အိမ်မက်ကို ဖွင့်ဆိုခြင်းများ
တက္ကသိုလ်ဒီဂရီစာမေးပွဲကို အောင်မြင်စွာ ဖြေဆိုခဲ့ပြီးသော လူငယ် တစ်ယောက် သည် မည် သည့်အလုပ်ကို လုပ်ကိုင်ရမည် ဖြစ်ကြောင်း ဝေခွဲမရနိုင်ဘဲ စိတ် ရောဂါ ဝေဒနာစွဲကပ်သွားခဲ့ သည်။
သူက ဤသို့ အိပ်မက်မက်သည်။
ကျွန်တော့် အမေနှင့် အစ်မတို့နှင့် အတူ ကျွန်တော် သည် လှေကားအရှည်ကြီးပေါ်သို့ အ မောတကော ပြေးတက် သွားပါသည်။ လှေကားထိပ်လည်းရောက်ပါရော ကျွန်တော့် အစ်မတွင် မကြာခင် ကလေးရတော့မည် ဖြစ်ကြောင် ကျွန်တော့် အား ပြောပြတော့၏ ။
လူငယ်၏ အိပ်မက်ကို ကမ္ဘာကျော်စိတ်ပညာပါရဂူကြီးသုံးဦးက ခြားနားစွာ ဖွင့်ဆိုကြသည်။
ဖရွိုက်၁ ။ ။ လှေကားထစ်များ ကိုတက်ခြင်းသည် လိင်အပြုအမူကို ပုံမှန်ပြဆိုသော သင်္ကေတ တစ်ရပ် ဖြစ်သည်။ အမေနှင့် အစ်မသည် ကလေးသူငယ်ဘ၀မှ လိင်ဆန္ဒအတွက် ၀တ္ထုပစ္စည်းများ ဖြစ်၏ ။
ဤဖွင့်ဆိုချက်ကို အဆိုပါလူငယ်အား ဖွင့်ပြုလျှင် ၎င်းက မဟုတ်
၁။ ဆစ်ဂမန်ဖရွိုက် (၁၈၅၆-၁၉၃၉) ။ ။ ၁၈၅၆ခု၊ မေလ (၆)ရက်တွင် သြစကြီးယားနိုင်ငံ တွင် မွေးဖွားသည်။ ရဟူဒီမျိုးရိုး ဖြစ်သည်။ ၁၈၈၁-ခုတွင် ဆရာဝန် ဖြစ်လာ၏ ။ ဖရွိုက်သည် နဗ်ကြော ရောဂါ ပါမောက္ခအ ဖြစ် ဗီယင်နာတွင် ဆောင်ရွက်ရင်း စိတ် ရောဂါ ကုသနည်းများ နှင့် စိတ် ပညာကို သုတေသနပြုခဲ့သည်။ စစ်အတွင်း လန်ဒန်၌ နေထိုင်ရင်း စိတ်ပညာရပ်များ ကို လေ့လာပို့ချ သည်။ တော် ၀င်အသင်းဝင် ဖြစ်သည်။ ၁၉၃၉ ခုနှစ် ၊ စက်တင်ဘာ (၂၄)ရက်တွင် ကွယ်လွန်သည်။ ဖရွိုက်သည် လူ့စိတ်နှင့် အိပ်မက်တို့ ဆက်စပ်နေသည်ဟု ယုံကြည်သဖြင့် အိပ်မက်ကို သေသေချာချာ လေ့လာခဲ့သည်။ လူတို့၏ ချုပ်တည်းထားရသော ဆန္ဒများ ကို အိပ်မက်မက်ခြင်း ဖြစ်သည်ဟု ယုံကြည်သည်။ မသိစိတ်ကို ရှာဖွေတွေ့ ရှိခဲ့သည်။ နိုင်ကြောင်း ဇွတ်ငြင်းမည် သာ ဖြစ်သည်။ ထို့ကြောင့် ဖရွိုက်က လူတို့၏ မသိစိတ်မှ အမိုက်မှော င်တို့ကို သိစိတ်မျက်နှာပြင်သို့ မ,ထုတ်ပြီး ပေါ် ထွက်လာသမျှကို လူနာအား ပြောပြရန်မှာ မှန်ကန်သော အချိန်လည်းလိုသည်။ ပရိယာယ်ကျွမ်းဖို့ လည်း လိုသည်ဟု ဆိုသည်။
အက်(ဒ်)လာ။ ။ အလ်ဖရက်က်(ဒ်)လာသည် ဖရွိုက်နှင့် လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့သည်။ သို့သော် လည်း နောက်ပိုင်းတွင် ဖရွိုက်နှင့် အမြင်ကွဲသွားကြသည်။
ဖရွိုက်က တဏှာစိတ်ကို သူ၏ စိတ်ပညာတွင် အခြေခံအ ဖြစ် တည်ဆောက်ထားသည်။ အက်(ဒ်)လာက အတ္တ (ego) ကို အခြေခံအ ဖြစ် တည်ဆောက်သည်။
ကလေးသူငယ်တို့သည် လူကြီး၏ ပတ်ဝန်းကျင်တွင် ကြီးထွားကြရသည် ဖြစ်၍ လူကြီးတွေ နှင့် နှိုင်းယှဉ်လျှင် မိမိက အင်အားငယ်နေရာရသည်။ ထို့ကြောင့် ကလေးသူငယ်တို့၌ အားငယ် သော စိတ် (Inferiority) အမြဲရှိ၏ ။ ထိုအားငယ်စိတ်ကိုဆန့်ကျင်ပြီး အားကြီးလိုစိတ် (The will for power) အမြဲရှိသည်။
ဤအားကြီးလိုစိတ်သည် ပတ်ဝန်းကျင်အခြေအနေကြောင့် ပျက်ပြားခံရတတ်သည်။ ဖိနှိပ် ခံရတတ်သည်။ လူသည် ဗီဇအားငယ်စိတ်ကို အစားထည့်ရန် (သို့မဟုတ် ၎င်းအတွက် လျော် ကြေးရရှိရန်) အမြဲ အာသာပြင်းပြနေသည်။ ပုံဆောင်ရသော် ဂရိစာဟောဆရာကြီး ဒီမိုစတီနီသည် နေ့တိုင်း ပင်လယ်ကမ်းစပ်သို့သွား၍ ပါးစပ်ထဲ ကျောက်ခဲကလေးများ ငုံကာ တစ်ယောက် တည်း စကားအော်ပြောလေ့ရှိ၏ ။ ထိုနည်းဖြင့် သူ၏ စကားထစ်အနေခြင်းကို အစားရရန် ကြိုးပမ်းခဲ့ရင်း အကျော်အမော် စာဟောဆရာကြီး ဖြစ်လာခဲ့သည်။
အက်(ဒ်)လာ၏ အဆိုအရမူ ဖော်ပြပါ အိပ်မက်တွင် အမေနှင့် အစ်မသည် မိမိထက် အင်အား ကြီးခြင်း (Superiority) ကို ပြသည်။ ထို့အပြင် အိပ်မက်မက်သူသည် လှေကားကို တစ်ယောက် တည်းတက်ခြင်းမဟုတ်သော ကြောင့် မှီခိုရခြင်းကိုပြသည်။ လိင်ကိုမပြပါဟု ဆိုသည်။
ဂျန်း(ဂ်)။ ။ ဂတ်စတဗ်ဂျန်း(ဂ်)သည် ဆွစ်ဇာလန်ပြည်၊ ဇူးရစ်မြို့၌ ဖရွိုက်နှင့် အတူ လုပ်ဖော် ကိုင်ဖက် ဖြစ်ခဲ့သည်။ ၁၉၁၃ ခုနှစ် မှစ၍ ဖရွိုက်နှင့် အယူအဆချင်း ကွဲလွဲခဲ့ကြသည်။
ဂျန်း(ဂ်)က ဆိုင်မီစိတ်နှင့် ပတ်သက်၍ ဆိုသည်မှာ လူသည် မသိစိတ်နှင့် သိစိတ်တို့ နှစ် ရပ် ပေါင်း ဖြစ်သည်။ မသိစိတ်၌ အထပ်ထပ်ရှိလေရာ အနက်အရှိုင်းနည်းသော မသိစိတ်မှာ ပုဂ္ဂိုလ်မသိ စိတ် (Personal unconscious) ဖြစ်သည်။ ထိုထက်နက်သော မသိစိတ်မှာ စုပေါင်းမသိစိတ် (collective unconscious) ဖြစ်၏ ။
စုပေါင်းမသိစိတ်တွင် သဘာဝစိတ်များ (Instincts) ပါဝင်သည့်အပြင် အာချီတိုက်မျိုးရိုးဗီဇ မသိစိတ် (archetypes) တို့လည်း ပါဝင်သည်။ သဘာဝစိတ်ဆိုသည်မှာ ရှေးအရိုင်းနည်းအတိုင်း ပြုမူသော သဘောရှိ၍ အာချီတိုက်မှာ ရှေးအရိုင်းနည်းအတိုင်း အာချီတိုက်စဉ်းစားတွေးခေါ်ခြင်း ဖြစ်၏ ။
အခြင်းအရာတို့ကို လွတ်လပ်စွာ ပူးတွဲ ခြင်းနည်းဖြင့် ဆင်ခြင်ပြီး သကာလ ဂျန်း(ဂ်)က အထက်ဖော်ပြပါ အိပ်မက်ကို ဤသို့ ဖွင့်ဆိုသည်။ အိပ်မက်မက်သူသည် မိမိအမေအပေါ် ၀တ္တရား ပျက်ကွက်ခဲ့သဖြင့် အမေကို အိပ်မက်ထဲမြင်ခြင်းမှာ မိမိဝတ္တရားပျက်ကွက်ခဲ့သည်ကို မသိစိတ်၌ စွဲ လမ်းနေခြင်းကို ပြသည်။ အစ်မသည် အမျိုးသမီး တစ်ယောက် အပေါ် မေတ္တာစစ်ဖြင့် ချစ်ခြင်းကိုပြ သည်။ လှေကားတက်ရခြင်းသည် ဘ၀အောင်မြင်မှု ကို အမှတ်သင်္ကေတပြသည်။ ရရမည် ဆိုသော ကလေးသည် မိမိပင် ဖြစ်၍ ဘ၀သစ်ကို မွေးဖွားလန်းဆန်းခြင်း အာချီတိုက်ကိုပြသည်ဟူ၍ ဂျန်း(ဂ်) ကဆိုပါသည်။ အိပ်မက်သည် ဂျန်း(ဂ်)၏ အဆိုအရ မသိစိတ်တွင် ကိန်းအောင်းနေသော အင်အား တို့သည် လူငယ်၏ လက်ငင်းလက်ရှိပြဿနာပေါ်တွင် အလုပ်လုပ်စပြုလျက်ရှိပါပြီ။
အက်(စ်)ဖရွိုက်၊ အေအက်(ဒ်)လာနှင့် စီဂျေဂျန်း(ဂ်)တို့သည် တစ်ခေတ်တည်းပေါ်ပေါက် လာသော စိတ်ပညာရှင်များ ဖြစ်ရုံမျှမက လူချင်းလည်းအလွန်ရင်းနှီးကြသော စိတ်ပညာပါရဂူများ ဖြစ်ကြသည်။ စိတ်ပညာလောက၌ သူတို့သုံးဦး၏ သြဇာသည် အလွန်ကြီးမားလှသည်။
အထက်တွင် ဖော်ပြသော လူငယ်တစ်ဦး၏ အိပ်မက်ကို အကျော်အမော် ယင်းစိတ်ပညာပါရ ဂူကြီးသုံးဦးက ခြားနားစွာ ဖွင့်ဆိုကြခြင်းကို ထောက်ထား၍ ၎င်းတို့အမြင်ခြားနားကြပုံကို အကဲခတ်နိုင်ကြပါမည် ။
ဖရွိုက်၊ အက်(ဒ်) လာနှင့် ဂျန်း(ဂ်) တို့က အိပ်မက်ကို စိတ်ပညာတွင် အဓိကရ ထား၍ စဉ်း စားသုံးသပ်ကြသော်လည်း နောက်ပိုင်း စိတ်ပညာရှင်အချို့ကမူ အိပ်မက်ကို အပိုအလျှံစိတ်များ သွန်ပစ်ရာ မြောင်းအ ဖြစ် သုံးသပ်လာကြပါသည်။
မသိစိတ်ကို ရေစီးကြောင်းသဖွယ် သတ်မှတ်ကာ မသိစိတ်အချို့သည် သိစိတ်အ ဖြစ် အပေါ်တက်လာကြ၏ ။ အချို့သည် မသိစိတ်ထဲ၌ ပင် အောင်းလျက်ရှိကာ အချို့သည် အိပ်မက်ထဲ မျောပါသွားကြသည်။ အများ စုကမူ အဆေက်အအုံကြီးကား အခြားမဟုတ်။ အများ စုကမူ အဆောက်အအုံကြီးတစ်ခုကို ခန့်ခန့်ညားညား တည်ဆောက်ကြပါသည်။ ဤအဆောက်အအုံ ကြီးကား အခြားမဟုတ်။ ဘာသာရေး ပင် ဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် များ စွာ သော စိတ်ပ ညာရှင်တို့က ဘာသာရေး ကို သဘာဝစိတ်အ ဖြစ် ဖော်ပြလာကြသည်မှာ စိတ်ဝင်စားဖွယ်ပင် ဖြစ် ပေသည်။
သင်္ကေတ၀ါဒီသမားတို့ကလည်း ထိုသဘောမျိုးကိုပင် သူ့ရှုထောင့်နှင့် သူ တင်ပြကြ၏ ။ အိပ်မက်တို့ဟူသည် သင်္ကေတများ ဖြစ်ကြ၏ ။ ဤသင်္ကေတအချို့ကို ပြင်ပသို့ ဖော်ထုတ်သည့်အ ခါ (Externalized) သိစိတ်များ ဖြစ်လာသည်။ အချို့သော သင်္ကေတတို့သည် စိတ်ကူးယဉ် (fantasy) များ အ ဖြစ် လွင့်ပျောက်သွားတတ်ကာ အချို့သည် အတွင်း၌ ပင် အောင်းနေတတ်သည်။ သင်္ကေတအများ စုကို လူက အဆောက်အအုံတစ်ရပ် တည်ဆောက်ရာတွင် အသုံးပြု၏ ။ ဤအ ဆောက်အအုံတစ်ရပ် တည်ဆောက်ရာတွင် အသုံးပြု၏ ။ ဤအဆောက်အအုံမှာ “ဘာသာရေး ” ပင် ဖြစ်သည်ဟု ဆိုလေသည်။
အတွေးအမြင် (၁)၊ အောက်တိုဘာ၊ ၁၉၈၄
မဂ္ဂဇင်းအသီးသီးတွင် ကျွန်တော် ရေး သော ဆောင်းပါးတို့သည် နားမလည်နိုင်ဟု ပြောကြ သည်။ ပြောထိုက်ပါသည်။ ကျွန်တော် ကိုယ်တိုင် ကျွန်တော် ရေး သော ဆောင်းပါးတိုင်းကို ဂဃနဏ နားလည်သည်လည်းရှိ၏ ။ နားလည်သည်ဟု ဆိုရုံကာမျှလည်းရှိ၏ ။ နားလည်သလိုလို နားမလည် သလိုလို ၀ိုးတ၀ါး ဖြစ်သည်လည်းရှိ၏ ။ ဤသို့ဆိုလျှင် မိမိရေး သော အကြောင်းအရာတို့ကို မပိုင်ဘဲ နှင့် ဘာကြောင့် များ ကျွန်တော် က စာတွေ ရေး နေရသနည်းဟု မေးဖွယ်ရှိပါသည်။ ဤဆောင်းပါး သည် ဤမေးခွန်းကို ဖြေဆိုရန် ရိုးတိုးရိပ်တိပ် ပြောပါလိမ့်မည် ။
ဗဟုသုတ ဆာလောင်မွတ်သိပ်နေသူတို့ထဲတွင် ကျွန်တော် သည် တစ်ယောက် အပါအ၀င် ဖြစ်ပါသည်။ ပညာတတ်အလွှာ ဖြစ်၍ ကိုယ်တိုင်က စာရေး ဆရာ တစ်ယောက် ဖြစ်နေသော အခါ နဂို ရှိရင်းစွဲဝါသနာနှင့် ပေါင်းမိပြီးစာအုပ်စာတမ်းတို့ကို ကျွန်တော် သည် ရှာဖွေရသမျှ မပြတ်ဖတ်ရှုခဲ့ရ သည်။ ရန်ကုန်မြို့လယ် စာအုပ်ဟောင်းဆိုင်၊ အစိုးရစာအုပ်ဆိုင်၊ စာကြည့်ပိဋကတ်တိုက်၊ မိတ်ဆွေ များ ထံမှ ငှားရမ်းခြင်း၊ လက်ဆောင်ရရှိခြင်း စသည်တို့ဖြင့် ရရှိသော စာအုပ်စာတမ်းတို့သည် ကျွန် တော့် အတွက် စာအုပ်စာတမ်းရရှိရာဌာနများ ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံခြားရေဒီယိုတို့မှ ဗဟုသု တသိမှတ်စရာတို့သည်လည်း ကျွန်တော့် အတွက် အသုံးဝင်လှသည်။
အထက်ပါ စာအုပ်စာတမ်းတို့ကို အတော် အတန် ဖတ်မိရှုမိသော အခါ ကျွန်တော် ဘာသွား တွေ့ နည်းဟုဆိုလျှင် ကမ္ဘာတွင် “ဗဟုသုတပေါက်ကွဲမှု ကြီး”တရပ် ဖြစ်နေပါပြီကောဟု တွေ့ ရှိ လိုက်ခြင်း ဖြစ်၏ ။ နိုင်ငံကြီးတစ်နိုင်ငံမှ ခေါင်းဆောင်ကြီးတစ်ဦးက ဗဟုသုတတော် လှန်ရေး ကြီး၁ဟု ပင် ကင်ပွန်းတပ်ပါသည်။ အနောက်တိုင်းမှ သုတေသီတစ်ဦးက ဗဟုသုတ အသစ်အသစ်တို့သည် နာရီပိုင်းနှင့် အမျှ ပေါက်ဖွားလျက်ရှိ၏ ။ ယခင်က(၁၀)နှစ် တန်သည် (၁၅)နှစ် တန်သည် ကာလအ တွင်း တွေ့ ရှိသော ဗဟုသုတအသစ်တို့ကို ယခု သုံး-လေးလအတွင်း၌ တွေ့ ရှိနေကြ၏ ။ တစ်လ တည်းတွေ့ ရှိသော ဗဟုသုတအသစ်တို့ကို စွယ်စုံကျမ်းပြုစုလျှင် ဗြိတိသျှစွယ်စုံကျမ်းကြီးလောက် ကို ခဏလေးပြုစုနိုင်သည်ဟု ဆိုသည်။ ဤမျှအထိ ဗဟုသုတတွေ စွယ်စုံပေါက်ကွဲနေပါသည်။
ကျွန်တော့် အတွက် မှားကောင်းမှားပါမည် ။ မြန်မာနိုင်ငံသည် အထက်အဆိုပါ ဗဟုသုတ ပေါက်ကွဲမှု ကြီး၏ ပဲ့တင်သံကို ကောင်းကောင်းကြီး မကြားရသေးဟု။ ကျွန်တော် က ကြားစေချင်၏ ။ ဗဟုသုတပေါက်ကွဲမှု ကြီး၏ ပဲ့တင်သံကို မြန်မာနိုင်ငံတစ်ဝန်း အချိန်မနှောင်းပဲ ရိုက်ခတ်သွားစေချင် ပါသည်။ ထိုစေတနာဖြင့် တောင်ပေါ်ဘုရားတွင် ရှိသော ခေါင်းလောင်းကြီးကို ကျွန်တော် ကတုတ် ကြီးကြီးဖြင့် ထုခတ်ရိုက်နှက်ကြည့်လိုက်ရာ ခေါင်းလောင်းသံသည် တောင်အောက်သို့ မြည် ဟည်း သွားသည်ဟု ကျွန်တော် တော့ ကြားလိုက်ပါသည်။ ကျွန်တော် ကတော့ တုတ်ကြီးကြီးနှင့် ထုသည် ဟု ထင်၏ ။ အချို့က ကျွန်တော် သည် ကျူရိုးနှင့် ရိုက်နေသည်ဟု ထင်စရာရှိသည်။ ကျွန်တော် က ခေါင်းလောင်းသံသည်အတော် မြည် သွားသည် ဟုထင်သည်။ အများ က လေသံပင်မကြာရဟု ထင် မှတ်စရာ ရှိပါသည်။
အသစ်အသစ် ပေါ်ပေါက်လာသော ဗဟုသုတတို့၏ သဘာဝကလည်း အတော် ဆန်း၏ ယခင် တွက်ချက်မှု အရဆိုလျှင် အသက်လေးဆယ်ကျော်မှ ဗဟုသုတ ရှာမှီးသည့်တိုင် ဥာဏ်လေး သည်ဟူ၍ မရှိသေးပဲ အသစ်အသစ်တို့ကို အစကပြန်လိုက်နိုင်သေး၏ ။ ယခု ကွန်ပျူတာခေတ် တွင် အသက်(၃၀)ရောက်လျှင်ပင် အသစ်အသစ်ပေါ်လာသော ဗဟုသုတတို့ကို မလိုက်နိုင်တော့ ပေ။ ဥာဏ်မမီနိုင်တော့ဟု ဆိုသည်။ ထို့ကြောင့် မျက်မှော က်ခေတ်၌ အသစ်ပေါ်လာသော ဗဟုသု တတို့ကို အသက်(၃၀)ကျော်လျှင် ဥာဏ်မမီတော့သည့်အဆင့်ထိ ဖြစ်နေသည်။ ကျွန်တော် သည် ဤဆောင်းပါးရေး ချိန် (၁၉၈၄ ခုနှစ် )၌ အသက် (၅၇)နှစ် ရှိပါပြီ။ အသက်(၃၀)ကျော်နေပါပြီ။ ထို့ ကြောင့် ဗဟုသုတအသစ်အသစ်တို့ အကြောင်းကို ရေး သားထားသော စာအုပ်စာတမ်းတို့ကို ဖတ်ရှုသော အခါ ကျွန်တော် သည် ဥာဏ်မမီ ဖြစ်ရပြီ။ အတော် ကြိုးစားရပါသည်။ ဥာဏ်မမှီတမီနှင့် ကြိုးစားရင်း ကျွန်တော် သည် တောင်ပေါ်ဘုရားမှ ခေါင်းလောင်းကြီးကို တောင်အောက်က ကြား လိမ့်မည် ဟူသော စေတနာဖြင့် ထုကြည့်နေရပါသည်။
ကျွန်တော် ၏ ဆောင်းပါးဖတ်သူတို့သည် အသက်အတော် အတန်ရသူတို့ ဖြစ်ဖွယ်ရှိပါ သည်။ အသက်က စကားပြောသည်ဆိုသည်မှာ ယခုခေတ်၌ ကျန်းမာရေး ကိုသာ ဆိုခြင်းမဟုတ်ပါ။ ဦးနှောက်ဥာဏ်ကိုလည်း ဆိုလိုပါသည်။ အသက်ရလာ၍ ဦးနှောက်ဥာဏ်တို့သည် အင်အားလျော့ ပါးသွားသည် ဖြစ်၏ ။ ဗဟုသုတတို့သည် ခုန်ပျံကျော်လွှား၍ တိုးတက်နေသလောက်တစ်ဖက်တွင် လူကြီးပိုင်း၏ ဦးနှောက်ဥာဏ်သည် တီကောင်ပမာ တရွေ့ရွေ့သာ တိုးတက်နပါသည်။ ဤသို့ သော ကွာခြားချက်ကလည်း ခေတ်မီစာများ ကို ဖတ်ရှုရာတွင် အတော် စကားပြောပါသည်။
အသက်ရလာသူတို့က စာဖတ်ခြင်းမှအရသာရှာရာ၌ လည်း ခြားနားလာကြသည်ဟု ထင် ပါသည်။ လေးသော နက်သော စာတို့ကို ဖတ်ချင်လိုစိတ်နည်းပါးလာပြီး ပေါ့ပေါ့ဖတ်နိုင်သော စာ တို့ကို ပို၍ ဖတ်ချင်ကြပါမည် ။ ဖြစ်နိုင်လျှင် မဖတ်ဘဲ နေချင်ကြပါမည် ။ တွေးရခေါ်ရသော ၀န်ထုပ် ၀န်ပိုးကြီးကို ဦးနှောက်ထဲတွင် မထားသိုလိုကြပါ။ လေးသော နက်သော အကြောင်းအရာတို့ကို သူများ ပြောလျှင် နားထောင်ချင်ကြပါလိမ့်မည် ။ ကိုယ်ကိုယ်တိုင် ရှာဖွေဖတ်ဖို့ဆိုမူ တာဝန်ကြီးနေ သည်။ ထို့အပြင် အသက်ရလာလေ တရားဘက်ယိင်လာလေ ဖြစ်သည့်အလျောက် တရားသ ဘောမပါသော ခေတ်သစ်ဗဟုသုတတို့အပေါ် စိတ်ဝင်စားမှု လျော့ခြင်းကလည်း ရှိမည် ။
ဗုဒ္ဓစာပေက လောကကြီးကို သြကာသလောက၊ သတ္တလောကနှင့် သင်္ခါရလောကတို့ဟူ၍ လောကသုံးပါးခွဲ၏ ။ ကမ္ဘာ့ဗဟုသုတနယ်ပယ်လောကကြီးတစ်ခုလုံးကိုလည်း ပုရောဟိတ်သုခမိန် ကြီးတို့က လောကသုံးပါးဖြင့် ခွဲခြားစိတ်ဖြာထားကြသည်။ ရုပ်ပစ္စည်းတို့၏ လောက၂ကို ပထမ လောက၊ အတွေးအခေါ်လောက (အတွေးနှင့် အမြင်)၃ကို ဒုတိယလောကနှင့် အတွေ့ အကြုံလော က၄ကို တတိယလောက ဟူ၍ ခွဲခြမ်းစိတ်ဖြာကြည့်ကြသည်။
ကျွန်တော် သည် အတွေးအခေါ်လောကမှ စာပေးတို့ကို အများ ဆုံးလေ့လာသည် ဖြစ်၍ ကျွန်တော် ၏ ဆောင်းပါးတို့သည် အတွေးအခေါ်တွေ များ သည်မှာ မဆန်းဟုထင်ပါသည်။
အထက်တွင် ဗဟုသုတတော် လှန်ရေး ကြီးဟု ကျွန်တော် ဖော်ပြခဲ့၏ ။ မျက်မှော က်ခေတ်ဗဟု သုတတော် လှန်ရေး (တစ်နည်း) ဗဟုသုတပေါက်ကွဲမှု သည် မျက်မှော က်ခေတ် ကမ္ဘာနှင့် အ၀န်း ဖြစ်ပေါ်နေသော နိုင်ငံရေး ပေါက်ကွဲမှု ကြီးများ နှင့် လည်း ကြုံကြိုက်နေသဖြင့် ထူးဆန်းလှသည်ဟု ဆိုကြသည်။ ဗဟုသုတတော် လှန်ရေး နှင့် နိုင်ငံရေး ပေါက်ကွဲမှု တို့သည် အဆက်အစပ်ရှိမရှိနှင့် ပတ်သက်၍ တချို့တလေက ဝေဖန်ဆွေးနေါးကြပါသည်။ ကျွန်တော့် အထင်၌ ဤ ဖြစ်ရပ်နှစ် ရပ် သည် သူ့လမ်းနှင့် သူ သွားနေကြခြင်းသာ ဖြစ်၍ အဆက်အစပ်ရှိသည့်တိုင်အောင် အပေါ်ယံမျှသာ ဖြစ်ပါလိမ့်မည် ။ အခြေခံအောက်ခြေတရားဆက်စပ်မှု ရှိစရာ အကြောင်းမရှိဟု ထင်ပါသည်။ ကျွန် တော် မှားလေမည် လားမသိပါ။
သိပ္ပံနှင့် ၀ိဇ္ဇာဆိုသော ဝေါဟာရတို့ကို နားယဉ်ပြီး ဖြစ်ရာ ဗဟုသုတကိုလည်း သိပ္ပံဗဟုသု တဟူ၍ ကဏ္ဍနှစ် ရပ် ခွဲခြမ်းခြင်းကို အကြမ်းမျှ နားလည်သဘောပေါက်ပြီး ဖြစ်ပါလိမ့်မည် ။ ဤအ ကြောင်းနှင့် ဆက်စပ်၍ ပညာရှင်တို့ကြား၌ အချက်တစ်ချက်ပေါ်တွင် စိုးရိမ်စိတ်များ ဖြစ်ပွားလျက် ရှိပါ၏ ။ သိပ္ပံနှင့် ၀ိဇ္ဇာတို့ကြား အကွာကြီးကွာဟသွားလျှင် လူတွေ အတွက် ကောင်းကျိုးထက် ဆိုး ကျိုးကို ပို၍ ဖြစ်စေလိမ့်မည် ဟု တွေးတောကြပါသည်။ ဗဟုသုတ ဖြစ်စဉ်တို့ကလည်း ဘက်နှစ် ဘက်စလုံးဘက်ဆီသို့ ရွေ့လျားခြင်းရှိသကဲ့သို့ သိပ္ပံက သိပ္ပံဘက် သတ်သတ်၊ ၀ိဇ္ဇာက ၀ိဇ္ဇာ ဘက် သတ်သတ်၊ ကိုယ့်လမ်းနှင့် ကိုယ် ရွေ့လျားနေခြင်းမျိုးကိုလည်း ဖြစ်ပေါ်နေပါသည်။ ရေကြောင်းပညာသဘောနှင့် ပြောရလျှင် ရေသေရက်ကျနေပါသည်။
သိပ္ပံနှင့် ၀ိဇ္ဇာ ညီညွတ်ရေး ကို ဆော်သြနေသူများ က လူ့တန်ဖိုးအပိုင်းအခြား၅ဖြင့် တင်ပြကြ သည်။ ၀ိဇ္ဇာပညာဟူသည် လူသားနွယ်အကြောင်း ဖြစ်၍ လူသားအကျိုးကို ရှေးရှုသည်မှာ နားလည် လောက်၏ ။ သို့ရာတွင် သိပ္ပံပညာသည် ရုပ်ဝတ္ထုပစ္စည်းတို့အကြောင်း၊ အသက်အကြောင်း ဖြစ်၍ လူသားနွယ်အကျိုးကို လျစ်လျူရှုမည် ကို စိုးရိမ်တမော ဖြစ်ကြသည်။ ထို့ကြောင့် သိပ္ပံပညာရှင်တို့ ကြားထဲ၌ ပင် သိပ္ပံပညာကို လူသားနွယ်အကျိုး ရှေးရှု၍ ဆောင်ရွက်သင့်သည်ဟု တင်ပြထားသော သိပ္ပံပညာရှင်များ ပေါ်ပေါက်ခဲ့ပေသည်။ ၎င်းတို့ကို လူသားနါယ်သမားများ ၆ ဟု ခေါ်ကြသည်။
သိပ္ပံနှင့် ၀ိဇ္ဇာကို ဆက်စပ်ပေးသည့် ပညာမှာ ဒဿန ဖြစ်သည်ကို အငြင်းမပွား လက်ခံကြပါ သည်။ အကြောင်းမူ မည် သည့်ပညာရပ်ကိုမဆို ဒဿနအမြင်၊ ဒဿနအတွေး၊ ဒဿနနည်းတို့ဖြင့် သာ စူးစမ်းကြရသော ကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် အတွေးအခေါ်လောကတွင် သိပ္ပံ၏ ဒဿန ဆိုပြီး ယခုအခါ သီးခြားကဏ္ဍအ ဖြစ် ခေတ်စားလျက်ရှိပါသည်။ သိပ္ပံသမိုင်းစဉ်ကို ပြန်ကြည့်လျှင် လည်း သိပ္ပံပညာရှင်အဖို့ရာ၌ လည်း လူ့တန်ဖိုးအကြောင်းကို မလွဲမသွေ ထည့်သွင်းစဉ်းစားကြရ သည်။ သိပ္ပံနှင့် ဒဿနတို့သည် ဤသို့ နီးနီးစပ်စပ် အဆက်အစပ်ရှိကြောင်းကို ကမ္ဘာကျော်သိပ္ပံ ပညာကို လူသားအကျိုးဖြင့် အသုံးပြုကြရန် နှိုးဆော်ခဲ့ပါသည်။
ပထမကမ္ဘာစစ်ကြီး ဖြစ်လို့ကောင်းနေစဉ်၌ အိုင်းစတိုင်းက ဤသို့ ရေး ဖူးသည်ကို ပြန်၍ ပြောနေကြသည်။
“ကျွန်ုပ်တို့၏ ချီးကျူးဖွယ်ကောင်းသော နည်းပညာ၊ အတတ်ပညာတိုးတက်မှု (ကျွန်ုပ်တို့၏ လူ့ယဉ်ကျေးမှု )သည် ဝေဒနာသည် ရာဇ၀တ်ကောင်လက်ထဲရောက်နေသော ပုဆိန်ကဲ့သို့ ဖြစ်နေ ပြီ”
သိပ္ပံပညာတွင် အသက်အကြောင်းလေ့လာသော သိပ္ပံပညာ၇လည်း ပါဝင်၏ ။ ဤသိပ္ပံပညာ ကလည်း သိပ္ပံနှင့် ၀ိဇ္ဇာကို ပေါင်းစပ်ပေးရန် အခြေခံ ဖြစ်ပေါ်စေသည်ဟု ဆိုကြသည်။ အသက်အ ကြောင်းတွင် လူ၏ အသက်အကြောင်းလည်း အကျုံးဝင်လာ၏ ။ အသက်အကြောင်းပြောလျှင် စိတ် အကြောင်းလည်း မုချဧကန် ပါလာရသည်။ လူ့အသက်အကြောင်း၊ လူ့စိတ်အကြောင်း လေ့လာမှု တို့နှင့် ဆက်စပ်ပြီး ၀ိဇ္ဇာပညာထဲမှ ခွဲထွက်ကာ လူမှု သိပ္ပံပညာဟု သီးသန့်ပေါ်လာရပြန်သည်။ ဤ ဖြစ်စဉ်တို့သည် သိပ္ပံပညာနှင့် ၀ိဇ္ဇာပညာတို့ကို ပေါင်းစပ်ပေးရေး ဘက်သို့ ရှေးရှုခြင်း ဖြစ်ပါသည်။
ဆစ်ဖက်၌ လည်း သုတေသနသန့်သန့၈ဟူ၍ ဆောင်ပုဒ်ရှိ၏ ။ အစွဲအလမ်းမထား၊ အတွေး မမြင်မလို၊ အကျိုးအကြောင်း မစဉ်းစား၊ တွေ့ ရှိလျှင် တွေ့ ရှိသလို၊ လမ်းရှိလျှင် ရှိသလို ပညာရပ် တို့ကို သုတေသနပြုသွားမည် ဆိုသော အယူအဆကလည်း အတော် သြဇာကြီးလှ၏ ။ စကြ၀ဠာ ကြီး၏ လျှို့ဝှက်နက်နဲမှု မှန်သမျှကို စူးစမ်းရှာဖွေကြည့်မည် ။ နည်းလမ်းတွေ့ လျှင် တွေ့ သလိုစုံစမ်း မည် ။ တွေ့ ရှိသလို ဖော်ထုတ်မည် ။ ဤသို့ စူးစမ်းရှာဖွေတွေ့ ရှိချက်တို့သည် လူသားတို့အတွက် ကောင်းကျိုးဆိုးကျိုး ဖြစ်စေသည်။ မ ဖြစ်စေသည်မှာ ပညာရှင်တို့၏ တာဝန်မဟုတ်ဟု ဆိုသည်။
ဤအယူအဆမျိုးသည် ရှေးပဝေသဏီကပင် ရှိခဲ့ပါသည်။ သိပ္ပံပညာသည် မည် သည့်ဘက် ကိုမျှ ကိုင်းညွှတ်ခြင်းမရှိ။ မျက်နှာမလိုက်၊ ကြားနေသော သဘောရှိသည်။ သိပ္ပံပညာသည် သဘာဝ အလျောက်ပင် လူတွေ အတွက် အကျိုးပေါ်ပြီး ဖြစ်ရကား လူတွေ အတွက် အကျိုးရှိ-မရှိကို အချိန် ကုန်ခံပြီး စဉ်းစားသုံးသပ်နေရန်မလိုပါဟု ဆိုခဲ့ကြသည်။ ထိုသဘောကို အခြေခံပြီး သုတေသန သန့်သန့်ချည်း ပြုလုပ်ခဲ့ကြရာ အကျိုးရှိတန်သရွေ့ အကျိုးရှိသကဲ့သို့ လူသားနွယ်တို့အတွက် မျက်လုံးပြူးစရာလည်း ပေါ်ခဲ့ပေသည်။ ယခုလက်ရှိ၌ စိုးရိမ်တကြီးနှင့် ဂရုစိုက်ကြည့်နေရသော ပညာမှာ မျိုးရိုးဗီဇတို့ကို စီမံစပ်ပေးခြင်း၉ ဖြစ်ပေသည်။ မျိုးရိုးဗီဇတို့ကို သိပ္ပံပညာရှင်တို့က ဖန်ဆင်းသည်ဟူသော ဘာသာရေး အယူဝါဒသည် ထိခိုက်ခံရဘိသကဲ့သို့ ဖြစ်နေ၏ ။ တစ်ဖက်မှ စဉ်းစားလျှင် လူသည် ဖန်ဆင်းရှင် ဖြစ်ချေပြီ။ လူ၏ ဖန်ဆင်းနိုင်သော စွမ်းပကားသည် အတိုင်းအ ဆမရှိ ဖြစ်ချေပြီဟု ဆိုနိုင်ပါသည်။
လူ၏ ဗဟုသုတသည် အတိုင်းအဆရှိသည်-မရှိသည်ဆိုသော ကိစ္စနှင့် စပ်လျဉ်း၍ ပညာရှင် တို့ကြားထံတွင် အငြင်းပွားနေခဲ့သည်မှာ ကြာပါပြီ လူ၏ ဦးနှောက်သည် ရှေးခေတ်လူများ ၏ ဦးနှောက်တို့နှင့် သိသာထူးခြားခြင်းမရှိ၍ လူ၏ အသိ၊ လူ၏ ဗဟုသုတသည် ဦးနှောက်စွမ်းအားရှိသ လောက်သာ ဖြစ်မည် ။ လူ၏ ဦးနှောက်ရှိ အတိုင်းအဆအရသာ ဖြစ်မည် ။ ထို့ကြောင့် ဗဟုသုတသည် ကန့်သတ်ချက်ရှိသည်ဟူ၍ ယူဆခဲ့သည်။
သို့သော် ယခုကဲ့သို့ ဗဟုသုတပေါက်ကွဲမှု ကြီးများ ဖြစ်ပေါ်နေသော အခါ၊ လူလုပ်အသိ ဥာဏ်တို့ပင် ပေါ်ပေါက်နေသော အခါ ဗဟုသုတ၌ အကန့်အသတ်ရှိသည်ဆိုသော အချက်သည် ဟုတ်မှ ဟုတ်ပါလေစ၊ မှန်မှ မှန်ပါလေစဟု ပြန်လည်သုံးသပ်ကြရပါသည်။ ရောမကလပ်၁၀ဆိုပြီး ကမ္ဘာကျော် သုခမိန်ကြီးများ စုစည်းထားသော အဖွဲ့တစ်ဖွဲ့ရှိပါသည်။ ဤကလပ်၏ သြဇာသည် ပညာတတ်လောက၌ လည်းကောင်း၊ အစိုးရအသီးသီး၌ လည်းကောင်း အလွန်ကြီးမားပါသည်။ ဤ ကလပ်မှ သုံးသပ်ချက်တို့ကို ဘုရားဟောပမာ လက်ခံကြသည်အထိ အရှိန်ကြီးလှ၏ ။ ဗဟုသုတ ကို ကန့်သတ်ချုပ်ချယ်ထားသော အရာဟူ၍ မရှိ။ လူ၏ ဗဟုသုတသည် အတိုင်းအဆမရှိဟု ဤက လပ်မှ အစီရင်ခံစာတစ်စောင် ထုတ်ဝေခဲ့ပါသည်။
ဤသို့ အတိုင်းအဆမရှိသော ဗဟုသုတသည်ပင် ခုန်ပျံကျော်လွှားပြီး ပေါက်ကွဲသည့်ပုံသ ဏ္ဍာန်ဖြင့် ပေါ်ထွန်းနေသော အခြေအနေတွင် လည်းကောင်း၊ ရှေ့တွင် လည်း ဤထက်ပင် မြန်မြန် ဆန်ဆန် ပေါ်ထွန်းနေသော အခြေအနေတွင် လည်းကောင်း၊ ကျွန်တော် က လက်လှမ်းမီသမျှ ကမ္ဘာ့ အတွေးအမြင်တို့ကို ခပ်ဖြန်းဖြန်းမျှ တစ်ဆင့်ဖောက်သည်ချပေးနေပါသည်။ ဤအလုပ်သည် သိပ် တော့ လွယ်ကူဖွယ်ရာမရှိဟု သဘောပေါက်မိကြပါလိမ့်မည် ။
သူများ နိုင်ငံတွေ မှာ ဘယ်လိုတွေးနေကြသည်၊ ဘယ်လိုခေါ်နေကြသည်၊ ဘယ်လိုမြင်နေ ကြသည် ဆိုသော အကြောင်းတို့ကို လုံးစေံပတ်စေ့မဟုတ်သည့်တိုင်အောင် ခပ်ဖြန်းဖြန်းလေးသိ နေလျှင်လည်း အကျိုးယုတ်စရာမရှိဟု ကျွန်တော် က တွက်ထားပါသည်။ ကျွန်တော် ၏ အတွက် မှား ချင် မှားပါမည် ။
အတွေးအမြင် (၂)၊ ဒီဇင်ဘာ၊ ၁၉၈၄
ဤကမ္ဘာ၏ ခေတ်သည် သတင်းခေတ်၁ ဖြစ်လာ၏ ။ ဤသတင်းခေတ်သည် မည် သည့်နိုင်ငံ မှ စတင်ပေါ်ပေါက်သနည်းဆိုခြင်းကိုတော့ ထားပါတော့။ အမေရိကန်ကလား၊ ဂျပန်ကလား၊ အ နောက်ဥရောပကလား၊ သူကစသည်၊ ကိုယ်ကစသည် ဖြင့် တော့ အလံထူနေကြ၏ ။
အသို့ပင်ဆိုကြစေ ကမ္ဘာ၏ ထုတ်လုပ်မှု ကို ပညာရှင်သုခမိန်ကြီးတို့က ခေတ်ကြီးသုံးခေတ် ဖြင့် အကြမ်းသဘော ခွဲစိတ်လေ့လာကြကြောင်းကိုမူ စာဖတ်သူ ကနဦးယေဘုယျသိထားရန်လိုပါ လိမ့်မည် ။ သို့မှသာ ဤဆောင်းပါးတွင် တင်ပြမည် ဖြစ်သော ပြဿနာ၏ အနှစ် ကို သဘောမျှ ဖြစ်စေ ရိပ်စားမိပါလိမ့်မည် ။ ခေတ်ကြီးသုံးခေတ်ဆိုသည်မှာ လည်း တိုတိုပါ။
လယ်ယာစိုက်ပျိုးရေး ခေတ်၊
စက်မှု လက်မှု ခေတ်၊
သတင်းခေတ်။
၂၁ရာစုနှစ် သတင်းခေတ်ကို ခရီးဦးကြိုပြုနေပြီဟု ဆိုကြသည်။ ၂၁ရာစုနှစ် သည် ဖွံ့ကား စည်ပင်နေသော သတင်းခေတ် ဖြစ်လိမ့်မည် ဟု ဟောကိန်းထုတ်နေကြသည်။ နို့သတင်းခေတ်က ခုကော မရောက်သေးဘူးလားဟု မေးငြားအံ့။ စတင်ရောက်ရှိနေပါပြီ။ ဟိုတစ်စဒီတစ်စနှင့် အနှံ့ တော့ ရောက်နေပါပြီ။ ကမ္ဘာ၏ ထောင့်တိုင်းတော့ မရောက်သေးပါ။ အဆင့်တိုင်းတွင် စုံစေ့အောင် မရင့်သေးပါ။ နုသေး၏ ။ အတောင်အလက်အင်္ဂါစုံဖို့ ကျန်ပါသေးသည်။ သို့သော် ခေတ်၏ ပုံပန်း သဏ္ဍာန်ကြီးကိုတော့ အကြမ်းမြင်နေရပါပြီ။
အပြောင်းအလဲဟူသည် မသိမသာပြောင်းလဲခြင်းမျိုးရှိသကဲ့သို့ မြေငလျင်လှုပ်သလို ပြောင်းလဲငြခ်းမျိုးလည်းရှိ၏ စက်မှု လက်မှု ခေတ်မှသည် သတင်းခေတ်သို့ ပြောင်းလဲပုံမှာ မြေင လျင်လှုပ်လိုက်သလိုပင် တုန်ခါသွား၏ ။ သိသာလွန်း၏ ။ သို့သော် နားလည်ရခက်လှ၏ ။
စက်မှု လက်မှု ခေတ်က ကိုင်လို့တွယ်လို့ရသော ကုန်ပစ္စည်းတွေ ကိုထုတ်လုပ်၏ ။ သတင်း ခေတ်တွင် ဗဟုသုတ၂တွေ ကို ထုတ်လုပ်လာ၏ ။ တစ်နည်းပြောလျှင် သတင်းကိုအခြေခံသော ၀န် ဆောင်မှု ၃တို့ကို ထုတ်လုပ်ပါသည်။
ဗဟုသုတသည် အသစ်အဆန်းတီထွင်မှု အတွက် ဖြစ်စေ၊ ပေါ်လစီဝါဒများ ချမှတ်မှု အတွက် ဖြစ်စေ အလွန်အရေး ကြီးသော ဗဟိုမဏ္ဍိုင် ဖြစ်၏ ။ နည်းပညာသည် အနာဂတ်ကိုထိန်းသိမ်းရန် အတွက် ဖြစ်စေ အလွန်အရေး ကြီးသော သော့ ချက် ဖြစ်၏ ။ သို့အားဖြင့် ဥာဏ်ပညာကို အခြေခံ သော နည်းပညာ၎တို့ကို ဖန်တီးလာကြ၏ ။ ဤနည်းပညာတို့ကို ကွန်ပျူတာတွင် အခြေခံထားကြ သည်ဆိုသော အချက်ကို အထူးရှင်းလင်းရန် လိုလိမ့်မည် ဟု မထင်ပေ။ ယခင်က စီမံအုပ်ချုပ်သူတို့ သည် မိမိတို့၏ အလိုလိုသိစိတ်(၀ါ)ဥာဏ်တို့ဖြင့် ပြဿနာတွေ ကို ဆုံးဖြတ်လေ့ရှိ၏ ။ ထိုအစား ယခုအခါတွင် ပြဿနာအရပ်ရပ်ကို ဖြေရှင်းပေးနိုင်သော အစီအမံနှင့် စက်တို့သည် ပေါ်ပေါက် လာကြ၏ ။ လူကဦးနှောက်ခြောက်ခံစရာမလိုပေ။ ကွန်ပျူတာတို့က ပြဿနာအရပ်ရပ်ကို ဖြေရှင်း ပေးနိုင်စွမ်းရှိလာပြီ။
သတင်းခေတ်သည် အဆင့်ဆင့်ပေါ်ပေါက်တိုးတက်သည် ဖြစ်၍ မည် သို့သော အဆင့်များ ဖြင့် တိုးတက်သနည်းဆိုသော ကိစ္စကို ပညာရှင်တို့က အချေအတင် ဆွေးနွေးနေကြ၏ ။ သတင်း ခေတ်၏ အကျိုးသက်ရောက်ပုံကို သုတေသနပြု၍ ဒဿနကောက်ချက်များ လည်း ပြုကြ၏ ။ စိတ် ၀င်စားဖွယ်ပင်။
ပြဿနာတို့သည် အသစ်အဆန်း ဖြစ်လာသည့်အလျောက် သုံးနှုန်းရသော ဝေါဟာရတို့ မှာ လည်း တစ်မျိုးခြားနားလာကုန်၏ ။ မူလဝေါဟာရဟောင်းတို့ကို မလွှဲမရှောင်သာ၍ သုံးစွဲရလျှင် လည်း အဓိပ္ပာယ်အသစ်များ ဖြင့် သုံးစွဲကြသည်။
ဥပမာ-“ဗဟုသုတထုတ်လုပ်မှု လုပ်ငန်းများ ”၅ ဆိုသော စကားသည် အသစ် ဖြစ်သလောက် အဓိပ္ပာယ်လည်း အသစ် ဖြစ်၏ ။ ထုတ်လုပ်မှု လုပ်ငန်းဆိုလျှင် ကုန်ပစ္စည်းထုတ်လုပ်မှု လုပ်ငန်းဟူ၍ သာ နားလည်ခဲ့ကြသော သူများ အဖို့ ဗဟုသုတထုတ်လုပ်မှု လုပ်ငန်းဟု ကြားလျှင် နားထဲဆန်းသွား ပါလိမ့်မည် ။
သတင်းခေတ်တွင် ဗဟုသုတထုတ်လုပ်မှု လုပ်ငန်းသည် အံ့မခန်းတိုးတက်မည် ဟု ပြောကြ သည်။ ဗဟုသုတထုတ်လုပ်မှု လုပ်ငန်းဆိုသော စကားရပ်ကို အမေရိကန်ဘေဂဗေဒပညာရှင် မက်ခ်ျလင်က စတင်သုံးစွဲ၍ ပညာရေး စနစ်၊ စာနယ်ဇင်းလုပ်ငန်း၊ စာကြည့်ပိဋကတ်တိုက်၊ သုတေသနဌန စသည်တို့ကို သိမ်းကျုံး၍ ခေါ်ငင်၏ ။
အဆိုပါလုပ်ငန်းတို့တွင် လုပ်ကိုင်သော အလုပ်အင်အားသည် အမေရိကန်နိုင်ငံတွင် ၄၀ရာ ခိုင်နှုန်းမျှရှိလာသည်။ ၎င်းတို့မှ ထုတ်လုပ်သော “ဗဟုသုတ”တို့သည် တိုင်းပြည်ကုန်ထုတ်၏ ၃၀ ရာခိုင်နှုန်းသို့ပင် ရောက်ရှိလာသည်။
လူသုံးကုန်ပစ္စည်းတို့တွင် အခြေခံလူသုံးကုန်ဟူ၍ ရှိသကဲ့သို့ “သတင်း”တွင် လည်း အခြေ ခံသတင်းဟူ၍ ရှိ၏ ။ ထို့ကြောင့် အခြေခံသတင်းထုတ်လုပ်မှု နှင့် ဖြန့်ဖြူးရေး လုပ်ငန်းတို့ဟူ၍ လည်း ရှိလာသည်။
ထိုမှဆက်၍ သတင်းဝန်ဆောင်မှု တို့ကို အခြားစက်မှု လုပ်ငန်းနှင့် အစိုးရဌာနအသီးသီးတို့ ကလည်း ကျယ်ပြန့်စွာ ရရှိလာနိုင်ကြ၏ ။ ဤသည်မှ ချဲ့ထွက်လာလိုက်သည်မှာ နောက်ဆုံးတွင် သတင်းဆိုင်ရာ ပစ္စည်းပစ္စယတို့သည် စားသုံးသူများ လက်ထဲသို့လည်း အလျှံပယ် ရောက်ရှိလာ တော့မည့်  လက္ခဏာများ ပေါ်ထွန်းလာပေသည်။
ဆိုခဲ့ပါတို့သည် ပြောင်းလဲပုံအဆင့်သုံးဆင့်ကို ယေဘုယျမျှ ပြောခြင်း ဖြစ်၏ အနည်းငယ် အနုစိတ်ရှင်းပြရလျှင် ဤသို့ တွေ့ ရမည် ။
ပထမအဆင့်။ ။ လက်တစ်ဆုပ်စာမျှရှိ ဧရာမကော်ပိုရေး ရှင်းကြီးတို့ကို အခြေခံသတင်းကဏ္ဍဟူ၍ ခေါ်ဝေါ်ကြ၏ ။ ၎င်းတို့က သတင်းနှင့် ဆက်သွယ်ရေး ဆိုင်ရာကိရိယာအဆောက်အအုံကြီးတို့ကို တည်ဆောက်၍ ဆောင်ရွက်ကြ၏ ။ ဖြန့်ဖြူးကြ၏ ။
အခြွေအရံကြယ်တာရာများ သဖွယ် ၎င်းကော်ပိုးရေး ရှင်တို့ကို ၀ိုင်းရံလျက် အငယ်စားလုပ် ငန်းရှင်များ ၊ သုတေသနရှင်များ လည်း ပေါ်ပေါက်ကြပါသည်။ ၎င်းတို့ကလည်း သတင်းနှင့် ဆက် သွယ်ရေး ဆိုင်ရာ ကိရိယာတို့ကို ထုတ်လုပ်၊ သိုလှောင်၊ ဖြန့်ဖြူးကြပါသည်။
သို့အားဖြင့် ပထမအဆင့်၌ သတင်းထုတ်လုပ်သူ၊ သိုလှောင်သူ၊ ဖြန့်ဖြူးသူများ ပေါ်ပေါက် ပေသည်။
ဒုတိယအဆင့်။ ။ ပထမအဆင့်ပေါ်ပေါက်ရင်း ဒုတိယဆင့်သည် အစပျိုးလာ၏ ။ ဤအဆင့်တွင် နည်းပညာ၊ အတတ်ပညာ အဆင့်အတန်း အလွန်မြင့်မားသော ဆိုခဲ့ပါ သတင်းလုပ်ငန်းတို့ကို အခြေခံအနေဖြင့် အသုံးပြုကြသော အစိုရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းကြီးများ ပေါ်ထွန်းလာကြ၏ ။
အစိုးရဌာနအသီးသီးက ကွန်ပျူတာနှင့် အဆင့်မြင့် ဆက်သွယ်ရေး ကိရိယာတို့ကို အသုံး ပြုလာ၏ ။ ဘဏ်တိုက်တို့ကလည်း ကွန်ပျူတာနှင့် အော်တိုမက်တစ်စက်တို့ကို သုံးစွဲလာ၏ ။ တက္ကသိုလ်နှင့် အဆင့်မြင့်ကျောင်းတို့ကလည်း ကွန်ပျူတာတို့ကို ကျယ်ပြန့်စွာ အသုံးပြုလာကြ ၏ ။ ကွန်ပျူတာမတတ်သူပပျောက်ရေး ၆လုပ်ငန်းကိုပင် စတင်ဆောင်ရွက်လာကြကုန်၏ ။
ကုမ္ပဏီကြီးတို့က ကွန်ပျူတာနှင့် ခေတ်မီဆက်သွယ်ရေး ကိရိယာတို့ကို တပ်ဆင်အသုံးပြု နေကြသည်မှာ လည်း ကြာပါပြီ။ ထိုမှ …
တတိယအဆင့်။ ။ ဤတတိယအဆင့်တွင် သတင်းကိရိယာ၊ ဆက်သွယ်ရေး ကိရိယာတို့ သည် စားသုံးသူများ လက်ထဲ၊ စားသုံးသူများ ၏ အိမ်ထဲ စတင်ရောက်ရှိနေပါပြီ။ သို့ ဖြစ်၍ သတင်း ကိရိယာပစ္စည်းတို့ကို စားသုံးသူတို့က သုံးစွဲလာခြင်း၇ဟုပင် ခေါ်ဝေါ်သုံးစွဲနေကြပါပြီ။
စားသုံးသူ၏ အိမ်တွင် တယ်လီဖုန်းတစ်လုံးနှင့် ရုပ်မြင်သံကြားစက် တစ်လုံးရှိလျှင် ဘာသ တင်းကို သိလို သိလို ချက်ချင်း ရနိုင်လာ၏ ။ ဗြိတိန်၌ မူ တယ်လီဖုန်းနှင့် ရုပ်မြင်သံကြားအပြင် “သေတ္တာမည်း”တစ်လုံးရှိလျှင် ကုဋေကုဋာရှိသော သတင်းတို့ကို စားသုံးသူက အိမ်မှမခွာဘဲ လက်ငင်း ချက်ချင်း သိနိုင်ပြီဟုဆိုသည်။
အထက်ဆိုခဲ့ပါ အဆင့်သုံးဆင့်ဖြင့် သတင်းခေတ်သည် ချီတက်လာပါပြီ။ သတင်းခေတ်ဦး ၏ အလံတော် ကြီးသည် ၂၁ရာစုနှစ် ထဲသို့ တက်သုတ်ဝင်ရန် စွင့်ကားနေပါပြီ။
ထိုမြင်ကွင်းကို တွေ့ ရသော ဒဿနပညာရှင်တို့သည် အရပ်ရပ်သော ပြဿနာတို့ကို အတိုင်းအတာအားလျော်စွာ ဖော်ထုတ်ကြည့်ကြသည်။ အကောင်းဘက်မြင်သကဲ့သို့ အဆိုးဘက် မြင်သည်လည်း ရှိကြသည်။
ထိုအနက်မှ အမေရိကန်ပြည်ထောင်စု မက်ဆက်ချူဆက်တက္ကသိုလ်မှ လူမှု သိပ္ပံပညာရှင် ရှယ်ရီတာကဲလ်၏ တင်ပြချက်သည် စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူမတင်ပြချက်၏ လိုရင်းသ ဘော ကတော့ တိုတိုလေးပါ။ ကွန်ပျူတာတို့သည် တွေးနိုင်ခေါ်နိုင်ရုံမျှမက စကားပင်ပြောနိုင် လာပြီ ဖြစ်သော ကြောင့် ကွန်ပျူတာသည် လူ၏ ၀ိညာဉ်နှင့် မျက်နှာမူ၍ လူ၏ ကိုယ်ပွားတစ်ခု ဖြစ်လာပြီဟုဆိုသည်။ လူ၏ ၀ိညာဉ်နှင့် လူ၏ ကိုယ်ပွားတို့သည် ရှေးအနာဂတ် ကာလတို့၌ မည် သို့ ဖြစ်ကြမည် ကိုကား ခန့်မှန်းရခက်လှပါသည်ဟု သူမကတင်ပြထားပါသည်။
ပြဿနာတစ်မျိုးကမူ သတင်းဆက်သွယ်ရေး ကိရိယာများ က အလွန်ခေတ်မှီပြီး အရပ်ရှစ် မျက်နှာ အပြည့်အစုံပျံ့နှံ့လာခြင်းကြောင့် လူ၏ ဖန်ဆင်းနိုင်သော ၊ ဖန်တီးနိုင်သော စဉ်းစား တွေးခေါ်မှု သည် အညွှန့်တုံးတော့မည် လောဟူ၍ ဖြစ်ပါ၏ ။
ကွန်ပျူတာသိပ္ပံပညာရှင်တို့ ကိုယ်၌ ကအညွှန့်တုံးလိုက်မည် ဆိုသော အမြင်ကိုမမြင်ကြပါ။ အရှိန်နှုန်းအလွန်မြင့်မားရခြင်းနှင့် ကွန်ပျူတာအသေးစားများ ဖြင့် ကိစ္စ၀ိစ္စများ ကို ဆောင်ရွက်လာ နိုင်ခြင်းတို့ကြောင့် ဖန်တီးနိုင်သော တစ်ဦးခြင်းအစွမ်းအစတို့သည် ပို၍ ပင် ထက်မြက်လာရန် အကြောင်းရှိနေပါသည်ဟု ထောက်ပြကြသည်။
ပုထုဇဉ်တို့သည် တည့်တည့်မတ်မတ် စဉ်းစားလေ့မရှိပါ။ ဆိုလိုသည်မှာ အဆင့်မြင့်သော အာဏာပိုင်ကချပေးထားသော စံချိန်နှင့် စည်းကမ်းများ အတိုင်း စဉ်းစားလေ့မရှိခြင်း ဖြစ်၏ ။ ဤသို့သော မရေမရာမသဲကွဲမှု သဘောရှိခြင်းကပင် ဖန်တီးနိုင်စွမ်းအားရှိသော သတင်းဝန်းကျင် ကိုအချိန်ကာလအားလျော်စွာ ပုံသွင်းယူနိုင်လိုက်မည် ဟုလည်း တင်ပြကြသည်။
လူ၏ အကျိုး၊ လူ၏ တန်ဖိုးကို ဦးတင်စဉ်းစားရသော ၀န်ရိုးက တစ်ဖက်၌ ရှိ၏ ။ အခြားဝင်ရိုး တစ်ဖက်၌ နည်းပညာ၊ အတက်ပညာတို့၏ မ ဖြစ်မနေတိုးတက်ရသော သဘောကရှိ၏ ။ ဤ၀င်ရိုးနှစ် ဖက်သည် သမိုင်းတစ်လျှောက်လုံး၌ ပဋိပက္ခ ဖြစ်ခဲ့လေရာ သတင်းခေတ်တွင် လည်း ဖြစ်ဦးရှိဦးမည် သာ ဖြစ်၏ ။ ကွန်ပျူတာနှင့် သတင်းဆိုင်ရာစက်ကိရိယာတို့သည် ဤပဋိပက္ခအတိုင်း အတာနှင့် အရွယ်ပမာဏတို့အရ တိုးချဲ့ပါလိမ့်မည် ။
စက်မှု လက်မှု ခေတ်တွင် စက်တို့သည်လူတို့၏ ခွန်အားကို တိုးတက်စေပါ၏ ။ သတင်း ခေတ်တွင် ကွန်ပျူတာနှင့် သတင်းဆက်သွယ်ရေး ကိရိယာတို့သည် လူတို့၏ ဉာဏ်အား (ဉာဏ) က်ုတိုးတက်စေပါလိမ့်မည် ။ ပြောင်းလဲလာသည့်ခေတ်စီသို့ရောက်ရမည့် အတူတူ မြန်မြန်ဆန်ဆန် ရောက်ရှိရန်သတင်းဆက်သွယ်ရေး ကိရိယာတို့က လူတို့အားအစွမ်းကုန်ကူညီပါလိမ့်မည် ။
သတင်းခေတ်တွင် လူတို့၏ ကိုယ်ပိုင်အမှတ်သဉာနှင့် ကိုယ်ပိုင်တန်ဖိုးတို့သည် ပျောက်ဆုံးဆိတ်ကွယ်လိုက်မည် ဟူ၍ တွေးတောပူပန်ကြသော ပြဿနာကလည်း အမှန်တကယ်ရှိ နေ၏ ။
သတင်းခေတ်တွင် လူတိုင်းသည် သတင်းကို ဖောဖောသီသီဝေမျှ ရရှိနေကြမည် ဖြစ် ပါသည်။ မည် သူမှ သတင်းချို့တဲ့မှု ၊ သတင်းငတ်မွတ်ခေါင်းပါမှု ဒုက္ခကို ခံစားကြရမည် မဟုတ်။ ထို့ကြောင့် ဖောဖောသီသီ ဝေမျှရထားသော သတင်းတို့ပေါ်တွင် အခြေစိုက်လျက် လူတစ်ဦးအနေ ဖြင့် လည်းကောင်း၊ လူ့အဖွဲ့အစည်းအနေဖြင့် လည်းကောင်း၊ အဓွန့်ရှည်နိုင်ရန်အလိုငှာ လူတို့က အထိုက်အလျောက်အောင်အောင်မြင်မြင် ကြံဆနိုင်ကြပါလိမ့်မည် ဟု ပညာရှင်တို့က ဧကန်အဆို များ ပြုပြီး ဟောကိန်းထုတ်ထားကြပါသည်။
ကျမ်းကိုး - 1. The Coming Information Age by Mr.W.P.dizzard.
2. The Second Self; by Sherry Turkle.
အတွေးအမြင် (3)၊ ဖေဖော်ဝါရီလ၊ ၁၉၈၅။
``ငါ ဘာကောင်မှမဟုက်ပါဘူး´´
ဤကဲ့သို့သော အတွေးမျိုးသည် လူတိုင်း၏ စိတ်၌ ဖြစ်၏ ။ အချို့က ဗြောင်ပြော၏ ။ အချိုက မပြော။ စိတ်ထဲ၌ ထား၏ ။ အချိုကဤကဲ့သို့သော အတွေးမျိုးကို အမှတ်တမဲ့ပင်ထားလိုက်၏ ။ အချို့က ဤကဲ့သို့သော စိတ်မျိုးရှိမှန်းတောင်မသိပေ။
ငါဘာကောင်မှမဟုက်ဘူး … ဟူသော စိတ်ကို ဒဿနပညာရှင် ဂျွန်ဖောင်လေးက Nemo ဟုအမည် ပေး၏ ။ ဂရိစကား ဖြစ်၍ Nobodiness ဟုအဓိပ္ပာယ်ထွတ်သည်။ နတ္တိစိတ်ဟု ဘာသာပြန်လျှင် အနီးစပ်ဆုံး ဖြစ်လိမ့်မည် ဟု ထင်ပါသည်။
စိတ်ပညာပါရဂူဖရွိုက်က လူ၏ စိတ်ကို သုံးပိုင်းပိုင်း၏ ။ အတ္တစိတ်နှင့် အစ်ဒ် တို့အပြင် ၄င်းတို့ကိုထိန်းသိမ်း၍ ဖိနှိပ်ပေးသော မဟာအတ္တတို့ဟူ၍ ဖြစ်ပေသည်။ ဂျွန်ဖောင်လေးက အထက်ဆိုခဲ့ပါ နတ္တိစိတ် (နီမို) သည်ဖရွိုက်၏ စိတ်သုံးပိုင်းအပြင် ထပ်မံထည့်သွင်းရမည် ဖြစ်သော စတုတ္ထစိတ်ဟု ဆိုပါသည်။
ရူပဗေဒတွင် ရုပ်ဆန့်ကျင်ရေး ဓါတ်ကို ကိုရှိနိုင်ကောင်းသည်ဟု ယူဆထားကြသကဲ့သို့ပင် လူ၏ စိတ်တွင် လည်း အတ္တဆန့်ကျင်ရေး ဓါတ်ရှိကြောင်း ဆင်ခြင်ကြည့်ရပါလိမ့်မည် ။ ဤအတ္တ ဆန့်ကျင်ရေး ဓါတ်သည် နီမိုသာ ဖြစ်၏ ။
လူ၏ ရှေးအကျဆုံး ဆန္ဒနှစ် ပါးရှိ၏ ။ ပထမသည် ကာမဆန္ဒ ဖြစ်၍ ဒုတိယသည် မိမိဘ၀ကို လုံလုံခြုံခြုံ ဖြစ်စေချင်သော ဆန္ဒ ဖြစ်၏ ။ စင်စစ်၌ ဤဆန္ဒနှစ် ပါးသည် လူတွင် သာမဟုက်။ အခြားသတ္တ၀ါတို့တွင် လည်း ရှိကြသည် ဖြစ်၏ ။ ထို့ကြောင့် ဆန္ဒနှစ် ပါးသည် လူတွင် သာ သီးသန့်ရှိသော ဆန္ဒများ မဟုက်ပေ။
ငါဘာကောင်မှ မဟုက်ဘူးဟူသော နတ္တိစိတ် (နီမို)မှာ မူ လူတွင် သာ ဖြစ်ပေါ်၏ ။ အခြား သတ္တ၀ါတို့တွင် မ ဖြစ်ပေါ်ပေ။ ဤနီမိုသည် လူတို့၏ စေရာ အင်အား ဖြစ်ကုန်၏ ။ လူယဉ်ကျေးမှု နှင့် လူလူခြင်းဆက်သွယ်ရေး ဖွံဖြိုးစေရာ အင်အား ဖြစ်ကုန်၏ ။ ဤနီမိုသည် နှိုင်းယှဉ်တက်အောင်၊ အမှန်းအဆပြုတက်အောင် လူတို့အား စွမ်းဆောင်နိုင်စေ၏ ။
သို့သော်နီမိုသည် အနုတ်အင်အားသာ ဖြစ်ချေသည်။ ကာမဆန္ဒနှင့် လုံခြုံသော စိတ်ဆီသို့ လူတို့သည်အဆွဲအငင်ခံရ၏ ။ နီမိုဆီသှိုမူ အဆွဲအငင်မခံရပေ။ နီမိုမှသာ မောင်းထုတ်ခံရကုန်သည်။ ထို့ကြောင့် ဆိုခဲ့ပါ စိတ်လေးပိုင်းတွင် နီမိုသည် ရန်သူတစ်ပါး ဖြစ်ချေ၏ ။
ငါဘာမှမဟုင်ဘူးဟူသော စိတ်သည် စင်စစ်အားဖြင့် သူများ နှင့် နှိုင်းယှဉ်၍ ကြည့်ပြီးမှ ပေါ်လာခြင်း ဖြစ်၏ ။ ထို့ကြောင့် ဤစိတ်သည် မိမိ၏ အချည်းအနှီး ဖြစ်မှု ကိုသိခြင်း၊ မိမိသည် အသေးအမွှားနှင့် နားစွန်နားဖျားတွင် တည်နေရခြင်းကိုသိခြင်း၊ မိမိနှင့် နှိုင်းယှဉ်လို့ရတာ ချည်းပါကလားဟု သိခြင်း ဖြစ်ပေသည်။
သို့သော်မည် ကမျှ ငါဘာကောင်မှမဟုက်။ ငါနတ္တိဟူ၍ မ ဖြစ်ချင်ကြပေ။ ထို့ကြောင့် ကျွန်တော် တို့၏ ကျောရိုးထဲတွင် စိမ့်၍ ခံစားထားမိသော နတ္တိဗလာကျင်းမှု ကို ကျွန်တော် တို့က မျက်နှာဖုံးစွပ်ထားရန် အစဉ်ကြိုးစားကြ၏ ။ သို့တည်းမဟုက် ဤဗလာကျင်းမှု ကို `ဖြည့်´ ရန် `ဖို့´ရန် အစဉ်ကြိုးပမ်းကြပါသည်။
မိမိကိုချစ်စေချင်၏ ။ သို့တည်းမဟုက် မုန်းတီးစေချင်၏ ။ ဤသည်မှာ မိမိကို သူများ က သတိရစေလိုခြင်း ဖြစ်သည်။ မိမိမရှိဘူးဆိုတာ မဟုက်ဘူးဟုပြချင်သော အမှတ်အသား ဖြစ်ပေ သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာကို မဖန်တီးနိုင်သော လူများ သည် မုန်းတီးခြင်းကို ဖန်တီးခဲ့ကြခြင်း ဖြစ်ပေသည်။
ကျွန်တော် တို့၌ အားငယ်စိတ်များ ရှိကြ၏ ။ အကောင်သေးထင်သည် ဟုထင်သော စိတ် အစဉ်ရှိကြ၏ ။ တစ်ဖက်၌ ကောက်ကျစ်စဉ်းလဲစိတ်နှင့် မစ္ဆရိယတို့ဖြင့် ကျွန်တော် တို့က အလျှော်ရထားကြပါသည်။ ငါသည်တစ်စုံတစ်ရာသော ပုဂ္ဂိုလ် ဖြစ်သည်ဟု အထင်ရောက်စေချင် ၏ ။ ဤသည်မှာ မိမိတို့၏ အတွင်းစိတ်တွင် အောင်းနေသော နတ္တိစိတ် (နီမို) ကို မျက်နှာဖုံးစွပ်ခြင်း၊ သို့မဟုက်ဖြည့်ခြင်း၊ ဖို့ခြင်းမျှသာ ဖြစ်၏ ။
`တစ်စုံတစ်ရာသော ပုဂ္ဂိုလ်´ ဆိုရာ၌ အယူအဆအမျိုးမျိုး ရှိနိုင်ပါသည်။ ယေဘူယျအား ဖြင့် ဆိုလျှင် မိမိနာမည် ကိုအများ ကသိစေချင်၏ ။ ထို့အတွက်မိမိ၌ ခွန်အား၊ ဉာဏ်အားစသည်ဖြင့် တစ်စုံတစ်ရာ ရှိရပါမည် ။ မိမိ၏ စွမ်းဆောင်ချက်တို့ကို ဥဒါန်းတွင် ကျန်ရစ်အာင်ပြုရပါမည် ။ မိမိကိုသတိရနေကြရပါမည် ။ မိမိကို ချီးကျူးနေကြရပါမည် ။ မိမိကို အားကျနေကြရပါမည် ။ သို့တည်းမဟုက် မုန်းတီးရွံရှာနေကြရပါမည် ။ သို့တည်းမဟုက် လိုလားတောင့်တနေကြရပါမည် ။ ချုပ်လိုက်လျှင် မိမိသည်အဓွန့်ရှည်ရမည် ။ မိမိသည် မိမိခန္ဓာဝန်နှင့် ဤခန္ဓာဝန်၏ ဘ၀ကိုလွန်၍ တိုးချဲ့ရမည် ။ ထို့ကြောင့် တမလွန်ကိုယုံကြည်ခြင်းသည် တစ်စိတ်တစ်ဒေသအားဖြင့် နီမိုကို လှည့်စားရန် ဖြစ်ပေသည်။
နီမိုကို အရေး နိမ့်အောင် ဆောင်ရွက်သော နည်းလမ်းနှစ် သွယ်ရှိပါ၏ ။ ပထမနည်းလမ်းမှာ လိုက်လျောညီထွေပြုခြင်း ဖြစ်၏ ။ ဒုတိယနည်းလမ်းမှာ ဆန့်ကျင်ခြင်း ဖြစ်၏ ။ မိမိကမိမိနေထိုင်သည့် လူအဖွဲ့အစည်းနှင့် လိုက်လျောညီထွေပြုလိုလျှင် အများ က လက်ခံထားသော အောင်မြင်ခြင်းနှင့် ဆိုင်သော သင်္ကေတတို့ကို အသုံးပြုရုံမျှ ဖြစ်၏ ။ ဤသို့အသုံးပြု၍ မိမိသည် တစ်စုံတစ်ရာပုဂ္ဂိုလ်ဟု ထင်ရှားပြနိုင်သည်။
မိမိ၏ နီမိုကို ဆန့်ကျင်သော နည်းဖြင့် တန်ပြန်နိုင်ပါသေး၏ ။ မိမိကိုယ်ပိုင်ထူးခြားသော ဘ၀ဟန်ကို ထူထောင်ရုံ ဖြစ်ပေသည်။ တစ်နည်းဆိုလျှင် စေ့ငုစွာ ထူးခြားအောင်ပြုထားသည် ပြုထားသော မိမိပုဂ္ဂိုလ် မိမိကိုယ်ရည်သွေးကို တည်ဆောက်ပြရန် ဖြစ်လေသည်။ အများ ကိုအန်တု ဖို့ ဖြစ်၏ ။ သူများ မလုပ်သည်တို့ကို လုပ်ပြဖို့ပင် ဖြစ်ပေသည်။
မကြာသေးမီကာလက ပေါ်ပေါက်ခဲ့သော အနုပညာတို့သည် နီမို၏ ဖိအားတို့ဖြင့် ဆောင်ကြည်းခဲ့ကြ၏ ။ ပင်ကိုထူခြားသော ဟန်တို့ကို အပူတပြင်းကြိုးပမ်းရှာဖွေခဲ့ကြ၏ ။ မည် သည့် အခြေအနေအထိ ရောက်ရှိခဲ့သနည်းဆိုမူ အတွင်းအနှစ် သာရကို စွန့်ပစ်ပြီး ဟန်သစ်တို့ကို သဲသဲမဲမဲရှာဖွေကြသည်အထိ ဖြစ်ခဲ့ပေသည်။ အချို့သော ပါရမီရှင်တို့ကမူ အတွင်းအနှစ် သာရ လည်းထက်မြက်အောင်၊ ဟန်သစ်လည်းရရှိအောင် တီထွင်နိုင်ကြပါ၏ ။ သို့ရာတွင် ပါရမီနည်းပါး ကြသော အနုပညာရှင်တို့ကြောင့် မျက်မှော က်ခေတ်အနုပညာလောက တွင် ဟန်သစ်တွေ သာ ပွထလာခဲ့ပေသည်။ အနှစ် သာရကား ခေါင်းပါးလှသည်။ အနုပညာသည်တို့သည် တစ်ခါကဗဟို အလယ်အရပ်ဆီသို့ ပြေးလွှားခဲ့ကြ၏ ။ ယခုမူ အဖျားဆီသို့ ပြေးလွှားနေကြသည်။ အကျိုး သက်ရောက်မှု ကား ဟန်ဟောင်းတို့ကိုပင် ဟန်သစ်လုပ်နေကြခြင်း ဖြစ်လေ၏ ။ ဤအချက် သည်အကောင်းဘက်အကျိုးပြုသည်ဟု ဆိုသော်ဆိုနိုင်ပါသည်။
သို့ရာတွင် နီမိုကြောင့် အနုပညာဘက်တွင် အဆိုးတရားများ လည်းပေါ်ပါ၏ ။ တီထွင်ဖန်တီး ထားသော အရာမှာ နာမည် ခံပြီးနာမည် ကြီး စာရေး ဆရာတို့၏ ဟန်တို့ကိုတုပရေး သားသော အနုပညာလက်ရာများ (သို့တည်းမဟုက်) ဟိုမှ သည်မှ စပ်၍ ဆယ့်နှစ် မျိုးချင်းသုပ်ကဲ့သို့ ပြုထားသော အနုပညာ လက်ရာများ ထွန်းကား နေခြင်းကိုညွှန်ပြအပ်ပါသည်။ ဤသည်တို့သည် နီမိုကို သတ်ခြင်းပင် ဖြစ်၏ ။ (ငါ ဘာကောင်မှ မဟုက်ဟူသော စိတ်ကိုပင်သတ်လို၍ တစ်နည်း ဆိုလျှင် ငါသည်တစ်စုံတစ်ရာသော ထူးခြားသော ပုဂ္ဂိုလ်ဟု ထင်ပေါ်လို၍ သူများ ထက်ထူး သော ဟန်တို့ကို သဲသဲမဲမဲ ရှာဖွေကြခြင်းကို ဆိုလိုပါသည်။)
ရိုမင်တစ်နှင့် ရိုမင်တစ်ခေတ်လွန်အနုပညာတို့သည် နီမိုကို စိုးရိမ်ရာမှ ထွန်းကားလာခြင်း ဖြစ်သည်။ ငါဘာမှမဟုက်ဘူးဟုဆိုခြင်းသည် မဟုက်ကြောင်းပြလို၍ ကိုယ်ပိုင်ဟန်များ ရှာဖွေခဲ့ ကြ၏ ။ ရိုမင်တစ်ဝါဒီသည် ကိုယ်ပိုင်ဟန်ကိုယ်ပိုင်ဟန်ကို ခြိမ်းခြောက်ခံရခြင်းမှ ထွတ်ပြေးခြင်း ဖြစ်ပေသည်။
ယခုအခါဤကြီးမားသော အနုပညာလက်ရာတို့ကို အလွယ်တကူတွေ့ နေကြ၏ ။ မိမိ ကိုယ်ကိုအကောင်သေးသည်ဟု ထင်သမျှ၌ မိမိ၌ တီထွင်ဖန်တီးနိုင်သော အင်အားနည်းပါးသည် ဟုလည်းထင်စရာရှိ၏ ။ ထို့ကြောင့် ကျွန်တော် တို့သည် အချည်းနှီး ဖြစ်သော ဟန်သစ်၊ ဖက်ရှင်သစ်တို့မှတစ်ဆင့် လွတ်မြောက်ဖို့ကြိုးပမ်းနေကြပေသည်။ မီးလောင်နေသော တိုက်အိမ်ထဲ ၌ ပိတ်မိနေသော ကလေးသူငယ်တစ်ဦးကဲ့သို့ တွေ့ ကရာထွက်ပေါက်တိုင်းမှ ကျွန်တော် တိုသည် အတင်းတိုးထွက်နေကြကုန်သည်။
လူဦးရေတစ်နေ့တခြား တိုးပွားလာသည်နှင့် အမျှ နီမိုကို အောင်နိုင်သူဦးရေသည်လည်း တိုးပွားလာစရာရှိပါသည်။ သူတို့၏ အောင်မြင်မှု တန်ဖိုးသည် မည် သို့ရှိသည်မှာ အရေး မကြီးလှပါ။ အော့(စ်) ဝေါလ်သည် သမ္မတကနေဒီကို လုပ်ကြံသတ်ဖြတ်ခြင်းပင်။ သူ့ကိုသတိရနေအောင် သူနှင့် အသတ်ခံရသူတို့အား အများ တကာက အတူတကွ သတိရနေကြရအောင် ပြုခြင်း ဖြစ်၏ ။ ငါ ဘာကောင်မှမဟုက်ဘူးဆိုသော စိတ်ကိုဖျက်ဆီးပြပစ်လိုက်ခြင်း ဖြစ်ပေသည်။
လူတို့သည် မိမိတို့၏ နီမိုကို သုတ်သင်ဖျတ်ဆီးပစ်လိုသော ဆန္ဒဖြင့် ကျော်ကြားသူများ နှင့် အောင်မြင်သူများ တို့ကို ထောပနာပြု၍ ချီးကျူးကြခြင်း ဖြစ်၏ ။ ရုပ်ရှင်မင်းသား မင်းသမီးစာရေး ဆရာစသည်တို့ကို ကြည့်ချင်မြင်ချင်၍ ချီးကျူးလိုခြင်းမှာ လူထုအများ ၏ နီမိုမှ ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။
နီမိုသည် ပညာထက်အတန်းအစား၌ ပို၍ အားကောင်း၏ ။ ပညာနည်းသူ အတန်းအစား တွင် အလွန်နည်း၏ ။ ထို့ကြောင့် ပညာရေး အဆင့်အတန်းမြင့်လာသည် နှင့် အမျှနီမိုသည် အားကောင်းလာဖို့ရှိပါသည်။ ထို့အပြင် လူဦးရေတိုးပွားလာလျှင်လည်း နီမိုသည် အင်အားကြီး လာဖို့ရှိ၏ ။ ကျွန်တော် တို့သည် ကျယ်ဝန်းသော အပြင်အပလောက၌ နီမိုကို သုတ်သင်ရန် ခက်
သည်ထက်ခက်လာ၏ ။ ထို့ကြောင့် ကျွန်တော် တို့သည် မိမိ၏ ကိုယ်ပိုင် ကမ္ဘာကျဉ်းလေးထဲတွင် အာရုံစူးစိုက်ပြီး နီမိုကို ဆန့်ကျင်ပြကြရသည်။ မိတ်ဆွေသူငယ်ချင်းလေးများ ကြား၌ လည်းကောင်း၊ ဆွေမျိုးများ ကြား၌ လည်းကောင်း၊ လုပ်ဖော်ကိုင်ဖက်များ ကြား၌ လည်းကောင်း နီမိုကို အရေး နိမ့် အောင်ကြိုးပမ်းကြရသည်။ ဂေါက်သီးကွင်းတွင် မိမိကသူများ ထက် ထူးချွန်သည်၊ ခြံဝင်း၌ မိမိနှင်းဆီ မျိုးကပိုမိုကောင်းမွန်သည် စသည်ဖြင့် အစွမ်းပြနိုင်သလောက် အစွမ်းပြခြင်းဖြင့် မိမိ၏ နီမိုကို သုတ်သင်ပြရသည်။
မည် သို့ပင်ဆိုစေ နီမိုကိုဆန့်ကျင်ရန် အသုံးအပြုဆုံး ကွန်းခိုစခန်းသည်ကား အိမ်ထောင်၊ အိမ်ထောင်စုနှင့် မိမိအိမ်ပင် ဖြစ်ပေသည်။ အိမ်၌ ဗိုလ်ကျပြသည်မှာ နီမိုကိုသတ်ခြင်းတစ်မျိုးပင် ဖြစ်၏ ။ မိန်းမ ဖြစ်စေ၊ ယောက်ျား ဖြစ်စေ သစ္စာမှု ပေါ်သည်မှာ လည်း နီမိုပြဿနာကြောင့် ပင် ဖြစ်ပေသည်။
သာမန်လူတို့သည် ထင်မြင်ချက်တွေ ပေါလွန်းလှသော ခေတ်တွင် နေရသဖြင့် မွန်းကျပ်နေ၏ ။ မိမိကိုယ်တိုင် ကိုယ်ပိုင်ဆုံးဖြတ်ချက်ချမှတ်ရန်လည်းကောင်း၊ မိမိတို့ကိုယ်တိုင် လွတ်လပ်စွာ ဆောင်ရွက် နိုင်ရန်လည်းကောင်း ခက်နေ၏ ။ တာဝန်စိတ်တို့သည် လည်းခေါင်းပါး လာရ၏ ။ မြို့ကြီးတို့တွင် လူဦးရေ များ ပြားသလောက် မြို့ကြီးသားဟူ၍ ထူးထူးခြားခြားသိသည့် အခြေသည်လည်း လျော့ပါးလာပေသည်။ နီမိုသည်အားကြီး၍ လာချေ၏ ။
အသို့ပင် ဖြစ်စေ နီမိုသည်လူအတွက် မရှိမ ဖြစ်လိုအပ်၏ ။ လူ၏ တည်မြဲမှု သည် မညီမျှပါကလားဟူသော အသိမှပေါ်ပေါက်လာသော အကျိုးစိတ် ဖြစ်၏ ။ နီမိုတွင် မကောင်းကျိုးရှိ သကဲ့သို့ ယင်းကိုကုစားရန် အင်အားလည်းရှိပါ၏ ။ နီမိုသည် အတ္တကဲသို့ပင် ဆင့်ကဲ ဖြစ် ပေါ်လာသော အင်အား ဖြစ်၍ အမှန်တကယ် လိုအပ်ကုန်၏ ။
အတ္တသည် ငါဘာလဲဟူသော ဧကန်သဘောတရားကို ပြော၏ ။ နီမိုကား ငါဟာအရာ မဟုက်ဟူသော ဖြစ်နိုင်ဖွယ်ရာ အလားအလာတရားကိုပြောသည်။ အခြားအင်အားတို့ကို ကျွန်တော် တို့က အသုံးပြုနိုင်သကဲ့သို့ နီမိုကိုအသုံးမပြုခြင်းကြောင့် ကျွန်တော် တို့သည် နီမို၏ ခြိမ်းခြောက်ခြင်းကိုအစဉ်ခံနေရသည်။ ရှေးအတီတေခေတ်က လူတို့သည် လျှပ်စီးလက် သည့်အခါထိတ်လန့်ကြောက်ရွှံ့ ကြသကဲ့သို့တူလှသည်။ နီမိုသည် လျှိုဝှတ်စွာ ရှိသော ပုံသဏ္ဌာန် ဖြစ်နေ၍ ကျွန်တော် တို့သည် ဤပုံသဏ္ဌာန်မှ အလန့်တကြားထွတ်ပြေးလျက်ရှိလေ၏ ။ စင်စစ်၌ ဤပုံသဏ္ဌာန်တွင် ကြောက်ရွံ့စရာမရှိပါ။ ကျွန်တော် တို့၏ ကြောက်ရွံ့ခြင်းတွင် သာ ကြောက်ရွံ့ စရာရှိနေခြင်း ဖြစ်ပါသည်။
ကျမ်းကိုး - The Aristos by John Fowles
အတွေးအမြင် (၄)၊ ဧပြီ၊ ၁၉၈၅။
ဘာသာစကားသည် လူတိုင်းပြောနေကျ ဖြစ်၍ မည် ကဲ့သို့ ဖြစ်ပေါ် တိုးတက်လာခဲ့သည်ဆို သော အချက်သည် တကယ်ပင်စိတ်ဝင်စားဖို့ မကောင်းတော့ပါ။ သို့သော် လူသည် မျောက်မှ ဆင်းသက်လာခဲ့သည်ဆိုသော ဆင့်ကဲ ဖြစ်ပေါ်မှု သဘောတရားသည် အခိုင်အမာတည်မြဲလျက်ပင် ရှိနေသေးသော အခြေအနေတွင် လူတို့ပြောနေကြသော ဘာသာစကားသည် တိရစ္ဆာန်ခြင်းချင်း ဆက်သွယ်မှု မှ ဆင့်ကဲ ဖြစ်ပေါ်လာပါသလောဟူ၍ ပြဿနာကိုဖော်ထုတ်စစ်ဆေး ကြည့်ြုပန်တော့ လည်းတစ်မျိုးစိတ်ဝင်စားဖို့ကောင်းလာပြန်၏ ။ ဤမျှလောက်သာ တင်ပြပါလျှင် ပြဿနာကို သေးသိမ်စေပါသည်။ နှိုက်နှိုက်ချွတ်ချွတ်၊ လေးလေးနက်နက်၊ အနုလုံ ပဋိလုံ တွေးတောဆင်ခြင် ကြည့်ပါမူ ဤအပိုင်းနှင့်ဆိုင်သော ဘာသာစကားပြဿနာသည် အလွန်အရေး ကြီးသော ကောက်ချက်စီသို့ညွှန်းနေပါ၏ ။
ဘာသာစကားသည် ဆင့်ကဲ ဖြစ်ပေါ်မှု သဘောအရ ပေါ်ပေါက်ခြင်းလော၊ သို့တည်းမဟုက် ဆင့်ကဲ ဖြစ်ပေါ်မှု မရှိဘဲ လူတို့အတွက်တသီးတခြား တစ်မူထူးခြား၍ သစ်ဆန်းပေါ်ပေါက်ခြင်း ပေလောဟူ၍ ဘာသာသိပ္ပံပညာရှင် တို့ကြားတွင် မကြာသေးမီက အငြင်းပွားခဲ့ကြ၏ ။
`တိမ်နှင့် နာရီများ ´ ခေါင်းစဉ်နှင့် ဟောပြောချက်တွင် အမေရိကန်သိပ္ပံပညာရှင် ကားလ်ပေါ့ပါး က လူတို့၏ ဘာသာစကားသည် တိရစ္ဆာန်တို့၏ ဆက်သွယ်မှု သဘောတရားမှ ဆင့်ကဲ ဖြစ်ပေါ်လာခဲ့သည်ဟု အဆိုအမိန့်ပြုခဲ့သည်။ အထောက်အထားအနေဖြင့် ဘာသာစကား သည်ခံစားမှု ကိုဖော်ထုတ်ရာအဆင့် (အနိမ့်ဆင့်)မှ တွေးခေါ်ခြင်းကို ဖော်ထုတ်ရာအဆင့် (အမြင့်အဆင့်)သို့ ဆင့်ကဲကူးပြောင်းလာကြောင်းကိုပြသည်။ ဤအဆင့်နှစ် ဆင့်သည် တစ်ဆင့်မှ တစ်ဆင့်သို့ အစဉ်မပြတ်ဘဲ ဖြစ်ပေါ်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ `ပေါ့ပါး´၏ အဆင့် နှစ် ဆင့် သဘောတရားကို လက်ခံနိုင်ကြသည်သည့်တိုင်အောင် အနိမ့်ဆင့်မှ အမြင့်ဆင့်သို့ ဖြစ်ပေါ်ရာ၌ အဆက်ပြတ်ခြင်းမရှိဟူသော အချက်၌ ကား လက်ခံနိုင်ရန် အလွန်ခက်ခဲနေကြ ပါသည်။ လက်တွေ့ စမ်းသတ်ကြည့်ရာ၌ ခံစားမှု အဆင့်နှင့် တွေးခေါ်ခြင်းအဆင့်နှစ် ခုကြားတွင် မသေး လှသော ကွာဟမှု ကြီး ရှိနေသည်ကို တွေ့ ကြရသည်။
ကားလ်ပေါ့ပါး၏ ဆင့်ကဲ ဖြစ်ပေါ်မှု သဘောတရားကို ထောက်ခံသူတစ်ဦးမှာ ဘာသာနှင့် မနုဿဗေဒပညာရှင် ထော်ဖီ ဖြစ်၏ ။ လူတို့၏ ဘာသာစကားသည် တိရစ္ဆာန်ဆက်သွယ်မှု မှ ဆင့်ကဲ ဖြစ်ပေါ်ခဲ့သည်ဟုဆိုလျှင် မည် သည့်တိရစ္ဆာန်အမျိုးအစားမှ ဆင့်ကဲ ဖြစ်ပေါ်လာခြင်း ဖြစ်သ နည်းဟုအမေးထွက်လာပါ၏ ။ ထော်ဖီက အသံတို့ကို အတုခိုးနိုင်သော သတ္တ၀ါတို့မှ လူတို့၏ ဘာသာစကားသည် ဆင့်ကဲ ဖြစ်ပေါ်တိုးတက်လာသည်ဟု ကောက်ချက်ချ၏ ။ ဤသတ္တ၀ါမှာ လည်း ငှက်တို့သာ ဖြစ်ရကား ငှက်တို့ဆက်သွယ်မှု မှ လူတို့၏ ဘာသာစကားသည် ဖြစ်ပေါ်တိုးတက်လာခဲ့ ရသည်ဟုဆိုပါသည်။
ထော်ဖီ၏ အဆိုအရ တိရစ္ဆာန်တို့၏ ဆက်သွယ်မှု နှင့် လူတို့၏ ဘာသာစကားတို့တွင် တူညီ သော ဂုဏ်သုံးပါးရှိသည်။ ၎င်းတို့မှာ ရည်ရွယ်ချက်ရှိခြင်း၁၁၊ ဖွဲ့ထုံးရှိခြင်း၁၂ နှင့် အဆိုပြုချက် ရှိခြင်း၁၃တို့ ဖြစ်ကြ၏ ။ လူတစ်ဦးက စကားပြောဆိုရာတွင် မိမိဆိုလိုရာကို အခြားသူတစ်ဦးထံ ရောက်ရှိသွားစေပြီး ထိုသူ၏ အပြုအမှု ၊ ထိုသူ၏ အတွေးအခေါ်နှင့် အခြေအနေ၊ တစ်ပါးအပေါ်တွင် ထိုသူ၏ ထားရှိသော ယေဘုယျသဘောထားကို ကျေးဇူးပြု၍ ပြောင်းလဲသွားစေရန် ရည်ရွယ် ရာ၏ ။ လူ၏ စကား၌ ဖွဲ့ထုံးရှိသည်ဟုဆိုသည်မှာ စကားသည် အတွင်းအဖွဲ့စည်းမှု နှင့် ညီညွတ်မှု ရှိ သော လုပ်ဆောင်မှု တစ်ပါး ဖြစ်ခြင်းကို ဆိုလိုသည်။ လူ၏ စကား၌ အဆိုပြုချက်ရှိသည်ဟု ဆိုရာ၌ သတင်း၁၄ တစ်ပါးပါးကို ကူးဆက်ပေးခြင်းကို ဆိုလိုသည်။ လူ၏ စကားနှင့် တိရစ္ဆာန်ဆက သွယ်မှု တို့တွင် ဖော်ပြပါ ဂုဏ်သုံးပါးစလုံးရှိကြသည် ဖြစ်၍ လူတို့၏ ဘာသာစကားသည် တိရစ္ဆာန်ဆက် သွယ်မှု မှ ဆင့်ကဲ ဖြစ်ပေါ်လာသည်ဟု ယူဆစရှိသည်ဟု ထော်ဖီက ပြောဆိုပါသည်။
သာဘာဝသိပ္ပံပညာရှင်တို့က ထော်ဖီ၏ ကောက်ချက်ကို ပြည့်စုံသည်ဟု မဆိုကြပါ။ ဂုဏ် သုံးပါးတူရုံမျှဖြင့် တစ်ခုမှတစ်ခုသို့ ဆင့်ကဲ ဖြစ်ပေါ်တိုးတတ်ခဲ့သည်ဟု မယူဆနိုင်ပါ။ ဂုဏ်တော် သုံးပါးတူညီရုံရှိ၍ သဘောအားဖြင့် တူညီသည်ဟု ဆိုရုံသာ အများ ဆုံး ပြောနိုင်စရာရှိပါသည်။ ဆိုခဲ့ ပါ ဂုဏ်ရည်သုံးပါးသည် ဘာသာစကားတွင် သာမက လမ်းလျှောက်ခြင်း၁၅၌ ပင် ရှိနိုင်သေးသည် ဟု ဆိုကြပါသည်။ လမ်းလျှောက်ရာ၌ တစ်နေရာရာရောက်ရှိရန် ရည်ရွယ်ချက်ရှိ၏ ။ လမ်းလျှောက် ခြင်းသည် ခြေထောက်နှစ် ချောင်းပေါ် မူတည်၍ လျှောက်ရသည်ဆိုသော အတွင်းအဖွဲ့စည်းမှု သဘောရှိပြီး တစ်လှမ်းပြီး နှစ် တစ်လှမ်းလှမ်းသည့် သဘောလည်း ရှိ၏ ။ (လူတို့၏ အပြုအမှု တို့တွင် အစဉ်အတိုင်း ပြုလုပ်လေ့ရှိသော စရိုက်ရှိကြောင်း၁၆ကို ခေတ်သစ်စိတ်ပညာရှင်တို့က အထူးဂရုပြု ၍ လေ့လာကြပါသည်။)
ထို့ကြောင့် လမ်းလျှောက်ခြင်း၌ ဖွဲ့ထုံးရှိ၏ ။ မိမိက မြန်မြန်လျှောက်သွားသည်၊ စိတ်စော၍ လျှောက်သွားသည်ကို အခြားသူအမြင်လျှင် မိမိ၏ ရည်ရွယ်ချက်ကို တစ်ပါးသူအား တစ်ဆင့်ပြောပြ နေသည်လည်း တူပေလိမ့်မည် ။
ဆိုလိုသည်မှာ ဆိုခဲ့ပါ ဂုဏ်ရည်သုံးပါသည် တိရစ္ဆာန်ဆက်သွယ်မှု နှင့် လူတို့၏ ဘာသာ စကားတို့တွင် သာရှိသည်မဟုတ်။ အခြားခြားသေားလူတို့၏ အပြုအမှု တို့တွင် လည်း ရှိကြသည် ဖြစ် ၍ တိရစ္ဆာန်ဆက်သွယ်မှု ၊ လူတို့၏ ဘာသာစကားသည် ဆင့်ကဲ ဖြစ်ပေါ်ခဲ့သည်ဟု ဆိုနိုင်ရန် ခက်ခဲ နေခြင်း ဖြစ်ပါသည်။
လူတို့က ဘာသာစကားကို အသုံးပြုသည်မှာ သတင်းအတွက်၁၇ သာ ဖြစ်သည်ဆိုသော ထော်ဖီ၏ အဆိုပြုချက်ကို အမေရိကန်ဘာသာသိပ္ပံပညာရှင် ချုံးမ်စကီး၁၈က ဝေဖန်ပါသည်။ ရည် ရွယ်ချက်အရ ဖြစ်စေ၊ လက်တွေ့ သဘာရ ဖြစ်စေ၊ သတင်းအလို့ငှာ လူတို့က ဘာသာစကားကို အသုံးပြုကြသည်ဆိုသော အချက်မှာ အလွယ်ပြောလွန်းသည်ဟု ဆို၏ ။ ဘာသာစကားသည် သတင်းအလို့ငှာသာမဟုတ်ပါ။ တစ်ပါးသူကို လိမ်လည်ရန်သော်လည်းကောင်း၊ မိမိ၏ အတွေး အမြင်ကို ရှင်းလင်းရန်သော်လည်းကောင်း၊ သို့ တည်းမဟုတ် အပျော်ပျက်အနေနှင့် သော်လည်း ကောင်း ဘာသာစကားကို အသုံးပြုနိုင်ကြပါသည်။ မည် သည့်ရည်ရွယ်ချက်မှ မရှိဘဲနှင့် လည်း ဘာသာစကားကို အသုံးပြုခြင်းများ ရှိတတ်ပါသည်။
ချုံးမ်စကီးသည် ဘာသာစကားသည် တိရစ္ဆာန်ဆက်သွယ်မှု မှ ဆင့်ကဲ ဖြစ်ပေါ်သည်ဆိုသော သဘောတရားကို ဆန့်ကျင်ပြောဆို၏ ။ ဆင့်ကဲ ဖြစ်ပေါ်မှု သဘောကို ဘာသာစကားလေ့လာရာတွင် သွတ်သွင်းခြင်းကိုပင် အချည်းနှီးဟု သူက ဆိုပါသည်။ အကြောင်းမှု လူတို့၏ ဘာသာစကားသည် လူတို့အတွက်သာ သီးခြင်းဂုဏ်ထူးဖြင့် တစ်မူခြား၍ ပေါ်ခြင်း၁၉ ဖြစ်သော ကြောင့် ဖြစ်ပေသည်။ တိရစ္ဆာန်လောကနှင့် ခိုင်လုံသော အဆက်အစပ်ရှိသည်မဟုတ်လေသော ကြောင့် ဘာသာစကား သည် လူ့ဘောကတွက် သစ်ဆန်းပေါ်ပေါက်မူတစ်ရပ် ဖြစ်သည်ဟု ဆိုပါသည်။ သို့ အားဖြင့် ဘာသာ သိပ္ပံလောကတွင် ဆင့်ကဲ ဖြစ်ပေါ်မူသဘောတရားနှင့် သစ်ဆန်း ဖြစ်ပေါ်မှု သဘောတရားက အပေါ် စီးရနေပါသည်။
ဘာသာသိပ္ပံပညာရှင်တို့ကြား၌ ထိပ်တန်းတက်ပြီး၏ အငြင်းပွားလျှက် ရှိသော ပြဿနာ တစ်ရပ်ကားရှိသေး၏ ။ ၎င်းမှာ ဘာသာစကားကို ရယူခြင်း၂၀ ကိစ္စ ဖြစ်၏ ။ ယခုအခါ၌ ဘာသာ စကားတို့သည် ပြည့်ပြည့်စုံစုံရှိနေပြီ ဖြစ်လေရာ ကလေးငယ်တစ်ဦးသည် သူ၏ မိခင်စကားကို တတ်မြောက်လာမည် သာ ဖြစ်၏ ။ဤအချက်ကိုဆန့်ကျင်၍ သက်သေထူနိုင်ရန်အလို့ငှာ မွေးကင်းစ လူငယ်တစ်ဦးအား လူ့ပတ်ဝန်းကျင်နှင့် ဝေးရာအရပ်တွင် တသီးတခြား ထားကြည့်၏ ။ အချိန်တန် လာ သော အခါထိုကလေးသည် ဘာသာစကားကို မတတ်မြောက်စေကာမူ ဘာသာစကား နှင့်တူသော လက်ဟန်ခြေဟန်နှင့် နှုတ်အမူအရာ၂၁တို့ကိုတတ်မြောက်နေ၏ ။ လက်ဟန်ခြေဟန် ကိုယ်နှုတ် အမှု အရာတို့မှာ ဘာသာစကားနှင့် တူသော သင်္ကေတများ သို့ တည်းမဟုတ် ဘာသာ စကားမတိုင်မီ သင်္ကေတများ ၂၂ ဖြစ်ကြသည်ဟု အသိမှတ်ပြုကြသည်။ ထိုကလေးအား လူ့ပတ်ဝန်း ကျင်ထဲ ပြန်လည်ခေါ်လာသော အခါ ၎င်းသည် သက်ဆိုင်ရာ မိခင်စကားကို ခဏလေး နှင့် တတ်မြောက်လာသည်ကို လက်တွေ့ စမ်းသပ်၍ သိရပါသည်။ ထိုအထောက်အထားကို အခြား သော အချက်များ နှင့် ပေါင်းစပ်၍ တွေ တာကာ လူ၌ ဘာသာစကားကို ရယူနိုင်သော မွေးရာပါစွမ်း ရည်၂၃ ရှိသည်ဟု ကောက်ချက်ချကြပါသ်ည်။
လူတို့၏ စိတ်ဖွဲ့စည်းပုံတွင် ၂၄ဘာသာစကားကို ရယူနိုင်သော မွေးရာပါ အစွမ်းရှိလေရာ ဘာသာစကားကိုလေ့လာလျှင် လူ၏ စိတ်အကြောင်းကို အသေးစိတ်သိနိုင်သည်ဟု ကောက်ချက် ဆွဲကြ၏ ။ ထိုကောက်ချက်ကိုအခြေခံလျက် ဘာသာစကားလေ့လာမှု ကို စိတ်ပညာ၏ တစ်ကြိမ် တစ်ဒေသအ ဖြစ် သတ်မှတ်ခြင်းလည်း ရှိလာပါသည်။ ဘာသာစကားအကြောင်းလေ့လာမှု သည် လေးနက်၍ နှိုက်နှိုက်ချွတ်ချွတ် ဖြစ်လာသည်နှင့် အမျှ လူ၏ စိတ်ဖွဲ့စည်းပုံကို အသေးစိတ် သိနိုင် စရာအကြောင်းရှိလာသည်ဟု ဆိုကုန်၏ ။
လူ၏ ရုပ်ဘ၀အကြောင်းကို ခေတ်သစ်သိပ္ပံပညာရှင်တို့က နက်နက်နဲနဲ ကျယ်ကျယ်ပြန့်ပြန့် လေ့လာနိုင်ကြစေကာမှု စိတ်အကြောင်း နာမ်အကြောင်းတို့ကိုကား ဂဃနဏ မသိကြသေးဟု တညီအညွတ်တည်းနီးပါး ပြောဆိုနေကြ၏ ။ စိတ်အကြောင်း၊ နာမ်အကြောင်းတို့ကို ဘာသာရေး ရှုထောင့်မှ လေ့လာကြသကဲ့သို့ ဘာသာစကား၏ သဘာဝကို ဇာစ်ဇာစ်မြစ်မြစ် လေ့လာနိုင်လျှင် စိတ်အကြောင်း၊ နာမ်အကြောင်းတို့ကို သဘာဝဇာစ်ဇာစ်မြစ်မြစ်သိနိုင်သည်ဟု အဆိုပြုချက် တို့လည်း ယခုအခါခေတ်စားလျက်ရှိသည်။ အချို့သော ဘာသာသိပ္ပံပညာရှင်တို့က ဤသို့ သော အဆိုစကားသည် လူမှု ရေး နှင့် ယဉ်ကျေးမှု အခြေအနေတို့ကို လျစ်လျူရှုစဉ်းစားရန် ဖြစ်၍ တစ်ဖက် သက်ကျသည်ဟု ဝေဖန်ပြောဆိုကြပါသည်။
ရှေးဟောင်းသဒ္ဒါဆရာကြီးတို့က လူ၏ ဘာသာစကား အသုံးပြုမှု သည် ကန့်သတ်ချက်ရှိ သည်ဟု ဆိုခဲ့ကြ၏ ။ ပဒေသစုံနိုင်သည် ကားမဟုတ်သဒ္ဒါအဆက်အစပ်၂၅ နှင့် သဒ္ဒါအခြေခံအစိတ် အပိုင်းတို့သည်လည်းကောင်း၊ လူ၏ တွေးအမြော်မြင်ပုံ၂၆နှင့် စိတ်အခြေ၂၇ တို့သည်လည်း ကောင်း၊ ဘာသာစကားများ စွာ တို့တွင် အခြေခံအားဖြင့် မပြောင်းလဲ တည်မြဲစွာ ရှိကြ၏ ။ ထိုသို့ မပြောင်းလဲဘဲ ရှိသော သဘောတို့ကို ၀ိဘတ်ပစ္စည်းသွယ်ပုံ၂၈ ပြောင်းလဲခြင်းဖြင့် ဖြစ်စေ၊ စကားလုံးအထားအသို၂၉ ပြောင်းလဲခြင်းဖြင့် ဖြစ်စေ၊ ဘာသာစကားတို့တွင် ပုသဏ္ဍာန်များ စွာ ရှိနိုင်ပါသည်။ အဓိကအားဖြင့် ကား ဘာသာစကားတို့သည် အနည်းငယ်မျှသာ ပြောင်းလဲမှု ရှိ။
ဤအဆို စကားကို ဂျာမန်ဘာသာသိပ္ပံပညာရှင် ၀ီလျံဟမ်းဘိုးလ်၃၀က ဝေဖန်တိုက်ခိုက်၏ ။ ၎င်းက လူတို့၏ ဘာသာစကားအသုံးပြုမှု သည် အဆုံးအစမရှိ မြားမြောင်လှ၏ ။ လူ၏ ဘာသာ စကားသည် ဆုံးသည်ဟူ၍ မရှိ။ ပဒေသစုံလှ၏ ။ ထို့ကြောင့် ဘာသာစကား၌ အနည်းငယ်မျှသာ ပြောင်းလဲသည်ဆိုသည်မှာ မမှန်ဟု ပြောဆိုပါသည်။ ဟမ်းဘိုးလ်၏ သြဇာသည် ဘာသာသိပ္ပံလော ကတွင် အလွန်ကြီးမားပါသည်။ မည် မျှအထိကြီးမားသနည်းဆိုမှု ရှေးဟောင်းသဒ္ဒါ ကျမ်းတို့သည် ပင် ခေတ်မရှိတော့သည်အထိ ဖြစ်သွာခဲ့သည်။
အမေရိကန်ဘာသာသိပ္ပံပညာရှင် ချုံမ်စကီးသည် ရှေးဟောင်းသဒ္ဒါသဘောတရားနှင့် ခေတ်သစ်ဒ္ဒါသဘောတရားတို့ကို ပေါင်းစပ်လိုက်ကာ သူ၏ သဒ္ဒါကျမ်းသီအိုရီကို တီထွင်သည်ဟု ဆိုလာပါသည်။ ၎င်း၏ ဘာသာသိပ္ပံကျမ်းသည် အလွန်ခေတ်စားလျက်ရှိ၏ ။ ၎င်း၏ ဘာသာစကား တွင် နက်သော ဖွဲ့စည်းမှု ၃၁ နှင့် အပေါ်ယံမျက်နှာပြင်ဖွဲ့စည်မှု ၃၂ တို့ဟူ၍ နှစ် ပိုင်းရှိ၏ ။ ဘာသာ စကားတို့၏ နက်သော ဖွဲ့စည်းမှု ပိုင်းတွင် မှု အပြောင်းအလဲများ စွာ ရှိသည်ဟု ထောက်ပြထားပါ သည်။
ချုံမ်စကီးသည် ဟမ်းဘိုးလ်၏ အယူအဆတို့ကို ဆန့်ကျင်စေကာမှု အယူအဆတစ်ရပ်ကိုမူ လက်ခံကြိုဆို၏ ။ ဟမ်းဘိုးလ်က လူသည် ဘာသာစကားကို တကယ်တမ်းအားဖြင့် အပြင်ပန်းမှာ သင်အံယူသည်မဟုတ်။ အတွင်းပိုင်း၃၃မှ ဖြစ်ပေါ်လာ၍ ဖွံ့ဖြိုးခြင်းသာ ဖြစ်သည်ဟုဆို၏ ။ အတွင်း ပိုင်းဆိုသော ကဏ္ဍကို ယူပြီးသကာလ ဘာသာစကားရယူမှု သည် မွေးရာပါ သဘောရှိသည် ဆိုသော သီအိုရီကို ဖော်ထုတ်ခဲ့ပါသည်။
လူသည် ဘာသာစကားကို ပြောဆိုနေသည်မှာ သဒ္ဒါကို မွေးထုတ်မျိုးပွားနေခြင်းသာ ဖြစ်၏ ။ ထို့ကြောင့် သဒ္ဒါကို မွေးထုတ်နိုင်သော အရည်းအချင်းမှာ လည်း လူ၏ စိတ်မပြုနိုင်ပေ။ သဒ္ဒါကို မွေးရာပါကဏ္ဍ ဖြစ်သည်ဟု ဆိုပါသည်။ ဤမည် သော ဖွဲ့စည်းပုံတွင် ရှိသော ဘာသာစကားကို ရယူ နိုင်သော တစ်နည်းဆိုလျှင် သဒ္ဒါကိုမွေးထုတ်နိုင်သော မွေးရာပါစွမ်းရည်သည် မည် သို့ ဖြစ်ပေါ်လာ သနည်းဆိုသော ပြဿနာကိုမူသုတေသန အသေးစိတ်ပြုရဦးမည် ဟု ဆိုပါသည်။
ဘာသာစကားတွင် လောကသမုတိ ဖြစ်သော အရာများ ၃၄ရှိ၏ ။ ဤသို့ သော လောကသုံး အခြေခံများ ကိုအကြောင်းပြုလျက် ဘာသာစကားအားလုံးနှင့် အကျုံးဝင်သော ကမ္ဘာသုံးထွေထွေ သဒ္ဒါကြီး၃၅ တစ်အုပ်ကို ပြုစုလျှင် ဖြစ်နိုင်ဖွယ်ရာရှိ၏ ။ ယခုအချိန်၌ သချာင်္ဘာသာသိပ္ပံ၃၆ဟူ၍ ပေါ် ထွန်းလျက်ရှိပါသ်ည်။ ထိုမှ ကွန်ပျူတာသုံး သဒ္ဒါတို့ကို မွေးထုတ်အသုံးပြုလာ၏ ။ ယင်းမှတစ်ဆင့် တတ်၍ ကမ္ဘာသုံးသဒ္ဒါကျမ်းကြီးကို ပြုစုရန် အလားအလာများ ပေါ်နေပြီဟု ဆိုပါသည်။
ဤအဆိုစကားတို့သည် လက်တင်စတား သင်္သကရိုက်စတားသို့ တည်းမဟုတ် အင်ဒို ဥရောပစတား တစ်ရပ်ရပ်သည် ကမ္ဘာ့သဒ္ဒါကျမ်းကြီး၏ အခြေခံ ဖြစ်ထိုက်သည်ဆိုသော ရှေးက ပေါ်ခဲ့ဖူးသော အယူအဆနှင့် လုံးဝမတူပါ။ Esperado ဟု ဆိုသော ကမ္ဘာသုံးစကားကြီးတစ်ရပ်ကို ဖော်ထုတ်နိုင်ရန် တိုက်တွန်းခြင်းမျိုးနှင့် လည်း လုံးဝမတူပါ။ သီခြားသီအိုရီတစ်ပါး ဖြစ်ပါသည်။
ကျမ်းကိုး - Language and Mind by Norm Chomsky
အတွေးအမြင် (5)၊ ဇွန် ၊ ၁၉၈၅
အမြင်ယဉ်ကျေးမှု
ရုပ်ဝတ္တုပစ္စည်းတို့သည် အမျိုးအစားလည်း ဆန်းကြယ်များ ပြားလှဘိ။ အရေအတွက်တို့ ကလည်းအံ့မခန်း ပေါများ လှဘိ။ ဤအခြင်းအရာတို့သည် အကောင်းလည်း ဖြစ်ဘိ။ အဆိုလည်း ဖြစ်ဘိ။
ရုပ်ဝတ္တုပစ္စည်းများ ဆန်းကြယ်ပေါများ လာခြင်းကြောင့် လူတို့၏ နေထိုင်မှု ဘ၀သည် လွယ်ကူချောမောသက်သာချောင်ချိ မြန်ဆန်လာ၏ ။ ကောင်းကျိုးဟု မုချဆိုနိုင်ကောင်းစရာပါ။ တစ်ဖက်မှကြည့်မူ ရုပ်ဝတ္တုပစ္စည်းများ ဆန်းကြယ်ပေါများ လာမူကြောင့် အလွန်မျက်စိနောက်စရာ တွေ ၊ အလွန်မျက်စိရှုပ်စရာတွေ တပံ့တပိုး၊ တအီတနင့် မရှောင်နိုင် မတိမ်းနိုင် တွေ့ လာကြပါရကုန် ၏ ။ ရန်ကုန်မြို့တွင် နေထိုင်သူတို့က ဤအကြောင်းကိုပို၍ သိကြပါသည်။ ဒလဟောမောင်းနေ သော မော်တော် ကားကြီးငယ် အသစ်အဟောင်းတို့ကိုကြည့်ပြီး မျက်စိရှုပ်နောက်ကြသည်မှာ ရင်မောလှပေစွ။
ရုပ်ဝတ္တုပစ္စည်းတွေ ဆန်းကြယ်၍ ပေါများ လာလေ၊ လူတို့သည်မျက်စိအမြင် ရိုင်းလာ လေဟု ဆိုလျှင်အစွန်းထွက်အောင် ပြောသည်ဟု စွပ်စွဲနိုင်ပါသည်။ လိုတိုးပိုလျော့ပြောရ လျှင် တစ်ဖက်မှ ရုပ်ဝတ္ထုပစ္စည်းတွေ ဆန်းကြယ်တိုးပွားသလောက် အခြားတစ်ဖက်၍ လူတို့၏ စက်မှု အာရုံအမြင်တိုးတက်မှု သည် နှေးကွေးသည်ဟုဆိုနိုင်ပါသည်။ ဆန်းကြယ်စွာ တိုးပွားလာ သော ရုပ်ဝတ္ထုပစ္စည်းတို့ကို လူတွေ ကကြည့်သာကြည့်နေရသည်။ အမြင်ရိုင်းလျှက်ပင်ရှိသည်ဟု ဆိုနိုင်၏ ။ ရုပ်ဝတ္ထုပစ္စည်းတွေ ဆန်းကြယ်ပေါများ လာသလို လူတွေ ၏ စက္ခုအာရုံက အမီလိုက်ပြီး အမြင်မယှဉ်နိုင်ခြင်း ဖြစ်ပေသည်။ အမြင်ယဉ်ကျေးမှု က နောက်ကတစ်မျှော်တခေါ် ကျန်နေခဲ့ခြင်း ဟု ပညာရှိတို့ကပြောကြ၏ ။
ဤသို့သော ကွာခြားမှု ကို ပညာရှင်တို့က ပြဿနာအ ဖြစ် တင်ဆက်ကာ အခြေအတင် ဆွေးနွေးလျှက်ရှိကြ၏ ။ ပြဿနာက ရှေ့တွင် ပို၍ ပို၍ သာ ကြီးထွားလာဖွယ်ရှိသည်ဟု ထင်ရ၏ ။ စက်မှု နှင့် သိပ္ပံနည်းပညာတို့၏ ခုန်ပေါက်ကျော်လွှားသော အသွင်ဖြင့် ဖွံ့ဖြိုးတိုးတက်နေခြင်း ကြောင့် ပစ္စည်းဆန်း ပစ္စည်းသစ်တို့ကလည်း မယုံနိုင်လောက်အောင် ကြွေယ်လာဖွယ်ရှိသလောက် ဤ၀တ္ထုပစ္စည်းတို့အပေါ်လူတွေ က အာရုံခံစားနိုင်သော အား အသိပညာဖြင့် ထိတွေ့ နိုင်သော အားက အမီ မလိုက်နိုင်ဘဲ တခေါ်ကြီးနောက်ပြတ်ကျန်ရစ်ဖို့ ရှိနေပါသည်။
အသက်အရွယ် အတော် အတန်ရနေသူတို့က မျက်စိရိုင်းနေလို့ငှား ကိစ္စမရှိ။ အကြောင်းမူ ၄င်းတို့သည် မကြာမီလူ့လောကမှ စွန့်ခွာကြရမည် ဖြစ် သော ကြောင့် ဖြစ်၏ ။ အသက်ငယ်ရွယ်သူ လူငယ်တို့က ရုပ်ဝတ္ထုပစ္စည်းတို့ကပေါ် အမြင်ရိုင်းနေကြလျှင်မူ (၀ါ) အာရုံနှင့် အသိပညာဖြင့် ခံစားသိရှိနိုင်သော အားချို့တဲ့နေလျှင်မူ အဲ့ဒါမှ တကယ့်ပြဿနာဟု ဆိုရချေ၏ ။ ထို့ကြောင်း ကလေးသူငယ်နှင့် လူငယ်လူရွယ်တို့ကြား အမြင်ယဉ်ကျေးမှု ရင့်သန်စည်ပင်စေရန် ခုကတည်းက ဆောင်ရွက်ရမည့်  တာဝန်သည် ဆန်းကြယ်ပေါများ လာသော ရုပ်ဝတ္ထုပစ္စည်းတို့ပေါ် တွင် အလှတရားဖြင့် ရှုတက်မြင်တက်အောင် ပညာပေး၍ အမြင်ယဉ်ကျေးမှု ကို သန်စွမ်းစေရာ၏ ။ ဤ လုပ်ငန်းကိုစာသင်ကျောင်းတို့မှပင် စတင်ဆောင်ရွက်စေရာ၏ ။
ဤကား နှောင်းခေတ်လူငယ်လူရွယ်တို့အတွက် အမြင်ယဉ်ကျေးမှု ပြဿနာကို အကြမ်း ထည်မျှ တင်ပြခြင်း ဖြစ်ပါသည်။
အမြင်ယဉ်ကျေးမှု ပြဿနာသည် စာပေနှင့် အနုပညာရှင်များ အတွက် ပို၍ ရင်မောစရာ ရှိပေသည်။ ဆန်းကြယ်ပေါများ လာသော ရုပ်ဝတ္ထုပစ္စည်းများ တို့သည် စာပေအနုပညာရှင်တို့ အတွက် ရုပ်လောကနှင့် ၀န်းကျင် ဖြစ်ရကား ၍ ရုပ်လောကနှင့် ဤ၀န်းကျင်ကို ထင်ထင်လင်းလင်း ဖြစ်စေ၊ မှု န်မွှားမွှား ဖြစ်စေ၊ များများ စားစား ဖြစ်စေ၊ အနည်းငယ် ဖြစ်စေ ရောင် ပြန်ဟပ်၍ သရုပ်ဖော် ပေးရန် တာဝန်ရှိနေ၏ ။ ဤ သို့ရောင် ပြန်ဟပ်နိုင်ရန် အလို့ငှာ သက်ဆိုင်ရာပညာရှင် တွင် အာရုံထား အထူးသဖြင့် စက္ခုအမြင်အားကောင်းဖို့၊ စူးရှနက်နဲဖို့ လိုပါသည်။ ဤသို့ အင်အား ကောင်းပါမှ သူ၏ ဖန်တီးနိုင်စွမ်းသည် အစွမ်းပေါ်ဖို့ ရှိပေသည်။
သို့ဖြင့် အာရုံခံစားသိနှင့် ဖန်တီးနိုင်အားသည် ဆက်စပ်လျှက်ရှိလေရာ ၍ ဆက်စပ်မှု ကို ပညာရှင်အသီးသီးက စကားလုံးအမျိုးမျိုးဖြင့် ရှင်းပြကြပါသည်။ မွေးထုတ်နိုင်စွမ်းရှိသော အာရုံသိ၊ ဉာဏ်အမြှော်အမြင်ရှိသော မျက်လုံး၊ ပုံရိပ်သယ်သော စဉ်းစားမှု ၊ မျက်စိဖြင့် စဉ်းစားခြင်း၊ ရှာဖွေတွေ့ ရှိခြင်းး၊ ထိုးထွင်းသိမြင်ခြင်း စသည်ဖြင့် လူ၏ အသိနှင့် ပတ်သက်၍ အာရုံသိ၊ ပညာသိ ဟူ၍ ယေဘူယျအကျဆုံးသရုပ်ခွဲခဲ့ကြ၏ ။ ဤအသိနှစ် ရပ်စလုံးသည် အဓိကရအားဖြင့် ပြင်ပ ရုပ်ဝတ္ထုလောကကို တစ်နည်းတစ်ဖုံ ရောင် ပြန်ဟပ်ရာမှ ပေါ်ထွန်းလာသော အကျိုးကျေးဇူး များ ဖြစ်ကြသည့်အလျှောက် ရုပ်ဝတ္ထုလောကကို တစ်နည်းတစ်ဖုံ ရောင် ပြန်ဟပ်ရာမှ ပေါ်ထွန်း လာသော အကျိုးကျေးဇူးများ ဖြစ်ကြသည့်အလျှောက် ရုပ်ဝတ္ထုလောကက ဆန်းကြယ်ခြင်းမရှိ၊ ပေါများ ခြင်းမရှိ၊ ဖြစ်ဘိမူ ပြဿနာကား ရိုးရိုးစင်းစင်းဖြင့် တစ်မျိုး ဖြစ်စရာ ရှိခဲ့မည် ဖြစ်၏ ။ သို့ရာတွင် မျက်မှော က်ခေတ်ကဲ့သို့ ဖြစ်စေ၊ နှောင်းခေတ်တွင် ဖြစ်ပေါ်ဖွယ်ရာတို့ကို ထောက်ရှု၍ ဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်းတို့သည် ယုံဖွယ်ရာမရှိအောင် ဆန်းကြယ်ထွေပြားလာသော အခြေအနေ၌ ကား စာပေနှင့် အနုပညာရှင်တို့၏ အာရုံသိအားနှင့် ပညာသိအားလုံးတို့သည် ပုံမှန်အတိုင်းရှိနေ လို့ငှာ မတော် လျော်တော့ပြီ။ ရုပ်လောက၏ ဆန်းကြယ်ထွေပြားဖွံ့ဖြိုးမှု ကို မိမိတို့၏ အသိတရားတို့က အမီလိုက်နိုင်ရန် လိုချေမည် ။ ရှေ့ဆောင်ရန်လိုချေမည် ။ ယင်းသို့အမီမလိုက် နိုင်၊ ရှေ့မဆောင်နိုင်ပါက ထွေပြားဆန်းကျယ်လာသော ရုပ်ပစ္စည်းလောကကို လုံလုံလည်လည် ရောင် ပြန်ဟပ်နိုင်ဖို့ မုချခက်ခဲပါလိမ့်မည် ။ အကျပ်အတည်းတွေ့ ပါလိမ့်မည် ။
လူတစ်ဦးသည်အာဟာရအစားအစာကို မှီဝဲသော အခါ ဤအစားအစာတို့သည် လူ၏ ကိုယ်ခန္ဓာအတွင်း၌ အသွင်အမျိုးမျိုး၊ ဓာတ်အမျိုးမျိုးပြောင်းကာ နောက်ဆုံး၌ အညစ်အကြေး အ ဖြစ်အပြင်ထုတ်လိုက်ရ၏ ။ ထိုနည်းတူစွာ လူတို့သည် မိမိတို့မြင်တွေ့ လိုက်ရသော အရာတို့၏ သင်္ကေတနှင့် ပုံရိပ်တို့ကို အာရုံအတွင်းမှတ်သားယူလိုက်သော အခါ ဤသင်္ကေတနှင့် ပုံရိပ်တို့သည် လူ၏ မနောအတွင်းပိုင်း၌ ပုံသဏ္ဌန်အမျိုးမျိုး ပြောင်းလဲသွားရပေသည်။ Symbolic Transformation အစားအာဟာရသည် အသွင်နှင့် ဓာတ်များ ပြောင်းလဲပြီးနောက် အပြင်ထုတ် လိုက်သကဲ့သို့ လူတို့၏ အာရုံအတွင်းသို့ ၀င်လာသော ပုံရိပ်နှင့် သင်္ကေတတို့သည်လည်း သဏ္ဌာန်အမျိုးမျိုးပြောင်းလဲပြီးနောက် အပြင်သို့ထုတ်ခြင်းဖြင့် Expression အဆုံးသတ်လိုက်ရ ပေမည် ။ တနည်းတဖုံအဆုံးသတ်မှု ရှိရ၏ ။
စာပေနှင့် အနုပညာရှင်၏ အာရုံသိအားနှင့် ပညသိအားသည် အခြေအနေချို့တဲ့နေပါက ထွေပြားဆန်းကြယ်၍ ပေါများ လားသော ရုပ်ဝတ္ထုလောကမှ ပုံရိပ်နှင့် သင်္ကေတတို့ကို အာရုံနှင့် ဓမ္မာရုံအတွင်းထဲ အဆင်ချောအောင်ထည့်သွင်းပေးဖို့ ပြောင်းလဲပေးဖို့ရာ အကျပ်အတည်းစိုက် နေမည် ဖြစ်၏ ။ အရပ်စကားနှင့် ပြောရလျှင် စာပေ သို့ မဟုက် အနုပညာရှင်သည် ဆန်းကျယ်ထွေ ပြားလာသော ရုပ်ဝတ္ထုပစ္စည်းတို့အပေါ်တွင် အမြင်မကြည်ဘဲ မျက်စိနောက်နေဖို့သာ၊ ရှုပ်နေဖို့ သာ ရှိမည် ဖြစ်ပါသည်။ ဆန်းကြယ်လာသော ပုံရိပ်နှင့် သင်္ကေတတို့သည် စာရေး ဆရာ (သို့ မဟုတ်) အနုပညာရှင်၏ ခေါင်းနှင့် နှလုံးသားတို့ကို ရှုပ်ထွေးနေနောက်ကျိကာ အစာမကြေသကဲ့သို့ ခံစား ရဖို့ရှိပါသည်။ မနောထဲသွင်းထားရသော ပုံရိပ်နှင့် သင်္ကေတတို့ကို သဏ္ဍာန်ပရိယာယ်ပြောင်းလဲ၍ အပြင်ထုတ်အန်ပစ်ခြင်းဖြင့် အဆုံးသတ်ရမည့် လုပ်ငန်းသည် တစ်ဆို့လို့သာနေပါမည် ။
ပြောင်းလဲလာသော ခေတ်ကိုနှိုက်က အနုပညာကို ဖန်တီးသည်ဆိုသော စာပေပညာရှင် နှင့် အနုပညာရှင်တို့ကိုယ်တိုင် အမြင်ယဉ်ကျေးမှု ကို လေ့ကျင့်ရန်လိုလာ၏ ။ (၀ါ) အလှတရားဖြင့် ရုပ်လောက အဆန်းတကြယ်တို့ကို အမြင်စူးရစွာ မြင်တတ်ရန် လေ့ကျင့်ယူဖို့ လိုအပ်လာခြင်း ဖြစ် နေပေသည်။
လူ၏ အနော(စိတ်)လောကကို ခေတ်သစ်ပညာရှင်တို့က စကားလုံးလောကနှင့် ပုံရိပ်လော ကဟူ၍ နှစ် ပါးခွဲခြမ်းပါသည်။ လူသည် ပုရိပ်ကိုအသုံးပြု၍ ဖြစ်စေ၊ စကားလုံးကို အသုံးပြု၍ ဖြစ်စေ၊ နှစ် ရပ်စလုံးကို ရောထွေးအသုံးပြု၍ ဖြစ်စေ၊ စဉ်းစားသော အလုပ်ကိုလုပ်ပါသည်။ အနုပညာရှင် သည် ပုံရိပ်ကို အဓိကရအသုံးပြုပါသည်။ ပုံရိပ်ကို အသုံးပြုရသော အသိသည် တိရစ္ဆာန်တို့ကသ သော အသိနှင့် မည် သို့ မျှခြားနားခြင်းမရှိဟု အချို့သော စိတ်ပညာရှင်တို့က ထောက်ပြကြ၏ ။ ပုံရိပ်သိသည် တိရစ္ဆာန်အသိနှင့် နီးစပ်သည် ဖြစ်ခြင်းကြောင့် အနုပညာရှင်တို့၏ လုပ်ငန်းသည် တိရစ္ဆာန်အသိအဆင့်နှင့် နီးစပ်သည်ဟု ပြောကြ၏ ။ စိတ်ဆိုးစရာမဟုတ်ပါ။ သဘာဝကို ပြောခြင်း ဖြစ်ပါသည်။
ဘာသာစကားပေါ်လာသော အခါ ပုံရိပ်အသိမှ စကားလုံးအသိသို့ ပြောင်းလဲ သွားပါသည်။ ပုံရိပ်အသိနှင့် စကားလုံးအသိတို့သည်လည်းကောင်း၊ ပုံရိပ်လောကနှင့် စကားလုံးလောကတို့သည် လည်းကောင်း ရောထွေးယှက်တင် ဖြစ် သွားပါသည်။ စာရေး ဆရာသည်အထူးသဖြင့် ကဗျာဆရာ သည် စကားလုံးနှင့် ပုံရိပ်တို့ကို အဆင်ပြေအောင် မျှမျှတတ ရောထွေးအသုံးပြုရာ၌ ကျွမ်းကျင် ရ၏ ။ ဤသို့ ကျွမ်းကျင်ရန်အလို့ငှာ စကားလုံးကို ဖြစ်သော ဘာသာစကားနှင့် ပုံရိပ်ကို ဖြစ်သော အာရုံအသိနှင့် ပညာသိတို့အကြောင်းကို ကောင်းမွန်စွာ နှံ့စပ်ရပါမည် ။ အာရုံသိနှင့် ပညာသိတို့ သည် အထုံပါရမီနှင့် လည်း သက်ဆိုင်ရာရှိ၏ ။
ရုပ်ဝတ္ထုပစ္စည်းများ ဆန်းကြယ်ထွေပြား၍ တိုးတက်လာသည်ဆိုသည်မှာ ပုံရိပ်များ ဆန်းကြယ်ထွေပြားလာခြင်းကို တစ်နည်းအားဖြင့် ဆိုလိုခြင်း ဖြစ်၏ ။ စည်းစားတွေးခေါ်ရန် ကိရိယာ သည် ဆန်းကြယ်လာချေပြီ။ ကိရိယာ၏ ဆန်းကြယ်မှု နှင့် အတူ အမီလိုက်နိုင်ရန် စာပေနှင့် အနု ပညာရှင်တို့၏ ဉာဏ်အားသည်လည်း တစ်ဖက်တစ်လမ်းက တိုးတက်ရန် လိုချေပြီ။ အကယ်၍ အမီမလိုက်နိုင်ပါ ဆန်းကြယ်လာသော ပုံရိပ်တို့ပေါ်တွင် အမြင်ရှုပ်နေဖွယ်ရာ၊ မျက်စိနောက်နေ ဖွယ်ရာသာရှိပါမည် ။ သူ၏ အာရုံသိအား၊ ပညာသိအားသည် ကျောက်ခဲနှင့် ဆွဲထားသည့်ပမာ လေး၍ နှေး၍ သာနေပေမည် ။
ဆန်းကြယ်လာသော ပုံရိပ်တို့ကို မိမိက အမြင်မဖမ်းနိုင်သည်မှာ သို့ တည်းမဟုတ် မမြင်ရှုပ် ထွေးနေသည်မှာ တစ်နည်းအားဖြင့် ‘မျက်စိကန်းခြင်း’ပင် ဖြစ်၏ ။ ဤသို့ မျက်စိကန်းခြင်း သည် စေ့စေ့တွေးကြည့်ပါက ဆန်းသည်ဟု မဆိုနိုင်ပါ။ လူ၏ ရုပ်သတ္ထုဝန်းကျင်သည် မယုံကြည် နိုင်လောက်အောင် အဆန်းတကြယ် ဆန့်ထွက် ကားထွက် တိုးချဲ့လျှက်ရှိနေ၏ ။ ဤသဘောကို အလုံးစုံ ဆင်ခြင်ကြည်လျှင် လူတွေ ကြားထဲ၌ စက္ခုအာရုံဗရုတ်သုတ်ခ ဖြစ်စရာပင်။ ဤအချက် ကိုပင် စိုးရိမ်နေကြခြင်း ဖြစ်ပါသည်။ ကြည့်စရာ၊ မြင်စရာ၊ ရှုစရာ၊ တွေ့ စရာတွေ အလွန်များ ပြား နေသော ခေတ်ဟု ဆို၏ ။ လိုအပ်သည်ထက်ပိုလျှံနေခြင်း ဟုပင်ဆိုကြသည်။
အမြင်ယဉ်ကျေးမှု ဆိုသည်မှာ အပြင်ရှုထွေးမှုး(စက္ခုအာရုံ ဗရုတ်သုတ်ခ) ဖြစ်ခြင်းတို့ကို အဆင်ပြေအောင် ဖြေရှင်ပေးရန် ဖြစ်ပေသည်။ အမြင်ယဉ်ကျေးမှု သည် ပုံရိပ်လောကနှင့် အဓိကရသက်ဆိုင်လှ၏ ။ ပုံရိပ်မွေးထုတ်ပေးသော ပြဿနာသည် အမြင်ယဉ်ကျေးမှု ချောမောစည် ပင်စေရန်အလို့ငှာ၌ အရေး ကြီးသော အစိတ်အပိုင်းဟု ဆိုကုန်၏ ။ လူသည် ပုံရိပ်တို့ကို အပြင် ဘက်ထုတ်၍ သရုပ်ဖော်ရန် ဦးတည်သော အခါ၌ မိမိအမှု အရာကို ထိန်းသိမ်း၏ ။ မိမိ၏ ဖန်းတီးနိုင်စွမ်းကို ဖော်၏ ။ ပုံရိပ်တို့ကို မိမိအတွင်းထဲ၌ သိုသိပ်ထားရသော အခါ၌ မူ ပုံရိပ်တို့က မိမိကို ပြောင်းလဲစေပါသည်။ ဤသည်၍ အနုပညာ၏ အဓိကအင်အားသည် တည်ရှိသည်ဟု ပြောကြပါသည်။
ကျမ်းကိုး - Fostering Visual Culture by V.Linchenko.
အတွေးအမြင် (၆)၊ သြဂုတ်၊ ၁၉၈၅။
လူမှု ရေး အထူးဒေသနာက လူသား၏ ကွာဟချက်အကြောင်းကိုဟော၏ ။ ခေတ်ကြီးသည် တစ်နေ့တခြား ပို၍ ပို၍ ဆန်းကြယ်စွာ ရှုပ်ထွေးသထက် ရှုပ်ထွေးပြီး နယ်နဲသထက် နက်နဲလာ၏ ။ တစ်ဖက်၌ မူ ဤသို့ ကြီးထွားလာသော ရှုပ်ထွေးမှု ကို လူတို့က ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်း ပကားကြားတွင် အတိုင်းအတာ အကွာအဝေးရှိနေပြီ။ ဤအကွာအဝေးကိုပင် လူသား၏ ကွာဟ ချက်ဟု အထူးဒေသနာက အမည် ပေးသည်။
အခြေအနေအလုံးစုံကို သုံးသပ်ပြီးနောက် လူသား၏ ဤကွာဟချက်ကို ထပ်မံတိုးချဲ့၍ ပြော၏ ။ လူသားတို့သည် မျက်မှော က်ခေတ်၏ ပြဿနာအရပ်ရပ်တို့ကို မြင်တွေ့ လိုစိတ်၊ သိရှိနာ လည်လိုစိတ်၊ ဤပြဿနာတို့အပေါ် ဖြေရှင်းဆောင်ရွက်လိုစိတ်၊ အလွန်ခေါင်းပါး လျက်ရှိကြ၏ ။ ထိုမျှမက အနာဂတ်ပြဿနာကို ကြိုတင်မျှော်မှန်းနိုင်သော အားနှင့် ကြိုတင်မျှော်မှန်းလိုစိတ်လည်း လူသား၏ ကွာဟချက်ကိစ္စသည် ယနေ့လူသားနွယ်တို့က ရင်ဆိုင်နေရသော အဓိကပြဿနာ ဖြစ် နေပြီဟု အထူးဒေသနာက တပ်လှန့်လိုက်သည်။
ဆိုခဲပါလူသား၏ ကွာဟချက်ကို လေ့လာဆည်းပူးခြင်းဖြင့် တံတားခင်းလိုက်ရမည် ။ ဤနေရာ၌ လေ့လာဆည်းပူးခြင်းဆိုသော စကားရပ်ကို သမားရိုးကျ အနက်အဓိပ္ပာယ်ဖြင့် အထူး ဒေသနာက သုးံစွဲခြင်းမဟုတ်။ သည့်ထက်ကျယ်ပြန့်သော အဓိပ္ပာယ်ဖြင့် သုံးနှုန်း၏ ။ အလျဉ်းသင့်၍ လေ့လာဆည်းပူးခြင်းနှင့် ပတ်သက်သော အနက်ဖွင့်ဆိုချက်အချို့ကို အကျဉ်းမျှဆင်ခြင်ဝေဖန် ကြည့်ကုန်၏ ။
ဖရဲင့်ဂျော့ဆိုသူက လေ့လာဆည်းပူးခြင်းဟူသည် ပြောင်းလဲနေသော အခြေအနေနှင့် လိုက်လျောညီထွေအောင် ပြုခြင်း ဖြစ်သည်ဟု အနက်ဟော၏ ။ လိုက်လျောညီထွေအောင်ပြုခြင်း ဆိုသော စကားရပ်ကို ဇီဝဗေဒပညာ ခေတ်စားလာသော အခါ၌ ပို၍ တွင် ကျယ်စွာ အသုံးပြုကြ၏ ။ ဖရဲင့်ဂျော့၏ အနက်ဟောကို အထူးဒေသနာက လက်မခံပေ။ ပြင်ပအခြေအနေ၏ အလိုကို မျက်စိ မှိတ်ပြီး လိုက်နေရမည့် သဘောသာဆောင်၍ တက်ကြွမှု မရှိဟုဆိုတာ ပယ်သည်။
ထွန်းကာလာသော ဇီဝဗေဒကို အခြေ၍ ကွန်ရပ်လောရင့်ဇ်နှင့် ဘီအက်ဖ်စတင်နာတို့က လည်း လေ့လာဆည်းပူးခြင်းဆိုင်ရာ သီအိုရီတို့ကိုထုတ်ကြ၏ ။ ၎င်းတို့၏ အဆိုအမိန်အချုပ်မှာ လေ့လာဆည်းပူးခြင်းဟူသည် ပတ်ဝန်းကျင်အပြောင်းအလဲတို့၏ နောက်သို့ အမီလိုက်နေသော ဖြစ်စဉ်သာ ဖြစ်ပေသည်။ ဇီဝဆင့်ကဲ ဖြစ်ပေါ်မှု နိယာမတို့ကို လေ့လာဆည်းပူးခြင်းကိစ္စတွင် ရွှေ့ ပြောင်း၍ ကျင့်သုံးခြင်းသည် မှားယွင်းသည်ဟု အထူးဒေသနာက ဝေဖန်၏ ။
ရှေးဟောင်းအယူအဆတစ်ခုလည်းရှိသေး၏ ။ ဤအယူအဆကို နော်ဘတ်ဝိုင်နာက တင်ပြရာတွင် လေ့လာဆည်းပူးသည်ဆိုသည်မှာ အတိတ်မှအတွေ့ အကြုံကို အခြေခံ၍ အပြုအမူ စရိုက်တို့ကို ထိုက်သင့်အားလျော်စွာ ပြောင်းလဲပေးခြင်း ဖြစ်သည်ဟူ၍ ။ အထူးဒေသနာက ပုစ္ဆာ တစ်ပုဒ်ထုတ်၍ ဤအဆိုကို တန်းပြန်လိုက်သည်။ အဘယ်ကြောင့် အနာဂတ်ကိုကော မလေ့လာ ဘဲ နေရပါမည် နည်း။
ထို့နောက်အထူးဒေသနာ လေ့လာဆည်းပူးခြင်းကို အနက်ဖွင့်၏ ။ လေ့လာဆည်းပူးခြင်း ဟူသည် ပညာနှင့် ဘ၀ကို ချဉ်းကပ်ရာ ဖြစ်၍ ဤသို့ ချဉ်းကပ်ရာတွင် လူအစွမ်းအစကို အလေး အနက်ပြုရာ၏ ။ ဤအယူအဆအလိုအရ အပြောင်းအလဲလောကကြီး၌ အောင်မြင်စွာ သက်ရှင်နေ ထိုင်နိုင်ရန်အလို့ငှာ မ ဖြစ်မနေ လိုအပ်သော နည်းဗေဒအသစ်များ ၊ ကျွမ်းကျင်မှု အသစ်များ ၊ အမြင် သစ်များ နှင့် လူ့တန်ဖိုးအသစ်များ ကို ရရှိစေရာ၏ ။ လက်တွေ့ ကျင့်သုံးဆောင်ရွက်စေရာ၏ ။ အတို ချုံးပြောရလျှင် လေ့လာဆည်းပူးခြင်းသည် အခြေအနေသစ်တို့နှင့် ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင် သော ဖြစ်စဉ်မျှသာ ဖြစ်အပ်ပေသည်။
လေ့လာဆည်းပူးခြင်းကို နှစ် ပိုင်းခွဲ၏ ။ တစ်ဦးချင်း လေ့လာဆည်းပူးခြင်းနှင့် လူ့အဖွဲ့အစည်း နှင့် ခြုံ၍ လေ့လာခြင်းဟူ၍ ဖြစ်၏ ။ အထူး ဒေသနာက တစ်ဦးချင်းအဆင့်၌ လေ့လာဆည်းပူးမှု တွင် မည် သည့်အရာများ ပါဝင်သည်ကို စာရင်းပြုစုကာ တင်ပြ၏ ။ လူအဖွဲ့အစည်းအဆင့်၍ လေ့လာ ဆည်းပူးခြင်းအမျိုးအစားတို့ကိုလည်း အသေးစိတ်ဖော်ပြပါ။ သို့ သော် စာရင်းတို့ထက် အရေး ကြီး သည်မှာ ဤစာရင်းတို့၏ နောက်ကွယ်မှ အယူအဆ ဖြစ်ပေသည်။ လူ့အဖွဲ့အစည်းကလည်း လေ့လာဆည်းပူးရမည် ဟူ၍ အထူးဒေသနာက ဟောသည်။
လူတစ်ဦးချင်း လေ့လာဆည်းပူးခြင်းအတွက် အကန့်အသတ်မရှိနိုင်ဟု ယူဆသည် အလျောက် အထူးဒေသနာ၏ ခေါင်းစဉ်ကို “လေ့လာဆည်းပူးခြင်း၌ အကန့်အသတ်မရှိ’ဟု ပေးထားသည်။ သည့်အလျင်အတိုင်မီက ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၌ အကန့်အသတ်များ ရှိခြင်း၏ ဟုဒေသနာကျမ်းတစ်ကျမ်းကို ပြုစုခဲ့ဖူး၏ ။ ကမ္ဘာကျော်သွား၏ ။
လေ့လာဆည်းပူးခြင်း၌ အကန့်အသတ်ရှိ-မရှိဆိုသော အငြင်းအခုံမှာ ရှေးမဆွကပင် ပေါ်ခဲ့ရာများ သော အားဖြင့် လေ့လာဆည်းပူးမှု တွင် အကန့်အသတ်မရှိဟု လက်ခံခဲ့ကြ၏ ။ ယခုမှု အထူးဒေသနာက အကန့်အသက်မရှိဟု ဆိုလိုက်ပြီး အကြွင်းမဲ့တော့ မဆိုပါ လူ့အဖွဲ့အစည်းက လေ့လာဆည်းပူးမှု ၌ အကန့်အသတ်သည် အထိုက်အလျောက်ရှိသည်ဟု လက်ခံပါသည်။
လေ့လာဆည်းပူးလျှင် လုံလုံလောက်လောက် ဖြစ်နေရပါမည် ။ လုံလောက်သော လေ့လာဆည်းပူးမှု ဟူသည်ကား အဘယ်အရာတို့ကို ဆိုလိုပါသနည်း။ ဤကိစ္စနှင့် ပတ်သက်၍ အထူးဒေသနာက လေ့လာဆည်းပူးခြင်းနှင့် တီထွင်သော လေ့လာဆည်းပူးခြင်း ဟူ၍
ထိန်းသိမ်းရုံ လေ့လာဆည်းပူးခြင်းသည် သမားရိုးကျ လေ့လာဆည်းပူးခြင်း ဖြစ်၍ တည်းဆဲ စနစ်ကိုသော်လည်းကောင်း၊ တည်မြဲနေသော ဘ၀နည်းလမ်းကိုသော်လည်းကောင်း ထိမ်းသိမ်း ထားရုံမျှသာ ဖြစ်၏ ။ လူ့အဖွဲ့အစည်းတစ်ရပ် တည်ငြိမ်စွာ လည်ပတ်ဆောင်ရွက်နိုင်ရန် အလို့ ငှာ ဤအမျိုးအစားသည် မ ဖြစ်မနေတကယ်လိုအပ်သည်ကား မှန်ပါသည်။ သို့ ရာတွင် ပုံသေအမြင်၊ ပုံသေနည်းနှင့် ပုံသေစည်းကမ်းတို့ကို သိပြီးသား ဖြစ်မြဲ အခြေအနေတို့တွင် ရင်ဆိုင်ဖြေရှင်းရန်သာ ဖြစ်၍ ရုတ်ချည်းနှင့် ရှုပ်ထွေးစွာ ပြောင်းလဲသော အခြေအနေတို့တွင် မူ ဤအမျိုးအစားဖြင့် လေ့လာ ဆည်းပူးခြင်းသည် လုံလောက်နိုင်စရာမရှိပေ။
ထိန်းသိမ်းရုံလေ့လာဆည်းပူးခြင်းတွင် လေ့လာဆည်းပူးရေး စနစ်များ အပြောင်းအလဲ ဖြစ် တတ်သည်။ ဤသို့ ဖြစ်ရသည်မှာ မြေငလျင်၊ ရေလွှမ်းမိုးခြင်းစသော ပြင်ပမှ သိမ့်ခါတုန်ခါမှု တို့ ကြောင့် ဖြစ်၏ ။ ထို့ကြောင့် ထိန်းသိမ်းရုံ လေ့လာဆည်းပူးမှု တွင် တစ်ခါတစ်ရံဆိုသလို လျှပ်တစ် ပြက် အရေး ပေါ် လေ့လာဆည်းပူးမှု များ ပြုလုပ်ကြရသည်။ ဤသိမ့်ခါမှု အကြောင်းကို အခါအား လျော်စွာ လေ့လာဆည်းပူးရသည်။ ရေရှည်၌ မူ ဤစနစ်သည် တိုး၍ တိုး၍ ရှုပ်ထွေးလာသော ပြဿနာအရပ်ရပ်တို့ကို ဖြေရှင်းနိုင်သည်အထိ လုံလောက်ဖွယ်မရှိ။
ရှုပ်ထွေးမှု ကလည်း တိုး၍ တိုး၍ လာ၏ ။ ပြင်းထန်စွာ သိမ့်ခါမှု တို့ကလည်း အချိန်မရွေး ပေါ် ပေါက်လာ၏ ။ ထို့ကြောင့် ထွက်ရပ်လမ်းအနေဖြင့် အထူးဒေသနာက တီထင်သော လေ့လာ ဆည်းပူးမှု ကို ကြံဆကြရမည် ဟု ဆိုသည်။ ဤသည်မှာ လက်ရှိလေ့လာဆည်းပူးမှု ၏ အသွင်လက္ခ ဏာတို့ကို တစ်ဦးချင်းအဆင့်၌ လည်းကောင်း၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအဆင့်၌ လည်းကောင်း သိသိသာသာကြီး ပြောင်းလဲပစ်ရမည် ဟု ဆိုလိုရင်း ဖြစ်ပေသည်။
သို့ ဖြစ်လျှင် တီထွင်သော လေ့လာဆည်းပူးမှု ဆိုသည်ကား အဘယ်နည်း။ အထူးဒေသနာ က လက္ခဏာနှစ် ပါးကို ဟောသည်။ တီထွင်သော လေ့လာဆည်းပူးမှု သည် အနာဂတ်အကျိုးတရား တို့ကို စိစစ်သုံးသပ်နိုင်ရမည် ။ ဤသို့ စိစစ်သုံးသပ်၍ ရရှိသော အနာဂတ်အကျိုးတရားတို့နှင့် လိုက် လျောညီထွေရုံမျှသက်သက်လည်း မ ဖြစ်စေရ။ ရွေးချယ်စရာရှိသည်တို့ကို အသိတရားဖြင့် ရွေး ချယ်နိုင်စေရာ၏ ။ ချမှတ်ထားသော ဆုံးဖြတ်ချက်တို့၌ ရှိနိုင်သော ဘေးအန္တရာယ် လက္ခဏာတို့ကို လည်း အကဲဖြတ်နိုင်ရမည် ။ ခြုံလိုက်လျှင် အတိတ်ကာလကို အလေးပေးသည်ထက် အနာဂတ်ကို အလေးအနက်ပြုရမည် ။ ထိုသဘောကို ညွှန်းသည့်အခါ၌ အထူးဒေသနာက တင်ကူးမြော်မြင်သော လေ့လာဆည်းပူးမှု ဟူ၍ စကားတစ်ရပ်ကို ထွင်သည်။
တီထွင်သော လေ့လာဆည်းပူးမှု ၏ ဒုတိယလက္ခဏာမှာ ဆုံးဖြတ်ချက်များ ပြုရာတွင် အများ က ပါဝင်ဆောင်ရွက်ကြခြင်း ဖြစ်၏ ။ ဤအချက်အောင်မြင်စေဖို့ဆိုလျှင် ဆက်သွယ်မှု တံခါးပေါက် ကို အစဉ်ဖွင့်ထားရန် လိုပါလိမ့်မည် ။
တင်ကူးမြော်မြင်ခြင်းနှင့် ပါဝင်ဆောင်ရွက်ခြင်းမည် သော အယူအဆနှစ် ရပ်သည် အသစ် အဆန်းမဟုတ်ပေ။ သို့ သော် အထူးဒေသနာက ဤအယူအဆနှစ် ရပ်ကို အနက်အဓိပ္ပာယ်သစ်များ ဖွင့်ဆို၍ ဟောခြင်း ဖြစ်၏ ။ လက်ရှိအခြေအနေ၌ ပါဝင်ဆောင်ရွက်ခြင်းကိစ္စတွင် အတော် အတန် အောင်မြင်စွာ ဆောင်ရွက်နိုင်ကြပါ၏ ။ သို့ သော် တင်ကူးမြော်မြင်ခြင်းဖြင့် ကျောထောက်နောက်ခံ မပြုနိုင်ကြသည့်အတွက် တင်ကူးမြော်မြင်ခြင်းလုပ်ငန်းသည် လူနည်းစု လက်တစ်ဆုပ်စာ လက်ထဲ တွင် သာ ရောက်ရှိနေသည်ဟု ဆိုပါသည်။
တီထွင်သော လေ့လာဆည်းပူးမှု ၏ ရည်ရွယ်ချက်တို့သည် အဘယ်နည်း။ ဤမေးခွန်းနှင့် ပတ်သက်၍ အထူးဒေသနာက ဤသို့ အဖြေပေး၏ ။ တီထွင်သော လေ့လာမှု သည် လူ့တန်ဖိုးကို လျစ်လျူရှုခြင်းမ ဖြစ်နိုင်။ လူ့တန်ဖိုးကိစ္စများ နှင့် ကင်းလွတ်စေရာမဟုတ်။ ထိန်းသိမ်းရုံ လေ့လာ ဆည်းပူးမှု သည် အခြားအခြားသော အကြောင်းအရာတို့ကို လုံးဝ လျစ်လျူရှု၍ တည်ဆဲ လူ့တန်ဖိုး စနစ်ကို ထထကြွကြွမရှိဘဲ ထောက်ခံရုံသာ ဖြစ်နေ၏ ။ တီထွင်သော လေ့လာဆည်းပူးမှု သည်မူ လူ့တန်ဖိုးအပေါ် အထူးအာရုံစိုက်၏ ။ လူသားနွယ်ရှင်ကျန်ရေး နှင့် လူသား၏ ဂုဏ်သိက္ခာ မညှိုးနွမ်း ရေး ကို ဦးထိပ်ပန်ထားသည်ဟု အထူးဒေသနာက တင်ပြပါသည်။
ကွန်ပျူတာကို ဥာဏ်ရှိသော စက်ဟူ၍ ခေါ်ဝေါ်သုံးစွဲကာ ဤစက်၏ အစွမ်းအစတို့ကို အထူး ဒေသနာက ထောက်ပြ၏ ။ ပထမအန္တရာယ်မှာ ကွန်ပျူတာကို မနုဿဂုဏ်ရည်မြောက်အောင် ပြု ခြင်း ဖြစ်၏ ။ ဒုတိယအန္တရာယ်မှာ လူ၏ ဦးနှောက်ကို စက်ဆန်အောင်ပြုခြင်း ဖြစ်သည်။
တီထွင်သော လေ့လာဆည်းပူးခြင်း ဖြစ်ထွန်းရန်မှာ ပြောသလောက် မလွယ်လှ။ အဟန့် အတားကြီးနှစ် ရပ်ရှိ၏ ။ ပထမအဟန့်အတားမှာ အသွင်အမျိုးမျိုးဖြင့် ရှိသော အာဏာအလွဲသုံးစားမှု ဖြစ်၍ ဒုတိယအဟန့်အတားမှာ လူ့အဖွဲ့အစည်းတည်ဆောက်ပုံ ဖြစ်ပေသည်။ အထူးဒေသနာ သည် မည် သည့် လူ့အဖွဲ့အစည်းဟူ၍ အမည် နာမ ထုတ်ဖော်ခြင်း မပြု။ ထို့ကြောင့် လည်း အထူး ဒေသနာသည် ဆူဆူညံညံရန်ပွဲ၏ အပေါ်မှ တရားဟောနေသည်ဟု ခနဲ့ခဲရ၏ ။ စစ်စရိတ်များ အလွန်အမင်းတိုးချဲ့သုံးစွဲခြင်းနှင့် ရုပ်မြင်သံကြားစသော လူထုမီဒီယာတို့ကို စီးပွားရေး ဆန်ဆန် အလွန်အမင်းပြုကြခြင်းသည် အာဏာအလွဲသုံးစားမှု ၏ သာဓကများ အ ဖြစ် ပြ၏ ။
တီထွင်သော လေ့လာဆည်းပူးမှု သည် မည် သို့ သော ကမ္ဘာ့ပြဿနာရပ်ကြီးများ ကို ဖြေရှင်း ပေးနိုင်ပါမည် နည်းဟူ၍ စောဒကတက်ကြရာ ဤစောဒကကို အထူးဒေသနာက အကျယ်တ၀င့် ရှင်းပြပါသည်။ ကမ္ဘာနှင့် ချီ၍ အရေး တကြီး ပူပူလောင်လောင်တက်နေသော ပြဿနာကြီးသုံးရပ်ကို မီးမောင်းထိုးပြ၏ ။ အများ သိနေသော စွမ်းအင်ပြဿနာသည် ပြဿနာနံပါတ်တစ် ဖြစ်၍ ဤပြဿ နာကို ထိန်းသိမ်းရုံ လေ့လာဆည်းပူးမှု က ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်းမှာ နားလည်လွယ်ပါ သည်။
ဒုတိယပြဿနာသည် သိပ္ပံနှင့် နည်းပညာ အတတ်ပညာဘက်မှ အောင်မြင်မှု တို့ကို အသုံး ပြုသော ကိစ္စ ဖြစ်၏ ။ ဤကိစ္စသည် အောင်မြင်မှု တို့ကို ဖောက်လွဲဖောက်ပြန်ဝေငှဖြန့်ဖြူးခြင်းသည် လည်း တစ်ပါး ဖြစ်၏ ။ အခြားတစ်ပါးသည် အောင်မြင်မှု တို့ကို လွဲမှားစွာ ဦးတည်နေခြင်း ဖြစ်ပေ သည်။
တတိယပြဿနာသည် ယဉ်ကျေးမှု ပိုင်းသီးခြားဂုဏ်ကိစ္စ ဖြစ်၏ ။ နိုင်ငံတိုင်းသည် ကိုယ့် ယဉ်ကျေးမှု နှင့် ကိုယ် သီးသန့် ထူးခြားစွာ နေထိုင်လိုကြ၏ ။ သို့ ရာတွင် ကမ္ဘာ့ဆက်သွယ်မှု သည် အလွန်မှ လျင်မြန်၍ အလွန်မှ နီးစပ်စွာ အံ့မခန်းဖွံ့ဖြိုးတိုးတက်လာသော ကြောင့် တစ်မျိုးတစ်စား တည်းသော ယဉ်ကျေးမှု ပုံစံမျိုးပေါ်ထွန်းလာမည့်  အန္တရာယ်သည် တကယ်ရှိနေပြီ။ တစ်ဖက်၌ လည်း လူတစ်ဦးချင်းအဆင့်၌ သော်လည်းကောင်း၊ ယဉ်ကျေးမှု နှင့် စိတ်ပိုင်းဆိုင်ရာ အစိတ်စိတ်ပြို ကွဲမှု သည်လည်း အန္တရာယ်အ ဖြစ် တကယ်ရှိနေပြန်၏ ။
အထူးဒေသနာက ရှင်းရှင်းလေးဟော၏ ။ ဤပြဿနာကြီးသုံးရပ်ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အလို့ငှာ တီထွင်သော လေ့လာဆည်းပူးမှု ကို အမြန်ကြံဆသင့်ကြပြီဟူ၍ ။ ဤ လေ့လာဆည်းပူးမှု တွင် အကန့်အသတ်မရှိပါ။
ကမ္ဘာကျော် ပညာရှိသုခမိန်ကြီးများ အခါအားလျော်စွာ စုဝေးတိုင်ပင်သော ရောမကလပ် ဟူ၍ ရှိပါ၏ ။ ဤကလပ်ကြီးမှနေ၍ အခါအားလျော်စွာ စစ်တမ်းထုတ်ပါ၏ ။ ဤစစ်တမ်းတို့သည် အလွန်သြဇာကြီးလှ၏ ။ ၁၉၇၉ ခုနှစ် က လေ့လာဆည်းပူးခြင်းတွင် အကန့်အသတ်မရှိ မည် သော စာတမ်းကို ထုတ်ပြန်ရာ ကမ္ဘာ့ပညာရေး နှင့် နိုင်ငံရေး လောကတွင် လှုပ်ရှား သွားပါသည်။ ယနေ့ တိုင်အောင် ဤစစ်တမ်းကို ဒေသနာသဖွယ် အကိုးအကားပြု၍ ဆွေးနွေးနေကြ၏ ။ လူမှု ရေး ဆိုင်ရာ အထူးဒေသနာဟု အများ က ခေါ်ဝေါ်နေကြပါသည်။
ကျမ်းကိုး - No Limit to Learning by The Club of Rome
အတွေးအမြင် (၇)၊ အောက်တိုဘာ၊ ၁၉၈၅။
ကမ္ဘာ့စီးပွားရေး တစ်ခုလုံးနှင့် ဆိုင်သော သီအိုရီကြီးတစ်ပါးကို ကြံဆနေရာ ကျွန်တော့် အမြင် ၌ မ ဖြစ်နိုင်ဟု ယူဆ၏ ။ သို့ သော် ဤသီအိုရီကြီး ဖြစ်ထွန်းစေရန် အလို့ငှာ စဉ်းစားရမည့်  ပြဿနာ တို့ကို တင်ဆက်သည့်အပိုင်းသည်မူ စိတ်ဝင်စားဖွယ်ကောင်း၍ လေးနက်စွာ ဝေဖန်ဆင်ခြင်အပ် သည်ဟု ထင်၏ ။
ကမ္ဘာ့စီးပွားရေး တခုလုံး (တစ်လောကလုံး) သည် အရင်းရှင်စနစ် ဖြစ်နေခဲ့လျှင် ကမ္ဘာ့စီးပွား ရေး သီအိုရီကို ပြုစုဖော်ထုတ်ရန် လွယ်ကူချောမောစရာရှိပါလိမ့်မည် ။ ကမ္ဘာ့စီးပွားရေး တစ်ခုလုံး သည် ဆိုရှယ်လစ်စနစ် ဖြစ်နေခဲ့ပါလျှင်လည်း ကမ္ဘာ့စီးပွားရေး သီအိုရီကျမ်းပြုစုရန် ခက်ခဲစရာမရှိ ဟု ထင်ပါသည်။
သို့ သော် မျက်မှော က်ခေတ်သည် အရင်းရှင်စနစ်လည်း အလုံးစုံမဟုတ်။ ဆိုရှယ်လစ်စနစ် လည်း ဥဿုံမဟုတ်။ အကုန်ရောထွေးနေကုန်၏ ။ ဤသို့ အကုန်ရောထွေးနေသော အခြင်းအရာ ကို စပ်ကူးမပ်ကူးကာလ အခြင်းအရာဟူ၍ လည်းကောင်း၊ အသွင်ကူးပြောင်းနေသော အခြင်းအရာ ဟူ၍ လည်းကောင်း၊ အချို့ပညာရှင်တို့က လက္ခဏာရေး ဖြတ်ကြ၏ ။ ယခင်က အတွေးအမြင်ဖြင့် စဉ်းစားလျှင် လက်ခံနိုင်သော်ငြားလည်း ယခု အတွေးအမြင်နှင့် မူ ကျွန်တော် သည် ဤသို့ သော လက္ခဏာဖြတ်ချက်ကို လက်မခံနိုင်တော့ပါ။ ဘောဂဗေဒပညာရှင်အတော် များများ ကလည်း ကမ္ဘာ့ စီးပွားရေး တွင် ရောထွေးနေသော အခြင်းအရာကို ယာယီခဏ အခြင်းအရာ၊ အသွင်ကူးပြောင်းနေ သော အခြင်းအရာဟူ၍ လက္ခဏာသတ်မှတ်ခြင်းကို ဝေဖန်ပြောဆိုတိုက်ခိုက်နေကြသည်ကို တွေ့  ရ၏ ။
သို့ ဖြင့် ပွဲမစခင်ကပင် မျက်မှော က်ကမ္ဘာ့စီးပွားရေး အခြင်းအရာ၏ လက္ခဏာနှင့် စပ်လျဉ်း၍ အမြင်ကွဲလွဲနေကြကုန်၏ ။ အမှန်တကယ်လည်း မျက်မှော က်ခေတ်ကမ္ဘာ့စီးပွားရေး အခြင်းအရာက အလွန်ရှုပ်ထွေး၏ ။ ၀ိရောဓိတို့ဖြင့် အလျှံပယ်ပြွမ်းနေ၏ ။ မသေချာ၊ မရေရာမှု တွေ များ လှ၏ ။ စက်မှု လက်မှု ထွန်းကားနေပြီးသား နိုင်ငံကြီး၊ နိုင်ငံငယ်တို့၏ အခြေအနေကို ယေဘုယျသုံးသပ်ရုံဖြင့် မပြီး၊ မဖွံ့ဖြိုးသေးသော နိုင်ငံတို့၏ စီးပွားရေး သွင်ပြင်တို့ကိုလည်း ဘက်စုံထည့်သွင်းစဉ်းစားရာ၏ ။ ဗဟုအခြင်းအရာ ဖြစ်နေသည်ဆိုကြပါသည်။
ဒုတိယပြဿနာသည် ဗဟိုချက်မ ကိစ္စ ဖြစ်၏ ။ ဒုတိယကမ္ဘာစစ်မတိုင်မီအထိ၌ ကမ္ဘာ့စီးပွား ရေး တစ်ရပ်လုံးသည် အရင်းရှင်စီးပွားရေး အ၀န်းအ၀ိုင်းထဲတွင် ရှိနေခဲ့လေရာ ကမ္ဘာ့စီးပွားရေး ၏ ဗဟိုချက်မနေရာသည် အရင်းရှင်နိုင်ငံကြီးတို့သာ ဖြစ်၏ ။ အရှင်းရှင်နိုင်ငံကြိးတို့ ကြိုးဆွဲသလို၊ ဤ နိုင်ငံများ ချင်း လွန်ဆွဲရာ၌ အင်အားနှိုင်းယှဉ်ချက်အခြေအနေ ပေါ်ပေါက်သလို ကမ္ဘာ့စီးပွားရေး သည် လှုပ်ရှားခဲ့ရသည်။ ပြောင်းလဲခဲ့ရသည်။
ဗဟိုချက်မသည် တစ်နေရာတည်း၌ ပင်ရှိသေးသလော၊ သို့ တည်းမဟုတ် နေရာအနှံ့သို့ ဗဟိုချက်မများ ပျံ့ထွက်ကုန်ပါသလောဟူသော ပြဿနာသည် ကမ္ဘာ့စီးပွားရေး တစ်ခုလုံးနှင့် ဆိုင် သော သီအိုရီတစ်ပါးကို ပြုစုရာတွင် ကြိုတင်စဉ်းစားရမည့် ကိစ္စ ဖြစ်နေပါသည်။ အရင်းရှင်နှင့် ဆိုရှယ်လစ်စနစ်တို့ လွန်ဆွဲပွဲသည် အဓိက ဖြစ်နေခြင်းကြောင့် ဗဟိုချက်မသည် နှစ် နေရာသာရှိ သည်ဟူသော အမြင်ရှိသကဲ့သို့ အရင်းရှင်နိုင်ငံချင်းကလည်း စီးပွားရေး ပြိုင်ဆိုင်မှု သည် သည်းထန် နေခြင်း၊ ဆိုရှယ်လစ်နိုင်ငံချင်းလည်း ကွဲပြားနေခြင်း၊ တက်သစ်စနိုင်ငံများ ကလည်း နိုင်ငံကြီးများ နှင့် ရင်ပေါင်တန်းလိုက်လာနိုင်ခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားရေး တွင် ဗဟိုချက်မတို့သည် တစ်ခုမက နှစ် ခုမက များ စွာ ရှိလာပြီ ဆိုသော အမြင်လည်း ရှိနေပါသည်။
ကမ္ဘာ့စီးပွားရေး သီအိုရီကို ပြုစုလျှင် နိုင်ငံနယ်နိမိတ်ဟူသော အချက်ကို ထည့်သွင်းစဉ်းစား ရန် မလိုသည့်သဘောရှိ၏ ။ ဤသဘောကို ပိုက်ထွေး၍ အချို့သော ပညာရှင်တို့က နိုင်ငံ နယ်နိမိတ်ဟူသည် သမိုင်းအရ မတော် တဆ ဖြစ်သော ကိစ္စ ဟု ယူဆ၏ ။ ခဏပြဿနာဟု ထင်၏ ။ သို့ ဖြင့် နိုင်ငံနယ်နိမိတ် ဆိုသည့်အရာကို ထည့်သွင်းမစဉ်းစားဘဲ သီအိုရီပြုစုရန် တင်ပြကြ၏ ။ အချို့ သော ပညာရှင်တို့ကလည်း လူမှု စနစ်တို့ကို ဘေးချိတ်၍ ကမ္ဘာ့စီးပွားရေး သီအိုရီကြီးကို ထူထောင် ရန် ကြိုးပမ်းကြသည်။ နိုင်ငံနယ်နိမိတ်နှင့် လူမှု စနစ်တို့ကို သီအိုရီတွင် ထည့်သွင်းမစဉ်းစားရဆို သော ကိစ္စသည် အပြောလွယ်သလောက် အလွန်ခက်ခဲလှသော ကိစ္စ ဖြစ်သည်ဟု ကျွန်တော် ထင် ပါသည်။ ဒြပ်မဲ့သီအိုရီသက်သက် ဖြစ်၏ ။
ကမ္ဘာ့စီးပွားရေး သီအိုရီတွင် ရင်ဆိုင်တည်ရှိနေသော လူမှု စနစ်တို့ကို မလွဲမသွေ ထည့်သွင်း စဉ်းစားရာ၏ ။ တစ်ခုထက်ပိုသော စနစ်တို့သည် ကမ္ဘာ့စီးပွားရေး တွင် ပါဝင်ဖွဲ့စည်းနေခြင်းကြောင့် အချို့က ကမ္ဘာ့စီးပွားရေး သည် “စနစ်လွန်” ဟူ၍ လည်းကောင်း၊ အချို့က “ဗဟုစနစ်” ဟူ၍ လည်း ကောင်း အမည် ပေးကြပါ၏ ။ ဤအခြင်းအရာကို အခြေခံ၍ ကမ္ဘာ့စီးပွားရေး ၏ အနာဂတ်ကံကြမ္မာ ကို အကဲခတ်စမ်းကြည့်ကြရာ အချို့က စနစ်လွန်ခေါ်ခေါ်၊ ဗဟုစနစ်ခေါ်ခေါ်၊ မျက်မှော က်ခေတ် ကမ္ဘာ့စီးပွားရေး သည် သမိုင်းအရ မျှော်မှန်းလို့ရသော အနာဂတ်၌ ဆိုရှယ်လစ်စနစ်ဘက် ဦးတည် နေသည်ဟု ဆိုကြပါသည်။ အချို့ကမူ ကမ္ဘာ့စီးပွားရေး ကြီးသည် အစွန်ဆုံးသော စခန်း၌ မျိုးစပ် စီးပွားရေး ကြီး ဖြစ်လာလိမ့်မည် ဟု အကဲဖမ်းပါသည်။ ဘောဂဗေဒ၌ သီအိုရီတစ်ရပ်သည် မိမိ ဆင်ခြင်သော စီးပွားရေး ယန္တရား၏ အနာဂတ်ကံကြမ္မာ မည် သို့ ဖြစ်လာမည် ကို အရာ “တေး” ပေး ထားနိုင်မှ သိပ္ပံနည်းလမ်းကျဖို့ရှိခြင်းကြောင့် ဤပြဿနာကို ပညာရှင်တို့က ကြိုတင်ဆွေးနွေးကြ ခြင်း ဖြစ်တန်ရာသည်။
ကမ္ဘာ့စီးပွားရေး ပြဿနာသည် အဓိကရအားဖြင့် အရင်းအနှီး၊ လုပ်အားနှင့် အတတ်ပညာ၊ နည်းပညာတို့ လှုပ်ရှားမှု ကိစ္စ (၀ါ) ကုန်ထုတ်စွမ်းအားစုများ လှုပ်ရှားမှု ကိစ္စ ဖြစ်ပါ၏ ။ ဤမျှအထိ၌ ပညာရှင်တို့ကြားတွင် အငြင်းမပွားပါ။ ကုန်ထုတ်စွမ်းအားစု လှုပ်ရှားမှု ပြဿနာနှင့် ကုန်ထုတ် ဆက်ဆံရေး ကိစ္စတို့သည် ဘောဂဗေဒတွင် သဘောတရားရေး ရာ အခြေခံများ ဖြစ်ကြပါ၏ ။ အချို့ သော ပညာရှင်တို့က ကုန်ထုတ်စွမ်းအားစုလှုပ်ရှားမှု နှင့် အတူ ကုန်ထုတ်ဆက်ဆံရေး သည်လည်း လှုပ်ရှားပါဝင်သွားသည်ဆိုသော အဆိုကို တင်ပြလာပါသည်။ အထောက်အထားအနေဖြင့် နယ်ချဲ့ နိုင်ငံတို့သည် ကိုလိုနီနိုင်ငံများ သို့ အရင်းအနှီးတင်ပို့ခဲ့ရင်း (ကုန်ထုတ်စွမ်းအားစုတို့ကို လှုပ်ရှားပေး ခဲ့ရင်း) ကိုလိုနီနိုင်ငံတို့တွင် အရင်းရှင်စနစ်ကို မျိုးစေ့ချခဲ့သည်ဟု ပြဆိုပါသည်။ (ကုန်ထုတ်ဆက်ဆံ ရေး ကိုပါ အတူခေါ်သွား၍ ထူထောင်ခဲ့ခြင်းကို ဆိုလို၏ ။) သမိုင်း အထောက်အထားအနေဖြင့် ဤ အချက်သည် လုံးဝ မှန်ကန်ခဲ့ပါသည်။
သို့ ရာတွင် မျက်မှော က်ကမ္ဘာ့စီးပွားရေး စနစ်၌ ကုန်ထုတ်စွမ်းအားစုများ လှုပ်ရှားရာသို့ ကုန်ထုတ်ဆက်ဆံရေး က နောက်တော် ပါးအ ဖြစ် မလွဲမသွေ လိုက်လံသွားလိမ့်မည် ဆိုသော အဆို အမိန့်ကိုမူ ကျွန်တော့် အနေဖြင့် လက်ခံနိုင်ရန် ခဲယဉ်းနေပါသည်။ အရပ်သားစကားနှင့် နားလည် အောင်ရေး ရလျှင် အရင်းရှင်နိုင်ငံမှ နည်းပညာ၊ စက်မှု ပညာတို့ကို နိုင်ငံတစ်နိုင်ငံက တင်သွင်း ယူသုံးရုံမျှဖြင့် ယူသုံးသော နိုင်ငံတွင် အရင်းရှင်စနစ်သည် မုချပေါ်ပေါက်လိမ့်မည် ၊ ကြီးထွားလိမ့် မည် ဟု ဧကန်မဆိုနိုင်ပါ။ ဥပမာ - ဆိုရှယ်လစ်နိုင်ငံများ ဖြစ်သော ဆိုဗီယက်နှင့် တရုတ်နိုင်ငံတို့က အရင်းရှင်နိုင်ငံကြီးတို့မှ စက်မှု နှင့် နည်းပညာတို့ကို အကြီးအကြယ် တင်သွင်းအသုံးပြုနေရာ ထို နိုင်ငံတို့တွင် အရင်းရှင်စနစ်မလွဲမသွေ ပေါ်ပေါက်တော့မည် ဟု ဧကန်ဆို၍ မရဘိသကဲ့သို့ ဖြစ်၏ ။
ကျွန်တော့် အမြင်၌ ကုန်ထုတ်စွမ်းအားစုလှုပ်ရှားမှု နှင့် အတူ ကုန်ထုတ်ဆက်ဆံရေး က နောက်ကလိုက်သည်ဆိုသော အယူအဆသည် တရားသေကျလွန်းသည်ဟု ထင်ပါသည်။ သဘောတရားထက် ၀ါဒဖြန့်သဘောလည်း ဖြစ်နေသည်ဟု ထင်ပါသည်။
တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကုန်ထုတ်စွမ်းအားစုတို့ကို ပြောင်းရွှေ့လှုပ်ရှားဖလှယ်ရာတွင် တန်ဖိုး အားဖြင့် သာ ပြုကြကုန်၏ ။ တန်ဖိုး၌ နိုင်ငံရေး အရောင် အဆင်းမရှိ၊ တန်ဖိုးသည် ကြားသဘော လက္ခဏာရှိသည်ဟု သုံးသပ်လျှင် ကုန်ထုတ်စွမ်းအားစုနှင့် အတူ ကုန်ထုတ်ဆက်ဆံရေး လည်း နောက်ကပါသည်ဆိုသော အယူအဆသည် အခါခပ်သိမ်း မှန်ကန်နိုင်စရာမရှိဟု ထင်ပါသည်။ အခြေအနေအားလျော်စွာ သာ တစ်စိတ်တစ်ဒေသ မှန်ကန်ပါလိမ့်မည် ။
ဗဟုစနစ်များ ဖြင့် တည် ဖြစ်နေခြင်းကြောင့် ကမ္ဘာ့စီးပွားရေး ကြီး ပြေပြစ်စေရန်အလို့ငှာ အပြန်အလှန်လိုက်လျောမှု များ ပြုကြရပါမည် ။ သို့ ဖြင့် လိုက်လျောမှု တို့ကို သီအိုရီ၏ အခြေခံ တစ်ပါးအ ဖြစ် (ကိန်းသေ ဖြစ်စေ၊ ကိန်းရှင် ဖြစ်စေ) ထည့်သွင်းသုံးသပ်ရန် ကြံဆကြပါသည်။ လိုက် လျောမှု တို့သည် ဈေးကွက်သဘောတရား၏ ပြင်ပသဘော ဖြစ်လေရာ ဤပြင်ပသဘောတို့ကို သီအိုရီထဲတွင် ထည့်သွင်းထိုက်-မထိုက်မှာ လည်း ပြဿနာအ ဖြစ်ရှိနေပါသည်။
ကမ္ဘာ့စီးပွားရေး အကြောင်းပြောလျှင် နိုင်ငံရေး တွင် အများ ကြီးပါပါလိမ့်မည် ။ စီးပွားရေး သီအိုရီတွင် နိုင်ငံရေး ကို အရေအတွက်ကိန်း အပိုင်းအခြားဖြင့် ဖော်ပြလျှင်လည်း မှားယွင်းစရာရှိ ၏ ။ ကမ္ဘာ့စီးပွားရေး သည် အဓိကအားဖြင့် ကိန်းဂဏန်းပြဿနာမဟုတ်ဟု ကျွန်တော် ထင်ပါ၏ ။ ထို့ ကြောင့် ကမ္ဘာ့စီးပွားရေး တစ်ခုလုံးနှင့် ခြုံသော သီအိုရီတစ်ပါးကို ကိန်းဂဏန်းအပိုင်းအခြားဖြင့် ပြုစု လျှင် သူ့ဘာသာသူ တည်နေသော သဘောတရားရေး ရာပုံစံ အ ဖြစ်တော့ ရပ်တည်နိုင်စရာရှိပါလိမ့် မည် ။ သို့ သော် ဤသဘောတရားရေး ရာပုံစံ၌ ကမ္ဘာ့စီးပွားရေး တစ်ခွင်လုံးကို သရုပ်ဖော်ပြနိုင်သော အင်အား သည် လုံလောက်စွာ ရှိနိုင်လိမ့်မည် ဟူ၍ ကား သံသယ ဖြစ်ပါသည်။ ကြိုတင်နိမိတ်ဖတ်နိုင် သော အင်အား သည်မူ ပျော့ရိနေဖွယ်သာရှိလိမ့်မည် ဟု ယူဆပါသည်။
ကျမ်းညွှန်း - Social Science
အတွေးအမြင် ( ၈)၊ နိုဝင်ဘာ၊ ၁၉၈၅။
သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု သည် လူတို့၏ စာရိတ္တကို ယိုယွင်းစေပါသလော။ ကျယ်ပြန့်စွာ ပုစ္ဆာထုတ်ရလျှင် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု သည် လူတို့၏ နာမ်ပိုင်းဆိုင်ရာ (၀ါ) စိတ်ပိုင်းဆိုင်ရာကဏ္ဍကို ဆုတ်ယုတ်စေပါသလား။
ဤပြဿနာကို ပညာရှင်အသီးသီးက အချေအတင် ဆွေးနွေးလျက် ရှိကြစေကာမူ စင်စစ် ၌ ဤပြဿနာသည် ပြဿနာသစ်မဟုတ်ပါပေ။ ၁၉ ရာစုနှစ် စက်မှု လုပ်ငန်းများ ထွန်းကားစက လည်း အလားတူပြဿနာမျိုးများ ပေါ်ခဲ့ဖူးပါ၏ ။ ယခုပြဿနာသည် အသွင်သစ်ဆောင်ရုံသာရှိ၍ သဘောသကာယအားဖြင့် အတူတူဟု ဆိုအပ်ပါသည်။
သိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရန် အရှိန်ယူနေစဉ်အခါကာလက စိုက်ပျိုးချိန်တွင် မိုး ကို အရူးအမူး မျှော်နေသော လယ်သမားများ ကဲ့သို့ နည်းပညာများ ဝေဆာဖွံ့ဖြိုးတိုးတက်ရန်ကို လည်း အရူးအမူး လိုလားတောင့်တခဲ့ကြ၏ ။ နည်းပညာတို့က အံ့မခန်း တိုးတက်လာပြန်တော့ လည်း မှော်ဆရာကို ကြောက်ရွံ့ဘိသကဲ့သို့ နည်းပညာတိုးတက်မှု တို့ကို အထိတ်တလန့် ကြောက်ရွံ့စိုးရိမ်လာကြပြန်သည်။ နည်းပညာတို့ကို အရူးအမူးတောင့်တသည့်အခြေ မှ အလန့် တကြားစိုးရိမ်ထိတ်လန့်သည့်အခြေ သို့ အကူးအပြောင်း ဖြစ်နေပါသည်။
လူနည်းစုတော့ ဖြစ်ပါလိမ့်မည် ။ အချို့က သိပ္ပံနှင့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှု ကြောင့် ရုပ်ဝတ္ထုပစ္စည်းများ ပေါများ ဆန်းကြယ်ထွေပြားနေခြင်းကို ပြစ်တင်ရှုတ်ချကြ၏ ။ လူတို့သည် ရုပ်ပိုင်း ဆိုင်ရာနောက်သို့ သာ အငမ်းမရလိုက်နေသည့်အတွက် စိတ်ပိုင်းဆိုင်ရာတွင် ချို့တဲ့ယိုယွင်းကုန်ကြ ပြီဟု ကောက်ချက်ဆွဲကြသည်။ သိပ္ပံနည်းပညာကို စိတ်ပိုင်းအဖျက်အင်အားအ ဖြစ် ရှုမြင်ရာရောက် သဖြင့် ဤအတွေးအမြင်ကို ကျွန်တော့် အနေဖြင့် လက်ခံနိုင်စရာမရှိပါ။
တစ်ဖန် လူတို့၏ စာရိတ္တများ ယိုယွင်းလာသည်မှာ သိပ္ပံနှင့် နည်းပညာတို့ကြောင့် ဟုလည်း ဧကန်ဆိုနိုင်ဖွယ်ရာမရှိသည်ကိုလည်း စဉ်းစားရန်ရှိပါသည်။ သိပ္ပံနှင့် နည်းပညာတို့သည် သဘာဝ နိယာမတရားတို့ကို ယုတ္တိဆုံးသည့်တိုင်အောင် ဖော်ထုတ်ခြင်းဖြင့် ဖွံ့ဖြိုးစည်ပင်ရသည် ဖြစ်ခြင်း ကြောင့် လူ၏ ကျင့်ဝတ်ဆိုင်ရာအပိုင်းတွင် သာမန်အားဖြင့် ကြားနေသည်ဟု ဆိုနိုင်ရန်ရှိပါသည်။ ဤအဆိုမှာ အနည်းဆုံးအဆို ဖြစ်ပါသည်။
သိပ္ပံနှင့် နည်းပညာရှင်အတော် များများ က သိပ္ပံနှင့် နည်းပညာတို့သည် လူ့ကျင့်ဝတ်ပိုင်းနှင့် ပတ်သက်လျှင် ကြားနေသည့် သဘောရှိသည်ဟု ခံယူကြ၏ ။ သို့ သော် ဒဿန အမြင်ရင့်သန်သော သိပ္ပံရှင်တို့ကမူ လူ့ကျင့်ဝတ်ဆိုင်ရာမူတို့ကို သိပ္ပံနည်းကျကျ ဖော်ထုတ်နိုင်သည်ဟု လက်ခံကြ သည်။ ထို့ကြောင့် သိပ္ပံနှင့် နည်းပညာတို့သည် လူ့ကျင့်ဝတ်ပိုင်း၌ ကြားနေခြင်းမရှိပါဟု ဆိုကြ သည်။ ဤသို့ ဆိုပြီးနောက် သိပ္ပံနှင့် နည်းပညာတိုးတက်မှု ခေတ်တွင် လူ့ကျင့်ဝတ်ဆိုင်ရာမူကြီးတို့ သည် သိပ္ပံနည်းကျကျ ဖြစ်လာမည် ဖြစ်၍ ပို၍ အခြေခိုင်လာဖွယ်ရာရှိသည်ဟု တင်ပြကြသည်။ သိပ္ပံ နှင့် နည်းပညာကြောင့် လူ့စာရိတ္တများ ပျက်စီးယိုယွင်းလာရသည်ဆိုသော ကောက်ချက်ကို ငြင်း ပယ်ပါသည်။
သိပ္ပံနှင့် နည်းပညာတို့သည် ပင်ကိုနိယာမတရားရှိသလို ယုတ္တိကုန်အောင် ဖွံ့ဖြိုးမည် ဖြစ် သည့်အလျောက် လူနေမှု စနစ်နှင့် မည် သို့ မျှ မပတ်သက်ဟူသော အမြင်လည်း ရှိ၏ ။ ဤအမြင် သည် အလွန်အားကောင်းပါသည်။ ကျွန်တော့် အနေနှင့် ဆိုမူ ဤအမြင်သည် မလွဲမသွေ လက်ခံရ မည် ဖြစ်သော အမြင် ဖြစ်ပါ၏ ။ သိပ္ပံနှင့် နည်းပညာတို့သည် နိယာမအတိုင်း ယုတ္တိရှိသလို တိုးတက် သွားမည် သာ ဖြစ်၏ ။ ဤတိုးတက်မှု ကြောင့် အကျိုးကျေးဇူးများ ဖြစ်ထွန်းလာမည် ဖြစ်လေရာ ဤ အကျိုးကျေးဇူး (အပြစ်အပါအ၀င်) တို့ကို လူနေမှု စနစ်က မည် သို့ ငုံယူစုပ်ယူမည် နည်းဟူ၍ ပြဿ နာရှိပါသည်။
သိပ္ပံနှင့် နည်းပညာတို့မှ အကျိုးတရား အဆိုးတရားတို့ကို တည်ဆဲလူနေမှု စနစ်က ငုံယူ စုပ် ယူသော အနေအထားနှင့် ပတ်သက်လာသည့်ကိစ္စကျမှသာ သိပ္ပံနှင့် နည်းပညာသည် အရန်အပွား အားဖြင့် ကြားနေခြင်းငှာရှိလိမ့်မည် မဟုတ်ဟု ထင်ပါသည်။ ဆိုလိုသည်မှာ ဖော်ပြခဲ့ပါ အကျိုး တရား အဆိုးတရားတို့ကို ငုံယူမှု ကိစ္စတွင် သာ “နိုင်ငံရေး ” ကို ထည့်သွင်းစဉ်းစားထိုက်ခြင်း ဖြစ်ပါ သည်။ ကျန်ကိစ္စတို့တွင် ကား သိပ္ပံနှင့် နည်းပညာတို့သည် သူ့တရားနှင့် သူ စီရင်သွားကြမည် သာ ဖြစ်အံ့ထင်ပါသည်။
သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု တို့၏ အကျိုးအပြစ်တို့ကို ငုံယူစုပ်ယူသော ပြဿနာနှင့် ပတ်သက်၍ ကျွန်တော် လက်မခံနိုင်သော လက်ဝဲပညာရှင်အချို့၏ အမြင်ကို အနည်းငယ် တင်ပြ လိုပါသည်။
သိပ္ပံနှင့် နည်းပညာတိုးတက်မှု တို့သည် အရင်းရှင်စနစ်၌ ဆိုးကျိုးများ ကိုသာ မွေးထုတ်ပေး ပြီး ဆိုရှယ်လစ်စနစ်၌ မူ ကောင်းကျိုးများ ကိုသာ ဖြစ်ထွန်းစေသည်ဆိုသော အမြင်သည် အလွန် တရာမှ တစ်ဖက်သက်ကျလှ၍ ယုတ္တိလည်းမရှိဟု ထင်ပါသည်။ မျက်မှော က်အခြေအနေ၌ ဆိုရှယ် လစ်နိုင်ငံတို့တွင် လည်း တစ်ဖက်၌ သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတန်သရွေ့ ဖွံ့ဖြိုးသလောက်၊ တစ်ဖက် ၌ လည်း လူတို့၏ စာရိတ္တပိုင်း၌ ပြဿနာတက်နေသည်မှာ လည်း အထင်အရှား ဖြစ်၏ ။
စနစ်တစ်ခုစလုံးတွင် လူတို့၏ နာမ်ပိုင်းဆိုင်ရာ ချွတ်ယွင်းဖောက်ပြန်မှု တို့ကို တွေ့ ရှိနေခြင်း ကြောင့် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု တို့သည် စနစ်မရွေး ဆိုးကျိုးပေးနေသည်ဟု ကောက် ချက်ဆွဲရမလို ဖြစ်နေသကဲ့သို့ ပင် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်မှု တို့သည် လူနေမှု စနစ်နှင့် မဆိုင် အကျင့်စာရိတ္တယိုယွင်းမှု တို့နှင့် မပတ်သက်ဟူ၍ လည်း ကောက်ချက်ဆွဲနိုင်နေပါသည်။
မျက်မှော က်ခေတ်လူတို့၏ စာရိတ္တယိုယွင်းမှု သည် သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးခြင်းနှင့် တိုက် ဆိုင်နေပါသည်။ ယင်းတိုးတက်မှု တို့ကြောင့် ပင် လူတို့၏ စာရိတ္တများ ယိုယွင်းရသလိုလို ထင်စရာ ရှိနေပါသည်။
စင်စစ်၌ ကား လူတို့၏ စာရိတ္တယိုယွင်းမှု သည် အကြောင်းအရာမျိုးစုံမှ ဖြစ်ပေါ်ခြင်း ဖြစ်၍ သိပ္ပံနှင့် နည်းပညာကိုသာ အတာချ၍ အပြစ်ပြောဆိုနေခြင်းငှာ မထိုက်ပါဟု ထင်မြင်ပါသည်။
သိပ္ပံနှင့် နည်းပညာမဖွံ့ဖြိုးမတိုးတက်သေးသော နိုင်ငံအများ အပြားတွင် လည်း စာရိတ္တ ယိုယွင်းမှု ပြဿနာသည် ခေါင်းကိုက်စရာ ဖြစ်နေပါ၏ ။ ထိုအခြင်းအရာကို စဉ်းစားလျှင် သိပ္ပံနှင့် နည်းပညာကြောင့် လူ့စာရိတ္တများ ထိခိုက်သည်ဟု ဆိုနိုင်စရာမရှိကြောင်းမှာ ပေါ်လွင်ပါသည်။
သမိုင်းအစဉ်ကြည့်လျှင် လူတို့၏ ကျင့်ဝတ်ဆိုင်ရာတရားတို့ကို သက်ဆိုင်ရာဘာသာရေး အသီးသီးက ပြဋ္ဌာန်းပေးကြောင်း တွေ့ ရ၏ ။ နောက်ပိုင်းတွင် လူ့ကျင့်ဝတ်တရားတို့သည် ယဉ်ကျေး မှု ၏ ရောင် ပြန်ဟပ်မှု သဘော သက်ရောက်လာပါသည်။ လူတို့၏ နှစ် ရှည်လများ တွေ့ ကြုံခဲ့ရသော ဘ၀အခြေအနေတို့မှ လူ့ကျင့်ဝတ်ဆိုင်ရာတရားများ ပေါက်ဖွားလာခြင်းလည်းရှိ၏ ။ သိပ္ပံနှင့် နည်း ပညာတို့သည် ဤသို့ သော လူ့ကျင့်ဝတ်ဆိုင်ရာ တရားကိုယ်ထည်ကြီးတို့ကို ယိမ်းယိုင်အောင် နှဲ့ ပေးနေသည်ဟု ဆိုသူများ လည်း ရှိပါသည်။
ဤအမြင်သည် လူ့ကျင့်ဝတ်ဆိုင်ရာမူများ နှင့် သိပ္ပံဆိုင်ရာမူတို့သည် အပ်စပ်ခြင်းမရှိ၊ ဆီနှင့် ရေအလား အလွန်ကွာခြားလှသည်ဆိုသော အယူမှ ဆင်းသက်လာဟန်ရှိပါသည်။ အစွန်းရောက် သူတို့က လူ့ကျင့်ဝတ်တရားများ နှင့် သိပ္ပံဆိုင်ရာမူတို့ကို ရောထွေးခြင်းကို ဒေသနာတော် ချိုးဖောက် သည့်အလား စက်ဆုပ်ရွံရှာကြပါသည်။
ဘာသာရေး တို့အပေါ် အခြေခံထားခဲ့သော လူ့ကျင့်ဝတ်တရားတို့သည် တစ်ဖက်တွင် တကယ်အစစ်အမှန်တည်ရှိနေ၏ ။ အခြားတစ်ဖက်တွင် သိပ္ပံနှင့် နည်းပညာတိုးတက်မှု တို့ကလည်း တကယ်အစစ်အမှန် ဖြစ်နေ၏ ။ ဤအစစ်အမှန်နှစ် ခုကြားတွင် စေ့စပ်၍ မရသော ၀ိရောဓိရှိသည်ဟု မြင်သူများ ရှိသကဲ့သို့ ဤအစစ်အမှန်နှစ် ခုကို သမူဟပေါင်းစပ်ပေးရမည် ဆိုသော အယူအဆလည်း ရှိကြပါသည်။
မည် သို့ ပင်ဆိုစေကာမူ လက်ရှိအခြေ၌ ဤအစစ်အမှန်နှစ် ရပ်ကို မျက်မှော က်ပြုနေရမည် သာ ဖြစ်ပါသည်။ လူတို့သည် ဤအစစ်အမှန်နှစ် ခုကြားတွင် ယောက် ယက်ခတ်နေဖို့လည်း ရှိ၏ ။ ဗျာများ ကာ စိတ်တွေ ဝေမှု များ လည်း ရှိနိုင်ကုန်၏ ။ ဤသဘောကို လူတို့၏ ကျင့်ဝတ်ဆိုင်ရာ အကျပ် အတည်း ဟု ခေါင်းစဉ်တပ်ကာ ပြောဆိုကြပါသည်။
ထူးခြားသော အချက်တစ်ချက်မှာ လည်း သိပ္ပံနှင့် နည်းပညာဖွံ့ဖြိုးမှု နှင့် လူမှု တော် လှန်ရေး များ သည် တိုက်ဆိုင်နေခဲ့ခြင်း ဖြစ်ပါသည်။ အချို့သော ပညာရှင်တို့က သမိုင်းအစီအစဉ်ကို လေ့လာ ကာ လူမှု တော် လှန်ရေး များ ဖြစ်ပေါ်ခဲ့ပြီးမှ သိပ္ပံနှင့် နည်းပညာတော် လှန်မှု များ ဖြစ်ပေါ်ခဲ့သည်ဟု ထောက်ပြကြ၏ ။ မျက်မှော က်လောက၌ မူ သိပ္ပံနှင့် နည်းပညာတော် လှန်မှု တို့က ရှေ့အလျင်ရောက် နေသည်ဟုဆို၏ ။ လူမှု တော် လှန်ရေး တို့က အလှမ်းဝေးကျန်ရစ်ခဲ့သည်ဟု ဆိုပါသည်။ ၂၀ ရာစုနှစ် နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှု သည် ၁၉ ရာစုနှစ် ဖြစ်ပေါ်တိုးတက်မှု ၏ ပြောင်းပြန် ဖြစ်သည်ဟု ဆို ကြပါသည်။
သိပ္ပံနှင့် နည်းပညာတိုးတက်မှု တို့က လူမှု တော် လှန်ရေး တို့ထက်အလျင် ရှေ့ကပြေးနေ သည်ဆိုသော အချက်ကို သုံးသပ်လျှင် သိပ္ပံနှင့် နည်းပညာတိုးတက်မှု တို့သည် လူမှု တော် လှန်ရေး အရှိန်တို့ကို နှေးကွေးပျော့ပျောင်းသွားစေသလောဟူ၍ ဆင်ခြင်ရန် ရှိနေပါသည်။
ဖြစ်ပေါ်ပြောင်းလဲမှု တို့သည် အလွန်တရာမှ ရှုပ်ထွေး၍ ဆန်းကြယ်နေပေရာ လူတို့၏ ကျင့် ၀တ်စာရိတ္တပြဿနာကိုလည်း အလွယ်ဖြေနည်းကားများ ဖြင့် ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ကြောင်း တင်ပြရပါသည်။
ကျမ်းကိုး - Social Science
အတွေးအမြင် ၉)၊ ဒီဇင်ဘာ၊ ၁၉၈၅။
ဘောဂဗေဒလက်ရွေးစင်စာအုပ် အတွက် ၁၉၆၄ ခုနှစ် က ကျွန်တော် စာပေဗိမာန်ဆု ရရှိခဲ့ပါ သည်။ ထိုစာအုပ်တွင် ကမ္ဘာကျော် ဗြိတိသျှဘောဂဗေဒသုခမိန် လော့ဒ်ဂျွန်မေနပ်ကိန်းစ်၏ အတ္ထု ပ္ပတ္တိ အကျယ်ရေး သားထားပါသည်။ လော့ဒ်ကိန်းစ်သည် ၁၈၈၃ ခုနှစ် ၊ ဇွန်လ (၅) ရက်နေ့တွင် မွေးဖွားခဲ့ရာ ၁၉၈၃ ခုနှစ် တွင် သူ၏ မွေးနေ့ အနှစ် (၁၀၀) ပြည့်ခဲ့ပါပြီ။ (ကိန်းစ်မှာ ၁၉၄၆ ခုနှစ် တွင် ကွယ်လွန်ခဲ့သည် ဖြစ်ရာ ယခု ဤဆောင်းပါးဖော်ပြချိန် ၁၉၈၆ ခုနှစ်သည် ကိန်းစ်ကွယ်လွန်ခြင်း နှစ် ၄၀ ပြည့်ချိန် ဖြစ်ပါလိမ့်မည် ။)
တစ်ကမ္ဘာလုံးမှ ဘောဂဗေဒပညာရှင်တို့က လော့ဒ်ကိန်းစ်၏ မွေးနေ့ရာပြည့်ကို အထိမ်း အမှတ် ပြုခဲ့ကြသည်။ အထူးသဖြင့် လန်ဒန်မြို့ထုတ် Economist ဂျာနယ်ကြီးမှ လော့ဒ်ကိန်းစ်၏ ရာပြည့်အ ဖြစ် ဘောဂဗေဒ နိုဘယ်ဆုရ အမြင်ချင်းမတူကြသော ကမ္ဘာကျော် ပါရဂူကြီးလေးဦးတို့ ၏ ဝေဖန်ရေး ဆောင်းပါးတို့ကို လေးပတ်ဆက်၍ အကျယ်တ၀င့် ထည့်သွင်းဖော်ပြပေးခဲ့ပါသည်။
အလျဉ်းသင့်၍ ဘောဂဗေဒလက်ရွေးစင်တွင် ကျွန်တော် က အဖွင့်မျှရေး သားထားခဲ့ခြင်းကို အတိုမျှ ပြန်လည်ဖော်ပြရလျှင် စာအမြည်းအရသာထူးဖွယ်ရှိပါသည်။
``ကျွန်တော် တို့ တက္ကသိုလ်ရောက်စ ဘောဂဗေဒပညာ စတင်ယူသည့် ၁၉၄၆ နှစ် လောက်ကပင် ဂျွန်မေနပ်ကိန်းစ်မှာ ကွယ်လွန်သွားခဲ့လေသည်။ ထိုစဉ်က ကျွန်တော် တို့ သင်ရသမျှမှာ ကိန်းစ်၏ ဘောဂဗေဒများ ဖြစ်ခဲ့သော်လည်း မည် သူက စတင်ခဲ့သည်ကိုကား မသိခဲ့။ သို့ရာတွင် နောက်ပိုင်း၌ ဘောဂဗေဒပညာကို ရှေ့ဆက်လေ့လာရင်း ကိန်းစ်၏ ဘောဂဗေဒကို အတော် အတန်သိလာခဲ့ရသည်။ ၄င်း၏ ကျမ်းကြီး ဖြစ်သော အထွေထွေသဘောတရားစာအုပ်ကို မိတ်ဆွေတစ်ဦးထံမှ ငှားယူ၍ ဖတ်စဉ်က အတော် လေးပင်ပန်းသွားခဲ့ဖူးသည်။ အကြောင်းအရာ ကိုယ်နှိုက်က ခက်ခဲရသည့်အထဲ ရှင်းလင်းရေး သားပုံက နက်နဲနေသော အခါ စာမျက်နှာတစ် မျက်နှာကို သဘောပေါက်အောင် ငုံမိနိုင်ဖို့ ဦးနှောက်ခြောက်မတက် တွေးယူခဲ့ရဖူးသည်။
ကိန်းစ်သည် ဘောဂဗေဒကျမ်းများ အတော် ရေး ခဲ့သည်။ သို့ရာတွင် ``အထွေထွေ သဘောတရား´´စာအုပ်လောက်သာ ရရှိနိုင်ကြ၍ ဤစာအုပ်ကိုသာ ဖတ်ဖူးမိသည်။ ကိန်းစ်ကို ဝေဖန်ရေး သားသော စာအုပ်များ နှင့် ကိန်းအမြင်ကို အနက်ဖွင့်ဆိုပေးသော စာအုပ်များ ကိုကား နေ့စဉ်လိုဖတ်နေရသဖြင့် ကိန်းစ်၏ ဘောဂဗေဒအမြင်နှင့် အတော် လေးနီးစပ်နေရလေသည်။ သို့သော်ကိန်းစ်အကြောင်းကိုကား မသိခဲ့။ ဘောဂဗေဒအတွေးလောကကြီးကို တုန်လှုပ်သွား အောင်ပြုလုပ်နိုင်စွမ်းရှိသည့် ဘောဂဗေဒသုခမိန်ကြီးအ ဖြစ်နှင့် သာ သိခဲ့သည်။
ကျွန်တော် ၏ ဆရာတစ်ဦးက အဒစ်စမစ်၊ ရီကာဒို၊ မာရှယ်၊ ကားလ်မာ့က်စ် နှင့် ကိန်းစ်တို့ ၏ မူရင်းဘောဂဗေဒကျမ်းများ မဖတ်ဖူးဘဲ ဘောဂဗေဒ ပညာရှင်မ ဖြစ်နိုင်ဟု ပြောဆိုသွားခဲ့သည် ကိုမှတ်မိနေသည်။ ကိန်းစ်အား ဘောဂဗေဒ `ဘုရား´ များ တွင် တန်ခိုးထက်သော ဘုရားတစ်ဆူ အ ဖြစ်လောက်က လွဲ၍ ပိုမသိခဲ့ချေ။ ၄င်းအားထောက်ခံသူတို့က ၂၀ရာစု ခေတ်ကိုပင် ကိန်းစ်တော် လှန်ရေး ခေတ် အ ဖြစ် သတ်မှတ်ပြောဆိုနေကြ၏ ။
ဒုတိယကမ္ဘာစစ်ကြီးမတိုင်မီ ကမ္ဘာအရင်းရှင်စနစ်၏ စီးပွားရေး ကပ်များ ကို ၄င်းတင်ပြသော ကုထုံးများ ဖြင့် ကုစားခဲ့သဖြင့် အတော် အဆင်ပြေသွားခဲ့ပါသည်။ ဒုတိယ ကမ္ဘာစစ်ကြီးပြီးသည့် နောက်၁၉၇၁ခုနှစ် အထိ၌ လည်း ကမ္ဘာ့အရင်းရှင်စနစ် ကြီးမှာ အကျပ်အတည်းနှင့် ကျဆင်းမှု တို့နှင့် တွေ့ ရှိခဲ့လင့်ကစား စနစ်တစ်ခုလုံး၍ ကြည့်လျှင် အတော် ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။ ထို့ကြောင့် လောဒ့်ဂျွန်မေနပ်ကိန်းစ်အား ကမ္ဘာ့စီးပွားရေး ကယ်တင်ရှင်ကြီး အ ဖြစ်မိုးမဆုံးအောင် ချီးမွမ်းမြှောက်ပင့်ခဲ့ကြပါသည်။
ဟော အခုတော့တစ်မျိုး ဖြစ်ပြန်ပြီ။ ငွေကြေးဖောင်းပွမှု များ ကာလအတန်ကြာ အဆမတန်မြင့်တက်ပြီး အလုပ်လက်မဲ့ပြဿနာလည်း ကြီးထွားနေရသည်မှာ ကိန်းစ်ကြောင့် ဟု အပြစ်ဖို့လာကြသည်။ ကိန်းစ်၏ မွေးနေ့ရာပြည့်နှစ် ကစ၍ ကိန်းစ်ကို အပြစ်ဖို့သော ဝေဖန်ရေး သားချက်များ ပလူပျံခဲ့ချေပြီ။ ကိန်းစ်သည် မျက်မှော က်ခေတ်စီးပွားရေး အခြေအနေဆိုး များ အတွက် တရားခံ ဖြစ်နေရှာသည်။
ကိန်းစ်ရာပြည့်အထိမ်းအမှတ်ဆောင်းပါး တစ်ပုဒ်တွင် လန်ဒန် Economist ဂျာနယ်က ကိန်းစ်၏ ရုပ်ပြောင်ကို ဖော်ပြခဲ့ပါသည်။ လည်ပင်းတွင် တံဆိပ်နှစ် ခု ဆွဲထားရာ ပထမတံဆိပ်တွင် `ဘောဂဗေဒအတွက် အကျိုး ဖြစ်ထွန်းရေး ´ ဟုရေး သားထား၍ ဒုတိယတံဆိပ်တွင် `ဘောဂဗေဒ အတွက်အကျိုးပျက်ပြားရေး ´ ဟု အင်္ဂလိပ်လို ရေး သားထားသည်ကို တွေ့ ရသည်။ ကိန်းစ်၏ ဘောဂဗေဒသည် အကျိုးပျက်ပြားနေပြီဟု လှောင်ပြောင်ဟန်တူပါသည်။ (အဆိုပါ Economist ဂျာနယ်တွင် လော့ဒ်ကိန်းစ်သည် အယ်ဒီတာ ဖြစ်ခဲ့ဖူးသည့်။ စာရေး သူ)
ငွေကြေးဖောင်းပွမှု များ သည် ကမ္ဘာနှင့် အ၀န်း တာရိုးပြိုပြီး တရဟောပွင့်ထွတ်သလိုထွက်ခဲ့ သည်မှာ ကိန်းစ်၏ သဘောတရားကြောင့် ဟု စွပ်စွဲမှု များ ဖောင်းပွနေသည့်ကြား၌ ကိန်းစ်နှင့် လူခြင်း ရင်းနှီးသော်လည်း ကိန်းစ်၏ အယူအဆကို နဂိုကတည်းကလက်မခံသူ ၁၉၇၄ ခုနှစ် တွင် နိုဘယ်ဆုရသော သြစတြီးယားပါမောက္ခ အက်ဖ်အေဟရက်က ကိန်းစ်သည် သူ၏ သဘောတရား ကိုပြန်လည်ပြင်ဆင်ပြောင်းလဲရန် ကြိုးပမ်းနေခိုက်တွင် ကွယ်လွန် အနိစ္စရောက်သွားသည်ဟု အောက်ပါအတိုင်း ရေး သားထားပါသည်။
`နောက်ဆုံးအကြိမ် သူ(ကိန်းစ်)နှင့် တွေ့ စဉ်က ဤပြဿနာများ ကို ကျွန်ုပ်တို့ဆွေးနွေးခဲ့ ကြပါသည်။ သူ၏ အပေါင်းအဖော်တို့က ငွေကြေးချေးငှားမှု ကို အလွန်အမင်းတိုးချဲ့ရန် လှုံ့ဆော်နေကြသည်ကို သူသည်တကယ်ပင်စိုးရိမ်နေပါသည်။ ၁၉၃၀ ပြည့်နှစ် တုန်းက ငွေကြေးများ ကျုံ့တွနေစဉ်၌ သူတင်ပြခဲ့သော လုပ်ငန်းစဉ်တို့မှာ အခုအခါ၌ အလွန်အန္တရယ် များ နေပြီဟု သူရိပ်မိပါသည်။ ထို့ကြောင့် အများ ပြည်သူတို့ကြား၌ မှန်ကန်သော အတွေးအမြင်များ ပြောင်းလဲရန်ကြိုးပမ်းမည် ဟု သူကြံစည်ပါသည်။ သို့ရာတွင် ရက်သတ္တပတ်မကြာမီ၌ သူကွယ်လွန် အနိစ္စရောက်သွားခဲ့ရသည်။´
ကိန်းစ်သာ အသက်ထင်ရှားရှိနေလျှင် သူ၏ `အထွေထွေ သဘောတရား´ ပါ အမြင်တို့ကို မုချပြောင်းလဲလိမ့်မည် ဟု မှန်းဆသူများ အတော် ရှိပါသည်။ ဤသို့မှန်းဆရာ၌ ကိန်းစ်က လီနင်ပြောသော စကားတစ်ရပ်ကို ရည်ညွှန်းပြီးအောက်ပါ အတိုင်းပြောခဲ့ဖူးသော ကြောင့် ဖြစ်ပါသည်။
``ငွေကြေးကို တန်ဖိုးယုတ်လျော့အောင် လုပ်သည့်နည်းထက် လူ့အဖွဲ့အစည်း၏ တည်ဆဲအခြေခံကို ကျွမ်းထိုးမှော က်ခုံပြုလုပ်ပစ်မည့်  အခြားအရာများ မရှိနိုင်ပါ။ ငွေကြေးတန်ဖိုး ယုတ်လျော့အောင် ပြုလုပ်သော ဖြစ်စဉ်သည် ပုန်းလျှိုးဝှတ်လျှိုးရှိနေသော အင်အားအားလုံးကို အဖျတ်ဘက်သို့ တွန်းပို့မည် သာ ဖြစ်သည်။ လူတစ်သန်းတွင် တစ်ယောက် တစ်လေကပင် ဘာတွေ ဖြစ်ကုန်သလဲဟု ရောဂါ ရှာဖွေဖို့ပင် ခက်ခဲပါလိမ့်မည် ။´´
ငွေကြေးဖောင်းပွမှု သည် အဖွဲ့အစည်း၏ အခြေခံကို ကျွမ်းထိုးမှော က်ခုံ ဖြစ်စေသည်ဟု ကိန်းစ်က ပင်ကိုကပင် ယုံကြည်ခဲ့သူ ဖြစ်သည့်အလျောက် ယခုမျက်မှော က်အခြေအနေတွင် တွေ့ ကြုံရသော ငွေကြေးဖောင်းပွမှု မျိုးကို ၄င်းက မည် သို့မျှ ထောက်ခံကြိုဆိုလိုက်မည် မဟုက်ဟု မှန်းဆကြည့်ကြပါသည်။
ပါမောက္ခ ဟရက်၏ အဆိုအရ ကိန်းစ်၏ သဘောတရာဓာတ်ခံကိုယ်နှိုက်က အလုပ်လက်မဲ့ ပပျောက်စေရန် ငွေကြေးဖောင်းပွစေသော နည်းကိုသုံးရသည်။ ငွေကြေးဖောင်းပွမှု သည် တစ်စုံ တစ်ရာသော အကြောင်းအရာနှင့် တစ်စုံတစ်ရာသော ကာလအထိ၌ အလုပ်အကိုင်များ တိုးပွားစေ နိုင်သော်လည်း ရေရှည်၌ မှု အလုပ်အကိုင်လျော့မည် ။ ငွေဖောင်းပွမှု သာ အဖက်တင်ကျန်ပါမည် ။
ပါမောက္ခရဟက်က ကုန်ထုတ်လုပ်ငန်းတို့ဟူသည် မြစ်လက်တက်များ စွာ ရှိသော မြစ်ကြီး တစ်ခုနှင့် တူသည်။ မြစ်မကြီး၏ မြစ်ဝလောက်ကိုကြည့်ပြီးပြုအပ်သည် မဟုက်။ မြစ်လက် တက် တို့၏ ဒီရေအတက်အကျ၊ အကျဉ်းအကျယ်တိုကိုလည်း ချိန်ဆရသည်ဟုဆိုသည်. ကိန်းစ်သည် မြစ်လက်တက်များ ၏ အကျဉ်းအကျယ် ဒီရေအတက်အကျကို ထည့်သွင်းမစဉ်းခဲ့သည်မှာ အခြေခံ အမှားဟုဆိုသည်။
မာ့က်စ်သည် မာ့က်စ်ဝါဒီသမားမ ဖြစ်ခဲ့သကဲ့သို့ ကိန်းစ်သည်လည်း ကိန်းစ်သည်လည်း ကိန်းစ်ဝါဒီသမားမ ဖြစ်ခဲ့ဟု ပါမောက္ခဟရက်က ကိန်းစ်အပေါ် ဝေဖန်သုံးသပ်ပြသည်ကို ကျွန်တော် တော့ နားမရှင်းမလှပါ။ ပို၍ နားမရှင်းနိုင်သည့် အချက်မှာ ကိန်းစ်၏ အောက်ပါဆိုစကား တစ်ရပ်ကို ပြန်လည်ကိုးကားပြခြင်း ဖြစ်ပါသည်။
``မှားယွင်းစွာ ခံယူသူတို့က လက်တွေ့ ဆောင်ရွက်သော အခါတွင် မှန်ကန်စွာ တွေးတော ၍ ရယူသော လုပ်ရပ်တို့သည်ပင် ငရဲသို့ ရောက်သွားနိုင်ပါ၏ ။´´
စစ်ပြီးခေတ် ငွေကြေးဖောင်းပွမှု့ တို့သည် ကိန်းစ်ကြောင့် ဟု အပြစ်တင်လျှင် မမှားပါဟု ဆိုကြသည်။ သို့ရာတွင် ဤဖောင်းပွမှု တို့ကို ကိန်းစ်က ရည်ရွယ်ရင်းမရှိဘဲ ဖြစ်ပေါ်နေရသည်ဟု ဆိုကြပါသည်။
၁၉၇၂ ခုနှစ် က နိုဘယ်ဆုရ ပါမောက္ခ ဆာဂျွန်ဟစ်က ကမ္ဘာ့စီးပွားရေး ကို ပြဇာတ်ကြီး သဖွယ်အခန်း ငါးခန်းပြ၍ ကိန်းစ်တာဝန်ရှိသော ကိန်းစ်တာဝန်ရှိသော အခန်းတို့ကိုတင်ပြသည်။ (ပါမောက္ခဟစ်၏ လူမှု ရေး အခြေခံစာအုပ်ကို ရန်ကုန်တက္ကသိုလ် အတွက်ကျွန်တော် ဘာသာပြန်ခဲ့ ဖူးသည်။ စကားချပ်)
ပထမအခန်းမှာ ပထမကမ္ဘာ့စစ်ကြီးအတွင်း၌ ရွှေစံချိန်စံနစ် ပြိုကျခန်း။
ဒုတိယအခန်းမှာ ၁၉၂၄ ခုနှစ် မှ ၁၉၃၃ခုနှစ် အထိ ကာလ ဖြစ်၍ ရွှေစံချိန်စံနစ်ကို ပြန်လည်ပျိုးထောင်ရန် ကြိုးပမ်းကြစေကာမှု မအောင်မြင်သည့်အခန်း။
တတိယအခန်းမှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်သည်အထိ ဖြစ်၍ ထိုကာလ၌ `စံချိန်´ တစ်ရပ် ကိုထူထောင်ရန် ကြိုးပမ်းခန်း။
စတုတ္တခန်းမှာ ၁၉၄၅ ခုနှစ် မှ ၁၉၇၁ ခုနှစ် အထိ ကာလ ဖြစ်၍ ထိုကာလ၌ ဒေါ်လာစံချိန် စန်းပွင့်သော အခန်း။
ပဉ္စမအခန်းမှာ ၁၉၇၁ ခုနှစ် မှ ယခုအချိန်အထိ ဖြစ်၍ ဤအခန်း၌ `စံချိန်စနစ်´ ဟူ၍ မရှိ တော့သည့်အခန်း။
ပါမောက္ခဟစ်က ကိန်းစ်၏ သဘောတရားသည် စနစ်တစ်ခုတည်းကို ပြင်ပနှင့် အဆက် အသွယ်မရှိသော စီးပွားရေး စနစ်အ ဖြစ် မှန်းဆထားခဲ့သည်။ ထို့ကြောင့် ကိန်းစ်သဘောတရား သည် ရုရှားနှင့် စစ်မ ဖြစ်မီက ဂျာမနီနိုင်ငံတို့၌ အကောင်အထည်ဖော်လျှင် လိုရင်းရောက်၍ ပိုမို အောင်မြင်ဖွယ်ရာရှိသည်ဟု ဝေဖန်ထားသည်။
ကိန်းစ်၏ စာအုပ်တို့ကို ဖတ်လျှင် လုပ်ခယူနစ်အပေါ်မှီး၍ သဘောတရားတည်ဆောက် ထားဟန်ရှိ၏ ။ တကယ့်တကယ်၌ အလုပ်ယူနစ်ပေါ် အခြေခံပြီး သဘောတရားတည်ထောင်သည် ဟု ဆိုပါသည်။ ကိန်းစ်က အလုပ်ယူနစ်နှင့် ရွှေစံချိန်တို့ အံဝင်ခွင်ကျ ဖြစ်ဖွယ်ရှိသည်ဟု မှန်းဆထား သော်လည်း ရွှေစံချိန်ပြိုကျခြင်း၊ ငွေကြေးများ ဖောင်းပွလာခြင်းတို့ကြောင့် အလုပ်ယူနစ်နှင့် ငွေကြေးယူနစ်တို့မှာ တခြားစီ ကွာဟလာခဲ့သည်ဟု ဆိုသည်။
အလုပ်အကိုင်တွေ ပေါများ နေခြင်း၊ ကုန်ဈေးနှုန်းတည်ငြိမ်ခြင်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် ခြင်းတို့မှာ မင်္ဂလာရှိသော အခြင်းအရာများ ဖြစ်၍ တစ်စုံတစ်ရာသော အခိုက်အတန့်၌ ဖြစ်နိုင်ဖွယ်ရှိ ခဲ့သော်လည်း ယခုမူ ဤအရာသုံးရပ်မှာ ကစဥ့်ကလျား ဖြစ်လျက်ရှိသည်။ ချိန်ခွင်လျှာတွင် ဟိုပြေး ဒီပြေး လွဲလျက်ရှိသည်။
ကိန်းစ်သည် လူတိုင်း အလုပ်ကိုယ်စီရရှိရေး ဟူ၍ ပေါ်လစီတင်ပြခဲ့ရာ၌ အလုပ်အကိုင် အဟောင်းတို့၌ သာ အလုပ်ကိုယ်စီရရှိရေး ကို ရည်ညွှန်းခဲ့သည်။ ယခု မျက်မှော က်ခေတ်၌ ကား ပြဿနာသည် အလုပ်ကိုယ်စီရရှိရေး ဆိုသည်မှာ အလုပ်အကိုင် အဟောင်းတို့၌ ဣနြေ္ဒမပျက် အလုပ်ရရှိရေး မဟုတ်တော့ပါ။ အလုပ်အကိုင်အသစ် (New jobs) တို့၌ အလုပ်ကိုယ်စီရရှိရေး ဖြစ် နေပြီဟု ပါမောက္ခဟစ်က ညွှန်းပါသည်။
ကိန်းစ်၏ ကျမ်းကြီးကျမ်းငယ်တို့ကို ပြန်လည်လှန်လှော၍ အားနည်းချက်တို့ကို ကတ်သီး ကတ်သတ်ရှာဖွေတင်ပြနေကြသည်မှာ ကိန်းစ်၏ မွေးနေ့ရာပြည့်အလွန်ကာလ၌ ထူးထူးခြားခြား အတော် များ ပါသည်။ ပြောင်းလဲလာသော အခြေအနေ၌ တစ်ချိန်က ဇော်ဂျီတောင်ဝှေးပမာ အလွန် ထက်မြက်လှပါသည်ဆိုသော ကိန်းစ်၏ သဘောတရားတို့သည် ချက်ချင်း လက်ငင်းဆိုသလို `ဖက်ရှင်အောက်´ သွားရသည်မှာ လူငယ်ဘောဂဗေဒပညာရှင်တို့အတွက် နားမလည်နိုင်စရာပင် ဖြစ်လောက်သည်။
ကျမ်းညွှန်း - ၁။ Economist 11-14 June, 1983
၂။ Economist 18-24 1983
အတွေးအမြင် (၁၀)၊ ဇန်န၀ါရီ၊ ၁၉၈၆
![]() စီးပွားရေးအတွေးအမြင်နှင့် အခြားဆောင်းပါးများ | ![]() စီးပွားရေးအဘိဓာန် | ![]() ဈေးကွက်ရှာဖွေထူထောင်ခြင်းဆိုင်ရာမူကြီးများအတွဲ(၁) |