Cover

အမှာ စာ

ဈေးကွက်ရှာဖွေထူထောင်ခြင်ဆိုင်ရာ မူကြီးများ အတွဲ (၃) ကို ဆက်လက်ထုတ်ဝေလိုက်ပါ သည်။ ဈေးကွက်အကြောင်း ကျွန်တော်တို့ အတွဲ (၂) တွင် ဖော်ပြခဲ့ပါသည်။ တကယ်တော့ ဈေး ကွက်ရှာဖွေခဲ့သော International Brands များ အကြောင်းကို တစေတစ်စောင်းကြည့်ရှုသုံးသပ် မည်ဆိုပါက များ စွာ မှစိတ်ဝင်စားစရာကောင်းပါသည်။

သို့သော် ယခုထုတ်ဝေသော ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများ အတွဲ (၃) တွင် Global Capitalism ၏ Silent Take-Over အကြောင်း၊ ဖွံ့ဖြိုးပြီးသော နိုင်ငံကြီးများ က တိတ် တဆိတ်အခြား ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ စီးပွားရေးအချက်အချာများ အားလည်းကောင်း၊ ကုမ္ပဏီများ အားလည်းကောင်း၊ မသိမသာတဖြည်းဖြည်း သိမ်းပိုက်လာပုံ၊ Stok Market များ တွင် အလားအ လာကောင်းသည့် ကုမ္ပဏီကြီးများ ၏ Share များ ကိုဝယ်လာပုံ၊ International Brand များ ၏ Mar keting စီးပွားရေးအမွေဆက်ကြေးများ တဖြည်းဖြည်းရရှိလာပုံတို့ကို လေ့လာရေးသား သင့်ပါ သည်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ရေးသားလိုပါသည်။

သို့သော် အချိန်များများ ယူရမည့်အတွက် Global Capitalism သဘောသဘာဝအရ Sile nt Take-Over အကြောင်းရေးရန် အချိန်မရတော့သည့်အတွက် မရေးသားတော့ပါ။

အာရှနိုင်ငံများ တွင် မသိမသာတဖြည်းဖြည်း စီးပွားရေးခိုင်မာသည့် ကုမ္ပဏီကြီးများ အား မည်ကဲ့သို့ သိမ်းပိုက်လာပုံ ပိုင်ဆိုင်မှု ရှယ်ယာများ ကို ၀ယ်လာပုံ၊ International Brand များ ၏ Ma rketing ဆက်ကြေးများ တဖြည်းဖြည်းရရှိလာပုံတို့ကို ဖော်ပြနိုင်လျှင်ပို၍ ကောင်းပါသည်။

ကျွန်တော်တို့နိုင်ငံတွင် Franchises များ မထွန်းကားလာမီ၊ ပြည်တွင်းဈေးကွက် ထုတ်လုပ် သူများ က မိမိတို့ဈေးကွက်ကို ရှာဖွေသင့်ပါသည်။ ကျွန်တော်တို့ AFTA (Asean Free Trade Ar ea) အချိန်ကျရောက်ပါက ဈေးကွက်ယှဉ်ပြိုင်မှု များ အရ ကျွန်တော်တို့ ကြိုးစားရမည် ဖြစ်ပါသည်။ AFTA အချိန်တွင် Packing Industry & Raw Material Base Industrise များ မတိုးတက် သေးလျှင် ဈေးကွက် ယှဉ်ပြိုင်ရန် ခက်ခဲနိုင်ပါသည်။ အထူးသဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာ တွင် မြန်မာနိုင်ငံ၌ Packing Material ကုန်ကျစရိတ်ကြီးမားခြင် စက်မှု ကုန်ကြမ်း၊ ပစ္စည်းဈေး နှုန်းများ ကြီးမြင့်ခြင်းအတွက် ဈေးကွက်ယှဉ်ပြိုင်ရန် ခက်ခဲမည်ဖြစ်သည့်အပြင် ဈေးကွက်ရှာခြင်း အားနည်းချက်များ ရှိပါက ပိုမိုအကျပ်အတည်းများ တွေ့နိုင်ပါသည်။သို့အတွက် ဈေးကွက်အတွက် အကျိုးရှိမည့်စက်မှု ကုန်ကြမ်းအခြေခံ Raw Marte rial Base စက်ရုံများ ၊ Chemical Base စက်မှု လုပ်ငန်းများ ၊ ထုတ်ကုန်ပစ္စည်း အခြေခံစက်မှု များ သည် ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများ သည့်အတွက် အစိုးရပိုင် စက်မှု ၀န်ကြီးဌာနများ က ထုတ်လုပ်ရန် ကျွန် တော်တို့ စဉ်းစားသင့်ပါသည်။ သို့ပါမှသာ Production Cost များ ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်း ဖြစ် လာမည်ဖြစ်ပါသည်။ Marketing တက်လာသော်လည်း Production Cost မယှဉ်ပြိုင်နိုင်လျှင် ပြည်တွင်း Brand များ အတွက် ယှဉ်ပြိုင်ရန် အခက်အခဲများ ရရှိနိုင်ပါသည်။

မြန်မာနိုင်ငံတွင် စက်မှု ဇုန်မျာ တဖြည်းဖြည်းတိုးတက်လာပါသည်။ ယင်းစက်မှု ဇုန် များ ၏ အဓိကကျသော အစိုးရ၏ စီးပွားရေးဦးတည်ချက်များ မှာ များ စွာ ကောင်းပါသည်။ သို့သော် အရေ အတွက်စက်မှု ဇုန်များ အရည်အချင်းစက်မှု ဇုန်များ ဖြစ်လာရန် လိုပါသည်။ သို့အတွက် စက်မှု ဇုန် များ တိုးတက်ချဲ့ထွင်မည့်အစား စက်မှု ဇုန်အရည်အသွေး တိုးတက်ရန်အတွက် ကြိုးပမ်းကြရန် လိုပါသည်။ စက်မှု ဇုန်များ အရည်အသွေး မြင့်မားရေး၊ တိုးတက်ရေးအတွက် အခြေခံကျသော အချက်များ ကို စဉ်းစားသင့်ပါသည်။ ယာယီမ လုံလောက်သေးသော လျှပ်စစ်စွမ်းအား အပြည့် အ၀ရရှိရန် လုပ်ငန်းရှင်များ မှ တင်ပြ နေကြ ပါသည်။

တကယ်တော့ လျှပ်စစ်ရရှိလျှင် မိမိတို့ ထုတ်လုပ်သည့် ကုန်ပစ္စည်းအရည်အသွေး လည်း တိုးတက်လာမည်ဖြစ်ပါသည်။ တိုးတက်သင့်သလောက် မတိုးတက်သေးကြောင်း တွေ့ရပါသည်။ ဥပမာ လယာထွက်စက်မှု လုပ်ငန်း၊ သစ်တောထွက် စက်မှု လုပ်ငန်း၊ စား သောက်ကုန် စသည်တို့ လည်း ပါဝင်ကြပါသည်။

ကျွန်တော်တို့ အချိန်ကြာမြင့်စွာ ကပင် စိုက်ပျိုးရေးနှင့် စက်မှု လုပ်ငန်းတိုးတက်ရေးကို ဦး တည်ချက်ထား၍ လုပ်ဆောင်လျက်ရှိပါသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ထုတ်လုပ်သည့်ပစ္စည်းများ ဈေးကွက်ရှာဖွေရာတွင် အဓိကကျပါသည်။ ဈေးကွက်တွင် ထုတ်လုပ်သည့် ကုန်ကြမ်း ပစ္စည် ရောင်းချမှု နှင့်ကုန်ချောရောင်းချမှု တို့ပါ ပါဝင်ပါသည်။ သို့သော်လည်း ကုန်ကြမ်းရော၊ ကုန်ချောပါ ရောင်းချရမှု အတွက် ဈေးကွက်လိုပါသေးသည်။ အလားတူပင် စက်မှု ထုတ်လုပ်သူများ ၏ ကုန် ချောများ ပြည်ပတင်ပို့ရန်လည်းလိုပါသည်။ သို့အတွက် State Marketing များ တည်ထောင်ပေး ရန် လိုအပ်မည်ဖြစ်ပါသည်။

ထို့ကြောင့် ယခုဘာသာပြန်သော Priciples Of Mardeting အပြင် Philip Kotler ရေးသား သည့် The Marketing of Nations ကိုလည်း ဘာသာပြန်ဖို့ ကောင်းပါသည်။

(ဦးသိန်းထွန်း) ဥက္ကဋ္ဌ

အခန်း(၁)

ကုန်စည်တို့အား ဈေးနှုန်းသတ်မှတ်ပေးခြင်း၊ ဈေးနှုန်းသတ်မှတ်မှု ဆိုင်ရာ လေ့လာခြင်းနှင့်ချဉ်းကပ်နည်းများ

(Pricing Products: pricingConsiderations And Approaches)

အမြတ်အဖွဲ့အစည်းအားလုံးနှင့် အမြတ်ကိုမရှေးရှုသော အဖွဲ့အစည်းအများ စုတို့သည် သူ တို့၏ ကုန်စည်တို့ကိုဖြစ်စေ၊ ၀န်ဆောင်မှု တို့ကိုဖြစ်စေ ဈေးနှုန်းဖြတ်ရသည်။ ထိုအခါဈေးနှုန်း (Price) ကို အမည်အမျိုးမျိုးဖြင့် ပြောကြသည်။ဈေးနှုန်းသည် ကျွနုပ်တို့၏ ၀န်းကျင်တစ်ဝိုက်၌ နေရာတကာတွင် ရှိနေသည်။ သင်သည် အိမ်ခန်းတွင်နေရန် အိမ်လခပေးသည်။ သင့်ပညာရေးအတွက် ကျူရှင်ခပေးသည်။ ဆရာဝန်ကို ဆေးကုခပေးသည်။ လေကြောင်း၊ မီးရထား၊ တက္ကစီ၊ ဘတ်စ်ကားကုမ္ပဏီတို့သည် သင်ခရီးသွား သည့်အတွက် အခကြေးငွေကောက်ခံသည်။ ဒေသဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှု အဖွဲ့တို့က သူတို့၏ ဈေးနှုန်းတို့ကို နှုန်း (rate) ဟုခေါ်ဆိုကြသည်။ ဘဏ်က သင့်ထံမှ အတိုးငွေကောက် သည်။ လမ်းမကြီးပေါ်၌ ကားမောင်းလျှင် (toll charges) ပေးရသည်။ အာမခံကုမ္ပဏီက ပရီမီယံ ကြေးဆိုပြီး ကောက်သည်။ ဧည့်သည်ကထိက သည် ချီးမြှင့်ကြေးယူသည်။ အစိုးရအရာရှိက လာဘ်ယူကောင်းယူမည်။ ကုန်သည် အသင်းက လစဉ်ကြေး ကောက်ခံမည်။ နာမည်ကြီးအသင်း နှင့် ကလပ်တို့က အထူးကြေး ကောက်မည်။ ရှေ့နေက ရှေ့နေခယူမည်။ ကုမ္ပဏီမန်နေဂျာ၏ ဈေး နှုန်းကို လခဟု ခေါ်သည်။ အရောင်းကိုယ်စားလှယ်သည် ကော်မရှင်ရမည်။ အလုပ်သမား တစ် ယောက် ဈေးနှုန်းသည် လုပ်ခဖြစ်မည်။ ဘောဂဗေဒပညာရှင်အများ စုက သဘောမတူနိုင်စေကာမူ ကျွနုပ်တို့ ၀င်ငွေရှာသည့်အတွက် ၀င်ငွေခွန်တော့ပေးရသေးသည်။ ဤအရာအားလုံးသည် ဈေး နှုန်းတွေပင် ဖြစ်တော့သည်။

အဓိပ္ပာယ်ကို ချုံ့၍ ပြောရလျှင် ဈေးနှုန်း (Price) သည် ကုန်စည်တစ်ခုအတွက် သို့တည်း မဟုတ် ၀န်ဆောင်မှု တစ်ခုအတွက် ပေးရသော ငွေအရေအတွက် တစ်မျိုးမျိုးဟု ဆိုရမည်။ သည့် ထက်ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် ဈေးနှုန်းသည် ကုန်စည်ကိုဖြစ်စေ၊ ၀န်ဆောင်မှု ကိုဖြစ်စေ လက်ဝယ်ရှိခြင်း သို့မဟုတ် သုံးစွဲခြင်းအတွက် အလဲအလှယ် အနေဖြင့်ပေးရသော တန်ဖိုးစုစု ပေါင်းကိုခေါ်ဆိုသည်။ သမိုင်းအရ ဈေးနှုန်းသည် ၀ယ်သူ၏ ရွေး ချယ်မှု ကို သက် ရောက်စေသော အဓိကအကြောင်းတရားကြီးလည်းဖြစ်သည်။ ဤအဆိုအမိန့်သည် ရောင်းကုန်ပစ္စည်းများ ရှိသော ဆင်းရဲသောနိုင်ငံ၊ ဆင်းရဲသော လူ့အသိုင်းအ၀ိုင်းတို့အတွက်မှန်ကန်သည်။ သို့ရာတွင် မကြာ သေး မီ ဆယ်စုနှစ်ခန့်ကစပြီး ဈေးနှုန်းနှင့် မသက်ဆိုင်သော အကြောင်းတရားတို့သည် ၀ယ်သူ ၏ ရွေး ချယ်မှု အပြုအမူတို့တွင် ပို၍ အရေးကြီးလာပေသည်။

သမိုင်းတစ်လျှောက်၌ ဈေးနှုန်းတို့သည်ရောင်းသူနှင့် ၀ယ်သူအချင်းချင်း စေ့စပ်ညှိ နှိုင်းမှု တို့ဖြင့် သက်မှတ်ခဲ့ကြသည်သာဖြစ်သည်။ ပုံသေ ဈေးနှုန်းပေါ်လစီ (၀ယ်သူအားလုံးအတွက် ဈေး နှုန်းတူ သတ်မှတ်ခြင်း) တို့သည် ၁၉ ရာစုနှစ်အကုန်၌ အများ အပြား လက်လီရောင်းချမှု (Large scale retailing) ထွန်းကားလာသောအခါ ပေါ်ပေါက်လာသော ခေတ်သစ်ကျင့်စဉ်တစ်ရပ် ဖြစ် သည်။ နောင်နှစ်ပေါင်းရာကျော်၍ အင်တာနက်ပေါ်ထွန်းလာသောအခါ ပုံသေဈေးနှုန်းဖြတ်ခြင်းကို ပြောင်းပြန်လှန်ပစ်၍ ဒိုင်းနမစ်ဈေးနှုန်းဖြတ်ခြင်း (dynamic pricing) ဘက်ဆီသို့ ပြန်ဦး လှည့်ကြသည်။ အခြေအနေလိုက်ပြီး လူပုဂ္ဂိုလ်ကိုလိုက်ပြီး ဈေးနှုန်းအမျိုးမျိုးသတ်မှတ်ခြင်းဖြစ် သည်။

အင်တာနက်၊ကော်ပိုရိတ်ကွန်ရက်နှင့် ကြိးမဲ့ဆက်သွယ်မှု တို့သည် ရောင်းသူနှင့် ၀ယ်သူတို့ အား ယခင်ကနှင့်မတူသော ချိတ်ဆက်မှု အသစ်များ ပြုလုပ်ပေးကုန်သည်။ ဘက်ဘ်ဆိုက်တို့သည် ၀ယ်သူတို့အား အခြားကုန်ပစ္စည်းတို့၏ ဈေးနှုန်းတို့နှင့် ချက်ချင်းညှိနှိုင်ယှဉ်ခွင့် ရရှိစေသည်။ အွန် လိုင်းလေလံတို့သည် ၀ယ်သူနှင့်ရောင်းသူတို့အာ ထောင်ပေါင်းများ စွာ သော ပစ္စည်းအမျိုးအမည် တို့အပေါ်တွင် ဈေးစကာပြော၍ စေ့စပ်ပေးနိုင်သည်။ ပြန်လည်ပြုပြင်ထားသော ကွန်ပျူတာမှအစ ခေတ်မမီတော့သော ရထားတွဲ များ အဆုံး ပစ္စည်းမြောက်များ စွာ တို့၏ ဈေးနှုန်းတို့အပေါ်တွင် ဈေး စကားပြော ညှိနှိုင်းနိုင်ကြ သည်။ တစ်ချိန်တည်း၌ တက္ကနိုလိုဂျီအသစ်တို့သည် ဖောက်သည်တို့ ၏ ၀ယ်ခြမ်းမှု အလေ့အထ၊ ကြိုက်နှစ်သက်မှု ၊သုံးစွဲနိုင်သောငွေအကန့်အသတ်စသည့်အချက်အလက် ဒေတာတို့ကို ရောင်းသူတို့ထံ စုဆောင်းရရှိစေနိုင်သည်။ သို့ဖြင့် ရောင်းသူတို့သည်ဝယ်သူတို့၏ စိတ်ကြိုက်ဖြစ်အောင် ဈေးနှုန်းနှင့်ကုန်စည်တို့ကို စီစဉ်နိုင်ကြသည်။

မတ်ကတ်တင်း အရောအစပ်တွင် ဈေးနှုန်းသည်သာ ရငွေတို့ကို မွေးထုတ်ပြီး ကျန်အရာ တို့သည် ကိုယ်စားပြုနေကြသည်။ ထို့အပြင်ဈေးနှုန်းသည် မတ်ကတ်တင်း အရောအစပ်၌ ပြင် ဆင်နိုင်သော ပျော့ပျောင်းမှု အရှိဆုံးအရာလည်းဖြစ်သည်။ ကုန်စည်သွင်ပြင်လက္ခဏာ ဖြန့်ချီရေး နယ်ချဲ့လိုင်းတို့နှင့်မတူဘဲ ဈေးနှုန်းကို မြန်မြန်ဆန်ဆန် ပြောင်းလဲနိုင်သည်။ တစ်ချိန် တည်းမှာ ပင် ဈေးနှုန်းနှင့် ဈေးနှုန်းပြိုင်ဆိုင်မှု တို့သည် မတ်ကက်တင်းမန်နေဂျာတို့ တွေ့ရှိရသော နံပါတ်တစ် ပြဿနာဖြစ်သည်။ သို့ ရာတွင် ကုမ္ပဏီအများ အပြားတို့သည် ဈေးနှုန်းပြဿနာကို ကောင်းမွန်စွာ မကိုင်တွယ်နိုင်ကြပေ။ ဘုံအကျဆုံးအမှားအယွင်းတစ်ရပ်မှာ စရိတ်ကိုဦးတည် ကြည်လွန်းသော ဈေးနှုန်းသတ် မှတ်မှု ပင်ဖြစ်သည်။ ကုန်ကျစရိတ်ထက် ဖောက်သည်တန်ဖိုး ကို ဦးတည်၍ ဈေးနှုန်း သတ်မှတ်သင့်ပေသည်။ ဈေးကွက်အပြောင်းအလဲကို ထင်ဟပ်၍ ဈေးနှုန်းကို ပြင်ဆင်သင့်ပါ လျက် မပြင်ဆင်ဘဲထားခြင်း၊ မတ်ကက်တင်းအရောအစပ်ထဲမှ အခြားသော အခြေခံအကြောင်း တရားတို့ကို ထည့်သွင်းမစဉ်းစားခြင်း၊ ဈေးကွက်အစိတ်အပိုင်းနှင့် ၀ယ်ခြမ်း သော ကိစ္စတို့ကိုလိုက် ၍ ကုန်စည်ဈေးနှုန်းတို့ကို ခြားခြားနားနား သတ်မှတ်သင့်ပါလျက် မသတ်မှတ်ခြင်းတို့သည်ဘုံ အကျဆုံး အမှားအယွင်းတို့ပင်ဖြစ်တော့သည်။

ဤအခန်းနှင့် နောက်အခန်းတို့တွင် ဈေးနှုန်းသတ်မှတ်ခြင်းအပေါ် ဖိုးကပ်စ်လုပ်ထားမည် ဖြစ်သည်။ ဤအခန်း၌ ဈေးကွက်သမားအနေဖြင့် ဈေးနှုန်းသတ်မှတ်ရာတွင် ထည့်သွင်းစဉ်း စားရမည့် ဖက်တာ (factors) တို့အကြောင်းကိုလည်းကောင်း၊ ယေဘုယျဈေးနှုန်း သတ်မှတ် ခြင်းဆိုင်ရာ ချဉ်းကပ်မှု တို့ အကြောင်းကိုလည်းကောင်း ရှုမြင်သုံးသပ်ထားသည်။ နောက်အခန်း၌ ကုန်စည်သစ် ဈေးနှုန်းသတ်မှတ်ခြင်းဆိုင်ရာ မဟာဗျူဟာတို့အကြောင်း၊ ကုန်စည်အရောအစပ် ဈေးနှုန်းသတ်မှတ်ခြင်းအကြောင်း၊ ၀ယ်သူနှင့်အခြေအနေဖတ်တာတို့ကို ထည့်တွက်၍ ဈေးနှုန်း ညှိနှိုင်းရသည့်အကြောင်းနှင့် ဈေးနှုန်းပြောင်းလဲမှု တို့ကိုဆွေးနွေး သွားပါမည်။

ဈေးနှုန်းသတ်မှတ်ရာတွင် စဥ်းစားရသော ဖတ်တာများ
(Factors to Consider When Setting Prices)

ကုမ္ပဏီတစ်ခု၏ ဈေးနှုနးဆိုင်ရာ ဆုံးဖြတ်ချက်တို့သည် ကုမ္ပဏီအတွင်း ဖက်တာတို့ဖြင့် လည်းကောင်း၊ပြင်ပတ်ဝန်းကျင်ဖက်တာတို့ဖြင့်လည်းကောင်းသက်ရောက်ခံရသည်။ (ပုံကားချပ် ၁.၁ )ကိုကြည့်ပါ။

Cover

ဈေးနှုန်းသတ်မှတ်ခြင်း ဆုံးဖြတ်ချက်ကို သက်ရောက်စေသောအတွင်း ဖက် တာများ

(Internal Factors Affecting Pricing Decision)

ဈေးနှုန်းသတ်မှတ်ချက်ကို ထိခိုက်သက်ရောက်စေသော အတွင်းဖက်တာတို့တွင် ကုမ္ပဏီ ၏ မက်ကက်တင်းရည်မှန်းချက်များ ၊ မက်ကက်တင်းအရောအစပ် မဟာဗျူဟာများ (marketing mix strategies) စရိတ်နှင့် အဖွဲ့အစည်းဆိုင်ရာ စဉ်းစားရမှု တို့ ပါဝင်သည်။

မက်ကက်တင်း ရည်မှန်းချက်များ (Marketing Objectives)

ကုမ္ပဏီသည် ဈေးနှုန်းများ မသတ်မှတ်မီ၌ ကုန်စည်နှင့် ပက်သတ်၍ မိမိ၏ မဟာ ဗျူဟာကို ဆုံးဖြတ်ရမည်။ အကယ်၍ ကုမ္ပဏီသည် ပစ်မှတ်ဈေးကွက်နှင့် ဤဈေးကွက် အတွင်း နေရာယူနိုင် မှု ကို စေ့စေ့စပ်စပ် ရွေးချယ်ပြီးပြီဟုဆိုလျှင် ဈေးနှုန်းသတ်မှတ်မှု အပါအ၀င် မတ်ကက်တင်း အရောအစပ် မဟာဗျူဟာသည် အတော်အတန် ဖြောင့်မတ်သွားတော့သည်။ အထောက်အထား တို့အရကြည့်လျှင် ဈေးနှုန်းသတ်မှတ်ခြင်း မဟာဗျူဟာကို ဈေးကွက်အတွင်း နေရာယူမှု အနေ အထားက စီရင်ကြောင်းတွေ့ရမည်။

တစ်ချိန်တည်းတွင် ကုမ္ပဏီသည် ရည်မှန်းချက်တို့ကို ပြင်ဆင်ဖြည့်စွက်နိုင်သည်။ ရည်မှန်း ချက်တို့အပေါ် တိကျပြတ်သားမှု ရှိလေ ဈေးနှုန်းသတ်မှတ်ရန် လွယ်ကူလေပင် ဖြစ်သည်။ တူညီ သော ဘုံရည်မှန်းချက်တို့မှာ ရှင်သန်ရေး (survival) လက်ငင်းအမြတ်အများ ဆုံးရရှိရေး (current profit maximization) ဈေးကွက်ဝေစုတွင် ခေါင်းဆောင်မှု (market share leadership) နှင့် ကုန်စည်အရည်အသွေး ခေါင်းဆောင်မှု (product quality leadership) တို့ဖြစ်သည်။

ကုမ္ပဏီတို့သည် စွမ်းပကား ပိုလျှံနေသောအခါ အပြိုင်အဆိုင်တို့ပြင်းထန်သောအခါ သို့ မဟုတ် စားသုံးသူတို့၏ လိုအင်ဆန္ဒများ ပြောင်းလဲနေသောအခါ အသက်ရှင်ရေး (survi val)ကို အဓိက ရည်မှန်းချက်အဖြစ်ထားရှိကြသည်။ စက်ရုံအလုပ်ရုံတို့ ဆက်လက်လည်ပတ်နိုင်ရန်အလို့ ငှာ ကုမ္ပဏီသည် ဈေးနှုန်းကို ခပ်နှိမ့်နှိမ့်သတ်မှတ်ကောင်းသတ်မှတ်သည်။ ၀ယ်လိုအားတွေ တိုး တက်လာလိမ့်မည်ဟု မျှော်လင့်၍ လည်း ဤသို့ ဈေးနှုန်း လျှော့ချခြင်း ဖြစ်တန်ရာသည်။ ဤလို ကိစ္စမျိုး၌ အမြတ်သည် အသက်ရှင်ရေးလောက် အရေးမကြီးတော့ပေ။ ဈေးနှုန်းတို့သည် ပြောင်းလဲ နေသောစရိတ် (variable costs) နှင့် ပုံသေစရိတ် (fixed costs) အချို့တို့ကို ကာမိနေသည် နှင့်အမျှ သူတို့၏ ဘိစနက်ထဲတွင် ဆက်လက်ရှင်သန်နိုင်မည်။ သို့ ရာတွင် အသက်ရှင်သန်ရေး သည် ရေတိုရည်မှန်းချက်သာ ဖြစ် သည်။ ရေရှည်၌ မူ ကုမ္ပဏီသည်ဖောက်သည်က ပေးဆောင် ရန် အဆင်သင့်ရှိသည့် တန်ဖိုးကိုမည်သို့ ဖြည့်စွက်ပေးနိုင်မလဲဟု လေ့လာဆည်းပူးရမည်။ ဤသို့ တန်ဖိုး မဖြည့်ပေး နိုင်လျှင်ပျက်သုဉ်းမှု နှင့် ရင်ဆိုင်ရပေမည်။များ စွာ သော ကုမ္ပဏီတို့သည် လက်ငင်းအမြတ်အများ ဆုံးရရှိရေး (current profit maxim ization) ကို သူတို့၏ ဈေးနှုန်းသတ်မှတ်မှု ပန်းတိုင်အဖြစ် ချမှတ်ကြသည်။ သူတို့သည် ဈေးနှုန်း အမျိုးမျိုး၌ ၀ယ်လိုအားဘယ်လောက်ရှိမည်၊ စရိတ်ဘယ်လောက်ကုန်ကျမည်ကို ခန့်မှန်းတွက် ချက်ကာ လက်ငင်းအမြတ်အများ ဆုံး ရရှိနိုင်သော ဈေးနှုန်းကို ရွေးချယ်ကြသည်။ တစ်နည်းပြောရ လျှင် ငွေသားစီးဆင်းမှု နှင့် ရင်းနှီးမြုပ်နှုံမှု အပေါ် ပြန်ရငွေကို အများ ဆုံး ဖြစ်ပေါ်စေသော ဈေးနှုန်း ကို ရွေးချယ်ကြသည်။ မည်သို့ ပင်ဖြစ်စေ ဤသဘောတရားအားလုံးသည် ကုမ္ပဏီအနေဖြင့် ရေ ရှည်ဆောင်ရွက်နိုင်မှု အလားအလာကိုကြည့်သည်ထက် လက်ငင်းဘဏ္ဍာရေး ရလဒ်တို့ကို ပို၍ လိုချင်ကြောင်းကို ပြသသည်။ အချို့ကုမ္ပဏီတို့သည် ဈေးကွက် ဝေစု ခေါင်းဆောင်မှု (market sh are leadership) ကို ရရှိရန် လိုလားကြသည်။ ဈေးကွက်အတွင်း ဝေစုအများ ဆုံး ရရှိထားသည့် ကုမ္ပဏီသည် စရိတ်အနည်းဆုံးခံစားရမည်၊ ရေရှည်၌ အမြတ်အများ ဆုံးရရှိမည်ဟု ယုံကြည်ကြ သည်။ ဈေးကွက်ဝေစု ခေါင်းဆောင်ဖြစ်လာစေရန်အလို့ငှာ ဤကုမ္ပဏီတို့သည် ဈေးနှုန်းတို့ကို တတ်နိုင်သမျှ နိမ့်နိမ့်သတ်မှတ်ကြသည်။

ကုမ္ပဏီတစ်ခုသည် ကုန်စည်အရည်အသွေး ခေါင်ဆောင်မှု ကိုရရှိရန်ဆုံးဖြတ်သည်။ ဤ ရည်မှန်းချက်သည် ဈေးနှုန်းကို မြင့်မြင့်သတ်မှတ်ရန် လိုအပ်စေသည်။ ဆောင်ရွက်မှု အဆင့် မြင့်မြင့် နှင့် အာရ်အင်ဒီခေါ် သုတေသနစရိတ်တို့ကို ကာမိစေရန် ဖြစ်သည်။

ကုမ္ပဏီတစ်ခုသည် အခြားသောပို၍ တိကျသည့် ရည်မှန်းချက်တို့ရရှိရန် ဈေးနှုန်းကို အသုံး ပြုနိုင်သည်။ ပြိုင်ဘက်တို့ ဈေးကွက်တွင်းသို့ ၀င်မလာနိုင်စေရန်အတွက် ဈေးနှုန်းကိုလျှော့ချနိုင် သည်။ သို့ တည်းမဟုတ် ဈေးကွက်တည်ငြိမ်မှု ရှိစေရန် မိမိဈေးနှုန်းကို ပြိုင် ဘက်တို့၏ ဈေးနှုန်းနှင့် ညီအောင်ညှိပစ်နိုင်သည်။ ဖောက်သည်တို့၏ သစ္စာခံမှု ကို ထိန်းသိမ်းရန်သို့ တည်းမဟုတ် အရောင်း ကိုယ်စားလှယ်တို့၏ ထောက်ခံမှု ကို ရရှိရန်၊ သို့ တည်းမဟုတ် အစိုးရ၏ ၀င်ရောက်စွက်ဖက်မှု ကို ရှောင်ရှားရန် အလို့ငှာဈေးနှုန်းကို စောင့်ရှောက်ထိန်းသိမ်းထားနိုင်သည်။ ကုန်စည်တစ်ရပ်အတွက် စိတ်လှုပ်ရှားမှု တွေ ပေါ်ပေါက်လာအောင်လည်း ဈေးနှုန်းကိုယာယီလျှော့ချနိုင်သည်။ ကုမ္ပဏီအွန် လိုင်းထဲရှိ ကုန်စည်တို့အနက် ကုန်စည်တစ်ခု၏ ဈေးနှုန်းသည် အခြားကုန်စည်တို့ကို အရောင်း သွက်လာအောင် ဖန်တီးပေးနိုင်သည်။ ထို့ကြောင့် ကုမ္ပဏီ၏ ရည် မှန်းချက်တို့ကိုအဆင့်အသီးသီး၌ အောင် မြင်မှု ရရှိစေရန် ဈေးနှုန်းသတ်မှတ်မှု သည် မည်မျှပင်အရေးကြီးကြောင်းကို သဘောပေါက် ရမည်။

အမြတ်ကို အဓိကမထားသော အဖွဲ့အစည်းနှင့်အများ ပြည်သူဆိုင်ရာ အဖွဲ့အစည်းတို့ သည် အခြားခြားသော ဈေးနှုန်းသတ်မှတ်မှု ဆိုင်ရာ ရည်မှန်းချက်တို့ကို လက်ကိုင်ထားနိုင်ကြပါသည်။ တက္ကသိုလ်တစ်ခုသည် စရိတ်တစ်စိတ်တစ်ဒေသပြန်လည်ရရှိရေး (partial cost recovery) ကို ရည်မှန်းချက်ထားနိုင်သည်။ ထိုသို့ ရည်မှန်းချက်ထားသည့်အခါ အများ သူငါတို့၏ အလှူဒါနနှင့် အကူအညီတို့ကအခြားကုန်ကျစရိတ် တို့ကိုကာမိစေလိမ့်မည်ဟုမျှော်လင့်ရသည်။ အမြတ်ရှေးမရှု သော ဆေးရုံတစ်ရုံသည် စရိတ်အပြည့်အ၀ ပြန်လည်ကာမိရေး (full cost recovery) ကို ရည်မှန်း ချက်ထားရမည်။ အမြတ်ရှေးမရှု သော ဇာတ်အဖွဲ့တစ်ဖွဲ့သည် ဇာတ်ရုံထိုင်ခုံတို့တွင် လူပြည့်အောင် ရည်မှန်းရမည်။ ဤရည် မှန်းချက်ဖြင့် လက်မှတ်ဈေးနှုန်းကို သတ်မှတ်ရသည်။ လူမှု ၀န်ထမ်း အေ ဂျင်စီတစ်ခုသည် ခြား နားသော ပုဂ္ဂိုလ်မျိုးစုံတို့၏ ၀င်ငွေအခြေအနေကိုလိုက်၍ လူမှု ရေးဈေး နှုန်း (social price) တို့ကိုသတ်မှတ်ရမည်။

မက်ကက်တင်းအရောအစပ် မဟာဗျူဟာ

(Marketing Mix Strategy)

ဈေးနှုန်းသည် မက်ကက်တင်းအရောအစပ်ကိရိယာတို့အနက် တစ်ပါးအပါအ၀င်ဖြစ်သည်။ ကုမ္ပဏီသည် မက်ကက်တင်းရည်မှန်းချက်တို့ကို အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ မက်ကက် တင်းအရောအစပ်ကိရိယာတို့ကို အသုံးပြုနိုင်သည်။ ဈေးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်သည် ကုန်စည် ဒီဇိုင်း၊ ဖြန့်ချီရေးနှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တို့နှင့် ညှိနှိုင်းထားရမည်။ ဤသို့ ညှိနှိုင်း အံကိုက်ဖြစ်ရန် လိုအပ်ခြင်းငှာ မတ်ကက်တင်းပရို ဂရမ်အစီအစဉ်အား ထိရောက်ရှေ့နောက်ညီ စေရန်အတွက်ဖြစ်သည်။မတ်ကက်တင်အရောအစပ်ထဲမှ အခြားသောကိန်းရှင်တို့နှင့် ပတ်သက် သော ဆုံးဖြတ်ချက်တိုပကလည်း ဈေးနှုန်း သတ်မှတ်မှု ဆုံးဖြတ်ချက်တို့အပေါ်ထိခိုက် စေနိုင်သည်။ ဥပမာ- ပြန်လည် ရောင်းချသူအမြောက်အမြားကို အားကိုးသောထုတ်လုပ်သူတို့သည် သူတို့၏ ကုန်စည် ဈေးနှုန်းတို့၌ လက်လီပြန်လည်ရောင်းသူတို့အတွက် အမြတ်မာဂျင်အတော်များများ ဖွဲ့ စည်းပေးထားရန်လိုပေမည်။သို့ မှသာသူတို့၏ ကုန်စည်အရောင်းမြှင့်တင်ရေးအတွက်အထောက်အ ကူရနိုင်မည်။ ၀န်ဆောင်မှု ဆောင်ရွက်ခြင်း အရည်အသွေးအဆင့်မြင့်မြင့်ဖြင့် ဈေးကွက်ထဲ၌ နေရာ ယူရန် ဆုံးဖြတ်ခဲ့လျှင်ရောင်းသူသည် စရိတ်စကများ ကာမိစေရန် ဈေးနှုန်းကိုမြှင့်တင်ရမည့်သ ဘောရှိမည်။

ကုမ္ပဏီတို့သည် ဈေးနှုန်းကိုအခြေခံပြီး ဈေးကွက်ထဲ၌ နေရာယူရန်ဆုံးဖြတ်တတ်ကြ သည်။ အခြားမတ်ကက်တင်း အရောအစပ်တို့နှင့် ပတ်သက်သောဆုံးဖြတ်ချက်တို့ကိုမူမိမိတို့ ဖြတ် ထားသော ဈေးနှုန်းတို့အပေါ်၌ အခြေစိုက်တတ်ကြသည်။ ဤနေရာ၌ ဈေးနှုန်းသည် ကုန်စည်၏ ဈေးကွက်၊ ယှဉ်ပြိုင်မှု နှင့် ဒီဇိုင်းတို့ကို အနက်ဖော်ဆောင်ရာ၌ ကုန်စည်၏ ဈေးကွက်အတွင်း နေရာယူမှု ဆိုင်ရာ အရေးကြီးဆုံး အကြောင်းတရား (ဖက်တာ) ဖြစ်နေမည်။ ကုမ္ပဏီအများ အပြား သည် ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းနေရာယူမှု မဟာဗျူဟာကို ပစ်မှတ်စရိတ်တွက်ခြင်း (target costing) ဟုခေါ်သော နည်းလမ်းတစ်ရပ်ဖြင့် အင်အားဖြည့်ဆည်းပေးသည်။ ပစ်မှတ်စရိတ်တွက် ခြင်းသည် အင်အားကြီးမားသော မဟာဗျူဟာမြောက်လက်နက်တစ်ပါးဖြစ်သည်။ ပစ်မှတ်စရိတ် တွက်ခြင်းသည် ဆောင်ရွက်နေသော ဖြစ်စဉ်တစ်ရပ်ကို ပြောင်းပြန်လှန်ပစ်သည်။ လုပ်နေကျဖြစ် စဉ်မှာ ပထမကုန်စည်သစ်ကို ဒီဇိုင်းဆွဲပြီးနောက် ဤဒီဇိုင်းပုံစံအတွက် ကုန်ကျစရိတ်ကို ခန့်မှန်း တွက်ချက်သည်။ ထို့နောက်ကုန်စည်ကို ကျွန်တော်တို့ ရောင်းနိုင်ပါ့မလားဆိုသော မေးခွန်းကို မေးသည်။ ထိုဖြစ်စဉ်အစားဖောက်သည်တို့ကို ကနဦးထည့်သွင်းစဉ်းစားပြီး စံအရောင်းဈေးနှုန်းကို ပထမစဉ်းစားကြည့်၊သည်နောက်မှ ဤဈေးနှုန်းအတိုင်း ရောင်းနိုင်မည့်စရိတ်တို့ကို ပစ်မှတ်ထား ရှာဖွေသည်။

မူလပထမဆွခ်ျ (swatch) နာရီသည် ပစ်မှတ်စရိတ်တွက်ခြင်းနည်းအတွက် နမူနာကောင်း ပေးသည်။ မိမိ၏ ကိုယ်ပိုင် ထုတ်လုပ်မှု စရိတ်မှ စတင်မတွက်ချက်ဘဲဆွခ်ျသည် ဈေးကွက်ကို ပထမ ဆာဗေးလုပ်ကြည့်သည်။ စရိတ်ကျဉ်းသောနာရီဖက်ရှင်အပိုပစ္စည်းတို့ကို လိုချင်ပါလျက်နှင့် မ၀ယ်လိုက်ရသူ အရေအတွက်ဘယ်လောက်ရှိမည်ကိုခန့်မှန်းတွက်ချက်ကြည့်သည်။ ဤသတင်း အချက်အလက်တို့ကို အသုံးပြုပြီးနောက် ဆွခ်ျသည် စားသုံးသူတို့ လိုချင်သောနာရီကို သူတို့ဝယ် နိုင်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်ရန် စရိတ်ကိုလိုအပ်သလို စီစဉ်ကြည့်သည်။ အခြားနာရီဝယ်သူ များ ကဲ့သို့ ပင် ဤပစ်မှတ်စား သုံးသူတို့ကလည်း အချိန်တိကျမှန်ကန်မှု ၊ စိတ်ချရမှု နှင့် ကြည်ရှည်ခံမှု တို့ကိုလည်းဂရုမူကြသည်။ စရိတ်ကို လျှော့ချနိုင်ရန်အလို့ငှာဆွခ်ျသည် ဖက်ရှင်ကျသော နာရီ အတွင်း အစိတ်အပိုင်းအနည်းငယ်သာပါဝင်၍ ရိုးရှင်းလွယ်ကူသော နာရီတို့ကိုဟိုက်တက် အဆင့် မြင့်နည်းပညာနှင့် စရိတ်မကြီးသော ပစ္စည်းတို့ကို အသုံးပြုပြီး ဒီဇိုင်းဆွဲထုတ်လုပ် သည်။ ထို့နောက် အော်တိုမက်တစ်စက်တို့ဖြင့် နာရီတို့ကိုအများ အပြားထုတ်လုပ်သည်။ ဤသို့ ထုတ်လုပ်ရာတွင် စရိတ်ကွပ်ကဲမှု ကို စေ့စေ့စပ်စပ် ပြုလုပ်သည်။ ကုန်ကျစရိတ်ကို စေ့စေ့စပ်စပ်စီမံခန့်ခွဲ အုပ်ချုပ် ခြင်းအားဖြင့် ဆွခ်ျနာရီသည် ဖက်ရှင်နှင့်ဖန်ရှင်ဆောင်ရွက်မှု တို့ကို မှန်မှန်ကန်ကန် ပေါင်းစပ်ပေး ထားသော နာရီတို့ကို စားသုံးသူတို့က ၀ယ်နိုင်သော ဈေးနှုန်းဖြင့် ဈေးကွက်ထဲသို့ ဖြန့်ချီရောင်းချ ပေးနိုင်သည်။ ကနဦးကြီးစွာ သော အောင်မြင်မှု ရလဒ်အနေဖြင့် စားသုံးသူတို့သည်တစ်ဆင့် ကုမ္ပဏီ သည် ဈေးနှုန်းမြင့် ဒီဇိုင်းတို့ကို မိတ် ဆက်ပေးသွားနိုင်သည်။

အချို့သော ကုမ္ပဏီတို့သည် ဈေးနှုန်းအပေါ် အလေးပေးမှု ကိုလျှော့ချကြသည်။ အခြား သောမတ်ကက်တင်းအရောအစပ်တို့ကိုအသုံးပြုကြသည်။ဈေးနှုန်းအရေးမကြီးသောအနေအထား (nonprice positions)တို့ကို ဖန်တီးကြသည်။ မကြာခဏ၌ အကောင်းဆုံး မဟာဗျုဟာသည် ဈေးနှုန်းကို အနိမ့်ဆုံးမသတ်မှတ်ရေးပင်ဖြစ်နေတတ်သည်။ မတ်ကက်တင်း ကမ်းလှမ်းမှု ကို တစ်မူ ထူးခြားစေခြင်းဖြင့် ဈေးနှုန်းကြီးသလောက်တန်သည်ဆို သောအမြင်ကို ဖန်တီးပေးသည်။ ဥပမာ- ဂျွန်ဆင်ကွန်ထရိုလ် (Johnson Control) သည် ရုံးအဆောက်အအုံတို့အတွက် ရာသီဥတုထိန်း သိမ်းရေးကိရိယာတို့ကို ထုတ်လုပ်သော ကုမ္ပဏီဖြစ်သည်။ ဂျွန်ဆင်သည် ကနဦးဈေးနှုန်းချိုသာ ခြင်းထက် ပစ္စည်းတပ်ဆင်ခြင်းနှင့် ထိန်းသိမ်းခြင်းစရိတ်တို့အပေါ်တွင် ပို၍ အလေးထား ကြောင်းကို တွေ့ရှိရသည်။

ပျက်သွားသောကိရိယာတို့ကို ပြင်ဆင်ရသောစရိတ်သည် အလွန်ကြီးမားသည်။ အချိန်ကုန် သည်။ အန္တရာယ်လည်းများ သည်။ ဖောက်သည်သည် အဆောက်အအုံတစ်ခုလုံး၌ အပူပေးစက် (သို့ တည်းမဟုတ်) လေအေးပေးစက်တို့ကို ပိတ်ထားရသည် လည်းရှိသည်။ ကြိုတွေအများ ကြီး ဖြုတ်ထားရသည်။ ဓာတ်လိုက်မည့် အန္တရာယ်ကလည်း ကြီးမား လာသည်။ ဤတွင်ဂျွန်ဆင်သည် မဟာဗျူဟာတစ်ခုလုံးကို ပြောင်းလဲပစ်ရန် ဆုံးဖြတ် လိုက်ရတော့သည်။ နည်းစနစ်အသစ်တစ်ခုကို ဒီဇိုင်းဆွဲသည်။ ဤစနစ်သစ်ကို မီတာနစ်ဟု ခေါ်ဆိုသည်။ စနစ်သစ်ကို ပြင်ဆင်အသုံးပြုဖို့ဆိုလျှင် ပလတ်စတစ်ပုံ ခွက်အဟောင်းကို ဆွဲနုတ်ပစ်ပြီး ခွက်အသစ်ကို ထည့်လိုက်ရုံသာ ဖြစ်သည်။ မည်သည့်ပစ္စည်းကိရိယာမှ မလိုပေ။ မီတာစနစ်သည်စနစ်ဟောင်းထက် ပို၍ စရိတ်ကြီးသော်လည်း ဖောက်သည်တို့သည် မူလကနဦး ဈေးနှုန်းမြင့်မြင့်ကို ပေးချေရန်အဆင်သင့်ဖြစ်ကြသည်။ သို့ သော် တပ်ဆင်စရိတ်နှင့် ထိန်းသိမ်းမှု စရိတ်တို့မှာ သက်သာသွားသည်။ ကနဦးဈေးနှုန်းမြင့်မားသော် လည်း မီတာစနစ်သစ်သည် ပထမနှစ်၌ ပင်ဝင်ငွေအမြတ် ဒေါ်လာသန်းပေါင်း ၅၀၀ ရရှိလိုက်သည်။

သို့အားဖြင့် မတ်ကတ်တင်းသမားတို့သည် ဈေးနှုန်းသတ်မှတ်ရာ၌ မတ်ကတ်တင်း အရော အစပ် အလုံးစုံတို့ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ပါလိမ့်မည်။ အကယ်၍ ကုန်စည်ကို ဈေးနှုန်းနှင့် မပတ်သက်သော ဖက်တာ (nonprice factor) တို့အပေါ်မူတည်၍ နေရာယူမည်ဆိုလျှင် အရည် အသွေး၊ အရောင်းမြှင့်တင်မှု နှင့် ဖြန့်ချိမှု တို့က ဈေးနှုန်းအပေါ် အင်အားကောင်းကောင်း သြဇာပြု လာပါလိမ့်မည်။ အကယ်၍ ဈေးနှုန်းက ဈေးကွက်နေရာယူမှု ၌ အဓိကကျနေလျှင် အခြားမတ်ကတ် တင်း အရောအစပ်တို့နှင့် ပတ်သက်သော ဆုံးဖြတ်ချက်တို့အပေါ် ဈေးနှုန်းကကောင်းစွာ သြဇာ ညောင်းပါလိမ့်မည်။ သို့ရာတွင် ဈေးနှုန်းကို ဖော်ပြသည့်အခါ၌ ပင် ဈေးကွက်သမားတို့သည် ဖောက် သည်က ဈေးနှုန်းတစ်ခုတည်းကိုသာကြည့်ပြီး ၀ယ်ယူခြင်းမရှိသောအချက်ကို နှလုံးမူရမည်။ ထို အစားဖောက်သည်တို့သည် ဈေးနှုန်းပေးရသလောက်တန်သော အကောင်းဆုံးတန်ဖိုးကို ရနိုင်ရန် မျှော်လင့်ကြသည်။ သို့ဖြင့်ကုမ္ပဏီသည် ကိစ္စအများ အပြားတို့တွင် မတ်ကက်တင်း ပရိုဂရမ်းကိုဖော် ထုတ်ရာ၌ ဈေးနှုန်းကို အခြားသောမတ်ကက်တင်း အရောအစပ်အခြေခံတို့နှင့်အတူပူးတွဲ စဉ်းစား သည်။

စရိတ်များ (Costs)

စရိတ်တို့သည် ကုမ္ပဏီက မိမိကုန်စည်အတွက် ရောင်းနိုင်သော ဈေးနှုန်းကိုသတ်မှတ်ရန် ကြမ်းခင်းပေးသည်။ ကုမ္ပဏီသည် ထုတ်လုပ်မှု ၊ ဖြန့်ချီမှု နှင့် ရောင်းချခြင်း၊ ပို့ဆောင်ခြင်း စရိတ်အား လုံးတို့ကိုကာမိစေလိုသည့်အပြင် အားထုတ်ကြိုးပမ်းရမှု နှင့်အန္တရာယ်တို့အတွက်သင့်တင့်လျောက် ပတ်သော အမြတ်ပြန်ရငွေကိုလည်း မျှော်လင့်သည်။ ကုမ္ပဏီ၏ စရိတ်တို့သည်၎င်း၏ ဈေးနှုန်းမဟာ ဗျူဟာတွင် အရေးကြီးသော အခြေခံတစ်ရပ် ဖြစ်ပါလိမ့်မည်။ ဆော့သ်ဝက်စ် အဲယားလိုင်း၊ ဝေါလ် မတ်နှင့် ယူနီယံကာဘိုက်တို့ကဲသို့ သော ကုမ္ပဏီတို့သည် သူတို့၏ အင်ဒတ်စရီတို့၌ စရိတ်နည်း ထုတ်လုပ်သူများ (lo w-cost producers) ဖြစ်အောင်လုပ်ကိုင်ဆောင်ရွက်ကြသည်။ စရိတ်နည်း ထုတ်လုပ်သူ ကုမ္ပဏီတို့သည် ဈေးနှုန်းကိုခပ်နှိမ့်နှိမ့်သတ်မှတ်ခြင်းအားဖြင့် အရောင်းတိုးပြီးပို၍ အမြတ်ထွက်အောင် ပြုလုပ်နိုင်ကြသည်။

စရိတ်အမျိုးအစားများ (Types of Costs)

ကုမ္ပဏီတစ်ခု၏ စရိတ်သည်ပုံစံနှစ်မျိုးရှိသည်။ ပုံသေစရိတ်နှင့် ကိန်းရှင်စရိတ်တို့ဟူ၍ ဖြစ် ကြသည်။ ပုံသေစရိတ် (Fixed cost) (ခေါင်စရိတ် (Overhead costs) ဟုလည်း ခေါ်သည်) ဆိုသည်မှာ ထုတ်လုပ်မှု နှင့် အရောင်းပမာဏတွင် အပြောင်းအလဲများ ရှိစေကာမူမပြောင်းလဲသော စရိတ်တို့ကို ဆိုလိုသည်။ ဥပမာ- ကုမ္ပဏီ၏ လစဉ်ငှားရမ်းခ၊ လျှပ်စစ်မီတာ၊ အတိုးနှုန်းနှင့် အုပ်ချုပ် ရေးပိုင်း လစာတို့မှာ ကုမ္ပဏီ၏ ထုတ်ကုန် (output)က မည်သို့ ပင်ရှိစေ လစဉ် ပုံမှန်ကုန်ကျခံနေရ သော စရိတ်တို့ပင် ဖြစ်ကြသည်။ ကိန်းရှင် စရိတ် ( Variable Costs) ဆိုသည်မှာ ထုတ်လုပ်မှု အဆင့်ပြောင်းလဲသလို လိုက်လံပြောင်းလဲ သောစရိတ်တို့ကို ဆိုလိုသည်။ ကွန်ပက် (Compaq)မှ ထုတ်လုပ်သော ကိုယ်ရေးကွန်ပျူ တာတစ်လုံးစီ၌ ကွန်ပျူတာချစ်ပြားစရိတ်၊ ပလတ်စတစ်အထုပ် အပိုးနှင့် အခြားသွင်းအားစုတို့၏ စရိတ်များ ပါဝင်သည်။ ဤစရိတ်တို့သည် တစ်ယူနစ်ထုတ် လုပ်တိုင်း အတူတူကုန်ကျခံရဖွယ်ရှိသည်။ သူတို့ကိုကိန်းရှင်စရိတ်ဟုခေါ်သည်။ အဘယ့်ကြောင့် ဆိုသော် သူတို့၏ စုစုပေါင်းစရိတ်သည် ထုတ်လုပ်သောကွန်ပျူတာယူနစ်အပြောင်းအလဲရှိသလို လိုက်ပြောင်းသောကြောင့်ဖြစ်သည်။ စာစုပေါင်းစရိတ်များ (Total costs) ဆိုသည်မှာ ထုတ်လုပ်မှု အဆင့်တစ်ဆင့်၌ ကျခံရသော ပုံသေစရိတ်နှင့် ကိန်းရှင်စရိတ်တို့ စုစုပေါင်းကိုခေါ်သည်။ စီမံခန့်ခွဲ သူတို့သည် ထုတ်လုပ်မှု အဆင့်တစ်ရပ်၌ ကျခံရသော စုစုပေါင်းစရိတ်တို့ကို အနည်းဆုံးကာမိမည့် ဈေနှုန်းတစ်ခုကိုသတ်မှတ်လိုမည် ဖြစ်သည်။ ကုမ္ပဏီသည် စရိတ် အရပ်ရပ်ကို သေသေချာချာ စောင့်ကြည့်နေရမည်။ အကယ်၍ ပြိုင်ဘက်က ထုတ်လုပ်ရောင်းချသည့် စရိတ်ထက် မိမိကပို၍ စရိတ်ကြီးမြင့်နေလျှင် ကုမ္ပဏီသည် ဈေးနှုန်းမြင့်မလား။ အမြတ်လျှော့မလား၊ ယှဉ်ပြိုင်မှု ၌ တစ်ပန်း ရှုံးနေမှု ကို ရင်ဆိုင်မလားဆိုပြီး ရွှေးရွယ်ရန်ပေါ်လာမည်။

ထုတ်လုပ်မှု အဆင့်ဆင့်၌ ကုန်ကျစရိတ်များ

(Cost at Different Levels of Production)

ပါးပါးနပ်နပ်ဖြင့် ဈေးနှုန်းသတ်မှတ်နိုင်ရန်အလို့ငှာ စီမံခန့်ခွဲမှု အဖွဲ့မှ မိမိတို့၏ စရိတ်သည် ထုတ်လုပ်မှု အဆင့်အသီးသီး၌ မည်သို့ပြောင်းလဲသည်ကို သိရှိထားရန်လိုသည်။ ဥပမာ-(Texas Instrument) တီအိုင်ကုမ္ပဏီသည် တစ်နေ့ဂဏန်းပေါင်းစက် အလုံး ၁၀၀၀ ထုတ်လုပ်နိုင်သည့် စက်ရုံတစ်ရုံကို ထူထောင်သည်ဟုဆိုကြပါစို့။ ပုံကားချပ် ၁.၂ ကို ကြည့်ပါ။

ပုံကားချပ် ၁.၂ (အေ) သည် စံနမူနာပြ ရေတိုပျမ်းမျှစရိတ်မျဉ်း SRAC (short-run ave rag ee cost curve) ကို ပြသည်။ ဤပုံကားချပ်ကပင် တီအိုင်ကုမ္ပဏီအနေဖြင့် အရေအတွက် အနည်း ငယ်သာထုတ်လုပ်ခဲ့လျှင် ဂဏန်းပေါင်းစက်တစ်လုံးအတွက် ပျမ်းမျှစရိတ်သည် မြင့်နေမည် ဖြစ် ကြောင်းပြသည်။ အကယ်၍ ဂဏန်းပေါင်းစက်တစ်နေ့လျှင် အလုံးတစ်ထောင်နှုန်းတိုးမြှထုတ် လုပ် သွားသောအခါတွင် ပျမ်းမျှစရိတ်ကျဆင်းသွားသည်ကိုတွေ့ရမည်။အဘယ့်ကြောင့်ဆိုသော ပုံသေ စရိတ်သည်ယူနစ်အများ စုအပေါ်တွင်ပျံ့နှံ့သွားသောကြောင့်ဖြစ်သည်။တီအိုင်သည်ပျမ်းမျှစရိတ်ကျ ဆင်းသွားမှု ကြောင့် တစ်နေ့အလုံး ၁၀၀၀ ထက်ပို၍ ထုတ်လုပ်မည်ဆိုလျှင်လည်း ထုတ်လုပ်နိုင် သည်။ သို့ရာတွင် ပျမ်းမျှစရိတ်သည် ပြန်တက်လာမည်။ အဘယ့်ကြောင့်ဆိုသော် စက်ရုံသည် အရည်အသွေးညံ့ဖျင်းသွားသောကြောင့်ဖြစ်သည်။ အလုပ်သမားတို့သည် စက်ကိရိယာတို့ မကြာ ခဏပို၍ ပျက်စီးတတ်သောကြောင့် စက်ပစ္စည်းအသစ်တို့ကို စောင့်နေရမည်။ အလုပ်သမား တို့သည် စက်တွေပျက်နေစဉ်၌ ကိုယ်လုပ်ချင်ရာလုပ်နေနိုင်သည်။

Cover

အကယ်၍ တီအိုင်ကတစ်နေ့ဂဏန်းပေါင်းစက် အလုံး ၂၀၀၀ ရောင်းရလိမ့်မည်ဟု ယုံ ကြည်လျှင် တီအိုင်သည် အလုပ်ရုံခပ်ကြီးကြီးတစ်ခုကို တည်ထောင်ရန် စဉ်းစားရပေလိမ့်မည်။ ဤကြီးမားသော အလုပ်ရုံသည် ပို၍ စွမ်းရည်ကောင်းကောင်းနှင့် လည်ပတ်နိုင်ရမည့်အပြင် လုပ် ငန်းခွင် အစီအစဉ်တို့ကလည်း တိုးတက်ကောင်းမွန်ရမည်။ ထိုအခါ တစ်ယူ နစ်စရိတ်သည် အလုံး ၂၀၀၀ ထုတ်လုပ်ခြင်းက အလုံး ၁၀၀၀ ထုတ်လုပ်သည်ထက် ပို၍ သက်သာမည်။ ပုံကားချပ် ၁.၂ ဘီတွင် ဖော်ပြထားသည့်အတိုင်း အယ်လ်အာအေစီ (LRAC) လျော့နည်းသွားမည်။ တကယ့် တကယ်၌ ပုံကားချပ် ၁.၂ ဘီအတိုင်းဆိုလျှင် တစ်နေ့ ၃၀၀၀ ထုတ်လုပ်စွမ်းအားရှီသော အလုပ်ရုံ က ပိုပြီးစွမ်းရည်ထက်မြက်ဦးမည်။

သို့သော်တစ်နေ့ အလုံး ၄၀၀၀ ထုတ်လုပ်တော့မည်ဟုဆိုလျှင် စွမ်းရည်ထက်မြက်တော့ မည်မဟုတ်ချေ။ အဘယ့်ကြောင့်ဆိုသော် အရွယ်အစားတွက်ခြေမကိုက်မှု (disecon omies of scale) တိုးပွားလာသောကြောင့်ဖြစ်သည်။ အလုပ်သမားတွေများ ပြားလာ၍ စီမံ ခန့်ခွဲရခက်လာခြင်း၊ စက္ကူပေါ်အလုပ်လုပ်ရတာ တွေပိုလာ၍ အလုပ်များ နှေးကွေးသွားခြင်းစသည်ဖြင့် ဖြစ်ပေါ်လာသည်။ ပုံကားချပ် ၁.၂ ဘီအရ တစ်နေ့အလုံး ၃၀၀၀ ကျ အလုပ်ရုံ မှာ ၀ယ် လိုအားသာ စိတ်ချရလျှင် အကောင်းဆုံးအရွယ်အစားဖြစ်မည်။

စရိတ်တို့သည် ထုပ်လုပ်မှု အတွေ့အကြုံ၏ ဖန်ရှင်တစ်ပါးဖြစ်ခြင်း

(Costs as a Function of Production Experience)

တီအိုင်က တစ်နေ့ဂဏန်းပေါင်းစက် အလုံး ၃၀၀၀ ထုတ်လုပ်နိုင်သော အလုပ်ရုံတစ်ရုံကို ထူထောင်ပြီး အလုပ်လုပ်သည်ဟုဆိုကြပါစို့။ တီအိုင်သည် ဂဏန်းပေါင်း စက်တို့ကို ထုတ်လုပ်ရင်း ဖြင့်အတွေ့အကြုံတွေရလာသည်။ဘယ်လိုကောင်းကောင်းမွန်မွန်လည်ပတ်ရမည်ကိုသိရှိလာသည်။ အလုပ်သမားတို့ကလည်း ဖြတ်လမ်းနည်းတို့ကို နားလည်လာကာ သူတို့ကိုင်တွယ်နေရသော စက်ပစ္စည်းကိရိယာတို့နှင့် ပိုပြီးယဉ်ပါးလာမည်။ လက်တွေ့ကျင့်စဉ်တို့ဖြင့်အလုပ်ခွင်ကို ဘယ်လို စည်းရုံးရမလဲဆိုသည်ကိုလည်းကောင်း စွာ သိရှိလာကြသည်။ တီအိုင်ကလည်း ပို၍ ကောင်းသော စက် ပစ္စည်းကိရိယာနှင့်ထုတ်လုပ်မှု ဖြစ်စဉ်တို့ကိုတွေ့ရှိလာသည်။ ထုတ်ကုန်ပမာဏကြီးမားလာ ပါက တီအိုင်သည် ပို၍ စွမ်းရည်ထက်မြက်လာပြီး အရွယ်အစား၏ အကျိုးရှိမှု (econ omies of scale) တို့၌ ပို၍ အကျိုးကျေးဇူးဖြစ်ပေါ်လာသည်။ ရလဒ်အားဖြင့် ပျမ်းမျှစရိတ်သည်ထုတ်လုပ်မှု အတွေ့အကြုံတို့ ပိုပြီးစုစည်းရရှိလာသည်နှင့်အမျှ ကျဆင်းသွားတော့သည်။ ဤအချက်ကို ပုံကား ချပ် ၁-၃ တွင် ဖော်ပြထားသည်။ သို့အားဖြင့် ပထမဂဏန်းပေါင်းစက် အလုံးပေါင်း ၁၀၀, ၀၀၀ ၌ ပျမ်းမျှစရိတ်သည် တစ်လုံး ၁၀ ဒေါ်လာကျသည်။ ကုမ္ပဏီကအလုံးရေ ၂၀၀, ၀၀၀ ထုတ် လုပ် လိုက်သောအခါ ပျမ်းမျှစရိတ်သည် တစ်လုံး ၉ဒေါ်လာသို့ ကျ ဆင်းသွားသည်။ ထုတ်လုပ်မှု အတွေ့အကြုံ တိုးပွားလာသောအခါ အလုံး ၄၀၀၀၀၀ ထုတ် လုပ်ပါက ပျမ်းမျှစရိတ်သည် တစ်လုံး ၇ ဒေါ်လာဖြစ်သွားသည်။ ထုတ်လုပ်မှု အတွေ့ အကြုံကြွယ်ဝလာသည်နှင့်မျှ ဤပျမ်းမျှစရိတ်ကျ ဆင်းသွားသောမျဉ်းကို အတွေ့အကြုံမျဉ်း (experience curve) ဟုခေါ်ဆိုသည်။ သို့တည်းမဟုတ် လေ့လာဆည်းပူးမှု မျဉ်း (Learni ng curve) ဟုခေါ်ဆိုသည်။

Cover

အကယ်၍ အောက်လျှောဆင်းနေသည့် အတွေ့အကြုံမျဉ်းသာတည်ရှိလျှင် ကုမ္ပဏီအဖို့ အလွန်အဓိပ္ပာယ်ရှိနေသည်။ ကုမ္ပဏီ၏ တစ်ယူနစ်စရိတ်သည်ကျဆင်းသွားရုံမျှသာမက တည်ရှိနေ သောကာလအတွင်း၌ ထုတ်လုပ်မှု တို့ကို မြန်မြန်ထုတ်လုပ်၊ မြန်မြန်ရောင်းချနိုင်လျှင် ဤပျမ်းမျှ စရိတ်သည် ပို၍ ပင်ကျဆင်းသွားဦးမည်ဖြစ်သည်။ တစ်ခုတော့ရှိပေသည်။ ထုတ်လုပ်သမျှ ပစ္စည်း တို့ကိုဝယ်ယူမည့် ဈေးကွက်က အဆင်သင့်ရှိနေရန် လိုအပ်သည်။ အတွေ့အကြုံမျဉ်းကို အခွင့် ကောင်းယူ၍ တီအိုင်အနေဖြင့်ကုန်စည်၏ သက်တမ်းသံသရာ၌ စောစောစီးစီး ဈေးကွက်ဝေ စုကြီးကြီးရရှိထားရန်လိုသည်။ ဤသို့ရရှိနိုင်ရန်အလို့ငှာ ဖော်ပြမည့်ဈေးနှုန်းမဟာဗျူဟာကို ကျင့် သုံးရမည်။ တီအိုင်သည် မိမိကုန် ပစ္စည်း၏ ဈေးနှုန်းကို နှိမ့်ထားသင့်သည်။ ထိုအခါ အရောင်း သွက်လာမည်။အတွေ့အကြုံများ လာပိုပြီး ရရှိလာခြင်းကြောင့် စရိတ်တို့လည်းကျဆင်းသွားရာ ထပ်မံပြီး ဈေးနှုန်းလျှော့ ချနိုင်ဦးမည်။

အချို့သော ကုမ္ပဏီတို့သည် အတွေ့အကြုံမျဉ်းကိုဗဟိုပြု၍ အောင်မြင်သော မဟာဗျူ ဟာတို့ကို ထူထောင်နိုင်ကြသည်။ ဥပမာ- (Bausch & Lomb) က မျက်စိမျက် ကပ်မှန်ဈေးကွက် တွင် ခိုင်ခိုင်ခံ့ခံ့နေရာယူထားသည်။ မျက်ကပ်မှန်ဒီဇိုင်းကို ကွန်ပျူတာဖြင့်ရေးဆွဲခြင်းအားဖြင့် လည်းကောင်း၊ မိမိ၏ (Soflens) စက်ရုံကို တိုးချဲ့ခြင်းအားဖြင့်လည်းကောင်း ဤသို့ဈေး ကွက်ထဲ၌ ခိုင်ခိုင်မာမာနေရာရခြင်းဖြစ်သည်။ ရလဒ်အားဖြင့် ၎င်း၏ ဈေးကွက်ဝေစုသည် ၆၅ ရာခိုင်နှုန်းအထိ မှန်မှန်တက်လာခဲ့သည်။ သို့ရာတွင် စရိတ်တို့ကို လျှော့ချရန်နှင့် အတွေ့အကြုံမျဉ်းကို အသုံးချရန် တစ်စိုက်မတ်မတ် ဖိုးကပ်စ်လုပ်ခြင်းသည် အခါခပ်သိမ်းအလုပ်ဖြစ်သည်မဟုတ်ပေ။ အတွေ့အကြုံ မျဉ်းဖြင့် ဈေးနှုန်းသတ်မှတ်ခြင်း၌ အန္တရာယ်အချို့ရှိသည်။ အရမ်းကာရောဈေးနှုန်းလှုံ့ဆော် မှု တို့ ကြောင့် ကုန်စည်၏ ပုံရိပ် သည် တန်ဖိုးလျော့ကျသွားနိုင်သည်။ ဤမဟာဗျူဟာသည် ပြိုင်ဘက် တို့က မိမိနှင့်ရင်မဆိုင်၊ ဈေးနှုန်းဖြတ်တောက်မှု ကို ပြန်လည်တိုက်ခိုက်မှု ရှိမည်မဟုတ်ဟု မှန်းဆ ထားရာရောက်သည်။

နောက်ဆုံး၌ ကုမ္ပဏီသည် တက္ကနိုလိုဂျီတစ်ရပ်ဖြင့် ထုတ်လုပ်မှု ပမာဏကို ထူထောင်ထား ခြင်းဖြစ်လေရာ ပြိုင်ဘက်တစ်ဦးသည် စရိတ်ကို ပိုပြီးလျှော့ဖြတ်နိုင်သော တက္ကနိုလိုဂျီအသစ်ကို တွေ့ရှိသွားနိုင်သည်။ ထိုအခါမျိုး၌ ဈေးကွက်ခေါင်းဆောင်၏ သတ်မှတ်သော ဈေးနှုန်းထက်လျှော့ ပြီး ရောင်းချလာနိုင်သည်။ ဈေးကါက်ခေါင်းဆောင်ဆိုသူကမူ အတွေ့အကြုံမျဉ်း အဟောင်းနှင့်ပင် အလုပ်လုပ်နေဆဲဖြစ်သည်။

အဖွဲ့အစည်းဆိုင်ရာ စဉ်းစားမှု များ

(Organixational Considerations)

စီမံခန့်ခွဲရေးအဖွဲ့သည် အဖွဲ့အစည်းအတွင်း၌ မည်သူက ဈေးနှုန်းသတ်မှတ်မှု ကို ပြုလုပ် မလဲဆိုသောအချက်ကို ဆုံးဖြတ်ရမည်။ ကုမ္ပဏီတို့သည် ဈေးနှုန်းသတ်မှတ်မှု ပြဿနာကို နည်း လမ်းအမျိုးမျိုးဖြင့် ကိုင်တွယ်ကြသည်။ ကုမ္ပဏီငယ်တို့၌ မူ ဈေးနှုန်းကို ထိပ်ပိုင်းစီမံခန့်ခွဲသူက သတ်မှတ်သည်။ မတ်ကက်တင်းဌာနနှင့် အရောင်းဌာနတို့ကမသတ်မှပေ။ ကုမ္ပဏီကြီးကြီးတို့၌ ကား ဈေးနှုန်းသတ်မှတ်မှု တာဝန်ကိုကုန်စည်လိုင်း မန်နေဂျာနှင့်ဌာနအလိုက်မန်နေဂျာတို့က တာ ၀န်ယူကြသည်။ စက်မှု လုပ်ငန်းဆိုင်ရာ ဈေးကွက်တို့၌ အရောင်းဝန်ထမ်းတို့အား သတ်မှတ်ပေး ထားသော ဈေးနှုန်းဘောင်အတွင်း ဖောက်သည်တို့နှင့် စေ့စပ်ညှိနှိုင်းရန်ခွင့်ပြုသည်။ သို့တိုင် အောင် ထိပ်ပိုင်းစီမံခန့်ခွဲမှု အဖွဲ့က ဈေးနှုန်း ရည်မှန်းချက်နှင့် ပေါ်လစီတို့ကို ကိုင်ထားသည်။ တစ်ခါ တစ်ရံ၌ အောက်ခြေစီမံခန့်ခွဲမှု မှ တင်ပြလာသည့် ဈေးနှုန်းအဆိုကို အတည်ပြုပေးသည်။ ဈေးနှုန်း က သော့ချက်ဖက်တာဖြစ်နေသော အင်ဒတ်စတရီး (အဲရိုးစပေ့၊ မီးရထားနှင့် ရေနံကုမ္ပဏီ) တို့ တွင် ကုမ္ပဏီတို့၌ ဈေးနှုန်းဌာနဆိုပြီး ဖွဲ့စည်းထားကြသည်။

ဤဈေးနှုန်းဌာနက မိမိကိုယ်တိုင် အကောင်းဆုံး ဈေးနှုန်းကို သတ်မှတ်နိုင်သည်။ သို့တည်း မဟုတ် သူများ က သတ်မှတ်ရန်လည် အကူအညီပေး နိုင်သည်။ ဤဈေးနှုန်းဌာနသည် မတ်ကက် တင်းဌာန သို့မဟုတ် ထိပ်ပိုင်းစီမံခန့်ခွဲမှု အဖွဲ့သို့ အစီရင်ခံရသည်။ ဈေးနှုန်းသတ်မှတ်ရာတွင် သြဇာရှိသော အခြားသူတို့မှာ အရောင်းမန်နေဂျာများ ၊ ထုတ်လုပ်မှု မန်နေဂျာများ ၊ ဘဏ္ဍာရေးမန် နေဂျာများ နှင့် စာရင်းကိုင်တို့ ဖြစ်ကြသည်။

ဈေးနှုန်းသတ်မှတ်ခြင်း ဆုံးဖြတ်ချက်တို့တွင် သက်ရောက်သော ပြင်ပဖက် တာများ

(External Factors Affecting Pricing Decisions)

ဈေးနှုန်းသတ်မှတ်မှု ကို ထိခိုက်သက်ရောက်စေသော အပြင်အပဖက်တာတို့တွင် ဈေးကွက် ၏ သဘာဝ၊ ၀ယ်လိုအား၊ ယှဉ်ပြိုင်မှု နှင့်အခြားပတ်ဝန်းကျင်ရေးရာ အခြေခံအကြောင်းတရားတို့ ပါ ၀င်ကြသည်။

ဈေးကွက်နှင့် ၀ယ်လိုအား (The Market and Demand)

စရိတ်သည် ဈေးနှုန်းတို့၏ အနိမ့်ပိုင်း ကန့်သတ်ချက်ဖြစ်၍ ဈေးကွက်နှင့် ၀ယ်လိုအားတို့ သည် အမြင့်ပိုင်းကန့်သတ်ချက်တို့ဖြစ်ကြသည်။ စားသုံးသူနှင့်စက်မှု လုပ်ငန်းမှအ၀ယ်သမားတို့ သည် ကုန်စည်သို့မဟုတ် ၀န်ဆောင်မှု တစ်ခု၏ ဈေးနှုန်းကို ဤကုန်စည် သို့မဟုတ်ဝန်ဆောင်မှု ကို ပိုင်ဆိုင်ထားခြင်းဖြင့်ရရှိမည့် အကျိုးအမြတ်နှင့် ချိန်ထိုးကြည့် မည်သာဖြစ်သည်။ သို့ဖြင့်ဈေးနှုန်း မသတ်မှတ်မီ၌ ဈေးကွက်သမားသည် မိမိကုန်စည်၏ ၀ယ်လိုအားနှင့် ဈေးနှုန်းတို့ကြား ဆက်စပ်မှု အကြောင်း သိရှိထားရမည်။ ဤအခန်း၌ ဈေးနှုန်းနှင့် ၀ယ်လိုအားဆက်အစပ်သည် ဈေးကွက် အမျိုးအစားလိုက်ပြီး မည်သို့ပြောင်းလဲတတ်ပုံ၊ ဈေးနှုန်းအပေါ်ဝယ်သူ၏ ခံစားသိရှိမှု သည် ဈေးနှုန်း ဆုံးဖြတ်ချက်ကို မည်သို့အကျိုးသက်ရောက်ပုံတို့ကို ဖြေရှင်းပြ သွားပါမည်။ ထို့နောက်ဈေးနှုန်းဝယ် လိုအား ဆက် စပ်မှု နှင့် ပတ်သက်၍ တိုင်ထွာနည်းတို့ကို ဖြေရှင်းပြသွားမည်။

ခြားနားသောဈေးကွက်အမျိုးအစားတို့တွင် ဈေးနှုန်းသတ်မှတ်ခြင်း

(Picing Different Types of Markets)

ရောင်းသူကဈေးနှုန်းကို သတ်မှတ်ချင်သလိုသတ်မှတ်နိုင်သော လွတ်လပ်ခွင့်ရှိပါသည်။ သို့ ရာတွင် ဤလွတ်လပ်ခွင့်သည်ဈေးကွက်အမျိုးအစားကိုလိုက်ပြီးခြားနားပါလိမ့်မည်။ ဘောဂဗေဒ ပညာရှင်တို့က ဈေးကွက်အမျိုးအစားလေးမျိုးရှိပုံကို ရှင်းပြထားသည်။ ဈေး ကွက်တစ်မျိုးစီ၌ ခြားနားသော ဈေးနှုန်းသတ်မှတ်ခြင်း စိန်ခေါ်မှု တို့ ရှိကြသည်။

ပြိုင်ဆိုင်မှု သန့်သန့် (Pure Competition) ဈေးကွက်ထဲတွင် ၀ယ်သူတို့လည်းအများ ကြီး ရှိသည်။ ရောင်းသူတို့လည်း အများ ကြီးရှိကြသည်။ သူတို့သည် တူညီသောကုန်စည် (ဥပမာ-ဂျုံ၊ ခဲ မဖြူ၊ သို့မဟုတ် ဘဏ္ဍာရေးစာချုပ်)တို့ကို ရောင်းဝယ်ဖောက်ကားကြသည်။ ၀ယ်သူတစ်ဦးက ဖြစ်စေ၊ ရောင်းဝယ်ဖောက်ကားကြသည်။ ၀ယ်သူတစ်ဦးတည်းဖြစ်စေ၊ ရောင်းသူတစ်ဦးတည်း ကဖြစ်စေ ပေါက်နေသော ဈေးနှုန်းအပေါ်တွင် သိပ်တန်ခိုးမ ထက်ကြပေ။ ပေါက်နေသော ဈေးနှုန်း ကို ပြောင်းလဲနိုင်စွမ်းမရှိ။ ရောင်းသူတစ်ဦးက ပေါက်ဈေးထက်ပိုပြီး ဈေးမတင်နိုင်။ အဘယ့် ကြောင့်ဆိုသော် ၀ယ်သူသည်အခြား ရောင်းသူတို့ထံမှ လက်ရှိပေါက်ဈေးနှင့်ဝယ်နိုင်သောကြောင့် ဖြစ်သည်။ ရောင်းသူတစ်ဦးသည် ပေါက်ဈေးထက်လည်း လျှော့ရောင်းလို့မဖြစ်ပေ။ အဘယ့် ကြောင့်ဆိုသော် ဤလျှော့ဈေး၌ သူတို့၏ ကုန်စည်အားလုံးကို ရောင်းထုတ်ပစ်နိုင်သောကြောင့် ဖြစ်သည်။ အကယ်၍ ဈေးနှုန်းနှင့်အမြတ်တက်လျှင် ရောင်းသူအသစ်တို့သည် ဈေးကွက်ထဲသို့ လွယ်လင့်တကူ ၀င်ရောက်လာနိုင်သည်။ ပြိုင်ဆိုင်မှု သန့်သန့် ဈေးကွက်တွင် မတ်ကက်တင်း သုတေသန၊ ကုန်စည် သစ်ဖော်ထုတ်တိုးတက်မှု ၊ ဈေးနှုန်းသတ်မှတ်ခြင်း၊ ကြော်ညာနှင့်အရောင်း မြှင့် တင်ရေးတို့သည် မည်သည့်ကဏ္ဍမျှပါဝင်စရာမလိုပေ။ ပါဝင်လျှင်လည်း အနည်းငယ်သာ ဖြစ် မည်။ သို့အားဖြင့် ဤဈေးကွက်တို့မှ ရောင်းသူတို့သည် မတ်ကက်တင်းမဟာဗျူဟာအတွက် ငွေ ကြေးသိပ်မသုံးစွဲကြပေ။

လက်ဝါးကြီးအုပ်ဈေးကွက် (Monopolistic Competition) တွင် ဈေးကွက်၌ ၀ယ်သူနှင့် ရောင်းသူအများ အပြားရှိနိုင်သည်။ သို့ရာတွင်သူတို့သည် ဈေးကွက်ပေါက် ဈေး တစ်ခုတည်းအပေါ် အခြေခံ၍ ရောင်းဝယ်နေကြသည်မဟုတ်ဘဲ ဈေးနှုန်းအမျိုးမျိုး ခြားနားစွာ ပေါ်လာနိုင်သည့် အကြောင်းမှာ ရောင်းသူတို့ကို ခြားခြားနားနားပြုလုပ်နိုင်သောကြောင့်ဖြစ်သည်။ ရုပ်ဝတ္ထုကုန် စည်ကို အရည်အသွေးခြားနားအောင် ပြုလုပ်နိုင်သည်။ ထို့အပြင် သွင်ပြင်လက္ခဏာ၊ စတိုင်၊ ဖြည့် စွက် ၀န်ဆောင်မှု တို့ကိုလည်း ခြားနားအောင်ပြုလုပ်နိုင်သည်။ ၀ယ်သူတို့သည် ရောင်းသူ၏ ကုန်စည်တို့မှ ခြားနားမှု တို့ကိုမြင်တွေ့ကာခြားနားသော ဈေးနှုန်းတို့ကို ပေးကြပါလိမ့်မည်။ ရောင်း သူတို့ကလည်း ခြားနားသောဖောက်သည် အစိတ်အပိုင်းအလိုက် ခြားနားသောကမ်းလှမ်းမှု တို့ကို ပြုလုပ်ကြသည်။

ဈေးနှုန်းအပြင်လွတ်လွတ်လပ်လပ်ဖြင့် ကုန်အမှတ်တံဆိပ် ဘရင်းတို့ကိုအသုံးပြုခြင်း၊ ကြော်ငြာ၊ ကိုယ်တိုင်ရောင်းခြင်းစသည်တို့သည် သူတို့၏ ကမ်းလှမ်းမှု တို့ကိုတစ်မူထူး ခြားခြားနား စေသည်။ ဥပမာ- (H.J. Heinz, Vlasic) နှင့် အခြားအမျိုးသား ဘရင်းတို့သည် ဒေသဘရဲင်းဒါဇင် ပေါင်းများ စွာ နှင့် ယှဉ်ပြိုင်ရသည်။ အားလုံးသည် ဈေးနှုန်းအရလည်းကောင်း၊ ဈေးနှုန်းမဟုတ် သော ဖက်တာတို့အရလည်းကောင်း ခြားနားမှု ကို အလေးပေးကြသည်။ (Kin Ko) က သူ၏ ကုန် ပစ္စည်းကို ခြားနားမှု ရှိအောင် ခွန်အားကောင်း ဘရဲင်းနှင့် ကြော်ငြာကို ဖိသုံးသည်။ သို့ဖြင့် ဈေးနှုန်း သတ်မှတ်ခြင်း၏ သက်ရောက်မှု ကို လျော့ပါးအောင်ပြုသည်။ အဘယ့်ကြောင့်ဆိုသော် ဈေးကွက် ထဲတွင် အခြားယှဉ်ပြိုင်မှု တို့ လည်းရှိနေပြီး ပြိုင်ဘက်တို့၏ မတ်ကက်တင်း မဟာဗျူဟာတို့သည် ပြိုင်ဘက်တို့အပေါ် သက်ရောက်မှု နည်းပါးသောကြောင့် ဖြစ်သည်။ အိုလီဂိုပိုလစ်တစ်ဈေးကွက် (Oligopolistic Markets) တွင်မူ ပြိုင်ဘက်၏ မတ်ကက်တင်းမဟာဗျူဟာသည် အခြားပြိုင်ဘက် တို့အပေါ် ထိခိုက်မှု ပိုများ သည်။

အိုလီဂိုပိုလစ်စတစ်ပြိုင်ဆိုင်မှု (Oligopolistic Competitions)တို့တွင် ရောင်းသူအနည်း ငယ်သာရှိပြီး သူတို့သည်ပြိုင်ဘက်၏ မဟာဗျူဟာတို့အပေါ် စိတ်ဆက်ကြသည်။ခံစား လွယ်သည်။ ကုန်စည်သည် တစ်မျိုးတစ်စားတည်း ဖြစ်နိုင်သည်။ (ဥပမာ- သံမဏိ၊ အလျူမီနီယံ) သို့မဟုတ် ပုံစံခြားနားနိုင်သည်။ ဥပမာ-မော်တော်ကားနှင့် ကွန်ပျူတာများ )ဤဈေးကွက်၌ ရောင်းသူအနည်း ငယ်သာရှိသည်မှာ ဈေးကွက်ထဲသို့ ရောင်းသူအသစ်များ ၀င်ရန် ခက်ခဲသောကြောင့် ဖြစ်သည်။ ရောင်းသူတစ်ဦးစီသည် အခြားရောင်းသူတို့၏ မဟာဗျူဟာနှင့် လှုပ်ရှားမှု တို့အပေါ် အစဉ်နိုးနိုး ကြားကြားရှိကြသည်။ အကယ်၍ သံမဏိကုမ္ပဏီတစ်ခုက ၁၀ ရာခိုင်နှုန်း ဈေးနှုန်းလျှော့ဖြတ်လျှင် ၀ယ်သူတို့သည် ၎င်းဆပ္ပလိုင်ရာဆီသို့ ခပ်မြန်မြန်ရွှေ့ပြောင်းကြမည်။ အခြားသံမဏိထုတ်လုပ် သူတို့သည်လည်း မိမိဈေးနှုန်းကို လျှော့ဖြတ်၍ တုံ့ပြန်ရမည်။ သို့တည်းမဟုတ် ၀န်ဆောင်မှု ကောင်း မွန်ရန်ပြုလုပ်ရမည်။ အိုလီဂိုပိုလစ်တစ်ယောက်သည် ဈေးနှုန်းလျှော့ဖြတ်ခြင်းဖြင့် မိမိအခြေအနေ ရှေ့ ဆက်ခိုင်မာလာလိမ့်မည်ဟုမသေချာပေ။ တစ်ဖန် အိုလီဂိုပိုလစ်တစ်ယောက်က မိမိပစ္စည်း၏ ဈေးနှုန်းကို မြှင့်တင်သော်လည်း အခြားသူတို့က လိုက်တင်ချင်မှ တင်ပေမည်။ ထိုအခါ မိမိဈေး နှုန်းတင်ထားခြင်းကိုနောက်ဆုတ်လိုက်ရပေမည်။ အကယ်၍ ဈေးနှုန်းကို ပြန်မလျှော့နိုင်လျှင် ဖောက်သည်တွေ ဆုံးရှုံးသွားမည်။လက်ဝါးကြီးအုပ်သန့်သန့် (Pure Monopoly) ဈေးကွက်တွင် ဈေးကွက်ထဲ၌ ရောင်းသူ တစ် ဦးတည်းသာရှိသည်။ ရောင်းသူသည် အစိုးရအဖွဲ့အစည်းဖြစ် ကောင်းဖြစ်မည်။ (ဥပမာ- ယူအက် စ်စာတိုက်)၊ ပုဂ္ဂလိကကွပ်ကဲ လက်ဝါးကြီးအုပ်မှု (a private regulated monopoly)၊ (ဥပမာ- လျှပ်စစ်ကုမ္ပဏီ)၊ (privete nonregulated monop oly) ပုဂ္ဂလိကကွပ်ကဲမှု မရှိသော ကုမ္ပဏီ (ဥပ မာ-ဒြူးပေါင့် Du Pount နိုင်လွန်ထုတ်လုပ်သည်) စသည်တို့ဖြစ်ကြသည်။ ဈေးနှုန်းသတ်မှတ်မှု ပြဿနာကို အဖွဲ့အစည်းတစ်ခုစီ၌ ခြားနားစွာ ကိုင်တွယ်ကြသည်။ အစိုးရလက်ဝါးကြီးအုပ်မှု သည် ဈေးနှုန်းရည်မှန်းချက်မျိုးစုံကို ချမှတ်ထားသည်။ အစိုးရလက်ဝါးကြီးအုပ်မှု သည် စရိတ်ထက်လျော့ နည်း၍ ဈေးနှုန်း သတ်မှတ်တတ်သည်။ အဘယ့်ကြောင့်ဆိုသော် စရိတ်မတက်နိုင်သော ၀ယ်သူတို့ အတွက် အရေးကြီးသော ကုန်စည်ဖြစ်သောကြောင့် ဖြစ်သည်။

စရိတ်ကာမိရုံမျှ ဈေးနှုန်းသတ်မှတ် နိုင်သည့်အပြင် အပိုအမြတ်အစွန်းရအောင် လည်း ဈေး နှုန်းသတ်မှတ်နိုင်သည်။ တစ်ခါတစ်ရံ၌ စားသုံးမှု မြင့်မားနေခြင်းကို လျှော့ချရန် အလို့ငှာ ဈေးနှုန်းကို မြှင့်တင်ထားနိုင်သည်။ စီမံကွပ်ကဲ ထားသော လက်ဝါးကြီးအုပ်မှု တွင် အစိုးရသည် “မျှတသော အမြတ်”ရရှိစေရန် နှုန်းထားများ ကိုကန့်သတ်နိုင်သည်။ စီမံကွပ်ကဲမှု မရှိသော လက်ဝါးကြီးအုပ် မှု တွင် ဈေးနှုန်းကို ဈေးကွက်နိယာမအတိုင်း ဖြစ်ထွန်းရန် လွှတ်ပေးထားနိုင်သည်။ သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဈေးနှုန်းကိုအပြည့်မ သတ်မှတ်ပေ။ ပြိုင်ဘက်တွေကဆွဲဆောင် သလိုမဖြစ်စေရန်၊ ဈေးနှုန်းအနိမ့်ဖြင့် ဈေးကွက်ထဲသို့ မြန်မြန်ဆန်ဆန် ထိုးဖောက်နိုင်ရန်နှင့် အစိုရ ၏ ကွပ်ကဲချုပ် ကိုင်မှု ကို ဖိတ်ခေါ်သလို မဖြစ်စေရန်ဟူ၍ ဖြစ်သည်။

ဈေးနှုန်းနှင့် တန်ဖိုးအပေါ် စားသုံးသူ၏ ခံစားသိရှိမှု

(Consumer Perceptions of prise and Value)

နောက်ဆုံး၌ စားသုံးသူတို့ကသာ ဈေးနှုန်းသည် ဈေးမှန်ဖြစ်မဖြစ်ကို ဆုံးဖြတ်ပါ လိမ့်မည်။ ဈေးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်တို့သည် အခြားမတ်ကက်တင်းဆိုင်ရာ ဆုံးဖြတ် ချက်တို့ကဲ့သို့ပင် ၀ယ်သူတစ်ဦးတည်း(buyeroriented) ဖြစ်ရပါမည်။ စားသုံးသူတို့က ပစ္စည်းတစ်ခုဝယ်ယူသော အခါ သူတို့သည်တစ်စုံတစ်ယောက်သောတန်ဖိုး (ဈေးနှုန်း)ကို ကုန်ပစ္စည်းရရှိခြင်းဖြင့်လည်း ကောင်း၊ သို့တည်းမဟုတ် ကုန်ပစ္စည်းကိုသုံးစွဲ၍ အကျိုးကျေးဇူးရရှိခြင်းဖြင့်လည်းကောင်း ဖလှယ် သည်။ ထိရောက်သောဝယ်သူဦးတည် ဈေးနှုန်းသတ်မှတ်ခြင်းသည် ၀ယ်သူတို့ကကုန်စည်မှ ရရှိ သော အကျိုးကျေးဇူးတို့ကို ဘယ်လိုအဖိုးစားနား ဖြတ်ကြသနည်း။ ဤအဖိုးစားနားနှင့် ကိုက်ညီ သော ဈေးနှုန်းတို့ကို ဘယ်လိုပိုင်း ဖြတ် မည်နည်းဆိုသော အချက်တို့ကို သိရှိရန်လိုအပ်သည်။

ကုမ္ပဏီသည် စားသုံးသူတို့က မိမိကုန်စည်တို့အပေါ် စိတ်ထဲ၌ ဘယ်လိုခံစားပြီး တန်ဖိုး ဖြတ်ထားသနည်းဆိုသောအချက်ကို သိရှိရန်ခက်ခဲနေတတ်သည်။ ဥပမာ- ဖင်စီကျသော စား သောက်ဆိုင်၌ ဟင်းလျာထဲပါဝင်သောအမယ်တို့၏ ကုန်ကျစရိတ်တို့ကို တွက်ချက်ကြည့်ရန် အတော်အတန် လွယ်ကူဖွယ်ရာရှိသည်။ သို့သော် အရသာ၊ ကျေနပ် မှု အခင်းအကျင်း ၀န်းကျင်၊ သက်တောင့်သက်သာရှိမှု ၊ စကားစမြည်ပြောဆိုနိုင်မှု နှင့် ဂုဏ် အဆင့်အတန်း စသောအခြင်းအရာ တို့ကိုမူ တန်ဖိုးဖြတ်ရန် အလွန်ခက်ခဲသည်။ ဤတန် ဖိုးတို့သည် စားသုံးသူတို့၏ အခြေအနေကို လိုက်ပြီး ကွဲပြားနားသွားမည် ဖြစ်ပေသည်။ သို့တိုင်အောင် စားသုံးသူတို့သည် ဤတန်ဖိုးတို့ကို အကဲဖြတ်၍ ကုန်စည်၏ ဈေးနှုန်းကို သတ်မှတ်ကြမည်သာဖြစ်သည်။ အကယ်၍ ကုန်စည်ဈေးနှုန်း သည် ပေးရသောတန်ဖိုးထက် မြင့်မားနေသည်ဟု သူတို့ခံစားသိရှိကြလျှင် သူတို့သည်ဤကုန် စည်ကို ၀ယ်ယူကြလိမ့်မည်မဟုတ်ချေ။ အကယ်၍ ကုန်စည်ဈေးနှုန်းက တန်ဖိုးထက်နည်းသည်ဟု ခံစားမိကြလျှင် ကုန်စည်ကို သူတို့ဝယ်ယူကြမည်သာ ဖြစ်သည်။ သို့ သော်ရောင်းသူသည် အမြတ် ရရှိရန် အခွင့်အလမ်းများ ကို ဆုံးရှုံးသွားမည်။

ဈေးနှုန်းနှင့် ၀ယ်လိုအား ဆက်သွယ်မှု ကို စိစစ်ခြင်း

(Analyzing the Price-Demand Relationship)

ကုမ္ပဏီက သတ်မှတ်သော ဈေးနှုန်းတစ်ခုစီတိုင်းသည် ခြားနားသော ၀ယ်လိုအား အဆင့် တို့ကို ဖြစ်ပေါ်စေသည်။ သတ်မှတ်လိုက်သော ဈေးနှုန်းနှင့် ဤသို့သတ်မှတ်ချက်မှ ပေါ်ပေါက် လာသော ၀ယ်လိုအားတို့ ဆက်သွယ်မှု ကို ပုံကားချပ် ၁.၄ မှ ၀ယ်လိုမျဉ်း (Dem and Curve) ဖြင့် ရှင်းလင်းဖော်ပြထားသည်။ ၀ယ်လိုမျဉ်းသည် ဈေးကွက်ကတစ်စုံတစ်ရာသောကာလနှင့် တစ်စုံ တစ်ရာသော ဈေးနှုန်းတို့၌ ၀ယ်ယူမည့် ယူနစ်ပေါင်းတို့ကို ဖော်ပြထားသည်။ သာမန်ကိစ္စတို့၌ ၀ယ် လိုအားနှင့် ဈေးနှုန်းတို့သည် ပြောင်းပြန်ဆက်ဆံမှု ရှိသည်။ ဆိုလိုသည်မှာ ဈေးနှုန်းမြင့်လေ ၀ယ်လို အားနိမ့်လေဖြစ်သည်။ သို့အားဖြင့် ကုမ္ပဏီသည် ဈေးနှုန်းကို P1 မှ P2 သို့မြှင့်လိုက်လျှင် အရောင်းရ ကျဆင်းသွားမည်။ အတိုချုံ့ပြောရလျှင် ဘတ်ဂျက်အကန့်အသတ်နှင့်ရှိသော စားသုံးသူတို့သည် ဈေးနှုန်းအလွန်မြင့်မားနေ သောအခါတွင် ပစ္စည်းကို အ၀ယ်လျှော့ချမည်ဟု ဆိုလိုခြင်းဖြစ်သည်။

Cover

ဂုဏ်ဆင့်အတန်းရှိသော ကုပစ္စည်းတို့တွင် ၀ယ်လိုအားမျဉ်းသည် တစ်ခါတစ်ရံ၌ အောက် သို့ လျှော့မဆင်းဘဲ အထက်သို့ ထောင်တက်သွားတတ်ပါသည်။ စားသုံးသူတို့ သည် ဈေးကြီးလေ အရည်အသွေးကောင်းလေဟု တွေးထင်တတ်ကြသည်။ ဥပမာ- ဂစ်ပဆန် (Gibson) ဂီတာကော် ပိုရေးရှင်းသည် ပြိုင်ဘက် ဂျပန်ရောမဟာ (Yamaha) ကုမ္ပဏီနှင့် ယှဉ်ပြိုင်နိုင်ရန်အတွက် မိမိ၏ ပစ္စည်းကို ဈေးနှုန်းချရန် စိတ်ကူးကြည့်ရာ ဂစ်ပဆန်ကုမ္ပဏီအံ့အားသွင့်သွားရသည်။ မိမိ၏ ကုန် စည်တို့ကို ဈေးလျှော့ရောင်းကာမှပင် ပိုပြီးအရောင်းထိုင်းသွားသည်။ အရောင်းကျဆင်းသွား သည်ကို တွေ့ရသည်။ ဂစ်ပဆန် ကုမ္ပဏီအကြီးအကဲက “ ကျွန်တော်တို့ ပြောင်းပြန်ဖြစ်နေသော ဈေးနှုန်းနှင့် ၀ယ်လိုအား ဆက်သွယ်မှု ကို တွေ့နေရတယ်။ ကျွန်တော်တို့က ဈေးတင်လေပိုပြီး ရောင်းရလေဖြစ်နေတယ်” ဟု ထုတ်ဖော်ပြောဆိုသည်။ ဂီတပစ္စည်းတို့သည် တစ်မူထူးခြားပုံရ သည်။ တူရိယာဂီတပစ္စည်းတို့၌ လက်မှု ပညာမြောက်မှု နှင့် ဒီဇိုင်းတို့က အထူးအရေးပါလေရာ ဈေး လျှော့လျှင် အရည်အသွေးညံ့သည်ဟု ထင်လာတတ်ကြသည်။ သို့ရာတွင် ဤပစ္စည်းတို့ကိုလည်း ဈေးနှုန်းအလွန်အမင်းတင်လိုက်လျှင် အရောင်းကျလာမည်သာဖြစ်သည်။

ကုမ္ပဏီအများ စုသည် ခြားနားသော ဈေးနှုန်းအသီးသီး၌ ရှိသော ၀ယ်လိုအားတို့ကို ခန့်မှန်း ပြီး ၀ယ်လိုအားမျဉ်းကို ဆွဲကြကုန်သည်။ ဈေးကွက်အမျိုးအစားကလည်း ဤကိစ္စတွင် အတော် စကားပြောပါသည်။ လက်ဝါးကြီးအုပ်မှု အခြေအနေ၌ ၀ယ်လိုအားမျဉ်းသည် ခြားနားသောဈေး နှုန်းတို့မှ ပေါ်ပေါက်လာသော စုစုပေါင်းဈေးကွက် ၀ယ်လိုအားကို ဖော်ပြသည်။ အကယ်၍ ကုမ္ပဏီ သည် ယှဉ်ပြိုင်မှု နှင့် တွေ့ရလျှင် ဈေးနှုန်းအသီးသီး၌ ရှိသောဝယ်လိုအားမှာ ယှဉ်ပြိုင်ဘက်၏ ဈေး နှုန်းတို့ကိုမပြောင်းမလဲတည်တည်ငြိမ်ငြိမ်ထားသလား၊သို့ တည်းမဟုတ်ကုမ္ပဏီ၏ ဈေးနှုန်းအပြောင်းအလဲနှင့်အတူ လိုက်လံပြောင်းလဲ စေသလားဆိုသောအချက်ပေါ်တွင် မူတည်လာသည်။

ဈေးနှုန်းနှင့်ဝယ်လိုအားဆက်သွယ်မှု ကိုတိုင်းထွာရာတွင် ဈေးကွက်သုတေသနသမားတို့ သည် ပြောင်းလဲမှု ဖြစ်စေသော အခြားဖက်တာ (Factors) တို့ကို ထည့်မတွက်ရပေ။ ဥပမာ- ဆိုနီ က သူ၏ ရုပ်မြင်သံကြားစက် ဈေးနှုန်းကို လျှာ့ချ သည် နှင့်တစ်ပြိုင်နက်တည်း ကြော်ငြာတွင် ပို၍ သုံး စွဲခဲ့လျှင် ဈေးနှုန်းလျှော့ချခြင်းကြောင့် ၀ယ်လို အားမည်မျှတိုးပြီး ကြော်ငြာကြောင့် ၀ယ်လိုအား မည်မျှတိုးသည်ကို သိရှိနိုင်မည် မဟုတ်တော့ပေ။ သို့မဟုတ် အားလပ်ရက်၌ ၀ယ်ယူလျှင် လက် ဆောင်ပစ္စည်း ပိုပေးသည်ဟုဆိုလျှင် လူတို့သည် ရုပ်မြင်သံကြားစက်ကို ပို၍ ၀ယ်ယူကြမည်သာဖြစ် သည်။ ဘောဂဗေဒပညာရှင်တို့က ဈေးနှုန်းနှင့်မဆိုင်သောဖက်တာ (nonprice factors) တို့ ကြောင့် ၀ယ်လိုအားမျဉ်းအပေါ် ထိခိုက်သက်ရောက်ပုံတို့ကို ရှင်းပြသည်။ သူတို့၏ အမြင်အရ ဤ ဖက်တာတို့ကြောင့် ၀ယ်လိုအားသည် မျဉ်းတစ်ခုတည်းပေါ်တွင်သာ လူပ်ရှားနေသည်မဟုတ် တော့ပေ။ အခြားမျဉ်းဆီသို့လည်း ရွှေ့ပြောင်းခြင်းဖြစ်လာသည်။

ဝယ်လိုအား၏ ဈေးနှုန်းအလျှော့အတင်း

(Price Elasticity of Demand)

ဈေးကွက်သမားတို့သည် ဈေးနှုန်းအလျှော့အတင်း (Price elasticity) အကြောင်းကိုလည်း နားလည်ထားရန်လိုသည်။ ယင်းမှာ ဈေးနှုန်းပြောင်းလဲလျှင် ၀ယ်လိုအားက မည်သို့တုံ့ပြန်သနည်း ဟု သိရှိရန်လိုအပ်ခြင်းဖြစ်သည်။ ပုံကားချပ် ၁-၄ တွင် ဖော်ပြထားသော ၀ယ်လိုအားမျဉ်းနှစ် ကြောင်းကို ကြည့်ပါ။ ပုံကားချပ် ၁-၄ အေတွင် ဈေးနှုန်းသည် P1 မှ P2 သို့တိုးသွားရာ၌ ၀ယ်လို အားတွင် Q1 မှ Q2 သို့ အနည်းငယ်ကျသွားသည်။ ပုံကားချပ် ၁-၄ ဘီတွင်မူ အလားတူ ဈေးနှုန်း တိုးမှု သည် ၀ယ်လိုအားကျဆင်းမှု အတော်ကြီးကြီးမားမားကို ဖြစ်ပေါ်စေသည်။ Q1 မှ Q2 သို့ ရွှေ့ သွားသည်။ အကယ်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲသော်လည်း ၀ယ်လိုအားက သိပ်အပြောင်း အလဲမရှိဟုဆိုလျှင် ၀ယ်လိုအားမျှော့ကြိုးတင်းသည် (demand is inelastic) ဟုခေါ်သည်။ အကယ်၍ ၀ယ်လိုအားက အများ ကြီးပြောင်းလဲသွားသည်ဟုဆိုလျှင် ၀ယ်လိုအားမျှော့ကြိုးလျော့ သည်။ ပျော့သည် (elastic) ဟုခေါ်သည်။ ၀ယ်လိုအား၏ ဈေးနှုန်းအလျှော့အတင်းကို အောက်ပါ ဖော်မြူလာဖြင့် ဖော်ပြသည်။

Cover

ရောင်းသူက ဈေးနှုန်းကို ၂ ရာခိုင်နှုန်းမြှင့်လိုက်သဖြင့် ၀ယ်လိုအားသည် ၁၀ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုကြပါစို့။ ဤကိစ္စတွင် ဈေးနှုန်းအလျှော့အတင်းသည် -၅ ဖြစ်သွားမည်။ (အနှုတ်လက္ခဏာက ဈေးနှုန်းနှင့် ၀ယ်လိုအားတို့ ပြောင်းပြန်သက်ရောက်မှု ရှိကြောင်းကို အတည် ပြုခြင်းဖြစ်သည်။) ၀ယ်လိုအာမျှော့ကြိုး ပျော့ရာမည်ပေသည်။ ဤနေရာ၌ ရောင်းသူ၏ ရငွေသည် အပြောင်းအလဲမဖြစ်ပေ။ အတူတူပင်ဖြစ်သည်။ ရောင်းသူသည် ပစ္စည်းအရောင်းရနည်း သော် လည်း ဈေးနှုန်းမြှင့်ထားသဖြင့် ရောင်းရငွေမှာ အတူတူပင်ဖြစ်သည်။ အကယ်၍ ဈေးနှုန်းကို နှစ်ရာခိုင်နှုန်း တိုးမြှင့်ချိန်၌ ၀ယ်လိုအားသည် တစ်ရာခိုင်နှုန်း ကျဆင်းသည်ဟုဆိုပါက ဈေးနှုန်း အလျှော့အတင်းသည် - တစ်ညီမျှချင်း နှစ်ဖြစ်မည်။ဝယ်လိုအားကြိုးမှာ တင်းသည်။ မာသည်ဟု ဆိုရမည်။ ၀ယ်လိုအားကြိုးမျှင် အလျော့နည်း လေ ရောင်းသူအဖို့ ဈေးနှုန်းမြှင့်ရန်ကောင်းလေဖြစ်မည်။ဈေးနှုန်းအလျှော့အတင်းကို မည်သည့် အချက်တို့က စီရင်ပါသနည်း။ သူတို့ဝယ်ယူသော ကုန်စည်တို့သည် တစ်မူထူးခြားသောအခါ သို့တည်းမဟုတ် ကုန်စည်သည် အရည်အသွေးအလွန် မြင့်၊ ဂုဏ်ရှိပြီး သီးသန့်တစ်ကဏ္ဍလို ဖြစ်နေသောအခါမျိုးတွင် ၀ယ်သူတို့သည် ဈေးနှုန်းအပေါ် သိပ်စကားမပြောကြတော့ပေ။ စိတ်ခံစားမှု နည်းသွားသည်။ ဈေးနှုန်းသည် အကြောင်းမဟုတ်ဟု ထင်ကြသည်။ အခြားအစားထိုး ၀ယ်စရာပစ္စည်းတို့ကို ရှာဖွေရန် ခက်ခဲနေသောအခါမျိုးတွင်လည်း ၀ယ်သူတို့သည် ဈေးနှုန်းကို သိပ်မကြည့်နိုင်တော့ပေ။ ခံစားမှု နည်းကြသည်။ နောက်ဆုံး၌ သူတို့ ၀င်ငွေနှင့် နှိုင်းယှဉ်လျှင် ကုန်ကျစရိတ်မှာ သိပ်မများ သောအခါ သို့တည်းမဟုတ်စရိတ်ကိုမျှဝေခံစားကြရသောအခါတို့တွင် လည်း ၀ယ်သူတို့သည် ဈေးနှုန်းအပေါ် ကပ်ဈေးမနှဲနိုင်တော့ပေ။

အကယ်၍ ၀ယ်လိုအားသည် ကြိုးမျှင်ဟုတ်ဘဲ လျော့နေလျှင် ရောင်းသူတို့သည် သူတို့၏ ဈေးနှုန်းကို လျှော့ချရန် စဉ်းစားကြပါလိမ့်မည်။ ဈေးနှုန်းလျှော့ချပေးလျှင် စုစုပေါင်းရောင်းရငွေမှာ ပိုတိုးလာမည်။ ဤဖြစ်စဉ်သည် ပစ္စည်းပိုထုတ်ရန်နှင့် ပစ္စည်းပိုရောင်းရရန်တို့အတွက် ကျခံရသည့် ကုန်ကျစရိတ်မှာ ၀င်ငွေထက်မပိုသရွေ့ အလုပ်ဖြစ်နိုင်ပါသည်။ တစ်ပြိုင်နက်တည်းမှာ ပင် ကုမ္ပဏီ အများ စုသည် မိမိတို့ကုန်စည် (product) အားနေ့စဉ်သုံး ရောင်းကုန် (Commodities) အသွင် ပြောင်းသွားစေသော ဈေးနှုန်းသတ်မှတ်မှု မျိုးတို့ကို ရှောင်ရှားလိုသည်။ မကြာသေးမီနှစ်များ ၌ ကွပ်ကဲမှု များ လျော့ပါးလာခြင်း၊ အင်တာနက်မှ တစ်ဆင့် ဈေးနှုန်းအချင်းချင်း နှိုင်းယှဉ်လေ့လာနိုင် ခြင်းနှင့် အခြားတက္ကနိုလိုဂျီတို့ကြောင့် စားသုံးသူတို့သည် ဈေးနှုန်းအပေါ် ပိုပြီးအာရုံစူးစိုက် လာကြ သည်။ (Price sensitivity) တိုးပွားလာသည်ဟုဆိုသည်။ တယ်လီဖုန်းမှအစ ကွန်ပျူတာနှင့် မော် တော်ကားအထိ ကုန်ပစ္စည်းတို့သည် စားသုံးသူတို့၏ မျက်စိထဲ၌ နေ့စဉ်သုံး ရောင်းကုန်များ ဖြစ် လာကြသည်။ ထို့ကြောင့် ဈေးကွက်သမားတို့သည် ပြိုင်ဘက်တို့က အလားတူကုန်စည်တို့ကို ဈေးချိုချိုဖြင့် လျှော့ရောင်းနေသောအခါမျိုးတွင် မိမိတို့၏ ကမ်းလှမ်းချက်တို့ကို သူများ နှင့်မတူ တစ်မူထူးထူးခြားခြားဖြစ်အောင် ဆောင်ရွက်ကြရမည်ဖြစ်ည်။ ကုမ္ပဏီတို့သည် ခါတိုင်းထက်ပိုပြီး မိမိဖောက်သည်၏ ဈေးနှုန်းအပေါ် ခံစားမှု တို့ကိ သိရှိနားလည်ရန် လိုလာသည်။ ထို့အပြင် ရှေ့ အလားအလာနှင့် စားသုံးသူတို့ ကုန်ုစည်နှင့် ဈေးနှုန်းအကြား အပေးအယူဖလှယ်လိုကြသော အချက်တို့ကိုလည်း သိရှိထားရန်လိုသည်။ ဈေးကွက်အတိုင်ပင်ခံ (Kevin Clancy) ၏ စကား အတိုင်းဆိုရလျှင် ဈေးနှုန်းအပေါ် ခံစားမှု ၌ သာ အာရုံထား ပြစ်မှတ်ချိန်သူတို့သည် “ပိုက်ဆံကို စားပွဲပေါ် ထားရစ်ခဲ့ခြင်းသာ ဖြစ်ပေသည်။”

စွမ်းအင်ဈေးကွက်တို့၌ ပင် (ဤဈေးကွက်၌ တစ်ကီလိုဝပ်သည် တစ်ကီလိုဝပ်မှ စာစ်ကီလို ၀ပ်သာ ဖြစ်သည်ဟု မြင်ကြသည်။)ယူတီလီတီ (Utility) ကုမ္ပဏီ အတော်များများ သည် ဤအချက် အပေါ် အာရုံပြောင်းလာကြပါသည်။ သူတို့သည် သူတို့၏ စွမ်းအင်ကို တစ်မျိုးတစ်စားတည်း မထား တော့ဘဲ ခြားနားအောင်ပြုလုပ်လာကြသည်။ ကုန်အမှတ်တံဆိပ် ဘရဲင်းတို့ကိုလည်း ခြားနားစေ သည်။ ဖောက်သည်တို့အား ထူးထူးခြားခြား ၀န်ဆောင်မှု တို့ပေးလာသည်။ ဈေးနှုန်းကြီးလျှင် ကြီးပါ စေဟု ဆိုလာသည်။ ဥပမာ- (Green Mountain Power) ကုမ္ပဏီ (ဂျီအမ်ပီ) သည် ကွက်ကဲမှု မရှိ သော စွမ်းအင်ဈေးကွက်၌ ကီလိုဝပ်နာရီတို့သည် ခြားနားနိုင်သည်ဟု ခိုင်ခိုင်မာမာယုံကြည်လာ သည်။ ဂျီအမ်ပီသည် ဈေးကွက်သုတေသနကို သေသေချာချာကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်သည်။ အလားအလာကောင်းသော အစိတ်အပိုင်းတို့ကို တူးဖော်တွေ့ရှိလာသည်။

ဤအစိတ်အပိုင်းတို့ သည် သဘာဝပတ်ဝန်းကျင်အတွက် ပူပန်ကြသည့်အပြင် သူတို့၏ သဘောထားအမြင်တို့ကို ဒေါ်လာပေးပြီး အကောင်အထည်ဖော်လိုကြသည်။ အဘယ့်ကြောင့် ဆိုသော် ဂျီအမ်ပီသည် အစီမ်းရောင် ပါဝါကုမ္ပဏီဖြစ်သည်။ (ပတ်ဝန်းကျင်ရေးရာကို ဂရုစိုက် သည်။) ဂျီအမ်ပီမှ ဖြည့်ဆည်းပေးသော ပါဝါတို့သည် ရေအားလျှပ်စစ်ပါဝါတို့ဖြစ်ကြသည်။ ထို့ကြောင့် ဖောက်သည်တို့သည် ဂျီအမ်ပီ ပါဝါလျှပ်စစ်ကို ၀ယ်ယူကြလျှင် သဘာဝပတ်ဝန်းကျင် အတွက် စိုးရိမ်ပူပန်စရာမလိုဟု တွက်ဆနိုင် ကြသည်။ ဂျီအပ်ပီသည် အိမ်သုံးလျှပ်စစ်မီး၊ ပရိုဂျက် နှစ်ခုကိုလည်း အခြားပါဝါကုမ္ပဏီတို့နှင့် ယှဉ် ပြိုင်ပြီးဆောင်ရွက်သည်။ အခြားပါဝါကုမ္ပဏီတို့သည် ဈေးနှုန်းအပေါ် အာရုံလွယ်မှု (Price senstivity) ကို အခြေခံ၍ ပါဝါ ဖြန့်ဖြူးသည်။ ဈေးပေါသော ဘရဲင်းကို အသုံးပြုသည်။ ဂျီအမ်ပီက စားသုံးသူတို့ စိုးရိမ်သော သဘာပတ်ဝန်းကျင်သန့်ရှင်းရေးကို အခြေခံသည်။

ယှဉ်ပြိုင်ဘက်တို့၏ စိရိတ်၊ ဈေးနှုန်းနှင့် ကမ်းလှမ်းမှု

(Competitors’ Costs, Prices and Offers)

ကုမ္ပဏီ၏ ဈေးနှုန်းသတ်မှတ်မှု ဆိုင်ရာ ဆုံးဖြတ်ချက်ကို ထိခိုက်စေသော အခြားပြင်ပ ဖက်တာတို့မှာ ပြိုင်ဘက်တို့၏ စရိတ်၊ ဈေးနှုန်းနှင့် ပြိုင်ဘက်တို့မှ ကုမ္ပဏီ၏ ဈေးနှုန်းဆောင်ရွက်မှု အပေါ် တုံ့ပြန်မှု တို့ပင် ဖြစ်သည်။ ကင်နွန်ကင်မရာကို ၀ယ်ခြမ်းရန်စဉ်းစားသော စားသုံးသူတစ်ဦး သည် ကင်နွန်၏ ဈေးနှုန်းနှင့် တန်ဖိုးကို (Nikon, Minolta Pentax) နှင့် အခြားကင်မရာကုမ္ပဏီတို့ မှ ဈေးကွက်တင်ထားသော ပစ္စည်းဈေးနှုန်းတို့နှင့် နှိုင်းယှဉ်ကြည့်မည်သာ ဖြစ်သည်။ ထို့အပြင် ကုမ္ပဏီ၏ ဈေးနှုန်းမဟာဗျူဟာသည် မိမိရင်ဆိုင်ရသော ယှဉ်ပြိုင်မှု ၏ သဘာဝကိုလည်း ထိခိုက် စေဦးမည်ဖြစ်သည်။ အကယ်၍ ကင်နွန်သည် ဈေးနှုန်းအမြင့်၊ မာဂျင်အမြင့် မဟာဗျူစဟာကို လိုက် နာလျှင် ဤအချက်သည် ယှဉ်ပြိုင်မှု တို့ကို ဖိတ်ခေါ်ရာကျဖွယ်ရှိသည်။ ဈေးနှုန်းအနိမ့်၊ မာဂျင်အနိမ့် မဟာဗျူဟာသည် ပြိုင်ဘက်တို့အား ဈေးကွက်ထဲမ၀င်ရန် ဟန့်တားနိုင်သည်။ သို့တည်းမဟုတ် ဈေးကွက်မှ မောင်းထုတ်ပစ်နိုင်သည်။

ကင်နွန်သည် မိမိအနေဖြင့် စရိတ်ပိုင်း အခွင့်သာမှု နှင့် အလုပ်လုပ်ရသလား။ သို့တည်း မဟုတ် အခွင့်သာမှု မရှိဘဲ အလုပ်လုပ်နေရသလားဆိုသောအချက်ကို သိရှိနိုင်ရန်အလို့ငှာ ပြိုင် ဘက်တို့၏ စရိတ်ကို ယှဉ်ပြိုင်နိုင်သော စရွေးကိုက်စံစရိတ် (benchmark) တို့ကို သတ်မှတ်ရန် လိုသည်။ ထို့အပြင် ပြိုင်ဘက်တစ်ဦးစီက သတ်မှတ်သော ဈေးနှုန်းနှင့် ကမ်းလှမ်းချက်တို့ကိုလည်း လေ့လာဆည်းပူးထားရန်လိုသည်။ ကင်နွန်သည် ပြိုင်ဘက်တို့၏ ဈေးနှုန်းနှင့်ကမ်းလှမ်းမှု တို့ကို သိရှိပြီးသည်နှင့် တစ်ပြိုင်နက်တည်း ဤအချက်တို့ကို မိမိပစ္စည်းအား ဈေးနှုန်းသတ်မှတ်ရန်အလို့ ငှာ တာထွက်စခန်းအဖြစ် အသုံးပြုနိုင်သည်။ အကယ်၍ ကင်နွန်ကင်မရာနှင့် နီကွန်ကင်မရာတို့မှာ ဆင်တူနေကြလျှင် နီကွန်နှင့် အနီးစပ်ဆုံးဖြစ်သော ဈေးနှုန်းကိုသာ သတ်မှတ်ပေးရတော့မည်။ သို့မဟုတ်လျှင် အရောင်းအဆုံးအရှုံးခံရမည်။ အကယ်၍ ကင်နွန်ကင်မရာက နီကွန်ကင်မရာ လောက် မကောင်းလျှင် ကင်နွန်သည် အခြေအနေကို ပြောင်းလဲရန် စွမ်းဆောင်နိုင်မည် မဟုတ် ပေ။ အကယ်၍ ကင်နွန်င်မရာသည် နီကွန်ထက်ပိုပြီး သာလွန်ကောင်းမွန်သည်ဟု ဆိုလျှင် ကင်နွန် သည် အပြောင်းအလဲတွေ ပိုပြီး ပြုလုပ်နိုင်ရန် စွမ်းဆောင်ရည်ရှိနေမည်။ အခြေခံအားဖြင့် ပြောရ လျှင် ပို၍ အားကောင်းသော အနေအထားရရှိအောင် ဈေးနှုန်းကို အသုံးပြုရမည်သာဖြစ်ပေသည်။

အခြားပြင်ပဖက်တာများ (Other External Factors)

ဈေးနှုန်းသတ်မှတ်ရေးကိစ္စကို စဉ်းစားရာတွင် ကုမ္ပဏီသည် မိမိ၏ ပတ်ဝန်းကျင် အခြေ အနေထဲမှ ပြင်ပဖက်တာတို့ကိုလည်း ထည့်သွင်းစဉ်းစားရာသည်။ စီးပွားရေးအခြေအနေ (economic conditions) သည် ကုမ္ပဏီ၏ ဈေးနှုန်းသတ်မှတ်မှု မဟာဗျူဟာတွင် ကြီးစွာ သော သက်ရောက်မှု ရှိပါသည်။ သီးပွင့်မှု လား၊ ဆုတ်ယုတ်ကျဆင်းနေမှု လား စသည်ဖက်တာများ ၊ အတိုး နှုန်းနှင့် အင်ဖလေးရှင်း (Inflation) (အရပ်ရပ်ဈေးနှုန်များ တက်ခြင်း) တို့ကလည်း ဈေးနှုန်းဆိုင်ရာ ဆုံးဖြတ်ချက်တို့ ချမှတ်ရာတွင် ကုန်စည်ထုတ်လုပ်မှု စရိတ်အပေါ် ထိခိုက်နိုင်သည့်အပြင် စားသုံး သူတို့၏ ကုန်စည်ဈေးနှုန်းနှင့် တန်ဖိုးတို့အပေါ် ခံစားသိရှိမှု ကိုလည်း ထိခိုက်စေသောကြောင့် ဖြစ် သည်။ ထို့အပြင် ကုမ္ပဏီသည် မိမိ၏ ဈေးနှုန်းသတ်မှတ်မှု က မိမိပတ်ဝန်းကျင်ရှိ အခြားအဖွဲ့ အစည်းတို့အပေါ် ထိခိုက်သက်ရောက်နိုင်မှု တို့ကိုလည်း စဉ်းစားရမည်။ လက်လီပြန်လည် ရောင်းချ သူတို့က ဈေးနှုန်းအသီးသီးပေါ်တွင် ဘယ်လိုတုံ့ပြန်ဆောင်ရွက်ကြသလဲဆိုသည်ကို ထည့်သွင်း စားရာသည်။ ကုမ္ပဏီသည် လက်လီအရောင်းကိုယ်စားလှယ်တို့အတွက် သင့်တင့်သော အမြတ် မာဂျင်ကျန်ရှိနေစေရန် ထိထိရောက်ရောက် ရောင်းချနိုင်ရန်အတွက် သူတို့ကို ကူညီရပေမည်။ ဈေးနှုန်းဆုံးဖြတ်ချက်တွင် အစိုးရ (government) သည်လည်း အရေးကြီးသော ဖက်တာတစ်ရပ် ဖြစ်သည်။ နောက်ဆုံး၌ လူမှု ရေးကိစ္စအ၀၀တွင် တာဝန်သိရှိမှု (social concerns) တို့ကိုလည်း ထည့်သွင်းစဉ်းစားကောင်း စဉ်းစာရမည်။ ဈေးနှုန်းသတ်မှတ်ရာတွင် ကုမ္ပဏီ၏ ရေတိုအရောင်း ပမာဏ၊ ဈေးကွက်စေုနှင့် အမြတ် ပန်းတိုင်သည် ပိုမိုကျယ်ပြန့်သော လူမှု ရေးစဉ်းစားမှု တို့ကြောင့် သက်သာလျော့ပါး သွားစေနိုင်သည်။

ယေဘုယျဈေးနှုန်း သတ်မှတ်မှု ဆိုင်ရာ ချဉ်းကပ်မှု များ

(General Pricing Approcches)

ကုမ္ပဏီက သတ်မှတ်သော ဈေးနှုန်းသည် အမြတ်မကျန်လောက်အောင် နိမ့်သောအဆင့် နှင့် ၀ယ်လိုအားကို မဖန်တီးနိုင်လောက်အောင်မြင့်သော အဆင့်၊ နှစ်ခုကြား တွင်ရှိနေ ရပါလိမ့်မည်။ ပုံကားချပ် ၁.၅ သည် ဈေးနှုန်းသတ်မှတ်ရာ၌ အဓိကစဉ်းစားရမည့် အချက် တို့ကို သရုပ်ဖော်ပြထားသည်။

Cover

ကုန်စည်ထုတ်လုပ်ရာ၌ ကျခံရသော ကုန်ကျစရိတ်သည် ကြမ်းခင်းဈေးနှုန်းကို သတ်မှတ် သည်။ ကုန်စည်၏ တန်ဖိုးကို စားသုံးသူတိုက ခံစားသိမြင်ခြင်း (consumer perceptions) တို့ သည် အမြင့်ဆုံး ဈေးနှုန်းကို သတ်မှတ်သည်။ ကုမ္ပဏီသည် ပြိုင်ဘက်တို့၏ ဈေးနှုန်းများ နှင့် အခြား ပြင်ပနှင့် အတွင်းဖက်တာတို့ကိုလည်း ဤအစွန်းနှစ်ဖက်ကြား၌ အကောင်းဆုံး ဈေးနှုန်းတစ်ရပ်ကို ရှာဖွေတွေ့ရှိနိုင်ရန် ထည့်သွင်းစဉ်းစားရမည်။ကုမ္ပဏီသည် ဈေးနှုန်းသတ်မှတ်ရာ၌ ယေဘုယျချဉ်းကပ်မှု တစ်ခုကို ရွေးချယ်နိုင်သည်။ ဤ ယေဘုယျချဉ်းကပ်မှု ၌ ဖက်တာတစ်ခု သို့မဟုတ် နှစ်ခု သုံးခုအထိ ပါဝင်နိုင်သည်။ ဤချဉ်းကပ်မှု တို့ ကို ဆက်လက်လေ့လာသုံးသပ် သွားပါမည်။ စရိတ်အခြေခံချဉ်းကပ်မှု (cost- basedapproach) တွင် စရိတ်အပေါင်း ဈေးနှုန်းသတ်မှတ်နည်း (cost-plus pricing)၊ အရင်းကြေစိစစ်မှု (bredak- even analysis) နှင့် ပစ်မှတ်အမြတ်ဈေးနှုန်း သတ်မှတ်မှု (target profit pricing) တို့ ပါဝင်ကြ သည်။ ၀ယ်သူအခြေခံချဉ်းကပ်မှု (buyer- based approach) တွင် အဖိုးတန်အခြေခံဈေးနှုန်း သတ်မှတ်ခြင်းပါဝင်သည်။ (valud- based pricing) ဟု ခေါ်ဆိုသည်။ ယှဉ်ပြိုင်မှု အခြေစိုက် ချဉ်း ကပ်မှု (competition- based approach) တွင် ပေါက်ဈေးနှုန်း going rate) နှင့် ချိပ်ပိတ်ဈေးနှုန်း သတ်မှတ်မှု (sealed-bid pricing) တို့ပါဝင်သည်။

စရိတ်အခြေခံဈေးနှုန်းသတ်မှတ်မှု (Cost-Based Pricing)

စရိတ်အပေါင်း ဈေးနှုန်းသတ်မှတ်ခြင်း (Cost-Plus Pricing)

အလွယ်ကူဆုံး ဈေးနှုန်းသတ်မှတ်နည်းမှာ စရိတ်အပေါင်း ဈေးနှုန်းသတ်မှတ်မှု (cost-plus pricing) ဖြစ်သည်။ ကုန်စည်၏ စရိတ်တွင် စံအပိုတစ်ရပ် (standard mark-up) ထည့်ဆောင် သောနည်း ဖြစ်သည်။ ဆောက်လုပ်ရေးကုမ္ပဏီတို့သည် အလုပ်ကန်ထရိုက်တင်သွင်းရာ၌ ပရိုဂျက် တစ်ခုလုံး၏ စရိတ်ကို ခန့်မှန်းခြေပြုလုပ်ကာ ဤခန့်မှန်းခြေတွင် သတ်မှတ်ထားသောစံအမြတ်ကို အလုပ်ကန်ထရိုက်တင်သွင်းရာ၌ ပရိုဂျက်တစ်ခုလုံး၏ စရိတ်ကို ခန့်မှန်းခြေပြုလုပ်ကာ ဤခန့်မှန်း ခြေတွင် သတ်မှတ်ထားသောစံအမြတ်ကို အပိုဆောင်ထည့်တွက်ကြသည်။ ရှေ့နေ့၊ စာရင်းစစ်နှင့် အခြားအသက်မွေးဝမ်းကျောင်းပညာရှင်တို့သည် သူတို့၏ စရိတ်ကို သတ်မှတ်ထားသောစံအတိုင်း အပိုဆောင်ထည့်ကြသည်။ အချို့ရောင်းသူတို့က မိမိဖောက်သည်တို့အား သူတို့၏ စရိတ်အပေါင်း ဖော်မြူလာအရ စရိတ်အပြင် တစ်စုံတစ်ရာသော အပိုကိုထပ်ဆောင်းထည့်မည်ဖြစ်ကြောင်း ပြောပြ ထားကြသည်။ ဥပမာ- လေယာဉ်ထုပ်လုပ်ရေး ကုမ္ပဏီတို့သည် ဤနည်းအတိုင်း တွက်ချက်၍ အစိုးရထံ ဈေးနှုန်းတင်ပြကြသည်။

အပိုဆောင်းဈေးနှုန်းဖြတ်ခြင်း (markup pricing) ကို ဥဒါဟရုဏ်ပြရလျှင် အသားကင်စက် ထုတ်လုပ်သူတစ်ဦး၌ အောက်တွင် ဖော်ပြထားသည့် စရိတ်နှင့် မျှော်လင့်ထားသောအရောင်းပမာ ဏတို့ ရှိသည်ဟု ဆိုကြပါစို့။

Cover

ထုတ်လုပ်သူက အရောင်းကိုယ်စားလှယ်တို့အား အသားကင်စက်တစ်လုံးလျှင် ဒေါ်လာ ၂၀ ဖြင့် ဈေးသတ်မှတ်ပေးသည်။ သို့ဖြင့် အသားကင်စက် တစ်လုံးပေါ်တွင် ၄ ဒေါ်လာအမြတ်ယူ ရာကျသည်။ အရောင်းကိုယ်စားလှယ်ကလည်း အပိုထပ်ဆောင်းလိမ့်ဦးမည်။ အကယ်၍ အရောင်း ကိုယ်စားလှယ်က အရောင်းဈေးနှုန်းပေါ်တွင် အမြတ် ၅၀ ရာခိုင်နှုန်းလိုချင်သည်ဟု ဆိုလျှင် သူတို့ က ဈေးနှုန်းကို တစ်လုံးလျှင် ၄၀ ဒေါ်လာအထိ မြှင့်နိုင်သည်။ (ဒေါ်လာ ၂၀+ ဒေါ်လာ ၄၀၏ ၅၀ ရာခိုင်နှုန်း)။ ဤကိန်းသည် ၁၀၀ ရာခိုင်နှုန်း (ဒေါ်လာ ၂၀+ဒေါ်လာ ၂၀) အပိုဆောင်းထားခြင်းနှင့် ညီမျှပေသည်။သို့တိုင်အောင် အပိုဆောင်းအခြေခံဈေးနှုန်းဖြတ်မှု သည် အကြောင်းအမျိုးမျိုးဖြင့် ရေပန်း စားလျက်ပင် ရှိနေသေးသည်။ ပထမအချက်အားဖြင့် ရောင်းသူတို့သည် ၀ယ်လိုအားအခြေအနေ မှာ မသေချာသော်လည်း စရိတ်အပေါ်၌ မူ ပို၍ သေချာရေရာသောကြောင့်ဖြစ်သည်။ စရိတ်ဖြင့် ချိတ်ဆက်၍ ဈေးနှုန်းဖြတ်လျှင် တွက်ရချက်ရတာ လွယ်ကူသည့်အပြင် ၀ယ်လိုအားပြောင်းလဲလျှင် ပြောင်းလဲသလို ဈေးနှုန်းကို မကြာခဏ ညှိနှိုင်းပြင်ဆင်ရခြင်းမျိုးလည်း မရှိသောကြောင့် ဖြစ်သည်။ ဒုတိယအချက်အားဖြင့် အင်ဒတ်စတရီအတွင်းရှိ ဈေးနှုန်းတို့သည် ဆင်တူနီးပါးဖြစ်သွားကြသည်။ ထို့ကြောင့် ဈေးနှုန်းပြိုင်ဆိုင်မှု တို့ နည်းပါးသွားသည်။ တတိယအချက်အားဖြင့် စရိတ်ပေါင်း (cost- plus) ဈေးနှုန်းဖြတ်နည်းသည် ရောင်းသူရော ၀ယ်သူတို့ကိုပါ မျှမျှတတဖြစ်စေသည်ဟု ခံစားမိကြ သောကြောင့်ဖြစ်သည်။ ရောင်းသူသည် မိမိ၏ ရင်းနှီးမြှုပ်နှံမှု အပေါ်တွင် မျှတသော အမြတ်စွန်းကို ရရှိစေသည်။ ထို့အပြင် ၀ယ်သူ၏ ၀ယ်လိုအား မြင့်တက်လာစေကာမူ ၀ယ်သူတို့အပေါ်၌ နောက် ထပ်အခွင့်အရေး ရယူမှု မရှိဟု ခံစားမိတတ်ကြသည်။

ဤပုံစံအပိုဆောင်းမှု (standard markups) တို့ကို အသုံးပြု၍ ဈေးနှုန်းဖြတ်ခြင်းသည် အဓိပ္ပာယ်ရှိပါသလေား။ ယေဘုယျအားဖြင့် ပြောရလျှင် အဓိပ္ပာယ်မရှိဟု ဆိုရပေမည်။ ၀ယ်လိုအား ကို လျစ်လျူရှုသော မည်သည့်ဈေးနှုန်းဖြတ်မှု မဆို၊ ပြိုင်ဘက်တို့၏ ဈေးနှုန်းတို့ကို လျစ်လျူရှုသော မည်သည့် ဈေးနှုန်းဖြတ်မှု မဆို အကောင်းဆုံးဈေးနှုန်းတစ်ရပ်ဆီသို့ ရှေးရှုရာရောက်မည်မဟုတ် ချေ။ ထုတ်လုပ်သူက အသားကင်စက်တစ်လုံးကို ဒေါ်လာ ၂၀ ဖြင့် ဈေးဖြတ်ရောင်းရာတွင် အလုံး ၅၀၀၀၀ မရောင်းရဘဲ အလုံး ၃၀၀၀၀ သာရောင်းရသည်ဟု ဆိုကြပါစို့။ ထိုအခါ တစ်ယူနစ် စိရိတ် သည် မြင့်တက်သွားပေမည်။ အကြောင်းမူ စရိတ်တို့သည် ယူနစ်အနည်းငယ်အပေါ်၌ သာ ပျံ့သွား သောကြောင့် ဖြစ်သည်။ အရောင်းမှ တကယ်ရရှိသော အပိုဆောင်းရာခိုင်နှုန်းတို့ကလည်း နည်း သွားမည်။ ထို့ကြောင့် အပိုဆောင်း ဈေးနှုန်းဖြတ်ခြင်း (markup pricing) သည် ဤဈေးနှုန်းတွင် မျှော်လင့်ထားသည့်အတိုင်း အရောင်ပမာဏရှိလာမှသာ အလုပ်ဖြစ်ပေမည်။

အရင်းကြေစိစစ်သုံးသပ်မှု နှင့် ပစ်မှတ်အမြတ်ဈေးနှုန်းဖြတ်ခြင်း

(Break-even Analysis and Traget Profit Pricing)

စရိတ်အခြေခံသော ဈေးနှုန်းသတ်မှတ်မှု နောက်တစ်မျိုးမှာ အရင်းကြေ စိစစ်သုံးသပ်နည်း (break-even Analysis and Traget Profit Pricing) ပင်ဖြစ်သည်။ ဤနည်း၏ မူကွဲသည် ပစ်မှတ် အမြတ်ဈေးနှုန်းသတ်မှတ်မှု (target profitpricing) ဖြစ်သည်။ ကုမ္ပဏီတို့သည် များ သောအားဖြင့် အရင်းပြန်ကြေနိုင်သော ဈေးနှုန်းတို့ကိုသာ စဉ်းစားတတ်ကြသည်။ ထို့အတွက် အမြတ်တစ်စုံတစ် ရာကို ပစ်မှတ်ထားကြသည်။ ဤနည်းကို ဂျီအမ်မော်တော်ကားကုမ္ပဏီကြီးက ကျင့်သုံးသည်။ ဂျီအမ်သည် မိမိ၏ ရင်းနှီးမြှုပ်နှံမှု အပေါ်တွင် ၁၅ ရာခိုင်နှုန်း သတ်မှတ်မှု မျိုးတို့ကို အများ ပြည်သူ ၀န်ဆောင်မှု လုပ်ငန်း (prblic utilities) တို့တွင်လည်း အသုံးပြုကြသည်။ အများ ပြည်သူ ၀န်ဆောင် မှု လုပ်ငန်းတို့သည် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှု မှ သင့်တင့်လျှောက်ပတ်သော ပြန်ရငွေ (fair return) တို့ ပေါ်လာစေရန် ရည်ရွယ်ကြသည်။

ပစ်မှတ်ဈေးနှုန်းသတ်မှတ်မှု (target pricing) သည် အရင်းပြန်ကြေရေး ယူဆချက်မျဉ်း (break-even chart concept) ကို အသုံးပြုသည်။ ဤမျဉ်းသည် မျှော်လင့်ထားသော အရောင်း အဆင့်ဆင့်တိုင်း၌ စုစုပေါင်းကုန်ကျစရိတ်နှင့် စုစုပေါင်း ၀င်ငွေတို့ကို ဖော်ပြသည်။ ပုံကားချပ် ၁.၆ သည် အသားကင်စက်ထုတ်လုပ်သူတစ်ဦး၏ အခြေအနေကို ဖော်ပြသည်။

Cover

ပုံသေစရိတ်သည် အရောင်းပမာဏ ဘယ်လောက်ပင်ရှိရှိ ဒေါ်လာ ၃၀၀၀, ၀၀၀ ဖြစ်သည်။ စရိတ်ရှင်ကို ပုံသေစရိတ်တွင် ထည့်ပေါင်း၍ စုစုပေါင်းစရိတ်ကို ရရှိစေနိုင်သည်။ ဤစုစုပေါင်း စရိတ်သည် အရောင်းပမာဏနှင့် အတူ လိုက်ပြောင်းနေသည်။ စုစုပေါင်းဝင်ငွေမျဉ်းသည် သုည နေရာမှ စတင်သည်။ တစ်ယူနစ်ရောင်းရတိုင်း တက်သွားသည်။ စုစုပေါင်းရောင်းရငွေမျဉ်း၏ နိမ့်လျှောမှု သည် တစ်ယူနစ်ဈေးနှုန်း ဒေါ်လာ ၂၀ ကိုထင်ဟပ်နေသည်။ စုစုပေါင်း စရိတ်မျဉ်းနှင့် စုစုပေါင်း ရငွေမျဉ်းတို့သည် ယူနစ် ၃၀၀၀၀ နေရာ၌ ဖြတ်ကြသည်။ ဤယူနစ် ၃၀၀၀၀ သည် အရင်းကြေ (break – even) သောနေရာဖြစ်သည်။ စုစုပေါင်းစရိတ်နှင့် စုစုပေါင်းရငွေတို့မှာ ညီမျှ သွားကြသည်။

အရင်းကြေပမာဏကို အောက်ဖော်ပြပါ ဖော်မြူလာနည်းဖြင့် တွက်ချက်နိုင်သည်။

Cover

အကယ်၍ ကုမ္ပဏီက ပစ်မှတ်အမြတ်ကို ရယူလိုသည်ဟုဆိုလျှင် ကုမ္ပဏီသည် ဈေးနှုန်း တစ်ယူနစ်အတွက် ဒေါ်လာ ၂၀ ဖြင့် ယူနစ်ပေါင်း ၃၀၀၀၀ ကျော်အောင် ရောင်းချရပေမည်။ အသားကင်စက်ထုတ်လုပ်သူသည် ဘိစနက်ထဲတွင် ဒေါ်လာ ၁,၀၀၀,၀၀၀ဖိုး၊ ရင်းနှီးမြှုပ်နှံထားမှု အပေါ်တွင် ၂၀ ရာခိုင်နှုန်း အမြတ်လိုချင်သည်။ တစ်နည်းပြောရလျှင် ဒေါ်လာ ၂၀၀,၀၀၀ အမြတ် ရချင်သည်ဟု ဆိုကြပါစို့။ ဤသို့ဆိုလျှင် ကုမ္ပဏီသည် တစ်ယူနစ်လျှင် ဒေါ်လာ ၂၀ ရာခိုင်နှုန်းဖြင့် အနည်းဆုံး ယူနစ် ၅၀၀၀၀ ကို ရောင်းချရပေမည်။ အကယ်၍ ဈေးနှုန်းကို မြှင့်တင်လိုက်လျှင် ကုမ္ပဏီသည် ပစ်မှတ်အမြတ်ရရှိရေးအတွက် ဤမျှရောင်းချရန် လိုအပ်မည်မဟုတ်ပေ။ သို့ရာတွင် ဈေးနှုန်းကို မြှင့်တင်လိုက်သောအခါ၌ ဈေးကွက်သည် အရောင်းပမာဏထက် လျှော့လို့ပင် ၀ယ် ချင်မှ ၀ယ်မည်။ ပြဿနာသည် ဈေးနှုန်းမျှော့ကြိုး အလျှော့အတင်းနှင့်ပြိုင်ဘက်တို့၏ ဈေးနှုန်းတို့ အပေါ်တွင် များ စွာ မူတည်သည်။

ထုတ်လုပ်သူသည် ကွဲပြားခြားနားသော ဈေးနှုန်းအမျိုးမျိုးကို စဉ်းစားကာ အရင်းကြေ နိုင်မည့် ပမာဏ၊ ဖြစ်နိုင်ဖွယ်ရှိသော ၀ယ်လိုအားနှင့် ၀ယ်လိုအားတစ်ခုစီအပေါ်၌ ရနိုင်သော အမြတ်တို့ကို ခန့်မှန်းတွက်ချက်ရန် လိုအပ်ပါလိမ့်မည်။ (ဇယား ၁.၁ တွင် တွက်ပြထားပါသည်)။ သို့ရာတွင် ဈေးနှုန်းတက်လာသည်နှင့်အမျှ အရင်းကြေနိုင်သော ပမာဏသည် အောက်နိမ့်ဆင်း သွားသည်။ (ကော်လံ ၂ ကိုကြည့်ပါ) ထို့အပြင် ဈေးနှုန်းတက်လာလေ ကင်စက်အတွက် ၀ယ်လို အားလည်း ကျဆင်းသွားလေ ဖြစ်မည်။ (ကော်လံ ၃ ကိုကြည့်ပါ) တစ်ယူနစ် ၁၄ ဒေါ်လာဈေးနှုန်း တွင် ထုတ်လုပ်သူသည် အရင်းကြေသော ပမာဏအထိ အရောင်းသွက်နိုင်သည်။ အကြောင်းမူ ၁၄ ဒေါ်လာမှ စရိတ်ရှင် ၁၀ ဒေါ်လာကို နှုတ်ရန်သာ လိုအပ်သောကြောင့်ဖြစ်သည်။ ထုတ်လုပ်သူ သည် တစ်ယူနစ်တွင် ၄ ဒေါ်လာသာ အမြတ်ယူသည်။ ဈေးနှုန်းနိမ့်နေလျှင် ၀ယ်သူများ စွာ ကို ဆွဲဆောင်မှု ရှိသော်လည်း အရင်းကြေအဆင့်၌ ရှိအပ်သည့် ၀ယ်လိုအားအဆင့်ထက်ပင် နိမ့်နေဦး မည်ဖြစ်သည်။ ထိုအခါ ထုတ်လုပ်သူမှ အရှုံးပေါ်မည်။ အခြားတစ်ဖက်စွန်း၌ ဈေးနှုန်းက ၂၂ ဒေါ်လာ ဖြစ်နေသောအခါ ကင်စက်တစ်ခုပေါ်တွင် အမြတ် ၁၂ ဒေါ်လာတင်ထားရာရောက်သည်။ အရင်းကြေရန် ၂၅၀၀၀ ယူနစ်သာ ရောင်းဖို့လိုမည်။ သို့ရာတွင် ဈေးနှုန်းကို မြှင့်ထားသောအခါ၌ စားသုံးသူတို့သည် ကင်စက်အနည်းငယ်ခန့်ကိုသာ ၀ယ်ယူကြည်ဖြစ်သည်။ အမြတ်မကျန်ဘဲ အနုတ်လက္ခဏာပင်ဖြစ်သွားနိုင်သည်။ ဇယားတွင် ၁၈ ဒေါ်လာဈေးနှုန်း၌ အမြတ်ကြီးကြီးရ ကြောင်း တွက်ချက်ပြသထားသည်။ တစ်ခုသတိချပ်ရန်မှာ မည်သည့်ဈေးနှုန်းမှ ပစ်မှတ်အမြတ်ကို မရရှိသောအချက်ပင်ဖြစ်သည်။ ပစ်မှတ်အမြတ်မှာ ဒေါ်လာ ၂၀၀၀၀၀ ဖြစ်သည်။ ပစ်မှတ်အမြတ် ရရှိရန်အတွက်ဆိုလျှင် ထုတ်လုပ်သူသည် စရိတ်ရှင်ရော ပုံသေစရိတ်တို့ကိုပါ လျှော့ချရန် နည်း လမ်းသစ်တို့ကို ရှာကြံရပေမည်။ ဤသို့ စရိတ်လျှော့မှသာလျှင် အရင်းကြေသောပမာဏကို နိမ့်ကျ စေနိုင်မည်ဖြစ်သည်။

Cover

တန်ဖိုးအခြေစိုက် ဈေးနှုန်းသတ်မှတ်ခြင်း

(Value Based Pricing)

တိုး၍ တိုး၍ လာသော ကုမ္ပဏီတို့သည် သူတို့၏ ကုန်စည်ဈေးနှုန်းတို့ကို ကုန်စည်အပေါ် ခံစားသိရှိသော တန်ဖိုးအပေါ်တွင် အခြေခံ၍ သတ်မှတ်လာကြသည်။ တန်ဖိုးအခြေစိုက် ဈေးနှုန်း သတ်မှတ်ခြင်း (valuebased pricing) သည်ဝယ်ခြမ်းသူတို့က တန်ဖိုးနှင့် ပတ်သက်၍ မည်သို့ ခံစားသိရှိနိုင်သနည်း။ “buyers’ perception of value” ဆိုသောအချက်ကို အသုံးပြုသည်။ ရောင်းသူ၏ ကုန်ကျစရိတ်တို့ကို အခြေမခံဘဲ ဈေးနှုန်းသတ်မှတ်ခြင်း၏ သော့ချက်အဖြစ် ၀ယ်ယ သူတို့၏ တန်ဖိုးအမြင်ကို အသုံးပြုခြင်း ဖြစ်သည်။ တန်ဖိုးအခြေစိုက် ဈေးနှုန်းသတ်မှတ်ခြင်းသည် ဈေးကွက်သမားက ကုန်ပစ္စည်းကိုလည်းကောင်း၊ မတ်ကက်တင်းပရိုဂရမ်ကိုလည်းကောင်း ဒီဇိုင်း မဆွဲနိုင်၊ ဈေးနှုန်းကိုလည်း မသတ်မှတ်နိုင်ဟု ယူဆသည်။ မတ်ကက်တင်းပရိုဂရမ်ကို မချမှတ်မီ ကပင် အခြားမတ်ကက်တင်း အတွဲ အစပ်ကိန်းရှင်တို့နှင့်အတူ ဈေးနှုန်းကိစ္စကို ပူးတွဲ စဉ်းစားကြရ မည်။

ပုံကားချပ် ၁.၇ သည် စရိတ်အခြေစိုက် ဈေးနှုန်းသတ်မှတ်မှု နှင့် တန်ဖိုးအခြေစိုက် ဈေးနှုန်း သတ်မှတ်မှု တို့ကို နှိုင်းယှဉ်ဖော်ပြထားသည်။

Cover

စရိတ်အခြေစိုက် ဈေးနှုန်းသတ်မှတ်မှု တွင် ကုန်စည်က စတင်ပြီး မောင်းနှင်ခြင်းဖြစ်သည်။ ကုမ္ပဏီတို့သည် မိမိစိတ်ကူးထားသည့်အတိုင်း ကုန်စည်ကောင်း ထုတ်လုပ်နိုင်အောင် ဒီဇိုင်းပြုလုပ် သည်။ ကုန်စည်ကို ဖန်တီးထုတ်လုပ်ရာတွင် ကုန်ကျသော စရိတ်အရပ်ရပ်တို့ကို စုစုပေါင်းသည် စရိတ်ပေါင်းပစ်မှတ်အမြတ်ကို ကာမိစေသာ ဈေးနှုန်းတို့ကို သတ်မှတ်သည်။ ထို့နောက် မတ်ကက် တင်းပရိုဂရမ်က သတ်မှတ်လိုက်သော ဈေးနှုန်းသည် ၀ယ်သူတို့ခံစားမိသည့် တန်ဖိုးအတိုင်း ကိုက် ညီပါသည်ဟု သဘောပေါက်လာအောင်ပြော၍ ၀ယ်ရန် ထိုက်တန်ကြောင်းကို ရှင်းပြရမည်။ အကယ်၍ ဈေးနှုန်းသိပ်မြင့်နေလျှင် ကုမ္ပဏီသည် အပိုဆောင်းအမြတ်ငွေကို လျှော့၍ လည်း ကောင်း၊ အရောင်းကို လျှော့၍ လည်းကောင်း ညှိရမည်။ နှစ်ခုစလုံးသည် အမြတ်မာဂျင်တို့ကို လျော့သွားစေနိုင်သည်။

တန်ဖိုးအခြေစိုက် ဈေးနှုန်းသတ်မှတ်မှု သည် အထက်ဖော်ပြပါ ဖြစ်စဉ်၏ ပြောင်းပြန် ဖြစ်သည်။ ကုမ္ပဏီသည်မိမိကုန်စည်တန်ဖိုးအပေါ်တွင် ဖောက်သည်တို့၏ ခံစားသိရှိမှု ကို အခြေ စိုက်၍ ပစ်မှတ်ဈေးနှုန်းကို သတ်မှတ်သည်။ ထို့နောက် ပစ်မှတ်တန်ဖိုနှင့် ပစ်မှတ်ဈေးနှုန်း တို့က ကုန်စည်၏ ဒီဇိုင်းနှင့် စရိတ်ဘယ်လောက်ကုန်ကျနိုင်သနည်းဆိုသော အချက်တို့နှင့် ပတ် သက် သော ဆုံးဖြတ်တို့ကို ချမှတ်ရန် တွန်းအားပေးသည်။ ရလဒ်အားဖြင့် ဈေးနှုန်းသတ်မှတ်မှု သည် ဖောက်သည်တို့၏ လိုအပ်ချက်နှင့် ၎င်းတို့၏ တန်ဖိုးခံစားသိရှိမှု (value perception) တို့ကို စိစစ် သုံးသပ်ခြင်းမှ စတင်သည်။ ထို့နောက်မှ စားသုံးသူတို့၏ တန်ဖိုးခံစားသိရှိမှု နှင့် ကိုက်ညီသော ဈေးနှုန်းကို သတ်မှတ်သည်။

တန်ဖိုးအခြေစိုက် ဈေးနှုန်းသတ်မှတ်ခြင်းနည်းကို လိုက်နာကျင့်သုံးသော ကုမ္ပဏီသည် မိမိ က အခြားသူတို့နှင့် ယှဉ်ပြိုင်ပြီး ကမ်းလှမ်းသော ကမ်းလှမ်းမှု အမျိုးမျိုးအပေါ်တွင် ၀ယ်သူတို့က ဘယ်လိုတန်ဖိုးသတ်မှတ်ကြသနည်းဆိုသော အချက်ကို ရှာဖွေရပေမည်။ သို့ရာတွင်ခံစားသိရှိ သော တန်ဖိုးကို ချိန်ဆတိုင်းထွာရာတွင် အခက်အခဲတွေ တွေ့ရသည်။ တစ်ခါတစ်ရံ၌ စားသုံးသူ တို့အား အခြေခံကုန်စည် ကမ်းလှမ်းချက်တို့နှင့် အတူ ပူးတွဲ ပါရှိသော အကျိုးကျေးဇူးတို့အတွက် ဘယ်လောက် ပေးနိုင်မလဲဟု မေးကောင်းမေးရမည်။ သို့တည်းမဟုတ် ကုမ္ပဏီသည် ကုန်စည်နှင့် ပတ်သက်၍ ကမ်းလှမ်းချက်မျိုးမျိုးတို့အပေါ်တွင် ခံစားသိရှိသော တန်ဖိုးကို သိနိုင်ရန် လက်တွေ့ စမ်းသပ်မှု များ ပြုလုပ်ကောင်း ပြုလုပ်ရမည်။ အကယ်၍ ရောင်းသူသည် ၀ယ်သူ၏ ခံစားသိရှိသော တန်ဖိုးထက်ပိုပြီး ဈေးနှုန်းကို သတ်မှတ်ထားမိလျှင် ကုမ္ပဏီ၏ အရောင်းကျဆင်းသွားမည်။ ကုမ္ပဏီ များ စွာ တို့သည် ဈေးနှုန်းကို ပိုပြီးမြှင့်တင်သတ်မှတ်ထားတတ်ကြလေရာ သူတို့၏ ကုန်စည်များ မှာ အရောင်းထိုင်းကြရတော့သည်။ အချို့ကုမ္ပဏီတို့သည် ၀ယ်သူခံစားသရှိထားသော ကုန်စည်တို့ ထက် ဈေးလျှော့တတ်ကြသည်။ ဤသို့ ဈေးနှုန်းလျှော့ထားသော ကုန်စည်တို့မှာ အရောင်းသွက် ကြသည်။ သို့ရာတွင် စုစုပေါင်းရောင်းရငွေသည် ခံစားသိရှိတန်ဖိုးထက် ပိုပြီးဈေးနှုန်းမြှင့်တင်ခဲ့လျှင် ရရှိမည့် ရောင်းရငွေတို့ထက် နည်းနေမည်။

ပြီးခဲ့သော ဆယ်စုနှစ်၌ ဈေးကွက်သမားတို့က စားသုံးသူတို့မှာ ဈေးနှုန်းနှင့် အရည်အသွေး ကွာလတီအပေါ် ထားရှိသော သဘောထားတို့မှာ အခြေခံအရ ပြောင်းလဲသွားပြီဖြစ်ကြောင်းကို နှလုံးမူမိလာကြသည်။ ကုမ္ပဏီတို့သည် သူတို့၏ ဈေးနှုန်းသတ်မှတ်ခြင်းကို ပြောင်းလဲလာသော စီးပွားရေး အခြေအနေ၊ ပြောင်းလဲလာသော စားသုံးသူတို့၏ တန်ဖိုး ခံစားသိရှိမှု တို့နှင့် ကိုက်ညီ အောင် ဆောင်ရွက်လာကြသည်။ ဂျီအီးကော်ပိုရေးရှင်း၏ စီအီးအို (jack Welch) ၏ အဆိုအရ “ တန်ဖိုးခေတ်ကို ရောက်လာပါပြီ။ ကမ္ဘာ့အကောင်းဆုံး ပေါက်ဈေးအတိုင်း သင်၏ ကွာလတီထိပ် တန်းရှိသော ကုန်စည်ကို မရောင်းနိုင်ခဲ့လျှင် သင်သည် ဂိမ်း (Game)ထဲမှသွားရုံသာ ဖြစ်သည်။ သင်၏ ဖောက်သည်ကို ထိန်းထားနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ ဖောက်သည်တို့အား သူတို့ ထံမှ နည်းနည်းသာပေးစေပြီး ကိုယ်က ဘယ်လိုများများ ပေးရမည်နည်းဟု တစ်စဉ်တစ်စိုက် ဆင်ခြင်တွက်ချက်နေရန်သာ ဖြစ်တော့သည်။” (more for less) ကို အမြဲစဉ်းစားနေရမည်။

သို့အားဖြင့် ဈေးကွက်သမားတို့သည် တန်ဖိုးအခြေစိုက်ဈေးနှုန်းသတ်မှတ်ခြင်း မဟာဗျူ ဟာ (value pricing strategies) တို့ကို ပို၍ ပို၍ ကျင့်သုံးလာကြသည်။ ဤမဟာဗျူဟာမှာ သင့် တင့်မျှတသော ဈေးနှုန်းတွင် ကွာလတီအရည်အသွေးနှင့် ၀န်ဆောင်မှု ကောင်းကောင်းတို့ကို မှန်မှန်ကန်ကန် တွဲ စပ်ပေးသောနည်းပင် ဖြစ်သည်။ များ စွာ သော ကိစ္စရပ်တို့၌ အခြေခိုင်နေပြီ လည်းဖြစ်၊ စရိတ်လည်းသက်သာသည့် ကုန်အမှတ်တံဆိပ်ဘဲရင်းနာမည်၏ ဗားရှင်းတို့ကို မိတ် ဆက်အသုံးပြုရခြင်းမျိုးကိုလည်း ဆောင်ရွက်ရသည်။ ကင်ဘဲလ် (Campbell) ကုမ္ပဏီသည် (Great Starts Budget) ရေခဲစိမ်အစားအစာလိုင်းကို မိတ်ဆက်သည်။ ဟောလီးဒေးအင်း (Holiday Inn) သည် ဟောလီဒေးအိပ်ပရက်စ်ဘတ်ဂျက်ဟိုတယ်တို့ကို ဖွင့်လှစ်သည်။ ရစ်ဇ် (Ritz) သည် ဈေးချိုသော အလှကုန်ပစ္စည်းလိုင်းတို့ကို မိတ်ဆက်သည်။ အမြန်စား အစား အသောက်ဆိုင် မက်ဒေါ်နဲလ် (Mcdonalds) နှင့် တာကိုဘဲလ် (Taco Bell) တို့သည် “ Value Menus” တို့ကို မိတ်ဆက်သည်။

ဘိစနက်အချင်းချင်း မတ်ကက်တင်းပြုလုပ်သော အခြေအနေတို့တွင် ဈေးနှုန်းစိန်ခေါ်မှု သည် ကုမ္ပဏီ၏ ဈေးနှုန်းအင်အား (pricing power) ကို ထိန်းသိမ်းနိုင်ရန် ရည်ရွယ်ရသည်။ အဓိပ္ပာယ်မှာ ဈေးကွက်ဝေစုကို မထိခိုက်စေဘဲ မိမိက ဈေးနှုန်းကို လိုအပ်သလို ထိန်းသိမ်းနိုင်ခြင်း၊ ပြောင်းလဲပြင်ဆင်နိုင်ခြင်း အင်အားကို ဆိုလိုသည်။ ဈေးနှုန်းသတ်မှတ်ခြင်း အင်အားကို ထိန်းသိမ်း ထားနိုင်ရန် (ဈေးနှုန်းပြိုင်ဆိုင်မှု မှ ကင်းလွတ်ခြင်း၊ ဈေးနှုန်းတင်နိုင်ခြင်းနှင့် မာဂျင်ပိုကျန်အောင် လုပ်နိုင်ခြင်း) အလို့ငှာ ကုမ္ပဏီသည် မိမိမတ်ကက်တင်း ကမ်းလှမ်းချက်တန်ဖိုးကို ထူထောင်ထိန်း သိမ်းထားနိုင်ရမည်။ ဤအချက်သည် ပြိုင်ဘက်တို့နှင့် ခြားခြားနားနားဖြစ်မှု အနည်းငယ်သာရှိ၍ ဈေးနှုန်းယှဉ်ပြိုင်မှု ပြင်းထန်သော ကုန်စည်ထောက်ပံ့သူတို့အဖို့ ပို၍ မှန်ကန်ဆီလျော်မည်။ ဤလို ကိစ္စရပ်တို့တွင် များ စွာ သော ကုမ္ပဏီတို့သည် တန်ဖိုးထပ်ဖြည့် မဟာဗျူဟာ (Value-added strategies) တို့ကို ကျင့်သုံးအကောင်အထည်ဖော်ကြသည်။ ပြိုင်ဘက်တို့ယူသောနှုန်းအထိ ဈေးနှုန်းကို လျှော့ဖြတ်မည့်အစား တန်ဖိုးထပ်ဆောင်းဖြည့်ပေးသော ၀န်ဆောင်မှု တို့ကို ပြုလုပ်ပေး ကြသည်။ ယင်းမှာ ပြိုင်ဘက်တို့နှင့် ပို၍ ခြားနားစေပြီး မာဂျင်မြင့်မြင့် ကျန်စေနိုင်သည်။

လက်လီအဆင့်၌ တန်ဖိုအခြေစိုက် ဈေးနှုန်းသတ်မှတ်ခြင်း၏ စံပြပုံစံသည် နေ့စဉ်ဈေးနှုန်း နိမ့်ခြင်း (everyday law pricing) ပုံစံဖြစ်သည်။ (EDLP) အီးဒီအယ်လ်ပီဟု ခေါ်သည်။ အီးဒီအယ် ပီသည် လျှော့နှုန်းပေးလေ့မရှိ။ ပေးလျှင်လည်း နည်းနည်းသာ ပေးတတ်သည်။ သို့သော် အနိမ့်ဈေး နှုန်းကို နေ့စဉ်ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးထားသည်။ ယင်းနည်း၏ ဆန့်ကျင်ဘက်ကို အမြင့်အနိမ့်ဈေးနှုန်း (high-lawpricing) ဟုခေါ်သည်။ ၎င်းနည်းအရ နေ့စဉ်အခြေခံ၍ ဈေးနှုန်းမြင့် သတ်မှတ်သည်။ သို့သော် မကြာခဏဆိုသလို အီးဒီအယ်လ်ပီအဆင့် အောက်လျှော့ပြီး အချို့ သောပစ္စည်းတို့ကို အရောင်းမြှင့်တင်သည့်အနေဖြင့် ဈေးလျှော့ရောင်းပေးသည်။ ဤသို့ ဈေးနှုန်းကို မြှင့်လိုက်၊ နိမ့်လိုက်လုပ်သော နည်းသည် ခေတ်မစာပြန်ပေ။ မကြာသေးမီနှစ်များ က အမြင့်အနိမ့် ဈေးနှုန်း သတ်မှတ်ခြင်းနည်းကို စွန့်လွှတ်ခဲ့ကြသည်။ အီးဒီအယ်လ်ပီနည်းကို ပိုမိုသုံးစွဲလာကြ သည်။ ဈေးနှုန်းနိမ့်လိုက်၊ မြင့်လိုက်လုပ်နေသဖြင့် စားသုံးသူတို့၏ စိတ်မရှည်မှု ကို မွေးထုတ်ပေး သည့်အပြင် စူပစတိုးဆိုင်ကြီးတို့မှ အရောင်းမြှင့်တင်မှု ကူပွန်တို့ကိုလည်း အချိန်ကုန်ခံပြီး မကြည့် အားပေ။

အီးဒီအယ်လ်ပီ၏ ဘုရင်သည် ဝေါလ်မတ်ဖြစ်သည်။ ဝေါလ်မတ်ကပင် ဤအယူအဆကို ပြု စုဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။ ဝေါလ်မတ်သည် ပစ္စည်းအချို့မှလွဲ၍ ကျန်ကုန်ပစ္စည်းတိုင်းကို နေ့စဉ် နေ့တိုင်း ဈေးနှုန်းချိုသာစေရန် စီစဉ်သည်။ ဆီးယား (sears) သည် အီးဒီအယ်လ်ပီနည်းကို ကျင့် သုံးသော်လည်း မအောင်မြင်ခဲ့ပေ။ နေ့စဉ်နေ့တိုင်း ဈေးချိုချိုနှင့် ရောင်းနိုင်ရန်ဆိုလျှင် နေ့စဉ်နေ့ တိုင်း စရိတ်စကတို့ကလည်း သက်သာနေရပေမည်။ ဝေါလ်မတ်က အောင်မြင်သည်မှာ စရိတ် သည် အရောင်း၏ ၁၅ ရာခိုင်နှုန်းသာရှိသောကြောင့် ဖြစ်သည်။ ဆီးယား၏ စရိတ်သည် ၂၉ ရာခိုင် နှုန်းအထိ မြင့်နေလေရာ မအောင်မြင်သည်မှာ အဆန်းမဟုတ်ဟု ဆိုရပေမည်။

ယှဉ်ပြိုင်မှု အခြေစိုက် ဈေးနှုန်းသတ်မှတ်ခြင်း

(Competition- Based Pricing)

စားသုံးသူတို့သည် ကုန်စည်၏ တန်ဖိုးကိုအကဲဖြတ်ရာ၌ ပြိုင်ဘက်တို့၏ ဈေးနှုန်းတို့နှင့် လည်း နှိုင်းယှဉ်ကြည့်ပြီး အကဲဖြတ်ကြသည်။ ယှဉ်ပြိုင်မှု အခြေစိုက်ဈေးနှုန်းသတ်မှတ်ခြင်း (com petition-based pricing) ၏ ပုံသဏ္ဌာန်တစ်ရပ်မှာ ပေါက်ဈေးနှုန်းသတ်မှတ်ခြင်း (going rate pricing) ဖြစ်သည်။ ယင်းမှာ ကုမ္ပဏီသည် ပြိုင်ဘက်တို့က ရောင်းချနေသော ဈေးနှုန်းပေါ်တွင်မူ တည်၍ သတ်မှတ်ခြင်းဖြစ်သည်။ ဤသို့ သတ်မှတ်ရာ၌ မိမိ၏ ကုန်ကျစရိတ်ကိုလည်းကောင်း၊ ၀ယ်လိုအား အခြေအနေကိုလည်းကောင်း ဂရုမစိုက်နိုင်ပေ။ ကုမ္ပဏီသည် ပြိုင်ဘက်တို့၏ ရောင်း ဈေး တစ်ဝိုက်၌ သာလျှင် မိမိကုန်စည်ဈေးနှုန်းကို သတ်မှတ်ရမည်ဖြစ်သည်။ လက်ဝါးကြီးအုပ် အင်ဒတ်စတရီး (oligopolistic industries) တို့၌ (သံမဏိ၊ စက္ကူ၊ ဓာတ်မြေသြဇာ ထုတ်လုပ်သူ များ ) ကုမ္ပဏီတို့သည် ဈေးနှုန်းတူသတ်မှတ်ကြသည်။ ကုမ္ပဏီငယ်တို့က ခေါင်းဆောင်၏ ဈေးနှုန်း ပြောင်းသလို လိုက်ပြောင်းကြသည်။ မိမိအခြေအနေကိုလိုက်ပြီး မပြောင်းလဲကြပေ။ အချို့ကုမ္ပဏီ ငယ်တို့သည် ခေါင်းဆောင်ဈေးနှုန်းထက် အနည်းငယ်သာ လျှော့ရောင်းကြသည်။ ဤခြားနားချက် တို့ကို အတိုးအလျှော့မဖြစ်အောင် ထိန်းသိမ်းကြသည်။

ပေါက်ဈေးနှုန်း (going rate) နည်းသည် အလွန်ပေါ်ပြူလာဖြစ်သည်။ ၀ယ်လိုအား၏ ကြိုး အလျှော့အတင်းကို တိုင်းထွာရခက်ခဲသောအခါ ပေါက်ဈေးနှုန်းသည် အင်ဒတ်စတရီးတစ်ခုလုံး၏ စုစုပေါင်းအသိဥာဏ်အမြော်အမြင်ဖြစ်လာသည်။ ပေါက်ဈေးကို ထိန်းသိမ်းထားခြင်းသည် ဈေးနှုန်း စစ်ပွဲကို ရှောင်ရှားနိုင်သည်ဟု ခံစားမိကြသည်။

ယှဉ်ပြိုင်မှု အခြေစိုက်ဈေးနှုန်းသတ်မှတ်ခြင်းကို အလုပ်အကိုင်ကို လုကြရသောအခါ၌ ကုမ္ပဏီတို့က အသုံးပြုကြသည်။ ချိန်ပိတ်ဈေးနှုန်း (sealedbid pricing) ကို အသုံးပြုလျက် ကုမ္ပဏီတစ်ရပ်သည် မိမိစရိတ်နှင့် ၀ယ်လိုအားတို့ကိုမကြည့်ဘဲ ပြိုင်ဘက်က ဘယ်လိုဈေးနှုန်းဖြတ် မလဲဆိုသောအချက်ကိုသာ အာရုံစူးစိုက်ကြသည်။ ကုမ္ပဏီသည် တင်ဒါဆွဲရာ၌ အောင်မြင်ချင် သည်။ ကန်ထရိုက်ရချင်သည်။ ဤသို့ ကန်ထရိုက်ရရန်အလို့ငှာ ဈေးနှုန်းကို တတ်နှိုင်သမျှ လျှော့ချ ရသည်။ တခြားကုမ္ပဏီသည် ဈေးနှုန်းလျှော့ချင်တိုင်း လျှော့၍ မရပေ။ အကန့်အသတ်တွေရှိသည်။ ဆန့်ကျင်ဘက်၌ ကုမ္ပဏီသည် စရိတ်ထက်ပိုပြီး ဈေးနှုန်းမြင့်မြင့် သတ်မှတ်လေလေ ကန်ထရိုက်ရ ရှိရန် အခွင့်အလမ်းနည်းပါးသွားလေလေဖြစ်သည်။



ဝန်ဇင်းချစ်သူများ မောင်စူးစမ်း ၏ “ ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ (၃) ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စီးပွားရေးအဘိဓာန်

ပညာအခြေစိုက်စီးပွားရေး

ဂလိုဘယ်ဇေးရှင်းခေတ် အိုင်ဒီယာစီးပွားရေး