နိဒါန်း
မျက်နှာကို ခြေနှင့် ကျောက်စေတော့
သွေမဖောက်ခုနော်
လင်ငါးယောက် ပေါ်စေ
ကျွန်တော် ကမလွဲ
တစ်သက်လုံး လင်ငယ်နေပါ
သည်မေကို ရိုးပြာကျစွဲ
ချစ်လှလို့ သည်းညည်းခံသည်
ဆဲရေး သံကိုလည်း
အငြိမ့်သံသည်ပွဲလို့
စိတ်ထဲကထင်တယ်၊
ကွာမည် ကိုမဆိုလိုက်ပါနှင့်
မယ်ရိုက်လျှင် ကုန်းခံပါ့မယ်၊
ဖိနပ်နှင့် အရပ်လယ်မှာ
မပြတ်ကွယ်မယ်ရိုက်တော့
နာလိုက်တာ စိတ်ကယ်နော်
ရွေးမျှမပေါ်
ခင်လေးက ကြင်ရေး မျှော်လျှင်
ထဘီလျှော်ခိုင်းပါတော့လေး။
တစ်နာရီ မိုင် (၃ဝ)ထက် မပိုရဟူသော ယာဉ်စည်းကမ်းဌာနမှ သတ်မှတ်ထား၍ လား၊ ကျောင်းဖယ်ရီကားကို မောင်းနှင်နေသော ယာဉ် မောင်းဦးလေးကြီးကပဲ ယာဉ်စည်းကမ်းလိုက်နာလွန်းသည်လား ...စီး နင်းလိုက်ပါလာသော မိုးဝေ တစ်ယောက် ငိုက်မျဉ်းစပြု လာသည်။
အမှန်တော့ ကျောင်းဖယ်ရီကားက နှေးလွန်းသည်မဟုတ်။ မိုးဝေ ယခုလိုအိပ်ငိုက်နေရခြင်းက ကိုယ့်အကြောင်းနှင့် ကိုယ်။
မနေ့ညက သူငယ်ချင်း တစ်ယောက် အဆွယ်ကောင်း၍ ဘိလိ ယက်သွားထိုးမိသည်။ ပွဲက သူတစ်လှည့်၊ ကိုယ်တစ်လှည့် နိုင်နေ၍ တော် တော် နှင့် မပြီး။ သို့ နှင့် ညဥ့်နက်မှ အိမ်ပြန်ရောက်သည်။ ဘိလိ ယက်ထိုးနေစဉ်ကလည်း ကော်မီမစ်တွေ နင်းကန်မျိုဆို့မိ၍ အိမ်ပြန်ရောက်တော့ မျက်စိတွေ ကြောင်ပြီး ဘယ်လိုမှ အိပ်မရတော့ချေ။
တစ်ရေး မှ အိပ်စက်မရဘဲ မိုးစင်စင်လင်းခဲ့ရသည်။ ခါတိုင်း နေမြင့်မှထ၊ ကျောင်းကိုကြုံ ရာကားစီးပြီး သွားတတ်သော မိုးဝေမှာ စောစောစီးစီးဘာလုပ်ရမည် မှန်းမသိ။
ထိုသို့ ဖြင့် ဒီနေ့တော့ မနက်အချိန်မှန်ထွက်တတ်သည့် ဖယ်ရီ ကားနှင့် ပဲ ကျောင်းသွားလိုက်မည် ဟု စိတ်ကူးရသည်။ ထိုအတွေးနှင့် ဝီရိယကောင်းသွားခြင်း ဖြစ်၏ ။
သို့ သော်လည်း ...
ညက တစ်ရေး မှမအိပ်ထားရသည့်ကိစ္စနှင့် ကိုယ်ကို တအိအိ လှုပ်သိပ်နေပုံရသော ကားတို့၏ ပူးပေါင်းဆောင်ရွက်မှု ကြောင့် မိုးဝေ တစ်ယောက် အိပ်ချင်လာရသည်။
ထို့ပြင် ထိုင်မိသည့်နှစ် ယောက် ခုံမှာ လည်း ကိုယ် တစ်ယောက် သာရှိနေသည်မို့ ထိုအခွင့်အရေး ကို အပြည့်အဝအသုံးချရန် စိတ်ကူး လိုက်၏ ။ အတန်ကြာသည့်အချိန်မှာ တော့ မျက်နှာပေါ် ပဝါလေး အုပ်ကာ မိုးဝေလည်း တစ်တောင်နှစ် တောင်လောက်ပင် ကျော်နေပြီ။
ဘယ်လောက်အိပ်ပျော်သွားသည် မသိ။ ပခုံးကိုလာကိုင်ပြီး လှုပ်နိုးခြင်းခံရတော့မှပဲ မျက်လုံးကိုပြူး ပြဲဖွင့်ကြည့်မိသည်။
''အစ်ကိုလေး ...ထ ထ ...ထတော့ဗျ''
မိုးဝေက ပြူး တူးပြဲတဲနှင့်
''ဟင် ...ဘာ ဖြစ်လို့လဲ ...ကားဘီးပေါက်လို့လား''
''ဟာ ...ဘယ်ကလာဗျာ ...ကျောင်းဝင်းထဲ ရောက်နေပြီ ဗျ၊ ဘယ်ကာရာအိုကေတွေ သွားထားလို့ ဒီလောက် အိပ်ရေး ပျက်နေရ တာလဲ မသိဘူး''
ရွှတ်နောက်နောက်ပြောလာသော ကားနောက်လိုက်လေး၏ စကားကြောင့် မိုးဝေ ရှက်ရှက်နှင့် ဟီးခနဲရယ်ပြမိသည်။ ပြီး ...
''မဟုတ်ရပါဘူးကွ ...ညက ဘိလိယက်ထိုးနေရလို့ပါ အဲဒီ ကာရာအိုကေဆိုတာက ဦးအောင်မြင့်တို့, ဦးအောင်စိုးတို့လို အဘိုး ကြီးတွေ သွားတာကွ''
''ဟင် ...ဘယ်သူတွေ လဲ ...ကျွန်တော် လည်း မသိဘူး''
အရေး ထဲ အူကြောင်ကြောင်လာမေးနေသေးသဖြင့် မိုးဝေက
''အေး ...မင်းကိုလည်း အဲဒီ အဘိုးကြီးတွေ က မသိဘူး''
''ဟာဗျာ''
ပြောရင်း ခေါင်းတဗြင်းဗြင်းကုတ်နေစဉ်မှာ ပဲ မိုးဝေ ခုံမှထပြီး ကားပေါ်မှဆင်းဟန်ပြု လိုက်သည်။
ထိုစဉ်မှာ ပဲ ...
''ဟာ အစ်ကိုလေး ...ဒီမှာ ဖုန်းကျန်ခဲ့ပြီဗျ''
ကျောပိုးအိတ်ထဲ ယောင်ယမ်းစမ်းမိသည်။ ကိုယ့်ဖုန်းက ရှိနေသည်ပဲ။ သို့ သော်လည်း လာပေးနေသော ဟန်းဖုန်းလေးကြောင့် ကားထဲဝေ့ကြည့်မိသည်။ ဘယ်ကျောင်းသားကျောင်းသူမှ မရှိတော့။
ထို့ကြောင့် မိုးဝေက ...
''ညီလေး ...ငါအိပ်ပျော်နေတုန်းက ငါ့ဘေးမှာ ဘယ်သူ ဝင်ထိုင်သွားသေးလဲ''
ဒင်းက ခေါင်းကုတ်ပြန်သည်။ မြို င်မြို င်ဆိုင်ဆိုင် ဖြစ်သွားအောင် ကိုယ်ပါ ဝင်ကုတ်ပေးလိုက် လျှင်ကောင်းမည် ဟု မိုးဝေ ခပ်ချဉ်ချဉ် စဉ်းစားမိသည်။
ခေါင်းကုတ်ပြီးအားရမှ ဒင်းက ...
''သတိမထားမိပါဘူးဗျာ၊ ကဲ ...ရော့ ရော့''
ဖုန်းက လက်ထဲရောက်လာသည်။ တစ်ခုခုပြောလိုက်မည် ကြံပြီးမှ မိုးဝေစဉ်းစားမိ၏ ။ ဒါ ကျောင်းသား တစ်ယောက် ယောက် ၏ ဖုန်းပဲ ဖြစ်မည် ။ သူ ပျောက်တာသိလျှင်သိချင်း ဖုန်းဆက်လာမည် ပေါ့။ ထိုအခါ ကျောင်းထဲမှာ ရှိနေသော ကိုယ်က ပြန်ပေးလိုက် လျှင် အဆင် ပြေမည် ဟု တွက်လိုက်သည်။ ထို့ကြောင့် အသာယူပြီး ထွက်လာခဲ့၏ ။ တခြားဘာရည်ရွယ်ချက်မှ မရှိခဲ့ပါချေ။
ကင်တင်းရောက်သော်လည်း ကိုယ်ကပဲ ဝီရိယကောင်းနေ သည်မို့ ဘယ်သူငယ်ချင်းမှ မရောက်သေး။
လန်းသွားအောင် သံပုရာရည်တစ်ခွက် မှာ ယူသောက်သုံးရင်း ခုနကဖုန်းကလေးကို သတိရကာ ထုတ်ကြည့်မိသည်။ မနေနိုင် သော လက်ကလည်း (အားအားယားယား)ဖုန်းကို ကလိမိ၏ ။
''ဟင်''
ဖုန်းဖွင့်ဖွင့်ချင်း စကင် (screen)မှာ ပေါ်လာသော မျက်နှာ လေးကြောင့် မိုးဝေ မှင်တက်တိမ်းမူးသွားရသည်။ ဝိုင်းစက်လှပသော ကောင်မလေး တစ်ယောက် ၏ ကိုယ်တစ်ပိုင်းပုံလေး။ တစ်ကိုယ်လုံး အပြည့်ပုံဆိုလျှင် ဒီထက်ပိုကြည့်ကောင်းမည် ဟု အားမနာလျှာမကျိုး တွေးမိသေးသည်။
သြော် ...ဒါ သူကလေးရဲ့ ဖုန်းပေါ့။ ထိုသို့ ဖျတ်ခနဲ တွေး လိုက်မိသော်လည်း ထပ်စဉ်းစားကြည့်မိသည်။ အင်း ... သကောင့် သား တစ်ယောက် ကလည်း သူ့ကောင်မလေးပုံကို ထည့်ထားတာ ဖြစ်နိုင်သည်ပဲ။ ကိုယ့်ဘေးမှာ ဘယ်သူထိုင်မှန်း မသိလိုက်ရသည့် အ ဖြစ်ကိုသာ မိုးဝေ မချင့်မရဲ ဖြစ်မိတော့၏ ။
သို့ သော်လည်း ...
ထိုပုံလေးကို တစိမ့်စိမ့်ငေးကြည့်နေမိရင်း ...
နေရင်းထိုင်ရင်း အတွေးတွေ ဝေနေမိရင်း ...
မိုးဝေ ဝါးခနဲ တစ်ချက်သန်းဝေမိလိုက်သည်။ သံပုရာရည်၏ အချဉ်ဓာတ်ပင်မနိုင်ဘဲ ပြန်ပြီးအိပ်ချင်လာရပြီ။
ထို့ကြောင့် လက်ထဲမှဖုန်းကို ပါဝါပိတ်လိုက်ရင်း ပိုက်ဆံရှင်း ကာ ကင်တင်းမှ ထွက်ခဲ့လိုက်၏ ။
လောလောဆယ် စဉ်းစားမိသည် ကတော့ အခန်းလွတ် တစ်ခုထဲမှာ အနှောင့်အယှက်ကင်းကင်းနှင့် သွားအိပ်ရန်ပဲ ဖြစ်လေ သည်။
''လူကြီးမင်းခေါ်ဆိုသော ဂျီအက်စ်အမ်တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါရှင်''
''တောက်''
တောက်တစ်ချက်ထပ်ခေါက်လိုက်ရင်း ရှုမဝမျက်နှာလေးက သုန်မှု န်နေသည်။ ခေါ်နေတာပင် ကြာလှပြီ။ ဘယ်နှစ် ကြိမ်မှန်းပင် မသိတော့။ လူကြီးမင်းပဲ ပြန်ဖြေနေသည်။ ကိုယ်က လူကြီးမင်းလည်း မဟုတ်။ လူကြီးမင်းမ ရှုမဝသည် ကျပျောက်ကျန်ခဲ့သော ကိုယ့်ဖုန်း ကိုယ်ပြန်ခေါ်ခိုင်းရင်း စိတ်တိုနေမိခြင်းသာ ဖြစ်သည်။
''နင့်ဖုန်းက ကျောင်းကားပေါ်မှာ ကျကျန်ခဲ့တာပဲ ဖြစ်မှာ ဟဲ့''
ဝင်းပုလဲပြောလာသော စကားကြောင့် ရှုမဝက ...
''အဲဒါတော့ နင်ပြောမှလား၊ ကားပေါ်ရောက်တဲ့အထိ ငါ့အိတ် ရဲ့ ဘေးအိတ်လေးထဲမှာ ဖုန်းရှိပါသေးတယ်ဆို''
ဟုတ်လည်းဟုတ်နေသည်မို့ ဘေးမှာ ထိုင်နေသော ဖုန်းပြည့် စုံနှင့် ဇာဇာသိမ့်တို့ကပါ စောဒကမတက်ြ ကတော့ချေ။ တကယ်လည်း ဟုတ်နေသည်ပဲ။
မနက်က ကျောင်းကားပေါ် ရှုမဝတက်တော့ သူမမှလွဲ၍ တစ်အုပ်စုလုံး ကားပေါ်ရောက်နေကြပြီ။ ထိုင်ရမည့် နေရာကို ရှုမဝ ဝေ့ကြည့်မိ၏ ။ နေရာလွတ်ကို မတွေ့ မိသေး။
''ရှုမဝ ...ဟိုမှာ တစ်နေရာရှိတယ်''
ဇာဇာသိမ့်လှမ်းပြသော နေရာကို ကြည့်မိသည်။ တစ်နေရာ စာလွတ်နေသော ခုံမှာ ထိုင်နေသူက ယောက်ျားလေး တစ်ယောက် ။ ပြန်ကြည့်တော့ ဇာဇာသိမ့်က ပခုံးတွန့်ပြသည်။ ထိုင်ရဲလားပေါ့။ ရပါ သည်။ ရှုမဝလည်း ဘာမှပြန်တွန့်ပြမနေတော့ဘဲ ထိုနေရာမှာ ခပ် တည်တည်ဝင်ထိုင်လိုက်၏ ။
သူမဘေးမှ ကျောင်းသားသည် အကောင်းကြီးမဟုတ်။ ထိုသို့ ဆို၍ ခြေပြတ်လက်ပြတ်ကြီးလည်း မဟုတ်ပါ။ သူများ တွေ လို မဟုတ် ဘဲ မျက်နှာပေါ် ပဝါအုပ်ပြီး အိပ်ပျော်နေခြင်းကြောင့် ဖြစ်သည်။ ဒင်းက ဟောက်သံသဲ့သဲ့ပင် ထွက်နေသေးသည်။ မတော် တဆ အိပ်မောကျ ပြီး ကိုယ့်ဘက်ယိမ်းကျလာမည် ကိုစိုးသဖြင့် ကိုယ်လုံးလေးကိုရို့ကာ ရှုမဝ အသက်ပင်ဝဝမရှူ ရဲ။ ဒင်း ကတော့ ကိုယ်ဝင်ထိုင်တာပင် သိမည် မဟုတ်ချေ။
ထိုသို့ သော အနေအထားမျိုးနှင့် ကျောင်းရောက်အောင် အ သက်အောင့်ပြီး လိုက်ခဲ့ရသည်။ ကားပေါ်ကဆင်းပြီး စိတ်လွတ်ကိုယ် လွတ် ဖြစ်မည် မကြံသေး။ ကင်တင်းအရောက် မှာ ယူစားသောက်ကြရင်း လေပေါပြီးသကာလ အိမ်ကိုဖုန်းဆက်ရန်ရှိသည်ကို သတိရမိ သည်။ လွယ်အိတ်ထဲစမ်းကြည့်ချိန်မှာ ဖုန်းက မရှိတော့။
ပြန်စဉ်းစားရင်း ကားပေါ်မှာ ကျန်ခဲ့မှာ ပဲဟုသာ အဖြေရသည်။ ဒီအချိန် ကျောင်းကားက ရှိမည် မထင်တော့။ ဖုန်းပြည့်စုံ၏ ဖုန်း ခဏ ယူပြီး ကိုယ့်ဖုန်းကိုဆက်ကြည့်ရသည်။
သို့ သော်လည်း ဘယ်နှခါခေါ်ခေါ် လူကြီးမင်းက စက်ပိတ် ထားပါသည်တဲ့။ ပွဲက ပြတ်နေပြီ။ ရှုမဝ ကိုယ့်ဖုန်းကိုယ် တစ်ခါမှ စက်ပိတ်ထားခြင်းမရှိပါ။ ခုတော့ ဘယ်သတ္တဝါက ကောက်ရပြီး စက် ပိတ်ထားသနည်း။ တွေးရင်း ဒေါကန်နေမိသည်။
စဉ်းစားနေစဉ်မှာ ပဲ ဖုန်းပြည့်စုံက ...
''ရှုမဝ ...ခေါ်လို့ရရဲ့ လား''
''စက်ပိတ်ထားတယ်ဟေ့ ...စက်ပိတ်ထားတယ်''
စိတ်တိုတိုနှင့် ရွဲ့ပြောရင်း ဖုန်းပြန်ပေးလိုက် သည်။ နာမည် နှင့် လိုက်အောင်ပင် ကိုယ့်ဖုန်းနှင့် ကိုယ် ပြန်ပြည့်စုံသွားသော ဖုန်းပြည့် စုံက မျက်စောင်းထိုး၏ ။
အတန်းပင်သွားမတက် ဖြစ်သေးဘဲ လေးယောက် သား ငူငူကြီး ထိုင်နေမိကြသည်။ ဖုန်းပြည့်စုံက သူ့ဖုန်းကိုကလိရင်း ...
''ဟယ် ...ဝင်သွားပြီတော့ ဝင်သွားပြီ''
အားရပါးရကျူး ရင့်သံကြောင့် ရှုမဝတို့ပင်မကဘဲ ဘေးဝိုင်း တွေ ကပါ လှည့်ကြည့်ကြသည်။ ဟီးခနဲ ရှက်ရယ်ရယ်လိုက်ပြီး ဖုန်း ပြည့်စုံက ...
''ရော့ ရှုမဝ ...နင့်ဖုန်းကို ဝင်သွားပြီလို့ပြောတာ''
ခပ်သွက်သွက်လှမ်းယူပြီး ရှုမဝ ပြောလိုက်သည်။
''ဟလို ...ဟလို ...ပြောတာကြားလားမသိဘူး''
တစ်ဖက်က တိတ်ဆိတ်နေသေးသည်။ ခဏနေမှ ...
''အင်း ...ကြားတယ် ...ပြောကြည့်လေ''
အချိုးမပြေသော ဖြေသံကြောင့် ချက်ချင်း စိတ်တိုသွားရ၏ ။
''ဘာရှင့် ...ဘာပြောကြည့်လေလဲ၊ ရှင်ပြောနေတာ ကျွန်မ ဖုန်းရှင့်၊ ရှင် ဘယ်သူလဲ ...ဖုန်းလာပြန်ပေးပါ''
''အလိုလေးဗျာ ...လူကိုများ မေးလားစမ်းလားနဲ့၊ ခင်ဗျား ဘာသာကျပျောက်တာကိုတောင် လာပြန်ပေးရဦးမယ် ...ဟုတ်လား''
''အာ ...ဆောရီး ...ဒါဆိုလည်း ကျွန်မ လာယူပါ့မယ်၊ ဘယ်ကိုလာ ...''
စကားပင်မဆုံးလိုက်။ တစ်ဖက်က ...
''ခဏလေး ခဏလေး ...ဒါ ခင်ဗျားဖုန်းဆိုတာ ဘယ်လို ယုံရမှာ လဲ''
ရှုမဝ တင်းသွားသည်။ ချက်ချင်း ပင် ...
''ဒီမှာ ...အဲဒီ ဖုန်း (screen) မှာ ပေါ်နေတာ ကျွန်မပုံပဲ၊ အဲဒီ ထက် သက်သေပြစရာမရှိဘူး''
''ဟင် ...ဟုတ်လား၊ မဆိုးပါဘူး ...ချောသားပဲ၊ အပြင် မှာ ရော ဒီအတိုင်းပဲလား''
''ဘာ ဖြစ်လို့လဲ''
ပြန်မေးရင်း ကျွဲမြီးတိုလာရသည်။ တစ်ဖက်မှ သော ကြာသား က မပြီးသေးချေ။
''သြော် ...မသိဘူးလေဗျာ ...တချို့က အပြင်မှာ မလှတာ ကို ကွန်ပျူ တာနဲ့ပြင်ပြီး လှအောင်လုပ်ထားတတ်ကြလို့ပါ''
''ရှင်နော် ...ကျွန်မပုံက အစစ်ရှင့်''
''အင်း ...သိတော့သိသာပါတယ် ...အစစ်တွေ ပဲ ဆိုတာ၊ ဒါတောင် အောက်ပိုင်းကို မမြင်ရ ...ရ''
''ဒီမှာ ''
ရှုမဝ ကြုံး အော်ပစ်လိုက်သည်။ ဘေးမှ ဝင်းပုလဲတို့ပင် လန့် သွားရ၏ ။
ရှုမဝကပဲ ...
''ရှင် ကျွန်မဖုန်းကို ပြန်ပေးမှာ လား၊ ဒါမှမဟုတ် နှောင့်ယှက် နေတာလား''
တစ်ဖက်က ခပ်ဟဟရယ်သည်။ ပြီး ...
''ပေးပါ့မယ်ဗျာ ...စိတ်ကလည်း ထွားလိုက်တာ၊ ဒါပေမဲ့ လွယ်လွယ်နဲ့တော့ ဘယ်ရမလဲဗျ''
''ကဲ ...ဒါဆိုလည်း ပြောရှင်''
ခဏမျှ တိတ်ဆိတ်သွားသည်။ ပြီးမှ ...
''ဒီလိုလုပ်ပါလား ...ခင်ဗျားကို မေးခွန်းလေးနည်းနည်း လောက် မေးချင်လို့ပါ၊ အဲ ...ခင်ဗျားဖြေနိုင်ရန် ဒီဖုန်းကို အရောက် ပြန်လာပေးပါ့မယ်''
ရှုမဝ မျက်ခုံးနှစ် ဖက်မြင့်သွားရသည်။ ချက်ချင်း စဉ်းစားလိုက် ရင်း
''နေစမ်းပါဦး ...ရှင်က ကျွန်မကိုသိလို့လား''
ထိုသို့ ပြန်မေးရတာ အကြောင်းရှိသည်။
သို့ သော်လည်း တစ်ဖက်က ခပ်တည်တည်ပင် ...
''သိတယ်ပဲထားပါတော့၊ ဘယ်လိုလဲ ...ဖြေမှာ လား,မဖြေ ဘူးလား ...ပြော''
တစ်ချက် ပြန်စဉ်းစားလိုက်မိသည်။ ဒီလိုမေးခွန်းတွေ ဆိုတာ က ကိုယ့်ကိုလိုက်ပိုးပမ်းနေသူတွေ ကိုပဲ သူမ ဦးနှောက်စားဖူးခဲ့သည်။
ခုတော့ ဒင်းကတစ်ပြန်ကြီး ...။
ခုလိုပုံစံမျိုးဖြင့် မိမိကိုပြန်မေးမည် ဆိုတော့ ကိုယ့်အကြောင်း များ သိနေလို့လား ...ဒါမှမဟုတ် ကိုယ့်ကိုလိုက်နေသူတွေ ထဲက တစ် ယောက် ပဲလား ...။
ထိုသို့ တွေးရင်းဖြင့် ...
''ဒါနဲ့ ...ရှင်က ဘယ်သူလဲ''
ခပ်ဟဟရယ်သံကို အရင်ကြားရသည်။ ပြီး စကားသံက
''ဘာလဲ ...ပုံစံကိုပြောလိုက်ရင် အိပ်မက်ထဲက မင်းသား လေးနဲ့ယှဉ်ကြည့်မလို့လား၊ ရပါတယ်ဗျာ ...ကျွန်တော့် ပုံစံက အရပ် ငါးပေရှစ်လက်မ၊ အသားအရောင် က အဖြူ ဘက်လုနေ ပြီး ...''
''တော် တော့တော် တော့ ...ဘာမှမသိချင်ဘူး''
ဒေါသဖြင့် ရှုမဝ ထပ်အော်လိုက်မိသည်။ ဘေးမှ ဝင်းပုလဲ တို့ပင် ရှုမဝကို အကြောင်သားကြည့်နေကြပြီ။
ရှုမဝက ...
''ကဲ ကဲ ...ရှင်မေးမယ်ဆိုလည်း မေးတော့''
မလိုအပ်ဘဲ ချောင်းဟန့်သံကို အရင်ကြားလိုက်ရသည်။ ပြီးမှ
''အဟဲ ...သိပ်ခက်ခက်ခဲခဲတွေ တော့ မဟုတ်ပါဘူးဗျာ၊ ဒီလိုဗျ ...သူဌေး တစ်ယောက် က သူ့အိမ်က ညစောင့်ကို မနက်ဖြန် နိုင်ငံခြားကို ခရီးခဏသွားမယ်၊ အဲဒါ သူ,မရှိတုန်းမှာ သူ့အိမ်နဲ့ခြံကို ပိုဂရုစိုက်ပါလို့ခေါ်ပြောတာ၊ နောက်နေ့ သွားမယ့်ရက်ကျတော့ ညစောင့် က ...သူဌေး ဒီနေ့မ သွားပါနဲ့၊ ညက အိပ်မက်ထဲမှာ သူဌေးစီးသွား တဲ့လေယာဉ် ပျက်ကျတယ်လို့ အိပ်မက်မက်တယ်တဲ့၊ အဲဒါနဲ့ သူဌေး လည်း လေယာဉ်ခရီးစဉ်ကို ရက်ရွှေ့လိုက်တယ်၊ အဲဒီ နေ့မှာ ပဲ သူဌေးစီး မယ့်လေယာဉ်က တကယ်ပဲပျက်ကျသွားခဲ့တယ်၊ သူဌေးလည်း ည စောင့်ကိုခေါ်ပြီး အိပ်မက်ကြောင့် သူမသေခဲ့တဲ့အတွက် ဆုငွေတွေ ပေးလိုက် တယ်ပေါ့၊ ဒါပေမဲ့ အလုပ်ပါ တန်းထုတ်ပစ်လိုက်တယ် ... အဲဒါ ဘာကြောင့် လို့ ခင်ဗျားထင်လဲ''
ရှုမဝ တွေ ခနဲ ဖြစ်သွားရသည်။
ခေတ္တမျှစဉ်းစားနေမိသဖြင့် တစ်ဖက်က ...
''အဟဲ ...မသိတော့ဘူးလား၊ မဖြေနိုင်ရင်လည်း ရတယ် နော်၊ မင်းမသိ ဗြမ္မဒတ်၊ တိုင်းမသိ ဗာရာဏသီ၊ ကျမ်းမသိ အင်္ဂုတ္ထိလ် ပေါ့''
''အောင်မာ ...လာလာချည်သေး၊ ဖြေမယ် ... စဉ်းစားနေ တယ်''
''သုံးမိနစ်ပဲ စောင့်မှာ နော်''
အသည်းအသန်စဉ်းစားရင်း ရှုမဝမျက်နှာလေးက ပြုံး သွား သည်။
ပြီးမှ ရွှင်ပျပျလေသံဖြင့် ...
''ဒါများ ရှင် ...အိပ်မက်မှန်လို့ သူဌေးက ဆုငွေပေးတယ်၊ ဒါပေမဲ့ ညစောင့်က ညဘက် မစောင့်ဘဲအိပ်နေလို့ အလုပ်ဖြု တ်လိုက် တာပေါ့''
''ဒါဆိုလည်း ညီမလေးအဖြေ မှန်ပါတယ်ကွယ်၊ တစ်ခု လောက် ထပ်မေးပါဦးမယ် ...ဟစ်တလာရှေ့မှာ မြန်မာအစွမ်းကို ပြခဲ့တာ ဘယ်သူပါလဲခင်ဗျာ''
''ဒီမှာ ...ရှင့်မေးခွန်းတွေ က မပြီးတော့ဘူးလား''
ရှုမဝ ဆောင့်ကြီးအောင့်ကြီး အော်လိုက်သည်။
တစ်ဖက်က အမြင်ကတ်စရာလေသံနှင့် ပင် ...
''ဒါဆို တော် ပါပြီဗျာ၊ မသိရင်လည်း ခွင့်လွှတ်မှာ ပါ ဟဲဟဲ''
ဒါမျိုးတော့ ရှုမဝ မခံနိုင်ချေ။
ချက်ချင်း ပင် ...
''ဘာလို့မသိရမှာ လဲ ...ဒါလေးများ ...၁၉၃၆ ခုနှစ် က ဂျာမနီနိုင်ငံ မြူး နစ်မှာ ကျင်းပတဲ့ အိုလံပစ်ပွဲတော် မှာ ဖြစ်ခဲ့တာရှင်၊ အဲဒီ တုန်းက သြဂုတ်လ (၂)ရက်မှာ အခြားနိုင်ငံ (၁၁)နိုင်ငံက အလေးမသမား (၁၄)ယောက် နဲ့အတူ မြန်မာနိုင်ငံက ဦးဇော်ဝိတ် ပါ ယှဉ်ပြို င်ရတယ်၊ အိုလံပစ် ပွဲစဉ်တစ်လျှောက်လုံး အဲဒီ တစ်ရက်ပဲ ဟစ်တလာ လာကြည့်ခဲ့တာ ...သိပြီလား''
''သိပါပြီဗျာ ...မှန်ပါတယ်''
အသံက သိပ်မလတ်ဆတ်တော့ချေ။ ဖျော့ကျသွားသည်။ ဒါ မျိုး ကတော့ သူများ ကိုခေါင်းစားလို့ရအောင် ရှုမဝမှတ်သားထား ခဲ့သည်ပဲ။
ခဏနေမှ တစ်ဖက်မှ လူက ...
''ကဲ ပြော ...ခင်ဗျားဖုန်းကို ဘယ်အချိန် လာပေးရမှာ လဲ''
ရှုမဝ ပြုံး မိသွားသည်။ ဒါဆို ဒင်းက အရှုံးပေးလိုက် ပြီပေါ့။ သို့ သော်လည်း စိတ်ထဲက ခပ်ချဉ်ချဉ် ဖြစ်မိသဖြင့် ...
''အင်း ...ဒါဆိုလည်း မနက်ဖြန် နာရီဝက်ရဲ့ သုံးပုံတစ်ပုံမှာ လာပေးလေ၊ ကျွန်မက တွက်ချက်ပြီးမှ အဖြေရမယ့် ကင်တင်းမှာ စောင့်နေမယ်၊ ဒါပဲ''
ပြောပြီးဖုန်းချပစ်လိုက်သည်။ ဘေးမှ သူငယ်ချင်းတွေ ပင် အကြောင်သား ...။
အားလုံးထဲမှာ မှ အောင့်အည်းမနေနိုင်သည့် ဖုန်းပြည့်စုံက အရင်မေးလာသည်။
''ဟဲ့ ရှုမဝ ...ဘာလဲဟ ...ဘာတွေ လဲ''
အမေးကြောင့် ရှုမဝက မျက်နှာလေးကိုချီကာ အကြောင်းစုံ ပြောပြလိုက်သည်။
ဇာဇာသိမ့်က ဝင်ပြီး ...
''ဟဲ့ ...နင်ဖြေနိုင်တာ အကြောင်းမဟုတ်ဘူး၊ နင် ပြန်မေး လိုက်တာကို ဟိုဘက်ကမသိရင် ဘယ်လိုလုပ်မလဲ၊ တော် ကြာ နင့်ဖုန်း ပြန်မရဘဲနေဦးမယ်''
ရှုမဝက အေးဆေးစွာ ပင် ...
''အကြောင်းမဟုတ်ပါဘူးဟာ ...မဖြေနိုင်လည်း လာပြန် ပေးပါလိမ့်မယ်၊ ဒင်းက ငါ့ကိုသိနေတယ်လေ၊ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်''
''ဘာလဲ''
''သူ အဖြေရှာမရရင်တော့ ကိုယ်တိုင်လာပေးရဲမှာ မဟုတ် ဘူး''
''အင်း ...ဒါတော့ ဟုတ်တယ်''
ဝင်းပုလဲစကားသံနှင့် အတူ အားလုံး ဘဝင်ကျသွားကြသည်။
ထိုအခါမှ ဖုန်းပြည့်စုံက ...
''နေစမ်းပါဦး ရှုမဝရယ် ...နင် ခုနက ဟိုဘက်ကမေးတာ ကို ဖြေနိုင်တာတော့ မအံ့သြတော့ပါဘူး၊ ဒါနဲ့ အဲဒီ လိုပြန်မေးနိုင် အောင် လူတကာခေါင်းစားမယ့် ကတ်သီးကတ်သတ်မေးခွန်းတွေ ဘယ်ကရတာ လဲဟ''
မျက်နှာကို ပိုပိုသာသာချီလိုက်ရင်း ရှုမဝက ...
''သြော် ...အဲဒါလား ...စာအုပ်တွေ ထဲကပေါ့ဟ၊ အဲဒါ ကြောင့် နင်တို့ကိုပြောနေတာပေါ့ ...ဖတ်ပါ, မှတ်ပါ, လေ့လာပါလို့ လေ၊ ဖြတ်သန်းမှု တွေ လိုတယ်ဟ''
''အင်''
သုံးယောက် စလုံး နင်သွားရသည်။ ရှုမဝကိုပြန်ချေပမည့်  စကားလုံးတော့ ဘယ်သူမှ ရှာမတွေ့ ကြချေ။
အဲဒီ နေ့က မိုးဝေ ကျောင်းသို့ နောက်ကျပြီးမှ ရောက်လာသည်။ ဒါသည် သိပ်ထူးထူးဆန်းဆန်းတော့ မဟုတ်။ မိုးဝေလိုကောင်မျိုးက ကျောင်းနောက်ကျတာ သိပ်မဆန်းချေ။
သို့ သော်လည်း ...
ထူးခြားနေသည်က မိုးဝေသူငယ်ချင်းတွေ ဖြစ်သည့် သော်ဦး (ခေါ်) ပြောင်ကြီး၊ မြတ်ခိုင်အောင် (ခေါ်) လူမဲနှင့် စိုးအောင်တို့ စာ သင်ခန်းထဲမဝင်နိုင်သေးဘဲ ကင်တင်းမှာ ထိုင်နေကြခြင်း ဖြစ်သည်။
ပုံမှန်အတိုင်းဆိုလျှင် စိုးအောင်က ဒီအချိန် သူနှင့် ဝါသနာ တူရာ သူငယ်ချင်းတချို့နှင့် ကဗျာအကြောင်းဆွေးနွေးနေတတ်ပြီး သော်ဦးနှင့် မြတ်ခိုင်အောင်တို့ကလည်း တစ်ခန်းဝင်တစ်ခန်းထွက် ကောင်မလေးတွေ ကို 'ဘူး' ကျနေလောက်ပြီ။
ခုတော့ မိုးဝေကို စောင့်နေရ၏ ။ စောင့်နေရသည့်အကြောင်း ကလည်း ရှင်းပါသည်။ မနေ့က ကောင်မလေး၏ ဟန်းဖုန်းအား ဘယ် လိုပြန်ပေးမည် လဲ ဆိုတာကို ...။
စိတ်မရှည်စွာ ဘဲ စောင့်နေသည်။ စာသင်ချိန်တစ်ချိန်ကုန်လု သည်အထိ မောင်မင်းကြီးသား မိုးဝေက ရောက်မလာသေး။
သော်ဦးအသံက အရင်ထွက်လာသည်။
''ဒီကောင့်ကိုစောင့်ရတာ ကြာလိုက်တာကွာ၊ တောက် ... ကောင်မလေးတွေ နဲ့တော့ အကုန်လွဲကုန်ပါပြီ''
မသိလျှင်ဘဲ သူနှင့် ကောင်မလေးတွေ က ဒီမနက်မှာ ချိန်း ထားသလိုလို။
ထိုစကားကြောင့် မြတ်ခိုင်အောင်က မရှုစိမ့်ဟန်ဖြင့် ...
''တော် စမ်းပါကွာ ...အဲဒါ မင်းလျှာရှည်လို့ ဖြစ်ရတာ ပြောင်ကြီး၊ မင်းပဲ ရှုမဝအကြောင်းကို ဟိုလဒကို သံတော် ဦးတင်ခဲ့ တာလေ''
သော်ဦး (ခေါ်) ပြောင်ကြီး တင်းသွားသည်။ ချက်ချင်း ပဲ ...
''ဟေ့ကောင် လူမဲ ...ငါ့ကို အပြစ်လာမတင်နဲ့၊ ငါ မပြော လည်း မင်းပြောမှာ ပဲ မဟုတ်လား''
နဂိုထဲက မည်းနေသော မြတ်ခိုင်အောင်မျက်နှာ ပြာထွက် သွားရသည်။ ပြန်ချေပရန်စကား ရှာနေစဉ်မှာ ပဲ စိုးအောင်က ...
''တော် ကြပါတော့ကွာ ...ဟိုမှာ မင်းတို့အဖေ လာနေပြီ''
ထိုစကားကိုပင် နှစ် ကောင်သား မနာနိုင်ကြအား။ ဝုန်းခနဲ လှည့်ကြည့်မိကြသည်။ ဟုတ်ပါသည်။ သကောင့်သား မိုးဝေက လေ လေးတချွန်ချွန်နှင့် ကင်တန်းထဲ ဝင်လာလေပြီ။
ထိုင်ခုံတစ်လုံးဆွဲယူကာ ဝင်ထိုင်လိုက်ရင်း မိုးဝေက ...
''မက်(စ်)ပလပ်(စ်)လိမ္မော် တစ်ဘူးပေးပါဗျို့''
ခပ်တည်တည်ပင်မှာ ပြီး သောက်သုံးနေလိုက်သေးသည်။
မနေနိုင်တော့သည့် သော်ဦးက (မိုက်မဲစွာ ) ...
''မင်း ဘယ်လိုစဉ်းစားမိလဲ မိုးဝေ''
မိုးဝေ ဆတ်ခနဲ ဖြစ်သွားရသည်။ ဘူးထဲမှ လက်ကျန်လိမ္မော် ရည်ကို အကုန်မော့ချလိုက်ပြီး ...
''အင်း ...ဒါ ကတော့ အချိုရည်ဈေးကွက်ချဲ့တာလေ၊ ဒီနှစ် နွေကလည်း ပူတာကိုး၊ ဒီလို သယ်ယူလို့ရတဲ့ ပလတ်စတစ်ဘူးနဲ့ ထုတ်တော့ ပိုအရောင်းရတွင် ကျယ်တာပေါ့''
''အင်''
သော်ဦး နင်သွားရသည်။ မချိတင်ကဲဟန်ဖြင့် ပင် ...
''မင်းကွာ ...ငါပြောတာက မနေ့ကကိစ္စ၊ ရှုမဝ ဖုန်းကို ဘယ်အချိန်မှာ ဘယ်နေရာကို သွားပေးမလဲဆိုတာမေးတာ''
''သြော် ...ဒါလား''
အေး ...ဒါပဲဟု သော်ဦးက စကားလိုက်မထောက်ပါ။ မိုးဝေ ပါးစပ်ဖျားမှ ခုန်ဆင်းလာမည့် စကားကိုပဲ စောင့်နေလိုက်သည်။
မိုးဝေက ခပ်အေးအေးပဲ ...
''အင်း ...တွက်ချက်ပြီးမှ အဖြေရမယ့် ကင်တင်းဆိုတာက သင်္ချာကင်တင်းကိုပြောတာပါ၊ အဲဒါတော့ မနေ့ကပဲ စဉ်းစားမိပါတယ်''
''ဒါဆို ...နာရီဝက်ရဲ့ သုံးပုံတစ်ပုံက ဘာလဲ၊ မိနစ်သုံးဆယ် ရဲ့ သုံးပုံပုံတစ်ပုံ, ဆယ်မိနစ်လား''
မြတ်ခိုင်အောင် ဝင်မေးလိုက်ခြင်း ဖြစ်သည်။ မိုးဝေက ရှုတည် တည်ကြည့်ကာ ...
''အဲဒီ ဆယ်မိနစ်ကို မင်း ဘယ်နာရီကစတွက်မှာ လဲ''
''အဲ ...ဒါတော့''
စကားဆက်မရ ဖြစ်သွားသည်။ မိုးဝေက မြတ်ခိုင်အောင်ကို ကြည့်ကာ သဘောကျသလိုရယ်လျက် ...
''အေး ...ငါလည်း အဲဒီ မှာ စားတာပဲကွာ၊ ဒါပေမဲ့ မနေ့ ညက ထိုင်စဉ်းစားတော့ တဖြည်းဖြည်းရိပ်မိလာတယ်''
''ဘယ်လိုလဲကွ ...ပြောစမ်းပါဦး''
ထိုအခါမှ မိုးဝေက အိတ်ထဲမှစာအုပ်နှင့် ဘောပင်ထုတ်လိုက် ရင်း ...
''ဒီလိုကွ ...နာရီဝက်ဆိုတာ''
ပြောပြောဆိုဆို ပုံတစ်ပုံ ဆွဲပြလိုက်သည်။
''ဟင် ...နာရီဝက်ဆိုတာ အဲလိုတစ်ဝက်ဝက်တာလား''
''အေးလေ ...မင်းကြည့်ကြည့်ပါလား ...အပေါ်ဘက် က ဂဏန်းတွေ ပေါင်းလည်း (၃၉)ရတယ်၊ အောက်ကဂဏန်းတွေ ပေါင်းရင်လည်း (၃၉)ပဲ၊ အဲဒီ ထက်တိကျတဲ့ နာရီဝက်ဆိုတာ မရှိဘူး''
မိုးဝေက လေသံအေးအေးနှင့် ပဲ ပြန်ပြောလိုက်သည်။
ပုံကိုစိုက်ကြည့်နေရင်း စိုးအောင်က ...
''ဒါနဲ့ မိုးဝေ ...နာရီဝက်ရဲ့ သုံးပုံတစ်ပုံဆိုတာက''
''အဲဒါ ကတော့ ရှင်းပါတယ်ကွာ''
ပြောရင်းပင် ခုနကပုံပေါ်မှာ ပဲ မျဉ်းကြောင်းတွေ ထပ်ဆွဲလိုက် ပြန်သည်။
''ဟာ ...မင်းဟာက ဘာတွေ လဲကွ''
''အေးလေ ...ရှုပ်ကုန်ပြီ''
ထွက်လာသော စကားသံတွေ ကြောင့် မိုးဝေ ရယ်ရင်း ...
''မရှုပ်ပါဘူးကွာ ...သူပြောတဲ့နာရီဝက်ကို သုံးပုံပုံလိုက် တာပါ၊ ကဲ မင်းတို့ကြည့် ...အပေါ်အောက်တစ်ပိုင်းစီရဲ့ ဂဏန်း တွေ ရဲ့ ပေါင်းခြင်းရလဒ်ကို ကြည့်လိုက်''
သုံးယောက် သားပြူး ပြဲကြည့်လိုက်ကြကာ ...
''အေးဟ ...တစ်ပုံစီတိုင်းမှာ ပေါင်းခြင်း (၁၃)ပဲရှိတယ်၊ ဒါဆိုတော့''
''ရှင်းနေတာပဲလေ (၁၃)နာရီဆိုတာက''
''တစ်နာရီပေါ့ ...ဟုတ်လား''
သံပြို င်ထွက်သွားကြသည်။ မိုးဝေက အားလုံးကိုဝေ့ကြည့်ရင်း
''ဒါပဲလေ ...တစ်ခုရှိတာ ကတော့ ငါ့ကိုညတစ်နာရီတော့ ချိန်းမှာ မဟုတ်ဘူး၊ ဖြစ်နိုင်တာ ကတော့ လာမယ့်နေ့လယ် တစ်နာရီ ပဲ ဖြစ်မယ်''
''မင်းဟာမင်းတော့ ဟုတ်နေတာပဲကွာ''
သော်ဦးက မယုံသလို၊ အားကျသလိုလေသံဖြင့် ပြောလာ သည်။
မိုးဝေက ဂရုစိုက်ဟန်မရှိဘဲ ...
''အဟဲ ...ဒါတော့ စောင့်ကြည့်ကြပေါ့ကွာ''
မိုးဝေပုံစံကို မြတ်ခိုင်အောင်က မရှုစိမ့်ဟန်ဖြင့် ကြည့်ကာ ...
''ဟေ့ကောင် မိုးဝေ ...မင်းက ခု ရှုမဝကို ဖုန်းသွားပြန် ပေးမှာ လား၊ ပြီးတော့ မင်း ရှုမဝကို စိတ်ဝင်စားသွားတာလား၊ မင်းကို ရှုမဝအကြောင်း ပြောပြထားပြီနော်''
''ဟုတ်ပါပြီ၊ ဘာလဲ ...မင်းတို့ သိပ်စိတ်ဝင်စားနေကြလို့ လား''
အားလုံး မျက်နှာမဲ့ခွက်ခွက် ဖြစ်သွားကြသည်။
ပြီးမှ စိုးအောင်က ...
''အေး ...ဟုတ်တယ်ကွာ၊ မင်းက ဘယ်မိန်းကလေးနဲ့မှ မပတ်သက်ဖူးတော့ ငါတို့စိတ်ဝင်စားတယ်၊ ပြောလေကွာ ...မင်း ဘာ ဖြစ်သွားတာလဲ''
ထိုအခါမှ မိုးဝေက ရယ်ကျဲကျဲလုပ်ပြီး ...
''အဟီး ...ဟုတ်တယ်ကွ ...ငါကြို က်လို့''
''သမီးရေ ...ရှုမဝ ...ပြီးရင် မေမေ့ဆီလာခဲ့ဦး''
''ဟုတ်''
ကျောင်းသွားရန်ပြင်ဆင်နေရင်းက ရှုမဝအသံပြု လိုက်သည်။ မေမေက သူ့သမီးကို ရှုမဝဟုပဲ ခေါ်သည်။ ရှုပ်မသွားကြပါနှင့် ။ သူ များ မိဘတွေ လို အဖျားဆွတ်ပြီး မိရှု၊ မိမ၊ မိဝ စသည်ဖြင့် မခေါ်ချေ။ ခေါ်လို့လည်း မကောင်း။ ထို့ကြောင့် သူတို့မွေးထားသည့် သမီးချော လေးကို ရှု၍ မဝသဖြင့် ရှုမဝဟု အမည် ပေးထားပြီး ရှုမဝဟူ၍ သာ ပြည့်ပြည့်စုံစုံခေါ်လေသည်။
(အမလေးဟဲ့ ...လျှာရှည်လိုက်တဲ့ စာရေး ဆရာ)
ဧည့်ခန်းထဲဝင်သွားတော့ ဧည့်သည်မဟုတ်သည့် မေမေက တစ်ခုခုပြောရန် ဆုံးဖြတ်ထားပြီးသော မျက်နှာပေးနှင့် ထိုင်နေသည်။
ရှုမဝက ...
''ပြော မေမေ ...ဘာကိတ်''
မေမေက ရှုမဝကို တစ်ချက်ကြည့်လိုက်ကာ ...
''သမီး ...သမီး ခုဆို နောက်ဆုံးနှစ် ရောက်နေပြီနော်''
''ဟင် ...မေမေက ကိုယ့်သမီး ဘယ်အတန်းတက်နေတာ တောင် မသိတော့ဘူးလား''
''ဟဲ့ ...သိတာပေါ့ ...ပြောစရာရှိလို့ စကားထောက် လိုက်တာဟေ့''
မေမေ နည်းနည်း တော့ ရှူး ရှူး ရှားရှား ဖြစ်သွားသည်။ ပြီးမှ
''ခု ...သမီးမှာ ချစ်သူရည်စားရှိနေပြီလား''
''မရှိ ...မရှိပါဘူးမေမေ ...ဘာ ဖြစ်လို့လဲ''
မေးသာမေးလိုက်ရသည်။ မေမေထပ်ပြောလာသည့်စကား က ရှုမဝမျှော်လင့်ထားသည့်အတိုင်း ဖြစ်လေသည်။
''မရှိဘူးဆိုရင် ကျောင်းပြီးရင် ညည်းကို အိမ်ထောင်ချပေး မလို့ဟေ့''
ရှုမဝကလည်း ...'သမီး ငယ်ပါသေးတယ် ...မေမေတို့နဲ့ အတူတူနေချင်သေးတယ်' ...ဟု ဆိုရင်း ပလီမနေပါ။ ရှင်းရှင်းပဲ မေးလိုက်သည်။
''ဘယ်သူနဲ့လဲ မေမေ''
''ငါတို့မိတ်ဆွေ တစ်ယောက် ရဲ့ သားပဲ၊ နိုင်ငံခြားမှာ အလုပ် လုပ်နေတာ ...အောင်သန်းစိန်တဲ့''
လူကိုမမြင်ဖူးသေးပေမဲ့ နာမည် ကြားရုံမျှဖြင့် ရှုမဝ စိတ်ညစ် သွားရသည်။ နာမည် ကိုက အချိုးမပြေချေ။ အောင်သန်းဖြင့် အောင် သန်း၊ သန်းစိန်ဆိုလည်း သန်းစိန်ပေါ့။ ခုတော့ နာမည် ကိုက အောင် သန်းစိန်တဲ့။ တင်စီးလွန်းသည်။
သို့ သော်လည်း မေမေ့ကို ထပ်မေးရသေးသည်။ ပေးစား မည် ဟုဆိုသည်ကိုး ...။
''အဲဒီ အောင်သန်းစိန်က ဘယ်လိုလူစားမျိုးလဲမေမေ''
''ဟဲ့ ...ဒါတော့ ငါ ဘယ်လိုလုပ်သိမှာ လဲ''
ရှုမဝက မျက်နှာလေးမဲ့ကာ ...
''မေမေတို့တောင် ဘာမှန်းမသိတဲ့လူနဲ့ သမီးကို ပေးစားမလို့ ဆိုပါလား၊ မေမေတို့ကလည်း လက်လွယ်လိုက်တာ''
''ဟဲ့''
မေမေ မျက်ခုံးနှစ် ဖက် မြင့်တက်သွားသည်။ ပြီးမှ ...
''ရှုမဝ ...ငါဆိုလိုတာက အဲဒီ သဘောမဟုတ်ဘူး''
မျက်နှာကို မချိုမချဉ်လုပ်ရင်း ရှုမဝက ...
''သမီး သဘောပေါက်ပါတယ်၊ ဒီလိုလေ မေမေရဲ့ ... ယောက်ျားဆိုတာ ဒီခေတ်မှာ သုံးမျိုးပဲရှိတာ မေမေရဲ့ ''
''အေး ...ပြောစမ်းပါဦး''
ရှုမဝ မျက်နှာလေးချီလိုက်သည်။
''ဒီလို မေမေရယ် ...ဒီခေတ်မှာ က ရှင်းနိုင်လို့ရှုပ်တဲ့ ယောက်ျားရယ်, မရှင်းနိုင်လို့ မရှုပ်တဲ့ယောက်ျားနဲ့ ရှုပ်လည်း ရှုပ်ချင်တယ်, ဒါပေမဲ့ ရှင်းလည်းမရှင်းနိုင်တဲ့ယောက်ျား ဆိုပြီး သုံးမျိုးပဲရှိတာ၊ ဒါနဲ့ မေမေ့အောင်သန်းစိန်က ဘယ်အစားထဲကလဲ''
''ဘာ ငါ့အောင်သန်းစိန်လဲ ...ရှုမဝနော်''
ဒါမျိုးကျတော့ မေမေတို့က မခံနိုင်ပြန်ချေ။ ချက်ချင်း ပင် ပြန်အော်တော့သည်။
ပြီးမှ ရှုမဝကိုစေ့စေ့ကြည့်ကာ ...
''ဒါ ကတော့ ညည်းယူရမယ့်လူပဲ၊ တွေ့ ရင် ညည်းလေ့လာ ပေါ့၊ သူကလည်း ညည်းတို့ကျောင်းပိတ်ချိန်လောက်မှ ပြန်ရောက်မှာ ''
တော် သေးသည်ဟုဆိုရမည် ။ ဒီကြားထဲမှာ သူမ ရည်းစား တစ်ယောက် ခေါင်းခေါက်ရွေးလို့ ရနိုင်သည်ပဲဟုတွေးရင်း ...
''သြော် မေမေ ...ကျောင်းမပိတ်ခင် သမီးမှာ ချစ်သူရသွား ရင်ကော''
မေမေ့မျက်နှာက တစ်မျိုး ဖြစ်သွားသည်။ မျက်စောင်းလှမ်း ထိုးပြီး ...
''အဲဒါဆိုရင်တော့ တစ်မျိုးပေါ့၊ ဒါပေမဲ့ ဗီဒီယိုတွေ ထဲကလို ရည်းစားအတုကို အိမ်ခေါ်လာဖို့တော့ မစဉ်းစားနဲ့''
''စိတ်တောင်မကူးမိပါဘူး မေမေရယ် ...အဲဒီ အတွေးက တိမ်ပါတယ်''
ထိုသို့ မေမေနှင့် အကြမ်းဖျဉ်းဆွေးနွေးပြီးမှ ကျောင်းသို့ ထွက် ခဲ့ရသည်။ ကျောင်းရောက်တော့ ထိုင်နေကျကင်တင်းကို တန်းသွား လိုက်သည်။
ကင်တင်းထဲ ဝေ့ကြည့်လိုက်စဉ်မှာ ပဲ ...
''ဟေး ...ရှူး မဝ ...ငါတို့ဒီမှာ ''
ဝင်းပုလဲ၏ အသံ ဖြစ်သည်။ ဆတ်တောက်ဆတ်တောက်ဖြင့် လျှောက်သွားလိုက်ရင်း ရှုမဝက ...
''ဝင်းပုလဲ ...ငါ့ကို နာမည် မဖျက်နဲ့နော် ...ကောင်မ''
''ချစ်လို့စတာပါ သူငယ်ချင်းရယ် ...နင်ပဲ ငယ်ငယ်က ရှူး တွေ ခဏ ခဏ ထွက်ကျလို့ ရှူး မဝလို့ခေါ်တာဆို၊ နောက်မှ ကာလရွေ့လျားပြီး ရှုမဝ ဖြစ်လာတာဆိုလား''
''တော် တော် ...အယုတ်တမာမ''
ငေါက်ငမ်းရင်း ဝင်ထိုင်လိုက်တော့မှ ဝင်းပုလဲတို့နှင့် အတူ သင်္ချာဆရာမ ဒေါ်စုစုမာကိုပါ တွေ့ လိုက်ရသည်။ ဆရာမ , ဖြစ်နေ၍ ဒေါ်စုစုမာဟုခေါ်ရသော်လည်း တကယ်တမ်းမှာ ဆရာမ က သိပ်အ သက်ကြီးလှသည် မဟုတ်။ ဆရာမ ,ပုံစံဝတ်ထားသော ဒီဇိုင်းသာ ပြောင်းလိုက်လျှင် သူမတို့နှင့် သူငယ်ချင်းဟုထင်ရလောက်အောင်ပင် လန်းသည်။
ရှုမဝက ဆရာမ ကိုကြည့်ကာ ...
''ချယ် ...ဒီဟာတွေ နာမည် လိုက်ဖျက်နေကြတာ ...သိ လား၊ တကယ်ဆို သူတို့နာမည် တွေ လည်း အဓိပ္ပာယ်ရှိတယ် ချယ်ရဲ့ ''
''အင်း ...ပြောစမ်းပါဦး''
ပြုံး စစနှင့် ဆရာမ က ပြောလာသည်။ တစ်အုပ်စုလုံး အလိုလို နေရင်း မြီးညောင်းရိုးတွန့်သွားကြ၏ ။ ရှုမဝ ကတော့ ခပ်တည်တည်ပင်
''ဒီလို ချယ်ရဲ့ ...ဝင်းပုလဲဆိုရင် ငယ်ငယ်တုန်းက ဝဲတွေ သိပ်ပေါက်တာ''
''ဟဲ့ ...ရှုမဝ''
ဝင်းပုလဲ တွန့်ပြီး လှမ်းအော်လိုက်သော်လည်း ရှုမဝက ဂရုမ စိုက်ပါချေ။
အသံကိုပင် ဘော်လွန်းအနည်းငယ်တင်လိုက်ပြီး ...
''အဲဒါနဲ့ချယ်ရယ် ...သူ့အမေက ဝဲဖတ်ကလေးတွေ ခွာပြီး အမှတ်တရ ဖြစ်အောင် ပုလင်းထဲထည့်ထားတာ၊Sentrmental Value ပေါ့ ချယ်ရာ၊ ကြီးလာလို့ သူ့သမီးများ မတော် တဆ မင်းသမီးတို့, အဆိုတော် တို့ ဖြစ်ရင် အင်တာဗျူး မှာ ဖြေလို့ရတာ ပေါ့၊ ဝဲပုလင်းလေးပြပြီး ဝင်းပုလဲလို့ နာမည် ပေးခဲ့တာ, ဘာညာနဲ့ပေါ့ ချယ်ရယ်''
ဝင်းပုလဲမှာ ဘာပြောရမှန်းမသိ။ ခုတော့ ကိုယ့်နာမည် ဝင်း ပုလဲက ဝဲပုလင်း ဖြစ်ရပြီ။ ဒါကိုပင် ရှုမဝ မရပ်သေး။ မလိုအပ်ဘဲ ချောင်းဟန့်လိုက်ရင်းက ...
''အဟမ်း ...ဖုန်းပြည့်စုံဆိုတာလည်း ချယ်ရယ်''
ဒီတစ်ခါ ကျောယားသွားသူက ဖုန်းပြည့်စုံ။ ရှုမဝက တစ်ချက် စွေကြည့်လိုက်ကာ ...
''ဖုန်းပြည့်စုံ ကတော့ ရှင်းတယ်ဆရာမ ရဲ့ ၊ သူ့ကိုမွေးတဲ့နှစ် မှာ ပဲ သူ့အဖေက G.S.M ဖုန်းတစ်လုံးလျှောက်တာ ကျလာတယ်လေ၊ အဲဒါနဲ့ ဒီကလေးမလေးမွေးမှ ဖုန်းနဲ့ပြည့်စုံလာတာဆိုတော့ သူ့နာ မည် လည်း ဖုန်းပြည့်စုံ ဖြစ်သွားရော''
''မဟုတ်ဘူးနော် ချယ် ...အဲဒါ မဟုတ်မဟတ်တွေ ''
ဖုန်းပြည့်စုံက ထအော်တော့သည်။ ရှုမဝ ကတော့ ထိုင်လျက် ကပင် တစ်ရွေးသားမှမရွေ့ဘဲ အေးဆေးစွာ ...
''အောင်မာ ...နင်တို့ပြောတာတွေ ကော ဟုတ်လို့လား''
''ကဲ ကဲ ...တော် ကြပါတော့ကွယ်''
အရယ်တစ်ဝက်ဖြင့် ဆရာမ ,ဝင်ပြောမှပဲ အားလုံးငြိမ်သွားကြ သည်။
ထိုအချိန်မှ ဇာဇာသိမ့်က ရှုမဝကိုကြည့်ကာ ...
''ဒါနဲ့ နေစမ်းပါဦး ...ဒီနေ့ကျမှ နင်က ဘာ ဖြစ်လို့ နောက် ကျနေရတာ လဲ''
ရှုမဝက မျက်နှာလေးမဲ့လိုက်ရင်း ...
''ဘာ ဖြစ်ရမှာ လဲဟာ ...မိန်းမတွေ ခံစားရတဲ့ ဆင်းရဲခြင်း ငါးပါးထဲက လေးပါးမခံစားရအောင် မေမေနဲ့ဆွေးနွေးနေရလို့ဟေ့''
''ဟာ ...ဘာတွေ လဲဟ ...မိန်းမတွေ ခံစားရတဲ့ ဆင်းရဲခြင်းငါးပါးဆိုတာ''
ဝင်းပုလဲက မေးလာသည်။
ရှုမဝက ဘေးမှာ ဆရာမ ,ရှိ နေလျက်ပင် ဆရာမ စတိုင်ကို အပြည့်အဝယူလိုက်ပြီး ...
''အင်း ...ပြောပြရတာ ပေါ့ကွယ်၊ မိန်းမတွေ ခံစားရတဲ့ ဆင်းရဲခြင်းငါးပါးဆိုတာ ၁။ မိဘတို့လက်ထပ်ထိမ်းမြားပေးလျှင် လင့်အိမ်သို့ လိုက်နေရခြင်း၊ ၂။ ဥတုရာသီ လာရခြင်း၊ ၃။ ကိုယ် ဝန်ဆောင်ရခြင်း၊ ၄။ သားဖွားရခြင်း ၅။ လင်ကိုလုပ်ကျွေးပြု စုရ ခြင်း တဲ့ ...ရှင်းပြီလား''
''သြော် ...ဒါဆို ရှုမဝကို အိမ်က အိမ်ထောင်ချပေးဖို့ စီစဉ်နေပြီပေါ့ ...ဟုတ်လား''
ရိပ်စားမိဟန်ဖြင့် ဆရာမ က ပြောလာသည်။ ဝင်းပုလဲတို့သုံး ယောက် ကတော့ ဆရာမ ,ပြောမှပဲ ကွက်ကွက်ကွင်းကွင်း သိသွားသလို
''လင်ပေးစားမှာ ကိုပဲ ရှင်းအောင်မပြောဘဲ နင်က စာသံပေ သံနဲ့ပြောတာကိုး''
''အောင်မာ ...ငါက နင်တို့သိအောင်လည်း ပြောရသေး တယ်၊ အဲဒါကြောင့် ပြောပြောနေရတာ ...ဖတ်ပါ,မှတ်ပါ,လေ့ လာပါလို့''
သုံးယောက် စလုံး နင်သွားကြသည်။ ဘေးမှဆရာမ ပင် နင် တင်တင် ဖြစ်ရသေးတော့၏ ။ ရှေ့လျှောက် ရှုမဝနှင့် အတူထိုင်နေလျှင် ပို၍ ဆိုးလာမည် ကို တွေးတောဆင်ခြင်မိလို့လား မသိ ...ဆရာမ က နှုတ်ဆက်ပြီး ထပြန်သွားလေသည်။
အတန်ကြာအောင် လေပေါနေကြပြီးမှ ဝင်းပုလဲက သတိရ ဟန်ဖြင့် ...
''ဟဲ့ ရှုမဝ ...ဒီနေ့ နင့်ဖုန်းကို ပြန်လာပေးမယ့်နေ့ မဟုတ် လား''
''အင်း ...နေ့လယ်အထိတော့ စောင့်ကြည့်ရတာ ပေါ့''
ပေါ့ပေါ့ပါးပါးပဲ ရှုမဝက ဖြေလာသည်။ ဘာကိုယ်ဝန်မှ မ ဆောင်ရပါဘဲ မပေါ့မပါး ဖြစ်သွားသော ဇာဇာသိမ့်က ...
''ဒါနဲ့ ...သူက နင်မေးတာကို အဖြေရှာမရရင် လာပေးလို့ မရတော့ဘူးပေါ့၊ ဒါဆို နင့်ဖုန်းက ဆုံးပြီလား''
''မဆုံးပါဘူးဟာ ...တစ်နည်းနည်း နဲ့ ငါ့ဆီပြန်ရောက်လာ မှာ ပါ၊ သေချာတာ ကတော့ မဖြေနိုင်ရင် အဲဒီ လူကိုယ်တိုင် လာပြန် ပေးမှာ တော့ မဟုတ်ဘူး''
''ဟုတ်ပါပြီ၊ အဲဒါထားလိုက်ပါဦး၊ နင့်ကို အိမ်က ယောက်ျား တကယ်ပေးစားတော့မှာ လား ရှုမဝ''
''အင်း ...ခုတော့ မဟုတ်သေးပါဘူး ...ကျောင်းပြီးမှပါ''
''နင်က တကယ်ယူတော့မှာ ပေါ့ ...ဟုတ်လား''
ရှုမဝက ပြုံး စစလုပ်လျက် ...
''ယောက်ျားတော့ ယူမှာ ပေါ့ဟာ ...ဒါပေမဲ့ အဲဒီ လူတော့ ဟုတ်မယ်မထင်ဘူး''
''ဟင် ...ဒါဆို ဘယ်သူ့ကိုယူမှာ လဲ''
F 4 မင်းသားတွေ ထဲက တစ်ယောက် ယောက် ဟု မဖြေပါ။ မိမိသည် ကိုရီးယားဇာတ်လမ်းတွဲတွေ ကိုလည်း မကြို က်။ သို့ သော် လည်း အမေးရှိ၍ ဖြေပါသည်။
''ဒါ ကတော့ အောင်သန်းစိန်မဟုတ်တဲ့ တစ်ယောက် ယောက် ပေါ့ဟာ၊ ပြီးတော့ အရင်ကလို ငါ့ကိုချဉ်းကပ်လာတဲ့လူတွေ ကို ယတိ ပြတ်ကြီး ငြင်းမလွှတ်တော့ဘူး၊ လေ့လာကြည့်မလားလို့''
''အဟင်း ...ငါတို့သုံးတဲ့ ကြိုး ရှည်ရှည်နဲ့ လှန်ထားတဲ့နည်း နဲ့လား''
ရှုမဝက ခေါင်းခါလျက် ...
''ဟင့်အင်း ...နင်တို့နည်းတော့ မကြို က်ပါဘူး''
''ဘာ ဖြစ်လို့လဲ''
''ငါလား ...ဘယ်နွားမှ မယူနိုင်လို့ဟေ့ ...ရှင်းပြီလား''
''အင်''
အားလုံး မျက်နှာတွေ မဲ့ကာ ရှုမဝကို ပျစ်ပျစ်နှစ် နှစ် မေတ္တာ ပို့ကြလေသည်။ ရှုမဝ ကတော့ မဖြုံ ရေး ချ မဖြုံ ချေ။
ထိုနေ့က နေ့လယ်တစ်နာရီထိုးခါနီး မှ သင်္ချာကင်တင်းသို့ ရှုမဝထွက်လာခဲ့သည်။ ဝင်းပုလဲတို့ ကတော့ လိုက်မလာ။ မကျေနပ် ချက်များ စွာ ဖြင့် ရှုမဝရည်စားထားမည့် သတင်းအား နီးစပ်ရာအသိုင်း အဝိုင်းသို့ လက်သိပ်ထိုးဖြန့်ချိနေကြပြီ။ ရပါသည်။ အာဆေးပေး အေးဆေးပါပေါ့။
ကင်တင်းမှာ တစ်ယောက် တည်းထိုင်ရင်း တစ်နာရီတိတိမှာ ပင် ...
''အစ်မလေး ...အစ်မလေး''
ခေါ်သံကြားလိုက်ရသည်။ 'အမှေးလှ အမှေးလှ'ဟု ပြန်မပြော လိုက်ပါ။ ခပ်တည်တည်ပဲ လှည့်ကြည့်လိုက်၏ ။ တွေ့ လိုက်ရသည်က ကျောင်းထဲမှာ အချဉ်ထုပ်တို့၊ တစ်ရှူး ထုပ်တို့ ရောင်းသည့်ပုံစံနှင့် နဖူးပြောင်ပြောင် ကုလားဒိန်လေး တစ်ယောက် ။
''ဘာလဲ ...ဘာကိစ္စလဲ''
ရှုမဝအမေးကိုပင် ထိုကုလားလေးက နဖူးလေး ပွတ်ကာ ပွတ်ကာနှင့် ...
''ကျွန်တော့်နာမည် မင်းမဟာမိုးပါ အစ်မလေး''
စိတ်လည်းညစ်၊ ရယ်လည်းရယ်ချင်သွားရသည်။ ထို ထိပ် ပြောင်ပြောင်နှင့် မင်းမဟာမိုးဆိုတာကို သူမ ဘာလုပ်ရမည် နည်း။
သို့ သော်လည်း တစ်နာရီတိတိမှာ ရောက်လာသော ကြောင့် အနိုင်နိုင်မေးလိုက်ရ၏ ။
''ဟုတ်ပါပြီ ...ဘာကိစ္စလဲဆိုတာကို ပြောပါ''
''ဒီက အစ်မလေးကို ဖုန်းလာပြန်ပေးတာပါ ခင်ဗျာ''
သွားပြီ။ သူမ,ဖုန်းကို ကောက်ရသွားတာ ဒီထိပ်ပြောင်ပြောင် ကုလားလေးတဲ့လား။ ရုပ်ရှည်နှင့် နာမည် မလိုက်သလို ဉာဏ်ရည်နှင့် လည်း လားလားမှမအပ်စပ်ပါချေ။
''ဒါနဲ့ ...ဒီဖုန်းကို ရှင် ဘယ်ကကောက်ရတာ လဲ''
''ဟင် ...ကျွန်တော် ကောက်ရတာ မဟုတ်ပါဘူး၊ အစ်ကို ကြီး တစ်ယောက် ပေးခိုင်းလိုက်တာပါ''
''ဟေ ...ဘယ်အစ်ကိုကြီးလဲ''
ပြန်မေးရင်း စိတ်ထဲကပင် တော် ပါသေးရဲ့ ဟု ရေရွတ်မိသေး ၏ ။
ထိုအခါမှ ကုလားလေးက ...
''ဘယ်ကလဲတော့မသိဘူး အစ်မလေးရဲ့ ၊ ကျောင်းသား အစ် ကိုကြီး တစ်ယောက် ပါပဲ၊ ဆိုင်ထဲက အစ်မလေးကိုပြပြီး ဖုန်းကိုသွား ပေးခိုင်းတာ၊ ကျွန်တော့် ကိုတောင် မုန့်ဖိုးပေးသွားသေးတယ်''
''သူက ဘာ ဖြစ်လို့ ကိုယ်တိုင်လာမပေးတာတဲ့လဲ ...ကြီး ကြီးကျယ်ကျယ်''
''သူကိုယ်တိုင်လာပေးရင် အစ်မလေး မာန်တက်သွားမှာ စိုး လို့တဲ့''
''ဘာ''
ရှုမဝ ဒေါသက ပြူ ထွက်သွားရသည်။
ကုလားလေးက ပျာပျာသလဲ ...
''သူပြောလို့ ပြန်ပြောပြတာနော်၊ ကျွန်တော် နဲ့ ဘာမှမဆိုင် ဘူး''
''အေး အေး ...ဟုတ်ပါတယ်၊ နောက် ဘာပြောသွားသေး လဲ''
''အစ်မလေး ဖုန်းပျောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်တော့မှ နောင်တမရပါနဲ့တဲ့၊ ပြီးတော့ တစ်နှစ် အတွင်း အကျိုးပေးလိမ့်မယ်ဆိုပဲ အစ်မလေးရဲ့ ''
''အောင်မာ ...အောင်မာ ...ဒင်းက''
ဒေါသကို မနည်းမျိုချလိုက်ရသည်။ ရှေ့က ကုလားလေး မင်းမဟာမိုးကိုလည်း မဆီမဆိုင် ပါးဆွဲရိုက်လို့လည်းမ ဖြစ်သေး။
ထို့ကြောင့် အကြောကြီးနှင့် ဖုန်းပြန်ပေးသွားသော နောက် ကွယ်မှလူကိုပဲ စိတ်တိုနေမိသည်။ ရုပ်ရည်မမြင်ဖူးသဖြင့် ပြည့်ပြည့် ဝဝပင် စိတ်တို၍ မရချေ။
ဘာမှပင်မစားမသောက်နိုင်ဘဲ ကင်တင်းမှာ ငူငူကြီးထိုင်နေ မိသည်။ ထိုအချိန်မှာ ပင် ဝင်းပုလဲတို့သုံးယောက် သား ကင်တင်းထဲ ဝင်လာကြပြီး ရှုမဝရှေ့မှဖုန်းကိုကြည့်ကာ ...
''ဟယ် ...ဖုန်းလာပြန်ပေးသွားပြီလား၊ ဟဲ့ ရှုမဝ ...ဘယ် လိုပုံစံမျိုးလဲ''
ဖုန်းပြည့်စုံက အရင်မေးလာသည်။ ရှုမဝက ဆောင့်ကြီး အောင့်ကြီးနှင့် ပင် ပြန်ရှင်းပြလိုက်၏ ။
ဝင်းပုလဲက မသိမသာ အားရဟန်နှင့် ...
''အင်း ...အဲဒီ လူကလည်း အလာကြီးပဲဟ၊ နင် သူများ တွေ ကို ဦးနှောက်စားတတ်တယ်ဆိုတာလည်း သိနေတယ်၊ ပြီးတော့ သူ ကိုယ်တိုင် နင်ထင်ထားသလို ရှေ့မထွက်လာတာလည်း နင့်ရဲ့ စိတ် ဝင်စားမှု ပိုလာအောင်လို့ထင်တာပဲ''
''အဲဒီ တော့''
ဇာဇာသိမ့်က စကားထောက်ပေးလိုက် သည်။
ဝင်းပုလဲကပဲ စဉ်းစားမိဟန်ဖြင့် ...
''ဒီလိုဟာ ...ဇာတ်လမ်းက ရှေ့မဆက်ဘဲ ရပ်သွားရင်တော့ အကြောင်းမဟုတ်ဘူး၊ တစ်ဖက်က ရှေ့တိုးလာရင်တော့ ရှုမဝက ဘယ်သူဘယ်ဝါမှန်းတောင် မမြင်ဖူးတော့ တစ်ပန်းရှုံးနေတာပေါ့ဟ''
စကားအဆုံးမှာ ရှုမဝက တဟင်းဟင်းရယ်လျက် ...
''ပွဲက ဖြစ်,မ ဖြစ်တောင် မသိရသေးပါဘူးကွာ ...တကယ် တမ်း ဖြစ်လာရင်တောင် နင်တို့လူ ရှေ့ထွက်မလာလို့ မရပါဘူး၊ ပြီး တော့ မ ဖြစ်လာသေးတာကိုတော့ ငါ ဘာမှစိတ်လှုပ်ရှားနေမှာ မဟုတ် ဘူး''
''အေးပါ ...နင် ပြောထားဦးပေါ့၊ ဒါပေမဲ့ ခုတော့ နင် စိတ်မလှုပ်ရှားရင်တောင် စိတ်တော့ရှုပ်သွားရတော့မှာ ပါ''
''ဟင် ...ဘာ ဖြစ်လို့လဲ''
''ဘာ ဖြစ်ရမှာ လဲ ...ဟိုမှာ ကင်တင်းထဲဝင်လာတဲ့သူကို ကြည့်လိုက်လေ''
ကပျာကယာလှမ်းကြည့်ရင်း ရှုမဝ ဘုရားတမိလိုက်တော့ သည်။ ကင်တင်းထဲရှိ သူမတို့ရှိရာဝိုင်းသို့ ပြုံး ပြုံး ကြီးလျှောက်လာသူ ကတော့ ရှုမဝကိုပိုးပန်းရန် အချိန်ပြည့် အခွင့်အရေး စောင့်နေသော ကိုဇော်ဖြိုး ပင် ဖြစ်လေသည်။
ကိုဇော်ဖြိုး သည် ခပ်တည်တည်ပင် ဝိုင်းထဲမှာ ပြောင်ပြောင် တင်းတင်းဝင်ထိုင်လိုက်ရင်း အားလုံးကိုဝေ့ကြည့်ပြီးမှ ရှုမဝကို ရွှန်းရွှန်း စားစားကြည့်လျက် ...
''ရှုမဝ ...ကိုဇော်ဖြိုး ကြားတဲ့သတင်းက အမှန်ပဲလားဟင်''
''ဘာသတင်းလဲ''
''သြော် ...ဒီနှစ် ထဲမှာ ရှုမဝ ချစ်သူထားတော့မယ်ဆိုတာ လေ''
''ရှင်''
''ဘာလဲ ...ကိုဇော်ဖြိုး လေ့လာမှု အားကောင်းတာကို အံ့သြ သွားတာလား၊ အဟဲ ...အဲဒီ သတင်းအမှန်ဆိုရင် ကိုဇော်ဖြိုး လျှောက် လွှာအရင်တင်ထားပါရစေလား''
ရှုမဝ ကြက်သေသေနေပြီးမှ ဘေးနားမှ ဝင်းပုလဲတို့ကို စိတ် ထဲက နှစ် နှစ် ကာကာ ကျိန်ဆဲပစ်လိုက်လေသည်။
''ဘယ်လိုလဲ မိုးဝေ ...မင်း ဘာဆက်လုပ် မယ် စိတ်ကူး ထားလဲ''
ခုံတစ်လုံးဆွဲယူထိုင်လိုက်ရင်း သော်ဦးက မေးလိုက်ခြင်း ဖြစ် သည်။ ဆိုင်းမပါ၊ ဗုံမဆင့်မို့ မိုးဝေပင် ကြောင်သွားရ၏ ။ ဘာကိုဆိုလို မှန်း မနည်းစဉ်းစားယူရသည်။
ပြီးမှ သော်ဦးကိုပြန်ကြည့်ကာ ...
''သော်ဦး ...မင်းအစ်မမှာ ချစ်သူတွေ ဘာတွေ ရှိလား''
သော်ဦးက သူ့အစ်မအကြောင်း မိုးဝေ ဘာကြောင့် မေးသည် ကို မသိသော်လည်း လိုရမယ်ရ ကြို ကာထားသည့်အနေဖြင့် ...
''ရှိတာပေါ့ကွ ...ဒီအရွယ်ရောက်နေပြီပဲ''
''သြော် ...အေး အေး ...ဒီအချိန်မျိုးမှာ မင်းအစ်မတော့ သူ့ရည်းစားကို သတိတွေ ရနေမှာ ပဲလို့ပါ''
''အဲဒါ ဘာ ဖြစ်လဲကွ''
သော်ဦးက ပြန်မေးသည်။ (မိုက်မဲစွာ )။ မိုးဝေက ...
''အင်း ...မင်းအစ်မ ကတော့ အိမ်မှာ သူ့ရည်စားကို သတိ ရလို့၊ ငါကလည်း ဒီမှာ ကော်ဖီအေးအေးလူလူသောက်နေမိလို့လေ''
''ဘာကွ ...မင်းနော် မိုးဝေ ...ပြောပုံကိုက ငါ့အစ်မနဲ့ မင်းနဲ့ပဲ ...''
''အဟဲ ...ဘာမှမဆိုင်ပါဘူးကွာ ...ငါ့ဟာငါ ဒီမှာ ကော်ဖီ သောက်နေတာလို့ ပြောမလို့ပါ''
သက်ပြင်းကို ကြမ်းကြမ်းချလိုက်ရင်း သော်ဦးက ...
''ဟေ့ကောင် ...တောပြော,တောင်ပြောတွေ ပြောမနေနဲ့ ...မင်းနဲ့ရှုမဝရဲ့ အနေအထားကို မေးနေတာ''
''သြော် ...ဒါလား ...ငါလည်း စဉ်းစားနေတုန်းပါပဲ''
''သိပ်စဉ်းစားမနေနဲ့ ဟေ့ကောင်၊ ခုဆို ရှုမဝနားမှာ ချဉ်းကပ် တဲ့လူ တစ်ယောက် မဟုတ် တစ်ယောက် ရှိနေတာနော်''
''အင်း ...ငါသိပါတယ် ...သူကလည်း အရင်နှစ် တွေ က ရည်းစားမထားခဲ့ဘဲ ခု နောက်ဆုံးနှစ် မှ ရည်းစားထားမယ် ...ဆိုတဲ့ သတင်းက ပြန့်သွားတာကိုး''
''အဲဒါကိုကော မင်း ဘယ်လိုထင်လဲ''
မိုးဝေ လေးလေးနက်နက် စဉ်းစားလိုက်သည်။ ထိုသို့ သတင်း ပြန့်နေခြင်းမှာ လည်း အကြောင်းရှိမည် ဟု တွေးမိသည်။ ရှုမဝ ကတော့ အရှက်မရှိ လိုက်ပြောနေမည် မဟုတ်။ ကောင်မလေးက ဉာဏ်ကောင်း ပြီး လှပသည်။ နှစ် ဆယ့်တစ်ရာစု၏ ခေတ်မိန်းကလေးတို့အတိုင်း ခေတ်မီပြီး သွက်သွက်လက်လက်ရှိပုံရသည်။
စဉ်းစားရင်း မိုးဝေကပဲ ...
''မိန်းကလေး တစ်ယောက် ရဲ့ အသက်ရှူ နှုန်းဟာ ယောက်ျား တစ်ယောက် ထက် သုံးပုံတစ်ပုံ ပိုမြန်တယ်ကွ၊ ဉာဏ် ပညာမှာ လည်း ယောက်ျားလေးက ပိုသာတယ်လို့ ပြောလို့မရဘူး၊ အဲဒါကြောင့် အမီလိုက်နိုင်အောင် မနည်းကြိုး စားရမယ်''
''ဒါဆို မင်း ရှုမဝကိုလိုက်ဖို့ နည်းလမ်းစဉ်းစားထားပြီလား''
မိုးဝေက နားသယ်စကို လက်ဖြင့် ကုတ်ရင်း
''အင်း ...အကြမ်းထည်တော့ စဉ်းစားပြီးပါပြီ၊ ဒါပေမဲ့ လွယ်တော့ သိပ်မလွယ်ဘူးကွ''
''ဟေ ဘာ ဖြစ်လို့လဲ၊ လိုအပ်ရင် ငါတို့လည်း ကူမယ်လေ''
သော်ဦးစကားကို ခေါင်းညိတ်ပြလိုက်ပြီး ...
''အေးပါ ...လိုအပ်ရင်ပြောပါ့မယ်၊ မလွယ်ဘူးဆိုတာက ငါ ရှုမဝကို သူများ တွေ လို အတင်းလိုက်ချဉ်းကပ်နေမှာ မဟုတ်လို့ဘဲ''
''မင်းဆိုလိုချင်တာက''
''သူ့အနားက,လူတွေ ကို ဖယ်ထုတ်ပြီး သူ့ဘေးနားကို အလို လိုရောက်သွားမယ့်နည်းမျိုး သုံးရလိမ့်မယ်''
''ဟေ ...အဲဒီ နည်းက''
''အန်တီကျူး ပစ် (Anti-Cupid) နည်းတဲ့၊ မြားနတ်မောင် ပြောင်းပြန်ပေါ့ကွာ၊ နိုင်ငံခြားမှာ တော့ အဲဒီ နည်းကို ပုံစံအမျိုးမျိုးနဲ့ သုံးကြတယ်ကွ''
''မင်းက ဘယ်တော့စမှာ လဲ''
''မနက်ဖြန်''
ကိုယ့်ရှူး ကိုယ့်ပြန်ပတ်သည်ဟုပဲ ဆိုရမည် လားမသိတော့ ချေ။ ဘယ်သူ့ကိုမှ ဘယ်ခွေးနှင့် ရှူး မတိုက်ရပါဘဲ မေတ္တာထား နေသူ မောင်မင်းကြီးသားတွေ က တစ်ယောက် ပြီး တစ်ယောက် စကား နှင့် လာကိုက်နေကြသည်။
ခုလည်း ဝီရိယကောင်းပြီး စောစောစီးစီးရောက်ချလာသူက ကိုဇော်ဖြိုး ...။ ရှုမဝနှင့် မျက်နှာချင်းဆိုင်ခုံမှာ ပိုင်စိုးပိုင်နင်း ဝင် ထိုင်ချလိုက်ကာ ...
''ရောက်နေတာ ကြာပြီလား ရှုမဝလေး''
နှုတ်ခမ်းကလေးစူကာ ကြာပြီပေါ့ ကိုဇော်ဖြိုး ကြီးရဲ့ ဟု ပြန် မပြောမိပါ။ မသိလျှင်ဘဲ ကိုယ်က သူနှင့် ချိန်းထားတာလိုလို ...။
ထို့ကြောင့် ခပ်တည်တည်ပင် ...။
''ကိုယ့်ဘာသာကိုယ် ထိုင်နေတာတော့ မကြာသေးပါဘူး''
ကိုဇော်ဖြိုး မျက်နှာတော့ နည်းနည်း ပျက်သွားသည်။ သို့ သော် လည်း ထိုခံစားမှု လေးကို ဂရုမစိုက်နိုင်အားဘဲ ယူလာသော စာရွက် တွေ ကို လှမ်းပေးလိုက် ရင်း ...
''ရော့ ရှုမဝ ...ဒါ ကိုဇော်ဖြိုး ရဲ့ ဘဝတစ်ခုလုံးနဲ့ဆိုင်တဲ့ ကိုယ်ရေး ရာဇဝင်အချက်အလက်တွေ ပါ၊ ရှုမဝ ထည့်စဉ်းစားလို့ရအောင် အပြည့်အစုံယူလာပါတယ်''
''ဟင် ...ဒါတွေ က လိုအပ်လို့လား''
''ဟာ ရှုမဝရယ် ...ကိုဇော်ဖြိုး က ထောက်ကြံ့ကတောင် လာရတာ ပါ ...ရင်ဆို့အောင်မလုပ်ပါနဲ့''
ဘာမှလည်း မဆိုင်ချေ။ ကိုဇော်ဖြိုး က လျှောက်လွှာတစ်စောင် မှာ သူ့အမည် ၊ မွေးသက္ကရာဇ်၊ အရပ်အမြင့်၊ လူမျိုး၊ ဘာသာပင် မကဘဲ စီးပွားရေး လုပ်ငန်းအ ဖြစ် ထောက်ကြံ့မှာ (ခရမ်းပြာ)ဟု အမည် ရသော စာအုပ်အရောင်းဆိုင်ကြီးပါ ဖွင့်လှစ်ထားကြောင်း တင်ပြထား သေးသည်။
ဒါတင်မကသေးပါ ...။ ထိုလျှောက်လွှာနှင့် အတူ ရပ်ကွက် ရုံး၊ ရဲစခန်းတို့မှ ပြစ်မှု ကင်းရှင်းကြောင်း ထောက်ခံစာတို့နှင့် ဆေးရုံမှ HIV၊ အသည်းရောင် အသားဝါ B ပိုး၊ C ပိုး တို့မရှိကြောင်း ဆေးစစ်ချက်တွေ လည်း ပါသေးသည်။
ထူးထူးခြားခြားလား၊ ရူးကြောင်မူးကြောင်လုပ်ရပ်လားတော့ မသိချေ။ ထောက်ကြံ့အပြန် ကားပေါ်မှာ ကိုဇော်ဖြိုး မူးမူးရူးရူးနှင့် သေးထွက်ကျသည်ဟု ကျောင်းမှာ သတင်းကြီးကတည်းက ရှုမဝ ဘယ် လိုမှ ခံစားလို့မရတော့။ ထို့ကြောင့် သူ့လျှောက်လွှာကိုပယ်ချဖို့ မညှာ မတာ စဉ်းစားထား၏ ။
ဒါသည်ကိုပင် ကိုဇော်ဖြိုး က လုံးဝမရိပ်မိစွာ ပဲ ရီဝေဝေလေး ကြည့်ပြီး ...
''ရှုမဝ ...အချစ်ဆိုတာကို ဘယ်လိုမြင်လဲဟင်''
အံမယ် ...ဒင်းကြီးကများ ...ရပါသည်။ မေးတော့လည်း ဖြေရမည် ပေါ့။
''အချစ်ဆိုတာ ကတော့ ကိုဇော်ဖြိုး ရယ် ...နပိုလီယန် ပြော ခဲ့ဖူးတဲ့စကားတစ်ခွန်း ရှိတယ်လေ ......The Only VistoryOver Love is Fight တဲ့၊ အချစ်ကိုအောင်နိုင်ဖို့ တစ်ခုတည်းသော နည်း လမ်းဟာ ထွက်ပြေးခြင်းပဲ တဲ့ ကိုဇော်ဖြိုး ရဲ့ ''
''ဟင် ...အဲဒါက ကိုဇော်ဖြိုး နဲ့ ဘာ ...ဘာဆိုင် ...''
စကားမဆုံးလိုက်။
ထိုအချိန်မှာ ပဲ နောက်ဘက်ကပ်လျက်ဝိုင်းမှ စကားသံတွေ က ကိုဇော်ဖြိုး နားထဲသို့ ဗျောက်အိုးအတွဲလိုက်ဖောက်လိုက်သလို တိုးဝင် လာသည်။
''မင်းတို့ကြားလိုက်တယ်မဟုတ်လား ...သိပ်မကြာသေးပါ ဘူးကွာ ...ထောက်ကြံ့မှာ နေတဲ့ ဖလော်က ဘဲကြီးလေ ...ဘီ ယာတွေ စွတ်သောက်ပြီး အပြန် ကားပေါ်မှာ သေးတွေ ထွက်ကျလို့တဲ့ ...ဟား ဟား''
ကိုဇော်ဖြိုး ခါးမတ်ပြီး ဆံပင်တွေ ထောင်တက်သွားသည်။ ငါ့အကြောင်းများ ပြောနေသလားဟု တောင်တောင်အီအီစဉ်းစားနေခိုက်
''ကြားသားပဲကွ ...နာမည် က ဘယ်သူ ...ဖြိုး ဇော်ဆိုလား ...အဲ ဟုတ်ဘူး ...ဘာလဲ ...ဇော်ဖြိုး ကွ ဇော်ဖြိုး တဲ့ ...ဟား ဟား''
သွားပြီ ...။ ကိုဇော်ဖြိုး မျက်လုံးပြူး ပြီး ဝုန်းခနဲထရပ်မိ တော့၏ ။ တစ်ရက်က ကျောင်းမှအပြန် စာအုပ်ဝင်ဝယ်ရင်း စာအုပ် တန်းမှာ ဦးအောင်စိုးတို့နှင့် ဘီယာတွေ ခွသောက်မိခဲ့သမျှ ခုတော့ အရှက်ကွဲရပြီ။
ဖြစ်ချင်တော့ သူ အင်တိုက်အားတိုက်ပိုးပန်းနေသော ရှုမဝ ရှေ့မှာ ။ အဟင့် ...ရွှတ် ...။
ဘယ်သူဘယ်ဝါတွေ ပြောနေသည်ဟုပင် မစဉ်းစားနိုင်တော့ ဘဲ ...။
''ရှုမဝ ...ရှုမဝ ...ကိုဇော်ဖြိုး သွားလိုက်ဦးမယ်''
ပြုံး စိစိလုပ်နေသည့် ရှုမဝမျက်နှာလေးကိုပင် စေ့စေ့မကြည့် ရဲဘဲ တစ်ချိုးတည်းထွက်ပြေးလာခဲ့ရသည်။ ခုတော့ နပိုလီယန်ပြော ခဲ့သလို အချစ်ကိုအောင်နိုင်ဖို့ ကိုဇော်ဖြိုး ထွက်ပြေးရချေပြီတကား။
ပြီးတော့ ဟိုလူတွေ ကို သွားရန်ရှာလို့လည်းမ ဖြစ်။ လူအများ ကြားထဲ ကိုယ့်အထုပ်ကိုယ်ဖြည်ပြသလို ဖြစ်သွားပေဦးမည် ။
ကိုဇော်ဖြိုး တစ်ချိုးတည်းထပြေးတော့မှ ရှုမဝလည်း ဘာရယ် မဟုတ်ဘဲ ခုနကနောက်ဘက်ဝိုင်းဆီသို့ လှည့်ကြည့်မိ၏ ။ ထထွက် သွားကြသော ကျောင်းသားသုံးယောက် ၏ နောက်ကျောကိုသာ မြင် လိုက်ရလေသည်။
ထိုအချိန်မှာ ပဲ ဖုန်းမြည် လာသဖြင့် ဖုန်းဖွင့်နားထောင်လိုက်၏ ။
''ဟလို ...ရှုမဝလား''
''ရှင် ...ဘယ်သူလဲမသိဘူး''
''ကျွန်တော် ပါဗျ ...ဟဲ ဟဲ ...မမှတ်မိတော့ဘူးလား''
''သြော် ...ရှင်ကိုး''
''အင်း ...ကျွန်တော် ပဲ''
လေသံကို ချက်ချင်း မှတ်မိသွားသည်။
ရှုမဝကပဲ ...
''ဘာကိစ္စ ဖုန်းဆက်တာလဲ''
''သြော် ရှုမဝရယ် ...မိတ်ဆွေစစ်လေးမျိုး ဆိုတာ ရှိ တယ်လေ၊ အဲဒီ အထဲကတစ်မျိုးက ဘေးရန်ရှိသော အခါ ကာကွယ် ပေးရခြင်း တဲ့၊ ကျွန်တော် က ခု ခင်ဗျား ကျဉ်းထဲကျပ်ထဲရောက် နေလို့လည်း ကူညီပေးရသေးတယ်''
ရှုမဝ တစ်ချက်စဉ်းစားကာ ပြုံး စစ ဖြစ်သွားပြီး
''သြော် ...ခုနက ကိုဇော်ဖြိုး ထပြေးတာ ရှင့်စနက်ပေါ့ ...ဟုတ်လား''
''ဟဲ ဟဲ ...နပိုလီယန်စကားကို ကြုံ တုန်းလေး သက်သေ ပြလိုက်တာပါ''
''နေစမ်းပါဦး ...ရှင်က ဘာသဘောနဲ့ ဒီလိုလုပ်တာလဲ''
''ဒီမှာ ...မိတ်ဆွေလို သဘောထားလို့ ကူညီတာပါဆို''
''ဒီမှာ ...မိတ်ဆွေ ဖြစ်ဖို့ဆိုတာ အဲဒီ လောက် လွယ်တယ်တဲ့ လား''
''ဒါ ကတော့ ရှုမဝပဲ ဉာဏ်လေးနဲ့ ဆင်ခြင် သုံးသပ် ဆုံးဖြတ် ပေါ့ဗျာ၊ ကျွန်တော် ကတော့ ခင်ဗျားလိုကောင်မလေးနဲ့ မိတ်ဆွေ ဖြစ်ရလို့ နစ်နာစရာတော့ မရှိပါဘူး''
''ဘာ ...ဘာရှင့်''
ထိုင်နေရင်းကပင် ဆွေ့ဆွေ့ခုန်မတတ် ဖြစ်ရတော့သည်။
ချက်ချင်း ပဲ ဒေါသအမျက်ချောင်းချောင်းထွက်လာပြီး ...
''ဒီမှာ ဒီမှာ ...ရှင် ဘယ်လိုလူစားမျိုးလဲ ...တောက်''
တစ်ဖက် ကတော့ အေးအေးလူလူအသံနှင့် ပင် ...
''ကျွန်တော် လား ...ပခုံးနှစ် ဖက်ကြား ခေါင်းပေါက်ပြီး, ခြေထောက်နှစ် ချောင်းနဲ့ ပထဝီမြေကြီးပေါ် ဒေါက်ထောက်ရပ်နိုင်တဲ့ လူစားမျိုးပါပဲ၊ ရှေးဟောင်းကျမ်းဂန်လာ ယောက်ျားအမျိုးအစားတွေ ထဲမှာ ဆိုရင်တော့ အဿဂယောက်ျား လို့ ဆိုရမလားပဲ၊ ဒါပဲနော် ...နောက်ထပ်ဆုံဖို့ အကြောင်းဖန်လာပါလိမ့်မယ် ...See You''
ပေါက်ပေါက်ဖောက်သလို တောက်လျှောက်ကြီးပြောပြီး ဒင်း ကပဲ ဖုန်းအရင်ချသွားသည်။ စိတ်တိုလိုက်လေခြင်း။
အိမ်ပြန်ရောက်တော့မှ ရှေ့မီနောက်မီ အဘိုးကိုမေးကြည့်မိ သည်။ အဿဂယောက်ျား ဆိုတာ ကျမ်းဂန်အရ ဘယ်လိုမျိုးလဲပေါ့။
အဘိုးပြောပြမှပဲ ရှင်းရှင်းကြီးလင်းသွားရသည်။
အဿဂယောက်ျား ။ ။ အသားအရေ နူးညံ့၏ ။ ခြေ ချောင်းလက်ချောင်း သွယ်၏ ။ ရင်ဘတ်ကျယ်၏ ။ သနားတတ် ၏ ။ သီလရှိ၏ ။
တဲ့လေ။
မေးမိသည့် ကိုယ့်ပါးစပ်ကိုသာ ရှုမဝ နွားနို့နှင့် ပလုပ်ကျင်း ချင်စိတ် ပေါက်သွားရလေသည်။
''တောက် ...ဒင်းတော့နော် ...ဒင်းတော့''
ထို့ထက်ပိုပြီး ရှုမဝ မရေရွတ်နိုင်ပါချေ။
ထိုသို့ ဖြင့် ပင် ...။
ခုန ကတော့ နှစ် ကောင်စလုံး အကောင်းချည်း ဖြစ်သည်။ ထိုင် နေကျကင်တင်း ရောက်ရောက်ချင်း မိုးဝေက ကျောပိုးအိတ် စားပွဲပေါ် တင်ကာ တွို င်းလက်ခဏဝင်သွားမိ၏ ။ ပြန်ရောက်လာတော့ နှစ် ကောင် သား 'ငြိ' နေကြပြီ။
သော်မိုးနှင့် မြတ်ခိုင်အောင်တို့သည် 'ဘူး'သည့်နေရာမှာ ပဲ စိတ်ဓာတ်ချင်းအသွင်တူသလောက် တစ်ခါတစ်ခါ သိပ်တည့်လှ သည်တော့မဟုတ်။ 'ဘူး' ကျတာလည်း နောက်ဆုံးနှစ် ပင် ရောက်နေ ပြီ။ တစ်ယောက် မှ အ ဖြစ်မရှိ။ မစွံကြသေး။ ဒါကလည်း ယှဉ်ပြို င်စရာ လို ဖြစ်နေသည်။
တစ်ယောက် နှင့် တစ်ယောက် လည်း လစ်လျှင် 'ကျပ်'ဖို့ ဝန် မလေးကြ။ တစ်ခါကဆိုလျှင် မြတ်ခိုင်အောင်၏ ဆံပင်ပေါက်ဆေး အစွမ်းကြောင့် သော်ဦး (ခေါ်) ပြောင်ကြီးသည် နဖူးပြောင်ရသည့် ကြားက ဆံပင်မွေးပေါင်း ခြောက်ရာလေးဆယ့်သုံးချောင်းတိတိ ထပ်ကျွတ်ခဲ့ရသလို၊ သော်ဦး၏ မဟာဖြူ ဝင်းအသားဖြူ လိမ်းဆေး ကြီးကောင်းမှု ကြောင့် မြတ်ခိုင်အောင်(ခေါ်) လူမဲမှာ အသားအရေ အနက်နုလေးမှ နှစ် ဆပိုမည်းသွားခဲ့ရသည်။ နှစ် ယောက် သား ထိုသို့ ထိုပုံ ချစ်ခဲ့ကြ၏ ။
ခုလည်း ဘာတွေ ထပ် 'ငြိ' နေကြပြန်ပြီ မသိချေ ...။ မိုး ဝေလည်း မသိချင်ယောင်ဆောင်ပြီး လွှတ်ထားပေးလိုက် သည်။
''ဟေ့ကောင် ပြောင်ကြီး ...တော် ကွာ ...ငါ ဘယ်လိုမှ လက်မခံဘူး''
''လက်မှမခံရင်လည်း လူမဲရာ မင်း ...''
''ဟေ့ကောင် တော် ကွာ ...မမိုက်ရိုင်းနဲ့ ပြောင်ကြီး''
ထိုသို့ အခေါ်အပြောတွေ နှင့် ချိုချိုသာသာဆက်ဆံနေကြလျှင် နှစ် ယောက် သား၏ ဆက်ဆံရေး မှာ သမူဟ အသွင်မှ ပဋိပက္ခ အသွင် သို့ ဦးတည်နေကြပြီ။
မိုးဝေလည်း မနေနိုင်တော့ဘဲ ကြားဝင်ကာ ဆွဲစေ့ရတော့ သည်။ ပြောရသည်မှာ လည်း မကောင်းချေ။
''နေကြစမ်းပါဦးကွာ ...ဒီလောက်လည်း ကိုက်မနေကြပါနဲ့၊ ဘာတွေ ဖြစ်နေကြတာလဲ ...ပြော''
ထိုအခါမှ သော်ဦး (ခေါ်) ပြောင်ကြီးက အရင် ...
''ဒီလိုကွာ ...ငါတို့ငယ်ငယ်က နားထောင်နေရတဲ့ စင်ဒရဲ လားပုံပြင်ထဲက မင်းသမီးလေးရဲ့ ဖိနပ်ကွာ၊ အဲဒါကိုပဲ ငါက ငှက်မွေးနဲ့ လုပ်ထားတဲ့ဖိနပ်လို့ ပြောတာ၊ ဒီကောင်က မှန်သားနဲ့လုပ်ထားတဲ့ မှန်ဖိနပ်တဲ့၊ မ ဖြစ်နိုင်တာ လူမဲရာ''
မြတ်ခိုင်အောင် (ခေါ်) လူမဲ ရှူး ရှူး ရှားရှား ဖြစ်သွားရသည်။ ချက်ချင်း ပဲ ရှိရင်းစွဲထက် မျက်နှာမည်းတက်လာပြီး ...
''ဟေ့ကောင် ပြောင်ကြီး ...ငါဖတ်ဖူးတဲ့ မူရင်းဝတ္ထု အင်္ဂ လိပ်စာအုပ်ထဲမှာ မှန်အတိပြီးတဲ့ မှန်ဖိနပ်လို့ အတိအကျပါတာ၊ မင်းကို ရှာပြီးပြလို့ရတယ်''
''အေး ...ငါလည်း ပြင်သစ်က တိုက်ရိုက်ပြန်ထားတာမှာ ငှက်မွေးဖိနပ်လို့ ဖတ်ဖူးတာ အတိအကျမှတ်မိတယ်''
''ကဲ ကဲ ...တော် ကြပါတော့ကွာ၊ လွန်ခဲ့တဲ့ အနှစ် (၄ဝဝဝ) ကျော်က ပုံပြင်ကြောင့် အကျယ်အကျယ် မငြိမ်းဖွယ် ဖြစ်နေကြပါနဲ့၊ မင်းတို့ကိစ္စက မန္တလေးမြို့  ကြီး ဘယ်သူဖျက်တာလဲဆိုတဲ့ ပုံပြင်လို ဖြစ်နေပြီ''
နှစ် ကောင်သား ကြောင်တောင်တောင် ဖြစ်သွားကြသည်။ မိုး ဝေကိုရှင်းခိုင်းမှပဲ အီဂျစ်ပုံပြင်ကနေ မည် သည့်မည် သို့ မြန်မာရာ ဇဝင်ထဲသို့ ရောက်သွားရသည်မသိချေ။
''မင်းဟာက ဘာကြီးလဲကွ''
ဒါကြီးပဲလေဟုဆိုကာ မိုးဝေက ဘာမှမပြပါ။
ချောင်းတစ်ချက်ဟန့်လိုက်ရင်း ...
''အရပ်ပုံပြင်လေးပါကွာ၊ နယ်မြို့  လေးတစ်မြို့  က အလယ် တန်းကျောင်းကို ပညာရေး မှူး တစ်ယောက် သွားစစ်ရတယ်၊ ဒါနဲ့ အခန်းတစ်ခန်းရောက်တော့ ဗဟုသုတဘယ်လောက်ရှိလဲ မေးချင်တာနဲ့ ကျောင်းသား တစ်ယောက် ကို မတ်တတ်ရပ်ခိုင်းပြီး မေးတာ ...မန္တ လေးမြို့  ကြီးကို ဘယ်သူဖျက်တာလဲတဲ့''
စကားကို ခဏရပ်ထားလိုက်ပြီးမှ မိုးဝေက ...
''ကျောင်းသားလေးကလည်းကွာ ...ပညာရေး မှူး မေးတာ ဆိုတော့ ကြောက်တာပေါ့၊ တုန်တုန်ယင်ယင်နဲ့ ထပြီး ကျွန်တော် မဖျက်ပါဘူးဆရာကြီးလို့ ဖြေလိုက်တယ်''
''ဟေ ...ဟား ဟား ...ဟုတ်သားပဲ''
''မဟုတ်နဲ့ဦး ...အဲဒါကို ပညာရေး မှူး က စိတ်ဆိုးပြီး အတန်းပိုင်ဆရာကို ခေါ်ပြီးပြောပြလိုက်တယ်၊ အတန်းပိုင်ဆရာက လည်း ဖြေရှာပါတယ်၊ သူပြောတာ ဖြစ်နိုင်ပါတယ် ပညာရေး မှူး ကြီးတဲ့၊ ဒီကျောင်းသားလေးရဲ့ ရိုးသားမှု ကို သူ အာမခံနိုင်ပါတယ်၊ သူဖျက် တာ ဘယ်လိုမှမဟုတ်နိုင်ပါဘူးတဲ့ကွာ''
''ကောင်းရောကွာ ...တိုင်က ပတ်ပြီပေါ့''
''အေး ...ပညာရေး မှူး လည်း ပိုတင်းပြီး ကျောင်းအုပ်ကြီး ကို ခေါ်ပြောပြန်တယ်၊ ကျောင်းအုပ်ကလည်း သူ့ကျောင်းက ဆရာနဲ့ ကျောင်းသားကို ထပ်အာမခံလိုက်ပြန်တယ်''
''ဟေ ...အဲဒါနဲ့''
နှစ် ယောက် စလုံး စိတ်ဝင်စားလာကြသည်။ မိုးဝေက အရှိန် မြင့်အောင် ရေနွေးတစ်ခွက်မှု တ်သောက်လိုက်ပြီးမှ ...
''ဘာ ဖြစ်ရမလဲ ...ပညာရေး မှူး လည်း စိတ်လက်ကုန်ခန်း ပြီး သူတို့ပြည်နယ်မြို့  ကို ပြန်သွားတာပေါ့၊ ကျေတော့မကျေနပ်သေး ဘူးကွ၊ အဲဒီ အကြောင်းကို ပြည်နယ်ပညာရေး မှူး ကို သွားအစီရင် ခံလိုက်တယ်၊ အဲဒီ တော့မှ ပြည်နယ်ရေး မှူး ကြီးက တဟားဟားရယ်ပြီး ...ဆရာရယ် ဒီကိစ္စတွေ ဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ၊ အကျယ်အကျယ် မငြိမ်းဖွယ်တွေ ဖြစ်နေမှာ စိုးလို့ မစုံစမ်းပါနဲ့တော့တဲ့ကွာ''
''ကောင်းရောကွာ ...ဟား ဟား''
လက်ရှိ ငြိနေတာကိုမေ့ပြီး နှစ် ကောင်သား ရယ်နေကြပြန် သည်။
ခဏနေမှ သော်ဦးက အရယ်ရပ်လိုက်ရင်း ...
''ဟေ့ကောင်မိုးဝေ ...မင်းက ငါတို့ကိစ္စကိုလည်း ကြာပြီမို့လို့ မစုံစမ်းနဲ့တော့လို့ ပြောချင်တာလား''
ခေါင်းအသာခါပြရင်း မိုးဝေက ...
''မဟုတ်ပါဘူး ...မင်းတို့ကို ရယ်စရာပြောပြတာပါ၊ ဒီလိုကွ ...အဲဒီ ပုံပြင်ဟာ ပြင်သစ်ဘာသာကနေ အင်္ဂလိပ်ဘာသာကို ပြန်ဆို တဲ့အခါမှာ ဘာသာပြန်တဲ့သူ အယူအဆမှားသွားတာကွ''
''ဟင် ...ဘယ်လိုမှားတာလဲ''
''အင်း ...ပြင်သစ်စကားလုံး (Vaire) ငှက်မွေးကို (Verre) မှန် နဲ့ မှားသွားခဲ့တာ၊ ကြာပြီ ဖြစ်လို့ နှစ် မျိုးစလုံး တွင် ကျယ်နေပါပြီ ကွာ၊ ငြင်းမနေကြပါနဲ့တော့''
''ဘာပဲ ဖြစ် ဖြစ် ငါပြောတာ မှန်တာပေါ့ကွ''
သော်ဦးစကားကြောင့် မြတ်ခိုင်အောင်က မိုးဝေကို မှု န်တေ တေကြည့်ကာ ...
''ဟေ့ကောင် ...မင်းကရော ဘာသက်သေနဲ့ အတိအကျ ပြောတာလဲ''
မိုးဝေ တင်းသွားရသည်။ ကိုယ်ကပဲ ဖြီးနေသလိုမျိုး ပြောလာ သည်မို့ ...
''ဒီမှာ မြတ်ခိုင်အောင် ...၁၉၆၇ခုနှစ် နိုဝင်ဘာလထုတ် ဦးအောင်ခိုင်ဘာသာပြန်တဲ့ ကမ္ဘာ့အထူးအဆန်းမှတ်တမ်းများ ဆိုတဲ့ စာအုပ်ထဲမှာ အတိအကျပါတယ်ကွ၊ မယုံရင်ရှာဖတ်ကြည့်လိုက်''
မြတ်ခိုင်အောင် စောဒကမတက်တော့ချေ။ ဘာမှမဆိုင်ဘဲ ကြားထဲကဝင်ရှင်းပေးရသည်ကိုပင် အားမနာ။ စိတ်ဆင်းရဲရသည်။
ထို့ကြောင့် မိုးဝေက ထရပ်ရင်း ...
''တော် ပြီကွာ ...သွားမယ်၊ မင်းတို့ကိုပြောရတာ အောက် ဆီဂျင်ပါးတယ်''
''ဟေ့ ...ဘယ်လဲကွ''
အင်္ကျီကော်လံကိုထောင်လိုက်ရင်း မိုးဝေကရင်ကော့လျက်
''ငါ့ရဲ့ စင်ဒရဲလားလေးဆီကိုဟေ့၊ ငါ့ဆီမှာ သူ့ဖိနပ်လေး တစ်ဖက် ရထားတယ်လေ ...အဲဒါ လူချင်းသွားတွေ့ မလို့''
''နေပါဦး ...ငါတို့ပါ လိုက်မယ်လေ''
''ဘာလဲ ...ငါ့ရဲ့ အရည်အချင်းကို မျက်ဝါးထင်ထင် ရှုစား ချင်ကြတယ်ပေါ့ ...ဟုတ်လား''
''အေး ...ဟုတ်တယ်၊ အဲဒီ ဖိနပ်နဲ့ မင်းရဲ့ မျက်နှာကို ဘယ် လိုပုံဖော်ပေးလိုက် မလဲဆိုတာ အားပေးချင်လို့''
''စောင့်ကြည့်ပေါ့ကွာ ...ငါ့နာမည် မိုးဝေပါကွ''
''စောင့်ကြည့်မှာ ပါ ...ဟိုကလည်း ရှုမဝပါ၊ နှစ် ယောက် စလုံးရဲ့ နာမည် က မဂ္ဂဇင်းအဟောင်းနာမည် တွေ နဲ့ တူနေပေမယ့် ရှုမဝ ကတော့ မိုးဝေထက် တစ်ခေတ်စောသေးတာပဲလေ''
''အင်''
ရှုမဝမှာ လည်း နေ့စဉ်နီးပါး ရတက်ပွေနေသည်။ အိမ်မှာ ဆို လည်း မေမေက သူ့သမီးကောင်းစားရေး ဟူသော အကြောင်းပြချက် ဖြင့် အောင်သန်းစိန်အကြောင်း စကားလမ်းကြုံ တိုင်း ထည့်ထည့်ပြော သည်။ သမီးရေ ...အိမ်ထောင်ရေး ဆိုတာ ဆေးမင်ရည်စုတ်ထိုး စသည်ဖြင့် စကားစလာလျှင် သွားပြီ။ ဖေဖေနှင့် ဘိုးဘိုး ကတော့ ဘာမှဝင်မပြော။
ကျောင်းရောက်တော့လည်း နားအေးပါးအေးနေရသည်မဟုတ်။ ထိုရက်ပိုင်းအတွင်းမှာ ဖလော်မှကိုဇော်ဖြိုး ခေတ္တမျှပေါ်မလာသော် လည်း နောက်မှအမီလိုက်လာသည့် ကျေးဇူးရှင်တွေ က ရှိသေးသည်။
ထိုအထဲက သင်္ချာမေဂျာမှ ကင်းပြု တ်လင်းသူဆိုလျှင် ဆုံ လိုက်တိုင်း သင်္ချာတွေ တွက်တွက်ပြသည်။ ဘယ့်နှာကြီးမှန်းလည်း မသိ။
''ဒီမှာ ကြည့် ရှုမဝ ...ဒီ (၁ဝ၉၈၉) ကိုတဲ့ ကိန်းစဉ်လေးကို ဘယ်လိုမြင်လဲ''
ရှုမဝ စိတ်ထဲမပါသော်လည်း ...
''ဒါလား ...ဂဏန်းငါးလုံးလို့ မြင်တယ်လေ''
''အာ ...မဟုတ်သေးဘူး ရှုမဝရဲ့ ၊ ဒီဂဏန်းစဉ်လေးက ထူးခြားတယ် ...သိလား''
''ဟင် ...ဘယ်လိုထူးခြားတာလဲ''
သိချင်သော ပုံစံဖြင့် ဟန်လုပ်ကာပြန်မေးလိုက်၏ ။ လင်းသူ အားတက်သရော ဖြစ်သွားကာ ...
''ရှုမဝသိချင်ရင် အဲဒီ ကိန်းစဉ်ကို (၉) နဲ့မြှောက်ကြည့်ပါလား''
''လုပ်ပါ ...ရှင်ပဲမြှောက်လိုက်ပါ ...အဟင်း''
ဘောပင်ကိုကောက်ကိုင်ပြီး လင်းသူ မြှောက်ပြလိုက်သည်။ ဘောပင်ကို မြှောက်ပြခြင်းမဟုတ်ပါ။ ဂဏန်းတွေ ကိုတွက်ပြခြင်း ဆိုလို သည်။ ပြောရတာ လည်း ရှုပ်သည်။
ပြီးမှ ...
''တွေ့ လား ရှုမဝ ...ရတဲ့အဖြေက (၉၈၉ဝ၁)တဲ့''
''အဲဒါ ဘာ ဖြစ်လဲ''
''သြော် ...မမြှောက်ခင်ကကိန်းစဉ် (၁ဝ၉၈၉)ရဲ့ ပြောင်းပြန် ဖြစ်သွားပြီလေ''
''ဟုတ်ပါပြီ ...အဲဒါ ဘာ ဖြစ်လို့လဲဆို''
''မထူးဆန်းဘူးလား ရှုမဝရဲ့ ''
''မထူးဆန်းပါဘူး ...သင်္ချာမှာ အဲဒီ လိုလုပ်ပြလို့ရတာ တွေ အများ ကြီးရှိတာပဲဟာကို ...ဒါများ ''
လင်းသူ နင်သွားရသည်။ ရှုမဝ အထင်ကြီးမလားဟု မှတ် သားလာသမျှ ငပေါကြီး ဖြစ်ရပြီ။ ဒါသည်ကိုပင် အမှတ်မရှိသေးဘဲ...
''ရှုမဝကော အဲဒီ လို ထူးခြားတဲ့ဂဏန်းစဉ်လေးတွေ သိသေး လို့လားဟင် ...ကိုယ်တို့ ဖလှယ်ကြတာပေါ့''
ရှုမဝ ခပ်ချဉ်ချဉ် ဖြစ်လာသည်။ ထို့ကြောင့် ...
''ထူးခြားမလားတော့ မသိဘူး ...(၉၈၃၁) ဆိုတဲ့ဂဏန်းကို တော့ မြန်မာ့သမိုင်းမှာ မေ့မရတဲ့နံပါတ်ဆိုတာ သိတယ်''
''ဟင် ...အဲဒီ ဂဏန်းနံပါတ်က ဘာ ဖြစ်လို့လဲ''
''ရှင် ဒါတောင်မသိဘူးလား ...၁၉၇၄ခုနှစ် ဇူလိုင် ၁၉ ရက်နေ့ က ဗိုလ်ချု ပ်အောင်ဆန်းတို့ကို လုပ်ကြံဖို့လာခဲ့တဲ့ တရားခံ တွေ အသုံးပြု ခဲ့တဲ့ ကားနံပါတ်လေ ...''
''ဒါတော့ ကိုယ်မသိဘူး ရှုမဝရယ် ...ကိုယ် လောလော ဆယ်သိချင်တာ ကတော့ ရှုမဝဆီက (၁၅ဝဝ) ဆိုတဲ့ဂဏန်းရဲ့ အဓိပ္ပာယ် ပဲ၊ အဲဒီ ဂဏန်းလေးကို ကိုယ့်အတွက် ရှိသေးလားဟင်''
ရုတ်တရက် ရှုမဝ ဘာပြန်ပြောရမှန်းမသိဘဲ အငိုက်မိသွား၏ ။
ထိုစဉ်မှာ ပဲ ...
''ကိုလင်းသူ ...ကိုလင်းသူ''
ခေါ်သံနှင့် အတူ ကျောင်းသား တစ်ယောက် အနားရောက် လာသည်။ လင်းသူက ထိုကျောင်းသားကို မျက်မှော င်ကြု တ်ကြည့်ကာ (စားရခါနီး မှ ထမင်းလုပ်ပုတ်ချခံလိုက်ရသလိုမျိုး)
''ဘာလဲကွ ...အရေး ထဲ''
ထိုကျောင်းသားကပဲ အရေး တကြီးပုံစံမျိုးဖြင့် ...
''အစ်ကိုက ကင်းပြု တ်ကိုလင်းသူပါနော်''
''ဟာ''
လင်းသူမျက်နှာ ရဲပဒေါင်းခတ်သွားသည်။ ရှုမဝရှေ့မှာ မို့ အရှက်တရားက လှိုက်ခနဲ ရင်ထဲရောက်လာ၏ ။ ထိုခံစားချက်နှင့် ပင်
''ဟေ့ကောင် ...မင်းဘယ်သူလဲ၊ ဟုတ်တယ် ...ငါ မင်း ပြောတဲ့ လင်းသူပဲ''
ထိုအခါမှ ထိုကျောင်းသားက ဝမ်းသာအယ်လဲပုံစံမျိုး ဖြစ် သွားပြီး ...
''တော် သေးတာပေါ့ဗျာ ...မနည်းမေးလာရတာ ဗျ၊ နောက် ဆုံး တစ်ယောက် ကမှ ဒီဆိုင်ထဲမှာ ထိုင်နေတာ ကင်းပြု တ်လင်းသူပဲ ဆိုလို့''
''ဟာ ...လုပ်လာပြန်ပြီ၊ အဲဒါကို ထည့်ထည့်မပြောပါနဲ့ကွာ၊ မင်းက ဘာကိစ္စ ငါ့ကိုတွေ့ ချင်ရတာ လဲ''
''ဒီ ...ဒီလိုပါ အစ်ကို ...ကျွန်တော် က သော်ဦးပါ၊ အစ်ကိုက သင်္ချာနဲ့ပတ်သက်ရင် လေ့လာမှု အားကောင်းတယ်ဆိုလို့ပါ''
လင်းသူ နေသာထိုင်သာ ပြန်ရှိသွား၏ ။ ထိုကျောင်းသားကိုပင် ရှုမဝရှေ့မှာ (မိုက်မဲစွာ ) ပြန်မေးလိုက်သည်။
''ကဲ ...ပြော ...ဘာကိုသိချင်တာလဲ''
''ကစားနည်းလေးပါ အစ်ကိုရာ ...ဘယ်လိုဆော့ဆော့ ကျွန် တော် ရှုံးနေလို့ အဲဒါ ...သင်္ချာနဲ့ပတ်သက်နေတော့ အစ်ကို့ကို မေးကြည့်ပါလားလို့ တစ်ယောက် ကညွှန်လိုက်တာ''
''ပြောကြည့်လေ ...ဘယ်လိုကစားနည်းလဲ''
''ကျောက်ခဲလေးတွေ ကိုကစားတဲ့သူနှစ် ယောက် က တစ်လှည့် စီကောက်တာပါ အစ်ကို ...ဒီလိုဗျ''
သော်ဦးက အသင့်ယူလာသော ကျောက်စရစ်ခဲလေးတွေ ကို ခုံပေါ်မှာ စီချလိုက်သည်။
''ဒီလို ခုနစ်လုံးရယ်, ငါးလုံးရယ်, သုံးလုံးရယ် တစ်တန်းစီ စီထားတဲ့ကျောက်ခဲလေးတွေ ကို ဆော့တဲ့သူနှစ် ယောက် က ဘယ်သူ အရင်ပဲ ဖြစ် ဖြစ် ကြို က်တဲ့အတန်းမှာ ကြို က်သလောက် ကောက်လို့ရ တယ်၊ တစ်ခါကောက်ရင် တစ်တန်းစီကပဲနော်၊ ဒါပေမဲ့ အဲဒီ လို တစ်လှည့်စီကောက်ရင်း နောက်ဆုံး တစ်လုံးကောက်ဖို့ကျန်တဲ့လူက အရှုံးပဲ''
''သြော် ...ဒါလေးများ ကွာ''
လင်းသူက သိပ်အလေးမထားသလို ခပ်ပေါ့ပေါ့ပြောလာ သည်။ သော်ဦးကလည်း ...
''အစ်ကို ကတော့ ဟုတ်မှာ ပေါ့ ...သင်္ချာကျွမ်းတာကိုး၊ ကျွန် တော့် မှာ တော့ ဆော့တိုင်းရှုံးနေလို့''
''ဒါဆိုရင်လည်း ရှင်တို့နှစ် ယောက် ဆော့ကြည့်ပါလား လင်းသူကသိရင်တစ်ခါတည်းသင်ပေးလိုက် ပေါ့''
ရှုမဝက သူ့ဥာဉ်အတိုင်း ဝင်ကျပ်ပေးသည်။ အလိုလိုနေရင်း ရှုမဝရှေ့မှာ မှ အစွမ်းပြချင်နေသော လင်းသူက (မစဉ်းစား မဆင်ခြင် ဘဲ) ...
''ကဲ ...စလိုက်ရအောင်ကွာ ...မင်းလည်း ပညာတိုးတာ ပေါ့''
''ဟုတ်ကဲ့ ...ဒါဆို ကျွန်တော် စရွှေ့ပြီ အစ်ကို''
ပြောပြောဆိုဆို သော်ဦးက ခုနစ်လုံးတန်းမှ လေးလုံး စ ကောက်လိုက်သည်။ လင်းသူက ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး ငါးလုံး တန်းမှ သုံးလုံးကောက်လိုက်ပြန်၏ ။ သော်ဦးကလည်း သုံးလုံးတန်းမှ တစ်လုံးကိုကောက်လိုက်ပြန်သည်။
လင်းသူ တွေ ခနဲတစ်ချက် ဖြစ်သွား၏ ။ ပြီးမှ သော်ဦးကို မခိုး မခန့်ကြည့်ကာ
''ရတယ်လေ ...ရော့ ကောက်ပြီ''
ပြောရင်း ငါးလုံးတန်းမှ လက်ကျန်နှစ် လုံးကို ကောက်ပြ လိုက်၏ ။ အခြေနေက ခုနစ်လုံးတန်းမှ သုံးလုံးနှင့် သုံးလုံးတန်းမှ နှစ် လုံးတို့သာ ကျန်တော့သည်။
ထိုအခါမှ သော်ဦးက မျက်နှာပျက်ဟန်ဖြင့် ခေါင်းခါရင်း ...
''ဒါပဲ ကောက်ရတော့မှာ ပဲ ...ဟူး''
သုံးလုံးကျန်သော ခုနစ်လုံးတန်းမှ တစ်လုံးကောက်လိုက် လေ၏ ။ လင်းသူအလှည့်မှာ တော့ ခုနစ်လုံးတန်းမှ နှစ် လုံးနှင့် သုံး လုံးတန်းမှ နှစ် လုံးတို့သာ ကျန်တော့သည်။
လင်းသူက အပေါ်နှစ် လုံးတန်းမှ တစ်လုံးကို ကောက်ချလိုက် သည်။ အပေါ်တန်းတစ်လုံးနှင့် အောက်တန်းနှစ် လုံးသာ ကျန်တော့ သည်။ ထိုအခါမှ သော်ဦးက ...
''အစ်ကို ...ဒီလိုကောက်လိုက်မယ်နော်''
''ဟင်''
ခပ်ရွှင်ရွှင်ပြောရင်း အောက်ဆုံးနှစ် လုံးတန်းမှ နှစ် လုံးစလုံးကို ကောက်ချလိုက်သည်။ အပေါ်မှ လင်းသူကောက်ဖို့ ကျန်နေတာက ကျောက်စရက်ခဲလေး တစ်လုံးတည်း။ ပွဲကပြီးသွားလေပြီ။ ရှုံးသွားသူက လင်းသူပဲ ဖြစ်လေသည်။
လင်းသူက မျက်နှာပျက်ပျက်နှင့် ...
''ဟာ ...ဒါက ဘယ်လို ဖြစ် ... ဖြစ်''
''အဟဲ ...အစ်ကို အတွက်မှားသွားတာထင်တယ်''
ပြန်တက်လာသည့်ချွေးကို စိတ်အိုက်စွာ သပ်ချလိုက်ရင်း ...
''အဟဲ ...တစ်ချက်မှားသွားတာပါ၊ ပြန်ဆော့လိုက်ရအောင်၊ ရှုမဝ ခဏလေးနော် ...ကိုယ် နိုင်အောင်ဆော့ပြမယ်''
ရှုမဝဘက်လှည့်ကာ မျက်နှာချိုသွေးလိုက်သေးသည်။ ရှုမဝက ပခုံးသာတွန့်ပြလိုက်၏ ။
လင်းသူ နောက်တစ်ပွဲ သဲကြီးမဲကြီးထပ်ကစားနေစဉ်မှာ ပဲ ရှုမဝဖုန်းက မြည် လာသည်။ ဖုန်းဖွင့်ကိုင်လိုက်ရင်း ရှုမဝ မျက်နှာ လေးက ပြုံး ယောင်သန်းသွား၏ ။
လင်းသူ နောက်တစ်ပွဲရှုံးရန် အားကြိုး မာန်တက်ပြင်ဆင်နေ ချိန်မှာ ပဲ ရှုမဝ တိတ်တိတ်ကလေး ချဉ်းနင်းထွက်ခွာသွားလေပြီ။
သတိမထားမိလောက်အောင်ပင် လင်းသူ တစ်ယောက် ဘူးသီး လုံးလောက်ချွေးသီးချွေးပေါက်တွေ ကျနေဆဲ။
သော်ဦးနှင့် လင်းသူ ပထမကစားခဲ့သော ပွဲစဉ်က ထိုအတိုင်း ဖြစ် လေသည်။
မှတ်ချက် ။ ။
သော်ဦးကောက်သည့်အလုံးသည် (+) ဖြစ်ပြီး လင်းသူက (-) ဖြစ်သည်။
(-၄) သည် နောက်ဆုံးကောက်ရန်ကျန်နေသည့်အတွက် ရှုံးသွားရခြင်း ဖြစ်သည်။
ထို (၇၅၃) ကစားနည်းကို နှစ် ဦးနှစ် ဖက်အဆင်ပြေသလို စတင် ကောက်ယူကစားနိုင်ပါသည်။ စည်းကမ်းချက်မှာ တစ်တန်းစီမှပဲ ကြို က်သလောက် ကောက်ယူနိုင်၊ ကစားနိုင်ခြင်း ဖြစ်သည်။ နောက်ဆုံးတစ်လုံးကောက်ရန် ကျန် သူက အရှုံး ဖြစ်ပါသည်။
စာဖတ်သူတို့ အပျင်းပြေ ကစားကြည့်နိုင်ပါသည်။
(စာရေး သူ)
![]() ဟဲ့ | ![]() မခူးဘဲရွယ် မရွယ်ဘဲစူး | ![]() ဖူးစာကွန်ရက် |