Cover

စာရေး သူ၏ အမှာ စကား

ဒီဝတ္ထုလေးနဲ့ပတ်သက်ပြီး နည်းနည်း ပြောပါရစေ။ လျှာရှည်တာလုံးဝမဟုတ်ပါဘူး။ ကျွန်တော် ဒီဝတ္ထု စ,မရေး ခင်ကာလတွေ မှာ ကျွန်တော် ထုတ်ဝေသူ ဦးအောင်စိုးနဲ့ သူ့သူငယ်ချင်း တစ်ယောက်

စကားပြောနေတာကို နားထောင်ဖူးပါတယ်။ အဲဒီ မှာ ပဲ သူတို့ဖောင်ကြီးကျောင်းဆင်း သူရ(၁၂) က သူငယ်ချင်းတွေ ရဲ့ နာမည် ပြောင်တွေ ကို တစ်စွန်းတစ်စ ကြားလိုက်ရတယ်။ ဒီဝတ္ထုကိုလည်း ရေး

ရော ဒီနာမည် တွေ ကို သုံးဖို့ ကျွန်တော် စိတ်ကူးမိတယ်။ ဒါပေမယ့် တကယ်ရေး လိုက်တော့ သူငယ်ချင်းနာမည် တွေ က မပြည့်စုံဘူးလို့ ဦးအောင်စိုးက ပြောလာပြန်တယ်။ ဒါနဲ့ပဲ ကျွန်တော့်စာမှု ကို ဖက်ပြီး

သူ့သူငယ်ချင်းတွေ ကို ပိုင်စိုးပိုင်နင်း ထပ်ထည့်ပါတော့တယ်။

ဒါကြောင့် .......

ဒီစာအုပ်ကိုဖက်ပြီးလို့ အဆင်ပြေတယ်ဆိုရင် ကျွန်တော့် ကိုပဲ ချီးမွန်းဖို့နဲ့ အဲနာမည် တွေ ကြောင့် စိတ်အနှောက်အယှက် ဖြစ်ရင် ကျွန်တော့်  ထုတ်ဝေသူ ချန်ကေချိတ်(ခေါ်)ဦးအောင်စိုး(မော်လမြိုင်)ကိုပဲ အားရပါးရ အပြစ်တင်နိုင်ပါကြောင်း

ဒီစာမျက်နှာကနေ ပြောလိုက်ပါရစေ။

ပရိတ်သတ်ကို အစဉ်လေးစားရင်း

ကျွန်တော်

မိုးစက်ဝိုင်

၀၉၇၃၀၅၃၇၁၇

♥ ♥ ♥


လေဒီစာအုပ်ကြီး

သူ့ကိုယ်သူ ပြဋ္ဌာန်းချက်တွေ နဲ့

ချောင်ပိတ်နေထိုင်တဲ့ ကောင်မလေးပေါ့ . . .။

အဲဒါဟာ . . .

ကျွန်တော် ရဲ့

လေဒီစာအုပ်ကြီး . . .။

♥ ♥ ♥


အခန်း (၁)

''နင့်ဟာက မဟုတ်သေးပါဘူးဟာ၊ ငါ ဒီမှာ ဂဏန်းတွက်စက်နဲ့ တွက်တော့မှားနေတယ်ဟ''

''ဟာ ...အစ်မလေးကလည်း မမှားပါဘူး၊ ခုနက ကျွန်တော် ပြန်ပေါင်းကြည့်တော့ မှန်သားပဲဗျ''

''မှားနေပါတယ်ဆို ...ကဲ ...ဒီမှာ ကြည့်''

ပိုးဥက သူ့လက်ထဲမှ ဂဏန်းတွက်စက်ခလုတ်တွေ ကို နှိပ်လိုက် ပြန်သည်။ ပြီး ထွက်ပေါ်လာသော အဖြေကို လှမ်းပြလိုက်ရင်း ...

''ကဲ ...ဟုတ်ပြီလား၊ မှားနေတယ်ဆိုတာ''

''ဟာဗျာ''

ဝိတ်တာလေး ခေါင်းကုတ်ပြန်တော့သည်။ သူ့လက်ထဲမှာ ကိုင် ထားသော ဘောက်ချာစာရွက်ထဲမှ ကျသင့်ငွေနှင့် ကာစတန်မာ မမတွက် ပြသည့်အဖြေတို့က လွဲနေ၍ ဖြစ်သည်။

သို့ နှင့် စိတ်လှုပ်ရှုပ်မခံတော့ဘဲ ကောင်တာကို ပြန်သွားကာ ဆိုင် ရှင်အား ကျသင့်ငွေ တွက်ထားတာမှားနေကြောင်း အသိပေးလိုက် ၏ ။

သို့ သော် ...

ဆိုင်ရှင်တရုတ်ကြီးကလည်း သိပ်ဦးနှောက်စားမခံချေ။ သူနှင့် ခပ် လှမ်းလှမ်းမှာ ရှိနေသော တရုတ်မကြီးအား ...

''ဟေ့ ...အစိယား ...ဒီမှာ မှားနီလယ်တဲ့ ...လာပြန်တွက်ပီး လိုက်ဦး''

''လာပီ ...လာပီ''

အစိယားဆိုသော တရုတ်မကြီးကလည်း သူ့ဂဏန်းတွက်စက်နှင့် ဘောက်ချာ ပြန်တွက်ပေးပါသည်။ ပြီး အနားမှာ ရှိနေသော ဝိတ်တာလေး ကို ပြန်ကြည့်၍ ...

''ဟဲ့ ...စစ်နိုင် ဘောက်ချာက ဘီမှာ မားနီလို့လဲ အားလုံးမန် တယ်လို့ ပြန်ပြူးလိုက် ...ရော့''

စစ်နိုင်ဆိုသော ဝိတ်တာလေး၏ အရပ်မှာ ၅ဒ ၂ဓ ပင် မပြည့်။ ဖြူ ဖြူသေးသေးလေး ဖြစ်၏ ။ ပိုးဥဆီ ပြန်ရောက်လာပြန်သည်။ ပြီး ဘောက်ချာ စာရွက်ကို ပြန်ထိုးပေးလျက် ...

''အစ်မလေး ...မီမှား ...အဲ ...မမှားဘူးတဲ့''

ထိုသို့ ဆိုပြန်တော့လည်း ပိုးဥဆိုသော သူမက လက်မခံပြန်ချေ။ ပေသီးခေါက်သလို သူ့ဂဏန်းတွက်စက်ကိုထုတ်ကာ ပြန်တွက်ပြန်၏ ။

ပြီး ရလာသော အဖြေကို ပြန်ပြကာ ...

''ဟဲ့ ...ဘာ ဖြစ်လို့ မမှားရမှာ လဲ၊ ဒီမှာ ပြန်ကြည့်လိုက်ဦး''

''ဒုက္ခပါပဲဗျာ၊ အစ်မလေးက မှားနေတယ်၊ ဆိုင်ရှင်က မမှားဘူး တဲ့၊ ကျွန်တော် ဘယ်လိုလုပ်ပေးရမှာ လဲ''

''ဒီမှာ မောင်လေး ...မမတို့က အလကားစားနေတာ မဟုတ် ဘူးနော်၊ ဈေးဆစ်နေတာလည်း မဟုတ်ဘူး၊ ကျတဲ့ငွေအတိုင်း ပေးတာပဲ၊ ဒီဘောက်ချာထဲမှာ တွက်ထားတာ မှားနေလို့ ပြောနေရတာ ''

''ဟုတ်တယ်လေ၊ နင်တို့ဆိုင်ကလည်း ဘောက်ချာလေး ပေါင်း တာတောင် မှားရတယ်လို့''

''ဟုတ်ပါ့ဟယ်''

ဘေးမှသူငယ်ချင်းတွေ ဖြစ်သည့် ယုယုနှင့် ယယတို့ကပါ တက်ညီ လက်ညီ ဝင်ကြော ကတော့သည်။ စားပွဲပေါ်မှာ မရှိတော့သည့် အစားအ သောက်များ ကို ပိုးဥနှင့် အတူ သူမတို့ပါ ဝိုင်းဝန်းစားသောက်ထားကြခြင်း ဖြစ်၏ ။ ဘောက်ချာရှင်းမည့် သူက ပိုးဥ။ စားသောက်ထားတာတွေ က များ လွန်း၍ ဘောက်ချာပါအတိုင်း ကျသင့်ငွေကို ပြန်ပေါင်းကြည့်ရာမှ ကွိုင်တက် နေရခြင်း ဖြစ်သည်။

ထိုသို့ အချေအတင် ဖြစ်နေကြစဉ်မှာ ပဲ ...

''ဒီမှာ ...ဒီမှာ ခင်ဗျ''

ခေါ်သံတစ်ခုကြောင့် ပိုးဥ မော့ကြည့်မိလိုက်သည်။ သန့်ပြန့်သော ခေတ်လူငယ် တစ်ယောက် ကိုလည်း တွေ့ လိုက်ရ၏ ။ အသက်အရွယ်ကလည်း သူမတို့နှင့် မတိမ်းမယိမ်း။

ထိုလူငယ်ကပဲ ပိုးဥကို စေ့စေ့ကြည့်လျက် ...

''တစ်ခုခုတော့ မှားနေပြီထင်တယ်၊ ခင်ဗျားရဲ့ ပစ္စည်းလေးကို ခဏလောက် ပြစမ်းပါ''

''ဘာရှင့်''

''သြော် ...လက်တစ်ဝါးစာလောက်ပဲရှိတဲ့ ခင်ဗျားရဲ့ ဂဏန်းတွက် စက်လေးကိုပြောတာ''

''ဒါလား''

''ဟုတ်တယ်''

ပိုးဥက သူ့လက်ထဲမှ ဂဏန်းတွက်စက်လေးကို ပြလိုက်ခြင်း ဖြစ် ပြီး လူငယ်က ခေါင်းညိတ်ကာ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

လူငယ်က ဂဏန်းတွက်စက်ကို လှမ်းယူကာ စက်ပေါ်မှ ခလုတ် တွေ ကို နှိပ်ရင်း ပါးစပ်ကလည်း ...

''ခင်ဗျားတို့ အချေအတင် ဖြစ်နေတာကို ကြားပါတယ်၊ ဘယ်သူ မှားလဲ, မှန်လဲဆိုတာတော့ မသိဘူး၊ ဒါပေမဲ့ သေချာအောင် ဒီစက်ကို အရင်စစ်ကြည့်လိုက်မယ်၊ အဲ ...ခင်ဗျားစက်က ချို့ယွင်းနေတာဗျ''

''ရှင်''

ပိုးဥ ကြောင်တောင်တောင် ဖြစ်သွားရသည်။ သူ့စက်က ပျက်နေ သည်တဲ့။ ငွေရေး ကြေးရေး တင်မကဘဲ အတွက်အချက်ကိစ္စတွေ အတွက် ဒီစက်ကလေးကိုသာ သူမ အားကိုးခဲ့သည်ချည်း။

ထိုကြောင့် ...

''အိုး ...ကျွန်မစက်က အကောင်းပါရှင်၊ ဘယ်လိုမှ မမှားနိုင် ဘူး''

''ရော် ...ခက်တော့ ခက်နေပါပြီ၊ ဒီလို ဂဏန်းတွက်စက် ကြောင်, မကြောင်ဆိုတာ စစ်တဲ့နည်း ရှိတယ်ဗျ''

''တစ်ခါမှ မကြားဖူးဘူး''

''ကဲ ...ရော့ ဒါဆိုလည်း ခင်ဗျားဘာသာ လုပ်ကြည့်''

''ဟင် ...ဘာလုပ်ရမှာ လဲ''

''အဲဒီ လို စက်ကို စစ်ချင်ရင် တစ်ဂဏန်းတွေ ချည်းပဲ အပြည့်နှိပ် လိုက်''

''ကဲ ...နှိပ်လိုက်ပြီ''

''ပြီးရင် ...အမြှောက် (x) နဲ့ ရာခိုင်နှုန်း (%) ကို ထပ်နှိပ်လိုက်၊ ဘာပေါ်လာလဲ''

''ဒီမှာ လေ ရှစ်ခြောက်ငါးနှစ် သုံးနှစ် ခွန်လေးငါးတဲ့၊ အဲဒါဘာ ဖြစ် လို့လဲ''

ခပ်ဆတ်ဆတ်ပြောလိုက်သည့် ပိုးဥစကားအဆုံးမှာ ထိုလူငယ်က ဟက်ခနဲရယ်လိုက်ရင်း ...

''အဲဒါ မှားတာပေါ့ဗျ၊ စက်မကြောင်တဲ့ ကာကူလေတာ (calculator) ဆိုရင် ခုနက ကျွန်တော် ပြောသလို နှိပ်လိုက်ရင် တစ်ကနေ ကိုး အထိ အစဉ်အလိုက် ပေါ်လာတာဗျ၊ ဒါမှမဟုတ်ရင် ခုနစ်မပါဘဲ တစ်ကနေ ကိုးအထိရိုက်ပြီး ကိုးနဲ့မြှောက်ကြည့်လိုက်၊ တစ်တွေ ချည်းပဲ ကိုးလုံးပေါ်လာ လိမ့်မယ်၊ အဲဒါ စစ်တဲ့နည်းပဲ၊ အဲဒီ လိုမှ မပေါ်လာရင်တော့ ခင်ဗျားရဲ့ စက် ကြောင်နေတာ အသေအချာပဲ''

ပိုးဥ မျက်ခုံးအတွန့်ချိုးမိသွားသည်။ ထိုအချိန်မှာ ပဲ လူငယ်က ပခုံးကို ဟန်ပါပါတွန့်ရင်း ...

''နောက်ဆိုရင် စက်ကိုချည်းပဲ အားမကိုးနဲ့ပေါ့ဗျာ၊ ဥာဏ်ကလေး ကိုလည်း လွှာသုံးမှပေါ့''

''အိုး ...ရှင့်အပူမပါ,ပါဘူး''

''ဟုတ်ပါတယ်၊ ကျွန်တော့် အပူတော့ မဟုတ်ပါဘူးလေ၊ ဒါပေမဲ့ နေ့စဉ်နေထိုင်တဲ့ ဖြတ်သန်းမှု တွေ ထဲမှာ စာအုပ်ကြီးလို နေရာတကာမနေ တာ အကောင်းဆုံးပဲဗျာ''

ပြောရင်း ဒင်းက ချာခနဲ လှည့်ထွက်သွားသည်။ စိတ်ထဲမှာ ဆွေ့ ဆွေ့ခုန်မတတ် ဖြစ်သွားရသော်လည်း တကယ်တမ်း အပြင်မှာ ခုန်ခွင့်မရ လိုက်ချေ။ ဝိတ်တာလေးနှင့် ဘောက်ချာ ပြန်ရှင်းနေရ၍ ဖြစ်သည်။

အားလုံးပြေလည်သွားတော့မှ ဒင်းကို သတိရ၍ လှမ်းကြည့်မိ သည်။ သို့ သော်လည်း ကိုယ်တော် က မရှိတော့။

တကယ်တော့ ဒီနေ့သည် သူမမွေးနေ့မို့ ခုလို သူငယ်ချင်းနှစ် ယောက် အား လိုက်လံကျွေးမွေးခြင်း ဖြစ်သည်။ ခုလည်း ဒင်းတို့ ပြန်ဝယ်ပေး မည့် လက်ဆောင်ကိုယူရန် စဉ်းစားလိုက်မိပြီး ...

''ကဲ မမတွေ ...ကျွေးတာကို စားပြီးပြီဆိုတော့ လက်ဆောင်ပြန် ဝယ်ပေးဖို့ လုပ်ဦးလေ''

''ဟင် ...အဲဒီ လိုကြီးလား''

''အေးလေ ...ငါတို့က ဒီအတိုင်းပဲ လိုက်ကျွေးတယ်လို့ ထင်နေ တာ''

နှစ် ယောက် စလုံးထံမှ စူပွပွထွက်လာသော စကားကြောင့် ပိုးဥက မျက်နှာကလေးကို ပိုပိုသာသာမဲ့လိုက်၍ ...

''အောင်မာ ...ရမလား၊ မွေးနေ့ဆိုတာ ကျွေးတာစားပြီးရင် မွေးနေ့ရှင်ကို လက်ဆောင်ပြန်ပေးရတာ အစဉ်အလာပဲလေ''

''အာ ...ဒီမွေးနေ့ရှင်ကလည်း အတင်းကြီးပါလား၊ အဲဒီ အစဉ် အလာကို ချိုးဖျက်လိုက်စမ်းပါ မိပိုးရာ''

''နိုးပါ နိုးပါ ...လုံးဝ မရဘူး၊ ဝယ်ပေးရမှာ ပဲ''

ယုယုနှင့် ယယတို့ ခေါင်းကိုယ်စီ ကုတ်ြ ကတော့သည်။ နှစ် ယောက် စလုံး၏ ပါးစပ်မှလည်း ...

''အဲဒါကြောင့် နင့်ကို ခုနက တစ်ယောက် ပြောသွားတာ၊ နင်က လေ နေရာတကာမှာ တကယ့်စာအုပ်ကြီးပဲ''

''ဘာ ...ဘာပြောတယ်''

''စာအုပ်ကြီးလေ၊ နင့်ကို စာအုပ်ကြီးလို့ နာမည် အသစ်ပေးလိုက် တာ''

''အေး ...ပြောချင်သလိုပြော၊ ပြောပြီးရင်တော့ လက်ဆောင် လိုက်ဝယ်ပေးတော့''

ဘောက်ဆတ်ဆတ်ပြောလိုက်သည့် ပိုးဥစကားအဆုံးမှာ ယုယုနှင့် ယယတို့ ခေါင်းကိုယ်စီ မသက်မသာခါကာ လက်လျှော့လိုက်သော အသံ ဖြင့် ...

''အေးလေ ...ဘယ်လိုမှ ပြောဆိုဆုံးမလို့မရတော့လည်း စာအုပ် ကြီးကို လက်ဆောင်ဝယ်ပေးရတော့မှာ ပေါ့''

''ဒါဆိုလည်း သွားမယ်၊ ညည်းတို့လည်း အလုပ်နဲ့ သက်သေပြ တာ အကောင်းဆုံးပဲ''

ပြောပြောဆိုဆိုပင် ပိုးဥက ဆောင့်ကြီးအောင့်ကြီး ထရပ်လိုက်လေ သည်။

♥ ♥ ♥


အခန်း (၂)

''အိမ်ရှင်တို့ ...အိမ်ရှင်တို့''

အသံပြဲကြီးနှင့် အော်ခေါ်လိုက်သော်လည်း အထဲမှ ပြန်ထူးသံ မကြားရ။ ခြံနံပါတ်အရ လိပ်စာမှားတာတော့ မ ဖြစ်နိုင်ချေ။ ခြံဘေး၌ ချိတ် ဆွဲထားသော ဆိုင်းဘုတ်ကိုကြည့်ကာ နာမဝိသေသန ပြောင်းခေါ်လိုက် သည်။

''အဆောင်ရှင်တို့ ...အဆောင်ရှင်တို့''

ထိုသို့ ခေါ်လိုက်ပြန်တော့လည်း လူမပြောနှင့် ခွေးတစ်ကောင် ကြောင်တစ်မြီးမှ မတွေ့ ရပြန်သဖြင့် ...

''ကွိုင်ပဲကွာ၊ ကဲ ...ဒီတစ်ခါ ကြိုးစားကြည့်မယ်၊ အိုဘယ့် ...အိမ်ရှင်တို့, အဆောင်ရှင်တို့, အဆောင်ငှားတို့ အထဲမှာ ရှိလားခင်ဗျ''

ဒီတစ်ခေါက်ခေါ်သံအဆုံးမှာ တော့ ခြံအတွင်းမှ လူရိပ်တစ်ရိပ်ကို မြင်လိုက်ရပြီး ...

''လာပြီဟေ့ ...လာပြီ, လာပြီ၊ ဘာ ဖြစ်လို့ ဒီလောက်အော်ကြီး ဟစ်ကျယ် ခေါ်နေရတာ လဲ''

လူကြီး တစ်ယောက် ထွက်လာပြီး ပြန်ပြောလိုက်ခြင်း ဖြစ်သည်။

သူက ခပ်တည်တည်မျက်နှာပေးဖြင့် ...

''ကျွန်တော် ခေါ်နေတာ ကြာပြီဗျ၊ တစ်ယောက် မှ ထွက်မလာ လို့''

''ခု လာပြီလေကွာ၊ ပြော ...ဘာကိစ္စလဲ''

''ကိစ္စ ကတော့ အဆောင်ငှားချင်လို့ပါ၊ ဒီမှာ အခန်းလွတ်ရှိတယ် ဆိုပြီး ညွှန်လိုက်လို့''

လူကြီးက သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ပြီးမှ ခြံတံခါး ကို ဖွင့်ပေးရင်း ...

''လာ ...အထဲကိုလိုက်ခဲ့''

ကျောပိုးအိတ်ကို တစ်ချက်ပြင်လွယ်ရင်း သူ လိုက်ဝင်သွားလိုက် သည်။ အိမ်ထဲအဝင် ဧည့်ခန်းရောက်တော့ လူကြီးက ...

''ကဲ ...ထိုင်ကွာ၊ မင်းကို ဘယ်သူညွှန်လိုက်တာလဲ''

''ဒီအဆောင်မှာ နေသွားတဲ့ ကိုကျော်စိုးနဲ့ ကိုညွန့်လှိုင်တို့ပါ''

''သြော် ...ဒု-ရဲမှူးကြီး ဖြစ်သွားကြတဲ့ ကျော်စိုးနဲ့ ညွန့်လှိုင်တို့က ညွှန်လိုက်တာလား၊ အေးကွာ ...ခု အဆောင်မှာ တော့ အခန်းတစ်ခန်း လွတ်နေတယ်၊ ဒါနဲ့ မင်းက ဘာအလုပ်လုပ်တာလဲ''

''ကျွန်တော် က လောလောဆယ်တော့ သင်တန်းတွေ တက်နေတာ ပါ၊ သင်္ဘောစီးဖို့အတွက်ပဲ ဆိုပါတော့''

''သြော် ...ဟုတ်လား၊ ထားပါတော့လေ၊ ခုအဆောင်မှာ က အခန်းရှစ်ခန်းရှိတယ်၊ တစ်ခန်း ကတော့ ငါနေတယ်ကွ၊ ခု ဒီဧည့်ခန်းရှိတဲ့ အခန်းပေါ့''

''ဟုတ်ကဲ့''

''ဒီမှာ ကွာ ...မင်းကို ရှင်းသွားအောင် ငါ ပြမယ်''

''ဗျာ ...ဘာ ...ဘာကိုပြမှာ လဲဟင်''

လူကြီးက မျက်နှာတစ်ချက်အမ်းသွားပြီးမှ ...

''ဟာ ...ဘာကိုပြရမှာ လဲ၊ အဆောင်ရဲ့ ဖွဲ့စည်းပုံနဲ့ လိုက်နာရမယ့် စည်းကမ်းတွေ ကိုပေါ့ကွ''

''ဒီလိုလား''

''ကဲ ...ဒီမှာ ကြည့်ကွာ''

ပြောပြောဆိုဆိုပင် လူကြီးက ပလတ်စတစ်လောင်းထားသော စက္ကူတစ်ရွက်ကို သူ့ရှေ့ထိုးပေးလာ၏ ။

သူ လှမ်းယူကြည့်ရင်း မသိမသာ မျက်ခုံးပင့်လိုက်မိသည်။

''ကဲကွာ ...အဲဒါကိုပဲ ကြည့်တော့၊ ဒီရပ်ကွက်ထဲမှာ အဆောင် တွေ အများ ကြီးရှိပေမယ့် ငါ့အဆောင်ရဲ့ ဖွဲ့စည်းပုံ ကတော့ အဲဒါပဲ''

''ဟုတ်''

''နံပါတ်တစ်လို့ ပြထားတဲ့အခန်းမှာ က ငါနေတယ်၊ ငါ့နာမည် က အောင်သိန်း (သူကြီး) လို့လည်း ခေါ်ကြတယ်၊၊ အဆောင်မှူးဆိုပါတော့၊ ကျန်တဲ့အခန်းတွေ မှာ နှစ် ယောက် တစ်တွဲထားတယ်၊ သူတို့နာမည် ရင်းတွေ ကိုတော့ ငါမမှတ်တော့ဘူး၊ အောက်ထပ် အခန်း ၂, ၃, ၄တွေ မှာ သုံးဘီးနဲ့ ရေဆင်၊ ကက်ဆက်ကြီးနဲ့ ဖရီး၊ ချန်ကေရှိတ်နဲ့ ဒူးယားတို့က တစ်ခန်းစီ နေကြတယ်၊ အပေါ်ထပ် ၅, ၆, ရ, ၈ တွေ မှာ တော့ တာတီးနဲ့ ကမန်းကတန်း၊ အင်္ဂါဂြိုဟ်နဲ့ တောကျီးကန်း၊ အာလာဒင်နဲ့ ငပိကောင်တို့က တစ်ခန်း၊ စံမတူ တစ်ယောက် တည်းက တစ်ခန်းနေတယ်''

''သဘောပေါက်ပါပြီ''

''ဒီမှာ ပြထားတဲ့ နံပါတ်ကိုးက အပေါ်ထပ်ကိုတက်တဲ့လှေကား၊ နံပါတ်တစ်ဆယ်က ရေတွင်းရေကို တွင်းကခပ်ပြီး နံပါတ်ဆယ့်တစ် အုတ် ကန်ထဲမှာ ထည့်ပြီးချိုးရတယ်၊ နံပါတ်ဆယ့်နှစ် ကတော့ အားလုံးသုံးတဲ့ အိမ်သာပဲ''

ပုံနှင့် တကွ ရှင်းပြသည်မို့ တကယ်ကို ရှင်းလင်းပြတ်သားပါသည်။ အမှတ်စဉ်အလိုက် စီကြည့်လိုက်တော့ ...

၁= ဦးအောင်သိန်း (သူကြီး)

၂= သုံးဘီး + ရေဆင်

၃= ကက်ဆက်ကြီး + ဖရီး (င်္မနန)

၎= ချန်ကေရှိတ် + ဒူးယား

၅= တာတီး + ကမန်းကတန်း

၆= အင်္ဂါဂြိုဟ် + တောကျီးကန်း

၇= အာလာဒင် + ငပိကောင်

၈= စံမတူ

တစ်ဆောင်လုံးမှာ ရှိသော လူတွေ ၏ စာရင်း ပေါ်လာသည်။

သူ စဉ်းစားနေချိန်မှာ ပဲ ဦးအောင်သိန်း (ခ) သူကြီးက ...

''ကဲ ...မင်းနေမယ်ဆိုရင်တော့ နံပါတ်ရှစ်အခန်းမှာ နေရမယ်၊ စံမတူနဲ့ နေပေါ့၊ ဒါပေမဲ့ စံမတူက ပေါတောတောနော်၊ ပြဿနာတော့ မရှာတတ်ပါဘူး၊ ဘယ်လိုသဘောရလဲ''

''အဆင်ပြေပါတယ် ဦး၊ ကျွန်တော် နေ ဖြစ်ပါတယ်''

''ဒါနဲ့ မင်းနာမည် က''

သူက အိတ်ထဲမှ မှတ်ပုံတင်ကို ထုတ်ပေးလိုက် ရင်း ...

''ရော့ ဦး ...ဒါ ကျွန်တော့် မှတ်ပုံတင်ပါ''

သူကြီးက သူ့မှတ်ပုံတင်ကို ယူကြည့်ပြီး ...

''ဟင် ...မင်းနာမည် ကလည်း ရှင်နေမင်းတဲ့လား၊ မှတ်ရခက် လိုက်တာကွာ၊ ငါ မင်းကို မောင်ရှင်လို့ပဲ ခပ်တိုတိုခေါ်မယ် ...ဟုတ်ပြီလား''

သူ ခေါင်းကိုပဲ အသာညိတ်ပြလိုက်သည်။ လောလောဆယ်မှာ တော့ ကျောချစရာနေရာ အရေး ကြီးသည့် ရန်ကုန်မြို့၌ နေရာတစ်နေရာ တော့ ရလေပြီ။

ထိုသို့ ဖြင့် ...။

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ လေဒီစာအုပ်ကြီး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ကတ္တီပါထောင်ချောက်

ချစ်သူဝှက်တဲ့ ခေတ်သစ်ဧဒင်

ချစ်သူလက်ပေါ်မှာပြတဲ့ မျက်လှည့်