Cover

အိပ်မက်အက်ဆေး

ဘဝမှာ အလွမ်းဇာတ်နှစ် ထုပ်ရှိတယ်။

တစ်ထုပ်က ကိုယ့်ရင်ထဲ အသည်းထဲက

တောင့်တတဲ့ဟာကို ရမလာတာ။

နောက်တစ်ထုပ်က အဲဒီ ဟာကို ရလာတာ။

ဂျော့ခ်ျဘားနာ့ဒ်ရှော




ဘာမဟုတ် ညာမဟုတ်တွေ

တစ်ခုပြီးတစ်ခု ပေါ်လာတတ်တာကို

ဘဝလို့ခေါ်တယ်။

အဲလ်ဘတ် ဟပ်ဘာ့ဒ်




* * *



အစ

မည် သည် မည် သို့ ဖြစ်သည်တော့ မသိချေ။ ဖြစ်တာတော့ ဖြစ်နေ ပြီ။ သေချာတာ ကတော့ သူ ဝရုန်းသုန်းကား ထွက်ပြေးနေရခြင်း ဖြစ်သည်။ ထူးဆန်းသည်ဟုပဲ ဆိုရမည် လား။ သူ့နောက်က အငြိုးတကြီး လိုက်နေကြ သူများ ကိုလည်း တစ်ယောက် မှမသိ။

ဒါဆို ဘယ်လို ဖြစ်တာလဲ ...၊

ထိုသို့ စဉ်းစားနေချိန်ပင် မရချေ။ နောက်မှလူအုပ်ကြီးသည် ညာသံ၊ ဘယ်သံတွေ ပေးကာ သူ့အား အရှင်ရရ၊ အသေရရ သို့ တည်းမဟုတ် မသေမရှင်ရရဟူသော ပုံစံမျိုးဖြင့် သတ်ရန်လိုက်နေကြပြီ။

ပြေးရင်း တစ်ချက် တစ်ချက် လှည့်ကြည့်လိုက်တော့မှ သတိထားမိ သည်။ ထိုလူတွေ ဝတ်စားထားသည်က တရုတ်သိုင်းကားတွေ ထဲမှာ ဝတ် သော အဝတ်အစားတွေ နှင့် ချည်း ဖြစ်သည်။ သူသည် သိုင်းလောကသား လည်း လားလားမျှမဟုတ်ရပါ။ ဂျက်လီတို့၊ ဂျက်ကီချမ်းတို့ဆိုလျှင်ပင် ခုခံနိုင်ဦးမည် ။ ကိုယ်က ဘာကောင်မှမဟုတ်။

ထို့ကြောင့် ပြေးရလေသည်။ ပြေးတာတောင်မှ အသက်လုပြီး ပြေးရခြင်း ဖြစ်သည်။

သူ လွတ်ပါ့မလား၊။ မည် သို့ ပင် ဖြစ်စေ ...ပြေးရမည် ။

ထို့ကြောင့် ပြေးသည်။

ပြေးရင်း တွေ့ လိုက်ရသည်က ကားလမ်းမကျယ်ကြီးတစ်ခု။ မလှမ်း မကမ်းမှာ အရှိန်ပြင်းပြင်းမောင်းနှင်လာသော ကွန်တိန်နာကားကြီးတစ်စီး။

သူ စဉ်းစားနေချိန်ပင်မရဘဲ ဖြတ်ပြေးလိုက်သည်။

ထိုစဉ် ...

ဒုန်းခနဲဖြတ်တိုက်ခံလိုက်ရသော ကြောင့် သူ လွင့်ထွက်သွားရ၏ ။

သို့ သော် ...

ထူးဆန်းစွာ ပင် သူ့တစ်ကိုယ်လုံးမှာ နာကျင်မှု လုံးဝမရှိချေ။

သူ အားရဝမ်းသာစွာ ထရပ်ပြီး ဆက်ပြေးသည်။ နောက်ကလူအုပ် ကြီးလည်း တစ်ချက်မျှ ကြောင်ကြည့်နေပြီး နောက်မှထပ်ကာ ပြေးလိုက် လာပြန်သည်။

တစ်ကိုယ်လုံးလည်း ချွေးဒီးဒီးကျကာ အသက်ရှူမဝပင် ဖြစ်နေရ ပြီ။

အားတင်းဆက်ပြေးရင်း ထပ်တွေ့ လိုက်ရသည် ကတော့ ရထား လမ်းတစ်ခု ဖြစ်သည်။ လှမ်းကြည့်လိုက်တော့ ရထားကလည်း လာနေပြန် သည်။

နောက်က လူအုပ်ကို ဆတ်ခနဲလှည့်ကြည့်ပြီး ရထားလမ်းကို ဖြတ်ကူးလိုက်၏ ။

'ဒုန်း ...'

ဖြတ်တိုက်ခံရသည့်အရှိန်နှင့် သူ လွင့်စဉ်ထွက်သွားပြန်သည်။ ဒီ တစ်ခါလည်း နာကျင်မှု စိုးစဉ်းမျှမရှိ။ ထူးဆန်းလွန်းနေပြီ။ ဘာ ဖြစ်လို့လဲ။

သို့ သော်လည်း ထိုခံစားမှု ကို ရှေ့တန်းမတင်နိုင်ဘဲ ပြေးရပြန်၏ ။ နောက်ကလည်း အသံမျိုးစုံ၊ လက်နက်မျိုးစုံနှင့် ထပ်လိုက်လာသည်ကိုး။

အသက်အန္တရာယ်အတွက် အားကုန်ပြေးရင်းနှင့် ပင် ခြံတစ်ခြံထဲမှ တိုက်တစ်လုံးကို ထပ်တွေ့ လိုက်ရခြင်း ဖြစ်သည်။ ဘာမှမစဉ်းစားဘဲ ပြေးဝင် လိုက်၏ ။

ထိုတိုက်ခန်းထဲအရောက်မှာ ပင် ...

''ဒီမှာ ဒီမှာ ...ရှင် ဟိုလူတွေ လိုက်သတ်နေလို့ ပြေးလာတာ မဟုတ်လား''

''ဟုတ် ...ဟုတ်တယ်ဗျ ...ကယ်ပါဦး''

သူ လှမ်းတွေ့ လိုက်ရသူက ကောင်မလေး တစ်ယောက် ဖြစ်သည်။ တစ်ခါမှတော့ မမြင်ဖူး။ လှတ,ပတလေးဟုပင် အသက်အန္တရာယ်ကြားထဲက စဉ်းစား ဖြစ်အောင် စဉ်းစားလိုက်သေးသည်။ တစ်ဆက်တည်း အကူအညီ လည်း တောင်းရသည်ပေါ့လေ။

ထိုကောင်မလေးကလည်း သဘောပေါက်စွာ ...

''လာ လာ ...ကျွန်မအခန်းထဲ ဝင်နေ၊ ဟိုလူတွေ ကို ကြည့် ပြောလိုက်မယ်''

ကောင်မလေး၏ အခန်းတံခါးကို အသေအချာကြည့်ကာ သူ စဉ်း စားလိုက်၏ ။ ဒီလောက် လိုလိုလားလားပြောနေလျှင် ဟိုလူတွေ နှင့် တစ်ဖွဲ့ တည်းလား။ သူ့ကိုပဲ ချောင်ပိတ်ကာ ထောင်ချောက်ဆင်ဖမ်းတာလား။ ကောင်မလေး ကတော့ တရုတ်မနှင့် မတူသလို ပိုင်ဟွေ့အင်္ကျီလည်း ဝတ် မထားချေ။ ထိုသို့ ဆို၍ ဘာမှမဝတ်ထားဘဲ မိမွေးတိုင်း၊ ဖမွေးတိုင်းကြီး လည်း မဟုတ်။ ပါးနုနုမှာ သနပ်ခါးဘဲကျားရိုက်ထားပြီး ယောက်ျားရှပ်အင်္ကျီ ဖားဖားကြီးကိုလည်း ဝတ်ထားသည်။ (သနပ်ခါးမှာ ဘဲကျားဆိုတာကို မရှင်း ပြတတ်သလို ရှပ်အင်္ကျီမှာ လည်း ဖားဖားကြီးဆိုတာ နားလည်အောင် မရှင်း တတ်ပါ)

ထိုအချိန်မှာ ပဲ လူအုပ်ကြီးက အိမ်ရှေ့သို့ ရောက်လာပြီ ဖြစ်သည်။ အော်ဟစ်ပြေးဝင်လာသော အသံတွေ ကြောင့် ကောင်မလေးကပဲ စိတ်မရှည် ဟန်ဖြင့် ...

''ကဲ ...လာပါရှင်၊ ကျွန်မ ရှင့်ကို ဒုက္ခမပေးပါဘူး၊ လာ လာ ...အခန်းထဲ ဝင်လိုက်တော့''

စဉ်းစားနေချိန်မရတော့။ လူအုပ်ကြီး ပြေးတက်လာချိန်မှာ ပဲ ဖွင့် ထားပေးသော အခန်းထဲသို့ ဒရောသော ပါး ပြေးဝင်လိုက်သည်။

သို့ သော် ...

ထိုတံခါး၏ အတွင်းဘက်မှ ဘာမှမရှိဘဲ လေဟာနယ်ကြီးသာ ရှိ ကြောင်းကို အသည်းထဲ အေးခနဲ ဖြစ်ကာ ခံစားလိုက်ရလေသည်။

''ဟာ''

သွားပြီဟူသော အထိတ်တလန့်အတွေးဖြင့် ...

* * *



( ၁ )

အား

''အဲဒါနဲ့ ဘယ်လိုဆက် ဖြစ်သွားလဲ ဗေဒါ''

''အဟဲ ...တံခါးထဲ ပြေးဝင်ဝင်လိုက်ချင်းပဲ ငါ ကျသွားတာက လေဟာနယ်ကြီးကွ၊ ဟိုး ချောက်ကြီးတစ်ခုထဲ ပြုတ်ကျသွားတာ၊ ဒါပေမဲ့ ...ဒီတစ်ခါလည်း ငါ မသေပြန်ဘူး''

စကားအဆုံးမှာ သော်မော်က ဗေဒါကို ရှုတင်းတင်းကြည့်ပြီး ...

''ဘယ်သေမလဲကွ ...မင်းဟာက အိပ်မက်မက်နေတာကိုး''

''အေးလေ''

ဝင်းမင်းက ထောက်ခံလိုက်သည်။ ဗေဒါက နှစ် ကောင်စလုံးကို မဆီမဆိုင်ပင် မတူမတန်သလို ကြည့်လိုက်ပြီးမှ ...

''အဲဒါကြောင့် မင်းတို့ကို ပြောပြောနေတာ ...စကားကို ဘယ် တော့မှ ဆုံးအောင်နားမထောင်ဘူး၊ မင်းတို့ အချာဆုံးဒေသဆိုတာ ကြားဖူး လား၊ မြင်ဖူးလား''

''ဟေ့အေး''

စကားအဆုံးမှာ ပဲ ဗေဒါက ...

''မသိရင် မှတ်ထား ...မင်းတို့ဆံပင်အောက်မှာ ကွ''

''ဟာ''

''ဟေ့ကောင်''

နှစ် ကောင်စလုံး ဒေါသပြူထွက်သွားရသည်။ သူတို့ဆံပင်အောက် က ဦးနှောက်ကို ဒင်းက အချာဆုံးဒေသဟု စွပ်စွဲလိုက်သည်ကိုး။

ထိုသို့ လားလားမျှ အထင်မခံနိုင်၍ ...

''ကဲ ...အဲဒါဆိုလည်း ပြောပါဦး ...မင်းရဲ့ မဟာအိပ်မက်ကြီးကို သုံးသပ်ရအောင်''

''သုံးသပ်ရအောင် မင်းက နှစ် လုံးထီလောင်းကစားသမားလားကွ''

''ဟာကွာ''

ဝင်းမင်း နင်သွားသဖြင့် သော်မော်ကပဲ ...

''ကဲ ...ပြောမှာ သာ ပြောစမ်းပါ ဗေဒါရာ''

မပြောခင် ဗေဒါက မသိမသာ အကဲခတ်လိုက်သေးသည်။ ပြီးမှ

''ငါဆိုလိုချင်တာကကွာ ...ဒီတစ်ခေါက် ငါမသေပေမယ့် ငါ့ နောက်ကို ဘယ်သူမှ ထပ်မလိုက်လာတော့ဘူးကွ၊ အဲဒီ တော့မှ ငါ ထပ်တွေး မိတယ်၊ ဟိုကောင်မလေးပဲ တကယ် 'ကယ်' လိုက်တာများ လားပေါ့''

''သြော် ...သြော်''

ဝင်းမင်း၏ ရွဲ့သံ ဖြစ်သည်။ ကိုယ့်ထမင်း ကိုယ်စားပြီး ဒင်းအိပ်မက် ကို နားသော တဆင်နေရသည်ကိုး။ ပြန်ပြောဖို့ကလည်း ဗေဒါဆိုသည့် ကောင်ကို စကားအရာဖြင့် မယှဉ်နိုင်ချေ။ ကျန်တာတွေ ရောဆိုလျှင် ဝေး လာဝေး။

ထိုသို့ စဉ်းစားနေချိန်မှာ ပဲ ဗေဒါက ...

''တကယ်တော့ ငါ့ကို ကယ်လိုက်တာ အဲဒီ ကောင်မလေး မဟုတ် ဘူးကွ ...နောက် တစ်ယောက် ''

''ဟေ ...ဘယ် ...ဘယ်သူတုံးကွ''

ဒီတစ်ခါ သော်မော် မနေနိုင်ဘဲ ဝင်မေးမိတော့၏ ။ ချက်ချင်း ပင် အိပ်မက်က စိတ်ဝင်စားစရာကောင်းလာသည်ကိုး။

ဝင်းမင်းကလည်း ...

''အေး ...လုပ်စမ်းပါဦး ...မင်းအိပ်မက်က တန်ပိုတောင် တက် လာပြီ''

ဗေဒါပုံစံက ချက်ချင်း ဆရာကြီးစတိုင်လ် ဖြစ်သွားသည်။ မလိုအပ် ဘဲနှင့် ပင် ရေနွေးသောက်ကာ လည်ချောင်းရှင်းသလို အဟမ်းဟမ်းဟု အမြင်ကတ်ချင်စရာ လေးခါလောက်လုပ်ပြီးမှ ...

''ဘယ်သူကယ်လိုက်တာလဲဆိုတော့ ...''

စကားက လိုရင်းမရောက်ဘဲ ရပ်သွားသည်။ မြင်ကွင်းထဲမှာ လည်း မမျှော်လင့်ထားသည့်အရာကို မြင်လိုက်ရ၍ ဖြစ်၏ ။

ကျောင်းသား တစ်ယောက် ကင်တင်းရှေ့မှာ ပုဆိုးကွင်းလုံးကျွတ်ကျ ခြင်း မဟုတ်ပါ။

ခုတော့ မြင်လိုက်ရရချင်း ဗေဒါ့နှုတ်မှ လွှတ်ခနဲ ...

''ဟာ ...ဟာ ...ဟေ့ကောင်တွေ ...သူ ...သူပဲကွ''

နှစ် ကောင်စလုံး နဝေတိမ်တောင်ဖြင့် လှမ်းကြည့်ကြ၏ ။ ပြီး ... သော်မော်က ဗလုံးဗထွေးဖြင့် ...

''အင် ...အာ ...ဟကောင်ရ ...ဘယ်သူ့ကို ပြောတာလဲ''

''ဟိုမှာ လေကွာ ...ကင်တင်းထဲဝင်လာတဲ့ သုံးယောက် ထဲက အလယ်က အဝါနဲ့ ကောင်မလေးကိုပြောတာ''

''အေး ...မြင်ပါတယ်၊ အဲဒါ ဘာ ဖြစ်လဲ''

ဗေဒါက အံ့သြသလို၊ မယုံနိုင်သလို မျက်နှာပေးလေးနှင့် ...

''ခုနက မင်းတို့ကိုပြောနေတဲ့ အိပ်မက်ထဲမှာ ငါ့ကို တံခါးဖွင့်ပေး တယ်ဆိုတာလေ''

''အေး''

''အဲဒါ သူပေါ့''

''ဟေ''

ပါးစပ်တွေ ပြဲသွားကြသည်။ ဝင်းမင်းက မြင်ပြင်းကတ်စွာ ...

''မဟုတ်သေးပါဘူးကွာ ...မင်း အဲဒီ ကောင်မလေးကို အပြင်မှာ တစ်ခါမှ မမြင်ဖူးသေးဘူးဆို''

''ဟုတ်တယ်ကွ၊ ဒါပေမဲ့ ငါ မှတ်မိနေတယ် ...သူမှ သူအစစ် ပဲ''

''ဒုက္ခပါပဲကွာ၊ ထားပါတော့ ...အဲဒီ ကောင်မလေးဆိုရင်ရော မင်းက ဘာလုပ်မှာ လဲ''

ဗေဒါ တစ်ချက်စဉ်းစားလိုက်သည်။ ခုလို ထူးဆန်းသော တိုက် ဆိုင်မှု မျိုးကို တစ်ခါမှမကြုံဖူးပါ။ အံ့သြသလို၊ ပျော်သလိုလည်း ဖြစ်နေမိ သည်။ ကောင်မလေးကိုလည်း လှပတပလေးဟု အထက်က ဆိုခဲ့ပြီးပြီ။

ထို့ကြောင့် ...

''ဒီလိုကွာ ...အိပ်မက်ဆိုတာ တစ်ခါတစ်ခါမှာ မယုံကြည်နိုင် လောက်အောင် ဆက်သွယ်ပတ်သက်မှု တွေ ရှိတတ်တယ် မဟုတ်လား''

''အဲဒီ တော့''

''အဟဲ ...အဲဒီ ကောင်မလေးကို သွားမေးကြည့်လိုက်မယ်လေ၊ သူ,မသိရင်တောင် ငါ ကျေးဇူးတင်စကားပြောဖို့လို့ ဝတ္တရားရှိတယ်ကွ''

''မင်း ကတော့ ငပေါပဲ ဗေဒါ ...ဘာဆိုင်လို့လဲ''

ဝင်းမင်းစကားအဆုံးမှာ သော်မော်ကလည်း ...

''ဟုတ်ပါ့ ...မင်းကို ငကြောင်လို့ပဲ ထင်မှာ ပဲ၊ ဘယ်သူမှ အဲဒီ လောက် မျက်နှာပြောင်မတိုက်ရဲကြဘူးကွ''

ဗေဒါက နာဟန်မရှိဘဲ အေးဆေးစွာ ...

''မင်းတို့ ဘယ်လိုပဲထင်ထင်ကွာ ...ငါ အဲဒီ အိပ်မက်ကို တကယ် မက်ခဲ့တာ၊ အိပ်မက်ထဲမှာ တွေ့ ခဲ့ရတာ လည်း အဲဒီ ကောင်မလေးပဲ၊ အဲဒါ ကြောင့် ငါ မျက်နှာပြောင်တိုက်ရတာ လိပ်ပြာလုံတယ်ကွ၊ ငါ ဘာကြောင့် ခုလို မျက်နှာပြောင်တိုက်ပြီးသွားလဲဆိုတာကိုရော ပြောပြရဦးမှာ လား''

နှစ် ကောင်သား တွေ ခနဲ ဖြစ်သွားပြီး ဗေဒါပြောသည့် ကောင်မလေး ကို လှမ်းကြည့်လိုက်ကြသည်။

ကောင်မလေးကလည်း လှတပတလေးဟု ဆိုခဲ့သည့်အတိုင်း နှစ် ကောင်သား သဘောပေါက်စွာ ပြုံးစိစိ ဖြစ်လာကြပြီး ...

''အေး ...သဘောပေါက်ပါပြီ၊ မင်းရဲ့ နှာဘူးအစီအစဉ်ကို''

''အဟဲ ...ပြောချင်သလိုပြောကွာ၊ ခွေးလေးခုန်လို့ ဖုန်မထပါဘူး''

ဘာမှလည်း မဆိုင်ချေ။ သို့ သော်လည်း မသိရသေးသည့် အချက် တစ်ချက်ကို မေးလိုက်ကြသည်။

''နေ ...နေပါဦးကွ ...ခုနက မင်းအိပ်မက်ထဲက ကယ်တင်ရှင် ဆိုတာ ဘယ်သူလဲလို့ ပြောသွားစမ်းပါဦး''

ဗေဒါက ပခုံးတွန့်ကာ ထ,ရပ်လိုက်ရင်း ...

''ပြောမှာ ပါ၊ အဟဲ ...မင်းတို့ကိုတော့ မဟုတ်ဘူး''

''ဘာ ...ဘာ ဖြစ်လို့လဲ''

''ဘာ ဖြစ်လို့လဲဆိုတော့ ကာယကံရှင်ကို အရင်ပြောရမယ်လေ''

''ကာယကံရှင်ဆိုတာက ...''

''ဟိုကောင်မလေးပဲ ...ငါ သွားပြီ''

''ဟာ''

''ဟေ့ကောင်''

ထိုစကားသံတွေ ကိုတော့ စာရေး ဆရာ ပဉ္စမံဒီရိုင်းလေသံနှင့် ပြောရလျှင် ဗေဒါက ဂရုမစိုက်ရေး ချ မစိုက်ပါချေ။

* * *



( ၂)

''ဒီမှာ ခင်ဗျ ...ကျေးဇူးပြုပြီး ကျွန်တော် ခဏထိုင်မယ်နော်''

မျက်ဝန်းသုံးစုံက ဗေဒါဆီ မြိုင်မြိုင်ဆိုင်ဆိုင် ရောက်ရှိလာကြသည်။ တစ်ခုခုပြန်ပြောရန် အချိန်မရလိုက်။ ဗေဒါက ထိုဝိုင်းမှာ ပြောင်ပြောင်တင်း တင်းပင် ကိုယ့်ဖင်နှင့် ကိုယ် ဝင်ထိုင်ချလိုက်၍ ဖြစ်သည်။

''ဒီမှာ ''

ထိုအသံစူးစူးလေး ကတော့ ဗေဒါရည်ညွှန်းသည့် အဝါရောင် ကောင် မလေး၏ အသံ ဖြစ်သည်။ ဗေဒါဝင်ထိုင်လိုက်သည်ကိုပဲ မကြည်သလိုအထာ ဖြင့် တစ်ခုခုပြောရန် ပြင်လိုက်သလိုမျိုး။

သို့ သော် ဗေဒါက ထိုအခွင့်အရေး ကို မပေးချေ။ မျက်နှာကိုပင် အပြစ်ကင်းစင်ဟန်လေး လုပ်လိုက်ကာ ...

''ကျွန်တော့် နာမည် ဗေဒါဇော်ပါ၊ ဟိုလေ ...ဒီမှာ လာထိုင်တာ စကားလေး တစ်ခွန်း,နှစ် ခွန်းလောက် ပြောချင်လို့ပါ၊ အတင်းကြီးဝင်ရော တာမျိုး မဟုတ်ပါဘူး''

''ဒါဆို''

နောက်ကောင်မလေး တစ်ယောက် ၏ အသံကြောင့် ဗေဒါက ...

''ဟုတ်ကဲ့ ...ဒီလိုကိစ္စမျိုးတွေ ရော ရှိသလားလို့ ကိုရီးယားဇာတ် လမ်းတွဲတွေ ထဲကလိုလည်း မထင်လိုက်ပါနဲ့၊ တကယ်ပြောစရာရှိလို့ပါ''

''နေစမ်းပါဦး ...ရှင်က ဘာသဘောနဲ့''

''ဘာသဘောမှမဟုတ်ပါဘူး ...သဘောရိုးပါ၊ ခဏလေး ပြောပါရစေနော်''

ဘယ်သူမှန်းမသိဘဲ ကိုယ့်ဝိုင်းမှာ ပိုင်စိုးပိုင်နင်းဝင်ထိုင်ကာ ဘာ တွေ လာပြောနေမှန်းမသိသော လူကို ခရေဝါ စိတ်တိုလာရသည်။ ကင်တင်း မှာ ထိုင်ပြီး အစားအသောက်ပင် မမှာ ရသေး။ စိတ်ရှုပ်ရပြီ။

ထို့ကြောင့် ...

''ဒီမှာ ...ခဏလေး ...ကျွန်မ ပြောဦးမယ်၊ ရှင့်ဟာရှင် ဘာ ဖြစ် ဖြစ် ကျွန်မတို့လည်း မသိဘူး၊ ဆိုင်လည်း မဆိုင်ဘူး၊ ကြွပါရှင် ...ကြွပါတော့''

''ဟုတ်ပါ့ ...ဒီနည်းတွေ က ရိုးနေပြီ ...ဟာ ဟ''

မိဝါဘေးမှ သန္တာစိုးကလည်း ဝင်ပြောလိုက်၏ ။ ဗေဒါက ကြံရာမရ ဟန်ဖြင့် နားသယ်စပ်ကိုကုတ်ကာ ...

''ခဏလေးပါဗျာ ...ခုကိစ္စက ဒီက, တစ်ယောက် နဲ့ ပတ်သက်နေ လို့ပါ''

''ဘယ်လို ...ကျွန်မနဲ့ ...ဟုတ်လား၊ မ ဖြစ်နိုင်တာဘဲ၊ ရှင့်ကို ခုမှ ကျွန်မ,မြင်ဖူးတာ''

''ကျွန်တော် ကတော့ ညတုန်းကပဲ မြင်ဖူးတာဗျ''

''ရှင်''

''ဟုတ်တယ်လေ ...ညက ခင်ဗျားပဲ ခင်ဗျားအခန်းထဲ ကျွန်တော့်  ကို အတင်းဝင်ခိုင်းတာလေ''

''ဘာရှင့်''

''ဟယ် ...မိဝါရယ်''

ပြူထွက်လာသည့် ဒေါသသည် ဝတ်မှုံ၏ ရေရွတ်လိုက်သံကြောင့် ခြောင်းခြောင်းထွက်သွားတော့သည်။

ရှေ့က ဗေဒါဇော်ဆိုသည့်လူကိုလည်း လက်ညှိုးငေါက်ငေါက်ထိုး လိုက်ရင်း ...

''ရှင် ဘာတွေ လာပြောနေတာလဲ ...တောက်ဍ''

ဗေဒါက ကပျာကယာ လက်ကာပြလိုက်သည်။ ပြီး ချက်ချင်း ပဲ ...

''ဟာ ...ခဏလေး ...ဒီလိုပါဗျ၊ ကျွန်တော် ညက အိပ်မက် မက်တယ်၊ အိပ်မက်ထဲမှာ လည်း ကောင်မလေး တစ်ယောက် က ကျွန်တော့်  ကို ကူညီတယ်ဗျ၊ သူ့ကို ကျွန်တော် တစ်ခါမှ တွေ့ ဖူးတာမဟုတ်ဘူး၊ ဒီမနက် ခင်ဗျားကိုတွေ့ လိုက်ရတော့မှ ခင်ဗျားမှန်းသိတာ''

''သွားစမ်းပါ ...ပေါက်ကရတွေ ''

''တကယ်ပါဗျာ၊ ခင်ဗျားတို့အိမ်ကလေ လုံးချင်းတစ်ထပ်တိုက်၊ အိမ်ရှေ့မှာ ပန်းခြံလေးရှိတယ်၊ အင်း ...ကျွန်တော့် ကို ဖွင့်ပေးတဲ့ ခင်ဗျားရဲ့ အခန်းမှာ Home Sweet Home ဆိုတဲ့ စာတန်းလေး ကပ်ထားတယ်''

''ဟင်''

''ပြီးတော့ ...ညက ခင်ဗျားပုံစံပြောရရင် သနပ်ခါးဘဲကျား လူး ထားပြီး ယောက်ျားရှပ်အင်္ကျီကြီးနဲ့ အရောင် က အပြာနု''

''ဘုရားရေ''

ဒီတစ်ခါတော့ ဘုရားပါ တ,ရလေတော့သည်။ မမြင်ဖူး, မသိကျွမ်း ဖူးသော လူက ခြံနှင့် တိုက်အနေအထားပင်မကဘဲ မနေ့ညက သူမပုံစံကိုပါ ပြောလာသည်ကိုး။ ဘေးမှ သန္တာစိုးနှင့် ဝတ်မှုံတို့ဆိုလျှင် မျက်လုံးပင် ပြူးနေ ကြပြီ။

မိဝါက အလန့်တကြားပုံစံဖြင့် ...

''ရှင် ...ရှင် ...ဘယ်သူလဲ''

ထိုအခါမှ ဗေဒါက သက်ပြင်းကို ချလိုက်ရင်း ...

''ကျွန်တော် ဗေဒါဇော်ပါလို့ ပြောပြီးပြီပဲ''

''မဟုတ်ဘူး ...ဘာ ဖြစ်လို့ ရှင် ဒါတွေ သိနေရတာ လဲလို့ မေးတာ''

''မလန့်ပါနဲ့ဗျာ၊ ကျွန်တော့် အိပ်မက်ထဲမှာ တကယ်မြင်ခဲ့ရတဲ့အတိုင်း ပဲ ပြောတာပါ၊ အဲဒါကြောင့် ခင်ဗျားကို တွေ့ တွေ့ ချင်း ဒီကိုလာခဲ့တာ''

မိဝါ အတော် လေး ဦးနှောက်စားသွားရသည်။ ဗေဒါဆိုသည့်လူက ဒါတွေ ဘယ်လိုသိနေရတာ လဲ။ ညက သူမ ဝရန်တာပင် ထွက်သည်မဟုတ်။ သနပ်ခါးလိမ်း၊ ရှပ်အင်္ကျီဝတ်ပြီး အိပ်ရာဝင်ခဲ့သည်။ ခု ...ဒင်းလာပြောပုံ အတိုင်း အတိအကျ။

စိတ်ရှုပ်နေရင်းကပင် မိဝါ သိချင်လာသည်။ သူ့အိပ်မက်ဆိုတာ ကိုယ်နှင့် ဘယ်လိုပတ်သက်သည်လဲပေါ့။

ထိုသို့ သော အတွေးနှင့် ...

''ကဲ ...ဆိုစမ်းပါဦး ...ရှင့်အိပ်မက်က ဘယ်လိုဆက် ဖြစ်လဲ ဆိုတာ''

ဒီတစ်ခါတော့ အံ့သြရသူက ဗေဒါ။ ခုလို ပြန်မေးလာမည် ဟု လုံးဝ ထင်မထားခဲ့။ ကိုယ့်အိပ်မက်နှင့် များ တိုက်ဆိုင်သွား၍ လား။

မည် သို့ ပင် ဖြစ်စေ ...

''ဟုတ်ကဲ့ ...ဒီလိုပါ မမိဝါ''

''ကျွန်မ ...ခရေဝါပါ''

''ခရေဝါ ...ဟုတ်လား၊ ညက အိပ်မက် ကတော့ ... ... ... ... ... ... ... ... ...''

ဗေဒါပြောသမျှကို သုံးယောက် သား မျက်လုံးဝိုင်းသူက ဝိုင်း၊ မျက်မှော င်ကြုတ်သူက ကြုတ်၊ နားရွက်ထောင်သူက ထောင် ...စသည် ဖြင့် နားထောင်နေကြသည်။ ပြောရင်းပင် သော်မော်နှင့် ဝင်းမင်းတို့ကို ပြောခဲ့သည့်နေရာရောက်တော့ စကားကို ရပ်ထားလိုက်၏ ။

မိဝါက ရယ်ချင်သလို၊ မခံချိမခံသာ ဖြစ်သလို မျက်နှာပေးနှစ် ခုကို ရောသမမွှေကာ ...

''အဲဒီ လိုဆိုတော့ ရှင့်ကို ကယ်လိုက်တာက ...''

''သေမင်း ...ပါ''

''ရှင်''

မိဝါ ရေရွတ်လိုက်မိသလို ဝတ်မှုံက နားမလည်ဟန်ဖြင့် ...

''ဘယ် ...ဘယ်လို သေမင်းက ကယ်လိုက်တာလဲ''

ဗေဒါက ဟက်ခနဲ ရယ်လိုက်ပြီး ...

''ကယ်တယ်ဆိုတဲ့ သဘောတရားက ဒီလိုပါ၊ ကျွန်တော် ဒီမှာ ဘယ်လောက်သေသေ သူမှာ ခေါ်ဖို့မအားဘူးဗျ၊ ဘာ ဖြစ်လို့လဲဆိုတော့ ကျွန်တော် တစ်ကြိမ်ပြီးတစ်ကြိမ် အိပ်မက်ထဲ သေနေတဲ့အချိန်မှာ သူက (၂ဝ၁ဝ) ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေတယ်လေ၊ အံမယ် ...စပိန်ဘက် ကတောင် အားပေးနေတာဗျ''

''ဟောတော့''

ရယ်ချင်ပက်ကျိနှင့် မိဝါ ရေရွတ်လိုက်သလို ကျန်နှစ် ယောက် လည်း ပြုံးစိစိ ဖြစ်သွားကြသည်။

ဗေဒါက သူ့ကိစ္စပြီးသွားသလို ထ,ရပ်လိုက်ရင်း ...

''ခရေဝါ ...နောက်အိပ်မက်တွေ မှာ ခရေဝါ ခုလိုပဲ ပါရင် ကျွန် တော် လာပြောခွင့် ရှိလားဟင်''

မျက်ခုံးလေးတွန့်ချိုးကာ ခရေဝါ စဉ်းစားလိုက်ပြီးမှ ...

''အင်း ...လာခဲ့ပါ၊ တကယ်မက်တယ်ဆိုရင် ကျွန်မ စိတ်ဝင်စား ပါတယ်''

''ဟုတ်ကဲ့ ...ခုလို နားထောင်ပေးတာကိုလည်း ကျေးဇူးပါပဲ''

ပြောရင်း ဗေဒါ ချာခနဲ လှည့်ထွက်လာခဲ့သည်။

* * *





ဝန်ဇင်းချစ်သူများ မိုးစက်ဝိုင် ၏ “ အိမ်မက် အက်ဆေး ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဖူးစာကွန်ရက်

ချစ်သူပြောတဲ့ ရည်းစားစကား

ငါ့ရည်းစားကိုဘယ်သူအကွက် လာရွေ့သွားတာလဲ