(၁)
တိတိကျကျပြောရလျှင်ဖြင့် ဘိုကြီးတာဆိုသော သူသည် လက်ဖက်ရည်နှင့် စီးကရက်ကို အလွန်ကြိုက်သူ ဖြစ်သည်။ ထိုအရာနှစ် ခုကို အသက်ဆယ့်ရှစ်နှစ် ပြည့်ကတည်းက စွဲစွဲမြဲမြဲ သောက်လာခဲ့သူဟုဆိုလျှင်လည်းမမှား။
ခုတော့ ဘိုကြီးတာလည်း အသက်သုံးဆယ်ပင် ကျော်နေလေပြီ။ခုထိ မနက်ပိုင်းဆိုလျှင် လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်နှစ် ခွက်နှင့် ဆေးလိပ်လေးလိပ်တိတိ သောက်နေစမြဲ။
သို့ သော် ယနေ့မနက်မှာ တော့ ဘိုကြီးတာသည် ယခင်က နေ့တွေ မှာ လို ပထမဆုံး လက်ဖက်ရည်တစ်ခွက်ကို အကုန်မော့ချပြီး စီးကရက်ကိုမီးညှိ၍ နောက်တစ်ခွက်အား ဇိမ်ခံသောက်နေလိမ့်မည် ဟု ထင်ထားပါကမှား သွားပါလိမ့်မည် ။
လုံးဝမဟုတ်ချေ။
မှာ ထားသော လက်ဖက်ရည်နှစ် ခွက်နှင့် ဆေးလိပ်တစ်ပွဲ စားပွဲပေါ်ရောက်နေပြီ ဖြစ်သော်လည်း လုံးဝ မတို့ မထိရသေး။ဒါဆို ဘိုကြီးတာ ဘာ ဖြစ်နေသနည်း။ ရှင်းပြပါမည် ။
ညက တစ်ညလုံး စဉ်းစား၍ မရသော ကိစ္စတစ်ခုအတွက် အဖြေမရသေးသဖြင့် ငူငူကြီး ထိုင်နေမိခြင်း ဖြစ်၏ ။
ထိုကိစ္စကို ကိုယ့်အသက်အရွယ်နှင့် လူကြီးသူမတွေ ဆီမှာ လည်းမမေးချင်။ ရှက်သည်။ စိတ်ထဲ၌ လိပ်ခဲတည်းလည်း ဖြစ်နေသော ထိုကိစ္စကိုဘယ်လိုဖြေရှင်းရင်ကောင်းမလဲဟု ထပ်ကာတွေးနေချိန်မှာ ပဲ အကြည့်ကလမ်းပေါ်ရောက်သွားသည်။ ထိုသော ခဏမှာ ပဲ ဘိုကြီးတာ၏ မျက်လုံးအစုံကလက်ခနဲ ဖြစ်သွားကာ အားရဝမ်းသာ လှမ်းခေါ် လိုက်လေ၏ ။
''ဟေ့ အုပ်စိုး ...ညီလေးရေ ...ခဏကွာ၊ ဆိုင်ထဲဝင်ခဲ့ပါဦး''
ခေါ်သံကြောင့် ဆိုင်ရှေ့က ဖြတ်လျှောက်နေသော အုပ်စိုး တွန့်သွားရသည်။ ထိုအသံကာလာနှင့် တုန်းကို မမှတ်မိစရာမရှိ။ တစ်ရပ်ကွက်တည်းသား ကိုဘိုကြီးတာ၏ အသံ ဖြစ်သည်။ ဘာတွေ များ ခေါ်ပြီး ခေါင်းစားဦးမည် မသိ။ မဝင်သွားလျှင်လည်း ရိုင်းရာကျမည် မို့ ခေါင်းကုတ်ကာ ဝင်သွားလိုက်သည်။
ခုံမှာ ဝင်ထိုင်ချင်း ကိုဘိုကြီးတာကပဲ နှုတ်ခွန်းဆက်သလာသည်။ဤနေရာတွင် ထိုင်ပါ၊ မွှေးပျံ့သော လက်ဖက်ရည်ကို သုံးဆောင်ပါဟူ၍ မဟုတ်ချေ။
''အုပ်စိုး ဘယ်လဲကွ ...သင်တန်းလား''
အုပ်စိုးက မျက်မှော င်တွန့်လိုက်ပြီး ...
''အပိုတွေ ပြောမနေပါနဲ့ ကိုဘာကြီးတိုရယ် ...ခင်ဗျား ကိစ္စရှိလို့ကျွန်တော့် ကို ခေါ်လိုက်တာမဟုတ်လား''
အုပ်စိုးအပြောကြောင့် ကိုဘိုကြီးတာ တစ်ယောက် မြီးညောင်း ရိုးယားသွားရရင်း ချက်ချင်း ပဲ ...
''အုပ် အုပ်စိုး ...မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ်''
ထိုသည်ကပင် ကိုဘိုကြီးတာ၏ အမှားပင်။ အုပ်စိုးက အသံကိုဘော်လွန်းမြှင့်လိုက်ပြီးမှ ...
''ဘယ်လိုခေါ်ရမှာ လဲ ...ခင်ဗျားနာမည် က ကိုဘိုကြီးတာလေ၊ခေါ်ရတာ သိပ်အဆင်မပြေလို့ ကိုဘာကြီးတိုလို့ ခေါ်လိုက်တာ''
''ဘာ ...ကိုဘာကြီးတို ဟုတ်လား၊ အဲလိုကြီးတော့ မခေါ်ပါနဲ့ကွာ''
''ဟာ ...ခင်ဗျားက အဲဒီ နာမည် ကို မကြိုက်ရအောင် တကယ်ပဲခင်ဗျားရဲ့ ဘာကြီးက တိုနေလို့လား''
နဂိုကတည်းက မြီးညောင်းရိုး ယားနေရာမှ ရှေ့ဒူးနှစ် လုံးကိုပင်လျင်မြန်စွာ စေ့ကပ်လိုက်ရပြီး ...
''ဟာ ...ဘာလို့ တိုရမှာ လဲ''
''မတိုရင်လည်း ဘယ်လိုခေါ်ခေါ် မနာနဲ့လေဗျာ၊ ကဲ ...ကိစ္စကိုပြော၊ ကျွန်တော် သင်တန်းသွားစရာရှိသေးတယ်''
ထိုအခါမှ ကိုဘိုကြီးတာ တစ်ယောက် ဟိုကြည့်ဒီကြည့် ကြည့်လိုက်ပြီးမှ ...
''ဒီလိုအုပ်စိုးရာ ...အဲဒီ အဖြေရှာမရတဲ့ကိစ္စက ညတုန်းကမှခေါင်းထဲဝင်လာတာကွ''
''ဟုတ်မှာ ပါ ...ဖင်ထဲမှ ဝင်လို့မရတာ ကိုး''
''ဟာ ...မင်းကလည်း၊ ငါက မင်းကို အပြင်ပုံစံက ဂျစ်ကန်ကန်လေးရှိပေမယ့် အတွင်းစိတ်ကလေးက ကူညီတတ်တယ်ဆိုတာသိလို့ခုလိုခေါ်ပြီးမေးတာကွ''
''ဟဲ ဟဲ ...ဒီလိုဆိုတော့လည်း ကိုဘာကြီးတိုက မြင်တတ်သားပဲ၊ ကဲပါ ...ဆက်ပြော''
''အာ အဲ ...မင်းခေါ်ချင်သလိုသာ ခေါ်တော့ကွ၊ ငါ အဲဒီ ကိစ္စကိုတစ်ညလုံးစဉ်းစားပြီး ခုထိ ဆက်စဉ်းစားတာ အဖြေကထွက်မလာလို့''
စကားအဆုံးမှာ အုပ်စိုးက လူငယ်ပညာရှိဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ကာ ...
''အင်း ...ဒီလောက်တောင် ခင်ဗျားမျက်နှာက လေးနက်နေပုံထောက်ရင် နိုင်ငံရေး ကိစ္စပဲ ဖြစ်ရမယ်၊ ပြော ...ကချင်, ရခိုင်, မြစ်ဆုံ,ကြေးနီတောင် ...အဲဒီ အထဲက တစ်ခု ခု ...''
စကားက မဆုံးလိုက်ချေ၊ ကိုဘိုကြီးတာက အလျင်အမြန်ပင်လက်ကာပြလာရင်း ...
''ခဏလေး ခဏလေး ...နိုင်ငံရေး ကိစ္စတော့ မဟုတ်ပါဘူးကွာ၊အမျိုးသားရေး ကိစ္စတစ်ခုလို့ ပြောရင်တော့ ရတယ်''
အုပ်စိုးက မျက်ခုံးကို ဆတ်ခနဲပင့်လိုက်ရင်း လေးနက်သော အသွင်ဖြင့် ...
''အမျိုးသားရေး ဟုတ်လား၊ ဘာများ လဲဗျ''
ကိုဘိုကြီးတာ၏ မျက်နှာကလည်း အသည်းအသန် နားစိုက်ထောင်ရလောက်အောင် တည်သွားပြီးမှ ...
''ဒီလို အုပ်စိုးရ ...အမျိုးသားရေကူးကန်လို့ တရားဝင်သတ်မှတ်ထားတာကို ဘာ ဖြစ်လို့ အမျိုးသမီးတွေ ပါ ပေးကူးခွင့်ပေးရတာ လဲ၊ အဲဒါကိုငါ မဖြေရှာမရတာ ''
''ဟာ''
အုပ်စိုး ရုတ်တရက် ကြောင်သွားရ၏ ။ နက်နဲလွန်းသော ကိုဘိုကြီးတာ၏ မေးခွန်းကြောင့် လည်း သေချင်စိတ်ပင် ပေါက်သွားရသည်။ဒါကို စဉ်းစားနေတာ တစ်ညလုံးတဲ့။
ရယ်ချင်စိတ်ကို အသည်းအသန်ထိန်းချုပ်ကာ အုပ်စိုးလည်း ကိုဘိုကြီးတာ၏ လေးနက်မှု မျက်နှာထက် မလျော့သော မျက်နှာပေးဖြင့် ...
''ခင်ဗျားမေးခွန်းက ကြီးလွန်းတယ်ဗျ၊ ကျွန်တော် တစ်ထိုင်တည်းဖြေလို့မရဘူး ကိုဘာကြီးတို၊ ဒီလိုလုပ်ပါလား၊ ကျွန်တော့် ဆရာသမားတွေ မေးကြည့်ပြီး ပြန်ပြောပြပေးမယ်လေ''
ကိုဘိုကြီးတာက လေပူကြီးကို အရင်မှု တ်ချလိုက်သည်။ ပြီးမှအုပ်စိုးကိုကြည့်၍ ...
''အေးလေ ...ဘယ်တတ်နိုင်ပါ့မလဲ၊ ငါတောင် တစ်ညလုံး စဉ်းစားမရတာ မင်းအနေနဲ့ ခုလို တစ်ထိုင်တည်း ဘယ်အဖြေရှာရနိုင်ပါ့မလဲကွ၊ရပါတယ်ကွာ''
သူကပင် တစ်ပြန်ကြီး နှစ် သိမ့်နေသေးသည်။ အုပ်စိုးလည်း နောက်ထပ်ပေါက်ကရမေးခွန်းတွေ ထွက်မလာခင် အမြန်လစ်မှဟု တွေးလိုက်ပြီး...
''ကိုဘာကြီးတိုဘာသာ ဉာဏ်မီသလောက်တော့ စဉ်းစားကြည့်နေဦးပေါ့ဗျာ၊ ခုတော့ ကျွန်တော် သင်တန်းနောက်ကျမှာ စိုးလို့ လစ် လစ်...အား''
စကားမဆုံးခင်မှာ ပဲ ခြေခုံပေါ်မှ စူးခနဲ ခံစားလိုက်ရ၍ အုပ်စိုးအော်လိုက်ခြင်း ဖြစ်သည်။ ကိုဘိုကြီးတာက ...
''ဟေ့ကောင် ...ဘာ ဖြစ်တာလဲ''
အမေးကိုမဖြေအားဘဲ တရားခံကိုရှာရန် စားပွဲအောက်သို့ ငုံ့ကြည့်လိုက်၏ ။ တွေ့ ပါပြီ ...သူ့ကို အလစ်မှာ တိုက်ခိုက်လိုက်သူသည် လူမဟုတ်သော တိရစ္ဆာန် တိုက်ကြက်ဖကြီး။
အုပ်စိုးက ကိုဘိုကြီးတာကို ပြန်ကြည့်လိုက်ကာ ...
''ခုံအောက်မှာ ဘယ်ကကြက်ဖကြီးလဲ၊ ခုနက ကျွန်တော့် ကို ဆွဲလိုက်တာ ဒင်းဗျ''
ထိုအခါမှ ကိုဘိုကြီးတာက သတိရသွားသော ဟန်ဖြင့် ...
''ငါ ငါပြန်ပို့မလို့ ယူလာတာပါ၊ မင်းတို့သင်တန်းနားက ကိုအောင်စိုးကြီးရဲ့ ကြက်လေ၊ အတော် ပဲကွာ ...မင်း သင်တန်းသွားရင်း ယူသွားပြီးပြန်ပို့ပေးခဲ့ပါလား''
''ဟာ ...ဘယ်လို ဖြစ်မှာ လဲ၊ ကျွန်တော် က ကြက်ကြီးပိုက်ပြီးလိုင်းကားတိုးစီးရမှာ လား၊ မ ဖြစ်ပါဘူးဗျာ''
ခေါင်းခါခါ လည်ခါခါနှင့် အုပ်စိုး ငြင်းလိုက်သည်။ ဒါသည်ကိုပင် ကိုဘိုကြီးတာက ဝင့်ခနဲပြုံးရင်း ...
'' ဖြစ်ပါတယ်ကွာ ...တက်စီနဲ့သွားပေါ့၊ ငါ တက်စီဖိုး ပေးလိုက် ပါ့မယ်၊ လုပ်ပါကွာ ...မင်းက ကူညီတတ်ပါတယ်၊ မဟုတ်ရင် ငါကိုယ်တိုင်သွားပို့ပါတယ်၊ ခုတော့ မင်းသိတဲ့အတိုင်း အမျိုးသားရေကူးကန်ကိစ္စကိုဆက်စဉ်းစားရဦးမှာ လေ''
ဒီတစ်ခါ လေပူမှု တ်ထုတ်ရသူ ကတော့ အုပ်စိုးကိုယ်တိုင် ဖြစ်သွားသည်။ တက်စီဖိုးနှင့် အတူ ကြက်ကြီးကိုပါ အတင်းပေးနေသဖြင့် နောက်ဆုံးလက်ခံလိုက်ရ၏ ။
လမ်းထိပ်ရောက်တော့ ကိုယ်က ကြက်နှင့် အတူ တွဲကာသွားရမည် မို့ ကားကောင်းကားသန့်လေး ငှားမှ ဖြစ်မည် ဟု အုပ်စိုး အရင်တွေးလိုက်မိပါသည်။ ထိုသို့ တွေးရတာ ပင် မကောင်း။
ကိုယ်က ကြက်နဲ့အတူ ကားကောင်းကားသန့်စီးပြီး ...။ ဟူး...။
****
(၂)
ကြက်ကို ရင်ဝယ်ပိုက်ကာ စိတ်ရှည်လက်ရှည် စောင့်ငှားလိုက်တော့အတော် ကြီးသစ်သော တက်စီတစ်စီးက ရပ်ပေးလာသည်။ အုပ်စိုးက သွားမည့် နေရာကို ပြောကာ ဈေးမေးလိုက်၏ ။
ကားဆရာက လက်ညှိုးနှစ် ချောင်းထောင်ပြကာ ...
''နှစ် ထောင်တော့ကျမယ် ညီလေး''
''ဟာဗျာ ...သွားနေကျ ထောင့်ငါးရာပါ၊ ဒီလောက်ဝေးတာလည်းမဟုတ်ဘူး''
''မဝေးပေမယ့် ငါ့ညီက ကြက်နဲ့လေ''
''ဟာဗျာ ...ကြက်အတွက်လည်း ပေးရတာ ပဲလား''
''သြော် ငါ့ညီကလည်း ...ခေတ်ကြီးကိုက အဲလိုတောင်းနေကြတဲ့ ခေတ်ကွ၊ ဘာမှ အလကားမရဘူး၊ နှစ် ထောင်ပဲကွာ ...သွားမလား''
ကားက အတော် ကိုကောင်းနေသဖြင့် အုပ်စိုးလည်း စိတ်လျှော့လိုက်ပြီး ...
''သွားမယ်ဗျာ ...မထူးတော့ပါဘူး''
ရှေ့ခန်းမှာ ဝင်ထိုင်လိုက်ပြီး ကိုရွှေကြက်ဖကိုတော့ နောက်ခန်း၌ အသာချထားလိုက်သည်။ မောင်းမထွက်ရသေးခင်မှာ ပဲ ကားဆရာက ...
''ညီလေး ...လမ်းမှာ လူထပ်ရရင် တင်မယ်နော်''
ခွင့်တောင်းသည့်စကားဆိုတာ အုပ်စိုးသိလိုက်၏ ။ ကိုယ်က ၂ဝဝဝပေး၍ စီးလုံးငှားထားသူကိုး။ သို့ သော် ၅ဝဝ ပိုပေးထားရသော အုပ်စိုးက
''တင်ချင်လည်း တင်လေ၊ ခရီးသည် ထပ်ရရင်တော့ ကျွန်တော့် ကိုငါးရာပြန်ပေးရမယ်''
အုပ်စိုးစကားကြောင့် ကားဆရာလည်း မျက်လုံးနှစ် လုံး အတန်ငယ်ပြူးသွားကာ ...
''ဟာကွာ ...မင်းကလည်း''
''မင်းကလည်း မလုပ်နဲ့ ကိုယ့်ဆရာရဲ့ ၊ အဝေးပြေးဂိတ်တွေ မှာ ဒီလိုပဲစီးကြတာဗျ၊ ခေတ်ကြီးကိုက ခုလိုညှိနေကြတဲ့ခေတ်လေ ..ဟဲ ဟဲ''
သူ့စကားနှင့် သူ ပြန်ခံလိုက်ရသည်မို့ ကားဆရာလည်း အနည်းငယ်အောင့်သက်သက် ဖြစ်သွားပုံရသည်။ သို့ သော် သူ့ဘက်က လိုက်လျောမှရမည့် အခြေအနေမို့ ပြီးရော ပြီးရောဟုဆိုကာ ကားကိုမောင်းထွက်လိုက်၏ ။
လမ်းက အတော် ကြီးကို ဆိုးပါသည်။ စထွက်ထွက်ချင်းမှာ ပင်ရှေ့ဘီးတစ်လုံးက ဒုန်းခနဲ ချောက်ထဲ ... အဲ ...ချိုင့်ထဲကျသွားသေး၏ ။အင်းလေ ...ခေတ်ကြီးကိုက ဒီလိုခေတ်ကြီးပဲ မဟုတ်လား။
****
(၃)
အခြေအနေ ကတော့ ရွှေ၊ အနေအထားကလည်း ရွှေငါးဟု ပြောရတော့မည် လားမသိ။ ကားက ကိုယ့်ရပ်ကွက်ကို လွန်ရုံလေး ရှိသေးသည်။ကားလှမ်းတားသူ ပေါ်လာပါ၏ ။
အနေအထားက ရွှေငါးဟု အထက်ကဆိုခဲ့သည့်အတိုင်း ကားလှမ်းတားသူ မိန်းကလေးက ခေတ်မီလှပသူလေး ဖြစ်၏ ။ ထိုကောင်မလေး၏ ပုံစံကြောင့် ကားဆရာကလည်း ကားကို လမ်းဘေးချကာ တုံ့ခနဲရပ်ပေးလိုက် သည်။
ကောင်မလေးက ကားတစ်ဖက်ခြမ်းမှာ ထိုင်နေသည့် အုပ်စိုးကို မမြင်သေးဘဲ သူသွားမည့် နေရာကိုပြောကာ ဈေးမေးလိုက်သည်။
ကားဆရာက ဒီတစ်ခါတော့ ဝင်းဝင်းတောက်မျက်လုံးနှင့် ...
''ထောင့်ငါးရာပဲပေးလေ ညီမလေး''
''သြော် ...ဟုတ်ကဲ့''
သူမျှော်မှန်းထားသော ဈေးနှုန်း ဖြစ်သဖြင့် ကောင်မလေးက ကားပေါ်တက်ရန် ခေါင်းငုံ့အကြည့် ...
''ဟင် ...အထဲမှာ လည်း လူနဲ့ပါလား''
အုပ်စိုးကို ရည်ညွှန်းကာ ပြောလိုက်ခြင်း ဖြစ်သည်။ ခရီးသည် ပါလာသည်ပေါ့။ ဒါကို ကားဆရာက ချက်ချင်း ပဲ ...
''ဘာ ဖြစ်လဲ ညီမလေးရဲ့ ၊ လူပဲ ...ခွေးမှမဟုတ်တာ၊ တက်လေ''
''ဟာ''
အုပ်စိုး အသံထွက်၍ ပင် နင်သွားရသည်။ ကောင်မလေးလည်းအရင်လိုနေလို့လား မသိ။ ကားနောက်ခန်းတံခါးကိုဖွင့်ကာ ဝင်ထိုင်လိုက်၏ ။ကားက ပြန်၍ မောင်းထွက်ပါပြီ။ သို့ သော် စက္ကန့်ပိုင်းလောက်အကြာမှာ ပဲ ...
''အောင်မယ်လေး ...ကြက်ကြီး ကြက်ကြီး''
မမြင်ဖူးသော ပုံစံဖြင့် ထိတ်လန့်တကြား အော်လိုက်ခြင်း ဖြစ်၏ ။အုပ်စိုးက နောက်လှည့်ကြည့်ကာ သံယောင်လိုက်၍ ...
''ဟုတ်တယ်လေ ...ကြက်မှ တိုက်ကြက်ကြီးဗျ၊ မမြင်ဖူးရင်ကြည့်ထား ...ဒါ စစ်တကောင်းမျိုး''
ကောင်မလေး တင်းသွားပုံရသည်။ ချက်ချင်း ပဲ စူးစူးရဲရဲ ကြည့်ကာ...
''ဒါက ရှင့်ကြက်လား''
''အမှန်ပဲ''
စကားအဆုံးမှာ ပဲ ကောင်မလေးက ကားဆရာကိုကြည့်ကာ
''ဒီမှာ ရှင့် ...ကျွန်မက ဒီမှာ ကြက်နဲ့အတူထိုင်ရမှာ လား''
ကားဆရာ ဘာမှမပြောခင်မှာ ဘဲ အုပ်စိုးက ...
''ခင်ဗျားကလည်းဗျာ ...အသည်းပါးလိုက်တာ၊ ကြက်ပဲဗျာ၊ ဘာ ဖြစ်လဲ ...လူမှမဟုတ်တာ၊ ဒါမှမဟုတ်ရင် ခင်ဗျား ကားဆရာနဲ့ ရှေ့ခန်းမှာ ထိုင်လိုက်၊ ကျွန်တော် နောက်ခန်းပြောင်းပေးမယ်''
ကားဆရာကလည်း ချက်ချင်း ပဲ ...
''ရှေ့ကိုလာမလား ညီမလေး ...ကားရပ်လိုက်မယ်''
ထိုသို့ ဆိုပြန်တော့လည်း ကောင်မလေးက ကားဆရာ၏ ခေါ်တောအကြည့်နှင့် အသံရွဲကြီးကို လန့်သည်ထင်သည်။
ချက်ချင်း ပင် ခေါင်းခါကာ ...
''မရပ်နဲ့ ...မလာဘူး''
ပြောရင်း ကြက်နှင့် ပိုဝေးအောင် ကားတစ်ဖက်ခြမ်းသို့ ကပ်ကာထိုင်လိုက်၏ ။ ကြက်ဖကြီး ကတော့ ကောင်မလေး၏ အပြုအမူကို ဂရုပင်မစိုက်ချေ။ ကောင်မလေးနေရာမှာ ကြက်မလေးဆိုလျှင်တော့ မပြောတတ်။ခုတော့ ကြက်ဖကြီးက မတူမတန်သလိုပုံစံနှင့် တစ်ဖက်ပင် လှည့်သွားသေးသည်။ ပြောရတာ လည်း မကောင်း။
သို့ နှင့် သင်တန်းမရောက်ခင် ကြက်ဝင်ပေးရမည့် နေရာနား ရောက်တော့ အုပ်စိုးက ...
''ကားဆရာ၊ ရှေ့နားမှာ ရပ်မယ်၊ သြော် ...ငါးရာပေးဦးလေ''
ထိုစကားကြောင့် ကားဆရာက ကောင်မလေးဘက်သို့ လှည့်၍ ...
''ညီမလေးကားခထဲက ငါးရာကို ဒီညီလေးကိုပေးလိုက် ပါလား''
''ဟင် ...ရှင့်မှာ ငါးရာတန်မရှိဘူးလား''
ကားဆရာကလည်း အင်းမလုပ်ဘဲ ထပ်ကာလျှာရှည်လိုက်သည်။
''အဲလိုမဟုတ်ပါဘူး ...လမ်းမှာ လူထပ်တင်ရင် ငါးရာပေးပါ့မယ်ဆိုပြီး ဒီညီလေးနဲ့ ညှိလာလို့''
ထိုစကားကြောင့် ကောင်မလေးက အုပ်စိုးဘက်ပြန်လှည့်လိုက်ပြီး...
''ဘာရှင့် ...ဒါဆို ရှင်က ခရီးစဉ်မှာ ကျွန်မပိုက်ဆံနဲ့ပါ မလိမ့်တပတ်လုပ်ပြီး စီးလာတာပေါ့ ...ဒီလိုလား''
''ဒါ ကတော့ ကျွန်တော့် ကံလေဗျာ၊ ကဲပါ ...ခင်ဗျားမှာ ငါးရာမရှိရင်လည်း မပေးနဲ့တော့၊ ကဲ ကြက်ဖကြီးရေ ...သွားမယ်ဟ၊ ဒီကအစ်မလေးမှာ ငါးရာမရှိဘူးတဲ့''
ပြောပြောဆိုဆိုပင် ကြက်ဖကြီးကို လှမ်းယူကာ ကားပေါ်မှဆင်းရန်ဟန်ပြင်လိုက်သည်။ အုပ်စိုးစကားက ကောင်မလေး၏ မာနကို ဆွပေးသလို ဖြစ်သွားပုံရ၏ ။ ချက်ချင်း ပင် ငါးရာတန်တစ်ရွက် ထုတ်ကာ အုပ်စိုးဆီ ပစ်ပေးလိုက် သည်။
''ရော့ ...ရှင့်လို မလိမ့်တပတ်နဲ့ လုပ်စားနေတဲ့လူတွေ အတွက်လှူတယ်လို့ပဲ သဘောထားလိုက်မယ်''
အုပ်စိုးလည်း ငါးရာတန်တစ်ဖက်၊ ကြက်ဖကြီးတစ်ဖက် ကိုင်ကာကားပေါ်က ဆင်းလိုက်သည်။
ကားပြန်ထွက်ရန်လုပ်နေစဉ်မှာ ပဲ အုပ်စိုးက ကားထဲကို ခေါင်းငုံ့ကြည့်၍ ...
''ကားဆရာ ...အဲ့ကောင်မလေးကို ခင်ဗျားစကားနဲ့ ပြောလိုက်စမ်းပါ၊ ခေတ်ကြီးကိုက ဒီလိုခေတ်လို့''
ကားဆရာက ဘာမှပြန်မပြောဘဲ ပုပ်အဲ့အဲ့မျက်နှာနှင့် ကားမောင်းထွက်လိုက်သည်။
သို့ သော် ကားထဲမှကောင်မလေး၏ တက်ခေါက်သံ ကတော့ အုပ်စိုးနားစည်ကို ရိုက်ခတ်ကာကျန်ခဲ့၏ ။
အုပ်စိုးလည်း သဘောကျသလို ရယ်လိုက်ရင်း ကြက်ဖကြီးကိုငုံ့ကြည့်၍ ...
''ကဲ ကြက်ဖကြီးရေ ...မင်းလည်း နောက်ဆို အောက်အီးအီးအွတ်လို့ မတွန်ဘဲ ခေတ်ကိုက ဒီလိုခေတ်လို့သာ တွန်တော့ဟေ့ ...ဟားဟား''
****
(၄)
''ဟယ် မြူခိုးရယ် ...နင် အဲလို တကယ်ကြီးကြုံလာခဲ့တယ်...ဟုတ်လား''
သင်တန်းရောက်ရောက်ချင်း အကြောင်းစုံပြောပြပြီးတာတောင်သက်သက်မော်က ထပ်မေးလာသေးသည်။
မြူခိုးက စိတ်မရှည်ဟန်ဖြင့် ...
''သြော် ...ဟုတ်ပါတယ်ဆို၊ အဆင်မပြေတာက မနက်ကတည်းက စတာဟေ့၊ မနက်အိပ်ရာကထတော့ ငါစားချင်တဲ့ မုန့်ဟင်းခါးသွားဝယ်ခိုင်းတာ ကုန်နေပြီတဲ့၊ ဘာမှမစားဘဲ သင်တန်းလာဖို့ လုပ်ပြန်တော့လည်းကားက နှိုးမရပြန်ဘူး၊ ဒါနဲ့ ကားငှားပြီး သွားလိုက်ပါမယ်လေဆိုပြီး ထွက်လာတော့လည်း ခုလိုမျိုး ကြုံရတော့တာပဲ''
စကားအဆုံးမှာ ယမင်းသူက ခွီးခနဲရယ်လိုက်ပြီး ...
''နင့်အ ဖြစ်ကလည်းဟယ် ...အငှားတက်စီတောင် ကြက်နဲ့အတူတူ တွဲစီးလာရတယ်လို့၊ အဲဒါကြောင့် လားမသိဘူး ...ခုနက ဒီနားမှာ ကြက်ချေးစော်နံနေသလိုပဲနော်''
မြူခိုးက ယမင်းသူကို မျက်စောင်းထိုးလိုက်ကာ ...
''ယမင်း ငါ့ကိုမစနဲ့နော်၊ ငါက အဲဒီ ကြက်ထက် ကြက်ပိုင်ရှင်ဟိုကောင်ကို ပိုစိတ်တိုနေတာ၊ ဒင်းက ငါ့ဆီက ပိုက်ဆံငါးရာကိုတောင်မလိမ့်တပတ်နဲ့ ယူသွားသေးတယ်၊ ငါလည်း သူတောင်းစားလှူတဲ့သဘောနဲ့ပေးခဲ့လိုက်တာ''
''ဟဲ့ ...ဒါနဲ့ အဲဒီ ကြက်သမားက ဘယ်လိုမျိုးလဲ''
အရေး ထဲ သက်သက်မော်က မေးလာသေးသည်။ မြူခိုးက ...
''အာ ...ကြက်သမားဆိုတာ ဘယ်လိုမျိုးလဲဆိုပြီး သတ်မှတ်ထားတာမှမဟုတ်တာ၊ အဲ ...ခုနက ငါနဲ့တွေ့ ခဲ့တဲ့ ကောင် ကတော့ ငါတို့လောက်ပဲဟ''
''ဟင် ...ဒီအရွယ်လေးနဲ့ ကြက်သမား ဖြစ်နေတယ်''
''လာပြန်ပြီဟာ ...ကြက်သမားဆိုတာ ဘယ်အရွယ်မှ ဖြစ်ရမယ်ဆိုပြီး နင်တို့သိလို့လား''
ထိုသို့ ပြန်မေးလိုက်တော့လည်း နှစ် ယောက် စလုံး မဖြေနိုင်ကြပြန်ချေ။ ထို့ကြောင့် မြူခိုးကပဲ စကားဖြတ်သည့်သဘောနှင့် ...
''တော် ပြီဟာ ...အဲဒီ ကြက်အကြောင်းပြောရတာ ငါတို့အတွက်ဘာမှ အကျိုးမရှိဘူး၊ ပြီးတာလည်း ပြီးသွားပြီ၊ ကဲပါ ...ဗိုက်ဆာတယ်၊စားစရာမှာ ရအောင် ခေါ်လိုက်ဦး''
သုံးယောက် သား ကင်တင်းတစ်ခုမှာ ထိုင်နေကြခြင်း ဖြစ်သည်။သက်သက်မော်ကပဲ စားပွဲထိုးလေးကို လှမ်းခေါ်လိုက်၏ ။
စားပွဲထိုးလေးရောက်လာတော့ ယမင်းသူက ...
''ကဲ မြူခိုး ...နင် ဘာစားမလဲ''
မြူခိုးက တစ်ချက်စဉ်းစားလိုက်ပြီး ...
''ပေါက်စီပဲ စားတော့မယ်ဟာ၊ မောင်လေး ...ကြက်နဲ့နော်''
မြူခိုးက ဝက်သား၊ အမဲသားမစား၍ ထိုသို့ ရွေးမှာ လိုက်ခြင်း ဖြစ်သည်။ ယမင်းသူနှင့် သက်သက်မော်တို့ကလည်း သံယောင်လိုက်၍ ...
''အစ်မတို့ကိုလည်း ကြက်နဲ့ပဲပေး''
စကားအဆုံးမှာ စားပွဲထိုးကောင်လေးက သေချာအောင် ထပ်မေးပါသည်။
''ဟုတ်ကဲ့ ...ဒါဆို အစ်မတို့သုံးယောက် စလုံးက ကြက်တွေ ချည်းပဲပေါ့နော်''
''ဘာ''
မြူခိုး၏ အသံက ဟိန်းထွက်သွားသည်။ စားပွဲထိုးကောင်လေးကသူ့စကား မှားသွားမှန်းသိလိုက်၍ ပျာပျာသလဲ ...
''ဟို ဟို ...စကားပြောလောသွားလို့ပါ အစ်မလေး၊ ကျွန်တော် ပြောတာက သုံးယောက် စလုံး ကြက်သားပေါက်စီတွေ ပဲမဟုတ်လားလို့ မေးတာပါ''
''အေး''
သုံးယောက် စလုံး အသံပြတ်နှင့် ပြိုင်တူဖြေလိုက်ကြသည်။
စားပွဲထိုးလေးထွက်သွားတော့မှ ယမင်းသူနှင့် သက်သက်မော်တို့ကမြူခိုးကိုကြည့်ရင်း တခစ်ခစ်ရယ်ကာ ...
''မြူခိုးရယ် ...နင့်ဇာတာ ကတော့ ခုချိန်ထိ ကြက်နဲ့ပတ်သက်နေတုန်းပဲ''
''အေးလေ ...မပြောလိုက်ချင်ဘူး''
ကိုယ့်အ ဖြစ်ကိုယ် ပြန်တွေးကာ မြူခိုးလည်း လွင်လွင်လေး လိုက်ရယ်မိလေသည်။
ထိုသို့ ရယ်လိုက်တော့လည်း မနက်ကကိစ္စကြောင့် တိုနေခဲ့သော စိတ်က ပြေသွားသလိုလို။
****
(၅)
ကင်တင်းထဲ လှမ်းကြည့်လိုက်တော့ ငူငူကြီးတွေ ထိုင်နေကြသည့်ဖိုးကုလားတို့အုပ်စုကို တွေ့ လိုက်ရသည်။ ကိုယ့်လို ခပ်ချောချော ဆရာကောင်ဝင်လာသည်ကိုပင် ဒင်းတို့က မြင်ဟန်မတူချေ။
ထိုစားပွဲရှေ့မှာ စတိုင်တင်းတင်းနှင့် ရပ်လိုက်တော့မှ ...
''ဟော ...အိုးစုတ်တောင်ရောက်လာပြီ''
ဇော်မင်းက အရင်ပြောလိုက်ခြင်း ဖြစ်သည်။ အုပ်စိုးက မိမိကိုအိုးစုတ်ဟုခေါ်လိုက်သည်ကိုပင် မည် သို့ မျှခံစားရဟန် မပြဘဲ ဝင်ထိုင်လိုက်ရင်း ...
''အေး ...ရောက်လာတော့ ဘာ ဖြစ်လဲ''
''ဘာမှမ ဖြစ်ပါဘူး''
ဖိုးကုလားကလည်း အသက်မပါသလို ဝင်ပြောသည်။ အုပ်စိုးက ထိုဝိုင်းမှထိုင်နေသော အဖိုနှစ် ကောင်၊ အမနှစ် ကောင်၏ မျက်နှာတွေ ကို တစ်ယောက် ချင်းစီ အားမနာလျှာမကျိုး ပြောင်ပြောင်းတင်းတင်း ကြည့်လိုက်ပြီးမှ ...
''နင်တို့မျက်နှာတွေ က ဘာ ဖြစ်နေကြတာလဲ ... တစ်ယောက် နဲ့ တစ်ယောက် မတူပေမယ့် မျက်နှာပေါ်ဟပ်နေတဲ့ အငွေ့အသက်တွေ ကတူနေပါလား၊ ပြဿနာရှိရင်လည်း ပြောကြလေကွာ ...ဒီလိုကြီး ဘူမနေကြနဲ့''
ထိုသို့ ပြောလိုက်တော့ အားလုံးပဲ မသိမသာ လှုပ်ရှားသွားကြသည်။ပြီးမှ ဖိုးကုလားက အရင် ...
''ဒီလိုကွာ ...ငါတို့တွေ စုပြီး ကဗျာစာအုပ်လေးထုတ်ချင်လို့ ...အဲဒါ''
စကားပင်မဆုံးလိုက်။ အုပ်စိုးက စားပွဲကို လက်နှင့် ဗြန်းခနဲရိုက်ကာ ဒေါသသံဖြင့် ...
''ဘာကွ ...ဘာပြောလိုက်တယ် ဖိုးကုလား၊ မင်းတို့က ကဗျာစာအုပ်ထုတ်ချင်လို့ ...ဟုတ်လား''
အုပ်စိုး၏ အပြုအမူကြောင့် အားလုံးပဲ ပြူးပြူးပြဲပြဲ ဖြစ်သွားကြသည်။မိုးစုက မျက်လုံးလေး ကလယ်ကလယ်နှင့် ...
''အုပ်စိုးရယ် ...ငါတို့ ကဗျာစာအုပ်ထုတ်ချင်တာကို နင်က ဘာ ဖြစ်လို့ ဒေါသထွက်သွားရတာ လဲ''
ထိုအခါမှ အုပ်စိုးက ဟီးခနဲရယ်လိုက်ပြီး ...
''ငါက နင်တို့အာရုံပြောင်းမလားလို့ လုပ်ကြည့်တာပါ''
''မသာ ...အိုးစုတ် အိုးပဲ့''
မာယာက ထောပနာ ဝင်ပြုသည်။ အုပ်စိုးက ...
''နင်တို့လေးယောက် စလုံး ကဗျာရေး ကြတာ ငါသိပါတယ်၊ ကဗျာစာအုပ်ထုတ်တာများ ဟာ နင်တို့ ကျောင်းတုန်းကထုတ်သလို''
စကားပင်မဆုံးလိုက် ဖိုးကုလားက လက်ကာပြရင်း ...
''မဟုတ်ဘူး အုပ်စိုး ...ခုဟာက ကျောင်းတုန်းကလို ပန်းဖလက်သဘောမျိုး ကိုယ့်ဟာကိုယ်လုပ်တဲ့ ကဗျာစာအုပ်မျိုး မဟုတ်ဘူး၊ဆိုင်တွေ မှာ တင်ရောင်းလို့ရတဲ့ ကွာလတီစာအုပ်မျိုး ထုတ်ချင်တာ''
''ဒီတော့''
''အခက်အခဲ ကတော့ ပိုက်ဆံပေါ့ကွာ၊ ငါတို့လေးယောက် မှာ ကိုယ်ပိုင်ပိုက်ဆံ တစ်သိန်းစီလောက်ရှိတယ်၊ ဒါပေမဲ့ စာအုပ်ထုတ်လုပ်မှု စရိတ်ကငါးသိန်းလောက်ကုန်မှာ ကွ၊ အဲဒါကြောင့် စိတ်ညစ်နေကြတာ''
စကားအဆုံးမှာ အုပ်စိုးက ဟက်ခနဲတစ်ချက်ရယ်လိုက်ပြီး ...
''အခက်အခဲဆိုလို့ ဘာများ လဲလို့ ဖိုးကုလားရာ၊ အဲဒီ ပိုက်ဆံလောက်တော့''
''ဟင် ...မင်းက စိုက်ထုတ်ပေးမလို့လား''
ဇော်မင်းက ခလုတ်တိုက်မတတ် ဝင်မေးလိုက်သည်။ အုပ်စိုးကတံတွေးကိုပင် ဖွီခနဲထွေးထုတ်လိုက်ရင်း ...
''ဖွီ ...ရူးနေလားကွ၊ ငါနဲ့ဘာဆိုင်လို့ စိုက်ပေးရမှာ လဲ''
''ဟာကွာ ...ဒါဆို ခုနက ဘာလို့ပြောတာလဲ''
အုပ်စိုးမျက်နှာက တည်သွားကာ ...
''ဒီလိုကွာ ...ငါ မစိုက်ပေးနိုင်တာက လောလောဆယ် မရှိလို့ပါ၊ဒါပေမဲ့ မင်းတို့ လိုအပ်တဲ့ငွေတချို့ရအောင်တော့ ငါ ကူညီပေးနိုင်တဲ့နည်းလမ်းရှိတယ်''
''လုပ်စမ်းပါဦးကွ ...ဘယ်လိုနည်းလမ်းလဲ''
အုပ်စိုးက ...
''ပြီးရင်ပြောမယ်ကွာ၊ ဒါနဲ့ နေစမ်းပါဦး ...မင်းတို့က ကဗျာသမားစာသမားတွေ ဆိုတော့ တစ်ခုလောက် မေးကြည့်ပါဦးမယ်''
''မေးလေ ...ဘာလဲ''
''ငါသိချင်တာကကွာ ...အမျိုးသားရေကူးကန်လို့ နာမည် တပ်ထားပြီး ဘာ ဖြစ်လို့ အမျိုးသမီးတွေ ကိုပါ ပေးကူးတာလဲ၊ အဲဒါကိုဖြေ''
''ဟာ''
''အုပ်စိုးကွာ ...လုပ်ချလိုက်ပြန်ပြီ''
ထိုအခါမှ အုပ်စိုးက တဟားဟားရယ်လိုက်ပြီး ...
''မင်းတို့ စိတ်ကြည်သွားအောင် နောက်တာပါ၊ ဒါနဲ့ ခဏ နေပါဦး...မင်းတို့က ကဗျာစာအုပ်ထုတ်မှာ ဆိုတော့ ကလောင်နာမည် တွေ ရွေးပြီးပြီလား၊ ဒါမှမဟုတ် နာမည် အရင်းတွေ နဲ့ပဲ ရေး မှာ လား''
စကားဆုံးဆုံးချင်းပဲ ဖိုးကုလားက ...
''ငါတော့ ရွေးထားပြီကွ၊ ငါ့ကလောင်နာမည် က ...''
စကားကိုဖြတ်ကာ ရှက်သလို ရွံ့သလို လုပ်လိုက်ပြီးမှ ...
''ငါ့ကလောင်နာမည် က မြတ်မိုးအိမ်တဲ့''
စကားအဆုံးမှာ ပဲ အုပ်စိုးက ပြူးကြည့်လိုက်ရင်း ...
''ဘာ ...မြက်မိုးအိမ် ...ဟုတ်လား၊ ဘာလဲ ...မြက်ပင်တွေ မိုးထားတဲ့အိမ်လို့ ဆိုလိုတာလား''
ဖိုးကုလားမျက်နှာက အီးနှစ် လုံး ဆင့်ကဲ ဆင့်ကဲ မှန်ခံလိုက်ရသလိုရှုံ့မဲ့ပြာနှမ်းသွားကာ ...
''ငါ့လခွီးမှပဲကွာ ...မင်းကြီးတော် မြက်မိုးအိမ်ရမှာ လား၊ မြတ်မိုးအိမ်ကွ မြတ်မိုးအိမ်''
''သြော် ...ဒီလိုလား၊ မဆိုးပါဘူး၊ ဒါနဲ့ ဟိုသုံးယောက် ကကော''
ဇော်မင်းက ဦးဆောင်၍ ...
''ငါတို့တွေ တော့ စိတ်ကြိုက်မတွေ့ သေးပါဘူးကွာ၊ နာမည် ရင်းနဲ့ပဲလုပ်လိုက်မလားလို့''
အုပ်စိုးက ခပ်လေးလေး ခေါင်းခါသည်။ ပြီးမှ ...
''မကောင်းဘူးကွ ...ကလောင်နာမည် ဆိုတာကလည်း ဆွဲဆောင်မှု တစ်ခုလေ၊ ငါ့အသိစာရေး ဆရာတွေ ရဲ့ ကလောင်နာမည် တွေ ဆို ကြည့်စမ်း... တစ်ယောက် က လူနေတဲ့၊ လူတွေ နေတဲ့အရပ်မှာ နေလို့ဆိုပြီး လူနေလို့မှည့်ထားတာ၊ နောက် တစ်ယောက် က သိုးဆောင်း၊ ဒါလည်း ဆန်းတာပဲ၊အင်္ဂလိပ်တွေ ရဲ့ စကားကို ခေါ်တဲ့နာမည် ၊ နောက် ရှိသေးတယ် ...သည်ခေတ်နေတဲ့၊ ကဲ ကြည့်စမ်း ...ဒီခေတ်မှာ နေမယ်လို့ ရိုးရိုးလေး ပေးလိုက် တာက ဆန်းသွားတယ် မဟုတ်လား''
''အေး ...ဟုတ်တော့ဟုတ်တယ်နော်၊ ငါကြားဖူးတဲ့ စာရေး ဆရာ တစ်ယောက် ရှိသေးတယ်၊ ဘာတဲ့ ...မိုးစက်ဝိုင်ဆိုလား''
ဇော်မင်းအပြောကို အုပ်စိုးက မျက်နှာမဲ့၍ ...
''ထားလိုက်ပါကွာ ...အဲဒီ မိုးစက်ဝိုင်ဆိုတာက ငပေါလေးပါ၊ငါနဲ့ သိပါတယ်''
''ဟုတ်လား''
''ဒီတော့ မင်းတို့စဉ်းစားမရရင် မင်းတို့ရဲ့ ကလောင်နာမည် တွေ ကိုငါစဉ်းစားပေးမယ်''
''အေး ...လုပ်စမ်းပါဦး''
မိုးစုကပါ အားတက်သရော ဝင်ပြောလာသည်။ သူ့ရည်းစား ဇော်မင်းကလည်း ...
''မင်းစဉ်းစားလို့ရရင်လည်း ပြောကြည့်လေ''
အုပ်စိုးက သူ့မုတ်ဆိတ်မွေးစိမ်းစိမ်းတိုတိုလေးတွေ ကို ပွတ်ကာပွတ်ကာလုပ်လျက် အတန်ကြာ စဉ်းစားဟန်ပြုလိုက်ပြီးမှ ...
''မာယာ ...နင့်အတွက်တော့ ငါစဉ်းစားလို့ရပြီ''
''ဟင် ...ဘာလဲ ဘာတဲ့လဲ''
''ပြက္ခဒိန်လို့ပေးလိုက် ''
''ဟယ် ...နာမည် ကြီးကလည်း''
မာယာ၏ စိတ်ပျက်လက်ပျက် ရေရွတ်သံကြောင့် အုပ်စိုးက မျက်မှော င်ကြုတ်ကြည့်ကာ ...
''အောင်မာ ...ဒီလောက်ခန့်တဲ့နာမည် ကိုများ ၊ နင့်နာမည် ကမာယာလေ၊ မာယာပြက္ခဒိန်ဆိုတာ ရှိတယ်ဟ၊ ကမ္ဘာပျက်မယ်လို့ ဟောထားတာလေ၊ ပြီးတော့ နိမိတ်အရ စဉ်းစားကြည့်ရင် ပြက္ခဒိန်ဆိုတာကနေ့စဉ် လူတိုင်းကြည့်နေကြတာ မဟုတ်ဘူးလား၊ ဒီတော့ နင့်ကလောင်နာမည် က ဘယ်လောက်လပ်ကီးကောင်းလဲ''
ကလိန်စေ့ငြင်းဆင်ကာ ရှည်လျားထွေပြားစွာ ရှင်းပြလိုက်တော့မှမာယာ့မျက်နှာက ဝင်းတောက်သွားရင်း ...
''အေး ...အဲလိုစိတ်ကူးနဲ့ ပေးတာဆိုရင်တော့ ကောင်းတယ်ဟာ၊ငါ ကြိုက်တယ်''
ထိုသို့ တစ်ယောက် ကို ကင်ပွန်းတပ်လိုက်တော့ ဟိုအတွဲက တစ်စခန်းထလာသေးသည်။
''ငါတို့ကိုလည်း လုပ်ဦးလေကွ အုပ်စိုး''
ဇော်မင်းအပြောကြောင့် အုပ်စိုး ရယ်ချင်သွားသည်။ ''မင်းတို့ကသမီးရည်းစားတွေ ပဲ၊ မင်းတို့ဟာမင်းတို့ သွားလုပ်ပါလား''ဟု ပြောလိုက်လျှင်ဖြင့် မကောင်း ဖြစ်ရော့မည် ။
သို့ သော် အကောင်းမြင်စိတ်ကလေးနှင့် ထိုအတွဲကို ကြည့်လိုက်ကာ ...
''ခဏနေဦးကွ ...ငါသိထားသလောက် မင်းတို့အတွဲက ကိုရီးယားကားတွေ ကို တက်ညီလက်ညီ ကြိုက်ကြတာနော်၊ ဒီတော့ မင်းတို့ကဗျာတွေ ထဲမှာ ရော ကိုရီးယားမုဒ်တွေ ကော ပါနေသလား''
နှစ် ယောက် စလုံးက ပါးစပ်ပေါက်နှစ် ပေါက်ဖြင့် ရှက်ရယ်ရယ်သည်။ပြီးမှ တစ်ယောက် ကို တစ်ယောက် ကြည့်ကာ ဇော်မင်းက အရင် ...
''အေး ...ကိုရီးယားဟန်လေးတွေ တော့ ပါတာပေါ့ကွ''
စကားအဆုံးမှာ အုပ်စိုးက လက်ဖျောက်တစ်ချက်တီးလိုက်ရင်း...
''အဲဒါပဲကွ ...ငါလိုချင်တာ အဲဒါပဲ၊ ဒီတော့ မင်းတို့ ကလောင်နာမည် တွေ ကို လုံးဝ ကိုရီးယားဆန်ဆန်ပေးရမယ်''
''အဲ အဲဒါဆိုလည်း လုပ်လေ''
ဇော်မင်း၏ အားတက်သရောအပြောကြောင့် အုပ်စိုးက မျက်မှော င်ကြီးကြုတ်ကာ စဉ်းစားလိုက်ပြီး ...
''ဟုတ်ပြီ ဇော်မင်း ...မင်းနာမည် ကတော့ ယောက်ျားဆန်မယ်၊ဘာကင်စောလို့ပေးလိုက် ၊ မိုးစုက မိန်းကလေးဆိုတော့ ယူအောင်းဆိုးပေါ့၊မကောင်းလား''
''ဘာကင်စော''
''ယူအောင်းဆိုး''
နှစ် ယောက် သား ကြည်နူးမျက်နှာတွေ နှင့် ကိုယ်စီရေရွတ်လိုက်ကြသည်။ ထိုအချိန်မှာ ပဲ ဖိုးကုလားက ခွီးခနဲရယ်လိုက်၍ အုပ်စိုးက ပေစောင်းစောင်းကြည့်လိုက်ကာ ...
''ဟေ့ကောင် ...မင်းက ဘာကိုရယ်တာလဲ''
ဖိုးကုလားက စပ်ဖြဲဖြဲမျက်နှာကို ပြင်ရင်း ...
''ဘာမှမ ဖြစ်ပါဘူးကွာ၊ သူတို့ကဗျာနဲ့ သူတို့ကလောင်နာမည် နဲ့လိုက်လို့ သဘောကျသွားတာပါ''
''ပြီးရော၊ ဇော်မင်းနဲ့မိုးစု ...မင်းတို့ကကော''
''ကြိုက်ပါတယ်ဟ''
''ငါလည်း သဘောကျပါတယ်''
ဒီလောက်ဆိုလျှင်တော့ နှစ် ယောက် စလုံး၏ ရင်ကို တန်းထိသွားလေပြီ။ ထိုကိစ္စပြီးသွားတော့ အုပ်စိုးကပဲ ...
''ကဲ ...နာမည် ကိစ္စ ပြီးသွားပြီဆိုတော့ဟာ နင်တို့အတွက် ပိုက်ဆံရှာမယ့်ကိစ္စကို ပြောတော့မယ်၊ သေသေချာချာ နားထောင်ကြ''
''အေးပါ''
အားလုံး ခေါင်းညိတ်လိုက်တော့ အုပ်စိုးက ဆရာကြီးစတိုင်နှင့် ...
''မာယာ (ခေါ်) ပြက္ခဒိန် ...နင်က ငါရေး ပေးလိုက် တဲ့စာသားအတိုင်း မိတ္တူဆိုင်ကိုသွားပြီး လက်ကမ်းကြော်ငြာစာရွက်နဲ့ တခြား ဖြတ်ပိုင်းတစ်ခု သွားလုပ်ရမယ်၊ ဖိုးကုလား (ခေါ်) မြတ်မိုးအိမ် ...မင်း ကတော့မြို့ထဲကိုသွားပြီး ငါပြောတဲ့ပုံစံအတိုင်း ရုပ်တုတစ်ခု သွားလုပ်ရမယ်''
''ဟင် ...ဘာရုပ်တုလဲ''
''ဟိုကွာ ...အရွယ်အစားက အကယ်ဒမီရုပ်တုလောက်ကွာ၊ရွှေရည်စိမ်ပေါ့၊ ငါပြောတဲ့ပုံစံ မရရင်လည်း ရှိတာသာ ဝယ်ခဲ့တော့''''ပြီးရောလေ''
''ငါတို့ကကော''
ကိုရီးယားစုံတွဲက မေးလာခြင်း ဖြစ်သည်။
''မင်းတို့ ကတော့ နီးစပ်ရာ ဗီနိုင်းဆိုင်ကိုသွားပြီး ဆယ်ပေ ငါးပေပတ်လည် ဗီနိုင်းတစ်ချပ်ထုတ်ရမယ်၊ ရေး ရမယ့်စာသားကိုတော့ ငါပြောမယ်၊ပြီးရင် မင်းတို့နှစ် ယောက် ပဲ ဒီဝင်းထဲမှာ ရှိတဲ့ သင်တန်းခန်းမလွတ်တစ်ခုကိုအသင့်ရှာထားလိုက်''
''အုပ်စိုး ...ငါတို့နှစ် ယောက် က ဗီနိုင်းစကြီးနဲ့ ခန်းမအလွတ်ထဲမှာ ဘာလုပ်နေရမှာ လဲ''
ဇော်မင်းက ကြောင်စီစီနှင့် ပြန်မေးလာခြင်း ဖြစ်သည်။ အုပ်စိုးလည်း သောက်မြင်ကတ်သွားပြီး ...
''ငါ့လခွီးမှပဲ ...ပြောတဲ့အတိုင်းလုပ်လေကွာ၊ ဒါမှမဟုတ်ရင်လည်း မင်းတို့နှစ် ယောက် ခန်းမအလွတ်ထဲမှာ ဗီနိုင်းစခင်းပြီး ...''
''ဟေ့ကောင်''
''ဟဲ့ ...အုပ်စိုး''
''သြော် ...ငါတို့ပြန်အလာကို ထိုင်စောင့်နေကြလို့''
''မင်းကွာ ...ဟင်း''
****
(၆)
အလုပ်ကိစ္စအတွက် မှာ စရာရှိတာတွေ ကို ပါးစပ်နှင့် တစ်မျိုး၊ စာနှင့် ရေး ၍ တစ်ဖုံ အရင်မှာ ကြားသည်။ ပြီး စားသောက်စရာတွေ ကိုပါ တစ်ဖြဲနှစ် ဖြဲမှာ ယူမျိုဆို့ကာ ပါးနားသပ်၍ အုပ်စိုးက ထွက်သွား၏ ။
ဒါတောင် မသွားခင်လေးမှာ မျက်နှာထိမျက်နှာထားဖြင့် ဟစ်တလာအထာဖမ်းကာ မြွက်ကြားသွားသေးသည်။
''မင်းတို့တွေ ကိုယ်လုပ်ရမယ့်ကိစ္စကို သေသေချာချာ တိတိကျကျလုပ်လာကြနော်၊ တစ်ခုခုမှားလို့ ကတော့ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ၊ အခွင့်အရေး ဆိုတာ နှစ် ခါမရဘူး၊ လောလောဆယ် ငါက လမ်းကြောင်းပဲပြနိုင်တာ၊တကယ်လုပ်ရမှာ က မင်းတို့တွေ ပဲ ...နားလည်လား''
အုပ်စိုးထွက်သွားတော့မှ မာယာက ရေး ပေးခဲ့သည့် စာရွက်တွေ ကိုကြည့်ကာ ...
''ဒီလိုလုပ်လို့ ဖြစ်ပါ့မလားဟယ်၊ ငါတော့ လန့်တယ်ဟ''
''အာ ...တကယ်လုပ်တဲ့အခါကျရင် အုပ်စိုးက သူ ရှေ့တန်းမှာ နေမယ်လို့ ပြောသွားတာပဲ၊ ဘာမှကြောက်စရာမရှိပါဘူး ... ဖြစ်လောက်ပါတယ်''
ဖိုးကုလား၏ ချေပစကားကို ဇော်မင်းကလည်း အလိုက်သင့် ခေါင်းညိတ်ကာ ...
''ဟုတ်ပါတယ်ဟ ...အုပ်စိုးက အိုင်ဒီယာကောင်းပါတယ်၊ ပြဿနာ ဖြစ်လာရင်လည်း သူ ရအောင်ရှင်းမှာ ပါ၊ ဒီကောင်က စွန့်စားရဲတယ်ဟ၊ငါတို့ နောက်ကနေရုံပဲ''
''ပြီးရောလေ၊ ဒါပေမဲ့ ကိုဇော် ...မိုးအနားပဲ နေနော်''
''စိတ်ချပါ မိုးရယ် ...ကိုဇော်က ဘယ်တုန်းက မိုးကို ထားခဲ့ဖူးလို့လဲ၊ အမြဲတမ်း ဂရုစိုက်နေတဲ့ဟာကို''
အရေး ထဲ ကိုရီးယားအတွဲက ဗြောင်ကြီး ချစ်ရည်လူးနေကြသေးသည်။ ဖိုးကုလားက ကြည့်မရတော့ဘဲ ...
''နင်တို့တွေ အဲလောက် ပလူးမနေကြနဲ့၊ ပြီးရင် ဟိုကောင် ပေးသွားတဲ့ ကလောင်နာမည် တွေ ကိုပါ ပြန်ပြောင်းဖို့ စဉ်းစားဦး''
''အောင်မာ ...ဘာလို့ပြောင်းရမှာ လဲ၊ အုပ်စိုးပေးတာက ကောင်းသားပဲဥစ္စာ''
''အေးလေ''
နှစ် ယောက် သား အတိုင်အဖောက်က ညီနေကြလေသည်။ ထိုအခါမှ ဖိုးကုလားက မချိုမချဉ်မျက်နှာနှင့် ...
''ဒါဆို ငါမေးမယ်၊ နင်တို့ အုပ်စိုးကို စိတ်တိုရင် ဘယ်လိုခေါ်လဲ''
''အိုးစုတ်လေ ဘာ ဖြစ်လို့လဲ''
''အေး ဇော်မင်း ...မင်းရဲ့ ကလောင်နာမည် ကိုလည်း ခုနကလိုစကားလိမ်နဲ့ စဉ်းစားကြည့်စမ်းပါ''
ဇော်မင်းက ချက်ချင်း ပဲ ...
''ရတယ်လေ၊ ဘာ ဘာကင်စော ဆိုတော့ ဘော ဘောကင်ဆာဟာ''
ဇော်မင်းမျက်နှာကြီး မဲ့ရွဲ့သွားချိန်မှာ ပဲ ဖိုးကုလားက ဆက်၍ ...
''မိုးစု ...နင့်နာမည် မှာ က ယူဆိုတာ နင်လို့ပြောတာ၊ နောက်က အောင်းဆိုးကို ပြောင်းပြန်လှန်လိုက်တော့''
''အိုးစောင်း''
''အေး ...အဲဒါ နင် အိုးစောင်းနေတယ်လို့ ဟိုကောင်က သမသွားတာ''
''ဟယ်''
ကိုရီးယားစုံတွဲ ဖြစ်ပျက်သွားပုံကိုကြည့်ကာ ဖိုးကုလားနှင့် မာယာတို့ တခွီးခွီး ရယ်ြ ကတော့သည်။
ဘာကင်စောနှင့် ယူအောင်းဆိုးတို့မှာ တော့ ခုနကလို ချစ်ရည်မလူးနိုင်တော့ဘဲ တစ်မုဟုတ်ချင်းဆိုသလို ရှက်ရည်လူးခြင်းဆီသို့ ...။
****
(၇)
ညနေပိုင်း သင်တန်းချိန်ပြီး၍ ပြန်ရန် မြူခိုးတို့သုံးယောက် အခန်းအပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ သို့ သော် ခါတိုင်းရက်တွေ နှင့် မတူဘဲအနည်းငယ်ထူးခြားနေသော မြင်ကွင်းကြောင့် သုံးယောက် စလုံး မသိမသာမျက်မှော င်ကြုတ်လိုက်မိကြ၏ ။
ခါတိုင်းဆိုလျှင် ဒီအချိန် သင်တန်းသူသင်တန်းသားများ သည် အိမ်ပြန်ကြရန် အပေါက်ဝသို့ ဦးတည်ကာသွားလာနေကြစမြဲ ဖြစ်သည်။ ယခုတော့ ထိုသို့ မဟုတ်ဘဲ အဖွဲ့လိုက် အဖွဲ့လိုက် လူများ သည် လက်ထဲတွင် လည်းစာရွက်ပိုင်းလေးတွေ ကိုင်ကာ ခန်းမတစ်ခုဆီသို့ သွားနေကြ၍ ဖြစ်၏ ။
သက်သက်မော်က အရင် ...
''မြူခိုး ...ဘာ ဖြစ်တာလဲ မသိဘူးနော်၊ လူတွေ ဟိုဘက်ကအခန်းဆီပဲ သွားနေကြတယ်''
''တစ်ခုခုတော့ တစ်ခုခုပဲ၊ အဲဒီ အခန်းက စာမသင်တဲ့ အခန်းလွတ်ဟ''
မြူခိုးစကားကြောင့် ယမင်းသူကလည်း ...
''ထူးခြားနေတာတော့ အမှန်ပဲဟ၊ သွားစပ်စုကြည့်ရင် ကောင်းမလား''
''ခဏလေး ...ဟိုမှာ ငါ့အသိကောင် တစ်ကောင်လည်း အဲဒီ ကိုသွားမယ့်ပုံစံပဲဟ၊ ခေါ်မေးကြည့်လိုက်ပါဦးမယ်''
ပြောပြောဆိုဆိုပင် သက်သက်မော်က ယဉ်ကျေးလိမ္မာသော ကလေးပီပီ ဣနြေ္ဒကို ထိန်းကာ အော်ကြီးဟစ်ကျယ် လှမ်းခေါ်လိုက်၏ ။
''ဟဲ့ ဝေယံကြီး မသာကောင် ...ဒီကို ခဏလာပါဦးဟဲ့''
ဝေယံဆိုသော ဖက်တီးကောင်ကလည်း စည်ပိုင်းကြီးလိမ့်လာသလိုလှိမ့်ဝင်လာပါသည်။ အနားရောက်တော့ ဒင်းကလည်း သက်သက်မော်ကိုပီယဝါစာ ချိုသာသော စကားဖြင့် ပြန်နှုတ်ဆက်လိုက်၏ ။
''သက်သက်မော် ဂျပုမ၊ ပြော ...ဘာခိုင်းစရာရှိလို့လဲ''
''ပြောမှာ ပေါ့ ဝက်ပုတ်ရဲ့ ၊ ခိုင်းစရာရှိလို့တော့ မဟုတ်ဘူး၊ နင့်လက်ထဲက ဘာစာရွက်လဲ၊ ပြီးတော့ နင် ဘယ်ကိုသွားမလို့လဲ''
''ဂျပုမရယ် ...နင် ဒါတောင်မသိဘူးလား၊ ဒီနေ့ ဟိုစာသင်ဆောင်မှာ လူလိမ်ပြိုင်ပွဲရှိတယ်လေ၊ ရော့ ...ဒီမှာ ဖတ်ကြည့်''
သက်သက်မော်က လှမ်းပေးသော စာရွက်ကို ဖျတ်ခနဲ ဆွဲယူကာအသံထွက်ဖတ်လိုက်သည်။
''မြန်မာနိုင်ငံတွင် တစ်ခါမှ မကျင်းပဖူးသေးသော လူလိမ်ပြိုင်ပွဲကြီးတဲ့၊ ပြိုင်လိုသူ၊ ကြည့်ရှုလိုသူများ သည် အသေးစိတ် အချက်အလက်များ သိရှိလိုပါက (B-2) ခန်းမသို့ ညနေ လေးနာရီထက် နောက်မကျဘဲ လာရောက်ကြပါရန်တဲ့၊ ဘာလဲဟ ...လူလိမ်ပြိုင်ပွဲ ဆိုပါလား''
''အေးလေ ...တစ်ခါမှလည်း မကြားဖူးဘူး''
ယမင်းသူ၏ အပြောကြောင့် မြူခိုးက ...
''သြော် ...မကြားဖူးဆို မြန်မာနိုင်ငံမှာ ပထမဆုံးလို့ ကြော်ငြာမှာ ရေး ထားတာ မတွေ့ ဘူးလား''
''စိတ်ဝင်စားစရာပဲဟ၊ မြူခိုး ..ငါတို့သွားကြည့်ရင် ကောင်းမလား''
''သွားလေ ...ငါတို့လည်း အိမ်ပြန်ဖို့ပဲ ရှိတော့တာမဟုတ်လား၊လောလောဆယ် အားနေတာပဲ''
မြူခိုး၏ ထောက်ခံစကားကြောင့် သက်သက်မော်က ဝေယံဆိုသူဘက် မျက်နှာပြန်မူလိုက်ကာ ...
''ဝေယံ သေချင်းဆိုး ...နင် အဲဒီ ကို သွားမှာ လား၊ သွားရင် ငါတို့လည်း လိုက်ခဲ့မယ်''
''လိုက်ခဲ့လေ ဗိုင်းတာမရဲ့ ၊ ငါက နင်တို့ကို ထမ်းခေါ်သွားရမှာ မှမဟုတ်တာ''
ထိုသို့ သော ချစ်စဖွယ်အသုံးအနှုန်းများ ဖြင့် ပြောဆိုကာ လေးယောက် သား (B-2) ခန်းမသို့ သွားလိုက်ကြသည်။ လမ်းမှာ ယမင်းသူကသက်သက်မော်အနားကပ်၍ ...
''ဟဲ့ သက်သက်မော် ...နင်တို့က ငယ်သူငယ်ချင်းတွေ လား''
''အဲလိုပဲ ဆိုရတော့မှာ ပဲ၊ အဲဒီ မသာနဲ့ ငါက ရှစ်တန်းနှစ် ကျောင်းပိတ်တုန်းက တက်တဲ့ ယဉ်ကျေးလိမ္မာသင်တန်းမှာ စသိခဲ့တာလေ''
''ဟေ''
ယမင်းသူရော မြူခိုးပါ ရယ်မြိ ကတော့သည်။ မြူခိုးက ...
''ဟုတ်မှာ ပါ ...အဲဒါကြောင့် နင်တို့ရဲ့ ဆက်ဆံရေး က သူများ တွေ အားကျရလောက်အောင် ချစ်စဖွယ်ပြေပြစ်နေတာကိုး''
စကားအဆုံးမှာ သက်သက်မော်က ဟီးခနဲရယ်ပြီး ကပ်တိုးလေးပြောလာသေးသည်။
''အဲဒီ ကောင်ဝေယံက ငါ့ကို ကြိုက်နေတာဟ၊ ကိုးတန်းနှစ် တုန်းကတစ်ခါ စာပေးဖူးတယ်''
''နောက်တော့ကော''
''ဟေ့အေး ...အဲဒီ တစ်ခါပဲ''
''တော် တော် ဇွဲကောင်းတဲ့ လူပဲနော်၊ နင်ပြန်ကြိုက်သင့်တယ် သက်သက်မော်''
''ဟာ နင်ကလည်း ...ဒီလောက်ဝတဲ့ ဝက်ပုတ်ကို မကြိုက်ချင်ပါဘူး''
''အေးလေ ...ဟုတ်ပါတယ်၊ နင့်အလှနဲ့ဆိုရင်တော့ ငြင်းချင်စရာပေါ့ဟာ''
''ခွေးမ ...ယမင်း''
ပြောရင်း သက်သက်မော်က ယမင်းသူကို လှမ်းရိုက်လိုက်သည်။သူမ ပြောလည်း ပြောချင်စရာပင်။ သူမလို မည်းမည်းလုံးလုံး ဂျပုမလေးကထိုသို့ သော ဝက်သိုးကို အဘယ်သို့ သော စိတ်မျိုးနှင့် ခံစား၍ ရနိုင်အံ့နည်း။
လက်ခံ၍ ရနိုင်အံ့နည်း။ ကြည်ဖြူ၍ ရနိုင်အံ့နည်း။ ထိုသို့ လေပန်းရင်းပင်လူလိမ်ပြိုင်ပွဲ ကျင်းပမည် ဆိုသော (B-2) ခန်းမသို့ ရောက်လာကြသည်။အခန်းထဲလှမ်းကြည့်လိုက်တော့ လူတွေ ပင် ရုံးစု ရုံးစု ဖြစ်နေကြလေပြီ။
''ဟယ် ...တကယ်ကြီးတော့''
လှမ်းကြည့်ရင်း ယမင်းသူ လွှတ်ခနဲ အသံထွက်သွားသည်။မြူခိုးလည်း လှမ်းကြည့်မိပါသည်။ ခန်းမ၏ ထိပ်ဆုံးနံရံတွင် အလှဆင်ကာချိတ်ဆွဲထားသော ဗီနိုင်းဆိုင်းဘုတ်ကြီးကို တွေ့ လိုက်ရလေ၏ ။
မြူခိုးလည်း မျက်ခုံးပင့်မိလောက်အောင် အံ့သြသွားရ၏ ။ အနီးနားတွင် ရှိသော သက်သက်မော်၏ ဝေယံကိုပင် လှမ်းမေးလိုက်မိသည်။
''ဝေယံ ...ဒီပွဲက ဘယ်သူတွေ လုပ်တာတဲ့လဲ''
''သေသေချာချာတော့ မသိဘူးဗျ၊ ဒီအထဲမှာ သင်တန်းတက်နေတဲ့ သင်တန်းသားတွေ ပဲလို့တော့ ပြောတာပဲ၊ ခဏလေးဗျာ ...ကျွန်တော် ဖောင်သွားဝယ်လိုက်ဦးမယ်''
''ဟင် ...ဘာလုပ်မလို့လဲ''
''ဝင်ပြိုင်မလို့ပေါ့ဗျ၊ ဖောင်တစ်စောင်မှ သုံးထောင်ပဲရှိတာ ...ပထမရရင် အမှတ်တရရုပ်တုနဲ့ ငွေသားဆယ်သိန်းပေးမှာ တဲ့၊ သက်သက်မော်ရေ ...နင် ဘုရား တရားသာ တထားပေတော့''
ထိုသို့ ကြိမ်းဝါးရင်းပင် ဝေယံက ဖောင်ဝယ်ရန် လူအုပ်ကြားထဲတိုးဝင်သွားလေသည်။ဝေယံပြောသွားသော စကားကြောင့် ယမင်းသူက အူတူတူဖြင့် ...
''သက်သက်မော် ...နင့်ကို ဟိုက ခြိမ်းခြောက်သွားတယ်နော်၊ဘုရားတရားသာ တထားပေတော့တဲ့''
သက်သက်မော်က ပခုံးအသာတွန့်လိုက်ပြီး ...
''သွားစမ်းပါဟာ ...အဲဒီ ကောင်စကားလောက်တော့ စိတ်ကူးကိုမယဉ်ဘူး''
''အေး ...လုပ်နေ၊ ဟိုက ထိပ်ဖူးနဲ့ဝင်လာလိမ့်မယ်''
''ယမင်းနော် ...မယုတ်ပတ်နဲ့''
''ကျည်ဆန်ထိပ်ဖူးကို ပြောတာပါဟ၊ နင်ကိုက ကိုယ်သန်ရာသန်ရာ လိုက်တွေးနေတာ''
''ဟဲ့''
သုံးယောက် သား ရယ် ဖြစ်ကြပြန်သည်။ အတန်ကြာတော့ ဘာကြောင့် မှန်းမသိ ...လူတွေ ဆီမှ ဆူညံသံများ တိတ်ဆိတ်သွားပြီး စကားသံတစ်ခု ထွက်ပေါ်လာပါသည်။
''ခုချိန်ကစပြီး ယခုကျင်းပတဲ့ လူလိမ်ပြိုင်ပွဲရဲ့ စည်းကမ်းတွေ နဲ့သိသင့်တဲ့အချက်အလက်တွေ ကို ပြိုင်ပွဲဦးစီးကျင်းပတဲ့ လိုင်ရာအဖွဲ့ရဲ့ ခေါင်းဆောင် ကိုအုပ်စိုးက ရှင်းပြပါလိမ့်မယ် ခင်ဗျာ၊ ကိုအုပ်စိုး စတိတ်ပေါ်သို့ ကြွပေးပါ''
ဆိုင်,မဆိုင်တော့မသိ၊ လက်ခုပ်သံတွေ ထွက်လာကြသည်။ခဏအကြာမှာ တော့ လိုင်ရာအဖွဲ့၏ ခေါင်းဆောင် အုပ်စိုးဆိုသူကဂျင်းဘောင်းဘီနှင့် တီရှပ်ကို ဝတ်ဆင်ကာ စတိတ်ပေါ်သို့ စတိုင်တင်းတင်းနှင့် တက်လာပါသည်။
ထိုလူကိုကြည့်ကာ မြူခိုးပါးစပ်မှ အာမေဍိတ်သံက လွှတ်ခနဲ ခုန်ထွက်သွားလေသည်။
''ဟင် ...ကြက်သမား''
****
(၈)
အုပ်စိုးက စတိတ်ပေါ်ရောက်ရောက်ချင်း လာကြည့်နေသူတွေ ဘက်သို့ လက်ဝှေ့ယမ်းပြကာ အသံပြဲကြီးနှင့် ...
''ပရိသတ်ကြီး မင်္ဂလာပါ၊ အဆင်ပြေရင် လက်ခုပ်သံလေးတွေ ကြားချင်ပါတယ်''
ဘာမလည်း မဆိုင်ချေ။ အရေး ထဲ ဒင်းက အဆိုတော် အာဇာနည်လိုပင် အော်လိုက်သေးသည်။အောက်က လူတွေ ကလည်း အရူးဘုံမြှောက်ဟု သဘောထားကြလေလား မသိ ...လက်ခုပ်တွေ တီးပေးကြပါသည်။ ဘုန်းကြီးရူး ကတော့ လှေပေါ်မှာ လူးချေလေပြီ။လက်ခုပ်သံတွေ ငြိမ်သွားတော့မှ အုပ်စိုးက ...
''မင်္ဂလာပါ ...ကျွန်တော် အုပ်စိုးပါ''
လက်ခုပ်သံတွေ ထပ်ထွက်လာပြန်သည်။ အုပ်စိုး တစ်ယောက် တော့သွေးနားထင်ရောက်ပြီထင့်။လက်ဝှေ့ယမ်းပြလိုက်၍ အသံတွေ ငြိမ်သွားတော့မှ အုပ်စိုးက
MRTV 4 မှ ဂိုးလ်ဒန်းမိနစ်ဂိမ်း အစီအစဉ်တင်ဆက်သူ ဖြိုးဇော်လင်း ကဲ့သို့ စင်ပေါ်မှာ အငြိမ်မနေဘဲ ဖင်ကလေး လှုပ်ကာ လှုပ်ကာဖြင့် ...
''ဒီနေရာမှာ ကျွန်တော် တို့ ပြိုင်ပွဲရဲ့ စည်းမျဉ်းစည်းကမ်းတွေ နဲ့ဆုကြေးတွေ ကို မပြောခင် ဒီပြိုင်ပွဲ ဖြစ်ပေါ်လာပုံကို အရင် ရှင်းပြချင်ပါတယ်၊ဒီပြိုင်ပွဲဟာ ကျွန်တော် တို့မြန်မာနိုင်ငံမှာ ဒါ ပထမဆုံးဆိုပေမယ့် ကမ္ဘာမှာ တော့ကျင်းပနေခဲ့တာ ကြာပါပြီ၊ ဒီ လူလိမ်ပြိုင်ပွဲရဲ့ သမိုင်းကြောင်းကို ပြန်ပြောရရင်တော့ ကမ္ဘာ့အကြီးဆုံးလူလိမ်ပြိုင်ပွဲကို အင်္ဂလန်နိုင်ငံမှာ စတင်ကျင်းပခဲ့တာပါ၊ခု လက်ရှိမှာ လည်း အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှာ နှစ် စဉ်ကျင်းပနေပါတယ် ...၊ကျင်းပ ဖြစ်ပုံ ကတော့ ဆယ့်ကိုးရာစု အစောပိုင်းတုန်းကအင်္ဂလန်နိုင်ငံရဲ့ အကျော်ကြားဆုံးလူလိမ် ဖြစ်တဲ့ ဝယ်လ်ရစ်ဆွန် ကိုဂုဏ်ပြုပြီးကျင်းပခဲ့တာလို့ သိရှိရပါတယ်၊ ထူးထူးခြားခြားအနေနဲ့က နှစ် ထောင့်ခြောက်ခုနှစ် မှာ တော့ ပထမဆုံး အမျိုးသမီးလူလိမ်ပညာရှင်အ ဖြစ်ဆူပါကင်ဆိုတဲ့ အမျိုးသမီးက ရရှိခဲ့ပါတယ်၊ အဲဒီ ပြိုင်ပွဲရဲ့ စဉ်းကမ်းချက်ကတော့ ပြိုင်ပွဲဝင်တစ်ဦးချင်းစီဟာ တစ်မိနစ်ကနေ ငါးမိနစ်အထိ ပရိသတ်တွေ ရဲ့ ရှေ့မှာ အလိမ်အညာစကားများ ပြောကြားခွင့်ရှိပါတယ် ...၊ခု ကျွန်တော် တို့ပြိုင်ပွဲရဲ့ စည်းကမ်းဟာလည်း အဲဒီ အတိုင်းပါပဲ၊ဆုကြေး ကတော့ ကြေညာထားတဲ့အတိုင်း အမှတ်တရရုပ်တုနဲ့ ငွေသားဆယ်သိန်းတိတိ ချီးမြှင့်မှာ ဖြစ်ပါတယ်၊ ကဲ ...ခုဆို ပြိုင်ပွဲဝင်မယ့်ပုဂ္ဂိုလ်တွေ ဟာ စတိတ်ရှေ့ကို ရောက်ရှိနေကြပါပြီ၊ ဒီတော့ မြန်မာနိုင်ငံရဲ့ ပထမဆုံးလူလိမ်ပြိုင်ပွဲကြီးကို ဂုဏ်ယူစွာ စတင်လိုက်ပါပြီခင်ဗျား''
လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်ပေါ်လာပြန်သည်။ခဏနေတော့ ပထမဆုံးပြိုင်ပွဲဝင်မည့်  လူ တစ်ယောက် ကုပ်ချောင်းကုပ်ချောင်းနဲ့ တက်လာပါသည်။ ခပ်ပိန်ပိန်၊ အသားလတ်လတ်နှင့် နှာခေါင်းချွန်ချွန်ပေါ်မှာ မျက်မှန်နက်ကလေးကိုတပ်ထားသေးသည်။ ရှပ်အင်္ကျီဖြူဖြူပေါ်၌ ပန်းပွားလွယ်အိတ်ကြီးကိုလည်း ပခုံးတစ်ဖက်က လွယ်ထားသေးသဖြင့် ရုတ်တရက်ကြည့်လျှင် စာရေး ဆရာ ပဉ္စမံဒီရိုင်း၊ ယမကာဖြတ်ပြီးကိုယ်ရေစစ်သွားသော ပုံနှင့် ပင် တူနေသေးတော့၏ ။
ထိုလူက စတင်ပြီး ...
''အဟမ်း ...မှန်တာပြော သစ္စာပါ၊ ကျွန်တော် ကတော့ အမှန်တရားကို ကိုးကွယ်သူမို့ မှန်သော စကားများ ကိုပဲ ပြောမှာ ဖြစ်ပါတယ်''
(လက်ခုပ်သံများ )
''ဆက်ပြောရရင် ကျွန်တော် ဟာ တီထွင်ပါရဂူတစ်ဦးပါ၊ ကမ္ဘာပေါ်မှာ ရှိတဲ့ အကောင်းဆုံးဆိုတဲ့တက္ကသိုလ်တွေ မှာ ပညာဆည်းပူးခဲ့ပြီး ဟားဗတ်တက္ကသိုလ်မှာ တော့ နည်းပညာရပ်ပိုင်းဆိုင်ရာ ဘာသာရပ်မှာ ကမ္ဘာ့အမှတ်အများ ဆုံး ပထမဆုကို ရရှိခဲ့ပါတယ်၊ ပြီးတော့ စင်ကာပူနိုင်ငံကပေါ်လီကျောင်းတစ်ကျောင်းမှာ လည်း ပါမောက္ခတစ်ဦးအ ဖြစ် ငါးနှစ် တာဝန်ထမ်းဆောင်ခဲ့ပါသေးတယ်၊ ကျွန်တော့် ပုံစံကို ကြည့်ရင် သိနိုင်ပါတယ်''
(လက်ခုပ်သံများ )
''အခုတော့ ကျွန်တော် ဟာ သင်ကြားရေး တွေ မလုပ်တော့ပါဘူး၊ အမိမြန်မာနိုင်ငံကို ကျေးဇူးဆပ်ချင်တဲ့အတွက် ဒီကပညာရှင်တွေ နဲ့ ပူးပေါင်းပြီးအလုပ်ရုံဆွေးနွေးပွဲတွေ , ဟောပြောပွဲလေးတွေ လုပ်ပေးနေပါတယ်၊ ဆွေးနွေးနားထောင်ချင်ရင် လာခဲ့ပါခင်ဗျ၊ ဆီဒိုးနားဟိုတယ်မှာ အပတ်စဉ် ဟောပြောပွဲ ရှိပါတယ်၊ လူငယ်တွေ ကို နားထောင်စေချင်လို့ပါ၊ ကော်ဖီနဲ့မုန့်လည်းကျွေးပါတယ်၊ အဲ ...ဝင်ကြေး ကတော့ ဖရီးပါခင်ဗျ၊ ကျေးဇူးတင်ပါတယ်''
(လက်ခုပ်သံများ )
တစ်ယောက် ကတော့ ပြောပြီးသွားလေပြီ။ အောက်က ဒိုင်နှစ် ယောက် ကလည်း အမှတ်တွေ ပေးနေကြ၏ ။ ခဏနေတော့ နောက်တစ်ယောက် တက်လာပြန်သည်။ စည်ပိုင်းနီးပါး ခန္ဓာကိုယ်အချိုးအစားရှိသော လူငယ်တစ်ယေက် ဖြစ်၏ ။
''မင်္ဂလာပါ ...ကျွန်တော့် နာမည် ကတော့ ဝေယံပါ၊ ပထမဦးဆုံး မိန်းကလေးတွေ ကို ကြိုပြောထားချင်ပါတယ်၊ ကျွန်တော့် ပုံစံကိုကြည့်ပြီးစိတ်ကူးမယဉ်ကြပါနဲ့၊ မပြစ်မှားကြပါနဲ့၊ ကျွန်တော် ဟာ လူပျို တစ်ယောက် မဟုတ်ပါဘူး''
(လက်ခုပ်သံများ )
''ဒီတော့ ကျွန်တော့် ဘဝရဲ့ အချစ်နဲ့ အိမ်ထောင်ရေး အကြောင်းကိုပဲပြောပါမယ်၊ ကျွန်တော် ဟာ ငယ်ငယ်တုန်းကလည်း ဒီပုံစံပါပဲ၊ ခုချိန်ထိလည်းအသားလှအောင်, ဒီလိုခန္ဓာကိုယ်လေး ရအောင် ဘာလိမ်းဆေး, ဘာသောက်ဆေးမှ မစားခဲ့ပါဘူး၊ ကျွန်တော့် ရဲ့ အရင်ဘဝကကုသိုလ်ကြောင့် ဒီလို ချောမောလှပနေတာပါ၊ ပြောရရင်တော့ဗျာ အထက်တန်းကျောင်းသားဘဝကပဲ ကျွန်တော့် ကို ကောင်မလေးတွေ ဝိုင်းကြိုက်ကြပါတယ်၊ ကျွန်တော် ကတော့ ဖွဲနဲ့ဆန်ကွဲတွေ ဆိုပြီး အားလုံးကို ခါထုတ်ခဲ့တာပါပဲ၊ မှတ်မှတ်ရရ ကျွန်တော် ခါထုတ်ခဲ့သူတွေ ထဲမှာ လက်ရှိ အောင်မြင်ကျော်ကြားနေတဲ့ အဆိုတော် ရုပ်ရှင်မင်းသမီး ဝိုင်းစုခိုင်သိန်းနဲ့ မိုးယုစံတို့တောင်ပါပါသေးတယ်''
(လက်ခုပ်သံများ )
''ခဏလေးပါ ...အရေး ကြီးတဲ့နေရာကို ရောက်လာပါပြီ၊ ကျွန်တော် ဟာ အဲဒီ မိန်းကလေးတွေ ထဲကမှ မိန်းကလေး တစ်ယောက် ကို ဆန်ခါတင်ရွေးချယ်ခဲ့ပါတယ်၊ မြင်အောင်ပြောရရင်တော့ သူမရဲ့ မျက်နှာကျဟာဂျူလီယာရောဘတ်မျက်နှာမျိုးပါ၊ နှုတ်ခမ်း ကတော့ အိန်ဂျလီနာဂျိုလီလိုစွဲမက်ဖွယ်ကောင်းတဲ့ နှုတ်ခမ်းမျိုးနဲ့ မျက်လုံးလေး ကတော့ ကင်မရွန်းဒိုင်ယက်လို မျက်လုံးပြာလေးပါ၊ ဆံပင် ကတော့ အများ သိကြတဲ့ နစ်ကိုးကစ်မင်းလို ဆံပင်မျိုးဗျ၊ ကဲ ...နှာခေါင်းနဲ့ နားရွက် ကတော့ တွင် လိုက်ဇာတ်ကားရဲ့ မင်းသမီးလေး ခရစ်စတင်းစတီးဝပ်နဲ့ တစ်ထေရာတည်း တူပါတယ်၊ နောက်ဆုံး ကုန်ကုန်ပြောရရင်ဗျာ ...သူ့ခန္ဓာကိုယ်က တင်ပါးကို အာမခံထားထားတယ်ဆိုတဲ့ ဂျင်နီဖာလိုပက်နဲ့ တစ်ထေရာတည်းပါခင်ဗျာ''
(လက်ခုပ်သံများ )
''အဲဒီ ကောင်မလေးဟာ ကျွန်တော့် ကို ကိုးတန်းကျောင်းသူ ဘဝတုန်းကပဲ တစ်ခါ စာပေးခဲ့ပါတယ်၊ ဘွဲ့ရတဲ့နှစ် မှာ တော့ အတင်း လက်ထပ်ဖို့ပူဆာတာနဲ့ ခုနက ကျွန်တော် ပြောခဲ့သလို သူ့ရဲ့ ရုပ်ရည်ကြောင့် ကျွန်တော် နဲ့လက်ထပ် ဖြစ်ခဲ့ပါတယ်၊ အခုဆိုရင် ဟောလီးဝုဒ်မှာ ကြယ်တစ်ပွင့် ဖြစ်လာမယ့်သားဦးလေးကိုတောင် မွေးထားပြီခင်ဗျ၊ နောက်ဆုံးနိဂုံးချုပ်ရရင်တော့ခင်ဗျားတို့သိချင်နေတဲ့သူဟာ ဒီပရိသတ်ထဲမှာ ရှိပါတယ်၊ ရှာကြည့်ကြပါ၊သူ့နာမည် ကတော့ သက်သက်မော်လို့ ခေါ်ပါတယ်ခင်ဗျား''
လက်ခုပ်စတီးသည်ဆိုတာနှင့် ဝေယံ တစ်ယောက် စင်ပေါ်က တစ်ချိုးတည်းဆင်းပြေးသွားလေသည်။ သူ့ကိုယ်သူ ဘာတွေ ရင်ဆိုင်ရမည် ကိုကြောက်သည်တော့မသိ။ လူတွေ ကတော့ သက်သက်မော် သက်သက်မော်ဟု အော်နေကြလေပြီ။
နောက်တော့ တစ်ယောက် ပြီး တစ်ယောက် တက်ကာပြောကြ၏ ။ဟုတ်သည် ဖြစ်စေ မဟုတ်သည် ဖြစ်စေ သူတို့ပြောသွားသည့် စကားတွေ ကတော့ ရယ်စရာကောင်းသည်မှာ အမှန်ပင်။
သို့ နှင့် နောက်ဆုံး တစ်ယောက် အလှည့်ရောက်လာသည်။ အစီအစဉ်ကြေညာသူက ဝင်းလွင်ဦးဟု ကြေညာလိုက်သည်။ ရှပ်အင်္ကျီပွပွကိုဂျင်းဘောင်းဘီတို့နှင့် တွဲဖက်ဝတ်ဆင်ထားပြီး ကျောပိုးအိတ်လွယ်လျက်ဦးထုပ်ဆောင်းထားသော လူငယ် တစ်ယောက် တက်လာပါသည်။
ထိုလူငယ်က စတိတ်စင်ပေါ်ရောက်ရောက်ချင်း ...
''ကျွန်တော် က ဝင်းလွင်ဦးပါ၊ သောက်ပေါတော့ မဟုတ်ပါဘူး၊ဒီမှာ ကြည့် ...တက်တူးတွေ အများ ကြီးပါ''
မဆီမဆိုင်ပင် ဝတ်ထားသော အင်္ကျီကို ချွတ်ပြလိုက်သေးသည်။မထင်ထားသဖြင့် ပရိသတ်မှာ ဟာခနဲ ဟင်ခနဲ။ ဟုတ်ပါသည် ...ထိုလူငယ်မှာ တကယ်လည်း တက်တူးဆေးမင်ကြောင်ရုပ်တွေ ကို တစ်ကိုယ်လုံးနီးပါးထိုးထားပါသည်။ ထိုအရုပ်တွေ ကိုပြပြီးမှ အေးအေးလူလူပင် အင်္ကျီကို ပြန်ဝတ်လိုက်ပြီး ...
''အခု ကျွန်တော် စင်ပေါ်ရောက်လာတာဟာ ခုနကမှ အမည် မသိအက်ဖ်အမ်က ကြေညာသွားတဲ့ ဘရိတ်ကင်းနယူးကို ပြောပြချင်လို့ပါ''
ပြောရင်းပင် ကျောပိုးအိတ်ထဲမှ စာရွက်တစ်ရွက်ကိုထုတ်၍ ...
''တစ်အချက် ...ခုချိန်ကစပြီး ကျွန်တော် တို့နိုင်ငံမှာ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး လျှပ်စစ်မီးကို နှစ် ဆယ့်လေးနာရီ အပြည့်အဝ ပေးလိုက် ပါပြီ၊ နှစ် အချက် ...နိုင်ငံတကာစံနှုန်းနဲ့အညီ အင်တာနက်မြန်နှုန်းကိုလည်းမြှင့်ပေးလိုက် ပါပြီ၊ သုံးအချက် ...ကုမ္ပဏီတွေ ကလည်း သိမ်းယူထားတဲ့အိမ်ယာ, လယ်ယာ, မြေတွေ ကို ပြန်ပေးလိုက် ပါပြီ၊ လေးအချက် ...မြစ်ဆုံစီမံကိန်းနဲ့ လက်ပံတောင်းတောင်စီမံကိန်းကိုလည်း လုံးဝ လုံးဝ အပြီးအပိုင်ရုပ်လိုက်ပါပြီတဲ့ ခင်ဗျာ၊ ကြေညာချက်အပြည့်အစုံ ကတော့ ဒါပါပဲ၊ ဟုတ်ကဲ့...ကျေးဇူးတင်ပါတယ်''
ပြောပြီး ဝင်းလွင်ဦး စတိတ်ပေါ်က ဆင်းသွားလေသည်။ ပရိသတ်တွေ လည်း တဒင်္ဂ ကြောင်အမ်းနေပြီးမှ ဝုန်းခနဲဆို လက်ခုပ်တွေ တီးကြလေသည်။ ဒီတစ်ခါ လက်ခုပ်သံတွေ ကတော့ ခန်းမတစ်ခုလုံး ဟိန်းထွက်သွားလေသည်။
လက်ခုပ်သံတွေ ငြိမ်သက်သွားတော့မှ အုပ်စိုးက စာရွက်တစ်ရွက်ကိုင်ကာ စတိတ်ပေါ်တက်လာပါသည်။ပြီး ပရိသတ်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးမှ ...
''ကဲ ...ခုဆိုရင်တော့ ကျွန်တော့် လက်ထဲမှာ ဒိုင်တွေ ရွေးချယ်ထားတဲ့ အမှတ်စာရင်း၊ အဲလေ ...ပထမဆုရှင်ရဲ့ နာမည် ကတော့ ရောက်ရှိနေပါပြီ၊ ဒါပေမဲ့ ခုကာလမှာ မဲပေးတာ ခေတ်စားနေတဲ့အတွက် ပရိသတ်ကြီးကလည်း ကိုယ်ကြိုက်တဲ့လူရဲ့ နာမည် ကို ရေး ပြီး စတိတ်စင်ရှေ့က မဲပုံးမှာ မဲလာပေးနိုင်ပါတယ်၊ ပြီးတော့ လက်ကိုင်ဖုန်းရှိသူတွေ ကလည်း (007)ကို (SMS) ပို့ပြီး Vote ပေးနိုင်ပါတယ်၊ Vote ပေးတဲ့နေရာမှာ လည်းကိုယ်ကြိုက်တဲ့လူရဲ့ နာမည် ကိုသာ ရိုက်ထည့်ပေးပါ၊ နာမည် စာလုံးပေါင်းမှားရင်တော့ အဲဒီ SMS ကို ပယ်လိုက်မှာ ဖြစ်ပါတယ်''
ခပ်တည်တည်ပြောပြီး အုပ်စိုးက ဆင်းသွားပြန်သည်။ လူတချို့ကတော့ မဲပုံးထဲသို့ မဲလာထည့်ကြပါသည်။ြှ ကိုတော့ ပို့မပို့မသိ။ ထပ်ပြောရလျှင် ထိုသို့ ဠသအန ပေးပါကလည်း ဘယ်ရောက်သွားမည် ကို မသိပါချေ။အုပ်စိုး ကတော့ မြန်မာနိုင်ငံစံနှုန်းနှင့် အညီ လုပ်ချင်တာတွေ လုပ်လိုက်ခြင်းသာ ဖြစ်သည်။
နောက်ထပ် ဆယ်မိနစ်လောက်ကြာမှ အုပ်စိုးစတိတ်ပေါ် ပြန်တက်လာပါသည်။ ပရိသတ်ကြီးလည်း ဘယ်သူ ပထမဆုရပြီး ငွေဆယ်သိန်းပိုက်သွားမည် ကို သိချင်နေကြလေပြီ။
အုပ်စိုးက ချောင်းတစ်ချက်အရင်ဟန့်လိုက်ပြီးမှ ...
''ဒိုင်တွေ ရွေးချယ်ထားတဲ့လူနဲ့ ပရိသတ်မဲပေးမှု အများ ဆုံးရပြီးပထမဆုဆွတ်ခူးသွားသူ ကတော့ တက်တူးတွေ အများ ကြီးထိုးထားပြီး သူ့ကိုယ်သူ သောက်ပေါမဟုတ်ဘူးလို့ အခိုင်အမာပြောသွားတဲ့ ဝင်းလွင်ဦးပဲ ဖြစ်ပါတယ်''
လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်လာကြလေ၏ ။ အုပ်စိုးကဝင်းလွင်ဦးကို စတိတ်ပေါ်ခေါ်ကာ လူလိမ်ပြိုင်ပွဲ၏ ပထမဆု ဖြစ်သော ရွှေရည်စိမ်ရုပ်တုကြီးကို ချီးမြှင့်လိုက်ပါသည်။ ပြီးမှ ပရိသတ်ဘက်လှည့်၍ ...
''ဒီနေရာမှာ ကျွန်တော် တစ်ခုပြောချင်ပါတယ် ...ကျွန်တော့် အသိစာရေး ဆရာလူနေရဲ့ ပါဆယ်ဝတ္ထုပဟေဠိပြိုင်ပွဲတုန်း ကတော့ ပထမဆုရသူကို ငွေသားသိန်းနှစ် ဆယ် တကယ်ပေးအပ်ခဲ့ပါတယ်၊ မပေးမ ဖြစ် ပေးရတဲ့ဆုငွေမို့ သူနဲ့ သူ့ထုတ်ဝေသူတို့ တစ်ယောက် ဆယ်သိန်းစီအိတ်စိုက်ကာပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်၊ ဒါပေမဲ့ ကျွန်တော် တို့ရဲ့ ခုပြိုင်ပွဲက အစကတည်းက လူလိမ်ပြိုင်ပွဲလို့ နာမည် တပ်ထားပြီးသားပါ၊ ဒီတော့ ဆုငွေဆယ်သိန်းပေးမယ်ဆိုတာကလည်း တကယ်မဟုတ်ဘဲ အလိမ်အညာတစ်ခုသာ ဖြစ်ပါကြောင်း ပြောရင်း လူလိမ်ပြိုင်ပွဲပြီးဆုံးကြောင်း ကြေညာလိုက်ပါတယ်''
''ဟာ''
''ဟင်''
''အို''
ဒီတစ်ခါတော့ လက်ခုပ်သံတွေ အစား အံ့သြသော ရေရွတ် အာမေဍိတ်သံများ သာ ထွက်လာကြလေသည်။ မည် သို့ ပင်ဆိုစေ အုပ်စိုး ကတော့မျက်နှာပြောင်တိုက်လေပြီ။ ပွဲပြီးဆုံးပြီဟု ကြေညာလိုက်သော်လည်း ပရိသတ်မှာ မပြန်ကြဘဲ ပွက်လောရိုက်လြာ ကတော့၏ ။
ထိုစဉ် စတိတ်စင်ပေါ်မှာ ရှိနေသေးသည့် သူ့ကိုယ်သူ သောက်ပေါမဟုတ်ဘူးဟု တရားဝင်ကြေညာထားသော ပထမဆုရှင် တက်တူးတွေ နှင့် ဝင်းလွင်ဦးက ပရိသတ်ကြီးကိုကြည့်၍ ...
''ပရိသတ်ကြီးခင်ဗျာ ...ဒီကိစ္စကြီးဟာ စနစ်တကျ စီစဉ်ထားတဲ့လိမ်ညာမှု ကြီး ဖြစ်ပါတယ်၊ ဒီကိစ္စကြီးကို ကျေနပ်ကြပါသလား''
''မကျေနပ်ပါဘူး''
''မကျေနပ်ဘူးဟေ့''
''ဆန္ဒထုတ်ဖော်ကြမယ်''
အုပ်စိုးလည်း ထိုအသံတွေ ကြောင့် ချွေးစီးများ ပင် ပြန်လာတော့၏ ။ဝင်းလွင်ဦးကပဲ အုပ်စိုးကို မခိုးမခန့်ကြည့်ကာ ...
''ကဲ ကိုအုပ်စိုး ...ခင်ဗျားကို လူတွေ က မကျေနပ်ြ ကတော့ဘူးဗျ၊ ဒီတော့ ဘယ်လိုဖြေရှင်းပေးမှာ လဲ''
''အင်း အဲ ...ဟိုဟာလေ''
အိုးတိုးအမ်းတမ်းပြောရင်း အကူအညီရလိုရငြား ဖိုးကုလားနှင့် ဇော်မင်းတို့ရှိရာဆီ ကြည့်လိုက်မိသည်။ စိတ်ထဲမှာ လည်း ဟာခနဲ ဖြစ်သွားရ၏ ။သကောင့်သားတွေ က ဘယ်အချိန်ကပဲ လစ်သွားပြီ မသိ။ တစ်ယောက် မှမရြှိ ကတော့ချေ။ ထို့ကြောင့် မျက်နှာငယ်လေးလုပ်ကာ ...
''ဘယ်လိုဖြေရှင်းပေးရမှာ လဲဟင်''
ရုတ်တရက် ဘယ်သူမှမပြောနိုင်ကြ။ ထိုစဉ် လူတွေ ကြားမှ ကောင်မလေး တစ်ယောက် က ရှေ့သို့ တိုးထွက်လာပြီး အုပ်စိုးကို လက်ညှိုးငေါက်ငေါက်ထိုး၍ ...
''ဘယ်လိုဖြေရှင်းရမှာ လဲ ...ဒီလူက လူလိမ်ပဲဥစ္စာ၊ ဒီတော့သူ့ကိုယ်သူ လူလိမ် ဖြစ်ကြောင်း အသိအမှတ်ပြုခိုင်းရမှာ ပေါ့''
''ဟင်''
ထိုကောင်မလေးကိုကြည့်ကာ အုပ်စိုးအံ့သြသွားရ၏ ။ မှတ်လည်းမှတ်မိသွားသည်။ သူနှင့် ကြက်ဖကြီးနှင့် တက်စီပေါ်မှာ ဆုံခဲ့ရသော ရွှေငါးမလေး။ ခုတော့ ဒင်းကလေးက ငိုချင်နေသူကိုမှ မျက်ရည်ယိုဗုံးနှင့် ပစ်လေပြီ။
သို့ သော် အုပ်စိုးက မာန်တင်းလိုက်ရင်း ...
''ကဲပါ ...ဒါဆိုလည်း ကျွန်တော် ဟာ လူလိမ်ဆိုတာ ဝန်ခံတယ်ဗျာ၊ ဒါဆိုရပြီလား''
ကောင်မလေးက မခိုးမခန့်လေးရယ်ကာ ...
''ဒီလောက်နဲ့တော့ ဘယ်ရမလဲရှင့် ...မနက်ဖြန်ကျရင် ဒီသင်တန်းဝင်းထဲမှာ ကျွန်တော် လူလိမ်ပါဆိုတဲ့ ဆိုင်းဘုတ်ကို ချိတ်ပြီး ရှင်နေရမယ်၊အခန်းထဲမှာ ပဲ ထိုင်နေလို့ မရဘူးနော်၊ ခါတိုင်းလို သွားမြဲလာမြဲပုံစံနဲ့ နေရမယ်၊ ဒါမှ အားလုံးက ရှင်လူလိမ်မှန်း သိတော့မှာ ပေါ့''
ကောင်မလေး၏ စကားဆုံးဆုံးချင်းမှာ ပဲ လူတွေ ဆီမှ ထောက်ခံသံတွေ တခနဲနက် ထွက်ပေါ်လာတော့သည်။
''ကောင်းတယ်ဗျို့ ...အဲဒီ အတိုင်းလုပ်ပေးပါ''
''ထောက်ခံပါတယ်၊ ထောက်ခံပါတယ်''
''အဲဒါမှ ကျေနပ်နိုင်မယ်ဗျို့''
ကောင်မလေး ကတော့ ဆန္ဒမဲ အပြတ်အသတ်ဖြင့် နိုင်သွားလေပြီ။အုပ်စိုးဘက် ကတော့ ထောက်ခံမဲ တစ်မဲမှမရှိ။ ကိစ္စကပြတ်လေပြီ။နောက်ဆုံး အုပ်စိုးကပဲ ကောင်မလေးကို စေ့စေ့ကြည့်၍ လေသံယဲ့ယဲ့နှင့် ပြောလိုက်ရလေသည်။
''သိပ်ကောင်းတဲ့ ခင်ဗျားအကြံကို လူတွေ က ထောက်ခံနေမှတော့ကျွန်တော် လည်း လုပ်ပေးရတော့မှာ ပေါ့ဗျာ၊ ခေတ်ကြီးကိုက ဒီလိုခေတ်ကိုးဗျ''
****
တစ်ခါတလေကျတော့လည်း
တွေးမိတယ်
သူများ ကပ်ထားတဲ့
တံဆိပ်ကြီးနဲ့နေရတာ
ကိုယ့်ကိုယ်ကိုယ်တောင်
ကိုယ်မဟုတ်တော့သလို
ဘဝက ဝင်ကစွပ်စော်နံတယ် . . .။
****
(၉)
လေးယောက် စလုံး ဟန်လုပ်ကာ မျက်နှာလေးတွေ ငယ်ပြနေမှန်းမသိသည်မဟုတ် သိသည်။ သူတို့လက်ထဲမှာ က လိုအပ်သော ပိုက်ဆံကိုရထားပြီလေ။ လောလောဆယ် လည်စင်းခံလာရသော အုပ်စိုး ကတော့တော် ကီလွှတ်တော့သည်။
''မင်းတို့ကောင်တွေ ကွာ ...တော် တော် ပက်စက်ကြတယ်၊ ပြဿနာလည်း ဖြစ်ရော ငါ့ကိုပစ်ထားခဲ့ကြတယ်''
ဖိုးကုလားက အရင် ...
''ပစ်ထားခဲ့တာတော့ မဟုတ်ပါဘူး အုပ်စိုးရာ ...ငါတို့မှ မင်းလိုမရှင်းတတ်တာလေ၊ ပြီးတော့''
စကားကိုဖြတ်ပြီး ဇော်မင်းကို တစ်ချက်ကြည့်လိုက်၍ အုပ်စိုးက...
''ပြီးတော့ ဘာ ဖြစ်လဲ ...ဆက်ပြောလေ''
''ဟိုကွာ ...ဒီကောင် ဇော်မင်းက သူ့ကို ဘာကင်စောလို့ ပြောတာရယ်, မိုးစုကို ယူအောင်းဆိုးလို့ မင်းနာမည် ပေးသွားတာကို သိပ်အစာမကျေတာနဲ့''
စကားမဆုံးခင်မှာ ဘဲ အုပ်စိုးက ဟက်ခနဲရယ်လိုက်ပြီး ...
''သြော် ...မင်းတို့က ငါ့ကို လက်စားချေလိုက်ကြတာပေါ့လေ၊ငါ့မှာ တော့ မင်းတို့ကဗျာစာအုပ်ထုတ်လို့ရအောင် အကြံဉာဏ်တွေ ထုတ်ပြီးစီစဉ်လိုက်တာ၊ ခုတော့ အားလုံးရဲ့ အမြင်မှာ လူလိမ်ကြီး ဖြစ်ရတော့မယ်...ကောင်းကြသေးရဲ့ လားကွ၊ ကောင်းကြသေးရဲ့ လား''
''ကောင်းတော့မကောင်းဘူးပေါ့ အုပ်စိုးရာ၊ ဒါပေမဲ့ ဒီကိစ္စမျိုးဆိုတာ ဝိပဿနာလေးဘာလေး အားထုတ်ပြီး တရားနဲ့ဖြေပေါ့ကွာ''
ဘာမှလည်းမဆိုင်ချေ။ ဖိုးကုလားစကားကြောင့် အုပ်စိုး ဒေါသအမျက် ခြောင်းခြောင်းထွက်သွားရပြီး ...
''ဟေ့ကောင် ဖိုးကုလား ...မဆိုင်တာတွေ ကို ပြောမနေနဲ့၊ ခုကိစ္စက ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့မရတဲ့ကိန်း ဆိုက်နေပြီ''
''ဒါဆို နင် ဘာဆက်လုပ် မှာ လဲဟင်''
မာယာက မဝံ့မရဲလေး မေးလာခြင်း ဖြစ်သည်။ အုပ်စိုးက ခပ်ထွေထွေမျက်နှာနှင့် တစ်ချက်စဉ်းစားလိုက်သည်။ စဉ်းစားရင်း ဟိုရွှေငါးမလေး၏ မျက်နှာကလည်း ပေါ်လာပြန်၏ ။ ကိုယ့်အပေါ် ချောက်ချခဲ့သော်လည်းထိုကောင်မလေး၏ မျက်နှာက စိတ်နာချင်စရာ တစ်ကွက်မှ ရှာမတွေ့ ချေ။အတွေးထဲမှာ ပင် ဒင်းကလေးက ကောင်းခြင်းငါးဖြာနှင့် ပြည့်စုံနေသလိုလို။ထိုသို့ တွေးရင်း ခေါင်းထဲမှာ လက်ခနဲ ဖြစ်သွားရ၏ ။ ထိုအတွေးနှင့် ပျစ်ပျစ်နှစ် နှစ် တစ်ချက်ပြုံးလိုက်ကာ ...
''ခုမှတော့ သူတို့ပြောတဲ့အတိုင်း ကျွန်တော် လူလိမ်ပါဆိုတဲ့စာတန်းချိတ်ပြီး ဒီဝင်းထဲမှာ ပတ်ပြရတော့မှာ ပေါ့ကွာ၊ အဲဒီ နောက်ပိုင်းရက်တွေ မှာ တော့ မင်းတို့လည်း သတိထားနေတော့''
''ဟေ ...ဘာ ဖြစ်လို့လဲ''
''ဘာ ဖြစ်လို့လဲဆိုတော့ ငါ့ကို လူလိမ်ဆိုပြီးကပ်လိုက်တဲ့ တံဆိပ်အတိုင်း နောက်ပိုင်းမှာ ငါ တကယ်လိမ်ချင် လိမ်တော့မှာ မို့လို့ပဲ''
''ဟေ''
''ဟင်''
****
(၁၀)
မည် သို့ ပင်ဆိုစေ ...မြူခိုး ကတော့ ကိုယ့်လုပ်ရပ်ကိုယ် အတော် ပင် ကျေနပ်အားရနေမိသည်။ မထင်မှတ်ဘဲ ဝင်လာသော ခွင်ထဲ၌ အုပ်စိုးဆိုသူကို ကောင်းကောင်းကြီး ဆုံးမနိုင်ခဲ့သည် မဟုတ်ပါလား။အကြောင်းစုံသိလိုက်ရသော ယမင်းသူကလည်း ...
''နင် အတော် ဉာဏ်ပြေးတာပဲ မြူခိုးရယ်၊ ပထမတော့ ငါလည်းကြောင်နေသေးတယ်၊ မဆီမဆိုင်လူ တစ်ယောက် ကို ဘာ ဖြစ်လို့ ချောက်ချလိုက်လဲပေါ့၊ ပြီးမှ နင့်ရဲ့ ကြက်သမားဆိုတာ သိရတာ လေ''
''အောင်မာ ...ဘာ ငါ့ကြက်သမားလဲ၊ သူ့ဟာသူ အစောကြီးကတည်းက ကြက်သမား ဖြစ်နေတာ''
မြူခိုး ဘောက်ဆတ်ဆတ်ပြန်ပြောလိုက်တော့ ယမင်းသူကပဲ ...
''ဟုတ်ပါတယ် ...ငါကလည်း စကားအ ဖြစ်ပြောတာပါ၊ ဒါနဲ့အဲဒီ အုပ်စိုးဆိုတဲ့လူကို ကြည့်ရတာ ကြက်သမားနဲ့မတူဘူးနော်''
''အောင်မယ် ...နင်က ကြက်သမားကိုမြင်ဖူးလို့လား''
''သြော် ...မြန်မာဗီဒီယိုကားတွေ ထဲမှာ တော့ တွေ့ ဖူးတာပေါ့၊ဘောင်းဘီတိုနဲ့ ပုဆိုးကို ကွင်းသိုင်းပြီးတော့လေ၊ အုပ်စိုးက ကြက်သမားဆိုရင်တောင် အတော် သန့်ပြီး ကြည့်ကောင်းတဲ့ ကြက်သမားပဲဟ''
''အရေး ထဲ''
မြူခိုးက စူပွပွရေရွတ်လိုက်သည်။ ပြီး ငြိမ်နေသော သက်သက်မော်အား စွေကြည့်လိုက်ကာ ...
''သက်သက်မော် ...နင်က ဘာ ဖြစ်နေတာလဲ၊ ကြည့်ရတာ တမှိုင်မှိုင် တတွေ တွေ နဲ့၊ နေမကောင်းဘူးလား''
''ကောင်းပါတယ် ...ဘာမှမ ဖြစ်ပါဘူး၊ ဒီလိုပါပဲ''
မပွင့်တပွင့်ပြန်ဖြေလာသဖြင့် မြူခိုးက မျက်ခုံးအတွန့်ချိုးလိုက်ပြီး...
''မဟုတ်သေးပါဘူးဟာ ...နင့်ပုံစံက အရင် ဒီလိုမဟုတ်ပါဘူး၊တစ်ခုခုတော့ ဖြစ်ကို ဖြစ်နေပါတယ်၊ နင် ငါတို့ကိုမှ မပြောပြရင် ဘယ်သူ့ကိုပြောပြမှာ လဲ ...ပြောလေ''
ထိုအခါမှ သက်သက်မော် အနည်းငယ်လှုပ်ရှားလာသည်။ လေပူတစ်ချက်ကိုလည်း အရင်မှု တ်ထုတ်လိုက်ရင်း ...
''ဒီလိုဟာ မနေ့က လူလိမ်ပြိုင်ပွဲမှာ ဝေယံက ငါနဲ့ပတ်သက်ပြီးပြောသွားတယ်မဟုတ်လား''
''ဟုတ်တယ်လေ၊ ငါတို့လည်း ကြားသားပဲဟာကို၊ ငါတို့တောင်နင် အဲလောက်လှမှန်း အဲဒီ တော့မှ သိရတာ ''
ယမင်းသူက ရယ်ဟဟနှင့် ပြောလိုက်သော်လည်း သက်သက်မော်က မပြုံးမရယ်ဘဲ ...
''မနောက်ပါနဲ့ဟာ၊ အဲဒါ မနေ့ကညမှာ ပဲ ဝေယံက ငါ့ကို ထပ်ပြီးပရိုပို့စ်လုပ်လာတယ်''
''ဟယ်''
''တကယ်ကြီး၊ သြော ...ဒါဆို နင် ဖြစ်နေတာက ဝေယံကိုလည်းပြန်မကြိုက်နိုင်၊ ငြင်းရမှာ ကလည်း သူငယ်ချင်း ဖြစ်နေတော့ အားနာနေတယ်၊အဲဒါကြောင့် စိတ်ညစ်နေတာပေါ့ ...ဟုတ်လား''
သူ့ထင်မြင်ချက်ကို ယမင်းသူက ပြောလိုက်သည်။ ဒီတစ်ခါမှာ လည်း သက်သက်မော်က မျက်နှာသေသေဖြင့် ခေါင်းခါလျက် ...
''မဟုတ်ပါဘူးဟာ၊ ငါ ဒီရက်ပိုင်းမှာ အဖြေပြန်ပေးလိုက် ရင် စောများ နေမလား၊ မိန်းမဈေးများ ကျသွားမလားဆိုပြီး တွေးရင်း စိတ်ညစ်နေတာပါ''
''ဟယ်''
တရားကျစရာပင် ကောင်းလှသေးတော့သည်။ ထိုစကားကြောင့် မြူခိုးက သက်သက်မော်ကို ခပ်တိုးတိုး ကျိန်ဆဲလိုက်ပြီးမှ ...
''ဘာများ လဲလို့ သက်သက်မော်ရယ် ...ကိုယ့်ဟာကိုယ် နန့်ချင်တဲ့ကိစ္စကိုများ စိတ်ညစ်နေရတယ်လို့၊ အဲဒီ ကိစ္စဆိုရင်တော့ ငါတို့လည်းမဆုံးဖြတ်တတ်ဘူး၊ နင့်ဟာနင်သာ မိုက်မိုက်မဲမဲ ဆုံးဖြတ်''
''အေးပါ ...ငါလည်း အချိန်ဆွဲမထားချင်တော့ပါဘူး၊ ကိုးတန်းတုန်းကပဲ စခဲ့တဲ့ဇာတ်လမ်းဆိုတော့လေ၊ ဒီနေ့ပဲ အဖြေပေးလိုက် တော့မယ်ဟာ ...အဟီး''
''မသာမ ...နင်တော့ စည်ပိုင်းပိလို့သေတော့မှာ ပဲ''
''နင်နော် ယမင်းသူ ...မယုတ်ပတ်နဲ့''
ပြောရင်း သုံးယောက် သားရယ် ဖြစ်ကြသည်။ အရယ်ရပ်တော့မြူခိုးက သတိပေးလိုက် သေး၏ ။
''ဘာပဲ ဖြစ် ဖြစ် နင် သတိတော့ထား သက်သက်မော်''
''ဟင် ...ဘာ ဖြစ်လို့လဲ''
မြူခိုးက မချိုမချဉ် မျက်နှာလေးနှင့် ...
''ဒီလိုဟာ ...ငါ စာအုပ်ထဲမှာ ဖတ်ဖူးထားတာ တစ်ခုတော့ရှိတယ်၊ အဲဒါက ဘာလဲဆိုတော့ ယောက်ျားတွေ ဟာ ခုနစ်စက္ကန့်တိုင်းမှာ ဆက်(စ်) (sex) ကိစ္စအကြောင်းကို တစ်ကြိမ်စဉ်းစားလေ့ရှိတယ်တဲ့၊ ဒီတော့နင့်ဖက်တီးကိုလည်း ခုနစ်စက္ကန့်တစ်ကြိမ်တော့ သူ့လက်ကို ကြိုးနဲ့ချည်ထားတာ ပိုကောင်းလိမ့်မယ်''
စကားအဆုံးမှာ သက်သက်မော်က ပခုံးအသာတွန့်ရင်း ပြောင်စပ်စပ်ပုံစံလေးလုပ်ကာ ...
''ဝေယံ ကတော့ အဲလို မလုပ်လောက်ပါဘူးဟာ၊ နင်တို့သိတဲ့အတိုင်း သူနဲ့ငါက ယဉ်ကျေးလိမ္မာသင်တန်း အတူတူတက်ဖူးတာလေ''
''ဟုတ်ပါတယ် ဟုတ်ပါတယ် ...နင်တို့နှစ် ယောက် ဆုံတုန်းကပဲဘယ်လောက်ယဉ်ကျေးလိမ္မာတယ်ဆိုတာ မြင်ပြီးသားပါ''
ရယ် ဖြစ်ကြပြန်သည်။ ထိုအချိန်မှာ ပဲ ယမင်းသူက အခန်းအပြင်ဘက်ကို လှမ်းကြည့်ကာ အံ့သြသံဖြင့် ...
''ဟဲ့ ဟဲ့ ...ဟိုမှာ ဟိုမှာ ...အုပ်စိုးဆိုတဲ့လူ ကျောနဲ့ရင်ဘတ်မှာ လည်း ဆိုင်းဘုတ်ကြီး ချိတ်လို့ပါလား''
''ဟင်''
မြူခိုးလည်း ဆတ်ခနဲ လှမ်းကြည့်မိလိုက်၏ ။ ဟုတ်ပါသည်။ ကျောနှင့် ရင်ဘတ်မှာ ပါ ကျွန်တော် လူလိမ်ပါဟု ရေး ထားသော ဆိုင်းဘုတ်နှစ် ခုကိုချိတ်ရင်း သင်တန်းခန်းမရှေ့က ဖြတ်လျှောက်သွားသည်ကိုတွေ့ လိုက်ရ၏ ။သို့ သော် ကြည့်ရတာ အုပ်စိုးပုံစံက ရှက်ရွံ့သိမ်ငယ်နေပုံ လုံးဝအလျဉ်းမရှိ။ ထိုဆိုင်းဘုတ်တွေ ချိတ်ပြီး သွားနေတာပင် မြောက်ကြွ မြောက်ကြွ ဖြစ်နေသေးသည်။
အုပ်စိုးပုံစံကြောင့် မြူခိုးလည်း မျက်မှော င်လေးကြုတ်လိုက်ပြီး...
''ဒင်းပုံစံကြည့်ရတာ သွေးရိုးသားရိုးတော့ မ ဖြစ်နိုင်ဘူးဟ၊ လာ...ငါတို့ မသိမသာ လိုက်ကြည့်ရအောင်''
မြူခိုးအပြောကြောင့် သက်သက်မော်နှင့် ယမင်းသူတို့လည်း တစ်ယောက် ကို တစ်ယောက် မျက်ခုံးပင့်ကာ ကြည့်လိုက်ကြရင်း ...
''အေးလေ ...နင် ဒီလောက်ဆန္ဒရှိနေမှတော့ လိုက်ကြည့်ကြတာပေါ့ဟာ''
ထိုစကားကြောင့် မြူခိုးက နှစ် ယောက် စလုံးကို မျက်စောင်းထိုးပစ်လိုက်ပါသည်။ ပြီး အုပ်စိုးနောက်သို့ ။
****
![]() မခူးဘဲရွယ် မရွယ်ဘဲစူး | ![]() ပန်းသီးမက်ဆေ့ခ်ျ | ![]() ဟဲ့ |