
(စာရေး သူ၏ အမှာ စာ)
ပထမဆုံးအနေနဲ့ စာအုပ်ထွက် အနည်းငယ်နောက်ကျနေရတဲ့ အတွက် ပရိတ်သတ်များ ကို တောင်းပန်အပ်ပါတယ်….။ Online မှာ တစ်မျိုး၊ ဖုန်းနဲ့ တစ်သွယ် စာအုပ်အသစ်မထွက်သေးဘူးလား မေးနေကြသော ကျွန်တော့်စာဖတ်ပရိသတ်လက်ထဲကို ‘Other Side’ လုံးချင်းဝတ္ထုကို အရောက်ပို့ပေးနိုင်ပြီ ဖြစ်လို့ ကျွန်တော် ပျော်ပါတယ်။
ဒီရက်ပိုင်းမှာ အခြားလှုမှု ရေး ကိစ္စတွေ ၊ မိသားစုကိစ္စတွေ နဲ့ အတူ ဇာတ်ညွန်းကိစ္စတွေ ပါ ရှုပ်ထွေးနေတဲ့အတွက် ကျွန်တော် စာအုပ်ဘက်ကို မလှည့်နိုင် ဖြစ်နေခဲ့ပါတယ်။ ကျွန်တော် နည်းနည်း ပျင်းနေတာလည်း ပါပါတယ်။
နောက်လတွေ မှာ ကျွန်တော် အရမ်းကြီး နောက်မကျအောင် ကြိုးစား ရေး သားထုတ်ဝေ သွားပါ့မယ်။ ယခုလိုနောက်ကျတဲ့အတွက် စာဖတ်ပရိသတ်တွေ နဲ့ အတူ ကျွန်တော် Publisher ‘မထားထားစိုး’ ကိုလည်း အထူးအားနာမိပါတယ်။
ကျွန်တော် ဆက်လက်ပြီး အနုပညာနဲ့ ပတ်သတ်တဲ့ ဖန်တီးမှု အသစ်သစ်တွေ ကို ဆက်လက်ကြိုးစား ရေး သားလုပ်ဆောင်နေပါတယ်။
အားပေးနေကြတဲ့ စာဖတ်ပရိသတ်တွေ အားလုံး ကိုလည်း အထူး(အထူး) လေးစား ကျေးဇူးတင်ရှိနေပါတယ်။
ပရိသတ်များ အားလုံး………
အစစအရာရာ အဆင်ပြေချောမွေ့ပါစေ ခင်ဗျား……..
လေးစားစွာ ဖြင့် ……..
မင်းတစ်ခေတ်
(၃၀.၁၀.၂၀၁၄)
အခန်း (၁)
ယေဘုယျအားဖြင့်
လူ တစ်ယောက် မှာ ပတ်ဝန်းကျင် နှစ် မျိုးရှိတယ်…..
မြင်တွေ့ ထိတွေ့ ခွင့်ရတဲ့ ပတ်ဝန်းကျင်ရယ်…..
မြင်တွေ့ ထိတွေ့ ခွင့်မရတဲ့ ပတ်ဝန်းကျင်ရယ်
ဆိုပြီးတော့ပါ။
ကျွန်တော့် အနေနဲ့ မြင်တွေ့ ထိတွေ့ ခွင့်မရတဲ့ ပတ်ဝန်းကျင်ကို
ရိုးရိုးလေးပဲ နားလည်ပေးထားလိုက်ပါတယ်။
တစ်ခါတုန်းက
ရန်ကုန်မြို့နှင့် မိုင်နှစ် ဆယ်ခန့်သာကွာဝေးသော
မြို့လေးတစ်မြို့တွင်
သာမန်လူတွေ / အများ သူငါတွေ
မြင်တွေ့ ထိတွေ့ ခွင့်မရသော ပတ်ဝန်းကျင်တစ်ခု (Other Side) နှင့်
လူသားတိုင်း ထိတွေ့ ဆက်ဆံခွင့်ရသော ပတ်ဝန်းကျင်တစ်ခုကိုပါ
ထူးခြားစွာ ထိတွေ့ ဆက်ဆံခွင့် ရဖူးသော
ကောင်မလေး တစ်ယောက် ရှိခဲ့ဖူးသည်..။
ရုံးခန်းတစ်ခုထဲတွင် ဖြစ်သည်။ ပို၍ တိတိကျကျဆိုရပါသော် ရန်ကုန်မြို့၏ အအောင်မြင်ဆုံး စီးပွားရေး လုပ်ငန်းပိုင်ရှင်တစ်ဦး၏ ကုမ္ပဏီရုံးခန်းထဲတွင် ဖြစ်သည်။
ကုမ္ပဏီဆိုသော်ငှားလည်း အမှန်တော့်  ရန်ကုန်မြို့၏ ထိပ်တန်းအဆင့်ရှိသော ‘The Sun Supermatket’ ၏ အပေါ်ဆုံးထပ်တွင် ဖွင့်လှစ်ထားသော အခန်းကျယ်ကြီးတစ်ခုသာ ဖြစ်သည်။
သူသည် အသက်အရွယ်အားဖြင့် နှစ် ဆယ့်ငါးနှစ် ၀န်းကျင်ခန့်သာ ရှိသေးသော လူငယ် တစ်ယောက် မျှသာ ဖြစ်သည်။ သို့သော် အတွေ့ အကြုံနှင့် အသိပညာက သူ၏ အသက်အရွယ်ကို ဖုံးကွယ်ပေးထား၏ ။
သူနှင့် ရွယ်တူတန်းတူ လူငယ်တွေ ပြင်ပလောကထဲမှာ ဖြတ်သန်းနေချိန်တွင် သူဟာ Laptop တစ်လုံးနှင့် ကိန်းဂဏန်းအရှုပ်အရှင်းတွေ ကို တွက်ချက်အဖြေထုတ်နေခဲ့ရသည်။ အများ သူငါတွေ အတွဲ လေးတွေ ကိုယ်စီဖြင့် ရုပ်ရှင်/ပန်းခြံတွေ ထဲ ကြည်နူးနေချိန်တွေ မှာ သူဟာ ဟန်ဆောင်အပြုံးတွေ နှင့် လုပ်ငန်းခွင်ထဲမှာ …..။
ငယ်စဉ်ကတည်းက သားအမိနှစ် ယောက် တည်း ကြိုးစားရုန်းကန်ခဲ့ရသည်။ မေမေ၏ ကြိုးစားပါးနပ်မှု ကြောင့် သူ့ကို ပညာတတ် တစ်ယောက် အ ဖြစ်သို့ မပူမပင်ထားနိုင်ခဲ့သည်။ မေမေ တည်ထောင် ဖွင့်လှစ်သော “The Sun Supermarket” ကြီး အောင်မြင်စွာ ရပ်တည်နိုင်ခဲ့၏ ။
သူလည်း စီးပွားရေး လောကထဲသို့ အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလေး တစ်ခုအနေဖြင့် စတင်ဝင်ရောက်ခဲ့သည်။ လုပ်ငန်းခွင်မှာ အထိုင်ကျပြီဆိုပါမှ ကံကြမ္မာက နောက်တစ်ကြိမ် ထိုးနှက်ခဲ့ပြန်၏ ။
သူ့ဘ၀ရဲ့ ငွေလမင်း (သို့) သူ့ဘ၀ရဲ့ ကောင်းကင် (သို့) သူ့ဘ၀ရဲ့ အနှိုင်းမဲ့မေမေ…..။ Accident တစ်ခုနှင့် သူ့ကို လောကအလယ်မှာ စိတ်ချလက်ချ တစ်ယောက် တည်း ထားသွားခဲ့သည်။
အဆုံးမှာ တော့ ကြေကွဲရက်စွဲတွေ ကို စုတ်ဖြဲပစ်ခဲ့ပြီး ဘ၀ကို အကောင်းဆုံး ဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်။ မေမေရဲ့ မျှော်လင့်ချက်ထဲက တစ်ခု ဖြစ်သည့် “The Sun Supermarket” ကို သူအကောင်းဆုံး ဖြစ်အောင် ဦးဆောင်ခဲ့ပြီး သူလုပ်လက်စ အိမ်ခြံမြေ အကျိုးဆောင်ကိုလည်း ရပ်တန့် မပစ်ဘဲ ဆက်လက်လည်ပတ်နိုင်ခဲ့သည်။
စီးပွားရေး လောကထဲမှာ တော့ သူဟာကျားတစ်ကောင်အ ဖြစ် နာမည် ကြီးသည့်အပြင် အခြားဂုဏ်ပုဒ်များ စွာ ကိုလည်း ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်လေသည်။
(၁) အသက်အငယ်ဆုံးသော စီးပွားရေး လုပ်ငန်းရှင်
(၂) စည်းစနစ်ကြီးမားသော လူငယ် တစ်ယောက်
(၃) အချစ်ထက် ငွေကြေးကို မက်မောသော လုပ်ငန်းရှင်
(၄) အိမ်မက်ထက် လက်တွေ့ ကို အာရုံရသူ
(၅) ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်….. စသဖြင့် ဂုဏ်ဒြပ်ပေါင်းများ စွာ ကိုလည်း သူလက်မခံပါပဲ ပိုင်ဆိုင်ထားခဲ့သူ တစ်ယောက် ဖြစ်၏ ။
သူ့နာမည် သည်လည်း ရိုးသားသည်။ ရဲရင့်သည်။
‘မင်းနေ’ ဟု အမည် တွင် ပါသည်။
မင်းနေသည် အနေတည်သည်။
ငွေကြေးနှင့် အလုပ်ကလွဲ၍ အခြားဘာကိုမှ ရင်ထဲ ကြာကြာ မထားတတ်။ ယခုလည်း ရုံးခန်းထဲမှာ လချုပ်စာရင်းဇယားတွေ ကို သေချာ စေ့စေ့စပ်စပ် စစ်ဆေးနေခြင်း ဖြစ်သည်။
ဘေးနားမှာ တော့ သူ့မေမေလက်ထက်ကတည်းက ယုံကြည်စိတ်ချခဲ့ရသော လူယုံကြီး ဦးအေးချမ်းက မတ်တပ်ရပ်နေ၏ ။ (မင်းနေ ဘာခိုင်းခိုင်း အသင့်ဆိုသည့်အနေအထား)
မင်းနေ စာရင်းတစ်ခုကို ဒုတိယအကြိမ် ပြန်စစ်ပြီး မျက်မှော င်ကုတ်သွားသည်။ နောက်…. အနားမှာ ရှိနေသည့် ဦးအေးချမ်းကို ပြောလိုက်၏ ။
“ဦးအေးချမ်း”
“အေး သားလေး ဘာလုပ်ပေးရမလဲပြော”
“ကျွန်တော့် ကို အောက်ရုံးထဲက နန္ဒာကို ခေါ်ပေးပါ”
“အေး …. သားလေး”
လူယုံကြီးက ချက်ချင်း ဆိုသလို ရုံးခန်းအပြင်ကို ထွက်သွားသည်။ ဦးအေးချမ်းက မိဘတွေ လက်ထက်ကတည်းက သူ့လက်ပေါ်မှာ ကြီးပြင်းလာခဲ့ရသည့် မင်းနေကို သူ့သား တစ်ယောက် လို ချစ်သည်။ ယခု မိဘတွေ မရှိတော့သည့် မင်းနေကိုပို၍ ပင် သံယောဇဉ်ကြီး ဂရုစိုက်နေမိသည်။
တကယ်တော့ မင်းနေဟာ အောင်မြင်ချမ်းသာနေတဲ့လူငယ် တစ်ယောက် ဆိုသော်ငြားလည်း အခြားကိစ္စတွေ မှာ သိပ်ကံဆိုးသူ တစ်ယောက် ဆိုတာ မင်းနေပြီးရင် သိအထားလူ တစ်ယောက် ဟာ ဦးအေးချမ်းပဲ ဖြစ်သည်။
“သားလေး….. နန္ဒာရောက်ပါပြီ”
မင်းနေစားပွဲရှေ့သို့ ဦးအေးချမ်းက နန္ဒာကို ထားခဲ့ပြီး မင်းနေဘေးနားမှာ သွားရပ်နေသည်။
မင်းနေက နန္ဒာကို တစ်ချက်မော့ကြည့်လိုက်သည်။
“ဆရာ ကျွန်မကို ခေါ်တယ်ဆိုလို့ပါ၊ ကျွန်မကို ဘာခိုင်းစရာရှိလို့လဲဆရာ”
“ရော့…….. ဒါကို ပြန်စစ်ကြည့်”
စားပွဲရှေ့သို့ ထိုးပေးလာသော အနီရောင် ဖိုင်တစ်ခုကို နန္ဒာဆိုသူက ကောက်ကြည့်လိုက်ပြီး မျက်နှာတစ်ချက်ပျက်သွားသည်။
“တွေ့ လား”
“ဟုတ်… ဟုတ်ကဲ့”
“ဒါက ဘယ်လို ဖြစ်တာလဲ၊ ငွေတစ်ထောင်တိတိ ကွာနေတယ်”
“ဟို.. ဟို ကျွန်မ စာရင်း မှား သွားပါတယ် ဆရာ၊ ကျွန်မ တောင်းပန်ပါတယ်..”
“နန္ဒာ ”
“ရှင် !”
“ဆရာ တစ်ခုပြောမယ် … အလုပ်မှာ တောင်းပန်ပါတယ်ဆိုတဲ့ စကားမရှိဘူး၊ အပေးအယူဆိုတဲ့ စကားပဲ ရှိတယ်။ အခု ငွေတစ်ထောင်ကွာတယ်….. ဆရာ့အတွက် ပြဿနာမရှိဘူး။ အကယ်၍ ဒီနေရာမှာ သိန်းတစ်ထောင်ဆိုရင် မင်းဘယ်လိုလုပ်မလဲ နန္ဒာ”
“နောက်တစ်ခါ လုံးဝ မ ဖြစ်စေရပါဘူးဆရယ်ရယ်၊ ပြီးတော့လည်း ဒီတစ်ထောင်ကို ပြန်ပေးပါ့မယ့်ရှင်၊ အခုတော့ မပါခဲ့ဘူး ဆရာ…. အောက်ထပ်မှာ ပိုက်ဆံအိတ်က ကျန်ခဲ့တယ်….”
“ဒါဆို ခုသွားယူ..”
“ဟုတ်”
နန္ဒာ ထွက်သွားတော့မှ လူယုံကြီး ဦးအေးချမ်းက ..
“သား မင်းနေ”
“ပြောပါ ဦးအေးချမ်း”
“တစ်ချို့ မပြောပလောက်တဲ့ ကိစ္စတွေ ကို လူမှု ရေး အရ မပြောဘဲ ထားလိုက်ပါလား လူလေးရယ်၊ ဒီပိုက်ဆံလေးတစ်ထောင်က သားအတွက် ဘာမှ ထိခိုက်မသွားနိုင်သလို၊ နန္ဒာအတွက်လည်း ဘာမှ အကျိုးရှိသွားတာ မဟုတ်ဘူးလေ .. ပြီးတော့ နန္ဒာဆိုတာက ဒီမှာ အားကိုးရတဲ့ ၀န်ထမ်း တစ်ယောက် .. ကွယ်ရာမှာ The Sun Supermarket ပိုင်ရှင် တစ်ယောက် က ငွေတစ်ထောင် ကပ်တယ်ဆိုတာမျိုး ဦး အပြောမခံစေချင်ဘူးကွယ်”
စကားအဆုံးမှာ မင်းနေက နှစ် လိုဖွယ်ပြုံးပြီး ခပ်တိုးတိုးရယ်လိုက်၏ ။ ထို့နောက် ……
“ဦးအေးချမ်းပြောတာ ကျွန်တော် နားလည်ပါတယ်၊ ကျွန်တော့အပေါ်ထားတဲ့ ဦးရဲ့ စေတနာကိုလည်း သိပါတယ် .. ဒါပေမယ့် ဦးရယ် .. ကျွန်တော် မဟုတ်တာလုပ်ပြီး မဟုတ်တာတွေ ကို ပြောဆိုလုပ်ကိုင်နေတာမှ မဟုတ်တာ၊ ပြီးတော့ နန္ဒာကို ခေါ်ပြောတယ်ဆိုတာကလည်း နောက် အလုပ်ကို အသေးအမွှားကအစ မပေါ့လျော့အောင် လုပ်တတ်ကိုင်တတ် သတိထားတတ်အောင် သူ့အတွက် တမင်ပြောလိုက်တာပါ ..”
“ဒါတော့ ဒါပေါ့ လူလေးရယ် .. သူက လူလေးကို အကောင်းဘက်က မြင်ပေးရင် ကိစ္စမရှိဘူးလေ၊ အဆိုးဘက်က တွေးရင် ..”
“ဦးအေးချမ်းရယ် အဲ့လောက်ကြီး ခေါင်းထဲမထားပါနဲ့ ဗျာ၊ ဒီမှာ လူတွေ က ကောင်းတာပဲ လုပ်လုပ်၊ ဆိုးတာပဲ လုပ်လုပ် တစ်ခုခုတော့ မရရအောင် ဝေဖန်ပြောနေကြမှာ ပဲ။ ဒီတော့ ကျွန်တော် တို့ ယုံကြည်ချက်အတိုင်းပဲ ရှေ့ဆက်တာပဲ ကောင်းပါတယ်ဗျာ”
မင်းနေစကားကို လူယုံကြီး ဦးအေးချမ်းက မည် သို့မျှ ပြန်မဖြေတော့ဘဲ ခေါင်းတညိတ်ညိတ်လုပ်ကာ နေနေ၏ ။ ပြီးမှ …..
“သြော် ဒါနဲ့ လူလေး ဟိုတစ်လောက လူလေး ၀ယ်မယ်ဆိုတဲ့ မှော်ဘီဘက်က အိမ်နဲ့ ခြံကို ဦးလေးရောက်ခဲ့ပြီးပြီ ပိုင်ရှင်နဲ့ လည်း တွေ့ ခဲ့ပါတယ် …”
“အာလုံး အဆင်ပြေခဲ့လား ဦးအေးချမ်း”
“အင်း .. အဆင်ပြေခဲ့လားဆိုတော့ .. ဈေးနှုန်းနဲ့ နေရာ ကတော့ အဆင်ပြေပါတယ် ..”
“ဒါဆို .. ဘာက အဆင်မပြေတာလဲ ..”
ဦးအေးချမ်း မင်းနေကို တစ်ချက်ငဲ့ကြည့်လိုက်သေးသည်။ ပြီးမှ အဆင်မပြေခြင်းကစ္စကို ပြောပြလိုက်သည်။
“ဒီလိုကွ .. အိမ်ပိုင်ရှင်က ငွေလိုတော့ ရောင်းက ရောင်းချင်တယ်၊ ဒါပေမယ့် သူ့မိန်းမကလည်း ဆုံးသွားတာ တစ်နှစ် လောက်ပဲ ရှိသေးတယ်”
“အဲဒီ တော့ ..”
“ဒီအိမ်ထဲမှာ သူ့မိန်းမက သူနဲ့ အတူ ခုထိ ၀ိဥာဏ်အ ဖြစ်ရှိနေတုန်းလို့ သူက ပြောတယ်၊ သူ့မိန်းမက ဒီအိမ်ကို ရောင်းစေချင်မှာ မဟုတ်ဘူးဆိုတဲ့ အချက်နဲ့ ပြောရဆိုရ ခက်နေတာ လူလေး ….”
လူယုံကြီးရဲ့ စကားအဆုံးမှာ မင်းနေ တစ်ယောက် မရယ်စဖူး အရယ်ထူးပြီး ဟက်ဟက်ပတ်ပတ်ကြီး ထရယ်လိုက်သည်ကြော့် ရုတ်တရတ်မို့ ဦးအေးချမ်းပင် ကြောင်ငေးသွားမိ၏ ။ ပြီးမှ မင်းနေက အရယ်ရပ်ပြီး …
“ဟား ….ဟား …. ဟား….. ဒီလူက ဒီခေတ်ကြီးထဲမှာ နေနေပြီးတော့များ ဗျာ၊ ဟား ….. ဟား….. တကယ့် ဟာသပဲ၊ ကဲကဲ ဦးအေးချမ်း ဘာမှ ခေါင်းစားမနေပါနဲ့ တော့ ၊ ဒီိကိစ္စအောင်မြင်သွားပြီလို့ပဲ မှတ်ထားလိုက်တော့ ..”
“ဟင် … ဟိုက …”
“ကဲပါ ဟိုကတွေ ဒီကတွေ လုပ်မနေနဲ့ တော့၊ ခဏနေ အစည်းအဝေးတစ်ခုသွားဖို့ ပြင်ဆင်ထားလိုက်၊ အဲဒီ အိမ်ပိုင်ရှင်ကို မနက်ဖြန် ကျွန်တော် ကိုယ်တိုင် လိုက်တွေ့ မယ် ဟုတ်ပြီလား ”
“သြော် .. အေး .. အေး”
မင်းနေက ပြောပြီး သူ့ Laptop ထဲက စာရင်းဇယားအချို့ကို လက်စသတ်လိုက်၏ ။ ဦးအေးချမ်းလည်း အစည်းအဝေးသွားရန်အတွက် ပြင်ဆင်လုပ်ဆောင်နေလေတော့၏ ။
ညနေခင်းတစ်ခုသည် သူ့ကိုယ်ပိုင်သဘာဝတစ်ခုအတိုင်း ပွင့်အာလှပနေလေ၏ ။ ပျောကွယ်လုနီးပါး ဖြစ်နေသော နေလုံးနီနီက တောင်စွယ်တစ်ခုအထက်မှာ မေးတင်ထား၏ ။ အိပ်တန်းပြန်ငှက်အချို့၏ ပြေးလွှားမှု က ရှုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုလို ကြည့်လို့ကောင်းနေပြန်၏ ။
လေပြေနုနုလေးတွေ ၏ ပွတ်တိုက်မှု က သစ်ရွက်အချို့ကို တေးဆိုကခုန်နေစေသည်။ အနုပညာဓာတ်ခံရှိသူ တစ်ယောက် ဆိုပါက ဒီအချိန် ဒီမြင်ကွင်းကို “မှော င်ရီပျိုးစ ညနေခင်းကဗျာ” ဟု ခေါင်းစဉ်ပေးထားကောင်းပေးနိုင်ပါသည်။
မိုးချုပ်စ ညနေခင်းတစ်ခု၏ လမ်းမပေါ်မှာ တော့ မိန်းကလေး တစ်ယောက် လမ်းလျှောက်လာနေ၏ ။ လက်ထဲမှာ ချိုင့်တစ်ခုပါသော ဆွဲခြင်းလေးတစ်ခုကိုလည်း ဆွဲကိုင်ထားတာ တွေ့ ရ၏ ။ ခြေလှမ်းတို့က ညနေခင်းတစ်ခု၏ အသွေးအရောင် ဖြင့် လိုက်ဖက်လှစွာ လေးကန်နေ၏ ။ အ၀တ်အစား ပိုသီပတ်သီနှင့် မဖြီးမသင်ဘဲထားသည့် ဆံပင်ပွရောင်းရောင်းတို့၏ ရာနှုန်းပြည့် ပရောဂတို့သာ မပါဝင်ပါက ထိုမိန်းကလေးသည် အတော် ချောမောလှပသော စာရင်းတွင် ထိပ်ဆုံးက ရပ်တည်နေမည် မှာ သေချာသလောက်ရှိသည်။
ဒီအသက်အရွယ်မှာ ဒီမိန်းကလေး တစ်ယောက် အနေဖြင့် ဒီပုံစံ ဖြစ်မနေသင့်ဟု သင်တွေးတောကောင်းတွေးတောနိုင်သလို၊ လတ်ဆတ်တက်ကြွရမည့်  မိန်းမပျိုလေး ဖြစ်နေရမည် ဟုလည်း သင်တွေးတောပြီး အားမလိုအားမရ ဖြစ်ကောင်း ဖြစ်နေနိုင်ပါသည်။
သို့သော် … သူမ၏ စိတ်ခံစားမှု အခြေအနေကို သူမကိုယ်တိုင်သာ အနီးစပ်ဆုံးနားလည်နိုင်မည် ဖြစ်ပါသည်။
သူမ ကတော့ ထုံးစံအတိုင်း ပျင်းရိလေးတွဲ သော ခြေလှမ်းတို့ဖြင့် သာ သူမ၏ အိမ်ပြန်ခရီးကို ခရီးဆက်နေဆဲပင် ဖြစ်၏ ။ ထိုစဉ်ရုတ်တရတ်ဆိုသလို သူမခြေလှမ်းတွေ ရပ်တန့်သွား။
ရီဝေမှု န်ဝါးနေသော သူမမျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွား၏ ။ နောက်သူမလက်ထဲက ဆွဲခြင်းငယ်လေးတွေ ကို တင်းတင်းဆုပ်ပြီး သူမခြေလှမ်းတွေ ကို အရှိန်မြှင့်တင်လိုက်၏ ။ နောက်ကိုလည်း တစ်ချက်တစ်ချက် လှည့်ကြည့်လိုက်သေး၏ ။ ခြေလှမ်းတို့က မပြေးရုံတမယ်။
သူမပုံစံက နောက်က လူ တစ်ယောက် ပြေးလိုက်လာ၍ ထွက်ပြေးနေသည့် အနေအထားမျိုး၊ သူမနောက်မှာ လည်း မည် သူမျှ လိုက်မလာပါ။ သူမ ဘာ ဖြစ် သွားပါသနည်း။
နောက်ကို လှည့်ကြည့်လှည့်ကြည့်ပုံစံဖြင့် ခပ်သွက်သွက်သွားနေသော သူမပုံစံကို ဖြတ်သွားဖြတ်လာအချို့က စိတ်မနှံ့သူ(အရူး တစ်ယောက် ) လို့ မှတ်ထင်ထားပုံရသည်။
သူမအလောတကြီးသွားနေရာမှ ရုတ်တရတ်ဆိုသလို တုံ့ခနဲရပ်တန့်သွားပြန်သည်။ မသိရင် ရှေ့မှ တစ်စုံ တစ်ယောက် က ပိတ်ဆို့တားဆီးပုံစံမျိုးပင် ဖြစ်၏ ။ ထို့ထက်ထူးခြားသော မြင်ကွင်းက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပြန်၏ ။ သူမရပ်တန့်နေရာမှ တစ်စုံ တစ်ယောက် ကို ရှောင်တိမ်းသွားသလို ဟိုဘက်ဒီဘက် ရှောင်တိမ်းယိမ်းနွဲ့ကာ ရှေ့ဆက်ဖို့ကြိုးစားနေ၏ ။
အနားမှ ဖြတ်သွားသည့် လူ တစ်ယောက် က လမ်းပေါ်မှာ တစ်ယောက် တည်း ထုပ်ဆီးတိုးတမ်းကစားနေသည့် သူမကို ကြည့်ကာ ပြုံးကာ အဓိပ္ပာယ်တစ်ချို့တွေးပြီး ထွက်သွားလေသည်။
“ဖယ် .. ကျွန်မရှေ့ ဖယ်နော် … ကျွန်မနောက်ကလည်း ထပ်လိုက်မလာနဲ့ တော့ .. အခု … ဖယ်ပါ”
သူမက ခပ်မာမာ တစ်ယောက် တည်း ပြောပြီး အတင်း တိုးထွက်လာခဲ့၏ ။ နောက်ကို မကြည်သလို တစ်ချက်လှည့်ကြည့်ပြီး ခြေလှမ်းခပ်သုတ်သုတ်ပြီး ထွက်သွားလေ၏ ။
သူမဟာ စိတ်မနှံ့သူ အရူး တစ်ယောက် လား ?
အထက်ပါ မြင်ကွင်း မြင်ပြီးသူ ဖြစ်ပါက သင်အပါအ၀င်ပင် အဖြေက …..
“ဟုတ်တယ် …. သူက ရူးနေတာ ဖြစ်မယ် ” ဟု မဆိုင်းမတွပင် ဖြေမည် ဖြေ၏ ။သို့သော် …. ထိုအဖြေသည် သူမအတွက် အမှားကြီး မှားပါလိမ့်မည် ။
ဟုတ်ကဲ့ …၊သူမ မရူးပါ။ လူကောင်းပကတိ တစ်ယောက် သာ ဖြစ်ပါသည်။ ဒါပေမယ့်သူမဟာ သင်အပါအ၀င် သာမန်လူတွေ မမြင်တွေ့ နိုင်သည့် ပတ်ဝန်းကျင်တစ်ခုကိုပါ မြင်တွေ့ ရင်ဆိုင်နေရသူ တစ်ယောက် ဖြစ်နေသော ကြောင့် ပင် ဖြစ်သည်။
ရှင်းလင်းစွာ ရေး ရပါသော် သူမသည် ပရလောကသားများ ဖြစ်သည့် သေဆုံးပြီးသော လူသားတို့၏ ၀ိဥာဏ်များ ကို မြင်တွေ့ နိုင်၏ ။ စကားပြောဆိုနိုင်၏ ။
ယခုလည်း ၀ိဥာဏ်အဖွားကြီး တစ်ယောက် က သူမနောက်မှ လိုက်ပြီး တစ်စုံတစ်ခု လိုက်လံပြောကြားနေသော ကြောင့် ဖြစ်သည်။
ဒီလို မမြင်သင့် မမြင်အပ်တာတွေ ကို နေ့နေ့ညည မြင်တွေ့ ဆက်ဆံနေရသည့်အတွက် သူမကိုယ်တိုင်လည်း စိတ်ညစ်ညူးလှပြီ ဖြစ်သည်။
သို့ပေမယ့် သူမလည်း မည် သို့မျှ မတတ်နိုင် …. ။ သူမအ ဖြစ်ကို မည် သူမျှလည်း ကိုယ်ချင်းစာ နားလည်ပေးနိုင်မည် မဟုတ်။
“အဟွန်း !”
သူမ သက်ပြင်းကိုသာ ဖိချနေမိသည်။ အကြောင်းက နောက်မှာ ၀ိဥာဏ်အဖွားကြီး တစ်ယောက် က မျက်ရည်စက်လက်ဖြင့် သူမနောက်မှာ ကပ်လိုက်လာသော ကြောင့် ပင် ဖြစ်သည်။
ဟုတ်ကဲ့ ……
ထိုကဲ့သို့ ပတ်ဝန်းကျင်နှစ် ခုကို တစ်ပြိုင်တည်း ထိတွေ့  ဆက်ဆံနေရသော သူမ၏ အမည် မှာ ……
“ကသစ်ဖြူ”
ဟု အမည် တွင် လေ၏ ။
![]() နိုင်းနိုင်းနိုင်း | ![]() မာစတာ ဘရိန်း | ![]() ရိုဘော့(တ်) |