အခန်း (၁)
ဒဂုံ
တက္ကသိုလ်ဟူသော ဆိုင်းဘုတ်ကိုတွေ့ ရသည်။ ထိုဆိုင်းဘုတ်၏ အနောက်ဘက်ဝင်း ထဲ ခြေချလိုက်သည်နှင့် ကတ္တရာလမ်းမကြီးကို တွေ့ ရ၏ ။ ထိုလမ်းမကြီးအတိုင်းဆက်သွားလျှင် လမ်းလေးခွဆုံ အ၀ိုင်းတစ်ခုရှိသည်။ ထိုအ၀ိုင်း၏ တစ်ဖက်မှာ တော့ စာသင်ဆောင်များ ၊ စာသင်ဆောင်များ က အ၀ိုင်းမှတည့်တည့် ထွက်လာသော ကတ္တရာလမ်း၏ တစ်ဖက်တစ်ချက်မှာ တည်ရှိ၏ ။ လမ်းအဆုံးမှာ တော ဘွဲ့နှင်း သဘင်ခန်းမပင် ဖြစ်သည်။
သူက အ၀ိုင်းကို ကျော်လာသည်နှင့် လမ်းဘေးဝဲယာလမ်းညွှန်ဆိုင်းဘုတ်တွေ ကို ကြည့် လာသည်။ တစ်နေရာအရောက်တွင် “ကျောင်းသားရေး ရာ”ဟု ရေး သားထားသော ဆိုင်းဘုတ်တစ် ခုကို သွားတွေ့ သည်။
ဆိုင်းဘုတ်ရေး ထားသော လမ်းအတိုင်း သူချိုးဝင်လာခဲ့သည်။ ခဏနေတော့ လူတွေ စုရုံး စုရုံးနှင့် ရပ်နေကြသော အဆောင်တစ်ခုကိုတွေ့ ရသည်။
အဆောင်ထဲသို့မ၀င်သေးဘဲ အ၀မှာ ယောင်လည်ယောင်လည်လုပ်ရင်း ဟိုဟိုဒီဒီ အကဲခတ်နေလိုက်၏ ။ လမ်းတစ်ဖက်က မယ်ဇလီပင် အောက်မှာ တစ်ယောက် တည်း ငေါတောင် တောင်နဲ့ ရပ်နေသော မြင့်နိုင်ကို တွေ့ လိုက်ရသည်။
ဒီကောင် သူရောက်နေတာကို သတိထားမိပုံမရသေး။ ထို့ကြောင့် လမ်းတစ်ဖက်သို့ ကူးသွား လိုက်ကာ မြင့်နိုင်ကို သွားခေါ်လိုက်သည်။
သူ့ခေါ်သံကြားတော့ မြင့်နိုင် ချက်ချင်း လှည့်ကြည့်၍ ၀မ်းသာသွားသော အမူအရာနဲ့..
“ဟ မင်းနဲ့ တွေ့ မှတွေ့ ပါ့မလားလို့ကွာ ငါ့မှာ တစ်ယောက် တည်း စောင့်နေရတာ ကြာပြီကွ”
“အေးကွာ ဘတ်စ်ကားတွေ ကြပ်နေလို့ နည်းနည်း နောက်ကျသွားတယ်”
ထို့နောက်မြင့်နိုင်နဲ့သူ ကျောင်းသားရေး ရာမှ လမ်းမပေါ်သို့ ပြန်ထွက်ခဲ့လိုက်၏ ။ လမ်းမကြီး အတိုင်း လျှောက်လာ၍ အင်္ဂလိပ်စာဌာနကို လိုက်ရှာမိသည်။
တစ်နေရာအရောက် အဆောင်နံ ပါတ်တွေ နဲ့အတူ အင်္ဂလိပ်စာဌာနဟု ရေး ထားသော ဆိုင်းဘုတ်အတိုင်း ချိုးဝင်လာခဲ့၏ ။
အဆောင်ထဲရောက်တော့ သူတို့တက်ရမည့်  အခန်းကို စုံစမ်းလိုက်သည်။ သိပ်ကြာကြာ တော့ မစုံစမ်းလိုက်ရ။ သွားလာနေတဲ့ လူတွေ ထဲက ကျောင်းသားတ်စယောက် ကို မေးလိုက်တော့ အခန်းကိုညွှန်ပြပေးသည်။
သူတို့ တက်ရမည့်  အခန်းနဲ့ နေရာကိုသိပြီဆိုတော့ သေသေချာချာမှတ်ထားလိုက်ကာ အဆောင်ပြင်သို့ ပြန်ထွက်ခဲ့ပါတော့သည်။
စာသင်ဆောင်တွေ ရှိရာဘက် လမ်းတစ်ဖက်တစ်ချက် ၀ဲယာမှာ မယ်ဇလီပင် ကုက္ကိုလ်ပင် နှင့် မလေးရှားပိတောက်ပင် တချို့ကိုတွေ့ ရပါသည်။
ကျောင်း
စဖွင့်သည့်ရက်ဆိုတော့ ထုံးစ့အတိုင်း လျှောက်သွားရင်း စူးစမ်းသူက စူးစမ်း၊ ဟေးလားဟားလား လုပ်သူက လုပ်နေကြသည်။ အတန်းကြီးသမားတွေ ကတော့ ပထမနှစ် စတက်သည့်ဖရက်ရှာလေး တွေ ဆီ အုပ်စုလိုက် လာစပ်စုကြသည်။ အဓိက ကတော့ ဖက်ရရှာလေး တွေ ဆီမှာ အလှအပ လေးတွေ ဘယ်နှယောက် ပါလဲ လာရောက်စပ်စုခြင်း ဖြစ်သည်။
အခုမှ ပထမနှစ် စတက်တဲ့သူတွေ ကတော့ ယောင်ချာချာ ဘယ်သွားလို့ ဘယ်လာရမှန်း လည်းမသိသေး။ သူငယ်ချင်းအပေါင်းအသင်းလည်း မရသေးသော ကြောင့် တစ်ယောက် တည်း ငေါင်ကြောင်ကြောင် ဖြစ်နေသူ၊ အခန်းထဲမှာ ငုတ်တိုင်ထိုင်ရင်း ဖြတ်သွားဖြတ်လာများ ကို ငေးမော နေသူ၊ တချို့ ကတော့ ရှိတဲ့အသိမိတ်ဆွေလေးတွေ စုပေါင်းပြီး ဟိုဒီလျှောက်သွားကြသည်။
မြင့်နိုင်နဲ့ သူ ကတော့ အင်္ဂလိပ်စာဌာနနဲ့ နီးတဲ့ ကဲန်တင်းထဲ ၀င်လာလိုက်သည်။ ကဲန်တင်း ထဲမှာ လူတွေ ပြည့်ကြပ်နေ၏ ။ ထိုင်စရာနေရာမရှိ။ မြင့်နိုင်က ဟိုဒီကြည့်လရင်းနှင့် စားပွဲထိုးကောင် လေး တစ်ယောက် ကို လှမ်းခေါ်လိုက်သည်။
ကောင်လေးက သူတို့ကို လှည့်ကြည့်ရင်း “၀မ်းတီး တူးကော် အုတ်သုတ် ၀မ်း” ဟု အော်၍ ပြေးလာ၏ ။
“ဘာလို့လဲ အစ်ကို”
“ငါတို့ကို နေရာလေးတစ်ခုလောက် လုပ်ပေးကွာ”
ကောင်လေးက ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်ရင်း…
“နေရာတွေ က ပြည့်နေပြီအစ်ကို၊ လူနည်းတဲ့ စားပွဲမှာ အစ်မကြီး တစ်ယောက် ပဲရှိတယ်။ အစ်ကိုတို့ ပြောပြီး သွားထိုင်လိုက်ပါလား”
နှစ် ယောက် စလုံး ကောင်လေးပြောတဲ့ နေရာကို လှမ်းကြည့်လိုက်တော့ ကျောင်းသူတစ် ယောက် ထိုင်နေသော စားပွဲတစ်လုံးကို တွေ့ ရသည်။ မြင့်နိုင်က သူ့ကို လှည့်ကြည့်၍ ..
“လာကွာ အဲဒီ မှာ ပဲ သွားထိုင်ရအောင်”
“ ဖြစ်ပါ့မလားကွ”
“ဘာ ဖြစ်လဲကွ၊ ထိုင်စာနေရာမှ မရှိတာ”
“’ဒါဆိုလည်း သွားကွာ”
သူရော မြင့်နိုင်ပါ ထိုစားပွဲရှိရာသို့ လှမ်းသွားလိုက်၏ ။ စားပွဲနားရောက်တော့ မြင့်နိုင်က ချောင်းတစ်ချက် ဟန့်လိုက်သည်။
သူတို့ ရောက်နေတာကို ကောင်မလေး သိချင်သည့်သဘော၊ ကောင်မလေးက သူတို့ကိုမကြည့်ဘဲ သူမဘေးတွင် ချထားသော ဟန်းဖုန်းကို ကောက်ကိုင်လိုက်သည်။ မြင့်နိုင် ချောင်းဟန့်ချိန်နှင့် သူမဖုန်းလာတဲ့အချိန်က တစ်ချိန်တည်း ဖြစ်သွား၍ သတိမထား မိလိုက်တာ လည်း ဖြစ်မည် ။
“ဟဲ့ နင်တို့ ဘယ်ရောက်နေတာလဲ”
“…..”
“အေး အေး ငါ အခု ကဲန်တင်းရောက်နေတယ် ပြီးရင် လာခဲ့မယ်”
“…..”
‘လဲသေလိုက်လို့ ပြောလိုက် ငါ သူ့မျက်နှာကို မကြည့်ချင်ဘူး’
“……”
“ဒါပဲဟာ ငါ ဖုန်းချလိုက်တော့မယ် ပြီးမှ လာခဲ့မယ်”
ကောင်မလေး ဖုန်းချသွားသည်။ ကောင်မလေး ဖုန်းပြောနေစဉ် သူတို့က အလိုက်တသိပင် ရပ်စောင့်ပေးနေကြ၏ ။ ဖုန်းပြောပြီးသွားတော့မှ မြင့်နိုင်က ဒုတိယအကြိမ် ချောင်းကို ထပ်ဟန့် လိုက်သည်။ ဒီတစ်ကြိမ် ချောင်းဟန့်သံကို ပထမအကြိမ်ထက် ခပ်ကျယ်ကျယ်လေး ဟန့်ထည့် လိုက်၏ ။
ချောင်းဟန့်သံကြောင့် ကောင်မလေး မော့ကြည့်သည်။ သူနဲ့ မြင့်နိုင်ကို တွေ့ တော့ မျက်စိ နှစ် လုံး ပြူးကြောင်ကြောင်လေး ဖြစ်ကာသွား။ ဘာများ ပါလိမ့်ဆိုတဲ့အမူအရာလည်း ဖြစ်သွား လေသည်။
မြင့်နိုငက ကောင်မလေးကို ကြည့်င မ၀ံ့မရဲနှင့် ..
“ဟို ဒီ ဒီနေရာလေးမှာ တစ် တစ်ယောက် တည်းလားဟင်”
ကောင်မလေးက မျက်မှော င်ကျုံ့လိုက်၍ ဘာလာကြောင်တာလဲဆိုတဲ့အကြည့်နဲ့ ကြည့် ကာ…
“ တစ်ယောက် တည်းဆိုတော့ ရှင်တို့က ဘာလုပ်မလို့လဲ”
မြင့်နိုင် တွန့်ခနဲ ဖြစ်သွားကာ
“ဘာ ဘာမှ မ ဖြစ်ပါဘူးဗျာ မေးကြည့်တာပါ”
“ကြောင်တောင်တောင်နဲ့ ဘာမှန်းလည်း မသိဘူး”
ကောင်မလေးက သူ့ဘာသာသူ ညည်းသလိုလိုနဲ့ ပြောသည်။ မြင့်နိုင်က သူ့ကိုကြည့်ပြီး မျက်စပစ်ပြ၏ ။
လူမရှိဘူး ထိုင်လို့ရသည်ဆိုသည့်သဘော။ သူလည်း နီးရာ ခုံတစ်လုံးဆွဲ၍ ၀င်ထိုင် လိုက်၏ ။ မြင့်နိုင်လည်း သူ့လိုပင် ဘေးက ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်သည်။
သူတို့နှစ် ယောက် လည်း ၀င်ထိုင်တာလည်းတွေ့ ရော ကောင်မလေးက ပြူးပြူးပျာပျာနှင့် …
“နင် နင် တို့ဘာလုပ်တာလဲ”
ကောင်မလေးရဲ့ ခပ်ဆတ်ဆတ်အမေးကြောင့် ထိုင်ရမလို ထရမလိုတွေ ဖြစ်ကုန်ကြပြီး..
“ထိုင် ..ထိုင်မလို့လေ”
“နင်တို့ကို ဘယ်သူထိုင်ခိုင်းလို့လဲ ဘာလဲဟ”
“ဟို ဒီမှာ လူမရှိဘူးဆို”
“ဟုတ်တယ်လေ အဲဒါနဲ့ ဘာဆိုင်လို့လဲ”
“လူမရှိဘူးဆိုလို့ ၀င်ထိုင်တာပါ”
“ထိုင်ချင်ရင် တခြားနေရာမှာ သွားထိုင်ပါလား ဒါ ငါ့နေရာလေ”
“တခြားမှာ လည်း နေရာမရှိလိုပါ။ အဲ့ဒါ ဒီက တစ်ယောက် တည်း ထိုင်နေတာတွေ့ လို့ လူမရှီရင်ထိုင်ချင်လို့ပါ”
ကောင်မလေးက ဆိုင်ထဲကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ စားပွဲတိုင်းမှာ လူပြည့်နေ တာ တွေ့ တော့မှ မျက်နှာက နည်းနည်း လျော့ကျသွားကာ သူ့ရှေ့က ကော်ဖီခွက်ကို ကောက်ကိုင်လိုက် ၏ ။ ဘာမှတော့မပြော။
မြင့်နိုင်က ကောင်မလေးကို မရဲတရဲနှင့် ကြည့်၍ ..
“ထိုင် ထိုင်မယ်နော်”
“ထိုင်”
တစ်ခွန်းတည်းသာ ပြောသည်။ လူမှု ရေး အရ ထိုင်ခွင့်ပေးလိုက်သော်လည်း သိပ်ကျေနပ် ပုံမရ။ သူတို့နှစ် ယောက် လည်း အသာအယာဝင်ထိုင်၍ စားပွဲထိုးလေး တစ်ယောက် ကို လှမ်းခေါ် လိုက်၏ ။
“ဘာတွေ ရလဲ ညီလေး”
“အစုံပဲ အစ်ကို လက်ဖက်ရည်ကော်ဖီ၊ နွားနို့၊ စားစရာထဲက ဆို အီကြာကွေ့၊ စမူဆာ၊ပေါက်စီ၊ ရှမ်းခေါက်ဆွဲ၊ မြီးရှည် ထမင်းကြော် ခေါက်ဆွဲကြော်”
“ပေါက်စီချပေးကွာ၊ အီကြာကွေးလည်း ချ”
“ဟုတ်ကဲ့ လက်ဖက်ရည်လည်း သောက်ဦးမလား”
“အေး ရိုးရိုး တစ်ခွက်ပေးကွာ၊ ဟေ့ကောင် မင်းလည်း သောက်ဦးမလား”
မြင့်နိုင်ရဲ့ အမေးကို သူလည်း ခေါင်းညိတ်ပြလိုက်၍ …
“သောက်မယ် ငါလည်း ရိုးရိုးပဲ”
“ရိုးရိုးမရဘူး အစ်ကို ဒီမှာ ရှယ်ပဲရောင်းတယ်”
“ဒါဆိုလည်း ရှယ်ပေါ့ကွာ ချိုချိုလေးဖျော်ပေးနော်။ ကျောက်ပန်း တောင်း ဂိတ်ဆုံး”
ကောင်လေးက ခေါင်းကုတ်ရင်း သူတို့တွေ ကို တောသားတွေ ဆိုသည့်အကြည့်မျိုးနဲ့ကြည့် ကာ ထွက်သွားသည်။
ကောင်မလေး ကတော့ တစ်ချက်သာ မျက်လုံးလှန်ကြည့်ပြီး သူမ လက်ထဲ က ဟန်းဖုန်း သေးသေးလေးကို ခလုတ်တွေ လျှောက်နိုပ်နေသည်။ ကောင်မလေးက Massage ရိုက်နေခြင်း ဖြစ် ၏ ။
သူတို့ ကတော့ ဟန်းဖုန်းကို ကိုင်လည်းမကိုင်ဖူး၊ ပြောလည်းမပြောဖူးသော ကြောင့် ဘာတွေ လုပ်နေမှန်းမသိ ဖြစ်နေခြင်း ဖြစ်၏ ။
ခဏနေတော့ ပေါက်စီနှစ် လုံး ရောက်လာသည်။ မြင့်နိုင်က ပေါက်စီတစ်လုံးကို ကောက်ကိုင် လိုက်ကာ စားမလို့လုပ်ပြီးမှ တစ်ချက်စိုက်ကြည့်လိုက်၏ ။ ထို့နောက် တစ်စုံတစ်ခုကို စဉ်းစားသလိုလုပ်ပြီး ပန်ကန်ထဲမှာ ကျန်ခဲ့သည့် နောက်တစ်လုံးကို လှမ်းကြည့်လိုက် သည်။
ပန်းကန်ထဲမှာ ကျန်ခဲ့သည့်အလုံးက သူကိုင်ထားတဲ့ အလုံးထက် နည်းနည်း ပိုထွားနေ သည်။ လူ့စိတ်ဆိုတာလည်း အခက်သား ပိုက်ဆံပေးပြီး စားရတာ ချင်းအတူတူ ပိုကြီးတာကိုမှ စားချင်ကြသည်။ မြင့်နိုင်လည်း ထိုနည်းလည်းကောင်းပင်။
ထို့ကြောင့် ပထမပေါက်စီကို ချ၍ ပန်းကန်ထဲမှာ ကျန်ခဲ့သည့် ဒုတိယအလုံးကို ကောက် ကိုင်လိုက်၏ ။ ထို့နောက် ပေါက်စီပတ်ချာလည်ကို အသာအယာပွတ်ကြည့်လိုက်လေသည်။ ချောမွေ့သော ပေါက်စီမျက်နှာပြင်၏ အထိအတွေ့ ကြောင့် မြင့်နိုင် စိတ်ကျေနပ်ကာသွား။ တချို့ပေါက်စီတွေ က အလုံးကြီးသော်လည်း မျက်နှာပြင်က ပျော့တဲ့နေရာက ပျော့၊ မာတဲ့နေရာ က မာနေတတ်သည်။
တစ်ချို့ပေါက်စီတွေ က် ရက်ကျန်တွေ ဆိုတော့ ဖွယ်ဆုတ်ဆုတ်ကြီး ဖြစ်နေ တတ်၏ ။ အဲဒါကိုမြင့်နိုင်က သိသည်။
ထို့ကြောင့် ပေါက်စီမျက်နှာပြင်ကို လတ်၊ မလတ် အပျော့ အမာ ညီမညီ စမ်းသပ်လိုက် ခြင်း ဖြစ်၏ ။
သူ စိတ်ကျေနပ်လောက်အောင် ပေါက်စီတစ်လုံးကို အသအယာလက်နဲ့ပွတ်ပြီး စမ်းသပ်ပြီး သွားတော့ ပေါက်စီကို အထက်အောက် ခပ်ဖွဖွလေး တစ်ချက် ညှစ်ကြည့်လိုက်၏ ။
အထဲက အသား ပါ၊ မပါစမ်းသပ်တဲ့သဘော၊ တချို့ပေါက်စီတွေ က အပြင်ပန်းအရသာ အလုံးကြီးသော်လည်း အထဲမှာ အသားကျတော့ သိပ်မပါ။ အဆံချောင်နေတတ်လေသည်။
ထို့နောက် နောက်တစ်လုံးကိုပါ ယူ၍ ပြိုင်တူညှစ်ကြည့်၏ ။
ထိုအချိန်တွင် ..
“နင် နင် ဒါဘာလုပ်တာလဲ”
ကောင်မလေးအသံကြောင့် မြင့်နိုင် ရုတ်တရက် ကြောင်သွားကာ..
“ဘာလဲဟင်”
“နင် ဒါဘာလုပ်တာလဲလို့ ပြောနေတာ”
“ငါ ငါ ဘာလုပ်လို့လဲဟင်”
“ဘာလုပ်တာလဲဆိုတာ နင့်ဟာနင် သိပေါ့ တောက် နင် တော် တော် ရိုင်းတာပဲ”
မြင့်နိုင် ပေါက်စီနှစ် လုံးကို ကိုင်ကာ ကြောင်စီစီ ဖြစ်နေသည်။ သူလည်း အီကြာကွေး တစ် ချောင်းကို စားမလို့လုပ်ပြိးမှ ပါးစပ်နားမှာ တင် ရပ်သွားကာ မြင့်နိုင်နဲ့ ကောင်မလေးကို တစ်လှည့်စီ ကြည့်နေမိ၏
မြင့်နိုင်က ပြူးတိပြူးကြောင်နှင့် …
“ငါ ငါ နင်ပြောနေတာတွေ တစ်ခုမှ နားမလည်ဘူး ငါ ဘာလုပ်လို့လဲ”
ကောင်မလေးက တောက်တစ်ချက် ထပ်ခေါက်ပြီး မျက်နှာကို တစ်ဖက်လွှဲလိုက်ရင်း…
“နင် ဘာလုပ်တာလဲ နင့်ဟာနင် မသိဘူးလား နင် ငါ့ရှေ့မှာ ပေါက်စီကို ဘာလုပ်နေတ လဲ”
အဲဒီ တော့မှ မြင့်နိုင်လည်း သူ့အပြုအမူတွေ ကို တစ်ချက်ပြန်သုံးသပ်ရင် ဟာခနဲ ဖြစ် သွား တော့၏ ။
“ဟာ မဟုတ်ဘူး မဟုတ်ဘူး ပေါက်စီကို ငါက ဟာ ဟိုဟာ ဘယ်အလုံး တင်းပြီး ကြီးသလဲ ရွေးနေတာ
“ဘာ”
ကောင်မလေးအသံကုန် ခြစ်အော်ပြီး ၀ုန်းခနဲ ထရပ်ပစ်လိုက်၏ ။ ကဲန်တင်းတစ်ခုလုံးလည်း ကောင်မလေးအသံကြောင့် မီးကို ရေနဲ့ငြှိမ်းလိုက်သလို ရှဲခနဲ ဖြစ်သွားကြလေသည်။ အားလုံးက သူတို့ဝိုင်းကိုသာ စိတ်ဝင်တစား ၀ိုင်းကြည့်နေကြလေသည်။
ငါးပါးတွေ တော့ မှော က်ကုန်ပြီဟု သူ့စိတ်ထဲမှာ တွေးလိုက်မိ၏ ။ မြင့်နိုင်ရဲ့ အကြောင်းကို တော့ ငယ်ပေါင်းတွေ မို့ သူသိနေသည်။
မြင့်နိုင်ဆိုတဲ့ကောင်က ဘာကြောင့်မှန်းမသိ ပေါက်စီတို့ မုန့်ဖက်ထုပ်တို့ စားရင် ဒီလိုပဲ အမြဲလုပ်တတ်၏ ။ သူ့ကို အမြဲပြောလည်းမမှတ်။ ပေါက်စီစာရင် အသေး၊ အကြီး၊ ရွေးသည်။ အထဲက အသား ဘယ်လောက် ပါ၊မပါညှစ်ကြည့်၏ ။ မုန့်ဖက်ထုပ် စားရင်လည်း ထိုနည်းလည်း ကောင်းပင် မုန့်ဖက်ထုပ် ထိပ်ကို ညှစ်ကြည့်သည်။
တစ်ခါကလည်း မုန့်ဖက်ထုပ်နှစ် ခုကိုပြိုင်တူချ၍ ထိပ်နှစ် ဖက်ကို အထဲကအသား ဘယ်ဟာ ပိုပါ၊မပါ ညှစ်ကြည့်မိသော ကြောင့် မုန့်ဖက်ထုပ်သည်နဲ့ ပြဿနာတက်ကာ ရပ်ကွက်ရုံးတွေ ဘာတွေ အထိ ရောက်ဖူး၏ ။
အခုလည်း ဒိကောင့်အကျင့်ကြောင့် ပြဿနာတက်လေသည်။ ကောင်မလေးက သူ့ရှေ့မှာ ပေါက်စီကို တယုတယပွတ်ကာ ညှစ်ကြည့်နေသော မြင့်နိုင်ကို တစ်မျိုးထင်သွားပြီး ပြဿနာထရှာ ခြင်း ဖြစ်၏ ။
ကောင်မလေး ၀ုန်းခနဲ ထရပ်လိုက်တော့ မြင့်နိုင်မျက်နှာမှာ သွေးမရှိတော့။ သူ့လုပ်ရပ်ကို လည်း မိန်းကလေး တစ်ယောက် ရှေ့မှာ ဘယ်လောက်ရိုင်းသွားမှန်း သူသိသွာ၏ ။ထို့ကြောင့် မျက်နှာက ဇီးရွက်လောက်သာ။
မြင့်နိုင်က ပေါက်စီနှစ် လုံးကို ပန်းကန်ထဲသို့ ကမန်းကတန်းပစ်ချ၍ …
“ငါ ..ငါ တောင်းပန်ပါတယ်ဟာ ငါ ပေါက်စီကို ညှစ်တာအကျင့်ပါနေလို့ပါ”
ထိုစကားကို ပြောလိုက်တော့ ပိုဆိုးသွားသည်။ ကောင်မလေးမျက်လုံး ပြူးထွက်သွားကာ
“ဘာ ဘာ ဘယ်လို”
“ဒိ ဒီလိုပါဟာ နင် နင် ထင်သလိုမဟုတ်ပါဘူး ငါက ပေါက် ပေါက်စီကိုမစားခင် ညှစ် ညှစ်နေကျမို့လို့ပါ။ နင် မကြိုက်ရင် ငါ မညှစ်တော့ပါဘူး”
“နင် နင်မိုက်ရိုင်းလှချည်လား”
“ဟာ မြင့်နိုင် မင်းဘာတွေ လျှောက်ပြောနေတာလဲ ဒုက္ခပါပဲ ကွာ”
သူလည်း စားမလို့လုပ်နေတဲ့ အီကြာကွေးကိုပစ်ချ၍ ပြဿနာကို ၀င်ရှင်းရတော့၏ ။ ဒီလိုမှ ၀င်မရှင်းရင်လည်း မရတော့။ ကြောက်ကြောက်လန့်လန့်နှင် ပြောမိပြောရာ လျှောက်ပြောနေသည့် ဒီကောင့် စကားတွေ ကြောင့် ပိုဆိုးလာတော့မည် ။
“ဒီ ဒီလိုပါဟာ ဟို ဟို အဲ ဒီက ဟိုဟာ ဘယ်သူ နာ နာမည် ဘယ်လိုခေါ်လဲဟင်”
“အို ပြောမှဖြင့် ပြောစမ်းပါ နာမည် ဘာလို့မေးနေတာလဲ”
“ဟို ဘယ်လိုနာမ်စားသုံးရမှန်း မသိလို့ပါ”
“ဘယ်လိုသုံးသုံး သုံးချင်သလိုသုံး”
ကဲပါကွာ ငါ့အကြောင်းသာ အရင်ရှင်းပြလိုက်ပါ နာမည် နောက်မှ မေးလည်း ရပါတယ်“
မြင့်နိုင်က ၀င်ထောက်လိုက်တော့မျ သူက စကားကို ဆက်ပြော၏ ။
“ဒိလိုပါ ဒီကောင်က ပေါက်စီစားရင် အဲ့လိုပဲဟ ဒီကောင်က ဒီပေါက်စီကို ဟင်”
သူပြောလည်း ပြော၊ ပေါက်စီပန်းကန်ကို ကိုင်၍ ကောင်မလေးရှေ့ ချပြလိုက်စဉ် ပေါက်စီး ပန်းကန်ကိုကြည့်၍ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွား၏ ။
သူချပြလိုက်သော ပန်းကန်ထဲတွင် ခုန သူပစ်ချလိုက်သော အီကြာကွေးက ပေါက်စီ နှစ် လုံး ကြားသို့ ရောက်ကာနေ၏ ။ ထိုသို့ ပေါက်စီနှစ် လုံးကြား ရောက်နေသည့် အီကြာကွေးတို့၏ ပုံစံကိုကြည့်၍ သူငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ခံလိုက်ရသလို ဒိန်းခနဲ ဖြစ်ကာသွားလေတော့ သည်။
ကွိုင်အကြီးကြီး တက်လေပြီ။ ကောင်မလေးက ထိုပန်းကန်ကို ကြောင်တောင်တောင်နဲ့ ကြည့်ပြီးမှ မျက်နှာတစ်ခုလုံး နိရဲတက်လာကာ သူတို့နှစ် ယောက် ကို စားမတတ်၊ ၀ါးမတတ် စိုက် ကြည့်၍ ..
“နင် နင်တို့နှစ် ယောက် စလုံး ယုတ်မာတဲ့ဟာတွေ နင်တို့ နင်တို့ကို ငါ ပါမောက္ခနဲ့တိုင် မယ်။ နင်တို့ မိမဆုံးမ၊ ဖမဆုံးမတွေ မသာတွေ သေနာတွေ ”
အဆဲတွေ စုံကာသွား၏ ။ အရှက်လည်း တော် တော် ကြီးသွားပုံရသည်။ မျက်ရည်တွေ ချက်ချင်း ၀ိုင်းတက်လာကာ နေရာမှ ၀ုန်းခနဲထထွက် သွားပါတော့၏ ။
ကောင်မလေး ထွက်သွားရာနောက်ကိုကြည့်ရင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် ကာ သက်ပြင်းချမိလိုက်ပါတော့၏ ။
ကျောင်းမတက်ရသေးဘူး ပြဿနာက အရင်တက်လေပြီ။
သို့သော် အခုမှတော့ ဘာမှမတတ်နိုင်တော့။
အခန်း (၂)
ပါ
မောက္ခရုံးခန်းထဲတွင် တိတ်ဆိတ်ကာနေ၏ ။ ပါမောက္ခ ဆရာမ ကြီးရှေ့တွင် ကျောင်းသူ တစ်ယောက် ၊ ကျောင်းသားနှစ် ယောက် ရှိနေကြ၏ ။ ကျောင်းသူ၏ မျက်နှာ ကတော့ ဒေါသတကြီး ဖြစ်နေဟန်။ အရာရာကို အလိုမကျဟန်တို့ ပေါင်းစပ်ပြီး တင်းမာကာနေ၏ ။ ကျောင်းသားနှစ် ယောက် ကတော့ မျက်နှာငယ်လေးတွေ နှင့် မျက်လုံးလေးတွေ ပေကလပ်၊ ပေကလပ် ဖြစ်နေကြ လေသည်။
ပါမောက္ခဆရာမ ကြီးက တပ်ထားသော မျက်မှန်ကို လက်နဲ့အသာမတင်၍ သူ့ရှေ့မှာ ထောင်ချောက်မိထားသော ကြွက်သူခိုးလေးတွေ လို မျက်နှာငယ်လေးတွေ နဲ့ ထိုင်နေသော ကျောင်း သားနှစ် ယောက် ကိုကြည့်လိုက်၏ ။ ပြီးနောက် ဘာစကားတစ်ခွန်းမှ မပြောသေးဘဲ သက်ပြင်းကို အသာချ၏ ပြီးမှ စကားကို စပြောသည်။
“မင်းတို့ မလွန်လွန်းဘူးလား ဒီက သမီးလာပြောပြလို့ ငါအကုန်သိပြီးပြီ မင်းတို့ ဘယ်လို ဖြစ်ကြတာလဲ မင်းတို့စိတ်ထဲမှာ ဒီနေ့ ဘာနေ့လဲဆိုတာရော သိကြရဲ့ လား”
အားလုံး ငြိမ်နေကြသည်။ တုတ်တုတ်မှ မလှုပ်ရဲ၊ ကျောင်းသူကောင်မလေးက ခေါင်းငုံ့ကာ နေ၏ ။ ကျောင်းသားနှစ် ယောက် ကတော့ ဆရာမ ကြီး စာပွဲပေါ်တင်ထားတဲ့ စာအုပ်တွေ ကို အဓိပ္ပာယ်မဲ့ ငေးကာကြည့်နေသည်။ ရင်ထဲမှာ တော့ နှလုံးခုန်သံက တဒိန်းဒိန်း ဖြစ်ကာနေ၏ ။
ဆရာမ ကြီးက သက်ပြင်းရှည်ကြီးကို “ဟင်း” ခနဲ တစ်ချက်ချပြီး စကားကို ဆက်ပြောသည်။
“ငါမေးနေတာ ကြားရဲ့ လား၊ ဒီနေ့ ဘာနေ့လဲဆိုတာကိုရော သိကြရဲ့ လား”
ဆရာမ ကြီး စကားဆုံးတော့ မြင့်နိုင်က မ၀ံ့မရဲလေးနှင့် …
“သိ သိ သိပါတယ် ဆရာမ ကြိး”
“ကဲ ဒါဆို ပြောစမ်းပါဦး ဒီနေ့ဘာနေ့လဲ”
“တနင်္လာနေ့ပါ”
“ဟင်”
မြင့်နိုင်အဖြေကြောင့် ဆရာမ ကြီးမျက်လုံးပြူးကာသွား၏ ။ ပြီးမှ ဒေါသထွက်သွားကာ စားပွဲ ခုံကို တစ်ချက်ရိုက်လိုက်ပြီး..
“တနင်္လာနေ့မှန်းတော့ ငါသိတာပေါ့ နင့်ကို အဲဒါမေးနေတာ မဟုတ်ဘူး။ ဒီနေ့ တက္ကသိုလ် တွေ စဖွင့်တဲ့နေ့၊ ကျောင်းစတက်တဲ့နေ့၊ အဲဒါကို မေးနေတာ။ ဒီနေ့လို ကျောင်းစတက်တဲ့နေရာမှာ နင်တို့ စပြီးပြဿနာနဲ့ ငါ့ရုံးခန်း ရောက်လာတယ်ဆိုတော့ ကောင်းလား”
မြင့်နိုင် ဒူးတွေ တုန်နေသည်။ ကြောက်လွန်းလို့ ဖြစ်၏ ။ ထို့ကြောင့် စားပွဲပေါ်ကိုတောင် မျက်လုံးမကြည့်ရဲတော့ဘဲ ကြမ်းပြင်ကြီးကို ကြောက်ကြောက်နဲ့ အသားလွတ်ကြီး စိုက်ကာကြည့် နေမိ၏ ။
ဆရာမ ကြီးက စကားဆက်ပြန်သည်။
“ကဲ မင်းတို့ ဘာလို့ ဒီကျောင်းသူရှေ့မှာ မဖွယ်မရာတွေ လုပ်ပြရတာ လဲ။ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေ ဆိုတာ တစ်ယောက် အခက်အခဲရှိရင် တစ်ယောက် က မောင်နှမသား ချင်းစိတ်ဓာတ်ထားပြီး ကူညီပေးရမယ့်အစား မင်းတို့က ဒါမျိုးတွေ လုပ်ပြရသလား”
“မ မ မဟုတ်ပါဘူး ဆရာမ ကြီးရယ် ကျွန်တော် တို့က သူထင်သလို မဟုတ်က ဟုတ်ကတွေ လုပ်ပြတာ မဟုတ်ပါဘူးဗျာ။ သူ့ကိုလည်း ကျွန်တော် တို့ မသိပါဘူး။ သူ့ကို အဲဒီ လိုပြရအောင် လည်း သူနဲ့ ကျွန်တော် တို့ကြားမှာ ရန်ငြှိုးမရှိပါဘူး။ ကျွန်တော် က ကျွန်တော့်အကျင့်အတိုင်း ပေါက်စီကို ကိုင်ကြည့်တာပါ”
မြင့်နိုင်ရဲ့ စကားကြောင့် ဆရာမ ကြီး မျက်မှော င်ကျုံ့သွား၏ ။ မြင့်နိုင်ရဲ့ ပေါက်စီကိုင်ကြည့် ခြင်း နိဒါန်းကိုလည်း စိတ်ဝင်စားသွားဟန်ရှိ၏ ။ ထို့ကြောင့် ..
“နေစမ်းပါဦး မင်းက ပေါက်စီကို ဘာလုပ်တဲ့အကျင့်ရှိလို့လဲ”
ထိုတော့မှမြင့်နိုင်က သူ့ရဲပေါက်စီနိယာမကို စကာရှင်းတော့၏ ။
“ဒီလိုပါခင်ဗျား ကျွန်တော် က ပေါက်စီစားကာနီးရင် ဘယ်ဟာက အကြီး၊ ဘယ်ဟာက အသေးဆို အရင်ရွေးတာ အကျင့်ပါနေလို့ပါ။ အဲဒီ လို ရွေးတဲ့နေရာမှာ လည်း လက်နဲ့ ကိုင်ကြည့်ပြီး ရွေးပါတယ်။ ပြီးတော့ ပေါက်စီထဲက အသားကိုလည်းဘယ်ဟာ ပိုပါမပါ ညှစ်ကြည့်ပြီး ရွေးတာ အ ကျင့်ပါနေလို့ပါ”
ဆရာမ ကြီးက မြင့်နိုင် ပေါက်စီးရွေးတဲ့အကျင့်ကိုနားထောင်းပြီး ကြက်သီးထသွားဟန် ဖြစ် သွားသည်။
ခန္ဓာကိုယ်တစ်ချက်တုန်သွားပြီး မျက်မှန်ကို ယောင်ယမ်းမတင်လိုက်ကာ သက်ပြင်းကို ချ သည်။ ပြီးမှ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ကျောင်းသူကောင်မလေးကို လှည့်ကြည့်လိုက်ကာ..
“သူပြောတဲ့အတိုင်း ဟုတ်လားသမီး”
ဆရာမ ကြီးစကားအဆုံးတော့ ကောင်မလေးက မြင့်နိုင်ကို မျက်စောင်းတစ်ချက် လှမ်းထိုး သည်။ ပြီးမှ ခေါင်းတစ်ချက် ညိတ်ပြလိုက်ကာ…
“ဟုတ်ပါတယ် တီချယ်ကြီး သူ သမီးရှေ့မှာ ပေါက်စီတွေ ကို အဲဒီ လုပ်နေတာပါ ဒါပေမဲ့ သူပြောတဲ့အထဲမှာ တစ်ခု ကျန်သေးတယ်”
“ဘာများ လဲကွယ့်”
“သူ ပေါက်စီတွေ ကိုကိုင်ကြည့်ပြီး လက်နဲ့ လိုက်ပွတ်သေးတယ်”
“ဟေ”
ဆရာမ ကြီး မျက်လုံးပြူးသွားပြန်သည်။ မြင့်နိုင်က ကမန်းကတန်း ၀င်ရှင်းရတော့၏ ။
“ဟုတ် ဟုတ်ပါတယ်ဆရာမ ကြီး အဲဒါကလည်း ကျွန်တော့်အကျင့်ပါပဲခင်ဗျ။ ကျွန်တော် က ပေါက်စီတစ်လုံးရဲ့ မျက်နှာပြင်ကို တင်းပြီးချောနေမှ ကြိုက်တာပါ။ အဲ့ဒါကြောင့် ဘယ်အလုးံ တင်း၊ မတင်း လိုက်ပွတ်ကြည့်တဲ့သဘောပါ”
ဆရာမ ကြီး နှာခေါင်းကို ပွတ်သည်။ မျက်မှန်ကိုမသည်။ ပြီးနောက် စားပွဲတစ်ဖက် စာအုပ်ကို ယူ၍ စားပွဲတစ်ဖက်ျွှာ ချ၏ ။ နောက်တော့ စိတ်ပျက်လက်ပျက်အမူအယာနဲ့ မြင့်နိုင်ကို ကြည့်ကာ..
“ဒါလည်း မင်းအကျင့်ပဲလားကွယ်”
မြင့်နိုင်က ခေါင်းညိတ်ပြလိုက်တော့ ဆရာမ ကြီးက တစ်စုံတစ်ရာကို လေးလေးနက်နက် တွေးပုံလုပ်၏ ။ ပြီးနောက် ဘယ်သူ့ကိုမှ ဦးတည်ချက်မထားဘဲ အားလုံးကို ခြုပြောသော သဘောမျိုး နှင့် စကားကိုဆက်၏ ။
“လူတွေ မှာ ကိုယ့်အကျင့်နဲ့ကိုယ် ရှိကြတယ်။ တချို့က မွေးရာပါ အကျင့်လို ဖြစ်လာတဲ့ဟာ တွေ ရှိတယ်။ တချို့ကျတော့ ကြီးမှ ကိုယ့်အတွေးနဲ့ကိုယ် စိတ်သန်ရာ သန်ရာတွေ လုပ်ရင်း အကျင့် ဖြစ်သွားကြတာရှိတယ။် လူ တစ်ယောက် ရဲ့ အကျင့်နဲ့ပတ်သက်ပြီးတော့ ဆရာမ ကြီး ဘာမှ တော့ သိပ်မပြောချင်ပါဘူး။
အဲ ဒါပေမဲ့ ပတ်ဝန်းကျင်ကိုတော့ ဂရုထားရမယ်။ မင်းလုပ်လိုက်တဲ့ အကျင့်တစ်ခုက တစ်ဖက်သား မိန်းကလေး တစ်ယောက် ရှေ့မှာ ဘယ်လိုသဘောသက်ရောက်သွားသလဲဆိုတာ မင်းနားလည်ဖို့ လိုတယ်။ ဆရာမ က ကြီးပြောတာ သဘောပေါက်လား”
နှစ် ယောက် စလုံး ခေါင်းညိတ်ပြ၍ …
“ဟုတ်ကဲ့ပါ ပေါက်ပါတယ် ဆရာမ ကြီး”
ဆရာမ ကြီးက စကားကို ဆက်သည်။
“နောက်တစ်ခုကျန်သေးတယ် အီကြာကွေးက ပေါက်စီနှစ် လုံးကြားထဲ ဘယ်လို ရောက် သွားတာလဲ”
မြင့်နိုင်က သူ့ကိုကြည့်လိုက်သည်။ သူက..
“အဲဒါ ကတော့ မတော် တဆပါ ဆရာမ ကြီး”
“သြော် တော် သေးတာပေါ့ ဒါလည်း မင်းတို့အကျင့်ပဲလားလို့”
ဆရာမ ကြီးက ခပ်ငေါ့ငေါ့ စကာကိုဆိုသည်။ သူက..
“မဟုတ်ပါဘူး ဆရာမ ကြီးရယ် သူတို့နှစ်ယောက် ရန်ထ ဖြစ်တော့ ကျွန်တော် က ပြေလည်ရာ ပြေကြောင်း ၀င်ရှင်းမလို့ လုပ်တာပါ။ အဲဒီ မှာ လက်ထဲက အီကြာကွေးကို လွှတ်ချ လိုက်တာ ဘယ်ကဘယ်လို ဖြစ်ပြီး ပေါက်စီပန်းကန်ထဲ ရောက်သွားလဲ မသိဘူး ဖြစ်သွားတာ အဲဒါကိုတော့ ကျွန်တော် လည်း သတိမထားမိဘူး”
သူ့စကားဆုံးတော့ အားလုံး ခဏငြိမ်သွားကြ၏ ။ ဆရာမ ကြီးလည်း အ ဖြစ်မှန်ကို သိသွားပြီဆိုတော့ ကျောင်းသူ ကောင်မလေးကို ပြေလည်ရာပြေလည်ကြောင်း ပြောပေးသည်။
ကျောင်းသူကောင်မလေးကလည်းဆရာမ ကြီးကိုယ်တိုင် ကြားကနေ ၀င်ရှင်းပေးနေသော ကြောင့် ထိုပြဿနာကို ကျေအေးလိုက်၏ ။ ရင်ထဲမှာ တော့ မြင့်နိုင်တို့ကို သိပ်ကျေနပ်ပုံမရ။
ဆရာမ ကြီးက မြင့်နိုင်ကို ကြည့်၍ စည်းကမ်းချစ်တစ်ခုကို ချမှတ်လိုက်သည်။
နောင် ပေါက်စီစားရင် သူ့ရဲ့ အကျင့်ကို ပြင်ရန်
မပြင်နိုင်ပါက မိန်းကလေးတွေ ရှေ့တွင် ပေါက်စီမစားရန်။
မြင့်နိုင်ကလည်း နာခံပါ့မည် ဆိုတဲ့အကြောင်း ခေါင်းညိတ်ပြ၏ ။ ထို့နောက် ဆရာမ ကြီးက သူတို့နာမည် တွေ ကိုမေးသည်။ မြင့်နိုင်ကစ၍ သူ့နာမည် ကို ပြောကာပြ၏ ။
“ကျွန်တော့် နာမည် မြင့်နိုင်ပါ”
“ဟို တစ်ယောက် ကရော”
“ကျွန်တော် က မြင့်မိုးပါ”
ဆရာမ ကြီးက ခေါင်းတညိတ်ညိတ်လုပ်၏ ။ ထို့နောက်..
“မင်းတို့က ဘယ်ကလဲ”
“အီးမေဂျာကပါဗျ”
ဆရာမ ကြီး ဒေါသထွက်သွားပြီး စားပွဲကိုရိုက်လိုက်ကာ..
“မင်းတို့ကို ဘယ်မှာ နေတာလဲ မေးနေတာ မင်းတို့အီးမေဂျာကမှန်းတော ငါသိတာပေါ့ တကယ် ဘယ်လိုကောင်တွေ လဲ”
“ကျွန် ကျွန်တော် တို့နှစ် ယောက် နယ်ကပါ။ ဒီမှာ ဦးလေး တစ်ယောက် ဖွင့်ထားတဲ့ အဆောင်တစ်ခုမှာ နေရင်း ကျောင်းလာတက်တာပါဗျ”
ဆရာမ ကြီးက ကိုယ့်စိတ်ကိုယ် ဖြေလျော့လိုက်ဟန်နှင့် သက်ပြင်းကိုချလိုက်၏ ။ ပြီးနောက်..
“နယ်ဆိုတော့ ဘယ်နယ်ကလဲ”
“မကွေးကပါ”
“မကွေးဘက်မှာ လည်း တက္ကသိုလ်ရှိသားပဲ ဘာလို့ အဲဒီ မှာ မတက်တာလဲ”
“ဦးလေးက ရန်ကုန်ကိုခေါ်ထားလို့ပါ။ ဒီမှာ က သူဖွင့်ထားတဲ့ အဆောင်လည်း ရှိတယ်ဆို တော့ အဆင်လည်းပြေလို့ ပြီးတော့ ကျွန်တော် တို့ ၀ါသနာပါတဲ့ အလုပ်ကလးတွေ လည်း ရန်ကုန်မှာ ဆိုတော့ လုပ်လို့ရတာ ပေါ့”
ဆရာမ ကြီးက ဘာမှဆက်မပေးတော့ပါ။ ခေါင်းတညိတ်ညိတ်နဲ့ နားထောင်ရင်း ပြန်လွှတ် လိုက်၏ ။
မြင့်နိုင်နဲ့ မိုးမြင့်က ဆရာမ ကြီးကို အရိုအသေပြု နှုတ်ဆက်ပြီး ပြန်ထွက်လာခဲ့ကြ၏
သူတို့နဲ့ မရှေးမနှောင်းမှာ ပင် ကျောင်းသူကောင်မလေးလည်း ဆရာမ ကြီးကို နှုတ်ဆက်၍ ထွက်လာတာေ တွ့ရ၏ ။
ရုံးခန်းအပြင်ရောက်တော့ မြင့်နိုင်က…
“ကောင်မလေးက သေချာကြည့်တော့ ချစ်စရာလေးကွ နာမည် လေးတောင် မမေးလိုက်ရ ဘူး”
မိုးမြင့်က မြင့်နိုင် နားရင်းကို တစ်ချက်ရိုက်လိုက်၍ ..
“အခုမှ ထွက်လာတယ်။ ပြန်ဝင်ချင်လို့လား”
မြင့်နိုင်က ရယ်ကျဲကျဲနှင့် လုပ်ပြသည်။ ထို့နောက် သူတို့အခန်းရှိရာသို့ ထွက်လာခဲ့လိုက်ပါ တော့သည်။
သူတို့နှစ် ယောက် ကတော့ စာသင်ခန်းထဲတောင် မရောက်ဖူးသေးခင် ပါမောက္ခရုံးခန်းထဲ အရင်ရောက်ရှိသူတွေ ဖြစ်သွားကြ၏ ။
ကြံဖန်ပြီး ဂုဏ်ယူချင်ရင်တော့ ယူလို့ရသည်ဟု ဆိုရမည် ။
ကျောင်းစတက်တဲ့နေ့မှာ ပင် ပါမောက္ခနှင့် တစ်စားပွဲတည်း ထိုင်ပြီး နဖူးတွေ့  ဒူးတွေ့  စကာပြောခွင့်ရသော ကျောင်းသားတွေ ဟု….။
အခန်း (၃)
ခုနစ်နာရီခွဲပြီ ဖြစ်သည်။
ဖတ်လက်စ ၀တ္ထုစာအုပ်ကို ပိတ်၍ မိုးမြင့်က မြင့်နိုင်ကို လှည့်ကြည့် လိုက်၏ ။ မြင့်နိုင်က လည်း ခုတင်ပေါ်တွင် ခါးတစ်စောင်းထိုင်၍ နံရံကိုမှီကာ စာအုပ်တစ်အုပ်ကို ဖတ်ကာနေသည်။ မိုးမြင့် စာကြည့်စားပွဲမှ ထသွား၍ နံရံတွင် ချိတ်ထားသော ဖလံထည် အင်္ကျီကို ဖြုတ်၍ ကောက်စွပ် လိုက်ပြီး..
“ငါတို့ ထမင်းသွားစားတော့မလား”
မြင့်နိုင်က စာအုပ်ကိုပိတ်၍ သွားလေ ဟု ပြောပြီးခုတင်ပေါ်မှ ထလိုက်၏ ။ ထို့နောက် သူတို့ လမ်းထိပ်က ဒေါ်စောထမင်းဆိုင်သို့ ထွက်လာကြ၏ ။
ဒေါ်စောဆိုင်ရောက်တော့ မိုးမြင့်က ဘဲဥချဉ်ရည်ဟင်းတစ်ပွဲမှာ သည်။ မြင့်နိုင်က ငါးခြောက် ကြော်တစ်ပွဲ မှာ လိုက်၏ ။ ထိုအချိန်မှာ လူ တစ်ယောက် ၀င်လာ၍ သူတို့ကို နှုတ်ဆက်လိုက်၏ ။
“ဟ ထမင်းစားနေပြီလားကွ”
လှမ်းကြည့်လိုက်တော့ သူတို့နဲ့ တစ်ဆောင်တည်းနေသူ ကိုမျိုး ဖြစ်နေတာတွေ့ လိုက်သည်။ သူတို့ကလည်းပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး..
“စားပြီဗျို့ ကိုမျိုး တစ်ယောက် တည်း ဒီမှာ လာထိုင်လေ”
ကိုမျိုးက လက်ကာပြပြီး
“နေ ..နေ ဧည့်သည် တစ်ယောက် လာဦးမှာ မို့လို့ ဒီမှာ ပဲ ထိုင်တော့မယ်”
ဒေါ်စောဆိုင်က သူတို့နေတဲ့ အဆော်က လူတွေ တော် တော် များများ စားကြသည်။ ဒေါ်စော က ဟင်းချက်လည်း ကောင်းသလို ဈေးလည်းသင့်၍ စားသောက်သူ တော် တော် များ ၏ သူတို့ အဆောင်ကလည်း ဆိုင်နဲ့နီးနေ၍ ဒေါ်စောဆိုင်ကိုပဲ အားပေးကြသည်။ တစ်ခါတစ်ရံ ဘိုင် ပြတ်တဲ့နေ့တွေ ဆိုရင်တော့ အသုပ်ကလေး ဘာလောဝယ်ပြီး ကြိတ်လိုက်ကြပေါ့။
မိုးမြင့်က သူ့ဟင်းပန်းကန်မှာ ပါသည့် ဘဲဥနှစ် လုံးမှ တစ်လုံးကိုမြင့်နိုင်ပန်းကန်ထဲ ထည့်ပေး လိုက်သည်။ မြင့်နိုင်က ငါးခြောက်ကြော် တစ်ဇွန် ပြန်ခပ်ထည့်ပေးရင်း…
“မနေ့က အရီးလေးဆီက စာလာတယ်ဆို ဘာတဲ့လဲ”
အရီးလေးဆိုတာ မိုးမြင့်တို့ အမေကိုမြင့်နိုင်က ဆိုလိုခြင်း ဖြစ်၏ ။ မိုးမြင့်က..
“ထုံးစံအတိုင်း နေကောင်းလား ဘာလားပေါ့ကွာ ကျောင်းမှန်မှန်တက် စာမေးပွဲကို အောင်အောင်ဖြေ ဒါတွေ ပဲပေါ့ကွာ၊ ဦးလေးကိုရော အဆောင်လခပေးပြီးပြိလာ မေးသေးတယ်။ ပြီးတာ့ လကုန်ရင် ပိုက်ဆံတစ်ခေါက် လှမ်းပို့ပေးမယ်တဲ့ ကွန်ပျူတာသင်တန်းရော ဘယ်တော့ တက်မှာ လဲလို့ လည်း ရေး ထားတယ်”
“ငါ့အကြောင်းရော မပါဘူးလား”
“ပါတယ် မင်းကိုလည်း လိမ်လိမ်မာမာ နေလို့ အမေက မှာ လိုက်တယ်။ မင်းအမေလည်း ဒီတစ်ခေါက် ပဲရောင်းပြီးရင် ရန်ကုန်တစ်ခေါက်တက်လာဦးမယ်လို့ ရေး ထားတယ်။ ရန်ကုန်မှာ မျက်စိလာပြဦးမယ်ဆိုလားပဲ”
မြင့်နိုင်က ထမင်းစားရင်းနှင့် ခေါင်းညိတ်ပြသည်။ မိုးမြင့်က သခွားသီးတစ်ဖတ်ကိုယူ၍ ထမင်းပုံပေါ်တင်ကာ ငါပိရည်တစ်ဇွတ်ဆမ်းပြီး စားလိုက်၏ ။ ခဏကြာတော့ စားလို့သောက်လို့ ပြီး သွားပြီ ပိုက်ဆံရှင်းဖို့လုပ်သည်။
ကျသင့်ငွေကိုမြင့်နိုင်က ထုတ်ရှင်းလိုက်၏ ။ မိုးမြင့်က မြင့်နိုင်ကို ကျသင့်ငွေတစ်ဝက်ကို ပြန်ပေးသည်။ မြင့်နိုင်က…
“ရပါတယ်ကွာ မင်းမှာ သုံးစရာမရှိသေးရင် ယူထားလိုက်ပါ ငါပဲ ရှင်းလိုက်ပ့ါမယ်”
“ယူပါ မင်းနဲ့ ငါ မုန့်ဖိုးရတာ ချင်းအတူတူပဲကွာ မရှိတော့လည်း အတူတူပေါ့ ….ရော့”
မြင်နိုင်က ဘာမှမပြောတော့ဘဲ မိုးမြင့်ဆီက ပိုက်ဆံကိုယူကာ အိတ်ထဲ ထည့်လိုက်၏ ။ သူတို့နှစ် ယောက် က ငယ်ငယ်ကတည်းက ပေါင်းလာကြသူတွေ ဖြစ်၍ တစ်ယောက် အကြောင်း တစ်ယောက် သိသည်။
အိမ်ချင်းကပ်လျက် ကျောင်းတက်တောလည်း သူငယ်တန်းကတည်းက အတူတူ၊ ဆယ်တန်းအောင်ပြီးတော့ အခုလို တက္ကသိုလ် တက်ပြန်တော့လည်း ရန်ကုန်မှာ တက်ချင်သည် ဆို၍ မိဘတွေ က ပို့ပေးကြ၏ ။ နေတော့လည်း မိုးမြင့်အမေရဲ့ မောင်တော် သည့် ဦးလေးထွန်း ဖွင့်ထားသည့် အဆောင်မှာ နေကြသည်။
အဆောင်က ဒဂုံမြို့သစ်ဘက်မှာ ဖြစ်သော ကြောင့် ကျောင်းနဲ့ လည်းနီးသည်။ အဆောင် မှာ နေသူတွေ က တခြားအပြင်က လူ တစ်ယောက် စ နှစ် ယောက် စရှိသော်လည်း များ အားသော အားဖြင့် ကျောင်းနဲ့နီးသော ကြောင့် ကျောင်းသားများ သာ။
ထို့ကြောင့် မိုးမြင့်နဲ့ မြင့်နိုင်တို့အတွက် အဆင်ပိုပြေ၏ ။ နောက်ထပ် အဆင်ပြေတာတစ်ခု ရှိသေးသည်။ မိုးမြင့်တို့ ဦးလေးက သူတို့နှစ် ယောက် အတွက် အဆောင်လခကို တစ်ဝက်သာ ယူ သော ကြောင့် ဖြစ်၏ ။
ထို့ကြောင့် အိမ်က ပို့ပေးလိုက်သော အဆောင်လခရဲ့ တစ်ဝက်ကို သူတို့အသုံးစရိတ် အတွက် ပိုရကြသည်။
မိုးမြင့်တို့ ဦးလေးကလည်း သူ လခလျှော့ပေးသည့်ကိစ္စကို နယ်မှာ နေသည့် သူ့အစ်မကို လှမ်းမပြောထား၍ လစဉ်မှန်မှန် အဆောင်လခတစ်ဝက်ကို သူတို့က ရနေခြင်း ဖြစ်၏ ။ ဦးလေးထွန်း က တစ်ဖက်တစ်လမ်းက သူတို့အပေါ် သွယ်ဝိုက်သော နည်းဖြင့် ထောက်ပံ့ခြင်းဟု ဆိုနိုင်သည်။
မိုးမြင်နဲ့ မြင့်နိုင်တို့ မိဘတွေ က သိပ်အချမ်းသာကြီး မဟုတ်ကြသော်လည်း နယ်မှာ တော့ မရှိမရှားနေနိုင်သည့်သူတွေ ဖြစ်သည်။
အိုးပိုင်အိမ်ပိုင်၊ လယ်ပိုင်ယာပိုင်နဲ့ သူ့နေရာ၊ သူ့ဒေသနှင့် သူတော့ ကြေးရတတ်တွေ ဖြစ်၏ ။ ထို့ကြောင့် သားတွေ ကို ရန်ကုန်မှာ ကျောင်းနေချင်သည့်ကိစ္စကို မကန့်ကွက်ဘဲ လွှတ်၏ ။ ကွန်ပျူ တာသင်တန်းတို့၊ စကားပြောသင်တန်းတို့ တက်ချင်သေးတယ်ဆိုရင်လည်း လိုက်လျောဖို့ အသင့် ပင်။
သူတို့နှစ် ဦး ကတော့ လောလောဆယ် ဘာသင်တန်းမှ မတက်သေးဖို့ ဆုံးဖြတ်ထားသည်။ အခုမှ ကျောင်းက စတက်တာဆိုတော့ ကျောင်းကိုသာ မှန်မှန်တက်ချင်နေကြ၏ ။
နောက်တော့မှ အခြေအနေကြည့်ပြီး သင်တန်းတက်ဖို့ကိစ္စ စဉ်းစားဖို့ ဆုံဖြတ်ထားကြ သည်။
သူတို့နှစ် ယောက် အဆောင်ရောက်တော့ အခန်းထဲ မ၀င်သေးဘဲ ဘေးခန်းက အောင်ကို နိုင်ဆီ သွားလိုက်သည်။ စားပွဲတစ်လုံးမှာ တကုပ်ကုပ်နဲ့ ငုံ့ရေနေသော အောင်ကိုနိုင်ကို တွေ့ တော့ မိုးမြင့်က
“ဘာတွေ လုပ်နေတာလဲဗျ ထမင်းစားပြီးပြီလား”
အောင်ကိုနိုင်က တစ်ချက်လှည့်ကြည့်၍ ..
“မစားသေးပါဘူးဗျာ ဒီမှာ ကဗျာတစ်ပုဒ်ကို အဆုံးသတ်တော မပြီးသေးလို့”
“ပြီးရင် ပေးဖတ်ဦးနော်”
အောင်ကိုနိုင်က အသံတိတ်ခေါင်းညိတ်ကာပြ၏ ။ သူတို့နှစ် ယောက် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်၍ အလိုက်တသိပင် အောင်ကိုနိုင့်အခန်းမှ ထွက်ခဲ့လိုက်တော့၏ ။
အောင်ကိုနိုင်က သူတို့လိုပင် ကျောင်းသား ဖြစ်သည်။ မေဂျာတော့ မတူ သူက မြန်မာစာ က။
ပြီးတော့ ကိုယ့်ကိုယ်ကိုယ်ကဗျာသမားဟု ခံယူထားသူ။
Paper I အချိန်ပြီးသွား၍ ဆရာမ အခန်းထဲက ထွက်သွားသည်။ နောက်တစ်ချိန်က Paper II အချိန် ဖြစ်၏ ။ မြင့်နိုင်က လက်မှာ နာရီကိုကြည့်လိုက်၍ ဗိုက်ကိုတစ်ချက် ပွတ်လိုက် ကာ…
“ဗိုက်ဆာလိုက်တာကွာ ငါတို့ ကဲန်တင်းသွားရအောင်”
မိုးမြင့်က Paper II စာအုပ်တွေ ကို ထုတ်မလိုလုပ်ပြီးမှ မြင့်နိုင်ကို တစ်ချက်ကြည့်ကာ…
မင်း ကတော့ လုပ်ပြီ အတန်းပျက်ရက်တွေ များ ရင် စာပြန်ကူးရတာ မလွယ်ဘူးကွ“
“လုပ်ပါကွာ ဒီနေ့ပျက်ထားတဲ့စာကို ငါ့ပြန်ကူးထားပါ့မယ် ငါ့ဆီမှာ ရှိတော့မင်းလည်း ကြည့်လို့ရတာ ပေါ့”
မိုးမြင့်က “ဒါဆိုလည်း ပြီးရော” ဆိုပြီး စာအုပ်ကို သိမ်းကာ ထရပ်လိုက်၏ ။ ထို့နောက် သူတို့ အင်္ဂလိပ်စာအဆောင် ထွက်ခဲ့လိုက်ပါတော့သည်။
အဆောင်အပြင်ရောက်တော နီးနီးနာနား ကဲန်တင်းတစ်ခုမှာ ပဲ ထိုင်မလို့လုပ်သည်။ နောက် တော့ သိပ္ပံဆောင်တွေ ဘက် မရောက်ဖူးသေး၍ ထိုဘက်ကို သွားလည်ရင်း အဆင်ပြေသည့် ကဲန် တင်းတစ်မှာ ထိုင်ဖို့ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့်သိပ္ပံဆောင်တွေ ဘက်သို့ သူတို့ ထွက်လာလိုက်၏ ။ အဆင်ပြေသည့် ကဲန်တန်း တစ်ခုမှာ ၀င်ထိုင်လိုက်သည်။ သူတို့ ရောက်တော့ ကဲန်တင်းမှာ လူရှင်းနေသေး၏ ။
ထို့ကြောင့် လွတ်နေသည့် စားပွဲတစ်ခုမှာ ၀င်ထိုင်လိုက်၏ မြင့်နိုင်က ကျောင်းစတက်တဲ့ နေ့က ကဲန်တင်းထိုင် ရင်း ပြဿနာတက်သည့်ကိစ္စကို သတိတရပြောသည်။ မိုးမြင့်က ရယ်နေ လိုက်၏ ။
ထို့နောက် စားပွဲထိုးကောင်လေး ရောက်လာ၍ ထမင်းပေါင်းနှစ် ပွဲမှာ လိုက်ပြီးမြင့်နိုင်က…
“ငါတိုနဲ့ပြဿနာတက်သွားတဲ့ ကောင်မလေးလည်း မတွေ့ တောဘူးနော် ဘယ် ရောက်သွားလဲ မသိဘူး”
“တခြားမေဂျာတစ်ခုခုက နေမှာ ပေါ့။ ငါတို့မေဂျာကဆို တွေ့ ရမှာ ပေါ့ ဘာလဲမင်းက သတိ ရနေလို့လား”
မြင့်နိုင်က ရယ်ကျဲကျဲ အမူအယာလုပ်ပြပြီး…
“သတိရတာ ပေါ့ကွ ကျောင်းစတက်တဲ့နေ့မှာ မှ ပြဿနာတက်ပြီး တွေ့ လိုက်ရတဲ့ ကောင် မလေးဆိုတော့ မမေ့နိုင်စရာ။”
“မင်း ကတော့ ဒါပဲ။ မင်းအတွက် မမေ့နိုင်စရာတွေ တော် တော် များ တယ်နော်”
မိုးမြင့်က မြင့်နိုင်အကြောင်း သိနေ၍ ခနဲ့လိုက်ခြင်း ဖြစ်၏ ။ သူတို့နှစ်ယောက် က ငယ်ပေါင်း တွေ ဆိုသော်လည်း အဲဒီ ဘက်မှာ တော့ အစွမ်းအစချင်း သိပ်မတူ။ မိုးမြင့်က မိန်းကလေး နဲ့ပတ် သက်ရင် ကင်းသည်ဟုဆိုရမည် ။
သူက ယခုအရွယ်အထိ ဘယ်ကောင်မလေးကိုမှလည်း ရင်မခုန်ခဲ့ဖူးသလို ဘယ်သူနဲ့မှ လည်း ရည်းစားတွေ မ ဖြစ်ခဲ့ဖူး။ နောက်ပြီးသူက ကြောက်တတ်သည်။ မိန်းကလေးကိစ္စနဲ့ ပတ်သက်ရင် အ ဖြစ်မရှိဘူးဟု ဆိုလိုခြင်း ဖြစ်၏ ။
မြင့်နိုင် ကတော့ ထိုသို့မဟုတ် မိုးမြင့်ထက်စာရင်တော့ သာသည်။ သူက ပြောရဲဆိုရဲလေး လည်းရှိသလို လက်စွမ်းလက်စလည်း ထက်၏ ။ အထက်တန်းကျောင်းသားဘ၀က အညာသူမ လေးနှစ် ယောက် ၊ သုံးယောက် လောက်နဲ့ အီစီကလီ ဖြစ်ဖူးသည်။ နောက်တော့လည်း ဟိုမရောက် ဒီမရောက်နဲ့ ပွဲပြီးသွား၏ ။ သို့သော် မိုးမြင့်ထက်စာရင်တော့ အပုံကြီးသားသည်ဟုဆိုနိုင်သည်။
လာချပေးတဲ့ ထမင်းပေါင်း နှစ် ပွဲကို တစ်ယောက် တစ်ဝက်လောက် စားပြီးနောက် မြင့်နိုင်က လက်ဖက်ရည် နှစ် ခွက်လှမ်းမှာ လိုက်၏ ။ မိုးမြင့်က သူ မသောက်တော့ဘူးဟု လက်ကာပြကာ ထ မင်းပေါင်းကို ဆက်စားသည်။
မြင့်နိုင်က ထမင်းစားနေရင်းနှင့် ဖြတ်သွားဖြတ်လာ ကောင်မလေးတွေ ကိုလိုကကြည့်နေ သည်။ လိုက်ကြည့်ရေင်းမှ တစ်ချက်တစ်ချက် ဘယ်ကောင်မလေး ဘယ်လိုလှကြောင်း မိုးမြင့်ကို လှမ်းလှမ်းပြောနေ၏ ။
မိုးမြင့် ကတော့ ဘာဝေဖန်ချက်မှ မပေးသော်လည်း မြင့်နိုင်ပြတဲ့ ကောင်မ လေးတွေ ကို တော့ လိုက်ကြည့်ပေးသည်။
“ပေါက်စီတစ်ပွဲချ၊ နောက်ပြီး ကော်ဖီကို ရေနွေးအပြည့် မထည့်ဘဲ ယူလာပေးနော်”
“အစ်မတို့ ကတော့ ခေါက်ဆွဲကြော် တစ်ပွဲနဲ့ ရှမ်းခေါက်ဆွဲ တစ်ပွဲပေး မောင်လေး၊ မြန်မြန် လေးနော်။ ပြီးတော့ ရှမ်းချဉ်လေးပါ ယူလာခဲ့”
တစ်ဖက်ဝိုင်မှ အသံကြား၍ မြင့်နိုင်က ဘာရယ်မဟုတ် လှည့်ကြည့်လိုက်သည်။ ထို့နောက် ကမန်းကတန်း မိုးမြင့်ကို လက်ကုတ်လိုက်ကာ…
“ဟေ့ကောင် ဘေးဝိုင်းမှာ ဟိုကောင်မလေးတွေ အသက်ရှည်ဦးမယ်”
မိုးမြင့်က တစ်ချက်လှမ်းကြည့်ပြိး…
“ဘယ်ကောင်မလေးလဲ”
ဟု မေးသည်။ မြင့်နိုင်က မေ့တတ်လိုက်တာဆိုသည့် အမူအယာနှင့် …
“ဟိုကောင်မလေးလေးလေကွာ ငါတို့ပြဿနာ တက်တဲ့ ကောင်မလေး”
ထိုတော့မှ မိုးမြင့်က မှတ်မိသွားပြီး..
“သြော် အေး ဟုတ်သားပဲ ဒါဆို သူက သိပ္ပံဘက်က ဖြစ်မယ်ကွ။ ဒါကြောင့် ငါတို့ မတွေ့ ရ တာ”
မြင့်နိုက မိုးမြင့်စကားကို ခေါင်းညိတ်ထောက်ခံ၍ ဟိုဘက်ဝိုင်းသို့ တစ်ချက်လှမ်းကြည့်နေ သည်။ မြင့်နိုင်ပြောတဲ့ ကောင်မလေးက တစ်ယောက် တည်းမဟုတ်။ အဖော်နှစ် ယောက် ပါ ပါသည်။ အားလုံး ထိုကောင်မလေးကိုပဲ ခေတ်ဆန်ဆန်နဲ့ ချောချောလေးတွေ ။ သူတို့ရှိနေတာကိုတော့ သတိထားမိပုံမရသေး။
မြင့်နိုင်က ကောင်မလေးတွေ ကို ကြည့်ပြီး..
“အမိုက်ကလေးတွေ ကွ ငါတို့ဘက်က ရွာတွေ မှာ ဆို ကွမ်းတောင်ကိုင် တန်း ဖြစ်မှာ သေချာ တယ်”
“တိုးတိုးပြောပါကွာ ကြားသွားဦးမယ်”
မြင့်နိုင်က ဇက်ကလေးပုကာ ငြိမ်သွားသည်။ ပြီးတော့မှ လေသံတိုးတိုးနှင့်…
“ငါတို့ပြီးရင် သူတို့နောက်လိုက်သွားရအောင် ”
“ဟာ ဟေ့ကောင် ရူးနေလား ငါတို့နဲ့ ခင်တာမှ မဟုတ်တာ”
“ပေါ်တင်ကြီးတော့ လိုက်မလားကွ အနောက်က မယောင်မလည် လိုက်ချောင်းမှာ ပေါ့”
“မင်းက လိုက်ချောင်းပြီး ဘာလုပ်မလို့လဲ”
“သူတို့မေဂျာ သိရအောင်လေကွာ”
“နေပါကွာ ပြဿနာမရှာချင်စမ်းပါနဲ့ သူတို့မေဂျာ သိတော့ရော မင်းနဲ့ ဘာဆိုင်လို့လဲ မင်းက ဘာလုပ်လို့ ရမှာ လဲ”
မြင်နိုင် ခေါင်းကိုကုတ်ကာ အကြံအိုက်သွားသည်။ မိုးမြင့်ရဲ့ အမေးစကားအတွက် သူမှာ အဖြေမရှိ။ သူဘာကြောင့် လိုက်သွားချင်တာလဲဆိုတာလည်း သူ့ကိုယ်သူ မသိပေ။
တစ်ခုတော့ရှိသည်။ တက္ကသိုလ်မှာ ကောင်မလေးလှလှလေးတွေ နောာက် လိုက်ပြီး နောက်ချင်ပြောင်ချင်သော ဟေးလာဟားလားပုံစံမျိုးတော့ ဖြစ်နိုင်။
သို့သော် အဲဒီ လိုမျိုးကျတော့လည်း မြင့်နိုင်မှာ အဲဒီ လောက်သတ္တိမရှိ။ သူက အဲဒီ ကောင် မလေး ဘယ်မေဂျာမှာ တက်နေလဲလိုတာလောက်သာ သိချင်သူ ဖြစ်၏ ။
ထမင်စားပြီးသွားတော့ မိုးမြင့်က..
“လာကွာ ပြန်ရအောင်”
“ခဏလေးနေပါဦးကွာ မင်းကလဲ အတန်းချိန် နည်းနည်း နောက်ကျသွားလို့လဲ မင်းကို ဆရာမ က မရိုက်ပါဘူး။ အခုငါတို့ လစ်လာတဲ့ အတန်းချိန်တောင် မပြီးသေးပါဘူး”
မိုးမြင့်က ဘာမှမပြောတော့ဘဲ သက်ပြင်းကိုချကာ ဆက်ထိုင်သည်။ မိုးမြင့်က ဆေးလိပ် တစ်လိပ်ကို ထုတ်၍ မိုးမြင့်အား ပေး၏ ။ မိုးမြင့်က မြင့်နိုင် လှမ်းပေးတဲ့ ဆေးလိပ်ကို ယူ၍ မီးညှိကာ တစ်ချက်ဖွာရှိုက်သည်။
ထို့နောက် ဘာရယ်မဟုတ် ကောင်မလေးတွေ ၀ိုင်းဘက်ကကို လှမ်းကြည့်လိုက်သည်။ ထိုအချိန်တွင် သူတို့ဘက်သို့ လှမ်းကြည့်လိုက်သော ကောင်မလေး တစ်ယောက် ၏ မျက်စိလုံးနှင့် သွားဆုံ။ မိုးမြင့် သူခိုးလူမိသွားသလို ရင်ထိတ်သွားကာ သူ့အကြည့်ကို ချက်ချင်း လွှဲဖယ်ပစ်လိုက် ၏ ။
အမှန်တော့ သူ့အတွေးနှင့် သူမို့လို့ ရင်ထိတ်သွားရခြင်းပါ။ ထိုကောင်မလေးက မိုးမြင့်တို့ ၀ိုင်းဘက်သို့ ဘာရယ်မဟုတ် လှမ်းကြည့်လိုက်ခြင်းသာ ဖြစ်၏ ။
မြင့်နိုင်က မိုးမြင့်အမူအရာပျက်သွားတာကို သတိထားမိလိုက်၍ ….
“မင်းဘာ ဖြစ်နေတာလဲ ဣနြေ္ဒရရ နေစမ်းပါ”
“ဟိုဟာကွ ငါတို့ ဒီမှာ ရှိတာကို သူတို့သိသွားပြီလား မသိဘူး လစ်ရအောင်ကွာ လာ”
“ဟာ သိသွားတော့ ဘာ ဖြစ်လဲကွ တက္ကသိုလ်မှာ ရှိတဲ့ ကဲန်တင်းတွေ အားလုံး ကြိုက်တဲ့ လူ ၀င်ထိုင်လို့ရတာ ပဲ သူတို့က ငါတို့ကို ဘာလုပ်လို့ရမှာ လဲ”
“ဟာ ငါတော့ လန့်လာပြီ ဟို ပေါက်စီကိစ္စ မကျေနပ်လို့ ထပ်ပြီးပြဿနာရှာရင် ဘယ်လို လုပ်မလဲ”
“ကျွတ် မင်းကလည်းကွာ ကြောက်စရာမရှိ ရှာကြံကြောက်နေတယ် အဲ့ဒိကိစ္စက ပြီးသွား ပြီပဲဟာ”
မိုးမြင့်က မ၀ံ့မရဲ ထပ်ကြည့်သည်။ ပထမသူနဲ့မျက်လုံးချင်းဆုံသည့် ကောင်မလေးနှင့် ပင် ထပ်၍ မျက်လုံးချင်းဆုံပြန်သည်။
အမှန်တော့ ဟိုကောင်မလေးက မိုးမြင့် သူ့ကို ပထမတစ်ချက် ကြည့်သွားပြီး ကမန်းက တန်းအကြည့်လွှဲဖယ်သွားသော အမူအရာကြောင့် စူးစမ်းချင်သည့်စိတ်နှင့် နောက်တစ်ခေါက် ပြန်ကြည့်ခြင်းပါ။ “ဘယ်လိုလဲ”ဆိုတဲ့သဘော။
ဒီဘက် ကတော့ သိတဲ့အတိုင်း အရင်ကတည်းက သတ္တိခပ်ကောင်းကောင်းဆိုတော့ ၀ုန်းခနဲ ထရပ်လိုက်ကာ…
“ငါ ငါ သွားတော့မယ်”
ဟုဆို၍ စားပွဲဝိုင်းမှ ထသွား၏ ။ ထိုအချိန်တွင် စားပွဲပေါ်မှ ထမင်ပေါင်းပန်းကန်ပြားက မိုးမြင့်နဲ့ တိုက်မိပြီး မြေကြီးပေါ် ပြုတ်ကျသွား၏ ။
မိုးမြင့်တို့ဝိုင်းဘက်မှ အသံဗလံတွေ ကြားရတော့ ကောင်မလေးတွေ ၀ိုင်းဘက်က လှည့် ကြည့်သည်။ ထို့နောက် မြင့်နိုင်ကို တွေ့ သွား၍ သူနဲ့ပြဿနာတက်တဲ့ကောင်မလေးက မှတ်မိသွား ၏ ။
ထိုအချိန်မှာ စားပွဲဝိုင်းမှာ မိုးမြင့်မရှိတော့။ မြင့်နိုင် တစ်ယောက် တည်း ကြောင်တောင် တောင်ကြီး ကျန်ခဲ့သည်။
မြင့်နိုင်လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ဘဲ စားပွဲထိုးလေးကို ခေါ်ကာပိုက်ဆံ အမြန်ရှင်း၍ ကဲန်တင်းမှ ထလစ်ရတော့သည်။
စိတ်ထဲမှာ တော့ မိုးမြင့်ကို အမျိုးမျိုးကျိန်ဆဲ၍ လျှောက်လာခဲ့လိုက်ပါတော့၏ ။ မိုးမြင့် ကတော့ ဘယ်ရောက်သွားမှန်း မသိတော့။
အခန်း (၄)
ငါပြောတာအဲဒီ ကောင်ပေါ့ ပေါက်စီကိုစားရင် ကောင်းကောင်းမစားဘူးဆိုတာ”
မိုးမြင့်တို့ ထွက်သွားပြီးတော့ တစ်ဖက်ဝိုင်းမှ ကောင်မလေးက ပြောလိုက်ခြင်း ဖြစ်သည်။ ကျန်တဲ့နှစ် ယောက် ကတော့ ထိုကောင်မလေးကို ကြည့် ၍ …
“ပုံစံ ကတော့ ကြောင်တောင်တောင်တွေ ပါဟာ”
“တောသားတွေ ထင်ပါတယ်။ အညာက ဒီမှာ ကျောင်းတက်တာတဲ့”
“အဲဒါကြောင့် အူကြောင်ကြောင်တွေ ဖြစ်နေတာနေမှာ ပေါ့။ ဒါနဲ့ ခုန သူတို့ဝိုင်းက ဘာ ဖြစ် သွားတာလဲ”
“ငါလည်း ဘယ်သိမလဲဟဲ့ နင်တို့နဲ့ အတူထိုင်နေတာပဲ”
ထိုအချိန်တွင် နောက်ကောင်မလေး တစ်ယောက် ၀င်ပြောသည်။
“အဲဒီ နင်ပြောတဲ့လူနဲ့ ပါလာတဲ့ တစ်ယောက် က ငါတို့ဝိုင်းကို ခိုးကြည့်နေတာ ထင်တယ် ဟ။ ငါ လှမ်းကြည့်လိုက်တာနဲ့ဆုံတော့ သူ မျက်နှာပျက်သွားတာ တွေ့ လိုက်တယ်။ ငါလည်း အဲဒီ လူ ဘာ ဖြစ်သွားလဲဆိုပြီး ထပ်ကြည့်လိုက်တော့ သူ ထထွက်သွားတာပဲ”
ထိုစကားကိုကြားတော့ မြင့်နိုင်နဲ့ ပြဿနာတက်ခဲ့သည့် ကောင်မလေးက တွေးတွေးဆဆ လုပ်၍ ….
“ဒါဆို ငါတို့ ဒီမှာ ရှိနော သူတို့အရင်ကတည်းက သိနေလို့ ဖြစ်ရမယ်။ ဒါကြောင့် ငါတို့ အကြောင်းတွေ လှမ်းကြည့်ပြီး အတင်းပြောတဲ့အချိန် နင်ကြည့်လိုက်တာနဲ့ သွားတိုးလို့ မလုံမလဲ ဖြစ်ပြီး ထပြေးတာ ဖြစ်မယ်”
အားလုံးက ထိုကောင်မလေးပြောတဲ့စကားကို ထောက်ခံတဲ့သဘော ခေါင်းညိတ်ပြကြ သည်။ ထို့နောက် မိုးမြင့်နဲ့ အကြည့်ချင်းဆုံခဲ့တဲ့ ကောင်မလေးက ၀င်ပြောသည်။
“ငါတို့အကြောင်း သူတို့အတင်းပြောတယ်ဆို တခြားလူအကြောင်းတော့ ဖြစ်မှာ မဟုတ် ဘူး။ သီရိ နင့်အကြောင်းပဲ ဖြစ်ရမယ်”
သီရိဆိုတာ မြင့်နိုင်နဲ့ပြဿနာတက်ခဲ့တဲ့ကောင်မလေးကို ဆိုလိုခြင်း ဖြစ်သည်။ ထိုကောင် မလေးစကားကို သိရိကလည်း မငြင်းပါ။ ငြင်းစရာလည်း မလိုပါ။
ဒီသုံးယောက် ထဲမှာ ဒီကောင်တွေ ပတ်သတ်ခဲ့ဖူးတာဆို၍ သူမ တစ်ယောက် တည်း ရှိလေသည်။ ထို့ကြောင့် သူမအကြောင်းသာပြော ဖြစ်ကြလိမ့်မည် ဖြစ်၏ ။
“သေချာတာပေါ့ လေပြေရယ်။ နင်ပြောသလို ငါ့အကြောင်းပဲ ဖြစ်မှာ ပေါ့”
“ဒါဆို သူတို့နောက်ကို လိုက်ကြည့်နေတာလား မသိဘူး”
ကျန်တဲ့ကောင်မလေး တစ်ယောက် က ၀င်ပြောခြင်း ဖြစ်၏ ။ လေပြေက ထောက်ခံသည့် သဘောခေါင်းညိတ်ပြလိုက်ကာ….
“ဒါလည်း ဖြစ်နိုင်တယ် ရုပ်ရှင်တွေ ထဲကလို နင့်ကို မကျေနပ်လို့ များ လက်စားလိုက်ချေ မလားမသိဘူး”
ဟု ပြောလိုက်၏ ။
လေပြေ့စကားကြောင့် အားလုံးပြုံးလိုက်ကြသည်။ သီရိက ခပ်ထေ့ထေ့တစ်ချက်ပြုံး၍ …
“လက်စားချေတယ်ဆိုရင်လည်း သီရိအကြောင်း သိကြသေးတာပေါ့ ဒါပေမဲ့ ဒီကောင် တွေ ဒီလောက် အ ဖြစ်ရှိမယ် ပုံမပေါ်ပါဘူး”
အားလုံး ရယ်လိုက်ကြလေသည်။ ထို့နောက် ပိုက်ဆံရှင်း၍ သူတိုကဲန်တင်းမှ ထွက် လာကြလေ၏ ။
တစ်ရက်မှာ မိုးမြင့်တို့ မေဂျာသို့ အောင်ကိုနိုင် ရောက်လာ၏ ။ အကြောင်း ရင် ကတော့ ကဗျာကို ၀ါသနာပါသည့် သူငယ်ချင်းတွေ စုပြီး ထုတ်ထားသော ကဗျာစာအုပ်လေး လာရောင်းခြင်း ဖြစ်သည်။ တစ်ဆောင်တည်းနေ သူငယ် ချင်းတွေ ဆိုတော့ မိုးမြင့်တို့နှစ် ယောက် က သူတို့မေဂျာမှာ လိုက်ရောင်းပေးသည်။ သူတို့ကိုယ် တိုင်လည်း တစ်ယောက် တစ်အုပ် အားပေးလိုက်ကြ၏ ။
အောင်ကိုနိုင်က ကဗျာစာအုပ် ရောင်းရငွေတွေ ကို ရေတွက်ရင်း…
“မင်းတို့နှစ်ယောက် ကူညီလို့ ငါ့ကဗျာစာအုပ်တွေ ဒီမှာ တော် တော် ရောင်းလိုက်ရတယ်ကွ မင်းတို့ကို ကျေးဇူးတင်တယ်ကွာ ငါ တစ်ခုခု လိုက်ကျွေးပါရစေ”
ပထမတော့ ငြင်းမလို့လုပ်သေးသည်။ အောင်ကိုနိုင်က အတင်းထပ်ခေါ်၍ ပါသွားကြ၏ ။ ထို့နောက် အီးမေဂျာနားက ကဲန်တင်းမှာ ပဲ သူတို့ထိုင် ဖြစ်ကြ၏ ။ လက်ဖက်ရည် တစ်ယောက် တည်း တစ်ခွက်မှာ ပြီးနောက် အောင်ကိုနိုင်က…
“မင်းတို့မေဂျာမှာ ရော ကဗျာစာအုပ်တွေ ဘာတွေ လုပ်တဲ့လူမရှိဘူးလား”
မြင့်နိုင်က လမ်းမမှာ ဖြတ်သွားသည့် ကောင်မလေးတွေ လိုက်ငေးနေ၍ အောင်ကိုနိုင် ပြောတာကို သေချာမကြားလိုက် မိုးမြင့်ကသာ ၀င်ဖြေလိုက်သည်။
“ရှိတော့ ရှိမှာ ပေါ့ ငါတို့က ကဗျာကိုပဲ ခံပဲခံစားတတ်တာ ရေး လည်း မရေး တတ်ဘူး ၀ါသနာလည်း သိပ်မပါတော့ မသိဘူး”
အောင်ကိုနိုင်က ရယ်သည်။ ထို့နောက် လာချပေးတဲ့ လက်ဖက်ရည်ကို တစ်ငုံသောက်ပြီး စကားကိုဆက်၏ ။
“ကဗျာဆိုတာ နူးညံ့တဲ့ စိတ်အာရုံခံစားမှု က ပေါက်ဖွားလာတာလို့ အဆိုရှိကြတယ်ကွ၊ သူ့ကို ခံစားတဲ့ လူတွေ ရဲ့ စိတ်အာရုံလည်း နူးညံ့သွားစေတယ်တဲ့။ မင်းတို့က ကဗျာကို ခံစားတတ်တယ်ဆိုတော့ မင်းတို့ရဲ့ မသိစိတ်တွေ က မင်းတို့မသိအောင် နူးညံ့နေမှာ တော့ အသေ အချောပဲ”
မိုးမြင့်တို့က အောင်ကိုနိုင်ပြောတဲ့ စကားတွေ ကို နားလည်သလို ရှိသည်။ နားမလည်သလို လိုလည်း ရှိ၏ ။ သို့သော် ဘာမှတော့ ပြန်မပြော။ အောင်ကိုနိုင်က လက်ဖက်ရည်ကို နောက်တစ်စုံ ဆက်သောက်သည် ပြီးနောက်…
“မင်းတို့ ..အားရင် ငါ့ကို တစ်ခုကူညီကြပါလားကွာ”
နှစ် ယောက် စလုံးက အောင်ကိုနိုင်ကိုကြည့်၍ ….
“ ဘာကူညီရမှာ လဲ”
“ငါက ဒီနေ့ ကဗျာစာအုပ် လိုက်ရောင်းဖို့ တာဝန်ကျတယ်ကွ ငါနဲ့အတူတူ အဖော်လိုက် ပေးမယ့်နှစ် ကောင်ကလည်း ကိစ္စရှိလို့ နေခဲ့တယ်။ တကယ်လို့ မင်းတို့နှစ်ယောက် အားမယ်ဆိုရင် ငါနဲ့ အဖော်လိုက်ပေးကြပါလား”
မိုးမြင့်နဲ့ မြင့်နိုင် တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကြသည်။ ဘယ်လိုလဲဆိုသော အ ကြည့်မျိုးတွေ ဖြစ်၏ ။ အောင်ကိုနိုင်က သူတို့အမူအရာတွေ ကို ကြည့်ပြီး နည်းနည်း ထပ်တွန်းရင် ရပြီဆိုတာ သိလိုက်ရ၏ ။ ထို့ကြောင့် ….
“လိုက်ခဲ့ပါကွာ အပျင်းပြေကောင်မလေးတွေ လျှောက်ကြည့်ရင်း ရောင်းကြတာပေါ့”
ဟု ချူဆီလေးထည့်ပေးလိုက်၏ ။ ထိုစကားလည်း ကြားရော မြင့်နိုင်ဦးက ဦးဆောင်၍ ….
“ဒါဆို သိပ္ပံဆောင်တွေ ဘက် အရင်သွားရောင်းကွာ”
ဟုပြောကာ ထရပ်လိုက်လေသည်။ မိုးမြင့် ကတော့ မြင့်နိုင်ကို မကျေမချမ်း လှမ်းကြည့်လိုက် ပါတော့သည်။
“သင်းအကြံ ငါသိတယ်”ဆိုတဲ့အကြည့်မျိုး…..။
![]() နွေဦးမရောက်ခင် ကြွေတဲ့ရွက်ဝါ | ![]() ရုပ်ဆိုး | ![]() စွယ်တော်ဖြူရေးတဲ့ ဖူးစာ |