Cover

အခန်း (၁)

ခ၀ဲဝင်းဝါ၊ ပွင့်ပြန်လာကေ

သီကာလည်းကုံး၊ တန်ဆောင်မုန်း

(ထားဝယ်ကဗျာ)

တစ်

လောကလုံးကို မကျေဘူး ဖြစ်နေတယ်။ ဘာ ဖြစ်လို့မှန်းလည်းမသိဘူး။ ဒီတစ်ခါ ခံစား လိုက်ရတာ တော် တော် ရင်နာတယ်။ အမှန်ဆို ဒီလိုမ ဖြစ် သင့်ဘူး ထင်တယ်။ တကယ်တမ်းတွေ ကြည့်ရင် ဒါမျိုးလုပ်တာက ရိုးရာဓလေ့ ထုံးစံလို ဖြစ်နေတာပဲ။

ကျိုးမနိုးပွဲညမှာ လူငယ်တွေ ဆော့ကြတာ အ ဖြစ်လား။ ဒီလိုမျိုးပဲ ဟိုအရင်ခေတ်က လူငယ် တွေ လည်း ဆော့ခဲ့ကြတာပဲ။ အဲဒါကိုမှ မကျေမနပ် ဖြစ်ပြီး အိမ်တွေ ဘာတွေ အထိ ရောက်လာပြီး တိုင်တယ်ဆိုတော့ လွန်တာပေါ့။

ပြီးတော့ လုပ်ခဲ့တာလည်း ကျွန်တော် တစ်ယောက် တည်း မဟုတ်ပါဘူး။ ဂျစ်တူးရယ် ဘူကြီးရယ်နှစ် ယောက် ပါတယ်။ အဲ ဒါပေမဲ့ လုပ်မယ့်အကြံအစည်ကိုတော့ ကျွန်တော် က ပြောခဲ့ တာပေါ့လေ။ အဲဒါကြောင့် ကျွန်တော် ကပဲ ခေါင်းဆောင် ဖြစ်သွားလားမသိဘူး။ နောက်တစ်ရက်မှာ ကျွန်တော့်အိမ်ကို တိုက်ရိုက်လာတိုင်တော့တာပဲ။

မိဘဆိုတာကလည်း သိတဲ့အတိုင်း ကိုယ့်သားသမီးဆိုးတာကို လာတိုင်ခံရပြီဆိုတော့ မျက်နှာငယ်လေးတွေ နဲ့ ပြန်တောင်းပန်ရတော့တာပေါ့။

နောက်မ ဖြစ်စရတော့ပါဘူး။ ကျွန်မတို့ ဆုံးမပါ့မယ်ဘာညာနဲ့… ပြီးတော့ ကျွန်တော့်ကို တီးတော့တာပေါ့။ အဖေကဆို နရင်း နှစ် ချက်လောက်ရိုက်တယ်။ အမေ ကတော့ ပေါ့ပေါ့လျော့ လျော့ပါပဲ။ အိမ်ထောင့်မှာ ထောင်ထားတဲ့ တံမြက်စည်းနဲ့ ဆယ်ချက်လောက် ဆော်လိုက်ပြီးမှ “ငါ မလုပ်ချင်ဘူးနော်” လို့ပြောပြီး သတိရတိုင်းတစ်နေ့လုံ တီးတယ်။

ကျွန်တော် လုပ်ခဲ့တဲ့ အပြစ်ကလည်း ဘာမှမဟုတ်ပါဘူး။ မဟုတ်ဆို ဘာမှကိုမဟုတ်တာ။ သူလို ငါလို ဆော့နေကျအတိုင်း အသေးအမွှားလေးတွေ ပါပဲ၊

လမ်းထိပ်က ခြံကြီးရဲ့ ထိပ်မှာ ၀င့်ဝင့်ကြွားကြွား ကပ်ထားတဲ့ ဆိုင်းဘုတ်ကြီးတစ်ခုကို ပြင် ရေး မိတာပါ။

သူတို့ရေး ထားတာက…

ဒေါက်တာ နေမင်း

M.B.B.S (Ygn), M.Med.sc (int.Med), M.R.C.P (UK)

အထွေထွေ ရောဂါ ကုသမားတော်

ဆိုတာကို ကျွန်တော် တို့က ..

ဒေါက်တာ သေမင်း…

M.B.B.S (မြန်မာသေမင်း ဘိသိက်ဆရာ)

မသေမချင်း အထူးကုသည်။

ဆိုပြီး ပြောင်းရေး လိုက်တာပါ။ ဒါလေးကို သူတို့က ဒေါသထွက်ပြီး အိမ်ကိုလာတိုင်တာ ..ကဲ စဉ်းစားသာကြည့်..ဒါလေး များ …

* * * * *


အဲ့

ဒီအိမ်က ပြောင်းလာတာ မကြာသေးဘူးကွ”

“ဒါတော့ မင်းပြောမှာ လး ငါလည်း သိတာပေါ့”

“ဒါပေမဲ့ တော် တော် တော့ စွာ မယ့်ပုံပဲကွ၊ မင်းအိမ်အထိ လာတိုင်တာ ပဲကြည့်”

ကျွန်တော် က စီးကရက်တစ်လိပ်ကို ယူလိုက်တယ်။ ပြီးတော့ တစ်ချက် မီးညှိပြီး ဖွာထုတ် လိုက်ပြီးမှ…

“ငါသိချင်တာ တစ်ခုပဲရှိတယ်”

“ဘာလဲ”

“ငါတို့ ရေး ထားတယ်ဆိုတာ ဘယ်သူသွားပြောသလဲဆိုတာပဲ”

ဘူကြီးက ခေါင်းတညိတ်ညိတ်လုပ်တယ်။ ဂျစ်တူးက မုတ်ဆိတ်မွေးကို လက်နဲပွတ် ကမ္ဘာ ကျော်ပြစ်မှု ကြီးတစ်ခုကို စဉ်းစားသလို လေးလေးနက်နက်ကြီး စဉ်းစားတယ်။ နှစ် ကောင်လုံးကို ကြည့်ပြီး ဒီကောင်တွေ ဘာမှမသိဘူးဆိုတာ ကျွန်တော် တို့သိလိုက်တယ်။ ကျွန်တော် ထင်တဲ့ အတိုင်းပဲပါပဲ။ ဒီကောင် တွေ ဘာမှမသိဘူး။

“မသိဘူးကွ မင်းလည်း ဘယ်လိုစဉ်းစားမိလဲ”

ဂျစ်တူက ဘူကြီးကို လှမ်းတော့ ဘူကြီးကလည်း …

“ငါလည်း တပ်အပ်တော့ မပြောနိုင်ဘူးကွ တစ်ယောက် ယောက် တော့ သေချာတယ်”

“ခွီးပဲ အဲဒါတော့ မင်းတို့ပြောမှလား”

ကျွန်တော် ထအောက်လိုက်တော့ နှစ် ကောင်လုံး ငြိမ်သွားတယ်။ ကျွန်တော် စဉ်းစားတာက အဲဒီ အချိန်မှာ အဲဒီ ခြံရှေ့ကိုရောက်တာ ကျွန်တော် တို့သုံးယောက် ပဲရှိတယ်။

ဘယ်သူမှ မပါဘူး။ အဲဒါကို ကျွန်တော် တို့ဆိုတာ ဘယ်လိုသိသွားသလဲဆိုတာပဲ။ တော် တော် တော့ အံ့သြဖို့ကောင်းတယ်။

ဒါပေမဲ့ ခဏကြာတော့ အဖြေပေါ်သွားတယ်။ အဲဒါက ကျွန်တော် တို့ ထိုင်နေကြတဲ့ ဆိုင်ထဲကို ကိုကျော်ကြီးရောက်လာလို့ပါ။

ကိုကျော်ကြီးက ကျွန်တော် တို့ထက် အသက်ဆယ်နှစ် လောက်ကြီးတယ်။ ရပ်ထဲမှာ လည်း ကာလသားခေါင်းလိုပုံစံမျိုး ဖြစ်နေတယ်။ လူငယ်တွေ လည်း ကိုကျော်ကြီးပြောသမျှကို နားထောင် ကြတယ်။

ကိုကျော်ကြီးက ဆိုင်ထဲဝင်လာပြီး ကျွန်တော် တို့ကိုမြင်တော့ ၀ိုင်းမှာ ၀င်ထိုင်တယ်။ ပြီး တော့ လက်ဖက်ရည်တစ်ခွက်မှာ လိုက်တယ်။ သူက ဒီလိုပဲ ၀င်ထိုင်နေကျဆိုတော့ ကျွန်တော် တို့ လည်း ဘာမှမပြော ဖြစ်ဘူး။ ခဏကြာတော့ သူ့ဘာသာသူ စပြောတယ်။

“၀င်းခန့် မင်းတော် တော် အီသွားမှာ ပဲနော်”

“ဘာလဲ ကိုကျော်ကြီးရ အဆုံးမရှိ အစမရှိနဲ့”

ကိုကျော်ကြီး ပြုံးတယ်။ မခို့တရို့အပြုံးမျိုးနဲ့ ပြုံးတာပါ။ သူ့ရုပ်ကြီးနဲ့ အဲဒီ လိုအပြုံးမျိုး ပြုံး တော့ ငါးခူခေါင်းကို အလေးနဲ့ ထုတားသလိုကြီး ဖြစ်နေတယ်။ သူ့ရုပ်သူမှ လှယ်ထင်ပြီးမှ အဲဒီ အပြုံး ကို တော် တော် လေးကြာအောင် ပြုံးပြီးမှ..

“မင်းတို့ ဟိုနေ့က ကျီးမနိုးပွဲလုပ်တဲ့ကိစ္စ အတိုင်ခံရတယ်ဆို”

“အာ အဲဒါကို ကိုကျော်ကြီး သိတယ်ဟုတ်လား”

“ဟား ဟား ကျော်ကြီး မသိတာ ဒီရပ်ကွက်မှာ ဘာမှမရှိဘူးကွ”

“ရှိပါတယ်ဗျာ ဟိုတစ်ခါ ကိုကျော်ကြီး အိမ်နောက်ဖေးမှာ လှန်းထားတဲ့ ထဘီနှစ် ထည် ဘယ်သူခိုးသွားတယ်ဆိုတာ သိလို့လား”

ကိုကျော်ကြီးက ဘူကြီးကို လှမ်းကြည့်တယ်။ ပြီးတော့ အောင့်သက်သက် ဖြစ်သွားတဲ့ အမူအရာနဲ့…

“အဲဒါတော့ ဘယ်တတ်နိုင်မလဲကွ၊ သူခိုးပါဆိုမှ မသိအောင် ခိုးသွားတာပေါ့ ငါက ငါ့အိမ် ကိစ္စကလွဲပြီးကျန်တာအကုန်သိတယ်”

“ထားပါတော့ဗျာ ခုနပြောတဲ့ကိစ္စ ကျွန်တော် လည်းသိချင်နေတာ အခုပဲ အဲဒီ ကိစ္စပြောနေ ကြတာ ကိုကျော်ကြီးသိရင် ကျွန်တော် တို့ အဲဒီ နေ့ညက လုပ်တဲ့ကိစ္စ ဘယ်သူသွားပြောတာလဲ ပြော ပြစမ်းပါ”

ကိုကျော်ကြီးက သူ့ခန္ဓာကိုယ်ကို အရှေ့တစ်ချက် ငိုက်လိုက်တယ်။ ပြီးတော့ ပတ်ဝန်းကျင် ကို တစ်ချက်လေ့လာပြီးမှ လေလံလေးနဲ့…

“မလွန်းတင်”

“ဘယ်လို …မလွန်းတင် ဟုတ်လား”

“ဟုတ်တယ် မလွန်းတင် သွားပြောတာ”

“နေပါဦး သူက ကျွန်တော် တို့လုပ်တာ ဘယ်လိုသိသွားတာလဲ”

“အဲဒီ ညက သူမအိပ်လို့နေမှာ ပေါ့ကွ အရင်နှစ် တွေ တုန်းက သူ့ခြံရှေ့မှာ မင်းတို့တွေ ငှက်ပျောတုံးတွေ သွားချထားတယ်မလား”

“ဟုတ်တယ်လေ အဲဒါနဲ့ ဘာဆိုင်လို့လဲ”

“အဲဒါကြောင့် ပေါ့ကွ ဒီနှစ် လည်း သူ့ခြံရှေ့မှာ လာလုပ်မှာ စိုးလို့ တစ်ညလုံး မအိပ်ဘဲ ၀ရန တာမှာ ထိုင်စောင့်နေတာတဲ့”

“ကျွန်တော် သဘောပေါက်ပြီ၊ အဲဒီ လို အားအားယားယား ထိုင်စောင့်နေရင်းနဲ့ ကျွန်တော် တို့လုပ်တာတွေ တွေ့ သွားတာပေါ့ ဟုတ်လား”

ကိုကျော်ကြီးက ခေါင်းညိတ်တယ်။ ပြီးတော့ လာချပေးတဲ့ လက်ဖက်ရည်ကို တစ်ချက်ငုံ လိုက်ပြီး..

“ဟုတ်တယ် မင်းတို့လုပ်တာ သူတွေ သွားတယ်။ အဲဒါနဲ့ မျက်နှာလိုမျက်နှာရလုပ်ပြီး အဲဒီ အိမ်ကို သွားပြောတာ။ မင်းတို့လည်းသိတဲ့အတိုင်း အဲဒီ အိမ်ကို ၀ယ်တုန်းက သူပဲ ပွဲစားလုပ်ခဲ့တာ လေ။ အဲဒါကြောင့် အဲဒီ အိမ်နဲ့ သူနဲ့သိနေတာ”

“ဒီအပျိုကြီး ကတော့ကွာ”

ဟု မချင့်မရဲ ကျွန်တော် ရေရွတ်လိုက်တယ်။ ဘုကြီးက တောက်တစ်ချက်ခေါက်ပြီး..

“ ဒီမိန်းမကြီးတော့ ကြာရင်မလွယ်တော့ဘူး။ ပညာတော့ နည်းနည်း ပေးမှ ရတော့မယ်။ ဒီမှာ ကိုကျော်ကြီး”

“ဘာလဲ”

“ခင်ဗျား အဲဒီ မိန်းမကြီးကို ယူလိုက်ဗျာ”

“ဟာ.. ဆုတောင်းကြမ်းလှချည်လား ဘူကြီးရာ”

“ဟုတ်တယ် ကိုကျော်ကြီး ကိုကျော်ကြီးနဲ့လည်းအသက်သိပ် ကွာတာမှ မဟုတ်တာ မသ ကာရှိ ငါးနှစ် ပေါ့”

“ငါးနှစ် ဟုတ်လား မင်း ငါ့အသက်ကို ဘယ်လောက်ထင်လို့လဲ”

“ကျွန်တော် တို့ထက် ဆယ်နှစ် လောက်ကြီးတယ်ဆိုတော့ သုံးဆယ့်ခြောက်လောက်တော့ ရှိမှာ ပေါ့”

“ဒါဆို အဲဒီ မိန်းမကြီးက ငါ့ထက် ငါးနှစ်ကြီးတယ်ဆိုတော့ လေးဆယ်ကျော်ပြီ ပေါ့ကွ”

“ဘာ ဖြစ်လဲဗျ နိုင်ငံခြားမှာ ဆို အသက်လေးဆယ်မှ ဘ၀စတာတဲ့”

“ငါက ဘ၀ဆုံးသွားမှာ ဟေ့ကောင် ဒီမိန်းမကြီးနဲ့သာဆို ငါ့ဘ၀က လေးဆယ်ကျော်မှာ ဆုံးသွားမှာ ”

ရယ် ဖြစ်ကြပြန်တယ်။ ကျွန်တော် လည်း ရယ်လိုက်ရလို့ ရင်ထဲမှာ တော် တော် လေး ပေါ့သွား တယ်။ ဒါပေမဲ့ ခဏပါပဲ။ မကျေနပ်စိတ်က ပြန်ရောက်လာတယ်။ ဒါကြောင့် ကျွန်တော် က..

‘ဒီမိန်းမကြီး ရပ်ကွက်ထဲမှာ ကိုယ့်ထမင်း ကိုယ်စားပြီး သူများ ကိစ္စသိပ်ဝင်ပါတာကွ လူကသာ အပျိုကြီး ..သူ့ပစ္စည်းသူသာနှမြောတာ၊ သူများ ပစ္စည်းကျတော့ အလကားရမယ်ဆိုရင် ၀မ်းနှုတ်ဆေးတောင် ဆယ်ဗူးဆင့်သောက်မယ့်ဟာကြီး”

“အဲဒါတော့ ဟုတ်တယ်ကွ ဟိုတစ်ခါ ငါတို့ရပ်ကွက်ထဲကို ပိုလီယိုကာကွယ်ဆေးတွေ လာထိုး တုန်းက အလကားရတယ်ဆိုပြီး သူ့တူမလေးကို နှစ်ခါသွားထိုးခိုင်းတာလေ ကံကောင်း လို့ ဆေးထိုးတဲ့ ဆရာမ က မှတ်မိသွားလို့ တော် သေးတာပေါ့”

ကိုကျော်ကြီးက ဟက်ဟက်ပက်ပက် ရယ်တယ်။ ပြီးတော့မှ…

“မင်းတို့က အဲဒီ လိုဟာမျိုးကြီးနဲ့များ ငါ့ကိုပေးစားရသေးတယ်ကွာ”

ဟုဆိုပြီး ပြောတယ်။ ကျွန်တော် တို့လည်း ဟိုအကြောင်းပြော ဒီအကြောင်းပြောနဲ့ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်းပြီး ပြန်လာလိုက်တယ်။ လမ်းရောက်တော့ ဂျစ်တူးက..

“ငါတို့ မလွန်းတင်ကြီးအိမ်ရှေ့ရောက်ရင် တစ်ခုခုလုပ်ရအောင်ကွာ”

“ဟာ ကျီးမနိုးပွဲက ပြီးသွားပြီကွ ပြီးတော့ နေ့ခင်းကြောင်တောင်ကြီး”

“ဘာ ဖြစ်လဲကွာ လုပ်လို့ရတဲ့ဟာ လုပ်မှာ ပေါ့ ရင်ထဲမှာ မကျေနပ်ဘူး ဖြစ်နေတယ်။ တစ်ခုခု လုပ်လိုက်မှ ကျေနပ်မယ်”

ကျွန်တော် ကလည်းဒါမျိုးဆို သိတယ်မလာ။

ဝင်းခန့်တဲ့ တစ်ခန့်ထဲရှိတယ်။ ကိုယ့်ကို လာထိထားတယ်ဆိုတော့ တစ်ခုခုတော့ ပြန်ငြိပစ် လိုက်ရမှ ကျေနပ်မယ့်ကောင်။

“ချကွာ ဒါပေမယ့် ပတ်ဝန်းကျင်အခြေအနေတော့ တစ်ချက်ကြည့်ဦးနော်။ တော် ကြာ အိမ်လာတိုင်လို့် ငါနောက်တစ်ခါ အဗြင်းခံရဦးမယ်”

ဒီလိုနဲ့ မလွန်းတင်တို့အိမ်ရှေ့ ရောက်လာကြတယ်။ ဘာဒုက္ခပေးရမလဲ ရှာကြည့်တော့ ထွေထွေထူးထူး ဘာမှမတွေ့ ဘူး။ အဲဒါနဲ့ပဲ အိမ်ရှေတံခါးမှာ ချိတ်ထားတဲ့ လူခေါ်ခေါင်းလောင်း လေးကို သွားတွေ့ တယ်။

ကျွန်တော် က အကြံတစ်ခုရပြီး ဘူကြီးကို တိုးတိုးလေးကပ်ပြောလိုက်တယ်။ ဘူကြီးက ခေါင်းညိတ်ပြပြီး သူ့အိမ်ကိုလှစ်ခနဲပြေးသွားလိုက်တယ်။ ဘူကြီးအိမ်က သိပ်မဝေးတော့ ခဏပါပဲ။ ပြန်ရောက်လာတယ်။ လက်ထဲမှာ လည်း ကျွန်တော် မှာ လိုက်တဲ့အတိုင်း ကြေးစည်တစ်ခု ပါလာ တယ်။

ဒါနဲ့ပဲ မလွန်းတင်ခြံရှေ့က ခေါင်းလောင်းလေးကို ဖြုတ်ပြီး ကြေးစည်ကြီးနဲ့ ချိတ်ပြီး ပြန်လာခဲ့လိုက်တယ်။ အံမယ် ကြေးစည်နဲ့အတူထုတဲ့ သစ်သားတူလေးပါ ပါလာလိုက်သေးတယ်။ မလွန်းတင်အိမ်ကုလာတဲ့ဧည့်သည်တွေ ကတော့ ကြေးစည်ကြီးကို ထုထုပြီး ခေါ်မှာ သေချာတယ်။ မလွန်းတင်ကြီးလည်း ကြေးစည်သံကြားတော့ အလှူခံအောက်မေ့ပြီး အိမ်ထဲမှာ ပုန်းနေမှာ သေချာတယ်။

နောက်တော့မှ အကြောင်းစုံ သိသွားရင် ကြေးစည်ကြီးကိုင်ပြီး ဆွေ့ဆွေ့ခုန်နေမှာ မြင် ယောင်သေးတယ်။

* * * * *


အခန်း (၂)

ဘူ

ကြီးငဖယ်တေ တေခံရတယ်လို့ ကြားရတယ်။

ကျွန်တော် စိတ်မကောင်းပါဘူး။

ဖြစ်သွားတဲ့အမှု က ဘုရားစင်က ကြေးစည်ကို အလစ်သုတ်မှု ။ ဘူကြီး အမေက ရင်ထုထုပြီး ငိုတယ်။

“အမယ်လေး ကြားလို့မှ ကောင်းကြသေးရဲ့လား၊ ဘုရားပစ္စည်း၊ တရားပစ္စည်းတောင် အလစ်မပေးဘူးလား ဘူကြီးရဲ့ ….ဟင်၊ နင် မိုက်လုံးကြီးလှချည်လား၊ နင့်ကို ငါတို့က အငတ် ထားနေလို့လား ဟီး……ဟီး”

အဲဒီ လိုငိုပြီးတော့ ဘူကြီးကို တီးတယ်။ တီးလို့ဝသွားတော ထပ်ငိုတယ်၊ ငိုလို့ဝသွားတော့ ထပ်တီးတယ်၊ ဘူကြီးအဖေကလည်း ရုံးကပြန်လာပြီး မောမောပန်းပန်းနဲ့ အဲဒီ ကိစ္စ သိသွားပြီးတော့ ထပ်ဗြင်းတယ်။ နောက်တစ်ရက် ဘူကြီး ကျွန်တော် တို့ဆီ ရောက်လာတော့ လူက ခပ်ယဲ့ယဲ့ပဲရှိ တော့တယ်။ ခန္ဓာကိုယ်က စောင်းငန်းစောင်းငန်းနဲ့ ရောက်လာတယ်။

ပြီးတော့ မျက်နှာက မျောက်အိုကို တူနဲ့ထုထားတဲ့ရုပ်နဲ့….

“ကံကောင်းလို့ အဘွားဝင်ဆွဲလို့ အဘွားသာ ၀င်မဆွဲရင် ဖအေမအေသတ်တာနဲ့တင် ငါ သေတယ်”

ဘူကြီးပုံစံကိုကြည့်ပြီး ကျွန်တော် ရင်ထဲမှာ တော် တော် သနားသွားတယ်။ ဒီကောင် တော် တော် နာကျင်နေပုံရတယ်။ ဂျစ်တူးက ဖြစ်ကြောင်းကုန်စင် မေးကြည့်တော့မှ ဘူကြီးက ပြောတယ်။

ကြေးစည်းခိုးမှု ။

ဘယ်တတ်နိုင်မလဲ၊ ဒီကောင်မှ ပိပိရိရိမလုပ်တာ။ ခံပေါ့။ ဒါပေမဲ့ သနားတာတော့ သနားပါတယ်။ ဒါပေမဲ့ ကျွန်တော် လည်း ဟိုတစ်နေ့က ဘူကြီးလို ခံရတာ ပါပဲ။

အဲဒီ တုန်ကလည်း သုံးယောက် လုံးလုပ်တာ ကျွန်တော် တစ်ယောက် တည်း အတွယ်ခံလိုက် ရတယ်။ ကျွန်တော် တို့ထဲမှာ လွတ်နေတာဆိုလို့ ဂျစ်တူးပဲ ကျန်တော့တယ်။

အဲဒါကြောင့် ကျွန်တော် က ဂျစ်တူးဘက်လှည့်ပြီး…

“ဒီတစ်ခါ မင်းအလှည့်ပဲ ငါတို့အလှည့်တော့ ပြီးသွားပြီ”

“ဘာဆိုင်လို့လဲကွာ တစ်ယောက် တစ်လှည့် ကျခံရမယ်လို့ မင်းကို ဘယ်သူပြောလဲ”

“ဘယ်သူ ပြောပြော မပြောပြော ဒီတစ်ခါ မင်းအလှည့်ပဲ”

ဂျစ်တူးမျက်နှာကြီးရှုံ့ပြီး ဟိုဘက်လှည့်သွားတယ်။ ဘူကြီးက ငယ်ထိပ်ကို လက်ဝါးနဲ့ ကြပ် ပူတိုက်ရင်း တအင်းအင်း ညည်းနေတယ်။

ကျွန်တော် က ဘူကြီးကို ကြည့်ပြီ စိတ်မရှည်စွာ နဲ့…

“အဲဒီ လောက်လည်း ညည်မနေပါနဲ့ကွာ ယောက်ျားမဟုတ်တဲ့အတိုင်းပဲ ငါ့တုန်းကလည်း မင်းလိုပဲ ခံစားခဲ့ရတာ ပါပဲ။ ဒီလောက် မညည်းခဲ့ဘူး”

ကျွန်တော့်စကားဆုံးတော့ ဘူကြီးက ဂျိုကြည့်ကြည့်ပြီး…

“ငါ့အဖေ လက်သီးကို မင်းခံဖူးလို့လား နာတယ်ကွ ငါ့အဖေက ငယ်ငယ်တုန်းက တက္က သိုလ်မှာ လက်ဝှေ့ချန်ပီယံ”

“ငါလည်း ရပ်ကွက်ပွဲတုန်းက တာတိုပြေးပွဲမှာ ချန်ပီယံ ရထားတာပါကွ”

“ဘာဆိုင်လို့လဲ”

“မင်းအဖေလိုက်ထိုးရင် ငါပြေးလို့ရတာ ပေါ့ကွ အဲဒီ တော့ လက်သီးပြင်းလား၊ မပြင်းလား ဘယ်သိတော့မလဲ”

ဂျစ်တူကး ရယ်တယ်။ ဘူကြီးက တစ်ခုခုမပြောမယ်လုပ်ပြီးမှ တစ်နေရာကို ကြည့်ပြီး ငြိမ်သွားတယ်။ ပြီးတော့ ခြေမကိုင်မိလက်မကိုင်မိပုံစံ ဖြစ်သွားပြီး…

“ဂိန်းပြီ ငါတော့ ဂိန်ပြီထင်တယ် ဟေ့ကောင်တွေ ဟိုမှာ ဟိုမှာ … လုပ်ပါဦး”

ကျွန်တော် ရော ဂျစ်တူပါ ဘူကြီးပြတဲ့နေရာကို လှမ်းကြည့်လုကိတော့ မျက်လူးပြူးသွား တယ်။ ဟုတ်တယ်လေ မပြူးခံနိုင်ရိုးလား။ ကျွန်တော် တို့ တွေ့ လိုက်ရတာ မလွန်းတင်ကြီး ပြီးတော့ လက်ထဲမှာ ကြေးစည်ကြီးနဲ….။

“ဘုရား ဘုရာ ငါ့အမေ့ကိုများ သွားတိုင်တာလား မသိဘူး ဂိန်ပြီ သူငယ်ချင်းတို့ရေ ငါတော့ ဒီတစ်ခေါက် ထပ်အဆော်ခံရရင် သေမှာ ပဲ”

ဘူကြီးမျက်နှာမှာ သွေးမရှိတောာ့။ ကြေးစည်ကြီးကို တစ်လှည့် မလွန်းတင်ကို တစ်လှည့် ကြည့်ရင်း မျက်နှာကြီး ဖြူဖတ်ဖြူရော် ဖြစ်လာတယ်။

ကျွန်တော် တို့လည်း တော် တော် တုန်ရသွားတယ်။ အကယ်၍ ဘူကြီးပြောသလို မလွန်း တင်သာ ကျွန်တော် တို့လုပ်တာ သိပြီး ဘူကြီးအမေကို ကြေးစည်ကြီးပြပြီး သွားတိုင်ရင်တော့ နာပြီ ပဲ။ ဘူကြီးအမေသိသွားရင် ကျွန်တော့်အမေကို ပြန်ပြောမှာ သေချာတယ်။ အဲဒီ တော့ အဖြေက ရှင်း ရှင်ေးလးပဲ ကျွန်တော် ပါ အတွယ်ခံရပြီ။

“ဟေ့ကောင်တွေ ငါတော့မ ဖြစ်ဘူး မလွန်းတင်ကြီးကို အမြန်ဆုံးတားမှ ဖြစ်မယ်”

“ငါ .. ငါ . .ငါတို့ ဘယ်လိုတားကြမလဲ”

ဘူကြီး အသံတွေ ပါ တုန်လာတယ်။ ဂျစ်တူးလည်း ခေါင်းတွေ ကို တဗျင်းဗျင်း ကုတ်တယ်။ ကျွန်တော် က စိတ်အေးအေးထားဆိုတဲ့ ပုံစံမျိုးနဲ့.. လက်ကာပြီး..

“နေ နေ ဒီကိစ္စ ငါ ရှင်းမယ်။ မင်းတို့ ငါ့နောက်ကသာ အသာလိုက်ခဲ့”

“ ဖြစ်ပါ့မလားကွ”

မ ဖြစ်တော့ ဒီအတိုင်းလွှတ်ပေးလိုက်မှာ လား မလွန်းတင်ကြီးအကြောင်း မင်းတို့သိသားပဲ သူလုပ်ရင် ပိုရှုပ်ကုန်မယ်။ ငါတို့ တွေးထားသလို ဖြစ်ချင်မှလည်း ဖြစ်မှာ ပါ။ တကယ်လို့ ဖြစ်ခဲ့ရင် လည်း ကျေနပ်အောင် တစ်ခါတည်း တောင်းပန်လိုက်ပေါ့ကွာ

“သူက ငါတို့ဆို သိပ်ကြည်တာမဟုတ်ဘူးကွ”

“ဒီမှာ ဘူကြီး ဒီကြေးစည်က မင်းအိမ်က ကြေးစည်နော် ဖြစ်ရင် မင်းအရင်ခံရမှာ မင်းမလုပ် လည်းနေလေ ငါတို့က အနေသာကြီး”

အဲဒီ တော့ဘူကြီးလည်း ပျာပျာသလဲလဲနဲ့ ကင်းတဲပေါ်က ခုန်ဆင်းလိုက်တယ်။ ကျွန်တော် တို့က ကင်းတဲပေါ်မှာ ထိုင်နေကြတာပါ။ ဒါကြောင့် မလွန်းတင်ကြီးက ကျွန်တော် တို့ ရုတ်တရက် ခုန်ဆင်းလာတာလည်း တွေ့ ရော သူတော် တော် လန့်သွားတယ်။

“ဟဲ့ တောက်တဲ့နဲ့ ကုလား”

“မလွန်းကြီး ဘယ်သွားမလို့လဲဗျ”

“အဲ ဒီဟာ ဟယ် နင်တို့က ဘာလုပ်မလို့လဲ”

“ဘာမှ မလုပ်ပါဘူး မလွန်းကြီးရယ် လက်ထဲမှာ လည်း ကြေးစည်ကြီးနဲ့ဆိုတော့ ဘယ်များ သွားမလို့လဲလို့”

ကျွန်တော့်စကားကြောင့် မလွန်းတင်ကြီးက သူ့လက်ထဲက ကြေးစည်ကြီးကို ကြည့်တယ်။ ပြီးတော့ မျက်နှာတစ်ချက် တင်းသွားပြီး..

“ဘယ်ကလေက၀တွေ မှန်း မသိပါဘူး။ ငါ့အိမ်ရှေ့ ဒါကြီး လာချိတ်သွားလို့ အဲဒါ ဓမ္မာရုံ သွားမလို့”

မလွန်းတင်ကြီးစကားကြောင့် ကျွန်တော် တို့ တော် တော် ပျော်သွားတယ်။ သူ့စကားအသွား အလာကို ကြည့်ခြင်းအားဖြင့် ကျွန်တော် တို့လက်ချက်မှန်း သူမသိဘူး။ ဒါပေမဲ့ ကြေးစည်ကြီးကိုင် ပြီး ဓမ္မာရုံကို ဘာသွားလုပ်မှာ လဲ သိချင်တာနဲ့..

“မကြီးလွန်းက ဓမ္မာရုံကို ဘာသွားလုပ်မလို့လဲ”

“ဒါကြီးသွားပေးမလို့လေ ငါ့အိမ်မှာ လည်း ကြေးစည်တစ်လုံး ရှိနေတာပဲ။ တော် ကြာ သူများ ယတြာချေလို့ လာလွှတ်ပစ်ထားတာတွေ ဆို အိမ်မှာ မထားချင်ဘူး အဲဒါကြောင့် ဓမ္မာရုံသွား ပေးမလို့”

မွန်းတင်ကြီးစကားဆုံးတော့ ဘူကြီးမျက်နှာ တော် တော် ပျက်သွားတယ်။ ဒီကြေးစည်က ဓမ္မာရုံရောက်လို့ မ ဖြစ်ဘူး။ ဘူကြီးအမေက ဓမ္မာရုံဝတ်အသင်းမှာ အဖွဲ့ဝင်။

ဒီကြေးစည်သာ ဓမ္မာရုံရောက်သွားရင် ဘူကြီးအမေက သူ့ကြေးစည်ကို မှတ်မိသွားမှာ အသေအချာပဲ။ ဒါ့ကြောင့် ဘူကြီးက ကျွန်တော့်ကို လက်ကုတ်တယ်။ ကျွန်တော် လည်း ဘူကြီး သဘောကို နားလည်လိုက်ပြီး..

“ဒါဆို အတော် ပဲ မကြီးလွန်း ကျွန်တော် တို့လည်း အဲဒီ ဘက်ကို ရောက်မှာ ကျွန်တော် တို့ ကို ပေးလိုက်လေ”

“ဟာ နေပါ ငါ့ဘာသာငါ သွားထားမယ်”

“မဟုတ်တာ မကြီးလွန်းကလည်း ကျွန်တော် တို့ သယ်သွားပေးပါ့မယ်ဆို”

“ရပါတယ်ဆို နင်တို့တွေ ပေးလိုက်ရင် နမော်နမဲ့နဲ့နေ နေ…”

မလွန်းတင်ကြီးက ကျွန်တော် တို့ကို ထားပြီးထွက်ဖို့လုပ်တယ်။ ဂျစ်တူးက မလွန်းတင်ကြီး ရှေ့က ကျွန်ယောင်မလည် ရပ်လိုက်ပြီး…

“လုပ်ပါ မကြီးလွန်းရယ်၊ ကျွန်တော် တို့ ထားပေးပါ့မယ်ဆို”

“ဟုတ်ပါတယ် မကြီးလွန်းရယ် ကျွန်တော် တို့ ထားပေးပါမယ်ဆို”

“ဟုတ်ပါတယ် မကြီးလွန်းရ.် လမ်းကြုံနေတာပဲ အားမနာပါနဲ့”

“အင်းလေ မကြီးလွန်းကလဲ”

မလွန်းတင်ကြီး ကျွန်တော် တို့ကို မယုံသင်္ကဟန်နဲ့ ကြည့်တယ်။ သူ မယုံဘူးဆိုလည်း မယုံ ချင်စရာပါ။ ကျွန်တော် တို့ဆိုတာက ရပ်ကွက်ဓမ္မာရုံကို ကိုယ့်အိမ်က ဘုရားစင်လောက်တောင် အရောက်အပေါက်ရှိတာ မဟုတ်ဘူး။

ကိုယ့်အိမ်က ဘုရားစင်ကမှ အကုသိုလ်တွေ သိပ်များ လာရင် ဘုရားကွယ်သွားမှာ စိုးလို့ သွားပြီး မျက်နှာလေးပြမိသေးတယ်။ ရပ်ကွက်ဓမ္မာရုံ ကတော့ ဝေလာဝေး၊ ဒါကြောင့် မလွန်းတင် ကြီးက မယုံသင်္ကာကြည့်နေတာပါ။

“နေပါဦး နင်တို့က ဒီနေ့ကျမှ ဓမ္မာရုံကို ဘာလို့အတင်းသွားချင်နေရတာ လဲ”

“လမ်းကြုံလို့ပါဆို”

“ဒီရပ်ကွက်မှာ နေတဲ့လူတွေ အားလုံး ဓမ္မာရုံကိုလမ်းကြုံနေတာပဲဟဲ့။ အခုမှ အထူးအဆန်း လုပ်လို့”

အပျိုကြီးက ပြောရတာ တော် တော် လက်ပေါက်ကပ်နေတယ်။ ကြေးစည်ကိုလညဘ်း လွယ်လွယ်နဲ့ ပေးမယ့်ပုံ လုံးဝမပေါ်ဘူး။ ကျွန်တော် တို့ ပြောလိုက်မှတောင်ပိုဆိုးသွားပုံရတယ်။ ကြေးစည်ကို လက်ကဆွဲလာရင်းက ရင်ခွင်မှာ တောင် ပိုက်ပစ်လိုက်တယ်။

ကျွန်တော် တို့ကလည်း မရဘူးဆိုပြီး လက်လွှတ်လိုက်လို့ မရတော့ဘူး။ ဘူကြီးမျက်နှာက အခုတောင် သေတော့မလို ဖြစ်နေပြီ။ ဒီကြေးစည်ကာ ဓမ္မာရုံရောက်သွားရင် ဒီကောင် အသက် ပျောက်ပြီ။

ဒါကြောင့် ကြံမိကြံရာ ကြံရတော့တယ်။ အပျိုကြီးတွေ ကြောက်တာဘာလဲ။ လတ်တလော စဉ်းစားလိုက်တော့ အဖြေက တစ်ခုတည်း ထွက်လာတယ်။

ယောက်ျား၊ ဟုတ်တယ် အပျိုကြီးတွေ က ရုတ်တရက် ကြောက်သွားနိုင်တာ ယောက်ျား တစ်မျိုးပဲရှိတယ်။ အထူးသဖြင့် အသက်မတိမ်းမယိမ်း ယောက်ျားတွေ ကို ပိုကြောက်ကြတယ်။ ဒါကြောင့် ကြံမိကြံရာ ကြံရတော့တာပေါ့။

“ကဲ မကြီးလွန်းက တစ်မျိုးထင်နေမှတော့ ကျွန်တော် တို့က ပြောပြရတော့မှာ ပေါ့ဗျာ ပထမတော့ မပြောဘူးဆိုပြီးနေမလို့ပါ။ ဒါပေမဲ့ အခုတော့ ပြောရတော့မှာ ပဲ မတတ်နိုင်တော့ဘူး။ ဟေ့ ကောင်တွေ ပြောပြလိုက်တော့မယ်နော်”

ကျွန်တော့်စကားတွေ ကို အူကြောင်ကြောင်နဲ့ လိုက်နားထောင်ပြီး ဟိုနှစ် ကောင် ဘုမသိ ဘမသိနဲ့ ခေါင်းညိတ်ပြတယ်။ မလွန်းတင်ကြီး ကတော့ ကျွန်တော့် စကားကို စိတ်ဝင်စားသွားပြီး…

“ဘာလဲဟဲ့ ဘာများ လဲ”

“မကြီးလွန်း ကိုကျော်ကြီးကို သိတယ်မလား”

“သိတယ်လေ ခွေဆိုင်ဖွင့်ထားတဲ့ ကိုကျော်ကြီးမလား”

“ဟုတ်တယ်လေ ကျွန်တော် တို့ရပ်ကွက်ထဲမှာ ဘယ်နှကျော်ကြီး ရှိလို့လဲ”

“သင်္ဘောလိုက်နေတဲ့ ကိုကျော်ကြီးလည်း ရှိတယ်လေဟယ်။ နင်တို့ကလဲ”

“ဟာ အဲဒီ ကျော်ကြီးက ရေထဲမှာ အနေများ လို့ ပထ၀ီကြောင် ကြောင်ပြီး ရွာသာကြီး ရောက်သွားပြီလေဗျာ”

“ကဲပါ ထားပါတော့ ကျော်ကြီးက ဘာ ဖြစ်လဲပြော”

“သူက မကြီးလွန်းကို ကြိုက်နေတာဗျ”

“ဟင်”

“ဟုတ်တယ် သူက မကြီးလွန်းကို တစ်ဖက်သတ်ကြိုက်နေတာ။ အခုလည်း မကြီးလွန်း အဲီ ဘက်လာရင် စာပေးမလို့ဆိုပြီး ဓမ္မာရုံနားမှာ စောင့်နေတယ်။ အရက်တွေ လည်း မူးရူးနေတယ်”

“ဟယ်”

မလွန်းတင်ကြီး မျက်လုံးပြူးထွက်သွားသည်။ ခန္ဓာကိုယ်က ငါးပြေမဓာတ်လိုက်ခံရသလို ထွန့်ထွန့်လူးသွားပြီး လက်ထဲက ကြေးစည်တောင် ပြုတ်ကျမလို ဖြစ်သွားတယ်။ မလွန်းတင်ကြီး အခြေအနေလည်းမြင်ရော ဟိုကောင်တွေ ကလည်း…

“ဟုတ်တယ်ဗျ မကြီးလွန်းတင်ကို ဒီအတိုင်း စာမပေးရဲဘူးဆိုပြီး ရဲဆေးတင်ထားတာတဲ့ မနက်ကတည်းက တစ်လုံပြီးတစ်လုံး ထိုင်သောက်နေတယ်ဆိုလားပဲ အခုတော့ ရဲဆေးလွန်ပြီး ဘယ်ကောင်မှ ဂရုမစိုက်ဘူး ဖြစ်နေပြီ”

“ဟုတ် .. ဟုတ်လို့လားဟယ် နင်တို့ကလည်း”

“မယုံရင်လည်းနေဗျာ ကျွန်တော် တို့က မ ဖြစ်သင့်ဘူး မ ဖြစ်အောင် တားတဲ့သဘောနဲ့ ကူညီတာပါ။ မကြီးလွန်း မယုံဘူးဆိုရင်လည်း မတတ်နိုင်ဘူး”

မလွန်းတင်ကြီး အသားတွေ ပါ တဆတ်ဆတ်တုန်လာတယ်။ အပျိုကြီးဆိုတော့ သိတယ် မလား။ ကြောက်ပြီဆို နူးတူးပဲ။

ကျွန်တော် တို့က သူကို့ထားပြီး ထွက်မလို့လုပ်တော့..

“ဟဲ့ .. ဟဲ့ မ သွားပါနဲ့ဦး ငါက သဘောအ ဖြစ် မေးတာပါဟယ် ရော့ ..ရော့ ဒါကြီး နင်တို့ပဲ သွားထားလိုက်တော့နော်”

မလွန်းတင်ကြီး လှမ်းပေးတဲ့ ကြေးစည်ကို ကျွန်တော် က အသာအယာယူလိုက်ပြီး…

“မကြီးလွန်းလည်း အိမ်မြန်မြန်ပြန်တော့ တော် ကြာ ကိုကျော်ကြီး ဒီဘက်ရောက်လာရင် ခက်မယ်”

မလွန်းတင်ကြီးက “အေး အေး” ဆိုပြီး တစ်ခါတည်း လစ်သွားတော့တာ နောက်တောင် လှည့်မကြည့်တော့ဘူး။ မလွန်းတင်ကြီး ခပ်ဝေးဝေးရောက်သွားတော့မှ ကျွန်တော် တို့ ပျော်ရွှင်စွာ နဲ့ တစ်ယောက် လက်ဝါး တစ်ယောက် ရိုက်လိုက်ရင်း…

“တော် တယ် ၀င်းခန့်ရာမင်းဦးနှောက်က ဒီတစ်ခါတော့ ရွှေချထားဖို့ ကောင်းနေပြီ”

“ဟဲ ဟဲ ၀င်းခန့်လေ။ သိတယ်မလား”

“ကိုကျော်ကြီးသာသိရင် ကမ္ဘာမီးလောင်လို့ သားကောင်ချနင်းလိုက်ရတာ ပါ ကဲ ဒါတွေ ထား ငါတို့ ဒါကြီးကို ဘယ်လိုလုပ်ကြမလဲ”

အားလုံးက ကြေးစည်ကြီးကို ကြည့်ပြီး..

“အခုလောလောဆယ်တော့ လမ်းထိပ်က ကိုခင်ဇော်တို့ လက်ဖက်ရည်ဆိုင်မှာ ခဏအပ် ထားမယ်ကွာ ကျန်တာတော့ နောက်မှ ကြည့်စီစဉ်ကြတာပေါ့”

“အေး အဲဒါကောင်းတယ် အန္တရာယ်အကင်းဆုံးပဲ”

ပြီးတော့ ကျွန်တော် တို့ လမ်းထိပ်ဘက်ကို ထွက်လာကြတယ်။ လမ်းမှာ လည်း ကိုကျော်ကြီးကို ဒီကိစ္စ လုံးဝမပေါက်ကြားဖို့ တစ်ယောက် နဲ့ တစ်ယောက် ပြောလာကြတယ်။ တစ်နေ ရာအရောက် ဂျစ်တူးက အလန့်တကြားနဲ့

“ဟေ့ကောင် ဘူကြီး ဟိုမှာ မင်းအမေမလား”

“ဘယ်မှာ လဲ”

“ဟိုမှာ ”

ဂျစ်တူး မေးငေါ့ပြတဲ့နေရာကို ကြည့်လိုက်တော့ ကျွန်တော် တို့ သုံးယောက် လုံး ပျာယာ ခတ်သွားကြတယ်။ ဟုတ်တယ်… ဘူကြီး အမေမှ ဘူကြီးအမေစစ်စစ်၊ ဘယ်က ပြန်လာလည်း မသိဘူး။ လက်ထဲမှာ လည်း အထုပ်တွေ နဲ့။

“ဟေ့ကောင် ၀င်းခန့် လုပ်ပါဦးကွာ ဘယ်လိုလုပ်မလဲ”

ကျွန်တော် လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်ရမှန်းမသိ။ ကြေးစည်ကြီးပိုက်ပြီး သွေးရူး သွေးတန်း ဖြစ်သွားတယ်။ ဒီအချိန် ဘူကြီးအမေသာ တွေ့ သွားရင် မလွယ်တာတော့ တကယ်ပဲ။

ကျွန်တော် တို့ ကံကိုကလည်း တော် တော် ဆိုးပါတယ်။ အခက်အခဲတစ်ခုက လွတ်လာတာ မကြာသေးဘူး။ နောက်အခက်အခဲတစ်ခုနဲ့ ထပ်တိုးတယ်။

ဒီတစ်ခါ အခက်အခဲကမှ တကယ့်အကြီးကြီး။ လက်ထဲမှာ လည်း ကြေးစည်ကြီးနဲ့ဆိုတော့ ဘယ်လိုမှ ငြင်းရမှာ မဟုတ်ဘူး။ ရှင်းပြလို့လည်း ရမှာ မဟုတ်တော့။ ဘူကြီးအမေက ကျွန်တော် တို့ တွေ ပေါင်းပြီးကြေးစည်ခိုးပြီး သွားရောင်းစားမယ်လို့ထင်မှာ သေချာတယ်။

“ရှင် ဘာလုပ်နေတာလဲ”

ရုတ်တရက်အသံကြောင့် ကျွန်တော် ကြောင်သွားပြီး လှည့်ကြည့်လိုက်တယ်။ ကောင်မ လေး တစ်ယောက် ခြံတံတခါးဖွင့်ပြီး ရပ်နေတာတွေ့ လိုက်ရတော့ ဘာပြောလို့ ပြောရမှန်း မသိ ဖြစ် သွားပြီး…

“ဟို ဟိုဟာ ကြေးစည်… ကြေးစည်.. အဲဒါ”

“ကြေးစည် ဟုတ်လား”

“ဟုတ် အဲဒါ ဒီနေရာမှာ .. ဟိုဟာ”

ကောင်မလေးက မျက်မှော င်ကြုတ်ပြီး ကျွန်တော့်လက်ထဲက ကြေးစည်ကြီးကို ကြည့်တယ်။ ပြီးတော့ ခေါင်းတစ်ချက်ညိတ်လိုက်ပြီး..

“သြော် ရတယ် ရတယ်။ ပေး ပေး.. မနေ့ကတည်းက လာပို့မယ်ထင်နေတာ အခုမှ လာတာကိုး”

“ဗျား”

“ကြေးစည်လေ ဟုတ်တယ်မလား”

“ဟုတ် ဟုတ်တယ်လေ”

“အင်း ထားခဲ့လေ ဘာကြောင်နေတာလဲ”

ကောင်မလေးက လက်ကိုလှမ်းပြီး ကြေးစည်ကို ယူတယ်။ ကျွန်တော် လည်း တော် တော် ကြောင်သွားတာပါ။

ဒါပေမယ့် အခုမှတော့ မတတ်နိုင်တော့ဘူး။ သူ့ဘက်က လိုလိုချင်ချင် ယူနေမှတော့ ဘာမှမစဉ်းစားတော့ဘဲ ကျွန်တော် ပေးပစ်ခဲ့လိုက်တယ်။

အချိန်က ကွက်တိပါပဲ။ ကျွန်တော် လည်း ဟိုကောင်တွေ ဆီ ပြန်အရောက် ဘူကြီးအမေ လည်း ရောက်လာတယ်။ ပြီးတော့ ကျွန်တော် တို့ကို နှုတ်ဆက်ပြီး ဘူကြီးကို သတိထားဆိုတဲ့ ပုံစံ မျိုး လက်ညှိုးထောင်ပြသွားတယ်။ ဘူကြီးအမေ ထွက်သွားတော့ ဒီကောင် ကျွန်တော့်ကိုကြည့်ပြီး..

“မင်း ကြေးစည်ရော”

“မရှိတော့ဘူး”

“ဟင် ဘယ်ရောက်သွားလို့လဲ”

“မသိဘူးကွာ ငါလည်း ဟိုခြံနားမှာ သွားထားမလို့ သွားတာပဲ အဲဒီ ခြံထဲက ကောင်မလေး တစ်ယောက် ထွက်လာပြီး ငါ့ဆီက ယူသွားတာပဲ”

“အဲဒါနဲ့ မင်းက ပေးလိုက်ရရောလားကွ”

“သူက လိုလိုချင်ချင် ယူသွားတာကွ၊ ငါလည်း ဘာမှစဉ်းစားမနေတော့ဘူ။ ပေးပစ်ခဲ့ တယ်”

“အဲဒါလည်းကောင်းတာပဲကွာ အစပျောက်သွားရောပေါ့”

ဂျစ်တူးက ၀င်ပြောတယ်။ ဘူကြီးက ခြံဘက်ကို လှမ်းကြည့်နေတယ်။ အတော် ကြာကြာ ငေးကြည့်ပြီးမှ.

“ဟေ့ကောင် မင်းပြောတဲ့ ခြံကြီးက ငါတို့ ကျီးမနိုးပွဲတုန်းက လက်ကမြင်းကြော ထခဲ့တဲ့ ခြံမလား”

အဲဒီ တော့မှ ကျွန်တော် လည်း သေချာကြည့်မိတယ်။ ပြီးတော့ ရင်ထဲမှာ ဒိန်းခနဲ ဖြစ်သွား တယ်။ ခုန သွေးပူနေတုန်းမို့ သတိမထားလိုက်တာ။

အဲဒီ ခြံမှ အဲဒီ ခြံ စစ်စစ်ကြီး။

ရှေ့မှာ ရေး ထားတဲ့ ဆိုင်းဘုတ်တောင်ရှိသေး။

ဒေါက်တာနေမင်း

M.B.B.S (Ygn), M.Med.sc (intl.Med), M.R.C.P (UK)

အထွေထွေ ရောဂါ ကုသမားတော် တဲ့။

“ဘုရား ဘုရား”

ရင်ထဲမှာ သာ ထိုသို့ တလိုက်မိပါတော့တယ်။

* * * * *


အခန်း (၃)

က္ကသိုလ်မှာ တွဲ ခဲ့တဲ့ သူငယ်ချင်းတွေ အကုန်စုံတယ်လို့ ပြောရမယ်။ ကျွန်တော် ရယ်၊ ဘူ ကြီးရယ်၊ ဂျစ်တူးရယ်၊ အေးခန့်ရယ်၊ ပြီးတော့ ဒီနေ့ ကျွန်တော် တို့စားသမျှကို ဒကာခံမယ့် ဘော်ဘီ ရယ် အကုန်အစုံပဲ။ နေရာက ကျွန်တော် တို့ လမ်းထိပ်က ငွေစံ ပယ်စားသောက်ဆိုင်မှာ ပါ။

ဘော်ဘီက တက္ကသိုလ် ဒုတိယနှစ် မှာ ပဲ သင်္ဘောလိုက်သွားတယ်။ အဲဒါအခုမှ ပြန်လာလို့ ကျွန်တော် တို့ကို လိုက်ပြုစုတာ။ သင်္ဘောသားတို့ ထုံးစံအတိုင်း နိုင်ငံခြား ဖြစ် အရက်အကောင်းစား တစ်လုံး ပါလာတယ်။

ပြီးတော့ခင်မင်ရာ သူငယ်ချင်းတွေ စုပြီး စားသောက်ကြတာ။ အေးခန့်နဲ့ ကတော့ ကျောင်းပြီး ကတည်းက မတွေ့ တော့တာ။ အခုမှ ဘော့်ဘီ့ကောင်းမှု အကြောင်းပြုပြီး ပြန်ဆုံကြတာ။

ကျောင်းပြီတယ်ဆိုလိုလည်း သိပ်အကြာကြီး မထင်လိုက်ပါနဲ့။ ကျွန်တော် တို့ နောက်ဆုံး ဖိုင်နယ်ရီးယားကို ဖြေပြီးတာ မကြာသေးပါဘူး။ အခုတော့ ဘွဲ့ယူဖို့ စောင့်နေကြတာပေါ့လေ။

“ကဲလာ First cup ကို ကမ်းပေ့လေး ချလိုက်ရအောင်”

ဘော်ဘီက ခွက်ကိုမြှောက်ပြီး ကျွန်တော် တို့ကို ခေါ်လိုက်တယ်။ ကျွန်တော် တို့ကလည်း ကိုယ့်ရှေ့မှာ ရှိတဲ့ ခွက်တွေ ကိုင်ပြီး ဘော်ဘီ့ခွက်နဲ့ တိုက်လိုက်တယ်။

ပြီးတော့ အားလုံးအတွက် ဆုတောင်းလိုက်ကြတယ်။

“ကျန်းမာ သက်ရှည်.. ထီပေါက်”

“အိုကေ ချိးယာ့”

“ချီးယာ့”

ကျွန်တော် က အသက်ကိုအောင့်ပြီး အရက်ခွက်ကို တရှိန်ထိုးမော့ချပစ်လိုက်တယ်။ အရက် က ကျွန်တော့်လည်ချောင်းထဲကို ဖြတ်တိုက်ပွတ်ရှပြီး အစာအိမ်ထဲကို ခုန်ချသွားတယ်။

“အားလားလား ပူလိုက်တာကွာ မသောက်တာ ကြာလို့လား မသိဘူး”

“မင်းက ရေမှ မရောတာ”

“ရောမလို့ပဲကွ မင်းက ချီးယာ့ခေါ်တာနဲ့ မေ့သွားတာ”

အေးခန့်က ရေတစ်ခွက်ထည့်ပြီး ကျွန်တော် တော့ရှေ့ ထိုးပေမယ်။ ကျွန်တော် က ရေခွက် ယူပြီး မော့ချလိုက်တော့ မီးကို ရေနဲ့သတ်လိုက်သလို ရင်ဘတ်ထဲမှာ ရှဲခနဲ ဖြစ်သွားတယ်။ ပြီးတော့ ငါးရှဥ့်ခြောက်စပ်တစ်ဖတ်ကို ပါးစပ်ထဲ ပစ်ထည့်လိုက်တော့မှ လူက ပုံမှန်ပြန် ဖြစ်သွားတယ်။

“လွမ်းတယ်ကွာ သတိရတယ် ဘယ်ကြည့်ကြည့် ပင်လယ်ကြီးပဲ မြင်နေရတဲ့ဘ၀မှာ အိမ်ကို အရမ်းသတိရတာ ပဲကွ”

“မင်း ဒီတစ်ခေါက် ဘယ်လောက်ကြာသွားလဲ”

“ ငါက ဒီခေါက်ပဲ ပဲ တက်ရသေးတာလေကွာ တစ်နှစ် လောက်ကြာသွားတယ်”

“ဟုတ်သားပဲ မင်းထွက်သွားတာ ဆက်ကင်းရီးယားနော်”

ဘူကြီးအမေးကို ဘော်ဘီက ခေါင်းညိတ်ပြတယ် ပြီးတော့ ဒုတိယတစ်ခွက် ထပ်ငှဲ့ဖို့လုပ် တယ်။ ဘူကြီးက…

“ကစ်လှချည်းလာကွ တစ်ခွက်နဲ့တစ်ခွက် မနီးလွန်းဘူးလား”

ဘော်ဘီက အေးအေးဆေးဆေးပဲ အရက်ခွက် ငှဲ့ပြီးတော့ ရေခဲနှစ် တုံးလောက် ထပ်ထည့် လိုက်တယ်။ ပြီးတော့ ဆော်ဒါနည်းနည်း ရောပြီး။

“သဘောင်္သား တစ်ယောက် ရဲ့ ဘ၀မှာ အဖော်ပြုစရာဆိုလို့ အရက်နဲ့ ဆေးလိပ်ပဲ ရှိတာ လေ သူငယ်ချင်းရ။ မင်းတို့အနေနဲ့ကြည့်ရင်တော့ငါက များ ချင်များ နေမှာ ပေါ့ ငါ့ဘာသာငါ တော့ အတော် ပဲ။ မင်းတို့လည်း မင်းတို့လစ်မစ်နဲ့ မင်းတို့ ကြိုက်သလိုသာ လုပ်ကြပေတော့”

ပြောပြီး ဘော်ဘီက တစ်ချက်ငုံလိုက်တယ်။ ပြီးတော့ အာလူးကြော်လေးကို အချဉ်ရည် လေးနဲ့ ခပ်ရွရွတစ်ချက် တို့ပြီး လျှာဖျားလေးပေါ် တင်လိုက်တယ်။

ဒီကောင့်ပုံစံကိုကြည့်ပြီး ဆားဗစ်တော် တော် ရှိနေပြီဆိုတာ ကျွန်တော် ခန့်မှန်းမိတယ်။ ကျွန်တော် တို့ ကတော့ အရက်ကိုကြုံမှ သောက်တဲ့သူတွေ ။ အခုလို ပွဲမျိုးရှိမှ ဘာရယ်မဟုတ် အပျော်သဘော ဆော်ကြတဲ့သူတွေ ၊ ကျောင်းသားဘ၀တုန်းကလည်း ဒီလိုပါပဲ။ ဟေးလား ၀ါး လား လုပ်တဲ့ သဘောမျိုးလောက်သာ သောက်ခဲ့ဖူးကြတာ။

“ ဟေ့ကောင်တွေ ချလေကွာ ဘာကြည့်နေတာလဲ”

“ဘာမှ မဟုတ်ပါဘူး။ မင်းကိုကြည့်နေတာ”

“ငါက ဘာ ဖြစ်နေလို့လဲကွ”

“မင်းပုံစံက တကယ့်ဝါရင့်သင်္ဘောသားကြီး အရက်သောက်နေတာကျနေတာပဲ”

ဘော်ဘီက ကျွန်တော့်စကားကြောင့် တဟားဟား ထရယ်တယ်၊ ပြီးတော့…

“မင်းပြောမှ ..သင်္ဘေားသားတိုင်း အရက်သမား ဖြစ်ကုန်ကြပြီ။ သင်္ဘောသားတိုင်းတော့ ဒီလိုမဟုတ်ပါဘူးကွ တချို့သင်္ဘောသားတွေ ဆို အရက်ကို သောက်ဖို့မပြောနဲ့ အနံ့တောင် ခံလို့ ရတာ မဟုတ်ဘူး”

“ဒါပေမယ့် တော် တော် များများ တော့ သောက်တတ်ကြတယ်မလား”

“ဒါ ကတော့ အခြေအနေရပေါ့ကွာ”

အေးခန့်က အရက်ခွက်တွေ ယူပြီး ငှဲ့ထည့်တယ်။ပြီးတော့ သက်ဆိုင်ရာခွက်တွေ ကို သက်ဆိုင်ရာ လူတွေ ရှေ့ပို့တယ်။ ဘူကြီးက အအေးရောတယ်။ ဂျစ်တူးက ဆော်ဒါထည့်တယ်။ ကျွန်တော် ကတော့ဘာရောရော အရက်က မူးတယ်ဆိုတာ သိနေတော့ အလွယ်တကူ ရေပဲ ရောလိုက်တယ်။

ဒီလိုနဲ့ အရက်ခွက်ရေ ပိုများ လာလေလေ ၀ိုင်းက စည်လာလေလေ ဖြစ်လာတယ်။ ၀မ်းလီ တာတစ်လုံး ကုန်သွားလို့ နောက်တစ်လုံးထပ်ဖောက်ကြတယ်။ ဘယ်သူမှ မလုပ်ပါနဲ့လို့ မတားကြ တော့ဘူး။ အားလုံး ၀ဲလ်ကမ်းပဲ၊ အရက်တို့ရဲ့ ထုံးစံအတိုင်း မသောက်ခင်သာ ပထမတစ်ခွက် နှစ် ခွက်လောက်ကို တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေကြတာ။ လစ်မစ်ကလေးများ ရလာပြီဆိုရင် လာထားပဲ။ သိတယ်မလား အရက်တန်ခိုး အရက်တန်ခိုး။

“တစ်ခါတော့ ချစ်ခဲ့မယ်လို့ ငါထင်တယ်ကွ”

“ငါ ကတော့ အဲဒီ လိုမထင်ဘူး မင်းကို ချစ်ကို မချစ်ခဲ့တာ”

ဘော်ဘီနဲ့ အေးခန့် စကားပြောနေကြတာပါ။ အရက်အရှိန်လေးနဲ့ ကိုယ်သန်ရာသန်ရာ ပြောနေကြတဲ့ဝိုင်းမှာ သူတို့စကားသံကို ပထမဆုံး သတိထားမိတာပါ။ အမှန်ပြောရရင် ကျွန်တော် လည်း တော် တော် မူးနေပါပြီ။ ကျန်တဲ့ကောင်တွေ လည်း ထိုနည်းလည်းကောင်းပဲ။

ဘူကြီးနဲ့ ဂျစ်တူးက ဂျနီဖာလိုပက်နဲ့ အင်ဂျလီနာဂျိုလီကို ဘယ်သူပိုချောလဲ ငြင်းခုန်နေကြ တယ်။

“ဘယ်သူမှ မချောဘူး။ အားလုံးကို ထဘီတိုတိုဝတ်ပြီး သနပ်ခါး ဘဲကြားနဲ့ လယ်ထဲဆင်း ခိုင်းကြည့်ပါလား၊ မြန်မာနိုင်ငံက ကောက်စိုက်သမတွေ ကမှ သူတို့ထက် ချောဦးမယ်”

ကျွန်တော် ဒီကောင်တွေ ကိုကြည့်ပြီး စိတ်ပေါက်ပေါက်နဲ့ ၀င်ပြောပစ်လိုက်တယ်။ အဲဒီ အချိန်မှာ ပဲ ဟိုနှစ် ကောင် ငြင်းတာခုန်တွေ ရပ်ပြီး ကျွန်တော့် ကို လှည့်ကြည့်တယ်။

ဝိုင်းက ခဏတိတ်ဆိတ်သွားသလို ဖြစ်သွားတော့ အေးခန့်နဲ့ ဘော်ဘီရဲ့ စကားသံတွေ ထွက်လာကြတာပါ။ ဘာတွေ ပြောနေမှန်းတော့ ကျွန်တော် တို့လည်း မသိဘူး။ တစ်ခုခုကိုတော့ အလေးအနက်ထားပြီး ပြောနေပုံတော့ ရတယ်။

ဘော်ဘီက…

“မင်းအဲဒီ တော့ အပြတ်မပြောနဲ့ အေးခန့်၊ သူ့ရင်မှာ ငါ့အတွက် တစ်ချက်ကလေးတောင် မလှုပ်ရှားခဲ့ရဘူးဆိုတာတော့ ငါ မယုံဘူးကွာ သူက ဘာသားနဲ့ ထုထားလို့လဲ”

“ကျွတ် ဘော်ဘီရော မင်းကိုယ်မင်း သိပ်ထင်မနေပါနဲ့ သူဘာမှ မ ဖြစ်ဘူး အေးအေးဆေး ဆေးပဲ။ မင်းသင်္ဘောလိုက်သွားလည်း သူသိတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး ပဲ မင်း မြန်မာ ပြည်မှာ မရှိတော့လို့ ပိုတောင် ပျော်နေသလား မသိဘူး”

ဘော်ဘီက နှုတ်ခမ်းတစ်ချက်မဲ့ပြီး အရက်ခွက်ကို တစ်ချက်တည်း ဂွပ်ခနဲ သောက်ချလိုက် တယ်။ ပြီးတော့ နှုတ်ခမ်းထောင့်မှ စီးကျလာတဲ့ အရည်တွေ ကို လက်ခုံနဲ့ တစ်ချက် သုတ်လိုက် တယ်။

ပြီးတော့ ရုပ်ရှင်တွေ ထဲက အသည်းကွဲလူကြမ်းမင်းသား အိုက်တင်အတိုင်း အရက်ခိုးဝေ နေတဲ့ မျက်လုံးတွေ နဲ့ နံရံကြီးကို စိုက်ကြည့်ပြီး..

“ရက်စက်တယ် မင်းရက်စက်တယ် မခိုင်၊ တော် တော် ရက်စက်တဲ့ အသည်းနှလုံးမရှိတဲ့ မိန်းမကြီးပဲ”

“ဟုတ်တယ် အဲဒါကြောင့် မင်းဘ၀မှာ ခိုင်ဇာကြီးဆိုတဲ့ မိန်းမကို မေ့ပစ်လိုက်ဖို့သင့်ပြီ”

သူတို့ပြောနေတဲ့ စကားအသွားအလာကိုကြည့်ပြီး ကျွန်တော် သဘောပေါက်သလိုလို ဖြစ်သွားတယ်။ ကျွန်တော့်အတိုင်းပဲ ဘူကြီးနဲ့ ဂျစ်တူးလည်း သဘောပေါက်သွားပြီး တစ်ယောက် တစ်ပြန်လက်ကုတ်လိုက်ကြတယ်။

ဝင်မပါနဲ့။ အသာနေဆိုတဲ့သဘော။ အစကတည်းက ၀င်ပါဖို့ အစီအစဉ်မရှိလို့ သူ့အရှိန်နဲ့ သူ လွှတ်ထားလိုက်ပါတယ်။

“တောက် ဒီမိန်းမ ..ဒီမိန်းမ။ ဘော်ဘီဆိုတဲ့ ငါလိုကောင်ကို ဘယ်လိုစိတ်ထား ထားတာလဲ ဘယ်လိုစိတ်မျိုး ထားထားတာလဲ”

“ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မထင်တာကွ”

အေးခန့်ကလည်း သူ့အတွက်ဝင်တုန်း တွယ်တယ်၊ ဘော်ဘီက အေခန့်ကိုကြည့်ပြီး..

“ဒါဆို ငါက ငါးပိဖုတ်ပေါ့ ဟုတ်လား။ ငါက . .ငါက ငါးပိဖုတ်မဟုတ်ဘူးကွ၊ သင်္ဘော သား.. သင်္ဘောသားကွ နားလည်လား။ တစ်နေ့ သင်္ဘောကြီး တစ်စင်းလုံးကို မောင်းမယ့် ကပ္ပတိန် ဖြစ် လာမယ့်ကောင်”

“မင်းဘာသာမင်း ဘာကြီးပဲ ဖြစ်လာ ဖြစ်လာ သူ့ရင်ထဲမှာ တော့ မင်းကို လုံးဝပဲ”

ဘော်ဘီဘိုင်ကျသွားတယ်။ မျက်နှာလည်း တော် တော် ညှိုးကျသွားတယ်။ ဘယ်ခွေးမကမှ စိတ်မ၀င်းစားတဲ့ တော် သလင်းခွေးထီးတစ်ကောင်လို ဘော်ဘီ့မျက်နှာက ယူကြုံးမရ ဖြစ်သွား တာ။

“ဒီလောက်တောင်ပဲလားကွာ”

“အဲဒီ ထက်တောင် ပိုဆိုးသေးတယ် ဘော်ဘီ၊ အခုတောင် ဆရာဝန် တစ်ယောက် နဲ့ လက် ထပ်တော့မလိုလို ကြားနေတယ်။ မင်းဘက်က သူ့ကို မေ့လိုက်သင့်ပါပြီကွာ”

ဘော်ဘီ အရက်ထပ်မထည့်ရသေးဘဲ ခွက်လွတ်ကြီးကို ကြည့်ပြီမျက်ရည်လေးတွေ ၀ိုင်း သွားတယ်။ ချစ်မြတ်နိုးရသူ တစ်ယောက် လင်ယူတော့မယ်ဆိုတဲ့ အသိက နှလုံးသားကို အဆ မတန် ၀င်ဆောင့်လိုက်ပုံရတယ်။

အမှန်တော့ ဒီကောင်ကသာ တစ်ဖက်သတ် ဖြစ်နေတာပါ။ ခိုင်ဇာကြီးဆိုတဲ့ မိန်းမက ဒီကောင့်ကို ရှိတယ်လို့တောင် ထင်ခဲ့တာမဟုတ်ဘူး။

ခိုင်ဇာကြီးဆိုတာ ကျွန်တော် တို့ တက္ကသိုလ်တက်တုန်းက ဘော်ဘီနဲ့တွေ့ ခဲ့တဲ့ မိန်းမတစ် ယောက် ပါ။ ခိုင်ဇာကြီးက ကျွန်တော် တို့ထက် တစ်နှစ် ကြီးတယ်။ ကျွန်တော် တို့ ပထမနှစ် စတက် ကတည်းက ဘော်ဘီနဲ့ ခိုင်ဇာကြီး တွေ့ ခဲ့ကြတာ။ ခိုင်ဇာကြီးက ဒုတိယနှစ် ပေါ့။

ဘော်ဘီက ခိုင်ဇာကြီးကို ဘယ်ဘ၀ ရေစက်ကြောင့် လည်း မသိဘူး။ တွေ့ တွေ့ ချင်းက တည်းက အသည်းအသန်ကြိုက်တာ။

ခိုင်ဇာကြီးကလည်း ဘော်ဘီ့အပေါ်ကို ဘယ်ဘ၀ ရေစက် ကြောင့်လည်း မသိဘူး တွေ့ တွေ့ ချင်းကတည်းက ကြည့်မရအောင် ပစ်ပစ်ခါခါကို ဖြစ်နေတာ။

ဒီလိုနဲ့ ဒုတိယနှစ် ရောက်လာတယ်။ ခိုင်ဇာကြီးကလည်းဖိုင်နယ်ရီးယား ရောက်လာတယ်။ အဲဒါနဲ့ ဘော်ဘီ့ကို သူငယ်ချင်းတွေ ၀ိုင်းမြှောက်ပေးတော့ ဘော်ဘီက ခိုင်ဇာကြီးကို အကြပ်ကိုင် တယ်။

ဘယ်လိုကိုင်သလဲဆိုရင် ဒီတစ်ခါမှ သူ့ကိုချစ်တယ်လို့ မပြောရင် သူ့မျက်နှာကို မမြင်ရ တော့ဘူးဆိုပြီး အကြပ်သွားကိုင်တာ။

သူလည်း အဲသလိုပြောလိုက်ရော ခိုင်ဇာကြီးမျက်နှာက တော် တော် ပျော်သွားတယ်လို့ ပြောတယ်။ ပြီးတော့ တကယ်လားဆိုပြီး အားရ၀မ်းသာကြီးနဲ့ မေးတယ်တဲ့။

သူက “တကယ်လို့” ပြောလိုက်တော့ ဒီတစ်သက်တင်မဟုတ်ဘူး။ နောင်တစ်သက်တောင် မချစ်နိုင်ဘူးလို့ ပျော်ပျော်ရွှင်ရွှင်ကြီး ငြင်းပစ်လိုကတယ်လို့ ပြောတယ်။

ဒါတွေ အားလုံး ဘော်ဘီပြန်ပြောလို့ ကျွန်တော် တို့သိတာပါ။ အဲဒီ ဇာတ်လမ်းတွေ လည်း ပြီး ရော ဘော်ဘီ တစ်ယောက် သင်္ဘောလိုက်သွားတော့တာပဲ။ ကုန်းပေါ်မှာ အ ဖြစ်မရှိတဲ့ သူ့ဘ၀ကို ရေထဲမှာ ပဲ ရေစုန်မျောပစ်လိုက်တဲ့ သဘောပေါ့။

တက္ကသိုလ်နယ်မြေရဲ့ ရင်နင့်ဖွယ်ဇာတ်လမ်းလေးတစ်ခုပေါ့။ ဒါပေမယ့် အခုထိ ဘော်ဘီ က ခိုင်ဇာကြီးကို မမေ့နိုင်သေးဘူး။ ဒီလိုမျိုးတွေ အကြောင်းတိုက်ဆိုင်ရင် ဒဏ်ရာဟောင်းက ပေါ်လာစမြဲပါ။

“ငါ မုန်းတယ်.. မုန်းတယ် မုန်းတယ်”

“အေး မုန်း မုန်း မုန်းကွာ။ အဲဒီ လို မုန်းပစ်လိုက်

ဘော်ဘီက ခါးကြီးကုန်းပြီးအားရပါးရကြီး အော်တယ်။ အေးခန့်ကလည်း အားရပါးရကြီး ဟာမိုနီလိုက်တယ်။ ထပ်ဖောက်ထားတဲ့ နောက်တစ်လုံးလည်း ကုန်သွားပြီ ဖြစ်တယ်။

အားလုံးလည်း လစ်မစ်တွေ နှစ် ပြန်လောက်ကျော်ပြီး ချာလပတ်တွေ တောင် လည်နေ ကြပြီ။

ပြန်မှသင်မယ်လို့ ဆုံးဖြတ်ပြီး ပိုက်ဆံရှင်းလိုက်တယ်။ ပိုက်ဆံရှင်းပြီးတော့ ဘော်ဘီနဲ့ အေးခန့်က လမ်းကြောင်းတစ်ခုတည်းမို့ ကားငှားပြီး ပြန်သွားကြတယ်။

ကျွန်တော် နဲ့ ဟိုနှစ် ကောင် ကတော့ တစ်ယောက် ပခုံး တစ်ယောက် ဖတ်ပြီး တစ်ယောက် ခန္ဓာကိုယ် တစ်ယောက် မှီကာ အိမ်ပြန်လာခဲ့လိုက်ပါတော့တယ်။

ဒီလိုနဲ့ လမ်းထဲဝင်လာတော့ လမ်းဘေးအုတ်ခံလေးတစ်ခုမှာ ထိုင်နေတဲ့လူငယ်တစ်ဖွဲ့ကို သွားတွေ့ တယ်။ သေချာကြည့်လိုက်တော့ ရပ်ကွက်ထဲက လူငယ်လေးတွေ ဂစ်တာထိုင်တီးနေ တာ တွေ့ ရတယ်။

ကျွန်တော် တို့လည်း ထိုအဖွဲ့နဲ့သွားထိုင်ပြီး သီချင်းတွေ အော်ဆိုပစ်လိုက်တယ်။ ဘာတွေ ဆိုလို့ ဆိုမိမှန်းတောင် မမှတ်မိတော့ပါဘူး။

ဒါပေမဲ့ ရင်ထဲမှာ တော့ ပေါ့ပါးသွားသလိုရှိသား။ အမူးလည်း နည်းနည်း ပြေသွားသလိုပဲ။

* * * * *


အခန်း (၄)

မနက်

နိုးကတည်းက ခေါင်းတွေ ကိုက်နေတာ ထလို့တောင်မရ ဘူး။ တစ် ကိုယ်လုံးလည်း ချွေးစီးတွေ ပြန်ပြီး ခန္ဓာကိုယ်အတွင်းထဲမှာ က ချမ်းစိမ့် စိမ့် ဖြစ်နေတယ်။ ဒီလိုခံစားချက်တွေ ဖြစ်ပြီဆို ကတည်းက အရက်နာ ကျပြီဆိုတာ ကျွန်တော် သိလိုက်တယ်။

ကျွန်တော် အိပ်ရာပေါ်က ကုန်းရုန်းထလိုက်တယ်။ ပြီးတော့ ရေခဲသေတ္တာဆီကို အားယူပြီ လှမ်းသွားလိုက်တယ်။ နောက်တော့ အေးစက်နေတဲ့ ရေတစ်ဗူးထုတ်ပြီး အားရပါးရ မော့သောက် ပစ်လိုက်တယ်။

အေးစက်နေတဲ့ ရေရဲ့ အထိအတွေ့ ကြောင့် စိတ်ထဲမှာ ကြည်လင်သွားသလိုရှိပေမယ့် ခန္ဓာ ကိုယ်က ပိုပြီးချမ်းလာသလို ခံစားလိုက်ရတယ်။ မ ဖြစ်ချေသေးဘူး။ ဘာလုပ်ရင်ကောင်းမလဲ စဉ်း စားလိုက်တော့ ဘလက်ကော်ဖီတစ်ခွက်ကို သံရာသီးစိတ်ကလေး ညှစ်ပြီးသောက်လိုက်ရရင် ကောင်းမှာ ပဲလို့ တွေးလိုက်မိပြီး လိမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုသွားဖို့ စဉ်းစားလိုက်တယ်။

အဲဒါနဲ့ သွားတိုက်မျက်နှာသစ်ပြီး လမ်းထိပ်က ကိုခင်ဇော်တို့ ဆိုင်ကို ထွက်လာလိုက်တယ်။ ဆိုင်ရောက်တော့ ဟိုနှစ် ယောက် ကတောင် ကျွန်တော့်ထက်စောပြီး ကြိုရောက်နေကြသေးတယ်။ နှစ် ကောင်စလုံးလည်း မျက်နှာတွေ ရှုံ့မဲ့လို့။ ကျွန်တော့်လိုပဲ မနေ့ညက ဒဏ်တွေ ခံနေရပြီဆိုတာ သိလိုက်တယ်။ ဘူကြီးက ကျွန်တော့်ကိုတွေ့ တော့…

“မခံနိုင်တော့ဘူးကွာ မခံနိုင်တော့လို့ ထွက်လာတာ”

“ငါလည်း ခေါင်းတွေ ကိုက်တာ သေတော့မယ်ကွ ရင်ထဲမှာ လည်း တုန်ပြီး ချမ်းနေတယ်”

“အရက်ဆိုတာ အဲဒါပဲကွ သောက်တုန်း ကတော့ ဘာမှမ ဖြစ်ဘူး နောက်နေ့လည်း ရောက် ရော နောင်တရနေတတ်တယ်”

ကိုခင်ဇော်က ၀င်ပြောလိုက်တာပါ။ သူက ဟိုနှစ် ကောင် မှာ ထားတဲ့ ဘလက်ကော်ဖီတွေ လာချပေးရင်း ပြောလိုက်တာ။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး..

“မင်းလည်း ဘလက်ပဲမလား”

“ဒါပဲပေါ့ဗျာ”

ကိုခင်ဇော် ပြန်ထွက်သွားတယ်။ ဂျစ်တူးက သံပရာသီးတစ်စိတ်ကိုညှစ်ပြီး ဘလက်ကော်ဖီ ကို အူကြောင်ကြောင်နဲ့ ထိုင်ကြည့်နေတယ်။ ကျွန်တော် က ဂျစ်တူးကို ကြည့်ပြီး…

“ဟေ့ကောင် သောက်လေ ဘာကြည့်နေတာလဲ”

ဒီကောင် ကျွန်တော့်ကို မော့ကြည့်ပြီး ခေါင်းခါပြတယ်။ ပြီးတော့ ..

“ငါက ဘလက်မကြိုက်ဘူးကွ ဒီကောင်က အဲဒါသောက်မှ ရတယ်ဆိုလို့”

“ဟုတ်တယ်လေ ဒီအချိန်မှာ အကောင်းဆုံးက ဘလက်ကော်ဖီပဲ ဘာလဲ မင်းက ဒါမ သောက်ဘဲ ဘာသောက်ချင်လို့လဲ”

ဂျစ်တူးက ဘာမှမပြောဘဲ ခွက်ကိုယူပြီး တစ်ငုံ ငုတယ်။ ပြီးတော့ မျက်နှာကြီး ရှုံ့မဲ့သွား ပြီး..

“ခါးချဉ်ချဉ်ကြီးကွာ အဲဒါကို မကြိုက်တာ”

အဲဒီ အချိန်မှာ ကိုခင်ဇော်ရောက်လာတယ်။ ကျွန်တော့်အတွက် ဘလက်ကော်ဖီ ချပေးပြီး..

“မကြိုက်လည်း သောက်ငါ့ညီ။ ဒါမှမသောက်ချင်ရင်တော့ ဖြေလို့ရတဲ့နည်း တစ်နည်းပဲရှိ တယ်။ အဲဒါက အမြန်ဆုံးပဲ”

“ဘာလဲ”

“နှစ် ပက်လောက် သွားကစ်လိုက် မိနစ်ပိုင်းအတွင်း ပုံမှန်ပြန် ဖြစ်သွားမယ်”

“တော် ပါဗျာ အရက်ဆို စာလုံးပေါင်းတောင် မကြည့်ချင်တော့ဘူး”

“ဒါဆို အဲဒါပဲသောက်”

ဂျစ်တူးက ခွက်ကို ကောက်ကိုင်လိုက်တယ်။ ပြီးတော့ ရှုံ့ရှုံ့မဲ့မဲ့နဲ့ ကော်ဖီကို မှု တ်သောက် နေလိုက်တယ်။ ကျွန်တော် လည်း ကော်ဖီထဲသံပရာသီးလေးညှစ်ပြီး ဇိမ်နဲ့ဆွဲဖို့အလုပ်…

“သူပဲ အန်တီလေး . သူ သူ”

“ဘယ်မှာ လဲ သြော် အေး ဒီမှာ သူငယ် မင်း ဒီလိုလုပ်ဖို့တော့ မကောင်းပါဘူး။ မင်းတို့က အဲလိုလုပ်တော့ ငါတို့ကလည်း အခုပဲ မင်းတို့ဆိုင်ကို သွားပြီး ပြောမလို့ ထွက်လာတာ”

“ဗျာ”

“မဗျာနဲ့လေ မင်းတို့ အဲဒီ လို လူလည်ကျတာတော့ ဘယ်ကောင်းပါ့မလဲ”

ကျွန်တော့်နောက်ကို မိန်းမကြီး တစ်ယောက် နဲ့ ကောင်မလေး တစ်ယောက် ရောက်လာတာ ပါ။ ရုတ်တရက်ဆိုတော့ ကျွန်တော် လည်း တော် တော် လေးကို ကြောင်သွားတာ။

ကောင်မလေးကိုတစ်လှည့် မိန်းမကြီးတစ်လှည့် ကြည့်လိုက်တယ်။ ပြီးတော့ မိန်းမကြီး လက်ထဲမှာ ကိုင်ထားတဲ့ အရာကိုမြင်လိုက်တော့ ကျွန်တော့်ရင်မှာ ဒိန်းခနဲ ဖြစ်သွားတယ်။ မိန်းမ ကြီးလက်ထဲမှာ က “ကြေးစည်ကြီး”

မိန်းမကြီးက ကြေးစည်ကြီးကို မြှောက်ပြပြီး..

“ဒီလို အဟောင်းမျိုးကို လိုချင်မှဖြင့် ငါတို့အိမ်မှာ ရှိတဲ့ ကြေးစည်ကိုပဲ သုံးတော့မှာ ပေါ့ ဘာ ဖြစ်လို့ အသစ်ထပ်ဝယ်ရမှာ လည်းကွဲ့။ ငါ့တူမက မသိလို့ ယူထားလိုက်တာ။ မင်းတို့ ကြေး စည်က အဟောင်းကြီးဆိုတာ ငါတို့က လူကြီးတွေ ဆိုတော့ မြင်ကတည်းက သိတယ်”

ကျွန်တော် ဟိုနှစ် ကောင်ကို အကဲခတ်သလိုကြည့်လိုက်တယ်။ ဟိုနှစ် ကောင်လည်း ပါးစပ် ကလေးတွေ ဟပြီး မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ဖြစ်နေကြတယ်။

“ပြောလေ ဒါဘယ်လိုလုပ်ပေးမှာ လဲ။ ဒါဘယ်လိုလုပ်မှာ လဲပြော”

“မ မ မသိဘူးဗျ”

“ဘာ.. ဘယ်လိုပြောလိုက်တယ် မသိဘူး ဟုတ်လား။ အေး မင်းတို့မသိရင်လည်း သိတဲ့လူဆီ ငါတို့က သွားရမှာ ပေါ့ အခုပဲ မင်းတို့ဆိုင်ကိုသွားပြီး ဒီကိစ္စ သွားပြောမယ်”

မိန်းကြီးက ထိုသို့ပြောပြီး ဆိုင်ထဲက ထွက်ချသွားတယ်။ ကောင်မလေးကလည်း ကျွန်တော် တို့ကို မျက်စောင်းထိုးပြီး သူ့အဒေါ်နောက်က လိုက်သွားတယ်။ ကျွန်တော် ကြောင်ငေးပြီး ကြည့်နေစဉ်မှာ ပဲ။

“၀င်းခန့် ၀င်းခန့် ဘယ်လိုလုပ်မလဲ ပြဿနာတော့ တက်ပြီ”

“ငါလည်း ဘယ်သိမလဲကွ”

“ဟေ့ကောင်မသိလို့ မရဘူးလေကွာ မြန်မြန်လိုက်ရမှာ ပေါ့။ ကြည့်ရတာ သူတို့က ကြေးစည် တစ်လုံး အသစ်မှာ ထားပုံရတယ်ကွ။ အဲဒါကြောင့် ဟိုနေ့က မင်းလက်ထဲက ကြေးစည် ကို သူတို့မှာ ထားတဲ့ ကြေးစည်လာပို့တယ်ထင်ပြီး ယူထားလိုက်တာ ဖြစ်မယ်”

“အဲဒါဆို ဘယ်လိုလုပ်ကြမလဲကွာ ဘယ်လိုလုပ်ကြမလဲ”

ဘူကြီးက ထအော်တယ်။ သူက အားလုံးထဲမှာ အတုန်လှုပ်ဆုံးပဲ။ ဒီကြေးစည်ကြီးက လည်း သူ့အိမ်ကဟာကြီး ဖြစ်နေတော့ ပြဿနာ ဖြစ်ရင် သူသေပြီပဲ။

ကျွန်တော် တို့ ခဏလောက် ငေါင်နေပြီးမှ သုံးယောက် လုံး ပြိုင်တူထရပ်လိုက်တယ်။ ဒီတူ အရီနှစ် ယောက် နောက်ကို အမြန်ဆုံးလိုက်မှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်လို့ပါ။

“ကိုခင်ဇော် ပြန်လာမှ ရှင်းမယ်ဗျာ။ ဒီမှာ ကွိုင်တွ တက်ကုန်ပြီ။ ကျွန်တော် တို့ လစ်လိုက်ဦး မယ်”

ကိုခင်ဇော်က လက်ဖက်ရည်ဖျော်နေရင်း “သွား သွား” ဆိုပြီး လှမ်းအော်တယ်။ ကျွန်တော် တို့ကလည်း ဇောင်းကလွှတ်တဲ့ မြင်းတွေ လို လက်ဖက်ရည်ဆိုင်ထဲက ပြေးထွက်လာခဲ့လိုက်တော့ တယ်။

* * * * *


ခေါင်း

ကလည်းကိုက်၊ အရက်နာကလည်း ကျနေရတဲ့ကြားထဲ ဒီတူအရီးနှစ် ယောက် နောက်ကို ပြေးလိုက်ရတာ ချွေးတွေ တောင် ဒီးဒီးကျတယ်။ သူတို့ကို မှီသွာတော့ ဘယ်သူမှ စကားမပြောနိုင်သေးဘူး။ လူတွေ က အသက်ကို လုရှူရင်း အမောအရင်ဖြေရသေးတယ်။ ပြီးတော့မှ..

“အန်တီကြီးရယ်.. ညီမကြီးရယ်… ဟုတ်ပါဘူး။ ညီမလေးရယ်.. ခဏ ဟူး ခဏနေပါ ဦးဗျာ”

“ဘာလဲ နင်တို့နဲ့ ငါ ပြောစရာမရှိတော့ဘူး”

“ ရှိ ရှိပါတယ်ဗျာ ခဏ..ခဏလေးပါ”

“ရှိတယ်ဆိုရင်လည်း ဆိုင်ကိုလိုက်ခဲ့။ ဆိုင်ရောက်မှ နင်တို့ ပိုင်ရှင်တွေ နဲ့ စကားပြောမယ်”

“အဲဒီ လိုမလုပ်ပါနဲ့ဗျာ။ ကျွန်တော် တို့ကလည်း ဘယ်ဆိုင်ကမှ မဟုတ်ပါဘူး။ ဒီကြေးစည်က ကျွန်တော် တို့ဟာပါ ဆိုင်က ပစ္စည်းမဟုတ်ပါဘူး”

“ဘယ်လို… ဒါ နင်တို့ပစ္စည်း ဟုတ်လား”

“ဟုတ် ဟုတ်ပါတယ် ကျွန်တော် တို့ဟာပါ။ အဲဒီ နေ့က ဒီကညီမလေးက …”

“သြော် ဒါ ဆို နင်တို့က ဒီပစ္စည်းကို ငါတို့ဆီ လာရောင်းတာပေါ့ ဟုတ်လား”

ဇာတ်လမ်းက နည်းနည်း ရှုပ်သွားတယ်။ ဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး။ ကြေးစည်ကို လာရောင်းတာမဟုတ်ပါဘူးလို့ ပြောရင်လည်း ဘာ ဖြစ်လို့ လာပေးတာလဲဆိုရင် ဖြေရ ခက်ပြန်ပြီ။

အဲဒီ အချိန်မှာ ပဲ အဲဒီ ပြဿနာကို ထပ်ရှုပ်မယ့် လူ တစ်ယောက် ရောက်လာပါတယ်။ သူလုပ်မှ အားလုံးပါးပါးတွေ မှော က်တော့တာပဲ။

“ဟယ် .. ဒေါ်စောကြည် ဒေါ်စောကြည်.. ဘာလုပ်နေတာလဲ၊ ဈေးသွားမလို့လား ..အဲ…”

ကြေးစည်ကြီးကို တွေ့ ပြီး မလွန်းတင်ကြီး စကားပြောရပ်သွားတယ်။ ပြီးတော့ မလွန်းတင် ကြီးက ကြေးစည်ကြီးကို သေသေချာချာကြည့်တယ်။ သူ့လက်ထဲမှာ နာရီပေါင်းများ စွာ နေခဲ့တဲ့ ပစ္စည်းဆိုတော့ မှန်မိသွားတယ်။

မလွန်းတင်ကြီးကို မြင်လိုက်ကတည်းက ကျွန်တော် တို့ မျက်နှာတွေ မှာ သွေးမရှိ တော့ပါဘူး။ ဘူကြီးဆို နှုတ်ခမ်းပါ ဖြူတက်လာတယ်။ ကြောက်လွန်းအားကြီးလို့ မကြီးလွန်းလို့ ခေါ်လိုက်တာတောင်မှ မကြီးဂျွန်းတွေ ဘာတွေ ဖြစ်သွားတယ်။

မလွန်းတင်ကြီးက ကြေးစည်ကြီးကို ကြည့်ပြီး..

“ဒေါ်စောကြည် ဒါ ဒါက ဘာလုပ်ဖို့လဲ”

ဒေါ်စောကြည်ဆိုတဲ့ မိန်းမကြီးက ကြေးစည်ကြီးကို တစ်လှည့် သူတို့ကို တစ်လှည့်ကြည့် ပြီး..

“ဘာလုပ်ရမှာ လဲ မလွန်းရယ်၊ ကျွန်မတို့က အိမ်အတွက် ကြေးစည်တစ်လုံး မှာ ထားတာ၊ အဲဒါ ဟိုနေ့က အိမ် လာပို့ပေးမယ်လို့ ဆိုင်ကပြောထားတယ်။ လာပို့တော့ ဒီကြေးစည်ကြီး ဖြစ်နေ တယ်လေ၊ လာပို့တာကလည်း ဒီကောင်လေး လာပို့သွားတာလေ။ အခု အဟောင်းကြီး လာပို့ရလားဆိုပြီး ဆိုင်ကိုသွားပြောမလို့လုပ်တော့ ဒီကောင်လေးတွေ က သူတို့ဟာပါ ဆိုပြီး အတင်းလိုက်တားနေတယ်။”

မလွန်းတင်ကြီးက ထိုမိန်းမကြီးကို ကြည့်ပြီး…

“ခဏ ခဏ ကျွန်မကို ခဏပြစမ်းပါ”

“အစစ်ပါ၊ တကယ့်အစစ် အစစ်၊ ဒီကြေးစည်မှ ဒီကြေးစည်အစစ်ပါပဲ ၀င်းခန့် နင်တို့ ဒါ ဘာလုပ်တာလဲ”

ကျွန်တော် လည်းစိတ်တော် တော် ညစ်သွားတယ်။ အမှန်အတိုင်းပြောရရင် ဘယ်လိုဖြေရှင်း ရမှန်းမသိဘူး ဖြစ်သွားတာပါ။ ဒါကြောင့် ဘာမှမပြန်မပြောသေးဘဲ ခေါင်းကုတ်လိုက် ဖင်ကုတ် လိုက်လုပ်နေရတယ်။

ဟုတ်တယ်လေ။ ဒီကြေးစည်နဲ့ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ကိစ္စကို ရှင်းပြလို့လည်း မရဘူး။ ရှင်းပြလိုက်ရင်လည်း အားလုံးပြဿနာတွေ တက်ကုန်တော့မှာ ။ အဲဒီ ပြဿနာကိုလည်း ကျွန်တော် ကပဲ စခဲ့တာဆိုတော့ ပြဿနာရဲ့ အစကို မီးခိုးကြွက်လျှောက်လိုက်ရင် ပေါ်သွားမှာ သေချာတယ်။ ဒါကြောင့် ကျွန်တော် ဘာပြောရမှန်းမသိ ဖြစ်သွားတာ။

ဒေါ်စောကြည်ဆိုတဲ့ မိန်းမက မလွန်းတင်ကြီးကို နားမလည်နိုင်အောင်ကြည့်ပြီး..

“မလွန်းက ဒီကြေးစည်ကို သိတယ်ဟုတ်လား”

“သိတာပေါ့ သိရုံတင်ဘယ်ကမလဲ သူတို့ကို ကျွန်မကိုယ်တိုင် ဒီကြေးစည်ကို ပေးလိုက် တာ”

“ဟင် ဘာလုပ်ဖို့”

“ဓမ္မာရုံမှာ သွားထားဖို့လေ။ ကျွန်မက ဒီကြေးစည်ကို ဓမ္မာရုံကိုလှူထားတာ”

“ဟယ်တော့ ဒါဆို ဒီကောင်တွေ ဓမ္မာရုံကပစ္စည်းကို လာရောင်းတာပေါ့ ဟုတ်လား”

“ဟာ မဟုတ်ပါဘူးဗျာ။ ဘာကိစ္စ ကျွန်တော် တို့က လာရောင်းရမှာ လဲဗျ။ ရောင်းတယ်ဆို အဲဒီ နေ့က ကျွန်တော် တို့ ပိုက်ဆံတောင်းသွားမှာ ပေါ့ ကျွန်တော် တို့ ဘာမှ တောင်းမသွားတာ”

“ဒါ ကတော့ တစ်စုံတစ်တစ်ခု အကြောင်းရှိလို့ နင်တို့ တောင်းချိန်မရဘဲ ပြန်သွားတာနေ မှာ ပေါ့ဟဲ့

“ဒီမှာ အန်တီ အန်တီ စကားကိုကြည့်ပြောပါ ဗျာ။ ကျွန်တော် တို့က ဘုရားပစ္စည်း၊တရား ပစ္စည်း ခိုးရောင်းရလောက်အောင် အောက်တန်းကျတဲ့လူတွေ မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော် တို့ ဆိုတာကလည်း ဒီရပ်ကွက်ထဲမှာ မွေးကတည်းက နေလာကြတဲ့လူတွေ မိကောင်းဖခင် သားသမီးတွေ ပါ။”

ကျွန်တော် ဒေါသနဲ့ ပြောလိုက်တဲ့လေသံကြောင့် မိန်းမကြီး ငြိမ်ကျသွားတယ်။ ပြီးတော့ မလွန်းတင်ကြီးကို ကြည့်တယ်။ ကျွန်တော် ဒေါသထွက်သွားမှန်းသိတော့ မလွန်းတင်ကြီးလည်း မျက်နှာတော် တော် ပျော့သွားတယ်။

ကျွန်တော် ကလည်း သိက္ခာတရားကို အသားလွတ်ကြီး အစော်ကားခံလိုက်ရတော့ တော် တော် ဒေါသထွက်သွားတာပါ။ ကျွန်တော့်နေရာမှာ ဘယ်သူမဆို ဒီလိုပဲ ခံစားရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်။

“ကဲ ဒါတွေ ထားလိုက်ပါတော့။ ဒေါ်စောကြည်ကိုလည်း ကျွန်မတောင်းပန်ပါတယ်။ ဒီကြေး စည်ကို ကျွန်မက ဓမ္မာရုံမှာ ထားခိုင်းလိုက်တာတော့ အမှန်ပါပဲ။ ဒီကလေးတွေ ကိုဆိုတာကလည်း ကျွန်မနဲ့ငယ်ငယ်ကတည်းက သိလာကြတဲ့သူတွေ ပါ။ သူတို့မိဘတွေ နဲ့လည်း သိပါတယ်။ ဒါပေမဲ့ ဘယ်ကဘယ်လို ဖြစ်ပြီး ဒေါ်စောကြည်တို့အိမ် ရောက်သွားလည်းဆိုတာပဲ မသိတာ”

“ကျွန်မ တူမလေးကို ပေးသွားတာတဲ့”

“ဟုတ်တယ် သူက သမီးကို ပေးသွားတာ”

ကောင်မလေးက ၀င်ပြောတယ်။

“ကျွန်တော် ခင်ဗျားကို မပေးပါဘူး။ ခင်ဗျားဟာ ခင်ဗျား လိုလိုချင်ချင် ယူသွားတာ”

“ဒါက ရှင်ကမှ ဘာမှမပြောတာ ကျွန်မက ကြေးစည်လာပို့တဲ့ လူလို့ထင်တာပေါ့”

ကျွန်တော် နဲ့ ကောင်မလေး စကားပြောနေတာကို မလွန်းတင်ကြီးက နားမလည် နိုင်သလို ကြည့်ပြီး..

‘နေပါဦး သမိးနဲ့ သူနဲ့ ဘယ်မှာ တွေ့ တာလဲ”

“သမီးတို့ခြံဝမှာ ”

“ဟင် ခြံဝမှာ ဟုတ်လား။ ဒါဆို မင်းက ဓမ္မာရုံကို သွားရမယ့်အစား သူတို့ ခြံဝကို ဘာသွား လာတာလဲ”

ကျွန်တော် အကြံထုတ်ရပြီ။ ဘယ်လိုပြန်ပြောရမလဲဆိုတာ ခဏချင်းပဲ ဦးနှောက်ကို ဂျောင်း ဂျောင်းပြေးအောင် အလုပ်ပေးရတော့တယ်။ ကျွန်တော့်ဆီက အဖြေစကားကို မလွန်းတင်ကြီး အပြင် ဘူကြီးနဲ့ ဂျစ်တူးတို့ပါ စိတ်ဝင်စားနေကြတယ်။

ဘူကြီးဆို သူရဲ့ ရင်ခုန်သံကို ကျွန်တော် တောင် အတိုင်းသားကြားနေရတယ်။ ကျွန်တော့် အဖြေပေါ်မှာ သူ့ဘ၀ကြီးက လုံးဝမူတည်နေပြီ။ ဒါကြောင့် သေဒဏ်ပေးခံရတော့မယ့် ရောမကျွန် တစ်ယောက် က ဘုရင်ကြီးကို ကြည့်တဲ့မျက်နှာထားမျိုးနဲ့ ကျွန်တော့်ကို ကြည့်နေတယ်။

ကျွန်တော် အကြံတစ်ခု ရသွားတယ်။ အဲဒီ အကြံကို ရသွားတယ်ဆိုရင်ပဲ ဆုံးဖြတ်ချက်တစ်ခု ပြတ်သားစွာ ချစ်ပစ်လိုက်တယ်။

အဲဒီ နောက်..

“ကိုကျော်ကြီးကို ကြောက်လို့ ထွက်ပြေးလာတာ”

“ဘာရယ်”

ကိုကျော်ကြီးအသံကြားတော့ မလွန်းတင်ကြီး အမူအရတစ်ချက်ပျက်သွားတယ်။ မရိုးမရွ ဖြစ်သွားတဲ့ အမူအရာပါ။

“သူ…သူနဲ့ဘာဆိုင်လို့လဲ”

“သူ.. သူက ကျွန်တော် တို့ ကြေးစည်ကြီးယူလာတာလည်းတွေ့ ရော ဘယ်ကဟာကြီးလဲ လို့ မေးတယ်။ အဲဒီ တော့မှ ကျွန်တော် တို့ကလည်း မကြီးလွန်း ပေးလိုက်တာလို့ အမှန်အတိုင်း ပြောလိုက်တာပေါ့ အဲဒီ လိုလည်းပြောလိုက်ရော မကြီးလွန်းပစ္စည်းက သူ့ပစ္စည်းပဲဆိုပြီး အတင်း လိုက်လုတော့တာပဲ”

“ဟယ်တော့”

ရှက်လည်းရှက်သွားတယ်။ ကျေလည်း ကျေနပ်သွားတဲ့ပုံစံကြီး ထင်းထင်းကြီး ပေါ်လာ တယ်။ သူ့အရပ်နဲ့ သူ့ဇာတ် ကတော့ ကိုက်သွားပြီလို့ ကျွန်တော် တွက်လိုက်တယ်။ ဒါနဲ့ပဲ…

“ဟုတ်တယ် အဲဒါကြောင့် လမ်းထိပ်ဘက် ထွက်ပြေးလာရင်း ဒီညီမလေးခြံရှေ့မှာ ကြေး စည်ကြီးကို ဖွက်မလို့လုပ်တာ အဲဒါ သူ ထွက်လာတာနဲ့ ကြုံပြီး ခုနလို အ ဖြစ်အပျက်တွေ ဖြစ်သွား တာပဲ။ ကျွန်တော့် မှာ လည်း ရှင်းပြဖို့ အချိန်မရှိတာနဲ့ ကြေးစည်ကြီးကို သူ့ဆီပေးပြီး အမြန် ထွက်ခဲ့ ရတာ ပါ။ မကြီးလွန်းလည်း သိတယ်မလား ကိုကျော်ကြီးက…”

“အို အဲဒါတွေ မပြောပါနဲ့ ဒီကျော်ကြီးနဲ့ ကတော့ ခက်တယ်”

အပျိုကြီးက ရှက်သွေးတွေ ဖြာပြီး မျက်လုံးကလေး ပေကလပ်ပေကလပ် ဖြစ်သွားတယ်။ ဒေါ်စောကြည်က မလွန်းတင်ကြီးကိုကြည့်ပြီး

“ကိုကျော်ကြီးဆိုတာ ဘယ်သူလဲကွဲ့”

“အို ဘယ်သူမှ မဟုတ်ပါဘူး ဒေါ်စောကြည်ရယ် ဒီလိုပါပဲ ခစ် ခစ်ကဲ ဒါဆို ဒီက မောင်လေး တွေ မှာ ဘာအပြစ်မှ မရှိဘူးဆို ကျွန်မ အာမခံခံတယ်သိလား။ သူတို့က မိကောင်းဖခင် သားသမီး လေးတွေ ပါ ဒေါ်စောကြည်ရယ်။

ဒေါ်စောကြည်က မသိလို့ပါ သူတို့ရပ် ရပ်ရွေး၊ ရွာရေး သာရေး ၊ နာရေး ကိစ္စတွေ ဆို ရှေ့ တန်းက အားတက်သရော ပါဝင်နေတဲ့ လူငယ်တွေ အဟင်း ဟင်း ဒါပေမဲ့ လူငယ်ဆိုတော့ တစ်ခါ တစ်လေ ဆိုးချင်တာလေးတွေ ရှိတာပေါ့နော် ဒါတွေ ကလည်း ခွင့်လွှတ်လို့ရတဲ့ ကိစ္စတွေ ပါ ဟုတ် ဘူးလား”

“အင်း အဲ ဟုတ်ပါတယ်”

ဒေါ်စောကြည်က ယောင်အအနဲ့ ဖြေတယ်။ မလွန်းတင်ကြီးက သူ့လက်ထဲက ကြေးစည် ကြီးကို ကျွန်တော့် လက်ထဲ ပြန်ထည့်ပြီး..

“၀င်းခန့်”

“ဗျာ”

“’ဒီကြေးစည်ကိုလေ ဓမ္မာရုံ မပို့နဲ့တော့ သိလား”

“ဒါ ဒါဆို ကျွန်တော် က ဘာလုပ်ရမှာ လဲဟင်”

“အို လိုချင်တဲ့လူရှိရင် ပေးလိုက်ပေါ့ကွယ်”

“လိုချင်တဲ့လူ အဲ ဘယ်သူ အဲ ဟိုဟာ”

“ဟုတ်တယ်လေ သူက လိုချင်တယ်ဆို သူ့ကိုပေးလိုက်ပေါ့ ခစ် ခစ် ခစ်”

မလွန်းတင်ကြီးက ထိုသို့ပြောပြီး ချာခနဲ လှည့်ထွက်သွားတော့တယ်။ လှည့်ထွက်သွားတဲ့ပုံ ကလည်း အပျိုဖြန်းလေး ဖလူးဖလူးထသွားတဲ့ပုစံမျိုးလေ။ သူ့ပုံစကြီးနဲ့ဆိုတော့ မွေးမြူရေး ငါးရံ့ကို ပြာလူးလိုက်သလိုကြီး ဖြစ်သွားတာ။

သူထွက်သွားတော့ ဒေါ်စောကြည်နဲ့ ကောင်မလေးက ကြောင်တောင်တောင်ကြီး ကျန်ခဲ့ တယ်။ သူတို့ကလည်းကျွန်တော် တို့ကို ဘာမှ ပြောစရာမရှိသလို ကျွန်တော် တို့ကလည်း သူတို့ကို ဘာမှပြောစရာမရှိတော့ဘူး ဖြစ်နေတယ်။ ခဏကြာမှ ဒေါ်စောကြည်က..

“ကဲ လာ ထွက်လက်စနဲ့တော့ မထူးပါဘူး။ ငါတို့လည်း ကြေးစည်မှာ ထားတဲ့ဆိုင်ကို ဘာလို့လာမပို့သေးတာလဲ ဆိုတာ အကျိုးအကြောင်း သွားမေးရအောင်”

ကောင်မလေးက ခေါင်းညိတ်ပြတယ်။ ပြီးတော့ သူ့အဒေါ်နောက်ကို လိုက်သွားတယ်။ ခုန စွာ တေးလန်နေတဲ့ ဟာလေးက အခုတော့ သူမဟုတ်တော့သလိုပါပဲ။

ကျွန်တော် လည်းအမြင်ကတ်တာနဲ့ မျက်စိမှိတ်ပြပြီးလျှာထုတ်ပြလိုက်တယ်။ ကောင်မလေး က မျက်စောင်းထိုးပြီး ထွက်သွားလေရဲ့ ။

သူတို့အဝေးရောက်သွားတော့မှ ဘူကြီးနဲ့ ဂျစ်တူးက သက်ပြင်းကိုယ်စီကို လွတ်လွတ်လပ် လပ်ချကြတယ်။ ပြီးတော့ ကျွန်တော် ကိုလည်းချီးကျူးစကားဆိုတယ်။

“၀င်းခန့်ရဲ့ ရိုက်ချက်ဆိုတာ ဒါပဲကွ တစ်ချက်ဆိုတစ်ချက်ပဲ ပိုင်တယ်ကွာ”

ကျွန်တော် က ပြုံးလိုက်တယ်။ ကိုကျော်ကြီးကိုတော့ သနားပါတယ်။ သူလည်း အခုချိန် လောက်ဆို ခလုတ်တွေ ဘာတွေ တိုက်မိနေလောက်ပါပြီ။

“ဒါကြီးကိစ္စ ဘာဆက်လုပ် ကြမလဲ”

ကျွန်တော် က ကြေးစည်ကြီးကိုကြည့်ပြီး..

“ဘူကြီးမင်းပြန်ယူသွားကွာ”

“ဟာ မလုပ်စမ်းပါနဲ့ကွာ ကြေးစည်ပြန်ရောက်လာလို့ ဘယ်က ပြန်ယူလာတာလဲ ဆိုပြီး စစ်ဆေးပြီးထပ်ချနေမှ နှစ်ခါနာ ဖြစ်နေပါဦးမယ်ကွာ”

“ဒါဆို ဒါကြီး ဘယ်လိုလုပ်မလဲ”

ဂျစ်တူးက ၀င်မေးပြန်တယ်။ ကျွန်တော် လည်း စိတ်ရှုပ်လာပြီး

“ကိုကျော်ကြီးပဲ သွားပေးလိုက်တာ ကောင်းပါတယ်ကွာ”

“ ဖြစ်ပါ့မလားကွာ ”

“ဘာလို့မ ဖြစ်ရမှာ လဲ သူ့ဆိုင်ထဲက ဘုရားစင်မှာ ကြေးစည်မရှိလို့ လိုချင်နေတာ ကြာပြီကွ ငါတို့တောင် ကျေးဇူးတင်ဦးမှာ ကျိန်းသေတယ်”

“ဒါဆိုလည်း သွားပေးလိုက်ကွာ”

ဟုဘူကြီးက ပြောလိုက်တယ်။ ဂျစ်တူးကလည်း ခေါင်းညိတ်ထောက်ခံလိုက်ပါတယ်။

* * * * *




ဝန်ဇင်းချစ်သူများ မိုးဆက်လင်းထက် ၏ “ ကမ္ဘာစွန်းမှာ သာတဲ့လ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဘယ်ဘက်ရင်အုံမှာ လင်းခဲ့တဲ့တိမ်တိုက်

နွေဦးမရောက်ခင် ကြွေတဲ့ရွက်ဝါ

စွယ်တော်ဖြူရေးတဲ့ ဖူးစာ