ယခုတစ်ခေါက် ရောက်လာခဲ့ရသော ချောင်းသာကမ်းခြေသည် သူ့အတွက် ဘာစိတ်ကျေနပ်မှု မှ ပေးနိုင်မည် မဟုတ်ဟု မင်းခက် ထင်မိသည်။ ကမ်းခြေတစ်လျှောက် တဟူးဟဲဟဲတိုက်ခတ်နေသော လေစီးတွေ ကလည်း စိတ်လန်းဆန်းမှု ကို မပေးနိုင်။ သွားလာလှုပ်ရှားနေကြသော ရောင် စုံလူတွေ ကလည်း မြင်နေရသည်မှာ စက်ရုပ်ဆန်နေသလို။ ကမ်းခြေသဘာဝ အလှ တရားကလည်း သူနှင့် မဆိုင်သကဲ့သို့ ယုတ်စွအဆုံး အုန်းစိမ်းရည်ပင်လျှင် သူ့အတွက် ခါးသက်နေမည် ထင်သည်။
တကယ်တော့ ဒီခရီးစဉ်ကို သူ စိတ်ပါပါနှင့် လိုက်လာခဲ့ခြင်းလည်း မဟုတ်။ သူငယ်ချင်းတွေ ဖြစ်သော ကျော်သာနှင့် ထွန်းမင်းအောင်တို့က အတင်းခေါ်လာခဲ့ခြင်း ဖြစ်သည်။
သူတို့၏ အကြောင်းပြချက်ကလည်း ရှင်းပါသည်။
''မင်းမလိုက်လို့မ ဖြစ်ဘူး မင်းခက်၊ ဒီခရီးစဉ်ဟာ မင်းအတွက် တမင်စီစဉ်လိုက်တာကွ''
ကျော်သာ၏ စကားအဆုံးမှာ ထွန်းမင်းအောင်ကလည်း ...
''မင်း ဘာမှငြင်းဖို့မကြိုးစားနဲ့၊ ဒီလိုမှ ခရီးမထွက်ရင် မင်းရဲ့ အသဲ ကွဲဝေဒနာက ပိုဆိုးသွားလိမ့်မယ်၊ ဒီတော့ မင်းရဲ့ ခံစားချက်တွေ ကို ပင်လယ် ရေနဲ့ ဆေးပစ်မှ ဖြစ်မယ်''
ထိုသို့ သော စကားတွေ ကြောင့် မင်းခက် အင်တင်တင်နှင့် လိုက် လာခဲ့ရခြင်း ဖြစ်သည်။ ထိုနှစ် ကောင်လည်း ငယ်ပေါင်းသူငယ်ချင်းတွေ မို့ သူတို့ ကိုယ့်အပေါ်ထားသည့် စေတနာကို ငြင်းဖို့မကောင်း။
အနှစ် ချုပ်ပြောရလျှင်တော့ မင်းခက်ဆိုသော သူသည် အသဲကွဲ ဝေဒနာကို ကုစားရန် ချောင်းသာကမ်းခြေသို့ ရောက်ခြင်းသာ ဖြစ်၏ ။
သို့ သော် ...
အထက်ကဆိုခဲ့သလိုပင် လောလောဆယ်မှာ တော့ ကမ်းခြေက သူ့အတွက် ဘာစိတ်အပြောင်းလဲမှ မပေးနိုင်သေး။
ကိုယ့်ကားနှင့် ကိုယ် အေးအေးဆေးဆေးထွက်လာခဲ့ခြင်း ဖြစ်၍ ကမ်းခြေရောက်တော့ ညနေပင်စောင်းလုပြီ။ ကြိုတင်ဘွတ်ကင်လုပ်ထား သော ဟိုတယ်၌ ပစ္စည်းတွေ နေရာချပြီး အားလုံးခဏနားလိုက်ကြသေး၏ ။
နေအတော် ကြီးစောင်းမှ သုံးယောက် သား ကမ်းခြေသို့ ဆင်းခဲ့ ကြသည်။ ခုလည်း ပင်လယ်ကြီးကိုကြည့်ကာ အတွေးတွေ ဝေနေသော သူ့အား ကျော်သာက ...
''ဟေ့ကောင် ...ဘာမှလျှောက်စဉ်းစားမနေနဲ့၊ လေကို ဝဝရှူပြီး အကျယ်ကြီးသာ အသာကုန်အော်ဟစ်လိုက်၊ အဲဒီ လို လုပ်လိုက်တာက မင်းရဲ့ စိတ်မွန်းကျပ်မှု ကို ထွက်ပေါက် ဖြစ်စေလိမ့်မယ်''
ထိုစကားကြောင့် မင်းခက်က စောင်းငန်းငန်းပြန်ကြည့်လိုက်ကာ
''ငါ့ကို သောက်ရူးများ မှတ်နေလား ကျော်သာ၊ အဲဒီ လို အော် လိုက်လို့လည်း လိပ်ခေါင်းပဲထွက်မှာ ၊ ငါ့မွန်းကျပ်မှု ကတော့ ပျောက်သွားမှာ မဟုတ်ဘူး''
ကျော်သာ့မျက်နှာ မဲ့ရွဲ့သွားသည်။ တစ်ဆက်တည်း မရှုစိမ့်ဟန် ဖြင့် ...
''မင်း ကတော့ ဘယ်လိုပဲ အကောင်းပြောပြော ဘုတောနေတော့ တာပဲ မင်းခက်ရာ၊ အဲဒါဆိုရင်လည်း မင်းဟာမင်း နေချင်သလိုသာနေတော့''
မင်းခက် ဘာမှပြန်မပြောဘဲ ငြိမ်နေလိုက်သည်။ ထိုအချိန်မှာ ပဲ ထွန်းမင်းအောင်က ကမ်းခြေရှိ အမိုးမိုးထားသော ခုံတန်းလေးတွေ ဆီ လက် ညှိုးထိုးပြကာ ...
''ဟေ့ကောင်တွေ ...ဟိုခုံတွေ မှာ ထိုင်ပြီး ဒီညနေသောက်ရင် ကောင်းမလား''
''မကောင်းဘူးဆိုလည်း မင်းက သောက်မှာ ပဲ မဟုတ်လား''
မင်းခက် ပြန်ပြောလိုက်သော စကားအဆုံးမှာ ထွန်းမင်းအောင်က ဟီးခနဲရယ်သည်။ ပြီးမှ ...
''ကဲပါကွာ ...မင်းတို့ အဲဒီ ကိုသွားပြီး နေရာယူထားလိုက်၊ ငါ ပုလင်းသွားယူလိုက်မယ်''
''ပြီးရော၊ ပုလင်းတစ်လုံးတည်း ယူမလာနဲ့ဦး၊ သောက်စရာခွက် တွေ ၊ ရေခဲတွေ ၊ အမြည်းတွေ ပါ စီစဉ်ခဲ့''
''ခွီးတဲ့မှပဲ ငါ သိပါတယ်၊ မင်းတို့သာ နေရာသွားဦးထားလိုက်''
ပြောပြီး ထွန်းမင်းအောင် လှည့်ထွက်သွား၏ ။ ဟုတ်တော့လည်း ဟုတ်ပါသည်။ ချောင်းသာကမ်းခြေသို့ လာဖူးသော အတွေ့ အကြုံအရ ထိုခုံလေးတွေ မှာ ညနေဆိုလျှင် လူတွေ အမြဲ ပြည့်နေတတ်၍ ဖြစ်သည်။
ခုလည်း ထွန်းမင်းအောင်အပြောကြောင့် သူတို့နှစ် ယောက် ထိုခုံ လေးတွေ ဆီသို့ သွားကာ ထိုင်နေလိုက်ကြ၏ ။ ခုံဆိုပေမယ့် ထိုခုံလေးတွေ က လှဲလျောင်းအိပ်စက်လို့ရသည့် အနေအထားလည်း ဖြစ်သည်။ ရောက်ပြီး ခဏမှာ ပဲ မင်းခက်က ခုံတစ်ခုံကို ပင်လယ်ဘက်သို့ မျက်နှာမူပြီး နေရာချကာ အသာလှဲနေလိုက်သည်။
ထိုအချိန်တွင် နေလုံးကြီးက ပင်လယ်၏ အနားသတ်တစ်ဖက်သို့ ပင် ခုန်ဆင်းသွားလေပြီ။ လင်းတောက်နေသေးသော ဆည်းဆာတိမ်တွေ ကတော့ ကောင်းကင်မှာ တွဲ လွဲခိုနေဆဲ။
ကျော်သာက ပင်လယ်ပြင်သို့ မျက်နှာမူနေရာမှ မင်းခက်ဘက်သို့ အသာလှည့်ကာ ...
''မင်းခက် ...မင်း ယမုံကို သတိရနေသေးလားကွ''
ယမုံဆိုသည့် နာမည် ကြောင့် မင်းခက် ဆတ်ခနဲ လှုပ်ရှားသွား သည်။ ကျော်သာကို ပြန်မကြည့်ဘဲ ပင်လယ်ဆီငေးကာ ...
''အဲဒီ မေးခွန်းမျိုး နောက်ထပ်မမေးနဲ့တော့ ကျော်သာ၊ ငါ သူ့နာ မည် ကို မကြားချင်သလို သူ့အကြောင်းလည်း မစဉ်းစားချင်ဘူး''
''အေး ...ကောင်းတယ်၊ အဲဒါ ကောင်းတဲ့လက္ခဏာပဲ မင်းခက်''
ပြောရင်း ကျော်သာက မတိုးမကျယ် ရယ်လိုက်သေးသည်။ မရယ် မပြုံးနိုင်သော မင်းခက်မျက်နှာ ကတော့ မျက်နှာသေ။
နှစ် ယောက် သား ထပ်ကာ စကားမပြော ဖြစ်ဘဲ ငြိမ်နေကြသည်။ ပင်လယ်ဆီမှ ရွေ့စီးလာသော လေကလည်း သူတို့ကို တိုးဝှေ့နေကြ၏ ။ အနည်းငယ် အေးစိမ့်လာသည်ဟု ခံစားလာရသည်။
ဆယ့်ငါးမိနစ်လောက်အကြာမှာ တော့ ထွန်းမင်းအောင် ပြန်ရောက် လာသည်။ တစ်ယောက် တည်းတော့ မဟုတ်။ လိုအပ်သော ပစ္စည်းများ သယ်ရန် ဟိုတယ်မှ ဝန်ထမ်းကောင်လေး တစ်ယောက် ကို အကူခေါ်လာခြင်း ဖြစ်သည်။
အနားရောက်တော့ ထွန်းမင်းအောင်က ...
''လိုအပ်တာတွေ တော့ အကုန်သယ်လာတယ်ကွ၊ ညီလေးရေ ပစ္စည်းတွေ ကို နေရာချလိုက်ကွာ''
''ဟုတ်ကဲ့ အစ်ကို''
ပြောရင်း ကောင်လေးက ပစ္စည်းတွေ ကို လွတ်နေသော ခုံတစ်ခုံ ၌ နေရာချလိုက်သည်။ ပြီးမှ ထွန်းမင်းအောင်ကိုကြည့်ကာ ...
''ဒါနဲ့ အစ်ကိုတို့ ဘာများ လိုအပ်ဦးမလဲဗျ''
''ဟေ ...ဘာကိုပြောတာလဲ''
ထွန်းမင်းအောင်အမေးကို ကောင်လေးကပဲ ...
''ဒီလိုလေ ...ဟိုဘက်က တခြားလူတွေ လိုပဲ ညကျရင် အစ်ကိုတို့ အနားမှာ လျှပ်စစ်မီး သွယ်ပေးရမလား၊ ဒါမှမဟုတ် မီးပုံပဲ ဖိုပေးရမလားလို့ မေးတာပါ''
စကားအဆုံးမှာ ပဲ ကျော်သာက အနီးအနားပတ်ဝန်းကျင်ရှိ ခုံလေး တွေ ဘေး၌ ထွန်းရန်ဆင်ထားသော မီးချောင်းများ ၊ ဖိုရန်ပြင်ထားသော မီးပုံများ ကို ကြည့်လိုက်ကာ ...
''ကောင်းသားပဲကွ၊ အဲ ...မီးချောင်းတော့ မသွယ်ဘူးကွာ၊ မီးပုံဖိုပေး၊ မီးပုံဆိုတာကလည်း သူများ တွေ လို မီးပုံပွဲလုပ်တာမျိုး အကြီးကြီး မလိုချင်ဘူး၊ အလင်းရောင် နဲ့ အပူချိန်လေးရရင် တော် ပြီ''
ကောင်လေးက ခေါင်းညိတ်ရင်း ...
''ကောင်းပါပြီ အစ်ကို၊ ဒါဆိုလည်း မီးပုံအသေးပဲ ဖိုလိုက်မယ် လေ၊ ခဏနေမှ ကျွန်တော် လာလုပ်ပေးမယ်နော်''
''ရပါတယ်ကွာ''
ကျော်သာနှင့် ထွန်းမင်းအောင်တို့က တက်ကြွနေသလောက် မင်းခက် ကတော့ ဘာမှဝင်မပြောဘဲ တုံဏှိဘာဝေလုပ်နေသည်။ တကယ်ပင် သူ့အတွက် ဘာမှမလိုအပ်သလိုမျိုး။
ဝန်ထမ်းကောင်လေး ပြန်ထွက်သွားတော့မှ ကျော်သာက ခွက်သုံး ခွက်ထဲသို့ အရက်၊ ရေခဲနှင့် ဆော်ဒါတို့ ရောကာစပ်လိုက်သည်။ ပြီး တစ် ယောက် တစ်ခွက်စီ ကမ်းပေးလာရင်း ...
''ကဲ ...စလိုက်ကြရအောင် ချီးယား(စ်)''
ဒီတစ်ခါတော့ ...မင်းခက်လည်း လှမ်းယူလိုက်ရင်း ခွက်ချင်း ချီးယား(စ်) လုပ်ကာ တစ်ကျိုက်တည်း မော့ချလိုက်သည်။ ရင်ထဲပူဆင်း သွားသည်ကိုလည်း ခံစားလိုက်ရ၏ ။
မင်းခက်ကိုကြည့်ကာ ကျော်သာ စိုးရိမ်သော မျက်နှာပေးနှင့် ...
''မင်းခက် ...အဲလောက်ကြီးတော့ မကြမ်းနဲ့ကွာ၊ ခုဟာက အရက်တွေ ကွ၊ မင်း အရင်လို တစ်ခါတလေမှသောက်တဲ့ ဘီယာမဟုတ်ဘူး''
မင်းခက်က ခပ်တည်တည်ပုံစံဖြင့် ...
''ဘီယာ ဖြစ် ဖြစ်၊ အရက် ဖြစ် ဖြစ် များများ နဲ့မြန်မြန်သောက်ရင် မြန်မြန်မူးတာပဲကွ၊ မြန်မြန်မူးတော့ မြန်မြန်အိပ်ပျော်သွားရင် ပြီးတာပဲလေ''
မင်းခက်စကားကြောင့် ကျော်သာ သက်ပြင်းကြမ်းကြမ်းချကာ ခေါင်းခါလိုက်ရင်း ...
''မဟုတ်သေးပါဘူး မင်းခက်ရာ၊ စိတ်ညစ်ပြီး အဲလိုသောက်နေ ရင် မင်းပဲ ခံရမှာ ကွ၊ မင်းက အနုပညာသမားဆိုတော့ ထိရှလွယ်တာကို ငါ လက်ခံပါတယ်၊ ဒါပေမဲ့ ...မိန်းမ တစ်ယောက် ကြောင့် အသည်းကွဲ ပြီး အရက်သောက်တယ်ဆိုတာ မကောင်းဘူးကွ''
စကားအဆုံးမှာ ပဲ မင်းခက် မထီတရီပုံစံဖြင့် ...
''ဘာလဲ ကျော်သာ ...မင်းက ငါ့ကို အသည်းကွဲပြီး အရက်တွေ ပဲ လှိမ့်သောက်နေမယ့် ပျော့ညံ့ညံ့လူလို့ ထင်နေတာလား၊ သွားစမ်းပါကွာ၊ အဲလောက်တော့ ငါ မမိုက်မဲပါဘူး''
''မမိုက်မဲရင်လည်း အဲဒီ လိုကြီးတော့ မနေနဲ့လေ၊ ခု မင်း အလုပ် မလုပ်တာ ဘယ်လောက်ကြာပြီလဲ၊ ဟိုကိစ္စ ဖြစ်ကတည်းက မလုပ်တာ ခုဆို တစ်လနီးပါးလောက်ရှိပြီ''
''ငါ သိပါတယ်၊ အလုပ်မလုပ် ဖြစ်တာက ငါ့စိတ်ကို ငါ စုစည်းလို့ မရသေးလို့ပါ၊ ငါ တစ်ခုပြောမယ် ကျော်သာ၊ ခု ငါ့ရင်ထဲမှာ ဟင်းလင်း ဖြစ်နေတယ်၊ အဲဒီ လို ဗလာရင်ဘတ်ထဲက ဘယ်စကားလုံး၊ ဘယ်သံစဉ် တွေ ကို နှိုက်ထုတ်ပြီး သီချင်းရေး လို့ ရမှာ လဲကွာ၊ ဒါပေမဲ့ ငါ တဖြည်းဖြည်း နဲ့တော့ တည်ငြိမ်အောင် ပြန်တည်ဆောက်နေပါတယ်၊ သိပ်မကြာတော့တဲ့ အချိန်မှာ တော့ ငါ သီချင်းပြန်ရေး ဖြစ်မှာ ပါ''
''ငါ တစ်ခုလောက် ပြောလို့ရမလား မင်းခက်''
ငြိမ်သက်နေရာမှ ဝင်ပြောလိုက်သော ထွန်းမင်းအောင်စကားကြောင့် မင်းခက် ခေါင်းဆတ်၍ ...
''ပြောလေကွာ ...အရေး ထဲ မင်းက စကားပလ္လင်ခံနေသေး တယ်''
ထိုအခါမှ ထွန်းမင်းအောင်က ...
''မင်းကြိုက်,မကြိုက်တော့ မသိဘူးကွာ၊ ငါ ကျော်သာနဲ့ တိုင်ပင် ပြီး မင်းရဲ့ ဂစ်တာနဲ့ သီချင်းရေး ရင်သုံးတဲ့ပစ္စည်းတချို့ကို မင်းမသိအောင် ယူလာတယ်၊ တကယ်လို့များ ဒီမှာ နေတုန်း မင်းသီချင်းရေး ချင်စိတ်ပေါ် လာရင် ရေး လို့ရအောင်လေ''
ထိုစကားကြောင့် မင်းခက်မျက်နှာက တည်သွားသော်လည်း ကျော်သာက ပါဝင်၍ ...
''အဲဒီ အတွက်တော့ ငါတို့ကို စိတ်မဆိုးပါနဲ့ကွာ၊ ခုဆို တေးရေး လောကမှာ မင်းက နာမည် လည်း အတော် ရနေပြီလေ၊ ပြီးတော့ ... မင်းဆီမှာ အပ်ထားတဲ့သီချင်းတွေ လည်း မရေး ရသေးဘူးမလား၊ အဲဒါ ကြောင့် ပါ''
စကားအဆုံးမှာ မင်းခက်က စိတ်ကိုလျော့ချပြီး လေပူတစ်ချက်ကို အရင်မှု တ်ထုတ်လိုက်သည်။ ပြီးမှ ...
''ငါ မင်းတို့ကို စိတ်မဆိုးပါဘူးကွာ၊ သီချင်းအပ်ထားတယ်ဆိုပေ မယ့် အင်္ကျီချုပ်သလို ရက်ချိန်းပေးထားတာမှမဟုတ်တာ၊ ငါကလည်း ငါ့ သီချင်းတွေ ကို အနုပညာစစ်စစ်နဲ့ လိပ်ပြာသန့်သန့် ရေး ချင်တာပါ၊ အဲဒါ ကြောင့် မစောင့်နိုင်ရင်လည်း နေပစေပေါ့ မဟုတ်ဘူးလား''
''ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ ငါတို့က မင်းရဲ့ အလုပ်နဲ့ ကိုယ်ရေး ကိုယ်တာကို ရောထွေးပြီး အလုပ်မလုပ် ဖြစ်မှာ စိုးလို့ပါ''
တဖြည်းဖြည်းနှင့် မင်းခက်မျက်နှာက ပျော့ပျောင်းလာသည်။ နံဘေးမှာ ရှိနေသည့် သူငယ်ချင်းနှစ် ယောက် ကိုလည်း ကြည့်လိုက်ရင်း ...
''ကဲပါကွာ ...မင်းတို့ ခုပြောတာတွေ ကို ငါ ကျေးဇူးတင်တယ်၊ လက်လည်း လက်ခံတယ်၊ ဂစ်တာယူလာပေးတဲ့အတွက်လည်း စိတ်မဆိုး ဘူး၊ ဒီတော့ ...ငါ ချောင်းသာမှာ နေ ဖြစ်တုန်း သီချင်းရေး နိုင်အောင် ကြိုးစားမယ်၊ ဟုတ်ပြီလား''
မင်းခက်စကားကြောင့် နှစ် ယောက် စလုံး ကျေနပ်သွားသည့်အသွင် ဖြင် ပြုံးလိုက်ကြသည်။ တကယ်တော့ သူတို့နှစ် ယောက် သည်လည်း ကိုယ် ပိုင်အလုပ် ကိုယ်စီရှိသူတွေ ဖြစ်၏ ။ မင်းခက်နှင့် ငယ်သူငယ်ချင်းတွေ မို့သာ ခုလို ချောင်းသာအထိ အလုပ်ပျက်ခံကာ ခေါ်လာပြီး စိတ်အပြောင်း ဖြစ်အောင် အားပေးနေခြင်း ဖြစ်သည်။
နောက်တစ်ခွက်စီသောက်ပြီးချိန်မှာ တော့ ဝန်ထမ်းကောင်လေး နှင့် အတူ တခြားကောင်လေး တစ်ယောက် ရောက်လာပါသည်။ သူတို့၏ လက်ထဲတွင် လည်း မီးဖိုရန်အတွက် ထင်းတုံးနှင့် အုန်းလက်ခြောက်အချို့ ပါလာ၏ ။
မီးဖိုအတွက် အခကြေးငွေပေးရသဖြင့် စနစ်တကျဖိုပေးကြပါသည်။ သင့်တော် သည့် မီးညွန့်နေအထားရောက်တော့မှ ...
''မီးပုံ ကတော့ အဆင်ပြေသွားပြီဗျ၊ အစ်ကိုတို့ လိုတာရှိရင် ကျွန် တော် ဟိုတယ်ထဲမှာ ရှိမှာ ပါ၊ အစ်ကိုတို့ဆီကိုလည်း ညဥ့်မနက်ခင် တစ် ခေါက်လာခဲ့ပါဦးမယ်''
ကျော်သာက ငွေအချို့ထုတ်ပေးလိုက် ရင်း ...
''အေးပါကွာ ...ကျေးဇူးပဲနော် ညီလေး၊ လိုတာရှိရင် ပြောပါ့မယ်၊ ဒါနဲ့ ညီလေးနာမည် က''
''ဝင်းကိုပါ ခင်ဗျ''
''အေး ...အေး ...အစ်ကိုတို့မှတ်ထားလိုက်ပါ့မယ်''
စကားအဆုံးမှာ ပဲ ဝင်းကိုတို့ လှည့်ပြန်သွားကြသည်။ ဝင်းကိုပုံစံ ကြည့်ရသည်မှာ လည်လည်ဝယ်ဝယ် ရှိပုံလည်းရ၏ ။
မင်းခက်တို့လည်း မီးပုံဘေးမှာ ဇိမ်ဆွဲသောက်ရင်း လေကလည်း တဟူးဟူးမို့ အရှိန်က ရလာသည်။ အထာစကားနှင့် ပြောရလျှင် တဖြည်း ဖြည်း ရောက်ရှိလာကြပြီပေါ့။
မူးစပ်စပ်ကလေးနှင့် စကားဝိုင်းကလည်း အရှိန်မြင့်လာသည်။ နဂိုကတည်းကမှ အာသွက်သော ကျော်သာက ...
''ဟေ့ကောင် မင်းခက် ...မင်းက ချစ်သူရည်းစားဆိုတာ ခုမှ တစ်ခါပဲ ထားဖူးသေးတာနော်၊ ခုလို ပထမဆုံးအကြိမ်မှာ အသည်းကွဲရတာ ဆိုတော့ မင်းစိတ်ထဲမှာ မိန်းမတွေ ကို စိတ်နာသွားတာမျိုး ဖြစ်မိလား''
မူးနေသည့်အရှိန်နှင့် မို့ မင်းခက်လည်း ခပ်ဟဟရယ်လိုက်ရင်း ...
''ကိုယ်အသည်းကွဲရလို့ မိန်းမတွေ အားလုံးကို သိမ်းကျုံးပြီး စိတ် နာတာမျိုးတော့ မ ဖြစ်ပါဘူးကွာ၊ ငါ့အတွက်က ပထမဆုံးဆိုတော့ နည်း နည်း ပိုခံစားရတဲ့သဘောပါ''
''ကောင်းတယ်ကွ၊ အဲဒီ စိတ်မျိုးရှိမှ မင်းနောက်ထပ် ရည်းစားထား လို့ရမှာ ''
စကားအဆုံးမှာ ပဲ မင်းခက်က တဟားဟားအော်ရယ်လိုက်ကာ...
''ဟား ဟား ...တော် ပါပြီကွာ၊ ယမုံချိုဆိုတဲ့ မိန်းမနဲ့တင် မှတ် သွားပါပြီ''
''ဒီကောင်ပြောတာ ဟုတ်လောက်တယ်ကွ၊ တကယ်တော့ မိန်းမ ဆိုတာ အရွယ်အစားအလိုက်ပြောရရင် သုံးမျိုးပဲရှိတယ်''
မဆီမဆိုင်ဝင်ပြောလိုက်သော ထွန်းမင်းအောင်စကားကြောင့် ကျော် သာက ...
''ဟာ ...ဒီကောင် အသည်းကွဲတာနဲ့ မိန်းမသုံးမျိုးပဲ ရှိတယ်ဆို တာက ဘာဆိုင်လို့လဲ''
ထွန်းမင်းအောင်က ခပ်ထွေထွေအသံဖြင့် ...
''လာမယ်လေ ...ခုလည်း ယမုံချိုကြောင့် ဒီကောင် စိတ်ဒုက္ခ ရောက်ရတယ်မလား၊ အဲဒီ တော့ အရွယ်အစားအလိုက် မိန်းမသုံးမျိုးဆို တာက ...မိန်းမတွေ ဟာ ပထမအရွယ်မှာ မိဘတွေ ကို စိတ်ဒုက္ခပေးတတ် ကြတယ်၊ အဲ ...ဒုတိယအရွယ်ကျတော့ ချစ်သူရည်းစား၊ ဒါမှမဟုတ် လင်ယောက်ျားကို စိတ်ဒုက္ခပေးတတ်ကြတာတဲ့''
''တတိယအရွယ်ကျတော့ကော''
''ရှင်းပါတယ်ကွာ၊ တတိယအရွယ်ကျတော့ သားမက်ကို စိတ် ဒုက္ခပေးတတ်တယ်တဲ့၊ အဲဒါပဲကွာ ...မိန်းမသုံးမျိုးဆိုတာက''
ပြောပြီး ထွန်းမင်းအောင်က တဟားဟားအော်ရယ်လိုက်သေး သည်။ ကျော်သာက ဘုကြည့်ကြည့်လိုက်ပြီး ...
''တော် စမ်းပါ ထွန်းမင်းအောင်ရာ၊ မင်း ခုနက ပြောတဲ့ ဒဿနကို ဘယ်ပညာရှိက ပြောသွားတာလဲ''
ထိုအခါမှ ထွန်းမင်းအောင်က သူ့ရင်ဘတ်သူ တဗုန်းဗုန်းပုတ် ကာ ...
''ဘယ်ပညာရှိ ဖြစ်ရမှာ လဲ၊ ဒီက အီဖေကိုယ် မဟာပညာရှိ ထွန်း မင်းအောင်ပေါ့ကွ''
''ငါ့လခွီးမှပဲ''
ကျော်သာ ရေရွတ်သံအဆုံးမှာ အားလုံးပဲ ရယ်လိုက်မိကြသည်။
တဖြည်းဖြည်းနှင့် ညကလည်း နက်လာချေပြီ။ ပင်လယ်ဆီ လှမ်း ကြည့်လိုက်လျှင်ပင် ရွာကျနေသော လရောင် အောက်၌ လှိုင်းခေါင်းဖြူဖြူ များ ကလည်း ကမ်းခြေဆီ ရွေ့ကာ စီးကာ။ အနီးနားပတ်ဝန်းကျင်ရှိ ခုံလေး တွေ ဆီမှ လူတွေ လည်း အိပ်တန်းပြန်သွားကြပြီ။ ကြွင်းကျန်ရစ်သော မီးပုံ အချို့ကိုပဲ တွေ့ နေရ၏ ။
ဝီစကီတစ်လုံးလည်း ကုန်ခါနီး ပြီမို့ ကျော်သာက သန်းဝေလိုက် ပြီး ...
''တော် ပြီကွာ ပြန်ကြရအောင်၊ ကျန်တဲ့အရက်လည်း ထားခဲ့လိုက် တော့''
''အေး ...ပြန်တာပေါ့၊ ဆယ့်နှစ် နာရီတောင် ထိုးတော့မယ်''
နာရီကြည့်ကာ ထွန်းမင်းအောင်ကလည်း ထောက်ခံစကားဆိုလိုက် ၏ ။ နှစ် ယောက် စလုံး ထရပ်လိုက်ရင်း မလှုပ်မယှက်ရှိနေသေးသော မင်းခက် ကိုကြည့်ကာ ...
''ဟေ့ကောင် ...ထလေကွာ၊ ပြန်ရအောင်လေ''
မင်းခက်က ...
''မင်းတို့ပဲ ပြန်နှင့် ကြပါကွာ၊ ငါ ဒီမှာ ခဏထိုင်နေလိုက်ဦးမယ်''
ထိုစကားကြောင့် ကျော်သာက မသိမသာ မျက်မှော င်ကြုတ်၍ ...
''မင်းခက် ...မင်း ဒီမှာ ကျန်ခဲ့ပြီး စိတ်ညစ်ညစ်နဲ့ ပင်လယ်ထဲ ဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမလို့တော့ မဟုတ်ပါဘူးနော်''
မင်းခက်က ခပ်တိုးဆိုး ဆဲရေး လိုက်ပြီးမှ ...
''ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံရအောင် ငါက သောက်ရူးမို့ လို့လား၊ တကယ်ပါကွာ ငါ တစ်ယောက် တည်း ခဏလေးနေချင်လို့ပါ''
နှစ် ကောင်စလုံး မင်းခက်အပြောကို နားလည်လိုက်ကြ၏ ။ ဟုတ် သည်လေ။ သကောင့်သားက အသဲကွဲနေသည်ဆိုတော့ ဒီလို တစ်ယောက် တည်းလည်း နေချင်ဦးမှာ ပေါ့။
ကျော်သာက မင်းခက်ကိုကြည့်ပြီး ...
''ပြီးရောကွာ၊ အပြင်မှာ အကြာကြီးတော့ နေမနေနဲ့ကွ၊ မင်း အအေးမိမှာ စိုးလို့''
''အေးပါ ...သိပ်မကြာပါဘူး''
နှစ် ကောင်သား လှည့်ပြန်သွားကြသည်။ ထိုအခါမှ မင်းခက်က မီးပုံကို အနည်းငယ်ပြင်၍ ဖိုလိုက်သည်။ မီးညွန့်ပြန်တက်လာတော့မှ ပုလင်း ထဲက လက်ကျန်ဝီစကီကို ခွက်ထဲထည့်လိုက်၏ ။
ဝီစကီတစ်ငုံငုံလိုက်ရင်း ပင်လယ်ဆီသို့ မျက်နှာမူကာ အသာပြန် လှဲနေလိုက်သည်။
လှိုင်းခေါင်းဖြူဖြူတွေ ကတော့ လရောင် အောက်မှာ ကမ်းခြေဆီ တရွေ့ရွေ့တက်လာနေဆဲ။ လှိုင်းတစ်လုံး အဆုံးသတ်တိုင်း ပင်လယ်ထဲသို့ ပြန်စီးဝင်သွားသော ရေတွေ ကိုကြည့်ငေးရင်း သူ့စိတ်တွေ သည်လည်း အတိတ်သို့ ပြန်စီးဆင်းသွားလေသည်။
လောလောဆယ်မှာ တော့ သူ၏ အတိတ်အား အပြောကျယ်သည့် ပင်လယ်ကြီးကိုပဲ ရင်ဖွင့်ဖို့ ရှိတော့သည် မဟုတ်ပါလား။
တိုက်ခန်းဝရန်တာဆီက အဆက်မပြတ် မြည် နေတဲ့ လူခေါ်ခေါင်း လောင်းသံကြောင့် လေးနေသေးတဲ့ မျက်ခွံတွေ ကို ကျွန်တော် အားယူပြီး ဖွင့်လိုက်ရတယ်။
ဒီအချိန်ကြီး ဘယ်လိုအလိုက်မသိတဲ့လူက ခေါင်းလောင်းဆွဲပြီး လာနှိုးနေတာလဲ။ ဟိုနှစ် ကောင်ဆိုရင်တော့ နားပန်းတစ်ချက်စီ ကျင်းပစ်လိုက် ဦးမယ်ဆိုပြီး တွေးလိုက်မိသေးတယ်။
မထသေးဘဲ ပေပြီးဆက်အိပ်နေပေမယ့် ခေါင်းလောင်းသံက မရပ် သွားဘူး။ ဒါနဲ့ အိပ်ရာက မထချင်ထချင်နဲ့ ထလိုက်တော့ ညက သီချင်း နားထောင်နေတဲ့ နားကျပ်တစ်ဖက်က နားထဲကပ်ပါလာတယ်။ အိပ်ရာဘေး မှာ လည်း ဂစ်တာနဲ့ သီချင်းနုတ်(စ်)စာရွက်တွေ က ပြန့်ကျဲလို့။ ညက ကျွန်တော် သီချင်းရေး ရင်း မနက်သုံးနာရီကျော်လောက်မှ အိပ်ပျော်သွားတာကို ပြန် အမှတ်ရလာတယ်။ ခုနာရီကြည့်လိုက်တော့ မနက်ဆယ်နာရီခွဲ။ ဖြစ်နိုင်ရင် ဆက်အိပ်ချင်သေးတာ။ ခုလို ခေါင်းလောင်းသံသာ မမြည် ရင်တော့ ကျွန် တော် နေ့လည်တစ်နာရီကျော်လောက်မှ အိပ်ရာက ထ ဖြစ်မှာ အသေအချာ ပဲ။
ခုတော့ မတတ်နိုင်တော့ဘူးလေ။ ခေါင်းလောင်းသံက ကျွန်တော် ထွက်မကြည့်မချင်း မြည် နေမယ့်ပုံစံပဲ။
တစ်ချက်သန်းဝေပြီး မျက်နှာကို ပွတ်သပ်ရင်း ဝရန်တာဆီ သွား လိုက်ရတယ်။ အောက်က ခေါင်းလောင်းဆွဲနေသူကို ငုံ့ကြည့်လိုက်တော့ တကယ်ပဲ အံ့သြသွားရရဲ့ ။ ကျွန်တော် ထင်ထားတဲ့ ဘော်ဒါတွေ တစ်ယောက် မှမဟုတ်ဘူး။ ဒီအချိန်ကြီး ကျွန်တော့် ကို ထူးထူးခြားခြား လာနှိုးရတာ က လှပခေတ်မီတဲ့ ကောင်မလေး တစ်ယောက် ဖြစ်နေလို့ပါ။
ငုံ့ကြည့်လိုက်တော့ ခေါင်းလောင်းကြိုးဆွဲနေတာကို သူရပ်လိုက် တယ်။ ကျွန်တော့် ကိုလည်း မော့ကြည့်လာရင်း ...
''ယမုံ တက်ခဲ့လိုက်မယ်နော်''
ကျွန်တော် ယောင်ပြီး ခေါင်းညိတ်လိုက်မိတယ်။ နေတဲ့တိုက်ခန်း က နှစ် လွှာမှာ ဆိုတော့ သူ့အသံနဲ့ရုပ်ရည်ကို သေသေချာချာ ကြားရမြင်ရ ပါတယ်။ သူရပ်နေတဲ့ ဘေးမှာ လည်း ကားအကောင်းစားတစ်စီးက ရှိနေ သေးရဲ့။
သူ တိုက်ခန်းလှေကားထဲ လှစ်ခနဲ ဝင် သွားပါတယ်။ သိပ်မကြာ လိုက်ဘူး။ ကျွန်တော့် အခန်းရှေ့က တံခါးခေါက်သံ ထွက်လာပါတယ်။
တံခါးအသာဟပြီး ကြည့်လိုက်တော့ သူ့ရုပ်ရည်ဟာ ထင်ထားတာ ထက် ပိုပြီး ဝင်းမွတ်တောက်ပနေတာ သိလိုက်ရတယ်။ မွှေးရှရှရေမွှေးနံ့ လေးကလည်း ကျွန်တော့် ဆီ ဝဲပျံလာသေးရဲ့ ။
''ဒါ ...တေးရေး ခက်မိုးရဲ့ အခန်း ဟုတ်ပါတယ်နော်''
''ဟုတ် ...ဟုတ်ပါတယ်ဗျ''
''ဒါနဲ့ ရှင်က''
''ကျွန်တော် က မင်းခက်ပါ''
''သြော် ..ခက်တာပဲ ကျွန်မက တေးရေး ခက်မိုးဆီ လာတာရှင့်''
''ဗျာ ...ခက်မိုးဆိုတာကလည်း ကျွန်တော် ပဲလေ''
အဲဒီ တော့မှ သူက ဗာဒံစေ့တွေ လို သွားဖြူဖြူလေးတွေ ပေါ်အောင် လှစ်ခနဲပြုံး လိုက်တယ်။ ပြီးမှ စေ့စေ့ကြည့်ရင်း ...
''မင်္ဂလာပါ ကိုမင်းခက်၊ ယမုံ အထဲဝင်လို့ ရမလားဟင်''
''ရ ...ရပါတယ်''
သူ့ကို တံခါးအသာဟပေးရင်း ကျွန်တော် ဧည့်ခန်းဆီ အရင်ပြေးရ တယ်။ ကျွန်တော် က ဧည့်ခန်းထဲမှာ ပဲ အလုပ်လုပ်ပြီး အိပ်တာလေ။ ဒီတော့ ပြန့်ကျဲရှုပ်ပွနေတဲ့ ကျွန်တော့် ပစ္စည်းတွေ ကို သွားပြေးသိမ်းရတာ ပေါ့။
သူ ကတော့ ဧည့်ခန်းထဲကို အေးအေးရဲရဲလေးပဲ ဝင်လာပြီး ...
''ရပါတယ် ကိုမင်းခက်၊ ဖြည်းဖြည်းလုပ်ပါ''
ကျွန်တော် ဘာမှပြန်ပြောမနေဘဲ ပစ္စည်းတွေ ကောက်သိမ်းပြီး မျက်နှာ ပြေးသစ်လိုက်ရတယ်။ ပြန်ရောက်လာတော့ သူက ဧည့်ခန်းထဲက ဆိုဖာခုံတစ်လုံးမှာ ထိုင်နေတုန်းပဲ။
ကျွန်တော် အပြုံးပါးပါးနဲ့ ...
''အားနာလိုက်တာဗျာ၊ ဒီအချိန်မျိုး ကျွန်တော့် ဆီ ဧည့်သည်မလာ တတ်ဘူးတော့လေ''
သူကလည်း ပြုံးတုံ့တုံ့လေးနဲ့ ...
''ရပါတယ်ရှင်၊ တကယ်ဆို ယမုံက အားနာရမှာ ပါ၊ ကိုမင်းခက် ဖုန်းကလည်း ပိတ်ထားတာနဲ့ အိမ်အထိလာခဲ့တာ၊ အိပ်ရေး ပျက်သွားပြီလား မသိဘူး''
''ကိစ္စမရှိပါဘူး၊ ကျွန်တော် က မနက်ဆိုရင် ဖုန်းပိတ်ထားတတ် တာဗျ၊ ဒီက ...မ ...''
''ယမုံချိုပါ၊ ယမုံလို့ခေါ်နိုင်ပါတယ်''
''ဟုတ်ကဲ့၊ ယမုံ ကျွန်တော့်ဆီ လာတဲ့ကိစ္စက''
အဲဒီ တော့မှ ယမုံက သူ့လက်ကိုင်အိတ်ထဲက ဗစ်စတင်းကတ်လေး တစ်ကတ် ထုတ်ပေးလာတယ်။ ယူကြည့်လိုက်တော့ နိုင်ငံခြားက တိုက်ရိုက် တင်သွင်းတဲ့ အဝတ်အစားကုမ္ပဏီတစ်ခုရဲ့ လိပ်စာပဲ။ ကတ်ထဲကအတိုင်းဆိုရင် ယမုံချိုရဲ့ ရာထူးဟာ မန်နေဂျာပါ။ ကျွန်တော် က ...
''ဒီတော့ ...ကျွန်တော် က ...''
ယမုံက ကိစ္စကိုမပြောသေးဘဲ ကျွန်တော့် အခန်းကို ဝေ့ကြည့်လိုက် သေးတယ်။ ပြီးမှ ...
''ကိုမင်းခက်က တစ်ယောက် တည်းနေတာလား''
''ဟုတ်ပါတယ်၊ အဲဒါကြောင့် ယမုံကို တစ်ခုခုနဲ့ဧည့်ခံဖို့ အဆင် မပြေ''
''အိုး ...ရပါတယ်ရှင်၊ ကိုမင်းခက်လည်း ဘာမှမစားရသေးဘူး မလား၊ ကျွန်မလည်း မနက်စာ မစားရသေးဘူးဆိုတော့ ဆိုင်တစ်ဆိုင်မှာ သွားစားရင်း အလုပ်ကိစ္စ ဆက်ပြောရအောင်''
သူပြောတဲ့ အလုပ်ဆိုတာ ဘာမှန်းမသိသေးပေမယ့် အဝတ်အစား ပဲ လဲပြီး ကျွန်တော် လိုက်သွားလိုက်မယ်။ ကျွန်တော် က တစ်ယောက် တည်း နေသူမို့ အခန်းထဲမှာ သူ့ကို အနေမကျုံ့စေချင်တာလည်း ပါပါတယ်။
ယမုံက သူ့ကားအကောင်းစားကြီးနဲ့ မနက်စာတွေ ရောင်းတဲ့ နာမည် ကြီးဆိုင်တစ်ဆိုင်ဆီ ခေါ် သွားပါတယ်။
အဲဒီ ရောက်တော့ စားစရာတွေ မှာ ယူစားသောက်ရင်း ယမုံက စကားစလာတယ်။
''အလုပ်ကိစ္စဆိုလို့ ကိုမင်းခက် ကြောင်နေမလားမသိဘူး၊ ဒီလိုပါ ကျွန်မတို့ကုမ္ပဏီက ယိုးဒယားကုမ္ပဏီတစ်ခုနဲ့ ပေါင်းပြီး ဒီမှာ ဖက်ရှင်းရှိုးတစ်ခု လုပ်ဖို့စီစဉ်နေတယ်၊ အဲဒီ ကိစ္စအတွက် ယမုံက တာဝန်ယူထားရတယ်လေ၊ စတိတ်အပိုင်းတို့၊ ဒီကော်ရေး ရှင်းတို့၊ နောက်ပြီး အင်တာတိန်းမန့်တစ်ခုလို တင်ဆက်ချင်တော့ ဒန်ဆာတွေ ပါ လိုက်ချိတ်ရတယ်၊ အားလုံးတော့ အဆင် ပြေပါတယ်၊ ခုလိုနေတာက ဖက်ရှင်ရှိုးနဲ့ ပတ်သက်တဲ့ သင်းဆောင်း (အ့နာနျသညါ) ပေါ့နော်၊ အဲဒါ ...အကြောင်းအရာ အချက်အလက်လေးတွေ ပြောပြ ပြီး ကိုမင်းခက်ဆီမှာ အပ်ချင်လို့''
''သြော်''
ကျွန်တော် နည်းနည်း တော့ စိတ်အိုက်သွားတာအမှန်ပါ။ ဒါပေမဲ့ ရိုးရိုးသားသားပဲ ပြန်ပြောလိုက်ပါတယ်။
''ဒါက ဒီလိုရှိတယ် ယမုံရဲ့ ၊ ကျွန်တော် က တေးရေး သမားမို့ သီချင်းအပ်တာမှန်ပေမယ့် ခုလိုသီချင်းပုံစံမျိုးတော့ မရေး ဖူးတာ အမှန်ပဲ၊ ဒီတော့ တခြားတေးရေး ''
စကားမဆုံးခင်မှာ ပဲ ယမုံက လက်ကာပြရင်း ...
''တခြားမသွားချင်လို့ ကိုမင်းခက်ဆီကိုပဲ လာတာပေါ့၊ ကိုမင်းခက် ရေး တဲ့ သီချင်းတွေ ကို ယမုံကိုယ်တိုင်က ကြိုက်သလို ဒါရိုက်တာအဖွဲ့က လည်း သဘောကျကြတယ်လေ၊ ပြီးတော့ ကိုမင်းခက်ရာ ...သံစဉ်နဲ့ အကြောင်းအရာကို ယမုံတို့ဘက်က ပေးမှာ ပါ၊ ကိုမင်းခက်က စကားလုံး လေးတွေ လှအောင်သုံးပြီး ရေး ဖွဲ့ပေးရုံပါပဲ''
''ယမုံဆိုလိုချင်တာက ကျွန်တော် က ကော်ပီရေး ပေးရမယ်ပေါ့''
''ဟုတ်တယ်လေ၊ ကိုမင်းခက်အတွက် အခက်အခဲရှိလို့လား''
ကျွန်တော် က ခေါင်းခါလိုက်ရင်း ...
''မဟုတ်ဘူး ယမုံ၊ ယမုံ ကျွန်တော့် သီချင်းတွေ နားထောင်ဖူး တယ်ဆိုရင် ကျွန်တော် ကော်ပီမရေး တာ သတိထားမိမှာ ပေါ့''
အဲဒီ တော့မှ ယမုံက သက်ပြင်းဖွဖွချတယ်။ စိတ်လည်း ရှုပ်သွားပုံနဲ့ ခပ်တိုးတိုးလေး ညည်းပြောပြောတယ်။
''ခက်တာပဲ ကိုမင်းခက်ရာ၊ ကော်ပီလုပ်မယ့် နိုင်ငံခြားသီချင်းက ဒီဘက်ကရော ယိုးဒယားဘက်ကပါ ပေါင်းပြီး စိတ်ကြိုက်ရွေးထားတာလေ၊ ဒီတော့ ...''
ကျွန်တော် က ခပ်အေးအေးပဲ ...
''ဒီတော့ တခြားနည်းလမ်းကိုပဲ စဉ်းစားကြည့်ပေါ့ ယမုံရယ်၊ ကျွန်တော် မဟုတ်လည်း အဆင်ပြေသွားမှာ ပါ''
''ကိုမင်းခက် ...ယမုံ့အတွက် မစဉ်းစားပေးနိုင်တော့ဘူးလား ဟင်''
သူပြောလာတဲ့လေသံနဲ့ အမူအရာလေးက ကျွန်တော့် စိတ်ကို တောင် ညွတ်ကျမလို ဖြစ်သွားရတယ်။ ဒါပေမဲ့ ...အနုပညာအပေါ်ထား တဲ့ ကျွန်တော့် ရဲ့ မာနကိုတော့ မလွန်ဆန်နိုင်ပါဘူး။ ဒီတော့ ...
''ဝမ်းနည်းပါတယ် ယမုံ၊ ကျွန်တော့် အတွက် အဆင်မပြေလို့ပါ''
ပြောရင်းပဲ စားသောက်ထားတဲ့ ကျသင့်ငွေကို ရှင်းဖို့ စားပွဲထိုးကို လှမ်းခေါ်လိုက်တယ်။ ကျွန်တော့် အမူအရာကြောင့် ယမုံက ပျာပျာသလဲပဲ
''မလုပ်ပါနဲ့ ကိုမင်းခက် ...ယမုံပဲ ရှင်းလိုက်ပါ့မယ်''
''နေပါစေဗျာ၊ ခုမှသိကျွမ်းဖူးတဲ့ မိန်းကလေး တစ်ယောက် ကျွေး တာစားဖို့ ကျွန်တော့် မှာ သတ္တိမရှိသေးပါဘူး''
ကျသင့်ငွေကို ရှင်းလိုက်တယ်။ ပြီး ယမုံကို နှုတ်ဆက်ရင်း ပြန်ခဲ့ လိုက်တယ်။
ဒီတစ်ခါတော့ သူ့ကားနဲ့ မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ကားငှား ပြီး ပြန်ခဲ့လိုက်တာပါ။ ယမုံဆိုတဲ့ကောင်မလေးနဲ့လည်း ထပ်တွေ့ စရာ အကြောင်းမရှိတော့ဘူးလို့ ထင်ထားခဲ့တယ်။
ဒါပေမဲ့ သိတဲ့အတိုင်းပဲလေ။ တစ်ခါတစ်ခါမှာ ကံကြမ္မာက ဖန်တီး တာပဲလား၊ တခြားပယောဂတစ်ခုခုကြောင့် ပဲလား မသိနိုင်တဲ့အရာတွေ က ကျွန်တော် နဲ့ ယမုံကို ထပ်ဆုံစေပြန်တယ်။ ဒီလိုနဲ့ ...
''ကိုမင်းခက် သိရဲ့ လား၊ ယမုံ့မှာ လေ ကိုမင်းခက်ဆီမှာ သီချင်း အပ်ချင်လွန်းလို့ ကုမ္ပဏီမှာ မနည်းတိုက်ပွဲဝင်လာရတာ ''
နောက်သုံးရက်အကြာလောက်မှာ ပဲ ကျွန်တော် နဲ့ ချိန်းပြီး တွေ့ တွေ့  ချင်း ယမုံက အဲလိုပြောလာပါတယ်။
ကျွန်တော် လည်း ကြောင်သွားရပြီး ...
''ဘယ်လို ...ယမုံက တိုက်ပွဲဝင်လာရတာ ဟုတ်လား''
ယမုံက အားတက်သရောပုံစံလေးနဲ့ ...
''ဟုတ်တယ်လေ၊ ကိုမင်းခက်က ကော်ပီမရေး ဘူးဆိုတော့ အုန်း ကျွန်း (Own tune) ပဲ အပ်အောင် တိုက်ပွဲဝင်ရတာ ပေါ့၊ ခုတော့ ခွင့်ပြုလိုက် ပါပြီ၊ ရော့ ဆရာကြီး ဒါက ဖက်ရှင်ရှိုးပရိုဂရမ်နဲ့ ပတ်သက်တဲ့ ဒေတာလ်တွေ ''
စာရွက်တချို့ ထုတ်ပေးလာရင်း ယမုံက တစ်ဆက်တည်းပဲ ...
''ဒါနဲ့ တေးရေး ခကကော ဘယ်လောက်ယူလဲဟင်''
ကျွန်တော် ခေါင်းစားသွားတယ်၊ တကယ်ဆို ဒီလိုသီချင်းမျိုး ကျွန်တော် မရေး ချင်ဘူး၊ ကိုယ့်ရင်ထဲက ထွက်ကျလာတာမျိုး မဟုတ်ဘဲ ရှိပြီးသား အကြောင်းအရာတစ်ခုအပေါ် မှီခိုပြီး မရေး ချင်ဘူး။ ဒီတော့ ယူ နေကျ ဈေးထက် တစ်ဆနီးပါး ပိုပြောလိုက်တယ်။ (မရေး ချင်လို့ပါ)
ဒါပေမဲ့ မထင်ထားလောက်အောင်ပါပဲ။ ယမုံက ကျွန်တော် ပြော လိုက်တဲ့ ဈေးနှုန်းရဲ့ တစ်ဝက်တိတိငွေကို ထုတ်ပေးလာပြီး ...
''ရော့ ကိုမင်းခက် ...ဒါက စရန်ငွေတစ်ဝက်နော်၊ ဒါနဲ့ ... သီချင်းက ဘယ်တော့လောက်ရမလဲဟင်''
အဲဒီ စကား ကတော့ ကျွန်တော့် စိတ်ကို ဖျဉ်းခနဲ ဖြစ်စေပါတယ်။ ခပ်တည်တည်ကြည့်ပြီး ပြောလိုက်တယ်။
''ယမုံ ...ကျွန်တော် တစ်ခုတော့ ထပ်ပြောပါရစေ၊ ကျွန်တော် က အင်္ကျီချုပ်သမား မဟုတ်သလို ယမုံကလည်း အင်္ကျီလာအပ်နေတာ မဟုတ် ဘူးနော်၊ ဒီတော့ ဘယ်လိုရက်ချိန်းမျိုးမှ ကျွန်တော် မပေးနိုင်ဘူး၊ အား တော့နာပါတယ်၊ အဲဒီ စရန်ငွေကို ပြန်ယူ သွားပါလား''
ကျွန်တော့်စကားနဲ့အမူအရာကို ယမုံ နားလည်သွားပုံရတယ်။ ချက် ချင်းပဲ ပျာပျာသလဲပဲ ...
''အာ ...ဆောရီး ကိုမင်းခက်၊ ယမုံက ကုမ္ပဏီမှာ လုပ်တာဆို တော့ အလုပ်သဘောအတိုင်း မေးမိတာပါ၊ ပွဲကလည်း လိုပါသေးတယ်၊ ကိုမင်းခက်သာ စိတ်တိုင်းကျ အချိန်ယူပြီး ရေး ပါ၊ ပြောမိတာ တောင်းပန် ပါတယ်နော်''
အဲဒီ လိုပြောလာပြန်တော့လည်း ကျွန်တော့် မှာ အားနာသနားမိ ပြန်ရော။ ဒီတော့ လေသံကို ဖျော့ရင်း ...
''ကျွန်တော် ပြောတာ ရိုင်းသွားရင်လည်း ဆောရီးပါ ယမုံ''
''ရပါတယ် ကိုမင်းခက်ရယ်၊ ဒါနဲ့ သီချင်းကိစ္စ သဘောတူညီမှု ရသွားပြီဆိုတော့ ဒီနေ့ နေ့လယ်စာကို ယမုံ ကျွေးပါရစေနော်၊ မငြင်းနဲ့''
တကယ်လည်း ကျွန်တော် မငြင်းနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ယမုံဟာ သီချင်းတစ်ပုဒ်ကနေ မြစ်ဖျားခံပြီး ကျွန်တော့် ရဲ့ နေ့တွေ ထဲကို စီးဆင်းလာပါ တော့တယ်။
နောက်ပိုင်းရက်တွေ မှာ ယမုံ ကျွန်တော့် အခန်းဆီ ရောက်ရောက် လာတာဟာ သူအပ်ထားတဲ့ သီချင်းပြီးအောင်ပဲလား၊ ဒါမှမဟုတ် တခြား ခံစားချက်ကော ရှိလားဆိုတာ ကျွန်တော် ဝေခွဲမရခဲ့ဘူး။
ဒါပေမဲ့ ယမုံ လာတတ်တဲ့အချိန်တွေ ဆိုရင် ကျွန်တော် မျှော်နေ တတ်ပြီ။ သူအပ်ထားတဲ့ သီချင်းကိုလည်း အကောင်းဆုံး ဖြစ်အောင် ရေး ဖွဲ့ ဖို့ ကျွန်တော် အားထုတ်နေမိပြီ။ သူရောက်မှ ဖျော်တိုက်တတ်တဲ့ ကော်ဖီ ကိုလည်း ကျွန်တော် ခုံမင်နေခဲ့ပြီ။ မိန်းကလေး တစ်ယောက် နဲ့ ခုလို အနီး ကပ်လည်း မနေဘူး၊ ရည်းစားလည်း မထားဖူးတဲ့ ကျွန်တော့် အတွက် ရင် ခုန်သံတွေ ဆိုတာလည်း ဝုန်းဒိုင်းကျဲလာခဲ့ရပြီပေါ့။
အဲဒီ လို တဖြည်းဖြည်း ပတ်သက်မှု တွေ ဟာ တစ်လခွဲလောကအကြာမှာ တော့ ကျွန်တော့် အတွက် ပိုပြီးရစ်နှောင်လာတယ်။ မနေနိုင်တော့တဲ့ ကျွန်တော် ဟာ သီချင်းမပြီးခင် တစ်ပတ်လောက်အလိုမှာ ယမုံကို ရည်းစား စကား ဖွင့်ပြောလိုက်ပါတယ်။ ယမုံကလည်း ခေတ်မိန်းကလေးပီပီ အပြုံး ပါးပါးနဲ့ ပြန်ပြောပါတယ်။ သီချင်းပေးတဲ့နေ့မှာ မှ အဖြေပေးမယ်တဲ့လေ။ ဘာကြောင့် အဲဒီ ရက်ကို ရွေးချိန်းတာလဲဆိုတာ အဲဒီ တုန်းက ကျွန်တော် မသိခဲ့ပါဘူး။ တကယ်ပါ ...အချစ်ရေး နဲ့ပတ်သက်လာရင် ကျွန်တော် ဟာ ငတုံး တစ်ယောက် ဖြစ်ခဲ့ရတယ်။
နောက်တော့ တကယ်ပဲ ကျွန်တော် နဲ့ယမုံဟာ ချစ်သူဆိုတဲ့စာရင်း မှာ အမည် ပေါက်ခဲ့ပါတယ်။ ချစ်သူသက်တမ်းလတစ်ဝက်လောက်အထိ အေးအေးဆေးဆေးပါပဲ။ မချစ်ဖူးတဲ့ ကျွန်တော် က သူ့ကို အစွမ်းကုန် ချစ်ပြခဲ့ပါတယ်။ တချို့နေရာတွေ မှာ ဆို ကျွန်တော့် အတ္တနဲ့မာနကိုတောင် မေ့ထားခဲ့ပါသေးတယ်။
ဒီလိုနဲ့ လတစ်လလောက်ကြာလာတော့ ယမုံက ကျွန်တော့် ရဲ့ ဝင် ငွေကို မေးလာတယ်။ ကျွန်တော် အမှန်အတိုင်းပဲ ပြောပြလိုက်တော့ ယမုံက ခုနေတဲ့ တိုက်ခန်းဟာ အပိုင်လားတဲ့။ ကျွန်တော် က ငှားနေတာလို့ပဲ ပြန် ပြောလိုက်တယ်။
အဲဒီ မှာ ယမုံက ...
''ဒါဆို ...မောင်က ယမုံနဲ့ လက်ထပ်ဖို့အတွက် ဘာမှကြိုတင် ပြင်ဆင်ထားတာ မရှိသေးဘူးပေါ့''
ကျွန်တော် က ...
''အဲလိုတော့ မဟုတ်ဘူးလေ ယမုံရဲ့ ၊ မောင်လည်း ကြိုးစားနေ တာပဲ၊ မောင်တို့က ခု ချက်ချင်း ကြီး လက်ထပ်မှာ မှ မဟုတ်တာ''
''သိပ်မကြာခင်မှာ ဆိုရင်ကော''
ကျွန်တော် စဉ်းစားလိုက်ပြီး ...
''ဒါဆိုလည်း တစ်မျိုးစီစဉ်ရမှာ ပေါ့ ယမုံရယ်၊ ယမုံဆန္ဒပါ''
''ဒီလိုမောင်ရဲ့ ...ခု ယမုံစီးနေတဲ့ကားက GM က ပေးသုံးထား တာလေ၊ ယမုံ လက်ထပ်လိုက်ပြီဆိုရင် ဘယ်ကားနဲ့ ရုံးသွားရမလဲ၊ ပြီးတော့ မောင့်တိုက်ခန်းက ငှားနေတာလေ၊ ပိုင်ရှင်က ပြန်အပ်ခိုင်းရင် အနေအထား ပျက်ရဦးမယ်၊ မောင်ရယ် ...ခု ယမုံသုံးနေတဲ့ အဝတ်အစား၊ အသုံး အဆောင်နဲ့ မိတ်ကပ်ဖိုးတွေ ဆိုရင်တောင် တစ်လကို ဆယ်ပုံးနီးပါးရှိတယ်၊ ဒါတောင် အိမ်ကိုပြန်ထောက်ပံ့စရာမလိုလို့ ယမုံ သုံးနေနိုင်တာနော်၊ အိမ် ထောင်ကျပြီးရင် ယမုံ ဘယ်လိုနေရမလဲ၊ ဒီတော့ ...ယမုံနဲ့ လက်ထပ်ဖို့ ကို မောင် လေးလေးနက်နက် စဉ်းစားစေချင်တယ်''
အဲဒီ နေ့က ယမုံ အဲဒီ လိုကြီး တကယ်ပြောသွားခဲ့တာပါ။ ကျွန်တော့်  နားထဲမှာ မယုံနိုင်ခဲ့ပေမယ့် သူ့အပေါ် ချစ်စိတ်နဲ့ အပြစ်မမြင်ခဲ့ပါဘူး။
တကယ်တော့ ခုနေတဲ့ တိုက်ခန်းဟာ ကျွန်တော့် အပိုင်ပါ။ ဒီလို မျိုး တိုက်ခန်းနောက်နှစ်ခန်းလောက် ရန်ကုန်မှာ ကျွန်တော့် နာမည် နဲ့ ရှိပါ သေးတယ်။ နောက်တစ်ခုထပ်ပြောရရင် ကျွန်တော့် မိဘတွေ ကလည်း နယ် မှာ ဆန်စက်၊ ဆီစက်၊ ပွဲရုံတွေ နဲ့ ချမ်းသာကြတာပါ။ ကျွန်တော် က ကိုယ့် မာနနဲ့ကိုယ် တောင့်ခံပြီး လက်မဖြန့် ဖြစ်တာလေ။ မာနကို ခဝါချပြီး မိဘတွေ ကို ပြောလိုက်ရင် ယမုံ မျှော်လင့်ထားတဲ့ဘဝထက်ပိုထည်ဝါခမ်းနားနိုင်တယ် ဆိုတာ ကျွန်တော် သိတယ်။
ဒီတော့ ယမုံကို ချစ်စိတ်နဲ့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ သူတို့ ဖက်ရှင်ရှိုးပြီးတဲ့နေ့မှာ သူ့ကို ကျွန်တော် လက်ထပ်ခွင့်တောင်းမယ်။ ကျွန် တော့် ဘဝအမှန်ကိုလည်း ပြောပြလိုက်မယ်ပေါ့။ အဲဒီ အတွေးနဲ့တင် မျက် ကန်း တစ်ယောက် လို ကျွန်တော် ပျော်နေမိတယ်။
ဒီလိုနဲ့ သူတို့ ဖက်ရှင်ရှိုးလုပ်တဲ့ညမှာ ပဲ ယမုံ ထိုင်ချင်တဲ့ဆိုင်မျိုး က သီသန့်ခန်လေးမှာ ကျွန်တော် တွေ့ ဖို့ ဖုန်းဆက်ချိန်းလိုက်တယ်။ ယမုံ ကလည်း လာခဲ့မှာ ပါတဲ့။
ဒီလိုနဲ့ပဲ။
တကယ်ပဲ စားသောက်ဆိုင်ရဲ့ သီးသန့်ခန်းလေးထဲကို ကျွန်တော် ကြိုရောက်နေခဲ့တယ်။ စားပွဲထက်မှာ ဖယောင်းတိုင်လေးနှစ် တိုင် ထွန်းထား ပြီး ယမုံ ကြိုက်တတ်တဲ့ အစားအသောက်တွေ ပဲ မှာ ထားတယ်။ ပြီးတော့ ...ထိုင်ခုံကလည်း ကျွန်တော် နဲ့ယမုံတို့အတွက် နှစ် လုံးတည်းပဲ။
ဝိုင်နီနှစ် ခွက်ငှဲ့ပြီး ကျွန်တော့် ရှေ့မှာ တစ်ခွက်၊ ယမုံရှေ့မှာ တစ် ခွက် ချထားလိုက်တယ်။ ပြီး ...ယမုံသောက်မယ့်ခွက်ထဲကို လက်စွပ်က လေးထည့်လိုက်တဲ့ ကျွန်တော့် လက်ဟာ တုန်ယင်နေပါသေးတယ်။ ရင်တွေ လည်း တလှပ်လှပ်နဲ့ပေါ့။
ခွက်ထဲကဝိုင်ကို သောက်လိုက်ပြီး လက်စွပ်ကလေးကို တွေ့ သွား ရင် ယမုံ ဘယ်လို ဖြစ်သွားမလဲ။ အတွေးနဲ့တင် ကျွန်တော့် မှာ အရူးအမူး ပါပဲ။ ပြီးမှ ယမုံ့ကို လက်ထပ်ခွင့်တောင်းပြီး ကျွန်တော့် ဘဝအစစ်ကို ပြောပြ။ ပြီးရင် အနာဂတ်အတွက် ပျော်ပျော်ရွှင်ရွှင် တိုင်ပင်နေကြမယ့် ကျွန်တော် တို့ရဲ့ ညလေးဟာ လှပနေမှာ ပဲနော်။
ချိန်းထားတဲ့အချိန်ထက် ငါးမိနစ်လောက် ကျော်လာလို့ ကျွန်တော် ယမုံဆီ ဖုန်းခေါ်လိုက်တယ်။
ယမုံက အသံလောလောနဲ့ ...
''ခဏလေး ...ဒီမှာ စကားမပြတ်သေးလို့ နောက်ဆယ်မိနစ် လောက်ဆိုရင်ရောက်မယ်''
ပြောပြီး ဖုန်းချ သွားပါတယ်။ သြော် ...သူ အလုပ်မပြတ်သေး လို့ပဲဆိုပြီး ကျွန်တော် တွေးလိုက်မိတယ်။
တကယ်ပဲ နောက်ဆယ်မိနစ်အကြာမှာ တော့ ယမုံ ရောက်လာပါ တယ်။ သီးသန့်ခန်းထဲ ဝင်လာတဲ့ သူ့ကိုကြည့်ပြီး ကျွန်တော့် မျက်ဝန်းထဲ မှာ ပြာထွက်သွားရတယ်။ အခန်းထဲဝင်လာတာဟာ ယမုံ တစ်ယောက် တည်း မဟုတ်ဘူး။ အနောက်တိုင်ဝတ်စုံကို သေသေသပ်သပ်ဝတ်ထားတဲ့ အမျိုး သား တစ်ယောက် လည်း ပါသေးတယ်။ ဘုရားရေ ...ဘာတွေ ဖြစ်ကုန်ပါ လိမ့်။
ကျွန်တော် တုန်လှုပ်သွားတဲ့စိတ်နဲ့ တွေးနေချိန်မှာ ပဲ ယမုံက ...
''ယမုံကို ညစာစားဖို့ ချိန်းလိုက်တယ်ဆိုရင်တော့ ဆောရီးပဲ ကိုမင်းခက်၊ ယမုံ ခုလေးတင် စားခဲ့ပြီးပြီ''
''ဟင်''
စိတ်ထဲမှာ ရှက်ရွံ့ပြာဝေသွားရတယ်။ တစ်နေ့တုန်းကအထိ ကျွန်တော့် ကို မောင်လို့ ခေါ်ခဲ့တဲ့ သူမက ခုတော့ ကိုမင်းခက်ဆိုပါလား။ ဘာတွေ လွဲချော်မှားယွင်းနေပြီမှန်း ကျွန်တော် မသိဘူး။
ကျွန်တော် စကားပြောဖို့ အားယူလိုက်တယ်။
''ယ ...ယမုံ ...ဟိုလေ''
လည်ချောင်းထဲ တစ်ဆို့တင်းကျပ်နေလို့ စကားက ဆက်ထွက် မလာဘူး။ အဲဒီ အချိန်မှာ ပဲ ယမုံက စိမ်းဖန့်ဖန့်မျက်ဝန်းတွေ နဲ့ ...
''ဘာလဲ ...ဖက်ရှင်ရှိုးအောင်မြင်ရဲ့ လားလို့ မေးချင်တာလား၊ အတိုင်းထက်အလွန်ပါပဲ၊ ရှင့်သီချင်းကိုလည်း အားလုံးသဘောကျကြပါ တယ်၊ ဒါနဲ့ ...မိတ်ဆက်ပေးရဦးမယ် ကိုမင်းခက်၊ သူက ကျွန်မတိွုြ့ ရဲ့ သား ကိုသူရဇော်တဲ့၊ တစ်နေ့ကျရင်ြွ ဖြစ်မယ့်သူပေါ့၊ ခုလည်း သူနဲ့ ညစာစားခဲ့တာလေ''
ယမုံ ကျွန်တော့် ကို ချိုးနေပြီဆိုတာ နားလည်လိုက်ပါတယ်။ မိတ်ဆက်ပေးတော့လည်း ဟိုလူနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ရတာ ပေါ့။
ယမုံကပဲ ...
''ဒီနေ့ ရှင်နဲ့ ညစာမစား ဖြစ်လိုက်တာ ဆောရီးပဲ ကိုမင်းခက်၊ ခွင့်ပြုပါဦး''
နှုတ်ဆက်ပြီး နှစ် ယောက် စလုံး အခန်းထဲက ထွက်ဖို့ပြင်လိုက် ကြတယ်။ အဲဒီ အချိန်မှာ ပဲ ကျွန်တော့် ရဲ့ မာနက ဟုန်းခနဲ မီးထတောက်လာ တယ်။
''ယမုံချို ...မင်းနဲ့ငါ ခဏလောက် နှစ် ယောက် တည်း စကား ပြောချင်တယ်''
ယမုံ့မျက်နှာက ကွက်ခနဲ ပျက်သွားပေမယ့် သူရဇော်ဆိုတဲ့လူက သဘောထားကြီးတဲ့ပုံစံနဲ့ ဝင်ပြောတယ်။
''ရပါတယ်ဗျာ၊ ယမုံ ခဏနေလိုက်လေ ...ကိုယ် အပြင်ကပဲ စောင့်နေမယ်''
အဲဒီ လူထွက်သွားတော့မှ ကျွန်တော် လည်း ယမုံကို စေ့စေ့ကြည့် လိုက်တယ်။ ပါးစပ်က စကားလုံးတွေ လည်း ခုန်ထွက်သွားရဲ့ ။
''မင်း ...ဘာအချိုးချိုးလိုက်တာလဲ ယမုံ၊ အဲဒါပဲ ငါသိချင် တယ်''
ပြန်ရင်ဆိုင်လာတဲ့ ယမုံ့မျက်ဝန်းတွေ က မထီတရီဟန်အပြည့်နဲ့ ပါ။ ပြောလာတဲ့စကားကလည်း သူစိမ်းဆန်ဆန်ဆိုတာထက် ပိုပါသေး တယ်။
''ရှင်းနေတာပဲ ကိုမင်းခက်၊ ရှင့်ကို ကျွန်မ,ချစ်ရင် ချစ်ခဲ့မိလိမ့် မယ်၊ ဒါပေမဲ့ ...ရှင်ဟာ ကျွန်မဘဝအတွက် အာမခံချက်ပေးနိုင်မယ့်လူမျိုး မဟုတ်ဘူး၊ ပိုဆိုးတာက ရှင်နဲ့ကျွန်မဟာ ဘဝကို ဖြတ်သန်းနေတဲ့ပုံစံချင်း လည်း မတူကြဘူး၊ ဒီတော့ ကျွန်မဘက်က တစ်ဖက်သတ် လမ်းခွဲလိုက် တာပဲ''
သူ့စကားတွေ ဟာ ကျွန်တော့် ရင်ဘတ်ထဲ မှန်ကွဲစတွေ ဝင်လာ သလို ခံစားလိုက်ရတယ်။ ကျွန်တော့် မှာ တော့ ကျွန်တော့် မာနနဲ့အတ္တကို တောင် ဘေးဖယ်ထားပြီး ချစ်လိုက်ရတာ ။ သူ ပြန်ပေးလိုက် တာက ခါးသီး လွန်းပါတယ်။
''ယမုံ ...မင်းကို ငါ တစ်ခုတော့မေးပါရစေ၊ သီချင်းကိစ္စ အဆင် ပြေဖို့အတွက် မင်း ငါ့ကို ချဉ်းကပ်ခဲ့တာတော့ မဟုတ်ပါဘူးနော်''
''ဟင် ...ဟင် ...နည်းနည်း တော့ ပါကောင်းပါမှာ ပါ''
''သြော် ...ဒါဆို မင်းက ငါ့ဆီကို ငါးစာအ ဖြစ်နဲ့ ရောက်လာခဲ့ တာပေါ့၊ မင်း ငါ့ကိုချစ်ခဲ့တာ မဟုတ်ဘူးပေါ့''
''ရှင့်အပေါ်မှာ ကျွန်မ သာယာသွားမိတာကိုတော့ ဝန်ခံပါတယ်၊ ဒါပေမဲ့ ...အဲဒီ ရက်တွေ ကို ရအောင်မေ့သွားမှာ ပါ၊ ခံစားရလည်း နည်း နည်းပေါ့၊ ကျွန်မကို ငါးစာလို့ ရှင်က သတ်မှတ်လို့ အဲဒါနဲ့ပတ်သက်တဲ့ ဥပဒေသတစ်ခုတော့ ပြောပြခဲ့ဦးမယ်၊ ငါးမျှားတဲ့နေရာမှာ ငါးရသည် ဖြစ်စေ, ငါးမရသည် ဖြစ်စေ ငါးစာတော့ အနည်းနဲ့အများ ထိခိုက်တာပဲလေ၊ ကျွန်မ ထိခိုက်ရတဲ့အပိုင်း ကတော့ ရှင့်အပေါ် ချစ်ခဲ့မိတာပဲ၊ ဒါလည်း တဖြည်းဖြည်း နဲ့ နေသားကျသွားမှာ ပါ၊ ရှင်လည်း ကောင်းကောင်းနေသွားနိုင်မှာ ပါ ကိုမင်း ခက်၊ ခွင့်ပြုပါဦးနော်''
ကျွန်တော့် ကို တောက်လျှောက်ကြီးပြောပြီး ယမုံ ပြန်ထွက်သွား ပါတယ်။ ကျွန်တော် လိုက်ပြီးလည်း မတားမိဘူး။ ရင်ဘတ်ထဲက တစ်ခုခု ဆွဲယူသွားသလို ဟာခနဲတော့ ခံစားလိုက်ရတယ်။ သူ တစ်ဖက်သတ် ဆုံး ဖြတ်သွားတဲ့အပေါ်မှာ လည်း ဘာမှစောဒကတက်ချင်စိတ် မရှိတော့ပါဘူး။ သူ့ရဲ့ ခံယူချက်နဲ့ သဘောထားအမှန်ကို ကျွန်တော် သိလိုက်ရပြီပဲလေ။
ဒီလိုပဲ လမ်းခွဲလိုက်ရုံပေါ့။
ခုံမှာ ခဏပြန်ထိုင်ပြီး ကျွန်တော့် အတွက် ငှဲ့ထားတဲ့ ဝိုင်နီကို မော့သောက်လိုက်ပါတယ်။ သူ့အတွက် ငှဲ့ထားတဲ့ ခွက်ထဲက လက်စွပ်လေး ကိုတော့ ပြန်နှိုက်ယူလိုက်ပါတယ်။
အဲဒီ အချိန်ကစပြီး ကျွန်တော် အသည်းကွဲတော့တာပါပဲ။ လော လောဆယ် ဖြေဆေးမရှိသေးတဲ့ အသည်းကွဲတဲ့ ရောဂါ ပေါ့ဗျာ။
ကျွန်တော့် စိတ်တွေ ဟာ အတိတ်က ခုန်ထွက်လိုက်ချိန်မှာ ပဲ ရင် ဘတ်ကို ဖြတ်တိုက်လာတဲ့လေစီးရဲ့ အတိ အသိနဲ့အတူ အကြားအာရုံထဲမှာ လည်း လိုင်းပုတ်သံတွေ က ပြန်လည်လို့ တိုးဝင်လာပါတော့တယ်။
လက်ရှိအခြေအနေကို ပြန်ဖမ်းဆုပ်မိတဲ့ခဏမှာ ပဲ ထူးဆန်းတဲ့ မြင်ကွင်းကြောင့် အာမေဍိတ်ဟာ လွတ်ကျသွားလေရဲ့ ။
''ဟင်''
''ဟင်''
မြင်လိုက်ရသော မြင်ကွင်းကြောင့် တကယ်ပင် အံ့သြသွားရသည်။ ကိုယ်များ မူးနေလို့လားဆိုပြီး မျက်စိကိုပွတ်ကာ အသေအချာထပ်ကြည့် လိုက်သော်လည်း မမှား။ မိန်းကလေး တစ်ယောက် သည် သူနှင့် ဆယ်ပေ အကွာလောက်မှ ဖြတ်လျှောက်သွား၍ ဖြစ်သည်။ ဆံနွယ်များ လွင့်ခါနေ သည့်အပြင် ခန္ဓာကိုယ်ကောက်ကြောင်းလေးကြောင့် မိန်းကလေးဟု ပြော နိုင်ခြင်း ဖြစ်၏ ။
သို့ သော် ...
ထိုမိန်းကလေးသည် သူ့ဟာသူ သော င်ပြင်ပေါ်အညောင်းအညာ ပြေ လမ်းလျှောက်နေခြင်းဆိုလျှင်ဖြင့် ကိစ္စမရှိချေ။ ခုချိန်က ညတစ်နာရီပင် ခွဲနေလေပြီ။ နောက်တစ်ချက် ပိုဆိုးတာက ထိုမိန်းကလေးသည် သော င်ပြင် ကိုဖြတ်ကာ ပင်လယ်ဆီသို့ တည့်တည့်ကြီး တစ်လှမ်းခြင်း လျှောက်သွား နေ၍ ဖြစ်လေသည်။
လှမ်းကြည့်နေရင်း မင်းခက်စိတ်ထဲ မသင်္ကာသလို ခံစားလာရ၏ ။ ဒီအချိန်ကြီး ပင်လယ်ဆီသို့ တည့်တည့်ကြီး သွားနေခြင်းမှာ သွေးရိုးသားရိုး တော့ မ ဖြစ်နိုင်။ တစ်ခုခုတော့ မှားနေလေပြီ။
ထို့ကြောင့် ထိုင်နေရာမှ ဆတ်ခနဲထကာ ထိုမိန်းကလေးနောက် သို့ လိုက်သွားလိုက်သည်။ မိန်းကလေးတော့ မင်းခက်လိုက်လာသည်ကို သတိထားမိဟန်မရှိ။ သွေးအေးစွာ ဆက်လျှောက်နေရင်း ပါးစပ်ကလည်း စကားတွေ တတွတ်တွတ် ပြောနေသေးသည်။ လေတိုက်သံနှင့် ရောထွေး နေ၍ စကားသံကိုတော့ သဲကွဲစွာ မကြားရချေ။
သို့ နှင့် ...လျှောက်နေသော မိန်းကလေးလည်း ပင်လယ်ရေစပ် သို့ ရောက်လုပြီ။ ဒီအတိုင်းဆိုလျှင်တော့ ထိုမိန်းကလေးသည် ကိုယ့်ကိုယ် ကိုယ် သေကြောင်းကြံစည်ဖို့ လုပ်နေခြင်းဟု မင်းခက် သတ်မှတ်လိုက်၏ ။
ထိုအတွေးနှင့် အတူ ရေစပ်နားရောက်နေပြီ ဖြစ်သည့် မိန်းကလေး အနားသို့ မင်းခက် ပြေးသွားလိုက်ကာ သူမ၏ လက်မောင်းတစ်ဖက်ကို ဖမ်းဆွဲလိုက်ပြီး ...
''ဟိတ် ...မင်း ဒါဘာလုပ်တာလဲ''
မိန်းကလေး၏ ခန္ဓာကိုယ်က ဓာတ်လိုက်ခံရသလို တွန့်ခါသွားလေ သည်။ ပြီး ... ချက်ချင်း ပဲ အိပ်မက်က နိုးလာသူလို ...
''ဟင် ...အင်''
ပါးစပ်မှ အသံထွက်ကာ မင်းခက်ကို ပြူးကြောင်ကြောင်လေး လှည့်ကြည့်လာသည်။
မင်းခက်က ထပ်၍ ...
''ပြောလေ ...မင်း ရေထဲဆင်းပြီး ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်ဖို့ လုပ်နေတာမလား၊ မင်းကွာ မလုပ်သင့်တာကို၊ လာ ...လာ''
ပြောရင်း အတင်းပင် ဆွဲခေါ်လိုက်၏ ။ အားချင်းမမျှ၍ မိန်းကလေး လည်း ယက်ကန်ယက်ကန်နှင့် သော င်ပြင်ပေါ်သို့ ပြန်ပါလာသည်။
ထိုအခါမှ မိန်းကလေးက ဆွဲထားသော မင်းခက်၏ လက်ကို အလျင်အမြန် ဆွဲခွာလိုက်ကာ ...
''ရှင် ...ရှင် ...ဒါ ဘာလုပ်တာလဲ၊ ကျွန်မလက်ကို လွှတ်ပါ ...လွှတ်နော်''
မင်းခက်က လက်ကို ဆတ်ခနဲ ပြန်ကိုင်လိုက်ရင်း ...
''မလွှတ်ဘူး၊ တော် ကြာ ...မင်း ရေထဲပြေးဆင်းသွားရင် ဘယ်လို လုပ်မလဲ''
''အာ ...မဆင်းပါဘူး၊ ရှင် လွှတ်မှာ သာ လွှတ်စမ်းပါ''
''တကယ်နော်''
''တကယ် ရှင် ...တကယ်၊ တကယ်''
ထိုအခါမှ မင်းခက်က လွှတ်ပေးလိုက် သည်။ ဒါတောင် မသိမသာ စောင့်ကြည့်နေရသေး၏ ။
မိန်းကလေးက စိုးရွံ့သော အသံဖြင့် ...
''ဒါနဲ့ ဘယ်နှစ် နာရီလောက် ရှိပြီလဲဟင်''
''နှစ် နာရီထိုးတော့မယ်''
''ရှင် ...ဒီအချိန်ကြီး၊ ရှင်ကကော ဒီနေရာမှာ ဘာလုပ်နေတာ လဲ၊ မကြောက်ဘူးလား''
ထိုစကားကြောင့် မင်းခက် ရယ်ချင်ပက်ကျိ ဖြစ်သွားရပြီး ...
''အောင်မာ ...ငါက ဘာလို့ကြောက်ရမှာ လဲ၊ မင်းတောင် မကြောက်လို့ ဒီအချိန်ကြီးကျမှ ကိုယ့်ကိုယ်ကိုယ် ရေထဲဆင်းသေဖို့ လုပ် သေးတာပဲ''
''အာ ...ကျွတ် (စ်)''
စိတ်ပျက်သံလေးပင် လုပ်လာသေး၏ ။ ပြီးမှ ကြောက်ရွံ့တုန်လှုပ် သံလေးဖြင့် ...
''ဟိုလေ ...ကျွန်မလည်း ကိုယ့်ကိုယ်ကိုယ် သတ်မသေတော့ ပါဘူး၊ ခုန ကတော့ ကျွန်မစိတ်လည်း ဘယ်လို ဖြစ်သွားမှန်းမသိလို့ပါ၊ ဖြစ် နိုင်ရင်လေ ကျွန်မကို ဟိုတယ်လိုက်ပို့ပေးပါလား''
''ဘာ ဖြစ်လို့လဲ၊ ကြောက်လို့လား''
''ဟုတ်တယ်၊ ဒီလောက်မှော င်နေတာကို''
မင်းခက်က တဟက်ဟက်ရယ်လိုက်သည်။
''ဘာရယ်တာလဲ ...ရှင်က''
''သဘောကျလို့ပါကွာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ထွက်လာ တဲ့သူက ခုကျတော့ ကြောက်တယ်ဆိုလို့ပါ၊ ဘာပဲ ဖြစ် ဖြစ်လေ မင်းပြန်မယ် ဆိုရင် ငါ လိုက်ပို့ပေးပါ့မယ်၊ ဒါနဲ့ ...မင်းက ဘယ်ဟိုတယ်မှာ တည်းတာ လဲ''
''.....မှာ ရှင့်''
''ကဲ ...လာ လာ''
သူမ,ပြောသည့်ဟိုတယ်က မင်းခက်တို့ တည်းနေသည့် ဟိုတယ် နှင့် ဆိုလျှင် ကြားမှာ ဟိုတယ်တစ်ခု ခြားသေးသည်။ အရေး ထဲ အပေါ်ဝတ် အင်္ကျီပါမလာသဖြင့် မိန်းကလေးက ချမ်းနေပုံပေါ်သည်။ ခန္ဓာကိုယ်လေးက တဆတ်ဆတ် တုန်နေသဖြင့် မင်းခက်လည်း မနေသာတော့ပဲ ...
''ကဲ ...ရော့ရော့ ...မင်း သိပ်အေးနေပြီထင်တယ်၊ ငါ့ဂျက် ကက် ယူဝတ်ထားလိုက်''
အပေါ်အင်္ကျီ ချွတ်ပေးလိုက် တော့ မိန်းကလေးက မငြင်းဘဲ အမြန် ယူဝတ်လိုက်သည်။
လျှောက်လာရင်း မိန်းကလေးကပဲ ...
''ဒါနဲ့ ...ရှင်ကကော ဒီအချိန်ကြီး သော င်ပြင်မှာ ဘာလုပ်နေ တာလဲ''
အရေး ထဲ စပ်စုနေသဖြင့် မင်းခက်က ...
''ငါလည်း မင်းလိုပဲ ရေထဲဆင်းသေရင် ကောင်းမလားလို့ စဉ်း စားနေတာ၊ ဒါပေမဲ့ ...ရေမကူးတတ်တော့ ခက်နေတယ်''
''ရှင်''
''နောက်တာပါကွာ၊ ငါက ညဦးပိုင်းတုန်းက အဲဒီ နားမှာ သူငယ် ချင်းတွေ နဲ့ အရက်ထိုင်သောက်နေတာ၊ သူတို့ ဟိုတယ်ပြန်သွားတော့ ငါ လည်း ပျင်းတာနဲ့ တစ်ယောက် တည်း ကျန်နေခဲ့တာကွ၊ အဲဒါကြောင့် မင်းနဲ့ တွေ့ တာပေါ့''
''သြော်''
အမှော င်ထဲ လျှောက်နေရသဖြင့် တစ်ယောက် နှင့် တစ်ယောက် သဲကွဲစွာ မမြင်ရသေးချေ။ သူက မိန်းကလေး၊ ကိုယ်က ယောက်ျားလေးဆို တာလောက်ပဲ လရိပ်ဝဲဝဲအောက်မှာ ကွဲပြားသေး၏ ။ အသံအနေအထားဖြင့် တော့ ဒီမိန်းကလေးသည် ကိုယ်နှင့် မတိမ်းမယိမ်း (သို့ ) ကိုယ့်ထက်ငယ် သူပဲ ဖြစ်မည် ဟု မင်းခက် ခန့်မှန်းမိသည်။
ထိုစဉ် မင်းခက် စိတ်ကူးတစ်ခုရလာ၍ ...
''ဒါနဲ့ ...မင်းနာမည် နဲ့ ခုတည်းတဲ့ အခန်းနံပါတ်ကလေး ပြော ပြပါလား''
''ဟင် ...ရှင်က ဘာလုပ်မလို့လဲ''
အံ့သြသွားဟန်လေးဖြင့် ပြန်ပြောလာသည်။
မင်းခက်က ...
''ဘာလုပ်ရမှာ လဲ၊ ခုပဲ မင်း သေကြောင်းကြံစည်ဖို့ လုပ်တာလေ၊ နောက်နေ့တွေ မှာ ဒီလို ထပ်မလုပ်နိုင်ဘူးလို့ ဘယ်ပြောနိုင်မလဲ''
''ဟင်း ...ဟင်း ...ဟုတ်တာပေါ့၊ တစ်ခါတစ်ခါမှာ ဆို ကျွန်မ စိတ်ကို ကျွန်မ အစိုးမရတာ အမှန်ပဲရှင့်၊ ပျော်နေရာကနေ ရုတ်တရက် ဝမ်းနည်းသွားသလိုမျိုး၊ သိပ်စိတ်ပျက်အားငယ်ဝမ်းနည်းနေရင်းကနေ အော်ရယ်ချင်စိတ် ဖြစ်လာတာမျိုးတွေ တောင် ဖြစ်တတ်တယ်''
''ဟုတ်ပါပြီ၊ ခုနက ငါမေးတာကိုပဲ ပြောစမ်းပါ''
''ဘာလဲ ...ရှင်က ကျွန်မကို စောင့်ကြည့်မလို့လား၊ အင်းလေ ...ဘာပဲ ဖြစ် ဖြစ် လောလောဆယ် ရှင်က ဒီညမှာ ကျွန်မရဲ့ ကျေးဇူးရှင်ဆိုတော့ ပြောပြခဲ့ပါမယ်၊ ကျွန်မနာမည် က စိန်စန္ဒာတင်၊ အခန်းနံပါတ်က (ဝဝ၈) ဟုတ်ပြီလား''
''ဟင်''
နာမည် ကြောင့် မင်းခက်ပင် အံ့သြသွားရသည်။ ဒီခေတ်ကြီးမှာ မှ ကောင်မလေး တစ်ယောက် ရဲ့ နာမည် က တစ်မျိုးကြီးပါလားဟုလည်း တွေး လိုက်မိ၏ ။
အင်းလေ ...စိန်စန္ဒာတင်ဆိုတော့မှ စိန်စန္ဒာတင်ပေါ့။
ဘယ်တတ်နိုင်ပါ့မလဲ။
စိတ်ထဲမှာ တော့ 'ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်သော အခန်းနံပါတ် (ဝဝ၈) မှ စိန်စန္ဒာတင်' ဟူ၍ ပဲ အတွဲ လိုက် မှတ်ထားလိုက် သည်။ စုံထောက်ဝတ္ထုရေး ဆရာတွေ ခေါင်းစဉ်ပေးလို့ ကောင်းမည့် နာမည် မျိုးပင် ဖြစ်၏ ။
လောလောဆယ်မှာ တော့ သူနှင့် စိန်စန္ဒာတင်တို့လည်း ဟိုတယ် အနီးသို့ ရောက်ရှိလာကြပြီ ဖြစ်သည်။ ဟိုတယ်ဝင်းရှေ့၌ ထွန်းထားသည့် လျှပ်စစ်မီးလုံးများ မှ အလင်းရောင် တွေ ကလည်း သူတို့နှစ် ဦးဆီသို့ ပြန့်ဖြာ ကျလာကြသည်။
မင်းခက်လည်း စိန်စန္ဒာတင်၏ ရုပ်ရည်ကို သေသေချာချာ မြင် လိုသဖြင့် မီးရောင် အားကိုးဖြင့် ငဲ့အကြည့်။ ထိုနည်းတူစွာ စိန်စန္ဒာတင်က လည်း စပ်စုလိုစိတ်ဖြင့် မင်းခက်ကို ပြန်အကြည့်။
''ဟင်''
စိန်စန္ဒာတင်၏ စိတ်ခံစားမှု ကိုတော့ မင်းခက် မသိချေ။ သူမြင် လိုက်ရသည့် ဘာမှလိမ်းခြယ်မထားသော မျက်နှာဖူးဖူးလေး ကတော့ ချစ်စရာ လေး ဖြစ်နေသည်။ ဒီရုပ်ဒီရည်လေးနဲ့များ သတ်သေရတယ်လို့။ ယောက်ျား ထုကြီးကိုယ်စား မင်းခက် နှမြောမိသွားသေး၏ ။
စိန်စန္ဒာတင်လည်း မင်းခက်ကို စေ့ငုကြည့်လိုက်ပြီးမှ ...သြော် ဘယ်သူများ လဲလို့ ရှင်ကိုး ...ဟူ၍ မပြောပါ။ သိမှမသိသည်ကိုး။ သူပြော လာသည်က တခြား။
''ရှင်က ဘာ ဖြစ်လို့ လူကို ဒီလောက်စိုက်ကြည့်နေတာလဲ''
အိုးတိုးအမ်းတမ်း ဖြစ်သွားရရင်း မင်းခက်က ...
''သြော် ...ဘာရယ်ဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ မိန်းကလေးဆိုတာ ဘယ်လိုမျိုးလဲဆိုပြီး ကြည့်မိတာပါ''
စိန်စန္ဒာတင်က မျက်စောင်းထိုးလာသည်။ ညနှစ် နာရီလောက်ကြီး ပင်လယ်ကမ်းခြေ၌ ဘာမှလိမ်းခြယ်မထားသော ကောင်မလေး တစ်ယောက် ထိုးသော မျက်စောင်းသည် ဆွတ်ဆွတ်ဖြူနေပါသည်။
မင်းခက်ကပဲ ...
''ကဲ မစိန်စန္ဒာတင် ...ဟိုတယ်လည်း ရောက်ပြီဆိုတော့ ကျွန် တော် ပြန်လိုက်ပါဦးမယ်ခင်ဗျ''
''ကောင်းပါပြီရှင်''
ထိုသို့ နှုတ်ဆက်ရင်း ဟိုတယ်ဝင်းထဲသို့ သူ အရင်လှမ်းဝင်သွား သည်။
ဒီတော့ မင်းခက်လည်း ကိုယ့်ဟိုတယ်ကိုယ် ပြန်ရတော့သည်ပေါ့။ သော င်ပြင်မှာ မှ ခွေးလို ခွေအိပ်လို့မ ဖြစ်သည်ကိုး။
အပြန်လမ်းမှာ တော့ ထိုကဲ့သို့ စိတ်စန္ဒာတင်ဆိုသည့် ကောင်မလေး နှင့် ထူးထူးဆန်းဆန်းတွေ့ ဆုံရမှု ကို မင်းခက်က ပင်လယ်၏ မာယာဟု မဆီ မဆိုင် သတ်မှတ်ပစ်လိုက်သည်။
ထိုသို့ ဖြင့် ...
![]() ရိုးမြေကျ သီအိုရီ | ![]() VIRGIN အပျိုစင် | ![]() အဆွေးရောင် မယ်လိုဒီ |