဖက်မယ်လို့ တရားဥပဒေနဲ့ အညီ သဘောတူ လက်မှတ်မရေး ထိုးခဲ့လျှင် သင်တို့နှစ် ဦး ပေါင်းဖော်ရာမှာ မွေးလာတဲ့ သားသမီးများ ကို ကျွေးမွေးစောင့်ရှောက်ပါ့မယ်လို့ တရားဝင် လက်မှတ်မထိုးခဲ့လျှင် သင်ဟာ သင့်ရဲ့ ပကတိစိတ်ရဲ့ အလိုကို မလိုက်နိုင်ဘူး။

အိမ်ထောင်မှု ဆိုတဲ့ ကြိုး ချည်နှောင်မှု ဟာ တော် တော် ဖြတ်တောက်ဖို့ ခက်တဲ့ ကိစ္စရပ်တစ်ခု ဖြစ်တယ်။ ခေတ်နဲ့ ထုံးတမ်းဓလေ့ကို လိုက်ပြီး အနည်းနဲ့ အများ ဆိုသလို ဖျက်ဆီးဖြတ်တောင်ဖို့ ခက်ခဲတယ်။ မူဆလင် ဘာသာဝင်တွေ ကတော့ သတ်မှတ်ထားတဲ့ လုပ်နည်း တစ်ခုကို လုပ်လိုက်ရုံနဲ့ အိမ်ထောင်ရေး ကို ပျက်ပြယ်သွားအောင် လုပ်ပိုင်ခွင့် ရှိကြတယ်။ ဇနီးကို ကွာရှင်းပိုင်ခွင့် ရှိကြတယ်။ ဒါပေမယ့် ဗရင်ဂျီ ဘာသာဝင် တစ်ယောက် ကတော့ ဒီလို မလုပ်နိုင်ဘူး။ သာသနာက သူ့ လက်ထပ်ထိမ်းမြားမှု ကို မပယ်ဖျက်မခြင်း နောက်ထပ် အိမ်ထောင် မပြုနိုင်ဘူး။ ဒီလို လက်ထပ် ထိမ်းမြားမှု ကို သာသနာက ချုပ်ကိုင်ထားဖို့ ကြိုးစားခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြဘူး။ သာသနာက လင်မယားကို ကွာရှင်းခွင့် ပေးတာရယ်လို့ သိပ်မရှိလှဘူး။ ဒါကြောင့် မို့ မွတ်ဆလင် တစ်ယောက် ဟာ မယား ကွာရှင်းဖို့ လွယ်သလောက် ဗရင်ဂျီဘာသာဝင် တစ်ယောက် မှာ တော့ လင်မယား ကွာရှင်းဖို့ ကိစ္စဟာ တော် တော် ခက်ခဲတဲ့ ကိစ္စ ဖြစ်တယ်။ ဒီအစွန်းနှစ် ခုကြားမှာ အလယ်အလတ်လမ်းတွေ တော့ ရှိတန်သလောက် ရှိပါရဲ့ ။ တစ်ခါတစ်လေမှာ တရားဥပဒေသဘောဟာ သိပ် တင်းကျပ်လွန်းတဲ့ အတွက် လင်နဲ့ မယားမှာ ကွာရှင်းပြတ်စဲခွင့် မရကြဘူး။ ဒီမှာ တင် တိတ်တိတ်ပုန်း ဖောက်ပြန်တာတို့၊ ဖောက်ပြန်တာကို သိလျက်သားနဲ့ မမြင်ချင်ယောင်ဆောင်နေရတာ တို့ ရှိလာတယ်။ တစ်ခါတစ်လေကျတော့လည်း အမေရိကမှာ လို တရားဥပဒေအရ လက်ထပ်ထိမ်းမမြားမှု ကို အလွယ်တကူး ဖျက်သိမ်းလိုက်ကြပြီး လွယ်လွယ်နဲ့ ပဲ နောက်အိမ်ထောင် ပြုလိုက်ကြတယ်။ ဒီလို လုပ်လိုက်တာကိုလည်း စာရိတ္တကို မထိခိုက်စေတဲ့ လုပ်နည်းတစ်ခုလို့ ယူဆနေကြတာတွေ ရှိတယ်။

လက်ထပ်ထိမ်းမြားမှု နှောင်ကြိုးဟာ တင်းကျပ်သည် ဖြစ်စေ၊ လျော့ရဲသည် ဖြစ်စေ လင်ရယ် မယားရယ်ဆိုပြီး အိမ်ထောင်ပြု ကတော့မယ် ဆိုရင်တော့ မင်္ဂလာအခမ်းအနားတွေ ၊ လက်ထပ်ထိမ်းမြားမှု ဆိုင်ရာ ပဋိညာဉ်တွေ ဟာ ဘယ်မှာ ပဲ ဖြစ် ဖြစ် လုပ်ရပေလိမ့်မယ်။ လုပ်သင့်တယ်လို့လည်း ယူဆတယ်။ ဘာကြောင့် လုပ်သင့်တယ်ဆိုတာကို ကျွန်တော် ကြိုးစားပြီး ရှင်းလင်းပါ့မယ်။

ဒါပေမယ့် လက်ထပ် ထိမ်းမြားပေးဖု့ မလိုဘူး။ ဒါတွေ ဟာ အဆောင်အယောင် အခမ်းအနားသာ ဖြစ်တယ်၊ ဘာ ဖြစ်သလဲ၊ နှစ် ယောက် သဘောတူပြီး အတူနေထိုင်ကြရင် လင်မယားအရာ မြောက်တာပဲလို့ ယူဆကြတဲ့ လူတွေ လည်း ရှိပါတယ်။ ဒါကြောင့် လက်ထပ်ထိမ်းမြားမှု ကို ဆန့်ကျင် ကန့်ကွက်တဲ့ သူတို့ရဲ့ အမြင်ကို ပထမ ဖော်ပြပါမယ်။ ပြီးတော့မှ ကျွန်တော့် အမြင်ကို ဖော်ပြပါမယ်။

* * * * *

သမိုင်းမှာ လက်ထက်ထိမ်းမြားရေး ကို ပထမဆုံးအနေနဲ့ အပြင်းထန်ဆုံး ကန့်ကွက်ခဲ့တဲ့ သူ ကတော့ (အင်္ဂလိပ် ကဗျာဆရာ) ရှယ်လီပါ။ အချစ်ဟာ ချုပ်တည်းမှု အောက်မှာ ရောက်သွားတာနဲ့ တစ်ပြိုင်နက် သေဆုံးသွားရတော့တယ်လို့ သူက ပြောခဲ့ပါတယ်။ ပြီးတော့ ရမ္မက်ဆိုတာမျိုးဟာ အထိန်းအကွပ်ရှိတာမျိုး မဟုတ်ဘူး။ ဒီလို အထိန်းအကွပ်မရှိတဲ့ ရမ္မက်ကို တရားဥပဒေနဲ့ အုပ်ချုပ်လို့ မရဘူးလို့လည်း သူက ပြောခဲ့ပါတယ်။ အချစ်ဟာ တရားဥပဒေဆိုင်ရာ အနှောင်အဖွဲကတွေ နဲ့ မနှိုင်းယှဉ်အပ်တဲ့ အာ ဖြစ်တယ်။ ဘာကြောင့် အဲဒီ ဥပဒေကြီးတွေ ချည်နှောင်မှု ကြီးတွေ ကို လုပ်နေရသလဲလို့ လက်ထပ်ထိမ်းမြားရေး ကို ဆန့်ကျင် ကန့်ကွက်သူတွေ က ဖြေလေ့ ရှိပါတယ်။ အဲဒီ လို ကန့်ကွက်သူများ ဟာ ယောကျာ်းတွေ ချည်း ဖြစ်တယ်ဆိုတာကိုတော့ သတိပြုဖို့ လိုလိမ့်မယ် ထင်ပါတယ်။

ဘားနာဒ်ရှောရဲ့ အသံကို နားထောင်ကြည့်ပါ။

သူ့ပြဇာတ်ထဲမှ ဇာတ်ဆောင် တစ်ယောက် ဖြစ်တဲ့ ဒွန်ဝှမ်းက ဒီလို ပြောထားပါတယ်။

‘ကျုပ် လူ့ပြည်မှာ ရှိစဉ်က အမျိုးသမီးတွေ ကို ချစ်ရေး ဆိုတိုင်း ဒီအ ဖြစ်မျိုးကို မကြာခဏ ကြုံခဲ့ဖူးတယ်။ ကျုပ်က အဲဒီ လို ချစ်ရေး ဆိုတဲ့အခါမှာ အမျိုးသမီးက ဘာပြောသလဲဆိုတော့ ဂုဏ်သိက္ခာရှိရှိနဲ့ ကမ်းလှမ်းတာမျိုး ဆိုရင် လက်ခံမယ်တဲ့။ သူဆိုလိုတဲ့သဘောက ဒီလိုလေ။ ကျုပ်က သူ့ကို ကမ်းလှမ်းတာဟာ သူ့မှာ ပစ္စည်းဥစ္စာရှိရင် အဲဒီ ပစ္စည်းဥစ္စာကို ပိုင်ဆိုင်ချင်လို့ ကမ်းလှမ်းတာတဲ့။ အကယ်၍ သူ့မှာ ပစ္စည်း မရှိဆိုရင်လည်း ဘ၀မှာ သူ့ကို တစ်သက်လုံး ထောက်ပံ့ ကျွေးမွေးရမယ်တဲ့။ ကျုပ်တစ်သက်လုံး သူနဲ့ လက်တွဲ ရမယ်တဲ့၊ တိုင်ပင်ရမယ်တဲ့၊ ဆွေးနွေးရမယ်တဲ့၊ ပြီးတော့ ဒီတာဝန် ၀တ္တရားတွေ ကို ဖောက်ဖျက်ရင် အပြစ်ရှိတယ်လို့ လက်ခံရမယ်တဲ့။ ပြီးတော့သူကလွဲရင် တခြားမိန်းမတွေ ကို ဖွဲနဲ့ ဆန်ကွဲလို သဘောထားရမယ်တဲ့။ ဒီတော့ ကျုပ်ကလည်း ပွင့်ပွင့်လင်းလင်းပဲ ပြောပြလိုက်တယ်။ ဒါတွေ ကို ကျုပ် တစ်ခါမှ စိတ်ကူးထဲတောင် မထည့်မိကြောင်း၊ အဲဒီ အမျိုးသမီးဟာ အရည်အချင်းတဲ့ စရိုက်တို့ဟာ ကျုပ်ထက်မသာရင် သူ့စကားတွေ ဟာလည်း ကျုပ်အဖို့ အောက်တန်းကျနေမယ့် အကြောင်း၊ သူ့အကြံဥာဏ်ယူရင်လည်း တလွဲတွေ ဖြစ်ကုန်မှာ ဖြစ်တဲ့အကြောင်း၊ ပြီးတော့ သူ တစ်ယောက် တည်းကို အဖော်ပြုနေရင်လည်း ငြီးငွေ့စရာကောင်းနေမယ့် အကြောင်း၊ ကျုပ် ဘ၀တစ်ခုလုံးအတွက် မပြေနဲ့ ၊ တစ်ပတ်အတွင်းမှာ တောင် ကျုပ်နောက်ထပ် ဘာလုပ်မယ်ဆိုတာ ကျုပ်တာဝန်မခံနိုင်ကြောင်း ပြောလိုက်တယ်။ ပြီးတော့ ကျုပ်အပေါင်းအသင်းတွေ နဲ့ အဆက်ဖြတ်ပြီး သူ တစ်ယောက် တည်းနဲ့ လည်း လောကကြီးမှာ မနေနိုင်တဲ့အကြောင်း၊ ပြီးတော့ သူ့ကို ချစ်ရေး ဆိုတာဟာလည်း ယောကျာ်း တစ်ယောက် က မိန်းမ တစ်ယောက် ကို မြင်ရင် ပေါ်လာတဲ့ စိတ်အလိုကို လိုက်ပြီး ချစ်ရေး ဆိတာသာ ဖြစ်တဲ့အကြောင်း၊ သူနှင့် လက်ထပ်ထိမ်းမြားပြီး နေဖို့ စိတ်ကူး လုံးလုံးမရှိတဲ့အကြောင်းကို ပြောလိုက်တယ်။’

ဒါတွေ ကတော့ လက်ထပ်ထိမ်းမြားရေး နဲက ပတ်သတ်တဲ့ ဘားရှော့ရဲ့ အယူအဆတွေ ပါပဲ။

ဒီတော့ လက်ထပ်ထိမ်းမြားရေး ကို ဆန့်ကျင် ကန့်ကွန်သူတွေ ရဲ့ အဓိက အကြောင်းပြချက်ကို ကြည့်လျှင် တစ်ခုရှိပါတယ်။ အဲဒါ ကတော့ လက်ထပ်ထိမ်းမြားခြင်း ကိစ္စဟာ အတည်တကျ လုပ်ဖို့မလိုတဲ့ ကိစ္စကြီး ဖြစ်တဲ့အကြောင်း၊ ဒီလိုကိစ္စကို အတည်တကျ ဖြစ်အောင် လုပ်တာဟာ အဓိပ္ပာယ် မရှိတဲ့အကြောင်း၊ ခန္ဓာကိုယ်အချစ်ဟာ အစာ ဆာလောင်တာလို၊ ရေငတ်တာလို၊ သဘာဝအရ ပေါ်ပေါက်လာတဲ့ ပကတိစိတ်တစ်ခုသာ ဖြစ်ကြောင်း၊ ဒါပေမယ့် အချစ်ကို ထာဝရ တည်ရှိနေမယ်လို့ ယူဆတာဟာ ပင်ကိုယ်ပကတိစိတ် မဟုတ်ကြောင်း၊ များ စွာ သော ယောက်ျားများ မှာ ဖြစ်လေ့ရှိသလို ပြောင်းလဲတတ်တဲ့ သဘောရှိရင် တစ်သက်လုံး သူ့ တစ်ယောက် အပေါ်မှာ သေတစ်ပန် သက်ဆုံး သစ္စာရှိပြီး ချစ်သွားမယ်လို့ ပြောတာဟာ ဘာမှ အဓိပ္ပာယ်မရှိတဲ့အကြောင်း ပြောလေ့ရှိကြပါတယ်။

ပြီးတော့ လက်ထပ်ထိမ်းမြားရေး ကို ဆန့်ကျင်ကန့်ကွက်သူများ က ပြောကြတာ ရှိသေးတယ်။ လက်ထပ်ထိမ်းမြားခြင်းဟာ ယောကျာ်း တစ်ယောက် ရဲ့ သတ္တိကို လျော့ပါးစေပြီး စိတ်တန်ခိုးသတ္တိကိုလည်း ပျက်ပြားသွားစေတယ်လို့ သူတို့က ဆိုကြသေးတယ်။

(စာရေး ဆရာ) ရိုမိန်းရိုလန်က ထိမ်းမြားတဲ့ ယောကျာ်း တစ်ယောက် ဟာ လူတစ်ပိုင်းသာ ဖြစ်တယ်လို့ ပြောခဲ့တယ်။ ပန်းရောင် မြင်းတပ်က ဗိုလ်ကြီးဟာ လင်ကောင်းသားကောင်း ဖြစ်သွားတဲ့အတွက် စစ်ဗိုလ်ကောင်း တစ်ယောက် မ ဖြစ်တော့ဘဲ သာမန်စစ်ဗိုလ် တစ်ယောက် သာ ဖြစ်သွားတဲ့အကြောင်းကို စာရေး ဆရာ ကစ်ပလင်းက ပြောဖူးတယ်။ အဲဒီ စစ်ဗိုလ်ကြီးဟာ သားမယားရဲ့ မျက်နှာကို ကြည့်နေရတဲ့အတွက် စစ်ပွဲမှာ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ ဖြစ်သွားတယ်တဲ့။ သတ္တိတွေ လျော့ပါးသွားရတော့တယ်တဲ့။ နိုင်ငံရေး သုခမိန်ကြီး တစ်ဦး ဖြစ်တဲ့ ရှာတိုဘရိုင်ယန်းက ဆိုရင် နိုင်ငံရေး သမား တစ်ယောက် ဟာ ဘယ်တော့မှ လက်မထပ်သင့်ဘူးလို့ ပြောခဲ့တယ်။ သူက တခြားကို မကြည့်ပါနဲ့ ၊ ကျွန်တော့် ကိုပဲ ကြည့်ပါ။ ကျွန်တော့် ရဲ့ ရှုပ်ထွေးခက်ခဲတဲ့ ဘ၀တစ်လျှောက်လုံးမှာ ကျွန်တော် ဘယ်လောက် တည်တည်တံ့တံ့ နေနိုင်သလဲ။ ဒီလို နေနိုင်ခဲ့တာဟာတခြားကြောင့် မဟုတ်ပါဘူး။ တစ်နေ့လုံး နိုင်ငံရေး တိုက်ပွဲတွေ နဲ့ နပန်းလုံးလာပြီးနောက် ညနေပိုင်းမှာ အားလုံးကို မေံပျောက်ထားနိုင်ခဲ့လို့ ဖြစ်တယ်။ ကျွန်တော့် မှာ မနာလို ၀န်တို ဖြစ်မယ့် ဇနီးမယားလည်း မရှိဘူး။ နောက်ကနေပြီး ယောကျာ်းကို နားပူနားဆာလုပ်နေမယ့် ရည်မှန်းချက်ကြီးတဲ့ ဇနီးလည်းမရှိဘူး။ နောက်ကနေပြီး ဘယ်သူကဖြင့် ဘာတွေ ဖြစ်နေပြီ၊ ဘယ်လောက်အောင်မြင်နေပြီ ဆိုပြီး နားပူနားဆာလုပ်မယ့် မိန်းမ၊ ကျွန်တော့် အကြောင်း ဘယ်သူက မကောင်းပြောနေတယ်၊ ဘယ်သူကဖြင့် ကျွန်တော့် ကို အပုပ်ချနေတာပဲလို့ လာပြောနေတဲ့ မိန်းမမရှိဘူး။ ဒါဟာ တစ်ကိုယ်တည်းသမားများ မှာ သာ ရှိနိုင်တဲ့ ခွန်အား ဖြစ်တယ်လို့ သူက ပြောခဲ့တယ်။

လက်ထပ်တာဟာ ဘာနဲ့ တူသလဲဆိုရင် မုန်တိုင်းထန်တဲ့ ပင်လယ်ပြင်မှာ လှေရွက်ကြီးကို နှစ် ဆလောက် ကားလာအောင် ဖြန့်လိုက်တာနဲ့ တူတယ်။ အဲဒီ လို ဖြန့်လိုက်တာနဲ့ လူလောက မုန်တိုင်းထဲမှာ ဒီရွက်ဟာ ကျစ်ကျစ်လျစ်လျစ် လိမ်ထားတာထက် ပိုပြီး အန္တရယ်များ လာတော့တာပဲလို့ သူတို့က ပြောလေ့ရှိကြတယ်။

သူတို့ ပြောတာတွေ ဟာလည်း ဟုတ်သလောက်တော့ ဟုတ်ပါတယ်။ ဗရင်ဂျီ သာသနာသည်ပင်လျှင် အမြှော င် စနစ်ထက် လက်ထပ်ထိမ်းမြားတဲ့ စနစ်ကို အားပေးသည့်တိုင် ဗြဟ္မစရိယ အကျင့်ဟာ အမြင့်ဆုံး ဖြစ်တယ်လို့ ဗရင်ဂျီ ဘုန်းတော် ကြီးတွေ က ဒီအတိုင်း ပညတ်ခဲ့တယ် မဟုတ်လား။ နီတိ ကျမ်းဆရာ အသီးသီးကလည်း ဇရာဝါသ သမ္မာဒ္ဓကိစ္စတွေ ကို မရှောင်နိုင်တဲ့ ဒဿနဆရာလောက် အဓိပ္ပာယ်မရှိတဲ့ အရာဆိုလို့ တစ်ခုမှ မရှိဘူးလို့ အကြိမ်ပေါင်းရာထောင်ပြောခဲ့ကြတယ်။ ဒဿနဆရာ၊ မရမတ်ဆရာဟာ သူတို့ကိုယ်တိုင်တော့ အားနည်းချက်၊ ချွတ်ယွင်းချက်တွေ မရှိအောင် ကြိုးစားနိုင်ပေမယ့် သူ့ဇနီးရဲ့ အားနည်းခက်၊ ချွတ်ယွင်းချက်တွေ ကိုတော့ ရှောင်လို့ မရောတောဘူး မဟုတ်လား။ အကယ်၍ ဇနီးက စိတ်ဓာတ်အရ ဥာဏ်ပညာအရည်အချင်းအရ သာသည့်တိုင်အောင်လည်း လင်နဲ့ မယားရယ်လို့ ဖြစ်သွားရင် နှစ် ယောက် စလုံး ညံ့သွားတတ်ကြတယ်လို့ ပြောတတ်ကြတယ်။ လက်ထပ်ထိမ်းမြားရေး ကို ဆန့်ကျင်သူများ က မောင်နှံစုံတို့ရဲ့ ဘ၀ဟာ နှစ် ယောက် အနက် ညံ့တဲ့ တစ်ယောက် ရဲ့ ဓာတ်ကူးစက်သွားပြီး နှစ် ယောက် စလုံးဟာ ခပ်ညံ့ညံ့တွေ ဖြစ်သွားတတ်တယ်လို့ သူတို့က ပြောကြတယ်။

လက်ထပ်ထိမ်းမြားတယ်ဆိုတာ ဘာလဲ။ ယောကျာ်းလေး တစ်ယောက် နဲ့ မိန်းမ တစ်ယောက် တို့ဟာ အသက်ငယ်ငယ်မှာ သူတို့ရဲ့ စိတ်ကူးယဉ်ဘ၀ကို အဆုံးသတ်လိုက်တာ ဖြစ်တယ်။ တစ်နည်းအားဖြင့် နောက်ထပ် စွန့်စားမှု အသစ်တွေ ၊ ရင်ခုန်စရာ အသစ်တွေ ကိုလည် စွန့်လွှတ်လိုက်ကြတဲ့ သဘော ဖြစ်တယ်။ ချစ်သူချင်း ချိန်းတွေ့ ပြီး ယစ်မူးရတဲ့ အရသာကလေးတွေ ကို စွန့်လွှတ်လိုက်ရခြင်း ဖြစ်တယ်။ နောက်ထပ် ချစ်လို့ ခံစားရတဲ့ အံ့သြစရာကောင်းတဲ့ သာယာ ကြည်နူးမှု လေးတွေ ကို စွန့်လွှတ်လိုက်ရခြင်း ဖြစ်တယ်။ သူတို့ရဲ့ အရေး ကြီးတဲ့ အဓိကကျတဲ့ စွမ်းအင်တွေ ကို ဖြတ်တောက်ပစ်လိုက်ရတာ ဖြစ်တယ်။ ဒီလိုနဲ့ သူတို့နှစ် ယောက် ဟာ ဘာမ ရင်ခုန်မှု တွေ မရှိတော့တဲ့ ဘ၀ကြီးထဲကို တစ်သက်လုံး ဆင်းသက်သွားခဲ့ရတာ ဖြစ်တယ်။ ဒီလိုနဲ့ ဘ၀ကို စတင်ဖို့ ပြင်တုန်း ဆင်တုန်းပဲ ဘ၀ဆုံးသွားရတယ်။ ဒီလိုနဲ့ လင်ကိစ္စ၊ မယားကိစ္စ၊ သားသမီးကိစ္စထဲမှာ နစ်မြုပ်သွားပြီး ငြီးငွေ့စရာကောင်းတဲ့ ဘ၀ကြီးထဲမှာ နစ်မွန်းသွားရတော့တယ်။ မျှော်လင့်ချက်တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှု တွေ ကုန်ဆုံးသွားရတော့တယ်။ အောင်မြင်မှု တွေ့ ဖို့အလားအလာတွေ ပိတ်ပင်သွားရတော့တယ်။ အံ့သြစရာတွေ ပျောက်ပျက်ကုန်ဆုံးသွားရတော့တယ်။ နည်းနည်း ကြာလာတော့ အချစ်ဟာလည်း ပျောက်ဆုံးသွားပြီး အိမ်မှု ကိစ္စအတွက် လုံးပန်းရ၊ သားသမီး ပညာရေး အတွက် စိုးရိမ်ရ ဖြစ်လာတယ်။ ဒီလိုနဲ့ လူငယ်ရဲ့ ဘ၀၊ လူငယ်ရဲ့ ပျော်ရွှင်စရာတွေ ကို မခံစားလိုက်ရဘဲ၊ မသိမသာနဲ့ အိုမင်းရင့်ရော် သွားခဲ့ရတယ်။ လက်ထပ်ရင် ပျော်စရာကောင်းမှာ ပဲ ဆိုတဲ့ စိတ်ကူးယဉ် အချစ်ကြောင့် လက်ထပ်ခဲ့ပေမယ့် လက်ထပ်လိုက်တာနဲ့ လက်ထပ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့ စိတ်ကူးယဉ်အချစ်ဟာလည်း ပြိုလဲ ပျက်စီးသွားတော့တယ်။

ဒါတွေ ကတော့ လက်ထပ်ထိမ်းမြားမှု ကို ဆန့်ကျင်သူတွေ ရဲ့ တိုက်ခိုက်မှု ပဲ။ ဒီထိုးနှက်ချက်တွေ ဟာ အားနည်းတဲ့ ထိုးနှက်ချက်တွေ မဟုတ်ဘူး။ ဒါပေမယ့် လက်ထပ်ထိမ်းမြားမှု ကို ဘယ်လိုပဲ တိုက်ခိုက်ကြပေမယ့် လက်ထက်ထိမ်းမြားခြင်း စနစ်ဟာ ပြိုပျက်မသွားဘူ။ ရှိမြဲ ရှိနေသေးတယ်။ ဘာသာရေး အဆော်ကအအုံ၊ စီးပွားရေး အဆောက်အအုံတွေ သာ ပြောင်းသွား ကြပေမယ့် ဒီစနစ် အဆောက်အအုံကြီး ကတော့ နှစ် ပေါင်းထောင်ချီပြီး တည်တံ့နေတယ်။ လက်ထပ်ထိမ်းမြားခြင်း မနစ်ဟာ ပျောက်ကွယ်မသွားတဲ့အပြင် ပိုလို့တောင် ခိုင်မာလာတယ်။

ဘာ ဖြစ်လို့ ဒီလို တည်တံ့နေရသလဲ။ ဒီလို တည်တံ့စေတဲ့ လေးနက်တဲ့၊ လူမှု ရေး အကြောင်းတရားတွေ ဟာ ဘာတွေ လဲ။ အဲဒီ အကြောင်းတရားတွေ ကို ကျွန်တော် တို့ နားလည်အောင် ကြိုးစားကြည့်ချင်တယ်။

သဘာဝ အားဖြင့် လူတွေ ဟာ အတ္တကြီးသူတွေ ဖြစ်တယ်။ ဒါဟာ ရာဇ၀တ်ပြစ်မှု မဟုတ်ပါဘူး။ ဘ၀တည်တံ့ရေး အတွက် ဒီအတိုင်းပဲ ဖြစ်ရမှာ ပေါ့။ လူတွေ ဟာမိမိကိုယ်မိမိ တည်မြဲရေး ဆိုတဲ့ ပကတိစိတ်ကို ပိုင်ဆိုင်ကြတယ်။ စပင်နိုဇာ ပြောသလိုပဲ အဲဒီ ပကတိ စိတ်ဟာ မိမိတို့ဘ၀ ဆက်လက်ရှင်သန်ရေး ကို စေ့ဆော်ပေးတယ်။ မိမိလို ဘ၀တူ လူသားများ ကို အရင်းပြုရသည့်တိုင် မိမိတို့ရဲ့ လုံခြုံမှု ၊ အစားအစာ၊ အကာအကွယ်တို့ကို ရအောင် ကြိုးစားတတ်တယ်။ ဒါပေမယ့် လူမှာ ဒီပကတိစိတ် တစ်ခုတည်းသာရှိရင် လူ့အဖွဲ့အစည်းကို ထူထောင်နိုင်မှာ မဟုတ်ဘူး။ ဆက်လက် တည်မြဲအောင်လည်း လုပ်နိုင်မှာ မဟုတ်ဘူး။ ဒီအတိုင်းဆိုရင် လူဟာ မိမိ အမျိုးအနွယ်ကြီး အဖို့ လူရိုင်း ဖြစ်ပြီး အန္တရာယ်ကြီးတဲ့ တိရစ္ဆာန်ကြီး တစ်ကောင်ပဲ ဖြစ်နေမှာ ပေါ့။ ရှေးဟောင်းယဉ်ကျေးမှု ခေတ်တွေ တုန်းက လူ့ဘ၀ တည်မြဲရေး ဆိုတဲ့ ကကတိစိတ်ဟာ အလားတူ တန်ခိုးသြဇာကြီးတဲ့၊ အခြားသော ပကတိစိတ် တစ်ခုကို အရှုံးပေးခဲ့ရတယ်။ အဲဒါ ကတော့ အစုအသင်းစိတ်ပဲ။ ၀ံပုလွေတတွေ ၊ မျောက်ဝံတွေ လိုပဲ ရှေးဦး လူသားဟာလည်း အစုအသင်းနဲ့ နေတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သူတို့ဟာ မိမိကိုယ်ကို တစ်ဦးတည်း ကာကွယ်နိုင်ခြင်း မရှိလို့ပဲ။ အသင်းစာ ဒီဦးစားပေးမှု ကို တစ်ဦးချင်း ပုဂ္ဂိုလ်ထံက ရဖို့ပဲ လိုတယ်။ ရလည်း ရခဲ့တယ်။ ၀ံပုလွေနဲ့ လူသားဟာလည်း အစုအသင်းအတွက် မိမိရဲ့ အသက်ကို စွန့်လွှတ်ခဲ့ကြရတယ်။ ဒီမှာ တင် မိမိကိုယ်ကို မိမိ ထိန်းသိမ်းရေး ဆိုတဲ့ ပကတိစိတ်ဟာ ပေါ်ပေါက်လာရတယ်။ ဒီလို မပေါ်ပေါက်ခဲ့ရင် ဒီလို အစုအသင်းကို တခြားအစုအင်းက အောင်နိုင်သွားတော့မှာ ပဲ။ ဒီလိုသာ အောင်နိုင်သွားရင် အဲဒီ အစုအသင်းဟာလည်း ပျက်စီး ပျောက်ကွယ်သွားရတော့မှာ ပေါ့။

ဒါပေမယ့် ဘ၀ရဲ့ အန္တရယ်များ ပျောက်ကွယ် လျော့ပါးသွားတဲ့အခါ အစားအစာကို ရှာဖွေရာမှာ အန္တရယ် နည်းပါးလာပြီး သားရဲတိရစ္ဆာန်များ ဟာ တောကြီး မျက်မည်းထဲမှာ နေတဲ့အခါ၊ နယ်နမိတ်များ ကို အနည်းနဲ့ အများ လေးစားလာကြတဲ့ အခါမှာ အစုအသင်း စိတ်ဓာတ်ဟာ ပျောက်ကွယ်သွားတတ်ပြီး တစ်ဦးချင်းစိတ်၊ အတ္တစိတ် ၀င်ရောက်လာတတ်တယ်။ ဒါပေမယ့် အဲဒီ အတ္တစိတ်ကို နည်းနိုင်သမျှ နည်းအောင် လုပ်ကြရလိမ့်မယ်။ ဒီလိုမှ နည်းပါးအောင် မလုပ်နိုင်ခဲ့ရင် လူ့အဖွဲ့အစည်းကြီးဟာ မတည်တံ့နိုင်ဘူး။ ဒီအတိုင်းဆိုရင် ပစ္စည်းဥစ္စာကို ခွဲဝေပိုင်ဆိုင်မှု ရယ်လို့လည်း မရှိတော့ဘူး။ အင်အားကိုလည်း အသနား ညှာတာကင်းမဲ့စွာ သုံးလာလိမ့်မယ်။ အဲဒီ အခါမှာ အားနည်းသူများ ဟာ ကျေးကျွန်များ ဖြစ်သွားရတော့တယ်။

ဒါဖြင့် ရင် အဲဒီ အတ္တစိတ်ကို ဘယ်လို ထိန်းချုပ်ကြမလဲ။

တစ်ကိုယ်ကောင်းစိတ်ကို အလားတူ အင်အားကောင်းတဲ့ ပကတိစိတ်တွေ နဲ့ အတိုက်အခံ ဖြစ်စေခြင်းအားဖြင့် သာလျှင် တစ်ကိုယ်ကောင်းစိတ်ကို ထိန်းချုပ်တယ်။ တစ်ကိုယ်ကောင်းစိတ်လို အားကြီးတဲ့ ပကတိစိတ်ဆိုလို့ နှစ် မျိုးပဲ ရှိတယ်။ တစ်မျိုး ကတော့ ဖို-မ ဆက်ဆံရေး စိတ် ဖြစ်ပြီး နောက်တစ်မျိုး ကတော့ မိခင်စိတ် ဖြစ်တယ်။

အလွန်ရိုင်းစိုင်းတဲ့ တရစ္ဆာန်များ မှာ ပင်လျှင် ချစ်တင်းနှီးနှောချိန်နဲ့ သားဖွားချိန်များ မှာ ကြမ်းကြုပ်တဲ့ ပကတိစိတ်ဟာ ပျောက်ကွယ်သွားပြီး ယုယ ကြင်နာစိတ်ပေါ်ပေါက်လာတတ်တယ်။ ဒါပေမယ့် အတ္တစိတ် ချုပ်ငြိမ်း ရပ်စဲသွားတဲ့အချိန်ဟာ အလွန်တိုတောင်းပါတယ်။ ပျောက်ကွယ်ဖို့ လိုအပ်တဲ့ အချိန်ကလေးထက် ဘာမှ မကြာပါဘူး။ ခဏလေးပါပဲ။ ဖို-မ စိတ်ဆန္ဒပြည့်ဝသွားတာနဲ့ ၊ ကလေးတွေ ကြီးပြင်းလာတာနဲ့ တစ်ပြိုင်နက် မိသားစု အသင်းအပင်းကလေးဟာ ပြိုကွဲပျောက်ကွယ်သွားတတ်တယ်။ အုပ်စုဝင် အချင်းချင်းကြားမှာ ရက်စက် ကြမ်းကြုတ်မှု ဟာ ပြန်ပေါ်လာတယ်။ တိုက်ခိုက်မှု ဟာ ပြန်ပေါ်လာတယ်။

ဒါပေမယ့် ရက်စက်ကြမ်းကြုတ်ပြီး အတ္တကြီးတဲ့ လူသားတွေ ကို ခိုင်ခန့်ကြာရှည်တဲ့ လူမှု အသင်းအဖွဲ့အစည်းများ အ ဖြစ် ပြန်လည် စူစည်းမှု ဟာ တန်ခိုး ပြာဋိဟာနဲ့ လုပ်လိုက်သလို ပြန်လည် ပေါ်ပေါက်လာတယ်။

ဘယ်လို ပြန်လည် ပေါ်ပေါက် လာခဲ့ပါသလဲ။

လူမှု ကလာပ်စည်းကလေးများ သို့မဟုတ် မိသားစုကလေးများ ဆိုတဲ့ အသင်းအဖွဲ့ကလေး ပေါ်ပေါက်လာတဲ့ ဖြစ်စဉ်ထဲမှာ ပြန်လည် ပေါ်ထွက်လာခြင်း ဖြစ်တယ်။ အဲဒီ မိသားစုအတွင်းမှာ ကိုယ်ကျိုးမကြည်တဲ့ စိတ်ဟာ ပြန်လည် ပေါ်ပေါက်လာခဲ့တယ်။ ဘာ ဖြစ်လို့လဲဆိုတော့ အဲဒီ ဖြစ်စဉ်အတွင်းမှာ ဖို-မ ဆန္ဒနဲ့ မိခင်စိတ်တို့ အတူပါလာလို့ ဖြစ်တယ်။

ဒါပေမယ့် ဖို-မ စိတ်ဆိုတာဟာ ပြောင်းလဲတတ်တဲ့သဘော ရှိတယ်။ တစ်ဦးကို တပ်မက်ရာက အခြားတစ်ဦးကို တပ်မက်ပြီး ပြောင်းသွား တတ်တဲ့အတွက် ဖို-မ စိတ်အပေါ် မူတည်ပြီး လူမှု ကလာပ်စည်း သို့မဟုတ် မိသားစုကို ဘယ်လို တည်ဆောက်မလဲလို့ မေးစရာ ရှိတယ်။

ဖို-မ စိတ်ဆိုတဲ့ ပကတိစိတ် တစ်ခုကို မိသားစုဆိုတဲ့ အဆောက်အအုံ စနစ်ကြီးတစ်ခု ဖြစ်လာအောင် ဘယ်လို လုပ်မလဲလို့ မေးစရာ ရှိတယ်။ တည်မြဲ ခိုင်ခန့်တဲ့ လက်ထပ်ထိမ်းမြားရေး စနစ်ရယ်လို့ မပေါ်သေးခင်က တစ်နေရာမှ တစ်နေရာကို လှည့်လည်သွားလာနေတဲ့ လူသားမျိုးနွယ်များ ဟာ တော် တော် ထိုးထွင်းဥာဏ် ကောင်းတယ်လို့ ဆိုရမယ်။ ဘာ ဖြစ်လို့လဲဆိုတော့ သွေးသားဆန္ဒကို ဖြည့်စွမ်းချိန်မှာ သူတို့ တစ်ယောက် နဲ့ တစ်ယောက် တွယ်တာမှု ရှိပါ့မယ်လို့ သစ္စာကျိန်ဆိုခဲ့ဖို့ လိုတယ်ဆိုတာကို သဘောပေါက်ခဲ့ကြလို့ ဖြစ်တယ်။ ပထမဆုံး ပေါ်ပေါက်လာတဲ့ လက်ထပ်ထိမ်းမြားရေး ထုံးစံတွေ ကတော့ခုလို မဟုတ်သေးဘူးပေါ့။ အဲဒီ တုန်း ကတော့ အမိအုပ်စိုးတဲ့ ခေတ်ပေါ့။ မယား အများ အပြား ယူတဲ့လူ့အဖွဲ့အစည်း၊ လင်အများ အပြားယူတဲ့ အဖွဲ့အစည်းတွေ ဖြစ်ခဲ့ကြတယ်ပေါ့။ ကာလရွေ့လျားလာတဲ့အခါမှာ တော့ အဲဒီ ထုံးစံ ဓလေ့တွေ ဟာ မှေးမှိန်ပြီး ယောကျာ်းနဲ့ မိန်းမကြားမှာ တစ်ဦးပေါ် တစ်ဦး သစ္စာရှိပါ့မယ်ဆိုတဲ့ ပဋိညာဉ်ပြုတဲ့ ထုံးတမ်းဓလေ့ ပေါ်ပေါက်လာခဲ့တယ်။ အဲဒီ ပဋိညာဉ် ထဲမှာ သူတို့နှစ် ယောက် ဘယ်ရွေ့ဘယ်မျှကြာအောင် ပေါင်းသင်း ကြမယ်။ မိန်းမကို အခြားသော ယောကျာ်းများ ရဲ့ ရန်မှ ဘယ်လို ကာကွယ်စောင့်ရှောက်မယ်၊ ကလေးများ နှင့် သက်ကြီးရွယ်အို များ ကို ဘယ်လို စောင့်ရှောက်မယ်၊ နောက်ဆုံးအားဖြင့် လင်နဲ့ မယားကို ဗဟိုပြုတဲ့ လူမှု ကလာပ်စည်းကလေး တစ်ခုကို ဘယ်လို ထူထောင်မယ်ဆိုတာတွေ နဲ့ ပတ်သတ်လို့ တစ်ဦးနဲ့ တစ်ဦး ကတိက၀တ် ပြုကြတယ်။

ဘားနဒ်ရှောရဲ့ ပြဇာတ်ထဲက ဇတ်ဆောင် ဖြစ်တဲ့ ဒွန်ဝှန်း ကတော့ သူဟာ လူမှု ကလာပ်စည်း (မိသားစု) တွေ ဘာတွေ ကို အလေးမထားနိုင်ဘူးလို့ ကန့်ကွက်ကြောင်း ကန့်ကွက်ပါတယ်။ လူ့ဘ၀ဆိုတာ အာသာဆန္ဒတွေ ၊ ပျော်ရွှင်မှု တွေ ကို အမြဲတစေ အဆက်မပြတ် ဖြစ်အောင် လုပ်ရတဲ့ နေရာ ဖြစ်တယ်လို့ ပြောကောင်းပြောလိမ့်မယ်။ ဒါပေမယ့် သူပြောသလို တစ်ယောက် ပြီး တစ်ယောက် လွတ်လပ်စွာ အပြောင်းအလဲ လုပ်တာနဲ့ လောကကြီးမှာ ပျော်စရာ ကောင်းရောလား။ တစ်ယောက် ပြီး တစ်ယောက် လွတ်လပ်စွာ ပြောင်းချစ်နေတာ၊ လွတ်လပ်စွာ ပြောင်းပြီး ယူနေတာ ပျော်ရွှင်မှု လို့ ခေါ်သလား။ မဟုတ်ပါဘူး။ အိမ်ထောင်မှု ကို ခက်ခဲစေတဲ့ ပြဿနားများ (ရန် ဖြစ်ရတာ ၊ မနာလို ၀န်တို ဖြစ်ရတာ ၊ ငြီးငွေ့တာ၊ တစ်ယောက် နဲ့ တစ်ယောက် အကြိုက်ချင်း ကွဲပြားတာ စသည်တို့) ဟာ အခြားသော ကိစ္စများ မှာ လည်း ရှိတတ်ကြတာပါပဲ။

လွတ်လပ်သော အချစ်လို့ ခေါ်နေတဲ့ အရာဟာ တကယ်တော့ မလွတ်လပ်ပါဘူး။ လစ်ဇ်နဲ့ မဒမ် ဒါဂိုးတို့ရဲ့ အ ဖြစ်ကို ကြည့်ပါ။ ‘အင်နာကရီးနီးနား’ ကို ပြန်ဖတ်ပါ။ အင်နာနဲ့ ဗရွန်စကီးတို့ ခိုးထွက်ပြေးတဲ့ အကြောင်းကို ရေး ထားတဲ့ စာပိုဒ်ကို ပြန်ဖတ်ကြည့်ပါ။ အင်နာက ဗရွန်းစကီးကို သိပ်ချစ်တယ်။ မခွဲနိုင်မခွာရက် ဖြစ်တယ်။ ဒီတော့ ဗရွန်စကီး ထင်တာက သူတို့နှစ် ဦးရဲ့ အချစ်၊ သူတို့နှစ် ဦးရဲ့ ပေါင်းစပ်မှု ဟာ လက်ထပ်ထိမ်းမြားထားတဲ့သူ နှစ် ဦးထက် ခိုင်မြဲတယ်လို့ ထင်တယ်။ သူ့အ ဖြစ်ဟာလည်း တရားဝင် လက်ထက်ထားတဲ့ ယောကျာ်း တစ်ယောက် ထက်တောင် ခိုင်မြဲတယ်လို့ ထင်တယ်။ လက်ထပ်ထားတဲ့ ဇနီးမောင်နှံအတွက် စကားလုံးတွေ ၊ အပြုအမူတွေ ၊ လှုပ်ရှားမှု တွေ ဟာ သိပ်အရေး မကြီးလှပေမယ့် တရားဥပဒေအရ လက်ထပ်ထိမ်းမြားခြင်း မရှိတဲ့ သူတို့နှစ် ယောက် အဖို့မှာ တော့ သိပ်ကို အရေး ကြီးနေတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ တစ်ဦးကို တစ်ဦး စိကုန်ခမ်းသွားကြပြီလား ဆိုတဲ့ မေးခွန်းဟာ သူတို့နှစ် ဦးကို အမြဲခြောက်လှန့်နေလို့ ဖြစ်တယ်။ ဒီခြောက်လှန့်မှု ကို ပပျောက်အောင် လုပ်နိုင်တဲ့ အရာဆိုလို့ ရက်စက်စိမ်းကားမှု ပဲ ရှိတော့တယ်။ ဗရွန်စကီးနဲ့ ဘိုင်ရွန်တို့ဟာ ဒီလို ရက်စက်စိမ်းကားနိုင်ခဲ့ရင်တော့ စောစောက ပြောခဲ့သလို အချစ်တွေ ကုန်ခမ်းသွားတော့မှာ လားလို့ တွေးပြီး စိုးရိမ်စရာ မလိုတော့ဘူးပေါ့။ ဒါပေမယ့် ဘိုင်ရွန်ဟာ ရက်စက်စိမ်းကားခြင်း မပြုနိုင်ခဲ့ပါဘူး။ သူဟာ သူ့ချစ်သူရဲ့ အလိုကို လိုက်ပြီး သူမတိုကချင်ဘဲနဲ့ တူရကီတွေ ကို သွားပြီး တိုက်ခဲ့ရတယ်။ ဘိုင်ရွန်ဟာ မိန်းမ တစ်ယောက် ကို လက်ထပ်ယူရမှာ ကို ၀န်လေးတယ်။ ခက်ခဲတယ်။ ဒါပေမယ့် လူ့အဖွဲ့အစည်းနဲ့ သူနဲ့ ၊ သူ့ပတ်ဝန်းကျင်နဲ့ သူနဲ့ သဟဇာတ ဖြစ်ချင်တယ်။ အထူးသဖြင့် ကွာရှင်းမှု ကို ခွင့်မပြုတဲ့ နိုင်ငံများ မှာ (ဗရင်ဂျီ ဘာသာဝင်များ အကြားမှာ ) ယောကျာ်းနဲ့ မိန်းမဟာ တရားဥပဒေ ထုံးတမ်းစဉ်လာတွေ မပါပဲ အကြင်လင်မယားအ ဖြစ် နေကြတယ်ဆိုတာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလို လက်မထပ်ဘဲ အတူတကွ နေရုံ နေကြတဲ့အတွက် ပေါ်ပေါက်လာရတဲ့ ခံစားချက်တွေ ကိုတော့ အလွဲမသွေ တွေ့ ကြရမှာ ပဲ။

ဒီအချက်ကိုကြည့်ရင် လက်ထပ်ထိမ်းမြားခြင်းဟာ ယောကျာ်းနဲ့ မိန်းမတို့ အကြားမှာ အကောင်းဆုံးသော ဆက်ဆံမှု များ ကို ဖြစ်ပေါ်စေဖို့ အကောင်းဆုံး အခွင့်အရေး ဖြစ်တယ်ဆိုတာ ဒွန်ဝှန်းရော၊ သူ့ရည်းစားပါ သဘောပေါက်တယ်ဆိုတာကို တွေ့ နိုင်တယ်။ လူမှု ရေး ဆက်သွယ် ချည်နှောင်မှု ဟာ အချစ်ကို အတားအဆီး မ ဖြစ်စေတဲ့အပြင် အချစ်ကို ပိုပြီး ခိုင်မာစေတယ်။

ဘယ်အချစ်ရေး ကိစ္စကိုပဲ ကြည့်ကြည့် အစမှာ မိန်းမနဲ့ ယောကျာ်းဟာ သွေးသားဆန္ဒရဲ့ လှုံ့ဆော်မှု ကြောင့် တစ်ယောက် ကို တစ်ယောက် စုံမက် မြတ်နိုးလာခဲ့ကြတာ ချည်းပဲ။ တစ်ယောက် ကို တစ်ယောက် သိရှိ နားလည်ခဲ့ကြတာ ချည်းပဲ။ တကယ်လို့သာ သူတို့ နှစ် သီးဟာ လက်ထပ်ထိမ်းမြားခြင်း မပြုခဲ့ရင် သဘောကွဲစရာကလေး တစ်ချက်ပေါ်လာတာနဲ့ သူတို့နှစ် ဦးဟာ ချက်ချင်း ခွဲပြဲသွာြး ကတော့မှာ သေချာတယ်။ လင်မယား ကွာရှင်းရေး ကို လွယ်ကူအောင် လုပ်ထားရင် ထစ်ကနဲ ရှိတာနဲ့ ကွာပစ်ကုန်ကြမှာ ပဲ။ ပြီးတော့ တစ်ယောက် ယောက် က အကြီးအကျယ် နာမကျန်း ဖြစ်လာရင်လည်း ကျန်တဲ့သူက စိတ်ကုန်ခမ်းပြီး သူတို့နှစ် ယောက် ရဲ့ အချစ်ရေး ဟာ ပြိုကွဲသွာြး ကတော့မှာ ပဲ။ ဒါပေမယ့် လက်ထပ်ထိမ်းမြားထားတဲ့ ဇနီးမောင်နှံတွေ မှာ တော့ ဒီလို မ ဖြစ်နိုင်ဘူး။ နာမကျန်း ဖြစ်တဲ့ အတွက်ကြောင့် ပင်လျှင် တစ်ယောက် ကို တစ်ယောက် ကြင်နာယုယပြီး သစ္စာရှိရှိ ပြုစုပေးဖို့ အခွင့်အလမ်း ရှိတယ်။ ဒီနည်းအားဖြင့် သူ့တို့ဆက်ဆံရေး ဟာ ပိုမိုခိုင်မြဲလာနိုင်တယ်။ တရားမ၀င် နေထိုင်ကြတဲ့ အတွဲ များ မှာ ဇရာအရွယ်ရောက်လာရင် ကြာကြာ မနေနိုင်ကြဘူး။ ဒါပေမယ့် လက်ထပ်ထားတဲ့ ဇနီးမောင်နှံများ မှာ တော့ အသက်ကြီးလာလေလေ သံယောဇဉ် နှောင်ကြိုးဟာ ပိုပြီး ခိုင်မာလာလေလေ ဖြစ်တယ်။ ကာလ ကြာမြင့်လေ သံယောဇဉ် နှောင်ကြိုးဟာ ပိုပြီး ခိုင်မာလာလေလေ ဖြစ်တယ်။ အိမ်ထောင်ပြုခြင်း၊ လက်ထပ်ခြင်းဟာ ကာလာကြာမြင့်လေ ခိုင်မာလာလေ ဖြစ်တဲ့ တစ်ခုတည်းသော နှောင်ကြိုး ဖြစ်တယ်။

လက်ထပ်ထိမ်းမြားခြင်းဟာ မိန်းမနဲ့ ယောကျာ်းအကြားမှာ ကြင်နာမှု နဲ့ နားလည်မှု ကို ရရှိစေဖို့ အတွက် အကောင်းဆုံးသော ဆက်သွယ်မှု ပုံသဏ္ဍာန်လည်း ဖြစ်တယ်။ ယောကျာ်းက မိန်းမ တစ်ယောက် ရဲ့ ထံမှ ရရှိတဲ့ ကျယ်ပြန်တဲ့ အသိ၊ မိန်းမ တစ်ယောက် ထံမှ ရရှိတဲ့ ရင်းနှီးမှု ကြောင့် ယေဘုယျ ‘မ’ လောကကြီး တစ်ခုလုံူးရဲ့ အကြောင်းကို ပိုမို နားလည်သွားပြီး ဘ၀ရဲ့ အကြောင်းကို ပိုမိုပီပြင်စွာ သိနားလည်နိုင်တယ်။ ဘ၀ကို ကျိုးကြောင်း ညီညွတ်တဲ့ အမြင်နဲ့ ကြည့်နိုင်တယ်။ လူပျို တစ်ယောက် ဟာ လူမှု ဆန့်ကျင်ရေး သတ္တ၀ါ တစ်ယောက် ဖြစ်တယ်။ လူပျိုရဲက လွတ်လပ်မှု ဆိုတာလည်း မင်းမဲ့ဆန်တဲ့ လွတ်လပ်မှု သာ ဖြစ်တယ်။ အိမ်ထောင်မရှိတဲ့ လူပျိုကြီး၊ အပျိုများ ဟာ သူတို့အကြောင်းလောက်ပိုပဲ သူတို့ စိတ်ဝင်စားကြပြီး သူတို့ ကိုယ်ကျိုးလောက်ကိုပဲကြည့်ကြတယ်။ ဒီနည်းအားဖြင့် သူတို့ဟာ ခပ်ကြောင်ကြောင်တွေ ဖြစ်နေပြီး စိတ်ထားဟန်ချက်ညီမှု ကို မထိန်းနိုင်သူများ ဖြစ်ကြတယ်။ လူပျို လူလွတ်ကြီးတွေ ဖြစ်ကြတဲ့၊ ထင်ရှားကြီးကျယ်တဲ့ အနုပညာရှင်များ ဖြစ်ကြတဲ့ ဘားလ်ဇက်၊ စတင်ဒယ်၊ ဖလောဘေး၊ ပရုစ်တို့ဟာ စိတ်ထား တည်ငြိမ်သူများ ဖြစ်ကောင်း ဖြစ်မယ်။ ခပ်ကြောင်ကြောင်ဘူ ဟုတ်ချင်မှ ဟုတ်မယ်။ ဒါပေမယ့် တစ်ကိုယ်ရေ လူပျိုဘ၀နဲ့ နေထိုင်ခြင်းဟာ သာမန်လူ တစ်ယောက် အတွက်တော့ မသင့်လျော်ဘဲ အန္တရာယ် ဖြစ်စေနိုင်တယ်။ အချို့သော ယောကျာ်းမိန်းမများ ဟာ တစ်ယောက် တည်းကိုပဲ လက်ထပ်ယူခြင်း မပြုပဲ အပျော်အပါး လိုက်စားခြင်းဖြင့် ပျော်ရွှင်မှု ကို ရနိုင်တယ်လို့ ယူဆပြီး အဲဒီ ပျော်ရွှင်မှု ကို လိုက်ရှာဖို့ ကြိုးစားခဲ့ကြဖူးတယ်။ ဟဲမင်းဝေးနဲ့ အဲလက်စ်ဟက်စလေတို့ဟာ အဲဒီ လိုမျိုး အမျိုးသား၊ အမျိုးသမီးတွေ ရဲ အကြောင်းကို ၀တ္ထုရေး ခဲ့ဖူးကြတယ်။ ဒါပေမယ့် အံ့သြစရာကောင်းတာက သူတို့ရဲ့ ဘ၀ဟာ ပျော်စရာကောင်းမယ့်အစား ပျော်စရာ မကောင်းဘဲ စိတ်ညစ်ညူးခြင်း၊ ညီးငွေ့ခြင်း စတဲ့ ပြောင်းပြန်အရာတွေ ကို တွေ့ နေရတဲ့ အချက်ပဲ။ ဟဲမင်းဝေရဲ့ ‘နေမင်းသည်လည်း ထွက်မြဲ ထွက်နေသည်’ ဆိုတဲ့ ၀တ္ထုထဲက လေဒီဘရက်နဲ့ ၊ ဟက်စလေရဲ့ ‘ပွိုင့် ကောင်တာပွိုင့်’ ၀တ္ထုထဲက လူစီ တင်တေးမောင့်တို့ကိုပဲ ကြည့်ပါ။ လောကမှာ သူတို့ဘ၀လောက် စိတ်ညစ်ညူးစရာကောင်းတဲ့ ဘ၀မျိုးရှိမှ ရှိသေးပါဦးမလား လို့တောင် ထင်ရပါတယ်။ အပျော်အပါး လိုက်စားသူဟာ မိမိရဲ့ သွေးသားတောင့်တမှု ကို စိတ်ညစ်တာကို ဖြေဖျောက်ဖို့ နည်းလမ်းတစ်ခု ဖြစ်တယ်လို့ သဘောမထားဘူး။ မိန်းမတွေ ၊ သို့မဟုတ် ယောကျာ်းတွေ ထည်လဲနဲက မိမိရဲ့ သွေးသား တောင့်တမှု ကို ဖြေဖျောက်ပေးနေသူ တစ်ယောက် ဟာ သူ့ရဲ့ စိတ်ပျက်ညှိုးငယ်မှု ကို ယာယီအားဖြင့် ဖြေဖျောက်ပေး သလိုပေါ့။ ဒါပေမယ့် သူ့မှာ တကယ် ပျော်ရွှင်မှု ရယ်လို့ မရနိုင်တော့ပါဘူး။ ဘ၀မှာ ရမ်းရမ်းကားကား နေသူတို့ ကြုံတွေ့ နေရတဲ့ လူ့ဘ၀ရဲ့ ကြောက်စရာကောင်းပုံနဲ့ သေခြင်းတရားရဲ့ ကြောက်စရာကောင်းပုံတို့ကိုသာ သူမြင်နေမှာ ပဲ။ ဆယ့်ရှစ်ရာစု နှစ် တုန်းက ရှိခဲ့ကြတဲ့ ကာမဂုဏ်ကြူးသူများ ဟာ သူတို့ရဲ့ ကာမရမ္မက်ကို လွန်စွာ ငြီးငွေ့ခဲ့ကြတဲ့အတွက် အဲဒီ တုန်းက ခေတ်စားခဲ့တဲ့ စိတ်ကူးယဉ် ၀တ္ထုတစ်ပုဒ် ဖြစ်တဲ့ ‘ ဟယ်လင်မင်းသမီး ’ ၀တ္ထုကို နှစ် နှစ် ခြိုက်ခြိုက် ဖတ်ခဲ့ကြတယ်။

ရည်းစားတွေ တစ်ယောက် ပြီး တစ်ယောက် ထား၊ မယားတွေ တစ်ယောက် ပြီး တစ်ယောက် ယူတာဟာလည်း စိတ်ညစ်ညူး ငြီးငွေ့နေတဲ့ ပြဿနာကို ဖြေရှင်းမပေးနိုင်တဲ့ အပြင် ပိုလို့တောင် ရှုပ်ထွေးလာစေပါတယ်။ လင် တစ်ယောက် နဲ့ အတူတကွ နေထိုင်ဖို့ဆိုတဲ့ ကိစ္စဟာ လွယ်တဲ့ ကိစ္စမဟုတ်ပါဘူး။ ရည်းစား တစ်ယောက် နဲ့ အတူနေထိုင်ဖို့ ဆိုတာ ကတော့ သာလို့တောင် မလွယ်ပါသေးတယ်။ ဒီလို လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ အတူတကွ ပေါင်းဖော်နေထိုင်ခြင်းဟာ အသက်ကြီးလာတဲ့အခါမှာ ဇရာကို တစ်ယောက် တည်း ရင်ဆိုင်ရတော့တာပါပဲ။ သားသမီးရယ်လို့ ရလာရင်လည်း အဲဒီ သားသမီးတွေ ရဲ့ ပျော်ရွှင်မှု ကို ပျက်စီးစေလိမ့်မယ်။ သမိုင်းကို ပြည်ကြည့်ရင် လင်မယား အများ အပြားယူတဲ့ စနစ်ပေါ်မှာ အခြေခံထားတဲ့ ယဉ်ကျေးမှု ကြီးများ ဟာ ပျောက်ကွယ်သွားပြီး တစ်လင်တစ်မယား စနစ်ပေါ်မှာ အခြေခံတဲ့ ယဉ်ကျေးမှု ကြီးများ ကသာ အောင်နိုင် လွှမ်းမိုးသွားကြပါတယ်။ မယားအများ ယူတဲ့စနစ်ဟာ ကျွန်တော် တို့ ခေတ်သစ် အမျိုးသမီးများ ရဲ့ အကြိုက် စရိုက်နဲ့ လည်း မညီ၊ လိုအပ်ချက်နဲ့ လည်း မကိုက်တဲ့ အရာ ဖြစ်ပါတယ်။

* * * * *


ဝန်ဇင်းချစ်သူများ မြသန်းတင့် ၏ “ ဘဝနနည်း အနုပညာ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကြာညိုနံ့သင်းသော ရေဝတီမ

မိန်းမတို့အကြောင်း

ရှားလော့ဟုမ်း၏ နောက်ဆုံးဦးညွှတ်ခြင်း