အခန်း (၁)
ကျောင်းအသစ်သို့ ပြောင်းလာသော ကျောင်းသားသစ်တို့ ကြုံတွေ့ နေကျ ထုံးစံအတိုင်း သူတို့လည်း ကိုယ်မသိ၊ ကိုယ့်ကိုယ်လည်း သူတို့မသိနှင့် အူကြောင်ကြောင်ကြီး ဖြစ်နေရသည်။ ပထမဆုံး ကျောင်းရောက်သည့် နေ့ ဖြစ်၍ အတန်းပိုင်ဆရာမ က အားလုံးနှင့် မိတ်ဆက်ပေးသည်။
“ဒါ ဒီကျောင်းကို ဒီနှစ် ပြောင်းလာတဲ့သားအသစ်ပဲ။ ဒီနှစ် ကိုမှ နှစ် ၀က်မှ ပြောင်းလာတယ် ဆိုတော့ သူလိုအပ်တဲ့ အကူအညီတွေ ကို မင်းတို့က တတ်နိုင်သလောက် ပေးလိုက်ကြပါ။ ကဲ မင်းနာမည် ကိုတော့ မင်းဘာသာမင်းပဲ အတန်းကို မိတ်ဆက်လိုက်ပါဦး”
သူက လက်ကလေးပိုက်ကာ ခေါင်းလေးငုံ့၍ ခဏငြိမ်နေသည်။ နာမည် ကို ပြောဖို့အတွက် အားယူနေသယောင် ရှိ၏ ။ ရင်ထဲမှာ လည်း ရှက်သလိုလို၊ ရွံ့သလိုလို ဖြစ်နေမိသည်။ ဆရာမ က သူ့အမူအရာကို ကြည့်၍ တစ်ချက်ပြုံးလိုက်ကာ..
“ကဲ ကိုယ့်နာမည် ကိုယ် ပြောဖို့တောင် တော် တော် စဉ်းစားနေရတယ်လား။ ရဲရဲသာ ပြောလိုက်ပါ မင်းကို ဘယ်သူမှ ကိုက်မစားပါဘူးကွယ်”
ဆရာမ စကားဆုံးတော့ ရယ်သံတွေ ခပ်အုပ်အုပ်ထွက်လာသည်။ သူက အတန်းဘက်ကို မျက်နှာမူလိုက်၍ မ၀ံ့မရဲလေသံနှင့်…
“ကျွန်တော့်နာမည် စိန်သော င်းပါခင်ဗျာ”
တစ်ခန်းလုံး သူ့ကို အာရုံစိုက်ကြည့်နေရာမှ သူ့အမူအရာနှင့် သူ့နာမည် ကို ကြားတော့ “၀ါး”ခနဲ ထရယ်ကြသည်။ ရယ်သံတွေ ကြားထဲမှ သူ့ကို လှမ်းစသံတွေ ကိုလည်း ကြားလိုက်ရ၏ ။
“စိန်ပြောင်းဆို ပစ်လို့ရတယ် ရဲ ဘော် ပစ်”
အတန်းသားတွေ ရယ်သံက ပိုမိုဆူညံသွားသည်။ ဆရာမ က စားပွဲကို ကြိမ်လုံးနှင့် ဖြန်းခနဲ တစ်ချက် ရိုက်လိုက်တော့မှ ရယ်သံတွေ တိတ်ဆိတ်ကာသွား၏ ။ ထို့နောက်..ဆရာမ က..
“ဒါ ရယ်စရာလား လူဆိုတာ စိတ်လှဖို့ အရေး ကြီးတယ်၊ နာမည် တွေ ကျတော့ ကာရန်တွေ ၊ အလင်္ကာတွေ နဲ့လှပနေအောင် ပေးပြီးတော့ အတွင်းစိတ် မလှတဲ့လူတွေ လောကကြီးမှာ တစ်ပုံ ကြီးကွဲ့။ မောင်စိန်သော င်းဆိုတဲ့နာမည် က ရိုးပေမယ့် တကယ့်တွေးကြည့်ရင် စိန်တွေ ကို သိန်း သော င်းမက ပိုင်ဆိုင်ရမယ်ဆိုတဲ့ အတိတ်နိမိတ်ကွဲ့ မှတ်ထား”
အတန်းသားများ အားလုံး ငြိမ်သက်စွာ ဆရာမ စကားကို နားထောင်နေကြသည်။ ထို့နောက် ဆရာမ က သူ့ကိုကြည့်၍ …
“ကဲ မောင်စိန်သော င်း ဟိုနေ့က အတန်းမှာ မင်းအတွက် နေရာလုပ်ထားတယ်၊ မင်းက ဒီနေ့မှစရောက်တာဆိုတာတော့ ရှေ့ကလွတ်သွားတဲ့ သင်ခန်းစာတွေ ကိုတော့ သူငယ်ချင်းတွေ ဆီ က ပြန်ကူးပေါ့။ အတန်းအချိန်စာရင်းလည်းကူထား ကြားလား”
“ဟုတ်ကဲ့ပါဆရာမ ” ဟု ပြောကာ ဆရာမ လှမ်းပြတဲ့နေရာကို သွားထိုင်လိုက်သည်။ ခဏနေတော့ ဆရာမ က သင်ခန်းစာ စာအုပ်တွေ ကို ထုတ်ခိုင်း၍ စာသင်ဖို့လုပ်သည်။
သူက ဘေးမှာ ထိုင်နေတဲ့ကျောင်းသား တစ်ယောက် ကို လေသံတိုးတိုးနှင့် လှမ်းမေးလိုက် သည်။
“ဆရာမ က ဘာဘာသာသင်တာလဲဟင်”
ဘေးက ကျောင်းသားက အင်္ဂလိပ်စာဖတ်အုပ်ကို လွယ်အိတ်ထဲမှ လှမ်းထုတ်လိုက်ကာ..
“ငါတို့အတန်းပိုင်က အင်္ဂလိပ်စာ သင်တာကွ၊ မင်းမှာ ဖတ်စာအုပ်ရော ပါရဲ့ လား”
သူက ပြုး၍ ဘာသာရပ်ပေါင်းစုံ ထည့်ထား၍ ဖောင်းကားနေသော သူ့လွယ်အိတ်ကြီးကို ထောင်ပြလိုက်ကာ…
“ဒီနေ့တော့ ရှိသမျှ ဘာသာရပ်တွေ အကုန်ထည့်လာခဲ့တယ်”
ထိုကျောင်းသားက ပြုံး၍ …
“ငါ့ဆီက အချိန်စာရင်းကူးသွားဦး”
သူက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ထိုကျောင်းသားကပင် သူ့ကိုယ်သူ မိတ်ဆက် လိုက်သည်။
“ငါ့နာမည် ကို ချစ်ကိုဦးလို့ခေါ်တယ်”
“ငါ့နာမည် က စိန်သော င်းပါ”
“သိပါတယ် ငါ ခုနက် စိန်ပြောင်းဆို ပစ်လို့ရတယ်ဆိုပြီးတောင် နောက်လိုက်သေးတယ်”
“သြော် အဲဒါ မင်းလား”
ထိုကျောင်းသားက ပြုံးစိစိနှင့်ခေါင်းညိတ်ပြသည်။
ပုံစံကြည့်ရတာ နောက်နောက်ပြောင်ပြောင်နှင့် ပျော်တတ်ပုံရသည်ဟု စိန်သော င်းရင်ထဲ တွေးလိုက်မိသည်။
စိန်သော င်းက နယ်မှပြောင်းလာခြင်း ဖြစ်သည်။ မိဘတွေ က ၀န်ထမ်းတွေ ဖြစ်၍ ကျရာနေ ရာမှာ တာဝန်ထမ်းဆောင်ရ၏ ။ ငယ်စဉ် ကတော့ ကြီးတော် ကြီးရှိသည့် မင်းဘူးမြို့မှာ ပညာသင်ခဲ့ရ သည်။ သူခြောက်တန်းနှစ် ရောက်တော့ ကြီးတော် ကြီး ဆုံးပါးသွား၍ သူ့မိဘတွေ ရှိရာ မြိ့ရွာများ ကို ပြောင်း၍ နေရသည်။ ထို့ကြောင့် စိန်သော င်းဘ၀တွင် ယခုလက်ရှိရောက်နေသည့် ဆယ်တန်းသို့ တိုင်အောင် ကျောင်းသုံးကျောင်း ပြောင်းခဲ့ရလေသည်။
အခုတော့ မိဘတွေ က ရန်ကုန်မှာ တာဝန်ကျ၍ သူလည်း ရန်ကုန်သို့ ပြောင်းရွှေ့လာခဲ့ရ ခြင်း ဖြစ်သည်။ စိန်သော င်းဆိုတဲ့ နာမည် ကိုတော့ သူ့အဘိုးက ပေးခဲ့ခြင်း ဖြစ်၏ ။ ယခုခေတ်လို နာမည် လှလှပပ ရှည်ရှည်လျားလျားတွေ အပြိုင်အဆိုင် ပေးနေသော ခေတ်ကြီးမှာ သူ့နာမည် က ရိုး လွန်းတုံးလွန်းလှသည်ဟု ဆိုနိုင်၏ ။ သို့သော် လူဆိုတာ မွေးဖွားလာချိန်မှာ ကိုယ့်နာကိုကို ရွေးချယ် ပိုင်ခွင့်မရှိ၍ သူလည်း ထိုနာမည် နှင့် ပင် ကျေနပ်ခဲ့ပါသည်။ သူ့ဘိုးက ကင်ပွန်းတပ်ပေးလိုက်သော နာမည် ဖြစ်သော ကြောင့် လည်း ထိုနာမည် လေးကိုသူမြတ်နိုး၏ ။
လူဆိုတာ နာမည် လှဖို့ထက် စိတ်လှဖို့က အဓိကကျသည်ဟုလည်း သူ့အဖေက အမြဲတမ်း ဆို၏ ။ ထို့ကြောင့် စိန်သော င်းသည် မိမိကိုယ်ကိုယ် အမြဲလှပအောင် ကြိုးစားနေသူ ဖြစ်သည်။ နာမည် လှဖို့မဟုတ် စိတ်လှဖို့ပင်။
စိန်သော င်း လမ်းလျှောက်လာသည်။ အိမ်ကနေ ကျောင်းသို့ လျှောက်လာခြင်း ဖြစ်၏ ။ သူ၏ လေးလံလှသော လွယ်အိတ်ကို စလွယ်သိုင်း၍ နောက်မှာ ထားကာ လျှောက်လာရခြင်း ဖြစ် သော ကြောင့် လူက ယိုင်ချင်သလို လို ဖြစ်နေသည်။ ထို့ကြောင့် လွယ်အိတ်အလေးချိန်ကို ဆွဲနိုင်ရန်အတွက် လူကရှေ့သို့ ငိုက်ကာ ခြေကန်ပြီး ဆွဲလာရသော ကြောင့် ခန္ဓာကိုယ်က အရှေ့သို့ ငိုက်စိုက် ငိုက်စိုက် ဖြစ်ကာနေ၏ ။
“မင်းပုံစံကြည့်ရတာ ထွန်တုံးဆဲလာတဲ့ ဟိုအကောင်ကြီး ကျနေတာပဲ”
စိန်သော င်းက အသံလာရာသို့ လှည့်ကြည့်လိုက်တော့ မနေ့က သူထိုင်သည့် နေရာဘေး က ကျောင်းသား ဖြစ်နေတာ တွေ့ ရ၏ ။ ထိုကျောင်းသားက သူ့ရဲ့ ပေါ့ပါးလှတဲ့ လွယ်အိတ်လေးကို ပခုံး ပေါ် ပစ်တ်လိုက်ကာ စကားကိုစလိုက်သည်။
“မင်းကို ငါ အဝေးကြီးကတည်းက လှမ်မြင်သားပဲ။ မင်းမှ ဒီလွယ်အိတ်ကြီးကို သယ်နေရ တာ တော် တော် ပင်ပန်းနေပုံပဲ”
စိန်သော င်းက ချစ်ကိုဦးရဲ့ လွယ်အိတ်ကိုလှမ်းကြည့်ပြီး..
“မင်းလွယ်အိတ်ကျတော့ ပါးပါးလေးပါလား။ ဘာစာအုပ်မှ ထည့်မလာဘူးလား”
ချစ်ကိုဦးက သူ့လွယ်အိတ်သူ ဂုဏ်ယူစွာ တစ်ချက်ကြည့်လိုက်ကာ…
“ထည့်လာတာပေါ့ကွ အချိန်ဇယားအတိုင်း ကွက်တိ”
“ဟင် ငါလည်း အချိန်ဇယားအတိုင်း ထည့်လာတာပဲ။ မင်းက ဘာလို့ စာအုပ်တွေ နည်းနည်း လေး ဖြစ်နေရတာ လဲ”
“ဒါက လျှို့ဝှက်ချက်လေ လူကြံရင် ခြင်ထောင်တောင်ပိုက်ကွန် ဖြစ်သေးတာပဲ။ ဒီလောက် တော့ အေးဆေးပါ”
ဒီကိစ္စကိုတော့ စိန်သော င်း တော် တော် လေး စိတ်ဝင်စားသွားသည်။ ငါးပိဿာလောက် လေးသည့် သူ့လွယ်အိတ်ကြီးကို သယ်နေမည့် အစား ငါးဆယ်သားသာသာလောက်ရှိသည့် လွယ် အိတ်ကလေးကို ချစ်ကိုဦးလို စတိုင်လ်ကျကျ လွယ်ချင်မိသည်။
သို့သော် ကွာဟချက်ခြင်းက ခြားနားလွန်း၍ ချစ်ကိုဦး ပြောတာ ဟုတ်မှဟုတ်ရဲ့ လားဟု ရင်ထဲမှာ လည်း သံသယ၀င်မိ၏ ။ ချစ်ကိုဦးဟာလည်း စိန်သော င်းက သူ့စကားတွေ အပေါ် သံသယ ရှိနေတယ်ဆိုတာသဘောပေါက်၍ ….
“ဘာလဲ မင်းက မယုံလို့လား မယုံရင် ကြည့်လေ။ ကျောင်းခန်းထဲရောက်ရင် ငါးလည်း မင်းလို စာအုပ်စုံနေစေရမယ်”
စိန်သော င်းက ဘာမှပြန်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးပြလိုက်သည်။ ချစ်ကိုဦးက စိန် သော င်းဘေးမှ ယှဉ်လျှောက်ရင်းနှင့် စကားဆက်၏ ။
“မင်းက ကျောင်းပြောင်းလာတယ်ဆိုတော့ ဘယ်က ပြောင်းလာတာလဲ”
“မတ္တရာဘက်က ပြောင်းလာတာ”
“မတရားပြောင်းလာတာ ဟုတ်လား။ မင်းကို ဘယ်သူက မတရား ပြောင်းခိုင်းလို့လဲ”
“ဟာ မတ္တရာ မတ္တရာ။ မန္တလေးနားမှာ ရှိတဲ့ မတ္တရာမြို့ဘက်က ပြောင်းလာတာ ကို ပြောတာ”
ချစ်ကိုဦးက စပ်ဖြဲဖြဲလုပ်ကာ…
“သိပါတယ်ကွာ အလကားစတာပါ ဒါဆို မင်းက မတ္တရာဇာတိပေါ့”
“မဟုတ်ဘူး မင်းဘူး”
“ဟင် တစ်ခြားစီပါလား”
“ဘာ ဖြစ်လို့လဲ”
စိန်သော င်းရဲ့ အမေးကို ချစ်ကိုဦးက အူကြောင်ကြောင်မျက်နှာထားနှင့် …
“မင်းပဲ မတ္တရာက ပြောင်းလာတာဆို”
“အေးလေ ဘာ ဖြစ်လို့လဲ”
“ဒါဆို ဘာလို့ မင်းဘူးမှာ မွေးတာလဲ”
ချစ်ကိုဦးရဲ့ အမေးကြောင့် စိန်သော င်းခမျာ ကြောင်စီစီ ဖြစ်သွားကာ မျက်လုံးလေး ကလယ် ကလယ် ဖြစ်သွား၏ ။ သူ့ခမျာ မင်းဘူးမှာ မွေးပြီး ဘာလို့ မတ္တရာမှာ ကျောင်းသားတက်ရသည်ဆို သည့် ကိစ္စကို တော် တော် လေး ပြန်စဉ်းစားသွားရ၏ ။ နောက်တော့ မှ အကြောင်ရိုက်ခံလိုက်ရပြှီ ဆိုတာကိုသဘောပေါက်သွားကာ…
“ဟာ မင်းကလလည်း မင်းဘူးမှာ မွေးတဲ့လူက မတ္တရာမှာ ကျောင်းမတက်ရဘူးလို့ မင်းကို ဘယ်သူပြောလဲ၊ ငါ့မိဘတွေ ပြောင်းတဲ့မြို့ ငါလည်း လို်က်ပြောင်းရတာ ပေါ့ကွ အခုတောင် ငါ့မိဘ တွေ ရန်ကုန်ပြောင်းလို့ ငါလည်း လိုက်ပြောင်းရတာ မတွေ့ ဘူးလား”
စိန်သော င်းပုံစံကိုကြည့်၍ ချစ်ကိုဦးက ရယ်သည်။ ထို့နောက် အရယ်တစ်ဝက်နှင့် စကားကို ဆို၏ ။
“ဟား ဟား ဟား သိပါတယ်ကွယ်၊ ငါက မင်းကို စတာပါ။ မင်းက နာမည် နဲ့ လူနဲ့လိုက်တဲ့ ကောင်သိလား”
စိန်သော င်းက မျက်မှော င်ကျုံ့လိုက်ကာ..
“ဘာလို့လဲ”
"နာမည် လည်း ရိုးတယ်။ လူလည်းရိုးတယ်။ အဲဒါကိုပြောတာ။"
“ရိုးတာ မကောင်းဘူးလားကွ”
“ကောင်းပါတယ် ဒါပေမဲ့ ရိုးလွန်းရင် အသွားတတ်တယ်တဲ့”
စိန်သော င်းက ရယ်လိုက်ကာ..
“ငါ့ ကတော့ မအပါဘူး။ မအလို့ဘဲ ဆယ်တန်းထိတောင် ရောက်လာပြီပဲဟာ”
ချစ်ကိုဦး ပြုံးစိစိနှင့် ခေါင်းညိတ်ပြလိုက်ကာ…
“ဒါ ကတော့ မင်းက စားတတ်တာပဲ ကဲ ကျောင်းရှေ့ရောက်ပြီ ၀င်ရအောင်”
ချစ်ကိုဦး ပြောတော့မှ ကျောင်းရှေ့ရောက်နေမှန်း စိန်သော င်းသတိထားမိ၏ ချစ်ကိုသီးက ကျောင်းဝင်းတံခါးသို့ ဦးဆောင်ကာ အရင်ဝင်သွား၏ ။ စိန်သော င်းက ချစ်ကိုဦးနောက်မှ လှမ်းဝင် ကြည့်သည်။
စိန်သော င်းက ချစ်ကိုဦး၏ နောက်ကျောကို ကြည့်၍ …
“ချစ်ကိုဦး မင်းက ဘယ်မှာ နေတာလဲ”
“မင်းတို့ လမ်းထိပ်မှာ ”
ချစ်ကိုဦးက လှည့်မကြည့်ဘဲ စကားကို ဆိုသွားသည်။ စိန်သော င်းက မျက်မှော င်ကျုံ့ လိုက်ကာ..
မင်းက ငါဘယ်မှာ နေတယ်ဆိုတာ သိလို့လား“
“သိတာပေါ့ကွ မင်းက ငါတို့လမ်းထဲမှာ နေတာ”
“မင်းက ဘယ်လိုသိလဲ”
“ဟဲ ဟဲ ဒါ ငါ့နယ်မြေလေ။”
ဟု ပြောပြီး ချစ်ကိုဦးက ရှစ်တန်းစာသင်ဆောင်တွေ ရဲ့ အနောက်ဘက်ထဲသို့ ချိုးဝင်သွား သာည်။ စိန်သော င်းလည်း ယောင်ချာချာနှင့် ချစ်ကိုဦးနောက် လိုက်မလိုလုပ်တော့ ချစ်ကိုဦးက လှည့်ကြည့်ကာ..
“မင်း ဘယ်လိုက်မလို့လဲ”
“သိဘူးလေ မင်းက အဲဒီ ဘက်သွားတော့ ငါလည်း လိုက်တာပေါ့”
“ငါ ဘယ်သွားမယ်ဆိုတာရော သိလို့လား”
“ဟင့်အင်း”
သူခေါင်းခါပြလိုက်တော့ ချစ်ကိုဦးက
“ဒါဆိုလည်း လိုက်ခဲ့”ဆိုပြီး ခေါ်သွား၏ ။ ထို့နောက် ကျောင်းသားဆောင်တွေ နောက်မှ ပတ်ကာ ကျောင်းအနောက်ဘက်ရှိ သီးခြားအဆောင်လေးတစ်ခုသို့ ရောက်သွားသည်။ ထိုနေရာ လေးမှာ ယခင်က စာသင်ဆောင်တစ်ခု ဖြစ်ခဲ့ဟန်ရှိ၏ ။ ယခုတော့ လူနေဆောင်ပုံစံမျိုး ဖြစ်နေသည်
ချစ်ကိုဦးက အခန်းတစ်ခုထဲ ၀င်သွားကာ သေတ္တာပုံးတစ်ခုထဲမှ ကြွပ်ကြွပ်အိတ်နဲ ထုပ်ထား သော အထုပ်တစ်ထုပ်ကို ယူကာထွက်လာ၏ ။ စိန်သော င်းက ချစ်ကိုဦး လုပ်တာကိုင်တာတွေ ကို လို်က်ကြည့်နေရင်းမှ…
“ဟေ့ကောင် မင် သူများ အခန်းထဲက ပစ္စည်းတွေ ဘာလို့ ယူလာတာလဲ”
“ဟဲ ဟဲ ဒါ ငါ့ပစ္စည်းတွေ ပါကွာ သူများ ပစ္စည်း မဟုတ်ပါဘူး”
“ဘာတွေ လဲ”
“ဖတ်စာအုပ်တွေ လေ။ ဒါက ကျောင်းစောင့်ဦးလေးကြီးနေတဲ့ အခန်းပေါ့။ ငါက သူ့ဆီမျာ သေတ္တာတစ်လုံးငှားပြီး ထား ထားတာ”
“သြော် မင်းက ဒီလိုကိုး၊ ဒါကြောင့် မင်းလွယ်အိတ်က ပါးပါးလေး ဖြစ်နေတာပေါ့”
ချစ်ကိုချစ်ဦးက ဆရာကြီးအိုက်တင်နဲ့ တစ်ချက်ပြုံးလိုက်ကာ…
“ဒါတင် ဘယ်ကမလဲကွ၊ ငါက ဗလာစာအုပ်တစ်အုပ်ကို အလယ်ကခွဲပြီး နှစ် ဘာသာ ရေး တာ။ ဒါကြောင့် ဗလာစာအုပ်ကိုလည်း သူများ တွေ လို အများ ကြီး သယ်စရာမလိုတော့ဘူး။ ရှစ် ဘာသာသင်ရမယ့်နေ့ဆို လေးအုပ်ထဲ သယ်ရုံနဲ့ ပွဲပြီးတယ်”
စိန်သော င်းက ချစ်ကိုဦး လုပ်တဲ့ပုံစံလေးကို သဘောကျသွားကာ ရယ်မောလိုက်ပြီး..
“မင်းက တကယ်လည်တာပဲကွ၊ အကြံပိုင်လိုက်တာ ငါလည်း မင်းလို ကျောင်းစာအုပ် တွေ ဒီမှာ ထားလို့ ရမလား”
“မင်းထားချင်ရင်တော့ ထားပေါ့ကွာ ဒါပေမဲ့ ကျောင်းစောင့်ကြီးကိုတော့ လက်ဖက်ရည်ဖိုး ဘာလေး ပေးရမှာ နော်”
“အများ ကြီးလား အများ ကြီးဆိုရင်တော့ မတတ်နိုင်ဘူးနော်၊ ငါက မုန့်ဖိုးထဲက စုပေးရမှာ ”
ချစ်ကိုဦးက ခေါင်းခါလိုက်ပြီး..
“အများ ကြီး မလိုပါဘူး နည်းနည်း ပါ။ ဒါပေမဲ့ ဒီမှာ ငါတို့စာအုပ်တွေ ထားတယ်ဆိုတာ မင်း ဘယ်သူ့ကိုမှ မပြောရဘူးနော်။ တော် ကြာ သူများ တွေ သိသွားလို့ တစ်ကျောင်းလုံး လိုက်ထား နေရင် ကျောင်းစောင့်ကြီးက ငါတို့ကိုပါ ခွင့်ပြုတော့မှ မဟုတ်ဘူး”
“အေးပါကွာ စိတ်ချပါ” ဟု စိန်သော င်း ခေါင်းညိတ်ပြလိုက်၏ ထို့နောက် သူတို့အခန်းဆီသို့ ထွက်လာခဲ့ပါတော့သည်။
ချစ်ကိုဦးသည် နောက်တတ်ပြောင်တတ်သည့်အပြင် လူရည်လည်း လည်သည်ဟု စိန်သော င်း တွေးလိုက်မိ၏ ။
အခန်း (၂)
နေရောင် ခြည်သည် နွေးထွေးရှိန်းမြစွာ ကျောင်းခန်းထဲသို့ ထိုးကျကာ နေသည်။ အတန်း ချိန်တစ်ခုမှ တစ်ခုသို့ ပြောင်းလဲနေချိန် ဖြစ်၍ နောက်ဆရာမ တစ်ယောက် မ၀င်ခင်စပ်ကြား အခန်း ထဲမှာ ဆူညံကာနေ၏ ။ ချစ်ကိုဦးက တွတ်ပီရုပ်ပြစာအုပ်ကို ဖတ်ကာ နောက်ခုံတန်းပေါ် ခေါင်းလေးတင်၍ နှပ်ကာနေ၏ ။ စိန်သော င်း ကတော့ သူကျောင်းမရောက်ခင်အချိန်အတွင် မှာ လွတ်သွား သော စာတွေ ကို ပြန်ကူးနေသည်။
ခဏနေတော့ အတန်းအတွင်းသို့ အသားမဲမဲနှင့် ကျောင်းသား တစ်ယောက် ၀င်လာကာ ဆရာမ စားပွဲပေါ်တင်ထားသော ကြိမ်လုံးကို ဖြန်ခနဲ ရိုက်ချပစ်လိုက်၏ ။ ထိုကျောင်းသား ၀င်လာ တာကို ဘယ်သူမှ သတိမထားမိလိုက်၍ ကြိမ်လုံးသံ ရုတ်တရက်ကြားရသော အခါ အတန်း တွင်း ရှိ အသံများ လည်း ရုတ်တရက် တိတ်ဆိတ်ကာသွားသည်။
ထိုကျောင်းသားက သူ့လုပ်ရပ်အပေါ် ကျေနပ်အားရစွာ သွားလေးတစ်ချက် ဖြဲ၍ ကျောက် သင်ပုန်းရှေ့ရှိ စင်မြင့်ပေါ် တက်သွားသည်။ အတန်းသားတွေ အားလုံး ထိုကျောင်းသားကို ကြောင်ကြည့်နေရာမှ အသိတွေ ပြန်ဝင်လာကာ..
“သောက်ရူး”
“ငပေါကြီး”
“ဟေ့ကောင် မျောက်ကြီး စင်ပေါ်ကို မျောက်တက်ဖို့ မဟုတ်ဘူးကွ၊ လူတွေ တက်ဖို့ထား တာ အခု ဆင်း”
“ခွေးရူး ခွေးပေါ”
စသည်ဖြင့် ၀ိုင်းဆဲသံတွေ ဆူညံသွားသည်။ ထိုကျောင်းသားက သူ့ကို ထိုကဲ့သို့ တစ်တန်း လုံး ၀ိုင်းဆဲနေလည်း အပြုံးမပျက်ဘဲ အကယ်ဒမီပေးပွဲ တက်လာသော နာမည် ကြီး မင်းသား တစ်ယောက် ကဲ့သို့ ပရိသတ်ကို နှုတ်ဆက်သလို လက်ပြနှုတ်ဆက်လိုက်ကာ ခါးကလေးလေး ညွတ်၍ ..
“အညာစယော”
တစ်ခန်းလုံး ၀ိုင်းရယ်ကြသည်။ မျောက်ကြီးဟု သမုတ်ခြင်းခံရသော ထိုကျောင်းသားက စပ်ဖြီးဖြီးနှင့် စကားကို ဆက်၏ ။
“ဒီနေ့ အတန်းသားအားလုံးအတွက် ပျော်စရာသတင်းလေး တစ်ခု ပါပါတယ်။ အားလုံး နားထောင်ကြမလားမသိဘူး”
ဆိတ်ဆိတ်နေခြင်းသည် ၀န်ခံခြင်း ဖြစ်၏ ။ အတန်းသား အား လုံးငြိမ်နေကြသည်။ ထို ကျောင်းသားက အတန်းကို မျက်စိတစ်ချက်ဝေ့ကြည့်လိုက်ကာ.
“ဒီနေ့ ပထ၀ီဆရာမ ကျောင်းမလာပါဘူးခင်ဗျာ။ အဲဒါကြောင့် လုပ်စရာရှိတဲ့ သင်ခန်းစာ တွေ လုပ်နေဖို့နဲ့ အားလုံး ကိုယ့်အခန်းထဲမှာ ကိုယ် ငြိမ်ငြိမ်နေကြဖို့ အတန်းပိုင်ဆရာမ က မှာ လိုက် ပါတယ်ခင်ဗျား”
“ဟေး”
အတန်းသားအားလုံး ပျော်ရွှင်စွာ ၀ိုင်းအော်လိုက်ကြသည်။ အော်သံတွေ အဆုံးမှာ ထိုကျောင်းသားက စကားကိုဆက်၏ ။
“နောက်တစ်ခုမှာ လိုက်သေးတယ်။ ဒီနေ့ အတန်းတာဝန်ကျတဲ့အသင်းက အတန်းထဲက သောက်ရေအိုး ရေလဲထားဖို့နဲ့ အခန်းသန့်ရှင်းရေး လုပ်ထားဖို့ မှာ လိုက်ပါတယ်ခင်ဗျာ”
“ဝေါ”
အတန်းသား အားလုံး တစ်ညီတညွတ်တည်း ၀ိုင်းအော်လိုက်ကြလေသည်။ ထို့နောက် မျောက်ကြီးဟု အခေါ်ခံရသော ထိုကျောင်းသားက စင်ပေါ်မှ ဆင်းကာသွားသည်။ အခန်းထဲမှာ ယခင်ကလို စကားသံတွေ နှင့် ပြန်လည် ပြည့်နှက်ကာသွား၏ ။ ဆရာမ က မလာတော့ဘူးဆို၍ လွတ်လပ်ရေး ရသွားကာ အားလုံး ပျော်ရွှင်ကာ သွားကြသည်။ နောက်တစ်ချိန်ကလည်း မုန့် စား ကျောင်းဆင်းချိန် ဖြစ်၍ မအောင့်အီးနိုင်သူ တချို့က ပါလာတဲ့ ထမင်းဘူးတွေ ဖွင့်ကာထမင်းခိုးစား ဖို့ လုပ်သည်။
“ထိုအချိန်မှာ “လချမီး” ဟု တစ်တန်းလုံးက နာမည် ပေးထားသော ကုလားမလေးထံမှ အော်သံနက်ကြီးတစ်ခုကို ကြားလိုက်ရလေသည်။
ထိုကုလားမလေးက သူ့ထမင်းချိုင့်ကို ကြောက်လန့်တကြားလွတ်ချပြီး ထခုန်လိုက်ခြင်း ဖြစ်၏ ။ သူ့ဘေးနားမှာ ထိုင်နေတဲ့ သူငယ်ချင်းတွေ လည်း အော်ပြီး ထပြေးကြသည်။ အတန်း သားတွေ က သိလိုဇောနှင့် ”
“ဟဲ့ ဘာ ဘာ ဖြစ်တာလဲ”
“လချမီး ဘာ ဖြစ်လို့လဲ”
ထိုကုလားမလေးက သူ့ထမင်းချိုင့်ကို လက်ညှိုးထိုးပြကာ…
“ငါ့ ငါ့ထမင်းချိုင့်ကို ဘယ်ကောင် ယုတ်မာသွားတာလဲ ဟိုမှာ ကြည့်စမ်း”
အားလုံးက လချမီး ညွှန်ပြရာသို့ လှမ်းကြည့်လိုက်ပြီး..
“ဟင် ချေးပုံကြီး”
ဟု အားလုံးဆီက အာမေဋိတ်အသံ တစ်သံတည်းထွက်ကာသွား၏ ။ ဟုတ်ပါသည်။ လချမီး၏ ထမင်းချိုင့်ထဲတွင် ထမင်းတွေ အစား ချေးပုံကြီးတစ်ပုံ ရောက်ကာနေ၏ ။
အားလုံးက တအံ့တသြ ကြည့်နေစဉ် ကျောင်းသား တစ်ယောက် က ရုတ်တရက် ထရယ်၍ ထမင်းချိုင့်ထဲက ချေးပုံကြီးကို လှမ်းနှိုက်မလို့ လုပ်၏ ။ ထိုစဉ် ၀ိုင်းဟားသံတွေ ကြားလိုက်ရ သည်။
“ဟေ့ကောင် မရွံဘူးလား ဘာလို့ သွားကိုင်မှာ လဲ”
ထိုကျောင်းသားက ရယ်၍ …
“ဘာလို့ရွံရမှာ လဲ ဒါက အစစ်မှ မဟုတ်တာ။ အရုပ်ကြီးပဲဟာ”
ဟုဆိုပြီး ထိုချေးပုံအရုပ်ကြီးကို ယူကာပြသည်။ ထိုတော့မှ အားလုံး ၀ိုင်းရယ်လိုက်ကြ၏ ။
“တကယ်တူတယ်နော် အရုပ်ကလည်း အစစ်ကျနေတာပဲ”
ထိုကျောင်းသားက ထိုအရုပ်ကို လချမီးအား ထိုးပေးလိုက်၏ ။
“ရော့ နင်စားလိုက်”
လချမီးက တွန့်ခနဲ နောက်ဆုတ်လိုက်ကာ..
“နင် မမိုက်ရိုင်းနဲ့နော်။ ဒါနဲ့ အဲ့ဒါ နင်လုပ်တာလား”
“ဘယ်ကလာ ငါလုပ်ရမှာ လဲ နင်က ဦးနှောက်မရှိဘူး။ အဲဒါကြောင့် ခံရတာ သိလား။ ငါသာလုပ်တယ်ဆို ဒီလိုယူပြီး ပေးပါ့မလား မသိချင်ယောင်ဆောင်နေမှာ ပေါ့”
“ဒါဆို ဘယ်သူလုပ်တာလဲ”
“ငါ ဘယ်သိမလဲ”
လချမီးက ဆောင့်ဆောင့်အောင့်အောင့်နှင့် သူ့နေရာမှာ သူပြန်ထိုင်ကာထမင်းချိုင့်တွေ ကို ပြန်ဆင့်သည်။ လချမီးကို ခုနက ကျောင်းသားက..
“ဒါကြီးနင်မယူဘူးလား”
“ငါက အဲဒါကြီး ဘာလုပ်ရမှာ လဲ ယူဘူး”
“ဒါဆို ငါယူသွားမယ်”
“ယူသွား”
ထိုကျောင်းသားက ထိုချေးပုံအရုပ်ကြီးကို ယူကာ ထွက်သွားလေသည်။ အခန်းသည် လချမီးကိုလည်းကောင်း၊ ချေးပုံကြီးကိုလည်းကောင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကာ ပုံမှန် အတိုင်း ဖြစ်လည်ဆူညံကာသွား၏ ။ ခဏကြာတော့ မော်နီတာရဲမင်းထွန်း၏ အသံထွက်လာသည်။
“ဒီနေ့ ဗန္ဓုလအသင်းက ရေခပ်မယ်။ အခန်းထဲ တံမြက်စည်းလှဲမယ်”
အားလုံးက “ဟေး” ဟု ထအော်ကြ၏ ။ ထို့နောက် ချစ်ကိုဦးက ရုပ်ပြစာအုပ်ကို သိမ်းကာ ထရပ်လိုက်သည်။ စိန်သော င်းက ချစ်ကိုဦးကိုကြည့်၍ …
“ဘယ်သွားမလို့လဲ”
“ငါက ဗန္ဓုလအသင်းသားကွ၊ ရေသွားထည့်ရမှာ ပေါ့။ မင်း လိုက်ခဲ့လေ”
“ငါက ဘယ်အသင်းမှ မ၀င်ရသေးတာလိုက်လို့ပါ့မလား”
“ဘာလို့ မရရမှာ လဲ မင်းလည်း ဗန္ဓုလအသင်းပဲ ရောက်မှာ ပဲ”
“မင်းက ဘယ်လိုလုပ်သိလဲ”
ချစ်ကိုဦးက တစ်ချက်ပြုံးကာ..
“ငါတို့ ဗန္ဓုလအသင်းက အသင်းတွေ အားလုံးထဲမှာ နောက်ဆုံးအသင်းပဲ မင်းကလည်း ငါတို့ အသင်းကိုနောက်ဆုံးမှ ရောက်လာတာဆိုတော့ ငါတို့အသင်းကိုပဲ ရောက်မှာ ပဲ သေချာတယ်”
သူတို့အခန်းမှာ အသင်းလေးသင်းရှိ၏ ။ ကျစ်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ ဟူ၍ ဗန္ဓုလက နောက်ဆုံးအသင်း ဖြစ်သည်။ အသင်းတစ်သင်းကို တစ်ရက်စီတာဝန်ယူ၍ အတန်းရဲ့ လိုအပ်ချက် ဝေယျာဝစ္စတွေ လုပ်ရ၏ ။
စိန်သော င်းက နောက်ဆုံးမှ ရောက်လာသူ ဖြစ်၍ ဗန္ဓုလအသင်းကိုပဲ ရောက်မှာ ပဲဟု ချစ်ကို ဦးက ရည်ရွယ်၍ ပြောလိုက်ခြင်း ဖြစ်သည်။
ထို့နောက် စိန်သော င်းက ချစ်ကိုဦးကိုပေးသည့် ရေစစ်ကလေးကိုင်ကာ ချစ်ကိုဦးတို့နောက် လိုက်လာခဲ့လိုက်ပါတော့သည်။
ချစ်ကိုဦးက သောက်ရေအိုးကို မကာ ရေပိုက်ခေါင်းအောက်မှာ ချ၍ စိန်သော င်းထံမှ ရေစစ်ကို လှမ်းတောင်းလိုက်သည်။ စိန်သော င်းက ရေစစ်လှမ်းပေး၍ နောက် တစ်ယောက် သယ်လာသော ရေအိုးကို ကူမကာ တင်ပေး၏ ။ ချစ်ကိုဦးက ရေပိုက်ခေါင်းမှ ရေကိုဖွင့်ရင်း..
“မျိုးကို မင်ခုနက လက်ချမီး ထမင်းချိုင့်ထဲက အရုပ်ကို ယူထားလိုက်တာလား”
စိန်သော င်းက မျိုးကိုဟု အခေါ်ခံလိုက်ရသော ကျောင်းသားကို လှမ်းကြည့်လိုက်သည်။ ခုနက သူရေအိုး ကူမပေးသော ကျောင်းသားမှန်းသိလိုက်၏ ။ ထိုကျောင်းသားက ခေါင်းညိတ်လိုက် ကာ…
“အေး ငါယူထားလိုက်တယ် အဲဒါ မင်းဟာလား”
“ငါ့ဟာတော့ မဟုတ်ဘူး ဒါပေမဲ့ ငါလိုချင်လို့ ပေးမလား ”
မျိုးကို ခေါင်းခါပြလိုက်ကာ..
“မပေးပါဘူး သူ့ပိုင်ရှင်ရှိမှာ ပေါ့ တော် ကြာ ငါ့ကို လာတောင်းလို့ မရှိရင် ဘယ်လိုလုပ် မလဲ သက်သက်မဲ့ ကြားက စိုက်လျော်နေရဦးမယ်”
“ငါယူသွားတယ် ပြောလိုက်ပေါ့ကွာ။ အခုလောလောဆယ်တော့ သူ့လုပ်ရပ်ပေါ်သွားမှာ စိုး လို့ အဲဒီ ပိုင်ရှင်လဲ မင်းကို လာတောင်းမယ် မထင်ပါဘူး”
“မင်းက ဘာလုပ်မလို့လဲ”
“ငါ လုပ်စရာရှိလို့ပါ”
ထို့နောက် မျိုးကိုက ထိုအရုပ်ကို ခါးပိုက်ထောင်ထဲမှ ထုတ်ပေးလိုက်သည်။ ချစ်ကိုဦးက ထိုအရုပ်ကို ယူ၍ သေသေချာချာ ကိုင်ကြည့်လိုက်ပြီး…
‘တော် တော် တူတာကွ သိလား။ ကိုယ်ပါထားတဲ့ အီးပုံတောင် အဲဒီ လောက် တူမယ် မထင် ဘူး”
ချစ်ကိုဦးပြောမှ ထိုအီးပုံအရုပ်လေးကို စိန်သော င်းက ယူကြည့်လိုက်၏ ။ ချစ်ကိုဦး ပြောသ လိုပင် တကယ့်အီးပုံအစစ်အတိုင်း တူအောင် ပြုလုပ်ထားသော အရုပ်ကလေးမှန်း စိန်သော င်း မှတ်ချက်ချမိ၏
စိန်သော င်းက ချစ်ကိုဦးကို ထိုအရုပ်လေး ပြန်ပေးလိုက်တော့…
“မင်းခဏ ယူထားဦး ငါက ရေအိုးမရဦးမှာ ဆိုတော့ အတန်းထဲကျမှ ယူမယ်”
စိန်သော င်းက ခေါင်းညိတ်ပြ၍ ထိုအရုပ်ကလေးကို ယူထားလိုက်သည်။
ထိုအချိန်မှာ အသံအော်ကျယ်အော်ကျယ်နှင့် မျောက်ကြီးရောက်လာသည်။ မျောက်ကြီးက ချစ်ကိုဦးတို့ဆီက ရေစစ်ကို မျိုးကို ယူလာသော ရေအိုးပေါ်တင်လိုက်၍ …
“မင်းတို့က ငါ့တောင် မစောင့်ဘူး”
“ငါတို့ ရေသွားထည့်တာ တစ်ခန်းလုံး သိတာပဲ မင်းမမြင်ဘူးလား”
မျောက်ကြီးက ဖြူဖွေးလှသော သူ့သွားတွေ ကို ဖြဲပြ၍ ..
“မတွေ့ လိုက်ဘူးကွ ငါ နွေးနွေးနဲ့ စကားပြောနေလို့”
“မင်းဘာသာ မင်း ဖွန်ကြောင်ပြီး မတွေ့ တာတော့ ဘယ်တတ်နိုင်မလဲ”
ထို့နောက် မျောက်ကြီးက ဘာမှပြန်မပြောဘဲ ဖြီးဖြီး ဖြီးဖြီးလုပ်နေသည်။ ပြီးနောက် စိန်သော င်းကို တွေ့ သွားကာ ရယ်ပြလိုက်ပြီး
“မင်းက မနေ့က ပြောင်းလာတဲ့ ကျောင်းသားလား”
စိန်သော င်းက အပြုံးနဲ့ ခေါင်းညိတ်ပြလိုက်၏ ။ ချစ်ကိုဦးက ၀င်၍ …
“ဟုတ်တယ် မင်းက မနေ့က ကျောင်းမတက်လို့ မသိတာ”
“မသိပေမယ့် သတင်းကြားပါတယ်”
“မင်းက သူများ အကြောင်းပဲ လိုက်စပ်စုနေမှတော့ ဒီသတင်း ကြားတာမဆန်းပါဘူး”
“မင်းတို့က အဲဒီ လို မပြောနဲ့လေ။ ငါ့လို စပ်စုတတ်လို့ မင်းတို့တွေ တစ်ကျောင်းလုံးမှာ ဖြစ် ပျက်နေတဲ့ ကိစ္စတွေ သိနေရတာ မလား။ အခုလည်း မင်းစုံစမ်းခိုင်းထားထဲ့ သီရိကိစ္စ ငါသိခဲ့ရပြီ။ ဒါပေမဲ့ မင်း အဲဒီ လိုပြောတဲ့အတွက် ငါ မပြောတော့ဘူး
ချစ်ကိုဦးက ချက်ချင်း ပင် မျောက်ကြီးရဲ့ လက်မောင်းတွေ ကို ဆုပ်ကိုင်ကာ ရိုရိုကျိုးကျိုး အမူအရာလေးနှင့် ….
“မလုပ်လိုက်ပါနဲ့ မျောက်မျောက်ရယ်။ ငှက်ပျောသီး ကျွေးဆို ကျွေးပါ့မယ်။ အဲ ရှိကြီးခိုး ခိုးပါ့မယ်။ ရွှေစိတ်တော် မဆိုးလိုက်ပါနဲ့”
ချစ်ကိုဦးကိုကြည့်ပြီးအားလုံး ရယ်ကြသည်။ ချစ်ကိုဦးက ဘီခန်းက သီရိဆိုတဲ့ကောင်မ လေးကို ကြိုက်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သီရိနဲ့ပတ်သက်၍ သူသိချင်တာလေး တစ်ခုကို နေရာ တကာစပ်စုတတ်သော မျောက်ကြီးကို စုံစမ်းခိုင်းထားခြင်း ဖြစ်သည်း
မျောက်ကြီးဆိုတဲ့ ကောင်ကလည်း ဒုတိယကမ္ဘာစစ်က ဂျပန်တွေ သတ်လိုက်သော ဂျူးသူလျှိုသေလို့ ၀င်စားသလားတောင် ထင်ရသည်။ သူများ အကြောင်း စပ်စုရမယ်ဆိုလျှင် ငရဲ ပြည်အထိ တောင် လိုက်ပြီးစုံစမ်းပေးမည့် ကောင်မျိုး။
မျောက်ကြီးက စိန်သော င်းကို ကြည့်ပြီး ချစ်ကိုဦးဘက်မျက်စပစ်ပြကာ…
“မင်းဒီကောင်နဲ့ ပေါင်းရင်ကြည့်ပေါင်းနော် ဒီကောင်က ကောင်းတဲ့ကောင်မဟုတ်ဘူးကွ၊ မင်းက ကျောင်းသားအသစ်ဆိုတော့ ငါက သတိပေးထားတာ။ တော် ကြာ မင်းပါ ဒီကောင်ကြောင့် ဒုက္ခရောက်နေမှာ စိုးလို့”
စိန်သော င်းက ရယ်ရုံသာ ရယ်နေလိုက်သည်။ ချစ်ကိုဦးက စိန်သော င်းကို ပခုံးခက်၍ အားလုံးကို တစ်ချက်ဝေ့ကြည့်လိုက်ကာ..
“ကဲ အားလုံးမင်းကို ထပ်ပြီး မိတ်ဆက်ပေးရဦးမယ်။ အခုတစ်ခါ မိတ်ဆက်တာ ကတော့ ပထမတစ်ခါမိတ်ဆက်ပေးသလို တစ်ခန်းလုံးနဲ့ ခြုံငုံပြီးမိတ်ဆက်သလိုမဟုတ်ဘူးပေါ့ကွာ။ ဒီတစ်ခါ တော့ တစ်ဖွဲ့တွဲ သွားမယ့် သူငယ်ချင်းတွေ အနေနဲ့ မိတ်ဆက်တာပေါ့ ဟုတ်ပြီလား”
စိန်သော င်းက ခေါင်းညိတ်ပြသည်။ ချစ်ကိုဦးက ပထမဦးစွာ မျောက်ကြီးကို လက်ညှိုးထိုး ပြ၍ က..
ဒီကောင့်နာမည် က လွမ်းနုဖွေးတဲ့ သူ့အဖေ အရက်မူးပြီး အဲဒီ နာမည် ပေးထားတာလို့ ပြောတာပဲ။ နာမည် နဲ့ ရုပ်နဲ့ ကတော့ မင်းမြင်တဲ့အတိုင်းပဲ စိန်သော င်း ငါတို့ ကတော့ အမြင်ကို အမြင်အတိုင်း မျောက်ကြီးလို့ပဲ ခေါ်တယ်”
စိန်သော င်းက လွမ်းနုဖွေးဆိုတဲ့နာမည် ကို ရွတ်ကာ မျောက်ကြီးမျက်နှာကို တအံ့တသြ ကြည့်သည်။ မျောက်ကြီးမျက်နှာကား အနီးကပ်သေချာကြည့်မှ မည်းရုံတင်မက ပြာပါနေသည်ဟု ထင်မိ၏ ။ မျက်တွင်းနှစ်ဖက်ကလည်း မွေးရာပါကြောင့်လား၊ အိပ်ရေး ပျက်လို့လား မသိပေ။ အတွင်း ထဲသို့ ချိုင့်ဝင်ကာ ညိုနေသေး၏ ။
စိန်သော င်းမှာ ရယ်ချင်စိတ်ကို မထိန်းနိုင်တော့ဘဲ ခွီးကနဲ ရယ်ချလိုက်တော့၏ ။ နောက် တော့မှ မျောက်ကြီး သူ့ကိုစိတ်ဆိုးသွားမလား စိုးရိမ်၍ လှမ်းကြည့်လိုက်၏ ။ မျောက်ကြီးက စိတ်ဆိုး ဖို့နေနေသာသာ သူ့ကို အဲဒီ လိုရယ်လို့ ပျော်နေပုံတောင်ရေ၏ ။ သွားကလေး ဖြဲတဲဖြဲတဲနှင့် ချစ်ဦး ကို မထိတထိ လှမ်းရိုက်နေလေသည်။ သွား ကတော့တော် တော် ဖြူကြောင်း စိန်သော င်း မှတ်ချက် ချမိသည်။
ချစ်ကိုဦးက နောက် တစ်ယောက် နှင့် ထပ်၍ မိတ်ဆက်ပေ၏ ။
“ဒါက မျိုးကိုတဲ့ သူက နေရာတကာသူသိသူတတ် လုပ်တတ်လွန်းလို့ တွတ်ပီကာတွန်း ထဲက သူကြီးဘစီရဲ့ နာမည် ကို ပေးထားတယ်။ အဲဒါကြောင့် သူ့ကို ဘစီလို့ အမြင်ကပ်တဲ့သူတွေ က ခေါ်တယ်”
မျိုးကိုက သူ့ဂုဏ်ပုဒ်တွေ ကို ချစ်ကိုဦးက ပြောလို့အပြီးတွင် ဦးလေးညွှတ်ကာပြ၏ ။ထိုအချိန် တွင် လေးလေတချွန်ချွန်နှင့် သူတို့ ထည့်နေသော ရေဘုံပိုင်သို့ ကျောင်းသား တစ်ယောက် ရောက် ကာလာသည်။ ထိုကျောင်းသားများ အရပ်ရှည်ရှည် ခါးကိုင်းကိုင်းနှင့် ကုလားအုတ်နှင့် တူလှ၏ ။
ထိုကျောင်းသားက ရောက်ရောက်ချင်းပင် အားလုံးကို ဝေ့ကြည့်ကာ မျက်နှာထားတည် တည်နှင့် ခါးထောက်၍ ..
“မင်းတို့ ရေလေးနှစ် အိုး ခပ်နေကြတာ မပြီးကြသေးဘူးလား ဒီလို ရေခပ်တဲ့အလုပ်လေးမှာ တောင် နှေးကွေးလေးလံနေကြရင် နောင် ငါ့ကုမ္ပဏီမှာ မင်းတို့ကို အလုပ်ခန့်တဲ့အခါ ဘယ်လိုစိတ် ချရမလဲ”
“စိတ်ချရအောင် မင်းနှမနဲ့ ပေးစားလိုကပေါ့ကွာ”
မျောက်ကြီးစကားကြောင့် အားလုံး ၀ိုင်းရယ်ကြ၏ ။ ထိုကျောင်းသားက မျောက်ကြီးကို ကြည့်ကာ…
“ငါ့နှမကို တိရစ္ဆာန်တွေ နဲ့ မပေးစားဘူးကွ”
ထိုအခါ မျောက်ကြီးက မကြည်ကြည့် ပြန်ကြည့်၍ …
“ဟေ့ကောင် ကုလားအုတ် မင်းလည်း တိရစ္ဆာန်ပဲ ငါလည်း တိရစ္ဆာန်ပဲ တိရစ္ဆာန်ညီမကို တိရစ္ဆာန်ယူတာ ဘာ ဖြစ်လဲ”
“ဟေ့ကောင် တိရစ္ဆာန်ချင်းတူပေမယ့် ငါတို့က အမြင့်မျိုးကွာ အမြင့်မျိုးဆိုတော့ အမျိုးမြင့် တယ် မင်းတို့မျောက်မျိုးတွေ လို မဟုတ်ဘူး”
ကုလားအုတ်စကားကို မျောက်ကြီးကလည်း အားကျမခံဖြင့် …
“ဒီမှာ ကုလားအုတ် ငါတို့မျောက်တွေ ကလည်း ဟိုအပင်ထိပ်ဖျားထိ တက်နေတဲ့ကောင် တွေ ကွ သိလား။ မင်းတို့ ကုလားအုတ်တွေ မြင့်တယ်ဆိုတာ သနားတယ်”
“ကဲ ကဲ တော် ကြပါတော့ကွာ မင်းတို့တိရစ္ဆာန်ချင်း မျိုးရိုးပြိုင်ချင်ရင် နောက်မှ ပြိုင်ကြပါ။ ဒီ မှာ ကုလားအုတ် မင်းက နောက်မှ ရောက်လာပြီး စကားကြီးစကားကျယ်တွေ ပြောပြီး ရေသာခိုဖို့ မစဉ်းစားနဲ့ ဒီရေအုးနှစ် အိုးလုံး မင်းသယ်ခဲ့”
“ဟာ အဲဒါတော့ မတရားတာပဲ ငါလည်း နောက်မှ ရောက်သလို မျောက်ကြီးလည်း ခုနက မှ အခန်းထဲက ထွက်သွားတာ ငါမြင်လိုက်တယ်”
ချစ်ဦးက ကုလားအုတ်စကားကို နားထောင်ပြိး ခေါင်းတညိတ်ညိတ်လုပ်၍ ..
“ဒါလည်း ဟုတ်တယ်။ မျောက်ကြီးနဲ့ ကုးလားအုတ်က နောက်ဆုံးမှ ရောက်လာ တာဆို တော့ မင်းတို့ တိရစ္ဆာန်နှစ် ကောင်က ဒီရေအိုးနှစ် အိုးကို သယ်ခဲ့ကြ”
ကုလားအုတ်က ဘာမှမပြောဘဲ စိန်သော င်းကို စူးစမ်းတဲ့သဘောနဲ့ လှမ်းကြည့်၏ ။ စိန် သော င်းက ကုလားအုတ် လှမ်းကြည့်တော့ အကြည့်ကိုတစ်မျိုးသဘောပေါက်သွားကာ ချစ်ဦးကို လှမ်းကြည့်လိုက်၍ ..
“ချစ်ကိုဦး ငါတစ်အိုး သယ်ပါ့မယ်။ အလာတုန်းက မင်းနဲ့ မျိုးကို ရေအိုးတွေ သယ်လာတာ ပဲ။ ငါက ရေစစ်လေးပဲ သယ်လာရတာ အဲဒါကြောင့် ငါ တစ်အိုးသယ်ပေးပါ့မယ်”
ချစ်ကိုဦးက စိန်သော င်းစကားကို ခေါင်းခါလိုက်၍ ..
“မင်းက လူသစ်ဆိုတော့ ဒီနေ့မလုပ်နဲ့ဦး နောက်နေ့တွေ ကျ လုပ်ပေါ့”
စိန်သော င်း ငြိမ်နေမိသည်။ ကုလားအုတ်နဲ့ မျောက်ကြီးကလည်း သဘောတူညီစွာ နှင့် ရေအိုးေ တွ ကောက်မ၏ ချစ်ကိုဦးက ကုလားအုတ်ကို လက်တို့လိုက်၍ စိန်သော င်းကကို မေးငေါ့ ပြကာ..
“ကုလားအုတ် ဒါ ငါတို့အဖွဲ့ဝင်သစ်ပဲ မနေ့ကမှ ပြောင်းလာတာ မင်းသိတယ်မလား”
ကုးလာအုတ်က ခေါင်းညိတ်ပြပြီး..
“သိတယ်လေ ဆရာမ တောင်မိတ်ဆက်ပေးတယ်”
ချစ်ကိုဦးက ခေါင်းညိတ်ပြ၍ စိန်သော င်းကို လှည့်ကြည့်ပြီး..
“စိန်သော င်း ဒီကောင့်နာမည် က ကုလားအုတ်တဲ့ အရပ်ရှည်လို့ ကုလားအုတ်လို့ ပေးထား တာ။ တကယ့်နာမည် ရင်းက ဇွဲလို့ ခေါ်တယ်။ လူရှည်သလောက် နာမည် တစ်လုံးတည်း စကားကြီး စကားကျယ် တအားပြောတယ်”
“မင်းလောက်တော့ မဆိုးသေးပါဘူးကွာ” ဟု ကုလားအုတ်က ပြန်ပြောလိုက်သည်။ စိန် သော င်းက ကုလားအုတ်စကားကြောင့် ရယ်၍ ချစ်ကိုဦးကို လှည့်လိုက်ကာ…
“မင်းက သူများ တွေ အားလုံးနဲ့တော့ သူတို့အကြောင်းတွေ ပြောပြီး မိတ်ဆက်ပြီးတော့ မင်းကို ကျတော့ သူတို့က ဘယ်လိုခေါ်ကြလဲ”
အားလုံးက စိန်သော င်းစကားဆုံးတော့ ပြိုင်တူပင်..
“သောက်ရူး”
“နှာဘူး”
“ငပေါ”
“ဥစ္စာရူး”
စသည်ဖြင့် ၀မ်းသာအားရ ပြောသံတွေ စုံလင်ကာသွား၏ ။
သူတို့အားလုံး လွတ်လပ်ပေါ့ပါးစွာ ၀ိုင်းရယ်လိုက်ကြသည်။ ထိုရယ်သံများ က သူတို့ရင်ထဲ ၌ ပဲ့တင်ထပ်ကာ သွား၏ ။ ထို့နောက် တစ်ဦးနှင့် တစ်ဦး ပိုမိုရင်းနှီးသွားစေသော စိတ်များ ရင်ထဲ၌ ကိုယ်စီကိုယ်င ဖြစ်ပေါ် သွားပါစေတော့သည်။
အခန်း (၃)
နောက်တစ်ရက်တွင် စိန်သော င်းပြဿနာတစ်ခုနှင့် ရင်ဆိုင်ရလေသည်။ တခြားတော့ မဟုတ်ပေ။ မနေ့က ရေဘုံပိုင်မှာ ချစ်ဦးက ခဏသိမ်းခိုင်းထားသော အီးပုံအရုပ်ကြောင့် ဖြစ်။ စိန်သော င်း လက်ထဲထို အရုပ်ကလေး ကိုင်ထားတာကို လချမီးဘေးမှာ ထိုင်တဲ့ ကောင်မလေးက မြင်သွားပြီး လချမီးကို သွားပြောသော ကြောင့် ဖြစ်၏ ။ လချမီးက ထိုကိစ္စ၏ တရားခံမှာ စိန်သော င်း ဟုထင်သွားပြီး ဆရာမ အား သွားတိုင်လေသည်။ မနေ့တစ်နေ့ကမှ ရောက်လာသော ကျောင်းသား သစ်က သူမကို ဒါမျိုးလုပ်၍ ဒေါသထွက်သွားပုံလည်းရ၏ ။
ဆရာမ က ထိုကိစ္စကို ဖြေရှင်းပေးမည် ဆို၍ စိန်သော င်းအား အတန်းရှေ့သို့ ခေါ်သည်။ စိန် သော င်းခမျာ ဘုမသိဘမသိနှင့် ဆရာမ ရှေ့ရောက်တော့ လက်ကလေးပိုက်ကာ..
“ဆရာမ ကျွန်တော် ရောက်ပါပြီ”
ဆရာမ က စိန်သော င်းအားကြည့်၍ ..
“မင်းမနေ့က လချမီးထမင်းချိုင့်ထဲကို မဟုတ်က ဟုတ်က အရုပ်ထည့်ပြီး စတယ်ဆို”
“မင်းကို ဟိုတစ်နေ့ကမှ ရောက်လာတဲ့ လူသစ်ဆိုတော့ ဒါမျိုးမလုပ်လောက်ဘူးလို့ ဆရာမ ထင်တယ်။ ဒါမျိုး တစ်ယောက် ယောက် မြှောက်ပေးလို့ လုပ်တာလား မင်းကို ဘယ်သူမြှောက်ပေး တာလဲ”
“ဘယ်သူမှ မမြှောက်ပေးပါဘူး ဆရာမ ”
“ဒါဆို မင်းဘာသာမင်း လုပ်တာပေါ့ ဟုတ်လား”
စိန်သော င်းက ကပျာကယာ လက်ကာပြလိုက်ပြီး..
“အဲ အဲလိုလည်း မဟုတ်ပါဘူးဆရာမ ။ ဘယ်သူလုပ်တယ်ဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တ်ာလည်း မလုပ်ပါဘူးဆရာမ ”
“ဒါဆို မင်းလက်ထဲမှာ အဲဒီ အရုပ်ကို တွေ့ တယ်လို့ပြောတယ်။ မင်းထဲကို အဲဒီ အရုပ်က ဘယ်က ရောက်လာတာလဲ”
“အဲ အဲဒါ ချစ်ကိုဦးက ကျွန်တော့်ကို ရေဘုံပိုင်မှာ ရေထည့်တုန်း ခဏကိုင်ထားခိုင်းလို့ ကိုင်ထားတာပါ”
ဆရာမ က စိန်သော င်းစကားဆုံးတော့ ချစ်ကိုဦးကို လှမ်းခေါ်သည်။ ထိုအရုပ်ကိစ္စကို မေး တော့ ချစ်ကိုဦးကလည်း..
“ကျွန်တော် လုပ်တာမဟုတ်ဘူး ဆရာမ ။ မျိုးကိုက အဲဒီ အရုပ်ကို လချမီးဆိက ယူပြီး သိမ်း ထားတာတွေ့ လို့ ကျွန်တော် လိုချင်တာနဲ့ တောင်းယူထားတာပါ”
“ဒါဆို အဲဒီ အရုပ်က ဘယ်သူထည့်တာလဲ”
“ကျွန်တော် တို့မသိဘူး ဆရာမ ”
ချစ်ကိုဦးနဲ့ စိန်သော င်းတို့က ပြိုင်တူဖြေကြသည်။ လက်သည်မပေါ်ဘဲ ပြန်လွှတ်လိုက် သည်။ ထို့နောက် တစ်ခန်းလုံးကို ဝေ့ကြည့်၍ မတ်တပ်ထရပ်လိုက်ကာ..
“ဆရာမ ရဲ့ အတန်းသူ အတန်းသားအားလုံးဟာ ချစ်ချင်ခင်ခင်နဲ့ မောင်နှမရင်းတွေ လို နေကြ တာကို ဆရာမ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ တစ်ယောက် နဲ့ တစ်ယောက် စကြနောက်ကြ တဲ့အခါမှာ သူတစ်ပါး သည်းမခံနိုင်လောက်အောင် စတာ နောက်တာမျိုး ဆရာမ မလိုလားဘူး။ အခု ကိစ္စမှာ ဘယ်သူလုပ်တယ်ဆိုတာကို ကိုယ့်ကိုယ်ကိုယ် အသိဆုံးပဲ ဖြစ်မယ်။ လူဆိုတာ ကိုယ့် ပျော်ရွှင်မှု တစ်ခုတည်းအတွက် သူတစ်ပါး စိတ်ဆင်းရဲအောင် လုပ်တာ မကောင်းပါဘူး။ ဆရာမ ဒါပဲ ပြောချင်တယ်”
ဆရာမ က စကားကို ခဏနားပြီး အတန်းသူ အတန်းသားတွေ ရဲ့ မျက်နှာကို ဝေ့ကြည့်လိုက် သည်။ အားလုံးက ဆရာမ စကားကို ငြိမ်သက်စွာ နားထောင်နေကြ၏ ။ ဆရာမ က ခဏကြာတော့ စကားကိုဆက်၏ ။
“ငါ မေးနေတယ် ဖြေလေ၊ ကိုယ့်တာဝန်ကိုယ်ယူရဲတဲ့ သတ္တိမရှိဘူးလား”
အခန်းက ပိုပြီး တိတ်ဆိတ်သထက် တိတ်ဆိတ်ကာသွား၏ ။ ထိုအချိန်တွင် ..
“ဘယ်သူလုပ်တယ်ဆိုတာ သမီးသိတယ်ဆရာမ ”
ဟုဆိုသော ကျောင်းသူ တစ်ယောက် ၏ အသံ ရုတ်တရက်ပေါ်လာ၏ ။ တစ်ခန်းလုံး ထိုကျောင်းသူကို ၀ိုင်းကြည့်လိုက်ကြသည်။ ဆရာမ ကလည်း ထိုကျောင်းသူကိုကြည့်ပြီး..
“ဘယ်သူလုပ်တာလဲ သမီး”
“အဲဒီ နေ့က မနက်ပိုင်းမှာ မျောက်ကြီးက လချမီးရဲ့ ထမင်းချိုင့်ကို ဖွင့်နေတာ သမီးတွေ့  တယ်ဆရာမ ”
မျောက်ကြီး တစ်ယောက် မှလွဲ၍ တစ်ခန်းလုံး တီးတိုးပြောဆိုသံတွေ ထွက်လာသည်။ မျောက်ကြီးခမျာ ကြက်သေသေကာ ထိုကျောင်းသူကို ငေးကြည့်နေမိသည်။
ဆရာမ က ထိုကျောင်းသူကိုထိုင်ခိုင်းလိုက်၏ ။
ထို့နောက် မျောက်ကြီးကို ထိုင်ရာမှ ထခိုင်းသည်။ မျောက်ကြီးမှာ မျက်နှာငယ်လေးနှင့် မတ် တပ်ရပ်လိုက်၏ ။
ဆရာမ က…
“မင်း ဘာပြောချင်သေးလဲ”
တစ်ခန်းလုံး မျောက်ကြီးကို စိတ်ဝင်တစား လှမ်းကြည့်နေကြသည်။ မျောက်ကြီးက သက်ပြင်းကိုချ၍ ..
“ဘာမှ မပြောချင်ပါဘူး ဆရာမ ”
“ဒါဆို မင်းအပြစ်ဆိုတာကို ၀န်ခံတယ်ပေါ့”
မျောက်ကြီးက ခေါင်းကို ဖြည်းညင်းစွာ ညိတ်ပြသည်။ ထို့နောက်ဆရာမ က မျောက်ကြီး အး အတန်းရှေ့သို့ ခေါ်လိုက်ပါတော့သည်။ အပြစ်ပေးဖို့…
ပုံမှန်အားဖြင့် ဆရာမ ဒေါ်လှလှမြင့်သည် သဘောကျောင်းသော ဆရာမ တစ်ယောက် ဟု ဆိုနိုင်သည်။ သူမအတန်းက အတန်းသူ အတန်းသားတွေ ကို အုပ်ချုပ်ရာ၌ ညီတူညီမျှနှင့် သမာ သမတ်ကျကျ အုပ်ချုပ်၏ ။ တင်းကျပ်သင့်သော စည်းကမ်းများ ကို သံမဏိကဲ့သို့ အခိုင်အမာတင်း ကျပ်ထားသလို အချို့ခွင့်လွှတ်လို့ရသော ကိစ္စများ ကို မသိချင်ယောင်ဆောင်နေတတ်၏ ။
လူငယ်ဆိုတာ လွတ်လပ်မှု့ ကို လိုလားသည်။ ပျော်ရွှင်မှု ကို ခုံမင်သည်။ အပေါင်းအသင်းကို မက်မော၏ ။ ဒါတွေ ကို ဆရာမ က သိသည်။ လူငယ်တွေ သဘောကိုနားလည်သည်။ ဆယ်တန်း အရွယ်ကျောင်းသား၊ ကျောင်းသူတွဆိုတာ လူကြီးတွေ လည်း မဟုတ်သေးသလို၊ ကလေးတွေ လည်း မဟုတ်ြ ကတော့ပေ။ စပ်ကူးမတ်ကူးကာလဟု ဆိုနိုင်၏ ။ ထို့ကြောင့် အရာရာကို စူးစမ်း ချင်၏ ။ ကောင်းတာရော မကောင်းတာပါ လက်တည့်စမ်းချင်သည်။ ဆန့်ကျင်ဘက် သဘာဝကို ရင်ခုန်ချင်၏ ။
ထို့ကြောင့် ဒီလိုအရွယ် ဒီလိုကာလတွင် မလျှော့မတင်း စောင်းကြိုးညှင့်းပမာ အုပ်ချုပ်နိုင်မှ သင့်တော် ပေလိမ့်မည် ဆိုတာ ဆရာမ က သဘောပေါက်ထား၏ ။ တင်းလွန်းလျှင်လည်း ပြတ်တတ် သည်။ လျှော့လွန်းလျှင်လည်း ပတ်တတ်၏ ။
ထို့ကြောင့်ဆရာမ ကို ကျောင်းသားတိုင်းက ချစ်၊ ကြောက်၊ ရိုသေကြလေသည်။ အခု မျောက်ကြီးရဲ့ ကိစ္စမှာ လည်း နောက်နောင် ဒီလိုကိစ္စမျိုး မပြုလုပ်ရန်နှင့် သူတစ်ပါးရဲ့ အစား အသောက်နဲ့ ပတ်သက်၍ အညစ်အကြေးတစ်ခုနှင့် ပုံခိုင်းကာ မနောက်ပြောင်သင့်ကြောင်း၊ထိုသို့ နောက်ပြောင်ခြင်းက ဘယ်လိုငရဲကြီးကြောင်း စသည်ဖြင့် ပုံတိုပတ်စလေးတွေ ပြောကာ ဆုံးမပြီး ကြိမ်လုံးနှင့် ခပ်နာနာ ငါးချက်ရိုက်ကာ အပြစ်ပေးလိုက်သည်။
မျောက်ကြီးက တင်ပါးနှစ် ဖက်ကို လက်ဖြင့် ပွတ်သပ်ကာ သူ့ထုံးစံအတိုင်း ဖြဲတဲဖြဲတဲနှင့် အတန်းသို့ ပြန်လာ၏ ။
“မင်းက ဒီလောက်ဆော်ခံရတာ တောင် မျက်နှာပိုးက မသေဘူးနော်။ ဆရာမ ရိုက်တာ မနာဘူးထင်တယ်”
ကုလားအုတ်ရဲ့ စကားကို မျောက်ကြီးက မျက်စောင်းထိုးလိုက်ကာ..
“မနာဘဲ နေမလားကွ။ မင်သွားပြီး အရိုက်ခံကြည့်ပါလား၊ တင်ပါးနှစ် ဖက်လုံး ထူပူ သွားတာပဲ”
“ဒီနောက်နာတာတောင် မင်းပါးစပ်က ဖြီနိုင်တုန်းပဲနော်”
“ဒါ ကတော့ မဖြီးဘဲ ငါက ကလေးလို ငိုပြီး ပြန်လာရမှာ လား ရှက်စရာကြီး”
“ခံပေါ့ လုပ်ချင်ရင်လည်း ပိပိရိရိမှ မလုပ်တာ။ အဲဒီ့ ဟာမတွေ ရှေ့မှာ မှ ပက်ပင်းကြီး မိရ တယ်လို့ သူတို့က ငါတို့ဆို ဘယ်လောက်အမြင်ကပ်နေတယ်ဆိုတာ မင်းသိသားပဲ”
မျောက်ကြီးက..
“ငါလည်း ပတ်ဝန်းကျင်ကို သေချာလေ့လာပြီးမှ လုပ်တာပါကွာ။ ဘယ်အချိန်က ဘယ်လို တွေ့ သွားမှန်းမှ မသိတာ”
“မင်းက မျိုးကိုဆီမှာ အဲဒီ အရုပ်ရှိတုန်းက ဘာလို့ သွားတောင်းမထားတာလဲ”
“လူတွေ ရှေ့မှာ သွားတောင်းလို့ ကောင်းမလားကွ၊ နောက်မှ ပြန်တောင်းမယ်ဆိုပြီး နေလိုက် တာပေါ့။ ချစ်ကိုဦးကလည်း နေရာတကာ လျှာရှည်တယ်။ အဲ့ဒီအရုပ်ကိုသာ မျိုးကိုဆီမှာ ယူပြီး စိန်သော င်းကို ပေးမထားရင် ဒီကိစ္စပေါ်မှာ မဟုတ်ဘူး”
ကုလားအုတ်က စုတ်တစ်ချက် သပ်လိုက်ကာ..
“မင်းထင်လို့ပါ။ အဲဒီ ဟာမတွေ မပြောဘဲနေမှာ ။အနှေးနဲ့အမြန်ပဲ ကွာမယ်။ တစ်ချိန်ချိန်မှာ သူတို့သွားပြောမှာ ပဲ သေချာတယ်။ သူတို့က ငါတို့အဖွဲ့ကို အမြဲတမ်း ဒုက္ခရောက်စေချင်နေတာ”
ကုလားအုတ်စကားကြောင့် မျောက်ကြီးငြိမ်နေမိသည်။ ဒီအချိန်မှာ ဒီကိစ္စမပေါ်လည်း နောင်တစ်ချိန်မှာ သူတို့သွားပြော၍ ဒီကိစ္စပေါ်မှာ ပဲဆိုတာကို မျောက်ကြီးက လက်ခံမိသည်။
အဲ့ဒီကျောင်းသူအုပ်စု သူတို့အဖွဲ့ကို လုံးဝကြည့်ရတာ မဟုတ်ပေ။
သူတို့အဖွဲ့ဆိုတာက ချစ်ကိုဦး မျောက်ကြီး၊ ကုလားအုတ်နှင့် မျိုးကိုတို့ကို ဆိုလိုသည်။
အဲဒီ ကျောင်းသူတွေ ဆို ကတော့….
နင်က အဲဒီ လို ပေါ်တင်ကြီး ထပြောလိုက်တော့ သူတို့တွေ ငါတို့အပေါ်မှာ တော် တော် လေး မုန်းသွားမှာ သေချာတယ် သိလား အေးမြတ်မွန်”
မုန့်စားကျောင်းလွှတ်ချိန် ဖြစ်၍ မုန့်ဈေးတန်းက မုန့်ဟင်းခါးဆိုင်မှာ ဖြစ်၏ ။ ကျောင်းသူငါး ယောက် လောက်ထိုင်ကာ မုန့်ဟင်းခါးစားရင်း စကားပြောနေကြသည်။ အေးမြတ်မွန်ဟု အခေါ်ခံရသော ကျောင်းသူက ပန်းကန်ထဲက ကြက်သွန်ဥကို ခပ်ကာ အရသာခံ၍ ၀ါးလိုက်ရင်း..
“မတတ်နိုင်ဘူးဟယ် သူတို့မုန်းသွားမှာ ကို နင်တို့က ဂရုစိုက်နေလို့လား။ သူတို့ကရော ငါတို့အပေါ် ဘယ်တုန်းကများ စေတနာထားခဲ့လို့လဲ မတွေ့ လိုက်နဲ့ တွေ့ လိုက်ရင် တစ်ခုမဟုတ် တစ်ခု ဒုက္ခပေးနေတာပဲလေ”
“အဲဒါတော့ ဟုတ်တယ်။ င့ါကို ဟိုတစ်နေ့က ကုလားအုတ်ဆိုတဲ့ ကလန်ကလားကောင်က ဘာအသားတိုးဆေးစားသလဲလို့ မကြားတကြား ပြောသွားတယ်”
ထိုစကားကို တတိယမြောက် မုန့်ဟင်းခါးပွဲအား အားရပါးရစားနေသော ၀၀တုတ်တုတ်နှင့် ကျောင်းသူက ၀င်ပြောလိုက်ခြင်း ဖြစ်သည်။
နောက် တစ်ယောက် က ထို၀၀တုတ်တုတ်နှင့် ကျောင်းသူကိုကြည့်၍ ..
“နင်ကလည်း လွန်လွန်းပါတယ်။ ဘတ်စ်ကားစီးရင်တောင် စပါယ်ယာက နှစ် ယောက် စာ တောင်းတယ်ဆိုတော့ အပြောခံရတာ တောင် နည်းသေးတယ်”
ထိုစကာကိုကြားတော့ ၀တုတ်မလေးက နှုတ်ခမ်းစူ၍ …
“ဘာ ဖြစ်လဲ ငါ့ဘာသာ ငါ စားနိုင်လို့ဝတာ”
ဟူ၍ ပြန်ပြောလိုက်သည်။
အားလုံး ၀ိုင်းရယ်လိုက်ကြ၏ ။
ထိုအချိန်တွင် သူမတို့ ရယ်သံကြား၍ မုန့်ဟင်းခါးဆိုင်ရှေ့ဖြတ်သွားသော မျောက်ကြီးက လှမ်းကြည့်လိုက်သည်။
မျောက်ကြီးစိတ်ထဲတွင် သူအရိုက်ခံရသည့်အကြောင်းကို အားရ၀မ်းသာစွာ အတင်းပြော၍ ၀ိုင်းရယ်နေကြသည်ဟု ထင်သွားကာ ရင်ထဲမှာ တင်းကာသွားသည်။
ပြဿနာရှာဖို့ကလည်း ဟိုဘက်အုပ်စုတောင့်နေပြီး သူက တစ်ယောက် တည်းသမား ဖြစ်နေ ၍ ကျန်တဲ့လူတွေ ကိုအကူအညီတောင်းရန် ထွက်လာခဲ့လိုက်သည်။
သူတို့ထိုင်နေကျ ကျောင်းအနောက်ဘက်က ကုက္ကိုလ်ပင်အောက်မှာ တစ်ဖွဲ့လုံးကို တွေ့ ရ ၏ ။ မျောက်ကြီးက သူမြင်တွေ့ လာရသမျှကို ရှင်းပြတော့ ချစ်ကိုဦးက..
“ဒါ မင်းကို သက်သက်စော်ကားတာကွ မခံနဲ့”
“ငါလည်း မခံပါဘူး။ ဒါကြောင့် မင်းတို့ဆီ လာခဲ့ရတာ ”
“ငါတို့ ဘာဆိုင်လို့လဲ”
“ဆိုင်တာပေါ့ကွ၊ ငါ တစ်ယောက် တည်း သွားပြောလို့ ဖြစ်မလား။ ဟိုကတစ်အုပ်စုလုံး ရှိနေတာ။ စုတ်ပြတ်သတ်သွားမှာ ပေါ့။ အဲ့ဒါကြောင့် မင်းတို့ကို လာခေါ်တာ”
ကုလားအုတ်က မျောက်ကြီးစကားကို နားထောင်ပြီးခေါင်းကုတ်လိုက်ကာ..
“ခပ်အေးအေးပဲ နေပါရစေ မျောက်ကြီးရာ ခုန တစ်မှု ပြီးလို့တောင် နေ့မကူးသေးဘူး နောက်တစ်မှု မစချင်စမ်းပါနဲ့”
မျောက်ကြီးက ခေါင်းကိုဖြည်းညင်းစွာ ခါပြရင်း..
“ငါက နောက်တစ်မှု စမယ်လို့ ပြောတာမဟုတ်ပါဘူး။ သူတို့နားမှာ သွားပြီး အင်အားပြရုံ လေး မပြလို့ ပြောတာပါ။
အဲ့ဒါမှ ငါတို့အဖွဲ့တွေ ကိုကြည့်ပြီး သူတို့ပြောချင်တာ ပြောလို့မရမှာ ”
မျောက်ကြီးစကားကို မျိုးကိုက မေးစေ့ပွတ်ကာ နားထောင်ရင်း ခေါင်းတညိတ်ညိတ် လုပ်၏ ။ ပြီးမှ စဉ်းစားချင့်ချိန်ပြောဆိုသော လေသံမျိုးနှင့် ..
“အဲ့ဒါ ဟုတ်တယ်ကွ မျောက်ကြီးပြောတာ မှန်တယ်။ သူတို့၊ ငါတို့အကြောင်းကို ပြောချင် တာပြောခွင့်မပေးနိုင်ဘူး။ မျောက်ကြီးကို ပြောတယ်ဆိုတာလည်း ငါတို့အဖွဲ့ကို ပြောတာနဲ့ အတူတူပဲ။ ဒါကြောင့် အင်အားတော့ သွားပြသင့်တယ်။ လိုအပ်ရင် သတိပေးစကားလေးတွေ ပါ ပြောသင့်ရင် ပြောခဲ့ရမယ်”
မျောက်ကြီးက မျိုးကို တစ်ယောက် သူ့ဘက်ပါလာ၍ အားတက်သွား၏ ။ မျိုးကို ကိုလည်း အားကိုးတစ်ကြီး ကြည့်သည်။ မျိုးကိုဆိုတဲ့အကောင်ကလည်း သိတဲ့အတိုင်း ဒါမျိုး ဆရာတင်တဲ့ အကြည့်နဲ့ ကြည့်လို့ ကတော့ ကျားဖင်တောင် ပြေးနှိုက်မယ့်ကောင်…
“သူတို့က ဘယ်မှာ လဲ မျောက်ကြီး”
“ဒေါ်အေးဆိုင်မှာ ”
မျိုးကိုက အရင်ထရပ်သည်။ မျောက်ကြီးက မျိုးကိုနောက်မှ လိုက်ရပ်၏ ။ ကျန်တဲ့လူတွေ ကတော့ ချီတုချတုံ အမူအရာတွေ နှင့် ထရပ်ကြ၏ ။
“လာအမြန်သွားမယ် တော် ကြာ သူတို့ ထွက်သွားဦးမယ်”
ဟုဆိုကာ မျိုးကိုက ရှေ့က ကော့ကော့ ကော့ကော့နှင့် ထွက်ကာသွား၏ ။ မျောက်ကြီးက မျိုးကိုနောက်က ကပ်ပါသွားသည်။ ကျန်တဲ့သုံးကောင်က ဖြစ်သည့် ချစ်ကိုဦး၊ ကုလားအုတ်၊ စိန်သော င်းတို့ ကတော့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာတွန့်ဆုတ်တွန့်ဆုတ် နှင့် ပါ သွာပါတော့သည်။
“မျိုးကို ကတော့ လုပ်ချသွားပြန်ပြီကွာ”
ဟုတ် ချီးကိုဦးက ဆိုသည်။ ကုလားအုတ်က ခေါင်းကုတ်၍ ..
“ဘာတွေ ဖြစ်ဦးမလဲ မသိဘူးကွာ” ဟုစိတ်မသက်မသာနှင့် ပြောသည်။ စိန်သော င်း ကတော့ ဘာမှမသိသူမဟုတ်၍ အူကြောင်ကြောင်နှင့်ပါ သွားပါတော့သည်။
အခန်း (၄)
မုန့်ဟင်းခါးဆိုင်ရောက်တော့ ကောင်မလေးတွေ ရှိသေးသည်။ သူတို့က ကောင်မလေး တွေ ထိုင်တဲ့ စားပွဲနှင့် ကပ်လျက်က ခုံမှာ ၀င်ထိုင်လိုက်သည်။ ကောင်မလေးတွေ ထဲမှ ၀၀တုတ် တုတ်နှင့် ကောင်မလေးက သူတို့အဖွဲ့ကို လှမ်းမြင်သွား၍ ကျန်တဲ့သူတွေ ကိုမျက်ရိပ်ပြကာ သတိ ပေးလိုက်သည်။ ထို့နောက် ကောင်မလေးတွေ စကားပြောသံတွေ တိတ်ဆိတ်ကာသွားသည်။
မျိုးကိုက စ၍ ..
“တချို့ကျတော့ ဆယ်တန်းသာ ရောက်နေတာ လူက ကလေးစိတ် ကုန်သေးတာ မဟုတ်ဘူးကွ”
ဆိုပြီး အစထောင်ပေးသည်။ ဒါကိုမျောက်ကြီးက သံယောင်လိုက်၍ ..
“ဟုတ်လား မင်းက မြင်ဖူးလို့လား”
“မြင်ဖူးတာပေါ့ကွ သူများ ကို မျက်နှာလို မျက်နှာရလုပ်ပြီး ဆရာမ ကို သွားချွန်တာတို့၊ ဘာတို့ဆိုတာ ကလေးတွေ မှ လုပ်တာကွ၊ ကလေးစိတ်ရှိတဲ့ လူတွေ မှလုပ်တာ”
ကောင်မလေးတွေ က ဒီကောင်တွေ သူတို့ကို စစ်ကြေညာပြီဆိုတာ သိလိုက်သည်။ သို့သော် မျိုးကိုတို့က ဘယ်သူဘယ်ဝါဆိုတာ နာမည် တပ်၍ ပြောနေခြင်းမဟုတ်သော ကြောင့် ပြဿနာထရှာလို့ လည်းမရ ဖြစ်နေ၏ ။
မျိုးကိုက အသံကို နည်းနည်း ထပ်တင်၍ …
“ကိုယ့်ကိစ္စ မဟုတ်ဘဲ သူများ ကိစ္စ၀င်ပါတဲ့လူတွေ ကို ဘယ်လိုခေါ်လည်း သိလား”
မျောက်ကြီးက အားရ၀မ်းသာနှင့် ထအော်သည်။
“ပါလေရာ ငါးပိချက်”
“ဟုတ်တယ်ကွ မင်းပြောတာမှန်တယ်။ ငါးပိချက်ကမှ စားလို့ ကောင်းသေးတယ်။ အဲလို ကျတော့ ဟီး ဟီး”
မျိုးကိုက သူ့စကားသူ တစ်ပိုင်းတစ်စနှင့် ရပ်၍ သဘောကျစွာ ရယ်၏ မျောက်ကြီးက..
“အဲလိုလူတွေ ကတော့ ဘာ ဖြစ်လဲ ပြောစမ်းပါဦး”
“အဲလိုလူတွေ ကျတော့ စိတ်ထားကအစညစ်ပတ်တော့ ခန္ဓာကိုယ်လည်း ညစ်ပတ်မှာ ပဲ ဒါကြောင့် ချက်စားရင် ရွံစရာကြီးလို့ ပြောတာကွ။”
“ဟား ဟား ဟား ဟား”
မျောက်ကြီးက ရယ်စရာဒီလောက် မပါပါဘဲနှင့် အာလုပ်သံကြီးနဲ့ ထကာရယ်သည်။
ချစ်ကိုဦးနှင့် ကုလားအုတ်က တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ ပြုံးစိစိ လုပ်နေ ကြသည်။ စိန်သော င်းကလေတော့ ဘာရယ်မဟုတ်ဘဲ ကောင်မလေးတွေ ၀ိုင်းဘက်သို့ ငေးကာ ကြည့်နေ၏ ။
သူ့စိတ်ထဲမှာ ကောင်မလေးတွေ ကို ကြည့်ကော တွေးနေမိ၏ ။ ဒီကောင်မလေးတွေ နှင့် ချစ်ကိုဦးတို့မှာ ပြဿနာတစ်ခုခုရှိနေသလည်ဆိုတာကို သူ့ခန့်မှန်းမိ၏ ။ ထိုပြဿနာ ရန်စကလည်း အခုမှ မဟုတ်ဘဲ အရင်ကတည်းက ရှိခဲ့သည့် ပြဿနာ ဖြစ်လိမ့်မည် ဟု တွေးမိသည်။
ထို့နောက် သူကလည်း အခုဆို ချစ်ကိုဦးတို့နှင့် တစ်ဖွဲ့တည်းလိုလို ဖြစ်နေ၍ သူတို့လည်း ကြာလျှင် အမြင်စောင်းလာနိုင်သည်ဟု တွေးမိ၍ ဒီပြဿနာကြားထဲ ၀င်မပါမိစေရန် အတတ်နိုင် ဆုံး ကြိုးစားမည် ဟု ဆုံးဖြတ်ထားလိုက်သည်။
ထိုသို့ တွေးနေစဉ် စိန်သော င်း မျက်ဝန်းထဲ ကြွက်တစ်ကောင် ပေါ်လာ၏ ။ ထိုကြွက်က မုန့် ခါးအိုး တင်ထားသော မီးဖိုနောက်က ထွက်လာခြင်း ဖြစ်သည်။ ကြွက်က တော် တော် ကြီးသည် မြေကြွက်အမျိုးအစား ဖြစ်၏ ။
တော် ရုံတန်ရုံ ကြောင်လောက်ကို ဂရုစိုက်စရာမလိုသည့် ဗလမျိုးကိုလည်း ပိုင်ဆိုင်ထား သည်။ အတွေ့ အကြုလည်း တော် တော် ရှိပုံရသည်။ လူလည်း ကြောက်ပုံမပေါ်ပေ။
စိန်သော င်းက ဘာရယ်မဟုတ် ထိုကြွက်ကို စိတ်ဝင်တစားထိုင်ကြည့်နေ၏ ။ ကြွက်က မီးဖို နောက်က ထွက်လာပြီး ပတ်ဝန်းကျင်ကို အရင်စူးစမ်းလိုက်သည်။
ပြီးနောက် ခေါင်းကိုမော့ကာ နှာခေါင်းရှုံ့ပွရှုံ့ပွလုပ်၍ အစာနံ့ကို ခံ၏ ။ ထို့နောက် ဘေးဝဲ ယာကို မျက်လုံးတစ်ချက် ကစားလိုက်စဉ် စိန်သော င်းကို တွေ့ သွား၍ တစ်ချက်စိုက်ကာ ကြည့် လိုက်၏ ။ သူ့ကိုအန္တရာယ်ပြုမယ့်လူမဟုတ်ဘဲ အလုပ်မရှိ၊ အကိုင်မရှိ ထိုင်ကြည့်နေတဲ့ သူမှန်းသိ သွားတော့ အရေး မလုပ်တောဘဲ လှည့်ကာ ကောင်မလေးတွေ ထိုင်နေတဲ့ ဘက်ကို ကြည့်လိုက် သည်။
ထိုစဉ် သူစိတ်ဝင်စားစရာ အရာတစ်ခုကို တွေ့ သွားသည့်အလား ကိုရွှေကြွက်၏ မျက်လုံး က ရုတ်တရက် တောက်ပသွားသည်။ ကြွက်က ငြိမ်နေကာ ထိုအရာကို စူးစူးစိုက်စိုက် ကြည့်နေ သည်။
စိန်သော င်းကလည်း စိတ်ဝင်စားသွား၍ ကြွက်စိုက်ကြည့်နေသော နေရာကို လှမ်းကြည့် လိုက်ရာ ထိုင်နေသော ကောင်မလေးတွေ ထဲက တစ်ယောက် ၏ ခြေမပေါ် တင်ကျန်နေသော မုန့် ဟင်းခါးဖတ်ကို သွားတွေ့ သည်။
ထိုစဉ်မှာ ပဲ ကြွက်က ငြိမ်နေရာမှ ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်၍ မုန့်ဟင်းခါးဖတ်ကို တဟုန်ထိုး ပြေးကာသုတ်လေသည်။
ထိုအချိန်တွင် စိန်သော င်းရင်ထဲ ဘာ ဖြစ်သွားမှန်းမသိဘဲ ခြေမပိုင်ရှင်ကောင်မလေးတွေ အတွက် တော် တော် စိုးရိမ်ကာသွား၏ ။ ထို့ကြောင့်ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားကာ ရုတ်တရက် ထအော်ပစ်လိုက်တော့သည်။
“ဟာ ဟေး ကြွက် ကြွက် ဟိုမှာ ကြွက် ကြွက် ခြေမ ခြေမ ကြွက်”
ရုတ်တရက် ထအော်ပစ်လိုက်သော စိန်သော င်းအသံကြောင့် ချစ်ကိုဦးတို့ စကားသံတွေ ရုတ်ချည်း တိတ်ဆိတ်ကာသွားသည်။ ကောင်မလေးတွေ လည်း စိန်သော င်း၏ အသံနက်ကြီးနှင့် အော်သံကြောင့် အားလုံး ၀ရုန်းသုန်းကား ဖြစ်ကုန်ကြကာ..
“အမလေး ကြွက် ကြွက်တဲ့ လုပ်ကြပါဦး”
ဆိုပြီး တစ်ယောက် က ထခုန်ကာ ရပ်လိုက်သည်။ နောက် တစ်ယောက် က ထိုင်ခုံပေါ်ကနေ ရုတ်တရက်ကြီး ခုန်ဆုတ်လိုက်သော ကြောင့် ထဘီနှင့် ထိုင်ခုံငြိကာ လူရောခုံပါ လုံးထွေး၍ မြေ ပြင်ပေါ်သို့ မှော က်လျက်ကြီးပြုတ်ကျသွားလေ၏ ။
“အမလေးတော့ ပလေ့ တေ့ ဖုန်း”
ကျန်တဲ့သူတွေ ကလည်း သူတို့သန်ရာသန်ရာ အာမေဋိတ်တွေ အော်၍ လွတ်ရာကို ခုန် ထွက်သွားကြသည်။
အားလုံးထဲမှာ အဆိုးဆုံး ကတော့ မုန့်ဟင်းခါးဖတ်ကပ်နေသော ခြေမပိုင်ရှင် ကောင်မလေး ပင် ဖြစ်သည်။ သူက ကြွက်ကို တော် တော် ကြောက်ပုံရသည်။ စိန်သော င်းဆီက အလန့်တကြား ထအော်လိုက်သော “ကြွက် ကြွက်” ဟု အော်သံကြားကတည်းက ထခုန်လိုက်တာ သုံးပေလောက် မြောက်တက်ကာသွား၏ ။
သူမထခုန်လိုက်သော အရှိန်ကြောင့် လက်ထဲမှာ ကိုင်ထားသော မုန့်ဟင်းခါး ပန်းကန်က လွတ်ထွတ်သွားကာ ဆိုင်ရှေ့ကခုံတန်းလျားလေးမှာ မုန့်ဟင်းခါးတစ်ပွဲကို ပယ်ပယ်နယ်နယ် တွယ် နေသော လူ တစ်ယောက် ၏ ခေါင်းကို အရှိန်နဲ့ ပြေးမှန်၍ ငယ်ထိပ်တည့်တည့်မှာ ခွပ်ခနဲ စွပ်ကာ သွား၏ ။
ထိုလူ၏ အော်သံကလည်း ကောင်မလေးတွေ ရဲ့ အော်သံနဲ့ အတူ အပြိုင်ထွက်ကာလာ လေသည်။
“အား ၀ူး ၀ူး အား စပ်တယ် စပ်တယ် ရေ ရေပေးပါ ရေ”
ခဏချင်းပင် ဒေါ်အေးဆိုင်ကလေးမှာ ဝေသာလီပြည် ဘီလူးကျသလို ပွက်လောရိုက်ကာ သွားလေသည်။
“ဟဲ့ ကြွက်ကြွက် ဘယ်မှာ လဲ ကြွက် ရှာ ရှာကြလေ”
စိန်သော င်းကလည် သူမြင်ခဲ့ရာနေရာကို လက်ညှိုးထိုး၍ ..
“ဒီ ဒီနားလေးမှာ ဒီကောင် ရပ်နေတာ ပြီးတော့ ဒီနားကို ပြေးလာတာ”
အားလုံးက စိန်သော င်းပြတဲ့နေရာကို လိုက်ကြည့်သည်။ သို့သော် ကြွက်နဲ့တူတဲ့ကောင် တောင် မတွေ့ ရပေ။ ကိုရွှေကြွက်က စိန်သော င်းထအော်လိုက်ကတည်းက အခြေအနေ မဟန်မှန်း သိရင် ပြေးထွက်သွားပြီ ဖြစ်လေသည်။ အခုအချိန်လောက်ဆို သူ့တွင်းထဲမှာ နှပ်နေ လောက်ပြီ…။
ကောင်မလေးတွေ က ကြောက်ကြောက်နှင့် ထောင့်တစ်ရောမှာ ကပ်နေရာမှာ စိန်သော င်း ကို မျက်ထောင့်နီကြီးနှင့် ကြည့်၍ ..
“ဘယ်မှာ လဲ နင့်ကြွက် ဘယ်မှာ လဲ”
စိန်သော င်းလည်း မုန့်ဟင်းခါးဖတ်တွေ ပန်းကန်တွေ ပြန့်ကျဲနေသော မြေပြင်ကို သဲသဲမဲမဲ ကြည့်၍ ..
“ဒီ ဒီနားလေးမှာ ဒီကောင်ပြေးလာတာ ငါကိုယ်တိုင် မြင်တာ။ အခု ဘယ်ရောက်သွားလဲ မသိဘူး။ အခုလေးတင် အခုလေးတင် တွေ့ တာ”
ထိုအချိန်တွင် ထဘီနဲ့ ခုံနဲ့ငြိ၍ မြေပြင်ပေါ် မှော က်လျက်ကြီး လဲနေသော ကောင်မလေးက ကုန်းထသည်။ ဒေါ်အေးက ထိုကျောင်းသူလေးကို ပြေးထူပေး။ ထိုကျောင်းသူလေးက မတ်တပ်ရပ် ပြီးနောက် စိန်သော င်းကို လက်ညှိုးငေါက်ငေါက်ထိုး၍ ..
“ဒါ နင် ငါတို့ကို တမင်လုပ်တာမဟုတ်လား။ နင်တော် တော် မိုက်ရိုင်းပါလား။ ဒါ နင်တို့ တွေ သက်သက်ခွင်ဆင်ပြီး ငါတို့ကို လုပ်တာ”
ကျန်တဲ့ကျောင်းသူတွေ လေးယောက် ကလည်း ကြွက်မရှိတောမှန်းသိသွား၍ ထိုကျောင်းသူ နားသို့ ခါးထောက်၍ မတ်တတ်ရပ်လိုက်ကာ..
“ဟုတ်တယ် ဒါ နင်တို့ငါတို့ကို တမင်လုပ်တာ ကျောင်းအုပ်ဆရာကြီးနဲ့ တိုင်မယ်”
ဇာတ်လမ်းက အားလုံးရှုပ်ကုန်လေပြီ ချစ်ကိုဦးတို့လည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။ ထိုအချိန်တွင် ဆိုင်ရှေ့မှ အော်သံတစ်ခုကို ကြားလိုက်ရ၍ လှည့်ကြည့်လိုက်ရာ မုန့် ဟင်းခါး ပန်းကန်စွပ်နေသော လူ တစ်ယောက် ဖြစ်နေတာ တွေ့ ရသည်။
ထိုလူက မျက်လုံးကြီး စုံမှိတ်၍ လက်နှစ် ဖက်ကို ခါးကာ တဆာဆာအော်နေ၏ ။
“စပ်လွန်းလို့ သေတော့မယ် ရေ ရေပေးပါ ရေ”
အားလုံး လှမ်းကြည့်လိုက်ရာ ထိုလူ၏ ခေါင်းတွင် ရစရာမရှိအောင် ပေကျံနေသော မုန့်ဟင်း ခါးဖတ်များ နှင့် ဟင်းရည်တွေ ကို တွေ့ ရသည်။ အားလုံးက ထိုလူကို ကြည့်၍ တအံ့တသြ နှင့်…
“ဟင် ဆရာကြီး”
ထိုလူက မုန့်ဟင်းခါးဖတ်တွေ တွကျနေသော ကြောင့် မျက်စိမဖွင့်နိုင်သေးဘဲ..
“အေး ဆရာကြီးတွေ ဘာတွေ နောက်မှထား ငါ့မျက်နှာကို ရေအရင်လောင်း ပေးစမ်း ပူလို့ သေတော့မယ်”
ထိုအချိန်မှာ ဆိုင်ပိုင်ရှင် ဒေါ်အေးက ပျာရိပျာယာနှင့် ..
“ဟုတ်ကဲ့ ဆရာကြီး”
ဆိုပြီး ဆိုင်အောက်ဘက်ရှိ ရေပုံးကို ဆွဲ၍ လောင်းချလိုက်တော့၏ ။ လောင်းပြီးသွားမှ ဒေါ်အေး သတိဝင်ကာသွားသည်။ သူလောင်းလိုက်တာ ပန်းကန်ဆေးတဲ့ ရေပုံးကြီးပင်..
သို့သော် မတတ်နိုင်တော့။ လက်လွန်သွားပြီ ဆရာကြီးတစ်ကိုယ်လုံး လက်ဆေးရေတွေ စိုရွှဲနေသော ခန္ဓာကိုယ်ကြီးကို ဖြည်းလေးစွာ ထကာ အားလုံးကို မျက်ထောင့်နီကြီးနှင့် ကြည့်၍ ..
“မင်းတို့အားလုံး ရုံးခန်းလိုက်ခဲ့ကြ”
ဆိုပြီး ဒေါသတစ်ကြီးနှင့် ထွက် သွားပါတော့သည်။
ဆရာကြီး မတ်တတ်ထရပ်လိုက်မှ အရပ်တော် တော် ပုကြောင်း စိန်သော င်း သတိထားမိ သွားသည်။ ထိုဆရာကြီးကို သူတစ်ခါမှ မမြင်ဖူး၍ ချစ်ကိုဦးနား တိုးတိုးကပ်၍ ..
“အဲဒီ ဆရာကြီးက ဘယ်သူလဲ”
ချစ်ကိုဦးက အသံတုန်တုန်ရီရီနှင့်..
“ငါတို့တော့ သေပြီ အဲဒါ ငါတို့ကျောင်းမှာ လူပုသလောက် စိတ်တိုတယ်ဆိုပြီး နာမည် ကြီး တဲ့ ငါတို့ကျောင်းအုပ်ကြီးပဲ”
“ဟေ”
ဒီတစ်ခါတော့ စိန်သော င်းမျက်လုံးပြူးထွက်ကာ သွားလေသည်။ ငါးပါးတော့ မှော က်ပြီဟု စိန်သော င်း စိတ်ထဲ ရေရွတ်လိုက်ပါတော့၏ ။
“အဲဒီ ဆရာကြီနာမည် က ဘယ်သူလဲ”
“ဦးသာထွန်းတဲ့ ကျောင်းသားတွေ ကတော့ သူ့ကိုကွယ်ရာမှာ သုံးပေသာထွန်းလို့ နာမည် ပြောင်ပေးထားတယ်”
“ငါတို့ဘယ်လိုလုပ်ကြမလဲ”
အားလုံးက စိန်သော င်းကို ကြည့်၍ ..
“ရသမျှ ဘုရားစာသာ ရွတ်ထားတော့ အနည်းဆုံးတော့ ထားဝယ်ကြိမ်နဲ့ ငါးချက်ပဲ”
စိန်သော င်း တင်းပါတစ်ချက် တွန့်သွားမိတော့သည်။ ထို့နောက် သူတို့အပါ အ၀င် ကျောင်းသူတွေ ရော ကျောင်းအုပ်ကြီး ရုံးခန်းသို့ ချီတက်ရပါတော့၏ ။
ကျောင်းအုပ်ဆရာကြီး ဦးသာထွန်းရှေ့တွင် ကျောင်းသားငါးယောက် ၊ ကျောင်းသူငါး ယောက် မတ်တပ်ရပ်ကာ နေ၏ ။ ဆရာကြီးက သူ့ခန္ဓာကိုယ်မှာ ကပ်ပါလာသော မုန့်ဟင်းခါးဖတ် များ ကို အ၀တ်စုတ်တစ်ခုနှင့် လိုက်သုတ်ပြီး ရုံးစာရေး တစ်ယောက် ကို သူ့အိမ်သို့ သွား၍ အ၀တ် အစား တစ်စုံယူရန် စေခိုင်းလိုက်သည်။
ဆရာကြီး ကြည့်ရတာ ကျောင်းမှာ တင် ရေချိုး၍ အ၀တ်အစားလဲရန် စီစဉ်လိုက်ပုံရသည်။ ထိုသို့မစီစဉ်လည်း မ ဖြစ်တော့ပေ။ ဆရာကြီးခန္ဓာကိုယ်က မုန့်ဟင်းခါးဟင်းရည်အပြင် လက်ဆေး ရေနံ့ပါ အလောင်းခံထားရ၍ အနံ့ပေါင်းစုံ ထောင်းထောင်းထကာ နေ၏ ။
ဆရာကြီးက သူ့ခန္ဓာကိုယ်ကိုအ၀တ်စုတ်နှင့် ကျေနပ်အောင် သုတ်ပြီးသွားသော အခါ အပေါ် အင်္ကျီက ထွက်နေတဲ့ ရနံ့တွေ ကို ရှူရှိုက်ပြီး မ ဖြစ်သေးပါဘူးဆိုသော အမူအရာနှင့် အင်္ကျီ ကို ပြန်ဖြုတ်ကာ ကျွတ်ကျွတ်အိတ်တစ်လုံးထဲကို ထည့်၍ ကြိုးနဲ့ချည်လိုက်သည်။ ထို့နောက် အောက်ခံ ၀တ်ထားသော စွပ်ကျယ်လေးနှင့် ပင် ဆရာကြီးက သူ့စားပွဲခုံနောက်က ခုံမျာ သွားထိုင် သည်။
ထိုင်ပြီးသွားတော့ အားလုံးရဲ့ မျက်နှာတွေ ကို စေ့စေ့လိုက်ကြည့်သည်။ ပြီးနောက် ထိုင်ခုံမှ ထရပ်၍ အားလုံးရှေ့မှာ လာရပ်သည်။ ဆရာကြီး၏ အရပ်အမောင်းက ထိုင်ပဲနေနေ၊ ထပဲ သွား သွား တစ်ရွယ်တည်းပဲဟု ရပ်နေသူအားလုံးက မှတ်ချက်ချမိသည်။
သို့သော် မရယ်ရဲပေ။ တစ်ဦး တစ်ယောက် မျှ တုတ်တုတ်တောင် မလှုပ်ရဲ။ လက်ကလေး တွေ ပိုက်၍ အားလုံး မျက်လွှာလေးတွေ ချနေကြသည်။ ဒီဆရာကြီးအကြောင်း အားလုံး သိထား သော ကြောင့် ဖြစ်၏ ။
ဆရာကြီးက အခုအချိန်ထိ စကားတစ်ခွန်းမှ မပြောသေးပေ။ အားလုံးမျက်နှာတွေ ကို တစ်ဝ ကြီး လိုက်ကြည့်ပြီးမှ စားပွဲပေါ်က ကြိမ်လုံးကို ဆတ်ခနဲ လှမ်းယူလိုက်သည်။ အားလုံးရဲ့ ရင်ထဲမှာ ဖိုခနဲ ဖြစ်သွားပြီး ခန္ဓာကိုယ်တွေ ကလည်း တွန့်ခနဲ ဖြစ်ကာသွား၏ ။ ပတ်ဝန်းကျင်က လည်း ပိုမိုတိတ်ဆိတ်ကာသွားသည်။
ထိုအချိန်မှာ ပင် ဆရာကြီးအသံ ထွက်လာပါတော့သည်။
“မင်းတို့ နာမည် တွေ ကို အရင်ပြောစမ်း ဒီဘက်က စပြီးပြော”
ယောက်ျားလေးတွေ ကို အရင်ညွှန်ပြကာ ဆရာကြီးက ဆို၏ ။
အစွန်ဆုံးမှာ ရပ်နေသော ကုလားအုတ်က စ၍ သူ့နာမည် ကို စပြောသည်။
“ကျွန်တော် နာမည် ဇွဲပါ”
ထို့နောက် တစ်ယောက် ပြီး တစ်ယောက် သူတို့နာမည် တွေ ကို အစဉ်လိုက် မိတ်ဆက်ကြ၏ ။
“ကျွန်တော် က မျိုးကိုပါ”
“ကျွန်တော် က လွမ်းနုဖွေးပါ”
“လွမ်းနုဖွေး”ဆိုတဲ့ နာမည် ကြားတော ဆရာကြီးက မျက်မှော င်ကြုတ်သွားပြီး နားမရှင်း၍ ထပ်မေးသည်။
“ဘယ်လို ပြန်ပြောပါဦး”
မျောက်ကြီးက နှုတ်ခမ်းလေးသပ်ကာ တုန်တုန်ယင်ယင်နှင့် ထပ်ပြောသည်။
“လွမ်းနုဖွေးပါခင်ဗျာ”
ဆရာကြီးက မျက်ခုံးလေးပင့်ကာ မျောက်ကြီးကို တစ်ချက်စိုက်ကြည့်သည်။ ပြီးမှ နောက် တစ်ယောက် ကို ဆက်ပြောဖို့ အမူအရာလုပ်ပြ၏ ။
“ကျွန်တော် က ချစ်ကိုဦးပါ”
“ကျွန်တော် က စိန် စိန်သော င်းပါ”
ယောက်ျားလေးတွေ ပြီးတော့ မိန်းကလေးတွေ အလှည့် ရောက်လာ၏ ။ ၀တုတ်တုတ်နဲ့ ကောင်မလေးက စပြောသည်။
“သမီးက ခင်ဝေဦးပါ”
“သမီးက စန္ဒီခင်ပါ”
“သမီးက သန္တာစိုးပါ”
“သမီးက ဆောင်းဝတ်ရည်နှင်းပါ”
“သမီးက အေးမြတ်မွန်ပါ”
အားလုံးပြောပြီးသွားတော့ ဆရာကြီးကခေါင်းတညိတ်ညိတ်လုပ်ကာ အားလုံးကို ဝေ့ကြည့်၍ ..
“မင်းတို့က ဘယ်သူ့အတန်းကလဲ”
အားလုံးက ပြိုင်တူပင်..
“ဆရာမ ဒေါ်လှလှမြင့်ရဲ့ အခန်းကပါ”
“သြော် အားလုံး တစ်ခန်းထဲပဲပေါ့ ဟုတ်လား”
အားလုံးက ခေါင်းညိတ်ပြ၏ ဆရာကြီးက စကားဆို ဆက်သည်။
“မင်းတို့ ဒီနေ့ဆိုင်မှာ ဘာ ဖြစ်တာလဲ”
ဆရာကြီး စကားဆုံးတော့ ကောင်မလေးတွေ ဘက်က အရင်ဦးအောင် ထပြောသည်။
“သူတို့ သမီးတိုကို အရင်စလုပ်တာ ဆရာကြီး”
“မဟုတ်ဘူး ဆရာကြီး ကျွန်တော် တို့ တမင်လုပ်တာ မဟုတ်ပါဘူး ဆရာကြီး”
“ဘာလို့ မဟုတ်ရမှာ လဲ နင်တို့ ငါတို့ကို ကြွက်ကြောက်တတ်မှန်းသိလို့ တမင်လုပ် တာ မ ဟုတ်လား”
“မဟုတ်ဘူး ဒီကောင် ကြွက်ကိုမြင်လို့ ထအော်တာ နင်တို့ကို တမင်လုပ်တာ မဟုတ်ဘူး”
“ဘာမဟုတ်ရမှာ လဲ နင်တို့ အငြှိုးနဲ့လုပ်တာ”
“ဖြန်း” (ကြိမ်လုံးရိုက်သံ)
“တော် ကြစမ်း”
တစ်ယောက် တစ်ပေါက် ပြောဆိုနေသံတွေ အားလုံးငြိမ်ကျသွား၏ ။ ဆရာကြီးက ကောင်မ လေးတွေ ကိုကြည့်၍ ..
“ကဲ မင်းတို့ အရင်စပြော”
အဲဒီ လိုကျတော့လည်း ဘယ်သူမှ မပြောတော့ဘဲ ဟိုလူပြောလိုက် ဒီလူပြောလိုက် နှင့် မျက်နှာအမူအရာတွေ လုပ်ပြကြသည်။
ဆရာကြီးက စိတ်မရှည်တော့ဘဲ..
“ကဲ ပြောပါဆိုတော့ မပြောဘူး။ ခုနတုန်း ကတော့ အတင်းလုပ်ပြောနေတယ်။ ကဲ ဒီ တစ်ယောက် ပြော ဘာ ဖြစ်တာလဲ”
ဟုဆိုပြီး ကျောင်းသူ တစ်ယောက် ကို လက်ညှိုးထိုးပြ၏ ။ ထိုကျေုာင်းသူလေးမှာ ဆောင်း ၀တ်ရည်နှင်းဟု သူ့ကိုယ်သူ မိတ်ဆက်သော ကျောင်းသူ ဖြစ်သည်။ ထိုကျောင်းသူက…
“ဒီလိုပါဆရာကြီး သမီးတို့က ကိုယ့်ဘာသာကိုယ် မုန့်ဟင်းခါးစားနေတာပါ။ အဲ့ဒါ သူတို့ တွေ ရောက်လာပြီး သမီးတို့ကို နှောင့်ယှက်တာ”
“မဟုတ်ဘူး ဆရာကြီး သူပြောတာ မဟုတ်ဘူး”
“တိတ်စမ်း မင်းတို့ကိုငါမေးသေးလား”
ချစ်ကိုဦးမှာ ပြောလက်စကားကို တန်းလန်းကြီး ရပ်သွားကာ ငြိမ်သွားသည်။ ဆရာကြီးက ကျောင်းသူဘက် ပြန်လှည့်၍ ..
“ကဲ ဆက်ပြော ဘယ်လိုနှောင့်ယှက်တာလဲ”
ထိုကျောင်းသူက….
“သမီးတို့က သမီးတို့ မုန့်ဟင်းခါး စားနေတာကို ကြွက် ကြွက်လို့ အလန့်တကြား ထအော် ပါတယ် ဆရာကြီး။ အဲဒါ သမီးတို့ကလည်း ကြွက်ကြောက်တာနဲ့ အာလုံး လန့်ပြီး ထခုန်လိုက် တာပါ”
ထိုကျောင်းသူရဲ့ စကားကို ဆရာကြီးကခေါင်းတညတ်ညိတ်လုပ်ကာ နားထောင်နေသည်။ ထိုကျောင်းသူ စကားဆုံသွားတော့ ချစ်ကိုဦးတို့ဘက်သို့လှည့်ကာ..
“သူတို့ပြောတာ ဟုတ်လား”
အားလုံးက…
“ဟုတ်ပါတယ် ဆရာကြီး ဒါပေမယ့်”
“ဒါပေမဲ့တွေ ဘာတွေ မပြောနဲ့ သူတို့ပြောတာ ဟုတ်လားဆိုတာပဲဖြေ”
“ဟုတ်ပါတယ် ဆရာကြီး”
“ဒါဆို ဘယ်သူထအော်တာလဲ”
အားလုံးက စိန်သော င်းကို လှမ်းကြည့်လိုက်သည်။ စိန်သော င်းက ကိုယ့်တာဝန်ကိုယ် ယူရမည့် ဆိုသော အသိနှင့် စိတ်ကို အတည်ငြိမ်ဆုံး ထားလိုက်ကာ ပုံမှန်လေသံနှင့်ဖြေလိုက်ပါ သည်။
“ကျွန်တော် ထအော်တာပါ ဆရာကြီး။ ဒါပေမဲ့ သူတို့ပြောသလို တမင်တကာ လုပ်တာ မဟုတ်ပါဘူး။ ကြွက်က အမှန်တကယ် မီးဖိုနောက်က ထွက်လာပြီး ဟိုကျောင်းသူ ခြေမပေါ်က မုန့်ဟင်းခါးဖတ်ကို ပြေးဆွဲတာပါ။ အဲ့ဒါကို ကျွန်တော် ကမြင်တော့ အဲဒီ ကျောင်းသူ ခြေမကို ကြွက် ကိုက်မိမှာ စိုးလို့ စိုးရိမ်ပြီး ထအော်လိုက်မိတာပါ။ အဲဒါကို သူတို့က တမင်လုပ်တယ်ထင်ပြီး စွပ်စွဲတာပါ”
စိန်သော င်းစကားဆုံးတော့ အားလုံး ငြိမ်သက်သွားသည်။ အပြောခံရသော ကျောင်းသူက သူ့ခြေမသူ ငုံ့ကြည့်သည်။
ထိုအခါ ဖိနပ်သဲကြိုးနှင့် ခြေမကြား ညှပ်နေသော မုန့်ဟင်းခါးဖတ်ကို သွားတွေ့ သည်။ ကျန်တဲ့သူတွေ လည်း ထိုကျောင်းသူ ခြေမကိုစိန်သော င်းစကားအရ လိုက်ကြည့်သော ကြောင့် မုန့် ဟင်းခါးဖတ်ကို တွေ့ သွားကြသည်။
လူတွေ အားလုံးက သူမခြေမကို ၀ိုင်းကြည့်နေကြ၍ ထိုကျောင်းသူက ရှက်သွားကာ ခြေမ လေးကို ဖွက်လိုက်မိသည်။ အားလုံး ပြုံးစိစိ ဖြစ်သွားကြသည်။
ဆရာကြီးက အ ဖြစ်အပျက်တွေ ကို ဉာဏ်နဲ့ သုံးသပ်၍ မတော် တဆတိုက်ဆိုင်မှု ဟု ဆုံးဖြတ်လိုက်သည်။ သို့သော် သူ့ခေါင်းတည့်တည့်ကို မုန့်ဟင်းခါးပန်းကန် မှန်ထားသော ကြောင့် စိတ်ထဲ သိပ်မကျေနပ်သေး၍ ..
“ဒီကိစ္စက မတော် တဆ ဖြစ်တာဆိုတော့ ထားပါတော့။ ဟိုမုန့်ဟင်းခါးပန်းကန်က ဘယ်လို ဖြစ်ပြီးငါ့ခေါင်းပေါ်ကို လာမှန်ရတာ လဲ”
“ဒါလည်း မတော် တဆမှု ပါ ဆရာကြီး”
ထိုစကားကို စိန်သော င်းက ၀င်ဖြေလိုက်ခြင်း ဖြစ်သည်။ ဆရာကြီးက စိန်သော င်းကို လှည့် ကြည့်လိုက်တော့ စိန်သော င်းက…
“ဟုတ်ပါတယ်ဆရာကြီး အဲဒီ မုန့်ဟင်းခါးပန်းကန်ကလည်း ခုနက ကျောင်းသူရဲ့ လက်ထဲ က မုန့်ဟင်းခါးပန်းကန်ပါ သူက ကြွက်ကိုကြောက်ပြီး ထခုန်လိုက်တာ တော် တော် မြင့်ပါတယ်။ အဲဒါကြောင့် သူထခုန်လိုက်တဲ့ အရှိန်ကြောင့် လက်ထဲက ပန်းကန်က လွန်ပြီး ဆရာကြီးကို မှန် သွားတာပါ အဲဒါတွေ အားလုံး ကျွန်တော် မြင်ပါတယ်”
ဆရာကြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ အားလုံးကလည်း တမင်သက်သက် ကြံဆောင် ပြီး လုပ်ဆောင်ခဲ့တာမဟုတ်၍ အခက်တွေ့ နေမိ၏ ။
နောက်ဆုံးတော့ အာလုံးကို နောက်ဒီလိုအ ဖြစ်မျိုး မ ဖြစ်ရန်ဆုံးမပြီး လွှတ်လိုက်ရပါတော့ သည်။
ဆရာကြီးက..
“ဒီတစ်ခါတော့ ရှိစေတော့ နောက်ဆို ပြဿနာတစ်ခုကို ကြုံတွေ့ လာရင် အကြောက် မလွန်ဖို့နဲ့ သတိပေးတဲ့လူကလည်း ကြောက်လန့်တကြား ထမအော်ဖို့ ပြောချင်တယ် ကြားလား”
အားလုံးက ခေါင်းညိတ်ပြလိုက်ကာ…
“ဟုတ်ကဲ့ပါ ဆရာကြီး”
“ကဲ ကဲ သွာြး ကတော့”
အားလုံး ဆရာကြီးရှေ့က ထွက်လာခဲ့လိုက်ကြ၏ ။ ဆရာကြီး တစ်ယောက် သာ နဖူးလေး ပွတ်၍ ကျန်ရစ်ခဲ့ပါတော့သည်။
“မင်းက ဒီလိုကျတော့ ဘယ်ဆိုးလို့လဲ သတ္တိရှိသားပဲ။ ငါတို့က မင်း ကမောက်ကမ တွေ လျှောက်ပြောမှာ စိုးလို့ လန့်နေတာ။ မင်းသာ ကြောက်ကြောက်လန့်လန့်နဲ့ ပေါက်ကရတွေ လျှောက်ပြောရင် နာပြီလို့ တွေးနေတာ”
စိန်သော င်းက ချစ်ကိုဦးစကားကို ပြန်မပြောနိုင်သေးဘဲ ရှေ့က ထွက်သွားနှင့် သော ကျောင်းသူတွေ ကို လှမ်းကြည့်နေသည်။ သူလှမ်းကြည့်နေတာ အားလုံးကိုတော့မဟုတ်ပါ။ တစ်ယောက် တည်းကိုသာ ဖြစ်သည်။
ချစ်ကိုဦးက စိန်သော င်းကိုကြည့်၍ ခေါင်းတညိတ်ညိတ်နှင့် …
“မင်း ကြွက်အန္တရာယ်က ကယ်လိုက်တဲ့ ကောင်မလေးရဲ့ နာမည် ကို မှတ်မိလိုက်လား”
စိန်သော င်းက ရယ်ကျဲကျဲနှင့် …
“သူတို့နာမည် တွေ ပြောသံတော့ ကြားလိုက်တယ်။ နာမည် တွေ က များ တော့ သိပ်မမှတ် ဘူး ဖြစ်နေတယ်”
ချစ်ကိုဦးက စိန်သော င်းကို ပြီးတီးတီးမျက်နှာပေးနဲ့ ကြည့်၍ ..
“မင်းမသိချင်ဘူးလား”
ကျန်တဲ့သူတွေ ကပါ စိန်သော င်းကို ၀ိုင်းကြည့်နေကြ၍ စိန်သော င်း ရှက်သွားကာ…
“ဟာ မသိချင်ပါဘူး။ ဘာလုပ်ရမှာ လဲ”
အားလုံးက စိန်သော င်းကိုကြည့်၍ ရယ်လိုက်ကြသည်။
မျောက်ကြီးက ချစ်ကိုဦးကို လှမ်းကြည့်၍ ရယ်ဖြဲဖြဲနှင့် ..
“ချစ်ကိုဦးရာ သူမသိချင်တာ သွားမပြောစမ်းပါနဲ့ စိတ်ချ စိန်သော င်း အဲဒီ ကောင် မလေး နာမည် ကိုဆောင်းဝတ်ရည်နှင်းပါလို့ ငါတို့မင်းတို့ တစ်သက်လုံး မပြောပြဘူး”
စိန်သော င်းက နာမည် ကိုမသဲမကွဲလိုက်၍ …
“ဆောင်းဝတ်ရည် ဘာ”
“မင်းပဲ မသိချင်ဘူးဆို ဘာလို့မေးတာလဲ”
စိန်သော င်းရှက်ပြီး အားလုံးကို လိုက်ထိုးသည်။ အားလုံးက ရယ်ပြီး ထွက်ပြေးကြ၏ ။ စိန်သော င်း ကတော့ အနောက်ကနေပြီး ရှက်ထိုးကြီး လိုက်ထိုးလျက်…
![]() ဘယ်ဘက်ရင်အုံမှာ လင်းခဲ့တဲ့တိမ်တိုက် | ![]() လွန် | ![]() သိုက် |