Cover

အဲဒီ ကိစ္စနဲ့ပတ်သက်ပြီးမနောက်ပါနဲ့

တစ်ခါက ရပ်ကွက်တစ်ခုထဲမှာ ဖြစ်ပါသည်။

♥ ♥ ♥


( ၁ )

မနက်ခင်းတစ်ခုမှာ ဖြစ်၏ ။

ရပ်ကွက်ထဲမှ လက်ဖက်ရည်ဆိုင်သည် ဘယ်အချိန်က အိပ်ရာ ထ,ခဲ့မှန်း မသိသော်လည်း မနက်ခင်း ရှစ်နာရီလောက်မှာ တော့ ဆူညံပွက် လောရိုက်နေလေပြီ။

စားသုံးသူတို့၏ မှာ ယူနေသံများ ၊ ဆိုင်ရှင် ကိုပုတုကြီးက သူ့ စားပွဲထိုးတွေ ကို လှမ်း၍ ငေါက်ငမ်းဆူပွက်ရေရွတ်သံများ ၊ ပြီး ...စားသုံး သူတချို့၏ မည် ကာမတ္တပြောဆိုနေသံများ စသည်ဖြင့် ပေါ့။

ဆိုင်နာမည် က ကိုပုတုကြီးနှင့် ညီများ ဟူ၍ ဖြစ်သည်။ မသိလျှင် ထိုနာမည် က ဝပ်ရှော့နာမည် လိုလို၊ ဘာလိုလိုပင် ဖြစ်နေသေး၏ ။ တကယ် တော့ ကိုပုတုကြီးနှင့် ညီများ ဆိုင်သည် လက်ဖက်ရည်ကို ဗန်းပြကာ တခြား စားသောက်ဖွယ်ရာများ အား အခကြေးငွေယူ၍ ရောင်းချသော လက်ဖက် ရည်ဆိုင်တစ်ဆိုင်သာ ဖြစ်၏ ။

လက်ဖက်ရည်ကို ဗန်းပြသည်ဟု ဆိုရတာ ကလည်း ရှေးလူကြီး တွေ သုံးနှုန်းသလို သုံးလိုက်ရခြင်းသာ ဖြစ်သည်။ လက်ဖက်ရည်တွေ အား ဗန်းထဲ၌ ထည့်၍ ပြသည်တော့ မဟုတ်တန်ရာ။

ထားတော့ ...။

ယခုလောလောဆယ်အချိန်မှာ တော့ ထိုလက်ဖက်ရည်ဆိုင်ထဲ၌ နန္ဒရောက်နေပါသည်။

သူ့အိမ်ကသူ လမ်းလျှောက်လာခြင်း ဖြစ်၏ ။ ဆိုင် ထဲ ဝေ့ကြည့်လိုက်တော့ အတူထိုင်နေကျ ဘော်ဒါတွေ ကို မတွေ့ ရသေး။ ဒင်းတို့ရောက်မလာသေးလည်း ဘာသောက်ဂရုစိုက်စရာရှိလဲဟု ညစ်ကျယ် ကျယ်တွေးကာ ဝိုင်းလွတ်တစ်ဝိုင်းတွင် ကိုယ့်ဖင်နှင့် ကိုယ်ထိုင်ရင်း ကိုယ့် ပါးစပ်နှင့် ကိုယ်ပဲ မှာ လိုက်၏ ။ မှာ တာမှ ဒီလုပ်ငန်းကြီးတစ်ခုလုံး၏ စီအီးအို (CEO) ဖြစ်သော ကိုပုတုကြီးဟု နာမည် တပ်ကာ တိတိကျကျမှာ လိုက်ခြင်း ဖြစ်သည်။

''ဗျို့ ကိုပုတုကြီး ...ကျွန်တော့် ကို ထုံးစံအတိုင်း တစ်ခွက်ပေး၊ စမူဆာပါချ''

နာမည် တပ်၍ အော်လိုက်သော ကြောင့် ကိုပုတုကြီး လှုပ်လှုပ်ရှား ရှား ဖြစ်သွားသည်။ ပြီး ...ကာစတန်မာကို အလေးထားရမည် ဟု တွေးမိ၍ လားမသိ ...နန္ဒမှာ လိုက်သည့် လက်ဖက်ရည်နှင့် စမူဆာအား ကိုယ်တိုင် လာချပေး၏ ။

ပြီး ...သူကပဲ ဈေးသည်အပြုံးနှင့် ...

''စောစောစီးစီးပါလား နန္ဒရ၊ ဟိုကောင်တွေ ရော''

စကားအဆုံးမှာ နန္ဒကလည်း အခကြေးငွေပေးကာ စားသောက် ရန်လာသော ဈေးဝယ်သူ၏ မျက်နှာပေးမျိုးဖြင့် ...

''ဘယ်သိမလဲဗျ၊ အဲဒီ ကောင်တွေ ကို လိုက်ကြည့်နေတာမှ မဟုတ် တာ၊ ပြီးတော့ ...ခင်ဗျားပြောသလို စောစောစီးစီးဆိုတော့ ကျွန်တော် က ခု ချက်ချင်း ထ,ပြန်ပြီး နေမြင့်မှ ပြန်လာရမှာ လား''

''ဟာ''

ကိုပုတုကြီး ဘာပြန်ပြောရမည် မှန်းမသိ ဖြစ်သွားပုံရသည်။ ဖော် ပြရခက်သော မျက်နှာဖြင့် လက်ဖက်ရည်တစ်ဖက်၊ စမူဆာတစ်ဖက် ကိုင်ကာ ရပ်နေသေးချိန်မှာ ပဲ နန္ဒက ဟီးခနဲရယ်လျက် -

''နောက်တာပါဗျာ၊ ကဲ ချ, ချ ...ကျွန်တော် လည်း ဗိုက်ဆာနေ ပြီ''

ဆောင့်ကြီး အောင့်ကြီးမဟုတ်သည့်တိုင် ဆောင့်လေး အောင့်လေး ပုံစံမျိုးဖြင့် လက်ဖက်ရည်ခွက်နှင့် စမူဆာပန်းကန်အား ခုံပေါ်တင်ပေးလိုက် ကာ -

''မင်းတို့ကောင်တွေ ကွာ ...ဘာကောင်တွေ မှန်းကို မသိဘူး''

ပြောပြီး လှည့်ထွက်သွားလေသည်။ ကိုယ် ဘာကောင်ဆိုတာကို တော့ နန္ဒလည်း တခုတ်တရ လှမ်းခေါ်၍ ရှင်းပြမနေတော့ပါ။ ဘွဲ့တစ်ခုရပြီး သကာလ အလုပ်မရှိသေးဘဲ မိဘအကူအညီဖြင့် ရပ်ကွက်ထဲတွင် နေထိုင် သော ဘာကောင်မှမဟုတ်သည့် နန္ဒသာ ဖြစ်သည်။

ထိုအချိန်မှာ ပဲ သူ့လို ဘာကောင်မှမဟုတ်သည့် နောက်ထပ် နှစ် ကောင် ဆိုင်ထဲသို့ ဝင်လာပါသည်။ ဒင်းတို့ကိုင်ဆောင်သော နိုင်ငံသား ကတ်ပြားထဲမှ နာမည် အရ ဝင်းဌေးနှင့် သက်စိုး ဖြစ်၏ ။ ထိုနှစ် ကောင် ဆိုင် ထဲဝင်လာပုံကိုကြည့်ကာ နန္ဒ မသိမသာ မျက်မှော င်ကြုတ်လိုက်မိသည်။ တစ်ကောင်ကိုတစ်ကောင်က ကျောပိုးကာ ကိုရီးယားစတိုင်ဖြင့် ဝင်လာခြင်း တော့ မဟုတ်ချေ။

သို့ သော် ဒင်းတို့ ဝင်လာပုံက ပုံမှန်အနေအထားလည်း မဟုတ်။ ထော့နဲ့ထော့နဲ့ ဖြစ်နေသော သက်စိုးအား ဝင်းဌေးက ဖေးမကာ တွဲခေါ်လာ ခြင်း ဖြစ်သည်။ ပြီး ...ဝင်းဌေးမျက်ခွက်ကြီးကလည်း ဝေဒနာတစ်ခုကို အပြင်းအထန် ခံစားနေရသလို ရှုံ့မဲ့လျက်။

ဆိုင်ထဲကို ဝေ့ကြည့်ပြီး နန္ဒကိုမြင်တော့ နှစ် ကောင်သား ပူးတွဲ ဝင်ရောက်လာကြသည်။ အနားရောက်တော့ နန္ဒကပဲ အရင်မေးလိုက်၏ ။

''ဟေ့ကောင် သက်စိုး ...ဘာ ဖြစ်လာတာလဲကွာ၊ မင်းပုံစံကြီးက''

သက်စိုးက ခုံမှာ အသာဝင်ထိုင်ရင်း တကျွတ်ကျွတ်ညည်းကာ-

''ဘာ ဖြစ်ရမှာ လဲကွ၊ ဟိုခွေးသူတောင်းစားပေါ့''

ထိုစကားကြောင့် နန္ဒက ဝင်းဌေးကို စွေကြည့်ကာ အူတူတူပုံစံ ဖြင့် ...

''ဟင် ...ဘယ်ခွေးသူတောင်းစားကို ပြောတာလဲ၊ ဝင်းဌေးကို လား''

''အာ''

မျက်နှာမအီမလည် ဖြစ်သွားရင်း ဝင်းဌေးက ရေရွတ်လိုက်သည်။ ပြီး နန္ဒကိုလည်း ...

''မင်းကွာ ...ငါ့ကို အဲဒီ လောက်တောင် ပြောရက်တယ် ဟုတ် လား''

''မသိဘူးလေကွာ၊ မင်းတို့က နှစ် ယောက် တည်း လာတာလေ၊ သက်စိုးက ဟိုခွေးသူတောင်းစားလို့ပြောတော့ မင်းကိုပဲ ရည်ညွှန်းတယ် ထင်တာပေါ့''

ထိုအခါမှ သက်စိုးက လက်ကာပြကာ မျက်နှာမဲ့ရှုံ့ရှုံ့နှင့် ပင် ...

''တော် ပါတော့ နန္ဒရာ၊ ဒီမှာ နာနေရတဲ့ကြားထဲ၊ ငါ ခုနက ခွေး သူတောင်းစားလို့ ပြောတာက ...''

''ဝင်းဌေးကို မဟုတ်ဘူးပေါ့''

''အေး ...ဟုတ်တယ်၊ ခွေးသူတောင်းစားဆိုတာ ဝင်းဌေးကို ပြောတာမဟုတ်ဘူး၊ တကယ့် ခွေးသူတောင်းစားကို ပြောတာ''

''ဟင် ...ဒါဆို တကယ့်ခွေးသူတောင်းစားက ဝင်းဌေးမဟုတ် ဘူးပေါ့''

ဝင်းဌေးမျက်နှာကြီးက သပြေသီးမှည့်သလို နီရဲလာတော့သည်။ နန္ဒကိုလည်း စောင်းငန်းငန်းကြည့်လျက် -

''နန္ဒ တော် ကွာ ...ဟိုကောင်ပြောတာကိုပဲ နားထောင်၊ ဘာမှဝင် မပြောနဲ့တော့''

ဝင်းဌေး ဒေါသပြူထွက်လာသည်ကို ရိပ်မိလိုက်သဖြင့် နန္ဒ ငြိမ် နေလိုက်သည်။

ထိုအခါမှ သက်စိုးက ...

''ဒီလိုကွာ ...ခုနက လက်ဖက်ရည်ဆိုင်လာမယ်ဆိုပြီး ငါနဲ့ဝင်းဌေး တို့ ရပ်ကွက်ထဲက ဖြတ်အလာမှာ ငါ ခွေးကိုက်ခံလိုက်ရလို့ကွ''

''ဟေ''

''အေး ...ဒီမှာ သာကြည့်တော့၊ နာလိုက်တာမှ အီဆိမ့်နေတာပဲ၊ အဲဒါကြောင့် ခွေးသူတောင်းစားလို့ ကျိန်ဆဲနေတာ''

ပြောရင်း သက်စိုးက ခြေသလုံးမွေး ကျိုးတိုးကျဲတဲ ဖြစ်နေသော နို့စည်ဘူးခွံခန့် သူ့ခြေသလုံးသားလေးကို အသာလှစ်ပြသည်။ ထိုသလုံးသား ပေါ်မှာ လည်း ခွေးသွားရာတွေ က သွေးစို့လျက်။

ကျွတ် ကျွတ် ...ဟု နန္ဒက ဟန်လုပ်ကာ စုတ်သပ်လိုက်ပြီးမှ...

''တော် သေးတာပေါ့ သက်စိုးရာ၊ မသေကောင်း မပျောက်ကောင်း''

''ဟာကွာ ...မင်းကလည်း ခွေးကိုက်ခံရတာ နဲ့ သေမလားကွ''

လတ်လတ်ဆတ်ဆတ် ခွေးကိုက်ခံထားရသော သက်စိုးက မကျေ မချမ်း ပြန်ပြောလာသည်။

နန္ဒက ...

''ဟေ့ကောင် ...ခွေးကိုက်ခံရတာ လေးပဲဆိုပြီး ပေါ့လို့မရဘူးကွ၊ ငါ ပြောပြမယ်''

စကားကိုရပ်ကာ ရေနွေးတစ်ငုံ ငုံလိုက်သေးသည်။ ပြီးမှ အသံကို ဘော်လွန်းထပ်မြှင့်လျက် ...

''မင်းတို့လည်း ဗဟုသုတလေး, ဘာလေးရအောင် မှတ်ထားပေါ့၊ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာပေါ်မှာ သားအိမ်ခေါင်း ကင်ဆာကြောင့် လေးမိနစ်တိုင်းမှာ အမျိုးသမီး တစ်ယောက် ကျ သေဆုံး နေကြတယ်ကွ''

''ဟာ ...အဲဒါ ငါနဲ့ ဘာဆိုင်လို့လဲ၊ ငါက ခွေးကိုက်ခံရတာ ပဲဟာ ကို၊ သားအိမ်ခေါင်းကင်ဆာ ဖြစ်နေတာမှ မဟုတ်တာ''

'' ရောဂါ လက္ခဏာက ဆင်တယ်လေ''

''ဟာ ...မ ဖြစ်နိုင်ပါဘူး၊ လုံးဝ မ ဖြစ်နိုင်ဘူး''

သက်စိုးက အကြောက်အကန် ငြင်းသည်။ သူ့မှာ သားအိမ်လည်း မရှိဘဲ အတင်းကြီး ငြင်းခြင်း ဖြစ်၏ ။

နန္ဒကပဲ ဆက်၍ ...

''ပြောတာကို နားထောင်ဦး၊ အိန္ဒိယနိုင်ငံက အမျိုးသမီးတွေ ဆို ရင်လည်း ဆယ်စက္ကန့်တိုင်းမှာ ကလေး တစ်ယောက် နှုန်း မွေးနေကြတယ်''

ထိုစကားကြောင့် ဘေးဝိုင်းမှ ကုလားမကြီးနှစ် ယောက် က ဝုန်းခနဲ လှမ်းကြည့်လာသည်။ နန္ဒက ဟီးခနဲ သွားဖြဲပြလိုက်ရင်း ခေါင်းကလေး လှုပ်ကာ,လှုပ်ကာလုပ်လျက် ပြန်ပြောလိုက်၏ ။

''အကားတို့ကို ပြောတာမဟုတ်ဘူးနော်၊ ဟိုး ...အိန္ဒိယက မိန်းမ တွေ ကို ပြောတာဗျ''

ကုလားမကြီးနှစ် ယောက် အနက်ရောင် မျက်စောင်းကိုယ်စီထိုးကာ ပြန်လှည့်သွားကြသည်။

ထိုအခါမှ နန္ဒက ...

''သက်စိုး ...ခု ငါဆက်ပြောမှာ က မင်းနဲ့ တိုက်ရိုက်သက်ဆိုင် လာပြီကွ၊ အဲ ...ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရပဲ ကမ္ဘာပေါ် မှာ ခွေးရူး ရောဂါ ကြောင့် ဆယ့်ငါးမိနစ်တိုင်းမှာ လူ တစ်ယောက် စီ သေဆုံး နေကြတယ်၊ တစ်နှစ် ပတ်လုံးဆိုရင် လူပေါင်း (၅၅,ဝဝဝ) တဲ့၊ ကဲ ...ခုပဲ ကြည့်၊ မင်းခွေးကိုက်ခံရတာ ဘယ်နှမိနစ်လောက်ရှိပြီလဲ''

''ဆယ်မိနစ်လောက်ပေါ့''

''အေး ...နောက်ထပ် ငါးမိနစ်ဆိုရင် မင်းလည်း မင်းရဲ့ သက်စိုး ဆိုတဲ့ နာမည် အတိုင်း သက်ဆိုးရှည်မှာ မဟုတ်တော့ဘူးလို့ ပြောချင်တာ''

''ဟင်''

သားအိမ်မရှိသော ၊ အိန္ဒိယနိုင်ငံသားမဟုတ်သော ၊ လတ်တလော ခွေးကိုက်ခံထားရသော သက်စိုး တစ်ယောက် မျက်လုံးလေး ကလယ် ကလယ် ဖြစ်သွားလေသည်။

ချက်ချင်း ပင် ဘေးမှ ဝင်းဌေးအား အားကိုးတကြီးကြည့်လျက်-

''ဝင်း ...ဝင်းဌေး ...ငါ့ကို ခုနက ကိုက်လိုက်တာ ခွေးကောင်း လား, ခွေးရူးလားဟင်''

ဝင်းဌေးကလည်း သူငယ်ချင်းကောင်းပီသစွာ အားမနာ လျှာမကျိုး ပြန်ဖြေလိုက်၏ ။

''ဟာ ...ဘယ်သိမလဲကွ၊ ငါက ခွေးသုတေသန လုပ်နေတာမှ မဟုတ်တာ၊ သွားမေးကြည့်ရင်တောင် အဲဒီ ခွေးက ပြန်ဖြေတတ်မှာ မဟုတ် ဘူး''

စကားအဆုံးမှာ ပဲ သက်စိုး တစ်ယောက် ဝုန်းခနဲ ထ,ရပ်လိုက် ကာ ...

''ဟာ မ ဖြစ်ဘူး ...ဒီအတိုင်းဆိုရင် ငါ့ကိုကိုက်တဲ့ခွေးကို သွား ကြည့်ဦးမှပဲ၊ ခွေးရူးရဲ့ လက္ခဏာတွေ ကို ငါ သိတယ်''

ပြောရင်း ပုဆိုးကိုပင် ခပ်တိုတို ပြင်ဝတ်လိုက်သေးသည်။

ထိုအချိန်မှာ ပဲ သူတို့၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်သော ဝဏ္ဏတစ် ယောက် အချိန်ကိုက်ဆိုက်သလို ရောက်ချလာပြီး ...

''ဟေ့ကောင်တွေ ...မင်းတို့ ဘာ ဖြစ်နေကြတာလဲ''

နန္ဒက သက်စိုးကို မေးငေါ့ကာ ...

''ဒီကောင်လေ ခုနက ရပ်ကွက်ထဲမှာ ခွေးကိုက်ခံရလို့တဲ့''

ထိုသို့ အစချီကာ ယခု သက်စိုး နေမထိ,ထိုင်မသာ ဖြစ်နေသည့် အနေအထားအထိ ရှင်းပြလိုက်သည်။ စကားအဆုံးမှာ ပဲ ဝဏ္ဏက သက်မ ကြီးကိုချကာ သက်စိုးအား ကြေကြေကွဲကွဲကြည့်ရင်း ပခုံးပါ အသာညှစ် လိုက်ပြီး-

''မသွားနဲ့တော့ သူငယ်ချင်း၊ ဇာတ်လမ်းက ပြီးသွားပြီကွ၊ မင်း နောက်ကျသွားပြီ''

ထိုစကားကြောင့် သက်စိုးလည်း အူကြောင်ကြောင် ဖြစ်သွားကာ-

''ဘာလဲ ဝဏ္ဏရာ ...ဘာဇာတ်လမ်းပြီးလို့ ငါက ဘာကိုနောက် ကျရမှာ လဲ''

ဝဏ္ဏက ...

''ခုနကပဲ ရပ်ကွက်ထဲမှာ ခွေးရူးရိုက်ပွဲ ဖြစ်လို့ ငါ လက်ဖက်ရည် ဆိုင်လာဖို့ နောက်ကျနေတာပေါ့ကွ၊ ရပ်ကွက်ထဲမှာ ရူးနေတဲ့ ခွေးရူးတွေ အကုန်သေကုန်ပြီ၊ ဒါနဲ့ မင်းကို ကိုက်တဲ့ခွေးက ဘာအရောင် လဲ ...''

''နီ ...နီညိုရောင် ''

''အေး ...ဒါဆိုရင်တော့ ပြီးရောပဲ၊ အဲဒီ နီညိုရောင် ခွေးရော, နောက်ထပ် နှစ် ကောင်ပါ ရူးနေကြတာကွ၊ သူတို့မသေခင်လေးမှာ မင်း အကိုက်ခံလိုက်တာပဲ''

''ဟာ''

သက်စိုးမျက်နှာက သွေးဆုတ်ဖြူရော်သွားသည်။ ပြီး ကြောင်စီစီ မျက်ဝန်းတွေ နှင့် ...

''ဒါ ...ဒါဆို ငါ ...ငါ ခွေးရူး ရောဂါ ဖြစ်, ဖြစ်တော့မှာ ပေါ့၊ ဘာ ...ဘာလုပ်ရမလဲဟင်''

စကားအဆုံးမှာ နန္ဒကလည်း သေခါနီး လူမမာကို အားပေးသော အသံဖြင့် ...

''အဲဒါကြောင့် မင်းကို ခုနက မသေကောင်း မပျောက်ကောင်း လို့ ပြောတာပေါ့ကွာ၊ ဒါပေမဲ့ ...အချိန်တော့ မီသေးတယ် သူငယ်ချင်း၊ ဒီတောင်ကိုတော့ မင်း ကျော်နိုင်မှာ ပါကွာ''

သက်စိုး မျက်ဝန်းထဲ မျက်ရည်တွေ ဝိုင်းတက်လာသည်။ သူငယ် ချင်းတွေ နှင့် လည်း မကြာမီ ခွဲခွာရတော့မည့် သူလို တစ်ယောက် ချင်း ဖျော့ တော့တော့ ကြည့်လိုက်၏ ။

ဝဏ္ဏက ...

''စိတ်ငြိမ်ငြိမ်ထား သူငယ်ချင်း၊ ခု ...မင်း အချိန်မီသေးတယ်၊ ချက်ချင်း ဆေးခန်းပြေးပြီး ခွေးရူးပြန် ရောဂါ ကာကွယ်ဆေး ထိုးလိုက်''

''အဲဒါဆို ဘာမှမ ဖြစ်တော့ဘူးလား''

''သြော် ...ဆေးထိုးမှတော့ ဘာ ဖြစ်တော့မှာ လဲ၊ ဒါပေမဲ့ ... အဲဒီ ဆေးက ချက်ကိုပတ်ပြီး ဆယ့်လေးလုံးထိုးရမှာ နော်၊ ဆေးဖိုးကလည်း မနည်းဘူး''

မျှော်လင့်ချက်ရောင် ခြည်သန်းလာသော မျက်နှာပေးဖြင့် သက်စိုး က ပုဆိုးကို ထပ်ကာပြင်ဝတ်လိုက်သည်။ ပြီး ...

''ဘာ ဖြစ် ဖြစ်ကွာ ... ရောဂါ မ ဖြစ်ဘူးဆိုရင်တော့ ဘယ်လောက် နာနာ, ဘယ်လောက်ကုန်ကုန် သွားထိုးရမှာ ပဲ၊ ဟာ ...ဒါနဲ့ ခုလောလော ဆယ် ငါ့မှာ ပိုက်ဆံ သိပ်များများ စားစား ပါမလာဘူးကွ၊ မင်း ...မင်းတို့''

စကားမဆုံးခင်မှာ ပဲ နန္ဒက လက်ကာပြ၍ ...

''ခဏလေး၊ ငါတို့လည်း လက်ဖက်ရည်ဆိုင် ထွက်လာတာဆို တော့ လက်ဖက်ရည်ဖိုးလောက်ပဲ ပါတာလေ၊ ဒီလိုလုပ် ...မင်း ဒီဆိုင်က ကိုပုတုကြီးဆီမှာ ခဏသွားချေးလိုက်၊ ပြီးရင် ...ဝင်းဌေးကိုခေါ်ပြီး ဆေး ခန်းသာ ကားငှားပြီးလစ်တော့''

''အေး ...ဟုတ်တယ်၊ မင်းပြောသလိုပဲ လုပ်ရတော့မှာ ပဲ''

ချက်ချင်း ဆိုသလို သက်စိုး တစ်ယောက် ကိုပုတုကြီးရှိရာ ကောင် တာသို့ ပြေးထွက်သွားသည်။ ပြီး ...ပိုက်ဆံအမြန်ချေးကာ ဝိုင်းဆီ အမြန် ပြန်ရောက်လာသည်။

ထိုအချိန်မှာ ပဲ နန္ဒနှင့် ဝဏ္ဏတို့က သူငယ်ချင်းပီသစွာ ဆိုင်အပြင် လမ်းမပေါ်ထွက်၍ ကားတားပေးနေလေပြီ။

ဈေးပင်မဆစ်ဘဲ ငှားလိုက်သော ကားပေါ်သို့ သက်စိုးနှင့် ဝင်းဌေး တို့ အမြန်တက်လိုက်ကြ၏ ။

ကားထွက်ခါနီး ဆဲဆဲမှာ ပဲ ကားထဲမှ သက်စိုးကိုကြည့်ကာ နန္ဒနှင့် ဝဏ္ဏတို့က ပြိုင်တူပြောလိုက်ကြသည်။

''ကံကောင်းပါစေ သူငယ်ချင်း''

ခပ်ယဲ့ယဲ့ ခေါင်းညိတ်ကာ သက်စိုးတို့ ကားပေါ်ပါသွားချိန်မှာ တော့ နန္ဒနှင့် ဝဏ္ဏတို့လည်း တစ်ယောက် ပခုံး တစ်ယောက် ဖက်ရင်း ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့ကြသည်။

ဆိုင်၏ အမှု ဆောင်အရာရှိချုပ် ထိုပုတုကြီး ကတော့ နန္ဒနှင့် ဝဏ္ဏ တို့နှစ် ယောက် အား ခေါင်းတဆတ်ဆတ်ညိတ်ကာ လှမ်းကြည့်နေပြန်၏ ။

♥ ♥ ♥


( ၂ )

ပြဿနာသည် ပြဿနာဟု အမည် မပေါက်ခင်တုန်းက ပြဿနာ မဟုတ်သေး။ သို့ သော် ပြဿနာကို ပြဿနာဟု လုံးလုံးနာမည် တပ်လိုက် ချိန်မှာ တော့ နန္ဒနှင့် ဝဏ္ဏတို့လည်း ပတ်ပြေးရလေပြီ။

ဖြစ်ပုံက သည်လို။

ခွေးရူးပြန် ရောဂါ ကာကွယ်ဆေးကို ဆယ့်လေးလုံးတိတိ ချက်မှာ ပတ်၍ နာကျင်စွာ အထိုးခံလိုက်ရသော သက်စိုးသည် တစ်နေ့မှာ တော့ သူ့ကိုကိုက်လိုက်သော ခွေးနှင့် ရပ်ကွက်ထဲမှာ ပဲ အရှင်လတ်လတ်မျက်နှာ ချင်းဆိုင် ပြန်ဆုံလေ၏ ။

မျက်နှာချင်းဆိုင် လမ်းမှာ တွေ့ တာ xxx ရှောင်လွှဲစရာလမ်းက ကျဉ်းမြောင်းလွန်ပြီလေ ...

ထိုသီချင်းအတိုင်း သက်စိုးနှင့် ထိုခွေး၊ ထိုခွေးနှင့် သက်စိုးတို့ ဒဲ့ ဆုံကြခြင်း ဖြစ်သည်။ မြင်မြင်ချင်းပင် သက်စိုးက သူ့ကိုကိုက်သွားသော မိတ်ဆွေဟောင်းကြီးအား ဒက်ခနဲ မှတ်မိလိုက်၏ ။ ခွေး ကတော့ သက်စိုး လောက် မှတ်Óာဏ်မကောင်းသည်မို့ မှတ်မိဟန်မတူချေ။

မည် သို့ ပင် ဖြစ်စေ ...

သက်စိုး ကတော့ သူ့ကို အသက်အန္တရာယ်အထိ ခြိမ်းခြောက်သွား သော ထိုခွေးကို အသည်းထဲစွဲနေအောင် မှတ်မိနေသည်။ ဒါကလည်း သဘာဝ ကျပါသည်။ သူက ခံခဲ့ရသူကိုး။

တွေ့ တွေ့ ချင်းပင် သက်စိုး ကြောင်သွားရပြီး ထိုခွေးကို သေသေ ချာချာ လေ့လာလိုက်၏ ။ ရူးနေသော လက္ခဏာမရှိ။ သေချာအောင် ပတ်ဝန်း ကျင်မှာ စုံစမ်းလိုက်သေးသည်။ ရင်ထဲမှာ နင့်ခနဲနေအောင် ထပ်သိလိုက်ရ သည်က သူ့ကိုကိုက်လိုက်သော ခွေးက မရူးသလို၊ တခြားသော ခွေးတွေ လည်း မရူးကြ။ ပြီး ...ထိုပတ်ဝန်းကျင်မှာ လည်း ဘယ်တုန်းကမှ ခွေးရူး ရိုက်သတ်ပွဲ မရှိခဲ့ပါတဲ့။

ကောင်းပြီ။ ဒါဆိုလျှင်တော့ အဖြေက လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေလေပြီ။ တနုံ့နုံ့တွေးရင်း သက်စိုး အသားတွေ တဆတ်ဆတ်တုန် လာရတော့၏ ။

ခွေးရူးပြန် ရောဂါ ရပြီဆိုသည့်စိတ်ချောက်ချားမှု ၊ ဆေးဆယ့်လေး လုံး ချက်မှာ ပတ်၍ ပယ်ပယ်နယ်နယ် အထိုးခံလိုက်ရသော နာကျင်မှု ။ ဒါ သည်ပင် မကသေး။ ပိုက်ဆံပါ သောက်သောက်လဲ ကုန်သွားသေးသည်။ တကယ်တော့ သူ ခွေးကောင်းအကိုက်ခံရသည်ကို နန္ဒနှင့် ဝဏ္ဏတို့ပေါင်းကာ မညှာမတာ ကျပ်သွားခြင်းပဲ မဟုတ်ပါလား။

ထိုသော အတွေးတွေ နှင့် ဒေါသစိတ် ငယ်ထိပ်ရောက်ကာ နှစ် တစ် လက်မ တုတ်ကိုင်ပြီး သက်စိုး ရပ်ကွက်ပတ်လေတော့၏ ။ အကြောင်းက တော့ နန္ဒနှင့် ဝဏ္ဏဆိုသည့် ငတိနှစ် ကောင်အား တွေ့ သည့်နေရာမှာ ခေါင်း ရိုက်ခွဲရန် ဖြစ်သည်။ တစ်သက်လုံးပေါင်းလာသည့် သူငယ်ချင်းဟုပင် မမြင်နိုင် တော့။ သည်းမခံနိုင်တော့။ ခွင့်မလွှတ်နိုင်တော့။

နန္ဒနှင့် ဝဏ္ဏတို့ကလည်း ထိုသတင်းကို ဘယ်ကဘယ်လို ကြား သွားသည်မသိ။ သက်စိုး ဓားကြိမ်းကြိမ်းကာ လိုက်ရှာသော သုံးရက်စလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်နေကြသည်။

နောက်ဆုံး မနေနိုင်၍ ဒင်းတို့တွေ အိမ်အထိ သွားစုံစမ်းကြည့်တော့ သူကောင်းသားနှစ် ကောင်က ချောင်းသာဆိုလား အပန်းဖြေခရီး ထွက်သွား ကြသည်တဲ့လေ။ တောက်ဍယ်၊ ဒီကောင် နှစ် ကောင် ခံရခက်လိုက်လေခြင်း။

ခုလည်း မကျေမချမ်းနိုင်သေးသော သက်စိုး တစ်ယောက် လက် ဖက်ရည်ဆိုင်ထဲမှာ တဖျစ်တောက်တောက် ပြောနေပါသည်။

''ဒီကောင်နှစ် ကောင်ကွာ ...သူငယ်ချင်းအချင်းချင်းကိုတောင်မှ လုပ်ရက်တယ်''

စကားအဆုံးမှာ ဝင်းဌေးက သနားသလိုလို၊ နှိမ်သလိုလို အကြည့် မျိုးကြည့်လျက် ...

''မင်းကလည်း ဖြစ်ကတည်းက စဉ်းစားဖို့ကောင်းတယ်၊ ဒီကောင် နှစ် ကောင် တက်ညီလက်ညီ ကျပ်တတ်တာကို သိလျက်သားနဲ့''

''ဟာ ...ဒီကောင်တွေ အစအနောက်သန်မှန်းတော့ သိတာပေါ့၊ ဒါပေမဲ့ ဒီလိုသေရေး ရှင်းရေး ကိစ္စနဲ့ ပတ်သက်ပြီး ကျပ်မယ်လို့မှမထင်မိတာ''

''လုပ်မနေနဲ့ ဟေ့ကောင်၊ နန္ဒနဲ့ဝဏ္ဏဆိုတာ ရပ်ကွက်ထဲမှာ လူ မျိုးဘာသာမရွေး ချွန်တွန်းလုပ်တတ်တာ တစ်ရပ်ကွက်လုံး သိတယ်''

သက်စိုး အနည်းငယ် တွေ ဝေသွားသည်။ တကယ်လည်း ဒီကောင် တွေ အကျင့်ကို သိလျက်နှင့် ခံလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုယ့် အပြစ်လည်း ပါတယ်ဟု စဉ်းစားမိ၏ ။

နေ့လယ်နေ့ခင်းမို့ လက်ဖက်ရည်ဆိုင်ထဲမှာ လူသူကျဲပါးနေပါသည်။ မွန်းလွဲနေပြောက်ကလည်း ဆိုင်အတွင်းဘက်၏ တစ်ဝက်လောက်အား ဖြန့် ကြက်နေရာယူထား၏ ။

ထိုစဉ် ဆိုင်ပိုင်ရှင် ကိုပုတုကြီးက သူတို့ဝိုင်းနားသို့ ရောက်လာကာ ထိုင်ချလိုက်ရင်း ...

''တကယ်တော့ ငါ အဲဒီ နေ့ကပဲ ဟိုနှစ် ကောင် မင်းကို ကျပ် ထည့်လိုက်ပြီလို့တော့ စဉ်းစားမိလိုက်သား၊ တကယ်မလွယ်တဲ့ နှစ် ကောင် ပါကွာ၊ ဘာလုပ်လုပ် နှစ် ကောင်သား တက်ညီလက်ညီပဲ''

ထောက်ခံသလို ခေါင်းညိတ်ရင်း ဝင်းဌေးက ...

''ဟုတ်တယ် ကိုပုတုကြီးရဲ့ ၊ ကျွန်တော် တို့လေးယောက် က သူ ငယ်ချင်းတွေ ဆိုပေမယ့် ကြီးမှပေါင်း ဖြစ်ကြတာ၊ သူတို့နှစ် ယောက် ကတော့ ငယ်သူငယ်ချင်းတွေ ဗျ၊ သူတို့အချင်းချင်းလည်း သံယောဇဉ်ကြီးတယ်''

''သိပါတယ်ကွာ၊ သူတို့နှစ် ယောက် က တစ်ယောက် ဖြစ်ရင် တစ် ယောက် ခံကြတာမှ မဟုတ်တာ၊ ညီအစ်ကိုအရင်းတွေ အလား ထင်ရတယ်''

ဟုတ်ပါသည်။ ကိုပုတုကြီး၏ စကားကို ဘယ်သူမှ မငြင်းမိကြ။ ထိုအချိန်မှာ ပဲ စာအုပ်တစ်အုပ်ကို လက်ကကိုင်ရင်း လူ တစ်ယောက် ဆိုင် ထဲဝင်လာပြန်သည်။ လှမ်းမြင်လိုက်သော ဝင်းဌေးက ကပျာကယာ လှမ်း ခေါ်လိုက်၏ ။

''ကိုချမ်းငြိမ်း ...ဒီကို လာထိုင်ပါလားဗျ၊ စကားလေး,ဘာလေး ပြောရင်းပေါ့''

ချမ်းငြိမ်းက တစ်ချက်လင်းလင်းဝင်းဝင်း ပြုံးကာ လျှောက်လာပြီး ဝင်ထိုင်လိုက်၏ ။ ကိုင်လာသော စာအုပ်ကို စားပွဲပေါ် အသာတင်ကာ လက် ဖက်ရည် အရင်မှာ လိုက်သည်။

ဝင်းဌေးက စာအုပ်ကိုကြည့်လိုက်ပြီးမှ အားနာသော အသွင်ဖြင့် -

''ကိုချမ်းငြိမ်းက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ရင်း စာအုပ်လာဖတ်တာ ထင်တယ်၊ စကားပြောဖို့ဆိုပြီး ခေါ်လိုက်တာ အား တောင်နာတယ်''

ချမ်းငြိမ်းက အေးအေးလူလူအသွင်နှင့် ပင် ...

''ရပါတယ်ကွာ၊ ငါလည်း ဖတ်လက်စ,စာအုပ်မို့လို့ ဘာရယ် မဟုတ်ဘဲ လက်က ကိုင်လာတာပါ၊ မင်းတို့နဲ့ဆုံတော့လည်း စကားပြော ရတာ ပေါ့''

ချမ်းငြိမ်းကလည်း သူတို့နှင့် တစ်ရပ်ကွက်တည်းသား ဖြစ်သည်။ အထူးသဖြင့် နန္ဒနှင့် ဝဏ္ဏတို့ နေထိုင်သော လမ်းမှာ ပဲ နေထိုင်ပြီး စာအုပ်နှင့် ဗီဒီယိုအခွေငှားဆိုင် ဖွင့်ထားသူ ဖြစ်သည်။

ဒီနေရာမှာ ဖြတ်ပြောရလျှင် ချမ်းငြိမ်းတို့မိသားစုက ချမ်းသာသည်။ ချမ်းငြိမ်းမှာ သွယ်သွယ်ဆိုသော ညီမ တစ်ယောက် လည်း ရှိသေး၏ ။

အေးအေးဆေးဆေးနေတတ်သော ချမ်းငြိမ်းက အပြင်အလုပ် မလုပ်ဘဲ ရပ်ကွက်ထဲမှာ ပင် စာအုပ်အငှားနှင့် အရောင်းဆိုင် တွဲဖွင့်ထား၏ ။ တန်ဖိုးရှိသော ရှားပါးစာအုပ်များ လည်း သူ့ဆိုင်မှာ စုံလှသည်မို့ ရပ်ကွက် ထဲမှ စာဖတ်ဝါသနာရှင်တွေ အတွက်တော့ ချမ်းငြိမ်း၏ ဆိုင်က ရတနာသိုက် ကြီးလို ဖြစ်နေသည်။ ချမ်းငြိမ်းကိုယ်တိုင်ကလည်း သူကိုယ်တိုင် စာဖတ် ဝါသနာပါသော ကြောင့် ထိုဆိုင်အား စီးပွားရေး အဓိကမထားဘဲ ဖွင့်ထား ခြင်း ဖြစ်၏ ။ စာအုပ်ဆိုင်နှင့် တွဲထားသော အခွေဆိုင် ကတော့ သူ့ညီမသွယ် သွယ် ထိုင်သည်။

နဂိုကတည်းကမှ နန္ဒတို့၊ ဝဏ္ဏတို့နှင့် တစ်လမ်းတည်းသားတွေ မို့ ဝင်းဌေးတို့နှင့် ပါ ခင်နေသည်။ ချမ်းငြိမ်းက သူတို့တွေ ထက် အသက်လေး ငါးနှစ် လောက် ကြီးပေမယ့်လည်း သူငယ်ချင်းတွေ လိုပဲ ပေါင်းသင်းဆက် ဆံသည်။ နောက်ပြီး ချမ်းငြိမ်းလို စာသမားနှင့် အပေါင်းအသင်း ဖြစ်ရသည် မှာ လည်း သူတို့အတွက် အကျိုးမယုတ်ချေ။ ချမ်းငြိမ်းဆီမှ သူတို့ မသိ,မမီ သော ဗဟုသုတတွေ က စကားပြော ဖြစ်တိုင်း အနည်းနဲ့အများ ရသည်ပဲ။

ခုလည်း လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီးမှ ချမ်းငြိမ်းက ဘူနေသော သက်စိုးကို ပြုံးတုံ့တုံ့ဖြင့် ကြည့်ကာ ...

''ဘယ်လိုလဲ သက်စိုးရ၊ ဘာလဲ ...မင်း ဟိုနှစ် ကောင်ကို စိတ် နာနေတာလား''

''ဒါ့အပြင် ဘာရှိရဦးမှာ လဲ ကိုချမ်းငြိမ်းရာ၊ အဲဒီ နှစ် ကောင်က တော် တော် လွန်တာဗျ''

သက်စိုးအပြောကြောင့် ချမ်းငြိမ်းက သက်စိုးပခုံးကို အသာပုတ်ကာ

''ငါလည်း မင်းတို့သတင်းတွေ ကြားပါတယ်ကွာ၊ သူတို့လွန်တာ လည်း အမှန်ပဲ၊ ဒါပေမဲ့ ...ခွေးကိုက်ခံထားရတဲ့ မင်းအတွက် ကာကွယ် ဆေးထိုးထားတာတော့ အကျိုးမယုတ်ပါဘူးကွ၊ ဒီအချိန်က ခွေးတွေ ရူးတဲ့ ရာသီမဟုတ်သေးဘူးလေ၊ တကယ်လို့ အဲဒီ ရာသီချိန်ရောက်ရင် မင်းကို ကိုက်တဲ့ခွေးက မရူးဘူးလို့ ဘယ်ပြောနိုင်မှာ လဲ၊ တကယ်လို့ အဲဒီ ခွေးက မတော် တဆ ရူးနေရင်တောင် မင်းအတွက် ကာကွယ်ပြီးသား ဖြစ်သွား တာပေါ့''

''ဟင် ...တကယ်လား ကိုချမ်းငြိမ်း''

''သြော် ...ငါက မင်းကို မဟုတ်ဘဲ ပြောပါ့မလား သက်စိုးရ''

ချမ်းငြိမ်းစကားကိုတော့ လက်ခံရမည် ပဲ။ ချမ်းငြိမ်းက မဟုတ် သည့်စကားမဆိုမှန်း သူ ယုံကြည်ထား၍ လည်း ဖြစ်၏ ။

ချမ်းငြိမ်းကပဲ ...

''ကဲပါကွာ ...သူငယ်ချင်းတွေ အချင်းချင်း စိတ်ဆိုးမနေပါနဲ့ တော့၊ ငါလည်း ဒီကောင်တွေ ကိုတွေ့ ရင် အဲဒီ လို မနောက်ဖို့ ပြောပြလိုက်ပါဦးမယ်''

အတန်ကြာအောင် စဉ်းစားပြီးမှ သက်စိုးက ခေါင်းခပ်လေးလေး ညိတ်ကာ ...

''တွေ့ ရင် ထပ်ပြောလိုက်ပါ ကိုချမ်းငြိမ်း၊ အဲဒီ နှစ် ကောင် ကျွန်တော့် ကို ကိုယ်တိုင်လာပြီးတောင်းပန်မှ ကျေနပ်မယ်လို့''

''အေးပါကွာ၊ ကဲ ...ခုတော့ စိတ်ကို လျှော့လိုက်တော့၊ ဟုတ် ပြီလား''

စကားအဆုံးမှာ ဝင်းဌေးကပါ ဝင်၍ ...

''ဟုတ်သားပဲကွာ၊ ဟိုနှစ် ကောင်မရှိတဲ့အချိန်မှာ မင်းက ပါ ဘူနေ တော့ ငါလည်း ပျင်းတယ်ကွ၊ အင်း ...မတွေ့ ပြန်တော့လည်း အဲဒီ လဒ နှစ် ကောင်ကို သတိတော့ အရသား''

ဖျောင်းဖျနေသည့်စကားတွေ ကြောင့် သက်စိုးစိတ်ထဲ အတော့် ကို ကြေလည်သွားသည်။ တစ်ဆက်တည်းပင် သူ့ကို ဒုက္ခပေးသွားသော ထိုနှစ် ကောင်အား အမှတ်မရှိ သတိရလိုက်သေး၏ ။

လက်ဖက်ရည်သောက်ပြီးချိန်မှာ တော့ ချမ်းငြိမ်းက သတိရဟန်ဖြင့်

''သြော် ...မင်းတို့နှစ် ယောက် ကို မှာ ခဲ့ဦးမယ်၊ သီတင်းကျွတ်ဖို့ က သိပ်မလိုတော့ဘူးမဟုတ်လား၊ သီတင်းကျွတ်မှာ မီးထွန်းပွဲလုပ်ဖို့အတွက် ဒီည ရပ်ကွက်ဓမ္မာရုံမှာ လူငယ်တွေ အစည်းအဝေးခေါ်ထားတယ်၊ မင်းတို့ လည်း လာခဲ့ကြဦး''

ပြောရလျှင် ရပ်ကွက်ထဲမှာ လည်း ချမ်းငြိမ်းက လူငယ်ခေါင်းဆောင် ဖြစ်သည်။ ခုလည်း ချမ်းငြိမ်းစကားကြောင့် နှစ် ကောင်သား တက်ညီလက် ညီ ခေါင်းညိတ်ပြလိုက်ရင်း ...

''စိတ်ချ ကိုချမ်းငြိမ်း ...ညကျရင် ဆက်ဆက်လာခဲ့မယ်''

သူ့လက်ဖက်ရည်ဖိုး သူရှင်းကာ ချမ်းငြိမ်း ပြန်သွား၏ ။ ထိုအခါမှ ဝင်းဌေးက ...

''သီတင်းကျွတ်တို့, တန်ဆောင်တိုင်တို့ဆိုမှ ဟိုနှစ် ကောင်ကို ပို သတိရလာတယ်ကွာ၊ ဒီကောင်တွေ ရှိမှ ပွဲပိုစည်တာကွ''

လွမ်းလွမ်းဆွေးဆွေး ပြောလိုက်သံကြောင့် သက်စိုးက သောက် ညင်ကတ်သွားကာ ဘုတောပစ်လိုက်သည်။

''မင်းကလည်း အ ဖြစ်သည်းနေလိုက်တာ၊ ပြန်လာမှာ ပေါ့ကွ၊ အဲဒီ နှစ် ကောင်က သေရွာသွားတာမှ မဟုတ်တာ''

ထိုစကားကြောင့် ဝင်းဌေးလည်း အောင့်သီးအောင့်သက် ဖြစ်သွား ပြီး ပြန်ကောပစ်လိုက်သည်။

''ဟုတ်ပါတယ်၊ ပြန်လာမှာ ပါ၊ တကယ်ဆို သေရွာသွားမလို့ ဖြစ် သွားတာက မင်းလေ၊ မဟုတ်ဘူးလား''

ဝင်းဌေးစကားအဆုံးမှာ သက်စိုးလည်း ခွေးကိုက်ခံထားရသည့် ဒဏ်ရာဟောင်းလေးကို အမှတ်တမဲ့ ပြန်စမ်းမိလိုက်သည်။ သြော် ... သူ့ဘဝက အမာရွတ်မြင်တိုင်း သတိရနေမည့်  ကေးဝဋ်ပုဏ္ဏားကဲ့သို့ ဖြစ်ခဲ့ ရပြီ မဟုတ်ပါလား။

♥ ♥ ♥


( ၃ )

အစည်းအဝေးရှိသည်ဆိုသော ကြောင့် ရပ်ကွက်ဓမ္မာရုံတွင် လူစည် ကားနေသည်။ ရပ်ကွက်ထဲမှ လူငယ်ကာလသားများ အပြင် ရပ်ကွက်ဥက္ကဋ္ဌ၊ လမ်းလူကြီးများ လည်း ရောက်ရှိနေကြ၏ ။

သို့ သော် ယခုကိစ္စက ပျော်ပွဲရွှင်ပွဲကိစ္စ ဖြစ်သဖြင့် လူငယ်ခေါင်း ဆောင် ချမ်းငြိမ်းကပင် ဦးဆောင်ကာ လူငယ်များ နှင့် ဆွေးနွေးတိုင်ပင်ရ ၏ ။ လူကြီးတွေ ကတော့ သူတို့မလာမ ဖြစ်ဟု တစ်ဖက်သတ်ကြီး ယူဆကာ လက်ဖက်ရည်လည်း သောက်ရင်း လာထိုင်နေကြခြင်း ဖြစ်သည်။

လိုအပ်တာတွေ ဆွေးနွေးတိုင်ပင်ပြီးချိန်မှာ တော့ ချမ်းငြိမ်းကပဲ ...

''ကဲ ...တိုင်ပင်စရာရှိတာတွေ တော့ တိုင်ပင်ပြီးပြီ၊ အရေး ကြီး တာက လူငယ်တွေ စည်းစည်းလုံးလုံးနဲ့ သီတင်းကျွတ်ပွဲကို အောင်အောင် မြင်မြင် ပြီးဆုံးဖို့ပါပဲ၊ သီတင်းကျွတ်ပြီးရင် တန်ဆောင်တိုင် ရှိသေးတယ် ဆိုတာကိုလည်း မမေ့ကြနဲ့ဦး''

''ဟုတ်ကဲ့ပါ''

လူငယ်တွေ က သံပြိုင်ဖြေပြီး လက်ခုပ်တီးလိုက်ကြသည်။ ဘာမှတော့ မဆိုင်ချေ။

ချမ်းငြိမ်း ပြောစရာတွေ ပြောပြီးသွားချိန်မှာ တော့ တစ်ခွန်းမှ မပြောရသေးသည့် ရပ်ကွက်ဥက္ကဋ္ဌ ဦးစိန်မောင်းက မတ်တတ်ထရပ်လိုက်ကာ အားလုံးကို ခြုံငုံကြည့်လျက် ...

''ကဲ ...ဒီနေ့ အစည်းအဝေးခေါ်ရတာ ကတော့ ဒီကိစ္စကြောင့် ပါ ပဲ''

''ဟာ ...အဲဒါကို အစောကြီးကတည်းက ကိုချမ်းငြိမ်း ပြောပြီး သားပဲလေ''

မတိုးမကျယ် ထွက်လာသော စကားသံကြောင့် ဦးစိန်မောင်းမျက်နှာ မည်းခနဲ ဖြစ်သွားသည်။ ခပ်အုပ်အုပ်ရယ်သံတွေ လည်း ထွက်လာကြ၏ ။ ဦးစိန်မောင်း တစ်ယောက် ဘာဆက်ပြောရမည် မှန်းမသိ ဖြစ်သွားရပြီးမှ မျက်နှာထားတင်းကာ ပြောမိပြောရာ ပြောချလိုက်သည်။

''ဒါဆိုရင်လည်း ...အစည်းအဝေးကို ဒီနေရာမှာ ပဲ ရုပ်, ရုပ် သိမ်း''

ဦးစိန်မောင်း စကားက မဆုံးလိုက်ချေ။ ထိုအချိန်မှာ ပဲ ...

''မရုပ်သိမ်းပါနဲ့ဦးခင်ဗျ၊ မရုပ်သိမ်းပါနဲ့ဦး''

ရုတ်တရက် ထွက်ပေါ်လာသော စကားသံကြောင့် အိုးတိုးအမ်းတမ်း ဖြစ်ကာ အသံထွက်ပေါ်လာသော နေရာသို့ ဦးစိန်မောင်း ကြည့်လိုက်သည်။

ငါလို ရပ်ကွက်ဥက္ကဋ္ဌက အစည်းအဝေးရုပ်သိမ်းမယ်ဆိုတာကို ဘယ်ကောင်က လာပြီး ကန့်ကွက်လဲပေါ့။ အာဏာဖီဆန်ရဲလဲပေါ့။ မချေ မငံပြောရဲလဲပေါ့။

ထိုသို့ သော အတွေးမျိုးနှင့် ကြည့်လိုက်ချိန်မှာ တော့ ဘယ်အချိန်က ဘယ်လိုရောက်နေမှန်းမသိသည့် နန္ဒနှင့် ဝဏ္ဏတို့ကို တွေ့ လိုက်ရလေသည်။

ခုမှ ပြောလို့ရပြီဆိုသော အတွေးနှင့် ဦးစိန်မောင်းက မျက်မှော င် ကြုတ်လိုက်ရင်း ...

''ဟေ့ကောင် နှစ် ကောင် ...မင်းတို့က ဘယ်က ဘယ်လိုရောက် လာတာလဲ''

ဝဏ္ဏက အူကြောင်ကြောင်ပြန်ကြည့်ပြီး ...

''ဟာ ...ဦးလေးစိန်မောင်းကလည်း ဓမ္မာရုံက ရပ်ကွက်ထဲမှာ ပဲ ဟာကို အိမ်ကနေ ခြေထောက်နဲ့ပဲ လျှောက်လာတာပေါ့''

''ဘာကွ''

ဦးစိန်မောင်း တင်းသွားသည်ကို ရိပ်မိလိုက်သော နန္ဒက ဝဏ္ဏကို ပေစောင်းစောင်းကြည့်ကာ ...

''မင်းကလည်းကွာ ...ဦးလေးစိန်မောင်း မေးတာက ငါတို့ ချောင်း သာကနေ ဘယ်လိုပြန်လာတာလဲဆိုတာကို ဖြစ်မှာ ပါ''

ပြောရင်း ဦးစိန်မောင်းကို ဟီးခနဲ ရယ်ပြလိုက်ပြီးမှ ...

''ကားနဲ့ပဲ ပြန်လာတာ ဦးလေးစိန်မောင်း၊ အဲဒါ ခုနကမှရောက် လို့ အစည်းအဝေးရှိတယ်ဆိုပြီး ပြေးလာတာ''

''ဟေ့ကောင် နှစ် ကောင်''

ဦးစိန်မောင်း တစ်ယောက် ဒေါသပြူထွက်ကာ အော်လေပြီ။ နန္ဒ နှင့် ဝဏ္ဏတို့ ကြောင်ကြည့်နေသည်ကလည်း ငါတို့ရပ်ကွက်ဥက္ကဋ္ဌကြီး ဘာ များ စိတ်ဆိုးသွားတာလဲဆိုသည့် အကြည့်မျိုး။

ဦးစိန်မောင်းကပဲ ...

''မင်းတို့နှစ် ကောင်ကို မေးတာက အစည်းအဝေးစတုန်းက မရှိဘဲ ခုမှ ဘယ်လိုရောက်လာတာလဲလို့ မေးတာကွ''

''ဟာ ...ဦးလေးစိန်မောင်းကလည်း အဲဒီ ကိစ္စကို ခုနကပဲ ပြော ပြီးပြီလေ၊ မေ့တတ်ရန်ကော ဦးလေးရယ်''

ရယ်သံတွေ စီခနဲထွက်လာကြပြန်၏ ။ ဦးစိန်မောင်းခမျာ တိုင်ပတ် နေတော့၏ ။ ဒီနှစ် ကောင် မလွယ်ဘူးဆိုတာကို အစောကြီးကပဲ သူသိထား ပါသည်။ ခုလည်း ...ကိုယ့်မေးခွန်းနှင့် ကိုယ် ချောင်ပိတ်မိသလို ဖြစ်သွား၏ ။ တစ်ချက် စဉ်းစားလိုက်ရင်း ဦးစိန်မောင်းက အာဏာပါသော စကားကို ဆိုလိုက်၏ ။

''ထားပါတော့ကွာ၊ ဒါနဲ့ နေစမ်းပါဦး ...မင်းတို့က ဘာ ဖြစ်လို့ အစည်းအဝေး မရုပ်သိမ်းပါနဲ့ဦးလို့ တားတာလဲ''

ဝဏ္ဏက အရင် ...

''သြော် ...လူငယ်တွေ အစည်းအဝေးဆိုတော့ ဘာတွေ များ ဆွေးနွေး ဖြစ်ကြလဲဆိုတာလေး သိချင်လို့ပါ၊ ဒါနဲ့ လူငယ်အစည်းအဝေးဆိုပြီး ဦးလေး တို့ လူကြီးတွေ ကရော ဘာ ဖြစ်လို့ ရောက်နေကြတာလဲ''

ဦးစိန်မောင်း ဘာမှပြန်မပြောနိုင်ခင် နန္ဒက ...

''မင်းကလည်းကွာ၊ လက်ဖက်ရည် လာသောက် ...အဲ ... လူကြီးတွေ ဆီကလည်း အကြံဥာဏ်တောင်းဖို့နေမှာ ပေါ့၊ လူကြီးဆိုတာက တစ်ချိန်တုန်းက လူငယ်ပဲလေ၊ ပြီးတော့ ...ငါတို့ကိစ္စက လူကြီးရှေ့မှာ ဆို ပိုမကောင်းဘူးလား''

''အေး ...ဟုတ်သားပဲ''

ထောက်ခံစကားပြောလိုက်ရင်း ဝဏ္ဏက ဦးစိန်မောင်းကိုကြည့်ကာ

''ဦးလေးစိန်မောင်းကို ကျွန်တော် တို့နှစ် ယောက် တင်ပြစရာလေး ရှိလို့ပါ''

ဦးစိန်မောင်း တွေ ခနဲ ဖြစ်သွားသည်။ ဒီကောင်တွေ ပုဆိုးလှန်ကာ တင်ပြမည် တော့ မဟုတ်မှန်း သိသဖြင့် ...

''အေးပြော ...ဘာကိစ္စလဲ''

''ဒီလိုပါ၊ ကျွန်တော် တို့နှစ် ယောက် က သူငယ်ချင်း တစ်ယောက် ဖြစ်တဲ့ သက်စိုးအပေါ် အကျီးစားသန်မိပါတယ်၊ အဲဒါ ...ဦးလေးရှေ့မှာ ပဲ အမှု ထားပြီး တောင်းပန်ချင်လို့ပါ''

ဒီကောင်တွေ ပြဿနာကို သိပြီးသား ဖြစ်သော ကြောင့် ဦးစိန်မောင်း က လူကြီးပီပီ ...

''ကောင်းတာပေါ့ကွာ၊ ဟိုကောင်သက်စိုး ဘယ်မှာ လဲ ... ရှေ့ ထွက်ခဲ့စမ်း''

ရပ်ကွက်ဥက္ကဋ္ဌ၏ အမိန့်ကို အဘယ်သော ရပ်ကွက်သားက လွန် ဆန်ဝံ့မည် နည်း။ သက်စိုး မျက်လုံးလေး ပေကလတ် ပေကလတ်လုပ်ကာ ရှေ့ထွက်လာသည်။

နန္ဒနှင့် ဝဏ္ဏတို့လည်း မျက်နှာသေလေးတွေ ဖြင့် ရှေ့ထွက်လာသော သက်စိုးအား မင်္ဂလာဆောင်လက်ဖွဲ့ကဲ့သို့ ထုတ်ထားသော ပါကင်ထုပ် တစ်ထုပ်ကို အရင်ပေးလိုက် သေး၏ ။ သက်စိုး ယောင်တောင်တောင်နှင့် လှမ်းယူပြီးချိန်မှာ ဝဏ္ဏက ...

''ငါတို့ စ,တာနောက်တာ လွန်သွားရင် ဆောရီးပါ သူငယ်ချင်း ရာ၊ တောင်းပန်ပါတယ်''

နန္ဒကလည်း ...

''ဟုတ်ပါတယ်ကွာ၊ မင်း အဲဒီ လောက် ဥာဏ်တိမ် ...အဲ အဲဒီ လောက် ဖြစ်သွားမယ်မှန်း မထင်လို့ပါ၊ ငါလည်း တောင်းပန်ပါတယ်ကွာ၊ ခုနက ပါဆယ်က မင်းအတွက် လက်ဆောင်ပါ၊ ချောင်းသာအမှတ်တရ ပေါ့''

ရပ်ကွက်ဥက္ကဋ္ဌနှင့် လူအများ ရှေ့မှာ ဖြစ်သည့်အပြင် လက်ဆောင် လည်း ရထားပြီမို့ သက်စိုးဟာ ခေါင်းညိတ်ပြရင်း ...

''ရပါတယ်ကွာ၊ သူငယ်ချင်းအချင်းချင်းပဲ၊ ငါလည်း သွေးပူတုန်းမို့ ဒေါသထွက်မိတာပါ''

သက်စိုးစကားဆုံးတော့ ဝဏ္ဏက နန္ဒကိုကြည့်ရင်း ...

''ဟေ့ကောင် ...သက်စိုးက ရပါတယ်တဲ့၊ ကဲ ...ထိုင်ကန်တော့ လိုက်ရအောင်ကွာ''

''အေး''

ပြောပြောဆိုဆို နှစ် ကောင်သား ဆတ်ခနဲ ပုဆစ်တုပ်ထိုင်ချလိုက် သဖြင့် သက်စိုး ပျာယာခတ်သွားပြီး ...

''ဟာ ...ဟေ့ကောင်တွေ အဲဒါ ဘာလုပ်တာလဲ၊ မင်းတို့ကွာ ...ခုထိ နောက်နေတုန်း''

အားလုံးရယ်ြ ကတော့မှ ဝဏ္ဏတို့လည်း ထိုင်ရာမှ ထလိုက်ကြ သည်။

ထိုအခါမှ ဦးစိန်မောင်းက အီလယ်လယ်မျက်နှာဖြင့် ...

''ကဲ ...ဟိုနှစ် ကောင် ခု အစည်းအဝေးကို ရုပ်သိမ်းလို့ ရပြီလား''

နန္ဒက ချက်ချင်း ပဲ ...

''ဟာ ...အဲဒါက ဦးလေးသဘောလေ၊ ဦးလေးက ဥက္ကဋ္ဌပဲ ဟာကို၊ ကျွန်တော် တို့ကို မေးစရာမလိုပါဘူး''

ဦးစိန်မောင်းခမျာ နင်ရသေးတော့၏ ။ ထိုသို့ နင်စပ်စပ်နှင့် ပင်...

''ကဲကွာ ...ဒါဆိုလည်း အစည်းအဝေးကို ရုပ်သိမ်းတယ်၊ ဒါပဲ''

ဒေါနှင့် မောနှင့် ပြောကာ ဦးစိန်မောင်း တစ်ယောက် ဥက္ကဋ္ဌခြေလှမ်း များ ဖြင့် ပြန်လည်ထွက်ခွာသွားတော့သည်။ ဦးစိန်မောင်း ခပ်လှမ်းလှမ်း ရောက်မှ လူအုပ်ကြီးလည်း မအောင့်နိုင်ဘဲ ရယ်ကြလေတော့၏ ။

ချမ်းငြိမ်းက နန္ဒတို့အနားလာကာ ...

''မင်းတို့ကောင်တွေ ကွာ လူကြီးကိုတော့ မနောက်ပါနဲ့''

ဝဏ္ဏက ...

''ဟုတ်ကဲ့ပါ ကိုချမ်းရာ၊ နောက်ဆို လူငယ်အချင်းချင်းပဲ နောက် ပါ့မယ်''

ထိုစကားကြောင့် သက်စိုးစိတ်ထဲ ထိတ်ခနဲ ဖြစ်သွားရသေးသည်။ သူက လတ်လတ်ဆတ်ဆတ် ခံထားရသူလေ။

ချမ်းငြိမ်းကပဲ ...

''ဟုတ်ပါပြီ၊ လူငယ်အချင်းချင်း နောက်တာလည်း အလွန်အကျွံ မ ဖြစ်ပါစေနဲ့လို့ မှာ နေတာပါ''

ဒီတစ်ခါတော့ အတည်ပြောမှန်းသိ၍ နှစ် ကောင်သား မျက်နှာပိုး သတ်လိုက်ကြပြီး ...

''ဟုတ်ကဲ့ပါ ကိုချမ်း၊ နောက်ဆို ကျွန်တော် တို့ ဆင်ခြင်ပါ့မယ်''

ချမ်းငြိမ်းက ပြုံးသည်။ ပြီး ...လူငယ်အားလုံးကို ဝေ့ကြည့်ကာ

''ကဲ ...အားလုံး ပြန်လို့ရပြီဟေ့၊ လိုအပ်ရင် နောက်မှ အစည်း အဝေးထပ်ခေါ်လိုက်မယ်''

အားလုံးတဖွဲဖွဲနှင့် ပြန်သွားကြလေပြီ။ သက်စိုးလည်း လက်ဆောင် ထုပ်ကလေးပိုက်ကာ အိမ်သို့ ပြန်ခဲ့၏ ။ လမ်းမှာ စဉ်းစားမိသေးသည်။ သြော် ...ဟိုနှစ် ကောင် ငါ့အတွက်ကျတော့ သိတတ်သားပဲဆိုပြီးတော့ပေါ့။

ထိုကြည်နူးစိတ်ကလေးနှင့် အိမ်ပြန်ရောက်ရောက်ချင်း လက် ဆောင်ထုပ်ကို ကမန်းကတန်း ဖွင့်ကြည့်လိုက်ပါသည်။

''ဟင်''

မျက်စိတွေ ပြာဝေသွားရ၏ ။ ထွက်ပေါ်လာသော ပစ္စည်းတွေ က ချောင်းသာပြန်လက်ဆောင်လားလားမှ မဟုတ်ပါချေ။ လက်ဆောင်ထုပ် ထဲမှာ ပါလာသည်မှာ ကား ...

ခွေးရုပ်စတေကာရိုက်ထားသော တီရှပ်တစ်ထည်၊ ခွေးရုပ်တံဆိပ် နှင့် ပဲ ရှော့ပင်တစ်ထည်၊ ပြီး ...ခွေးရုပ်ကီးချိန်းလေးတစ်ခုနှင့် ခွေးရုပ်ပုံပါ ယောက်ျားလေးကိုင် ပဝါတစ်ထည်တို့ပင် ဖြစ်လေသည်။

ထိုပစ္စည်းတွေ နှင့် အတူပါလာသော စာတစ်စောင်ထဲမှာ တော့ သူငယ်ချင်း အမြဲတမ်း အမှတ်ရနေစေဖို့တဲ့။

ထိုခဏမှာ ပဲ တက်ခေါက်သံတစ်ချက်သည် သက်စိုးအိမ်ထဲမှ လွင့်ပျံ ထွက်လာလေသည်။

♥ ♥ ♥


( ၄ )

နောက်နေ့ လက်ဖက်ရည်ဆိုင်မှာ ပြန်တွေ့ ချိန်အထိ သက်စိုးမျက်နှာ က သုန်မှု န်နေသေးသည်။ ဒါကိုပင် ဝင်းဌေးက အလိုက်ကမ်းဆိုးမသိစွာ မေးနေသေး၏ ။

''ဟေ့ကောင် ...မနေ့ညက ဒီကောင်တွေ မင်းကို ဘာလက် ဆောင် ပေးတာလဲ၊ ပြောစမ်းပါဦး''

နန္ဒနှင့် ဝဏ္ဏတို့က ပြုံးစိစိလုပ်နေကြ၏ ။ သက်စိုးက မှု န်တေတေ လုပ်ရင်း မဖြေသေးချေ။ ဝင်းဌေးကလည်း သိချင်စိတ်ဖြင့် တစာစာထပ် မေးပြန်၏ ။

''သက်စိုး ...ပြောလေကွာ၊ လက်ဆောင်က ဘာတွေ လဲလို့''

မဖြေမချင်း မေးနေမှာ ကို သိသော ကြောင့် သက်စိုးလည်း မဲ့ရွဲ့ ကာ ဖြေလိုက်တော့သည်။

''ဘာပစ္စည်းတွေ ဖြစ်ရမှာ လဲ၊ ခွေးကောင်တွေ ငါ့ကို ခွေးကျင့် ခွေးကြံ,ကြံပြီးမှ ခွေးတံဆိပ်ပါတဲ့ လက်ဆောင်တွေ ပဲ ပေးတာပေါ့ကွ''

ဝင်းဌေးက မျက်မှော င်ကြုတ်ရင်း ထပ်မေး၏ ။

''ဟေ ...ခွေးတံဆိပ်ဆိုတော့ ခွေးတံဆိပ်ခဲတံတွေ များ လား''

''ငါ့လခွီးမှပဲ ဝင်းဌေးရာ၊ ခွေးရုပ်ပါတဲ့ အဝတ်အစားအသုံးအဆောင် တွေ ကို ပြောတာကွ၊ ခွေးတံဆိပ်ခဲတံကိုတော့ မင်းဖင်ထဲသာ ထိုးထည့်တော့''

အားလုံးပဲ ရယ်ြ ကတော့သည်။ ထိုအခါမှ ဝဏ္ဏက ကိုပုတုကြီး ကောင်တာမှာ အပ်ထားသော ချောင်းသာပြန် တကယ့်လက်ဆောင်တွေ ကို ယူကာ နှစ် ကောင်စလုံးအား ပေးလိုက် ရင်း ...

''နောက်တာပါကွာ၊ မင်းတို့နှစ် ယောက် အတွက် ချောင်းသာက လက်ဆောင်တွေ ဝယ်လာပါတယ် ...ရော့ ရော့''

ထိုအခါမှ သက်စိုးလည်း စိတ်ပြေသွားတော့သည်။ ပြီး ... နန္ဒ နှင့် ဝဏ္ဏတို့က သူတို့နှစ် ယောက် ချောင်းသာမှာ ကဲခဲ့သည့်အကြောင်းကို သွားရည်ကျအောင် စားမြုံ့ပြန်ကာ ပြောပြနေသေး၏ ။

ဝင်းဌေးက သတိရဟန်ဖြင့် ...

''ဟေ့ကောင်တွေ ...မင်းတို့ ချောင်းသာမှာ ဇာတ်လမ်းလေး, ဘာလေး မ ဖြစ်ခဲ့ဘူးလား''

''ဟေ ...ဘာဇာတ်လမ်းတုန်းကွ''

ဝဏ္ဏအပြောကြောင့် ဝင်းဌေးကပဲ ...

''ဝေးလိုက်တာကွာ၊ ဟို ...ဗီဒီယိုရုပ်ရှင်တွေ ထဲမှာ လို ကောင်မ, လေးတွေ နဲ့ ပတ်သက်တဲ့ ဇာတ်လမ်းမျိုးလေ''

စကားအဆုံးမှာ နန္ဒက မျက်မှော င်တွန့်ရင်း ...

''ဘယ်ကလာကွာ၊ ငါတို့အကြောင်းလည်း မင်းသိသားနဲ့''

ဟုတ်ပါသည်။ ထိုနှစ် ကောင်က စ,နောက်၊ ကဲဖို့ကလွဲပြီး မိန်းမ ကိစ္စ သိပ်စိတ်ဝင်စားသူတွေ မဟုတ်ကြချေ။ ထိုသို့ ဆို၍ ဂျီပုံးတွေ များ လား ဆိုတော့လည်း မဟုတ်ပြန်။ စိတ်ဝင်စားတဲ့ ကောင်မလေး မတွေ့ သေးလို့ ဆိုသော အကြောင်းပြချက်ဖြင့် နှစ် ကောင်စလုံး ခုချိန်ထိ ရည်းစားမထား ကြသေးချေ။

ခုလည်း ဝင်းဌေးက ...

''မင်းတို့ကောင်တွေ ကွာ ...မင်းတို့ကြိုက်မယ့် ကောင်မ,လေးကို ဘယ်လိုစံနှုန်းတွေ နဲ့များ သတ်မှတ်ထားလို့လဲ''

စကားဆုံးတော့ နန္ဒက ...

''ဘယ်လိုမှမသတ်မှတ်ပါဘူးကွာ၊ ရင်ကို ဒိန်းခနဲ''

''ငါလည်း ဒီကောင့်လို ...ဟင်''

နှစ် ကောင်စလုံး၏ စကားတွေ က တိခနဲရပ်ကာ အကြည့်တွေ က လည်း တစ်ခုတည်းသော နေရာဆီသို့ ရောက်သွားကြသည်။ နှစ် ကောင်သား တဒင်္ဂ ငုတ်တုတ်မေ့သွားပုံကလည်း အထင်းသား။ ကြည်စင်လှပသော မျက်နှာစိမ်းကောင်မလေး တစ်ယောက် ကို အရှင်လတ်လတ် တွေ့ လိုက်ရ ခြင်းကြောင့် ဖြစ်လေ၏ ။ မျက်နှာစိမ်းဟုဆိုသဖြင့် မျက်နှာမှာ အစိမ်းရောင် မိတ်ကပ်တွေ လိမ်းထားတာမျိုးလည်း မဟုတ်ချေ။ ရပ်ကွက်ထဲမှာ တစ်ခါ သားမှ မမြင်ဖူးသေးသော ကောင်မ,လေးကြောင့် ဖြစ်သည်။

ထိုကောင်မ,လေးက လက်ဖက်ရည်ဆိုင်ထဲဝင်ကာ လက်ဖက်ရည် နှင့် အီကြာကွေး ဝယ်နေသည်။ အရက်မှ ဝယ်လို့မရသည်ကိုး။ ပြီး ... ဘယ်သူ့ကိုမှမကြည့်ဘဲ ဈေးခြင်းတောင်းကိုင်ထားသော အဒေါ်ကြီးတစ် ယောက် နှင့် အတူ နှစ် ယောက် သား ကျောပေးကာ ပြန်ထွက်သွားကြ၏ ။

မျက်စိတစ်ဆုံးလိုက်ကြည့်ပြီးမှ ဝဏ္ဏက ကြိတ်မနိုင်ခဲမရအသံဖြင့် ...

''မိုက်လိုက်တာကွာ၊ ရင်ထဲမှာ တောင် တစ်မျိုး ဖြစ်သွားတယ်''

ထိုနည်းတူစွာ နန္ဒကလည်း ...

''ဟုတ်တယ်ကွ၊ ခုနက ငါပြောတဲ့ ရင်ကို ဒိန်းခနဲ ဖြစ်စေတယ် ဆိုတာ အဲဒါမျိုးပဲ''

နှစ် ကောင်သား တစ်ယောက် နှင့် တစ်ယောက် ကြည့်မိကြသည်။

''အဲဒါ ဘယ်သူလေးလဲကွ၊ မင်းတို့ သိလား''

ဝဏ္ဏအမေးကြောင့် ဝင်းဌေးက တစ်ချက်လှမ်းကြည့်ရင်း ...

''သိသားပဲလေ၊ အဲဒါ (၅) လမ်းထဲက ဒေါ်သန်းဌေးကြီးပဲဥစ္စာ''

ဝင်းဌေးစကားကြောင့် ဝဏ္ဏမျက်နှာက မဲ့ရှုံ့သွားကာ ...

''ဟာ ...ဒေါ်သန်းဌေးတော့ ငါသိတာပေါ့ကွ၊ သူနဲ့အတူထွက် သွားတဲ့ ကောင်မလေးကိုပြောတာ''

''ဟ ...အဲဒါတော့ ဘယ်သိမှာ လဲ၊ ဒေါ်သန်းဌေးက အပျိုကြီး ဆိုတော့ သူ့တူမတွေ လား၊ ဘာတွေ လားမှမသိတာ''

နန္ဒကဝင်ပြီး ...

'' ဖြစ်နိုင်တယ်ကွ၊ သေချာအောင်တော့ စုံစမ်းကြည့်ရမယ်''

နှစ် ကောင်စလုံး၏ စကားတွေ ကြောင့် ဝင်းဌေးက တစ်ယောက် ချင်း စီကို ပြူးပြဲကြည့်လိုက်ပြီးမှ ...

''မင်းတို့နှစ် ကောင် အဲဒီ ကောင်မလေးအကြောင်းကို ဘာကြောင့် အသည်းအသန်သိချင်နေရတာ လဲ''

ချက်ချင်း ဆိုသလို နန္ဒနှင့် ဝဏ္ဏတို့၏ ပါးစပ်တွေ မှလည်း တူညီသော စကားသံက ပြိုင်တူထွက်လာကြလေသည်။ ပြတ်သားစွာ ...

''ငါ ...ကြိုက်လို့ကွ''

''ငါကြိုက်လို့ကွ''

''ဟေ''

''ဟာ''

♥ ♥ ♥


( ၅ )

ပြောရတာ လည်း မကောင်းချေ။ မိဘတွေ နှင့် စိတ်ဆိုးပြီး ပြင်ဦး လွင်မှ ဆင်းလာသော ဝတီ တစ်ယောက် ရန်ကုန်ရောက်တော့လည်း ကြီးမေ ဖြစ်သူ ဒေါ်သန်းဌေးထံမှာ တဗျစ်တောက်တောက် အပြောခံနေရသည်။

အပြောခံရသည် ဆိုရာမှာ လည်း တခြားအကြောင်းအရာတော့ မဟုတ်။ မိဘနှစ် ပါးနှင့် ပဋိပက္ခ ဖြစ်လာသော ကိစ္စကိုပဲ ဦးတည်ကာ သတိရ တိုင်း ပြောဆိုနေ၍ ဖြစ်၏ ။

ထိုအကြောင်းကိစ္စသည် လွတ်လပ်သည့်မိန်းကလေးတိုင်း ကြုံ လာနိုင်သော ၊ ဝတ္ထု, ဗီဒီယိုတွေ ထဲမှာ ထပ်ကာတလဲလဲပါနေသော ကိစ္စ ဖြစ်သော်လည်း ဝတီ့အဖို့မှာ တော့ မဟာ့မဟာပြဿနာ ဖြစ်သည်။

အခင်းစတင် ဖြစ်ပွားပုံက ရှင်းရှင်းလေး။ ဖေဖေနှင့် မေမေသည် သမီးမိန်းကလေး တစ်ယောက် တည်း မွေးထားပြီး အရွယ်ရောက်လာသည်နှင့် အိမ်ထောင်ချပေးချင်နေကြခြင်း ဖြစ်၏ ။ မြေးချီချင်ကြပြီဟုလည်း တဖွဖွ ဆိုသည်။

သို့ သော် ...

ရည်းစားသနာမရှိသော ဝတီအဖို့ ဘယ်သူ့ကိုယူပြီး ဘယ်ကလေး ကို မွေးပေးရမည် နည်း။ ထိုသို့ ငြင်းဆန်တော့လည်း မိဘနှစ် ပါးက တစခန်း ထလာပြန်သည်။ သင့်တော် မယ့်သူ ရှာပေးမည် ဟုဆိုကာ သူတို့မိတ်ဆွေတွေ ၏ သားတွေ နှင့် တစ်ယောက် ပြီး တစ်ယောက် မိတ်ဆက်ပေး၏ ။ ခပ်ရိုင်းရိုင်း ဆိုရလျှင် 'စပ်ဟပ်' သည့်သဘော။

သို့ တိုင် ...

ထိုလူတွေ ကို ဝတီ့စိတ်ထဲ ဘယ်လိုမှခံစား၍ မရ။ နှလုံးသားထဲ က ကြည်ဖြူဖို့ဆိုတာတော့ ဝေးလာဝေး။ ဝတီ့စိတ်ထဲ၌ မျှော်မှန်းထားသော ချစ်သူလောင်းအား ဘောလုံးပွဲနှင့် နှိုင်းယှဉ်ကာ ပြောရလျှင်ပင် ထိုလူတွေ သည် အုပ်စုပွဲကတည်းက ထွက်သွားရသော လူများ ဖြစ်လိမ့်မည် ။ တချို့ ဆိုလျှင် နှစ် ဝါတစ်နီစသော ပြစ်ဒဏ်တွေ နှင့် ။

ထပ်ပြောရလျှင် စိတ်နှင့် နှလုံးသားကိုက်ညီစွာ ယုံယုံကြည်ကြည် ချစ်ရမည့် လူ မတွေ့ သေး၍ ရည်းစားမထား ဖြစ်ခြင်းသာ ဖြစ်သည်။ အပျို ကြီးလုပ်ဖို့တော့ လုံးလုံးစိတ်ကူးမရှိ။ အပျိုကြီးဆိုသည့်စကားအတိုင်း အသက် ကြီးမှ သူများ တွေ အပြီးလာကျိုမှာ ကိုလည်း မလိုလားချေ။

သို့ တိုင်အောင် ဖေဖေနှင့် မေမေတို့က သူမ ပြောသည့်အချိန်တစ်ခု ကိုမစောင့်ဘဲ လင်ယူသားမွေးလုပ်စေချင်နေကြခြင်း ဖြစ်သည်။

နောက်ဆုံး ဖေဖေနှင့် မေမေတို့က မလျော့သလို သူမဘက်က လည်း ဘယ်လိုမှ လိုက်လျောနိုင်စွမ်းမရှိသဖြင့် တတိယနည်းလမ်းကို သုံးကာ ဝတီ အိမ်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်လေသည်။ ထိုမျှလောက်ဆိုလျှင် ဝတီ ရန်ကုန်ရောက်နေရသည့်အကြောင်းက ရှင်းလောက်ပြီ။

ခုလည်း ဈေးက ပြန်ရောက်တော့ ဝတီက တူမပီသစွာ အဒေါ် အပျိုကြီးအား ထမင်းဟင်း ကူချက်ပေးနေပါသည်။ ထိုအချိန်မှာ ပဲ ဒေါ်သန်း ဌေးက တစ်နေ့တာ၏ နံနက်ချိန်ခါ တေးသံသာကို စတင်ဖွင့်လေတော့၏ ။

''ညည်းနှယ့် ဝတီရယ် ...မိဘတွေ က ကောင်းစားမယ်ထင်လို့ စီစဉ်တာကိုများ ငြင်းပြီး အိမ်ပေါ်က ဆင်းလာရတယ်လို့''

ဝတီက ကြက်သွန်လှီးမပျက်ဘဲ ပခုံးတွန့်၍ ...

''ကြီးမေ ...မြန်မာဗီဒီယိုကားတွေ သိပ်မကြည့်နဲ့သိလား''

ထိုစကားကြောင့် ဒေါ်သန်းဌေး ကြောင်သွားသည်။ ချက်ချင်း ပင် တူမချောကို ပြန်ကြည့်လျက် ...

''ဟဲ့ ...ငါပြောတာနဲ့ ညည်းပြောတာနဲ့က ဘာဆိုင်လို့လဲ''

''ဆိုင်တာပေါ့ ကြီးမေရဲ့ ၊ ကြီးမေ ခုနကပြောတဲ့စကားမျိုးက ဗီဒီယိုတွေ ထဲမှာ အမြဲပါနေတာပဲဟာကို၊ ဘာတဲ့ ...မိဘက လက်နဲ့ရေး တာကို သားသမီးက ခြေနဲ့ဖျက် ဆိုလား၊ အဲဒါတွေ ပဲ ထပ်ပြောမှာ မလား''

''တော် ပါတော့ဟယ်၊ ငါကလည်း ကိုရီးယားဇာတ်လမ်းတွဲပဲ ကြည့် တာပါ၊ ခုလည်း ညည်းကို တိုက်တွန်းနေရတာ က ငါ့လို အပျိုကြီး ဖြစ်မှာ စိုးလို့ဟဲ့၊ ငါ့ကို ခုပဲကြည့် ...အသက်က ကြီးလာပြီ၊ ကျောထောက်နောက်ခံ မရှိတော့ တစ်ယောက် တည်း ဘယ်လောက်ပင်ပန်းလဲ၊ စိတ်ဆင်းရဲရလဲ''

''အပျိုကြီး ဖြစ်ရတာ က ကြီးမှ စိတ်ဆင်းရဲရတာ ပါ ကြီးမေရယ်၊ စောစောယောက်ျားယူရင် စောစော စိတ်ဆင်းရဲရမှာ သေချာတယ်''

ဝတီ့အပြောကြောင့် ဒေါ်သန်းဌေးက မျက်စောင်းထိုးရင်း ...

''ဘာလဲ ...ညည်းက ငါ့လို အပျိုကြီးလုပ်မယ်များ စိတ်ကူး လို့လား''

''ဘယ်ကလာ ...မလုပ်ပါဘူး၊ သမီးစိတ်ကြိုက်တွေ့ ရင် လက်ထပ် မှာ ပါ၊ အဲဒါကို မေမေတို့က မစောင့်ဘဲ အတင်းပေးစားချင်နေကြတာ၊ အဲဒါကြောင့် သမီး သဘောကျတဲ့ လူတွေ့ မှ လက်ထပ်မယ်ဆိုပြီး ဆင်း လာတာပေါ့၊ သူတို့စီစဉ်ပေးတဲ့လူတွေ ကိုတော့ လုံးဝစိတ်မဝင်စားပါဘူး''

''ဒါဆိုလည်း ရန်ကုန်ကို ရောက်တုန်းရောက်ခိုက် ရှာစမ်းပါအေ၊ ညည်းအမေတို့ ဖုန်းဆက်တာ နားငြီးလွန်းလို့''

''သြော် ...ကြီးမေကလည်း အဲလိုရှာရအောင် သမီးက ယောက်ျားလေးမှ မဟုတ်တာ''

ထိုစကားကိုတော့ ဒေါ်သန်းဌေးက လက်မခံပြန်ချေ။ ခေတ်အပျို ကြီးပီပီ ...

''ဟဲ့ ...ယောက်ျားကြိုက် စိုက်စိုက်လာ၊ မိန်းမကြိုက် မျှော်လိုက် တာဆိုတဲ့ခေတ်က ကုန်သွားပြီ၊ ယောက်ျားလိုချင်ရင် အိမ်မှာ ပဲ ဖီးလိမ်း ပြင်ဆင်ပြီး စောင့်နေရတဲ့ခေတ် မဟုတ်တော့ဘူးဟဲ့၊ ကိုယ်ကိုယ်တိုင်ကပါ နည်းနည်း နန့်ပြရသေးတယ်''

''အာ''

ဝတီ ရှက်ဝါးဝါး ဖြစ်သွားသည်ကိုကြည့်ရင်း ဒေါ်သန်းဌေးက ရယ် တော့သည်။ ပြီး ...ဘာကိုဆက်တွေးမိသည်မသိ။ ဆက်ပြောလာသေး၏ ။

''ငါသာ ညည်းကို ပေးစားလို့ရရင်၊ အဲ ...လူရွှင်တော် ဧရာလည်း လူပျိုဆိုရင်ပေါ့ အေ ...တစ်ခါတည်း ပေးစားပစ်လိုက်တယ်''

''ရှန်''

''ဟုတ်တယ်လေ၊ အဲဒါဆိုရင် ဟိုက ဧရာ၊ ညည်းက ဝတီဆိုတော့ ညည်းတို့နှစ် ယောက် မွေးလာတဲ့ကလေးကို ဧရာဝတီလို့ နာမည် ပေးလိုက် ၊ ကွက်တိပဲ''

ထိုစကားကြောင့် ဝတီက ရယ်လိုက်ရင်း ...

''ကြီးမေရယ် ...ကလေးနာမည် ကို ဧရာဝတီလို့ ပေးချင်တာနဲ့ ပဲ ကိုယ့်တူမကို အဲဒီ လူကြီးနဲ့ ပေးစားမလို့လား၊ အဲဒီ ဧရာဆိုတဲ့ လူကြီး ကိုမြင်ရင် ကေသီပန် ကြော်ငြာကို ပြေးပြေးမြင်မိတယ်၊ အဲဒီ ကြော်ငြာမှာ မျိုးသန္တာထွန်းက ''ကေသီပန် သွေးပုပ်ချဆေး အမြဲသုံးစွဲလို့ပါ ကိုကြီးရာ'' ဆိုတော့ ...သူက လက်ညှိုးလေးထောင်ပြီး စဉ်းစားတဲ့ပုံစံလုပ်တယ်လေ၊ သမီးမြင်တာ ကတော့ ငါလည်း တစ်ထုပ်လောက်တော့ စားကြည့်ဦးမယ်ဆိုတဲ့ ပုံစံပဲ''

''ညည်းနှယ် ပေါက်ပေါက်ရှာရှာ တွေးတတ်တယ်''

စကားစက ပြတ်သွားကြသည်။ အလုပ် ကတော့ နှစ် ယောက် စလုံး ဆက်လုပ် နေဆဲ။

ဝတီက ...

''ကြီးမေ ...ဒီရပ်ကွက်ရဲ့ အခြေအနေက ဘယ်လိုလဲဟင်''

''အေးအေးဆေးဆေးပါဟယ်၊ အဖြူရောင် နယ်မြေပါပဲ''

''ရှင်''

''သြော် ...ဟော့ရမ်းဆိုးသွမ်းတဲ့ လူရမ်းကားတွေ မရှိဘူးလို့ ပြောတာ၊ ညည်းက ဘာ ဖြစ်လို့ မေးတာလဲ''

ပခုံးအသာတွန့်ကာ ဝတီကပဲ ...

''ဒီလိုလေ ကြီးမေရဲ့ ...ရပ်ကွက်က အေးအေးချမ်းချမ်းဆိုရင် နောက်နေ့ သမီးပဲ ဈေးသွားဝယ်ပေးမယ်လေ၊ ကြီးမေ အိမ်မှာ ပဲ နားပေါ့၊ ပြီးတော့ ညနေပိုင်းလေးလည်း ဟိုနားဒီနား လမ်းလျှောက်လို့ ရတာ ပေါ့''

''အေးလေ ...သွားချင်ရင်လည်း သွားပေါ့''

အသံကာလာတစ်မျိုးကြီး ဖြစ်နေသော ကြောင့် ဝတီက ပြန်မေး လိုက်သည်။

''ဘာလဲ ...ကြီးမေက သမီး တစ်ယောက် တည်းဆိုပြီး စိတ်မချ လို့လား''

''ချပါတယ်အေ၊ သွားပါ ... သွားပါ၊ တို့ရပ်ကွက်ထဲက တစ် ယောက် ယောက် နဲ့ ညည်းဖူးစာပါတော့လည်း ညည်းမိဘတွေ တစ်ပူအေး တာပေါ့''

အတော့် ကိုရက်ရောသည့် အဒေါ် ဖြစ်သည်။ သူ့ဆန္ဒကလည်း မိဘ တွေ ဆန္ဒနှင့် ထပ်တူနီးပါးပင်။

ထို့ကြောင့် စိတ်အနည်းငယ် ခုသွားရပြီး ...

''တော် ပြီ ...ကြီးမေလည်း ဖေဖေတို့လိုပဲ၊ သမီး ယောက်ျား မြန်မြန်ရဖို့ပဲ တွေးနေကြတယ်၊ ကြီးမေငယ်ရွယ်တုန်းကရော ခုနက ပြော သလို ဖီးလိမ်းပြင်ဆင်ပြီး နန့်ပြခဲ့လို့လား၊ အဲဒါဆို အပျိုကြီး ဖြစ်ခဲ့မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ကြီးမေနာမည် ကြောင့် လည်း လူတွေ က လက် ရှောင်ခဲ့တာ ဖြစ်နိုင်တာပဲ''

''အောင်မာ ...ငါ့နာမည် က ဘာ ဖြစ်နေလို့တုန်း''

''ဘာ ဖြစ်ရမှာ လဲ ...သန်းဌေးဆိုတဲ့ နာမည် ကြီးက ယောက်ျား နာမည် ကြီး၊ ပြီးတော့ သန်းဌေးနှင့် ရောင်းရင်းများ ဆိုတဲ့ ခရီးသွားပို့ဆောင် ရေး လည်း ရှိသေးတယ်၊ အဲဒီ နာမည် ကြောင့် ကြီးမေ ယောက်ျားမရခဲ့တာ''

''အယ်''

♥ ♥ ♥




ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး မနောက်ပါနဲ့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အိမ်မက် အက်ဆေး

မခူးဘဲရွယ် မရွယ်ဘဲစူး

ချောကလက်ထောင်ချောက်