အခန်း(၁)
အနိမ့်အမြင့်၊ အရွယ်အစား အမျိုးမျိုးသော ပင်အို ပင်ပျိုတို့၏ နေရာအနှံ့တွင် ရောင် စုံအလင်းသီးများ တွဲရရွဲခိုနေကြသည်။
မီးရောင် ကြားမှာ လူကာလာစုံများ စွာ မွေ့လျော်နေကြပုံကလည်း ညတစ်နေရာ၌ ပိုးစုန်းကြူးငယ်တွေ စုဝေးနေသည့်အလား ...။
လူအများ စုသည် တူညီသော အပြုံးမျက်နှာဖုံးကိုယ်စီ တပ်ဆင် ကာ နှုတ်ခမ်းဖျားထက်ကလည်း အစစ်အမှန်မဟုတ်သည့် ပီယဝါစာတွေ ခုန်ထွက်နေကြသည်။
ရှင်းအောင်ပြောရလျှင် ...
ခြံဝင်းကျယ်ကြီးအတွင်းရှိ မြက်ခင်းပြင်ပေါ်တွင် ခမ်းနားသော မွေးနေ့ပွဲတစ်ခု ဆင်ယင်ကျင်းပနေခြင်း ဖြစ်သည်။
ထိုမွေးနေ့၏ ဘုရင်မ ကတော့ ...
လက်ရှိအနုပညာ (ရုပ်ရှင်) လောကမှာ နာမည် ရနေသော စူပါ တန်းဝင်မင်းသမီး ပန်းဝတ်မှုံ။
ရှင်းအောင်ထပ်ပြောပါမည် ။ အပူငြိမ်းဆေး ပန်းဝတ်မှု န် မဟုတ်ပါ။ နသတ်ဖြင့် မသတ်ဘဲ သေးသေးတင်ဖြင့် မှုံထားသည့် လူပန်းဝတ်မှုံ ဖြစ်ပါ သည်။
ထပ်ကာပြောရလျှင် ဣတ္ထိယဗေဒဖြင့် ဖွဲ့စည်းတည်ဆောက်ထား သော 'အမ' အမျိုးအစား ပန်းဝတ်မှုံ ဖြစ်သည်။
ဒါဆိုလျှင် ရှင်းပြီ။
နောက်တစ်ချက်က ပန်းဝတ်မှုံ ဘာကြောင့် မွေးနေ့ပွဲလုပ်နေ သနည်း။
ရှင်းပါသည်။ အသက်တစ်နှစ် ထပ်ပြည့်သွား၍ ဖြစ်သည်။
ထိုအသက်ကိုတော့ မင်းသမီးက မပြော။ ဒါသည်ကပင် ခေတ် ကာလမင်းသမီးတွေ ၏ အထာ ဖြစ်သည်။
ထားတော့ ...။
ယခု မင်းသမီး ပန်းဝတ်မှုံ၏ ဘယ်နှနှစ် မြောက်မှန်းမသိသော မွေးနေ့ပွဲသို့ တိုးမိုး ရောက်နေသည်။
မင်းသမီးက မလာမ ဖြစ် လာခဲ့ပါဟူ၍ တကူးတက ဖိတ်ထားသော ကြောင့် တော့ မဟုတ်။
ထိုသို့ ဆို၍ မျက်နှာပြောင်တိုက်ပြီး လာခဲ့ခြင်းလည်း မဟုတ်ချေ။
အလုပ်ကိစ္စဖြင့် မလာမ ဖြစ် ရောက်လာခဲ့ခြင်းသာ ဖြစ်သည်။
တိုးမိုးဆိုသည့်သူက အနုပညာဂျာနယ်တိုက်တစ်ခုမှ ဓာတ်ပုံ သတင်းထောက်။
ဒီလောက်ဆိုလျှင် ...တိုးမိုး ဘာကြောင့် မွေးနေ့ပွဲသို့ ရောက်နေ ရသနည်းဆိုသည့်အကြောင်းကလည်း ရှင်းပြီ။
ကင်မရာ လည်ပင်းချိတ်ကာ မွေးနေ့ပွဲ တက်ရောက်လာကြသော လူများ ကို တိုးမိုး ကြည့်နေမိသေးသည်။
အင်း ...အားလုံး ကတော့ အလန်းဇယားတွေ ချည်းပဲ။ ဖလန်း ဖလန်းကို ထနေကြပါလား။
အားလုံးကလည်း ဟော့မှ ကြိုက်တယ်ဆိုတော့ ဇော်က,ကနေ အဲလေ ...ဟော့ရှော့တွေ ချည်းပဲ တွေ့ နေရတယ်။
ထိုသို့ ပင် တောင်စဉ်ရေမရ တွေးနေမိသည်။
ထိုစဉ် ...
''သူ့ပိုက်ဆံနဲ့သူဆိုရင် ပန်းဝတ်မှုံက ဒီလောက် အကုန်မခံပါဘူး ဟာ၊ ခုဟာက သူ့စပွန်ဆာက လုပ်ပေးတာမို့လို့ပါ''
ခပ်လှမ်းလှမ်းဆီမှ စကားသံသဲ့သဲ့ကို ကြားလိုက်ရခြင်း ဖြစ်၏ ။ ထိုစကားသံကြောင့် တိုးမိုး ခေါင်းထဲသို့ ငှက်ဆိုးထိုးသံကြီးတစ်ခုကလည်း အော်တို ခုန်ပေါက်ဝင်ရောက်လာသည်။
ထိုအသံ ကတော့ တခြားမဟုတ် ...။
နေ့လယ်က မှိုချိုးမျှစ်ချိုးမှာ လိုက်သော ဂျာနယ်တိုက်မှ အယ်ဒီ တာဦးအောင်စိုး၏ စကားသံပင် ဖြစ်လေသည်။
ဖြတ်ပြောရလျှင် ဒင်းကလည်း ခေသူတော့မဟုတ်ချေ။ အယ်ဒီ တာလုပ်နေရတာ ကိုပင် အားမရနိုင်ဘဲ စာရေး ဆရာမ လေး တစ်ယောက် ကို စင်တင်ပေးဖို့ဆိုလား၊ ဘာတင်ပေးဖို့ဆိုလား လုပ်နေသေးသည်။
ထိုစာရေး ဆရာမ လေးနှင့် ဆိုလျှင် မျက်နှာပေါ် ပုရွက်ဆိတ်အုံ မတတ် ချိုနေပြီး သူ့ကိုကျတော့ မျက်နှာရှစ်ခေါက်ချိုးနှင့် အောက်ပါအတိုင်း မှာ လိုက်၏ ။
''ဟေ့ကောင် တိုးမိုး ...မင်း ဒီည လိုက်ရမယ့်သတင်းနဲ့ ဓာတ်ပုံက အရေး ကြီးတယ်နော်၊ အလွဲလွဲအချော်ချော် ဖြစ်မလာစေနဲ့၊ ပြီးတော့ မင်း သမီးရဲ့ စပွန်ဆာနဲ့ တွဲရက်တစ်ပုံလောက် ရအောင်ရိုက်ယူလာခဲ့ ...ကြား လား''
တိုးမိုး ခေါင်းညိတ်ခဲ့ရသည်။ ခေါင်းခါလို့မှ မ ဖြစ်သည်ကိုး။
ထိုသို့ မှာ သည်ဆိုရာတွင် လည်း ဦးအောင်စိုး၏ အလွန်တွေ ချည်း ပဲတော့ မဟုတ်ပါချေ။
သူဆိုသော တိုးမိုးကလည်း အမြဲတမ်း လွဲချော်မှားယွင်းကာ ကံ မကောင်းခြင်းတွေ ကို တစ်ရာ နှစ် ဆယ်တိုးဖြင့် ချေးယူထားသော တိုးမိုး ဖြစ်သည်။
အကြိမ်ကြိမ်အခါခါဆိုသလိုပင် ကိုယ်သတင်းယူ၊ ဓာတ်ပုံရိုက်လာ သော ပုံတွေ ကို ယောင်ပြီး ဒလိ (delete) လုပ်ပစ်လိုက်သည်က မနည်း။
ထိုကိစ္စကလည်း တိုးမိုးအတွက် အကြောင်းရှိပါသည်။ ဝမ်းရေး အရသာ ဓာတ်ပုံသတင်းထောက် လုပ်နေရသော်လည်း တိုးမိုးက ထိုဘဝ ကို ကျေနပ်လှသည်မဟုတ်။
သူ တကယ် ဖြစ်ချင်သည်က ကိုယ်ပိုင်စတူဒီယိုတစ်ခု ပိုင်ဆိုင် သော နာမည် ကြီးဓာတ်ပုံဆရာ ဖြစ်သည်။
ထို့ကြောင့် သာ သတင်းဓာတ်ပုံကို စိတ်ကြိုက်မရသဖြင့် ဒလိလုပ်မိ ခြင်း ဖြစ်သည်။
သတင်းဓာတ်ပုံဆိုသည်ကလည်း လျှပ်တစ်ပြက်ပုံတွေ ကိုပဲ ရိုက်ရ သည်မို့ တိုးမိုးအတွက် အဆင်မပြေချေ။
ဒါတင်မကသေး။ ပြေးရင်းလွှားရင်း သတင်းယူရင်း ကင်မရာ လွတ်ကျကာ ကားကြိတ်ခံလိုက်ရသော နာမည် ကောင်းတွေ ရှိပါသေးသည်။
တစ်ခါကလည်း မီးလောင်နေသည့်ပုံကို စိတ်ကြိုက်ရိုက်နေမိ၍ ထိုရပ်ကွက်ထဲရှိ လူငယ်များ ထံ၌ အထိုးခံရမလို ဖြစ်ခဲ့သေး၏ ။
မည် သို့ ပင် ဖြစ်စေ ...
ခုမွေးနေ့ပွဲမှာ တော့ မင်းသမီးပန်းဝတ်မှုံ၏ အလှဓာတ်ပုံတချို့ကို တော့ ရိုက်ပြီးပြီ။
ထို့ကြောင့် လောလောဆယ် တိုးမိုးချောင်းနေမိသည်က မင်းသမီး နှင့် သူ့စပွန်ဆာကိုကိုတို့၏ တွဲလျက်ပုံကို ရိုက်ရန် ဖြစ်၏ ။
ထိုပုံကသာ သူ၏ နာမည် ကို တက်စေမည် ။ ပြီး ...ထိုသတင်းမျိုး က ဂျာနယ်စောင်ရေ တက်မည့် သတင်း။
ထို့ကြောင့် အခွင့်အရေး ကို အမိအရဖမ်းဆုပ်နိုင်ရန် တိုးမိုး စောင့် နေခြင်း ဖြစ်သည်။
ထိုသို့ သော အတွေးနှင့် မင်းသမီး၏ အနီးဆုံးနေရာသို့ ရောက်အောင် တိုးမိုး မသိမသာ တိုးကပ်သွားလိုက်သည်။
မင်းသမီး ကတော့ တိုးမိုးကို သတိထားမိပုံမရ။ သူ့တစ်ကိုယ်လုံး မှ စိန်တွေ ကို မြင်သာစေရန် ခေါင်း, ခါး, ခြေ, လက်, တင်, ရင်အစုံအား အလှည့်ကျ လှုပ်ခါ၍ စကားပြောနေသည်။
မင်းသမီး၏ မလှမ်းမကမ်းမှာ တော့ ...
သူမ၏ စပွန်ဆာဟု ယူဆရသော ငနဲကြီး။
ဒင်းကလည်း မင်းသမီးကို ကွက်ကြည့်ကွက်ကြည့် လုပ်နေသည်။ မွေးနေ့ပွဲပြီးလျှင် ကြည့်ကွက်ကြည့်ကွက်လုပ်ရန် ကျိတ်ကြံနေသည်လား မသိ။
လောလောဆယ်တော့ ဒင်းကြီး မင်းသမီးအနားသို့ လာရန် ခြေလှမ်း ပြင်နေပုံရသည်။
တိုးမိုးကလည်း ထိုအချက်ကို သဘောပေါက်သည်။ ထို့ကြောင့် မင်းသမီးနှင့် မျက်နှာချင်းဆိုင် ခပ်လှမ်းလှမ်းမှာ ကွက်တိနေရာယူထား၏ ။
မင်းသမီးဘေးသို့ စပွန်ဆာကြီး ရောက်လာပါက နှစ် ယောက် တွဲပုံ အား အမိအရ ဓာတ်ပုံရိုက်ယူနိုင်ရန် ဖြစ်သည်။
တိုးမိုး အတွေးမမှားချေ။ ခဏမျှသော အချိန်မှာ ပဲ စပွန်ဆာကြီးသည် မင်းသမီးထံသို့ လျှောက်လာပြီ ဖြစ်သည်။
တိုးမိုး ကင်မရာကို အသင့်ပြင်ထားလိုက်၏ ။
စပွန်ဆာကြီး မင်းသမီးအနားသို့ ရောက်ချိန်မှာ တော့ တိုးမိုး ဓာတ်ပုံ ရိုက်ရန် ပြင်လိုက်သည်။ သို့ သော် စပွန်ဆာကြီးက မင်းသမီးဘေးနားမှခုံမှာ ဖျတ်ခနဲ ဝင်ထိုင်လိုက်ပြန်၏ ။
မင်းသမီးက မတ်တတ်ရပ်နေဆဲမို့ မရိုက်သေးဘဲ ခဏရပ်ထား လိုက်ရသည်။
တစ်ယောက် က မတ်တတ်၊ တစ်ယောက် ထိုင်လျက်ဆိုလျှင် ဓာတ် ပုံက ကောင်းမည် မဟုတ်။ မင်းသမီးအထိုင်ကို စောင့်ရမည် ဟု တိုးမိုး ဦး နှောက်ထဲမှ သံချောင်းခေါက်လာသည်။
ထိုအတွေးဖြင့် အသက်ကို အောင့်ကာ ကင်မရာကိုတော့ အသင့် ပြင်ထားလိုက်၏ ။
မင်းသမီးသည် စပွန်ဆာကြီးဘေး၌ မကြာခင်မှာ ပဲ ထိုင်တော့မည် မဟုတ်လား။
အတွေးက ထပ်မှန်သည်။
မင်းသမီးသည် ထိုင်နေသော စပွန်ဆာကြီးကို ညုခနဲ တစ်ချက် ကြည့်လိုက်၏ ။
စပွန်ဆာကြီးက ကြောင်ပါးကြီးအပြုံးဖြင့် ပြုံးရင်း ခေါင်းညိတ်ပြ သည်။ ထိုင်ဦး ...ဆိုသည့်သဘော။
မင်းသမီးကလည်း သဘောပေါက်ပါသည်။ တစ်နေ့ တစ်လုံးမက ရွှေဥတွေ ဥပေးနေသော ရွှေဘဲကြီးပေကိုး။
မင်းသမီး ထိုင်တော့မည် ။ စပွန်ဆာကြီးဘေးမှာ ထိုင်တော့မည် ။ တိုးမိုးလည်း ကင်မရာခလုတ်ပေါ် လက်တင်ထားလိုက်ပြီ။
တစ်စက္ကန့် ...
နှစ် စက္ကန့် ...
မင်းသမီး ထိုင်လိုက်ပြီ။
တစ်စက္ကန့်လောက် ထပ်စောင့်ပြီး တိုးမိုးလည်း ကင်မရာခလုတ်ကိုနှိပ်ချလိုက်ပြီ။
သို့ သော် ...
ဘယ်သကောင့်သားကများ မင်းသမီးထိုင်မည့် ခုံကို နောက်မှနေ ၍ အချိန်ကိုက် ဆွဲယူမစလိုက်သည် မသိ။ ဂါဝန်ဖားဖားကြီးနှင့် အလှကြီးလှ နေသော မင်းသမီးသည် ဖင်ထိုင်လျက် နောက်သို့ လဲကျသွားရပြီး ...
ထိုအရှိန်နှင့် အတူ လန်တက်သွားသော ဂါဝန်၏ အောက်နားစ ပေါင်ရင်းသို့ အရောက်မှာ ပဲ ...
'ချပ်'
ဆိုသော အသံနှင့် အတူ အမိအရ ရိုက်ယူလိုက်သော တိုးမိုး၏ ကင်မရာမီးသည်လည်း ဖျတ်ခနဲ လင်းပွင့်သွားလေတော့သည်။
သွားပြီ ...။
ရုတ်တရက် တိုးမိုး ဘာလုပ်ရမည် ကို မသိသေး။ ရိုက်လိုက်မိသော ပုံကိုလည်း ပြန်မကြည့်ရဲ။
မင်းသမီးအနားမှာ တော့ ရုတ်ရုတ်သဲသဲနှင့် မုန်တိုင်းငယ်တစ်ခု တိုက်ခတ်သွားလေပြီ။
ကင်မရာကိုင်ကာ တိုးမိုး ကြောင်နေချိန်မှာ ပဲ မင်းသမီးသည် မတ်တတ်ပြန်ရပ်ကာ သူ့အနေအထားကို ပြန်လည်ပြင်ဆင်ပြီးပြီ ဖြစ်၏ ။
ပြီး ...တစ်ဆက်တည်းဆိုသလို သူ့အား ကွက်ကွက်ကွင်းကွင်း အတွင်းအလှဓာတ်ပုံရိုက်လိုက်သော တိုးမိုးဆီသို့ ခလုတ်တိုက်မတတ် လျှောက်လာကာ ...
''ရှင့်ကင်မရာကို ခဏပေးစမ်းပါ''
''ဗျာ''
ယောင်နနနှင့် တိုးမိုး လှမ်းပေးလိုက် သည်။
မင်းသမီးသည် ကင်မရာထဲမှ သူ၏ အတွင်းအလှဓာတ်ပုံကို ပြန်ရစ် ကြည့်ကာ မျက်နှာရဲတက်သွားရပြီး လက်တစ်ဖက်ကလည်း ခလုတ်တစ်ခုကို ဆတ်ခနဲ နှိပ်ချလိုက်လေသည်။
ထိုခလုတ် ကတော့ တခြားမဟုတ်။ ကင်မရာထဲမှ ပုံအားလုံးကို ပျက်စေသော (All delete)။
''ဟာ ...မ ...မလုပ်ပါ ...နဲ့''
တိုးမိုး၏ တားသံက အရာမရောက်လိုက်ချေ။
ကင်မရာထဲမှ ဓာတ်ပုံအားလုံးသည် မင်းသမီး၏ လက်မလေး တစ် ချက်ဖိရုံနှင့် ပင် အောင်မြင်စွာ ပျောက်ပျက်သွားပြီ ဖြစ်လေသည်။
''ဆောရီးပဲနော်''
ကင်မရာ ပြန်ပေးရင်း ပြောလာသော မင်းသမီး၏ စကားသံ။
ဘာလုပ်ရတော့မည် နည်း။
ဘာတတ်နိုင်တော့မည် နည်း။
လက်စွမ်းပြသလို ဖြစ်ခဲ့မိသော ကိုယ့်ကိုယ်ကိုယ် လေးဆယ့်ငါး ခွန်းထက်မက ကျိန်ဆဲရင်း ...တိုးမိုး အနိုင်နိုင်လှည့်ထွက်ခဲ့ရလေသည်။
ထိုညက အယ်ဒီတာ ဦးအောင်စိုး အာသာငမ်းငမ်း လိုချင်လှ သော ဓာတ်ပုံမရခဲ့သည့်အပြင် ကင်မရာထဲမှာ လည်း ပုံနှင့် တူတာဆို၍ ဘာမှ မရှိ ...ဗလာနတ္ထိ။
အခန်း(၂)
ရေရွတ်ဆူပွက်နေသည်မှာ ထမင်းအိုးနှစ် လုံးချက်လောက်တော့ ကြာလတ်ပြီဟု ဆရာကြီး ရွှေဥဒေါင်းလေသံနှင့် တိုးမိုး တွေးနေမိသည်။
အသေဆိုးနှင့် သေသွားသော လစ်ဗျားမှ ကဒါဖီသည်ပင်လျှင် ဦး အောင်စိုးလောက် အပေါက်ဆိုးမည် မထင်ချေ။
တိုးမိုး တောင်းပန်နေသည့်ကြားက ပို၍ ကဲကဲတက်လာသည်။
''မင်းကွာ ...တကယ့် သောက်တလွဲကောင်ပဲ၊ ဘယ်မှာ လဲ မနက်ဖြန် အချပ်ပိုမှာ ထည့်မယ့် မင်းသမီးပန်းဝတ်မှုံရဲ့ သတင်းနဲ့ဓာတ်ပုံ၊ တောက်ဍ ...ကွာ ...၊ ငါ့ကို သူဌေးက ထောင်းတော့မှာ ပဲ၊ အဲဒါ ... မင်း သောက်သုံးမကျလို့ကွ''
လောလောဆယ်မှာ တော့ အထောင်းခံနေရတာ က ကိုယ် ဖြစ် သည်။
သို့ သော် ပြန်ပြောရန်စကားက မရှိ။
တကယ်လည်း ကိုယ်က လွဲခဲ့တာကိုး ...ဟု တိုးမိုး ဖြေသိမ့်နေ ရသည်။
ဒါသည်ကိုပင် အားမရသေးသော ဦးအောင်စိုးက ...
''ဟေ့ကောင် တိုးမိုး ...ပြောစမ်းပါဦးကွ၊ မနက်ဖြန် အချပ်ပိုမှာ ဘယ်လို ဟော့ ဖြစ်တဲ့သတင်းမျိုး အစားထိုးထည့်ရမှာ လဲလို့''
ထိုစကားကြောင့် တိုးမိုးက ချက်ချင်း ပင် မဆိုင်းမတွ ...
''ဦးရယ် ...မင်းသမီးရဲ့ ဓာတ်ပုံမရခဲ့ပေမယ့် သတင်းတော့ ထည့် လို့ရပါတယ်၊ မွေးနေ့ပွဲမှာ မင်းသမီး ရုတ်တရက် ဖင်ထိုင်လဲကျ၍ ဂါဝန် လန်သွားခြင်း ...ဘာညာပေါ့''
''ဟေ့ကောင်''
ဦးအောင်စိုးအသံက ဟိန်းထွက်လာသည်။
တိုးမိုးကလည်း ...
''ဟုတ်တယ်လေ၊ အဲဒါ အမှန်ပဲဟာကို၊ ကျွန်တော် ကိုယ်တိုင် မြင်ခဲ့ရတာ ပါဗျ၊ ဟို ...အထဲက အဝါရောင် လေး''
''ဟာ ...ဟေ့ကောင် တိုးမိုး ...တော် တော့ ...မင်း ...မင်း''
မျက်နှာကြီး မည်းကာ ရုတ်တရက် အော်လိုက်သော ကြောင့် တိုးမိုး က ကပျာကယာပဲ ...
''ဘာ ဖြစ်တာလဲ ဦးရဲ့ ...ကျွန်တော် က မင်းသမီးလက်ထဲကအဝါရောင် ပန်းစည်းကလေး လွတ်ကျတာကို ပြောတာ''
''မင်းနော် ...ဟွန်း''
မျက်နှာထားတင်းရင်း နောက်ထပ် တစ်ချီတစ်မောင်း ဆူပူရန် ဦးအောင်စိုး ပုဆိုးအသာ'မ'ကာ အားယူလိုက်သည်။
သို့ သော် ...
''ဦး''
တံခါးဝဆီမှ ထွက်လာသော ခပ်ချွဲချွဲအသံလေးတစ်သံ ဖြစ်သည်။
ထိုအသံကြောင့် ရုတ်ခြည်းဆိုသလို ဦးအောင်စိုးမျက်နှာကြီးက မယုံနိုင်လောက်အောင် အရောင် ပြောင်းသွား ကာ ...
''ဟာ ...မီမီပါလား၊ လာလေ''
''ဟုတ် ...ဦး အချိန်ရပါတယ်နော်''
အမှန်အတိုင်း ပြောရလျှင် မရပါ။ လုံးဝ မရပါ။ ဒီနေ့ ဂျာနယ် ဖောင်ပိတ်ရန် ရှိသည်ကို တိုးမိုးသိသည်။
သို့ သော် ဦးအောင်စိုးခေါင်းထဲသို့ ဖောင်ပိတ်ရန်ကိစ္စက အလျင်း မရောက်ချေ။
ကောင်မလေးမျက်နှာကို မြင်လိုက်ရချိန်မှာ ပဲ ဖောင်ပိတ်တာက အရေး မကြီးပါဘူး၊ မှားသွားလည်း ငါ့ဟာငါ နောက်မှဖောင်ပြင်တော့မယ်ဟု အယ်ဒီတာပီသစွာ တွေးလိုက်ပုံရသည်။
တစ်ညလုံး ပင်ပန်းကြီးစွာ ဖောင်ပြင်ရင်း ဖင်ပြောင်မည့် အရေး ကို ဒင်းက မတွေးထား။
ချက်ချင်း ပင် အသံသကာနှင့် ...
''အချိန်ရပါတယ် မီမီရဲ့ ...လာလေ၊ ဟေ့ကောင် တိုးမိုး ...မင်း သွားတော့''
ပြောရင်းပင် တိုးမိုးဘက်လှည့်ကာ ဘလိုင်းကြီး နှင်ထုတ်တော့ သည်။
တိုးမိုးက ...
''ဟိုလေ ...ဦး အစားထိုးဖို့ သတင်း ...သတင်းကိစ္စက ...''
စကားပင် မဆုံးလိုက်။ ဦးအောင်စိုးက ငါ အယ်ဒီတာပါကွဟူ သော မျက်နှာပေးဖြင့် ပုဆိုးအသာ'မ'ထားရင်းကပင် ...
''ဟေ့ကောင် ...အဲဒါ ငါသိတယ်၊ ခုလောလောဆယ်တော့ မင်းမျက်နှာ ငါ မကြည့်ချင်ဘူး၊ သွားတော့''
''ဟင် ...ဒါဆို ဦးက ဘာကြည့်မလို့လဲဟင်''
''မီမီရဲ့ ...ဟာကွာ ဟေ့ကောင် ...သွားကွာ၊ သွားတော့''
ကုတ်နှင့် ကော်ထုတ်မတတ် အတင်းကြီးနှင်နေတော့သည်။
ရပါသည်။ အသံအားဖြင့် မထွက်စေကာမူ ခင်ဗျားဟာ နှာဘူးကြီးပဲ အောင်စိုးဟု ယူဆရသော အကြည့်ဖြင့် အားပါးတရကြည့်ပြီးမှ တိုးမိုး ထွက်လာခဲ့သည်။
ဦးအောင်စိုး ကတော့ ပုဆိုးအသာ'မ'လျက်ပင် ရုံးခန်းထဲ၌ ကျန်ခဲ့၏ ။ ထိုသို့ ပုဆိုးအသာ'မ'မိရင်း မီမီဆိုသော ကောင်မလေးနှင့် ဘာတွေ ပြောကာ ဘာတွေ လုပ်ကြမည် ကို မသိ။ ထားတော့ ...။ ထိုကိစ္စသည် ပုဆိုးအသာ 'မ'ထားသော ဦးအောင်စိုး၏ ကိစ္စသာ ဖြစ်သည်။ ကိုယ့်အပူ တစ်ပြားသားမှ မပါချေ။ ပုဆိုးအသာ'မ'ခြင်းကြောင့် ထွက်လာမည့် ရလဒ်သည် ကိုယ်နှင့် လည်း မပတ်သက် ...။
လောလောဆယ် အယ်ဒီတာအခန်းထဲမှ ထွက်လာပြီး ဘာလုပ်ရ မည် ကို တိုးမိုး မသိသေး။ ရုတ်တရက်ဆီးသွားချင်လာသဖြင့် ရုံးထဲရှိ အိမ်သာသို့ ခြေလှမ်းလိုက်ရသည်။
သို့ သော် ကံက မကောင်းပြန်ချေ။ အိမ်သာထဲမှာ လူရှိနေသည်။ သို့ နှင့် ဆီးကိုထိန်းကာ ခဏစောင့်ကြည့်သေးသည်။
အိမ်သာထဲမှလူက သူ့လို ကျင်ငယ်မဟုတ်ဘဲ ကျင်ကြီးစွန့်နေ သည်လား မသိ။ အတော် ကြာသည်အထိ ထွက်မလာချေ။
တိုးမိုး တကယ်ကို တင်းလာတော့၏ ။ လူရော ဆီးပါ ဖြစ်သည်။ဆက်စောင့်မနေတော့ဘဲ ရုံးရှေ့လက်ဖက်ရည်ဆိုင်မှာ သွားပေါက်တော့ မည် ဟု တွေးကာ လှည့်အထွက် ...
'ဘုတ်!'
''အင့်!''
'ခွမ်း!'
ကော်ဖီခွက်ကိုင်လာသော ဝန်ထမ်း တစ်ယောက် နှင့် တိုက်မိခြင်း ဖြစ်သည်။
''ဘယ်လို ဖြစ်နေတာလဲကွာ ...မမြင်ဘူးလား၊ ဒီမှာ ခွက်က ကွဲသွားပြီကွ''
ချက်ချင်း ပင် ထိုလူက ပြောလာသည်။ တိုးမိုးက ကော်ဖီရည်တွေ စွန်းပေသွားသော အင်္ကျီရင်ဘတ်ကိုပြကာ ...
''မတော် လို့ပေါ့ကွ၊ ဒီမှာ ငါ့အင်္ကျီလည်း ပေသွားတာပဲ''
ထိုမျှလောက်သာပြောပြီး လှည့်ထွက်လာခဲ့သည်။ မ ဖြစ်နိုင်မှန်း သိခါမှ ဆီးက မဟားတရား သွားချင်နေပြီလေ။
ရုံးရှေ့မှ လက်ဖက်ရည်ဆိုင်သို့ တိုးမိုး အပြေးတစ်ဝက်နှင့် လျှောက် သွားလိုက်သည်။ ဆိုင်ထဲမှာ သောက်သုံးနေကြသူများ ကိုလည်း စိတ်မဝင်စား အား။ အိမ်သာရှိရာသို့ သာ အငမ်းမရ လှမ်းသွားလိုက်သည်။ (ပြောရတာ လည်း မကောင်းချေ)
သို့ သော် ...
ရင်ဝကို ဆောင့်ကန်ခံလိုက်ရသည့်အလား တိုးမိုး၏ မျှော်လင့်ချက် သည် ပြိုလဲရပြန်၏ ။ အိမ်သာထဲမှာ က ကိုယ့်ထက် ဦးသော လူ တစ်ယောက် ရှိနေပြန်သည်လေ။
ထိုအိမ်သာရှေ့မှာ လည်း ခဏစောင့်ကြည့်သေးသည်။ သို့ သော် အချည်းနှီး။ အထဲက အမည် မသိလူသည်လည်း ကျင်ကြီးယိုနေပုံရသည်
တောက်! ...။
ဆုံးဖြတ်ချက်တစ်ခုခုကို ချမှရတော့မည် ဟု အံကြိတ်ကာ တိုးမိုး တွေးလိုက်၏ ။
ထိုသို့ စဉ်းစားရင်း ရုံးထဲကလူတော့ ကိစ္စပြီးလောက်ပြီဟု တွေးမိ ပြန်သည်။
သို့ နှင့် လက်ဖက်ရည်ဆိုင်ထဲမှ ပြန်ထွက်ကာ ရုံးရှိသည့်တစ်ဖက် သို့ လမ်းကူးရန် ပြင်လိုက်၏ ။
ထိုအချိန်မှာ ပဲ လမ်းပေါ်မှ ဖြတ်မောင်းသွားသော ကားတစ်စီး သည် တိုးမိုးရှေ့နားမှာ ရှိသော ရေအိုင်ကွက်ကို အရှိန်နှင့် ဖြတ်နင်းလိုက်သဖြင့် ...
'ဗွမ်း!'
''ဟာ''
လွင့်စဉ်လာသော ရေတွေ က တိုးမိုးတစ်ကိုယ်လုံးနီးပါး ရွှဲစိုအောင် ပက်လိုက်သလို ဖြစ်သွားရ၏ ။
ဒေါသတကြီး လှမ်းကြည့်လိုက်တော့ တက်စီဟုသာ ခပ်ပျပျ မြင်လိုက်ရသည်။ ဘာမှမတတ်နိုင်တော့။
ထိုတက်စီကိုပဲ တတ်သလောက် မှတ်သလောက် ကျိန်ဆဲရင်း တစ်ကိုယ်လုံး စိုရွှဲသွားသော ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်ကာ ဆုံးဖြတ်ချက် ကို အမှန်တကယ် ချလိုက်လေတော့သည်။
စိတ်ပညာရှင်များ ပြောပြချက်အရ ဆီးအရမ်းသွားချင်နေသော အချိန်တွင် ဆုံးဖြတ်သော ဆုံးဖြတ်ချက်သည် မှန်ကန်တိကျပြီး ဆီးသွား ပြီးမှ ဆုံးဖြတ်လျှင် လွဲချော်တိမ်းစောင်းတတ်သည်ဟု ဖတ်ဖူးသည်။
ထို့ကြောင့် လည်း ယခုအချိန်မှာ အခြေအနေနှင့် အချိန်အခါအရ တိုးမိုး ရဲရဲကြီးဆုံးဖြတ်လိုက်ခြင်း ဖြစ်၏ ။
ထိုဆုံးဖြတ်ချက်၏ အဖြေရလဒ် ကတော့ တိုးမိုးပေါင်ရင်းတစ် လျှောက်မှာ ပူနွေးစွာ ခံစားလိုက်ရခြင်း ဖြစ်လေသည်။
တစ်ကိုယ်လုံး စိုရွှဲနေသည့်အတူ မထူးဇာတ်ခင်း၍ လမ်းပေါ်မှာ သေးပေါက်ချလိုက်သည်ဟု ပရိသတ်ကြီးသိအောင် ထပ်မပြောချင်တော့။
အခန်း(၃)
''သမီး ...ကားခဏရပ်ပြီး တောင်းပန်လိုက်ရင် ကောင်းမယ်၊ ရေစင်ပြီး ဟိုကောင်လေး တစ်ကိုယ်လုံး ရွှဲရွှဲစိုသွားပြီ''
ကားဆရာကြီး၏ စကားသံအဆုံးမှာ နိုးနိုးက ခေါင်းခါလိုက်ရင်း စိတ်လောနေသော အသွင်ဖြင့် ...
''အာ မ ဖြစ်ပါဘူး ... သူ့ဟာသူ ကံမကောင်းလို့ ခံရတာ ပဲ၊ ရပ်လိုက်ရင် အချိန်ပိုကြာသွားမယ်၊ ကျွန်မ ရုံးမမီမှာ စိုးလို့တောင် ဦးလေး ကို ပိုက်ဆံပိုပေးပြီး အမြန်မောင်းခိုင်းခဲ့တာ''
နိုးနိုးစကားသံကြောင့် ကားဆရာကြီး ဘာမှပြန်ပြောမလာတော့။ နိုးနိုးက စိတ်ပူစွာ ဖြင့် လက်ပတ်နာရီလေးကို တစ်ချက်ထပ်ကြည့်လိုက်သည်။
ဒီကနေ့ ရုံးမှာ အစည်းအဝေးရှိသည်မို့ နောက်ကျ၍ မ ဖြစ်ချေ။
ထိုစဉ် မီးပွိုင့်တစ်ခုရှေ့အရောက် မီးက ဖျတ်ခနဲ ကွက်တိစိမ်းသွား သဖြင့် ကားဆရာကြီးက ...
''မီမှာ ပါ သမီးရဲ့ ၊ ဦး ကားမောင်းလာတဲ့ သက်တမ်းတစ်လျှောက် မှာ ဒီနေ့လောက် မီးပွိုင့်လွတ်တာမျိုး တစ်ခါမှ မကြုံဖူးဘူး''
နိုးနိုး နှစ် နှစ် ခြိုက်ခြိုက် ပြုံးလိုက်မိသည်။ ပြီး ...တစ်ဆက်တည်း ပဲ ဝင့်ကြွားသော အသံလေးဖြင့် ...
''ဒီလိုပဲ ဖြစ်ရမယ်လေ၊ ကျွန်မဘဝမှာ က ဘာလုပ်လုပ် ကံကောင်း နေရမယ်လို့ ယုံကြည်ထားတာ၊ များ သော အားဖြင့် လည်း ကံကောင်းခဲ့တာ တွေ ချည်းပဲ''
ထိုစကားကြောင့် ကားဆရာကြီးက သဘောကျသလို ရယ်သည်။ ပြီး ...
''အင်း ...ကံကောင်းတယ်ဆိုတာ ကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ...ခုနကလို ကိုယ်ကံကောင်းပြီး တစ်ဖက်လူ ကံဆိုးသွားတာက တော့ မကောင်းဘူးပေါ့''
''အိုး ...ဒါ ကတော့ သူ့ရဲ့ ကံပဲလေ''
''ကံကြမ္မာဆိုတာကြီးကို အရမ်းအားမကိုးနဲ့ သမီး၊ အဲဒီ ကောင် ကြီးက သူ့မျက်နှာသာပေးနေတဲ့အချိန်မှာ တော့ ကောင်းတယ်၊ အဲ ... သူ လှည့်စားလာတဲ့အချိန်ဆိုရင်တော့ သမီး ဘယ်လိုမှ တတ်နိုင်မှာ မဟုတ် ဘူး''
နိုးနိုး မျက်နှာလေးက တည်သွားရသည်။
''အဲဒါ ကတော့ သူများ တွေ အတွက်ပဲ ဟုတ်ချင်ဟုတ်မယ်၊ သမီး အတွက်တော့ ဖြစ်လာမယ် မထင်ဘူး''
ကားဆရာကြီးက ပြန်ချေပရန် ဟန်ပြင်လိုက်သော်လည်း အခွင့် မသာတော့။ ကားက နိုးနိုးတို့ကုမ္ပဏီရှိရာ ကွန်ဒိုရှေ့သို့ ရောက်ရှိလာသော ကြောင့် ဖြစ်သည်။
နိုးနိုးက ကားခ ထောင့်ငါးရာကို ခပ်သွက်သွက် ထုတ်ပေးလိုက် ရင်း ...
''ကဲ ဦး ...ရော့ ...မနက်ဖြန်လည်း ကိုးနာရီလောက်ပဲ အိမ် ရှေ့ လာကြိုလိုက်နော်''
''အေး ...သမီး''
ရပ်ကွက်ထဲမှ စီးနေကျတက်စီ ဖြစ်သော ကြောင့် နိုးနိုးက မှာ လိုက် ခြင်း ဖြစ်သည်။
ကုမ္ပဏီရှိရာ ကွန်ဒိုထဲသို့ လှမ်းဝင်ရန် ခြေလှမ်းလိုက်စဉ်မှာ ပဲ...
''ဟင်''
အံ့သြစိတ်ကလေးနှင့် နိုးနိုး မျက်လုံးပင့်လိုက်မိ၏ ။ လှမ်းရန်ပြင်နေ သော ခြေတစ်လှမ်းစာအကွာ၌ ငါးထောင်တန်လေးတစ်ရွက်က မျက်စပစ် ပြနေ၍ ဖြစ်သည်။
ဘေးဘီဝဲယာသို့ နိုးနိုး အကဲခတ်လိုက်သေးသည်။ ကလေးတစ် ယောက် ယောက် ကများ အပ်ချည်ကြိုးနှင့် သီကာ နောက်နေသည်လားပေါ့။
မဟုတ်ပါ။ မသင်္ကာစရာ အရိပ်အငွေ့ဆို၍ မြူမှု န်မှ မတွေ့ ရပါ။ အောကလီးယား။
ပိုင်ရှင်မဲ့နေသော အနီရောင် ငါးထောင်တန်လေးသာ ဖြစ်သည်။
ဘာမှစဉ်းစားမနေတော့ဘဲ ငါးထောင်တန်လေးကို အသာကောက် ယူလိုက်၏ ။ ကြည့်မိသည့်သူ သွားရည်ယိုအောင်လည်း ပိုးစိုးပက်စက် ကုန်း ပြီးကောက်ခြင်း မဟုတ်ချေ။ ကိုယ်ခန္ဓာကို အသာရို့ကာ လှလှပပလေး ကောက်လိုက်ခြင်းသာ ဖြစ်သည်။
ထိုငါးထောင်တန်လေးကို အိတ်ထဲ အသာထိုးထည့်ဟန်ပြင်လိုက် ပြီးမှ စဉ်းစားမိသဖြင့် ငါးထောင်တန်ပေါ်မှ နောက်ဂဏန်းသုံးလုံးကို ပေါင်း ကြည့်လိုက်သည်။ ရလဒ်က 'ကိုး'။ အိုး ...။
သို့ နှင့် အသာပြုံးရင်း အိတ်ထဲထည့်လိုက်ကာ ကားခက ထောင့် ငါးရာဆိုတော့ သုံးထောင့်ငါးရာတောင် မြတ်တာပေါ့ဟု နိုးနိုး တွေးလိုက် မိသည်။
ထို့နောက် ကွန်ဒိုအောက်ထပ်မှာ ရှိသော ဓာတ်လှေကားဆီသို့ ခြေလှမ်းလိုက်လေ၏ ။
အခန်း(၄)
''ခဏလေး ...ခဏလေး''
အပေါ်တက်မည့်  ဓာတ်လှေကားက တံခါးပိတ်မည့် ဆဲဆဲမို့ နိုးနိုး အပြေးတစ်ပိုင်းနှင့် လှမ်းအော်လိုက်ခြင်း ဖြစ်သည်။
သို့ သော် ...
ဓာတ်လှေကားထဲမှာ ရှိနေသော မန်နေဂျာဦးသိန်းဇော်က နှုတ်ခမ်း အသာတွန့်ကာ ငါးမြစ်ချင်းအပြုံးပြုံးရင်း ခေါင်းအသာခါလိုက်၏ ။
နောက်ကျသော လူကို မစောင့်နိုင်ဘူးဆိုသည့်သဘော။
ထိုစဉ်မှာ ပဲ ဓာတ်လှေကားက တံခါးပိတ်ကာ ရုံးခန်းရှိသော ခြောက် လွှာသို့ တက်သွားလေပြီ။
နိုးနိုး နာရီကြည့်ရင်း မျက်နှာလေးကို မဲ့လိုက်၏ ။
လူပျိုသိုးကြီး တစ်ယောက် ဖြစ်သော မန်နေဂျာဦးသိန်းဇော်သည် အချိန်ကို လေးစားသလိုလိုနှင့် မိန်းမကြီးကဲ့သို့ စိတ်ပုပ်သည်။ ထို့ကြောင့် လည်း အသားအရေက ခဲရောင် ပြေးနေခြင်း ဖြစ်သည်။ ခုလည်း အစည်း အဝေးမမီပါက နိုးနိုးကို ဆူပူမည် ဆိုတာ သေချာနေပြီ။
ထိုအချိန်မှာ ပဲ ပထမဓာတ်လှေကားနှင့် ကပ်လျက်ရှိနေသော ဓာတ် လှေကားနောက်တစ်ခု၏ တံခါးက အလိုလိုပွင့်လာပြန်သည်။ အပေါ်မှ အောက်သို့ ရောက်လာသဖြင့် ပွင့်လာခြင်း ဖြစ်၏ ။ ဓာတ်လှေကားထဲမှာ လည်း လူ တစ်ယောက် မှ ရှိမနေချေ။
နိုးနိုး ပခုံးအသာတွန့်ရင်း ထိုဓာတ်လှေကားနှင့် ပဲ အပေါ်တက်သွား လိုက်၏ ။ ခြောက်လွှာသို့ ရောက်တော့ ဓာတ်လှေကားထဲမှထွက်ကာ ရုံးခန်းထဲ သို့ ဝင်သွားလိုက်သည်။
ရုံးခန်းထဲသို့ ရောက်လျှင်ပဲ အရင်ဝေ့ကြည့်လိုက်၏ ။ အရောင်းဝန် ထမ်းတချို့ကိုသာ တွေ့ ရပြီး လူကြီးပိုင်းတချို့ကိုတော့ မတွေ့ ရချေ။ အစည်း အဝေးခန်းထဲသို့ ဝင်သွားကြပြီလားမသိ။
အချိန်ဆွဲမနေတော့ဘဲ အစည်းအဝေးခန်းထဲသို့ နိုးနိုး တန်းဝင်သွား လိုက်သည်။
ခန်းမထဲအရောက်မှာ ဆီး၍ ငေါက်မည့်  ဦးသိန်းဇော်ကို မြင်ရ လိမ့်မည် ဟု ထင်ထားသော်လည်း မဟုတ်ချေ။
အစည်းအဝေးခန်းထဲ၌ ကုမ္ပဏီ၏ ဒါရိုက်တာ ဖြစ်သော ဦးဇော်ဖြိုး နှင့် ရှယ်ယာဟိုဒါများ သာ ရှိနေပါသည်။
ဓာတ်လှေကားနှင့် သူ့ရှေ့ကတက်သွားသော ဦးသိန်းဇော်တို့လူစု ဘယ်ဆီရောက်သွားတာလဲဟု နိုးနိုး စဉ်းစားနေချိန်မှာ ပဲ ...
''ကဲ ...ဆယ်နာရီထိုးပြီဆိုတော့ အစည်းအဝေး စလိုက်ကြတာ ပေါ့''
ဦးဇော်ဖြိုးက နာရီကြည့်ကာ အသံပြုလိုက်ခြင်း ဖြစ်သည်။
နိုးနိုးလည်း စဉ်းစားမနေတော့ဘဲ ထိုင်ရမည့် နေရာမှာ ဝင်ထိုင်လိုက် ၏ ။
ဒီနေ့ အစည်းအဝေးက ကုမ္ပဏီ၏ တစ်နှစ် တာအမြတ်အစွန်းကို ရှင်းလင်းဆွေးနွေးခြင်းနှင့် ဝန်ထမ်းတွေ အတွက် အပျော်ခရီး လိုက်ပို့ပေး မည့် အစီအစဉ်ကို တင်ပြခြင်းတို့ ဖြစ်သည်။
နိုးနိုးက ...
''ခဏလောက် စောင့်ကြည့်ပါဦးလား ဒါရိုက်တာ၊ ဦးသိန်းဇော် တို့ ရောက်တော့မယ်ထင်တယ်''
အရဲစွန့်၍ ပြောလိုက်ခြင်း ဖြစ်သည်။ ဒါရိုက်တာ ဦးဇော်ဖြိုးက လက်ကာပြရင်း ...
''မစောင့်တော့ဘူး မြတ်နိုးမေ၊ ကဲ ...ညည်း တင်ပြစရာရှိတဲ့ စာရင်းတွေ ကိုသာ ပေးတော့''
နိုးနိုး ဘာမှထပ်ကာ စောဒကတက်မနေတော့ဘဲ စာရင်းဖိုင်တွဲကို သာ ကမ်းပေးလိုက် သည်။
အစည်းအဝေးဆိုသည့်အတိုင်း ကုမ္ပဏီအမြတ်အစွန်းရမည့် ကိစ္စ များ ကို အရင်ဆွေးနွေးကြသည်။
ထိုကိစ္စပြီးချိန်အထိ ဦးသိန်းဇော်တို့က ပေါ်မလာသေး။ ဓာတ်လှေ ကားထဲမှ မြေလျှိုးမိုးပျံပြီး ဘယ်ရောက်သွားကြသည်တော့ မသိချေ။
ထိုအချိန်မှာ ပဲ ဒါရိုက်တာက နိုးနိုးဘက်သို့ မျက်နှာမူလိုက်ကာ ...
''ကဲ မြတ်နိုးမေ ...အပျော်ခရီးထွက်ဖို့ကိစ္စက ဘယ်ကိုသွားရင် သင့်တော် မယ်လို့ ညည်းထင်လဲ''
''ရှင်''
''သြော် ...ဝန်ထမ်းတွေ ကို အပျော်ခရီးအ ဖြစ် ဘယ်ကိုပို့ပေးရင် ကောင်းမလဲလို့ မေးနေတာ''
နိုးနိုး တွန့်သွားရသည်။ ထိုကိစ္စသည် ဦးသိန်းဇော် ဆုံးဖြတ်ရမည့်  ကိစ္စသာ ဖြစ်သည်။ ပြီး ...ဒင်းကြီးက ခရီးစဉ်ကို ဘယ်သွားဖို့ ဆွဲထား သည်မှန်းလည်း မသိ။
လောလောဆယ်မှာ တော့ ကိုယ့်ကိုမေးနေသည်မို့ စိတ်ထဲရှိတာ ကိုပဲ နိုးနိုးဖြေလိုက်၏ ။
''ဟိုလေ ဒါရိုက်တာ ...မနှစ် တုန်းက ဘုရားဖူးထွက်ထားတယ် ဆိုတော့ ဒီနှစ် ကမ်းခြေကိုသွားရင် ကောင်းမလားလို့''
ဒါရိုက်တာ ဦးဇော်ဖြိုးက ချက်ချင်း ပဲ ...
''အေး ...ကောင်းသားပဲ၊ ချောင်းသာ ဖြစ် ဖြစ် သွားပေါ့၊ အဲဒီ ခရီးစဉ်အတွက် လိုအပ်တာတွေ ကို ညည်းပဲစီစဉ်လိုက်ပါ မြတ်နိုးမေ၊ ကုန်ကျ စရိတ်အားလုံးကို သိန်းဇော်ဆီကပဲ စာရင်းနဲ့ ထုတ်လိုက်ပေါ့''
''ဟုတ်ကဲ့ပါ ဒါရိုက်တာ''
''ကဲ ...ဒါဆိုရင် အစည်းအဝေးလည်း ပြီးပြီပေါ့''
ဒါရိုက်တာက ထိုသို့ ပြောလိုက်သဖြင့် အားလုံးပဲ နေရာက ထ, လိုက်ကြသည်။
ထိုအချိန်မှာ ပဲ ဦးသိန်းဇော်တို့လူတစ်စုသည် မာရသွန်ပြိုင်ပွဲ ပန်း ဝင်လာသလို ချွေးသံရွှဲရွှဲဖြင့် ဝင်လာကြရင်း ...
''ဒါ ...ဒါရိုက်တာ ...ကျွန်တော် တို့ ရောက်ပါပြီ၊ ဟောဟဲ ...ဟော ...''
မောကြီးပန်းကြီးလေသံဖြင့် ဦးသိန်းဇော်က ဦးဆောင်ကာ ပြော လိုက်သည်။
ဒါရိုက်တာဦးဇော်ဖြိုးက မျက်မှော င်ကြုတ်၍ ...
''ခင်ဗျားတို့က ဘာ ဖြစ်လို့ နောက်ကျနေတာလဲ''
''ဟို ...ဓာတ် ...ဓာတ်လှေကားတံခါးက ဂျမ်း ဖြစ်ပြီး ဖွင့် ...ဖွင့်လို့ မရတာ နဲ့''
ဒါရိုက်တာဦးဇော်ဖြိုး လက်ကာပြလိုက်သည်။ ပြီး ...နိုးနိုးဘက် သို့ လှည့်လိုက်ရင်း ...
''အစည်းအဝေးက ခုပဲ ပြီးသွားတာ၊ သိချင်တာတွေ ကို မြတ်နိုး မေဆီမှာ ပဲ ပြန်မေးလိုက်၊ အဲ ...ခရီးထွက်ဖို့ကိစ္စကိုလည်း သူပဲ စီစဉ်လိမ့် မယ်၊ လိုအပ်တာတွေ ကို ခင်ဗျား လုပ်ပေးလိုက် ''
''ဟုတ် ...ဟုတ်ကဲ့''
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးသကဲ့သို့ ဦးသိန်းဇော် တစ်ယောက် ခေါင်းညိတ်လိုက်ရတော့၏ ။
ဒါရိုက်တာဦးဇော်ဖြိုးနှင့် ရှယ်ယာဟိုဒါတွေ ကတော့ ကမ္ဘာ့အလုပ်အများ ဆုံးသော မျက်နှာထားတွေ ဖြင့် ထွက်ခွာသွားကြလေပြီ။
ဦးသိန်းဇော်က မျက်နှာပုပ်အဲ့အဲ့နှင့် နိုးနိုးကို ကြည့်လာပြီး ...
''ကဲ နိုးနိုး ...အစည်းအဝေးမှာ ဘာတွေ ပြောသွားလဲ၊ ပြီးတော့ ခရီးစဉ်က ဘယ်လိုတဲ့လဲ''
နိုးနိုးက မျက်ခုံးပင့်ကာ ဦးသိန်းဇော်ကို တစ်ချက်အရင်ကြည့် လိုက်သေးသည်။ ပြီးမှ ဓာတ်လှေကားထဲမှ ဒင်းပြုံးပြခဲ့သော အပြုံးမျိုး ပြန်ပြုံးပြလိုက်ရင်း ...
''သိချင်ရင် ကျွန်မစားပွဲကို လာခဲ့လေ၊ အေးအေးဆေးဆေး ပြော ကြတာပေါ့''
ပြောပြီး နိုးနိုး လှည့်ထွက်လာခဲ့၏ ။
ဦးသိန်းဇော်မျက်နှာကြီးက မည်းနေရာမှ ပို၍ နက်မှော င်သွားသော် လည်း ကျန်ဝန်ထမ်းတွေ ကတော့ နိုးနိုးဘက်မှ အားရသော အသွင်ဖြင့် ကိုယ်စီ ပြုံးသွားကြလေသည်။
နိုးနိုး ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်ရှိသော ခြေလှမ်း တွေ နှင့် စားပွဲရှိရာသို့ တစ်လှမ်းချင်း လှမ်းရင်း ...
အခန်း(၅)
''မင်းလောက် ကံမကောင်းတဲ့လူဟာ ရန်ကုန်တိုင်းဒေသကြီးမှာ ရော ရှိသေးရဲ့ လား တိုးမိုးရာ''
သူငယ်ချင်း ဖြစ်သူ ကောင်းသာက လက်ဖက်ရည်ဆိုင်ထိုင်ရင်း ညည်းပြော ပြောလိုက်ခြင်း ဖြစ်သည်။
တိုးမိုး ကတော့ ခပ်ပေါ့ပေါ့အသွင်ဖြင့် ...
''ရန်ကုန်တိုင်းဒေသကြီးမှာ မရှိပေမယ့် နေပြည်တော် မှာ တော့ ရှိချင်ရှိမှာ ပေါ့ကွ''
''ဟေ့ကောင် ...စကားကို အကောင်းပြောကွာ၊ ငါတို့က မင်း အတွက် ပြောပြနေတာ''
ကျော်စိုးနိုင်ကပါ အခွင့်အရေး ရခိုက် ဝင်ကောလိုက်သည်။
ထိုအခါမှ တိုးမိုးမျက်နှာက မဆိုစလောက် တည်သွားရပြီး ...
''ဒါက ဒီလိုရှိတယ်ကွ ...မင်းတို့နေရာက တွေးကြည့်ရင် ကံ မကောင်းဘူးလို့ ပြောလို့ရပေမယ့် ငါ့အတွက် ကတော့ ဒီကိစ္စတွေ နဲ့ အသား ကျနေပါပြီကွာ၊ ငါ့စိတ်ထဲ ဘယ်လိုမှ မခံစားရပါဘူး၊ ကံကောင်းတာနဲ့ ကံဆိုးတယ်ဆိုတာ တကယ်တော့ နံရံပါးပါးလေးရဲ့ တစ်ဖက်တစ်ချက်စီမှာ ပါ၊ ခေါင်းနဲ့ပန်း လှန်လိုက်သလို ဖျတ်ခနဲ ပြောင်းလဲသွားနိုင်တယ်ကွ''
''ဘာပဲ ဖြစ် ဖြစ် လောလောဆယ်မှာ တော့ မင်းဟာ ကံဆိုးနေသေး တဲ့ သတ္တဝါပဲ တိုးမိုး၊ ခုပဲ ကြည့်လေ ...မင်းရဲ့ အလုပ်နဲ့ဝါသနာက နီး စပ်ပေမယ့် ထပ်တူမကျဘူး၊ ပြီးတော့ အလုပ်ထဲမှာ လည်း အဆင်မပြေဘူး၊ ဒါနဲ့ မင်းရဲ့ အိမ်နံပါတ်က ဘယ်လောက်လဲကွ''
တိုးမိုးက ပခုံးအသာတွန့်လိုက်ရင်း ...
''ဆယ့်သုံး''
စကားအဆုံးမှာ ပဲ ကောင်းသာက စားပွဲကို လက်နှင့် ဖြန်းခနဲ ပုတ်လိုက်ကာ ...
''အဲဒါပဲ တိုးမိုး ...ဆယ့်သုံးဂဏန်းဆိုတာ ကံမကောင်းစေတဲ့ နိမိတ်မကောင်းတဲ့ ဂဏန်းပဲကွ၊ ငါဆိုရင် ဟိုတယ်သွားလည်း ဆယ်သုံး နံပါတ်အခန်းကို မယူဘူး၊ ရုပ်ရှင်ကြည့်ရင်လည်း မထိုင်ဘူး၊ ဘာလုပ်လုပ် အဲဒီ ဂဏန်းကို ရှောင်တယ်''
''အေး ...ငါရောပဲ''
ကျော်စိုးနိုင်ကပါ ဝင်ထောက်ခံသည်။
တိုးမိုးက ...
''တကယ်တော့ အဲဒါဟာ အယူသီးတာပါကွာ၊ ဆယ့်သုံးဂဏန်း ဟာ ကံဆိုးတယ်လို့ လူအများ စု လက်ခံထားတာကို ငါ မငြင်းလိုပါဘူး၊ ဒါပေမဲ့ ...အဲဒီ ဆယ့်သုံးဂဏန်းနဲ့ အံဝင်ခွင်ကျ ဖြစ်နေတာတွေ လည်း ရှိသေးတယ်ကွ''
''လုပ်စမ်းပါဦး''
တိုးမိုးက ဟက်ခနဲ တစ်ချက်ရယ်လိုက်ရင်း ...
''ပြောပြမယ်လေ၊ အဲ ...အမေရိကန်ဆိုတာ ကမ္ဘာ့ထိပ်သီးနိုင်ငံ တစ်နိုင်ငံနော်၊ အဲဒီ အမေရိကန်ရဲ့ လူမျိုးနဲ့နိုင်ငံသမိုင်းမှာ တော့ ဆယ့်သုံး ဂဏန်းဟာ အရေး ပါ အရာရောက်တယ်ကွ''
''ဟင် ...ဘာတွေ များ အရေး ပါလို့လဲ''
ကောင်းသာ ဖြတ်မေးလိုက်သဖြင့် တိုးမိုးက စိတ်မရှည်ဟန်နှင့်
''မလောနဲ့လေကွာ ...ပြောပြမယ်၊ အမေရိကန်နိုင်ငံဆိုတာက ပြည်ထောင်စုဆယ့်သုံးစုနဲ့ စတင်တည်ထောင်ခဲ့တာ''
''ဒါပဲလား''
''ဘယ်ကမလဲ၊ အရင်တုန်းကပဲ အမေရိကန်နိုင်ငံရဲ့ တံဆိပ်၊ အလံ တွေ မှာ ကြယ် (၁၃) လုံး၊ အခင်းအရေး (၁၃) ကြောင်း၊ မြား (၁၃) ခု၊ တိမ်တိုက် (၁၃) ခု၊ စာ (၁၃) ကြောင်း၊ ဦးရစ်လုပ်တဲ့ ပန်းနွယ် (၁၃) ရွက်၊ အတောင်ပံတစ်ဖက်တစ်ချက်မှာ အမွေး (၁၃) ပင် ...စသဖြင့် လူ အများ မုန်းတဲ့ (၁၃) ဂဏန်းကို မြတ်မြတ်နိုးနိုး သုံးထားတာလေ၊ ဒါတင် မကသေးဘူး၊ (၁၉၂၉) နဲ့ (၁၉၆၃) အတွင်းထဲက အမေရိကန်သမ္မတ ရှစ်ယောက် ရဲ့ နာမည် တွေ ကလည်း စာလုံး (၁၃) လုံးစီ ရှိတာကွ၊ အဲဒါကျ တော့ ဘယ်လိုလုပ်မလဲ''
''တိုက်ဆိုင်တာပဲ ဖြစ်မှာ ပါကွာ''
''ထားပါတော့လေ၊ ဒါဆိုရင် ၁၈၉၆ ခုနှစ် , ဇွန်လ (၁၆) ရက်က ကိတ်တောင်းကနေ အင်္ဂလန်ကို ခရီးသည် (၂၅ဝ) တင်လာတဲ့ မီးသင်္ဘော ကိစ္စမှာ ရော''
''အဲဒါက ဘာ ဖြစ်လို့လဲ''
''ဘာ ဖြစ်ရမှာ လဲ၊ အဲဒီ သင်္ဘော ကျောက်ဆောင်နဲ့တိုက်မိပြီး မြုပ် သွားတော့ ခရီးသည် တစ်ယောက် ပဲ အသက်ရှင်ကျန်ခဲ့တယ်၊ အဲဒီ လူ နာမည် က ချာလီမာကွတ် (ဒ်)တဲ့၊ အဲ ...ထူးခြားတာ ကတော့ သူဟာ သင်္ဘောရဲ့ အခန်းနံပါတ် (၁၃) မှာ လိုက်လာခဲ့တဲ့လူကွ''
''ဟေ''
နှစ် ကောင်စလုံး ပါးစပ်တွေ ပြဲသွားကြသည်။ (၁၃) ဂဏန်း အကြောင်း ထပ်ရှင်းပြလိုက်လျှင် မလိုလားအပ်တာတွေ ပါ ထပ်ပြဲကြမည် ကို မြင်ယောင်မိသဖြင့် တိုးမိုး ရပ်ထားလိုက်၏ ။
ထိုစဉ် ကျော်စိုးနိုင်က ...
''တိုးမိုး ...ဟိုဘက်ဝိုင်းက တစ်ရှူးဘူး လှမ်းယူပေးစမ်းပါ''
ဘေးချင်းကပ်နေသည့် လွတ်နေသော ဝိုင်းမှ တစ်ရှူးဘူးကို ယူ ခိုင်းခြင်း ဖြစ်သည်။
တိုးမိုးလည်း အသာထကာ ကိုယ်ကို ကိုင်းလျက် လှမ်းအယူ -
'ဗြိ'
''ဟာ''
သွားပြီဆိုတာကို မနောက သိလိုက်၏ ။ ခန္ဓကိုယ်အကိုင်းမှာ ဝတ် ထားသော ဘောင်းဘီတို၏ တင်ပါးအစပ်မှ ကွဲထွက်သွားခြင်း ဖြစ်သည်။
တစ်ရှူးဘူးပင် မယူနိုင်တော့ဘဲ ရှက်ရှက်နှင့် ပြန်ထိုင်နေလိုက်ရ ၏ ။
''ဒုက္ခပါပဲကွာ ...အိမ်နားပဲဆိုပြီး ရှော့ပင်ပဲ ဝတ်လာမိတာ''
တိုးမိုးပုံစံကြောင့် နှစ် ကောင်သား တခွိခွိရယ်လိုက်ကြပြီး ...
''ကဲပါကွာ ...ဆိုင်ရှင်ကိုနေစေးဆီက ပုဆိုးအဟောင်းလေးတစ် ထည် ခဏငှားပြီး ဝတ်သွားလိုက်ပေါ့''
'' ဖြစ်ပါ့မလားကွ''
'' ဖြစ်ပါတယ်၊ ကိုနေစေးမှာ က ပုဆိုးအဟောင်းတွေ ချည်းပဲ ရှိတာ လေ၊ ပိုက်ဆံရှိရဲ့ သားနဲ့ မဝတ်နိုင်ဘဲ ဝဋ်ခံနေရတာ ကွ၊ ကြည့်ပါလား ... အမြဲတမ်း စွပ်ကျယ်လက်ပြတ်နဲ့ ပုဆိုးပဲ ဝတ်ထားတာ''
ထားတော့။ ကိုနေစေး၏ ဝတ်စားဆင်ယင်မှု ကိုလည်း အကျယ်မချဲ့ ချင်တော့။ ထိုသို့ ပဲ ငှားဝတ်သွားလိုက်မည် ဟု တိုးမိုး စိတ်ကူးလိုက်သည်။
ထိုအချိန်မှာ ပဲ ကောင်းသာက တိုးမိုးလှမ်းယူရန် ကြံလိုက်သည့် တစ်ရှူးဘူးကို လက်ညှိုးထိုးကာ ...
''ဟေ့ကောင် ...မင်းယူမယ့် တစ်ရှူးဘူးမှာ ကပ်ထားတဲ့ ဝိုင်း နံပါတ်ကို ကြည့်လိုက်စမ်း၊ ဟား ဟား ... (၁၃) တဲ့၊ ဒါရော တိုက်ဆိုင် တာပဲလား''
ထိုစကားကြောင့် လှမ်းကြည့်ကာ တိုးမိုး မျက်မှော င်ကြုတ်လိုက်ရင်း ...
''ဟုတ်ချင်လည်း ဟုတ်မှာ ပေါ့၊ မင်းတို့ ဒီလောက်တောင် စောင့် ကြည့်ချင်ရင် ငါ သတင်းယူဖို့ ချောင်းသာသွားတဲ့အခါ လိုက်ခဲ့ပါလား''
''ဟင် ...ဘာ ဖြစ်လို့လဲ''
''သွားမှာ က လာမယ့် (၁၃) ရက် သော ကြာနေ့လေ၊ စီးသွားမယ့် ကားကိုလည်း ထိုင်ခုံနံပါတ် ဆယ့်သုံးပဲ ဝယ်မယ်၊ ဟိုရောက်ရင်လည်း အခန်းနံပါတ် ဆယ့်သုံးမှာ ပဲ တည်းမယ်၊ ငါ့လောက် ကံမကောင်းတဲ့ကောင် ဘယ်လောက် ကံထပ်ဆိုးမလဲ သိချင်ရင် လိုက်ခဲ့ပေါ့''
နှစ် ကောင်စလုံး တွေ ခနဲ ဖြစ်သွားကြပြီး ...
''အဲ ...လိုက်တော့လိုက်ချင်တယ်ကွ၊ ကဲ ...ဒါပေမဲ့ မင်းသွား ပြီးလို့ နောက်တစ်ရက် (၁၄) ရက်နေ့မှပဲ လိုက်ခဲ့ပါ့မယ်၊ တော် ကြာ ငါတို့ပါ ရောပြီး ကံဆိုးနေမှာ စိုးလို့''
''သဘောပဲလေ၊ ဒါပေမဲ့ ကိုယ့်စရိတ်နဲ့ကိုယ်ပဲနော်၊ ရှင်းအောင် ထပ်ပြောရရင် အမေရိကန်စစ်စတန်ပဲ''
ပြောရင်းပင် အသာထရပ်ကာ တင်ပါးကို လက်နှင့် ပိတ်ရင်း လက် ဖက်ရည်ဆိုင်ကောင်တာဆီသို့ တန်းသွားလိုက်သည်။
ကောင်တာရောက်တော့ မိန်းမ,မသိအောင် ဟိုဘက်လမ်းက ဦး အောင်စိုးနဲ့ အရက်ခိုးသောက်ဖို့ ငါ ဘယ်လိုညာပြောပြီးထွက်ရင် ကောင်း မလဲဟု အကြံထုတ်နေသော ကိုနေစေးအား ...
''ဟေ့လူကြီး ...ပုဆိုးတစ်ထည်လောက် ခဏငှားစမ်းပါ''
ကိုနေစေးက အူတူတူဖြင့် ...
''ဟင် ...ဘာလုပ်ဖို့လဲ တိုးမိုးရ''
စိတ်မရှည်စွာ တိုးမိုး ပြန်ပြောလိုက်သည်ကလည်း ပြတ်ပြတ်သား သား ...။
''ဖင်ကွဲသွားလို့ဗျ''
''ဟေ''
အခန်း(၆)
နိုးနိုး ဦးဆောင်ကာ ထွက်လာခဲ့သော ခရီးစဉ်သည် ချောင်းသာ ကမ်းခြေရောက်သည်အထိ အနှောင့်အယှက်တစ်စုံတစ်ရာ မရှိခဲ့ပါချေ။
'လူ' အားဖြင့် သာ ခေါင်းဆောင်နေရာက ပါဝင်လာခဲ့ရသော မန် နေဂျာဦးသိန်းဇော် ကတော့ လောလောဆယ် 'မူ' အားဖြင့် ဦးဆောင်နေသည့် နိုးနိုးကို သိပ်ကြည်ပုံမပေါ်။
ထို့အတွက်လည်း နိုးနိုးစိတ်ထဲမှာ ဘာမှမခံစားရ။ လောလောဆယ် ဒါရိုက်တာပေးထားသော အခွင့်အရေး က ကိုယ့်လက်ထဲမှာ လေ။
ပါလာသော ဝန်ထမ်းတွေ အား နေရာချထားပြီး ကိုယ်နေမည့်  ဟိုတယ်ခန်းသို့ နိုးနိုး နားရန် ပြန်လာခဲ့သည်။
တည်းမည့် အခန်းထဲမှာ က တစ်ယောက် တည်းတော့ မဟုတ်။ အဖော်အ ဖြစ် ရုံးမှာ ခင်ရသည့် ကေသီနှင့် ဥမ္မာမျိုးတို့ကို အတူတည်းရန် ခေါ်ထားသည်။
အခန်းထဲရောက်တော့ ကေသီက ...
''နိုးနိုး ...နင့်ကို အရမ်းကျေးဇူးတင်တယ် ...သိလား''
မွေ့ရာထူကြီးပေါ် နိုးနိုးက ပစ်လှဲချလိုက်ရင်း ...
''ဘာ ဖြစ်လို့လဲ ကေသီရဲ့ ''
''သြော် ...နင့်ကြောင့် သာ ငါတို့တွေ ချောင်းသာကို လာခွင့်ရ တာလေ၊ ဂျာကြီးဆိုရင် ဒီကို လာမှာ မဟုတ်ဘူးဟ''
ထိုစကားကြောင့် ဥမ္မာမျိုးက မျက်နှာလေးကို ဟန်လုပ်ကာ မဲ့ လိုက်ပြီး ...
''ဟုတ်တယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ သူ ကျိတ်ပိုးနေတဲ့ အပျိုကြီး မဝင်းမာက ပုဂံဘုရားဖူးဆိုလို့ သူလည်း ပုဂံဆိုပြီး ဖြစ်နေတာလေ''
ထိုစကားကြောင့် နိုးနိုးက ...
''ဘုရားဖူးတာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ပုဂံက မနှစ် ကပဲ သွားထားတာလေ၊ တစ်နှစ် တလေတော့ ခုလို ကမ်းခြေလာတာ ကောင်းပါ တယ်ဟ၊ အဲဒါကြောင့် ငါ ရွေးလိုက်တာ''
''အဲဒါကြောင့် နင့်ကို အားလုံးက ကျေးဇူးတင်နေကြတာပေါ့၊ နင်က အမြဲ ကံကောင်းတယ်နော်၊ ခုလည်း ကိုယ်သွားချင်တဲ့ခရီးကို ရွေး ချယ်ခွင့်ရတယ်''
နိုးနိုးက လှဲနေရာမှ ဆတ်ခနဲ ထထိုင်လိုက်ရင်း ...
''တကယ်ပဲ နင်တို့က ငါ ကံကောင်းတယ်လို့ ထင်တယ်ပေါ့''
''ဟုတ်တယ်လေ၊ အလုပ်ထဲမှာ လည်း သူများ တွေ အဆင်မပြေတဲ့ ကိစ္စကို နင်ဖြေရှင်းရင် ပြေလည်သွားတာချည်းပဲ၊ အဲဒါကြောင့် လည်း ရာထူး တိုးတာ မြန်တာပေါ့''
ဟုတ်တော့လည်း ဟုတ်ပါသည်။ အလုပ်စဝင်စဉ်တုန်း ကတော့ ကေသီတို့၊ ဥမ္မာတို့ဆိုတာ သူနှင့် တစ်သုတ်တည်း ဖြစ်သည်။
သို့ သော် နောက်ပိုင်းမှာ ကံကောင်းမှု နှင့် အလုပ်ကြိုးစားမှု တို့ ကြောင့် နိုးနိုးက ချွန်ပြီး ရာထူးတိုးသွားခဲ့ခြင်းဆိုလည်း မမှားချေ။
ဤသည်ကလည်း ဦးသိန်းဇော်က သူမအပေါ် မျက်စိစပါးမွေးစူး စေသော အချက်တစ်ချက်။
တွေးရင်းနှင့် နိုးနိုးက သုံးနေကျ စကားတစ်ခွန်းကို ရေရွတ်လိုက် ပြန်သည်။
''ကံကောင်းလို့ပါဟာ''
''ကဲ ...အဲဒါဆို ခုပဲ စမ်းကြည့်ရအောင်''
''ဟင် ...ဘာကိုလဲ''
ကေသီက ဘာမှပြန်မပြောသေးဘဲ ပိုက်ဆံတစ်ထောင်တန် သုံး ရွက်ကိုထုတ်ကာ သူ တစ်ရွက် အရင်ယူထားပြီးမှ နိုးနိုးနှင့် ဥမ္မာမျိုးတို့ထံ သို့ တစ်ယောက် တစ်ရွက်စီ ကမ်းပေးလိုက် ရင်း ...
''ဒီလိုဟာ ...ဒီနေ့ အခန်းထဲကနေ အပြင်ထွက်ပြီး တစ်ခုခု လုပ်စရာပေါ်လာရင် သွားဖို့အတွက် ကံဆိုးသူကို ရွေးကြည့်မယ်၊ ပိုက်ဆံရဲ့ နောက်ဂဏန်းသုံးလုံးပေါင်းရင် အနည်းဆုံးလူပေါ့''
''ရတယ်လေ''
ပြောရင်း ဥမ္မာမျိုးက ဆတ်ခနဲ လှမ်းယူလိုက်သည်။ ပြီး ...ဒင်း ကပဲ အရင်ပိုက်ဆံကိုကြည့်၍ ...
''အယ် ...နှစ် , ငါး, တစ် ...ပေါင်း ရှစ်ဟ''
ထိုအချိန်မှာ ပဲ ကေသီက ...
''ဥမ္မာမျိုး ...နင် နားလိုက်တော့၊ ဒီမှာ ကြည့် ...တစ်, ခြောက်, နှစ် ...ဆိုတော့ ကိုး''
နှစ် ယောက် စလုံး နိုးနိုးကို လှမ်းကြည့်လာသည်။ သူတို့နှစ် ယောက် က ရှစ်နှင့် ကိုးဆိုတော့ သူမအတွက် အခြေအနေ သိပ်မကောင်းဘူး ဆိုသည့်အကြည့်မျိုး။
နိုးနိုးက ဘာမှပြောမနေဘဲ ပိုက်ဆံမှ နောက်ဆုံးဂဏန်းသုံးလုံး ကိုကြည့်ကာ ဝင့်ခနဲတစ်ချက် ပြုံးလိုက်သည်။ ပြီး ...နှစ် ယောက် စလုံး မြင်သာအောင် ချပြလိုက်၏ ။
ပေါင်းချင်း ကတော့ ကိုးပင်။ သို့ သော် နိုးနိုး၏ ဂဏန်းသုံးလုံးက 'သုံး' တွေ ချည်းပဲ ဖြစ်လေသည်။
ကေသီးက နိုးနိုးကို အားကျသလိုကြည့်ကာ ...
''ငါ ထင်သားပဲ၊ ကိုးချင်း အတူတူတောင်မှ နိုးနိုးလောက်တော့ ငါ ကံမကောင်းနိုင်ဘူးဆိုတာ''
''ဟုတ်တယ်နော်''
ကံဆိုးသူ ဥမ္မာမျိုးကပါ ဝင်ပြောလိုက်သည်။
နိုးနိုး ကတော့ ဘာမှထပ်မပြောလိုက်ချေ။ ငါများ စူပါပါဝါရနေတာများ လားဟု မဆီမဆိုင် တွေးလိုက်မိသေးသည်။
ထိုအတွေးမျိုးသည် ကမ်းခြေရောက်ပြီးနောက် နှစ် ရက်အထိ သူမ ၏ စိတ်၌ ဖြစ်ပေါ်ခဲ့သေး၏ ။
သို့ သော်လည်း သုံးရက်မြောက်သော နေ့မှာ တော့ ...။
![]() ချစ်လို့ | ![]() ရိုးမြေကျ သီအိုရီ | ![]() ဟဲ့ |