Cover

Cover

ကားမှတ်တိုင်မှာ ရပ်စောင့်ရင်း ထိုးရပ်လိုက်၊ တိုးတက်လိုက်၊ ထွက်သွားလိုက်လုပ်နေကြသော လူများ ၊ ကားများ ကို သက်ခိုင် ကြည့် နေမိသည်။

သူ့ခရီးသည်နှင့် သူ့ကား အဆင်ပြေနေသော်လည်း ကိုယ့်မှာ က အဆင်မပြေနိုင်ချေ။

မြို့ထဲသို့ သွားရန် သက်ခိုင် ထွက်လာခဲ့ခြင်း ဖြစ်သည်။

အရင်ကဆိုလျှင် ခုလိုအချိန် အိပ်ရာကတောင် ထသေးသည် မဟုတ်။

ခုတော့ မသွားမ ဖြစ် သွားရတော့မည် ။

ကိစ္စက ကုမ္ပဏီတစ်ခုမှာ အလုပ်လျှောက်ရန်။

လူအပြည့်နှင့် ရောင် ကိုင်းနေသော ကားများ ကိုကြည့်ရင်း ခြေထောက်က မလှမ်း ဖြစ်သေး။

ထိုအချိန်မှာ ပဲ ...

သူ့ခြေခုံပေါ်က အထိအတွေ့ ကြောင့် ငုံ့ကြည့်မိ၏ ။

လေတိုက်၍ လွင့်လာပုံရသော တစ်ခါသုံးစက္ကူ တစ်ရှူးစလေး ဖြစ်သည်။

ကြည့်နေရင်းမှာ ပင် နောက်ထစ်ခု ထပ်ကျလာပြန်၏ ။

တစ်ရှူးစပေါ်မှာ လည်း အနီရောင် အစွန်းအကွက်တွေ နှင့် ။

သူ့နောက်ကျောဘက်မှ ပစ်နေတာပဲဟုတွေးကာ လှည့်ကြည့် မိသည်။

''ဟင်''

ကောင်မလေး တစ်ယောက် ဖြစ်သည်။

တစ်ရှူးစများ ကို တစ်ခုပြီးတစ်ခု ဆွဲထုတ်ကာ နှာခေါင်းကို သုတ်ရင်း လွှင့်ပစ်နေခြင်း ဖြစ်၏ ။

နှာခေါင်းသွေးလျှံနေတာပဲဟု သိလိုက်သည်။ ရှေ့မှာ ရပ်နေ သော သူ့ကိုလည်း မြင်ပုံမပေါ်ချေ။

ကောင်မလေးထိုင်နေသော ကားမှတ်တိုင်ရှိ ခုံများ တွင် တခြား သူများ လည်း ထိုင်နေကြသည်။

သို့ သော် ...ကောင်မလေး၏ အ ဖြစ်ကို သတိထားမိပုံမပေါ် ချေ။

ရောက်လာမည့် ကားကိုပဲ လည်ပင်းတွေ တစ်တောင်လောက် ရှည်ကာ မျှော်နေကြသည်။

သက်ခိုင် မနေနိုင်တော့ချေ။

တာဝန်သိ ခရီးသွားလုပ်သားပြည်သူ တစ်ယောက် ၏ စိတ် (ကောင်မလေးကြောင့် သာ ထိုစိတ်ဝင်လာခြင်း ဖြစ်မည် ) ဖြင့် အနားသို့ သွားကာ ...

''ရော့ ရော့ ...ဒီလက်ကိုင်ပဝါနဲ့ အုပ်ပြီးသုတ်လိုက်''

ကောင်မလေးက ကြောင်တက်တက်နှင့် ယူပြီးမှ မော့ကြည့်ရင်း ပြန်မေးနေသေးသည်။

''အင်း ...အဲ ...ရှင့်ဟာ သန့်ရဲ့ လား''

သက်ခိုင် တင်းသွားသည်။

လက်ကိုင်ပဝါက သုံးပင်မသုံးရသေးသော အသစ်ကြီး ဖြစ် သည်။

ထို့ကြောင့် ...

''မယူချင်လည်းနေဗျာ ...အဲ့ဒါ ဒီနေ့မှ ဝယ်လာတာ''

ထိုအခါမှ ဒင်းက သွေးစသွေးနများ ကို သုတ်တော့၏ ။

သို့ သော်လည်း သွေးက အကျမရပ်သေး။ မနေနိုင်သော သက်ခိုင်ကပဲ ...

''ဒီမှာ ...ခင်ဗျား လက်နှစ် ဖက်ကို ခေါင်းပေါ်တင်ပြီး မြှောက် ထားလိုက် ...အဲ့ဒါဆို သွေးရပ်သွားလိမ့်မယ်''

သိထားသော နည်းတစ်ခုကို ပြောပြလိုက်ခြင်း ဖြစ်၏ ။ ဒီတစ်ခါ တော့ မချောက ပြောသည့်အတိုင်း လုပ်လေသည်။ တဖြည်းဖြည်းနှင့် သွေးကလည်း အကျရပ်သွား၏ ။

သို့ သော် ...

စိတ်မချရသေးသဖြင့် သက်ခိုင်ကပဲ မနေနိုင်စွာ ကျောပိုးအိတ် ထဲမှ ရေသန့်ဘူးကိုထုတ်ပေးရင်း ...

''ရော့ ...ရေကို ထပ်ရှူလိုက်ဦး ...ရေရှူလိုက်ရင် လုံးဝ သက်သာသွားလိမ့်မယ်''

သက်ခိုင်၏ အစွမ်းကို မျက်ဝါးထင်ထင်မြင်ထားပြီး ဖြစ်သော ကြောင့် ကောင်မလေးက ရေဘူးအဝကို နှာခေါင်းကပ်ကာ ရှူနေသေး သည်။ မိန်းမတွေ များ ...။

အတန်ကြာမှ ကောင်မလေးက ...

''ကျေးဇူးပဲ ...ရှင့်နည်းက အတော် ကောင်းပါလား''

''ဒီလိုပဲ မြင်ဖူးထားတော့ မှတ်ထားတာပါ''

''ကျွန်မက မကြာခဏ နှာခေါင်းသွေးလျှံတတ်တယ်ရှင့် ... မှတ်ထားရမယ်''

''ဒါနဲ့ ခင်ဗျား ဝမ်းချုပ်နေလား''

''ရှင်''

''သြော် ..နှာခေါင်းသွေးလျှံတတ်ရင် ဝမ်းမချုပ်အောင် သတိ ထားနေလို့ ပြောတာ''

''ဒီလိုလား''

''စာထဲမှာ ဖတ်ဖူးတာပဲ ...ဟုတ်မှာ ပေါ့''

ဆက်ပြီး နှစ် ယောက် သား ပြောစရာစကားမရှိ ဖြစ်သွား ကြသည်။

ခရီးသွားဟန်လွဲ ကူညီလိုက်ခြင်းပေကိုး။

ခုတော့ ...သွေးကလည်း ရပ်သွားတော့ ကိစ္စကလည်း ပြတ်သွားပြီ။

ကောင်မလေးရှေ့မှ လှည့်လိုက်ပြီး ကားလမ်းမဆီ မျက်နှာမူ လိုက်ရ၏ ။ စိတ်ထဲမှာ တော့ တော် ကီဆက်ပွားချင်နေသေး၏ ။

လက်ကိုင်ပဝါ ကတော့ ပေနေပြီ။ ပြန်ယူလို့မ ဖြစ်။

ရေဘူးကိုပဲ စကားမရှိစကားရှာ ပြန်တောင်းရမလားဆိုပြီး စဉ်းစားနေစဉ် ...

''ဒီမှာ ...ရှင့်အသက်အရွယ်နဲ့ ဒီလောက်တောင် မစာနာ တတ်ဘူးလား''

သက်ခိုင်တွန့်သွားရ၏ ။

ထိုကောင်မလေး၏ အသံပဲ ဖြစ်သည်။

ဘာလဲဟာ ...။

လှည့်ကြည့်လိုက်တော့ လူ တစ်ယောက် နှင့် အချေအတင် စကားများ နေခြင်း ဖြစ်သည်။

''ရှင့်နေရာကို ထပေးလိုက် လေ ...ဒီမှာ ကိုယ့်အဖေ, ကိုယ့် အမေထက်တောင် ကြီးမယ့်လူတွေ ရပ်နေတာ မမြင်ဘူးလား''

''ဟာ ...မင်းကွာ ...သတိမထားမိလို့ကွ''

''ဘာ သတိမထားမိတာလဲ ...မမြင်ချင်ဟန်ဆောင်နေတာ ကိုများ ၊ ရှင့်ဘေးက ကျွန်မ,ထပေးတာကိုတောင် လှည့်ကြည့်ပြီးတော့''

မျက်နှာကြီးနီကာ ထိုလူ ရှက်ရှက်နှင့် ထသွားတော့သည်။ ခုမှ မြင်ကွင်းကိုကြည့်ရင်း ဇာတ်ရည်လည်တော့၏ ။

အဘိုးကြီးနှင့် အဘွားကြီးနှစ် ယောက် ကားမှတ်တိုင်သို့ ရောက် လာခြင်း ဖြစ်မည် ။ တုန်တုန်ချည့်ချည့်တွေ မို့ ကောင်မလေးက နေရာက ထပေးလိုက် ပုံရသည်။

သူ့ဘေးမှ တစ်ယောက် က သိလျက်နှင့် မထပေးသော ကြောင့် ပြဿနာရှာလိုက်ခြင်း ဖြစ်သည်။

စိတ်ကောင်းလေးတော့ ရှိသားဟဆိုပြီး ထိုကောင်မလေးကို သက်ခိုင် မှတ်မှတ်ရရ ဖြစ်သွား၏ ။ စိတ်လှသလောက် ဒင်းကလေး ရုပ်ရည်လည်း မခေပါ။ မျက်နှာချောချောလေးထက်မှာ နှာတံလေးက စင်းလို့။

အင်း ...အဲဒီ နှာခေါင်းကြောင့် ပဲ သူ့ကိုတွေ့ ရတာ ...

ဟု တွေးရင်း ရပ်လာသော ကားပေါ် သက်ခိုင် တိုးတက်လိုက် တော့သည်။

ထိုသို့ တိုးတက်မှပဲ ကိုယ့်ဘဝက တိုးတက်ပေလိမ့်မည် ။

သူများ ကို ကူညီလိုက်လို့လားမသိ ...

ထိုနေ့က သွားလျှောက်သော အလုပ်က အင်တာဗျူး တောင် မခေါ်ချေ။

ထိုကောင်မလေးနှင့် လည်း ပြန်ဆုံရလိမ့်မည် ဟူ၍ မထင်ထား ခဲ့တာ အမှန်ပင် ဖြစ်လေသည်။

*


Cover

ပြန်ဆုံမယ့်ဆုံတော့လည်း ခပ်ကျပ်ကျပ်ပင် ဖြစ်သည်။

နေရာက ငါးဖယ်တိုးတိုးနေရသော ပူအိုက်မွန်းကျပ်လွန်းသည့် လိုင်းကားပေါ်မှာ ။

ဆင်းရမည့် မှတ်တိုင်မှာ ပါသည်ဟု အသံထုတ်ရင်း မချိမဆံ့ တိုးထွက်နေရချိန်မှာ တော့ မတွေ့ မိသေး။

နောက်ဘက်က တွန်းလွန်း၍ လှည့်ကြည့်ရာမှ မျက်နှာကို မြင်လိုက်ရခြင်း ဖြစ်သည်။

ဒင်းက ကိုယ့်အသံနှင့် ဖော်လိုလိုက်ကာ မအော်ဘဲ ဆင်းလာ ပုံရသည်။

ပထဝီမြေကြီးပေါ် ခြေနှစ် ချောင်းစလုံးရပ်ရင်း အသက်ဝဝ ရှူလိုက်ချိန်မှာ တော့ တစ်ကိုယ်လုံးမြင်လိုက်ရပါပြီ။

ကိုယ်က တွေ့ သလို သူလည်း မြင်ပုံရသည်။

သို့ သော်လည်း ...နှုတ်ဆက်ဖော်တောင်မရဘဲ ဒင်းမျက်နှာ မသာမယာနှင့် လူသူရှင်းနေသော ကားမှတ်တိုင်ခုံမှာ သွားထိုင်နေ သည်။

ကိုယ့်ကိုဂရုမစိုက်သဖြင့် သက်ခိုင်လည်း ကိုယ့်လမ်း ကိုယ် သွားရန် ပြင်လိုက်၏ ။

ထိုသို့ တွေးပြီး တစ်ချက်လှမ်းအကြည့် ...

''ကို ...ဆူဇီ့ကို ကယ်ပါဦး ...ကို ...ဆူဇီ့ကို ကယ် ပါဦး ...''

ကောင်မလေးခေါ်သံကြောင့် သက်ခိုင် ကြောင်အမ်းအမ်း ဖြစ် သွားသည်။

ဒါ ...တစ်ခုခုတော့ ဖြစ်နေပြီ။

သူ့ခေါ်သံအရ နောက်ကို လှည့်ကြည့်သော်လည်း ဘယ်သူမှ မရှိ။

သို့ သော်လည်း အသံနှင့် ဟန်ပန်ကြောင့် သက်ခိုင် ပြေးသွား လိုက်သည်။

အနားသို့ မရောက်ခင်မှာ ပဲ

''ကို ...ကို ...ဆူဇီ့ကို ...''

အားကိုးတကြီးခေါ်ရင်း ထိုင်နေရာမှထလိုက်စဉ်မှာ ပဲ ပုံလျက် သားလေးလဲကျသွားတော့၏ ။

''ဟာ ...''

ရုတ်တရက် သက်ခိုင် ဘာလုပ်ရမည် မှန်းမသိ။

သေများ သေသွားပြီလား။

မ ဖြစ်နိုင် ...။

မူးလဲတာပဲ ဖြစ်မည် ။

ပြေးပွေ့လိုက်ပြီး မျက်နှာကိုလက်နှင့် လှပ်ကာ ခေါ်ကြည့်သည်။

''ဟေ့ ...ဟေ့ ...ဒီမှာ ...ဒီမှာ ...ရလား ...ဟေ့ ဟေ့ ...''

တုတ်တုတ်မျှပင် မလှုပ်ချေ။

စိတ်ထဲမှာ ထူပူပြီး ကောင်မလေးကို ပွေ့ချီလိုက်သည်။ အနီးဆုံး ဆေးခန်းကိုလည်း တွေးကြည့်လိုက်၏ ။

ကားလမ်းမဘေးမှာ ရပ်ရင်း ...

''ဟေ့ ...တက်စ်စီ ...တက်စ်စီ''

အရေး ထဲမှ ပထမကားက မရပ်ပေးချေ။ မသင်္ကာသလို ကြည့်ရင်း ဆက်မောင်းထွက်သွားသည်။ နောက်တစ်စီးကျမှပဲ ရပ်ပေး လေ၏ ။

သို့ သော်လည်း အင်တာဗျူး ကဖြေရသေးသည်။

''ဘာ ဖြစ်တာလဲဗျ''

''မူးလဲလို့ပါဗျာ ...အနီးဆုံးဆေးခန်းကို ပို့ပေးစမ်းပါ ''

''သေနေတာတော့ မဟုတ်ပါဘူးနော်''

''ဟာဗျာ ...သေနေမှတော့ ခင်ဗျားကားကို တားပါ့မလား ...နိဗ္ဗာန်ယာဉ်ပဲ ငှားတော့မှာ ပေါ့''

ဘုတောလိုက်မိသည်။

ထိုအခါမှ လိုက်ပါခွင့်ရတော့သည်။

ဆေးခန်းကိုရောက်တော့မှ ဆရာဝန်က စမ်းသပ်ပြီး ...

''အားနည်းပြီး မူးလဲတာပါ ...ဆေးထိုးပေးလိုက် မယ်၊ ဒါပေ မဲ့ ချက်ချင်း သတိလည်မှာ မဟုတ်သေးဘူး''

''ဗျာ ...ဘယ်အချိန်မှ သတိရမှာ လဲ''

''ဟာ ...ဒါတော့ အတိအကျပြောလို့မရဘူးလေ၊ ဒါပေမဲ့ စိုးရိမ်စရာတော့ မရှိတော့ပါဘူး''

ဒီလောက်ဆိုရင်တော့ စိတ်ချရပါပြီ။

မျက်နှာနုနုလေးကို ငေးရင်း ကူညီခွင့်ရတာ ကိုပဲ ကျေနပ်မိ သည်။

ကားမှတ်တိုင်မှာ အားကိုးတကြီးလှမ်းခေါ်သည့် စကားသံကို လည်း ကြားယောင်မိပြန်သည်။

သူ ဘယ်သူ့ကို တမ်းတပြီးခေါ်လိုက်တာလဲ။ သူ့ချစ်သူကို များ လား ...အင်း ...။

ထိုသို့ တွေးရင်းက ဟာ ဟုရေရွတ်ကာ ကမန်းကတန်း မတ် တတ်ထရပ်မိသည်။

ဘေးနားက ဆရာဝန်က ...

''ဘာများ ဖြစ်လို့လဲဗျ''

''ဒေါက်တာ ...ကျွန်တော် ပြန်မှ ဖြစ်မယ်''

''ဟင် ...ဒီမှာ မင်းကောင်မလေးက ...''

အတွဲဟု ထင်သွားပုံရသည်။ သက်ခိုင်ကပဲ ...

''ဟာ ...ကျွန်တော် နဲ့ဘာမှမဆိုင်ပါဘူး၊ ကားမှတ်တိုင်မှာ သူ မူးလဲကျသွားတာမြင်လို့''

ထိုသို့ အစချီကာ ရှင်းပြလိုက်ရသည်။ ဆရာဝန်က သက်ပြင်း ချရင်း ...

''ဘာပဲ ဖြစ် ဖြစ်ပေါ့ဗျာ ...ကောင်မလေး တစ်ယောက် တည်း ပဲ ...စောင့်ပေးလိုက် ပေါ့''

''ဟာ ...မ ဖြစ်ဘူးဒေါက်တာရဲ့ ...ကျွန်တော့် မှာ လည်း အရေး တကြီးကိစ္စ ရှိနေတယ် ...သွားမှကို ဖြစ်မှာ ၊ ဒီလိုလုပ်ဗျာ ... ကျွန်တော့် ဖုန်းနံပါတ် ပေးထားခဲ့မယ်၊ အရေး ကြီးရင် ဆက်သွယ်လိုက်ပါ ...ခုတော့ ကျွန်တော် သွားမှရမယ်''

ပြောပြီး ဖုန်းနံပါတ်ပေးကာ ထွက်လာခဲ့သည်။ မထွက်လာ လို့ မ ဖြစ်။

အိမ်မှာ က ဖေဖေရောက်နေလောက်ပြီ။ နယ်က လာခြင်း ဖြစ် သည်။

ခရီးပန်းပန်းနှင့် ခြောက်လွှာတိုက်ခန်းပေါ်တက်၊ အပေါ်ရောက် မှ သော့ ခလောက်က တန်းလန်းကြီးနှင့် ဆိုလျှင် ဒေါပွလိုက်မည့်  ဖြစ် ခြင်း။

အိမ်သော့ က သက်ခိုင်ဆီမှာ မို့ ဒီနေ့နေ့လယ်ရောက်မည် ။ ဘယ်မှမ သွားပါနှင့် ဟု ဖေဖေက ဖုန်းဆက်ပြီး အသေအချာမှာ ထား သည်။

ဒါကြောင့် လည်း သက်ခိုင် ရရာကားစီးပြီး အမီပြန်လာခဲ့ခြင်း ဖြစ်၏ ။

သို့ သော်လည်း ...

ကားပေါ်ကအဆင်းမှာ ကောင်မလေးနှင့် တွေ့ ပြီး အချိန်မနည်း ကုန်သွား၏ ။

ခုတော့ ဖေဖေ့ကို လေပြေထိုးရတော့မည် ။

ပိုက်ဆံနှမြောသော်လည်း ကားငှားပြီး အိမ်ပြန်ခဲ့၏ ။ ခြောက် လွှာတိုက်ခန်းပေါ် ပြေးတက်လိုက်တော့ မွေးသဖခင်က ရောက်နေလေ ပြီ။ ဆီးမကန်ချတာ တော် ပါသေး၏ ။

ပါးစပ် ကတော့ ဒေါသသံဖြင့် ...

''ဟေ့ကောင် ...ဒီလောက်မှာ ထားတာကို ဘယ်လျှောက် သွားနေတာလဲ''

''ဆောရီး ဖေဖေရာ ...သားလည်း ပြန်လာတာပဲ ...လမ်း မှာ ...''

ဇာတ်လမ်းကိုပြန်ခင်းပြလိုက်တော့မှပဲ ဖေဖေက ဘဝင် အနည်းငယ်ကျသွားသည်။

အိမ်ထဲရောက်တော့မှ ဝေ့ဝဲကြည့်ပြီး ...

''မင်း ထမင်းဝယ်စားနေတုန်းပဲလား''

''ဟင့်အင်း ဖေဖေ ...ဝယ်မစားတော့ဘူး ...ခု ချက်စား နေတယ်''

ဖေဖေက မျက်ခုံးကိုပင့်ကာ ရွဲ့သလိုဖြင့် ...

''သက်သာအောင်ပေါ့ ...ဟုတ်လား၊ မင်းက ဘာတွေ များ ချက်တတ်လို့လဲ''

''ဘဲဥတို့, ကန်စွန်းရွက်တို့တော့ ကြော်တတ်ပါတယ်၊ တစ်ခါ တလေ ဝက်အူချောင်းပေါ့''

''အဲဒီ့ အတွက် ပိုက်ဆံက''

''ကျွန်တော် အခု အလုပ်ရှာနေပါတယ်''

ဖေဖေက စိတ်ပျက်သွားဟန်ဖြင့် ...

''မင်းကွာ ...ကိုယ့်အိမ်မှာ ကောင်းကောင်းစားပြီး မိဘ အလုပ်ကို ပြန်လာလုပ်ပါဆို''

''ကျွန်တော် ဒီမှာ ပဲ နေချင်တယ်''

''မင်း နေပြီးပြီပဲ၊ မင်းနေဖို့အဆင်ပြေအောင် တိုက်ခန်းဝယ် ပေးထားတယ်၊ ဖုန်းပေးထားတယ်၊ ခု ဘွဲ့လည်းရပြီးပြီ၊ အိမ်ပြန်လာ တော့ပေါ့''

''ဟုတ်ပါတယ် ...ဘွဲ့ရပြီလို့လည်း ပြောတာပါ၊ ကျွန်တော့်  အစွမ်းအစနဲ့ ဒီမှာ ရပ်တည်ကြည့်ချင်လို့ပါ''

''ကဲ ...တော် ပြီကွာ၊ မင်းနဲ့ စကားနိုင်မလုချင်ဘူး၊ မင်း ငတ်ရင် ပြန်လာခဲ့ပေါ့၊ ခုတော့ မင်းအလုပ်မရသေးလို့ ငါ ပိုက်ဆံ ပေးထားခဲ့ဦးမယ်၊ ဒါကုန်ရင်တော့ လှမ်းမှာ ဖို့မစဉ်းစားနဲ့တော့ ... ငါ့ဆီကမရလို့ မင်းအမေဆီကလည်း မစဉ်းစားနဲ့''

ကျွန်တော် ယောက်ျားပါဖေဖေဟု ရုပ်ရှင်တွေ ထဲကလို သက် ခိုင်မပြောပါ။

လောလောဆယ် ယောက်ျားမာနဆိုပြီး ထပြောလိုက်လျှင် ခုပေးနေသည့်ပိုက်ဆံပင်မရဘဲ ငတ်ပေါက်တိုးသွားလိမ့်မည် ။

မျက်နှာသေလေးနှင့် ငြိမ်နေလိုက်ပြီး ဖေဖေပေးသော ပိုက် ဆံကို ယူထားလိုက်ပါသည်။

ဒါကုန်ရင်တော့ မေမေ့ကို သူ့သူငယ်ချင်းတွေ ဆီကတစ်ဆင့် ဆက်သွယ်ရပေလိမ့်မည် ။

မည် သို့ ပင် ဖြစ်စေ ...

ဖေဖေ ဒီထက်ပိုမတင်းကျပ်လာအောင် အလုပ်တစ်ခုခုတော့ လုပ်ပြမှ ဖြစ်တော့မည် ဟု တွေးလိုက်၏ ။

ဒါကြောင့် လည်း သက်ခိုင် အသဲအသန် အလုပ်လိုက်လျှောက် နေခြင်း ဖြစ်သည်။

အလုပ်တွေ ကလည်း တစ်ခုမှ အဆင်မပြေသေး။ ကိုယ့်ဒုက္ခ ထက် ဟိုဒုက္ခသည်မလေးကိုပဲ ကူညီနေရသည်။

သို့ သော်လည်း နောက်ထပ်တစ်ခါ (တတိယအကြိမ်) ကူညီရ ဦးမည် ဟု လုံးဝမမျှော်လင့်မိပါချေ။

Cover

ကားမှတ်တိုင် မဟုတ်၊ ကားပေါ်မှာ မဟုတ်သဖြင့် ပြန်မဆုံ တော့ဟု မထင်လိုက်ပါနှင့် ။

တိတိကျကျပြောရလျှင် ရန်ကုန်မှာ ပင် ပြန်ဆုံခြင်း ဖြစ်သည်။ ဒီတစ်ခါတော့ ကိုယ့်နားနှင့် သူ၏ ပါးစပ်နှင့် ။

ရှင်းပြပါမည် ။

ထိုနေ့က သက်ခိုင် သူငယ်ချင်း ဖြစ်သူ ဝင်းမိုးထံသို့ အလုပ် ကိစ္စသွားစုံစမ်းကာ ပြန်လာခဲ့သည်။ ဝင်းမိုးကလည်း သူအလုပ်လုပ်နေ သော NGO (အစိုးရမဟုတ်သော အဖွဲ့အစည်း) မှာ လူမခေါ်သေးဟု ဆိုသည်။

''ရှင် ...အရည်မရ,အဖတ်မရတွေ လာပြောနေတာလား ကိုတင်မြင့်''

''မဟုတ်ပါဘူး ချစ်ရယ် ...ကိုတင်မြင့် တကယ်မက်တာ ပါ၊ ချစ်နဲ့ကိုတင်မြင့် ခုလိုလမ်းလျှောက်လာရင်း ကိုတင်မြင့်က ဝုန်း ခနဲ ကောင်းကင်ပေါ်ပျံတက်သွားတယ်တဲ့''

''ခုလည်း အဲဒီ လို ပျံ သွားပါလား၊ ပြီးတော့ ရှင် ကျွန်မကို ချစ် ...ချစ်နဲ့ မခေါ်စမ်းပါနဲ့''

''နာမည် ကို အဖျားဆွတ်ခေါ်တာပဲ ချစ်ရယ်၊ ပြီးတော့လေ ကိုတင်မြင့်က ...''

''ဒီမှာ ''

ကိုယ့်ကိုလှမ်းခေါ်ခြင်းတော့ မဟုတ်။ ဟိုကောင်မလေးအသံဟု နားက,ကြားလိုက်ပြီး စိတ်က,သိသဖြင့် မျက်နှာလှည့်ကြည့်မိခြင်း ဖြစ် သည်။

ပထမတော့ ဇဝေဇဝါ ဖြစ်သွားသေးသည်။

ချစ် ...ချစ် ... နှင့် ခေါ်နေသော ကြောင့် သူတို့က ဘာညာ တွေ လားဆိုပြီးပေါ့။

ပြီးမှ သူတို့၏ အပြောများ နှင့် တိတိကျကျဆိုရလျှင် ဟိုလူ (ကိုတင်မြင့်) ၏ ရုပ်ရည်အနေအထားကြောင့် လုံးဝသေချာသွားလေ သည်။

ဒီအဆင်နှင့် ဒီအဆင် ဖြစ်နိုင်စရာ တစ်စက်မှမရှိ။ အကြွင်းမဲ့ သေချာသည်။

ကိုတင်မြင့်က ကြွက်ကတိုး ရေချိုးထားသော ရုပ်ရည်ကို ပိုင် ဆိုင်သူ ဖြစ်သည်။ သူ့ရုပ်ရည်နှင့် မတန်မရာပင် မညှာမတာ လိုက်ပြော နေ၏ ။

လှည့်ကြည့်သော သက်ခိုင်ကို တတိယမ္ပိ ဒုက္ခရောက်နေပြန် သည့် ကောင်မလေးက မြင်သွားပြန်သည်။ စေ့စေ့ကြည့်ပြီး ခဏလေး ဟု လှမ်းပြောလေ၏ ။

ဘာမှန်းမသိသော်လည်း သက်ခိုင်စောင့်နေလိုက်သည်။

အနားရောက်လာတော့မှ ကောင်မလေးက

''ကိုတင်မြင့် ...မိတ်ဆက်ပေးရဦးမယ်၊ သူက ...''

စကားတောင်မဆုံးသေး။ ကိုတင်မြင့်က မျက်လုံးကလေး က လယ်ကလယ်လုပ်ကာ ...

''ချစ် ...ကိုတင်မြင့်ကို ဒီလိုတော့ ...''

''သြော် ...ဒုက္ခပါပဲ ...ဗီဒီယိုထဲကလို ဒါ ကျွန်မချစ်သူလို့ မိတ်ဆက်ပေးမယ် ထင်လို့လား၊ အဲဒီ လောက်တော့ ကျွန်မကိုယ်ကျွန်မ အနစ်မွန်းမခံပါဘူး''

''ဒါဆို ဘာလဲဟင် ချစ်''

ကိုတင်မြင့် ပြန်အားတက်သွားသည်။ သက်ခိုင်မှာ လည်း သူ တို့နှင့် အပြိုင် လမ်းလျှောက်နေရ၏ ။

ကောင်မလေးကပဲ ...

''သူက ကျွန်မသူငယ်ချင်းပါ၊ ဟိုလေ ...သူက အိပ်မက် တွေ နဲ့ပတ်သက်ပြီး နားလည်တယ်၊ ခုနက ရှင့်အိပ်မက်ကို မေးကြည့် ပါလား''

ပြောရင်း သက်ခိုင်ကို အဓိပ္ပါယ်ပါပါကြည့်လိုက်သည်။ သက်ခိုင်အူကြောင်ကြောင် ဖြစ်သွားရ၏ ။

အင်း ...ဒီဟာမလေးတော့ ဒုက္ခပေးလာပြန်ပြီ။ ပြဿနာ တုံးကို သူ့ဘက် လာပို့နေ၏ ။

သူနှင့် ဆုံတိုင်း ကူညီရမည် ဟု စာချုပ်ချုပ်ထားသည်လည်း မဟုတ်။

သို့ သော်လည်း ဒင်းကလေးကို ကူညီချင်နေသော ကြောင့် သက်ခိုင် ချက်ချင်း ဆုံးဖြတ်လိုက်ပါသည်။

''အင်း ...ပြောကြည့်လေ ...ကျွန်တော် အဲဒါတွေ လေ့ လာဖူးပါတယ်''

ခပ်တည်တည်ဟန်ဖြင့် ပြောလိုက်သည်။ ကိုတင်မြင့်က မယုံ သလို ပြန်ကြည့်၏ ။

ပြီး ကောင်မလေးဘက် တစ်ချက်ကြည့်ပြီးမှ ဟယ် ... မထူးတော့ပါဘူးဟု တွေးလိုက်ပုံရသည်။

''ဒီလိုဗျာ ...အိပ်မက်ထဲမှာ ချစ် ...အဲ ...သူက ကျွန် တော့် ချစ်သူတဲ့၊ သူနဲ့လမ်းလျှောက်နေရင်း ကျွန်တော် မိုးပေါ်ပျံတက် သွားတယ်၊ သူ့ကိုလည်း လက်နှစ် ဖက်ဖြန့်ကားပြီး ငှက်လို ပျံပြနေမိ တယ်''

အင်း ...ကြည့်လို့တော့ကောင်းတော့မှာ ပဲ၊ လင်းတပျံသလို နေမှာ ပေါ့ဟု သက်ခိုင်မညှာမတာတွေးလိုက်၏ ။

ပါးစပ်ကလည်း ...

''ခင်ဗျားမှာ ခုလို ပုဆိုးကြီးနဲ့ပဲလား''

''ဟာ ...ဟုတ်ပါဘူး ...အဲ ...အဲဒါကိုတော့ သတိ မထားမိဘူးဗျာ''

''အင်းလေ ...သူလည်း မြင်မှာ မဟုတ်ပါဘူး၊ ခင်ဗျားဘာ သာမက်တာပဲလေ ...ဆက်ပါဦး''

ကောင်မလေးက ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်နေရဟန် တူသည်။

ကိုတင်မြင့်ကပဲ ...

''ဒါပဲလေ ...ကိုယ့်ချစ်သူကို ပျံနိုင်ကြောင်းပြချင်တာပဲ၊ ဒါပေမဲ့ တစ်ခုသိနေတာက အဲဒီ လိုပျံတတ်နေတာကို ကိုယ့်ကိုယ်ကိုယ် မအံ့သြမိဘူးဗျ''

''ဘယ်အချိန်မှာ မက်တာလဲ''

''ညဦးပိုင်း''

''အဓိပ္ပါယ်မရှိတဲ့ အိပ်မက်ပဲ''

''ဗျာ ...ဘာ ဖြစ်လို့လဲ''

အလန့်တကြားနှင့် မျက်လုံးလေး ပျာလတွတ်, ပျာလတွတ် ဖြစ်သွားသော ကိုတင်မြင့်ကို သက်ခိုင်က ...

''ဘာ ဖြစ်ရမှာ လဲ ...ညဦးပိုင်းဆိုတာ အစာမကျေသေးတဲ့ အချိန်လေ၊ အဲဒီ့အချိန်မှာ အာရုံကြောတွေ က အစာချေဖို့ အလုပ်လုပ် နေရတုန်းပဲ၊ အိပ်မက်မက်ဖို့ စုစည်းလို့မရသေးဘူး၊ မက်ခဲ့ရင်လည်း အဓိပ္ပါယ်မရှိတဲ့ အဲ ...ဘာမှကောင်းကျိုး,ဆိုးကျိုးတွေ ကို နိမိတ် ကောက်လို့မရတဲ့ အိပ်မက်ပဲလို့ပြောတာ''

ကိုတင်မြင့်ကလည်း ပါးပါးလေး ဖြစ်သည်။ ချက်ချင်း ပဲ ...

''ညဦးပိုင်းတော့ မဟုတ်တော့ဘူးလို့ ပြောမလို့ပါ ...သန်း ခေါင်ကျော်မှ မက်တာဗျ''

သက်ခိုင် စိတ်ညစ်သွား၏ ။ ဒီလူ နာရီကြည့်ထားပြီးမှ အချိန် နှင့် မက်တာတော့ မ ဖြစ်နိုင်ပါ။ ပြောဆိုဆုံးမ၍ ရမည့် ပုံ မပေါ်သော ကြောင့် ပြောရတော့သည်။

''အဲဒါဆိုလည်း မကောင်းဘူးဗျ''

''ဟယ် ...ဘယ်လို ဖြစ်ပြန်တာလဲ''

ကိုတင်မြင့် စိတ်ညစ်သွားပုံရသည်။ သက်ခိုင်လည်း စိတ်လက် ကုန်ခန်းနေပြီ။

''အဲဒီ လိုမက်တာဟာ ခု လက်ရှိအပြင်မှာ မ ဖြစ်နိုင်တာကို တမ်းတပြီး အိပ်မက်ထဲမှာ ဖန်တီးလိုက်တာဗျ၊ မ ဖြစ်နိုင်ပါဘူးလို့ ပါပြီးပြီနော်၊ နောက်တစ်ချက်က ခင်ဗျားမှာ လောလောဆယ် စီးပွား ရေး အကျပ်အတည်းတစ်ခုလည်း ဖြစ်နေတယ် ...ဟုတ်တယ်မဟုတ် လား''

ကိုတင်မြင့် မျက်လုံးပြူးသွားတော့သည်။ သက်ပြင်းကြီးကို ချရင်း ....

''အဲဒါတော့ မှန်ပါတယ်ဗျာ၊ အဲဒါကြောင့် လည်း ချစ်နေတဲ့ လူဆီက အားပေးမှု လေးတွေ လိုချင်နေတာပါ''

ကောင်မလေးကို ရီဝေဝေဖြင့် ကိုတင်မြင့်က ကပ်ထည့်လိုက် သေးသည်။

ဟိုကောင်မလေး ကတော့ သူစီးပွားပျက်ရင်တောင် ဝမ်းသာ မည့်  မျက်နှာပေးမျိုး ...။

တရားကျဖို့ပင် ကောင်းလှသေးတော့၏ ။ အပေးအယူ မျှလိုက် လေခြင်း။

ကိုတင်မြင့်က အထွန့်တက်လာသေးသည်။ ကိုယ့်ဘဝ ကိုယ် မသိလိုက်ပုံများ ...။

''ဒါနဲ့ဗျာ ...ချစ်သူရတော့မယ်ဆိုရင် ဘယ်လိုအိပ်မက်တွေ မက်တတ်လဲ''

ကိုသက်ခိုင်လည်း သက်ပြင်းသာ ကျိတ်ချရတော့၏ ။ ကိစ္စ ပြတ်အောင်တော့ ပြောရပေဦးမည် ။

''အင်း ...အဲဒါ ကတော့ ခဲတံတို့, ပြီးတော့ နာရီကိုမက်တာ တော့ အကောင်းဆုံးပဲဗျ၊ နာရီထိုးသံကြားရင်တော့ အရင်စလို လက် ထပ်ရမယ်တဲ့၊ အဲ ...နတ်သမီးကိုမြင်မက်တာလည်း အချစ်ရေး မှာ ကောင်းတာပဲ''

''နတ် ...ဟုတ်လား''

''ဟုတ်တယ်၊ မိန်းမနတ်ဆိုပြီး မဖဲဝါတော့ သွားမမက်နဲ့နော် ...အဲဒါ အစိမ်းနတ်တွေ ''

''ဟာဗျာ ...အဲဒါကြီးတော့ မမက်ပါဘူးဗျာ၊ ကြောက်စရာ ကြီး''

သူကပဲ လန့်နေရသေးသည်။

သူ့ရုပ်သူ့ရည်နဲ့များ ...။

ကောင်မလေးက စိတ်မရှည်သည့်ဟန်ဖြင့် ...

''ကဲ ကိုတင်မြင့် ...ရှင်လည်းသိရပြီ၊ ဟိုမှာ လည်း ရှင့်ကို ပြောရတာ မျော့နေပြီ၊ သွားတော့လေ''

ကိုတင်မြင့်သည် ကြေကွဲဆို့နစ်စွာ ကြည့်လျက် ...

'' သွားပါ့မယ်ချစ်ရယ် ...ဒါနဲ့ ခင်ဗျားနာမည် က''

''သက်ခိုင်ပါ ...နောက် လမ်းမှာ တွေ့ လည်း မခေါ်ပါနဲ့''

''ဗျာ ...အာ ...ခင်ဗျားကလည်း''

ကိုတင်မြင့်ကို ဘုတောရင်း သူ့နာမည် ကို ကောင်မလေးသိ အောင် သက်ခိုင်ဖန်တီးလိုက်ခြင်း ဖြစ်သည်။ ဒီတစ်ခါတော့ ကိုတင် မြင့်လည်း တကယ်လစ် သွားပါပြီ။

သက်ခိုင်က လေပူကြီးကိုမှု တ်ထုတ်လိုက်သဖြင့် ...

''ဒါနဲ့ ရှင်ပြောတာတွေ က တကယ်အမှန်တွေ ပဲလား''

''ဟာ ...ဘယ်သူက ဖြီးဖြန်းပြီးပြောမှာ လဲ၊ အိပ်မက်တိတ္ထုံ ကျမ်းမှာ အဲဒီ လိုဖွင့်ဆိုထားတာပဲလေ''

ကောင်မလေးက မသိမသာမျက်စောင်းထိုးရင်း ...

''အင်း ...ရှင့်ကိုတော့ နည်းနည်း ထူးဆန်းနေပြီ၊ အင်းလေ ...ကျွန်မကလည်း ဒီလောက်တော့ ရှင့်ပါးနပ်မယ်လို့ ခံစားမိတာ ကြောင့် အကူအညီတောင်းလိုက်တာ၊ ရှင်ဖြီးလိုက်ရင်လည်း ရပါတယ်၊ ကိုတင်မြင့်ဆိုတဲ့လူက ဘယ်လိုမှ ပြောလို့ရတာ မဟုတ်ဘူး၊ တွေ့ ရင် လိုက်မယ်၊ ပြောလည်းမနာဘူး''

''သူ့ပုံစံကလည်း မထုံတက်တေးကြီးမှန်း သိသာပါတယ်''

နှစ် ယောက် သား ရယ်မိကြသည်။

သက်ခိုင်က ...

''ဒါနဲ့ ခင်ဗျားကို ချစ်လို့နာမည် တပ်ခေါ်တာကို ခင်ဗျား စိတ် မဆိုးဘူးနော်''

''ဆိုးလို့ မရလို့ပေါ့ ...ကျွန်မနာမည် ရဲ့ အစစာလုံးကကို ချစ်နဲ့စတာ၊ အဲဒါကြောင့် အောင့်အည်းသီးခံနေရတာ ''

''နာမည် အပြည့်အစုံက''

သက်ခိုင်စကားထောက်ပေးလိုက် သဖြင့် ကောင်မလေးက မျောပြီး ...

''ချစ်ခ ...အဲ ...ဘာလို့ပြောရမှာ လဲ''

''သိပါပြီ ...ချစ်ခပဲ မဟုတ်လား''

မျက်စောင်းထပ်ထိုးရင်း ပြောလာသည်။

''ချစ်ခတော့ မဟုတ်ပါဘူး၊ နာမည် က သုံးလုံး ...အားလုံး ခကွေးနဲ့ ပေါင်းရတာ တွေ ချည်းပဲ၊ ပါဠိလိုဆိုရင် ပီယဝါစာ လို့ခေါ်ရ မယ်''

သက်ခိုင် စဉ်းစားသွားသည်။

ပီယဝါစာ ဆိုတာက ချစ်ဖွယ်သော စကားကို ဆိုခြင်း။ အဲ့ဒီလို ကြီးတော့ နာမည် က မဟုတ်နိုင်ချေ။

ခကွေးသုံးလုံးပါသည်ဟု ဆိုသည်။ ခကွေးစလုံးနှင့် စကား ပြောသည်ဆိုတော့ ...။ သက်ခိုင်ခေါင်းထဲ ဖျတ်ခနဲ ဝင်းပြက်သွား လေ၏ ။

''သိပါပြီဗျာ ...ဘာများ လဲလို့''

''သိရင်ပြောလေ ...ပြောကြည့်ပါ''

မျက်စမျက်နလေးနှင့် ပြောနေသော ကြောင့် သက်ခိုင် အသည်း ယားသွားသည်။

ပိုင်ပိုင်နိုင်နိုင်ပဲ ပြောချလိုက်၏ ။ မှားခါမှ မှားရော။

''ပြောပြီနော် ...ခင်ဗျားနာမည် က ချစ်ခွန်းချို ...ဟုတ် တယ်မလား''

''ဟောတော့် ''

*


Cover

သွားရင်းနှင့် လမ်းမှာ လက်ဖက်ရည်သောက်ရန် ချစ်ခွန်းချိုက စတင်ဖိတ်ခေါ်သည်။

ကူညီဖူးတာတွေ ကို ကျေးဇူးတင်လို့ဟု ဆိုသည်။

ဟာ ...မလုပ်ပါနဲ့၊ အားနာစရာ ဘာညာဆိုပြီး သက်ခိုင် မငြင်းလိုက်ပါ။

ထိုသို့ ဖြင့် နီးစပ်ရာ လမ်းဘေးမည် ကာမတ္တဆိုင်လေးမှာ ထိုင် ဖြစ်ကြသည်။

ကော်ဖီမစ်နှစ် ခွက်နှင့် လက်ဖက်သုပ် မှာ လိုက်သည်။

ညနေဦးက ယွန်းခဲ့ပြီ။ ခဏနေလျှင် ဆည်းဆာပင် ညွတ်ဖျာ ကျလာတော့မည် ။

''ကူညီခဲ့တာတွေ အတွက် ရှင့်ကို တကယ်ကျေးဇူးတင်ပါ တယ်''

ချစ်ခွန်းချိုက လေးနက်စွာ ဆိုလာသည်။

သက်ခိုင်က ခပ်အေးအေးပဲ တုံ့ပြန်လိုက်၏ ။

''ရပါတယ်ဗျာ ...လူလူချင်း လိုအပ်လို့ကူညီတာပဲ၊ အဲ ...ပထမနှစ် ခါပဲ ကျေးဇူးတင်၊ ခုတစ်ခါတော့ မတင်နဲ့တော့''

''ဟင် ဘာ ဖြစ်လို့လဲ''

''သြော် ...ပထမနှစ် ခါက ရိုးသားတယ်လေ၊ တကယ်လို အပ်နေလို့ ကူညီလိုက်တာ၊ ခု တစ်ခါက တိုက်ဆိုင်လာတယ်၊ ဒါပေမဲ့ မကူညီရင်လည်း ရတယ်၊ ချစ်ခွန်းချိုအတွက် အန္တရာယ် ဖြစ်လာစရာ အကြောင်းမရှိဘူးလေ''

''ဒါဆို ဘာ ဖြစ်လို့ ကူညီလဲ''

မျက်ခုံးနှစ် ဖက်စုကာ မေးပြန်သည်။ ရပါသည်။ မေးလျှင် ဖြေပါမည် ။

''အဲဒါကြောင့် ဒီတစ်ခါကို မတင်နဲ့လို့ပြောတာ၊ ဒီတစ်ခါက တမင်ကူညီလိုက်တာ၊ မရိုးသားဘူးလို့ပြောရင်တောင် ရတယ်၊ ဘာ ဖြစ်လို့လဲဆိုတော့ ချစ်ခွန်းချိုမှန်းသိလို့ တမင်ကူညီတာပဲ''

''အာ ...ရှင်ကလည်း''

ချစ်ခွန်းချို ရှက်သံဝဲသွားရသည်။ သက်ခိုင်ကလည်း 'ဒဲ့' ကိုင်လိုက်သည်ကိုး။

ပြီးမှ စကားကိုလျောချသလိုနှင့် ...

''ဆော်ရီးနော် ချစ်ခွန်းချို ...ကျွန်တော် စကားပြောတာ လောသွားတယ်''

လောတယ်ဆိုသည်က မှားသွားတယ်ဟု အဓိပ္ပါယ်မပေါက် ချေ။

သက်ခိုင်က ထိုသို့ ပုံစံဖြင့် ပြောလိုက်ခြင်း ဖြစ်သည်။

ချစ်ခွန်းချိုက တစ်ချက်စဉ်းစားနေပြီးမှ ...

''ကျွန်မကို ချစ်ခွန်းချိုလို့ မခေါ်ပါနဲ့လား''

ဒါဆို ချစ်ဆိုပြီး တစ်လုံးတည်းအဖျားဆွတ်ခေါ်ခိုင်းတာလား ဟု ကျူးကျူးကျော်ကျော်အတွေးက မဆုံးလိုက်။ ချစ်ခွန်းချိုက သူ့ စကားသူရှက်သွားပြီး ...

''ဟို ...ချစ်လို့ တစ်လုံးတည်းခေါ်ခိုင်းတာ မဟုတ်ဘူးနော်၊ ကျွန်မမှာ နောက်နာမည် တစ်ခု ရှိသေးတယ် ...ဆူဇီတဲ့၊ အဲဒါကို ခေါ်ပါလား ...ကျွန်မလည်း သဘောကျတယ်''

တော် တော် တော့ ပွင့်လင်းတာပဲဟု သက်ခိုင်တွေးနေမိသည်။ ထိုနာမည် ကို ကားမှတ်တိုင်မှာ မူးလဲစဉ်က ကြားဖူးခဲ့တာ အမှတ်ရ မိသည်။

ခေါ်ဆိုလည်း ခေါ်ယုံပေါ့လေ။

''ကျွန်မ စိတ်ညစ်နေတာ တော် တော် ကြာပြီ၊ အရာရာကို စိတ်ပျက်နေမိတယ်၊ အဲ့ဒါကြောင့် တစ်ယောက် တည်း လျှောက်သွားနေ မိတာ၊ စိတ်ညစ်ပါတယ်ဆိုမှ ကိုယ့်ကို မေတ္တာထားတဲ့လူတွေ နဲ့ပဲ တွေ့  နေရတယ်၊ သူတို့ကိုရှောင်နေရတာ က တစ်မှော င့်''

ကိုတင်မြင့်လို လူမျိုးတွေ ကို ဆိုလိုခြင်း ဖြစ်သည်။

သက်ခိုင်က ...

''ဆူဇီက ဘာ ဖြစ်လို့ စိတ်ညစ်နေတာလဲ''

''ကျွန်မလား ...ပြောရရင်တော့ ရယ်စရာပဲ၊ ကျွန်မချစ်သူ လမ်းခွဲသွားပြီးကတည်းက ကျွန်မ မပျော်တော့ဘူး ဘာမှလည်း မလုပ် ချင်တော့ဘူးလေ ...ဟင်း ဟင်း''

ပြောရင်း ဆူဇီက ခြောက်ကပ်ကပ်ရယ်နေပြန်သည်။ ကား မှတ်တိုင်မှာ မူးလဲမကျခင် 'ကို' ...ဟု 'တ'ခဲ့တာ သူချစ်သူကိုပဲ ဖြစ်လိမ့်မည် ။

ဒီလို လှတပတလေးကို ဘယ်လိုသကောင့်သားမျိုးက ထားခဲ့ လေသနည်း။ ကိုယ့်စိတ်နှင့် နှိုင်းပြီး သက်ခိုင် မခံချိမခံသာ ဖြစ်မိသွား သည်။

ဘာကြောင့် ပြတ်သွားတာလဲဟု မမေးချင်တော့။

ဆူဇီကလည်း ထိုအကြောင်းကိုမပြောတော့ပါ။ သူပြော လာတာက တခြား။

''ဟိုတစ်ရက်ကလည်းလေ ကိုတင်ထွတ်ဆိုတဲ့လူပေါ့၊ အံမယ် ...သူက ကဗျာတွေ ,ဘာတွေ ရေး ပြီးပေးနေတာ ကြာပြီ၊ ကျွန်မက တော့ သူ့ကဗျာတွေ ကို နားမလည်ပါဘူး၊ ကျွန်မ ပဲခူးသွားတော့ အတင်းကပ်လိုက်လာတယ်၊ ကားပေါ်မှာ လည်း တော် ကီက ပစ်တာပဲ၊ ကျွန်မ, ဖြစ်စေချင်တာ ဖြစ်ရပါ့မယ်တဲ့၊ သူ့အချစ်ကို လက်ခံပါပေါ့ နော်''

''အဲဒါနဲ့''

''ကျွန်မကလည်း လိုချင်တာ ရှိတယ်ပေါ့နော်၊ ဓူဝံကြယ်ကို လည်း မဆွတ်ခိုင်းပါဘူးလို့၊ လောလောဆယ် လိုချင်တာပဲ ရအောင် ရှာပေးပါလို့''

''ဆူဇီက ဘာကိုရှာခိုင်းတာလဲ''

ဆူဇီက တစ်ချက်ရယ်လိုက်သည်။

''ခိ ...ဘာလဲ သိလား ...ငါးကလေးနှစ် ကောင်တည်းပါ၊ ဈေးမကြီးလည်း ရပါတယ်လို့၊ ဒါပေမဲ့ အဖိုနဲ့အမ တစ်စုံ ဖြစ်ရမယ်၊ ဆယ်မိနစ်အတွင်း ရှာပေးနိုင်ရင် ရှင့်အချစ်ကို လက်ခံပါမယ်လို့လေ၊ မရရင်တော့ နောက်ထပ်မနှောင့်ယှက်ပါနဲ့လို့ ပြောလိုက်တာ''

''ဟာဗျာ ...ဆူဇီကလည်း ကားပေါ်မှာ ကို''

''ဟုတ်တယ်လေ ...မရနိုင်တာကို ပြောလိုက်တာ၊ ပြီးတော့ ရပြီထားဦး ...အဖိုနဲ့အမကို သူ ဘယ်လိုခွဲပြီးသက်သေပြမလဲ''

ဆူဇီက သူ့စကားသူ သဘောကျသလိုရယ်နေပြန်၏ ။ သူ့ ခမျာလည်း ယောက်ျား 'တင်' တွေ နှင့် တော် တော် အကျိုးပေးပုံ ရ သည်။

ခုနက တင်မြင့်။

ခုလည်း လာပြန်ပြီ တင်ထွတ်။

ကိုယ့်နာမည် မှာ 'တင်' မပါသော်လည်း တင်ထွတ်နေရာမှာ သက်ခိုင် ဝင်စဉ်းစားမိသည်။ အောင့်သက်သက် ဖြစ်လိုက်ရမည် မှာ မပြောပါနှင့် တော့။

သို့ သော်လည်း တစ်ခုသွားစဉ်းစားမိသည်။

ထို့ကြောင့် ...

''ဒါနဲ့ အဲဒီ တင်ထွတ်က ကဗျာတွေ ,ဘာတွေ ရေး တယ်ဆို တော့ စာရွက်နဲ့ဘောပင်တော့ ပါမှာ ပေါ့''

''ပါတာပေါ့၊ ဘာလဲ ...ကလေးတွေ ဆွဲတဲ့ ငါးရုပ်ဆွဲခိုင်း မှာ လား၊ ရတယ်လေ ...ဆွဲဦးတော့ ...အဖိုနဲ့အမကို ကျွန်မ လက်ခံ နိုင်အောင် ပြောနိုင်မှာ မဟုတ်ဘူး''

''ဆူဇီ''

''ဘာလဲ''

''ကျွန်တော် က တင်ထွတ်နေရာ ဆိုပါတော့၊ ဆယ်မိနစ် မဟုတ်ဘူး ...ဒီနေရာမှာ တင် ငါးအဖိုနဲ့အမ ရှာပေးနိုင်တယ်၊ အဖိုနဲ့ အမဆိုတာလည်း ဆူဇီမဟုတ်ဘူး ...တစ်ကမ္ဘာလုံးက လက်ခံစေရ မယ်''

ဆူဇီ၏ အံ့သြသော မျက်ဝန်းတွေ က အထင်းသား။

သက်ခိုင်ကို လျှော့တွက်လို့မရမှန်း နည်းနည်း တော့ ရိပ်မိပုံ ပေါ်သည်။

သို့ သော်လည်း ငါးနှစ် ကောင်ဟု တစ်ကမ္ဘာလုံး လက်ခံနိုင်ရ မည် ...တဲ့။

ဆံပင်လေးများ ခါသွားအောင်အထိ ဆူဇီရယ်လိုက်ပြီးမှ ...

''ကဲ ...လုပ်ပြပါဦး၊ ရှင့်စကားနဲ့ ရှင်နော် ...မရရင်''

''ကြိုက်သလိုလုပ်''

သက်ခိုင်ကလည်း ချက်ချင်း ဖန်ဆင်းပြနိုင်သော တန်ခိုးရှင်လို ရဲရဲကြီးအာမခံနေသည်။ ဆူဇီက ခေါင်းဆတ်ပြကာ လုပ်ဟု အချက်ပေး လိုက်၏ ။

စားပွဲထိုးခေါ်ပြီး သက်ခိုင်က စာရွက်နှင့် ဘောပင် တောင်း လိုက်သည်။

ဆူဇီက ထင်တဲ့အတိုင်းပဲဆိုသည့်ဟန်ဖြင့် ရယ်နေတော့၏ ။ ရပါသည်။

ထွေထွေထူးထူး မလုပ်ရပါ။ အင်အား မသုံးလိုက်ရပါ။ စက္ကူ၊ ဘောပင်နှင့် ခုံပေါ်မှ အကြမ်းပန်းကန်လုံးတစ်လုံးသုံးကာ သက်ခိုင် ဖန်တီးပြလိုက်၏ ။

Cover

''ဘာကြီးလဲ''

ဘာကြီးလဲဆိုတာက နီကိုရဲဝတ္ထုတစ်အုပ်နာမည် လေ ...ဟု သက်ခိုင်က မပြောပါ။

ပုံကိုရှေ့သို့ တိုးပြီး ...

''အဲဒါ ယင် နဲ့ ယန် လို့ ခေါ်တဲ့ အဖြူအမည်း, အဖိုအမ, အနှုတ်အပေါင်း အကုန်ရတဲ့ ငါးနှစ် ကောင်ရဲ့ ပုံပဲ''

ဆူဇီက စူးစိုက်ကြည့်နေရင်း ...

''အဲဒီ ပုံကိုတော့ မြင်ဖူးပါတယ်၊ ငါးနှစ် ကောင်နဲ့တော့ တူသား၊ ဒါက ဘာအတွက်သုံးတာလဲ''

သက်ခိုင်က ဆူဇီ့မျက်နှာကို စိုက်ကြည့်လျက် ...

''နေဦး ...ငါးနှစ် ကောင်ဆိုတာတော့ လက်ခံပြီနော်''

''ကဲပါ လက်ခံပါပြီ ...ပြောပါဆို''

စူပွပွပြောလာသော ဆူဇီ့ကိုကြည့်ကာ သက်ခိုင်က ...

ငါသာ တင်ထွတ်ဆိုရင်တော့ကွာ ...ဟု မကြားတကြား ရေရွတ်လိုက်သည်။

ဆူဇီ့မျက်စောင်းကလည်း အတိအကျ ဝင့်ခနဲ။

သက်ခိုင်က အမြင်ကတ် သွားလောက်အောင် ကော်လံထောင် လိုက်ပြီးမှ ...

''အဲဒါက သိပ္ပံရော, ဂမ္ဘီရသဘောပါဆန်တဲ့ ပါကွ (BaGun) ကားချပ်လို့ ခေါ်တယ်၊ မြန်မာလိုဆိုရင် အဋ္ဌမုခ်အင်း လို့ တချို့က ခေါ်တယ်၊ အဲဒီ့  ယင် နဲ့ ယန် ဆိုတဲ့ အဖြူအမည်းငါးနှစ် ကောင်ရဲ့ ပုံကို တရုတ်ရှေးဟောင်းသူတော် စင်ကြီး ဖူရှိ (Furi) တီထွင် ခဲ့တာပေါ့၊ အကျယ်တော့ မပြောတော့ဘူးဗျာ ...အဲ့ဒီပုံကိုဆောင်ထား ရင် စုန်းတိုက်, နတ်တိုက်, ပယောဂတိုက်တွေ , တစ္ဆေမှင်စာလို အမှော င့်အမျိုးမျိုးကိုပါ ကာကွယ်နိုင်တယ်လို့ အယူရှိကြတာ၊ အဲဒါ ကြောင့် ကမ္ဘာကလက်ခံတဲ့ ငါးနှစ် ကောင်လို့ ကျွန်တော် ပြောခဲ့တာပေါ့''

မည် သို့ ထင်သွားသည်မသိ။ ဆူဇီ တစ်ယောက် သက်ခိုင်ကို အံ့အံ့သြသြ ကြည့်မိတော့သည်။

ဒီနေ့တစ်ရက်လုံး သက်ခိုင်ဆီက အထူးအဆန်းတွေ ပဲ ကြားနေ ရခြင်းကြောင့် ဖြစ်သည်။

သက်ခိုင်က မနာလိုစရာကောင်းလောက်အောင် မျက်ခုံးပင့် ပြနေသော ကြောင့် ...ဆူဇီ နှုတ်ခမ်းထောင့်စွန်းလေး ကွေးရုံမျှ ပြုံး လိုက်ပြီး ...

''ရှင်က သိလှချည်လား၊ ရှင် ဘာအလုပ်လုပ်တာလဲ''

ခုမှ သက်ခိုင် ဟီးခနဲရယ်လိုက်ရင်း ...

''အလုပ်လား ...လိုက်လျှောက်နေတုန်းပဲ ...မရသေးဘူး၊ ဒါတွေ သိတာက ကျွန်တော် ရှာရှာဖွေဖွေစာဖတ်တဲ့အကျင့်ကြောင့် ပါဗျာ ...ဘာကောင်မှ မဟုတ်ပါဘူး''

''ဘာပဲပြောပြော ရှင့်ကိုတော့ မနာလိုတော့တာ အမှန်ပဲ''

''ကဲဗျာ ...ဆူဇီနာလိုအောင် ဘာလုပ်ပေးရမှာ လဲ ... ပြော''

ဆူဇီ တစ်ချက်စဉ်းစားလိုက်သည်။ ပြီးမှ ...

''အင်း ...ကျွန်မ တစ်ယောက် တည်းတောင် စိတ်ညစ်ပြီး လျှောက်သွားနေသေးတာ၊ ရှင် အလုပ်လျှောက်တာပဲ ဖြစ် ဖြစ် ... အပြင်ထွက်ရင် လိုက်ခဲ့မယ်လေ၊ ရှင်နဲ့စကားပြောရတာ အကျိုးလည်း ရှိတယ်၊ စိတ်ညစ်လည်း ခဏပျောက်မလားလို့''

သက်ခိုင်ဘက် ကတော့ ဟဲဗီးဝဲလ်ကမ်း ဖြစ်သွားလေ၏ ။နဂိုကတည်းကမှ အီစကလီလုပ်ချင်နေသူပီပီ ...ရသည်ပေါ့။

''သိပ်ရတာ ပေါ့ ...ကျွန်တော် လည်း တစ်ယောက် တည်း သမားဗျ၊ ဆူဇီလိုက်မယ်ဆို အပျင်းတောင်ပြေသေး''

''ကျွန်မက ရှင့်အတွက် အနှောင့်အယှက် ဖြစ်နေရင်ကော''

''နှောက်ယှက်စမ်းပါဗျာ ...ကျွန်တော် က သိပ်ခံချင်နေတာ''

''တကယ်နှောင့်ယှက်ရမလား''

ဆူဇီက ခပ်တည်တည်ပုံစံလေးဖြင့် မေးတော့သည်။ သက် ခိုင်ကလည်း လုံးဝအာမဘန္တေပုံစံမျိုးဖြင့် ပိုင်နိုင်စွာ ...

''တကယ်ပေါ့ ...လာထားပဲ ...ဟဲ ဟဲ''

ထိုသို့ အတိအကျပြောခဲ့သည်။

ဆူဇီ ကတော့ တွေ့ မယ်ဆိုသော မျက်နှာပေးဖြင့် ခေါင်းတဆတ် ဆတ်ညိတ်နေလေ၏ ။

ဆူဇီ့ကို ခုလိုကတိပေးလိုက် ခြင်းဖြင့် သူ့ဘဝတစ်ခုလုံး ဇောက် ထိုးမိုးမျှော် ဖြစ်လာမည့် အရေး ကို သက်ခိုင် ယောင်လို့တောင် မထင်ထား မိချေ။

ဆူဇီ့ကို အဆိပ်မရှိသော ရေမြွေလေးဟု ထင်နေတာလည်း ဖြစ်နိုင်ပါ၏ ။

ဆူဇီ ကတော့ သူဆွဲပေးသည့် ပါကွ ပုံလေးကိုကိုင်ရင်း သွေး အေးစွာ ပြုံးလျက် ...။

ပတ်ဝန်းကျင်မှာ မှော င်လာသော်လည်း ဆည်းဆာက ကောင်း ကင်ထောင့်ချိုးတစ်နေရာ တောက်ဖျာလျက်ရှိနေသေးသည်။

ထိုသို့ ဖြင့် ...။

Cover

''ဒါဆို မင်းစတွေ့ တွေ့ ချင်းမှာ ပဲ အဲဒီ့ ကောင်မလေးကို စိတ်ဝင် စားသွားတာမျိုးလား''

အခုမှ အကြောင်းစုံသိရသော အောင်စိုးက မေးသည်။

သက်ခိုင်က ...

''စိတ်ဝင်စားတာတော့ အမှန်ပဲကွ၊ အဟဲ ...သူကလည်း လှတပတလေး၊ ပြီးတော့ ငါနဲ့ကလည်း ခဏ,ခဏ တိုက်ဆိုင်နေတာ ကိုး''

''ဒါပေမဲ့ ငါ သိသိချင်း မင်းကိုပြောသေးတယ်နော် ...မင်း ကို ဦးနှောက်စားနေတာဆိုရင် မင်း ခံရမယ်လို့လေ''

ဝင်းမိုးက ကြားဖြတ်ဝင်ပြောသည်။

သက်ခိုင် မခံနိုင်ပြန်ချေ။

''အဲ့ဒီလိုလည်း မဟုတ်သေးဘူးလေကွာ၊ သူနဲ့ငါနဲ့ ခင်သွား ကြတယ်၊ သူလည်း ရည်စားနဲ့ပြတ်ပြီး စိတ်လေနေတဲ့အချိန်ဆိုတော့ ငါလည်း သနားတာပေါ့၊ အမှန်အတိုင်းပြောရရင် ငါလည်း သူနဲ့တွေ့  ချင်နေမိတယ်''

''ရည်းစားမထားဖူးတာ ကျနေတာပဲကွာ''

''ဘာလဲ ...ဒီကောင်ခံလာရလို့လား''

အနားမှ ထိုနှစ် ယောက် ၏ စကားသံများ ကို သက်ခိုင် မကြား တော့ချေ။

ဆူဇီနှင့် အတူ အလုပ်သွားလျှောက်ခဲ့ပုံများ ကို ပြန်မြင်ယောင် နေမိသည်။

ထိုအချိန်တွင် ...

သူနှင့် ဆူဇီက အတော် ခင်နေကြပြီ။

အသက်တွေ ကလည်း မကွာသဖြင့် နင်တွေ ငါတွေ ဖြင့် ပြော နေကြပြီ။

ထိုသို့ ပွင့်လင်းသွက်လက်တာမျိုးကိုလည်း သက်ခိုင်က သ ဘောကျ၏ ။

အလုပ်တစ်ခု သွားလျှောက်သည့်နေ့က ဖြစ်သည်။ လမ်းမှာ ဆူဇီက ပေါက်ပေါက်တွေ ဖောက်လာ၏ ။ မနားတမ်း တော် ကီပစ်နေ ခြင်း ဖြစ်သည်။

''သက်ခိုင်''

''ဘာလဲဟာ''

''နင့်ကိုငါ အစက အထင်ကြီးမိခဲ့တာ အလကားပဲ ...သိ လား''

''ဟာ''

သက်ခိုင် နင်သွားရသည်။

ရုတ်တရက် ...

ဘာပြန်ပြောရမှန်းပင် မသိ ဖြစ်သွား၏ ။

ပြီးမှ ...

''ဆူဇီ''

''ဘာလဲ''

''မကူညီချင် နေပါ ...မနှောင့်ယှက်နဲ့နော်''

''ဘာ ...နင်ပဲ အစတုန်းက နှောင့်ယှက်စမ်းပါဆို''

ထပ်နင်ရပြန်သည်။ ကိုယ့်စကားနှင့် ကိုယ်တော့ ခံနေရပြီ။ ပြီးမှတွေးမိ၍ ...

''အေး ...ငါလည်း နင့်လိုပဲဟ၊ နင့်ကိုသနားလို့ လိုက်လိုက် လျောလျောဆက်ဆံနေတာ ...နင်က ကဲတက်လာတယ်''

''ဘာ''

ချက်ကောင်းထိသွားပုံ ရ၏ ။

(ဒီနေရာမှာ ပုံမဖော်ပါနဲ့။ ချက်ကို ဘာနဲ့မှ လိုက်ထိုးခြင်း မဟုတ်ပါ)

ချက်ချင်း မျက်နှာလေးနီကာ ဒေါသဖြင့် ...

''နင်နော် ...ငါက ခုချိန်ထိ နင် အလုပ်မရသေးလို့ ပြောနေ တာ''

''ငါကလည်း နင်စိတ်လေပြီး လျှောက်သွားတာတွေ ရပ်တော့ လို့ပြောချင်တာ''

နှစ် ယောက် သား ကြည့်မိကြသည်။ ပြီး မတိုင်ပင်ဘဲ ရယ်ြ ကတော့၏ ။

ဆူဇီကပဲ ...

''သက်ခိုင် ...နင် အလုပ်မရသေးတဲ့အတူ ဒီနေ့ သွား မလျှောက်နဲ့ဦးဟာ၊ ငါနဲ့ မျှော်စင်ကျွန်းကိုလိုက်ခဲ့ပါလား ...နင့်ကို ပြစရာရှိလို့''

''ဟာ ...နောက်မှသွားလေ၊ ဒီအလုပ်လေးတော့ လျှောက်ပါ ရစေဟာ ...ဒီကုမ္ပဏီကို ငါလည်းကြိုက်လို့ပါ''

''လိုက်ခဲ့ပါ သက်ခိုင်ရာ ...နင်ကလည်း''

''မလိုက်ဘူးဟာ ...နင်နဲ့လိုက်ပေးနေတာ ဘယ်လောက်ရှိ ပြီလဲ၊ ဒီနေ့တော့ အလုပ်လျှောက်ကိုလျှောက်မယ်၊ ဒီနေ့ နောက်ဆုံး နေ့ဟ''

''အေးလေ ...နင့်သဘောပါပဲ''

အလျှော့ပေးတာလား ...

ငေါ့တာလားတော့ ...မသိ။

ထိုနေ့က သက်ခိုင် အလုပ်လျှောက် ဖြစ်သည်။ အဆင်လည်း ပြေလောက်သည်။

မနက်ဖြန် အင်တာဗျူး လာဖြေပါဟု ဆိုသည်။

အပြန်လမ်းမှာ သက်ခိုင်က ...

''တွေ့ လား ဆူဇီ ...ငါ နင်နဲ့လိုက်ခဲ့ရင် ဒီအလုပ်နဲ့လွဲသွား မှာ ၊ ခု အလုပ်က ရဖို့သေချာလောက်တယ်''

''အေးပါဟာ ...နင့်အတွက် ဝမ်းသာပါတယ်''

ဆူဇီက ခပ်အေးအေးပဲ ပြောခဲ့သည်။ ထိုစကား၏ အတိမ် အနက်ကို နောက်နေ့ကျမှ သိရလေသည်။

နောက်နေ့ အင်တာဗျူး သွားဖြေတော့ ဆူဇီလိုက်လာသည်။ အင်တာဗျူး ဖြေမည့် လူများ ကို ဝေ့ကြည့်ပြီး ...

''သက်ခိုင် ...နင့်အလှည့်က တော် တော် စောင့်ရမှာ ၊ ငါတို့ တစ်ခုခုသွားစားရအောင်''

အလုပ်အတွက်စိတ်စောနေသော သက်ခိုင်က ...

''ပြီးမှ စားမယ်လေဟာ၊ လျှောက်လွှာက နံပါတ်စဉ်အတိုင်း ခေါ်မှာ ဟ ...တော် ကြာ ကျော်သွားရင် ပြန်ဖြေလို့ရမှာ မဟုတ်တော့ ဘူး''

''သိပါတယ်၊ ဒါပေမဲ့ နင်ကြည့်လေ ...နင့်ရှေ့မှာ ငါး ယောက် လောက် ရှိသေးတယ်၊ တစ်ယောက် ကို ဆယ်မိနစ်နှုန်းပဲ ထား''

''ဆူဇီ ....တော် တော့၊ ငါ မသွားချင်ဘူး၊ နင့်ဟာနင်သွား စား ...ငါ ဆာလည်းမဆာဘူး''

''နင် တကယ်ပဲ ငါခေါ်တာမလိုက်ဘူးလား''

''အေး ...မလိုက်ဘူးဟာ''

ဆူဇီက တစ်ချက်စိုက်ကြည့်သည်။ ပြီး ချာခနဲလှည့်ကာ ...

''ပြီးရော ...ငါ့ဟာငါ သွားစားတော့မယ်''

ခုမှပဲ သက်ခိုင် သက်ပြင်းကျရတော့သည်။

သို့ သော် နာရီဝက်လောက်ကြာသည်အထိ ဆူဇီက ပြန်ပေါ် မလာချေ။

ခေါ်တုန်းကပဲ လိုက်သွားရင်အကောင်းသားဟု တွေးမိပြန် သည်။

ဘာ ဖြစ်လို့ကြာနေတာလဲဆိုပြီး ဆူဇီ့ကို စိတ်ပူမိသော်လည်း ကိုယ့်အလှည့်က ကြားမှာ တစ်ယောက် ပဲရှိတော့တာမို့ စိတ်ကိုဖြေ လျှော့ထားလိုက်သည်။

ထိုအချိန်မှာ ပဲ ...

သူ့အိတ်ထဲမှဖုန်းက ထမြည် လာတော့၏ ။

ဒီကြားထဲ ဟန်းဖုန်းကိုင်ပြီး အလုပ်လာလျှောက်ရလားဟု မကြည်ကြည့် ကြည့်နေသူတွေ က ရှိသေးသည်။

ကိုယ့်မှာ ကလည်း ကိုယ့်ဒုက္ခနှင့် ကိုယ်။

ဖုန်းဖွင့်ကိုင်လိုက်တော့ ဆူဇီ့အသံက အရေး တကြီးနိုင်လှ သည်။

''သက်ခိုင် ...နင် ဖြေပြီးသွားပြီလား၊ ဟာ ...ဘာပဲ ဖြစ် ဖြစ် ငါ့ဆီကို အခုလာခဲ့ဟာ၊ ငါ့အတွက် အသက်အန္တရာယ် ရှိတယ်''

ဗုဒ္ဓေါ ...။

သက်ခိုင် ထိတ်ခနဲ ဖြစ်သွား၏ ။

တစ်ချက်စဉ်းစားလိုက်ရင်း ...

''ဆူဇီ ...ငါ့ကို အာရုံလာနောက်နေတာမလား''

''ဟာ ...အရေး ထဲ ...မလာချင်လည်း နေဟာ၊ ငါ ငါးမိ နစ်အတွင်း တစ်ခုခု ဖြစ်သွားနိုင်တယ်နော်၊ ဒါပဲ ...နောက်မှ နောင် တမရနဲ့၊ ငါ လမ်းဒီဘက်ကဆိုင်မှာ စောင့်နေမယ်''

ဦးနှောက်ထဲမှာ တော် တော် အလုပ်ရှုပ်သွားသည်။

ဆူဇီ ဘာ ဖြစ်တာလဲ။

အခု လာခဲ့ ...၊

အသက်အန္တရာယ် ...၊

တစ်မိနစ်အတွင်း ...၊

မလာချင်လည်း နေ ...၊

နောင်တမရနဲ့ ...။

သက်ခိုင် မစဉ်းစားနိုင်တော့။

ဆူဇီများ အရင်လို နှာခေါင်း သွေးတွေ လျှံပြီး ...

ဘုရား ...ဘုရား ...။

ဝရုန်းသုန်းကား ပြေးထွက်သွားလိုက်သည်။

ဟိုရောက်တော့ ဆူဇီက ကျန်းမာပကတိ။ ရှေ့မှာ ချထားသော မုန့်ဟင်းခါးပန်းကန်ကို ပြပြီး ...

''ငါ ညကပဲ ဝမ်းနည်းနည်း လျောနေတယ် သက်ခိုင်ရ၊ ခု ဒီမုန့်ဟင်းခါးကို စားရင်ကောင်းမလား၊ အရမ်းလည်း စားချင်နေတယ်၊ ဒါပေမဲ့ ခုတလော ဝမ်း ရောဂါ တွေ အ ဖြစ်များ ကြတယ်လေ၊ ငါလည်း ကြောက်တယ်၊ စားလည်း စားချင်နေပြီ၊ အဲဒါ ဘယ်လိုလုပ်ရမလဲလို့ နင့်ကိုလှမ်းခေါ်လိုက်တာ''

''ဟာ ...ဆူဇီရာ ...နင် ...နင်''

ဒေါသက ဘယ်အနားက ထွက်ရမှန်းမသိ ဖြစ်သွားသည်။ ဒါကိုပင် ဆူဇီက မသိသလိုနှင့် ...

''ငါ စားလိုက်ရမလားဟင်''

ဟူ၍ လုပ်နေသေးသည်။

ဒါ တမင်လုပ်တာ သေချာသည်။

သက်ခိုင်လည်း စိတ်ပေါက်ပေါက်ဖြင့် ...

''အေး ...စားလိုက်၊ ဖြစ်လာရင်လည်း ပြောင်းဖူးရိုးသာ ဆို့ထားလိုက်တော့''

ဒရောသော ပါးနှင့် အင်တာဗျူး ဖြေဖို့ ပြန်ပြေးသွားလိုက်သည်။ ထင်တဲ့အတိုင်းပါပဲ ...ဟိုပြန်ရောက်တော့ ကိုယ့်အလှည့်က ကျော် သွားပြီ။

သက်ခိုင် ရူးချင်ချင် ဖြစ်သွား၏ ။

''ပြန်တွေးမိတော့လည်း ရယ်ချင်တယ်ကွာ၊ ဒါပေမဲ့ ငါ တစ်ခု သိလိုက်ရတာ က ...သူခေါ်လို့ မလိုက်လာရင် မကြိုက်ဘူး၊ ရတဲ့နည်း နဲ့ ဖြစ်အောင်ခေါ်တာပဲ ဆိုတာကိုပဲ''

သူ့စကားအဆုံးမှာ ...

ဝင်းမိုးက အောင်စိုးကို ခေါင်းညိတ်ပြသည်။

ပြီး သက်ခိုင်ကိုကြည့်ကာ ...

''မနက်အစောကြီး မင်းအိမ်ကိုလာတဲ့အကြောင်းလေးလည်း ပြောပြလိုက်ပါဦး''

*


Cover

အဲ့ဒီညက ...

ဝင်းမိုး အိမ်မှာ လာအိပ်သဖြင့် အခွေတွေ ထိုင်ကြည့် ဖြစ်သည်။ ညဥ့်နက်မှ အိပ်ရာဝင် ဖြစ်ကြ၏ ။

မနက်စောစော အိပ်ကောင်းနေစဉ်မှာ ပဲ ဖုန်းကထမြည် သဖြင့် သက်ခိုင် လန့်နိုးသွားရသည်။ စိတ်တိုလိုက်တာလည်း မပြောပါနှင့် တော့။

ဒီအချိန်ကြီး ဘယ်သူဆက်တာလဲ။

ဟိုဘက်မှခေါ်သည့်ဖုန်းနံပါတ်ကို ကြည့်လိုက်သည်။

ဆူဇီ ...

တောက် ...!

အရင်တစ်ပတ်ကလည်း အင်တာဗျူး ကိစ္စကြောင့် ရန် ဖြစ်ပြီး မတွေ့  ဖြစ်ကြချေ။

နောက် ဘယ်တော့မှ မတွေ့ ဘူး ...ဟု ဒင်းကပဲ ပြောခဲ့ သည်။

သက်ခိုင်လည်း စိတ်တိုတိုနှင့် မဆက်သွယ်ဘဲ နေ ဖြစ်သည်။ ကိုယ့်အမှားမှ မဟုတ်သည်ဘဲ။

ခုတော့ ...နောက်မတွေ့ တော့ဘူးဆိုသည့် သူကပဲ ဆက် သွယ်လာသည်။

ဖုန်းဆက်တော့လည်း သူများ အိပ်ကောင်းနေသည့် မနက် အစောကြီးမှာ ။

သက်ခိုင် ဒေါပွသွားရသည်။

''ဆူဇီ ...ဘာလဲဟာ ...စောစောစီးစီး''

''အဟဲ ...သက်ခိုင် ...နင် စိတ်ဆိုးပြေသွားပြီလား''

''အေး ...ပြေနေပြီ၊ ဒါပေမဲ့ ခုမှ ပြန်စိတ်ဆိုးသွားတာ၊ သူများ အိပ်ကောင်းနေတဲ့ အချိန်ကြီးကို''

''မဆိုးပါနဲ့ဟယ် ...ငါ အဲဒါလေးသိချင်လို့ပါ''

''ဟာ ဆူဇီရာ ...အဲဒါများ ဒီအချိန်ကြီး ဖုန်းဆက်ရသ လား''

''အကြောင်းရှိလို့ပေါ့သက်ခိုင်ရာ ...နင် စိတ်ဆိုးပြေရင် လာခဲ့ပါလား''

''ဘယ်ကိုလဲ ...ဟာ ...မလာချင်ဘူး ...ငါ အိပ်ဦးမှာ ''

''လာခဲ့ပါဟ ...ငါ နင်တို့တိုက်ခန်းအောက် ရောက်နေပြီ''

''ဟင်''

အိပ်ချင်မူးတူးနှင့် ဝရန်တာပြေးထွက်ကြည့်လိုက်သည်။

အသေအချာပါပဲ။

မရွှေဆူဇီက လက်လှမ်းပြနေသည်။

သက်ခိုင် အတော် အံ့သြသွားရသည်။ စိတ်ထဲမှာ လည်း ကြည် ကြည်နူးနူးလေး ဖြစ်သွားရ၏ ။

ကြည့်ရင်း ဖုန်းနှင့် လှမ်းပြောသည်။

''အပေါ်ကို တက်လာခဲ့လေဟာ ...ငါ့အိမ်ကို နင် မရောက် ဖူးသေးဘူးမဟုတ်လား''

''အာ ...မလာချင်ပါဘူး ...ယောက်ျားလေး တစ်ယောက် တည်းနေတဲ့အခန်းကို''

အရေး ထဲ ဒင်းက ကြောက်နေသေးသည်။ သက်ခိုင်က ...

''လာပါဟ ...ငါ ကိုက်မစားပါဘူး၊ ငါ့သူငယ်ချင်းတစ် ယောက် လည်း ရှိတယ်''

''အဲဒါဆို ပိုကြောက်တယ်''

စကားအဆုံးမှာ ဆူဇီက ရယ်နေသေးသည်။

ပြီး ...

''ကဲပါ သက်ခိုင်ရာ ...မျက်နှာသစ်ပြီး ဆင်းခဲ့တော့''

''အေး''ဟု ပြောရန်ပြင်ပြီးမှ သင်းကလေးကို ပညာပေးချင် လာ၍ ...

''ဆူဇီ ...ငါ နင်နဲ့လိုက်ခဲ့မယ်၊ ဒါပေမဲ့ ငါ့အခန်းထိ နင် လာခေါ်မှ လိုက်မယ်''

''သက်ခိုင် ...လာဆိုလာနော်၊ နင် မရစ် ...''

သက်ခိုင် ဖုန်းချပစ်လိုက်သည်။ ပါဝါပါ ပိတ်ထားလိုက်၏ ။ ဆူဇီ ဘာလုပ်မလဲဆိုပြီး ကြည့်နေလိုက်သည်။

ဆူဇီ သူ့ဖုန်းကို ထပ်နှိပ်နေသည်။

မရ၍ ပြန်မော့ကြည့်၏ ။

သက်ခိုင်က ပြောင်စပ်စပ်လုပ်ကာ အပေါ်မှ လက်နှင့် အမူ အရာလုပ်ပြီး လှမ်းခေါ်လိုက်သည်။

ကဲ ဆူဇီ ...

နင် ဘာတတ်နိုင်သေးလဲ။

နင်လုပ်ထားတဲ့အပြစ်အတွက် ဒီလောက်တော့ ပြန်ပေးရ လိမ့်မယ် ...ဟဲ ဟဲ။

ထိုသို့ တွေးရင်း အခန်းထဲ ပြန်ဝင်ထိုင်နေလိုက်သည်။

မကြာခင်ရောက်လာမည့်  တံခါးဘဲလ်တီးသံကိုလည်း နားစွင့် နေလိုက်၏ ။

မကြာပါ ...။

သက်ခိုင် နားနှင့် ဆတ်ဆတ် ကြားလိုက်ရပါသည်။ တံခါး ခေါက်သံတော့ မဟုတ်။ ကျက်သရေမင်္ဂလာရှိလှစွာ သော ဆူဇီ၏ အသံပြဲကြီး။

''သက်ခိုင်ရေ ...လာပါဟာ ...အောက်ကိုဆင်းခဲ့ပါ၊ ငါ့ အမှားတွေ အတွက် တောင်းပန်ပါတယ်''

ဗုဒ္ဓေါ ...။

ငိုသံကြီးနှင့် အောက်မှ အော်ဟစ်ပြောဆိုနေခြင်း ဖြစ်သည်။

အိပ်နေသော ဝင်းမိုးပင် ငုတ်တုတ်ထထိုင်လျက်သား ဖြစ် သွားရင်း ...

''ဟေ့ကောင် ...ဘာလဲ ဘာလဲ''

''ဟာ ...ဘာမှမဟုတ်ပါဘူး''

ထိုစဉ်မှာ ပဲ ...

''သက်ခိုင်ရေ ...ငါ့ကို တစ်ယောက် တည်း ထားခဲ့တော့မှာ လား၊ ဆင်းခဲ့ပါဟာ ...နင်မရှိရင် ငါမနေတတ်လို့ပါ ...အဟီး''

ဆူဇီ ငိုကြီးချက်မနှင့် ရင်ဘတ်စည်တီးနေပြီ။

ဝင်းမိုး မျက်လုံးပြူးမျက်ဆန်ပြူးနှင့် ...

''ဘာမဟုတ်ရမှာ လဲ ...မင်းနာမည် ခေါ်ပြီး ငိုနေတာ''

စကားတောင်မဆုံးသေး။ အောက်မှအသံက ...

''သက်ခိုင် ...နင် တကယ်ပဲ မလာတော့ဘူးလား၊ ငါ့ကို တကယ်ပဲ ...''

ဘာလုပ်ရမှန်းမသိဘဲ ဝရန်တာ ပြေးထွက်ကြည့်မိသည်။

သူ ဆင်းမလာမချင်း အော်ခေါ်နေမည့် ပုံပေါက်သော ဆူဇီ အပြင် နောက် ထပ်တွေ့ လိုက်ရသည်က ...

တခြားတိုက်ခန်းဝရန်တာမှလူများ ဆူဇီ့ကို ထွက်ကြည့်နေ ကြသည်။

စောစောစီးစီး ဘယ်လိုထင်ကြမည် မသိ။

ဆူဇီ ကတော့ ဂရုတောင်မစိုက်ချေ။ ဘော်လွန်းပင် မြှင့်လိုက် သေး၏ ။

''သက်ခိုင် ...နင် လာမှာ လား, မလာဘူးလား''

ပတ်ဝန်းကျင် ကတော့ ကံဆိုးသူမောင်ရှင်ကို ဘယ်ကောင်လဲ ဟူ၍ စောင့်ကြည့်နေကြပြီ။

သက်ခိုင်လည်း အူယားဖားယားနှင့် မျက်နှာပြေးသစ်ရတော့ ၏ ။

ဆူဇီ ကတော့ အော်နေဆဲ၊ ခေါ်နေဆဲ။

''သက်ခိုင် ...ငါ တစ်ကနေ နှစ် ဆယ်အထိ ရေမယ်နော်၊ မလာရင်တော့ ငါ လမ်းပေါ်မှာ လူးလိမ့်နေလိုက်မှာ ၊ ကဲ ...စပြီ ...တစ် ...နှစ် ...သုံး''

မျက်နှာသစ်ပြီး တွေ့ ရာအဝတ်အစား ကောက်လဲလိုက်ရ၏ ။

''ကိုး ...တစ်ဆယ်''

အရူးမီးဝိုင်းသလို ဖြစ်နေသော သူ့ကို ဝင်းမိုးက မျက်လုံးကြီး ပြူးကာ လိုက်ကြည့်နေသည်။ တံခါးကိုပြေးဖွင့်ရင်း လှည့်ပင် မကြည့် နိုင်တော့ဘဲ ...

''ဝင်းမိုး ...မင်းသွားရင် သော့ ခတ်ပြီးယူသွားလိုက်တော့''

ထိုမျှလောက်ပဲ ပြောနိုင်တော့သည်။

ဝရုန်းသုန်းကား ပြေးဆင်းပြီး တိုက်ခန်းအောက်ရောက်ချိန်မှာ တော့ ...

''ဆယ့်ကိုး ...နှစ် ဆယ် ...အဟဲ သက်ခိုင် ...နင် လိမ္မာတယ်''

ဆူဇီက ပြောင်စပ်စပ်လေးလုပ်ကာ လှမ်းပြောသည်။ ခုနက အော်ပြောနေသော အသံနှင့် တော့ တခြားစီ။ သက်ခိုင်က ဆူဇီ့လက် ကို ပြေးဆွဲရင်း ...

''လာ လာ ...သွားမယ် ...လူတွေ ဝိုင်းကြည့်နေကြပြီ''

''ဘာ ဖြစ်တာလဲဟ ...ငါတောင် မရှက်ဘူး၊ အဓိက,က နင်ရောက်လာဖို့ပဲလေ''

ဘယ်လိုဟာမလေးမှန်းကို မသိတော့ချေ။ ခပ်လှမ်းလှမ်း ရောက်မှ လေပူကြီးကို မှု တ်ထုတ်ပစ်ရသည်။

ဆူဇီက ...

''သက်ခိုင် ...ငါ့လက်ကို လွှတ်ဦးလေ ...နင်နော် ပိုင်စိုးပိုင် နင်းနဲ့''

သက်ခိုင် တစ်ချက်တင်းသွားသည်။ လွှတ်မပေးဘဲ ခပ်တင်း တင်း ထပ်ကိုင်လိုက်ပြီးမှ ...

''မလွှတ်ဘူး ...နင်တောင် ငါ့ကို နင့်ရည်စားလိုပုံစံမျိုးနဲ့ အော်ခေါ်ပြီးတော့''

ဆူဇီ ရှက်သွား၏ ။ မျက်နှာကလေး ရဲသွားပြီး ...

''သက်ခိုင် လွှတ်ဟာ ...လွှတ်''

လက်ကို ဆောင့်ဆွဲသည်။

သက်ခိုင်ကလည်း မလွှတ်ပေးချေ။

''ရုန်းလေ ...ရအောင်ရုန်းကြည့်''

ဆူဇီက တစ်ချက်ပြန်ကြည့်သည်။ လက်ကိုမရုန်းတော့ဘဲ ပြုံးစစလုပ်ကာ ...

''အေး ...ငါ မရုန်းတော့ဘူး၊ ဒါပေမဲ့ နင် အလိုလို လွှတ် ပေးအောင် ငါလုပ်လို့ရတယ်''

စကားကိုဖြတ်ပြီး ချက်ချင်း ပင် အသံကို ဘော်လွန်းပြန်မြှင့် ကာ ...

''ကယ်ကြပါဦးရှင် ...ကျွန်မလက်ကို ဖရူး ..ဝူး ..''

လက်ကိုလွှတ်ပြီး ပါးစပ်ကို ကပျာကယာ ပြေးပိတ်ရတော့၏ ။ ဒီမနက်ပိုင်းလေးမှာ ပင် သက်ခိုင် တော် တော် လေး မျော့နေပြီ။

''တော် ပါတော့ ဆူဇီရယ် ...ငါ နင့်ကို အရှုံးပေးပါတယ်''

''ဒါဆိုလည်း ခေါ်ရင်လာ, ခိုင်းတာလုပ်, ခံမပြောနဲ့''

''အဲဒါ ချစ်ခွန်းချိုရဲ့ ခကွေးသုံးလုံးလမ်းစဉ်ပေါ့ ...ဟုတ် လား''

''အေး ...ဟုတ်တယ်''

ပြောရင်း ဆူဇီက ရယ်တော့သည်။

သက်ခိုင်လည်း မနေနိုင်တော့ဘဲ ဆူဇီ့ကိုကြည့်ရင်း လိုက်ရယ် မိတော့၏ ။

''အခု ဘယ်ကိုသွားမလို့လဲ''

''လာပါ ...နင့်ကိုငါ မနက်စာကျွေးမယ်''

ထိုသို့ ပြောပြီး ဆူဇီက ကားငှားလိုက်သည်။ မြို့ထဲရောက်တော့ စင်ထရယ်ဟိုတယ်အောက်က ဆိုင်မှာ မနက်စာ ရွှေတောင်ခေါက်ဆွဲ စားကြ၏ ။

စားရသည်မှာ လည်း ခပ်လန့်လန့်။ ပြီးလျှင် ဘာတွေ လုပ်ခိုင်း ဦးမည် မှန်း မသိသေးချေ။

စားသောက်ပြီးတော့ ဆူဇီက ...

''သက်ခိုင် ...နင် ငါ့အနားမှာ တစ်နာရီလောက် ငြိမ်ငြိမ် ကလေး နေပေးပါလား''

''နေပါတယ် ...အခုရော ငါက ဆူပူနေလို့လား''

''ဟုတ်ပါတယ် ...ဒီမှာ ပြောတာမဟုတ်ဘူး ...ငါ အခု သွားမယ့်နေရာမှာ ''

''ဟင် ...ဘယ်ကိုသွားဦးမှာ လဲဟ''

''မမေးနဲ့လေ ...ခေါ်ရင်လာနော်''

ထလိုက်ခဲ့ရပြန်သည်။

ဆူဇီသွားသော နေရာ ဗိုလ်ဆွန်ပက်လမ်းမှ ခရစ်ယာန်ဘုရား ကျောင်းသို့ ဖြစ်သည်။

သက်ခိုင်က အံ့သြဟန်ဖြင့် ...

''ဆူဇီ ...နင်က ခရစ်ယာန်လား''

ဆူဇီက ခေါင်းအသာညိတ်ပြသည်။

ဘုရားကျောင်းထဲ ဝင်လိုက်တော့ လူများ ဝတ်ပြုဆုတောင်း နေကြပြီ။

ဆူဇီ့ဘေးမှာ ပဲ အသာ ဝင်ထိုင်နေလိုက်၏ ။ ဆူဇီ ဘုရားဝတ် ပြုနေတာကို ကြည့်ရင်း စိတ်တွေ ကြည်လင်လာသလို သက်ခိုင်ခံစား လိုက်ရသည်။

ဝတ်ပြုဆုတောင်းသံများ ပြီး၍ နာပျော်ဖွယ် ခေါင်းလောင်းသံ များ ပင် ကြားနေရပြီ။

ဘုရားကျောင်းထဲမှ ပြန်ထွက်ခဲ့ကြ၏ ။ သူ့အနားမှာ တစ်နာရီ လောက် ငြိမ်ငြိမ်နေပေးပါလားဟုဆိုသော ဆူဇီ့စကားကို သက်ခိုင် သဘောပေါက်တော့၏ ။

ဆူဇီက ...

''နင် နောက်အလုပ်တစ်ခု မလျှောက်သေးဘူးလား''

''ဒီနေ့ တနင်္ဂနွေလေဟာ''

''သိပါတယ် ...ဆန်းဒေးမို့လို့ ဘုရားကျောင်း လာတက်တာ ပေါ့၊ နင့်ကိုပြောတာက လျှောက်ထားပြီလားလို့ မေးတာ''

သက်ခိုင်က စဉ်းစားရင်း ...

''အင်း ...လာမယ့်အပတ်ထဲတော့ လျှောက် ဖြစ်မှာ ပါ''

ဘယ်နေ့ဟု အတိကအကျမပြောဘဲ ထားလိုက်သည်။ ဆူဇီ က ပြောလို့ရသည် မဟုတ်။ အလုပ်လျှောက်တိုင်းလိုက် နှောင့်ယှက်နေ လျှင် ခက်မည် ။

သူ့အတွေး ရိပ်မိသွားသည်လား မသိချေ။ ဆူဇီက သက်ခိုင် ကိုကြည့်ကာ ...

''ဒီတစ်ခါ ငါ မနှောင့်ယှက်တော့ပါဘူးဟာ၊ နင် ကျောက်ပန်း ခက်ကုမ္ပဏီကို သိလား''

''ကြားတော့ကြားဖူးတယ်၊ ကုမ္ပဏီကြီးပဲ၊ ဒါပေမဲ့ အဲ့ဒီကုမ္ပဏီ ကတော့ ဝန်ထမ်းလိုတယ်ဆိုပြီး ကြော်ငြာနဲ့ခေါ်တာ မတွေ့ ဘူး''

''အေး ...ဟုတ်တယ်၊ သူတို့ဝန်ထမ်းတွေ ထဲကပဲ ဆက် စပ်ပြီးခေါ်တာလေ၊ အဲ့ဒီမှာ ငါ့အသိ တစ်ယောက် ရှိတယ်၊ အလုပ်လည်း ခေါ်ဖို့ရှိတယ်၊ နင် ဃဠ တွေ ဖြည့်ပြီးပေးထား၊ ငါ လျှောက်လွှာတင် ပေးမယ်''

သက်ခိုင်က မယုံသလို တစ်ချက်ကြည့်လိုက်သည်။

''တကယ်ပါဟ ...ဟိုအလုပ်တုန်းက ငါလုပ်တာကြောင့် နင်လန့်နေတာလား၊ နင့်အတွက် အလုပ်ဆိုတာ သေရေး ရှင်ရေး မဟုတ် သေးဘူးဆိုတာ ငါသိတယ်လေ''

''ဒါပေမဲ့ ရန်ကုန်မှာ ငါနေဖို့ဆိုတာက ...''

''ဟုတ်ပါတယ် ...နင်ပြောပြလို့ ငါသိပြီးပြီပဲ၊ နင့်အဖေ အမြင်မှာ အလုပ်တစ်ခုရှိနေစေချင်တာ မဟုတ်လား၊ ဒီတစ်ခါ နင့် အတွက် ငါ အလုပ်ရှာပေးမယ်''

သက်ခိုင် တွေ ဝေသွားရသည်။ ဆူဇီ့ကိုလည်း ဘယ်လို နား လည်ရမှန်းမသိ ဖြစ်သွား၏ ။

''ဘာလဲ ...နင်က နင်လုပ်ခဲ့တာကို ပြန်လျော်ပေးတာ လား''

''ထင်ချင်သလို ထင်ဟာ၊ ဒါပေမဲ့ အလုပ်သွားလျှောက်ရင် နင် ဖုန်းကြီးတကားကားနဲ့မသွားနဲ့နော်၊ တခြားလူကြီးတွေ မျက်စိစပါး မွေး စူးနေဦးမယ်''

သက်ခိုင်ကရယ်ရင်း ...

''ဒီခေတ်မှာ ငါ့လို လိုင်းကားတိုးစီးပြီး ဟန်းဖုန်းကိုင်တဲ့ လူတွေ အများ ကြီးပါဟာ၊ ဒါကလည်း ငါ့မိဘတွေ ဝယ်ပေးထားတာပါ၊ မနေ့ကတောင့် ငါ့အဖေ ဖုန်းဆက်သေးတယ်''

''ဘာတဲ့လဲ ...အလုပ်မရရင်လည်း ပြန်လာခဲ့တော့လို့ လား''

''အဲဒါထက် ဆိုးသေးတယ်၊ ပြန်လာရုံမကဘူး ...အိမ် ထောင်ချပေးပြီး သူ့ပွဲရုံလုပ်ငန်းကို လွှဲပေးမလို့တဲ့၊ သူတို့သဘောကျတဲ့ကောင်မလေး တွေ့ ထားပြီလို့ ပြောတာပဲ''

ဆူဇီက မျက်ခုံးနှစ် ဖက်ကို စုလိုက်သည်။

ပြီး ...

''အင်း ...ဒါဆိုရင်တော့ ငါ နင့်ကို အလုပ်မြန်မြန်ရှာပေးရ တော့မှာ ပဲ''

''ဘာလဲ ...ငါ မိန်းမရသွားမှာ စိုးရိမ်လို့လား''

အကွက်ဝင်လာသည်နှင့် သက်ခိုင်က စလိုက်သည်။

ဆူဇီက မျက်စောင်းတစ်ချက် ဝင့်ခနဲ ချီးမြှင့်လိုက်ရင်း ...

''သိပ်စိတ်ကူးမယဉ်နဲ့ သက်ခိုင် ...ငါ့အတ္တကြောင့် နင့်ကို အလုပ်ရစေချင်တာ''

''ဘာ ...ဘယ်လို''

''ဟုတ်တယ် ...အလုပ်ရမှ နင် ရန်ကုန်မှာ ရှိနေမှာ မဟုတ် လား၊ နင် ဒီမှာ ရှိမှ ဖြစ်မယ်လေ၊ ချစ်ခွန်းချိုရဲ့ ခကွေးသုံးလုံးလမ်းစဉ်ကို လိုက်နာနိုင်တဲ့သူဟာ နင် တစ်ယောက် ပဲရှိတယ် ...သိပြီလား''

''အင့်''

ခုမှပဲ သဘောပေါက်တော့သည်။ ကိုယ့်ဘဝကိုယ် နားလည် လိုက်ပါပြီ။

ခေါ်ရင်လာပြီး ခိုင်းတာလုပ်ပါ့မယ် ...ခံမပြောတော့ပါဘူး၊ ခွေးမလေးရယ်ဟု သက်ခိုင်တွေးနေမိတော့သည်။

မည် သို့ ပင် ဖြစ်စေ ...

လက်ရှိအနေအထားလေးကိုပဲ သူ သာယာနေမိတာက မမြင် နိုင်သော ခံစားမှု လေးကြောင့် ဖြစ်နိုင်ပါ၏ ။

သိပ်မကြာခင်မှာ ...

ထိုအနေအထားလေးရွေ့လျားစေနိုင်မည့်  လူ တစ်ယောက် ရှိကြောင်း သက်ခိုင် ယောင်လို့တောင်မတွေးမိသေး။

အဲ့ဒီ တစ်ယောက် ကတော့ ...။



ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ ချစ်သူဝှက်တဲ့ ခေတ်သစ်ဧဒင် ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အဆွေးရောင် မယ်လိုဒီ

ပင်လယ်ဝှက်တမ်း

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မနောက်ပါနဲ့