စာရေး သူအမှာ
ဤဝတ္ထုလေးနဲ့ပတ်သက်ပြီး ကျေးဇူးတင်ထိုက်သူများ ကျွန်တော့် မှာ ရှိသည်။
ပထမ တစ်ယောက် က ကျွန်တော် နဲ့ ညီရင်းအစ်ကိုလို ချစ်ခင်ရသော ၊ ကျွန်တော် ဆိုးသမျှတွေ ကိုသည်းခံတတ်သော ကျွန်တော့် ရဲ့ စာပေသူငယ်ချင်းမိတ်ဆွေ ပင်းတယ သားလေး စာရေး ဆရာ ပြည့်ပိုင်မှူးအိမ် ဖြစ်သည်။ သူက သူ့ဝတ္ထုတွေ တော် တော် များများ ကိုတောင်ကြီး၊အင်းလေး၊ပင်းတယစသည့်နယ်တစ်ဝိုက်ကိုအခြေခံ၍ ဇာတ်လမ်း၊ ဇာတ်အိမ် ဖွဲ့ကာ ရေး တတ်၏ ။
ကျွန်တော် ကတော့ ကိုယ့်နယ်ဒေသ မဟုတ်သော ကြောင့် ထိုနယ်မြေဒေသတွေ ကို သူ့လောက်မကျွမ်းကျင်ပါ။သူ့လောက်လည်းအကြောင်းမသိပါ။ သို့သော် ကျွန်တော် ဒီဝတ္ထု လေးကိုရေး တော့ပင်းတယမြို့ကိုအခြေခံ၍ ရေး ခဲ့သည်။ ကျွန်တော် သိသမျှ၊ကျွန်တော် မှတ် သားရသမျှတို့ကို အခြေခံ၍ ရေး သားခဲ့ရသည် ဖြစ်သော ကြောင့် ပြည့်စုံမှု တော့ မရှိနိုင်ပါ။ ကျွန်တော် သိလိုသမျှကိစ္စတွေ ကိုလည်း ပြည့်ပိုင်မှူးအိမ်အားမေးတော့ သူက ဆရာစား မချန်ပြောကာပြ၏ ။ ထို့ကြောင့် သူ့အားကျေးဇူးတင်ပါသည်။ (ကျေးဇူးဆပ်သော အနေဖြင့် သူ့အား ဤဝတ္ထုထဲရှိဇာတ်ဆောင်တစ်နေရာတွင် မညှာမတာ ကျွန်တော် ထည့် ရေး ထား သည်။)
နောက် တစ်ယောက် ကစိုင်းဝင်းထွန်း…။
သူ ကတော့ပြည့်ပိုင်မှူးအိမ်နှင့် ပတ်သက်ပြီးမှ ကျွန်တော် နဲ့ခင်လာသူ ဖြစ်၏ ။ ကျွန်တော် ပင်းတယမြို့ကို သွားလည်တိုင်းသူ့ဟိုတယ်မှာ တည်းသည်။ တည်းသည့် အခါတိုင်းလည်း သူက လိုလေသေးမရှိအောင်ပြုစုစောင့်ရှောက်၏ ။ ပြည့်ပိုင်မှူးအိမ်မှ တစ်ဆင့်သိရသော်လည်း ညီရင်းအစ်ကိုပမာ စေတနာရှိသော သူ တစ်ယောက် ဖြစ်ပါသည်။
သူ့ကောင်းမှု ကြောင့် (သူနဲ့အတူ သူ့ဟိုတယ်မှ ဝန်ထမ်းတွေ လည်းလိုက်ပို့လို့) ပင်းတယမြို့ရဲ့ အနောက်ဘက်တောင်တန်းတွေ ပေါ်ကျွန်တော် ရောက်ခဲ့ရသည်။ ထိုတောင် တန်းကြီးတွေ ပေါ်က ပလောင်ရွာအထိ ကျွန်တော် ခရီးဆန့်ခွင့်ရခဲ့၏ ။
အတိုချုံးရသော် ဒီဝတ္ထုအတွက် အဘက်ဘက်မှ ကျွန်တော် သိလိုသမျှ အစစ အရာရာအကူအညီပေးခဲ့သော သူများ အားလုံးနှင့် စာရေး ဆရာ ပြည့်မှူးအိမ်၊ Golden Cave ဟိုတယ်ပိုင်ရှင်လေး စိုင်းဝင်းထွန်းတို့အား အထူးကျေးဇူးတင်ရှိလျက်။
မိုးဆက်လင်းထက်
‘ပင်းတယ’ ဆိုသည့်နာမည် မှာ ရှမ်းနာမည် ဖြစ်သည်။မြန်မာလို အဓိပ္ပာယ်မှာ …
ပင်းတယ=စွယ်တော် ဖြူပင် ပေါရာလွင်ပြင်အရပ်။
အောင်မင်္ဂလာအဝေးပြေးဂိတ်သို့ နေ့လယ် ၂ နာရီခွဲမှာ ရောက်သည်။ တပေါင်းလ၏ ပူပြင်းသော နွေလယ်ခေါင်တည့်တည့်မှာ အချိန်အခါမဟုတ် ရွာသွန်းနေသော မိုးဒဏ် ကြောင့် ရာသီဥတုက နွေဥတုနဲ့ ဘာမှမဆိုင်သလိုလို ဖြစ်နေ၏ ။ မနက်ကတည်းက တစ် ဖျောက်ဖျောက်နဲ့ ရွာသွန်းနေသော မိုးက ခရီးသွားနေခါနီး မှ တိတ်သွား၍ တော် သေး သည် ဟုဆိုရမည် ။ သို့ သော်မိုးရွာသွန်းပြီးစ ဖြစ်၍ မိုးတိမ်တို့ကကောင်းကင်တစ်ခွင်မှာ စိုးမိုး နေဆဲ ဖြစ်သော ကြောင့် ရာသီဥတုက ချမ်းစိမ့်စိမ့်။
ထို့ကြောင့် အဝေးပြေးကွင်းသို့ ရောက်ပြီး ခဏအကြာတွင် ခရီးဆောင်အိတ်ထဲက ရှပ်အင်္ကျီတစ်ထည်ကိုထုတ်၍ ဝတ်ထားလိုက်ရသည်။ ခဏနေတော့ ကောင်တာမှာ သွား၍ မှတ်ပုံတင်ကို ပြလိုက်သည်။ ဆယ်မိနစ်လောက်ကြာတော့မှ သူ့အလှည့်ရောက်ကာလာ၏ ။
မှတ်ပုံတင်ကို ပေးလိုက်တော့ ကောင်တာက အစ်မကြီးက သူ့မှတ်ပုံတင်ကိုကြည့်၍ ကားလက်မှတ်ဖြတ်ထားသော ခုံတန်းလျားဇယားမှာ ဟိုကြည့်ဒီကြည့်လုပ်သည်။ ထို့ နောက် သူ့ဘေးက ကောင်မလေး တစ်ယောက် ကို တိုးတိုးလေးကပ်၍ ဘာတွေ သွား ပြော မှန်း မသိသွားပြော၏ ။ ထိုကောင်မလေးက သူ့မျက်နှာကို ဖျတ်ခနဲမော့ကြည့်၍ မှတ်ပုံတင် ကို ပြန်ကြည့်ကာ သူ့ရှေ့က စာရင်းစာရွက်ထဲကို ဟိုဒီလျှောက်ကြည့်သည်။ ပြီးတော့ ခေါင်းခါပြသည်။ ခုနအစ်မကြီးကိုတိုးတိုးလေးကပ်ပြောသည်။ ဘာတွေ ပြောနေမှန်းမသိ။ တစ်ခုခုတော့အခက်အခဲ ဖြစ်နေပြီးဆိုတာကိုတော့ သူခန့်မှန်းမိ၏ ။ အဘယ့်ကြောင့် ဆိုသော် သူ့ရှေ့မှာ မှတ်ပုံတင်ပြသွားသော သူတွေ ဆို ခဏလေးနှင့် ချောချောမောမောပြီးသွား၏ ။ သူ့ကျမှ ဘာတွေ ဘယ်လို ဖြစ်ပြီး မှတ်ပုံတင် တကိုင်ကိုင် ဖြစ်နေမှန်းမသိတော့။ ထို့ကြောင့် တစ်ခုခုတော့တစ်ခုခုပဲဆိုတာကိုတော့ ခန့်မှန်းမိခြင်း ဖြစ်၏ ။
“မောင်လေးနာမည် နဲ့ လက်မှတ်ဖြတ်ထားတဲ့ာ၏ စာရင်း အစ်မတို့မှာ မရှိဘူး ဖြစ် နေတယ်၊ လက်မှတ်ကို ဘယ်မှာ ဖြတ်ထားတာလဲ”
“ဗျာ ကျွန်တော့်နာမည် နဲ့ မပါဘူး ဟုတ်တယ်”
“ဟုတ်တယ် မောင်လေးနာမည် အစ်မတို့စာရင်းထဲမှာ မပါဘူး”
“ဒုက္ခပါပဲ လက်မှတ်က ကျွန်တော့်အစ်မ တစ်ယောက် လှမ်းဝယ်ပေးတာဗျ၊ ဘယ် လို ဖြစ် သွားပါလိမ့်”
ထိုသို့ညည်းညူရင်း တော် တော် စိတ်ညစ်သွားသည်။ စိတ်ထဲမှာ လည်း လက်မှတ် ဖြတ်ပေးသော အစ်မကို တဗျစ်တောက်တောက်နှင့် ကျိန်ဆဲနေမိ၏ ။ ထို့နောက် ဟန်းဖုန်း ကိုထုတ်၍ အစ်မဆီ လှမ်းဆက်မေးမလို့လုပ်စဉ်…
“ဒါနဲ့ မောင်လေးမှာ ပါလာတဲ့ လက်မှတ်ခဏပြပါဦး”
“လက်မှတ် ဟုတ်လား”
“ဟုတ်တယ်လေ မောင်လေး ကားလက်မှတ်ကြိုဖြတ်ထားတယ်ဆိုတော့ လက်မှတ် ပါလာရမှာ ပေါ့၊ ဘာလဲ လက်မှတ် မပါဘူးလား”
ထိုတော့မှ လက်မှတ်ကိုသတိရသွားမိသည်။ ထို့နောက် ရင်ထဲမှာ တစ်ချက်လှုပ် ရှားကာသွားသည်။ လွန်ခဲ့တဲ့နှစ် ရက်က သွားယူထားသော လက်မှတ်ကို သူသတိမထားမိ တော့။ ထိုစဉ်က အမှတ်တမဲ့ယူခဲ့ပြီး ဘောင်းဘီအိတ်ထဲထည့်လာခဲ့မိသည် ထင်ရတာ နှင့် ပင် လက်မှတ်ကိုလည်း ဖြန့်ပြီးမကြည့်ခဲ့မိ။ ကားဂိတ်သို့ နှစ် နာရီခွဲအရောက်သွားရန်သာ အစ်မက ပြောခဲ့၍ ထိုစကားတစ်ခွန်းသာ သူမှတ်ထားခဲ့သည်။
ထို့နောက် ပိုက်ဆံအိတ်ကိုထုတ်၍ လက်မှတ်ရှာလိုက်သည်။ ပိုက်ဆံအိတ်ထဲတွင် ဘဏ်စာအုပ်၊ ငွေးသားတချို့နှင့် ကားမောင်းလိုင်စင်ကလွဲ၍ ဘာလက်မှတ်မှမတွေ့ ။ သူခေါင်းအေးအေးထား၍ တစ်ချက်စဉ်းစားလိုက်သည်။ သေချာသည်။ သူထည့်လိုက်သော ဘောင်းဘီအိတ်ထဲတွင် လက်မှတ်ကျန်ခဲ့ပြီ။ ထိုဘောင်းဘီကို သူယူခဲ့မိသလား စဉ်းစား၏ ။ ခေါင်းထဲတွင် ဇဝေဇဝါ။
ကောင်တာက အစ်မကြီးက တွေ ဝေကာ ငေးငိုင်နေသော သူ့ကိုကြည့်၍
“မောင်လေး ဘာတွေ စဉ်းစားနေတာလဲ၊ လက်မှတ်မပါဘူးလား”
သူလည်း ထိုတော့မှ သတိဝင်လာကာ…
“ခဏ ခဏနော်အစ်မ၊ ကျွန်တော် ခရီးဆောင်အိတ်ထဲမှာ သွားရှာလိုက်ဦးမယ်”
“အေး အေး ဒါဆိုလည်း မြန်မြန်သွားရှာ၊ ကားထွက်ချိန်က နီးနေပြီ”
သူလည်း ခေါင်းညိတ်ပြကာ ခရီးဆောင်အိတ်ထားတဲ့ဆီသို့ အမြန်လှမ်းကာလာ၏ ။ အိတ်ထားတဲ့နေရာရောက်တော့ ဇစ်ကို ဆွဲဖွင့်လိုက်ကာ အဝတ်အစားတွေ ကို တစ်ခုချင်း ထုတ်ပြီး လက်မှတ်ထည့်ထားတဲ့ ဘောင်းဘီကို ရှာမိသည်။ ကံဆိုးစွာ ပင် ထိုဘောင်းဘီက ပါမလာပေ။ သူ တော် တော် စိတ်ညစ်သွားကာ အဝတ်ပုံဘေးက ထိုင်ခံမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်မိသည်။
သွားချေပြီ။ လက်မှတ်လည်း ပါမလာသည့်အပြင် နာမည် စာရင်း ထိုင်ခုံဇယားမှာ မပါဘူးဆိုတော့ ဘာလုပ်ရမှန်းမသိတော့။ ခဏစိတ်အမောဖြေပြီးမှ အစ်မဆီကို လှမ်းမေး ရန် ဖုန်းဆက်လိုက်ပါတော့သည်။
ဖုန်းမြည် ပြီး ခဏကြာတော့ ဟိုဘက်က ယောက်ျား တစ်ယောက် လာကိုင်တာ ကြားရသည်။ အစ်မယောက်ျား ကိုကျော်သန်းဆိုတာသူသိလိုက်၍ …
“ဟလို ကိုကျော်လား”
“အေး ဘယ်သူလဲ”
“ကျွန်တော် ဆောင်းမိုးပါ၊ အစ်မရော”
“မင်းအစ်မ မီးဖိုချောင်ထဲမှာ ၊ ဘာ ဖြစ်လို့လဲ”
“ဘာ ဖြစ်ရမှာ လဲဗျာ၊ ကျွန်တော် ဒီမှာ ဒုက္ခရောက်နေလို့ ခဏခေါ်ပေးပါလား”
ဟိုဘက်က သူ့စကားကြောင့် စိတ်ပူသွားဟန်ဖြင့် …
“ဒုက္ခရောက်နေလို့ ဟုတ်လား၊ ဘယ်လို ဖြစ်ရတာ လဲ ငါ့ညီ၊ ငါ့ကိုပြောစမ်းပါဦး”
အရေး ထဲ စပ်စုနေသည့် ယောက် ဖကို စိတ်မရှည် ဖြစ်သွားရသေး၏ ။ ထို့နောက် ဖြစ်ကြောင်းကုန်စင်ကို အတိုချုံးကာ ပြောပြလိုက်တော့ ယောက် ဖတော် က…
“အေး အေး ဒါဆို ခဏစောင့်၊ မင်းအစ်မကို ငါသွားခေါ်မယ်”
ဟုဆိုပြီး ဖုန်းခွက်ကို ချကာ ထွက်သွားသည်။ ခဏကြာတော့ အစ်မဖုန်းလာ ကိုင် ၏ ။ အကျိုးအကြောင်းကို ယောက် ဖကြီးက ကြိုတင်ပြောထားပုံရသည်။
အမက ဖုန်းကိုင်ပြီးပြီးချင်း…
“ဟုတ်တယ် ဟုတ်တယ် ဆောင်းလေးရေ၊ အစ်မလည်း ရုတ်တရက်ဆိုတော့ မင်း နာမည် နဲ့ လက်မှတ်မဖြတ်မိဘဲ ငါ့နာမည် နဲ့ပဲ လက်မှတ်ဖြတ်လိုက်မိတယ်၊ ဒါပေမယ့် လက် မှတ်ပြလိုက်ရင် သူတို့ သိပါတယ်၊ ကိုယ်စားဖြတ်ပေးလို့ နာမည် လွဲသွားတာလို့ ပြောလိုက် ပေါ့”
“ဟာ ကျွန်တော့် မှာ လက်မှတ်ပါမလာခဲ့ဘူးဗျ၊ ဘောင်းဘီအိတ်ထဲမှာ ထည့်ထားပြီး မေ့ကျန်ခဲ့တယ်”
“အဲ့ဒါပြောတာပေါ့၊ နင်ကလည်း ခုချိန်ထိ ပေါ့ပေါ့တန်တန်နေတဲ့ အကျင့်က မပျောက်သေးဘူးမလား၊ အဲ့ဒါကြောင့် နင့်ကိုငါ နေရာတကာ စိတ်မချတာ၊ အခုလို လက် မှတ်ကလေးတစ်ခုတောင် မထိန်းသိမ်းနိုင်ရင် နင့်ဘဝကိုနင် တစ်သက်လုံး ဘယ်လို ထိန်းသိမ်းမလဲ၊ အဲ့ဒါကြောင့် နင့်ဘဝကို ထိန်းသိမ်းဖို့ မိန်းမ တစ်ယောက် လိုတယ်လို့ ပြော တော့ အရိုးများ သလေး ချေးခါးသလေးနဲ့၊ ဒီမှာ လူဆိုတာ သီးချိန်တန်သီး ပွင့်ချိန် တန်ပွင့်…”
“ဟာတော် တော့ဗျာ၊ ဒီမှာ စိတ်ညစ်ရတဲ့အထဲ ဘာတွေ လာပြောနေမှန်းမသိဘူး၊ အစ်မလည်း ဘာထူးလဲ၊ ကားလက်မှတ်လေးဖြတ်ပေးတာတောင် အဆင်ပြေအောင် မလုပ် ပေးနိုင်ဘဲနဲ့များ ”
ဟိုဘက်က သူ့အပြစ်ကိုထောက်၍ စိတ်ပိုဆိုးသွားဟန်တူသည်။ ထို့ကြောင့် အသံမာမာနှင့် ပြန်ပြီးပြော၏ ။
“ဟဲ့ ငါက ကားလက်မှတ်ကို မဖြတ်ပေးနိုင်လို့လား၊ နင်သာငါဖြတ်ပေးတဲ့ ကား လက်မှတ်ကို ဖျောက်ပစ်တာလေ”
“ဘာလဲ ကျွန်တော် ပြောတာ ကားလက်မှတ်ဖြတ်တာကို ပြောတာမဟုတ်ဘူး၊ နာ မည် မှားပေးပြီး ဖြတ်ခဲ့တာကိုပြောတာ၊ ကိုယ့်မောင်နာမည် တောင်ကိုယ်မမှတ်မိရအောင် အစ်မက ဘယ်လောက်အလုပ်ရှုပ်နေလို့လဲ”
သူက စိတ်ပေါက်ပေါက်နှင့် ပြောလိုက်တော့ ဟိုဘက်ကလည်းအားကျမခံ ပြန် အော်၏ ။ သူတို့မောင်နှမက မတွေ့ လိုက်နဲ့ တွေ့ လိုက်ရင် ထိုသို့ ပင် တစ်ကျက်ကျက် ရန် ဖြစ်ရသည်။ သူတို့နှစ် ယောက် အပြန်အလှန်ပြောနေကြသည်များ ကိုကြားပြီး ယောက် ဖ ကြီးက သူ့မိန်းမကို လှမ်းပြောနေသံကြားလိုက်ရသည်။
“ကဲ တော် ပါတော့ ဝေရယ်၊ ဒီအချိန်က ရန် ဖြစ်ရမယ့်အချိန်မဟုတ်ဘူး၊ ငမိုး အဆင်ပြေအောင်ပဲ လုပ်ပေးလိုက်စမ်းပါ၊ မင်းတို့မောင်နှမကလည်း မတွေ့ လိုက်နဲ့ တွေ့  လိုက်ရင် တကယ်ပဲ”
ယောက် ဖကြီး လှမ်းပြောသံအပြီးတော့ အစ်မက ခေတ္တငြိမ်ကာသွား၏ ။ ခဏကြာတော့မှ စိတ်သိပ်မရှည်သော မသံနှင့် …
“ကဲ လက်မှတ်ဌာနက တစ်ယောက် ယောက် ကို ဖုန်းပေးလိုက်၊ ငါ အကျိုး အကြောင်း ရှင်းပြပေးမယ်”
သူမစကားအဆုံးတွင် ကောင်တာသို့ သူလှမ်းသွားလိုက်၏ ။ ကောင်တာရောက် တော့ အကျိုးအကြောင်း ရှင်းပြကာ ဖုန်းထိုးပေးလိုက်သည်။
ကောင်တာက အစ်မနှင့် သူ့အစ်မ ဘာတွေ ပြောနေမှန်းတော့မသိ။ ခဏနေတော့…
“ဟုတ်ကဲ့ပါ ဒီလိုမျိုးတွေ ဖြစ်တတ်ပါတယ်၊ အစ်မပြောတဲ့ မှတ်ပုံတင်နံပါတ်နဲ့ နာမည် ကလည်း ဒီမှာ ရှိနေတယ်ဆိုတော့ ကျွန်မတို့အဆင်ပြေအောင် လုပ်ပေးလိုက်ပါ့ မယ်ရှင်”
ဟုဆိုကာ ဖုန်းချပစ်လိုက်၏ ။ ထို့နောက် သူ့ကိုကြည့်ပြီး…
“မောင်လေး အစ်မနာမည် ဆို စာရင်းမှာ ရှိပါတယ်၊ မောင်လေးက ကားလက်မှတ်ပါ ပျောာက်လာတယ်ဆိုတော့ မောင်လေး ခုံနံပါတ်ကိုပဲ မှတ်သွားပေါ့၊ မောင်လေး ခုံနံပါတ်က ၂ဝ၊ အစ်မ ကားကိုအကျိုးအကြောင်း ပြောထားလိုက်ပါမယ်”
ထိုတော့မှ ကိစ္စက ပြတ်သွား၏ ။ သူလည်း အခုမှ သက်ပြင်းချနိုင်ကာ ခရီး ဆောင်အိတ်ထားရာဆီသို့ ပြန်လျှောက်လာခဲ့ပါတော့သည်။ ထို့နောက် ခုနထုတ်ပြီး ချထား သော အဝတ်အစားတွေ ကို အိတ်ထဲသို့ သေချာစွာ ပြန်ထည့်လိုက်ပါတော့၏ ။
ခရီးဆောင်အိတ်ကို အိတ်တွေ ထားတဲ့စင်ပေါ် တင်ပြီးနောက် ကိုယ့်ခုံနံပါတ် ရေး ထားသည့် ခုံမှာ အကျအနထိုင်လိုက်သည်။ ကားလိုင်းက အခုနောက်ပိုင်းမှ စဖွင့်သည့် လိုင်းအသစ် ဖြစ်သော ကြောင့် ကားတွေ ကလည်း အသစ်၊ ပြီးတော့ ခုံနေရာ အနေ အထားကလည်း ကျယ်ကျယ်ဝန်းဝန်းရှိလှ၏ ။ ထိုအချက်တစ်ချက်တည်းနဲ့တင် သူတော် တော် သဘောကျကာသွားသည်။ တခြားကားတွေ လို ရှေ့ခုံနဲ့ နောက်ခုံက ကပ်မနေဘဲ ခပ်ကျဲကျဲတည်ရှိသော ကြောင့် ခြေဆန့်လက်ဆန့်နှင့် သက်သော င့်သက်သာ လိုက်သွား လို့ရ၏ ။ ခရီးကလည်း တစ်ညလုံးသွားရမှာ ဆိုတော့ အေးအေးဆေးဆေး အိပ်လိုက်သွားလို့ လည်းရသည်။ ထို့ကြောင့် သူပြုံးလိုက်ကာ ကျောမှီလေးမှာ သက်သော င့်သက်သာမှီရင်း အပြင်သို့ ငေးကြည့်နေမိ၏ ။ ကား ကတော့ မထွက်သေးပါ။ ကုန်ပစ္စည်းတွေ တင်နေ၍ ခရီးသည်တွေ တက်နေတုန်းပင် ရှိပါသေးသည်။
“ဟယ် အကိတ်လေးတော့ ကြည့်စမ်း”
“ကောင်မ မကော်တကဲနဲ့နော်၊ အဲ့ဒါ ငါအရင်မြင်တာ”
“အမလေး ဘယ်သူအရင်မြင်မြင် ပိုင်ပိုင်တို့ ကတော့ အဆင်းမရမ်းမိရင် ရှင်ဂွမ်းကွိ ပစ်လိုက်မှာ ပဲ တကယ်”
ရုတ်တရက် ကြားလိုက်ရသော အသံတွေ ကြောင့် မှန်အပြင်ဘက် ငေးနေရာမှ ကားအတွင်းဘက်သို့ လှည့်ကြည့်လိုက်မိ၏ ။ ထိုအခါ သူ့ကို ရွှန်းရွှန်းစားစား စိုက်ကြည့် နေသော မျက်ဝန်းနက်ကြီးတွေ နှင့် သွားဆုံသည်။
“ဘုရား ဘုရား”
သူ့ရင်ထဲမှာ ထိုသို့‘တ’လိုက်ရင်း ကြက်သီးတွေ တောင် ထသွားလေသည်။ သူ့ကို ကြည့်နေသော အခြောက်ကြီးနှစ် ယောက် ထဲက တစ်ယောက် က သူ့ဘေးနားက ခုံမှာ ဘုတ်ခနဲ ထိုင်ချလိုက်သည်။ နောက် တစ်ယောက် က ထိုင်ချလိုက်သော သူ့ပါတနာကို ကြည့်ကာမကျေမနပ်လေသံနှင့် …
“ဟင်း အပျော်တကဲမ လုပ်ထားဦးပေါ့”
ဆိုပြီး အနောက်က ခုံမှာ သွားထိုင်လေသည်။ သူ့ဘေးနားက ဟာကြီးက မျက် တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်၍ သူ့ကိုကြာကြည့်လေး ကြည့်ကာ…
“ထိုင်မယ်နော်၊ ကြပ်ရင်ပြော သိလား၊ ချောင်အောင် လုပ်ပေးမယ်”
“ဗျာ”
“နေရာကြပ်နေရင် တို့က ချောင်အောင် ဒီဘက်တိုးပေးမယ်လို့ ပြောတာပါ”
“ရ ရ ရပါတယ်ဗျာ”
သူ ချက်ချင်း ပင် ဇော်ချွေးတွေ ပျံတက်လာလေသည်။ ဒါကြီးနဲ့သာ ခရီး တစ်လျှောက်လုံး ကားအတူစီးရရင်တော့ သေပြီဟု တွေးလိုက်မိ၏ ။
“ဒီကနာမည် ဘယ်လိုခေါ်လဲဟင်”
အသံဩဩကြီးနှင့် ကနွဲ့ကလျ ညင်သာစွာ မေးသော စကားနားဝမှာ ကြား ရတာ နှင့် ကြောက်လန့်တကြား ခုန်တက်လာသော တံတွေးက မြိုချလိုက်တာ လည်စလုပ်မှာ နင်ကာနေ၏ ။ သူ ဘာမှပြန်မပြောနိုင်ဘဲ ထိုတံတွေးကို မကျ,ကျအောင် မျိုကာချနေရ သည်။
“မပြောချင်လည်းနေပေါ့၊ တို့က အဲ့လိုမာနကြီးတာလေးမှ စိန်ခေါ်ပြီးတွဲ ပစ်လိုက် ချင်တာ”
စိတ်ကူးထဲမှာ ပွင့်လေပြီးသော ဘုရားလေးဆူတို့၏ ပုံတော် တွေ ကို မှန်းကာ ဆုတောင်းလိုက်မိသည်။
“ဘုရား ဘုရား၊ ဒီဟာကြီးခုံနံပါတ်မှားပြီးထိုင်မိတာပဲ ဖြစ်ပါစေဘုရား”
သူ့အတွေးမဆုံးခင်မှာ ပင် သူတို့ခုံနားသို့ ကောင်မလေးတစ်သိုက် ဆူဆူညံညံနှင့် ရောက်လာသည်။ ထို့နောက် တစ်ယောက် နှင့် တစ်ယောက် စကားတွေ ပေါက်ပေါက် ဖောက် သလို ပြောရင်း သူတို့မှာ ပါလာသည့် အိတ်တွေ ကို နေရာချကြ၏ ။ ပြီးတော့မှ သူထိုင် နေသည့်ရှေ့ကခုံနှစ် ခုံမှာ ကောင်မလေးနှစ် ယောက် ကစွေ့ခနဲဝင်ထိုင်လိုက်သည်။ ကျန် တစ်ယောက် က မျက်လုံးကလေး ကလယ်ကလယ်နှင့် သူ့သူငယ်ချင်း တွေ ကို ကြည့်ပြီး…
“နင်တို့ အဲ့ဒီလို မညစ်နဲ့နော်၊ ငါက ဘယ်လိုထိုင်ရမှာ လဲ”
“ငါတို့ပြောသားပဲ၊ ဦးတဲ့လူ ထိုင်ကြေးလို့နင်နှေးလို့ နင်ခံရတာ ၊ ဒါတော့မတတ်နိုင်”
ကျန်ခဲ့တဲ့ကောင်မလေးက မကျေမနပ်နှင့် နှုတ်ခမ်းတစ်ချက် ကိုက်လိုက်ကာ…
“နင်တို့တွေ ဒါတော့မတရားဘူး”
“ဘာမတရားလို့လဲ၊ ငါတို့ အရင်ကတည်းက နှစ် ယောက် ခုံမှာ ဦးတဲ့လူထိုင်ကြေး ပြောထားတာပဲဟာ”
သူမ ဘာမှပြန်မပြောဘဲ နှုတ်ခမ်းကိုစူကာ အနောက်ဘက်သို့ လှည့်ကြည့်သည်။ အခုမှ သူမက အနောက်ဘက်တန်းမှာ ထိုင်နေသော သူနှင့် ဘေးနားက အခြောက်ကြီးကို တွေ့ သွား၍ မျက်လုံးပြူးသွားကာ…
“ဒါက ဘယ်လို ဖြစ်တာလဲ”
သူနှင့် ဘေးကဟာမကြီး မျက်လုံးချင်းဆုံမိကြ၏ ။ ကောင်မလေး ဘာကိုဆိုလိုမှန်းမသိသေး။ ကောင်မလေးက သူနှင့် အခြောက်ကြီးကို ကြည့်၍ စိတ်မရှည်နိုင်သလို ထပ်ကာမေး၏ ။
“ဒါက ဘယ်လို ဖြစ်တာလဲလို့ ပြောနေတယ်လေ”
အသံက အရင်တစ်ခေါက်ထက် ပိုမာကာလာ၏ ။ သူလည်း အူကြောင်ကြောင်နှင့် ကြည့်နေစဉ် ကောင်မလေးက သူ့ကိုကြည့်ပြီး
“ရှင်တို့က ဘာလုပ်ဖို့ ဒီမှာ ထိုင်နေတာလဲလို့ ပြောနေတယ်လေ”
အသားလွတ်ကြီး ထကောလိုက်သော ကောင်မလေးအသံကြောင့် သူလည်း ဘုမသိ ဘမသိနှင့် …
“ခ ခရီး ခရီး သွားမလို့ပါ”
“ခရီးသွားဖို့တော့သိတာပေါ့၊ အဲ့ဒါတော့ ရှင်ပြောမှလား ဘာလို့ဒီမှာ လာထိုင် နေတာလဲလို့ မေးနေတာ”
အခုထိ ဘာကြောင့် အကောခံနေရတာ လဲဆိုတော့ သူနားမလည်သေးပေ။ သူ့ကိုတွေ့ ပြီး ကောင်မလေး စွတ်ကောနေတယ်ဆိုတာသာ သူ သိထား၏ ။ ဘာကြောင့် မှန်းလည်းမသိ။
“ဟိုဟာလေ ဘာ ဘာ ဖြစ်လို့လဲဟင်”
“ဘာ ဖြစ်ရမှာ လဲ၊ ဒါကျွန်မခုံ၊ ရှင်တို့ ဘာလို့ လာထိုင်နေတာလဲ”
ကောင်မလေးက သူနဲ့ ဘေးက အခြောက်ကြီးကို တစ်ဖွဲ့တည်း ထင်နေပုံရ၏ ။ ထို့ကြောင့် ‘ရှင်တို့’ ဟု နာမ်စားသုံးပြီး နှစ် ယောက် စလုံးကို မျက်စေ့ဝေ့ကာ ကြည့်သွား၏ ။ ဒါမျိုးကျတော့ ဘေးကဟာကြီးက တုတ်တုတ်မျှမလှုပ်။ လက်ထဲမှာ ပါလာသော လက်ကိုင် ပဝါကြီးကို ချေကာ ချေကာ နှင့် ကြောက်ရွံ့နေသော ယုန်သူငယ်လေးလို မျက်လွှာ လေးတောင်ချထားလိုက်သေးသည်။ ရုပ်နှင့် အမူအရာက တခြားစီပင်။ ရုပ်က လူကြမ်းရုပ်။ လုပ်နေတဲ့အမူအရာ ကတော့ မြင်တဲ့အတိုင်းပဲ။
သူလည်း ဒီဟာကြီးနှင့် တစ်ဖွဲ့တည်းအထင်ခံလိုက်ရ၍ တော် တော် လေး ရှက်ကာ သွားသည်။ အစကတည်းကလည်း အသားလွတ်အတွယ်ခံထားရသော ကြောင့် ရှက်စိတ် နှင့် ထိုဒေါသစိတ်တို့ပေါင်းစပ်သွားကာ…
“ဘာဆိုင်လို့လဲဗျ၊ ဒါ ကျွန်တော့် ခုံ ကျွန်တော် ထိုင်တာ၊ ခင်ဗျားက အသား လွတ်ကြီးပါလား”
“ဘာရှင့်ခုံကမှာ လဲ၊ ဒါရှင့်ခုံမဟုတ်ဘူး၊ ဒီမှာ ကျွန်မလက်မှတ်ဝယ်ကတည်းက ဘေးကထိုင်မယ့်လူ နာမည် ကို ကြည့်ပြီးသား၊ နာမည် က မိန်းမနာမည် ၊ ယောကျာ်းနာမည် မဟုတ်ဘူး၊ နားလည်လား”
သူတစ်ချက်တွေ ဝေကာ သွားသည်။ သူ့အစ်မနာမည် ကို ဆိုလိုခြင်း ဖြစ်လိမ့် မည် ဆိုတာ နားလည်လိုက်၏ ။ အကြောင်းစုံကို အစက ရှင်းပြနေရရင် ပိုစာရင်းရှုပ် နေမည် ဖြစ်သော ကြောင့် ခပ်ပြတ်ပြတ်ပင် ရင်ဆိုင်ပစ်လိုက်၏ ။
“ဒါကျွန်တော့် ခုံ၊ မယုံရင် ကောင်တာမှာ သွားမေးကြည့်၊ ဒါနဲ့ ခင်ဗျားခုံနံပါတ်က ဘယ်လောက်လဲ”
ကောင်မလေးက ချက်ချင်း ပင် ပြန်၍ …
“၁၉ ၁၉ ဘာ ဖြစ်လို့လဲ”
“၁၉ ဆိုဒီဘက်ခုံ၊ ကျွန်တော် ခုံနံပါတ်က ၂ဝ၊ ခင်ဗျား ရှင်းချင်ရင် သူနဲ့ရှင်း”
သူ့စကားဆုံးတော့ဘေးက ဟာမကြီး တွန့်ခနဲ ဖြစ်သွား၏ ။ ကောင်မလေး အကြည့် က သူ့ထံမှ ဟိုဟာမကြီးထံ စွေ့ခနဲ ရွေ့သွားကာ…
“ဒီမှာ ရှင်ခုံနံပါတ်က ဘယ်လောက်လဲ”
အခြောက်ကြီးက ကနွဲ့ကလျနှင့် နှုတ်ခမ်းလေးထိပ်မှာ လက်ညှိုးလေးကိုက်ကာ…
“၂၄”
“ဒါ ဒါဆို ရှင်က ဘာလို့ဒီမှာ လာထိုင်နေတာလဲ”
“ကောင်မလေးအသံက ပိုပြီးကီးမြင့်ကာ သွား၏ ။ သူ့ထိုင်ခုံမှာ ဒီလိုဟာကြီးက လာထိုင်နေ၍ တော် တော် ဒေါသထွက်သွားပုံလည်းရ၏ ။ ဟိုဟာကြီး ခန္ဓာကိုယ် တုံ့နဲ ဖြစ် သွားကာ…
“အမလေး လန့်လိုက်တာကွယ်၊ ဖြည်းဖြည်းပြောပါ၊ ဖြည်းဖြည်း ပြောပါ၊ ဒီကလည်း သူများ ထိုင်ခုံပါလို့ ပြောရသေးပါဘူး”
“ဒါဆိုခုနမေးတုန်းက ရှင်က ဘာလို့ငြိမ်နေတာလဲ”
“သိဘူးလေ သူများ ကိုမှမမေးတာ”
ကောင်မလေးလည်းစိတ်ပျက်လက်ပျက် သက်ပြင်းကို ချမိသည်။ ကားပေါ်မှာ လည်း ခရီးသည်တွေ စုံသင့်သလောက် စုံနေပြီမို့ သူတို့ ဖြစ်အင်ကို ဝိုင်းကြည့်ကာ ရယ်သူ ရယ်နေကြ၏ ။ တချို့က အားနာ၍ ပြုံးစိစိသာ ရယ်နေကြသည်။
ထို့ကြောင့် ကောင်မလေးက ပတ်ဝန်းကျင်ကိုတစ်ချက်ဝေ့ကြည့်၍ ဒီကိစ္စကို ဒီနေရာ မှာ တင် အဆုံးသတ်မှ သင့်တော် လိမ့်မည် ဟုဆိုတာ သဘောပေါက်ဟန်နှင့် …
“ကဲ ကဲ ဒါဆိုလည်းဖယ်တော့၊ ရှင့်ခုံက အနောက်မှာ ဒီခုံက ကျွန်မခုံ”
ဟုဆိုပြီး ကောင်မလေးက ကားလက်မှတ်ကိုထုတ်ပြလိုက်သည်။ အခြောက်ကြီး လည်း မထချင် ၊ ထချင်နှင့် ထပြီး ပါးစပ်က ပွစိပွစိ နှင့် …
“တို့ခုံမဟုတ်မှန်း သိပါတယ်နော်၊ ပိုင်ရှင်မလာသေးလို့ ခဏလေးရင်ငွေ့လှုံရုံလေး ထိုင်နေမိတာပါ၊ တကတည်း”
ဟုဆိုသွားလေ၏ ။ သူ့အနောက်က ပါတနာကြီးကလည်း မဲ့ကာ ရွဲ့ကာနှင့် လှမ်း ပြီး…
“ကောင်းတယ်ကော်တကဲ ချင်ဦးလေ၊ အခုတော့ ပျော်တကော ခံရပြီမဟုတ်လား”
တစ်ကားလုံးခပ်အုပ်အုပ်ရယ်သံတွေ ထွက်လာကြ၏ ။ ကောင်မလေးက သူ့ဘေးဝင် ထိုင်ပြီး သက်ပြင်းကိုချသည်။ သူလည်းအခုမှ သက်ပြင်းချမိ၏ ။ သူသက်ပြင်းချသံကြား တော့ ကောင်မလေးက လှည့်ကြည့်ပြီး …
“နေပါဦး ကျွန်မမသိလို့ ရှင့်ကိုမေးပါရစေဦး”
“ဟုတ် မေးပါ”
“ရှင့်နာမည် ဘယ်လိုခေါ်လဲ”
“ဘာလို့လဲ ဟင်”
“သိချင်လို့ မေးတယ်မထင်နဲ့ ၊ကျွန်မကားလက်မှတ်ဖြတ်တုန်းက ကျွန်မဘေးက ခုံနံပါတ်က မိန်းကလေးနာမည် ပါ၊ ယောကျာ်းလေးနာမည် မဟုတ်ပါဘူး”
စစ်အေးကာလာ ရောက်သွားပြီ ဖြစ်၍ အကြောင်းစုံကို အတိုချုံးပြီးရှင်းပြလိုက်၏ ။ သူ့စကားဆုံးတော့ ကောင်မလေးက မကြည်သလိုလို မျက်နှာပေးနှင့် မျက်စောင်းထိုး လိုက်ကာ…
“ဟွန်းတော် တော် စာရင်းရှုပ်တာပဲ”
ဟုဆိုသွားလေ၏ ။ သူလည်း ကိုယ့်အပြစ်နဲ့ကိုယ် မို့လို့ ငြိမ်နေလိုက်မိပါသည်။ ခဏနေတော့…
“ကားမူးတတ်ရင် တို့ဆီက ရှူဗူးလေး ယူထားလေ”
ခုနကထသွားသော ဟာမကြီး အသံပင် ဖြစ်သည်။ သူ့နောက်ခုံမှ နေ၍ ရှူဆေးတစ်ဗူး ထိုးကာပေးလာ၏ ။ သံယောဇဉ်ပြတ်ပုံမရ။ အဝေးရောက် စောင့်ရှောက်မှု လေး ပေးချင်နေသေးသည်။
“ဟာ နေပါဗျာ၊ ခင်ဗျားနှာဗူး ခင်ဗျားဟာ ခင်ဗျား ပြန်ရှူထား”
သူလည်းစိတ်ပေါက်ပေါက်နှင့် အော်ဟစ်လိုက်တော့ …
“ဟယ်နှာဗူးမဟုတ်ပါဘူး၊ ရှူဗူးပါ၊ အပျော်တကောတွေ ကလည်း မတော် ကတ် လိုက်တာ”
ဟု မချိတင်ကဲ ဆိုသွားသေး၏ ။
ကောင်မလေးထံမှ တခစ်ခစ်ရယ်သံ ကြားလိုက်ရသည်။ လှည့်ကြည့်လိုက်တော့ ကောင်မလေးက မျက်နှာပိုးကို ချက်ချင်း သတ်ကာ သူမဟုတ်သလို ခပ်တည်တည်လေး လုပ်နေလိုက်၏ ။
သူလည်းစိတ်ညစ်ညစ်နှင့် ခေါင်းသာ ခါရမ်းလိုက်မိပါတော့သည်။ ခရီးလမ်း ကတော့ အစကတည်းက ယဉ်သကို ဖြစ်နေလေပြီ။ ဘာတွေ မှန်းမသိ။
တွေးနေစဉ်မှာ ပင် သူတို့ကိုတင်ဆောင်ထားသော ကားကြီးက အဝေးပြေးဝင်းမှ စတင်ထွက်ခွာလာခဲ့ပါတော့၏ ။
အသစ်ဖောက်လုပ်ထားသော အမြန်လမ်းသစ်ကြီးပေါ်ရောက်တော့ မြင်ကွင်းက တဖြည်းဖြည်း ပြောင်းလဲလာသည်။ လမ်းဘေးဝဲယာ ကွင်းပြင်တွေ ကို တမျှော်တခေါ်ကြီး မြင်နေရသည်။ ညနေစောင်းကျကာစ နေရောင် ခြည်နှင့် အတူ အဝေးက ပဲခူးရိုးမပြာပြာကို လွမ်းမောဖွယ် လှမ်းမြင်နေရ၏ ။
“ဝတီ အနွေးထည်ယူထားမလား၊ ညရောက်ရင် ချမ်းလာမှာ ”
သူ့ဘေးက ကောင်မလေးကို သူ့ရှေ့ကခုံမှာ ထိုင်နေသည့် သူမသူငယ်ချင်း နှစ် ယောက် က လှမ်းမေးခြင်း ဖြစ်၏ ။ ထိုကောင်မလေးနာမည် က ဝတီ ဖြစ်ပုံရသည်။ ဒါမှ မဟုတ် ဝတီဆိုသော နာမည် နှစ် လုံးပါပုံရ၏ ။
ကောင်မလေးက သူမသူငယ်ချင်းတွေ ကို ကြည့်ပြီး…
“အခုတော့ သိပ်မချမ်းသေးဘူး၊ ညစာစားပြီးမှပဲ ယူတော့မယ်”
သူမသူငယ်ချင်းနှစ် ယောက် က ခေါင်းညိတ်ပြပြီး နေကြာစေ့တစ်ထုပ် လှမ်းပေး သည်။ ဝတီဆိုသော ကောင်မလေးက ခေါင်းရမ်းပြလိုက်၏ ။ ထို့နောက် ထိုင်ခုံနောက်မှီ လေးမှာ မှီရင်း မျက်လုံးကလေးမှေးစင်းသွားသည်။
သူလည်း ပတ်ဝန်းကျင်ရှုခင်းကို ပြန်လည်ခံစားလိုက်သည်။
နေရောင် ခြည်က တဖြည်းဖြည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ပတ်ဝန်းကျင်က ခါတိုင်းလို မဟုတ်တော့ဘဲ ပုစွန်ဆီရောင် သမ်းနေရာမှ တဖြည်းဖြည်း မှော င်မိုက်ကာ လာလေသည်။ ခဏနေတော့ မိုးချုပ်သွားပြီ ဖြစ်၏ ။
ထိုအချိန်မှာ ပဲ ဗီဒီယိုစပြသည်။ တရုတ်သိုင်းကားတစ်ကား ဖြစ်သည်။ သူကြိုက် သည့် ဟောင်ကောင် ဂျတ်လီ၏ ကား ဖြစ်သည်။ ဂျတ်လီငယ်စဉ်က ရိုက်ထား ဟန်ရှိ၏ ။ ရုပ်ကလေးက ကလေးရုပ်ကလေးနှင့် အတော် လေး နုနယ်နေသေး၏ ။ ခဏအကြာတွင် ထိုဗီဒီယိုကားလေး၌ သူနစ်မျော သွားပါတော့သည်။ ကားတစ်စီးလုံးလည်း တိတ်ဆိတ် ငြိမ်သက် သွားကာ ကားအင်ဂျင်သံမှလွဲ၍ အရာရာ တိတ်ဆိတ်လျက် အချိန်တွေ သည် ဘယ်လောက်ကြာလို့ ကြာသွားမှန်းပင် မသိလိုက်တော့။
ထိုဗီဒီယိုကား ပြီးသွားပြီးနောက် ခဏလောက်အကြာတွင် ကားသည် ရုတ်တရက် အရှိန်သတ်လိုက်သလို နှေးကာသွားသည်။ ခဏနေတော့…
“ညစာထမင်းစားဖို့ ခဏရပ်နားပါမယ်ခင်ဗျာ၊ ခရီးသည်များ အားလုံး ညစာကို သုံးဆောင်ဖို့ ဆင်းကြပါ”
ကားပေါ်ပါလာသော တာဝန်ရှိ လူ တစ်ယောက် ၏ အသံ ဖြစ်၏ ။ ခဏနေတော့ ကားက ကွန်ကရစ်ခင်းထားသော ကားရပ်နားကွင်းကြီးထဲတွင် ရပ်ကာသွားသည်။ ထိုကားရပ်နားကွင်း၏ ခပ်လှမ်းလှမ်းတွင် မီးရောင် စုံတွေ ထွန်းညှိထား၍ သန့်ရှင်းလှပ နေသော ဆိုင်တန်းကြီးကို တွေ့ လိုက်ရ၏ ။
တစ်ရာ့ဆယ့်ငါးမိုင်စခန်းဟု သိရ၏ ။ နေပြည်တော် -ရန်ကုန် ခရီးအကွာဝေး၏ တစ်ဝက်တိတိတွင် တည်ရှိသည်။ ဟိုင်းဝေးခရီးသွားကားတွေ အတွက် စားသောက်အနား ယူရန် စီစဉ်ပေးထားသော နားနေစခန်းကြီးတစ်ခု ဖြစ်သည်။
သူက ကားပေါ်မှဆင်းပြီး ကားပေါ်မှာ ပါလာသော ခရီးသည်တော် တော် များများ ဝင်သွားသော ဆိုင်တစ်ဆိုင်အတွင်းသို့ လှမ်းဝင်လိုက်သည်။ ထို့နောက် အပေါ့အပါး သွားရန် အိမ်သာဘက်သို့ လျှောက်လာလိုက်သည်။ အိမ်သာဘက်ရောက်တော့ ကျား/မ ခွဲထားသော အိမ်သာနှစ် ခုအကြားမှာ ရစ်သီရစ်သီလုပ်နေသော အခြောက်ကြီးနှစ် ယောက် ကို တွေ့ လိုက်ရသည်။ သူတို့ခမျာ မိန်းမလို ဝတ်စားလာမိသော ကြောင့် ဘယ်အိမ်သာ ဝင်လို့ဝင်ရမှန်း မသိဘဲ ယောက် ချာချာ ဖြစ်နေပုံရ၏ ။
ထိုနှစ် ယောက် ထဲမှ သူ့ဘေးမှာ လာထိုင်ဖူးသော တစ်ယောက် က သူ့ကို တွေ့ သွား ပြီး…
“ဟယ် သားလေး ရှူးလာပေါက်တာလား”
“အိမ်သာလာတာ ရှူးမပေါက်လို့ ဘာလာလုပ်ရမှာ လဲဗျ”
“အမလေး ဒေါသကြီးပဲ၊ လူတစ်ကိုယ်လုံး ဒေါသတွေ နဲ့များ ပြည့်နေလား မသိပါဘူး”
“ကောင်မကလည်း စကားများ လိုက်တာ၊ မေးစရာရှိတာသာမေးလိုက်စမ်းပါ”
ဘေးက တစ်ယောက် က လက်နဲ့ပုတ်ပြီး ပြောလိုက်တော့ အဲ့ဒီအခြောက်ကြီးက သူ့ကို…
“သြော် အေး ဒီလိုပါ သားရယ်၊ အထဲမှာ လေ လူရှင်းရင်မာမီပိုင်တို့ကို လာပြော နော်”
“ဘာဗျ”
သူ့အော်သံကြောင့် အခြောက်ကြီး တစ်ချက်တုန်သွားပြီး…
“လူရှင်းရင် လာပြောပါလို့ အဲ့ဒါ…”
“ခင်ဗျားက လူရှင်းတော့ ဘာလုပ်မလို့လဲ”
“ဟယ် ပိုင်ပိုင်မကလည်း ကလေးကို သေချာရှင်းပြမှပေါ့၊ ဒီလိုသားရေ မာမီတို့က အိမ်သာဝင်ချင်လို့ အဲ့ဒါ လူရှင်းရင် ဝင်မလို့ပါ၊ မာမီတို့ပုံစံကြီးတွေ ကလည်း ယောကျာ်း အိမ်သာကိုလည်း ဒီအတိုင်းဝင်သွားလို့မ ဖြစ်၊ မိန်းမအိမ်သာလည်း ဝင်လို့မရနဲ့ ဒုက္ခရောက် နေလို့ပါ”
သူက အခြောက်ကြီးနှစ် ယောက် ကို မကြည်သလို ကြည့်လိုက်ကာ…
“ခင်ဗျားတို့ အစကတည်းက ဒါမျိုးတွေ သိရင် ဘာလို့ဒီလိုဝတ်လာသေးလဲ”
ထိုစကားလည်းကြားရော နှစ် ယောက် စလုံးက မျက်စောင်းလေးတွေ ထိုးလိုက် ကာ…
“အို ဒါ ကတော့ ဝါသနာကိုး”
“ဟုတ်ပ ဒါစတိုင်လေ စတိုင်”
“ရှုပ်ရှုပ်ယှက်ယှက်”
ဟုပြောပြီး အိမ်သာဘက်သို့ ထွက်လာခဲ့၏ ။ အိမ်သာထဲမှာ လူတော် တော် များ နေသေး၏ ။ နောက်မှ ထပ်ဝင်လာတဲ့သူတွေ လည်းရှိ၏ ။ သူ့ကိစ္စပြီးသွားတော့ အပြင် ပြန်ထွက်လာကာ အခြောက်ကြီးနှစ် ယောက် ရှေ့က အဖြတ်တွင် …
“အိမ်သာထဲမှာ လူတွေ အများ ကြီးပဲဗျ”
“ဟယ် ဘယ်လောက်တောင် များ လို့လဲ”
သူလည်း စိတ်ပေါက်ပေါက်နှင့် …
“တပ်ရင်းတစ်ရင်းစာလောက်ရှိတယ်”
ဟုပြောပြီး ထွက်ခဲ့တော့၏ ။ အခြောက်ကြီးနှစ် ယောက် ကတော့ ဘာတွေ တွေးပြီ ပျော်သွားလည်းတော့ မသိပေ။
“ဟယ် အကော်တကိတ်တွေ အများ ကြီးတော့”
ဟု ပြောရင်း ကျန်ခဲ့ပါတော့၏ ။
![]() ဘယ်ဘက်ရင်အုံမှာ လင်းခဲ့တဲ့တိမ်တိုက် | ![]() လွန် | ![]() ကမ္ဘာစွန်းမှာ သာတဲ့လ |