ပြစ်တင်ပွဲကြီး
ထိတ်လန့်တကြား ဖြစ်မှု သည်၊ အိမ်ပေါင် မြေပေါင်လုပ်ငန်း၌ အကျပ်အတည်း ဆိုက်ခြင်း ထက် လွန်သွားသည်။ ဒေါ်လာတန်ဖိုးကျဆင်းမှု ဆက်လက်ပေါ်လာသည်။ ဒေါ်လာတန်ဖိုး ကျဆင်းမှု က တော် ရုံသင့်ရုံမဟုတ်ဘဲ အတော် ကျဆင်းလာသော အခါ၊ မျက်လုံးပြူးစရာ ဖြစ်လာ သည်။ သို့ ဖြင့် အိမ်ရာမြေအကျပ်အတည်းနှင့် ယင်းနှင့် နွယ်၍ ပေါ်သော ချေးငှားမှု အကျပ်အတည်း တို့နှင့် အတူ ဒေါ်လာကျဆင်းမှု တို့ ပူးမိသဖြင့် ၊ စိုးရိမ်မှု သည် ထိတ်လန့်တကြားအဆင့် ရောက်သွား သည်။
ထိုအခါ ဟိုလူအပြစ်တင်၊ ဒီလူအပြစ်တင်၊ ဟိုနိုင်ငံအပြစ်တင်၊ ဒီနိုင်ငံအပြစ်တင် အပြစ်တင် စကားတွေ ပေါ်လာသည်။ အပြစ်တင်ပွဲ (blane game) ကြီး ဆင်နွှဲနေပေပြီ။ အမေရိကန်ပေါ်လစီ ချမှတ်သူတို့သည် ကိုယ့်ငွေတန်ဖိုးအကြောင်းကို စိတ်မ၀င်စား။ အီရတ်စ်၊ အာဖဂန်စစ်လောက် သော စိတ်ဝင်စားနေသည်ဟူ၍ လည်းကောင်း၊ “အင်အားကြီးသော ဒေါ်လာ” (strong dollar) လို့ သာ အော်တတ်၍ ၊ ဒေါ်လာကျဆင်းလာသော အခါ ကြက်သေ သေနေကြသည်ဟူ၍ လည်းကောင်း အပြစ်တင်သည်။
အမေရိကန်နိုင်ငံရေး သမားအချို့ကလည်း ဘုမသိ၊ ဘမသိ တရုတ်ကို အပြစ်ပုံချသည်။ ဒေါ်လာတန်ဖိုးအားနည်းအောင် ပူးပေါင်းကြံစည်ကြသလို တာဝန်မဲ့စွပ်စွဲသည်။ တကယ်က တရုတ် သည် ဒေါ်လာတန်ဖိုးကျဆင်းခြင်းကို မလိုလားပေ။ ဘာကြောင့် ဤသို့ မလိုလားရသည်ကို ဝေဖန် သုံးသပ်ခြင်းမပြုတော့ဘဲ၊ အမေရိကန်ပေါ်လစီ ချမှတ်သူတို့သည် ဒေါ်လာကိုပစ်ထားသည်။ လျစ်လျူရှူထားလိုက်ကြသည်။ ဤသို့ လျစ်လျူရှုခြင်းသည် အကောင်း ဖြစ်သည်၊ benign neglect ဖြစ်သည်ဟူ၍ လည်း ထင်မှားသည်။
ယခု၊ ဒေါ်လာသည် ထိန်းမနိုင် သိမ်းမရ တန်ဖိုးကျဆင်းမှာ လားဟု မေးခွန်းတွေ ပေါ်လာ တော့မှ၊ အမေရိကန်ပေါ်လစီချမှတ်သူတို့သည် မျက်ကလူးဆန်ပျာ ဖြစ်လာသည်။
ဝှက်ဖဲဘယ်သူကိုင်
ယခု၊ ဒေါ်လာတန်ဖိုးသည် အဘယ်ကြောင့် ကျဆင်းရသနည်းဟု စစ်ကြောသည်။ စင်စစ် အမေရိကန်၏ ကုန်သွယ်ရေး ရှင်းတမ်းနှင့် ပြည်ပငွေစာရင်းရှင်းတမ်းတို့၌ လိုငွေပြမှု တွေ ခေါင်ခိုက် လာကတည်းက၊ ဒေါ်လာသည် အန္တရာယ်ဇုန်ထဲရောက်နေပြီ ဖြစ်ကြောင်းကို သိဖို့ကောင်းသည်။ လိုငွေပြမှု တို့သည် ဒေါ်လာတန်ဖိုးကို ကျဆင်းအောင် ပြုလုပ်တော့မည် ဟု ရိပ်မိဖို့ ကောင်းခဲ့သည်။
သို့ သော် ပေါ်လစီချမှတ်သူတို့သည်၊ ဒေါ်လာတန်ဖိုး ကျဆင်းခြင်းကို မင်္ဂလာရှိသော သတင်းအ ဖြစ် ကြိုဆိုခဲ့ကြသည်။ မှန်သင့်သဘောက်လည်း မှန်ပါသည်။ ဒေါ်လာတန်ဖိုးကျဆင်း သွားသဖြင့် အမေရိကန်မှပြည်ပပို့ကုန်တွေ ဈေးချိုသွားသည်။ အမေရိကန်အိတ်စပို့ တက်သွား သည်။ တစ်ဖက်၌ အမေရိကန်က တင်သွင်းသော သွင်းကုန်တွေ လျော့သွားသည်။ သို့ ဖြင့် ကုန်သွယ်ရေး လိုငွေ ကျဉ်းသွားသည်။ ပြည်ပငွေစာရင်းရှင်းတမ်း လိုငွေလျော့သွားသည်။ သို့ ဖြင့် ဒေါ်လာတန်ဖိုးက ပြန်တက်လိုက်၊ ပြန်ကျလိုက်နှင့် အတက်အကျ ဂနာမငြိမ် ဖြစ်သွားသည်။
ဤသို့ ဒေါ်လာတန်ဖိုး အတက်,အကျ ဖြစ်နေခြင်းကိုပင် သဘောခွေခဲ့သည်။ သို့ သော် ယခု ဒေါ်လာတန်ဖိုးက တက်လိုက်, ကျလိုက် တစ်လှည့်စီမဟုတ်တော့ဘဲ၊ အကျဘက်ချည်း ယိုင်လာ သော အခါ ဒေါ်လာတန်ဖိုးကျဆင်းမှု ကို ထိန်းသိမ်းနိုင်ပါ့မလားဟု စိတ်ပူလာကြသည်။ ယခုမှ ဒေါ်လာတန်ဖိုးကျဆင်းမှု ၏ ဘေးအန္တရာယ်ကိုကာကွယ်ရန် နည်းလမ်းရှာကြသည်။ လောလော ဆယ်၌ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းကို လျှော့ချထားပြီး၊ ဆက်လက်လျှော့ချရန် ပြင်ဆင် နေခြင်းကို ရပ်ဆိုင်းထားလိုက်သည်။ ဗဟိုဘဏ်အတိုးနှုန်း လျှော့ချခြင်းသည် ဒေါ်လာတန်ဖိုးကို ပိုမိုကျဆင်းစေလိမ့်မည် ဟု၊ ယူဆသော ကြောင့် ဖြစ်သည်။
ဒေါ်လာတန်ဖိုးစိုက်ဆင်းမှု ကိစ္စ၌ ၀ှက်ဖဲကိုင်ထားသူ နှစ် ဦးရှိနေသည်။ ပထမက တရုတ် ပြည် ဖြစ်၍ ၊ ဒုတိယက ပင်လယ်ကွေ့ရေနံထုတ်လုပ်ရောင်းချသော နိုင်ငံတို့ ဖြစ်သည်။ ဤနှစ် ဦး လက်ထဲဒေါ်လာတွေ အလျှံပယ်ရှိသည်။ တစ်နည်းပြောလျှင် အမေရိန်ကန်ဒေါ်လာတွေ တန်ဖိုးကို တရုတ်နှင့် အာရပ်တို့က ကိုင်ထားသည်ဟု ဆိုရမည် ။ သံတမန်စကားနှင့် ပြောလျှင် အမေရိကန် သည် တရုတ်နှင့် အာရပ်တို့၏ ပူးပေါင်းဆောင်ရွက်မှု ကို လိုအပ်လာခြင်း ဖြစ်သည်။
ချက်ချင်း အရွှေ့အပြောင်းနှင့် နိဂုံးတစ်ပါး
ဒေါ်လာတန်ဖိုးကျဆင်းမှု ကြောင့် ယူရိုသည် အခြားရွေးစရာငွေကြေး (alternative currency) ဟု ခေါ်သည်။ ယခု ကမ္ဘာကို စိုးမိုးထားသော ဒေါ်လာသည်၊ ယူရိုနှင့် အတူ ကမ္ဘာသုံး ငွေရာထူးကို ခွဲဝေတာဝန်ယူရမည် သဘော ဖြစ်လာ၍ ၊ ကမ္ဘာ့ငွေကြေးစနစ် ရုတ်ချည်း အရွှေ့ အပြောင်း (Sudden shift in the global monetary system) ဖြစ်သွားပြီဟု အကဲဖြတ်ကြသည်။
ဤအချက်ကို ဒေါ်လာထီးနန်းကျသွားသည်ဟု မပြောလိုလျှင်၊ ဒုတိယကမ္ဘာစစ်ကြီးအပြီး ဖြစ်ထွန်းခဲ့သော ဘရက်တန်ဝုဒ် သဘောတူညီမှု ခေတ် ကုန်ဆုံးသွားပြီဟု ပြောလိုရသည်။ ဤ ဘရက်တန်ဝုဒ် သဘောတူညီချက်အရ၊ အမေရိကန်ဒေါ်လာကို တစ်ခုတည်းသော ကမ္ဘာ့ငွေ ကြေးအ ဖြစ်၊ အသိအမှတ်ပြုခဲ့ကြသည်။ ယခု၊ ဒေါ်လာနှင့် အပြိုင် ယူရိုနှင့် အခြားငွေကြေးတို့က လည်း ကမ္ဘာသုံးငွေတွေ ဖြစ်လာသော အခါ၊ ဘရက်တန်ဝုဒ် သဘောတူညီချက် နိဂုံးချုပ်ပြီဟု ပြော နိုင်ပြီ။
ဒေါ်လာတန်ဖိုး၌ လေဆန်, လေစုန်ရှိသည်။ လေဆန်နှင့် တိုးလျှင် တက်သွားလိုက်၊ လေစုန် နှင့် တွေ့ လျှင် ထိုးကျလိုက် ဖြစ်တတ်သည်။ သို့ ဖြင့် ဒေါ်လာတန်ဖိုးကျဆင်းသည်မှာ ၊ အမေရိကန် စီးပွားရေး အခြေခံတရား (economic fundamentals) တွေ ညံ့ဖျင်းဆိုးဝါး သွားခြင်းကြောင့် လား၊ သို့ တည်းမဟုတ် အခြားအကြောင်းတွေ ကြောင့် လားဟု စစ်ကြောမှု တွေ ပေါ်လာသည်။ အချို့ ပညာရှင်တို့က အမေရိကန်စီးပွားရေး ၏ အခြေခံတရားတို့သည် တောင့်တင်းခိုင်မာဆဲ ဖြစ်သည်။ ထို့ကြောင့် ၊ ဒေါ်လာတန်ဖိုးကျဆင်းသည်မှာ အမေရိကန်စီးပွားရေး ၏ အခြေခံတရားတွေ ကြောင့် မဟုတ်ဟု ကောက်ချက်ဆွဲသည်။ သို့ ဖြင့် အခြားအကြောင်းတရားတို့ကို ရှာဖွေပြသည်။
ဘာလုပ်နိုင်သလဲ
ဤအခြားအကြောင်းတရားတို့၌ သုံးပါးရှိသည်။ ပထမအကြောင်းတရားသည် နိုင်ငံအားလုံး လိုလို အထူးသဖြင့် စီးပွားရေး တိုးတက်လာသော နိုင်ငံတို့က၊ သူတို့၏ ငွေကြေးတို့ကို အမေရိကန် ဒေါ်လာနှင့် နှုန်းသေသတ်မှတ်ထားခြင်း (peg ဟု ခေါ်သည်) ဖြစ်သည်။ ဤသို့ “ပက်” လုပ်ထား ခြင်းကို စီးပွားရေး အခြေအနေတွေ ကောင်းနေချိန်၌ ဘာမျှမပြုလုပ်ကြဘဲ၊ စီးပွားရေး အခြေအနေ မကောင်းဟု ဆိုသည်နှင့် ၊ ဤသို့ လုပ်ခြင်းသည် အမေရိကန်ဒေါ်လာကို တန်ဖိုးကျဆင်းအောင် ပြုလုပ်ရာကျသည်။
ဒုတိယအကြောင်း၌ နိုင်ငံတော် များများ သည် သူတို့၏ ငွေပိုငွေလျှံတို့ကို အမေရိကန်ရှိ ဒေါ်လာအက်ဆက်တွေ ၀ယ်ပြီး စုဆောင်းထားကြသည်။ ဒေါ်လာတန်ဖိုးမတည်မငြိမ် ဖြစ်သည်နှင့် ဤဒေါ်လာအက်ဆက်တို့ကို အခြားငွေကြေးဖြင့် တန်ဖိုးဖြတ်သော အက်ဆက်များ အ ဖြစ် ပုံပြောင်း လဲပစ်ကြသည်။ အက်ဆက်အမျိုးအစား အရွှေ့အပြောင်းတွေ တိုးလုပ်လာကြသဖြင့်လည်း ဒေါ်လာတန်ဖိုး ယိုင်သွားသည်ဟုဆိုသည်။
တတိယအကြောင်းသည် အိမ်ပေါင်ရာပေါင်လုပ်ငန်းနှင့်၊ ၎င်းနှင့် နွယ်သော ချေးငှားမှု လုပ်ငန်းတို့သည် အခက်ကြုံပြီး ဒုက္ခတွေ့ သော အခါ ဒေါ်လာတန်ဖိုးလည်း ထိုးကျရသည်။ အညံ့စား အိမ်ရာမြေကို အပေါင်ခံခြင်းကို subprime ဟုခေါ်သည်။ ဤအပေါင်လုပ်ငန်း စိုက်ဆင်းသွားသော အခါ အမေရိကန်ဒေါ်လာသည်လည်း subprime ဖြစ်သွားသည်။ အညံ့စား ဖြစ်သွားသည်ဟု ပြောလိုခြင်း ဖြစ်သည်။
ယခု အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းခြင်းကို nasty crash ဟုခေါ်သည်။ ရုန့်ရင်း ကြမ်းတမ်းသော ပြိုလဲသံဟု အဓိပ္ပာယ်ထွက်သည်။ ထို့ကြောင့် ဤပြိုလဲမှု ကိုပြင်ဆင်ရန် ဘာများ လုပ်နိုင်သနည်းဟု မေးခွန်းထုတ်သည်။ အဖြေငါးမျိုး ပြောသည်။
(၁) အမေရိကန်တွေ ကိုယ့်ငွေကိုဂရုစိုက်ပါ၊
(၂) ငွေကြေးဈေးကွက်ထဲ ၀င်စွက်ပါ၊
(၃) အတိုးနှုန်းကို ပြန်မြှင့်ပါ။
(၄) ဒေါ်လာနှင့် ချိတ်ဆက်ထားသော နိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ပါ။
(၅) တရုတ်နှင့် ငွေကြေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကို မြှင့်တင်ပါဟူ၍ ဖြစ်သည်။
၉ ဇန်န၀ါရီ ၂၀၀၈
အညွှန်း - The Economist
တိုယိုတာက ဆိုနီသာကြည့်လျှင်
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် မည် သည့်နိုင်ငံမှ ကျွန်းနိုင်ငံမဟုတ်တော့ပြီ။ ဂလိုဘယ် လိုက်ဇေးရှင်းသည် ရှောင်လွဲလို့မရသော ဖြစ်စဉ် ဖြင့် လင့်ကစား၊ အချို့နိုင်ငံတို့က ဂလိုဘယ်လိုက် ဇေးရှင်းကို နွေးနွေးထွေးထွေး ထွေးပိုက်သည်။ စိတ်လက်ရွှင်သာစွာ လက်ခံသည်။ အချို့နိုင်ငံတို့ ကမူ ဂလိုဘယ်လိုက်ဇေးရှင်းသာ ခုခံသည်။ အောင့်သက်သက်၊ သုန်သုန်မှု န်မှု န်ဖြင့် လက်ခံသည်။ ဘယ်လိုပဲ လက်ခံလက်ခံ၊ ဂလိုဘယ်လိုက်ဇေးရှင်းသည် ကျွန်းနိုင်ငံတို့ကို ဖျောက်ဖျက်ပစ်လိုက် သည်။ ကျွန်းနိုင်ငံဆိုသည်မှာ ကမ္ဘာနှင့် အဆတ်အစပ်မရှိသလောက် ချိတ်ဆက်မှု နည်းပါးသော နိုင်ငံတို့ကို ရည်ညွှန်းသည်။
ဂျပန်ဘရင်းများ ဖြစ်ကြသော ဆိုနီ၊ တိုယိုတာ၊ ဟွန်ဒါ၊ ကင်နွန်တို့ကိုသာ ကြည့်လျှင်၊ ဂျပန် စီးပွားရေး သည် ဂလိုဘယ်လိုက်ဇေးရှင်းကို လိုလိုချင်ချင် လက်ခံထားသော စီးပွားရေး ဖြစ်သည်ဟု မှတ်ယူစရာရှိသည်။ ဂျပန်စီးပွားရေး သည် ကမ္ဘာ့စီးပွားရေး ထဲ စုစည်းရောက်ရှိပြီးသား ဖြစ်သည်ဟု ဆိုနိုင်စရာရှိသည်။ သို့သော် လက်တွေ့ ကျကျ ဆန်းစစ်ကြည့်လျှင်၊ ဂျပန်စီးပွားရေး သည် ကမ္ဘာ စီးပွားရေး ထဲ ချိတ်ဆက်စုစည်းမိ၌ အားပျော့လျက်ရှိကြောင်းကိုတွေ့ ရမည် ။ Weak integration ဟုခေါ်သည်။
သမိုင်းကိုပြန်ကြည့်လျှင် ဂျပန်သည် နိုင်ငံခြားအိုင်ဒီယာတို့ကို တံခါးဖွင့်ပေးခြင်းနှင့် ၊ သဲကြီး မဲကြီး အထီးကျန်တံခါးပိတ်နေလိုမှု ကြား၊ ဟိုဘက်ဒီဘက် လှုပ်ရှားပြေးလွှားနေသော စီးပွားရေး ဖြစ်ကြောင်းကိုတွေ့ ရသည်။ ကမ္ဘာအနှံ့ဖွင့်လှစ်ထားသော တိုယိုတာ၊ ဆိုနီ၊ ဟွန်ဒါ၊ ကင်နွမ် တို့ကဲ့ သို့သော ကမ္ဘာ့ကုမ္ပဏီကြီးများ ရှိသော်လည်း၊ တစ်ဖက်၌ ဂျပန်စီးပွားရေး ထဲ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှပ်နှံမှု တို့မှာ အလွန်အားနည်းလျက်ရှိသည်။
စည်းမျဉ်းအမွေ
ဂျပန်စီးပွားရေး ထဲ၌
(၁) နိုင်ငံခြားရင်းနှီးမြှပ်နှံမှု အလွန်နည်းသည်။
(၂) နိုင်ငံခြားသား အလုပ်သမားများ ၊ ဂျပန်၌ အလုပ်အကိုင်မှု သည် အလွန်နည်းသည်။
(၃) ဂျပန်ကုန်ချောထုတ်လုပ်မှု နှင့် ၀န်ဆောင်မှု လုပ်ငန်းတို့တွင် နိုင်ငံခြားသားပိုင်ဆိုင်မှု သည် သုံးရာခိုင်နှုန်းသာရှိသည်။
(၄) နယ်ခြားဖြတ်ကျော်၍ ကုမ္ပဏီချင်းပေါင်းစည်းကြခြင်း၊ ကုမ္ပဏီချင်းသိမ်းယူကြခြင်း စသည့်လုပ်ငန်းတို့သည် အမေရိကားနှင့် ဥရောပတို့တွင် လှိုင်းတံပိုးထနေစဉ်၊ ဂျပန် သည် ဤလှိုင်းတံပိုးထဲ ပါဝင်ပတ်သက်ခြင်းမပြုပေ။ ဘေးရှောင်နေသည်။
ဥရောပနှင့် အမေရိကားတို့တွင် နိုင်ငံခြားသားတို့ထံ ကုမ္ပဏီများ ရောင်းချမှု သည် ကုမ္ပဏီချင်းပေါင်းခြင်းနှင့် သိမ်းယူခြင်း စုစုပေါင်း၏ ၄၇ ရာခိုင်နှုန်းရှိသည်။ ဂျပန်၌ နိုင်ငံခြားသားတို့က ဂျပန်ကုမ္ပဏီတို့ကို ၀ယ်ယူခြင်း၊ သိမ်းပိုက်ခြင်းသည် ၂.၃ ရာခိုင်နှုန်းသာသည်။
ယနေ့ မျက်မှော က်ခေတ်၌ လူထုတို့သည် မကြုံစဖူး ထူးကဲစွာ ကမ္ဘာပတ်ပြီးလှုပ်ရှားနေ ကြသည်။ ထိုနည်းတူစွာ ကုန်ပစ္စည်းနှင့် ၀န်ဆောင်မှု တို့ကလည်း အရှိန်အဟုန်ပြင်းထန်စွာ ဖြင့် ကမ္ဘာ ပတ်ပြီး လှုပ်ရှားရသည်။ လူ၊ ပစ္စည်း၊ ၀န်ဆောင်မှု နှင့် ရင်းနှီးမြှပ်နှံတို့သည် မကြုံစဖူး မိုဘိုင်း ဖြစ်နေကြသည်။ သို့ရာတွင် ဂျပန်နိုင်ငံထဲ လူတွေ ၀င်ရောက်မှု သည်၊ အသားတင်၌ သုည ဖြစ်နေ သည်။ သဘောမှာ ၊ ဂျပန်သည် ကမ္ဘာ့ရေစီးကြောင်းအပြင်အပ၌ ရောက်ရှိနေသလို ဖြစ်နေသည်။
သို့ဖြင့် ကမ္ဘာ့ရေစီးကြောင်းအပြင်အပ၌ ၊ ဂျပန်သည် အဘယ်ကြောင့် ရောက်ရှိနေရ သနည်းဟု မေခွန်းထုတ်သည်။ အကြောင်းတရားမျိုးစုံရှိလေရာ ပထမ အကျပ်အတည်းသည်၊ ဂျပန်သည် ဒုတိယကမ္ဘာစစ်ကြီးအပြီး စည်းမျဉ်းကန့်သတ်၍ အုပ်ချုပ်သော အစဉ်အလာကို အမွေ အ ဖြစ် ဆက်လက်ရရှိလေနေသော အကြောင်း ဖြစ်သည်။ ဂျပန်ပြည်တွင်းစက်မှု လုပ်ငန်းတို့ ကို ကာကွယ်ရန်အလို့ငှာ ပြည်ပမှ ပစ္စည်း၊ ၀န်ဆောင်မှု နှင့် ရင်းနှီးမြှပ်နှံမှု များ တင်သွင်းခြင်းကို ပိတ်ပင် ကန့်သတ်ခဲ့သည်။ ဤသို့ပိတ်ပင် ကန့်သတ်ချက်တို့ကြောင့် ၊ ဂျပန်စီးပွားရေး သည် ကမ္ဘာ့စီးပွားရေး နှင့် တစ်သားတည်းစုစည်းမိရန် ခက်ခဲခဲ့သည်။
လိပ်ခေါင်းလို ပြန်လျှို
စည်းမျဉ်းစည်းကမ်းများ ချမှတ်၍ ပိတ်ပင်ကန့်သတ်ရာ၌ ဈေးကွက်အလိုက် ကန့်သတ်ချုပ် ချယ်မှု များ ပြုလုပ်ခဲ့သည်။ ဤသို့ဈေးကွက်ကို ကန့်သတ်ချုပ်ချယ်သော စည်းမျဉ်းတို့ကြောင့် နိုင်ငံခြားကုမ္ပဏီတို့သည် ဂျပန်စီးပွားရေး ထဲဝင်ရောက်ရန် မလွယ်ကူခဲ့ပေ။ ရယ်စရာအကောင်းဆုံး ဥပမာမှာ နိုင်ငံခြားလုပ် နှင်းခဲပြင်လျှောစီးစကီးတို့ကို မတင်သွင်းရဟု ပိတ်ပင်တားမြစ်ချက် ဖြစ် သည်။ ဤတားမြစ်ချက်ကို ချမှတ်ရသည့် အကြောင်းအရင်းမှာ ၊ ဂျပန်နှင်းသည် တစ်မူထူးခြား သည်။ အခြားနိုင်ငံတို့မှ နှင်းတို့နှင့် အတူဟု အကြောင်းပြဥည်။
နှင်းချင်းမတူ၍ နိုင်ငံခြားလုပ်လျှောစီးစကီးတို့ကို ပိတ်သည်ဟုအကြောင်းပြသည့်နည်းတူ၊ ဂျပန်ကုမ္ပဏီအချင်းချင်း အပြန်အလှန် အစုရှယ်ယာများ ထည့်ဝင်သည့်စနစ် (cross-holding) ကလည်း၊ နိုင်ငံခြားကုမ္ပဏီတို့က ဂျပန်ကုမ္ပဏီတို့အား ၀ယ်ယူသိမ်းပိုက်ရန် အလွန်ခက်ခဲစေသည်။
ထို့အပြင်၊ လွန်ခဲ့သော ၁၅ နှစ် လုံးလုံး ဂျပန်ကုမ္ပဏီတို့သည်၊ သူတို့၏ အတွင်းရေး အကျပ် အတည်းတို့နှင့် နပန်းလုံးနေရသဖြင့်၊ ပြည်ပထွက်ပြီး လုပ်ငန်းတိုးချဲ့ရန် စိတ်မကူးနိုင်ခဲ့ကြပေ။ ပြည်တွင်းအရှုပ်တော် ပုံတို့နှင့် သာ ချာလပတ်လည်နေခဲ့ရ၍ ပြည်ပကို ခြေဆန့်ရန် မအားဘဲ ဖြစ်နေ ခဲ့ရသည်။ မက္ကင်ဇီအတိုင်ပင်ခံအဖွဲ့၏ သုံးသပ်ချက်အရ၊ ဂျပန်ကုမ္ပဏီတို့သည် ချိတ်ဆက်မှု ပြုရန် မေ့နေသည်။ ၁၉၈၀ နှစ် တို့၌ ကမ္ဘာသို့ ခြေဦးလှည့်ခဲ့သော ဂျပန်ကုမ္ပဏီတို့သည်၊ ပြည်တွင်း ဘက် ပြန်လျှိုဝင်ကြသည်။
ဈေးကွက်ခါသွားရန်လို
ဆီလီကွန်ဗယ်လီဟုခေါ်သော နည်းပညာတက္ကနိုလိုဂျီဗဟိုစင်တာမျိုး ဂျပန်၌ အပ်ခဲ့သည်။ သို့ရာတွင် ဤလိုစင်တာမျိုးပေါ်ပေါက်ရန် ကမ္ဘာနှင့် ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်မိထားဖို့ ကနေဦး လိုသည်။ ကမ္ဘာနှင့် အချိတ်အဆက် အားနည်းနည်း ဖြင့် ဆီလီကွန်ဗယ်လီ မထွန်းကားနိုင်ပေ။ ထို့ကြောင့် ဆီလီကွန်ဗယ်လီမျိုး၊ တယ်လီပို့မျိုး ဝေေ၀ဆာဆာ ထွန်းကားချင်လျှင် ကမ္ဘာနှင့် အချိတ်အဆက် အင်အားကောင်းရမည် ။ ကမ္ဘာနှင့် အချိတ်အဆက်အားလျော့မှု ကြောင့် ၊ ဂျပန်၌ ဆီလီကွန်ဗယ်လီမျိုး၊ တယ်လီပို့မျိုး ဝေေ၀ဆာဆာ ထွန်းကားချင်လျှင် ကမ္ဘာနှင့် အချိတ်အဆက် အင်အားကောင်းရမည် ။ ကမ္ဘာနှင့် အချိတ်အဆက်အာလျော့မှု ကြောင့် ၊ ဂျပန်၌ ဆီလီကွန်မရှိခဲ့ပေ။ ရှိရန်ကြိုပမ်းမှု များ ရှိသော်လည်း၊ ကမ္ဘာနှင့် ချိတ်ဆက်မှု အားပျော့သဖြင့် ၊ ဂျပန်၏ တီထွင် ဆန်သစ် မှု တို့ကို ပြုသော အင်ဂျင်သည်လည်း အားလျော့ရပြီး၊ အိုင်စီတီခွန်အားသည် ကမ္ဘာနှင့် ချိတ်ဆက် မှု အပေါ် မူတည်သည်။
ယခု ဂျပန်၏ ပြည်တွင်းဈေးကွက်သည် ရင့်မာနေပြီ။ ထိုအချိန်၌ ဂျပန်လူဦးရေက လျော့ပါး ကျဆင်းလာသည်။ ထို့ကြောင့် ဂျပန်ုစီးပွားရေး အဖို့၊ဂျပန်ကုမ္ပဏီများ အဖို့ အပြင်ထွက်၍ အခွင့် အလမ်းများ ရှားဖွေရန် အပူတပြင်းလိုလာပြီး၊ ဂျပန်သည် ဂလိုဘယ်လိုက်ဇေးရှင်းကို ခါတိုင်းထက် ပိုပြီး ခွန့်အားစိုက်၍ ကြိုးပမ်းရတော့မည် ။ ဈေးကွက်အသစ်တွေ ပြင်းပြင်းထန်ထန် ရှာဖွေရတော့ မည် ။
ဂလိုဘယ်လိုက်ဇေးရှင်းအရှိန်ကို အပြင်အပ၌ သာ မြှင့်တင်ရန် မဟုတ်။ ဂျပန်ပြည်တွင်း၌ လည်း ဂလိုဘယ်လိုက်ဇေးရှင်း အရှန်ကို မြှင်တင်ရမည် ။ ပြည်တွင် ၌ ဂလိုဘယ်လိုက်ဇေးရှင်း အရှိန်ကို မြှင့်တင်ရန်ဆိုသည်မှာ ၊ နိုင်ငံခြားအရင်းအနှီးနှင့် နိုင်ခြားကုမ္ပဏီတို့ကို ရက်ရက်ရောရော ကြိုဆိုဖိတ်ခေါ်ခြင်းကို ဆိုလိုသည်။ ပိုပြီး ထက်ထက်မြက်မြက်ရှိသော နိုင်ငံခြားကုမ္ပဏီတွေ ဂျပန် စီးပွားရေး ထဲ တွန်းတွန်းတိုက်တိုက်ဝင်လာလျှင်၊ ယင်းသည် ဂျပန်ပြည်တွင်းဈေးကွက်တို့ကို ကိုင်လှုပ်ပစ်မည် သာ ဖြစ်သည်။ ဂျပန်စီးပွားရေး သည် မိမိဈေးကွက်ကို ကိုင်လှုပ်ပစ်မည့်  နိုင်ငံခြား ကုမ္ပဏီတို့ကို ဖိတ်ခေါ်ရန်လိုသည်။ ဈေးကွက်ခါသွားဖို့ အရေး ကြီးသည်။
၁၆ ဇန်န၀ါရီ ၂၀၀၈
အညွန်း - The Economist
ရွှေလက်ငင်း အရေး နှစ် ရပ်
ယခုဆောင်းပါးတွင် လက်ငင်းအရေး တကြီး ပေါ်လာသော အကြောင်းအရာနှစ် ပါးကို တစ်ပေါင်းတည်ရေး လိုသည်။ ၎င်းအကြောင်းအရာနှစ် ပါးမှာ -
(၁) ရွှေဈေးနှုန်း တစ်အောင်စ ဒေါ်လာ ၉၀၀ အထိ မြင့်တက်သွားသဖြင့် ရွှေရှော့ခ်(gold shock) ဖြစ်ဦးမည် လောဟူသော ပြဿနာနှင့်
(၂) ဂျပန်၌ ဆုံးဖြတ်ချက်ချခြင်းအဆောက်အအုံ (decision making structure) အားလျော့သွားခြင်းပြဿနာတို့ဟူ၍ ဖြစ်သည်။
ရှော့ခ်နှစ် မျိုးရော
ရွှေဈေးနှုန်းသည် သော ကြာနေ့၌ တစ်အာင်စ ဒေါ်လာ ၉၀၀ အထိ ထောင်တက်သွား သည်။ တစ်အောင်စ ၈၄၀ နှုန်းကို `ခွေးကတက်စံနှုန်း´(threshold)ဟု သတ်မှတ်ထားရာ ဤစံ နှုန်းကို ရွှေဈေးကကျော်ဖြတ်လိုက်သဖြင့် ၊ ယင်းသည် ရွှေရှော့ခ် လက္ခဏာလားဟု အပူတ ပြင်းစဉ်း စားကြသည်။ ရွှေ တစ်အောင်စ ဒေါ်လာ ၈၄၀ နှုန်းထက် ရှော့ခ်လက္ခဏာ မရှိ။ ကျော်သည် နှင့် ရွှေရှော့ခ် ဖြစ်ပြီဟု မှတ်ယူသည်။
၂၀၀၅ ခုနှစ် ၌ ရေနံရှော့ခ်ပေါ်ခဲ့သည်။ ထိုစဉ်က ရေနံတစ်စည် ဒေါ်လာ ၇၀ ရောက်ခြင်းကို ရှော့ခ်အ ဖြစ် သတ်မှတ်သည်။၂၁ ရာစု၏ ပထမဦးဆုံးရေနံရှော့ခ်ဟူ၍ လည်း သတ်မှတ်သည်။ ယခုရေနံတစ်စည် ဒေါ်လာ ၁၀၀ ထိ ဖြစ်လာသည်။ ရွှေတစ်အောင်စ ဒေါ်လာ ၉၀၀ ရောက်လာ သည်။ သို့ ဖြင့် ရေနံရှော့ခ်နှင့် ရွှေရှော့ခ်ပူးတွဲနေပြီဟု မှတ်ယူရတော့မည် ။
ရီဆက်ရှင်းနှင့် ဒေါ်လာ
၂၀၀၈ ခုနှစ် ထဲဝင်သည်နှင့် အမေရိကန်စီးပွားရေး သည် ရီဆက်ရှင် (ဆုတ်ယုတ်ကျဆင်း ကပ်)ထဲ ၀င်ပြီလောဟူ၍ အချေအတင် ဖြစ်ခဲ့သည်။ ယခု အားလုံးလိုလိုက အမေရိကန်စီးပွားရေး သည် ရီဆက်ရှင်ထဲ စိုက်ဆင်းနေပြီဟု၊ ၂၀၀၈ အလားအလာနှင့် ပတ်သက်ပြီး ကောက်ချက်ချ လိုက်ကြသည်။ ထို့ကြောင့် ရေနံရှော့ခ်နှင့် ရွှေရှော့ခ်တို့သည် အမေရိကန်စီးပွားရေး ရီဆက်ရှင် (ဆုတ်ယုတ်ကျဆင်မှု ကပ်) နှင့် တစ်ချိန်တည်း ပေါ်လာနေပြီ။
ထို့ကြောင့် ၂၀၀၈ ခုနှစ် ကမ္ဘာစီးပွားရေး ကို မည် သူကမျှ အကောင်းမမြင်။ Bleck မျှော်လင့် အားရဖွယ်မရှိဟု သုံသပ်ကြသည်။ (၁) ရေနံရှော့ခ်၊ (၂) ရွှေရှော့ခ်၊ (၃) ငွေကြေး ချေးငှားမှု ကျပ်တည်းမှု (creditcris)နှင့် (ဒေါ်လာတန်ဖိုးကျဆင်းမှု တိုသည် ထင်သာမြင်သာ ဖြစ်နေရာ၊ ဤ ဖြစ် ထွန်းမှု တို့က အဆိုးဘက်ကိုသာ ညွှန်းမည် ဖြစ်သည်။
ပျံ့နှံ့လာခြင်း
ထူးခြားသည်ဟု မဆိုနိုင်စေမှု ၊ အရေး ကြီး ထည့်သွင်းစဉ်းစားသင့်သည် ဖြစ်ထွန်းမှု တစ်ရပ် ကိုလည်း ရှုမြင်သည်။ ယင်းမှာ ရွှေတစ်အောင်ဒေါ်လာ ၉၀၀ သို့ မြှင့်တင်သည် နှင့် ကမ္ဘာအရပ်ရပ် မှ စတော့အိပ်စ်ချိန်းတို့တွင် ရှယ်ယာဈေးတွေ ကျဆင်းကုန်ခြင်း ဖြစ်သည်။ ရွှေတစ်အောင်စ ၉၀၀ ဖြစ်လို့ ရှယ်ယာဈေး ကျတာလား၊ ရေနံတစ်စည် ဒေါ်လာ ၁၀၀ နားထိ၍ ရှယ်ယာဈေးကျဆင်းလာ တာလား၊ ရှော့ခ်နှစ် ခုစလုံးကြောင့် ရှယ်ယာဈေးကျတာလား စောင့်ကြည့်လေ့လာသင့်သည်။
ရှယ်ယာဈေးနှုန်း အတက်အကျဖောက်ပြန်ပြီး၊ ယခုရွှေဈေး တစ်အောင်စ ဒေါ်လာ ၉၀၀ ကြောင့် ဖြစ်စေ၊ ရေနံတစ်စည် ဒေါ်လာ ၁၀၀ ကြောင့် ဖြစ်စေ၊ ရှယ်ယာဈေးကွက်တို့ကို ထိခိုက်လာ သည့်အချက် ဘာပြသနည်းဆိုမူ၊ စီးပွားရေကပ်သည် ပျံ့နှံ့ကျယ်ပြန်သွားခြင်းကို ပြသည်။ ဈေးကွက်တစ်ခုတည်း၊ ကဏ္ဍတစ်ခုတည်း ကွက်၍ ဖြစ်ခြင်းမျိုးမဟုတ်ဘဲ၊ ဆိုးဝါးမှု သည် ဈေးကွက် အားလုံးကို ပျံ့နှံ့သွားသည့်သဘောကို ပြလာသည်။
ဆုံးဖြတ်ချက် ဘယ်လိုချ
ထိုအခြေနေ၌ နိုင်ငံတိုင်း၏ ဆုံးဖြတ်ချက်ချပုံစနစ် အဆောက်အအုံကို ဂရုတစိုက်ကြည့် လာကြသည်။ အကျပ်အတည်းအခြေအနေ၌ ဆုံးဖြတ်ချက်ချပုံယန္တရားနှင့် အဆောက်အအုံတို့ သည် အာကောင်းဖို့လိုသည်။ တောင့်တင်းမြန်ဆန် ဖို့လိုသည်။ အကယ်၍ ဆုံးဖြတ်ချက်ချပုံ အဆောက်အအုံသည် အားနည်းနေပါက၊ အထက်တွင် ဖော်ပြခဲ့သည့် ကပ်ဘေးကို ခုခံနိုင်မည် မဟုတ်ပေ။ ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ရေနံရှော့ခ်၊ ရွှေရှော့ခ်၊ ဒေါ်လာတန်ဖိုး ကျဆင်းမှု နှင့် အထွေထွေ ကျဆင်းမှု တို့ကို ရင်ဆိုင်လာရသည့် အခြေအနေတွင် ၊ ဆုံးဖြတ်ချက်ချပုံ ယန္တရားတို့ကို လေ့လာကြည့်ကြသည်။
ဂျပန်
ယခုဆောင်းပါးတွင် ဂျပန်၏ ဆုံးဖြတ်ချက်ချပုံ၊ ယန္တရားနှင့် အဆောက်အအုံခိုင်,မခိုင်ကို အဓိက လေ့လာကြည့်ထားသည်။ ဆုံးဖြတ်ချက်ချပုံ အဆောက်အအုံစနစ်ဆိုသည်မှာ ယခင်စကား နှင့် ပြောလျှင်၊ ပါဝါအဆောက်အအုံ (သို့ မဟုတ်) ဆုံးဖြတ် လုပ်ပိုင်ခွင့် အဆောက်အအုံ (power structure) ကို ရည်ညွန်းသည်။ ပါဝါအခြေစိုက်စခန်းသည် အာဏာရ နိုင်ငံရေး ပါတီအတွက် အလွန်အားပျော့သွားသည်။ ထို့ကြောင့် အာဏာရလစ်ဘရယ် ပါတီ၌ ၀န်ကြီးချုပ်နှစ် ဦး ဆက်တိုက် ထွက်ပေးရသည်။
ဆုံးဖြတ်ချက်ချမှတ်ပုံစနစ်ကို လေ့လာသော အကြောင်းအရာကို၊ အများ ဆိုင်ရာပေါ်လစီ (public policy) ကိုလေ့လာခြင်းဟု ခေါ်သည်။ ဂျပန်နိုင်ငံရေး သည် ဒီမိုကရေစီနိုင်ရေး ဖြစ်သည်။ ပါတီတို့၏ နိုင်ငံရေး ဖြစ်သည်။ ရွေးကောက်ပွဲတို့၌ လူထုက ပါဝင်ပတ်သက်ကြသည်။ ဤသို့ဆိုတိုင်း လူထုအများ သည် အရေကြီးသော ဆုံးဖြတ်ချက်များ ချမျတ်ရာတွင် ပါဝင်ပတ်သတ်ကြသည် မဆို နိုင်ပေ။
အင်တာနေရှင်နယ် ပတ်ဘလစ်ပေါ်လစီ သုတေသနစင်တာမှ ညွန်ကြားရေး မှူး ပါမောက္ခ နိုကီတာနာကာက၊ ရွေးကောက်ပွဲတို့တွင် ပါဝင်ပတ်သက်ခြင်းနှင့် ၊ အရေး ကြီးသော ဆုံးဖြတ်ချက် တို့တွင် ပါဝင်ပတ်သက်ခြင်းတို့ မတူပုံကို ၊ခြားခြားနားနား ခွဲခြားပြသည်။
ရေလိုက်ငါးလိုက်
ဂျပန်လူထု၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်မှု သမိုင်းကို ပါမောက္ခ တာနာကာက ခြေရာခံပြ သည်။ ဒုတိယကမ္ဘာစစ်၌ ဂျပန်လူထု၏ နိုင်ငံရေး တွင် ပါဝင်ပတ်သက်ပုံသည် စစ်ဘက်ခေါင်း ဆောင်မှု ကို မျက်စိမှိတ် ကျိုးနွံနာခံရုံ ဖြစ်သည်။ ဤလမ်းမှလွဲ၍ လည်း တခြားရွေးစရာမရှိသော ဒုက္ခ ဘေးကို ကြုံခဲ့ရသည်။ ဒုတိယကမ္ဘာစစ်ကြီး ပြီးစီးသွားသော အခါ၊ ဂျပန်သည် ကမ္ဘာရေး ရာတို့တွင် စစ်အေးခေတ်စနစ်ကြောင့် ၊ ဂျပန်သည် ကမ္ဘာရေး ရာတို့တွင် အပြုသဘောဖြင့် ပါဝင်ဆောင်ရွက် လိုသည်။ သို့ ရာတွင် စစ်အေးခေတ်စနစ်ကြောင့် ဂျပန်သည် အမေရိကန် ခေါင်းဆောင်မှု နောက်ကို လိုက်ခဲ့သည်။
အမေရိကန်နောက်လိုက် ဖြစ်သည်။ သဘောမှာ ရှည်ရှည်ဝေးဝေးတွေးတာရန် မလို။ ခေါင်းခဲခံပြီး ဆုံးဖြတ်ချက်တွေ ချရန်မလို။ အမေရိကန်နောက်လိုက်လျှင် ဂျပန်၏ အမျိုးသားလုံးခြုံ ရေး အတွက် စိတ်ချရသည်။ ဂျပန်အတွက် ကောင်းမွန်သည်ဟု ဆိုသော ယူဆချက်ကို၊ လက်ခံ ရုံသာ ဖြစ်သည်။ ထို့ကြောင့် စစ်ပြီးခေတ်ဂျပန်၏ အခြေခံဖရိန်ကြောင့် ၊ အများ ဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်ခြင်း (public decision making) အပိုင်းတွင် ၊ အတွေ့ အကြုံဆို၍ မည် မည် ရရ မရှိခဲ့ပေ။ ဆုံးဖြတ်ချက်ချမှု အပိုင်း၌ အတွေ့ အကြုံနည်းသည်။ အမေရိကန်ဆုံးဖြတ်ချက်ကို ရေလိုက်ငါးလိုက် မျှောလိုက်ရုံ ဖြစ်သည်။
အောက်ခြေဘောင်
ဤသို့ အချောင်ခိုမျှောလိုက်သဖြင့် လုံခြုံရေး စရိတ်ကို မျှဝေတာဝန်ယူရမှန်းလည်း မသိခဲပေ။ သို့ ဖြင့် အများ ဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်မှု ယန္တရားသည် အလွန်အားနည်းလာသည်။ ရင့်ကျက်ခြင်းလည်းမရှိ ဖြစ်နေသည်။ ထို့ကြောင့် ဂျပန်၏ အများ ဆိုင်ရာ ပေါ်လစီလေ့လာရေး အဖွဲ့ တို့က၊ ပတ်ဘလစ်ပေါ်လစီ တို့အတွက် ဂျပန်၏ အောက်ခံဘောင်ကို အသစ်ပြန်လည်တည် ဆောက်ရန် နှိုးဆော်သည်။ ဤအဖွဲ့တို့က ဂျပန်လူ့အဖွဲ့အစည်း၌ သက်ကြီးရွယ်အိုတွေ များ ၍ ဂျပန် လူဦးရေ ကျဆင်းလာခြင်းကို ထောက်ပြသည်။ စင်စစ် အထက်တွင် ဖော်ပြခဲ့သော ရေနံရှော့ခ်၊ မှတ်မှု ဆိုင်ရာ အောက်ခြေဘောင် ပြောင်းလဲသင့်သည်။
ပုန်းကွယ်သော အရာ ကလော်ထုတ်
ဖြစ်ထွန်းမှု အမျိုးမျိုး၏ နောက်ကွယ်ကို ကြည့်လေ့ကြည့်ထရှိသည်။ အချို့ကဤသို့ ကြည့် ခြင်းကို နောက်ကွယ်၌ ပုန်းကွယ်အောင်နေသော အကြောင်းတရားတို့ကို ရှာသည်ဟု ဆိုသည်။ အိချို့က အခြေခံယူဆချက်တစ်ရပ်ကို ဖန်တီးသည်။ ဤအခြေခံယူဆချက်မှာ `အရာရာတိုင်း၌ ဖုံးထားဝှက်ထားသော ဘက်´ ရှိသည်။The hidden side of everything ဟု ဆိုသည်။
အရာတိုင်း၌ ပုန်းလျှိုကွယ်ဝှက်နေသော အချက်တွေ ရှိသည်။ ဤအချက်တို့ကို ကလော် ထုတ်ဖော်ပြခြင်းသည်သာ လက်တွေ့ ကျသည်။ ဘ၀နှင့် နီးစပ်သည်။ အ ဖြစ်မှန်ကို ထင်တပ်သည်ဟု ယူဆသည်။ နောက်ကွယ်၌ ပုန်းနေသော အချက်ဆိုမှတော့ ခပ်ဆန်းဆန်း၊ ခပ်ထူးထူးတွေ ဖြစ်ရတော့မည် ။ ဤခပ်ဆန်းဆန်း၊ ခပ်ထူးထူးအကြောင်းတရားတို့ကိုလည်း ရိုးရိုးစင်းစင်းထွေးပြီး ကလော်ထုတ်လို့မရ။ ခပ်ကြောင်ကြောင်နည်းတို့ဖြင့် ဖော်ထုတ်မှ ဖော်ထုတ်လို့ရသည်ဟု ဆိုသည်။
သို့ ဖြင့် Freakonomics ဆိုသော ဘောဂဗေဒပညာ တစ်မျိုးပေါ်သည်။ ခပ်ကြောင်ကြောင် ခပ်ဆန်းဆန်းစဉ်စား၍ လေ့လာသော နည်းဟုဆိုရမည် ။ သို့ ဖြင့် စီးပွားရေး ၊ လူမှု ရေး သုံးသပ်မှု တို့တွင် သီအိုရီကြီးတွေ သုံး၍ လေ့လာနည်း ရှိသည်။ အဆောက်အအုံတွေ ကြည့်ပြီး လေ့လာထား သော နည်း ရှိသည်။ လက်တွေ့ ကြည့်၍ လက်တွေ့ ကျကျသုံးသပ်သော နည်း ရှိသည်။ အကြီးစားကို အခြေလေ့လာနည်းရှိသည်။ အကြီးစားကို ခြေခံလေ့လာနည်းရှိသည်။ ယခုထိုနည်း တို့အပြင် ပေါ်တင်ပေါ်နေသော အရာတို့ထက် ပုန်းကွယ်နေသော အရာ တို့ကိုကလော် ထုတ်လေ့ လာနည်း တို့လည်း ရှိသည်။
ပြီးစလွယ်ကောက်ချက်
ယခု၊ ပုန်းကွယ်နေသော အကြောင်းတရားတို့ကို ဖရစ်ကို နော်မစ်နည်းဖြင့် ဖော်ထုတ်လေ့ လာပုံ ဥပမာတစ်ရပ်ကို ရှင်းပြပါမည် ။ အမေရိကန်၌ အထူးသဖြင့် နယူးယောက် ၌ ရာဇ၀တ်မှု နှုန်း မကြားသေးမီက ကျဆင်းသွားသည်။ ရာဇ၀တ်မှု နှုန်း ကျဆင်းမှု ကိစ္စ၌ မူယစ်ဆေးဝါး လူဆိုးဂိုဏ်တို့ ၏ အကြောင်းကို အရင်ကြည့်သည်။ သူတို့၏ အတွင်းသဘောတစ်ခုကို အရင်ကြည့်သည်။
ရာဇ၀တ်မှု တို့တွင် မူးယစ်ဆေးဝါးဂိုဏ်ချင်းသေနတ်ပစ် ပွဲတွေ အတော် များ သည်။ မူးယစ် ဆေးဝါးဂိုဏ်ချင်း နယ်မြေလုရာမှ ဈေးကွက်လုရာမှပစ်ခတ်ကြသည်။ သေကြသည်။ လူသတ်မှု တွေ သိမ်များ သည်။ သို့ သော် မထင်မှတ်ဘဲ၊ တစ်နေ့၌ ရာဇ၀တ်မှု တွေ ကျဆင်းသွားသည်။လက်ဖြင့် ဆွဲချ ပစ်လိုက်သလို ကျဆင်းသွားခြင်း ဖြစ်သည်။ အ ဖြစ်က သိပ်အံ့သြစရာ ကောင်းနေသည်။
သို့ ဖြင့် ၊ ရာဇ၀တ်မှု တွေ ကို အဘယ်ကြောင့် ကျဆင်းသွားရသနည်းဟု အကြောင်းအရင်း တွေ ရှာတော့သည်။ နောက်ကွယ်က အကြောင်းရင်းတွေ နှိုက်ကြည့်သည်။ ကြောင်သည်၊ ထူးဆန်း သည်ဟု ထင်ရတာ နည်းတို့ဖြင့် လည်း စုံစမ်းသည်။ ရာဇ၀တ်မှု လေ့လာရေး ပါရဂူတို့က လည်း သီအိုရီတွေ ထုတ်ပြီိး ရာဇ၀တ်မှု ကျဆင်းသွားရသည့်အကြောင်းရင်းကို ရှင်းပြသည်။
စာရင်းတစ်ခုကို ကြည့်သည်။ ၁၉၈၈ ခုနှစ် ၌ နယူးယောက် တွင် ဖြစ်ပွားသော ရာဇ၀တ်မှု အားလုံး၏ ၂၅ရာခိုင်နှုန်း ကျော် သည် မူးယစ်ဆေးဝါးသုံးစွဲမှု ၊ ရောင်းဝယ်ဖောက်ကား မှု တို့နှင့် သက်ဆိုင်သည်။ သို့ သော်၊ ၁၉၉၁ခုနှစ် ၌ ဤလို မူယစ်ဆေးဝါးကြောင်းပြု ရာဇ၀တ်မှု သည် မှာ မူးယစ်ဆေးဝါးကို လူတွေ သုံးစွဲမှု လျော့နည်းသွားသော ကြောင့် ဖြစ်သည်ဟု ချက်ချင်း အကြောင်းပြ သည်။ ဖရစ်ကိုနော်မစ်က အကြောင်းပြချက်ကို လက်မခံပေ။ အပေါ်ယံကြည့်ပြီး ပြီးစလွယ် ကောက်ချက်ချသည်ဟု ထင်သည်။
မူးယစ်ပူဖောင်း
ဖရစ်ကို နော်မစ်က နယူယောက် ၌ ရာဇ၀တ်မှု ကျဆင်းသွားရသည်မှာ ၊ မူယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်း၌ အမြေတ်နည်းသွားသော ကြောင့် ဖြစ်သည်ဟု၊ ကလော် ထုတ်ပြသည်။ အမြတ်နည်းသွား သော အခါ မူးယစ်ဂိုဏ်ချင်း အကြမ်းဖက်တိုက်ခိုက်ပြီး သတ်ဖြတ် ရသော အလုပ်သည်၊ တွက်ခြေမကိုက်တော့ပေဟု ဂိုဏ်ခေါင်းဆောင်တို့၏ ဤသို့ လူသတ်ရတာ ၊ အကြမ်းဖက်တိုက်ခိုက်ရတာ တွက်ခြေမကိုက်တော့ဟု ထင်မြင်လာကြခြင်းသည်ပင်၊ ရာဇ၀တ်မှု ကျဆင်းမှု ၏ အဓိက အကြောင်းရင်း ဖြစ်သည်ဟု ထောက်ပြသည်။
မူးယစ်ဆေးဝါးဈေးနှုန်း ထောင်တက်မှု ကို `မူယစ်ပူဖောင်း´ (crack bubble) ဟုခေါ်သည်။ ဤပူဖောင်းသည် နယူးယောက် စတော့ အိပ်စ် ချိန်းပူဖောင်းနှင့် နင်လားငါလား အပြိုင် ဖြစ်ခဲ့သည်။ မူယစ်ဈေးနှုန်းတွေ ကျဆင်းသွားသော စီးပွားရေး လုပ်ငန်းအတွက် သက်စွန့်ဆံဖျား တွေ မလုပ်ချင်ြ ကတော့ပေ။ မူးယစ်ပူဖောင်း ပေါက်ပြဲသွား၍ ရာဇ၀တ်မှု ကျဆင်းသွားခြင်း ဖြစ်သည်။
အချို့က ရာဇ၀တ်မှု ထူပြောသည်မှာ ဆယ်ကျော်သက်အရွယ်၊ စပ်ကူးမတ်ကူအရွယ် လူငယ် လူဦးရေက လူကြီးလူဦးရေထက် ပိုများ နေသော ကြောင့် ရာဇ၀တ်မှု ထူပြောရသည်ဟု အကြောင်းပြသည်။ လူကြီးတွေ လူငယ်ထက်ပိုသော ကာလတစ်ခုကိုညွန်းသည်။ ထိုခေတ်၌ လူကြီးတွေ အသက်ရလာလျှင်၊ မူးယစ်ကို ပိုပြီးစမ်ကြည့်ချင်သည်။ ရာဇ၀တ်မှု ပိုကျူးလွန်ချင်တတ် သည်ဟု စစ်တမ်းတစ်ခုက ဆိုသည်ကို ကိုးကားသည်။
စူပါသားရဲ
သို့ သော်၊ လူကြီးတွေ အသကိကြီးလာလျှင် ပိုပြီး ရာဇ၀တ်မှု ကျူးလွန်တတ်သည်ဆိုသော ယုတ္တိသည်၊ ခပ်ကြောင်ကြောင် နိုင်သည်ဟု ဝေဖန်ကြသည်။ လူကြီးတွေ အသက်ရလာလျှင် တရားဘက်လိုက်သည်။ ပိုပြီးရင့်ကျက်လာ၍ ပိုပြီးအကုသိုလ်တွေ ရှောင်သည်။ ကုသိုလ်စိတ်ပိုမွေး သည်။ ဤအမြင်သည် အစဉ်အလာအရ သမာရိုးကျမြင်သော အမြင် ဖြစ်သည်။ ဤအမြင်ကိုပင် စိတ်ခေါ်ကြည့်ပြီး၊ ပုန်ကွယ်နေသော မျက်နှာစာကို ရှာသည်။ လူကြီးတွေ များ လို ရာဇ၀တ်မှု များ သည်ဆိုသော ကောက်ချက်သည်၊ ယုတ္တိ မရှိသော ရာဇ၀တ်မှု လေ့လာခြင်း (criminology) မှ သီအိုရီက လူဦရေ၊ ပုံသဏ္ဍာန်နှင့် ရာဇ၀တ်မှု ကို ဆက်စပ်လေ့လာသည်။ လူငယ်လူဦးရေက လူကြီးလူဦးရေထက် ပိုများ နေလျှင် ရာဇ၀တ်မှု ထူပြောတတ်သည်ဟု ကောက်ချက်ပြုသည်။ အထူ သဖြင့် လူဦးရေ၌ ဆယ်ကျော်သက်ရွယ်လူဦးရေက၊ ဘယ်လောက်ရှိ သနည်းဟုရှာသည်။ ဆယ်ကျော်သက်အရွယ် လူငယ်များ ပြားမှု သည် စူပါသားရဲ( super predato) အုပ်စုကိုမွေး သည်ဟု ပုံသေတွက်ထားသည်။
ဖရစ်ကိုနော်မစ်က၊ ဤလို ပုံသေယူဆထားခြင်းကို ဆန့်ကျင်သည်။ လူဦးရေထဲ ဆယ်ကျော်သက်တို့ပါဝင်မှု သည် အမြဲတမ်းမြင့်နေသည်ဟူ၍ မရှိနိုင်ပေ။ ဆယ်ကျော်သက်ရွယ် တွေ ကျဆင်းမှု ရှိသည်။ ဆယ်ကျော်သက်အရွယ်တွေ လူကြီး ဖြစ်သွားသည်။ ထိုအခါ လူကြီးအရွယ် တွေ လူဦးရေတိုးပွားမှု က ပိုများ သည်။
ထို့ကြောင့် ၊ လူဦးရေတွင် ဆယ်ကျော်သက်တွေ ပါဝင်သော အချိုး၏ သက်ရောက်မှု တို့ကို လည်းကောင်း၊ လူဦးရေတွင် လူကြီးတွေ ပါဝင်သော အချိုး၏ သက်ရောက်မှု တို့ကိုလည်းကောင်း နှိုင်းယှဉ်လေ့လာသည်။ အထူသဖြင့် လူဦးရေသည်၊ သက်ကြီးရွယ်အိုဘက် ပိုရွှေ့လျှားသည် ဖြစ် လေရာ၊ အသက်အရွယ်ကြီးလျှင် အကုသိုလ်နည်းပါးသည်။ ထို့ကြောင့် လူဦးရေ၌ လူကြီးတွေ ပိုများ လာသဖြင့် ရာဇ၀တ်မှု ကျဆင်းသည်ဟူ၍ လည်း ဖရစ်ကိုနော်မစ်က တွက်ပြသည်။
ဖိုကပ်စ်တွေ ရွှေ့
စီးပွားရေး ဘာရိုမီတာတို့သည် မတည်မငြိမ် ဖြစ်နေကြသည်။ ဆွစ်ဇာလန်နိုင်ငံ ဒါဗိုစ့်မြို့ ကျင်းပနေသော ကမ္ဘာစီးပွားရေး ဖိုးရမ်း၌ လည်း ဖိုးကပ်စ်အရွေ့အပြောင်း ဖြစ်သည်။ ဒါဗိုစ့်ဖိုရမ် သည်၊ မူလက `ထိရောက်သော အရင်းရှင်စနစ်´ အကြောင်းကိုဖိုးကပ်စ်လုပ်ရန် ဖြစ်သော်လည်း၊ အမေရိကန်စီပွားရေး အကျပ်အတည်း ဆိုက်လိုက်သော ကြောင့် ၊ ဤအကျပ်အတည်းဘက် ဖိုး ကပ်စ် ပြောင်းလိုက်ကြသည်။ ဤသို့ ဖိုးကပ်စ်ရွှေ့ပြီးခါမှ အရှေ့အလယ်ပိုင်းအရေး နှင့် ပါကစ္စတန် အရေး တို့ဘက် ဖိုးကပ်စ်ရွှေ့ရပြန်သည်။
ကမ္ဘာ့စီးပွားရေး ဘာရိုမီတာတို့ အတက်အကျ ပုံမှန်မရှိဘဲ ဖောက်ပြန်နေသလို ကမ္ဘာ့ စီအီးအိုများ ၊ ကမ္ဘာ့တွေးခေါ်ပညာရှင်များ ကမ္ဘာနိုင်ငံရေး ခေါင်းဆောင်းများ အစုံအလင်တက် ရောက်သော ဒါဖို့စ်ဖိုရမ်၌ လည်း၊ အကြောင်းအရာ ဖိုးကပ်စ်တွေ ရွှေ့ပြောင်းရသည်။ ကော်ပိုရေး ရှင်းကြီးတို့မှ စီအီးအိုနှင့် သူကြွယ်ကြီးတို့က ဒါဗိုစ်ဖိုရမ်သို့ လာရောက်ဆွေနွေးနေစဉ်၊ သူတို့၏ ၀င်ငွေအမြတ်၊ ကော်ပိုရေး ရှင်းကြီး တို့၏ ၀င်ငွေအမြတ်တို့သည် ကျဆင်းသွားသည်နှင့် ကြုံနေ သည်။ အဘယ်ကြောင့် သူတို့ အောင်မြင်နေရသနည်းဟု စိတ်အားထက်သန်စွာ တင်ပြရန် အားခဲ လာသူတို့သည်၊ အကျပ်အတည်းကို ဘယ်လိုစီမံခန့်ခွဲမလဲဟု အကြောင်းအရာ ပြောင်းကုန်ကြရ သည်။
အောင်မြင်ရေတရား မိဟောနိုင်။ အကျပ်အတည်း ဖြေရှင်းရေး တရား ဟောလာရသည်။ ဤသို့ ဟောရာ၌ လည်း အမေရိကန်စီးပွားရေး အကျပ်အတည်းကို ဘယ်လိုအကဲဖြတ်ရမှန်းမသိဘဲ၊ ရှုပ်ထွေးနေကြရသည်။ ဒါဗိုစ့်ဖိုရမ်ကို သတင်းယူနေသော စီအင်အင်မှ သတင်းလွင့်သူ ရစ်ချက် ကွတ်စ်က ဖိုရမ်တက်လာသော စီအီးအိုကြီးတို့ကို ဗျူးသည်။
အက်စ်နှင့် အာရ်
ရစ်ချက်ကွတ်စ်က အမရိကန်စီးပွားရေး အကျပ်အတည်း နှင့် ပတ်သတ်၍ `အက်စ်´(S) နှင့် `အာရ်´(R)ဆိုးပြီး အတိုကောက်ရေပြီး၊ သဘောထားတောင်းယူသည်။ ဖိုရမ်တက်သူ စီအီးအို နှင့် ဘောဂဗေဒပညာရှင်တို့က တစ်ဝက်စီဆန္ဒမဲပေးကြသည်။ `အက်စ်´ (S) ဘက်သဘောထား သူနှင့် `အာရ်´(R) ဘက်သဘောထားပေးသူ တစ်ဝက်စီ ဖြစ်နေသည်။ သို့ ဖြင့် အမေရိကန်စီးပွား ရေး အကျပ်အတည်းကို တိတိကျကျလက္ခဏာ မဖြတ်နိုင်ပေ။
`အက်စ်´(S) သည် slow (နှေးကွေးခြင်း)ကို ရည်ညွန်းသည်။ `အာရ်´ (R)သည် recession (စီးပွားရေး ကျဆင်းခြင်း) ကိုရည်ညွန်းသည်။ သို့ ဖြင့် အမေရိကန်စီးပွားရေး အကျပ် အတည်းသည် အတက်နှေးကွေးသွားခြင်းလား၊ သို့ တည်းမဟုတ် အထက်မှလျှော့ကျ၍ အောက် စိုက်ဆင်းခြင်းလားဟူ၍ အငြင်းပွားစရာပေါ်လာသည်။ အချို့က အမေရိကန်စီးပွားရေး အကျပ် အတည်းသည် အတက်မြန်ခဲ့ရာမှ၊ အတက်အနှေးသွားခြင်းသာ ဖြစ်သည်ဟု လက္ခဏာဖြတ်သည်။ အမေရိကန်စီးပွားရေး သည် အတက်မြန်ခဲ့သည်။ ယခုအရှိန်လျော့သွား၍ တက်တော့ တက်နေ သေးသည်။ သို့ သော် အရှိန်နှေးသွားသည်ဟု ဆိုသည်။
အတက်နှေးခြင်းကို လက်ရှိအမေရိကန်စီးပွားရေး အကျပ်အတည်း၏ အဓိက၀ိသေသဟု မြင်သူတို့ရှိသလို၊ အမေရိကန်စီးပွားရေး အခြေအနေတရား(economic fundamentals)တွေ အား လျော့သဖြင့် ၊ အထူးသဖြင့် ထုပ်လုပ်မှု စွမ်းသတ္တိ (productivity) ကျဆင်းလာသဖြင့် အမေရိကန်စီး ပွားရေး သည်၊ အကျဘက်ယိုင်နေပြီဟု မြင်သူတို့လည်း ရှိသည်။
ထို့ကြောင့် အတက်အနှေးခြင်းလား၊ မြင်သူတိုလည်းရှိသည်။ မသဲမကွဲ ဖြစ်နေသည်။ ဒါဗိုစ် ဖိုရမ်၌ စီအင်အင်က ဖိုရမ်တက်တသူ စီအီးအိုတို့၏ အဖြေတို့သည် ဆတူ ဖြစ်နေသည်။ အတက် အနှေးခြင်းဘက် သဘောထားပေးသူ စီအီးအိုတို့နှင့် ၊ အကျဘက်ယိုင်ခြင်းဘက် သဘော ထားပေး သူ စီအီးအိုတို့၊ ညီမျှနေသည်။
ယူအက်စ်လှိုင်း အာရှစီး
ထို့ကြောင့် ပြောရလျှင် လက်ရှိ ဖြစ်ပေါ်နေသော အမေရိကန် စီးပွားရေး အကျပ်အတည်းနှင့် ပတ်သက်၍ လက္ခဏာဖြတ်မှု တိတိကျကျမ ဖြစ်သေးဟု ဆိုရမည် ။ မည် သည့်ဘက်ကို ဖြစ် ဖြစ် အချိန်မရွေး အလေးသားသွားနိုင်သည်။ ဤတွင် အမေရိကန်သမ္မတ ဘုရှ်အစိုးရက၊ အရေး ကြီး သော ပေါ်လစီနှစ် ရပ်ကိုချမှတ်လိုက်သည်။
ပထမပေါ်လစီသည်၊ အတိုးနှုန်းကို နောက်ထပ် ၀.၇၈ ရာခိုင်နှုန်းလျော့ချလိုက်ခြင်း ဖြစ် သွားသည်။ အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းသည် ၃.၅ ရာခိုင်နှုန်း ဖြစ်သွားသည်။ ဒုတိယ ပေါ်လ စီသည်၊ အမေရိကန်သမ္မတနှင့် အမေရိကန် အောက်လွတ်တော် တို့၊ အမေရိကန် စီးပွားရေး ကို အားပေးမြှင့်တင်ရန် စီစဉ်တစ်ရပ်ကို သဘောတူကြသော အချက် ဖြစ်သည်။ ဤအစီအစဉ်၌ ဒေါ်လာ ၁၄၀ ဘီလီယံဖိုးကူညီရန် အဆိုပြုထားသည်။
ဤပေါ်လစီနှစ် ရပ်၏ သက်ရောက်မှု အ ဖြစ် နယူယောက် စတော့အိပ်စ်ချိန်၌ ရှယ်ယာဈေး နှုန်းတွေ စိုက်ဆင်းသွားခဲ့ရာမှ ပြန်တက်သွားသည်။ ဥရောပနှင့် အာရှစတော့ အိပ်စ်ချိန်းတို့တွင် လည်း ပထမဈေးလန့်ပြီး စတော့ရှယ်ယာဈေးတွေ ကျဆင်းခဲ့ရာမှ ပြန်ထောင်တက်ခဲ့သည်။ နယူးယောက် စတော့အိပ်စ်ချိန်း၌ ရှယ်ယာဈေးတွေ စိုက်ဆင်းစဉ်၊ အာရှစတော့အိပ်စ်ချိန်းတို့၌ ရှယ်ယာဈေးကွက်တွေ မော့တက်ခဲ့သည်ကို အကြောင်းပြု၍ မီဒီယာတို့က အာရှက အမေရိကန် လှိုင်းကို စီးသည်ဟု တင်စားကြသည်။ အမေရိကန်အကျကိ အခွင့်ကောင်းယူ၍ အာရှက အကျိုးရှိ အောင်ပြုသည်ဟု ဆိုလိုပုံရသည်။
လက်ပြဲကြီး
တစ်ဖက်မှကြည်လျှင် နယူးယောက် စတော့အိပ်စ်ချိန်း၌ စတော့ရှယ်ယာဈေးတွေ စိုက်ဆင်း သွားရသည်မှာ ရင်းနှီးမြှုပ်နှံသူတို့က၊ ရှယ်ယာတို့ကို အောတိုက်ထုတ် ရောင်းကြသော ကြောင့် ဖြစ် သည်။ ဤသို့ ထုတ်ရောင် ၍ ရသော ငွေတို့ဖြင့် ၊ အာရှမှ စတော့ရှယ်ယာတို့ကို ရွှေ့ပြောင်းဝယ်ယူ သဖြင့် ၊ အာရှမှ စတော့ရှယ်ယာတွေ ဈေးတက်သည်ဟု ဆိုနိုင်သည်။ သဘောမှာ ရင်နှီးမြှုပ်နှံ သူတို့က နယူးယောက် ဈေးကွက်မှ အာရှဈေးကွက်သို့် ရွေ့အပြောင်းပြုရာမည် သည်။ ၎င်းကို ပေါ့ဖို လီ်ယူအရွှေ့အပြောင်း (portfollo shift) ဟုခေါ်သည်။
ဤအပြောင်းရွှေ့ကလည်း သက်တမ်း သိပ်မကြာလိုက်ပေ။ အထက်တွင် ဖော်ပြခဲ့သော (၁) အတိုးနှုန်းလျော့နည်းခြင်း နှင့် (၂) အကူအညီပေးရေး စီအစဉ်တို့ကြောင့် ၊ ဒေသနှစ် ခုစလုံးမှ စတော့ရှယ်ယာဈေးနှုန်းတွေ ပြန်မော့ကြည့်သည်။ ဘယ်တော့ပြန်ဆင်းမည် မသိ။ ခန့်မှန်ရခက်နေ ကြသည်။ ဤသို့ ဈေးကွက်မတည်မငြိမ် ဖြစ်နေမှု ကို မီဒီယာတို့က၊ ဈေးကွက်ဝရုန်သုန်ကား (market turmoll) (သို့ မဟုတ်) လက်ပြဲကာလဟု တင်စားသည်။
လက်ရှိကာလသည် လက်ပြဲကာလ ဖြစ်ကြောင်း သက်သေထူလိုက်သည့် အချက်မှာ ပြင်သစ်မှာ ဒုတိယအကြီးဆုံးဘဏ် ဖြစ်သော အက်စ်ဂျီဘဏ်သည် ရက်ပိုင်းလေး၌ ၇.၂၈ ဘီလီယံ ဖိုး အလိမ်ခံလိုက်ရသော အချက် ဖြစ်သည်။ fraud ဟုသုံးစွဲသည်။ သတင်း၌ rough trader တစ်ဦးကြောင့် ဟု ဆိုသဖြင့် ၊ ဈေးကစားမှု ၌ ရှုံသွားသည်ဟု ဆိုရပေမည် ။ ဤအ ဖြစ်မျိုး ဗြိတိန်မှ ဘာရင်ဘဏ်သည် အာရှစီးပွားရေး အကျပ်အတည်းဆိုက်စဉ် ၁၉၉၅ ခုနှစ် ၌ ဘဏ်ဝန်ထမ်း တစ်ဦးက ဈေးကစားမိသဖြင့် ဘဏ်ပြုတ်သွားဖူးသည်။ သူ့ကို ထရိတ်ဒါအကြမ်းဖက်သမား (rough trader)ဟုခေါ်သည်။ ဘဏ်တို့သည် ရင်းနှီးမြှုပ်နှံမှု မှု အမျိုးမျိုးလုပ်ကြလေရာ၊ ဈေးကစား ခြင်းလုပ်ငန်းတို့၌ လည်း ရင်းနှီိးမြှုပ်နှံကြသည်။ ကျွမ်းကျင်သူဝန်ထမ်းကို အာဏာပေး၍ ဈေးကစား ခိုင်းသည်။ ကံအကြောင်းမလှသော အခါ ဘဏ်အတွက် ၀င်ငွေရှာပေးခဲ့သော ကျွမ်းကျင်သူ ၀န်ထမ်းလည်း၊ ရှုံးသည့်အခါ ရှုံးသည်။ လုပ်ငန်းသဘောကိုက လောင်ကစားခြင်း ဖြစ် လေရာ ကံမကောင်းလျှင် ရှုံးမည်းသာ ဖြစ်သည်။ မည် သို့ ပင် ဖြစ်စေ ပြင်သစ် အက်စ်ဂျီဘဏ် ဒေါ်လာ ၇.၂၈ ဘီလီယံဆုံးရှုံးသွားသည်ကို စီအင်အင် သတင်းဌာနက စက်ရပ်သတင်း အ ဖြစ်ဖော်ပြသည်။
ကမ္ဘာဘဏ်တရားသေ တရုတ်က ပြောင်းပစ်
ကမ္ဘာဘဏ်သည်နယ်ချဲ့စနစ်၏ လက်ကိုင်တုတ်ဟု တရုတ်ပြည်က၊ ယူဆဖူးသည်။ ဝေဖန် တိုက်ခိုက်ကြသည်။ သို့ သော်၊ အခုကမ္ဘာဘဏ် ဘောဂဗေဒပညာရှင်ချုပ် (chief economist) သည်၊ တရုတ်ပြည်မှ ဘောဂဗေဒပညာရှင် တစ်ဦး ဖြစ်တော့မည် ။သူ့အမည် က ဂျက်စတင် လင်းရီ ဖူး ဖြစ်သည်။ တရုတ်ပြည်သည်၊ ကမ္ဘာဘဏ်ကို နယ်ချဲလက်ကိုင်တုတ်ဟု ယူဆခဲ့သော်လည်း ယခုမူ ထိပ်တန်းငွေချေးငှားသူ၊ မြီးစားဘ၀မှ ကမ္ဘာဘဏ်ကို ငွေကြေးအများ ဆုံး ထောက်ပံ့သော နိုင်ငံ ဖြစ်လာသည်။ လှူသူ ဖြစ်လာသည်။ ထို့အပြင် ကမ္ဘာဘဏ်၏ အသိပညာအင်းအားကို လည်း ဖြည့်ဆည်းပေးလိုက် ပြီး။
ကမ္ဘာဘဏ်၏ ဘောဂဗေဒပညာရှင်ချုပ် ဖြစ်မည့်  ဂျက်စတင်လင်ရီဖူးသည်၊ တရုတ် (တိုင်ပေ)တွင် မွေးဖွားသည်။ တရုတ်(တိုင်ပင်)စစ်တပ်တွင် တာဝန်ထမ်းဆောင်နေစဉ်၊ တရုတ် ပြည်မကြီးသို့ ထွက်ပြေးခဲ့သည်။ ပီကင်းတက္ကသိုလ်တွင် ဆက်လက်ပညာသင်ကြား၍ ၊ နိုင်ငံရေး ဘောဂဗေဒပညာ မဟာဘွဲ့ကို ဆွတ်ခူးအောင်မြင်ခဲ့သည်။ လက်ရှိ၌ ဂျက်စတင်လင်ရီဖူး သည် ပီကင်းတက္ကသိုလ်အခြစိုက် စီးပွားရေး သုတေသန စင်တာ၏ ညွှန်ကြား ရေး မှူး ဖြစ်သည်။
လင်ရီဖူးသည်၊ ပီကင်းတက္ကသိုလ်မှ နိုင်ငံရေး ဘောဂဗေဒပညာ မဟာဘွဲ့ရရှိပြီးသည့် နောက်၊ အမေရိကန် ချီကာဂိုတက္ကသိုလ်၌ ဆက်လက်ပညာဆက်လက် ဆည်းပူးသည်။ ပီအိပ်ခ်ျဒီ ဒေါက်တာဘွဲ့ရရှိသည်။ သို့ ဖြင့် ၊ သူ့၌ ဘောဂဗေဒအတွေးအခေါ် အစဉ်အလာနှစ် မျိုးရှိသည်။ ပီကင်း တက္ကသိုလ်သို့ သွားရောက်ပညာသင်ကြားသော အခါ၊ ဈေးကွက်ကို ဘုရားလိုပူဇော်ရသည်။ သို့ ဖြင့် ၊ လင်ရီဖူးသည် မာက်စ်ဝါဒအစဉ်အလာ (စီမံကိန်းအစဉ်အလာ)နှင့် ၊ ဈေးကွက်သမားအစဉ် အလာ နှစ် မျိုးစလုံးရှိသည်။
မစ္စတာလင်ရီဖူးသည် တရုတ်ပြည် ဘောဂဗေဒဂျာနယ်တို့၌ သီအိုရီစစ်တမ်းတွေ ရေး သား ခဲ့သည်။ ထိပ်သီးဘောရဗေဒဆု(ဆန်ရီဖန်ဆု) ကိုလည်း ဆွတ်ခူးရရှိသည်။ အမေရိကန် ဘောဂ ဗေဒဂျာနယ်၌ လည်း၊ သူက သီအိုရီဆောင်းပါးတွေ ရေး သားခဲ့သည်။ မာ့က်စ်ဝါဒ အစဉ်အလာ၊ ဈေးကွက်အစဉ်အလာ၊ ဘောဂဗေဒသီအိုရီဂျာနယ်တို့၌ သူ၏ ကျမ်းတို့ကြောင့် သူ၏ အသိပညာ ပေါ့ဖိုလီလို (intellectual portfolio) သည် အလုံအလောက် အမျိုးအစားထေမိ ထားသည်။
ဝါရှင်တန်တရားသေနှင့် တရုတ်လမ်းကြောင်း
ပညာပေါ့ဖိုလီယို၌ စွယ်စုံ ဖြစ်နေသော ခြင်းကပင်၊ ဘောဂဗေဒပညာရှင် လင်ရီဖူးသည်၊ ကမ္ဘာဘဏ်အတွက် အကောင်းဆုံးဆောင်ရွက် ပေးနိုင်လိမ့်မည် ဟု ယူဆကြသည်။ ဤအချက် ကို တရုတ်ပြည်၏ အနေအထားနှင့် ချိတ်ဆက်စဉ်းစားသည်။ တရုတ်ပြည်သည် ဆင်ရဲသော နိုင်ငံ တို့အတွက် အတုယူစရာ၊ အားတက်စရာနမူနာ ဖြစ်နေသည်။ အထူသဖြင့် အာဖရိကတိုက်တွင် ၊ တရုတ်တမူနာ ဖြစ်နေသည်။ အားတက်စရာ ပို ဖြစ်နေသည်။
ကမ္ဘာဘဏ်သည် ၀ါရှင်တန်သဘောထား (Washington Consensus) ဆိုသော အမြင်၏ လွှမ်းမိုးခြင်းကို ခံထားရသည်။ ဤ၀ါရှင်တန်အမြင်ဆိုသည်မှာ -
(၁) လွတ်လပ်သော ဈေးကွက်၊
(၂) အချုပ်အချယ်တို့ကို လျှော့ပေါ့ပစ်ခြင်း (liberalization) နှင့်
(၃) အရင်းအနှီးဈေးကွက်ကို တံခါးဖွင့်ပေးခြင်းတို့ဟူ၍ ဖြစ်သည်။
ဤအမြင်ကို ကမ္ဘာဘဏ်၏ ဘောဂဗေဒပညာရှင်ချုပ် ဖြစ်လာမည့်  ဂျက်စတင်လင်ရီဖူးက စာတွေ့ လက်တွေ့  ရင်းနှီးခဲ့သူ ဖြစ်သည်။ စားတွေ့ မှာ ချီ်ကာဂိုတက္ကသိုလ်၌ ပီအိပ်ခ်ျဒီဘွဲ့ယူစဉ်က ဖြစ်၍ ၊ လက်တွေ့ မှာ တရုတ်ပြည်ပြုပြင်ပြောင်းလဲရေး တွင် သူကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့ရသော အတွေ့ အကြုံ ဖြစ်သည်။
ယခုအခါ တရုတ်ပေါ်လစီချမှတ်သူတို့က၊ ကြွယ်ဝချမ်းသာမှု စည်ပင်ဝပြောရေး (prosperity)အတွက် တရုတ်ပြည်က ချမှတ်ဆောင်ရွက်ခဲသော လမ်းကြောင်းသည်၊ ၀ါရှင်တန်က ချမှတ်ဆောင်ရွက်သော လမ်းကြောင်းနှင့် မတူ၊ ခြားနားသည်ဟု ဆင်ခြေပေးနေသည်။ တရုတ်ပြည် လမ်းကြောင်းကလည်း၊ အာဖရိကတိုက်တွင် ကမ္ဘာဘဏ်က ကျင့်သုံးနေသော ၀ါရှင်တန်လမ်း ကြောင်းကို ၊ ဂုဏ်သတင်းညှိုးစေသည်။ ဆိုလိုသည်မှာ ဆင်းရဲသော နိုင်ငံတို့အတွက် ကြွယ်ဝ ချမ်းသာမှု လမ်းကြောင်းသည်၊ ၀ါရှင်တန်လမ်းကြောင်းက ပို၍ စွဲက်စရာ ဖြစ်နေခြင် ရှိ ဖြစ်သည်။
အစိုးရတာ ၀န်နှစ် ပါး
မစ္စတာ လင်ရီဖူးသည် တရုတ်စီးပွားရေး ပြုပြင် ပြောင်းလဲရေး မှ ကျောင်းသာတစ်ဦး ဖြစ် သည်။ သို့ သော် သူ၏ အသိပညာသည် အိုင်ဒီအိုလိုဂျီကွာဟချက်ကို ခွထားသည်။ ဥပမာ-သူက အစိုးရတို့သည် အနှိုင်းအခွင့်သာမှု နိယာမ (law of comparative advantage) ကို အာခံ လျှင်၊ ဆန့်ကျင်လျှင် ဤအစိုးရ၏ ပေါ်လစီတို့သည် မှားယွင်းသွားလိမ့်မည် ဟု ရေး သားခဲ့ဖူး သည်။ အရင်းအနှီးရှားပါးပြီး၊ အလုပ်သမားအင်အားအပိုအလျှံ သိပ်များ နေသော အခြေအနေတွင် အကြီး စား၊ အသေးစားစက်မှု လုပ်ငန်း (heavey industries) တို့ကို ဦးစားပေးမြှင့်တင်ခြင်းသည် မှားယွင်းသည်။
မစ္စတာလင်က အစိုးရ၏ ပထမဆုံးတာဝန်သည် လွတ်လပ်သော ဈေးကွက်၊ ယှဉ်ပြိုင်မှု ရှိ သော ဈေးကွက်တို့ကိုဖွင့်ပေးရန် ဖြစ်သည်။ ဈေးကွက်တို့အပေါ် ချုပ်ချယ်ထားသော အဟန့်အတား တို့ကို၊ ဖြစ်နိုင်သမျှ ဖယ်ရှားပေးရန် ဖြစ်သည်ဟု ဆိုခဲ့သည်။ ချီကာဂိုတက္ကသိုလ်၏ အဓိကဘောဂ ဗေဒ အမြင်သည်၊ ဆင်းရဲသော နိုင်ငံတို့၌ ဈေးကွက်စီးပွားရေး တို့ကို ရှော့ခ်ရိုက်ပြီး အသက်သွင်း ရန် ဖြစ်သည်။ ဈေးကွက်ယန္တရားဖြင့် ဆင်းရဲမွဲတေမှု ပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။
သို့ သော် မစ္စတာလင်က၊ အစိုးရတွင် ဒုတိယတာဝန်တစ်ပါး ရှိသေးသည်။ ဤဒုတိယ တာဝန်မှာ စီးပွားရေး ဖွံ့ဖြိုးပြီး ရင့်ကျက်လာသော အခါ၊ အစိုးရသည် ကုမ္ပဏီနှင့် လုပ်ငန်းရှင်တို့အား အဆင့်မြင့်ခေတ်မီသော အင်ဒတ်စတီရီတို့ထဲ၊ ချော့မော့၍ အပျော့ဆွဲ ဆွဲ၍ သွင်သွင်းပေးရမည် ဟု၊ မစ္စတာ လင်က ရေး သားခဲ့ဖူးသည်။
အင်ဒတ်စထရီတို့အား ခေတ်မီဆန်သစ်သော လုပ်ငန်းထဲ၊ နှတံတိုး၍ မောင်းသွင်းရန် လိုအပ်သည်။ အစိုးရ၏ နှင်တံထိုးမှု လိုအပ်ပုံနှင့် ပတ်သက်၍ ၊ မစ္စတာလင်က အကြောင်းပြချက်တွေ မျိုးစုံပြသည်။ ထိုအထဲမှ အကြောင်းပြချက်တစ်ခုကို ကောက်နှုတ်ပြရလျှင် ဤသို ဖြစ်သည်။ `ကုမ္ပဏီနှင့် လုပ်ငန်းရှင်တို့သည်၊ မည် သည့် အင်ဒတ်စထရီတို့က အလားအလာကောင်းသည် ကိုအသိရှိဘဲ ဖြစ်နေတတ်သည်။
တရားသေမှ ခွာချိန်
ထိုအခြေအနေတွင် အစိုးရ၏ တာဝန်သည်၊ ထိုးဖောက်ထွက်ပြီးသူများ ကို နမူနာပြနိုင်မည့်  လမ်းပြနိုင်မည့်  ကုမ္ပဏီနှင့် လုပ်ငန်းရှင်တို့ကို၊ ထောက်ပံ့ကူညီရမည် ဟု မစ္စတာ လင်ကဆိုသည်။ ဈေးကွက်ကို လွတ်လပ်အောင် ပြုလုပ်ပေးရန်ဆိုသော အိုင်ဒီယာသည် ချီကာဂိုကျောင်းဆန်၍ ၊ အစိုးရက နှင်တံတို့ပြီးခေတ်မီဆန်သစ်သော အင်ဒတ်စထရီတို့ထဲ ကုမ္ပဏီနှင့် လုပ်ငန်းရှင်တို့အား မောင်းသွင်းပစ်ရမည် ဆိုသော အိုင်ဒီယာသည်၊ ပီကင်းဆန်သည်။ မစ္စတာ လင် ၏ အမြင်သည် ချီကာဂိုနှင့် ပီကင်းရောစပ်ပုံရသည်။
ကမ္ဘာဘဏ်အပါအ၀င် ၀ါရှင်တန်ဘဏ္ဍာရေး အဖွဲ့အစည်းတို့သည်၊ မကြာသေးမီအထိ သူတို့၏ ကုသပေး၍ ပျောက်တော့မှ၊ တဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲရေး ကုထုံးဘက် လှည့်လာ သည်။ မူလက ဈေးကွက်ရှော့ခ်ရိုက်ပြီး၊ လျှော့ပြီး တဖြည်းဖြည်းချင်း ညင်ညင်သာသာ ကုသရန် ပြောလာသည်။
ထိုအခြေအနေ၌ ၊ တရုတ်ပြည်မှ ဘောဂဗေဒပညာရှင် ဂျက်စတင်းလင်ရီဖူးသည်၊ ကမ္ဘာ ဘဏ်ဘောဂဗေဒ ပညာရှင်ချုပ်အ ဖြစ် တာဝန်ထမ်းဆောင်တော့မည် ဖြစ်သည်။ ကမ္ဘာဘဏ်၏ အသိပညာပိုင်း၌ လည်း (eclectic advice) ဟုခေါ်သော တစ်ကြောင်းသွားမဟုတ်ဘဲ၊ နှံနှံစပ်စပ် ကျယ်ကျယ် ပြန့်ပြန့် ရွေးချယ်အကြံပေးတတ်ခြင်းလမ်းကို တွေ့ လာကြသည်။ ဤအသိပညာဒီ ရေထဲ၊ မစ္စတာ လင်က ကောင်းမွန်စွာ ရေကူးနိုင်လိမ့်မည် ဟု၊ မျှော်လင့်ကြသည်။ ကမ္ဘာဘဏ်တွင် ၀ါရှင်တန်တရားသေ အရေး နိမ့်နေသည်။
စီမံကိန်းအေ
ဗြိတိန်မှ လက်တီးဆိုင်ကြီး `မတ်အင်စပင်စာ´ တွင် အီလက်ထရောနစ်စာတန်တစ်ခုက ပြေးလွှားနေသည်။ စီမံကိန်း`အေ´ (Plan ‘A’) ဟုရေး သားထားသော စာတန်း ဖြစ်သည်။ Plan ‘A’ သို့ ဘာကြောင့် ရေး သားသနည်းဟု ဆိုင်မန်နေဂျာတစ်ဦးအား မေးကြည့်သော အခါ၊ စီမံကိန်း `ဘီ´(Plan ‘B’) မရှိလို့ပါဟုဖြေသည်။ မတ်အင်စပင်စာ၌ စီမံကိန်း`ဘီ´မရှိပါ။ စီမံကိန်း`ဘီ´ ဆိုသည်မှာ အရေး ပေါ်အစားထိုးရန်ရည်ရွယ်မတ်အင်စပင်စာ၌ စီမံကိန်း `အေ´ချန်ပီယံဟု ခေါ် လိုက်ကြသည်။ ဤလက်လီဆိုင်ကြီး၏ စီမံကိန်တွင် ဘာတွေ ပါသလဲဟု ထူးထူးဆန်းဆန်း ခံစားမိ ပြီး မေးလျှင် ငါးနှစ် စားအတွက်လျာထားချက် ၁၀၀ ပါရှိသည်ဟုဆိုရမည် ။ ၎င်းတို့အနက် အချို့ကို ဖော်ပြရလျှင်
(၁) ယူဂန္ဓာမှ ကလေး ၁၅၀၀၀ အတွက် ကောင်းမွန်သော ပညာရေး သင်ကြားပေးမည် ။
(၂) ကာဘွန်ဓာတ်တန်ချိန် ၅၀၀၀၀ လျော့ချမည် ။
(၃) အင်္ကျီချိန်ပေါင်း ၄၈သန်းကို ပြန်လည်ဆန်းသစ်ပြီး အသစ်အ ဖြစ် ထုတ်လုပ်မည် ။
(၄) အ၀တ်အစားပေါင်း ငါးသန်းကို ဖဲယားထရိတ်မှု ဖြင့် ချုပ်လုပ်စေမည် ။
ဆောင်ရွက်မည့်  လုပ်ငန်းပေါင်း ၁၀၀ ကို ဆိုင်ထဲတွင် ပြထားသည်။ ဤလုပ်ငန်းတို့ကို ယခုခေတ်စားနေသော စကားနှင့် ပြောလျှင် ကော်ပိုရေး ရှင်းတို့၏ လူမှု ရေး တာဝန် (coporate social responsibility) ဟုခေါ်နိုင်သည်။ သို့ သော် မတ်အင်စပင်စာ ကဤသို့ မခေါ်လဲ စီမံကိန်း `အေ´ဟု ခေါ်ဆိုသည်။
ဖီးလ်ဂွတ်နှင့် နာမည် ဂုဏ်သတင်း
ယခုအခါ ကုမ္ပဏီတို့၏ နှစ် ပတ်လည်အစီအရင်ခံစာနှင့် ငွေစာရင်းရှင်းတမ်းတို့တွင် (၁) အလှူဒါန်နအကြောင်းထည့်သွင်း ဖော်ပြသည်။ ဤသို့ဖော်ပြခြင်းသည် ကုမ္ပဏီတို့သည် အမြတ်ကို သာအဓိကဦးစားပေးမကြည့်ဘဲ၊ လူမှု ရေး တာဝန်တို့ကိုပါ ပူတွဲထမ်းဆောင် လာကြကြောင်းကို ပြသည်။ စီအက်အာရ် အယူအဆကို လက်ခံကြသည်။ ယခုကုမ္ပဏီအတော် များများ က အလှူဒါန နှင့် ရာသီဥတုပြောင်းလဲမှု ကိစ္စတို့တွင် ပါဝင်ပတ်သက်လာ ကြသဖြင့် ၊ စီအက်စ်အာရ် သည် ပင်မရေစီကြောင်း ဖြစ်လာပြီ။
ထို့ကြောင့် ကုမ္ပဏီတို့က အဘယ်ကြောင့် စီအက်စ်အာရ်ကို ပြုမူဆောင်ရွက်ကြသနည်းဟု မေးခွန်းပေါ်သည်။ စခါစ ကတော့ လှူဒါန်းလိုက်ရလျှင် စိတ်အားရကျေနပ်သွားလို့ ဖြစ်သည်။ Feel good factor ဟု ခေါ်သည်။ သို့ သော် နောက်ပိုင်း စီအက်စ်အာရ်ကို ဖိုးကပ်လုပ် ဆောင်ရွက်လာ ကြသည်မှာ စိတ်ထဲ အားရကျေနပ်မှု (ဖီးလ်ဂွဒ်) ဖက်တာ သက်သက်ကြောင့် မဟုတ်တော့။ သည့်ထက်အများ ကြီး ပိုသွားပြီး။
ကုမ္ပဏီက လူမှု ရေး တာဝန်တစ်ခုကို မလုပ်ပြလျှင် ကုမ္ပဏီ၏ နာမည် ဂုဏ်သတင်းသည် ထိခိုက် သွားနိုင်သည်။ ထို့ကြောင့် ဝေဖန်ဆန်းစစ်သူတို့က ကုမ္ပဏီတို့သည် စီအက်စ်အာရ်ကို ဆောင်ရွက်သည်မှာ နာမည် ဂုဏ်သတင်းတို့ စီမံခန့်ခွဲပေးခြင်း (tomanate reputation) ဖြစ်သည် ဟု ထောက်ပြသည်။ ကုမ္ပဏီတို့ သည် မိမိတို့၏ အမည် ဂုဏ်သတင်းကို ဖော်ထုတ်စောင့်ရှောက်ရ သည်။ ဤအတွက် စီအက်စ်အာရ်လုပ်ငန်းတို့ အကောင်အထည်ဖော် ဆောင်ရွက်သည်။
ဤသို့ စီအက်စ်အာရ်လုပ်ငန်း ခေတ်စားလာရသည့် အကြောင်းအရင်းတစ်ပါးလည်း၊ လူတိုင်းမြင်နေကျ ဖြစ်သော်လည်း စိတ်ဝင်စားစရာပိုကောင်းသည်။ ငွေသားကို လှူခြင်းသည် အထိရောက်ဘဲ၊ ပစ္စည်းပစ္စယနှင့် ၀န်ဆောင်မှု လုပ်ငန်းကြီးတို့ကို လှူဒါန်းခြင်းက ပို၍ ထိရောက် အကျိုးရှိသည်ဟု တွေ့ လာခြင်း ဖြစ်သည်။
၁၆ ပါး
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဘိဇနက်အရပ်အရပ်သည်လည်း ဂလိုဘယ်(global) ဖြစ် လာသည်။ ကုမ္ပဏီတို့လည်း ဂလိုဘယ် ဖြစ်လာသည်။ ထို့ကြောင့် လာမည့်  ငါးနှစ် အတွင်း၌ မည် သည့် အရေး ကိစ္စ (issues) တို့ ရှေ့တန်းရောက်၍ ပိုပြီးအရေးြွကီးလာမလဲဟု အရေး ကိစ္စ တို့ကို ရှာဖွေရန် ၁၆ ပါးတွေ့ ရှိသည်။
၎င်းတို့မှာ --
(၁) သဘာဝပတ်ဝန်ကျင်အရေး ၊
(၂) စိတ်ချဘေးကင်းသော ကုန်ပစ္စည်းများ ၊
(၃) အငြိမ်းစားပင်စင်အခွင့်အရေး များ ၊
(၄) ကျန်းမာရေး တတ်နိုင်သော ပစ္စည်းများ ၊
(၅) ၀ယ်ယူရန်တတ်နိုင်သော ကုန်ပစ္စည်းများ
(၆) လူ့အခွင့်အရေး စံများ ၊
(၇) အလုပ်ခွင်အခြေအနေ၊
(၈) ပြင်ပလက်ခွဲအပ်မှု တို့ကြောင့် အလုပ်အကိုင်ဆုံးရှုံးမှု
(၉) နှောက့်ယှက်မှု အေးငြိမ်းမှု နှင့် ဒေတာလုံးခြုံမှု
(၁၀) ကျင့်ဝတ်နှင့် ကိုက်ညီစွာ ထုတ်လုပ်သော ကုန်ပစ္စည်းများ
(၁၁) ဖွံ့ဖြိုးဆဲနိုင်ငံတို့တွင် ရင်နှီးမြှုပ်နှံမှု များ ၊
(၁၂) ကျင့်ဝတ်နှင့် အညီ ကြော်ငြာလုပ်ငန်းနှင့် မတ်ကတ်တင်း၊
(၁၃) ကုမ္ပဏီတို့၏ နိုင်ငံရေး သြဇာများ ၊
(၁၄) စီမံခန့်ခွဲသူ အရာရှိများ လစာ
(၁၅) အခြားနှင့်
(၁၆) ဖရီထရိတ် (လွတ်လပ်စွာ ကုန်သွယ်မှု ) ကို ဆန့်ကျင် အတိုက်အခံပြုမှု များ ကျင့် အတိုက်အခံပြုမှု များ
တို့ဟူ၍ ဖြစ်သည်။
ဖောက်သည်က ကျင့်ဝတ်ကြိုက်
သုတေသနအဖွဲ့က၊ ဆိုခဲ့ပါအတိုင်း လာမည့် ငါးနှစ် အတွင်း တွေ့ ကြုံရမည် အရေး ကြီးသော အရေး ကိစ္စ ၁၆ ပါးကို ဖော်ပြပြီးသည့်နောက်၊ နိုင်ငံအလိုက်၊ အရေး ကိစ္စတစ်ခုစီအလိုက် ပေါ်ပေါက် နိုင်ခြေရှိပုံကို အမှတ်ပေးခြင်း ဖြစ်သည်။ စီမံခန့်ခွဲသူအရာရှိများ လစာ၌ ဗြိတိန်ကို ၁၆ မှတ်၊ အမေရိကန်ကို ၁၅မှတ် ၊ တရုတ်ကို ၁၀ မှတ်၊ အသီးသီးပေးသည်။
အရေး ကိစ္စ ၁၆ ပါးကို ဖော်ပြသည့်အတိုင်း ထုတ်ဖော်ကြည့်သည်မှာ ၊ စီအက်စ်အာရ်သည် မည့့််သည့် နိုင်ငံ၌ ပို၍ အားကောင်းနိုင်သနည်းဟု လေ့လာနိုင်ရန် ဖြစ်သည်ဟုဆိုသည်။ စီအက်စ် အာရ်ကို အကောင်အထည်ဖော်ပုံ အခြေအနေသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီပေ။ ကွဲပြား ခြားနားကြသည်။ ဤသို့ ကွဲပြားမည့် ပုံသဏ္ဍာန်သည် အရေး ၁၆ ပါးလိုက်၍ ဖြစ်မည် ဟုဆိုသည်။
ပညာရှင်တစ်ဦးက ဤအရေး ၁၆ပါးကို တုံ့ပြန်ရာ၌ နိုင်ငံတစ်ခုစီအလိုက်ရှိသော ရိုးရာ အစဉ်လာလိုက်ပြီးလည်း ကွဲပြားခြားနားပုံကို ထောက်ပြသည်။ ဥပမာ-အိန္ဒိယ လူ့အဖွဲ့အစည်း သည် အစဉ်အလာအရ ဖခင်အုပ်စိုမှု ကို အခြေခံသဖြင့် မိသားစုအကြီးအကဲ၏ စီအက်စ် အာရ်တွင် ထင်ဟပ်သည်။ အခြားပညာ ရှင်တစ်ဦးက ကုမ္ပဏီသည် မိသားစုပိုင် ဟုတ်-မဟုတ်။ မိသားစု စီမံခန့်ခွဲမှု ဟုတ်-မဟုတ်ပေါ်၌ လည်း၊ စီအက်စ်အာရ် ပုံသဏ္ဍာန်ပေါ်သည်ဟု ထောက်ပြသည်။
ကုမ္ပဏီများ စီအက်စ်အာ၇်မူတို့ကို ဆောင်ရွက်လာခြင်းသည် ကုမ္ပဏီ၏ အမည် ဂုဏ် သတင်းကို စီမံခန့်ခွဲရန် အတွက် ဖြစ်သည်။ ဤသို့ စီမံခန့်ခွဲရာ၌ ဖောက်သည်ကလည်း အရေး ကြီး သည်။ ဖောက်သည်တို့ကိုယ်တိုင်က ကျင့်ဝတ်တရားနှင့် ညီခြင်းကိုပို၍ နှစ်သက် သလား၊ သို့ တည်း မဟုတ် ကျင့်ဝတ်တရားကို အလေးမထားသည့် တို့ကိုယ်တိုင်က ကောင်းမှု ကုသိုလ်ကို ကြိုက်ကြ လျှင်၊ ကုမ္ပဏီက စီအက်စ်အာရ်ဖြင့် ဖောက်သည်ကို ထိန်းသိမ်းနိုင်သည်။
စွမ်းအင်ဘတ်စ်
အမေရိကန်စီးပွားရေး က ရီဆက်ရှင်(ဆုတ်ယုတ်ကျဆင်း)ထဲ ၀င်စိုက်ဆင်းသွားသော အခါ၊ အပြစ်တွေ အမျိုးမျိုးတင်ကြသည်။ ပထမ နိုင်ငံရေး စနစ်တို့ကို အပြစ်တင်သည်။ ဒုတိယ ကုမ္ပဏီ တို့ကို အပြစ်တင်သည်။ တတိယ စီးပွားရေး ကုထုံးနှင့် ပေါ်လစီတို့ကို အပြစ်တင်သည်။ စီးပွားရေး နှင့် နိုင်ငံရေး တို့သည် အမြွှာညီနောင်သဖွယ် ဆက်စပ်နေသော လည်း၊ ယခုအခါ အချို့နေရာတို့၌ အချိတ်အဆက်သည် ပြတ်တောက်သွားသည်။ နိုင်ငံရေး အခြေအနေတို့သည်စီးပွားရေး အကြောင်း တရာတို့ကြောင့် သာ ဖြစ်ရသည်။ နိုင်ငံရေး နှင့် ဘာမျှမဆိုင်ပေ။
အချို့သော နိုင်ငံတို့၌ မူ စီးပွားရေး သည် အလွန်ဆက်စပ်နေသည်။ စီးပွားရေး အခြေအနေ ဆိုးဝါးရသည်မှာ ၊ နိုင်ငံရေး စနစ်ကြောင့် နှင့် နိုင်ငံရေး နှင့် နိုင်ငံရေး ပုံစံတို့ ဖြစ်သည်။ ဤအချက်ကို ဂျပန်၏ စီးပွားရေး နှင့် နိုင်ငံရေး စနစ်တို့ဖြင့် သက်သေထူသည်။ ဂျပန်တွင် ၁၉၉၀ ပြည့်နှစ် မတိုင်မီ၌ အစုရှယ်ယာဈေးနှုန်းတွေ ထောင်တက်ခဲ့သည်။ အိမ်ရာမြေဈေးနှုန်းတွေ ထောင်တက်ခဲ့သည်။ စတော့ပူဖောင်းနှင့် ပရော်ပါတီပူဖောင်း (stock bubble and property bubble) တို့ ဆိုပြီး ဖြစ်ထွန်းခဲ့သည်။
သို့ ရာတွင် ၊ ၁၉၉၀ ပြည့်၌ ပူဖောင်းများ အမြင့်ဆုံးအထိရောက်ပြီး သည့်နောက်၊ ပေါက်ပြဲ ထွက်ကုန်သည်။ Bust ဟုခေါ်သည်။ ပူဖောင်းများ ပေးခြင်းကို boom ဟုခေါ်သည်။ သို့ ဖြင့် စီးပွား ရေး အတက်အကျကို ကြည့်၍ boom-bust ပူဖောင်းစန်းပွင့် ဖြစ်လိုက်၊ ပေါက်ပြဲလိုက်တစ်လှည့်စီ စက်ဝိုင်းသဏ္ဌာန်ဖြင့် ကြည့်လာသည်။
ဆီးနိတ်နှင့် အောက်လွှတ်တော်
ဂျပန်တွင် ပူဖောင်း(ဘွမ်း)သည် ၁၉၉၀ ပြည့်နှစ် ၌ အထွက်ထိပ်ရောက်ပြီးနောက် ပေါက်ကွဲ ပြဲသွားသည်။ စတော့ရှယ်ယာဈေးနှုန်းနှင့် ပရော်ပါတီ ( တိုက်တာအိမ်ရာမြေ) ဈေးနှုန်းတို့ ထိုးကျ ဆင်းကုန်သည်။ ယင်းကို ပူဖောင်းပေါက်ပြဲခြင်း (bust) ဟုခေါ်သည်။ ဂျပန်သည် ဤသို့ ပူဖောင်း ပေါက်ပြဲပြီး ၁၂ နှစ် ကြာမှ၊ ပြန်လည်နာလန်ထသည်။ နာလည်ထ သည်ဟုဆိုငြားလည်း၊ ဂျပန်၏ ဂျီဒီပီသည် ယခင်က အထွတ်ထိပ်သို့ ရောက်ခဲသည့် အဆင့်ကို အမီတော့ပေ။
ဂျပန်သည် ဒုတိယအင်းအားအကြီးဆုံး စီးပွားရေး ဖြစ်သည်။ ဘွမ်းနှင့် ဘတ်စ် (boom and bust) ကြုံခံ့သည်။ ပြန်လည်နာလန်ထသည်။ သို့ သော် ဂျပန်စီးပွားရေး သည် သပွတ်အူလို ရှုပ်ပွ နေသည်။ Mess ဟုပြောသည်။ ဤစီးပွားရေး အရှုပ်အပွအတွက် မည် သူ့ကို အပြစ်တင်ရမလဲဟု မေးခွန်းပေါ်သည် နိုင်ငံရေး စနစ်ကို ယခု အပြစ်တင်လာသည်။ ဂျပန်နိုင်ငံရေး စနစ်သည် ပါတီစုံ နိုင်ငံရေး စနစ် ဖြစ်သော်လည်း၊ ဂျပန်အယ်လ်ဒီပီပါတီကသာ ရာစုနှစ် ၀က်ကျော် အာဏာရသော စနစ် ဖြစ်နေသည်။
တစ်ပါတီတည်း အားဏာရစနစ်သည် ဂျပန်၏ စီးပွားရေး စနစ် အရှုပ်အပွကြီးကို မွေးထုတ် သလော၊ (သို့ မဟုတ်) အရှုပ်အပွကြီးကို ဖုံးဖိပေးသလား၊ (သို့ မဟုတ်)ဤသို့ စီးပွားရေး အရှုပ်အပွ ကြီးကို ဖြေရှင်းရန် စွမ်းပကားမရှိဘူးလော၊ (သို့ မဟုတ်) ဤစီးပွားရေး အရှုပ်အပွကြီးကို မဖျက်ဆီး ပစ်ဘဲ၊ (သို့ မဟုတ်) မသိမ်းဆည်းဘဲ၊ဖျားအောက် ရွှေ့ထားခြင်းလောဟူ၍ မေးခွန်းတွေ မေးပြီး စိန်ခေါ်ကြည်နေသည်။
ထိုအတောအတွင်း၌ ဂျပန်၏ နိုင်ငံရေး စနစ်က တစ်မျိုးတစ်ဖုံပြောင်းလဲသွားသည်။ ဂျပန် နိုင်ငံတွင် ဆီးနိတ်လွှတ်တော် နှင့် အောက်လွှတ်တော် တို့ဟူ၍ လွှတ်တော် နှစ် ရပ် ရှိလေရာ၊ မကြာမီက ဆီးနိတ်လွှတ်တော် ၌ အတိုက်အခံဒီမိုကရက်စီတစ်ပါတီ အနိုင်ရပြီး၊ စိုးမိုးလိုက်သည်။ အောက်လွှတ်တော် ၌ အာဏာရ အယ်လ်ဒီပီက စိုးမိုး၊ ဆီးနိတ်၌ အတိုက်အခံပါတီက စိုးမိုးဟူ၍ ဥပဒေပြုအာဏာ နှစ် ခြမ်းကွဲသွားသည်။
လိမ်ခဲတည်းလည်းနှင့် ခဲအော့စ်
ဤ ဖြစ်ထွန်းမှု အသစ်သည် တစ်ပါတီတည်းအာဏာ အလုံးစုံရနေသော အခြေအနေမှ တစ်ထစ်ရွှေ့သွားခြင်း ဖြစ်သည်ဟု သုံးသပ်ကြသည်။ တစ်ပါတီတည်းက ကြိုက်သလိုလုပ်လို့ မရ တော့သည်ကား မှန်သည်။ သို့ သော် ဤအခြေအနေကို ဝေဖန်မှု တွေ ပေါ်လာသည်။ အောက် လွှတ်တော် နှင့် အထက်လွှတ်တော် မှု တွေ ပေါ်လာသည်။ အောက်လွှတ်တော် အထက်လွှတ်တော် ၌ ပါတီတစ်မျိုးစီးက စိုးမိုးချုပ်ကိုင်လာသဖြင့် ၊ မြန်မြန်ဆန်ဆန်ဆောင်ရွက်စရာ ရှိသမျှတို့သည် အကုန်လိပ်ခဲ့တည်းလည်း ဖြစ်ကုန်သည်ဟု ဆိုသည်။ အာဏာရပါတီက တင်သမျှ ဥပဒေကြမ်း တို့သည်၊ အထက်လွှတ်တော် ၌ ပါတီတစ်မျိုးစီက စိုးမိုးချုပ်ကိုင်လာသဖြင့် ၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်စရာရှိသမျှတို့သည် အကုန်လိပ်ခဲ့တည်းလည်း ဖြစ်ကုန်သည်ဟုဆိုသည်။ အာဏာရ ပါတီက တင်သမျှ ဥပဒေကြမ်းတို့သည်၊ အထက်လွှတ်တော် ကို စိုးမိုးထားသော အတိုက် အခံတို့က ကန့်ကွက်ပယ်ချသည်နှင့် ၊ တောမရောက် တောင်မရောက် အကုန် ဖြစ်ကုန်သည်ဟု ဆိုသည်။
စီးပွားရေး တွင် တောင်ရောက်ချင်လည်းရောက်ရသည်။မြောက်ရောက်ချင်လည်းရောက်ရမည် ။ တောင်မရောက်၊ မြောက်မရောက်အခြေအနေသည် မကောင်းဟု ဝေဖန်သူတွေ ပေါလာ သည်။ သို့ ရာတွင် အများ က နိုင်ငံရေး ၌ တစ်ဖက်နှင့် တစ်ဖက်မဲတင်းပေးထားခြင်း၊ ထိန်းညှိခြင်း (check and balance) ပေါ်လာခြင်းသည်ပင်၊ မင်္ဂလာတစ်ပါး ဖြစ်သည်ဟု ထင်မြင်ကြသည်။
အောက်လွှတ်တော် ၌ အာဏာရပါတီက စိုးမိုး၊ အထက်လွှတ်တော် အတိုက်အခံက စိုးမိုး စသည်ဖြင့် ဖြစ်လာခြင်းကြောင့် ၊ လိပ်ခဲတည်းလည်း အခြေအနေတွေ မကြာခဏပေါ်မည် ။ ဤလိပ်ခဲတည်းလည်း အခြေအနေပေါ်တိုင်း ရွေးကောက်ပွဲတွေ မကြာခဏ ကျင်းပပြုလုပ်ဖို့ ရှိသည်။ ဤတွင် ရွေးကောက်ပွဲတို့သည် ပြဿနာကိုဖြေရှင်းမပေးဘဲ၊ ရှုပ်ရှုပ်ထွေးထွေး ကစဥ့် ကလျား ဖြစ်မှု (ခဲအော့စ်)တို့ကိုသာ မွေးထုတ်ပေးလိမ့်မည် ဟု ဝေဖန်သူတွေ ပေါ်လာကြသည်။ ဝေဖန်သူတို့ထဲ၌ လက်ရှိအခြေအနေနှင့် အလုပ် ဖြစ်နေသူတို့က အများ စု ဖြစ်နေကြောင်း တွေ့ ရှိနေ သည်။ ရွေးကောက်ပွဲ သည်ပြည့်စုံသော အဖြေ မဟုတ်သည့် တိုင်အောင်၊ တစ်စုံတစ်ရာ အပြောင်း အလဲကို မွေးထုတ်သည်။ Reform ပြုပြင်ပြောင်းလဲရန် တွန့်နေမှု ကိုလှုပ်ခါပစ်နိုင်သည်ဟု ထောက် ပြသည်။
အင်အားတိုင်းပုံ
ဂျပန်စီးပွားရေး သည် အမေရိကန်စီးပွားရေး အမောဆိုက် လာခြင်းကို၊ ဟုတ်တိပတ်တိ မကူညီနိုင်ဘဲ ဖြစ်နေသည်။ သို့ ဖြင့် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး အင်အား တောင့်တင်းမှု ရှိ-မရှိကို၊ အခြားနိုင်ငံတို့ကို ဒုက္ခရောက်နေလျှင် ကူညီနိုင်စွမ်းရှိ-မရှိနှင့် တိုင်းထွာကြည့်လာကြသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတို့၏ အင်အားတောင့်တင်းမှု ကို မောဆိုက်အကျပ်ရိုက်နေသော အမေရိကန်စီးပွားရေး အား ကူညီပေးနိုင်သလား မေးခွန်းဖြင့် အဖြေရှာသည်။ ဤနေရာ၌ decouplingဆိုသော အချက်ကို လည်း စံအ ဖြစ်ထားကြည့်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံတို့ ဖြစ်စေ၊ ဖွံ့ဖြိုးဆဲနိုင်ငံတို့ ဖြစ်စေ အမေရိကန် စီးပွားရေး အပေါ် မှီခိုအားထားနေရာမှ၊ ဘယ်လောက်အထိ အတွဲ ဖြုတ်နေကြ သနည်းဟူသော အချက်ကို ကြည့်လာကြသည်။
အမေရိကန်စီးပွားရေး နှင့် အတွဲ မဖြုတ်နိုင်သေးသော နိုင်ငံတို့သည်၊ အမေရိကန်စီးပွားရေး အမောဆိုက်နေခြင်းကို ကူညီရန် တာဝန်ရှိနေသည်။ ဂျပန်သည် အမေရိကန်စီးပွားရေး နှင့် အတွဲ မဖြုတ်နိုင်ပေ။ သို့ရာတွင် ၊ အမေရိကန်စီးပွားရေး အမောကို ဂျပန်က ဟုတ်တိပတ်တိဝင်ပြီး မကူညီ နိုင်ဘဲလည်း ဖြစ်နေသည်။ ဤသို့ ဖြစ်ရသည်မှာ ဂျပန်နိုင်ငံရေး စနစ်ကြောင့် ဖြစ်သည်။ ဂျပန် ကုမ္ပဏီအချို့ကြောင့် ဖြစ်သည်။ ဂျပန်မဲဆန္ဒရှင်လူထုတို့ကြောင့် ဖြစ်သည်ဟု အပြစ်ဖို့လာသည်။
ဂျပန်မဲဆန္ဒရှင်လူထုသည် ကိုယ်ရပ်ရွာ၌ တံတား၊ လမ်းပေါ်ရေး အတွက်သာ ဂျပန်နိုင်ငံရေး သမားတို့ထံမှ မျှော်လင့်နေသည်။ ကိုယ့်ရပ်ရွာ အကျိုးကိုသာ ရေတိုကြည့်ပြီး မဲထည့်နေကြသဖြင့်၊ ရေရှည်တည်တိုင်းပြည်အကျိုးကို မကြည့်ရာရောက်နေသည်။ ဤသဘောသည် ‘မအောင်မြင် သော နိုင်ငံရေး ၏ မြင်သာသော အကျည်းတန်မှု ’ (visible flight of failed politics)ကို ရှေ့ရှု သည်ဟုဆိုသည်။ ကုမ္ပဏီတို့ကလည်း အလားတူ ရေတိုအကျိုးကြည့်ပြီး နိုင်ငံရေး ပါတီတို့ အား ကူညီပေးနေသဖြင့်၊ ဂျပန်နိုင်ငံရေး စနစ်သည် အရှုပ်အထွေးကို ၀ိုင်းပြီးဖုံးဖိပေးသလို ဖြစ်နေသည် ဟု ထောက်ပြသည်။ စီးပွားရေး ကျဆင်းမှု ၌ နိုင်ငံရေး က ဘယ်လောက်တာဝန်ရှိ သနည်းဟု ရှာဖွေသော အလုပ်သည် ခေတ်စားလာသည်။
၁၉ မတ် ၂၀၀၈
ထိခိုက်ဒဏ်ရာရမှု နှစ် ပါး
တီထွင်ဖန်တီးသော ဖျက်ဆီးမှု (creative destruction) အကြောင်း စာရေး သူ မကြာခဏ ရေး သားဖူးသည်။ တက္ကနိုလိုဂျီနှင့် သိပ္ပံပညာသစ်များ ပေါ်ထွန်းမှု သည်၊ အဟောင်း အဟောင်းတို့ ကိုလည်း ဖြန့်ဖြူးသည်။ အသစ်အသစ်တို့ကိုလည်း ဖန်တီးသည်။ အဟောင်းများ ပြိုလေရာ၊ အသစ်အသစ်များ ပေါ်လတ္တံဟုဆိုသော ဆိုရိုးစကားသည် ‘တီထွင်ဖန်တီးသော ဖျက်ဆီးမှု ’ဟူသော သဘောတရားကို ထင်ဟပ်သည်။
တက္ကနိုလိုဂျီအသစ်တစ်ရပ် ပေါ်လာသော ကြောင့်၊ အဟောင်းတစ်ခု ဖျက်ဆီးခံရရာ၌ ၀ုန်းခနဲ ပြိုသွားသည့် ပုံသဏ္ဍာန်မျိုးလည်း ဖြစ်နိုင်သည်။ ပြိုမှန်းမသိ ပြိုသွားသော ပုံသဏ္ဍာန်လည်း ဖြစ်နိုင်သည်။ ဘာမျှမသုံးရဘဲ ချက်ချင်း ဟောင်းသွားသော ပုံသဏ္ဍာန်မျိုးလည်း ဖြစ်နိုင်သည်။ ချက်ချင်း မဟောင်းဘဲ ပေါ်လာသော အသစ်ပုံသဏ္ဍာန်ကို ဒရောသော ပါး ပင်ပန်းတကြီးလိုက်မီ အောင် ပြေးလွှာရသည့်ပုံစံမျိုးလည်း ဖြစ်နိုင်သည်။
မည် သို့ပင် ဖြစ်စေ၊ ပြိုလဲသွား။ ဟောင်းနွမ်းသွားသော အရာတို့ကို ထိခိုက်ဒဏ်ရာရခြင်း (casuality) အ ဖြစ်မှတ်ယူသည်။ အင်တာနက် အွန်လိုင်းတွေ ပေါ်လာသည်။ ၀က်ဘ်ဆိုက်တွေ ပေါ်လာသည်။ ဤသို့ အင်တာနက်ဝက်ဘ်ဆိုက် အွန်လိုင်းတွေ ပေါ်လာသဖြင့်၊ ချက်ချင်း ထိခိုက်ဒဏ်ရာရသွားသော အရာနှစ် ပါးမှာ (၁) ပုံနှိပ်ဂျာနယ်လစ်ဇင်နှင့် (၂) စီမံခန့်ခွဲမှု ပညာတို့ ဖြစ် ကြသည်။ Print journalism နှင့် management studies တို့သည် အင်တာနက်အွန်လိုင်းကြောင့် မတော် တဆ ထိခိုက်ဒဏ်ရာရသွားကြကုန်သည်။
အင်တာနက်ပေါ်လာသဖြင့် အွန်လိုင်းဂျာနယ်လစ်ဇင်ဆိုပြီး ပေါ်လာသည်။ ဤအွန်လိုင်း ဂျာနယ်လစ်ဇင်သည် မြေပေါ်ရှိပုံနှိပ်ဂျာနယ်လစ်ဇင်ကို အကြီးအကျယ်ဒုက္ခပေးသည်။ ပုံနှိပ်မီဒီယာ တို့သည် အင်တာနက်အွန်လိုင်းဂျာနယ်တို့နှင့် အသေအလဲ ယှဉ်ပြိုင်ကြရသည်။ ရေရှည်၌ ပုံနှိပ်မီဒီ ယာပျောက်သွားမလိုပင် ပြောဆိုနေသည်။ ဤအချက်က ပုံနှိပ်ဂျာနယ်လစ်ဇင် ထိခိုက်ဒဏ်ရာရ သွားခြင်းကို ညွှန်းသည်။
ခေါင်းဆောင်မှု နှင့် အီးမေးလ်
အင်တာနက်ပေါ်လာသော ကြောင့် ဘိဇနက်လည်း နှစ် ခြမ်းကွဲသွားသည်။ ရိုးရိုးမြေပေါ် ဘိဇနက်ကို off-line business လို့လည်း ခေါ်သည်။ စီးပွားရေး စီမံခန့်ခွဲမှု ကျောင်းတို့သည် မြေပေါ် ဘိဇနက်တို့အတွက်သာ သင်ကြားပို့ချနေရာ၊ သမားရိုးကျတွေ သာ ဖြစ်နေသည်။ ယခုအွန် လိုင်း ဘိဇနက်ဆိုပြီး ပေါ်လာသော အခါ၊ အွန်လိုင်းဘိဇနက် စီမံခန့်ခွဲမှု အတွက် ဘိဇနက် စီမံခန့်ခွဲမှု ကျောင်းတွေ အဆင့်ပင် မ ဖြစ်ဘဲ၊ အငိုက်မိသွားသည်။
မြေပေါ်ဘိဇနက်စီမံခန့်ခွဲမှု ပညာနှင့် အွန်လိုင်းဘိဇနက် ပညာတို့သည် အခြေခံချင်း မတူကြပေ။ အနှစ် သာရအားဖြင့် အလွန်ခြားနားသည်။ သမားရိုးကျဘိဇနက်စီမံခန့်ခွဲမှု တွင် ဖောက် သည် (Customers) နှင့် ခေါင်းဆောင်မှု (leadsrship) တို့်ကို အဓိကထားသည်။ အွန်လိုင်း ဘိဇနက် စီမံခန့်ခွဲမှု နှင့် အီးမေးလ်နှင့် အီးမေးလ်စာတို့က အခရာကျသည်။ e-mail and e-mail addresses တို့က အဓိကကျသည်။ ထို့ကြောင့် အဓိက အလေးပေးရပုံချင်း မတူညီကြသဖြင့် ၊ သင်ရိုးတို့ကလည်း တခြားစီ ဖြစ်လာသည်။
ထို့ကြောင့် အင်တာနက်ဝက်ဘ်ဆိုက်တွေ ပေါ်ထွန်းလာသော ကြောင့် ထိခိုက်ဒဏ်ရာ ရသွားသော အရာနှစ် ပါးသည် ပုံနှိပ်ဂျာနယ်လစ်ဇင်နှင့် စီမံခန့်ခွဲပညာတို့ ဖြစ်သည်ဟု အဆိုရှိလာ သည်။ ဒဏ်ရာရသွားသော ပညာနှစ် ပါးစလုံးကလည်း အင်တာနက်အွန်လိုင်းတို့ကို မိမိတို့ လုပ်ငန်း ခွင်နှင့် လိုက်လျောညီထွေ ဖြစ်အောင်ကြံဆပြုလုပ်နေကြရပြီ။
ဓာတ်ဆီနှင့် ဘက်ထရီ
အွန်လိုင်းဘိဇနက်ဟူ၍ သီးခြား ဖြစ်ထွန်းလာ၍ အမီ့လိုက်မည် ဟု ကြံရုံရှိသေး၊ အင်တာနက် အွန်လိုင်း၏ သဘာဝကလည်းပြောင်းလဲသွားပြန်ပြီ။ အချို့ကဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဟုပြောသည်။ အချို့က အင်ဖော်မေးရှင်းနှင့် ဆက်သွယ်ရေး တက္ကနိုလိုဂျီတို့ကြောင့် ဟု ပြောသည်။ ခေတ်သည် ချိတ်ဆက်မှု ခေတ် (age of connectivity) ဖြစ်သွားသည်။ ဤခေတ်တွင် လူတိုင်း သည် ချိတ်ဆက်မိနေကြပြီး (every one is connected) ဟုဆိုသည်။
ချိတ်ဆက်မှု ကလည်း အလွန်အဆင့်မြင့်သွားပြီး ယခင်က အင်တာနက်နှင့် ကွန်ပျူတာ တို့ဖြင့် ချိတ်ဆက်ခြင်းကို အခြေခံခဲ့သည်။ ကွန်ပျူတာဖြင့် အင်တာနက်ကို ချိတ်ဆက်မိအောင် ကြိုးပမ်းကြသည်။ ယခု ဤထက် အဆင့်မြင့်သွားသည်။ ဆဲလ်ဖုန်းဖြင့် အင်တာနက်သို့ ချိတ်ဆက် မိရန် ဖြစ်သည်။ ဆဲလ်ဖုန်း၊ ကွန်ပျူတာနှင့် အင်တာနက်တို့ဖြင့် ‘စင်အကျယ်မြင့်မြင့်’ အသုံးပြုချက် ချင်းချိတ်ဆက်နိုင်ကြသဖြင့် အခြေခံအဆောက်အအုံသည် ကြိုးမဲ့ဝိုင်ယာလက် ဖြစ်လာသည်။ Wireless infrastructure ဟုခေါ်သည်။
သို့ဖြင့် အခြေခံအဆောက်အအုံနှစ် မျိုး ပေါ်သည်။ ပထမရှိရင်းစွဲလမ်းပန်းအဆက်အသွယ် တို့အတွက် အခြေခံ အဆောက်အအုံတို့ ဖြစ်ကြသည်။ ကွန်ကရစ်အခြေခံ အဆောက်အအုံတို့ကို ညွှန်းသည်။ ယခု ဒုတိယအခြေခံ အဆောက်အအုံသည် ကြိုးမဲ့ဝိုင်ယာလက် အခြေခံအဆောက် အအုံတို့ ဖြစ်ကြသည်။ယခုပြောသော ချိတ်ဆက်မှု ခေတ်သစ်သည် ကြိုးမဲ့အခြေခံအ ဆောက်အအုံ ဗဟိုပြု ချိတ်ဆက်မှု ခေတ် ဖြစ်သည်။ တိတိကျကျပြောလျှင် ဆဲလ်ဖုန်းတို့ဖြင့် အင်တာနက်တို့ဆီ ချက်ချင်း ချိတ်ဆက်နိုင်သော ချိတ်ဆက်မှု ဖြစ်သည်။
ကွန်ကရစ်အခြေခံ အဆောက်အအုံဗဟိုပြု ဆက်သွယ်ရေး စနစ်၌ စွမ်းအင်(ရေနံ၊ ဓာတ်ဆီ) က အဓိကအရေး ကြီးသည်။ ကြိုးမဲ့ဝိုင်ယာလက်အခြေခံ အဆောက်အအုံဗဟိုပြု ချိတ်ဆက်မှု စနစ် ၌ ဘက်ထရီက အရေး ကြီးသည်။
လူ့ ဥာဏ်ထက်သာသော
ဆဲလ်ဖုန်းနှင့် အင်တာနက်အခြေစိုက်ချိတ်ဆက်မှု ခေတ်၌ ဆိုင်ရာဆိုင်ရာ တက္ကနိုလီဂျီတို့ လည်း ပေါ်ပေါက်လာရာ၊ ထိုအထဲကွန်ပျူတာ၏ သဘာဝလည်း ပြောင်းလဲသွားသည်။ ကွန်ပျူတာ သည် လူ့ဦးနှောက်ကို ချဲ့ထွင်ထားခြင်း ဖြစ်လေရာ၊ ဤအခြေခံသဘောမှနေ၍ လူ့ဦးနှောက်နှင့် တူ သော ကွန်ပျူတာတို့ကို ဖန်တီးလာကြသည်။ ဤသဘောအရ ကွန်ပျူတာသည် လူ့ဦးနှောက်ကို မှီခိုနေရသေးသည်။ ယခု နောက်ဆုံးကွန်ပျူတာတို့က သူ့အီပေါ်လူးရှင်းတရားနှင့် သူ လွတ်လပ်စွာ ထွက်ပေါ်လာသဖြင့် ၊ ကွန်ပျူတာ၏ ဥာဏ်သည် လူ့ဥာဏ်နှင့် မတူသော ဥာဏ် (non-human like intelligence) ဖြစ်လာမည် ။ လူ့ဦးနှောက်နှင့် တူသော ကွန်ပျူတာ ဖြစ်သော်လည်း၊ လူ့ဥာဏ်တော့ မဟုတ်တော့ပြီ။ လူ့ဥာဏ်ထက် ပိုဥာဏ်ထက်ဖွယ်ရှိသည်။
ဆဲလ်ဖုန်းကလည်း ဘက်ထရီအလွန်အားကောင်း၊ အင်တာနက်ဝက်ဘ်ဆိုက် တို့ကလည်း အလွန်လျှင်မြန်၊ ကွန်ပျူတာတို့ကလည်း လူ့ဥာဏ်ထက် ပိုထက်မြက်သော အခါ ဤခေတ်၏ ချိတ်ဆက်မှု သည် ဖန်တီးရှင်များ ပူးပေါင်းဆောင်ရွက်သော ချိတ်ဆက်မှု ဖြစ်သည်ဟု ပြောရမည် ။ လူတိုင်းသည် ဤချိတ်ဆက်မှု ထဲ ပါဝင်ပတ်သက်နေသည်။ ပါဝင်ပတ်သက်ပုံမှာ မိမိ၏ အနှစ် သာရ (content) ကို မိမိဘာသာ ဖန်တီးခြင်းဖြင့် လည်းကောင်း ချိတ်ဆက်မိသူတွေ စုပေါင်း၍ အနှစ် သာရကို ၀ိုင်းဖန်တီးကြခြင်းဖြင့် လည်းကောင်း၊ ကိုယ့်အသံကို သူများ တွေ ကြားရအောင် လုပ်ကြမည် ။
ထို့ကြောင့် ခေတ်သစ်ချိတ်ဆက်မှု ၏ ကြွေးကြော်သံသည် ‘ကျုပ်ပြောတာ ကြားရဲ့ လား’ ဟူ၍ ဖြစ်ပါလိမ့်မည် ။ သူများ ကြားအောင်လည်း ကိုယ်ကပြောရမည် ။ သူများ စကားကိုလည်း ကိုယ် ကနားထောင်ရမည် ။ ဤသည်ပင် ခေတ်သစ်ချိတ်ဆက်မှု ၏ ၀ိသေသဟုဆိုသည်။ ဤသို့ ဖြစ်လာ ရန်အတွက် မည် သည့်ရေး ရာများ မတော် တဆ ဒဏ်ရာရမည် ဟူ၍ ကား မသိနိုင် သေးပေ။
![]() ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ (၃) | ![]() စင်ပြိုင်ဒရမ်မာ ကမ္ဘာကုန်ကျယ်သရွေ့နှင့် လှသောစိန် | ![]() စီးပွားရေးယုတ္တိ အသစ်ငါးပါး |