အခန်း (၁)
ရှားလော့ဟုမ်း ၀တ္တုများ တွင် စုံထောက် ရှားလော့ဟုမ်း ပြီးသည့်နောက်အရေး ကြီးသည့် ဇာက်ဆောင်မှာ ဒေါက်တာ ၀ပ်ဆင် ဖြစ်လေသည်။ရှားလော့ဟုမ်း လိုက်ခဲ့သည့် အမှုများ ကို မှတ်တမ်းတင်သူမှာ ဒေါက်တာဝပ်ဆင် ဖြစ်လေရာ ဒေါက်တာ ၀ပ်ဆင် မရှိလျှင် ရှားလော့ဟုမ်း လည်းမရှိနိုင် ဟူ၍ ပင် ပြောနိုင်လေသည်။
စာရေး ဆရာ ဆာ အာသာ ကိုနင်ဒွိုင်းလ်၏ ဖော်ပြချက် အရဒေါက်တာ ၀ပ်ဆင်သည် လန်ဒန် တက္ကသိုလ်မှ ဆေးပညာ ဒေါက်တာဘွဲကို ရခဲ့ပြီးနောက် စစ်တပ်ထဲသို့ ၀င်ခဲ့သည်။ စစ်တပ် ဆရာဝန် အ ဖြစ်အိန္ဒိယ တပ်မတော် တွင် ၀င်ရောက် အမှုထမ်းနေစဉ် အာဖဂန် စစ်မြေပြင်
သို့ရောက်သွားခဲ့သည်။ အာဖဂန်စစ်မြေပြင်တွင် ဒဏ်ရာ ရလာခဲ့သည့် အခါ ဒေါက်တာဝပ်ဆင်သည် တပ်မှ ပင်စင်ဖြင့် ပြန်လာခဲ့ပြီး လန်ဒန်မြို့တွင် ဆေးခန်းကလေး တစ်ခန်း ဖွင့်၍ ဆေးကုသားခြင်းဖြင့် အသက်မွေးမည် ပြုသည်။ သို့ရှိနေစဉ် မိတ်ဆွေ တစ်ယောက် ဖြစ်သည့် စတင်းဖို့၏ ဆက်သွယ်ပေးချက် အရ ရှားလော့ဟုမ်းနှင့် တွေ့ ပြီး ဘေကာလမ်း၊၂၂၁ ဘီတွင် အခန်း စပ်တူ ငှား၍ နေကြသည်။ ဒေါက်တာဝပ်ဆင်သည်ရှားလော့ဟုမ်းနှင့် အတူ ဘေကာလမ်း တိုက်ခန်းတွင် အတူ နေထိုင်ခဲ့ပြီးနောက် အိမ်ထောင် ကျသွားခဲ့သည်။
“ စိတ်ကောင်း သဘောကောင်း ရှိသည့် ကျွန်ုပ်၏ မိတ်ဆွေကြီး
ဒေါက်တာ ၀ပ်ဆင်မှာ ကျွန်ုပ်ကို စွန့်ပစ်ကာ သူ့မိန်းမ နောက်သို့ကောက်ကောက်ပါအောင် လိုက်သွားခဲ့လေပြီ။ ဤသည်မှာ ကျွန်ုပ်နှင့် နှစ် ရှည် လများ ပေါင်းသင်းလာသည့် အတောအတွင်း ၀ပ်ဆင်၏ တစ်ခုတည်းသော ကိုယ်ကျိုးကြည့်မှုဟုပင် ဆိုချင်ပါသည်။ ယခုကား ကျွန်ုပ် တစ်ယောက် တည်း ကျန်ရစ်ခဲ့လေပြီ။” ဟု ရှားလောဟုမ်း ကိုယ်တိုင် ရေး သည့် ဟန်ဖြင့် တင်ပြသော The Blanched Soldier ၀တ္ထုတွင် ကိုနင်ဒွိုင်းလ်က ရေး ခဲ့သည်။
A Study in Scarler ၀တ္ထုတွင် ဆာ အာသာ ကိုနင်ဒွိုင်းလ်က ဒေါက်တာ ၀ပ်ဆင်၏ ဇနီး အကြောင်းကို အတော် အတန် ပြည့်စုံစွာ ဖော်ပြထားသည်ကို တွေ့ ရသည်။ ဒေါက်တာ ၀ပ်ဆင်သည် မေရီ မော်စတန်နှင့် ၁၈၈၈ ခုနှစ် တွေ့ ခဲ့ကြသည်။ ထိုအချိန်၌ မေရီ မော်စတန်မှာ အသက် ၂၇ နှစ် ရှိလေပြီ။ မေရီ မော်စတန်သည် အိန္ဒိယ တပ်မတော် ဗိုလ်ကြီး တစ်ဦး၏ သမီး ဖြစ်၍ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်ခဲ့ကြသည်။ မေရီ မော်စတန်သည် အက်ဒင်ဘာရာတွင် ပညာ သင်ကြားခဲ့ပြီးနောက် မစ္စက် စီစီ ဖောရက်စတား ဆိုသူ အမျိုးသမီးကြီး တစ်ယောက် ၏ အိမ်တွင် ကလေးများ ကို အုပ်ထိန်းသူ စာပြ ဆရာမ လုပ်ခဲ့သည်။၁၈၈၉ ခုနှစ် တွင် ဒေါက်တာ ၀ပ်ဆင်နှင့် လက်ထပ်ခဲ့သည်။သူနှင့် လက်မထပ်မီ ကလေးတွင် ဒေါက်တာ ၀ပ်ဆင်သည် ပက်ဒင်တန် ဘူတာအနီးတွင် ဆေးခန်းကလေး တစ်ခန်းကို ဒေါက်တာ ဖာကူးဟား ဆိုသူထံမှ ၀ယ်ယူလိုက်ကာ ဆေးကုသည့် လုပ်ငန်းကို လုပ်ကိုင်သည်။
` ရှားလော့ဟုမ်းနှင့် အတူ ဘေကာလမ်း တိုက်ခန်းတွင် နေခဲ့စဉ်က ဒေါက်တာ ၀ပ်ဆင်၏ ၀င်ငွေ မည် ရွေ့ မည် မျှ ရှိသည်ကို ဖော်ပြထားခြင်းမရှိ။ ဒေါက်တာ ၀ပ်ဆင် ကိုယ်တိုင်မှာ လည်း ဆေးကုသသည့်လုပ်ငန်းကို ကောင်းစွာ လုပ်ကိုင်ခြင်း မရှိသေးဘဲ ရှားလော့ဟုမ်းနှင့် အတူ မှုခင်းများ ကို လိုက်လံ စုံစမ်းရာတွင် ပါဝင်သည်ကိုသာ တွေ့ ရသည်။ အလုပ်အကိုင် မည် မည် ရရ မတွေ့ ရ။ ဒေါက်တာဝပ်ဆင်သည်စစ်တပ်မှ ရသော ပင်စင်ကလေးဖြင့် ပင် ထိုင်စားနေဟန် တူသည်။ သူသာမကရှားလော့ဟုမ်းမှာ လည်း ထိုအချိန်က အမှုများ အတွက် ပြောပလောက်အောင် ဥာဏ်ပူဇော်ခ မရချေ။ ထိုကာလ အတွင်း ရှားလော့ဟုမ်း မြိုးမြိုးမြက်မြက် ရဖူးသည့်ဥာပူဇော်ခမှာ ဘိုဟီးမီးယား ဘုရင်ထံမှ ရသည့် ဥာဏ်ပူဇော်ခ ပေါင်တစ်ထောင်၊ ဟိုဒါနက်ဆီ မြိုစားကြီးထံမှ ပေါင် ခြောက်ထောင်နှင့် ဂျာမန် အမတ်ကြီး ဗွန် ဗော့ထံမှ ပေါင်ငါးရာတို့သာ ဖြစ်သည်။ များများ စားစား ရသည့် ဥာဏ်ပူဇော်ခများ လည်း ရှိကောင်း ရှိပေလိမ့်ဦးမည် ။ သို့ရာတွင် ဒေါက်တာ ၀ပ်ဆင် သည်ထိုအမှု သုံးခုမှအပ အခြား အမှုများ တွင် ရှားလော့ဟုမ်း ငွေ မည် မျှ ရသည်ကို ဖော်ပြခြင်း မရှိခဲ့။
ဒေါက်တာ ၀ပ်ဆင်သည် ရှားလော့ဟုမ်းနှင့် အတူ နေခဲ့သည့်ကာလ အတောအတွင်းတွင် ဆေး ကုသသည့် လုပ်ငန်းကို လုပ်ချိန် မရ ဖြစ်ခဲ့သည့် အတွက် ၀င်ငွေ မရှိသည့် ရှားလော့ဟုမ်း၏ အမှုများ အကြောင်းကို ရေး ခြင်းဖြင့် တစ်ဖက်တစ်လမ်းမှ ၀င်ငွေ ရရှိနေသည်ဟုယူဆရသည်။
ဒေါက်တာဝပ်ဆင်သည်ရှားလော့ဟုမ်း မှတ်တမ်းများ ထဲတွင် ရှားလော့ဟုမ်း၏ ရုပ်ကိုသာ ဖော်ပြသော်လည်း သူ့ ရုပ်ကိုမူ ဖော်ပြခြင်း မပြုချေ။
The Six Napoleons ဆိုတာ ၀တ္တုထဲတွင် ရှားလော့ဟုမ်း နှင့် ပုလိပ် အင်စပက်တော် တစ်ဦးတို့ပြောသော စကားများ အရသာဒေါက်တာဝပ်ဆင်၏ ရုပ်ပုံ ခန့်မှန်းကြည့်ရသည်။
“လူက အရပ်အမောင်း သင့်သင့်၊ ကိုယ်လုံး ကိုယ်ပေါက် တောင့်တောင့်၊ မေးရိုး လေးထောင့်နှင့် ခင်ဗျ၊ လည်ကုပ်ကလည်း ခပ်တုပ်တုပ်ရယ်၊ မျက်ခွံတွေ က မျက်လုံးကို ဖုံးတော့မတတ် အောက်ကို တွဲ ကျလို့”
“ဟုတ်ပါ့ဗျာ၊ ၀ပ်ဆင်ပါ၊ သူ့ အပြင် ဘယ်သူ ဖြစ်နိုင်ဦးမှာ လဲ”
ဤသည်တို့မှာ ဒေါက်တာ ၀ပ်ဆင်၏ ရုပ်လက္ခဏာ ဖြစ်သည်။ဒေါက်တာဝပ်ဆင်သည် ခွေးဘီးလူးကလေး တစ်ကောင် မွေးထားသည်။ သင်္ဘောသားများ သောက်လေ့ ရှိသည့် ဆေးတံ ဆေးကို သုံးသည်။ ငယ်ငယ်တုန်းက ရပ်ဘီဘော ကစားခဲ့ဖူသည်။မနက် အိပ်ရာထနေမြင့်တတ်သည်။ ဤသည်တို့မှာ ဒေါက်တာဝပ်ဆင်၏ စရိုက်များ ဖြစ်၏ ။
ဒေါက်တာဝပ်ဆင်၏ စိတ်သဘောထားနှင့် ပတ်သက်၍ မူ ရှား
လော့ဟုမ်း ကိုယ်တိုင် ပြန်ရေး သည့် မှတ်တမ်း တစ်စောင် ဖြစ်သော The Blanched Soldier တွင် အောက်ပါအတိုင်း ရေး ခဲ့သည်ကို တွေ့ နိုင်သည်။
“ကျွန်ပ်၏ မိတ်ဆွေ ဒေါက်တာဝပ်ဆင်၏ စိတ်ကူးစိတ်သန်းများ မှာ ကျဉ်းမြောင်းသည့်တိုင် အလွန်တရာ စွဲမြဲ ခိုင်မာလှပေ၏ ။ဒေါက်တာ ၀ပ်ဆင်သည် ကာလ အတန်ကြာကပင်လျှင်ကျွန်ုပ်အား ကိုယ်တွေ့ အ ဖြစ်အပျက်များ ကို ကိုယ်တိုင် ရေး သားရန် တိုက်တွန်းခဲ့ဖူး၏ ။ ဒေါက်တာ ၀ပ်ဆင်၏ ရေး သားချက်များ သည် မည် မျှ အပေါ်ယံ ကျကြောင်းအ ဖြစ်အပျက်ကို တိကျစွာ ဖော်ပြရမည့်  အစား ပရိသတ် ဖတ်ကောင်းအောင် မည် သို့ မည် ပုံ ရေး သားလေ့ ရှိကြောင်းများ ဖြင့် ကျွန်ပ်သည်အခါ အခွင့်သင့်တိုင်း ပြစ်တင် ဝေဖန်လေ့ ရှိခဲ့ရာ ယခုကဲ့သို့ကျွန်ပ်အားကိုယ်တွေ့  အကြောင်းအရာများ ကို ကိုယ်တိုင် ပြန်ရေး ရန် သူ ပူဆာသည့် အခါတွင် ကျွန်ပ်မှာ ကိုယ့် အတတ်နှင့် ကိုယ် ဆိုသကဲ့သို့ ဖြစ်လျက် ရှိပေ၏ ။ ကျွန်ပ်၏ စွန့်စားကလေးများ တွင် ကျွန်ပ်သည်ဒေါက်တာ ၀ပ်ဆင်ကို မကြာခဏ ဆိုသလို ခေါ်သွားလေ့ ရှိရာ ဤသို့ခေါ်သားခြင်းမှာ အခြားကြောင့် မဟုတ်ဘဲ ဒေါက်တာ ၀ပ်ဆင်တွင် ထူးခြားသည့် အရည်အချင်းများ ရှိသော ကြောင့် ဖြစ်၏ ။ ဒေါက်တာဝပ်ဆင်ကို ခေါ်သွားခြင်းမှာ အပို သက်သက်သာ ဖြစ်သည်ဟု အများ ကထင်ခဲ့ကြလျှင် ဤသည်မှာ ၀ပ်ဆင်က သူ၏ အရည်အချင်းများ ကို အနည်းငယ်မျှလောက်သာ ရေး ပြီး ကျွန်ပ်၏ အရည်အချင်းများ ကိုအရှိထက်
ပို၍ ပုံကြီးချဲ့ ရေး သားခြင်းကြောင့် သာ ဖြစ်ပေလိမ့်မည် ။ မိမိ၏ ကောက်ချက်များ နှင့် ခြေလှမ်းများ ကို ကြိုတင် ခန့်မှန်းနိုင်သော ကြံဖော် ကြံဖက် တစ်ယောက် သည် များ စွာ အန္တရာယ် ကြီးသူ တစ်ယောက် ဖြစ်၏ ။ သို့ရာတွင် ရှေ့တွင် ဖြစ်ပေါ်လာသည့် အလားအလာတို့ကို မသိဘဲ အ ဖြစ်အပျက်သစ် တစ်ရပ် ဖြစ်ပေါ်လာတိုင်း တအံ့တသြ ဖြစ်နေတတ်ပြီး အနာဂတ်ကို ပိတ်ထားသော စာအုပ်ကြီး တစ်အုပ်သဖွယ် မမြင်နိုင်သူ တစ်ယောက် မှာ ကား အကောင်းဆုံးသော ကြံဖော်ကြံဖက် ဖြစ်လေ၏ ။” ဟုရေး ထားသည်ကို တွေ့ ရသည်။
ဤသည်ကို ထောက်လျှင် ဒေါက်တာ ၀ပ်ဆင်သည် ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်သူ၊ စိတ်ကူးစိတ်သန်းထက် လက်တွေ့ ကို ပို၍ အားသန်သူ၊ သူ့ မိတ်ဆွေ ရှားလော့ဟုမ်း၏ အရည်အချင်းများ ကို လွန်စွာ အထင်ကြီး တန်ဖိုး ထားသူ ဖြစ်ကြောင်း တွေ့ နိုင်သည်။
ဒေါက်တာ ၀ပ်ဆင်သည် ရှာလော့ဟုမ်း၏ အရည်အချင်းများ ကို တန်ဖိုး ထားရုံမျှမက ကိုးကွယ်သူ ဖြစ်သည်ဟု ပြောနိုင်သည့် အချက်များ လည်း ရှိသည်။
ဒေါက်တာဝပ်ဆင်၏ အမြင်၌ ရှာလော့ဟုမ်းသည် အလွန်ယုတ္တိဗေဒကျစွာ စဉ်းစားနိုင်စွမ်း ရှိသူ၊ သက်ညှာတတ်သူဟု မြင်ပြီး ထိုသို့မြင်သည့် အတိုင်းလည်း မှတ်တမ်းတိုင်း၌ ရှာလော့ဟုမ်း၏ အကြောင်းကို အကျယ်တ၀င့် ရေး သားထားသလောက် သူ့အကြောင်းကိုမူ များများ ရေး သည်ကို မတွေ့ ရချေ။
ဒေါက်တာဝပ်ဆင် ရှာလော့ဟုမ်း အပေါ်တွင် သစ္စာ ရှိလိုက်ပုံမှာ လည်း ဆိုဖွယ် မရှိတော့။ သူ သစ္စာ ရှိပုံမှာ ဆရာနှင့် တပည့် သစ္စာရှိပုံမျိုး၊ သခင်နှင့် ခွေးငယ်ကလေးတို့၏ သစ္စာ ရှိပုံမျိုးနှင့် တူနေတော့သည်။ ဒေါက်တာဝပ်ဆင်သည်ရှားလော့ဟုမ်း ခိုင်းသည်ဆိုလျှင် သာကိုမျှ ကျိုးကြောင်း မေးမြန်းခြင်း မပြုတော့။ ခိုင်းရာကို သစ္စာရှိစွာ လုပ်သည်။ ရှာလော့ဟုမ်း၏ အမိန့်ကို ကျိုးနွံစွာ နာခံသည်။ ရှာလော့ဟုမ်း၏ အမိန့်ကို သူ မနာခံသည့် အခါမျိုးမှာ အသက် အန္တရာယ်ကိုစိုးရိမ်ရသည့် နေရာမျိုးသို့ ရှားလော့ဟုမ်းက သူ တစ်ယောက် တည်းသွားမည် ပြုသည့် အခါမျိုး၊ သူ့ကို (ဒေါက်တာ ၀ပ်ဆင်) မလိုက်ရန်တားသည့် အခါမျိုးတွင် မူကား ဒေါက်တာဝပ်ဆင်သည် ရှားလော့ဟုမ်း၏ အမိန့်ကို ဖီဆန်ကာ သူ့ဆုံးဖြတ်ချက်နှင့် လုပ်လေ့ ရှိသည်။ ကျန်
အချိန်မျိုးတွင် မူဒေါက်တာဝပ်ဆင်သည်ရှားလော့ဟုမ်း၏ ရိုးဘော့စက်ရုပ် တစ်ရုပ်မျှသာ ဖြစ်လေသည်။
The MustriousClient ၀တ္တုတွင် ရှားလော့ဟုမ်း၏ တာဝန်ပေးချက် အရ ဒေါက်တာဝပ်ဆင်သည် ဘုမသိ ဘမသိဖြင့် တရုတ်ကြွေထည်များ အကြောင်းကို လေ့လာကာ အလွန် အန္တရာယ် ကြီးသည့်ရာဇ၀တ်ကောင် တစ်ယောက် ၏ အိမ်ကို စွန့်စွန့်စားစား သွားရောက်ခဲ့ပုံကို ကြည့်လျှင် ဒေါက်တာဝပ်ဆင်သည်ရှားလော့ဟုမ်း၏ အမိန့်ကို မည် မျှ ကျိုးနွံကြောင်း ထင်ရှားသည်။
သို့ရာတွင် ဒေါက်တာဝပ်ဆင်သည် လူဖြောင့် စိတ်တို တစ်ဦး ဖြစ်၏ ။ The Adventure of Copper Beeches ၀တ္တုတွင် အောက်ပါအတိုင်း ရေး ထားသည်ကို တွေ့ နိုင်သည်။
“ ပစ္စည်းတည်း ဟူသော အကြောင်းတရားက နေပြီး ပစ္စယုပ္ပန် တည်း ဟူသော အကျိုးတရားကို ရအောင် ကျုပ် ဘယ်လို အပတ်တကုတ်အားထုတ်ရတယ် ဆိုတာကို ရေး မယ့် အစား ခင်ဗျားဟာ လူပြိန်းတွေ ဖတ်ကောင်းအောင် ရေး နေတာမျိုး ဖြစ်နေတယ်ဗျ၊ ဒီအချက် ကတော့ခင်ဗျား ညံ့တာပဲ” ဟု ရှားလော့ဟုမ်းက ပြောလိုက်၏ ။
ကျွန်ုပ်၏ မိတ်ဆွေကြီး ရှားလော့ဟုမ်း၏ ထူခြားသည့် စရိုက်များ အနက် ကိုယ့် ကိုယ် ကိုယ် အထင်ကြီးဟန် ရှိသည့် လက္ခဏာကိုတစ်ကြိမ်မက မြင်ခဲ့ဖူးပြီ ဖြစ်သည့် လျှောက် ကျွန်ုပ်မှာ အနည်းငယ်စိတ်တိုသွားသည်နှင့်
“ အေးလေ၊ ကျွန်တော် ဘယ်လိုပဲ ရေး ရေး ခင်ဗျားရဲ့ တွေးခေါ်မှုနှင့် ပတ်သက်လို့တော့ လျှော့ပေါ့ပြီး ရေး ဖူးတယ် မထင်ပါဘူး၊ ထိုက်သည့်အားလျော်စွာ တော့ ရေး ခဲ့တာချည်းပါပဲဗျာ”
The Sign of Four ၀တ္တုတွင် လည်း ဒေါက်တာဝပ်ဆင်ကအောက်ပါအတိုင်း ရေး ခဲ့သည်။
ရှားလော့ဟုမ်းသည် ကျွန်ုပ် ရေး ခဲ့သည့် မှတ်တမ်း တစ်စောင်နှင့် ပတ်သက်၍ ဝေဖန် ပြောဆိုရာ၌
“ ခင်ဗျား ရေး သားထားပုံက သိပ်ပြီး စိတ်ကူးယဉ်နေတယ်ဗျာ၊တစ်ခါတုန်းက ခင်ဗျား ရေး ခဲ့သလိုပဲ ခု မှတ်တမ်းမှာ ည်း ခင်ဗျားရေး သားထားပုံက အချစ် ၀တ္တုလိုလို၊ ယူကလစ်ရဲ့ ဂဲသြမေထရီ ပုစ္ဆာလိုလိုဘာလိုလိုနှင့် ”
အမှန်အားဖြင့် ကျွန်ုပ်သည် ထိုမှတ်တမ်းကို သူ သဘောကျ ဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစား၍ ရေး ခဲ့ခြင်း ဖြစ်ရာ ယခုကဲ့သို့ဝေဖန်သည့် အခါတွင် မူကား ကျွန်ုပ် စိတ်ထဲတွင် ထောင်းခနဲ ဖြစ်သွားလေ၏ ။ ကျွန်ုပ်၏ ရေး သားချက်ထဲမှ စာကြောင်းတိုင်း စာကြောင်းတိုင်းသည် သူ့ အထူး လုပ်ဆောင်ချက်များ ကို ချီကျုး ရေး သားရမလို ဖြစ်နေသည့် အတွက် ထိုမျှ အတ္တ ကြီးရသလော ဟူ၍ လည်း တွေး၌ ကျွဲမြီးတိုမိပါသေးသည်။” ဟု ရေး သားထားသည်ကို တွေ့ နိုင်သည်။
ဤအရေး အသားများ ကို ထောက်လျှင် ဒေါက်တာဝပ်ဆင်သည်ရှားလော့ဟုမ်းကို လေးစား၊ တန်ဖိုးထားသည့်တိုင် အရမ်းကာရော ကိုးကွယ်သူ တစ်ယောက် မဟုတ်ကြောင်းကို တွေ့ နိုင်သည်။ ရိုးသားသည့်တိုင် ပြောသမျှကို ခေါင်းငုံ့ခံတတ်သည့် လူနုံ တစ်ယောက် မဟုတ်ဘဲ မဟုတ်မခံ စိတ် ရှိသည့် လူဖြောင့် တစ်ဦး ဖြစ်ကြောင်းကို တွေ့ နိုင်သည်။
ရှားလော့ဟုမ်းသည်မိန်းမများ နှင့် ပတ်သက်၍ ကင်းရှင်းသလောက် ဒေါက်တာဝပ်ဆင်မှာ မူ မိန်းမကျမ်း ကြေသူ တစ်ဦး ဖြစ်ဟန် ရှိသည်။
ဤသည်ကို အောက်ပါ စကား အရ သိနိုင်သည်။
“မိန်းမတွေ ကို တော် တော် များများ တွေ့ ခဲ့ဖူးပြီဗျ၊ တွေ့ ဆိုတိုက်ကြီး သုံးတိုက်မှာ ရှိတဲ့ နိုင်ငံ တော် တော် များများ က မိန်းမတွေ ကိုကျွန်တော် မြင်ခဲ့ဖူးပြီ၊ ယဉ်ကျေးပြီး ထက်မြက်တဲ့ မျက်နှာမျိုးတော့ တစ်ယောက် ပဲ တွေ့ ဖူးသေးတယ်၊ တခြား မတွေ့ ဖူးသေးဘူး” ဟု ကျွန်ုပ်၏ ဇနီးလောင်းနှင့် ပတ်သက်၍ ပြောသည့် အခါတွင် ရှားလော့ဟုမ်းကပြုံးလိုက်လျက်
“အင်း၊ ခင်ဗျား ကတော့ မိန်းမကျမ်း ကြေတဲ့ လူကိုဗျ၊ အမျိုးသမီးက အလင်းရောင် ကို ကျောပေးပြီး ထိုင်လိုက်ပုံ ထောက်တော့ ကျုပ်လည်း သိပ်ခေတဲ့ အမျိုးသမီး မဟုတ်ဘူး ဆိုတာ အကဲခက်လိုက်မိပါရဲ့”
“ဟုတ်တယ်ဗျ၊ အခန်းထဲမှာ ကုလားထိုင်တွေ တစ်ပုံကြီး ရှိပါလျက်နှင့် အလင်းရောင် ကို ကျောပေးထားတဲ့ ကုလားထိုင်ကိုမှ ရွေးထိုင်ပုံကို ထောက်တော့ သူ့ကို အကဲ့ခက်ဖို့ သိပ်မလွယ်တော့ဘူးပေါ့”
“အင်း၊ သေသေချာချာ မြင်ရသည့်တိုင်အောင်လည်း မိန်းမ တစ်ယောက် ကို အကဲခက်ဖို့ ဆိုတာ မလွယ်ပါဘူးဗျာ”
ဒေါက်တာဝပ်ဆင် ဇ၀နဥာဏ် ကောင်းပုံနှင့် ပတ်သက်၍ လည်းဤသို့ ရေး ထားသည်ကို တွေ့ ရသည်။
“ပါမောက္ခ မိုရီယာတီ အကြောင်း ကျုပ် ပြောဖူးတာ မှတ်မိသေးတယ် မဟုတ်လား”
“မှတ်မိပါ့ဗျာ၊ အမှုတွေ ကို ကျူးလွန်ရာမှာ နည်းစနစ် ကျကျကျူးလွန်တတ်တယ်လို့ နာမည် ကြီးသလောက်…..”
“ဟိုးဆရာကြီး ဟိုး၊ ဒီလောက်လည်း အမွှမ်းတင် မနေနှင့် ဦး”
“မဟုတ်ပါဘူး၊ နာမည် ကြီးသလောက် လူ မသိဘူးလို့ ပြောမလို့ပါ”
“အမယ်၊ ခင်ဗျားကလည်း အရွှမ်းတွေ ဖောက်ပြီး လျှောချတ်ပါကလား၊ မ ဖြစ်ဘူး၊ မ ဖြစ်ဘူး၊ခင်ဗျားနှင့် စကား ပြောရင် သတိထားပြောမှ”
ရှားလော့ဟုမ်းနှင့် ဒေါက်တာဝပ်ဆင်တို့၏ ဆက်ဆံရေး ကိုဝေဖန်ရေး ဆရာများ က ဟုမ်း-၀ပ်ဆင် ပါတနာရှစ်ဟု ခေါ်ကြသည်။ရှားလော့ဟုမ်းကျွမ်းကျင်သူ Micheal Pointer က “ကိုနင်
ဒွိုင်းလ်သည် ရှားလော့ဟုမ်းကို လက်စတုံးအောင် ဖျောက်ဖျက် ပစ်လိုသည် ဆိုလျှင် ဒေါက်တာဝပ်ဆင်ကို အလျှင် သတ်ပစ်သင့်ပေသည်။ဤသည်သာလျှင် အကောင်းဆုံးနည်း ဖြစ်သည်။ ၀ပ်ဆင် မရှိဘဲ ဟုမ်းမရှိနိုင်။ဝပ်ဆင်မရှိဘဲဟုမ်း မပေါ်ပေါက်နိုင်။ ဒေါက်တာ ၀ပ်ဆင်၏ အရေး အသားများ သည် လည်းကောင်း၊ ဟုမ်းနှင့် စာဖတ် ပရိသတ် ကြားတွင် ကြားခံ အ ဖြစ် ရပ်တည်နေသော ၀ပ်ဆင်၏ အနေအထားသည်လည်းကောင်း တန်ဖိုး မဖြတ်နိုင်အောင် ရှိပါသည်။
“အမှန်အားဖြင့် ရှားလော့ဟုမ်းနှင့် ၀ပ်ဆင်တို့ နှစ် ယောက် စလုံးသည် စာရေး ဆရာ အာသာ ကိုနင်ဒွိုင်းလ်၏ ကိုယ်ပွား ဖြစ်ပါသည်။သူ့ တစ်ကိုယ်တည်းတွင် ရှိသည့် စရိုက်ကို ကျွမ်းကျင်သည့် အရေး အသားဖြင့် ရေး ထုတ်လိုက်သည့် အခါတွင် စရိုက်ချင်း မတူသော ဇာတ်
ဆောင် နှစ် ယောက် မွှေးဖွားလာခဲ့ပါသည်။
“ခန္ဓာကိုယ် တုတ်ခိုင်ပြီး ခေါင်းအေးအေး ထားတတ်၍ လက်တွေ့  ကျသော ဒေါက်တာဝပ်ဆင်သည် အလွန် ထက်မြက်သည့် ရှားလော့ဟုမ်းနှင့် ထင်းထင်းကြီး ခြားနားလျက် ရှိပါသည်။
“စာရေး ဆရာကိုနင်ဒွိုင်းလ်သည် သူ့ ဟီးရိုး၏ အရည်အချင်းများ ကို တစ်သမတ်တည်း ရေး ပြနေလျှင် သူ့ကိုယ်သူ ချိးမြောက်နေသကဲ့သို့ ရှိမည် သာ ဖြစ်ပါသည်။
“ဤတွင် ကိုနင်ဒွိုင်းလ်သည်သူ့ဟီးရိုး၏ အရည်အချင်းများ ကိုချီးမွမ်းပေးရန်အတွက်ဒုတိယဇာတ်ဆောင် ဒေါက်တာဝပ်ဆင်ကိုဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။
“ဤနည်းသည် အသစ်အဆန်း မဟုတ်သည့်တိုင် ကိုနင်ဒွိုင်းလ်သည် ရှေးက ရှိခဲ့ပြီး ဖြစ်သော ဆရာတို့၏ နည်းကို အသစ် ထပ်မံ ချဲ့ထွင်းလိုက်ခြင်းပင် ဖြစ်ပါသည်။” ဟု ရေး ခဲ့သည်။
ရှားလော့ဟုမ်းနှင့် ဒေါက်တာဝပ်ဆင်တို့သည် ဒေါက်တာဝပ်ဆင် အိမ်ထောင်ကျပြီးသည့် နောက်ပိုင်းတွင် ဒေါက်တာဝပ်ဆင်သည် အလုပ်နှင့် ဇနီးသည်ကိုပင် ကောင်းစွာ ဂရုမပြုနိုင်တော့ဘဲ ရှားလော့ဟုမ်း၏ အမှုများ တွင် ယခင်က ကဲ့သို့ပင် ပါဝင် လှုပ်ရှားလာပြန်သည်။
ရှားလော့ဟုမ်းနှင့် ၀ပ်ဆင်တို့၏ ဒုတိယအကြိမ်ပါတနာရှစ်သည်မည် မျှကြာသည်ကိုမူကျွန်တော် တို့မသိရ။ နောက်ပိုင်းတွင် လည်း ဒေါက်တာဝပ်ဆင်မည် သို့မည် ပုံ ဖြစ်သွားသည်ကိုကျွန်တော် တို့မသိပါရ။
သို့ရာတွင် ရှားလော့ဟုမ်း ကိုယ်တိုင် ရေး သည့် မှတ်တမ်း နှစ် ခု အနက် (တစ်ခုမှာ The Blanched Soldier ဖြစ်သည်။) တစ်ခု ဖြစ်သည့် The Lion’s Mane တွင် မူ ရှားလော့ဟုမ်း က
“ကျွန်ုပ်သည် အသက်ရှု ကျပ်လှသော လန်ဒန် မြို့လယ်ကောင်တွင် နေခဲ့ရစဉ်ကတည်းက အေးချမ်း ငြိမ်းသက်သော ပတ်ဝန်းကျင်တွင် နေလိုသော ဆန္ဒ ဖြစ်ပေါ်ခဲ့ဖူးသည့် အတိုင်း ဆပ်ဆက်နယ် ကျေးလက်ရှိ ကျွန်ုပ်၏ အိမ်ကလေးတွင် နေထိုင်လျက် ရှိစဉ် ဤအမှုများ ကို ကြုံတွေ့ ခဲ့ရခြင်း ဖြစ်၏ ။ ကျွန်ုပ်၏ မိတ်ဆွေကြီး ဒေါက်တာဝပ်ဆင်နှင့် ကျွန်ုပ်မှာ ဝေးကွာလျက် ရှိကာ ရက်သတ္တပတ် အကုန်တွင် လာရောက် လည်ပတ်သည့် အခါများ ၌ သာ တွေ ဖြစ်တော့သည့် အတွက် ဤအမှုကို ကျွန်ုပ် ကိုယ်တိုင် မှတ်တမ်း တင်ရပေတော့မည် ။” ဟု ရေး သား ထားသည်ကို တွေ့ ရသည်။
ဤသည်မှာ ၀ပ်ဆင်နှင့် ပတ်သက်၍ ရှားလော့ဟုမ်း၏ နောက်ဆုံး ရေး သားချက် ဖြစ်သည်။
ယခု အတွဲ တွင် ဖော်ပြထားသည့် နောက်ဆုံး ၀တ္တုမှာ ၀ပ်ဆင်၏ မှတ်တမ်းလည်း မဟုတ်၊ ရှားလော့ဟုမ်း၏ မှတ်တမ်းလည်းမဟုတ်ဘဲ စာရေး ဆရာက ကြားလူ အ ဖြစ် ရေး သားထားသည့် တစ်ခုတည်းသော ၀တ္တု ဖြစ်သည်။
ထိုဝတ္တု အဆုံးတွင် ဤသို့ ဖော်ပြထားသည်ကို တွေ့ ရ၏ ။မိတ်ဆွေ နှစ် ဦးတို့သည် မိနစ် အတန်ကြာမျှ ရေး ဟောင်း နှောင်း ဖြစ်တို့ကို ပြောဆိုလျက် ရှိကြလေ၏ ။ မော်တော် ကားဆီသို့ လာကြစဉ် ရှားလော့ဟုမ်းက လရောင် ပြိုးပြက်လျက် ရှိသည့် ပင်လယ်ပြင်ကို လက်ညှိုး ထိုးပြလိုက်ရင်း ခေါင်းကို ဖြည်းညင်းစွာ ယမ်းလိုက်လျက်
“အရှေ့လေ တိုက်နေတယ်ဗျို့ ၀ပ်ဆင်”
“ဟုတ်မထင်ပါဘူးဗျာ၊ နွေးနေသားပဲ”
“သြော် ၀ပ်ဆင်ရယ်၊ ခင်ဗျားမှာ လည်း အလျင် အတိုင်းပဲကိုး၊ ပြောင်းလဲနေတဲ့ ခေတ်ကြီးမှာ မပြောင်းလဲတာ ဆိုလို့ ခင်ဗျားပဲ ကျန်တော့တယ်၊ ခု အရှေ့လေ တိုက်နေတယ်ဗျ၊ ဒီလို လေမျိုးဟာ အင်္ဂလန်မှာ တစ်ခါမှ မတိုက်ဖူးဘူး၊ ဒီ လေကြီး တိုက်ရင်တော့ တော် တော် လေးကို အေးလိမ့်မည် ဗျို့၊ ဒီ လေကြီး မတိုက်ခင်မှာ ကျုပ်တို့တစ်တွေ လည်း ညှိုးရော် ခြောက်ခန်း ကုန်ချင် ကုန်ကြမှာ ၊ ဒါပေမဲ့ ဒီလေဟာလည်း ဘုရားသခင်ရဲ့ အလိုတော် အတိုင်း တိုက်တဲ့ လေသာ ဖြစ်လေတော့ မုန်တိုင်းကြီး ပြီးသွားခဲ့ရင် နေရောင် ခြည်ထဲမှာ ပိုပြီး သန့်ရှင်း ပိုပြီး အင်အားကောင်း ပိုပြီး သာယာ ၀ပြောတဲ့ ကျုပ်တို့ တိုင်းပြည်ကို တွေ့ ရတော့မှာ ပါ”
အသက် ကြီးရင့်လာသည့် အရွယ်တွင် အကောင်းမြင် ၀ါဒကို ဆုပ်ကိုင် လက်ကိုင်ပြုနိုင်သော ရှားလော့ဟုမ်း၏ ဒသနကို ဤတစ်ပုဒ်တွင် ကျွန်တော် တို့ မြင်နိုင်ပါသည်။
ထိုအချိန်သည် သူတို့နှစ် ယောက် နောက်ဆုံး တွေ့ ကြသော အချိန် ဖြစ်၍ ထိုစကားများ မှာ သူတို့နှစ် ယောက် နောက်ဆုံး ပြောခဲ့သော စကားများ ဖြစ်ပြီး ကာလမှာ ပထမ ကမ္ဘာစစ်ကြီး မ ဖြစ်မီ ကာလ ဖြစ်ပါ သတည်း။
အခန်း (၂)
၁။ မစ္စတာ ဂျွန် စကော့ အဲကလက်၏ ထူးခြားသော အ ဖြစ်အပျက် ။
ကျွန်ုပ်၏ မှတ်စုကို ပြန်ကြည့်သည့် အခါ၌ ထိုအမှုကို ကျွန်ုပ် မှတ်တမ်းတင် ထားသည့် နေ့မှာ ၁၈၉၂ ခုနှစ် မတ်လ ကုန်ခါနီး အေးစိမ့်၍ လေပြင်း တိုက်သော နေ့တစ်နေ့ ဖြစ်ကြောင်းကိုတွေ့ ရ၏ ။
ကျွန်ုပ်တို့သည် နေ့လယ်စာ စားနေကြစဉ် ရှားလော့ဟုမ်းထံသို့ ကြေးနန်း တစ်စောင် ရောက်လာသည်၌ ရှားလော့ဟုမ်းသည် ပြန်ကြားချက် တစ်စောင်ကို ခပ်သော့ သော့  ရေး ပေးလိုက် လေ၏ ။
ထိုကိစ္စနှင့် ပတ်သက်၍ ရှားလော့ဟုမ်းသည် မည် သို့မျှ ပြောဆိုခြင်း မရှိသော်လည်း မီးလင်းဖို အနီးတွင် မတ်တတ်ရပ်ကာ ဆေးတစ်ဆုံကို ဖွာရင်း ထိုကြေးနန်းကို မကြာခဏ ကြည့်လျက် ရှိသည်ကို ထောက်သော် သူ့ ခေါင်းထဲတွင် ထိုကိစ္စကို တွေးတော စဉ်းစားလျက် ရှိကြောင်း သိနိုင်ပေ၏ ။
ရှားလော့ဟုမ်းသည် မျက်လုံးတွင် လှောင်ပြောင်သည့် အရိပ်အယောင်တို့ ယက်သန်းလျက် ရှိရာမှ ကျွန်ုပ်ဘက်သို့ ရုတ်တရက် လှည့်လိုက်ပြီးလျှင်
“အိုင်ဆေး ခင်ဗျား ကတော့ စာသမား ပေသမားမို့လို့ မေးရဦးမယ်၊ ရှုပ်ထွေး ဆန်းကြယ်သော ဆိုတဲ့ နာမ၀ိသေသနပုဒ်ကို ဘယ်လို အနက်ဖွင့်မလဲ”
“ထူးဆန်းသော ၊ တစ်မူ ထူးခြားသော လို့ အဓိပ္ပာယ် ဖွင့်လို့ ရမှာ ပေါ့” ဟု ကျွန်ုပ်က ပြောလိုက်၏ ။
ရှားလော့ဟုမ်းသည် ကျွန်ုပ် ပေးသည့် အဓိပ္ပာယ်ကို ကျေနပ်ခြင်း မရှိဟန်ဖြင့် ခေါင်းကိုယမ်းလိုက်လျက်
“ဒီလောက်နှင့် တော့ မလုံလောက်သေးဘူးဗျ၊ ရှုပ်ထွေး ဆန်းကြယ်သော ဆိုသော စကားရဲ့ အနက်ထဲမှာ ကြေကွဲစရာ ကြောက်စရာလည်း ပါနေတယ်၊ အလိုလိုမှ စိတ်ညစ်နေတဲ့ လူတွေ ကို မှတ်တမ်း အရှည်ကြီးတွေ ရေး ပြီး နှိပ်စက်ခဲ့တဲ့ ခင်ဗျားရဲ့ မှတ်တမ်းတွေ ကိုပဲ ပြန်ကြည့်လေဗျာ၊ နည်းနည်း ဆန်းကြယ်လာပြီ ဆိုတာနဲ့ တစ်ပြိုင်နက် ရာဇ၀တ် ပြစ်မှု မကင်းတဲ့ သဘောဟာ အလိုလို ပါလာတက်တယ် ဆိုတာကို တွေ့ ရ တတ်တယ်ဗျ၊ ဥပမာ ဆံပင်နီဂိုဏ်း အကြောင်းကိုပဲ ခင်ဗျား ပြန်စဉ်းစားကြည့်ဗျာ၊ အဲဒီ အ ဖြစ်အပျက်ဟာ ဟကတည်းက ယဉ်သကို ဆိုသလို ချီလာကတည်းက ခပ်ဆန်းဆန်းရယ်ဗျ၊ ပြီးတော့ နောက်ဆုံးကျတော့ ဒီကိစ္စဟာ လုယက်ရန် ကြံစည်မှုနှင့် အဆုံး သတ်သွားရတယ်၊ ပြီးတော့ လိမ္မော်စေ့ ငါးစေ့ ပို့တဲ့ အမှုဟာလည်း ခပ်ဆန်းဆန်းပဲ၊ နောက်ဆုံးကျတော့ လူသတ်မှုနှင့် အဆုံး သတ်သွားရတယ်၊ ဘာ ဖြစ်လို့မှန်းတော့ မသိဘူး၊ ဒီစကားလုံးကို ကြားရင် ကျုပ် စိတ်ထဲမှာ တစ်ခုခု ဖြစ်တော့မယ် ဆိုပြီး သတိ ရှိနေတတ်တယ်”
“ခုကော ဒီစကားလုံးကို ကြားရလို့လား”ရှားလော့ဟုမ်းက ကြေးနန်းကို ဖတ်ပြလေ၏ ။ “မယုံနိုင်စရာကောင်းသည့် ရှုပ်ထွေး ဆန်းကြယ်သော အ ဖြစ်အပျက် တစ်ခု ရှိသည်၊ တွေ့ နိုင် မတွေ့ နိုင်၊ စကော့အဲကလက်၊ စာတိုက်မှ တစ်ဆင့်၊ ချယ်ရင်ကရော့ ဘူတာကြီး”
“ယောက်ျားလား၊ မိန်းမလား”
“ယောက်ျားပဲ ဖြစ်ရမှာ ပေါ့ဗျာ၊ မိန်မ ဆိုရင် အမြန် ကြေးနန်းကို အသွားအပြန် အခ ပေးပြီး ဘယ်မှာ ရိုက်ပါ့မလဲ၊ တစ်ခါတည်း လူကိုယ်တိုင် လာမှာ ပေါ့”
“လာပါလို့ အကြောင်းပြန်လိုက်သလား”
“အင်း ခင်ဗျာလည်း သိသားပဲဗျာ၊ ဗိုလ်မှူးကြီး ကာရူးသားကို အချုပ်ထဲကို ပို့ပြီးကတည်းက ကျုပ်လည်း ပျင်းတင်းတင်း ဖြစ်နေတာ၊ ကျုပ် စိတ်ကလည်း မကောင်းပါဘူးဗျာ၊ ဘာနှင့် တူသလဲ ဆိုတော့ တ၀ုန်းဝုန်း ခုတ်နေတဲ့ မီးရထား အင်ဂျင် စက်ခေါင်းများ လိုပဲ တ၀ုန်းဝုန်းခုတ်ရင် ခုတ်နေရမှ၊ ခုတ်မနေရရင် တယ်ပြီး သံချေး တက်ချင်တယ်၊ ခု ကျုပ်တို့ ဘ၀မှာ လည်း ဘာမှ ထူးထူးခြားခြား မရှိဘူး၊ သတင်းစာတွေ ကို ကြည့်လိုက်တော့လည်း ပျင်းစရာ၊ ကျုပ်တို့ လန်ဒန် ရာဇ၀တ်မှု လောကကို ကြည့်လိုက်ပြန်တော့လည်း စိတ်ကူးဥာဏ် ကောင်းကောင်း သတ္တိ ဗျတ္တိ ကောင်းကောင်းနှင့် ကျူးလွန်တဲ့ရာဇ၀တ်မှုကို လိုက်မလားလို့ ခင်ဗျားမို့ မေးရလေတယ်ဗျာ၊ ဟော ပြောရင်း ဆိုရင်း ကျုပ်တို့ အမှုသည် ပေါက်လာပြီ ထင်တယ်”
လှေကားမှ ဖြည်းဖြည်း မှန်မှန် တက်လာသော ခြေသံများ ကိုကြားရပြီး နောက်ခဏ အကြာတွင် အရပ် ထောင်ထောင်မောင်းမောင်း၊ ကိုယ်လုံး တုတ်တုတ်၊ နှုတ်ခမ်းမွှေး ကျင်စွယ်တို့ ဖြူဖွေးလျက် သပ်သပ်ရပ်ရပ် ၀တ်ထားသည့် လူ တစ်ယောက် သည် အခန်းထဲသို့ ၀င်လာလေ၏ ။
၀၀ဖိုင့်ဖိုင့် ခန္ဓာကိုယ်နှင့် ဟိတ်ဟန်များ သော အမူအရာတို့ကို ကြည့်လိုက်ခြင်းဖြင့် ထိုသူမှာ မည် သို့သော မတန်းအစားမှ လာကြောင်းကို ကောင်းစွာ သိနိုင်ပေ၏ ။ခြေချင်းဝတ် အထိ ရှည်သော ဖိနပ်ရှည်များ မှသည် ရွှေကိုင်း မျက်မှန် အထိ ထိုလူ၏ အမူအရာ၊ အပြင်အဆင် အားလုံးကို ကြည့်လိုက်လျှင် ထိုလူသည် ကွန်ဆာဗေးတစ် တစ်ယောက် ဖြစ်ကြောင်း၊ သာသနာရေး ၀န်ထမ်း တစ်ဦး ဖြစ်ကြောင်း၊ အေးချမ်းစွာ နေထိုင်သူ တစ်ယောက် ဖြစ်ကြောင်း၊ အယူ သီး၍ အစွမ်းအလမ်း အားကြီးသူ တစ်ယောက် ဖြစ်ကြောင်းကို သိသာနိုင်ပေ၏ ။ သို့ရာတွင် အံ့သြစရာ ကောင်းသည့် ကိစ္စ တစ်ခုကြောင့် ထိုလူမှာ ဣနြေ္ဒ မဆည်နိုင်ဘဲ ဖြစ်လျက် ရှိကာ ဆံပင်များ ထောင်ထလျက် ရှိပြီး ပါးပြင်မှာ လည်း ဒေါသကြောင့် နီရဲလျက် ရှိသည့်ပြင် အမူအရာမှာ လည်း တုန်လှုပ် ချောက်ချားလျက် ရှိခြင်းကို တွေ့ ရလေ၏ ။ ထိုလူသည် ခရီး ရောက်မဆိုက်ပင် သူ့ကိစ္စကို ထုတ်ဖော် ပြောဆိုခြင်း ပြုလေ၏ ၊
“ကျွန်တော် မှာ တော် တော် ထူးဆန်းပြီး စိတ် မချမ်းသာစရာ ကောင်းတဲ့ ကိစ္စ တစ်ခုနှင့် တွေ့ နေပါတယ် မစ္စတာ ဟုမ်းရယ်၊ ကျွန်တော့်  တစ်သက်မှာ ဒီလို ကိစ္စမျိုး တစ်ခါမှ မကြုံခဲ့ဖူးပါဘူး၊ တော် တော် လေးကို ဆိုးပြီး တော် တော် လေးကို ရိုင်းပျတဲ့ ကိစ္စပါ၊ ကျွန်တော့် ကို ဖြေရှင်းပေးပါနော် စုံထောက်ကြီး”
ထိုလူမှာ ဒေါသကို မချုပ်တည်းနိုင်အောင် ဖြစ်လျက် ရှိလေ၏ ။
“ကဲ ထိုင်ပါဦး မစ္စတာစကော့အဲကလက်၊ ဒီကို လာတဲ့ အကြောင်းကို ကျွန်တော့် ကို အလျင် ပြောပြစမ်းပါဦး” ဟု ရှားလော့ဟုမ်းက လေအေးကလေးဖြင့် ပြောလေ၏ ။
“ခုကိစ္စကို ကြည့်ရတာ ပုလိပ်နှင့် လည်း သိပ် သက်ဆိုင်ပုံ မရဘူး ၀င်တာပဲ ခင်ဗျာ၊ သို့သော်လည်း အ ဖြစ်အပျက်ကို စုံထောက်ကြီး နားထောင်ကြည့်ပါဦး၊ အဲဒီ အခါကျတော့ ကျွန်တော် ဘာ့ကြောင့် ဒီလောက် အလောသုံးဆယ် ဖြစ်နေရတယ် ဆိုတာကို စုံထောက်ကြီး သဘော ပေါက်လာပါလိမ့်မယ်၊ ကျွန်တော် ဟာ ကိုယ်ပိုင် လိုက်တဲ့ စုံထောင်တွေ ကို သိပ်သဘောမကျလှပါဘူး၊ သို့သော်လည်း စုံထောက်ကြီး ရဲ့ အမည် ကို ကြားတဲ့ အခါကျတော့….”
“ဟုတ်ပါပြီလေ၊ ဒုတိယ ပြောချင်တဲ့ အချက်က ခင်ဗျား ဒီကို ချက်ချင်း ဘာ ဖြစ်လို့ မလာသလဲ ဆိုတဲ့ အချက်ဗျ”
“ခင်ဗျာ စုံထောက်ကြီး ဘာကို ဆိုလိုတာပါလဲ”
ရှားလော့ဟုမ်းကလက်မှနာရီကိုငုံ့ကြည့်လိုက်ရင်း
“ခု နာရီပြန် နှစ် ချက်ခွဲနေပြီ ခင်ဗျ၊ ခင်ဗျား ကြေးနန်းက နာရီပြန် တစ်ချက်လောက်မှာ ရိုက်လိုက်တာ၊ ဒါပေမဲ့ ခင်ဗျား အ၀တ်အစားနှင့် ခင်ဗျား မျက်နှာကို ကြည့်လိုက်ရင် မနက် အိပ်ရာက နိုးနိုးချင်း ကိစ္စ ပေါ်နေတယ် တာကို သိနိုင်တယ်ဗျ၊ ကမန်းကတန်းနှင့် လာခဲ့တာ”
ကျွန်ုပ်တို့ အမူသည်သည် ထိုအခါကျမှ ဖရိုဖရဲ ဖြစ်နေသည့် ဆံပင်သားကို သပ်လိုက်ပြီးနောက် မုတ်ဆိတ်ကို စမ်းကြည့်လိုက်၏ ။
စုံထောက်ကြီး ပြောတာ မှန်ပါတယ် ခင်ဗျ၊ ကျွန်တော် ဖြင့် မုတ်ဆိတ် ဖို့တောင် အမှတ် မရခဲ့ပါဘူး၊ အဲဒီ အိမ်က မြန်မြန် အပြင် ရောက်ရင် ရော ဆိုပြီး ကမန်းကတန်း ထွက်လာခဲ့တာပါ၊ ဒါပေမယ့် စုံထောက်ကြီးဆီကိုလာခင် ဟိုစုံစမ်း ဒီစုံစမ်း ဆိုတော့ နည်းနည်း ကြာ သွားပါတယ်၊ ကျွန်တော် ပွဲစားတွေ ဆီကို သွားပါတယ်၊ သူတို့က ပြောလိုက်တော့ မစ္စတာ ဂါစီယာ အိမ်လခတွေ အားလုံးကို ပေးပြီးပြီတဲ့ ခင်ဗျ၊ နွယ်သာကီ ရိပ်သာမှာ အားလုံး ချောချောမောမောပါပဲလို့ ပြောလိုက်ကြတယ် ခင်ဗျ”
ရှားလော့ဟုမ်းက ရယ်လိုက်လျက်
“နေဦး ခင်ဗျ၊ နေဦးခင်ဗျ၊ မိတ်ဆွေကြီးက ကျုပ် မိတ်ဆွေ ဒေါက်တာ ၀ပ်ဆင်လိုပဲ အ ဖြစ်အပျက်ကို အဆုံးပိုင်းက စပြီး ပြောတတ်တဲ့ အကျင့် ရှိသကိုး ကဲ ကဲ အေးအေးဆေးဆေး ထိုင် စဉ်းစားပြီးမှ ကျုပ်ကို အစီအစဉ်လိုက်ပြောပြစမ်းပါဦး၊ ဘာတွေ ဖြစ်ခဲ့သလဲ၊ ဘာ ဖြစ်လို့ ခင်ဗျား ကျုပ်ဆီကို လာရသလဲ၊ ဆံပင် မဖြီး မုတ်ဆိတ် မရိတ်နိုင်ဘဲ ဖိနပ်ရှည်ကြီး စီးလို့၊ ကိုယ်ကျပ် အင်္ကျီကလည်း ကြယ်သီး ဟိုတစ်လုံး သည်တစ်လုံးနှင့် ၊ ဘာတွေ များ ဒီလောက်အရေး တကြီး လာပြီး ဘယ်လို အကူအညီတွေ အကြံဥာဏ်တွေ တောင်းစရာရှိလို့လဲ”
ကျွန်ုပ်တို့၏ ဧည်သည်ကြီးသည် စိတ်ပျက်လက်ပျက်ဖြင့် သူ့ကိုယ်သူပြန် ငုံ့ကြည့်လိုက်ပြီးနောက်
“အခြေအနေ ကတော့ တော် တော် လေးကို ဆိုးပါတယ် ခင်ဗျာ၊ ကျွန်တော် မှတ်မိသလောက် ကျွန်တော့်  တစ်သက်မှာ ဖြင့် ဒါမျိုး တစ်ခါမှ မတွေ့ ခဲ့ဖူးဘူးထင်တာပဲ၊ သို့သော်လည်း ကျွန်တော့် ရဲ့ အ ဖြစ်ဆန်းကို စုံထောက်ကြီး နားထောင်ကြည့်လိုက်ပါဦးလေ၊ နားထောင်ပြီးတဲ့ အခါကျတော့ ကျွန်တော် ဘာ့ကြောင့် ဒီလောက် ဖြစ်လာရသလဲ ဆိုတာကို စုံထောက်ကြီး သဘောပေါက်သွားမှာ ပါ”
“သို့ရာတွင် ထိုလူ၏ စကားမှာ အဆုံး မသတ်လိုက်ရချေ။ အပြင်ဘက်မှ ဆူဆူညံညံ အသံများ ကြားရပြီးနောက် ကျွန်ုပ်တို့၏ အိမ်ရှင် အဘွားကြီး မစ္စက်ဟတ်ဆန်သည် အရာရှိဟန် ပေါက်နေသည့် ခပ်တောင့်တောင့် လူ နှစ် ယောက် ကို အခန်းထဲသို့ ခေါ်လာခဲ့သဖြင့် ကြည့်လိုက်ရာ တစ်ယောက် မှာ စကော့တလန်ယာဒ် စုံထောက် အဖွဲ့အမှ ခြေမြန် လက်မြန် ရှိ၍ သူ့နည်းနှင့် သူ တော် သည်ဟု နာမ်မည် ကြီးသော အက်စပတ်တော် ဂရက်ဆန် ဖြစ်လေ၏ ။ အက်စပတ်တော် ဂရက်ဆန်သည် ရှားလော့ဟုမ်းကို လက်ဆွဲ နှုတ်ဆက်ပြီးလျှင် ၄င်းနှင့် လိုကပါလာသူမှာ ဆာရေး နယ် ပုလိပ် အဖွဲ့မှ အင်စပတ်တော် ဗိန်း ဖြစ်ကြောင်းဖြင့် မိတ်ဆက်ပေးလေ၏ ။
“ကျွန်တော် တို့ အနံ့ခံ လိုကလာကြတာ ခင်ဗျ၊ အနံ့က ဒီကို ရနေလို့” ဟု ဆိုကာ ခွေးဘီးလူး မျက်လုံးဖြင့် ကျွန်ုပ်တို့ ဧည်သည်ကို ကြည့်လျက် ရှိလေ၏ ။ ထိုနောက် ဧည်သည်ဘက်ကို လှည့်လိုက်ကာ
“ခင်ဗျားက လီမြို့၊ ပေါ့ဟမ် အိမ်က မစ္စတာ ဂျွန် စတော့ အဲကလက် မဟုတ်လား”
“ဟုတ်ပါတယ်”
“ကြေးနန်းရုံးကို ၀င်ကြည့်ပြီး လိုက်မှာ ပေါ့၊ မဟုတ်ဘူးလား” ဟု ရှားလော့ဟုမ်းက မေးလိုက်၏ ။
“ဟုတ်ပါတယ် မစ္စတာ ဟုမ်း၊ ချင်ရင်ကရော့ ဘူတာကြီး ရောက်လို့ ကြေးနန်းရုံးကို ၀င်ကြည့်တော့ သူ ဒီမှာ ရောက်နေတယ် ဆိုတာကို တွေ့ လို့လိုက်လာတာပါ”
“နေပါဦးဗျာ၊ ကျွန်တော့် ကို ဘာ ဖြစ်လို့ လိုက်ရှာနေကြတာလဲ၊ ကျွန်တော် နှင့် ဘာကိစ္စ ရှိလို့လဲ”
“မနေ့ညက နွယ်သာကီ ရိပ်သာမှာ မစ္စတာ အယ်လိုစီးယတ် ဂါစီယာသေသွားတာနှင့် ပတ်သက်လို့ ခင်ဗျား ထွက်ချက်ကို လိုချင်လို့ပါ”
ကျွန်ုပ်တို့၏ ဧည်သည်သည် ကုလားထိုင်တွင် မတ်၍ ထိုင်လိုက်ပြီး မျက်လုံး အပြူးသားဖြင့် စိုက်ကြည့်လျက် ရှိလေ၏ ။ တအံ့တသြ ဖြစ်လျက်ရှိသော သူ့ မျက်နှာပေါ်တွင် သွေးရောင် ဆို၍ အလျှင်း မရှိတော့ချေ။
“ဗျာ သေသွားပြီ ဟုတ်လား၊ သေပြီ ပြောလိုက်သလား၊ ဟုတ်လား”
“ဟုတ်တယ် ခင်ဗျ၊ သေသွားပြီ”
“ဘာ ဖြစ်လို့ သေတာလဲ ခင်ဗျာ၊ ရထားတို့ ဘာတို့ တိုက်လို့လား”
“လူသတ်သွားတာ ခင်ဗျ”
“ဘုရားရေ၊ ဘယ်လို ဖြစ်တာလဲဗျာ၊ ဒီလိုဆိုရင် ကျွန်တော့် တို့ မသင်္ကာဘူးလို့ ပြောချင်တာလား ခင်ဗျာ”
“သေသူရဲ့ အိတ်ကပ်ထဲမှာ ခင်ဗျားရဲ့ စာတစ်စောင်ကို တွေ့ ရတယ်ဗျ၊ အဲဒီ စာကို ကြည့်ပြီး မနေ့ညက ခင်ဗျား သူ့အိမ်ကို သွားအိပ်ဖို့ ချိန်းထားတယ်ဆိုတာ သိရတယ်”
“ဟုတ်ပါတယ်၊ သွားအိပ်ဖို့ ချိန်းပါတယ်”
“ဘာ၊ ခင်ဗျား ချိန်းခဲ့တယ်နော်၊ ဟုတ်လား၊ ချိန်းခဲ့တယ်” ပုလိပ် အရာရှိသည် မှတ်စု စာအုပ်ကို ထုတ်လိုက်လေ၏ ။
“ဗျို့ ဂရက်ဆန်၊ နေကြစမ်းပါဦးဗျာ၊ ခင်ဗျားတို့ လိုချင်တာက ရိုးရိုး ထွက်ချက်ကို လိုချင်တာ မဟုတ်လား”
“ဘယ်လို ထွက်ချက်ပဲ ဖြစ် ဖြစ် သူ့ ထွက်ချက်ကိုတော့ ရုံးတော် ကို တင်ရမှာ ပဲဗျ”
“ခု မစ္စတာ အဲကလက်က ပြောမလို့ လုပ်နေတုန်း ခင်ဗျားတို့ ရောက်လာတာပဲဗျ၊ အိုင်ဆေး ၀ပ်ဆင်၊ မစ္စတာ အဲကလက်ကို ဘရန်ဒီနှင့် ဆိုဒါ နည်းနည်း တိုက်လိုက်စမ်းပါဦးဗျာ၊ ကဲ မစ္စတာအဲကလက်၊ ခင်ဗျား ပြောမယ့် ဇာတ်လမ်းကို နားထောင်မယ့် ပရိသတ်တော့ တိုးလာပြီဗျ၊ ခင်ဗျား အ ဖြစ် အပျက်ကို အစက အဆုံး သေသေချာချာ ပြောပြစမ်းပါဦး”
ကျွန်ုပ်တို့၏ ဧည်သည်သည် ဘရန်ဒီကို တကျိုက်ကျိုက် သောက်ချလိုက်လေရာ ထိုအခါကျမှပင် သူ့ မျက်နှာတွင် သွေးရောင် လျှမ်းစ ပြုလာလေ၏ ။ မစ္စတာ အဲကလက်သည် အင်စပက်တော် ဂရက်ဆန်၏ ပုလိပ် ဒိုင်ယာရီကို စိတ် မသက်မသာဖြင့် လှမ်း ကြည့်လိုက်ပြီးနောက် သူ တွေ့ ကြုံခဲ့ရသည့် အ ဖြစ်အပျက်ကို ပြောပြလေ၏ ။
“ကျွန်တော် က လူပျိုကြီးပါ ခင်ဗျား၊ အပေါင်းအသင်း ဆံ့လေတော့ ကျွန်တော့် မှာ မိတ်ဆွေ အပေါင်းအသင်းကလည်း တော် တော် များ ပါတယ်၊ အဲဒီ ကျွန်တော့်  မိတ်ဆွေတွေ ထဲမှာ ကင်ဆင်တန် ရပ်ကွက်၊ အယ်ဘီမား အိမ်မှာ နေတဲ့ ဗျစ်ချက်ရုံး ပိုင်ရှင် မဲလဗီးတို့ မိသားစုလည်း ပါပါတယ်၊ သူ့အိမ်မှာ လွန်ခဲ့တဲ့ တစ်လ နှစ် လလောက်တုန်းက ဂါစီယာ ဆိုတဲ့ လူငယ် တစ်ယောက် နှင့် အသိအကျွမ်း ဖြစ်ခဲ့ပါတယ်၊ ကျွန်တော် သိသလောက် ပြောရရင် ဂါစီယာဟာ စပိန်သွေးပါပါတယ်၊ သူ့တို့ စပိန် သံရုံးနှင့် လည်း နည်းနည်း ပါးပါး အဆက်အသွယ် ရှိပါတယ်၊ အင်္ဂလိပ် စကားလည်း ကောင်းကောင်း ပြောတတ်ပါတယ်၊ ဆက်ဆံရေး ကလည်း ကောင်းတယ်၊ ပြီးတော့ လူက ဥပဓိရုပ်ကလည်း တော် တော် လေး ကောင်းပါတယ်။
“ဒီလိုနှင့် ကျွန်တော် တို့ နှစ် ယောက် ခင်မင် ရင်းနှီးသွားကြပါတယ်၊ သူကလည်း မြင့်မြင်ချင်း ကျွန်တော့် ကို ခင်သွားပုံရတယ်၊ ကျွန်တော် နှင့် သိပြီး နှစ် ရက်လောက် ကြာတော့ ကျွန်တော် နေတဲ့ လီမြို့ကို သူ ရောက်လာ ပါတယ်၊ ကျွန်တော့်  အိမ်ကို လာလို့ ကျွန်တော် က ကောင်းကောင်းမွန်မွန် ပြုစုလိုက်တော့ သူကလည်း အပြန်အလှန် သူ့အိမ်ကို လာဖို့ ဖိတ်ပါတယ်၊သူ့ အိမ်က အက်ရှားနှင့် အောက်စရှား ကြားမှာ ရှိတဲ့ နွယ်သာကီ ရိပ်သာပါ၊ မနေ့ည ကတော့ သူ ဖိတ်တာနှင့် ကျွန်တော် လည်း သူ့ဆီကို ရောက် သွားပါတယ်။
“ကျွန်တော် သူ့ အိမ်ကို မရောက်ဖူးခင် ကတည်းက သူ့ အိမ်သူ အိမ်သားတွေ အကြောင်းကို ကျွန်တော် ကို ပြောပါတယ်၊ သူ့မှာ ဗာဟီရ ကိစ္စတွေ ကိုထုပ်ပေးဖို့ စပိန် တပည့်က အင်္ဂလိပ် စကားကိုလည်း ရေလည်ပတ်လည် ပြောနိုင်ပြီး သူ့ အိမ်ကို ထိန်းသိမ်း ပေးတယ်တဲ့ ခင်ဗျ၊ ပြီးတော့ အင်မတန် ထမင်းဟင်း အချက် ကောင်းတဲ့ ထမင်းချက် တစ်ယောက် တည်း ရှိတယ်တဲ့၊ အဲဒီ လူ ကတော့ ကပြားတဲ့ ခင်ဗျ၊ ခရီး သွားရင်း တွေ့ တာနှင့် ခေါ်လာတဲ့၊ ထမင်းဟင်း ကတော့ တော် တော် လေးကို မချက်ကောင်းသတဲ့ ခင်ဗျ၊ သူက ဆာရေး နယ်မှာ သူ့လို အိမ်မျိုး မရှိဘူးတဲ့၊ လူမျိုးစုံ နေတဲ့ အိမ်မျိုး ဆိုလို့ သူ့ တစ်အိမ်ပဲ ရှိတယ်တဲ့၊ ဒါ့ကြောင့် သူ့အိမ်က တော် တော် ဆန်းတဲ့ အိမ်လို့ ကျွန်တော့် ကို တစ်ခါက ပြောဖူးတယ် ခင်ဗျ၊ တကယ်ပါပဲ ခင်ဗျာ၊ ဆာရေး လို တောအရပ်မှာ နိုင်ငံခြားသားတွေ လာနေတဲ့ အိမ်ဆိုလို့ ဒီတစ်အိမ်ပဲ ကျွန်တော် တွေ့ ဖူးပါသေးတယ်၊ တော် တော် တော့ ဆန်းတာပေါ့လေ၊ အဲ ဒါပေမဲ့ အိမ်ဆန်းတာထက် လူက ပိုဆန်းတယ် ဆိုတာကိုတော့ ကျွန်တော် နောက်မှ သိလာရတယ် ခင်ဗျ။
“ဒါနှင့် ချိန်းတဲ့ နေ့ကျတော့ ကျွန်တော် လည်း အက်ရှား တောင်ဘက် နှစ် မိုင်လောက် ဝေးတဲ့ သူ့အိမ်ကို ရထားနှင့် ထွက်လာခဲ့ပါတယ်၊ အိမ်က သိပ်တော့ မကြီးလှပါဘူး ခင်ဗျာ၊ ခပ်လတ်လတ်ထဲကပါပဲ၊ ပေတစ်ရာ လမ်းမကြီးကို ကျောပေးထားပြီး အထဲကို ၀င်ရင် အတွင်းလမ်းက ကွေ့ပတ် ၀င်ရတယ် ခင်ဗျ၊ ခြံဝင်း လမ်းဘေးမှာ တော့ တော် တော် မြင့်တဲ့ ခြံစည်းရိုးပင်တွေ ကို စိုက်ထားတယ်၊ အိမ်က တော် တော် ဟောင်းနေပါပြီ ခင်ဗျ၊ တချို့ နေရာတွေ ကျတော့ ပြိုကျတော့မလားတောင် ထင်ရတယ်၊ ဒါနှင့် ကျွန်တော် လည်း ပေါင်းမြတ်တွေ ဖုံးနေတဲ့ လမ်းကလေးအတိုင်း မောင်းလာခဲ့ပြီး သင်္ဘောဆေးတွေ ဖြူကွက်နေတဲ့ အိမ်တံခါး ရှေ့မှာ ရထားကို ရပ်လိုက်ပါတယ်၊ ဘုမသိ ဘမသိ ဒီလောက် ရင်းနှီးတာလည်း မဟုတ်ဘဲနှင့် လာလည်မိတာတော့ မှားပြီထင်တယ်လို့ စနိုးစနောင့် ဖြစ်လိုက်မိပါသေးတယ်။
“ကျွန်တော် ရောက်တော့ ဂါစီယာ ကိုယ်တိုင် တံခါး ကို လာဖွင့်ပေးတယ် ခင်ဗျ၊ ကျွန်တော့် ကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်၊ ပြီးတော့ အသားညိုညို မျက်နှာ ခပ်မှုန်မှုန်နှင့် အစေခံကို ကျွန်တော့်  အိပ်ခန်းကို လိုက်အပြ ခိုင်းပါတယ်၊ အစေခံက ကျွန်တော့်  အိတ်ကို ဆွဲပြီး အခန်းကို လိုက်ပို့တယ် ခင်ဗျ၊ အိမ်ကြီး တစ်အိမ်လုံးကို ကြည့်ရတာ စိတ်ညစ်စရာကြီးပါ ခင်ဗျ၊ ဒါနှင့် ကျွန်တော် တို့ နှစ် ယောက် လည်း ညစာ စားရင်း အာလာပသလ္လာပ ပြောကြတာပေါ့လေ၊ တစ်အိမ်လုံး သူက ရွှန်းရွှန်းအောင် စကားတွေ ပြောနေပေမဲ့ သူ့ကို ကြည့်ရတာ စိတ်က တခြား ရောက်နေသလိုပဲ ခင်ဗျ၊ တစ်ခါတစ်လေကျတော့ သူ ပြောတာတွေ က ဟိုရောက် ဒီရောက်နှင့် ဆိုတော့ ကျွန်တော် ဖြင့် သူ ဘာပြောမှန်းတောင် ကောင်းကောင်း မသိဘူး၊ ပြီးတော့လည်း စားပွဲကို လက်ချောင်းကလေးတွေ နှင့် တဒေါက်ဒေါက် ခေါက်နေတယ်၊ တစ်ခါ တစ်ခါ ကျတော့လည်း လက်သည်းတွေ ကို ကိုက်နေတယ် ခင်ဗျ၊ သူ့ကို ကြည့်ရတာ ဂနာမငြိမ် ဖြစ်နေသလို ကျွန်တော် အောက်မေ့လိုက်မိတယ်၊ ထမင်းဟင်းကလည်း သူ ပြောလို့သာ ပြောတာပါ ခင်ဗျ၊ ဒီလောက်အကောင်းကြီးလည်း မဟုတ်ပါဘူး၊ ပြီးတော့ အစေခံကလည်း ပြုစုပုံက သိပ် မနိပ်လှပါဘူး၊ အစေခံက မျက်နှာထားကြီး မှုန်ပြီး အနားမှာ ရပ်နေတော့ ကျွန်တော် ဖြင့် တော် တော့် ကို စိတ်ညစ်ခဲ့ရတယ်၊ ကျွန်တော် လည်း သူနှင့် ထမင်းထိုင်ပြီး စကားပြောလို့သာ ပြောနေရတယ်၊ ကြောင်းပြချက် တစ်ခုခု ရှာပြီး ပြန်ရကောင်း မလားလို့တောင် စိတ်ကူးမိပါတယ်။
“ခု ဒီက အင်စပတ်တော် ကြီးတို့ နှစ် ယောက် ကို တွေ့ တော့မှ သူသေတဲ့ ကိစ္စနှင့် ပတ်သက်ပြီး စဉ်းစားစရာကလေး တစ်ခု ကျွန်တော် ပြန် သတိရလာတယ် ခင်ဗျ၊ စောစောတုန်း ကတော့ ဒီအကြောင်းကို အမှတ်မဲ့ပါပဲ၊ ကျွန်တော် တို့ ထမင်း စားပြီးခါနီး တော့ အစေခံ ရောက်လာပြီး စာကလေး တစ်စောင် လာပေးတယ် ခင်ဗျ၊ အဲဒီ စာကို ဖတ်ပြီးတဲ့ အခါကျတော့ ဂါစီယာဟာ စောစောက ထက်တောင် ဂန်မငြိမ် ဖြစ်နေတယ်လို့ ကျွန်တော် ထင်လိုက်မိပါတယ်၊ စာကို ဖတ်ပြီးတော့ ဂါစီယာဟာ ဟန်ဆောင် ပန်ဆောင်တောင် စကားသိပ်မပြောတော့ဘဲ စီးကရက်ကို တစ်လိပ်ပြီး တစ်လိပ် ထိုင်သောက်နေတယ် ခင်ဗျ၊ သူ့ဘာသာသူ ဘာတွေ ကို တွေးနေသလဲတော့ မပြောတတ်ဘူးပေါ့လေ၊ကျွန်တော့် ကိုလည်း စာထဲမှာ ပါတဲ့ အကြောင်းကို ဘာမှမပြောဘူး၊ ဒါနှင့် ဆယ့်တစ်နာရီလောက် ရှိလို့ ကျွန်တော် တို့ လူချင်း ခွဲပြီး အိပ်ရာထဲ ၀င်တော့မှပဲ ကျွန်တော် လည်း တော် တော် စိတ်သက်သာရာ ရသွားတယ်၊ ခဏ နေတော့ ဂါစီယာဟာ ကျွန်တော့်  အခန်ဝကို ရောက်လာပြီး လာကြည့်တယ် ခင်ဗျ၊ အဲဒီ တော့ တစ်အိမ်လုံး မှော င်နေပြီ၊ ပြီးတော့ ကျွန်တော့် ကို ခေါင်းလောင်းကြိုးကို ဆွဲသလားလို့ မေးတယ် ခင်ဗျ၊ ကျွန်တော် က မဆွဲဘူးလို့ ပြောလိုက်တယ်၊ သူက ကျွန်တော့် ကို အချိန်မတော် လာမေးမိတဲ့ အတွက် တောင်းပန်ပြီး တော် တော် ညဥ့်နက်နေပြီ၊ နာရီပြန် တစ်ချက်လောက်တောင် ရှိပြီလို့ ပြောသွားတယ် ခင်ဗျ။
“ဒီနောက်တော့ ကျွန်တော် လည်း အိပ်ချင်လာတာနှင့် အိပ်လိုက်တာ တစ်ညလုံး တစ်ရေး မှ မနိုးတော့ဘူး။
“ခု အံ့သြစရာ ကောင်းတဲ့ အပိုင်းကို ရောက်ပါတော့မယ် ခင်ဗျာ၊ ကျွန်တော် အိပ်ရာကနိုးလာတော့ မိုး စင်စင် လင်းနေပြီ ခင်ဗျ၊ လက်က နာရီကို ကြည့်လိုက်တော့ ကိုးနာရီတောင် ထိုးခါနီး နေပြီ၊ ကျွန်တော့် ကို ရှစ်နာရီမှာ နှိုးပါလို့ မှာ ထားလျက်နှင့် မနှိုးဘဲ မေ့နေတော့ ကျွန်တော် လည်း တော် တော် အံ့အားသင့်နေပါတယ်။
ရှားလော့ဟုမ်းသည် လက်ချင်း ပွတ်ကာ တခစ်ခစ် ရယ်လျက် ရှိလေ၏ ။
“အင်း၊ ခင်ဗျား အ ဖြစ်အပျက်က ထူးခြားတာတော့ အမှန်ပဲဗျ၊ တစ်ဆိတ် မေးပါရစေဗျာ၊ ဒီတော့ ခင်ဗျား ဘာလုပ်သလဲ”
“ကျွန်တော် လည်း သိပ် ဒေါသ ထွက်တာပေါ့ ခင်ဗျာ၊ အကျီစားသန်သန်နှင့် ကျီစားတာမျိုးပဲလို့ ရုတ်တရက် ထင်လိုက်မိသေးတယ် ခင်ဗျ၊ ကျွန်တော် လည်း ကျွန်တော့်  ပစ္စည်းတွေ ကို သိမ်း တံခါးကို ဆောင့်ပိတ်ပစ်ခဲ့ပြီး အထုပ်ကလေး လက်က ဆွဲပြီး အက်ရှားကို ပြန်ခဲ့ရတာ ပေါ့ ခင်ဗျား၊ ဒါနှင့် ရွာထဲရောက်တော့ အဲဒီ ရွာက အိမ်မြေပွဲစား အာလန် ဘရားသားကို သွားစုံစမ်းတော့ အဲဒီ အိမ်ကို သူတို့ ငှားပေးထားတာတဲ့၊ ဒီတော့ ကျွန်တော့ စဉ်းစားမိတာက ကျွန်တော့် ကို ကိုးရိုးကားရား ဖြစ်အောင် လုပ်ချင်လို့တော့ ဟုတ်မှာ မဟုတ်ဘူး၊ ဧကန္တ အိမ်လခ မပေးနိုင်လို့ လစ်ပြေးတာပဲလို့ ကျွန်တော် ထင်လိုက်မိပါတယ်၊ အဲဒီ လက မတ်လ ဆိုတော့ လေးလပိုင်း အတွက် အိမ်လခကလည်း ပေးရခါနီပြီ မဟုတ်လား၊ ဒါပေမဲ့ ခု စုံစမ်းလိုက်တော့ မဟုတ်ပြန်ဘူး ခင်ဗျ၊ အိမ်ပွဲစားတွေ က ကျွန်တော် ခုလို သတိလပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်တဲ့၊ ဒါပေမဲ့ အိမ်လခ ကြွေး မရှိပါဘူးတဲ့၊ ကြုတင် ပေးပြီးသားပါတဲ့။
“ဒါနှင့် ကျွန်တော် က လန်ဒန်ကို ပြန်လာပြီး စပိန် သံရုံးကို သွားစုံစမ်းတယ် ခင်ဗျ၊ စပိန်သံရုံးကလည်း အဲဒီ လူကို မသိဘူးလို့ ပြောလိုက်တယ်။
“ဒါနှင့် သူနှင့် ကျွန်တော် ပထမဆုံး စတွေ့ တဲ့ မဲလဗီ အိမ်ကိုသွားပြီး အကျိုးအကြောင်း စုံစမ်းတော့ သူကလည်း ဂစီယာ ဆိုတဲ့ လူအကြောင်းကို ကျွန်တော် သိသလောက်တောင်မရှိဘူး ခင်ဗျ၊ နောက်ဆုံးတော့ ဒီလို ကိစ္စမျိုးကို စုံထောက်ကြီး ကတော့ စုံစမ်းပေးနိုင်မှာ ပဲ ဆိုပြီး စုံထောက်ကြီးဆီကို ကြေးနန်းရိုက်မေးတော့ စုံထောက်ကြီးက လာနိုင်တယ်လို့ပြောတာနှင့် ကျွန်တော် လာခဲ့တာပါပဲ ခင်ဗျာ၊ ခုတော့ ဟောဒီက အင်စပက်တော် ကြီးတို့ လာမှ သူ အသတ်ခံရတဲ့ အကြောင်းကို သိတော့တာပါပဲ၊ ဒီတော့ ကျန်တဲ့ အပိုင်းကိုတော့ အင်စပက်တော် ကြီးတို့ကပဲ ပြောပြပါတော့၊ ကျွန်တော် တစ်ခု ပြောရဲတာ ကတော့ ကျွန်တော် ပြောတဲ့ စကားတွေ ထဲမှာ မမှန်တာ တစ်လုံးမှ မပါပါဘူး ခင်ဗျား၊ ဒါက လွဲရင်တော့ ကျွန်တော် ဒီလူ့ အကြောင်းကို ဘာမှ မသိရိုး အမှန်ပါ၊ ကျွန်တော် ကတော့ တရားဥပဒေ အတိုင်း ဖြစ်အောင် ကူညီဖို့ အဆင်သင့်ပါ”
အင်စပက်တော် ဂရက်ဆန်က ချိုသာသော အသံဖြင့်
“ဟုတ်ပါပြီလေ၊ ခင်ဗျား ပြောတဲ့ အချက်တွေ အားလုံးဟာ ကျွန်တော် တို့ သတိထားမိတဲ့ အချက်တွေ နှင့် တော် တော် ကလေး နီးစပ်ပါတယ်၊ ဥပမာအားဖြင့် ခင်ဗျားတို့ ထမင်းစားနေတုန်း ရောက်လာတဲ့စာကိစ္စ ဆိုပါတော့၊ ဒီစာရွက်ကို သူ ဘာလုပ်လိုက်သလဲ ဆိုတာကော သတိများ ပြုလိုက်မိသလား”
“သတိထားလိုက်မိပါတယ် ခင်ဗျာ၊ ဂါစီယာဟာ စာကို လုံးထွေးပြီး မီးဖိုထဲကို ထည့်လိုက်ပါတယ်”
“မစ္စတာ ဗိန်း အနေနှင့် ကော ဘာပြောစရာ ရှိသေးလဲ”
ကျေးရွာ ပုလိပ် ဌာနမှ စုံထောက်ကြီး ဗိန်းမှာ ကိုယ်လုံး ကိုယ်ပေါက်တောင့်တောင့်၊ ၀၀ဖိုင့်ဖိုင့် ၊ အသားနီနီနှင့် ဖြစ်ပြီလျှင် မျက်နှာကြီး တစ်ခုလုံးမှာ ပြည့်အစ်လျှက် ရှိလေရာ မျက်ခွံ မို့မို့ကြီးများ နှင့် ပါးစုံကြီးများ ထဲ နစ်မြုပ် ပျောက်ကွယ်လျှက် ရှိသော အလွန် ထူးခြားတောက်ပသည့် မျက်လုံး နှစ် လုံးကြောင့် သာလျှင် သူ့ မျက်နှာမှာ ကြည့်ပျော် ရှုပျော် ဖြစ်နေခြင်း ဖြစ်ပေ၏ ။ အင်စပက်တော် ဗိန်းသည် မပြုံးချင် ပြုံးလိုက်လျက် အရောင် အဆင်း မရှိတော့သော စက္ကူခေါက်ကလေး တစ်ခုကို အိတ်ထဲမှ ထုတ်လိုက်လေ၏ ။
“မီးဖို သံပေါင် အောက်က တွေ့ လာခဲ့တယ် မစ္စတာ ဟုမ်း၊ မီးဖိုထဲကို ပစ်ချလိုက်တော့ တစ်ပိုင်းတစ်စ လောင်ပြီး တစ်ဖက်ကို ကျသွားတာ၊ ကျန်တဲ့အပိုင်းကလေးကို ကျွန်တော် မီးဖိုအောက်က ကောက်လာခဲ့တယ်”
ရှားလော့ဟုမ်းသည် ကျေနပ်သွားဟန်ဖြင့် ပြုံးလိုက်လေသည်။
“ဒီစက္ကူစုတ်ကလေးကို တွေ့ အောင် တော် တော် ရှာယူရလိမ့်မယ် ထင်တယ်”
“ရှာရတာ ပေါ့ ခင်ဗျာ၊ ဒါက ကျွန်တော့်  နည်းကိုး စုံထောက်ကြီးရဲ့၊ မစ္စတာ ဂရက်ဆန်၊ ကျွန်တော် ဖတ်ပြလိုက်ရမလား”
“အင်စပက်တော် ကြီးတို့က စာကို တွေ့ လာလေတော့ ကျွန်တော် ပြောတဲ့အတိုင်း မှန်နေတာတွေ ရလို့ တော် ပါသေးရဲ့ ခင်ဗျား၊ ဒါပေမဲ့ မစ္စတာ ဂါစီယာ ဘာ ဖြစ်လို့ သေသွားသလဲ၊ သူ့ တပည့်တွေ ရော ဘယ်လို ပျောက်သွားသလဲ ဆိုတာကိုတော့ ကျွန်တော် လုံးလုံး မကြားခဲ့ဘူး ခင်ဗျား” ဟု ပြောလေ၏ ။
“ဂါစီယာ ကိစ္စ ကတော့ ရှင်းပါတယ်၊ ဒီနေ့မနက် သူ့ အိမ်နှင့် တစ်မိုင်လောက် ဝေးတဲ့ အောက်ရှော့ ကွင်းကြီးထဲမှာ သူ့ အလောင်းကိုတွေ့ ရတယ်ဗျ၊ ခေါင်း ကတော့ သဲအိတ်တို့ ဘာတို့နှင့် ရိုက်ထားတာမျိုးလို ကြေနေတယ်၊ ဒဏ်ရာ ရတယ်လို့တောင် ပြောဖို့ခက်ခက်ရယ်၊ တစ်ခေါင်းလုံး ကြေနေတာကိုးဗျ၊ အဲဒီ ကွင်းစပ်က လူလည်း တော် တော် ပြတ်တယ်၊ ကွင်းအနီး နှစ် ဖာလုံ ပတ်လည်မှာ အိမ် ဆိုလို့ တစ်အိမ်မှ မရှိဘူး၊ ပထမ တစ်ချက် ကတော့ နောက်ကနေပြီး ရိုက်လိုက်တာနှင့် တူတယ်၊ လဲကျသွားတော့မှ စိတ်ရှိလက်ရှိ ရိုက်ထားတဲ့ပုံပဲ၊ ဒဏ်ရာ ကတော့ တော် တော် လေးကို ပြင်းတယ်ဗျ၊ တရာခံတွေ ရဲ့ သဲလွန်စတို့ ခြေရာတို့ကိုတော့ မတွေ့ ရဘူး”
“ပစ္စည်း ယူသေးသလား”
“ပစ္စည်းယူသွားတဲ့ လက္ခဏာ မရှိဘူး ခင်ဗျ”
မစ္စတာ အဲကလက်က အသံတုန်တုန်ဖြင့်
“တော် တော် ရက်စက်တာပဲဗျာ၊ ကြောက်စရာကြီးပါလား၊ ကျွန်တော် ဖြင့် ဒီသတင်းကို ကြားလိုက်ရတော့ ဘယ်လို ဖြစ်သွားမှန်းတောင် မသိဘူး၊ ကျွန်တော် သွားလည်မိတာမှ အိမ်ရှင်က ညကြီးသန်းခေါင် အပြင် ထွက်ပြီး ခုလို သတ်ခံလိုက်ရတယ် ဆိုတော့ စိတ် မကောင်းစရာကြီး၊ ကျွန်တော် ဖြင့် ဘာဆို ဘာမှကို မသိရပါဘူး၊ အမှုကကော ကျွန်တော် နှင့် ဘယ်လို ပတ်သက် နိုင်ပါသေးသလဲ ခင်ဗျား”
အင်စပက်တော် ဗိန်းက
“ဒါ ကတော့ ရှင်းပါတယ်လေ၊ သေသူရဲ့ အိတ်ထဲမှာ တွေ့ တဲ တစ်ခုတည်းသော စာရွက်စာတမ်းက အချင်း ဖြစ်တဲ့ ညမှာ သူ့ဆီကို လာအိပ်မယ်လို့ ရေး ထားတဲ့ ခင်ဗျား စာ ဖြစ်နေတယ်၊ ဒီ စာအိတ်ပေါ်က လိပ်စာကို တွေ့ တဲ့အတွက် သေသူရဲ့ နာမည် နှင့် လိပ်စာကိုကျွန်တော် တို့ သိရတာ ကိုး၊ အိမ်ကို ကျွန်တော် တို့ ကိုးနာရီကျော်ကျော်လောက် ရာက်သွားတဲ့ အခါကျတော့ ခင်ဗျားကိုရော ဘယ်သူ့ကိုမှ မတွေ့ ရတော့ဘူး၊ ဒါနှင့် ကျွန်တော် က နွယ်သာကီ ရိပ်သာကို စစ်ဆေး ကြည့်နေတုန်းမှာ ခင်ဗျားကို လိုက်ရှာဖို့ လန်ဒန်မှာ ရှိတဲ့ ဟောဒီက အင်စပက်တော် ဂရက်ဆန်ဆီကို သံကြိုး ရိုက်လိုက်တာပဲ၊ ဒီနောက် လန်ဒန်ကို ကျွန်တော် လိုက်လာပြီး ခင်ဗျားကု ရှာတယ်၊ ခုတော့ ဒီမှာ လာတွေ့ တယ်”
အင်စပက်တော် ဂရက်ဆန်က ခေါင်းညိတ်ပြလိုက်၏ ။
“စာက သာမန် စက္ကူ အဖြူပေါ်မှာ ရေး ထားတာ ခင်ဗျ၊ ရေစာ မပါဘူး၊ စာရွက် ကတော့ တော် တော် ဆန်းတယ်၊ စာရွက်ကို အသွားတိုတို ကတ်ကြေးနှင့် နှစ် ခါဖြတ်ထားတယ်၊ စာရွက်ကို သုံးခေါက် ချိုးထားပြီး အနီရောင် ချိပ်နှင့် ပိတ်ထားတယ်၊ ချိပ်ကို ကမန်းကတန်း ပိတ်ပြီး အပေါ်က ဘဲဥပုံ အရာ တစ်ခုနှင့် နှိပ်ထားတယ်၊ စာက နွယ်သာကီ ရိပ်သာက မစ္စတာ ဂါစီယာ ကို လိပ်တပ်ထားတယ်၊ စာထဲမှာ ” အစိမ်းရောင် နှင့် အဖြူရောင် ၊ အစိမ်းဖွင့်၊ အဖြူပိတ်၊ အလယ် လှေကား၊ ပထမ စင်္ကြံ၊ ညာဘက် ခုနှစ် ပေါက်မြောက်၊ အစိမ်းရောင် သက္ကလတ် ခန်းဆီး၊ အမြန်၊ ဒီ” တဲ့ ခင်ဗျ၊ လက်ရေး ကတော့ မိန်းမ လက်ရေး ပဲ၊ စာရေး ထားတာက နှစ် သွားချွန်ချွန် ကလောင်တံ တစ်ချောင်းနှင့် ရေး ထားတာ၊ ဒါပေမဲ့ လိပ်စာကိုတော့ တခြား ကလောင်တံ တစ်ချောင်း နှင့် ရေး ထားတာ၊ ဒါမှမဟုတ်ရင်လည်း တခြား လူ တစ်ယောက် က ရေး ထားတာ၊ လိပ်တပ်တဲ့ လက်ရေး က ပိုပြီး အပြားကြီးပြီး ပိုပြီး ၀ိုင်းတယ်၊ ဟောဒီမှာ …..”
ရှားလော့ဟုမ်းက စာရွက်ပိုင်းကလေးကို လှမ်းကြည့်လိုက်ပြီးလျှင်
“စာရွက်က တော် တော် တော့ ဆန်းတယ်ဗျ၊ ခုလို အသေးစိတ်ကလေးကို စစ်ထားလို့ မစ္စတာ ဗိန်းကို ကျေးဇူးတင်တယ်ဗျ၊ နောက်ထပ် အသေးစိတ်အသစ်ကလေးတွေ လည်း တွေ့ ရသေးတယ်ဗျ၊ ချိပ်ပေါ်မှာ နှိပ်ထားတဲ့ ဘဲဥပုံ ပစ္စည်း ဆိုတာက အသီးပေါ်မှာ အပွင့်တွေ မှန်ကူကွက်တွေ မပါတဲ့ ပြောင်ချောချော ရှပ်အင်္ကျီ လက်ကြယ်သီးဗျ၊ ဒီလို အရွယ် ဒီလိုပုံမျိုးဟာ ရှပ်အင်္ကျီလက်ကြယ်သီးပဲ ဖြစ်ရမယ်၊ တခြားဟာ မ ဖြစ်နိုင်ဘူး၊ ကတ်ကြေး ကတော့ လက်သည်း ညှပ်တဲ့ ကတ်ကြေး အသေးစားကလေးဗျ၊ စာရွက် ပြတ်နေပုံ ကွေးကွေးကောက်ကောက်ကလေး နှစ် ခု ဖြစ်နေတာက တခြားကြောင့် မဟုတ်ဘူး၊ လက်သည်း ညှပ်တဲ့ ကတ်ကြေး အသေးကလေးနှင့် ကိုက်ထားလို့ ဒီလို ဖြစ်နေတာ”
ရွာပုလိပ်ဌာနမှ စုံထောက် အင်စပက်တော် က သဘောကျ၍ ရယ်လိုက်၏ ။
“ကျွန်တော် စဉ်းစားထားတာ ကုန်ပြီလို့ အောက်မေ့နေတာ၊ ခုတော့ ကျန်နေသေးတာကိုး ခင်ဗျ၊ စာကို ဖတ်ကြည့်လိုက်တဲ့ အခါကျတော့ စာဟာ အရေး တကြီး ရေး ထားတယ်၊ အောက်မှာ အမျိုးသမီး တစ်ယောက် လက်မှတ် အတိုကောက် ထိုးထားတယ် ဆိုတာလောက်ကိုပဲ တွေ့ တယ် ခင်ဗျာ”
ထိုသို့ ပြောနေချိန်တွင် မစ္စတာ အဲကလက်မှာ ဂနာမငြိမ် ဖြစ်လျက် ရှိသည်ကို တွေ ရလေ၏ ။
အင်စပက်တော် ဂရင်ဆန်က ထိုင်ရာမှ ထထိုင်လျက်
“ခုလောက် ဆိုရင် တိုင်ချက် ဖွင့် လို့ ရလောက်ပါပြီလေ၊ မစ္စတာအဲကလက် ကျွန်တော် တို့နှင့် ဌာနာကို လိုက်ခဲ့ဗျား ခင်ဗျား ထွက်ချက်ကို လက်မှတ် ထိုးယူရအောင်”
“ဟုတ်ကဲ့ ခင်ဗျား၊ လိုက်ဆိုလည်း လိုက်တာပေါ့၊ သို့သော်လည်း စုံထောက်ကြီး ခင်ဗျား၊စုံထောက်ကြီးကို လိုက်ပါ ဆောင်ရွက်ပေးဖို့ ကျွန်တော် ငှားပါတယ်၊ ငွေရေး ကြေးရေး ကိစ္စမရှိပါဘူး၊ ကုန်ချင်သလောက် ကုန်ပါစေ၊ အမှန်ကို ရောက်ရင် တော် ပါပြီ”
ရှားလော့ဟုမ်းက ကျေးရွာ ပုလိပ်ဌာနမှ အင်စပက်တော် ဗိန်းဘက်သို့ လှည့်၍
“ဘယ်လိုလဲ မစ္စတာ ဗိန်း၊ ခင်ဗျားနှင့် ပူပေါင်း လုပ်ရင် ကန့်ကွက်စရာ မရှိပါဘူးနော်”
“ဟာ ကြံကြီးစည်ရာ ခင်ဗျား၊ ကျွန်တော့်  အဖို့ ဂုဏ်တောင် ယူရဦးမယ်”
“မစ္စတာဗိန်း စုံစမ်းခဲ့သမျှတွေ ကတော့ တော် တော် လည်း စေ့စပ်ပြီး ပြည့်စုံပါတယ်၊ သို့သော်လည်း ဘယ်အချိန်လောက်မှာ သေတယ် ဆိုတာနှင့် ပတ်သင်လို့ သဲလွန်စကလေး ဘာလေးများ မတွေ့ ခဲ့ဘူးလား”
“အဲဒီ ကွင်းစပ်ကို ည နာရီပြန် တစ်ချက်လောက်မှာ ရောက်တယ် ခင်ဗျ၊ အဲဒီ အချိန်မှာ မိုးတဖွဲဖွဲ ကျနေတယ်၊ မိုးမရွာခင် အသတ်ခံရတာ ဖြစ်မယ်”
ကျွန်ုပ်တို့၏ အမူသည် မစ္စတာ အဲကလက်က
“ဒါတော့ မ ဖြစ်နိုင်ဘူး ခင်ဗျ၊ မနေ့ညက ကျွန်တော့် ကို နာရီပြန် တစ်ချက်မှာ လာနှိုးတာ သူ့ အသံမှ သူ့အသံစစ် ခင်ဗျ၊ ဒါကိုတော့ ကျွန်တော် ကျိန်ပြောရဲတယ်”
ရှားလော့ဟုမ်းက ပြုံးလိုက်လျက်
“အင်း ဆန်းတော့ ဆန်းသဗျ၊ ဒါပေမဲ့ မ ဖြစ်နိုင်ဘူးလို့တော့လည်း မပြောနိုင်ပေဘူးပေါ့လေ”
“စုံထောက်ကြီးက သဲလွန်စ ရလို့လား” ဟု အင်စပက်တော် ဂရက်ဆန်က မေလေ၏ ။
“အပေါ်ယံ ကြည့်ရင်တော့ အမှုက သိပ် မရှုပ်လှပါဘူးဗျ၊ သို့သော်လည်း အမှုက စိတ်ဝင်စားစရာ အသစ်အဆန်းကလေးတွေ ပါနေတယ်၊ ကျုပ် ထင်မြင်ချက်ကို မပေးခင် နောက်ထပ် အချက်အလက်ကလေး နည်းနည်း ပါးပါးတော့ လိုချင်သေးတယ်ဗျ၊ ဒါထက် နေစမ်းပါဦး မစ္စတာ ဗိန်း၊ အိမ်ထဲကို ရှာကြည့်တော့ ဒီစာရွက် အပြင် တခြား ဘာများ ထူးထူးခြားခြား တွေ့ ရသေးသလဲ”
အင်စပက်တော် ဗိန်းသည် ရှားလော့ဟုမ်းကို ခပ်ဆန်းဆန်း ကြည့်လိုကပြီလျှင်
“တော် တော် ထူခြားတဲ့ အချက် တစ်ချက် နှစ် ချက်လောက်ကိုတော့တွေ့ ရတယ် ခင်ဗျ၊ ဌာနာကို သွား တိုင်ချက် ဖွင့်ပြီးရင် စုံထောက်ကြီး ကိုယ်တိုင်လိုက်ကြည့်ပြီး ထင်မြင်ချက် ပေးစမ်းပါဦလေ”
ရှာလော့ဟုမ်းသည် ခေါင်းလောင်းကြိုးကို လှမ်းဆွဲလိုက်ရင်း
“ရပါတယ်ဗျ၊ ကြိုက်သလို လုပ်ပါ၊ ကဲ မစ္စက် ဟတ်ဆန်ရေ၊ ဟောဒီက မိတ်ဆွေကြီးများ ကို အိမ်ပေါက်ဝ အထိ လိုက်ပို့ လိုက်ပါဗျာ၊ ပြီးတော့ သူငယ်ကလေးကိုလည်း ဟောဒီ ကြေးနန်းကို အပို့ ခိုင်းလိုက်စမ်းပါ၊ အပြန် ကြေးနန်းခ ငါးသျှီလင်ပါ ပေးခဲ့လို့”
ဧည့်သည်များ ထွက်သွားသည့် အခါတွင် ကျွန်ုပ်တို့နှင့် နှစ် ယောက် သည် အတန်ကြာမျှ တိတ်ဆိတ်စွာ ထိုင်နေကြလေ၏ ။
ရှားလော့ဟုမ်းမှာ မျက်မှော င်ကုတ်လျက် ဆေးတံကို တစ်ဆုံပြီး တစ်ဆုံ ဆက်တိုက် ဖွာနေလေ၏ ။ လေးနက်စွာ စဉ်းစားလေ့ ရှိသည့် အခါတွင် ဖြစ်နေကျ အတိုင်းသူ့ခေါင်းသည် ရင်ဘက်ပေါ်တွင် ငိုက်ကျလျက် ရှိ၏ ။ ထိုနောက် ကျွန်ုပ်ဘက်သို့ဆတ်ခနဲ လှည့်လိုက်ကာ
“အိုင်ဆေး ခင်ဗျား ဘယ်လို သဘောရသလဲ”
“ဒီ အမှုမှာ အဲကလက် ဘယ်လို ပါနေသလဲ ဆိုတာကို ကျွန်တော် ဖြင့် စဉ်းစားလို့ကို မရသေးဘူးဗျ”
“အမှုနှင့် ပတ်သက်လို့ကော”
“သေသူ ဂါစီယာရဲ့ တပည့်တွေ ပျောက်သွားပုံကို ထောက်တော့ ဒီကောင်တွေ ဟာ လူသတ်မှုနှင့် တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေလို့ပဲ ဖြစ်မှာ ပဲဗျ၊ ဒါကြောင့် ဥပဒေကို တိမ်းရှောင် ပြေးကြတာနှင့် တူတယ်”
“အင်း ဖြစ်နိုင်တဲ့ အချက်ပါပဲ၊ အပေါ်ယံ ကြည့်လိုက်ရင်တော့ တပည့် နှစ် ယောက် ဟာ သူတို့ ဆရာ အပေါ်မှာ မကောင်း ကြံနေကြတယ်၊ သို့သော်လည်း အိမ်ကို ဧည်သည် လူစိမ်း လာအိပ်တဲ့ နေ့မှာ သတ်ပြီး ထွက်ပြေးကြတယ် ဆိုတာဟာ တော် တော် လေးတော့ ဆန်းတာပဲဗျ၊ တကယ် ကြံချင်ရင် တခြား နေ့တွေ မှာ ကြံပါလား၊ သူတို့ချည်းပဲ ရှိတာ”
“ဒါဖြင့် ရင် ဘာ ဖြစ်လို့ ဒီကောင်တွေ ထွက်ပြေးကြလဲဗျာ”
“ဟုတ်တယ်ဗျ၊ မေးစရာပဲ၊ ဒီကောင်တွေ ဘာ ဖြစ်လို့ ထွက်ပြေးကြသလဲ၊ ဒါဟာ တော် တော် အရေး ကြီးတဲ့ အချက် ဖြစ်တယ်၊ နောက် အရေး ကြီးတဲ့ အချက် တစ်ချက်က ကျုပ် အမှုသည် အဲကလက်ရဲ့ အ ဖြစ်အပျက်ဗျ၊ ဒီတော့ ဒီကောင်တွေ ထွက်ပြေးကြတဲ့ ကိစ္စရယ်၊ ကျုပ် တို့လူ ကြုံခဲ့တဲ့ အ ဖြစ်အပျက်ရယ်၊ ဒါတွေ ဟာ တစ်ခုနှင့် တစ်ခု ကိုက်ညီ အပ်စပ်အောင် လူ့ဥာဏ်နှင့် ဘာ ဖြစ်လို့ မလုပ်နိုင်ရမှာ လဲဗျာ၊ ဒီအထဲမှာ ခပ်ဆန်းဆန်း ရေထားတဲ့ စာကိုပါ သူ့ နေရာနှင့် အံဝင်ခွင်ကျ ဖြစ်အောင် ထည့်ပေးနိုင်တယ် ဆိုရင် ကျုပ်တို့ လက်ခံနိုင်စရာ ရှိတဲ့ ယာယီ ကောက်ချက် တစ်ခုတော့ ထွက်လာရမှာ ပေါ့၊ အဲဒီ အထဲမှာ နောက် ရတဲ့ အချက်အလက်သစ်တွေ ကိုပါ ညီညွတ် အပ်စပ်အောင် ထည့်ပေးနိုင်ပြီ ဆိုရင်တော့ ကျုပ်တို့ ကောက်ချက်ဟာ ယာယီ ကောက်ချက် တစ်ခုတင် မဟုတ်ဘဲနှင့် ညီမျှခြင်း ချပြီးသား အဖြေတစ်ခု ဖြစ်လာပြီပေါ့”
“ကဲ ဒီလိုဆိုရင် ကျွန်တော် တို့ ကောက်ချက်က ဘယ်လို ကောက်ချက် မျိုးလဲဗျာ”
ရှားလော့ဟုမ်းသည် မျက်လုံးများ ကို မှိတ်ကာ ကုလားထိုင် နောက်မှီကို မှီလိုက်လေ၏ ။
“ဒီ ကိစ္စမှာ ပြောင်ချင် နောက်ချင်လို့ သက်သက် ကျီစားတဲ့ အနေနှင့် သူ့ကို အိမ်ကို ဖိတ်တယ် ဆိုတာ ကတော့ လုံးလုံး မ ဖြစ်နိုင်တော့ဘူးဗျ၊ နောက်မှ ဖြစ်လာတဲ့ လူသတ်မှုကို ကြည့်လိုက်ရင် ဒါကို အလွယ်ကလေးနှင့် သိနိုင်တယ်၊ ဒီတော့ အဲကလက်ကို နွယ်သာကီ ရိပ်သာကို လာအောင် ဖိတ်တာဟာ အကြောင်း တစ်ခုခု ရှိရမယ်”
“ဘယ်လို အကြောင်းများ လဲဗျာ”
“ကွင်းဆက်တွေ တစ်ခုပြီး တစ်ခု စဉ်းစားကြရအောင်ဗျာ၊ စပိန် လူမျိုး ဂါစီယာနှင့် အဲကလက်တို့ ဒီလောက် မြန်မြန်ဆန်ဆန် မိတ်ဆွေ ဖြစ်သွားကြတာဟာ သွေးရိုးသားရိုး မဟုတ်နိုင်ဘူးဗျ၊ သူတို့ မိတ်ဆွေ ဖြစ်ကြပုံက မြန်လွန်းနေတော့ တယ်ပြီး သဘာဝ မကျလှဘူး၊ ဒီအထဲမှာ မိတ်ဆွေအ ဖြစ် ရင်းနှီးအောင် အတင်း လုပ်နေတဲ့ လူက ဂါစီယာရယ်၊ ဂါစီယာဟာ အဲကလက်နှင့် စ သိကျွမ်းပြီး နောက်တစ်နေ့မှာ လန်ဒန် အရှေ့ပိုင်မှာ ရှိတဲ့ အဲကလက်ဆီကို တကူးတက လာတယ်ဗျ၊ ပြီးတော့ နွယ်သာကီ ရိပ်သာကို အဲကလက် မလာ လာအောင် အဲကလက်ကို ဘာ ဖြစ်လို့ ဖိတ်ရတာ လဲ၊ အဲကလက်ကကော ဘာပေးနိုင်လဲ၊ လူအနေနှင့် ကတော့ အဲကလက်မှာ ခင်တွယ်စရာ ဆိုလို့ ဘာမှ မရှိဘူးဗျ၊ လူတနည်းနည်း လည်း ထူသေး ထိုင်သေးတယ်၊ ဂါစီယာလို သွက်သွက်လက်လက် ကောင်မျိုးနှင့် သိပ်ပြီး ၀င်ဆံ့မယ့် လူစား မဟုတ်ဘူးဗျ၊ ဒါဖြင့် ဂါစီယာဟာ လူတွေ တစ်ပုံကြီး တွေ့ ခဲ့တဲ့ အနက် သူ့ ကိစ္စကို အသုံးချဖို့ ဘာ ဖြစ်လို့ ဒီလူကို ရွေးသလဲ၊ ဒီလူမှာ ထူးခြားတဲ့ အရည်အချင်း ရှိလို့လား၊ ကျုပ် အနေနှင့် ပြောရမယ်ဆိုရင်တော့ ဒီလူမှာ အရည်အချင်း ရှိတယ်လို့ ပြောရမယ်ဗျ၊ ဘာလဲ သိရဲလား၊ တခြား မဟုတ်ဘူး၊ ဒီလူမှာ အင်္ဂလိပ် ပီပီ ရှေးကျပြီး တည်ကြည်ဖြောင့်မတ်တဲ့ အရည်အချင်း ရှိတယ်၊ ဒီလူနှင့် ပေါင်းပြခြင်းအားဖြင့် သူ့ကို တခြား အင်္ဂလိပ်တွေ က အထင်ကြီး ယုံကြည်လာအောင် လုပ်ချင်ရင် သက်သေပြလို့ ကောင်းမယ့် လူမျိုး၊ ခုပဲ ကြည့်လေ၊ ဒီလူ ပြောတဲ့ ထွက်ချက်ကို ပုလိပ် အင်စပက်တော် နှစ် ယောက် က အမေးအမြန်း အရှိဘဲ လက်ခံသွားကြပြီ မဟုတ်လား၊ ဒါဟာ ဘယ်လောက် ထူခြားသလဲ”
“ဒါဖြင့် အဲကလက်က ဘာကို သက်သေ ပြမှာ တဲ့လဲ”
“ခုတော့ ဘာကိုမှ ပြစရာ မလိုတော့ပဗျာ၊ မျှော်လင့်သလို ဖြစ်မလာဘဲ တစ်နည်းတစ်ဖုံ ဖြစ်သွားတာကိုး၊ ကျုပ် ကတော့ ခု အ ဖြစ်အပျက်ကို ဒီအတိုင်းပဲ မြင်တယ်ဗျ”
“သြော် ဟုတ်ပြီ၊ ကျွန်တော် စဉ်းစားလို့ ရပြီ၊ ဂါစီယာဟာ ဒီနေ့ ဒီအချိန်မှာ သူနှင့် အတူ ရှိနေတယ် ဆိုတာကို အဲကလက်က ရုံးတော် မှာ သက်သေခံရမယ်ပေါ့”
“ဟုတ်တယ်ဗျ၊ ဂါစီယာဟာ သူနှင့် အတူ ရှိနေကြောင်းကို ရုံးတော် မှာ သက်သေ ခံခိုင်းဖို့ ဆင်ထားတဲ့ အကွက်၊ ဥပဒေ စကားနှင့် ပြောရရင် အဲကလက်ကို သက်သေထူပြီး အယ်လီဘိုင် ပြမှာ ပေါ့ဗျာ။
“ကဲ ဒီလို စဉ်းစား ကြည့်ရအောင်ဗျာ၊ နွယ်သာကီ ရိပ်သာမှာ ရှိတဲ့ သူတို့ ဆရာ တပည့် သုံးယောက် ဟာ တစ်ခုခုကို ကြံနေတဲ့ အပေါင်းပါတွေ ဗျ၊ ဘာမှန်းတော့ မသိဘူးပေါ့၊ ဒီတော့ သူတို့ ကိစ္စကို ည နာရီပြန် တစ်ချက်မှာ လုပ်ဖို့ စီစဉ်ထားကြတယ်၊ နွယ်သာကီ ရိပ်သာကို ရောက်တော့ နာရီတွေ ကို အချိန် ရွှေ့ထားလိုက်ကြတယ်၊ အဲကလက် အိမ်လို့ ဂါစီယာ လာပြီး နာရီပြန် တစ်ချက်လောက် ရှိရော့မယ်လို့ ပြောတုန်းက တကယ်က နာရီပြန် တစ်ချက် မထိုးသေးဘူး၊ ဆယ့်နှစ် နာရီလောက်ပဲ ရှိလိမ့်ဦးမယ်၊ ဂါစီယာဟာ သူ လုပ်စရာ ရှိတာကို လုပ်ပြီး သူ ပြောတဲ့ အချိန် အိမ်မှာ ရှိတယ် ဆိုတာကို ပြနိုင်ရင် သူ့ကို ဘယ်လို စွဲချက်နှင့် တင်တင် သိပ်မှုစရာ မလိုတော့ဘူး၊ ဒီအချိန်မှာ ဂါစီယာဟာ အိမ်မှာ ရှိတယ် ဆိုတာကို အဲကလက်က သက်သေ ခံနိုင်တော့မှာ ကိုး၊ အဲဒီ အခါကျတော့ အဲကလက် ဆိုတဲ့ လူကလည်း အင်္ဂလိပ် ပီပီ ဘယ်တရားရုံးကိုပဲ ရောက်ရောက် ဂါစီယာဟာ တစ်ချိန်လုံး သူနှင့် အတူ အိမ်မှာ ရှိတယ် ဆိုတာကို ကျမ်းကျိန် ထွက်တော့မှာ ပဲဗျ၊ ဒါက ဂါစီယာက သူ့ဘက်က သေချာအောင် လုပ်ထားတဲ့ အကွက်ဗျ”
“ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကျွန်တော် သဘော ပေါက်ပါပြီ၊ ဒါပေမဲ့ သူ့ အစေခံတွေ ပျောက်သွားတဲ့ ကိစ္စကိုကော”
“ခုထိတော့ အချက်အလက် အပြည့်အစုံ မရသေးဘူးလေ ဆရာကြီး ရဲ့၊ သို့သော်လည်း ဒါတွေ က မကျော်လွှားနိုင်တဲ့ အခက်အခဲတွေ မဟုတ်ပါဘူးဗျာ၊ အချက်အလက် မပြည့်စုံသေးဘဲနှင့် ပြောရတာ သိပ်တော့ မကောင်းလှဘူးပေါ့၊ အချက်အလက်ကို တွေးလုံးနှင့် ကိုက်အောင် အတင်း ဖျစ်ညှစ် သွင်းတာဟာ အလွန် မှားတဲ့ နည်းလို့ ကျုပ် မကြာခဏ ပြောဖူးလျက်သားနှင့် ”
“ဒါ့ဖြင့် စာကကောဗျာ”
“စာက ဘယ်လို ရေး ထားသတဲ့လဲ၊ အစိမ်းရောင် နှင့် အဖြူတဲ့ဗျ၊ သောက်ကျိုးနည်း မြင်းပွဲမှာ ဂျော်ကီ ရွေးတာ ကျနေတာပဲ၊ အစိမ်းဖွင့် အဖြူစိတ်တဲ့ဗျ၊ ဒါက အချက်ပြတာ၊ အလယ် လှေကား၊ ပထမ စင်္ကြံ၊ ခုနှစ် ပေါက်မြောက် သက္ကလတ်စိမ်း ခန်းဆီးတဲ့၊ ဒါ ကတော့ တစ်ခုခုကို ညွှန်တာနှင့် တူတာပဲ၊ အမျိုးသမီး မျောက်မထားတဲ့ ကိစ္စကိုပဲ ပြောလေသလားတော့ မသိဘူး၊ ဘာပဲ ဖြစ် ဖြစ် လျှို့ဝှက် ကိစ္စ တစ်ခုကိုညွှန်းထားတာတော့ အမှန်ပဲ၊ အမြန် ဆိုတာ ကတော့ ရှင်းပါတယ်၊ ဒီ ဆိုတာက ပေးပို့သူရဲ့ လက်မှတ် အတိုကောက်ပဲဗျ”
“ဂါစီယာ ဆိုတဲ့ လူက စပိန် ဆိုတော့ ဒီ ဆိုတဲ့ နာမည် အတိုကောက် ကလည်း စပိန် အမျိုးသမီးတွေ အမျိုးသားတွေ ထဲမှာ အမှည့်များ တဲ့ ဒလိုရီး တို့ ဘာတို့ မ ဖြစ်နိုင်ပေဘူးလား”
“မှန်လိုက်လေ ၀ပ်ဆင်ရာ၊ သို့သော်လည်း ကျုပ်တော့ ဒီလိုမထင်ဘူး၊ စပိန် အမျိုးသမီး တစ်ယောက် ကစပိန် အမျိုးသား တစ်ယောက် ဆီကို လှမ်း စာရေး လိုက်တယ် ဆိုရင် ဘာ ဖြစ်လို့ အင်္ဂလိပ်လို ရေး နေတော့မလဲ၊ စပိန်လိုပဲ ရေး တော့မှာ ပေါ့၊ ဒီစာ ရေး တဲ့ လူဟာ အင်္ဂလိပ် တစ်ယောက် ဖြစ်ရမယ်ဗျ၊ အေးလေ အင်စပက်တော် ဗိန်း ပြန်လာသည် အထိတော့ ကျုပ်တို့ စိတ် ရှည်ရှည် စောင့်ကြည့်ဦးမှပေါ့၊ ဘာပဲ ဖြစ် ဖြစ်ဗျာ ကျုပ်တို့မှာ အားနေတိန်း အခုလိုစဉ်းစားစရာ အမှု တွေ့ လာတော့ အပျင်း ပြေသွားတာပေါ့”
အင်စပတ်တော် ဗိန်း ပြန်မလာမီ ရှားလော့ဟုမ်း ရိုက်လိုက်သည့် ကြေးနန်းပြနန်လာလေ၏ ။ ရှားလော့ဟုမ်းသည် ကြေးနန်းကို ဖတ်ပြီလျှင် မှတ်စုစာအုပ် ကြားထဲသို့ ညှပ်လိုက်ပြီး သိချင်ဇောဖြင့် မျှော်လင့် စောက်စားနေသည့် ကျွန်ုပ် မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်လေ၏ ။ ထိုက်နောက် ရယ်၍ ကြေးနန်းစာရွက်ကို ကျွန်ုပ်ထံ ပစ်ပေးလိုက် လေ၏ ။
“ကျုပ်တို့တော့ တကယ့် အထက်တန်းစား လောကကို ၀င်ရတော့မှာ ဗျို့” ဟု ပြောလေ၏ ။
ကြေနန်းမှာ လူ အမည် များ နှင့် လိပ်စာများ ဖြစ်လေ၏ ။ လော့ဒ် ဟာရင်း ဗီ၊ သည်ဒင်ဂဲလ်။ ဆာ ဂျော့ ဖလော်လီယော့၊ အောက်ရှော့ တားဝါးစ်။ မစ္စတာ ဟိုင်းဟိုင်း၊ သမာတိ မြို့ဝန်၊ ပါဒီပလေ့။ မစ္စတာ ဂျိမ်း ဘေကာ ၀ီလျံ၊ ဖော်တန်အိုးဟော်။ မစ္စတာ ဟင်ဒါဆင်၊ ဟိုင်းဂေဗဲ၊ ဓမ္မဆရာ ဂျိုးရှုးဝါး စတိန်း၊ နဲသားစလင်း။
“ကျုပ်တို့ လိုက်ရမယ့် နာမည် ကို ကျဉ်းပစ်လိုက်တာဗျ၊ အင်စပတ်တော် ဗိန်း ဆိုတဲ လူကလည်း လုပ်ပုံကိုင်ပုံ သေသပ်တော့ သူလည်း ကျုပ်တို့လိုပဲ နယ်ကို ကျဉ်းပြီး လိုက်လိမ့်မယ် ထင်တယ်”
“ကျွန်တော့ဖြင့် ဘာကိုမှ မရှင်းသေးဘူးဗျ”
“ထမင်း စားနေတုန်းမှာ ဂါစီယာဆီကို ရောက်လာတဲ့ စာတိုကလေးဟာ အချိန်း အချက် ပြုတဲ့ စာ သို့မဟုတ် တစ်ခုခုကို ညွှန်းတဲ့ စာ ဖြစ်တယ် ဆိုတာလောက်ကိုတော့ ကျုပ်တို့ သိခဲ့ပြီးနောက်၊ အကယ်၍ ဒီစာအတိုင်း ကျုပ်တို့ အဓိပ္ပာယ် ကောက်တာမှန်ခဲ့ရင် ချိန်းထားတဲ့ နေရာကို ရောက်အောင် အလယ် လှေကားက တက်ခဲ့ရမယ်တဲ့၊ စင်္ကြံ အတိုင်း လျှောက်လာပြီး ခုနှစ် ပေါက် မြောက်တံခါးကို ရှာရမယ်တဲ့၊ ဒီအတိုင်းဆိုရင် အိမ်ကြီးဟာ တော် တော် ကြီးတဲ့ အိမ်ကြီး ဖြစ်ရမှာ ပေါ့ ဗျာ၊ ပြီးတော့ သေသူ ဂါစီယာဟာ အဲဒီ အိမ်ဘက်ကို ခြေကျင်သွားတာကို ကြည့်ခြင်းအားဖြင့် ဒီအိမ်ဟာ အောက်ရှော့နှင့် သိပ် မဝေးဘူး ဆိုတာ သိနိုင်တယ်ဗျ၊ သေသူ ဂါစီယာဟာအဲဒီ အိမ်ဘက်ကို ခြေကျင် လျှောက် သွားတာရယ်၊ ပြီးတော့ သူ အိမ်ဘက်မှာ ရှိတယ် ဆိုတာကို အယ်လီဘိုင် ပြနိုင်ဖို့ နွယ်သာကီ ရိပ်သာကို နာရီပြန် တစ်ချက် အရောက် ပြန်နိုင်ဖို့ စီစဉ်ထားတာရယ်ကို ထောက်ရင် ဒီအိမ်ကြီးဟာ အောက်ရှော့နှင့် သိပ်ပြီး မဝေးနိုင်ဘူး မိုင် အနည်းငယ်သာ ဝေးနိုင်တယ်၊ အောက်ရှော့နား တစ်ဝိုက်မှာ ဒီလောက်ကြီးတဲ့ အိမ်ကြီးမျိုး များများ စားစား မရှိနိုင်လေတော့ ဒီလို အိမ်ကြီးတွေ ရဲ့ စာရင်းကို အဲကလက် လုပ်သလို အိမ်ပွဲစားတွေ ဆီကို ကြေးနန်း ရိုက်မေးလိုက်တယ်ဗျ၊ ဟောဒီ ကြေးနန်းထဲမှာ ပါတဲ့အိမ်ကြီးတွေ ဟာ အောက်ရှော့နား တစ်ဝိုက်က အိမ်ကြီးတွေ ရဲ့ စားရင်းပဲ၊ ကျုပ်တို့ ကိုင်ထားတဲ့ ချည်ခင်ရဲ့ တစ်ဖက်အစဟာ အဲဒီ အိမ်ကြီးတွေ ထဲမှာ ရှိရမယ်”
“လှပသည့် ဆာရေး နယ်မှ ရွာကလေး တစ်ရွာ ဖြစ်သည့် အက်ရှားရွာသို့ အင်စပတ်တော် ဗိန်းနှင့် အတူ ကျွန်ုပ်တို့ ရောက်သွားသည့် အချိန်တွင် ညနေခြောက်နာရီ ထိုးခါနီး နေလေပြီ။
ရှားလော့ဟုမ်းနှင့် ကျွန်ုပ်တို့သည် ည၀တ် အ၀တ်အစားများ ကို အပြည့်အစုံ ယူလာခဲ့ကြလေရာ နွားရိုင်း တည်းခိုရိပ်သာတွင် အခန်း ရသည်၌ အစစအရာရာ အဆင်ပြေလျက် ရှိပေ၏ ။ ထိုနောက် ကျွန်ုပ်တို့သည် အင်စပက်တော် ဗိန်း လိုက်ပါလျက် နွယ်သာကီ ရိပ်သာသို့ ထွက်လာခဲ့ကြလေ၏ ။ထို့နေ့ညမှာ ချမ်းအေး၍ လမိုက်သော မတ်လ ညတစ်ည ဖြစ်လျက် စူးရှ အေးမြသော လေသည် တိုက်ခက်လျက် ရှိလေရာ ကျွန်ုပ်တို့ သွားနေသော ခရီးပန်းတိုင်၊ ကျွန်ုပ်တို့သွားရောက် စုံစမ်းနေသော အမှု၊ ကျွန်ုပ်တို့သွားနေသော သူ ပြတ်သည့် ကွင်းကြီးနှင့် အံကိုက်လျက် ရှိပေ၏ ။
တိမ်းရှောင်သူ | အင်ဒါဆင်၏ ဒဏ္ဍာရီများ | ဘဝနနည်း အနုပညာ |